လိင်ခရီးသွားလုပ်ငန်းကျိန်စာ မြန်မာရှောင်ရှားနိုင်မည်လော

55 views
Skip to first unread message

Thomas Latt

unread,
Apr 25, 2013, 9:39:43 PM4/25/13
to travelmyanmar

ရန်ကုန်မြို့ စားသောက်ဆိုင်တစ်ခု တွင်းရှိ စင်မြင့်ပေါ်ဝယ် အဝတ်အစား မလုံ့တလုံ ဝတ်ဆင်ထားကြသည့် အမျိုး သမီးငယ် နှစ်ဒါဇင်ခန့်တို့သည် အပြင်း စားဂီတ၏ စည်းချက်အတိုင်း လှုပ်ရမ်း ကပြလိုက် သီဆိုဖျော်ဖြေလိုက် လုပ်နေ ကြသည်။ နိုင်ငံခြားသား ခရီးသွား အချို့ရှိနေကြသော်ငြား အများစုမှာမူ ဒေသ ခံများသာ ဖြစ်ကြသည့် ပရိသတ်က လည်း ယမကာများ တစ်ခွက်ပြီးတစ်ခွက် သောက်ရင်း သူတို့၏ လက်ကိုင်ဖုန်းများ ဖြင့် ယင်းဖျော်ဖြေမှုကို ဗီဒီယိုရိုက်သူက ရိုက်လျက်ရှိ၏။ တစ်ခါတစ်ရံတွင်မူ ပရိ သတ်ထဲမှ ဂုဏ်ပြုချီးမြှင့်သည့် ပန်းကုံး တို့ကို စင်ပေါ်မှအမျိုးသမီးငယ်အချို့ ရရှိသွားတတ်၏။ ပွဲသိမ်းဖျော်ဖြေမှုအပြီး ည ၁ဝ နာရီတွင် ဆိုင်တံခါး ပိတ်ပါ သည်။

စိုးရိမ်ပူပန်လျက်ရှိ

ရန်ကုန်ဝယ် ‘မော်ဒယ်ရှိုး’ဟု ခေါ် ကြသည့် အဆိုပါဖျော်ဖြေပွဲမျိုးကို ကမ္ဘာ ကျော် လိင်ခရီးသွားမြို့တော်တစ်ခု ဖြစ် သည့် ဘန်ကောက်မှ လိင်အသားပေး ဖျော် ဖြေပွဲမျိုးနှင့် နှိုင်းယှဉ်ပါလျှင်မူ မဖြစ်စ လောက်မျှသာဖြစ်သော်လည်း မြန်မာ နိုင်ငံမှ တာဝန်ရှိသူများနှင့် လူ့အခွင့် အ ရေးဆိုင်ရာအဖွဲ့အစည်းများကမူ နောင် လာမည့်ဆယ်စုနှစ်များတွင် ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ သွန်ကျလာ မည့်အချိန်အတွက် ကြိုတင်စိုးရိမ်ပူပန် လျက်ရှိသည်။

၂ဝ၁၁ ခုနှစ်အတွင်းတွင်  မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၈၁၆ဝဝဝ မျှရောက်ရှိခဲ့သော်ငြား ၂ဝ၁၂ ခုနှစ်တွင် မူ တစ်သန်းထက်မက ရောက်ရှိခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင်မူ ၂ဝ၁၁ ခုနှစ်ကထက် နှစ်ဆခန့်နီးပါးဖြစ်သည့် ခရီးသွားဧည့် သည် တစ်သန်းခွဲခန့် လာရောက်ကြမည် ဟု မျှော်လင့်ထားကြ၏။ ကမ္ဘာလှည့်ခရီး သွားများကြောင့် နိုင်ငံအတွက်လိုအပ် သည့် နိုင်ငံခြားငွေ ကန်ဒေါ်လာ သန်း ငါးရာထက်မနည်း ယမန်နှစ်က ရရှိခဲ့ သော်ငြား လိင်ကိစ္စသည် ဒေသဆိုင်ရာ ဆွဲဆောင်မှုတစ်ခုဖြစ်လာမည်ကိုတော့ တာဝန်ရှိသူများ မလိုလားကြပါ။ ထိုင်း နိုင်ငံသည် အရှေ့တောင်အာရှတွင် ခုခံ အားကျဆင်းမှုရောဂါ ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးဖြစ်နေပြီး၊ ကမ္ဘောဒီးယား တွင် အရွယ်မရောက်သေးသည့်လိင်လုပ် သားများ တိုးပွားနေခြင်းကိုထောက်ရှု ခြင်းဖြင့် တာဝန်ရှိသူများ စိုးရိမ်နေကြ ခြင်းဖြစ်ပါသည်။

