နိုင်ငံတကာခရီးသွားများ ဟိုတယ်အခန်းရရှိရန် ခက်ခဲခြင်း၊ ဈေးနှုန်းမြှင့်တင်ခြင်းကြောင့် အခက်အခဲတွေ့

66 views
Skip to first unread message

Ko Nyi Nyi

unread,
May 31, 2012, 10:19:17 AM5/31/12
to travelmyanmar
Dear friends ,

Here is an article from Eleven Media Group
( http://www.weeklyeleven.com/index.php?option=com_content&view=article&id=13858:2012-05-30-03-58-06&catid=42:2009-11-10-07-36-59&Itemid=112
)

နိုင်ငံတကာခရီးသွားများ ဟိုတယ်အခန်းရရှိရန် ခက်ခဲခြင်း၊
ဈေးနှုန်းမြှင့်တင်ခြင်းကြောင့် အခက်အခဲတွေ့ PDF Print
Wednesday, 30 May 2012 10:24
AddThis Social Bookmark Button

မြန်မာနိုင်ငံသည် လက်ရှိတွင် နိုင်ငံတကာခရီးသွားများ ၀င်ရောက်မှု
များပြားလာသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ဟိုတယ်အခန်းရရှိရန် ခက်ခဲမှု၊
ဟိုတယ်အခန်းငှားရမ်းခ နှုန်းထားများ မြှင့်တင်မှုတို့ ဖြစ်ပေါ်လာ၍
အခက်အခဲများ ကြုံတွေ့လာကြောင်း သတင်းရရှိသည်။

ဟိုတယ်အခန်းခ နှုန်းထားများ ပြောင်းလဲမြင့်တက်မှုကြောင့် Pack age Tour
စီစဉ်သည့် ခရီးသွားကုမ္ပဏီများအနေဖြင့် ခရီးသွားဝန်ဆောင်မှုပေးရာတွင်
အခက်အခဲများဖြစ်ပေါ်လာသည့်အတွက် ဟိုတယ်၊ ခရီးသွားလုပ်ငန်း
လုပ်ကိုင်သူများအကြား ညှိနှိုင်းမှုများကို မေလအတွင်းက ပြု လုပ်ခဲ့သည်။

''ညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် ထူးမခြားနား ဖြစ်နေပါသေးတယ်''ဟု
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။

ဟိုတယ်အခန်းခ ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ရန်ကုန်မြို့တွင် အဓိက
ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ရန်ကုန်မြို့သည် ခရီးသွားအများစု စတင်ရောက်ရှိ
နေထိုင်ရာဖြစ်ခြင်း၊ နေပြည်တော်သို့ လာရောက်သော နိုင်ငံတကာ
ခရီးသွားများကလည်း ရန်ကုန်မြို့မှတစ်ဆင့် ခရီး
ဆက်လေ့ရှိကြခြင်းတို့ကြောင့် ဟိုတယ်အခန်းရရှိရန် ခက်ခဲမှုများ
အခြားဒေသများထက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု သိရှိရသည်။

