အခန်းပြတ်လပ်မှုကို ဖြေရှင်းနိုင်ရန် ဟိုတယ်နှင့် တည်းခိုခန်းများအား အဆင့်မြှင့်တင်သွားမည်

72 views
Skip to first unread message

Thomas Latt

unread,
May 22, 2012, 2:28:28 AM5/22/12
to travelmyanmar

အခန်းပြတ်လပ်မှုကို ဖြေရှင်းနိုင်ရန် ဟိုတယ်နှင့် တည်းခိုခန်းများအား အဆင့်မြှင့်တင်သွားမည်

ယုယုမော်
အတွဲ ၂၉ ၊ အမှတ် ၅၆၉ (၁၈ - ၂၄ ၊ ၅ ၊ ၂၀၁၂)

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ်ကို ညဘက်တွေ့ရစဉ်။
ဓာတ်ပုံ - ဂျူးလိယက်

ခရီးသွားလာရေးလုပ်ငန်းတွင် ရင်ဆိုင် နေရသည့် ဟိုတယ်အခန်း ပြတ်လပ်မှု ပြဿနာကို ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့ရှိ အသေးစား ဟိုတယ်နှင့် တည်းခိုခန်း များကို လာမည့်ပွင့်လင်း ရာသီအမီ နိုင်ငံခြားသားများ တည်းခိုနိုင်သည့် အဆင့်ဖြစ်လာစေရန် လုပ်ဆောင် သွားမည်ဟု မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း က မေလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ တည်းခိုခန်းများကို စစ်ဆေးရာတွင် ပြောကြားသည်။

"ဟိုတယ်အခန်းခတွေ တက်တယ်၊ အခန်းတွေ ပြတ်လပ်တယ်ဆိုတာက လည်း နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံထားတဲ့ ဟိုတယ်ကြီးတွေ ဈေးကစားနေလို့ပါ။ တကယ်ဆိုရင် နိုင်ငံခြားသားတွေ ဈေးသက်သက် သာသာနဲ့ တည်းလို့ရတဲ့ ဟိုတယ်၊ တည်းခိုခန်းတွေ ရှိပါတယ်။ ရန်ကုန် မှာရှိတဲ့ ဟိုတယ်၊ တည်းခိုခန်းတွေကို စစ်ဆေးပြီး FIT (တစ်ကိုယ်ရည် ခရီးသွားဧည့်သည်) နိုင်ငံခြားသား တည်း ခို နိုင်အောင် ပိုင်ရှင်တွေကို တိုက်တွန်း သွားမယ်" ဟု ဦးအောင်ဇော်ဝင်း က ပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ နိုင်ငံခြားသားခရီးသည်များ တစ်ရက် ၀င်ရောက်မှုနှုန်းနှင့် ရန်ကုန်မြို့တွင် တည်ရှိပြီးသား ဟိုတယ်နှင့် အခန်းအရေ အတွက်မှာ ယေဘုယျအားဖြင့် လောက်ငသည်ဟု ၎င်းက သုံးသပ်သည်။

"အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နိုင်ငံခြားသား ဧည့်သည်အ၀င်က တစ်ရက်ကို ၁,၂၀၀ နဲ့ ၁,၈၀၀ ကြားမှာ ရှိနေတယ်။ ရန်ကုန်မြို့မှာ ဟိုတယ်အလုံး ၁၈၉ လုံးနဲ့ အခန်းပေါင်း ၈,၀၀၀ ရှိတယ်။ ဧည့်သည် အ၀င်နဲ့ နှိုင်းယှဉ်ကြည့်လိုက် ရင် ဟိုတယ်အခန်းတွေ မလောက် စရာ အကြောင်း မရှိဘူး။ တစ်ဖက်ကလည်း FIT နိုင်ငံခြားသားတွေ လက်ခံတည်းခို နိုင်တဲ့ အဆင့်ဖြစ်အောင် တည်းခို ခန်းပိုင်ရှင် တွေနဲ့ လိုအပ်တာတွေ ညှိနှိုင်း လုပ်ဆောင်သွားမယ်။ အခုအချိန်မှာ မြန်မာနိုင်ငံကို စီးပွားရေးလုပ်ငန်းရှင်တွေ အပြင် FIT တွေလည်း အများဆုံး ၀င်နေတယ်" ဟု ၎င်းက ပြောသည်။

ကမ္ဘာလှည့်ခရီးသည်များအတွက် ရန်ကုန်မြို့တွင် တစ်ညတည်းခိုခန်း စရိတ် ငါးဒေါ်လာအထိ လက်ခံသည့် တည်းခိုခန်းများ လည်းရှိသည်။