စိုးရိမ်လည်းစိုးရိမ်လောက်၏။ မြန် မာနိုင်ငံအတွင်း လူကုန်ကူးမှုကွန်ရက် ရှင်သန်လှုပ်ရှားနေသည်မှာ တာရှည်နေ ပြီဖြစ်သလို၊ မြန်မာအမျိုးသမီးများ ထိုင်းနိုင်ငံသို့ ယိုစီးထွက်နေသည့်အနက် အများအပြားမှာ မိမိတို့သဘောဆန္ဒအလျောက်ဖြစ်နေပြန်၏။ အသက်မပြည့် သူ များပြားနေသလို သူတို့၏ အပျိုစင် ဘဝကို ကြေးကြီးကြီးနှင့် ရောင်းချလိုနေ ကြသည်ဟု မဲခေါင်မြစ်ဝှမ်းအတွင်း လူ ကုန်ကူးမှုကိုတိုက်ဖျက်သည့် ကုလ သမဂ္ဂစီမံချက်မှ အမျိုးသားစီမံချက်ညှိ နှိုင်းဆောင်ရွက်ရေးမှူး ဒေါ်ဥမ္မာအိအိ ချောက ပြောသည်။

”သူတို့ကိုယ်တိုင်သာမက၊ သူတို့ရဲ့ မိဘတွေရယ် သူတို့အသိုင်းအဝိုင်းတွေ ရယ်ကလည်းဒီလိုလုပ်တာကို လက်ခံနေ ကြတယ်။ ဒါဟာ မိဘကိုထောက်ပံ့ခြင်း တစ်မျိုးလို့ ယူဆနေကြတယ်”ဟု သူက ပြောပါသည်။ မြန်မာနိုင်ငံတွင် ၂ဝဝ၈ ခုနှစ်က ဆိုင်ကလုန်းနာဂစ်ဒဏ် ခံခဲ့ရ ပြီးနောက်ဝယ် ရန်ကုန်ကဲ့သို့သောမြို့ကြီး များသို့ အမျိုးသမီးများ လိင်လုပ်သားအဖြစ်ရောက်ရှိလာကြခြင်းမှာ အံ့ဖွယ် လိလိမြင့်မားခဲ့ကြောင်း ပြည်တွင်းမီဒီ ယာတို့၏ ဖော်ပြချက်များအရ သိရပါ သည်။

ကြိုတင်ကာကွယ်ရမည်

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များအတွက် လိင်ကိစ္စဆိုင်ရာ လိုအပ်ချက်ဖြည့်ဆည်း ပေးခြင်းတို့မှာ ဆိုးဆိုးရွားရွားအခြေ အနေသို့တော့ မဆိုက်ရောက်သေးချေ။ အရိုးရှင်းဆုံးဆိုရလျှင်တော့ မြန်မာတို့ သည် ကမ္ဘာလှည့်ခရီးသွားအနည်းငယ် လောက်မျှနှင့်သာ ဆက်ဆံနေရသေး သောကြောင့်ပင်။ ထိုင်းနိုင်ငံသို့  ၂ဝ၁၂ ခုနှစ်အတွင်းက ကမ္ဘာလှည့်ခရီးသွား ၂၂ သန်းရောက်ရှိခဲ့ခြင်းနှင့် နှိုင်းယှဉ် ကြည့်လျှင် သဘောပေါက်ပါလိမ့်မည်။ သို့ရာတွင် ပြောင်းလဲခြင်းအရိပ်လက္ခ ဏာများပြနေလေပြီ။မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကမ္ဘာလှည့်ခရီးသွားများဆိုင်ရာ ပွင့် လင်းမြင်သာမှုရှိရေးအဖွဲ့ကို တည် ထောင်သူ မစ္စအင်ဒရီယာ ဗလန်တင်းက သူသည် ဝက်ဘ်ဆိုက်တစ်ခုကို ဂျပန် တွင် တွေ့ရကြောင်း၊ ယင်းဝက်ဘ်ဆိုက် တွင် ဧည့်သည်တို့၏  လိင်ကိစ္စဆိုင်ရာ လိုအပ်ချက်ကို စီစဉ်ဆောင်ရွက်ပေးလို သည့် ဆန္ဒရှိသော ဟိုတယ်များစာရင်းကိုတွေ့ရကြောင်းပြောသည်။ ဟိုတယ် များက ပြည့်တန်ဆာတို့၏ ဖုန်းနံပါတ် များကို ဧည့်သည်များမေးလာပါကပြော ပေးနိုင်ကြောင်းသိရသည်။

