စတုတ္ထကြိမ်အလှူအတွက် အလှူငွေစတင်ထည့်ဝင်နိုင်ပါပြီ

6 views
Skip to first unread message

NCDG

unread,
Sep 1, 2013, 4:42:12 PM9/1/13
to NCDG, NCDG, than win, a9.bi...@gmail.com

NCDG ၏ တတိယကြိမ်အလှူကို ဒုတိယအကြိမ်က လှူဒါန်းခဲ့သော ရွှေပြည်သာမြို့နယ် ပညာရောင်ခြည် သီလရှင်စာသင်တိုက်သို့ ထပ်မံလှူဒါန်းခဲ့ပါသည်။

သွားရောက်မလှူမီ ဆက်သွယ်မေးမြန်းရာတွင် ယခင်လကလှူထားသော စာရေးကိရိယာများကျန်သေးကြောင်း၊ အခြားအလှူရှင်များလည်းရှိသဖြင့် မလိုအပ်သေးကြောင်း သိရှိရပါသည်။ သို့ရာတွင် အတန်းကျောင်းတက်သော ဆရာလေးများ၏ဝတ်စုံများ ဟောင်းနွမ်းနေသဖြင့် အသစ်လဲပေးလိုပါကြောင်းသိရသဖြင့် စာရေးကိရိယာအစား ဝတ်စုံများလှူဒါန်းခဲ့ပါသည်။

အလှူရှင်များ၏ဆန္ဒအရ ဆရာလေးများ တစ်နေ့တာ ဆွမ်းကောင်းကောင်းစားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆွမ်းတစ်နေ့စာ လှူဒါန်းခဲ့ပါသည်။ ယခင်လက ရွှေတံခါးမူကြိုမှ ဒေါ်အေးအေးက နေ့လယ်စာဖြင့် ဧည့်ခံသည်ကို အားနာသဖြင့် ယခုအခါ အကြောင်းမကြားပဲ သွားရောက်ခဲ့သော်လည်း ဆရာကြီးများက အတင်းကျွေးပါသောကြောင့် ဘဘတို့လည်း ကောင်းကောင်းစားခဲ့ရပါသည်။

ထမင်းကောင်းကောင်းစားရသောကြောင့် နောက်လဆက်လှူချင်သည် မဟုတ်ပါ။ NCDG ၏ နဝကမ္မလှူဒါန်းငွေကို သုံးစွဲသည့်အထဲ မထည့်ပဲ ကျောင်းသစ်ပြန်ဆောက်ရန် ရန်ပုံငွေထဲသို့ သီးသန့်ဖယ်ထားကြောင်းသိရ၍ အတိုင်းအတာတစ်ခုထိ ဆက်လက်လှူဒါန်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့ရပါသည်။ ကျောင်းထိုင် M.A ဆရာကြီးမှ ၃လသင်တန်းတစ်ခုတက်နေ၍ သင်တန်းပြီးလျှင် နောက်ထပ် ဆရာလေး ၅ပါးမျှ လက်ခံရန်ကြိုးစားမည်ဟုလည်း ပြောပါသည်။

မိမိတို့မှ လစဉ်လှူဖြစ်မည် မဖြစ်မည်ကို ကတိမပေးခဲ့ပါ။ အများအလှူငွေဖြစ်၍ အများဆန္ဒအတိုင်း လှူရမည်ဖြစ်ပါ၍ အဆင်ပြေလျှင် လာရောက်၍ ဆက်လက်လှူဒါန်းပါမည်ဟု ပြောခဲ့ကြပါသည်။ ထို့ကြောင့် စတုတ္ထအကြိမ်အလှူကို ဤကျောင်းသို့ ဆက်လက်လှူဒါန်းမည်လော၊ အခြားနေရာတစ်ခုပြောင်း၍ လှူဒါန်းမည်လောကို ယခုထဲက ဆွေးနွေး တိုင်ပင်၍ ဆုံးဖြတ်ချက်ချစေချင်ပါသည်။

အကယ်၍ နေရာပြောင်းလှူမည်ဆိုပါက သင့်တော်သောနေရာရှာဖွေရန် ယခုချိန်ထဲက စတင်ရန်လိုအပ်ပါသည်။ အဖွဲ့ဝင်များ လက်လှမ်းမီရာ အကြံပေး ညွှန်ပြသောနေရာများကို ကြိုတင်သွားရောက်၍ လှူသင့် မလှူသင့်၊ လှူမည်ဆိုလျှင် မည်သို့မည်ပုံ လှူကြမည်များကို အချိန်ယူ လေ့လာ ဆုံးဖြတ်ရန် လိုအပ်ပါမည်။ လှူခါနီးမှ နီးစပ်ရာနေရာသို့ လှူဒါန်းလိုက်ရခြင်းမျိုး မဖြစ်စေလို၍ တင်ပြရခြင်း ဖြစ်ပါသည်။

ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းသူများအနေဖြင့် အုပ်ချုပ်သူဆရာကြီးများ၏ စေ့စပ်တိကျသော အုပ်ချုပ်မှုစည်းကမ်းအောက်တွင် သန့်ရှင်းသပ်ရပ်စွာ နေထိုင်စားသောက်၍ လောကီ လောကုတ္တရာပညာများကို အပတ်တကုပ် ကြိုးစားသင်ယူနေကြသော ဆရာလေးငယ်များ၏ပုံရိပ်များ ယခုထက်ထိ မျက်စိထဲမှ မထွက်ပါ။ မိမိတို့လှူဒါန်းလိုက်သော ဆွမ်းများကို အိနြေ္ဒသိက္ခာရစွာဖြင့် မြိန်ရည်ရှက်ရည် သုံးဆောင်နေကြသည်ကိုကြည့်၍ ဖြစ်ခဲ့ရသော ပီတိလည်း အရှိန်မပြေသေးပါ။

ထို့ကြောင့် အခြားနေရာပြောင်း၍ လှူကြရန် စိတ်အားထက်သန်သူများကို မေတ္တာရပ်ခံချင်ပါသည်။ ဤကျောင်းတိုက်သို့ လုံးလုံးလျားလျားမလှူတော့ပဲ နေရာပြောင်းခြင်းထက် ဆွမ်းတစ်နပ်စာနှင့် အခြားလိုအပ်ပစ္စည်းများလောက်တော့ အနည်းဆုံး ဆက်လက်လှူဒါန်း၍ နဝကမ္မငွေကိုသာ နေရာသစ်သို့ စတင်လှူစေချင်ပါသည်။ နောင်မှ တဖြည်းဖြည်းချင်း ဖြတ်ပါဟု တောင်းဆိုလိုပါသည်။ ဘဘတို့ အသည်းနုသည်ဟု ပြောချင်ပြောကြပါ။ ဆရာလေးများကို ဂရုဏာထားမိတာတော့ အမှန်ပဲ ဖြစ်ပါသည်။

အဖွဲ့ဝင်များ ဆွေးနွေးပေးပါ၊ အကြံပြုပေးပါ၊ အလှူငွေလည်း ဆက်ထည့်ပေးပါဟု တိုက်တွန်းရင်း NCDG မိသားစုအလှူရှင်များအားလုံးကို ကျေးဇူးတင်ကြောင်း ပြောပါရစေခင်ဗျား။

Inline image 1

2013-09-01 (25).jpg

KyawKhineKhant

unread,
Sep 1, 2013, 8:19:53 PM9/1/13
to naungmoon-c...@googlegroups.com
မှန်​ပါတယ်​ ... ဒီထက်​ သင့်​​တော်​တဲ့​နေရာ မ​တွေ့သ​ရွေ့ ဒီမှာပဲ ဆက်​လှူကြရ​အောင်​ဗျာ

Thwin Htoo Aung

unread,
Sep 1, 2013, 8:39:47 PM9/1/13
to naungmoon-c...@googlegroups.com
မင်္ဂလာပါ။
အလှူအတွက် စီစဉ်မှုများနှင့် ဓါတ်ပုံများအတွက် ကျေးဇူးတင်ပါသည်။ 
အလှူနေရာအတွက်  လက်ရှိနေရာမှာ ဆက်လှူပြီး နောက်ထပ် သင့်တော်ရာနေရာများကို အချိန်ယူပြီး အေးအေးဆေးဆေး လေ့လာနိုင်ပါသည်။ အကြံပြုနိုင်ပါသည်။ ( ဆွမ်းတစ်နပ်စာနှင့် အခြားလိုအပ်ပစ္စည်းများလောက်တော့ အနည်းဆုံး ဆက်လက်လှူဒါန်း၍ နဝကမ္မငွေကိုသာ နေရာသစ်သို့ စတင်လှူစေချင်ပါသည်။  ဒီအဆိုကို လက်ခံ သဘောတူပါသည်။)  အနည်းဆုံးတော့ အဖွဲ့အတွက် လှူစရာ တစ်နေရာရှိနေသည့် သဘောဖြစ်ပါသည်။ 
မေတ္တာဖြင့်...