''အခန်းခဈေးနှုန်းမြင့်တက်တဲ့ ပြဿနာက၊ ပြဿနာတော့ မဟုတ်ဘူးပေါ့လေ။ ဒီကိစ္စက
အဓိကက အခန်းမလောက်လို့ ဖြစ်လာတာပဲ။ အခု မြန်မာနိုင်ငံက တစ်ကမ္ဘာလုံးက
စိတ်ဝင်စားလာကြတယ်။ အလည်အပတ် ခရီးသွားတွေ အများကြီး ရောက်လာသလို
စီးပွားရေး ခရီး သွားတွေလည်း အများကြီးပဲ လာချင်နေကြတယ်။ နေ့ချင်းညချင်း
နှစ်ဆတက်လာတယ်။ ဟိုတယ်တွေက တကယ်တမ်းကျတော့ ခရီးသွား တည်းခိုမယ့်
အဆင့်မီဟိုတယ်ဆိုတာကလည်း နည်းတော့ ရှိတဲ့နေရာ ပြုံတိုးကြတဲ့အခါ
ဒီလိုတွေဖြစ်လာတာပါ။ booking တော့ ယူပေးပါတယ်။ ဒါပေမယ့် ကိုယ်ရှိတာက ၁၀၀၊
လာချင်တာက ၄၀၀ ဆိုရင်တော့ မယူနိုင်ဘူးပေါ့''ဟု ရန်ကုန်မြို့၌ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ်ကြီးတစ်ခုမှ
တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ဟိုတယ်အခန်းခ နှုန်းထားများ ပြောင်းလဲမြင့်တက်မှုကြောင့် Pack age Tour
စီစဉ်သည့် ခရီးသွားကုမ္ပဏီများအနေဖြင့် ခရီးသွား ၀န်ဆောင်မှုပေးရာတွင်
အခက်အခဲများ ဖြစ်ပေါ်လာသည့်အတွက် ဟိုတယ်၊ ခရီးသွားလုပ်ငန်း
လုပ်ကိုင်သူများအကြား ညှိနှိုင်းမှုများကို မေလအတွင်းက ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံသို့ စီးပွားရေးအရ လာရောက်သော ခရီးသွားများ၊ အလည်အပတ်
လာရောက်သော ခရီးသွားများ စသည့် ခရီးသွား အမျိုးအစားနှစ်ခုသည် ဆတူနီးပါး
တိုးတက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ဟိုတယ်အခန်းခ နှုန်းထားများမှာ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသော ဟိုတယ်အချို့တွင် အမေရိကန်
ဒေါ်လာ ၂၅၀ မှ ၃၀၀ အကြား၊ အချို့တွင် အမေရိကန်ဒေါ်လာ ၂၀၀ အောက်
ရှိနေကြောင်း သိရှိရသည်။

''တချို့ခရီးစဉ်တွေက cancel ဖြစ်လာပြီ။ စပိန်ခရီးသွားတွေဆို cancel
ဖြစ်တာရှိတယ်။ အရင်အလုပ် ၁၀ ခုလောက်ရမှာ တစ်ခုပဲရတော့ မယ့်
အခြေအနေဖြစ်လာပါတယ်။ နောက်ဆို ဧည့်သည်ကို ရန်ကုန်မှာ မထားဘဲ မန္တလေး၊
ပုဂံကို တိုက်ရိုက် ခေါ်သွားရမယ့်အခြေအနေမှာ ရောက် လာပါတယ်။ တကယ်တော့
ရေရှည်ကို မကြည့်ဘူးပေါ့။ ခရီးတစ်ခုက cancel ဖြစ်ရင် အကျိုးသက်ရောက်မှုက
နယ်အထိ ရောက်မှာပါ။ ပြည်တွင်းဟိုတယ်တွေထက် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုနဲ့ဖွင့်တဲ့ ဟိုတယ်တွေမှာ ကြုံရတယ်။
တချို့ဟိုတယ်ကြီးမှာ ကျတော့ စာချုပ်ကို လေးစားတယ်။ ဈေးမပြောင်းဘူး''ဟု
မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်းမှ တာ ၀န်ရှိသူက ပြောပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ခရီးသွားဝင်ရောက်မှု တိုးတက်မှုရှိထားသော
အိမ်နီးချင်းနိုင်ငံများ၏ အာရုံစိုက်မှု၊ သတိပြုမှုကိုလည်း ရရှိနေကာ
လုပ်ငန်းပိုင်းဆိုင်ရာ ယှဉ်ပြိုင်ရမှုများ လာမည့်သုံးနှစ်အတွင်း
ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ခန့်မှန်းမှုများ ရှိနေသည်။ ခရီးစဉ်စရိတ်မြင့်
တက်လာခြင်းသည် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်ရန် လိုအပ်လာသော
အချိန်တွင် နှောင့်နှေးမှုတစ်ရပ်ဖြစ် လာနိုင်ကြောင်းလည်း သိရသည်။