”ဟိုတယ်ကလူတွေ ပြောတာက တော့ ‘ကျုပ်တို့ကဟိုတယ်လေ၊ ရောက် လာတဲ့ဧည့်သည်တွေ စိတ်ချမ်းသာ အောင်လုပ်ပေးရမှာပေါ့’လို့ပဲ ပြောကြ တယ်။ သူတို့လည်း ဘယ်လိုလုပ်ရမှန်း မသိကြဘူး”ဟုမစ္စဗလန်တင်းက ပြောပါ သည်။လိင်ကိစ္စ ဖြည့်ဆည်းပေးမှုများ ရနိုင်ခြင်းကို မော်ဒယ်ရှိုးများ၊ ကာရာ အိုကေဆိုင်များနှင့် အနှိပ်ခန်းများတွင် ပြောင်ပြောင်တင်းတင်းတော့ ဆိုမထား ကြပေ။ သို့ရာတွင် ရသည်ကတော့ သေ ချာ၏။

”နောက်ဖေးပေါက်မှာ ဘာမဆို ဖြစ်နိုင်တယ်လေ။ ဒါကို ခိုင်ခိုင်မာမာ သက်သေပြနိုင်ဖို့ အရမ်းခက်တယ်။ ဒါ ကတော့ရတဲ့ဆိုင်၊ ဒါကတော့ မရတဲ့ဆိုင် ဆိုတာ အမျိုးသားတွေအချင်းချင်းကြား မှာတော့ သိကြတာပဲ။ တက္ကစီသမားတွေ လည်း သိကြတယ်လေ”ဟု ဒေါ်ဥမ္မာ အိအိချောက ပြောပါသည်။အရွယ်မရောက်သေးသူများအား လိင်ဆက်ဆံရန် ကြံရွယ်မှုကြောင့် ယခု ကာလ အတောအတွင်းဝယ် နိုင်ငံခြား သား ၁၃ ဦးကို နာမည်ပျက်စာရင်းသွင်း ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများမှ အခြေအနေများကိုလေ့လာခြင်းအားဖြင့် အဆိုပါပြဿနာများ ကြီးထွားလာမည် ကို အစိုးရတာဝန်ရှိသူများ မလိုလားကြ ပေ။ ”အိမ်နီးချင်းနိုင်ငံတွေဆီက အဖြစ် အပျက်တွေကို သင်ခန်းစာယူခြင်းအား ဖြင့် ကျွန်တော်တို့ဆီမှာလည်း အချိန် မနှောင်းခင်ကြိုတင်ကာကွယ်ဖို့လုပ်ငန်း စရတော့မယ်လို့ ခံစားလာရပါတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အထူးသတင်း တပ်ဖွဲ့မှ ဒု-တပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းက ပြောပါသည်။

