သျှမ်းသံတော်ဆင့် |
|
တော်လှန်ရေးစာပေ ပထမဆုံးရေးသည့် သျှမ်းသမိုင်းဝင်တော်လှန်ရေးသမား ဗိုလ်ချုပ်ခေးဆေ ကွယ်လွန် Posted: 18 Apr 2016 01:18 AM PDT သျှမ်းတော်လှန်ရေးသမား ဆေထောဝ့် အမည်ရ ဗိုလ်ချုပ်ခေးဆေ အသက် ၉၃ နှစ်သည် သက်ကြီးရောဂါ ဖြင့် ဧပြီလ ၁၁ ရက်နေ့တွင် ကွယ်လွန်ပြီး ဧပြီ ၁၉ ရက် မွန်းလွဲပိုင်း၌ ဝပ့်တင်ထတ် ခေါ် လွယ်ဆကစ် စေတီတော် တောင်ခြေဘုန်းတော်ကြီးကျောင်း လွယ်ဆကစ်မြို့နယ် တွင် မီးသင်္ဂြိုလ်မည်ဟု သိရသည် ။
၁၉၄၈ တွင် သျှမ်းပြည် သျှမ်းအမျိုးသား စာအုပ်ဖြင့် ပထမ ဆုံးရေးသားထုတ်ဝေသည်။ ၁၉၅၇ ခု တွင် ပင်လုံကတိ အလိမ်ခံရသည့်ကြောင်း ၊ သျှမ်းလူမျိုးများတော်လှန်ဖို့လိုကြောင်း ဆိုသည့် သျှမ်းလူမျိုးသိသင့်ပြီ (ႁူႉတူဝ်တႃႉတႆး) ဆိုသည့် စာအုပ် နှင့် တိုင်းပြည်ကို ပြန်လည်တိုက်ယူသည့်နည်း ( လၢႆးၽၼ်းမိူင်း) စသည့် စာအုပ်စာပေများ ရေးသားထုတ်ဝေသည် ။ “ အဲဒီတုန်းက သျှမ်းတွေက ဗမာစာမဖတ်တတ်ဘူးလေ ။ ဗမာစာပေမှာဆိုရင် တောင်ကြီး ဦးထွန်းမြင့် စာပေတွေကို ဖတ်ပြီးတောခိုကြတယ် ။ ဗမာစာ မတတ်တဲ့သူတွေကတော့ စဝ်ခေးဆေရဲ့ စာပေတွေကို ဖတ်ပြီးတောခိုကြတယ် ။ ဗမာစစ်အုပ်စု သူ့ရဲ့ကျောင်းတော်ကို ထရက်တာ နဲ့ သွားရောက်တိုက်ခိုက်ဖျက်ဆီးတော့ သူလဲ သင်္ဃန်းဝတ်နဲ့ တော ခိုလိုက်ရတယ် ။ ပြီးမှ လူဝတ်လဲလိုက်တယ် ” - ဟု သျှမ်းတော်လှန်ရေးသမားတဦးဖြစ်သည့် လက်ရှိပြည် ထောင်စု အင်စတီကျုတာရိုက်တာ ဦးခွန်စိုင်းက ပြောသည် ။ ပေါ့ထောဝ်ခေးဆေ သည် သျှမ်းတော်လှန်ရေးစတင်ခဲ့သည့် နွံစစ်ဟန်စစ်တပ်တွင်လည်း ပါဝင်ကာ အမျိုးသားရေးအတွက် တိုက်ပွဲဝင်ခဲ့သူတဦးလည်း ဖြစ်ပါသည် ။ ဆစ်ဆောင်ပန်းနား (တႆးသိပ်းသွင်ပၼ်းၼႃး) သျှမ်းအမျိုးသမီး နန်းရှဲန်ဟုန် နှင့် အိမ် ထောင်ပြုကာ စိုင်းအူမိန်း ကွယ်လွန်၊ စိုင်းအူတိုင်း၊ စိုင်းအူဟိန်း ဆိုသည့် သားသုံးဦးထွန်းကားသည်။ ၎င်း၏ အသုဘ အခမ်းအနားအားလည်း ကွယ်လွန်သည့်ရက် ဧပြီ ၁၁ ရက်နေ့မှ နောက်ဆုံးနေ့ ဧပြီ ၁၉ အထိ သျှမ်းတော်လှန်ရေး သမားများ နှင့် ရပ်နီးရပ်ဝေး မိတ်ဆွေ သင်္ဂဟများက အလှည့်ကျ အလှူအဒါန ပြုကြသည် ။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့်. To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |
|
သံလွင်မြစ်အနောက်ခြမ်း UWSA ထိန်းချုပ်ဒေသကပ်လျက် SSPP/SSA တပ်များ ဆုတ်ခွာပေးရန် တပ်မတော်ညွှန်ကြား Posted: 19 Apr 2016 08:45 AM PDT သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ လွယ်စေး လွယ်လန်း စသည့် တောင်ကြောများပေါ်တွင် တပ်စွဲထားသော သျှမ်းပြည်တပ်မတော် SSA/SSPP တပ်များကို ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာပေးရန် လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ညွှန်ကြားထား သည်ဟု ဆိုသည် ။
“ တန့်ယန်းနယ် လွယ်စေး လွယ်လန်းတောင်ပေါ်မှာရှိတဲ့ တို့တပ်တွေ ၂၂ ရက်နေ့ နောက်ဆုံးထား ဆုတ်ပေးဖို့ တပ်မတွေဝင်ရှင်းမယ် ပြောတယ် ။ ရမခက အကြောင်းကြားလာတာ ” - ဟု သျှမ်းတပ်မတော်မြောက်ပိုင်း ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောသည် ။ အဆိုပါဒေသမှာ မြစ်အရှေ့ဘက်ကမ်း ၀ UWSA ထိန်းချုပ်ရာ ပန်ယန်း ( မိုင်းလင်း ) ဒေသကို လှမ်းမြင်နေရ သည့် ဒေသဖြစ်ပြီး တောင်ပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ပါက ပန်ယန်းမြို့အား ခြိမ်းခြောက်နိုင်မည့် နေရာများလည်း ဖြစ်သည် ။ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲထားသော်လည်း နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကို လက်မှတ် ရေးထိုးခြင်း မရှိသေးသည့် SSPP ဘက်ကမူ အဆိုပါဒေသမှာ ရှမ်းလက်နက်ကိုင်များ ဆယ်စုနှစ်ပေါင်း များ စွာတိုင် အခြေချခဲ့သည့် ဒေသဖြစ်သည့်အတွက် ဆုတ်ခွာပေးရန် ခက်ခဲနိုင်ကြောင်း ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောသည် ။ 'ဒီဂွင်ထဲမှာSSA နေလာတာ တန့်ယန်းပဲနော် နှစ်ပေါင်း ၄၀ - ၅၀ ရှိပြီ အစဉ်တစိုက်နေလာခဲ့တဲ့နေရာဖြစ်တဲ့အကြောင်း နားလည်ပေးစေချင်ကြောင်း ပြောထားတယ်' ဟု ၄င်းက ပြောသည် ။ အဆိုပါ ဒေသအားပေးလိုက်ပါက အောက်ဘက်ရှိ မိုင်းရှူးဒေသကိုပါ အစိုးရ စစ်တပ်များ အသာစီးသွားနိုင်ပြီး သျှမ်းပြည်တပ်မတော် ဌာနချုပ် ၀မ်ဟိုင်းကိုပါ ပတ်ပတ်လည် ၀ိုင်းထားသကဲ့သို့ ဖြစ်လာမည်လည်း ဖြစ်သည် ။ လွယ်လန်းကြောက ဟိုးကတည်းက ဝ နယ် နဲ့ သျှမ်းနယ်ဆက်သွယ်ရေး လမ်းကြောင်းကိုးမဆုတ်လို့ တကယ်တိုက်ရင် ဝ ကိုပါ ရန်စတာ ဖြစ်သွားလိမ့်မယ် - ဟု နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးဂါမဏိက သုံးသပ်သည် ။ အဆိုပါနယ်မြေများရှိ SSA/SSPP တပ်များကို ဆုတ်ခွာပေးရန် ၂၀၁၄ ခုနစ်ကလည်း အစိုးရတပ်မတော်ဘက်မှ ညွှန်ကြားဖူးကြောင်း သိရသည် ။ |
|
တရုတ် - အမေရိကန် ပါဝါလွန်ဆွဲပွဲကြားက မြန်မာ့ငြိမ်းချမ်းရေး NLD အစိုးရ မည်သို့ကိုင်သွယ်မည်နည်း ???? Posted: 20 Apr 2016 02:41 AM PDT ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၏ နိုင်ငံရေးမူဘောင် သဘောတူညီ ချက်အတိုင်းဆိုပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လေးလတကြိမ် ပြန်လည်ကျင်းပရမည်ဖြစ်သည် ။ သို့သော် NLD အစိုးရမှ ယခင်အစိုး ရက ဆောင်ရွက်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် မြန်မာ့ ငြိမ်းချမ်း ရေးစင်တာတို့ကို လွှဲပြောင်းရယူခြင်း မရှိသေး မှုကြောင့် လာမည့် မေလအတွင်း ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံကို ဆက် လက်ကျင်းပရန် မဖြစ်နိုင်တော့ကြောင်း သိရသည် ။
“ အခုထိ ကျနော်တို့ရဲ့ လုပ်ငန်းတွေကို NLD ဘက်က လာလွှဲပြောင်းမယူသေး ဘူးဗျ ။ သူတို့လည်း အလုပ်များနေတယ် ထင်တယ် ” - ဟု ယခင် ၀န်ကြီးေ ဟာင်း ဦးအောင်မင်းဦးဆောင်ခဲ့သော မြန်မာငြိမ်းချမ်းရေး နှင့် ပြန်လည် ထူထောင်ရေးဗဟိုဌာနမှ တာဝန်ရှိသူတဦးကလည်း အတည်ပြုပြောဆိုသည် ။ လတ်တလော အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တွင် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေး ထိုးထားသည့် အဖွဲ့ ၈ ဖွဲ့ ရှိနေပြီး လက် မှတ် ထိုးရန် ကျန်ရှိနေသည့် အဖွဲ့ ၁၃ ဖွဲ့လည်း ရှိနေပါသည် ။ ပြည် တွင်းငြိမ်း ချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ NLD အစိုးရမှ ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအဖြစ် ကြေငြာထားပါသည် ။ “ အခုက သူတို့ MPC ငြိမ်းချမ်းရေးစင်တာ အသစ်ပြန်ဖွဲ့တာကလည်း မပြီးသေးဘူး ။ တဘက်မှာလည်း အပစ်မရပ်သေးတဲ့ အဖွဲ့ တွေကလည်း ရှိသေးတယ် ။ အဲဒီတော့ ဆွေးနွေးမှုတွေ ဆက်ဖြစ်ဖို့ ဘယ်လိုလာဦးမလဲ မသိသေး ဘူး။ ကြာမလား နှေးမလား ဆိုတာပေါ့ ။ တချိန်တည်းမှာလည်း အပစ် မရပ်ေ သးတဲ့အဖွဲ့တွေရဲ့ နယ်မြေတွေအတွင်းမှာ စစ်ရေးအရ တိုးချဲ့မှုတွေ ရှိနေတော့ ဆွေးနွေးပွဲတွေ ပြန်မစနိုင်သေးပဲ ပဋိပက္ခတွေ ပြန်ဖြစ်လာရင် ထိန်းသိမ်း ရမှာ ခက်ကုန်မှာလည်း စိုးရိမ်တယ် ” ဟု သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းလက လည်း ပြောဆိုသည် ။ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်ပြည်ေ ထာင်စုတွင် အခြေခံ ရမည့်ပုံစံများ ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများကို သယံဇာတခွဲဝေရေး ၊ အခွန်ကောက်ခံခွင့် ပိုမိုပေးရေး ၊ လုံခြုံရေး ကဏ်ဏ္ဍ ပြုပြ င်ပြောင်းလဲရေး တို့နှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ကြသည် ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အပစ်ခတ်ရပ်စဲရေးမှ ပြန်လည်ထူထောင်ရေး ၊ နိုင်ငံရေးအရ သဘောတူညီမှု ၊ ဖွံ့ဖြိုးရေး ၊ စစ်လက်နက်ဖြုတ်သိမ်းခြင်း ၊ တပ်ပိုင်း ဆိုင် ရာ ပေါင်း စည်းခြင်း စသဖြင့် အဆင့်ဆင့်သွားရသည့် လုပ်ငန်းစဉ်ဖြစ်ေ သာကြောင့် ယခုကဲ့သို့ အပစ်ရပ်သည့်အဖွဲ့ရပ် မရပ်သည့်အဖွဲ့ကျန်နေ အားလုံးက လက်နက် ကိုင်ထားသည့် အခြေအနေတွင် ဆွေးနွေးပွဲများ ဆော လျင်စွာ ပြန်စရန် လိုနေကြောင်း သုံးသပ်မှုများလည်းရှိသည် ။ “ အနည်းဆုံးညီလာခံလုပ်ဖို့က သုံးလလောက် ပြင်ဆင်ရတယ်။ အခုအတိုင်းဆိုရင် သြဂုတ်လောက် ပြန်စရင်တောင် မဆိုးဘူး ပြောရမယ် ။ တကယ်လည်း ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတို့ လက်နက်ကိုင် ပြသနာ ချုပ်ငြိမ်းရေးတို့မှာ ဆွေးနွေးမှု တွေက အရေးပါတဲ့အတွက် ဆွေးနွေးပွဲတွေက ပုံမှန်ဖြစ်နေဖို့လိုတယ် ။ အခုပဲ လက်မှတ်မထိုးတဲ့အဖွဲ့တွေလည်း ရှိနေတော့ အောက်ခြေမှာ ပဋိပက္ခတွေပြန်ဖြစ်ရင် နိုင်ငံရေးအရ ဆွေးနွေးတဲ့အခြေနေမရောက်ပဲ ပဋိပက္ခတွေ လိုက်လိုက်ရှင်းနေရတာနဲ့ အချိန်ကုန်နေတာမျိုးလည်း ဖြစ်နိုင်တယ် ။ အဲလို ဆိုရင်တော့မကောင်းဘူးဗျ ” ဟု နိုင်ငံရေး လေ့လာသူ တဦးဖြစ်သည့် ဦးကျော် လင်းဦး က သုံးသပ်သည် ။ သမ္မတ ဦးသိန်းစိန် အစိုးရတက်စ ကာလနှင့် NLD အစိုးရ တက်စ ကာလ ကွာခြားချက်မှာ တိုင်းရင်းသားလက်နက်ကိုင် အင်အား စုများအနေဖြင့် ယခုအချိန်သည် နှစ်ပေါင်း ၂၀ အတွင်း ၄င်းတို့၏ အင်အားအကောင်းဆုံး အချိန်သို့ ရောက်ရှိနေပြီး လက်နက် ကိုင် ပြသနာအပြင် တိုင်းရင်းသား နယ်မြေများတွင် မူးယစ်ဆေးဝါးအလွန်ကျွံထုတ်လုပ်ေ ရာင်းဝယ်မှု ၊ အိမ်နီးချင်း နိုင်ငံ များ၏ မြန်မာ့ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးအပေါ် ပထဝီနိုင်ငံရေးအရ အသုံးချမှု ၊ လက်နက်ပေါများလာမှု စသည့် အချက်များ လည်းရှိနေကာ NLD အစိုးရမှာလည်း တပ်မတော်နှင့် နီးစပ်ရန် မနည်းကြိုးပမ်းနေရသည့် ကာလဖြစ်နေပါသည် ။ “ ပွင့်ပွင့်လင်းလင်းပြောရရင် ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်အပြီးမှာ ဦးဗဆွေ ( ယခင် ဖဆပလ ) ပြောခဲ့ တာ တစ်ခုရှိတယ် ။ သူက ဘာပြော လဲဆိုတော့ ဗမာပြည်ငြိမ်းချမ်းရေးရဖို့က နိုင်ငံတကာနိုင်ငံရေးနဲ့ ဆက်စပ်နေ တယ်တဲ့။ စစ်အေးခေတ်ပေါ့လေ။ အနောက်အုပ်စုမူဝါဒ မပြောင်းသရွှေ့ လူမျိုးစုလက်နက်ကိုင်တွေနဲ့ကျနော် တို့ ပြေလည်ဖို့ သိပ်မလွယ်ဘူးပေါ့လေ ။ အလားတူ အရှေ့အုပ်စု ပေါ်လစီ မပြောင်းသရွှေ့ ကွန်မြူနစ် သူပုန်နဲ့ ပြေ လည် ဖို့ ကျနော်တို့ မလွယ်ဘူး။ သူပြောတာက စစ်အေးခေတ် က ။ အခုက စစ်အေးတော့ မရှိတော့ဘူး ။ ဒါပေမဲ့ ဂရိတ်ပါဝါယှဉ်ပြိုင်မှုက ရှိနေတယ် ။ ဂရိတ်ပါဝါ ယှဉ်ပြိုင်မှု စက်ဝန်းထဲမှာရှိနေ တယ်။ အဲဒီအချက်နဲ့ ယှဉ်ကြည့်ရင် ဦးဗဆွေရဲ့ စကားက အခုအချိန်အထိမှနေသေးတယ်လို့ ပြောလို့ရတယ် ။ ဦးသိန်းစိန် ရှေ့ ဦးသန်းရွှေလက်ထက်မှာ ဆွေးနွေးပွဲတွေလုပ်ခဲ့တယ် ။ KNU ကလွှဲလို့ ကျန်တာတွေနဲ့ ပြေလည် တယ်။ အဲဒီတုန်းက KNU ကို နောက် ခံပေးတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ကျနော်တို့က ရန်ဖြစ်နေတယ် ။ ဒါက တချက်ပေါ့ ။ ဦးသိန်းစိန်လက်ထက်မှာ တော်တော် များများ ပြေလည် တယ် ဒါပေမဲ့ KIA နဲ့ မပြေလည်ဘူး။ KIA ရဲ့ နောက်မှာ ဘယ်သူရှိသလဲဆိုတော့ တရုတ်ရှိနေ တယ်။ ကျနော်တို့က ကမ္ဘာ့နိုင်ငံရေး မပြောင်းသရွှေ့ ကျနော်တို့ လုပ်ဖို့ ခက်တယ် ။ ကမ္ဘာ့နိုင်ငံရေးပြောင်းဖို့က လည်း ကျနော်တို့ တိုင်းပြည် ငယ်လေး အခြေနေနဲ့ လုပ်ဖို့ မဖြစ်နိုင်ဘူး ။ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ ဘယ်လို ကစားရမလဲဆိုတော့ တရုတ် ၊ အမေရိကန် ၊ ပါဝါလွန်ဆွဲပွဲမှာ ဘယ်ဘက်မှာမှ မပါပဲ သန့်သန့်လေးနေဖို့ လိုတယ် ။ ကိုယ်အကျိုးစီးပွား မထိခိုက်တဲ့ အခြေနေမှာ တရုတ်နဲ့ လည်း ခင်ခင်မင်မင်ဆက်ဆံရမယ် ။ အမေရိကန်နဲ့လည်း ခင်ခင်မင်မင် ဆက်ဆံရမယ် ။ အဲဒီကြားထဲမှာ ခွပြီးနေ တတ် ဖို့လိုတယ် ။ ပြည်တွင်းမှာတော့ ရှင်းရှင်းပြောရရင် ကိုယ့်ပြည် တွင်းအင် အားစုတွေကို တတ်နိုင်သမျှ စည်းရုံးထားဖို့လိုတယ် ။ ပထမ ဥပဒေဘောင် အတွင်းမှာရှိတဲ့ လူမျိုးစုတွေနဲ့ ပါတီတွေနဲ့ တသားတည်းဖြစ်အောင် စည်းရုံး ရမယ် ။ တပ်မတော်နဲ့ ဘယ်လောက်ပဲ သဘောထားကွဲလွဲမှုရှိရှိ သိပ်ကွဲလို့ မဖြစ်ဘူး။ ဖြစ်နိုင်ရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေး ပွဲတွေ မြန်မြန်ခေါ်ပြီးညှိညှိနှိုင်းနှိုင်း လုပ်သင့်တယ် ။ ပြည်တွင်း ပြည်ပ နှစ် ဘက်ပြင်ရင်တော့ အခြေနေတွေက သိပ်ပြီးဆိုးမယ် မထင်ပါဘူး ” ဟု နိုင်ငံရေး လေ့လာသူ စာရေးဆရာ ဦးကျော်ဝင်းက သုံးသပ်သည် ။ လတ်တလော ကာလအတွင်းပင် အစိုးရတပ်မတော်နှင့် KIA ၊ ရခိုင် AA စသည့်အဖွဲ့များအကြား ရခိုင်နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး သျှမ်းတပ်မတော်မြောက်ပိုင်းနှင့်လည်း စစ်ရေး တင်းမာ မှုရှိနေကာ တအာင်းပလောင်တပ်ဖွဲ့နှင့်လည်း တိုက်ခိုက်မှုများ ရှိနေပါသည် ။ ဆောင်းပါးရှင် - စိုင်းအောင်ဆိုင်း |
|
၅ ရက်အတွင်း SSPP နှင့် တပ်မတော် တပ်မှူးများ ပူးတွဲကွင်းဆင်းစစ်ဆေးဖို့ ရမခ တိုင်းမှူးပြော Posted: 22 Apr 2016 08:26 AM PDT သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လားရှိုးရွှေ လီရိပ်သာ စစ်တိုင်းရုံးသို့ သျှမ်းပြည်တပ်မတော် SSPP/SSA လားရှိုးရုံးကိုယ်စားလှယ်အား တိုင်းမှူးမှ ယနေ့ ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ပိုင်း၌ ခေါ်ယူတွေ့ဆုံကာ လာမည့် ဧပြီ ၂၇ ရက်နေ့တွင် နှစ်ဘက် တပ်မှူးများ ပူးတွဲ ကွင်းဆင်းစစ်ဆေးရေးလုပ်ဖို့ ပြောကြားလိုက်သည် ဟုသိရသည် ။
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်စေး ၊ လွယ်လန်းတောင်ကြောရှိ သျှမ်းပြည် တိုးတက် ရေး ပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်များအား ဧပြီ ၂၂ ရက်နေ့နောက်ဆုံးထား တပ်ဆုတ်ပေး ရေးမှာ မဖြစ်နိုင်ကြောင်း ၊ ထူးခြားသည်မှာ တပ်မတော် စစ်ကြောင်းလှုပ်ရှားမှုများလည်း ထူးထူး ခြားခြားမရှိသေးကြောင်း ၊ သို့သော် စစ်ရေးအသင့်ပြင်ဆင်ထားကြောင်း ၊ လားရှိုးတိုင်းမှူးမှ SSPP/SSA ရုံးကိုယ်စားလှယ်အားခေါ်ယူတွေ့ဆုံကာ ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြောင်း ကြားသိရသည် ။ “ ဒီမွန်းလွဲပိုင်း ကျနော်တို့တွေ့ဆုံတယ် ။ တိုင်းမှူးကြီးကတော့ တိုက်ပွဲမဖြစ်လိုဘူးတဲ့ ။ အဲဒါ့ကြောင့် အဲဒီဒေသ အတွင်းရှိနေတဲ့ ဗျူဟာမှူးတွေ နဲ့ ကျနော်တို့တပ်မှူးတွေ ပူးပေါင်းပြီး လာမယ့် ဧပြီ ၂၇ ရက်နေ့မှာ လွယ်စေး နဲ့ လွယ်လန်းဘက် ကွင်းစစ်စစ်ဆေး စေလိုတယ်ပြောတယ် ” - ဟု လားရှိုးမြို့ SSPP/SSA ရုံးတာဝန်ခံ စဝ်အောင်လတ် က ပြောသည် ။ ရှေ့တန်းရောက် တပ်မှူးကြီးတဦးက - “ တာဆမ်ပူး တပ်စခန်းကို လာတိုက်ဖို့လုပ်တုန်းကလဲ ဒီလိုဘဲ ။ ကျနော်တို့ ဖြတ်သန်းသွားလာလိုတယ် ။ တချက်လောက်လာရောက်လေ့လာခွင့်ပြုပါပြောတယ် ။ ပြီးတော့ ရက်ပိုင်း လောက်ပဲ ကြာတယ် ။ အင်အားအလုံးအရင်းနဲ့ တက်တိုက် ၊ လက်နက်ကြီးတွေနဲ့ ပစ်တော့တာဘဲ ” - ဟု ပြောသည် ။ ထို့အတူ ကျေးသီး - သီပေါ ကြားရှိ တာဖါဆောင်တံတား ၂၀၀၄ ခု က လာရောက်တိုက်ခိုက်ခြင်းမပြုမှီ အနီးဝန်းကျင်အား တပ်မတော် စစ်ကြောင်းများက လာရောက်လည်ပတ်ခွင့်တောင်း ဆိုခဲ့ကြောင်း ပြောသည် ။ “ အခု သျှမ်းတပ်ကိုတပ်ဆုတ်ခိုင်းတဲ့ လွယ်စေးလွယ်လန်းဆိုတာက တန့်ယန်းမြို့နယ်ထဲမှာရှိတယ်။ ပြီးတော့ အမြင့်ဆုံးတောင်ဖြစ်တယ် ။ ၀ နယ်ကို အထက်စီးကနေ လှမ်းမြင်နိုင်တယ် ။ ဒါကြောင့် ဒီ တောင် ထိပ်မှာ စစ်တပ်ကနေရာယူ နိုင်မယ်ဆို ရင် ၀ တပ်ဖွဲ့တခုလုံးကိုသူ ချုပ်ကိုင်နိုင်မယ့်အနေ အထား လားဆိုတာ စဉ်းစားစရာဖြစ်နေတယ် ။ ဒီတချိန် ထဲမှာဘဲ ရခိုင်ဘက်မှာနဲ့ ကချင်ပြည်နယ် မံစီဘက်မှာလည်း အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်တို့ တိုက်ပွဲ တွေဖြစ် ပွါးနေတယ် ။ သျှမ်းပြည်ထဲမှာလည်း သျှမ်းတပ်ဆုပ်ပေးဖို့ အစိုးရတပ်က အဲလိုညွန်ကြားထား ပေမယ့် တပ်မဆုတ်ပေးဘူးဆိုရင်လည်းတိုက်ပွဲတွေဆက်ဖြစ်လာနိုင်မလားဆိုတာ တွေးတောစရာ ဖြစ်ရ ပါတယ် ။ ” - သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ စိုင်းလိတ်က ပြောသည် ။ နောက်ဆုံးကြားသိရသော သတင်းများအရ တန့်ယန်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တပ်မတော်မှ SSA/SSPP စခန်းများ ဆုတ်ခွာခိုင်းမှုအပေါ် ၀ တပ်ဖွဲ့မှလည်း သံလွင်မြစ်အရှေ့ဘက်ကမ်း တလျှောက် သတိပေးတပ်လှန့်မှုများ ပြုလုပ်နေသသည် ဟုသီးခြား အတည်ပြုချက်မရသေးသည့် သတင်းရပ်ကွက် က ဆိုသည် ။ သျှမ်းပြည်တပ်မတော် SSPP/SSA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA တွင် ပါဝင် လက်မှတ်ရေးခြင်းမရှိသေးသော်လည်း စာချုပ်ပါအချက်များရေးစွဲရာတွင် တောက်လျှောက်ပါဝင် ခဲ့ သည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေးကမ်းလှမ်း စဉ် တုန်း ကလည်း ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးထား သည် ။ |
|
Posted: 22 Apr 2016 12:55 AM PDT မန်မာ့ရိုးရာ အခါသင်္ကြန် အတာပြောင်းတဲ့နှစ်သစ်ကူးမှာ ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး ၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ထုတ်ပြန်ကြေငြာချက် တစောင် ထုတ်ပြန်ပါတယ် ။
အဲဒီထုတ်ပြန်ကြေငြာချက်မှာ သျှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ သျှမ်းပြည်မြောက်ပိုင်းအတွင်းမှ ၄င်းတို့ ဌာနချုပ်ရှိရာ ထိုင်းနယ်စပ် လွယ်တိုင်းလျဲန်းသို့ တပ်ဆုတ်ပြန်ဖို့ သတိပေးပြောကြားလိုက်ပါတယ် ။ အဲဒီ ပြသနာ ကို သျှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ဘယ်လိုဖြေရှင်းလိုပါသလဲ ။ ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ် ကြီးယွက်စစ်ကို သျှမ်းသံတော်ဆင့်က တွေ့ဆုံမေးမြန်းထားပါတယ် ။ RCSS/SSA အနေနဲ့ နယ်မြေကျူးကျော်ပြီး သျှမ်းပြည်မြောက်ပိုင်းမှာ သွားရောက်လှုပ်ရှားနေတယ် ။ အဲဒါကြောင့် နယ်မြေအငြင်းပွားရာဒေသက လွယ်တိုင်းလျဲန်း ဌာနချုပ်ကို တပ်ဆုတ်ပြန်ဖို့ TNLA ဘက်က ပြောတဲ့အပေါ် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က အခုလိုဖြေကြားထားပါတယ် ။ စဝ်ယွက်စစ် ။ ။ နယ်မြေကျူးကျော်တယ်ဆိုပြီး ကျနော်တို့ စစ်ကြောင်းကို သူတို့က စတိုက်တယ် ။ နယ်မြေ ကျူးကျော်တယ်လို့ ပြောရလောက်အောင် TNLA နဲ့ RCSS ကြား ဘယ်တုန်းက နယ်မြေ သတ်မှတ် ပိုင်းခြား ထားတာရှိလို့လဲ ။ သူတို့ ကနေ ကျနော်တို့ကို အရင်စတိုက်လို့ တွေ့ဆုံဖြေရှင်းဖို့တောင်းတယ်။ သူတို့ဘက်ကလက်မခံဘူး ။ မေး ။ ။ UNFC ကနေ ကြားဝင်ဖြေရှင်းဖို့လုပ်ပေးတာဟာကော ဘယ်အဆင့်ရောက်ပြီလဲ ။ စဝ်ယွက်စစ် ။ ။ လူလွတ်ပြီး တခါ လာတွေ့တဲ့နောက်ပိုင်း ဘာမှ ပြန်မပြောလာဘူး ။ သူတို့ ဘက်ကနေ ၅ ဦး ရှိ ကော်မတီ ဖွဲ့ထားတယ်ကြားတယ် ။ ဒါပေမယ့် ဒီကနေ့အထိ တွေ့ဆုံဆွေးနွေးဖို့ ဘာမှ မကြားရတော့ဘူး ။ မေး ။ ။ ဒီပြသနာ ဘယ်လိုဖြေရှင်းဖို့ လုပ်မလဲခင်ဗျာ။ စဝ်ယွက်စစ် ။ ။ နေယ်မြေအငြင်းပွားမှု ကိစ္စက စစ်ရေးနည်းနဲ့ဖြေရှင်းမှာ လား။ တွေ့ဆုံဖြေရှင်း မှာ လား။ တွေ့ဆုံဖြေရှင်းမယ်ဆိုရင် ကျနော်တို့လက်ခံတယ်။ သူတို့ ပလောင် က နမ့်ဆန်နယ် မှာ စော်ဘွားနဲ့ အုပ်ချုပ်လာတဲ့ သမိုင်းတွေ ရှိတယ်။ ကျနော်တို့ လက်ခံ တယ်။ ပြသနာကို ဘယ်လိုလက်တွဲဖြေရှင်း မယ်ဆိုတာ တွေ့ဆုံပြီးလက်တွဲ ဖေါ်ဆောင် တာ အကောင်းဆုံး။ ။ မေး ။ ။ တပ်ဆုတ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်သေးလဲခင်ဗျား ။ စဝ်ယွက်စစ် ။ ။ တပ်ဆုတ်ဖို့က မရှိသေးဘူး။ မူစယ်တို့ ၊ နမ့်ခမ်းတို့ ၊ ကျောက်မဲတို့ဆိုတာ ကျနော်တို့ အရင်ကတည်း ကနေ လာတာ ။ TNLA နဲ့ ပြသနာမဖြစ်ခင်တုန်းက အဲ့ဒီဒေသမှာ တပ်အင်အား က ၂၀၀ လောက်ပဲ ရှိတယ် ။ အခု ၂၅၀၀ ကျော်ရှိသွားပြီ ။ ဒီအင်အားတွေ ပြန်နှုတ်ဖို့ တစ် အချက် ကျနော်တို့ ကို ဘာ့ကြောင့် ခြုံခိုတိုက်ခိုက်လဲ ၊ နှစ် အချက် ဖမ်းဆီးထား တဲ့ ဒေသခံ ၂၃ ဦး မှာ ၈ ဦး ပြန်လွတ်ပေးတယ် ။ ကျန်တဲ့သူတွေဘယ်ရောက်နေ လဲဆိုတာ ဖြေရှင်းပြီးရင်အကုန် ပြန်နှုတ်မယ် ။ နယ်မြေသတ်မှတ်တဲ့ ကိစ္စက ကျနော်တို့ အစိုးရမဟုတ်တော့ ဘယ်လိုလုပ် သတ်မှတ်မလဲ ။ လက်တ လောအခြေအနေမှာ နယ်မြေကိစ္စက အဆုံးအဖြတ်မလုပ်နိုင်သေး ပေမယ့်တွေ့ဆုံဆွေး နွေး မယ်ဆိုရင် ဘယ်လိုသွားလာမလဲ ၊ ဘယ်လိုလက်တွဲဖေါ်ဆောင်မလဲ ဆိုလုပ်လာနိုင်မယ် ။ သူတို့လဲသူတို့ အမျိုးသား အတွက် ရည်ရွယ်ချက်ရှိတယ် ။ ကျနော်တို့လဲ ကျနော်တို့အမျိုးသားအတွက် အသက်ရှင်တယ်။ တွေ့ဆုံ ဆွေးနွေးမလား - အဆင်သင့်ပဲ ။ တိုက်ရေးခိုက်ရေးနဲ့ ဖြေရှင်းမလား ။ သူတို့ပေါ်ပဲ မူတည်တယ် ။ သျှမ်းပြည်တပ်မတော် RCSS/SSA ဟာ ဦးသိန်းစိန်အစိုးရ နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ထိုင်းနယ်စပ်အခြေစိုက် သျှမ်းလက်နက်ကိုင်တပ် တခုဖြစ်ပါတယ် ။ TNLA ကတော့ တရုတ်နယ်စပ်အခြေစိုက် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA, ကချင်လွတ်လပ်ရေး တပ်မတော် KIA , မိုင်းလားတပ်မတော် NDAA, သျှမ်းပြည်တပ်မတော် SSPP/SSA, ကိုးကန့်တပ်မတော် MNDAA ရခိုင်တပ်မတော် AA တို့ နှင့် မဟာမိတ် တပ်ဖွဲ့ဝင်ဖြစ်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုး ဖို့ ငြင်းဆန်ထားတဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ် ။ |
|
မူးယစ်ဆေးဝါးကင်းစင်ရေးထွက်ပေါက် ဆွေးနွေးပွဲ သမိုင်းဝင်ပင်လုံတွင် ပြုလုပ်ကျင်းပ Posted: 27 Apr 2016 08:46 AM PDT သျှမ်းပြည်တောင်ပိုင်းပင်လုံမြို့တွင် USAID၊ BNI တို့၏ပံ့ပိုးမှုဖြင့် သျှမ်းသံတော်ဆင့် သတင်းဌာနမှ မူးယစ်ဆေးဝါးကင်းစင်ရေးထွက် ပေါက် ဟူသည့် ဒီဘိတ်ဆွေးနွေပွဲ ပြုလုပ်ကျင်းပခဲ့သည် ။
ဧပြီလ ၂၇ ရက် မနက် ၉ နာရီမှ ၁၁ နာရီအထိ ပင်လုံမြို့ သျှမ်းစာပေနှင့်ယဉ် ကျေးမှု အသင်းရုံးတွင် အဆိုပါဒီဘိတ်ကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးသူများနှင့် တက်ရောက်နားထောင်သူ ၁၀၀ နီးပါးရှိပါသည် ။ “ ဒီကနေ့ ပင်လုံမြို့မှာ မူးယစ်ဆေးဝါး ကင်းစင်ရေးထွက်ပေါက်ဆိုတဲ့ ဒီဘိတ် ဆွေးနွေးပွဲ ကျင်းပ ရခြင်းကတော့ - ပင်လုံမြို့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကို မွေးထုတ်ပေးတဲ့ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တယ် ၊ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကျောက်တိုင်ထူတဲ့နေရာဖြစ်တယ် ဆိုတဲ့အကြောင်းသျှမ်းပြည်သားတိုင်းကိုသိစေချင်တယ် ။ ပင်လုံမြို့ ၊ ပင်လုံကျောက်တိုင် ၊ ပင်လုံစာချုပ် ၊ ပင်လုံကတိ ဆိုတဲ့ဟာကို သျှမ်းပြည်သား လူငယ်တွေကိုသိစေချင်တဲ့ဆန္ဒကြောင့်ဖြစ်တယ် ။ လာပြီးဆွေးနွေးတဲ့သူတွေကတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဗိုလ်မှူးစိုင်းဆိုင်ဝမ်း ၊ လူငယ် Youth ထဲကတော့ ပင်လုံမြို့လူငယ်အဖွဲ့ခေါင်းဆောင် စိုင်းဆု ဖြစ်ပါတယ် ။ နိုင်ငံရေးပါတီက NLD ပါတီက ဦးရဲလှိုင်နဲ့ SNLD ပါတီက ဒေါ်နန်းမြထွေး တို့ဖြစ်ပါတယ် ။ မူးယစ်ဆေးဝါး ရဲ့ ဆိုးကျိုး၊ကောင်းကျိုးကို လူငယ်ထုကိုသိစေချင်လို့၊ ဆေးသုံးနေတဲ့လူငယ်တွေ အဲတာသိပြီးရင် အချိန်မှီ ဆင်ခြင် ရှောင်ရှားနိုင်ဖို့ ၊ ဆေး ဖြတ်နိုင်ဖို့၊ မသိသေးတဲ့လူငယ်တွေလဲ သိပြီးရင် မူးယစ်ဆေးနဲ့ ဝေးအောင်ရှောင်ရှားနိုင်ဖို့ရည်ရွယ်ပါတယ် ။” - ဟု သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိဏ်းကပြောသည် ။ အဆိုပါဆွေးနွေးပွဲတွင် RCSS/SSA က ဗိုလ်မှူးစိုင်းဆိုင်ဝမ်းက - လက်ရှိကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါးပြသနာကိုပြန်ကြည့်မယ်ဆိုရင် အစိုးရနဲ့ ရှမ်းပြည်တပ်မတော်ဘက်က ၂၀၁၂ ခုနှစ်ကဆွေးနွေးမှုအရ မူးယစ်ဆေးဝါးလက်တွဲပူးပေါင်း တိုက်ဖျက်မယ်လို့သဘော တူထား တယ် ။ သို့ပေမယ့်လက်တွေ့ ကွင်းဆင်းတိုက်ဖျက်တော့မယ်ဆိုရင် ရှမ်းပြည်တပ်မတော်ကို လက်နက်တွေဘာတွေကိုင်ခွင့်မပြုဘူး ။ မူးယစ်တိုက်ဖျက်မယ့် တာဝန်ရှိပုဂ္ဂိုလ်ကိုတော့ လက်နက်ပါခွင့်မပေးဘူး ။ ဟိုဘ က်မှာ မူးယစ် ရောင်းဝယ်သူတိုင်းက လက်နက်တွေရှိတယ် ။ ဘယ်လိုလုပ်ပြီး ရှင်းလင်းနိုင်မလဲ ။ အဲတာလည်း RCSS/SSA ကိုမူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ အဟန့်အတားဖြစ်နေတယ် ဒါကြောင့် လက်တွေ့ရှင်းလင်းဖို့ အဆင်မပြေဘူး ။- ဟုပြောသည် ။ NLD ဘက်က ဦးရဲလှိုင် တင်ပြတာကတော့ - မူးယစ်ဆေးဝါး ပျံ့နှံ့မှုက တကယ်ကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့တယ် ။ အစိုးရအနေနဲ့ ဒီမူးယစ်ဆေးဝါးတိုက်ဖျက်နိုင်ဖို့ တနိုင်ငံလုံးအပေါ် တရားဥပဒေ စိုးမိုးဖို့လိုတယ် ။ အခုကျတော့ အာဏာဟာ လူထုအားလုံးအပေါ် မခြုံလွမ်းနိုင်လို့ ဒေသတွင်း သြဇာအာဏာကြီးသူက ဒီအခွင့်အရေးကို အမိအရ ကိုင်ပြီးတော့ မူးယစ်ဆေးဝါးတွေထုတ်လုပ်ရောင်းချတယ် ။ ဒါကြောင့် တရားဥပဒေစိုးမိုးရေး ဟာ ပြည်သူလူထုအားလုံး နေရာဒေသအားလုံးအပေါ် လွမ်းခြုံနိုင်မှသာ မူးယစ်ဆေးဝါးကိုထိထိရောက်ရောက် တိုက်ဖျက်နိုင်မယ် ။ အဓိက အရေးပါဆုံးကတော့ ငြိမ်းချမ်းရေးပါ် ။ ငြိမ်းချမ်းရေးမအောင်မြင်ရင် လက်နက်ကိုင်တပ်ဖွဲ့တွေ ဆက်ရှိနေမယ်။ များပြားလာမယ် ။ အဲလိုဆိုရင် တယောက်အပေါ်တယောက်အပြစ်တွေလွဲချ ။ ဘယ်တော့မှ မူးယစ်ဆေးတိုက်ဖျက်ရှင်းလင်းနိုင်မှာမဟုတ်ဘူး - ဟုပြောဆိုသွားသည် ။ SNLD မှ ဒေါ်နန်းမြထွေး က - မူးယစ်ဆေးဝါးကိုအရင်တုန်းက ရှာဝယ်ရခက်သေးတယ် ။ ခုကျတော့ ရှာဝယ်ရလွယ်လွန်းလို့ ကျပ် ၁၀၀၀ ဆိုရင် ၃ ပြားတောင်ရတယ် ။ လူတိုင်းက ၀ယ်သုံးနိုင်တဲ့အနေအထား ။ အဲလိုအနေအထားရောက်လာပြီဆိုရင် လူထုအားလုံးအပေါ် ထိခိုက်လာတယ် ။ လူငယ်ထုက အဓိကအများဆုံးပါ ။ အိမ်ထောင်စုတခုမှာ မူးယစ်ဆေးသုံး သူတယောက်ရှိရင် မိသားစုဘယ်လိုမှ မသာယာနိုင်တော့ပါဘူး ။ ပူလောင်သောက ရောက်မယ် ။ မျက်ရည်တွေကျရမယ်။ ဒါကြောင့် SNLD အနေနဲ့ လွတ်တော်ထဲရောက်သွား တဲ့သူတွေဟာ အစိုးရနှင့်ဖြစ်စေ ၊ တခြားသော နိုင်ငံရေးပါတီတွေနှင့်ဖြစ်စေ ၊ တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်စေ လက်တွဲဆောင်ရွက်သွားဖို့ ပေါ်လစီရှိပါတယ်။ - ဟုဆိုသည် ။ လူငယ်ခေါင်းဆောင် စိုင်းဆုက - လက်ရှိ လူငယ် ၁၀ ယောက်မှာ ရ ယောက် ၈ ယောက်က မူးယစ်ဆေးသုံးနေတဲ့သူတွေ။ ဒါကြောင့် လူငယ်တွေ မူးယစ်ဆေးဝါးနဲ့ကင်းဝေး အောင် ရည်ရွယ်ပြီးတော့ သျှမ်းလူငယ်ကွန်ယက်ကနေပြီး သျှမ်းပြည်တဝှမ်းကလူငယ်တွေကို ဦးဆောင်ပြီးတော့ စုပေါင်းတောင်တက်ခြင်းလှုပ်ရှားမှုတွေလုပ်လာတယ် ။ ရည်ရွယ်ချက်က တော့ မိမိပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ကို အလေးထားတတ်လာ အောင် ၊ မိမိ မိသားစုကိုမြတ်နိုးတန်ဖိုးထားတတ်လာအောင် ရည်ရွယ် တယ် ။ ဒါပေမယ့် နိုင်ငံရေးသမားတွေ ၊ လက်နက်ကိုင်တပ်ဖွဲ့တွေဟီာနိုင်ငံရေးကိုအကြောင်းပြပြီးတော့ မူးယစ်ဆေးဝါးပြသနာကို အမှန်တကယ်မဖြေရှင်းဘဲ လက်ကိုင်ဒုတ်တခုအဖြစ် သုံးနေတာတွေ့ရတယ် ။ ဒါကြောင့် လူငယ်အနေနဲ့ အဖွဲ့တိုင်းနဲ့လက်တွဲပြီးတော့ မူးယစ်ဆေးဝါးပြသနာကိုကြိုးစားတိုက်ဖျက်သွားမယ် - ဟုအဓိကထား ပြောဆိုသွားသည် ။ သျှမ်းသံတော်ဆင့်သတင်းဌာနအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဒီဘိတ်ဆွေးနွေးပွဲ ကို ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်ကမူ ရွေးကောက်ပွဲနှင့်ပတ်သက် သည့် ဒီဘိတ်ကို တောင်ကြီးမြို့နှင့်ကျိုင်းတုံမြို့တို့တွင်ကျင်းပခဲ့ပြီးဖြစ်သည် ။ ဆက်လက်ပြီး ရွေးကောက်ပွဲ အလွန်မျှော်လင့်ချက် ဟူသည့်ခေါင်းစဉ်ဖြင့် လားရှိုးမြို့တွင်ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်သည် ။ “ ဒီနေ့လုပ်ခဲ့တာကတော့ ဘာအခက်အခဲမှမရှိပါဘူး ။ ရဲ၊ထောက်လှမ်းရေးပုဂ္ဂိုလ်တွေလဲ တက် ရောက်ပါတယ်။ အဓိကကတော့ နိုင်ငံရေးပြသနာ မူးယစ်ဆေးပြသနာ တွေကိုဖြေရှင်း နိုင်ဖို့ အတွက် လူထုရဲ့ ဗဟုသုတအပေါ် ၊ အသိစိတ်အပေါ် မူတည်တယ် ။ မူးယစ်ဆေးဟာ ငါနဲ့မဆိုင် ဘူးလို့ မမြင်ကြဖို့ သတိပေးလိုပါတယ် ။ အိမ်ပြင်မှာရှိနေတဲ့မူးယစ်ဆေးဝါးပြသနာ ကိုယ့်အိမ် သားတယောက်ယောက်ကများ အိမ်ထဲကိုဆွဲခေါ်လာရင် တအိမ်လုံးအခက်တွေ့ရပါမယ် ။ ဒါကြောင့် တအိမ်သားလုံးမူးယစ်ဆေးဘေးကနေ ရှောင်ရှားနိုင်ဖို့ မူးယစ်ဆေးနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို သိအောင်လေ့လာရမယ်ပြီးရင်ရှောင်ရှားရပါမယ် ။” - ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာ စိုင်းမိဏ်းကပြောဆိုပါသည် ။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပြသနာနှင့်ပတ်သက်ပြီး UNODC ၏ ကြေငြာချက်တွင် ကမ္ဘာတွင် အာဖဂန်နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထုတ်လုပ်မှုအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံတွင် သျှမ်းပြည်နယ်သည် ဘိန်းအထွက်အများဆုံး မူးယစ်ဆေးအပျံ့နှံ့ဆုံးဖြစ်ကြောင်းလည်း ဖော်ပြထားပါသည် ။ |
|
SSPP/SSA ၅၂ နှစ်ပြည့် ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလနှင့်ဆက်သွယ်မေးမြန်း Posted: 26 Apr 2016 07:53 PM PDT ပြီးခဲ့တဲ့ ဧပြီလ ၂၃ နဲ့ ၂၄ ရက်နေ့တုန်းက သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်တည် ထောင်ခြင်း ၅၂ နှစ်ပြည့်ပြီဖြစ်ရာ Shan State Army 52nd Anniversary 1964-2016 ကို သျှမ်းပြည်တိုးတက်ရေးပါတီအခြေစိုက်ရာ ကျေးသီးမြို့နယ်ဝမ့်ဟိုင်းမှာ ကျင်းပခဲ့ပါတယ် ။ ပွဲတော်နဲ့ပတ်သက်ပြီးတော့ SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ် ။
မေး ။ ။ သျှမ်းပြည်တိုးတက်ရေးပါတီမွေးနေ့ ပွဲ ဘယ်နှစ်ရက်ကျင်းပပါသလဲ ။ ဖြေ ။ ။ ၂ ရက်ဘဲကျင်းပပါတယ် ။ ၂၃ နဲ့ ၂၄ ရက် ။ ပွဲတက်ရောက်သူ ၅၀၀၀ ရှိပါတယ် ။ စာရင်းအရသိရတာက ၄၅၀၀ နဲ့ စာရင်းမရတာက ၁၀၀၀ ။ မေး ။ ။ ဥက္ကဌကြီးက မတက်ရောက်ဘူးဆိုတာဟုတ်ပါသလား ။ ဖြေ ။ ။ ဟုတ်ပါတယ်။ အခြေအနေအရရယ်။ ကျန်းမာရေးအရရယ် ဥက္ကဌကြီးမတက်ရောက်ပါဘူး ။ မေး ။ ။ ပွဲတော်အတွင်းမှာအမှာစကားပြောတဲ့ အကြီးအကဲက ဘယ်သူရှိပါသလဲ ။ ဖြေ ။ ။ နာယကကြီးနဲ့ ဒုဥက္ကဌ တို့အမှာစကားပြောပါတယ် ။ နာယကကြီးစဝ်ဆေထဲန်က SSPP/SSA မွေးနေ့ပွဲကျင်းပရခြင်းအကြောင်းရင်း ၊ သျှမ်းပြည်တပ်မတော် ဖွဲ့စည်းတည်ဆောက်လာပုံ ၊ သျှမ်းပြည် တပ်မတော်သမိုင်း၊ ဖြတ်သန်းလာခဲ့တဲ့ အခြေအနေနဲ့လက်ရှိအခြေအနေ ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အစိုးရသစ် စတဲ့အကြောင်းတွေ ပြောပြသွားပါတယ် ။ မေး ။ ။ လာမယ့် ၂၇ ရက်နေ့မှာ ရမခ တိုင်းမှူးက ဗျူဟာမှူးနဲ့ SSPP/SSA တို့ပူးပေါင်းပြီးတော့ နယ်မြေစစ်ဆေးရေးလုပ်ရှားမှုပြုမယ်ဆိုတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ ။ ဖြေ ။ ။ ကောင်းတာပေါ့။ ပစ်ခတ်တိုက်ခိုက်မှုမရှိစေချင်လို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းကြတာဘဲ ။ မေး ။ ။ ဒေသတွင်းစစ်ဆေးရေးလုပ်ဖို့ဆိုတာကကော် ။ ဖြေ ။ ။ ဒီအတွက်ဆွေးနွေးပါဦးမယ် ။ မေး ။ ။ တပ်မတော်ဆီအကြောင်းပြန်ပြီလားခင်ဗျ ။ သူတို့ဆင့်ဆိုကမ်းလှမ်းချက်ကိုသဘောတူ ပါသလား ။ ဖြေ ။ ။ ဒါမဆွေးနွေးရသေးဘူးဗျ ။ သျှမ်းပြည်တိုးတက်ရေးမွေးနေ့ပွဲရယ် ။ ရုံးမတက်ရသေးတာ ကြောင့် လူကြီးတွေနဲ့မဆွေးနွေးရသေးဘူး ။ မေး ။ ။ တပ်စခန်းတွေရုပ်သိမ်းပေးရေး တပ်မတော်ရဲ့တောင်းဆိုမှုကို SSPP/SSA ဘယ်လိုပြောချင် ပါသလဲ ။ ဖြေ ။ ။ တပ်စခန်းတွေတနေရာပြီးတနေရာဆုတ်ခိုင်းတာက တပ်မတော်ရဲ့အကျင့်ဖြစ်နေပြီ ။ သူတို့ ဖြစ်စေချင်တာက SSPP/SSA ကို ၀မ့်ဟိုင်းမှာလာစုပြီး နေစေချင်တာဖြစ်တယ် ။ မေး ။ ။ သျှမ်းပြည်တိုးတက်ရေးပါတီရဲ့ ၅၂ နှစ်မြောက်မွေးနေ့ပွဲကနေ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ် ဘယ်လိုမြင်ပါသလဲ ။ ဖြေ ။ ။ ဘယ်အခြေအနေဘဲဖြစ်လာလာ ကျနော်တို့ သျှမ်းပြည်တိုးတက်ရေးပါတီက စွဲကိုင်ထားတဲ့ မူဝါဒ အတိုင်း ထားရှိတဲ့ရည်မှန်းချက်အတိုင်း ရောက်အောင်သွားပါမယ် ။ သျှမ်းပြည်တိုးတက်ရေးပါတီရဲ့ ၅၂ နှစ်မြောက်အခမ်းအနားအပြီး ၂၄ ရက်နေ့မှာ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေက ပွဲတက်ရောက်သူ သျှမ်းအကြီးအကဲများနဲ့ ဒေသခံလူထုကိုတွေ့ဆုံပွဲ တရပ်ကျင်းပခဲ့ကြောင်း ၊ ဒေသခံလူထုက သျှမ်းပါတီကြီး ၂ ခုပေါင်းစည်းရေး ၊ သျှမ်းတပ်မတော်ကြီး ၂ ခု ပေါင်းစည်းရေးတို့ကို ထပ်မံတောင်းဆိုကြကြောင်းလည်း ဆွေးနွေးပွဲတက်ရောက်သူ နန်းဟွမ်က ပြောပြပါတယ် ။ သျှမ်းပြည်တပ်မတော် SSA ကို ၁၉၅၈ ခုနှစ်မေလ ၂၁ ရက်မှ ညောင်ရွှေစော်ဘွားကြီးရဲ့ မဟာဒေဝီ စဝ်မယ် နန်းဟိန်းခမ်းက စတင်တည်ထောင်ခဲ့ပြီးတော့ သျှမ်းပြည်တိုးတက်ရေးပါတီ ကိုတော့ ၁၉၆၄ မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ် ။ |
|
၂၁ ရာစု ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း မျက်နှာမပျက်စေဖို့ Posted: 28 Apr 2016 01:30 AM PDT ဘာသာရပ်တွေအလိုက် ခွဲခြားမယ်ဆိုရင် နိုင်ငံရေးနဲ့ စီးပွားရေးဘာသာရပ်တွေဟာ အရွှေ့အပြောင်းလုပ်တဲ့နေရာမှာ အတိမ်းအစောင်း မခံဆုံးဘာသာရပ်တွေဖြစ်ပါတယ် ။ သဘောကတော့ အမှားအယွင်းမခံတဲ့ ဘာသာရပ်တွေလို့ ဆိုနိုင် ပါတယ် ။ တဘက်ကလည်း အောင်မြင်တဲ့ နိုင်ငံရေး ၊ စီးပွားရေး အရွှေ့တွေဖြစ်ဖို့ လက်တွေ့ကျတဲ့ ပြင်ဆင်မှုနဲ့ ဆောင်ရွက်ချက်တွေရှိဖို့ လိုပါတယ် ။
အကောင်ထည်မဖော်ခင် ဘာဖြစ်ချင်သလဲ ဆိုတာ အရင်သိဖို့လိုအပ်သလို မဟာဗျူဟာကျကျဆောင်ရွက်နိုင်မှု ၊ ဦးဆောင် သူရဲ့ အရည်အချင်းစတဲ့အချက်တွေလည်း လိုအပ်ပါတယ် ။ အခုက အရွှေ့တစ်ခုကို စသွားနေပြီဖြစ်တဲ့အတွက် ဒါတွေပြော နေရခြင်းလည်း ဖြစ်ပါတယ် ။ စာရေးသူတို့နိုင်ငံရဲ့ အနေထားအရကတော့ Idealism ( စိတ်ကူးယဉ် နဲ့ အတွေးအမြင်ပဓာန ဝါဒ ) သမားတွေထက် ဗိုလ်ချုပ်အောင်ဆန်းလို Pragmatism လက်တွေ့ဆန်တဲ့သဘောတရားရေးရာ ကျင့်သုံး သူတွေ လိုအပ်လှပါတယ် ။ အကောင် ထည် ဖော်ရမဲ့သူတွေ ဦးဆောင်ရမဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ နိုင်ငံ့ရေးရာ ဘယ်ကိစ္စမှာ မဆိုအသွင် သဏ္ဍာန်ကော အနှစ်သာရအရပါ လက်တွေ့ ကျတဲ့ ချဉ်းကပ်မှုတွေနဲ့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ် ။ ဗိုလ်ချုပ်ရဲ့ ခေတ်ပြိုင် တွေ ထဲမှာ နိုင်ငံရေး သဘောတရားရေးရာအရ ဗိုလ်ချုပ်ထက် သာလွန်နှံ့စပ်သူတွေ ရှိပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ သူတို့ကို ဖြတ်ကျော်ဦးဆောင်နိုင်ခဲ့တာ သူ့ရဲ့ လက်တွေ့ ဆန်တဲ့ သဘောတရားရေးရာ ကျင့်သုံးမှုတွေကြောင့်ပဲဖြစ်ပါတယ် ။ ၂၁ ရာစု ပင်လုံညီလာခံကို လပိုင်းအတွင်း အထူးသဖြင့် တလ နှစ်လအတွင်း ကျင်းပမယ့် အချိန်မဆွဲဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာ သတိထားမိပါတယ် ။ မူအရဆိုရင် ဒီကိစ္စဟာ ကြိုဆိုစရာပါ ။ ဒေါ်အောင်ဆန်းစုကြည်လို လူထုထောက်ခံမှုနဲ့ နိုင်ငံတကာ ထောက်ခံမှု ရထားသူတယောက်က ခုလို ပြောတာဟာ တကယ်လည်း ကြိုဆိုအပ်ပါတယ် ။ ဒါပေမဲ့ နိုင်ငံရေးပြသနာဖြေရှင်းရေးဆိုတဲ့ ကိစ္စဟာ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ နှစ်မျိုးလုံး အဆင်ပြေမှ အောင်မြင်တဲ့ ကိစ္စဖြစ်တဲ့အတွက် လပိုင်းအတွင်း ပင်လုံညီလာခံဆိုတဲ့ ကိစ္စကိုတော့ အောင်မြင်ပါ့မလားဆိုတာ အနည်းငယ် စိုးရိမ်မိပါတယ် ။ အနည်းငယ်စိုးရိမ်ဆိုတာ ဒီလို ညီလာခံမျိုးကို ကန့်ကွက်တဲ့ သဘောတော့ မဟုတ်ပါဘူး ။ လပိုင်းအတွင်း လုပ်ဖို့ ဆိုတာက လက်တွေ့ ကျသလား မကျဘူးလားဆိုတာ သံသယဝင်မိလို့ပါ ။ သမိုင်းကြောင်းအရကော ၊ လက်တွေ့မျှော်မှန်းဆောင်ရွက် နိုင်စွမ်း ၊ ပြင်ဆင်နိုင်မှု ၊ အလားအလာ ၊ လက်တွေ့ကျတဲ့ ချဉ်းကပ်မှု စတဲ့အချက်တွေအပေါ်မူတည်ပြီး အကဲဖြတ် ဆောင်ရွက်ရင် ပိုအဆင်ပြေ မလားလို့လည်း မြင်မိပါတယ် ။ ခုလို ပြောနေလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်စဖို့ လိုနေတာကို ကန့်ကွက်တဲ့ သဘောမဟုတ်ပါဘူး ။ လောလော ဆယ် အနေထားအရ အမြန်စဖို့ လိုနေတဲ့ အပိုင်းတွေရှိပေမဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ကြမဲ့ အပိုင်းတွေကိုတော့ တလ နှစ်လအတွင်း အပြီးသတ်ဖို့ ဆိုတာ အားလုံးအဆင်သင့်ဖြစ်မဖြစ် ပါဝင်နိုင်မှုရှိမရှိ ဆိုတဲ့ အကြောင်းအခြင်းအရာတွေလည်း ရှိနေတာကြောင့်ဖြစ် ပါတယ် ။ တကယ်တော့ သမိုင်းအရ ပြန်ကြည့်မယ်ဆိုရင်တောင် အောင်မြင်ခဲ့တဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာ ပင်လုံညီလာခံ ( ဒုတိယ ပင်လုံညီလာခံ ) ဟာ အောင်မြင်တယ်လို့ ဆိုနိုင်ပေမဲ့ အဲဒီခေတ်ကာလ အတိုင်းအတာနဲ့ စဉ်းစားရင်တောင် ပြည့်စုံခဲ့တဲ့ ညီလာခံမဟုတ်ပါဘူး။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးယူနိုင်ပေမဲ့ ပြည့်စုံမှုမရှိတဲ့ ညီလာခံနဲ့ သဘောတူခဲ့တဲ့ စာချုပ်ဖြစ် တာကြောင့် ပင်လုံစာချုပ်မှာ လက်မှတ် ရေး ထိုးခွင့်မရခဲ့တဲ့ ကရင် ၊ မွန်စတဲ့ တိုင်းရင်းသားတွေနဲ့ လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ ပြသနာတွေတက် ပြည်တွင်းစစ်နဲ့ ကြုံခဲ့ရတာတွေက ယူတတ်ရင် သင်ခန်းစာရစရာတွေပါ ။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ပင်လုံစာချုပ်ကိစ္စမှာ ဘာတွေ့ရသလဲဆိုရင် ဗိုလ်ချုပ်အနေနဲ့ ဗမာကိုယ်စားလှယ်အဖြစ် ဦးဆောင်ခဲ့ပေမဲ့ သူ့နောက်ပိုင်းတက်လာခဲ့တဲ့ ဦးနုအပါဝင် ဗမာခေါင်းဆောင် အများစုဟာ ပင်လုံကတိကဝတ်ကို လက်တွေ့အကောင်ထည်ဖော်ဖို့ စိတ်မပါတဲ့အပြင် အစကတည်းက ငါတို့သဘောမတူခဲ့ဘူး။ ဆိုတဲ့ ကိစ္စရပ်တွေသာ များနေခဲ့တာ တွေ့ရပါတယ် ။ ဆိုရင်တော့ ဗမာခေါင်းဆောင်တွေကြားထဲမှာတင် တိုင်းရင်းသားတွေကို တန်းတူ အခွင့် ရေးပေးရမယ်ဆိုတဲ့ ကိစ္စဟာ မကျေလည်ခဲ့တာ ထင်ရှားပါတယ် ။ ဦးနုဟာ ဖဆပလ ကိုယ်စားလှယ်တွေ မအောင်မြင်ပဲအောင် ဖျာလိပ် ခဲ့ရတဲ့ ၁၉၄၆ ခုနစ် ပထမ အကြိမ် ပင်လုံ ညီလာခံမှာ ဦးနုဟာ ဗမာကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင် တဖြစ်လဲ အဖြစ်တက်ရောက်ပြီး ဆွေးနွေးခဲ့သူလည်း ဖြစ်ကာ သူ့ရဲ့ မူတွေက တိုင်းရင်းသားခေါင်းဆောင် တွေကို မစည်းရုံးနိုင်ခဲ့ပဲ မအောင်မြင်လည်း ဖြစ်ခဲ့ရပါတယ် ။ ဗီုလ်ချုပ်အောင်ဆန်းနဲ့ ဦးနုမှာ ဗိုလ်ချုပ်အောင်ဆန်းက ဘာကြောင့် တိုင်းရင်းသားတွေကို စည်းရုံးနိုင်ခဲ့သလဲဆိုရင် တိုင်းရင်းသားအခွင့်ရေးအတွက် ရဲရဲတင်းတင်းအာမခံခဲ့တာ ကြောင့်ဖြစ်ပါတယ် ။ ဒါပေမဲ့ ဖဆပလ ခေါင်းဆောင်တွေအကြားမှာတင် သဘောထားကြေလည်မှု မရှိခဲ့တာကြောင့် ဗိုလ်ချုပ်ကျဆုံးသွားတာနဲ့ ပြသနာပေါ်လာရခြင်းဖြစ်ပါတယ် ။ ဒါတောင် ဗီုလ်ချုပ်ရဲ့ အောင်မြင်ခဲ့တဲ့ ပင်လုံက အဲဒီခေတ်ကာလနဲ့ဆိုရင်တောင် တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့ဘူးလို့ ဆိုရမှာပါ ။ လတ်တလော အနေထားအရတော့ လူများစုအသိုင်းဝန်းမှာ ထိပ်သီးတွေဖြစ်တဲ့ အန်အယ်လ်ဒီ အစိုးရနဲ့ တပ်မတော်အကြား တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ကျေလည်မှု တစ်ခုရှိဖို့ လိုအပ်နေပါတယ် ။ ဒါမှလည်း လူများစုက လူနည်းစုကို ဘယ်လောက်ပေးမယ်ဆိုတဲ့ သဘောတူ ကျေလည်မှု ရှိမှသာ အဆင်ပြေနိုင်မှာ မို့လို့ပါ ။ နိုင်ငံမှာ ဖြစ်နေတဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အခြေနေကို ကြည့်ရင် ဗိုလ်ချုပ်ဦးဆောင်ခဲ့တဲ့ ပင်လုံ စာချုပ်ချုပ်ဆိုတဲ့ ခေတ်နဲ့တောင် အတော်ကွာခြားသွားတာ တွေ့ရပါတယ် ။ ဗီုလ်ချုပ်အောင်ဆန်းခေတ်က တိုင်းရင်းသား တပ်တွေဆိုတာ အင်္ဂလိပ် လက်အောက်မှာ ရှိနေပေမဲ့ သူတို့က အခုလို သူပုန် မဟုတ်သေးတဲ့အပြင် ဂန္ဒီစာချုပ်အရ မြန်မာ့တပ်မတော်မှာ ပြည်ထောင်စုတပ် အသွင်ပေါင်းစည်းထားပြီးဖြစ်တဲ့အတွက် အပစ်ခတ်ရပ်စဲရေးတို့ စစ်လက်နက်ဖြုတ် သိမ်းရေးနဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးလို ကိစ္စရပ်တွေက ပင်လုံမှာ ဆွေးနွေးတဲ့အချိန်မှာ ဆွေးနွေးစရာ မလိုခဲ့ပါ ဘူး ။ အခုက တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ စုစုပေါင်း အင်အားက တသိန်းခွဲလောက် ရှိနေတဲ့အပြင် အဲဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာကိုပဲ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲ ရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့နဲ့ မထိုးသေးတဲ့ အဖွဲ့ဆိုပြီး နှစ်မျိုးရှိနေကာ မထိုးတဲ့ အဖွဲ့တွေက ပိုများနေပါတယ် ။ ဒါ့အပြင် လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တော်တော် များများဟာ အင်အားတောင့်တင်းတဲ့ အဖွဲ့တွေ ဖြစ်နေတာကလည်း အပစ်ရပ်ဖို့ ဆိုတဲ့ ကိစ္စဟာ အရင် အရေးကြီးတဲ့ အနေထားမှာ ရှိနေတာပါ ။ ကျန်နေတဲ့အဖွဲ့တွေအများစုဟာ လက်မှတ်ထိုးချင်တဲ့အဖွဲ့တွေဖြစ်ပြီး တပ်မတော်က လက် မှတ်ထိုးဖို့ကို လက်မခံတဲ့ အေအေ ရက္ခိုင့်တပ်မတော် ၊ ကိုးကန့် MNDAA တို့လို အဖွဲ့တွေလည်း ရှိနေပါတယ် ။ အဲဒီလို အနေထားမှာ အစိုးရဖြစ်နေပြီဖြစ်တဲ့ အန်အယ်လ်ဒီအစိုးရနဲ့ တပ်မတော်တို့အကြား အားလုံးလက်ခံမလား ၊ ဘယ်နှစ်ဖွဲ့လက်ခံမလဲဆိုတာက အရင် အကျေအလည် ဆွေးနွေးဖို့ လိုနေပါတယ် ။ လက်ရှိစစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ဒေသတွေကလည်း လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေရဲ့ နယ်မြေတွေမှာပဲ ဖြစ်နေတာလည်း တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အပစ်ခတ်ရပ်စဲရေးမှာ အားလုံး ပါဝင်ရေးဟာ အရေးကြီးတယ်လို့ ဆိုခဲ့ဖူးတာ သတိထားမိပါတယ်။ဒါကလည်း လိုအပ်တဲ့အရာပါ ။ ပြီးခဲ့တဲ့ ဇန်နဝါရီလက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပထမ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုတာကလည်း ကျင်းပခဲ့ပေမဲ့ ပြီးပြည့်စုံတဲ့ ဆွေးနွေးပွဲမဟုတ်တဲ့အပြင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုမူဘောင်အစုအဖွဲ့နဲ့ ပါဝင်မှုအရပါ ပြသနာတွေရှိခဲ့တဲ့ အခြေနေပါ ။ ( တပ်မတော်သား ကိုယ်စားလှယ်များလွန်းခြင်း ၊ အရပ်ဘက်အဖွဲ့စည်းကဏ္ဍ မပါခြင်း စသဖြင့် ) ပထမအကြိမ်ညီလာခံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ အပစ်မရပ်တဲ့အဖွဲ့တွေတက်ရောက်ဆွေးနွေးနိုင်မှု မရှိခဲ့ ။ သို့သော် ဖက်ဒရာယ်ပြည်ထောင်စုမှာ အခြေခံ ရမဲ့ စနစ် ၊ သယံဇာတခွဲဝေရေး ၊ ပြည်နယ်နဲ့ တိုင်းဒေသကြိးအစိုးရတွေ အခွန်ကောက် ခံနိုင်ခွင့်တိုးမြှင့်ရေး ၊ လက်နက်ကိုင်များပြန်လည်ပေါင်းစည်းရေးနဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အရပ်သားအဖြစ် အသွင် ကူးပြောင်းရေး ( နိုင်ငံရေးအရ သဘောတူညီပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို လျှော့ချ ဖျက်သိမ်းပြီးတချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင် ရဲ ၊ နယ်ခြားစောင့် စသဖြင့် အသွင်ပြောင်းရေး ၊ တပ်ဘက်ကတော့ အချိန်ကာလသတ်မှတ်ပြီးနိုင်ငံရေးအရ သဘောတူတူ မတူတူ လက်နက်ဖြုတ်သိမ်းကာ တချို့ကို တပ်မတော်အောက်နယ်ခြားစောင့်အဖြစ် ဆိုတဲ့ သဘောထားကို ဆွေးနွေးခဲ့ ) စတဲ့ ကိစ္စရပ်တွေကို တိုင်းရင်းသားအခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်တဲ့အတွက် သဘောတူညီမှု ရပြီး အခြေခံ ဥပဒေပြင်ဆင်ရေးတွေသာ လုပ်နိုင်ခဲ့ရင် တိုင်းရင်းသားတွေနဲ့ ဗဟို ပြည်မကအစိုးရတွေအကြား ယုံကြည်မှုက အများကြီးတက်လာစေပြီး ပြည်တွင်းစစ်ရပ်စဲရေး အတွက် အထောက်ကူပြုနိုင်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ် ။ ငြိမ်းချမ်းရေး ညီလာခံကို ဆက်လုပ်မယ် တိုင်းရင်းသားအရေး ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဖက်ဒရာယ် ပြည်ထောင်စု ဆိုင်ရာ အခြေခံ ဥပဒေပေါ်ပေါက်လာဖိုလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာကတော့ ကြိုဆိုစရာပါ ။ ဒါပေမဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေနဲ့ ပြည်တွင်းစစ်ဆိုတဲ့ ကိစ္စတွေဟာ ထိလွယ်ရှလွယ်ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားကာမှ တော်ရာကျမဲ့ အခြေနေပါ ။ လတ်တလော အခြေနေအရ ဆွေးနွေးမှုတွေက မြန်မြန်စဖို့တော့ လိုနေပါတယ် ။ ဆိုလို တာ ညီလာခံကဲ့သို့ အပြီးသတ် ဆုံးဖြတ်ရမဲ့ အခြေနေမျိုးမဟုတ်ပဲ အပစ်ရပ်ရေးမှာ အားလုံးပါဝင်ဖို့နဲ့ အမျိုးသားတွေ မျိုးနွယ်စုတူတွေအကြား ဘုံသဘော တူညီချက် တွေအရင်ထွက်လာဖို့ ဆိုတဲ့ ကိစ္စတွေက အရင်စရမဲ့ ကိစ္စရပ်တွေဖြစ်ပါတယ် ။ ဥပမာအားဖြင့် ဗမာတွေအနေနဲ့ ကျန်တဲ့ မျိုးနွယ်စု တိုင်း ရင်းသားအင်အားစုတွေနဲ့ ပြေလည်ဖို့ဆိုရင် ဗမာထဲမှာမှ အဓိကကျတဲ့အဖွဲ့စည်းတွေဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ တပ်မတော်တို့လို အဖွဲ့တွေ အကြား ပြေလည်မှု ရှိဖို့လိုပါတယ် ။ တိုင်းရင်းသားမျိုးနွယ်စုတွေအကြားမှာတော့ သက်ဆိုင်ရာ မျိုးနွယ်စုတွေအလိုက် တသံတည်း ထွက်နိုင်ဖို့ ဘုံသဘောတူညီချက်တွေရနိုင်ဖို့အမျိုးသားအဆင့်ဆိုင်ရာ ( ဥပမာအားဖြင့် ကရင်ပြည်နယ်ကဆိုရင် ကရင်လက်နက်ကိုင် အဖွဲ့စည်းတွေ ၊ နိုင်ငံရေးပါတီတွေနဲ့ လူမူ့အဖွဲ့စည်းတွေအကြား ) ဆွေးနွေးမှုတွေကလည်း လိုအပ်ပါတယ် ။ အဲဒီက ထွက်လာတဲ့ ရလာဒ်သဘောတူညိမှုကိုမှ ဗဟိုညီလာခံမှာ ပြန်ဆွေးနွေးတာ အားလုံးရဲ့ သဘောဆန္ဒပါဝင်နိုင်ပါတယ် ။ လတ်တလော အပစ်ရပ်ရေးဖြစ်စဉ်မှာတောင် သေချာစဉ်းစားရင် အန်အယ်လ်ဒီ အစိုးရ နေရမဲ့ နေရာက ကျယ်ပြန့်ပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေးက နိုင်ငံတကာနိုင်ငံရေးနဲ့လည်း ဆက်စပ်နေပါတယ် ။ ဂရိတ်ပါဝါ ယှဉ်ပြိုင်မှု ( အမေရိကန် အနောက်အုပ်စု နဲ့ တရုတ် အကြား ) မှာ ရောက်မှန်းမသိ ရောက်နေခဲ့တဲ့ တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ပြေလည်ဖို့ဆိုရင် တရုတ် နဲ့ အမေရိကန် လွန်ဆွဲပွဲမှာ ဘယ်ဘက်ကမှ မပါပဲသန့်သန့်လေးနေဖို့လိုပါတယ် ။ သဘောကတော့ကိုယ်ကျိုးစီးပွားမထိခိုက်တဲ့အခြေနေမှာ တရုတ်နဲ့လည်း ခင်ခင်မင်မင် ဆက်ဆံရမယ် ။ အမေရိကန်နဲ့လည်း ခင်ခင် မင်မင်ဆက်ဆံရမယ်ဆိုတဲ့ အနေထားပါ ။ ငြိမ်းချမ်းရေးလုပ်ဖို့ဆိုရင် တရုတ်လိုနိုင်ငံနဲ့ပါ အကျေလည်သဘော တူညီမှုယူဖို့လိုနေတာ ငြင်းမရတဲ့ ကိစ္စပါပဲ ။ လတ်တလောအခြေနေအရ ဆွေးနွေးပွဲတွေပြန်စဖို့ လိုနေတဲ့ဆိုပေမဲ့ နိုင်ငံရေးအရ အပြီးသတ်ဆွေးနွေးဆုံးဖြတ်နိုင်တဲ့ ပင်လုံလို ညီလာခံမျိုးက နေ့ချင်းညချင်း လုပ်ရမှာ မဟုတ်ပဲ တပ်မတော်နဲ့ အန်အယ်လ်ဒီအစိုးရအကြား သဘောတူညီမှုရအောင် ၊ အန်အယ်လ်ဒီ အစိုးရနဲ့ အပစ်မရပ်သေးတဲ့အဖွဲ့တွေ ၊ အပစ်ရပ်ထားတဲ့အဖွဲ့တွေအကြား ဆွေးနွေးမှု ပြန်စနိုင်အောင်စတဲ့ကိစ္စတွေကသာ အလျင်စလို လိုအပ်နေတဲ့ကိစ္စတွေသာ ဖြစ်ပါတယ် ။ အဲဒီအဆင့်တွေမှာ တစုံတရာကျေလည်မှသာအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုတွေကို အခြေပြုလို့ ပင်လုံလို ညီလာခံကိုစနစ်တကျ ကျင်းပတာ အကောင်းဆုံးပါပဲ ။ တကယ်တော့တလ နှစ်လဆိုတဲ့အချိန်ဟာ တိုတောင်း လွန်းလှပြီး ပြင်ဆင်မှုမှာ အခက်ခဲတွေလည်း ရှိနိုင်သလို ညီလာခံဖြစ်ပြီး မအောင်မြင်ဆိုတဲ့ ကိစ္စတွေဖြစ်လာခဲ့ရင် ဆိုတဲ့ ကိစ္စတွေ လည်း ရှိနေပါသေးတယ် ။ ဒီကနေ့အထိ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားတွေအကြား ( နိုင်ငံရေးပါတီတွေ ၊ အပစ်မရပ်သေးသူတွေ ၊ အပစ်ရပ်ထားသူတွေ အားလုံးကို ဆိုလို ) အစိုးရဖြစ်ပြီးကတည်းက သီးသန့် ဆွေးနွေးမှု လုံးဝ မရှိသေးပါဘူး ။ ဒါ့အပြင် မြန်မာငြိမ်းချမ်းရေးစင်တာကိုတောင် အရင်အစိုးရဆီကနေ အခုမှ လွှဲယူဖို့ လုပ်နေတုန်းပဲဖြစ်ပါတယ် ။ အောင်မြင်ပြီး အားလုံးပါဝင်မဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တရပ်ဖြစ်ဖို့ ဆိုရင်တော့ စနစ်ကျတဲ့ ပြင်ဆင်မှု ၊ အမျှော်မြင်ရှိမှုတွေနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ် ။ ဗိုလ်ချုပ်သမီးဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံဟာ မအောင်မြင်ခဲ့ရင် ၊ ပင်လုံနာမည်တပ်ပြီး အပေါ်ယံဆန်ဆန်သာဖြစ်နေခဲ့ရင် ဗိုလ်ချုပ်အောင်ဆန်းလည်း သိက္ခာကျနိုင်ပြီး သမိုင်းအမည်းစက်ပါ ဖြစ်လာနိုင်ပါတယ် ။ နိုင်ငံရေးမှာ လက်တွေ့ကျဖို့ လိုအပ်လှကြောင်းပါ ။ ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင် |
|
မတရား ကျူးလွန်ခံရသူ အမျိုးသမီးများအမှု အလေးထားဆောင်ရွက်ပေးရန် SWAN တိုက်တွန်း Posted: 27 Apr 2016 06:46 PM PDT လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူ သက်မပြည့်သေးသည့် သျှမ်းအမျိုးသမီးအမှု ဆောလျင်စွာဆောင်ရွက်ပေးရန် တိုက်တွန်း ချက်ပါရှိသည့်ကြေငြာချက်တစောင်ကို သျှမ်းအမျိုးသမီးရေးရာ လှုပ်ရှား ဆောင်ရွက်ရေးအသင်း SWAN က ကြေငြာချက်တစောင် ထုတ်ပြန်လိုက်သည် ။
မြန်မာပြည်တွင်းလာရောက်နေထိုင်သော တရုတ် စီးပွါးရေးလုပ်ငန်းရှင်က မြန်မာပြည်သူ အပေါ်အကြမ်းဖက် စော်ကားနေခြင်းကို မြန်မာ့တရားစီရင်ရေးစနစ်မှ ထိရောက်သည့် အရေးယူ ဆောင်ရွက်ပေးရန် ပျက်ကွက် သည့်အပေါ် ပြစ်မှုကျူးလွန်သူအား အားပေးအားမြောက် ရာပြုသော တရားစီရင်ရေးစနစ်အဖြစ် ရှုံ့ချကြောင်း SWAN ၏ ကြေငြာချက်တွင် ဖော်ပြထားသည် ။ အဆိုပါကြေငြာချက်ကို ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းက (အသက် ၁၈ နှစ်မပြည့်သေးသည့်) သျှမ်းအမျိုးသမီးတဦးအား တရုတ်စီးပွါးရေးလုပ်ငန်းရှင် ရှင်းဟွာကုမ္မဏီပိုင်ရှင်နှင့် သားမက်ဖြစ်သူမှ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအပြင် အကြမ်းဖက်မှုကို ယနေ့အထိ တရားစီရင်ရေးမှ တရားမစီရင်ပေးသေးသည့်အပေါ် SWAN မှ ထောက်ပြထားသည် ။ “ ပြီးခဲ့တဲ့ကာလတလျှောက်လုံးပြန်ကြည့်ရင် တရားစီရင်ရေးမှာ ပိုက်ဆံချမ်းသာသူကဘဲ အမှုမှာ နိုင်တယ် ။ မြန်မာ နိုင်ငံမှာ တရားမျှတမှုဆိုတာမရှိခဲ့ဖူးဘူး ဆိုတာကို အစိုးရသစ် သိစေချင်တယ် ။ ပြီးခဲ့တဲ့ အစိုးရ လက်ထက် တွေတုန်းက အဲလို မတရားပြုကျင့်ခံရတဲ့ မိန်းခလေးတွေ ခုချိန်ထိ တရားမျှတစွာ တရားစီရင်ပေးခြင်းမခံရတာ အများကြီးရှိနေဦးမယ်လို့ ယုံကြည်တယ် ။ သူတို့လေးတွေအတွက် ဆောင်ရွက်ပေး စေချင်လို့အခုလိုကြေငြာချက် ထုတ်ပြန် ရခြင်းဖြစ်ပါတယ် ။” - ဟုပြောခွင့်ရှိသူ ယိင်းဟန်ဖှက သျှမ်းသံတော်ဆင့်အား ပြောပြသည် ။ ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်က မန္တလေးတိုင်း ရှင်းဟွာကုမ္မဏီတာဝန်ခံ မောင်လှစိန်က ကုမ္မဏီ၏ ထမင်းချက် (အသက် ၁၇ နှစ်ရှိ) သျှမ်းအမျိုးသမီးငယ်တဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ပြီး တာဝန်ယူ လက်ထပ်မည်ဟု ပြောဆိုခဲ့ကြောင်း ၊ သို့သော် ၃ လအကြာ ပေါင်းသင်းနေထိုင်ခဲ့ပြီး ကိုယ်ဝန်ရလာမှ လက်မထပ်သည့်အပြင် အမျိုးသမီးငယ်အား ကျပ်သိန်း ၄၀၀ ပေးလျော်မည်ဟု ထပ်မံ ပြောဆိုခဲ့ပြီး ကိုယ်ဝန်ဖျက်ချဆေးကို အားဆေးဟု လိမ်ညာ တိုက်သဖြင့် ကိုယ်ဝန်ပါပျက်ကျခဲ့ကြောင်း ၊ လျော်ကြေးလည်း မပေးကြောင်း ကျူးလွန်ခံရသူအမျိုးသမီးက ပြောသည်ဟု ဆိုပါသည် ။ အမျိုးသမီးငယ်မှ တရားခံ မောင်လှစိန်အားလိမ်ညာမှုဖြင့် တရားစွဲအမှုဖွင့်ရာ ရှင်းဟွာကုမ္မဏီပိုင်ရှင် ၊ မောင်လှစိန် ၏ ယောက္ခထီးက ကျူးလွန်ခံရသူခလေးမ အား ခေါ်ယူကာ ရိုက်နှက်သည့်အပြင် ခလေးမ အား ခွင့်ပြုချက်မရဘဲ အိမ်တွင်းသို့ ခိုးဝင်သည်ဟု ထပ်မံအမှုဖွင့်တရားစွဲပြန်ကြောင်း ကာယကံရှင်ကပြောသည်ဟု SWAN ၏ ကြေငြာချက် တွင်ဖော်ပြထားသည် ။ တဖက်ကလည်း မိန်းခလေးဘက်မှ စွဲဆိုထားသော အမှုအပြင် - ရှင်းဟွာကုမ္မဏီမှ မိန်းခလေးအားစွဲဆိုထားသော အမှုကိုပါလက်ခံသည့် မူစယ်မြို့ တရားသူကြီး ဦးစည်သူထွန်း တဦးတည်းမှ အမှု ၂ ခုစလုံးကို ကြားနာ စစ်ဆေး နေသည့် တရားစီရင်ရေးစနစ်ကိုလည်း အံ့ဖွယ် တွေးတောဖွယ်ဖြစ်ရကြောင်း SWAN ကပြောဆိုသည် ။ “ တရုတ်လုပ်ငန်းရှင်တွေက ငွေကြေးကိုလမ်းခင်းပြီး အမှုတွေကိုကျော်လွားတယ် ။ စော်ကားခံရတဲ့ အမျိုးသမီးလေးတွေဘက်က ဘယ်သူမှရပ်တည်မှုမပေးခဲ့ဖူးဘူး ။ အစိုးရအပါအဝင်ပေါ့နော် ။ ဒါကြောင့် အစိုးရသစ်ကို ဒီအကြောင်းသိစေချင်တယ် ။ တိုင်းတပါး စီးပွါးရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံတရားစီရင်ရေးအပေါ် လွမ်းမိုးခြယ်လှယ် ခွင့်ပေးနေတာဟာ နိုင်ငံတော်အချုပ်အခြာအာဏာ ကိုထိပါးစော်ကားခွင့်ပြုနေတာဘဲဖြစ်တယ် - လို့သတိပေးလိုပါတယ် ။ ” - ဟု ယိင်းဟန်ဖ ကပြောပါသည် ။ ထို့ကြောင့်ငွေရှင်ကြေးရှင်များက ဒေသခံအမျိုးသမီးများအပေါ် ကျူးလွန်နေသည်ကို ဆောလျင်စွာရပ်ဆိုင်း ပေးပါရန်နှင့် ကျူးလွန်ခံနေရမှုကို လျစ်လျူရှုခြင်းမပြု အရှိန်မြင့်ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းသည်ဟု စွမ်းအဖွဲ့က ပြောဆိုပါသည် ။ “ SWAN အနေနဲ့ကတော့ အစော်ကားခံ အဖိနှိပ်ခံ အမျိုးသမီးတွေဘက်က ရပ်တည်ပေးသွားမယ် ။ အဲဒီလို အမျိုး သမီးတွေ မတရားကျူးလွန်ခံနေရတဲ့အပေါ် ကူညီပေးပါ ဖေးမပေးပါလို့ မိဘပြည်သူလူထုအားလုံးကိုလည်း အားလုံးကိုတောင်းဆိုချင်တ ယ်။ များသောအားဖြင့် အရှက်တရားကြောင့် မိဘဆွေမျိုးသားချင်းတွေက အမှုကို ဒီအတိုင်းဘဲ ပစ်ထားကြတယ် ။ အခုခေတ်မှာ အဲ့လိုမဖြစ်သင့်တော့ပါဘူး ။ မတရားမှုကို တရားမျှတစွာ စီရင်ဖို့အတွက် အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ပေးစေချင်ပါတယ် ။ ”- ဟုယိင်းဟန်ဖက တိုက်တွန်းပြောဆိုပါသည် ။ |
|
တိုင်းရင်းသား ပဋိပက္ခများအဆုံးသတ်ရေးအတွက် အယူအဆရေးရာ ကွဲပြားမှုများကို စေ့စပ်ညှိနှိုင်းခြင်း Posted: 28 Apr 2016 08:04 PM PDT ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်းအစိုးရမှ အာဏာကို လွှဲပြောင်းရယူနိုင်ခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက် ပွဲကာလတွင် " ပြောင်းလဲချိန်တန်ပြီ " ဟု ကတိကဝတ်ပြု ကြွေးကြော်ခဲ့သည့်အတိုင်း အပြောင်းအလဲကို ဖော်ဆောင် ပေးနိုင်ပါ မည်လား ဟူသည့် မေးခွန်းမှာ ပါတီနှင့် ပါတီ၏ အဓိကခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အတွက် အဓိကအကျဆုံး ရင်ဆိုင်ရမည့် ပြဿနာ ဖြစ်သည် ။
အစိုးရတစ်ရပ်အနေဖြင့် ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် ပြန်လည်ဖွဲ့စည်းခြင်း ၊ ပုံစံချခြင်းနှင့် စီမံကိန်းချခြင်းတို့ဖြင့် အမျိုးသား ရင်ကြားစေ့ရေး အစိုးရတစ်ရပ်ကို ဖွဲ့စည်းရမည်မှာ ပထမဆုံးလုပ်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်သလိုပင် ဝေဝါးနေသည့် နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကိုင်တွယ်ရေးမှာလည်း NLD ၏ မဖြစ်မနေလုပ်ရမည့် လုပ်ငန်းများစာရင်းတွင် အရေးအကြီးဆုံးနှင့် အလျင်အမြန် ကိုင်တွယ် ရမည့် စိန်ခေါ်မှုဖြစ်လာသည် ။ ရှေ့ဆက်မသွားမီ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနောက်ခံနှင့် အဓိက ပါဝင်သည့် အကျိုးသက်ဆိုင်သူများ၏ အယူအဆရေးရာ အကွဲအပြားများကို ဦးစွာရှင်းလင်းတင်ပြရန် လိုမည်ဖြစ်သည် ။ သို့မှသာ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေခဲ့သော တိုင်းရင်းသား ပဋိပက္ခများ ကို ပိုမိုရှင်းရှင်းလင်းလင်း နားလည်နိုင်မည်ဖြစ်ပါသည် ။ နောက်ခံသမိုင်းကြောင်း ယနေ့အချိန်တွင် ဗမာ သို့မဟုတ် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက အမည်ပြောင်းခဲ့သည့်အတိုင်း မြန်မာဟု သိကြသည့်နိုင်ငံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် ကိုယ်ပိုင်လွတ်လပ်ရေး ရှိခဲ့ဖူးသည့် အနည်းဆုံး နိုင်ငံ သို့မဟုတ် နယ်နိမိတ် သုံးခုဖြင့် ဖွဲ့စည်းထားခဲ့သည့် နိုင်ငံရေး အစုအဖွဲ့ဖြစ်သည်။ ဘားမားပြည်မကြီး (အင်္ဂလိပ်လက်ထက် တိုက်ရိုက်အုပ်ချုပ်ခံဘားမား) ၊ ကရင်နီပြည်နယ်များနှင့် ရှမ်းပြည်နယ် များပါဝင်သည် ။ ထိုသမိုင်းကြောင်းအရ ရှမ်းနှင့် ကရင်နီပြည်နယ်များမှ ခေါင်းဆောင်များသည် ပြည်မမှ နိုင်ငံရေး ခေါင်းဆောင်များနှင့် ပူးပေါင်း၍ ကိုလိုနီအုပ်ချုပ်ရေးမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးနှင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အခြားတိုင်းရင်းသားလူမျိုးများ နေထိုင်သည့် နယ်မြေများနှင့်အတူ ပူးတွဲလွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းခဲ့ကြသည် ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံသည့် အနေဖြင့် ၁၉၄၇ ပြည်ထောင်စုဗမာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဉပဒေတွင် ရှမ်းနှင့် ကရင်နီ (ယခု ကယား) ပြည်နယ်များကို ခွဲထွက်ခွင့်ပေး ထားခဲ့ သည် ။ ဗြိတိသျှထံမှ လွတ်လပ်ရေးမရမီ ဗြိတိသျှနယ်ခြားဒေသ အုပ်ချုပ်ရေး အောက်တွင်ရှိသော ရှမ်းပြည်နယ်စုများ ၊ ချင်းတောင်တန်းများနှင့် ကချင်တောင်တန်းများမှ ခေါင်းဆောင်များသည် ( ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သွားပြီဖြစ်သည့် ဖခင် ကွယ်လွန်သွားပြီဖြစ်သည့် ဖခင်) ဦးအောင်ဆန်းခေါင်းဆောင် သော ဗမာကြားဖြတ်အစိုးရနှင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ၌ ဗမာမဟုတ်သည့် တိုင်းရင်းသားအုပ်စုများအတွက် အုပ်ချုပ်ရေးနှင့် ဘဏ်ဏ္ဍာရေးလွတ်လပ်ခွင့်ရှိသော ၊ မျှတသော ၊ ဒီမိုကရေစီ ပြည်ထောင်စု တစ်ခုကို တည်ထောင်ရန် သဘောတူစာချုပ်ချုပ် ဆိုခဲ့ကြသည် ။ ဗြိတိသျှလက်အောက်တွင် ယခု “ ရှမ်းပြည်နယ် ” သည် ကရင်နီပြည်နယ်များအပါအဝင် “ ရှမ်းပြည်နယ်စုများ ” အဖြစ် ရှိခဲ့ကြောင်း သတိပြု သင့်သည်။ ယနေ့အချိန်တွင် တိုင်းရင်းသားပြည်နယ်များဖြစ်လာသည့် ကရင် ၊ မွန်နှင့် ရခိုင် (အာရကန်) ပြည်နယ်များသည် ကိုလိုနီစနစ်တွင် ဗမာပြည်မအောက်တွင် ထည့်သွင်းထားပြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ခြင်း မရှိပေ ။ ထို့ကြောင့် ပင်လုံစာချုပ်သည် တိုင်းရင်းသား လူမျိုးတစ်ခုနှင့် တစ်ခုအကြား ညီညွတ်မျှတရေးကို တရားဝင်ချုပ်စာချုပ်တစ်ခုအဖြစ် ချုပ်ဆိုထားသည့် သမိုင်းဝင် အဖြစ် အပျက် တစ်ခုသာဖြစ်ပြီး တိုင်းရင်းသားလူမျိုးအားလုံး ၎င်းတွင် ထည့်သွင်းခံရသည် ပါဝင်သည်ဟု မခံစားကြရပေ ။ ၁၉၄၈ မှ ၁၉၆၂ ခုနှစ်အထိ နိုင်ငံကို ပါတီစုံ ပါလီမန်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး အသွင်သဏ်ဏ္ဍာန်အားဖြင့် ဖက်ဒရယ်ပုံစံဖြစ်သော်လည်း လက်တွေ့ တွင်မူ တစ်ပြည်ထောင်စနစ်သာဖြစ်သည် ။ ပဋိပက္ခများ ဒေသများစွာကို ပျံ့နှံ့သွားသည်အထိ ကျေနပ်လောက်သည့် အဖြေမှာ ဝေးသထက် ပိုဝေးခဲ့သည် ။ ထို့ကြောင့် ဖွဲ့စည်းပုံ၏ ချို့ယွင်းချက်ကို ပြင်ဆင်ရန် မတူညီသည့် တိုင်းရင်းသားအုပ်စုများမှ ခေါင်းဆောင်များသည် နိုင်ငံရေးစနစ်ကို ပိုမိုရှင်းရှင်းလင်းလင်းရှိသည့် ဖက်ဒရယ်ပုံစံဖြစ်စေရန်အတွက် ၁၉၄၇ ဖွဲ့စည်းပုံကို ပြင်ဆင်ရန်အတွက် အဆိုပြုချက်တစ်ခုကို ရေးဆွဲခဲ့ကြသည် ။ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရေးဆွဲခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် တောင်ကြီး၌ ပြည်နယ်ပေါင်းစုံညီညွတ်ရေး အသင်းကြီးမှ အတည်ပြုခဲ့သည့် ထိုဖက်ဒရယ်မူတွင် ဗမာပြည်မကို အခြားတိုင်းရင်းသားပြည်နယ်များနည်းတူ ပြည်နယ်တစ်ခုအသွင် ပြောင်းလဲပစ်နိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဉပဒေပြင်ဆင်ချက်ကို အဆိုပြုခဲ့သည်။ ထိုနည်းဖြင့် နိုင်ငံ၏ အခြားအစိတ်အပိုင်းများမှ တိုင်းရင်းသား လူမျိုးများကို စီးပွားရေး ၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအပိုင်းများတွင် အင်အားနည်းစေခဲ့သည့် ပြည်ထောင်စုအစိုးရ အာဏာများကို ဗမာ တိုင်းရင်းသား ခေါင်းဆောင်များ သိမ်းကြုံးရယူထားမှုကို အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသည် ။ သို့သော် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်တွင်း ဆွေးနွေးမှု ကောင်းကောင်း မစတင်နိုင်မီမှာပင် ၁၉၆၂ မတ်လတွင် တပ်မတော်ဟု သိကြသည့် စစ်တပ်မှ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည် ။ ဗိုလ်ချုပ်နေဝင်းနှင့် အာဏာသိမ်းခေါင်းဆောင်များက နိုင်ငံတော် မပြိုကွဲရေး အတွက် အာဏာသိမ်းရသည်ဟု ပြောဆိုခဲ့ကြသော်လည်း ရလဒ်များမှာ ဆန့်ကျင်ဘက်ပင်ဖြစ်သည် ။ စစ်အစိုးရသည် ကိုလိုနီခေတ်လွန် နိုင်ငံ၏ နုနယ်သော ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို ရုတ်ချည်းအဆုံးသတ်ပစ်လိုက်သည်သာမက ဗမာမဟုတ်သည့် တိုင်းရင်းသား အုပ်စုများ၏ တအုံနွေးနွေး မကျေနပ်မှုများကို နိုင်ငံအနှံ့ တွန်းလှန်မှုစစ်ပွဲများ အတိအလင်းဖြစ်ပွားသည့်အခြေအနေသို့ရောက်စေခဲ့သည် ။ ဗမာလူများစုများမှလည်း စစ်အုပ်ချုပ်ရေးကို တွန်းလှန်မှုများ ဆက်တိုက်ရှိနေခဲ့ပြီး ပဋိပက္ခနှင့် တိုင်းရင်းသားများ၏ နိုင်ငံရေးလိုလားချက်များ ကို တောင်းဆိုမှုများမှာ နယ်စပ်တွင် အပြင်းထန်ဆုံးဖြစ်ပွားနေခဲ့သည် ။ ထို့ကြောင့် ဗိုလ်ချုပ်နေဝင်းနှင့် တပ်မတော်သည် ဗမာနှင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများအကြား တိုးပွားလာသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နောက်ဆုံးဥပဒေကြောင်းအရ ကြိုးစားမှုဖြစ်သည့် ၁၉၄၇ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပယ်ချလိုက်ပြီး ၊ ထိုဖွဲ့စည်းပုံကို တစ်ဖက်သတ် ရုတ်သိမ်းခဲ့သည်။ နိုင်ငံ၏ နိုင်ငံရေး ဆွေးနွေးပွဲများတွင် တပ်မတော်ခေါင်းဆောင်များက “ ဖက်ဒရယ် ” ဟူသော စကားလုံးကို ထုတ်ဖော်ပြောဆိုခွင့်ပြုရန်အတွက် ရာစုနှစ်တစ်ဝက်ခန့် အချိန်ကြာညောင်းခဲ့သည်။ ပဋိပက္ခများ၊ ဒုက္ခသုက္ခများနှင့် နိုင်ငံရေးဖြိုခွင်းမှုများစွာ ထိုကာလအတွင်း ဖြစ်ပွားခဲ့ရသည် ။ နိုင်ငံရေး အစုအဖွဲ့ ၊ အချုပ်အခြာအာဏာနှင့် အမျိုးသား သရုပ်လက္ခဏာဆိုင်ရာ အယူအဆ အကွဲအပြားများ တပ်မတော်ခေါင်းဆောင်များနှင့် မတူညီသည့် တိုင်းရင်းသား လူမျိုးစုများပါဝင်သည့် ဗမာ့နိုင်ငံရေး အုပ်စုများအတွင်း အယူအဆပိုင်းဆိုင်ရာ ကွဲပြားမှုများမှာ “ ဗမာ ” သို့မဟုတ် “ မြန်မာ ” ကို သမိုင်းတွင် မည်သို့ ရှုမြင်ခဲ့သည်၊ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည့်ဟူသည့်အချက်ဖြစ်သည် ။ ၁၉၆၂ ခုနှစ်ကတည်းကပင် စစ်ဘက်မှ လွှမ်းမိုးထားသည့် အစိုးရအဆက်ဆက်က ယခုလက်ရှိနိုင်ငံသည် နှစ်ထောင်ပေါင်းများစွာခန့် က တည်းက ပုဂံခေတ် အနော်ရထာမင်းလက်ထက်ကတည်းကရှိခဲ့သည့် တစုတစည်းတည်းသော နိုင်ငံတော်ဖြစ်သည်ဟူသည့် အယူအဆရှိ ခဲ့ကြသည်။ ထို့ကြောင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများသည် လူနည်းစုအုပ်စုများဖြစ်သည့်၎င်းတို့ နိုင်ငံကို ခွဲခြမ်းမသွားနိုင်စေရန် အတွက် သာတူညီမျှ အခွင့်အရေး တောင်းဆိုမှုများကို ကန့်သတ်ရမည်၊ ထိန်းချုပ်ရမည်ဟူသည့် အယူအဆရှိခဲ့သည် ။ ဆန့်ကျင်ဘက် အနေဖြင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများ ပြည်ထောင်စုဗမာနိုင်ငံသည် ၁၉၄၈ ကိုလိုနီအုပ်ချုပ်ရေး စွန့်ခွာချိန်တွင် တန်းတူညီမျှ ပူးပေါင်းလိုက်သည့် ဗြိတိသျှကိုလိုနီ အိန္ဒိယလက်အောက်တွင် သွတ်သွင်းခြင်းခံခဲ့ရသော လွတ်လပ်သည့် နယ်နိမိတ်များဖြစ်ပြီး ပင်လုံစာချုပ်တွင် ပါဝင်သည့် မူများအရ အသစ်ဖွဲ့စည်းလိုက်သည့် နယ်နိမိတ်တစ်ခု၊ နိုင်ငံရေး အစုအဖွဲ့တစ်ခုအဖြစ် ယူဆကြသည် ။ သီအိုရီအရပြောရလျှင် လက်ရှိနိုင်ငံရေးမြေပုံတွင် တိုင်းရင်းသားများအတွက် အချိုးချခွဲဝေမှုပုံစံရှိပါသည် ။ လူများစု တိုင်းရင်းသား လူမျိုးများ အတွက် ပြည်နယ် ရ ခု (ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်နှင့် ရှမ်း) နှင့် ဗမာအများစုနေထိုင်သည့် တိုင်းဒေသကြီး ရ ခု (ယခင်က တိုင်း) ရှိသည်။ သို့သော် စစ်ဘက်လွှမ်းမိုးမှုနှင့် ဗဟိုမှ လွှမ်းမိုးမှုများသော နိုင်ငံရေးနယ်ပယ်တွင် တကယ်တမ်း စစ်မှန်သည့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်နှင့် ညီညွတ်သောမျှခြေ မရှိပေ ။ ယနေ့အချိန်တွင် ကွဲပြားနေသည့် အယူအဆများသည် ပင်လုံတွင် ထင်ဟပ်နေဆဲဖြစ်သည်။ သမိုင်းဝင်စာချုပ်ကို အထိမ်းအမှတ်ပြုထား သည့် ကျောက်တိုင်က “ ပြည်မနှင့် တောင်တန်းများ ပေါင်းစည်းရေး ” ဟု ကြွေးကြော်နေသည်။ သို့တိုင် “ ပြည်မ ”သည် ဗမာအများစု နေထိုင် ရာ ဗဟိုချက်မဟု ယူဆ၍မရသလို ကိုလိုနီခေတ်မတိုင်မီကပင် ဗမာဘုရင်များလက်အောက် နေထိုင်ခဲ့ဘူးသော “ တောင်တန်းများ ” သည်လည်း ဗမာမဟုတ်သည့် တိုင်းရင်းသားများနေထိုင်ရာ တောင်တန်းဒေသများ သို့မဟုတ် လက်အောက်ခံ နယ်များဟု ယူဆ၍ မရပေ။ မျက်မှောက်ခတ် ဗမာနိုင်ငံသည် လွတ်လပ်ရေးရယူစဉ်က သဘောတူညီထားခဲ့ကြသည့်အတိုင်းပင် တိုင်းရင်းသား လူမျိုးစုအားလုံး၏ နိုင်ငံရေး အခွင့်အရေးများကို လေးစားလိုက်နာမည့် တန်းတူညီမျှသော ပြည်ထောင်စုသစ်တစ်ခုဖြစ်သည် ။ ထိုအချက်ကိုပင် ပင်လုံက ထပ်ဟပ်ဖော်ဆောင်လိုပုံပေါ်သည် ။ ထိုကဲ့သို့သော သဘောတူညီချက်မရှိလျှင် ပြည်ထောင်စုအသစ်သည် ပေါ်ပေါက်မွေးဖွားလာစရာမရှိပေ ။ တိုင်းရင်းသားအုပ်စုတစ်ခုနှင့် တစ်ခု ဆက်ဆံရေးကို ဆွေးနွေးရာတွင် ဗမာမဟုတ်သည့် တိုင်းရင်းသား လူမျိုးများသည် သူတို့ကိုယ်သူတို့ ဗမာနှင့် နိုင်ငံတကာ ပညာရှင်များ မကြာခဏ ပြောလေ့ရှိသလို “လူနည်းစု” အဖြစ် သတ်မှတ်ခြင်းမရှိကြောင်း ဖော်ပြလိုပါသည်။ တကယ် တမ်းတွင် လူနည်းစုလည်းမဟုတ်သလို လူများစုလည်း မဟုတ်ပဲ တန်းတူညီမျှခွင့် ရထိုက်သည့် တိုင်းရင်းသားလူမျိုးစုများသာဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးစုများ၏ အရေအတွက်ထက် ဗမာလူဦးရေ ပိုများသည်ကား မှန်ပါသည်။ သို့သော် ထိုအချက်တစ်ခုတည်းဖြင့် တိုင်းရင်း သားပြည်နယ်များတွင် နေထိုင်သူများကို “လူနည်းစု” ဖြစ်မသွားစေနိုင်ပါ။ တိုင်းရင်းသား အုပ်စုကွဲပေါင်းများစွာ ပျံ့နှံ့နေထိုင်သော အာရှ နိုင်ငံများအနက်မှ တစ်ခုဖြစ်သော ဗမာနိုင်ငံတွင် “လူနည်းစု” ဟူသည့် အသုံးအနှုန်းကို တိုင်းရင်းသားပြည်နယ် ရ ခုတွင် နေထိုင်သည့် ဗမာနှင့် အခြားတိုင်းရင်းသားများကို ရည်ညွှန်းရာတွင်လည်း သုံးနိုင်ပါသေးသည်။ ထိုအနေအထားကြောင့် အကျိုးမရှိသည့် “လူနည်းစု-လူများစု” အငြင်းပွားမှုများသာ ကြီးထွားလာပြီး ပြည်ထောင်စု၏ နိုင်ငံရေး အရေးပါမှုကို လျော့ကျစေပြီး နှင့် လူဦးရေပိုနည်းသည့် တိုင်းရင်း သားလူမျိုးများကို ဖိနှိပ်ဆက်ဆံမှုများသာ ဖြစ်ပေါ်စေပါသည် ။ အနှစ်သာရအားဖြင့် “လူနည်းစု” ဟူသည့် အသုံးအနှုန်းသည် ခွဲခြားဆက်ဆံသည့် အသုံးအနှုန်းမှားတစ်ခုဖြစ်လာပြီး “လူနည်းစု” အဖြစ် အဆက်ဆံခံရခြင်းနှင့် တိုင်းရင်းသား အုပ်စုတစ်ခုမှ တိုင်းရင်းသားတစ်ဦးအနေဖြင့် တန်းတူအခွင့်အရေးရခြင်းအကြား ကွာဟချက် ကြီးမား လာပါသည်။ ဗမာ၊ ကချင်၊ ရှမ်း၊ ကရင်နီ၊ ချင်း အစရှိသည့် လူမျိုးစုများသည် လူနည်းစု၊ လူများစုဟူ၍ သတ်မှတ်ခြင်းမရှိပဲ ၁၉၄၈ ခုနှစ်က တည်းက တည်ထောင်ခဲ့သည့် ပြည်ထောင်စုသစ်တွင် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ကြသည့် တန်းတူညီမျှမှုရှိသော မိတ်ဖက်များ အဖြစ်သာ ယူဆသင့်ပါသည်။ ဝမ်းနည်းစရာကောင်းသည်မှာ တန်းတူညီမျှမှုနှင့်သက်ဆိုင်သည့် ဘုံသဘောတူညီသည့် သဘောထားအမြင်နှင့် အားလုံးလက်ခံနိုင်သည့် အမျိုးသား သရုပ်လက္ခဏာပေါ်ထွက်ရေးဟူသည့် အခြေခံကျသည့် စိန်ခေါ်မှုကို လွတ်လပ်ရေးရပြီးသည်မှ ယခုအထိ မကိုင်တွယ်နိုင် ကြသေးခြင်းဖြစ်သည်။ ဗမာမဟုတ်သည့် တိုင်းရင်းသားများက လွတ်လပ်ရေး ကြိုးပမ်းစဉ်က ဖော်ဆောင်ခဲ့သော မျှဝေထားသည့် အချုပ်အခြာအာဏာပိုင်စိုးမှုနှင့် ပူးတွဲလွတ်လပ်ရေးကို ဆက်လက်ယုံကြည်လက်ခံထားကြသော်လည်း တပ်မတော်ခေါင်းဆောင်များနှင့် ဗမာတိုင်းရင်းသား နိုင်ငံရေးအလွှာအများစုကမူ သူတို့သည် နိုင်ငံရေး အချုပ်အခြာအာဏာကို စောင့်ရှောက်ရသူများ သို့မဟုတ် ပိုင်ဆိုင်သူများအဖြစ် ယူဆနေကြသည်။ အကျိုးဆက်အားဖြင့် ဗိုလ်ချုပ်နေဝင်း၏ ဗမာပြည်ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တရား ဉပဒေစိုးမိုးရေးကောင်စီ (၁၉၉၇ မှစ၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ) လက်ထက်များ တပ်မတော်အရာရှိများက ပုံဖော်ခဲ့သည့် ဘုံအမျိုးသား သရုပ်လက္ခဏာဆိုသည်မှာ ဗမာမဟုတ်သည့် တိုင်းရင်းသား လူမျိုး များအကြား အမြစ်မတွယ်သလို၊ လက်လည်းမခံကြပေ။ ထို့အပြင် ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများက နိုင်ငံရေးအပြောင်းအလဲနှင့် ပတ်သက်လျှင် သူတို့၏ သဘောတူညီချက်ကို တောင်းခံရယူခြင်းမရှိပဲ ပဋိပက္ခဖြစ်ပွားသည့် အနေအထားတွင် စစ်ဘက်က လွှမ်းမိုးထား သည့် အစိုးရများက သတ်မှတ်သည့်အတိုင်း အတင်းအကြပ် လက်ခံစေသည်ဟု ယူဆကြသည်။ အကျိုးဆက်အားဖြင့် တိုင်းရင်းသားအခွင့်အရေးနှင့် တန်းတူညီမျှရေးအတွက် တောင်းဆိုတိုက်ပွဲဝင်မှုများ နိုင်ငံအနှံ့အပြားတွင် ယနေ့အထိ ဆက်ရှိနေရခြင်းဖြစ်သည်။ ပင်လုံကို ပြန်ကြည့်လျှင် တိုင်းရင်းသားခေါင်းဆောင်များသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဘုံ အမျိုးသား အမှတ်သရုပ်တို့သည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်၊ ဒီမိုကရေစီ၊ မျှတသည့် အရင်းအမြစ်နှင့် နိုင်ငံရေးအာဏာ ခွဲဝေမှုများမှတစ်ဆင့် ရရှိနိုင်မည်၊ အာမခံနိုင်မည်ဟု ယုံကြည်ကြသည်။ သို့မှသာ ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများအားလုံးက လက်ခံနိုင်မည့် အမျိုးသား အမှတ်သရုပ်နှင့် နိုင်ငံရေးစနစ်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။ သို့သော် ယခုအခိုက်အတန့်တွင် တိုင်းရင်းသားလူမျိုးစု အများစုသည် သူတို့ကိုသူတို့ ဗမာအုပ်ချုပ်သူများ၏ ကိုလိုနီဆန်ဆန် ပိုင်ဆိုင် အုပ်ချုပ်မှုပုံစံတစ်ခုအောက်တွင် ပိတ်မိနေသည်ဟု ယူဆနေကြသည်။ တကယ်တမ်းတွင် ဗမာပြည်မနှင့် ယခင်နယ်ခြားဒေသများကို ဗြိတိသျှတို့ ခွဲခြားအုပ်ချုပ်ခဲ့ကြသည့်ပုံစံမျိုးဖြစ်သည့် ဒိုင်အာခီပုံစံ အုပ်ချုပ်ရေးစနစ်အသစ်တစ်ခုသည် ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် လက်အောက်တွင် ဖော်ဆောင်ခဲ့သည့် နိုင်ငံရေး အပြောင်းအလဲများတွင် ပေါ်ထွက်လာခဲ့ပုံရသည်။ ပါလီမန် အုပ်ချုပ်ရေးစနစ်သည် နိုင်ငံ၏ မြို့တော် နေပြည်တော်မှ နိုင်ငံ၏ “ပြည်မ” ဗဟိုချက်တွင် ပုံပေါ်လာခဲ့သော်လည်း တိုင်းရင်းသားပြည်နယ်များမှာ တပ်မတော်အုပ်ချုပ်ရေးနှင့် အာဏာပိုင်မှုအောက်တွင်ရှိနေသည့် “တောင်တန်း” ပဋိပက္ခဒေသများအဖြစ် ရှိနေဆဲဖြစ်သည်။ ရလဒ်အားဖြင့် နိုင်ငံရေးအပြောင်းအလဲကို မျှော်လင့်လာနိုင်သည့် အခြေအနေတွင်ပင် တိုင်းရင်းသားအများစုသည် နိုင်ငံ၏ နိုင်ငံရေးတွင် ပါဝင်နိုင်မှုမှ ဖယ်ကြဉ်ခံထားရသည်ဟု ခံစားနေရသည်။ စစ်တပ်၏ ဖိနှိပ်မှုများက တိုင်းရင်းသား တန်းတူညီမျှမှုကို မည်သည့်အခါမှ ဖော် ဆောင်ပေးနိုင်မည်မဟုတ်သဖြင့် နိုင်ငံရေးမတည်ငြိမ်မှုဆက်ဖြစ်နေမည့်အကျိုးဆက်သာ ဆက်ရှိမည်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ပင်လုံတွင် သဘောတူညီခဲ့သည့်အတိုင်း တိုင်းရင်းသား လူမျိုးစုအားလုံးအတွက် တန်းတူညီမျှသော ပြည်ထောင်စုဟူသည့် ဘုံသရုပ်လက္ခဏာဆိုသော မျှော်မှန်းချက်နှင့် မူဝါဒများကို ပြန်သွားနိုင်မှသာ တည်တံ့သော ငြိမ်းချမ်းရေးနှင့် တရား ဉပဒေစိုးမိုးမှုကို ရရှိနိုင်မည်ဖြစ်သည်။ ဖက်ဒရယ်နှင့် ပတ်သက်သည့် မတူညီသော အမြင်များ ယေဘုယျအားဖြင့် ထိပ်သီးပါတီများနှင့် သက်ဆိုင်သည့်ပါဝင်သူများအားလုံးသည် လွန်ခဲ့သည့်နှစ်များအတွင်း နိုင်ငံ၏ နိုင်ငံရေး ကျဆင်း နေမှုများကို ဖြေရှင်းပြီး ကြီးမားသည့် ပြဿနာများကို မပေါ်ပေါက်စေရန်မှာ ဖက်ဒရယ် ပြည်ထောင်စုတစ်ခု တည်ထောင်ရေးဖြစ်သည်ဟု သဘောတူညီထားပြီဖြစ်သည်ဟု ထင်ရသည်။ သို့သော် တကယ့်လက်တွေ့ ရှေ့ဆက်လျှောက်ရမည့်လမ်းမှာ ပို၍ရှုပ်ထွေးလှသည်။ လက်ရှိအချိန်တွင် ဘယ်လိုဖက်ဒရယ်မျိုး လိုချင်သည်ဟု ဖော်ထုတ်ရန်ပင် မလွယ်ကူလှပေ။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ပွဲအတော်များများတွင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးမှာ သူ၏ ရပ်ရွယ်ချက်ဖြစ်သည်ဟု ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြောဆိုပြီးဖြစ်သော်လည်း ပါတီအနေဖြင့် ဤကဲ့သို့ အရေးကြီးသည့်ကိစ္စတွင် ဘယ်နေရာတွင် ဘယ်လိုရပ်တည်မည်နည်းဟူသည့် အသေးစိတ်ကို သိရှိရန် လိုအပ်ပါသည်။ ထို့အတူ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (National Ceasefire Agreement – NCA) နှင့် ၂၀၁၅ ဖေဖော်ဝါရီ ၁၂ တွင် လက်မှတ်ရေးထိုးသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးဆိုင်ရာ ကတိကဝတ် (Deed of Commitment on Peace and National Reconciliation) တို့ပါ တပ်မတော်၏ ဖက်ဒရယ်ဖွဲ့စည်းပုံအပေါ် ရပ်တည်ချက်မှာလည်း မရှင်းလင်းပေ။ “နိုင်ငံရေးဆွေးနွေးချက်များမှ ထွက်ပေါ်လာသော ရလဒ်များနှင့် အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်မူများကို အခြေခံသော ပြည်ထောင်စုတစ်ခုကို တည်ထောင်ရန်” ဟူသည့်အချက်သာ တစ်ခုတည်းသော ကတိကဝတ်ဖြစ်သည်။ သို့သော် တိုင်းရင်းသား အုပ်စုများ မေးခွန်းထုတ်သူများ မေးမြန်းကြသည့်အတိုင်းပင် ထိုကတိကဝတ်သည် လက်ရှိ တစ်နိုင်ငံ သမ္မတစနစ်နှင့် အာဏာကို အနည်းငယ်မျှသာ ခွဲဝေပေးထားသည့်စနစ်မှသည် အားကောင်းသည့် ပြည်နယ်အစိုးရများနှင့် အားနည်းသည့် ပြည်ထောင်စု ဗဟိုအစိုးရတို့ရှိသော အပြည့်အဝ ဖက်ဒရယ်ပြည်ထောင်စုစနစ်တစ်ခုအထိ အဓိပ္ပာယ်ကျယ်ပြန့်ပါသည်။ ထိုအကြောင်းပြချက်များကြောင့် တပ်မတော်သည် ဗဟိုချုပ်ကိုင်မှုအားကောင်းသည့် တစ်ပြည်ထောင်နိုင်ငံရေးစနစ်ကိုသာ အလိုရှိပြီး ဖက်ဒရယ် စနစ်နှင့် ဆင်တူစေရန်အတွက် တိုင်းရင်းသားပြည်နယ်များကို လုံလောက်ရုံ အနည်းငယ်သော အာဏာခွဲဝေပေးရုံသာ အလိုရှိသည်ဟူသော နိုင်ငံရေး အမြင်က အားကောင်းနေဆဲဖြစ်သည်။ တပ်မတော်၏ တွေးဆချက်ကို သက်သေပြနေသည့်အချက်မှာ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် ၎င်းတို့ကိုယ်တိုင်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဉပဒေကို အသက်နှင့်ထပ်တူ ကာကွယ်မည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုနေပြီး၊ ၎င်း၏ အခန်းကဏ်ဏ္ဍကို လျော့ကျစေ မည့် အဓိပ္ပာယ်ရှိသည့် မည်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုမဆို ယခုအချိန်အထိ ငြင်းဆန်နေဆဲဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအတွက်မူ မကြာသေးမီနှစ်များအတွင်းတွင် နိုင်ငံရေးအရ “အပြည့်အဝ ဖက်ဒရယ်စနစ်” တစ်ခုဖြစ်မည့် “မျှတခြင်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်းနှင့် ဒီမိုကရေစီထွန်းကားသည့် တိုင်းရင်းသားပြည်နယ်များကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ထောင်ရေး” ကို ဘုံသဘောတူညီမှုရှိနေသည်။ သို့သော် ၎င်းတို့သည့် ထိုအမြင်များကို တစ်ဆင့်တက်ပုံဖော်နိုင်ရေးကြိုးပမ်းရာတွင် အခက်အခဲများနှင့် လေဆန်လမ်းကို တက်နေရပြီး တိုင်းရင်းသား လှုပ်ရှားမှုများသည့် “စစ်မှန်သည့် ဖက်ဒရယ်စနစ်” ပေါ်ထွန်းရေး ဟူသည် ကို ကြက်တူရွေးနှုတ်တိုက်ရွတ်နေသည်မှ လွဲလျှင် မည်သည့် နိုင်ငံရေးစနစ်လိုလားသည်ကို တကယ်တမ်း သိရှိကြခြင်းမရှိဟူသည့် ဗမာ တိုင်းရင်းသားများနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကိုလည်း ရင်ဆိုင်နေရသည်။ သို့သော် ၎င်းမှာ သမိုင်းကို ပုံဖျက်ရန်နှင့် နိုင်ငံရေး ခေါင်း ဆောင် မျိုးဆက်တစ်ခုနှင့်တစ်ခု စေတနာမှန်ဖြင့် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သော တိုင်းရင်းသားအရေးကို မှေးမှိန်အောင် ကြံစည်ကြ ခြင်းသာဖြစ်သည်။ တကဲ့လက်တွေ့တွင် တိုင်းရင်းသားများဘက်မှ ဖက်ဒရယ်မူတစ်ခု အမြဲတမ်းရှိနေပြီး ၎င်းမှာ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ကိုလိုနီခေတ်အလွန် နိုင်ငံတည်ဆောင်ရေးကြိုးပမ်းမှုများတွင် အများတက်တက်ကြွကြွ ပါဝင်ရေးဆွဲခဲ့သည့် သမိုင်းဝင်အကိုးအကား စာရွက်စာတမ်းသုံးခုမှ ထုတ် နုတ်ရေးဆွဲထားသည့် ပြည်နယ်အခြေပြု ဖက်ဒရယ်စနစ်မူဖြစ်သည်။ ထိုအကိုးအကားသုံးခုမှာ ၁၉၄၇ ပင်လုံစာချုပ်၊ ၁၉၄၇ ပြည်ထောင်စု ဗမာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဉပဒေနှင့် ၁၉၆၁ တိုင်းရင်းသားများ၏ ဖက်ဒရယ် အဆိုပြုချက်မူ တို့ဖြစ်သည်။ ပြောင်းလဲလာသည့် အချိန်နှင့်အမျှ လိုက်ပါချိန်ညှိ ပြောင်းလဲရန် လိုအပ်သည်ကား မှန်ပါသည်။ သို့သော် တိုင်းရင်းသားများတွင် သူတို့လိုလားသည့် ဖက်ဒရယ်အမျိုးအစားနှင့် ပတ်သက်သည့် စိတ်ကူးစိတ်သန်းမရှိဟူသည့်အချက်မှာ လုံးဝမမှန်ကန်ပါ။ ထို့အပြင် ၁၉၆၀ ပြည့်နယ်များတွင် ဖက်ဒရယ် ပြုပြင် ပြောင်းလဲ မှုနှင့် ဒီမိုကရေစီစနစ် အဆုံးသတ်ခြင်းကြောင့် နိုင်ငံ ကျဆင်းခြင်းနှင့် တိုင်းရင်းသား ပဋိပက္ခများ ဖြစ်ပွားပျံ့နှံ့ခြင်းကို ကြုံတွေ့ခဲ့ရပါသည်။ ထိုအမှားမျိုး၊ တိုင်းရင်းသား အခွင့်အရေးကို ဖိနှိပ်မှုမျိုး ထပ်မဖြစ်ရန် အရေးကြီးပါသည်။ လာမည့်လွှတ်တော်သက်တမ်းအတွင်း တစ်မျိုးသားလုံး ဘုံသဘောတူညီချက် ရရှိရန် လွယ်ကူမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှု မစတင်မီမှာပင် ထစ်နေမည့် နေရာများ ရှိနိုင်ပါသည်။ ထိုအထဲတွင် ပိုမိုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများဖြစ်သည့် တအောင်းနှင့် ဝ လူမျိုးတို့တွင် “ပြည်နယ်” တောင်းဆိုမှုများရှိသည်၊ ရှစ်ပြည်နယ်မူ (လက်ရှိတိုင်းရင်းသားပြည်နယ် ရ ခုနှင့် ဗမာပြည်နယ် ၁ ခု) ရှိနေသည်၊ လက်ရှိ ရ တိုင်း ရ ပြည်နယ်ကို ဆက်သွားမသွား ငြင်းခုန်မှု ရှိနေသည်။ တိုင်းရင်းသားအုပ်စုများဘက်တွင် စစ်မှန်သည့် ဖက်ဒရယ်စနစ်တွင် ၁၉၅၀ ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့သလို အာဏာကို ပြည်ထောင်စုမှ သိမ်းကြုံးရယူထားခြင်းနှင့် နိုင်ငံ၏ ဗဟိုချက်ကိုသာ အာရုံစိုက်ခြင်းတို့ မဖြစ်စေရန်အတွက် မဖြစ်မနေ တားဆီးရမည်ဟူသည့် စိုးရိမ်မှုများက ရှိနေသည်။ ထိုနောက်ပြဿနာမှာ ပိုခက်ခဲကောင်း ခက်ခဲနိုင်သည်။ လွတ်လပ်ရေးရစဉ်ကတည်းကပင် ကိုလိုနီခေတ် ဗမာပြည်မသည် နိုင်ငံအရေးကို သိသိသာသာ လွှမ်းမိုးလာခဲ့သည်။ ပထမပိုင်းတွင် ဗိုလ်ချုပ်နေဝင်း၏ ဗမာပြည် ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ရေးဆွဲသော ၁၉၇၄ ဖွဲ့စည်းပုံတွင် “တိုင်း” ရ တိုင်း အဖြစ် ပြောင်းလဲခဲ့ပြီး၊ ၂၀၀၈ ခုနှစ် စစ်တပ်က ရေးဆွဲသည့် ဖွဲ့စည်းပုံတွင် တိုင်းရင်းသားပြည်နယ်များနှင့် တန်းတူ အခွင့် အရေးရှိသည့် “တိုင်းဒေသကြီး” တစ်ခုစီအဖြစ် တိုးမြှင့်ခဲ့သည်။ ထို့ကြောင့် “ဗမာလူများစု”များ၏ တိုင်းဒေသကြီး ရ ခုနှင့် “ဗမာမဟုတ်သည့်” တိုင်းရင်းသား ပြည်နယ် ရ ခုအကြား အာဏာမညီမျှမှုဖြစ်ပွားစေသည်။ တိုင်းရင်းသားအများစုသည် ရှေးဘိုးဘေးဘီဘင်တို့ မျှော်မှန်းထား ခဲ့ကြသည့်အတိုင်း မျှတသော ပြည်နယ်အခြေပြု ဖက်ဒရယ်စနစ်ကို တည်ထောင်နိုင်ရန်အတွက် ဗမာပြည်နယ်တစ်ခု ဖန်တီးရန် ဆက်လက် တွန်းအားပေးနေသည်။ နိုင်ငံရေးအယူအဆနှင့် ပတ်သက်လျှင် ရှင်းလင်းသည့် မေးခွန်းတစ်ခုမဟုတ်သော်လည်း ပြည်ထောင်စု ဗမာနိုင်ငံ မည်သို့ ပေါ်ပေါက်လာခဲ့ သည်ဟူသည့်သမိုင်းကြောင်းနှင့် လူတိုင်းအတွက် မျှတမှုနှင့် လုံခြုံမှုဖြင့် အနာဂတ်တွင် မည်သို့ အောင်မြင်စွာ ရပ်တည်နိုင်မည်ဟူသည့် အမြင်ကို ထင်ဟပ်မှုသာဖြစ်သည်။ နိုင်ငံ၏ မည်သည့်အစိတ်အပိုင်းကမှ တိုင်းရင်းသား တစ်မျိုးတည်းနေထိုင်သော အစိတ်အပိုင်းမဟုတ်ပေ။ နယ်နိမိတ်ပိုင်းခြားမှုသည် နိုင်ငံရေးနှင့် ရပ်တည်ချက် သဘောထားအမြင်ဆိုင်ရာ မေးခွန်းများကို အရင်းစစ်၍ အဖြေထုတ်ပေးနိုင်မည်ကား မဟုတ်ပေ။ ပဋိပက္ခများ၏ ခါးသီးသော အတွေ့အကြုံများအရ အသိပေးနေသည်မှာ လွတ်လပ်ရေးယူခဲ့စဉ်က သဘောတူညီခဲ့သည့် မျှတမှု အခြေခံကောင်းများကို ပြန်လည်ဖော်ထုတ်နိုင်မည့် အနေအထားရောက်ရန်အတွက် တိုင်းရင်းသား နိုင်ငံရေး အခြေအနေကို ပြန်လည်ပုံဖော် ယူရေးမှာ ယနေ့အချိန်တွင် အရေးကြီးသည်။ မအောင်မြင်သည့် နိုင်ငံတစ်ဝှမ်း အပစ်အခတ်ရပ်စဲရေး သမ္မတ ဦးသိန်းစိန်၏ နိုင်ငံတစ်ဝှမ်း အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် ဘာကြောင့် နောက်ဆုံးအဆင့် သဘောတူညီမှုကို မရောက်ရသနည်း ဟူသည့်အချက်နှင့် ပတ်သက်သည့် အမြင်ပေါင်းမျိုးစုံကို ကြားရပါလိမ့်မည်။ သို့သော် တိုင်းရင်းသားအုပ်စုများအတွက်မှု ထိုသို့မအောင်မြင် ရသည့် အချက်မှာ ဝမ်းနည်းစရာကောင်းလောက်အောင် မကြာခဏ ကြုံတွေ့ရသည့် အကြောင်းအချက်တစ်ခုပင်ဖြစ်သည်။ ပဋိပက္ခ ဒေသ များရှိ စစ်ရေးဆောင်ရွက်ချက်များတွင် ရရှိသည့် အာဏာများဖြင့် အကျိုးအမြတ်များ ရရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သည် နိုင်ငံရေး ရည်မှန်းချက်တစ်ခုအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား တော်လှန်ရေး အုပ်စုများအဖြစ် မမြင်ပဲ “ဥပဒေချိုးဖောက်သူ များ” သို့မဟုတ် “သောင်းကျန်းသူများ” အဖြစ် ရှုမြင်ကြသည့် တပ်မတော်ခေါင်းဆောင်ပိုင်းမှ သက်ဆိုင်သူများ အားလုံးပါဝင်စေလိုမှု မရှိခြင်း နှင့် ရိုးဖြောင့်မှုမရှိခြင်းကြောင့် ဖြစ်သည်။ ထိုအခြေခံကြောင့်ပင် အတားအဆီးများစွာ ကြုံတွေ့ခဲ့ရသည်မှာ အံ့ဩစရာမရှိပေ။ ဥပမာအားဖြင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တပ်ကရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပဒေကို လိုက်နာရမည်ဟု အဆက်မပြတ် ပြောဆိုနေခဲ့ပြီး၊ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများကို “လက်နက်ဖျက်သိမ်းရေး၊ တပ်ဖျက်သိမ်းရေးနှင့် ပြန်လည်ပူးပေါင်းပါဝင်ရေး (DDR)” လက်ခံရ မည်ဟု ထပ်ခါတလဲလဲ ပြောဆိုနေခဲ့သည်ကို ကြည့်နိုင်သည်။ ထိုသို့ပြုလုပ်လိုက်ပါက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဖျက်သိမ်းလျှင်ဖျက်သိမ်း မဖျက်သိမ်းလျှင် တပ်မတော်လက်အောက်မှ နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်များအဖြစ် အသွင်ပြောင်း လဲရမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း ပဋိပက္ခဒေသများတွင် ထိုကဲ့သို့သော တပ်များစွာ ပေါ်ထွက်လာခဲ့သည်။ ထိုအမြင်က တိုင်းရင်း သား ခေါင်းဆောင်များသည် နိုင်ငံရေးအရ အဖြေထုတ်မှုကို လိုလားပြီး၊ လက်နက်ချခြင်းသော်လည်းကောင်း၊ ၎င်းတို့လူမျိုးများအတွက် ပိုမို စစ်ရေးအားကောင်းလာခြင်းကိုသော်လည်းကောင်း မလိုလားဟူသည့် အချက်ကို မျက်ကွယ်ပြုခြင်းဖြစ်သည်။ နောက်ထပ် မအောင်မြင်ရသည့် အချက်တစ်ချက်မှာ " နွားရှေ့ထွန်ကြူးခြင်း " ကြောင့်ဖြစ်သည်။ တပ်နယ်နိမိတ်များ ခွဲခြားမှု၊ စစ်ဘက် ကျင့်ဝတ်နှင့် နိုင်ငံအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အခြေခံကောင်းများ မရှိသေးပဲ၊ ပူးတွဲ အပစ်ရပ် စောင့်ကြည့်ရေးနှင့် ထိန်းသိမ်းရေး ယန္တရားများ အဆင်သင့်မရှိသေးပဲ တိုင်းရင်းသား တပ်ဖွဲ့များကို တစ်ဖွဲ့ချင်း “နိုင်ငံတစ်ဝှမ်း အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်” အရင် လက်မှတ်ထိုးခိုင်းခြင်းဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များအားလုံး အတူတူ စိုးရိမ်ကြသည့်အချက်မှာ တပ်မတော်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နေစဉ်ကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ (ကိုးကန့်)နှင့် ရက္ခိုင်တပ်မတော်တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့ကို ထိုးစစ်ဆင်မှုများ ရှိနေခဲ့သည်။ " လုံခြုံရေး အဓိက " ဟူသည့် ရပ်တည်ချက်ကို ကိုင်ဆွဲလျက် တပ်မတော်အရာရှိများသည် အကြောင်းမျိုးစုံရှာ၍ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့ကို ဦးသိန်းစိန်၏ NCA လုပ်ငန်းစဉ်တွင် ဆွေးနွေးဘက်အဖြစ် လက်ခံရန် ငြင်းပယ်ခဲ့သည်။ သို့သော်ထိုအခြေအနေသိသိသာသာ အသေအပျောက်များ ရှိနေသော၊ နေရပ်စွန့်ခွာရသူများ တိုးသထက်တိုးလာနေသော ပဋိပက္ခဒေသများကို အကျိုးသက်ရောက်မှုကမကောင်း မွန်လှပါ။ အများသိကြသည့်အတိုင်းပင် လက်ရှိ ပဋိပက္ခဒေသဖြစ်သည့် နိုင်ငံ၏ အနောက်မြောက်ပိုင်းမှာ နဝတ၊ နအဖ အစိုးရများ လက်ထက်က စံပြအပစ်ရပ်ဒေသများအဖြစ် ဆောင်ရွက်ခဲ့ကြဖူးသည်။ နိုင်ငံအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆောင်ရွက်နေချိန်တွင် လက်နက်ကိုင် ပဋိပက္ခများ ပိုမိုဆိုးရွားလာခြင်းမှာ နိုင်ငံရေးအကြောင်းပြချက်များအရရော၊ စီးပွားရေးအကြောင်းပြချက်များအရပါ ဖြစ်သည်။ ထိုအခြေအနေတွင် ပြီးခဲ့သည့် အောက်တိုဘာလတွင် တက်တက်ကြွကြွလှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ တစ်ဝက်အောက်တွင်သာ ရှိသော အရေအတွက်က NCA ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နိုဝင်ဘာ ရွေးကောက်ပွဲနှင့် နိုင်ငံတစ်ဝှမ်း ငြိမ်းချမ်းရေး ရရှိရေးတွင် ပိုမို ဒီမိုကရေစီနည်းကျပြီး လူထုကို ကိုယ်စားပြုနိုင်သည့် အစိုးရက နောက်တစ်ဆင့်ကို လမ်းကြောင်း ဖော်နိုင် လိမ့်မည်ဟူသည့် မျှော်လင့်ချက်ဖြင့် အဓိကကျသည့် အဖွဲ့များအားလုံးနီးပါး မပါဝင်ခဲ့ကြပေ။ အလျော့အတင်းလုပ်၍ ရနိုင်မလား လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ သေချာရေရာမှု မရှိပေ။ ယခုအချိန်အထိ NCA သည် တစ်စိတ်တစ်ပိုင်း အပစ်ရပ်ရေးအဖြစ်သာ အသက်ဝင်နေသေးပြီး စုစုပေါင်း ၂၁ ဖွဲ့မှ ၈ ဖွဲ့ကသာ နိုင်ငံအဆင့် အပစ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးထားသေးသည်။ သို့သော် နိုင်ငံ၏ သမိုင်းကြောင်းတွင် အရေးကြီးဆုံး အကူးအပြောင်းကာလကို ဖြတ်သန်းနေရဆဲအခြေအနေတွင် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် သာမန်အခြေအနေရောက်ရှိရေးအတွက် တစ်စိတ်တစ်ပိုင်းသော NCA ဖြင့် ဖော်ဆောင်၍မရနိုင်ပါ။ ကချင်နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားသည့် ပဋိပက္ခများနှင့် တိုက်လေယာဉ်များအပါအဝင် တပ်မတော်၏ စစ်ဘက်အရင်းအမြစ်များကို အမြောက်အမြားအသုံးပြုမှုများက နိုင်ငံရေးအရ ကျေလည်မှုရရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး အလှမ်းဝေးနေဆဲဖြစ်ကြောင်း ဖော်ပြနေသည်။ အဖြေများစွာ ရှာခဲ့ အဆိုပြုခဲ့ကြပြီးဖြစ်သော်လည်း သီအိုရီနှင့် အသေးစိတ်ပိုင်းတွင် ရှုပ်ထွေးနေဆဲဖြစ်သည်။ ကျွန်တော့်အနေဖြင့် ပထမ ဦးဆုံး ဆောင်ရွက်သင့်သည်ဟု ယူဆသည်မှာ အချင်းချင်း တိုက်ခိုက်နေသော အုပ်စုများအကြား “လက်ခံထားသည့် တန်ဖိုးများ” ဟုပဲဆိုဆို မည်သည့် အယူအဆ ကွဲပြားမှုများက မပြီးပြတ်နိုင်သည့် ရန်လိုမှုနှင့် ပဋိပက္ခများဖြစ်စေရသည့် အဓိကအချက်ဖြစ်သနည်းဟူသည့်အချက်ကို ဖော်ထုတ်ရမည်အချိန်ဖြစ်သည်ဟု ယူဆပါသည်။ နိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုရေးတွင် အခြေခံကျသည့် အချက်များကို ရှာဖွေရာတွင် ကျွန်တော်တို့ အချင်းချင်းအကြား ရင်ကြားစေ့သင့်မြတ်ရေးနှင့် နားလည်မှုကို တည်ထောင်နိုင်မည့် နည်းလမ်းအား ဖော်ထုတ်သင့်ပါသည်။ ယနေ့ ဗမာ/မြန်မာဖြစ်သာသည့် နိုင်ငံရေး အစုအဖွဲ့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု သို့မဟုတ် ဝေမျှပါဝင်နေသည့် သမိုင်းကြောင်းကိုမှ သဘောမတူညီနိုင်ကြလျှင် အဖြေမှန် ရှာဖို့ ခက်ပါလိမ့်မည်။ တိုင်းရင်းသားများ၏ ရှုထောင့်မှ ကြည့်လျှင် ဗမာအများစု ပါဝင်နေသည့် တပ်မတော်၏ အချုပ်အခြာအာဏာပိုင်ပါသည်ဟု ကိုယ့် ဘာသာ ကိုယ် ကြွေးကြော်နေခြင်းသည် လျော်ကန်သင့်မြတ်မှုမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကိုယ်တိုင်လည်း တန်းတူဝေစုတစ်ခုကို ပိုင်ဆိုင် နေသည်ဟု ယူဆနေပြီး၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်နေသည့် ဤကဲ့သို့သော နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာမှာ ပူးပေါင်း ခွဲဝေ ထားရ မည်ဟု ယူဆသောကြောင့်ဖြစ်သည်။ ထို့အတူ နေပြည်တော်တွင် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားရုပ်ထုများ မြင့်မားစွာ ထုလုပ် တန်ဆာဆင်ထားသည့် အခြေအနေမှတစ်ဆင့် တွေ့မြင်ရသည့် အနော်ရထာခေတ်ကတည်းက တစုတစည်းတည်းသော နိုင်ငံတော် အဖြစ် ရှိခဲ့သည်ဟူသည့် တပ်မတော်၏ ယနေ့မြန်မာနိုင်ငံကို ပုံဖော်မှုမှာလည်း ပိုမို သိမြင်နားလည်မှုရှိပြီး ဖက်ဒရယ်စနစ်ကို ဦးတည်သည့် အပြောင်းအလဲကို မျှော်မှန်းနေသည့် မတူညီသော တိုင်းရင်းသားအုပ်စုများအကြား မျှော်လင့်ချက်များကိုလည်း အားမကောင်းစေပါ။ ဆန့်ကျင်ဘက်အားဖြင့် တိုင်းရင်းသားအုပ်စုများသည် ဗမာနိုင်ငံကို သူတို့ကိုယ်တိုင် စိတ်လိုလက်ရ ပါဝင် တည်ထောင်ခဲ့သော၊ သူတို့လည်း တန်းတူပြောရေးဆိုခွင့်ရှိရမည်ဖြစ်သော ခေတ်သစ် နိုင်ငံရေး အစုအဖွဲ့ အသစ်တစ်ခုဖြစ်ရမည်ဟူသည့် အမြင်ရှိကြသည်။ သေချာသည်မှာ သူတို့ကိုယ်သူတို့ ပဝေသဏီက စစ်ရေးသမိုင်းကြောင်းကို အတင်းသွတ်သွင်းနေသည့် တပ်မတော်၏ လက်အောက်ခံအဖြစ် မရှုမြင်ပေ။ ထို့အတူပင် ဗမာအများစု လွှမ်းမိုးထားသည့် မျက်မှောက်ခေတ် တပ်မတော်သည် တိုင်းရင်းသားဒေသများသို့ ဝင်ရောက်ပြီး အချုပ်အခြာ အာဏာကို ကာကွယ်ရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲစေရန်ဟူသည့် အကြောင်းပြချက်များဖြင့် စစ်ဆင်ရေးများ ဆောင်ရွက် နေသည်။ ထိုအကြောင်းပြချက်များသည် ထိုစစ်ဆင်ရေးများသည် မိမိတို့၏ နယ်မြေများအား ကျူးကျော်သိမ်းပိုက်မှုများနှင့် စစ်ပြုမှုများ သာ ဖြစ်ပြီး ပြန်လည်ခုခံရမည်ဟု ယူဆနေသည့် ဒေသခံများအတွက် ယုတ္တိလည်းမရှိသလို နားကလောစရာဖြစ်လာစေခဲ့သည်။ သို့သော် ထိုအခြေအနေသည် မျှော်လင့်ချက် လုံးလုံးမဲ့သည့် အခြေအနေမျိုးတော့ မဟုတ်ပေ။ အပြောင်းအလဲကို မျှော်ကိုးသည့် စိတ်အား ထက်သန်မှုများမှာ နိုင်ငံအနှံ့အပြားတွင် သိသိသာသာ မြင်တွေ့နေရသည်။ လူငယ်မျိုးဆက်သစ်များတွင်လည်း တွေ့နေရသည်။ “ဒုတိယ ပင်လုံ” ခေါ်ပြီး တိုင်းရင်းသား ပဋိပက္ခများကို ဖြေရှင်းရန်အတွက် ၂၁ ရာစု ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်မည်ဆိုလျှင် အတူတကွ ညီညီ ညွတ် ညွတ် ယှဉ်တွဲ တည်ရှိ နေထိုင်နိုင်မည့် လူ့အဖွဲ့အစည်းကို ထူထောင်ရန် ပထမခြေလှမ်းကို စနိုင်မည်ဖြစ်သည်။ ယခုအခါ ဒေါ်အောင်ဆန်း စုကြည်ကို လူထု၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို လိုလားမှုကို ဖော်ဆောင်ရန်အတွက် လူထုမှ အသိအမှတ်ပြု အာဏာအပ်နှင်းလိုက်ပေပြီ။ နိုင်ငံရေး အပြောင်းအလဲ ပိုမိုထိထိရောက်ရောက် ဖြစ်ပွားနိုင်ရန်အတွက် အရှိန်အဟုန်ကောင်း ရလာနေပြီဟုလည်း နိုင်ငံသားအများစုက ယုံကြည်နေကြသည်။ လက်ရှိအချိန်တွင် တပ်မတော်၏ တုံ့ပြန်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်များကမူ အနာဂတ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပိုမိုကြီးမားများပြားစွာ ပြုလုပ်နိုင်ရေး ပြင်ဆင်နေကြပြီဖြစ်သည်။ လက်ရှိအချိန်တွင် အသစ်ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို ဦးသိန်းစိန်လက်ထက်က ပြဌာန်းခဲ့သည့် တိုင်းရင်းသား လူမျိုးများ အကာအကွယ်ပေးရေး ဥပဒေက အပ်နှင်းထားသည်ထက်ပိုသည့် အခွင့်အရေးများ လုပ်ပိုင်ခွင့်များ အပ်နှင်းပြီး အားကောင်း မောင်းသန်ဖြစ်စေရန်အတွက် ဆောင်ရွက်နိုင်ပါသည်။ ဥပမာအားဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို လက်ရှိ လွှတ်တော်သက်တမ်းအတွင်း မြန်နိုင်သမျှ မြန်မြန် ဖော်ဆောင်နိုင်ရန်အတွက် တပ်မတော်က ထိန်းချုပ်ထားသည့် ပြည်ထဲရေး၊ ကာကွယ် ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအပြင် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများကို တွန်းအားပေးခြင်း၊ ညှိနှိုင်းခြင်း၊ ပူးပေါင်း ဆောင် ရွက်ခြင်းတို့ ပြုလုပ်နိုင်သည့် လုပ်ပိုင်ခွင့်များ အပ်နှင်းထားနိုင်သည်။ အကျဉ်းချုပ်ဆိုရသော် ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်သည့် စိတ်ပျက်ဖွယ်အဖြစ်အပျက်များနှင့် ဒုက္ခများကို ခံစားခံရပြီးနောက် အဘက်ဘက်မှ ခေါင်းဆောင်များနှင့် သက်ဆိုင်ရာ အစုအဖွဲ့များကသာ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး၊ ပြုပြင်ပြောင်းလဲရေးကို အမှန် တကယ်ဖော်ဆောင် ကြမည်ဆိုပါက နိုင်ငံသည် ကောင်းမွန်သော အပြောင်းအလဲကို ဦးတည်သွားမည်ဖြစ်ပါသည်။ ဤနေရာတွင် စိတ် စေတနာမှန်မှု၊ နိုင်ငံရေး စိတ်ဆန္ဒရှိမှုနှင့် ညှိနှိုင်းအဖြေရှာရန် အမှန်တကယ်လိုလားမှု များသည် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို ကျော် ဖြတ်ရန်အတွက် မဖြစ်မနေလိုအပ်သော အရာများဖြစ်ပါသည်။ ထိုအရာများမရှိပါက ပြီးခဲ့သည့် နိုင်ငံရေး အခင်းအကျင်း အဆက်ဆက်တွင် ကြုံတွေ့ခဲ့ရသလိုပင် ငြိမ်းချမ်းရေး၊ ညီညွတ်မျှတရေးနှင့် တရားဥပဒေစိုးမိုးရေးဟူသည့် အစဉ်တစိုက်မျှော်မှန်းလာခဲ့ကြသည့် မျှော်လင့်ချက် များကို အနားမသီနိုင်ပဲ တဝဲလည်လည် ဖြစ်နေမည်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ရာတွင် သမိုင်းတလျောက် ပဋိပက္ခများကို ဖြစ်ပွား စေခဲ့သည့် သက်ဆိုးရှည်နေစေခဲ့သည့် အယူအဆ မတူကွဲပြားမှုများကို ပေါင်းကူးနိုင်မည့် နည်းလမ်းများကို အစုအဖွဲ့အားလုံးက ရှာဖွေ ဖော်ထုတ်ကြရန် အရေးကြီးပါသည်။ ထိုလုပ်ငန်းကို နိုင်ငံ၏ အာဏာနှင့် အရင်းအမြစ် ခွဲဝေမှု လိုအပ်ချက်နှင့် ၎င်းမှ ရရှိမည့် နှစ်ဖက် အကျိုးအမြတ်များကို လက်ခံအသိအမှတ်ပြုခြင်းကို အခြေခံသည့် အပြုသဘော ဆွေးနွေးမှုဖြင့် ယှဉ်တွဲဆောင်ရွက်နိုင်ပါသည်။ ထိုအရာ ကား လက်တွေ့ကျကျ ဆောင်ရွက်နိုင်သည့်အပြင် လွတ်လပ်ရေးခေတ် ခေါင်းဆောင်များ သဘောတူခဲ့၊ မျှော်မှန်းခဲ့ကြသော အရာလည်း ဖြစ်ပါသည်။ စိုင်းဝန်းဆိုင်သည် ရှမ်းနိုင်ငံရေး လေ့လာသုံးသပ်သူဖြစ်ပြီး Shan Democratic Union ၏ အထွေထွေ အတွင်းရေးမှူးဟောင်း တစ်ဦးလည်းဖြစ်သည်။ ဤသုံးသပ်ချက်သည် ဆွီဒင်မှ ရန်ပုံငွေထောက်ပံ့ပေးထားသည့် စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ https://www.tni.org/en/node/23003 |
|
မြို့သန့်ရှင်းရေးအတွက်မိုင်းရှူးလူငယ်များ စုပေါင်းအမှိုက်ကောက် Posted: 02 May 2016 08:48 AM PDT မိုင်းရှူးလူငယ်များဦးဆောင်ကာ မြို့တွင်းသာယာသန့်ရှင်းရေးအတွက်ရည်ရွယ်ပြီး မြို့နေလူထုစုပေါင်း၍ မြို့တွင်းအထင်ကရနေရာများအား အမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည် ။
ကမ္ဘာကျော် ပတ္တမြားထွက်ရှိရာ မိုင်းရှူးမြို့ရှိ မြို့လယ် နမ့်င ချောင်းဘေး ၂ ဘက်နှင့်မြို့လယ်ဘုရားကျောင်းကြီးတို့တွင် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က မိုင်းရှူးမြို့လူငယ်များက အမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်ကြခြင်းဖြစ်ရာ လူငယ် ၊ လူထု ၊ အစိုးရဝန်ထမ်းများပူးပေါင်းပါဝင်ရာ လူအင်အား ၃၀၀ ထက်မနည်း ရှိကြောင်း မိုင်းရှူးမြို့လူငယ် နန်းယိင်းက သျှမ်းသံတော်ဆင့်အားပြောပြသည် ။ “ မိုင်းရှူးမြို့မှာနေထိုင်တဲ့ လူထုအားလုံးနဲ့ အနာဂတ်မျိုးဆက်သစ် လေးတွေ သန့်ရှင်းသာယာမှုကိုတန်ဖိုးထားတတ်အောင် အမှိုက်တွေကိုစနစ်တကျ ပစ်တတ်အောင် စုပေါင်းသန့်ရှင်းရေးပြုလုပ်တတ်အောင် စတာတွေကိုရည်ရွယ်ပါတယ် ” ဟု ဆိုသည် ။ မိုင်းရှူးမြို့လူငယ်များအဖွဲ့သည် ၂၀၁၄ ခုနှစ်ကတည်းကစပြီးအပတ်စဉ် စနေနေ့တိုင်း မြို့တွင်းအမှိုက်သရိုက်ရှင်းလင်းမှုကို စတင်လှုပ်ရှားဆောင်ရွက်လာခဲ့ပြီး တိုက်ပွဲများနှင့်ဒေသတွင်းအခြေအနေများကြောင့် လှုပ်ရှားမှု ရပ်နားသွားခဲ့ရာ ၂၀၁၆ နှစ်ဦးပိုင်းမှသာ ပြန်လည်အကောင်အထည်ဖော်လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်ဟုလည်း လူငယ်တဦးဖြစ်သည့် အေးခမ်းက ဆိုပါသည် ။ “ ပတ်ဝန်းကျင်သန့်ရှင်းမှ ကျန်းမာရေးကောင်းမွန်မယ်ဆိုတော့ အမှိုက်ကောက်ဖို့ သန့်ရှင်းရေးလုပ်ကြဖို့ တိုက်တွန်းတယ် ။ ကျမတို့အမှိုက်ကောက်တာကိုတချို့ကလည်းအကောင်းမြင်တယ် ။ တချို့ကလည်းအကောင်းမမြင်ဘူး ။ လူထုတရပ်လုံးပါဝင်လာအောင် ၊ အားလုံးကကျမတို့လှုပ်ရှားမှုအပေါ် နားလည်လာအောင် တော်တော်လေးအချိန်ပေးလုပ်ဆောင်ခဲ့ရပါတယ် ။ အားလုံးကတော့ သဘာဝပတ်ဝန်းကျင်ကောင်းမွန်လာအောင် ၊ ရေမြေတောတောင်စိမ်းလန်းစိုပြေလာအောင်အတွက်ဘဲဖြစ်ပါတယ် ။ ဒါတွေလုပ်ဆောင်ဖို့ အားလုံးမှာတာဝန်ရှိပါတယ် ။” နန်းယိင်းကပြောသည် ။ မိုင်းရှူးမြို့တွင်းအမှိုက်ကောက်သန့်ရှင်းရေးစတင်လုပ်ဆောင်စဉ်ကပူးပေါင်းပါဝင်သူ ၅၀ ခန့်သာရှိသော်လည်းလက်ရှိတွင် ပူးပေါင်းပါဝင်သူ ၃၀၀ ထက်မနည်းရှိကြောင်း ၊ ရှေ့ဆက်တွင်လည်း မြို့တွင်းစုပေါင်းသန့်ရှင်းရေးကို ၁ လ လျင် ၂ ကြိမ်ပြုလုပ်သွားရန်စီစဉ်ထားကြောင်း သိရသည် ။ အရည်အသွေးမြင့်ကျောက်နှင့် ပတ္တမြားထွက်ရှိရာ မိုင်းရှူးမြို့တွင် မြို့တွင်းရပ်ကွက် ၄ ခုရှိပြီး မြို့ခံလူထုအပြင် ဒေသအသီးသီးမှ လာရောက်နေထိုင် အလုပ်လုပ်ကိုင်သူများဖြင့် စည်ကားလျက်ရှိပါသည် ။ |
|
TNLA နှင့် RCSS/SSA ကြားတိုက်ပွဲများဆက်လက်ဖြစ်ပွါး ငြိမ်းချမ်းစွာဆွေးနွေးလိုကြောင်း RCSS ထုတ်ပြန် Posted: 02 May 2016 04:58 AM PDT မလ ၁ ရက်နေ့က ဖြစ်ပွါးခဲ့သော RCSS/SSA နှင့် တအာင်းတပ်မတော်တို့ကြား တိုက်ပွဲနှင့်ပတ်သက်၍ RCSS/SSA ဘက်က ကြေငြာချက်တစောင် ထုတ်ပြန်လိုက်သည် ။
အဆိုပါကြေငြာချက်တွင် အချက် ၃ ချက်ပါရှိပြီး - နှစ်ဘက်အကြားပဋိပက္ခများအား ငြိမ်းချမ်းစွာညှိနှိုင်း ဆွေးနွေးအဖြေရှာရန် မျှော်လင့်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် အကျိုးဆောင်ရွက်ပေးမည့် UNFC နှင့် UWSA တို့ ၏ လက် ကမ်း မှုကို ဝမ်းမြောက်ကြိုဆိုကြောင်း RCSS မှ စာရေးသားပေးပို့ ခဲ့ပြီးဖြစ်ကြောင်းလည်း ဖော်ပြထားသည် ။ “ ကျနော်တို့ RCSS နဲ့ TNLA ၂ ဖွဲ့ကြားထဲကိုဝင်ရောက်ဖြေရှင်းပေးမယ်လို့ UNFC တို့ဘက်က ကမ်းလှမ်းလာတဲ့အပေါ် ၊ ၀ တပ်ဖွဲ့ဘက်က ကြေငြာချက်တွေထုတ်ပြန်လာတဲ့အပေါ်ကျနော်တို့ဝမ်းသာကြောင်းနဲ့ လက်ခံကြောင်း ဧပြီလ ၂၆ ရက်က ကျနော်တို့အစည်းအဝေးထိုင်ပြီး စာပြန်ပါတယ်။ ကျနော်တို့ ငြိမ်းချမ်းစွာနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာလိုပါတယ်” - ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက သျှမ်းသံတော်ဆင့်အားပြောသည် ။ သို့သော် ပြီးခဲ့သည့် မေလ ၁ ရက်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် တအာင်းတပ်ဖွဲ့တို့ကြား သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆိုင်းလိန်ကျေးရွာအုပ်စု (ပန်ခါး) လွယ်ဟွမ် ၊ မန့်ဝီး ၊ ဝိန်းမွန်း ၊ ဆိုင်းလိန်ကျေးရွာတို့တွင် တို့တွင် တိုက်ပွဲများဖြစ်ပွါးခဲ့သည်ဟု ဆိုပါသည် ။ ၎င်းနှင့်ပတ်သက်ပြီး RCSS / SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက “ ကျနော်တို့ကတော့ တအာင်းတပ်ဖွဲ့ကို ကျနော်တို့ရဲ့ ရန်သူလို့ ဘယ်တော့မှ သဘောမထားဘူး ။ ကျနော်တို့ တမြေတည်းနေ တရေးတည်းသောက်လာတဲ့ညီကို သွေးချင်းတွေပါ ။ ဘာပြသနာဘဲဖြစ်ဖြစ် စစ်ရေးနည်းနဲ့ဖြေရှင်းလို့မပြီးနိုင်ပါဘူး။ မငြိမ်းချမ်းနိုင်ပါဘူး။ ကျနော်တို့ ငြိမ်းချမ်းသောတွေ့ဆုံ ဆွေးနွေးရေးနည်းလမ်းနဲ့ ဖြေရှင်းသွားဖို့မျှော်လင့်ပါတယ် ” ဟု သျှမ်းသံတော်ဆင့်အားပြောသည် ။ အဆိုပါကြေငြာချက်၏ တတိယအချက်တွင်မူ RCSS/SSA အား TNLA ဘက်မှ ထပ်မံထိုးစစ်ဆင် စတင်တိုက်ခိုက်ခြင်းမှာ ငြိမ်းချမ်းစွာတွေ့ဆုံညှိနှိုင်းအဖြေရှာ လိုသည့်ဆန္ဒမရှိဟု ပါရှိပါသည် ။ တအာင်းတပ်မတော်ဘက်ကမူ မတ်လနှင့် ဧပြီလ အတွင်းတွင် မိမိဒေသပြည်သူများ၏ စားဝတ်နေရေးအတွက် အားထား ရသော လက်ဖက်ခူးရာသီတွင် တိုက်ပွဲဖြစ်ပွားမှုမရှိစေရေးရှောင်ကာ RCSS/SSA တပ်ဖွဲ့မှ တအာင်းတပ် မတော်လှုပ်ရှားနယ်မြေအတွင်း နယ်မြေပိုမိုတိုးချဲ့လှုပ်ရှားလာခြင်း ၊ အခိုင်အမာတပ်စခန်းတည်ဆောက်လာခြင်း ပြုလုပ်လာသဖြင့် တိုက်ပွဲပြန်လည်ဖြစ်ပွားရခြင်း ဖြစ်သည် - ဟု ထုတ်ပြန်ထားပါသည် ။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း အစိုးရသစ်နှင့်ငြိမ်းချမ်းရေးအတွက် တရားဝင် ကမ်းလှမ်းမှု မရှိသေးသော်လည်း TNLA ဘက်က ဆွေးနွေးလိုကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော် က ပြောပြဖူးသည် ။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည် ဦးသိန်းစိန်အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး တပြည်လုံးအပစ် အခတ်ရပ်စဲရေး စာချုပ် NCA တွင်လည်းလက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပါသည် ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှာမူ မည်သည့်နေရာတွင်မျှ လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်အဖွဲ့ဖြစ်ပါသည် ။ |
|
၂၁ ရာစု ပင်လုံညီလာခံကြီးအတွက် RCSS နှင့် KNU ခေါင်းဆောင်တို့ ဆွေးနွေး Posted: 02 May 2016 03:57 AM PDT ဧပြီလ ၃၀ ရက်မှ မေလ ၂ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး တို့၏ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုပြုခဲ့ကြသည် ။