''မြန်မာနိုင်ငံက လက်ရှိမှာ ခရီးစဉ်စရိတ်တွေ ဈေးမြင့်လာတော့ သတိထားပြီး
ရောင်းလာရတဲ့ အနေအထားဖြစ်လာပါတယ်''ဟု Myanmar Polestar ခရီးသွားကုမ္ပဏီမှ
မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းထင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ အချက်အလက်များအရ ဟိုတယ်၊
မိုတယ်၊ တည်းခိုခန်းပေါင်း ၇၃၁ ခုရှိပြီး အခန်းအရေအတွက် ၂၅၀၀၂ ခန်း
ရှိနေသည်။ ရန်ကုန်မြို့တွင် ဟိုတယ်အခန်းပေါင်း ၄၀၀၀ ၀န်းကျင်သည်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည်။

Comments

+1 #5 aungzayya308 2012-05-31 19:45
ဟိုတယ်ခန်းမလောက်လို့  ဆို ပြိခုချိန်များ home stay တွေခွင့်ပြုကြည့်ပါလား
မင်းတို့ ဟိုတယ်တွေ ဟိုဟာခန်းလုပ်မှလူရတော့မယ်


+1 #4 USaytanar 2012-05-31 11:03
Is U Tint San working for ACE or "hotel and tourism"?

If he is working for hotel and tourism, he should come up with many
solutions. Right now, there is nothing.


+18 #3 aung ning 2012-05-30 16:45
သူဌေးဖြစ်နောက်ကျလို့ အချိန်မှီလိုက်နိုင်အောင်တိုးတောင်းတာနေမှာပါ။


+45 #2 khinmgu 2012-05-30 14:14
Quoting Alexander:

ကမ္ဘာဈေးအကြီးဆုံး ကားတွေ၊ ကမ္ဘာဈေးအကြီးဆုံး ဖုန်းတွေ အပြင်၊
ကမ္ဘာဈေးအကြီးဆုံး ဟိုတယ်တွေရှိတဲ့နိုင်ငံဖြစ်လာဦးမယ်နော်။ :D


......... ဟု ယုံကြည်မိပါသည်။


+83 #1 Alexander 2012-05-30 11:10
ကမ္ဘာဈေးအကြီးဆုံး ကားတွေ၊ ကမ္ဘာဈေးအကြီးဆုံး ဖုန်းတွေ အပြင်၊
ကမ္ဘာဈေးအကြီးဆုံး ဟိုတယ်တွေရှိတဲ့နိုင်ငံဖြစ်လာဦးမယ်နော်။ :D

Refresh comments list

lamoine

unread,
May 31, 2012, 7:34:50 PM5/31/12
to Travel Myanmar (Tourism information, activities, idea exchange inside Burma)
Dear reader,

Concerning to discussed topic, please see below extract in Myanmar
language.

(a) What do you think of these accommodations for tourism industry?
(b) What do you think that Ministry of Tourism considers on them?
(c) What do you think of social & cultural impact from hotel operation
of such kind?
(d) What do you think of action(s) to enable to prevent the market
share of such hotels?

Honestly speaking, this extract is copied from a Burmese bog. There is
no garantee from this contributor for accuracy of fact.
Thank you.