ဆောင်ရွက်နေသည်များ

အမှန်မတော့ လိင်ခရီးသွားဆိုင်ရာ ကိစ္စတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာအာ ဏာပိုင်များက အခါအားလျော်စွာအရေး ယူဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ နိုင်ငံ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန သည် အစိုးရမဟုတ်သော ဂျာမန်အဖွဲ့ အစည်းတစ်ခုဖြစ်သည့် ‘ဟန်းစ်ဆေး ဒယ်လ်ဖောင်ဒေးရှင်း’နှင့် တွဲဖက်၍ ကမ္ဘာလှည့်ခရီးသွားများဆိုင်ရာတာဝန်ယူမှု ပေါ်လစီသစ်တစ်ခုကို ယမန်နှစ် အတွင်းကချမှတ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများနှင့်ပတ်သက်၍ ဆောင်ရွက်ရ မည့်စည်းမျဉ်းများကို ရေးဆွဲခဲ့ကာ မစ္စ ဗလန်တင်း၏ ဦးဆောင်မှုဖြင့် မြန်မာ နိုင်ငံမှ နာမည်ကျော်ကာတွန်းဆရာများ ၏ သရုပ်ဖော်ပုံများကိုပါ ထည့်သွင်း၍ ဟိုတယ်များနှင့် ခရီးသွားလမ်းညွှန်များ အား ဖြန့်ဝေခဲ့ပါသည်။

အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း နော်ဝေနိုင်ငံမှ ထောက်ခံအားပေးမှုဖြင့် အများပြည်သူတို့ ပိုမိုအသိရှိရေးဆိုင်ရာ စည်းရုံးဆောင်ရွက်မှုများနှင့် ဟိုတယ် များ၊ ခရီးသွားလုပ်ငန်းများနှင့် ရဲတပ်ဖွဲ့ ဝင်များအနေဖြင့် လိင်ခရီးသွားဆိုင်ရာ ဖြစ်ရပ်များကို ကြုံတွေ့လာရပါက မည် သို့ဆောင်ရွက်ရမည်တို့ပါဝင်သည့်လက် ရှိအချိန်အတောအတွင်း ဆောင်ရွက်ရ မည့်ကမ္ဘာလှည့်ခရီးသွားဆိုင်ရာ အဓိက အစီအစဉ်တစ်ခုကို အစိုးရသို့တင်ပြခဲ့ရာ ယခုနှစ်တွင် အတည်ပြုနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။မဲခေါင်မြစ်ဝှမ်းအတွင်း လူကုန်ကူး မှုကိုတိုက်ဖျက်သည့် ကုလသမဂ္ဂစီမံချက် အနေဖြင့်လည်း ဟိုတယ်ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များအတွက် လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ကလေးသူငယ်လိင်လုပ် သားတိုက်ဖျက်ရေး နှင့် လိင်ခရီးသွား များကိုတားဆီးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိကာ အ ရေးပေါ်ဆက်သွယ်ရမည့် နေရာများ၊ ဖုန်းနံပါတ်များကိုလည်း ကမ္ဘာလှည့်ခရီး သွားများအဓိကသွားလာသည့် နယ်ပယ် များတွင် စီစဉ်သတ်မှတ်ပေးလျက် ရှိ သည်။

ဆေးထိုးမှန်ဖို့လိုအပ်

ဥပဒေဘက်တော်သားများဘက် က လျော့ရဲမှုတွေရှိလျှင်တော့ မည် သည့် ဥပဒေ၊ မည်သို့သော အစီအစဉ် ကမှ တိုးတက်ထူးခြားလာစေရန် စွမ်း ဆောင်နိုင်မည်မဟုတ်။ ဥပဒေအရမူ ပြည့်တန်ဆာလုပ်ငန်းသည် မြန်မာ နိုင်ငံတွင် တရားဝင်မဟုတ်သော်လည်း၊ အာဏာ ပိုင်များက မျက်စိမှိတ်ကာ နှာစေးနေကြလျှင်တော့ မည်သူမျှတတ် နိုင်မည်မဟုတ်။ ထို့အပြင် ပြည့်တန်ဆာ ခန်းများကို စီးနင်းဖမ်းဆီးရာတွင်လည်း ပြည့်တန်ဆာများသာ အဖမ်းခံကြရ ရှာပြီး ပိုင်ရှင်များနှင့် လာရောက်ဆက် ဆံကြသူများ အဖမ်းမခံကြရ။ လိင်လုပ် သားများခမျာ လက်ရှိ ဥပဒေဘက် တော်သားများလက်ထဲဝယ် ဆေးမှား ထိုးခြင်းခံရသည့်နှယ် ဖြစ်နေ၏။

