အင်္ဂလန်အိမ်ရှေ့မင်းသား Edward VIII ရဲ့ အချစ်အကြောင်း

စာရေးဆရာ Peter Dainty ရေးထားတဲ့ "The Love of a
King" ဆိုတဲ့စာအုပ်ကို ဖတ်ဖြစ်နေပါတယ်။ စာအုပ်ပါအကြောင်းက Duke of
Windsor (အင်္ဂလန်အိမ်ရှေ့မင်းသား Edward VIII) ရဲ့ အချစ်အကြောင်းပါ။
ရေးခဲ့ဖူးတဲ့ "နော်ဝေးအိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော်" ဆိုတဲ့အချစ်ဇာတ်လမ်းလေးလိုပဲ...
တိုင်းပြည်ကိုအုပ်ချုပ်တဲ့ရှင်ဘုရင် မဖြစ်လို အချစ်စစ်ကိုသာရယူလိုတဲ့
အိမ်ရှေ့မင်းသားနဲ့ သာမန်ပြည်သူမိန်းကလေးတစ်ယောက်ရဲ့ ဂန္တဝင်မြောက်တဲ့
အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (** Edward VIIIဟာ
အင်္ဂလန်ဘုရင်အဖြစ် အရိပ်အရာဆက်ခံပြီးနောက် အမေရိကန်သူ...

(၁)
အထီးကျန်တဲ့ ကောင်လေးတစ်ယောက်
Edwardကို ၁၈၉၄ခုနှစ်မှာ မွေးဖွားခဲ့တယ်။ သူ့ခမည်းတော်ဖြစ်တဲ့ ဘုရင်George
Vက ကိုယ်ထည်မြင့်မားပြီး အေးစက်စက်နိုင်သူဖြစ်တယ်။ သူဟာ ကလေးတွေကို
မနှစ်သက်ပါဘူး။ “Edward က ဘာဖြစ်လို့ စကားကို မနားတမ်းပြောနေရတာလဲ”။
“ဒီကလေး သိပ်ဆူတာပဲ”လို့ တစ်ခါက သူပြောခဲ့တယ်။ သူရဲ့မယ်တော် မိဖုရားMary
ကလည်း ဒီလိုပဲ ထင်ခဲ့တယ်။ “Edward ပျော်လား၊ မပျော်ဘူးလားဆိုတာ
အဓိကမဟုတ်ဘူး.. ကလေးဆိုတာ ဆိတ်ငြိမ်ရမယ်၊ သန်မာထက်မြက်ရမယ်”လို့ မိဖုရားက
ပြောခဲ့တယ်။
သူတို့တစ်မိသားစုလုံး Buckingham နန်းတော်မှာနေထိုင်ကြတယ်။...

(၂) ဝေလမင်းသား ၁၉၁၁ခုနှစ်
နွေဦးရာသီမှာ ဘုရင်Georve က Edwardကို သူ့ရဲ့အိပ်ခန်းထဲခေါ်ပြီး “နောက်လမှာ
မင်းကို ဝေလမင်းသားအဖြစ်ခန့်အပ်မယ်။ ဒါက အဲဒီအခမ်းအနားမှာ
မင်းဝတ်ရမယ့်ဝတ်စုံပဲ”။ ဘုရင်က ဘီရိုသေးတစ်လုံးကိုဖွင့်လိုက်တယ်။ Edward ထငိုပါတော့တယ်။
“ဒါပေမယ့် ဖခမည်းတော်.. ကျွန်တော်မျိုး အသက်၁၆နှစ်ရှိပါပြီ။
ဖိနပ်ပျော့နဲ့စကပ်ကို ကျွန်တော်မျိုးမဝတ်နိုင်ဘူး။ ကြည့်ရတာ
မိန်းကလေးတစ်ယောက်နဲ့တူလို့ပါ။ တခြားလူတွေလို ဘာကြောင့်
ကျွန်တော်မျိုးဝတ်လို့မရတာလဲ” လို့ Edward ကပြောတယ်။ “မင်းက သူတို့နဲ့မတူဘူး… မင်းက...