"တစ်ယောက်အိပ်တစ်ခန်းကို နိုင်ငံ ခြားသားတည်းရင် ငါးဒေါ်လာယူပါ တယ်။ နှစ်ယောက်ခန်းဆိုရင်တော့ ၁၀ ဒေါ်လာယူတယ်။ အခုရက်ပိုင်း အတွင်း ပဲ တစ်နေ့ကို နိုင်ငံခြားသား ၁၄ ယောက် ကနေ အယောက်၂၀ အထိ တည်းခိုကြ ပါတယ်" ဟု ဆူးလေ ဘုရားအနီးရှိ Mahabandoola Guest House မှ မန်နေဂျာ ဦးပြည့်ဖြိုးအောင်က ပြော ကြားသည်။

အဆိုပါ တည်းခိုခန်းတွင် အခန်း ၁၄ ခန်းရှိပြီး အခန်းခတွင် မနက်စာမပါဝင် ပေ။ ဘုံရေချိုခန်းသာရှိပြီး အခန်းပြည့် ဧည့်သည်ရရှိ နေသည်။

ထိုတည်းခိုခန်းတွင် လာရောက် တည်းခိုလျက်ရှိသော နိုင်ဂျာနှင့် အင်္ဂလိပ် လူ မျိုးများဖြစ်သည့် Illas Ssou Moussa နှင့် Tom Mononen တို့ကလည်း "ဟိုတယ်ကြီးတွေက တည်းခိုခန်းစရိတ်တွေ တအားကြီးလွန်းတယ်။ကျွန်တော် တို့လို FIT တွေကလည်း အဲဒီ ဟိုတယ်တွေမှာ တည်းလေ့မရှိပါဘူး။ ကျွန်တော်တို့ရဲ့ အဓိကက လူတွေနဲ့ ရင်းနှီးချင်တယ်။ သူတို့အကြောင်း လေ့လာချင် တယ်။ ဒီနေရာကလည်း မြို့ထဲမှာပဲ။ လူ တွေနဲ့ တခြားစိတ်ဝင်စားစရာတွေပြည့် နေတဲ့ မြို့ထဲမှာဖြစ်နေတဲ့အတွက် ကြိုက်တယ်။ ဒီတည်း ခိုခန်းမှာ ဈေးကတော့ သက်သာပေမယ့် ၀န်ဆောင်မှုနဲ့ နေရာ ထိုင်ခင်း မကောင်းဘူး။ အင်ဒိုနီးရှားမှာ ဒီလိုဈေးနှုန်းနဲ့ တန်တဲ့ ၀န်ဆောင်မှုရှိ တယ်" ဟု ဆိုကြသည်။

ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ရန်ကုန်မြို့ရှိတည်းခိုခန်းနှင့် ဟိုတယ်များတွင် FIT လက်ခံထားနိုင်သည့် အခြေအနေ မျိုးကိုသာ အဆင့် မြှင့်တင်မှုပြုလုပ်ရန် တိုက်တွန်းသွားမည် ဟု ဆိုသည်။

"တချို့တည်းခိုခန်းတွေက နိုင်ငံခြား သားလက်ခံတယ်ဆိုပေမယ့် FIT တည်း နိုင်လောက်တဲ့ အဆင့်တောင်မရှိတဲ့ဟာ တွေကိုတော့ ပြင်လို့ရမှာမဟုတ်ပါဘူး"ဟု ၎င်းကပြောသည်။ ထိုသို့အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် တည်းခိုခန်းပိုင်ရှင်များ ပူးပေါင်း ဆောင်ရွက်မှု အားနည်းနေ သည့်အတွက် အရေးယူဆောင်ရွက်မှု များပြုလုပ်ရန်ရှိသည်ဟု သိရသည်။

"ရှေ့လတုန်းက ရန်ကုန်မှာရှိတဲ့ ဟိုတယ်တည်းခိုခန်းပိုင်ရှင် ၃၃ ယောက် ကို အစည်းအဝေးခေါ်တာ ၁၄ ယောက်ပဲ လာတယ်။ အဲဒီ ၁၄ ယောက် ထဲမှာ တစ် ယောက်ပဲ ပိုင်ရှင်လာပြီးကျန်တာက မန်နေဂျာတွေချည်းပဲ။ သူတို့ပူးပေါင်းမှု မရှိရင် ဒီအလုပ်က တွင်မှာ မဟုတ်တဲ့ အတွက် အရေးယူမှုလေးတွေတော့ရှိ သင့်တယ်"ဟု ရန်ကုန်မြို့ Panda Hotel ပိုင်ရှင်ဦးမောင်မောင်က ပြောသည်။

