သိန်းလက်ျာ ၏ စိတ်ကြိုက်ကဗျာများ..။

11 views
Skip to first unread message

သိန်းလက်ျာ

unread,
Mar 12, 2013, 6:22:32 AM3/12/13
to zotungcontacts

သစ္စာမှန်ရင်။

by ကဗျာ-သိန်းလက်ျာ on Monday, February 18, 2013

လမိုက်ညရဲ့ကြယ်သာယာ

လှပနေသ်ေလည်း

လမင်းကိုချစ်တဲ့

လမင်းချစ်သူတွက်တော့

လပြည့်ညကိုပဲ လွမ်းမိမယ်ထင်။

 

မင်းကိုချစ်တဲ့ငါကလည်း

လမင်းကိုချစ်တဲ့.......

လမင်းချစ်သူနဲ့........

ထပ်တူပါပဲ............။


နားလည်ပေးပါ

by ကဗျာ-သိန်းလက်ျာ on Tuesday, February 26, 2013

ရေးချင်လျက်နဲ့ မရေးနိုင်ခဲ့တဲ့

ငါ့ရင်ထဲက မင်းတွက်ကဗျာရှည်။

 

ပြောချင်လျက်နဲ့ မပြောနိုင်ခဲ့တဲ့

ငါ့ရင်ထဲက မင်းအချစ်ဝေဒနာ။

 

ငါးဖြစ်ပါလျက်နဲ့ ရေဆန်မတက်နိုင်ခဲ့

လူဖြစ်ပါလျက်နဲ့  ဖွင့်မပြောတတ်ခဲ့။

 

ငါဆိုပါလျက်နဲ့ အသံမထွက်နိုင်ခဲ့

အချစ်သီချင်းများလည်း အလွမ်းသင့်နေခဲ့။

 

မက်ချင်ပါလျက်နဲ့ မက်ခွင့်မရတဲ့ အိပ်မက်

သိပါလျက်နဲ့ သောက်ခဲ့ရတဲ့အဆိပ်။

 

ဘယ်သူဟာ အရှုံးကိုရွေးပါမလဲ

ဘယ်သူဟာ အလွမ်းနဲ့ ပြုံးနိုင်မလဲ

ဘယ်သူဟာ အချစ်ကို မုန်းနိုင်မလဲ

ဘယ်သူဟာ အချစ်ကိုလွန်ဆန်ချင်မလဲ။


နတ်သမီးလေးထံသို့

by ကဗျာ-သိန်းလက်ျာ on Monday, February 11, 2013 at 9:22am ·

မိုးသားကောင်းကင်

စကြ၀ဠာတခွင်လုံးမှာ

လင်းလက်ကြယ်စင်

ရေတွက်မနိုင်အောင် များနေလျက်နဲ့

ငါလို ပိုးစုန်းကြူးမီးကိုမှ.....

လောကအလှဟု ကဗျာဖွဲ့သူရယ်။

 

တေးသံချိုချို ရသစုံလင်

ဘ၀အမောပြေ ကဗျာပေါင်းစုံ

ရှိနေပါလျက်နဲ့ သံစဉ်မဲ့ဒီကဗျာကိုမှ

ခံစားနားလည် အားပေးနှစ်သက်သူရယ်။

 

အမှောင်ထဲမှ လူးလွန့်နေတဲ့

ပိုးစုန်းကြူးလေးကျွန်တော်

နတ်သမီးလေးတပါးတွက်

လေညင်းလေးမှ တဆင့်

ရင်တွင်းဖြစ် ကဗျာတစ်ပုဒ်ကို

ထာဝရလက်ဆောင်ပေးပို့လိုက်တယ်။

                       ပိုးစုန်းကြူး။(သိန်းလက်ျာ)


နှလုံးသား လိုက်ပွဲ

by ကဗျာ-သိန်းလက်ျာ on Saturday, February 9, 2013 at 6:37pm ·

အလွှာကွဲတော့၊ဂုဏ်ရည်လွဲ

ပွဲတက်ဖို့တော့ ၊တွဲလက်ကမမြဲပြီမို့

အတွေးရိပ်ကိုတော့၊ တံတွေးခွက်နဲ့အစားထိုးလိုက်မယ်။

မင်းဘ၀သာယာဖို့တွက်၊ ငါရဲ့နှလုံးသားစတေးပွဲပဲ။

 

နေမင်းကွယ်လို့၊လမိုက်သန်ခေါင်မှာ

မင်းတွက်အန္တရယ်များလွန်းပါတယ်။

အချိန်ကောင်းဟာ၊အကြိမ်တရာနှောင်းခဲ့ပြီမို့

မင်းဘ၀တွက် မင်းခြေလှမ်းစတင်ပါ။

 

မင်းဘ၀တွက် ငါ့နှလုံးသားစတေးလို့

ရှိရှိသမျှအားအင် ငါ့ရဲ့နှလုံးသားလိုက်ပွဲနဲ့

မငိုမိအောင် အံကြိတ်ပြီးနေလိုက်မယ်

ငါ့မျက်ရည်တွက် နင်နောက်စံတင်းမှာစိုးလို့

ငါမငိုခဲ့တာ မင်းတွက်ကောင်းစေချင်လို့ပါ။

Reply all
Reply to author
Forward
0 new messages