၃ ရက်တာဆွေးနွေးပွဲတွင် ၂၁ ရာစုပင်လုံညီလာခံကြီး ကျင်းပရေး ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းချက်အပေါ်ဆွေးနွေးညှိနှိုင်း အစီအစဉ်ချမှတ်ခဲ့ကြကြောင်း ဆိုပါသည် ။ အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအတိုင်ပင်ခံ ဦးခွန်စိုင်းက ဤကဲ့သို့ပြောသည် ။ “ ဒီ ၂ ဖွဲ့က ၁၉၉၆ ကတည်းက မဟာမိတ်တွေလေ ။ သူတို့အမြဲတွေ့နေကျဘဲ ။ အခုတွေ့ဆုံမှုက ချင်းမိုင်မြို့မှာ Federal သင် တန်းရှိ မယ် ။ အဲတာအတွက်ဆွေးနွေးတယ် ။ နောက်ပြီးတော့ ၂ ဖွဲ့လုံးရဲ့ခေါင်းဆောင်က EAO ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဦး ဆောင် အဖွဲ့မှာ အဖွဲ့ခေါင်းဆောင်နဲ့ ဒုအဖွဲ့ခေါင်းဆောင်တွေလေ ။ သူတို့ကို မတ်လကတည်းက ရွေးကောက်တင်မြောက်ပြီး ကတည်းက မတွေ့ရသေးတော့ အခုတခေါက်ပြန်တွေ့ကြတာပါ ။ အဓိကကတော့ ၂၁ ရာစုပင်လုံညီလာခံကြီး ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းချက်အပေါ်ဆွေးနွေးညှိနှိုင်း အစီအစဉ်ချမှတ်ကြတာဖြစ်တယ် ” - ဟု ဦးခွန်စိုင်းကပြောသည် ။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် နှင့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တို့အား ၂၀၁၆ မတ်လ ၂၄ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်မြောက် NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့ထိပ်သီးအစည်းအဝေး ၌ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO-PPST ကို ဦးဆောင်သွားရန် ရွေးကောက်တင်မြောက်ခဲ့ခြင်းဖြစ်ပါသည် ။ |
|
အမျိုးသား ရင်ကြားစေ့ရေးမှသည် အင်အားတောင့်တင်းသော နိုင်ငံသို့ Posted: 02 May 2016 03:51 AM PDT မိန့်ခွန်းနှစ်ခု ၊ သမိုင်းအဆက်အစပ်
ယခုရက်ပိုင်းအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မိန့်ခွန်းနှစ်ခုကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည် ။ ပထမမိန့်ခွန်းမှာ နှစ်သစ်ကူး မိန့်ခွန်း ။ ဤမိန့်ခွန်းတွင် အရေးကြီးဆုံး လုပ်ငန်းစဉ် ငါးရပ်ကို ခင်းပြပြီး ဤအထဲမှ ‘ အမျိုးသားရင်ကြားစေ့ရေး ’ ၏ အခန်းကို အလေးထား ထောက်ပြခဲ့သည်။ နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံသော ဒုတိယ မိန့်ခွန်းမှာမူ ‘ မြန်မာနိုင်ငံကို အင်အားတောင့် တင်း သောနိုင်ငံ ဖြစ်အောင် တည်ဆောက်မည် ’ ဟု ဆိုသည် ။ စာရေးသူက ဆိုခဲ့ပါ မိန့်ခွန်းနှစ်ရပ်ကို ချိတ်ဆက်ကြည့်လိုက်ရာ ‘အမျိုးသား ရင်ကြားစေ့ရေးဖြင့် အင်အားတောင့် တင်းသောနိုင်ငံ တည်ဆောက်မည်’ ဟု နားလည်လိုက်သည် ။ ဤသဘောကို သမိုင်းအဆက် ဆက်ဖြင့် ချိတ်ဆက်ကြည့်လိုက်ရာ လေးနက်ထူးခြားသော အဓိပ္ပာယ်များ ရှိလိမ့်မည်ဟုလည်း ယူဆသည် ။ မြန်မာ့ခေတ်သစ် သမိုင်းတွင် ‘ အမျိုးသားစည်းလုံးညီညွတ်ရေး ရွှေခေတ် ’ ဆို၍ ရှားရှားပါးပါး တစ်ကြိမ်တစ်ခါသာ ရှိခဲ့သည်ဟု စာရေးသူ နားလည်ထားသည်။ ဤကာလမှာ ‘ ဖက်ဆစ်တော်လှန်ရေး အကြိုကာလနှင့် ဖက်ဆစ်တော်လှန်ရေးအပြီး အမျိုးသားလွတ်လပ်ရေး ကြိုးပမ်းမှုကာလ ’ ပင်ဖြစ်သည် ။ ဤကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းအနေနှင့် မြန်မာ့နိုင်ငံရေး အင်အားစုအားလုံးကို ‘ ဖဆပလ ’ ဆိုသော တပ်ပေါင်းစု အလံအောက် ဆွဲစုထားနိုင်ခဲ့သည် ။ မူလက အင်အားစုသုံးခု (မြန်မာပြည် ကွန်မြူနစ်ပါတီ ၊ ပြည်သူ့အရေးတော်ပုံ ပါတီနှင့် ဗမာ့တပ်မတော်) ဖြင့် စခဲ့သော ဖဆပလကြီးမှာ စစ်ပြီးခေတ်တွင် ထင်ရှားသော တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များ အပါအဝင် ပါတီအဖွဲ့ အစည်း ၁၅ ခုဖြစ်လာသည် ။ ဤအထဲတွင် တိုင်းရင်းသား အဖွဲ့အစည်းများပါ ပါလာသည် ။ အကျိုးဆက်ကား ကမ္ဘာကျော် ဖက်ဆစ်တော် လှန်ရေးကြီးကို အနိုင်တိုက်နိုင်ခဲ့ခြင်းနှင့် စစ်ပြီးခေတ် တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရလိုက်ခြင်းပင် ဖြစ်သည် ။ သို့နှင့်တိုင် အမျိုးသားရင်ကြားစေ့ရေးကို ဦးဆောင်ကြိုးပမ်းခဲ့သော ဗိုလ်ချုပ်အောင်ဆန်းမှာ လွတ်လပ်ရေး လမ်းခုလတ်မှာပင် ကျဆုံးခဲ့ရာ ဗိုလ်ချုပ်အားပြုခဲ့သော ဖဆပလအဖွဲ့ကြီးမှာလည်း တပ်ပေါင်းစုစခန်းမှ လျှောကျပြီး ပါတီသက်သက်အဖြစ် အရာကျသွားခဲ့ရသည် ။ အကျိုးဆက်ကား လွတ်လပ်ရေး ကြေညာအပြီး သုံးလမျှမပြည့်သေးမီမှာပင် အမျိုးသား စည်းလုံးညီညွတ်ရေး ပြိုကွဲခြင်းမှ ညီအစ်ကိုချင်း တိုက်ကြသည့် ပြည်တွင်းစစ်နှင့် ရင်ဆိုင်တိုးခဲ့ရခြင်း ဖြစ်သည် ။ ထိုအချိန်လောက်မှစ၍ မြန်မာ့နိုင်ငံရေးတွင် မကွဲဖူးသည့်ပါတီ ဆို၍ မရှိသလောက် ရှားခဲ့ရာ ယခုထက်တိုင်ပင် ဖြစ်တော့သည် ။ ဤအခြေ အနေတွင် ‘ သမီးအောင်ဆန်း ’ က ‘ အမျိုးသား ရင်ကြားစေ့ရေးကို အလေးထား တည်ဆောက်ပြီး အင်အား တောင့် တင်း သောနိုင်ငံ ဖြစ်စေရမည် ’ ဟု ကြုံးဝါးလိုက်ရာ စာရေးသူမှာ အမှန်ပင် အားတက်မိသည် ။ ‘ အမျိုးသားရင်ကြားစေ့ရေး ’ နှင့် ပတ်သက်သော စာရေးသူ စဉ်းစားမိသမျှကိုလည်း ဉာဏ်မီသမျှ ပြောပြလိုသည် ။ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး လက်ရှိမြန်မာနိုင်ငံတွင် ရှိနေသော ပဋိပက္ခများမှာ အနှံ့အပြားသဘော ဆောင်သည်ဟု ထင်သည် ။ ဤမျှများမြောင် ၊ ရှုပ်ထွေး ၊ ပွေလီလှသော ပြဿနာရပ်များကို အရေးကြီးသည့် အတိုင်းအတာအရ တစ်ခုချင်း ဆန်းစစ်သွားလိုသည် ။ ပထမဆုံးပြဿနာ သို့မဟုတ် ပဋိပက္ခမှာ ‘ အရပ်ဘက် ၊ စစ်ဘက်ဆက်ဆံရေး ’ ပင်ဖြစ်သည် ။ တစ်နည်းဆိုလျှင် ဆိုးဆိုးဝါးဝါး ထိခိုက်ပွန်းပဲ့နေသော အရပ်ဘက်နှင့် စစ်ဘက်ကြား ဆက်ဆံရေးကို ပြန်လည် ရင်ကြားစေ့နိုင်ဖို့ ဖြစ်သည် ။ ဤကိစ္စကို ‘ နံပါတ် (၁) ’ အဖြစ် သဘောယူရသည်မှာ ဤပြဿနာ ကိုသာ ပြေလည်အောင် မညှိနှိုင်းလျှင် လက်ရှိ ဒီမိုကရေစီအပြောင်းအလဲ ကိုယ်တိုင်သည်ပင် အချိန်မရွေး နောက်ကြောင်း ပြန်နိုင်သောကြောင့်ဖြစ်သည် ။ ရယ်ဒီကယ်အယူအဆများ ဩဇာကြီးခဲ့ဖူးသော မြန်မာ့နိုင်ငံရေးတွင် ‘ အရပ်ဘက် ၊ စစ်ဘက်ဆက်ဆံရေး ’ ဆိုသည်မှာ ဝေါဟာရအသစ်လို ဖြစ်နေသည် ။ အယူအဆအသစ်လို ဖြစ်နေသည် ။ မကြာသေးခင်ကာလ လောက်အထိ ဤပြဿနာကို ‘ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ’၊ ‘ စစ်ကျွန်စနစ် အမြစ်ဖြတ်ရေး ’ စသည် စသည်များဖြင့် သုံးနှုန်း ပြောဆိုခဲ့ကြသည် ။ တကယ့်လက်တွေ့ တွင်လည်း ၁၉၄၈ လောက်မှစ၍ ‘ လက်နက်ကိုင်တိုက်ပွဲကို ဗဟိုပြု ကျန်တိုက်ပွဲ ပုံသဏ္ဌာန်များဖြင့် ပေါင်း စပ် ’ ဆိုသော နည်းပရိယာယ် လမ်းစဉ်ကိုသာ တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြသည် ။ တကယ့်အရှိတွင်မူ စစ်အာဏာရှင် စနစ်မှာ အားနည်းသွားရုံမျှမက ပို၍ ပို၍ အားကြီးလာရာမှ နောက်ဆုံး ဒီမိုကရေစီပါ အမြစ်ပြတ်သွား ခဲ့ရတော့သည် ။ အဆိုပါ ခါးသီး သည့် သင်ခန်းစာများကို ဆင်ခြင်ပြီး ‘ ရန်သူကို မိတ်ဆွေဖြစ် အောင် ပြောင်းကြရမည့် နှလုံးရည်တိုက်ပွဲကာလတွင် ’ ဆိုခဲ့ပါ အသုံးအနှုန်းနှင့် ဝေါဟာရများမှာ ခေတ်နှင့် စရွေးကိုက် မကိုက် စဉ်းစားသင့်ပြီထင်ပါသည် ။ အခုပဲကြည့် ...။ အစိုးရသစ်တာဝန်ယူပြီး ဘာမှမကြာသေးခင် ကာလအတွင်းမှာပင် လွှတ်တော်တွင်း တပ်မတော်သား အစု အဖွဲ့နှင့် အနည်းဆုံး သုံးကြိမ်မျှ ပွတ်တိုက်မှုများ ကြုံခဲ့ရသည် ။ ဖြစ်စဉ်တစ်ခုချင်းကို သုံးသပ်ကြည့်လျှင် ဘယ်လိုမှ ရှောင်မရ၍ မလွဲမရှောင်သာ ကြုံရသော ပွတ်တိုက်မှုများမဟုတ် ။ မိမိဘက်မှ အမျှော်မြင်ရှိရှိ သဘောထားကြီးကြီးနှင့် ပို၍သိမ်မွေ့နိုင်လျှင် ရှောင်နိုင်သည့်ကိစ္စတွေသာ များသည် ။ မည်သို့ပင် ရှိစေ အချိန်တိုအတွင်း ဤမျှပွတ်တိုက်မှုတွေ ကြုံနေရသည်မှာ ရေရှည် အတွက် မကောင်းလှပါချေ ။ ဤအချက်က ဘာကိုဖော်ပြနေသနည်း ဆိုလျှင် ယခုအခါ ‘ လက်နက်ကိုင်တော်လှန်ရေး ’ ဆိုသည် ကို ဘယ်သူမှ မပြောပြ တော့သော်လည်း စစ်တပ်ကိုဆော်လျှင် စကားလုံးပြောင်ပြောင် နှင့် တွယ်လျှင် လက်ခုပ်တီးချင်ကြဆဲ လေထုကား အခိုင်အမာရှိနေဆဲဟု ဆိုချင်သည် ။ ဤသို့သော လက်ခုပ်သံကြိုက်သည့် သို့မဟုတ် လက်ခုပ်သံ ချူလိုသည့် လေထုက စစ်ဘက်အရပ်ဘက် ဆက်ဆံရေးကို မည်ရွေ့မည်မျှ အကျိုးပြု မပြု စဉ်းစားကြဖို့လိုပြီ ထင်ပါသည် ။ ဖက်ဒရယ် သို့မဟုတ် လူမျိုးစုပြဿနာ အရေးပါမှု အတိုင်းအတာအရ ဆိုရလျှင် လူမျိုးစုပြဿနာကို ဒုတိယအဖြစ် တင်ပြလိုသည်။ လူမျိုးစုပြဿနာ ၊ တစ်နည်းဖက် ဒရယ် မူကို မဖြေရှင်းနိုင်ရာမှ ပြည်တွင်းစစ် သက်ဆိုးရှည်နေရခြင်း ဖြစ်သလို ပြည်တွင်းစစ် ရှိနေသရွေ့ ဒီမိုကရေစီ အမြစ်တွယ်ခိုင်မာဖို့ ခဲယဉ်းသည့် အတွက် ဤကိစ္စကို အရေးပါမှုအရ ဒုတိယနေရာ ထားရခြင်းဖြစ်သည် ။ ယခုအခါ NLD အနေနှင့် မိမိတို့ပါတီမှာ ဗမာပါတီသက်သက် မဟုတ် ။ လူမျိုးစုတိုင်းကို ကိုယ်စားပြုသော ပြည်ထောင်စုပါတီဟု အခိုင်အမာ ပြောဆိုထားသည် ။ ဤအတွက် သက်ဆိုင်ရာပြည်နယ် များတွင် တာဝန်ပေးထားသော သက်ဆိုင်ရာ လူမျိုးစုပါတီဝင်တွေကို ထောက်ပြသည် ။ ဤသို့သော လုပ်နည်းလုပ်ဟန်မျိုး ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီလည်း လုပ်ခဲ့ဖူးသည်ဖြစ်ရာ လူမျိုးစုများဘက်မှ စဉ်းစားစရာ အမှန်ပင်ရှိပါလိမ့်မည် ။ NLD အနေနှင့် မိမိပါတီ ကို ပြည်ထောင်စုပါတီ ဟုတ် မဟုတ် အသေအချာစိစစ်ဖို့ လိုမည်ထင်သည် ။ လူမျိုးစုပါတီများ ဆိုရာတွင် တရားဝင် မှတ်ပုံတင်ထားသော လူမျိုးစု နိုင်ငံရေးပါတီများ ရှိသလို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေကြသော လူမျိုးစု အဖွဲ့အစည်းတွေလည်း ရှိသည် ။ NLD အနေနှင့် လူမျိုးစုပါတီ များနှင့် ညှိနှိုင်း ဆောင်ရွက်သွား မည်ဟု ဆိုထားသည့်တိုင် တကယ်လက်တွေ့ တွင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲဝင် ပါတီများက လက်ရင်း ၊ ၂၀၁၀ ရွေးကောက်ပွဲ ဝင် ပါတီများကိုမူ လက်ဖျားသဘော ဖြစ်နေသည် ။ ၁၉၉၀ ရွေးကောက်ပွဲဝင်ပါတီများ ထဲမှ SNLD နှင့်ပင် ရှမ်းပြည်နယ် ဝန်ကြီး ချုပ် ကိစ္စ အကျေအလည် ညှိနှိုင်းနိုင်သည်မဟုတ် ။ နောက်ထပ် အားနာနာနှင့် ပြောရမည့်ကိစ္စ တစ်ခုမှာ NLD တာဝန် ရှိ သူတစ်ဦး (တမင်နာမည်မဖော်ခြင်း ဖြစ်ပါသည်) နှင့် Sky Net ရုပ်သံတို့၏ အင်တာဗျူးတွင် သူက ယခုလိုပြောသွားသည် ။ ‘ ဖက်ဒရယ် ဆိုတာကတော့ဗျာ ။ ဗဟိုအစိုးရက မူဝါဒချမယ် ။ ဒေသအစိုးရက လက်တွေ့အကောင်အထည်ဖော်မယ်။ ဒီလို သဘောပါပဲ ...” ဟူ၏ ။ သူပြောသည်မှာ ‘ ဖက်ဒရယ်မဟုတ် ’။ ‘ တစ်ပြည်ထောင် ’ ဖြစ်သည် ။ NLD တာဝန်ရှိသူအနေနှင့် ဒါမျိုးမှားလို့မရ ။ မကြာမတင်ကာလအတွင်း လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်း များနှင့် တွေ့တော့မည်ဟု ကြားနေရသည်။ ဤတွင် ယခင်အစိုးရ လက်ထက်က အမှားတစ်ခုကို သတိပေးလိုသည် ။ UMFCCI တွင် လုပ်ခဲ့သော ဆွေးနွေးပွဲတစ်ခုတွင် ဖြစ်သည် ။ အစိုးရတာဝန်ရှိသူ တစ်ဦးက ‘ ပြည်တွင်း သောင်းကျန်းမှု ’ ဟု အရိုးစွဲနေသော စကားလုံးဖြင့် ပြောဆိုခဲ့ရာ လက်နက်ကိုင် အင်အားစုများဘက်မှ အတော် မကျေမနပ်ဖြစ်ခဲ့ဖူးသည် ။ တကယ်လည်း လူမျိုးစုပြဿနာမှာ သောင်းကျန်းမှုမဟုတ်။ ဒီမိုကရေစီဘောင် အတွင်း ဖြေရှင်းခွင့် မရခဲ့ရာမှ ထွက်ပေါ်လာသော ပြည်တွင်းစစ်ဖြစ်သည်။ သို့အတွက် တာဝန်ရှိသော အစိုးရတစ်ရပ် အနေနှင့် ‘ သောင်းကျန်းမှု ’ ‘ အကြမ်းဖက်အဖွဲ့အစည်း ’ စသော အသုံးအနှုန်းမျိုးကို အထူးဂရု ဓမ္မထား ရှောင်ရပါလိမ့်မည် ။ ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား မတူသောသဘောထား အယူအဆအချို့ကို သတိပြုမိရာ NLD အနေနှင့် ကြားဝင်စေ့စပ်ပေးဖို့ လိုပါလိမ့်မည် ။ ဒီမိုကရက်တစ် အင်အားစုများကြား ညီညွတ်ရေး အရေးပါမှုအစဉ်အတိုင်း ဆိုရလျှင် တတိယနေရာတွင်ရှိသော ခေါင်းစဉ်တစ်ခုကိုမူ NLD ၏ ‘အမျိုးသားရင်ကြားစေ့ရေး’ တွင် မူလကတည်းက ပါဟန်မတူပါ ။ အခြားမဟုတ် ။ ‘ ဒီမိုကရက်တစ် အင်အားစုများကြား ညီညွတ်ရေး ’ ဖြစ်သည် ။ အမှန်စင်စစ် ဒီမိုကရေစီရေးအတွက် စွန့်လွှတ်အနစ်နာခံ ကြိုးပမ်း ဆောင်ရွက်နေကြသည်မှာ NLD တစ်ခုတည်း မဟုတ်ပါချေ ။ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ခေါင်းဆောင်သော ပါတီလို ၊ NLD နှင့် တစ်အူထုံဆင်း NDF လို အခြားဒီမိုကရက်တစ် ပါတီများလည်း ရှိနိုင်ပေသည် ။ (NDF မှာ NLD ကို စင်ပြိုင်လုပ်ခဲ့ သည်မဟုတ်။ NLD မှတ်ပုံတင် ကုန်ဆုံးတော့မှ မှတ်ပုံတင်ခဲ့သည့်ပါတီ ဖြစ်သည် ။ ဤသဘောကို ဆရာဦးဝင်းတင် မကွယ်လွန်မီက ပြောခဲ့ဖူးသည် ။) NLD အနေနှင့် ဆိုခဲ့ပါ ဒီမိုကရက်တစ်ပါတီများကို ဘယ်လို သဘောထားမည်နည်း။ NLD ဘက်မှ ‘ တပ်ပေါင်းစုနိုင်ငံရေး ’ ကို အပြီးတိုင် စွန့်လွှတ်လိုက်ပြီလော ...။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာနေသရွေ့ NLD ပါတီ စန်းတက်နေဦးမည်မှာ သေချာပါသည် ။ သို့နှင့်တိုင် မြန်မာ့ ဒီမိုကရေစီရေးမှာ မျှော်မှန်းသည်ထက် ပိုကြာနိုင်ရာ ဒေါ်အောင်ဆန်းစုကြည် အလွန် မြန်မာ့ဒီမိုကရေစီကို ဦးဆောင်ဖို့ တပ်ပေါင်းစုတစ်ခု လိုပါလိမ့်မည် ။ အရေးပါမှုအရ နောက်ဆုံးတွင်ရှိသည်မှာ ပြိုင်ဘက် USDP ပါတီနှင့် ရင်ကြားစေ့ရေးဖြစ်သည် ။ ဤကိစ္စကိုတော့ NLD က အလေးထားဟန် တူပါသည် ။ သို့တစေ ဦးသိန်းစိန်အုပ်စုနှင့်တော့ မဟုတ် ။ ဦးရွှေမန်း အုပ်စုနှင့်ဖြစ်သည် ။ အမျိုးသားစည်းလုံးညီညွတ်ရေး ပထမရွှေခေတ်ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့ပါသည် ။ ဗိုလ်ချုပ်ကွယ်လွန်ပြီး ၄၁ နှစ်အကြာ ၁၉၈၈ အရေးတော်ပုံကြီးတွင် ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည် ပေါ်လာသည် ။ ယခု သမီးအောင်ဆန်းက အမျိုးသားရင်ကြားစေ့ရေးဖြင့် အင်အားတောင့်တင်းသော နိုင်ငံတည်ထောင်မည်ဟု ကြွေးကြော်လိုက်ရာ အားတက်စိတ်ဖြင့် ယခုစာစုကို ရေးရခြင်းဖြစ်သည် ။ ဤစာစုကို ဆော့ခရတ္တိ၏ စကားတစ်ခွန်းဖြင့် နိဂုံးချုပ်ပါမည် ။ ယခုလို ...“ ကျွန်ုပ်သည်ကား နိုင်ငံတော်တည်းဟူသော ထွားကျိုင်းသန်မာသည့် မြင်းကောင်းကြီး လေးလံထိုင်းမှိုင်း မသွားရလေအောင် တစပ်စပ် ကိုက်ခဲနေရသည့် မှတ်ရဲ (Horsefly) တစ်ကောင်မျှသာ ဖြစ်ပါ၏ ...။ ” အမှန်စင်စစ် ‘ မှတ် ’ တစ်ကောင်မျှသာ ဖြစ်သော စာရေးသူကို ဆဲလိုက ဆဲကြပါကုန် ...။ ဆောင်းပါးရှင် - ကျော်ဝင်း |
|
“ ရွေးကောက်ပွဲအလွန်မျှော်လင့်ချက် ” ဆွေးနွေးပွဲ လားရှိုးမြို့တွင်ကျင်းပ Posted: 03 May 2016 09:08 AM PDT သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် USAID ၊ BNI တို့၏ပံ့ပိုးမှုဖြင့် သျှမ်းသံတော်ဆင့် သတင်းဌာနမှ “ ရွေးကောက်ပွဲအလွန် မျှော်လင့်ချက် ” ဟူသည့် ဒီဘိတ်ဆွေးနွေးပွဲကို မေလ ၃ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည် ။
အဆိုပါ ဒီဘိတ်ကို CS ဟော်တည်တွင် နံနက် ၉ နာရီက ၁၁ နာရီအထိကျင်းပရာ အဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်များအပြင် ဒေသခံလူငယ်များ စုစုပေါင်း ၈၀ နီးပါး တက်ရောက်နားထောင်ဆွေးနွေးခဲ့ပါသည် ။ ပင်တိုင်ဆွေးနွေးသူများမှာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ သိန္နီမြို့နယ် ပြည်နယ်အမှတ် ၂ ကိုယ်စားလှယ် စိုင်းစိန်လူ ၊ လားရှိုးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကော်မတီဝင် စိုင်းတူး ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ယက် ပြောခွင့်ရ စိုင်းနော်ဆိုင် နှင့် ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့ CBO မှ ပြောခွင့်ရှိသူ နန်းခိမ်ဝမ်း တို့ဖြစ်သည် ။ ဒီဘိတ်ဖြစ်မြောက်ရေးစီစဉ်သူ သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ စိုင်းမိဏ်းက - “ ရွေးကောက်ပွဲအလွန်မျှော်လင့်ချက် ဆိုတဲ့ ခေါင်းစဉ်က ကျယ်ပြန့်ပါတယ်။ ဆွေးနွေးခဲ့ပြီးတာကိုပြန်ကြည့်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရမယ် ။ ငြိမ်းချမ်းရေးအစစ် အမှန်ရရှိရမယ်။ အခွင့်အရေး တန်းတူရရှိရမယ် ။ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြသနာထက် အဓိက ပြသနာက တိုင်းရင်းသားပြသနာဖြစ်တယ် ဆိုတဲ့အဓိကအချက်ကြီးတွေကိုဆွေးနွေးခဲ့ကြပါတယ် ” ဟုပြောဆိုသည် ။ ဖွဲ့စည်းပုံပြင်ဆင်ရေးခေါင်းစဉ်တွင် - “ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်နေပြီ ။ ရှင်းရှင်းပြောရင် သူမဟာ အိမ်ကြီးအိမ်ကောင်းမှာ တက်နေနေတဲ့သူဖြစ်နေပြီလို့ ဆိုနိုင်ပါတယ် ။ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် သူ့ရဲ့အိမ်ကြီးကိုဖြိုပြီး အိမ်သေးသေးမှာ ဆင်းနေပါ့မလားဆိုတဲ့ သံသယ ရှိဖွယ် စဉ်းစားဖွယ်ဖြစ်တယ် ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် တိုင်းရင်းသားတွေဘယ်လောက်ထိ မျှော်လင့်ချက်ရှိနိုင်သလဲ ။ NLD ပါတီအတွက် အထူး အရေးပါတဲ့အချက်တွေကိုတော့ ပြင်ဆင်သွားဖွယ်ရှိတယ် - လို့ဆွေးနွေးသွားခဲ့ပါတယ် ” ဟု ပြန်လည်ပြောပြသည် ။ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းစိန်လူက - “ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ကိုပြင်မယ် လို့ယုံကြည်တယ် ။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ဆောင်သွားခဲ့တဲ့ ပင်လုံစာချုပ်အတိုင်း လိုက်သွားဖို့ဆိုတာ ၂၀၀၈ မပြင် ရင် ၊ အမျိုးသားရင်ကြားစေ့ရေးမရခဲ့ရင်တော့ ဘယ်လိုမှ လိုက်လုပ်နိုင်မှာမဟုတ်ဘူး ” - ဟုဆွေးနွေးခဲ့သည် ။ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေးဟူသည့်အချက်တွင်မူ - စစ်မှန်သောငြိမ်းချမ်းရေးမရရှိပါက ဒေါ်အောင်ဆန်းစုကြည် ပြောဆို သော ဒုတိယပင်လုံညီလာခံလုပ်ဆောင်ရန်အတွက် မဖြစ်နိုင်ကြောင်း ၊ ထို့ကြောင့် ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ အာဏာလက်ကိုင်ထားသောသူမအနေဖြင့် ဖြူစင်သောစေတနာထားရှိကာ စစ်တပ်နှင့်ညှိနှိုင်း၍ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး တဖွဲ့မကျန် လက်မှတ်ရေးထိုးခွင့်ရရန်နှင့် လူစုံတက်စုံပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်မှသာ စစ်မှန်သော ငြိမ်းချမ်းရေးရရှိမည်ဖြစ်ကြောင်း ဆွေးနွေးသွားခဲ့သည် ။ တန်းတူညီမျှသောအခွင့်အရေး ဟူသည့်ခေါင်းစဉ်တွင်မူ - တန်းတူအခွင့်အရေးဟူသည် ပင်လုံစာချုပ်မှ စတင်ပေါက်ဖွား လာ ကြောင်း ၊ ထိုစဉ်က နိုင်ငံတော်တည်ထောင်ရာတွင် ၈ ပြည်နယ်သာဖြစ်သင့်ကြောင်း ၊ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၈ ပြည်နယ် လက်မခံဘဲ ပင်လုံစာချုပ်အတိုင်း မလုပ်ဆောင်ပါက တန်းတူညီမျှမှု ဆောင်ရွက်ရာတွင်လည်းကောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတည်ဆောက်ရာတွင်လည်းကောင်း အခက်အခဲကြုံတွေ့ရမည်မှာမလွဲဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ သည် ။ အချက်နံပတ် ၄ ဖြစ်သော မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာ၏ အဓိကပြသနာမှာ တိုင်းရင်းသားပြသနာဖြစ်နေကြောင်း ဆွေးနွေး ချက်တွင်မူ - ပထမဆုံးခြေလှမ်းကိုကြည့်ပါက တိုင်းရင်းသားပြည်နယ်များ၏ ဝန်ကြီးချုပ်များကိုရွေးချယ်တင်မြောက်ရာတွင် သက်ဆိုင်ရာတိုင်းရင်းသားပါတီမှပုဂ္ဂိုလ်များကိုမရွေးချယ်ဘဲ NLD ပါတီမှပုဂ္ဂိုလ်များကိုသာရွေးချယ်တင်မြောက် ထားခြင်းမှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုထိခိုက်စေကြောင်း ဆွေးနွေးပြောဆိုကြပါသည် ။ ဒုတိယပင်လုံညီလာခံနှင့်ပတ်သက်၍ဆွေးနွေးရာတွင် - စစ်မှန်သောငြိမ်းချမ်းရေးကိုမရရှိပါက ဒုတိယပင်လုံ တတိယပင်လုံ ညီလာခံကြီး ဖြစ်လာရန် များစွာခက်ခဲမည်ဖြစ်ကြောင်းလည်းဆွေးနွေးခဲ့သည် ။ ထိုသို့သော ပြသနာများဖြင့်ပြည့်နှက်နေသည့်နိုင်ငံရေးအခြေအနေတွင် ၁ - တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက် ရန် ၊ ၂- ငြိမ်းချမ်းရေးတည်ဆောက်ရေးကို ဖြစ်မြောက်အောင် ပံ့ပိုးပေးရန် ၊ ၃- အတူတကွ နေထိုင်နိုင်ရေးအတွက်အထောက် အကူဖြစ်စေမည့်နည်းလမ်းကောင်းများရှာဖွေရန် စသည်တို့လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆွေးနွေးသွားခဲ့သည် ။ ဒီဘိတ်ဆွေးနွေးပွဲကို သျှမ်းဘာသာဖြင့်သာ ပြောဆိုကျင်းပခဲ့ပြီး သျှမ်းလူထု နိုင်ငံရေးနှင့်ဆိုင်သည့်အတွေးအခေါ်များ ပိုမိုနားလည် လာအောင်၊ မိခင်ဘာသာစကားဖြင့် ဒီဘိတ်ကျင်းပမှု တွင်ကျယ်လာအောင်ရည်ရွယ်သည်ဟု ဒီဘိတ်ဖြစ်မြောက်ရေးစီစဉ်သူ စိုင်းမိဏ်းကပြောသည် ။ “ ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း ပါတယ်လေ ။ တိုင်းရင်းသားတွေ မိခင်ဘာသာစာပေနဲ့စကားကို မြင့်တင်ခွင့်ရှိတယ်ဆိုတာလေ ။ ၂၀၀၈ ဖွဲ့စည်းပုံပါအချက်နဲ့ကိုက်ညီအောင်လုပ်ပါတယ် ။ နောက်ပြီးတော့ သျှမ်းပြည်မြောက်ပိုင်းမှာ ကျနော်တို့လာပြီး ဒီဘိတ်ကျင်းပ တာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ် ။ လာရောက်နားထောင်ဆွေးနွေးတဲ့ သူတွေလည်း လားရှိုး သီပေါ သိန္နီ မိုင်းရယ်ဘက်က လာကြပါတယ် ။ ပြောရမယ်ဆိုရင်တော့ ဒီဆွေးနွေးပွဲဟာလည်း အခက်အခဲအမျိုးမျိုးကြားကနေ အောင်မြင်စွာကျနော်တို့ ကျင်းပနိုင်ခဲ့ပါတယ် ။ ” ယခုကျင်းပခဲ့သည့် ဒီဘိတ်ဆွေးနွေးပွဲတွင် ဖိတ်ကြားထားသော သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီမှ ကိုယ်စားလှယ်က ဝင်ရောက်ဆွေးနွေးခြင်းမပြုဘဲ တက်ရောက်နားထောင်သူအဖြစ်သာ တွေ့ရပါသည် ။ ထိုနည်းတူ NLD ပါတီကလည်း ဖိတ်ကြားထားသူမှာ တက်ရောက်နိုင်ခြင်းမရှိခဲ့ပေ ။ သျှမ်းသံတော်ဆင့်အနေဖြင့် ထိုသို့သော ဒီဘိတ်ဆွေးနွေးမှုမျိုးကို လက်ရှိအကြိမ်အပါအဝင် ၄ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည် ။ ၂၀၁၅ ခုနှစ်တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ “ ရွေးကောက်ပွဲနှင့်လုံခြုံရေး ” ဟူသည့်ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ “ ရွေးကောက်ပွဲနှင့်ကတိကဝတ် ” ဟူ၍လည်းကောင်း ၊ ၂၀၁၄ ဧပြီလတွင် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌ “ မူးယစ်ဆေးဝါး ကင်းစင်ရေးထွက်ပေါက် ” ဟူ၍လည်းကောင်း ၊ လက်ရှိ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် “ ရွေးကောက်ပွဲအလွန်မျှော်လင့်ချက် ” ဟူ၍လည်းကောင်း ကျင်းပခဲ့ပါသည် ။ |
||
|
မိုးသက်လေပြင်းကြောင့် သက်တမ်းနှစ် ၁၀၀ ကျော်ရှိပင်လောင်းဟော်နန်း လုံးဝ ပြိုကျပျက်စီး Posted: 03 May 2016 06:43 AM PDT သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တွင် မေလဆန်းပိုင်းအတွင်း လေပြင်း ၂ ကြိမ်တိုက်ခတ်ရာ နှစ်သက်တမ်း ၁၀၀ နီးပါးရှိ ပင်လောင်းစော်ဘွားဟော်နန်းဟောင်း လုံးဝ ပြိုကျပျက်စီးခဲ့ရပါသည် ။
မေလ ၁ ရက်နေ့ညနေ ၆ နာရီခန့်က မိုးသက်လေပြင်းကျရောက်သဖြင့် ယိုင်နဲ့နေသော ပင်လောင်းစော်ဘွား ဟော်နန်းမှာ တဝက်ခန့်ပြိုကျပျက်စီးသွားခဲ့သည် ။ မေလ ၂ ရက် နံနက် ၁ နာရီ မိနစ် ၂၀ အချိန်တွင် လေပြင်း ထပ်မံတိုက်ခတ်ရာ ဟော်နန်းကြီးမှာ လုံးဝ ပြိုကျပျက်စီးသွားပြီး ဘုရားခန်းတခန်းသာကျန်တော့ကြောင်း စော်ဘွားမျိုးဆက်တဦးဖြစ်သည့် ယိင်းနောင့်လျဲန်းက သျှမ်းသံတော်ဆင့်အားပြောပြသည် ။ “ ဟော်ဦး ဘုရားခန်းဘဲကျန်ပါတယ်။ ကျန်တာတော့ လုံးဝ ပျက်စီးသွားပါပြီ ။ ဒါပေမယ့် ဟော်နန်းပေါ်က စော်ဘွား ကြီး ရဲ့ လက်ကျန်အသုံးအဆောင်တွေတော့ ထိခိုက်ပျက်စီးတာမရှိပါဘူး ။ အရင်ကတည်းက အဲလိုဖြစ်မှာ ကြောက်လို့ ဟော်နန်းအောက်ထပ်ကို ကျမတို့ ပြောင်းရွှေ့ထားလိုက်ပြီလေ ။ ” - ဟု နောင့်လျဲန်း ကပြောသည် ။ အဆိုပါဟော်နန်းမှာ သျှမ်းစော်ဘွားနယ်မြေ ၃၃ ခုတွင် ပါဝင်သည့်ပင်လောင်း စော်ဘွား နေထိုင်စံမြန်းခဲ့သည့် ဟော်နန်းဖြစ်ပြီး ယခုကဲ့သို့စော်ဘွားဟော်နန်းပျက်စီးခဲ့မှုမှာ သျှမ်းတိုင်းရင်းသားများအတွက်သာမကေ ဒသခံများအတွက်ပါ ဆုံးရှုံးမှုဖြစ်ကြောင်း သျှမ်းရေးရာ လေ့လာနေသူ ခွန်ယုံးချို ကပြောသည် ။ “ အဲဒီစော်ဘွားဟော်က အရင်ကတည်းက ပြင်ဆင်ထိန်းသိမ်းမှုအားနည်းတော့ခပ်ယဲ့ယဲ့ ဘဲဖြစ် နေ တာကြာပြီ ။” ဟု ၎င်းက ပြောသည် ။ မေလ ၁ ရက်နှင့် ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပင်လောင်းဒေသရှိ လူနေအိမ်များ အိမ်ခေါင်မိုးလှန်ခြင်း ၊ ပြိုကျပျက်စီးခြင်းများလည်းဖြစ်ပေါ် ခဲ့သည် ။ “ ဟော်ကနဂို ခေတ်အဆက်ဆက်အစိုးရတွေကပြင်ဆင်ထိန်းသိမ်းမှုမလုပ်ပေးတဲ့ အပြင် ဒေသခံ တွေ ကနေ ကိုယ်တိုင်ထလုပ်နိုင်ဖို့ဆိုတာကလည်း အဆင့်ဆင့်သွားရတယ်လေ။အဲ့ကြောင့် မပြင်နိုင်ဘဲ ထားခဲ့ရတာ ခုလိုပြိုကျတဲ့အချိန်အထိ ။ အရမ်းကိုနှမြောဖို့ကောင်းပါတယ် ။” - ပင်လောင်းဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ နိုင်ငံတဝှမ်း လတ်တလောဖြစ်ပွားနေသည့် လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုကြောင့် နေအိမ်များ ထောင်နှင့် ချီပျက်စီးခဲ့ရပြီးလူသေဆုံးမှုများလည်းရှိခဲ့ကာ တောင်ကြီးမြို့နယ် ရှိ ရှေးဟောင်းသမိုင်းဝင် မွေတော် ကက္ကူ စေတီတော်ရှိထီးတော်များမှာလည်း မြေခခဲ့ပျက်စီးခဲ့ပါသည် ။ ပင်လောင်းဟော်နန်းကိုပြန်လည်မွမ်းမံရာတွင်ကူညီမှုပေးမည်ဟု RCSS ဥက္ကဌက ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလ ပင်လောင်းသို့ရောက်ရှိလည်ပတ်စဉ် ကတိပေးပြောဆိုခဲ့ဖူးပါသည် ။ ပင်လောင်းဟော်နန်း မူလပုံအတိုင်းပြင်ဆင်နိုင်ရေးအတွက် အလှူငွေများကောက်ခံနေသည်ဟုလည်း ပင်လောင်းဒေသခံများထံမှသိရပါသည် ။ |
||
|
ပြန်ပေးဆွဲမှု ဖြေရှင်းပေးရန် ရပခတိုင်းရုံးသို့ ရလလဖ တောင်းဆို Posted: 03 May 2016 06:29 AM PDT သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ဒေသခံပြည်သူတစ်ဦးပြန်ပေးဆွဲ ၊ ငွေတောင်းခြိမ်းခြောက်ခံရမှုများ အတွက် ဖြေရှင်းပေးရန် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ရလလဖ ဗဟိုကော်မတီ မှ မေလ (၃) ရက်နေ့က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ထံ တင်ပြတောင်း ဆိုထားကြောင်းသိရသည် ။
ဆီဆိုင်မြို့နယ် ၊ နောင်ကျောကျေးရွာအုပ်စု ၊ စလောင်းတောင်ရွာနေ ဒေသခံ ဦးစောထောရီ အား ဌာနေပြည်သူ့ စစ် (PNA) ၏ ထီဗွာရေဖြူစခန်းမှ ဗိုလ်ကြီးအဆင့်ရှိသူ ခွန်တသီး ဦးဆောင်သော ရဲဘော် (၁၀) ဦး က ဧပြီလ (၂၇) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးစောထောရီ၏ ဇနီးဖြစ်သူအား ငွေကျပ်နှစ်သိန်း ငါးသောင်း တိတိ ဖြင့် လာရောက်လဲလှယ်စေကြောင်း ရပခတိုင်းမှူးထံတင်ပြသည့် ရလလဖ ၏စာတွင်ပါရှိသည်ဟု အကြီးအကဲတဦးက ပြောပြသည် ။ “ သူတို့မှာအရင်ကဘာအကြောင်းတွေရှိခဲ့လဲတော့မသိဘူး ။ ဒါပေမယ့် ပြည်သူလူထုအပေါ်အခုလို ပြန်ပေးဆွဲငွေတောင်းတဲ့ခေတ်မဟုတ်တော့ဘူးဆိုတာ သိစေချင်ပါတယ် ။” ဟုဆိုပါသည် ။ ဦးစောထောရီ၏ ဇနီးက ငွေကျပ် နှစ်သိန်းငါးသောင်းပေးဆောင်ခဲ့သဖြင့်လက်ရှိတွင် ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်းလည်း ဆိုပါသည် ။ ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဌာနေပြည်သူ့စစ် PNA မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သော ဦးဇော်ပျံက “ အဲ့ကိစ္စကကျနော်မသိရ သေးဘူး။ ခရီးသွားနေတာ မနေ့ကမှပြန်ရောက်တာ ။ ဒီကိစ္စကို သေချာစုံစမ်းရဦးမယ် ” ဟု ပြောကြားခဲ့သည် ။ နိုင်ငံတော်၏အရံအင်အားများဖြစ်သော လက်နက်ကိုင်ဌာနေပြည်သူ့စစ်များ၏ ပြည်သူအပေါ်လက်နက်ဖြင့် အနိုင်ကျင့် ရမ်းကားဗိုလ်ကျနေသည့် ကိစ္စများသည် ဒေသခံလူထုများ၏ အသက်အန္တရယ်အတွက် စိုးရိမ် ၊ ထိတ်လန့် ၊ ကြောက်ရွံ့မှုများဖြစ်ပေါ်လျှက်ရှိခြင်းကြောင့် အလားတူကိစ္စရပ်များထပ်မံမဖြစ်ပွားစေရန် ယခုကိစ္စရပ်အားဖြေရှင်း ပေးပါရန် (ရလလဖ) ဗဟိုကော်မတီ မှတောင်းဆိုထားကြောင်းသိသည် ။ |
||
|
Posted: 03 May 2016 06:23 AM PDT ကအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် တွင် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ဌာနေတိုင်းရင်းသားများတွေ့ဆုံဆွေးနွေး ပွဲတရပ်ကျင်းပရာ KIO ကချင်လွတ်မြောက်ရေး အဖွဲ့ ဗဟိုကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က မိန့်ခွန်းပြောဆိုရာတွင် ကချင်နှင့် သျှမ်း ညီနောင်သွေးချင်းများအား တိုက်တွန်းပြောကြားလိုက်သည် ။
အာဏာရှင်စစ်အစိုးရအဆက်ဆက်သည် ဌာနေတိုင်းရင်းသား သျှမ်းလူမျိုးနှင့် ကချင်လူမျိုးများ၏ ကွဲပြားသည့် ဘာသာစကား ၊ ဘာသာတရား ၊ မတူညီ သည့် ယဉ်ကျေးမှုဓလေ့များကို အခွင့်ကောင်းယူ၍ သွေးချင်းညီနောင် များ အကြား နည်းပရိယာယ်အမျိုးမျိုးဖြင့် သွေးခွဲသပ်သျှိကာ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီးခွတ်ခိုင်းစေခဲ့သည် ကို ရင်ဆိုင်ကြုံတွေ့နေကြရ သည် ။ ရှေးဘိုးဘွားစဉ်ဆက်ကတည်းက အေးအတူပူအမျှ ယှဉ်တွဲနေထိုင်လာခဲ့ သည့် ဌာနေတိုင်းရင်းသားများ အကြား စစ်အာဏာရှင်များ ၏ သွေးတိုးလှုံ့ဆော် မှု များကြောင့် မဖြစ်သင့် မဖြစ်အပ်သည့် အပြုအမူ အဖြစ်အပျက်များ ကိုလည်း ကြုံတွေ့ခဲ့ရပြီး ၀မ်းနည်းကြေကွဲဖွယ်အတွေ့အကြုံများကို သင်ခန်း စာရယူကာ နောင်လာမည့် အနာဂါတ်ကာလတွင် ထပ်မံမကြုံတွေ့စေရေး အတွက် အသိတရားရှိရှိဖြင့် လမ်းကြောင်းမှန်ကို ရွေးချယ်ညှိနှိုင်းဆောင်ရွက် သွားရေးသည် အထူးအရေးတကြီးလိုအပ်ပါသည် ။ ကချင်မျိုးနွယ်စုများနှင့် သျှမ်းမျိုးနွယ်စုများ အဓိကအခြေချနေထိုင်သည့် ကချင်ပြည်နယ်အတွင်းတွင် သျှမ်းနီ မျိုးနွယ်စုများနှင့် ကချင် ( ဂျိမ်းဖော) မျိုးနွယ်စုများအကြား လူမျိုးရေးကိုအခြေခံသော ပဋိပက္ခများ ယခင် ဦးနေဝင်း အစိုးရလက်ထက်က ဖြစ်ပေါ်ခဲ့ဖူးပြီး ကေအိုင်အေနှင့် အစိုးရတပ်မတော် တို့ အကြား တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည့် ၂၀၁၀ နောက်ပိုင်းတွင်လည်း နှစ်ဘက်အသိုင်းအဝိုင်း အကြား အထင်မြင်လွှဲမှားမှုများ ရှိနေခဲ့ကာ ကေအိုင်အေခေါင်းဆောင်များ အစိုးရနှင့်ဆွေးနွေးရန် မြစ်ကြီးနားသို့ လာရောက်ခဲ့ သည့် အချိန် များတွင် သျှမ်းမျိုးနွယ်စုအချို့မှ ကန့်ကွက်ဆန္ဒပြမှုအချို့ လည်းဖြစ်ပေါ် ခဲ့ဖူးပါသည် ။ တပ်သားသစ်စုခြင်း ၊ လူ့အခွင့်ရေးချိုးဖောက်မှုတို့အပေါ် ဒေသခံအချို့မှ ကန့်ကွက်ခဲ့သည့် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် မိုးညှင်း ၊ မိုးကောင်း ၊ တာလောကြီးအစရှိသည့် သျှမ်းနီမျိုးနွယ်များနေထိုင်ရာ ဒေသ များ တွင် ပြည်သူ့စစ်တပ်ဖွဲ့များ အများအပြားပေါ်ပေါက်လာခဲ့ပါသည် ။ ကေအိုင်အေ ဗဟိုမှ ကချင် ( ဂျိမ်းဖော) မဟုတ်သည့် အခြားမျိုးနွယ်စုများ အပေါ် လူ့အခွင့်ရေးချိုး ဖောက် မှုများ မလုပ်ရဟု လုပ်လျှင်ပြင်းထန်စွာအရေး ယူခြင်း ခံရမည်ဟု အမိန့်များထုတ်ပြန်ပေးခဲ့ သော် လည်း သျှမ်းနီမျိုး နွယ်စု များနေထိုင် ရာ ဒေသတွင်သာမက ရဝမ် စသည့် ဂျိမ်းဖောမဟုတ်သည့် ကချင်မျိုးနွယ်စုများမှလည်း ပြည်သူ့စစ်အဖွဲ့များပေါ်ပေါက်လာခဲ့ပြီး သျှမ်းနီပြည်နယ် ၊ လီဆူကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသစသဖြင့် သတ် မှတ်ပေးရေး အပါအဝင် တောင်းဆိုမှုများလည်း ရှိခဲ့ပါသည် ။ ယခု ၃ နှစ်တာကာလအတွင်း ကေအိုင်အေအားဆန့်ကျင်သည့် ပြည်သူ့ စစ်များပေါ်ပေါက်လာခြင်းမှာ နောက်ကွယ်မှ တစုံတရာပံ့ပိုးမြှောက် ပင့်ပေး မှုကြောင့်ဖြစ် သည်ဟုလည်း ကချင်အသိုင်းဝိုင်း အတွင်း တွင် ယုံကြည်မှုများ မြင့်တက် လျက်ရှိနေ ပါသည် ။ - စသည်တို့အထူးပါရှိပါသည် ။ ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် ဧပြီ ၂၉ မှ စတင်ကျင်းပ ခဲ့ သည့် ဌာနေတိုင်းရင်းသား များ တွေ့ဆုံဆွေးနွေးပွဲမှာ လူမျိုးစုများ အချင်းချင်း အကြား အထင်အမြင်လွဲမှားမှု မရှိစေရေး ၊ သံသယစိတ်ကင်းစင်စေရေး ၊ စိုးရိမ်ထိတ်လန့်မှုကွယ်ပျောက်စေရေးအတွက် ဌာနေတိုင်းရင်းသားလူမျိုး စုများ အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးရန် KIO ဗဟိုကော်မတီက ဆန္ဒရှိသည့်အတွက် သံဃာတော်ဆရာများနှင့် မိတ်ဆွေလူပုဂ္ဂိုလ်အချို့ကို ဖိတ်ကြားကာ KIO၏ သဘောထားကို အသိပေးညှိ နှိုင်းခဲ့သည် ။ စိုင်းအောင်ဆိုင်း |
|
သျှမ်း-မြောက်လားရှိုးတွင် မူးယစ်ရောင်းဝယ်ရေးစခန်းအားရဲများစီးနင်း Posted: 04 May 2016 08:35 AM PDT သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ဒေသခံများအား လိုက်လံ ခုတ်ဖြတ်မှုများ ဖြစ်ပွါးသည့် နောက် စစ်ဆေးမှုများတင်းကျပ်လာခဲ့ရာ မေလ ၄ ရက်နေ့က ဘိန်းခန်း ( မူးယစ်ဆေး ရောင်း ၀ယ်သုံး စွဲ ရေးစခန်း) ကို လားရှိုး ရဲတပ်ဖွဲ့ မှဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည် ။
လားရှိုးမြို့နယ် ဟက်ကာကုန်းကျေးရွာအနီး တောင်ပေါ်တွင် ရှိသည့် မူးယစ်ေ ဆးဝါးရောင်းဝယ်သုံး စွဲသည့် စခန်း ဒေသအခေါ် (ဘိန်းခန်း)များကို မေလ ၄ ရက်နေ့ မနက်အစောပိုင်းက မြို့မိမြို့ဖတချို့နှင့် ရဲတပ်ဖွဲ့မှ ၀င်ရောက်ရှင်း လင်း ခဲ့ပြီး စုစုပေါင်း လူ ၄၆ ဦး ကျား (၄၅) ၊ မ (၁)တဦးကိုတို့ ဖမ်းဆီးရမိခဲ့ သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောသည် ။
လားရှိုးမြို့ခံ စိုင်းမင်းမင်းက - “ အရင်ကလို လွတ်လွတ်လပ်လပ်သွားလာလို့ မရတော့ဘူး လားရှိုးမှာ ။ ဘယ်သွားသွားကြောက်နေရတယ် ။ ခုတ်မှုဖြတ် မှုတွေရော ၊ ဆေးကြောင်သူတွေရော အရမ်းများလာတယ် ။ ဓါးခုတ်မှုတြွေ ဖစ်ပြီးနောက်ပိုင်း ဂိတ်ချပြီးစောင့်စစ်တာလဲ ညတိုင်းဘဲ ။ အပင်ပမ်းဆုံးကေ တာ့သားသည်တွေ သားရှင်တွေပေါ့ ။ ညနေစောင်းတာနဲ့ မိဘဖြစ်သူက စိတ် ကိုမကောင်းတော့တာ ”- ဟု ပြောဆိုသည် ။ လားရှိုးလူငယ် နန်းဆိုင်က မူ- ဆေးတော့အရမ်းပေါ တာ ။ နေရာတိုင်းဝယ် လို့ရ တယ် ။ ရွာကကျွဲကျောင်းသား အသက် ၁၂ နှစ် ၁၃ နှစ်တောင်မှ ဆေး သုံးနေပြီ ။ ခိုးဆိုးလုယက်မှုလဲများမှများ ။ အဲ့ကြောင့် ညနေစောင်းတာနဲ့ တံခါး ပိတ် အိပ်ကြ တာဘဲ ။ အိမ်ပြင်ကိုမထွက်ရဲတာ ။ လူတိုင်းဝယ်သောက်နိုင်တဲ့ ယာဘက တပြား ၁၀၀၀ လေ ။. အိုက်စ်က တပြား ၃၀၀၀ ဈေးလို့ကြား ရတယ် ။ - ဟု သျှမ်းသံတော်ဆင့်အားပြောပြသည် ။ လားရှိုးတွင် လူထုအကြားမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု များပြားကျယ်ပြန့် လာနေသည်ဖြစ်ရာ ဧပြီလအတွင်းက ဆေးကြောင်သူအချို့မှ လမ်းသွားလမ်း လာပြည် သူများအား ဓါးဖြင့် လိုက်လံခုတ်မှုများဖြစ်ပေါ်သဖြင့် ဒဏ်ရာ ရ ဆေး ရုံရောက်ခဲ့သူ ၅ ဦးထက်မနည်းရှိခဲ့ကြောင်းသိရသည် ။ အလားတူ ဓါးခုတ်တရားခံကိုလည်း ဖမ်းဆီးမိပြီဖြစ်ကြောင်း ၊ ကျူးလွန်သူများ မှာ ရပ်ကွက် ၁၂ နေ တရုတ်လူငယ်များသာဖြစ်ကြောင်း ၊ ၄င်းတို့သည်လည်း မူးယစ်ဆေးနှင့်ပတ်သက်နေသူများဖြစ်ပြီး စိတ်မနှံ့သူများဖြစ်ေ နကြောင်း မေလ ၃ ရက်နေ့က တာဝန်ရှိရဲများဘက်က သတင်းထုတ်ပြန်ထားသည် ။ |
|
ဒေါက်တာတင်မျိုးဝင်းနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွေ့ဆုံ Posted: 05 May 2016 08:36 AM PDT ၂၁ ရာစုပင်လုံ ညီလာခံကို လပိုင်းအတွင်း အကောင်ထည်ဖော်နိုင်ရန် ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်း များတွင် တာဝန်ခံ ဆောင်ရွက်ရဖွယ်ရှိသည့် အန်အယ်လ်ဒီပါတီမှ ဒေါက်တာတင်မျိုးဝင်း သည်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ယနေ့ မေလ (၄) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ သည်ဟု သိရသည် ။
ယနေ့မနက်ပိုင်းကလည်း ဒေါက်တာတင်မျိုးဝင်းသည် တရုတ်သံအမတ် မစ္စတာ ဟုန်လျှံနှင့်တွေ့ဆုံခဲ့ပါသည် ။ “ တရုတ်သံအမတ်နဲ့တော့တွေ့တယ် ။ သတင်းထုတ်ပြန်ဖို့မရှိပါဘူး ။ ငြိမ်းချမ်းရေးကိစ္စပါပဲ ” ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည် ။ အစိုးရမှ ငြိမ်းချမ်းရေးလုပ်ငန်းများကို ပြန်လည်အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် National Reconciliation and Peace Committee အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ ကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း ၊ ကော်မတီ၏ အောက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အသေးစိပ် ဆောင်ရွက်မည့် စင်တာ ( ယခင်မြန်မာငြိမ်းချမ်းရေးစင်တာ ) ကဲ့သို့ ဌာနတွင် အကြီးအကဲအဖြစ်၎င်းဖြစ်လာရန် အလားလာရှိနေသူဖြစ်သည် ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နှင့် ဒေါက်တာတင်မျိုးဝင်းတို့အကြား တွေ့ဆုံဆွေးနွေးမှုကိုမူ မေလ ၄ ရက်နေ့ ညနေပိုင်းက ဖိုးစိန်လမ်းရှိ ၊ ဂရင်းဟေလ်းဟိုတယ်တွင် ကျင်းပခဲ့ရာတိုင်းရင်းသားလက်နက်ကိုင် များဘက်မှလည်း နိုင်ငံရေးအရ ဆွေးနွေးပွဲများကျင်းပနိုင်ရေး ( သို့မဟုတ် ) ဒေါ်အောင်ဆန်းစုကြည် ကတိပြုထားသည့် ၂၁ ရာစုပင်လုံညီလာခံနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပများ အပစ်မရပ်သေးသည့်အဖွဲ့များ အပစ်ခတ်ရပ်စဲရေးတွင်ပါဝင်ခွင့်တို့ကိုဆွေးနွေးခဲ့သည်ဟု သိရသည် ။ |
|
SSPP နှင့် အစိုးရ တပ် စခန်းပူးတွဲ စစ်ဆေးဖို့ သဘောတူထားစဉ် နှစ်ဘက်စစ်အင်အားအပြိုင်ဖြည့် Posted: 06 May 2016 09:45 AM PDT သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း အစိုးရတပ်မတော်မှ နယ်မြေစိုးမိုးရေးအတွက် ကွင်းဆင်းစစ်ဆေးရန် SSPP/SSA သျှမ်းပြည် တပ်မတော် နှင့် သဘောတူညီမှု ရရှိထားချိန်မှ စ၍ ယနေ့ အထိ နှစ်ဘက်တပ်များ အပြိုင်အင်အားဖြည့်တင်းမှု ရှိနေသည်ဟု သိရသည်။
ယခုလ ၁၂ ရက်နေ့တွင် တန့်ယန်းမြို့တောင်ဘက် တန့်ယန်း - မိုင်းရှူးကားလမ်း အရှေ့ဘက်ခြမ်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်း လွယ်စေး၊ လွယ်လန်း တောင်ကြောတပ်စခန်းများ စစ်ဆေးရန် ဧပြီ ၃၀ ရက်နေ့က သဘောတူညီမှု ရရှိထားကြောင်း၊ သို့သော်လည်း ဒေသအတွင်းရှိ တပ်များ စစ်ရေး အသင့်ပြင်ဆင်မှု ရှိနေသည့်အပြင် အင်အားဖြည့်တင်းမှုများလဲ ရှိနေကြောင်း သျှမ်းပြည်တပ်မတော် ဌာနချုပ်အရာရှိ တဦးက ဤကဲ့သို့ပြောသည်။ “လာမယ့် ၁၂ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးဖို့ သဘောတူထားတယ်။ အခု ဌာနချုပ်မှာ ဆွေးနွေး နေတယ်။ ကျနော်တို့ဘက်က ဘယ်သူ ဦးဆောင်မလဲပေါ့။ အစိုးရတပ်မတော် ဘက်ကတော့ တန့်ယန်းမြို့အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝေလင်းအောင် လို့သိရတယ်။ စစ်ဆေးမယ်ဆိုတာလဲ ဘယ်ပုံစံစစ်ဆေးမှာလဲ၊ လက်ခံနိုင်တဲ့အတိုင်းအတာဆိုရင် အိုကေတယ်လေ” - ဟု ပြောသည်။ ထို့အတူ သျှမ်းပြည်တပ်မတော် ရှေ့တန်းတပ်မှူးကလည်း - “လာရောက်စစ်ဆေးမယ့် ကိစ္စက ပန်ကာ ကျင်း တွေ၊ ခံတုတ်ကျင်းတွေ အကုန်ဖို့၊ တပ်စခန်းတွေအကုန်ဖျက် လာရောက်စစ်ဆေးချိန်မှာ မမြင်ချင်ဘူး လို့ပြောတယ်။ ဘာလုပ်ရမလဲ - စစ်သားဘဲ။ ဒီကိစ္စက လက်ခံနိုင်စရာမဟုတ်ဘူး၊ စော်ကားတာဘဲ ”- ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။ လားရှိုးမြို့စစ်တိုင်းရုံးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက အစိုးရတပ်မတော်သည် သျှမ်းပြည်တပ်မတော်၏ တပ်စခန်း အနီးနှင့် တပ်စခန်းများကြားတို့တွင် တပ်စခန်းချထားလိုကြောင်း၊ တိုက်ပွဲများမဆင်နွဲရဘဲ သျှမ်းပြည်တပ်မတော် တပ်စခန်းထက် ပိုမြင့်သည့်နေရာ၌ တပ်မတော်ဘက်မှ တပ်စခန်း ချခွင့်ရလိုကြောင်း - ပြောသည်။ လားရှိုးအခြေစိုက် အစိုးရတပ်မတော် ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းများ ရှိရာ တန့်ယန်းမြို့နယ် လွယ်စေး၊ လွယ်လန်းဒေသ မှ ဧပြီလ ၂၂ နောက်ဆုံးထားကာ ဖယ်ရှားပေးရန် ညွှန်ကြားသည်။ သျှမ်းပြည်တပ်မတော်ဘက်မှ သဘော မတူသည့်အတွက် ဧပြီလ ၂၇ နေ့၌ နှစ်ဘက်ပူးတွဲ တပ်စခန်း စစ်ဆေးခွင့်ပေးရန် ထပ်မံတောင်း ဆိုသော်လည်း သျှမ်းပြည်တပ်မတော်ဘက် က သဘောမတူခဲ့ပေ။ ၂၀၁၄ ခု တာဖါဆောင်တံတား၊ ၂၀၁၅ တာ့ဆံပူးကူးတို့ဆိပ် အားတိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင် စဉ် ကလည်း အစိုးရတပ်မတော် မှ ထိုနည်းဗျူဟာများ ပုံစံတူ ကျင့်သုံးခဲ့သည်။ သျှမ်းပြည်တပ်မတော် သည် တနိုင်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရန် ငြင်းဆန်ထားသော်လည်း ထိုစာချုပ်အား အစိုးရတပ်မတော်နှင့်အတူ ပါဝင်ရေးစွဲထားသည့် အပြင် ဦးသိန်းစိန် အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင် တပ်တခုဖြစ်သည်။ |
|
ခိုကိုးရာမဲ့ကလေးများအတွက် ပညာရေးထောက်ပံ့ပေးသည့်ပရဟိတကျောင်း တောင်ကြီးတွင်ဖွင့်လှစ် Posted: 06 May 2016 09:41 AM PDT သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ သျှမ်းပြည်နယ်အတွင်းရှိ ခိုကိုးရာမဲ့ ကလေးငယ်များနှင့် ကျောင်းသား/သူများအား ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ လွိုင်လုံပညာဗောဓိပရဟိတ ဘုန်းတော်ကြီး ပညာသင်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ |
အဆိုပါ ဘုန်းတော်ကြီး ပညာသင်ကျောင်းကို တောင်ကြီးမြို့ ဝေဋုဝန်ကျောင်းတိုက် တိုက်အုပ်ဆရာတော် ဆရာတော် ဘဒ္ဒန္တသီရိဓမ္မ ဘိပါလ မှ ဦးစီးဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“ပရဟိတကျောင်းကို ဖွင့်ရတဲ့ရည်ရွယ်ချက်က တောင်ကြီးမြို့ထဲမှာ ကြည့်ရမယ်ဆိုရင် ပရဟိတက ပရိယတ္တိ သံယာတော်တွေစာသင်တဲ့နေရာဆိုလည်း ရှိနေပြီ၊ ပဋိပတ္တိ တရားကျင့်တဲ့နေရာဆိုလည်း တစ်ဆောင်ရှိပြီ ဒါတွေက ဘုန်းဘုန်းတို့ရှိပြီးသား၊ ဒါပေမယ့် အနာဂတ် လူငယ်ခေါင်းဆောင်တွေ ထူထောင်ဖို့က မရှိသေးဘူး။ ကလေးတွေရဲ့ အနာဂတ်ကို ထူထောင်ဖို့ ကျေးလက်တွေမှာနေပြီး ပညာသင်ဖို့ အခွင့်အလမ်းမရှိတဲ့ ကလေးတွေ ပညာသင်နိုင်အောင်ဆိုပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်”ဟု ဆရာတော် ဘဒ္ဒန္တသီရိဓမ္မဘိပါလ ကမိန့်တော်မူသည်။ လွိုင်လုံပညာဗောဓိပရဟိတ ဘုန်းတော်ကြီး ပညာသင်ကျောင်းဆိုသည့် နာမည်သည်လည်း ဆရာတော် အရှင်သုခမိန်တ စဝ်ဆုခမ်း ပေးထားကြောင်း ဆရာတော်က မိန့်တော်မူသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဝေယျာဝိစ္စအဖြစ် ဝင်ရောက်ကူညီသူ နန်းနွံက “ကျမတို့မြင်တာတော့ ယနေ့ကလေးတွေဟာ နောင်အနာဂတ်မှာ နိုင်ငံခေါင်းဆောင်တွေဖြစ်မယ်လို့မြင်ပြီး အများကြီး အကျိုးကျေးဇူးရှိတယ် အရမ်းလည်းဝမ်းသာပါတယ်” ဟု ပြောသည်။ ၂၀၁၆ ခုနှစ်ထဲတွင် ကျောင်းသား/သူအယောက် ၅၀ အောက် စတင်လက်ခံမည်ဖြစ်ပြီး အခြေခံပညာအလယ်တန်း (အဋ္ဌမတန်း) အထိ လက်ခံမည်ဖြစ်ပြီး ကျန်သည့် အတန်းငယ်များလည်း လက်ခံမည်ဖြစ်ကြောင်း သိရသည်။ လွိုင်လုံပရဟိတဘုန်းတော်ကြီး ပညာသင်ကျောင်းကို မေလ ၆ ရက်နေ့တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ ပန်းတင်ကျေးရွာအုပ်စု ၌ ဖွင့်လှစ်ခဲ့ပါသည်။ |
||
|
Posted: 06 May 2016 09:22 AM PDT သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်နဲ့တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ကြားတိုက်ပွဲတွေကြောင့် သျှမ်ြး ပည်မြောက်ပိုင်း ကျောက်မဲမြို့ တောင်နောက်ကျောင်းမှာ ရွာကရောက် ရှိ လာတဲ့ စစ်ဘေးရှောင်တွေ ၁၀၀ ကျော်ရှိတယ်လို့သိရပါတယ်။ အသေးစိတ် သိရအောင် RCSS/SSA ရဲ့ပြောခွင့်ရ ဒု ဗိုလ်မှူးကြီးစိုင်းမိဏ်းကိုဆက်သွယ်ေ မးမြန်းထားတာဖြစ်ပါတယ် ။
မေး ။ ။ ကျောက်မဲမြို့မှာစစ်ရှောင်သူတွေရောက်လာတယ်လို့ကြားရပါတယ်။ အဲဒီအကြောင်း သိချင်လို့ပါ ။ ဖြေ ။ ။ မေလ ၄ ရက်နဲ့ ၅ ရက် ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာ အုပ်စုမှာ တိုက်ပွဲဖြစ်တယ်။ မြိုင်ဆိုင်းရွာမှာပေါ့နော်။ ခုချိန်မှာတော့ ကျနော်တို့ တိုက် ပွဲတွေ ၂ နေရာ တိုက်ပွဲဖြစ်နေပါတယ်။ TNLA က တိုက်ပွဲကြောင့်တိမ်းရှောင် တဲ့ပြည်သူကိုပစ်ခတ်တဲ့အတွက်ကြောင့် အမျိုးသမီးတယောက်သေဆုံးသွား တယ်လို့ကြားသိရပါတယ်။ အခုလည်း လူထုကိုကာဗာလုပ်ပြီးတော့ ဆုတ်ခွါသွားတယ်လို့ကြားသိရပါတယ် ။ မေး ။ ။ သေဆုံးသွားတဲ့အမျိုးသမီးကဘယ်ကလဲ ။ ဖြေ ။ ။ မြိုင်ဆိုင်းရွာက ဒေသခံပါ ။ မေး ။ ။ မနေ့ကတိုက်ပွဲအခြေအနေကကော် ။ ဖြေ ။ ။ မနေ့က တိုက်ပွဲတွေဖြစ်ပြီး သူတို့ဆုတ်ခွါ သွားတယ်လို့ကြားရ တယ်။ အောက်ခြေတပ်တွေက တိုက်ခိုက်ချင်တဲ့ပုံသိပ်မတွေ့ရပါဘူး။ အထက်ကနေအတင်းတိုက်ခိုက်ခိုင်းတဲ့သဘောမျိုးရှိပါတယ် ။ မေး ။ ။ RCSS ရဲ့ စခန်း ၃ ခုကို TNLA ကသိမ်းပိုက်ရရှိတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ် ။ ဖြေ ။ ။ အဲတာတော့ မဟုတ်မမှန်ပါဘူးခင်ဗျ။ မရှိပါဘူး။ သူတို့ထုတ်ပြန် ထား တဲ့အထဲက ကျနော်တို့ရဲ့တပ်စခန်းက ဘယ်စခန်းတွေလဲဆိုတာ တိတိ ကျကျ ဖော်ပြထားခြင်းလဲမရှိဘူး။ ကျနော်တို့ အဲ့ဖက်မှာလှုပ်ရှားနေတာကလဲ တပ်စခန်းရယ်လို့ တိတိကျကျ မရှိပါဘူး။ စခန်းချတာမရှိပါဘူး။ လှုပ်ရှား တပ်တွေပါ ။ မေး ။ ။ မေလ ၁ ရက်နေ့က ၅ ရက်အထိ တိုက်ပွဲတွေဆက် တိုက်ဖြစ်ပွါးေ နတော့ ထိခိုက်ဒဏ်ရာရမှုကော်ဘယ်လောက်ထိရှိလဲ ။ ဖြေ ။ ။ ထိခိုက်ဒဏ်ရာရကတိတိကျကျမသိရသေးဘူး။ ၁ ယောက်ကျဆုံး တယ်လို့တော့ သိထားရပါတယ်။ ဒီနောက်ပိုင်း ၃ ယောက်ထပ်သေ တယ် လို့ကြားထားပေမယ့် တိကျတဲ့အစီရင်ခံစာတော့ မရသေးဘူး ။ မေး ။ ။ တအာင်းဘက်ကကော် ။ ဖြေ ။ ။ တအာင်းဘက်ကလည်း ၄ ရက်နေ့က ၁၀ ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်။ ၅ ရက်နေ့က ရ ယောက် ထိခိုက်ဒစ်ရာရတယ် လို့တော့ကြားရပါတယ်။ အတိအကျတော့ကျနော်တို့လည်း မသိရပါဘူး ။ ကျေးဇူးတင်ပါတယ် ။ |
||
|
Posted: 06 May 2016 09:13 AM PDT သျှမ်းပြည်မြောက်ပိုင်းမှာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီတို့ကြား ဖြစ်ပွါးနေ တဲ့ပဋိပက္ခနဲ့ ပတ်သက်ပြီး ၂ ဦး ၂ ဘက် ငြိမ်းချမ်းသော နည်းလမ်းနဲ့ဆွေးနွေးဖို့အတွက် လွတ်မြောက်နယ်မြေ တနေရာဆိုရင်ပိုမိုသင့်တော်တယ်လို့ တအာင်း ဘက် ကပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းကို တအာင်းပြန်ကြားရေး ဌာန က အရာရှိ မိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါ တယ် ။
မေး ။ ။ RCSS နဲ့ TNLA ကြားဖြစ်ပွါးနေတဲ့ပဋိပက္ခကိုချုပ်ငြိမ်းဖို့ ငြိမ်းချမ်း စွာဆွေးနွေးရေးအတွက် RCSS ဘက်က ကမ်းလှမ်းထားတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ ။ ဖြေ ။ ။ ဆွေးနွေးဖို့အတွက် ကျနော်တို့ ၂ ဦး ၂ ဖက်လုံးက ကနဦးက သဘော တူလက်ခံထားကြတယ်။ ကျနော်တို့ တိုက်ရိုက်ညှိနှိုင်းကြတဲ့ အဆင့် အထိေ တာ့မရှိသေးဘူး။ UNFC ကနေတဆင့်ပြောလာတာ တော့ရှိတယ်။ RCSS ဟာလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်တယ်။ ဒါကြောင့်သူတို့က ကြိုက်တဲ့ေ နရာ သွားလို့ရတယ်။ ပြည်တွင်းမှာလည်းသွားတွေ့လို့ရတယ်.။ ကျနော် တို့ ကသွားလို့မရသေးဘူး။ လွတ်မြောက်နယ်မြေ သင့်တော်တဲ့ေ နရာတခုခု ကိုရွေးပေးဖို့ ကျနော်တို့က UNFC ကိုအကြောင်းပြန် ထားတယ်။ နောက်ပြီး တက်ရောက်မယ့်ပုဂ္ဂိုလ်ပေါ့နော်။ UNFC ကလည်းပြန်ညှိပေးနေတယ်။ အဲတာကတော့ ဆွေးနွေးဖို့ကမ်းလှမ်းတဲ့တပိုင်းပေါ့ ။ မေး ။ ။ ဆွေးနွေးဖို့ကဘယ်လောက်အထိ ရှိပြီလဲ ။ ဖြေ ။ ။ ဒါပေမယ့်လက်ရှိတကယ့်လက်တွေ့မှာကျတော့ RCSS က နယ်မြေေ တွ တပ်တွေတိုးချဲ့ နေတယ်။ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေး တယ်။ လူ့အ ခွင့်အရေးတွေချိုးဖောက်လာတဲ့ အတွက် ဒေသခံပြည်သူနဲ့ရ ဟန်း သံဃာေ တွက ကျနော်တို့ကို အကူအညီတောင်းလာလို့ ကျနော်တို့ တိုက် ပွဲတွေ ဆက်ြ ဖစ်နေရသေးတာဖြစ်တယ်။ ဆွေးနွေးရေးအတွက် ဒီလက်ေ တွ့ပြသနာ ကိုကျော်လွှား လို့မရတဲ့အတွက် ဒီကိစ္စကိုအရင်ရှင်းရမှာဖြစ်တယ် ။ မေး ။ ။ မေလ ၄ ရက်နေ့က ဖြစ်ပွါးတဲ့တိုက်ပွဲကနေ RCSS ရဲ့တပ်စခန်း ၃ ခု ကို တအာင်း တပ်မတော် က သိမ်းဆည်းရမိတယ်လို့ TNLA ပြန်ကြားရေး ဌာနကသတင်းထုတ်ပြန်ထား ပါတယ်။ ဆိုတော့တိုက်ပွဲ က ပြင်းထန်ေ နသေးတဲ့သဘော ။ ဖြေ ။ ။ ဟုတ်ပါတယ်။ တိုက်ပွဲကပြင်းထန်နေတုန်းဘဲ။ ဖေဖော်ဝါရီ လ နှောင်း ပိုင်း ကစပြီးဖြစ်ပွါး တဲ့တိုက်ပွဲတွေဟာပိုမိုပြင်းထန်လာတယ်။ RCSS ကအင် အား တွေတိုးချဲ့လာပြီး ကျယ်ပြန့်စွာနေရာယူ လာတယ်။ ပန်ကနိုင်း- မန်ဝန်း လမ်းမ တကြော နေရာယူလာတယ်။ တပ်စခန်းတွေ အများကြီးချလာ တယ်။ တာပုံအထက်က ဘုရားကုန်းမှာတောင်ရှိတယ်။ မေလ ၁ ရက်ကနေ ၄ ရက်နေ့အထိ တိုက်ပွဲတွေအများကြီးဖြစ် ခဲ့တယ်။ မနက် ၆ နာရီကတည်းက ညမိုးချုပ်တဲ့အထိဘဲ။ အဲဒီကနေ RCSS စခန်းတွေကိုတက်သိမ်းတာ။ အသေအပျောက်ကတော့ ၂ ဘက်လုံးရှိတယ်။ ခဲယမ်းမီးကျောက် နဲ့ စစ်ဝတ်တန်ဆာတွေလည်း သိမ်းဆည်းရမိတယ်။ ရိက္ခာတွေပေါ့နော် ။ မေး ။ ။ တိုက်ပွဲတွေက ဘယ်အထိ ကျယ်ပြန့်လာသလဲ ။ ဖြေ ။ ။ တိုက်ပွဲကတော့ သီပေါနဲ့ နမ့်ဆန်အစပ်နားအထိဖြစ်တယ်။ နောက်ြ ပီးေ တာ့ ကျောက်မဲက ဟူးဆွန် ဟူးကွက်အထက်နားကတနေရာဖြစ်တယ်။ နမ့်ခမ်းက ဟိုပန်နားတဝိုက်ရယ်၊ မန်ဝန်း - ပန်ကနိုင်း တဝိုက်ရယ်။ ဒီဘက် က တာပုံ- ဆိုင်းလျန်နားတဝိုက်။ လွယ်ဟွမ်-မန်စန်ကျေးရွာေ တွနားတ ဝိုက်အထိဖြစ်ပါတယ် ။ မေး ။ ။ တိုက်ပွဲတွေ ချုပ်ငြိမ်းဖို့ ဘယ်လိုနည်းလမ်းတွေရှိပါသလဲ ။ ဖြေ ။ ။ ကျနော်တို့ဟာ အရင်တုန်းက RCSS နဲ့တိုက်ပွဲတွေမဖြစ်ဖူးဘူး။ သူတို့NCA လက်မှတ်ထိုးပြီးမှ ကျနော်တို့နယ်မြေထဲကိုအင်အားအလုံးအရင်း နဲ့ဝ င်ေ ရာက်လာတဲ့အတွက် လက်နက်ကိုင်တော် လှန်ရေး တိုင်း ရင်းသား အချင်းချင်းကြားမှာမဖြစ်သင့်တဲ့ကိစ္စ ဖြစ်ရတာပေါ့နော့်။ ဒါကြောင့်ေ ဆွးနွေး ညှိနှိုင်းမှုက တော့ ပိုပြီးတော့အဆင်ပြေတဲ့ လမ်းကြောင်းဖြစ်တာပေါ့နော် ။ ဟုတ်ကဲ့ကျေးဇူးပါ ။ မေလ ၄ ရက်နဲ့ ၅ ရက်နေ့က ဆက်လက် ဖြစ်ပွါးနေတဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ကြား ကဖြစ်ပွားတဲ့တိုက်ပွဲ တွေကြောင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲကို စစ်ဘေးရှောင်လူထု ရာနဲ့ချီရောက်ရှိနေ ကြောင်း သိရပါတယ် ။ TNLA ဟာ စစ်အစိုးရ ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ နမ့်ဆန် နဲ့ မန်တုံ နှစ်မြို့ နယ်အပြင် သျှမ်းပြည်မြောက်ပိုင်းအတွင်း မြို့နယ်အားလုံးနီးပါးကိုစုစည်းပြီး တအာင်းပြည်နယ်ထူထောင်ဖို့ အကောင်အထည်ဖေါ် လာနေ ပါတယ်။ သည့်အတွက် ထိုနယ်ထဲ ရောက်ရှိလာတဲ့ RCSS ကို ၎င်းတို့က နယ်ကျွံ ဝင်ရောက်လာ တယ်လို့ စွပ်စွဲပါတယ်။ ဒီပြသနာတွေကြောင့် လူထုကို ခုတုံးလုပ်ပြီး၊ လူထုကို လက်ကိုင်တုပ်အဖြစ် အသုံးပြုပြီး အပြန်အလှန် စွပ်စွဲ ပြောဆိုမှုတွေလဲ ဆက်တိုက်ရှိနေပါတယ် ။ |
|
NLD ထက် မိမိကိုယ်ကိုသာ ပိုမိုအားကိုးရလိမ့်မည်ဟု ခွန်ထွန်းဦးပြော Posted: 07 May 2016 10:30 AM PDT တိုင်းရင်းသားအရေးတွင် မိတ်ဖက် NLD ပါတီထက် တိုင်းရင်းသားမဟာမိတ်အဖွဲ့များနှင့် တိုင်းရင်း သားလွှတ်တော် ကိုယ်စားလှယ်များကိုသာ အားကိုးရတော့မည်ဟု မေလ ရ ရက်နေ့က ရန်ကုန်မြို့ ကိုးမိုင်ရှိ SNLD ရုံးချုပ်တွင်ကျင်းပသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ အစည်းအဝေးအဖွင့်မိန့်ခွန်းပြောကြားရာတွင် ခွန်ထွန်းဦးက ပြောသည် ။
နှစ်ပေါင်း ၂၀ ကျော် NLD ၏ တိုင်းရင်းသားမိတ်ဖက်အဖြစ်ရပ်တည်ခဲ့သည့် သျှမ်းတိုင်းရင်း သားခေါင်းဆောင် ခွန်ထွန်းဦးအနေဖြင့် ယခုကဲ့သို့ NLD အား အားကိုးမရတော့ ဆိုသည့် ဝေဖန်ခြင်းမှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါသည် ။ ရွေးကောက်ပွဲအနိုင်ရတိုင်းရင်းသားပါတီများနှင့် NLD တို့အကြား ညှိနှိုင်းမှုမရှိခဲ့ပဲ ရခိုင်နှင့် သျှမ်းပြည်နယ်အစိုးရဖွဲ့စည်းမှုတို့တွင် NLD မှ ဦးဆောင်ကာ အခြေခံ ဥပဒေအရဟုအကြောင်း ပြပြီး ပြည်နယ်ဝန်ကြီးချုပ်ရာထူးများရယူခဲ့မှုတွင် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ နှင့် NLD တို့အကြား ဆက်ဆံရေးအေးခဲလာမှု စတင်ခဲ့ခြင်းဖြစ်ကာ ရခိုင်ပြည်နယ်မှာဆိုလျှင် ပြည်နယ်အစိုးရဖွဲ့စည်းမှုနှင့် ပတ်သက်၍ ဆန္ဒပြပွဲများပင်ဖြစ်ပေါ်ခဲ့ပါသည် ။ NLD ခေါင်းဆောာင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံအားလပိုင်း အတွင်းကျင်းပလိုသည်ဟု ပြောဆိုထားပြီး အပစ်ခတ်ရပ်စဲရေးနှင့်နိုင်ငံရေးအရ ဆွေးနွေး မှုနှစ်ပိုင်းရှိနေချိန်တွင် ၂ လအတွင်းပင်လုံညီလာခံဆိုသည့်ကိစ္စမှာ ဖြစ်ချင်သည်ကို လျှောက်ပြောနေခြင်းသာဖြစ်သည်ဟု တိုင်းရင်းသားကိုယ်စားလှယ်များက လက်ရှိအချိန်တွင် ဝေဖန်နေကြပါသည် ။ ' တိုင်းရင်းသားတွေအားကိုးစရာဆိုလို့ UNA ဒါမှမဟုတ် NBF ရှိခဲ့ရင်လည်း NBF ဖြစ်လာမှာပေါ့ဗျာ၊ နောက်ပြီးတော့ ကျနော်တို့ လွှတ်တော်မှာတက်နေတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တွေပေါ့" ဟု ခွန်ထွန်းဦးက ပြောပါသည် ။ မေလ ရ ရက်နေ့က ကျင်းပသည့် အစည်းဝေးသို့ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင် ( UNA အထွေထွေအတွင်းရေးမှူး ) လည်း တက်ရောက်ခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံဖြစ်လာခဲ့လျှင်ပင် ဖက်ဒရာယ်ပြည်ထောင်စုဖြစ်လာရန် အလားအလာနည်းနေကြောင်းနှင့် စိတ်မလျှော့ပဲ ဆက်လက်ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့ပါသည် ။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA မှာ တိုင်းရင်းသားပါတီ ၈ ပါတီဖြင့် မူလက ဖွဲ့စည်းထားခဲ့သော မဟာမိတ်အဖွဲ့ဖြစ်ပြီး မေ ရ ရက်နေ့ အစည်းအဝေးအပြီးတွင် အဖွဲ့ဝင် အသစ် တိုင်းရင်းသားပါတီ ၄ ပါတီကို လက်ခံခဲ့ပါသည် ။ |
||
|
တရုတ်နယ်စပ် မိုင်းလားမြို့ ၌ ပေါက်ကွဲမှုဖြစ်ပွား - ၇ ဦးသေ ၅၀ ကျော်ဒဏ်ရာရ Posted: 07 May 2016 07:14 AM PDT သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားမြို့၌ ယနေ့ မေ ၇ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီကျော် အချိန် ခန့်တွင် ပေါက်မှုကြီး တခု ဖြစ်ပွားခဲ့သည်ဟု သိရသည် ။ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့ အရှေ့ဘက် မိုင် ၆၀ ကျော် တရုတ်နယ်စပ်အနီး မိုင်းလားမြို့နယ် တာလော့မြို့ ဂိုဒေါင်တခု တွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် ။ ပေါက်ကွဲမှုကြောင့် အနီးအနားရှိ လူနေအိမ်ခြေအချို့လည်း မီးလောင်ကျွမ်း၍ ဂိုဒေါင်အတွင်း တာဝန်ကျသူ လူ ၇ ဦး သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသည်ဟု အခင်းဖြစ်ပွားရာဒေသအတွင်း နေထိုင်သည့် ပုဂ္ဂိုလ်များက ပြောသည် ။ |
မိုင်းလားတပ်ဖွဲ့အာဏာပိုင်းများ ထုတ်ပြန်ကြေငြာချက်အရ ပေါက်ကွဲမှုတွင် သတ္တုပစ္စည်း များ ထုတ်လုပ်သည့် သတ္တုမိုင်း ဖေါက်ခွဲရေး ပစ္စည်း သိုလှောင်ထားသည့် ဂိုဒေါင် ပေါက်ကွဲမှုသာဖြစ်ပြီး စိုးရိမ်စရာမရှိတော့ကြောင်း ၊ အခြေအနေအားလုံးအား မိုင်းလားအာဏာပိုင်များ ထိန်းသိမ်းနိုင်ပြီးဖြစ် ကြောင်း၊ ဒေသခံများ အနေဖြင့် စိုးရိမ်စရာမရှိကြောင်း - ထုတ်ပြန်ထားသည်ဟု လည်း ဒေသခံများက ပြောသည် ။ ပေါက်ကွဲမှုကြောင့် လူ ၇ ဦးသေဆုံးကာ ၅၀ ကျော် ဒဏ်ရာ ရရှိသည် ဆိုသည့် အချက်ဟုတ်မှန်ကြောင်း မီးဝိုင်းဝန်းငြိမ်းသတ်သည့် ဦးအားဖှန် က ပြောသော်လည်း ပေါက်ကွဲရသည့် အကြောင်းရင်းကိုတော့ အတည်ပြုပြောဆိုချင်းမရှိသေးပါ ။ ယခုနှစ် ၂၀၁၆ နှစ်ဦးပိုင်းကလည်း ထုန်းစန်း ဝမ့်လျှို့ လောင်းကစားရုံတခု တွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးသည် ။ မိုင်းလားတပ်ဖွဲ့ ခေါ် အထူးဒေသ ၄ သည် ၁၉၈၉ ခုနှစ်ကတည်းက စစ်အစိုးရနှင့် အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည်ဆောက်ထားထားသည့် တပ်ဖွဲ့ဖြစ်သည်။ ခေါင်းဆောင်မှာ ဦးစိုင်းလင်းဖြစ်သည် ။ ဘိန်းနှင့် မူးယစ်ဆေးဝါး ကင်းစင်သည့်ဒေသ ၊ စံပြ အထူးဖွံ့ဖြိုးရေးဒေသ အဖြစ် ၁၉၉၀ ပြည့်လွန်များ၌ စစ်အစိုးရ က ထုတ်ပြန်သတ်မှတ်မှတ်ထားသည် ။ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ဦးသိန်းစိန် အစိုးရ နှင့်လည်း ၂၀၁၁ ခု အောက်တိုဘာက ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ် ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ထားသည့် သျှမ်းပြည်အရှေ့ပိုင်းနေ လက်နက်ကိုင်တပ်ဖွဲ့တခု ဖြစ်သည် ။ |
|
Posted: 08 May 2016 11:01 PM PDT သျှမ်းပြည်မြောက်နမ့်ခမ်းမြို့တွင် ရှိသော အဖွဲ့အစည်းအသီးသီးများနှင့် ရဟန်းရှင် ပြည်သူလူထုများ စုပေါင်းပြီး မေလ ၈ ရက်က တအာင်းလွှတ်မြောက်ရေးတပ်မတော် PSLF/TNLA ထံ အိတ်ဖွင့်စာ တစ်စောင်ပေးပို့ခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည် ။
မေလ ၆ ရက်က သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ ဟိုပန်ကျေးရွာတွင် သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် တအာင်းလွှတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ် ပွားရာ- PSLF/TNLA အဖွဲ့မှ ၄င်းတစ်ရွာလုံးရှိ အပြစ်မဲ့ပြည်သူများ၏နေအိမ်အားလုံးကို မီးရှို့ဖျက်ဆီး ခြင်း အပြစ်မဲ့ပြည်သူများကို ဖမ်း ဆီး ပြန်ပေးဆွဲခြင်း တို့ကြောင့် ယနေ့ မေလ ၈ရက်နေ့၌ နမ့်ခမ်းမြို့မိုခမ်းရပ်ကွက်ရှိ ဇေယျသုခ ဘုန်း တော်ကြီးကျောင်းတွင် အဖွဲ့အစည်းအသီးသီး နှင့် ရဟန်းရှင်ပြည်သူလူထုများစုပေါင်းစည်းဝေးပြီး ထို PSLF/ TNLA ထံ အိတ်ဖွင့်စာ တစ်စောင်ကို ဆွေးနွေးရေးသား ခဲ့သည် - ဟု နမ့်ခမ်းလူမှုညီညွှတ်ရေးအသင်းမှ စိုင်းဆိုင်ဖ ကဆိုသည် ။ “ အစည်းအဝေးကို မွန်းလွဲ ၂းဝဝ နာရီမှ ညနေ ၅း၃၀ နာရီ အထိကျင်းပခဲ့ကြတယ် ၊ တက်ရောက်ပါဝင်တဲ့ အဖွဲ့ များတော့ ကျနော်တို့မြို့မှာရှိတဲ့ သျှမ်းရဟန်းပျိုများအဖွဲ့ ၊ မြို့မိမြို့ဖများ ၊ လူမှုညီညွှတ်ရေးအသင်း ၊ ကျားဖြူပါတီ ၊ သျှမ်းစာ / ယဉ်အဖွဲ့ ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးများ ၊ တောင်သူလယ် သမားအဖွဲ့ ၊ သျှမ်း အမျိုးသမီး ရေးရာ အဖွဲ့နဲ့ သျှမ်းလူငယ်များ စတဲ့ အဖွဲ့အစည်း များဖြစ်ကြပါတယ် ” ၄င်းကပြောသည် ။ တအာင်းလွှတ်မြောက်ရေးတပ်မတော် PSLF/TNLA ထံ အိတ်ဖွင့်ပေးစာထဲတွင် ၄င်း PSLF/TNLA အဖွဲ့ များကျူး လွန်ခဲ့သည့် အပြစ်များကိုပြည်သူလူထံဝန်ချတောင်းပန်ပေးရန် နှင့် အပြစ်မဲ့ ဟိုပန် ပြည်သူ လူထု များအိုးအိမ်များ မီးရှို့ဖျက်ဆီးခြင်း အပေါ် PSLF/TNLA မှအပြည့်အဝ တာဝန်ယူ ပြန်လျော်ကြေး ပေးရန် စသည့်အချက်များအပါအ ၀င်ရေးသား ပို့ထားသည် ဟု အစည်းအဝေးတက်ရောက်ခဲ့သော အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆို သည် ။ ဟိုပန်ကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ “ တအာင်းတပ်မတော်သည် ပြည်သူလူထု အကျိုး ယုတ်စေ သည့် လုပ်ရပ်များ၊ အပြစ်မဲ့သူများ ဖမ်းဆီးချုပ်နှောင်ခြင်းများ ၊ ပြည်သူလူထု၏ အသက်အိုး အိမ် စည်း ဇိမ်များဖျက်ဆီးခြင်း …. . မူဝါဒ မရှိကြောင်း ” - မေလ ရ ရက်နေ့ ရက်စွဲ ဖြင့် PSLF/TNLA မှ ကြေငြာချက်ထုတ်ပြန်ထားသည် ။ အဆိုပါ PSLF/TNLA အဖွဲ့ထံ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ရသည့်ရည်ရွယ်ချက်မှာ - “ ဟိုပန်ရွာနေ သျှမ်းတိုင်း ရင်းသားပြည်သူအတွက်မဟုတ်ပဲ နောက်နောင် အခုလိုမျိုးရင်နင့်စရာဖြစ်ရပ်များအား မြန်မာနိုင်ငံရှိ တခြားတိုင်း ရင်းသားလူမျိုးများအားလုံး အပေါ် မဖြစ်ပွားရစေရန် ” စသည့်ရည်ရွယ်ချက် ရေးသားပေး ပို့ခဲ့ရ ကြောင်း ဟု နမ့်ခမ်းမြို့ လူမှုညီညွှတ်ရေးအသင်း ဥက္ကဌ ဦးစိုင်းလိန်မြတ် ကပြောသည် ။ |
||
|
RCSS/SSA ၏ အမာခံရွာဟုစွပ်စွဲခံရသည့်ကျေးရွာ တရွာလုံး မီးရှို့ခံရ Posted: 08 May 2016 10:42 PM PDT သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် RCSS/SSA အားထောက်ပံ့သည်ဟု စွပ်စွဲခံရသည့် သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု ဟိုပန်ကျေးရွာ တခုလုံးအား လက်နက်ကိုင်အဖွဲ့ တဖွဲ့က မေလ ၆ ရက်နေ့က မီးရှို့ ဖျက်ဆီးခံရသည် ။
“ မေ ၁ ရက်နေ့ ကနေ ၅ ရက်နေ့ အထိ တိုက်ပွဲ ပြင်းထန်တယ် ။ တိုက်ပွဲ ပြင်းထန်လို့ ရွာ မြောက်ဘက် မှာ ခြေကုပ်ထားတဲ့ RCSS/SSA အဖွဲ့ တပ်ဆုတ်လိုက်တယ်လို့သိရတယ် ။ တိုက်ပွဲငြိမ် သွားပြီး နောက် တရက် နံနက်ပိုင်း ပလောင်တပ်ဝတ်စုံ ဝတ်ထားတဲ့ လက်နက်ကိုင် အုပ်စုက ဝင်လာပြီး ရွာကို မီးရှို့တယ်။ သူတို့ အုပ်စုထဲမှာ ကချင်စကားလဲ ပြောတယ် ” - ဟု မျက်မြင် စစ်ဘေးရှောင် တဦး က ပြောသည် ။ ထိုလက်နက်ကိုင်အဖွဲ့သည် အသက် ၅၀ ကျော်အရွယ်နှစ်ရှိ ဆွံ့အ နားမကြားသူ (ဦး) စိုင်းစံအေးအား မေ ၆ ရက် ညပိုင်း၌ သတ်ဖြတ်ကာ ရွာဦးရေကန်၌ စွန့်ပစ်ထားသည်ဟုလည်း အမည်မဖေါ်လိုသည့် မိုင်းဝီးရောက် စစ်ဘေးရှောင်များက ပြောသည် ။ ဟိုပန်ကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ “ တအာင်းတပ်မတော်သည် ပြည်သူလူထု အကျိုး ယုတ်စေ သည့် လုပ်ရပ်များ ၊ အပြစ်မဲ့သူများ ဖမ်းဆီးချုပ်နှောင်ခြင်းများ ၊ ပြည်သူလူထု၏ အသက်အိုး အိမ် စည်း ဇိမ်များဖျက်ဆီးခြင်း …. . မူဝါဒ မရှိကြောင်း ” - မေလ ရ ရက်နေ့ ရက်စွဲ ဖြင့် PSLF/TNLA မှ ထုတ်ပြန် ကြေငြာထားသည် ။ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ဒေသခံ အဖွဲ့အစည်း ၉ ဖွဲ့က PSLF/TNLA ဥက္ကဌထံ အိတ်ဖွင့်ပေးစာ တစောင်ပေးပို့ခဲ့သည်။ အဆိုပါ အိတ်ဖွင့်ပေးစာတွင် PSLF/TNLA တပ်ဖွဲ့မှ နမ့်ခမ်းမြို့နယ် မိုင်းဝီး ဒေသ ဟိုပန်ကျေးရွာအုပ်စု ဟိုပန်ကျေးရွာ တရွာလုံးကို မီးရှို့ဖျက်ဆီးခြင်းအား ဆန့်ကျင်ရှုံ့ချကြောင်းနှင့် ကျူးလွန်ခြင်းအား တာဝန်ယူပေးပါရန် တောင်းဆိုလိုက်သည် ။ ၂၀၁၅ နှစ်နှောင်းပိုင်း RCSS/SSA နှင့် PSLF/TNLA တို့ကြား ပြဿနာစတင်ဖြစ်ပွားစဉ်ကလည်း မိုင်းဝီးဒေသခံ ၁၂ ဦး ဖမ်းဆီးခံရသည်။ ၎င်းတို့အားလုံး သတ်ဖြတ်ခံလိုက်ရပြီးဖြစ်သည်ဟု PSLF/TNLA နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည် ။ ထိုသူများသည် ဒေသခံများမဟုတ် RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွားစဉ် ဖမ်းဆီးခံရသည့် သူများဖြစ်သည်ဟု PSLF/TNLA နိုင်ငံခြားရေး တာဝန်ခံ တာပန်းလှ က သျှမ်းသံတော်ဆင့်သို့ ပြောဖူးသည် ။ |
|
တရွာလုံးမီးရှို့ခံရသည့် နမ့်ခမ်းဒေသခံများအား SNLD နှင့် SSPP တို့ သွားရောက်တွေ့ဆုံထောက်ပံ့ Posted: 10 May 2016 03:35 AM PDT သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် စစ်ဘေး ၊ မီးဘေးသင့် လူထုများအား နမ့်ခမ်း မြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နှင့် သျှမ်းပြည်တိုးတက်ရေး ပါတီတို့မှ ကူညီ ထောက်ပံ့မှုများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည် ။
၂၀၁၆ မေ ၈ ရက်နေ့ နေအိမ် မီးရှို့ခံရသည့် ဒေသခံ ၃၀၀ နီးပါးအတွက် သျှမ်းတိုင်း ရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နမ့်ခမ်းမြို့နယ် နှင့် သျှမ်းပြည်တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA တို့ စုပေါင်းကာ ကျပ်ငွေသိန်း ၅၀ သွား ရောက် ထောက်ပံ့ခဲ့သည်ဟု ကျားခေါင်းလူငယ်အဖွဲ့မှ စိုင်းနွံ က ပြောသည် ။ “ SSPP/SSA အမှတ် ၉ မြို့နယ် အာဏာပိုင် နဲ့ ကျနော်တို့ စုပေါင်းပြီး သွားရောက် ကူညီတာပါ ။ အဓိက ကတော့ ဖြစ်စဉ် နဲ့ အခြေအနေကို သွားရောက် စုံစမ်းမေးမြန်းတာပါ ။ ရသင့်ရထိုက်တဲ့ အချက် အလက်တွေ ရလာပါတယ် ။ ငြိမ်းချမ်းရေး လမ်းစဉ် အတွက် အထောက်အကူ ပြုနိုင် အောင်လို့ပါ ” - ဟု စိုင်းနွံက ပြောသည် ။ သျှမ်းတိုင်း ရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နမ့်ခမ်းမြို့နယ် မှ ကျပ်ငွေ သိန်း ၃၀ ၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ မှ ကျပ်ငွေ သိန်း ၂၀ စုပေါင်းကာ ဟိုပန်သျှမ်းစာပေယဉ်ကျေးမှုထံ ပေးအပ်ခဲ့သည်ဟု သိရသည် ။ “ မနေ့က မေလ ၉ ရက်နေ့က စားသောက်ဖွယ်ရာနဲ့ အသုံးအဆောင်ပစ္စည်း ၆ ဘီးကားတစီးစာနဲ့ မေလ ၁၀ ရက်နေ့ ဒီနေ့လည်း အသုံးအဆောင်နဲ့ အစားအသောက် ကားနောက်တစီးစာ ထပ်ပြီးလာပို့ပေးပါတယ် ” - ဟု ဆိုပါသည် ။ မေလ ၆ ရက်နေ့က လက်နက်ကိုင်အဖွဲ့တဖွဲ့ အိမ် ခြေ ၆၀ ကျော်ရှိ ဟိုပန်ကျေးရွာအား ဝင် ရောက် မီးရှို့ဖျက်ဆီးခဲ့သည် ။ ဟိုပန်ကျေးရွာ မီးရှို့ခံရမှုတွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ဒေသခံများက တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့ဝင်များမှ လာရောက်မီးရှို့ခဲ့သည်ဟု ဆိုသော်လည်း TNLA ဘက်က တော့ ၎င်းတို့ လက်ချက်မဟုတ် တိုက်ပွဲကြောင့် လောင်ကျွမ်းရ တာဖြစ်သည်ဟု ထုတ်ပြန် ကြေငြာထားသည် ။ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တို့ သည် သျှမ်းပြည်မြောက်ပိုင်း အတွင်း နယ်မြေအငြင်းပွားမှု တိုက်ပွဲများကြောင့် ၂၀၁၅ နှစ်နှောင်းပိုင်းမှ စ၍ နမ့်ခမ်း၊ မန်တုံ ၊ ကျောက်မဲ စသည့် မြို့နယ်များမှ ဒေသခံများ ထောင်ကျော် စစ်ဘေး ရှောင်ခဲ့ရသည် ။ |
|
Posted: 10 May 2016 01:36 AM PDT ထိုင်းဘုရင့် ကမကထပြု မဟာကျူးလားလုံးကွန်း တက္ကသိုလ် မှ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဟောင်း ဒေါက်တာ စိုင်းမောက်ခမ်းအား ပညာရေးဆိုင်ရာ ဦးဆောင်ဦးရွက်ပံ့ပိုးသူ ပါရဂူ ဒေါက်တာဘွဲ့ကို လာမည့် မေ ၁၅ ရက်နေ့၌ ပေးအပ်ချီးမြင့်မည်ဖြစ်ကြောင်းသိရသည် ။
၂၀၁၆ မေလ ၁၅ ရက် နံနက် ပိုင်းမှ စ၍ မွန်းလွဲ ၃ နာရီအထိ ဘွဲ့ရသူများအား မဟာကျူးလားလုံးကွန်း တက္ကသိုလ် တွင် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမည်ဖြစ်ကြောင်း ၊ ထိုအခမ်းအနားအပြီး ညနေ ၅ နာရီမှ စ၍ ဂုဏ်ပြုအခမ်း အနားတရပ် ဆက်တိုက်ကျင်းပပေးသွားမည်ဖြစ်ကြောင်း - သိရှိရသည် ။ “ ဒေါက်တာ စိုင်းမောက်ခမ်းက ဒုသမ္မတ တာဝန်မထမ်းဆောင်စဉ်ကတည်းက မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းစာပေယဉ်ကျေးမှု (ဗဟို) ကော်မတီ ဥက္ကဌ တာဝန်ထမ်းဆောင်တယ်။ ဒု သမ္မတ ရာထူး ထမ်းရွက် တော့ လည်း ဒီပညာရေးပိုင်းမှာ ပြည်တွင်းကော ပြည်ပကော ပါဝင်ထမ်းရွက်ခဲ့တယ် ။ ဒါ့ကြောင့် မဟာကျူးလား တက္ကသိုလ်ကနေ Educational Administration ဒေါက်တာဘွဲ့ချီးမြှင့်မှာ ဖြစ်တယ် ” - ဟု ဘွဲ့အပ်နှင်းခံရသူ ဂုဏ်ပြုရေးကော်မတီ တွင် ပါဝင်သည့် အရှင် နန္ဒသာမိ နွံတိုင်း က မိန့်ကြားတော်မူပါတယ် ။ ဘွဲ့နှင်းသဘင် အခမ်းအနား၌ ဒေါက်တာစိုင်းမောက်ခမ်း အပြင် MA ဘွဲ့ရ သျှမ်းရဟန်းတော် သုံးပါး BA ဘွဲ့ ၁၅ ပါး လည်း ဘွဲ့လက်ခံရယူမည်ဖြစ်သည် ။ ဘွဲ့အပ်နှင်းပွဲ အခမ်းအနားသို့ ပြည်တွင်းပြည်ပ သျှမ်းမိသားစုများ၊ အသင်းအဖွဲ့များ ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ့သံ အရာရှိကြီးများလည်း တက်ရောက်မည်ဟု သိရှိရသည် ။ မဟာကျူးလားလုံးကွန်း တက္ကသိုလ်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀ ကျော်ကတည်းက ထိုင်းဘုရင်မင်းမြတ် မဟာကျူးလား ဖရကျွမ်ကောဝ့်ကျောဝ့်ယူဟို က ကမကထပြုတည်ထောင်သည် ။ ထိုစဉ်မှစ၍ ထိုင်းဘုရင် မင်းမြတ် အဆက်ဆက် ကမကထ ပြုစီမံထိန်းသိမ်းလာခြင်းဖြစ်သည် ။ |
|
မြန်မာ့တပ်မတော်နှင့် တအာင်းတပ်မတော်တို့ကြားတိုက်ပွဲကြောင့် အိမ်သုံးလုံးမီးလောင် Posted: 12 May 2016 12:34 AM PDT သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရတပ်မတော် နှင့် တအာင်းပလောင် အမျိုးသား လွတ် မြောက်ရေး တပ်မတော်တို့အကြား မေလ ၁၁ ရက်နေ့ တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ဝမ်လုံကျေးရွာတွင် နေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့သည်ဟုသိရသည် ။
၂၀၁၆ မေ ၁၁ ရက် နံနက် ၈ နာရီကျော်မှ ၁၁ ကျော် အထိ အစိုးရ တပ်မတော် နှင့် တအာင်း ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့အကြားတိုက်ပွဲဖြစ်ပွားပြီး နံနက် ၁၁ နာရီ ခွဲကျော် ချိန် ကျေးရွာမီးရှို့ခံရခြင်းဖြစ်သည်ဟု ဒေသခံ ဦးမိုင်ခမ်း က ပြောသည် ။ “ ရွာထဲမှာ ပလောင်နဲ့ သူတို့ မဟာမိတ်တပ်တွေ ဝင်လာတယ် ။ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ် တယ်။ ရွာကနေ သူတို့ ထွက်သွားတာနဲ့ မီးက စလောင်တော့တာဘဲ ။ အစိုးရတပ် ဝင်လာတာ ၁၂ နာရီ ထိုးခါနီးအချိန် ။ ရွာသူရွာသားတွေကို မကြောက်ကြဖို့ ၊ ထွက်လာပြီး မီးဝိုင်းငြိမ်းဖို့ တိုက်တွန်းပြော ဆိုကြပြီးတော့ မီးဝိုင်းငြိမ်းနိုင်ခဲ့တယ် ” - ရွာခံ ဦးမိုင်ခမ်းက ပြောသည် ။ နှစ်ဘက်တိုက်ပွဲကြောင့် ဒေါ်နန်းအေးထိုက် (အိမ်နှင့်ကုန်ဆုံဆိုင် တွဲလျက်) ၊ ဦးစိုင်းအောင်ကျော် နှင့် ဒေါ်နန်းအေးစံ (အလှပြင်ဆိုင် နှင့်အိမ် တွဲလျက်) - တို့ မီးလောင်ကျွမ်း သွားခဲ့သည် ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြန်ကြားရေးဌာန၏သတင်းထုတ်ပြန် ချက်တွင်မြန်မာ့တပ်မတော်၏ လက်နက်ကြီးထိမှန်ပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်း လူနေ အိမ်မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဖေါ်ပြထားသည် ။ ဒေသအတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ထောင်ကျော်နေရပ်မှ စွန့်ခွါရကာ ကျောက်မဲမြို့ ဘုန်းတော်ကြီးကျောင်းများ၌ ခိုလုံနေရဲသည် ။ ကျောက်မဲရောက် စစ်ဘေးရှောင် များသည် စားဝတ်နေရေးအတွက် အခက်ခဲဆုံး ရင်ဆိုင်နေရသည်ဟု ကျောက်မဲမြို့နယ် လူမှုကူ ညီ ရေးအဖွဲ့ ဥက္ကဌ ဦးတင်မောင်သိန်းက ပြောသည် ။ |
|
(၂၁) ရာစု ပင်လုံညီလာခံ ဖြစ်ထွန်းရေး Posted: 11 May 2016 09:00 PM PDT ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ NLD အစိုးရအနေနဲ့ (၂၁) ရာစု ပင်လုံညီလာခံတရပ်ကို လပိုင်းအတွင်း ခေါ်ယူ မယ်လို့ ပြောကြားလိုက်ပါတယ် ။ တိုင်းရင်းသားတွေ အပါအဝင် ပြည်သူ တရပ်လုံး နှစ်ထောင်းအားရကြိုဆိုကြမဲ့ ဒီညီလာခံ ပီပီပြင်ပြင်ဖြစ် ထွန်းေ ရး အောင်မြင်ရေး တို့အတွက် ဘယ်လို စိမ်ခေါ်မှုတွေ ရှိနေသလဲ ၊ ဘယ်လိုေ ကျာ်လွှားကြမလဲ ဆိုတာကို တိုင်းရင်းသား ပြဿနာ လေ့လာသုံး သပ် ရေး သားနေတဲ့ စိုင်းဝမ်ဆိုင်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ် ။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ NLD အစိုးရရဲ့  တကယ့်လက်တွေ့ေ ခါင်းေ ဆာင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က (၂၁) ရာစု ပင်လုံခေါ် ယူပြီးတော့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းမယ်လို့ ပြောနေပါတယ် ။ ဒါပေမဲ့ အပစ် အခတ်ရပ်စဲရေးကိုတောင်မှ ဘယ်သူကို မပါစေချင်ဘူး ။ ဘယ်အဖွဲ့နဲ့ မေ ဆွးနွေးနိုင်ဘူးဆိုပြီး အထူးသဖြင့် စစ်တပ်ဘက်က အဲဒီလို ပြောေ နလေေ တာ့ ၊ ပင်လုံညီလာခံ ခေါ်တဲ့အခါမှာ တိုင်းရင်းသား အင်အား စုတွေအားလုံး ပါဝင်နိုင်ပါ့မလားဆိုတဲ့ အခက်အခဲတခု ။ ဒုတိယတခုက မူအားဖြင့် တိုင်းရင်း သား တချို့ ကဆိုရင် အရင်လွတ်လပ် ရေးယူပြီးတဲ့အခါမှာ လုပ်ခဲ့ကြတဲ့ အ တိုင်း ရှစ်ပြည်နယ်ပဲ လုပ်ချင်တယ် ။ အခုကြတော့ ပြည်နယ်နဲ့ Equal တိုင်းေ တွကို ခုနှစ်ခု ပေးထား တယ် ဆိုတော့ ဒါကို လက်မခံနိုင်တဲ့ သဘော လဲ ရှိနေပါတယ် ။ အဲဒါကတော့ သဘောတရားပိုင်းပေါ့ ။ အခုလက်တွေ့မှာ တိုင်းရင်းသားတွေအား လုံး ကို စားပွဲဝိုင်းကို ခေါ်နိုင်ပါ့မလားဆိုတဲ့ဟာကို ကျနော် ပထမဦးဆုံး မေးချင်ပါတယ် ။ ဦးစိုင်းဝမ်ဆိုင်း ။ ။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းရဲ့  စေတနာအားလုံး ပါစေချင်တယ်။ ဒါပေမဲ့ သူ တကယ်လုပ်နိုင်မလား ။ မလုပ်နိုင်လား ဆိုတဲ့ အပေါ်မှာ စစ်တပ်ရဲ့  သူနဲ့အတူတူ ပါဝင်လုပ်ဆောင်မှုအပေါ်မှာ အများကြီး မူတည်တယ် ။ ဦးကျော်ဇံသာ ။ ။ အားလုံးမပါဝင်နိုင်ဘူးဆိုရင် (၂၁) ရာစု ပင်လုံ ကျင်းပတာ အနှစ်သာရ ရှိပါ့မလား။ ဘယ်လို ထင်ပါသလဲ ။ ဦးစိုင်းဝမ်ဆိုင်း ။ ။ တကယ်လို့ အားလုံးမပါဝင်ဘူးဆိုရင်တော့ အဲဒီ ပင်လုံ ညီလာခံက အဓိပ္ပါယ်သိပ်ပြီးပြည့်စုံမယ်လို့ မထင်ဘူး။ ဘာလို့လဲ ဆိုတော့ အခုန ပြောနေတဲ့ အပစ်အခတ်ရပ်စဲရေးမှာတောင်မှ ဟိုအဖွဲ့မပါရ ၊ ဒီအဖွဲ့မ ပါရ ။ စစ်တပ်က ကန့်သတ်နေ တဲ့ အခါကြတော့ Agenda တခုလုံးကို သူတို့က မောင်ပိုင်စီးပြီးတော့ စီမံချင်တဲ့ အနေအထားမျိုးမှာ ဖြစ်နေတယ် ။ အဲဒါက တကယ် တမ်း ပြောမယ်ဆိုလို့ရှိရင် အဲဒီ ပင်လုံညီလာခံတ ခုခေါ် တယ်ဆိုတာက သူကပါဝင်မယ့်လူတွေနဲ့ အဲဒီအယူအဆ ကို ဖြစ် ထွန်း အောင် လုပ်ချင်တဲ့ လူတွေက ပေါင်းပြီးတော့ သူတို့ရဲ့  .. Program ဖြစ် ဖို့ လုပ်တာ ။ အခုကြတော့ သူက ဒေါ်အောင်ဆန်း စုကြည်ပဲဖြစ်ဖြစ် ၊ စစ်တပ်ပဲဖြစ်ဖြစ် ဦးစီးပြီးလုပ်တယ်ဆိုလို့ရှိရင် သူတို့ပိုင်တဲ့ Concept တခု ဖြစ်နေတယ် ။ အဲဒါကြောင့် အားလုံးအတူတူ ပေါင်းပြီးရေးဆွဲတဲ့ Agenda တခု ဖြစ်ဖို့လိုတယ် ။ ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အားလုံးအတူတူ ပေါင်းနိုင်ဖို့အတွက် အခု အပစ်မရပ်သေးတဲ့ တိုင်းရင်းသားအင်အားစုတွေ၊ အပစ်ရပ်တိုင်း ရင်း သားေ တွ အကုန်လုံး မျက်နာစုံညီ ဆွေးနွေးပြီးတော့ ညှိနှိုင်းကြဖို့ ပထမအဆင့် အနေနဲ့ လိုအပ်တယ်ဆိုတဲ့ သဘောပေါ့ ။ ဦးစိုင်းဝမ်ဆိုင်း ။ ။ ဟုတ်တယ် ။ အဲဒါက လုံးဝလိုအပ်တယ်။ တကယ်လို့ ကျနော်တို့က AA ပဲဖြစ်ဖြစ် ၊ ကိုးကန့်လို့ခေါ်တဲ့ MNDAA ပဲဖြစ်ဖြစ် ၊ သူတို့ကို ချန်ထားခဲ့မယ် ဆိုလို့ရှိရင် အဲဒီ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးဆိုတာ အဓိပ္ပါယ်မရှိဘူး ဖြစ်သွားမယ် ။ အဲဒါကြောင့်မို့ အရင်တုန်းက တယောက်နဲ့ တယောက် နာကျည်းတာတွေ ၊ စစ်ရေးအရ ထိခိုက်မှုရှိလို့ ကလဲ့စားချေ ချင်တာတွေ အားလုံး ပြည်ဖုံးကားချပြီးမှ အားလုံးကို ဖိတ်ခေါ်ပြီး ၊ ထိုင်ပြီး စကားပြောမှ ဖြစ်မယ့်ကိစ္စ ဖြစ်တယ် ။ ဦးကျော်ဇံသာ ။ ။ စိုင်းဝမ်ဆိုင်းပြောတဲ့ အကုန်လုံး သဘောတူညှိနှိုင်းထားတဲ့ Agenda တခု ၊ မူတခုကို ကြိုတင်ချမှတ် ဖို့ဆို တာကကော ဖြစ်နိုင်ပါ့မလား။ အဲဒီလို မဖြစ်နိုင်ရင် (၂၁) ရာစု ပင်လုံဆိုတာ ပေါ်ပေါက်နိုင်ပါ့မလား ။ ဦးစိုင်းဝမ်ဆိုင်း ။ ။ တကယ်လို့ အခုန ပြောသလို All Inclusive ကို အားလုံး ပါဝင်နိုင်တဲ့ အနေအထားမျိုး မရှိဘူးဆိုလို့ရှိရင် (၂၁) ရာစု ပင်လုံဆိုတာလဲ ဘာမှအဓိပ္ပါယ်မရှိ ဖြစ်သွားမယ် ။ ရည်ရွယ်ချက်ကတော့ ကောင်းပါရဲ့  ။ ဒါပေ မဲ့ တ ကယ်တမ်း လုပ်ဖော် တဲ့အခါကြတော့ မဖြစ်နိုင် ဘူး ၊ ဖြစ်သွားမယ်လေ ။ ဦးကျော်ဇံသာ ။ ။ တချို့  AA, MMDAA တို့ကို စစ်တပ်က မခေါ်ချင် ၊ မပြောချင်တာက စောစောက စိုင်းဝမ်ဆိုင်း ပြောသွားတဲ့ ငါတို့က စစ်ရေးအရ ခံထားရတဲ့အတွက်ကြောင့် ဒီကောင်တွေကို လက်စားချေပြီး အနိုင်ရမှ ၊ ငါတို့ ဆွေးနွေးချင်တယ်ဆိုတဲ့ အဲဒီလို စိတ်ဓါတ်မျိုးနဲ့ လက်မခံဘူးလို့ ထင်သလား ။ ဦးစိုင်းဝမ်ဆိုင်း ။ ။ အဲဒါလဲ အချက်တခု ဖြစ်တယ် ။ ဒါပေမဲ့ အဲဒီအချက်တင် မကဘဲနဲ့ သူတို့က နယ်စပ်မှာ ရှိနေတဲ့ ကိုးကန့် ၊ ဝ ၊ မုန်းလားတို့ကို သူတို့က Portray လုပ်ချင်တာ ၊ ရုပ်လုံးဖော်ချင်တာက သူတို့ဟာ နိုင်ငံခြားရဲ့  Proxy နိုင် ငံခြားရဲ့  လွှမ်းမိုးမှု မကင်းတဲ့ အဖွဲ့အစည်းတွေလို့ ရုပ်လုံးဖော်ချင် တယ် ။ အဲဒီလို ရုပ်လုံးဖော်ချင်အားဖြင့် သူတို့ရဲ့  မဟာဗမာလို့ပဲခေါ်ခေါ် ၊ ဗမာ Nationalism ကို မြှင့်တင်ချင်တယ် ။ အဲဒီလို မြှင့်တင်ချင်ပြီးတော့ ရန်သူပုံရိပ် ကို အဲဒီလို ထောင်ထားလို့ရှိရင် စစ်တပ်မှာ သူတို့က လုပ်စရာကိုင်စရာ စိုးမိုးချယ်လှယ်နိုင်တယ် ။ သူတို့ရဲ့  စစ်ရေးအရ ပါဝင်စွက်ဖက်မှုတွေ အမြဲတမ်း လုပ်နိုင်တဲ့အခါကြတော့ သူတို့က နိုင်ငံရေးအနေအထားမှာလည်း သူတို့က အသားစီးမှု ရမယ်လို့ အရင်ပုံစံအတိုင်း တွက်ထားတဲ့အပေါ် ဒီလိုမျိုး ဖြစ်ချင်လဲ ဖြစ်နိုင်တယ် ။ ဦးကျော်ဇံသာ ။ ။ ဒါကတော့ (၂၁) ရာစု ပင်လုံ ဖြစ်လာနိုင် မဖြစ်လာနိုင်ဆို တဲ့ ပထမအဆင့်ကို ကျနော်တို့ ဆွေးနွေးတာ ဖြစ်ပါ တယ်။ နောက် တဆင့် တက်ပြီး ဆွေးနွေးဖြစ်ပြီ ထားပါတော့ ၊ မူအားဖြင့် သဘောတူညီမှု ရရှိရေး။ ဗမာအပါအဝင် ရှစ်ပြည်နယ် ပဲ လိုချင်တယ်ဆိုတဲ့ တိုင်းရင်းသားတွေနဲ့ အခု ဗိုလ်ချုပ်နေဝင်း လက်ထက်ကတည်းက လုပ်ခဲ့တဲ့ ပြည်မကို ဟိုတုန်းက Burma Proper ကို ပြည်နယ်တွေနဲ့ တန်းတူညီမျှတဲ့ (၇) နယ် ။ အခုဆိုရင် တိုင်းဒေသကြီးပေါ့ ။ နောက် တိုင်းရင်းသား (၇) ပြည်နယ် လုပ်ထားတဲ့ကိစ္စ ။ ဒီကိစ္စကိုကော သဘောတူနိုင်မယ့် အလားအလာ ရှိပါ့မလား ။ အတော်လေး ညှိနှိုင်းရမယ့် ကိစ္စလို့ ထင်ပါတယ် ။ ဦးစိုင်းဝမ်ဆိုင်း ။ ။ ဒီကိစ္စက တကယ်တမ်းက တော်တော်လေးကို နက်နဲ တယ် ။ နက်နဲရတဲ့အကြောင်းရင်းကလဲ တိုင်းရင်းသား တွေက (၇) ပြည်နယ်။ ဗမာအများစုက (၇) တိုင်းနဲ့ သူက ပြန်ပြီး Balance လုပ်ထားတာ ။ အဲဒီလို လုပ်ထားတော့ ကျနော်တို့က တိုင်းရင်းသားတွေရဲ့  ရှိတဲ့ ကိုယ့်ကိုယ်ကို ကာ ကွယ်နိုင်တဲ့ Veto အာဏာက လုံးဝမရှိတော့ဘူး ။ မရှိတဲ့အတွက် ကြောင့် မို့ တိုင်းရင်းသား နိုင်ငံရေးကို ဂဃနဏ လေ့လာတဲ့ တိုင်းရင်းသားတွေအနေနဲ့ လုပ်ချင်တဲ့ ပြည်ထောင်စုက Ethnic Based ပြည်ထောင်စု ဖြစ် တဲ့အ တွက်ကြောင့်မို့ ဗမာလည်း ပြည်နယ်တခု ဖြစ်သင့်တယ်လို့ သူတို့က အဲဒီလို အကြံဉာဏ်ပေးတာ ။ ဒီအကြံဉာဏ်ကြီးကို လက်ခံဖို့ဆိုတာက ဗမာလူများစု ကလည်း ကျနော်တို့က လူများစု ဖြစ်ရဲ့ သားနဲ့ အသံတသံပဲ ရသလားဆိုပြီး အကြောက်အကန် ငြင်းတဲ့အပိုင်းအနေနဲ့ ရှိတာပေါ့ ။ အများအားဖြင့် အာဏာရနေတဲ့ ဗမာနိုင်ငံရေး လူတန်းစားတွေ ၊ နောက်ပြီး စစ်တပ်ထဲက Ethnocentric မဟာလူမျိုးကြီးဝါဒ ဝင်နေတဲ့လူတွေက အဲဒါကို အကြောက်အကန် ငြင်းကြမှာ ။ ဒီပြဿနာက လွယ်လွယ်ကူကူနဲ့ ဖြေရှင်းဖို့ ခက်မယ်။ လောလောဆယ်မှာ ။ ဦးကျော်ဇံသာ ။ ။ ဆိုတော့ (၂၁) ရာစု ပင်လုံဆိုတာ လုပ်အုံးေ တာ့ ၊ ခေါ်ဖြစ်အုံးတော့ အောင်မြင်ဖို့ အလားအလာ သိပ်မရှိဘူးဆိုတဲ့ သဘော ဖြစ်နေတာပေါ့ ။ ဦးစိုင်းဝမ်ဆိုင်း ။ ။ ကျနော်တို့က အဲဒီ Ethnic Based Union ကို ကျနော် တို့က လက်ခံမယ်ဆိုလို့ရှိရင်တော့ (၂၁) ရာစု ပင်လုံညီလာခံကြီး ညီညီ မျှမျှဖြစ်ဖို့ အင်မတန် ခဲယဉ်းလိမ့်မယ် ။ ဦးကျော်ဇံသာ ။ ။ အဲဒီကိစ္စကို နှစ်ဘက်စလုံးက အလျှော့အတင်း မလုပ်နို င်ကြဘူးပေါ့။ တိုင်းရင်းသားတွေဘက်ကကော Ethnocentric Federation မဟုတ်ဘဲနဲ့ ။ ဦးစိုင်းဝမ်ဆိုင်း ။ ။ တကယ်တမ်းက အခုနောက်ဆုံး စာတမ်းတခု ထွက်လာတယ် ။ Robert Taylor ပြောတာက Decentralization ပိုပြီး၊ Devolution လို့လဲ ခေါ်လို့ရတယ် ။ အဲဒါကို ခုနှစ်ပြည်နယ် ၊ ရှစ်ပြည်နယ် ၊ ဆယ့်လေးပြည်နယ် လုပ်မယ့်အစား ရ၄ - ၁၀၀၈ လောက် လုပ်လိုက်ရင် မကောင်းဘူးလားလို့ အဲဒီလိုမျိုး အကြံဉာဏ်မျိုးပေးတယ် ။ ဆိုတော့ ကျနော် ထင်တာလဲ နည်းလမ်းကောင်းတခုပဲ ။ Decentralization ကို ရှစ်ပြည်နယ် ၊ ဆယ့်လေးပြည်နယ်လောက် မသတ်မှတ်ပဲ ဒီထက်ပိုပြီး အာဏာတွေ ခွဲဝေလိုက်မယ်ဆိုရင် Ethnic Based Federalism ထက်ပိုပြီး ကောင်းများကောင်းလာလေမလားလို့ အဲဒီလိုမျိုး သီအိုရီအရ စဉ်းစားတဲ့ အတွေးအခေါ်မျိုးလည်း အခုလောလောဆယ် ရှိတာပေါ့ ။ ဦးကျော်ဇံသာ ။ ။ နောက်တခုက ဥပမာ ရှမ်းပြည်နယ် ဆိုကြပါစို့။ ရှမ်းပြည်နယ်ထဲမှာ တခါ တခြားတိုင်းရင်းသားတွေက သီးခြားပြည်နယ် လုပ်ချင်တာတို့ဘာတို့ ရှိနေပါတယ် ။ အဲဒီကိစ္စကကော ဘယ်လို ညှိကြမလဲ ။ ဒီကိစ္စကော ပြေလည်နိုင်မလား ။ ဦးစိုင်းဝမ်ဆိုင်း ။ ။ ဒီကိစ္စက ရှမ်းပြည်တပြည်နယ်ထဲနဲ့ ညှိလို့မရဘူး ဖြစ်မယ်။ တကယ်တမ်းက ဖယ်ဒရယ်နိုင်ငံတခုကို အနည်းဆုံး ရှစ်ပြည်နယ် Base လုပ်ပြီး တည်ထောင်နိုင်ပြီဆိုရင် ထပ်ပြီးပြည်နယ်အသစ် သူတို့ လိုချင်တာကို ပေးဖို့အတွက် Criteria တွေ လိုတဲ့ စံချိန်စံညွှန်းတွေ အတူတူပေါင်းထိုင်ပြီး အဲဒါတွေ ရေးရမှာ။ အားလုံးသဘောတူ ရေးဆွဲပြီးရင် စံချိန်စံညွှန်းနဲ့ ညီတယ်ဆိုရင်တော့ ပြည်နယ်လိုချင်တယ်ဆိုရင်လဲ ပြည်နယ် ပေးလိုက်လို့ ရတာပဲ ။ ဦးကျော်ဇံသာ ။ ။ ဆိုတော့ တိုင်းရင်းသားတွေကို ပါဝင်လာအောင် လုပ်နိုင် ဖို့ကိစ္စ ။ နောက်ပြီးတော့ ပြည်နယ်အရေအတွက် ဘယ်လောက် သတ် မှတ် မလဲဆိုတဲ့ ကိစ္စတို့ ။ အဲဒီ ပြည်နယ်တခုဖြစ်ဖို့အတွက် Criteria သတ်မှတ် ဆုံးဖြတ်ဖို့ကိစ္စတွေ အားလုံးပေါင်းလိုက်ရင် အတော်တော့ ခက်ခဲတဲ့ ကိစ္စတ ခုလို့ ထင်ပါတယ် ။ ဒီ (၂၁) ရာစု ပင်လုံညီလာခံ အောင်မြ င်ပြီြးေ မာက်ေ ရးဆိုတာ ။ ဘယ်လောက်အထိ အကောင်းမြင်ပါသလဲ ။ အားလုံးလွှမ်း ခြုံပြီးတော့ ကြည့်မယ်ဆိုရင်တော့ ။ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည်က သိပ်အချိန်မဆွဲနေဘူး ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ လပိုင်း အတွင်းမှာ သူတို့လုပ်သွားမယ် ၊ ဘာညာ ပြောနေတယ်။ အဲဒီလောက် အထိ ဖြစ်လာနိုင်မယ် ထင်ပါသလား ။ သို့တည်းမဟုတ် အဲဒါဟာ Lip service နှုတ်စကားကတိပေးတာလောက်ပဲ ဖြစ်နေလေသလားဆိုတာကို နည်းနည်းသုံးသပ်ပေးပါ ။ ဦးစိုင်းဝမ်ဆိုင်း ။ ။ ရည်ရွယ်ချက်ကတော့ ကောင်းတယ်။ ဒါပေမဲ့ တကယ် တမ်း အခုန ကျနော်တို့ ဦးကျော်ဇံသာနဲ့ ဆွေးနွေးခဲ့တဲ့ အချက်နှစ်ချက်သုံး ချက်လောက်ကိုက ပြဿနာက တော်တော်ကြီးနေပြီ ။ အဲဒီ ပြဿနာတွေကို ကျနော်တို့ ကျေကျေလည်လည် ဆွေးနွေးဖို့အတွက်ဆိုရင် အခုန ပြောသ လိုပဲ Joint Process တခုဖြစ်အောင် ဘာမှ Pre-condition မရှိဘဲနဲ့ အဲဒီ ပါဝင်သင့် ၊ ပါဝင်ထိုက်တဲ့လူတွေအားလုံးကို ခေါ်ပြီး ၊ စဉ်းစားကြမယ်ဆိုလို့ရှိ ရင်ေ တာ့ တဆင့်ဆီတော့ သွားလို့ ရနိုင်မယ်လို့တော့ ကျနော် ထင်တယ် ။ ဒါပေမဲ့ အရေးကြီးတာတော့ အဲဒီ ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲ အခုနပြောတဲ့ ပြဿနာတွေကို အကုန်လုံး ရုန်းကန်ရမယ်ဆိုရင်တော့ ခက် မယ် ။ ကျနော်ထင်တာကတော့ သီအိုရီအရ သူကို အထောက်အပံ့ပေးနို င်မယ့် Body တခုတော့ လိုမလားလို့ အခုန ကျနော်တို့ပြောတဲ့ဟာေ တွကို ကျော်လွှားနိုင်ဖို့အတွက် ။ VOA မှပြန်လည်ကူးယူဖော်ပြပါသည်။ မူရင်းလင့် ကြည့်ရန်- http://burmese.voanews.com/…/weekly-news-analy…/3324631.html |
|
သီပေါမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းကြောင့် ဒေသခံများလယ်ယာမြေများစွာဆုံးရှုံး Posted: 12 May 2016 06:42 PM PDT သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ၀မ်လုံနမ့်မရွာအတွင်း ငွေရည်ပုလဲ ကုမ္မဏီမှ နှစ်ပေါင်းများ စွာတူးဖော်နေသော ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းမှ ဆိုးကျိုးများစွာခံစားနေရသည်ဟုဆိုကာ နယ်မြေခံလူထုက ဆန့် ကျင်ကန့်ကွက်ခဲ့ ကြောင်း သိရသည် ။
သီပေါမြို့ အရှေ့တောင်ဘက် ၂၃ မိုင်ခန့်အကွာ နားနျု အုပ်စုအတွင်း ဝမ့်လုံ နမ့်မ ရွာ ၃ နေရာတို့တွင် ငွေရည်ပုလဲ ကုမ္မဏီမှ ဆယ်စုနှစ်တခုခန့် ချီ ကျော က်မီးသွေးများ ဝင်ရောက်တူးဖော် သယ်ဆောင်နေ ရာ လက်ရှိ တွင် ဒေသ ခံများမှ ဆိုးရွားစွာ ဆိုးကျိုးခံနေရပြီဖြစ်သဖြင့် ထပ်မံဆန့်ကျင်ကန့်ကွက်ခဲ့ ရခြင်းဖြစ် ကြောင်း ဒေသခံ များကပြောသည် ။
“ ကျနော်တို့ဒီတဝိုက်မှာ ယခင်က လက်ဖက်ခြံ ၊ ဆန်ကြိတ်စက် ၊ ရွာသားတွေ နဲ့ ဘုန်းေ တ်ာကြီးကျောင်း မီးရရှိရေးအတွက် ဒေသခံ ရွာသားများ စုပေါင်းလုပ် အားနဲ့ ပြုလုပ်ထားတဲ့ မီးစက် ကြီးနဲ့ စိမ်းစိမ်းစိုစို လယ်ကွက်တွေ ရှိခဲ့ဖူးပါ တယ် ။ အခုအခါမှာတော့ အဲဒီတောတောင်ရေမြေသဘာဝ အလှ၊ ချောင်းေ ရ မြောင်းရေနဲ့ လယ်ကွက်တွေအစား တွင်းမဲကြီးနဲ့ ပုပ်စော်နံနေတဲ့ အဆိပ်ရေတွေဘဲကျန်တော့တယ် ” ဟု ရပ်မိရပ်ဖ လုံးအေး မှ ပြောသည် ။ ငွေရည်ပုလဲကုမ္မဏီ၏ ကျောက်မီးသွေးစီမံကိန်းကြီးများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ဧပြီလ ၁ ရက် နံနက် ၉ နာရီ မှ ၁၂ နာရီ အထိ ဝမ့်လုံနမ့်မေ ကျး ရွာအခြေပြုပြည်သူလူထုနှင့် ရွာအနီးတစ်ဝိုက်ရှိ လူထုအင်အား ၂၅၀ ခန့်က ဝမ့်လုံနမ့်မကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင်စုဝေးကာ ကျင်းပခဲ့ကြောင်းသိရသည် ။ ကျောက်မီးသွေး တူးဖော်ခြင်းမှရွာသားများရင်ဆိုင်ကြုံတွေ့ခဲ့ရေ သာ ကောင်း ကျိုး ၊ ဆိုးကျိုး များကို ဆွေးနွေးဖလှယ်ခဲ့သည်ဟု အမည်မဖော်လိုသူ နယ်မြေခံပြည်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည် ။ ထိုဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် နမ့်မဒေသကျောက်မီးသွေးတူးေ ဖ်ာရေးစီမံ ကိန်း ကိုဆန့်ကျင်ကြောင်း ၊ ငွေရည်ပုလဲ ကုမ္မဏီကြီး မိမိတို့ဒေသမှ အမြန်ဆုံး ထွက်သွားစေလိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည် ။ “ ကျောက်မီးသွေးတူးတယ်ဆိုတာက မြေမျက်နှာသွင်ပြင်နဲ့ ချောင်းရေမြောင်းရေ စီးဆင်းမှုကို ပြောင်းလဲစေတယ်လေ ။ ဒါကြောင့် ရေကြီးရေ လျှံမှုေ တွဖြစ်ပေါ်တယ် ။ ကွင်းပြင်တွေမှာ မိုင်းခွဲ တူးဖော်တော့ သစ်ပင် သစ်ေ တာ ပြုန်းတီးတယ်။ ဒီတွေက အခြေခံဆုံးရှုံးမှုတွေပေါ့နော် ” - တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ပညာတတ်လူငယ် အမျိုးသမီး နန်းယိင်းနွံ ကပြောသည် ။ အဆိုပါကျောက်မီးသွေးတွင်းမှ မြေစာပုံကြီးမှ မြေကြီးများနှင့် ဓါတုအ ဆိပ် ဓါတ်များ မိုးရေနှင့်အတူ မြစ်ချောင်းများနှင့် လယ်ကွင်းများအတွင်း စီးဝင် သဖြင့် ရေများညစ်ညမ်းခမ်းခြောက်ကာ လယ်ယာမြေ များ ပြုန်းတီးပျက်စီး ကုန်ေ ကြာင်း ကိုယ်တိုင်သွားရောက်လေ့လာခဲ့သည့် ၎င်းက ပြောပြသည် ။ “ ဒီ ညစ်ညမ်းတဲ့ ရေတွေကို ခပ်ယူသုံးစွဲနေရတာကြောင့် ကျမတို့ရွာမှာ အရင်က မရှိခဲ့ဖူးတဲ့ အဆုတ် ကင်ဆာ ၊ နှလုံးရောဂါ ၊ အသက်ရှူကျပ်ရောဂါ ၊ တီဗွီရောဂါ ၊ ကျောက်ကပ်ရောဂါတွေ ကိုခံစားနေကြရ တယ် ။ လူတွေလဲသေ။ ကျွဲနွားတွေလဲသေပေါ့ ။ အဲလိုဖြစ်နေတာကြာပြီ ” ဟု ရွာသူ နန်းဆိုင် ကပြောသည် ။ မြစ်ချောင်းများ တိမ်ကော မှုကြောင့် ငါး ၊ ပုဇွန် ၊ ဂဏန်းများ လည်း သေကြေ ပျက်စီးကုန် ကြောင်း ဒေသခံ စိုင်းကျော်စိန်ကလည်း သျှမ်းသံတော်ဆင့်အားပြောပြသည် ။ “ အဲလိုမျိုး ငါးတွေလည်း မမျှားနိုင်၊ လယ်ယာမြေတွေလဲ ပျက်စီးကုန်- စ တာတွေကြုံလာတော့ ၂၀၁၀ ခုနှစ်တုန်းကတကြိမ် ဒေသခံလူထုတွေ စုပေါင်း ပြီး ကျောက်မီးသွေးတူးဖော်မှုကို ဆန့်ကျင်ကန့်ကွက် ခဲ့တယ် ။ အဲ့ချိန်မှာ ဘဲ ငွေရည်ပုလဲကုမ္မဏီကြီးမှ ၁၂ ဘီး ကားကြီး ၂၅ စီးနဲ့ ညတွင်းချင်း လာပြီးတော့ခိုး တူးတယ် သယ်ထုတ်တယ် ။ ဒါတွေဟာ ကျနော်တို့ဒေသခံ ရွာသားတွေ ကို ကုမ္မဏီကြီးက မထေမဲ့မြင်ပြု တာဘဲလေ ” ဟု အုပ်စု ၄ နားနျု ကျေးရွာအုပ်စု ၂ ဥက္ကဌ စိုင်းကျော်စိန်မှ ပြောသည် ။ နားကွန်ကျေးရွာဒေသရှိ ကျောက်မီးသွေးသိုက်အား ကုမ္မဏီမှ မရပ်နားဘဲ ဆက်လက်တူးဖော် နေမည် ဆိုပါက ထပ်မံဆုံးရှုံးရမည့်လယ်ယာမြေ ဧကေ ပါင်း ၁၀၀ ထက်မနည်းရှိကြောင်း ၊ ထို့ကြောင့် ဝမ်းရေး အတွက် လူထုတရွာ လုံး နေရာပြောင်းရွှေ့ရဖွယ်ရှိကြောင်း ဒေသခံစိုင်းအေးကလည်း ပြောပြသည် ။ နားနျုအုပ်စု ဝမ့်လုံရွာမ ရွာကြီးအတွက် ငွေရည်ပုလဲ ကုမ္မဏီမှ ကျောက် မီးသွေး တွင်းကြီး ၃ နေရာ တူးဖော်နေရာ - ပိန်းဆိုင်းရွာ ၊ ပန်ငါးရွာ နှင့်နားကွန်ရွာ အနီးတဝိုက်တို့တွင်ဖြစ်ကြောင်း ၊ ဝမ့်လုံရွာမမှ ဒေသခံများပြောပြချက်အရ နားကွန်ရွာ ကျောက်မီးသွေးတွင်းတနေရာတည်းမှ ကုမ္မဏီမှလစဉ်ဝင်ငွေ ကျပ်သိန်းပေါင်း ၂၈၀၀ ခန့်ရှိနေကြောင်း ၊ သို့သော် ဒေသခံလူထုမှာ မည်သည့် အကျိုးကျေးဇူးမျှမခံရဘဲ ဆိုးကျိုးများကိုသာ ခံနေရကြောင်း ဆိုပါသည် ။ ဝမ့်လုံနမ့်မ ရွာတွင်းသို့ ကျောက်မီးသွေးတူးဖော်ရန် ငွေရည်ပုလဲကုမ္မဏီကြီးမှ ၂၀၀၀ ပြည့်နှစ်ကတည်းကစတင်ဝင်ရောက်လာခဲ့ကြောင်းလည်း ဒေသခံများပြောပြချက်အရ သိရပါသည် ။ |
|
SSPP/SSA ခြေကုပ်တပ်စခန်းများအား အစိုးရတပ်မတော် အပြင်းအထန်တိုက်ခိုက် - ဒေသခံ ၅၀၀ ကျော် စစ်ဘေးရှောင် Posted: 14 May 2016 03:38 AM PDT သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ခြေကုပ်ထား သည့် တပ်စခန်းများအား အစိုးရ တပ်မတော် မှ လေကြောင်းဖြင့် ယနေ့ အပြင်းအထန်တိုက်ခိုက် သောကြောင့် ဒေသခံ ၅၀၀ ကျော် နေရပ်မှ တိမ်းရှောင်နေရသည်ဟု သတင်းရရှိသည် ။
ကျောက်မဲမြို့ အနောက်တောင်ဘက် ပုံဝိုး - ဟိုင်းကွီကျေးရွာအုပ်စု ဘက် ပန်လော့ ၊ နမ့်ဝိုင် ၊ အက်ကြီး ၊ ဟိုမိန်း နှင့် နောင်ကန် ကျေးရွာ အနီးရှိတောင်တန်း တောင်ကုန်းများပေါ် ၌ ယာယီနေထိုင်သည့် တပ်စခန်း များအား တိုက်ပွဲဝင် အမ်အိုင် ၃၅ အမျိုးအစား တိုက်လေယာဉ်ဖြင့် မေ ၁၃ ရက် နေ့က အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်သည်ဟု သျှမ်းပြည်တပ်မတော် တပ်မှူး က ပြောသည် ။ “ ကျနော်တို့နဲ့ ဒီ ဟိုင်းကွေ မြောက်ဘက်ပိုင်းဒေသ မှာ ၃ ရက်နေ့ ၊ ၆ ရက်နေ့ ၊ ၁၂ ရက်နေ့ တုန်းက ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ခဲ့တယ် ။ ဒီနေ့တော့ ကျနော်တို့ လူတွေကို လားရှိုးဘက်က လာတဲ့ ရဟတ်ယာဉ် နှစ်စီးနဲ့ လာတိုက်တယ် ။ မွန်းလွဲပိုင်းကနေ ညမိုးချုပ်လောက်အထိ တိုက်နေတုန်း ” - ဟု SSPP/SSA ဌာနချုပ် ပြန်ကြားရေး အရှိ တဦးက ပြောသည် ။ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ တပ်မတော် အကြားဖြစ်ပွားသော တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ကျော် သည် နောင်ပိန် ဘက်သော်လည်းကောင်း ၊ ကျောက်မဲမြို့သို့သော်လည်းကောင်း မိမိကျေးရွာနှင့် နီးစပ်သည့်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု အသက် ၄၀ နောင်ပိန်အုပ်စုသား စိုင်းအိုက်လောင်း က ပြောသည် ။ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ဝမ့်ဟိုင်းဌာနချုပ် အရှေ့မြောက်ဘက် ၊ သံလွင်မြစ်အနောက်ခြမ်း တွင် တင်းမာနေသည့် စစ်ရေးကိစ္စများမှာမူ နှစ်ဘက်တပ် ညှိနှိုင်းမှု ပြေလည်သွားသော ကြောင့် တိုက်ပွဲ ဖြစ်ပွားမည့် အလားအလာ မရှိတော့ ကြောင်း အဆိုပါ ဌာနချုပ် ပြန်ကြားရေး တာဝန်ရှိ အရှိတဦး က ဤကဲ့သို့ပြောသည် ။ “ တန့်ယန်းအခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နေလင်းအောင် နဲ့ ဒေသ အတွင်း တပ်ရင်းမှူး သုံးဦး နဲ့ ကျနော်တို့ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းဆု တို့ နဲ့ မနေ့က အတူ ကွင်းဆင်းတယ် ။ လုံခြုံရေးကတော့ ကျနော်တို့ဘဲ ယူပေးတယ် ။ အဲဒီ့ဘက်ကတော့ ဆိတ်ငြိမ်သွားပြီ ။ တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေတဲ့ စစ်ဘေးရှောင် ဒေသခံ တွေလဲ နေရပ်ပြန်ခိုင်းလိုက်ပြီ ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ တန့်ယန်းမြို့နယ် တောင်ဘက် လွယ်စေး၊ လွယ်လန်းတောင်ကြောရှိ သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းများအား ဧပြီ ၂၂ ရက်နေ့က တကြိမ် ၊ ၂၇ ရက်နေ့တကြိမ် တပ်များဖယ်ရှားဖို့ တပ်စခန်း ၀င်ရောက်စစ်ဆေးဖို့ လားရှိုးအခြေစိုက် တိုင်းမှူးက ညွှန်ကြားသည် ။ |
|
တိုက်ပွဲကြောင့် ကျောက်မဲမြို့အနီး မန္တလေး မူဆယ် ကားလမ်းမှာ ခေတ္တ လမ်းပိတ်ဆို့မှုဖြစ် Posted: 16 May 2016 07:43 AM PDT ကျာက်မဲမြို့နယ် မန္တလေး - မူဆယ်လမ်းမပေါ်ရှိ နောင်ပိန်ကျေးရွာအနီးတွင် ယနေ့ မေလ ၁၆ ရက်နေ့ နေ့လည်ပိုင်းက အစိုးရ တပ်မတော်နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA တပ်များအကြား တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရသည် ။
တိုက်ပွဲကြောင့် လမ်းမ တွင် ကားများ ခေတ္တပိတ်ဆို့မှုဖြစ်ခဲ့ပြီး ညနေ ၄ နာရီခန့်တိုက်ပွဲပြီးဆုံးမှသာ ကားလမ်းပြန်ပွင့် ကြောင်း ဒေသခံများထံမှ သိရသည် ။ |
|
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်တို့ကြား တိုက်ပွဲပြင်းထန် Posted: 16 May 2016 07:36 AM PDT အစိုးရ တပ်မတော်နှင့် တအာင်းပလောင် TNLA အကြား ၊ တပ်မတော်နှင့် သျှမ်းတပ်မတော် မြောက်ပိုင်း SSPP/SSA တို့အကြားတွင် တိုက်ပွဲများပြင်း ထန်ခဲ့ကာ အစိုးရ တပ်မတော်ဘက်မှ အကျအဆုံးများပြား ခဲ့သည်ဟု သိရသည် ။
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ စစ်တပ်တို့အကြား မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ကျောက်မဲမြို့နယ် အရှေ့တောင်ဘက် ပုံးဝိုးဒေသတွင် တိုက်ပွဲများပြင်းထန်စွာဖြစ် ပွားခဲ့ ကာ အစိုးရတပ်မတော်ဘက်မှ အရာရှိများပါ ကျဆုံးမှုများရှိခဲ့ကြောင်း သျှမ်းတပ်မှူး များ နှင့် ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည် ။ ‘ တပ်မတော်ဘက်က ၁၂ ရက်နဲ့ ၁၄ ရက်နေ့ တိုက်ပွဲတွေမှာ အကျဆုံးများ တယ် ။ ကျနော်တို့ဘက် ကလည်း နည်းနည်းပါးပါးကျတယ် ။ ကျွန်တော်တို့ အဲမှာနေတာကြာပြီဗျ ။ ကျနော်တို့ကို လာရှင်းတဲ့ သဘော။ သူတို့ ပိတ်မိ တယ်လေ ။ ဒါကြောင့်သူတို့ အကျအဆုံးတာများတာ ။ ကျနော်တို့က တိုက် လည်း မတိုက်ချင်ဘူး ကိုယ့်နေရာကိုယ်ပဲနေတာ ။ လာတိုက်ရင်တော့ ခုခံရမှာပဲ ’ ဟု သျှမ်းတပ် မတော်မြောက်ပိုင်း သတင်းပြန်ကြားရေးဌာနမှ အရာရှိတစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်တို့သည် တန့်ယန်းမြို့နယ်အတွင်းရှိ စစ်စခန်းအချို့ အား မေလ ၁၂ ရက်နေ့က ပူးတွဲစစ်ဆေးမှုပြုလုပ်ခဲ့ပါ သည် ။ မူလက စစ်ရေး တင်းမာမှုရှိသည့် တန့်ယန်း လွယ်စေး လွယ်လန်းဒေသတွင် တိုက်ပွဲဖြစ် ပွားမှုမရှိပဲ မန္တလေး - မူဆယ် ကားလမ်း တောင်ဘက်ရှိ ကျောက် မဲမြို့နယ် ပုံးဝိုးဒေသတို့တွင် တိုက်ပွဲများဖြစ်လာခဲ့ခြင်းဖြစ်သည် ။ လေ့လာသူများအဆိုအရ မူဆယ်မန္တလေးလမ်းမြောက်ဘက်ပိုင်းတွင် တအာင်းပလောင်တပ်ဖွဲ့ TNLA/PSLF နှင့် သျှမ်းတပ်မတော် တောင် ပိုင်းတို့အကြားတိုက်ပွဲများ လွန်ခဲ့သည့် လဆန်းပိုင်းက ဖြစ်ပွားခဲ့ခြင်းကြောင့် အစိုးရ စစ်တပ်အနေဖြင့် အခွင့်ကောင်းယူကာ မန္တလေးမူဆယ်လမ်းတောင် ဘက်ခြမ်းကို စိုးမိုးလို၍ ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု မှတ်ချက်ပြုကြသည် ။ ‘ လားရှိုး ရမခ စစ်တပ်ဌာနချုပ် ဘက်က အကြောင်းပြတာကတော့ RCSS/SSA တောင်ပိုင်း အဖွဲ့ကို လာရှင်းတယ်လို့ အကြောင်းပြချက်ပေး တယ် ။’ ဟု SSPP/SSA အဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည် ။ အစိုးရစစ်တပ်နှင့် သျှမ်းတပ်မတော် မြောက်ပိုင်းတို့၏ တိုက်ပွဲများတွင် အစိုးရ စစ်တပ်ဘက်မှ ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်မှုများရှိခဲ့ပြီး SSPP/SSA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ရ၀၀ ကျော် မှာ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့် ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင် ထွက်ပြေးလာခဲ့သည်ဟု ဒေသအခြေစိုက် စစ်ဘေးရှောင်များ ကူညီပေးနေသူများက ဆိုသည် ။ မန္တလေး - မူဆယ်လမ်းမြောက်ဘက်ခြမ်းတွင်မူ တအာင်းပလောင် TNLA/ PSLF နှင့် တပ်မတော်တို့အကြား မေလ ၁၅ ရက်နေ့က တိုက်ပွဲ များ ပြင်း ထန်စွာဖြစ်ပွားခဲ့သည်ဟု တအာင်းပလောင်တပ်ဖွဲ့က သတင်း ထုတ်ပြန် ထားသည် ။ ကျောက်မဲမြို့နယ် ကွင်းစလန်းကျေးရွာအနီးတွင် မေလ ၁၅ ရက်နေ့ မနက်ပိုင်း မှ စတင်ကာ တအာင်းတပ်ဖွဲ့နှင့်တပ်မတော်လက်အောက်ခံ တပ်ရင်းတို့ အကြား တိုက်ပွဲများဖြစ်ပွားခဲ့ကာ တအာင်းပလောင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရေ ဒသ မန်တုံမြို့နယ် ၊ မန်အီကျေးရွာအနီးတွင်လည်း တိုက်ပွဲ များ ဖြစ် ပွားခဲ့ပြီး ပြင်းထန်ခဲ့သည်ဟု သိရပြီး အစိုးရစစ်တပ်ဘက်မှ အကျဆုံးရှိခဲ့ သည်ဟု တအာင်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည် ။ အစိုးရစစ်တပ်အနေဖြင့်မူ သျှမ်းမြောက်တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှုမရှိသေးကြောင်း သိရသည် ။ |
|
ကဆုန်လပြည့်နေ့တွင် မိုင်းကိုင်လူငယ်များ သစ်ပင်စိုက်ပျိုးမည် Posted: 17 May 2016 04:12 AM PDT လာမည့် ကဆုန်လပြည့်နေ့တွင် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့၏ အထင် ကရဖြစ်သော မိုင်းကိုင် မွေတော်ဘုရား အနီးပတ်ဝန်းကျင်၌ လဲချားမြို့ နှင့် မိုင်းကိုင်မြို့ရှိ သျှမ်းလူငယ်များ ဦးဆောင်ပြီး သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝ သစ်တောများ ပြုန်းတီးမှုကိုကန့်ကွက် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သိရ သည် ။
တောတောင်သဘာဝ ပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် သစ်ပင်ပေါင်း ၈၀၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း အများစုမှာချယ်ရီပင်ဖြစ်ကြောင်း ၊ သျှမ်းပြည်တွင် ချယ်ရီပင်လွန်စွာ ရှားပါး သွားပြီဖြစ်သဖြင့်ပြန် လည်စိုက်ပျိုးသင့်ကြောင်းနှင့် အရင်းရှင်များ ကုမ္ပဏီများမှ တောတောင် သဘာဝ ပတ်ဝန်းကျင်လာရောက် ဖျက်ဆီး နေမှုကို ဆန့်ကျင် ကန့်ကွက် သွားမည် ဖြစ်ကြောင်း သျှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမတ် မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ဦးစိုင်းလုံ ကပြောသည် ။
ပြီးခဲ့သည့် ရက်ပိုင်းတွင် သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန်ပြီး မိုးကြိုးပစ်ရာမိုးကြိုးကွင်း ထိ၍ နွား ၂၆ ကောင်ရှိ နွားတအုပ် သေကြောင်း ၊ ထင်းရှုးပင်များ ခုတ်ခြင်းသည်လည်း လူတစ်စုအတွက် အကျိုးအမြတ်ဖြစ် သည် ကို ကန့်ကွက်ရမည် ဖြစ်ကြောင်း မိုင်းကိုင်မြို့နေ လူငယ် စိုင်းလောဝ် ပြောသည် ။ “ ပြောချင်တာက ထင်းရှုးပင်ခုတ်တာထက် ဆိုးတာက ဟမ်းငိုင်း ၊ လွယ်တွန်းတောင်ပေါ်မှာ ဘိန်းစိုက်ဖို့ ဧကပေါင်း ၃၀၀ ၊ ၄၀၀ ကျော်အတွက် သစ်ပင်ကြီးတွေ ခုတ်တာက ပိုဆိုးပါတယ် ။ ခုဆိုရင် မိုးခေါင်ရေ ရှားမှုတွေနဲ့ ကြုံနေရပါပြီ ။ နိုင်ငံရေးပါတီဝင်တွေကပါ ဦးဆောင်ပြီးတော့ ထင်းရှုးမှိုပွဲစားလုပ်နေ တယ် လို့လည်း နယ်ခံတွေပြောပါတယ် ။ တရုတ်တွေဒီလိုမှိုစိုက်ခွင့်ရတာက သစ်တောဦးစီး ၊ RCSS/SSA စစ်ဒေသမှူးတွေလည်း တာဝန်ရှိတာပေါ့ ” ဟု ၄င်းကဆက်ပြောသည် ။ တရုတ်အရင်းရှင်များဘက်မှလာစိုက်သည့် ထင်းရှူးမှိုများသည် ထင်းရှူးတော ဧကပေါင်း သုံးထောင် ၊ လေးထောင်ခန့် ခုတ်ဖြတ်ပစ်ရကြောင်း ၊ မိုင်းကိုင်မြို့အနောက် ဘက် နှင့် ဟမ်းငိုင်းနယ်ဘက်တွင် များ စွာပျက်စီးနေပြီ ဖြစ်ကြောင်း မိုင်းကိုင်လွှတ်တော်ကိုယ်စားလှယ် အမတ် ဦးစိုင်းလုံ ကပြောသည် ။ ၂၁.၅.၂၀၁၆ ရက်နေ့တွင် ကျရောက်မည့် ကဆုန်လပြည့်နေ့တွင် မိုင်းကိုင်လူငယ်များနှင့် လဲချားလူ ငယ်များစုပေါင်းကာ ချယ်ရီပင်များစိုက်ပျိုးမည်ဖြစ်ပြီး သဘာဝ သစ်တောဖြုန်း တီး ဖျက်ဆီးမှုကို ကန့်ကွက် ဆန္ဒဖော်ထုတ်သည့်အနေဖြင့် လူအင်အား ၄၀၀ နီးပါးက မိုင်းကိုင်မြို့ အဝင် မှ မွေတော်ဘုရားအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း သိရသည် ။ |
||
|
Posted: 17 May 2016 01:35 AM PDT သို့ - သျှမ်းသံတော်ဆင့်
ကျနော်တို့ မူစယ်မြို့နယ် ပန်ခမ်းရွာမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်လေးပါ။ ဘာမှမဆိုင်တဲ့ ကျနော်တို့ ရဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူးကို တရားစွဲမယ်တဲ့ဗျာ ။ အဖြစ်အပျက်ကတော့ ဒီလိုဗျ…. မေလ ၆ ရက်နေ့ ညနေ ၆ နာရီကျော်ကျော်လောက်မှာ ရွာအရံမီးသတ်ဖွဲ့ဝင် ၃ ယောက်က မီးသတ်ဖွဲ့ ၀တ်စုံနဲ့ ရွာလှည့်မီးစစ်တာပေါ့ဗျာ ။ နွေရာသီဆိုတော့ မီးဘေးကြောက်ရတယ်လေ ။ ကျနော်တို့ရွာက နန်းရွှေအေး ပိုင်တဲ့ MA ဂိုဒေါင်ဆိုတာရှိတယ် ။ အဲဒီဂိုဒေါင်ကို တန့်ယန်းကတရုတ် ကိုမြင့်အောင်နဲ့ အားကွမ်းတို့ ညီအကိုက လာငှားထားတယ် ။ သူတို့မှာ အလုပ်သမား ၂၀ ကျော်လောက်ရှိတယ် ။ အလုပ်သမားခေါင်းဆောင်ကတော့ ခိုင်သူချမ်းမြတ် တဲ့ ။ သူတို့ဂိုဒေါင်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေက အရမ်းဆူလို့ ဘေးပတ်ဝန်းကျင်ကလည်း မနှစ် သက်ဘူး ။ ငြီးငြူကြတယ် ။ အဲဒါကြောင့် အသံလျှော့ဖို့ သွားပြောမယ်ဆိုပြီး အရံမီးသတ်ဖွဲ့ဝင် ၃ ယောက်က MA ဂိုဒေါင်ဆီသွားတယ် ။ ဂိုဒေါင်ဝန်းထဲရောက်တော့ သူတို့လည်း မေးတာပေါ့ … အလုပ်သမားခေါင်းဆောင်ဘယ်သူလဲဆိုပြီး တွေ့ခွင့်တောင်းတာပေါ့ဗျာ ။ ချက်ချင်းဘဲ တုတ်တွေ ၊ …..တွေ ကိုင်ပြီး အလုပ်သမား ၂၀ ကျော် ဂိုဒေါင်ကနေ ထွက်လာပါလေရော ။ အရံမီးသတ်ဖွဲ့ဝင် ၃ ယောက်ထဲက နောက်မှာကျန်ခဲ့တဲ့တယောက်က အခြေအနေမကောင်းတာ တွေ့တော့ ရဲကင်းက ရဲကိုပြေးပြီးသွားခေါ်ပါတယ် ။ ရဲကဘာပြောလဲဆိုတော့ … အထက်က အမိန့်မရ လို့ မလိုက်နိုင်ဘူးတဲ့ ။ တော်တော့ကို အားကိုးရတဲ့ရဲပါလား ။ ဂိုဒေါင်ထဲကထွက်လားတဲ့ အလုပ်သမား ၂၀ ကျော်က ကျန်ခဲ့တဲ့အရံမီးသတ်ဖွဲ့ဝင် ၂ ယောက်ကို ၀ိုင်း ရိုက်ကြပါလေရော ။ ဘေးပတ်ဝန်းကျင်ကလည်း အော်ဟစ်အကူအညီတောင်းကြတာပေါ့ ။ ဘေးပတ် ၀န်းကျင်က ဒေသခံတွေကလည်း ကိုယ့်လူ သူများရိုက်တာ ခံနေရတော့ လက်ပိုက်ပြီး ကြည့်မနေနိုင် ဘူးလေ ။ အဲဒါနဲ့ အလုပ်သမား ၂၀ ကျော်ကို ပြန်ဝိုင်းရိုက်ကြတာပေါ့ ။ အဲဒီလိုနဲ့ ပွဲကြမ်းသွားပါလေ ရော ။ အဲ … ပွဲကြမ်းတာ မပြီးခင်လေး ရပ်ရွာအုပ်ချုပ်ရေးမှူးက ရောက်လာပါတယ် ။ အရံမီးသတ်ဖွဲ့ဝင် ၂ ယောက်ထဲက ၁ ယောက်ကတော့ ခေါင်းမှာ ၁၂ ချက်ချုပ်လိုက်ရပါတယ်။ ဟို အလုပ်သမားဘက်ကတော့ နာပေမဲ့ အရမ်းကြီးတော့ မဟုတ်ပါဘူး ။ နောက်တော့ ဘယ်လိုဖြစ်သလဲဆိုရင် … လူစုပြီးသူတို့ကို လာရိုက်တယ် ဆိုပြီး ဂိုဒေါင်ဘက်ကနေ ရပ်ရွာအုပ်ချုပ်ရေးမှူးကို တရားစွဲမယ်တဲ့ ။ စ ရိုက်တာလည်း သူတို့ဘဲ။ တရားစွဲတော့လည်း သူတို့ဘဲ ။ သူတို့က ရှေ့နေကို အပ် ထားပြီးပြီလို့ သိရပါတယ် ။ ဒီအဖြစ်အပျက်မှာ ဘယ်သူကမှားတယ် ၊ မှန်တယ်ဆိုတာ … စာဖတ်ပရိသတ်တွေကလည်း ဖတ်ပြီးရင် ကောင်းကောင်းသိမယ်လို့ ယူဆပါတယ် ။ ဒါကြောင့် ရပ်ရွာအုပ်ချုပ်ရေးမှူးကို တရားစွဲမယ်ဆိုတာက ဖြစ်သင့်ပါသလား ။ ဘယ်သူက တရားမျှတအောင် ဆောင်ရွက်ပေးနိုင်မလဲ ။ သက်ဆိုင်ရာဆီကို တင်ပြအပ်ပါတယ် ။ ပန်ခမ်းရွာသားတဦး |