”တာဝန်ရှိသူတွေ အတော်များများ ဟာအဲဒီအခြေအနေတွေကနေ အမြတ် ထုတ်နေကြသလိုဖြစ်နေတယ်။ ပိုက်ဆံ တောင်းတာမျိုးတွေ ဒါမှမဟုတ် ခြိမ်း ခြောက်တာမျိုးတွေပေါ့”ဟု ဒေါ်ဥမ္မာ အိအိချောက ပြောပါသည်။ ယင်းဖြစ်ရပ် များဆုံးခန်းတိုင်စေရန် ကုလသမဂ္ဂက လေးများရန်ပုံငွေအဖွဲ့နှင့် အစိုးရမဟုတ် သောအဖွဲ့အစည်းများအနေဖြင့် ရဲတပ် ဖွဲ့ဝင်တို့ အဆိုပါကိစ္စများအား မည်သို့ မည်ပုံ ကိုင်တွယ်ကြရမည်ဆိုသည်ကို လေ့ကျင့်သင်ကြားမှုများ စတင်ရတော့ မည်ဟု သူက ထပ်လောင်းပြောကြားပါ သည်။မည်သို့သော စိန်ခေါ်မှုများရှိနေ စေကာမူ မြန်မာနိုင်ငံအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကဲ့သို့သော လိင်ခရီး သွားလုပ်ငန်း ကျိန်စာသင့်ခြင်းမျိုးကို ရှောင်ကြဉ်နိုင်မည်ဟု မစ္စ ဗလန်တင်း က အကောင်းဘက်က ရှုမြင်သုံးသပ်ပါ သည်။ ”နှစ်ပေါင်းများစွာ အတွင်းကျိတ် လှိုက်စားနေခဲ့ပေမယ့် ခုတော့ ပွင့်လင်း လာနေပြီလေ။ အရာရာကို သူတို့ လေ့ လာသင်ယူကြဖို့ ကြိုးစားနေကြပါပြီ။ သူတို့ ရဲရဲရင့်ရင့်နဲ့ အကောင်အထည် ဖော်ဆောင်ရွက်နေကြတာတွေကို ကျွန်မတို့အနေနဲ့ ပံ့ပိုးကူညီမှုတွေလုပ် ပေးကြဖို့လိုအပ်တယ်”ဟု သူက ပြောပါ သည်။

ဟက်ကာ - Popular Myanmar News Journal
၁၆-၄-၂ဝ၁၃
မှတ်ချက် – TIME မဂ္ဂဇင်းမှ ဂျတ်စတင် ဘာ့ဂ်မန်း ရေးသားသော Can Burma Avoid the Curse of Sex Tourism သတင်းဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ပါသည်။

Aye Min Oo

unread,
Apr 25, 2013, 9:53:33 PM4/25/13
to travel...@googlegroups.com
Sex sells. 

You cannot deny it.

But you can keep one thing in mind when doing business.

Will you let it happen to your sister or mother.



Sonny AMO







2013/4/26 Thomas Latt <thomas...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 



--


Aye (mr.)
Payment Coordinator
MyanmarVisa.com



Bo Saw

unread,
Apr 26, 2013, 8:01:13 AM4/26/13
to travel...@googlegroups.com
One way to avoid sex tourism is
Fuck in Bangkok, Pray in Yangon.

ဖရမ်ကိ ထွန်း

unread,
Apr 26, 2013, 11:14:08 PM4/26/13
to travelmyanmar

Ha ha believe that's will be "the comment of the Year "'

Bravo.....  Bo Saw!!!!

Sending from my SII

On Apr 26, 2013 6:31 PM, "Bo Saw" <saww.m...@googlemail.com> wrote:
One way to avoid sex tourism is
Fuck in Bangkok, Pray in Yangon.

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/IJzZKnaK0uAJ.

Rain Man

unread,
Apr 29, 2013, 12:36:09 AM4/29/13
to travelmyanmar
Agree with you Bo Saw. Let's go to Bangkok now! Ha Ha!