(၄)
တွေ့ဆုံခြင်း
၁၉၃ဝခုနှစ် ဆောင်းဦးရာသီမှာ Edward က သူ့သူငယ်ချင်းဖြစ်တဲ့
သခင်Furnessတို့ဇနီးမောင်နှံဆီမှာ ခဏတာနေထိုင်ခဲ့တယ်။ “A King’s
Story”ဆိုတဲ့ စာအုပ်တစ်အုပ်မှာ Edward က ဒီလိုသရုပ်ဖော်ရေးသားခဲ့ပါတယ်။
“အဲဒီစနေနေ့မှာ ရာသီဥတုက အေးလွန်းတယ်၊ လေကလည်း တိုက်တယ်။
မိုးသည်းသည်းထန်ထန်ရွာသွန်းနေခဲ့လို့ ကျွန်တော်တို့
မြင်းစီးမထွက်နိုင်ခဲ့ကြဘူး။ အိမ်ထဲမှာပဲနေပြီး နေ့လယ်စာစောစောစားဖို့
ကျွန်တော်တို့ဆုံးဖြတ်လိုက်ကြတယ်။ လေဒီFurnessရဲ့မိတ်ဆွေတချို့နဲ့အတူ
ကျွန်တော်တို့ နေ့လယ်စာသုံးဆောင်မှာဖြစ်တယ်။” ၁နာရီထိုးတော့...

(၅) Wallis
လေဒီFurnessက Mrs Simpsonရဲ့အစောဦးပိုင်းဘဝအကြောင်းကို အခုလို ပြောပြသွားခဲ့ပါတယ်။
Wallisကို Baltimore မှာ မွေးဖွားခဲ့တယ်။ သူဟာ သူ့ဖခင်ဘယ်သူဆိုတာ
လုံးဝမသိခဲ့ပါဘူး။ သူ ၅လသားအရွယ်မှာ သူ့ဖခင်ကွယ်လွန်သွားခဲ့ပါတယ်။
သူ့မိခင်က သန်မာထက်မြက်ပြီး မေတ္တာပြည့်ဝတဲ့အမျိုးသမီးဖြစ်တယ်။ Wallisရဲ့
ကလေးဘဝက ပျော်ရွှင်ချမ်းမြေ့ခဲ့ပါတယ်။ သူ့အသက် ၂ဝမှာ Winfield
Spencerဆိုသူနဲ့ လက်ထပ်ခဲ့ပါတယ်။ အိမ်ထောင်ကျစနှစ်အနည်းငယ်မှာ
သူတို့ပျော်ရွှင်ခဲ့ကြတယ်။ ဒါပေမယ့် တစ်နေ့မှာ Winfield ရဲ့ပိုက်ဆံတချို့
လမ်းပေါ်မှာကျပျောက်သွားခဲ့တယ်။...

(၆)
ဘုရင်ကြီး နတ်ရွာစံပြီ။ ဘုရင် သက်တော်ရာကျော်ရှည်ပါစေ။
၁၉၃၆ခုနှစ် ဇန်နဝါရီလမှာ Edward က ဝင်ဆာရဲတိုက်မှာ ရက်သတ္တပတ်အနည်းငယ်ကြာ
နေထိုင်ခဲ့တယ်။ မြို့နေဘဝကို သူငြီးငွေ့ခဲ့တယ်။ သူဟာ သူ့ပန်းဥယျာဉ်လေး
ပြင်လိုက်၊ မြင်းစီးလိုက်ပဲ လုပ်ချင်ခဲ့တယ်။ အဲဒီနောက်
မွန်းလွှဲပိုင်းတစ်ခုမှာ မိဖုရား Mary ဆီက ဖုန်းဝင်လာခဲ့တယ်။ “Edward…
အခုချက်ချင်းပြန်လာခဲ့ပါ။ ခမည်းတော် ရောဂါသည်းနေတယ်… မယ်တော်အထင်တော့
မရတော့ဘူး ထင်တာပဲ”
ပြန်ရောက်တာနဲ့ ဖခင်ရဲ့အခန်းဆီ Edward တိုက်ရိုက်သွားလိုက်တယ်။
ကုတင်ဘေးဆီသူလျှောက်သွားပြီး ဖြူရော်နေတဲ့...