Thwin Htoo Aung

.......................................................................................................................
“There is no security on this earth; there is only opportunity.”
 Douglas MacArthur



2013/9/2 KyawKhineKhant <stepha...@gmail.com>
မှန်​ပါတယ်​ ...  ဒီထက်​ သင့်​​တော်​တဲ့​နေရာ မ​တွေ့သ​ရွေ့  ဒီမှာပဲ ဆက်​လှူကြရ​အောင်​ဗျာ

--
Naungmoon Cbox user များအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ...
---
You received this message because you are subscribed to the Google Groups "naungmoon-cbox-donation" group.
To unsubscribe from this group and stop receiving emails from it, send an email to naungmoon-cbox-do...@googlegroups.com.
To post to this group, send email to naungmoon-c...@googlegroups.com.
Visit this group at http://groups.google.com/group/naungmoon-cbox-donation.
To view this discussion on the web visit https://groups.google.com/d/msgid/naungmoon-cbox-donation/2a06656e-89a2-49eb-8fa4-418b11014e65%40googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.

Myint Naing

unread,
Sep 2, 2013, 12:13:32 PM9/2/13
to naungmoon-cbox-donation
Hi NCDG,
 
I have agreed with your idea, but I have mention earlier my mail, 'I would like to know about their expected future plan? I have seen they have keep our donation for new building, so how much their plan? I have only focus on who are needed third party supporting (like donation).
 
Congratulation for third Donation.
 
With my Regards,
 
Myint Naing


2013/9/2 Thwin Htoo Aung <toet...@gmail.com>

For more options, visit https://groups.google.com/groups/opt_out.



--
Myint Naing (Singapore)
 

2003 kk

unread,
Sep 2, 2013, 11:13:48 PM9/2/13
to naungmoon-c...@googlegroups.com, NCDG, than win, a9.bi...@gmail.com
NCDG!
AUG လ အစပိုင်း မှာ ကထဲက ကျမ (လုပ်ပေးချင်နေတာ big  big wide wide) ပြော ထား (အဆိုတင်သွင်းထား) ပါတယ် ။
တခြားကို ရွှေ.ချင်ရင်တောင် လစဉ် စာရေးကရိယာလေး တာဝန်ယူနိုင် ရင် ကောင်းမယ်လို.။
အခု ဆရာကြီးက ကျမတို.ရဲ. အလှူငွေ ကို အခုလို စစ်စစ်စီစီ အသုံးချတာသိရတဲ.အတွက်
အများကြီးလေးစားပြီးသဒ္ဒါပိုပေါက်မိပါတယ်။
နောက် တကြိမ်အတွက် ဆွမ်း တရက် စာ ကို ကျမ တာဝန်ယူပါ.မယ်။
ဆရာလေးတွေအတွက် ကျောင်းနေရင်း(အိမ်နေရင်း)စီးဖိနပ်ဆိုဒ်လေးတွေ( ဦးထွေးတော.တော.နဲနဲ အလုပ်ရှုပ်မှာပေါ.)
များ စီစဉ်ပြီးလှူရင် ပိုပြီး ပြည်.စုံမလား။
 
ကျေးဇူးတင်စွာဖြင်.
2003kk

NCDG

unread,
Sep 3, 2013, 3:34:56 AM9/3/13
to NCDG
Dear Ko Myint Naing

Good point to think, we'll ask details about this on 4th donation or if we can go earlier before.
They showed the drawing of new construction but we didn't ask the estimate amount and another donations have been received or not.

With thanks & regards,
NCDG


2013/9/2 Myint Naing <myint...@gmail.com>

ဦးထွေး

unread,
Sep 3, 2013, 3:59:37 AM9/3/13
to NCDG
Dear 2003kk,

ထက်သန်တဲ့ သဒ္ဒါအတွက် ကြည်နူးရပါတယ်။
ခုလို သီးသန့်အလှူရှင်ပေါ်လာတာကို ပိုပြီး ဝမ်းသာမိပါတယ်။
2003kk က အမြင်စူးရှပါတယ်၊ ဓါတ်ပုံထဲမှာ ဆရာလေးတွေ 
ဖိနပ်လေးတွေ မညီမညာဖြစ်နေတာ သတိထားမိပုံရတယ်။
အလုပ်မများပါဘူး ဖုန်းဆက်မေးကြည့်လို့ လိုအပ်တယ်ဆိုရင်
အတိုင်းလေးတွေယူခိုင်းပြီး နောက်တခွေက်အလှူအတွက်ဝယ်သွားလို့ရပါတယ်။
အခုလို အကြံပေးတာ ကျေးဇူးတင်ပါတယ်.
အခြားအဖွဲ့ဝင်များထံမှလည်း မျှော်လင့်ပါတယ်

ကျေးဇူးတင်စွာဖြင့်
ဦးထွေး


2013/9/3 2003 kk <200...@gmail.com>
Reply all
Reply to author
Forward
0 new messages