Ko Nyi Nyi

unread,
Apr 29, 2013, 7:48:28 AM4/29/13
to travelmyanmar
I will come with you bro . I think Frankie will follow too   :P


yin min htun

unread,
Apr 29, 2013, 10:22:28 PM4/29/13
to travelmyanmar digest subscribers
Hey Ko Nyi nyi,
Don't be selfish man!
Why I won't come with you too. Hee...Hee.

Khaing Soe Linn Khaing

unread,
Apr 29, 2013, 11:39:58 PM4/29/13
to travel...@googlegroups.com
Dear All;
May I joke for sex  concern  in this morning!
When clients asked me that "we need ....can you do ?.
I didn't shake my neck but I arranged one from stage.
That guest and friend told me that you are very good guide ha ha ha..
So;in current come hearing sound of sex tourism flow officially in here.
Male guides will increase income(more tips and twist cashes..who wish
say No).
But actually we must organize and offer observers in culture tour  never
hide from Pagodas,Monuments,Temples,Monasteries.and scenes.Only
for coming  sex activity to Myanmar  like that visitors  NO ACCOMPANY
you and I we wouldn't to be "Prostitute Head" we're just Licensed Tour
Guide we may present and narrate to our territory,culture,tradition etc...
I don't want hear that ladies prostitutes calling "Danger Uncle(Endaraygyi)"
ha ha ha..
With love
Mr.Khaing
Mobile:0945008415
 










Great using ...

Nyi Nyi ®

unread,
Apr 30, 2013, 5:19:41 AM4/30/13
to travelmyanmar
*****************Can you guys please close this TOPIC !! ***************** :D

Nyi Nyi

Khaing Soe Linn Khaing

unread,
Apr 30, 2013, 5:31:34 AM4/30/13
to travel...@googlegroups.com
Dear Nyi Nyi;
You don't like my written,comment or Thomas Latt's  post....
Let them write freely in case of this hot rumor or real Sex
Tourism will increase legally  in  Myanmar.Someone drop
comment "မင်းညီမနဲ့မင်းအမေကိုလုပ်ခိုင်းလိုက်တဲ့". Can say
good and polite words or funny  comments that no problem
I guess personally.
Mr.Khaing

Shwemya Aung

unread,
Apr 30, 2013, 9:10:32 AM4/30/13
to travel...@googlegroups.com
We enjoy now media freedom, Right.But please take it into consideration that you break your etiquette.A particular tour guide, who has just got back tour guide licence after the Ministry of Hotels and Tourism had denied for years  its validity on the basis of the  mistakes he had made, is now writing again that he arranged(for his tourist) one (prostitute)from stage.You know who is meant.
take care, all.

Khaing Soe Linn Khaing

unread,
May 1, 2013, 2:55:25 AM5/1/13
to travel...@googlegroups.com
CHAIRMAN OF MTGA;
DEAR GENTLEMAN;

IF YOU WRITE AND LET ME KNOW FRIENDLY FOR THIS I'LL WELCOME YOU ABOVE YOUR DESCRIPTIONS  SO NEGATIVE PERSPECTIVES TO SOMEONE THAT USING
WORDS AND  SOUNDS IS NOT DROP FROM GENTLEMAN'S THINKING AND COMMENT
TO SOME ONE.EVEN I AM NOT YET OFFICIALLY MEMBER OF MTGA  WE ARE THE
SAME NATIONALITY  WE WERE OLD COLLEAGUE IN INDUSTRY.

YOU HAVE NO CHANCE TO COMMENT AS A THREAT, WARNING  TO ME SO YOU HAVEN'T RESPECT EACH TO EACH (I PUT IN IT JOKE AN FUNNY LET DO MEDIA FREEDOM WITHOUT RUDENESS).YOU SHOULD CONSIDER IT  TO BE FEASIBLE
TELLING ME THAT "MR.KHIANG  NOT FUNNY AND JOKE MUCH SEX TOURISM CONCERNED WRITTEN AGAIN OR SOFTNESS AND LOVELY SPEECHES THOSE
LOOK LIKE CHAIRMAN OF MTGA INCLUDING FLEXIBLE MORAL AND RELATION TO
COLLEAGUES, TOUR GUIDES.