Nyi Nyi ®

unread,
May 22, 2012, 3:29:59 AM5/22/12
to travel...@googlegroups.com
ညွှန်ကြားရေးမှုးချုပ်ဦးအောင်ဇော်ဝင်းပြောတာ figure အရမှန်ကောင်းမှန်နိုင်တယ်။ concept အရလွဲနေတယ်လို့မြင်ပါတယ်။ ဝင်လာတဲ့ဧည့်သည် ၁၂၀၀-၁၈၀၀ က ရန်ကုန်မှာ ၁ည ပဲအိပ်ရင်ပြဿနာမရှိပေမယ့် ၂ ည၊ ၃ ည ဖြစ်လာရင် နောက်ထပ်ဝင်လာတဲ့ဧည့်သည်တွေပုံနေမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဝင်လာတဲ့ဧည့်သည်တွေဟာ ပိုက်ဆံပေးပြီးတည်းခိုတဲ့ customer တွေဖြစ်တာကြောင့် ကိုယ်တတ်နိုင်တဲ့တည်းခိုချင်တဲ့ အမျိုးအစားကိုစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ဆိုတာကိုတွေးရမှာဖြစ်ပါတယ်။ ကြယ်ငါးပွင့်အဆင့် ဘယ်နှစ်လုံးရှိတယ်၊ ကြယ်လေးပွင့် ဘယ်နှစ်လုံးစသဖြင့်ခွဲပြီးပြောနိုင်မှဖြစ်မယ့်သဘောရှိပါတယ်။ ယခုလက်ရှိဟိုတယ်အခန်းမလုံလောက်မှုက ဘယ်လိုဟိုတယ်အမျိုးအစားတွေလည်းဆိုတာကိုပါထည့်သွင်းတွက်ချက်သင့်တယ်လို့ဆိုလိုတာပါ။

Myanmar Tourism Board(MTB) ကဒါကိုမကိုင်တွယ်နိုင်တာ(ဒါမှမဟုတ်) ဖြေရှင်းဖို့ကြိုးစားတဲ့အရိပ်အယောင်မတွေ့တာစိတ်ပျက်စရာပါ။
ဟိုတစ်လောကဒုဝန်ကြီးဦးဌေးအောင်ကိုယ်တိုင်ကိုင်တွယ်ဖို့ကြိုးစား တာတွေ့လို့အားတက်မိပေမယ့်အလုံးစုံပါဝင်လာတာမျိုး (all-inclusive) မရှိတာကို
MTBလိုအဖွဲ့အစည်းကြီးကထိထိရောက်ရောက်ပါဝင်ပက်သက်မှုကင်းလို့ ဖြစ်တယ်လို့ကျနော်ကတော့မြင်ပါတယ်။တကယ်ဆိုကျနော်သိသလောက်ဟိုတယ်
ကိစ္စဟာဟိုတယ်လုပ်ငန်းရှင်းများအသင်းနဲ့တိုက်ရိုက်ပက်သက်ပါတယ်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနဲ့အခြား ဈေးကွက်မြှင့်တင်ရေးကော်မတီတို့ရဲ့
အသံတွေကိုလည်းရံဖန်ရံခါကြားနေရပေမယ့်ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ နောက်ပြီးအားလုံးရဲ့အချုပ်လို့ခံယူထားတဲ့MTB(ဒီနှစ်ဖွဲ့ရဲ့ပက်သက်မှုကလည်းအကြောင်း
ရင်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်)တို့ဘာမှလှုပ်ရှားသံမထွက်လာတာအံ့သြစရာပါပဲ။ဒါမှမဟုတ်ဒီကိစ္စဟာ ကြောင်ချုဆွဲရတဲ့ကိစ္စဖြစ်ပြီးကိုယ်ပိုင်အကျိုးအမြတ်မရှိလို့ဖြစ်ချင်လည်းဖြစ်နိုင်ပါတယ်။

သို့တည်းမဟုတ် ဖြစ်တန်ရာချေက ကျနော်တို့ MTB ကတော့လုပ်နေပါတယ်။ အကောင်အထည်မပေါ်သေးတာဆိုရင်လည်း MTB ရဲ့ဗျုရိုကရေစီမှာ အဆောတလျင်ဖယ်ရှားပစ်ဖို့လိုနေတဲ့အစိတ်အပိုင်းတစ်ခုရှိနေတာပဲဖြစ်မယ်လို့ယူဆပါတယ်။



2012/5/22 Thomas Latt <thomas...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.



--
Nyi Nyi
Reply all
Reply to author
Forward
0 new messages