(၇) ဘုရားကျောင်း
၁၉၃၆ခုနှစ် နွေဦးရာသီမှာ Mrs Simpson က သူ့ခင်ပွန်းဆီ စာတစ်စောင်ရေးခဲ့တယ်။
“ချစ်ရသော Ernest… ကျွန်မအပေါ် ရှင်အမြဲကြင်နာခဲ့ပါတယ်။ ရှင်ဟာ
စိတ်သဘောထားကောင်းပြီး သန်မာထက်မြက်သူတစ်ဦးပါ။ ဒါပေမယ့် ရှင်ကို
မပြောမဖြစ် ပြောရဦးမယ်။ ကျွန်မတို့ရဲ့အိမ်ထောင်ရေး ဆုံးခန်းတိုင်ပါပြီ။
ဘုရင်ကို ကျွန်မချစ်မိသွားခဲ့လို့ ရှင်နဲ့ကျွန်မကွာရှင်းချင်ပါတယ်။
ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ရှင်ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ရှင့်ကို
ကျွန်မတစ်သက်မမေ့ပါဘူး။ ဒါပေမယ့် လွတ်လပ်ခွင့်ကို ကျွန်မရယူပါတော့မယ်။”...

(၈) လေပြင်းမုန်တိုင်း
ဇူလှိုင်လနဲ့ သြဂုတ်လမှာ Wallis နဲ့ ဘုရင်တို့ဟာမြေထဲပင်လယ်အနီးတစ်ဝိုက်မှာရှိတဲ့နိုင်ငံတွေဆီ သွားရောက်လည်ပတ်ခဲ့တယ်။
သူတို့ဟာ ဂရိမှာ ဝန်ကြီးချုပ် Metaxasနဲ့တွေ့ဆုံခဲ့တယ်။ ပေါ်တူဂီမှာ Kemal
Ataturkနဲ့ တွေ့ဆုံခဲ့တယ်။ ဘူဂေးရီးယားမှာ ဘုရင်Borisနဲ့တွေ့ဆုံခဲ့တယ်။
ဒါပေမယ့် အဲဒီနှစ်နွေရာသီမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာကတော့ Edwardရဲ့
ဝတ်စားဆင်ယင်မှုပဲဖြစ်ပါတယ်။ အေဒင်ကနေ Istanbul ကိုသွားတဲ့ခရီးမှာ
ဘုရင်ဟာ သူ့အင်္ကျီကိုချွတ်ပြီး နေစာလုံခဲ့ပါတယ်။ ရာသီဥတုပူပြင်းတာကြောင့်
၁ဝမိနစ်အကြာမှာ...

(၉) ကျွန်တော်ချစ်တဲ့ အမျိုးသမီး
ရက်အနည်းငယ်အကြာမှာ Mr Churchill က Buckingham နန်းတော်မှာ Edward ကို
လာရောက်တွေ့ဆုံခဲ့တယ်။ စစချင်းမှာ ဘုရင်နှုတ်ဆိတ်နေပါတယ်။ နောက်မှ သူက “Winston
… ဒါဟာ အင်္ဂလန်မှာ ကိုယ့်ရဲ့နောက်ဆုံးညတစ်ညပဲ။ ဒီတိုင်းပြည်ကို
ကိုယ်ချစ်တယ်။ ခေတ်မီတဲ့၊ ကြင်နာတဲ့ ဘုရင်တစ်ပါး ကိုယ်ဖြစ်ချင်တယ်။
ဒီလောကကြီးကို ကိုယ်ပြောင်းလဲချင်တယ်။ ဒါပေမယ့် ကိုယ့်ကိုသူတို့
ဟန့်တားလိုက်ကြပြီ။ အခု ကိုယ်ဒီကနေ မခွာချင်ဘဲ ခွာရတော့မယ်”။ ၁ဝနာရီ ထိုးပါပြီ။ ထိုင်ရာက Edward ထရပ်လိုက်ပြီး
ပြတင်းပေါက်ဖက်လျှောက်သွားလိုက်တယ်။...