………………………………. စမ်းချောင်းမှာဆို ရှမ်းလမ်းမှာ Academy ဆိုတဲ့
ဟိုတယ်တစ်ခုရှိပါတယ်။အခန်းခက ညလုံးပေါက်ဆိုရင် 15000 ပါ။ session
နဲ့ယူရင်တော့ 10000 လောက်ပဲ ပေးရပါတယ်။ အခန်းတွေက ကျယ်လည်းကျယ်
သန့်လည်းသန့်ပါတယ်။ ရှမ်းလမ်း အလယ်နားမှာပါ။
အာရှတော်ဝင်နဲ့မျက်စောင်းထိုးလောက်မှာ ရှိတဲ့ လမ်းကြားလေးထဲမှာပါ။ နောက်
windsor လမ်းမှာ ရှိတဲ့ ဟိုတယ်တွေလည်း ကောင်းပါတယ်။ Hotel Windsor က
တစ်ညကို25000 ပါ။ Hotel Shin Saw Pu က 18000 ပါ။ အဲဒီ ဘေးမှာပဲ Hotel
Green ဆိုတာရှိပါတယ်။ ခြံထဲမှာ ဖွင့်ထားတာပါ။ အခန်းခ ကတော့ 18000 ကနေ
25000 အထိ ရှိပါတယ်။ တာမွေဘက်မှာဆိုရင် Hotel Pho Sein က
တော်တော်ကောင်းပါတယ်။ အခန်းခကတော့ 30000-35000ကြားရှိပါတယ်။ အဲ
ဒိုင်လျှိုလေးသွားချင်သူတွေ အတွက်တော့ အင်းယားလမ်း
အလယ်နားကရွှေလီလမ်းထဲမှာရှိတဲ့ Comfort Inn ကမဆိုးပါဘူး။ အခန်းခက 10000
ပဲရှိတယ်။ ဒါပေမယ့်သိပ်အကောင်းကြီးတော့ မဟုတ်ဘူး။ ကောင်းတာက သူက
လမ်းကြားထဲမှာရှိတယ်။ပြီးတော့အဲဒီလမ်းက ခြံတွေများတော့ နည်းနည်းလည်း
ရှင်းပါတယ်။။ နောက် အထက (၂) ကမာရွတ် နားက Yoma 2 လည်း လူရှင်းပါတယ်။
အခန်းခကတော့ 20000လောက်ရှိပါတယ်။
လေဆိပ်နားမှာ Airport Inn ဆိုတာလည်း တော်တော်လူရှင်းပါတယ်။
အခန်းခကတော့15000. ရှစ်မိုင်ဘက်ကတော့ မြို့ထဲဘက်ကနေ သွားရင် မီးပွိုင့်
အကျော်နားမှာပြည်လမ်းပေါ်ကနေ ဘယ်ဘက်ချိုးလိုက်တဲ့ လမ်းကြားလေးထဲမှာ Yangon
Yoma ဆိုတဲ့ ဟိုတယ်ရှိပါတယ်။ အဲဒီဟိုတယ်လေးလည်း မဆိုးပါဘူးခင်ဗျာ။
လမ်းမတော် ဘက်မှတော့ အမျိုးသားကဇာတ်ရုံရှေ့က လမ်းထဲမှာ Vacation Garden
ဆိုတာရှိပါတယ်။ အခန်းခကတော့ 13000 ပါ။ Session နဲ့ယူမယ်ဆိုရင်တော့ 10000
။ စမ်းချောင်းကရှမ်းလမ်းနဲ့ မင်းလမ်းထောင့်မှာ မြန်မာ့ဂုဏ်ရည် ဆိုတဲ့
တည်းခိုခန်းတစ်ခုရှိပါတယ်။အခန်းခက 8000 ပါခင်ဗျာ။ အဲ Mahabandoola တံတား
အဆင်းနားမှာတော့စိန်တံခွန်ဆိုတဲ့ဟိုတယ် တစ်ခုရှိပါတယ်။ အခန်းခက 8500 နဲ့
11500 ပါ။ 8500ကရေချိုးခန်း တံခါးမပါဘူး၊လိုက်ကာပဲပါတယ်။ 11500 ကတော့