||
|
တာဝန်ရှိသူတွေ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးပါရန် Posted: 17 May 2016 01:26 AM PDT သို့- သျှမ်းသံတော်ဆင့်ကနေတဆင့် ဖော်ပြပေးစေလို
ကျနော်တို့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ Telenor ကုမ္ပဏီက 4G အင်တာနက်ကြိုး လို့ပြောပြီး မြို့တွင်းကို ဖြတ်ပြီး မြှုပ်ပါတယ်။ လမ်းမတော်တလျှောက် တောင်ဘက် ကနေ မြောက်ဘက်ကို မြှုပ်သွားပါတယ်။ ပင်လုံမြို့ တွင်းမှာ သူတို့မြေတူးပြီးမြှုပ် နေတာ ဘယ်နေ့ကတည်းကတော့ ကျနော်လည်း အသေအချာ မသိပါဘူး ။ ကျနော့ အိမ်ရှေ့မှာ မြေလာတူးပြီးမြှုပ်သွားတာကတော့ ဧပြီလ ၂၉ ရက်နေ့ကပါ ။ ကုမ္ပဏီ တာဝန်ရှိသူတွေက “ မြေပြန်ညှိပေးမယ် ၊ အင်္ဂတေတွေ ပြန်ခင်းပေး မယ် ”…ဆို ပြီး ပြောပါတယ် ။ ဒါပေမဲ့ ဒီနေ့အထိ လာတူးသွားတဲ့နေရာမှာ မြေပြန်လာညှိပေးတာ ၊ အင်္ဂတေပြန်ခင်းပေးတာ မရှိသေးပါဘူး ။ အိမ်ရှေ့မှာ မြေနီပုံတန်းကြီးဆိုတော့ ၀င်ရ ၊ ထွက်ရခက်ပါတယ် ။ ကုမ္ပဏီကတော့ သူတို့ရဲ့ဆင်းမ်ကဒ်တွေကို ရောင်းကောင်းအောင်ဆိုပြီး တိုးမြင့်နေပေမဲ့ ပြည်သူတွေမှာတော့ အခက်အခဲနဲ့ ကြုံတွေ့ရပါတယ် ။ ကိုယ့်ကိစ္စပြီးရင် ပြီးပြီဆိုတဲ့အတွေးနဲ့ မလုပ်ကြပါနဲ့ ။ နောက်ကိုလှည့်ကြည့်ပါဦး ။ ကိုယ်လုပ်တဲ့ကိစ္စ တခြားသူတွေက နောက်ကနေလိုက်ရှင်းနေရတာ မဖြစ်ပါစေနဲ့ ။ ကုမ္ပဏီရော ပြည်သူရော နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် လုပ်ဆောင်သင့်ပါတယ် ။ ဒါကြောင့် Telenor ကုမ္ပဏီက မြေတူးပြီးကြိုးတွေမြှုပ်ထားတဲ့နေရာတွေမှာ အမြန်ဆုံး ပြန်ပြီးပြုပြင်ပေးဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကသိရှိပြီး တိုက်တွန်းပေးဖို့ အလေးအနက် တောင်းဆိုလိုက်ပါတယ် ။ ပင်လုံသားတဦး |
||
|
Posted: 16 May 2016 08:06 PM PDT သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ကမကထ ပြုမှု ၊ PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်တို့ ဝိုင်းရံပံ့ပိုးမှုတို့ဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ တောင်ကြီးမြို့ နယ် ကက္ကူမွေ တော်ဘုရားဝင်းအတွင်းရှိ လိုတရစေတီတော် အား ပြန်လည်မွမ်းမံ၍ ထီးတော်တင်မည်ဟု သိရသည် ။
မေလ ၂၁ ရက် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ တောင်ကြီးမြို့အရှေ့တောင်ဘက် မိုင် ၂၀ ကျော် ကွာရှိ ကက္ကူမွေတော် စေတီတော်ဝင်း အတွင်းရှိ စေတီတော်များအနက် လိုတရစေတီတော် အမည်ရှိ စေတီတော် တဆူအား သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် စစ်နှင့် ဇနီး နန်းလိန်ခမ်း မိသားစုတို့အမှူးပြုကာ ထီးတော်တင်ပွဲကျင်းပမည်ဟု သိရသည် ။ အဆိုပါပွဲတော်ဖြစ်မြောက်ရေးအတွက် PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင် ခွန်စံလွင် နှင့်အဖွဲ့က ဝိုင်းရံ ပံ့ပိုးကာ ထီးတော် တင်မည်ဟု ပွဲတော် ဖြစ်မြောက်ရေးကော်မတီ ဝင် စဝ်ပင်ခမ်းက ဤကဲ့သို့ ပြောသည် ။ “ ဒီပွဲက ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် က အလှူ ရှင်လေ ။ ပွဲဖြစ်ဖို့က PNO တို့က တာဝန်ယူတာ ။ ဧည့်ခံကျွေးမွေးတာက အစ လုပ်အားဒါန အားလုံး ပေါ့ ။ ပွဲက ၂၀ နဲ့ ၂၁ ရက် ။ ဇါတ်သဘင်က သျှမ်းကော ၊ ပအိုဝ်းကော တညစီလေ ၊ စင်တင်တေးဂီတ ကတော့ ပူးတွဲပေါ့ ” - ဟု စဝ်ပင်ခမ်းက ပြောသည် ။ ပွဲတော်တွင် နောင်မွန်သျှမ်းဇာတ်သဘင် ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် တို့ တည်ထောင်ပေးထားသည့် ပအိုဝ်းဇါတ်အဖွဲ့တို့ ဖြေဖျော်မည်ဖြစ်ပြီး ပအိုဝ်း - သျှမ်း ခေတ်သစ်အဆိုတော်များလည်း တက်ရောက်မည်ဟု သိရသည် ။ ပွဲတော် အခမ်းအနားအားတက်ရောက်ရန် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ ၊ စစ်ခေါင်း ဆောင်များ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ ၊ တအာင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အပါအဝင် NCA လက်မှတ် မထိုးသေးသည့် မိုင်းလားတပ်ဖွဲ့ ၊ ၀ တပ်ဖွဲ့ စသည့် အဖွဲ့အစည်းများအားလုံးလည်း ဖိတ်ကြားထားသည်ဟုသိရသည် ။ |
|
မြန်မာ့အစိုးရ ထိုးစစ်ဆင်မှုကြောင့် သီပေါမြို့နယ်အတွင်း စစ်ဘေးရှောင် ၅၀၀ ကျော်ရောက် Posted: 18 May 2016 09:48 AM PDT ဝမ့်ဟိုင်းဌာနချုပ် အနောက်မြောက်ဘက် တလွှားရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်းများ အား မြန်မာ့တပ်မတော် ထိုးစစ်ဆင်တိုက်ခိုက် မှုကြောင့် သီပေါမြို့ နယ်အတွင်း မှ ဒေသခံ ၅၀၀ ကျော် စစ်ဘေးရှောင်နေရ သည်ဟုသိရသည် ။
“ အခု လားရှိုးမြို့ မန်ဆူ(သျှမ်း)ကျောင်းတိုက်မှာ ကျမတို့ ၉၇ ဦးရောက်တယ် ။ သျှမ်းတွေချည်းဘဲ ။ အဲဒီ ၉၇ ယောက်က ဝမ့်လုံရွာ နဲ့ နောင်နွေးရွာဘဲ ။ များသော အားဖြင့် ပုခက်သွင်းခလေးတွေနဲ့ အဖိုးအဖွားတွေများတယ် ။ နီးစပ်တဲ့ အသိမိတ်ဆွေတွေ အိမ်နီးနားချင်းတွေရဲ့ ထော်လာဂျီတွေ ၊ ၆ လုံးထိုးကားတွေ ရှိတဲ့ သူတွေနဲ့ လိုက်လာတာ ။ ဝမ်လုံရွာ တရွာတည်းဘဲ အိမ်ခြေ ၈၀ ကျော် တယ် ။ လူဦးရေက ၃၀၀ ကျော် တယ် ။ အများအားဖြင့်တော့ သံလွင်ရွာနဲ့ ၊ နမ့်ပေါင်ရွာ စတဲ့ နီးစပ်ရာ အမျိုးတွေဆီ ထွက်ပြေးကြတယ် ။ တိုက်လေ ယာဉ် နဲ့ ဘဲ သုံးလေး ကြိမ်လာတိုက်တယ် ဒီနေ့ ” - ဟု လားရှိုးမြို့ရောက် စစ်ဘေးရှောင် သားသည်မိခင် တဦးက ပြောသည် ။ နမ့်မ နှင့် နားနျု ကျေးရွာအုပ်စု အတွင်းရှိ ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ် ဌာန ချုပ် လက်အောက်ခံ လားရှိုးအခြေစိုက် ခလရ ၄၁ ၊ ၆၈ စသည့် တပ်ရင်း များ စုပေါင်းအင်အား ၃၀၀ ကျော် က တိုက်ပွဲဝင် စစ်ရဟတ်ယာဉ် ၂ စီး နှင့် အတူ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည် ။ “ နှစ်ကြိမ်တိုင်တိုင် တိုက်လေယာဉ်နဲ့ လာတိုက်တယ် ။ မွန်းတည့်ချိန်က တခါ ၊ မွန်းလွဲ ပိုင်းတုန်းကတော့ နာရီဝက်လောက် လှည့်ပတ်တိုက်ခိုက်တယ် အဲဒီ စစ်လေယာဉ်က ” - ဟု ဌာနချုပ်အရာရှိ တပ်မှူး က ပြောသည် ။ ထို့အတူ တပ်မတော်သည် ကျောက်မဲမြို့နယ်အတွင်း SSPP/SSA နှင့် ၎င်း၏မဟာမိတ် TNLA တအာင်းပလောင် တပ်ဖွဲ့တို့ အပေါ် ထိုးစစ်ဆင် မှုကြောင့် ဒေသခံ နှစ်ထောင်ခန့် စစ်ဘေး ရှောင်ခဲ့ရသည် ။ |
||
|
ပရိယတ္တိသဒ္ဓမ္မပါလ သင်ရိုးညွှန်းတမ်း ပြန်လည်မွမ်းမံခြင်းအစည်းအဝေး ပင်လုံတွင်ကျင်းပ Posted: 18 May 2016 06:04 AM PDT သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိ သဒ္ဓမ္မပါလ စာသင်သံဃာတော်များ အတွက် သင်ရိုးညွှန်း တမ်း ပြန်လည် ပြုပြင်မွမ်းမံဖို့ သံဃာတော်များ ဆွေးနွေး ပွဲ တရပ်ကို သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ တွင် ကျင်းပခဲ့သည် ။
မေလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး သျှမ်းပြည်နယ်လုံး ဆိုင်ရာ ပရိယတ္တိစာသင်တိုက်မှ သင်ရိုးညွှန်းတမ်း ၊ ကျိုင်း တုံမြို့ ဓမ္မောတိယကျောင်းတိုက်မှ သင်ရိုး ညွှန်း တမ်း ၊ မူစယ်မြို့ကျောင်းခမ်းကျောင်းတိုက်မှ သင်ရိုးညွှန်းတမ်း ၊ အစိုးရ၏ သာမဏေကျော် ၊ ပထမ ပြန်သင် ရိုး ညွှန်းတမ်း ၊ ထိုင်းနိုင်ငံ သံဃာတော်များအဖွဲ့၏ သင်ရိုးညွှန်း တမ်းတို့အား စုပေါင်း၍ ဆွေးနွေးသုံးသပ်ကာ သင့်တော်ရာ ကိုရွေး ချယ် ပြဌာန်း မည်ဖြစ်ကြောင်း အစည်းအဝေးသို့ကြွ ရောက်တော်မူသည့် ဆရာတော်များက မိန့်ကြားတော်မူသည် ။ “ စာသင်သံဃာတော် တွေအတွက် သင့်တော်ရာကို ရွေးချယ်ပြီးတော့ ပြ ဌာန်းသွားမယ် ။ နိုင်ငံ တကာအဆင့်မှီအောင်၊ တောင်ကြီးက ဗုဒ္ဓတက္ကသိုလ် ဝင်နိုင်အောင် သင်ရိုးညွှန်းတမ်းတွေပြောင်း လဲမယ် ။ သံဃာတော်တွေကို အရည်အချင်းတိုးမြင့်ပေးဖို့နဲ့ ဗုဒ္ဓသာသနာ တော်ပျံ့ပွါးရေး လုပ်ငန်း အတွက် ၊ ကျယ်ကျယ်ပြန့်ပြန့်သိစေဖို့ရည်ရွယ်တယ် လို့ဆရာတော်ဘုရား များ က ဆွေးနွေး တော် မူတယ် ။” - ဟု အစည်းဝေးဖြစ်မြောက်ရေးတွင် ပံ့ပိုးကူညီသည့် စိုင်းခမ်းမွန်း က ပြန်လည်ပြောပြ သည် ။ အဆိုပါတွေ့ဆုံအစည်းအဝေးသို့ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် သျှမ်းပြည်နယ် လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့ဥက္ကဌ လွယ်လင်ဓါတ် တော်ကျောင်း တိုက်ဆရာတော် ဒေါက်တာပညာနန္ဒနှင့် အောက်စဖို့ ဗုဒ္ဓ ဝိဟာရေ ကျာင်းတိုက် ဆရာတော် ဒေါက်တာ ဓမ္မသာမိ တို့ အပါအဝင် အနယ်နယ် အရပ်ရပ်မှ သံဃာတော် ၁၀၀ ကျော် ကြွရောက်သည် ။ ပင်လုံမြို့ရှိ ပရိယတ္တိစာသင်တိုက်သည် သျှမ်းပြည်နယ်လုံးဆိုင်ရာစာတိုက်၏ ဗဟိုစာသင်တိုက် ဖြစ်ပါသည် ။ |
||
|
Posted: 17 May 2016 11:55 PM PDT သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် အနောက်မြောက်ပိုင်း ကပ်လျက် တပ်စခန်းများအား အစိုးရ တပ်မတော် ယနေ့မေ ၁၈ ရက်နေ့ နံနက်ပိုင်းမှစ၍ ထိုးစစ်ဆင်မှုများ စတင်နေပြီး တိုက်လေယာဉ် ၂ စီးပါအသုံးပြုကာပစ်ခတ်နေကြောင်း ဒေသအတွင်း သတင်းရပ်ကွက်မှ သိရသည် ။
၂၀၁၆ မေ ၁၈ ရက် နံနက် ၈ နာရီမှစ၍ မြန်မာ့တပ်မတော် တိုက်ခိုက်ရေး အင်းအား ၃၀၀ ခန့်က ဝမ့်ဟိုင်းဌာနချုပ် အနောက်မြောက်ဘက်ခြမ်း ၊ သီပေါမြို့နယ် အနောက် တောင်ဘက်ခြမ်း နမ့်မကျေးရွာအုပ်စု ၊ နားနျို့ကျေးရွာအုပ်စု အတွင်းရှိ သျှမ်းပြည်တိုး တက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ် လုံခြုံရေးတပ်စခန်းများအား စတင်တိုက်ခိုက်နေကြောင်း ၊ တောင်ယာလုပ်ကိုင် နေသူ အမျိုးသား ၃ ဦး အား လည်း ဖမ်းဆီးသွားကြောင်း ဒေသအတွင်း သတင်းများကပြောသည် ။ “ လက်နက်ကြီးတွေ နဲ့ တောတောင်တွေဘက်ကို နံနက် ၈ နာရီ ကနေ စပြီး ပြစ်ခတ် တယ်။ သျှမ်းတပ် နဲ့ တော့ ၁၀ နာရီလောက်တုန်းက နမ့်မ အုပ်စု ဝမ်လုံ ၊ ပိန်းဆိုင်း ၊ ပါတဲစ်ကျေးရွာ အနီးမှ ရှိတဲ့ ကျနော်တို့ တပ်စ ခန်းတွေကို စတိုက်တာ ၊ တိုက်လေယာဉ်တွေပါသုံးတယ် ။ မိုင်းရယ်စစ်ဗျူဟာမှူး ကိုယ်တိုင်ဦးစီးပြီးတော့တိုက်တယ် ။ တိုက်ရဟတ်ယာဉ် MI 35 ၂ စီးနဲ့ ကျနော်တို့ရဲ့ ဟိုလွယ်နားဆိုင်းဘက်က စခန်းတွေကိုတိုက်တယ် ” - ဟု သီပေါမြို့နယ်အတွင်း လှုပ်ရှားနေသည့် သျှမ်းတပ်မှူးတဦး က ပြောသည် ။ ယခုဖြစ်ပွားသော တိုက်ပွဲသည် တပ်များ ကြိုတင်ဖယ်ရှားစေခိုင်းမှု ၊ သွားလာဖြတ်သန်း ခွင့်တောင်း ဆိုမှု လုံးဝ မရှိကြောင်း ၊ အင်အား အလုံး အရင်ြး ဖင့် ယမန်နေ့က ရောက်ရှိလာပြီး ယနေ့ စတင်တိုက် ခိုက် ခြင်းဖြ စ်ကြောင်း ဌာနချုပ် အရာရှိကြီးတဦးကပြောသည် ။ “ သေနတ်သံကြားတော့ ကြောက်ကြောက်လှန့်လှန့်နဲ့ ရွာကို ပြန်လာကြတာ ။ လမ်းမှာ ဗမာတပ်စစ် ကြောင်းနဲ့ တိုးတော့ ဖမ်းဆီးခံရတယ်။ ရွာသူကြီး စိုင်းအောအောင် အသက် ၃၅ နှစ် ၊ စိုင်းစိ ၂၁ နှစ် ၊ စိုင်းလ အသက် ၃၂ နှစ် ၊ သူတို့ အမျိုးသမီးတွေတော့ ဖမ်းမထားဘူး ။ ဒါပေမယ့် ရွာကို ပြန်ခွင့် မပေး ဘူး ၊ တောင်ယာ ရှိတဲ့ဘက်ကို ပြန်မောင်းထုတ်တယ် ။ သူတို့ ရဲ့ လုံခြုံရေးကို စိတ်ပူရတယ် ” - ဟု နမ့်မ ရွာသား စိုင်းခမ်း ကပြောသည် ။ တိုက်ပွဲများကြောင့် ဝမ့်လုံရွာ ၊ ပိန်းဆိုင်းရွာ ၊ ပါတစ်ရွာ သူရွာသားများ သီပေါမြို့နယ် လားရှိုးမြို့နယ်ဘက်သို့လည်းကောင်း ၊ အနီးအနားရှိ ရွာမ ကြီး များ သို့ လည်း ကောင်း ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများ က ပြော သည် ။ သုံးသပ်သူများ ပြောဆိုချက်အရ မေလ ဆန်းပိုင်းမှ စ၍ ကျောက်မဲမြို့နယ် အတွင်းရှိ သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းများအား အင်အား သုံးတိုက်ခိုက်မှုတွင် အကျအဆုံးများသော ကြောင့် ၊ မကျေနပ်ပွဲ လာရောက် ဆင်နွဲခြင်းဖြစ်ကြောင်း - ပြောသည် ။ သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ် ရေးထိုးရန် အဆင့်သင့်မဖြစ်သေးသော် လည်း ၂၀၁၂ ခုနှစ် က ပြည်နယ်အဆင့် ပြည် ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည် ။ SSPP/SSA သည် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်ဖြစ်ပြီး NCA စာချုပ်လက်မှတ်ရေး ထိုးရန် ငြင်း ဆန်ထားသည့် ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် လည်းမဟာမိတ်ဖြစ်သည် ။ |
|
တပ်မတော်နှင့် အပစ်ရပ် SSPP/SSA တိုက်ပွဲ သျှမ်းပြည်နယ်အစိုးရကြားဝင်ဖြေရှင်းပေးသင့် Posted: 19 May 2016 07:26 AM PDT အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်မတော်တပ်ရင်းများနှင့် ပြည်ထောင်စုအဆင့် အထိ အပစ်ခတ်ရပ်စဲထားသော သျှမ်းပြည်တပ်မတော်မြောက်ပိုင်းတပ်ဖွဲ့ SSPP/SSA တို့ တိုက်ပွဲများ ပြင်း ထန် စွာဖြစ်ပွားနေချိန် သျှမ်းပြည်နယ်အစိုးရက ဆိတ်ငြိမ်နေကြောင်း သျှမ်းပြည်တိုးတက်ရေး ပါတီဘက်က ပြောဆိုလိုက်သည် ။
သျှမ်းပြည်မြောက်ပိုင်းတွင် တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် စစ်ဘေးရှောင်လူထု ထောင်ကျော်ရှိ နေသည့်အပေါ် ဗဟိုအစိုးရမှ ရေငုံနှုတ်ဆိတ်နေချိန် သျှမ်းပြည်နယ်အစိုးရမှတာဝန်ယူ ကြားဝင်ဖြေ ရှင်းပေး သင့်ကြောင်း လားရှိုးမြို့ရှိ SSPP/SSA ဆက်ဆံရေးရုံး တာဝန်ခံ ကပြောသည် ။ ‘ ဗဟိုအစိုးရက မအားသေးတော့ အဆင်သင့်မဖြစ်သေးရင်တောင် ပြည်နယ်အစိုးရက သူ့တာဝန်သူ သိသင့်တယ် ’ ဟု သျှမ်းတပ်မတော်မြောက်ပိုင်း၏ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး အောင်လတ် က ဝေဖန်ပြောဆိုသည် ။ မေလ ၁၂ ရက်နေ့မှစ၍ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားသော သျှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရစစ်တပ်တို့အကြား ကျောက်မဲ ၊ လားရှိုး ၊ သီပေါ စသည့် ဒေသများတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပါသည် ။ ယနေ့မနက်ပိုင်းက လားရှိုးမြို့နယ် နမ့်မ ဒေသတွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် ဒေသခံများမှ နေရပ် စွန့်ခွာထွက်ပြေးနေရပြီး ဒေသခံအချို့ ဖမ်းဆီးခံရမှုများ ရှိခဲ့ကြောင်း လားရှိုးမြို့ပေါ်ရောက် စစ်ဘေး ရှောင်များကပြန်လည်ပြောပြသည် ။ တိုက်ပွဲတွင် သျှမ်းပြည်မြောက်ပိုင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့များလည်း အစိုးရဘက်မှအားဖြည့်ကာ SSPP / SSA တပ်စခန်းများကို တိုက်ခိုက်နေကြောင်း ၊ အစိုးရဘက်မှ ရဟတ်ယာဉ်များ လက်နက်ကြီး များ သုံးကာ တိုက်ခိုက်ခဲ့ကြောင်း SSPP/SSA ဘက်မှအရာရှိများကပြောသည် ။ တပ်မတော်နှင့် SSPPတို့ အကြား လတ်တလော တိုက်ပွဲဖြစ်ပွားနေမှုများကို အစိုးရပိုင်းတာဝန်ရှိသူ များအား အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း မသိချင်ယောင်သာဆောင်နေကြောင်း ၊ SSPP အနေဖြင့် ပြီးခဲ့ သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်ဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေး လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း လားရှိုးဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးအောင်လတ်က ပြောသည် ။ အစိုးရသစ်အနေဖြင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက် ပွဲဖြစ်ပွားနေမှုကို ကြားဝင်ဖြေရှင်းပေးရန်လိုအပ်…… ကြောင်း ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမြအေးက ပြောဆိုသည်ဟု The Ladies News တွင် ဖော်ပြထားသည် ။ |
||
|
RCSS/SSA ဥက္ကဌ သျှမ်းလူငယ်အဖွဲ့နှင့်တွေ့ဆုံ - နိုင်ငံရေးလေ့လာရန် တိုက်တွန်း Posted: 19 May 2016 07:12 AM PDT သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် (RCSS/SSA) ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဆက်ဆံရေးရုံး၌ ယနေ့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် က (RCSS/SSA) ဘက်မှ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် နိုင်ငံရေး အခန်းကဏ္ဍများ နှင့်ပတ်သက်ပြီး သျှမ်းပြည်တွင်းရှိ သျှမ်းလူငယ် အဖွဲ့ (T.Y.O) များကို တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းသိရသည် ။
“ ဥက္ကဌ ဆွေးနွေးသွားတာတွေကတော့ RCSS ဘက်က လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပိုင်းတွေ လူငယ်တွေနားလည်လာအောင် ပြီးတော့ နိုင် ငံရေးအခန်းကဏ္ဍအပိုင်းတွေ ဘယ် လိုဆောင်ရွက်လာတာ လဲပေါ့နော် ။ ပြီးတော့ လူငယ်တွေရဲ့ ရင်တွင်းစကားတွေကို ပြန်လည် နားထောင်မယ် ။ ယနေ့ ဘယ်လိုရှိလဲ ရှေ့ဆက် အမျိုးသား ရေး လုပ်ငန်းတွေမှာ လူငယ် တွေပါဝင်လာအောင် ဘယ်လိုဆောင်ရွက်မလဲ စတာတွေပေါ့ ” ဟု ငြိမ်းချမ်းရေး ဖော် ဆောင် ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီးစိုင်းမိန်း ကပြောသည် ။ ယနေ့ မေလ ၁၉ ရက် မနက် ၉ နာရီကတည်းကစတင်သည့် အဆိုပါ ဆွေးနွေးပွဲတွင် သျှမ်း ပြည် တွင်းရှိ သျှမ်း လူငယ်ကွန်ရက် (T.Y.O) အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ ၄၃ ဖွဲ့တက်ရောက်ပြီး လူငယ် ၁၀၀ ကျော်တက်ရောက်ကြောင်းသိရသည်။တွေ့ဆုံ ဆွေးနွေးပွဲမှာ ညနေ ၅ နာရီအထိ မပြီးဆုံးသေးကြောင်းဆိုပါသည် ။ သျှမ်းလူငယ်အဖွဲ့၏ အတွင်းရေးမှူး နန်းယိင်းနောင့် က - “ ဒီနေ့ဆွေးနွေး သွားတာတွေကတော့ လူငယ်အပိုင်းမှာ ဘယ်လိုစည်းလုံးမလဲ ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့လူငယ်တွေက မြို့နယ်တိုင်း မှာရှိတယ် ချိတ်ဆက်ဖို့ ခက်ခဲတာပေါ့ ။ ဒါကြောင့် ဥက္ကဌရဲ့ ရည်ရွယ်ချက်က လူငယ်တွေ အား လုံးချိတ်ဆက်ပြီးအလုပ် အတူတူလုပ်သွားဖို့ပြီးတော့ လူငယ်တွေနိုင်ငံရေးအကြောင်းကို များများလေ့လာဖို့ပြောတယ် ” ဟု ပြောသည် ။ ယနေ့ခေတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ အရမ်းမြန်ဆန်ကြောင်း နှင့် အစိုးရဘက်ကလည်း ပြုပြင်ပြောင်း လဲနေပြီး ယင်းအပြောင်းအလဲ ကာလ အတွင်း နိုင်ငံရေးကို လေ့လာစေချင် ကြောင်း နှင့် ၁၉၄၇ ခုနှစ်က ပင်လုံညီ လာခံ မည်သို့ရှိခဲ့ကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် ဒုတိယ ပင်လုံညီလာခံဖြစ် လာလျှင် မည်သို့လုပ်ဆောင်သွားသင့်သည်ကို လူငယ်များ လေ့လာသင့်ကြောင်း ဗိုလ်မှူးကြီးစိုင်းမိန်း ကပြောသည် ။ ဒုဗိုလ်ချုပ်ကြီးယွက်စစ်၏ ယခုခရီးစဉ်သည် လာမည့် ကဆုန်လပြည့် ကက္ကူမွေတော်စေတီ အတွင်း လိုတရ စေတီတော်အားထီးတော်တင်မည့် အခမ်းအနားတက်ရောက်ရန် သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ သို့ ရောက်ရှိသည့်ခရီးစဉ်ဖြစ်ကြောင်း သိရသည် ။ |
||
|
တပ်မတော် ထိုးစစ်ဆင်မှုကြောင့် ဒေသခံ နှစ်ရာကျော် တိုက်ပွဲ အတွင်းပိတ်မိနေ Posted: 19 May 2016 12:24 AM PDT ယနေ့ နံနက်ပိုင်းမှ စ၍ ယနေ့အထိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မ တော် SSPP/SSA အား အစိုးရတပ်မတော်ထိုးစစ်ဆင်မှုကြောင့် သီပေါမြို့ အရှေ့တောင် ဘက် ကျေးရွာသုံးရွာမှ လူဦးရေ ၂၀၀ ကျော် တိုက်ပွဲအတွင်း ပိတ်မိနေသည်ဟု သိရ သည် ။
မြန်မာ့တပ်မတော် ထိုးစစ်ဆင်မှုကြောင့် နမ့်ပေါင်တိုက်နယ် နမ့်မ ကျေးရွာအုပ်စု နားတော် ၊ ခိုနန်းဖှာ့ နှင့် ကျောင်းမိုင် ကျေးရွာ ရွာသူ ရွာသား ၂၀၀ ကျော် မှာလည်း တိုက်ပွဲကြောင့် ကျောင်းမိုင် ရွာ ဘုန်းကြီးကျောင်း၌ ပိတ်မိနေသည်ဟု ဒေသခံများက ပြောသည် ။ “ ဗမာစစ်သားက စစ်ကြောင်းလေးငါးကြောင်းရှိတယ် ။ တရွာဝင် တရွာထွက်ပဲ ။ ရွာထဲ နေပြီး ရွာအပြင်ဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းထုတယ် ။ တိုက်ပွဲကတော့ မနေ့က နေ ဒီကနေ့ မနက်ပိုင်းအထိဘဲ ။ ဝမ့်မိုင်ဘုန်းကြီးကျောင်းမှာ လူ ၂၀၀ ကျော်တယ် ။ ဗမာစစ်သားတွေ ရှိနေတော့ သွားခေါ်လာလို့မရဘူး ။ သူတို့လဲ ပေးမထွက်သေးဘူး ၊ ဘုန်းကြီးကျောင်းကနေ ” - ဟု နမ့်ပေါင်ရွာမ ကြီးသို့ ရောက်ရှိခိုလှုံနေ သည့် အသက် ၃၅ နှစ်အရွယ် သားသည်မိခင် နန်းငင်း က ပြောသည် ။ သီပေါမြို့နယ် အရှေ့တောင် ဘက် တလွှားရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာချုပ်လက်အောင်ခံ ခလရ ခြေလျင်တပ်ရင်းအမှတ် ၆၈ ၊ ၆၉ ၊ ၂၉၁ နှင့် ခမရ ခြေမြန်တပ် ရင်းအမတ် ၅၃၂ စစ်ကြောင်းများအား လားရှိုးမြို့ မှ စစ်ဗျူဟာမှူးက လာရောက် ဦးဆောင်နေ ကြောင်း ဌာနချုပ်အရာ တဦး ကပြောသည် ။ သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ သီပေါမြို့ရှိ နိုင်ငံရေးပါတီများ ၊ လူမူ ကူညီအသင်းအဖွဲ့များ အကူအညီပေးနိုင်ရေး၊ သီပေါမြို့ပေါ်သို့ ခေါ်ယူ နိုင်ရေးအတွက် ကြိုးပမ်းနေသည်ဟု ဆိုသည် ။ မြန်မာ့တပ်မတော် မှ တိုင်းရင်းသားလက်နက်ကိုင် တပ် ဖွဲ့ များအား ထိုးစစ်ဆင်မှုကြောင့် ကျောက်မဲမြို့နယ် ဘက်တွင်လည်း ဒေသခံ ထောင် ဂဏန်း နေရပ်မှ စွန့်ခွါနေရသည် ။ |
|
သမိုင်းဝင် မိုးနဲမြို့ ကဆုန်လပြည့်နေ့ မိုးခေါ်ပွဲနှင့်အတူ တောင်သူလယ်သမားတွေ့ဆုံပွဲကျင်းပ Posted: 20 May 2016 10:56 AM PDT ကဆုန်လပြည့် မေလ ၂၁ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် နားခံကျေရွာအုပ်စု လွယ်စက်တော်ခေါ် ဗုဒ္ဓမြတ်စွာဘုရား ခြေရာတော်ရှိသောတောင်၌ မိုးခေါ်ပွဲနှင့် တောင်သူ လယ်သမားများ၏ သဘာဝ ဘေးအန္တရာယ် ထိန်းသိမ်းခြင်း ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည် ။
အဆိုပါပွဲတွင် မိုးနဲမြို့နယ် အပါအဝင် သျှမ်းပြည်တွင်း ၁၇ မြို့နယ်မှ တောင်သူလယ် သမား အဖွဲ့များကတက်ရောက်မည်ဖြစ်ကြောင်း ၊ မိုးနဲမြို့နယ်တွင် ရေခမ်း ခြောက်မှုများ ကြုံတွေ့ နေရခြင်း နှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည် ။
“ သျှမ်းပြည်တဝှမ်းက တောင်သူလယ်သမားအဖွဲ့ ဒီဆုတောင်းပွဲကိုလာတက်မယ် ။ အတူတူ မိုးခေါ်ကြမယ်။ အခုမိုးနဲမှာ ရေအရမ်း ခမ်းခြောက်နေတယ် ။ ပြီးတော့ ကုမ္မဏီကြီးတွေက ကျောက်မီးသွေးလာတူးမယ်လို့ ကြားထားတယ်။ မိုးနဲရဲ့သမိုင်းဝင် လွယ်စက်တော်တောင်မှာ ။ အဲ့ဒါကိုလည်း ကာကွယ်မယ် ” ဟု ပြောသည် ။ ယင်း ကျောက်မီးသွေးသည် နမ့်ဟူးစက်တော်တောင် (စက်တော်ရေထွက်တောင်) ၏ အထက်ပိုင်း တွင်ရှိပြီး နမ့်ဟူးစက်တော် ပျက်စီးလျှင် နမ့်ဟူး (သဘာဝ) ရေပေါက်ကို အမှီပြုနေသည့် လယ်ယာ မြေများ ပျက်စီးမည်ဖြစ်ကြောင်း ၊ လယ်ယာများပျက်စီးလျှင် တောင်သူလယ် သမားများ ဒုက္ခရောက်မည် ဖြစ်ကြောင်း မိုးနဲမြို့ဒေသခံ သျှမ်းလူငယ် စိုင်းမျိုး (yookyaak) ကပြောသည် ။ “ ကျောက်မီးသွေးတူးဖော်မှုကို တာဆီးဖို့ ၊ သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့ ဒီပွဲကိုလုပ်ရခြင်း ဖြစ်တယ် ။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ကျောက်မီးသွေးတူးဖို့ ငွေရှင်တွေက ကြိုးစားခဲ့ဖူးတယ်လို့ ရွာသားတွေပြောပြချက်အရသိရတယ် ။ ဒါကို တောင်သူလယ်သမားအသင်းအဖွဲ့နဲ့ ကျားဖြူပါတီ လွှတ်တော် အမတ်တွေက ကန့်ကွက်တော့ ကျောက်မီးသွေးတူးဖော်မယ့် အစီအစဉ် ရပ်သွားတယ်။ ဒါပေမယ့် မကြာခဏဆိုသလို လာရောက် စမ်းသပ်နေတာရှိတယ် ” ဟု ၄င်းက ဆက်လက် ပြောပြသည် ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ၏ ပြယုဂ် တစ်ခုဖြစ်စေရန်ရည်ရွယ်ပြီး ချယ်ရီပင်ပေါင်း တစ်ထောင်ပင် စိုက်ရန် စီစဉ်ထားသော်လည်း ရာသီဥတု အခြေအနေကြောင့် သြဂတ်စ်လမှသာ စိုက်ပျိုးဖြစ်မည် ဖြစ်ကြောင်း စိုင်းမျိုး (yookyaak) ကဆက်လက်ရှင်းပြသည် ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ ဗဟုသုတ ပေးသည့် ဗီနိုင်းများ ခင်းကျင်းပြသထားသည့် အဆိုပါ သဘာဝပတ်ဝန်းကျင် ထိန်သိမ်းခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ သဘာဝ သစ်တောထိန်းသိမ်းရန် နှင့် မိုးနဲမြို့ဂုဏ်ဆောင် သမိုင်းဝင် ခြေရာတော်ရှိ လွယ်စက် တော်တောင်အား ဖျက်ဆီးလာမည့်ရန်အမျိုးမျိုးကို ကာကွယ်ရ န်၊ မိုးနဲမြို့၏ သဘာဝအလှများကို ထိန်းသိမ်းရန် စသည်တို့ဖြစ်ကြောင်း မိုးနဲမြို့ခံလူငယ်များက ပြောသည် ။ |
|
သွေးနဲ့သမိုင်းစာမျက်နှာဖွင့်ခဲ့တဲ့ သျှမ်းတော်လှန်ရေး ၅၉ နှစ်ပြည့် (ဆောင်းပါး) Posted: 20 May 2016 11:39 PM PDT သျှမ်းလူမျိုးတွေ သမိုင်းကို သွေးနဲ့ စတင်ရေးလာခဲ့တာ ဒီနေ့မေ ၂၁ ရက် ၂၀၁၆ ဆိုရင် ၅၉ နှစ် ရှိလာ ပါပြီ။ ဗမာနဲ့ လက်တွဲပြီး ၁၀ နှစ် အတူနေခဲ့ တယ် ။ တန်းတူညီမျှမှု ၊ တရားမျှတမှု မရှိလို့ လွတ်လပ်ရေးအတွက် ရရာ လက်နက် ဓါးတွေ လှံတွေကို ဆွဲကိုင်ခဲ့တဲ့ တော်လှန်ရေးခရီးကို စဝ်နွဲ့ ခေါ် ဆောယန္တ က ဦးဆောင်ပြီး စတင်ခဲ့နေ့ဖြစ်ပါတယ် ။
၁၉၄၇ ပင်လုံ ဆွေးနွေးပွဲမှာ အတူဒွန်တွဲနေထိုင်ဖို့ သဘောတူပြီး ပင်လုံ စာချုပ်လက်မှတ်ရေး ထိုးခဲ့ တာဟာ ဗမာခေါင်းဆောင်တွေကို တိုင်းပြည် တခုလုံး ဦးဆောင်ဖို့ ပုံအောပေးလိုက်တာ မဟုတ် ပါဘူး ။ အမျိုးသားတန်းတူရေးရှိဖို့၊ ဒီမိုကရေစီအခွင့်အရေးရရှိစေဖို့ ၊ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ လိုလား ကြလို့ သျှမ်းစော်ဘွားတွေဦးဆောင်ပြီး ကချင်၊ ချင်းခေါင်းဆောင်တွေ နဲ့အတူ ဗမာခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း နဲ့ ၁၉၄၇ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြ တာဖြစ်ပါတယ် ။ ဗမာမဟုတ်တဲ့ သျှမ်း ၊ ကချင် ၊ ချင်း နဲ့ တခြားလူမျိုးစုတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ထိန်ချန်ပြီး ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခဲ့တယ် ။ ပင်လုံစာချုပ်နဲ့ ဆန့်ကျင်သွေဖီပြီး တိုင်းပြည် ကို ဗမာခေါင်းဆောင်တွေက ချယ်လှယ်လာခဲ့တယ် ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၀ ခု နှစ် အတွင်းမှာ တရုတ်ဖြူများ သျှမ်းပြည် အတွင်း နယ်ကျွံ ၀င်ရောက်လာပါတယ် ။ သျှမ်းလူထုတွေအပေါ် တရုတ်ဖြူတွေက အခွင့်ရေးချိုးဖေါက်တယ် ၊ ကူတိုက်ပေးမယ်ဆိုပြီး ဗမာ့တပ်မတော်က သျှမ်းပြည်ဆီကို စစ်အင်အား အလုံးအရင်းနဲ့ ၁၉၅၂ မှာ ရောက်ရှိလာပါတယ် ။ ဒါပေမယ့် တရုတ်ဖြူတွေကို နိမ်နှင်းတိုက်ခိုက်တာတွေ မလုပ်တဲ့အပြင် လူ့အခွင့်အရေးတွေ အမျိုးမျိုး စတင်ချိုးဖေါက်တော့တာပါဘဲ ။ ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာဦးခွန်စိုင်းက - ဂျပန်တွေ မိုက် ရိုင်း တယ်ဆိုတာ ဗမာ့တပ်မတော်ကိုမမှီဘူး။ ဗမာ့တပ်မတော်က မယ်သီလရှင်ကိုတောင် အဓမ္မပြုကျင့်တယ် - လို့ ပြောဖူးပါတယ် ။ ဒါ့အပြင် သျှမ်းပြည်နယ် အစိုးရ ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို ၀င်ရောက် စွက်ဖက်လာတဲ့အပြင် သျှမ်းလူမျိုးတွေရဲ့ လုပ်ပိုင်ခွင့်တွေကိုလဲ စတင်ချုပ် ချယ်လာပါတယ် ။ ထိုအချိန်ကစလို့ သျှမ်းပြည် ဟာ ဗမာ့တပ်မတော် စစ်ဖိနပ်အောက် ရောက်သွားခဲ့တော့တာပါဘဲ ။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာ ပြည်နယ် များ ပြည်ထောင်စု မှခွဲထွက်လိုရင် ၁၀ နှစ် နောက်ပိုင်းခွဲထွက်နိုင်ပိုင်ခွင့်ရှိတယ် ၊ ဗိုလ်ချုပ်အောင် ဆန်းကလဲ နှုတ်နဲ့ Gentleman Agreement သဘောတူထားပါတယ် ။ အဲဒီကတိ ကိုစောင့်ထိန်းလို့ ၁၉၄၉ မှာ ကရင်တွေ တောခိုခဲ့ပေမယ့် သျှမ်းတွေ တော်လှန်ပုန်ကန်မှုအလုပ်သေးပါဘူး ။ ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ သျှမ်းစော်ဘွားတွေ ၊ သျှမ်းခေါင်းဆောင်တွေက ကြိုးပမ်း လာခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး ။ ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ပြီး ဖွဲ့စည်းပုံကို ပြင်ဆင်ချင်တဲ့ အုပ်စုနဲ့ ခွဲထွက်လိုတဲ့ အုပ်စုဆိုပြီး နှစ်ခြမ်းကွဲသွားပါတယ် ။ ၁၉၅၈ ခုနှစ်မှာ ဖွဲ့စည်းပုံ ပြင်ဆင်လိုတဲ့ သျှမ်းခေါင်းဆောင်တွေကို အန်တုပြီး ဗမာစစ်အုပ်စုရဲ့ ဖိနှိပ်ဒဏ်ကို မခံနိုင်ကြတဲ့ သျှမ်းမျိုးချစ်လူငယ်တချို့ကို ဦးဆောင်ပြီး စဝ်နွဲ့စောယန္တ ဦးဆောင်ပြီး တောခိုတော့တာပါဘဲ ။ သျှမ်းမျိုးချစ်လူငယ် ၃၁ ယောက် ပါဝင်သောအဖွဲ့တစ်ဖွဲ့ဟာ ၁၉၅၈ မေလ ၂၁ ရက်နေ့ မိုင်းတုံမြို့ နယ် နမ့်ကျွက်ချောင်းဘေး တောတွင်းတစ်နေရာမှာ သျှမ်းပြည် လွတ်လပ်ရေးရရှိဖို့ နယ်ချဲ့ဗမာ တပ်မတော်ကို တွန်းလှန်ဖို့ သွေး သစ္စာရေသောက်ခဲ့ကြပြီး တော်လှန်ရေးသမိုင်း ပထမစာမျက်နှာ စဖွင့်လိုက်ပါတော့တယ် ။ လက်နက်စွဲကိုင်ပြီး တော်လှန်ရေးခရီး စတင်တဲ့ လူငယ်အုပ်စု က နွံစစ်ဟန် (ရဲရင့်သော သျှမ်းလူငယ်တပ်မတော်) လို့အမည်တပ်ပြီး တဖြည်းဖြည်း အင် အားကြီးထွားလာနေချိန် ဗမာ့တပ်မတော် က တိုင်းပြည်ကို အာဏာသိမ်းပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးဆွေးနွေးလိုတဲ့ ၊ ဖွဲ့စည်းပုံ ပြင်ဆင်လိုတဲ့ သျှမ်းစော်ဘွားတွေကိုလဲ ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်း ချလိုက်ပါတော့တယ် ။ ဒီသမိုင်းမှန်ကို ဗမာခေါင်းဆောင်တွေက လက်ခံရပါမယ် ။ လက်တွေ့ ကျတဲ့ နည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ လက်ခံဖြေရှင်းရပါမယ် ။ တပြည်ထောင်စနစ် ၊ တပါ တီ အာဏာရှင်စနစ် ကျင့်သုံးပြီး လူမျိုးငယ်တွေကို အကာအကွယ်ပေးလိုတဲ့ စိတ်ထားမျိုးမရှိဘဲ သပ်သျှိုဖြိုခွဲ သွေးခွဲ သွေးထိုးအုပ်ချုပ် နေမယ်ဆိုရင် လူငယ် ၃၁ ယောက်နဲ့ စတင်တဲ့ သျှမ်းတော်လှန်ရေးခရီးက ဘယ်သောအခါမှ ပြီးဆုံးမှာမဟုတ်ပါဘူး ။ ဆောင်းပါးရှင်- ခွန်ဆန်မူး |
|
Posted: 21 May 2016 10:54 PM PDT နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက်နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းပြင်ဆင်နေချိန်တွင် တပ်မတော် အနေဖြင့် တိုင်းရင်းသားဒေသတွင် နယ်မြေစိုးမိုးရေး အကြောင်း ပြချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်များကို ထိုးစစ်ဆင်နေခြင်း မှာ အစိုးရသစ်မှပြင်ဆင်နေသော ၂၁ ရာစု ပင်လုံညီလာခံကို ချေဖျက်ရန် လုပ်ဆောင်ခြင်းလောဟု သံသယဖြစ်မိကြောင်း SSPP/SSA သျှမ်းပြည်တပ်မတော်မှ သဘောထားကြေငြာ ချက်ထုတ်ပြန်သည် ။
မေလ ၁၉ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်သော သဘောထားကြေငြာချက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ၂၁ ရာစု ပင်လုံညီလာခံကို နှစ်လအတွင်းကျင်းပလိုသည်ဟု ပြောဆိုချက်ကို ထောက်ခံကြောင်းဖော်ပြထားပြီး လားရှိုး ၊ သီပေါနယ်ရှိ SSPP/SSA စခန်းများကို အလုံးအရင်းနှင့် တိုက်ခိုက်နေမှုအပေါ်ကန့်ကွက်ကြောင်းလည်း ကြေငြာ ချက်တွင်ဖော်ပြထားသည် ။ " ကဆုန်လပြည့်နေ့တောင်တိုက်ပွဲငယ်နှစ်ပွဲဖြစ်နေတယ်။ လာတိုက်နေတုန်းပဲ " ဟု မေလ ၂၁ ရက်နေ့ ညနေပိုင်းတွင် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။ နိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်အတွက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခြင်းများ ရပ်ဆိုင်းသင့်ကြောင်း ကြေငြာချက်တွင် ထည့်သွင်းတောင်းဆိုထားသည် ။ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲမှုပြုလုပ်ထားသည့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA နှင့် အစိုးရ တပ်မတော်တို့အကြားလတ်တလော တိုက်ခိုက်မှုများကြောင့် ကျောက်မဲ ၊ သီပေါဒေသမှ ထောင်နှင့်ချီသော ဒေသခံများမှာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး တိုက်ပွဲများအတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများလည်း ရှိနေကြောင်း သိရသည် ။ |
|
ဒေသခံများ ကန့်ကွက်သည့်ကြားက သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး ဆက်လက်တူးဖော် Posted: 24 May 2016 05:13 AM PDT သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ၀မ့်လုံ - နမ့်မရွာရှိ ဟိုနားဖှ၌ ကျောက် မီးသွေး တူးဖော်မှုကို ဒေသခံများ အကြိမ်ကြိမ် ကန့်ကွက်သည့်ကြား က ငွေရည်ပုလဲကုမ္ပဏီက ကျောက်မီးသွေး စတင် တူးဖော်နေပြီဖြစ်ကြောင်း သိရှိရသည် ။
ယခု ကုမ္ပဏီက လာရောက်တူးဖော်နေသည့် ဟိုးနားဖှသည် ဒေသခံများ လယ်ယာမြေအတွက် အားထားရ သည့် ရေရှိရာနေရာဖြစ်သည့်အတွက် အကြိမ်ကြိမ် ကန့်ကွက်ကြကြောင်း ဒေသခံများက ဆိုသည် ။ “ ဒီဟိုနားဖှကို ပိန်းဆိုင်းရေထွက်လို့လည်း ခေါ်တယ် ။ မိုးရာသီဆိုရင် ဒီနေရာ မှာ တောင်ကျရေတွေနဲ့ ပြည့်နေ တယ် ။ ပိန်းဆိုင်းလယ်ကွက်နဲ့ ၀မ့်လုံ လယ် ကွက်အတွက်ဒီကရေနဲ့လယ်ရေသွင်းတာ ။ တကယ်လို့ ဒီနေရာမှာ ကျောက် မီးသွေးလာတူးရင် တွင်းကြီးဖြစ်သွားမယ် ။ ဒါကြောင့် လယ်ယာ အတွက် ရေ လည်းရှိမှာ မဟုတ်တဲ့ အတွက် ဒီနေရာကိုတော့ အရေးတယူ ကန့်ကွက် ဟန့်တားတာ ဖြစ်တယ် ” ဟု နမ့်မရွာသား စိုင်းကျော်စိန် က ပြောပါသည် ။ ၀မ့်လုံ - နမ့်မကျေးရွာတွင် အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားသည့် အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည် ။ ငွေရည်ပုလဲကုမ္ပဏီသည် ၀မ့်လုံ - နမ့်မကျေးရွာအတွင်းသို့ ၂၀၀၀ ပြည့်နှစ် ကတည်းက စတင်ဝင်ရောက်လာပြီး ၂၀၀၄ ခုနှစ်မှစ၍ ကျောက်မီးသွေး တူးဖော်ကြောင်း ၊ ထို့ကြောင့် လယ်ယာခြံမြေများ ၊ တော တောင်ရေမြေ သဘာဝပတ်ဝန်းကျင် ၊ ချောင်းရေများ ပျက်စီးဆုံးရှုံးရကြောင်း ၊ ညစ်ညမ်း သည့်လေ ၊ ညစ်ညမ်း သည့်ရေကြောင့် ဒေသခံ၏ကျန်းမာရေး တနေ့တခြား ဆုတ်ယုတ်လာကြောင်း ၊ ကုမ္ပဏီက ကျောက်မီးသွေး မတူးခင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ချက် EIA/SIA လုပ်ဆောင်ခြင်း မရှိကြောင်း ဒေသခံများက ဆိုပါသည် ။ |
||
|
Posted: 24 May 2016 01:16 AM PDT သို့ / သျှမ်းသံတော်ဆင့်
ကျေးသီးမြို့၌ ချဲထီ (၃လုံး) ရောင်းချသူများ ပိုမိုများပြားလာနေခြင်း ၊ အချို့အရောင်း ဒိုင်ငယ်များသည် အစိုးရဝန်ထမ်းများကိုယ်တိုင် အပိုဝင်ငွေအတွက် လိုက်လံရောင်းချနေခြင်းတို့ကြောင့် ပေါ်ပေါ်တင်တင် အတင်းရဲစွာ ရောင်းချခွင့်ပိုရလာနေပါသည် ။ ပြည်နယ်အဆင့်မှ သက်ဆိုင်ရာတာဝန်ရှိသူများသိရှိစေလိုပြီး အမြန်ဆုံး ထိထိရောက်ရောက် အရေးယူပေးစေလိုပါတယ် ။ ပြည်သူ့ရဲတပ်ဖွဲ့မှ ချဲထီဒိုင်ငယ် ၁ ဦးကို ၁လ ကျပ် ၅၀၀၀ နှုန်းပေးသွင်းစေပြီး လွတ်လွတ်လပ်လပ်ရောင်းချခွင့်ပေးနေကြောင်း သိရှိရပါသည် ။ ဈေးရှေ့လမ်းမဘေးတွင် စားပွဲခုံငယ်များချကာ ပေါ်ပေါ်တင်တင်ရောင်းချနေပါသည်။ ပင်ရင်းဒိုင်ချုပ်မှာ တာချီလိတ်ကလို့ သိရသည် ။ ခေတ်အဆက်ဆက် တိုင်းရင်းသား ပြည်သူများကို ဘာမှစိတ်မဝင်စားလေအောင် လောင်းကစားနည်းအမျိုးမျိုးကို ဖန်တီးထား ပေးခြင်းပင်ဖြစ်ပါသည် ။ ရပ်ထဲ ရွာထဲ ကြီးကြီး ငယ်ငယ် ကျားမ မရွေး ဘုန်းကြီးအပါအဝင် ချဲထီလောင်းကစားစွဲလမ်းသူ ပိုမိုများပြားလာပြီဖြစ်သည် ။ အစိုးရဝန်ထမ်းများ အကျင့်ပျက် ချစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုကို ပိုမိုကြီးထွားစေသည့် တရားမဝင်ချဲထီလောင်းကစားခွင့် ပေးထားခြင်းကို သက်ဆိုင်ရာတာဝန်ရှိအစိုးရအဖွဲ့အစည်းများမှ ထိထိရောက်ရောက် စစ်ဆေးအရေးယူပေးစေလိုကြောင်း သျှမ်းသံတော်ဆင့်မှနေပြီး တိုင်ကြားလိုက်ရပါသည် ။ ကျေးသီးလူငယ်အဖွဲ့ |
||
|
ကျောက်မဲမြို့နယ် မီးရှို့ခံရရွာများမှတွေ့ရှိ အလောင်းများမှာ ဒေသခံရွာသားများဖြစ်နေ Posted: 24 May 2016 12:56 AM PDT သျှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ်အတွင်း မီးရှို့ခံထားရသည့် အလောင်း ၈ လောင်းအနက် ခြောက် လောင်းသည် ရွာခံအရပ်သား များဖြစ် သည်ဟု စစ်ဘေးသင့် ရွာများအားသွားရောက်ကြည့်ရှုလေ့လာ ခဲ့သည့် ကျောက်မဲမြို့နယ် SNLD ပါတီ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ပြောသည် ။
မေလ ၂၁ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ကျောက်မဲမြို့နယ် ပန်လော့ ကျေးရွာအနီးတွင် နောင်ကွမ်ရွာသားအလောင်း ၃ လောင်းနှင့် ဝိုးလုံရွာတွင် အလောင်း ၅ လောင်းတွေ့ရကြောင်း စိုင်းထွန်းဝင်းက ဤကဲ့သို့ ရှင်းပြသည် ။
“ ဝိုးလုံရွာထဲမှာတွေ့တာက အလောင်း ၃ လောင်း ။ အဲဒါအရိုးဘဲကျန်တော့ ဘယ်သူဘယ်ဝါမှန်း ဘယ်သူမှမသိနိုင်သေးဘူး ။ အိမ်နဲ့ တွဲချည်ပြီးမီးရှို့ တာ ကတယောက် အိမ်သာနဲ့တွဲပြီးမီးရှို့တာက တယောက်နဲ့ ရွာလယ်မှာ က တယောက် ။ နောက် ၀ိုးလုံရွာမြောက်ဘက်မှာကျတော့ SSPP/SSA ရဲ့လူလို့ ယူဆရတဲ့ အလောင်းတလောင်းတွေ့ရတယ်။ စစ်ဝတ်စုံဝတ် ထားလို့ ။ နောက်ရွာတောင်ဘက်မှာ လဲ အလောင်းတလောင်းတွေ့တယ် ။ ဆိုတော့ ဝိုးလုံမှာချည်းဘဲ စုစုပေါင်း ၅ လောင်းတွေ့တယ် ။ သူတို့တွေ ကျတော့ ဘယ်သူလဲဆိုတာ မသိရသေးဘူး ။ ” ဝိုးလုံရွာသားများ၏ စာရင်းအရ ပျောက်နေသည့်ရွာသား ၂ ဦး ( စိုင်းပေါ် ၂၃ နနှစ် စိုင်းကျော်လွန်း ၄၀ နှစ် ) သကဲ့သို့ အက်ကြီးရွာမှလည်း ရွာသား ၂ ယောက် ( စိုင်းထွန်းရွှေ ၃၃ နှစ်နဲ့ ပန်ကျန်ရွာက စိုင်းကော ၂၂ နှစ် ) ပျောက်ဆုံးနေကြောင်း စစ်ဘေးရှောင်များထံမှသိရသည် ။ မေလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်ဖြစ်ပွါးခဲ့သော တိုက်ပွဲကြောင့် ကျောက် မဲမြို့ ပန်လော့ရွာဘုန်းကြီးကျောင်းနှင့် နောင်ပိန်အုပ်စု ဟိုကစ် ဓမာရုံ တို့တွင် ခိုလှုံနေသော စစ်ဘေးရှောင်များမှာ နမ့်ဖာတ် ၊ အက်ကြီး ၊ ပိန်းနင်မ် ၊ ဝိုးလုံ ၊ ပန်ကျန် ရွာတို့မှ ရွာသား ( ဦးရေ ၁၀၀၀ ခန့် ) များဖြစ်ကြကြောင်း ဦးစိုင်းထွန်းဝင်းကပြောသည် ။ “ အခု ရွာသားတော်တော်များများက ရွာပြန်ကြပြီ ။ အပျက်အစီးများတဲ့ ဝိုးလုံ ရွာသားတွေ ကဘဲ ရွာမပြန်ချင်တာ ။ အခု ပန်ကျန်ရွာဘုန်းကြီးကျောင်း မှာ ရှိနေတယ် ။ ဝိုးလုံရွာ က အိမ်ခြေ ၃၀ လောက်ရှိတယ်လေ ။ လောလော ဆယ် တော့ သူတို့အတွက် နေထိုင် စားသောက်သွားဖို့ စိတ်မပူရပေမယ့် ကြာရင်တော့မလွယ်ဘူးလေ ။ ဒါကြောင့် သူတို့တွေ အတွက်အကူအညီတွေ လိုတာပေါ့နော် ။ ကျနော်တို့ဘက်ကလည်း အစီရင်ခံစာ သစ် တင်ထားမယ် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို အကြံဉာဏ်တောင်း ပြီးတော့ လုပ် ဆောင် သွား မှာဖြစ်ပါတယ် ။ ” ဟု ဦးစိုင်းထွန်းဝင်းက ပြောသည် ။ ကျောက်မဲမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ဖြစ်သည့် စိုင်းထွန်းဝင်းနှင့်စိုင်းထွန်းဉာဏ် တို့သည် ဒေသတွင်း လူငယ်တချို့ ၊ သတင်းသမားများနှင့်အတူ ပြီးခဲ့ သည့် မေလ ၂၁ ရက်နေ့က ပန်လော့ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော စစ်ဘေးရှောင်ရွာသားများအား နေရပ်ရင်း ပြန်လည်ပို့ဆောင်ခဲ့ရာ စစ်ဘေးသင့်ရွာသားများ အခြေအနေကို သိရှိရခြင်းဖြစ်သည် ။ “ ကျနော်တို့ဘက်ကလည်း စရဖ တို့ စကခ တို့ ဌာနဆိုင်ရာအားလုံးကို သတင်းပို့ တောင်း ဆိုထားတယ် ။ ရွာသား တွေကိုနေရပ်ပြန်ပြီး ကောင်းကောင်း မွန်မွန်ပြန်လည် လုပ်ကိုင် စားသောက်ခွင့်ပေးဖို့နဲ့ အနှောင့်အယှက် မပေး ဖို့ပေါ့နော် ။ ”- ဟု စိုင်းထွန်းဝင်းက သျှမ်းသံတော်ဆင့်အား ပြောပြသည် ။ ကျောက်မဲမြို့နယ်အတွင်း မေလဆန်းပိုင်းမှစတင်၍ မြန်မာ့တပ်မတော် နှင့် SSPP/SSA တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့ပြီး တပ်မတော်မှလေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ပြေး ဒုက္ခသည်များ ရာချီထွက်ပြေး တိမ်းရှောင် နေရကာ တိုက်ပွဲဖြစ်ပွားရာဒေသ အနီးရှိကျေးရွာများတွင် ယင်းကဲ့သို့ မီးရှို့ထားသည့် အလောင်းများတွေ့ရှိခဲ့ခြင်း ဖြစ်သည် ။ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နှင့် လားရှိုးမြို့နယ် ဘက်သို့ SSPP/SSA ဝမ်ဟိုင်း အဖွဲ့ကသတ်မှတ် နယ် မြေ ကျော်လွန်သည်ဟုဆိုကာ တပ်မတော်ကအင်အားသုံး တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် မေလ ၅ ရက်မှ ၂၀ ရက်အထိ SSPP/SSA နှင့်ထိတွေ့ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၊ SSPP/SSA ၏ အလောင်းများနှင့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း မေလ ၂၁ ရက်က တပ်မတော်က ထုတ်ပြန်ကြေငြာထားသည် ။ “ ဘယ်ဘက်ကပဲဖြစ်ဖြစ် သူတို့စစ်အချင်းချင်းဖြစ်တာကိစ္စ မရှိဘူး ။ ပြောချင် တာတော့ ပြည်သူတွေကို ဆွဲမထည့် ပါနဲ့ ။ စစ်ကြောင့်လူထုဒုက္ခရောက်ရ တာများလှပါပြီ ။ ပြန်ကြည့်ရင်လည်း ၂ ဖက်လုံးဟာ ပြည်သူလူထုရဲ့ ထောက် ပံ့မှုနဲ့သာ နေထိုင်နေတာပါ ။ ဘယ်ဘက်ကမဆို ပြည်သူကိုအားကိုးနေရ တာ ပဲလေ ။ ဒါကြောင့် ပြည်သူတွေကို ငဲ့ညှာ သောအားဖြင့် ပြည်သူတွေကို ထပ်ပြီး ဒုက္ခမပေးစေ ချင်တော့ဘူးဗျာ ” ဟု ဦးစိုင်းထွန်းဝင်းက ဆက်လက်ပြောသည် ။ ၂၁ ရာစုပင်လုံညီလာခံကို လပိုင်းအတွင်း ပြုလုပ်လိုသည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီးနောက် တပ်မတော်က တိုက်ပွဲများ ပြန်လည်ဆင်နွဲလာနေခြင်းမှာ တပ်မတော်သည် ၂၁ ရာစု ပင်လုံညီလာခံကို ဖျက်လိုဖျက်ဆီးလုပ်နေခြင်းလောဟု သံသယဝင်မိကြောင်း သျှမ်းပြည်တပ်မတော်မြောက်ပိုင်းမှ သတင်းထုတ်ပြန်ထားသည် ။ |
||
|
ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ဘေးသင့်ရွာ မီးရှို့ခံရ - အလောင်း များပါတွေ့ ရှိ Posted: 23 May 2016 07:22 PM PDT တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ မေလ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွား ခဲ့သည့် ကျောက်မဲမြို့နယ် နောင်ကွမ်ကျေးရွာအုပ်စုရှိ ၀မ့်ဝိုးလုံ ရွာတွင် မီးရှို့ခံထားရသည့် အလောင်း ၃ လောင်းကို တွေ့ရှိ ရပြီး ဒေသခံများ ၏ တဲနှစ်လုံးနှင့် အိမ်တလုံးမှာလည်း မီးရှို့ ခံထားရကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြောသည် ။
မေလ ၂၁ နေ့က စစ်ဘေးဒဏ်ခံရသော ကျေးရွာများသို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းနှင့် စိုင်းထွန်းဉာဏ် တို့အဖွဲ့က သွားရောက် ကြည့်ရှုစဉ် ကျောက်မဲမြို့နယ် အက်ကြီးရွာ ၊ နမ့်ဖါတ်ရွာ ၊ ပန်ကင်ရွာ ၊ ဝိုးလုံရွာ တို့မှာ အများ အပြား ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ၊ အဆိုးဆုံးမှာ ဝိုးလုံရွာဖြစ်ပြီးတရွာလုံးပျက်စီး ဆုံးရှုံး ကြောင်း ၊ ပန်ကင် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဝိုးလုံရွာသားများ အဖို့ရွာပြန် ရန် လွန်စွာခက်ခဲသော အခြေအနေဖြစ်နေကြောင်း ပြန်လည်ပြောပြချက် အရသိရသည် ။ 'ကျနော် အဲဘက်ရောက်တယ်။ တဲနှစ်လုံးနဲ့ အိမ်တလုံး မီးရှို့ခံထားရတယ် ။ ကျန် တာတွေက ပျက်စီးကုန်တယ် ။ ဘာတွေတွေ့ရလဲဆိုတော့ လူကိုမီးရှို့ ထားတာလည်းတွေ့ရတယ် ။ အလောင်းက ၃ လောင်းတွေ့တယ် ။ အရိုးပဲကျန် တယ် ။ အိမ်မီးရှို့ တာတော့ ဘယ်ကရှို့လဲ ကျနော်တို့ မသိဘူး ။ ' ဟု သျှမ်း တိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြောသည် ။ ၀ိုးလုံရွာအနီးတွင် ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က SSPP/SSA နှင့် တပ်မေ တ်ာတို့အကြား တိုက် ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံများမှာ မေလ ၁၃ ရက်နေ့ကပင် နောင်ပိန် ၊ ပန်လော့ စသည့် ကျေးရွာများဘက်သို့ ထွက်ပြေးပုန်းရှောင်ခဲ့ရသည် ။ ဝိုးလုံကျေးရွာတွင် အလောင်းများတွေ့ရှိရသော်လည်း အလောင်းများမှာ အရိုးသာကျန် သောကြောင့် မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားရခက်နေကြောင်း ၊ နေအိမ်နှင့်တွဲချည်ပြီး ပူးတွဲမီးရှို့ထားခြင်းဖြစ်နိုင် ကြောင်း ၊ ရွာသားများ၏ လူစာရင်းရေတွက်မှုအရလည်း ၂ ဦး ပျောက်ဆုံးနေသည်ဟုပြောကြောင်း စိုင်းထွန်းဝင်းက ပြောသည် ။ ရွာသားအများစုမှာ ယခုအချိန်အထိ စစ်ဘေးရှောင်စခန်းများ တွင်ရှိနေ ဆဲဖြစ်ပြီး ဝိုးလုံ ကျေးရွာရှိ နေအိမ်အများစုမှာ လည်း မွှေနှောက်ခံထားရသည် ဟု ဦးစိုင်းထွန်းဝင်းက ပြောသည် ။ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူသွားရောက်ကွင်းဆင်းလေ့လာခဲ့သည့် RFA သတင်း ဌာန ကမူ မီးရှို့ခံထားရသည့်အလောင်း ၈ လောင်းတွေ့ ရှိခဲ့သည်ဟု ဖော်ပြထားပါသည် ။ လက်ရှိဘုန်းကြီးကျောင်းတွင်ခိုလှုံနေသော စစ်ဘေးရှောင်များမှာလည်း နေ ထိုင် စားသောက် ရန် အကူ အညီများလိုအပ်နေကြောင်း ဒေသခံများ ကပြော ဆိုပါသည် ။ မေလ ၁၂ ရက်ကလည်းတပ်မတော်စစ်ကြောင်းမှ ဒေသခံနှစ်ဦး အား ခေါ်ဆောင်သွားခဲ့ကာ အဆိုပါ ဒေသခံများမှာ ၄ ရက်အကြာတွင်ပြန် လွတ်လာသော်လည်း ရိုက်နှက်ထိုးကြိတ် ခံထား ရသည့် ဖူးယောင် ဒဏ်ရာများဖြင့် လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း သိရသည် ။ |
|
သမိုင်းဝင်အမွေအနှစ်ကိုချစ်ရင် သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးသင့်ပါတယ် Posted: 25 May 2016 03:49 AM PDT ရ မြေ တောတောင်သဘာဝအလှ ကိုဖျက်ဆီးရင် ရာသီဥတုဖောက်ပြန် တယ်လို့ မိဘဘိုးဘွားတို့ဆုံးမသြဝါဒ ရှိခဲ့ဖူးပါတယ် ။ သို့ပေမယ့် ဘယ် သူသေသေ ငတေမာရင်ပြီးရော .. လူတို့ကြောင့် ကနေ့ခေတ်မှာ တတောလုံးပြောင် တတောင်လုံးသုဉ်းလို့ ရာသီဥတုလည်း မမှန်တော့ပါဘူး ။
သောက်သုံးရေရှားပါးမှု ၊ သစ်တောပြုန်းတီးမှု တွေကြောင့် အချိန်အခါ မဟုတ်ဘဲ မိုးသည်းထန်စွာရွာသွန်းခြင်း ကျောက်ခဲလုံးလောက် ပမာဏရှိတဲ့ မိုးသီးကြွေကျခြင်း နှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်အတွင်း ရှိ သမိုင်းဝင် စော်ဘွားဟော်နန်းများ ၊ လူနေအိမ်များပါ ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ် ။ ရှမ်းပြည်အတွင်းတွင် ရှမ်းစော်ဘွားများ လက်ထပ်ကတည်းက တည်ရှိခဲ့သော စော်ဘွားဟော်နန်းများသည် ယနေ့ ခေတ်တွင် မရှိသလောက်ပါဘဲ ။ ရှမ်းပြည်တောင်ပိုင်း ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ကျသွားသည့် ပင်လောင်းမြို့နယ် ပင်လောင်း စော်ဘွား ရဲ့ ဟော်နန်းလည်း ပြီးခဲ့တဲ့ မေ လဆန်းက ပင်လောင်းဒေသခံများ အတွက် မထင်မှတ်ထားတဲ့ ကံကြမ္မာ ဆိုးတစ်ခု ကျရောက်ခဲ့ပါတယ် ။ နှစ် (၁၀၀) သက်တမ်းရှိသည့် ယိုင်နဲ့နဲ့ဖြစ်နေတဲ့ ပင်လောင်းစော်ဘွား စံ ဟော်နန်းလေးဟာ မိုးသက် လေပြင်းကြောင့် မျက်စိတစ်မှိတ်စာအတွင်း လုံးဝပြိုကျ ပျက်စီးသွားရှာပါပြီ ။ ပြိုကျသွားတဲ့ ဟော်နန်းကြီးဘေးက မီးဖိုဆောင်မှာနေထိုင်နေသူကတော့ ပင်လောင်းစော်ဘွားရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ စော်ဘွားကြီး စဝ်မိုးကျော် ရဲ့ မဟာဒေဝီ စဝ်နန်းလှတင်ဖြစ်ပါတယ် ။ စဝ်နန်းလှတင်ဟာ အသက် ၈၀ ကျော်ရှိပါပြီ ။ အဘွားဟာ နားသိပ်မကြား ရတော့လို့ စကားပြောရင် အော်ပြောမှ ကြားရပါတယ် ။ “ မိုးပြင်း လေပြင်းကျမယ်ဆိုလို့ အဖွားလည်း သား / သမီးတွေနဲ့ အတူတူနေနေ တယ်။ တဖြည်းဖြည်း နဲ့ ဟော်နန်းက ပြိုကျသွားတယ် ။ ဒီဟော်နန်းကို ဆရာတော် ဒေါက်တာဓမ္မသာမိ နဲ့ တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန် စဝ်ဆုခမ်းတို့ဆီ လှူထားပြီ ” လို့ ပြောပါတယ် ။ စဝ်နန်းလှတင်ဟာ စဝ်မိုးကျော် နဲ့ အသက် ၁၇ နှစ် အရွယ်လောက် ကတည်း က အိမ်ထောင်ကျခဲ့ပြီး သား / သမီး ၄ ဦးထွန်းကားခဲ့ပါတယ် ။ အသက် ၄၀ ခန့်လောက်ရှိတဲ့ အရပ်မြင့်မြင့် တောင်မြင့်မြင့်ရှိတဲ့ အမျိုးသား တစ်ဦးကတော့ ပင်လောင်းစော်ဘွားကြီးရဲ့ သား စဝ်မော်ခမ်းဆိုင် ဖြစ်ပါ တယ် ။ “ အမေက ဒီဟော်နန်းကို လှူချင်တယ် ပြန်ပြင်ဖို့လည်း မလွယ်ဘူး။ ဟော်နန်း က ကြီးတယ် ၊ ကျယ်လည်းကျယ်တယ် လေ ။ ဒါကြောင့် ဆွေမျိုးမောင်နှမ အားလုံးသဘောတူညီချက်နဲ့ လှူခဲ့တာပါ ” ကပြောပါတယ် ။ ပင်လောင်းဟော် နန်းဟာ ရှမ်းစော်ဘွားနယ်မြေ ၃၄ ခုမှာ တခုအပါ အဝင်ဖြစ်ပြီး ပင်လောင်း စော်ဘွား နေထိုင်စံမြန်းခဲ့တဲ့ ဟော်နန်းဖြစ်ပါတယ် ။ အခုလို ဒေသခံတို့ရဲ့အထွဋ်အမြတ်လည်းဖြစ် ပင်လောင်းသားတို့အတွက် လက်ဆုတ်လက်ကိုင်ပြစရာလည်းဖြစ်တဲ့ ဟော်နန်းဟောင်းကြီး ပျက်စီးခဲ့မှုမှာ ရှမ်းတိုင်းရင်းသားများအတွက်သာမက ဒေသခံများအတွက်ပါ ဆုံးရှုံး မှုဖြစ်ေ ကြာင်း သျှမ်းရေးရာ လေ့လာနေသူ ခွန်ယုံးချို က- “ အဲဒီစော်ဘွားဟော်နန်း က အရင်ကတည်းက ပြင်ဆင်ထိန်းသိမ်းမှုအားနည်းတော့ခပ်ယဲ့ယဲ့ ဘဲဖြစ် နေတာကြာပြီလေ “ လို့ပြောပါတယ် ။ စော်ဘွားခေတ်တုန်းက လူထုသုံးဖို့ ပင်လောင်းမြို့တွင်း မှာ စော်ဘွားကြီး က ရေတွင်းကြီး ၉ ခု တူးထားပေးတယ်လို့ စဝ်နန်းလှတင်က ပြောပါတယ် ။ ယနေ့ခေတ်မှာတော့ ပင်လောင်းမြို့တွင်းထဲမှာ ရေတွင်းက ဟော်နန်းခြံဝန်းထဲ တစ်တွင်းဘဲကျန်တယ်လို့ သိရပါတယ် ။ “ နွေရာသီမှာ ပင်လောင်းမြို့ ရေခမ်းရင်လည်း ဒီရေတွင်းက လုံးဝ မခမ်းဘူး ။ ” လို့ သားတော် စဝ်မော်ခမ်းဆိုင် ကပြောပြပါတယ် ။ မေလ ၁ ရက်နေ့ညနေ ၆ နာရီခန့်က မိုးသက်လေပြင်းကျရောက်လို့ ယိုင်နဲ့နေ တဲ့ ပင်လောင်းစော်ဘွား ဟော်နန်းကြီးဟာ တဝက်ကျော်ကျော် ပြို ကျပျက်စီး ခဲ့ရပါတယ် ။ မေလ ၂ ရက် နံနက် ၁ နာရီ မိနစ် ၂၀ အချိန် လေပြင်း ထပ်မံ တိုက်ခတ်ရာ ဟော်နန်းကြီးမှာ ဘုရားခန်းကလွဲလို့ လုံးဝ ပြိုကျ ပျက်စီးသွား ခဲ့ရတယ်လို့ ယိင်းနောင့်လျဲန်းက ပြောပါတယ် ။ “ ဟော်နန်း ပျက်စီးစပြုလာကတော့ ၂၀၀၈ ခုနှစ်ကပါ။ ဒီနှစ်မေလ ၂ ရက်ေ န့မှာ မိုးသက်လေပြင်းကျတော့ ဟော်နန်းရဲ့ အနောက်ဘက်ခြမ်း က ပြိုကျ သွားတယ် ။ ည ၈ နာရီခွဲ ၉ နာရီလောက်ကျတော့ ကျတော်တို့ မီးဖိုချောင် ထဲမှာနေတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူး ပြိုကျတဲ့ အသံက အရမ်းကျယ်တယ် မိုးခြိမ်းသံရော မိုးရွာသံရော ဆိုတော့ ” ဟု စဝ်မော်ခမ်းဆိုင်က ပြောသည် ။ ဟော်နန်းမပြိုခင်ချိန်တွင် မနက်တိုင်း ဘုရားခန်းမှာ စဝ်နန်းလှတင် က ဆွမ်းတော်ကပ်လေ့ရှိတယ်လို့သိရပါတယ် ။ “ဟော်ဦး ဘုရားခန်းဘဲကျန်ပါတယ်။ ကျန်တာတော့ လုံးဝ ပျက်စီးသွားပါပြီ ။ ဒါပေမယ့် ဟော်နန်းပေါ်က စော်ဘွား ကြီး ရဲ့ လက်ကျန်အသုံး အဆောင်ေ တွတော့ ထိခိုက်ပျက်စီးတာမရှိပါဘူး ။ အရင်ကတည်းက အဲလိုဖြစ် မှာ ကြောက်လို့ ဟော်နန်းအောက်ထပ်ကို ကျမတို့ ပြောင်းရွှေ့ထား လိုက်ပြီလေ ” –နောင့်လျဲန်း ကပြောပါတယ် ။ “ ဟော်က နဂို ခေတ်အဆက်ဆက်အစိုးရတွေကပြင်ဆင် ထိန်းသိမ်းမှု မလုပ်ပေးတဲ့ အပြင် ဒေသခံ တွေ ကနေ ကိုယ်တိုင်ထလုပ်နိုင်ဖို့ ဆိုတာ ကလည်း အဆင့်ဆင့်သွားရတယ်လေ။အဲ့ကြောင့် မပြင်နိုင်ဘဲ ထားခဲ့ရတာ ခုလိုပြိုကျတဲ့အချိန်အထိ ။ အရမ်းကိုနှမြောဖို့ကောင်းပါတယ် ။” – ပင်လောင်းဒေသခံ စိုင်းစိုင်းကပြောပါတယ် ။ သျှမ်းပြည်တွင်းမှာ ကျန်ရှိနေသေးတဲ့ စော်ဘွားဟော်နန်းတွေကို ပြန်လည်ပြုပြင် ထိန်းသိမ်းကြပါ ။ မပျက်စီးမပြိုကျခင်မှာ သမိုင်းဝင်အမွေ အနှစ်အဖြစ် တည်ရှိအောင် ထိန်းသိမ်းကြပါ - လို့ စဝ်မော်ခမ်းဆိုင် ကမိန့်မှာပြောဆိုခဲ့ပါတယ် ။ တခြားတပါးသော လူမျိုးတွေက မြေကြီးထဲမှာသာကျန်တဲ့ သူများရဲ့ အမွေ အနှစ်ယဉ်ကျေးမှုတွေကို တူးဖော်ပြီး ပြန်လည်ပြုစုမှတ်တမ်းတင်နေ တဲ့ အချိန်မှာ ကျမတို့ရှမ်းတွေအနေနဲ့ကော် ရှမ်းတို့ရဲ့ အမွေအနှစ်ကို ဘယ်ေ လာက်ထိ ထိန်းသိမ်းနိုင်ခဲ့ပြီလဲ ။ ဘယ်လောက်ထိ ကာကွယ်နိုင်ခဲ့ပါသလဲ ။ ကာကွယ်ဖို့ ဘယ်လိုနည်းလမ်းတွေ ရှိခဲ့ပါသလဲ - ဆိုတာမေးခွန်း ထုတ် စရာဖြစ်နေပါတယ် ။ ဒါပေမယ့် စာရေးသူ ကျမ အနေနဲ့ အတွေးထဲချက်ချင်းပြေးဝင်လာတာ တခုကတော့ “ သမိုင်းဝင်အမွေအနှစ်သည် သဘာဝပတ်ဝန်းကျင်နဲ့ လည်း ဆိုင်ပါတယ် ။ သမိုင်းဝင်အမွေအနှစ်ကို ကိုယ်တိုင်မပြုပြင် မထိန်း သိမ်းနိုင် ရင်တောင်မှ သဘာဝပတ်ဝန်းကျင်ကိုမြတ်နိုးထိန်းသိမ်းခြင်းအားဖြင့် သမိုင်းဝင်အမွေအနှစ်ကိုချစ်ရာ ထိန်းသိမ်းရာရောက်တယ် ထင်တာ ဘဲ ”…..လို့ ။ ဆောင်းပါးရှင် - ဆိုင်ဖူး |
||
|
Posted: 24 May 2016 08:52 PM PDT သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/ SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ရဲ့ သျှမ်းပြည်နယ် တောင်ကြီးမြို့ ကက္ကူဘုရားထီးတော်တင်ပွဲရဲ့ ခရီးစဉ်မှာ သျှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက် တာ လင်းထွဋ်နဲ့ အဖွဲ့ကို တွေ့ဆုံခဲ့ပါတယ်။ မေလ ၂၄ ရက်က သျှမ်းပြည် နယ် အစိုးရနဲ့ RCSS/SSA ခေါင်းဆောင်တို့ တောင်ကြီးမြို့ မှာ တွေ့ဆုံပွဲ အပြီး ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ကို သျှမ်းသံတော်ဆင့်သတင်းထောက် ယိင်းတိုင်းက အခုလို တွေ့ဆုံမေးမြန်းထားပါတယ် ။
ဖြေ ။ ။ သျှမ်းပြည်နယ်ဝန်ကြီးချုပ် အသစ်ဖြစ်တဲ့အတွက် အလွတ် သဘောပဲခင်မင်ရင်းနှီးမှုရအောင်၊အပြန်အလှန်ယုံကြည်မှုတည်ဆောက် နိုင် အောင် ၊ သျှမ်းပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ RCSS အနေနဲ့ ဘာတွေ ပါဝင် ကူညီနိုင်မလဲ ဆိုတာရယ် ၊ RCSS နဲ့ သျှမ်းပြည်နယ် အစိုးရ အဖွဲ့တို့ပူး ပေါင်းပြီးဘာတွေ လုပ်ဆောင်နိုင် မလဲ တိုင်းပြည် တိုးတက် ဖို့တည်ဆောက်တဲ့နေရာမှာ အပြန် လှန်ယုံကြည်မှုတည်ဆောက်ဖို့အရေး ကြီးတယ်ဆိုတဲ့အချက်တွေကိုဆွေး နွေးဖြစ်ခဲ့ကြပါတယ် ။ မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က၂၁ ရာစုပင်လုံ ညီလာခံ ကို အမြန်ဆုံးအကောင်အထည်ဖော်မယ်ဆိုတဲ့ ကိစ္စရပ်အပေါ်ဘယ်လိုမြင်ပါ သလဲ ။ ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ကြွေးကြော်ထားတဲ့ ၂၁ ရာစုပင်လုံ ညီလာခံ ဟာ ဘယ်လိုအစီအစဉ် ဘယ်လိုပုံစံ မျိုးနဲ့ကျင်းပမယ်ဆိုတာ ကျနော်တို့လဲခုထိ တိတိကျကျမသိရသေးပါဘူး ။ ဒါပေမဲ့ပင်လုံနဲ့ ပတ်သက် လာရင်တော့ ပင်လုံကတိကဝတ် ၊ ပင်လုံစာချုပ် ၊ ပင်လုံစိတ်ဓါတ် စတဲ့အ ချက် (၃)ချက်ပါရှိရပါတယ် ။ ဒီအပေါ်မှာသူကဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုပြီး ဘယ်လိုအကြောင်းအရာပိုင်းနဲ့ ဘယ်လိုသဘောထားသလဲဆိုတာ ကျနော် တို့မသိရသေးပါဘူး ။ မေး ။ ။ ဒါဆိုရင် ဒီ၂၁ ရာစုပင်လုံ ညီလာခံ နဲ့ပတ်သက်ပြီး RCSS အနေနဲ့ ဘာများပြောကြားချင်သေးလဲ ။ ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒါကိုအကောင်းဆုံးဖြစ် အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့တော့ ယုံကြည် ထားပါတယ် ။ ဒါပေမဲ့ ဒီနေရာမှာ နည်းလမ်းမှားသွားမယ် ၊ ပေါ်လစီမှားသွားမယ်ဆိုရင်တော့ အနာဂါတ်ပြည်ထောင် စုဟာ ပိုဆိုးတဲ့အနေအထားကိုရောက်ရှိသွားနိုင်ပါ တယ် ။ ပထမပင်လုံ တုန်းက ပြဿနာတွေကြောင့် ဒီနေ့အထိတိုင်းပြည် ဟာ ပြည် တွင်းစစ်တွေ ဖြစ် ခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့၂၁ ရာစုပင်လုံ ညီလာခံ သဘော ထားလုပ်ဆောင်ချက်တွေကို ဘယ်သူမှတိတိကျကျ မသိရသေးပါဘူး ။ ကျနော် တို့အနေနဲ့ မီဒီယာတွေကို အသိပေးချင် တာက တော့ ညီလာခံ မကျင်းပခင် အဖက်ဖက်က ညှိနှိုင်းတိုင်ပင်မှုတွေကို ရှင်းရှင်း လင်းလင်း လုပ်နိုင်မှအကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ် ။ ဒီလိုမှမဟုတ်ရင် ညီလာခံတက်ပြီး ဆန္ဒသဘောထား မတူညီတဲ့အတွက် ညီလာခံမှာဆန္ဒပြ ထွက်သွားမယ့်သူတွေလဲရှိလာနိုင်ပါတယ် ။ မေး ။ ။ RCSS က နမ့်စန်မှာတပ်သားသစ်တွေလိုက်ကောက် နေတယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ဘာများ ပြေကြား ချင်ပါသလဲ ။ ဖြေ ။ ။ ဒီသတင်းက မဟုတ်ပါဘူး ။ တပ်မတော်ဘက်ကကျနော်တို့ တပ်သားသစ်တွေလိုက် ကောက်နေတယ်ဆိုလို့ ပြောနေတဲ့အပေါ် မီဒီယာ ကာယာကံရှင်တွေကို ကိုယ်တိုင် လက်တွေ့ကွင်းဆင်း မေးမြန်းနိုင်ပါ တယ် ။ မေလ ၂၁ ရက်နေ့တုန်းက ကျနော်တို့ ဗဟိုဌာနချုပ် ဖြစ်တဲ့လွယ် တိုင်း လျန်းမှာ တော်လှန်ရေးနေ့ပွဲကို သွားတက်ကြတာဖြစ် တယ်။ တပ်သား သစ်နဲ့ ပတ်သက်လို့ ပြည်သူတွေက ဝါသနာပါတယ် ၊ စေတနာ ပါတယ် ဆိုရင် ကျနော်တို့လက်ခံပါတယ် ။ သူတို့သဘောမပါ ပဲခေါ်တာမျိုးတွေ မလုပ်ပါဘူး ။ မေး ။ ။ အစိုးရအသစ်လက်ထက်မှာ NCA နဲ့ပတ်သက်ပြီး ဘယ်လိုတွေ ဆက်လက်အကောင်အထည်ဖော်သွားဖို့ရှိလဲ ။ ဖြေ ။ ။ NCA နဲ့ပတ်သက်ပြီးအရင်အစိုးရလက်ထက်မှာ ကတည်းက လုပ်ခဲ့တယ်ဆို ပေမဲ့ အခု အစိုးရသစ်လက်ထဲရောက်သွားပြီ ၊ အစိုးရသစ်က ဘယ်လိုဆက် လက်ကိုင်တွယ်လုပ်ဆောင်သွားမလဲဆိုတာ ကျနော် တို့ စောင့်မျှော်နေ ပါတယ် ။ မေး ။ ။ TNLA နဲ့ RCSS ကြားက ပဋိပက္ခ တွေကိုဘယ်လို ဖြေရှင်း သွားဖို့ရှိလဲ ။ ဖြေ ။ ။ TNLA နဲ့ကျနော်တို့ကြားက ပဋိပက္ခ နဲ့ ပတ်သက်လို့ လက် နက်နဲ့ဆွဲကိုင်ပြီးပြဿနာတွေဖြေရှင်းကြမယ် ဆိုရင် ဒီပြဿနာတွေ ပြီး ဆုံး သွားနိုင်မှာမဟုတ်ပါဘူး ။ အကောင်းဆုံး ကတော့ တွေ့ဆုံဆွေးနွေး ခြင်း ကသာအကောင်းဆုံးဖြစ်ပါလိမ့်မယ် ။သင်္ကြန်ကာလအပြီးမှာ UNFC နဲ့ UWFC အဖွဲ့တွေက ဆွေးနွေးညှိနှိုင်းဖို့ ကြားနေပြီးအ ကျိုးဆောင်ပေးမယ် လို့ကမ်းလှမ်းလာတဲ့အတွက် ကျနော်တို့ဘက်ကဆွေးနွေးဖို့ ကော်မတီေ တာင် ဖွဲ့စည်းပြီးပါပြီဒါပေမဲ့ TNLA ဘက်ကသင်္ကြန်ပြီးတာနဲ့ကျနော်တို့ ဘက် ကို စတင်တိုက်ခိုက်လာတာ တွေ့ရပါတယ် ။ TNLA ဘက်က လူမျိုးရေးသျှမ်းနဲ့ ပလောင်ကြား လူမျိုးရေး ပဋိပက္ခ တွေတမင်ဖန်တီးနေ သလိုဖြစ် နေတယ် ။ ကျနော်တို့ဘက်ကတော့ လူမျိုးရေးပဋိပက္ခမဖြစ် အောင် တတ်နိုင် သလောက်ကြိုးစားရှောင်ရှားနေပါတယ် ။ TNLA နဲ့ တိုက်ပွဲ ပေါင်း အကြိမ်ပေါင်း (၃၀) ၀န်းကျင်ရှိခဲ့တယ် ။ ကျနော်တို့ဘက်ကကျ ဆုံးတာ ၈ ယောက်လောက်ကျဆုံး ပြီး ၃၀ ၀န်းကျင်လောက်ဒဏ် ရာရခဲ့ ပါတယ် ။ တိုက်ပွဲတစ် ခုဖြစ် ရင် ကျဆုံးဒဏ်ရာရတာတွေက မဆန်းပေ မဲ့ ပြည်သူလူထု ထိခိုက် နစ်နာမှုတွေအတွက် ကျနော်တို့ အရမ်းဂရုဏာ သက်မိပါတယ် ။ TNLA က ရွာတွေကိုမီးရှို့ ပြီးပြေးတာ ပြည်သူတွေ အတွက် အရမ်းနစ်နာ ပါတယ် ။ |
|
ကျောင်းဖွင့်ချိန်၌ တပ်မတော်မှထိုးစစ်ဆင်မှုများရပ်တန့်သင့်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပြော Posted: 26 May 2016 03:23 AM PDT ယခုအချိန်သည် နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံး၍ စာသင်ကျောင်းပြန် လည်ဖွင့်လှစ်မည့်အချိန်ဖြစ်သဖြင့် အစိုးရစစ်တပ်မှ တိုင်းရင်းသားဒေသ၌ ထိုးစစ်ဆင်မှုများကို ရပ်တန့်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် စိုင်းဝမ်းလှိုင်းခမ်း က ပြောပါသည် ။
“ ပြည်တွင်းစစ်ဟာ ကျနော်တို့ရဲ့ အဓိကစိန်ခေါ်မှုပါ ။ ပြည်တွင်းစစ်ကြောင့် ကလေးတွေရဲ့ပညာရေး ၊ စားနပ် ရိက္ခာလုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်တယ် ။ ကျနော်တို့ဒေသမှာ ပညာရေးဟာ နိမ့်ကျနေတယ် ။ ဒါ့အပြင် စစ်ဘေးလည်းထပ်ရှောင်နေရတယ်ဆိုတော့ ရေနစ်တဲ့သူကို ၀ါးကူထိုးနေ သလိုဘဲ ။ အထူးသဖြင့် အခုလို စိုက်ပျိုးရာသီ ၊ ကလေးကျောင်းတက်မယ့် ကာလမှာ ထိုးစစ် လုံးဝ မလုပ်သင့်ဘူး ။ အဓိကတော့ အစိုးရတပ်ပေါ့ ။ ထိုးစစ်ဆင်မကို ရပ်တန့် စေချင်တယ် ”… ဟု စိုင်းဝမ်းလှိုင်းခမ်း က ပြောပါ သည် ။ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားဒေသ၌ ဖွံ့ဖြိုးရေးစီမံကိန်း တခုမှ မပြီးမြောက်နိုင်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက် သည့်ခေတ်ကာလတွင် အနာဂတ်ေ ခါင်းဆောင်ဖြစ်လာမည့် တိုင်းရင်းသားလူငယ်တော်တော်များ များ နောက်ကျ ကျန်နေမှုသည်လည်း စိန်ခေါ်မှုကြီးတရပ်ဖြစ်ကြောင်း ဆို၏ ။ မေလ ၂၅ ရက်နေ့၌ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ သျှမ်းလူငယ်ကွန်ယက် TYN နှင့် နမ့်လန်သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်း တို့ ပူးပေါင်းပြီး သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟန်နားကျေး ရွာ မောက် လွမ့်ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် ဆိုင်းလိုင်ရွာ စစ်ပြေးဒုက္ခသည် ၁၃၀ ကျော်အား ဆန် ၊ အားလူး ၊ ကြက်သွန်နီနှင့် ငွေသားနှစ်သိန်းခွဲ သွားရောက်ကူညီခဲ့သည် ။ “ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်ကလည်းဒီလိုဘဲ ပြည်တွင်းစစ်ကြောင့် ပြည်သူတွေ ဒုက္ခရောက်ခဲ့ကြရတယ်။ ရှေ့ဆက်ပြီး ဒီလိုဘဲ ဖြစ်နေဦးမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လမ်းစ မမြင်သေးဘူး။ ငြိမ်းချမ်းရေး ဆွေး နွေးပွဲ ကို မြန်မြန်ပြန်စဖို့ အစိုးရသစ်လည်း လုံးပမ်းနေချိန်မှာ ဒီလိုမဖြစ်သင့်ဘူး ။ တပ်မတော်အနေနဲ့ တဖက်မှာ အပစ်ရပ်ပြီး တပြည်လုံးငြိမ်းချမ်းရေးကြေ ညာရင် စစ်ပွဲရပ်နိုင်ပြီလို့ ပြောချင်ပါတယ် ” ဟု စိုင်းဝမ်းလှိုင်းခမ်း က ပြောပါသည် ။ အစိုးရစစ်တပ်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA တို့ကြား တိုက်ပွဲကြောင့် သီပေါမြို့နယ် နမ့်မကျေးရွာအုပ်စုမှ ရွာသူရွာသား ၁၅၀၀ ခန့် သီပေါမြို့နှင့် လားရှိုးမြို့သို့ စစ်ပြေးရှောင်နေ ကြရ သည် ။ |
|
နမ့်ခမ်းမြို့ပေါ်ရပ်ကွက်များ လုံခြုံရေး ကြပ်မတ်စစ်ဆေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး ညွှန်ကြား Posted: 27 May 2016 10:34 AM PDT သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ် အစီ အစဉ်ဖြင့် လှည့်ကင်းလှည့်ခြင်း ၊ ဧည့်စာရင်းစစ်ဆေးခြင်းများ မပျက်မကွက်ပြု လုပ်၍ အချိန်နှင့် တပြေးညီ တင်ပြ သွားရန် မြို့နယ် အုပ်ချုပ်ရေးမှူးရှုံးထံမှ ယနေ့ညွှန်ကြားစာလက်ခံရရှိသည်ဟု ရန်ကွက်ရုံးအကူ တဦး ကပြောသည် ။
နမ့်ခမ်းမြို့နယ်အတွင်း လုံခြုံရေးနှင့် ပတ်သက်၍ မြို့ပေါ် ရပ်ကွက်များတွင် မိမိ ရပ် ကွက် အလိုက် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဆယ်အိမ်မှူးများ ၊ တာဝန်ကျ ရပ်ကွက်သား များနှင့် အတူ ည စဉ် မိမိရပ်ကွက် အတွင်း ကင်းလှည့်စစ်ဆေးရန် ၊ မသင်္ကာမှုများ ၊ ထူးခြားမှုများရှိပါက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ အချိန်နှင့် တပြေးညီ တင်ပြသွား ရမည်ဟု ဆိုသည် ။ “ အဓိက ကတော့ မိမိရပ်ကွက်ထဲမှာ ဘယ်သူတွေနေထိုင်နေတယ်။ ဘယ်သူတွေ သွားလာ လှုပ်ရှား နေတယ် ။ လူထု အသက်အိုးအိမ် ထိပါး လာရင် အချိန်နဲ့ တပြေးညီ ကာကွယ်နိုင်ဖို့ပါ ။ မိမိရပ်ကွက် အတွင်း မိမိအသိဆုံးလေ ။ ဒါကြောင့် အစည်းအဝေးထိုင်ပြီး စီစဉ်ထားတဲ့ ကိစ္စပါ ” - ဟု အမည်မဖေါ် လိုသည့် အထွေထွေအုပ်ချုပ်ရေး အသိုင်းအဝိုင်းကပြောသည် ။ “ ဘာလို့ ပက်ဒိတ် နဲ့ လုပ်လဲတော့မသိဘူး ။ ညွှန်ကြားစာ က ဒီနေ့မှ ရတာ။ ရက်စွဲက ၉ ရက်နေ့က တည်းက ။ ကျနော်တို့မြို့က လုံခြုံမှုမရှိတော့ဘူးလေ ။ တပ်တို့ ရဲစခန်းတို့ ဆိုတာလဲ လုံခြုံမှုမပေးနိုင် တော့ဘူး ။ လန့်နေရတယ် ။ လူထုဆီက ပိုက်ဆံတောင်းတဲ့ပေးစာ ၊ ပစ်စာတွေ ခဏခဏရောက်လာတယ် ” - ပေါက်တိုက်ရပ်ကွက်နေ ဦးအားဖန်း က ပြောသည် ။ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း အစိုးရတပ် အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့များ နယ် မြေ စိုးမိုးရေး ပြသနာကြောင့် မိုင်းဝီးအုပ်စု ဟိုပန်ကျေးရွာ မီးရှို့ခံရ သည့်နောက်ပိုင်း ဒေသခံ ထူထု စိုးရိမ်ကြောင့်ကြမှုများဖြစ်ပွားလာခြင်းဖြစ်သည် ။ နမ့်ခမ်းမြို့နယ်အတွင်းတွင် အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် UNFC အဖွဲ့ဝင်များ ဖြစ်ကြ သော KIA လက်နက်ကိုင်တပ်ဖွဲ့ ၊ TNLA လက်နက်ကိုင်တပ်ဖွဲ့ ၊ NCA လက်မှတ်ရေးထိုး ထားသည့် RCSS တပ်ဖွဲ့ ၊ အစိုးရတပ် နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ရှိသည် ။ |
|
Posted: 29 May 2016 08:51 AM PDT သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း ဈေးဆိုင်ခန်းရှင်များထံ TNLA အဖွဲ့တံဆိပ်ပါ ဆက်ကြေးတောင်းစာများ မေလ ၂၇ ရက် ရက်စွဲဖြင့် ပေး ပို့တောင်းခံလာကြောင်း ဆိုင်ရှင်များ ပြောပြချက် အရသိရသည် ။
၎င်းဆက်ကြေးတောင်းခံသောစာများထဲတွင် “ ဆိုင်အခွန်ကောက်ခံခြင်းကိစ္စ ” ဟုပါရှိပြီး ဆက်ကြေး ပေး ဆောင်ရန်အတွက် ၂၄ နာရီအတွင်းအကျိုး အကြောင်းပြန် ရ မည်ဟုပါရှိကာ တရုတ် ဖုန်းနံပတ် နှင့်တကွ ရေးသားပေးပို့ ထားကြောင်း၊ အကြောင်းပြန်ရန် ပျက်ကွက်ခဲ့ပါက တာဝန်မယူဟုလည်း ပါရှိကြောင်းသိရသည် ။ “ နိုင်ငံရေးအပြောင်းအလဲလုပ်ဖို့အဘက်ဘက်က ကြိုးစားနေချိန်မျိုးမှာ အခွန်ေ ကာက်ခံတဲ့စာတွေ ၊ ဆက်ကြေးကောက်တဲ့ပစ်စာ ခြိမ်းခြောက်စာတွေ အခု လို ပေါ်ပေါက်လာတဲ့အပေါ် ဒေသတွင်း အာဏာ ပိုင်တွေက အမြန်ဆုံးအရေး ယူဆောင်ရွက်ပေးသင့်တယ်။ အခုလို အဘက်ဘက်ကနေ လူထုကို လျစ် လျူ ရှုထားနေမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ဘဝဟာ လုံခြုံမှုမရှိတော့ပါဘူး ။ တိုင်းရင်းသားအချင်းချင်းကို တအာင်းတပ်ဖွဲ့အဲလိုမလုပ်သင့်ပါဘူး ” ဟု အသက် ၂၀ ကျော်အရွယ် ဆိုင်ရှင်အမျိုးသားကပြောသည် ။ အခွန်ကောက်ခံမှုစာများကို ည လူခြေတိတ်ချိန်တွင် လူ ၃ ယောက်က ဆိုင် ကယ် စီးပြီး လာပစ်သွား သည်ဟု နမ့်ခမ်းဒေသခံ ဆိုင်ပိုင်ရှင်တဦး က ပြောသည် ။ ထိုစာကိုရရှိသောဆိုင်ရှင်များကရေးသားပေးထားသည့်ဖုန်းနံပတ်ကိုဆက်၍ ဆိုင်အနေအထား အကျယ်အဝန်း တို့ကို ရှင်းပြရကြောင်း ၊ ထိုမှ ဆက်ကြေးေ ကာက်သည့်ဘက်မှ ဆိုင်ရှင်များ ပေးဆောင်ရမည့် ဆက်ကြေး ပမာဏ ကို သတ်မှတ်ပေးကြာင်း ၊ ဆက်ကြေးငွေများကို နမ့်ခမ်းမြို့ပြင် လူတိတ်ေ သာနေ ရာ တွင် ဆိုင်ရှင်ကိုယ် တိုင်သွားရောက်ပေးဆောင်ရန်လည်းချိန်းဆိုကြောင်း ၊ သက်ဆိုင်ရာအားတိုင်ကြားမည်ဆိုပါက၊ သို့မဟုတ် သတင်း ပေါက်ကြား ခဲ့ပါက တအိမ်သားလုံး ပစ်သတ်ခံရမည်ဟုလည်း ဆက်ကြေးလက်ခံသူများ က ပြော ဆိုလာကြောင်း ဆက်ကြေးသွားရောက် ပေးဆောင်ရသော နမ့်ခမ်းဒေသခံတဦးကပြောသည် ။ “ စီးပွါးရေးလုပ်ငန်းတောင့်တင်းပြီး ဆိုင်ကြီးတွေဆိုရင် ကြီးရင်ကြီးသလို သိန်း ၆၀ အထိ ၊ အသေး ဆိုရင် အနည်းဆုံး ၅ သိန်းလောက်အထိ ပေးဆောင်ေ နကြရတယ် ” ဟုလည်း ကုန်စုံဆိုင်ပိုင်ရှင် အဒေါ်တယောက်က ပြောသည် ။ သျှမ်းပြည်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့များ အကြား ၊ တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်းအကြားဖြစ်ပွါးေ နသောတိုက်ပွဲများေ ကြာင့်ဒေသခံလူထုသည် လူ့အခွင့်အရေးများချိုးဖောက်ခြင်းအမျိုးမျိုးခံေ နရသည် ။ နမ့်ခမ်းမြို့နယ်အတွင်း မုံးဝီးအုပ်စု ဟိုပန်ရွာသည် မေလ ဆန်းပိုင်းက လက်နက် ကိုင်အဖွဲ့တဖွဲ့မှ ဝင်ရောက်မီးရှို့လိုက်ပြီးနောက် ရွာသား၁၀၀၀ ခန့်မှာ စစ်ဘေးရှောင်ဘဝဖြင့် အိုးအိမ်မဲ့ဖြစ်နေရ သည်။ ထိုစဉ်ကလည်း တအာင်းတပ်ဖွဲ့၏လက်ချက်ဖြစ်ကြောင်းဒေသခံများက ပြောဆိုခဲ့ပြီး တအာင်းဘက်ကမူ RCSS/SSAတပ်ဖွဲ့၏လက်ချက်ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည် ။ အလားတူ ကျောက်မဲမြို့တွင်လည်း တိုက်ပွဲများကြောင့် ဒေသခံလူထု ဖမ်းဆီးရိုက်နှက်သတ် ဖြတ် ခြင်း၊ အိုးအိမ်များမီးရှို့ဖျက်ဆီးခံနေရခြင်းကြောင့် လူထု ၁၀၀၀ ကျော်မှာ စစ်ဘေးရှောင်ဘဝဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည် ။ ထို့ကြောင့် ပြီးခဲ့သည့် စနေနေ့ မေလ ၂၈ ရက်နေ့ က ကျောက်မဲမြို့ သံဃာတော်များနှင့်လူထု စုစုပေါင်း ၃၀၀၀ ခန့်ကအစိုးရတပ်နှင့် တအာင်းတပ်သည် စစ်မြေပြင်အတွင်းလူထုအား တံတိုင်းအဖြစ်အသုံးပြုနေသည်ဟုဆိုကာ ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့သည် ။ |
|
သျှမ်းပြည်နိုင်ငံရေးပါတီများအဖွဲ့ချုပ် အစည်းအဝေး SNLD ဒုတိယ ဥက္ကဌ တက်ရောက်ခွင့်မရ Posted: 29 May 2016 07:57 PM PDT |
၂၀၁၆ မေ ၂၉ ရက် နံနက် ၉ နာရီအချိန် ရန်ကုန်မြို့ အောက်ခေတ်ဟိုတယ်၌ သျှမ်းပြည် နိုင်ငံရေး ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေးစတင်ကျင်းပကြောင်း ၊ အစည်းအဝေးသို့ သျှမ်းပြည် အတွင်း ရှိ နိုင်ငံရေးပါတီ ၁၉ ပါတီ အားဖိတ်ကြားကြောင်း၊ ဖိတ်ကြားခံထားရသည့် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဖိတ်စာနှင့်အတူ အချိန်မှီ သွားရောက်ခဲ့သော်လည်း တက်ရောက်ခွင့် မရခဲ့ကြောင်း ပါတီပြောခွင့်ရ စိုင်းလိတ်က ဤကဲ့သို့ ပြောသည် ။
“ ကျနော်နဲ့ ဒုဥက္ကဌ စိုင်းစောအောင် သွားတယ် ။ အစည်းအဝေးက ၉ နာရီ စတာဘဲ။ ကျနော်တို့လဲ ကိုးနာရီ အရောက်သွားတယ် ။ တံခါးက ဖွင့်မပေးဘူး ။ ဆက်သွယ်ဖို့ ဖုန်းဆက်မေးကြည့်တော့ တာဝန်ရှိ စာရေးမလေးက လူကြီးက မှာထားလို့ပါတဲ့ ” - ဟု စိုင်းလိတ်က ပြောသည် ။ သျှမ်းပြည်နိုင်ငံရေး ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေးအား တက်ရောက်ရန် ဖိတ်စာကြိုဖိတ် ထားသော်လည်း တက်ရောက်မည့်သူကို ကြိုတင် နာမည်စာရင်းပေးရန် ဖုန်းအကြိမ်ကြိမ် ဆက် သွယ် မေးမြန်းသည်ဟုဆိုသည် ။ “ ဒါက အင်မတန်မှ ရုပ်ဆိုးတဲ့ ကိစ္စပါ ။ နိုင်ငံရေးသမားဆိုတာ ဒါမျိုးမလုပ်ရဘူး။ ကိုယ်ကျိုးရှာတဲ့ သူမို့လို့ ဒါလုပ်တာဖြစ်တယ်လို့ပြောချင်တယ် ။ သျှမ်းပြည်နိုင်ငံရေးပါတီများ အဖွဲ့ချုပ်ဖွဲ့စည်းတဲ့ကိစ္စမှာ သျှမ်းပြည်နယ်မှာ နေရာ ၄၀ အနိုင်ရရှိထားတဲ့ SNLD ကို ဝင်ခွင့်မပေးဘူးဆိုတာ အဓိပ္ပာယ်ကိုက ရိုးသားမှုမရှိဘူးလို့ ကျနော်ပြောလိုပါတယ် ” - ဟု ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွှင် ကပြောသည် ။ သျှမ်းပြည်နိုင်ငံရေး ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေးအား SNLD မတက်ရောက် နိုင်ခြင်းအကြောင်း ရင်း နှစ်ချက်ရှိနိုင်ကြောင်း ၊ ပထမ အချက်အနေဖြင့် အစည်းအဝေး သတ်မှတ် ချက်အရ အစည်းအဝေးတက်ရောက်မည့် SNLD ကိုယ်စားလှယ် အမည်စာရင်းကို အစည်းအဝေး မတိုင်မှီ တရက်အလို မေ ၂၈ ရက် ည ၉ နာနီ အထိ အမည်မစာရင်းပေးမလာသည့်အတွက်ကြောင့် လည်းကောင်း ၊ ယနေ့ မေ ၂၉ အစည်းအဝေး စ ချိန် နံနက် ၉ နာရီအချိန် ရောက်မလာသည့် SNLD ကိုယ်စားလှယ်အား ဟိုတယ်ကောင်တာ တာဝန်ကျ က အစည်းအဝေးခန်းသို့ ဝင်ရောက်ခွင့်မပေးခြင်းဖြစ်ကြောင်း တက်ရောက်သည့် ပုဂ္ဂိုလ်တဦးကပြောသည် ။ ထို့ကြောင့်လည်း အစည်းအဝေးဖြစ်မြောက်ရေးအကျိုးတော်ဆောင်မှ မွန်းလွဲပိုင်းက SNLD ထံ တောင်းပန်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောပြသည် ။ အဆိုပါတောင်းပန်လွှာကိုလည်း လက်ခံရရှိခဲ့ကြောင်း စိုင်းညွန့်လွင်ကပြောဆိုသည် ။ သျှမ်းပြည်နိုင်ငံရေး ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေးအား တက်ရောက်ရန် သျှမ်းပြည်အတွင်း နေ တိုင်းရင်းသားလူမျိုးစု ပါတီ ၁၈ ခု ဖိတ်ကြားကြောင်း ၊ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ ရေး တွင် သျှမ်းပြည်အတွင်းနေ နိုင်ငံရေးပါတီများ တစိတ်တဝမ်းတည်းဖြစ်စေရန် ၊ ပြည်နယ်ကိုအခြခံ သည့် နိုင်ငံရေးပါတီများအုပ်စုဖွဲ့စည်းနိုင်ရေးအတွက် အဓိက ရည်ရွယ်ကာ အစည်းအဝေး ခေါ်ယူခြင်း ဖြစ်သည်ဟု သိရသည် ။ |
|
စစ်ဘေးရှောင် သီပေါလူထု ရွာတွင်ကျန်ခဲ့သည့်ပစ္စည်းများ ခိုးဖောက်ခံရ Posted: 29 May 2016 07:28 PM PDT မလဆန်းက သျှမ်းပြည်တိုးတက်ရေးပါတီအား အစိုးရတပ်မတော်မှထိုးစစ်ဆင်တိုက်ခဲ့မှုကြောင့် သီပေါမြို့နယ်အတွင်း ရွာပေါင်း ၉ ရွာမှ ရွာသားများ စစ်ဘေးရှောင်နေရပါသည် ။
သီပေါမြို့နယ်ရှိဘုန်းကြီးကျောင်းများတွင် ရောက်ရှိနေသော စစ်ဘေးရှောင်လူထု ၁၀၀၀ ကျော်မှာ ရပ်ရွာတွင်ကျန်ရစ်ခဲ့သော အိမ်မွေးတိရစ္ဆာန်များနှင့် ပစ္စည်းအသုံးအဆောင်အစားအသောက်များ ဖမ်းဆီးသတ်ဖြတ် ၊ ဖောက်ထွင်းခိုးယူခြင်းခံရကြောင်း ဒေသခံများကပြောသည် ။ “ ဘုန်းကြီးကျောင်းရောက်တာဘယ်လောက်မှမကြာသေးဘူး။ အခြေအနေပြန်သွားကြည့်တော့ အိမ်တွေဖောက်ခံရတယ် ။ ကျွဲနွားတွေ သတ်ဖြတ်စားသောက်တာခံရတယ် ။ ကျန်နေခဲ့တဲ့ ပစ္စည်း တွေ လယ်ယာသုံးကိရိယာ တွေ ကို အလကားယူသွားတယ် ။ ယူသွားလို့မရ တဲ့ဟာဆိုရင်တော့ ရိုက်ခွဲပစ်လိုက်တယ် ။ လယ်ထွန်စက် ၊ ဆိုင်ကယ် ၊ စက်ဘီးတွေပေါ့ ။ နောက်ပြီး ကုန်စုံဆိုင်တွေရိုက်ခွဲ ၊ ပစ္စည်းတွေကိုဖျက်ဆီးခံရတယ် ။ ရွာနဲ့အနီးတဝိုက်မှာ အစိုးရစစ်ကြောင်းကလှုပ်ရှားနေတယ် ”- စစ်ဘေးရှောင် ဒေသခံ စိုင်းဆမ် ကပြောသည် ။ သီပေါမြို့က မြို့ဟောင်းဘုန်ကြီးကျောင်းတွင်စစ်ဘေးရှောင်ဦးရေ ၃၀၄ ဦး၊ ဘိုးတော်ကျောင်းတိုက်က ၂၈၆ ဦး ၊ ရွှေကျင်ကျောင်းတိုက်က ၁၇၉ ဦး ၊ စန္တိရာမာကျောင်းတိုက်တွင် သံဃာတော် ၉၆ ပါး တို့ စစ်ဘေးရှောင်နေရပြီး ခုချိန်တိုင် လုံခြုံရေးကြောင့် နေရပ်မပြန်ရဲသေး ကြောင်း စစ်ပြေးရှောင် ဒုက္ခသည်တဦးကပြောသည် ။ စစ်ဘေးရှောင်များမှာ စစ်ဘေးဒဏ်ခံရသော နမ့်မ မောက်တောင်းအုပ်စုအတွင်းနှင့် ပတ်ဝန်းကျင်ရွာမှ ရွာသားများဖြစ်ကြောင်းသိရသည် ။ တအိမ် ကျပ်သိန်း ၁၀၀ နဲ့အထက်မှာရှိတယ်ဆုံးရှုံးမှုက - ဟု ဆုံးရှုံးမှုနှင့်ကြုံရသည့်ဒေသခံ စိုင်းနောင့်ကပြောသည် ။ ရွာသားစိုင်းပေတိကမူ - “ အခုကလေးတွေကျောင်းအပ်ချိန်ရောက်ပြီလေ ။ ကျနော့်ကလေးက အကြီးတယောက်က လားရှိုးမှာကျောင်းသွားတက်တယ် ။ တယောက်က မောက်တောင်းမှာတက်တယ်။ ဒီနှစ် ကျနော်တို့စစ်ဘေးကြုံရတဲ့အပြင် နေအိမ်အဖောက်ခံရတယ် ။ ပစ္စည်းတွေ ခိုးခံရတယ် ။ ခုကျနော့မှာပိုက်ဆံလည်းမရှိတော့ဘူး ။ သား ၂ ယောက်ကိုကျောင်းပို့ဖို့လည်းပိုက်ဆံမရှိဘူး။ အရင်းအနှီးလုပ်ဖို့လည်းပိုက်ဆံမရှိတော့ဘူး ”- ဟု ရွာသားစိုင်းပေတိကပြောသည် ။ “ တိုက်ပွဲတွေရပ်ဖို့တောင်းချင်တယ်။ အခုလည်း လယ်သမားတွေ လယ်ယာပြန်ဆင်းရမယ့် အချိန်ရောက်နေပြီ။ တိုက်ပွဲတွေဆက်ဖြစ်နေရင် အလုပ်အကိုင်ပျက်တယ် ။ လူထုဘ၀ပျက်တယ် ။ အဖမ်းခံရ အသတ်ခံရတယ်။ ဒါကြောင့်တိုက်ပွဲများရပ်ပေးပါ ။ ကျနော်တို့ အိမ်ပြန်ချင်ပါတယ် ” - ဟု သီပေါမြို့ဟောင်းဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင် လယ်သမား လုံးစိုင်းကပြောသည် ။ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်သည်အစိုးရနှင့် ၂၀၁၂ ခုနှစ်ကတည်းက ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် အပစ်ရပ်သဘောတူထားသည့်တပ်ဖွဲ့ဖြစ်သည် ။ သို့သော် အပစ်ရပ်ပြီးနောက်ပိုင်းတွင်လည်း နယ်မြေရှင်းလင်းရေးဟုဆိုကာ အစိုးရတပ်မတော်သည်အင်အား သုံးကာ ထိုးစစ်ဆင်လာခဲ့သည်မှာ တိုက်ပွဲပေါင်း ၁၀၀ ထက်မနည်းရှိပြီဖြစ်ကြောင်းသိရသည် ။ |
|
၂၁ ရာစု ပင်လုံ အတွက် တောင်ကြီးမြို့တွင် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည် Posted: 31 May 2016 07:28 AM PDT သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) မှ ကမကထပြုကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံကို အထောက် အကူပြု စေမည့် နိုင်ငံရေးဆွေးနွေးပွဲ ကို ပထမအကြိမ် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တောင်ကြီး ဟော်တယ်၌ ၂ ရက်တာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည် ။
အဆိုပါ ဆွေးနွေးပွဲက ဂျွန်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး (CSSU) မှ ဦးဆောင် ဖိတ် ကြား ထားသဖြင့် အဖွဲ့ဝင် အားလုံးတက်ရောက်မည်ဖြစ်ပြီး နိုင်ငံရေး ပါတီ ၁၈ ပါတီ ရှိသည့် အနက် ပါတီ ၁၃ ခုတက်ရောက် မည်ဟု စာရင်းရရှိထားကြောင်း၊ ဦးဆောင်ဆွေးနွေးရာတွင် နိုင်ငံရေးပါတီများကသာ ဦးဆောင် ဆွေးနွေးသွား မည်ဖြစ် ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (S.N.L.D) ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ စိုင်းလိတ် ကပြောသည် ။ “ ဘာကြောင့်ဆို ခု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင်က ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စတင်တော့ မယ် ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးတာနဲ့တပြိုင်တည်းမှာ ပြည်ထောင်စုအဆင့်ပေါ့နော်။ နိုင်ငံရေး ဆွေးနွေးပွဲ လာမယ် ။ အဲ့ဒီ နိုင်ငံရေးဆွေးနွေးပွဲကျရင် သျှမ်းပြည်ရဲ့လိုအပ်ချက်သျှမ်းပြည်သားတွေရဲ့ နဂိုရပိုင် ခွင့်တွေ မှန်မှန်ကန်ကန်ရရှိနိုင်ဖို့အတွက် သျှမ်းပြည်သားတွေ စုစည်းညီညွတ်နိုင်အောင်လို့ အဲ့ဒီရည်ရွယ် ချက်နဲ့လုပ်တာပါ ” ဟု ၄င်းကပြောသည် ။ နိုင်ငံရေးဆွေးနွေးပွဲသည် နှစ်ပေါင်း (၆၀-၇၀) အတွင်း ပထမအကြိမ်ကြုံရခြင်းဖြစ်ကြောင်း နှင့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် NLD အစိုးရ တက်လာသည့်အချိန်မှ ပထမဆုံးကြိမ် နိုင်ငံရေးဆွေးနွေးပွဲလုပ်ရပြီးယင်း နိုင်ငံရေးဆွေးနွေး ပွဲသည် တိုင်းရင်းသားအားလုံးအတွက် အင်မတန်အရေးကြီးသည့် တန်းတူညီမျှ ခွင့်နှင့် ကိုယ် ပိုင်အုပ်ချုပ်ခွင့် အစရှိသည့် ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန်အတွက် တိုင်းရင်းသားများ လိုအပ် ချက်နဲ့ကိုက်ညီသည့်အခြေအနေမျိုး ရောက်အောင် ဝိုင်းဝန်းဆောင်ရွက်နိုင်ရန် နိုင်ငံရေးဆွးနွေးပွဲကနေ စတင် သွားရမှာဖြစ်ပြီး ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင် ရန်အတွက် အားလုံးပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း စိုင်းလိတ်ကပြောသည် ။ “ ရည်ရွယ်ချက်က စောစောကပြောသလိုဘဲ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ တိုင်းရင်းသား ရပိုင်ခွင့် ပြန်လည် ရရှိနိုင်အောင် ၊ နောက် ဖက်ဒရယ်နဲ့ ပတ်သက်ပြီး စိမ်းနေသေးတဲ့ ပြည်မ က နိုင်ငံရေး သမားတွေ နောက်ပြည်သူပြည်သား တွေ အကုန်လုံး ရှင်းရှင်းလင်းလင်း နားလည်အောင်ဆိုပြီး တော့မှ အဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ ” ဟု ၄င်းကပြောသည် ။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ မေလ ၂၉ ရက်ကလည်း သျှမ်းပြည်တိုင်းရင်းသားပါတီများအဖွဲ့ချုပ် (LSSEP- League for Shan State Ethnic Political Parties ) ကို ဖွဲ့စည်းရန် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ မှ ဦးဆောင်ကာ သျှမ်းပြည် တွင်း နိုင်ငံရေးပါတီ ၁၈ ပါတီကိုဖိတ်ကြားပြီး ဆွေးနွေးပွဲတခုကိုရန်ကုန်မှာကျင်းပခဲ့သည် ။ သို့သော် သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က အစည်းအဝေးသို့ အချိန်မှီရောက်လာခဲ့သော်လည်း အစည်း အဝေးသို့ဝင်ရောက်ခွင့် မပြုခဲ့ ပေ ။ အဆိုပါအစည်းအဝေးမှ အစည်းအဝေးတက်ရောက်သည့် အဖွဲ့များအနက် အဖွဲ့ ၁၃ ဖွဲ့က LSSEP ကိုဖွဲ့စည်းရန် သဘော တူညီကြောင်း လက်မှတ်ရေးထိုးပြီး အချက် ၃ ချက်ပါကြေငြာ ချက်တစောင်ကိုထုတ်ပြန်ခဲ့သည်။ ၄င်းတို့သည် ၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီများ၏ အခန်းကို ထည့်သွင်းရန်လည်း တိုက်တွန်း ကြောင်းပါရှိပါသည် ။ |
||
|
Posted: 31 May 2016 07:11 AM PDT သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် သျှမ်းလူငယ်များ သျှမ်းရိုးရာ သိုင်းပညာ ယဉ်ကျေးမှု ထိန်းသိမ်းတတ်စေရန် နှင့် မူးယစ်ဆေးဝါး အန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်ပြီး မိုးနဲမြို့ နွံဟန်ဟတ်ခေးအဖွဲ့မှ သျှမ်း ရိုးရာ သိုင်းပညာ သင်တန်းကို ဖွင့်လှစ်ခဲ့သင်ကြားပေးခဲ့ကြောင်း သိရသည် ။
သျှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ယဉ်ကျေးမှုကို မြှင့်တင်ရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးရာ စိတ်ပါဝင်စားသူ လူငယ်များလာရောက်လေ့လာသင်ယူနိုင်ကြောင်း ၊ သျှမ်းရိုးရာ သိုင်းပညာ အပါအဝင် ယဉ်ကျေးမှုအကများကိုပါ သင်ကြားပေးကြောင်း သင်တန်းကျောင်းဖြစ်မြောက်ရေး ကူညီပံ့ပိုးသူ စိုင်းမျိုး ( yookyaak) ကပြောသည် ။ “ သိုင်း အက သင်တန်းဆရာက စိုင်းခင်သောင်းနိုင်ပါ ။ ဆရာက သျှမ်းသိုင်းပညာကိုချစ်မြတ်နိုးသူ တယောက်ဖြစ်တဲ့ အလျောက် သျှမ်းလူငယ်တွေ ကိုယ့်ရဲ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းတာက နံပါတ် ၁ ။ အဲ့ဒီထဲမှာက တစ်ခြား ရည်ရွယ်ချက်တွေပေါ့နော် ။ မူးယစ် ဆေးဝါး ထိန်းသိမ်းကာကွယ်တာပါတယ် ။ မူးယစ်ဆေးဝါး ထိန်းသိမ်းကာကွယ်တယ် ဆိုတာက ဥပမာ ဒို့ ဒီသင်တန်းကို ဖွင့်ခြင်းအားဖြင့် လူငယ်တွေက ဒီကိုလာမယ် ။ ရိုးရာ သိုင်းပညာကို လေ့လာမယ် သင်ယူမယ် လေ့ကျင့်မယ်ဆိုရင် သူတို့ က အရက်ဆိုင်တို့ ဘီယာဆိုင်တို့ စသဖြင့် မရောက်တော့ဘူးပေါ့ ။ ကျန်းမာရေး အတွက်လည်း အထောက် အကူ ဖြစ်စေ တယ် ။ ဆိုတော့ အဘက်ဘက်က ကောင်းကျိုးဖြစ်စေတယ်ပေါ့နော် ” ဟု ၄င်းကပြောသည် ။ သိုင်း အက သင်တန်းဆရာ စိုင်းခင်သောင်းနိုင် က သျှမ်း (သိုင်း) ဆိုသည်မှာ ဘိုးဘွားအစဉ်အဆက်ကတည်းက နာမည် ကြီးလာခဲ့ကြောင်း ၊ သို့သော် ယခုနှောင်းပိုင်း သျှမ်းလူငယ်များမှာ သျှမ်းသိုင်းအကတတ်မြောက်မှု တဖြည်းဖြည်း လျော့ပါးသွားပြီဖြစ်ကြောင်း ၊ မိမိယဉ်ကျေးမှုလည်း တခြားတပါးသူများ ယဉ်ကျေးမှုအဖြစ် ခိုးယူခြင်းခံရသဖြင့် လက်ရှိတွင်တိမ်ကောလာသလောက်ရှိနေကြောင်း ပြောဆိုပါသည် ။ သျှမ်းပြည်သားလူငယ်များ သျှမ်း (သိုင်း) အတတ်ပညာတတ်မြောက်စေရေးရည်ရွယ်ကာ ပြီးခဲ့သည့် ဧပြီလမှ စပြီး မိုးနဲမြို့တွင် သင်တန်းပေးခဲ့ရာ ယခုတကြိမ်သည် ၄ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းသိရသည် ။ “ လူငယ်များအနေနဲ့ ကိုယ့်အမျိုးသား ပညာ ၊ စာပေ ၊ စကား ၊ ယဉ်ကျေးမှုကိုယ်ခံပညာတွေကိုမြတ်နိုး တန်ဖိုးထားတတ် ရမယ် ။ မပျောက်ပျက်အောင် စောင့်ထိန်း တတ်ရမယ်။ ခုခေတ်လူငယ်တွေက သိုင်း ဆိုတဲ့ အဓိပ္ပာယ်ကို နားမလည် တော့ စိတ်မဝင်စားဘူး ။ ခု သင်တန်းလုပ်ပေးလိုက်တော့ သိုင်း ရဲ့ အဓိပ္ပာယ်ကို လူငယ်တွေ နဲနဲပါးပါး စိတ်ဝင်စားလာ တာ တွေ့ရတယ် ။ ” ဟု ၄င်းကပြောသည် ။ လက်ရှိသိုင်းပညာသင်တန်းသို့ အဖိုးအခပေးစရာ မလိုဘဲ လူမျိုးဘာသာမရွေး ရပ်နီးရပ်ဝေးမဟူ စိတ်ပါဝင်စားသူများ တက်ရောက်သင်ကြားနိုင်ကြောင်း၊ သင်တန်းသားအရည်အချင်းနှင့် ကြိုးစားမှုအပေါ်မူတည်ပြီး သျှမ်းသိုင်းပညာအဆင့် အဆင့်ကို ပြီးဆုံးတတ်မြောက်အောင်သင်ကြားပေးမည်ဖြစ်ကြောင်း သင်တန်းဆရာကပြောသည် ။ |
||
|
နောင်ချိုမြို့နယ် သျှမ်းစာပေသင်ကြားရေးဆရာများ ကျောင်းဖွင့်ချိန်အတွက်ကြိုတင် ပြင်ဆင် Posted: 31 May 2016 12:38 AM PDT သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် သျှမ်းစာပေသင်ကြားရေးဆရာဆရာမ များ ၁၀၀ ကျော်တွေ့ဆုံကာ လာမည့်ကျောင်းဖွင့်ရာသီတွင် အစိုးရစာသင်ကျောင်း များ၌ သျှမ်းစာပေသင်ကြားရေးအတွက်ကြိုတင်ပြင်ဆင်သည့်တွေ့ဆွေးနွေးမှုတရပ်ကို ကျင်းပခဲ့သည် ။
နောင်ချိုမြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းပေါင်း ၆၀ တွင် သျှမ်းစာပေသင်ကြား ရေး တာဝန်ကျသည့် ဆရာ ဆရာမ ၁၂၀ အား ခေါ်ယူကာ မေလ ၂၈ ရက် မနက် ၈ နာရီမှ ညနေ ၄ နာရီအထိ နောင်ချိုမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက ၎င်းတို့ရုံးခန်းတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်းဖြစ်သည် ။ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်စိုင်းအောင်မိန်းက - “ ကျနော်တို့ မနှစ်တွေတုန်းက အစိုးရစာသင်ကျောင်းတွေမှာ သျှမ်းစာသင်ပေးနေတဲ့ဆရာ ဆရာမ တွေ လုပ်အားခ ပိုက်ဆံမရကြဘူး ။ ကျနော်တို့စုပေါင်းပြီး အစိုးရပညာရေးဌာနကို တင်ပြတော့ ဒီနှစ်အတွက် ပိုက်ဆံ ချလာပေးတယ်။ ဆရာတဦး တလ ကျပ် ၃ သောင်းရမယ်။ ကျနော်တို့ ဒီထက်ထပ်ပြီးကြိုးစားရမယ်” ဟု ပြောဆိုသည် ။ ဆရာမ နန်းယိင်းကလည်း -“ ကျမတို့ဒီဆွေးနွေးပွဲမှာ ကိုယ်သင်နေတဲ့ကျောင်းက အခြေအနေတွေတင်ပြကြတယ်။ နောက်ပြီး လာမယ့်စာသင်နှစ်မှာ ဆရာ ဆရာမတွေအားလုံး ကြုံရာဝတ်စုံနဲ့ စာသွားမသင်ကြဖို့ပေါ့နော် ။ အမှတ်အသားတခုဖြစ်သွားအောင် ဆရာမဆိုရင် အစိမ်းရောင် သျှမ်းလုံချည်၊ နဲ့အကျီအဖြူပေါ့ ” ဟုပြောသည် ။ အစိုးရစာသင်ကျောင်းကို ဂျွန်လ ၁ ရက်တွင် ကျောင်းဖွင့်မည်ဖြစ်ပြီး သျှမ်းစာပေသင်တန်းအတွက် ကျောင်းတက်ရက် နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲအထိ အချိန်ရထားကြောင်း ၊ ကျောင်းတကျောင်းလျှင် သျှမ်းစာဆရာ ၂ ဦးမှ ၃ ဦး ထားရှိမည်ဖြစ်ကြောင်း ၊ သင်ရိုးညွှန်းတမ်းကိုမူ သျှမ်းစာပေဆရာကြီး စိုင်းဖှ ထုတ်လုပ်သော စာအုပ်ကိုအသုံးပြုမည်ဖြစ်ကြောင်း သိရသည် ။ နောင်ချိုမြို့နယ်တွင် ယမန်နှစ်က အစိုးရကျောင်း ၂၃ ကျောင်း၌ သျှမ်းစာပေသင်ကြား ခွင့် ရရှိပြီး သျှမ်းစာပေသင်ကြားရေးအတွက် ဆရာ ဆရာမ ၅၄ ဦး ရှိကြောင်းသိရ သည်။ |
||
|
Posted: 31 May 2016 12:29 AM PDT သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ကွန်လုံအုပ်စုမှာ နွေရာသီ သျှမ်းစာပေ သင်ကြား ရေးအဖွဲ့ရဲ့ ၁၁ ကြိမ်မြောက် သျှမ်းစာပေသင်တန်းဆင်းပွဲကို မေလ ၂၉ ရက်နေ့ မှာ ကျင်းပခဲ့ပါတယ် ။
သျှမ်းစာပေယဉ်ကျေးမှုအသင်းဥက္ကဌ စိုင်းဆမ်မွန်ကတော့ “ ကျနော်တို့ စာပေယဉ် ကျေးမှုအဖွဲ့ရဲ့ ဆောင်ပုဒ်အတိုင်း မိမိစာပေယဉ်ကျေးမှုကို စုဆောင်း၊ သိမ်းဆည်း၊ မြှင့်တင်ဖို့အတွက် ဖြစ်တယ်။ စာပေယဉ်ကျေးမှုမြှင့်မားမှ အမျိုးသားရေး မြင့်မား တယ် ။” လို့ပြောပြပါတယ် ။ ဒီသင်တန်းဆင်းပွဲကို ဆရာတော်သံဃာတော်တွေရဲ့ဦးဆောင်မှုနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး တက်ရောက်သူ သံဃာတော်တွေ ၊ သင်တန်းဆရာတွေနဲ့ သင်တန်းသားတွေ ၁၀၀ နီးပါးရှိပြီဖြစ်ကြောင်းသိရပါတယ် ။ ဆရာတော် ဦးပန္တိတကတော့ - “ စာပေယဉ်ကျေးမှုတိုးတက်ရေးအတွက် နောက်ကနေ ပံ့ပိုးပေးတဲ့ ရပ်ကွက်ထောက်ကူပြုအဖွဲ့တွေ ၊ ရပ်မိရပ်ဖ တွေအပေါ် မူတည်ပါတယ် ။ ပံ့ပိုးမှု ခိုင်မာမှ စာပေယဉ်ကျေးမှု တိုးတက်ပျံ့ပွားမယ်။ရေရှည်တည်တံ့မယ် ” - လို့ ပြောပါတယ် ။ ၁၁ ကြိမ်မြောက် နမ့်ခမ်းမြို့ ဝမ့်လုံအုပ်စုက သျှမ်းစာပေသင်ကြားရေးသင်တန်းဟာ မတ်လ ၆ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ သင် တန်း ဆင်းပွဲကိုတော့ မေလ ၂၉ ရက် မှာကျင်းပခဲ့တာဖြစ်ပါတယ် ။ အလားတူ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်ထဲမှာ ဧပြီလ ၂၆ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ ပြုလုပ်တဲ့ ၁၁ ကြိမ်မြောက် သျှမ်းစာပေသင်တန်းကိုလည်း မေလ ၂၉ ရက်နေ့မှာ သင်တန်းဆင်းပွဲပြုလုပ်ကျင်းပခဲ့ကြောင်းသိရပါတယ် ။ |
|
၂၁ ရာစု ပင်လုံညီလာခံ ပွင့်လင်းမြင်သာဖို့လိုဟု သျှမ်းပြည်နိုင်ငံရေးဆွေးနွေးပွဲတွင် ခွန်ထွန်းဦး ပြော Posted: 01 Jun 2016 05:00 AM PDT ၂၁ ရာစု ပင်လုံညီလာခံကြီး (သို့) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး သည် ပွင့်လင်းမြင်သာပြီး လွတ်လပ် မှုရှိရန်အဓိက ဖြစ်ကြောင်း CSSU ဥက္ကဌ ခွန်ထွန်းဦး မှ တောင်ကြီးမြို့ တောင်ကြီးဟော်တယ်၌ ကျင်းပပြု လုပ် သည့် မြန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေခြင်း နှီးနှောဖလှယ်ပွဲ၌ မိန့်ခွန်း ပြောခဲ့သည် ။
“ ၂၁ ပင်လုံညီလာခံ ကျင်းပတဲ့ခါမှာ လွတ်လပ်ပြီးတော့ ပွင့်ပွင့်လင်း လင်းမှုဖြစ်ဖို့ အဓိကကျတယ် ။ အဲ့ဒီလို ဖြစ်ဖို့ ကိုလည်း အားလုံးက တတပ် တအား ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ် ။ တိုင်းရင်းသားတွေ တောင်းဆိုနေတာက တန်း တူ အခွင့်အရေးရဖို့ ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဖို့ အတွက် ပင်လုံညီလာခံကို အခြေခံတဲ့ အချက်တွေက တိုင်းရင်းသားတွေအားလုံးရဲ့ လိုအပ်ချက်ဖြစ်တယ် ။ ပင်လုံမှာပေးထားတဲ့ ကတိကဝတ်တွေ ပင်လုံ စိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်မှသာ ငြိမ်းချမ်းရေးရမယ် ” ဟု CSSU ဥက္ကဌ ခွန်ထွန်းဦး ကပြောသည် ။ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တစ်ဦး နှင့် တစ်ဦး ယုံကြည်မှု တည်ဆောက်မှသာ အဓိကကျပြီး ငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရ နှင့် တိုင်းရင်းသား ၊ အစိုရ နှင့် တပ်မတော် ၊ တပ်မတော် နှင့် တိုင်းရင်းသား အားလုံးပြေလည်မှု မရှိလျှင် ငြိမ်းချမ်းရေးကလည်း ဝေးနေ မည်ဖြစ်ပြီး ငြိမ်းချမ်းရေးဝေးနေပါက ပြည်သူလူထု ဒုက္ခရောက်နေဦးမည် ဖြစ်ကြောင်း ၄င်းက ပြောသွားသည် ။ အဆိုပါ မြန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်း ရှာဖွေခြင်း နှီးနှော ဖလှယ်ပွဲတွင် ဂျွန်လ ၁ ရက် နှင့် ၂ ရက်နေ့ တို့တွင် ဆွေးနွေး သွားမည်ဖြစ်ပြီး နိုင် ငံရေး ပါတီ ၁၉ ပါတီ နှင့် နိုင်ငံရေးပါတီ မဟုတ်သော အဖွဲ့ ၁၃ ဖွဲ့ တက်ရောက် ခဲ့သည်။ NLD ပါတီ ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားသော် လည်း တက်ရောက်ခြင်း မရှိကြောင်း သိရသည် ။ “ ဂျုလိုင်လ ကုန်လောက်ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံတစ်ခု ကျင်းပဖို့ဆိုပြီးတော့ အစိုးရ အဖွဲ့က ကြိုးစားနေတာ ရှိပါတယ် ။ ကျနော်တို့ သျှမ်းပြည်နယ် မြောက်ပိုင်း နဲ့ ကချင်ပြည် နယ် တောင်ပိုင်း နောက် ရခိုင်မှာလည်း ဒေသ တစ်ချို့ပေါ့။ တိုက်ခိုက်မှုတွေ ဖြစ်နေတယ် ။ မငြိမ်းချမ်းဘူးပေါ့ ။ ဆိုတော့ ငြိမ်း ချမ်းရေးမရဘဲနဲ့ ဒီ ၂၁ ရာစု ပင်လုံ ညီလာခံကို ကျင်းပ ဖို့ဆိုတာ အခက် အခဲရှိနိုင်တယ် ။ ချို့ယွင်းချက်တွေရှိနိုင်တယ် ဒီကွက်လပ်ကို ကျနော်တို့ ပါဝင်ဖြည့်ဆည်းဖို့ပေါ့ ။ CSSU ကနေပြီး တာဝန်ယူ ကြိုးစားကြည့်တာပါ ” ဟု CSSU အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကပြောသည် ။ အဆိုပါနှီးနှော ဖလှယ်ပွဲမှ ဖက်ဒရယ်တွင် အခြေခံရမည့်မူများ ၊ တပ်မတော် ဖွဲ့စည်းမှုပုံစံ ၊ ရွေးကောက်ပွဲပုံစံ ၊ ပညာရေး ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် အနာဂတ် ပြည်ထောင်စုအတွက် ဖွဲ့စည်းမှုဆိုင် မူပုံစံ ထွက်လာနိုင်ရေး ဆွေးနွေးကြမည်ဖြစ်ပြီး ယင်းနှီးနှောဖလှယ်ပွဲမှ ထွက်ပေါ်လာသည့် စာတမ်းကို ၂၁ ရာစု ပင်လုံ ညီလာခံတွင် တင်ပြသွားမည်ဖြစ်သည် ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံ ညီလာခံကို နှစ်လအတွင်း ကျင်းပလိုသည် ဟု ပြောဆိုထားပြီး ရယူခြင်းထက် မည်သည်ကို ပေးနိုင်သည်ကို အခြေခံ၍ ဆွေးနွေးကြရန်လည်း တိုက်တွန်း ထားပါသည် ။ အောင်မြင်ခဲ့သည့် ၂၀ ရာစု ဒုတိယ ပင်လုံညီလာခံမှာ ဗိုလ် ချုပ်အောင်ဆန်းနှင့် သျှမ်း ၊ ကချင် ၊ ချင်းခေါင်းဆောင်များ လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်ပြီး အင်္ဂလိပ်အုပ်ချုပ်မှုအောက်တွင် သီးခြား ဥပဒေ ၊ သီးခြား ဒေ သအဖြစ် ရှိနေခဲ့သည့် ဒေသ ၄ ခုမှ ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ခြင်း လည်း ဖြစ်ပါသည် ။ ယင်းပင်လုံကတိကဝတ်များ ပျက်ပြယ်ခဲ့မှုကြောင့်ပင် ကာလရှည် ပြည်တွင်း စစ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ပြောဆိုသည် ။ |
|
ပင်လုံကတိကဝတ်ကို ပြန်လည်ဖော်ဆောင်ရန် တောင်ကြီးတိုင်းရင်းသားဆွေးနွေး ပွဲတွင် အကြံပြုကြ Posted: 03 Jun 2016 02:58 AM PDT အစိုးရသစ်မှ ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံမှာ ပင်လုံဆိုသည့် စကားလုံးကို သုံးရုံမျှမကပဲ ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များ ပူးပေါင်းလုပ်ဆောင်မှုဖြင့် အောင်မြင်ခဲ့သည့် ၂၀ ရာစု ပင်လုံကတိကဝတ်များကို ပြန်လည်ဖော်ဆောင်ရန်လည်း လိုအပ်ကြောင်း တောင်ကြီးတွင် ကျင်းပခဲ့ သော သျှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် တက်ရောက်လာသူများ က အကြံပြုခဲ့ကြသည် ။
‘ ပင်လုံစကားလုံးကို သုံးမယ်ဆိုရင် စကားလုံးသုံးရုံသက်သက်တော့မဟုတ်ပဲနဲ့ ပင်လုံရဲ့ ကတိကဝတ်တွေ ကို ပြန်ပြီးတော့ ပြန်ဖော်ဆောင်တာ ကောင်းတယ်ဆိုတဲ့ အကြံပြုချက်တွေလည်းရှိတယ် ။ တော်တော်များ များက အကြံပြုတာ။ အရင်ဆုံးလွတ်လပ်ရေးရအောင်ယူနိုင်ခဲ့တယ် ။ အခုတစ်ခါပင်လုံမှာ အားလုံးသဘော တူညီနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲပြီး အားလုံးအတူတကွနေထိုင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပြည့်ဝ တဲ့ ပုံစံမျိုးကို ဖြစ်စေချင်တဲ့ သဘောရှိပါတယ် ။ ‘ ဟု နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့သည့် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး (၂) စိုင်းကျော်ညွှန့်က ပြောသည် ။ တောင်ကြီးတွင် ဇွန်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ၂ ရက်ကြာကျင်းပခဲ့သော သျှမ်းပြည် တိုင်းရင်းသား ပေါင်း စုံနှီးနှောဖလှယ်ပွဲတွင် တက်ရောက်ခဲ့သူအများစုမှာ - ဒေါ်အောင်ဆန်းစုကြည်ချမှတ်ထားသော အရပ်ဘက် အဖွဲ့အစည်းများအား ပါဝင်ခွင့်ကို ကန့်သတ်လိုက်မှု ၊ အခြားမျိုးနွယ်စုငယ် တိုင်းရင်းသား များ အတွက် အတား အဆီးဖြစ်ဖွယ်ရှိသည့် အနည်းဆုံး လွှတ်တော်မဲဆန္ဒနယ် တနယ်အနိုင်ရမှ ပါဝင်ခွင့်စသည့် မူဝါဒများ အပေါ် တွင်လည်း တိုင်းရင်းသား အင်အားစုများအကြား စိုးရိမ်ပူပန်မှုများရှိခဲ့သည်ဟု သိရသည် ။ “ ၂၁ ပင်လုံနဲ့ပတ်သက်လို့ အဓိကကတော့ ၂၁ ပင်လုံမှာကတော့ တိုင်းရင်းသား လူမျိုးစုတွေအနေနဲ့ ထွက် ပေါ် လာတဲ့ ရွေးချယ်ခံကိုယ်စားလှယ် တယောက်ပါမှသာလျှင်ဆိုတဲ့ အချက်ကတော့ တိုင်းရင်းသား လူမျိုး စုတွေ အတွက် စိုးရိမ်ပူပန်မှုတွေက ဖြစ်တာပေါ့ ။ ဥပမာ ကယန်းလူမျိုးဆိုရင် တိုင်းရင်းသား ပါတီရှိတယ် ။ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်မခံရဘူး ။ သူတို့အနေနဲ့ ပြောချင်တာ ဆွေးနွေးချင်တာ တွေရှိ တယ် ။ ဒီလိုသာ ကန့်သတ်လိုက်မယ်ဆိုရင် သူတို့တက်ခွင့်မရှိတော့ဘူးလား။ ဒါတွေကတော့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုပေါ့လေ ။” ဟု တောင်ကြီးနှီးနှောဖလှယ်ပွဲတက်ရောက်ခဲ့သူ ကိုမိုးမင်းသိန်း ( မြန်မာလူထု မဟာမိတ်အဖွဲ့ ) ကလည်း ပြောသည် ။ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌဖြစ်သူ ဦးအေးသာအောင်ကလည်း ၂၁ ရာစုပင်လုံမှာ တိုင်းရင်း သား အရေး ပြဿနာများကို အမှန်တကယ်ဖြေရှင်းနိုင်သည့် ညီလာခံဖြစ်ရန်လိုကြောင်း မကြာသေးခင်ကပင် သတိပေးပြော ဆိုခဲ့ ပါသည် ။ ယင်းအပြင် ၂၁ ပင်လုံမှာ လွတ်လပ်ပွင့်လင်းမျှတရန် လိုအပ်ကြောင်းလည်း သျှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးက တောင်ကြီးနှီးနှောဖလှယ်ပွဲအဖွင့်မိန့်ခွန်း ပြောဆိုရာတွင် ထည့်သွင်းပြော ဆိုထားသည် ။ အောင်မြင်ခဲ့သည့် ၂၀ ရာစု ဒုတိယ ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း၏ သျှမ်း တကျပ် - ဗမာတကျပ် မူကြောင့်ပင်အောင်မြင်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်ထံမှာ တောင်တန်းပြည်မပူးပေါင်း၍ လွတ်လပ်ရေး အရယူနိုင်ခဲ့ခြင်းဖြစ်သည် ။ လွတ်လပ်ရေးအရယူနိုင်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ လုပ်ကြံခံရပြီးနောက် ပင်လုံကတိကဝတ်ပျက်မှုနှင့်အတူ နှစ် ၆၀ ကျော်ကြာမြင့်သည့် ပြည်တွင်းစစ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ် သည် ။ တောင်ကြီးတွင် ၂ ရက်ကြာကျင်းပခဲ့သော နှီးနှောဖလှယ်ပွဲတွင် ဖက်ဒရာယ်တွင် အခြေခံရမည့်ပုံစံ ၊ တပ်မတော်ဖွဲ့စည်းမှုဆိုင်ရာ ပုံစံ ၊ ရွေးကောက်ပွဲစနစ် ၊ ပြည်နယ်အလိုက် အခြေခံဥပဒေရေးဆွဲရေး ၊ တရားစီရင်ရေး ၊ ဥပဒေပြုရေး အစရှိသည့်ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ပြီး ယခုဆွေးနွေးမှုမှာ ကနဦးဆွေးနွေးမှုဖြစ်ကာ နိုင်ငံရေးဆွေးနွေးမှုအပေါ်မူတည်၍ သျှမ်းပြည်တွင်း အင်အားစုများအနေဖြင့် ဆက်လက်ဆွေးနွေးကြရန် ရှိနေကြောင်း စိုင်းကျော်ညွှန့်ကပြောသည် ။ |
||
|
Posted: 03 Jun 2016 02:51 AM PDT သျှမ်းပြည်နယ်ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အစိုးရစစ်တပ်နှင့် SSPP/SSA သျှမ်းပြည် တပ် မတော်တို့၏ တိုက်ပွဲတွင် အရပ်သားများဖမ်းဆီးသတ်ဖြတ်ခံရမှုကို စစ်ဆေးပေးရန် ရဲတပ် ဖွဲ့အား ကျောက်မဲ လွှတ်တော်ကိုယ်စားလှယ်များမှ အကြောင်းကြားခဲ့သော်လည်း လာရောက် စစ်ဆေးပေးခြင်း မရှိသေးကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြော သည် ။
မေလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျောက်မဲမြို့နယ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ ဒေသခံ အရပ်သားများမှာ စစ်ပွဲအတွင်း လူသားဒိုင်းသဖွယ်အသုံးချခြင်း ၊ ပေါ်တာအဖြစ် ခိုင်း စေခံရခြင်း ၊ ဖမ်းဆီးထိန်းသိမ်းနှိပ်စက်ခံရခြင်းနှင့် သတ်ဖြတ်ခံခဲ့ရခြင်းများရှိခဲ့သည်ဟု သျှမ်း လူ့အခွင့်ရေးမဏ္ဍိုင်က လည်း ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာထားသည် ။ သီပေါနှင့် ကျောက်မဲတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ အရပ်သားများ ဖမ်းဆီးခံရမှုတွင် အချို့မှာ ပြန်လည်လွတ်မြောက်လာသော်လည်း ပျောက်ဆုံးနေသူများ (သို့မဟုတ်) ဆက်လက်ထိန်းသိမ်း ခံနေရသူများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည် ။ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်များအတွက် ယခု အချိန် အထိ စာရင်းကောက်ယူနေရဆဲဖြစ်ပြီး စာရင်းတည်ငြိမ်သွားပါက သျှမ်းပြည်နယ် ဝန်ကြီး ချုပ်နှင့်တကွ အထက်သို့ တင်ပြသွားမည်ဟု စိုင်းထွန်းဝင်းက ပြောသည် ။ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများမှာ ယခုအထိ နေရပ်ပြန်ရန် ထိတ်လန့်နေဆဲဖြစ်ပြီး ၄င်းတို့၏ နေအိမ်များမှာလည်း တပ်မတော်စစ်ကြောင်းများ၏ မီးရှို့ဖျက်ဆီးခြင်းကိုခံခဲ့ရကြောင်း သိရသည် ။ |
||
|
Posted: 03 Jun 2016 01:55 AM PDT နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က ဗိုလ်ချုပ် အက်စ် ဂွမ်မော် ဦးဆောင်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စု နှင့် NLD အစိုးရမှ ဖွဲ့စည်းထားသည့် ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်သည့် အဖွဲ့တှို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ ပထမဆုံးအကြိမ် အဖြစ် ယနေ့ ၂၀၁၆ ဂျွန် ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် တွင် စတင်တွေ့ဆုံကြသည် ။ DPN အဖွဲ့တွင် SSPP/SSA မှ ဗိုလ်ချုပ်စိုင်းထူး ၊ စဝ်ဆေအွန်၊ WNO မှ တာ့အိုက်ညွန့်တို့လည်းပါဝင်သည့် ၁၂ ဦးပါအဖွဲ့တို့ တက်ရောက်ဆွေးနွေးပါသည် ။ |
|
Posted: 02 Jun 2016 10:05 PM PDT မန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေခြင်း နှီးနှောဖလှယ်ပွဲသည် သျှမ်းပြည်ကို အခြေပြုပြီး ငြိမ်းချမ်းရေး အတွက် ဖက်ဒရယ်ပုံစံ ဖွဲ့စည်း ထူထောင်ထားသည့် ပြည်နယ် တစ်ခုပေါ်ပေါက်နိုင် ရန်အတွက် အင်မတန် အရေး ကြီးသည့် ဆွေးနွေးပွဲ တစ်ခုဖြစ်ကြောင်း သျှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုး ကပြောသည် ။
မြန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေခြင်း နှီးနှောဖလှယ်ပွဲ၌ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တောင်ကြီးဟော်တယ်တွင် ဂျွန်လ ၁ ရက် နှင့် ၂ ရက် ကျင်းပပြုလုပ်ရာ ပထမနေ့တွင် NLD ပါတီတက်ရောက်ခြင်း မရှိသော်လည်း ဒုတိယနေ့တွင်မူ NLD ပါတီ ၏ သျှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုး ကိုယ်တိုင် တက်ရောက်ခဲ့ပါသည် ။ မြန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေခြင်း နှီးနှောဖလှယ် ပွဲ၏ နှစ် ရက်သာဆွေးနွေးမူများသည် အဓိက နှစ်ပိုင်းဆွေးနွေးသွားပြီး အမျိုးသား ရင့်ကြားစေရေး ၊ ငြိမ်းချမ်းရေးအကြံပြုချက် နှင့် အနာဂတ်အတွက် ဖက် ဒရယ်တည်ဆောက်မှု မည်သို့ ပုံသဏ္ဍာန်နဲ့သွားမည်ဆိုပြီး အပိုင်းနှစ် ပိုင်း ဆွေးနွေးသွားကြောင်း CSSU ၏ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့် ကပြောသည် ။ “ အဓိကကတော့အမျိုးသားရင့်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးအကြံပြုချက် တော်တော်များပါတယ် ။ အားလုံး ပါဝင်လာအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ ကိစ္စရယ် နောက်ပြီးတော့ ဖြစ်ပျက်နေတဲ့ စစ်ပွဲကို ရပ်တန့် သွား အောင် ဘယ် လိုလုပ်သင့်လဲ ။ နောက်တစ်ပိုင်းဖြစ်တဲ့ အနာဂတ် ဖက်ဒရယ်တည် ဆောက်မှု ဘယ်လို ပုံသဏ္ဍာန်နဲ့သွားမယ်ဆိုတဲ့ ကိစ္စ အစိုးရပုံစံ ဘယ်လို သွားမယ် ၊ သမ္မတဦးဆောင် တာနဲ့သွားမလား ၊ ဝန်ကြီးချုပ် ဦးဆောင် တဲ့ ပုံစံနဲ့သွားမလား နောက်ပြီးလွှတ်တော်မှာ ဘယ်လို ပြန်ဖြစ်သင့် လဲ နောက်ပြီးတော့ ပြည်နယ်ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆိုတဲ့အပိုင်းတွေကို ဆွေးနွေးဖြစ် တယ် ” ဟု ၄င်းကပြောသည် ။ သျှမ်းပြည်နယ်တွင်မဟုတ်ဘဲ တစ်ခြားပြည်နယ် နှင့် တိုင်းဒေသတွင်မှာ လည်း ငြိမ်းချမ်းရေးကို လိုလား ကြပြီး အကောင်အထည် ဖော်လိုခြင်း နှင့် ငြိမ်း ချမ်းရေးကို လိုလားတဲ့နေရာတွင် ပြည်နယ်က ပိုမိုလိုလားပြီး ပြည်နယ် လူထုများတွင် စစ်ပြေးဒုက္ခသည်များ စစ်ရှောင်ဒုက္ခသည် များစွာရှိပြီး ကြောင်း ပြောသည် ။ “ အဲ့ဒီထဲမှာ သျှမ်းပြည်က တစ်ခြား တိုင်းနဲ့ ပြည်နယ် နဲ့ စာလိုရှိရင် အများဆုံး ခံစားရတဲ့ ပြည်နယ် တစ်ခုဖြစ်တယ် ။ မြေဧက အကျယ်အဝန်းများသလို တိုင်းရင်းသားလူမျိုးတွေ များသလို နောက်လက်ကိုင် အဖွဲ့အစည်း လည်းများတယ် ။ အဲ့ဒါမလို့ ငြိမ်းချမ်းမှု မရတဲ့ဒဏ်ကို သျှမ်းပြည်လူထုက အခံစားရ ဆုံးဖြစ် တယ် ဒါကြောင့်မလို့ အားလုံးက သျှမ်းပြည်မှာ ရှိတဲ့ နိုင်ငံရေး ပါတီတွေ အားလုံး တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံး တိုင်းရင်းသား လက်နက် ကိုင်တွေအားလုံးဟာ ငြိမ်းချမ်းရေးအတွက်ကို တစ်သမက်တည်း ဦး တည်ပြီးတော့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြတာဖြစ်ပါတယ် ” ဟု သျှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကပြောသည် ။ သို့သော် ဆွေးနွေးပွဲမှ ထုတ်ပြန်ကြေငြာချက်နှင့်သတင်းစာရှင်းလင်းပွဲပြု လုပ်ခြင်း မရှိပေ ။ |