I APPLAUSE YOU MOHT  WILL THINK THAT IS TINY ASSISTANT TO GOLDEN GUESTS OR HARD BROKEN TO MYANMAR SOCIETY ACCORDINGLY MOHT WILL CONSIDER TO YOU TO BE A  DEPUTY MINISTER OF MOHT.

I'LL DESCRIBE AS ARTICLE IN A JOURNAL THAT RELEVANT SEX TOURISM NOT INCREASING  LEGALLY  BECAUSE OF THERAVADA COUNTRY (QUITE DIFFERENT THINKING TO SOCIETY AND CULTURE BUILDING BETWEEN THAILAND AND MYANMAR).  

H.E CHAIRMAN OF MTGA  I BLESSES   YOU COULD  FOREVER DO AS A PERFECT ,HOLLY,FULLY ETIQUETTE PERSON WE MUST SUPPOSE TO YOU THAT YOU ARE OUR GUARDIAN  AT LEAST ONE DECADE AT MTGA.

WITH LOVE AND FRIENDLY TO ALL;
MR.KHAING
COMENSEEMEMYANMAR
G-1399)MOBILE:0945008415

Win Zaw - AE

unread,
May 6, 2013, 11:52:20 PM5/6/13
to travel...@googlegroups.com
NOOOO, Don't close "the Serious Topic" -  Though people abused the freedom of media, this topic is really good for the Nation. Personal attack on the public site is showing who you are, so careful.

The question is: " WHAT AND HOW DO WE PREPARE TO PREVENT THIS"

I believe the Ministry of tourism may have the idea/policy/plans, or they might even started/formed a committee to work with. If not, then, better start now. Without the ministry of Tourism, for sure a topic will be a topic!.

here is the link what neighboring does: http://www.tourismcambodia.org/mot/index.php?view=child_safe&lang=zh-cn 

The Ministry has setup the Child Safe Tourism Committee with:
1) responsibilities,
2) Cooperation between relevant ministries such as
  1. Ministry of Interior (ministry of Home Affair in Myanmar).
  2. Ministry of Labor, Vocational Training
  3. Ministry of Women Affairs
  4. Ministry of Social Affairs Veterans and youth  Rehabitatio
3) cooperation between NGOs (none government organizations) such as Wold Vision, Child Wise, etc..

in 2012, the Cambodia Government signed the MOU with World Vision to combat SEX TOURISM. here is the link: http://www.rfa.org/english/news/cambodia/pedophiles-08232012172454.html . It helps alots though Cambodia is still a popular destination.

So, keep posting this topic to see how far we are and how the industry leaders care of the developments of Tourism in Myanmar.

Comments are only available for positive viewers :-)
Have a good day.
WZ

Aye Min Oo

unread,
May 7, 2013, 5:03:54 AM5/7/13
to travel...@googlegroups.com

This is indeed a Serious Topic and it will be an uphill battle. I would suggest we should look Singapore as an example. Prostitution is Legal in Singapore. One has to register and pay tax for it. But Singapore as a country never become a sex destination.

I am sure Both Ministry of Hotels and Tourism and Ministry of Culture will involve in measures to be taken. 

It is better to keep the topic and keep it alive.

Best regards to you all,

Sonny

p.s Thanks for your words "Personal attack on the public site is showing who you are". I couldn't find such words to for my reply.


On Tue, May 7, 2013 at 10:22 AM, Win Zaw - AE <winza...@gmail.com> wrote:
NOOOO, Don't close "the Serious Topic" -  Though people abused the freedom of media, this topic is really good for the Nation. T, so careful.
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/ZKPXrvBs2fQJ.

For more options, visit https://groups.google.com/groups/opt_out.
 
 



--

Rain Man

unread,
May 8, 2013, 12:09:49 AM5/8/13
to travelmyanmar
I agree with WZ that it is a serious topic. It is a socioeconomic problem which resulted from decades of misgovernment and mismanagement by national traitors and thieves. Just by imposing laws it will not disappear. It has to be addressed from different perspectives - educational, vocational, cultural and social aspects. Of course the world's oldest profession will still exist but abuses can be curbed.    


On Tue, May 7, 2013 at 10:22 AM, Win Zaw - AE <winza...@gmail.com> wrote:
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/ZKPXrvBs2fQJ.
Reply all
Reply to author
Forward
0 new messages