ရေချိုးခန်းတံခါးပါတယ်။ဒါပဲကွာတာပါ။ summit parkview ဘေးးက yangon
international hotel ကောင်းပါတယ် အခန်းကျယ်ပြီး ၂ ယောက်အိပ်ခုတင်
တစ်လုံးနဲ့  တစ်ယောက်အိပ်ခုတင် တစ်လုံး ပါတဲ့အခန်းကိုတနေ့ ကို ၃ သောင်းဘာ
မှတ်ပုံတင်မှ ပေးစရာ မလိုပါဘူးနာမည် တောင် ပြောစရာမလိုပါဘူး Summer
Palace ဆိုတာ ပြည်လမ်းပေါ်မှာပါ။ လှည်းတန်းဘက်ကနေ သွားရင် အသံလွှင့်ရုံ
မရောက်ခင်လေးတင်ပါပဲ။ အဲ ဆေးကျောင်းနဲ့ မျက်စောင်းထိုးလောက်မှာပါ။
လမ်းကြားထဲကိုဝင်သွားရပါတယ်။ အခန်းတွေကတော့ သန့်ပါတယ်။ အခန်းခက 25000 ကနေ
35000 လောက်ရှိပါတယ်။ ဝါးတမ်းလမ်း လမ်းမတော်မြီု့နယ် မှာရှိတဲ့ MGM
ဟိုတယ်လေးလဲကောင်းပါတယ်။ အခန်း ၃ မျိုးရှိတယ်။ တယောက်ခန်းက ၉၀၀၀ ပါ၊
နှစ်ယောက်ခန်း ကုတင် ၂ လုံးနဲ့က ၁၂၀၀၀ ၊ နှစ်ယောက်ခန်း
နှစ်ယောက်အိပ်ကုတင် ၁ လုံးနဲ့ တယောက်အိပ်ကုတင် ၁ လုံးပါတာက ၁၄၀၀၀ ပါ။
အခန်းတိုင်းမှာ Tv ၊ Aircond ပါပြီးသားပါ။ ဖုန်းအသုံးပြုချင်ရင်တော့ စပေါ်
၅၀၀၀ ထပ်ပေးရပါတယ်။ အခန်းတွေထဲမှာ ၉ လွှာကအခန်းတွေကအကောင်းဆုံးပါ။
အခန်းဌားသူက အခန်းကိုလုံးဝပိုင်သလို အခွင့်ရေးရှိပါတယ်။ အခန်းဌားသူက
သူ့အခန်းထဲကို နောက်ထပ်ဘယ်နှယောက်ခေါ်ခေါ် လူပိုဝင်တဲ့အတွက် အပိုကြေး
ကောက်ခံတာလုံးဝမရှိပါဘူး။
ဘာမှတ်ပုံတင်မှပြစရာ၊ ပေးစရာမလိုတဲ့နေရာလေးတွေပြောမယ်...။
ဈေးလည်းသင့်တယ်...။ -ဆရာစံလမ်းက စိန်မိုတယ်...အခန်းခ-၆၀၀၀ိ/..ပါ
Ph-548960 -မြေနီကုန်း M3 နားက သမ္မတဟိုတယ် အခန်းခ-၈၀၀၀ိ/..ပါ -
ရွှေဂုံတိုင် ၅ထပ်ကြီးမှတ်တိုင်ရှေ့က Belmy Hotel .... အခန်းခ-၇၀၀၀ိ/..ပါ -
ရွှေဂုံတိုင် ၅ထပ်ကြီးမှတ်တိုင်မျက်စောင်းထိုးက Shwegondaing Hotel ....
(မြေအောက်ခန်း-Luv Channel ) - အခန်းခ-၂၀၀၀၀ိ/..ပါ -ကန်တော်ကြီး-
ကန်ပတ်လမ်းနဲ့ဦးထွန်းမြတ်လမ်းထောင့်က ကန်တော်ရိပ်ဟိုတယ် ....
အခန်းခ-၁၀၀၀၀ိ/..ပါ -ရွှေဘုံသာလမ်းအပေါ်ဘလောက်ကေ၇ွှဘုံသာ-Guest
House ......... အခန်းခ-၃၀၀၀ိ/..ပါ -ပန်းဆိုးတန်းလမ်းနဲ့
အနော်ရထာလမ်းထောင့်နားက နေ၀န်းနီနီ-Guest House ..... အခန်းခ-၂၀၀၀ိ/..ပါ -