|
Posted: 04 Jun 2016 03:11 AM PDT နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က ဗိုလ်ချုပ် အက်စ် ဂွမ်မော် ဦးဆောင်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အုပ်စု နှင့် NLD အစိုးရမှ ဖွဲ့စည်းထားသည့် ၂၁ ရာစု ပင်လုံညီလာခံဖြစ် မြောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်သည့် အဖွဲ့တို့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ ပထမဆုံးအကြိမ် အဖြစ် ဂျွန်လ ၃ ရက်နေ့က စတင်တွေ့ဆုံကြသည် ။
အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နိုင်ငံရေးဆွေးနွေးပွဲတွင်ပါ ဝင်လာနိုင်စေရန် ၊ ဖက်းရယ်ပြည်ထောင်စု စုပေါင်းတည်ထောင်ကြရန် ရည်ရွယ်ပြီး ၂၁ ရာစု ပင်လုံညီလာခံကြိုတင်ပြင် ဆင်ရေး ကော်မတီဥက္ကဌက NCA အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံခဲ့ ကြခြင်းဖြစ်သည် ။ ဒေါက်တာတင်မျိုးဝင်းက- " လက်မှတ်မထိုးသေးတဲ့အဖွဲ့ဆိုရင် - ညီလာခံတက်ဖို့ ဘာတွေလိုအပ်ချက်ရှိလဲ ။ အရင်က သူတို့လက်မှတ်မထိုးရသေးတာ ဘာအကြောင်းအရင်းတွေရှိသလဲ သူတို့ဘက်ကဘာတွေ များတင်ပြချင်သလဲ ။ သူတို့ကတော့ တတ်နိုင်သလောက်ပါဝင်နိုင်အောင်ကြိုးစားမယ် ဆိုတဲ့အရေးကြီး ဆုံးအချက်ကိုရလိုက်ပါတယ် ။ NCA တိုက်ရိုက်မထိုးသေးခင်မှာလည်း ကျနော်တို့မူတွေဘောင်တွေကိုပြန်ပြီးတော့ ညှိနှိုင်းမယ်။ အဲတာပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်တာ ။ အဲ့ဒီကနေနောက်တဆင့်မှ NCA ထိုးမှာ ဆိုတော့ ကျနော်တို့ စားပွဲဝိုင်းမှာညှိနှိုင်းမှုဖြစ်လာမှာအဖြေဘဲ။ ခုကျတော့ သူတို့နဲ့တွေ့ထိမှုအမြဲရှိလာအောင် ပထမအဆင့်ဘဲဖြစ်ပါတယ်။ရခိုင်တို့ ၊ တအာင်းတို့ ၊ ကိုးကန့်တို့လည်း ပါဝင်လာနိုင်အောင်ကြိုးစားသွားမယ်။ " ဟု ပြောဆိုသည် ။ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးပွဲကို ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရ အဖွဲ့က ၂၀၁၅ အောက်တိုဘာလ ၁၅ ရက် က ဦးဆောင်ကျင်းပခဲ့ပါသည်။ NCA လက်မှတ်ရေးထိုးခဲ့သည့် ရင်းသားတပ်ဖွဲ့ တွေ ကတော့ သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA ၊ ကရင်တပ်ဖွဲ့ ၃ ခုဖြစ်တဲ့ KNU/ KNLA-PC / DKBA ၊ ပအိုဝ်း PNLO ၊ ရခိုင် ALP ၊ ချင်း CNF နဲ့ကျောင်းသား တပ်မ တော် ABSDF တို့ဖြစ်ပါသည် ။ NCA လက်မှတ်မရေး ထိုးရသေးတဲ့တိုင်းရင်းသားတပ်ဖွဲ့အများစုဟာ UNFC တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အလျောက် ပြီးခဲ့တဲ့ မတ်လက UNFC ကနေ သူတို့တွေကိုအစည်းအဝေးဆင့်ခေါ် DPN ဖွဲ့စည်း ခဲ့ပါသည် ။ DPN အဖွဲ့အားဦးဆောင်ပြီး ၂၁ ရာစုပင်လုံညီလာခံပြင်ဆင်ရေးကော်မတီ နှင့် တွေ့ဆုံခဲ့သည့် ဗိုလ်ချုပ်ဂွမ်မော် က - ကျနော် DPN အနေနဲ့ လည်း - နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာလျင် မှန်ကန်တဲ့အဖြေရရှိမယ် လို့ယုံကြည် တဲ့အတွက်ဖြစ်ပါသည် အစိုးရရဲ့ ဂုဏ်သိက္ခကိုကျနော်တို့ ယုံကြည်တဲ့အတွက်ကြောင့် မို့လို့ ကြိုတင်ပြင် ဆင်မှု အနေနဲ့ DPN ကိုဖွဲ့စည်းပြီးတော့မှ မျှော်လင့်ကြီးစွာနဲ့ပြင်ဆင်ခဲ့ပါသည် ဒီဆွေးနွေးပွဲမှာ စစ်တပ်ဘက်က ကိုယ်စား လှယ်လည်း ပါဝင်လာတဲ့အတွက် ကျနော်တို့မသိသေးတဲ့အချက်များ ကျနော်တို့သိလိုတဲ့အချက်များ ကိုလည်း ပြည့်ပြည့်စုံစုံသိနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်- ဟုပြောသည် ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်း ပေးသည့် ၂၁ ရာစုပင်လုံ ညီလာခံဖြစ်မြောက်ရေး ကြိုတင်ပြင်ဆင်ရေးကော်မတီဘက်က ဥက္ကဌ ဒေါက် တာတင် မျိုးဝင်း ၊ အတွင်းရေးမှူး ဦးလှမောင်ရွှေ တို့ဦးဆောင်သည့် ၅ ဦးပါအဖွဲ့နှင့် ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်သည့် DPN Delegation for Political Negotiations မှ အဖွဲ့အကြီး အကဲတချို့ဖြစ်သော ဗိုလ်ချုပ်စိုင်းထူး၊ စဝ်ဆေအွန် ၊ ဝ- WNO က တာ့အိုက်ညွန့်တို့ပါဝင်သော ၁၂ ဦးပါအဖွဲ့တို့တွေ့ဆုံခဲ့ခြင်းဖြစ်ပါ သည် ။ |
|
တပ်သားသစ်စုဆောင်းမှုသတင်း မှားယွင်းကြောင်း RCSS/SSA မှ သတင်းစာ ရှင်းလင်း Posted: 06 Jun 2016 08:35 AM PDT မလ (၂၃) ရက်နေ့ရက်စွဲဖြင့် မြန်မာ့တပ်မတော်မှထုတ်ပြန်ထားသော RCSS/SSA မှ အဓမလူသစ်စုဆောင်းသည့် သတင်းသည် ၄င်းတို့ နှင့် လုံးဝ ပက်သက်ခြင်းမရှိ ကြောင်း သတင်းစာရှင်းလင်းပွဲတရပ်ကျင်းပခဲ့သည်။
ပြီးခဲ့သည့် အပတ် ကြာသပတေးနေ့ဖြစ်သော ဂျွန်လ ၂ ရက် နေ့က မိုင်းကိုင်မြို့နယ် ၊ ၀မ်ဟွေ့ကျေးရွာအုပ်စု ၌ RCSS/SSA ၏ မိုင်းကိုင် အရှေ့ဖက်ခြမ်း နယ်မြေ (၇) အတွင်း တာဝန်ယူ ထားသော ဗိုလ်မှူး စိုင်းဟန် က အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်ပြီး ဒေသခံလူထုနှင့်သတင်းသမားများထံရှင်းလင်းပြောပြခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မိုင်းကိုင်မြို့နယ် ၊ ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကျေးရွာကော် မတီဝင်တစ်ဦးဖြစ်သော စိုင်းမိုင်းကလည်း “ စိုက်ပျိုးရေး နဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း အတွက်လေ့လာဖို့အတွက် တစ်ရွာတစ်ယောက် လွှတ်ပေးတာဖြစ်ပြီး လွယ်တိုင်းလျန်း ဌာနချုပ်မှာလဲတော်လှန်ရေးနေ့ပွဲရှိတာရယ် ကြောင့် သွားကြတာဖြစ် တယ် ခုတပ်မတော်က ဖမ်းဆီးရမိတယ်ဆိုတဲ့ (၃၃) ယောက်က တပ်သားသစ်တွေ မဟုတ်ပါဘူး ရိုးရိုး သာမာန်ပြည်သူတွေပဲဖြစ်ပါတယ် ” ဟု ရှင်းပြသည် ။ “ ကျနော် တို့အဖွဲ့ (၁၈) ရက်နေ့မြန်မာတပ်မတော်စစ် ကြောင်းနဲ့တွေ့တယ် ၊ ကျနော် တို့ကိုစစ်တပ်က ကားနဲ့ တပ်ထဲခေါ်သွားတယ် ၊ လူခွဲပြီးလေး ယောက်ကို တစ်ခါစစ် တယ် ၊ RCSS က တပ်သားသစ်တွေစုဆောင်း တာလို့ ပြောခိုင်းတယ် ၊ ည ၆ နာရီ ကနေ မနက်၃ ခွဲအထိစစ်တယ်၊ ၉ ည နဲ့၁၀ ရက်ကြာနေခဲ့ရတယ် ။ ကျနော် တို့ထဲက စိုင်းညွှန့် ဆိုတဲ့တစ်ယောက်ကို မျက်နှာဖုံးနဲ့ ခေါ်သွားတယ် ခုထိပြန်မလွှတ်သေးဘူး” ဟု RCSS တပ်သားသစ်ဟုဆိုကာ တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ၃၂ ဦးအနက် လှကွယ်ဆိုသူကပြောသည် ။ ပြီးခဲ့တဲ့ မေလကုန်ကလည်း သိန်းနီမြို့နယ် ပန်စုံ ရွာတွင် SSPP/SSA တပ်ဖွဲ့ဝင်များဟုဆိုကာ ရွာသား ၈ ဦးအား မြန်မာ့တပ်မတော်က ဖမ်းဆီးထားခဲ့သေးသည်။ ၄င်းတို့အား လက်ရှိတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇-၁ ဖြင့်လည်းအမှုဖွင့်အရေးယူထားကြောင်း ဆွေမျိုးတော်စပ်သည့် သိန်နီမြို့ခံတချို့ပြောပြချက်အရသိရသည်။ |
||
|
သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ နှစ် ၂၀ ပြည့် အခမ်းအနားလားရှိုးမြို့၌ ကျင်းပ Posted: 06 Jun 2016 08:29 AM PDT သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ နှစ် ၂၀ ပြည့်အခမ်းအနားအား လားရှိုးမြို့ ၌ ကျင်းပရာ ဥက္ကဌ ခွန်ထွန်းဦး အပါဝင် ကော်မတီဝင်များ၊ ဧည့်သည်တော်များ စုစုပေါင်း အင်အား ၅၀၀ ခန့် တက် ရောက်ကြသည် ။
“ကျနော်တို့ရဲ့ ပင်ရင်းရည်ရွယ်ချက်က နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ပဲ။ …အဓိက ကတော့ဗမာအပါအဝင် တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့်၊ ကိုယ့်ပြည်နယ်ကိုယ်ပြန်အုပ်ချုပ်ခွင့်ရဖို့…” - ဟု SSJAC ဉက္ကဌ ခွန်ထွန်းဦး က အခမ်းအနားတွင် မိန့် ခွန်း ပြောကြားသည် ။ ထို့အတူ အခမ်းအနားတက်ရောက်သည့် စိန်ကျော့ ပြည်သူ့စစ်အသွင်ပြောင်း SSA ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်လွယ်မောဝ်းက - “လူမျိုးကြီးဝါဒ ၊ လူမျိုးစွဲဝါဒ နဲ့ စစ်အုပ်စုအာဏာရှင်စနစ်တွေက နေ ပြည်တွင်းစစ်၊ ပြည်တွင်းပဋိပက္ခကို ချုပ်ငြိမ်းစေဖို့ အချိုးညီညီ တန်းတူညီမျှဖို့၊ တန်းတူ ဖွံ့ဖြိုးတိုး တက်ဖို့ လိုတယ်” - ဟု စသဖြင့် ပြောကြားသွားဟု သိရသည်။ ၁၉၉၆ ခုနှစ် ဂျွန် ၆ ရက်နေ့က SNLD ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ ဗိုလ် ချုပ်စိုင်းနောင့် ဦးစီးသည့် SSA ခေါ် သျှမ်းပြည်တပ်မတော် နှင့် ဗိုလ်မှူးကြီး ကဏ်းယွက် ဦးစီးသည့် SSNA ခေါ် သျှမ်းပြည်အမျိုးသားတပ်မတော် အဖွဲ့စည်း ၃ ခု က ပူးပေါင်း၍ ဖွဲ့စည်းထူထောင်သည် ။ ဖွဲ့စည်းစတွင် သျှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ SSPC ဟု ခေါ် ပြီးထို့နောက်ပိုင်း SSJAC Shan State Joint Action Committee ခေါ် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဟု ပြောင်းလဲ ခေါ်ဆိုသည်။ |
|
မူးယစ်ဆေးဆိုးကျိုးနှင့်ပတ်သက်ပြီး သမိုင်းဝင်ပင်လုံမြို့နယ်တွင်ဟောပြောပွဲကျင်းပ Posted: 07 Jun 2016 08:56 AM PDT သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် နောင်လိုင် ကျေးရွာအုပ်စု၌ မူးယစ်ဆေးဝါး ပြဿနာ ကင်းရှင်းရန်အတွက် ကျေးရွာ ကော်မတီဝင်များက ပထမအကြိမ် မူးယစ်ဆေးဝါးဆိုး ကျိုး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲတရပ် ကျင်းပခဲ့ကြောင်း သိရသည် ။
ကျေးရွာအတွင်း မူးယစ်ဆေးဝါးပြဿနာသည် ပြီးခဲ့သည့် နှစ်ထက် ယခု နှစ် ပိုမိုဆိုးရွာ လာနေပြီး မူးယစ်ဆေးဝါးသုံးစွဲလာသူ ပိုမို များပြားလာကြောင်း ၊ ဘိန်းမဲထက် ယာမ ကို ပိုမိုသုံးစွဲလာပြီး တစ်ချို့ကျေးရွာ နှင့် တောကျသည့် ရွာများတွင် မိဘအုပ်ထိန်းသူကော သား / သမီးများပါ သုံးစွဲလာကြောင်း ၊ အမျိုးသား၊ အမျိုးသမီးများ ပြိုင်တူ သုံးစွဲကြ ကြောင်း နောင်လိုင်ကျေးရွာ ကော်မတီဝင် တစ်ဦး ကပြောသည် ။ “ ဘာကြောင့်လဲဆိုတော့ မူးယစ်ဆးဝါး သုံးစွဲနေတဲ့ လူငယ်တွေ လည်း ရပ်တန့်သွား အောင်ရည်ရွယ်ပါတယ် ။ ဒီနှစ်က ယာမ အရမ်းများလာတယ် ။ ဘိန်းမဲ က အဲ့လောက် မဟုတ်သေးဘူး ။ ယာမ ကို သုံးစွဲတဲ့လူတွေလည်း အရမ်းများလာတယ် ။ တောတွေ ရွာတွေထဲမှာ မိန်းခလေးပါ ယောကျာ်းလေးရော အားလုံးသုံးစွဲလာတယ် ။ တစ်ချို့နေရာဆို မိခင်ကော သားသမီး ပါ သုံးစွဲကြတယ် ။ ဘယ်အဖွဲ့အစည်းမှ လာပြီးဖြေရှင်းတာ မရှိဘူးပေါ့ ။ ဒီလို နဲ့ ကိုယ်ထူကိုယ်ထ လုပ်တာပေါ့ ” ဟု ၄င်းကပြောသည် ။ နောင်လိုင်ကျေးရွာအုပ်စု၏ အနောက်ဘက်ခြမ်းတွင် ကျောက်မီးသွေးကြောများရှိသည် ဟုဆိုကာ အရင်းရှင် ငွေရှင်များက မကြာဆိုသလို လာရောက်စမ်းသပ်ပြီး ကျေးရွာသားများထံ လက်မှတ် လာတောင်းကြောင်း သိရသည် ။ “ နောင်လိုင်ရဲ့ အနောက်ဘက်ခြမ်းမှာ ကျောက်မီးသွေး ကြောရှိတယ် ။ အဲ့ဒါကို အရင်းရှင်တွေက မြေတိုင်းတွေ ပါတွေနဲ့ အစိုးရဆီမှာစာတွေတင်ပြီး ရွာသားတွေဆီမှာ ခနခန လက်မှတ်လာတောင်းတယ် ။ အဲ့ဒါကို သူများလာတူးမယ်ဆိုတာ ရှေ့ဖြစ်လာမယ့်ဟာကို ကြိုတင်မြင်နေပြီ အဲ့ဒါကို ထိန်းသိမ်းတတ်အောင် ဆန့်ကျင်တတ်အောင် ပညာပေးတာပေါ့ ” ဟု နောင်လိုင်ဒေသခံ တစ်ဦးက ပြောသည် ။ “ အရမ်းအကျိုးရှိတယ် ။ ဒီလိုမျိုးဟောပြောပွဲက မကြာခဏ ရှိသင့်တယ် ။ ဒီလိုမျိုး လူကြီးတွေ သူကြီးတွေ ဦးဆောင်ပြီး လုပ်တာလည်း ဝမ်းသာပီတိဖြစ်ရတယ် ။ ကိုယ့်သားသမီးတွေ ပိုသိလာမယ် ပိုနားလည်လာမယ် ” ဒေသခံများက ပြောကြသည် ။ အဆိုပါ မူးယစ်ဆေးဝါးဆိုးကျိုး နှင့် သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာ ဟောပြောပွဲကို ဂျွန်လ ၆ ရက်နေ့ မနက် ၉ နာရီမှ ညနေ ၃ နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည် ။ ဦးဆောင်ဆွေးနွေးသူ ဆရာတော် သံယာတော် ၃ ပါး နှင့် သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအဖွဲ့ (S.W.A.N) အဖွဲ့များမှလည်း ဟောပြောခဲ့ကြပြီး နောင်လိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာမှရွာသားများ တက်ရောက်ကြသည် ။ စုစုပေါင်း လူအင်အား ၄၀၀ ကျော်ရှိကြောင်း သိရသည် ။ |
||
|
တောင်ကြီးအဝင် ထင်းရှူးတောရှင်း အိမ်ကွက်ရိုက်နေသည့်အပေါ် သဘာဝချစ်မြတ်နိုးသူများအဖွဲ့ ကန့်ကွက် Posted: 07 Jun 2016 06:21 AM PDT ယခင် သျှမ်းပြည်နယ်အစိုးရအဖွဲ့ဟောင်းမှ ဝန်ကြီးတချို့ တောင်ကြီးမြို့ပြင် တွင် မြေကွက်ချနေအိမ်ဆောက်လုပ်နေသည့်အပေါ် သဘာဝမြတ်နိုးသူများအဖွဲ့က ကန့်ကွက်သည့်လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့သည် ။
အိမ်ကွက်များရိုက်ရာတွင် ထင်းရှူးတောများကိုခုတ်လှဲဖြတ်ရသဖြင့် တောင်ကြီးမြို့ အဝင်အမှတ်အသားဖြစ်သောထင်းရှူးတောများပျက်သုဉ်းခြင်း ၊ သဘာဝပတ်ဝန်း ကျင်ပျက်စီးခြင်းတို့ကြုံရသဖြင့် ထိုသို့ဆန့်ကျင်ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆန္ဒပြသူများကပြောဆိုသည် ။ " ဒီကိစ္စနဲ့ပတ်သက်ပြီး မတ်လ တုန်းကတစ်ခါ ဒေါ်စုနဲ့ သစ်တောဝန်ကြီး ကို အရေးယူပေးဖို့ စာတင်ထားပြီးပြီ။ အရင်သျှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ဝန်ကြီးချုပ်ဟောင်းတွေ ဦးသူယူ စနစ်နဲ့ အကွက်တွေရိုက် ထင်းရှူးပင်တွေခုတ်ပြီး အိမ်တွေလာဆောက်နေကြတာ ဘာပရောဂျက်မှမဟုတ်ဘူး ။ ဒါဟာသဘာဝပတ်ဝန်း ကျင်ပျက်စီးစေပါတယ် " ဟု သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများအဖွဲ့မှ ဦးသိန်းရွှေဒင် ကပြောသည် ။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က သဘာဝမြတ်နိုးသူ လူအင်အား ၅၀ ခန့်က “ ထင်းရှူးတောကိုကာကွယ်ပါ ၊ ထင်းရှူးတောကိုထိန်းသိမ်းပါ ” အစရှိ ဆိုင်းဘုတ်များကိုင်ကာ ဆန္ဒဖော်ထုတ် ခဲ့ကြောင်းသိရသည် ။ ၄ မိုင် ကိုးနဝင်း စေတီတော် လမ်းခွဲ ရှိထင်းရှူးတော တွင် ထင်းရှူးပင်များခုတ်လှဲကာ အကွက်ရိုက် နေအိမ်များဆောက်လုပ်နေမှုကို အလိုမရှိကြောင်း နှင့် တားဆီးထိန်းသိမ်းပေးပါရန် ဒေါ်အောင်ဆန်းစုကြည်ထံလည်း စာရေးသားပေးပို့ တိုင်ကြား မည်ဖြစ်ကြောင်း သိရသည် ။ " အခုကအိမ်ခြံဝင်းတွေခတ်တာ ရယ်။ လမ်းဖောက်တာရယ်နဲ့ထင်းရှူးပင် တွေ တော်တော်များများကိုတော့ တော့ခုတ်ပြီးသွားပြီ " ဟု ယင်းနေရာတွင် ဆောက်လုပ်ရေး လုပ်နေသော အလုပ်သမားတစ်ဦးကပြောသည် ။ အဆိုပါ ထင်းရှူးတောနေရာတွင် ထင်းရှူးပင် တစ်သိန်းဝန်းကျင်ခန့် ရှိကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားနေသည့်အဖွဲ့များထံမှ စရင်းသိရှိရသည် ။ အဆိုပါထင်းရှူးတောတွင် (ယခင်) အစိုးရအဖွဲ့ဝင် အကွက် ၁၆ ကွက်ရိုက်ထားကာ တစ် ကွက်လျှင် ပေ တစ်ရာ ဝန်းကျင်ရှိပြီးနေအိမ်များဆောက်လုပ်သည့်အတွက်ထင်းရှူးပင်များခုတ်ဖြတ်ထားကြောင်း ၊ လက်ရှိအစိုးရသစ်မတက်ခင်ကာလက အဆိုပါစီမံကိန်းစတင်ခြင်းဖြစ်ပြီး သျှမ်းပြည်အစိုးရဟောင်းအဖွဲ့မှ ဝန်ကြီးတချို့ပါဝင်နေကြောင်း စီမံကိန်းအားစောင့်ကြည့်လေ့လာနေသည့် သဘာဝပတ်ဝန်းကျင်အဖွဲ့က ပြောပါသည် ။ |
||
|
သာသနာ့မြေ သင်္ချိုင်းမြေပိုင်ဆိုင်ကြောင်းပြဖို့ ဘုန်းတော်ကြီးအား ပုံပါကျင်မြို့ အုပ်ချုပ်ရေးမှူးတောင်း Posted: 06 Jun 2016 10:08 PM PDT သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ပေါ် ရှိ သာသနာ့မြေဝင် သင်္ချိုင်းကုန်း အား ခြံစည်းရိုး ခတ်ပေး နေသည့် ဘုန်းတော်ကြီးအား မြို့နယ်အုပ်ချုပ်ရေးမှူးက မြေယာပိုင်ဆိုင်မှု အထောက်အထား ပြစေကာ ဟန့်တားသည်ဟု ဒေသခံများက ပြောသည် ။
ဂျွန်လ ၆ ရက် နံနက်ပိုင်းက ပုံပါကျင်မြို့ အမှတ် ၁ ရပ်ကွက် ရှိ သာသနာ့ဝတ္တကမြေဖြစ်သည့် ဆရာ တော် ဘုရားကြီးများ၏ အုတ်ဂူတော်များအား ဝမ့်လုံကျောင်း ဆရာတော် ဘုရားက အလုပ်သမားများ နှင့် အတူ ရှေ့မျက်နှာစာ အုပ်နံရံ သွားရောက် ခတ်ကြောင်း ၊ ထိုစဉ်ပုံပါကျင်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးခိုင်ဝေလင်း က အာဏာသုံးပြီး သွားရောက်ကန့်ကွက်သည်ဟု ဆိုသည် ။ “ နံနက် ၇ နာရီမှာ ဦးဇင်းတို့ စတင်ခြံစည်းရိုးခတ်။ ၉ နာရီရောက် မြို့နယ် ဦးစီးမှူး ရောက်လာတယ် ။ ဆက်မလုပ်ဖို့တားမြစ်တယ် ။ ဆက်လုပ်ရင် အလုပ်သမားတွေကို ဖမ်းဆီးအရေးယူမယ် လို့ခြိမ်းခြောက် တယ်။ဦးဇင်းလုပ်ခိုင်းတာ ဦးစင်းကိုဖမ်းပါလို့ သူ့ကိုပြောတယ် ။ ဆက်လုပ်ဖို့ ဦးဇင်းက ပြောတယ် ။ သူက ပိုင် ဆိုင်ကြောင်း ပြခိုင်းတယ် ။ ဆရာတော်ဘုရားတွေရဲ့ အုတ်ဂူတွေက ရှေးနစ်တရာကျော် မက ကတည်း က ရှိလာ တယ်လေ ။ ဦးဇင်းလဲ ပိုင်ဆိုင်ကြောင်းက အဲဒါတွေဘဲလို့ လက်ညိုးထိုးပြတယ် ၊ အချေ အတင်လို ဖြစ်သွားတာပေါ့ ” - ပုံပါကျင် ကျောင်းတိုက် ဆရာတော်ဘုရားက မိန့်တော်မူသည် ။ အုပ်ချုပ်ရေးရုံးတည်ဆောက်ဖို့ရန် ၎င်းတို့ကလည်း ခွင့်ပြုမိန့်စာမရှိကြောင်း ၊ အမှတ် ၁ ရပ်ကွက်ပေါ် တွင် အမှတ် ၂ ရပ်ကွက်ရုံးဆောက်ရင် စီစဉ်နေခြင်းဖြစ်ကြောင်း ၊ ဆရာတော်ဘုရားများ၏ အုတ်ဂူမှာ မများသောကြောင့် မြေကွက် အရှေ့မျက်နှာစာပိုင်းတွင် ရုံးဆောက်ဖို့ရန်သာဖြစ်ကြောင်း မြေကွက် အားလုံး ယူမည်မဟုတ်ကြောင်း အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းကပြောသည် ။ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် အမတ်ဟောင်း စိုင်းဝင်းမြတ်ဦးက - ပုံပါကျင်မြို့နယ်ခွဲ အတွင်း မည်သူမှ မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်း ဂရန် အထောက်အထား မရှိကြောင်း ၊ အုပ်ချုပ်ရေးမှူးမှ ကန့်ကွက်လိုလျှင် စာရွက်စာတမ်းဖြင့် တရားဝင် ကန့်ကွက်လျှင် တရားဝင် ရုံးတက်ဖြေရှင်းနိုင်ကြောင်း ၊ သာသနာ့မြေသည် မည်သူမျှကျူးကျော်ခွင့်မရှိကြောင်း ၊ သင်္ချိုင်းတော်များက သာသနာ့မြေ အထောက် အထားဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည် ။ မည်သို့ပင်ဆိုစေ ဆရာတော်ဘုရားက သာသနာ့မြေဖြစ်ကြောင်း မြို့နယ်သံဃာ့နာယက ထံတင်ပြပြီးကြောင်း ၊ အုတ်ခြံစည်းရိုးခတ်ရန်လည်း မိန့်တော်မူစာ ရရှိထားကြောင်း ၊ အလှူရှင်များ ရှိပါက သာသနာ့မြေအားကျူးကျော်ခြင်းမပြုနိုင်ဖို့ရန် လေးဘက်လေးတန် အုတ်ခြံစည်းရိုး ခတ်သွားမည် ဖြစ်ကြောင်း မိန့်တော်မူသည် ။ |
||
|
နမ့်ခမ်းမြို့ သျှမ်းလူငယ် ၇ ဦး နှင့် ကားတစီး လားရှိုးအသွားလမ်း၌ ပျောက်ဆုံးနေ Posted: 06 Jun 2016 09:24 PM PDT သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း - နမ့်ဖတ်ကာ တောင်ပေါ်ကားလမ်း (ဗျူဟာလမ်း) တွင် နမ့်ခမ်း - လားရှိုး - မန္တလေးသို့ ပြေးဆွဲသည့် လူ ၇ ဦးပါ ယာဉ်ငယ်တစီး ဂျွန်လ ၅ ရက်နေ့က လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က ဖမ်းဆီးသွားကာ မိသားစုနှင့်အဆက်အသွယ်မရဘဲ ပြောက်ဆုံးနေကြောင်း မိသားစုများက ပြောသည် ။
ဂျွန်လ ၅ ရက်နေ့က နမ့်ခမ်းမြို့နယ် နမ့်တီးရွာမှ Toyota ခဲရောင် ယာဉ်အမှတ် FF-9723 စိုင်းယီဆိုင်မိန်း နှင့် ခရီးသည် ၆ ဦးတို့ သည် နမ့်ခမ်းမြို့မှ အောက်ပြည်သို့ ဖရဲသီးခြံလုပ်ငန်းသွား ရောက်လုပ်ကိုင်ရန် လားရှိုးမြို့သို့ ဦးတည်သွားနေစဉ် လမ်းခရီး၌ ပြောက်ဆုံးသွားသည် ။ “ ခါတိုင်းဆို ကျနော့ညီက ဘယ်ရောက်ရောက်ကျနော့်ဆီဖုန်းဆက်တယ်။ မနေ့က မနက် ၇ နာရီ လောက်ကသူလားရှိုးသွားတာ ။ လားရှိုးရောက်တဲ့အချိန်က ပုံမှန်ဆို ညနေ ၃ နာရီလေ ။ အခုတော့ သူမဆက်လာလို့ ကျနော် သူ့ဆီဆက်တာ ဖုန်းကပိတ်ထားတယ်ဘဲ ပြောတယ် ။ မသင်္ကာလို့ သူ့အဖေနဲ့အတူ လိုက်ရှာတာ ။ နမ့်ဖတ်ကာ တိုးဂိတ်မှာလဲစုံစမ်းကြည့်သေး တယ် ။ အဲ့ကားက ဒီနေ့ နမ့်ဖတ်ကာဘက်က ဖြတ်မလာဘူးတဲ့ ။ နောက်မှ ကားသမားအသိုင်းအဝိုင်းကို စုံစမ်းကြည့်တော့ သူထွက်သွားတဲ့အချိန်က ဖာလိုင်ကျေးရွာမှာ TNLA အဖွဲ့များလမ်းပိတ်ပြီး လှုပ်ရှားနေတဲ့အချိန်ဖြစ်နေတယ် ။ ဆိုတော့ ကျနော်တို့အခုကောက်ချက်ချတပ်အပ်ပြောနိုင်တာ ကတော့ ကျနော့ညီ အဖမ်းခံနေရတယ်ဆိုတာဘဲ ” ဟု အဖမ်းခံရသူ နှင့်အကိုတော်စပ်သူ က ပြောပြသည် ။ ဂျွန်လ ၅ ရက်မနက်ပိုင်းက အဆိုပါ ဖာလိုင်ရွာအဝင်လမ်းတွင် သစ်ပင်ခုတ်ကာ လမ်းပိတ်ထားပြီး လမ်းပြင်နေသည်ဟု အသွားအလာကားသမားများကိုပြောဆိုကာ တနာရီခန့်လမ်းပိတ်ထားကြောင်း လားရှိုးကားဆရာတဦးကသျှမ်းသံတော်ဆင့်အားပြောပြသည် ။ “ ကျနော်လည်း အစက သူတို့လမ်းပြင်နေတာတကယ်ထင်နေတယ်။ ဘယ်ဟုတ်မလဲ - လိုင်းကားတွေ ကို ဖာလိုင်ရွာမှာပိတ်ပြီးဖမ်းနေမှန်း လားရှိုးရောက်မှ ကျနော်သိလိုက်ရတယ် ။ ဖာလိုင်ရွာမှာ TNLA အဖွဲ့ကလူ ၁၀ ယောက်ခန့်ကိုကြိုးတုပ်ပြီး ဖမ်းသွားတာတော့ တွေ့လိုက်တယ် ။ ” ဟု ၎င်းကပြောဆို သည် ။ နမ့်ဖတ်ကာအုပ်စုဝင် ဖာလိုင်ကျေးရွာသည် တအာင်းပလောင် နှင့် သျှမ်းရောနှောနေထိုင် သည့်ရွာ ဖြစ်ပြီး ကေအိုင်အေ တပ်ဖွဲ့ဝင်များ ရံဖန်ရံခါ ရောက်ရှိသော်လည်း အများအားဖြင့် TNLA လက်နက် ကိုင်တပ်ဖွဲ့ လှုပ်ရှားနေသည့်ဒေသဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည် ။ “ ပြီးခဲ့ရက်ပိုင်းက ပလောင်လူမျိုး နှစ်ဦးသတ်ခံရတယ်။ အခု သျှမ်းလူမျိုး အဖမ်းခံရတယ် ။ ပလောင်လူမျိုး သျှမ်းလူမျိုးတွေကို သတိပေးချင်တယ်။ သတိ ဝိရိယ ကြီးကြီးထားပါ ။ ဒီအချိန် ပြဿနာပိုကြီးလာရင် တအာင်းပလောင်လူထုကော ၊ သျှမ်းလူထုကော ဒေသခံ များအားလုံး ဒဏ်ခံရမယ် ။” - ဟု ကျားခေါင်း ပါတီ၏ နမ့်ခမ်းမြိုံနယ် ဒုတိယ ဥက္ကဌ စိုင်းယီ့ဖူး ကပြောသည် ။ ဂျွန်လ ၄ ရက်နေ့ကလည်း တအာင်းပလောင် ဒေသခံ နှစ်ဦးအား RCSS/SSA မှ သတ်ဖြတ်သည်ဟု တအာင်းတပ်ဖွဲ့ဘက်မှ စွပ်စွဲ၏ ။ နမ့်ခမ်းဒေသခံ ပလောင်လူထု ရာဂဏန်းကလည်း ဆန္ဒထုတ်ဖေါ်ပွဲ ပြုလုပ်ကာ ဆန့်ကျင်ကန့်ကွက်ကြသည် ။ လက်ရှိအဖမ်းခံရသူ ကားသမား စိုင်းယီဆိုင်မိန်းသည် လိုင်းကားမောင်းကာ ဝမ်းစာရှာနေသူ သာမာန်ပြည်သူ တဦးဖြစ်ပြီး မည်သည့်နိုင်ငံရေးမျှစိတ်မဝင်စားကြောင်း ၊ လက်ရှိတွင်လည်းဇနီးသည် နှင့် ၄ နှစ် အရွယ်သမီးငယ်တဦးကျန်ရှိကြောင်း ၊ ဖခင်ဖြစ်သူ ပျောက်ဆုံးနေမှုကြောင့် ယမန်နေ့က မိသားစုက ပူပင်သောကရောက်နေရကြောင်း အစ်ကိုဖြစ်သူက ဆက်လက်ပြောပြသည် ။ အဆိုပါနမ့်ခမ်း - နမ့်ဖတ်ကာတောင်ပေါ်လမ်းတွင် ဖမ်းဆီးခံနေရသူများနှင့်ပတ်သက်ပြီး မိသားစု ဝင်များက သက်ဆိုင်ရာအာဏာပိုင်များထံ တိုင်တန်းထားပြီဖြစ်ကြောင်း ဆက်၍ပြောသည် ။ ထို့ကြောင့်လက်ရှိတွင် ၎င်းလမ်းသည် လူသွားလူလာမရှိ တိတ်ဆိတ်ငြိမ်သက်နေကြောင်း ၊ အဆိုပါ လမ်းခရီးသွားမည်ဆိုပါက သတိ ဝိရိယ ကြီးကြီးဖြင့် သွားသင့်ကြောင်း ၊ ဖြစ်နိုင်ပါက မူစယ်လမ်းသာ အသုံးပြုစေလိုကြောင်း စိုင်းယီဖူးက ပြောသေည် ။ တအာင်းတပ် နှင့် သျှမ်းပြည်တပ်မတော် နယ်မြေအငြင်းပွားမှုကြား တိုက်ပွဲများကြောင့် မေလ ၆ ရက်နေ့ကလည်း သျှမ်းလူမျိုးများနေထိုင်သည့် နမ့်ခမ်းမြို့နယ် မုံးဝီးဒေသ ဟိုပန်ရွာမီးရှို့ခံခဲ့ရသည် ။ |
|
၁၉၄၇ ပင်လုံကတိ ပြန်လည်ဖေါ်ဆောင်နိုင်ရေး KIO , RCSS နှင့် SSPP တို့ လက်တွဲမှုစတင် Posted: 07 Jun 2016 07:00 PM PDT မြန်မာအစိုးရသစ်၏ ၂၁ ရာစု ပင်လုံညီလာခံတွင် မူလ ၁၉၄၇ ပင်လုံကတိပြန် လည်ဖေါ်ဆောင် နိုင်ရေးအတွက် KIO ၊ RCSS နှင့် SSPP ပြန်လည်လက်တွဲ ကာ ယနေ့ ဂျွန် ရ ရက် ၌ ဆွေးနွေးပွဲ တရပ်စတင်ကျင်းပနေ သည်ဟု သိရှိရသည် ။
ဗိုလ်ချုပ်အန်ဘန်လ ခေါင်းဆောင်သော ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA မှ ကိုယ်စားလှယ် များနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ သျှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့တွေ့ဆုံ ရာမှာ ‘ ၁၉၄၇ ခုနှစ်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌သျှမ်း ၊ ကချင် ၊ ချင်းခေါင်းဆောင် များ နှင့် ဗမာခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းတို့ အကြား ရရှိ ခဲ့သော ကတိ စာ ချုပ် ပြန်လည်ဖေါ်ဆောင် ရေး ၊ ၂၁ ရာစု ပင်လုံ တွင် တိုင်းရင်းသား အားလုံး ပါဝင်လာနိုင်ရေး ၊ အကြိုတွင်လည်း တိုင်းရင်းသားများ သီးသန့်တွေ့ဆုံနိုင်ရေး အတွက် ဦးတည် သွားမည်ဖြစ်ကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ က ပြောသည် ။ “ ၁၉၄၇ တုန်းက သျှမ်း ၊ ကချင် ၊ နဲ့ ချင်း တို့ကနေ စတင်လာလို့ ပင်လုံညီ လာ ခံဖြစ်လာ တယ် လေ ။ ၁၉၄၇ ခုပါဝင်တဲ့ ပြည်နယ်တွေနဲ့ မပါဝင်တဲ့ပြည်နယ် တွေ ဘယ်လိုလက်တွဲဖေါ်ဆောင်မလဲ ။ ၁၉၄၇ က ကတိ တွေနဲ့။ အခု လာ မယ့် ၂၁ ရာစုပင်လုံမှာ ဘယ်လိုကဏ္ဌ ၊ ဘယ်လိုရပ်တည်ချက်နဲ့ တိုင်းပြည် ကို ဘယ်ပုံစံ ပုံဖေါ်လိုသလဲ ။ ကျနော်တို့ တန်းတူရေး အတွက် ကျနော် တို့ လက် နက်ကိုင်တိုက်ပွဲဝင်လာတဲ့ ကျနော်တို့ ရင်းနီးလာခဲ့တန်ဖိုးနဲ့ တန်အောင်ပေါ့ ”- ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ ၂၁ ရာစု ပင်လုံညီလာခံအားအစိုးရ၏ ပထမရက် ၁၀၀ စီမံကိန်း အတွင်း ဖြစ်မြောက်ရန် ကြိုးပမ်း နေသည် ။ ဖြစ်မြောက်ရေးအတွက်လည်း နိုင်ငံတော်အတိုင်အပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည်မှ ၂၁ ရာစု ပင်လုံ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ တရပ်ဖွဲ့စည်းထား ၏ ။ ဒေါက်တာ တင်မျိုးဝင်း အား ဥက္ကဌ အဖြစ် ခန့်အပ်ကာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ်ရေး ထိုးထားသည့် လက်နက်ကိုင် တပ်များ ၊ NCA စာချုပ် မထိုးသေး သည့် လက်မှတ်မထိုးထားသည့် အဖွဲ့များအား နယ်လှည့်ကာတွေ့ ဆုံမှုပြုနေ ၏။ ယခုအပတ်အတွင်း ၀ တပ်ဖွဲ့ ၊ မိုင်းလားတပ်ဖွဲ့ တို့နှင့် လည်းတွေ့ဆုံ သွားမည် ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည် ။ |
|
Posted: 09 Jun 2016 03:19 AM PDT ကမ္ဘာပေါ်မှာ ဘုရင်မင်းမြတ် ရှိနေသေးတဲ့ နိုင်ငံပေါင်း ၃၀ လောက် ရှိပါတယ် ။ အဲဒီအထဲမှာ ထိုင်းနိုင်ငံ ရဲ့ ၉ ပါးမြောက် ချက္ကရီမင်းဆက်ဖြစ်တဲ့ ဘုရင် မင်းမြတ် ဘူမိဘွန်း အဒွန်းယဒေ့ခ်ျက နန်းသက်အကြာဆုံးပါ။ အရှင်မင်းမြတ် က ဒီနှစ် ဂျွန် ၉ ရက်၂၀၁၆ ယနေ့ဆိုရင် နန်းတက် နှစ် ရ၀ တိတိ ရှိပါပြီ ။
ထိုင်းလူထု သန်းပေါင်း ရ၀ နီးပါး၊ လူအများစုအပြင် ၊ ပညာတတ် အသိုင်း အဝိုင်း ၊ ကိုယ်ကျိုး စွန့်သူ အ သိုင်း အဝိုင်း ၊ ဆင်းရဲသားအသိုင်းအဝိုင်း လူထု လူတန်းစား အလွှာအသီးသီးက ချစ်မြတ်နိုး ကြပါတယ် ။ ထိုင်းလူထုက ဘုရင်မင်းမြတ်ကို ဘာလို့ ချစ်မြတ်နိုးကြပါသလဲ ။ နန်းတက် သက်တမ်း ရ၀ မှာ အရှင် မင်းမြတ် ဘာတွေလုပ်ပေးခဲ့ပါသလဲ ။ ထူးခြားချက်တွေ အများကြီးထဲက တခု နှစ်ခု ကောက်ပြရမယ်ဆိုရင် - စာရေးသူ ချင်းမိုင်ကို စရောက်တဲ့ နှစ်က မိုးခေါင်ပါတယ် ။ မိုးက မရွာ ၊ နေကပူ ဆိုတော့ မိုးကို လူထုတရပ်လုံးက မျှော်နေတဲ့ အချိန်ပေါ့ ။ အဲဒီအချိန်မှာ လေယာဉ်အဖြူလေးရောက်လာတော့ ကျေးလက်ခြံလုပ်သားတွေ ပေါက်တူး ပေါက်ပြားတွေ ချပြီး လက်အုပ်ချီ ၊ ဘုရင်ကြီး သက်တော်ရာကျော် ရှည်ဖို့ ဆုတောင်းပေးကြ ပါတယ် ။ စာရေးသူက နားမလည်၊ ဟိုမေးဒီမေးရင်း စကားကောက်မိတာက ဘုရင်မင်းမြတ်ကနေ တောင် သူလယ် သမားတွေအတွက် လူထုအတွက် မိုးရွာအောင် မိုးလာလုပ်ပေးတယ် ဆိုတာပါဘဲ ။ တီထွင်ကြံဆနည်းလမ်းရ ဆိုသလို အမျှော်အမြင်ကြီး တဲ့ ဘုရင်မင်းမြတ်က ကောင်းကင်ယံပေါ် က အပူချိန်အနေအထား အပူအအေးအနေထားကို ချိန်ဆပြီး ဓါတုဓါတ် ကျဲချပြီး မိုးရွာစေပါတယ် ။ မိုးအတု (ဖွန်ထိမ်း) လို့ ခေါ်ပါတယ် ။ မိုးရွာစေတဲ့ နည်းလမ်း သုံးမျိုးရှိတယ်လို့လည်းဆိုပါတယ် ။ အဲဒါကတော့ ကောင်းကင်ယံပေါ် အပူချိန်နည်း နေရင် ကယ်လစီယံဓါတုဆေးမှုန့် Calcium carbide; CaC2 ၊ Calcium Chloride; CaCl2 ၊ Calcium Oxide; CaO အသုံးပြုပြီး အပူချိန်မြှင့်ပြီး မိုးရွာစေတဲ့နည်း ၊ မြင့်နေတဲ့အပူချိန်ကို Urea; CO(NH2) ၊ 2Ammoniumnitrate; NH4N03 ၊ Dry ice; CO2 (S) စတဲ့ ဓါတုဓါတ်တွေကို အသုံးပြုပြီး အပူချိန်ကျဆင်းလာစေကာ မိုးအဖြစ်ပြောင်းတဲ့နည်း ၊ နောက် တနည်း ကတော့ Sodium chloride; NaCl ဆားဓါတ်ကို အသုံးပြုပြီး မိုးရွာစေတဲ့နည်းလို့ ဆိုပါတယ် ။ (မှတ်ချက် - စာရေးသူက အဆိုပါ အကြောင်း သီးခြား သုတေသန မပြုရသည့်အတွက် ဆက်လက်လေ့လာပါရန်) ဒီ့အတွက် ထိုင်းဘုရင်မင်းမြတ်ကို ထိုင်းလူထုက ပိုမို ချစ်မြတ်နိုးလာစေပါတယ် ။ ထိုင်းဘုရင့်အကြောင်း ဆက်လက်ပြောပြရမယ်ဆိုရင် - ဘန်ကောက်မြို့တော် စီမံကိန်း နယ်မြေမပါဘဲ ထိုင်းနိုင်ငံ မှာ ခရိုင်ပေါင်း ရ၅ ခု ၊ မြို့နယ်ပေါင်း ၈၇၇ မြို့ ကျေးလက်ရွာ ရ၂၅၅ ရွာ (၂၀၁၁ ခု စစ်တမ်းအရ) ရှိတယ်လို့ဆို ပါတယ် ။ ထိုင်းဘုရင်မြင်းမြတ်ဟာ လူထုကောင်းစားရေး ၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးအတွက် အဲဒီခရိုင် ၊ မြို့ ၊ ရွာတွေ အားလုံး ခြေတော် မဆန့်ဖူးတဲ့ ရွာမရှိဘူးလို့ ထိုင်းတော်ဝင်သမိုင်းမှာရေးသားထားပါတယ် ။ ရောက်တော်မူတဲ့မြို့နယ် ၊ ကျေးရွာ တိုင်းအတွက် ဖေါင်ဒေးရှင်းတွေ ၊ စီပွားရေးစီမံကိန်းတွေ ၊ ဈေးကွက်တွေ စနစ်တကျ ချပေးတော်မူ ပါတယ် ။ ထိုင်းလူထုအကြား သာမက ကမ္ဘာ့အသိုင်းဝိုင်းမှာပါ - ထိုင်းဘုရင့်ရဲ့ “ တင်းတိမ်ရောင့်ရဲမှု စီးပွားစနစ် ” (စေတကစ်ဖေါဖိန်း) ဆိုတဲ့အဆုံးအမဟာ အထူး နာမည်ကြီးလှပါတယ် ။ လူထု ကျန်းမာရေးအတွက် သဘာဝ စိုက်ပျိုး ရေးစနစ် ၊ ဈေးကွက် စတာတွေလဲ ဘုရင်မင်းမြတ်က သွန်သင်လမ်းပြထားပါတယ် ။ ထိုင်းဘုရင်လျှောက်ပြတဲ့လမ်းဟာ ထိုင်းလူထု လိုကလျောဖို့ ကမ္ဘာ့လူသားအားလုံး အတွက် စံ ထားသင့်ပါတယ် ။ ဘုရင်မင်းမြတ်ရဲ့ ဆုံးမ ဩဝါဒ ၃၆ ပါး ဟာ အထူးထင်ရှားလှပါတယ် - ထမင်းလုံးတိုင်းရေစက်တိုင်း စားစရာ ဟူသမျှကို ရင်ထဲက ကျေးဇူးတင်ပါ ။ မိမိကိုယ်ကိုကောင်းစေချင်ရင် သူများကိုကောင်းအောင် အရင်ကူညီ ပေးပါ ။ သူတပါး၏ ရင်ဖွင့်စကား ၊ တိုင်ပင်မှု လျှို့ဝှက်စကား တို့အား မိမိအနေဖြင့် ထိမ်းသိမ်းပါ ။ ခွင့်လွှတ် စိတ်ရှိပါ ။ နားထောင်သည့် အလုပ်ကိုဦးစားပေးပါ ။ အမှားရှိလျှင် ဝန်ခံနိုင်ရမည် ။ ပြုတ်ကျပါက လဲကျ ပါက ပြန်ထူပြန်ထရန် မကြောက်ပါနှင့်။ ရေခွက်ထဲမှ တစ်ဝက်သာရှိသောရေ ဖြစ်ပါစေ ။ ကြယ်နှင့် လဟာ အရမ်းကိုမြင့်လွန်းတယ် မှီနိုင်သလောက်ဘဲလှမ်းပါ ။ လူ့တသက်တာမှာ အလုပ်အများကြီးတွေထဲက အရေးအကြီးဆုံးကို အရင်လုပ်ပါ ။ စာအုပ်တွေဟာ ကမ္ဘာပေါ်မှာတန်ဖိုး အရှိ ဆုံးနှင့် ဗဟုသုတ အရဆုံးပညာရှိ တစ်ဆူဖြစ်တယ် ။ တစ်လလျှင် တစ်အုပ်ဖတ်နိုင်အောင်လုပ်ပါ ။ အရာရာ သက်မှတ်ချက် ရှိပါစေ ။ ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီးဤနေရာမှာ ထားပါ ၊ စည်းကမ်းသည်လူ၏တန်ဖိုး - စတဲ့ အရှင်မင်းမြတ်ရဲ့ လူမှုနီတိ တွေဟာ လူတိုင်းအတွက် အသုံးသင့်လှပါတယ် ။ ထိုင်းဘုရင်မင်းမြတ် ဟာ လက်ရှိမှာ သက်ကြီးရောဂါနဲ့ ကျန်းမာရေးမကောင်းလှပါဘူး ။ ဆေးရုံမှာ သီးသန့် ကုသတော်မူ နေရပါတယ် ။ လာမည့် ဒီဇင်ဘာ ၅ ရက်နေ့ ဆိုရင် ထိုင်းဘုရင်ရဲ့ သက်တော်က ၈၈ နှစ် ရှိတော့မှာဖြစ် ပါတယ် ။ ထိုင်းဘုရင် သက်တော်ရာကျော် ရှည်ပါစေ ။ ခွန်ဆန်မူး (ဆောင်းပါး) |
|
Posted: 08 Jun 2016 08:40 PM PDT သီပေါနယ်၏ နောက်ဆုံး စော်ဘွား စဝ်ကြာဆိုင်နှင့် မဟာဒေဝီ အကြောင်းကို အခြေခံကာ ဩစတြီးယားနိုင်ငံက ရိုက်ကူးထားသော Twilight Over Burma အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Human Rights Human Dignity International Film Festival) အတွင်း အခမဲ့ပြသရန် စီစဉ်ထားသော်လည်း ပြသရန်တစ်ပတ် အလိုအထိ ဆင်ဆာခွင့်ပြုချက် မရသေးကြောင်း အဆိုပါ ရုပ်ရှင်ပွဲတော် ကျင်းပရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည် ။
ထိုအချိန်က တပ်မတော်၏ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်သည့် ဗီလိန်ဆန်ဆန် ပြကွက် အများအပြား ပါဝင်သော အဆိုပါ ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံတွင်း ပြသခွင့်ပြုမည်မဟုတ် သတင်းများထွက်ပေါ်နေချိန်တွင် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပရေး တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးက အဆိုပါ ရုပ်ရှင်ဇာတ်ကား ပြသခွင့်ပြု မပြုနှင့် ပတ်သက်၍ အတိအကျမသိရသေးကြောင်း အခုလို ပြောကြားလိုက်ခြင်း ဖြစ်ပါသည် ။ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး က - “ (ဒီနှစ်အတွက်) ကျနော်တို့ ရုပ်ရှင်ကားပေါင်း ၇၀ လောက် (ဆင်ဆာကို) တင်ထားတယ် ။ ဒါပေမယ့် Twilight Over Burma က နိုင်ငံခြားကားစာရင်းထဲမှာ ပါနေတယ် ။ အဲဒီကားနဲ့ ပတ်သက်လို့ ကျနော်တို့ အတိအကျ မသိရသေးဘူး။ ဒီနေ့အထိ (ဂျွန်လ ၈ ရက်) ကျနော့်ဆီကို ဆင်ဆာအဖွဲ့က Twilight Over Burma နဲ့ ပတ်သက်တဲ့ ပြသခွင့် မပြုပါဘူးဆိုတဲ့စာ မရသေးဘူး ” ဟု ပြောကြားသည် ။ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ကတည်းက စတင်ကျင်းပလာပြီး ယခု ၂၀၁၆ ခုနှစ်တွင် လေးကြိမ်မြောက်အဖြစ် လာမည့် ဇွန် ၁၅ ရက်နေ့မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံ ၊ Junction Square ရုပ်ရှင်ရုံနှင့် Junction မော်တင် ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်ကား အရှည် ၊ အတို ၊ မှတ်တမ်းရုပ်ရှင် စသည်ဖြင့် စုစုပေါင်း ၆၇ ကားကို ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည် ။ မြန်မာနိုင်ငံတွင် ပုံနှိပ်စာနယ်ဇင်းများနှင့် ပတ်သက်၍ လွတ်လပ်ခွင့်များ ရှိလာပြီဖြစ်သော်လည်း ရုပ်သံနှင့် ပတ်သက်၍ ဆင်ဆာ ကန့်သက်ချက်များ ရှိနေဆဲဖြစ်ပြီး လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသမည့် ရုပ်ရှင်များအတွက် ဆင်ဆာတင်ရခြင်းမှာ မလွှဲမရှောင် သာသော အလုပ်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ယခုလို ပြောကြားပါသည် ။ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး က “ ကျနော်တို့ ရှေ့မှာလည်း နှစ်တိုင်းနှစ်တိုင်း ရုပ်ရှင်ကား ၅၀ ကျော် ၆၀ ကျော် ပြတိုင်း ပြတိုင်း ၊ ကျနော်တို့ မြန်မာနိုင်ငံမှာက ရုပ်သံအတွက် ဆင်ဆာရှိနေတုန်းပဲ ။ ကျနော်တို့ ရုပ်ရှင်ပွဲတော် လုပ်မယ်ဆိုရင် ပြသမယ့် ရုပ်ရှင်အားလုံးကို ဆင်ဆာကို တင်ရပါတယ် ။ သူတို့ခွင့်ပြုတဲ့ ရုပ်ရှင်တွေကိုပဲ ပြရပါတယ် ။ ဆင်ဆာ မတင်ဘူးဆိုရင် အစိုးရဆိုက ငှားရမ်းပြီး လုပ်ကိုင်နေရတဲ့အတွက် မြို့လယ်ကောင်က ရုပ်ရှင်ရုံပိုင်ရှင်တွေက မပြရဲဘူး။ ဒါက လုပ်ငန်း သဘောကို နားလည်အောင် ပြောပြရတာ ။ ကိုယ့်ဘာသာရိုက်ပြီး ခွေအနေနဲ့ မြန်မာတစ်နိုင်ငံလုံးကို ဝေမယ်ဆိုရင်တော့ ဘယ်သူမှတော့ တားမှာမဟုတ်ဘူး ။ ဘယ်ဆင်ဆာမှ ရှိမှာတော့ မဟုတ်ဘူးလေ ။ ဒါပေမယ့် အများပြည်သူ ကြည့်ရအောင် အခမဲ့ပြသဖို့ ရုပ်ရှင်ပွဲတော်ဆိုပြီး ပြသတဲ့အချိန်မှာ မလွှဲမရှောင်သာနိုင်တဲ့ Process (လုပ်ငန်းစဉ်) တစ်ခုကတော့ ရုပ်ရှင်ရုံငှားတာနဲ့ အဒီရုပ်ရှင်ရုံတွေမှာပြဖို့ ဆင်ဆာအဖွဲ့ကို တင်ရတာ ။ သူတို့ (ရုပ်ရှင်ရုံ) တောင်းတဲ့ဈေးကို ပေးပြီးငှားတာတောင်မှ ဆင်ဆာခွင့်ပြုချက်ပါမှဆိုတဲ့ ကန့်သတ်ချက်တွေရှိတယ် ” ဟု ပြောကြားသည် ။ ဩစတြီးယားနိုင်ငံသား ဒါရိုက်တာ Sabine Derflinger ရိုက်ကူးထားသောကြာချိန် ၉၉ မိနစ် Twilight over Burma ရုပ်ရှင်ကားကို ဇွန်လ ၁၅ ရက်နေ့ ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံတွင် မွန်းလွဲ ၁၂:၄၅ နာရီ၌ အခမဲ့ပြသွားမည်ဟု ကြေညာထားသည် ။ သီပေါစော်ဘွားစဝ်ကြာဆိုင်အကြောင်းရိုက်ကူးထားသည့် Twilight Over Burma ရုပ်ရှင်မှာ သြစတြီးယား ဒါရိုက်တာက ရိုက်ကူးခဲ့ခြင်းဖြစ်ကာ အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က သျှမ်းပြည်အခြေနေ ၊ သာယာဖွယ်လွမ်းမောဖွယ်နှင့် စစ်အာဏာရှင်စနစ်၏ ဆက်စုပ်ရွံရှာဖွယ်များလည်း ပါဝင်ပါသည် ။ သီပေါစော်ဘွားသည် အာဏာရှင်ဦးနေဝင်းအာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသည့် သျှမ်းစော်ဘွားများအနက်စော်ဘွားတစ်ဦးဖြစ်ပြီး အဖမ်းခံရပြီးနောက် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ကြောင်းသိရသည် ။ လူ့အခွင့်ရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ကျင်းပပြီးစီးခဲ့သည့် သုံးကြိမ်မှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင်ဖြစ်ပြီး ယခုနှစ်တွင်မူ အန်အယ်လ်ဒီ အစိုးရလက်ထက်တွင် ပထမအကြိမ်ကျင်းပခွင့်ရမည်ဖြစ်သည် ။ |
|
သျှမ်းပြည်နယ်တဝှမ်း ဆယ်တန်း စာမေးပွဲဖြေဆိုသူ ၄ ပုံ တပုံသာအောင် Posted: 12 Jun 2016 06:29 AM PDT သျှမ်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆို သူ လေးသောင်းကျော် ရှိသည့်အနက် စာမေးပွဲ အောင်မြင်သူ ၂၈ ရာခိုင်နှုန်းကျော် သာရှိသည်ဟု ပညာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည် ။
သျှမ်းပြည်နယ်အတွင်း စာမေးပွဲဖြေ ဆိုသူ ၄၁၃၃၄ ဦးရှိသည့် အနက် အောင်မြင်သူ ၁၁၆၄၈ ဦးအောင်မြင်ပြီး ရာခိုင်နှုန်း အားဖြင့် ၂၈.၁၈ ရာခိုင်နှုန်းသာရှိပါသည် ။ ထိုအနက် ဘာသာစုံဂုဏ်ထူးရရှိသူ ၂၉ ဦးရှိပြီး ဂုဏ်ထူးအများ ဆုံးထွက် ရှိသည့် ဘာသာရပ်မှာ ဘောကဗေဒ ဖြစ်ကြောင်းသိရသည် ။ သျှမ်းပြည်နယ်အတွင်း ဂုဏ်ထူးရရှိသူအရေအတွက်မှာ ၂၄၄၁ ဦးရှိပြီး ဘာသာစုံဂုဏ်ထူး ရရှိသူ ၂၆ ဦး ၅ ဘာသာ ဂုဏ်ထူးရှင် ရ၉ ဦး ၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၁၀၀ ဦး ၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၇၀ ဦး ၊ ၂ ဘာသာ ဂုဏ်ထူး ရှင် ၃၂၇ ဦး ၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၇၃၉ ဦး ခန့်ရှိသည်ဟုသိရသည် ။ ဂုဏ်ထူးအများ ဆုံးထွက်ရှိသည့် ဘာသာရပ်မှာ ဘောကဗေဒ ဖြစ်ပြီး ဖြေ ဆိုသူနည်းပြီး အနည်းဆုံး ဂုဏ်ထူး ထွက်ရှိသည့် ဘာသာရပ်မှာ သမိုင်း ဖြစ်သည် ။ အောင်ချက် အနည်းဆုံးမြို့နယ်များမှာ သျှမ်းပြည်အရှေ့ပိုင်းမိုင်းယန်းမြို့က ၂ ယောက် ၊ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ၃ ယောက် ၊ မိုင်းပန်မြို့နယ် ၄ ယောက် နှင့် ကျေးသီးမြို့နယ် က ၆ ယောက် သာအောင်မြင်ပါသည် ။ သျှမ်းပြည်နယ်၏ မြို့နယ်အလိုက် အောင်မြင်သူများစာရင်းကိုအောက်ပါလင့်အတိုင်းနှီပ်ကြည့်နိုင်ပါသည် ။ ပညာရေးဝန်ကြီးဌာနမှကူးယူဖော်ပြထားပါသည် ။ https://www.facebook.com/moe.gov.mm/photos/a.925011847605879.1073741828.924512940989103/1003958206377909/?type=3 |
|
Posted: 13 Jun 2016 02:29 AM PDT ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် နိုင်ငံရေးပြဿနာအဖြေရှာမည့်ညီလာခံတို့တွင် ပြည်သူများ၏ အခန်းကဏ္ဍမှာ အရေးကြီးသောကြောင့်လူငယ်များနှင့် အရပ်ဘက်အဖွဲ့စည်းများ ပါဝင်ခွင့်ရရန် လိုအပ် လှကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောသည် ။
မုံရွာမြို့တွင် ဂျွန်လ ၁၁ ရက်နေ့က ကျင်းပသည့် နိုင်ငံတဝှမ်းမှလူငယ်ကိုယ်စားလှယ်များ တက်ရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်အဖွင့်မိန့်ခွန်းပြောဆိုရာတွင် ယင်းကဲ့သို့ပြောဆိုခြင်းဖြစ်သည် ။ ပြည်တွင်းစစ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာရပ်များ ၊တိုင်းရင်းသားအရေးတို့ကို ဖြေရှင်းရာတွင် သမားရိုးကျဖြေရှင်းနည်းထက် ကျော်လွန်စဉ်းစားရန်လိုအပ်လှကြောင်းလည်း ဦးကိုကိုကြီးက ပြောသည် ။ ‘ ပြဿနာက အသစ်မဟုတ်ဘူး ၊ အဟောင်း ၊ ကျနော်တို့အသက်ထက်ကြီးတယ်။ပြဿနာအဟောင်းကို စဉ်းစားပုံအဟောင်း ဖြေရှင်း ပုံ အဟောင်းတွေနဲ့ အခုထိ မအောင်မြင်ဘူး ။အဲဒီတော့ လူငယ်တွေ အနေနဲ့ စဉ်းစားပုံ အသစ်တွေ ၊ ဖြေရှင်းပုံ အသစ်တွေရှာဖွေဖို့ လိုတယ် ။ လက်နက်ကိုင် နှစ်ဖက်ထဲ ဖြေရှင်းရုံနဲ့ မလုံလောက်ဘူး ။ ပြည်သူတွေရဲ့ အခန်းကဏ်ဏ္ဍ အရေးကြီးတယ် ။ လူငယ်တွေ ၊ အရပ်ဖက် အဖွဲ့ အစည်းတွေရဲ့ အသံတွေပါဝင်ဖို့လိုတယ် ။’ ဟု ဦးကိုကိုကြီးက ပြောသည် ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၂၁ရာစုပင်လုံညီလာခံ တွင် အရပ်ဘက်အဖွဲ့စည်းများနှင့် လွှတ်တော် တရပ်ရပ်တွင်အနည်းဆုံး နေရာ၁ နေရာ အနိုင်ရရှိမှု မရှိသော ပါတီများမှာ တိုက်ရိုက် ပါဝင်ခွင့်ရမည် မဟုတ်ပဲ အရပ်ဘက်လူမှုအဖွဲ့ အစည်းဖိုရမ်မှတဆင့် ညီလာခံသို့ အကြံပြုချက်နှင့်ဆွေးနွေးချက်များကို ပေးပို့နိုင်ကြောင်းသတ်မှတ်ပြောဆို ထားသည် ။ သမ္မတ ဦးသိန်းစိန်လက်ထက်က ကျင်းပခဲ့သည့် ညီလာခံတွင်ပင်အရပ်ဘက်အဖွဲ့ အစည်း များမှာ တက်ရောက်ဆွေးနွေးခွင့်ရရှိခဲ့ပြီး ယခု ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ သတ်မှတ်ချက်ကြောင့် ပြည်တွင်းနိုင်ငံရေးတွင်သြဇာရှိ သည့် ၈၈ မျိုးဆက် ကဲ့သို့ အရပ်ဘက် အဖွဲ့ အစည်း များမှာ ၂၁ ရာစုပင်လုံညီလာခံတွင် တက်ရောက်ခွင့်ရရှိမည်မဟုတ်ပဲတိုင်းရင်းသား ဒေသများမှ လူ့အခွင့်ရေး လှုပ်ရှားသူများ ၊ အရပ် ဘက်အဖွဲ့အစည်းများမှာ အရပ်ဘက်အဖွဲ့အစည်းဖိုရမ်ကိုသာ တက်ရောက်ခွင့်ရတော့မည်ဖြစ်သည် ။ အရပ်ဖက်က တိုက်ရိုက်ပါဝင်ခွင့်ပေးဖို့လိုပါတယ် ကျနော်တို့မွန်ပြည်နယ်မှာလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်း ရေးဖိုရမ်ကို မကြာသေးခင်က ကျင်းပခဲ့တာရှိတယ် အဲဒီဖိုရမ်မှာလည်း လာမည့်ငြိမ်းချမ်းရေး ညီလာခံတွေမှာ အရပ်ဘက်က ပါဝင် ခွင့်ရဖို့တောင်းဆို ထားတာရှိတယ် ။ ဟု မွန်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့စည်းတစ်ခုမှ တာဝန်ရှိသူ မင်းမင်းနွယ်က မှတ်ချက်ပြု ပြောဆိုသည် ။ နိုင်ငံတကာငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အောင်မြင်သည့် အသွင်ကူးပြောင်းရေး ဆွေးနွေးမှုများတွင်လည်း အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏ အခန်းကဏ္ဍမှာ ကြီးမားစွာပါဝင်ခဲ့ကြောင်း လေ့လာသူများက ဆိုသည် ။ " လူငယ်တွေ မှား မှာ စိုးလို့ဆိုပြီး မခိုင်းတာ တာဝန်မပေးတာဟာ လူငယ်တွေရဲ့ အရည်အချင်းကို အဟန့်အတားဖြစ်စေတယ် ။ လုပ်ရင်း သင်သွားရမှာပဲ မှားရင်ပြင်ရမှာပဲလူကြီးတွေမှားရင် ပြင်ဖို့အချိန်သိပ်မကျန်တော့ဘူး ၊ လူငယ်တွေ မှားရင် ပြင်ဖို့ အချိန်တွေ အများကြီး ကျန်သေးတယ်။လူ့သမိုင်းရဲ့တိုးတတ်မူဆိုတာ အမှားတွေကို ပြုပြင်လာတဲ့ဖြစ်စဉ်ပဲ ။" ဦးကိုကိုကြီးက ဆိုသည် ။ |
|
အပစ်ခတ်ရပ်စဲရေးတွင် အားလုံးပါဝင်ရေးမူကို လက်ကိုင်ထား၍ KNPP ကရင်နီဆွေးနွေးမည် Posted: 13 Jun 2016 01:00 AM PDT နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ရာတွင် အားလုံးပါဝင်နိုင်ရေး ၊ ငြိမ်းချမ်းရေး၌ အားလုံးပါဝင်နိုင်ရေးမူကို အခြေခံ၍ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ KNPP အနေဖြင့် အစိုးရနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း KNPP တာဝန်ရှိသူက ပြောသည် ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အနေဖြင့် အစိုးရသစ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေး နိုင်ရန် အတွက် KNPP ဌာနချုပ်တွင် ထိပ်သီးခေါင်းဆောင်များတက်ရောက်သည့် အစည်းဝေးတရပ်ကို ကျင်းပခဲ့ပြီး အဆိုပါ အစည်း အဝေးမှ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်ပေါက်လာရေးမူကို ဆက်လက်ကိုင်စွဲရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း KNPP အတွင်းရေးမှူး ( ၂) ဦးရွှေမျိုးသန့်က ဂျွန်လ ၉ ရက်နေ့က ပြောသည် ။ ‘ မူက မပြောင်းဘူး ။ တိုင်းရင်းသားတပ်ပေါင်းစုဖြစ်တဲ့ UNFC နဲ့ ဆက်လက်ပူးပေါင်းသွားမယ် ။ NCA နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ် စဲရေး ကိုအားလုံးပါဝင်မှ လက်မှတ်ရေးထိုးမယ်လို့ ဆုံးဖြတ်ထားတယ် ။ ‘ ဟု ဦးရွှေမျိုးသန့်က ပြောသည် ။ ထိုင်းမြန်မာနယ်စပ်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီဌာနချုပ်တွင်ကျင်းပခဲ့သည့် အစည်းဝေးမှဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် များကိုလည်း ရွေးချယ်ခဲ့ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ခူးဦးရယ် ( ဒုတိယ ဥက္ကဌ ) နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး တို့မှ တာဝန်ယူကြ မည်ဖြစ်သည် ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပနိုင်ရေး အတွက် အပူတပြင်းဆောင်ရွက် နေရာ အစိုးရ၏ငြိမ်းချမ်းရေး ကော်မတီ အနေဖြင့် နိုင်ငံလုံးဆိုင်ရာအပစ်ခတ် ရပ်စဲရေးလက်မှတ်ရေးထိုးရခြင်း မရှိသေးသည့်အဖွဲ့များ အားလုံးနှင့်တွေ့ဆုံဆွေးနွေးရန် ရှိနေပေသည် ။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကပြုလုပ်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမှု တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ရေးထိုးခဲ့ရပြီး ကျန်အဖွဲ့များလက်မှတ်ရေးထိုးမှုမရှိခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ခွင့်မရ၍ ဖြစ်ကြောင်း သိရသည် ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုးကန့်၊ အေအေ ရခိုင်တပ်မတော် ၊ တအာင်းပလောင် တပ်ဖွဲ့ TNLA/PSLF တို့မှာလက်နက်စွန့်ရန် သေချာမှသာ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ပြောဆိုထားသည် ။ |
|
စည်ပင်သာယာဝန်ထမ်းပျောက်ဆုံးနေမှု ၊ ဌာနပေါ်မကျေနပ်မှုများ တောင်ကြီး၌ရှင်းလင်းပွဲလုပ် Posted: 13 Jun 2016 12:43 AM PDT သျှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှတာဝန်ယူမှုမပေးနိုင်သဖြင့် နစ်နာဆုံးရှုံးခဲ့ရသည့် ၀န်ထမ်း များ၏မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲတရပ်ကို သျှမ်းပြည်နယ်မြို့တော်တောင်ကြီး စိန်ပန်း ရပ်ရှိ အောင်မြေဘုံစံကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည် ။
ယမန်နှစ်က သီပေါမြို့နယ် စည်ပင်ဝန်ထမ်းနှစ်ဦး မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းနှင့် အငယ်တန်း စာရေး ကိုနိုင်လင်းတို့သည် သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းနောင် မှ ကျေးသီးတွင် လစာ ထုတ်ပြီး အပြန်လမ်းတွင် ပျောက်ဆုံးသွားခြင်း အပေါ် တာဝန်ယူ ဖြေရှင်းပေးမှုမရှိခြင်း ၊ စည်ပင်သာယာရေး ဌာနတွင်အင်ဂျင်နီယာအဖြစ်အနှစ် (၂၀) တာဝန်ထမ်းဆောင် လာသော စည်ပင်ဝန် ထမ်း တစ်ဦးအား အပြစ်ရှာ၍ အလုပ်ထုတ်ခဲ့ပစ်ခြင်း ၊ ၄င်းဝန်ထမ်း၏အမျိုးသားဖြစ်သူကိုလည်းဆက်သွယ် ရေးပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခြင်း၊ သျှမ်းပြည်နယ်စည်ပင် သာယာရေးဌာနမှဘတ်ဂျက်ရန်ပုံငွေများအား နှစ်ပေါင်းများစွာ အလွဲသုံးစားပြုခဲ့ခြင်းစသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ထိခိုက်နစ်နာသူ ၀န်ထမ်း မိသားစုများမှသတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည် ။ “ စည်ပင်ဌာနကစာထွက်ပါတယ် ။ ဒီပျောက်သွားတဲ့ဝန်ထမ်း ၂ ဦးက သေသွားသလိုလို၊ နယ်စပ် ဘက် နွားသွားရောင်းတဲ့သူတွေနဲ့အတူ ဖမ်းတဲ့ထဲပါသွားတယ် ပြောလိုက် ၊ သစ်ဖမ်းတဲ့အထဲပါသွား တယ်ပြောလိုက် ၊ ဖမ်းခံရာကနေ ထွက်ပြေးလို့ လက်နက်ကိုင်အုပ်စုက ပစ်သတ်တယ်ပြောလိုက်နဲ့ အမျိုးမျိုးပြောတယ် ။ သူတို့ကိုယ်သူတို့ကာကွယ် တဲ့စာတွေပဲ ။ ဘာမှတိတိကျကျ မသိရဘူး ။ နောက်ဆုံး တာဝန်က ရပ်ဆိုင်းလိုက်ပါတယ်ဆိုတဲ့စာ ထွက်လာတယ် ” ဟု ၂၀၁၅ ဂျူလိုင်လ တွင် မိုင်းနောင်မှ လစာထုတ်ပြီး ကျေးသီးအပြန်လမ်း တွင်ပျောက်ဆုံးသွားသော အငယ်တန်းစာရေး ကိုနိုင်လင်း၏ အစ်ကိုဖြစ်သူ ကပြောသည် ။ သျှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ အာဏာရှင်ဆန်ဆန် မမှန်မကန်တရားဆောင်ရွက်မှုများကြောင့် နစ်နာနေရသည့်ဝန်ထမ်းများ၏သတင်းစာရှင်းလင်းပွဲ ဟုအမည်ပေးကာ ဂျွန်လ ၁၁ ရက်နေ့တွင်ပြုလုပ်ရာ တက်ရောက်နားထောင်သူနှင့်သတင်း သမား များ စုစုပေါင်း ၅၀ ကျော် ရှိပါသည် ။ “ ပျောက်ဆုံးသွားတာနဲ့ပတ်သက်ပြီး ဌာနကဘာမှ ဆောင်ရွက်ပေးခြင်း မရှိသေးပါဘူး ။ မိသားစုဝင် တွေက မိုင်းနောင်ကိုလိုက်သွားပြီးစုံ စမ်းခဲ့ပါသေးတယ်။ ဘာမှတိတိကျကျမသိရပါဘူး ” ဟုလည်း လစာထုတ်ရာမှ ကျေးသီးအပြန် လမ်းတွင်ပျောက်ဆုံးသွားသော ဦးစီးမှူး ဦးအောင်နိုင်ဝင်း၏ဇနီး ဒေါ်ခင်သန္တာဝင်းကရှင်းပြသည် ။ ထို့ပြင် စည်ပင်သာယာရေးဌာနတွင်အင်ဂျင်နီယာ အဖြစ်အနှစ် (၂၀) ခန့်တာဝန် ထမ်းဆောင်ခဲ့သော ဒေါ်မြင့်မြင့်မော်သည်လည်း နေရာပြောင်းရွှေ့ခွင့်တောင်းခံရာတွင် သျှမ်းပြည်နယ်စည်ပင်ဌာနမှ ညွှန်ကြားရေးမှူးက တောင်းဆိုသည့်အတိုင်းအလဲအလှယ်မလုပ်ပေးနိုင်သဖြင့် ရာထူးနှင့်နေရာ အဆင့်ဆင့် ပြောင်းရွှေ့ကာ အလုပ်မှထုတ်ပယ်ခဲ့သည်အထိဖြစ်ခဲ့ရကြောင်း ကာယကံရှင်က အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ရှင်းလင်းပြောပြသည် ။ ထို့အပြင် ခင်ပွန်း ဖြစ်သူ ဦးဇော်မျိုးဝင်း ကိုလည်းဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့်တရားစွဲဆိုသေး ထားကြောင်း ၄င်းကဆက်လက်ပြောပြသည် ။ ယင်းကိစ္စများနှင့်ပတ်သက်၍ ကာယာကံရှင်မိသားစုများမှ သျှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် သမ္မတရုံး ထံသို့ မေလကတည်းက တိုင်ကြားပြီးဖြစ်သည်ဟုသိရသည် ။ အထက်ပါသတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ ဂျွန်လ (၁၂) ရက်နေ့တွင် ပြည်နယ်စည်ပင် ညွှန်မှုး ဦးစိုင်းထွန်းထွန်း ထံ သွားရောက်မေးမြန်းခဲ့ရာ တိတိကျကျပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ ။ |
|
ဗိုလ်ချုပ်ကြေးရုပ်မလို ၊ တန်းတူအခွင့်ရေးသာလိုသည် Posted: 14 Jun 2016 04:40 AM PDT နိုင်ငံတိုင်း လူမျိုးတိုင်းမှာ သူတို့ရဲ့ အမှတ် လက္ခဏာတွေရှိတဲ့အပြင် နိုင်ငံ အလိုက်လူမျိုးအလိုက်လည်း ဆိုင်ရာ သူရဲကောင်းတွေ မမေ့အပ်တဲ့ ပုဂ္ဂိုလ်ေ တွ ရှိကြပါတယ် ။ ဂျော့ရှ်ဝါရှင်တန် ၊ လင်ကွန်းတို့ဟာအမေရိကန် နိုင်ငံရဲ့ သူရဲကောင်းတွေ ဖြစ်နိုင်သလို ဂျဝါဟာလာနေရူးဟာလည်း အိန္ဒိယနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် သူရဲကောင်း ဖြစ် ပါတယ် ။ နယ်လဆင်မင်ဒဲလား ကတော့ တောင်အာဖရိကရဲ့ အမျိုးသားခေါင်းဆောင်နဲ့ တောင်အာဖရိကရဲ့ သူရဲကောင်း တယောက်ပါ ။ ဗိုလ်ချုပ်အောင်ဆန်းကတော့ မြန်မာပြည်သူ လူထုအများစုလက်ခံတဲ့ ခေါင်း ဆောင်ဖြစ် ပါတယ် ။
မြန်မာနိုင်ငံမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲကောင်းဖြစ်နိုင်ပေမဲ့ အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေမှာ သူ့အနေနဲ့ မလုပ်ဆောင်နိုင်ခဲ့ ပဲရုတ်တရက် ကွယ်လွန်သွားတာဖြစ်တဲ့အတွက် တိုင်းသူပြည်သား အားလုံး အပေါ် လွှမ်းမိုးနိုင်မှုမှာတော့ တောင်အာဖရိကတို့ ၊ အိန္ဒိယတို့ ခေါင်းဆောင်ေ တွကို မှီပါ့မလားဆိုတာ စဉ်းစား စရာ ရှိကောင်းရှိမှာဖြစ်ပါတယ် ။ ဒါကလည်း မြန်မာနိုင်ငံဟာ အရောင်အသွေးစုံလင်လှတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့အတူ မတူကွဲပြား ခြား နားတဲ့ သမိုင်းတွေက ဆင်းသက်လာ တာကြောင့်ဖြစ်ပါတယ် ။ သမိုင်းအစဉ်အဆက်အမျိုးသားနိုင်ငံတော်အဖြစ်စုစည်းမှုဟာ ဗိုလ်ချုပ်အောင် ဆန်း ဦးဆောင်တဲ့ ပင်လုံစာချုပ် ကြောင့်သာေ ပ်ါလာခဲ့တာဖြစ်ပါ တယ် ။ သို့ပေမဲ့ ဗိုလ်ချုပ်ရဲ့ လမ်းကိုသာနောက်လူတွေ ဆက်လျှောက်လှမ်းကြ ရင်တော့ ပြဿနာမြောက်မြားစွာမဖြစ်နိုင်ဘူးလို့စာရေးသူအနေနဲ့ တော့ ယုံကြည်ပါတယ်။ သို့ပေမဲ့ မတူညီတဲ့သမိုင်းကြောင်းတွေနဲ့ ဆင်းသက် လာ တဲ့တိုင်းရင်းသားမျိုးနွယ် စု အများအပြားမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူတို့ သူရဲကောင်းဟုတ် ၊ မဟုတ်ဆိုတာ ဒွိဟာဖြစ်နေခဲ့တာ ၊ ရှိနေဆဲဖြစ် တာကတော့ အသေချာပါပဲ ။ ဒါကို လတ်တလော အဖြစ်အပျက်တချို့ကို ကြည့်ရင် သိနိုင်ပါတယ် ။ ကရင်ပြည်နယ်နဲ့ သျှမ်းပြည်နယ်ထဲက အဖြစ်အပျက်အချို့ပါ ။ ကရင်ပြည်နယ်မြဝတီမြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားဖို့နဲ့ ပတ်သက်လို့ ကရင် မျိုးနွယ်စုတွေ အပါဝင် ဒေသခံအချို့က အာဇာနည်ခေါင်းဆောင်ဟာ (၉) ဦးဖြစ်တဲ့အပြင် ကရင်ခေါင်းဆောင် မန်းဘခိုင်လည်း အာဇာနည်ခေါင်းဆောင် ထဲမှာပါနေတဲ့အတွက် ထားရင်လည်းခေါင်းဆောင် (၉) ဦးစလုံးရဲ့ ရုပ်ထုတွေ ထားဖို့ဆိုတာ ကန့်ကွက် စာ တင်ထားတယ်လို့ သတင်းတချို့မှာ ဖော်ပြတာ သတိထားမိပါတယ် ။ အဲဒီကြေးရုပ်ကို ထားဖို့စီစဉ်သူတွေ ကတော့ ဗိုလ်ချုပ် ရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဝင်တွေပဲဖြစ်ပါတယ် ။ လတ်တလောသျှမ်းပြည်နယ်မှာတော့ နှစ်နေရာပါ ။ တစ်နေရာကတော့ မြန်မာ နိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်ပြီး တိုင်းရင်းသားအခွင့်ရေးအတွက်ဆောင် ရွက် ရင်း ဦးနေဝင်းအာဏာသိမ်းတော့ထောင်ချခံရပြီး ထောင် ထဲမှာ သေဆုံးသွား တဲ့ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်ရဲ့ညောင်ရွှေမြို့မှာဖြစ်ပါတယ် ။ တရက်ကပဲ ညောင်ရွှေမြို့ရဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး က ညောင်ရွှေ ကျောက်တိုင် ကွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ကြေးရုပ် ထား ရှိရန်တိုင်ပင်ဆိုပြီး ဌာနဆိုင်ရာ အရာရှိတစ်ချို့နဲ့ ကွင်းဆင်းနေပုံကိုဖေ့ဘုခ် လူမှုကွန်ယက်စာမျက်နှာပေါ်တင်လိုက်ပါတယ် ။ အဲဒီမှာ ဝိုင်းပြီး ကွန်မင့်ပေး ကြ တာက ညောင်ရွှေမြို့မှာ စော်ဘွားကြီးဟော် က တော်တော် ပျက်စီးနေပြီ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အဲဒါ ဦးစားပေးသင့်တယ် ။ စော်ဘွားကြီးက တမလွန်ဘဝကနေ မချင့်မရဲဖြစ်နိုင်တယ် ။ ထားရင်လည်း ပင်လုံဆိုတာ သျှမ်းပြည်မှာဖြစ် ခဲ့တဲ့ အတွက် ပင်လုံစာချုပ်ချုပ်ဆိုသူ ၂၃ ဦး ( သို့မဟုတ်) အာဇာနည်ခေါင်းဆောင် ၉ ဦးလုံးရဲ့ ရုပ်ထုတွေထားပါလား ။ မိုင်းပွန်စော်ဘွား စဝ်စံထွန်းကအာဇာနည်ခေါင်းဆောင်ဖြစ်တဲ့အပြင် တောင်တန်း- ပြည်မ ပေါင်းစည်းရေးမှာလည်း အရေးကြီးတဲ့ ပုဂ္ဂိုလ်ပဲ။ သူ့ဟော်တောင်တော်တော် ပျက် စီးနေပြီ မပြင်ကြဘူးလား- စသဖြင့် တိုင်းရင်းသား နာမည် နဲ့ ဖေ့ဘုခ် သုံးစွဲ သူတွေက သူ့ရဲ့ ဖေ့ဘုခ် ကွန်ယက်စာမျက်နှာမှာ ကွန်းမင့်ပေးထား တာတွေ့ ရပါတယ် ။ နောက်တစ်နေရာကတော့ လားရှိုးမှာပါ ။ လားရှိုးပတ်ဝန်းကျင်မှာ တအာင်း ပလောင် ၊ SSA သျှမ်းတပ်မတော် မြောက်ပိုင်း စတဲ့အဖွဲ့တွေရဲ့ တပ်တွေနဲ့ အစိုးရစစ်တပ်ရဲ့ တပ်တွေ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတဲ့ အချိန်မှာပဲ လားရှိုးက NLD ပါတီဝင်တွေဟာ လားရှိုးမြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားဖို့ အတွက် မန္တလေးကနေ လားရှိုးကို ကားနဲ့ သယ်ဆောင်လာခဲ့ကြပါတယ် ။ ဒါပေမဲ့ ပြည်ထောင်စုအဆင့်အပစ်ရပ်ထားတဲ့ SSA မြောက်ပိုင်းနဲ့ တပ်မတော် တို့တိုက်ပွဲတွေမှာ ပြည်နယ် အစိုးရကော ၊ ဗဟိုအစိုးရကောဖြစ်နေ တဲ့ NLD က တခွန်းတပါဒမှ မဟပါဘူး ။ ၀င်ရောက်ညှိနှိုင်းပေးခြင်း လည်း မရှိပါဘူး ။ ဗိုလ်ချုပ်ဆေထင်ဆိုရင် ဒေါက်တာတင်မျိုးဝင်း ( NLD ရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ) ကို ခနခန ဖုန်းဆက်ပါ တယ် ။ သူ့အနေနဲ့ ဘာမှ မတတ်နိုင်ေ သးကြောင်း သာပြောတယ်လို့ ဗိုလ်ချုပ်ဆေထင် က ပြောပါတယ် ။ လားရှိုးကြေးရုပ်ကိစ္စ ဆက်ပါမယ် ။ လားရှိုးကို အဲဒီကြေးရုပ်သယ်လာတော့ သျှမ်းနဲ့ တအာင်းပလောင် အသိုင်းဝိုင်းတွေ ၊ ကချင်အသိုင်း အဝိုင်း တွေထဲမှာ ကြေးရုပ်သယ်လာလို့ ငြိမ်းချမ်းရေး ရမှာလား ၊ အစိုးရကလက်တွေ့ ဘာလုပ်နေလဲ ၊ အာဇာ နည် ခေါင်းဆောင် ၉ ဦးမှာ သျှမ်း ပါသလို ၊ ပင်လုံစာချုပ်လက်မှတ်ရေး ထိုးသူ ခေါင်းဆောင် (၂၃) ဦးမှာ တအာင်း ပလောင်စော်ဘွား ခွန်ပန်းစိန်နဲ့ ၊ ကချင်ခေါင်းဆောင်တွေလည်းပါတယ်။ သူတို့ ကိုကော တပြိုင်နက်တည်း ထားပါလား။ ပင်လုံစာချုပ်ချုပ်တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဗမာကိုယ်စားလှယ်သက်သက်ပဲ …….. ဆိုတဲ့ ဝေဖန်မှုတွေက အွန်လိုင်းမီဒီယာတွေပေါ်မှာပျံ့နှံ့လာပါတယ် ။ အခုနောက်ဆုံးသိရတဲ့ သတင်းတွေအရတော့ သျှမ်းမြောက်မှာရှိတဲ့ တိုင်းရင်း သား အရပ်ဘက်အဖွဲ့ အစည်းတွေ ကလည်း အဲဒီဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကန့်ကွက်ဖို့ ပြင်နေတယ် လို့ ဆိုကြပါတယ်။ တိုင်းရင်းသား လူငယ်တချို့ဆိုရင် ဗိုလ်ချုပ်ရုပ်ပြပြီး ကိုလိုနီလုပ် ဖို့ ပြင်နေ တယ်လို့ကို ယူဆတဲ့ အရေးအသား တွေနဲ့ ရေးသားပြောဆို ဝေဖန်နေကြ တာပါ။ ‘ဗိုလ်ချုပ်အောင်ဆန်းက တော်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးရေစီးကြောင်းနဲ့ ယှဉ်ပြီး နိုင်ငံလွတ်လပ်ရေးကိုရအောင်ယူနိုင် ခဲ့တယ်။ လေးစားဖို့ကောင်း တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သူ့ကြောင့် မြန်မာ့လွတ်လပ်ရေး ရခဲ့တယ် ဆိုပေမယ့် တိုင်း ရင်းသားတွေကတော့ သူ့ကြောင့် ကျွန်ဘဝ ဒုတိယ သက်တမ်းတိုးခဲ့ရတယ်လို့ ခံစားမိကြတယ်။တိုင်းရင်းသားတွေရဲ့ခံစားချက်ကိုသူ့သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ကနေ ကုစားပေးနိုင်မယ်လို့ ယုံကြည် ထားကြတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြေးရုပ်သာ သျှမ်းပြည်ကိုရောက်လာပြီးတော့ သျှမ်းတွေရဲ့ ခံစား ချက်ကိုကုစားပေးမယ့်အရိပ်အရောင်ကတော့ မှုန်ဝါးနေတုန်းဘဲ။ လက်ရှိ တိုင်းရင်းသားနယ်မြေ တွေမှာဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့အကြောင်း တခွန်းမှမဟ သေးဘူးလေ။’ လို့ သျှမ်းတိုင်းရင်းသား သတင်းမီဒီယာသမား တယောက်က ပြောတာကို စာရေးသူသတိထားမိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားသောအားဖြင့် နိုင်ငံတဝှမ်းမှာ ဗိုလ်ချုပ်ပန်းခြံ ၊ ဗိုလ်ချုပ်လမ်း ၊ ဗိုလ်ချုပ်ဈေး ၊ ကြေးရုပ် ၊ ပြတိုက် ၊ ဘောလုံးပြိုင်ပွဲ၊ စာကြည့်တိုက် စသဖြင့် အထိမ်းမှတ် များစွာကို မြင်တွေ့ရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ နဝတ ၊ နအဖ စစ်အစိုးရတွေကလွှဲလို့ ၊ ဦးနေဝင်း ၊ ဦးသိန်းစိန် ၊ ဦးနု စသဖြင့် အစဉ်အဆက်က ဂုဏ်ပြုခဲ့တာတွေ ရှိသလို လိုသလို လမ်းကြောင်းလွှဲခဲ့တာတွေလည်း ရှိမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းနောက်ကို ဆက်ခံတဲ့ ဦးနုဆိုရင် ပင်လုံကတိကဝတ်တွေ နဲ့ပတ်သက် လို့ အစကတည်းက ကျနော်လည်း သဘောတူချင်ခဲ့တာ မဟုတ် ဘူး။ နောက် ၁၀ နှစ်မှ စဉ်းစားကြတာပေါ့ ဆိုပြီး ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေရေး ဆွဲချိန်မှာ ပြောဆိုခဲ့တာတွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်နယ်အရေးအတွက် အာမခံထားပြီး ထိန်း ထား နိုင်ခဲ့တဲ့ကရင်တွေ ၊ မွန်တွေ ဟာလည်း ဦးနုလက်ထက်မှာပဲ ဖဆပလ ကနေ နှုတ်ထွက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖြစ်ကို အသွင်ပြောင်းကာ ဗဟိုအစိုးရကို လက်နက်စွဲကိုင်တော်လှန်တဲ့အဆင့် အထိ ရောက်သွားခဲ့ပါ တယ်။ ၀န်ကြီးချုပ် ဦးနုလက်ထက်မှာပဲ ဗိုလ်ချုပ်အောင်ဆန်း ဘောလုံးကွင်း ၊ ဗိုလ်ချုပ်ဈေး စသဖြင့်သတ်မှတ်ခဲ့တာပါ။ ဦးနေဝင်းလက်ထက်မှာလည်း ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ အမျိုးမျိုးဂုဏ်ပြုခဲ့တာပါပဲ။ နှစ်စဉ်အာဇာနည်နေ့ အခမ်း အနားတွေကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ကျင်းပသလို ၊ ဗိုလ်ချုပ်ေ အာင်ဆန်း ဒိုင်းဘောလုံးပြိုင်ပွဲလည်း သူ့ခေတ် မှာပဲ စခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တန်းတူညီမျှရေးမူကို ဘယ်တော့မှ လက် မခံခဲ့သလို ဆိုရှယ်လစ်ဘောင်လမ်းစဉ် များ ဗိုလ်ချုပ်ချမှတ် သွားဆိုပြီးေ တာ့တောင် ကျောင်းသုံးစာအုပ်ထဲမှာ ဝါဒဖြန့်ခဲ့ပါသေးတယ်။ ဒါကသူကိုယ် တိုင် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို ဗိုလ်ချုပ်ကပဲ ချမှတ်ပေးခဲ့ သယောင် ဝါဒဖြန့်တဲ့ သဘောပါပဲ။ ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး လိုတမျိုး မလိုတမျိုးဆက်ဆံခဲ့သူတွေထဲမှာ ဗကပ လို့ခေါ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ လည်း ပါဝင်ပါတယ်။ ‘သာမန်အချိန်ဆိုရင် ဗကပ မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ သစ္စာဖောက် လိုသတ်မှတ်ခံရတယ်။ ဒါက ဗကပ ကို ဖဆပလကနေ ဗိုလ်ချုပ်အောင်ဆန်း ကထုတ်ပစ်လိုက်တာကြောင့်လည်း ဖြစ်နိုင်တယ်။ သူ့အကြောင်း ကို ခေါင်းေ ဆာင်တွေကမကောင်းမပြောပေမဲ့ သိပ်အလေးမပေးလှဘူး။ ဒါပေမဲ့ တပ်ဖွဲ့ တွင်း စည်းလုံးညီညွတ် မှု နည်းနည်းပြိုလာပြီအမျိုးသားရေးအရ ပြန်လည် စုစည်းဖို့လိုလာတဲ့အချိန်ဆိုရင် ခေါင်းဆောင်တွေက - အောင်ဆန်းက ငါတို့ ပါတီ တည်ထောင်သူ ၊ လွတ်လပ်ရေးခေါင်းဆောင် ဆိုပြီး လုပ်တော့တာပဲ။ေ နဝင်း က အောင်ဆန်းလက်နဲ့ရေးတာကို ခြေနဲ့ ဖျက်တာပဲဆိုပြီး လုပ်တော့ တာပဲ ‘ လို့ ဗကပရဲ့ အရှေ့မြောက်စစ်ဒေသမှာနှစ်ရှည်လများနေထိုင်ခဲ့ဖူး တဲ့ ဗကပ ရဲ့ နိုင်ငံရေး ဌာနကြီးမှူးဟောင်းဖြစ်ခဲ့ဖူးသူ စာရေးဆရာ ဦးသန်းစိုးနိုင်က စာရေးသူကို တစ်ခါက ပြောပြဖူးပါတယ်။ နဝတ၊ နအဖ ၊ ခေတ်မှာတော့ ဗိုလ်ချုပ်ရဲ့ သမီးဖြစ်သူကြောင့်ထင်ပါ တယ်။ ကျောင်းတွေ၊ ရုံးတွေမှာ ဗိုလ်ချုပ် ရုပ်ပုံတွေတောင် သိပ်မချိတ်ဆွဲရေ တာ့ပါဘူး။ ဒါပေမဲ့ ၈ လေးလုံး လူထုလှုပ်ရှားမှုကစလို့ လူထုလှုပ်ရှားမှုတွေ ၊ ကျောင်းသားအရေးခင်းတွေ ၊ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွေမှာ ဗိုလ်ချုပ်ေ အာင်ဆန်းရုပ်ပုံကို အသုံးပြု ခဲ့ကြပြီး NLD ပါတီအနေနဲ့လည်း ဗိုလ်ချုပ်သမီး ဦးဆောင်တဲ့ ပါတီဖြစ်တာနဲ့ အညီ တောက်လျှောက်ဗိုလ်ချုပ်ရုပ်ပုံနဲ့သာ အဓိက မဏ်ဏ္ဍိုင်ပြုခဲ့တာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေကြည့်ရင် ဖေဖေက ဖေဖေက ဆိုတာ ကို အမြဲကြားရ မြင်ရမှာပါ။ ဗိုလ်ချုပ်ရုပ်ပုံသုံး လိုသလို အသုံးချသူတွေထဲမှာ အမျိုးသားရေးဝါဒီ ရဟန်းသံဃာအချို့နဲ့ ဦးသိန်းစိန် လက်ထက် က နိုင်ငံပိုင် သတင်းစာတွေလည်းပါပါတယ်။ ကိုယ်လိုသလို ဖော်ပြတာပါ နိုင်ငံပိုင် သတင်းစာတွေကတော့။ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလမှာ တိုင်းရင်းသားတွေပါဖို့ စည်းရုံးခဲ့တာဟာ လက်လွတ် စပယ် ပုဂ္ဂလိက ဆန်ဆန် စည်းရုံးခဲ့တာ မဟုတ်ပဲ။ မူနဲ့ဘောင်နဲ့ အဖွဲ့အစည်းလိုက် လေးစားတမှုနဲ့ စည်းရုံးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလကို တပ်ပေါင်းစုလို့ ခေါ်ကြတာဖြစ်ပါတယ်။ ပင်လုံညီလာခံအောင်မြင်ရတာလည်း တိုင်းရင်းသားတွေကို သာတူညီမျှစိတ် ထားနဲ့ တိုင်းရင်းသားအခွင့်ရေး အတွက် အာမခံခဲ့တာကြောင့်ဖြစ်ပါတယ်။ ဗမာ တကျပ် - သျှမ်းတကျပ် ရစေရမယ်။ ခင်ဗျားတို့ မကျေနပ်ရင် တန်းတူ အခွင့်ရေးအတွက် ဘာမှမရဘူးဆိုရင် ခွဲထွက်နိုင်တယ် ဆိုတဲ့ ကတိတွေဟာ အလကားတော့ ပေးခဲ့ဟန်မတူပါဘူး။ အခုဆိုရင်ပဲ NLD အစိုးရလက်ထက်မှာ ၂၁ ပင်လုံဆိုတာ အော်နေပြန်ပီဖြစ် ပါတယ်။ တိုင်းရင်းသားတွေအတွက် ဘယ်လောက်အာမခံမလဲဆိုတာ အစိုးရ ဘက်က ဘာမှ မပြောနိုင်သေးပါဘူး။ ဒါ့အပြင် ကာလတာရှည် စစ်ဒဏ် ခံခဲ့ ရပြီး နေရပ်စွန့်ခွာမှုနှုန်းမြင့်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ မူလ တိုင်းရင်း သားတွေ နေရပ်မပြန်နိုင် သေးခင်မှာကိုပဲ ပြည်မကနေတိုင်းရင်းသားဒေ သတွေ မှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေကို အုံလိုက် ကျင်းလိုက် အိမ်ထောင် စု ဇယားတွေ ထုတ်ပေးဖို့ စီစဉ်နေပါတယ်။ ဒါဟာ အိမ်ရှင်ပြန် မရောက်ခင် တခြားလူတွေကို ဧည့်သည်တွေကို ဧည့်သည်လာလုပ်ခိုင်းတဲ့ သဘောမျိုးတောင် သက်ရောက်နေပါတယ်။ တိုင်းရင်းသားတော်တော် များများက ခေတ်သစ် ကိုလိုနီလက်သစ်လို့ မြင်နေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တကယ်တော့ အကောင်ထည်ဖော်ရေးအဆင့် မရောက်ခင်မှာ ကျဆုံးသွားတဲ့ အတွက် တိုင်းရင်းသားတချို့အနေနဲ့ သူ့အပေါ် သံသယဖြစ်နေဆဲ ရှိနေတာလည်း ငြင်းမရနိုင် တဲ့ကိစ္စပါ။ ဒါကလည်း ဗိုလ်ချုပ် ရုပ်ပြပြီးဗိုလ်ချုပ်မူဝါဒတွေ ဆက်မသုံးပဲ လိုသလို ပုံဖော်ခဲ့တဲ့ အာဏာရှင်တွေ နဲ့လည်း သက်ဆိုင် ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စာရေးသူအမြင်အရပြောရရင် အာဏာရှင်စနစ်ကို ရွံမုန်းသူ၊လွတ်လပ်မှုကိုမျှဝေ ခံစားလိုသူ ၊ တန်းတူရေးကိုနားလည်သူ ၊တပ်ပေါင်းစုမူဝါဒရှိသူ ၊ စုစည်းညီညွတ်ရေးကိုလိုလားသူ ၊ လက်တွေ့ကျတဲ့ နိုင်ငံရေးသမား ။ခေါင်းဆောင်ကောင်း ၊စွန့်လွတ်အနစ်နာခံသူလို့ မြင်ပါတယ်။ စာရေးသူနဲ့ ခင်မင်တဲ့နိုင်ငံရေး လေ့လာသူတဦးကတော့ ‘ ဗိုလ်ချုပ်က ကျဆုံး ပြီးနောက် တက်လာတဲ့ အာဏာ ရှင်တွေ ၊ စစ်အစိုးရအဆက်ဆက်နဲ့ ဗမာ လူမျိုးကြီးဝါဒ စွဲကိုင်သူ နိုင်ငံရေးသမားတွေရဲ့ ဒဏ်ကို ခံနေရတာ ပါ။ သူ့ခေတ်တုန်းကလည်း ဒီလောက်မဆိုးပါဘူး။ ’ လို့ မှတ်ချက်ပြုပါတယ်။ * ဆောင်းပါးရှင် - စိုင်းထွန်းအောင်လွင် |
||||||||
|
ရဝမ်ဒါလူသတ်ပွဲလို သျှမ်း - ပလောင်လူမျိုးကြား ပြဿနာမကြီးထွားလာစေလို Posted: 14 Jun 2016 02:14 AM PDT ၁၉၉၄ ခုနှစ်က ရဝမ်ဒါ နိုင်ငံက ဟူတူ လူမျိုးစု နှင့် ထွတ်စီ လူမျိုးစု ကြားပြဿနာကြီး ထွားပြီး လူစုတခု နဲ့ တခုကြား သတ်ဖြတ်ကြလို့ လူပေါင်း ၈ သိန်း ကနေ တသန်းအထိ သေကြေခဲ့ရပါတယ် ။
ရဝမ်ဒါ နိုင်ငံအကြောင်း တစေ့တစောင်းလေ့လာကြည့်မယ် ဆိုရင် ၁၉၁၈ ခု နှစ်တုန်းက ဘယ်လဂျီယံ နိုင်ငံ ကနေ ရဝမ်ဒါ နိုင်ငံကို ကျူးကျော်သိမ်းပိုက် လိုက်ပါတယ် ။ ရဝမ်ဒါနိုင်ငံကိုလဲ သွေးခွဲ အုပ်ချုပ်ခဲ့ပါတယ် ။
ရဝမ်ဒါမှာ အဓိက လူမျိုးစု သုံးခု ရှိပါတယ် ။ ၈၅ % ရာခိုင်နှုန်းက Hutu ဟူတူလူမျိုး ၊ ၁၄ % ရခိုင်နှုန်းက Tutsi ထွတ်စီလူမျိုး နဲ့ Twa ထွာလူမျိုး ၁ ရာခိုင်နှုန်းတို့ ယှဉ်တွဲနေထိုင်ကြပါတယ် ။ ဘယ်လဂျီယံဆီက မျက်နှာ အရဆုံးက ပညာရည်မြင့်မားတဲ့ လည်ပင်းရှည် ထွတ်စီ လူမျိုးတွေပါ ။ အဲဒါ တွေဟာ ဟူတူ လူမျိုး က သူတို့တွေအပေါ် အမြင်တိမ်းစောင်း မှုတွေ ဖြစ်ပေါ်လာစေပါတယ် ။ ၁၉၉၄ ဧပြီ ၆ ရက်နေ့က သမ္မတ ဟာဘေးရီမာနာ စီးလာတဲ့လေယာဉ်ပျံ ပစ်ခတ်ခံခဲ့ရပြီး သမ္မတ ပါ သေဆုံးသွားပါတယ် ။ အဲဒါကို ဟူတူတွေက ထွတ်စီလူမျိုး တွေဟာ သူတို့လူမျိုးသမ္မတနဲ့လိမ်လည်ပြီး ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့တယ် ။ ပြီးတော့ သူတို့သမ္မတကိုပစ်သတ် တယ် ဆိုပြီး ဝါဒဖြန့်ပါတယ်။ အမှန်တော့ သမ္မတ လေယာဉ်ကို ပစ်ချတာ ဟူတူ လူမျိုးထဲကပါဘဲ ။ သမ္မတ လေယာဉ်ပစ်ချ ခံရတဲ့နောက် ဟူတူလူမျိုးတွေက ထွတ်စီလူမျိုးတွေ ကို သတ်ဖို့ ရည်ရွယ်ချက် ရှိရှိ စတင်လာပါတော့တယ် ။ လည်ပင်းရှည်တဲ့ ထွတ်စီလူမျိုးတွေကို ဟူတူလူမျိုးတွေက ပိုးဟပ်မျိုးတွေ ၊ သစ်ပင်ရှည်မျိုးတွေ လို့ခေါ်ကြပါတယ် ။ အဆိုးဆုံးက ရေဒီယို အသံလွှင့်တခုကနေပြီးတော့ အသံလွှင့်သူတဦးက “ ကျနော်က ရဝမ်ဒါ ကို ချစ် မြတ်နိုးတဲ့သူပါ။ အဆိုးဆုံးသတင်းက ငါတို့ သမ္မတ ကို ပိုးဟပ်မျိုးတွေက သတ်လိုက်ပြီဆိုဒါပါဘဲ ။ ဒါ ကြောင့် ပိုးဟပ်တွေကို ရှင်းဖို့အချိန်တန်ပြီ သစ်ပင်ရှည်ကြီးတွေခုတ်ပစ်ဖို့ အချိန်တန်ပြီ ” ဆိုတာပါပဲ ။ အဲဒီကနေ လူသတ်ပွဲကြီး စတင်တော့တာပါဘဲ ။ ထွတ်စီလူမျိုးတွေရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ ကလေးတွေကို တွေ့သမျှ အကုန် သတ်၊ မိန်းမတွေကို လိင်ကျွံ အဖြစ်ထား ၊ အိမ်တွင်း ၊ ယာတွင်း ၊ လမ်းမပေါ် အပါအဝင်နေရတကာတွေ့သမျှ လူသတ် ကြပါတယ ။ လူသတ်မှု ကို ဘယ်သူမှ အ ကာအကွယ်မပေးနိုင်ပါဘူး ။ ငြိမ်းချမ်းရေး ကို စောင့်ထိန်း ပါတယ် ဆိုတဲ့ ယူအဲန် တပ်ကလဲ ဘာမှ အကူအညီ မပေးနိုင်ပါဘူး ။ နောက် ဆုံးေ တာ့ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ပြင်သစ်တပ် တွေက ထွတ်စီလူမျိုးစု ကာကွယ်ရေးတပ်နဲ့ တူ အခြေအနေဝင်ထိန်းလိုက်ရပါတယ် ။ ဝမ်းနည်းဖွယ်ရာကတော့ ထွတ်စီလူမျိုး ၈ သိန်းကနေ တသန်း အထိ အသတ်ခံရတဲ့အပြင် ဟူတူ လူမျိုးတွေ လဲအများ အပြားသေဆုံးခဲ့ရပါတယ် ။ ဒီ့အတွက် သျှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာက စာရေးသူ အနေနဲ့ အထူးစိုးရိမ် မိတာ အမှန်ပါဘဲ ။ မြန်မာအစိုးရ ၊ မြန်မာအစိုးရရဲ့ တပ်မတော် အစရှိအာဏာရ အုပ်စုကလဲ ဘယ်လဂျီယံ ကဲ့သို့ သွေးခွဲ အုပ်ချုပ် ၊ လက်နက်ကိုင်အုပ်စုတွေမှ လည်း သွေးထိုးလှုံ့ဆော်မှုများ - မပြုမိစေရန်၊ ပြုမိနေပါက ရပ်တန်းက ရပ်ရန်လိုအပ်ပါတယ် ။ ယနေ့ကြားသိရတဲ့ သျှမ်းပြည်မြောက်ပိုင်း က နမ့်ခမ်းမြို့ရဲ့ စိတ်မကောင်း ဖွယ်ရာ သတင်းတွေထဲမှာ သျှမ်းတွေရောင်းတဲ့ ပစ္စည်း- ပလောင် လူမျိုးတွေ မဝယ်ရ ၊ ပလောင် တွေရောင်းတဲ့ ပစ္စည်း သျှမ်းလူမျိုး မဝယ်ရ စတဲ့သွေးထိုးမှု သတင်းတွေ ဖြစ်ပေါ်လာလို့ပါဘဲ ။ ဒီပြဿနာအစကို ပြန်ဖေါ်ရရင် RCSS နဲ့ TNLA ကြား လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာကနေ မေလ ဆန်း ပိုင်းက အိမ်ခြေ ၆၈ အိမ်ရှိ သျှမ်းလူမျိုးေ တွနေထိုင်တဲ့ ရွာ မီးရှို့ခံလိုက်ရပါတယ် ။ အဲဒီရွာက နမ့်ခမ်းမြို့ တောင်ဘက် မိုင်းဝီးဒေသ ဟိုပန်ကျေးရွာအုပ်စု ဟိုပန်ကျေးရွာပါ ။ မေလ ၆ ရက်နေ့က မီးတင်ရှို့ပြီး ကျန်နေတဲ့ အိမ်တချို့နဲ့ တဲတွေကိုလဲ မေ ၁၇ ရက်နေ့ က အပြီး ပြန်လာရှို့သွားပါတယ် ။ ဂျွန် ၁ ရက်နေ့ကနေ ၃ ရက်နေ့ တုန်းကလဲ ပလောင်လူမျိုးသုံး ဦးသတ်ခံ လိုက်ရပြန်ပါတယ် ။ လက်သည်မသိလိုက်ရပါဘူး ။ တုန့်ပြန်မှုဇါတ်ကွက်ထဲ ထပ်ဝင်လာ တဲ့အကြောင်း အရာ နောက်တခုက ဂျွန် လ ၆ ရက်နေ့က နမ့်ခမ်းမြို့ ကနေ လားရှိုး - မန္တလေးဘက်သို့ ဦးတည်သွားနေ တဲ့ (ကားဆရာအပါအဝင်) နမ့်ခမ်းလူငယ် ရ ဦး ကို နမ့်ဖတ်ကာ မရောက်ခင် ဖာလိုင်ရွာမှာ လက်နက်ကိုင်အုပ်စုတခု ဖမ်းဆီးသွားပါတယ် ။ ကနေ့တိုင် သူတို့တွေကို မိသားစု နဲ့ ဆက်သွယ်ခွင့်မပေးပါဘူး ။ သျှမ်းလူထု နဲ့ ပလောင်လူ ထု ကို ခုတုံးလုပ်ပြီး ဒီလက်နက်ကိုင်အုပ်စုနှစ်ခုရဲ့ အားပြိုင်မှုက တနေ့ တခြား ပိုမို ကြီးထွားလာနေပါတယ် ။ လက်တွေ့မှာက ဘယ်သူ အမြတ်ရသွားလဲ ။ စဉ်းစားစရာပါ ။ သျှမ်းရွာမီးရှို့ခံရမှုဟာ TNLA လက်ချက် ။ တအာင်း (ပလောင်) လူမျိုး ၃ ဦးသတ်ခံရတာ RCSS ရဲ့လက်ချက် ။ ထို့အတူ နမ့်ခမ်းသျှမ်းလူငယ် ရ ဦး ဖမ်းဆီးခံရတာ ဟာ TNLA လက်ချက်ပါ …….. လို့ပြောနေကြပေမယ့် လက်တွေ့မှာ ဘယ်တာဝန်ရှိပုဂ္ဂိုလ်ကမှ မဖေါ်ထုတ်နိုင်ကြပါဘူး ။ သျှဲန်ပိုင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ စိုင်းဇင်ကတော့ - “ကျနော်တို့ သတင်း စာလောကမှာ စကား တစ် ခွန်းရှိတယ်ဗျ ။ ပဋိက္ခတွေ ၊ စစ်ပွဲတွေ ဖြစ်လာရင် အရင်ဦးဆုံး ကျဆုံးသွားတာက အမှန်တရားပဲတဲ့ ။ ပြီးတော့ နစ်နာရ တာက လည်း လက်နက်မဲ့ ပြည်သူတွေပဲ ။ ပလောင်တပ်ဘက်ကလည်း သျှမ်းရွာတွေ ရှိ လို့ သျှမ်းတပ်တွေ လှုပ်ရှားနိုင်တယ် လို့ သံသယနဲ့ ကြည့်ကြတယ် ။ သျှမ်း တပ် ဘက်ကလည်း တောထဲ တောင်ထဲ တွေ့သမျှ ပလောင်လူမျိုးတွေဟာ ပလောင်တပ်ကလူတွေပဲ လို့ သံသယနဲ့ကြည့်တယ် ။ သျှမ်းပြည်မြောက်ပိုင်းမှာ သျှမ်းရွာတွေ မီးလောင်တယ် ။ လူတွေ အသတ်ခံရတယ် ။ သိပ်မကြာဘူး ပလောင်ရွာသားတွေ ထပ်အသတ်ခံရတယ်” ။ “ နောက်ပြီး ခရီးသွားတဲ့ သျှမ်းလူငယ်တွေ လမ်းမှာပျောက်သွားတယ် ။ အပြန် အလှန် ကလဲ့စားချေ နေကြ သလားလို့တောင်အများက မြင်နေကြပြီ။ အပြစ် မရှိဘဲ၊ ဘာမှ မသက်ဆိုင်ဘဲ နစ်နာခဲ့ရသူတွေ အားလုံး အတွက် လုံးဝ စိတ် မကောင်းဘူး ။ ဖြစ်လည်း လုံးဝ မဖြစ်သင့်ဘူး ။ ခက်တာက ဘယ်သူကမှ လည်း သူတို့ လက်ချက်ပါလို့လည်း ဝန်မခံကြဘူး ။ အမှန်တရားကတော့ ကျူးလွန်တဲ့သူတွေကိုယ်တိုင် အသိဆုံးဖြစ် ပါလိမ့်မယ် ” ။ “ ဒါကြောင့် နှစ်ဖက် သက်ဆိုင်ရာ တပ်တွေအနေနဲ့ ငြိမ်းချမ်းစွာပဲ ဖြေရှင်းကြေ စချင် တယ် ” “ ဒါပေမယ့် ကြားနေရတာကတော့ နှစ်ဖက်စလုံးက စစ်သားတွေ ထပ်စုနေကြ တယ် ။ အင်အား ဖြည့် တင်းဖို့ လုပ်နေကြတယ်လို့ ကြားတယ် ။ ဆွေးနွေး နိုင်ကြဦးမယ်လို့ မထင်ဘူး ။ ဆွေးနွေးလို့ မရလို့ တိုက်ကြမယ်ဆိုရင်လည်း စစ်သားချင်းစစ်သား ဖြစ်တဲ့ကိစ္စကို စစ်သားပီပီ စစ်သားချင်းရှင်းကြပေါ့။ လက်နက်မဲ့ အပြစ်မဲ့ လူထုကို လုံးဝဒုက္ခမပေးစေလိုဘူး” “ အခုဖြစ်နေတာက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ "ဝ" တပ်ဖွဲ့ကို အားကျပြီး သူတို့ စိုးမိုးတဲ့ နယ်မြေများလေလေ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ သူတို့ရဲ့ နိုင်ငံရေးတောင်းဆိုချက် ပိုမို ခိုင်မာ လာမယ်လို့ ထင်နေကြတယ် ။ ဒါကြောင့်လည်း နယ်မြေစိုးမိုးရေးကို အဓိကထားနေကြတယ် ။ နှစ်ဖက် စလုံးက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အနေနဲ့ ရှေ့ရေးကို ကြည့်ဖို့လိုပါလိမ့်မယ် ။ တခြားလူတွေ ကလည်း လောင် စပြုနေပြီဖြစ်တဲ့ လူမျိုးရေး ပဋိပက္ခမီးကို မီးစာထပ်မထည့်သင့်ဘူး ။ အနာ ဂတ်မှာ ရှင်သန်ကြမယ့် သျှမ်းကလေးတွေ ၊ ပလောင်ကလေးတွေကို ပဋိက္ခအမွေ ချန်ရစ်ပေးခဲ့ကြမှာလား ၊ ငြိမ်းချမ်းချစ်ကြည်ရေး အမွေချန်ပေး ခဲ့ကြမှာလား ဆိုတာ ကြပ်ကြပ်ကြီး စဉ်းစားကြဖို့လိုလိမ့်တယ် ” - လို့ ပြောပါတယ် ။ ပလောင် နှင့် သျှမ်းလူမျိုးစုအကြား အမုန်းပွားမှုဟာ ဘယ်လောက် ထိကြီး သလဲဆိုရင် - တပ်မတော်စစ် ကြောင်း နဲ့ သျှမ်း ပြည်တပ်မတော် SSPP/SSA အကြား တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် အတွင်း နောင် ကန်အုပ်စုဝင် ဝိုးလုံကျေးရွာ သား ၈ ဦး က ရွာထဲမှာဘဲ မီးရှို့သတ်ဖြတ်ခံရမှုပင် သျှမ်းလူမျိုးေ တွက သတိမရ သလို - ဖြစ်လာတာကိုတွေ့ရပါတယ် ။ ဘာလို့လဲဆိုတော့ မေလ ၂၈ ရက်နေ့က ကျောက်မဲ ဆန္ဒဖေါ်ထုတ်ပွဲက အဆိုပါ ကိစ္စ ထုတ်ဖေါ်ခြင်းလုံးဝ မတွေ့ရှိရပေ ။ သျှမ်းပြည်အတွင်းမှာ သျှမ်းလူမျိုးနဲ့ ပလောင် (တအာင်း) လူမျိုးတွေ ဆို တာ ရှေးပဝေသဏီကတည်းက အတူနေလာတယ် ။ ရိုးရာယဉ်ကျေးမှု မှ အစ နာမည်မှည့်ခေါ်တာ အဆုံး ဆင်တူကြပါတယ် ။ သျှမ်းလူမျိုး တွေ ရိုးရာပွဲ ကျင်းပ ရင် ပလောင်တွေ မပါမရှိသလို ၊ ပလောင်ပွဲတွေမှာလဲ သျှမ်းတွေ မသွားမနေပါဘဲ ။ ဒီအလှတရားတွေ အစား လက်ရှိအခြေအနေမှာတော့ နမ့်ခမ်းမြို့နယ် အတွင်း မှာ လူမျိုးတခု နဲ့ တခု ကြား မယုံကြည်မှုတွေ ၊ အမုန်းပွားမှုတွေ တဖြည်းဖြည်း တိုးပွားလာနေပါတယ် ။ ဒီအက်ကွဲမှုကို အခွင့်အရေးအနေနဲ့ အသုံးချမယ့် တတိယ အုပ်စုလဲ ရှိမည်မှာ မလွဲပါ ။ ဒီ့အတွက် ၎င်းတို့ ဆင်ထားတဲ့ အကွက်ထဲ မကျမိစေရန် မိမိအမျိုး ကိုချစ်ကြတဲ့ သျှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ ဖြစ်ပွားနေတဲ့ ပြဿနာကို ငြိမ်းချမ်း တဲ့ နည်းနဲ့ အမြန်ဆုံးဖြေရှင်းကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါတယ် ။ ဆောင်းပါးရှင်- ခွန်ဆန်မူး |
||||||||
|
အာဆီယံလူငယ်နှင့်ရင်ဘောင်တန်းနိုင်ရေး မြန်မာနိုင်ငံလူငယ့်မူဝါဒရေးဆွဲရန် ဆွေးနွေး Posted: 13 Jun 2016 10:02 PM PDT မန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အားကစားသိပ္ပံအားကစား ကွင်း၌ ပြုလုပ်ရာအစိုးရ၏ ရက် ၁၀၀ စီမံချက်ပါ လူငယ်ပေါ်လစီနှင့် ပတ်သက်ပြီး လူငယ်မူဝါဒ ရေးဆွဲရန် အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည် ။
ကနေ့ခေတ် လူငယ်ပေါ်လစီမရှိသည့် နိုင်ငံပေါင်း ၃၀ ကျော်ထဲ၌ မြန်မာနိုင်ငံ လည်းပါဝင်သည်ဖြစ်ရာ အာဆီယံနိုင်ငံအဖွဲ့ဝင် မြန်မာနိုင်ငံမှလူငယ်များ အနေဖြင့် အာဆီယံနိုင်ငံ လူငယ်များနှင့် ရင်ဘောင်တန်း ဝင်ဆန့်နိုင်ရန် လူငယ်မူဝါဒ ရှိဖို့လိုအပ်ကြောင်း ၊ လက်ရှိမြန်မာနိုင်ငံသည် လူငယ့်မူဝါဒမရှိ သည့် နိုင်ငံမှ မူဝါဒရှိသည့် နိုင်ငံအဖြစ် ကြိုးစားနေကြောင်း ဆွေးနွေးပွဲတွင် တက်ရောက်လေ့လာသူ တိုင်းရင်းသားလူငယ်တစ်ဦး ကပြောသည် ။ “ အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ လူငယ်ပေါ်လစီ နဲ့ ပတ်သက်ပြီး ရေးဆွဲပြ ဌာန်း ဖို့ရှိတယ် လို့သိရတယ် ။ ဒီဖိုရမ်ကနေ ဆွေးနွေးရရှိလာတဲ့ လူငယ် ကိုယ် စားလှယ် တွေရဲ့ သဘောထားဆန္ဒတွကို လူငယ်မူဝါဒ ရေး ဆွဲပြဌာန်း မယ့် ရက် ၁၀၀ ရက် စီမံချက်ထဲပါဝင်နိုင်အောင်လို့ ဆွေးနွေးခဲ့တယ်လို့သိရတယ် ” ဟု ၄င်းက ပြောပာသည် ။ မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်တွေ့ဆုံဆွေးနွေးပွဲကို ဂျွန်လ (၁၁ ရက် မှ ၁၃ ရက် ) ထိ သုံးရက်တာ ကျင်းပရာ (၁) လူငယ်နှင့် ငြိမ်းချမ်းရေး (၂) လူငယ်နှင့် မူးယစ်ဆေးဝါး (၃) သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုအကြောင်း နှင့် (၄) လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ဟူသည့် ခေါင်းစဉ်ကြီးလေးခုအောက် အစုဖွဲ့ ၄ စုခွဲပြီး ဆွေးနွေးခဲ့ကြောင်းသိရသည် ။ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးက “ လူငယ်ဆိုတဲ့ အရွယ်ကို အသက်နဲ့ ကန့်သတ်ထားတာကို မြန်မာနိုင်ငံအနေနဲ့ ပြန်လည်သုံးသပ် သင့် တယ် ။ နိုင်ငံ တကာစံနှုန်း လူငယ်အသက် ကန့်သတ်မှု ၁၅ နှစ် မှ ၂၄ နှစ်ဆိုတာ မြန်မာ နိုင်ငံ က လူငယ်တွေရဲ့ အနေအထားနဲ့ ကိုက်ညီမှု ရှိပါ့မလား ” ဟုပြောသည် ။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ် နှင့် တိုင်းဒေ သကြီး လူငယ်ကိုယ်စားလှယ် အသီးသီး နှင့် လေ့လာသူ အနေဖြင့် ပါတီဝင် လူငယ်ကိုယ်စားလှယ် ၅ ပါတီတက်ရောက်ပြီး လူအင်အား စုစုပေါင်း ၄၅၀ ခန့်တက်ရောက် ခဲ့ကြောင်း သိရသည်။ လေ့လာတက်ရောက်သူပါတီများ သည် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (S.N.L.D) ၊ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ် (P.N.O) ၊ (N.L.D) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ (TNP) တအောင်းပါတီ နှင့် (NUP) တစည ပါတီ တို့တက်ရောက်ကြကြောင်း သိရသည် ။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်ကစတင် ကျင်းပခဲ့သည် ။ ယခုနှစ် ၂၀၁၆ ဆွေးနွေးပွဲမှာ သုံး ကြိမ်မြောက်ေ ဆွးနွေးပွဲဖြစ်ကြောင်းသိရသည် ။ အဆိုပါဆွေးနွေးပွဲသို့ သက် ဆိုင်ရာပြည်နယ်က တိုင်းရင်းသားပါဝင်မှု အား နည်းပြီး သျှမ်းပြည် နယ် ဖြစ်ဖြစ် မည်သည့်ပြည်နယ်ဖြစ်ဖြစ် တိုင်းရင်းသား အရေ အတွက် နည်းပြီး ဒေသခံ လှုပ်ရှားနေသည့် ကိုယ်စား လှယ်အဖွဲ့ ပါဝင်တက်ရောက်မှု အားနည်းနေကြောင်း လေ့လာတက်ရောက်သူ တစ်ဦး ကပြောသည် ။ |
|
သီပေါစော်ဘွားဘဝဇါတ်လမ်းရုပ်ရှင် ပြသခွင့်ပိတ်ပင်ခြင်းအကြောင်းပြချက် ယုတ္တိမရှိဟု ခွန်ထွန်းဦးပြော Posted: 15 Jun 2016 07:45 AM PDT ရန်ကုန်မြို့တွင် ကျင်းပသည့် လူ့အခွင့်အရေး နှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် Human Dignity international film festival တွင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုပျက်ပြားစေသည်ဟုဆိုကာ သီပေါစော်ဘွား စဝ်ကြာဆိုင် နှင့် မဟာဒေဝီ တို့၏ ဘဝဇာတ်လမ်းအမှန်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားသည့် Twilight Over Burma ဇာတ်လမ်းကို တပ်မတော်ဘက်က ပြသခွင့် ပိတ်ပင်လိုက်ခြင်းမှာ ယုတ္တိမရှိကြောင်း ခွန်ထွန်းဦးကပြောဆိုလိုက်သည် ။
ဂျွန်လ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့ ရုပ်ရှင်ရုံကြီးများတွင်ပြသ သွားမည့် ရုပ်ရှင်ပွဲတော်တွင် Twilight Over Burma ရုပ်ရှင်ဇာတ်လမ်းမှ ဇာတ်ဝင်ခန်းများမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အပေါ် သက်ရောက် မှု ရှိလာနိုင်သောကြောင့် ပြသခွင့်မပြုရခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ရိုက်တာ သို့ ပြောသည် ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြချက်အရ သိရသည် ။ ‘ ဇာတ်လမ်းက အမှန်အတိုင်းရေးထားတယ်။ ရိုက်ကူးတယ် ပြသတယ်။ ခံရတဲ့သူကခံရပြီ။ အခုထိ သေသလားရှင်သလား မသိဘူး။ သူ့သမီးတွေ ကလည်းငယ်ကတည်းက သူတို့အဖေကို ၅ နှစ် ရ နှစ်အရွယ်ကတည်းက မတွေ့တော့ဘူးလေ။ စည်းလုံး ညီညွတ်ရေးကိုပျက်ပြားစေတယ်ဆိုတာ ယုတ္တိမရှိပါဘူး။ လူတယောက်ရဲ့အခွင့်ရေးပဲ ။ လူ့အခွင့်ရေးမရှိတဲ့ သဘောပဲ။ လုပ်ကြံပြီးပြောနေတာ။ ရှိကောရှိရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးက ဒီရုပ်ရှင်ပြတာနဲ့ ဘယ်လိုလုပ်ပျက်ပြားမလဲ ။ ဒီဟာကရိုက်တဲ့လူ ၊ ရေးတဲ့လူက ဘယ်လောက်ခံစားသွားရပြီလဲ။ ရေးသားတဲ့ မဟာဒေဝီ ၊ ကလေးနှစ်ယောက် ဘယ်လောက်ခံစား သွားရပြီလဲ။ အဲဒီဟာကို မစဉ်းစားပဲ ဒါလေးပြရုံနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပျက်ပြားတယ်ဆိုတာ ယုတ္တိမရှိဘူးလို့ ကျနော်ပြောလိုတယ်။‘ ဟု သီပေါစော်ဘွား စဝ်ကြာဆိုင်၏ တူတော်စပ်သူ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် ဥကဌ ခွန်ထွန်းဦးကပြောသည် ။ သီပေါစော်ဘွားကြီး၏ မဟာဒေဝီ အင်ဂာဆာဂျင့် ခေါ် မင်းသမီး သုစန္ဒီကိုယ်တိုင် ရေးသားထားသည့် Twilight Over Burma (မှုံရီဆိုင်း တိုင်းမြန်မာ ) စာအုပ်ကို ဩစတြီးယားနိုင်ငံသား ဒါရိုက်တာ Sabine Derflinger က ကြာချိန် ၉၉ မိနစ်အရှည်ဖြင့် ရုပ်ရှင်အဖြစ် ရိုက်ကူးထားသည် ။ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင်လည်း ပွဲတော်ဖြစ်မြောက်ရေးအတွင်းရေး မှူး မမွန်မွန်မြတ် ကမူ - ရုပ်ရှင်ပွဲတော်ဆိုတာ ကျမတို့နိုင်ငံရေးလက်ရှိ အနေအထား အခင်းအကျင်းတခုကိုလည်း တိုင်းတာရာရောက်ပါတယ်။ အဲဒီ လိုဘဲ ကျမတို့ဒီရုပ်ရှင်ပွဲ တော်ကတဆင့်ကျမတို့ ဘယ်အတိုင်းအတာ အထိ လုပ်ခွင့်ရပြီလဲ။ ကျမတို့လက်ထဲမှာ မီဒီယာဖရီးဒမ်းဘယ်လောက် ထိရှိပြီ လဲ ဆိုတာ ပြသရာရောက်ပါတယ်။ ကျမတို့ဒီရုပ်ရှင်ပွဲတော်မှာ ကျမတို့နိုင်ငံက လူ့အခွင့်အရေးနဲ့ပတ်သက်လာလို့ရှိရင် အတိုင်းအတာ တခုအထိတော့ရပါ တယ်။ ဒါပေမယ့် တကယ်တမ်း တပ်မတော်နဲ့ပတ်သက် လာရင် ဘာသာရေး နဲ့ပတ်သက်လာရင်ကျမတို့ စည်းတွေ ဘောင်တွေ အင်မီတေးရှင်းတွေ အများ ကြီးရှိနေပါသေးတယ်။ ဒါကြောင့်ဒီရုပ်ရှင်ပွဲတော် ဟာ ရုပ်ရှင်ဆိုတာထက် ပိုတဲ့အနှစ်သာရတွေအများကြီးရရှိ ခဲ့ပါ တယ်။ နောက်ပြီးတော့ ကျမတို့ နိုင်ငံမှာ ပြည်သူကရွေးချယ်ထားတဲ့ အစိုးရ သစ်ကြီး ပေါ်ပေါက်လာပြီ ဆိုပေ မယ့်လည်း တကယ်တော့ ကျမတို့ အင်စတီကျူးရှင်းကြီးထဲမှာ အင်မတန် မှ ကျော်ရဖြတ်ရခက်တဲ့ အတားအဆီးတွေအများကြီးရှိနေသေးတယ်ဆိုတာ အစိုးရသစ်ရဲ့စိန်ခေါ်မှုကြီးတခုအဖြစ် ရှိနေသေးတယ်ဆို တာ တွေ့နိုင်ပါ တယ်။ ဒါကြောင့် ဒီပြသခွင့်မရတဲ့ရုပ်ရှင်နဲ့ပတ်သက်ပြီး ၀မ်းနည်းစွာ ပြောကြား လိုပါတယ်။- ဟု ပြောဆိုသွားသည် ။ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ကတည်းက စတင်ကျင်းပလာပြီး ယခု ၂၀၁၆ ခုနှစ် တွင် လေး ကြိမ်မြောက် အဖြစ်ကျင်းပခဲ့ခြင်းဖြစ်သည် ။ ပြသခဲ့သည့် ၃ ကြိမ်တို့တွင် ပြည် တွင်း ရုပ်ရှင် ၈၅ ကားနှင့် ပြည်ပရုပ်ရှင် ၁၀၁ ကားပြသနိုင်ခဲ့ပြီး ကြည့်ရှုအားေ ပး သူ စုစုပေါင်း ၈ သောင်းကျော်ရှိခဲ့သည်ဟုလည်း သိရသည် ။ |
|||||
|
ရာသီဥတုဖောက်ပြန်မှုကြောင့် သျှမ်း/တောင် တောင်သူလယ်သမားများ ဆုံးရှုံးမှုများပြား Posted: 15 Jun 2016 04:24 AM PDT ယခုနှစ်နွေဦးရာသီက ရာသီဥတုဖောက်ပြန်မှုကြောင့် သျှမ်းပြည်တောင် ပိုင်းရှိ တောင်သူလယ်သမား များ ဆုံးရှုံးမှုများပြားခဲ့သည်ဖြစ်ရာ မြို့နယ် ၃ မြို့နယ်အတွင်း ပင် လယ်ယာခြံမြေ ဧကပေါင်းထောင်ချီ ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း တောင်ကြီးမြို့ စိုက်ပျိုးရေးဝန်ကြီးနှင့်တွေ့ဆုံ ပွဲတွင် တောင် သူလယ်သမားများကပြောသည် ။
ကလောမြို့နယ်တောင်သူ ၈၅၄ ဦး၏ဂေါ်ဖီထုပ် ၊ ဖူးစားပြောင်း ၊ အစေ့ ထုပ်ပြောင်း ၊ ပန်းအမျိုးမျိုး စုစုပေါင်း ၆၇၅ ဧက ၊ ရွာငံမြို့နယ်တွင် လည်းတောင်သူ ၈၆ ဦး၏ ငှက်ပျောခြံ ၁၀၅.၅၉ ဧက ပျက်စီး ခဲ့ရပြီး တောင်သူ ၂၉၁ ဦး၏ သရက် ၊ လိမ္မော် စိုက်ခင်း ဧက ၃၉၃.၇၆ ဧက အရွက်ကြွေ ၊ အကိုင်းကျိုး ၊ အသီးကြွေ၊ အပင်လှဲခြင်းများဖြစ်ခဲ့ရကြောင်း သျှမ်းပြည်နယ် စိုက်ပျိုးရေး နှင့်မွေးမြူရေး ၀န်ကြီး ဦးစိုင်းလုံကျော်နှင့် ဂျွန်လ ၁၄ ရက်နေ့က တောင်ကြီးမြို့စိုက်ပျိုးရေးရုံးတွင် တွေ့ဆုံရာတွင် လယ်သမားများတင်ပြ ပြောဆိုခဲ့သည် ။ သျှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနကလည်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများထိခိုက်ပျက်စီး သည့် ၃ မြို့နယ် အတွက် (ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ) ထောက်ပံ့ပစ္စည်းများ ကိုအဆိုပါတွေ့ဆုံပွဲတွင် ထောက်ပံ့ပေးအပ်ခဲ့သည် ။ " ကျနော်တို့ မိုင်းပန်မှာကျတော့ ပြောင်းဖူးခင်းတွေ ၊ ဆန်စပါးတွေကို ကြွက်တွေ ၀င်ကိုက်လို့ ဧက ပေါင်း ၆၀၀ ကျော် ပျက်စီး ခဲ့ရတယ် ၊ ကျနော်တို့မြို့နယ်အတွက် ထောက်ပံ့ပစ္စည်း ဘယ်လောက် ရမလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး " ဟု မိုင်းပန်မြို့နယ် စိုက်ပျိုးရေးဌာနမှ ဦးစီးမှူး ဦးစိုင်းကျော်မြ က သျှမ်းသံတော်ဆင့်အား ပြောပြသည် ။ ၂၀၁၅ - ၂၀၁၆ မိုးစပါးရာသီက လင်းခေးခရိုင် ၊ မိုင်း ပန်မြို့နယ်တွင် ကြွက်ကိုက်ရာ စပါးခင်း ဧက ပေါင်း ၆၀၀ ကျော် ပျက်စီးခဲ့ကြောင်း လည်းအဆိုပါအခမ်းအနားတွင် ပြောဆိုသည် ။ အခမ်းအနားသို့ သက်ဆိုင်ရာ မြို့နယ်မှ စိုက်ပျိုးရေး ဌာန ဦးစီးမှူးများ ၊ လယ်သမားတချို့ စုစုပေါင်း လူဦးရေ ၁၀၀ ခန့်တက်ရောက်ခဲ့သည် ။ ရာသီဥတုဖောက်ပြန်မှုကြောင့် ပြီးခဲ့သည့်နွေဦးက သျှမ်းပြည်အလယ် ပိုင်း မြို့နယ်တော်တော် များများတွင် မိုးသက်လေပြင်းဒဏ် ၊ မိုးသီးကြီး များဒဏ်ခံရကာ လယ်ယာမြေအတွင်း စိုက်ပျိုးသီးနှံ အများအပြား ဆုံးရှုံး ခဲ့ရသည် ။ ထို့အပြင် ပင်လောင်းစော်ဘွားကြီး၏ သမိုင်းဝင် ဟော်နန်း ကြီးလည်းပြိုကျပျက်စီးခြင်း ၊ ကွန်ဟိန်းမြို့၏ ပြည်သူ့ကျန်းမာရေး ဆေး ရုံကြီးအမိုးလှန်ခြင်းများဖြစ်ပေါ် ခဲ့သည် ။ ၂၀၁၅ ခုနှစ်က အယ်နီညိုအပူလိုင်း ဖြတ်သန်းမှုကြောင့် အရှေ့တောင် အာရှတွင် အပူချိန်မြင့်မားခြင်း သောက်သုံးရေ ရှားပါးခြင်းပြသနာများ ကြုံတွေ့ခဲ့ရသည် ။ ၂၀၁၆ - ၁၇ ခုနှစ်အတွင်းတွင်လည်း အာရှတိုက်အား အင်အားကြီးမားသော အယ်နီညို အပူလှိုင်း ၊ လာနီညို အအေးလှိုင်းများဖြတ်သန်းဦးမည်ဟု ကမ္ဘာ့မိုးလေဝသပညာရှင်များ က သုံးသပ်ခန့်မှန်းထားသည် ။ |
|||||
|
TNLA နှင့် ဖြစ်နေသည့် ပြဿနာများ ကြားဝင်ဖြေရှင်းမည်ဟု ဗိုလ်ချုပ်ကြီး ပန်ဖှပြော Posted: 15 Jun 2016 01:52 AM PDT သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်း ဌာနချုပ်၌ ဥက္ကဌ ဗိုလ်ချုပ် ကြီး ပန်ဖှ မှ စစ်ဘေးစစ်ဒဏ်ခံသင့် ရဟန်းတော် များ ၊ လူထုကိုယ်စားလှယ်များအား ဖိတ်ခေါ် ကာ ဂျွန် ၁၄ ရက်နေ့က လက်ခံတွေ့ဆုံပြီး လူထု တင်ပြချက်အရ TNLA နှင့် ဖြစ်နေ သည့် ပြဿနာ များကြား ကြားဝင်ဖြေရှင်းပေးသွားမည်ဟု ပြောကြားလိုက်သည် ။
တွေ့ဆုံမှုတွင် ဗိုလ်ချုပ်ကြီး ပန်ဖှ ဦးဆောင်သည့် သျှမ်းပြည်တိုးတက်ရေး ပါတီအနေဖြင့် ၊ စစ်ဘေး စစ် ဒဏ်သင့်သူများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၂၀၀ ၊ စာသင်ကျောင်း ပြန်လည်မွမ်းမံဖို့ ကျပ်သိန်း ၂၁၀ ၊ စစ်ဘေးစစ်ဒ ဏ်ကြောင့် ဒေသဆုံးသည့် မိသားစု ဝင်တွေ အတွက် တအိမ်ထောင် ကျပ် ၁၀ သိန်း ထောက်ပံ့သည်ဟု လည်း တက်ရောက်သူ ရပ်မိရပ်ဖ က ပြောသည် ။ ဗိုလ်ချုပ်ကြီးပန်ဖှ နှင့်တွေ့ဆုံစဉ် တက်ရောက်သည့် လူထု ကိုယ်စားလှယ် များက - သျှမ်းလက်နက်ကိုင် တပ်နှစ်ခုပေါင်းစည်းရေး ၊ ရံပုံငွေထောက်ပံ့ရေး၊ TNLA ဖြစ်နေသည့် ကိစ္စများ ဖြေရှင်းပေးရေး ၊ တရွာလုံး မီးရှို့ခံရသည့် ဝိုးလုံ ရွာသားများအတွက် ဘဝပြန်လည်ထူထောင်ရေး - စသည့်ကိစ္စရပ် များေ ဆွးနွေးကြသည်ဟု ဆိုသည် ။ လူထုအားလက်ခံတွေ့ဆုံပွဲ၌ - ခေါင်းဆောင် ဗိုလ်ချုပ်ကြီးပန်ဖှ နှင့် အတူ ဒုဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခေးတိုင်း ၊ ဗိုလ်ချုပ် ခွန်ဆိုင် နှင့် ဗဟိုကော်မတီဝင် အရာရှိများ တက်ရောက်ကြသည်ဟု သိရသည် ။ |
|
လားရှိုးမြို့ ခမ်းကူစင်တာ အရည်အချင်းမြှင့်တင်ရေးသင်တန်း ပညာဒါန အစီအစဉ်စတင် Posted: 16 Jun 2016 03:06 AM PDT သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် “ ခမ်းကူ” လေ့လာရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ လူငယ် ဘဝ အခြေခံစွမ်းရည်မြင့်တင်ရေးသင်တန်း ခမ်းကူစင်တာ ၂ တိုးချဲ့ဖွင့်လှစ် ကာ ပညာဒါန အစီအစဉ် တရပ်အား စတင်နေပြီဟု ဒါရိုက်တာ စိုင်းဆိုင်မိန်းကပြောသည် ။ စင်တာ ၂ ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် ခမ်းကူစင်တာမှ ပညာဒါန တန်းခွဲ သင်တန်း တရပ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ၊ တကယ့်စိတ်ပါဝင်စားသူ ကျောင်းသား လူငယ်များ ၊ ၁၀ တန်းအောင်များ ၊ လုပ်ငန်းခွင်ဝင်မည့်လူငယ်များနှင့် အဖွဲ့အစည်းအတွင်း စေတနာ့ဝန်ထမ်းအဖြစ်ထမ်းဆောင်နေသူ လူငယ်များလျှောက် ထားနိုင်ကြောင်းလည်း ဖိတ်ခေါ်ထားသည် ။ |
“ စင်တာ ၂ ကို သင်တန်းနေရာတိုးချဲ့တာပါ ။ ဂျွန်လ ၁၄ ရက်နေ့ ဖွင့်ပွဲကျင်းပပါတယ် ။ သိန်နီလမ်း ရပ်ကွက် ၁၂ ကန်မိန်း ကျောင်းတိုက် အနီးမှာရှိပါတယ် ။ လာရောက်သင်ယူ လေ့လာ တဲ့လူငယ်တွေ များလာတဲ့ အတွက် နေရာချဲ့ရ တာဖြစ်ပါတယ် ။ ခမ်းကူစင်တာ ၁ ကတော့ ဖွင့်လှစ်လာခဲ့တာ ၅ နှစ်ရှိပါပြီ ။ သျှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမဝင်ထဲမှာ တည်ရှိပါတယ် ” - ခမ်းကူ ပညာရေးမြှင့်တင်ရေး စင်တာမှ ဦးဆောင်ဦးရွက်ပြုနေသူ စိုင်းဆိုင်မိန်းက ပြောသည် ။
ခမ်းကူ ပညာရေးမြှင့်တင်ရေးသင်တန်းမှ ကွန်ပြူတာသင်တန်း ၊ မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း၊ လူငယ့်အရည်အချင်းမြှင့်တင်ရေး ပညာရပ်များဖြစ်သည့် ဆရာမွမ်းမံသင်တန်း ၊ စီမံခန့်ခွဲမှု သင်တန်းနှင့် ခေါင်းဆောင်မှုပညာသင်တန်း ၊ အင်္ဂလိပ်ဘာသာသင်တန်း၊ အဖွဲ့အစည်း အတွင်း ဦးဆောင်မှုသင်တန်း၊ နိုင်ငံရေး ဗဟုသုတ ဆိုင်ရာသင်တန်း အစရှိပညာရပ် များ အပါအဝင် ခေါင်းစဉ်ကြီး ၁၂ ခု ရှိကြောင်းသိရသည် ။ “ ခေါင်းစဉ်အလိုက် သင်တန်းပို့ချတဲ့ ကာလကတော့ မတူညီပါဘူး ။ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်သင်ကြားပေးတယ် ။ တချို့ခေါင်းစဉ်ကတော့ ၁ လကျော်ကြာတယ်။ တချို့ဆို ၂ လလောက်ရှိပါတယ် ။ တချို့ကလည်း ၁၅ ရက်လောက်ဘဲကြာပါတယ် ။ ” ခမ်းကူစင်တာမှ သျှမ်းပြည် မြို့နယ်အသီးသီးမှ လူငယ်များအား အရည်အချင်းမြှင့်တင် ပေး လာခဲ့ရာ ၅ နှစ်တာကာလအတွင်း သင်တန်းသားလူငယ် ၅၀၀ ထက်မနည်းရှိပြီဖြစ် ကြောင်း ခမ်းကူ လေ့လာရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ ဒါရိုက်တာ စိုင်းဆိုင်မိန်းကပြောသည် ။ “ လားရှိုးမြို့မှာရှိတဲ့ ခမ်းကူစင်တာမှာသင်တန်းပို့ချနေတဲ့အပြင် ကျေးလက်ဒေသက လူငယ်တွေ မြို့တက်ပြီး ပညာသင်ဖို့က မလွယ်တဲ့အတွက် ကျနော်တို့ ကွင်းဆင်းပြီး ပညာပို့ချပေးတာ လည်းရှိတယ် ။ ဒီနှစ်ဆိုရင်ကျနော်တို့ ကျေးလက်မှာကွင်းဆင်းပို့ချမယ့်နေရာ ၄ နေရာထပ်တိုး မှာဖြစ်ပါတယ် ” - ဟု စိုင်းဆိုင်မိန်းကပြောသည် ။ ခမ်းကူစင်တာမှ သင်တန်းသားများလက်ခံရာတွင်လည်း လူမျိုးဘာသာ မရွေးဟုလည်း ဆိုပါသည် ။ ပို့ချပေးမည့် ဘာသာရပ် မှာ ၁၀ ခုထက်မနည်းရှိပြီး အရည်အချင်းမြှင့်တင်လိုသူ အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြားလူငယ်များ ရပ်ကွက် ၁၂ လားရှိုးရှိ ခမ်းကူစင်တာ ၁ နှင့် ၂ သို့ ဂျွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်းလည်းဖော်ပြထားသည် ။ |
|
Posted: 16 Jun 2016 12:08 AM PDT သို့- သျှမ်းသံတော်ဆင့် မှတဆင့် သက်ဆိုင်ရာ ရပ်ရွာအကြီးအကဲများသိစေရန်တင်ပြအပ်ပါသည် ။
တရုတ်နဲ့နယ်စပ်ချင်းကပ်လျက် ကျနော်တို့ နမ့်ခမ်းမြို့ဟာ နယ်စပ်တလျှောက်တည်ရှိနေတဲ့ကျေးရွာတွေဟာ အစဉ်အလာအရ တဖက်ခြမ်းကရွာတွေနဲ့ ဝင်ထွက်သွားလာ ဆက်သွယ်ရောင်းဝယ်ရမြဲဖြစ်ပါတယ် ။ ကုန်ကြီး ကားကြီးတွေနဲ့မဟုတ်ပေမယ့် ကိုယ့်ဘက်ကထွက်တဲ့ ခြံထွက်သီးနှံတွေကို တောင်းနဲ့ပလိုင်းနဲ့သယ်ပြီး သူ့ဘက် ကထုတ်ကုန်နဲ့လဲလှယ်ကြစမြဲဖြစ်ပါတယ် ။ ကချင်ပြည်နယ် မံစီမြို့ကျောင်းခန်ကျေးရွာတွင်အခြေချထားသော တပ်မတော်တပ်မ ၂၁ တပ်ရင်း ၄၃၈ လက်အောက်ခံတပ်ဖွဲ့ဝင်အချို့ ကျနော်တို့ နမ့်ခမ်းမြို့ မန့်ဆွမ်းကျေးရွာကိုလာရောက် အခြေချပြီးတဲ့ နောက်ပိုင်းမှာတော့ ကျနော်တို့ရွာသားများအတွက် သွားလာဖို့ လုံးဝ အခက်အခဲဖြစ်သွားပါပြီ ။ ယခင်ကကျနော်တို့ သွားလာရာ ရွာအဝင်အထွက်လမ်းတွေကို အချိန်သတ်မှတ်ပြီး သွားလာခွင့် ပေးလိုက် တာကြောင့် ရွာသားတွေအတွက် အတားအဆီးကြီးတခုဖြစ်သွားတာပေါ့နော် ။ ဒါပေမယ့် တရုတ်ဘက်ကို သယ်ထုတ်ဖို့ ကျွန်းသစ်တင်ကားတွေကိုတော့ အချိန်မရွေးတံခါးကြီးဖွင့်ပေးခဲ့တာ ကိုတော့ တရွာလုံးက မျက်ဝါးထင်ထင်တွေ့မြင် သိရှိရပါတယ် ။ အပတ်စဉ် မြို့ဈေးတက် ခြံထွက်သီးနှံသွားရောင်းတဲ့ ကျနော်တို့ရွာက အေနန်းကတော့ - “ ကျမတို့က မြို့တက်ပြီးဈေးသွားရောင်းဝယ်တဲ့ချိန်ကစောစောသွားရတယ်လေ ။ ဒါပေမယ့် သူတို့က ဖွင့်မပေး ဘူး ။ အချိန်ယူပြီး ညှိရတယ် ။ ဖွင့်ပေးရင်လည်း လူတယောက်သာ သွားလို့ရတဲ့ အပေါက်လောက် ပဲဖွင့်ပေး တယ် ။ ကျမတို့တင်လာတဲ့ခြံထွက်သီးနှံတွေဈေးရောင်းဖို့ ပစ္စည်းတွေကို တခါချရတယ် ။ ပြီးမှဆိုင်ကယ် ကို တံခါးအပေါက်သို့တွန်းထွက်ပြီး ပစ္စည်း တွေတခါ ပြန်တင်ရတယ် ။ ဒါပေမယ့် ကျွန်းသစ် တင်တဲ့ ကားတွေ တော့ အချိန်မရွေး တံခါးကြီး ဖွင့်ပေးတယ် ။ အဲတာလုပ်တာ တကယ့်ကိုပြည်သူတွေနှိပ်စက်နေပြီး လူ့အခွင့်အရေးချိုးဖောက်နေတာဘဲဖြစ်ပါတယ် ” လို့ သူ့ရဲ့အခက်အခဲကို ပြောပြပါတယ် ။ ဗမာစစ်သားတို့ စစရောက်လာတဲ့ချိန်လွန်ခဲ့တဲ့ ၁ လ လောက်ကတော့ ထော်လာဂျီ တစီးစာဆန့်တဲ့ အပေါက် ဖွင့်ပေးတယ်ပေါ့ ။ ခုတော့ဆိုင်ကယ်တစီးလောက်ဘဲ ဝင်ထွက်နိုင်တော့တယ် ။ သူတို့သတ်မှတ်ထားတဲ့ အချိန် ကြားမှာဘဲ ဝင်ထွက်လို့ရတယ် ။ နံနက် ၆ နာရီ ကနေ ညနေ ၆ နာရီအထိပေါ့ ။ ဒါမယ့် ကျွန်းသစ်တင် တဲ့ ကားတွေတော့ ၂၄ နာရီဖွင့်ပေးတယ်လေ ။ အဲတာတွေက တရုတ်သစ်ကုန်သည်များထံ လာဘ်စားထားမှန်း သိသာတာဘဲ ။ ဒီရက်ပိုင်းအတွင်းမှာပိုပြီး တင်းကျပ်လာတယ် ။ ကျနော်တို့ရွာမှာ လမ်းတွေကိုကျောက်ခင်းမလို့ ဟိုဘက်က ဆောက်လုပ်ရေးကိရိယာတွေ ကျောက်တင်ကားတွေဝင်နိုင်ဖို့ ရပ်ရွာအကြီးအကဲနဲ့ ကိုယ်စားလှယ်တွေ ဗမာ စစ်သားတွေကို သွားညှိတာ ။ သူတို့ဘာပြန်ပြောတယ်မှတ်လဲ … အပေးအယူ လုပ်ရမှာပေါ့.. တဲ့ ။ နင်တို့ ကျောက်တင်ကားကျတော့ လွတ်လွတ်လပ်လပ် ဝင်ထွက်ချင်တယ် ။ အဲလိုဆိုရင် ကျွန်းသစ်တင်ကားတွေကိုလည်းလွတ်လွတ်လပ်လပ် သွားလာခွင့်ပေးလိုက်ပေါ့ - တဲ့ ။ ဒါပေမယ့်ရွာကော်မတီတွေကဘာမှပြန်မပြောခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်းသစ်တင်ကားတွေတော့ တရက်အစီး ၂၀ ကျော် ကျနော်တို့ရွာကိုဖြတ်ပြီး တရုတ်ဘက်ကိုအဲ့ဒီဂိတ်ပေါက်ကနေ ဝင်ထွက်နေတာ တွေ့နေရတယ် ။ နေ့နေ့ညည ပါဘဲ ။ ဒီဂိတ်စောင့်စစ်သားတွေကနေ သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့နယ် မန့်ဆွမ်းကျေးရွာဝင်ရွာထွက်လမ်းပိတ် ပြီး ဒေသခံတွေကို သွားလာခွင့်တင်းကြပ် ပိတ်ပင်တားဆီးနေမှုကို မေလ ၁၀ ရက်က ရပ်ရွာလူထုများက တပ်မမှူး ၊ တပ်မ ၃၃ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ၊ နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ် အထောက်အကူပြု နမ့်ခမ်းတို့ထံ တင်ပြတိုင်ကြားခဲ့ပေမယ့် အကြောင်းထူးခြားလာခြင်းမရှိဘဲ ကနေ့ထိ ရွာသားတွေသွားလာရခက်ခဲနေတုန်းဘဲဖြစ်ပါတယ် ။ မှ- အခက်အခဲကြုံတွေ့နေရသော ဒေသခံများ |
|
သျှမ်းသုတေသနစင်တာမှ သုတေသန လုပ်ထုံး သင်တန်းဖွင့်လှစ် Posted: 15 Jun 2016 09:25 PM PDT သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ သျှမ်းစာပေယဉ်ကျေးမှုရုံး၌ သုတေသန လုပ်ထုံး သင်တန်းကို သျှမ်းသုတေသနစင်တာ (Center for tai study) မှ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သျှမ်းသုတေသန ဒါရိုက်တာ ဆရာစိုင်းခမ်းမိန်း ကပြောသည် ။
“ သုတေသနလုပ်ထုံး သုတေသနလုပ်နည်းက သင်တန်းမရှိရင် မရဘူး။ ဒါပေမယ့် စည်းကမ်းတစ်ခုတော့ရှိတယ် ။ တက္ကသိုလ်မှ ဘွဲ့မရသေးရင် သင်လို့မရဘူး ဘာဖြစ်လဲဆို သူ လိုက်နိုင်မှာမဟုတ်ဘူး ။ သုတေသန လုပ်နည်းက အမျိုးမျိုးရှိတယ် ။ သုတေသနက ဘယ်လောက်ထိအရေးကြီးလဲဆို သုတေသန မလုပ်တတ်ဘူးဆိုရင် ပညာက မတိုးတက်နိုင်ဘူး” ဟု ၄င်းကပြောသည် ။ အဆိုပါ သုတေသနလုပ်ထုံး သင်တန်းကို ဂျွန်လ ၁၃ ရက်နေ့က စတင်ပို့ချပေးရာ ခန့် မှန်းခြေ နှစ်လကြာ သင်တန်းပေးသွားမည် ဖြစ်ပြီး သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ သံယာတော်များ အပြင် တောင်ကြီးတက္ကသိုလ်ရှိ ဆရာ၊ ဆရာများ နှင့် ဒေသခံများ ၄၀ ကျော် တက်ရောက်ကြောင်း သိရသည် ။ “ သျှမ်းပြည်မှာက သုတေသနလုပ်ဖို့ အများအပြားရှိတယ်။ ဒါပေမယ့် ဒီမှာက သုတေ သနဆိုတာ သိပ်မသိဘူး ။ သုတေသနရဲ့ တန်ဖိုးလည်း သိပ်မသိဘူး ။ ဒါကြောင့် မထွက် လာဘူး ။ နိုင်ငံခြားက လူတွေဆို သျှမ်းပြည်ကို ခနခနလာလေ့လာတယ် ။ သူတို့ ဘာ တွေ့တွေ့ရေးမှတ်ထားပီး ယူသွားတယ် ။ နိုင်ငံခြားမှာဆို သျှမ်းပြည်သမိုင်း ကြောင်း အများကြီးရှိတယ် ။ သျှမ်းပြည်က လူထုတွေက အဲ့လိုမျိုးမလုပ်ကြဘူး ။ ဒီလိုမျိုး မလုပ် ဘူးဆိုရင် ရိုးရာဓလေ့ထုံးတမ်းစာပေ ယဉ်ကျေးမှုတွေ သုတေသန ကောင်းကောင်း မလုပ်ထားရင် ပျောက်သွားမှာ” ဟု ဆရာစိုင်းခမ်းမိန်း က ပြောသည် ။ Center for tai study ကို မတ်လ ၂၇ ရက်နေ့က ဒေါက်တာဓမ္မသာမိမှ ဦးဆောင်ဖွဲ့စည်း ခဲ့သည် ။ သို့သော် သျှမ်းလူမျိုးတစ်ခုအတွက် ဖွဲ့စည်းထားသည်မဟုတ်ဘဲ သျှမ်းပြည် နယ်တွင်း နေထိုင်သည့် တိုင်းရင်းသားအားလုံး၏ နောက်ကြောင်းသမိုင်းကို ပြန် ကောက်ပြီး ယင်းတို့၏ ရိုးရာ ဓလေ့ထုံးတမ်းစာပေ ယဉ်ကျေးမှုများကို သုတေသန ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆရာစိုင်းခမ်းမိန်း ကပြောသည် ။ |
|
အချိန်မှန်မှန်အမှိုက်သိမ်းစေချင် တောင်ကြီးမြို့တော်တခွင် Posted: 15 Jun 2016 09:19 PM PDT သျှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ သျှမ်းပြည်နယ်မြို့တော်တောင်ကြီးဟာ မြန်မာ မှာ အသန့်ရှင်းဆုံးမြို့တော်အဖြစ် နာမည်ကြီးခဲ့ဖူးသလို သဘာဝ အလှ တရားနဲ့ အေးမြတဲ့ရာသီဥတု တို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်တွေနဲ့ စည်ကားနေတဲ့မြို့တမြို့ဖြစ်ခဲ့ဖူးပါတယ် ။
အသန့်ရှင်းဆုံးမြို့တော်လို့ တစ်ချိန်က သတ်မှတ်ခံထားရပြီးဆုတွေ ရရှိခဲ့ဖူး တဲ့ သျှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးဟာ ကနေ့အခါ မှာတော့ အမှိုက်ပုံတွေ ယင်အုံ နဲ့အပုပ်နဲ့တွေသမ်းနေတဲ့မြို့အဖြစ် တရွေ့ရွေ့ ပြောင်းလဲလာနေပြီလို့ အများမြင်သလို စာရေးသူလည်း မြင်ရပါတယ် ။ ရပ်ကွက်အလိုက် အမှိုက်ပုံတွေ လမ်းပိတ်နေ သည်အထိသိမ်း ဆည်းမှု နှောင့်နှေးနေသည့်အပေါ် ဒေသခံများ၏ရင်ဖွင့် စကားသံများကိုလည်း ကြားကြားနေရသလို စာရေး သူကိုယ်တိုင်လည်းနေ့ စဉ်နှင့်အမျှ မျက်ဝါးထင် ထင်မြင်တွေ့နေရ လို့ပါဘဲ ။ ဒါ့အပြင်ဒေသတွင်းသတင်းဂျာနယ်တွေ ၊ ၀က်ဆိုဒ်တွေ ၊ တောင်ကြီးသား တို့စု ဝေးရာ Facebook Page တွေမှာလည်းဒီအမှိုက်ပြဿနာနဲ့ပတ်သက် ပြီးမကြာခဏဖော်ပြနေတာကိုမြင်တွေ့ကြရမှာပါ ။ ဒါ့ကြောင့် တောင်ကြီးမြို့ ပေါ်ကအမှိုက်ကိစ္စဟာ အသေးအဖွဲကိစ္စလို့သတ်မှတ်လို့မရ တော့တဲ့အခြေ အနေ တစ်ခုလိုဖြစ်လာပါတယ် ။ တောင်ကြီးမြို့ပေါ်မှာရှိတဲ့ (၂၂ ) ရပ်ကွက်ရဲ့အမှိုက် တွေစွန့်ပစ်ရေးအတွက် ယခင်အစိုးရလက်ထက်ကတည်းကစည်ပင်သာယာရေးကော်မတီထံမှ ပုဂ္ဂလိက လုပ်ငန်းအနေနဲ့ မွှေးအမှိုက်သိမ်းကုမ္ပဏီက လွှဲပြောင်းတာဝန် ယူထားပြီးဖြစ်ပါတယ် ။ မွှေးအမှိုက်သိမ်းကုမ္ပဏီက အိမ်တစ်အိမ်ကို တစ်လ လျှင်သုံးထောင်ကျပ် အမှိုက်ခွန်ပုံမှန်ကောက်ပါတယ် ။ ဒါပေမဲ့ ဒီ(၂၂) ရပ်ကွက် လုံးမှာရှိတဲ့အမှိုက်ပြဿနာ ကိုမွှေးကုမ္ပဏီမှ စနှစ်တကျကိုင်တွယ် ဖြေရှင်းနိုင်စွမ်းမရှိတဲ့အချက်တွေကို အပြုသဘောဆောင်ပြီးဝေဖန် ထောက်ပြပါရစေ ။ အမှိုက်သိမ်းတဲ့အမှိုက်ကားတွေဟာ အချိန်မှန်မှန်လာမသိမ်းနိုင်တဲ့အတွက် တဲ့အတွက် အနောက်မြို့ပတ်လမ်းတစ်လျှောက် လမ်းဘေးအမှိုက်ပုံတွေ ကြောင့်ယာဉ်ကြောပိတ်ဆို့ပြီးယာဉ်အန္တရယ်ဖြစ်ပွား နိုင်တဲ့အခြေအနေဖြစ် နေပါတယ် ။ အမှိုက်ပုံရှိရာ ယင်ကောင်လာတာ ၊ အနှံ့ဆိုးထွက်တာမဆန်း ပေမဲ့ အများသူငါနေ့စဉ်သွားလာလှုပ်ရှားနေတဲ့အများပိုင်လမ်းမှာအမှိုက်ပုံ တွေလမ်းမပေါ်ရောက်လိုရောက် အနှံ့အသက်ဆိုးတွေကြောင့်လမ်းသွား လမ်းလာပြည်သူလူထုတွေ စိတ်အနှောက်အယှက်ဖြစ်ရကြသလိုကျန်းမာ ရေးအရလည်းများစွာထိခိုက်နိုင်ပြီး မြို့ဂုဏ်ကျက်သရေထိခိုက်တဲ့မြင်ကွင်း တစ်ခုလိုဖြစ်နေပါတယ် ။ ရပ်ကွက်တွေထဲကအိမ်ရှင်မတွေအတွက် တစ်နေ့သာမျှော် လင့်ချက်တွေ ထဲမှာ အမှိုက်သိမ်းဖို့လာတဲ့ကားဆီကလော်စပီကာနဲ့ အမှိုက်ပစ်ဖို့သတိ ပေးတဲ့အသံ လို့ ပြောကြပါတယ် ။ အမှိုက်ကားပုံမှန် မလာရင်အိမ်တွေမှာအ မှိုက် တွေပုံတွေဖြစ်လာပါတယ် ။ မွှေးကုမ္ပဏီဘက်ကလဲ ပြည်သူတွေက အမှိုက်ခွန်ကိုပုံမှန်မဆောင်လို့ လုပ်ငန်းမှာအရှုံးပေါ်တာရယ် အမှိုက်စွန့်ပစ်ဖို့နေရာခက်ခဲရှိ တယ်ဆိုတဲ့ အချက်ကို အစိုးရသစ်တက်ခါစ သျှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ တောင်ကြီးမြို့ ကလုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ မွှေးကုမ္ပဏီဘက်က တာဝန်ရှိသူတစ်ဦးက အခက်အခဲကိုတင်ပြသွားခဲ့ဖူးပါတယ် ။ တောင်ကြီးမြို့ပေါ်ကဒီအမှိုက်ပြဿနာဟာမွှေးကုမ္ပဏီတစ်ခုတည်းကပဲ တာဝန်ရှိတာမဟုတ်ပါဘူး။ သန့်ရှင်းတဲ့မြို့အတွက် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ဖို့ အချိန်မှန်မှန် အမှိုက်သိမ်းနိုင်ဖို့ သက်ဆိုင်ရာစည် ပင်သာယာဌာန ၊ ဒေသခံပြည်သူ လူထုနဲ့ပူး ပေါင်းပြီးဆောင် ရွက်သွားဖို့ လိုတယ်လို့မြင်မိပါတယ် ။ NLD အစိုးရသစ်တက်တော့ နိုင်ငံအပြောင်းအလဲတစ်ခုရဲ့ပထမခြေလှမ်း အနေနဲ့ ပြည်သူလူထုတွေက မြို့အလိုက် ၊ နယ်အလိုက် အသိစိတ်ဓါတ် ကိုယ်စီ နဲ့အမှိုက်တွေဝိုင်း ၀န်းကောက်ကြ သလို တောင်ကြီးမြို့က လူငယ်တွေလဲအများနည်းတူ အမှိုက်တွေကောင်ကြပါတယ် ။ အများနဲ့ သက်ဆိုင်တဲ့နေရာ တွေမှာအမှိုက်စွန့်ဖို့ အမှိုက်ပုံး အသီးသီးပေါ်ပေါက်လာ တယ် ။ သို့ပေမဲ့ ပြည်သူတွေကောက်ထားတဲ့အမှိုက်အတွက် အချိန်မှန်မှန် သိမ်းတဲ့စနစ်နဲ့ အမှိုက်စွန့်ပစ်ဖို့နေရာတစ်ခု တစ်ခုလိုအပ်တယ်လို့ထင် မိပါတော့တယ် ။ ဆောင်းပါးရှင်- ယိင်းတိုင်း |