(၁ဝ)
ထိမ်းမြားမင်္ဂလာ
နောက်တစ်နေ့မနက်မှာ Edward က Boulogneကနေ Wallisဆီ ဖုန်းဆက်လိုက်ပါတယ်။
“ကိုယ်ရဲ့အသံလွှင့်စကားကို ကြားပြီးပြီလား” “ဟုတ်ကဲ့.. ကြားပါတယ်” “ဘယ်လို
ထင်လဲ”
“အဲဒီတုန်းက အခန်းထဲမှာ ကျွန်မတစ်ယောက်တည်းရှိနေခဲ့ပါတယ်။
အရှင်ရဲ့စကားသံကိုကြားတော့ ကျွန်မအရမ်းဝမ်းနည်းမိတယ်။
မျက်နှာကိုလက်နဲ့အုပ်ပြီး ကျွန်မငိုခဲ့မိတယ်။ ကျွန်မ
မအောင့်အီးနိုင်ခဲ့ဘူး။ ကျွန်မအတွက်နဲ့ အရာရာအားလုံးကို
ရှင်စွန့်လွှတ်ခဲ့တယ်။ Edward.. ရှင့်ကိုကျွန်မအရမ်းချစ်တယ်။
ကျွန်မနဲ့အတူနေရင် ရှင်ဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးသူဖြစ်လိမ့်မယ်”။...

(၁၁) ပဲရစ်မြို့
အဲဒီနောက်
နှစ်ပေါင်း၃ဝအတွင်း The Dukeနဲ့ Duchessတို့ဟာ
ပဲရစ်မြို့မှာပဲနေထိုင်ခဲ့ကြတယ်။ သူတို့ဟာ
မိတ်ဆုံစားပွဲအမျိုးမျိုးပြုလုပ်ကျင်းပပြီး ကမ္ဘာအနှံ့ခရီးသွားခဲ့ပါတယ်။ ဒါပေမယ့် Buckinghamနန်းတော်ဆီ ခြေဦးလုံးဝမလှည့်ခဲ့ပါဘူး။
၁၉၅၂ခုနှစ်မှာ ဘုရင်Georgeနတ်ရွာစံချိန်နဲ့ ၁၉၆၁ခုနှစ်မှာ မိဖုရားMary
နတ်ရွာစံချိန်လောက်မှာပဲ Edwardဟာ ဝင်ဆာရဲတိုက်ဆီပြန်ပြီး ခဏတာနေခဲ့ပါတယ်။
Wallis ကတော့ ပြင်သစ်မှာပဲ နေခဲ့ပါတယ်။ “အဲတာက သူ့မိသားစုပါ.. ကျွန်မရဲ့မိသားစု မဟုတ်ဘူး”လို့ Wallis က ပြောခဲ့ပါတယ်။...

(၁၂)
အချစ် သက်တော်ရာကျော် ရှည်ပါစေ
၁၉၇ဝခုနှစ် Edward မကွယ်လွန်ခင်ရှေ့နှစ်နှစ်မှာ သူ ဒီလိုပြောခဲ့ပါတယ်။
“ဘုရင့်အရိပ်အရာကို စွန့်လွှတ်လိုက်တာဟာ ကျွန်တော့်အမှားလို့
လူတွေထင်မြင်ကြတယ်။ ဒါပေမယ့် သူတို့က တကယ့်အချစ်စစ်ကို နားမလည်ခဲ့ပါဘူး။
ကျွန်တော်နုငယ်စဉ်က Buckinghamနန်းတော်မှာ နေထိုင်ခဲ့တယ်။
ကျွန်တော်လိုချင်တာမှန်သမျှ ရခဲ့တယ်။ ဒါပေမယ့် ကျွန်တော်မပျော်ရွှင်ခဲ့ဘူး။
ကျွန်တော့်ရဲ့အတွင်းစိတ်က ဗလာဖြစ်နေခဲ့လို့ပါ။ နောက်ပိုင်း
Wallisနဲ့ကျွန်တော်တွေ့ဆုံပြီးတဲ့နောက် အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။
ကျွန်တော်ရဲ့...