တာမွေပလာဇာနားက ရွှေဗဟို-ဟိုတယ် .... အခန်းခ-၁၀၀၀၀ိ/..ပါ
ဘုရင့်နောင်မှာတော့ စပယ် တည်းခိုခန်းက အကောင်းဆုံးနော်။ မိုတယ်
အဆင့်လောက်တော့မှီပါတယ်။ တစ်ည ၆၀၀၀ ကျပ်ပါဘဲ။ မင်္ဂလာဈေးမရောက်ခင်
မဆလာစက်မှတ်တိုင်နားက သီရိမင်္ဂလာတည်းခိုခန်း-အခန်းခ-၄၀၀၀ိ/..ပါ မင်္ဂလာဈေး-
မီးပွိုင့်ထိပ်က ခရေနန်းတည်းခိုခန်း-အခန်းခ-၃၀၀၀ိ/..ပါ
ဗိုလ်ဆွန်ပက်လမ်းနဲ့အနော်ရထာလမ်းထောင့်က စိမ်းလဲ့ကန်သာ တည်းခိုခန်း-
အခန်းခ-၄၀၀၀ိ/..ပါ Traders ဘေးက Central Hotel - အခန်းခ-၁၈၀၀၀ိ/..ပါ
(၂ယောက်စလုံး မှတ်ပုံတင်လိုပါတယ်...။) သမ္မတရုပ်ရှင်ရုံဘေးက သမ္မတဟိုတယ်-
အခန်းခ-၂၀၀၀၀ိ/..ပါ (၂ယောက်စလုံး မှတ်ပုံတင်လိုပါတယ်...။)
ဒဂုံမြောက်ပိုင်း ရွှေရတနာရုပ်ရှင်နားကပါနာမည်ကတော့crazyတယ့်လေ။
တော်တော်လေးသန့်ပါတယ်။ အခန်းခကတော့၈၀၀၀ပါ။
မြောက်ဥက္ကလာမှာဆိုရင်တော်တော်ကောင်းတာတွေရှိပါတယ် အ၀ိုင်းနားမှာပါ Motel
Venus 4 နာရီ section 7000 ks, 24 hours 12000 ks, night 9000 Ph
ကြိုဆက်မှရပါတယ
Chan myae Guest house 4 နာရီ section 7000 ks, 24 hours 12000 ks,
night 9000 Ph ကြိုဆက်မှရပါတယ်။ Bliss ပါ ဟိုတယ် ဘုန်းကြီးလမ်း အောက်ဘတ်
မှာပါ ကမ်းနားနဲနီးပါတယ်ဗျာ။ ၃နာရီမှ ရှစ်ထောင် ၁နာရီ ထက်ယူရင်တော့
နှစ်ထောင် ၁ နေလုံးဆိုရင် ၁၈၀၀၀. နောက်သူကိုနဲနဲကျော်လာရင်တော့
မော်တင်ကားမှတ်တိုင်နာမှာ နဂါးနီ ဟိုတယ်ရှိပါတယ်။ ဒီဟိုတယ်လဲသန့်ပဗျာ။
သံလျှင်တံတား(သံလျှင်ဘက်ခြမ်း) အနီးက မြမြင့်မို မိုတယ်လေးကတော့
လန်းတယ်... သူကဥယျာဉ်လေးလိုပဲ..ကျယ်တယ်။ ဘန်ဂလိုလေးတွေရော၊
တိုက်ခန်းလိုအခန်းရော နှစ်မျိုးရှိတယ်... ဘန်ဂလိုအခန်းခ ကတော့ 10000 ပါ။
ရှယ်ဘန်ဂလိုဆိုရင် 15000 ပါ။ ရှယ်သန့် တယ်... ရိုးရိုးအခန်းဆိုရင် 5000/
6000 ဝန်းကျင်ပဲ။
.. Summer Palace ဆိုတာ ပြည်လမ်းပေါ်မှာပါ။ လှည်းတန်းဘက်ကနေ သွားရင်
အသံလွှင့်ရုံ မရောက်ခင်လေးတင်ပါပဲ။ အဲ ဆေးကျောင်းနဲ့
မျက်စောင်းထိုးလောက်မှာပါ။ လမ်းကြားထဲကိုဝင်သွားရပါတယ်။ အခန်းတွေကတော့
သန့်ပါတယ်။ အခန်းခက 25000 ကနေ 35000 လောက်ရှိပါတယ်။…………………………..