|
အဝတ်စ ဖြင့်ဖုံးထားသောအဖြေကို သိလို Posted: 20 Jun 2016 03:17 AM PDT သို့- သျှမ်းသံတော်ဆင့်မှတဆင့် ဖော်ပြပေးစေလို
သျှမ်း / ရှေ့ ထိုင်း-မြန်မာ နယ်စပ်မြို့ အဖြစ် လူသိများပြီး သျှမ်းတိုင်းရင်း သား တွေ အစဉ်အဆက် နေထိုင်လာခဲ့တဲ့တာချီလိတ် မြို့ အဝင် ဆိုင်းပုဒ် ငယ် ကို သျှမ်းပြည်နယ် စည်ပင်ဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ သျှမ်းစာဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရေးသား စိုက်ထူထားတာကို သျှမ်းတိုင်းရင်းသူ တယောက် အနေနဲ့ ကျေနပ် ဝမ်းသာ ဂုဏ်ယူ ပြီး ကြည့်လို့ မဝ ဖြစ်ခဲ့ရပါတယ် ။ ထို့အတူ ပဲ သျှမ်းပြည်နယ်အတွင်းရှိ မြို့တွေ ရဲ့ နာမည်တွေကို သျှမ်းစာ နဲ့ ရေးသားထားတဲ့ မြို့အဝင် ဆိုင်းဘုတ် (လွဿလ္လမ်) လွိုင်လင် ၊ (လၢႆးၶႃႈ ) လဲခ်ား ၊ (သႅၼ္ဝီ)သိႏၷီ ၊ (လ္ဂင်း္ဓိုဝ်း) လင်းခေး ၊ (မိုင်း္ဒိုင်) မိုင်းကိုင် -ပြုလုပ်နေဆဲ ၊ (္မမှ်္ဓူမ်း) နမ့်ခမ်းမြို့ တွေကိုတွေ့ရလို့ ဖက်ဒရယ် ပြည်ထောင်စု ဆီသို့ ဦးတည် နေတာကိုတပိုင်းတစ ကျေနပ် ခဲ့မိပါတယ် ။ ဒီလိုပါပဲ မွန်ပြည်နယ် ရဲ့ လွှတ်တော် အဆောက် အအုံကြီးရှေ့မှာလည်း မွန်စာပေနဲ့ မြန်မာစာ၊အင်္ဂလိပ်စာတို့နဲ့ ခမ်းနားစွာရေးသားထားတာကို ပုံပါ အတိုင်း တွေ့မြင်ခဲ့ရလို့ မွန် ပြည်နယ်နဲ့မွန်လူမျိုးများ အတွက် ဂုဏ်ယူမိပါ တယ်။ ဒါပေမဲ့ လူစုံ သက်စုံ မြင်ခွင့်မရသေးတဲ့ တာချီလိတ်မြို့အဝင် အလှကိုတော့ဒီနေ့ ပုံမှာမြင်ရတဲ့အတိုင်း အဝတ်စ နဲ့ ဖုန်းအုပ်ထား လိုက် တာ ဘာကြောင့်လဲ ဆိုတာ ကျမ လိုပဲ ကျန်တဲ့သူတွေလည်းသိချင်မယ် လို့ ကျမ ထင်ပါတယ် ။ ၄င်းကဲ့သို့ ပဲ တောင်ကြီးမြို့ နယ် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသမှ ကျေးရွာ အဝင်တွေမှာ ပအိုဝ်း စာတွေနဲ့ လွတ်လပ်စွာ ရေးသား ထား တာ အမြောက်အများ တွေ့မြင်နိုင်ပါတယ် ။ အခုတော့ အဝတ်စ ဖြင့် ဖုံးအုပ်ထားသော တာချီလိတ်မြို့အဝင် ဆိုင်းဘုတ် ရဲ့အဖြေကို သက်ဆိုင်ရာ ဝန်ကြီးနှင့်မြို့အုပ်ချုပ်ရေးပိုင်းမှ လူကြီးမင်းများ ၊တာချီလိတ်မြို့နေပြည်သူများ ထံမှကျေနပ်စွာ ကြားသိလိုပါကြောင်း ။ ( ကြားထားတဲ့ ၊ခိုင်လုံတဲ့ သတင်း အတိုင်းတော့ မဖြစ်စေလိုပါကြောင်း) **လူမျိုးရေး မုန်းတီး မှုကို မလိုလားပါ ** ***တိုင်းရင်းသား အချင်းချင်း နှိမ့်ချ ခြင်း၊ဖိနှိပ်ခြင်း ကင်းဝေးကြပါစေ ။** မှ- လူထုအားလုံးနဲ့ထပ်တူ ခံစားရတဲ့ တောင်ကြီးသူတဦး |
||
|
NLD အစိုးရ ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ‘ဝ’ နှင့်မိုင်းလားတက်မည် Posted: 20 Jun 2016 01:31 AM PDT နိုင်ငံတော်အစိုးရ အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ဖွဲ့ စည်း ထားသည့် ၂၁ ရာစု ပင်လုံ ညီလာခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဒေါက် တာ တင်မျိုးဝင်းဦးဆောင်သည့်အဖွဲ့ မိုင်းလားသို့ရောက် ရှိကာ မိုင်းလား ဥက္ကဌ စိုင်းလင်း နှင့် UWSA ဝ တပ်ဖွဲ့ စစ်ဘက်ရေးရာဌာနကြီးမှူးတို့နှင့်တွေ့ဆုံ၍ နှစ် ဘက်ခေါင်းဆောင်များက NLD အစိုးရ ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့တက်ရောက် မည်ဟု သဘောတူညီကြကြောင်း သိရသည် ။
“ ဟုတ်တယ် ဝ တပ်မတော်ကိုယ်စားလှယ်တပ်ဘက်ခေါင်းဆောင် ကျောက်ကော် အန်း နဲ့ အဖွဲ့လဲ ဒီမှာ ဘဲ လာတွေ့တယ် ။ သီးခြားစီတွေ့ကြတ ယ် ။ နောက် ပြီးတော့အပြန်အလှန်ပြန်ညှိကြပြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကိုသွားတက်ဖို့ သူတို့မပြန် ခင်မှာဘဲ အကြောင်း ပြန်ပေးလိုက်တယ် ။ အဲဒီညီလာခံ သွားတက်ဖို့ ” - ဟု အမည်မဖေါ်လိုသည့် ခေါင်းဆောင် ပိုင်းတဦးက ပြောသည် ။ ၁၉၈၉ က ခုနှစ်က ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် အထူးဒေသ (၂) ဝ ပြည်သွေးစည်း ညီညွတ် ရေး တပ်မတော် နှင့် အထူးဒေသ ၄ (မိုင်းလား) အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်ပေါင်းစု တို့သည် ၂၀၁၁ ခု နှစ်က ဦးသိန်းစိန်အစိုးရနှင့် ပြည်နယ် အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထား၏ ။ တက်လာသည့်အစိုးရသစ်နှင့်သာ နိုင်ငံရေးကိစ္စရပ် များ ဆွေးနွေးမည်ဖြစ် သည် ဟု ယုံကြည်လက်ခံထားသောကြောင့် ယခုတွေ့ဆုံမှုသည်အပေါင်းလက္ခဏာဆောင်ကြောင်းလည်း ပြောသည် ။ “ ကျနော်တို့က ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေး လက်မှတ်ရေးထိုးထားပြီလေ ။ ဒါ့ ကြောင့် NCA လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးပွဲမှာဘဲ တခါထည်းပါဝင်လိုတာ ။ ဒါကြောင့် ဦးသိန်းစိန် အစိုးရတို့ တပ်မတော်တို့က သိပ်လက်မခံချင်ဘူး ” - ဟု ဆိုသည် ။ ၂၀၁၆ ဖေဖေါ်ဝါရီလ က ဦးသိန်းစိန်အစိုးရမှ ဦးစည်းကျင်းပ သည့် နေပြည်တော် ငြိမ်းချမ်းရေးညီလာခံ ကြီး အားလည်း ဝ နှင့် မိုင်းလား တပ်ဖွဲ့ ကိုယ်စား လှယ်စေလွှတ်ခြင်းမရှိပေ ။ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော အဖွဲ့ သည် ဂျွန်လဆန်းပိုင်းက ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် ညီညွှတ်တော် တိုင်း ရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့တို့အားတွေ့ဆုံပြီးဖြစ်၏ ။ ဝ နှင့် မိုင်းလား တပ် ဖွဲ့ အား တွေ့ဆုံ ပြီးလျှင် လက်နက်နက်ချရန် နည်းလမ်း တခုတည်း သာရှိသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာဇဒဏ်ချထားသည့် တိုက်ပွဲဝင်ဆဲ ကိုးကန့် MNDAA၊ တအာင်း(ပလောင်) TNLA ၊ ရခိုင် AA တို့ နှင့်လည်းတွေ့ဆုံသွားမည်ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည် ။ |
|
Posted: 21 Jun 2016 02:57 AM PDT တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲကြောင့် လူ့အခွင့်ရေးချိုးဖောက်မှုများ ရှိနေသော သျှမ်းမြောက်ဒေသရှိ မြို့နယ်အချို့သို့ မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် ရေးကိုယ်စားလှယ် မစ္စရန်ဟီလီအား လုံခြုံရေးအကြောင်းပြချက်ဖြင့် အစိုးရဘက်မှ သွားရောက်ခွင့်မပြု ကြောင်း သိရသည် ။
‘သူက သွားချင်တာက ကျောက်မဲတို့ ၊ ကွတ်ခိုင်တို့လို စစ်ဘေးရှောင်တွေပေါတဲ့နေရာတွေ ကို သွားချင်တာ အစိုး ရက လုံခြုံရေးအကြောင်းပြချက်နဲ့ ပေးမသွားဘူးလို့ ဒီကနေ့ မနက်ပိုင်းက ပြောတယ် ။’ ဟု ဂျွန်လ ၂၁ ရက်နေ့ က ရန်ဟီလီနှင့် တွေ့ဆုံခဲ့သူက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ ရန်ဟီလီသွားရောက်လိုသည့် ဒေသများသည် တပ်မတော်နှင့် သျှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ပြီးခဲ့သည့် မေလအတွင်းကတိုက်ပွဲများပြင်းထန် စွာဖြစ် ပွားခဲ့သည့် ဒေသများဖြစ်ပြီး မီးရှို့ထားသည့် အလောင်းများလည်း အဆိုပါ ဒေသများတွင် တွေ့ရှိခဲ့ရသည် ။ ယင်းအပြင် ကွတ်ခိုင်အရှေ့ဘက် မုံးကိုး ၊ မုံးစီး ဒေသ တွင် ကချင်တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာ ဖြစ်သည့် မန်းပိန်းရွာမှာလည်း မီးရှို့ခံခဲ့ရပါသည် ။ မစ္စ ရန်ဟီလီအနေဖြင့် သျှမ်းမြောက်ဒေသသို့ သွားရောက်ခွင့် ကန့်သတ်ခံရ သော်လည်း အရပ်ဘက် လူမှု အဖွဲ့စည်းများမှ တင်ပြသည့် လူ့အခွင့်ရေး ချိုးဖောက်မှု မှတ်တမ်းများကိုမူ သေချာကျနစွာလေ့လာပြီး ကုလသမဂ္ဂသို့ အစီရင်ခံစာ ပြန်လည်တင်သွင်းသွားမည်ဟု ကတိပြုခဲ့သည်ဟု ရန်ဟီလီနှင့် တွေ့ဆုံခဲ့သည့် အရပ်ဘက်အဖွဲ့အ စည်းများက ပြောသည် ။ ‘ကျမတို့ကတော့ လူ့အခွင့်ရေးအခြေနေအပြင် ၊ ပညာရေး ၊ ကျန်းမာရေး ကိစ္စအခြေနေတွေပါ တင်ပြခဲ့ တယ် ။ ’ဟု သျှမ်းအမျိုးသမီးများ လှုပ်ရှားမှုကွန်ယက်မှယိင်းဟန်ဖက ပြောသည် ။ ကုလသမဂ္ဂ ကိုယ်စားလှယ်မှ လက်ခံတွေ့ဆုံသည့် အဖွဲ့အစည်းများထဲတွင်သျှမ်းလူငယ်ကွန်ယက် လည်း ပါဝင်ခဲ့ပြီး သျှမ်းပြည်နယ်အတွင်းပဋိပက္ခဖြစ်ပွားမှုအခြေနေ ၊ မြို့ဆိုင်းဘုတ်များရှိ သျှမ်းဘာသာဖြင့်ရေးသားထားမှု များ ဖျက်ဆီးခံရမှု အနေအထား ၊ အစိုးရသစ်လက်ထက် သျှမ်းပြည်နယ်အတွင်း လူ့အခွင့်ရေးချိုးဖောက်မှု များ ဆက်ရှိနေပုံတို့နှင့် ပတ်သက်၍ တင်ပြခဲ့သည်ဟု သျှမ်းလူငယ်ကွန်ယက်ရန်ကုန်မှ စိုင်းအောင်မြင့်ဦးကပြော သည် ။ |
||
|
သိမ်းဆည်းခံရ ပင်လုံမြို့ခံမြေများ ပြန်လည်ရရှိရေး ဒီမိုကရေစီအစိုးရ ထံ တောင်းဆိုမှုပြန်လည်စတင် Posted: 21 Jun 2016 12:41 AM PDT ပင်လုံမြို့ခံများသည် သိမ်းဆည်းခံရ မိမိမြေနေရာများ ပြန်လည် ရရှိရေး အတွက် ဦးသိန်းစိန်အစိုးရထံ ၉ ကြိမ် တိုင်တိုင်တောင်းဆိုခဲ့သော် လည်း ပြန် မရသောကြောင့် ၁၀ ကြိမ်မြောက် တောင်းဆိုမှုအနေ ဖြင့် လူထုရွေး ကောက် တင်မြောက်ထားသည့် NLD အစိုးရသစ်ထံ ပထမ ဆုံးအကြိမ် ပြန်လည်ေ တာင်း ခြင်းဖြစ် သည်ဟု မြေအသိမ်းခံရသူများကပြောသည် ။
“ဒီမိုကရေစီအစိုးရ အရပ်သားအစိုးရဆိုတော့ အသိမ်းခံရတဲ့မြေတွေ ပြန်ရလေ မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ထပ်တင်တာပါ ။ ဒီလ ၁၆ ရက်နေ့က ။ ဒီတခေါက်ပါရင်တော့ ၁၀ ခေါက်လောက်ရှိပြီ ။ စာတင်တာ ။ ကိုယ့်ရဲ့မြေ ဆိုတော့ ပြန်ရချင်တယ် ။ သီးနှံတွေ ပြန်စိုက်ချင်တယ် ။ ပြန်ရတဲ့အထိ ကြိုးစားသွားမယ် ”… ဟု ခြံပိုင်ရှင် စိုင်းဆောနက ပြောသည် ။ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ဟဲနန်းကျေးရွာအုပ်စု ၀မ့်မိုင်ရွာမြောက် ဘက် ရှိ ပိုင်ရှင် ၂၇ ဦး၏ ယာမြေ ၆၀ ဧကခန့် ကို ဟဲနန်းကျေးရွာအုပ်စု ဥက္ကဌ (ဟောင်း) ဦးခွန်အောင်ဝင်း က ၂၀၀၈ ခုနှစ်ကတည်းက သိမ်းဆည်း သွားကြောင်း အာဏာပိုင်များနှင့် ပူးပေါင်းကာ ပုံစံ ၁၀၅ ပြုလုပ်၍ အကွက်ချ ပြန် လည်ရောင်းချခဲ့ကြောင်း ၊ ခြံပိုင်ရှင်တို့က ၂၀၁၀ မှစ၍ အကြိမ်ကြိမ် ပြန် လည်တောင်းဆိုသော်လည်း ယာမြေအားသိမ်းပိုက်သူ ဦးခွန်အောင်ဝင်း က သေဆုံးသွားသောကြောင့်ယနေ့အထိ ပြန်လည်ရရှိခြင်းမရှိသေးကြောင်း မြေ ပိုင်ရှင် များက ပြောသည် ။ “ ကျနော့် မိဘတွေရဲ့ဇာတိဖြစ်တယ်။ ကျနော်တို့မြေဖြစ်တာကြောင့် မရ မချင်း တောင်းဆိုသွားမယ် ။ ဘယ်အစိုးရတက်လာ တက်လာ တောင်းဆို သွားမယ် ။ အခု တိုင်းပြည်အခြေအနေလည်း တည်ငြိမ်လာပြီ ။ ဒီပတ်ဝန်း ကျင်မှာလည်း လူနေအိမ်တွေ ရှိလာပြီဆိုတော့ စိုက်ပျိုးလုပ်ကိုင်ဖို့ ၊ နေထိုင် ဖို့ပါ ။ ကျနော်တို့ရဲ့ မျှော်လင့်ချက်ပေါ့ ”…ဟု မြေပိုင်ရှင်နောက်တဦးကလည်း ဆိုသည် ။ ယခုအသိမ်းခံရသည့် မြေနေရာသည် လွန်ခဲ့သည့် နှစ်ပေါင်း ရ၀ ခန့်က ၀မ့်မော်ရွာ ဖြစ်ကြောင်း ၊ အဆိုပါ ၀မ့်မော်ရွာတွင် ကာလနာရောဂါဆိုးကြောင့် ရွာသူ ရွာသားများက ၀မ့်မော်ရွာတောင်ဘက် ရွာသစ် (၀မ့်မိုင်ရွာ) သို့ ပြောင်း ရွှေ့ရွာတည်ကာနေထိုင်ကြောင်း ၊ သို့သော် ၀မ့်မော်ရွာတွင် မိမိပိုင်ဆိုင်သည့်မြေနေ ရာအား ရာသီအလိုက်သီးနှံများ ၊ ဟင်းသီး ဟင်းရွက် များ နှစ်စဉ်နှစ်တိုင်း ထွန်ယက်စိုက်ပျိုး ကြောင်း အသက် ရ၀ ကျော် မြေပိုင်ရှင်တဦးက ပြောပြ သည် ။ “ ဒီမြေဟာ တောင်သူလယ်သမားတွေရဲ့မြေဖြစ်တယ် ။ ပိုင်ရှင်ရှိတယ် ။ ရောင်း ၀ယ်ေ ဖာက်ကားမှု မပြုရ ” ဟူ၍ ၁၅ ရက်တစ်ကြိမ် ၊ တစ်လတစ်ကြိမ် သံကြိုး များတွင် မြေပိုင်ရှင်များက စာသွားကပ်ကြောင်း ၊ ပိုင်ရှင်အဖြစ် လက်ဝယ် ကိုင်ဆောင်ထားသူသတ္တုတူးဖေါ်ရေးကုမ္ပဏီက ပြန်လည်လိုက်ဖျက် ကြောင်း ၊ မည် သို့ ပင်ဆိုစေ အဆိုပါမြေများ ပြန်လည်ရရှိသည့်အထိ ကြိုးစားတောင်း ဆိုသွားမည်ဖြစ်ကြောင်း ၊ အမှန်တရား အတွက် NLD အစိုးရ မှ ၀ိုင်းဝန်းဖြေ ရှင်းပေးမည်ဟု ယုံကြည်ကြောင်း ဒေသခံများက ပြောသည် ။ |
||
|
သျှမ်းပြည်နယ် မြို့ဝင်၊ ထွက် ဆိုင်းဘုတ်များ သျှမ်းစာဖြင့်ရေးသားခွင့်ပြုပြီးမှပြန်ဖျက်ခိုင်း Posted: 20 Jun 2016 06:40 PM PDT သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်း အရှေ့ပိုင်း မြို့ရွာအဝင်အထွက်များတွင် လှိုက်လဲစွာကြို ဆိုခြင်း ၊ နှုတ်ခွန်း ဆက်သခြင်းအစရှိ သျှမ်းစာဖြင့် ရေးသား ထားသော ဆိုင်းဘုတ်များအား ရေးသား စိုက်ထူရန် သျှမ်းလူမျိုး စည်ပင် သာယာရေး ၀န်ကြီးက ညွှန်ကြားလိုက်သည့်နောက်ပိုင်း တပတ်မပြည့် မှီ အစီအစဉ်အား ရပ်နားပြီး ပြန်ဖျက်ရန် ထပ်မံ ညွှန်ကြားခဲ့သည် ။
မြို့ဝင်မြို့ထွက် ဆိုင်းဘုတ်များအား သျှမ်းဘာသာဖြင့်ရေးသားရန် NLD အစိုး ရ အဖွဲ့ဝင် သျှမ်းပြည် နယ် စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီး စိုင်းစွံဆိုင်း က ညွှန်ကြားထားကြောင်း ၊ ထိုညွှန်ကြား ချက်အား သျှမ်းပြည်နယ်အတွင်း တိုင်းရင်းသားမျိုးနွယ်စုလက်နက်ကိုင်တပ်ဖွဲ့ (ပြည်သူ့စစ်) ခေါင်းဆောင်တဦး က စစ် တိုင်းမှူးကြီးတဦးထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း ၊ သည့် အတွက် တိုင်းမှူးကြီးက သျှမ်းပြည်နယ်အစိုးရ နယ်စပ်ကာကွယ်ရေးနှင့် လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီးထံ သျှမ်းစာဖြင့် မြို့ဝင်မြို့ထွက် ဆိုင်းဘုတ်ပြုလုပ်ရေး စီမံကိန်းရပ်တန့်ရန် ညွှန်ကြားစေကြောင်း သျှမ်းပြည်နယ်အစိုးရ ၀န်ကြီး အသိုင်း အဝိုင်းကပြောသည် ။ ထိုသို့ အကြောင်းပြချက် တိတိကျကျ ဖော်ပြခြင်းမရှိဘဲ ရေးပြီးသား ကိုပြန် လည်ဖျက်ခိုင်းခြင်းအပေါ်လည်း သျှမ်းစာပေမြတ်နိုးသူများနှင့် စာပေ သင်ကြားရေးဆရာ ဆရာမများက သိရှိလိုကြသည် ။ ၄င်းနှင့်ပတ်သက်ပြီး တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုကော်မတီမှ ဆရာမ နန်းနွန်းမိုက - " သျှမ်းပြည်နယ် စည်ပင်ဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ မြို့အဝင်ဆိုင်းဘုတ်တွေ ကို မြန်မာ စာ ၊ မိခင်ဘာသာ စာနဲ့ အင်္ဂလိပ်စာ ဘာသာတွေ နဲ့ ရေးထိုး တပ်ဆင်ခွင့် ရတယ် ဆိုတော့ တိုင်းရင်းသားတယောက်အနေနဲ့ ဝမ်းသာ တာ ပေါ့ ။ မြန်မာဘာသာနဲ့က မြို့အဝင်တိုင်းမှာ နဂို ရှိပြီးသားဆိုတော့ အချို့နေရာမှာ မိခင်ဘာသာနဲ့ နဂို ဆိုင်းဘုတ် ပေါ် စာလုံးထပ်ဖြည့်လိုက်တာ ရှိသလို အချို့မြို့တွေက စာလုံးထပ်ဖြည့်ဖို့ နေရာအခက်အခဲ ရှိတော့ သျှမ်း စာနဲ့ ဆိုင်းပုဒ်အသစ်တခု သပ်သပ် ရေးထောင် လိုက်တာ ရှိတယ် ။ ပြည်ေ ထာင်စု မြန်မာနိုင်ငံထဲမှာ မြန်မာစာက ရုံးသုံးစာ ဆိုတော့မပါမဖြစ်ပါရမယ် ဆိုတာကို သဘောပေါက် ပါတယ်။ အဲ့လိုပဲ နိုင်ငံခြားသားနဲ့ အခြားတိုင်းရင်း သားတွေ ဆိုင်းဘုတ်လာဖတ်ရင် သျှမ်းမြို့ ၊ သျှမ်းရွာ တွေရဲ့ နဂိုနာမည် အသံထွက် မှန်မှန်ကန်ကန် ထွက်နိုင်အောင် အင်္ဂလိပ်ဘာသာနဲ့ လည်းေ ရးထိုးဖို့ စီစဉ်နေတဲ့အချိန် အချို့မြို့လည်းရေးပြီးသား ရက်ပိုင်း အတွင်း ၊ အချို့မြို့လည်းရေးလက်စနဲ့ မိခင်ဘာသာ စာနဲ့ရေးထိုးထားတာကိုရုတ်ချည်း ဖျက်ခိုင်းလိုက် တယ်ဆိုတော့ စိတ်မကောင်းဖြစ်မိသလို ဘဝင်လည်း မကျ ဘူးပေါ့။ ဒါ ဘာကြောင့်လဲ ?ဘာပြသာနာလဲ?ဆိုတာ သိချင်ပါတယ် ။ " အကြောင်းရင်းသိရအောင် စည်ပင်ဝန်ကြီးထံဖုန်းဆက်မေးမြန်းသော်လည်း ၀န်ကြီးက - ပြန်လည်ဖြေကြားရန် မအား - ဟု တုန့်ပြန်ပြောဆိုခဲ့သည် ။ သျှမ်းပြည်နယ်မြို့တော် တောင်ကြီးအပါဝင် ၊ ပင်လုံ ၊ နမ့်ဇန် ၊ ကွန်ဟိန်း ၊ သျှမ်း ပြည် အရှေ့ပိုင်း တာချီလိတ် ကျိုင်းတုံ နှင့် သျှမ်းပြည်မြောက်ပိုင်းအတွင်း သျှမ်း စာဖြင့်ရေးသားရန် ၊ ရေးသားဆဲ ဆိုင်းဘုတ်များ ပြန်ဖျက်ရန် သျှမ်းပြည် နယ် အစိုးရ စည်ပင်သာယာရေး ၀န်ကြီးဌာနက ပြန်လည် ညွှန်ကြားသည်ဟု သျှမ်း စာ မြို့ဝင်ဆိုင်းဘုတ်ဆောက်လုပ်ရေးတွင်ပါဝင်သူ ပင်လုံ လူငယ် တဦးက ဤကဲ့သို့ ပြောသည် ။ “သူများပြောသာ ရပ်ဆိုတော့လည်း ရပ်ရုံဘဲပေါ့ ။ ဘာကြောင့် ရပ်ခိုင်း လဲ ဆိုတော့ ကျနော်တို့လည်း စည်ပင်ကို မေးကြည့်တော့ ပြည်နယ်ရုံးက ယာယီ ရပ်ထားဖို့ပြောလာလို့ ရပ်ထားခိုင်းတယ် ။ ဘာကြောင့် ရပ်ဆိုင်း ထားခိုင်း လဲ ဆိုတာတော့ သူတို့ မပြောနိုင်ဘူး ။ ရပ်ဆိုင်းဖို့ ညွန်ကြားစာ လည်းမထွက် လာေ သး ဘူး ။ လောလောဆယ် ခုလုပ်နေတာတွေ ယာယီရပ် ဆိုင်းဖို့ ဘဲပြော တယ်” - ဟု စိုင်းဆုကပြောသည် ။ ပင်လုံမြို့တွင် အဆိုပါ ဆိုင်းဘုတ်ဆောက်လုပ်ထူထောင်ရန် ရပ်ရွာလူထုထံ အလှူငွေများကောက်ခံ ကာ စုပေါင်းအားဖြင့်ပြုလုပ်ရကြောင်း ၊ ဂျွန်လ ၁၅ ရက်နေ့မှစတင်၍ မြို့ဝင်၊ မြို့ထွက် ဆိုင်းဘုတ်များ စတင်ဆောက် လုပ် ခဲ့ကြောင်း ပင်လုံသျှမ်းလူငယ် စိုင်းဆု ကပြောသည် ။ “ နောက်သုံးလေး ရက်နေလို့ ရပ်ဆိုင်းရတဲ့ အကြောင်းရင်းမသိရရင်လည်း ကျနော်တို့ ဆက်လုပ်သွား မယ်။ ဆိုင်းဘုတ်အဟောင်းနား စာလုံးပြန်သွားေ ပြာင်း တာမဟုတ်ဘူး အသစ်ဘဲပြန်လုပ်တာ ။ တကယ့်အကြာင်း ရင်းက ဘာလဲဆိုတာ ပြည်နယ်အစိုးရ ဆီမှာသိချင်တယ် ဘယ်အချက်နဲ့ မကိုက် ညီလည်းပေါ့နော်။ ပွင့်ပွင့်လင်းလင်း သိချင်တယ် ” ဟု စိုင်းဆု ကပြောသည် ။ သျှမ်းပြည်နယ်တွင် မိခင်ဘာသာစာပေဖြင့် မြို့အဝင်ဆိုင်းဘုတ်များရေးသား ခွင့်ပြုပြီးမှ ပြန်လည်ပိတ်ပင် ဟန့်တား ခဲ့သည်မှာ ပွင့်လင်းမြင် သာမှု မရှိ သကဲ့သို့ မိခင်ဘာသာစာပေလွတ်လပ်ခွင့်လည်းမရှိကြောင်း တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုကော်မတီမှ ဆရာမ နန်းနွန်းမိုကပြောသည် ။ "ဒီမိုကရေစီ စနစ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ တိုင်း ရင်းသားတွေအားလုံး မိမိတို့ရဲ့ မိခင်ဘာသာ စာပေ ၊ ယဉ်ကျေးမှုကို လွတ် လပ်စွာ သင်ကြား အသုံးပြုခွင့် ရှိတယ် - ဆိုတာကြီးက ဘယ်ရောက် သွား တာလဲ ၊ သျှမ်းပြည်နယ်ဆိုတာ အားလုံးကသိနေကြတာ မို့လို့ သျှမ်းစာ နဲ့ရေး တာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာမှု မရှိဘူး လို့တော့ ကျမ မြင် တယ်။ ပြန် ဖျက်ခိုင်းတဲ့ကိစ္စနဲ့ပါတ်သက်ပြီး ဘာကြောင့်လဲ ဆိုတာပွင့်လင်းမြင်သာမှု မရှိဘူး ။ ဒီကိစ္စနဲ့ပါတ်သက်ပြီးသက်ဆိုင်ရာအစိုးရ နဲ့ သျှမ်း CSOs တွေနဲ့ တွေ့ဆုံဖို့ လိုအပ်ပြီး သျှမ်း CSOs တွေရဲ့ သဘောထားကို ခံယူသင့် တယ်လို့ ကျမ ထင်ပါတယ်။ဒါမှလည်း ပြသနာတခုကို ပြေလည်စွာ ဖြေရှင်းနိုင်မဲ့ နည်းလမ်း ထွက်ပေါ်လာနိုင်မယ်လို့ ယုံကြည်ပါတယ် ။" သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်လည်း သျှမ်းဘာသာ ဖြင့် ရေး ထား သည့် မြို့အဝင် ဆိုင်းဘုတ် ကို အစိမ်းရောင် ပိတ်စဖြင့် ပြန်လည် ဖုံးအုပ် ထားခြင်းခံရကြောင်း တာချီလိတ်မြို့ခံတဦးက လည်းပြောသည် ။ သျှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ရက် (၁၀၀) စီမံချက်တွင် ပြည်နယ် စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၏ လမ်းညွှန်ချက်တစ်ခုဖြစ်သည့် သျှမ်းပြည်နယ်အတွင်း မြို့အဝင်ဆိုင်းဘုတ် များအား မြန်မာ - သျှမ်း နှစ် ဘာသာဖြင့် ရေးသားဖော်ပြရန် ပါရှိရာ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီး၏ မြို့အဝင် ဆိုင်းဘုတ်များအား ပြောင်းလဲရေး သားနေ လျှက် ရှိသည့်အနက် တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အား သျှမ်းဘာသာ စာ သားဖြင့် ပြောင်းလဲ ရေးသားထားသည် - ဟု တာချီလိတ်မြို့နယ် စည်ပင် သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်း က ပြောကြောင်း ဂျွန် ၁၈ ရက်နေ့က တာချီလိတ် သတင်းအေဂျင်စီ ကရေးသားဖော်ပြ ထားသည် ။ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ၊ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ ၊ ကျိုင်းတောင်းမြို့ ၊ လွိုင်လင်မြို့ ၊ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ များတွင် သျှမ်းစာဖြင့် မြို့ဝင်မြို့ထွက်ဆိုင်းဘုတ်များ ရေးသားပြီး စီးပြီးဖြစ်ေ ကြာင်း ၊ တောင်ကြီး မြို့ အပါအဝင် ၊ မိုင်းရှူး ၊ ကျေးသီး ၊ မိုင်းနောင် နှင့် အခြားမြို့များတွင်လည်း ပြုလုပ် ရန်ပြင် ဆင်နေကြောင်း ကြားသိရသည် ။ သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ လွိုင်လင်မြို့အဝင်ဆိုင်း ဘုတ်ရှိ သျှမ်းစာလည်း ဖျက်ခိုင်းခြင်းခံရသည်ဟု သိရသည် ။ |
|
ပိတ်စဖြင့်ဖုံးအုပ်ထားသော တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်သစ် မီးရှို့ ဖျက်ဆီးခံရ Posted: 22 Jun 2016 04:40 AM PDT ပိတ်စဖြင့်ဖုံးအုပ်ထားသော ပြုလုပ်ဆဲ တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်သစ် အား ဖွင့်လှစ် အသုံးပြုခြင်း မပြုရသေးဘဲ အာဏာပိုင်များမှ ရပ်နားခိုင်းခံထား ရစဉ် မီးရှို့ဖျက်ဆီးခြင်းခံရသည်ဟု သိရသည် ။ ဂျွန် ၂၁ ရက် ၂၀၁၆ နေ့ ညပိုင်းက အမည်မသိ လူတစု အဆိုပါ ဆိုင်းဘုတ် သစ်အား ဓါတ်ဆီလောင်း မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည် ။
မြို့အဝင်အထွက် ဆိုင်းဘုတ်များအား သျှမ်းဘာသာဖြင့် ရေးသားနိုင်ကြောင်း သျှမ်းပြည်နယ် အစိုးရ၏ စည်ပင် သာယာရေး ၀န်ကြီးက ခွင့်ပြုပေး ညွှန်ကြား သဖြင့် တာချီလိတ် ဒေသခံများက ဆိုင်းဘုတ်သစ်တည် သျှမ်း ဘာ သာ ဖြင့်ရေးသားခဲ့ပြီးမကြာခင် ပြန်ဖျက်ရန် ဆင့်ဆိုညွှန်ကြားခံရသဖြင့် ဆိုင်းဘုတ်သစ်အား ပိတ်စဖုံးကာ ထားလိုက်ရသည် ။ " ဆိုင်းဘုတ်ကြီးကို ၁၈ ရက်နေ့ကတည်းက ပိတ်စိမ်းကြီးနဲ့ ဖုံးထားတာ ။ ကျနော်တို့ တောင်သွားဟ ကြည့် သေးတယ် ။ အဲဒီအချိန်ကတည်းက သျှမ်းစာက မရှိတော့ဘူး ။ သူတို့ဖျက်ထားလိုက်ပြီ။ ဒီအပိုင်းက တပ်တွေ၊ အများဆုံးနေတဲ့ အပိုင်းလေ ။ အကြောင်း မသိရင် ဘယ်သူမှ သွားလုပ်ရဲ မှာမဟုတ်ဘူး " - ဟု တာချီလိတ်မြို့နေ စိုင်းကျော် က ပြောသည် ။ ဆိုင်းဘုတ်အား မီးရှို့ဖျက်ဆီးခဲ့သူနှင့် မီးရှို့ဖျက်ဆီးရသည့်အကြောင်း ရင်းကိုမူ မသိရသေးပေ ။ |
သျှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ရက် (၁၀၀) စီမံချက်တွင် ပြည်နယ် စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၏ လမ်းညွှန်ချက်တစ်ခုဖြစ်သည့် သျှမ်းပြည်နယ်အတွင်း မြို့အဝင်ဆိုင်းဘုတ် များအား မြန်မာ - သျှမ်း နှစ် ဘာသာဖြင့် ရေးသားဖော်ပြရန် ပါရှိရာ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီး၏ မြို့အဝင် ဆိုင်းဘုတ်များအား ပြောင်းလဲရေး သားနေ လျှက် ရှိသည့်အနက် တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အား သျှမ်းဘာသာ စာ သားဖြင့် ပြောင်းလဲ ရေးသားထားသည် - ဟု တာချီလိတ်မြို့နယ် စည်ပင် သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်း က ပြောကြောင်း ဂျွန် ၁၈ ရက်နေ့က တာချီလိတ် သတင်းအေဂျင်စီ ကရေးသားဖော်ပြ ထားသည် ။ |
|
Posted: 23 Jun 2016 03:36 AM PDT သို့- သျှမ်းသံတော်ဆင့်
ဒီနှစ် လဲချားမြို့နယ် ဝမ်ပန်ကျေးရွာအုပ်စုရဲ့ နွေရာသီ သျှမ်းစာပေ ယဉ်ကျေးမှုရဲ့သင်တန်းဆင်း ပွဲတုန်းက ပြသနာစဖြစ်ပါတယ် ။ (ရက်အတိအကျတော့မမှတ်မိတော့ပါ) မန်ပန် ပြည်သူ့စစ်တွေ ထိန်းချုပ်တဲ့ ဒေသမှာဖြစ်ပွါးတာပါ ။ ဝမ်ပန်ကျေး ရွာအုပ်စု ၊ တက်မောက်ကျေးရွာအုပ်စု ၊ ဝမ်ထီကျေးရွာအုပ်စု ၊ နမ်လေကျေးရွာအုပ်စုက ကျေးလက်ရွာသားတွေ ဒီပြည်သူ့စစ်ရဲ့ ဒဏ်ကို အလူးအလိမ့် ခံနေရပါတယ် ။ သျှမ်းစာသင်တန်းဆင်းပွဲလုပ်တုန်းက လမ်းခင်းနေတဲ့ အလုပ်သမား (အောက်ပြည်အောက်ရွာဘက်ကလာတဲ့ ဗမာလူမျိုး ကောင်လေးတွေ) တွေက လူငယ်တို့သဘာဝ သင်တန်းဆင်းပွဲကပြန်လာတဲ့ ရွာမိန်းခလေးတွေကို စနောက်ရာကနေ စပါတယ် ။ အဲဒါကိုဒေသခံရွာကာလသားတွေက မခံချင်လို့ တယောက်တခွန်းနဲ့ ကတောက်ကဆ ဖြစ်ကြပါလေရော ။ လူငယ်တို့သဘာဝ တယောက်တခွန်းအခင်းများရာကနေ ခဲ့နဲ့ပေါက်ကြတယ် ။ ဒါပေမယ့်ဘာမှ ထိခိုက်မှု မဖြစ်ပါဘူး ။ အက်တာကို ပြည်သူ့စစ်ဘက်က သူတို့ရဲ့လူ လမ်းခင်းလုပ်သားတွေကို ရွာသားတွေက အနိုင်ကျင့်တယ်ဆိုပြီး ရွာလူကြီး ဦးပန်စိတ ကို ပြသနာရှာပါတော့တယ် ။ အုပ်ချုပ်ရေးမှူးက အိမ်မှာမနေတော့ ပြည်သူ့စစ်အဖွဲ့ရဲ့ ခေါင်းဆောင် စိုင်းထွယ့်က သူကြီးအိမ်ရှေ့မှာသေနတ် ၁၀ ချက် လာပစ်တယ် ။ ဦးပန်စိတ လည်း ကြောက်လန့်ပြီး တိမ်းရှောင်ခဲ့ရတယ် ။ ပြည်သူ့စစ်ဘက်က ရွာသားတွေကို ခေါ်ပြီး အဲဒီနေ့မှာအစည်းအဝေးခေါ်ပါတယ် ။ သေနတ်ကြီးတွေ မောင်းတင်ပြီးတော့ အစည်းအဝေးလုပ်တာ ။ ရွာသားတွေက ဘာလက်နက်မှမရှိဘူးဗျာ ။ အဲလိုမလုပ်သင့်ပါဘူး ။ လက်နက်ရှိတိုင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ဆေးကြောင်ပြီးရွာထဲလှည့် သေနတ်ပစ်တာလည်း မကြာခဏ ဖြစ်ဖူး ကြုံဖူးတယ် ။ သူတို့ကို ဒီတိုင်းလွှတ်ထားတော့မှာလား ။ တရားဥပဒေ စိုးမိုးဖို့ ကျနော်တို့သျှမ်းပြည်မှာ မရှိတော့ဘူးလား ။ လွှတ်တော်ထဲရောက်နေသူတွေအခက်တွေ့အောင် အစိုးရတပ်က လူမိုက်မွေးထားတာလားလို့တောင် တွေးချင်စရာဗျာ။ စိတ်ညစ်ရပါတယ် ။ လဲချားဒေသခံတဦး စိုင်းခမ်းထူး |
|
လင်းခေးမြို့ဝင်ဆိုင်းဘုတ် ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခြင်းမဟုတ်ဟု လင်းခေးမြို့ခံများပြော Posted: 23 Jun 2016 02:00 AM PDT သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့ အဝင် သျှမ်းဘာ သာဖြင့် ရေးသား ထားသော မြို့ဝင် ဆိုင်းဘုတ် ခြံစည်းရိုးပျက်စီးခဲ့သည်မှာ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီး ခြင်းမဟုတ်ဟု ဒေသခံမြို့မိမြို့ဖ များက ပြောသည် ။
လင်းခေးမြို့အဝင်ဆိုင်းဘုတ်ကြီးအား သျှမ်းဘာသာဖြင့်ရေးသားကာ ၂၀၁၅ ဒီဇင်ဘာက ဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း ၊ မြို့ခံအာဏာပိုင်များ ၊ ဒေသခံများပံ့ပိုး မှုဖြင့် လင်းခေးမြို့ ဆရာ တော်သံဃာတော်ကြီးများက ကမကထပြု တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ဆိုင်းဘုတ် ပတ်လည် အုတ်ရိုးများမှာ မခိုင်မာသောကြောင့် ထိခိုက်ပွန်းပဲ့ ကျိုးကျ ခြင်းသာဖြစ် ကြောင်း ဒေသခံ နန်းနွံက ပြောသည် ။ “ ဘယ်သူမှ လာဖျက်တာမဟုတ်ပါဘူး။ မြို့အဝင်လမ်းဘေးနားဆိုတော့ ကလေးတွေ သွားဆော့တာ ။ ဓါတ်ပုံရိုက်တဲ့သူ စည်းမရှိ ကမ်းမရှိ တာေ တွကြောင့် ။ နောက်စည်းရိုးခုံ လေးကလဲ ဆောက်ထားတာ အရည် အသွေး မပြည့်မှီတာလဲပါတယ် ။ ဧည့်သည်တွေ ကျနော် ဓါတ်ပုံရိုက်ဖို့ကျနော် လိုက်ပို့ပေးတာ ခြေတိုက်မိလို့ အုပ်လေးတချပ်တောင်ကြွေ ကျသေးတယ် ။ ကျနော့်ရှေ့မှာဘဲ ” - ဟု ရပ်ဖ စိုင်းမောဝ်ဆွေပီ ကပြောပါသည် ။ တာချီလိတ်မြို့ ဆိုင်းဘုတ်သစ်ဖျက်ဆီးခံရသည့်နောက်ပိုင်း လင်းခေးမြို့ ဖျက်ဆီး ခံရသည်ဆိုသည့် ကောလာဟလ သတင်းများ ထွက်ရှိလာမှုကြောင့် သျှမ်းဘာသာ ကိုချစ်မြတ်နိုးသည့် ပုဂ္ဂိုလ်များက စိုးရွံ့နေကြသည် ။ အစိုးရ၏ ရက် ၁၀၀ စီမံချက်ပါ မြို့အဝင်အထွက် ဆိုင်းဘုတ်များအား မိခင် ဘာသာ သျှမ်းစာပေဖြင့် ရေးသားနိုင်ကြောင်း သျှမ်းပြည်နယ်၏ စည်ပင် သာ ယာရေး ဝန်ကြီးက ခွင့်ပြုလိုက်ပြီးနောက်ပိုင်း တပတ်မကြာ မှီ ပြန်လည် ဖျက်ခိုင်းပြီး ဆိုင်းဘုတ်သစ် ထူထောင်မှုလည်း ရပ်နားထားခိုင်းလိုက်သည် ။ ထိုနောက်ပိုင်း ဂျွန်လ ၁၈ ရက်က အဝတ်ဖြင့်ပိတ်ဖုံးထားသော တာချီလိတ်မြို့၏ မြို့အဝင်ဆိုင်းဘုတ် လက်သည်မသိဘဲ မီးရှို့ဖျက်ဆီး ခံရသည် ။ |
|
Posted: 24 Jun 2016 12:53 AM PDT မန်မာအစိုးရ နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်မတော် ၈ ခု ချင်းမိုင်မြို့၌ ယနေ့ ဂျွန် ၂၄ ရက်နေ့ တွင် တွေ့ဆုံ ဆွေး နွေးမှု စတင်နေသည် ။
“ မိမိတို့မှာ လက်နက်ကိုင်ဆောင်လျက် နိုင်ငံရေးဆွေးနွေးနေတာဖြစ်တဲ့ မိမိတို့ မှာ အခွင့်အရေးနဲ့ စိန်ခေါ်မှုများရှိနေပါတယ်။ အားသာမှု လက်နက်ကိုင်ေ ဆာင် လျက် ဆွေးနွေးနေသည့် အင်အားစုများ အတွက် ကိုယ်စားပြုနိုင်သလို၊ နိုင်ငံရေးပါတီများနှင့် အနီးကပ် လုပ်ဆောင်နိုင်ပါသည် ။ …. ညီနောင် တိုင်း ရင်း သားများ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အဓိပ္ပါယ် ရှိစွာပါဝင်ရေး သည် အရေးကြီးပါသည် ” - ဟု သဘာပတိ ဖြစ်သူ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က အဖွင့်မိန့်ခွင်းတွင် ထည့်သွင်းပြောကြားသွား သည် ။ ယခုတွေ့ဆုံမှုသည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက် မှတ်ရေးထိုးထားသည့်တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များဦးခေါင်းေ ဆာင်ပိုင်းအများစုက ဦးဆောင်တက်ရောက်သည် ။ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးထား သည့် တိုင်းရင်း သား လက်နက် ကိုင်တပ်မတော် ၈ ခုဖြစ်သော သျှမ်းပြည် တပ်မတော် RCSS/SSA ၊ ပအိုဝ်း PNLO ၊ ချင်း CNF ၊ ကျောင်းသားတပ် မတော် ABSDF၊ ကရင် KNU ၊ DKBA ၊ KNLA-PC နှင့် ရခိုင် ALP တို့တက်ရောက်သည် ။ |
|
လားရှိုးမြို့နယ်တွင် အစိုးရတပ်မတော် တဘက်သတ်တိုက်ပွဲ ဆင်နွဲပြီး ရွာသား ၅ ဦးအားဖမ်းသွား Posted: 28 Jun 2016 01:34 AM PDT သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၌ ဂျွန်လ ၂၅ ရက်နေ့က အစိုးရတပ်မတော် မှ တဘက်သတ်တိုက်ပွဲ (တိုက်ပွဲအတု) ဆင်နွဲပြီး လမ်းတွင်တွေ့ဆုံသည့် ရွာသားငါးဦးအား ဖမ်းဆီးခေါ် ဆောင်သွားသည်ဟု သိရသည် ။
ဂျွန်လ ၂၅ ရက်နေ့ က လားရှိုးမြို့မှ မိုင်းယော်တိုက်နယ် ဘက် လာသော အစိုးရ တပ်မတော် စစ်ကြောင်း သည် မိုင်းယော်မရောက်ခင် ၉ မိုင်အလို မိုင်းယန်း ကျေးရွာ တွင် စီးလာသည့် ယာဉ်များ ထားကာ ခြေလျင် ဖြင့် ခရီးဆက်ပြီး မိုင်းယော်တိုက်နယ် အဝင် သင်္ချိုင်းကုန်း ၊ ပြောင်းခြံ၊ စိုက်ပျိုးရေးခြံ ၊ နာနတ်လျှော်ခြံများ အတွင်း ၀င်ရောက် ပုန်းအောင်းနေထိုင်ကြောင်း ၊ မွန်းလွဲပိုင်း ဆိုင်ကယ်စီးလာသည့် ရွာသားနှစ်ဦးအား ဟန့် တား စစ်ဆေးရန်ပြုစဉ် ရွာသားနှစ်ဦးက ဆိုင်ကယ်ရပ်မပေးသော ကြောင့် ပစ်ခတ်မှု စတင်ကြောင်း အရပ်လေးမျက် နှာာသို့လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြောင်းခြံမှ အမျိုး သမီး ၃ ဦးထိခိုက် ဒဏ်ရာ ရကြောင်း ၊ ထို့အပြင် ပြောင်းခြံ နှင့် နာနတ်လျှော်ခြံလုပ်သား ၅ ဦး အားလည်းဖမ်းဆီးသွား ကြောင်း ရွာအကြီးအကဲ တဦးက ပြောသည် ။ “ ကျနော်တို့ မိုင်းယော်ထဲက မန်ပန်ပြည်သူ့စစ်ရှိတယ် ။ ရဲရှိတယ် ။ ဘယ်သူပုန်ကိုတခါမှ မမြင်ဖူးဘူး ။ သူတို့ လာရောက်နေရာယူတဲ့နေရာ ရဲ့ တောင်ဘက်ခြမ်းက ရွာသားတွေရဲ့ စားကျက်မြေကို သိမ်းယူထားတဲ့ မန်ပန် ပြည်သူ့စစ်ရဲ့စိုက်ပျိုးရေးခြံ ၊ နယ်မြေအားလုံးရဲ့ တဝက်ကျော်တယ် ။ အကျယ်ကြီးဘဲသူတို့ခြံက ။ သူတို့က တဘက်သတ်ဘဲ တိုက်ပွဲ ဆင်နွဲ တယ် ။ ဖမ်း ခေါ် သွားတဲ့သူကတော့ သျှမ်း ၂ ယောက် နဲ့ ပလောင် ၃ ယောက် ။ ရပ်ရွာလူကြီးတွေသွားမေးတော့ ပြန်လွှတ်ပေးပြီ လို့သူတို့ပြောတယ် ။ ဒါမယ့် ခုထက်ထိ အိမ်မရောက်ကြဘူး” ဟု ဒေသခံတစ်ဦးကပြောသည် ။ ထိုသို့ အစိုးရတပ်မတော် စစ်ကြောင်းများ မှ ပစ်ခတ်မှုပြုလုပ်ပြီး ရွာသားများအား သုံးရက်အတွင်း ခြံမဆင်းရန် တားမြစ်ထားကြောင်း ၊ ထိုတားမြစ်ထားစဉ်ကာလအတွင်း ခြံဆင်းပြီး တစုံတရာ ဖြစ်ပွားပါက တာဝန်ယူမည်မဟု ကြောင်း စစ်ကြောင်းမှူးမှ ညွှန်ကြားထားသည်ဟု လည်းသိရသည် ။ လားရှိုးခရိုင် အမျိုးသားလွှတ်တော် အမတ် စိုင်းဝမ်းလျန်းခမ်းက “၂၆ ရက်က ကျနော်တို့ မိုင်းယော်ရောက်ခဲ့ တယ် ။ ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့တော့ မတွေ့လိုက်ရဘူး ။ သူခရီးထွက်နေတယ်လို့ကြားတယ် ။ သူနဲ့တော့ မတွေ့ခဲ့ဘူး ရွာထဲရောက်တော့ မေးကြည့်တယ် ဟုတ်တယ် သေနတ်သံကြားရပါတယ် ။ လူတစ်ချို့ လည်း အဖမ်းခံထားရတယ်ပြောတယ် ။ ရွာသားတွေ အဖမ်းခံထားရတယ် ဆိုတဲ့ ကိစ္စကတော့ သက်ဆိုင်ရာ တိုင်းဌာ နချုပ် အပါဝင် အဆင့်ဆင့်လုပ်သွားနိုင်အောင် အချက်အလက်တွေ စုစောင်းထားတယ်အခု ” ဟု ပြောသည် ။ တပ်မတော်စစ်ကြောင်းသည် ပြောင်းခင်း ပေါင်းရှင်းနေသည့် ရွာသူ / ရွာသား အယောက် (၃၀) ကျော်အား လမ်းမကြီး တစ်လျှောက်ထိုင်ခိုင်းပြီး တစ်ယောက်ချင်းစီ စစ်ဆေးခဲ့ရာ ည (၇ ) နာရီကျော် မိုးချုပ်မှ အချို့တဝက်အားပြန်လွှတ်ပေးကြောင်း ကျန်သူများအား ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည် ။ မိုင်းယော်တိုက်နယ်သည် လားရှိုးမြို့ အရှေ့ဘက် ၃၂ မိုင်ကွာဝေးပါသည် ။ မိုင်းယော် တိုက်နယ်အတွင်း မန်ပန်ပြည်သူ့စစ် နှင့် ရဲတပ်ဖွဲ့များရှိပြီး မိုင်းယော် ၊ အရှေ့တောင် ဘက်ခြမ်းမှ တောင်ဘက်ခြမ်းအားလုံး ဗိုလ်မွန်းဦးဆောင်သည့် မန်ပန်ဌာနေ ပြည်သူ့ စစ် တပ်ဖွဲ့ ကထိန်းချုပ်ထားသည်ဟုသိရသည် ။ မိုင်းယော်တိုက်နယ် အနောက် မြောက် ဘက်မှ မြောက်ဘက် အရှေ့မြောက်ဘက်ခြမ်း အားလုံးက ဦးမထုနော် ဦးဆောင်သည့် ကေဒီအေ ပြည်သူ့စစ်တပ်ဖွဲ့ရှိပြီး လက်ရှိအခြေအနေ တွင် ဗိုလ်မွန်းတပ်ဖွဲ့ ထိန်းချုပ် ထား သည့်နယ်မြေဖြစ်သည့် မန်မတ် ၊ ပန်ကိန်လုံ ၊ ပန်ကိန်အွန်၊ ကျေးရွာ ဘက်တွင် ပလောင် (TNLA) ကချင် (KIA) သျှမ်း (SSPP/SSA) တို့ ပူးတွဲ တပ်စခန်းများ ချထားသည်ဟု ဒေသခံများ ပြော ပြချက်အရသိရ သည် ။ |
|
နမ္မတူမြို့နယ် အတွင်းရှိ RCSS/SSA အား အစိုးရတပ်မတော် စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက် Posted: 27 Jun 2016 10:09 PM PDT သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း လှုပ်ရှားသွားလာနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA စစ်ကြောင်းအား အစိုးရတပ်မတော် စစ်ကြောင်းက အင်အားအလုံးအရင်းဖြင့် ယမန်နေ့ ဂျွန် ၂၇ ရက် နံနက်ပိုင်းက ပိတ်ဆို့တိုက်ခိုက်ခဲ့သည် ။
၂၀၁၆ ဂျွန် ၂၇ ရက် နံနက်ပိုင်းက သိန္နီမြို့ အနောက်ဘက် ၊ နမ္မတူမြို့မြောက်ဘက်ခြမ်းဒေသ မိုင်းမော်နှင့် မိုင်းတတ် ကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA စစ်ကြောင်းအား အစိုးရတပ်မတော် တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းများက ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ပွဲကြောင့် နှစ်ဘက်စလုံး ထိခိုက်မှု ရှိကြောင်း အမည်မဖေါ်လိုသည့် ဒေသအတွင်း RCSS/SSA အရာရှိက ဤကဲ့သို့ပြောသည် ။ “ ကျနော်တို့ ရှိနေတယ်ဆိုတာ သူတို့သိတာဘဲ ။ ကျနော်တို့ဘက်က သတိမထားမိချိန် သူတို့လာတိုက်တော့ အထိ အခိုက် ရှိတယ် ။ သူတို့လဲ ထိခိုက်မှုရှိတယ်လို့ထင်တယ် ။ တိုက်ပွဲကတော်တော်ကြာတယ် ။ အချိန်က မကြည့်ထား မိဘူး ။ နောက်ဆုံး သူတို့ ပြန်ချိတ်လာတာ ။ အခု ပစ်နေတာ RCSS/SSA လားတဲ့။ ဟုတ်တယ်လို့ - ခင်ဗျားတို့ဘဲ အရင်လာပစ်တာ လေ- လို့ ပြန်ပြောလိုက်တယ် ။ အဲအချိန်မှ တောင်းပန်ပါတယ် တဲ့ ” - ဟု RCSS/SSA တပ်မှူးနှင့် နီးစပ်သည့် သိန္နီမြို့သား တဦးကပြောသည် ။ မြန်မာအစိုးရတပ်မတော်စစ်ကြောင်း တိုက်ခိုက်မှု ရပ်နားသွားပြီး မကြာမီ မွန်းလွဲပိုင်းအချိန်တွင်လည်း တအာင်း (ပလောင်) အမျိုးသား တပ်မတော်စစ်ကြောင်းမှ ၎င်းတို့အား ထပ်မံလာရောက် တိုက်ခိုက်ကြောင်း ထိုတိုက်ပွဲတွင် လည်း နှစ်ဘက်ထိခိုက်မှု ရှိသည်ဟု ပြောသည် ။ “ ဗမာ့တပ်မတော် စစ်ကြောင်း နဲ့ တိုက်ပွဲဖြစ်ပွားတာ မကြာလိုက်ဘူး။ ထမင်းတောင် မကျက်သေးဘူး ။ TNLA စစ်ကြောင်းရောက်လာတော့ တိုက်ပွဲထပ်ဖြစ်တယ် ။ ကျဆုံးတာတော့မရှိဘူး ။ ဒဏ်ရာ ရတာတော့ရှိတယ် ။ ပလောင်ဘက်တော့ မသိဘူး ” - ဟု သျှမ်းသံတော်ဆင့်သို့ ဆက်၍ ပြောသည် ။ RCSS/SSA သည် မြန်မာအစိုးရ နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ် ရေးထိုး ထား သည့် သျှမ်းလက်နက်ကိုင်တပ်ဖြစ်သည် ။ TNLA မှာမူ နိုင်ငံရေးဆွေးနွေးပွဲသို့ ပါဝင်လိုလျှင် လက်နက်အပြီး စွန့်လွတ် ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရာဇသံပေးထားသည် ။ အလားတူ ဂျွန် ၂၇ ရက်တွင်ပင် မွန်းတည့်ချိန် မှ ညနေပိုင်း အထိ TNLA နှင့် မြန်မာအစိုးရတပ်မတော်တို့လည်း ကျောက်မဲမြို့ အနောက်မြောက်ဘက် တော့ဆန် ၊ ညောင်မောင်း ၊ ပါလိုင် ကျေးရွာ အုပ်စုအတွင်း တွင် တိုက်ပွဲဖြစ်ပွား ခဲ့ပါသေး သည် ။ |
|
၂၁ ရာစုပင်လုံညီလာခံအား ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်စနစ် ရှုဒေါင့်မှသုံးသပ်ခြင်း Posted: 27 Jun 2016 07:51 PM PDT မြန်မာတွင် ဆိုရိုးစကား နှစ်ခုရှိသည်။ တခုမှာ "မြှော်လင့်တုံး ကျော့ဆုံးလာချေပြီ ။" ဟူ၍ဖြစ်သည် ။ မိမိမြှော်
လင့်စောင့်စားနေသော ချစ်သူ ရောက်ရှိလာပြီ ဟူ၍လည်းကောင်း ၊ မြှော်လင့်သည့် အတိုင်းဖြစ်လာပြီ ဟူ၍လည်း ကောင်း ၀မ်းမြောက်စွာရည်ညွှန်းသည့် သဘောကို ဆိုလိုသည် ။ အခြားတခုမှာ " တိမ်ကြားမင်းခေါင် က ငှက်ပျောတော ထဲက ထွက်လာတယ် ။" ဟူ၍ ဖြစ်သည်။ တိုင်းပြည်ကိုအုပ်စိုးမည့် မင်းလောင်းသည် ကောင်းကင်မှနေ၍ တိမ်ကိုစီးကာ ထွက်ပေါ်လာလိမ့်မည်ဟု ပြည်သူလူထုကမြှော်လင့်စောင့်စားနေခဲ့ကြသည် ။ လက်တွေ့ တွင်မူမင်းလောင်းသည်မြေပြင် ငှက်ပျောတော ထဲမှနေကာ လေးဘက်ထောက်ပြီး ထွက်လာခဲ့သည် ။ ထိုအခါ ပြည်သူလူထု၏ စိတ်ပျက်မှုကို ဖေါ်ကျူး သည့် သဘောဆောင်သည် ။ ၂၁ ရာစု ပင်လုံညီလာခံသည် "မြှော်လင့်တုံး ကျော့ဆုံးလာခြင်း" ဖြစ်သလား ၊ " တိမ်ကြားမင်းခေါင် " ဇာတ်ခင်း နေခြင်း ဖြစ်သလားဟူသည်ကို ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ်စနစ်ရှုဒေါင့်မှ သုံးသပ်ရပါမည် ။ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖိုအနဂ္ဃထိုက်တန်သည့် "ပင်လုံ" ဟူသော အမည်ကို အဘယ် ကြောင့် ဒုတိယအကြိမ်ထပ်သုံးကာ ညီလာခံကျင်းပရပြန်သနည်း။ လူ့ အဖွဲ့ အစည်းကို အုတ်မြစ်ချသည့် စာချုပ်သည် တခုတည်းသာ ရှိရပါမည် ။ သာဓကအားဖြင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဦးတည်ချုပ်ဆိုသော ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း[1] ကိုကြည့်ပါ ။ ယင်း၏ ဝေါဟာရများကို နားမလည်သေး၊ မရှင်းသေးလျှင် အစည်းအဝေး အမြောက် အများကျင်းပကာ အဓိပ္ပါယ်ဖွင့်ဆိုခြင်း အမျိုးမျိုးပြုနိုင်သည်။ သို့ ရာတွင် ကုလသမဂ္ဂ ပဋိဉာဉ် စာတမ်း ဟူသောအမည် ဖြင့် ပထမ စာချုပ်ကြီးတည်ရှိနေသမျှ ဒုတိယ စာချုပ်ချုပ်ဆို၍ မရနိုင်ပါ ။ ဆွစ်ဇာလန် အား ပြည်နယ်[2] သုံးခု တို့ စုပေါင်းကာ ပြည်ထောင်စု နိုင်ငံအဖြစ် စတင် တည်ထောင်ခဲ့သည့် ဖက်ဒရယ်စာချုပ် (Federal Charter) ကို ၁၂၉၁ ခုနှစ်တွင် ချုပ်ဆိုခဲ့သည်။ အလားတူ အမည်ဖြင့် ထပ်မံ၍ ညီလာခံ ခေါ်ယူခြင်း၊ စာချုပ်သစ် ချုပ်ဆိုခြင်းတို့ မပြုသလို၊ မူရင်းစာချုပ်ကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းလည်း မပြုခဲ့ပါ။ ဆွစ်ဇာလန်နိုင်ငံတွင် ပြည်ထောင်စုဆိုင်ရာ နောက်ထပ်ချုပ်ဆိုသော စာချုပ်များသည် ဆက်စပ်မှုရှိသော်လည်း အကြောင်းအရာ အသစ်များ၊ ခေါင်းစဉ်အသစ်များ ဖြစ်သည်။ မူရင်းအမည်ကို ထပ်မံသုံးစွဲကာ စာချုပ်ချုပ်ဆိုခြင်းမပြု။ သမိုင်း၏ အမွေအနှစ်ဖြစ်သော ဖက်ဒရယ်စာချုပ် သည် တခုတည်းအနေဖြင့် အမည်ရော အနှစ်သာရပါ မူရင်းအတိုင်း ပင်ရှိနေဆဲဖြစ်သည် ။ မလေးရှားနိုင်ငံ၏ အတွေ့ အကြုံသည်လည်း အလားတူဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် မလေးယား၊ ဆားဘား၊ ဆားရဝပ် နှင့် စင်္ကာပူ တို့ ပူးပေါင်းပြီး မလေးရှားသဘောတူညီချက်[3] ကို ချုပ်ဆိုကာ မလေးရှားဖက်ဒရယ်နိုင်ငံတည် ဆောက်လာခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စင်္ကာပူက ခွဲထွက်သွားခဲ့သည်။ သို့ ရာတွင် မလေးရှားသဘောတူညီချက်သည် ထိုအတိုင်းပင် ဆက်ရှိနေသည်။ ကျန်သည့်ပြည်နယ်နှစ်ခုဖြစ်သော ဆားဘား နှင့် ဆားရဝပ် တို့ သည် ၄င်းတို့ အခွင့် အရေး နစ်နာဆုံးရှုံးသည်ဟု ယူဆသည့်အခါအတိုင်း မလေးရှားသဘောတူညီချက် ကို ကိုးကားကာ ဗဟိုအစိုးရကို အရေးဆိုလေ့ရှိသည်။ သို့ ရာတွင် အလားတူ အမည်ဖြင့် ထပ်မံ၍ ညီလာခံခေါ်ယူခြင်း၊ စာချုပ်သစ် ချုပ်ဆိုခြင်းတို့ မပြု သလို၊ မူရင်းစာချုပ်ကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းလည်း မပြုခဲ့ပါ။ "ပင်လုံစာချုပ်" သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တခုတည်းသော အခိုင်အမာ စာချုပ်ကြီး ဖြစ်သည်။ ယနေ့ အချိန်အထိ ဥပဒေကြောင်းအရ တရားဝင်အတည်ဖြစ်လျှက်ရှိသည်။ မည်သူမျှ ငြင်း၍မရ။ "ပင်လုံစာချုပ်" တွင် ဖေါ်ပြထားသောဝေါဟာရများအား နားမလည်သေးလျှင်၊ မရှင်းသေးလျှင် အဓိပ္ပါယ်ဖွင့်ဆိုခြင်းများ အမျိုးမျိုးပြုနိုင်သည်။ သို့ ရာတွင် "ပင်လုံစာချုပ်" ဟူသော အမည်ဖြင့် ပထမ စာချုပ်ကြီးတည်ရှိနေသမျှ "ပင်လုံ" ဟူသော အမည်ကို ထပ်မံသုံးစွဲကာ မည်သူဖြစ်စေ၊ မည်သည့်အဖွဲ့ အစည်းဖြစ်စေ၊နောက်ထပ်စာချုပ်တရပ်ချုပ်ဆိုရန်၊ သဘောတူညီချက်များ ပေါ်ထွက်လာရန် ကြိုးပမ်းခွင့်မရှိ။ ပင်လုံအမည်ကိုသုံးကာ ဒုတိယ စာချုပ်ချုပ်ဆိုခြင်းမျိုး မပြုသင့်။ ပင်လုံဟူသောအမည်ဖြင့် နောက်ထပ်ညီလာခံတရပ်ကျင်းပရန်အားထုတ် ခြင်းမှာမြန်မာနိုင်ငံပြည်ထောင်စု တည်ဆောက်ရေးအတွက် Download File: Peace Analysis 20 |
|
အဖမ်းခံရလူထု နှင့် SSPP/SSA ကေဒါ တပ်သား ပြန်လွတ်ပေးရန် သမ္မတ ထံတောင်းဆို Posted: 29 Jun 2016 09:56 AM PDT အစိုးရတပ်မတော် စစ်ကြောင်းများမှ ဖမ်းဆီးခေါ်ဆောင်သွားသော SSPP/SSA တပ်မတော်၏ အရာရှိ စစ်သည်များ နှင့် ဒေသခံ အရပ်သားပြည်သူများအား ပြန်လည်လွှတ်ပေးနိုင်ရေးအတွက်နိုင်ငံတော် တာဝန်ရှိ ပုဂ္ဂိုလ်များထံ စာတင်ထားကြောင်း သိရသည် ။
ဂျွန်လ ၂၆ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးထင်ကျော် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဘုန်းမြတ် ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး ရာပြည့် တို့အပါအဝင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ထံပါစာပေးပို့ခဲ့ကြောင်း ၊ ဖမ်းဆီးခေါ်သွားသော စစ်သည်များ နှင့်ဒေသခံပြည်သူများ အားပြန်လည်လွှတ်ပေး နိုင်ရေးအတွက် တောင်းဆိုထားကြောင်း ၀မ့်ဟိုင်း ဗဟိုရုံး အရာရှိ ဗိုလ်မှူးစိုင်းအောင် ကပြောသည် ။ “ ကျနော်တို့ လူတွေကိုဖမ်းလိုက်တာတော့ ငြိမ်းချမ်းရေးကို ထိခိုက်တာပေါ့ ။ ဘာဖြစ်လဲဆို ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ထိုးတာတာဘဲ ငြိမ်းချမ်းရေးအဖွဲ့ဆိုတာ သူတို့က ကျနော်တို့ကို ငြိမ်းချမ်းရေးအဖွဲ့လို့ မသတ်မှတ်ဘူးလေ ။ ကျနော်တို့လူတွေကို တစ်နေရာပြီး တစ်နေရာ လိုက်ဖမ်းနေတယ် ” ဟု ၄င်းကပြောသည် ။ တစ်ပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ ထာဝရငြိမ်းချမ်းရေးသို့ ရှေ့ရှုသွားနေချိန်တွင် ယခုလိုကိစ္စမျိုးပေါ်ပေါက်လာသည့်အတွက်ကြောင့် မိမိအဖွဲ့အစည်းအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း နှင့် ယင်းကိစ္စကို နိုင်ငံတော်သမ္မတကြီးမှ သဘောထားကြီးကြီး နှင့် ရေရှည်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေ့ရှုသောအားဖြင့် သနားညှာတာ ၊ စာနာထောက် ထား ကာ မိမိတပ်ဖွဲ့ဝင်များ နှင့် အရပ်သားပြည်သူများအား ပြန်လည်လွှတ်မြောက်ပေးပါရန် တောင်းဆိုခဲ့ကြောင်း သိရသည် ။ “ ဖမ်းထားတဲ့လူတွေကို ပြန်လွှတ်ပေးဖို့ မေလ ၁၃ ရက်နေ့က ရမခ တိုင်းမှူး ဗိုလ်ချုပ်ဘုန်းမြတ်ထံ စာရေးတောင်းဆိုထားတယ် ။ သူက - ခင်ဗျားတို့လူအတွက် မစိုးရိမ်ပါနဲ့ လုံခြုံတဲ့နေရာထားပေးပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်တဲ့ ။ ထွက်လာတော့ လျှပ်စစ်နဲ့ တိုက်ပြီးသေနတ်ဒင် နဲ့ ရိုက်တယ် ။ လက်ပြန်ကြိုး တုတ်ပြီး ၁၄ ရက်လုံးလုံး တစ်နေ့ ၃ ခါ စစ်ကြောရေးလုပ်ပြီး တစ်ခါစစ်ရင် အနဲဆုံး ၅ချက်အရိုက်ခံရကြောင်း ” ဟု SSPP/SSA အရာရှိတစ်ဦးက ပြောသည် ။ အစိုးရတပ်မတော်စစ်ကြောင်းများမှ SSPP/SSA တပ်ဖွဲ့ဝင် နှင့် အရပ်သားပြည်သူများအား ဖမ်းဆီးသွားသည်မှာ ၂၀၁၅ နိုဝင်ဘာလအတွင်း တပ်မတော် စစ်ကြောင်းမှ ၁ ဦး ဖမ်းသွားပြီး ၂၀၁၆ မတ်လနှင့် ဧပြီလ အတွင်း တပ်မ (၉၉) မှ ဖမ်းဆီးခေါ်ဆောင်သွားသော SSPP/SSA တပ်ဖွဲ့ ဝင် အရာရှိ စစ်သည် (၂၀) ဦး နှင့် အရပ်သား (၂)ဦး နှင့် ၂၀၁၆မေလ (၃၁) ရက်နေ့တွင် သိန္နီ မြို့နယ် အတွင်း တပ်မတော် စစ်ဖက်လုံခြုံရေးတပ်ဖွဲ့စရဖ မှ ဖမ်းဆီးသွားသော အရပ်သား ( ၈) ဦး စုစုပေါင်း ( ၃၁) ဦး ရှိကြောင်း သိရသည် ။ တိုက်ပွဲကာလက သျှမ်းပြည်တပ်မတော် SSPP/SSA မှ ဖမ်းဆီးထားသည့် မြန်မာအစိုးရ တပ်မ တော်သား ဗိုလ်ကြီးအဆင့် ၁ ဦး ၊ အရာခံဗိုလ် ၂ ဦး ၊ တပ်ကြပ်ကြီး ၂ ဦး ၊ တပ်ကြပ် ၂ ဦး ၊ ဒုတပ်ကြပ် ၁ ဦး နှင့် တပ်သားနှစ်ဦးအား အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးအတွက် မျှော်ကိုးပြီး သျှမ်းပြည်တပ်မတော် SSPP/SSA မှ ၂၀၁၆ ဂျန္နဝါရီ ၂၁ ရက်နေ့က အစိုးရတပ်မတော်ထံ ပြန်လည်ပေးခဲ့သော်လည်း၊ တပ်မတော်မှ ဖမ်းထားသည့် လူထု သျှမ်းပြည်တပ်မတော် SSPP/SSA ကေဒါတပ်သားများ ပြန်လည်လွတ်ပေးခြင်းမရှိသောကြောင့် အနာဂတ်တိုင်းပြည်ထူထောင်ရေး အတွက် စိုးရိမ်မိသည်ဟု ဌာနချုပ်အရာကြီးတဦးက လည်းပြောသည် ။ |
|
ပြောင်းလဲလာတဲ့ရာသီဥတု … အနာဂတ်အတွက် ခြောက်ခြားစရာတခု Posted: 29 Jun 2016 03:12 AM PDT မိုးတွင်းမှာ ရေကြီးရေလျှံမှုနဲ့တောင်ကျချောင်းရေတွေကြောင့်လယ်ယာမြေပျက်စီးမှုတွေ ထပ်မံမကြုံရအောင် ဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ မြို့ခံ လူငယ်တွေ ပတ်ဝန်းကျင်ထိန်းသိမ်းမှုမှာ စိတ်ပါဝင်စားလာအောင်နဲ့ အကောင် အထည် ဖော်ဆောင်နိုင်အောင် ရည်ရွယ်ပြီးတော့ သျှမ်းပြည် အရှေ့ပိုင်း မှာ ပြောင်းလဲလာတဲ့ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲတရပ် ကျိုင်းတုံမြို့မှာကျင်းပခဲ့ပါတယ် ။
အစိမ်းရောင်သဘာဝပတ်ဝန်းကျင်နှင့်သစ်ပင်မြတ်နိုးသူများအသင်းမှ ဦးဆောင်ကျင်းပရာမှာ ပြောင်းလဲလာသောရာသီဥတု အကြောင်းစပ်လျဉ်းပြီး သဘာဝပတ်ဝန်းကျင်နှင့်ရာသီဥတုပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကနေ လာရောက် ဟောပြောပေး ခဲ့ပါတယ် ။ ဟောပြောပွဲဖြစ်မြောက်ရေး ဦးဆောင်ဦးရွက်ပြုလုပ်တဲ့ အစိမ်းရောင် သဘာဝ ပတ်ဝန်းကျင်နှင့်သစ်ပင်မြတ်နိုးသူများအသင်း ဥက္ကဌ စိုင်းခမ်းနိုင်က - “ အရင် နှစ် တုန်းက ကျိုင်းတုံမှာ ဖြစ်ပွါးခဲ့တဲ့ရေကြီးရေလျှံမှုမှာ သစ်ပင်တွေ ခုတ်ထားရာကနေ ကျန်ခဲ့တဲ့ သစ်တုံး သစ်ငုတ်တွေ အဓိက မျှောပါလာ တာတွေ့ရတယ် ။ တကယ်လို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအပေါ် အလေးမထားဘူးဆိုရင် ယခင်နှစ်တွေထက် တောင် ကျချောင်းရေ ပိုများမယ်။ပြီးခဲ့တဲ့ နွေကလည်း မြန်မာနိုင်ငံမှာ ယူဝီအင်းဒက်စ်အမြင့်ဆုံး ၁၆.၅ ဟာလည်း ကျိုင်းတုံမှာ တွေ့ရ ပါတယ် ။ ပတ်ဝန်းကျင်နဲ့ပတ် သက်ပြီး နောက်ဘာထူးခြားတာရှိလဲဆိုတော့ သျှမ်းပြည်အရှေ့ပိုင်းဟာ ကာဗွန်ဒိုင်အောက်ဆိုက်အများဆုံးထုတ် လုပ်တဲ့ ထိုင်းနဲ့ တရုတ်ကြားမှာ တည်ရှိနေတာပါ့နော် ။ ဒါဟာလည်း နောက်နောင်မှာရာသီဥတု ဖောက်ပြန်မှုဆိုးရွားမယ့်နေရာ တခုဖြစ်လာလိမ့်မယ်လို့လည်း ပညာရှင်တွေ ထောက်ပြ တယ်။ ဒီဟာတွေဟာ ကျနော်တို့အတွက် နောင်လာနောက်သားတွေ အတွက် ကြောက်စရာအကောင်းဆုံး ရာသီဥတုဖောက်ပြန်မှုဖြစ်လာနိုင် တဲ့အတွက် ကြိုတင်ကာကွယ်နိုင်အောင်ဖြစ်ပါတယ် ”- လို့ ပြောပါတယ် ။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ ပြောင်းလဲဖောက်ပြန်လာတဲ့ ရာသီဥတု ဒဏ်ကိုသျှမ်းပြည်နဲ့အဝှမ်းမှာ ခံစားနေကြ ရပါတယ် ။ တောင်ပေါ် ၊ မြင့်မား တဲ့နေရာမှာနေထိုင်တာတောင်မှ မိုးသည်းရင် တောင်ပြိုမှုဘေး ခံနေရတာတွေ ၊ မြို့ရွာ အများရေနှစ်မြှုပ်တာတွေ ယမန်နှစ်က ကိုတွေ့ကြရပြီးဖြစ်ပါ တယ် ။ မြေပြန့်မှာနေတဲ့သူတွေအဖို့ကတော့ ပြောစရာကိုမရှိတော့ပါဘူး ။ သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာလည်း ပြီးခဲ့တဲ့ နှစ်တွေက ဆက်တိုက် ဆိုသ လို တောင် ကျချောင်းရေကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေဧကပေါင်း ရာနဲ့ချီပျက်စီးခဲ့ရပါတယ် ။ ပြီးခဲ့တဲ့နှစ်ကဆိုရင်တာချီလိတ်မြို့က ပါလျော ကျိန်းလပ်ဘက်မှာရေ လျှံမှုကြောင့် သေကြေမှုရှိတဲ့အထိပါ ။ “ ခုဒီနှစ်ပိုင်းအတွင်းမှာ မကြုံစဖူး သဘာဝဘေးအများကြီးတွေ့တယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံး မှုများ တယ် ။ ဒါတွေဟာ ဘာကြောင့် ဖြစ် သလဲ- ဒါမျိုးတွေထပ်မကြုံရအောင် ဘယ်လို ထိန်းသိမ်းကာကွယ်သင့် သလဲဆို တာ အရင်းအမြစ်သိရတော့ တော်တော်များများက သဘာဝ ပတ်ဝန်း ကျင်အပေါ် အာရုံစိုက်လာတာတွေ့ရပါတယ် ။ ကျနော်တို့အနေနဲ့လည်း အခုလိုဗဟုသုတတွေ သိရကြားရတော့ ၀မ်းသာပါတယ် ”- ဆွေးနွေးပွဲ တက်ရောက်တဲ့ လူငယ် စိုင်းစိုင်းကပြောပါတယ် ။ ဟောပြောပွဲမှာ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က “ ပို၍ကောင်း မွန်သော အနာဂတ်သို့ ” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ဒေါ်ဒေဝီသန့်စင်က “ မြန်မာနိုင်ငံအတွက် အနာဂတ်သဘာဝပတ်ဝန်းကျင် ” ဟူသည့်ခေါင်း စဉ်ဖြင့်လည်းကောင်း ၊ ဒေါက်တာစောမွန်သိမ့်က “လူတိုင်းပါဝင်ကူညီပေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး” ဟူသည့်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောသွားခဲ့ပါတယ် ။ ဒေါက်တာထွန်းလွင်ကတော့ “ကျိုင်းတုံမြို့ဟာ ဒယ်အိုးလေးလိုဖြစ်နေ တဲ့မြို့ မို့ တောင်ကျရေ များကြောင့် ရေမကြာ မကြာနစ်မြုပ် နေရ တဲ့ မြို့၊ ချောင်းနှ စ်ခုက ရေလျှံတိုင်းရေကြီးတဲ့မြို့၊ အပူချိန်တွေမြင့်တက်၊ မိုးတွေနည်း လာပြီး မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်းအမြင့် ဆုံး ဖြစ်နေ တဲ့ မြို့မို့ ရာသီဥတုပြောင်းလဲ မှုဒဏ် အများဆုံးခံနေရတဲ့ စာရင်းဝင်မြို့ဖြစ် တယ် ” လို့မှတ်ချက်ပြုပါတယ် ။ ဂျွန်လ ၂၁ ရက်နေ့က ကျိုင်းတုံမြို့ တိုင်းလေခန်းမ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဟောပြောပွဲမှာ အထက်တန်း ၊ တက္ကသိုလ် ကျောင်းသူကျောင်းသား များနဲ့ဆရာ ၊ ဆရာမများ ပါဝင်တက်ရောက်ခဲ့တဲ့ ပွဲမို့ စည်ကားလှပါတယ်။ တက်ရောက်နားထောင် သူ ၅၀၀ လောက်ရှိပါတယ် ။ “ ဒါပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်တယ်။ ကျိုင်းတုံမှာအရင်တုန်းက အခုလို ပညာရှင်တွေနဲ့ဟောပြောတာ မရှိခဲ့ဖူးဘူး ။ ဒါကြောင့်ဒီပွဲမှာ တချို့ကလည်း စိတ်ဝင်စားမှုနည်းတယ် ။ အများစုကတော့ မသိဖူးမမြင်ဖူးတဲ့ အရာတွေ သိရမြင်ရတယ်ဆိုတော့ စိတ်ဝင်စားကြ တာပေါ့ နော် ။ ပထမဆုံးအကြိမ်ကျင်း ပတယ်ဆိုပေမယ့် လူအင်အား ၅၀၀ တောင်ရှိတယ်ဆိုတော့ ပီတိဖြစ်ရ တာပေါ့ေ နာ် ။ ကျနော်တို့ စီစဉ်ပေးတဲ့သူအနေနဲ့ ဒီဟောပြောပွဲအောင်မြင် တယ်လို့ပြောလို့ရတာပေါ့နော်” - စိုင်းခမ်းနိုင်က ပြောဆိုပါတယ် ။ ကျိုင်းတုံမြို့ဟာ စော်ဘွားခေတ်က သဘာဝပတ်ဝန်းကျင် စိမ်းလန်းတဲ့မြို့ တမြို့၊ ရာသီဥတုေ ကာင်းမွန်ပြီး စိုက်ပျိုးသီးနှံ ဟူသမျှအထွက် ကောင်း တဲ့မြို့၊သဘာဝအလှအပတွေကြောင့်နေချင်စရာကောင်းတဲ့မြို့တမြို့ဖြစ်ပါတယ် ။ သို့သော် ယခုနှစ်နောက်ပိုင်း ရာသီဥတုဖောက်ပြန်မှု ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့ဖြစ်ပေါ်ခဲ့ပြီး ယမန်နှစ်က မမြင်စဖူး တောင်ကျ ချောင်းရေကြီး ကျကာ ဆန်စပါးစိုက်ခင်း ဧကပေါင်းမြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့တာကြောင့် ဒေသခံ လူထုအများအပြားနစ်နာပြီး အခက်အခဲတွေရင်ဆိုင်ကြရ ပါတယ် ။ ဒါကြောင့် ပတ်ဝန်းကျင်မြတ်နိုးသူ ကျိုင်းတုံလူငယ်တွေစုပေါင်းပြီးတော့ အစိမ်းရောင်ပတ်ဝန်းကျင် နဲ့ သစ်ပင်မြတ်နိုးသူများအသင်းက နေပြီးတော့ ကျိုင်းတုံမြို့ပတ်လည်မှာ ရေရှည်သစ်မာပင်တွေ ၊ ထင်းအတွက် မယ်စလီ ပင်တွေ၊ ကုက္ကိုပင်က အစ ပျိုးဥယျာဉ် အဆုံး နှစ်စဉ်စိုက်ပျိုးလာနေပါတယ် ။ ၂၀၁၂ ကစလို့ သစ်ပင်ပေါင်း ထောင်ဂဏန်း စိုက်ပျိုးကြပြီးပါတယ် ။ ဟွမ်ဟိန်း |
|
မြို့ဆိုင်းဘုတ်ကသျှမ်းစာဖြင့် ယုံကြည်မှုတည်ဆောက်ရေး Posted: 29 Jun 2016 01:02 AM PDT 'ယုံကြည်မှုရှိပြီဆိုရင် ကျွန်မတို့စိုးရိမ်မှုကိုကျော်လွှားနိုင်ပါတယ် ယုံကြည်မှုမရှိ လို့စိုးရိမ်တာ ပါ ' - လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်မှုဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အရေးကြီးပုံနဲ့ ပတ်သက်လို့ မကြာခဏပြောဆိုလေ့ရှိတာ သတိထားမိပါတယ် ။
ဟုတ်ပါတယ် ။ ယုံကြည်မှုဆိုတာ နေရာတကာမှာအရေးကြီးပါတယ် ။ လူ့အသိုင်း အဝိုင်း အတွင်းမှာကော လူ့အဖွဲ့အစည်းအတွင်းမှာပါ လူတွေအားလုံးကိုယ်တိုင် ငါတို့နေထိုင်ရတာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်း ဆိုင်ရာပါ ဘာမှ စိုးရိမ်စရာမရှိဘူး လုံခြုံတယ် ။ အားလုံးက တန်းတူအခွင့်အရေးရတယ်။ ညီတူညီမျှ မရှိဘူး ။ လူမျိုးဘာသာ ခွဲခြားမှုမရှိဘူး ။ ဆိုတဲ့ အခြေနေတစ်ရပ်ပေါ်ပေါက်လာဖို့ဟာ မတူညီတဲ့ လူ့အဖွဲ့ အစည်းတွေအတွင်းမှာ ယုံကြည်မှု တည်ဆောက်ထားနိုင်ဖို့လိုပါတယ် ။ ယုံကြည်မှုတည်ဆောက်တယ်ဆိုတဲ့ နေရာမှာ ဆွေးနွေးပွဲခန်းမတွေထဲမှာတင် တည်ေ ဆာက်နေရုံနဲ့ မပြီးပါဘူး ။ လူထုအခြေပြုဖို့လိုပါတယ်။ မျိုးနွယ်စု အရောင် အသွေးစုံလင်ကာ စိတ်ဝမ်းကွဲမှု များပြား နေပြီး ၊ ပညာရေး ၊ စီးပွားရေး နိမ့်ကျနေတဲ့ လူ့အဖွဲ့စည်းတွေမှာဆိုရင် ယုံကြည်မှုတည်ဆောက် ရတာ ပိုခက်တတ်ပါတယ် ။ အမှိုက်ကစ ပြသာဒ်မီးလောင်နိုင်တဲ့ ကိစ္စတွေလည်း ဒုနဲ့ဒေးရှိနိုင်တာကြောင့်ပါ ။ အစွန်းရောက်ဝါဒတွေဆိုတာကလည်း မတည်ငြိမ်တဲ့ တိုင်းပြည်တွေ လူ့တန်ဖိုး ၊ အနုပညာ ၊ ယဉ်ကျေးမှု ၊ ဒသနိက ၊ သမိုင်းနဲ့ သူတို့ပါဝင်ဖွဲ့စည်းထားတဲ့ လွတ် လပ်မျှတတဲ့ လူသား ဆန် တဲ့ တန်ဖိုးတွေကို လစ်လျူရှူတဲ့ ပတ်ဝန်းကျင်မှာသာ ပိုပြီးပေါက်ဖွားနိုင်ကြတာပါ ။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း မတည်ငြိမ်ခဲ့တဲ့ ဖြစ်စဉ်တွေ အခြေနေတွေကို ကြည့်မယ် ဆိုရင်လည်း လူ့အဖွဲ့အစည်းအတွင်း တစ်ဘက်နဲ့ တစ်ဘက်နားလည်မှု လေးစား မှုနည်းပါးတာ ၊ သမိုင်းယဉ်ကျေးမှုတွေကို လိုသလို ပုံသွင်းတာ ၊ အမျိုး ၊ ဘာသာ ၊ သာသနာ ၊ စာပေ အကြောင်းပြုပြီး တပြည်ထောင်နဲ့ လူမျိုးကြီးစနစ်ထူထောင်ဖို့ ကြိုးစားတာ ဆိုတဲ့ ကိစ္စရပ်တွေက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေခဲ့ပါတယ် ။ မျိုးနွယ်စုံလင် အရောင်သွေးစုံလင် ၊ ကိုးကွယ်မှုဘာသာစုံလင်တဲ့အနေထားပေါ်မူတည်ပြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အားလုံးပါဝင်နိုင်တဲ့ တန်းတူ ရည်တူမှုရှိတဲ့ ပြည်ထောင်စုတရပ်ကို ထူထောင်ဖို့ကြိုးစားခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင် အချို့အပါဝင် အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရပြီး ချိန်မှာတော့ ပြည်ထောင်စုကို သွားမဲ့လမ်းကြောင်းဟာ ချိုးကွေ့သွားခဲ့ပါတယ် ။ ဒါဟာ တန်းတူရည်တူရှိမှုကို နည်းလမ်းပေါင်းစုံနဲ့ ချိုးဖောက်ခဲ့ကြ သူတွေကြောင့်ဖြစ်ပါတယ်။ အမျိုး၊ ဘာသာ ၊ သာသနာ ၊ စာပေ ၊ ယဉ်ကျေးမှုဆိုတာ ထိန်းသိမ်းရမှာမှန်ပေမဲ့ မတူညီ ကွဲပြားတဲ့ လူ့အဖွဲ့ စည်းတွေ များပြားတဲ့ မြန်မာလိုနိုင်ငံမှာတော့ တန်ဆေး လွန်ဘေး ဆို သလိုပါပဲ။ ကြုံခဲ့ရတာတွေ ကတော့ လွန်ကုန်တော့ ဘေးဖြစ် ကုန်တဲ့ သဘောပါ ။ ပြန်ကြည့် ရင် စပြီးယုံကြည်မှု ပျက်တဲ့အထဲမှာ ရပိုင်ခွင့် စီမံပိုင်ခွင့်တွေ မပေးတာတွေပါသလို ၁၉၅၂ မှာ ဦးနုကနေအခြေခံဥပဒေပါ ပေးထားချက်ကို ပယ်ဖျက်ပြီး မြန်မာစာ တစ်ခုတည်းကို ရုံးသုံးဘာသာနဲ့ ပြဌာန်းခဲ့တာက အမျိုးသား စည်းလုံးညီညွတ်ရေးဒေါက်တိုင်စပျက်တယ်လို့ ဆိုနိုင်ပါတယ် ။ စစချင်းအသုံးပြုတဲ့ ၁၉၄၇ အခြေခံ ဥပဒေမှာတော့ အင်္ဂလိပ်ခေတ်မှာ ကျင့်သုံးခဲ့တဲ့အတိုင်း ဗမာစာ ၊ အင်္ဂလိပ်စာကို အဓိက ရုံးသုံးစာ ကျန်တဲ့ တိုင်းရင်းသားဘာသာတွေကို သူတို့ဒေ သတွေမှာ တရားဝင်သုံးနိုင် တယ်ဆိုတဲ့အနေထားပါ ။ တိုင်းရင်းသားဘာသာတွေအနေနဲ့ အင်္ဂလိပ်ခေတ် မှာ တရားဝင်သတ်မှတ်ထားပေမဲ့ မသင်မနေရဘာသာကတော့ အင်္ဂလိပ် စာနဲ့ မြန်မာစာသာဖြစ်ပါတယ် ။ သုတေသီ ဂျွန်ကေဒီကတော့ 'ဗြိတိသျှမူဝါဒဟာ ဗမာပြည်ကို ထာဝရ အုပ်ချုပ်သွားဖို့ မဟုတ် ဘူး။ အနာဂတ်ကာလမှာ ဒီတိုင်းပြည်ကို သူစွန့်ခွာသွားခဲ့ရင် သူစပြီးသိမ်းကတည်းက တစ်စု တစ်စည်း ထဲဖြစ်မှုကို ဆက်လက်ထိန်းသိမ်းထားလိုတဲ့ ရည်ရွယ်ချက် ရှိခဲ့တယ်။ ' လို့ ဆိုထားပါတယ် ။ အိန္ဒိယမှာလည်း အင်္ဂလိပ်တွေအနေနဲ့ ဒီလိုပဲကျင့်သုံးခဲ့တာပါ ။ ဟင်ဒီနဲ့ အင်္ဂလိပ်က ရုံးသုံး ဘာသာ စကားဖြစ်ပြီး သက်ဆိုင်ရာ မျိုးနွယ်စုဒေသတွေ မှာတော့ သူတို့ရဲ့ တိုင်းရင်းသား စာပေတွေ ဘာသာ စကားတွေက တရားဝင်ပါ တယ် ။ တရားဝင်တယ်ဆိုပြီးသတ်မှတ်ထားတဲ့ မျိုးနွယ်စုဘာသာစကားက ၂၂ မျိုးကျော်ရှိပါတယ် ။ နောက်ပြီး ဦးနုဆက်သုံးခဲ့တာက ဘာသာရေးအရနိုင်ငံတော် ဘာသာပြဌာန်း တဲ့ ကိစ္စပါ ။ ဦးနေဝင်းလက်ထက်မှာတော့ တိုင်းရင်းသားဘာသာစာပေတွေ ကို နှိပ်ကွပ်ခဲ့ပါ တယ်။ နှိပ် ကွပ် တာကြောင့်ပဲ ဆက်လက်ထိန်းသိမ်းလိုစိတ်တွေ တိုင်းရင်းသားတွေဆီကျန်နေသလား မသိပါ ။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး နယ်မြေတွေအကုန်လုံးမှာ တိုင်းရင်းသား ဘာ သာက မသင် မနေစာပေဖြစ်ခဲ့ပါတယ် ။ သျှမ်းတိုင်းရင်းသား ဘာသာစာပေ သင်ကြားခွင့် ပိတ်ပင်ခဲ့တဲ့အတွက် လက်နက်ကိုင် တော် လှန်ရေးလုပ်ခဲ့သူတွေက ဒုနဲ့ဒေးပါပဲ ။ အဲဒီအထဲမှာ ယခင် သျှမ်းတပ်မတော် ခေါင်းဆောင်ကြီး စိုင်းလိတ်ဟာ ထင်ရှားပါတယ် ။ တရုတ်နိုင်ငံဘက်က သျှမ်းတွေနေထိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ မှာ ( မိဏ်းခွန် တို့ ၊ ဆစ် ဆောင်ပဏ္ဏား တို့လို ဒေသတွေမှာ ) လမ်းဆိုင်းဘုတ်တွေကအစ ဘာသာနှစ်မျိုး သုံးမျိုးနဲ့ရေးထားတာ သတိပြုမိပါတယ် ။ လမ်းဆိုင်းဘုတ် မြို့ဆိုင်းဘုတ်ကအစရေးရင် တရုတ် ဘာသာ အင်္ဂလိပ်ဘာသာ ၊ သျှမ်းဘာသာတွေနဲ့ ရေးပါတယ် ။ နိုင်ငံရေးအရ ကွန်မြူ နစ်ပါတီ လက်အောက်မှာ ရောက်နေပေမဲ့ လူမျိုးနာမည်နဲ့ ကိုယ်ပိုင်အုပ် ချုပ်ခွင့် ရထား တယ် ။ စီးပွားရေးအရ ပြေလည်တယ် ။ ဘာသာစကား စာပေသင်ကြားခွင့် သင်ယူမှု လွတ်လပ်တယ် ။ လူလိုသူ လိုနေရတယ် ။ ယဉ်ကျေးမှုအရလွတ် လပ်မှုရှိ တယ် ဆိုတဲ့ အနေထားမှာ အဲဒီနယ်မြေမှာနေတဲ့ သျှမ်းတွေက မြန်မာပြည်က သျှမ်းတွေ လို သေနတ်ကိုင်ဖို့ စိတ်မဝင်စားကြပါဘူး ။ လူမျိုးစုအခွင့်ရေးကလည်း မြန်မာပြည်ထက်သာတဲ့ အခြေနေမှာရှိပါတယ် ။ ဆိုတော့ ဟန့် လူမျိုးအဓိကကျတဲ့ တရုတ်ပြည် မှာတောင် ၊ ယဉ်ကျေးမှုတော်လှန်ရေးနဲ့ ကြုံခဲ့ရတဲ့ တရုတ်ပြည်မှာတောင် အဲဒီကသျှမ်းတွေက မြန်မာ ပြည် က သျှမ်းတွေလို တော်လှန်ရေးလုပ်ဖို့ စိတ်မဝင်စားကြပါဘူး ။ ဒါကိုသျှမ်းသံတော်ဆင့် တည်ထောင်သူ ဦးခွန်ဆိုင်းကလည်း ကျွန်တော် သူပုန်ဖြစ်လာပုံ စာအုပ်ထဲမှာ သူ့သူငယ်ချင်း တရုတ်ပြည်က သျှမ်းတယောက်နဲ့ မေးမြန်းခဲ့ပုံကို ခုလို ဖော်ပြထားပါတယ် ။' တရုတ်ပြည်က တပြည်ထောင်စနစ်ကျင့်သုံးနေပေမဲ့ လူမျိုးစုတွေအပေါ်ထားရှိတဲ့ မူဝါဒဟာ ဗမာစစ် အာဏာရှင် တွေထက် အများကြီးတိုးတက်တယ် ။ ငါတို့တရုတ်ဆီမှာ တရုတ်က အုပ်ချုပ်တယ်ဆိုပေမဲ့ လူလိုသူလိုနေရတယ်။ လူ့အခွင့်ရေးဆိုတာ အများကြီးရှိတယ် ။ လူမျိုး စု အခွင့်ရေးကလည်း ဗမာပြည် ထက်အဆပေါင်းများစွာသာတယ် ။ ဒါကြောင့် တစ်လ ဒေါ် လာ တစ်သောင်းလောက်ပေးလည်း တရုတ်အစိုးရကိုတော်လှန်ဖို့ မရှိဘူး ။ ဒါပေမဲ့ မင်းတို့လို တပြားမှ မရရင်တော့ တော်လှန်မှာ သေချာတယ် ။ ဆိုပြီး ဦးခွန်ဆိုင်းကို သူ့သူငယ်ချင်း က ပြောပုံကို ဖော်ပြထားပါ တယ် ။ တရုတ်နဲ့ ပတ်သက်လို့ပဲ အဲဒီ စာအုပ်ထဲမှာ ဖော်ပြထားတာက အရင်ဦးသန်းရွှေလက်ထက် မှာ သျှမ်းနဲ့ ပတ်သက် လို့ အမြဲခေါင်းခဲရတဲ့အကြောင်း သူ့အစိုးရအဖွဲ့ဝင်တစ်ဦးက တရုတ် ခရီးစဉ်မှာ ပြောခဲ့တော့ တရုတ်ဘက်က ကိုယ်စားလှယ်တစ်ဦးက မြန်မာပြည်မှ သျှမ်း ၁၀၀ ရှိရင် ကျွန်တော်တို့ဆီမှာ သျှမ်း အနည်းဆုံး ၃၀၀ ကျော် ၄၀၀ လောက်ရှိတယ် ။ သျှမ်းတွေ ဟာ အင်မတန်မှ အုပ်ချုပ်ရလွယ်ကူတဲ့ လူမျိုးဖြစ်တယ် ။ သူတို့နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာမှ ပြဿနာမရှိဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က သူတို့နဲ့ ပတ်သက်လို့ ဘာပြဿနာမှ မလုပ်လို့ပဲလို့ အဲဒီတရုတ်ကိုယ်စားလှယ်က ပြောဆိုတာကိုရေးသားထား ပါတယ် ။ အခုအချိန်အထိ သျှမ်းပြည်နယ်မှာ စစ်ဌာနချုပ်တိုင်း ( ၄) တိုင်းနဲ့ မြန်မာပြည်က စစ်တပ်တွေ စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံလောက်သျှမ်းနဲ့ ကချင်ပြည်နယ်မှာ ရှိနေပေမဲ့ အင်္ဂလိပ်ခေတ်မှာတော့ သျှမ်းပြည်တပြည်လုံး တပ်ရင်း (၂) ရင်းပဲ သုံးခဲ့ရပြီး မပင်မပန်းနဲ့ ထိန်းနိုင်ခဲ့တာက နှိုင်းယှဉ် စရာ အခြေနေတစ်ရပ်မှာရှိနေတာပါ ။ ဘာသာစကားစာပေကွဲပြားမှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ ဖက်ဒရယ်နိုင်ငံတွေကို လေ့လာကြည့် မယ် ဆိုရင် ဆွစ်ဇာ လန်မှာ ဂျာမန်၊ ပြင်သစ် ၊ အီတလီတို့ဟာ ပင်မ တရားဝင်ရုံးသုံးဘာသာ စကားတွေအဖြစ် သတ်မှတ်ခဲ့ပါတယ် ။ ၁၉၉၀ လူဦးရေစာရင်းအရ ဂျာမန်စကားပြောသူ ၆၄ ရာခိုင်နှုန်း ၊ ပြင်သစ် ဘာသာစကားပြောသူ ၁၉ ရာခိုင်နှုန်း ၊ အီတာလျံ ၈ရာခိုင်နှုန်း ၊ ရိုမန့်စ ၆ ရာခိုင်နှုန်း ၊ အခြားဘာသာစကားတွေက ၉ ရာခိုင်နှုန်းရှိတာပါ ။ ရိုမန့်စာကို တရားဝင်ဘာသာအဖြစ်သုံးတဲ့ ပြည်နယ် (ကန်တုံနယ်) လည်းရှိပါတယ် ။ သက်ဆိုင်ရာ ပြည်နယ် ( ကန်တုံနယ်) တွေအလိုက် လမ်းဆိုင်းဘုတ်တွေ ကအစ ဘာ သာစကားသုံးလေးမျိုးနဲ့ ဖော်ပြကြပါတယ် ။ ကွန်မြူးဆိုတာကတော့ မြို့များ ၊ ကျေးရွာ အုပ်စုများကို ခေါ်ဝေါ်ပြီး ပညာရေးကဏ္ဍမှာတော့ အဲဒီကွန်မြူးတွေကို အခြေခံပြီးသွား ပါတယ် ။ ဘာသာစကားသုံးစွဲမှု သင်ရိုးညွှန်းတမ်းကအစပါ ။ ယင်းအတွက်ကြောင့် ပင် အချို့နေရာတွေ မှာ တနယ်နဲ့ တနယ်ပြောင်းရွှေ့ပညာ သင်ကြားရ သူတွေ အဖို့ သက်ဆိုင်ရာ နယ်မြေ အလိုက် ဘာသာစကားပြန်လည်သင်ယူရမှုကြောင့် အခက်ခဲဖြစ်တာတွေ လည်းရှိပါတယ် ။ ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ်မှာတော့ လူဦးရေ ၆ သန်း နီးပါးဟာ ပြင်သစ် စကားပြော သူတွေ ဖြစ်ခဲ့ဖူးပြီး ယနေ့ထက်တိုင် ပြင်သစ်ဘာသာစကားကလည်း ရှင်သန်နေဆဲဖြစ် ပါတယ် ။ ကနေဒါမှာ နဂိုကတိုင်းရင်းမျိုးနွယ်စုအနည်းငယ်ရှိပေမဲ့ ၁၅ ရာစုလောက်ကစလို့ အင်္ဂလိပ် နဲ့ ပြင်သစ်တွေ အခြေချလာတာဖြစ်ပါတယ် ။ အင်္ဂလိပ်ဆီကိုလွဲပေးခဲ့ပြီးနောက် ၁၇၇၄ ကတည်းက ကနေဒါနိုင်ငံမှာ လူနည်းစုတွေရဲ့ ဘာသာ စကားနဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေကို ဥပဒေကြောင်းတွေနဲ့ အကာကွယ်စပေးနိုင်ခဲ့ပါတယ် ။ အခုခေတ်မှာတော့ ပြည်နယ် ၁၀ ခုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်နေပါပြီ ။ ကနေဒါရဲ့ ကွီဘက် ပြည်နယ် မှာ ပြင်သစ်ဘာသာစကားက ယနေ့ထက်တိုင် ဆက်လက်ရှင်သန်နေ တာက သက်ဆိုင်ရာ လူထုကိုယ်တိုင်က အင်္ဂလိပ်ဘာသာစကားနဲ့ ပေါင်းလို့ မိမိစာပေ ဘာသာစကားကိုပျောက်ကွယ် မသွားစေလိုတဲ့ ဆန္ဒကြောင့်ပဲဖြစ်ပါတယ် ။ ပြင်သစ်တွေအနေနဲ့ကနေဒါကို အင်္ဂလိပ်ထက်အရင်ရောက်ခဲ့ပေမဲ့ နောက်မှရောက်ပြီး နယ်မြေ သိမ်းနိုင်ခဲ့တဲ့ အင်္ဂလိပ်တွေက ပြင်သစ်တွေကို အတင်းအကျပ် အင်္ဂလိပ်ဇာတ်သွင်း ဘာသာ စကား စာပေကအစပျောက်အောင်မလုပ်ခဲ့တာကလည်း ကနေဒါ ဖက်ဒရယ် စနစ်အောင်မြင်မှုရဲ့ သော့ ချက် ပဲဖြစ်တယ်လို့ ဆိုကြပါတယ် ။ ၁၉၆၉ ခုနစ်က ကနေဒါလွှတ်တော်ကနေတရားဝင်ပြဌာန်းခဲ့တဲ့ဘာသာစကားအက်ဥပဒေမှာပြည်ထောင်စု အဆင့်ရုံးတွေ အဖွဲ့အစည်းတွေမှာ ပြင်သစ်ဘာသာစကားကို အင်္ဂလိပ်ဘာသာစကားနဲ့ အဆင့်တူ တရား ဝင်ရုံးသုံးဘာသာစကားအဖြစ်သတ်မှတ်ပေး ခဲ့သ လို ပြင်သစ် ဘာသာစကားပြောသူတွေက တနိုင်ငံ လုံးရဲ့ ၂၅ ရာခိုင်နှုန်းရှိသလို အစိုးရ ၀န်ထမ်းတွေရဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း ပြင်သစ် စကားပြောသူတွေ နဲ့ခန့်ထားခဲ့ပါတယ် ။ ဒါကြောင့်ပဲ အဲဒီမတိုင်ခင်ဖြစ်ခဲ့တဲ့ ကွီဘက်ပြည်နယ်ခွဲ ထွက်ရေးလှုပ်ရှားမှုတွေဟာ မဲခွဲဆုံးဖြတ်မှုတွေမှာ မအောင်မြင်ဖြစ်ခဲ့ရပါတယ် ။ အခြားသော ဒေသဆိုင်ရာ လုပ်ပိုင်ခွင့် ၊ ပြည်နယ်တွေအလိုက် အခွန်နဲ့ သယံဇာတ်ခွဲဝေ ခွင့် တွေကလည်း အများကြီး ဗဟိုကနေ ခွဲပေးလိုက်တဲ့အတွက် ကနေဒါပြည်ထောင်စုဟာ အခုအထိ ကမ္ဘာ့အလယ်မှာ ထည်ဝါနေဆဲဖြစ်ပါတယ် ။ တကယ်တော့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေရဲ့ အားကောင်းချက်တွေကိုကြည့် ရင် ဒေသ အစိုးရ တွေမှာ လုပ်ပိုင်ခွင့်တွေပေးတာကြောင့် ဗဟို ချုပ်ကိုင်မှုကဲတဲ့စီမံခန့်ခွဲမှု ထက် စွမ်းဆောင် ရည်ပိုမိုမြင့်မား လာမှု ၊ မတူညီတဲ့ မူဝါဒအမျိုးမျိုးကိုစမ်းသပ်နိုင်ပြီး အလုပ်ဖြစ်နိုင်တဲ့ မူဝါဒကို ရွေးထုတ်ကာ ကျန် ဒေသတွေမှာ လက်တွေ့ကျင့်သုံးနိုင်မှု ၊ ဒေသအစိုးရတွေရှိနေတဲ့အတွက် ဒေသခံလူထုအတွက် နိုင်ငံရေး အုပ်ချုပ်ရေး ကိစ္စတွေမှာ ထဲထဲဝင်ဝင်ပါဝင်နိုင်မှု ၊မတူညီသော ယဉ်ကျေးမှုအုပ်စုအသီးသီးအတွက် လုပ်ပိုင်ခွင့် အာဏာတွေရှိ တဲ့အတွက်လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားမှုအပေါ် တန်ဖိုးထား ဆက်ဆံတတ်မှုစတဲ့ အချက်တွေပဲဖြစ်ပါတယ် ။ တကယ်တော့ အခုလတ်တလော သျှမ်းပြည်အတွင်းက မြို့ဆိုင်းဘုတ်တွေက သျှမ်းစာတွေ ဖျက်ဆီးခံရတာ ပြန်ဖျက်သွားတာတွေဟာ တကယ်တော့ ဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရအပေါ် သက်ဆိုင်ရာ လူထုတွေက ယုံကြည်မှု လျော့နည်းစေတဲ့ ကိစ္စ သံသယဖြစ်စေ တဲ့ကိစ္စပဲဖြစ်ပါတယ် ။ ယုံကြည်မှုတည်ဆောက်မယ် ၂၁ ပင်လုံ ဘာညာဆိုပြီးအော်နေတဲ့ အချိန်ပါ ။ အချို့ဆိုင်းဘုတ်တွေဆို ပြန်ဖုံးထားတာမီးရှို့ခံရတာတွေလည်းဖြစ်နေပါတယ် ။ အခုအချိန်ထိဘာကြောင့်ဖျက်တယ်ဆိုတာလည်း တရားဝင်ရှင်းလင်းကြတာ မတွေ့မိသေးပါ ဘူး ။ သျှမ်းပြည်နယ် မှာရှိတဲ့ လူထုအကြားမှာတော့ ဒီကိစ္စတွေဟာ လတ်တလောမှာ တနုံ့နုံ့နဲ့ စုပ်တသပ် သပ်ဖြစ် နေတဲ့အပြင် မတူညီတဲ့လူမျိုးစုအကြားမှာလည်း သံသယတွေပွားနေ တာတွေ့ရ ပါတယ် ။ တကယ်တော့ ဒီကိစ္စတွေဟာ လူ့အခွင့်ရေးအရချိုးဖောက်မှု ၊ လူနည်းစု တိုင်းရင်းသား အခွင့်ရေး ဖောက်ဖျက်ကျူး လွန်မှု ၊ တိုင်းရင်းသား လူမျိုးနဲ့ ယဉ်ကျေးမှုစာပေတွေ အပေါ်ခွဲခြားဆက်ဆံမှု တွေနဲ့လည်းအကျုံးဝင်ပြန်ပါတယ် ။ ပြည်ထောင်စုတန်းတူရေး ၊ ယုံကြည်မှုတည်ဆောက်ရေးဆိုတဲ့ ကိစ္စတွေမှာ တိုင်းရင်းသားဘာသာ စာပေကိစ္စတွေ ကလည်းအရေးပါပါတယ် ။ ဒီမိုကရေစီနဲ့လည်း တကယ်တော့ ဒေသအလိုက်ဆိုရင် မညီပါဘူး ။ ပြန်ဖျက်ခဲ့တဲ့သူတွေ အနေနဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာကို အလွှဲသုံးစားပြုရာလည်းရောက်ပါတယ် ။ တချို့ကိစ္စတွေက ပညာရှိ သတိဖြစ်ခဲ့ အမှိုက်ကစ ပြသာဒ် မီးလောင်ဖြစ်နိုင်တာမို့ပါ ။ အင်္ဂလိပ်ခေတ်မှာတောင် သျှမ်းပြည်နယ်က မြို့ဆိုင်းဘုတ်တွေ လမ်းဆိုင်းဘုတ်တွေ ကို သျှမ်း ၊ အင်္ဂလိပ် ၊ မြန်မာ ဘာသာတွေနဲ့ စိုက်ထူခဲ့တာပါ ။ ' ဗမာခေါင်းဆောင်တွေက အင်္ဂလိပ်လက်ရာကို မဖျက်ပဲ ဆက်လက်ခြေရာခံ လုပ်ဆောင်ခဲ့ မယ်ဆိုရင် ကျွန်တော့်တို့အားလုံးဟာ ဗမာဖြစ်ကုန်ပြီ ။ အခုသူတို့မလုပ်တတ်တော့ ကျွန်တော်တို့ သျှမ်းဘဝက မကျွတ်နိုင်သေးဘူး' လို့ ကွယ်လွန်သူ သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည်ပြောခဲ့တာကို ကျွန်တော်သတိရမိပါတယ် ။ ကိုးကား-ခွန်းဆေ (ကျွန်တော်သူပုန်ဖြစ်လာပုံ ) ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင် |
|
အမြန်ဆုံးရပ်ဆိုင်းသင့်ပြီဖြစ်တဲ့ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်း Posted: 28 Jun 2016 07:55 PM PDT တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းကို ယခု အစိုးရ လက်ထက်မှ တင်မဟုတ်ဘဲ အရင် နအဖ စစ်အစိုးရ လက်ထက်ကတည်းကပါ ဒေသခံတွေက ကြိုက်နှစ်သက်ခြင်း မရှိတဲ့ အတွက် အရပ်ဘက် လူမှု့အဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှုနဲ့အတူ လူထုက ကန့်ကွက်တဲ့ စီမံကိန်းတွေ စာရင်းမှာပါဝင်ခဲ့တာပါ ။
ကန့်ကွက်ခဲ့တာကလည်း အဆန်းတော့ မဟုတ်ပါဘူး ။ လူနေအိမ်ခြေတွေအနီးမှာ တည်ရှိနေတဲ့ စီမံကိန်းဖြစ် ခဲ့တဲ့ အပြင် သဘာဝ ပတ်ဝန်းကျင်နဲ့လူမှု့ဘဝတွေအတွက် ထိခိုက်မှုများစွာရှိနိုင်တဲ့အတွက် စီမံကိန်းစတင်စဉ် ကတည်းက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ် ။ သို့သော်လည်း လုပ်ချင်ရာလုပ် ငါ့မြင်းငါစိုင်းစစ်ကိုင်း ရောက်ရောက်ဆိုတဲ့စစ်အစိုးရတွေရဲ့ ထုံးစံအတိုင်းအကောင်ထည်ဖော်ခဲ့ပါတယ် ။ စစ်အစိုးရလက်ထက်ကစလို့ ၂၀၁၄ ခုနစ်လောက်အထိကို စက်ရုံကလည်ပတ်ခဲ့ပြီးလျှပ်စစ်ဓါတ်အား ထွက်နှုန်း မကောင်းဘူးဆိုပြီး ခေတ္တရပ်နားခဲ့ရာကတင်ဒါအသစ်ခေါ်ပြီး တရုတ်ကုမ္မဏီရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ပြန်လည်စတင် လည်ပတ်ဖို့ လုပ်လာခဲ့ပြန်ပါပြီ ။ လူမှုရေးရာအကျိုးသက်ရောက်မှု SIA နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှု EIA အတွက်လေ့လာဆန်းစစ်မှုတွေလုပ်ဖို့ ရင်းနှီးမြှုပ်နှံခွင့်ရထားတဲ့ တရုတ်ကုမ္မဏီ Wuxi Hua Quang ကနေ ကုမ္မဏီတစ်ခုကို ဌားရမ်းပြီး လေ့လာဆန်းစစ်မှုတွေလုပ်နေတယ်လို့ ဆိုထားပါတယ် ။ အခုအထိလည်း ဒေသခံပြည်သူတွေက အဲဒီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်နေဆဲဖြစ်ပါတယ် ။ အဲဒီတီကျစ် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံကုန်ကြမ်းအတွက် ကျောက်မီးသွေးမိုင်းကို စစ်အစိုးရ လက် ထက်မှာ ခရိုနီကုမ္မဏီဖြစ်တဲ့ ဧဒင်ကုမ္မဏီ၂၀၀၄ က တီကျစ်ဒေသမှာတင် ၂၀၀၄ ခုနှစ်လောက်မှ စတင် တူးဖော်ပြီး လောင်စာကုန်ကြမ်းအတွက် တင်သွင်းခဲ့ပါတယ် ။ ဧဒင် ကုမ္မဏီဟာအကြီးစားထုတ်လုပ် ခွင့် ရရှိထားပြီး မိုင်းဧရိယာ ဟာ ၅၀၀ ဧကနီးပါးရှိပါတယ် ။ ရုံးအဆောက်အဦးများပါ အပါဆိုရင် ဧက ပေါင်း ၈၀၀ ကျော်ရှိပါတယ် ။ ဒီမိုင်းတွင်း တူးဖော်ဖို့အတွက် ကျေးရွာ ရ ရွာလောက် ဟာ စစ်အစိုးရလက်ထက်က ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိထားရပါတယ် ။ လျော်ကြေးအနေနဲ့ ကတော့ ၂၀၀၀၀ ကျပ်ဝန်းကျင်ဘဲရခဲ့ကြပြီး လယ်မြေအတွက် မရခဲ့ကြပါဘူး ။ အခုထိလဲ ရွှေ့ ပြောင်းခဲ့ရတဲ့ ကျေးရွာ လူထုအတွက် ဒုက္ခမျိုးစုံနဲ့လူနေမှုဘဝများကိုခြိမ်းခြောက်လျက်ရှိနေပါသေးတယ် ။ ကျောက်မီးသွေးမိုင်းတွေဟာအနက် ပေ ၅၀၀ နီးပါးရှိနေပြီးကျောက်မီးသွေးများဟာ အလိုအလျောက် မီးလောင်မှုတွေဖြစ်ပွားလျက်ရှိနေတာကိုလဲတွေ့ရပါတယ် ။ ဒေသခံတွေအနေနဲ့ကျောက်မီးသွေးမှုန့်တွေနဲ့ စက်ရုံက ပြာတွေကြောင့် ယားနာလိုဝေဒနာတွေလည်းဖြစ်နေတာတွေလည်း ရှိနေပါတယ် ။ ကျောက်မီးသွေး မိုင်းတွင်းဟာ အိမ်တွေနဲ့ ပေ၂၀၀ လောက်ပဲဝေးပါတယ် ။ လောလောဆယ်မှာ ဒေသခံ ပြည်သူတွေ အဓိက ကန့်ကွက်နေတာကမိုင်းကို မဟုတ်ပဲ လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ကန့်ကွက်နေတာပါ ။ ဒါကလည်းစက်ရုံ ရပ်သွားရင် အဲဒီကျောက်မီးသွေးတူးဖော်မှုက ရပ်သွားမှာဖြစ်တဲ့အတွက်ဖြစ်ပါတယ် ။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကတော့ တောင်ကြီးအောင်ပန်းကနေလာရင်တီကျစ်အဝင်မှာရှိနေပြီး လူနေအိမ်တွေကြားထဲမှာရှိနေပါတယ် ။ အရင်စစ်အစိုးရခေတ်တုန်းကတော့ အဲဒီစီမံကိန်းကို ကန့်ကွက်မှုဦးဆောင်သူတွေကို ဒေသခံ ပအိုဝ်းအဖွဲ့စည်းဖြစ်တဲ့ ခြိမ်းခြောက်တာတွေလည်း ရှိတဲ့အတွက်အချို့တက်ကြွလှုပ်ရှားသူတွေဟာ ထိုင်းဘက်ကို ထွက်ပြေးရတာတွေလည်းရှိခဲ့ပါတယ် ။ ပြီးခဲ့တဲ့နှစ်အထိ မြေစာပုံတွေက လူနေအိမ်တွေနဲ့ သိပ်မဝေးသလို ကျောက်မီးသွေးပိုတဲ့ လမ်းကြောင်းနဲ့ လူနေအိမ်များနဲ့အကွာအဝေးဟာပေ ၁၀၀ လောက်ပဲရှိတာတွေ့ရပါတယ် ။ ရွာမှ တချို့ကယားနာလိုတွေလည်း ဖြစ်လာနေတဲ့အတွက် ပွင့်လင်းလာတဲ့ခေတ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပညာပေးမှုတွေနဲ့အတူ ဒေသခံအချို့က ကျောက်မီးသွေးလုပ်ငန်းတွေကို သင်္ကာမကင်းဖြစ်လာနေပါတယ် ။ ကျောက်မီးသွေးမိုင်းကနေ လျပ်စစ်စက်ရုံကို ရိုလာ များနဲ့ကျောက်မီးသွေးကိုပို့ဆောင်ပါတယ် ။ ကျောက်မီးသွေးပို့တဲ့လမ်းကြောင်းနဲ့ လူနေအိမ်တွေက သိပ်မဝေးဘူးလို့ပြောပြရတာဟာ ဒီတီကျစ်စက်ရုံကို ဒေသခံတွေက ခေတ်အဆက်ဆက် ကန့်ကွက်နေကြတာ ဘာကြောင့်လဲဆိုတာကို သိစေလိုလို့ ဖြစ်ပါတယ် ။ အရေးကြီးတဲ့ အချက်ကတော့ တီကျစ်ဒေသဟာ အင်းလေးကန်ရဲ့ အနောက်ဘက် ရေဝေရေလဲ ဒေသဖြစ်နေ တာပါပဲ ။ အဲဒီကျောက်မီးသွေးမိုင်းလုပ်ငန်းတွေကို အခြေပြုပြီး ဘိလပ်မြေစက်ရုံတွေ အမြောက်အမြား တည်ဆောက်ထားတာတွေလည်းရှိပါတယ် ။ အကုန်လုံးကစစ်အစိုးရလက်ထက်က စခဲ့တာ တွေဖြစ်ပြီး ဦးနေဝင်းထွန်းရဲ့ ပတ္တမြားနဂါးလိုခရိုနီတွေလည်းပါပါတယ် ။ အင်းလေးကန်ထဲဝင်တဲ့ အင်းတိမ် ( ခေါ် ) အထက်ဘီလူးချောင်းဟာ အင်းလေးကန်ကို ရေဖြည့်ပေးတဲ့ အဓိကရေအရင်းအမြစ်လည်းဖြစ်ပါတယ် ။ တန်ချိန် သန်း ၂၇၀ လောက်ထွက်မဲ့ကျောက်မီးသွေးသိုက်က ရေထွက်တွေကို ဒုက္ခပေးကောင်းပေးနိုင်ပါတယ် ။ ကျောက်မီးသွေးမိုင်းကြောင့် စိုက်ပျိုးမြေဧက များစွာလည်း ပျက်စီးခဲ့ရပြီးဖြစ်ပါတယ် ။ အင်းတိမ်ချောင်း ကိုပိတ်ထားတဲ့ အထက်ဘီလူးချောင်းဆည်ဆိုတာ တီကျစ်နားက စက်ရုံတွေအတွက် ရည်ရွယ်တည် ဆောက်ခဲ့တာ လည်းဖြစ်ပါတယ် ။ အင်းတိမ်ချောင်းကတော့ ဆည်ဆောက်ပြီးချိန်မှစလို့ ၂၀၁၆ ခုနစ်မှာ မကြုံစဖူး ရေခန်းခြောက်ခဲ့ပါတယ် ။ အင်းလေးကန်ရဲ့ ရေဝေရေလဲဒေသတွေမှာ ကျောက်မီးသွေးစက်ရုံတွေ ၊ မိုင်းတွေ ၊ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတွေ အမြောက်အမြားပေါ်လာတာက ပြောရမယ်ဆိုရင် ပြဿနာတော်တော်ရှိပါတယ် ။ ကျောက်မီးသွေးစက်ရုံအတွက် တရက်ကိုရေဂါလံ ၄၀၀၀၀ လောက်အသုံးပြုမယ်လို့ ဆိုထားပြန်ပါတယ် ။ ရေဘယ်ကရမလဲဆိုတာ စက်ရုံလုပ်မဲ့ ကုမ္မဏီဘက်က သေချာကျနစွာထုတ်ပြန်မထားဘူးလို့ ဒေသခံတွေက ဆိုနေကြပါတယ် ။ ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတွေဟာ ရေထုအတွက်ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်ဆိုတာ နိုင်ငံတကာ အသိုင်းဝိုင်းတွေက လက်ခံနေတဲ့ အကြောင်းရာတစ်ရပ်ဖြစ်နေပါတယ် ။ ကျောက်မီးသွေးစက်ရုံတွေရဲ့ အအေးခံစနစ်တွေအတွက် ရေပမာဏကြီးကြီးမားမား သုံးပါတယ် ။ အဲဒီ လိုအပ်တဲ့ရေအတွက် သူတို့တည်ရှိရာ နေရာဒေသက ရေအရင်းအမြစ်တွေကိုစုပ်ထုတ်တဲ့အခါ ငါးတွေအများအပြားသေဆုံးရပါတယ် ။ အဲလိုကျောက်မီးသွေး စက်ရုံတွေကနေ အသုံးပြုပြီး ပြည်လည်စွန့်ပစ်တဲ့ရေတွေဟာ သတ္တုအဆိပ်တွေနဲ့ အခြားဆိုးကျိုးဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်ပြီး လူတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝတောရိုင်း တိရစ္ဆာန်တွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ် ။ တီကျစ်ကျောက်မီးသွေးမိုင်းက ထွက်တဲ့ ကျောက်မီးသွေးဟာ သက်နု ကျောက် မီးသွေး မျိုးဖြစ်ပြီး ဆာလဖာ ပါဝင်မှုနှုန်းလည်း မြင့်မားပါတယ် ။ ဒါကြောင့် လောင်စာအဖြစ်သုံးမယ်ဆိုရင် သက်ရင့်ကျောက်မီးသွေး တွေထက် ထည့်ဝင်သုံးစွဲရနှုန်းလည်း ပိုမိုမြင့်မားမှာပါ ။ ကျောက်မီးသွေးစက်ရုံက ထွက်တဲ့ မီးခိုးပြာမှုန်ကိစ္စက အခုလို စက်အသစ်လှဲလှယ်တဲ့အချိန်မှာ ဘယ်လိုရှိတယ် မပြောတတ်ပေးမဲ့ ကမ္ဘာမှာတော့ ကျောက်မီးသွေးသုံး စက်ရုံတွေတော်တော်များများဟာ အသိဉာဏ်ပညာမြင့်မားလာမှုနဲ့အတူ သိပ်မတွင်ကျယ်တော့တဲ့ စနစ်တစ်ရပ်ဖြစ်နေပါပြီ ။ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံများဟာ မြစ်ရေချို များကို အမြောက်အများ စုပ်တင်ခဲ့ပြီး ရေပူများ ရေဆိုးများကိုသာ ပြန်လည် သွန်ချပေးတာပါ ။ တရုတ်နိုင်ငံမှာ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံများကြောင့် ၁၉၉၀ခုနှစ် များကစလို့ မြစ်ငယ်ပေါင်း၂၈,၀၀၀ ပျက်စီးကွယ်ပျောက် သွားပါပြီ ။ တရုတ်နိုင်ငံရဲ့ ကျောက်မီးသွေးစက်ရုံတွေ ရေသုံးစွဲမှုဟာ နိုင်ဂါရာ ရေတခွန်ကြီး၏ တနှစ်တာအတွင်း သွန်ချခဲ့သော ရေပမာဏနဲ့ အတူတူပါဘဲ ဟုဆိုလျင်ယုံကြည် နိုင်စရာမရှိ သော်လည်း ပညာရှင်များက တွက်ချက် ထောက်ပြခဲ့ပြီးဖြစ်ပါတယ်။နိုင်ငံရဲ့ (Ground Water) မြေအောက်ရေ အတော်များများလဲ ပျက်စီးသွားပါပြီ။ မြောက်ပိုင်းလွင်ပြင်ရဲ့ လေးပုံ ပုံတပုံမျှသာ အကောင်း ကျန်တော့တယ်လို့ သူ့နိုင်ငံရဲ့ ရေအရင်းအမြစ်ဌာနကြီးက ထုတ်ဖေါ်ပြောဆိုနေပါပြီ။ တောင်ပိုင်းမှရေကို မြောက်ပိုင်းသို့ လွှဲယူမဲ့ ဧရာမစီမံကိန်းကြီးတောင် စတင်နေရပါပြီ။အတွင်းမွန်ဂိုလီယားရှိ မြစ်များအတွင်း သို့ တရုတ်ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံများမှ ရေပူ ရေဆိုးများ တသွင်သွင်စွန့်ခဲ့မှုကြောင့် မြစ်ကမ်းများရှိ မြက်ခင်းလွင်ပြင်များ ပျက်စီးဆုံးပါးသွားပြီ။ ကန္တာရ အဖြစ်သို့ ပြောင်းလဲသွားခဲ့တာ အထင်အရှားဖြစ်နေပါပြီ။ ကျောက်မီးသွေးစက်ရုံတွေဟာ တစ်နေ့တခြား ရှားပါးလာတဲ့ ကမ္ဘာလုံးဆိုင်ရာ ရေအရင်းအမြစ်တွေကိုအ ကြီးအကျယ်ထိခိုက်ပျက်စီးစေတယ်လို့လည်း ဂရင်းပိစ်အဖွဲ့က ဆိုထားတော့ အင်းလေးကန်နဲ့ မနီးမဝေးက ကျောက်မီးသွေးမိုင်းတွေ ၊ ကျောက်မီးသွေးသုံးစက်ရုံတွေနဲ့ သဘာဝပတ်ဝန်းကျင်ပျက်သုဉ်းမှုကြောင့်အကြီး အကျယ်ကုစားဖို့လိုနေတဲ့ အင်းလေးကန် အကြောင်းစဉ်းစားမိရင် ရင်မောရပါသေးတယ် ။ အခုတီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်အားပေးစက်ရုံကို ဆက်လက်ဆောက်ရွက်မဲ့ တရုတ်နိင်ငံကုမ္မဏီဟာ လိုအပ်တဲ့ ကျောက်မီးသွေးကို တီကျစ်ကျောက်မီးသွေးမိုင်း ဖြစ်တဲ့ ဧဒင်ကုမ္မဏီက လုပ်နေတဲ့ မိုင်းကနေပဲသွင်းဖို့ သဘောတူထားပါတယ် ။ တီကျစ်ဒေသ မှာ ရှိတဲ့ ကျောက်မီးသွေးဟာ သက်တမ်းနု ကျောက်မီးသွေးအမျိုးအစားဖြစ်ပြီး မြေပေါ် တိုင်းတာချက်အရ ကျောက်မီးသွေးတန်ချိန် ၂၀ . ၂၀ မီလျံတန်ရှိတယ်လို့ သိရပါတယ် ။ စက်ရုံသက်တမ်း ၂၂ နှစ်အတွင်း ဒီကျောက်မီးသွေးဟာ စက်ရုံအတွက် ထုတ်ယူသုံးစွဲမှာဖြစ်ပါတယ် အခု ဧက ၅၀၀ နီးပါး ရှိနေတဲ့မိုင်းတွင်းကနေ မလုံလောက်ပါဘူး။ မိုင်းတွင်းဟာ နေရာ ထပ်မံချဲ့ယူရမှာ ဖြစ်ပါတယ် ဒါဆိုရင် မိုင်းတွင်းပတ်လည်မှာ ရှိနေတဲ့စိုက်ပျိုးမြေများ ကျေးရွာများဟာ ထပ်မံ ဖယ်ရှားခံရဖို့အတွက် အလွန်စိုးရိမ်စရာကောင်းနေပါတယ် ။ ဒီမိုကရေစီကို သွားနေတဲ့ အစိုးရ တနည်းအားဖြင့် ပြည်သူ့အစိုးရကလည်း တိုင်းရင်းသားဒေသတွေက စီမံကိန်းတွေနဲ့ ပတ်သက်လို့ သေချာစီစစ်သင့်တယ်လို့ ထင်ပါတယ် ။ indigenous မူလမျိုးရင်းဆိုင်ရာ အခွင့်ရေးအရဆိုရင် ဒီလိုစီမံကိန်းတွေက ဒေသခံ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားအပေါ်မူတည် ဆုံးဖြတ်ရပါမယ် ။ အခုစီမံကိန်းကို ကန့်ကွက်နေတာ တီကျစ်ဒေသ ပတ်ဝန်းကျင်က ရှမ်း ၊ ပအိုဝ်း ၊ ဓနု ၊ အင်းစတဲ့ တိုင်းရင်းသားပေါင်းစုံက ကန့်ကွက်နေတာဖြစ်ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံကိုသွားမယ်ဆိုရင် ဒီလိုပြည်သူတွေရဲ့အသံကိုနားထောင်ဖို့ အင်မတန်မှ အရေးကြီးပါတယ် ။ အခုလောလောဆယ် EIA ၊ SIA လုပ်နေတယ်ဆိုတဲ့ ကုမ္မဏီက ပွင့်လင်းမြင်သာမှုသိပ်မရှိတဲ့ ကုမ္မဏီသာဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်းက စီမံကိန်းတချို့မှာလည်း အဲဒီကုမ္မဏီက EIA ၊ SIA လုပ်ရင်းပြသနာများစွာဖြစ်နေ ပါတယ် ။ EIA SIA ကိုပြောမယ်ဆိုရင်ကျောက်မီးသွေးထုတ်တာက အစ သယ်ပို့တာ အဆုံး ၊ ကြိတ်ခွဲသန့်စင်မှု ၊ ရေ မြေတောတောင်နဲ့ လူမှု့ဘဝ ထိခိုက်မှုရှိမရှိဆိုတာက အစ စစ်ဆေးရပါမယ် ။ သယ်ယူပို့ဆောင်ရာမှာ ဖိတ်စင်လို့ မရသလို မိုင်းခွဲရင်လည်း အိမ်တွေကို ထိခိုက်မှုမ ရှိစေအောင် စီမံထားရ ပါ့မယ် ။ ရေကို အများပြည်သူသုံးစွဲနေတဲ့ရေအရင်းအမြစ်က တဆင့် ထုတ်ယူလို့ မရပါဘူး ။ ကျောက်မီးသွေးမီးရှို့ရင် နိုက်ထရိုဂျင်ဆာလဖိုဒ်တို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ၊ ကာဗွန်မိုနော့ ဆိုဒ်လို အဆိပ်သင့်ဓါတ်ငွေ့တွေလည်းထွက်ပေါ်ပါတယ် ။ စွန့်ပစ်ပစ္စည်းတွေထဲ စက်ရုံကထွက်တဲ့ ချော်ပြာတွေကို ဘယ်လိုစနစ်တကျ စွန့် မ လဲဆိုတာက အရေးကြီးပါတယ် ။ ကျောက်မီးသွေးကထွက်လာတဲ့ အမှုန်အမွှားတွေက နာတာရှည်ရောဂါတွေအပြင် အရေပြားရောဂါတွေပါဖြစ်နိုင်တဲ့အတွက် စီမံကိန်းလည်ပတ်နေစဉ်မှာပါ အဲဒါတွေကို မှတ်တမ်းတွေယူထားဖို့လည်းလိုပါတယ် ။ EIA SIA က စီမံကိန်းနဲ့ မိုင် ၂၀ ၀န်းကျင်အတွင်း ဒေသတွေကို မဖြစ်မနေကောက်ယူရမှာပါ ။ ပြည်သူရဲ့ သဘောတူညီမှု က တော့ အရေးကြီးဆုံးပါပဲ ။ Cooperate social Responsibilitiesလို့ခေါ်တဲ့ လူမှု့အကျိုးသက်ရောက်မှုအပေါ် တာဝန်ယူမှုတွေမှာဆိုရင်လည်း လှူဒါန်းပေးကမ်းတာလောက် တင် မဟုတ်ပါဘူး ။ Economic responsibility (Beprofitable) ဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်တွေ ရအောင် လုပ်ပေးနိုင်တာ ၊ အမြတ်ရအောင်လုပ်ရင်း လုပ်ငန်းတွေ ကြီးထွားပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တာ ၊ အများစုကို ဝင်ငွေတွေရအောင်လုပ်ပေးနိုင် တာ ၊ လုပ်ငန်းကြီးတွေ တည်ဆောက် ဖြစ်တည်စေနိုင်တာတွေပါဝင်ပါတယ် ။ ဒုတိယတစ်ခုက Legal responsibility (Obey the Law) ပါ ။ တားမြစ်ထားတဲ့ ဥပဒေစည်းကမ်း ဓလေ့ထုံးတမ်း အစဉ်အလာတွေ သတ်မှတ်ချက်တွေအများက သတ်မှတ်ထားတဲ့ Institution တွေကို လေးစားလိုက်နာ စောင့်ထိန်းတာလို့ဆိုပါတယ် ။ တတိယကတော့ Ethical responsibility ( Be ethical. Do what is right. Avoid harm.) ပါ ။ ဥပဒေအရ ဘောင်ဝင်ရင်တောင် မလုပ်သင့် မလုပ်ထိုက်တာ မလုပ်တာလည်း CSR ပါဘဲ ။ နောက်ဆုံး ကတော့ Discretionary Responsibility (Contribute to the community and quality of life) ဖြစ်ပါတယ် ။ ရရှိတိုးပွားလာတဲ့ ဝင်ငွေတွေကို ဇိမ်ခံတာတွေ ကြွားဝါစရာတွေ အကျိုးမဲ့တာတွေမှာ မဖြုန်းတီးဘဲ အကျိုးရှိအောင် သုံးစွဲနိုင်တာပါ ။ ကမ္ဘာမှာတော့ လုပ်ငန်းတွေရဲ့ တန်ဘိုးဟာ ကြွယ်ဝမှုတွေလုပ်ငန်းခွဲတွေ ပိုင်ဆိုင်မှု့တွေ ရှယ်ယာတန်ဘိုးတွေ မဟုတ်ပါဘူး ။ CSR လုပ်နိုင်မှု ကို အရေးပေးလာကြပါတယ် ။ အခုပြန်လည်စတင်လည်ပတ်ဖို့ တာစူနေတဲ့ တီကျစ်ကျောက်မီးသွေးတွင်းနဲ့ စက်ရုံတွေ ကိစ္စမှာ လျှပ်စစ်ထုတ်မဲ့တရုတ်ကုမ္မဏီကိုယ်တိုင်ကလည်း ပရိုဖိုင် သိပ်မမြင့်သလို EIA SIA လုပ်တဲ့ ကုမ္မဏီကလည်း နိုင်ငံတကာမှာ EIA SIA လုပ်နေတဲ့ ဖြောင့်မတ်တဲ့ ကုမ္မဏီဟုတ်မဟုတ်ဆိုတဲ့ ကိစ္စတွေက အငြင်းပွားစရာရှိပါ တယ် ။ လတ်တလောအနေထားအရတော့ အမျိုးသားလွှတ်တော် သတ္တု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကနေ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံရပ်ဆိုင်းထားဖို့ အစိုးရထံစာပို့ထားပြီးခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်လည်း အမြန်ဆုံးရပ်ဆိုင်းသင့်တဲ့စီမံကိန်းဖြစ်နေပါကြောင်း သုံသပ်တင်ပြလိုက်ရပါတယ် ။ Ref; ကျောက်မီးသွေးစက်ရုံများအတွက် EIA၊ SIA ( ဦးစောမိုးမြင့် ) ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင် |
|
မြို့ဝင်/ထွက်ဆိုင်းဘုတ်များ သျှမ်းစာဖြင့်ရေးသားနိုင်ကြောင်း သျှမ်းပြည်နယ်အစိုးရအကြောင်းကြား Posted: 30 Jun 2016 07:19 AM PDT သျှမ်းပြည်နယ် အတွင်းရှိ မြို့ဝင်/ထွက် ဆိုင်းဘုတ်များကို ဒေသခံများသဘော ဆန္ဒအတိုင်း စိတ်ကြိုက်ရေးသားစိုက်ထူနိုင်ကြောင်း သျှမ်းပြည်နယ် အစိုးရ စည်ပင်သာယာရေးဝန်ကြီးမှ အမိန့်စာ တစ်စောင်ထုတ်ပြန်လိုက်သည် ။
အဆိုပါ အမိန့်စာတွင် သျှမ်းပြည်နယ်အတွင်းရှိ မြို့ဝင်/ထွက် များ၏ ဆိုင်းဘုတ်များကို အသုံးပြုမည့် ဘာသာစကားများကို အများသုံး၊ ရုံးသုံးဖြစ်သည့် မြန်မာဘာသာစကားအပြင် သက်ဆိုင်ရာမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကား များထည့်သွင်းရေးသားလိုက လွတ်လပ်စွာ ရေးသားနိုင်ကြောင်း ပါရှိသည် ။ “ သျှမ်းပြည်နယ်အစိုးရ စည်ပင်ဝန်ကြီးက ထုတ်ပြန်လာတဲ့ အသိပေးကြေငြာချက်ထဲမှာ - မည်သည့် တိုင်းရင်းသားဘာသာစကားကို ရေးသားပါဆိုပြီး ခိုင်းစေခြင်းမပြုဘူး။ကန့်ကွက်ခြင်းလည်းပြု မှာ မဟုတ် ဘူး။ တားမြစ်ပိတ်ပင်ခြင်းလည်းပြုမှာမဟုတ်ဘူး - သက်ဆိုင်ရာမြို့နယ်က ဒေသခံအများစု ရဲ့ ဆန္ဒအလျောက် ဆိုင်းဘုတ်ရဲ့အရွယ်အစားနဲ့ကိုက်ညီမယ့် မြန်မာစာနဲ့တိုင်းရင်းသားစာ အရေအ တွက်ကိုဆုံးဖြတ်ပြီးထည့်သွင်းထွင်းထုနိုင်ကြောင်းသက်ဆိုင်ရာကို အသိပေးအပ်သည် ” ဟုပါရှိသည် ။ သက်ဆိုင်ရာထံ အသိပေးအကြောင်းကြားစာကို ဂျွန်လ ၃၀ ရက်နေ့ ကထုတ်ပြန်ခဲ့ကြောင်းသိရသည် ။ တောင်ကြီးမြို့ သျှမ်းစာပေ ယဉ်ကျေးမှု ကော်မတီမှ ဆရာမ နန်းနွန်းမို က- “အရင်က ရေးထားပြီး တဲ့မြန်မာစာ အပါအဝင် သျှမ်းစာနဲ့ တွဲပြီးတော့မှ ဖော်ပြရမယ်ဆိုပြီး ဒီနေ့ ၃၀ ရက်နေ့ နေ့စွဲနဲ့ ပြန်ပြီး တော့မှ ထုတ်ပြန်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ကျေနပ်အားရမိတာပေါ့ ။ ဖက်ဒရယ်ပြည်ထောင် စုကို တည်ထောင်မယ်ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို ဖော်ဆောင်တဲ့အနေနဲ့ တိုင်းရင်းသားအား လုံး တန်းတူအခွင့်အရေးရှိရမယ်လေ။ ဒီအပေါ်အခြေခံပြီးတော့ သျှမ်းပြည်နယ်ထဲ မှာရှိတဲ့ မြို့ အဝင် အထွက် ဆိုင်းဘုတ်တွေကို မိခင်ဘာသာစာပေဖြစ်တဲ့ သျှမ်းစာနဲ့ ပြန်လည်ရေးထိုးခွင့်ပေးတဲ့အပေါ် သျှမ်းပြည်ထဲမှာ နေထိုင်တဲ့ ပြည်သူတစ်ယောက် အနေနဲ့ ကျမ ဝမ်းသာ ဂုဏ်ယူကြောင်း”ဟု ၄င်းကပြောသည် ။ ဂျွန်လ ၁၉ ရက်နေ့က သျှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ သျှမ်းပြည် တွင်းရှိ မြို့အဝင် အထွက် ဆိုင်းဘုတ်များကို သျှမ်းဘာသာနှင့် ရေးထိုးနိုင်သည်ဟု ညွန်ကြားခဲ့ပြီးနောက် တစ်ပတ်အတွင်း ကန့်ကွက်မှုများဖြစ်ပေါ်လာသဖြင့် ပြုလုပ်နေသည့် /နေဆဲ ဆိုင်းဘုတ်များကို ယာယီ ရပ်ထားရန် ဆိုင်ရာ အာဏာပိုင်များကညွှန်ကြားသည်ဟုဆိုကာ ဆိုင်းဘုတ်လုပ်ခြင်း ရပ်နားလိုက်ကြသည်။ သို့သော် သျှမ်းစာဖြင့် ဆိုင်းဘုတ်ရေးသားရေးရပ်တန့်ရန် တားမြစ်စာကို မည်သည့်ဌာနမှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိဘူးဟုလဲ ဆိုပါသည် ။ ထိုအတောအတွင်း ဆိုင်းဘုတ်အဖျက်ခံရခြင်း ၊ သျှမ်းစာရေးသားခွင့်မရခြင်းအပေါ် ဒေသတွင်းလူထုမှ မကျေနပ်ဟုပြောဆိုမှုများကြောင့် ဂျွန်လ ၂၈ ရက်က သျှမ်းပြည်နယ်အစိုးရက အစည်းအဝေးကျင်းပ ကာ ဂျွန်လ ၃၀ ရက် ရက်စွဲဖြင့် ပြန်လည်ခွင့်ပြုသည့် အကြောင်းကြားစာများ ဆိုင်ရာအာဏာပိုင်များထံ ထုတ်ပြန်ပေးပို့ခဲ့ခြင်းဖြစ်သည်။ |
|
တပတ်အတွင်း လားရှိုးဒေသခံ ရ ဦး သတ်ဖြတ်ခံရမှု တပ်မတော်စစ်ကြောင်းလက်ချက်ဟုဒေသခံများပြော Posted: 30 Jun 2016 12:07 AM PDT |
တဖက်တည်းရဲ့သေနတ်သံ ကျည်ကြီးပစ်ခတ်မှုသံတွေကြားရတဲ့ ဂျွန် ၂၅ ရက်မွန်းလွဲပိုင်းတုန်း က မိုင်းယော်တိုက်နယ်အဝင်လမ်းမှာ ခြံလုပ်သားရွာသား ၃၀ လောက်ကိုဖမ်းဆီးခေါ်ယူစစ် ဆေးခဲ့တာ ခမရ ၃၆၂ လို့ရေးထားတဲ့ စစ် သားတွေဖြစ်ကြောင်း ပစ်ခတ်မှုတွင်လည်း ဒေသခံ ၂ ဦး ပွဲချင်းပြီးသေ ဆုံးေ ကြာင်း ရွာသားတွေကပြောပါတယ် ။ ” အဲ့ဒီ ၃၀ ထဲက ၅ ယောက်ကိုသူတို့ဖမ်းခေါ်သွားတယ် ။ ကျန်တာကိုတော့ ပြန် လွှတ်ပေးတယ်။ အဖမ်းခံရတဲ့ နောက်ပိုင်း အဲဒီစစ်ကြောင်းစခန်းချရာမိုင်းယော် အထကကျောင်းခွဲဆီကို မိဘဆွေမျိုးတွေကနေ့တိုင်း သွားတောင်းတယ် ။ သူတို့ ပြန်လွှတ်ပေးလိုက်ပြီလို့ပြောတာ ။ ၂၉ ရက်နေ့ရောက်တော့ စုပေါင်း သွား ရှာကြ တယ်။ ကျောင်းနဲ့သိပ်မဝေးတဲ့ ပြောင်းခြံနားမှာ လတ်လတ် ဆတ်ဆတ် မြေပုံသွားတွေ့မိတော့ သွားတူး ကြည့်ရာ ကနေ ဒီအလောင်းတွေ ကိုတွေ့မိတာ ။ နှစ်လောင်း တကျင်း ၊ သုံးလောင်းတကျင်း မြုပ်ထားတာ ။” - လို့ သေဆုံးသူရဲ့ မိသားစု ၀င်တဦး ဖြစ်တဲ့ စိုင်းလင်း ကပြောပါတယ် ။ သေဆုံးသူတွေဟာ မိုင်းယော်တိုက်နယ်ထဲက မန်ကစ်ရွာနဲ့ မန်တပ်ရွာက ရွာသားတွေကြောင်း ၊ အလောင်း တွေမှာတော့ ပြောက်ကျားစစ်ဝတ်စုံတွေကို ၀တ်ဆင်ပေးထားတာတွေ့ရကြောင်း မိသားစုဝင် တွေက ပြောပါတယ် ။ ကျားခေါင်းပါတီခေါ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းကတော့ " သူတို့ ၅ ယောက်သေပြီဆိုတာတော့သေချာတယ် ။ မနေ့ညနေက ဆွေမျိုးတွေနဲ့ ရပ်ရွာထဲကလူတွေ အလောင်းသွားတူးတယ်။ ကျနော်တို့အနေနဲ့တော့ အချက်အလက်တွေစုဆောင်း နေတယ် ။ တဆင့်ပြီးတဆင့် လုပ်သွားဖို့ ရှိပါတယ် ။ " - လို့ပြောပါတယ် ။ အသတ်ခံရတဲ့ ရွာသား ၅ ဦးကတော့ - မန်ကစ်ရွာက စိုင်းအိုက်ဆိုင် (အသက် ၂၃ နှစ် ) ၊ ဦးအိုက်လွတ် (အသက် ၃၉ နှစ် ) အိုက်မောင် (၂၇ နှစ် ) လူမျိုး များဖြစ်ပြီးတော့ မန့်တပ်ရွာက စိုင်းမွန်းအောင်(ခ) စိုင်းရွှေလူ (၁၇ နှစ် ) ၊ အိုက်မောင် (၂၃ နှစ် ) တို့ဖြစ်ကြောင်းသိရပါတယ် ။ ခမရ ၃၆၂ ကလို့ ရွာသားများပြောဆိုတဲ့အဲဒီစစ်ကြောင်းဟာ ဂျွန်လ ၂၅ ရက်နေ့က လားရှိုးမြို့ကနေ ရောက်ရှိလာပြီး မိုင်းယော်ရွာမအဝင်မှာ ဆိုင် ကယ် စီးနင်းလာတဲ့ လူငယ်နှစ်ဦးကို ပစ်ခတ်လို့ လူငယ် ၂ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံး ခဲ့တယ်လို့လည်း ရွာသားများပြောပြချက်အရသိရပါတယ် ။ အဲဒီနေရာမှာဘဲ တိုက်ပွဲအသွင် ဟန်ဆောင်ကာ လက်နက်ကြီးလက် နက် ငယ်တွေနဲ့ ပစ်ခတ်လို့ ပြောင်းခြံ လုပ်နေတဲ့ မန့်စန်းရွာက ရွာသူသုံးဦးလဲ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ် ။ “ အဲဒီဒေသမှာ နယ်မြေစိုးမိုးဖို့ တပ်မတော်စစ်ကြောင်းကလှုပ်ရှားနေတယ် ။ လူထုအသက်အိုးအိမ် ကိုထိပါး နှောင့်ယှက်တဲ့ သောင်းကျန်းသူတွေကိုပစ်ခတ်တိုက်ခိုက်ရှင်းလင်းတာ တွေပြီးခဲ့တဲ့ရက်ပိုင်းကရှိတယ် ။”- လို့လားရှိုးစစ်တိုင်း ရုံးက အရာရှိတဦးကပြောပါတယ် ။ လားရှိုးမြို့ ခလရ ၆၈ နှင့်နီးစပ်သူတဦးက - အဆိုပါစစ်ကြောင်းမှာ မိုင်းယော် အရှေ့တောင်ဘက် မိုင် ၃၀ ခန့်ဝေးတဲ့ တိုင်းရင်းသားမဟာမိတ်တပ်စခန်းတွေကို သွားရောက်တိုက်ခိုက်မှုကိုရှောင်ရှားဖို့ အကွက်ဆင် လှုပ်ရှားရ တာဖြစ်နိုင်တယ် လို့ပြောပါတယ် ။ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ထဲမှာ မန်ပန်ဌာနေပြည်သူ့စစ်ကလွဲလို့ တခြားလက်နက် ကိုင်တပ်ဖွဲ့ တွေမရှိကြောင်း ၊ မိုင်းယော်ရွာမကြီးနဲ့ မိုင်ပေါင်း ၃၀ ခန့်ဝေးတဲ့ တောင်ပေါ်ဒေသမှာတော့ ပလောင် TNLA ၊ သျှမ်း SSPP/SSA ၊ ကချင် KIA လက်နက်ကိုင်တပ်ဖွဲ့တွေ ရံဖန်ရံခါ ဖြတ် သန်းသွားလာကြောင်း ၊ ယခုအခင်း ဖြစ်ပွားတဲ့နေရာမှာ (လူထုရဲ့အိမ်မွေး ကျွဲနွား စားကျက်မြေတွေကို သိမ်းပိုက်ထားတဲ့ ) မန်ပန်ဌာနေပြည်သူ့ စစ် ရဲ့ စိုက်ပျိုးရေးခြံ နဲ့ မန်ပန်ဌာနနေပြည်သူ့စစ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ တရုတ်လူမျိုးတွေရဲ့ နာနတ်လျှော်ခြံနဲ့ ရွာသားတွေရဲ့ ပြောင်းခြံသာရှိတယ် လို့ ဒေသခံတွေပြောပါတယ် ။ |
|
Posted: 02 Jul 2016 05:52 AM PDT NLD အစိုးရ၏ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ပြောကြားခဲ့သည့် ပြည်တွင်း ငြိမ်းချမ်း ရေးရမှ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုသည့် ကြိုတင်ကန့် သတ်ချက်မျိုးမှာ ပြည်တွင်းစစ်မီးငြိမ်းရန် အချိန်ကြာမြင့်နိုင်သောကြောင့် မရှိသင့်တော့ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးကပြောသည် ။
ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ဘဲ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုမတည်ဆောက်နိုင်ဘူးဆို သည်ကို လေးလေးနက်နက် နားလည်ခံယူထားရန်လိုကြောင်း၊ မြန်မာနိုင်ငံဖက်ဒရယ် စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲတွင်သျှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ဂျွန် ၃၀ ရက် တွင်ပြောကြားခဲ့သည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ မိမိတို့ပြောဆိုသည့် နေရာတွင်တိုင်းပြည်နှင့် လူမျိုးများ၏ မျက်နှာကို သာကြည့်၍ အဓိကထားစဉ်းစားသုံးသပ်ပေးရန်အကြံပြုလိုသည်ဟုလည်းပြောဆိုခဲ့သည် ။ “ပြည်ထောင်စုသားအားလုံးမျှော်လင့်တောင့်တတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်မယ်ဆိုရင်ကြိုတင် ကန့်သတ်ချက်၊ အထူးသဖြင့်စည်းတားထားချက်တွေမထားရှိဘဲ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ခွင့် ရှိရပါမယ်၊ မိမိတို့နိုင်ငံ မိမိတို့လူမျိုးရဲ့အတိတ်သမိုင်းကြောင်းနဲ့ လက်ရှိဖြစ်တည်နေတဲ့မူများကိုချင့်ချိန်ပြီး တိုင်းရင်းသားအားလုံးလက်ခံနိုင်တဲ့ အနာဂတ်ပြည်ထောင်စု ပြည်တွင်းအနာဂါတ်ပြည်ထောင်စု ထူထောင်ကြ ရာမှာ အမျိုးသားရင်ကြားစေ့ရေးရပြီးမှ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိပြီးမှနိုင်ငံတော်အခြေခံဥပဒေကိုပြင်ဆင် မယ်ဆိုတဲ့ ကြိုတင်ကန့်သတ်ချက် ကိုမရှိသင့်ပါဘူး”ဟုလည်း ဦးခွန်ထွန်းဦးကပြောသည် ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က အမျိုးသားပြန်လည်သင့်မြတ်ရေးပြုလုပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဖြစ်ကြောင်း မကြာခင်က သတင်းစာရှင်းလင်းမှုတွင် ပြောဆိုခဲ့သည် ။ အစိုးရတွင်လျှို့ဝှက်ချက်များမရှိကြောင်း နိုင်ငံသားအားလုံး ချမ်းသာ ငြိမ်းချမ်းစွာ နေထိုင်နိုင်မည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ရန်သာရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောဆိုထားသည်ကို ထောက်ရှုပြီး အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များကလည်း ဖက်ဒရယ်မူဝါဒဆိုင်ရာဝါဒများကို ဖော်ထုတ် ဆွေးနွေးတင်ပြခွင့်ရလာလျှင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မည်ဆိုပါက ဒီမိုကရေစီစံချိန် စံညွှန်းနှင့် ကိုက်ညီသည့် တိုင်းရင်းသားအများစု ၏ ဆန္ဒနှင့်အညီ တရားသဖြင့်ရေးဆွဲထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ရှိရန်လိုအပ်သည်ဟုလည်း ခွန်ထွန်းဦး ကဆိုသည် ။ “ ၎င်းအခြေခံဥပဒေဟာ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးများရဲ့ ပြဌာန်းခွင့်ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရှိရမယ်ဆိုတဲ့ အာမခံချက်ပေးနိုင်ရပါမယ် ။ အင်အားကြီးသည် ငယ်သည် အဖွဲ့ကြီးသည် သေးသည် ပဓာနမ ထားဘဲ နိုင်ငံသားအားလုံး တရားဥပဒေရဲ့ စိုးမိုးမှုအောက်မှာငြိမ်းချမ်းစွာအတူ နေထိုင်နိုင်ဖို့ဆိုတာ လူမျိုး တမျိုးဆီက အစုအဖွဲ့တစ်ခုစီက လူတစ်ယောက် နဲ့တစ်ယောက်ကြား ယုံကြည်မှုကို ဦးစွာယူထားရပါမယ် ” ဟု ခွန်ထွန်းဦးက ပြောကြားခဲ့သည် ။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (United Nationalities Alliances, UNA) နှင့် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (Ethnic Nationalities Affairs Center, ENAC) တို့ ပူးပေါင်းကျင်းပ သည့် မြန်မာနိုင်ငံဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများရေးဆွဲခြင်းအလုပ်ရုံ ဆွေးနွေးပွဲ (Drafting Key Principles and Characteristics for a Federal Union of Burma) ကို ရန်ကုန်တွင်ကျင်းပနေခြင်းဖြစ်သည် ။ NLD အစိုးရမှ ဦးဆောင်၍ ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လ နောက်ဆုံးအပတ်တွင် ကျင်းပ မည်ဖြစ်ပြီး ယခုအချိန်အထိ အပစ်မရပ်သေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ခွင့်ရရန် မသေချာသေးသဖြင့် ညီလာခံရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုများလည်းရှိနေသည် ။ |
||
|
၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဘဲ အမျိုးသားရင့်ကြားစေ့နိုင်မည်မဟုတ်ဟု ခွန်ထွန်းဦးပြော Posted: 02 Jul 2016 05:35 AM PDT စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဆိုလျှင် ကြိုတင် ကန့်သတ်ချက်များ ကြို တင် စည်း တားချက်များ မရှိရန်လိုအပ်ကြောင်းနှင့် အမျိုးသားပြန်လည်ရင့်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရ ပြီးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်မည်ဟူသည်မှာ လုံးဝမဖြစ်သင့်ကြောင်း ဂျွန် ၃၀ ရက်နေ့ က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ခွန်ထွန်းဦးက ပြောဆိုပါသည် ။
၂၀၁၆ ဂျွန် ၃၀ မှ ဂျူလိုင် ၂ ရက်နေ့အထိ စည်းလုံးညီညွှတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ် အဖွဲ့ (UNA) နှင့် တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ENAC) တို့ ပူးပေါင်းကာ အလုပ်ရုံဆွေး နွေးပွဲ ကျင်းပခဲ့သည် ။ ထိုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတွင် UNA ဥက္ကဌ ခွန်ထွန်းဦး က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မှုမရှိဘဲ ငြိမ်းချမ်းရေးရနိုင်မည် မဟုတ်ကြောင်း နှင့် အမျိုးသားပြန်လည်ရင့်ကြားရေးကို ရှေးရှုနိုင်မည် မဟုတ်ဟု ပြောကြားသွားသည် ။ “ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်ဆင်ဘဲနဲ့ ကျနော်တို့ ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ဘူး ။ နောက် အမျိုးသားပြန်လည် ရင့်ကြားရေးကို လည်း ရှေ့ ရှုနိုင်မှာ မဟုတ်ဘူး အဓိက အားဖြင့်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုပြင်ကို ပြင်ရမယ်” ဟု ခွန်ထွန်းဦး ကပြောသည် ။ ထို့ပြင် မြန်မာနိုင်ငံ၏ အဓိက ပြသနာသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မလွှဲမ သွေ ပြင်ရမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ သည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD မှပြောရေးဆို ခွင့်ရှိသူ စိုင်းလိတ်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ “ ဘာကြောင့် အလုပ်ရုံဆွေးနွေးပွဲလုပ်တာလဲဆိုတော့ သြဂတ်စ်လ မှာ နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကနေ ဦးဆောင်ပြီးတော့ ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ကျင်းပမယ်ပေါ့နော် ။ အဲ့လိုကျင်းပ တဲ့ခါကျရင် ရည်ရွယ်ချက်က ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလို့ သူတို့ အမည်ပေးထားပါတယ် ။ အဲ့လို ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ပြီဆိုတဲ့ခါကျရင် ဘယ်လို ဖက်ဒရယ်စနစ်မျိုးဟာ အနာဂတ် မြန်မာ နိုင်ငံအတွက် ပိုပြီးသင့်တော်မလဲ ၊ တိုင်းရင်းသားတွေရဲ့ အခွင့် အရေး နောက် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးရဲ့ တန်းတူညီမျှမှု ရရှိရေးပေါ့ ။ အဲ့ဒါတွေရရှိဖို့အတွက် ဘယ်လို အခြေနေမျိုးနဲ့ ဖန်တီးမှ ဘယ်လိုပုံစံမျိုးနဲ့ ဖန်းတီးမှ အဆင်ပြေမလဲဆိုတာ ကို ဝိုင်းဝန်းဆွေးနွေးကြ တာ” ဟု စိုင်းလိတ် ကပြောသည် ။ အဆိုပါ ဆွေးနွေးပွဲတွင် UNA ဥက္ကဌ ကြီး ဦးခွန်ထွန်းဦး ၊ သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကောင်စီ JAC ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီးဆေထင် ၊ ENAC အဖွဲ့ဒါရိုက်တာ ဒေါ်နော်စီဖိုးရာစိန် နှင့် အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင် တို့ တက် ရောက်ပြီး UNA အဖွဲ့၏ အလုပ်အဖွဲ့ဝင် ၁၅ ဦး ၊ နိုင်ငံရေးပါတီ ၁၈ ပါတီ နှင့် အရပ်ဘက်လူမှုအခြေပြု အဖွဲ့အစည်း ၄ ဖွဲ့ တက်ရောက်ကြောင်း သိရသည် ။ ယခုကဲ့သို့သော ဆွေးနွေးပွဲမျိုးကို စဉ်ဆက်မပြတ်လုပ်သွားရန်လိုအပ်ပြီး တစ်ဘက် နှင့် တစ်ဘက် ယုံကြည်မှု တည်ဆောက်သွားရန်၊ အစိုးရ နှင့် စစ်တပ်ကြား ၊ စစ်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကြား ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း နှင့် အစိုးရကြား အစရှိသည့် အဖွဲ့များ အားလုံး ပါဝင်နိုင် အောင် ဖန်တီးပေး သွားရန် လိုအပ်သည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကယုံကြည်ကြောင်းပြောဆိုပါသည် ။ |
||
|
တပ်မတော်မှ လူ့အခွင့်ရေးချိုးဖောက်မှုများ အရပ်ဘက်တရားရုံးတွင် စစ်ဆေးသင့် ကုလကိုယ်စားလှယ်ပြော Posted: 02 Jul 2016 05:20 AM PDT အစိုးရတပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများတွင် လူ့အခွင့်ရေး ချိုးဖောက်မှုများ ဆက်လက် ကျူးလွန်ဆဲဖြစ်ပြီး တပ်မတော်နှင့် ပတ်သက်သော အမှု အခင်းများကို အရပ်ဘက်တရားရုံးတွင် စစ်ဆေးသင့်ကြောင်း ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီလီက ပြောသည် ။