Sincerely,
Xavier


On May 31, 8:19 pm, Ko Nyi Nyi <nyi...@gmail.com> wrote:
> Dear friends ,
>
> Here is an article from Eleven Media Group

> (http://www.weeklyeleven.com/index.php?option=com_content&view=article...

Nyi Nyi ÂŽ

unread,
May 31, 2012, 10:36:48 PM5/31/12
to travel...@googlegroups.com
Thanks for your input here. We apparently see "ignorance."  Somebody might have known this but sneezed. That's why I posted how ignorant the Director General is:- expressed his voice over number of hotel rooms in Yangon. On the flip side, let's face the truth that hoteliers are business men and they do have their own right to "do business" what they think they are confident or it is profitable (whether it is ethical or not is another story). This might have answered your question no. (a) & (b). About your (c) and (d) is much wider in range to discuss about. It is first to talk about how (whether or not) to "legalize" first about "prostitution." There are a lot of "yes and no" situation answering your questions. And some cases, it's not all about "prostitution," it's about social trend which require "hotel rooms" for sexual pleasure. We can't stop them. But tradition holds that they must not be disclose in public. Nor is it discussable.  To help tourism, we can only categorize it making it clear that those are not meant for "cultural tourism" and so on and so forth. Apparently, in your extract, some comments are totally unreliable for tourists but locals. Their comments such as "Clean" "very good" what does it mean? So be it, Xavier. We gotta find "alternatives" let the players think "out of box."

khin thidar

unread,
May 31, 2012, 11:01:28 PM5/31/12
to travel...@googlegroups.com
ရှင်တို့ မှားများနေသလားလို့ ကိုဇေဗီးယား နဲ့ ကိုညီညီတို့ရေ
ကြယ်အဆင့်ဟိုတယ်တွေက ရပါတယ် သူတို့က စေတနာနဲ့ ဧည့်သည်တွေကို
အဆင့်ခပ်နိမ့်နိမ့်အခန်းတွေမပေးချင်လို့ပါ
Booking လုပ်ရင် Suite , Jr Suite, Presidential Suite ဆိုတဲ့
အခန်းကောင်းကြီးတွေ ပေးရှာပါတယ်
ကိုယ့်ဧည့်သည်တွေ မတည်းတာတော့ ကိုယ့်ဧည့်သည်အပစ်ပေါ့
ဝန်ကြီးဌာနကလဲ ဖြေတော့ ဖြေရှင်းနေကြရှာပါတယ် သူတို့လဲ နိုင်ဂံခြားက
ဧည့်သည်တွေတွေ့ရ နိုင်ဂံခြားသွားရနဲ့ ယားလို့တောင်မကုတ်အားကြဘူးလေ
ဖြည့်တွေးပေးလိုက်ကြပါနော်
နောက်တခုကလဲ Travel & Tour Company ကြီးတွေက Block Booking
တွေလုပ်ထားလို့ပါတဲ့ သူတို့တွေကို Deposit တွေ ဒီလကစပြီး
လိုက်ကောက်တော့မှာပါတဲ့ ဒါဆိုအခန်းပိုတွေထွက်လာနှိုင်ပါတယ်တဲ့ရှင်

မကြာမီ လာမည် မျှော်...........................

ခင်သီတာအေး

On 6/1/12, Nyi Nyi ÂŽ <nyi...@gmail.com> wrote:
> Thanks for your input here. We apparently see "ignorance." Somebody might
> have known this but sneezed. That's why I posted how ignorant the Director

> General<https://groups.google.com/d/msg/travelmyanmar/3RH8p7G3-A4/S04KqgPXTL8J>is:-


> expressed his voice over number of hotel rooms in Yangon. On the flip
> side, let's face the truth that hoteliers are business men and they do have
> their own right to "do business" what they think they are confident or it
> is profitable (whether it is ethical or not is another story). This might
> have answered your question no. (a) & (b). About your (c) and (d) is much
> wider in range to discuss about. It is first to talk about how (whether or
> not) to "legalize" first about "prostitution." There are a lot of "yes and
> no" situation answering your questions. And some cases, it's not all about
> "prostitution," it's about social trend which require "hotel rooms" for

> sexual pleasure. We can't stop them. But *tradition* holds that they must

> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To view this discussion on the web visit
> https://groups.google.com/d/msg/travelmyanmar/-/TGb1oo5TjcsJ.
> To post to this group, send email to travel...@googlegroups.com.
> To unsubscribe from this group, send email to
> travelmyanma...@googlegroups.com.
> For more options, visit this group at
> http://groups.google.com/group/travelmyanmar?hl=en.
>
>

Reply all
Reply to author
Forward
0 new messages