“တပ်မတော်ကော တိုင်းရင်းသားလက်နက်ကိုင်တွေကော လူ့အခွင့်ရေးချိုးဖောက်မှုတွေက ဆက်ရှိ နေတုန်းပဲ ။ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေက ဆက်ဖြစ်နေတော့ လူတွေက သူတို့မဲထည့်ရတာ ဟုတ်မှ ဟုတ်ရဲ့ လားဆိုတာတောင် သံသယဖြစ်နေတာတွေ့ရတယ်။ လူ့အခွင့် ရေး ချိုးေ ဖာက်မှုတွေက နှစ်ဘက်စလုံးမှာရှိနေတယ်။ တပ်မတော်အနေနဲ့ တာဝန်ယူဖို့လိုပါတယ်။ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ညှင်းပန်းနှိပ်စက်မှုတွေအတွက် မဖြစ်မနေတာဝန်ယူရမယ် ။ တာဝန် လည်းရှိတယ် ” - ဟု တိုင်းရင်းသားဒေသများ၏ လူ့အခွင့်ရေးအခြေနေကို သွားရောက်လေ့လာခဲ့သူ ကုလကိုယ်စားလှယ် မစ္စယန်ဟီလီက ဆိုသည် ။ ယင်းအပြင် တိုင်းရင်းသားဒေသများတွင် မတရားဥပဒေများဖြစ်သည့် ပုဒ်မ ၁၇ (၁) မတရားအသင်း ဆက်သွယ်မှု ဥပဒေ ဖြင့် ဖမ်းဆီးခံရသူများ ဥပဒေမဲ့ အနိုင်ကျင့်နှိပ်စက်ခံရသူများလည်းရှိနေကြောင်း မစ္စယန်ဟီလီကဆို သည် ။ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ရာတွင် အားလုံးပါဝင်ရန်လို အပ်ကြောင်းလည်း သူမက ပြောကြားသည် ။ ထို့အပြင် လူ့ဂုဏ်သိက္ခာအတွက်ကော တရားမျှတမှုအတွက်ကော အတိတ် သမိုင်းအတွက်ပါ အရေးပါသည့် ရုပ်ရှင်ကို အစိုးရ သစ်လက် ထက် မှ ပြသခွင့် ပိတ်ပင်ခံရခြင်းမှာ လူ့အခွင့်ရေး လူ့ဂုဏ်သိက္ခာအတွက် မကောင်းသည့် အနေထားဖြစ်ကြောင်းလည်း ယန်ဟီလီက ထောက်ပြသွားသည် ။ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော ကုလကိုယ်စားလှယ်အနေဖြင့် သျှမ်းပြည်မြောက်ပိုင်း၊ ကချင် ၊ ရခိုင်စသဖြင့် တိုင်းရင်းသားဒေသများကို သွားရောက် ခဲ့ပါသည်။ သျှမ်းပြည်နယ်ရှိ လူ့အခွင့်ရေးချိုး ဖောက်မှုများဖြစ်ပေါ်ခဲ့သည့် ကွတ်ခိုင်နှင့် ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းရှိ လိုင်ဇာဒေသသို့ သွားရောက်ခွင့်ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ငြင်းပယ်ခံခဲ့ရသည် ။ မစ္စရန်ဟီလီမြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း အရပ်သားများသတ်ဖြတ် ခံရမှုများ ၊ ဘာသာရေးအဆောက်အုံများ ဖျက်ဆီးခံရမှုများ လည်းရှိခဲ့ပါသည် ။ တိုင်းရင်းသားဒေသများရှိ စစ်ဘေးရှောင်စခန်းများအခြေနေမှာ ဆိုးဝါးနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းဖြစ်သည့် TNLA နှင့် RCSS/ SSA တို့ အကြားတိုက်ပွဲများကြောင့်လည်း တိုင်းရင်းသားမျိုးနွယ်စု အချင်းချင်းတွင်ပင် စိတ်ဝမ်းကွဲပြားမှု လက္ခဏာများမြင်တွေ့နေရသည်ဟု မစ္စယန်ဟီလီက ပြောသည် ။ မြန်မာတနိုင်ငံလုံး၏ လူ့အခွင့်ရေးအခြေနေမှာ ယခင်အစိုးရ လက်ထက် အတိုင်းပင် စိုးရိမ်စရာ အခြေနေတွင်ရှိနေဆဲဖြစ်ပြီး လူ့အခွင့်ရေးချိုးေ ဖာက်မှုများမှာ အစိုးရသစ်လက်ထက်အထိ ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်ရေးကောင်စီသို့ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ အစီရင်ခံစာ တင်သွင်းခွင့်ရှိသူ မစ္စယန်ဟီလီကဆိုသည် ။ ဘာသာရေးအကြောင်းပြု ခွဲခြားဆက်ဆံမှုများ ၊ ဘာသာခြားများ၏ ဘာသာရေး အဆောက်ဦးများ တိုက်ခိုက်ခံရမှုများမှာ အစိုးရအနေဖြင့် လူနည်းစုများကို အကာကွယ်ပေးရန် လိုအပ်နေကြောင်း ပြသရာရောက်ေ နသည်ဟု မစ္စယန်ဟီလီက ဂျူလိုင်လ ၁ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်း လင်းမှု တွင်ပြောဆိုခဲ့ပါသည် ။ |
|
ဖမ်းဆီးပစ်သတ်ခံရ လူငယ် ၅ ဦး၏ရက်လည်ဆွမ်းသွတ် မိုင်းယော်သားများစုပေါင်းပြုလုပ်လှူဒါန်းပေး Posted: 03 Jul 2016 08:48 PM PDT သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အရှေ့ဘက်မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ မိုင်းယော်တိုက်နယ် မှာ အစိုးရတပ်မတော် စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ် ခဲ့တယ်လို့ ဒေသခံများကပြောဆိုသည့် လူငယ် ၅ ဦး၏ရက်လည်ဆွမ်းသွတ် အလှူအား ဂျူလိုင်လ ၂ ရက် ကမိုင်းယော် ၀ိဟာရကျောင်းတိုက်မှာ ကျင်းပ ။ |
|
လားရှိုးကျေးလက်ဒေသခံ ရွာသား ၇ ဦးသေဆုံးမှု ရမခ ဒုတိုင်းမှူးကွင်းဆင်းကြည့်ရှု Posted: 04 Jul 2016 07:43 PM PDT လားရှိုးကျေးလက်ဒေသခံ ၇ ဦး သေဆုံးခဲ့ရသည့် အခင်းဖြစ်ပွားရာနေရာသို့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ဒုတိုင်းမှူး မှ ကျန်ရစ်သူမိသားစုအား သွားရောက် တွေ့ဆုံကာ ထောက်ပံ့ကြေးငွေ နှင့် ထိုသို့ နောက်တကြိမ်မဖြစ်စေရ ဟူသည့်နှုတ် ကတိဖြင့် ပြောဆိုလိုက်သည်ဟု ဒေသခံများ ပြောပြချက် အရသိရသည် ။
ဂျူလိုင်လ ၃ ရက်နေ့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ ဒုတိုင်းမှူး ဗိုလ်ချုပ် ကျော် ကျော်စိုးက ရွာသား ၇ ဦးသေဆုံးခဲ့ရသည့် အခင်းများဖြစ်ပွါးရာ လားရှိုးမြို့နယ် မိုင်းယော်တိုက် နယ်သို့ ရောက်ရှိကာ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များအား ခေါ်ယူတွေ့ဆုံ ကြောင်း ၊ တမိသားစု ကျပ်ငွေ သုံးသိန်း ထောက်ပံ့ပေးခဲ့ကြောင်း ၊ ထို့အတူ ထိုကဲ့သို့ ဖြစ်ရပ်မျိုး နောက် တကြိမ် မဖြစ်စေရ ဆိုသည့် နှုတ်ကတိအားလည်း ပြည်သူလူထု နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ ကြောင်း မိုင်းယော်ဒေသခံများကပြောသည် ။ ဗုံးစထိမှန် ဒဏ်ရာရသူအချို့အားလည်း လားရှိုးသို့ ဆေးဝါးကုသခွင့်ရရန် အာဏာပိုင်များအား ဒု တိုင်းမှူး က ညွှန်ကြားထားသည်ဟုလည်းသိရသည် ။ သေဆုံးသူများ အနက် စိုင်းဆိုင်၏ ဇနီးဖြစ်သူ က - “ ဒုတိုင်းမှူးကြီးက မိုင်းယော်ကို ရောက်လာတယ်။ သေဆုံးသူ တယောက် အတွက် ကျပ် ၃ သိန်း စီပေးတယ် ။ လျော် ကြေးတော့မဟုတ်ဘူးတဲ့ ။ တိုင်းမှူးကြီးက သနားသဖြင့် ပေးတာ လို့ ပြောတယ် ။ နောက်ပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးကုပေးဖို့ခေါ်သွားတယ် ” - ဟု ပြောသည် ။
သေဆုံးသူ စိုင်းဆိုင်တွင် ဇနီးနှင့်အတူ သား ၂ ဦး ကျန်ရစ်ကြောင်း ၊ ၎င်းတို့ မိသားစု ဝမ်းစာအတွက် တနေ့လုပ်အားခ ကျပ်ငွေ ၄၀၀၀ ဖြင့် ခြံ အလုပ် သွားလုပ်စဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ပြောသည် ။ ရွာသားများ၏ ပြောပြချက်အရ ဂျွန်လ ၂၅ ရက်က လားရှိုးမြို့မှ မိုင်းယော်သို့ ဦးတည်သည့် အစိုးရ တပ်မတော်စစ်ကြောင်းသည် မိုင်းယော်အဝင်တွင် ဆိုင်ကယ်သမားအားတားဆီးခဲ့ ကြောင်း ၊ ဆိုင်ကယ်သမားက ရပ်မပေးသောကြောင့် အဆိုပါ စစ်ကြောင်းမှ ပစ်ခတ်ခဲ့ကြောင်း ၊ ဆိုင်ကယ်မောင်းသူ နှင့် ကပ်စီးလာသူ နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့ရကြောင်း ၊ အဆိုပါ ဆိုင်ကယ် ပစ်ခတ်ခံရစဉ် လမ်းဘေးတလျှောက်ရှိ စစ်သားများက လက်နက်ကြီး လက်နက်ငယ် မျိုးစုံအား ဦးတည်ရာမဲ့ ပစ်ခဲ့ခတ်ကြောင်း ၊ အနီးအနားရှိ ခြံလုပ်သား ၃၀ ကျော်ကိုလည်း ဖမ်းဆီးကြောင်း ၊ ထိုသူများထဲမှ ၅ ဦး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၊ လက်နက်ကြီး ကျည်စ ထိမှန်မှုကြောင့်လည်း ပြောင်းခြံသမ သုံးဦး ဒဏ်ရာရရှိကြောင်း - ရွာသားများက ပြောပြသည် ။ ဦးစွာပစ်ခတ်ခံရပြီး သေဆုံးသွားသူ ဆိုင်ကယ်သမား ၂ ဦး၏ မိဘများဟု ယူဆရသည့် လားရှိုးမြို့ နမ့်ယော်ကျေးရွာအုပ်စု အီနှိုင်းကျေးရွာသားများကလည်း လားရှိုးရဲစခန်းသို့ ယနေ့ ဂျူလိုင်လ ၄ ရက်တွင် လာရောက်တိုင်တမ်းမှုရှိကြောင်း ၊ အမှုတွင် ကူညီဖြေရှင်းပေးနေသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလျန်းက သျှမ်းသံတော်ဆင့်အားပြောပြသည် ။ ပစ်သတ်ခံရမှုကြောင့် သေဆုံးသွားသူ ၅ ဦးအတွက် ဆွမ်းသွတ်အလှူကို ဂျူလိုင်လ ၂ ရက်နေ့ က မိဘဆွေမျိုးများနှင့် ရွာသားများကစုပေါင်းပြုလုပ်ပေးခဲ့ပြီး ဂျူလိုင်လ ၃ ရက်နေ့တွင်မူ သေဆုံးသူများအေးချမ်းသောဘုံဘ၀တွင်ရောက်ရှိစေရန်နှင့် နှင့်ရပ်ရွာအေးချမ်းမှု ရရှိသေရန် အတွက်ရည်ရွယ်ကာ ကချင်လူမျိုးများ ခရစ်ယာန် နှစ်ခြင်းအသင်းတော်ကလည်း ဆုတောင်း ပွဲပြုလုပ်ပေးခဲ့ကြောင်းသိရသည် ။ ဂျွန်လ ၂၅ ရက်က အစိုးရစစ်ကြောင်းမှဖမ်းဆီးပစ်သတ်ခံရသော ရွာသား ၅ ဦးမှာ မန်ကစ်ရွာမှ စိုင်းအိုက်ဆိုင် (အသက် ၂၃ နှစ်) စိုင်းအိုက်လွတ် ၃၉ နှစ် ၊ အိုက်မောင် ၂၇ နှစ် ၊ မန်တပ်ရွာမှ စိုင်းရွှေလူ ၁၇ နှစ်နှင့် အိုက်မောင်၂၃ နှစ်တို့ဖြစ်ကြောင်း သိရသည် ။ |
|
Posted: 06 Jul 2016 02:35 AM PDT လားရှိုးမြို့နယ် မိုင်းယော် တိုက်နယ် တွင် ပစ်သတ်ခံရသည့် လူ ၇ ဦးအနက် အမည်မသိသည့် ကျန် အလောင်း ၂ လောင်းသည် ဆိုင်ခိုက်ကျေးရွာအုပ်စု နမ့်ယော်(နန်းမျှော်) ကျေးရွာသား ဖြစ်သည်ဟု မိသားစုများက အတည်ပြုပြီး လားရှိုး ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းထားသည်ဟု ကြားသိရသည် ။
“ သေဆုံး သူ နှစ်ဦးလုံးက ဝတ်ထားတဲ့ အဝတ်တွေ ၊ ဖိနပ်တွေကို ကြည့်ရင်တော့ ကျမတို့ရွာကဆိုတာ သေချာပြီ ။ ကျမတို့ အမျိုးတွေလေ ။ သူတို့ကလူကောင်းပါ ။ သူတို့ကို တရွာလုံး ကသိကြပါတယ် ။ ဒီကလေးတွေက လူကောင်းပါ ။ သူတို့ပစ်သတ်ခံရတယ်။ အလောင်းသေချာမမြှုပ်ထားလို့လေ ။ ရဲတွေ နဲ့ ဒီကနေ့ထပ်သွားကြည့်ဖို့လုပ်နေတယ် ” - နမ့်ယော်ကျေးရွာ အကြီးအကဲ၏ဇနီးက ပြောသည် ။ အဆိုပါ အလောင်း ၂ လောင်းအား ဂျူလိုင် ၃ ရက်နေ့က ရွာသားများက ပထမ အကြိမ်သွားရောက် ကြည့် ရှုပြီး၊ ဂျူလိုင် ၄ ရက်နေ့က ရဲစခန်းသို့ ပထမ ဆုံးအကြိမ် သွားရောက်တိုင်တန်းခဲ့ကြောင်း ၊ ဂျူလိုင်လ ၆ ရက် ယနေ့တွင်မူ တရားဝင်စစ်ဆေးရန်အတွက် ရဲတပ်ဖွဲ့ဝင်များ နှင့် ထပ်မံသွားရောက်စစ်ဆေးခဲ့ကြောင်း သွားရောက်သူတဦး ကပြော သည် ။ သေဆုံးသူ နှစ်ဦးသည် ဆိုင်ခိုက်ကျေးရွာအုပ်စု နမ့်ယော်ကျေးရွာသား စိုင်းနော်တင့် အသက် ၃၃ နှစ်၊ စိုင်းလှ အသက် ၃၀ နှစ် တို့ ညီအစ်ကို ဖြစ်သည် ။ ၎င်းတို့ မိဘသည် နမ့်ယော်ကျေးရွာနေ စိုင်းဆန် အောင် နှင့် နန်းအေးအမ် တို့ ဖြစ်သည်ဟုသိရသည် ။ “ ကျနော်တို့ ဆီလာတိုင်တာရှိတယ် ။ ကွင်းစစ်ဆေးပေးဖို့လဲ တာဝန်ရှိသူတွေ ပြင်ဆင်နေတယ်လို့သိရ တယ် ။ ”- ဟု လားရှိုးမြို့ ရဲ အရာရှိငယ် တဦးကပြောသည် ။ “ လိုတာတွေ ကျနော် ဝိုင်းလုပ်ပေးနေတယ် ၊ ၃ ရက်နေ့ တုန်းကလဲ ရဲစခန်းကို အတူသွားတယ် ။ နမ့် ယော် ကျေးရွာက ကျန်ရစ်တဲ့ မိဘဆွေမျိုးတွေက မိုင်းယော်မှာသေတဲ့ သူနှစ်ဦးကသူတို့ရွာက ဆိုတာ သေချာတယ်တဲ့ ” - ဟု လားရှိုးခရိုင် အမျိုးသား လွှတ်တော် အမတ် စိုင်းဝမ်းလျဲန်းခမ်း က ပြောသည် ။ သေဆုံးသူ စိုင်းနော်တင့် နှင့် စိုင်းလှ တို့ညီအကိုသည် ညီဖြစ်သူစိုင်းလှ ၏ (အိမ်ထောင်ကွဲနေသည့်) အမျိုးသမီး ၊ မိုင်းယော် - မိုင်းကျက် ကြားရှိ ပန်လျှော် (ပ္ဂင်္လြဝ်) ကျေးရွာသူ - ဆိုင်းမိုင် အား ပြန်ခေါ်ရန် လားရှိုးမြို့မှ ဆိုင်ကယ် ဖြင့် ပန်လျှော်ရွာအသွား မိုင်းယော် အဝင် တွင် ဂျွန် ၂၅ ရက်နေ့က ပစ်သတ်ခံရခြင်းဖြစ်သည် ။ လားရှိုးမြို့နယ် မိုင်းယော် ဒေသခံ ၇ ဦး သတ်ဖြတ်ခံရမှုသည် မြန်မာအစိုးရ တပ်မတော်၏ လက်ချက်ဟု ဒေသခံများကပြောဆိုနေကြသော်လည်း အစိုးရ တပ်မတော်ပိုင် မြဝတီ သတင်းစာတွင်မူ ပြီးခဲ့သည့် ဂျွန် ၂၅ -၂၆ ရက်နေ့ က မြန်မာ့တပ်မတော်နှင့် တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တို့ တိုက် ပွဲဖြစ်ပွားပြီး သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် TNLA တပ်သား ၇ ဦးအား မြေမြှုပ်ပေးခဲ့ သည်ဟု ရေးသားဖော်ပြထားသည် ။ |
||
|
ငြိမ်းချမ်းရေးနှင့် အမျိုးသမီး ကဏ်ဏ္ဍ သတင်းရေးသားခြင်းသင်တန်း ဖွင့်လှစ်လျက်ရှိ Posted: 06 Jul 2016 01:42 AM PDT NGO အဖွဲ့အစည်း တစ်ခုဖြစ်သော အင်တာနျူးစ်က စီစဉ် ဖွင့်လှစ်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသမီးကဏ်ဏ္ဍ သတင်းရေးသားနည်းသင်တန်းကို ရန်ကုန်မြို့ရှိ ၊ ဗဟန်းမြို့နယ် ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ Excel Crystal Jade Restaurant တွင် ဂျွန်လ ၂၇ ရက်က စတင် ပြုလုပ်သည် ။
အဆိုပါ သင်တန်းကို ဂျွန် ၂၇ ရက်မှ ဂျူလိုင် ၈ ရက်အထိ ဖွင့်လှစ်မည် ဖြစ်ပြီး ၁၁ ရက် ကြာမြင့်မည် ဖြစ်သည် ။ ယင်းကဲ့သို့ သင်တန်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး အင်တာနျူးစ်၏ သတင်းစာပညာ အကြံပေး ဦးမြင့်ကျော်က “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးတွေ ဆွေးနွေးပွဲတွေမှာ အမျိုး သမီး တွေပါဝင်မှု ၊ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားမှုကြောင့် အမျိုးသမီးတွေအပေါ် အကျိုးသက် ရောက်မှုတွေနဲ့ ဖြေရှင်းရာမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ်ဏ္ဍတွေကို သေချာစွာနားလည်ပြီး သတင်း ရေးသားနိုင်အောင် အဲတာ အဓိကရည်ရွယ်ချက်ပါပဲ ” ဟု ပြောသည် ။ သတင်းသမားတွေအတွက် ငြိမ်းချမ်းရေးလမ်းစဉ်နှင့်ပတ်သက်ပြီး လက်ရှိ အခြေအနေ အပေါ်တင်ပြနိုင်ရန် ၊ အမျိုးသမီး Gender နှင့် ၄င်းတို့ပါဝင်နေရရာရှိလာရေး အဓိကအရေးပါပုံအစရှိ သတင်းများဖြန့်ဝေနိုင်ရန် ရည်ရွယ် သည်ဟု ၄င်းက ဆက်ပြောသည် ။ အဆိုပါ သင်တန်းသို့ တက်ရောက်နေသော ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့မှ သတင်းထောက် တစ်ဦးဖြစ်သူ ကိုဇေယျာမင်းက နိုင်ငံအတွက် အလွန်လိုအပ်နေသော ငြိမ်းချမ်းရေးလုပ်ဆောင် ချက်များ တွင် မီဒီယာအခန်းကဏ်ဏ္ဍအဖြစ် ငြိမ်းချမ်းရေးသတင်းဆောင်းပါးများရေးသားခြင်းဖြင့် လုပ်ဆောင်လိုသောကြောင့် ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက သင်တန်း ကရရှိသော အချက်အလက်များကို အခြေခံကာ တိုင်းရင်းဒေသအသီးသီးမှာ တိုင်းရင်းသားပြည်သူ တို့ရဲ့ လိုအပ်ချက်များကို ရေးသားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည် ။ သင်တန်းသူတဦးဖြစ်သည့် ကချင်ပြည်နယ် မိုးညှင်းဘက် တိုင်းလိုင် သျှမ်းနီအသံ အဖွဲ့မှ နန်းနွယ် ကလည်း - “ ဒေသမှာ အမျိုးသမီတွေအတွက် ဥပဒေ ဆိုတာလဲ မရှိသလိုပေါ့ ။ မငြိမ်းချမ်းတဲ့နယ်မြေ ဆိုတော့ လူခွင့်အရေးချိုးဖောက်ခံရတာ အများကြီးရှိတယ် ၊ အမျိုးသမီးတွေနိုင်ငံရေးမှာ ပါဝင်လာ တာက နည်းပါတယ် ။ ဒီသင်တန်းကနေပြီးရင် ကျမတတ်နိုင်သလောက် အမျိုးသမီးနဲ့ငြိမ်းချမ်းရေး အကြောင်း လေးတွေကို အပါတ်စဉ် ပါ ဖြစ်အောင်တော့ ကြိုးစားသွားမှာပါ ၊ ကျမတို့ နယ်ဘက်မှာက လက်နက်ကိုင်တွေများတယ် ။ ဟိုတုန်းကလဲ ရာအိမ်မှူး အမျိုးသမီး အသတ်ခံရတယ် ခုထိ တရားခံ ကို ဥပဒေ အရအရေး ယူပေးတာ မရှိဘူး ” ဟု ပြောသည် ။ သင်တန်းမှာ ၂ ပတ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသားများအား ဒေသဘက်နယ်ဘက်သို့ ခရီးထွက်ကွင်းဆင်းမှုများ ရှိမည်ဖြစ်ကြောင်း ၊ လက်ရှိသင်တန်းသည် ၂၀၁၆ ခုနှစ်အတွင်း ပထမ သင်တန်းဖြစ် ကြောင်း ဦးမြင့်ကျော်က ဆက်ပြောသည် ။ အင်တာနျူးစ်သည် သတင်းနှင့်မီဒီယာ ဖွံဖြိုးရေးလုပ်ငန်းများတွင် အဓိကကူညီပံ့ပိုးနေသော နိုင်ငံ တကာ NGO အဖွဲ့အစည်းဖြစ်ပြီး ၂၀၀၂ ခုနှစ်ခန့်က စတင်ကာ ထိုင်းနိုင်ငံတွင် မီဒီယာနှင့် ပတ်သက် သည့် သင်တန်းများ သင်ကြားပေးခဲ့သည် ။ ၂၀၁၂ ခုနှစ် နောက်ပိုင်း မြန်မာ ပြည်တွင်းဝင် ရောက်ရုံးဖွင့်လှစ်ခဲ့ပြီး မီဒီယာဖွံ့ဖြိုးရေးသင်တန်းနှစ်စဉ်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည် ။ |
||
|
၂၁ ပင်လုံတွင် အားလုံးမပါဝင်ပါက အကျပ်အတည်းတွေ့နိုင်ဟု ဦးခွန်ထွန်းဦးပြော Posted: 05 Jul 2016 08:05 PM PDT နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ကျင်းပမည်ဟုဆိုထားသော ၂၁ ရာစု ပင်လုံညီလာခံတွင် တင်ပြဆွေးနွေးနိုင်ရေးအတွက် သျှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU မှ ဦးဆောင် ကျင်းပသည့်သျှမ်းပြည်နယ်အတွင်း တိုင်းရင်းသားအင်အားစုများ ပါဝင်သော ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်တွင် ယနေ့ စတင်ကျင်းပသည် ။
ယနေ့ကျင်းပသော ဆွေးနွေးပွဲတွင် ဖက်ဒရယ်တွင် အခြေခံရမည်ပုံစံများ ၊ လုံခြုံရေးကဏ္ဍ ၊ မြေယာစီ မံခန့်ခွဲမှု များနှင့် ပတ်သက်၍ တက်ရောက်လာသည့် နိုင်ငံရေးပါတီများ ၊ အရပ်ဘက်အဖွဲ့အစည်း များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုချက်များတင်ပြခဲ့ကြသည် ။ “၂၁ ရာစု ပင်လုံဆိုတာ ဘာလဲဆိုတာ မသိကြတာက ခက်နေတာ အဲလိုပဲဖြစ်လိမ့်မယ်။ ဝိရောဓိက တပ်နဲ့ NLD ပဲ ။ ဒေါ်စုကတော့ အကုန်ပါရမယ် ။ တပ်ကတော့ မပါရဘူးပေါ့ ။ အဲဒီကွာခြားချက် တော်တော်ကြီး တယ် ။ မပါဘူးဆိုရင် ပွဲကခက်မယ်ထင်တယ် ” - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌခွန်ထွန်းဦးက ပြောသည် ။ ဆွေးနွေးပွဲတွင် လွန်ခဲ့သည့်အပတ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လက်နက် ကိုင်များ တွေ့ဆုံခဲ့မှု ၊ တပ်ချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံခဲ့မှုများအပေါ် တွင်လည်း ပြန်လည် သုံးသပ် မှုများရှိခဲ့ကြောင်းသိရသည် ။ " နာမည်က ပင်လုံနာမည်နဲ့ဖြစ်နေတော့ ပွင့်ပွင့်လင်းလင်းမေးကြတယ်ပေါ့လေ ။ နောက် တိုင်းရင်းသား လက်နက်ကိုင်တွေဆွေးနွေးကြမဲ့ မိုင်ဂျာယန် ( ကေအိုင်အေ ထိန်းချုပ်နယ်မြေက ) ညီလာခံနဲ့ပတ် သက် တာ လည်းပါတယ် ။ ဒေါ်စုကတော့ဖြစ်နိုင်ရင် ပြည်တွင်းမှာပဲလုပ်စေချင်တာပေါ့လေ ။ ပင်လုံ နာမည်ပါတော့ တခြားခွဲထွက်ကိစ္စတွေ ဘာတွေ ဆွေးနွေးလာတာတွေလည်းဖြစ်မှာ စိုးရိမ်တယ်ဆိုတဲ့ သဘော ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သူတွေ ပြန်တင်ပြတာရှိတယ် ။ တပ်ချုပ်ကတော့ ကောင်း မယ်ထင်ရင် လုပ်ပေါ့လေ ။ ဒါပေမဲ့ မကောင်းပဲ တစ်မျိုးမျိုးဖြစ်ကုန်ရင်လည်း အချိန်ကုန်နိုင်တယ်ဆိုတဲ့ သဘောတော့ ပြောလာတယ်။ အဲဒီအပေါ် ဆွေးနွေးကြတာတွေရှိတယ် " ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့ သည့် သျှမ်းလူငယ်ကွန်ယက်မှ စိုင်းအောင်မြင့်ဦးကပြောသည် ။ ဆွေးနွေးပွဲကို မနက်ဖြန် ဇူလိုင်လ ၆ ရက်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပမည်ဖြစ် သည် ။ ၂၀၁၆ မတ် လဆန်းပိုင်းက သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ နှစ်ပတ်လည်အစည်း အဝေးအား ရန်ကုန်မြို့တွင် သုံးရက်ကြာကျင်းပရန် ပြင်ဆင်ထားသော်လည်း အစိုးရ အာဏာပိုင် ဟန့်တားမှုကြောင့် တရက်သာ ကျင်းပခွင့်ရရှိခဲ့သည် ။ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU သည် သျှမ်းလက်နက်ကိုင်တပ်များ ၊ သျှမ်းနိုင်ငံရေးပါတီများ ပါဝင်ဖွဲ့စည်းထားသည့် စုပေါင်းအဖွဲ့ကြီးဖြစ် သည် ။ |
||
|
Posted: 05 Jul 2016 08:00 PM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ တက်ရောက်ဖို့ ရာခိုင်နှုန်းများတယ်လို့ SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည် ။
SNLD အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ရန်ရှိသော်လည်း ယခင်စစ်အစိုးရမှ လုပ်ခဲ့သော ညီလာခံအတိုင်းဖြစ်ပါက မိမိတို့အနေဖြင့်တက်ရောက်ရန် စဉ်းစားမည်မဟုတ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုဂရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်မှ ရှင်းပြသည် ။ NLD အစိုးရသည် ယခင်က မိမိတို့တိုင်းရင်းသားအဖွဲ့အစည်းများကဲ့သို့ အဖိနှိပ်ခံ ဘဝတူများဖြစ်သောကြောင့် မရိုးမသားလုပ်မည်ဟု မထင်ကြောင်း သူကပြောသည် ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဆွေးနွေးမည့် သူများ ထဲတွင် ပါဝင်သင့် ပါဝင်ထိုက်သူများနှင့်သာ လက်တွဲသွားမည်ဟု မေလ နောက်ဆုံးပတ်က ပြောကြားထားသည့် အတွက်လည်း ဦးစိုင်းညွန့်လွင်က စိုးရိမ်မှုရှိနေသည် ။ လာမည့်သြဂုတ်လတွင်ကျင်းပရန်စီစဉ်ထားမည့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တပ်မတော်ဘက်ကလည်း အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်မည်ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က RFA သတင်းဌာနသို့ ပြီးခဲ့သည့် ဂျွန်လက ပြောခဲ့သည် ။ အဆိုပါညီလာခံနှင့်ပတ်သက်ပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ ) ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟန်ဖ ကလည်း ညီလာခံတက်ရောက်ရန် WLB Women League of Burma အား ဖိတ်ကြားထားသော်လည်း SWAN Shan Women Action Network အဖွဲ့သို့ သီးသန့်ဖိတ်ကြားခြင်းမရှိကြောင်းပြောဆိုပါသည် ။ " မြန်မာအမျိုးသမီးအဖွဲ့အားလုံးပါဝင်ထားတဲ့ WLB ကိုတော့ဖိတ်တယ် SWAN တော့သီးသန့်မဖိတ်ဘူး ။ ပင်လုံညီလာခံနဲ့ အပြိုင်လုပ်မယ့် CSO ညီလာခံမှာ WLB ပါမယ် ။ ပင်လုံညီလာခံမှာတော့ AGIPP အနေနဲ့ တက်မယ် AGIPP မှာ WLB က Partnership အနေနဲ့တက်မှာဖြစ်တယ် ။ " ဟု ပြောသည် ။ WLB တွင်မြန်မာနိုင်ငံတိုင်းရင်းအမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ ပါဝင်ပါသည် ။ ၂၁ ရာစု ပင်လုံညီလာခံသို့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချူပ် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင် လာရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေး ဆပ်ကော် မတီ ၂ မှ ဂျွန်လ ၃ ရက်မှ စတင်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် သွားရောက် တွေ့ဆုံမှုများ ပြုလုပ်လျက်ရှိသည် ။ လက်ရှိတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (TNLA) ၊ မြန်မာအမျိုး သား ဒီမိုကရက်တစ်မဟာမိတ်တပ်ဦး ( MNDAA ) စသည့် ၃ ဖွဲ့နှင့်တွေ့ ဆုံနိုင်ခြင်းမရှိသေးပေ ။ SNLD သည် လွန်ခဲ့သော နိုဝင်ဘာလ ၂၀၁၅ ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်မှာ နေရာ ၄၀ အနိုင်ရထား သည့် ပါတီဖြစ် သည် ။ |
||
|
Posted: 05 Jul 2016 07:49 PM PDT သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် ပြီးခဲ့သော ရက်သတ္တပတ်က ဒေသခံ ရ ဦး သတ်ဖြတ်ခံရသည့် ကိစ္စသည် လက်ရှိဖော်ဆောင်နေသော ပြည်တွင်း ငြိမ်းချမ်းရေး နှင့် ၂၁ ရာစု ပင်လုံညီလာခံ ကို များစွာ ထိခိုက်စေနိုင်သည်ဟု ဂျူလိုင် ၄ ရက်နေ့ ရက်စွဲဖြင့် သျှမ်းပြည်အခြေစိုက် လူမှုအဖွဲ့ ၅ ခု က စုပေါင်းကာ သဘောထား ထုတ်ပြန်ခြင်းဖြစ်သည် ။
၂၁ ရာစု ပင်လုံညီလာခံသည် အမျိုးသားရင့်ကြားစေ့ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကျင်းပမှာဖြစ်ပြီး ယခုလို တိုင်းရင်းသားဒေသတွင် မတရား သတ်ဖြတ် မှုများစွာရှိနေသော ကြောင့် တိုင်းရင်းသားအားလုံးက ညီလာခံအပေါ် ယုံကြည်မှု နည်းလာနိုင်ပြီး ၂၁ ရာစု ပင်လုံ ညီလာခံကို ထိခိုက်နိုင်စေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ် ကွန်ရက် TYN ဦးဆောင်ကော်မတီထဲမှ တာဝန်ရှိသူ နန်းဆိုင်လောဝ်က ပြောသည် ။ “၂၁ ရာစု ပင်လုံညီလာခံက ယုံကြည်မှုကို တည်ဆောက်ရမှာ ၊ အမျိုးသားရင်ကြားစေ့ရေးကို တည် ဆောက်ရမှာ တစ်နိုင်ငံလုံးအဆင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်ရမှာဖြစ်တဲ့အတွက် အခုက မငြိမ်း ချမ်း တဲ့ပုံစံဖြစ်နေတာ ပြည်သူလူထုတွေက မတရားခံနေရတယ် ။ အလကား သတ်ဖြတ် ခံနေရတဲ့အတွက် ဒီငြိမ်းချမ်းရေးဆိုတာကြီးကို ပြည်သူလူထုတွေက ဘယ်လိုယုံကြည်နိုင်မလဲ တကယ်လို့ ပြည်သူ လူထု တွေ မယုံကြည့်တဲ့ ငြိမ်းချမ်းရေး ညီလာခံကြီးကို အကောင်အထည် ဖော်မယ်ဆိုရင် စစ်မှန်တဲ့ အဖြေရ လာနိုင်မှာမဟုတ်ပါဘူး ” ဟု ၄င်းကပြောသည် ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် (T.Y.N) ၊ တအာင်းကျောင်းသားနှင့် လူငယ်များ အဖွဲ့ ၊ ကချင်လူငယ်အဖွဲ့အစည်းများ (သျှမ်းပြည်) ၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း ၊ တအာင်းကျောင်းသား လူငယ်များအဖွဲ့ နှင့် အရပ်ဘက်အဖွဲ့အစည်း တို့ က ပူးတွဲကာ သဘောထားထုတ်ပြန်ကြေညာ ခြင်းဖြစ်သည် ။ “၂၁ ရာစုကို ဘယ်လို ထိခိုက်စေနိုင်လည်းဆိုတော့ အခုလို သူတို့က တိုင်းရင်းသား ပြည်သူ တွေကို ဦးတည်ချက်ရှိရှိနဲ့ အဲ့လိုတိုက်ခိုက်တာက ဒီစစ်ရေးပဋိပက္ခကို ပိုမို ကြီးမားအောင် တွန်းအားပေး တယ်လို့ထင်တယ်ပေါ့နော် ။ အဲလိုဖြစ်နိုင်တဲ့အတွက် ၂၁ ရာစု ပင်လုံကို ထိခိုက်တယ် ပေါ့ ” ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ တွဲဖက်အတွင်း ရေးမှူး (၂) မိုင်းမျိုးအောင် ကပြောသည် ။ အဆိုပါ ထုတ်ပြန်ကြောညာချက်တွင် မိုင်းယော် ဒေသခံ ရ ဦး သတ်ဖြတ်ခံရမှုသည် မြန်မာ့ တပ်မ တော် ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း ၊ ပြည်သူလူထု နှင့် တပ်မတော်အကြား ၊ တိုင်း ရင်းသားနှင့် တပ်မတော်အကြား ယုံကြည်မှု ပျက်ပြားစေသည့်အပြင် လက်ရှိအစိုးရမှ ခေါ်ယူ ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကိုများစွာ ထိခိုက်စေသည့်အတွက် ပြည်သူလူထုအား ရက်စက်စွာ သတ်ဖြတ်မှုနေမှုများကို ရပ်တန့်ပေးရန် ၊ အစိုးရ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များမှ အမှန်တရား နှင့် ဖြစ်စဉ်အမှန်ပေါ်ပေါက်လာရန် အမြန်ဆုံး ဖော်ထုတ်အရေးယူပေးပါရန် အတွက် သဘောထားထုတ်ပြန်ခဲ့သည် ။ လားရှိုးမြို့နယ် မိုင်းယော် ဒေသခံ ရ ဦး သတ်ဖြတ်ခံရမှုသည် မြန်မာအစိုးရတပ်မတော်၏ လက်ချက်ဟု ဒေသခံများကပြောဆိုနေကြသော်လည်း အစိုးရတပ်မတော်ပိုင် မြဝတီ သတင်းစာတွင်မူ ပြီးခဲ့သည့် ဂျွန် ၂၅-၂၆ ရက်နေ့က မြန်မာ့တပ်မတော်နှင့် တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် TNLA တပ်သား ရ ဦးအား မြေမြှုပ်ပေးခဲ့ သည်ဟု ရေးသားဖော်ပြထားသည် ။ |
|
Posted: 07 Jul 2016 07:24 AM PDT
စဝ်ဆုရဖွန်းခေါ် စိုင်းကွမ်းဆာ ခေါ် စိုင်းခမ်းလူ သည် ဂျူလိုင်လ ၆ ရက်မနက်ပိုင်းက ကျိုင်းတုံမြို့ နောင်တုံကန်အနီး ဝမ်ဖာ့ကမ်ရွာတွင် သက်ကြီးရောဂါဖြင့်ကွယ်လွန်ခဲ့ပါသည် ။ တော်လှန်ရေးအသိုင်းအဝိုင်းတွင် ဆေဖန်းမန့် ဟု အမည်သွင်သည့် စဝ်ဆုရဖွန်း၏ ကျန်ရှိရုပ် အလောင်းအား ဂျူလိုင်လ ၁၁ ရက်တနင်္လာနေ့၌ ကျိုင်းတုံမြို့ ဟွေ့ဖျမ်းသုသာန်တွင် သဂြိုဟ် မည်ဖြစ်ကြောင်း အသုဘအခမ်းအနားစီစဉ်ဆောင်ရွက်ပေးသူ စိုင်းလုံယ ကပြောသည် ။ စဝ်ဆုရဖွန်းအား သျှမ်းပြည်အလယ်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိအုပ်စုဝင် တာ့ကော့အုပ်စု တွင် ဖခင်ဆန်ခတ်းတိယနှင့်မိခင် နန်းစမ်ခမ်းတို့မှ ၁၉၃၂ ခုနှစ်တွင်မွေးဖွားခဲ့သည်။ မောင်နှမ ၂ ဦးသာရှိပြီး ညီမဖြစ်သူမှာ တောင်ကြီးမြို့နေ နန်းယုံးလူ ဖြစ်ပါသည် ။ စဝ်ဆုရဖွန်းသည် အသက် ၂၆ နှစ်အရွယ် ၁၉၅၈ တွင် ကျိုင်းတုံဒေသခံ နန်းခမ်းကျောက်နှင့် အိမ်ထောင်ပြုခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးသည် နန်းခမ်းကျောက် ကျန်ရစ်ခဲ့သည် ။ နန်းခမ်းကျောက် နှင့်လက်ထပ်ပြီးမကြာခင် SNA တပ်ဖွဲ့ဝင်များအား ဆေးဝါးနှင့် စားနပ်ရိ က္ခာများ ပံ့ပိုးပေးသည် ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာ့တပ်မတော် မှ ၎င်းအား ဖမ်းဆီးထောင် ချခဲ့သည် ။ ၁၉၅၉ ခု ထောင်မှလွတ်မြောက်သည် နှင့် ဆရာတော် စဝ်ကုန္ဒရ ဦးဆောင်သည့် SNA တပ်သို့ဝင်ရောက်ကာစစ်မှုထမ်းခဲ့သည် ။ စည်းရုံးရေးတာဝန်ခံ အဖြစ် တာဝန်ထမ်းရွက်ရင်း အကြောင်းအမျိုးမျိုးကြောင့် ၁၉၇၆ ခုနှစ်တွင် လက်နက်ချလိုက်ရသော်လည်း အမျိုးသားရေး တာဝန်အား မြို့ပေါ်မှနေ၍ ကျရာကဏ္ဍတွင် မပြတ်ထမ်းရွက်ခဲ့သည် ။ ထို့ပြင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်စဉ်မှစ၍ပါဝင်ကူညီဆောင်ရွက်လာခဲ့ရာ ကွယ်လွန်ချိန်အထိ SNLD ပါတီ ၏ ကျိုင်းတုံမြို့နယ် ဥက္ကဌ အဖြစ် တာဝန် ထမ်းရွက်ခဲ့သည် ။ |
||
|
Posted: 07 Jul 2016 02:02 AM PDT ရန်ကုန်မြို့ ဗန်ဒါဟော်တယ် ၌ ဂျူလိုင် ၅-၆ ရက်နေ့ အထိ နှစ်ရက်ကြာ ကျင်းပ သည့် သျှမ်းပြည်ညီညွတ် ရေး အစည်းအဝေး၌ မကြာခင် ကျင်းပတော့မည့် ၂၁ ရာစုပင်လုံညီလာခံတွင် ၁၉၄၇ ပင်လုံ စာချုပ်ပါ အချက်များ အကောင် အထည်ဖော် နိုင်ရေးအတွက် သျှမ်းများကြိုးပမ်းသွားမည်ဟုဆိုသည် ။
၎င်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် နိုင်ငံရေးဆွေးနွေးပွဲကိစ္စ ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ အပါ အဝင် ၂၁ ရာစု ပင်လုံညီလာခံသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါအချက်များကို အကောင် အထည် ဖေါ်သည့် ညီလာခံ သာ ဖြစ် သင့်ပြီး ပင်လုံစာ ချုပ်နှင့် စပ်ဆိုင်သော ကတိကဝတ်များ သဘော တူညီ ချက်များ နားလည်မှုများ ပင်လုံစိတ်ဓါတ်များအပေါ် တစုံတရာ ထိခိုက်စေခြင်း မဖြစ်သင့် - စသည့် ၂၁ ရာစု ပင်လုံညီလာခံအတွက် ဘုံဦးတည်ချက်များ သဘောတူ ဆုံးဖြတ်ကြသည် ။ ဆွေးနွေးပွဲတွင် ပါဝင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်များ ကွန် ယက် ခေါင်းဆောင် စိုင်းနော်ဆိုင် က - “ အခုမကြာမှီမှာ ကျင်းပမဲ့ ငြိမ်းချမ်းရေး ညီလာခံကြီးက ပင်လုံ ဆိုတဲ့ နာမည်ကို ထည့်သုံးထားတော့ ဘာဘဲဖြစ်ဖြစ် ကျနော်တို့သဘောထားတော့ ၁၉၄၇ က ဗိုလ်ချုပ်အောင်ဆန်း နဲ့ သဘောတူ ထားတဲ့ အချက်တွေကို ပြန်လည်ဆွေးနွေးသင့်တယ် ။ အဲဒီစာချုပ်အတိုင်း အကောင်အထည် ဖေါ်မှ အလုပ်ဖြစ်မယ် ” - ဟု ပြောသည် ။ သျှမ်းပြည်တပ်မတော် RCSS/SSA အတိုင်အပင်ခံပုဂ္ဂိုလ် လည်းဖြစ် ပြည် ထောင်စု အင်စတီကျု ဒါရိုက်တာလည်းဖြစ်သည့် ဦးခွန်စိုင်းက - " ငြိမ်းချမ်းရေးရဖို့ပင်လုံစာချုပ်က အရေးကြီးပါတယ် ။ ပင်လုံစိတ်ဓါတ်လို တယောက်တမျိုး အဓိပ္ပါယ် ဖော်နေစရာမလိုဘူးလေ ။ ပင်လုံစာချုပ်ဆိုတာ ၂ ဦး ၂ ဘက်နားလည်လို့ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြတာဘဲ ။ ပင်လုံစာချုပ် အတိုင်းလိုက်လုပ်မယ်ဆိုရင် ဒို့တိုင်းပြည်က ငြိမ်းချမ်းကို ငြိမ်းချမ်းတယ် ။ အဲ့ဒီ အတိုင်းလိုက်မလုပ်ရင်တော့ ငြိမ်းချမ်းစရာ အကြောင်းမရှိဘူး " – ဟု ပြော သည် ။ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အား ၂၀၁၃ ခု နှစ်နောင်းပိုင်းက သျှမ်းပြည်တပ်မတော် RCSS/SSA ၊ သျှမ်း တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ ကျားဖြူပါတီ ၊ သျှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ SSJAC ( SSJAC တွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD , သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် စိန်ကျော့ဌာနပြည်သူ့စစ် တို့ ပူးပေါင်းဖွဲ့စည်းထား) တို့ ပူးပေါင်းဖွဲ့စည်းထားသည် ။ သျှမ်းပြည်အရှေ့ပိုင်းဖွံ့ဖြိုးတိုက်ရေး ဒီမိုကရက်တစ် ပါတီ ESSDDP က ယခု နှစ်ဆန်းပိုင်းတွင် ပါဝင်လာ၏ ။ ယခုအစည်းအဝေးလည်း သျှမ်းလူ ငယ်ကွန်ယက် TYN အား အဖွဲ့ဝင်သစ်အဖြစ် လက်ခံသည့်အပြင် သျှမ်းနီပါတီ နှစ်ပါတီအားလည်း လေ့လာသူအဖြစ် အစည်းအဝေးတက် ခွင့်ပြုခဲ့သည် ။ သျှမ်းပြည်တောင်ပိုင်း လဲချားစော်ဘွားနယ် ပင်လုံမြို့၌ ၁၉၄၇ ခုနှစ်က သျှမ်းစော်ဘွားများ ပြည်ထောင်စု၊ ကချင်တောင်တန်း ၊ ချင်းဝိဒေသ တောင် တန်း နှင့် ဗမာမြေပြန့်တို့အကြား ချုပ် ဆိုသည့် ပင်လုံ စာချုပ်ပါ အချက် ၉ ချက်မှာ - ၁- နယ်စပ်ဒေသ ၀န်ကြီးဟာ တိုင်းရင်းသားလူမျိုးဖြစ်ရမယ် ။ ၂- အဆိုပါဝန်ကြီးရဲ့ လက်ထောက် နှစ်ဦးကလည်း နယ်စပ်ဒေသက မတူညီတဲ့ တိုင်းရင်းသားလူမျိုး ၂ ဦးဖြစ်ရပါမယ် ။ ၃- ဒီဝန်ကြီး ၃ ပါးစလုံးဟာ နိုင်ငံတော် အစိုးရရဲ့ လွှတ်တော်အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခွင့်ရှိတယ် ။ ၄- ဒါပေမယ့် သူတို့ မဲထဲ့မယ်ဆိုရင် သူတို့ ၃ ယောက်မှာ တမဲဘဲ ထည့်ခွင့်ရပါမယ် ။ ၅- နယ်စပ်ဒေသတိုင်းရင်း သားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝရှိရမယ် ။ ၆- မြစ်ကြီးနားခရိုင် နဲ့ ဗန်းမော်ခရိုင်ကို ကချင်တောင်တန်းဒေသ နဲ့ပေါင်းထည့်ပြီးတော့ ကချင် ပြည်နယ် အဖြစ်သတ်မှတ်တယ် ။ ၇- တောင်တန်းဒေသဟာ ဒီမိုကရေစီနိုင်ငံမှာကဲ့သို့ အခွင့်အရေးနဲ့ အထူး အခွင့် အရေး အပြည့်အဝခံစား ခွင့်ရှိရမယ်၊ ဆိုလိုတာက အခွင့်အရေးနဲ့ အထူး အခွင့် အရေးဆိုတာက ဒီမိုကရေစီ စနစ်ဆိုရင်လဲ ဒီမိုကရေစီအခွင့်အရေးအပြည့်အဝ ရရှိရမယ် ။ ၈- ငွေကြေးသုံးစွဲမှုနဲ့ပတ်သက်ပြီး သျှမ်းပြည်ရဲ့ ၀င်ငွေတွေကို မထိခိုက် မနစ်နာစေရ ဘူး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကိုမြန်မာပြည်အစိုးရက ဆက်လက်ကူညီထောက်ပံ့သွားမယ် ။ ၉- ငွေကြေးရှာဖွေသုံးစွဲမှုမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပြည့်ရတဲ့အချိန်အထိ (သျှမ်းပြည်လို ကိုယ့်ခြေ ပေါ် ကိုယ် ရပ်တည်နိုင်တဲ့အချိန်အထိ) ကူညီပံ့ပိုးပေး သွားမယ် ။ ထို့အပြင် ပင်လုံစာချုပ်တွင် မပါရှိသော အဓိက အရေးပါသည့် အချက် တချက် မှာ လွတ်လပ်ရေး ရပြီး ၁၀ နှစ်အကြာတန်းတူညီမျှမှုမရှိပါက ခွဲထွက် ပိုင်ခွင့် ရှိသည် ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသား ခေါင်းဆောင်များ အား နှုတ်ကတိပေးခဲ့သည် ။ အဆိုပါကတိအား ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ထည့်သွင်းရေးဆွဲထားပါသည် ။ |
||
|
ကရင်ပြည်နယ်တွင် ဖွဲ့စည်းသော JMC-S တွင် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်ခွင့်မရ Posted: 07 Jul 2016 01:20 AM PDT ပည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများ မရှိစေရေးအတွက် ရည်ရွယ်၍ ဖွဲ့စည်းထားသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ပြည်နယ်အဆင့် (JMC-S) ဖွဲ့စည်း ရာတွင် ကရင်ပြည်နယ် အတွင်းရှိ အရပ်ဖက်အဖွဲ့ အစည်းများ ပါဝင်ခွင့်မရကြောင်း အရပ်ဖက် အဖွဲ့အစည်းများက ဆိုသည် ။
ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မှ ကရင်ပြည်နယ် ဧရိယာ မန်နေ ဂျာ နော်စင်သီယာဝင်း က “ JMC ဖွဲ့သွားတယ်လို့ ကြား တယ် ။ အဲဒီလို ဖွဲ့စည်း တဲ့အခါမှာ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းတွေ CSO တွေ ပါဝင်ခွင့်မရဘူး ။ ဖွဲ့စည်းတဲ့အချိန်မှာလည်း ကျမတို့ကို ဖိတ်ခေါ်ခဲ့တာမရှိဘူး ” ဟု အင်တာနျူးစ် မှ ငြိမ်းချမ်းရေးနှင့်အမျိုးသမီးကဏ္ဍ သတင်းရေးသားမှုသင်တန်းမှ သင်တန်း သား များအား ဘားအံ လူမှုရေးရာ သုတေသနရုံးတွင်တွေ့ ဆုံစဉ် ပြောကြား သည် ။ ယင်းကဲ့သို့ ပါဝင်ခွင့် မရခြင်းနှင့် ပတ်သက်၍လည်း ငြိမ်းဖောင်ဒေးရှင်းမှ ပြည် နယ် ညှိနှိုင်းရေးမှူး စောစိန်ထွေးကလည်း ကရင်ပြည် နယ်တွင် အရပ်ဘက် အဖွဲ့အစည်းများ ၊ နိုင်ငံရေးပါတီများနှင့် အစိုးရ ၊ လက်နက်ကိုင် အဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မှုက အားနည်း သည်ဟု သူ၏ အမြင်ကို ပြောသည် ။ ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) သည် လက်နက်ကိုင် တပ်ဖွဲ့များ၏ တစ်ဖွဲ့နှင့် တစ်ဖွဲ့ စစ်သည်များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ ၊ နယ်မြေကျူးကျော် မှုများနှင့် ပြည်တွင်း နေရပ် စွန့်ခွာ တိမ်းရှောင်သူများ နှင့် ပဋိပက္ခဒဏ် ခံစားရသူများ အတွက် အကူအညီပေးရေး စသည်တို့ကို ဆောင်ရွက် မည် ဖြစ်သည် ။ JMC-S ဖွဲ့စည်းရာတွင် ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်ခွင့်မရ ရှိခဲ့သလို JMC-S ဖွဲ့စည်းစဉ်အချိန်မှာလည်း ဖိတ်ခေါ် ခံရခြင်းမရှိသည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွ င်းရေးမှူး ၁ ဒေါက်တာရွှေခါးရ်က “ အစည်းဝေးမှာတော့ ကျနော် တို့ ပါဝင် သင့်ပါဝင် ထိုက်တဲ့ပုဂ္ဂိုလ်တွေကို ဖိတ်ပါတယ်။ မှန်ပါတယ် အစည်းဝေး ဆိုတော့လည်း အစည်းဝေးကို တက်သင့်တက်ထိုက်တဲ့ ပုဂ္ဂိုလ်တွေပဲ တက်ရမှာပေါ့ ။ ဒါမယ့် ညစာစားပွဲ လိုမျိုးဆိုရင်တော့ ဖိတ်သင့်ပါတယ်။ အဲဒါကတော့ ပွဲစီစဉ်တဲ့လူက နည်းနည်း အားနည်းသွားပါတယ် ’’ ဟု ပြောသည် ။ ကရင်ပြည်နယ်တွင် ဒေသခံစောင့်ကြည့်ရေးအဖွဲ့ကို ထပ်ပြီးဖွဲ့စည်းဖို့ရှိရန်ရှိ သည့် အ တွက် ထိုအချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက် အဖွဲ့အ စည်းများနှင့် ပါတီများ၏ ထောက်ခံမှုလိုအပ်နေ သည်ဟုလည်း ၄င်းက ဆိုသည် ။ ယင်းအပြင် မွန်ပြည်နယ်တွင်လည်း ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)ကို ၂၀၁၆ ခုနှစ် ၊ ဇွန် ၃၀ ရက်တွင် မော်လမြိုင်မြို့၌ အစိုးရ ကိုယ်စားလှယ် ၅ ဦး၊ လက်နက်ကိုင် ကိုယ်စားလှယ် ၅ ဦး ၊ အရပ်သား ကိုယ်စားလှယ် ၄ ဦး စုစုပေါင်း အဖွဲ့ဝင် ၁၄ ဦးတို့ ဖြင့် ဖွဲ့ စည်းခဲ့သည်။ သျှမ်းပြည်နယ် ၊ ခိုလမ်မြို့တွင်လည်း အစိုးရ ကိုယ်စားလှယ် ၅ ဦး ၊ လက်နက်ကိုင်ဘက်မှ ကိုယ်စားလှယ် ၅ ဦး ၊ အရပ်သား ကိုယ်စားလှယ် ၄ ဦး ၊စုစုပေါင်း အဖွဲ့ဝင် ၁၄ ဦးဖြင့် JMC-S ကို ၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီ ၉ ရက်နေ့က ဖွဲ့စည်းထားခဲ့ပြီး ၂၀၁၆ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့တွင် အဖွဲ့ဝင် ၁၄ ဦးဖြင့် JMC-S ကို ဖွဲ့စည်းထားပြီး ဖြစ်သည် ။ |
||
|
Posted: 06 Jul 2016 11:15 PM PDT ဗိုလ်ချုပ်အောင်ဆန်းသမီးဦးဆောင်မည့် ၂၁ ရာစုပင်လုံသည် ၁၉၄၇ ခုနစ် ပင်လုံထက် အဆင့်မနိမ့်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးဆေထင်က ပြောကြား လိုက် ပါသည် ။
“၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုပါတယ်။ အဲဒီ ၂၁ ရာစု ပင်လုံညီလာခံကြီးက ၁၉၄၇ ပင်လုံညီလာ ခံထက်အဆင့်မနိမ့်ဖို့ လိုတယ် ” - ဟု ရန်ကုန်ရောက်နေသည့် ဗိုလ်ချုပ်ကြီးဆေထင်က ဂျူလိုင်လ ၆ ရက်နေ့တွင် ပြောသည် ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့သည့် ပင်လုံမှာ တိုင်းရင်း သားများတန်းတူအခွင့်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းက အာမခံခဲ့သည့်အတွက် တောင်တန်း - မြေပြန့် မခွဲခြားပဲ လွတ်လပ်ရေးအရယူနိုင်ခဲ့ခြင်းဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသမှ တိုင်းရင်းသားများကို စည်းရုံးရာ၌ တိုင်းရင်းသား တန်းတူ အခွင့်ရေးမရပါက ၁၀ နှစ်နေရင် ခွဲထွက်နိုင်သည်ဟူသော ကတိကြောင့် ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ၁၀ နှစ်ပြည့်ပါက ခွဲထွက်ခွင့်ဆိုပြီး သျှမ်း နှင့် ကရင်နီ နယ်များအတွက် အခွင့်ရေး ပေးထားခဲ့ပါသည် ။ ယခုဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ပင်လုံစာချုပ် ၊ ပင်လုံကတိကဝတ် ၊ ပင်လုံစိတ်ဓါတ်ဆိုသည့် အခြေခံအချက် ၃ ချက်အထဲမှ ပင်လုံစိတ်ဓါတ်ကို အခြေခံသောဟူ၍သာပါရှိနေပြီး တိုင်းရင်းသားအင်အားစုအားလုံး ပါဝင်ခွင့်ရမရဆိုသည်မှာလည်း မသေချာသေးပေ ။ “၄၇ ပင်လုံညီလာခံ ရရှိချက်က ကျနော်တို့ တိုင်းရင်းသားလူမျိုးစုတွေ တန်းတူအခွင့်ရေး ရှိရမယ် ။ ပြီးတော့မှ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရမယ် ဆိုတာလည်းပါတဲ့ အပြင် ကွင်းစ ကွင်းပိတ်နဲ့ (ခွဲထွက်ရေး) ဆိုတဲ့ ကတိပါတယ် ။ ဆိုလိုတာက ခွဲထွက်ရေးဆိုတာ ကျနော်တို့ အခွင့်အရေးပဲ ။ ခွဲထွက်တာ မခွဲထွက်တာကတော့ ကျနော်တို့ ဆက်ဆံရေးအပေါ်မှာ အများကြီး မူတည်တာပေါ့ ။ ပြည်ထောင်စု ကြီးထဲမှာ ကျနော်တို့ကလည်း ခွဲထွက်ချင်လို့ ( ခွဲထွက်ခွင့် ) ဆိုတာ ထည့်စေချင်တာ မဟုတ် ဘူးလေ ။ ဒါပေမဲ့ ဒါဟာ အခွင့်ရေးတစ်ခု အနေနဲ့ အသိမှတ်ပြုစေချင်တာ ။ ဒါကြောင့်မို့ အခုလုပ်မယ့် ၂၁ ရာစု ပင်လုံညီလာခံက ကြားတာက ခွဲထွက်ရေးမပါဘူးလို့ ကြားတယ် ။ ခွဲထွက်ရေး မပါဘူး ဆိုတော့ ၄၇ ပင်လုံညီလာခံထက် အဆင့်နိမ့်နေတယ် ။ လုပ်မယ်ဆိုရင်လည်း လုပ်ပေါ့ ။ ဒါပေမဲ့ ခွဲထွက်ရေးလည်း ပါခွင့်ပေးလိုက်ပေါ့ ။ ဒါမှသာလျှင် ၂၁ ရာစု ပင်လုံညီလာခံက ၄၇ ပင်လုံညီလာ ခံထက် အဆင့် မနိမ့် ဘူးဆိုတာ ဖော်ပြမှာပေါ့ ။ ပြီးတော့မှ သဘောထားကြီးကြီးနဲ့ ဖော်ပြတာလည်း ဖြစ်တာပေါ့ ။ အဲဒါမှ သာလျှင် ကျနော်တို့ တိုင်းရင်းသား လူမျိုးစုတွေ ကချင်တို့ ၊ ချင်းတို့ ၊သျှမ်းတို့က တခြားတိုင်းရင်းသား လူမျိုးစုတွေက ကြိုဆိုမှာပေါ့ ။ ဒါကြောင့်မို့လို့ ၂၁ ရာစု ပင်လုံညီလာခံကြီးဟာ ၄၇ ပင်လုံညီလာခံထက် အဆင့်မနိမ့်ဖို့ အရေးကြီးတယ်ဟု ” - သျှမ်းပြည်တပ်မတော်မြောက်ပိုင်း၏ နာယက ဖြစ်သူ ဗိုလ်ချုပ်ကြီးဆေထင်က ပြောသည် ။ ၁၉၄၇ ပင်လုံရလာဒ်မှာ ခေတ်အဆက်ဆက် အစိုးရများမှ အသိမှတ်မပြုပစ်ပယ်ထားသော်လည်း ပင်လုံစာချုပ် ချုပ်ဆိုသောနေ့ကို ပြည်ထောင်စုနေ့ အဖြစ်သတ်မှတ်ထားခြင်း ၊ တစ်ခုတည်းသော ပြည်ထောင်စု ပဋိဉာဉ်အဖြစ် ကမ္ဘာကပါ အသိမှတ်ပြုထားခြင်း ၊ ပင်လုံစာချုပ်ချုပ်ဆိုရာတွင် ပါဝင်ခဲ့ သည့် အာဇာနည်ခေါင်းဆောင်များ၏ အာဇာနည်နေ့ အခမ်းအနားကို ယနေ့တိုင်ကျင်းပနေခြင်း ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဦးဆောင်သောပါတီမှာ အရပ်သားအစိုးရအဖြစ် ပြန်လည်အာဏာ ရရှိလာခြင်းတို့ကြောင့် ပင်လုံပဋိဉာဉ်မှာ အသက်ဝင်နေဆဲဖြစ်သည် ။ ယင်းအပြင် ပင်လုံ စာချုပ်ချုပ် ဆိုသည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကိုလည်း ပြည်ထောင်စုနေ့အဖြစ် တရားဝင် သတ်မှတ် ထားပါ သည် ။ ၂၁ ရာစုပင်လုံတွင် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းအနေဖြင့် တက်ရောက်ခွင့်ရ မရမသေချာသေး သော်လည်း အခြားသော သျှမ်းအင်အားစုများနှင့် ပူးပေါင်းကာ ဖက်ဒရယ်ပြည်ထောင်စု ဆိုင်ရာ စာတမ်း အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည် ။ |
||
|
နမ္မတူဒေသခံများ လယ်ယာအသွားအလာ လမ်းတွင် ထောင်မှိုင်း နင်းမိ - ၁ ဦးသေ ရ ဦးဒဏ်ရာရ Posted: 06 Jul 2016 07:18 PM PDT သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ဒေသခံရွာသား မိုင်းနင်းမိရာ ရ ဦးဒဏ်ရာပြင်းထန်ပြီး ၁ ဦးမှာပွဲချင်းပြီးသေဆုံးကြောင်း သိရသည် ။
“နမ့်ပိုင် ၅ ဦး၊ နားကျိုင်းရွာ ၃ ဦး ၊ ကွန်ကျောင်း ၂ ဦး၊ ပိန်းလုံရွာသား ၂ ဦး ၊ နားကျဲရွာ ၄ ဦး ။ နမ့်ပိုင်က စိုင်းကျော်သောင်း ပွဲချင်းပြီးသေတယ် ။ ဒဏ်ရာရသူ ရ ဦးပေါ့ ။ ဒဏ်ရာပြင်းထန်သူ ၃ ယောက် တော့ လားရှိုးဆေးရုံကို ပို့လိုက်တယ် ။ ဒဏ်ရာသိပ်မပြင်းတဲ့ နမ့်ပိုင်ရွာသား ၃ ယောက်နဲ့ နားကျဲ ၁ ယောက်ကတော့ မန်စံတိုက်နယ်ဆေးရုံမှာဘဲရှိသေးတယ် ။ နားကျဲက စိုင်းဆန်လူ မျက်လုံးတဖက် မမြင်ရတော့ဘူးပြောနေတယ် ။ ” ဟု စိုင်းခမ်းကပြောသည် ။ ဒဏ်ရာပြင်း ၃ယောက်မှာ စိုင်းအောင်မြင့် နားကျိုင်းရွာ (အသက်စိုးရိမ်ရ) စိုင်းဆန်လူ နားကျဲရွာ (မျက်လုံးထိ) စိုင်းမောင်အေး ပိန်းလုံရွာ (ရင်ပတ်နှင့်လည်ပင်းမှာထိ) တို့ဖြစ်ကြောင်းဆိုပါသည် ။ အဆိုပါရွာသား ၁၇ ဦးမှာ ဂျူလိုင်လ ၆ ရက်မနက်ပိုင်းက နမ္မတူမြို့နယ်တောင်ဘက် နမ့်ပိုင်ရွာနှင့် နားကွန်ရွာကြား (နားကွန်မရောက်ခင် ကောင်းထွမ်ရွာအထွက်တွင်) ထောင်ထားသော ကြိုးမိုင်း နင်းမိရာမှ သေကြေဒဏ်ရာရရှိသွားခြင်းဖြစ်သည် ။ ဒဏ်ရာရရှိသူများမှာ စိုင်းအောင်မြင့်( နားကျိုင်း ) ၊ စိုင်းမောင်အေး ( ပိန်းလုံ ) ၊ စိုင်းဆန်လူ (နားကျဲ) ၊ စိုင်းဆန်ကျော် ( နမ့်ပိုင် ) ၊ စိုင်းဆန်စိုင်း ( နမ့်ပိုင် ) ၊ အိုက်ကျိုင်း (နမ့်ပိုင် ) တို့ဖြစ်ကြပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းလည်း သိရသည် ။ အတည်ပြုချက်မရသေးသည့်သတင်းအရ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ထံသို့ စား နပ်ရိက္ခာ ထောက်ပံ့ရန်အသွား လျှော့တိုက်ထောင်မှိုင်းနင်းမိခြင်းဖြစ်ကြောင်း ၊ ၄င်းတို့နှင့် အတူ ပါလာသည့် RCSS/SSA စစ်ကြောင်း မှ ရဲဘော်တဦးလဲ ထိခိုက်သေဆုံးကြောင်း ၊ ထို ဒေသ အတွင်း တအာင်း (ပလောင်) TNLA တပ်ဖွဲ့ လည်း မကြာခဏ လှုပ်ရှားသွား လာသည်ကို တွေ့ရကြောင်း ၊ မကြာခင်ရက်ပိုင်းကပင် ၄င်းတို့အဖွဲ့ကို တွေ့ရှိရကြောင်း ရွာသားများ ပြောပြ ချက်အရသိရသည် ။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ RCSS/SSA အား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရှိသေးပေ ။ ဒဏ်ရာရရှိသူများအား ဒေသတွင်းလူငယ်အဖွဲ့ ၊ နိုင်ငံရေးပါတီများနှင့် ကျားခေါင်းပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးတို့မှ ကူညီဆောင်ရွက်ပေးနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည် ။ နမ္မတူမြို့နယ်အတွင်းတွင် ဒေသတွင်း အခြေစိုက်လှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ခိုက်မှုများ ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တိုက်ခိုက်မှုများ မပြတ်ဖြစ်ပွါးနေသည့် ဒေသဖြစ်ပါသည် ။ |
|
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် အမျိုးသမီးပါဝင်ခွင့် အရေအတွက် သတ်မှတ်မထားသင့် ဦးစိုင်းညွန့်လွင်ပြော Posted: 08 Jul 2016 12:31 AM PDT ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးများ ပါဝင်ခွင့်အတွက် တောင်းဆိုရာ၌ အရေအတွက်အားဖြင့် ၃၀ ရာခိုင်နှုန်းဟု သတ်မှတ်ထားခြင်းမျိုး မဖြစ်သင့်ဘဲ ပိုမို ပါဝင်သင့်သည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည် ။
၎င်းက “ နိုင်ငံရေး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဘာလို့ ၃၀ ရာခိုင်နှုန်းပဲတောင်းလဲ ။ သတ်မှတ်တာ မကောင်း ဘူး ။ ပိုပြီးတောင်းသင့်တယ် ။ ကြိုးစားသင့်တယ် ။ လမ်းဖွင့်ပေးသင့်တယ် ။ အရည်အချင်း ပေါ်မှာပဲ သတ်မှတ်ချင် တယ် ။ ကျနော့်အိုင်ဒီယာက အမျိုးသမီး ၁၀၀ က အရည်အချင်းရှိရင် ၁၀၀ လုံးက ခေါင်းဆောင်လုပ် သင့်တယ် ။” ဟု ဆိုသည် ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီး ပါဝင်ခွင့် အတွက် တောင်းဆိုရာ၌ ၃၀ ရာခိုင်နှုန်းသည် သတ်မှတ် ထားခြင်းမျိုး မဟုတ်ဘဲ အနည်းဆုံး ပါဝင်သင့်သည့် အရေအတွက်အားဖြင့် တောင်းဆိုခြင်း ဖြစ်သည်ဟု အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ အများစုကဆိုသည် ။ အမျိုးသမီးများသည် ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်သူများ ၊ အသက်ရှင် ကျန်ရစ်ခဲ့သူ များနှင့်ပဋိပက္ခဒဏ် ခံစားကြရသူများအဖြစ် အမျိုးသားများကြုံတွေ့သည့် အတွေ့အကြုံများနှင့် မတူဘဲ သီးခြားပုံစံဖြင့် ပြည်တွင်း၏ အကျိုးဆက်ကို ခံစားကြရသူများဖြစ်သည်ဟု ၂၀၁၆ ဂျန်နဝါရီလက ထုတ်ပြန် သည့် TNI ၏ “အမျိုးသမီးမပါဘဲ ငြိမ်းချမ်းမှု မရှိနိုင်” ဟူသည့် စာတမ်းတွင် ဖော်ပြထားသည် ။ အားလုံးပါဝင်သည့် ထိရောက်သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် တစ်ခု ဖြစ်ထွန်း စေရန် အမျိုးသမီးများ အနေဖြင့် ပဋိပက္ခများကို ကာကွယ်ဖြေရှင်းနိုင်မည့် ဆုံးဖြတ်ချက် ချမှတ်သည့် အဆင့် တိုင်း၌လိုအပ်သည်ဟုလည်း အဆိုပါ စာတမ်းတွင် ဖော်ပြထားသည် ။ မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသည့် နိုင်ငံဖြစ်ပြီး လက်ရှိ သွားနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်သင့်သည်ဟုလည်း ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဧရိယာမန်နေဂျာ (ကရင်ပြည်နယ်) နော်စင်သီယာဝင်းက ပြောသည် ။ ယင်းအပြင် သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းရဲ့ ပြောရေးဆိုခွင့် ပုဂ္ဂိုလ် နှင့် အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ မူဝါဒရေးရာဦးဆောင် ကော်မတီဝင် ယိင်းဟန်ဖ ကလည်း ငြိမ်း ချမ်းရေးနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခွင့်နှင့် ပတ်သက်ပြီး “ အခုကမ္ဘာပေါ်မှာ အမျိုးသမီး ဦးဆောင်တွေတော်တော်များလာပြီ ။ ဒါကြောင့် ငြိမ်းချမ်းရေးကဏ္ဍမှာ အမျိုးသမီးများများ ဆွဲခေါ် ပါဝင်သင့်တယ် နိုင်ငံရေး အဆင့်ဆင့်တိုင်း အခန်းကဏ္ဍမှာ အမျိုးသမီးပါဝင်သင့်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသမီးရဲ့ အခက်အခဲ ၊ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး အစသော အမျိုးသားတွေ အကုန်မသိဘူး “ ဟု ပြောသည် ။ အမျိုးသမီးများအား ပုံစံအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခြင်းကို ပပျောက်စေရေး သဘောတူစာချုပ် (CEDAW) ကို မြန်မာနိုင်ငံကလက်မှတ်ရေးထိုးထားပြီး အဆိုပါစာချုပ် အပိုဒ် ၄ နှင့် ရ တွင် ဆုံးဖြတ်ချက် ချမှတ်ရာ၌ အမျိုး သမီးများ ပါဝင်မှုကို မြှင့်တင်ပေးသည့် မဟာဗျူဟာများကို ချမှတ်ပေးထားသည် ။ မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ်က ကောက်ယူထားသော သန်းခေါင်စာရင်းမှတ်တမ်းများအရ လူဦးရေ ၅၁ သန်း ကျော် ရှိပြီး အရေအတွက် ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်သည် ။ |
||
|
Posted: 07 Jul 2016 10:11 PM PDT တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များညီလာခံကြီးကျင်းပ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် NCA စာချုပ် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ယနေ့ ဂျူလိုင် ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးကြသည် ။
ဆွေးနွေးပွဲတွင် အခမ်းအနားမှူးက - ဒီကနေ့ကျနော်တို့ EAO မျက်နှာစုံညီ အစည်းအဝေးကြီး ပြင်ဆင် ရေး လုပ်ငန်းကော်မတီရဲ့ ဒုတိယ အကြိမ်လုပ်ငန်းအစည်းအဝေးဖြစ်ပါတယ်” - ဟု အစီအစဉ် အဖွင့်တွင်ပြောကြားသည် ။ အစည်းအဝေးတွင် ပါဝင်တက်ရောက်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်ပိုင်း တဦးက - “ အသေးစိတ်တော့ ကျနော်လဲမသိသေးဘူး။ ကြားသိထားတဲ့ဟာတော့ - အဓိက ကတော့ ဒီလ ၂၀ ရက်နေ့ နောက်ပိုင်း မိုင်ဂျာယန်မှာ တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့အားလုံးပါဝင်တဲ့ ညီလာခံကြီး ဖြစ်မြောက်ဖို့ အဓိကထား ဆွေးနွေးသွားကြမယ်လို့သိရတယ်။ ၂၁ ရာစု ပင်လုံ အတွက် ကိုယ်တို့တိုင်းရင်းသားတွေ အနေနဲ့ ဘုံလိုအပ်ချက် ရလာအောင်လို့ပါ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ အစည်းအဝေးသို့ ကေအိုင်အေ မှ ဗိုလ်ချုပ်ဂွမ်မော်၊ သျှမ်းပြည်တိုးတက်ရေးပါတီမှ ဗိုလ်ချုပ်ကြီး ဆေ ထင်၊ RCSS/SSA မှ ဗိုလ်မှူးချုပ်ပေါင်ခေး နှင့် NCA စာချုပ်ထိုးထားသည့် တပ်ဖွဲ့များမှ အဆင့်မြင့် ကိုယ်စားလှယ်အချို့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ခူးဦးရယ် နှင့် UNFC မှ အဆင့်မြင့် ကိုယ်စားလှယ်များ အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း ၃၀ ခန့် တက်ရောက်သည် ။ ၁၉၄၇ ခု ပင်လုံညီလာခံတွင် ပါဝင်လက်မှတ်ရေးထိုးသည့် ကချင်၊ သျှမ်း၊ ချင်းတို့ အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင် EAO မျက်နှာစုံညီ အစည်းအဝေးကြီးကျင်းပနိုင်ရေးအတွက် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ကချင်လွတ်လပ်ရေးတပ်မတော် ဒုတိယ ဥက္ကဌ (၁) - ဗိုလ်ချုပ်ကြီး အန်ဘန်လ ၊ ဒုတိယ ဥက္ကဌ (၂) ဗိုလ်ချုပ်ဂွမ်မော်၊ SSPP/SSA မှ ဗိုလ်ချုပ်စိုင်းထူး တို့ ပထမ အကြိမ် အဖြစ် ဂျွန်လ ပထမ ပတ်က ကြိုတင်တွေ့ဆုံဆွေးနွေးခဲ့ကြသည် ။ |
|
တိုင်းရင်းသားလူငယ်များ ကွန်ယက်မှ ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော အလုပ်ရုံဆွေးနွေးပွဲ ပထမအကြိမ်ကျင်းပ Posted: 11 Jul 2016 06:18 AM PDT သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဂေါက်ကလပ် ဟိုတယ်၌ ပထမအကြိမ် တိုင်းရင်းသား လူငယ်များ ကွန်ယက်မှ ကမကထ ပြုပြီး ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည် ။
အဆိုပါ ငြိမ်းချမ်းရေး နှင့်ဆိုင်သော အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ညီလာခံ (သို့) ၂၁ ရာစု ပင်လုံညီလာခံကို မှန်မှန်ကန်ကန် သုံးသပ်ဆွေးနွေးခြင်း ၊ ဖက်ဒရယ် နှင့် ငြိမ်းချမ်းရေး ပတ်သက်သော ဆွေးနွေးသုံးသပ်ခြင်းများကို ဂျူလိုင် (၁၁ နှင့် ၁၂) နှစ်ရက်သာ ဆွေးနွေးသွားမည်ဟု တိုင်းရင်း သားလူငယ်များ၏ အလုပ်အမှုဆောင် စိုင်းအောင်မြင့်ဦး ကပြောသည် ။ “ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ဘယ်လိုသွားမလဲ၊ ဘယ်သူတွေပါဝင်ကြမလဲ ၊ အဲ့ဒါတွေပြန် သုံးသပ် တယ် ။ နောက်တစ်ခုက ၂၁ ရာစု ပင်လုံညီလာခံမှာ အရပ်ဘက် အဖွဲ့ အစည်းများရဲ့ အခန်း ကဏ္ဍကိုဆွေးနွေးကြတယ် ။ ပြီးတော့ ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ် အပိုင်းကိုလည်း ကျနော်တို့က ဆွေး နွေးကြပါတယ် ။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေလုပ်နေကြတယ် ။ ပြည်သူလူထုမမေ့အောင် ပြန်သုံးသပ်တာပါ” ဟု ၄င်းကပြောသည် ။ ဖက်ဒရယ် နှင့် ငြိမ်းချမ်းရေး ဆိုသည့်ခေါင်းစဉ် ထည့်သွင်းဆွေးနွေးရခြင်းသည် လက်ရှိဖြစ်ပွါး နေသော တိုင်းရင်းသားအချင်းချင်းကြား အမြင်လွှဲမှားမှုမျိုး ရှေ့ဆက် ဆက်လက်မရှိစေရန် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရန်အတွက် အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း ပွဲဖြစ်မြောက် ရေးကော်မတီဝင် မိုင်းမျိုးအောင် ကပြောသည် ။ “ လက်ရှိသျှမ်း ၊ မြောက်မှာ ကျနော်တို့ တိုင်းရင်းသားအချင်းချင်း ကြား အမြင်လွှဲမှားတဲ့ အပိုင်းရှိတာ ပေါ့နော် ။ ဒီလိုမျိုး အမြင်လွှဲမှားမှုမရှိအောင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲနေထိုင်နိုင်အောင် စည်းစည်းလုံးလုံးနဲ့ နေနိုင်မှသာလျှင် ကျနော်တို့တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်တွေ ရနိုင် မှာဖြစ်တယ်။ အဲ့ကြောင့်မလို့ ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရခြင်းဖြစ်တယ် ” ဟု ၄င်းကပြောသည် ။ ငြိမ်းချမ်းရေး နှင့်ဆိုင်သော အလုပ်ရုံဆွေးနွေးပွဲသို့ သျှမ်းပြည်မြောက်ပိုင်းမှ ကချင် ၊ သျှမ်း ၊ တအာင်း ၊ လားဟူ ၊ မြောင်ဇီး ၊ ကိုးကန့် ၊ ဝ ၊ လီဆူ စသည့် တိုင်းရင်း သားပေါင်း ၈ မျိုးခန့်တက်ရောက်ပြီး ပါတီ တွေပါဝင်များ ၊ လူငယ်များ ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ ၊ အမျိုးသမီးအဖွဲ့များ စသည့် လူထုအခြေပြုအဖွဲ့အစည်းများမှ စုစုပေါင်းအင်အား ၁၀၀ ခန့်တက်ရောက်ကြောင်း သိရသည် ။ |
|
ပြည်ထောင်စုကို တည်ဆောက်မှာလား ဖျက်ဆီးကြမှာလား Posted: 10 Jul 2016 11:17 PM PDT ကျနော်တို့ရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ မဲပေးရွေးချယ်မှုနဲ့အတူ အရပ်သားအစိုးရကို ယခုအခါ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ်ဟာ မကြာသော အချိန်ကာလမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရှေ့ရှုတဲ့ တိုင်းရင်းသားပေါင်းစုံ ပါဝင်မယ့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို ကျင်းပသွားမှာဖြစ်တဲ့အကြောင်း တိုင်းပြည်ကို အသိပေးကြေညာထားပြီး ဖြစ်ပါတယ်။ အဆိုပါ ၂၁ ရာစု ပင်လုံညီလာခံအပေါ် အောက်ပါ ရှုထောင့်တွေကနေပြီးတော့ အပြုသဘောဆောင် သုံးသပ်တင်ပြလိုက်ပါတယ် ။ (၁) အမျိုးသားပြန်လည်ရင်ကြားစေ့ရေးရှုထောင့် (၂) ဒီမိုကရေစီအသွင်ကူးပြောင်းရေးရှုထောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးရှုထောင့် ပြည်ထောင်စုမြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ သျှမ်းနဲ့ အခြားသော တိုင်းရင်းသားလူမျိုးများဟာ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ရှေးပဝေသဏီကတည်းကရင်း အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတာ အားလုံးသိပြီး ဖြစ်ပါတယ်။ မိမိတို့အကြီးအကဲရဲ့ လက်အောက်မှာပဲ မိမိတို့ရဲ့ ဥပဒေများနဲ့ အချုပ်အခြာအာဏာကို လက်လွှတ်ရခြင်းမရှိဘဲ အစဉ်အဆက် သီးခြား လွတ်လပ်စွာ နေထိုင်လာခဲ့ကြတာဟာ သမိုင်းကို ပြန်ကြည့်ရင် အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သီးခြားအုပ်ချုပ်ရေး မြန်မာနိုင်ငံကို ပြည်ထောင်စုအဖြစ် မစုစည်းမီအချိန်က အင်္ဂလိပ်ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ပြီး သျှမ်း၊ ကချင်၊ ချင်း စတဲ့ ပြည်ထောင်များကို Frontier Area Administration အဖြစ် British Governor မှ တိုက်ရိုက် အုပ်ချုပ်ခဲ့ပါတယ်။ ကချင်တို့အပေါ် ကချင်တောင်တန်းဒေသအုပ်ချုပ်ရေး (၁၈၉၅ Kachin Hill-Tribes Regulation) ဖြင့်လည်းကောင်း၊ သျှမ်းပြည်တွင် (၁၉၂၂ Federated Shan States Act) အားဖြင့် လည်းကောင်း၊ ချင်းဒေသမှာ ချင်းတောင်တန်းအုပ်ချုပ်ရေး (၁၈၉၆ Chin Hill Regulation) ဖြင့်လည်းကောင်း သီးခြားစီ အုပ်ချုပ်ခဲ့ပါတယ်။ ဗမာပြည် (Proper Burma) ကိုတော့ အိန္ဒိယဘုရင်ခံ လက်အောက်မှာ ထားရှိခဲ့ပြီး ဗမာပြည်နဲ့ အိန္ဒိယ ခွဲရေး-တွဲရေး ပြဿနာ ဖြစ်ပေါ်ပြီးနောက် ၁၉၃၅ Burma Act အရ ဗမာပြည်ကို ၉၁ ဌာန အုပ်ချုပ်ရေးလို့ လူသိများတဲ့ ဒိုင်အာခီ (Diarchy) အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ ကရင်နီပြည်ကတော့ သီးခြားပြည်ထောင်အဖြစ် ဆက်လက် တည်ရှိနေခဲ့ပါသည်။ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တွေဟာ ၎င်းတို့ရဲ့ ကိုလိုနီအကျိုးစီးပွားအတွက် လည်းကောင်း၊ တိုင်းရင်းသားနယ်မြေ များရဲ့ နောက်ခံသမိုင်းကြောင်း မတူညီဘဲ ကွဲပြားနေတဲ့အချက်အပေါ်မှာ လည်းကောင်း အကြောင်းပြုလို့ နယ်မြေ ငါးခု ပိုင်းခြား သတ်မှတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။ အဲဒါတွေကတော့ (၁) ရခိုင်၊ မွန်၊ ကရင်၊ ဗမာ လူမျိုးတွေ အများစုနေထိုင်တဲ့ နယ်မြေကို စုစည်းပြီးတော့ ဗမာပြည် မြေပြန့်သား (Burma Proper) လို့ခေါ်တဲ့ အင်္ဂလိပ်အစိုးရက တိုက်ရိုက်အုပ်ချုပ်ခဲ့တဲ့နယ်မြေ (၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ သျှမ်းစော်ဘွားတွေရဲ့ ပြည်ထောင်စု သျှမ်းပြည် (The Federated Shan States) (၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ ကချင်ဒူဝါတွေရဲ့ ကချင်တောင်တန်းဒေသ (Kachin Hill Tracts) (၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ ချင်းရမ်အုပ်များရဲ့ ချင်းတောင်တန်းဒေသ (The Chin Hill Tracts) (၅) သီးခြားလွတ်လပ်ရေးဖြင့် အသိအမှတ်ပြုထားတဲ့ စောဖျာများရဲ့ ကရင်နီပြည် (Karenni States) တို့ပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးနိုးကြားမှု ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် ဗြိတိသျှအစိုးရဟာ မြန်မာပြည်ကို ဆက်လက်အုပ်ချုပ်သွားနိုင်ဖို့အတွက် ကြိုးပမ်းခဲ့ပါသေးတယ်။ ဗမာပြည် မြေပြန့်သားအတွက် စက္ကူဖြူစီမံကိန်းနဲ့ တောင်တန်းဒေသများအတွက် နယ်ခြားဒေသများဆိုင်ရာ စည်းမျဉ်းဥပဒေများ (The Frontier Areas Regulations, 1946) တို့ကို ရေးဆွဲခဲ့ပါတယ်။ သို့သော်လည်း စစ်ကြီးအတွင်းက ကမ္ဘာ့ခေါင်းဆောင်များ ထုတ်ပြန်ကြေညာခဲ့တဲ့ အတ္တလန်တစ်ချာတာ၊ တီဟီရန်ကြေညာစာတမ်းနဲ့ ကုလသမဂ္ဂပဋိဉာဉ်စာချုပ်ပါ အချက်တွေကြောင့် ဗမာပြည် မြေပြန့်သားနဲ့ တောင်တန်းဒေသခေါင်းဆောင်များဟာ နိုင်ငံရေးအရ နိုးကြားတက်ကြွလာခဲ့ပြီး လွတ်လပ်ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်လာခဲ့ကြပါတယ်။ ပြည်မရဲ့ နိုင်ငံရေးလှုပ်ရှားမှု ဂယက်တွေဟာ သျှမ်းပြည်နဲ့ တောင်တန်းဒေသကို ရိုက်ခတ်လာတဲ့အတွက် သျှမ်းပြည်နိုင်ငံရေးဟာလည်း နိုးကြားလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လူမျိုးတိုင်းက ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ကို လက်တွေ့ခံစားလိုခဲ့ကြ ပါတယ်။ သျှမ်းပြည်ကိုလည်း ပဒေသရာဇ် အုပ်ချုပ်ရေးမှသည် ပြည်သူ့အုပ်ချုပ်ရေးစနစ်ဆီသို့ ကူးပြောင်းဖို့အတွက် နိုင်ငံရေးသမားများက ပြည်သူလူထုကို ချပြစည်းရုံးပြီး လှုံ့ဆော်လာခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အတ္တလန်တစ်စာချုပ်ကြောင့် ဗြိတိသျှအစိုးရဟာ ကိုလိုနီနယ်မြေအားလုံးကို လွတ်လပ်ရေး အနှေးနှင့်အမြန် ပေးရတော့မှာ ဖြစ်ပါတယ်။ ဗမာပြည်ကို လွတ်လပ်ရေးပေးရန်ရှိသကဲ့သို့ သျှမ်း၊ ကချင်၊ ချင်း စတဲ့ Frontier အုပ်ချုပ်ရေးဒေသများကိုလည်း သီးခြားပြည်ထောင်များအဖြစ် လွတ်လပ်ရေးပေးရတော့မှာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေအောက်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ဟာ တောင်တန်းဒေသများကိုလည်း ဗမာများနဲ့အတူ လွတ်လပ်ရေး အတူတကွယူဖို့ စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။ အဲဒီတုန်းက သျှမ်း၊ ကချင်၊ ချင်း စတဲ့ တောင်တန်းသားတွေဟာ အင်္ဂလိပ်ရဲ့ လက်အောက်က လွတ်မြောက်လိုကြပြီး ဗမာတိုင်းရင်းသားများနှင့်အတူ လွတ်လပ်ရေးကို တောင်းဆိုရင် ပိုမိုမြန်ဆန်စွာ ရရှိလိမ့်မယ်လို့ ယုံကြည်နေခဲ့ကြပါတယ်။ သမိုင်းဝင်ပင်လုံစာချုပ် Atlantic Charter ကြောင့် ကိုလိုနီနယ်မြေများ လွတ်လပ်တော့မယ့် အခြေအနေအောက်မှာ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့လေးမှာ ပြည်ထောင်စု သျှမ်းပြည် (Federated Shan States) နဲ့ ကချင်တောင်တန်း၊ ချင်းတောင်တန်းတို့မှ ခေါင်းဆောင်များဟာ သျှမ်းစော်ဘွားတွေက အိမ်ရှင်အဖြစ် ကမကထပြုတဲ့ ပင်လုံညီလာခံ တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး လွတ်လပ်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီညီလာခံကို ဗိုလ်ချုပ်အောင်ဆန်း ရောက်ရှိလို့လာခဲ့ပြီး ဗမာပြည် မြေပြန့်သားနဲ့ပေါင်းပြီး လွတ်လပ်ရေးယူဖို့အတွက် ပင်လုံစာချုပ်တစ်ရပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ သမိုင်းရဲ့လိုအပ်ချက်အရနဲ့ အဲဒီခေတ်က နိုင်ငံရေးထွက်ပေါက်အရ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီပင်လုံသဘောတူညီချက်များကို ပြန်ပြီး ခြုံငုံသုံးသပ်မယ်ဆိုရင်ဖြင့် သျှမ်းနယ်ရှင်စော်ဘွားများ၊ သျှမ်းပြည်လူထု ကိုယ်စား ရ.ပ.လ အဖွဲ့ချုပ်၊ ကချင်နှင့် ချင်းခေါင်းဆောင်များဟာ လွတ်လပ်ရေးအတူတကွ ယူကြမယ်။ လွတ်လပ်ရေး ယူပြီးကြတဲ့နောက် မြန်မာနိုင်ငံတော်သစ်ကို ထူထောင်တဲ့နေရာမှာ ပြည်ထောင်စုစနစ်အရသာ ထူထောင်ကြမယ်။ အဲဒီပြည်ထောင်စုကြီးဟာ နိုင်ငံရေးအရ တန်းတူညီမျှမှုရှိရမယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် အပြည့်အဝရှိစေရမယ်။ ပြည်ထောင်စုကြီးကနေ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ရှိရမယ်ဆိုပြီး သဘောတူညီခဲ့ကြတဲ့အတွက် သမိုင်းဝင် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြတယ်ဆိုတာ လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ဟာ သီးခြား ပြည်ထောင်တွေဖြစ်ကြတဲ့ တောင်တန်းဒေသနဲ့ ဗမာပြည်မြေပြန့်တို့ အဆင့်အတန်းတူ ပူးပေါင်းပြီး အတူတကွ လွတ်လပ်ရေးယူဖို့ ချုပ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုအနေနဲ့ ပူးပေါင်းခြင်းမဟုတ်ဘဲ သီးခြား ပြည်ထောင်များအနေနဲ့ ပူးပေါင်းခဲ့လို့ ပြည်ထောင်စုအဖြစ် ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စာချုပ်ဖြစ်မြောက်ရေးအတွက် ပင်လုံညီလာခံမတိုင်မီ နောက်ဆုံး အပေးအယူလုပ်ခဲ့ကြတဲ့ သဘောတူညီချက်များဟာ ပင်လုံစာချုပ်ရဲ့ စာဖြင့်ရေးသားမထားသော သဘောတူညီချက်များ (Unwritten Agreement) ဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့် ပင်လုံစာချုပ်၏ အခြေခံမူများ၊ ပင်လုံစာချုပ်ရဲ့ အနှစ်သာရများပဲ ဖြစ်ပါတယ်။ အဲဒီအချက်အားလုံးကို ခြုံပြီးတော့ ပင်လုံစိတ်ဓာတ်လို့လည်း ခံယူခဲ့ကြပါတယ်။ စာချုပ်မှာ မဖော်ပြထားပေမယ့်လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့လို့ ရရှိလာတဲ့ သဘောတူညီချက်တွေ၊ စာချုပ်နဲ့ ဆက်စပ်နေတဲ့ သဘောထားတွေ၊ မိန့်ခွန်းတွေ ဆွေးနွေးချက်တွေကိုလည်း ပင်လုံစာချုပ် ပင်လုံပဋိဉာဉ်အဖြစ် အလေးအနက်ခံယူခဲ့ကြပါတယ်။ အနိုင်အရှုံးစာချုပ်မဟုတ် ပင်လုံစာချုပ်ကြောင့်ပဲ ဗမာပြည် မြေပြန့်သား နဲ့ တောင်တန်းသားများဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ကြေညာနိုင်ခဲ့ပါတယ်။ ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်ကြောင့် စစ်မှန်တဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေး အင်အားကို တည်ဆောက်ပေးနိုင်ခဲ့တဲ့အတွက် ဗမာပြည် မြေပြန့်သားနှင့် သျှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည် စတဲ့ တောင်တန်းဒေသနယ်မြေများဟာ တပြိုင်တည်း လွတ်လပ်ရေးကို အမိအရ ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးများဟာ သီးခြားစီ လွတ်လပ်ရေး ရယူပြီး အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ အမျိုးသားနိုင်ငံတော်များ ထူထောင်ခြင်းမပြုခဲ့ဘဲ မိမိတို့ကိုယ်စီ ပိုင်ဆိုင်ထားခဲ့တဲ့ အချုပ်အခြာအာဏာများကို စုပေါင်းလို့ ပြည်ထောင်စုနိုင်ငံတော်အဖြစ် အတူတကွ ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပင်လုံစာချုပ်အရ ဗမာပြည် မြေပြန့်သားနဲ့ တောင်တန်းသားတို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ကြေညာနိုင်ခဲ့သလို ပင်လုံကတိကဝတ်နဲ့ ပင်လုံစာချုပ်အရ တိုင်းရင်းသားအချင်းချင်းကြားမှာ စစ်မှန်တဲ့ အမျိုးသားသွေးစည်းညီညွတ်မှုကို ရရှိစေခဲ့ပါတယ်။ အဲဒီအချက်ကို ကြည့်ခြင်းအားဖြင့် တောင်တန်းဒေသတစ်ခုလုံးဟာ လက်နက်အားကိုးဖြင့် ပြည်ထောင်စုအတွင်း အတင်းအကျပ် သွတ်သွင်းခံရခြင်းမဟုတ်ဘဲ တန်းတူရေးမူအရ၊ ပင်လုံစိတ်ဓာတ်အရ၊ ပင်လုံကတိကဝတ်များအရ ပူးပေါင်းပါဝင်လာခြင်းဖြစ်ကြောင်း အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပင်လုံစာချုပ်ဟာ အနိုင်အရှုံးစာချုပ်တစ်ရပ် မဟုတ်ပါဘူး။ တန်းတူရည်တူ ချုပ်ဆိုခဲ့တဲ့ စာချုပ်တစ်ရပ် ဖြစ်ပါတယ်။ ဒါ့အပြင် ပင်လုံစာချုပ်အရ ပြည်ထောင်များအချင်းချင်း အတူတကွ လွတ်လပ်ရေးကို ရယူခဲ့တဲ့ အတွက်ကြောင့်လည်း လူမျိုးကိုကိုယ်စားပြုတဲ့ စာချုပ်မဟုတ်ဘဲ နယ်မြေကို ကိုယ်စားပြုတဲ့ စာချုပ်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဗမာကျွန်မဖြစ်စေလို ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် မိမိရဲ့ပုဂ္ဂိုလ်ရေးအရှိန်အဝါ နိုင်ငံရေးသြဇာကို အသုံးပြုပြီး တောင်တန်းဒေသခေါင်းဆောင်များနဲ့ ပြည်သူလူထုတွေကို ကတိကဝတ်တွေ အများကြီး ပေးခဲ့ပါတယ်။ လူထုအစည်းအဝေးတွေမှာ ညီလာခံတွေမှာ တိုင်းပြုပြည်ပြုလွှတ်တော်မှာ သမိုင်းဝင်မိန့်ခွန်းတွေကို ရဲဝံ့စွာပြောကြားပြီး တိုင်းရင်းသား ခေါင်းဆောင်များနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပါတယ်။ ၁၉၄၇ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ တောင်တန်းဒေသညီလာခံ စတင်ကျင်းပတဲ့နေမှာပဲ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောတဲ့အခါ ဗမာလူမျိုးတွေက ဗြိတိသျှကျွန် မဖြစ်လိုတဲ့အကြောင်း၊ အဲဒီလိုပဲ တောင်တန်းသားတွေအနေနဲ့လည်း ဗမာကျွန်အဖြစ် မဖြစ်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။ ၁၉၄၆ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း မြစ်ကြီးနားကို ရောက်တဲ့အခါ ကချင်ဒူဝါတွေက မေးကြပါတယ်။ ကချင်လူမျိုးတွေဟာ လူနည်းစုဖြစ်တယ် ဗမာလူများစုရဲ့ အနိုင်ကျင့်မှာကို စိုးရိမ်တဲ့အကြောင်း ဒါကြောင့် ဖဆပလ အဖွဲ့ချုပ်ကို တာဝန်ယူနိုင်မလားလို့ မေးကြတဲ့အခါ သူ့အနေနဲ့ လုံးဝတာဝန်ယူတဲ့အကြောင်း တကယ်လို့ ဖဆပလ ကို မပြောနိုင်ခဲ့ရင် သူကိုယ်တိုင် ဖဆပလ အဖွဲ့ချုပ်က နုတ်ထွက်ပြီး သီးသန့် ကချင်သမ္မတနိုင်ငံတော် ထူထောင်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာ ပါဝင်သွားမယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ဗမာများကို အင်္ဂလိပ်က အုပ်ချုပ်တာကို မလိုလားကြောင်း၊ အဲဒီလိုပဲ ဗမာတွေက ကချင်တွေအပေါ် အုပ်ချုပ်တာကို မလိုလားတဲ့အကြောင်း၊ ကချင်တို့ရဲ့ဒေသကို ဗမာများ ဝင်ရောက်စွက်ဖက်မှာ မဟုတ်သလို ကချင်ဒေသကို ကချင်တွေကပဲ လွတ်လပ်စွာ အုပ်ချုပ်ရမှာဖြစ်တယ်လို့ ကတိကဝတ်ပြု ခဲ့ပါတယ်။ အဲဒီနောက် ၁၉၄၆ ဒီဇင်ဘာ ၂၃ မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ လွိုင်ကော်မြို့ ဓမ္မာရုံမှာ ပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို ရောက်လာတဲ့အခါမှာလည်း အင်္ဂလိပ်ပေးထားတဲ့ ကရင်နီပြည်ရဲ့ လွတ်လပ်ရေးဟာ ပြည့်ဝတဲ့ လွတ်လပ်ရေးလို့ မဆိုနိုင်ကြောင်း၊ ဗမာပြည်ရရှိမယ့် လွတ်လပ်ရေးဟာ အပြည့်အဝ လွတ်လပ်မှုရှိမှာဖြစ်ကြောင်း၊ ကရင်နီပြည် အနေနဲ့ ဖွဲ့စည်းတော့မယ့် ပြည်ထောင်စုဗမာနိုင်ငံမှာ ပြည်နယ်တစ်ခုအဖြစ် ပါဝင်ရင် ကရင်နီပြည်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝရရှိစေမှာဖြစ်ကြောင်း၊ ကရင်နီပြည်သူပြည်သားတွေကပဲ တိုက်ရိုက်ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိစေမယ်ဆိုတဲ့အကြောင်း ကတိပေးပြောကြားခဲ့ပါတယ်။ ၁၉၄၇ ဇွန် ၁၃ မှာ ကျင်းပပြုလုပ်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးမှာ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် မိန့်ခွန်းပြောတဲ့အခါမှာ ကျနော်တို့ သျှမ်း၊ ကချင်၊ ချင်း တောင်တန်းဒေသသားတွေဟာ အင်္ဂလိပ်နယ်ချဲ့စနစ်အောက်က လွတ်မြောက်ဖို့အတွက် ဗမာပြည် မြေပြန့်သားနဲ့ ပူးပေါင်းသွေးစည်းနေရတဲ့ အချိန်ဖြစ်တယ်။ ဗမာတွေဟာ တို့ထက်ပိုပြီး လူလည်းများတယ်။ ဉာဏ်လည်းသာတယ်။ ဒီတော့ တစ်နေ့နေ့မှာ မတော်တဆများ တို့ကို လူမျိုးငယ်ဆိုပြီး ဖိနှိပ်စော်ကား လုပ်များနေမလားဆိုပြီး တွေးပူစိုးရိမ်မိတဲ့အကြောင်း ထည့်သွင်းပြောသွားခဲ့သလို ကျနော်တို့ အင်မတန်မြတ်နိုးတဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲထွက်လိုပါက ခွဲထွက်နိုင်ခွင့်တွေကိုများ ထိပါးကျူးကျော်ခံရလေမလားလို့ စိုးရိမ်တာဟာလည်း ကျနော်တို့ မလွန်ဘူးဆိုတဲ့အကြောင်းနဲ့ အင်္ဂလိပ်ကျွန်ဘဝကနေ လွတ်ပြီး ပခုံးပြောင်းအဖြစ် ဗမာတွေရဲ့ ကျွန်ဖြစ်သွားမှာကို မလိုချင်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ |
ပင်လုံစိတ်ဓာတ် |
၁၉၄၇ ဇွန်လ ၁၆ မှာ အဲဒီညီလာခံမှာပဲ ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသ တိုင်းရင်းသားလူမျိုးများ အနေနဲ့ စိုးရိမ်စရာ အလျဉ်းမရှိကြပါနဲ့၊ မိမိတို့လက်ခံထားခဲ့တဲ့ သဘောတူညီချက်များဟာ not only the letter of agreement သာမကဘဲ the spirit of agreement ဖြစ်တယ်ဆိုတဲ့အကြောင်း၊ မိမိပေးထားတဲ့ ကတိ၊ နားလည်ပြီးတဲ့ သဘောတူညီချက်တွေကို နယ်ချဲ့သမားတွေလို ဖောက်ဖျက်ခြင်းလုပ်မှာ မဟုတ်တဲ့အကြောင်း၊ ဒီလိုပေးထားပြီးတဲ့ ကတိ၊ နားလည်ပြီးသား သဘောတူညီချက်တွေကို ဖောက်ဖျက်မှာလားလို့ သံသယရှိနေတဲ့ လူတွေဟာ ကျနော်တို့ရဲ့ sense of honor, sense of self-respect, sense of pride ကို စော်ကားတာနဲ့ အတူတူပဲလို့ ယူဆတဲ့အကြောင်း၊ ကျနော်တို့ ဗမာလူမျိုးစုများဖြစ်တဲ့ လူတွေက ခင်ဗျားတို့ သဘောမတူဘဲ မနေနိုင်တဲ့အခြေအနေမျိုးကို လက်တစ်လုံးခြား လိမ်တဲ့နည်းနဲ့လည်း ကျနော်တို့က မလုပ်ဘူးဆိုတာကို အတိအလင်း နားလည်ထားစေချင်တဲ့အကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။ ဒီဖော်ပြချက်တွေဟာ ပင်လုံစိတ်ဓာတ်ကို မီးမောင်းထိုးပြခဲ့တဲ့ အချက်တွေပဲဖြစ်ပါတယ်။ ပင်လုံစိတ်ဓာတ် ဆိုတာက ၁၉၄၇ ဖေဖော်ဝါရီ ၁၂ မှာ ပင်လုံမှာ ချုပ်ဆိုခဲ့ကြတဲ့ ပင်လုံစာချုပ်အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေအကြား အခိုင်အမာ အပြန်အလှန် ကတိပေးခဲ့ကြတဲ့ ကတိကဝတ်များနဲ့ သဘောတူညီချက်များကို လိုက်နာ စောင့်ထိန်းမယ် အတူတကွ အကောင်အထည် ဖော်သွားမယ်ဆိုတဲ့ စိတ်ဓာတ်ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ |
၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ |
သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ ခေါင်းဆောင်အချို့ဟာ ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့မှာ အတွင်းဝန်များရုံး၌ အစည်းအဝေးကျင်းပနေစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဗိုလ်ချုပ်ကျဆုံးပြီးတဲ့နောက် ၁၉၄၇ စက်တင်ဘာ ၂၄ မှာ တိုင်းပြည်ပြုလွှတ်တော်ကနေပြီး ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြု ပြဌာန်းခဲ့ပါတယ်။ တိုင်းပြည်ပြုလွှတ်တော်မှာ သျှမ်းပြည်က ကိုယ်စားလှယ်တွေဟာ လွတ်လပ်ရေးအတွက် ဇောကြီးနေတာက တစ်ကြောင်း၊ နိုင်ငံရေးအတွေ့အကြုံ နုနယ်သေးတာကတစ်ကြောင်း၊ ဗမာနိုင်ငံရေးခေါင်းဆောင် များအပေါ် ယုံကြည်အားထားမှု လွန်ကဲနေတာက တစ်ကြောင်းတို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခပ်လွယ်လွယ်ပဲ သဘောတူခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက လွတ်လပ်ရေးအတွက်ပဲ အရေးကြီးနေတဲ့အတွက် တိုင်းပြည်ပြု လွှတ်တော်ရဲ့ အဓိကတာဝန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြုဖို့ပဲဖြစ်နေပါတယ်။ ဒါ့အပြင် ၁၉၄၇ အခြေခံဥပဒေမူကြမ်းပါအချက်တွေကို အချေအတင် မဆွေးနွေးနိုင်ခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ အချိန်မလုံလောက်ခြင်းပဲ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်လာတဲ့အခါမှာတော့ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ လူမျိုးစုတွေအနေနဲ့ ကန့်သတ်ဖော်ပြထားသလောက်ကိုသာ အုပ်ချုပ်ရေးအာဏာရရှိကြပြီး ပင်လုံစာချုပ်ပါ ဆိုလိုရင်းအနှစ်သာရနဲ့ ကွဲလွဲလာခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာတော့ ဖဆပလ အစိုးရဟာ ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို လိုက်နာဖို့ တဖြည်းဖြည်း ပျက်ကွက်လာခဲ့ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ ပြည်ထောင်စုအစိုးရနဲ့ တိုင်းရင်းသားများအကြား အာဏာခွဲဝေမှု မညီမျှခြင်းကြောင့် မကျေနပ်ချက်များ ပေါ်ပေါက်လာခဲ့ပြီး ပြည်တွင်းစစ် စတင် ဖြစ်ပွားခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက အာဏာရရှိထားတဲ့ ဖဆပလ အစိုးရဟာ ဝါဒရေးရာ ပဋိပက္ခတွေကိုလည်းကောင်း၊ တိုင်းရင်းသား လူမျိုးစုအရေးကို လည်းကောင်း ကျေကျေလည်လည် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြေရှင်းရမယ့်အစား ဗဟိုချုပ်ကိုင်မှုကို အားပြုလျက် အင်အားသုံး ဖြေရှင်းခဲ့ပါတယ်။ နိုင်ငံရေးပြဿနာကို ဆေးမြီးတိုနည်းဖြင့် ဖြေရှင်းခဲ့တဲ့အတွက် ပြည်တွင်းစစ်မီးဟာလည်းပဲ အရှိန်ရလာခဲ့ပါတယ်။ ပြည်ထောင်စုဟန်ဆောင် တစ်ပြည်ထောင်နိုင်ငံတော် တိုင်းရင်းသားလူမျိုးစုတွေဟာ တန်းတူညီမျှတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ် အားကိုးအားထားပြုခဲ့ပေမယ့်လည်း ဗိုလ်ချုပ်ကျဆုံးသွားတဲ့အခါ အဲဒီ မျှော်လင့်ချက်တွေဟာလည်းပဲ မှုန်ဝါးခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေး အခြေခံကို တောင်တန်းဒေသ လူမျိုးစုခေါင်းဆောင်များနဲ့ ညှိနှိုင်းပြီး ချမှတ်ခဲ့သော်ငြားလည်း ဦးနုခေါင်းဆောင်တဲ့ ဖဆပလ အစိုးရဟာ အသွင်အားဖြင့်တော့ ပြည်ထောင်စု (Federal State) လက်တွေ့အားဖြင့် တစ်ပြည်ထောင် (Unitary State) ဖြစ်တဲ့ အမည်ခံပြည်ထောင်စုဖွဲ့စည်းပုံကိုသာ ရေးဆွဲစေခဲ့ပါတယ်။ လွတ်လပ်ရေး အလျင်အမြန်ရရှိဖို့နဲ့ ခိုင်မာတဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကိုသာ အသားပေးတဲ့ ဗမာ့နိုင်ငံရေးခေါင်းဆောင်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိက ရေးဆွဲခဲ့ကြတဲ့ ဥပဒေပညာရှင်များဟာ မြန်မာနိုင်ငံရဲ့ လူမျိုးစုရေးရာကိစ္စအပေါ်မှာ လေးလေးနက်နက် စဉ်းစားဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ဖက်ဒရယ်မူ ခေါ် သျှမ်းမူ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မူလရည်မှန်းထားသလို ပြည်ထောင်စုစစ်စစ် ဖွဲ့စည်းပုံမဟုတ်ခြင်း၊ တစ်နည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုပုံစံမဟုတ်ခြင်း စတဲ့အကြောင်းတရားတွေကြောင့် ပြည်ထောင်စုသက်တမ်း ၁၃ နှစ်ကျော်ကာလအတွင်းမှာ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပြည်နယ်ပြည်မ ဆက်ဆံရေးတွေမှာ အကျပ်အတည်းပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုလာတဲ့အတွက် သျှမ်းခေါင်းဆောင်များ ဦးဆောင်ပြီး ၁၉၆၁ ဇွန်လ တောင်ကြီးမှာပြုလုပ်တဲ့ ပြည်နယ်ပေါင်းစုံညီလာခံကြီးမှာ “ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း” ကို ပြည်နယ်များညီညွတ်ရေးအဖွဲ့က တင်သွင်းခဲ့ပါတယ်။ ဖက်ဒရယ်မူ ခေါ် သျှမ်းမူလို့ လူသိများပါတယ်။ အဲဒီစာတမ်းမှာ ပါဝင်တဲ့ အဓိကအချက်တွေကတော့ (၁) ဗမာပြည်နယ်ဖွဲ့စည်းရေး (၂) ပြည်ထောင်စုလွှတ်တော်နှစ်ရပ်အား အာဏာတူပေးရေး (၃) လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်း ညီမျှသော ကိုယ်စားလှယ်စေလွှတ်ရေး (၄) ကြွင်းကျန်အာဏာများကို ပြည်နယ်သို့ လွှဲအပ်ရေး (၅) ပြည်ထောင်စုဘဏ်ဏ္ဍာတော် မျှတစွာခွဲဝေရေး တို့ပဲဖြစ်ပါတယ်။ ဖက်ဒရယ်မူ ပေါ်ပေါက်လာပုံကို လေ့လာကြည့်တဲ့အခါ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်၊ ပျော့ကွက်ဟာကွက်တွေကို လေ့လာပြီး ပုဒ်မတစ်ခုချင်းစီ ပြင်ဆင်တာထက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲခြင်းက ပို၍ကောင်းမွန်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၆၂ ဖေဖော်ဝါရီ ၂၄ မှာ ရန်ကုန် ပြည်လမ်းရှိ အသံလွှင့်ရုံ၌ ဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး လူမျိုးပေါင်းစုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဝန်ကြီး စဝ်ခွန်ချိုက ပြည်နယ်များညီညွတ်ရေးအဖွဲ့ကိုယ်စား ၎င်းတို့လိုလားတဲ့ ပြည်ထောင်စုမူကို တင်ပြခဲ့ပါတယ်။ ဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး သျှမ်းခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များရဲ့ အဆင့်ဆင့်သော တင်ပြဆွေးနွေးချက်များဟာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်တဲ့ လုပ်ရပ်များသာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဖက်ဒရယ်မူကို တင်ပြတဲ့အထဲမှာ ခွဲထွက်ရေးဆိုတာ တစ်လုံးတစ်ပါဒမှ မပါခဲ့သလို သျှမ်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များရဲ့ ဆန္ဒသဘောထားကို လေ့လာတဲ့အခါမှာလည်း ပြည်ထောင်စုကြီးကနေ ခွဲထွက်လိုတဲ့၊ ပြည်ထောင်စုကြီးကို ပြိုကွဲစေလိုတဲ့ စိတ်ဆန္ဒများ လုံးဝမရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုတင်ပြတယ်ဆိုတာကလည်း နိုင်ငံသားများရဲ့ အခွင့်အရေး တစ်ရပ်လည်း ဖြစ်ပါတယ်။ ပြည်ထောင်စုပြိုကွဲရေးမူလား ဒါပေမယ့်လည်း ၁၉၆၂ ခု မတ်လ ၂ ရက်နေ့မှာ ပြည်ထောင်စုစစ်စစ်မူကို ပြည်ထောင်စုပြိုကွဲရေးမူ ဖြစ်တယ်လို့ အကြောင်းပြပြီး ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီက ပြည်ထောင်စုအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီတိုင်းပြည်အဖြစ် ၁၀ နှစ်ကျော် ရပ်တည်ခဲ့ပြီးတဲ့နောက် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး နယ်ပယ်ဘောင်အတွင်းကို စစ်တပ်က ဝင်ရောက်ပါဝင်လာတဲ့နောက်ပိုင်း ဒီမိုကရေစီအခြေခံများ ပျက်စီးခဲ့ရပါတယ်။ ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးလမ်းစဟာလည်းပဲ မှေးမှိန်ပျောက်ကွယ် သွားခဲ့ရပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်များဟာ ၁၉၇၄ ဇန်နဝါရီ ၃ ရက်နေ့မှာ တစ်ပါတီအာဏာရှင်စနစ်ကို အခြေခံတဲ့ ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းပြီး ၁၉၄၇ အခြေခံဥပဒေနေရာမှာ အစားထိုးလိုက်ပါတယ်။ ဒီမိုကရေစီစနစ် အခြေခံများနဲ့ ဒီမိုကရေစီအနှစ်သာရ မပါရှိတဲ့ ဥပဒေများနဲ့ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ရာ အာဏာရှင်စနစ်ဟာလည်း ခိုင်မာကြီးထွားလာခဲ့ပါတယ်။ ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီအာဏာရှင်စနစ်ရဲ့အောက်မှာ တိုင်းရင်းသား လူမျိုးစုများ သာမက ပြည်သူလူထုတစ်ရပ်လုံးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆုံးရှုံးခဲ့ကြပါတယ်။ တစ်ဆက်တည်းမှာပဲ ပြည်သူလူထု စားဝတ်နေရေး ကျပ်တည်းလာခြင်း၊ တရားရေးမဏ်ဏ္ဍိုင်တွင် အကျင့်ပျက်ခြစားမှုများ လွှမ်းမိုးလာခြင်း၊ တိုင်းရင်းသားလူမျိုးစုများ ဖိနှိပ်ခံရခြင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် အထီးကျန်ဖြစ်လာခြင်း စတဲ့ အထွေထွေ ကျပ်တည်းမှုများနဲ့ ကြုံတွေ့လာခဲ့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့လူထုဆန္ဒကို အလေးမပေးတဲ့အတွက် ၁၉၈၈ ခုနှစ်မှာ ကြီးမားကျယ်ပြန့်တဲ့ လူထုအုံကြွဆန့်ကျင်မှု ပေါ်ပေါက်လာခဲ့ပြီး မဆလ အစိုးရပြုတ်ကျခဲ့ပါတယ်။ ၁၉၈၈ စက်တင်ဘာ ၁၈ မှာ တပ်မတော်က အာဏာသိမ်းယူလိုက်ပြီး တိုင်းပြည်ဟာ စစ်အုပ်ချုပ်ရေးအောက်ကို တဖန်ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ စစ်အစိုးရဟာ ၎င်းတို့အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး တိုင်းရင်းသားအခွင့်အရေးကင်းမဲ့နေတဲ့ လူထုဆန္ဒမပါဝင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကျပ် အတည်ပြုခဲ့ပါတယ်။ အဲဒီတုန်းက SNLD ပါတီဟာ စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပေမယ့်လည်း တိုင်းရင်းသားအခွင့်အရေးကို လျစ်လျူရှုတဲ့ ညီလာခံဖြစ်တဲ့အတွက် ၂၀၀၃ မှာ ညီလာခံကနေ ထွက်ခွာခဲ့ပါတယ်။ အာဏာရှင်အုပ်စိုးသူ အဆက်ဆက်အောက်မှာ တိုင်းရင်းသားတွေအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲပေါ်မှာ ဖြေရှင်းခွင့်မရခဲ့တဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကို မျက်နှာမူလာခဲ့ကြရပါတယ်။ တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ရတဲ့ အကြောင်းရင်းတွေထဲမှာ စီးပွားရေး၊ လူမှုရေး၊ သမိုင်းကြောင်း၊ ပထဝီနိုင်ငံရေး၊ ပြည်တွင်းနိုင်ငံရေး၊ ပြည်ပနိုင်ငံရေး စတဲ့ အကြောင်းတရားပေါင်းစုံ ရောယှက်ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အစိုးရအဆက်ဆက်နဲ့ တိုင်းရင်းသားလူမျိုးစုတွေအကြား စေ့စပ်ဆွေးနွေးညှိနှိုင်းခြင်းကို နိုင်ငံရေးနဲ့ စစ်ရေး အမြတ်ထုတ်ဖို့သက်သက်ပဲ ဆောင်ရွက်ခဲ့တဲ့အတွက် ပဋိပက္ခများကို ဖြေရှင်းတဲ့နေရာမှာ ပိုမိုရှုပ်ထွေးလာခဲ့ပြီး သိမ်မွေ့အကဲဆတ်လာခဲ့ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အတွေးနှစ်မျိုး ယနေ့ကာလမှာတော့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ကြမယ့်နေရာမှာ အခြေခံအတွေးနှစ်ရပ်ကို တွေ့ရှိရပါတယ်။ ပထမအတွေးကတော့ လက်ရှိ တိုင်းဒေသကြီး ရ ခုနဲ့ ပြည်နယ် ရ ခုကို အခြေခံမယ့် ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ ဖြစ်ပါတယ်။ ပထဝီအနေအထားအပေါ် အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပုံစံလို့ ပြောရမှာဖြစ်ပါတယ်။ ဒီပြည်ထောင်စုပုံစံရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ဦးတည်ပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့ဖြစ်ပါတယ်။ ဒုတိယအတွေးကတော့ ဗမာလူမျိုးတွေအတွက် သီးခြားပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပြီး ပြည်နယ် ၈ ပြည်နယ် ပါဝင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပုံစံလို့ ပြောရမှာဖြစ်ပါတယ်။ ဒီပြည်ထောင်စုပုံစံရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးကို ဦးတည်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ဖြစ်ပါတယ်။ အဲဒီလို ထူထောင်သွားဖို့ စိတ်ကူးထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့ဟာ မဖြစ်မနေ ထည့်သွင်းသွားရမယ့် အခြေခံမူများဖြစ်သလို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး တို့ဟာလည်း မရှိမဖြစ် ပါဝင်ရမယ့် အခြေခံမူများပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွင်းမှာ မလွဲမသွေပါဝင်ရမယ့် အခြေခံမူများကို ပေါင်းစပ်ကြတဲ့နေရာမှာ အဟန့်အတားဖြစ်နေ တာကတော့ အထက်ကပုံစံနှစ်မျိုးကို အသေဆုပ်ကိုင်ပြီး ရှုမြင်သုံးသပ်နေကြတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ပြန်လည်ဖော်ထုတ်အပ်သော ပင်လုံစိတ်ဓာတ် ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးဟာ ဒွန်တွဲနေသလို တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်ဘဲနဲ့ ငြိမ်းချမ်းရေးကို မရနိုင်ပါဘူး။ တိုင်းရင်းသားပဋိပက္ခ စတင်ပေါက်ဖွားလာရတဲ့ အကြောင်းတရားကို ခြေရာခံကြည့်တဲ့ နေရာမှာ ပင်လုံကတိကဝတ်များကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက်ကြောင့်ဆိုတာ ထင်ရှားစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင် ကျင်းပပြုလုပ်မယ့် ၂၁ ရာစု ပင်လုံညီလာခံကြီးဟာလည်း တောင်တန်းဒေသနဲ့ ဗမာပြည် မြေပြန့်သားအကြား ထားရှိခဲ့တဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည်ဖော်ထုတ်ပြီး ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်မယ့် ညီလာခံအဖြစ် ပုံဖော်သင့်ပါတယ်။ အရပ်သားအစိုးရက ဦးဆောင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံဟာ ပင်လုံစိတ်ဓာတ်ကို ပျက်စီးစေမယ့်၊ ပင်လုံအနှစ်သာရကို ဖုံးကွယ်စေမယ့် ညီလာခံမျိုးမဖြစ်သင့်ပါဘူး။ ပြည်ထောင်စုအဖြစ် ပေါ်ထွန်းလာစေခဲ့တဲ့ သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို နိုင်ငံရေးအရ၊ ဥပဒေကြောင်းအရ၊ တရားဝင်မှုကို ပစ်ပယ်ခြင်းသည် ပြည်ထောင်စုကို ဖျက်ဆီးခြင်းပင်ဖြစ်တယ်ဆိုတာကို ဤနေရာမှ တင်ပြလိုပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးရှုထောင့် မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရကတည်းကရင်း ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ နေရာမှာ တစ်ပါတီအာဏာရှင်စနစ်နဲ့ အစားထိုးခံခဲ့ရတဲ့အခါ ဒီမိုကရေစီရှင်သန်ခွင့်ဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် စစ်အုပ်ချုပ်ရေးစနစ်အောက်မှာ ဒီမိုကရေစီအခွင့်အရေးဟာ ကျဆုံးသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ စစ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ရုန်းကန်နေရတုန်း ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံမှာ လွှတ်တော်အသစ်နဲ့ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာတယ်လို့ ဆိုပေမယ့်လည်း အရပ်သားအသွင်ပြောင်း စစ်ခေါင်းဆောင်တွေကပဲ အာဏာကို ဆက်လက်ချုပ်ကိုင်ထားခဲ့တဲ့အတွက် ဒီမိုကရေစီရေးဟာ အေးစက်နေခဲ့ပါတယ်။ အံ့ဖွယ်သူရဲအောင်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးတဲ့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်လို့ ကြွေးကြော်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့အတူ လွှတ်တော်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း လွှတ်တော်ထဲမှာ နေရာယူထားတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းအပြင် နေရာအများစုကို ရရှိထားတဲ့ ကြံ့ခိုင်ရေးပါတီကြောင့် အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ လွှတ်တော်ထဲမှာ အချိန်ကုန်ခဲ့ပါတယ်။ သိပ်မကြာပါဘူး။ ဒီအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်တဲ့အနေအထားဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြည်သူလူထုကြီးရဲ့ တစ်ခဲနက် မဲပေးရွေးချယ်မှုကြောင့် NLD ပါတီဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒနယ် အများအပြားမှာ အံ့ဖွယ်သူရဲ အောင်ပွဲကို ရရှိခဲ့ပါတယ်။ တစ်ဖက်ရဲ့ အစီအစဉ်တကျ အကွက်ချထားတဲ့ ကစားပွဲအောက်ကနေ လွတ်ထွက်သွားပြီး တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ NLD ပါတီဟာ အရပ်သား ဦးဆောင်တဲ့ အစိုးရသစ်တစ်ရပ်ကို အခြားအင်အားစုများနဲ့ ပူးပေါင်းစရာမလိုဘဲ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးရဲ့ ခြေလှမ်းအစကို စတင်လှမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ စိန်ခေါ်မူကြားက NLD အစိုးရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မောင်းနှင်မယ့် NLD အစိုးရသစ် ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာတွေကတော့ စိန်ခေါ်မှုများစွာနဲ့ ပြည့်နှက်နေပါတယ်။ တရားဥပဒေစိုးမိုးမှု၊ အကျင့်ပျက်ခြစားမှုနဲ့ တိုင်းရင်းသားအရေးတွေက ဒီိမိုကရေစီနောက်ပြန်လှည့်အောင် ခြိမ်းခြောက်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြင်ဆင်ရန် အလွန့်အလွန် ခက်ခဲတဲ့ ဥပဒေဖြစ်သလို တိုင်းရင်းသားပြဿနာကို ပိုမိုရှုပ်ထွေးစေတဲ့ ဥပဒေဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တပ်မတော်ကို အထူးအခွင့်အရေးပေးထားသလို တပ်မတော်ကလည်း ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်နေတဲ့ အခြေအနေအောက်မှာ အရပ်သားအစိုးရအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ချဉ်းကပ်ရင်း တစ်ဖက်မှာလည်း ဗဟိုချုပ်ကိုင်မှုလျော့ချရေး အစီအစဉ်တွေကို ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အပယ်ခံတိုင်းရင်းသားဆန္ဒ စစ်အစိုးရလက်ထက်တုန်းက တိုင်းရင်းသားတွေဟာ မိမိတို့ အမျိုးသားဝတ်စုံကို ဝတ်ပြီး ဆိုကရေးတီးပွဲမှာ ဗမာသီချင်းသီဆိုခိုင်းပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုအဖြစ် ပုံဖော်ခံခဲ့ရသလို ယနေ့အချိန်တိုင်အောင်လည်း တိုင်းရင်းသားစာပေဟာ လမ်းဘေးမှာတောင် ဖော်ပြခွင့်မရသေးတဲ့အခြေအနေဟာ လွန်စွာ ဝမ်းနည်းစရာ ကောင်းပါတယ်။ တိုင်းရင်းသားတွေရဲ့ တည်ရှိမှုနဲ့ အမျိုးသားဂုဏ်သိက္ခာအတွက် စိုးရိမ်ဖွယ်ရာလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ ပကတိဆန္ဒကို နားလည်အောင် ကြိုးစားရမှာဖြစ်သလို တိုင်းရင်းသားတွေရဲ့ တရားတဲ့ရပိုင်ခွင့်တွေကို လေးစားအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့လည်း နိုင်ငံတည်ဆောက်ရေးမှာ NLD အစိုးရကို ဝိုင်းဝန်းကူညီဖို့ လိုသလို ဒီမိုကရေစီရှင်သန်ရေးနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ထွန်းကားဖို့ ကိုလည်း ကြိုးပမ်းအားထုတ်ဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ရဲ့ ပကတိအခြေအနေ မြန်မာနိုင်ငံဟာ ရာစုနှစ်တစ်ဝက်ကျော်လောက် ဒီမိုကရေစီကင်းမဲ့တဲ့ ကာလကို ဖြတ်သန်းခဲ့ရတဲ့အတွက် ကျရှုံးတိုင်းပြည် (Fail State) အဖြစ်ကို ဦးတည်နေပါတယ်။ သဘာဝသယံဇာတတွေ ကုန်ခမ်းလာနေပြီး ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်စာရင်းကနေ ယခုအချိန်ထိ လွတ်မြောက်နိုင်ခြင်း မရှိသေးပါဘူး။ ချွတ်ခြုံကျနေတဲ့ ဒီတိုင်းပြည်အတွက် အခြေခံအဆောက်အဦတွေ မြှင့်တင်ပေးဖို့ အရေးတကြီး လိုအပ်နေသလို လူသားအရင်းအမြစ်တွေက အရည်အချင်း ကျဆင်းနေပြီး Institution တွေက ပျက်စီးနေပါတယ်။ မျိုးချစ်စိတ်ဓာတ်တွေ အလွန်အမင်း ဖောင်းပွနေပြီး ပြည်ထောင်စုစိတ်ဓာတ်တွေ ကင်းမဲ့နေပါတယ်။ တစ်တိုင်းပြည်လုံး အကျင့်ပျက်ခြစားမှု တွေက နေရာတိုင်းမှာ ခိုင်မာအားကောင်းနေဆဲ ဖြစ်ပါတယ်။ ပြည်ထောင်စုအရေး အလေးပေး ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားလာစေဖို့၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု တည်ငြိမ်ချောမွေ့စေဖို့အတွက် တိုင်းရင်းသားများက ပါဝင်ကူညီဖို့ လိုပါတယ်။ နိုင်ငံရေးအင်အားစုအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်။ နိုင်ငံသူနိုင်ငံသားအားလုံးက အားပေးဖို့ လိုပါတယ်။ ဒါမှသာ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ပြည်ထောင်စု အမွေကောင်းတွေကို ချန်ထားရစ်နိုင်မှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးနဲ့ လူမျိုးတစ်မျိုးကြား ပဋိပက္ခတွေကို ချန်ထားရစ်တာထက် သာယာဝပြောတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် တရားမျှတမှု၊ တန်းတူမှုဆိုတဲ့ ရေခံမြေခံကောင်းတွေကို ချန်ထားခဲ့ကြဖို့ လိုအပ်နေပါတယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။ စိုင်းနေမင်း(ဆောင်းပါးရှင်) |
|
ခလရ ၉ တပ် အနီး ဒေသခံ၂ ဦးသေဆုံးရသည့်အမှုမှန်ဖေါ်ထုတ်ပေးပါရန် Posted: 10 Jul 2016 10:49 PM PDT သို့ - သျှမ်းသံတော်ဆင့် အယ်ဒီတာမှတဆင့် ဆိုင်ရာအာဏာပိုင်များသို့
ခလရ ၉ တပ် အနီး ဒေသခံ နှစ် ဦးသေဆုံးရသည့် အမှုမှန်ဖေါ်ထုတ်ပေးပါရန်ကိစ္စ လဲချားမြို့နယ် ၊ စလိုင်းခုမ်အုပ်စု ၊ စလိုင်းလွိုင်ရွာနေ စိုင်းရွှေခမ်း (၄၂) နှစ်နှင့် စိုင်းပညာ (၂၈) နှစ် တို့သည် (၂၄-၁၂-၂၀၁၅) ရက်နေ့ ကျေးသီးမြို့သို့လာလည်ရင်း အပြန်တွင် ဆိုင်ကယ်အသစ် (၁၂၅ အမျိုးအစား) တ ယောက် တစီးဝယ်ကာ ကျေးသီးမြို့မှ ညနေ (၀၄းဝဝ)နာရီခန့်တွင် စလိုင်းခုမ်သို့ပြန်သွားသည်ဟု သိရပါ သည် ။ ၄င်းတို့ နှစ်ယောက်သည် ကျေးသီး - မိုင်းနန်း - မိုင်းနောင် မရောက်ခင် လွိုင်နော်တောလမ်းမှစလိုင်းသို့ သွားသည့်လမ်းမှပြန်ကြောင်း သိရှိရပါသည် ။ သို့သော် ၄င်းတို့နှစ်ဦးသည် နေအိမ်သို့ပြန်မရောက်ပဲ လမ်းတွင်ပျောက်ဆုံးခဲ့သည်ဟု သိရှိရသည် ။ ထို အချိန်တွင် မိုင်းနောင်ဒေသအနီးတဝိုက်တွင် အခြေအနေများ မငြိမ်မသက်ဖြစ်နေသောအချိန်ဖြစ်နေပြီး မြန်မာ့တပ်မတော်နှင့်ရှမ်းပြည်တိုးတက်ရေးပါတီ (၀မ်ဟိုင်းတပ်) နှင့် တိုက်ပွဲဖြစ်ပြီး ငြိမ်သက်ကာစ အချိန်ဖြစ် ပါသည်။ မိုင်းနောင်မြို့တွင် သွားရောက်စုံစမ်းသော်လည်း အဆိုပါနှစ်ဦးကို မတွေ့ကြောင်းသာ သတင်းရရှိခဲ့သည် ။ ၄င်းလမ်းတွင်လိုင်းဆွဲနေသော ကားသမားတစ်ဦးမှနေ၍ စလိုင်းခုံကျေးရွာရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ရပ်နားရင်း (မိုင်းနောင်တပ်မှာ စလိုင်းရွာသားနှစ်ဦးရှိတယ် သွားရောက်ခေါ်ယူကြရန် မှာလာကြောင်း) ဆိုတဲ့ သတင်းကြားရသည့်အတွက်ကြောင့် မိုင်းနောင်တပ်စခန်းသို့ သွားရောက်စုံစမ်းခဲ့သော်လည်း ရွာသားများမှာ လည်းကားသမား၏နာမည်နှင့်ကားနံပါတ်များ မှတ်ထားခြင်းမရှိသဖြင့် သက်သေအထောက်ထားပြ စရာမ ရှိဖြစ်ပြီး အဖြေမရရှိခဲ့ပါ။ ဒီလိုနှင့်ဆက်လက်စုံစမ်းခဲ့သော်လည်း သတင်းအစအနများ ပျောက်ဆုံးနေပြီး လွိုင်နော်နားတွင် စစ်ကြောင်းတစ်ကြောင်းနှင့်တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟူသည့် ထင်မြင်ချက် သာရရှိခဲ့ပြီး တိကျခိုင်လုံသည့်အဖြေမရဘဲ ပျောက်ဆုံးလျှက်ရှိသည် ။ သို့ရာတွင် ၁၆-၅-၂၀၁၆ ရက်နေ့ခန့် မိုင်းကောင်ရွာ ဘုန်းကြီးကျောင်း အလှူပွဲလာသော စလိုင်းခုမ်ရွာမှ ဒကာ/ဒကာမများ၊ ဘုန်းတော်ကြီးများ၊ ဦးပဉ္စင်းများ အလှူမှအပြန် မိုင်းနောင်လမ်းခွဲမရောက်ခင် ခလရ(၉) တပ်စခန်းနှင့် မနီးမဝေးတွင် အပေါ့သွားရန် ကားရပ်ပြီး တောထဲဝင်သွားရာ လူအရိုးခေါင်း၊ အရိုးစုများ ၊ အကျ င်္ီများ၊ ဖိနပ်များ၊ အပေါ်ထပ်သားရေအကျ င်္ီ၊ မိုးကာအကျ င်္ီများ တွေ့ရှိခဲ့သည် ။ ၄င်းတွေ့ရှိချက်အပေါ် လိုက်စုံစမ်းရာ ထိုအင်္ကျီနှစ်ထည်မှာ စိုင်းရွှေခမ်းနှင့်စိုင်းပညာတို့၏အကျ င်္ီများဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။ ဤကဲ့သို့အရပ်သားနှစ်ဦး ပျောက်ဆုံးခြင်း၊ ၄င်းတို့အပေါ်ဝတ်အကျ င်္ီများ၊ အရိုးစုများ တွေ့ရှိခြင်းတို့ကြောင့် သူတို့နှစ်ဦးမှာအမှန်တကယ်သေဆုံးသွားပြီဟု ကောက်ချက် ချကြပါသည်။ ဥပဒေသည် တိုင်းရင်းသား ဒေသ များတွင် စိုးမိုးမှုမရှိ သက်ရောက်မှုမရှိဆိုသည့်သဘောပေလား၊ လူတစ်ဦးတယောက်၏အသက်သည် ဒီလို နည်းလမ်းဖြင့် အဆုံးသတ်လိုက်သည်မှာ အလွန်တရာကြေကွဲဖွယ် ၊ ၀မ်းနည်းဖွယ် ဖြစ်နေရသည်။ စားဝတ်နေ ရေးအတွက် သွားလာလှုပ်ရှားနေသော ပြည်သူတို့၏ဘဝ လုံခြုံမှု ဘယ်မှာ ရှိမည်နည်း။ ဤကဲ့သို့ အကြောင်းမဲ့၊ အပြစ်မဲ့အရပ်သား ဌာနေတိုင်းရင်းသားများ သေဆုံးရခြင်းမှာ မည်သူ၏ လက်ချက်ဖြစ် မည်နည်း။ အဘယ်ကြောင့် (မိုင်းနောင်-ကျေးသီးလမ်းခွဲမှာရှိတဲ့) ခလရ(၉) မြန်မာ့တပ်မတော်၏တပ်များနှင့် မနီးမဝေး ကိုက် ၁၀၀ လောက်သာဝေး သောတောထဲတွင် အလောင်းများ တွေ့ရှိရပါသလဲ။ အဖြေရှာမရဖြစ်နေပါသည် ။ ကျေးသီးဒေသခံ |
|
ပျက်စီးနေသည့်နမ့်ခမ်းမြို့တွင်းရှိပြည်ထောင်စုလမ်းမကြီးအားသက်ဆိုင်ရာမှအမြန်ဆုံးပြုပြင်ပေးစေလို Posted: 10 Jul 2016 06:58 PM PDT သို့/သျှမ်းသံတော်ဆင့်
အယ်ဒီတာမှတဆင့်သျှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်စည်ပင်သာယာရေးဌာနတို့သိရှိစေရန်သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့အတွင်းရှိပြည်ထောင်စုလမ်းမ သည် ပျက်စီးထက်ပျက်စီးနေသည်ကိုတွေ့ရပါသည် ။ ထိုသို့ပျက်စီးနေသည်မှာတစ်နှစ်နီးပါးခန့်ရှိခဲ့သော်လည်းသက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့မှလာ ရောက်ပြုပြင်ပေးခြင်းမရှိသေးကြောင်း၊ယခုမိုးရာသီတွင်လမ်းသွားလမ်းလာလုပ်သားပြည်သူများ နှင့်ကျောင်းသူ/သား အတွက်များစွာစိတ်အနှောက်အယှက်ဖြစ်နေရပါသည် ။ နမ်ခမ်းမြို့တွင်းပြည်ထောင်စုလမ်းမကြီးပျက်စီးရသည့်အကြောင်းအရင်းမှာတရုတ်နိုင်ငံဘက်မှစည်းကမ်းမဲ့မောင်းနှင်ပြေးဆွဲနေသည့်တန်ပိုကုန်တင်ယာဉ်များကြောင့်လည်းကောင်း၊တရားမဝင်နမ္မတူမြို့ဘက်မှထွက်ရှိသောသတ္တုကျောက်တင်ကားများမကြာခဏဖြတ်သန်းလာခြင်းစသည်တို့ကြောင့်အဆိုပါပြည်ထောင်စုလမ်း မကြီး ပျက်စီးရပါသည် ။ အထက်ပါဖော်ပြပါအကြောင်းအရာအားသျှမ်းသံတော်ဆင့်သတင်းဌာနမှတဆင့်သျှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်စည်ပင်သာယာရေးဌာနတို့အမြန်ဆုံးသိရှိစေပြီး၎င်းပျက်စီးနေသောပြည်ထောင်စုလမ်းမကြီး အားအမြန်ဆုံးလာရောက်ပြုပြင်ပေးပါရန်ရိုသေလေးစားစွာတောင်းခံလိုက်တယ်ခင်ဗျား ။ မှ- နမ့်ခမ်းဒေသခံများကိုယ်စား (10/7/2016) |
|
အစိမ်းရောင်စွမ်းအင်မူဝါဒချမှတ်နိုင်ရေးကျားခေါင်းအမတ်များတောင်ကြီးမြို့၌ဆွေးနွေး Posted: 10 Jul 2016 06:54 PM PDT သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ချယ်ရီကွင်းဟော်တယ် (Cherry Queen Hotel) ၌စွမ်းအင်နှင့်ပတ်သက် သည့် မူဝါဒများချမှတ်နိုင်ရန်သျှမ်းတိုင်းရင်း သား များဒီမိုကရေစီအဖွဲ့ချုပ် (S.N.L.D) ခေါ် ကျားခေါင်းပါတီမှ အစိမ်းရောင် စွမ်းအင်မူဝါဒချမှတ်ရေးခေါင်းစဉ်ဖြင့်အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည် ။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင်ကျားခေါင်းပါတီမှလွှတ်တော်ကိုယ်စားလှယ်အမတ်များတက်ရောက်ပြီးဂျူလိုင်၉ရက်နေ့မှ ၁၀နှစ်ရက်နေ့အထိ နှစ်ရက်တာဆွေးနွေး မည်ဖြစ်ပြီးလျှပ်စစ်စွမ်းအင်နှင့် ပတ် သက်ပြီး အားနည်းချက် နှင့် အားသာချက်များကို Mekong Energy and Ecology Network (MEE Net) အဖွဲ့မှလာရောက်ဦးဆောင်ေ ဆွးနွေးကြောင်းသိရသည် ။ “ မြန်မာနိုင်ငံကလျှပ်စစ်နဲ့ပတ်သက်ပြီးမူဝါဒတွေမရှိသေးဘူး။ဒါကြောင့်ဒီဆွေးနွေးပွဲကနေနည်းလမ်းရှာပြီးလျှပ်စစ်နဲ့ပတ်သက်တဲ့မူဝါဒတွေ ၊ဥပဒေတွေလွှတ်တော်မှာတင်သွင်းနိုင်အောင်လို့ပါ ” - ဟုလားရှိုး ခရိုင်အမျိုးသား လွှတ်တော်အမတ်စိုင်းဝမ်းလျဲန်းခမ်းကပြောသည် ။ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန်သျှမ်းပြည်တွင်း၌သံလွင်မြစ်ရေကာတာစီမံကိန်းကြီးများရှိကြောင်းရေကာတာစီမံကိန်း၏ကောင်းကျိုးထက်ဆိုးကျိုးပိုမိုများမည်ဖြစ်သည့်အတွက်လွှတ်တော်ကိုယ်စားလှယ်များသိထားသင့်သည့်အတွက်အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်းစိုင်းဝမ်းလျှန်းခမ်းကပြောသည် ။ “လျှပ်စစ်ကလိုအပ်တယ်။အဲ့ဒါကိုထိခိုက်မှုသိပ်မရှိအောင်ကောင်းကျိုးများများရှိပြီးဆိုးကျိုးနည်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာပညာတတ်တွေဘက်က သုတေသနလုပ်ထားတာတွေကိုလာဆွေးနွေး တယ်။ လွှတ်တော်အမတ်တွေစဉ်းစားတွေးခေါ်တတ်ဖို့ဆွေးနွေးတင်ပြတတ်ဖို့ပါ” ဟု၎င်းကပြောသည် ။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကျားခေါင်းပါတီမှ ထိပ်ပိုင်းခေါင်းဆောင် အချို့အပါအဝင် ကျားခေါင်း ပါတီ လွှတ်တော် အမတ်မင်း ၄၀ အနက် စိုင်းထွန်းဉာဏ် ကျောက်မဲနှင့် စိုင်းအောင်ကျော်ဦး ကွန်ဟိန်း တို့ နှစ်ဦးသာပျက်ကွက်သည် ။ |
|
ဗမာလူမျိုးစုများ၏ သမိုင်းကိုသာအဓိကထားသင်ကြားလို့ ပြည်တွင်းစစ်နှစ်ပေါင်း ၆၀ ကျော်ကြာ Posted: 10 Jul 2016 06:49 PM PDT အစိုးရ၏ သမိုင်းပြဌာန်းစာအုပ်များတွင်ဗမာလူမျိုးစုကိုသာ ကိုယ်စားပြုသောသမိုင်းပြဌာန်းချက်များကို အဓိက ဖော်ပြခြင်းမှာ နှစ်ပေါင်းများစွာပြည်မအစိုးရနှင့် မျိုးနွယ်စု တိုင်းရင်းသားများအကြားပြည်တွင်းစစ်ဖြစ်ရခြင်း၏ အစိတ်အပိုင်းတရပ်ဖြစ်သည်ဟု ပါမောက္ခရိုဆယ်လီမက်ထရီက ပြောသည် ။
ဗမာလူမျိုးစုများ၏ သမိုင်းကိုသာအဓိကထားဖော်ပြခြင်းကြောင့်အခြားသော လူမျိုးစု တိုင်းရင်းသားများ ကို အသိမှတ်ပြုဖော်ပြခြင်းမရှိပဲ သမိုင်းကို လိုရာပုံသွင်းဖော်ဆောင်မှုများကိုခေတ်အဆက်ဆက် အစိုးရများက လုပ်ဆောင်ခဲ့သည်ဟု အမေရိကန် ပြည်ထောင်စုမစ်ဆူရီတက္ကသိုလ်မှ ပါမောက္ခက Teaching History To Promote National Reconciliation ခေါင်းစဉ်ဖြင့် ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း ၌ကျင်းပခဲ့သည့် ဟောပြောမှုတွင် ပြောဆိုသည် ။ ' သမိုင်းစာအုပ်တွေနဲ့ကျောင်းပြဌာန်းစာအုပ်တွေမှာ အဓိက ဖော်ပြနေတဲ့ ပဒေသရာဇ်စစ်ဘုရင်ွ ( အနော်ရထာ၊ ဘုရင့်နောင် ) တို့လို ဇာတ်ကောင်တွေ ကျန်တဲ့တိုင်းရင်းသားမျိုးနွယ်စုတွေက ဒုတိယ နိုင်ငံသားနေရာမှာသာ ပါဝင်နေခဲ့တယ်' ဟုပါမောက္ခ ရိုဆယ်လီ မက်ထရီက ပြောသည် ။ ပါလီမန် ဒီမိုကရေစီခေတ်၊ မဆလတစ်ပါတီ အာဏာရှင် အစိုးရ ၊ နဝတ ၊ နအဖ အစိုးရလက်ထက်များ တွင်ကျောင်းသုံးပြဌာန်းစာအုပ်များ`၌ သမိုင်းကို လိုရာသွင်းပုံဖော်ခဲ့ပြီးဗိုလ်ချုပ်အောင်ဆန်းကို အလေးပေးပုံဖော်မှုများမှာ ပါလီမန်ခေတ်အစောပိုင်းကာလကရှိခဲ့သော်လည်း စစ်အာဏာရှင်လက်ထက် ၁၉၆၂ မှစ၍ အနော်ရထာ ၊ ကျန်စစ်သား ၊ဘုရင့်နောင်တို့ကိုသာ အလေးပေးဖော်ပြခဲ့သည် ။ မူလတန်း ၊အလယ်တန်းနှင့် အထက်တန်း ပညာရေးစနစ်တစ်ခုလုံးတွင် ဗမာလူမျိုးများကိုအမွှန်းတင်ထားပြီး ကျန်မျိုးနွယ်စုများအပေါ် ပုံဖော်မှုနည်းပါးခဲ့ကာ နအဖအစိုးရလက်ထက်ကဆိုရင် ထိုင်း ကို အဓိကရန်သူအဖြစ် ဖော်ပြလာခဲ့ပြီး ၄င်းနှင့်မျိုးနွယ်ခြင်းဆက်စပ်မှုရှိသော ရှမ်းမျိုးနွယ်စုများ မိမိကို မိမိခေါ်ဝေါ်သည့်တိုင်း ( TAI ) အမည်ကိုပင် နိမ့်ချခေါ်ဝေါ်သုံးစွဲမှုများရှိခဲ့ပါသည် ။ ' မြန်မာ့သမိုင်းမှာ ရှမ်းဘုရင် သိုဟန်ဘွားကိုကျတော့ လူဆိုးလူရိုင်းလို့ဖော်ပြတယ်။ အင်းဝမှာ ရဟန်းတွေကို သတ်တယ်လို့ ဖော်ပြထားတယ်။ ဒါဆိုဦးအောင်ဇေယျက မွန်ရဟန်းသံဃာ ( ၃၀၀၀) ကျော်ကို ဆင်နဲ့နင်း ၊ ကုဋီမှာအလုံပိတ်မီးရှို့တဲ့နည်းလမ်းတွေနဲ့ သတ်တာကြတော့အလောင်းဘုရားဆိုပြီးအမွှမ်းတင်ထားရုံမကဘူး။ အခုနေပြည်တော်မှာ အနော်ရထာ ၊ဘုရင့်နောင်တို့နဲ့အတူ ရုပ်ထုကြီးထုပြီး ဂုဏ်ပြုထားသေးတယ် ။ ' ဟုရှမ်းနိုင်ငံရေးလေ့လာသူ ခွန်းဆေ၏ ကျွန်တော်သူပုန်ဖြစ်လာပုံ ဆိုသည့်စာအုပ်တွင် ဖော်ပြထားသည် ။ ၄င်းကိုယ်တိုင်ပင်လျှင်သူပုန်ဖြစ်လာရခြင်းမှာ တိုင်းရင်းသားဘာသာစကားနှင့် စာပေ၊ သမိုင်းတို့အားဖိနှိပ်မှုနှင့် ပတ်သက်ကြောင်း ဖော်ပြထားပြီး ယခင်ရှမ်းလက်နက်ကိုင်ခေါင်းဆောင်ဟောင်းဖြစ်သူ စိုင်းလိတ်မှာလည်း ရှမ်းဘာသာစာပေသင်ကြားမှုနှင့် သမိုင်းအရ ခွဲခြားဖိနှိပ်မှုများကြောင့်လက်နက်ကိုင်တော်လှန်မှုလမ်းစဉ်ကို ရွေးချယ်ခဲ့ရသည်ဟုသျှမ်းသံတော်ဆင့်သတင်းဌာန၏ ဆောင်းပါး တပုဒ်တွင်လည်း ဖော်ပြထားသည်။ ပါမောက္ခရိုဆာရီက ပြောကြားရာတွင် သမိုင်းပြဌာန်းစာအုပ်အများစု`၌ ကရင်စသည့်တိုင်းရင်းသားမျိုး နွယ်စုကြီးများ ကို အနည်းငယ်ဖော်ပြမှုရှိသော်လည်းတအာင်းပလောင် ၊ ဓနုတို့မှာ ကိုယ်စားပြုမှုကင်း မဲ့နေကြောင်း ၊မီဇိုချင်းများနှင့် ပတ်သက်၍ နှုတ်သမိုင်းသာရှိနေကြောင်းသမိုင်းပြဌာန်း စာအုပ်များရေးသားရာတွင် နှုတ်ပြောသမိုင်းများသာရှိသည့်တိုင်းရင်းသားများအတွက် စကားပြောများကို စာသားအဖြစ် ဖော်ပြသင့်ကြောင်းအကြံပြုသည် ။ ပြည်တွင်းစစ်ရပ်စဲရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဆောင်ရွက်ရာတွင်သမိုင်းပြဌာန်းစာအုပ်များကို ပြန်လည်ပြင်ဆင်ခြင်းဖြင့် တစ်စိတ်တစ်ပိုင်းကူညီလုပ်ဆောင်နိုင်ကြောင်း ပါမောက္ခက အကြံပြုပြောဆိုသည်။ The Ladies မှ ကူးယူဖေါ်ပြသည်။ မူရင်းသတင်းဖတ်ရှုရန် https://www.facebook.com/News.TheLadies/posts/591033011071672:0 (TheLadies News မှ ကူးယူဖေါ်ပြသည်) |
|
Posted: 12 Jul 2016 12:00 AM PDT နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် လာမည့်ရက်ပိုင်းအတွင်းတွေ့ဆုံရန် NCA စာချုပ်လက်မှတ်မထိုးသေးသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင်ကြီး လေးဦး ရွေးချယ်ထားသည်ဟု သိရသည် ။
“ အခု ဒီမှာလဲ အစည်းအဝေးလုပ်နေတယ်။ ဘာတွေ ဆွေးနွေးမလဲ ဆိုတာ ဆွေးနွေးထားတယ် ။ အဓိက ကတော့ လာမယ့် နောက်ဆုံးပတ်အတွင်းမှာ မိုင်ဂျာယန်မှာ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးပါဝင်တဲ့ အစည်းအဝေးကြီးလုပ်ဖို့ ။ အဲဒီမှာအတွက် ဒေါ်စု အနေနဲ့ ဘယ်လိုသဘောထားရှိလဲပေါ့ ၊ တိုင်းရင်း သားတွေအနေနဲ့ ၂၁ ပင်လုံ အတွက် ပြင်ဆင်ရမယ်လေ ” - ဟု အစည်းအဝေး တက်ရောက်သူ အရာရှိတဦးကပြောသည် ။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် UNFC မဟာမိတ်တပ်ဖွဲ့ဝင်များ ချင်းမိုင်မြို့၌ ဂျူလိုင် ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးနေကြသည် ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်မှ နှုတ်ထွက် ခွင့်တောင်းထားသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ မြန်မာတိုင်း ရင်းသားများဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့တို့ တက်ရောက်ခြင်း မရှိပေ ။ |
||
|
သျှမ်း/အရှေ့တွင် သျှမ်းစာပေဟောပြောပွဲ ပထမအကြိမ်ကျင်းပမည် Posted: 11 Jul 2016 11:38 PM PDT သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၌ ပထမအကြိမ် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့နှင့်ဒေသခံများ ကမ ကထ ပြုပြီး စာပေဗဟုသုတနှင့် ပတ်သက်သည့် ဟောပြောပွဲတရပ်ကျင်းပမည် ဖြစ်ကြောင်း သိရသည် ။
ဂျူလိုင်လ ၂၆ မှ ၃၀ ရက်အထိ တာချီလိတ်မြို့နယ် ဟောင်လိတ်ရပ်ကွက် ၊ မိုးလင်း ၊ မုံးကိုး ၊ မိုင်းဖြတ်မြို့နယ် နှင့် ကျိုင်းတုံမြို့နယ်တို့တွင် စာပေဟောပြောပွဲ ပထမအကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သျှမ်းစာပေပညာ ရှင်များဖြစ်သော ဆရာလုံးစိုင်းဖှ ၊ ခူးဟင်း ကာယန်း နှင့် ခွန်ယုံးချို စသည့်ပုဂ္ဂိုလ်များ ဟောပြော သွားမည်ဖြစ်သည် ။ အယ်ဒီတာ ခူးဟင်း ကာယန်း အနေဖြင့် တိုင်းရင်းသားတို့၏ ရပိုင်ခွင့် နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ ဟောပြော သွားမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် ကိုပြောသည် ။ “ တိုင်းရင်းသားတို့ရဲ့ ရပိုင်ခွင့် နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ အဓိကဟောပြောသွားမယ်၊ အားလုံးပါဝင်မှာပါ ။ နိုင်ငံရေးရယ်လို့မဟုတ်ဘူး ။ စာပေ ဗဟုသုတအကြောင်းလည်းပါတယ် ” ဟု သျှမ်းစာပေ ပညာရှင် ခူးဟင်းကာယန်း ကပြောသည် ။ အစိုးရသစ် တက်လာပြီးနောက် နိုင်ငံရေးအခြေနေပြောင်းလဲလာပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဆိုသည်မှာ ပွင့်ပွင့်လင်းလင်းပြောဆိုခွင့် ၊ ဖက်ဒရယ်ဆိုသည်မှာ တိုင်းရင်းသားတို့၏ ရပိုင်ခွင့်၊လူ့အခွင့်အရေး ရပိုင်ခွင့် စသည့်တို့ ပြည်သူလူထုများ သိသင့်ကြောင်း ၄င်းကပြောသည် ။ “ စာပေပိုင်းမှာရော ၊ မီဒီယာပိုင်းမှာကော ပြည်သူတွေဆီ သိပ်ပြီးလက်လှမ်းမမှီဘူး ၊ စာဖတ်မှုပိုင်း အားနည်း တယ် ။ စိတ်ဝင်စားမှု နည်းတယ်ပေါ့ ၊ ကိုယ့်စာပေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေဘက်မှာ ပြည်သူတွေသိသင့်တဲ့ စာတွေဆိုလည်း စာပေတွေက ထွက်တာနည်းတယ် ၊ သူများစာပေတွေဘဲ ထွက်တာများတယ် ။ တစ်ချို့က ဖတ် ချင်တဲ့စိတ်ရှိပေမယ့် စာအုပ်တွေရှိပေမယ့် အချိန်မပေးနိုင်ဘူး ။ ဒီလိုမျိုး စာဟောပြောပွဲလုပ်လိုက်ရင် စာပေပညာ ရှင်တွေ နှစ်ပေါင်းများစွာ စုစည်းထားတဲ့ စာပေတွေ အချိန်ခနလေးပေးရင်း အတွေးသစ် အမြင်သစ်ရသွားနိုင် တာပေါ့ ။ ဒီလိုစာအုပ်တွေဖြန့်မယ့်အစား စာပေဟောပြောပွဲများများလုပ်သင့်တယ် ” ဟု စာပေဟောပြောပွဲ စီစဉ်သူ ကပြောသည် ။ စာပေသော်လည်းကောင်း ၊ ယဉ်ကျေးမှုသော်လည်းကောင်း ၊ အနုပညာပိုင်းသော်လည်းကောင်း တခြားတိုင်း ရင်းသားများ နှင့် နှိုင်းယှဉ်လိုက်လျှင် သျှမ်းတိုင်းရင်းသားလူမျိုးတို့သည် ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်ကို သမိုင်းတွင်ရှိပြီးသားဖြစ်ပြီး ၊ နိုင်ငံရေး အခြေနေအကြောင်းအမျိုးမျိုးကြောင့် နှစ်ခြောက်ဆယ် ခုနှစ်ဆယ် ဖိနှိပ်ခံရပြီး မိမိစာပေ ယဉ်ကျေးမှု လွှတ်လပ်စွာ သင်ကြားခွင့်မရှိခြင်း၊ အနုပညာပိုင်းတွင်လည်း နောက်ကျကျန် နေကြောင်း ယခုလို စာပေဟောပြောပွဲ များများလုပ်နိုင်လျှင် ပြည်သူတွေဘက်မှလည်း အတွေ့အကြုံ ဖလှယ်ခွင့် ရှိကြောင်း ခူးဟင်း ကားယန်း ကပြောသည် ။ |
||
|
ရွာအတွင်းဗုံးမှိုင်းထောင်ပြီး ကင်းစောင့်ခိုင်းသည့်ကိစ္စအား တာဝန်ယူ စီစစ်ပေးပါရန် Posted: 11 Jul 2016 11:20 PM PDT သို့- သျှမ်းသံတော်ဆင့် သတင်းဌာနမှတဆင့် ကချင်လွတ်လပ်ရေး တပ်မတော်ထံသို့
ကျနော်တို့ ကချင်ပြည်နယ် မန်စီမြို့နယ် မန့်ကောင်းဆိုင်ရွာ အခြေစိုက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ က ရွာသားများအား အလှည့်ကျ ကင်းစောင့်ခိုင်းနေသည့်ကိစ္စ ၊ ရွာတွင်မှိုင်းဗုံးများ ထောင် ထား သည့်ကိစ္စများ တာဝန်ယူဖြေရှင်းပေးပါရန် တင်ပြတောင်းဆိုအပ်ပါသည် ။ KIA တပ်မဟာ ၆ သည် ကျနော်တို့ ရွာသားများအား ယခုဂျူလိုင်လ ၈ ရက်နေ့မှစ၍ နေ့ရောညပါ ကင်းစောင့်ခိုင်း၏။ ရွာသား များအား တခါခေါ်လျှင် ၅ ယောက်တကြိမ် အလှည့်ကျ ကင်းစောင့်ခိုင်း၏။ စဝ်ဝတ်စုံများ ၊ သေနတ်များ ကိုင်ဆောင် စေကာ ကချင်စစ်သားကဲ့သို့ နေထိုင်စေ၏။ ကျနော်တို့ ရွာသားများအနေဖြင့် စစ်ပညာ မသင်ကြား ရသောကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို ထူးစိုးရိမ်ရပါသည် ။ တိုက်ပွဲကြောင့် ကျေးရွာ မီးရှို့ ခံရမည်ကို လည်း အထူး စိုးရိမ်ရပါသည် ။ ၄င်းအပြင် ဂျူလိုင် တရက်နေ့က စလို့ ချိန်ကိုက်ဆွဲမှိုင်း မှိုင်းထောင်သည့်ကိစ္စက အထူးစိုးရိမ်ရပါသည် ။ ကျေးရွာအဝင်လမ်း ၊ ဘုန်းကြီးကျောင်းသွားလမ်း ၊ လယ်ယာဆင်းလမ်းတို့တွင်လည်းကောင်း ၊ သစ်ပင်ကြီး တချို့ပေါ်တွင်သော်လည်းကောင်း ၊ ခြံစည်းရုံးတို့တွင်လည်းကောင်း မှိုင်းများထောင်ထားသည် ။ ထိုနေရာများ တွင် ကလေး များ သွားရောက်ဆော့ကစားချင်းမပြုဖို့ အသွားအလာဆင်ခြင်ဖို့ လည်း အဆိုပါ တပ်မဟာ ၆ လက် အောက်ခံ စစ်ကြောင်းမှူးက သတိပေးပြောဆိုထားသည် ။ ဗိုလ်တန်ကွန်း ဦးဆောင်သည့် KIA တပ်မဟာ ၆ သည် မန့်ကောင်းဆိုင်ရွာတွင် လာရောက်နေထိုင် လာသည်မှာ ရ ခန့်ရှိပြီး ဖြစ်သည် ။ ယခုကဲ့သို့ ရွာသားများအားကင်းစောင့်ခိုင်းမှုသည် ပထမဦးဆုံးအကြိမ်ဖြစ် ပါသည် ။ သို့သော် သဘာဝအလျောက်နေထိုင်စားသောက်အလုပ်လုပ်ကိုင်နေသောရွာသားများအား နိုင်ငံရေး ၊ စစ်ရေးပြသနာအတွင်းမဆွဲထည့်ပါရန် ၊ ဓါးစာခံအဖြစ်မသုံးပါရန် အနူးအညွတ်တောင်းဆိုလိုက်သည် ။ |
||
|
Posted: 11 Jul 2016 11:18 PM PDT ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအတွက်ကြိုးပမ်းမှုတွင် အမျိုးသမီးပါဝင်မှုအားနည်းနေသည့်အပေါ် အမျိုးသမီးအရည်အချင်းမြင့်တင် ပေးရန်လိုအပ်နေကြောင်း ငြိမ်းဖောင်ဒေးရှင်းမှ ငြိမ်းချမ်းရေးအတွက် လူမှုပေါင်းစည်းရေး အစီအစဉ်ကပြောဆိုလိုက်ပါသည် ။
“မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကြိုးပမ်းမှုကိုကြည့်မယ်ဆိုရင် ၁၉၆၇ ကနေ ၁၉၉၇ အထိပေါ့နော် ကျမတို့ အမျိုးသမီးတွေကနေ တိုင်းရင်းသားအဖွဲ့နဲ့ နိုင်ငံတော်အစိုးရ ငြိမ်းချမ်းရေးရဖို့ အတွက် ကြိုးစားခဲ့တယ် ။ အမျိုးသမီးတွေ ငြိမ်းချမ်းရေးမှာပါဝင်နိုင်အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ကြိုးစားလာခဲ့တယ် ။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပါဝင်ဖို့အခွင့်အလမ်းမရနိုင်ခြင်းကြောင့် ကျမတို့ကြိုးပမ်း ချက်က အားရဖွယ်ရာရလာဒ် မရှိခဲ့ဘူး ။ ၁၉၉၇ ခုနှစ် နောက်ပိုင်းကနေ ၂၀၁၀ ခုနှစ် အတွင်းမှာတော့ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် လမ်းတွေပွင့်လာတယ်ပြောရမှာပေါ့နော် ။ နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့ ကြားထဲမှာ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှု တော်တော်လေးအားကောင်းလာတယ် ။ အောင်မြင်မှု တွေလည်းရရှိလာတယ် ။ ရှေ့ဆက်လည်း ဒီထက်မက ပါဝင်လာနိုင်အောင် ကြိုးစားရမယ် ။ အမျိုးသမီးအရည်အချင်း ပိုမိုမြင့်တင်ရမယ် ” ဟု ငြိမ်းဖောင်းဒေးရှင်းမှ ငြိမ်းချမ်းရေးအတွက် လူမှုပေါင်းစည်းရေး အစီအစဉ် မန်နေဂျာ ဒေါ်နန်းရှန်ကပြောသည် ။ ဂျူလိုင်လ ၆ ရက်က Royal Park Hotel တွင်ကျင်းပသော အင်တာနျူးစ်၏ အမျိုးသမီးနှင့်မီဒီယာ ဖိုရမ်တွင် ဒေါ်နန်းရှန် ကပြောဆိုလိုက်သည် ။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံရေးအပိုင်းတွင် အမျိုးသမီး ပါဝင်မှုများပြားလာပြီဖြစ်ကြောင်း ၊ ထို့ကြောင့် “ ငြိမ်းချမ်းရေး ကဏ်ဏ္ဍတွင် အမျိုးသမီးအင်အားအများအပြားပါဝင်လာနိုင်အောင်ဆွဲခေါ် လေ့ကျင့်အရည်အချင်းဖြည့်ရမည်ဖြစ်ပြီး နိုင်ငံရေး အဆင့်ဆင့်တို့တွင်လည်း အမျိုးသမီးများ ပါဝင်လာသင့်ကြောင်း ” သျှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေးအသင်း၏ ပြောခွင့်ရပုဂ္ဂိုလ် ၊ အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ယိင်းဟန်ဖ က ပြောသည် ။ “ ကမ္ဘာပေါ်မှာ အမျိုးသမီးရဲ့ဦးရေ က အမျိုးသားဦးရေထက်များတယ် ။ အမျိုးသမီးရဲ့ အခက်အခဲတွေ အမျိုးသမီးတွေဘဲ သိတယ် ။ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး ၊ စီးပွားရေး စတာတွေမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေလောက် မကျွမ်းကျင်ဘူး ။ မြန်မာ နိုင်ငံဟာ အရင်တုန်းက အမျိုးသားတွေပဲ ဦးဆောင်လာတယ် ။ အခုလည်း အမျိုးသားတွေဦးဆောင်မှုအခန်းမှာ အများကြီး နေရာ ယူထားတယ် ။ ဒီနေ့ခေတ်မှာ တကယ်လို့ အမျိုး သမီးတွေကို ဒီဦးဆောင်မှုအပိုင်းတွေမှာ ပါဝင်ခွင့်ပေးလာမယ်ဆိုရင်တော့ အမျိုးသမီး တွေတိုးတက်မြှင့်မားရေး ဦးဆောင်ဦးရွက် လုပ်နိုင်မှာဖြစ်သလို နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တစ်ဖက် တစ်လမ်းနေပြီး ကူညီဆောင်ရွက်သွားနိုင် မယ်လို့ ယုံကြည်တယ် ။ ” ဟု ယိင်းဟန်ဖ က ပြောသည် ။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်ခွင့်အရေအတွက်သတ်မှတ်ထားခြင်းမရှိ၊ လမ်းဖွင့်ပေးထားကြောင်း ၊ လက်ရှိ တောင်းဆိုမှု ၃၀ ရာခိုင်နှုန်းထက်မက ၁၀၀ ရာခိုင်နှုန်းပါဝင်သင့်ကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က စိုင်းညွန့်လွင် က ပြောသည် ။ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပပျောက်စေရေး သဘောတူစာချုပ် (CEDAW) ကို မြန်မာအစိုးရက ၁၉၉၇ ခုနှစ်က ပါဝင် လက်မှတ်ရေးထိုးခဲ့ပါသည် ။ ၂၀၁၄ ခုနှစ်က ကောက်ယူထားသော သန်းခေါင်စာရင်းမှတ်တမ်းများအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် ရှိပြီး အဆိုပါ အရေအတွက်၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်းသိရသည် ။ |
|
နမ့်ခမ်းမြို့ ကျားခေါင်းပါတီဝင် တက်ကြွလှုပ်ရှားသူတဦးပစ်ခတ်ခံရ Posted: 13 Jul 2016 08:55 AM PDT သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီ SNLD ၏ စည်းရုံးရေးလုပ်ငန်းတွင် တက်ကြွ လှုပ်ရှားသူ စိုင်းဆန်ခေးဆိုသူသည် ယနေ့ ဂျူလိုင် ၁၃ ရက် မွန်းလွဲပိုင်းကပစ်ခတ်ခံရကာကျည် ၄ ချက် ထိမှန်၍နမ့်ခမ်းဆေးရုံ၌ သေဆုံးသွားသည်ဟုသိရသည် ။
“ စိုင်းဆန်ခေး က လူကောင်းပါ ။ သူကကိုယ်ရောစိတ်ပါ တက်ကြွလှုပ်ရှားတယ် ။ အခုလိုမျိုးပစ်ခတ် သတ်ဖြတ်တဲ့အဆင့်ရောက်တာတော့မကောင်းဘူးပေါ့ ။ ဘာမဆိုဆွေးနွေးဖြေရှင်းလို့ရတယ်လေ” - ဟု နမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီဒုတိယဉက္ကဌ စိုင်းယီဖူးကပြောသည် ။ စိုင်းဆန်ခေးအသက် ၅၄နှစ်သည် အဖခင်းမိုင်ငင်းတုန့်ဆိုင်း ၊ အမိနိုင်းမိုင်ငင်းတုန့်ဆိုင်းတို့ ၏သားဖြစ် သည် ။ သေဆုံးချိန် ဇနီးဖြစ်သူနှင့်အတူ သမီးနန်းနွံကွန်ခေး ၊ သားစိုင်းစွမ်ခေး တို့ ကျန်ရစ်သည် ။ “ သူက သျှမ်းအမျိုးသားရေးမှာတအားတက်ကြွလှုပ်ရှားတယ် ။ အဖွဲ့အစည်းတွေထဲဝင်ပြီး လှုပ်ရှားရ တာကို ကြိုက်တဲ့သူဖြစ်တယ် ။ RCSS/SSA ၊ SSPP/SSA ၊ ဟိုမိန်းပြည်သူ့စစ် SSS - တို့နဲ့လည်း အလုပ် လုပ်ဖူးတယ်လို့ ကြားဖူးတယ် ။ အခုနောက်ဆုံးကြားရတာတော့ သစ် ၊ မီးသွေး လုပ်ငန်းမှာ ဒေသခံပြည် သူ့ စစ်တွေနဲ့ ပတ်သက်လုပ်ကိုင်နေတယ်လို့ ကြားတယ် ။ တခြားတော့မသိဘူး ” - ဟု တရပ်ကွက် တည်းသား အိုက်စိုင်းကပြောသည် ။ စိုင်းဆန်ခေးသည် သျှမ်းစာပေပြန့်ပွားရေးအတွက် ဆရာမွမ်းမံသင်တန်းတက်ရောက်ပြီး ကလေးငယ် များအားသျှမ်းစာပို့ချပေးရေးတွင်လည်း မနားမနေကြိုးပမ်းသူဖြစ်သည်ဟုလည်း သျှမ်းစာပေ ဆရာမ နန်းအေယေ့ က ပြောသည် ။ အဆိုပါသေမှုသေခင်းနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ နမ့်ခမ်းရဲတပ်ဖွဲ့တို့ထံကြိုးစားဆက်သွယ် သော်လည်းဖုန်းလက်ခံဖြေကြားပေးခြင်းမရှိပေ ။စိုင်းဆန်ခေးပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ကျားခေါင်း ပါတီပြောရေးဆိုခွင့်စိုင်းလိတ်ကလည်းဟုတ်မှန်ကြောင်းအတည်ပြုပြောဆိုပါသည် ။ |
||||||
|
နန်းစမ်းစမ်းအေး၏ နမ့်မကျောက်မီးသွေးတွင်းဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း ပြည်နယ်လွှတ်တော် မဖြေကြား Posted: 12 Jul 2016 06:50 PM PDT ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတင် ကျင်းပရာ သဘာဝ ပတ်ဝန်း ကျင်ပျက်စီးမှုနှင့်တိုက်ရိုက်သက်ဆိုင်သည့် ကြယ်ပွင့်ပြမေးခွန်းအား ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရန် လွှတ်တော် မှဖြေကြားခဲ့သည်ဟုသိရသည် ။
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မကျေးရွာအုပ်စု၊ နားကွန်ကျေးရွာ နှင့် လင်းဆိုင်းကျေးရွာ အတွင်း ငွေရည်ပုလဲ ကုမ္မဏီမှ ကျောက်မီးသွေး တူးဖော်ခြင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး ကုမ္မဏီ အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တရားဝင် လုပ်ကိုင်ခွင့် စာချုပ်စာတမ်း ရှိမရှိ သိရှိလိုခြင်း နှင့် စာချုပ်သက်တမ်း မကုန်ဆုံးသေးပါက စာချုပ်သက်တမ်းရပ်တန့်ရန် အစီစဉ်ရှိမရှိ မေးခဲ့ကြောင်း နန်းစမ်းစမ်းအေး ကပြောသည် ။ “ သျှမ်းပြည်နယ် အစိုးရအဖွဲ့အနေနဲ့ သဘောထား မှတ်ချက်နဲ့သာ ဆောင်ရွက် ရပြီးတော့ ခွင့်ပြုမိန့် တွေကို သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သို့မှသာ ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် သက်ဆိုင်ရာလွှတ်တော်ကနေတဆင့် သယံဇာတ နဲ့ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန နေပြည်တော်သို့ မေးမြန်းဆောင်ရွက်သင့်ပါကြောင်း - ဆိုပြီးသျှမ်းပြည်နယ် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ ညီညီအောင်က ဖြေလိုက်ပါတယ်” ဟု နန်းစမ်းစမ်းအေး က ပြောသည် ။ သျှမ်းပြည်အရေးကို ပြည်ထောင်စု သို့ တင်ပြတောင်းဆိုနေရမည်ဆိုပါ က ရှေ့ဆက် လုပ်ကိုင်ဆောင်ရွက် ၊ အကောင်အထည်ဖော်သွားမည့်နေရာ တွင် နှောင့်နှေးကြန့်ကြာသွားပြီး သျှမ်းပြည်အစိုးရ ၊ သျှမ်းပြည်နယ် လွှတ် တော် သည် သျှမ်းပြည်အတွက် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝပေးပြီး သျှမ်းပြည်အရေးကို သျှမ်းပြည်အစိုးရမှ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင် ရွက်သင့်ကြောင်း ကြယ်ပွင့်ပြ မေးခွန်းမေးသူ နန်းစမ်းစမ်းအေး ကပြောသည် ။ “ သျှမ်းပြည်တွင်းမှာရှိတဲ့ လုပ်ကွက် ဖြစ်ပြီး ပြည်နယ်ဝန်ကြီးကနေ မဖြေရှင်း နိုင်ရင်တောင် အဖြေပေး သင့်တယ် ။ ကွင်းဆင်းစစ်ဆေးပြီး လုပ်ပေးမယ် ဆိုတာကို ဖြေပေးသင့်တယ်။ အခုက ဘာဖြေရှင်းချက် မှမပေး ဘဲ ပြည်ထောင် စု လွှတ်တော်ကို တင်ခိုင်းတယ် ။သျှမ်းပြည်တွင်းမှာဆိုရင် သျှမ်းပြည် ဝန်ကြီး တွေက အာဏာအရှိဆုံးလေ ၊ သျှမ်းပြည်တွင်းက လုပ်ကွက်တွေ သူတို့ ကောင်းကောင်း ထိန်းချုပ် သင့်တယ် ။ ဘာဖြစ်လဲဆို ဘာဘဲတင်သွင်း တင်သွင်း ဘာမေးခွန်းတွေမေးမေး ပြည်ထောင်စု ကိုဘဲတင်ခိုင်းနေရင် သျှမ်းပြည်နယ်လွှတ်တော် ဘာအဓိပ္ပာယ်ရှိတော့မလဲ ” ဟု ကျားခေါင်း လွှတ်တော်အမတ် နန်းစမ်းစမ်းအေး ကပြောသည် ။
နားနျုအုပ်စု ဝမ့်လုံရွာမ ရွာကြီးအတွင်း ငွေရည်ပုလဲ ကုမ္မဏီမှ ကျောက် မီးသွေး တွင်းကြီး ၃ နေရာ တူးဖော်နေရာ – ပိန်းဆိုင်းရွာ ၊ ပန်ငါးရွာ နှင့်နား ကွန်ရွာ အနီးတဝိုက်တို့တွင်ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရပါသည် ။ NLD အစိုးရသစ်လက်ထက် သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး ပထမအကြိမ်အား ဧပြီလက ကျင်းပရာ ပထမပုံမှန်အစည်းအဝေး နဝမနေ့ ဧပြီလ ၅ ရက်နေ့တွင် သျှမ်းပြည်နယ်ဝန်ကြီး ဌာန ၈ ခု လျာထားခြင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာခြင်းမရှိသည့်အတွက် ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ လွှတ် တော် အစီစဉ် မပြီးသေးဘဲ အစည်းအဝေး ရပ်ဆိုင်း ခဲ့သည် ။ ထိုစဉ်ကတည်းကလွှတ်တော် ရပ်နားခဲ့သည်မှာ ယနေ့မှသာ လွှတ်တော်အစည်းအဝေး ပြန်လည်စတင်ခြင်းဖြစ်ပါသည် ။ |
|
Posted: 15 Jul 2016 04:50 AM PDT ဖက်ဒရယ်ဆိုတဲ့ အသုံးအနှုန်းကို ခုဆိုရင် လူတွေတော်တော် များများက ပြော လာကြပြီဖြစ်တယ် ။ စစ်အာဏာရှင် အစိုးရတွေ အုပ်ချုပ်နေစဉ်တုန်းကတော့ ဒီစကားလုံးကို ပြောတဲ့သူဆိုရင် လိုက်ဖမ်းတော့တာပါပဲ ။ စစ်ဆေး မေးမြန်း တာတောင် မလုပ်ဘဲ ထောင်ထဲ တန်းပို့တော့တာပါပဲ ။ ပြီးတော့ ဖက်ဒရယ် ဆိုတာဟာ တိုင်းပြည်ကို အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေမယ့်အရာလို့ ပြည်သူ လူထု တစ်ရပ်လုံးကိုသာမက ကျောင်းသားလူငယ်တွေကိုပါ ရိုက်သွင်း ထား ခဲ့ကြတယ် ။ သူတို့ပြောတာကတော့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးတဲ့ ။ ကနေ့ဆိုရင် ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို ရပ်ထဲရွာထဲမှာ လည်း ပြောနေကြ ပြီ ။ လွှတ်တော်ထဲမှာလည်း ပြောနေကြပြီ ။ အစိုးရအဖွဲ့ကလည်း တရားဝင် သုံးစွဲလာကြပြီ ။ အပြောအများဆုံးကတော့ နိုင်ငံရေးသမား တွေပဲပေါ့ ။ ဗမာနိုင် ငံရေးသမား တွေလည်း ပြောတာပဲ ။ တိုင်းရင်းသား နိုင်ငံရေးသမားတွေ လည်း ပြောတာပဲ ။ ဒီစကားလုံးမပါရင်ကိုပဲ ဆားမပါတဲ့ ဟင်းလိုပါပဲ ။ ဒီစကား လုံးကို မသုံးရင် ခေတ်မမီတဲ့ နိုင်ငံရေးသမားလို့ သတ်မှတ်ခံရမယ့် အခြေအနေ ပါပဲ ။ စကားလုံးတစ်လုံးရဲ့ အနက်အဓိပ္ပာယ်မှန်ဟာ နှစ်ပေါင်း ၆၀ ကျော်ကြာ တဲ့အခါမှာ ပြန်လည်ရှင်သန်ခွင့်ရလာပြီလို့ ဆိုရမလားပါပဲ ။ ဖက်ဒရယ် အကြောင်းပြောတဲ့အသံတွေ မိုးလုံးညံလာတယ် ။ ဖက်ဒရယ် အကြောင်း ရေး သားထားတဲ့ စာအုပ်တွေ ပလူပျံလာတယ်။ ဖက်ဒရယ်လေ့လာရေးခရီးစဉ်တွေ ဗွက်ပေါက်ကုန်တယ် ။ ဖက်ဒရယ်အလုပ်ရုံဆွေးနွေးပွဲတွေ ခြိမ့်ခြိမ့်သဲကုန်တယ်ပေါ့ဗျာ ။ သူများတကာတွေ လုပြောနေကြလွန်းလို့ ဖက်ဒရယ် ဆိုတဲ့စကားလုံးကို ကိုယ်ကျိုးစွန့်ပြီး တစိုက်မတ်မတ် ပြောလာခဲ့တဲ့ SNLD က ခွန်ထွန်းဦးလို ပုဂ္ဂိုလ်မျိုးတောင် ပါးစပ်ဟောင်းလောင်းနဲ့ ငေးကြည့်နေရတဲ့ အချိန်မျိုးပေါ့ ။ ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပာယ် ဖက်ဒရယ်ဆိုတာ ဘာပါလိမ့်။ သေချာတာတစ်ခုကတော့ ဖက်ဒရယ်ဆိုတာ သျှမ်းစကားမဟုတ်တာပါပဲ။ ဖက်ဒရယ်ရဲ့ အဓိပ္ပာယ်ကို Oxford Advanced Learner’s Dictionary မှာ ဒီလိုပြောထားလေရဲ့-- Federal: Having a system of government in which the individual states of a country have control over their own affairs, but are controlled by a central government for national decisions နောက်ပြီး မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာတော့ ဒီလိုဖော်ပြထားပါသေးတယ် ။ Federal : ဗဟိုအစိုးရနှင့် သီးခြားပြည်နယ်များအကြား အာဏာကန့်သတ်ခွဲဝေမှု ရှိသော/ထားသော လို့ဆိုထားပါတယ် ။ Federal System/ Federalism/ Federation စတဲ့ စကားလုံးရဲ့ အရင်း အမြစ်ဟာ လက်တင်ဘာသာစကား Foedus ကနေ ဆင်းသက်လာတာဖြစ်ပြီး သဘောတူညီမှု ကတိကဝတ် သို့မဟုတ် သဘောတူညီမှုစာချုပ်လို့ အဓိပ္ပာယ်ရပါတယ်။ နိုင်ငံရေးသိပ္ပံ စာအုပ်တွေထဲမှာတော့ Faderalism ဆိုတဲ့ ဝေါဟာရကို ယနေ့ထိ စာတစ်ကြောင်းတည်းနဲ့ အပြည့်အစုံ အဓိပ္ပာယ်ဖွင့်ဆို ရှင်းပြနိုင်ခြင်း မရှိသေးပါဘူး ။ နိုင်ငံရေးသိပ္ပံပညာရှင်တွေ သတ်မှတ်ထားတဲ့ ဖက်ဒရယ်ဆိုတာကို တိုတိုရှင်းရှင်း ပြောရမယ်ဆိုရင် အချက် သုံးချက်ပဲ ရှိပါတယ်။ (၁) အစိုးရနှစ်ရပ် သို့မဟုတ် နှစ်ရပ်ထက်ပိုတဲ့ အစိုးရအဖြစ် ခွဲခြားထားခြင်း (၂) ၎င်းအစိုးရနှစ်ရပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတိအကျ ခွဲခြားသတ်မှတ်ထားခြင်း (၃) အစိုးရနှစ်ရပ်အကြားမှာ ပေါ်ပေါက်လာတဲ့ အငြင်းပွားမှုတွေကို သီးခြားလွတ်လပ်တဲ့ တရားရုံးက အဆုံးအဖြတ် ပေးရခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တပ်မတော်က လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်နိုင်ငံရေးစနစ်ကို ဖော်ညွှန်းတဲ့ ဝိသေသလက္ခဏာရှိတယ်လို့ ယူဆထားပါတယ် ။ ဖက်ဒရယ်စနစ်ဟာ မတူညီကွဲပြားနေတဲ့ ပြည်နယ်တွေ ၊ လူမျိုးစုတွေ ၊ အုပ်စုတွေကို စုစည်းတဲ့နေရာမှာ အချုပ်အခြာ အာဏာကို ခွဲဝေကျင့်သုံးကြတဲ့ အယူအဆ သဘောတရား တစ်ရပ်ဖြစ်ပါတယ် ။ ဖက်ဒရယ်စနစ်ကို ကျင့်သုံး တဲ့ နိုင်ငံများမှာ အဖွဲ့ဝင်ပြည်နယ်တွေကို ကိုယ်စားပြုပြီး တစ်နိုင်ငံ လုံးအတွက် ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်အစိုးရ (သို့) ပြည်ထောင် စုအစိုးရ (သို့) ဗဟိုအစိုးရ ဆိုတာရှိသလို နယ်မြေဒေသအလိုက် ၊ အုပ်စုအလိုက် ၊ ယူနစ်အလိုက် ဖွဲ့စည်း ထားတဲ့ ပြည်နယ်အစိုးရ (သို့) ဒေသန္တရအစိုးရများလည်း ရှိပါတယ် ။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာမှာ အရေးကြီးတဲ့ အချက်တစ်ခုကတော့ အဖွဲ့ ဝင်ပြည်နယ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာမှာ ဘယ်သူ တစ် ဦး တစ်ယောက်ကမှ လွှမ်းမိုးမှုမရှိစေရဘူး ဆိုတဲ့သဘောကို အဓိက ဖော်ဆောင် ပါတယ်။ အဖွဲ့ဝင်ပြည်နယ်တွေရဲ့ သဘောတူညီချက်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သာ အုပ်ချုပ်ရပါတယ်။ အဖွဲ့ဝင်ပြည်နယ် အချင်းချင်း စည်းလုံးညီညွတ်မှုဟာ စစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ အပြန် အလှန် လေးစား အသိအမှတ်ပြုမှု အပေါ်မှာ အခြေခံပါတယ် ။ ဖက်ဒရယ်စနစ်ရဲ့ သမိုင်းနောက်ခံ ဖက်ဒရယ်စနစ်ကို တီထွင်ပြီး ပထမဦးဆုံး လက်တွေ့ကျင့်သုံးခဲ့တဲ့ နိုင်ငံ ကတော့ အမေရိကန်ပြည်ထောင်စု ဖြစ်ပါတယ်။ ၁၇၀၀ ပြည့်နှစ် နှောင်းပိုင်းက တည်းက ကျင့်သုံးခဲ့တာပါ။ ဒါပေမယ့် မတူညီတဲ့ လူမျိုးစုကို အကြောင်းပြုပြီး ဖက်ဒရယ်စနစ်ကို ကျင့်သုံးခဲ့တာတော့ မဟုတ်ပါဘူး ။ သူတို့ပြည်နယ်တွေကို ပြည်ထောင်စုအဖြစ် စုစည်းခဲ့ကြတဲ့ အဲဒီအချိန် မှာ ပြည် နယ်တိုင်းဟာ သူ့သမိုင်း ကြောင်း နဲ့သူ ရှိပြီးဖြစ်ပါတယ်။ ပြည်နယ်တွေက ဗဟိုအစိုးရကို အပြည့်အဝ မယုံကြည်နိုင်သေးတဲ့အတွက် ဖက်ဒရယ် စနစ်ကို ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အစပိုင်းမှာ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် ပိုပေးခဲ့ရပါတယ်။ နောက်ပိုင်း ပြည်နယ်များ အကြားမှာ ယုံကြည်မှု ပိုမိုခိုင်မာလာတော့မှ ဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) ကို လုပ်ပိုင်ခွင့်ပိုပေးလာခဲ့ခြင်း ဖြစ်ပါတယ် ။ ဒါပေမယ့် နိုင်ငံတော်ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးရာကိစ္စများမှာတော့ မူလ ကတည်းကရင်း ဗဟိုအစိုးရကိုသာ ဆုံးဖြတ်ပိုင်ခွင့် အာဏာကို ပေးအပ် ထား ပါတယ် ။ ဖက်ဒရယ်စနစ် ကျင့်သုံးသည့်နိုင်ငံများ ဒီမိုကရေစီနိုင်ငံတိုင်း ဖက်ဒရယ်စနစ်ကို မကျင့်သုံးပေမယ့်လည်း ဖက်ဒရယ် စနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံ အားလုံးနီးပါးဟာ ဒီမိုကရေ စီနိုင်ငံ ဖြစ်နေတာကို စိတ်ဝင်စားဖွယ် တွေ့ရှိရပါတယ်။ ဖက်ဒရယ်ရဲ့ အဓိကဝိသေသ လက္ခဏာ ကတော့ ဗဟိုနဲ့ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအကြား အာဏာကို ခွဲဝေ အုပ်ချုပ်ကြခြင်းပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် ဖက်ဒရယ်စနစ်ဟာ တရား ဥပဒေ စိုးမိုးရေးအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ အခြေခံတဲ့ ဒီမို ကရေစီ နည်းကျ အစိုးရပုံစံတစ်ရပ်ကိုလည်း ဖြစ်ထွန်းစေပါတယ်။ ဒါကြောင့် လည်း ပညာရှင် တွေက ဖက်ဒရယ်စနစ်ဆိုတာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရကြား ဆက်ဆံရေးကို အမည်တပ်ပေး လိုက်တာပဲလို့ ဆိုကြပါတယ် ။ ယနေ့အခါမှာ တိုင်းပြည်ဧရိယာ ကြီးမားကျယ်ပြန့်ပြီး လူဦးရေများပြားတဲ့ ဒီမို ကရေစီနိုင်ငံ အားလုံးလောက် နီးပါးဟာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေကြ ပါတယ်။ အထူးသဖြင့် တိုင်းပြည်အတွင်းမှာ လူမျိုးပေါင်းစုံ ရောနှောေ နထိုင် လျက်ရှိပြီး၊ လူဦးရေထူထပ်တဲ့၊ နယ်မြေဧရိယာ ကြီးမားကျယ်ပြန့် တဲ့ နိုင်ငံတွေ မှာ ခိုင်မာတဲ့ ပြည်ထောင်စုအဖြစ် တည်ထောင်ကြတဲ့အခါ ဖက်ဒရယ်စနစ်ကို ကျင့်သုံးရေးဟာ အလွန်အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ ဒါကို အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတွေက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဆိုလို့ရှိရင် ဖက်ဒရယ်စနစ်ကို ချမှတ်ကျင့်သုံးနိုင်ခဲ့တဲ့အတွက် ဒီမိုကရေစီနိုင်ငံကို ငြိမ်းချမ်းစွာ ထူထောင်နိုင်ခဲ့ပြီး ယခုအခါ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်လျက် ရှိနေပါတယ် ။ ဒီနေ့အချိန်မှာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိတဲ့ နိုင်ငံပေါင်း ၂၈ နိုင် ငံမှာ ဖက်ဒရယ်စနစ် သို့မဟုတ် ဖက်ဒရယ်လို့ ဆိုနိုင်တဲ့ နိုင်ငံရေးစနစ်မျိုးကို ကျင့်သုံးလျက်ရှိပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ကမ္ဘာ့အချမ်းသာဆုံးနဲ့ အတိုး တက်ဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်လိုနိုင်ငံမျိုး ပါဝင်သလို ကမ္ဘာ့အသေးငယ်ဆုံး ကျွန်းနိုင်ငံတွေဖြစ်တဲ့ မိုက်ကရိုနီးဆီးယား (Micronesia) နဲ့ စိန့်ကစ်နှင့် နီဗစ် (St. Kits and Nevis) တို့လည်း ပါဝင်ပါတယ်။ ထို့အတူပဲ လူဦးရေ သန်းပေါင်း ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယလို နိုင်ငံမျိုးပါသလို လူဦးရေ လေး ငါးသောင်းလောက်သာ ရှိတဲ့ ကျွန်းစုနိုင်ငံလေးတွေလည်း ပါပါတယ်။ အမေရိကန်ပြည်ေ ထာင် စုနှင့် ဆွစ်ဇာလန် နိုင်ငံတွေဟာ ကမ္ဘာ့ သက်တမ်း အရင့်ဆုံး ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေဖြစ်ကြပါတယ် ။ ဒီမိုကရေစီကမ္ဘာ့ရေစီးကြောင်းဖြစ်စဉ် (Democratization) အရ အာဂျင် တီးနား၊ ဘရာဇီးလ်၊ မက္ကဆီကို အစရှိတဲ့ လက်တင်အမေရိကနိုင်ငံတွေလည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးလာကြပါတယ်။ အရင်က တစ်ပြည်ထောင်စနစ် (Unitary State) ကို ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေဖြစ်ကြတဲ့ ဘယ်လ်ဂျီယံ၊ အီသီ ယိုးပီးယားနှင့် စပိန်နိုင်ငံတို့ဟာလည်း ဖက်ဒရယ်နိုင်ငံများ ဖြစ်လာကြပါ တယ်။ ဘော့စနီးယား၊ ကွန်ဂို၊ အီရတ်၊ ဆူဒန်နှင့် တောင်အာဖရိ ကလို နိုင်ငံတွေဟာလည်း ပဋိပက္ခတွေ ဖြေရှင်းပြီးနောက်ပိုင်းမှာ ဖက်ဒရယ်ဝါဒကိုပဲ ကျင့်သုံးလာကြပါတယ်။ ယခုအခါ တောင်အာရှဒေသက သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့ဟာလည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ဥရောပသမဂ္ဂ (European Union) ဆိုရင်လည်းပဲ ဖက်ဒရယ်အသွင်လက္ခဏာ အများအပြား ပါဝင်လျက် ရှိနေပြီဖြစ်ပါတယ် ။ ယခင် ဆိုဗီယက်ပြည်ထောင်စုနဲ့ ယူဂိုဆလားဗီးယားနိုင်ငံတွေဟာလည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးခဲ့ကြပါတယ်။ ဆိုဗီယက်နဲ့ ယူဂိုဆလား ဗီး ယားနိုင် ငံတို့ရဲ့ အချုပ်အခြာအာဏာ ပြိုကွဲရခြင်းအကြောင်းရင်းကို သုံးသပ်မယ်ဆိုရင် အစဉ်အဆက်က စစ်အာဏာရှင်အစိုးရတွေ ဝါဒဖြန့်ခဲ့သလို ဖက်ဒရယ် စနစ်ကြောင့် တိုင်းပြည်ပြိုကွဲရတာ မဟုတ်ဘဲ ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီ တဲ့ နိုင်ငံရေး စနစ် မရှိခဲ့ခြင်းကြောင့် ဆိုတာကို တွေ့ရမှာဖြစ်ပါတယ် ။ ဖက်ဒရယ်စနစ်နဲ့ မကိုက်ညီတဲ့ နိုင်ငံရေးစနစ်ကို ကျင့်သုံးခြင်းကသာ အချုပ် အခြာအာဏာကို ထိခိုက်စေတာဖြစ်ပြီး အဲဒီလိုဖြစ်လာခဲ့ရင် ကမ္ဘာမှာ အင်အား အတောင့်တင်းဆုံး စာရင်းဝင် ဆိုဗီယက်စစ်တပ်ကြီးတောင်မှ ဘယ်လိုမှ အကာအကွယ်မပေးနိုင်ခဲ့ဘူး ဆိုတာကို ထင်ရှား စွာ တွေ့ရမှာဖြစ်ပါတယ် ။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံမဟုတ်ရင်တော့ ဖက်ဒရယ်စနစ်ဆိုတာ အတုအယောင်သဘောပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် အောင်မြင် ဖို့အတွက် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမယ်လို့တော့ ဆိုလိုတာမဟုတ်ပါ။ ဒါပေမယ့် ဒီမိုကရေစီ မထွန်းကားဘဲနဲ့တော့ ဖက် ဒရယ် ပြည်ထောင်စုကို တည်ဆောက်လို့ မရနိုင်ဘူးဆိုတာကိုတော့ အခိုင် အမာ ပြောလို့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရ ယ်ပြည်ေ ထာင်စု ပေါ်ပေါက်လာဖို့အတွက်ဆိုရင် တပ်မတော်တစ်ရပ်ကသာ လွှမ်းမိုးကြီး စိုးထားပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေ ဒ အောက်မှာဆိုရင်တော့ မဖြစ်နိုင်သေးပါဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ေ ထာင် စုကို မတည်ဆောက်နိုင်ရင် ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ဆိုတာကလည်း အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေကို မီဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေးပါ ။ Forum of Federations မှ သတ်မှတ်ထားသော ပြည်ထောင်စု (ဖက်ဒရေးရှင်း) စနစ် ကျင့်သုံးသည့် ကမ္ဘာ့နိုင်ငံ (၂၈) နိုင်ငံစာရင်း Argentina, Australia, Austria, Belgium, Bosnia & Herzegovina*, Brazil, Canada, Comoros, Democratic Republic of Congo*, Ethiopia, Germany, India, Iraq*, Malaysia, Mexico, Micronesia, Nigeria, Pakistan, Russia, St. Kits and Nevis, South Africa, Spain, Sudan*, Switzerland, United Arab Emirates, United States of America, Venezuela. *ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ဤကြယ်ပွင့်ပါနိုင်ငံများ၏ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခိုင်မာမှုမရှိသေးပေ ။ ဖက်ဒရယ်စနစ်ရဲ့အာနိသင် မျက်မှောက်ခေတ်မှာတော့ အောက်ပါ အကြောင်းရင်း တစ်ရပ်ရပ်ကို အခြေခံစဉ်းစားပြီး ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများအဖြစ် တည်ဆောက်ကြတာကို တွေ့ရပါတယ် ။ (၁) လူဦးရေ များပြားပြီး ပထဝီဝင်နယ်နမိတ် အလွန်ကျယ်ပြန့်ခြင်း ဒီလို အခြေအနေမျိုးမှာ ဗဟိုအစိုးရတစ်ခုတည်းက အစစအရာရာ တာဝန် ယူကိုင်တွယ်ဖို့ရာ အလွန်ခက်ခဲပါတယ်။ မလိုအပ်တဲ့ ဝန်ထုပ် ဝန်ပိုးတွေကို ထမ်းထားရာရောက်ပြီး ကြိုးနီစနစ်ကို အမြစ် တွယ်စေပါတယ်။ ၎င်းအစား ဒေသန္တရအစိုးရတွေကို မိမိတို့တာဝန်ယူနိုင်တဲ့ အပိုင်းတွေကို မိမိဖာသာ တာဝန်ယူစေခြင်းအားဖြင့် လုပ်ငန်း ပိုမိုလွယ်ကူ ထိရောက်ပြီး အုပ်ချုပ်ရေးယန္တရားကို ပိုမိုလျင်မြန်သွက်လက်စေပါတယ် ။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျ၊ အိန္ဒိယ၊ မက်ဆီကို၊ ယခင်ဆိုဗီယက်ပြည်ထောင်စုနှင့် ယခု ရုရှားနိုင်ငံတွေဟာ အချုပ်အခြာအာဏာပိုင်နယ်မြေ နယ်နမိတ် အလွန်ကြီးမားတဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများ ဖြစ်ကြပါတယ် ။ (၂) လူမျိုးနှင့် ကိုးကွယ်ရာဘာသာ ကွဲပြားခြားနားခြင်း ဖက်ဒရယ်စနစ်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ လူနည်းစုတွေရဲ့ မတူကွဲပြားခြား နားတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု စတာတွေကို အသိအမှတ်ပြုတဲ့ စနစ်ဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်စနစ် ဟာ နိုင်ငံ တစ်ခုအတွင်းရှိ လူမျိုးရေးပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အကောင်း ဆုံးသော ဆေးတစ်ခွက်ဖြစ်ပါတယ်။ ဥပမာ - ဆွစ်ဇာလန်နှင့် အိန္ဒိယနိုင်ငံ ။ (၃) ဒီမိုကရေစီကို အားပေးမြှင့်တင်လိုခြင်း၊ ဒီမိုကရေစီကို ခိုင်မာစေခြင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဟာ အပြန်အလှန်အားပေးတဲ့ နိုင်ငံရေး စနစ် များ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီမရှိဘဲနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လို့ မရနိုင်ဘူးလို့ နိုင်ငံရေးသိပ္ပံပညာရှင် အချို့က အခိုင် အမာ ထောက်ပြကြပါတယ်။ ဖက်ဒရယ်စနစ်ဟာ ဗဟိုဦးစီးစနစ်နှင့် ဆန့်ကျင် ဖက်ဖြစ်တဲ့အတွက် တိုင်းပြည်တွင်းမှာ အာဏာသိမ်းခြင်း အန္တရာယ်ကို တာဆီးကာကွယ်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ ဗဟိုနှင့် ပြည်နယ်များအကြား အာဏာကို ခွဲဝေကျင့်သုံးကြတဲ့အတွက် ခိုင်မာတဲ့ ပြည်ထောင်စုကို ဖြစ်ပေါ်စေပါတယ် ။ ဖက်ဒရယ်စနစ်ရဲ့ ရည်ရွယ်ချက်များ ၁။ ယဉ်ကျေးမှုဓလေ့ တစ်ခုမကရှိတဲ့ နိုင်ငံတွေမှာ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့အသီးသီးရဲ့ အမှတ်အသားသရုပ် (Identity) ကို ထိန်းသိမ်းထားနိုင်ရန် ၂။ ဒေသတွင်းရဲ့ ပြဿနာတွေကို ဒေသခံလူထုကသာ အသိနားလည် ဆုံးဖြစ်လို့ ဒေသခံတွေကိုယ်တိုင် မိမိတို့ရဲ့ ပြဿနာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခွင့် ရစေရန် ၃။ ဒေသခံလူထုကို မိမိတို့ဒေသရဲ့ အစိုးရအဖွဲ့ထဲမှာ တက်တက်ကြွကြွ ပါဝင်ခွင့်ရစေရန် ၄။ ဗဟိုအစိုးရ (Central Government) နဲ့ ဒေသန္တရအစိုးရ (Local Government) အကြား အပြန်အလှန် ထိန်းညှိနိုင်စေရန် ၅။ ပြည်ထောင်စုအဖြစ် စုစည်းနေထိုင်ကြတဲ့ လူမျိုးစုအားလုံး တန်းတူညီ မျှမှုအခြေခံနဲ့ တစ်စုတစ်စည်းတည်း ဖြစ်စေရန် စတဲ့ အချက်များအပေါ် အခြေခံပြီး ဖက်ဒရယ်စနစ်ကို လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးကြခြင်း ဖြစ်ပါတယ် ။ ဖက်ဒရယ်စနစ်ရဲ့ အားသာချက်/ အားနည်းချက်များ ဖက်ဒရယ်စနစ်မှာ အားကောင်းချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိမယ်ဆိုတာ သဘာဝကျပါတယ်။ ဖက်ဒရယ်စနစ်ရဲ့ အားသားချက်လို့ ဆိုရမယ့်အချက်တွေကတော့ • တစ်သီးပုဂ္ဂလစနစ် အားကောင်းလာစေတယ်။ • အာဏာကို ခွဲဝေကျင့်သုံးဖို့ အားပေးတယ်။ နိုင်လိုမင်းထက် စိုးမိုးမှုများကို ကာကွယ်ပေးတယ်။ • ပြည်နယ်တွေက ပြည်ထောင်စုအပေါ် သစ္စာရှိမှုကို မြှင့်တင်ပေးနိုင် တယ်။ ပြည်နယ်အစိုးရတစ်ခုရဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေကို အခြားေ သာပြည်နယ်များက လေ့လာသင်ယူနိုင်တယ်။ • ကိုယ်ပိုင်ပြဌာန်းမှုရှိတဲ့အတွက် ပြည်သူလူထုနဲ့ နီးစပ်တဲ့ အစိုးရကို ပေါ်ထွန်းစေတယ်။ • တိုင်းသူပြည်သားတွေကို ဒီမိုကရေစီဖြစ်စဉ်တွေမှာ ပိုမိုပါဝင်လာစေတယ်။ • နယ်မြေဒေသအလိုက်ရဲ့ လိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းေ ဆာင်ရွက်ပေးလာနိုင်တယ်။ ဒေသတွင်းပြဿနာ တွေကို လက်တွေ့ ကျကျ ဖြေရှင်းပေးနိုင်တယ်။ စွမ်းဆောင်ရည် ပိုမြင့်မားလာစေတယ်။ • ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးတယ်။ နိုင်ငံရေးတည်ငြိမ်မှုကို ရရှိစေတယ် ။ ဖက်ဒရယ်စနစ်ရဲ့ အားနည်းချက်လို့ ဆိုနိုင်မယ့်အချက်များကတော့ • မညီမျှမှုတွေကို တိုးပွားလာစေတယ်။ • ဆင်းရဲချမ်းသာကွာဟမှုကို ကြီးထွားလာစေပြီး လူတန်းစားညီမျှမှုကို ထိခိုက်စေတယ်။ • လူနည်းစုရဲ့ သည်းခံမှုကို ပျက်စီးစေတယ်။ • ကျဉ်းမြောင်းတဲ့ အကျိုးတရားဖြစ်ထွန်းမှုကို ပေါ်ပေါက်စေတယ်။ • အစိုးရအချင်းချင်းကြား ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေတယ်။ • ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား အပြန်အလှန် ငြင်းခုန်ခြင်း၊ အပြစ်တင်ခြင်းများကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာစေတယ်။ • တာဝန်ခံမှု တာဝန်ယူမှု လျော့နည်းလာပြီး ဧရိယာအချို့တွင် နိုင်ငံတော်အဆင့် ပြုပြင်ဖို့ ခက်ခဲစေတယ်။ တစ်မျိုးသားလုံး လက္ခဏာဆောင်တဲ့ ပေါ်လစီတွေကို ချမှတ်ရာမှာ အခက်အခဲဖြစ်စေတယ်။ ဖက်ဒရယ်အမျိုးမျိုး ကမ္ဘာပေါ်ရှိ ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံတွေဟာလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပုံစံချင်းမတူကြပါဘူး။ နိုင်ငံရဲ့ ကွဲပြားခြားနားတဲ့ ပထဝီအနေအထား၊ လူမျိုးနဲ့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာအပေါ် အခြေခံပြီး ကျင့်သုံးပုံအမျိုးမျိုး ရှိနိုင်ပါတယ်။ နိုင်ငံတစ်ခုချင်းစီရဲ့ စုဖွဲ့မှုမှာ အခြေခံအားဖြင့် နှစ်မျိုးရှိပါတယ် ။ အဲဒါကတော့ တစ်ပြည်ထောင် (Unitary) ပုံစံစုဖွဲ့မှုနဲ့ ပြည်ထောင်စု (Federal) ပုံစံစုဖွဲ့မှုတို့ ဖြစ်ပါတယ်။ ပြည်ထောင်စုပုံစံစုဖွဲ့မှုမှာလည်း ဗဟိုချုပ်ကိုင်မှုကဲေ သာ ပြည်ထောင်စု (Centralized Federal System) ပုံစံ (ဥပမာ - အိန္ဒိယနို င်ငံ) နဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ပြည်ထောင်စု (Decentralized Federal System) ပုံစံ (ဥပမာ - ဆွစ်ဇာလန်နိုင်ငံ) ဆိုပြီး ရှိပါသေးတယ် ။ အလားတူပဲ အချိုးမညီဖက်ဒရယ်ပုံစံ (Asymmetric Federalism) နဲ့ အချိုး ညီဖက်ဒရယ်ပုံစံ (Symmetrical Federalism) ဆိုတာကလည်း ရှိပါသေး တယ်။ ဖက်ဒရယ်စနစ်အောက်မှာ အချို့ပြည်နယ်တွေဟာ အခြား ပြည်နယ်ေ တွ ထက် လုပ်ပိုင်ခွင့်အာဏာ ပိုရှိတာကို တွေ့ရတတ်ပါတယ် ။ ဒါနဲ့ပတ်သက်လို့ ဒေသအသီးသီးရဲ့ အခိုင်အမာ လိုအပ်ချက်တွေပေါ် မူ တည်ပြီး ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းကာ ဘယ်ပြည်နယ်ကိုတော့ လုပ်ပိုင်ခွင့် ပိုပေးရမယ်ဆိုတာကို ဆုံးဖြတ်ကြရပါတယ်။ ပြည်နယ်အစိုးရကြား ကိုယ်ပိုင် အုပ်ချုပ်ရေး (Autonomy) ရရှိတဲ့ အတိုင်းအတာ မတူကြရင် ဒီပုံစံမျိုးကို အချိုးမညီဖက်ဒရယ် လို့ခေါ်ပါတယ်။ ပြည်နယ်အစိုးရများအကြား ညီမျှတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရရှိရင် အချိုးညီဖက်ဒရယ်လို့ ခေါ်ပါတယ် ။ အချိုးညီ သို့မဟုတ် အချိုးမညီ ဖြစ်သင့် မဖြစ်သင့် ဆိုတာကိုတော့ သက်ဆိုင် ရာဒေသများရဲ့ ပကတိအရှိတရားအပေါ် အခြေခံ ဆုံးဖြတ်ကြရ ပါတယ်။ နိုင် ငံရေး အဝန်းအဝိုင်းတစ်ခုမှာ ငြိမ်းချမ်းရေးရဖို့နဲ့ ဆန္ဒအလျောက် ပူးပေါင်း ပါဝင်လာဖို့ဆိုရင် အကြောင်းအရာကိစ္စရပ်အပေါ်မှာ အပေးအယူ အလျော့ အတင်းလုပ်ပြီး စေ့စပ်ညှိနှိုင်းရတာတွေ ရှိပါတယ်။ အဲဒီလို အပြုအမှုမျိုးကို အချိုးညီပုံစံမှာ ပုံမှန်အားဖြင့် လက်ခံလေ့မရှိကြဘဲ အချိုးမညီပုံစံမှာသာ လက်ခံကြတာကို တွေ့ရပါတယ် ။ အမေရိကန်လို ဖက်ဒရယ်စနစ်ကို စတင်ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေကတော့ အချိုးညီပုံစံကို ကျင့်သုံးကြပြီး ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှ ပေါ်ထွန်းလာ တဲ့ ဖက်ဒရယ်နိုင်ငံအများစုမှာတော့ ပြည်နယ်ရဲ့ လူဦးရေ၊ ချမ်းသာမှုနဲ့ မဟာဗျူဟာ ကျမှုအပေါ်မှာ မူတည်ပြီး ကြီးစဉ်ငယ်လိုက်သဘောဖြင့် အချိုး မညီပုံစံကို ကျင့်သုံးကြတာ များပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကေ ရစီကို ထိန်းသိမ်းတဲ့နေရာမှာ အချိုးညီဖက်ဒရယ်စနစ်နဲ့ သမ္မတ စနစ်ကြောင့် အကြီးအကျယ် အောင်မြင်ထားပါတယ်။ ဒါကလည်း အမေရိ ကန်ပြည်ထောင် စုဟာ တိုင်းပြည်အသီးသီးကနေ ပြောင်းရွှေ့ဝင်ရောက် လာတဲ့ သူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုံတဲ့ သဘောကို အားကောင်းမောင်း သန် မတွေ့ရခြင်းကြောင့်ပါ။ ထို့အတူ အချိုးမညီဖက်ဒရယ်စနစ်ကို ကျင့်သုံး တဲ့နိုင်ငံ ထဲမှာတော့ အိန္ဒိယနိုင်ငံဟာ အအောင်မြင်ဆုံးဖြစ်ပါတယ် ။ ဖက်ဒရယ်စနစ်ဟာ တူညီတဲ့ပန်းတိုင်ကို အတူလျှောက်လှမ်းကြတဲ့ေ နရာ မှာ ပြည်သူလူထု ပူးပေါင်းပါဝင်လာစေမှုကို လွတ်လပ်စွာ လမ်းဖွင့်ပေး ထားပါတယ်။ ဖက်ဒရယ်စနစ်မှာ ပြည်နယ်တွေကို ဖွဲ့စည်းကြတဲ့အခါ နည်းလမ်းအမျိုးမျိုးကို အခြေခံပြီး ဖွဲ့စည်းကြရပါတယ်။ ပြည်နယ်တစ်ခုမှာ လူမျိုးစုတစ်ခုထဲပဲရှိရင် အခက်အခဲပြဿနာ နည်းပါးပြီး လူမျိုးစုံပါဝင်နေတယ် ဆိုရင်တော့ ရှုပ်ထွေးလာနိုင်ပါတယ်။ မတူညီတဲ့ လူမျိုး၊ ဘာသာ၊ ယဉ်ကျေး မှုတွေကို အခြေခံပြီး အားလုံးလက်ခံနိုင်မယ့် သဘောတူညီချက် အတိုင်း သာ ပြည်နယ်ဖွဲ့စည်းမှုကို ဖော်ဆောင်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ် ။ ဖက်ဒရယ်စနစ်မှာ လူနည်းစု အခွင့်အရေးတွေကို သတ်မှတ်ပြဌာန်းဖို့ တာဝန်ရှိပေမယ့်လည်း ပြည်နယ်အသစ် တောင်းဆိုလာမှုအပေါ်မှာတော့ လက်ခံနိုင်ရန် မလွယ်ကူပါ ။ ဘာလို့လဲဆိုတော့ ပြည်နယ်သစ်တွေ ပေးလိုက်ခြင်းအားဖြင့် နောက်ထပ် ပြည်နယ်အသစ်ပေးဖို့အတွက် ထပ်မံ တောင်းဆိုမယ့်သူတွေ တသီတ တန်းကြီး ပေါ် လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် စီမံခန့်ခွဲမှုဌာနတွေ တိုးလာတဲ့ အတွက်လည်း ဝန်ဆောင်မှုကုန်ကျစရိတ်များ ပိုမိုကြီးထွားလာမှာ ဖြစ်ပါတယ် ။ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရာမှာ မိမိတို့နိုင်ငံရဲ့ မတူကွဲပြားတဲ့ သမို င်းကြောင်း၊ နိုင်ငံရေးလက္ခဏာ သတ်မှတ်ချက်တွေကို အသေ အချာ လေ့လာ ဆန်းစစ်ပြီးသုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ဖက်ဒရယ် တိုင်ြး ပည်များရဲ့ သင်ခန်းစာများကို ထုတ်နုတ်ပြီး မိမိနိုင်ငံနဲ့ ကိုက်ညီမယ့် အနေအ ထားကို ဆက်စပ်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုဟာ ပြောဆိုသုံးစွဲတဲ့ ဘာသာစကားတွေက စုံလင်များပြားနေတယ် ဆိုရင်၊ တိုင်းရင်းသား လူမျိုးတွေ လည်း အများကြီးရှိနေတယ် ဆိုရင်၊ နယ်မြေ အကျယ်အဝန်းအားဖြင့်လည်း ကြီးမားတယ်ဆိုရင် ဖက်ဒရယ်စနစ်ကို ရွေးချယ်ပြီး ကျင့်သုံး အကောင်အထည်ဖော်မှသာ ဒီမိုကရေစီနဲ့ ပိုပြီး နီးစပ်နိုင်မှာဖြစ်ပါတယ် ။ ဖက်ဒရယ်ပြည်ထောင်စုနှင့် လက်နက်ကိုင်တပ်များ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ အများအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေ ကို နိုင်ငံတော်ကာကွယ်ရေး အတွက် ပြည်ပနိုင်ငံများနဲ့ စစ်မက်ြ ဖစ်ပွားတဲ့အခါ ပြည်ထောင်စုအစိုးရရဲ့ ထိန်းချုပ်မှုနဲ့ အမိန့်ပေးမှု အောက်မှာ ထားရှိကြပါတယ် ။ သာမန်အချိန်တွေမှာတော့ ပြည်ထောင်စုအတွင်း ဖြန့်ကျက်ထားပြီး ဘယ်သူ တစ်ဦးတစ်ယောက်၊ အုပ်စုတစ်ခုကမှ လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် အမိန့် ပေး ထိန်းချုပ်မှု အလွယ်တကူ မလုပ်နိုင်အောင်၊ လက်နက်ကိုင်တပ် တွေကို တလွဲအသုံးမချနိုင်အောင် စီစဉ်ထားလေ့ရှိပါတယ်။ ဘယ်လိုစစ်တပ်မျိုးမဆို ဗဟိုဦးစီးချုပ်ကိုင်မှု အပြည့်အဝနဲ့ တည်ထောင်ထားတာဖြစ်လို့ တစ်ဦး တစ်ယောက်က ဒါမှမဟုတ် အုပ်စုတစ်ခုက အမိန့်ပေးနိုင်မယ့် အခွင့်အာဏာ ရှိနေမယ် ဆိုရင် အဲဒါကို အားကိုးလက်ကိုင်ပြုပြီး နိုင်ငံရေးမှာ လက်နက်အား ကိုးနဲ့ ဝင်ရောက်စွက်ဖက် ခြယ်လှယ်နိုင်ပါတယ်။ စစ်တပ်ဟာ ဒီမိုကရေစီရဲ့ ရန်သူဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင်တွေကလည်း ထောက်ပြကြပါတယ် ။ ပြည်ထောင်စုတပ်မတော်ကို ပြည်နယ်တွေက သော်လည်းကောင်း၊ ပြည်ထောင်စုက သော်လည်းကောင်း နိုင်ငံရေးပြဿနာမှာ အသုံးမပြုနိုင်ခြင်း ဟာ ပြည်ေ ထာင်စုတပ်မတော်အတွက် မရှိမဖြစ်လိုအပ်တဲ့ စံတစ်ရပ်ဖြစ်ပါ တယ်။ ပြည်ေ ထာင်စုတပ်မတော်ဟာ ပြည်ထောင်စုအစိုးရရဲ့ အမိန့်ပေးမှုကို နာခံရန်လိုအ ပ်ပါတယ်။ ပြည်ထောင်စုအစိုးရက မတရားတဲ့ အမိန့်တစ်ရပ် ကို ပေးလာ ရင် ပြည်နယ်အသီးသီးကလည်း ပြည်ထောင်စုတပ်အတွင်းမှာ တာဝန်ထမ်းေ ဆာင်နေတဲ့ ၎င်းတို့ရဲ့ စစ်တပ်တွေကို ဗဟိုအစိုးရရဲ့ အမိန့်ကို မနာခံအောင် တပြိုင်တည်း အမိန့်ပေးခြင်းအားဖြင့် ပြည်ထောင်စုအစိုးရရဲ့ မတရားတဲ့ အမိန့် ပေးမှုကို ကာကွယ်နိုင်ပါတယ်။ ပြည်နယ်တစ်ခုဟာ ၎င်းတို့ရဲ့တ ပ်အင် အားကို ပြည်ထောင်စုတပ်ဖွဲ့ရဲ့ အင်အားထက်ဝက်ကျော်တဲ့အထိ ပါဝင်ဖွဲ့စည်း ခွင့်ရခြင်းဟာ အဲဒီပြည်နယ်အတွက် အားကိုးတ စ်ရပ် ဖြစ်ပေါ်ေ စပါတယ် ။ ပြည်ထောင်စုတပ်မတော်ကို ပြည်နယ်တွေက သော်လည်းကောင်း၊ ပြည်ထောင်စုက သော်လည်းကောင်း နိုင်ငံရေးပြဿနာမှာ အသုံးမပြုနိုင်ခြင်း ဟာ ပြည်ေ ထာင်စုတပ်မတော်အတွက် မရှိမဖြစ်လိုအပ်တဲ့ စံတစ်ရပ်ဖြစ်ပါတ ယ်။ ပြည်ေ ထာင် စုတပ်မတော်ဟာ ပြည်ထောင်စုအစိုးရရဲ့ အမိန့်ပေးမှုကို နာခံရန်လို အပ်ပါတယ်။ ပြည်ထောင်စုအစိုးရက မတရားတဲ့ အမိန့်တစ်ရပ် ကို ပေးလာ ရင် ပြည်နယ်အသီးသီးကလည်း ပြည်ထောင်စုတပ်အတွင်းမှာ တာဝန်ထ မ်းဆောင်နေတဲ့ ၎င်းတို့ရဲ့ စစ်တပ်တွေကို ဗဟိုအစိုးရရဲ့ အမိန့်ကို မနာခံအောင် တပြိုင်တည်း အမိန့်ပေးခြင်းအားဖြင့် ပြည်ထောင်စုအစိုးရရဲ့ မတရားတဲ့ အမိန့်ပေးမှုကို ကာကွယ်နိုင်ပါတယ်။ ပြည်နယ်တစ်ခုဟာ ၎င်းတို့ရဲ့တပ် အင်အားကို ပြည်ထောင်စုတပ်ဖွဲ့ရဲ့ အင်အားထက်ဝက်ကျော်တဲ့အထိ ပါဝင်ဖွဲ့စည်းခွင့်ရခြင်းဟာ အဲဒီပြည်နယ်အတွက် အားကိုးတစ် ရပ် ဖြစ်ေ ပ်ါစေပါတယ် ။ မြန်မာ့ဖက်ဒရယ်ရေးအစ ရှမ်းမူက မြန်မာ့နိုင်ငံရေးလောကမှာ ၁၉၆၀ ပြည့်လွန်နှစ်များ မတိုင်မီအချိန်ထိ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရဟာ ရှေ့တန်းရောက်မလာသေးပါဘူး။ ပြန်ကြည့်မယ်ဆိုရင် ၁၉၆၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် ပါလီမန် အစည်းအဝေးမှာ တရားရေးဌာနဝန်ကြီး ဒေါက်တာအေးေ မာင်က ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အဆိုတင်သွင်းခဲ့ပါတယ် ။ သူ့ရဲ့အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တာကြောင့် ၁၉၆၀ နိုဝင်ဘာ လ ၁၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံပြင်ဆင်ေ ရး ကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ် ။ အဲဒီမှာ ဦးတင်အေး၊ ဦးထွန်းမြင့်(တောင်ကြီး)၊ ဦးထွန်းဖေ တို့ဦးဆောင်တဲ့ ရှမ်းပြည်နယ်ကိုယ်စားလှယ် တစ်စုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဖို့အ တွက် တောင်ကြီးမှာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ နောက်တော့ ဦးထွန်းမြင့် (တောင်ကြီး) ကို တာဝန်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါနဲ့ ဦးထွန်းမြင့်က လည်း ၁၉၆၀ ဒီဇင်ဘာ ၆ ရက်နဲ့ ၈ ရက်နေ့အထိ ထုတ်ဝေခဲ့တဲ့ ဗိုလ်တစ်ေ ထာင် သတင်းစာမှာ “ကျွန်တော်တို့လိုလားသော ပြည်ထောင်စုစနစ်” လို့် ခေါင်း စဉ်တပ်ပြီး အခန်းဆက် ဆောင်းပါးရှည်ကြီးကို ရေးသားခဲ့ပါတယ်။ ဒါဟာ ဖက်ဒရယ်မူ ပေါ်ပေါက်လာစေမယ့် ရှေ့ပြေးအကြောင်းတရားတစ်ခုပဲ ဖြစ်ပါတယ် ။ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်အတည်ပြုလိုက်တဲ့ အခြေခံဥပဒေပြင်ဆ င်ရေး ကို အထူးစိတ်ဝင်စားပြီး အရေးတယူ ဆောင်ရွက်ခဲ့တာကတော့ အဲဒီအချိန်က ရှမ်းပြည်နယ်အစိုးရပဲ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရက ကမကထလုပ်ပြီးတော့ ၁၉၆၀ နိုဝင်ဘာလ ရ ရက်နေ့မှာ တောင်ကြီးမှာ အစည်းအဝေးတစ်ရပ် ကျင်း ပကြပါတယ်။ အဲဒီအစည်းအဝေးမှာ အခြေခံဥပဒေ စိစစ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ကော်မတီရဲ့တာဝန်ကတော့ အခြေခံဥပဒေ ကို လေ့ လာပြီး ပြင်ဆင်ဖို့လိုအပ်တာတွေကို အကြံပြုဖို့ဖြစ်ပါတယ် ။ ပထမအကြိမ်အစည်းအဝေးမှာပဲ ကော်မတီရဲ့အမည်ကို “ပြည်ထောင် စုမြန်မာနိုင်ငံ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေး (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီ” လို့ ပြင်ဆင်လိုက်ပါတယ်။ အဲဒီနောက် “ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ ခံဥပေ ဒ ပြင်ဆင်ရေးစာတမ်း” ကို ပြုစုခဲ့ကြပါတယ်။ ဒီစာတမ်းကို ၁၉၆၁ ဖေဖော် ဝါရီလအတွင်း တောင်ကြီးမှာ ကျင်းပတဲ့ ရှမ်းပြည်နယ်လုံးကျွတ် ညီလာခံက အတည်ပြုခဲ့ပါတယ် ။ ဒီစာတမ်းကိုပဲ လူမျိုးစုအားလုံးက အကျေအလည် ညှိနှိုင်းဆွေးနွေးနိုင်ဖို့အ တွက် ဝန်ကြီးချုပ်ဦးနုဆီမှာ တရားဝင်ခွင့်ပြုချက် ရယူပြီး ပြည်နယ်ေ ပါင်းစုံညီ လာ ခံကို ကျင်းပဖို့စီစဉ်ခဲ့ပါတယ်။ ၁၉၆၀ ဇွန်လ ၈ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ တောင်ကြီးမြို့ရှိ စားမြိန်ရိပ်သာမှာ “တောင်ကြီး လူမျိုးပေါင်းစုံ ညီလာ ခံကြီး” ကို ကျင်းပခဲ့ကြပါတယ်။ အဲဒီပွဲကို ကချင်၊ ကယား၊ ကရင်၊ ရှမ်းနဲ့ ချင်းဝိသေသတိုင်းက ကိုယ်စားလှယ်တွေအပြင် ဝန်ကြီးချုပ်ထံ က ပြည်နယ်ေ ပးမယ်လို့ ကတိရထားတဲ့ မွန်နဲ့ ရခိုင် ကိုယ်စားလှယ်တွေလည်း တက်ရောက် ကြ ပါတယ်။ ကိုယ်စားလှယ်ပေါင်း ၂၂၆ ဦးနဲ့ လေ့လာသူ ၁၀၄ ဦး တက်ရောက် ခဲ့ပါတယ် ။ တောင်ကြီးညီလာခံကနေ “ပြည်နယ်များ ညီညွတ်ရေးအဖွဲ့” ဖွဲ့စည်းဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။ ပြီးတော့ ရှမ်းပြည်နယ်က တင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စာတမ်းကိုလည်း အတည်ပြုခဲ့ကြပါတယ်။ ဒီစာတမ်းကို ရှမ်းပြည်နယ်အစိုးရ ပြန်ကြားရေးဌာနက ၁၉၆၁ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ စာတမ်းရဲ့ တရားဝင်အမည်က “ဖက်ဒရယ်မူ” ဖြစ်ပေမယ့် ရှမ်းပြည်နယ်က ဦးဆောင်ပြီး တင်သွင်းတာဖြစ်လို့ “ရှမ်းမူ” လို့ပဲ လွယ်လွယ်ခေါ်ခဲ့ကြပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာတော့ “ဖက်ဒရယ်မူ” လို့ လူသိများထင်ရှားခဲ့ပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ တိုင်းရင်းသားလူမျိုးများကိုယ်တိုင် တင်သွင်းလာတဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော မူဝါဒဆိုင်ရာ ကြေညာစာတမ်းလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။ တကယ်တော့ “ဖက်ဒရယ်မူ” မှာ လူတွေအထင်မှားသလို ခွဲထွက်ရေး ကို တောင်းဆိုထားတာ မဟုတ်ပါဘူး။ အဲဒီတုန်းက ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်ထောင်စုလို့ တရားဝင်ဆိုထားပေမယ့် လက်တွေ့ကျင့် သုံးတဲ့နေရာမှာ တစ်ပြည်ထော င်ပုံစံ ဖြစ်နေတဲ့အတွ က် ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ကို အဆိုပြုထားခြင်းသာ ဖြစ်ပါတယ်။ ဖက်ဒရယ်မူထဲမှာ ခွဲထွက်ခွင့်ဆို တာ တစ်လုံးတစ်ပါဒမှ မပါသလို အဲဒီတုန်းက ရှမ်းအပါအဝင် တိုင်းရင်း ခါင်းဆောင်တွေရဲ့ သဘောဆန္ဒကို ကြည့်မယ်ဆိုရင် လည်း ပြည်ထောင် စုကြီးကနေ ခွဲထွက်လိုတဲ့ ပြည်ထောင်စုကြီးကို ပြိုကွဲစေလိုတဲ့ စိတ်ဆန္ဒ လုံးဝမရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ် ။ “ဖက်ဒရယ်မူ” ထဲမှာ အဆိုပြုထားတဲ့ အရေးကြီးတဲ့ အဓိကအချက်လေးတွေကို ထုတ်နုတ်ဖော်ပြရမယ်ဆိုရင် (၁) ဗမာပြည်နယ်ဖွဲ့စည်းရေး (ရှစ်ပြည်နယ်မူ) (၂) အထက်လွှတ်တော် (လူမျိုးစုလွှတ်တော်) ကို ပြည်နယ်တိုင်းက တူညီတဲ့ ကိုယ်စားလှယ်အရေအတွက်ကို စေလွှတ်ရေး (၃) အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကို အာဏာတူပေးရေး (၄) ဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) ကို အောက်ပါဌာနတွေကလွှဲပြီး ကျန်တဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်နယ်အစိုးရထံ လွှဲအပ်ရေး (က) နိုင်ငံခြားဆက်သွယ်ရေး (ခ) ကာကွယ်ရေး (ဂ) ဘဏ္ဍာရေး (ဃ) ငွေဒင်္ဂါးနှင့် ငွေစက္ကူထုတ်ဝေရေး (င) စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး (စ) ရထား၊ ရေကြောင်း၊ လေကြောင်း ဆက်သွယ်ရေး (ဆ) တရားစီရင်ရေး (ဇ) ပင်လယ်ဆိပ်ကမ်းခွန်ကောက်ရေး (၅) ပြည်ထောင်စုဘဏ္ဍာတော်ကို မျှတစွာခွဲဝေရေး တို့ပဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အာဏာခွဲဝေမှု လက်ရှိမြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်ထောင်စု အစိုးရ အပြင် ပြည်နယ်/တိုင်းဒေသကြီး အစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်း/ဒေသ အစိုးရဆိုပြီး အုပ်ချုပ်ရေးအဖွဲ့တွေကို ခွဲခြားထားပါတယ်။ ထို့အတူ ဥပဒေပြု ဖို့အတွက် ပြည်ထောင်စုလွှတ်တော် ရှိသလို ပြည်နယ်လွှတ်တော်တွေလည်း ရှိပါတယ်။ ဒါ့အပြင် ပြည်နယ်ဥပဒေပြုစာရင်း ဆိုတာကိုလည်း သတ်မှတ်ပေး ထား ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင် စုနှင့် ပြည်န ယ်အစိုးရများအကြားက အာဏာခွဲဝေမှု အနေအထားကို လေ့ လာကြည့် ရင် ပြည်ထောင်စုအစိုးရမှာ ဥပဒေပြုခွင့်အာဏာပေါင်း ၁၃၀ ခု ပါရှိပြီး ပြည် နယ်အစိုးရတွေရဲ့ ဥပဒေပြုခွင့်အာဏာကတော့ ၄၁ ခု ရှိပါသည် ။ ပြည်နယ်ဥပဒေပြုစာရင်းကိုကြည့်ရင် ပြည်နယ်အစိုးရအနေနဲ့ သစ်တော ကဏ္ဍမှာဆိုရင် ကျေးရွာထင်းစိုက်ခင်း လောက်ပဲ စီမံခန့်ခွဲပိုင်ခွင့်ရှိပြီး စက်မှုလက်မှု ကဏ္ဍမှာဆိုရင်လည်း အသေးစား အိမ်တွင်းစက်မှုလုပ်ငန်းလောက်သာ ကြီးကြပ်ပိုင်ခွင့် ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင် ခွင့်ကို ကြည့်မယ်ဆိုရင်လည်း စည်ပင်သာယာရေး ကိစ္စကလွဲပြီး ကျန်ဥ ပဒေပြုခွင့်အာဏာ အားလုံးကို ပြည်ထောင်စုကသာ လွှမ်းမိုးချယ် လှယ်ထား တာ ဖြစ်လို့ စည်ပင်သာယာရေး ကော်မတီအဆင့်လောက်သာ ရှိတဲ့သေ ဘာဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်တာ၊ အာဏာခွဲဝေရေးအပိုင်းမှာ ပြုလွယ်၊ ပြင်လွယ်ဖြစ်အောင် ပြဌာန်းမထားတာ စတာတွေဟာလည်း ဖက်ဒရယ်စနစ်နှင့် လွဲချော်နေတဲ့ အချက်တွေဖြစ်ပါတယ် ။ နောက်ထပ်တစ်ခုကတော့ အမျိုးသားလွှတ်တော် (ရှေးအခေါ် လူမျိုးစုလွှတ်တော်) မှာ ကိုယ်စားလှယ်ပေါင်း ၂၂၄ ဦး ရှိတဲ့အနက် ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်နည်းအားဖြင့်ဆိုရင် လူမျိုးစုငယ်များ သို့တည်းမဟုတ် လူနည်းစု (Minority) များကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် အရေအတွက်က တစ်ပြည်နယ်ကို ၁၂ ဦးနှုန်းနဲ့ ရ ပြည်နယ်ပေါင်းလျှင် ၈၄ ဦးသာ ရှိပါတယ်။ ဒါပေမယ့် တိုင်းဒေသကြီး ရ ခုကို အခြေခံတဲ့ တစ်နည်းအားဖြင့်ဆိုရင် Majority လူများစုကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ၈၄ ဦးရှိတဲ့အပြင် ထပ်ပြီးတော့မှ တပ်မတော်သားကိုယ်စားလှယ် ဦးရေကလ ည်း ၅၆ ဦး ပါဝင်လျက်ရှိပါတယ်။ ဒါဟာ ဖက်ဒရယ်ဆိုတဲ့ လူနည်းစုကို အကာအကွယ်ပေးတဲ့ စံနှုန်းနဲ့လည်း မကိုက်ညီပြန်ပါဘူး ။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်စေမှုကို လမ်းချော်စေတဲ့ အဓိကအချက်နှစ်ခုကိုလည်း တွေ့ရပါတယ်။ အဲဒါကတော့ သယံဇာတခွဲဝေရေး (Resource Sharing) နဲ့ အခွန်ကောက်ခံမှု စနစ်တို့ ဖြစ်ပါ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်တွေကို အာဏာခွဲဝေပေးတဲ့နေရာမှာ ဥပဒေပြုခွင့်အာဏာ အများစုကို ဗဟိုကသာ ချုပ်ကိုင်ထားပြီး သဘာဝသယံ ဇာတခွဲဝေရေး အပိုင်းမှာလည်း ဗဟိုကပဲ အလုံးစုံချုပ်ကိုင်ထား တာ ဖြစ်တဲ့ အတွက်ကြောင့် ပြည်နယ်အစိုးရအဖွဲ့တွေအတွက် အကျိုးခံစားခွင့် မညီမ မျှဖြစ်စေပါတယ်။ အခွန်ကောက်ခံရာမှာလည်း ပြည်နယ်နှင့် တိုင်းဒေသကြီး များရဲ့ အခွန်ကောက်ခံပိုင်ခွင့် ဇယား (၅) အရ အခွန်ငွေရလမ်းဟာ နည်းပါးလွန်းတဲ့အတွက်ကြောင့် ပြည်နယ်အစိုးရများဟာ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့အခါ လိုအပ်တဲ့ဘတ်ဂျက်ကို ဗဟိုအစိုးရထံက အမြဲတမ်း လက်ဖြန့်တောင်းနေရမှာ ဖြစ်ပါတယ် ။ နိဂုံး နောက်ဆုံးအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ပဲ အဆုံးသတ်ကြရေ အာင်ပါ။ “မိမိရဲ့နိုင်ငံကို စနစ်တကျ မှန်ကန်စွာ ချစ်မြတ်နိုးပြီး အခြားရဲ့ ယဉ်ကျေးမှုတိုင်း လူမျိုးတိုင်းအပေါ် လျော်ကန်သင့်မြတ်တဲ့ အလေးထား လေးစားမှုရှိတဲ့ စိတ်ဓာတ်ဟာ အပြုသဘောဆောင်တဲ့ လူမျိုးရေးဝါဒဖြစ်တယ်။ အခြားသူတွေကို ထိခိုက်နစ်နာစေပြီး မိမိတို့ရဲ့ ကိုယ်ပိုင် ကောင်း ကျိုးချမ်း သာကို ရှာဖွေတာ၊ တခြားသူတွေရဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးရေးအပေါ် အထင်သေး အလေးမထားမှုကို သင်ကြားပေးတဲ့ အမျိုးသားရေးဝါဒ ဟာ ဖောက်ပြန် မှားယွင်းတဲ့ ပုံစံဖြစ်ပြီး ဒါဟာ အဖျက်သဘောဆောင်တဲ့ အမျိုးသားရေး ဝါဒ ဖြစ် တယ်” ဆိုတာပါပဲ။ မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံတစ် ခု ဖြစ် လာစေဖို့ဆိုရင် လက်တွေ့အလုပ်ဖြစ်တဲ့ ဖက်ဒရယ်စနစ်မျိုးကို ကြိုးစား တည်ဆောက်ရလိမ့်မယ်လို့ သုံးသပ်မိပါတယ် ။ |
စိုင်းနေမင်း ( ဆောင်းပါးရှင် ) |
ကိုးကား-
i. ဖက်ဒရယ်ဂျာနယ်၊ ၂၀၁၃ ဧပြီလ။ ii. ဖက်ဒရယ်ဝါဒမိတ်ဆက်၊ အေးမောင်ကျော်၊ ဓူဝံစာပေ၊ ပထမအကြိမ်၊ ၂၀၁၃ ဇူလိုင်လ။ iii. ဘာကြောင့်ဖက်ဒရယ်လဲ ဘာကြောင့်ငြိမ်းချမ်းရေးလဲ၊ အေးမောင်ကျော်၊ ဓူဝံစာပေ၊ ပထမအကြိမ်၊ ၂၀၁၃ ဇွန်လ။ iv. ဖက်ဒရယ်ရေးရာ၊ ခင်မောင်ရှိန် (ဥပဒေ)၊ မြန်မာ့ခေတ်စာပေ၊ ပထမအကြိမ်၊ ၂၀၁၃ ဇူလိုင်လ။ v. ဖက်ဒရယ်မူ သဘောတရားနှင့် လက်တွေ့၊ ကျော်ဝင်း၊ တကောင်းစာပေ၊ ပထမအကြိမ်၊ ၂၀၁၃ ဇူလိုင်လ။ vi. ဖက်ဒရယ်လေ့လာရေးစာစဉ်၊ ABSDF ဗဟိုကော်မတီဌာနချုပ်၊ လင်းစာပေ၊ ပထမအကြိမ်၊ ၂၀၁၄ အောက်တိုဘာလ။ vii. အမျိုးသားရေးဝါဒနဲ့ လူမျိုးစုပြဿနာ၊ သက်တင် (မန္တလေး)၊ နှင်းဆီနီစာပေ၊ ပထမအကြိမ်၊ ၂၀၁၄ မတ်လ။ viii. ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးဖြတ် သန်းမှုသမိုင်း (၁၉၈၈-၂၀၁၃)၊ ပ-အကြိမ်၊ ၂၀၁၄ မတ်လ။ ix. Professor Mr. Eric Bjornlund ၏ Federalism အကြောင်းပို့ချချက်၊ အမေရိကန်စင်တာ။ |
|
ရေကာတာဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း နေပြည်တော်သို့သာမေးရန် သျှမ်းပြည်နယ်လွှတ်တော်ဖြေကြား Posted: 14 Jul 2016 09:48 PM PDT ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပရာ လျှပ်စစ်စွမ်းအင် နှင့် တိုက်ရိုက်သက်ဆိုင်သည့် ကြယ်ပွင့်ပြ မေးခွန်းအား နိုင်ငံတော်စီမံကိန်း လုပ်ငန်းကြီးဖြစ်ခြင်းကြောင့် လျှပ်စစ် စွမ်းအင် နှင့် စက်မှုဝန်ကြီးဌာန နေပြည်တော်သို့ မေးမြန်းဆောင်ရွက်သင့်ကြောင်း သျှမ်းပြည်နယ် လွှတ်တော်မှ ဖြေကြားခဲ့သည်ဟု သိရသည် ။
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ဂျူလိုင် ၁၃ ရက်နေ့ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ် (၂ ) ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးစိုင်းခမ်းအောင် ၏ ကြယ်ပွင့်ပြ မေးခွန်း အပေါ် နေပြည်တော်သို့ မေးမြန်းဆောင်ရွက် သင့်ကြောင်း ဖြေကြားခဲ့သည်။ အဆိုပါ နိုင်ငံတော်စီမံကိန်း လုပ်ငန်းကြီးဖြစ်သော သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ၊ ကျောက်မဲမြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာ တောင်ခြေအနီးတွင်ရှိသော အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ်များ လျှပ်စစ်ဓာတ်အားစီမံကိန်း တည်ရှိရာဖြစ်သော သီပေါမြို့နယ် ၊ ကျောက်မဲမြို့နယ် ၊ ရပ်စောက်မြို့နယ် ၊ နောင်ချိုမြို့နယ်များရှိ ဒေသခံ ပြည်သူပြည်သားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ၊ စီးပွားရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဒေသတွင်းရှိ ကျေးရွာများသို့ ဖြန့်ဖြူးပေးရန် လုပ်ငန်းအစီစဉ်ရှိ / မရှိ တည်ဆောက်ရေး နှင့် ဆည်တည်ရှိမှုကြောင့် ဒေသခံပြည်သူပြည်သားများ၏ ဘဝလုံခြုံမှုအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားမှု ရှိ / မရှိ စသည်မေးခွန်းများမေးခဲ့ကြောင်း ဦးစိုင်းခမ်းအောင် ကပြောသည် ။ အထက်ရဲရွာရှိ ရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်စွမ်းအင် နှင့် စက်မှုဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီး ဌာန အမှတ် (၃) တည်ဆောက်ရေး ပြင်ဦးလွင်မြို့မှ တာဝန်ယူဆောင်ရွက်လျှက်ရှိသော နိုင်ငံတော်စီမံကိန်း လုပ်ငန်းကြီးဖြစ်ခြင်းကြောင့် သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဖြေကြားနိုင်မှုမရှိသော လုပ်ငန်း ဖြစ်၍ သက်ဆိုင်ရာလွှတ်တော်များမှတစ်ဆင့် လျှပ်စစ် စွမ်းအင်စက်မှုဝန်ကြီးဌာန နေပြည်တော်သို့ မေးမြန်း ဆောင်ရွက်သင့်ကြောင်း သျှမ်းပြည်နယ် လျှပ်စစ်စွမ်းအင် နှင့် စက်မှုဝန်ကြီး ဦးဆွေသိန်း ကဖြေကြား လိုက် ကြောင်း ကြယ်ပွင့်ပြ မေးခွန်းမေးသူ ဦးစိုင်းခမ်းအောင် ကပြောသည် ။ “ ဒီလိုပြန်ဖြေပေးတာကိုတော့ ကျေနပ်အားရမှုမရှိဘူး ၊ ပြောချင်တာက သျှမ်းပြည်တွင်းမှာရှိတဲ့ ပြသနာဘဲ ကောင်းကျိုး ဆိုးကျိုး သျှမ်းပြည်တွင်းက ပြည်သူတွေကဘဲ ခံစားရမယ် ။ ဒါကြောင့် သျှမ်းပြည်နယ်အစိုးရလည်း တာဝန်ယူ သင့် တယ်လို့ သိစေချင်တယ် ။ ဒီလိုမျိုး သျှမ်းပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုမရှိအောင် နည်းလမ်းရှာပြီး ဖြေရှင်း ပေးသင့်တယ် ။ အဲ့ဒါတင်မကဘူး ဆည်တည်ဆောက်မှုရဲ့ ကောင်းကျိုးပေါ့ တကယ်လို့ပြီးသွားရင် လျှပ်စစ်မီး တွေရလာမယ် အကျိုးခံစားခွင့် တွေရှိတဲ့ သီပေါ ၊ ကျောက်မဲ ၊ ရပ်စောက် နဲ့ နောင်ချိုတွေ ဘယ်လို အကျိုး ခံစားရမလဲဆိုတာ သိချင်တယ်ပေါ့ သူတို့က အဖြေမပေးနိုင်ဘူး အဲ့ဒါတွေသိချင်တာပေါ့ ” ဟု ဦးစိုင်းခမ်းအောင် ကပြောသည် ။ အထက်ရဲရွာ စီမံကိန်းကြောင့် သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု တာလုံ အရှေ့ရွာတွင် လူနေအိမ် ၁၃၀ ကျောက်မဲမြို့နယ် အနောက် တာလုံ ကျေးရွာရှိ လူနေအိမ် ၁၂ အိမ် နှင့် လယ်မြေ ၁၃၀ ဧက ဥယျာဉ်ခြံ ၁၆၇ ဧက ယာမြေ ၄၀၁ ဧက နှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ စာသင်ကျောင်း ကျေးရွာ မီးလင်းရေး အတွက် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ငွေကျပ်သိန်း ၃၁၄ သိန်း အကုန်ကျခံ တည်ဆောက် ထားသည့် ရေအား လျှပ်စစ်လုပ်ငန်း အခြားသော အဆောက်အဦးများ ရေလွှမ်းမိုး နှစ်မြှုပ်မည့်အန္တရာယ်နှင့် ကြုံတွေရ မှာဖြစ် ကြောင်း သိရသည် ။ နမ္မတူမြစ်ပေါ်တွင် ကျောက်မဲမြို့နယ်အတွင်း တည်ဆောက်မည့် တာလုံ ဆည်ခေါ် အထက်ရဲ ရွာနှင့် သီပေါမြို့နယ် တာတေကျေးရွာဘက် လီလုရေ ကာတာများ အား ဦးသိန်းစိန်အစိုးရ ခွင့်ပြုမိန့်ဖြင့်တည်ဆောက်ခဲ့ကြသည် ။ နောင်ချိုမြို့နယ်အတွင်းရှိ အလယ်ရဲရွာတွင် လည်း ရေကာတာ တည်ဆောက်ထားသည် ။ နမ္မတူမြစ်ခေါ် ဒုဌဝတီမြစ်ပေါ် တည်ဆောက်နေ သည့် ရေကာတာကြီး များ ရပ်တန့်ပေးပါရန် ၊ ဒုဌဝတီမြစ်ရေအား လွတ်လပ် စွာ စီးဆင်းခွင့်ပေးပါရန် ဒေသအတွင်း နေထိုင်သည့် လူထု ၂၀၀ ခန့်က မတ် ၃၀ ရက်က မြစ်ကမ်းနံဘေးတွင် စုပေါင်း တောင်းဆိုလိုက်သည် ။ |
|
Posted: 14 Jul 2016 09:33 PM PDT သျှမ်းပြည်နယ်မြောက်ပိုင်းတွင်အပြစ်မဲ့ အရပ်သားများအား လက်နက်ကိုင် အဖွဲ့အစည်း အချို့ မှ ဥပဒေမဲ့ပစ်ခတ်သတ်ဖြတ်မှု ကြုံနေရခြင်းသည် တရားဥပဒေစိုးမိုးမှုကင်းမဲ့ကြောင်း ပြသရာ ရောက်ပြီး တက်သစ်စ အစိုးရအပေါ် လူထုယုံကြည်မှု ကျဆင်းစေသည်ဟု ကျားခေါင်းပါတီက ကြေငြာချက်ထုတ်ပြန်သည် ။
" အပြစ်မဲ့ပြည်သူလူထုကိုလက်နက်အားကိုးပြီးတော့မှ အနိုင်ကျင့်သတ်ဖြတ်နေတဲ့ကိစ္စကို ကျနော်တို့ ပြစ်တင်ရှုံ့ချပြီးတော့မှ အဓိက တာဝန်ကျတဲ့ သျှမ်းပြည်အစိုးရနဲ့ အဖွဲ့အစည်း တွေ ကိုလည်း ပြည်သူ လူထုကို စာနာငဲ့ညာသနားသောအားဖြင့် တရားဥပဒေစိုးမိုးရေး ရှိအောင်ဝိုင်း ဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ် ။ "- ဟု သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ ချုပ် ပြောခွင့်ရစိုင်းလိတ်က သျှမ်းသံတော်ဆင့်အား ပြော သည် ။ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း ၊ ပြည်သူလူထုအပေါ် လက်နက်ဖြင့် ခြိမ်းခြောက်အနိုင် ကျင့်ခြင်းများကို ကျားခေါင်းပါတီအနေဖြင့် ကန့်ကွက်ကြောင်းနှင့် တရားဥပဒေစိုးမိုးမှု ပိုမိုအား ကောင်း လာစေရန် သျှမ်းပြည်နယ်အစိုးရနှင့် တကွ သက်ဆိုင်သူအားလုံးကို တိုက်တွန်း ကြောင်း လည်း သျှမ်းတိုင်းရင်း သား များ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဂျူလိုင် ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည် ။ " အခုက လူတွေက မြို့ပေါ်မှာတောင် မလုံမခြုံဖြစ်နေတယ် ။ ဖြစ်သမျှကျူးလွန်မှုတွေကိုလည်း ဖြေရှင်းပေးမှုမရှိတော့ အစိုးရအပေါ်လူထု ယုံကြည်မှု လျော့ကျစေတယ်လေ " ဟု SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်က မှတ်ချက်ပြုပြောဆိုသည် ။ ဂျူလိုင်လ ၁၃ ရက်နေ့က မူဆယ်ခရိုင်နမ့်ခမ်းမြို့နယ်တွင် ပညာရည်ချွန်ဆုပေးပွဲအခမ်း အနား မှ ပြန်လာသည့် SNLD ပါတီဝင်တဦးအား ဆိုင်ကယ်စီး သေနတ်သမား ၂ ဦးက လုပ်ကြံ သတ် ဖြတ် ခဲ့သည် ။ အလားတူ ဂျွန်လ ၂၅ ရက်နေ့ကလည်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် ဒေသခံ ရ ဦးသည် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့၏ တရားမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရ သည် ။ အဆိုပါ ဖြစ်ရပ်များအပေါ်အခြေခံပြီး SNLD က ကြေငြာချက်ထုတ်ပြန် လိုက်ခြင်း ဖြစ်သည် ။ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရစိုင်းလိတ်က - " အဓိကပြသနာ ၂ ရပ် ရှိတယ်။ တဖက်က အစိုးရက ငြိမ်းချမ်းရေးကို ကိုယ်တိုင်က ကြိုးပမ်းအားထုတ်နေ တယ် ဆိုတာ မြင်တွေ့ နေရတယ် ။ နောက်တဖက်က တပ်မတော်ရဲ့အပိုင်း ကဏ္ဍရှိပါတယ် ။ လုံခြုံ ရေးကိုအဓိက တာဝန် ယူထားတဲ့ပြည်ထဲရေးဝန်ကြီးဌာနပေါ့နော် ။ နောက်တပ်မတော် ။ ဒီအဖွဲ့ အစည်း ၂ ရပ်ကနေပြီးတော့မှ တာဝန်ယူမှုရှိစွာနဲ့ဆောင်ရွက်မယ် ဆိုရင် ဒီတရား ဥပဒေစိုးမိုးမှု ကပိုပြီးတော့ပီပြင်မှာပေါ့နော် ။ အဲ့ကြောင့်မို့လို့ အစိုးရနဲ့တပ်မတော် အစိုးရနဲ့ပြည်ထဲရေးဝန်ကြီးဌာန အပေးအယူမျှမျှနဲ့ ဝိုင်းဝန်းကြိုးပမ်းကြမယ်ဆိုရင် ဒီထက်မက လုံခြုံရေးတွေပိုပြီး စိတ်ချလာရ မယ်လို့မြင်ပါတယ် ။" ဟုပြောဆိုသည် ။ |
|
Posted: 16 Jul 2016 03:52 AM PDT သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဒေသတွင်း ပြည်သူလူထုစုပေါင်းကာ အပစ်မဲ့အရပ်သားများအား ပစ် မှတ် ထား တိုက်ခိုက်မှု ရပ်တန့်ရေး ၊ ငြိမ်း ချမ်းလုံခြုံစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး ၊ တရားဥပဒေ စိုးမိုးရေး အတွက်ရည်ရွယ်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြ ပွဲကျင်းပ သည်ဟုသိရသည် ။
သျှမ်းလူငယ်ကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းနော်ဆိုင်က -" ကျနော်တို့ဒေသခံ ပြည်သူလူထု မတရား ဖမ်းဆီးသတ်ဖြတ်ခံနေရတယ် ။ တာဝန်ယူမှု တာဝန်ခံမှုတွေမရှိဘူး ။ ဒါ့ကြောင့်တပ်မတော် အပါအဝင် တိုင်းရင်း သားလက် နက်တွေကအစ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ပါ ။ ကျနော်တို့တောင်းဆိုတာ ကတော့ ရ ချက်ရှိပါတယ် " -ဟု သျှမ်းသံတော်ဆင့် သို့ပြောသည် ။ လူထုတောင်းဆိုချက် ရ ချက်မှာ - စစ်ဒဏ် သင့်ပြည်သူများ ဘေးကင်း လုံခြုံစွာ နေရပ်ပြန်နိုင်ရေး ၊ တရားဥပဒေစိုးမိုးရေး ၊ အပစ်မဲ့ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှု များရပ်တန့်ပေးရေး ၊ ပြည်သူများအေးချမ်းစွာ သွားလာအသက်ရှင်နေထိုင်နိုင်ရေး ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရေး ၊ တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး ၊ တိုင်းရင်းသားများ၏အခွင့်အရေးကို အာမခံသည့် ဖက်ဒရယ် Federal ပြည်ထောင်စုပေါ်ပေါက်လာရေး စသဖြင့်ပါဝင်ပါသည် ။ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြနိုင်ရန်အတွက် သျှမ်းလူငယ်များကွန်ယက် ၊ သျှမ်းလူငယ်အဖွဲ့၊ ကချင်လူငယ်အဖွဲ့အစည်း (ရှမ်းပြည်) တအာင်း အမျိုးသမီးအဖွဲ့အစည်း ၊ တအာင်းကျောင်း သားနှင့် လူငယ်များအဖွဲ့တို့မှ ဦးဆောင်ဦးရွက်ပြု စီစဉ်ပေးကြောင်းသိရသည် ။ " အထက ၁ နာက ကချင်နှစ်ချင်းဘုရားကျောင်းကနေ စထွက်တာ ။ သိန္နီလမ်း မကြီး ၊ ရပ်ကွက် ၃ ၊ မြို့တော်ခန်းမ ၊ ဆေးရုံ ၊ အမှတ် ၁ ရဲစခန်း ဘက်ကို သွား ကြမှာ ။ ခွင့်ပြုချက်က လူငယ်အား ၁၂၀၀ တင်ထားတယ် ။ အခုလာပြီး ပူးပေါင်း ကြတဲ့ လူအင်အား ၁၀၀၀ ကျော်ရှိနေပြီ ။ အခြေအနေကတော့ အေးဆေးဘဲ ၊ ရဲတပ်ဖွဲ့ထဲကပုဂ္ဂိုလ်တွေ အာဏာပိုင် တချို့လည်းပူးပေါင်းတယ် ။" ဟု စိုင်းလွယ်မံစမ် ကပြောသည် ။ စီတန်းလှည့်လည်ရေးအား နံနက် ၉ နာရီမှ ၁၂ နာရီအထိ လားရှိုးမြို့ ရဲတပ်ဖွဲ့မှူးကခွင့်ပြုချက်ပေး ထားကြောင်းသိရသည် ။ သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ရေးပဋိပက္ခကြောင့် ကျေးရွာမီးရှို့ခံရ မှု ၊ ဒေသတွင်းလူငယ်နှင့် ခရီးသွားများ ဖမ်းဆီးခံရမှု ၊ အကြောင်း မသိရဘဲပျောက်ဆုံးသွားမှု ၊ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရမှု ၊ ဂျွန် ၂၅ ရက်နေ့က လားရှိုးကျေးလက်ဒေသခံ ရ ဦး ပစ်သတ်ခံရမှုအပေါ် အကြောင်းပြုကာ ဒေ သ ခံလူထု ၁၀၀၀ ကျော်တို့ စုပေါင်းချီတက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးဆောင်မှုပြုသည့် လူငယ်များအဖွဲ့ကပြောပါသည် ။ |
||
|
စစ်ပွဲများ အမြန်ဆုံး ရပ်တန့်ရေး ကျားခေါင်းပါတီအမတ်၏အဆိုကို လွှတ်တော်အတည်ပြု Posted: 16 Jul 2016 03:34 AM PDT ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္တနေ့တွင် သျှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသောစစ်ပွဲများ အမြန်ဆုံး ရပ်တန့်ရေး နှင့် စစ်ရေးတင်းမာမှုများ အတွက် ဆက်လက်မဖြစ်ပွားရေး အဆိုကိုတင်သွင်းရာ သျှမ်းပြည်နယ်လွှတ်တော်၌ အတည်ပြုလိုက်ကြောင်း သိရသည် ။
အဆိုတင်သွင်းသော သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) သျှမ်းပြည်နယ်လွှတ်တော်အမတ် နန်းစမ်းစမ်းအေး မှ သျှမ်းပြည်နယ် အစိုးရသော်လည်းကောင်း ၊ ပြည်ထောင်စု အစိုးရသော်လည်းကောင်း သျှမ်းပြည်အတွင်း ဖြစ် ပွားနေသော စစ်ပွဲများအမြန်ဆုံးရပ်တန့်ရေးနှင့် ကြားဝင်ပြန်ဖြေရေး ၊ အနာဂတ်တွင် ဆက်လက်မဖြစ်ပွားရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် တိုက်တွန်းရာ လွှတ်တော်၌ အတည်ပြုလိုက် ကြောင်း ပြောသည် ။ “ လွှတ်တော်ဆုံးဖြတ်ချက်မှာ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်က မှတ်တမ်းတင် ပေးမယ်လို့ပြောတယ် ။ မှတ်တမ်းတင်နဲ့ အတည်ပြုရမှာလေ ။ မှတ်တမ်းတင်ရုံဘဲဆိုရင် စာရွက်ထဲဘဲရှိမှာ သူတို့ မလုပ်ဆောင်ဘူး ။ အ တည်ပြုရင် သူတို့ အတည်ပြုထားတဲ့ဟာ တကယ်လုပ်ဆောင်ရတော့မယ် ကတိပေးထားသလိုမျိုး ” ဟု ၄င်းက ပြောသည် ။ သျှမ်းပြည်တွင်း တိုင်းရင်းသားအားလုံး ကိုယ်စားပြုပြီး ပြည်သူလူထု ဘဝလုံခြုံမှုရှိရန်အတွက် တင်သွင်းထား သည့်အဆိုဖြစ်သည် ။ ထို့ကြောင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ရယူပြီး လွှတ်တော်အတွင်း လွှတ်တော် အမတ် များ အားလုံး မဲခွဲဆုံးဖြတ်ရာတွင် အဆို ထောက်ခံသူ ရ၆ ဦး ၊ ကန့်ကွက်သူ ၅၇ ဦးရှိပြီး အများစု တွင် တပ် မတော်သား လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း နန်းစမ်းစမ်းအေး ကပြောသည် ။ “ ကျေနပ်သွားတာက တိုင်းရင်းသားအားလုံးပါဝင်တယ် ။ ဘယ်ပါတီမဆို ကြံ့ခိုင်ရေးပါတီအပါအဝင် သျှမ်းတိုင်း ရင်းသားဖြစ်တဲ့ ဝန်ကြီးလည်းပါတယ် ၊ ကျားဖြူပါတီလည်း ထောက်ခံပေးတယ် ၊ တိုင်းရင်းသား ပါတီအားလုံး အကုန်လုံး ထောက်ခံပေးတယ် ၊ ကြံ့ခိုင်ရေးပါတီထဲက သျှမ်းအမတ်တွေလည်း အားလုံးထတာ ၊ သျှမ်းပြည် ကောင်းကျိုးအတွက်ဆိုရင် သျှမ်းပြည်သူလူထု အမှန်တကယ် ရွေးချယ်တင်မြောက်လိုက်တဲ့ သျှမ်းပြည်ဖွား လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ဝိုင်းဝန်းထောက်ခံခဲ့ပါတယ် ” ဟု ပြောသည် ။ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ၊ သီပေါမြို့နယ် ၊ နမ္မတူမြို့နယ် နှင့် မိုင်းရှုးမြို့နယ် စသည့် ဒေသတွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ပြည်သူလူထုများ ထွက်ပြေးပုန်းရှောင်ရပြီး အိုးအိမ်များ ပျက်စီးဆုံးရှုံးပြီး ကျွဲ ၊ နွား တိရစ္ဆာန်များ သေကြေကုန်ပြီး ကျောင်းနေအရွယ်ကလေးများလည်း ကျောင်းမနေခွင့်မရဘဲ ထွက်ပြေးပုန်း ရှောင်နေရပြီး စစ်ပွဲကြောင့် ပြည်သူလူထုများ ဒုက္ခရောက်ကြောင်း နန်းစမ်းစမ်းအေး ကပြောသည် ။ |
|
ကျားခေါင်းပါတီ ဒုတိယ ဥက္ကဋ္ဌ စိုင်းစောအောင် ရုတ်တရက် ကွယ်လွန် Posted: 17 Jul 2016 07:21 PM PDT SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းစောအောင်သည် ယနေ့ ဂျူလိုင် ၁၆ ရက်နေ့ညနေ ၆ နာရီခွဲအချိန်က ရုတ်တရက် ကွယ်လွန်သွားကြောင်း ပါတီတာဝန်ရှိသူများက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
ပါတီစတင်ထူထောင်စဉ်ကတည်းကပါဝင်ခဲ့သူ စိုင်းစောအောင်မှာ ဂျူလိုင် ၁၅ ရက်နေ့ကပင် ကျားခေါင်းပါတီရုံးချုပ်သို့ လာရောက်ကာ ရုံးလုပ်ငန်းများ လုပ်ကိုင်နေခဲ့ပြီး ဂျူလိုင် ၁၆ ရက်နေ့ ညနေပိုင်းက ရုတ်တရက်အမောဖောက်ကာ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ပါတီပြောခွင့်ရစိုင်းလိတ်က အတည်ပြုပြောဆိုသည် ။ 'ညနေ ၆ နာရီ ခွဲလောက်ကဖြစ်တာအရင်ကတော့ ရင်ကြပ်ရောဂါရှိတယ် ။ မနေ့ ကတောင် ထူထူထောင်ထောင်နဲ့ ကိုးမိုင်က ပါတီရုံးချုပ်မှာ ရုံးလာတက်နေသေးတယ်။ ရုတ်တရက်အမောဖောက်လာတယ်ပြောတယ် ။ ' ဟု စိုင်းလိတ်က ဂျူလိုင်လ ၁၆ ရက်နေ့ ည ၈ နာရီခန့်တွင် သျှမ်းသံတော်ဆင့်သို့ ပြောသည်း ။ မိုးညှင်းဇာတိဖြစ်သူ စိုင်းစောအောင်မှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင် လာခဲ့သည့် ၉၀ ရွေးကောက်ပွဲကာလကတည်းက ပါဝင်လာခဲ့သူလည်းဖြစ်ပြီး စစ်အာဏာရှင်စနစ်လက်ထက်တလျှောက် ပါတီနှင့်အတူ မယိမ်းမယိုင်ရပ်တည်ခဲ့သူဖြစ်သည် ။ ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်အရွယ် ရှိပြီဖြစ်သည့် စိုင်းစောအောင်သည် ခွန်ထွန်းဦးအပါအဝင် ပါတီထိပ် သီးခေါင်းဆောင်များနှင့် သျှမ်းခေါင်းဆောင်များ ဖမ်းဆီးခံရပြီးနှစ်ရှည် ထောင်ဒဏ်ကျခံရစဉ် ကာလများတွင်ပါတီမယိုင်လဲစေရန် အဓိက အခန်းကဏ္ဍမှတာဝန်ယူ ဦးဆောင်ခဲ့သူဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအကြား ဖော်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသူဖြစ်ကာ တိုင်းရင်းသားမဟာမိတ်အဖွဲ့ဖြစ်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာ မိတ်အဖွဲ့တွင်လည်း အခြားတိုင်းရင်းသားပါတီများနှင့်ပူးပေါင်းကာ တိုင်းရင်းသားအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူဖြစ်သည် ။ စိုင်းစောအောင်မှာ သျှမ်းမျိုးနွယ်စုအားလုံးပါဝင်နိုင်သည့် ညီညွတ်ရေးကို လိုလားသူလည်းဖြစ်ကာ မြန်မာနိုင်ငံမြောက်ပိုင်းမှ သျှမ်းမျိုးနွယ်စုဆိုင်ရာ နိုင်ငံရေးအင်အားစုများနှင့် သျှမ်းပြည်နယ်ရှိ သျှမ်းအင်အားစုများ နိုင်ငံရေးအရ ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် CSSU အခြေပြု ဆွေးနွေးပွဲများတွင်လည်း တက်တက်ကြွကြွပါဝင်လှုပ်ရှားနေသူလည်းဖြစ်သည် ။ သူက ပါတီအတွက်အရမ်းအရေးပါတဲ့ အခန်းကဏ္ဍမှာရှိတယ်။ ထောင်မကျဖူးဘူးဆိုပေမဲ့ ပါတီဒီလိုရပ်တည်နိုင်အောင် ကျွန်တော်တို့တွေထောင်ကျနေတုန်းကာလတလျှောက်မှာ သူက ကြံ့ကြံ့ခံရပ်တည်ပေးခဲ့တယ် ။ ဟု ပါတီအထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်က ပြောသည် ။ ၂၀၁၅ ရွေးကောက်ပွဲတွင် လူငယ်များအားနေရာပေးလိုသည့်အတွက် ရွေးကောက်ပွဲဝင်ရောက်ယှာဉ်ပြိုင်ခြင်းမရှိသည့် ကျားခေါင်းပါတီထိပ်တန်းခေါင်းဆောင် ၅ ဦးအနက် စိုင်းစောအောင်လည်း ပါဝင်ခဲ့ကြောင်း သိရသည် ။ |
|
Posted: 19 Jul 2016 01:48 AM PDT တိုင်းရင်းသားနယ်မြေအတော်များများမှာ ပြည်တွင်းစစ်ဒဏ်ကြောင့် ပျက်စီးကုန်ပြီဖြစ်ပြီး တိုင်းရင်းသားများ၏ ကျေးရွာများမှာလည်း ပျက်စီးကုန်ပြီဖြစ်သောကြောင့် တိုင်းရင်းသားများတွင် ပေးဆပ်စရာ မရှိတော့ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောသည် ။
“ ကျနော်မေးချင်တာက ကျနော်တို့တိုင်းရင်းသားတွေဟာ ကျနော်တို့တောင်ပေါ်ဟာ မြေပြန့်ဖြစ်ကုန်ပြီ ။ မြစ်ချောင်းအင်းအိုင်တွေဟာလဲ ခန်းခြောက်ကုန်ပြီ ။ ကျနော်တို့လူထုကျေးရွာဟာ ပျက်စီးကုန်ပြီး ။ တချို့က တောထဲ တောင်ထဲရောက်ကုန်ပြီး ။ တချို့က IDPs တချို့က နိုင်ငံတကာရောက်သွားပြီး ။ မြေပေါ်မြေအောက် သယံဇာတတွေလည်း ဘာမှမကျန်တော့ဘူး ။ သစ်ပင် ဝါးပင်တွေ မရှိဘူး ။ ကျနော်တို့ ဆီက ဘာလိုချင်သေးလဲ ။ ဘာထပ်ပေးရဦး မှာလဲ ” - ဟု ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP ဒုတိယ ဥက္ကဌလည်းဖြစ် UNFC အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သည့် ခူးဦးရယ်က ပြောသည် ။ ၁၉၉၆ - ၉၇ ခုနှစ်က စစ်အစိုးရ တပ်မတာ် မှ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာပေါင်း ၁၅၀၀ ကျော်အား အဓမ္မပြောင်းရွှေ့မှု ၊ ကျေးရွာမီးရှို့မှုများကြောင့် မတရားပြုကျင့်မှု ၊ သတ်ဖြတ်မှုများကြောင့် ဒေသခံ လူထု သုံးသိန်းကျော် နေရပ်မှ စွန့်ခွါခဲ့ရသည်ဟု သျှမ်းလူ့အခွင့်အရေးဏ်ဏ္ဍိုင် နှင့် သျှမ်းအမျိုးသမီးများ ဆက်သွယ် လှုပ်ရှားမှုကွန်ယက် တို့၏ ပူးတွဲထုတ်ပြန်ကြေငြာချက် မှတ်တမ်းများ အရသိရသည် ။ ကချင်၊ ကရင်၊ ကရင်နီ (ကယား) တို့လည်း သျှမ်းပြည်သားများကဲ့သို့ တပ်မတော်၏ လူ့အခွင့်အရေးချိုး ဖေါက်မှု အမျိုးမျိုးကို ခံခဲ့ရသည်ဟု ၄င်းတို့၏ အစီရင်ခံစာမှတ်တမ်းများအရ သိရသည် ။ လက်ရှိ ကချင်ပြည်နယ် ၊ သျှမ်းပြည်နယ် မြောက်ပိုင်းဒေသခံများ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမှုများအား ရပ်တန့်ပေးဖို့ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ မှ ထုတ်ပြန် ဟန့်တားပေးခြင်း ၊ စစ်ပြေငြိမ်းစေမှုများ မြွတ်ဟပြောဆိုပေးခြင်း တခွန်းတပါဒ မှ မရှိသေးပေ ။ “ ကျနော်တို့က ဒီတိုင်းပြည်ကြီးမှာ ကျနော်တို့အတူတကွ ပိုင်ဆိုင်တယ် ။ ကျနော်တို့ တတွေ အားလုံးဟာ ဒီတိုင်း ပြည်ရဲ့ ပိုင်ရှင်ဖြစ်တယ် ။ ကျနော်တို့ပြောနေတာ တန်းတူရည်တူအခွင်းအရေးဟာ ဒါပဲ ။ အဲဒီတော့ ကျနော်တို့မှာ တောင်းစရာမရှိသလို ပေးစရာလဲ မရှိဘူး ’’ - ဟု ခူးဦးရယ်က ဆက်၍ ပြေားသည် ။ ယခုနောက်ပိုင်းကာလများတွင် ဒေါ်အောင်ဆန်းစုကြည်က ပေးဆပ်လိုစိတ်ဖြင့်သာ ငြိမ်းချမ်းရေးကို ချဉ်းကပ် အဖြေရှာကြရန် မကြာခဏပြောဆိုနေပါသည် ။ ငြိမ်းချမ်းရေးရရန်အတွက်မူ တိုင်းပြည်ရှိလူတိုင်းတွင် တာဝန်ရှိသည့်အတွက် ငြိမ်းချမ်းရေးရရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အတွင်းရေးမှူးကြီး ခူးဦးရယ်က ဆိုသည် ။ “ လူတိုင်းမှာတာဝန်ရှိတယ် ဒီတိုင်းပြည်ကြီးကို ငြိမ်းချမ်းအောင် လုပ်ဖို့ ” ဟု ရန်ကုန်မြို့ချတ်ထရီယံဟိုတယ်တွင် ယနေ့မနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ခူးဦးရယ်ကပြောသည် ။ သမ္မတ ဦးသိန်းစိန် လက်ထက် ကကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၏ အဆက်အဖြစ် ၂၁ ပင်လုံကို ကျင်းပမည်ဟု အစိုးရ တာဝန်ရှိသူများက ပြောဆိုထားသည် ။ သို့သော်အားလုံးပါဝင်ခွင့်ရမရနှင့် နိုင်ငံရေးမူဘောင်ပြင်ဆင်ရေး အတွက် မရေရာသေးသည့်အပြင် ပထမအကြိမ်ကျင်းပခဲ့စဉ်က မူဘောင်မှာ အပစ်ရပ်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၈ ဖွဲ့သာပါဝင်ခဲ့ပြီး UNFC အဖွဲ့ဝင်များမှာ ပါဝင်ခြင်းမရှိခဲ့ပေ ။ |
|
မိုင်းယော်ရွာသားများအားသတ်ဖြတ်သည့်တပ်မတော်သားအား စစ်ခုံရုံးဖြင့်စစ်ဆေးပြစ်ဒဏ် ပေးသွားမည်ဟုဆို Posted: 21 Jul 2016 02:49 AM PDT သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာအုပ်စု၌ ဒေသခံ ရွာသားများ သတ်ဖြတ်ခံရသည့် ကိစ္စ နှင့် ပတ်သက်၍ တပ်မတော်ဘက်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဝန်ခံခဲ့ကြောင်း သိရသည် ။
သတင်းစာ ရှင်းလင်းပွဲကို ဂျူလိုင် ၂၀ ရက်နေ့တွင် ပြုလုပ်ပြီး စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က - မိုင်းယော် ရွာသား ၅ ဦး သတ်ဖြတ်ခံရမှုအား တပ်မတော်ဘက်မှ စစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်လျှက်ရှိရာ စည်းကမ်းနှင့် မကိုက်ညီ သော အချက်အလက်များ တွေ့ရှိရသည့်အတွက် ဆက်လက်စစ်ဆေးနေကြောင်း နှင့် စစ်ဆေးတွေ့ရှိချက်များအပေါ် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် - ဟု ၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည် ။ လားရှိုးခရိုင် အမျိုးသားလွှတ်တော် စိုင်းဝမ်းလျန်း က - “ ဒါကတော့ သူတို့လည်း တကယ်မှားတော့ ဝန်ခံသင့်တယ် ။ ဒါပေမယ့် ဝန်ခံလို့ လည်း မပြီးဘူး ။ တရားဥပဒေနဲ့အညီ သူတို့လုပ်မယ် ။ သူတို့လူကို အရေးယူမယ်ဆိုတော့ ကောင်းတာပေါ့ ။ သေသွားတဲ့ ရွာသားတွေရဲ့ မိဘဘက်ကလည်း တော်တော် ဒုက္ခရောက်တယ် ။ သူတို့သားက မိသားစုအားလုံးကို လုပ်ကျွေးရှာကျွေးတာ ဒီလို သေသွားတော့ မိသားစုအတွက် များစွာ နစ်နာဆုံးရှုံးရတယ် ” ဟု ၄င်းကပြောသည် ။ တပ်မတော်ဘက်မှ လူ့အခွင့်အရေးချိုးဖောက်ပြီး ပြန်လည်ဝန်ခံသည်မှာ သမိုင်းတွင် မရှိသေးကြောင်း နှင့် မိုင်းယော်ဒေသခံများ ဘက်ကလည်း အပြစ်မဲ့ ပြည်သူများ သေသွားသည့် နှင့် ပတ်သက်ပြီး ရှုတ်ချ ကန့်ကွက်ကြောင်း စိုင်းဝမ်းလျန်း ကပြောသည် ။ သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ရေးပဋိပက္ခကြောင့် ကျေးရွာမီးရှို့ခံရခြင်း ၊ ဒေသတွင်း လူငယ် နှင့် ခရီးသွားများ ဖမ်းဆီး ခံရခြင်း ၊ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း နှင့် ဂျွန်လ ၂၅ ရက်နေ့တွင် လားရှိုးကျေးလက်ဒေသခံများ ရ ဦး ပတ်ခတ်ခံရမှုအပေါ် ကြောင်းပြုကာ ဂျူလိုင် ၁၆ ရက်နေ့က လားရှိုးမြို့နယ်အတွင်းရှိ ဒေသခံလူထု ၁၂၀၀ ကျော် စုပေါင်းကာ ငြိမ်းချမ်းစွာဖြင့် ချီတက် ဆန္ဒပြ မှုပြုလုပ်ခဲ့သည် ။ |
||
|
သီပေါကျေးလက်ဒေသခံသားအဖ မြေမြှုပ်မှိုင်းနင်းမိ သမီးဖြစ်သူ ဒဏ်ရာပြင်းထန် Posted: 21 Jul 2016 02:37 AM PDT သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ထဲမှာ ထင်းခုတ်သွားဖို့သားအဖ ၂ ဦး မိုင်းနင်းမိလို့ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြပါတယ် ။
သီပေါမြို့က သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်စိုင်စိုင်းက “ သမီးဖြစ်သူက ခြေထောက်တွေမှာ လက်တွေမှာ ကိုယ်တွေမှာဒဏ်ရာရတယ် ။ သူ့အဖေက ခြေထောက်မှာနဲ့ ပုခုံးမှာ ထိခိုက်ဒဏ်ရာရတယ် ။ ညနေ ၅ နာရီလောက်မှာ သီပေါဆေးရုံရောက်တယ် ။ ဒဏ်ရာပြင်းလို့ ည ၇ နာရီလောက်မှာ လားရှိုးဆေးရုံပို့လိုက်ရတယ် ” လို့သျှမ်းသံတော်ဆင့်ကိုပြောပါတယ် ။ ထောင်မိုင်းဟာ ဘယ်သူ့လက်ချက်မှန်းတော့မသိရသေးပါဘူး ။ အခင်းဖြစ်ပွါးရာ ဒေသမှာတော့ အစိုးရတပ်မတော်အပြင် တအာင်းတပ်ဖွဲ့ TNLA ၊ သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ RCSS/SSA နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA လို့လှုပ်ရှား သွားလာ နေပါတယ် ။ သျှမ်းပြည်မြောက်ပိုင်းစစ်ရေးပဋိပက္ခများမချုပ်ငြိမ်းနိုင်သေးတဲ့ သီပေါ ၊ ကျောက်မဲ ၊ လားရှိုး ၊ နမ္မတူဘက်မှာ ဒေသခံလူထုဟာလည်းမကြာခဏ မိုင်းနင်းမိ၊ ဒဏ်ရာရ သေဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ် ။ |
|
တပြည်ထောင် စနစ်ကို အားပေးနေတာလား ပြည်သူ့လွှတ်တော် ဥက္ကဌ ကြီးခင်ဗျား Posted: 21 Jul 2016 11:20 PM PDT ခါင်းစဉ်က အနည်းငယ် ကြမ်းတမ်းသလို ဖြစ်နေပေမဲ့ အဲဒီလို မေးစရာတွေဖြစ်လာလို့မေးခွန်း ထုတ်ရခြင်းဖြစ်ပါတယ် ။
အကြောင်းကတော့ ဒီလိုပါ ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မွန်ပြည်နယ်ကို သွားရောက်ခဲ့ပြီး မွန်ပြည်နယ်က ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်တွေအပါဝင် လွှတ်တော်အသီးသီးကကိုယ်စားလှယ်တွေ ပြည်နယ်ဝန်ကြီးချုပ်တွေ နဲ့ပါတွေ့ဆုံခဲ့ ပါတယ်။ သတင်း ထုတ်ပြန်ထားတဲ့အထဲမှာတော့ လွှတ်တော်ဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ ပတ်သက် လို့ လာရောက်တွေ့ ဆုံ တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ် ။ ဒါကြောင့် အစိုးရအဖွဲ့ နဲ့ ပတ်သက်တာတွေ မတင်ပြဖို့ကိုလည်း ဦးဝင်းမြင့်က ပြောဆိုခဲ့ပါတယ် ။ ဦးဝင်းမြင့်ဟာ လွှတ်တော်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပါလီမန်များ အဖွဲ့မှာ ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်တဲ့ အတွက်လည်း ခုလို တွေ့ဆုံဟန်တူပါတယ် ။ နိုင်ငံပိုင်သတင်းတွေထဲမှာ သတင်းထုတ်ပြန်တာကတော့ အုပ်ချုပ်ရေးကို ဥပဒေပြုရေးမဏ်ဏ္ဍိုင်က ၀င်မစွပ်ဖက်ဖို့ ဆိုတဲ့ ကိစ္စမျိုးကို ပြောကြားခဲ့တယ် ။ လွတ်လပ်စွာ အဆိုတင်သွင်းခွင့် လုပ်လို့ရတယ် ။ ကျင့်ဝတ်လိုက်နာဖို့ ဆိုတဲ့ ကိစ္စမျိုးတွေ ၊ လုပ်ပိုင်ခွင့်အတွက်ကျင့်ဝတ်တွေရှိတယ် ၊ အလွဲသုံးစား မပြုဖို့လိုတယ် ။ ရိုးသားဖြောင့် မတ်ဖို့လိုတယ် - စသဖြင့် လွှတ်တော် ဥက္ကဌက ပြောကြားသွားတယ်လို့ နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ် ။ နိုင်ငံပိုင်သတင်းစာမှာကြည့်ရင်တော့ အကုန်လုံးက ဟုတ်သလိုလိုပါပဲ ။ ဒါပေမဲ့ လက်ရှိ ပကတိ အခြေနေအရ အဲလို မဟုတ်ပါဘူး ။ အကျိုးပြုတဲ့ မေးခွန်းတွေပဲမေးဖို့ ၊ ခေတ်စနစ်နဲ့ လျော်ညီတဲ့ မေးခွန်းတွေပဲမေးမြန်းဖို့ ၊ အချိန်ကာလအခြေနေ ကိုပဲကြည့်ပြီးမေးဖို့ ၊ ယုတ်စွအဆုံး အရေးပေါ် အစည်းဝေးခေါ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြလာရင်တောင် ပြဿနာရှုပ်စေတဲ့ အစည်းဝေးမျိုးဆိုရင် အစည်းဝေးမလုပ်ပဲ ပယ်ချဖို့ဆိုတာမျိုးကို ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က အကြံပြုခဲ့တယ်လို့ အစည်းဝေးတက်ရောက်သူတွေဆီကနေ သိရပါတယ် ။ ပြဿနာက အဲမှာ စလာတာပါပဲ ။ အစိုးရသစ်လက်ထက် ဒေသဆိုင်ရာ လွှတ်တော်တွေကို ကြည့်မယ်ဆိုရင် မွန်လွတ်တော်က မွန်ပြည် နယ် အစိုးရအပေါ် ထိန်းကျောင်းနိုင်မှုနဲ့ ဆွေးနွေးနိုင်မှုတွေမှာ အသက်ဝင်ဆုံးလို့ ပြောနိုင်ပါတယ် ။ ဒါကလည်း မွန်ပြည်နယ်အတွင်းမှာ ပြည်သူလူထုကန့်ကွက်နေတဲ့ စီမံကိန်းတွေ အမြောက်မြားရှိ နေတာနဲ့ အသစ်ဖွဲ့လိုက်တဲ့ စီမံကိန်းကော်မရှင်မှာ ပြည်သူမကြိုက်တဲ့ ခရိုနီတွေပါနေတာကြောင့် ပြည်သူတွေရဲ့ တွန်းအားပေးမှုနဲ့ မွန်ပြည်နယ်အတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်နယ်လွှတ်တော်မှာ တင်ပြဆွေးနွေးနေတာကြောင့်လည်း ဖြစ်ပါတယ် ။ မော်လမြိုင်မြို့က ကမ်းနားလမ်း အပိုင်း ( ၆) မြေကိစ္စဆိုရင် ဒေါ်လာသန်းပေါင်းမြောက်မြားစွာ တန် နိုင်တဲ့ ပြည်သူပိုင်မြေတွေကို အစိုးရ စပ်ကူးမတ်ကူးကာလမှာပဲ ပြည်သူတွေ ကန့်ကွက်နေ တဲ့အကြား က ရောင်းချ ဌားရမ်းတာတွေကို ပြည်နယ်အစိုးရက လုပ်ခဲ့တာကြောင့်ဖြစ်ပါတယ် ။ နောက်ပြီးလတ်တလော ပြည်သူကန့်ကွက်နေတဲ့ စီမံကိန်းတွေကတော့ နိုင်ငံတော်ဧည့်ဂေဟာ ဆောက် လုပ်ရေးကိစ္စတွေ ၊ ပြည်နယ်ဥပဒေချုပ်ရုံးဆောက်လုပ်ရေးကိစ္စ ၊ စီမံကိန်းကော်မရှင်မှာ ခရိုနီတွေပါနေတဲ့ကိစ္စ ၊ စသဖြင့်ပါပဲ ။ အဲဒီ ကိစ္စတွေအားလုံးဟာ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေဖြစ်ပြီး ပြည်နယ်ဘတ်ဂျက်တွေ လုပ်ပိုင်ခွင့်တွေကနေ လုပ်ခဲ့တဲ့ ကိစ္စတွေပါ ။ ပြောရမယ်ဆိုရင်တော့ ပြည်နယ်အစိုးရက မပြတ်မသား ၊ မရေမရာဖြေဆိုမှုတွေကြောင့် ဒုတိယအကြိမ် အထူးအစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ထိုးခေါ်ယူတဲ့အထိကို မွန်ပြည် နယ် လွှတ်တော်က သွက်လက်ခဲ့ပါတယ် ။ အဲဒီကိစ္စတွေကို ဗွီအိုအေ မြန်မာပိုင်းလို သတင်းဌာနက အစဖော်ပြနေတာကိုလည်း စာရေးသူက သတိထားမိပါတယ် ။ ဒေသခံတွေအနေနဲ့လည်း မွန်ပြည်နယ် လွှတ်တော်ဆွေးနွေးမှုတွေကို တော်တော်စိတ်ဝင်တစားရှိနေတယ် ပြည်သူကန့်ကွက်တဲ့ စီမံကိန်းတွေ ပါနေတယ်လို့ ဆိုကြပါတယ် ။ အဲဒီလို အနေထားမှာ လက်ရှိ ပြည်နယ်အစိုးရတွေက ဖြေရှင်းဖို့ တာဝန်ရှိတာကလည်း ဒေသခံ တိုင်းသိနေတဲ့ နားလည်နေတဲ့အကြောင်းပါ ။ အခြေခံဥပဒေမှာ ပြဌာန်းချက်တွေအရလည်း တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ ဥပဒေပြုရေး ဇယား ( ၂) တို့ တိုင်းနဲ့ ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်မှု အခွင့်အာဏာ ပုဒ်မ ၂၄၉ ၊ ၂၅၀ ၊ ၂၅၁ ၊ ၂၅၂ ၊ ၂၅၃ တို့နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ် ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ မွန်ပြည်နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ တွေရဲ့ တွန်းအားပေးမှုနဲ့ အညီ မကြာခဏ မေးမြန်းနေပေမဲ့ ထင်သာမြင်သာတဲ့ ရလာဒ်မရပါဘူး ။ အဲဒီ ကိစ္စတွေဟာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဥပဒေပြုပိုင်ခွင့်အရလည်း မေးမြန်း ခွင့်ရှိနေတာဖြစ်ပါတယ်။ အဲဒီလို အနေထားမှာ ဦးဝင်းမြင့်အနေနဲ့ အချိန်ကာလ ကိုကြည့်ပြီးမေးဖို့ ၊ ယုတ်စွအဆုံး ပြဿနာရှိနိုင်ရင် အရေးပေါ်အစည်းဝေးတောင်းဆိုမှုတွေကို ပယ်ချဖို့ ဆိုပြီး အကြံ ပေးသွားတာက ဦးဝင်းမြင့်ကို သံသယဝင်စရာ ဖြစ်လာပါတယ် ။ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့နဲ့ ၃ ရက် နေ့တွေက အထူးအစည်းဝေးခေါ်ယူခဲ့ပေမဲ့ အဲဒီ ပြည်သူကန့်ကွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော်ဥက္ကဌက ရှောင်လွှဲခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက အစည်းဝေး ထပ်ခေါ်ပေးဖို့ တောင်းဆိုနေတာပါ ။ ပြည်နယ်အစိုးရအနေနဲ့လည်းဘာမှ ရေရာတဲ့ အဖြေမပေးနိုင် ပါဘူး ။ အဲဒီစီမံကိန်းတွေဟာ ၂၀၀၈ အခြေခံဥပဒေ အတည်ပြုပြီးနောက်ပိုင်းမှ ဖြစ်လာတဲ့ စီမံကိန်းတွေ ဖြစ်တဲ့အပြင် စပ်ကူးမတ်ကူးမှာ ဖြစ်တဲ့ မော်လမြိုင် ကမ်းနားလမ်းက ဧက ဆယ်ဂဏန်းလောက် ကျယ်တဲ့ မြေကိစ္စတွေလည်း ပါဝင်နေပါတယ် ။၂၀၀၈ ခုနစ် အခြေခံ ဥပဒေအရ နောက်ကြောင်း ပြန်ခွင့်မရှိစေရဆိုတာ အဲဒီ အခြေခံ ဥပဒေ အသက်မဝင်ခင်ကာလကိုပဲ ဆိုလိုတာဖြစ်ပါတယ် ။ သမ္မတ ဦးသိန်းစိန်လက်ထက်က ကိစ္စဆိုရင် ပြည်သူအတွက်လိုအပ်ရင် ဥပဒေကြောင်းအရ မေးလို့ရပါတယ် ။ သမ္မတ ဦးသိန်းစိန်ကော ၊ သမ္မတ ဦးထင်ကျော်အစိုးရပါ ၂၀၀၈ အခြေခံ ဥပဒေအောက်မှာ အစိုးရဖြစ် လာတဲ့အတွက်ဖြစ်ပါတယ် ။ ဒါကို မဆက်စပ်ဘူးလို့ ပြောလို့မရပါဘူး ။ အရင်လူတွေမဟုတ်တာလုပ်ခဲ့ သည် ရှိရင်တောင် တချို့ကိစ္စတွေက ပြည်သူတွေကို မျက်နှာမူပြီး လက်ရှိအစိုးရက ဖြေရှင်းပေးရမှာ ဖြစ် ပါတယ် ။ နောက်တချက်က ဦးဝင်းမြင့်အနေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌသာဖြစ်ပါတယ် ။ အခုလို ပြည်သူတွေ ကန့်ကွက်နေတဲ့ စီမံကိန်းတွေကို မေးမြန်းနေတဲ့ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်တွေကို အမိန့်ပေး ညွှန်ကြားလို့လည်း မရပါဘူး ။ ဥပဒေအရ လုပ်ခွင့်လည်း မရှိပါ ဘူး ။ အကြံပြုတယ်ဆိုတာကလည်း မဟုတ်တဲ့ ကိစ္စတွေကို တင်နေလို့ ဆိုရင်လည်း တမျိုးပါ ။ ဥက္ကဌ ဦးဝင်းမြင့်အနေနဲ့ အကြံပြုခွင့်ရှိတယ်ဆိုပေမဲ့ မလျော်သြဇာသုံးပြီး ပြည်နယ်လွှတ်တော်တွေ ၊ တိုင်း ဒေသကြီးလွှတ်တော်တွေကို ၀င်စွပ်သလို ဖြစ်နေတယ်လို့ မွန်က ပြည်သူတွေက မြင်နေပါ တယ် ။ ဇယား (၂) ပြည်နယ်လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်အရသာ မေးမြန်းကြဖို့ဆိုပြီး ဦးဝင်းမြင့် ပြောသွား တာလည်း တွေ့မိပါတယ် ။ တကယ်လို့အဲဒီ မြေတွေစီမံကိန်းတွေနဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စား လှယ်တွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၇၉ ‘ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် အစည်းဝေးကို ခေါ်ယူကျင်းပဖို့ ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးရေ အနည်းဆုံး လေးပုံ တစ်ပုံကနေ တောင်းဆိုလျှင် လွှတ်တော် ဥက္ကဌက အထူးအစည်းဝေး အမြန်ဆုံး ခေါ်ယူ ကျင်းပရမယ် ‘ ဆိုတဲ့ အခြေခံ ဥပဒေပါပြဌာန်းချက်အရ ပြည်နယ်လွှတ်တော်အမတ်တွေက အစည်းဝေးခေါ်ယူပေးဖို့ တင်ပြခဲ့ပါတယ် ။ အပယ်ခံရတာလည်းရှိပါတယ် ။ ဒီလိုအခြေနေမှာ ပြည်နယ်လွှတ်တော်ဥက္ကဌကို ပြသနာ ရှုပ်စေတဲ့ အစည်းဝေးဆိုရင် ပယ်ချဖို့ အကြံပြုတာဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ ကိုယ်တိုင် အခြေခံ ဥပဒေကို ချိုးဖောက်ဖို့ တွန်းအားပေးရာရောက်နေပါတယ် ။ နောက်တချက်ကတော့ ပြည်နယ်တွေရဲ့ လွှတ်တော်အခန်းကဏ်ဏ္ဍကို သေးသိမ်မှေးမှိန်အောင် အားပေးတာ ၊ အကြံပြုတာဟာ ပြည်ထောင်စု ဆိုတာကို အားပေးရာမရောက်ပဲ ဗဟိုဦးစီးစနစ်နဲ့ တပြည်ထောင်စနစ်ကို အားပေးသလို ဖြစ်နေပါတယ်။ တကယ်တော့ လက်ရှိကျင့်သုံးနေတဲ့ အခြေခံ ဥပဒေဟာ ဖက်ဒရာယ် ဟုတ်မဟုတ် အငြင်းပွားနေကြတာပါ ။ ဒေသ ဆိုင်ရာ လွှတ်တော် ၊ ဒေသဆိုင် အစိုးရ အချင်းချင်းထိန်းကျောင်းရမဲ့ ဒီမိုကရေစီစနစ်ကိုလည်းပုံရိပ်ထိခိုက်စေပါ တယ် ။ ပြည်နယ်တွေအတွက် ၂၀၀၈ အခြေခံ ဥပဒေထဲက ပေးထားတဲ့ ကျင့်သုံးပိုင်ခွင့်တောင် ကန့်သတ်ခံရတယ်ဆိုရင် တိုင်းရင်းသားတွေအနေနဲ့ အမြင်ပိုစောင်းလာနိုင်ပါတယ် ။ နောက်တချက်ကတော့ ဒီမိုကရေစီ ဖက်ဒရာယ် ပြည်ထောင်စုကို သွားမယ်လို့ ပြောထားတဲ့ အန်အယ်လ်ဒီပါတီကနေ လာခဲ့သူ ဦးဝင်းမြင့်ကို သံသယရှိစရာ အချက်တွေလည်း ထင်ထင်ရှားရှားမြင်တွေ့ရပါတယ် ။ လွှတ်တော်မှာ ရခိုင်အမတ်တွေအပါဝင် တိုင်းရင်းသားအမတ်တွေတင်ပြတဲ့ အဆိုတွေ မေးခွန်းတွေကို တင်ပြခွင့်မပြုတာတွေရှိပါတယ် ။ ရခိုင်နဲ့ တအာင်းပလောင် တိုင်းရင်းသားအမတ်တွေရဲ့ အဆိုတင်သွင်းမှုတွေကို မေးခွန်းအဖြစ်သာ လက်ခံတာ ( မေးခွန်းဆိုရင် မှတ်တမ်းအဖြစ်သာ ထားလို့ရတာ ) တိုင်းရင်းသားအမတ်တွေကို ခွဲခြားဆက်ဆံတယ်လို့ တိုင်းရင်းသားအမတ်တွေက ယူဆခံနေရတာ စသဖြင့်ပါပဲ။ တိုင်းရင်းသားအမတ်တော်တော်များများကလည်း ခွဲခြားဆက်ဆံခံရတယ်လို့ ယူဆကြောင်း ပြောနေတာတွေ ရှိပါတယ် ။ နောက်တချက်ကတော့ မကြာသေးခင်က ဦးဝင်းမြင့်ရဲ့ သတင်းစာရှင်းလင်းပွဲပါပဲ ။ အမျိုးသား သင့် မြတ် ရေး ၊ တရားဥပဒေစိုးမိုးရေး ၊ ငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံ ပြင်မယ်ဆိုတဲ့ အချက်ဟာ ငြိမ်းချမ်း ရေးရမှ နိုင်ငံရေးကနေ ဆုတ်ခွာမယ်ဆိုတဲ့ တပ်မတော်ရဲ့ အယူဆနဲ့ မကွာပါဘူး ။ အဓိက ငြိမ်း ချမ်းရေးမရတာဟာ ပြည်နယ်တွေ တိုင်းရင်းသားဒေသတွေရဲ့ ဖွဲ့စည်းပုံဆိုင်ရာ လုပ်ပိုင်ခွင့် အနည်းကျဉ်းသာရှိတယ်ဆိုတဲ့ အချက်ကြောင့်ပဲ ဖြစ်ပါတယ် ။ အန်အယ်ဒီရဲ့ ၂၀၁၅ ခုနစ် ရွေးကောက်ပွဲ ကြေငြာစာတမ်းမှာ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်း ချမ်းရေးက နံပတ် ၁ နေရာမှာ ရှိပြီး တိုင်းရင်းသား ပြည်သူတရပ်လုံးကို အေးချမ်းလုံခြုံစွာ လက် တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းပုံပေါ်ပေါက်ရေးက နံပတ် (၂) နေရာမှာ ရှိနေတာပါ ။ အန်အယ်လ်ဒီမှာ အတွင်းရေးမှူးအထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဝင်းမြင့်ရဲ့ ပြောစကားက ကြေငြာစာတမ်းနဲ့ အများကြီးကွာဟပါတယ် ။ အခုမွန်လွှတ်တော် အခြေနေကတော့ နဂိုကတည်းက လုပ်ပိုင်ခွင့်နည်းတဲ့ ပြည်နယ်လွှတ်တော်တွေကို ပြည်သူ့အသံထင်ဟပ်စေဖို့ လုပ်ပိုင်ခွင့်တိုးမြင့်ပေးရမဲ့အစား ပြည်သူ့အသံပျောက်စေမဲ့ အကြံဉာဏ် တွေ သွားပေးနေတာဟာ အနာဂတ်ပြည်ထောင်စု အတွက် သံသယဖြစ်စေပါတယ် ။ လက်ရှိအမည်နာမအရသာ ပြည်ထောင်စုလို့ ခေါ်ထားပေမဲ့ တိုင်းရင်းသားဒေသတွေ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်က ဘာမှ သိပ်မရှိသေးတဲ့အတွက် တပြည်ထောင် ဗဟိုဦးစီးစနစ်လို့သာ တိုင်းရင်းသား တွေက ယူဆနေတာပါ ။ အခုဦးဝင်းမြင့် လုပ်ပုံက တပြည်ထောင်စနစ်ကို အားပေးသလို ဖြစ်နေပါ တယ် ။ အခုလို အခြေခံ ဥပဒေကိုကျော်လွန်ပြီး ညွှန်ကြားအကြံပေးမှုတွေလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ဟာ တကယ်ပဲ တပြည်ထောင်စနစ်ကိုလိုလားသူလားဆိုတာ မေးလို့ကောင်းနေပြီလို့ ဆိုရမှာပါ ။ ဆောင်းပါးရှင် - စိုင်းထွန်းအောင်လွင် |
|
Posted: 21 Jul 2016 08:16 PM PDT သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဟတ်ဟွမ် ဟော်တယ်၌ RCSS /SSA နှင့် တိုင်းရင်းသား လူမျိုးရေးရာ ဖွံ့ဖြိုးရေး နှင့် သုတေသနအသင်းတို့ပူးပေါင်းပြီး ပထမအကြိမ် သျှမ်းပြည်တွင်းရှိ လူငယ်များအား ဖက်ဒရယ် နှင့် ငြိမ်းချမ်းရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည် ။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဂျူလိုင် ၂၀ မှ ၂၂ ရက်ထိ ကျင်းပပြုလုပ်ပြီး NCA သဘောတူ စာချုပ်များ ရှင်းပြခြင်း ၊၂၁ ရာစု ပင်လုံညီလာခံတွင် အမျိုး သမီးပိုမို ပါဝင်နိုင်ရေး ၊ ဖက်ဒရယ် ပြည် ထောင်စု တည် ဆောက် ရာတွင် ပြည် နယ် အာဏာခွဲဝေရေးကိစ္စ ၊ အထက်လွှတ်တော်တွင် အရေးပါရန် ၊ နိုင်ငံရေးဆွေး နွေးပွဲ၏ သဘောသဘာဝကို ရှင်းပြခြင်းနှင့် ပြည်နယ်တိုင်းတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရှိသင့် / မရှိ သင့် ဆွေးနွေးကြောင်း Center for Development and Ethnic Studies ( C D E S) တိုင်းရင်းသား လူမျိုးရေး ရာ ဖွံ့ဖြိုးရေး နှင့် သုတေသနအသင်း သုတေသန ဒါရိုက်တာ မိုးစက်စ်စီးတေလှို ကပြောသည် ။ “ လူငယ်တွေ နိုင်ငံရေးကို သိနားလည် သင့်တယ် ။ ဒီနေ့လူငယ်ဟာ နက်ဖြန် သဘန်ခါ ခေါင်းဆောင်တွေဖြစ် လာ နိုင်တယ် ။ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်တော့မယ်ဆိုရင် ဖက်ဒရယ်ကဘာလဲ ငြိမ်းချမ်းရေးက ဘာလဲ ဆိုတာ လူငယ်တွေ မယ်မယ်ရရ နားလည်စေချင်တယ် ။ ဖက်ဒရယ် နဲ့ ငြိမ်း ချမ်းရေးဟာ ဆက်စပ်မှုရှိတယ် ။ ဖက် ဒရယ်ပြည်ထောင်စုတာ မတည်ထောင်နိုင်ရင် ငြိမ်းချမ်းရေးမရနိုင်ဘူး ။ ဒါကြောင့် ဖက်ဒရယ်ကိစ္စဟာ တိုင်းရင်း သားလူမျိုးထဲမှာ မကဘဲ တစ်နိုင်ငံလုံး နားလည်ဖို့လိုတယ် ” ဟု ၄င်းကပြော သည် ။ RCSS /SSA ဘက်မှ သတင်း နှင့် ပြန်ကြားရေးဌာနတာဝန်ခံ (တောင်ကြီးရုံး) ဗိုလ်ကြီး စိုင်းကျော်က လူငယ် များသည် ဖက်ဒရယ် နှင့် ငြိမ်းချမ်းရေး ပိုမို နားလည်လာစေရန် ၊ ဖက်ဒရယ်တွင် ပြည်သူများ အတွက်သာမကဘဲ တိုင်းပြည်တစ်ပြည် ၊ လူမျိုးတစ်မျိုး အတွက် မည်မျှအရေးကြီး လိုအပ်ကြောင်း လူငယ် များ သိစေချင်သည့် ရည်ရွယ် ချက်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်း ပြောသည် ။ “ လူငယ်တွေ ဖက်ဒရယ်ကို နားလည်လာအောင် ၊ ဦးနေဝင်းတို့ခေတ် တုန်း ကဆို ဖက်ဒရယ် အကြောင်း ပြောလို မရဘူး ။ ဘာဖြစ်လဲဆို ဖက်ဒ ရယ်ပြောရင် ခွဲထွက်ရေးပေါ့ ၊ အခုက ဖက်ဒရယ်အကြောင်း ပြန်ပြော လာပြီ ၊ ဒါကြောင့် လူငယ်တွေ ဖက်ဒရယ် ကိုသိစေချင်တယ် ” ဟု ၄င်းကပြောသည် ။ RCSS /SSA ( သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ် မတော်) နှင့် Center for Development and Ethnic Studies ( C D E S) တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေး နှင့် သုတေသနအသင်းတို့ ပူးပေါင်းပြီးဖွင့် လှစ်ပေးသည့်အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သျှမ်းပြည် အရှေ့ပိုင်း ၊ မြောက် ပိုင်း နှင့် တောင်ပိုင်း ၌ လူငယ် ၅၀ ခန့် တက်ရောက်ကြောင်း သိရသည် ။ |
|
Posted: 23 Jul 2016 03:08 AM PDT
အဆိုပါ ညီလာခံကို ဂျူလိုင်၂၇ မှ ၃၁ ရက်နေ့ထိ ၄ ရက်ကြာကျင်းပပြုလုပ်မည်ဖြစ်သည် ။ " သျှမ်းပြည်နယ်အစိုးရကိုဖိတ်တယ် ။ တက်ရောက်မိန့်ခွန်းချွေဖို့ ၀န်ကြီးချုပ်ကို သီးသန့်ဖိတ်တယ် ။ ဒါပေမယ့် တက်မယ်မတက်ဘူးဆိုတာ မသေချာသေးဘူး ။ တက်ဖို့သေချာတာကတော့ သျှမ်းပြည်နယ် အတွင်း တိုင်းရင်းသားရေးရာဝန်ကြီး ၇ ပါးလုံး က တက်ရောက်မယ်လို့ပြောတယ် "- ဟု လူငယ်ညီလာ ခံဖြစ်မြောက်ရေး ကော်မတီဝင် စိုင်းအောင်မြင့်ဦးကပြောသည် ။ အဆိုပါညီလာခံအား မြန်မာနိုင်ငံဒေသ အသီးသီးရှိ တိုင်းရင်းသား လူငယ် အင်အား ၆၀၀ နီးပါးတက် ရောက် မည်ဖြစ်ပြီး ညီလာခံ ဖွင့်ပွဲနေ့ အခမ်း အနားသို့ သျှမ်းပြည်နယ်အစိုးရအပြင် အမျိုးသား လွှတ် တော် ဒုတိယဥက္ကဌ ဦးအေးသာအောင် ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး နှင့် PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာ တို့ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည် ။
အဆိုပါ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များညီလာခံတွင် ဖက်ဒရယ်အရေး နှင့် ငြိမ်းချမ်းရေး ကို အဓိက ဆွေးနွေးမည်ဖြစ်ပြီး တိုင်းရင်းသားဒေသတွင် ကြုံတွေ့နေရသည့် အခက်အခဲများ ယဉ်ကျေးမှု ဓလေ့ထုံတမ်းများ စသည်တို့ကို ညီလာခံတွင် စာတမ်းပြုစုကာ မှတ်တမ်းတင်သွားမည်ဟု တိုင်းရင်း သား ညီလာခံ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့မှ ဘဏ္ဍာရေးနှင့် အထွေထွေတာဝန်ခံ စိုင်းအောင်မြင့်ဦး ကပြောသည် ။ “ လူငယ်တွေ နိုင်ငံရေးမှာ စိတ်ဝင်စားလာပြီး စုပေါင်းလှုပ်ရှားလာတာ ဝမ်းသာပါတယ် ။ ဒါပေမယ့် နားလည်ထား ရမှာက ၂၁ ရာစု ပင်လုံညီလာခံဆိုတာ ၁၉၄၇ ပင်လုံညီလာခံကို လွှမ်းမိုးသွား မယ် ဆိုရင် တော့ အကျိုးရှိမှာ မဟုတ်ဘူး ။ ၁၉၄၇ ပင်လုံကတိကို အကောင်အထည်ဖော်မယ့် ညီလာခံ ဖြစ်လာ ဖို့အတွက် စုပေါင်းကြိုးစား ရမယ် ။ ဒါမှ စစ်မှန်တဲ့ ပြည်ထောင်စုကို ထူထောင်နိုင်မယ်လို့ ပြောချင် ပါတယ် ” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ကပြောသည် ။ တိုင်းရင်းသား လူငယ်များ စုံညီပြီး စည်းစည်းလုံးလုံး နှင့် မိမိဒေသကို ဖော်ဆောင်ပြီး တက်ရောက်မည့် လူငယ် များအားလုံးသည် နောင်အနာဂတ်တွင် လူကြီးများ၏ ခြေရာဆက်ခံရန်အတွက် ပြည်ထောင်စု ၏ အနှစ်သာရကို ဖော်ဆောင်ရန်အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စိုင်းအောင်မြင့်ဦး ကပြောသည် ။ ပင်လုံမြို့တွင်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ် ညီလာခံသည် တိုင်းရင်းသား အခြေပြုပြီး ပြုလုပ်သည့် ပထမဦးဆုံးသော ညီလာခံ ဖြစ်သကဲ့သို့ ပြည်ထောင်စု၏ အဓိကနှင့် အဇစ် အမြစ် ပင်လုံကို အခြေခံသော လူငယ်တိုင်းရင်းသားများ ဦးစီးဦးဆောင် ကျင်းပသော ညီလာခံဖြစ် ကြောင်းသိရပါသည် ။ မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များအဖွဲ့ကို ၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည် ။ ထိုနောက်ပိုင်း ညီလာခံဖြစ်မြောက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ၊ နှီးနှေားဖလှယ်ပွဲများ ကို အကြိမ်ကြိမ် ကျင်းပကာ ၂၀၁၄ ခုနှစ်အောက်တိုဘာလတွင် တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်အဖွဲ့မှ ၃၈ ဦးပါဝင်သော ညီလာခံကြီးဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခဲ့ပါသည် ။ |
|
လင်းခေးခရိုင် လင်းခေးမြို့လယ်ခေါင် ပရိယတ္တိစာသင်တိုက်ကြီးမီးလောင် Posted: 24 Jul 2016 03:38 AM PDT သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ် မြို့လယ်ခေါင်ရှိ ပရိယတ္တိစာသင်တိုက်ကြီါးယာရှော့ခ်ဖြစ်ပြီး မီးလောင်မှုကြောင့် ကျောင်းဆောင်တခုလုံးပြာကျဆုံးရှုံးခဲ့ရသည် ။
“ ည ၉ နာရီ မိနစ် ၅၀ ကမီးစလောင်တယ် ။ ည ၁၁ ခွဲလောက်မှမီးညွန့်ကျိုးတယ် ။ မီးသတ်ကား ၃ စီးလည်း မနိုင်ဘူး ။ ကျနော်တို့မြို့ခံလူငယ်တွေလည်းသွားဝိုင်းသတ်တယ် ။ မီးကူးတာတအားမြန်တယ်။ ကျွန်းသစ်ကျောင်းဆောင်ကြီးလေ ။ ခုတော့ ပြာကျကုန်ပြီ ။” - ဟု မီးငြိမ်းသတ်ရာမှ ပြန်လာသူ စိုင်းသီဟ ကပြောသည် ။ အဆိုပါကျောင်းဆောင်ကြီး မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းပေါင်း ၂၀၀၀ ၀န်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း ၊ လူသူထိခိုက်ဒဏ်ရာရခြင်း အိုးအိမ်များသို့မီးကူးစက်ခြင်းတော့မရှိကြောင်း မြို့ခံ ဦးစိုင်းကလည်းပြောဆိုသည် ။ အဆိုပါကျောင်းဆောင်ကြီးသက်တမ်းမှာ နှစ် ၅၀ ၀န်းကျင်ခန့်ရှိပြီး ကျောင်းဆောင်အတွင်း ရှေးဟောင်းဘုရားဆင်းထုတော်များ အများအပြားရှိကြောင်း ၊ ထို့အပြင် ကျောင်းရိက္ခာဖြစ်သော ဆွမ်းဆန်စိမ်းများ ဆီဆားများလည်းအဆိုပါကျောင်းဆောင်တွင်သိုလှောင်သိမ်းဆည်းကြောင်း ၊ အဆိုပါကျောင်းဆောင်တွင် လပြည့်လကွယ်ဥပုတ်နေ့တိုင်း ရွာသူရွာသားများ တရားနာ ဥပုတ်စောင့်မှုများပြုကြကြောင်း မြို့ခံ စိုင်းနီ ကလည်းပြောပါသည် ။ “ လင်းခေးမြို့က ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုရှိတာကြောင့် မီးလောင်လွယ်တယ်။ ၁၉၉၅ ခုနှစ်လောက်တုန်းက မီးအကြီးအကျယ်လောင်ခဲ့ဖူးတယ် ။ ဒေသခံတွေကအဲတာကိုသင်ခန်းစာရထားတော့ မီးဟေ့ ဆိုရင်လန့်ကြတယ် ။” - ဟုပြောဆိုသည် ။ အဆိုပါ မီးဒဏ်သင့် မဟာဝိဟာရကျောင်းကြီးကျောင်းတွင် လက်ရှိ ဆရာတော်သံဃာတော်နှင့် စာသင်ကိုယ်ရင်ငယ်စုစုပေါင်းအပါး ၆၀ ၀န်းကျင်ရှိကြောင်း ၊ လင်းခေးမြို့တွင်းရှိ မြို့ဦး ရပ်ကွက် (၀မ့်လွယ်) ၊ ကွက်သစ်ရပ်ကွက်၊ ဈေးတန်းရပ်ကွက် ၊ မြို့မ (၀မ့်လုံ) အရှေ့ရပ် ၊ အနောက်ရပ် မှဒေသခံများ ကျောင်းတက်အလှူပြုသည့် ကျောင်းဖြစ်ကြောင်း ၊ လင်းခေးမြို့မဈေးကြီးနှင့်မျက်နာချင်းဆိုင်ရှိ မြို့လယ်ခေါင်ကျသည့် ကျောင်းတကျောင်းဖြစ်ကြောင်းသိရပါသည် ။ |
|
Posted: 25 Jul 2016 03:48 AM PDT ဂျူလိုင် ၂၆- ၂၉ ရက်နေ့အထိ မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ မျက်နှာစုံညီအစည်းအဝေး၌ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး ၊ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ပါ အဓိက ခေါင်းစဉ်ကြီး ၄-၅ ခု ဆွေးနွေးမည်ဟု သိရသည် ။
ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်၌ ၄ ရက်ကြာ ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ မျက်နှာစုံညီအစည်းအဝေး၌ - ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး ၊ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး ၊ နိုင်ငံရေးဆွေးနွေးရေးမူဘောင် ပြင် ဆင်ရေး ၊ ပင်လုံလက်စွဲ (မူကြမ်း) စာတမ်း သတ်မှတ်ရေး နှင့် ဖက်ဒ ရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) စသည့်အကြောင်းအရာများ အဓိက ဆွေးနွေး မည်ဟု သိရသည် ။ “ ဟုတ်တယ် ။ အဲ့ဒီလိုကြားတယ် ။ ဒီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေ ခံဥပဒေ ကိစ္စ ဆွေး နွေးမဲ့ဟာက အစိုးရတပ်မတော် ဘက်က သိပ် သဘော မကျဘူး ။ ၂၀၀၈ ကို ယှဉ်ပြိုင်တဲ့ ဖွဲ့စည်းပုံလို့ သူတို့မြင်တယ် ။ သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်း ပုံလဲ ရှိပြီးသားဘဲ ၊ ထပ်မလုပ်သင့်တော့ဘူးပေါ့ ။ ဒါ့ကြောင့် သူတို့ လက် မခံချင်ဘူးလို့ကြားတယ် ” - ဟု တက်ရောက်သူ ကိုယ်စား လှယ်ေ တ်ာကြီး တဦး က ပြောသည် ။ “ အစတုန်းက အဓိက အကြောင်းအရာ ၄ ခုပေါ် မူတည်ပြီးဆွေးနွေးမယ်ပြော တယ် ။ UNFC ကနေ တင် သွင်းလာတဲ့ ဒီ ဖက်ဒရယ်ပြည်ထောင်စု သမ္မတ မြန် မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းလဲ ဆွေး နွေးမယ်ဆိုတာ မသိ လိုက်ဘူး ။ UNFC ကနေ ပြန်ပြင် ထားတဲ့ အချက်ကို သူတို့က တင်ပြမယ် ။ အချိန် တော့ လောက်မလားမပြောတတ်ဘူး ဆွေးနွေးပြီးသဘောတူဖို့က ” - ဟု ပြည်ထောင်စု အင်စတီ ကျု ဒါရိုက်တာ ဦးခွန်စိုင်းက သျှမ်းသံတော်ဆင့် သို့ ပြောသည် ။ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) အား ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေ ခံဥပဒေ (မူကြမ်း) ရေးဆွဲရေး နှင့် ညှိနှိုင်း မှု ကော်မတီ FCDCC က ရေးဆွဲပြီး ၂၀၀၈ ခု က ဒုတိယ - မူကြမ်း အဖြစ် သဘောတူထားသည်။ အခန်းကြီး ၁၄ ခန်း ပုဒ်မ ၂၀၃ ခု ရှိ အဆိုပါမူကြမ်း အား ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC သုတေသန နှင့် ဥပဒေ ရေးဌာန မှ မွမ်း မံဖြည့်စွက်တင်ပြထားသော အချက်များက အခန်းကြီး ၁၅ ခန်း ပုဒ်မ ၁၉၂ ခု ရှိသည် ။ |
|
ရွှေလီမြစ်ရေကြီး ထွန့်မောဝ်ဒေသ ကျပ်သိန်းပေါင်းထောင်ချီဆုံးရှုံး Posted: 25 Jul 2016 02:24 AM PDT သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ရွှေလီမြစ် ရေကြီးမှုကြောင့် ထွန့်မောဝ်(ရွှေလီမြစ်ဝှမ်းဒေသ)ရှိ ကျေးလက်တချို့ရေလွှမ်း၊ လယ်ယာ နှင့်ခြံထွက်ပစည်း ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်း သိန်း ၃ ထောင် ထက်မနည်း ရှိသည်ဟုခန့်မှန်း ။ |
|
Posted: 26 Jul 2016 09:42 AM PDT သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ပင်လုံမြို့ ပြည်ထေင်စု သမိုင်းဝင် ပင်လုံကျောက်တိုင်ဝင်း အတွင်း၌ ဂျူလိုင် ၂၇ ရက် မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်ညီလာခံ အား ကျင်းပပြု လုပ်ခြင်းမရှိဘဲ ဆိုင်းငံ့ ထားရန် သျှမ်းပြည်နယ်အစိုးရ မှ တားမြစ်ထားသော်လည်း စီစဉ် ထားသည့်အတိုင်း ကျင်းပ သွားမည်ဟု သိရသည် ။
ညီလာခံဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့် ရှိသူစိုင်းဆိုင်မိန်း က - “ညီလာခံက ဆက်လုပ်ရ မှာ ဘဲ ။ ဘာဖြစ်လဲဆိုတော့ ပြည်ထောင်စုနိုင်ငံက သူတို့ဘဲချစ်တတ်တာမဟုတ်ဘူး ။ တိုင်းရင်းသား တွေ လည်း ချစ် တတ်တယ် ။ ဒါကြောင့် ယုံကြည်ထားတယ်။ ပြည်ထောင် စုမြန်မာနိုင်ငံဆိုတာ ငါတို့နိုင်ငံဘဲ ။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားတွေလည်းချစ်တတ်တယ် ။ ဒါကြောင့် ကျနော်တို့ ဆက်လုပ်မယ် နှစ်ဘက်စလုံး ထိခိုက်မှုမရှိအောင်တော့ အရမ်းသတိထား ရတယ်” ဟု ၄င်းကပြောသည် ။ ပင်လုံမြို့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်ညီလာခံ ကျင်းပရန် အတွက် အဆင် သင့်ဖြစ် နေပြီးဖြစ်ကြောင်း ၊ ဂျူလိုင် ၂၇ ရက် နံနက် ၉ နာရီတွင် စီစဉ်ထားသည့်အတိုင်း ညီလာခံတက်ရောက်ရန် ပြည်ထောင်စု တဝှမ်းလုံးတိုင်းရင်းသား လူငယ်ကိုယ်စားလှယ်များလည်း စုံစုံညီညီရောက်ရှိနေပြီ ဖြစ် ကြောင်းသိရသည် ။ ကျင်းပခွင့်ဆိုင်းငံ့ကြောင်း အမိန့်စာထွက်ထားသော်လည်း ၂၆ ရက်နေ့လည်ပိုင်းတွင်မူ ကျင်းပခွင့်ပြုကြောင်း သျှမ်းပြည်နယ်အစိုးရရုံးက ဖုန်းဆက်အကြောင်းကြားသည်ဟု သတင်းများပြန် လည်ထွက်ရှိလာသည့် အပေါ် - ပြောခွင့်ရ စိုင်းဆိုင်မိန်းက အောက်ပါအတိုင်း သျှမ်းသံတော်ဆင့် အား ပြောပြသည် ။ " ကျင်းပခွင့်ပြုတယ်ဆိုတဲ့သတင်းတွေထွက်နေတာလည်းကြားရတယ် ။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ အတည်မပြုနိုင်သေးဘူး ။ ကျနော်တို့ ဒီခွင့်ပြုမိန့်နဲ့ပတ်သက်ပြီး ဘာမှမပြောလိုတော့ဘူး ။ ကျနော်တို့လည်း ဒီဒေသတွင်း အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်သွားမယ် ။" “ ကျနော်တို့ဘက်ကတော့ တာဝန်ကျေတယ် ။ အစိုးရဆီမှာ ခွင့်တောင်းတာ အရင်လကတည်းက ။ ဒါကြောင့် ကျနော်တို့ ယုံကြည်တယ် ၊ ကျနော်တို့ဘက် ကတော့ ဥပဒေအတိုင်းလုပ်တယ်ဆိုတာ ယုံကြည်တယ် ၊ ကျင်းပခွင့်ဆိုင်း ငံ့တာတို့ ခွင့်ပြုတာတို့ ဘယ်သူက ဆုံးဖြတ်လဲဆိုတာ ကျနော်တို့ မသိရဘူး ၊ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ ကျင်းပဖို့ အားလုံးအဆင့်သင့်ဖြစ်နေပြီ ” ဟု စိုင်းဆိုင်မိန်းက သျှမ်းသံတော်ဆင့် သို့ပြောသည် ။ တိုင်းရင်းသားလူငယ် ညီလာခံ ပြုလုပ်ရခြင်းသည် ၂၁ ရာစု ပင်လုံညီလာခံ အတွက်နှင့် ပြုလုပ်ရခြင်း မဟုတ်ဘဲ ညီလာခံပြုလုပ်ရန်အတွက် ၂၀၁၂ မှ စတင်ပြီးပြင်ဆင်လာခြင်းဖြစ်ကြောင်း ၊ ထို့ကြောင့် ပြီးမြောက်အောင်မြင် အောင် ကျင်းပရမည်ဖြစ်ကြောင်း ၊ ၂၁ ရာစု ပင်လုံညီလာခံတွင် လည်း နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားလူငယ်များ၏အသံကို နားထောင် လိမ့်မည်ဟု မျှော်လင့်ထာကြောင်း တိုင်းရင်းသား လူငယ်ညီလာခံ ဖြစ်မြောက်ရေးက်ာမတီ စိုင်းဆိုင်မိန်း ကပြောသည် ။ |
||
|
Posted: 26 Jul 2016 02:52 AM PDT တိုင်းရင်းသားလက်နက်ကိုင်ကိုင်အဖွဲ့များအကြား အပစ်ခတ်ရပ်စဲထားသည့် အဖွဲ့ ၊ မရပ်ထားသည့်အဖွဲ့ဆိုသည့် ကန့်သတ်ချက်များမှာ မရှိသင့်ပဲ နိုင်ငံရေးပြဿနာကို အဖြေရှာရာတွင် အားလုံး စုစည်းညီညွတ်စွာဖြင့် အဖြေရှာကြရန် ကေအိုင်အို ကချင်လွတ်မြောက် ရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ က တိုက်တွန်းလိုက်သည် ။
‘ အပစ်ရပ်အဖွဲ့နဲ့ အပစ်မရပ်ဆိုတဲ့ ကန့်သတ်ချက်တွေဟာ တိုင်းရင်းသားတွေအကြားမှာ မရှိသင့်ပါဘူး ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာသွားရမဲ့ တိုက်ပွဲမှာ တိုင်းရင်းသားတွေအကြား စုစည်းညီညွတ်မှုကို အခြေခံပြီး တိုက်ပွဲဝင်သွားဖို့ တိုက်တွန်းပါတယ် ။ ‘ ဗိုလ်ချုပ်ကြီးအန်ဘန်လက ယနေ့စတင်ကျင်းပသည့် မိုင်ဂျာယန် တိုင်းရင်းသားမျက်နှာစုံညီအစည်းဝေးတွင် တိုက်တွန်းပြောဆိုသည် ။ အစိုးရမှ ဦးဆောင်ကျင်းပမည့် ၂၁ ပင်လုံညီလာခံအောင်မြင်စေရန်မှာ တိုင်းရင်းသားများအကြား စုစည်းမှုမှာ အရေးပါသဖြင့် ဘုံသဘောတူညီချက်ရရှိသည်အထိ ဆွေးနွေးညှိနှိုင်းကြရန်လည်း ကေအိုင်အို ဒုတိယ ဥက္ကဌက တိုက်တွန်းသည် ။ ‘ အစိုးရက ၂၁ ပင်လုံညီလာခံဆိုပြီး နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ ဆွေးနွေးဖို့ရှိနေတယ် ။ တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်သွားနိုင်ဖို့အတွက် ဘုံသဘောထားတွေ သဘောတူညီစွာ ချမှတ်သွားနိုင်ဖို့ အရေးကြီးတယ် ။ ချမှတ်သွားနိုင်လို့လည်း ယုံကြည်တယ် ။ ဆွေးနွေးပွဲတလျှောက်မှာ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား သံသယနဲ့ အမုန်းတရား ပွားများစေပြီး ယုံကြည်မှုနဲ့ စုစည်းညီညွတ်မှု ကျဆင်းစေတဲ့ အကြောင်းအရာတွေကို ရှောင်ရှားကြဖို့လည်း နိုးဆော်လိုတယ် ။ ‘ ဟု ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့၏ ဒုတိယ ဥက္ကဌဖြစ်သူက တိုက်တွန်းပြောဆိုသည် ။ ယနေ့စတင်ကျင်းပသော တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်သည့် မိုင်ဂျာယန် အစည်းဝေးတွင် ပင်လုံ လက်စွဲစာတမ်း ဆွေးနွေးအတည်ပြုခြင်း ၊ ဖက်ဒရာယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေများအတွက် အခြေခံမူများ ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအခြေခံမူနှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်ပြင်ဆင်မှုတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း အစည်းဝေး ကျင်းပရေးကော်မတီ ဥက္ကဌ ခူးလ်ဦးရယ်က ပြောသည် ။ ဗိုလ်ချုပ်ကြီးအန်ဘန်လအနေဖြင့် တိုင်းရင်းသားတပ်ပေါင်းစု UNFC ကို ဦးဆောင်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျူလိုင်လ ၁၇ ရက်နေ့က တွေ့ဆုံခဲ့ကာ ၁၉၄၇ ခုနစ်က ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားများ သဘောတူညီခဲ့သည့် နိုင်ငံရေးပဋိဉာဉ်အား ၂၁ ပင်လုံသို့ ဆက်လက်သယ်ဆောင်ကာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် အဖြေရှာမည့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာရေး အကောင်ထည်ဖော်ပေးရန် တိုက်တွန်းခဲ့ကြောင်း မိုင်ဂျာယန် အစည်းဝေးအဖွင့် မိန့်ခွန်းပြောဆိုရာတွင်လည်း ပြောဆိုသည် ။ လက်ရှိအချိန်အထိ အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရှိပြီး ၁၃ ဖွဲ့မှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးကြောင်း သိရသည် ။ မိုင်ဂျာယန်တွင် ပြုလုပ်ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ မျက်နှာစုံညီအစည်းဝေးသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့မှ ကိုယ်စားလှယ်များ တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပြင် ကုလသမဂ္ဂကို်ယ်စားလှယ် ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်တို့ပါ တက်ရောက်ခဲ့သည် ။ |
||
|
Posted: 25 Jul 2016 09:30 PM PDT ဂျူလိုင်လ ၂၇ ရက်နေ့ မှ စ၍ ၅ ရက်ကြာ ကျင်းပမည့် ပြည်ထောင်စု တဝှမ်းလုံးရှိ တိုင်းရင်းသား လူငယ်များ ကိုယ်စားလှယ်အားလုံးပါဝင်မည့် ညီလာခံအား အကန့်အသတ်မရှိ ဆိုင်းငံ့ထားရန် သျှမ်းပြည်နယ်အစိုးရ က ဂျူလိုင် ၂၅ ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည် ။ |
တိုင်းရင်းသားလူငယ်များ ညီလာခံဖြစ်မြောက်ရေးကော်မတီ ( Co-ordination Committee for National Ethnic Youth Conference CCNEYC ) မှ ကမကထပြုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ် များညီလာခံကို ၂၀၁၆ ဂျူလိုင် ၂၇ ရက်မှ - ၃၁ ရက်နေ့အထိ ပင်လုံမြို့ကျောက်တိုင်ကွင်း၌ ကျင်းပမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များ ညီလာခံကျင်းပပြုလုပ်ခွင့်နှင့် သျှမ်းပြည်နယ် ဝန်ကြီးချုပ်အား တွေ့ဆုံခွင့် တင်ပြလာမှုအား ဆိုင်းငံ့ထားကြောင်း - သျှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် က လက်မှတ်ထိုး ထုတ်ပြန်ထားသည် ။
“ ဒီညီလာခံဖြစ်မြောက်ဖို့က အခု မှ ကျနော်တို့ လုပ်တာမဟုတ်ဘူး ။ လွန်ခဲ့တဲ့ ၅ နှစ်ကတည်း ပြင်ဆင်လာတယ် ။ ၂၁ ရာစု ပင်လုံတို့ မိုင်ဂျာယန်တို့ ဆိုတာ အခုမှ ပေါ်လာတဲ့ ဒိတ်တွေ။ ဒါကို ၂၁ ရာစု ပင်လုံကိုထိခိုက်မှာစိုးလို့ တာဝန်မယူဘူး ။ နေပြည်တော်ကိုဘဲ တင်ပါ စတာတွေ ပြောလာတယ် ။ ကျနော်တို့ လုပ်တာ ပြည်ထောင်စု အတွက်လုပ်တာ ။ လာမယ့်အနာဂတ်မှာ တိုင်းရင်းသားလူငယ်တွေ ပြည်ထောင်စုတာဝန်ကို ဆက်လက်သယ်ပိုး နိုင်ဖို့ ၊ အစိုးရကနေ ဝိုင်းပြီးပံ့ပိုးမှုပေးရင် သူတို့တောင် ခရက်ဒစ်ရသွားနိုင်တယ် ။ ကျနော်တို့ က မူအတိုင်း ဘောင်အတိုင်းဘဲ လုပ်သွားနေတာ အားလုံးက ” - ဟု လူငယ်ညီလာခံဖြစ်မြောက်ရေး လူငယ်ခေါင်းဆောင် စိုင်းအောင်မြင့်ဦး က ပြောသည် ။ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားညီလာခံဖြစ်မြောက်ရေးအတွက် သျှမ်းပြည်နယ်အစိုးရအား ဂျွန်လ ၃ ရက်နေ့က တကြိမ်၊ ဂျူလိုင် ၁၄ ရက်နေ့က တကြိမ် သျှမ်းပြည်နယ်အစိုးရ ရုံးထံသို့ သွားရောက်ကာ စာတင်ခဲ့သည် ။ ပြည်ထောင်စုအစိုးရ ထံလည်း ဂျူလိုင် ၂၂ ရက်နေ့ ရက်စွဲဖြင့် လျှောက်ထားစာ ပေးပို့ ခဲ့သည့် ။ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားညီလာခံကျင်းပရန် ရက်ပိုင်းအလိုမှာ သျှမ်းပြည်နယ်အစိုးရက ဆိုင်းငံ့စာ ထုတ်ပြန်တားမြစ်လာခြင်းဖြစ်သည် ။ “ ကျနော်တို့တော့ ပြင်ဆင်ထားတဲ့ အတိုင်းဘဲ လုပ်သွားမယ်။ ကျနော်တို့လုပ်နေတာ ပြည်ထောင်စု ကြီးအတွက်ဘဲ၊ လက်နက်လဲမရှိဘူး ။ ငြိမ်းချမ်းတဲ့နည်းနဲ့ဘဲလုပ်တာ။ ဥပဒေဘောင်အတွင်းက ဘဲ လုပ်တာ” - ဟု စိုင်းအောင်မြင့်ဦးက ပြောသည် ။ အဆိုပါ ညီလာခံသို့ ပြည်နယ်အခြေပြု တိုင်းရင်းသားလူငယ် လူမျိုးစု ကိုယ်စားလှယ်များ၊ ဗမာတိုင်းရင်း သား အပါအဝင် လူမျိုးတိုင်း၏ လူငယ်ကိုယ်စားလှယ်များလည်း တက်ရောက် မည်ဖြစ်သည် ။ လူငယ် ဦးရေ ၇၀၀ ကျော် ပါဝင်မည့် ပထမ ဆုံးအကြိမ် ပြည်ထောင်စု လူငယ်ညီလာခံကြီးဖြစ်သည် ။ ညီလာခံတက်ရောက်ရန် တောင်ကြီးမြို့တော် ၊ ပင်လုံသမိုင်းဝင်မြို့များသို့ ယနေ့ ဂျူလိုင် ၂၆ ရက်နေ့ ၌ အသီးသီးရောက် နေကြပြီဖြစ် သည် ။ |
||
|
မျက်နှာစုံညီအစည်းအဝေးကြီး တက်ရောက်ရန် သျှမ်းအင်အားစုများ မိုင်ဂျာယန်သို့ ရောက်ရှိ Posted: 25 Jul 2016 06:51 PM PDT ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင်ပြု လုပ်ကျင်းပမည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးကြီး တက်ရောက်ရန် သျှမ်း အင်အားစုများသည် ယနေ့ ဂျူလိုင်လ ၂၅ ရက်နေ့ တွင် မိုင်ဂျာယန်သို့ ရောက်ရှိလာကြသည် ။
“ ကျနော်တို့က အားလုံးအတွက် လမ်းကြောင်းတစ်ခုပေါ် လာမလားဆိုပြီး လာတာပါ ။ အသေးစိပ်ဘာဆွေးနွေးမယ်ဆိုတာတော့ ပြောလို့ မရသေးပါဘူး ” - ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းလက ပြောသည် ။ သျှမ်းပြည်တိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်စိုင်းထူးမှ ဦးဆောင်လာခဲ့ပြီး ၊ RCSS/SSA ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စဝ်ပေါင်ခေးမှ ဦးဆောင်လာခဲ့သည် ။ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး (၂) စိုင်းကျော်ညွှန့်မှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာ မိတ်အဖွဲ့ ကိုယ်စားလှယ်အဖြစ် ပါ တက်ရောက်မည်ဖြစ်ပြီး အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ယိင်းဟန်ဖမှာမူ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ၏ ကိုယ် စားလှယ်အဖြစ်ပါ တက်ရောက်မည်ဖြစ်သည် ။ ကျားဖြူပါတီတွင် ပါဝင်နေသော ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ်များလည်း မိုင်ဂျာ ယန်အစည်းဝေးကို တက်ရောက်မည်ဖြစ်သည် ။ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး (၂) စိုင်းကျော်ညွှန့်မှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာ မိတ်အဖွဲ့ ကိုယ်စားလှယ်အဖြစ်ပါတက်ရောက်မည်ဖြစ်ပြီး အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ယိင်းဟန်ဖမှာမူ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ၏ ကိုယ် စားလှယ်အဖြစ်ပါ တက်ရောက်မည်ဖြစ်သည် ။ ကျားဖြူပါတီ ပါဝင်နေသော ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ်များလည်း မိုင်ဂျာ ယန်အစည်းဝေးကို တက်ရောက်မည်ဖြစ်သည် ။ |
|
ပင်လုံမြို့က လူငယ့်ညီလာခံဖွင့်ပွဲအခမ်းအနား တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်အားပေး Posted: 27 Jul 2016 11:53 AM PDT ပင်လုံမြို့ သမိုင်းဝင် ပင်လုံကျောက်တိုင် ကွင်း ၌ ယနေ့ ဂျူလိုင်၂၇ ရက် ပြည်ထောင်စု တိုင်းရင်းသား လူငယ်ညီလာခံဖွင့်ပွဲ တွင် ဒေသခံများနှင့် ပြည်ထောင်စု တိုင်းရင်းသားပေါင်း ၂၀ ကျော် မှစုစုပေါင်း အင်အား ၁၀၀၀ ကျော်ကြောင်း သိရသည် ။
“ အစိုးရ အဆင့်ဆင့်ကို ပြောကြားလိုပါတယ်။တိုင်းရင်းသားလူငယ်တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ကိုင်နေကြတာကို အထင်မလွဲပါနဲ့ ။ ဘေးစကားတွေကို မယုံပါနဲ့ ။ သူတို့တစ်တွေရဲ့ လုပ်ရပ်ဟာ အနာဂတ်တိုင်းပြည်အတွက် ညီညွတ်ရေးဖြစ်ပါတယ်။အခုလူကြီးတွေ မစောင့်ကြည့်နိုင်သေးတဲ့ အမျိုးသားရင့်ကြားစေ့ရေး ၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ကို တိုင်းရင်းသားလူငယ်တွေ က ဆောင်ရွက်နေကြတာမို့ အားပေးဖို့တိုက်တွန်းရန် လိုကြောင်း နှင့် သံသယမဝင်ဖို့ လိုကြောင်း”ဟု စဝ်ခမ်းပိန်ဖ ကပြောသည် ။ အဆိုပါ အခမ်းအနားတွင်သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုေ ဆာင်အဖွဲ့၏ ဒုတိယ ဥက္ကဌ (၂) ဦးစိုင်းခမ်းပိန်ဖ၊ ငြိမ်းချမ်းရေးဖော်ေ ဆာင်ရေး လုပ်ငန်း စဉ်တွင် ပါဝင်သည့် ခွန်ဥက္ကာ ၊ ANP ဥက္ကဌ ဒေါက်တာအေးမောင် ၊ကချင်ငြိမ်းချမ်းရေးကွန် ယက် ဒေါ်ခွန်ဂျာ ၊ နိုင်ငံရေး သုတေသီ ဒေါက်တာဇင်မင်း နှင့် ပေါင်းကူး မှ ဒေါက် တာ ကျော်သူ တို့တက်ရောက်ခဲ့ကြောင်း သိရသည် ။ “ ဗမာအပါအဝင်ဖြစ်တဲ့ တိုင်းရင်းသားအားလုံးဟာ အမျိုးသား ပြန်လည် ရင့်ကြားစေ့ရေး ကို ဒီပင်လုံဒေသမှာ ပေးခဲ့တဲ့ ပင်လုံကတိကဝတ်တွေနဲ့အညီ တည်ဆောက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင် စုကြီးကို တည်ဆောက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းသွားကြစို့ တိုက်တွန်းလိုကြောင်း” -သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် စဝ်ခမ်းပိန်ဖ ကပြောသည် ။ |
||
|
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် သျှမ်းစာပေဟောပြောပွဲကျင်းပ လူထုအထူးစိတ်ဝင်စား Posted: 27 Jul 2016 11:45 AM PDT သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် သျှမ်းစာပေနှင့်ပတ်သက်သည့်ေ ဟာပြောပွဲတရပ်ကျင်းပရာ တက်ရောက်နားထောင်သူ ၅၀၀ ကျော်ရှိကြောင်း သိရသည်။
စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် တာချီလိတ်မြို့ သျှမ်းစာပေယဉ်ကျေး မှုအသင်း ကဦး ဆောင်ကာ ဟိုမိန်းဆိုင် သာရေးနာရေးအသင်းအပါအဝင် လူမှုအသင်းအဖွဲ့များက ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည် ။ သျှမ်းစာပေ ပျံ့ပွါးရေးလုပ်ငန်းများ ဆယ်စုနှစ်ချီလုပ်ဆောင်လာသည့် သျှမ်းစာပေသင်ကြား ရေး ဆရာကြီး စိုင်းဖှက - သျှမ်းများကြားကွဲပြားအား နည်းမှု မဖြစ်အောင် တောင်ပိုင်း၊ မြောက်ပိုင်း ၊အရှေ့ပိုင်း သျှမ်း၊ လိသျှမ်း ၊ဂုံသျှမ်း၊ မောသျှမ်း ….. ဟုနာမည်တပ်မခေါ်သင့်ဘဲ သျှမ်းဟုသာ ခေါ် သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည် ။ သျှမ်းစာရေးဆရာ ခူး ဟင်းကာယန်းက - ၂၀၀၈ ဖွဲ့စည်းပုံမှပေးသော အခွင့် အရေး၊ ပင်လုံစာချုပ်နှင့် တန်းတူညီမျှခွင့်တို့အကြောင်း ရှင်းလင်းပြော ပြခဲ့ပြီး သျှမ်းပြည်သားများ သိရှိအောင်ဆက် လက် လေ့လာသင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်ဟု ပွဲတက်ရောက်သူ စိုင်းခမ်းက ပြန်လည်ပြောပြ သည် ။ သျှမ်းစာရေးဆရာ ခွန်ယုံးချိုကမူ - သျှမ်းလူထုအကြား အသင်းအဖွဲ့များပြား လာသကဲ့သို့ လုပ်ငန်းလည်းတိုးတက်ရန်လိုအပ်ကြောင်း၊ အဖွဲ့အစည်းအတွင်း တကယ့်စိတ်ပါဝင်စားသူကို တာဝန်ပေးအပ်ရန်လိုကြောင်း ပြောဆိုသည် ။ ဂျူလိုင်လ ၂၇ ရက်နေ့တွင်မူ တာလေမြို့နယ်ခွဲ မိုင်းလင်းအုပ်စုသို့ သွားရောက် ကာ စာပေ ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ မိမိစာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းမှန်သိစေရေးရည်ရွယ်ကြောင်း စီစဉ်ဆောင် ရွက်ပေးသည့် ဟိုမိန်းဆိုင်အဖွဲ့မှ စိုင်းဝမ်းက ပြောဆိုပါသည် ။ |
||
|
Posted: 26 Jul 2016 11:02 PM PDT ဂျူလိုင်လ ၂၆ ရက်က စတင်ကျင်းပသည့် မိုင်ဂျာယန် တိုင်းရင်းသားခေါင်းဆောင်များမျက်နှာစုံညီ အစည်းအဝေး၏ ယနေ့ ဒုတိယနေ့ ဂျူလိုင် ၂၇ ရက်နေ့တွင် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးစွဲရာတွင် အခြေခံ ရမည့် မူများနှင့် ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ စာတမ်းများတင်ပြ ဆွေးနွေးနေကြောင်းသိရသည် ။
ဂျူလိုင် ၂၆ ရက်ကမူ ၁၉၄၇ ခုနစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်များအပေါ် အခြေခံပြီး ပင်လုံလက်စွဲစာတမ်းအတည်ပြုနိုင်ရေးအတွက်ဆွေးနွေးခဲ့ကြကြောင်း ဆိုပါသည် ။ ' အဲဒီတုန်းက လုပ်ခဲ့တဲ့ ကတိကဝတ် စာချုပ်စာတမ်းတွေကို မှီပြီးတော့ ၂၁ရာစုပင်လုံညီလာခံမှာ အသုံးပြုဖို့ဆိုတဲ့ ဟာမျိုး မဟုတ်ပါဘူး ။ ဒါက ကြားထဲမှာ အမြင်သဘောထားတူညီတာတွေရှိသလို မတူညီတာတွေ ရှိကောင်းရှိမယ် ။ ဘာကြောင့်လည်းဆိုရင် ၄၇ တုန်းက ပြုလုပ်ခဲ့တဲ့ ပင်လုံရဲ့ ကတိ ကဝတ်တွေ သဘောတူညီချက်တွေဟာ ခုနေခါမှာ သဟဇာတမဖြစ်တော့တဲ့ အနေအထားတွေ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေအောက်မှာ တိုင်းပြည်ရဲ့ ပြောင်းလဲလာတဲ့ လူမှုဘဝ အခြေအနေအောက်မှာ အခြေအနေ တစ်စုံတရာ ပြောင်းလဲသွားတာကို သတိပြုရမှာဖြစ်ပါတယ် ။ ဒါကြောင့်ဒီကိစ္စနဲ့ ပတ်သက်လို့ အကျယ်တဝင့် ဆွေးနွေးပြီးဖြစ်ပါတယ် ။ ကျွန်တော်တို့ ပင်လုံနဲ့ သက်ဆိုင်တဲ့ လက်စွဲဆန္ဒစာတမ်းလေးကိုတော့ ကျွန်တော်တို့ ဆက်လက်ပြီးတော့ စနစ်တကျလေးဖြစ်အောင် ပြုစုရေးအဖွဲ့လေးတစ်ဖွဲ့ကို ပြန်လည်ပြင်ဆင်ရေးသားဖို့ သဘောထားချမှတ်ပါတယ် ။ လက်စွဲစာတမ်းလေးကို ဒီ လေးရက်တာ အစည်းအဝေးမပြီးဆုံးခင်လေးမှာ ပြန်လည် သုံးသပ်ပြီးတော့ လက်စွဲစာဆောင်လေးအဖြစ် ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ' ဟု အစည်းဝေးပြောခွင့်ရ ပုဂ္ဂိုလ် ခူးဦးရယ်က ညနေပိုင်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည် ။ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လကလည်း လွန်ခဲ့သည့် အပတ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ထားရှိခဲ့သော ပဋိဉာဉ်ကို ၂၁ ရာစုပင်လုံသို့ ဆက်လက်သယ်ဆောင်သွားပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရာယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ရေးတို့အတွက် အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်လာရေးအတွက် အဖြေရှာရန် တိုက်တွန်းခဲ့သည်ဟု အစည်းအဝေး အဖွင့်မိန့်ခွန်းပြောဆိုရာတွင်ထည့်သွင်းပြောဆိုသည် ။ ဂျူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့်အဆိုပါအစည်းအဝေးတွင် ပင်လုံလက်စွဲစာတမ်း ပြုစုရေးကိစ္စအပြင် ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အခြေခံ ဥပဒေတွင် အခြေခံရမည့် မူများ ၊ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ်ဏ္ဍ နှင့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြင်ဆင်ရေး ကိစ္စတို့အား ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည် ။ |
|
Posted: 28 Jul 2016 12:07 AM PDT နိုင်ငံတော် အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် အထူးဒေသ (၂) ဝ တပ်ဖွဲ့ခေါင်းဆောင်များ ၊ အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ခေါင်းဆောင်များမိုင်းလားမြို့မှ ကျိုင်းတုံလေဆိပ်သို့ ယနေ့နံနက်ပိုင်းကထွက်ခွါလာနေကြောင်းစုံစမ်းသိရှိရသည် ။
အထူးဒေသ (၂) ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါင်းဆောင် ဦးပေါက်ယူချမ်းနှင့် ဇနီးဦးဆောင်သည့် ၀ တပ်ဖွဲ့ကိုယ်စားလှယ်တော်များ ၊ အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတာ် သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS ခေါင်းဆောင် ဦးစိုင်းလင်းနှင့် ဇနီးတို့ ဦးဆောင်သည့် မိုင်းလားတပ်ဖွဲ့ကိုယ်စားလှယ်များနိုင်ငံတော် အတိုင်အပင်ခံဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရန် နေရပ်မှ ထွက်ခွါခြင်းဖြစ်သည် ။ “ မှန်လုံကားတွေနဲ့ ဒီမနက် ၆ နာရီမိုင်းလားကနေထွက်ခွါတယ် ။ ကျိုင်းတုံမှာလေယာဉ်သွားသီးသန့် သွားစီးပြီးဒေါ်ဆောင်ဆန်းစုကြည်ကိုသွားတွေ့မယ် ။ အဓိကကတော့ ခင်မင်ရင်းနှီးမှုခရီးစဉ်ပါ ။ ဒါပေမယ့် နိုင်ငံရေးငြိမ်းချမ်းရေးကိစ္စတော့ အဓိကဆွေးနွေးမယ်လို့ထင်တယ် ။ ဒီခရီးစဉ်က ဒေါ်စုနဲ့ကျနော်တို့ အဆင့်မြင့်ခေါင်းဆောင်ပိုင်းတွေတွေ့မယ်ဆိုတာကလဲ ဒီခေတ်အစိုးရမှာ ပထမဆုံးဘဲလေ ” - ဟုခရီးစဉ်မှာလိုက်ပါသည့် အရာရှိတဦးကပြောသည် ။ နိုင်ငံတော် အတိုင်အပင်ခံဒေါ်အောင်ဆန်းစုကြည် မှ ဦးဆောင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံးပါဝင်ရေး ၊ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးတန်းတူညီတူဆွေးနွေးတင်ပြခွင့်ရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်များအားဆက်တိုက်တွေ့ဆုံလာနေခြင်းဖြစ်သည် ။ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီးအန်ဘန်လ မှ ဒေါ်အောင်ဆန်းစုကြည်အား ၂၁ ရာစုပင်လုံညီလာခံမှာ အပစ်ရပ်လက် မှတ်မထိုးရင်လဲတက်ခိုင်းမှာလား ? ဟုမေးမြန်းသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က -“ ကျမတို့အနေနဲ့ အပစ်ရပ်လက်မှတ်မထိုးလဲတက်နိုင်တဲ့အခြေအနေမျိုးဖန်တီးချင်တယ်။ ဒါပေမယ့် တန်းတူညီတူတော့ အခွင့်အရေးပေးလို့မရဘူး ။ ဒါကလက်တွေ့ကျပါတယ်။ လက်မှတ်မထိုးလဲ အတူတူဘဲဆိုရင် ဘယ်သူကထိုးတော့မှာလဲ။ အဲဒီဟာတခုတော့ သတ်မှတ်ချက်တော့ရှိတာပေါ့။ အကောင်းဆုံးကတော့ လက်မှတ်ထိုးပြီးဝင်လာရင်ကောင်းတာပေါ့ ” - ဟုအပစ်ရပ်စဲရေးစာချုပ် မထိုးသေးသည့် UNFC ခေါင်းဆောင်များအားပြောကြားခဲ့သည်ဟုဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ပါဝင်တဲ့ခေါင်းဆောင်ပိုင်းတဦးကပြောသည် ။ ဝ နှင့် မိုင်းလားတပ်ဖွဲ့များသည် ၁၉၈၉ ခုကစစ်အစိုးရနှင့်တကြိမ် ၂၀၁၁ ခုနှစ်ကဦးသိန်းစိန်အစိုးရနှင့် တကြိမ် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားပြီးဖြစ်သည့်အတွက် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်လက်မှတ်မထိုးလိုတော့ဘဲနိုင်ငံရေးဆွေးနွေးပွဲတွင် တိုက်ရိုက်ပါဝင်လိုသည်။ |
|
Posted: 28 Jul 2016 07:41 PM PDT အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာ တွင် ပြည်ထောင်စု တပ်မတော်အား အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရေး ကိစ္စအပေါ် မိုင်ဂျာယန် တိုင်းရင်းသားအစည်းဝေးတွင် တက်ရောက် လာသူများမှ ဘုံသဘောထားအဖြစ် စုစည်းရန်သဘောတူညီ ခဲ့ကြကြောင်း ဂျူလိုင်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည် ။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက် ၍ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် နိုင်ငံသားများအား ကာကွယ်ရေးအပါဝင်အခြား အချက် ၁၀ ချက်ကို ဘုံသဘော ထားအဖြစ် စုစည်းခဲ့ပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသည့် အခြေခံမူများကို ဆက်လက် ဆွေးနွေး ရန် အလုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည် ။ အစည်းအဝေးကို ၄ ရက်တာ ကျင်းပရန် ရည်ရွယ်ထားသော်လည်း ၄ ရက်အတွင်းပြီးပြတ်ရန် မဖြစ်နိုင် သောကြောင့် နောက်ထပ် တရက်တိုး၍ ကျင်းပမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည် ။ ‘ ဆွေးနွေးတာတွေက သိပ်ပြီးကွဲပြားမှုတွေမရှိပါဘူး ။ သို့သော်လည်း ဆွေးနွေး ချက်တွေမှာ ကျနော် တို့က ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့အ တွက် ဒီမိုကရေစီကို အခြေခံမှာဖြစ်တယ် ။ ကျနော်တို့အကြားမှာ အကြေအ လည် ညှိနှိုင်းဆွေးနွေးတော့ အသေးစိပ်ဆွေးနွေးကြတာဖြစ်တဲ့အတွက် အချိန်ယူရဦးမှာပါ။ ‘ ဟု PNLO ခွန်မြင့်ထွန်းက ပြောသည် ။ မိုင်ဂျာယန်တွင်ကျင်းပနေသည့် တိုင်းရင်းသားမျက်နှာစုံညီအစည်းအဝေးတွင် ခွဲထွက်ခွင့်မပါသည့် ဖက်ဒရယ် အခြေခံ ဥပဒေကို ရေးဆွဲရန်အတွက် အချက် ၈ ချက်ပါ ဘုံသဘောတူညီချက်ကို ရရှိထားကြောင်းလည်း သိရသည် ။ |
|
Posted: 03 Aug 2016 06:11 AM PDT သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ၀မ့်လုံနမ့်မဒေသ ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းနယ်မြေအတွင်း ဒေသ ခံလူထု ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခံရမှုအပေါ် စစ်ဆေးအရေးယူပေးရန်နှင့် စီမံကိန်းဆိုင်းငံ့ထားရန် သျှမ်း လူ့အခွင့် အရေးမဏ္ဍိုင်က သြဂတ်စ်လ ၂ ရက်နေ့ ရက်စွဲဖြင့်ကြေငြာ ချက်ထုတ်ပြန်လိုက်သည် ။
သီပေါမြို့နယ် နမ့်မအုပ်စုမှ စိုင်းဟူလင် အသက် ၃၄ နှစ်နှင့်အတူ အသက် ၂၅ နှစ်အရွယ်ရှိ တရွာ တည်းသားတဦး မေလ ၁၈ ရက်နေ့က ကျောက်ခဲဖြင့် ထုနှက်သတ်ဖြတ်ခံရမှု ၊ ရွာသား ၁၃ ဦး ဖမ်းဆီး ရိုက်နှက် ပေါ် တာထမ်း ခိုင်းခြင်း ခံရမှု၊ ဒေသခံလူထု၏ စားသောက်ဖွယ်ရာနှင့်အဖိုးတန် ပစည်းများ လုယက်ယူမှုတို့မှာ လူထုကအမှန်တကယ် ရွေးချယ် တင်မြောက်သော လူထုအစိုးရလက်ထက်တွင် ဆက်လက်ရှိနေခြင်းမှာ မသင့်လျော်၊ မရှိသင့် တော့ကြောင်း၊ ကျူးလွန် သူအား တရားမျှတစွာ ပြစ်ဒဏ်ပေးရန် အဆို ပါ ကြေငြာချက်တွင်ပါရှိသည် ။ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က- “ အဓိကကတော့ သဘာ ၀သယံဇာတ တူးဖော်ထုတ်ယူမှုစီမံ ကိန်းကြောင့်ပေါ့နော်။ နမ့်မ မှာက ကျောက်မီးသွေး တူး ဖော်ရေး ရှိတယ်လေ။ စီမံကိန်းမှာ အစိုးရ ဘက်က တပ်တွေ၊ ပြည်သူ့စစ်တွေကလုံခြုံရေး ယူထားပေးတာ လည်းရှိတဲ့ ခါကျတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အမျိုးမျိုးရှိနေတုန်း။ ဒါကြောင့် အစိုးရဘက်က စီမံကိန်းတွေ ဆိုင်းငံ့ပေးဖို့ ၊ ငြိမ်းချမ်းရေး အမှန်တကယ်ရရှိမှသာ ၊ ဒေသ ခံလူထု ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိမှသာ တူးဖော်မှု စီမံကိန်း တွေပြန်လည်စဉ်းစားသုံးသပ်ပေးဖို့ သျှမ်းလူ့ အခွင့်အရေး မဏ္ဍိုင် ကနေ တောင်းဆိုလိုက် တာဖြစ်ပါ တယ်။” - ဟု သျှမ်းသံတော်ဆင့် အား ပြောသည် ။ မြန်မာနိုင်ငံတွင် နမ့်မ ဒေသကျောက်မီးသွေးတူးဖော်ထုတ် လုပ်ရေးစီမံကိန်း သည် အဓိကအရေးပါရာ နေရာ တစ်ခုဖြစ် သည်။ ၁၉၉၀ ခုနှစ်ကတည်း က ကျောက် မီးသွေးတူးဖော်ရေးလုပ်ငန်းကို ထိုစဉ် စစ်အစိုးရက တိုက်ရိုက် လုပ် ကိုင်ခဲ့သည်။ သို့သော် ၂၀၀၄ ခုနှစ်တွင် မန္တလေးမြို့မှ ငွေရည်ပုလဲ ကုမ္ပဏီ နှင့် အမှတ်(၃)မြန်မာ့သတ္တုတူးဖော်ရေးတို့မှပူးပေါင်းကာ တူးဖော် လာသည်။ ရွာသား ခန့်မှန်းချက်အရ ကျောက်မီးသွေးတူးဖော်သောနေရာ မှ ကျောက်မီးသွေးနုများကို တစ်ရက် လျှင် ၆ ဘီးကားကြီး များအစီး ရာချီဖြင့် နောင်ချိုမြို့ နှင့် မန္တလေးမြို့ ရှိ ငွေရည်ပုလဲ၊ ခရောင်း(crown) ဘိလပ်မြေ နှင့် သကြားထုတ်လုပ်ရေးစက်ရုံများသို့ သယ်ဆောင်သွားသည်-ဟု SHRF မှ စစ်တမ်းကောက်ယူချက် လေ့လာချက် အရသိရကြောင်း ကြေငြာချက်တွင်ဖော်ပြထားသည် ။ ယခုနှစ် ဧပြီလ ၁ ရက်နေ့က နမ့်မဒေသခံလူထု ၁၀၀ ကျော် နမ့်မ ဘုန်းကြီးကျောင်းတွင်စုဝေးကာ ကျောက်မီးသွေးတူး ဖော်ရေးရပ်တန့်ရန် စုပေါင်းတောင်းဆိုခဲ့သော်လည်း တူးဖော်မှုသည်ခေတ္တသာရပ်ဆိုင်းသွားပြီး ဆက်လက်တူးဖော်နေ ဆဲဖြစ်သည် ။ ထိုဒေသအတွင်းရှိ နယ်မြေများစိုးမိုးထားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အား ယခုနှစ်ဆန်းပိုင်းက အစိုးရတပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီး နမ့်မကျောက်မီးသွေး စီမံကိန်းအား လုံခြုံရေးယူပေးနေ သည်မှာ ခလရ ၄၁ (လားရှိုး)၊ ခမရ ၅၂၃ (တန့်ယန်း) ၊ ခလရ ၆၇ (မိုင်းရယ်) ၊ခလရ ၂၉၁ (နမ့်ပေါင်) တို့က မန်ပန်ဌာနေပြည်သူ့စစ် လားဟူပြည်သူ့စစ် တို့နှင့်ပူးပေါင်းစစ်ကြောင်း တို့ဖြစ်ကြောင်း ဒေသတွင်းလူထုပြောပြချက် အရသိရသည်။ |
||
|
သျှမ်းပြည်နယ်ဝန်ကြီးချုပ် ကျိုင်းတုံသို့ ပထမဆုံးအကြိမ် လည်ပတ် Posted: 03 Aug 2016 06:06 AM PDT NLD အစိုးရသစ် ၏ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် သျှမ်းပြည်အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့သို့ ပထမအကြိမ် သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည် ။
SNLD ကျားခေါင်းပါတီအလုပ်အမှုဆောင် နန်းမွန်းတွီက - သျှမ်းပြည်နယ်ဝန်ကြီးချုပ်က သျှမ်း ပြည်နယ်အစိုးရရဲ့ လုပ်ငန်းစဉ်နဲ့ အလုပ်တာဝန်တွေကိုလာပြီးရှင်းပြသွားပါတယ်။ ပြီးတော့ အစိုးရသစ်မို့လို့ လူထုအကျိုးကို ထိထိရောက်ရောက် သယ်ပိုးနိုင်ခြင်းမရှိသေးတဲ့အပေါ် စိတ် မကောင်းဖြစ်မိကြောင်းပြောဆိုသွားတယ်- ဟု ပြောဆိုပါသည် ။ ဆွေးနွေးပွဲတက်ရောက်ခဲ့သူ စိုင်းလုံက - ၀န်ကြီးချုပ်လာတော့ ကျိုင်းတုံဒေသခံတွေက ကြုံတွေ့နေရတဲ့ လျှပ်စစ်မီးပြသနာ၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ သောက်သုံးရေး ရရှိရေး၊ နိုင်ငံရေးနဲ့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး စတာတွေကိုတင်ပြတယ်။ - ဟု ပြောဆိုသည် ။ ဒေါက်တာလင်းထွဋ်၏ သျှမ်းပြည်အရှေ့ပိုင်းခရီးစဉ်မှာ ဂျူလိုင် ၂၄ မှ ၂၇ ရက်နေ့အထိဖြစ်ပြီး မိုင်းဆတ် ၊မိုင်းတုံ၊ တာချီလိတ်၊ ကျိုင်းတုံဒေသခံများနှင့်တွေ့ဆုံခဲ့ရကြောင်းသိရသည် ။ ရန်ကုန်သား ဒေါက်တာလင်းထွဋ်သည် သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ လားရှိုးမြို့တို့တွင် ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လားရှိုးသူနှင့်အိမ်ထောင်ကျကာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် NLD ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်အနိုင်ရသဖြင့် ၂၀၁၆ မှ ၂၀၂၀ အထိ သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြောက်ခြင်းခံခဲ့ရသည်။ |
||
|
မူစယ်လမ်းမပေါ် ကားတန်းယာဉ်တိုက်မှု ၀င်တိုက်သည့်ကားပိုင်ရှင်ကုမ္ပဏီမှ အားလုံးအလျော်ပေးမည် Posted: 03 Aug 2016 01:29 AM PDT သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့အတွက် စည်ပင်လုပ်ငန်း ကန်ထရိုက်ယူထားသည့် အောင်ဂရုဏာ ကုမ္ပဏီပိုင်ကားမှ ၀င်တိုက်မိ၍ ပျက်စီးသွားသည့် ကားသုံးစီးနှင့်ဆိုင်ကယ်အား ပြန်လျော်ပေးမည်ဟု ကုမ္ပဏီမှ ပြောဆိုကြောင်း သိရှိရသည် ။
သြဂတ်စ်လ ၁ ရက်နေ့ အောင်ဂရုဏာကုမ္ပဏီမှ အမှိုက်သိမ်းယာဉ်သည် လွယ်ကောင်းမူးတောင် အဆင်း စီတန်းမောင်းနင်လာသည့် သိန်း ၂၀၀ ကျော်တန် Super Custom တစီး ၊ သိန်း ၁၀၀ တန် မူစယ်နှင့်ပန်ဆိုင်း ပြေးဆွဲနေသည့်ယာဉ် ၁ စီး ၊ ဂျာမဏီထုတ် Audi အမျိုးအစား ကားတစီး ၊ စုစုပေါင်း ကား ၃ စီးကို ၀င်တိုက်မိ သည့်အပြင် မော်တော်ဆိုင်ကယ်တစီးကိုပါ ၀င်တိုက်မိကြောင်း ဒေသခံများက ဆိုပါ သည် ။ “ အောင်ဂရုဏာကုမ္ပဏီကားက တောင်အဆင်းမှာ ဂီယာသေးနဲ့ ဆင်းတဲ့ပုံဘဲ ။ တောင်လယ်ရောက် တော့မှ ဂီယာကို ရုတ်တရက် ချိန်းလိုက်တယ်ထင်တယ် ။ ဘရိတ်လည်း မရတော့ ရှေ့ကားတွေကို ၀င်တိုက်မိတာ ။ ဆိုင်ကယ်တစီးကိုလည်း ၀င်တိုက်တယ်လေ ။ ဆိုင်ကယ်သမားတော့ ညာဘက် ခြေထောက် အရိုးအက်သွားတယ် ။ စိုင်းအိုက်လူ ။ ပန်ဆိုင်းမြို့နယ် မန့်လောင်အင်ရွာက ။ ကားပေါ်က လူတွေတော့ ဘာမှမဖြစ်ဘူး ။” မူစယ်မြို့သည် မြန်မာနှင့်တရုတ် နှစ်နိုင်ငံကြား စီးပွားရေးကူးသန်းသည့် နယ်စပ်မြို့ဖြစ်သည့် အလျောက် ကားလမ်းပေါ်တွင် တနေ့ကားအစီးရေ ရာဂဏန်း သွားလာနေသည်ဟု သိရှိရသည် ။ |
|
Posted: 04 Aug 2016 01:18 AM PDT ဆွးနွေးချက်
အခုကျမတို့ ဆွေးနွေးပြောဆိုသွားတဲ့အထဲမှာ ပင်လုံစာချုပ် NCA ဖက်ဒရယ်နဲ့ တိုက်ပွဲ တွေအကြောင်းပါမယ်။ အချိန်ကာလ အကြောင်းပါတယ်နော်။ ကျမတို့ အချိန်ကာလ အရင်ကြည့်ရအောင်အချိန်ကာလ အကန့် အသတ် တခုလိုတယ်လို့ဘာကြောင့် ကျမတို့ဆုံးဖြတ်ရသလဲဆိုရင် တခြားနိုင်ငံ ကနေရတဲ့ အတွေ့အကြုံ ကိုကျမတို့ကြည့်ပြီးတော့ပြောတာပါ။ တခြားနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုစတဲ့အခါမှာ အချိန်အကန့်အသတ်မရှိထားလိုက်တဲ့အခါမှာ အလုပ်ကိုမပြီးဘူး ဆို တာဖြစ် သွားပါတယ် ။
တရားဝင် အိုင်ယာလန်ကိုဝင်သိမ်း လိုက်တာ ကတော့ Cromwell တို့ခေတ် မှာပေါ့နော်။ အဲဒီကနေ တွက်လာရင် တောင်မှ နှစ် ၃၀၀ ကျော်မှ ငြိမ်း ချမ်း ရေး ရအောင် လုပ်တယ်။ အဲတော့ နှစ် ၃၀၀ အကြာမှာ ပြသနာတခုဟာ သူ့ဖာသာ သူပျောက်သွား လား ဆိုတာ သူ့ဟာသူ မပျောက်သွားပါဘူး။ သူတို့ဆွေးနွေး ယူရပါတယ်။ အဲတာ ကျမတို့ကို သတိပေးလိုက် တာက အချိန် သတ်မှတ် ချက်ဆိုတာ ရှိသင့်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူ့သဘာဝအလျောက် အချိန်ရှိရင်ရှိ သလောက်ပြောမယ်ဆိုမယ်ငြင်းမယ် ခုံမယ်ပေါ့။ အဲတာကို အချိန်သတ်မှတ်ချက်တခုထားမှသာလျှင် ပြောမယ် ဆိုရင် အချိန်နဲ့ပတ် သက်ပြီးတော့လည်း ပန်းတိုင်တခုထားရပါမယ်။ ကိစ္စရပ်တွေနဲ့ပတ်သက်မှသာ ပန်းတိုင်ထား ရမှာ မဟုတ်ပါဘူး။ အချိန်နဲ့ပတ်သက် လို့လည်း ပန်းတိုင်တခုထားရမယ် လို့ပြောတဲ့ဟာကိုလည်း ကျမအမြဲမှတ်ထားပါတယ် ။ တိုက်ပွဲ နောက်တခုက ခုနက ခေါင်းဆောင်ကြီးတွေပြောသွားတဲ့အထဲမှာ တိုင်းရင်း သားတွေ အချင်းချင်းလဲ တိုက်ပွဲ တွေဖြစ် နေကြတယ်ဆိုတာကတော့ အဲတာဟာကျမတို့အတွက်လေးလေးနက်နက်စဉ်းစားစရာဘဲ။ ဘာဖြစ်လို့ တိုက်ပွဲ တွေဖြစ်လဲ။ တိုက်ပွဲတွေဖြစ်တယ်ဆိုတာဟာ နိုင်ငံရေးသဘော ထားမတူညီမှုကြောင့်ဖြစ်တာလား။ ရှိတဲ့အရင်း အမြစ်တွေအတွက် လုကြ တာပေါ့နော်။ မျှမျှတတ မခွဲယူနိုင်မှုကြောင့်ဖြစ်တာလား ။ တခြား ကိစ္စ တွေကြောင့်ဖြစ်တာ လား။ အပြင်ပယောဂကြောင့်ဖြစ်တာလား စသည်ဖြင့် …။ ဘာဖြစ်လို့တိုင်းရင်းသားတွေကြားထဲမှာတိုက်ပွဲတွေဖြစ်သလဲ ဆိုတာကျမတို့ စဉ်းစားရပါလိမ့်မယ်။ အဓိက ကတော့ ဗမာ့တပ်မတော်ပေါ့နော်။ နိုင်ငံ့တပ် မတော်ခေါ်မှာလား ရွေးရတာခက်ပါတယ်။ တကယ်တော့ဗမာ အများ စုပါနေတော့ ဗမာ့တပ်မတော်ဘဲခေါ်ရမှာပေါ့။ ဒါပေမယ့် ဗမာ့တပ်မတော်ခေါ်ပြန်တော့လည်း ဗမာလူမျိုးနဲ့တခြား တိုင်းရင်းသား တွေ တိုက်နေတယ်ဆို တဲ့ပုံစံကြီးဖြစ်နေတဲ့ခါကျတော့ ၀မ်းသာစရာ ကိစ္စ မဟုတ်ပါဘူး။ ဒါဘယ်လို ဘဲပြောပြော တပ်မတော်နဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေ တိုက်ပွဲတွေဖြစ်နေတာ မဟုတ် ဘူး။ တိုင်းရင်းသား အချင်းချင်းလည်းဖြစ်နေတယ်ဆိုတော့ ဒီဟာကိုကျမတို့က မေးခွန်းမေးရမယ်။ ဘာဖြစ်လို့ကျမတို့ အချင်းချင်း တိုက်ပွဲတွေဖြစ်နေရသလဲ။ ဘာကြောင့်လဲ။ မတူကွဲပြားမှုေ ကြာင့် လို့ပြော သွားတဲ့အပေါ်မှာ ကျမတို့က ဖက်ဒရယ်သာအဖြေဆိုတာ လက်ခံ ထားပြီး သားပါ။ ဖက်ဒရယ်ဆိုတဲ့အဓိပါယ်ကိုဖော်ရမယ်ဆိုတော့ အမှန်ပြော ရင် ဒါကျမတို့ ခေါ်လို့မရဘူး။ ငြိမ်းချမ်းရေး ညီလာခံ လည်းဖော်လို့မရဘူး။ ဘာဖြစ်လို့ပြောလဲဆိုတော့ ဖက်ဒရယ်ဆိုတဲ့အနက် အဓိပါယ် ကိုဖော်ရမယ် ဆိုရင် ပညာ ရှင်များပေါင်းစုံ နှစ်ပေါင်းရာနဲ့ချီပြီးဖော်လို့မရပါဘူး။ တိတိကျ ကျဖော်လို့မရ ပါဘူး။ အခုထက်ထိ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့စာရွက် စာတမ်းေ တွက တချိန်လုံးထုတ်နေကြတာ။ တယောက် တမျိုးပေါ့။ နောက်ဆုံး ကျမ တို့ရဲ့နိုင်ငံရဲ့ဖက်ဒရယ်ကဘာလဲဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကဘဲ ဆုံးဖြတ်မှာ။ အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဂျာမနီနိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မတူပါဘူး။ ဂျာမနီနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေကလည်း ဆွိစ်ဇာလန် ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့လည်းမတူပါဘူး။ မတူတာနဲ့အမျှ သူတို့ရဲ့ဖက်ဒရယ် တွေကလည်း တခုနဲ့တခု ကွာခြားပါတယ် ။ ကွာခြားတဲ့အပေါ် ဘယ်ဟာက ပိုကောင်းတာလဲဆိုတာ ကိုလည်း ပြောဖို့ခ က်ပါတယ်။ သူ့နည်းသူ့ဟန်နဲ့ အောင်မြင် နေကြတာဘဲ မတူကြဘူးပေါ့။ ကျမတော့ ဖက်ဒရယ်နဲ့ပတ် သက်ပြီးပြည်သူတွေကိုရှင်းပြတဲ့အခါမှာ- အရင် တုန်းကတော့ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ဝါဒဖြန့်မှုတွေ အများ ကြီး ရှိပါတယ်။ ဖက်ဒရယ်ဆိုတာခွဲထွက်ရေး။ ကျမတို့အဖွဲ့က အမြဲတမ်း ဖက်ဒရယ် နဲ့ရပ် တည်ခဲ့တာကိုး။ အဲတာကြောင့် NLD က ခွဲထွက်ရေးကိုလိုလား တယ်။ ပြည်ထောင်စုပြိုကွဲအောင် လုပ်နေတာဆိုပြီး အဲ့တုန်းက ဖက်ဒရယ်ဆိုတဲ့စကားသုံးရင် ဖမ်းတာဆီးတာ တွေရှိခဲ့ပါတယ်။ ကျမတို့တော့ ဖက်ဒရယ်ဆိုတာ ကိုအမြဲသုံးခဲ့ တယ်။ မူအရပေါ့။ ဖက်ဒရယ်ဆိုတာခွဲထွက်ရေး မဟုတ်မှန်းလူထုကို သိစေချင် လို့။ ဆိုတော့ ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပါယ်ကိုအရိုးသားဆုံး ရှင်းပြရမယ်ဆိုရင် နိုင်ငံတနိုင်ငံအတွင်းမှာ အာဏာကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ၊ တိုင်း အစိုးရတွေကြားထဲမှာခွဲယူဖို့ ၊ခွဲယူတဲ့စနစ် ။ အဲဒီဟာဖက်ဒရယ်ဘဲ ။ ဘယ်လိုပုံစံနဲ့ခွဲယူလဲဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်တယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပညာရှင်တွေ ရဲ့လေ့လာချက် သုတေသန ပြုချက် အရ ဖက်ဒရယ်စနစ်လုပ်လိုက်တဲ့အခါမှာ ခွဲထွက်ချင်တဲ့ စိတ်ဓါတ်တွေက ကျဆင်းသွားတယ်။ ဒါကြောင့် ဖက်ဒရယ်ဆိုတာ ခွဲထွက်ချင်တဲ့စိတ်ကို အားပေးတာတော့မဟုတ်ဘူး။ ခွဲထွက် ချင်စရာ အကြောင်း မရှိအောင် အဆောက်အအုံတခုကိုတည်ဆောက်တာဘဲဆိုပြီးတော့ ကျမတို့ဒီလို ဘဲရှင်းပြပါ တယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ကျမတို့နိုင်ငံနဲ့ အသင့်တော်ဆုံး ဖက်ဒရယ်ပုံစံတခုကို သတ်မှတ်ပေးပါမယ် ။ ဆက်ပြီးပြော မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံက ဖက်ဒရယ်က ရအောင် လုပ်မယ်ဆိုတော့ ညီလာခံတွေဘာတွေနဲ့ ပတ်သက်လို့ Ceasefire မရခင် ညီလာခံလုပ်လို့သင့်တော်ပါ့မလား ခုနပြောတဲ့အတိုင်း အချိန်တိတိကျကျ လိုအပ်ပါတယ်။ ဆိုတော့ NCA ဘက်ကိုပြန်လှည့်လာပါမယ် ။ NCA NCA ထဲမှာပါတဲ့အချက်တွေကိုတချို့ဟာတွေကသဘောမတူဘူး။ ဒါကြောင့် NCA ရေးဆွဲရေးမှာ ကျမတို့အဖွဲ့ ချုပ် မပါခဲ့ပါဘူး။ ကျမတို့ကဏ္ဍလည်း အင် မတန်မှသေးပါတယ်။ ကျမတို့ ကိုယ်စားလှယ် ၂ ယောက်ဘဲတက်ပါ တယ်။ NCA နဲ့ပတ်သက်လို့ ကျမတို့သဘောမတူခဲ့တာတွေလည်းရှိခဲ့ပါတယ်။ သို့ပေ မယ့် ကျမတို့တောင်းဆို တာ တခုဘဲရှိခဲ့ပါ တယ်။ ပြုသာပြင် သာအောင်တော့ ထည့်ခဲ့ပါ။ အဲတာမထည့်ခဲ့လို့ ကျမတို့လက်မခံနိုင်ပါဘူး။ ဒါေ တာင်မှ ကျမတို့လက်မှတ်မထိုးခဲ့ပါဘူး။ ပြည်ထောင်စုနေ့တုန်းကလေ။ မထိုးဘူးဆို တာက ကျမတို့ကို နို့တစ်စ်မပေး ဘဲနဲ့ လာပါတက်ပါ လက်မှတ် ထိုးပါဆိုတော့ ကျမတို့ကိုယ်စားလှယ်တွေက ထိုးခွင့်မရှိဘူးလေ။ တိတိကျကျ ပြောမယ်ဆိုရင် NCA လက်မှတ်ထိုးပြီးတာနဲ့ရက်ပေါင်း ၉၀ အတွင်း ငြိမ်းချမ်းရေးညီလာခံ လုပ်မယ် ဆိုတာ မဖြစ်နိုင် ဘူးလေ။ ဒီတိုင်းဘဲဖြစ်မယ်ဆိုရင် NCA ကဘယ်တော့လောက်မှလက်မှတ် ထိုးနိုင်မလဲဆိုတာ ကျမတို့မှန်းလို့ရမယ်။ NCA လက်မှတ်ထိုးပြီးမှ ဆက်ပြီးသွားဖို့ဆိုတာအမှန်ပြောရင် ကျမတို့ ဆုံးဖြတ်ချက် မဟုတ် ပါ ဘူး။ အရင်တုန်းက အုပ်ချုပ်ရေး ယန္တယား လို့ဘဲပြောချင်ပါတယ်။ ဒါကျမတို့အမွေခံပါတယ် ။ နိုင်ငံတနိုင်ငံရဲ့ အစိုးရတာဝန်ကို ယူတဲ့အဖွဲ့ဟာ အရင်အစိုးရ လုပ်ခဲ့သမျှ ကိုတာဝန်မယူ ဘူးဆိုပြီး လုပ်လို့ မရပါ ဘူး။ ဒါကြောင့် ဒီ NCA ဆိုတဲ့ဝန်ထုပ် ၀န်ပိုးက ကျမတို့အပေါ် ရောက်လာပါတယ်။ ကျမတို့ကထမ်းပြီး တတ်နိုင် သမျှပြေလည်အောင်လုပ်ရမှာဘဲ။ အခွင့်အလမ်းတခုလို့ကျမမြင်သလို တိုင်း ရင်း သားတွေကို မြင်စေ ချင်ပါတယ်။ NCA က ဒီတိုင်းရှိတယ်ဆိုပေမယ့် တချို့သော ဒက်ဖှနေးရှင်းတွေက အဓိပါယ်ဖော်မှုတွေက မပြီးပြတ်သေး ပါဘူး။ ဒီအဓိပါယ်ဖော်မှုတွေက အလျှော့အတင်းလုပ်လို့ရပါတယ်။ ဒါကြောင့် အားလုံး အဆင်ပြေစေ ရမယ်လို့ မပြော လိုဘူး။ အရင်တုန်းကကျမကိုဟို ဘက် ကလာကမ်းလှမ်းတုန်းက Calculated risk ယူလိုက်ပါဆိုသလို။ ၂၀၁၂ ကနေ မကျော်ဖြတ်နိုင်ရင် ၂၀၁၅ ကိုကျမတို့ရောက်မှာမဟုတ်ပါဘူး။ ကျမတို့အလျှော့အတင်းလုပ် ခဲ့ပါတယ်။ အလျှော့အတင်းလုပ်ပြီးတော့ မှ အောင်မြင်အောင်လုပ်ရမှာဘဲ ။ ပင်လုံညီလာခံ ပင်လုံညီလာခံဆိုတာ ပင်လုံ Agreement အပေါ်မှာအခြေခံမှာ လား။ ပင်လုံစိတ်ဓါတ်အပေါ်မှာ အခြေခံတာ လား။ ပင်လုံသဘော တူညီ ချက် ဟာ ယျေဘုယသဘောဆန်ပါတယ်။ တိတိကျကျရယ်လို့တော့မဟုတ်ပါ ဘူး။ ပြန်ဖတ် ကြည့်မယ်ဆိုရင်တော့ အဓိက ပါနေတာက ကချင်နဲ့ပတ် သက်တဲ့ဟာ ပါတာပါ ။ တခြားတိုင်းရင်း သားတွေနဲ့စာ လို့ရှိရင်တော့ အပိုဒ် ၅ အပိုဒ် ၆ နဲ့အပိုဒ် ၉ မှာ သေသေချာချာကို ကချင်ဆိုပြီးတော့ ဖော်ပြ ထား တာရှိပါတယ်။ ၈ မှာတော့ ရှမ်းကိုဖော်ပြထားပါတယ်။ ရှမ်းကိုဖော်ပြထားရာမှာ လည်း တကယ်တော့ General ဖြစ်ပါတယ်။ ဥပမာ (VIII) The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States. အဲတော့ without prejudice ဆိုတာ အဓိပ္ပါယ်အမျိုးမျိုးဖော်လို့ရပါတယ်။ အဲတော့ ပင်လုံစာချုပ်အတိုင်းသွားမယ်ဆို လို့ရှိရင် တောင်မှ လိုတိုးပိုလျှော့တွေအများ ကြီးလုပ်နိုင်တဲ့အခြေအနေရှိပါတယ်။ ဒါဟာကျမတို့အ တွက်ပြ သနာ မဖြစ်နိုင်ပါဘူး။ ပြသနာက တကယ်ကျမတို့ သဘောတူညီမှုယူချင် တယ် ဆိုလို့ရှိရင် ဘာမှပြသနာမရှိပါဘူး။ ကျမက ပင်လုံစိတ်ဓါတ် လို့ပြော တာဟာ ပူးပေါင်း ဆက်ဆဲရေး။ ပူးပေါင်း ခြင်းအားဖြင့်ပေါ့နော်။ ဒါမယ့် ကျမ တို့က စိတ်ဓါတ်ဘဲယူရမယ်။ ဒီထဲမှာ ရှမ်း၊ ကချင်၊ ချင်း၊ ဗမာ ပါတယ်။ မွန်မပါ ကယားမပါ ။ မပါတာတွေအများကြီးဘဲ။ ဒါကြောင့်ကျမက ပင်လုံ စိတ်ဓါတ်ကို အခြေခံပါ လို့ပြောတာ။ ပင်လုံစာချုပ်ကိုအခြေခံမယ်ဆိုရင် ကချင်၊ ချင်း၊ဗမာ၊ ရှမ်း နဲ့ဘဲပြီးသွားရောလားဆိုတာ- မဖြစ်နိုင် ပါဘူး။ နောက် ပင်လုံစာချုပ် ထဲကအတိုင်း လို့မပြောတာဟာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ကန့်သတ် ချင်လို့မဟုတ်ပါဘူး။ပြောရမယ်ဆိုရင် ပင်လုံစာချုပ်က ကျဉ်းလွန်းလို့ပါ။ ဒါ့ထက်ပိုပြီးတော့ ကျယ်ပြန့်ဖို့ ကျမ တို့လိုပါတယ် တကယ့်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုလို့ရှိရင်ပေါ့ ။ နိဂုံး နောက်တခုက ဒီ Ceasefire တွေလုပ်မှ အားလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးပြီးမှ ညီလာခံကို စ နိုင်မယ်ဆိုရင် ညီလာခံဘယ်ေ တာ့စနိုင်မလဲ ။ အဲတော့ အဲလိုဆိုလို့ရှိရင် ညီလာခံမဖြစ်မြောက်ချင်တဲ့ အဖွဲ့အစည်းတခုတည်းကနေပြီးတော့ အားလုံးကိုပျက်စီးအောင် လုပ်လို့ရ တယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ ကျမတို့ဒီကိစလည်းလေ့လာပြီးပါပြီ။ အပစ်ရပ်စဲရေးသဘောတူညီချက်တွေထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် ၉၀ ရာခိုင်နှုန်းကလပိုင်းအတွင်း ချိုးဖောက်တယ်။ ဒါတ ကဘာလုံး က အဖြစ် အပျက်ကိုကြည့်လိုက်တာ။ အဲတော့ ကျမအမြဲဘဲပြောတယ်။ အပစ်အခတ်ရပ် စဲရေး ပျက်ဖို့ဆိုတာ ၁ စက္ကန့်ဘဲလိုတယ် ။ ကျည်ဆံတတောင့်ထွက်ဖို့ဆိုတာ ၁ စက္ကန့်ဘဲ။ ၁ စက္ကန့်တောင်မရှိဘူး ထင်တယ်။ ကျမတော့ မကျွမ်းကျင် တော့ သိပ်မသိဘူး သေနတ်တွေ ဘာတွေ နဲ့။ ကျွမ်းကျင်တဲ့ဗိုလ်ချုပ်တွေတော့ပိုသိတာပေါ့။ အဲတော့ ဒိုင်း ဆိုတာနဲ့ အပစ်ရပ်က ပြိုကွဲသွားနိုင်တယ်။ ကျည်ဆံတတောင့်ဟာ အပစ်ရပ်ပျက်စီးတဲ့ အခြေအနေကိုဖန်တီး နိုင်တယ်။ အဲတော့ အဲဒီအပေါ်ကို ကျမတို့ရဲ့ငြိမ်းချမ်း ညီလာခံက အခြေခံမှာလား။ အဲတော့ ကျမတို့ရဲ့ ဒီငြိမ်း ချမ်းရေး ညီလာခံက သိပ်ကိုအားနည်းသွားပါတယ်။ ဒါကြောင့်ကျမတို့က ကမူးကရှူး ကမန်းကတန်း လုပ်ချင် တာမဟုတ်ပါဘူး ။ တကယ်ပြောမယ်ဆိုရင်ကျမတို့ ငြိမ်းချမ်းရေးညီလာခံဖြစ်သင့်တာဟာ ရာစုနှစ် တဝက် လောက်ကို ရှိနေပါပြီ။ ဒါကျမတို့ သိပ်ပြီးတော့ ကမန်းကတန်း လုပ်တယ်လို့ပြောလို့မရပါဘူး။ လုပ်ခဲ့တဲ့ လုပ်ခဲ့တဲ့အစဉ်အဆက်တွေ အပေါ်ကျမတို့ အခြေခံတာပါ။ ကျမတို့ ဒီ စပြီးဆွေးနွေးတဲ့ ၂ လ လောက် ကမှ စ တာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ပရောစက်ဆိုတာ ဟိုးကတည်းက လွတ်လပ်ရေး ရ ကတည်းက စတယ် လို့ဘဲပြောလို့ရမှာပေါ့ ။ လွတ်လပ်ရေးနဲ့အတူတူ ကျမတို့ပြည်တွင်းငြိမ်းချမ်း ရေးကိုဆုံးရှုံးခဲ့တာကိုး။ အဲတော့ ပြည်တွင်းငြိမ်းချမ်း ရေးရ အောင်လို့ ကြိုးပမ်းမှုတွေက လွတ်လပ်ရေး သက်တမ်းနဲ့အတူတူဘဲလို့ ကျမတို့ပြောလို့ရပါတယ် ။ အဲတော့ကျမပြောလိုတာက လိုချင်တာတွေတောင်းပါ ။ ကျမတို့ပေးမယ်လို့ အာမ မခံဘူး။ ကျမတို့ဆွေးနွေးမယ်။ ဒါပေမယ့် Calculated Risk ဆိုတာ ကိုလည်းယူပါ။ ၁၀၀ ရာခိုင်နှုန်းအာမခံ ချက်ရှိမှလုပ်မယ် ဆိုရင်ကျမတို့ ဘယ်တော့လုပ်ဖြစ်မှာမဟုတ်ဘူး။ ဘယ်တုန်းကမှကျမတို့ ၁၀၀ ရာခိုင်နှုန်းက မရှိခဲ့ပါဘူး။ ဥပမာကျမတို့ ၂၀၁၂ - ၂၀၁၅ မှာ ၀င်ပြိုင်တုန်းက - ၉၀ တုန်းကကြည့်ပါလား ဘာဖြစ်သွားလဲ။ ဘာကြောင့်အခု ၀င်ပြိုင်မှာလဲ- လို့မေးတယ် ။ အဲဒီတော့ ခုနကပြောသွားသလိုပေါ့နော်။ အရင်တုန်းက ဖေဖေတို့နဲ့ သဘော တူညီချက်ဟာ နောက်ပိုင်းကျတော့ မတည်ဘူး။ မတည်လို့ အခု နောက် သဘောတူညီချက် အသစ် မယူသင့်ဘူး ဆိုတာ မသင့်ဘူးဆိုလို့ရှိရင် ကျမတို့ က ၉၀ တုန်းက ကျမတို့ရဲ့ရွေးကောက်ပွဲရလာဒ်ဟာ အဟောသိကံဖြစ် သွားလို့ ၂၀၁၂ ၊ ၂၀၁၅ တို့ဟာ အခွင့်အရေး အလွတ်ခံခဲ့ကြမှာလား ။ အလွတ်ခံခဲ့ရင်တော့ ကျမတို့မှားမယ်လို့ ပြန်ပြီးတော့သုံးသပ်လို့ရပါတယ်။ မှားမယ်၊ မှန်မယ် ဆိုတာ ၁၀၀ ရာခိုင်နှုန်း ကျမတို့ ပြောလို့မရဘူး။ ကျမတို့စွန့် စားပြီးတော့မှ- တခါ ဖြစ်ပြီးလို့ အမြဲဘဲဖြစ်မယ်လို့ အဲဒီအမြင်နဲ့ဆိုရင်တော့ အရှေ့တိုးလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ ကျမတို့စွန့်စားပြီးလုပ်လိုက်တာပါ။ အသေးစိပ်ဟာတွေနဲ့ပတ်သက်လို့ကတော့ ကျမသိတယ် တိုင်းရင်းသားတွေ နဲ့ဆွေးနွေးရမယ်။ ဘာဘဲဆွေးနွေး ဆွေးနွေး Peace Process မှာဝင်နိုင်ရေး ကို ဦးတည်ပြီးတော့ဆွေးနွေးပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။ Peace Process မှာဝင်နိုင်ဖို့ ဒို့ဘယ်လိုလုပ်ကြမယ်။ ဘယ်လို အပေးအယူ လုပ်ကြ မလဲ အဲလိုပုံစံနဲ့ဘဲဆွေးနွေးပါလို့ မေတ္တာရပ်ခံချင်ပါတယ် ။ ဒါကြောင့်ကျမတို့က ပင်လုံစိတ်ဓါတ်က အင်မတန်ကျယ်ပြန့်တယ် သဘောတူ ညီချက်ကနဲနဲကျဉ်းတယ်။ အဲတာ ကျမတို့စဉ်း စားပြီးပြေလည်အောင် လုပ်ပါမယ် ။ ၂၁ ရာစုပင်လုံညီလာခံကိုလည်း အပစ်အခတ်ရပ်စဲရေးမထိုးတဲ့လူတွေကိုလည်း တက်နိုင်တဲ့အနေအထားမျိုး ကိုဖန်းတိးချင်တယ် ဒါမယ့်တန်းတူညီတူတော့ အခွင့်အရေး ပေးလို့မရဘူး။ ဒါကတော့ လက်တွေ့ကျပါတယ်။ ဘာလို့လဲ ဆိုတော့ လက်မှတ်မထိုးတဲ့အတူတူဘဲဆိုရင်တော့ ဘယ်သူကထိုးတော့မှာလဲ။ လက်မှတ်မထိုးတဲ့လူနဲ့ လက်မှတ်ထိုးနဲ့လူနဲ့အတူတူဘဲဆိုရင်တော့ ဘယ်သူကမှထိုးတော့မှာမဟုတ်ဘူး ။ အဲ့တော့အဲ့ဟာတခုကတော့သတ်မှတ်ချက်ကတော့ရှိမှာပေါ့။ ဒါပေမယ့် ကျမ တို့က တတ်နိုင်သမျှ အောလ်အင်ကလူးစစ်ဖြစ်အောင်လို့ ဘယ်လိုပုံစံ နဲ့လက်မှတ်မထိုးတဲ့သူတွေ ပါဝင်ပြီးတော့ကျမတို့ ညီလာ ခံဖြစ် မြောက်ရေး အတွက်လုပ်နိုင်မလဲဆိုပြီးတော့ ကျမတို့အဲတာကိုလည်း စဉ်းစားထားပြီး သားပါ ။ အကောင်းဆုံးကတော့ လက်မှတ်ထိုးပြီးဝင်လာရင်ကောင်းတာပေါ့။ အဲတော့ လက်မှတ်ထိုးနိုင်အောင်လို့ ဒီ အန်စီအေ အပေါ်မှာပတ်သက်ပြီးတော့ ဘယ်လို အလျှော့အတင်းလုပ်မလဲ။ ဘယ်လိုအဓိပယ်ဖော်မလဲဆိုတာ ကိုကျမက ဦးတည်စေချင်တယ်။ လက်မှတ်မထိုးဘဲနဲ့တက်ရအောင်လုပ်ပေးဆိုရင် ဒါကတော့မတရားဘူး။ လက်မှတ်ထိုးတဲ့လူတွေကပြောမှာပါ ကျနော်တို့ကျတော့လက်မှတ်ထိုးရတယ်သူတို့ကလက်မှတ်မထိုးရဘူး ဆိုရင်ကျမက ဘယ်လိုဖြေရမလဲ ။ အပိုင်း (၂) |
||
|
Posted: 04 Aug 2016 01:08 AM PDT |
အဖွင့်မိန့်ခွန်း |
ကျမကိုအခုလိုလာပြီးတွေ့တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ဒီလိုတွေ့ဆုံမှုအတွက်လဲကျမတို့မျှော်လင့်ခဲ့ တာကြာပါပြီ ။တွေ့ဆုံခြင်းအားဖြင့်လဲကျမတို့အားလုံးအတွက်တိုးတက်မှုတွေအကျိုးကောင်းတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ် ။
ဒီအထဲမှာဘယ်သူအသက်အကြီးဆုံးလဲ? ဦးကျော်တင့်ဆွေအပါအဝင်ပေါ့။ ဦးကျော်တင့်ဆွေက ကျမထက် ၃ လငယ်တယ်။ကျန်တဲ့ဧည့်သည်တွေကော ကျမထက်ကြီးတဲ့သူပါလား ။ ဗိုလ်ချုပ်ဆေထဲင်ကအသက်ဘယ်လောက်လဲ။ ၈၀ နှစ်။ ကျမထက်ကြီးတယ်။ ဗိုလ်ချုပ်အန်ဘန်လာကော၊ ၆၇ ဆိုကျမထက်ငယ်တယ်။ကျမထက်ကြီးတာ တယောက်ဘဲရှိတာပေါ့ ။ ကျမဘာဖြစ်လို့မေးလဲဆိုတော့ ကျမ ဒီအစည်း အဝေးမလာခင် ကျမ စဉ်းစား မိတယ်။ ကျမတို့အားလုံးမှာ ကျမတို့ကြိုက်သည်ဖြစ်စေ မကြိုက် သည်ဖြစ်စေ တူညီချက်တခုရှိတယ်။ ကျမတို့ဘယ်လိုမှအမြဲနေသွားလို့မရဘူး။ ကျမတို့ သက်တမ်းဆုံးတဲ့ အခါမှာ ကျမတို့ဒီလောကကနေထွက်သွားရမှာဘဲ ။ ကျမတို့ဒီလောကကနေမထွက်သွားခင်မှာ အားလုံး စုပေါင်းပြီးတော့ နိုင်ငံ့ တိုးတက်မှုလုပ်သွားချင်တယ်။အဲဒါ ကျမစိတ်ထဲရောက်လာတယ်။ကျမတို့ဒီမှာရှိတဲ့အားလုံးလူငယ်တွေအပါအဝင်ပေါ့၊ပြောလို့ရတာမဟုတ်ဘူး၊လူငယ်၊လူကြီးဘယ်သူဟာဤလောကကြီးကနေအရင်ထွက်သွားမလဲဆိုတာတနေ့တချိန်တခါမှကျမတို့ထွက်သွားရမှာဘဲ။ဘယ်သူမှငြင်းလို့မရဘူး ။ ကျမတို့အားလုံးတခြားကိစ္စတွေ NCA နဲ့ဘယ်လောက်ဘဲငြင်းခုံခုံ၊ ဖက်ဒရယ် နဲ့ပတ်သက်ပြီးဘယ်လောက် ဘဲငြင်းခုံခုံတူညီတဲ့ ကိစ္စတခုကတော့ ကျမတို့ တချိန်ချိန်မှာဤလောက ကနေထွက်သွားရမှာဘဲ။ မထွက်သွားခင်မှာ ကျမညီညွှတ်မှုကို လိုချင်တယ်။ ကျမတို့အစဉ်အဆက် ကျမတို့ခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေမျှော်မှန်းခဲ့တဲ့ညီညွတ်မှုကိုရယူပြီးတော့ထားပစ်ခဲ့ချင်တယ်ဆိုတဲ့စိတ်ကျမပေါ်ပေါက်ခဲ့ပါတယ် ။ နောက်တခုကျမစဉ်းစားမိတာဘာလဲဆိုတော့ ကျမတို့အားလုံးဟာ ဘာလဲ ဘယ်သူလဲ ဆိုတာ အရင်စဉ်းစား ရင်ကောင်းမလားလို့ ။ ဥပမာဆိုလို့ရှိရင် ကျမအနေနဲ့ - ကျမကဘယ်သူလဲ ဆိုတော့ ကျမဟာမြန်မာ နိုင်ငံသား တယောက်လို့ ပြော မှာလား၊ ကျမဟာ ကျမမိဘရဲ့သမီးပြောရမှာလား၊ ကျမအဖေဟာ အညာသားဗမာစစ်စစ်၊ ကျမအမေဟာ ဧရာဝတီက မွန်သွေး ပါ တယ်။ ရခိုင်သွေး ပါကောင်းပါမယ်။ ဖိုးဖိုးဘက်က ကျမ သိပ်မသေချာဘူး ။ သေချာတာ ကတော့ မွန်သွေး ပါတယ်။ ကျမက မွန်မျိုးနွယ်လို့ခေါ်ရမှာ လား။ အညာသားမျိုးနွယ်လို့ ခေါ်ရမှာလား။ ပြောရမယ် ဆိုရင်ကျမတို့ Identity အမျိုးမျိုးရှိတယ်။ တခုတည်းမဟုတ်ပါဘူး ။ ဒီတော့ ကျမက ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာတယောက်လို့သတ်မှတ်ရမှာလား။ ကိုယ့်ကိုယ်ကို ဘာလဲ ဘယ်လူလဲဆိုတာ သတ်မှတ်သာအမျိုးမျိုးရှိတယ်။လူတိုင်းလူတိုင်းမှာရှိပါတယ်။ အဲဒါ Diversity ဘဲ ။ နောက်ဆုံးတော့ ဒိုင်ဗာစီတီအရင်လာသလား ယူနီတီလာတာလား။ Diversity of the unity ဆိုတာဒီမတူကွဲပြား မှုဆိုတာ ကျမတို့အချင်း ချင်းကြား ထဲမှာမဟုတ်ဘူး၊ ကျမတို့ တယောက်ချင်းတယောက် ချင်း အတွင်းမှာကို မတူကွဲပြားမှုတွေ အစုံရှိပါတယ် ။ ဥပမာဆို ကချင်၊ ကချင်ဆိုပေမယ့် ကိုယ်ကိုးကွယ်တဲ့ဘာသာဆိုလို့ကိုယ့်ရဲ့ Identity ဘဲ။ကိုယ်ကိုး ကွယ်တဲ့ ဘာသာဆိုလဲ မတူတဲ့ကချင် တိုင်းရင်းသားေ တွ ရှိတယ်။ ကချင်ပြည်နယ်မှာ ဆိုတာလဲမတူတဲ့အရပ် ဒေသ က လာတာ ရှိတယ်။ ကိုယ့်ရဲ့မိဘကမတူညီတဲ့ အခြေအနေတွေရှိတယ်။ အဲဒီလိုအမျိုးမျိုး မတူညီတာ တွေရှိတယ် ။ ကျမစဉ်းစားမိတာကတော့တကယ်ကြီးတဲ့သစ်ပင်ကြီးတွေခိုင်ခံ့တဲ့သစ်ပင်ကြီးတွေဆိုတာအမြစ်တွေအများကြီးရှိပါတယ်။ဒီအမြစ်တွေအများကြီးစုစောင်းပြီးတော့မှခိုင်ခံ့တဲ့အပင်ကြီးတခုဖြစ်လာတာပါ။အမြစ်တခုတည်းရှိတဲ့အပင်တွေဟာမခိုင်ခံ့ပါဘူး ။ ဥပမာဆိုရင်မုံလာဥ ဆွဲထုတ်လိုက်ရင်ပါသွားတာဘဲ။ သူကအမြစ်က တခု တည်း ရှိတယ်။ တကယ်တော့မြစ်မ ပင်မ တခုတည်းရှိတယ်။ နည်းနည်းလေးပေါ့တခြားအမြစ်သေးသေးလေးရှိရင်ရှိမယ်။ဒီလိုအမြစ်ကြီးကြီး တခုတည်း ရှိတာ မခိုင်ခံ့ပါဘူး။ဆွဲနှုတ်လိုက်လို့ရှိရင်တခါတည်းပါသွားတာဘဲ ။ ဒီလို Diversity ရှိတဲ့အမြစ်တွေအများကြီးရှိတဲ့သစ်ပင်ကြီးတွေတာတကယ်ကို ခိုင်ခံ့နိုင်မှာပါ။ အဲဒီတော့ကျမတို့ ကနေ ပြီးတော့ Diversity of Strength ဆို ပြီးတော့လက်တွေ့ကျကျသဘာဝအရမှန် တယ်လို့ကျမမြင် တယ်။ ကျမ တို့ ဘယ်သူ မှ Identity တခုတည်းရှိတာမဟုတ်ဘူး။ ကျမဒီဟာကိုဘာဖြစ် လို့ေ လ့လာလဲဆိုတော့ ကျမတို့ တကမ္ဘာလုံးမှာ ဖြစ်နေ တဲ့ Identity Crisis ပေါ့။ အထူးသဖြင့်ဘာသာရေးအရ ကွဲပြားတာတွေ၊ အဲဒီဟာနဲ့ ပတ် သက်ပြီးတောပြင်သစ်မှာ ကြီးလာတဲ့ North Africa ကမူစလင်ဘာသာဝင်တယောက် က ရေး ဖူး ပါတယ် ။ ဒီ Identity နဲ့ပတ်သက်လို့ပေါ့။လူတွေဟာကိုယ့်မှာ Identity တခုရှိတယ်လို့ သတ်မှတ်လိုက်လို့ရှိရင်ပြသနာ ဖြစ်တယ် တဲ့။ဒါပေမယ့်လူတိုင်းလူတိုင်းမှာ Identity အများကြီးရှိတယ်။ဒီဟာတွေအားလုံးကိုသိမ်းသွင်းပြီးတော့ လက်ခံပြီးတော့ကျော်လွှားနိုင်ရမယ်။ဒီဟာတွေအားလုံးကိုအင်အားဖြစ်အောင်လုပ်ဆောင်နိုင်ရမယ်ဆိုတော့ကျမ ဒီဟာကိုသိပ်ကိုသဘောကျပါတယ် ။ ကျမတို့အားလုံးဟာပြည်ထောင်စုသားတွေဆိုတဲ့ Identity ကိုလဲရှိစေချင် တယ်။ကိုယ်သက်ဆိုင်ရာ သက်ဆိုင်ရာ တိုင်းရင်းသားဆိုတဲ့ Identity ကိုလဲရှိစေချင်တယ်။ကိုယ်ကိုးကွယ်ရာဘာသာဆိုတဲ့ Identity ကိုလဲရှိစေ ချင်တယ်။ ကိုယ့်ရဲ့မိဘတွေကလဲလူမျိုးစုတခုတည်းကဘဲဖြစ်ချင်မှဖြစ်မယ်။ဒီလိုမတူကွဲပြားတဲ့ Identity ကိုပေါင်းပြီးတော့ ပိုပြီး ခိုင်ခံ့တဲ့အပင်ကြီး သဖွယ်ဖြစ်တဲ့ပြည်ထောင် စုကို ထူထောင်တာဟာ ကျမတို့ ခေတ်မှာကျမတို့အသက်ရှင် ကာလ မှာ ကျမတို့ထူထောင်သွားစေချင်တယ် ။ ကျမတို့ဒီမှာအမြဲရှိနေမှာမဟုတ်ဘူး။ဒါဘယ်သူမှငြင်းလို့ရမှာမဟုတ်ဘူး။ကျမတို့အသက်၅၀ကျော်လာတာနဲ့အမျှသက်တမ်းတဝက်ရောက်တဲ့သူကများပါတယ်။အသက်တရာကျော်တဲ့သူကအခုနည်းနည်းတော့များလာတယ်။ကျမတို့မြန်မာနိုင်ငံရဲ့ပျမ်းမျှခြင်းသက်တမ်းနဲ့အမျိုးသားတွေက၆၃နှစ်၊အမျိုးသမီးတွေက၆၅နှစ်ဆိုတော့၊ဒီမှာလဲအမျိုးသား တွေဘက်က ၆၃ နှစ် ကျော်သွားပြီ၊ ကျမလဲ ၆၅ နှစ်ကျော်သွားပြီ၊ ကျမတို့မှာကျန်တဲ့သက်တမ်းအတွင်းမှာ ကျမတို့ ရေရှည်ထားပေးခဲ့ရမယ့်နောင်မျိုးဆက်တွေအတွက်ဘာဖြစ်မလဲဆိုတာစဉ်းစားပြီးတော့ကျမတို့ပြောမယ်ဆိုမယ်ဆွေးနွေးမယ်ဆိုရင်အခက်အခဲရှိမယ်မထင်ဘူးလို့ကျမယုံကြည်ပါတယ် ။ အဲဒါ့ကြောင့်မို့လို့ဒီအချက်နှစ်ချက်မနေ့ကစဉ်းစားတာပါ။ဒီအစည်းအဝေးကျရင်ပွင့်ပွင့်လင်းပြောရရင်အောင်မြင်ချင်စေတယ်။အရင်တုန်းကမအောင်မြင်ခဲ့တဲ့ဟာကိုအောင်မြင်ချင်တယ်။ဒီလိုအောင်မြင်မှုရအောင်ဘယ်လိုစဉ်းစားမလဲဆိုတော့ကျမအတွေးနှစ်ခုဝင်လာတယ်။တခုကအကန့်အသတ်မရှိတဲ့အချိန်မရှိဘူး။ကမ္ဘာကြီးတောင်မှအကန့်အသတ်မရှိဘူးလို့ပြောလို့ရတာမဟုတ်ဘူး။ကမ္ဘာကြီးလဲတချိန်တခါပြီးသွားမှာပဲပေါ့နော်။ကျမတို့တဦးချင်းတဦးချင်းမှာအကန့်အသတ်မဲ့အချိန်ရှိတာမဟုတ်ပါဘူး။ဒီရှိတဲ့အချိန်ကိုတန်ဖိုးအရှိဆုံးဖြစ်အောင်လို့သုံးစေချင်တယ်။ဒီရှိတဲ့အချိန်ကိုသတ်တိရှိရှိနဲ့အပြောင်းအလဲဖြစ်အောင် ကျမလုပ်ချင်တယ် ။ နောက်ပြီးတော့ကျမတို့အားလုံးဟာ Identity ပေါ့နော်အမျိုးမျိုးရှိတယ်။ တခု တည်း ရှိတာမဟုတ်ဘူး။ အဲဒီ လိုစဉ်းစားမယ်ဆိုလို့ရှိရင်ကျမတို့ ကွာဟ ချက်တွေက အင်မတန်မှနည်းသွားမယ်။ ဥပမာဆိုလို့ ရှိရင်ကျမမေမေ က မွန် ဆိုတော့မွန်သွေးပါတယ်။မွန်တွေနဲ့ချိတ်ဆက်မှုလုပ်လို့ရတယ်။ကျမအဖိုးကခရစ်ယာန်ဆိုတော့ခရစ်ယာန်တွေနဲ့ချိတ်ဆက်လို့ရတယ်။ကျမတို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာကဘာသာဆိုပြီးတော့ဗုဒ္ဓဘာသာနဲ့ချိတ်ဆက်လို့ရတယ်။တူညီတဲ့အပိုင်းတွေမှာကျမတို့ချိတ်ဆက်ပြီးတော့ငါတို့အားလုံးဟာမျှဝေနိုင်တာဘဲဆိုတဲ့စိတ်ထားနဲ့ပြသနာတွေကိုကိုင်တွယ်မယ်ဆိုရင်ဖြေရှင်းမယ်ဆိုရင်ချင်းကပ်မယ်ဆိုရင်တော့မဖြေရှင်းနိုင်တဲ့ကိစ္စမရှိဘူးလို့ကျမထင်ပါတယ် ။ Identityနဲ့ပတ်သက်လို့ကျမကလေးမတယောက်အကြောင်းဖတ်ပြီးတော့သူကလဲဒီလိုပါဘဲ။သူ့ရဲ့မျိုးနွယ်တွေမနေတဲ့နိုင်ငံမှာကြီးလာရတော့သူ့ရဲ့ Identity ကိုသူပြောပြေတော့Tangla Identity ပေါ့၊ ရှုပ်ထွေးလှတဲ့ Identity ပေါ့၊သူဘယ်သူလဲဆိုတာ သူဆုံးဖြတ်ရတာရှုပ်ထွေးနေ တယ် ။ ဒီလိုရှုပ်ထွေးမှုက ကျမတို့ မဖြစ်စေ ချင်ဘူး။ကိုယ့်မှာရှိတဲ့ Identity အားလုံး ဟာတန်းတူရည်တူလက်ခံနိုင်တယ်၊ သူတို့တွေဟာ သဟဇာတရှိရှိနဲ့ ရှင်သန် နိုင် တယ်။ဒီလိုအခြေအနေမျိုးဖြစ်စေချင်တယ် ။ပြည်ထောင်စု ဆိုတာဒီလိုပါ ဘဲ။ အားလုံးဟာအတူတူနေပြီးတော့ ကိုယ့်ရဲ့မတူညီတဲ့ကိစ္စတွေကို သဟ ဇာတဖြစ်အောင်လုပ်တာ ပြည်ထောင်စု တည်ထောင်ခြင်းပါဘဲ ။ အဲဒီလိုစိတ်ဓါတ်နဲ့သွားမယ်ဆိုရင်ကျမတို့အောင်မြင်နိုင်မယ်လို့ကျမယုံကြည်ပါတယ်။ဒါကိုကျမတို့အနေနဲ့ကျမတို့တိုင်းရင်းသားတွေကဘာ့ကြောင့်ဒီ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာဘာဝင်ဖို့အခက်အခဲရှိတယ်ဆိုတာပွင့်ပွင့်လင်းလင်းပြောပါပွင့်ပွင့်လင်းလင်းပြောရင်ကျမတို့လဲဒီကိစ္စကိုထိထိရောက်ရောက်ကိုင်တွယ်ဖို့ကြိုးစားပါ့မယ်။ကျမတို့အနေနဲ့လဲကျမတို့အမြင်တွေကိုပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပြောပြမယ်။အခြေခံအားဖြင့်တော့ပွင့်လင်းဖို့ဖြောင့်မတ်ဖို့လိုပါတယ်။ဖြောင့်မတ်ဖို့ပွင့်လင်းဖို့ဆိုတာကလဲဒါပထမလိုအပ်တဲ့ယုံကြည်မှုဘဲ။ကိုယ်မယုံကြည်တဲ့သူနဲ့ဆိုပွင့်လင်းဖို့အင်မတန်မှခက်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ဒီသူဟာကိုယ့်ကိုမကောင်းကြံမယ်လို့ထင်ရင်သူနဲ့ပွင့်ပွင့်လင်းလင်းဆက်ဆံမယ်ဆိုရင်ကိုယ့်အကြောင်းသိသွားတာကိုအခြေခံပြီးတော့အခွင့်အရေးယူမလားဆိုပြီးတော့ဒီလိုစိုးရိမ်မှုလဲရှိနိုင်ပါတယ် ။ ပထမဦးဆုံးတယောက်နဲ့တယောက်ပွင့်လင်းနိုင်ဖို့အတွက်ဖြောင့်မတ်နိုင်ဖို့အတွက်အဲဒီ့အထိတော့ယုံကြည်မှုရှိရမယ် ။ ကျမတို့ဟာတယောက်နဲ့တယောက်ဆွေးနွေးတဲ့အချက်တွေကိုပြန်ပြီးတော့တိုက်ခိုက်ဖို့သုံးဖို့အတွက်မဟုတ်ဖူး၊ကြားမှရှိနေတဲ့ပြသနာကိုဘယ်လိုပြေလည်အောင်အဖြေရှာဖို့။ကျမထပ်သလဲလဲပြောပါတယ်။ပြသနာဟာခက်တာမဟုတ် ဘူး ။ အဖြေရှာမှာမို့ဘဲအရေးကြီးတာ။ပြသနာတော့ရှိမှာပဲ။အခုလဲရှိမှာပဲနောင်လဲရှိမှာဘဲ။ကျမတို့ပြည်ထောင်စုကြီးတည်တည်တံ့တံ့ရှိတဲ့အခါမှာလဲရှိမှာဘဲ။အဲဒီ့တော့ပြသနာဖြေရှင်းတဲ့နည်းကိုဘဲကျမတို့ရှာဖို့ပါဘဲ။ပြသနာကိုတော့စိုးရိမ်ဖို့မလိုပါဘူးလို့ကျမအနေနဲ့တင်ပြချင်ပါတယ် ။ ဒါ့ကြောင့်မို့လို့ NCA အခက်အခဲငြိမ်းချမ်းရေးပရောဆက်တွေရဲ့ အခက် အခဲတွေကိုပြသနာပါလို့ဆိုမဲ့အစား ကိုင်တွယ်ရမယ့်ကိစ္စ တခုဆိုတဲ့ အမြင်နဲ့ ဝိုင်းပြီးတော့အဖြေရှာပေးချင်ပါတယ်လို့ကျမ အနေနဲ့မေတ္တာရပ်ခံချင် ပါတယ် ။ အပိုင်း (၁) |
|
ရွှေလီမြစ်ရေကြီးပြီးနောက် ကုန်တင်ယာဉ်များပြား သောင်တင်ပိတ်ဆို့မှုဖြစ်ပွား Posted: 04 Aug 2016 09:11 PM PDT |
|
မူစယ်ဘက်မှ ကားကြီးကားငယ်ပေါင်းစုံမှာ လွယ်ဆုတောင်းတောင်မှ ပန်ခမ်းအထိ လမ်းပိတ်ဆို့နေ ကြောင်း ၊ တရက် ကားအစီးရေ ၁၀၀ ထက်မနည်း ရှိကြောင်း ၊ ယာဉ်ထိန်းရဲနှင့်ပန်ခမ်းလုံခြုံရေးအဖွဲ့ ဝင်များ လမ်းကြောင်းကူရှင်းပေးနေသည်ကိုတော့ တွေ့ရကြောင်း ဆိုပါသည် ။ “ ကားတွေက လမ်းဘေးမှာ ရပ်ရင်လည်း ရပ်ချင်သလို ရပ်ထားကြတယ် ။ ကောင်းကောင်း မရပ်ကြဘူး ။ လမ်းဘေးတဖက်မှာ ကားတွေ တန်းစီရပ်ထားတော့ ကားငယ်နှစ်စီးစာဘဲ သွားနိုင်တယ်လေ ။ ကားကြီး ဆိုရင် တစီးဘဲ သွားနိုင်တယ် ။ အဲဒါကြောင့် လမ်းကြောကူရှင်းပေမယ့် သိပ်မထိရောက်ဘူး ” ဟု ပန်ခမ်းလူငယ် စိုင်းခမ်း က ပြောပါသည် ။ အဆိုပါကုန်ကားကြီးများမှာ တရုတ်ပြည်ဘက်မှ ဓာတ်မြေသြဇာများ တင်သွင်းပြီး မြန်မာပြည်ဘက်မှ ဆန်နှင့်သကြားများ တင်ပို့ကြောင်း ၊ ကုန်တင်ယာဉ်ကြီးများသည် ကျယ်ဂေါင်နှင့်ပန်ခမ်းကြားရှိ နောင်မွန်း ၊ နောင်ခို ၊ နောင်ယန်း ၊ ပန်ခမ်းကူးတို့ဆိပ်မှ တရုတ်ဘက်သို့ ကူးကြကြောင်း သိရှိရသည် ။ |
|
Posted: 06 Aug 2016 09:48 AM PDT တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဦးတည်မည်ဆိုပါက ၂၁ ရာစု ပင်လုံ ညီလာခံမှာ အောင်မြင် လိမ့်မည်ဟု တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု UNFC ၏ နိုင်ငံရေးညှိနှိုင်း ဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ခေါင်း ဗိုလ်ချုပ်စိုင်းထူးက ပြောသည် ။
‘၂၁ ပင်လုံကို အောင်မြင်မယ်လို့ မျှော်လင့်တယ်။ တိုင်းရင်းသားတွေလိုလားနေတဲ့ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံရင် အောင်မြင်မှာပေါ့။ ‘ဟု ရန်ကုန်ရောက် ဗိုလ်ချုပ်စိုင်းထူးက ပြောသည် ။ ကေအိုင်အေ အုပ်ချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်တွင် ကျင်းပခဲ့သော တိုင်းရင်းသားအင်အားစုများ မျက်နှာစုံညီအစည်းဝေး အခြေအနေနှင့် ပတ်သက်၍ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစု UNFC ၏ DPN အဖွဲ့မှ ကိုယ်စားလှယ်များသည် သြဂတ်စ်လ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ဆွေးနွေးခဲ့ကြသည် ။ မိုင်ဂျာယန်ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ဘုံသဘောတူညီချက်များ ၊ တိုင်းရင်းသားများ လိုလားချက် ၊ အစိုးရ၏ ၂၁ ပင်လုံတွင် ပူးပေါင်းပါဝင်နိုင်မှု အလားအလာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး အသေးစိပ်ကိုမူ သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပေ ။ ယခုတွေ့ဆုံမှုအပေါ်တွင် အကောင်းဘက်မှ ရှုမြင်ကြောင်းလည်း ဗိုလ်ချုပ်စိုင်းထူးက ပြောသည် ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်၍ ကျင်းပရန် ရည်ရွယ်ထားသော ၂၁ ပင်လုံအား သြဂတ်စ်လ နောက်ဆုံးအပတ်တွင် ကျင်းပရန် အစိုးရဘက်မှ ပြင်ဆင်နေပြီး နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြင်ဆင်ရေး ၊ အားလုံးပါဝင်နိုင်ခွင့် ၊ လုံခြုံရေး ၊နိုင်ငံရေးကဏ်ဏ္ဍအပြင် အခြားခေါင်းစဉ်များ ထပ်တိုးဆွေးနွေးခွင့် အစရှိသည့် ကိစ္စများမှာ အစိုးရနှင့်တိုင်းရင်းသားများအကြား ၂၁ ပင်လုံ မစတင်ခင် ဆွေးနွေးရမည့် ကိစ္စများအဖြစ် ကျန်ရှိနေသည်ဟု အကဲခတ်များက ဆိုသည် ။ |
||
|
Posted: 06 Aug 2016 09:40 AM PDT ကချင်၊ ကရင်၊ နာဂ၊ သျှမ်း စသည့် တိုင်းရင်းသား ခေါင်းဆောင်များပါဝင်သည့် အမျိုးသားရေးဦးစား ပေး လှုပ်ရှားမည့် ပါတီသစ်တရပ်အား ထိုင်းနိုင်ငံချင်းမိုင်မြို့၌ နှစ်ရက်ကြာတွေ့ဆုံကာ ပြင်ဆင်ထား သည့်အတိုင်းဖွဲ့ စည်းတည်ထောင်လိုက်သည် ဆိုသည့် သတင်းစာရှင်းလင်းပွဲဖြင့် ယနေ့ ဩဂုတ် ၆ ရက်နေ့ တွင် ပြောကြားလိုက်သည် ။
မိုင်စုန်း ရီပပလစ်ပါတီ အမည်ရ အဆိုပါ ပါတီသစ် ၏ ဉက္ကဌ အား ကရင်အမျိုးသား ဒေါက်တာ တိမိုသီ (Dr. Timothy) ၊ ဒုတိယ ဥက္ကဌအား ကချင်အမျိုးသား ဦးယောန (Mr.Yaw Na) ၊ အထွေထွေ အတွင်း ရေးမှူးအား နာဂ အမျိုးသား ဦးတပ်ပလျူ ရှပ်ဝန် (Mr. W.Shapwon) တို့က ဦးဆောင်သည် ။ “တိုင်းရင်းသားမျိုးနွယ်စုများအတွင်း ကျစ်လျစ်ခိုင်မာသော စည်းလုံးညီညွတ်မှုကို အမှန်တရား၊ တရားမျှတမှု နှင့် ဖြောင့်မတ်ခြင်းအပေါ် အခြေခံတယ်။ နိုင်ငံရေး မဟုတ်ဘူး။ စစ်ရေးမဟုတ်ဘူး။ အမျိုးသားရေး အကျိုးအတွက် ပဲ ကျနော်တို့လုပ်သွားမယ်” - ဟု ဉက္ကဌ ဖြစ်သူ ဒေါက်တာ တိမိုသီ ကပြောသည် ။ နိုင်ငံရေး နှင့် စစ်ရေး ကိစ္စရပ်များအား လုပ်ကိုင်နေသည့်အဖွဲ့အစည်းများရှိပြီဖြစ်သောကြောင့် မိုင်စုန်းပါတီအနေဖြင့်ပါဝင် မှာ မဟုတ်ဘဲ ပံ့ပိုးနိုင်သည့်အပိုင်းမှသာ ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ အမျိုးသားရေးအတွက် လူငယ်များ လက်ဆင့်ကမ်း ထမ်းရွက်သွားနိုင်ဖို့ အဓိက ဖြစ်ကြောင်း ဒေါက်တာ တိမိုသီ က ဆက်၍ ပြောသည် ။ “ပင်လုံဆိုတာကတော့ အဲဒီ့တုန်းက လွတ်လပ်ရေးရဖို့ ပရိုပိုဇယ် တခုပဲ။ ဒါ့ကြောင့် ဒီ ၂၁ ရာစု တို့ ပင်လုံတို့ ဆိုတာက ကျနော်တို့ ပါဝင်ဖို့အကြောင်းမရှိဘူး။ အပစ်အခတ်ရပ်စဲဖို့ဆိုတာလဲ ကျနော်တို့ ပါဖို့မဟုတ်ဘူး။ ကျနော်တို့က စစ်တပ်မှမဟုတ်တာ” - ဟု ဉက္ကဌ ဖြစ်သူ ဒေါက်တာ တိမိုသီ ကပြောသည် ။ မိုင်စုန်းရီပပလစ်ပါတီ၏ ညီလာခံကြီးအား ယခုဖွဲ့စည်းသည့်နေ့မှ စ၍ ၈ လ မှ ၁၀ လ အတွင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်သူဟု ဒုတိယ ဥက္ကဌ တာဝန်ထမ်းဆောင်ထားသူ ဦးယောန က ပြောသည် ။ မိုင်းစုန်းရီပပလစ်ပါတီ တည်ထောင်နိုင်ရေးအတွက် လွန်ခဲ့သည့် သုံးနှစ်က ထိုင်းနိုင်ငံ မဲဆောက် မြို့လည်းကောင်း၊ တရုတ်နိုင်ငံ၊ လောနိုင်ငံ(လာအို) တို့၌ လည်းကောင်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေး ခဲ့သည်ဟုလည်းသိရသည် ။ ယခုအသစ်တည်ထောင်လိုက်သောပါတီ၏ဥက္ကဌ ဒေါက်တာသိမိုသီသည် ဗိုလ်ချုပ်ကြီးစောဘိုမြ KNU ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်စဉ်က နိုင်ငံခြားရေးဌာနမှူးဖြစ်ခဲ့ဖူးသည်။ |
||
|
မူးယစ်ဆေးသုံးစွဲသူ နမ္မတူဒေသခံ ၂၀ ကျော်အား လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွား Posted: 06 Aug 2016 05:45 AM PDT သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုတွင်မူးယစ်ဆေးသုံးစွဲသူများ အား ကြာသပတေးနေ့ည က လက်နက်ကိုင် အဖွဲ့တဖွဲ့မှ ဝင်ရောက် ဖမ်းဆီးသွားရာ ၂၀ ယောက်ကျော်ပါသွားကြောင်း သိရသည် ။
“ အရပ်ဝတ်နဲ့ လက်နက်ကိုင်အဖွဲ့က မူးယစ်ဆေးသုံးသူတွေ ဘယ်အိမ်က ဘယ်သူဘိန်းစားဆိုတာ စာရင်းနဲ့ကိုလာတာ။ တံခါးခေါက်ယူတာ။ ည ၇ နာရီလောက်စဖမ်းတာ ည ၁၀ နာရီလောက် အားလုံးကို ခေါ်ပြီး ရွာကနေပြန် ထွက်သွားပြီ။ မန့်မိုင်ဘက်ပြန်ထွက်သွားတာ။ လိုက်ထရပ်တစီးနဲ့ ဖိုးဝှီး အနက် ရောင် တစီးပါလာတယ်။ အဲတာကြီးနဲ့တင်သွားတယ်။ ” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည် ။ မန်စံအုပ်စုတွင် ၈ ရပ်ကွက်ရှိရာ အိမ်ခြေ ရ၀၀ ကျော် လူဦးရေ ၄၀၀၀ ဝန်း ကျင်ခန့်ရှိပြီး မူးယစ်ဆေး သုံးစွဲသူမျာလည်း တော်တော်များပြားကြောင်း၊ ဆေးသုံးသူများပြားသည့်လျောက် ထိုသို့မကြာခဏ ဝင်ဖမ်းလေ့ရှိကြောင်း နမ္မတူရောက်မန်စံဒေသခံ ဒေါ်ပါ့နန်းက လည်းပြောသည် ။ “အရင်ကတော့ အခွင့်အရေးတရပ်ယူပြီး လက်နက်ကိုင်အုပ်စုတခုက လူတွေ မကြာလာဖမ်းတယ်။ မူး ယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုနဲ့။ တချို့က မူးယစ်ဆေးဝါးနဲ့ မပတ်သက်ဘဲနဲ့ခံရတာတွေလဲရှိတယ်။ ပိုက်ဆံ သိန်းတရာလောက် အထိ ပြန်သွားရွေးရတယ်။ အခုလာဖမ်းတာတော့ သျှမ်းလိုပြောတယ်။ အကျင့် စာရိတ္တပြုပြင်ပေးဖို့ဘဲယုံကြည်ပါတယ်။ ဖမ်းခံရတဲ့သူတွေက တကဲ့ သုံးစွဲတဲ့ သူတွေလေ။ ကျမတို့တော့ SSPP တပ်မဟာ ၁ ကလို့ထင် ရပါတယ်။ ” ဟု ဆိုပါသည် ။ သို့သော် သျှမ်းပြည်တိုးတက်ရေးပါတီဘက်က အဆိုပါကိစ္စနှင့်ပတ်သက်၍ တစုံတရာပြောဆို တုန့်ပြန်ခြင်းမရှိသေးပေ ။ လက်ရှိတွင် နမ္မတူမြို့နယ် မန်စံအုပ်စု မိန်းမု အုပ်စုဘက်တွင် မူးယစ်ဆေးသုံးစွဲ သူ အင်မတန် များပြားလာနေပြီး ယာဘတပြားကျပ် ၄၀၀ ဝန်းကျင်ဖြင့်ဝယ် ယူ သုံးစွဲနေ သည်ကိုတွေ့ရကြောင်း ဆိုပါသည် ။ မန်စံအုပ်စုသည် လားရှိုးမြို့ အနောက်ဘက် မိုင် ၃၀ ခန့်အကွာ၊ နမ္မတူမြို့ တောင်ဘက် ၂၀ မိုင်ခန့်အကွာတွင်ရှိပါသည်။ |
||
|
Posted: 06 Aug 2016 05:37 AM PDT သျှမ်းပြည်နယ်မြို့တော်တောင်ကြီး၌လာမည့်သြဂုတ်လ ၈ ရက်နေ့တွင် ၈ လေးလုံးနှစ်ပတ်လည် အခမ်းအနား နှင့်အတူ ၂၁ ပင်လုံကြိုဆိုထောက်ခံပွဲအား တစ်ပါတည်း ပြုလုပ်ကျင်းပရန်စီစဉ်ထားရာ အဆိုပါအစီစဉ်မှာ ၈ လေးလုံးသမိုင်းဝင်နေ့အား ခုတုံးလုပ်သကဲ့သို့ဖြစ်နေသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသဥက္ကဌ ကိုကျော်ကိုကိုက ပြောသည် ။
“နိုင်ငံရေးလုပ်ရာမှာအခြေခံကစပြီးရိုးသားရပါမယ်။လူထုမြောက်များစွာ သွေးမြေကျပြီး ရင်းနှီးမှုကြီးမား ခဲ့ကြလို့သာ ဒီကနေ့ဒီချုပ်နဲ့ ဒီချုပ်ခေါင်းဆောင်တို့ နိုင်ငံရေးစင်ပေါ်ရောက်လာကြတာဖြစ်ပါတယ်။ လူထုပေးဆပ်ခဲ့တာကိုအသိအမှတ်ပြုတဲ့အနေနဲ့ လူထုတရပ်လုံးအတွက်ဘာတွေပြန်လည်ပေးဆပ်မလဲဆိုတာ ကိုယ့်ဖာသာမေးခွန်းထုတ်ရမှာပါ။လူထုကိုစည်းရုံးတဲ့နေရာမှာပါတီတရပ်ဟာဦးဆောင်မှုယူရဲရပါမယ် ။ လွယ်လွယ်ပြောရရင်တာဝန်ယူရဲတာဝန်ခံရဲရမယ်လို့ဆိုလိုချင်တယ်။ကိုယ်တိုင်၂၁ပင်လုံထောက်ခံပွဲကိုကိုယ့်ပါတီဝင်ထုနဲ့လုပ်ပါ။ဘာမှပြောဖို့မလိုပါဘူး။ခုတော့သမိုင်းဝင်ရှစ်လေးလုံးကိုခုတုံးလုပ်ပြီးကျောင်းသား၊အလုပ်သမား၊လယ်သမား၊ဝန်ထမ်း၊ရဟန်းသံဃာအစရှိတဲ့ပြည်သူတရပ်လုံးကိုအသုံးချဖို့ကြိုးစားတာဟာအရပ်ထဲကလောင်းကစားတတ်ကာစကလေးတွေနှစ်ကျပ်တစ်ကျက်ကွက်ရိုက်သလိုဖြစ်နေတယ်လို့တည့်တည့်ပဲပြောပါမယ်” ဟု ကိုကျော်ကိုကိုကပြောသည် ။ NLD ပါတီတာဝန်ရှိသူများမှဦးဆောင်၍ သျှမ်းပြည်နယ်တောင်ကြီးမြို့တွင်ကျင်းပရန်ရည်ရွယ်ထားသော ၈ လေးလုံးနှစ်ပတ်လည်အခမ်းအနားနှင့် ၂၁ ပင်လုံကြိုဆိုပွဲမှာအနှစ်သာရခြင်းမတူညီသောကြောင့် ဗကသအဖွဲ့ အနေဖြင့် တက်ရောက်မည်မဟုတ်ကြောင်းလည်း ကိုကျော်ကိုကိုက ပြောသည်။ “လူထုလိုချင်တာကိုရှင်းရှင်းထပ်ပြောပါမယ်။ ဒီမိုကရေစီနဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ။ ၂၀၀၈ အောက်က ပင်လုံညီလာခံမဟုတ်ဘူး။ NCAအမွေဆိုးကိုဆက်ခံတဲ့ ဖက်ဒရယ်မျက်နှာဖုံးစွပ် ပင်လုံမဟုတ်ပါဘူး” - ဟု ကိုကျော်ကိုကိုက ပြောသည် ။ ပင်လုံကဲ့သို့ညီလာခံမှာကျင်းပရမည်မှန်သော်လည်းစစ်မှန်သောနိုင်ငံရေးဆွေးနွေးပွဲဖြစ်ရန်လိုအပ်ခြင်း၊အားလုံးပါဝင်ရန်လိုအပ်မှုနှင့် ၂၁ ပင်လုံသည် အမည်နာမအားဖြင့် ပင်လုံပါဝင်နေသော်လည်း တိုင်းရင်းသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံနိုင်မှုမရှိခြင်းကြောင့် အနှစ်သာရအရမေးခွန်းထုတ်စရာရှိနေခြင်းကြောင့် သမိုင်းဝင် ၈ လေးလုံးနှင့်နိုင်ငံရေးအရမရေရာသည့် ၂၁ ပင်လုံကို မရောထွေးသင့်ကြောင်း ကိုကျော်ကိုကိုက သျှမ်းသံတော်ဆင့်သို့ပြောသည် ။ ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၁ ပင်လုံကို ကျင်းပရန် စိုင်းပြင်းနေ သော်လည်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့သည့် ၁၉၄၇ ပင်လုံကဲ့သို့ ဗမာတကျပ် သျှမ်းတကျပ် ဆိုပြီး အာမခံနိုင်ခြင်းမရှိသလို ဘာပေးဆပ်နိုင်တယ်ဆိုတာစဉ်းစားပြီး ဆွေးနွေးကြဖို့ ဆိုသည့် စကားအား မကြာခဏ ပြောဆိုနေပါသည် ။ မကြာသေးခင်ကဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သည့်ယူအန်အက်ဖ်စီအထွေထွေအတွင်းရေးမှူးခူးလ်ဦးရာယ်ကတိုင်းရင်းသားဒေသများမှာပျက်စီးကုန်ပြီဖြစ်ပြီးပြည်တွင်းစစ်ကြောင့်တိုင်းရင်းသားများမှာနေရပ်စွန့်ခွာခဲ့ရပြီဖြစ်သောကြောင့်ပေးစရာမရှိတော့ကြောင့်ယူစရာလည်းမရှိပဲတန်းတူရေးနှင့်ပြည်ထောင်စုသည်တိုင်းရင်းသားအားလုံးပါဆိုင်သည်ဆိုသည်ကိုသာလိုလားကြောင်းပြောဆိုခဲ့ပါသည် ။ လက်ရှိအချိန်တွင် NLD ပါတီဝင်များမှဦးဆောင်ပြီးနီုင်ငံအနံ့တွင်၂၁ပင်လုံကြိုဆိုပွဲများပြုလုပ်ကျင်းပနေပါသည်။ “ထောက်ခံကြိုဆိုပွဲလို့ခေါင်းစဉ်မတတ်ဘဲ ၂၁ ပင်လုံကို ဘယ်လိုအချက်တွေအခြေခံထားပြီး ကျင်းပသင့်တယ်၊ နိုင်ငံရေးအရ ပါဝင်သင့်ပါဝင်ထိုက်တဲ့အဖွဲ့အစည်းစုံပါဝင်သင့်တယ်၊ ဆွေးနွေးပွဲမူဘောင်တွေကို ဘယ်လို သတ်မှတ်သင့်တယ်၊ ရလာတဲ့ရလာဒ်တွေကိုတိုင်းရင်းသားတွေနဲ့လက်တွဲပြီး ဘယ်လိုဘယ်ပုံအကောင်အထည် ဖော်သင့်တယ်စသဖြင့်အကြံပြုတဲ့အစည်းအဝေးလောက်လုပ်ပါလို့တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့သူတို့ကလက်မခံပါဘူး။ဒါကြောင့်ကျွန်တော်တို့လည်းမတက်တော့ပါဘူး” - ဟုကိုကျော်ကိုကိုကပြောသည်။ ၈ လေးလုံးအရေးတော်ပုံမှာတစ်ပါတီအာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီအရေးဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးတို့အတွက်တိုင်းရင်းသားပြည်သူများတောင်းဆိုခဲ့သည့်အရေးတော်ပုံလည်းဖြစ်သည်။ |
||
|
ရွှေ့ပြောင်းအလုပ်သမားများအားစစ်ဆေးရန်ထိုင်းလုံခြုံရေးတိုးမြင့် သတိဖြင့်သွားလာရန် RCSS/SSA သတိပေး Posted: 06 Aug 2016 05:28 AM PDT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအား ထပ်မံစစ်ေ ဆး ရန် ထိုင်းအစိုးရက အင်အားတိုးချဲ့နေသဖြင့် သတိဖြင့်သွားလာနေ ထိုင်ရန်နှင့် စာရွက်စာတမ်းများကိုယ်နှင့်မကွာယူဆောင်ရန် သျှမ်းပြည်တပ် မတော် RCSS/SSA နှင့် ထိုင်းရောက်သျှမ်း လူမှုအဖွဲ့ အစည်းများက တိုက်တွန်းလိုက်သည် ။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်RCSS/SSA ၏ ဂျူလိုင်လ ၃၀ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ကြေငြာချက်တွင် - အချက် ၅ ချက်ပါရှိပြီး ထိုင်းနိုင်ငံအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ လက်ခံဖို့ အတွက် ဥပဒေပြင်ဆင်ရန်ဖြစ်ပြီး ဥပဒေနှင့်မညီသည့် ရွှေ့ပြောင်း အလုပ် သမားများအတွက် ဥပဒေနှင့် အညီဖြစ် လာစေရန် လိုအပ်သည့် စာရွက်စာ တမ်းများ လက်ကိုင်ထားကြရန် တိုက်တွန်းထားသည် ။ ထို့ပြင် မြန်မာနိုင်ငံသားများအားလည်း တရားဝင် နိုင်ငံကူးလက်မှတ်များပြန် သွားပြုလုပ်ကြရန်တိုက်တွန်းထားပြီး- ထိုသို့ပြန်ရာတွင်လည်း တာချီလိတ် ရှိ RCSS/SSA ဆက်ဆံရေးရုံးတွင်တည်းခိုနိုင်ကြောင်း ဖော်ပြထားသည် ။ ဩဂတ်စ်လ ရ ရက်တွင်ကျင်းပမည့် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအတွက် ဆန္ဒခံယူပွဲကျင်းပ မည်ဖြစ် သဖြင့် နိုင်ငံတော်လုံခြုံရေးအတွက် ထိုသို့ကွင်းဆင်းစစ် ဆေးရခြင်းဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအား ရှင်းလင်းဖမ်းဆီးလိုသည့်ရည်ရွယ်ချက်မရှိကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ပြော ဆိုသည် ။ လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း HRDF မှ စိုင်းဂျိမ်းစ်က - “ထိုင်းနိုင်ငံမှာလူကုန်ကူးမှုအများဆုံး လို့ အမေရိကန်ကထောက်ပြတဲ့နောက် ပိုင်း ထိုင်း အာဏာပိုင်တွေက အခုလို စစ်ဆေးဖမ်းဆီးလာတာဖြစ်တယ်။ ဥပဒေနဲ့မညီရင်တော့ တကယ်ဖမ်းပါတယ်။ ဒါကြောင့် ဥပဒေနဲ့အညီဖြစ်ေ အာင်နေကြဖို့ ၊အသွားအလာ ဆင်ခြင်ကြဖို့၊ အလုပ်လုပ်ခွင့်စာရွက်စာ တမ်းတွေကိုယ်နဲ့မကွာအမြဲယူဆောင်သွားဖို့ တိုက်တွန်းပါတယ်။ လိုအပ်ရင် အိမ်ပြန် MoU နဲ့လုပ်ပေးတဲ့ တရားဝင် ပတ်စပို့လေးလုပ်ပြီး မှ အလုပ်ပြန်လာလုပ်ကြပါ။ စိတ်အေးရပါတယ်” ဟုပြောသည် ။ ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့်၊နေထိုင်ခွင့် လက်မှတ် သက် တမ်းတိုးမှု၊ ကိုင်ဆောင်ဆဲ ယာယီပတ်စပို့မှ ပန်းရောင်ကတ်သို့ ပြောင်း လဲမှုကိစ္စရပ်များ ဂျူလိုင်လ ၂၉ ရက်နေ့က နောက်ဆုံးရက်အဖြစ် သတ်မှတ် ထားသည်ဖြစ်သဖြင့် ထိုရက်ထက် ကျော်လွန်ပါက လက်မှတ် သက်တမ်း မတိုးသူများအား ထိုင်းရဲ၊ စစ်တပ်နှင့် လဝက ကဖမ်းဆီးစစ်ဆေးခဲ့သည် ။ အလုပ်ရှင်နှင့်လုပ်ငန်း၊ အလုပ်သည့်လိပ်စာ လွဲမှားနေသူများအား ဒဏ်ငွေ ၂၀၀၀ ဘတ်မှ ဘတ် ၁ သိန်းအထိ လည်းကောင်း၊ အလုပ်ရှင်အား ဘတ် ၁ သိန်းအထိလည်းကောင်း သို့မဟုတ် ငွေဒဏ်ရော ထောင်ဒဏ်ပါ ချမှတ်ခံကြ ရမည်ဖြစ်ကြောင်း အလုပ်သမားများအရေး ကူညီဆောင်ရွက်ေ ပးနေသည့် စိုင်းနောင့်က ပြောသည် ။ လက်ရှိတွင် ထိုင်းအစိုးရထုတ်ပြန်သောသတင်းအရ ထိုင်းနိုင်ငံတွင် လာေ ရာက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်း အလုပ်သမား ၁ သန်းကျော် ရှိသည့် အနက် မြန်မာနိုင်ငံမှ ၆ သိန်း ၃ သောင်း၊ လာအိုနိုင်ငံမှ ၆ သောင်းကျော်၊ ကမ္ဘောဒီးယားနိုင်ငံမှ ၃ သိန်း ၆ သောင်းကျော်ရှိကြောင်း၊ ၎င်းတို့အားလက် ခံအလုပ်သွင်းထားသည့် အလုပ်ရှင် ၂ သိန်း ၈ သောင်းကျော်ရှိကြောင်း သိရသည်။ ဆိုပါအလုပ်သမားများ၏ မှီခိုသူအဖြစ်စာရင်းသွင်းထားသည်မှာ ၂ သောင်းကျော်ရှိကြောင်း၊ မှီခိုသူများစာရင်းကောက်ရာတွင် အလုပ်သမားများ၏ မိအိုဖအိုများကိုမူ မှီခိုသူ စာရင်း ပေးသွင်းခွင့်မပြုကြောင်း၊ အသက် ၅၅ ကျော်သူ ရွှေ့ပြောင်းအလုပ်သမားများကိုလည်း အလုပ်လုပ်ခွင့်သက်တမ်း တိုးခွင့်မပေးတော့ဘဲ နေရပ်သာပြန်ခိုင်းကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည် ။ ၎င်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံချင်းမိုင်ရောက် သျှမ်းပြည်တောင်ပိုင်း မိုးနဲသူ နန်းထွေးက - “ အိမ်မှာ ဘယ်သူမှ မကျန်တော့ဘူး။ ကျမအမေက အသက် ရ၀ ကျော်ပြီ။ အမေ့ကို မှီခိုသူစာရင်းသွင်းဖို့ကျမ သွားတောင်းတော့ ထိုင်း အာဏာပိုင်တွေက မပေးဘူး။ သားသမီးတွေကိုဘဲပေးတယ်။ မိဘကျေ တာ့မပေးဘူး။ ကျမက အမေ့ကို ဘယ်လိုလုပ်အိမ်ပြန်ပို့ မလဲ။ ပြန်ရင် ကျမတို့တမိသားစုလုံးပြန်မှရမှာ။ ဒီကိုရောက်ပြီဆိုပေမယ့် ပိုက်ဆံကမှ မစုမိတာ။ ပိုက်ဆံရှိလာရင် အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့၊ ပတ်စပို့လုပ်ဖို့ ၊ ကျန်းမာရေးစစ်ဖို့ ပေးနေရတာနဲ့ လက်ထဲမှာ အပိုငွေဆိုတာမရှိဘူး” - ဟု ရင်ဖွင့်ပြသည် ။ အလားတူ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကလည်း ဩဂတ်စ်လ ၁ ရက်နေ့ရက် စွဲဖြင့် အထူးသတိပေးနှိုး ဆော်ချက်တစောင်ထုတ်ပြန်ရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံဥပဒေကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုံခြုံအေးချမ်းစွာ ကျင်းပပြု လုပ်နိုင်ရေးအတွက် ထိုင်းအစိုးရမှ ရဲတပ်ဖွဲ့လုံခြုံရေးအင်အား တိုးမြင့်ချ ထားမည်ဖြစ်ရာ၊ မြန်မာနိုင်ငံသားများ အကြောင်းအမျိုးမျိုးဖြင့် တားဆီးစစ်ဆေးခံရပါက အသာတကြည်စစ်ဆေးမှုခံယူကြရန် တိုက်တွန်းနှိုးဆော်ထားသည် ။ |
||
|
တောင်ကြီးမြို့နယ်စည်ပင်ကော်မတီ ပြန်လည်ရွေးချယ်ပေးရန် သျှမ်းပြည်နယ်ဝန်ကြီးချုပ်အား လူထုတောင်းဆို Posted: 06 Aug 2016 05:15 AM PDT တာင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီဝင်များအား ပွင့်လင်းမြင်သာစွာ ပြန်လည်ရွေးချယ်ပေးရန် သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တောင်ကြီးလူထုက လက်မှတ်ရေးထိုးထားသည့်စာ ပေးပို့တောင်းဆိုလိုက်သည် ။
ဂျူလိုင်လ ၃၀ ရက်နေ့က ရွေးချယ်ခဲ့သော တောင်ကြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် များမှာ ဥပဒေနှင့်အညီရွေးချယ်ထားခြင်းမဟုတ်သဖြင့် ပယ် ဖျက်ပေးရန်၊ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာ စွာပြန်လည်ရွေးချယ်ပေးရန် သျှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်ပြည် နယ်ဝန်ကြီး ၃ ဦးထံသို့ တောင်ကြီးမြို့ ၂၂ ရပ်ကွက်အတွင်းရှိ မြို့သူမြို့ သား ၆၀၀ ကျော်က လက် မှတ်ရေးထိုး ထားသည့်စာ တင်ပြတောင်း ဆို လိုက်သည် ။ '' ပြည်နယ်အစိုးရအဖွဲ့ရုံးကို သြဂတ်စ်လ ၃ ရက်နေ့က စာပေးပို့ပါတယ်။ ကန့်ကွက်ရတဲ့ရည်ရွယ်ချက် ကတော့ တောင်ကြီး မြို့နယ် စည်ပင်သာယာရေးကော်တီက ဥပဒေနဲ့အညီ မလုပ်ပဲ သူတို့လူနဲ့သူတို့ လုပ်သွားတယ်။ လုပ်သင့်တာက သူတို့ရွေးချယ်ခံမယ့်သူတွေကို အရင်ကြေငြာရမှာ မကြေငြာဘူး '' ဟု တောင်ကြီးမြို့နယ် NLD ဥက္ကဌ ဦးတင်မောင်တိုးကပြောသည် ။ တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီရွေးချယ်ပွဲအား ဂျူလိုင်လ ၃၀ ရက် နေ့ကမြို့တော်ခန်းမ တွင်ပြုလုပ်ကျင်းပစဉ်ကတည်းက အခမ်းအနားတက်ရောက်လာသည့်ပြည်သူများက မျှတခြင်းနှင့် ပွင့်လင်းမြင်သာခြင်းမရှိဟုဆိုကာ တကြိမ်ကန့်ကွက်ခဲ့ပြီးဖြစ်သည် ။ မြို့နယ်အကျိုး မြို့နေပြည်သူ လူထုအကျိုးကိုအမှန်တကယ် ဆောင်ရွက်ပေးမည့် မြို့နယ်စည်ပင်သာယာ ရေးကော်မတီဝင် အားပွင့်လင်းမြင်သာစွာ ပြန်လည်ရွေးချယ်ပေးပါရန် တောင်ကြီးမြို့ ခံပြည်သူများ၏ တောင်း ဆိုစာတွင်ပါရှိကြောင်း သိရပါသည် ။ |
|
တရားစီရင်ရေးတွင် တရားသူကြီးများအား တပ်မတော်မှ လွှမ်းမိုးချုပ်ကိုင်နေသေး ၈ လေးလုံးမျိုးဆက်ပြော Posted: 08 Aug 2016 09:53 AM PDT တရားစီရင်ရေးတွင် တရားသူကြီးများအား တပ်မတော်မှ လွှမ်းမိုးချုပ်ကိုင် ခြင်းသည် တရားဥပဒေမဲ့ လုပ်ရပ် တစ်ခုဖြစ်ပြီး တရားဥပဒေစိုးမိုးရေးအားထိခိုက် စေသည့်ဟု ဆိုကာ တောင်ကြီးမြို့ ရှစ်လေးလုံးနှစ် ပတ်လည်နေ့ အခမ်းအနား၏ ထုတ်ပြန်ကြေငြာချက်တွင်ထည့်သွင်း သွား မည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီ ဝင်တစ် ဦးဖြစ်သော ဦးတင်မောင်တိုးက ပြောသည် ။
'' စစ်တပ်က ယူနီဖောင်းတွေနဲ့တရားရုံးကိုလာပြီး တရားသူကြီးကို တရားခံ တွေကို ထောင်ချ လိုက်ပါ လို့ လာပြောတာ သျှမ်းပြည်နယ်မှာလက်တွေ့ဖြစ်သွားပြီ။ တစ်ခြားပြည်နယ်နှင့်တိုင်း တွေမှာမကြားဘူး။ ဒါကို ကျနော်တို့လက်ပိုက်ကြည့်မနေနိုင်ဘူး ''ဟု ၄င်းကဆက်လက်ပြောကြား ခဲ့သည် ။ သြဂတ်စ်လ ( ၈) ရက်နေ့တွင်ကျရောက်သော (၂၈)နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားအား တောင်ကြီးမြို့ ၊စိန်ပန်းရပ် ရှိအောင် မြေဘုံစံကျောင်းတိုက်တွင် ကျင်းပခဲ့ပြီး ၂၁ ရာစုပင်လုံညီလာခံအားကြိုဆို ထောက်ခံခြင်း နှင့် တရားဥပဒေစိုးမိုးရေးအတွက် ရှစ်လေးလုံးမျိုးဆက် တို့မှပူးပေါင်း ဆောင်ရွက်သွားမည် ဟုသိရသည် ။ ယင်းအခမ်းအနားသို့ သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးအချို့ နှင့် တောင်ကြီးမြို့ပေါ်ရှိ တိုင်းရင်းသား ပါတီများ ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ စုစုပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ ပြီး နိုင်ငံရေးအဖွဲ့အစည်းအသီးသီးတို့မှ ပေးပို့လာသောသဝဏ်လွှာ များကိုဖတ်ကြား ခဲ့ကြောင်းသိရှိရပါသည် ။ |
|
နောင်ဖာရေကာတာစီမံကိန်းအား ဒေသခံလူထု ဆန့်ကျင် Posted: 10 Aug 2016 04:43 AM PDT သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ်တွင် နောင်ဖာ ရေကာတာစီမံကိန်းဆောက်လုပ်ရေးအား စီမံကိန်းအနီး တဝိုက်နေထိုင်သူလူထုက ဆန့်ကျင်ကန့်ကွက် ခဲ့ကြသည် ။
တန့်ယန်းမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုေ ဆာင် စိုင်းအောင်လျန်းဝင်းက - “ကျနော်တို့တန့်ယန်းလူငယ်နဲ့ သျှမ်းပြည်ေ တာင် သူလယ်သမားများကွန်ယက်တို့ပူးပေါင်းပြီး စီမံကိန်းတဝိုက် မှာနေထိုင် တဲ့ လူထုနဲ့ တွေ့ဆုံတယ်။ ပြီးတော့ ဆောက်လုပ်မယ့် ရေကာတာနဲ့ ပတ် သက်ပြီး ပြောပြတယ်။ ရေကာတာ ဆောက်လုပ်ပြီးရင် ရရှိမယ့် ကောင်းကျိုး ဆိုးကျိုးကို ရှင်းပြတယ်။ နောက်ပြီးတော့ လက်ရှိနိုင်ငံရေးအခြေအနေကို ရှင်းပြတယ်။တောင်သူလယ်သမားများကွန်ယက်ကလည်း အနယ်နယ် အရပ်ရပ်မှ တောင်သူလယ်သမား များနှင့်လက်တွဲကူညီဆောင်ရွက်နေမှု ကိုရှင်းလင်းတယ်။ လူထုအင်အား ၂၀၀ ကျော်လာရောက်နားထောင်ပါ တယ်။” - ဟု ပြန်လည်ပြောပြသည် ။ အဆိုပါတွေ့ဆုံမှုအပြီး ဒေသခံလူထု ကျေးရွာအုပ်စု ၉ ခုတို့က - နောင်ဖာရေ ကာတာ အလိုမရှိ၊ ရပ်!!!! နောင်ဖာ ရေအားလျှပ်စစ်စီမံကိန်း အစရှိ ဆိုင်းဘုတ် များ ဗီနိုင်းများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟုလည်း ဆိုပါသည် ။ တန့်ယန်းမြို့နယ်အတွင်း သံလွင်မြစ်လက်တက်ပေါ် တွင် တရုတ်ကုမ္မဏီမှ တည်ဆောက်မ ည့် နောင်ဖာရေအား လျှပ်စစ်စီ မံကိန်း မှ ရေအားလျှပ်စစ် ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်အသုံးပြုမ ည်ဖြစ် သည်ဟု သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်က ပြောပြခဲ့ဖူးသည် ။ အဆိုပါဒေသသည် ကိုးကန့် ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSA/SSPP တို့၏ နယ်မြေ အနီးတွင် တည်ရှိ ပြီး ရေကာ တာများတည်ဆောက်ရေးတွင် ဒေသ တွင်း လုံခြုံရေးအတွက်ဟုဆိုကာ SSA/SSPP တပ်များအား ထိုနေရာမှ ဖယ်ပေး ရန် ၂၀၁၃ ခုနစ်အတွင်းက တပ်မတော်ဘက်မှ တောင်းဆိုကာ တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ ပြည်သူ ၂၀၀၀ ခန့်မှာ ၄င်းတို့၏ နေရပ်မှ တန့်ယန်းမြို့နယ်အတွင်းသို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရဖူးသည် ။ သံလွင်မြစ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်း ၆ ခုရှိရာ သျှမ်းပြည်တွင် ကွန်လုံရေကာတာ ၊ နောင်ဖာ ရေ ကာတာ၊ မန့်တောင်းရေ ကာတာ (သံလွင်မြစ် လက်တက် နမ့်မချောင်းပေါ်)၊ တာ့ဆန်းခေါ် မိုင်းတုံ ရေကာတာ၊ ကရင်နီ ပြည်တွင် ရွာသစ် ရေကာတာနှင့် ကရင်ပြည်နယ်တွင် ဟတ်ကြီးရေ ကာတာတို့ဖြစ်ပါသည် ။ အဆိုပါရေကာတာများအား အကောင် အထည်ဖေါ်ဆောင်ရာတွင် ပါဝင်နေသည့် ပြည်ပကုမ္မဏီများမှာ Thailand’s EGAT International Co.Ltd, China Three Gorges Corporation, Hanergy Holding Company, Hydrochina Corporation, နှင့် China Datang Overseas Investment Co.Ltd များဖြစ်ပြီး ပြည်တွင်း ကုမ္မဏီများအဖြစ် International Group of Entrepreneurs Co. LTD, Shwe Taung, Asia World များ ပါဝင်သည် ။ |
||||
|
အထက်အမိန့်အရ မိုင်းယော်ဒေသခံ ၅ ဦးအား သတ်ရသည်ဟု တရားခံစစ်သည်များ ရမခ စစ်တိုင်းတရားရုံး၌ ထွက်ဆို Posted: 10 Aug 2016 12:38 AM PDT မိုင်းယော် ဒေသခံရွာသားများ အသတ်ခံရမှုတွင် အထက်အမိန့်အရ ရွာသား များအား ဓါးထိုးသတ်ရခြင်းဖြစ်ကြောင်း ၎င်းတို့တွင်အပြစ်မရှိကြောင်း တရားခံ စစ်သည်များက လားမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တရားရုံးတော် ၌ စစ်ဆေးစဉ် ထွက်ဆိုသည်ဟု သိရသည် ။
ဩဂတ်စ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီမှ ည ၆ နာရီကျော်အထိ လားရှိုးမြို့ အခြေစိုက် ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တရားရုံးတွင် ခုံရုံး ဉက္ကဌ ဗိုလ်မှူးချုပ် နေဝင်းအောင် ၊ တရားလိုအရာရှိ ဒု ဗိုလ်မှူးကြီး ကျော်မိုးမြင့်၊ တရားခံအရာရှိ ဒု ဗိုလ်မှူးကြီး နိုင်ဝင်း တို့က လူသတ်မှုကျူးလွန်သော အမှတ် ၁၀ (စကခ) စစ်ဆင်ရေး နှင့် ကွပ်ကဲ ရေးဌာန ယာယီ တပ်မှူး ဗိုလ်မှူးကြီး မျိုးအောင်၊ ဟိုပန်အခြေစိုက် အမှတ် ၃၆၂ ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူး တင်မျိုးဇော် အပါအဝင် တရားခံ စစ်သည်ကေဒါ ရ ဦးတို့အား အသတ်ခံရ မိုင်းယော်ဒေသခံများ၏ မိသားစု ၁၃ ဦး ရှေ့မှောက်၌ ရုံးတင် စစ်ဆေးခဲ့ သည်ဟု သိရသည် ။ “ ခုတော့ ဘာပြစ်ဒဏ်မှ မချသေးဘူး။ လျော်ကြေးတွေဘာတွေ အတွက် လည်း ဘာမှ မဆုံးဖြတ်သေးဘူး။ သိရတာက ရွာသားတွေကို သတ်တဲ့ စစ်သား တရားခံတွေကို လျှို့ဝှက်တရားစီရင်ရေးနဲ့ ထပ်မံစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ် သွား မယ်ပြောတယ်။ ပြစ်ဒဏ်ချမှတ်ရင် ရွာသားတွေကို ထပ်ပြီးအကြောင်း ကြားမယ်ပြောတယ်။ ရွာသားတွေဘက်က ဘာမှမပြောရဘူး။ ထိုင်နားေ ထာင်ရုံဘဲ ” ဟု စိုင်းလောဝ်ဖ ကပြောသည် ။ ရွာသားများအားသတ်သည့် စစ်သည်ကေဒါများအား ရာဇဓတ်ကြီး ပုဒ်မ ၃၀၂ (၂)/၃၄ ပြစ်မှု ဖြင့် တရားစွဲဆို ထားခြင်းဖြစ်သည် ။ အထက်အမိန့်အရ မိုင်းယော် ဒေသခံ ရွာသား ၅ ဦးအား သတ်သည် ဆိုသည့် စစ်သည် သုံးဦးမှာ တပ်ကြပ်ကြီး စိန်ဝင်းမောင်၊ တပ်ကြပ်ကြီး မောင်အုန်း နှင့် တပ်ကြပ်မောင်မောင်ထွေး တို့ဖြစ်၏။ ပါဝင်ပတ်သက်သည့် အရာရှိကြီး သုံးဦးမှာ တပ်မမှူး ဗိုလ်မှူးကြီး မျိုးအောင်၊ ဒုတိယ စစ်ဦးစီးမှူး (IO) ဗိုလ်မှူးအောင်နေဖြိုး နှင့် စရဖ အရာရှိ ဗိုလ်ကြီး လင်းနိုင်စိုး တို့ဖြစ်သည် ။ အဆိုပါ စစ်ဆေးမှုတွင် တပ်ကြပ်ကြီး စိန်ဝင်းမောင် တဦးမှလွဲ၍ တရားခံ အားလုံးနီးပါးက မိုင်းယော်ကျေးလက် ရွာသား ၅ ဦးအား ပစ်သတ်မှု အမှန်ကျူးလွန်ရကြောင်းဝန်ခံကြောင်း တက်ရောက်နားထောင် သူ အေးနန်းက ပြောသည် ။ “ အဲဒီ တပ်ကြပ်ကြီးတယောက်ကတော့ သူမမှားဘူး။ အထက်အမိန့်အရ သူလုပ်ရတာ သူ့မှာအပြစ်မရှိဘူးတဲ့၊ အထက်အရာရှိ အမိန့်အရ သူက ဘောင်းဘီအကြား သွားယူလာဝတ်ပေးရတယ်တဲ့။ ပြီးတော့ ၂ ယောက်ကို ဓါးနဲ့ထိုးသတ်တာလို့ထွက်ဆိုတယ်” ဟု ဆိုသည် ။ သို့သော် ရွာသား ၅ ဦးမှာ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း၊ ၎င်းတို့၏ အလောင်းများအနီးတွင် ကျည်ခွံအမြောက်အများတွေ့ရကြောင်း မိုင်းယော်ဒေသခံများက ပြောဆိုခဲ့ကြသည် ။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၌ ဂျွန်လ ၂၅ ရက်နေ့က အစိုးရတပ်မတော် ခမရ ၃၆၂ က စစ်ကြောင်းတကြောင်း က ပြောင်းခြံလုပ်သား မိုင်းယော်ဒေသခံ ရွာသားငါးဦးအား ဖမ်းဆီးေ ခါ် ဆောင်ကာ ရိုက်နှက် စစ်ဆေး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ ဝတ်စုံများဝတ်ပေးပြီး ဓါးဖြင့်ထိုးသတ် ခဲ့သည့်အမှုဖြစ်ပွါးခဲ့သည် ။ အဆိုပါအမှုအား အမှုမှန်ပေါ်ပေါက်စေရန် မိုင်းယော်ဒေသခံ လူထု၊ တိုင်းရင်းသားလူငယ်အဖွဲ့များ၏ ဖိအားပေး တောင်း ဆိုမှုအပြင်၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကိုယ်စားလှယ်နှင့် အဖက်ဖက်မှ စစ်ဆေးမှတ်တမ်းယူ ခဲ့သည်။ ထိုအတွက် ဩဂတ်စ်လ ၆ ရက်နေ့က မှုခင်းဆရာဝန်၊ တရားသူကြီးနှင့် လားရှိုးရဲတပ်ဖွဲ့က အသတ်ခံရသူ အလောင်း များအား တကြိမ်ထပ်မံတူးဖော်စစ်ဆေး ခဲ့ပြီးနောက် စစ်တရားရုံးတွင် တရားခံများအား စစ်ဆေးခဲ့ခြင်း ဖြစ်သည် ။ တပ်မတော် စစ်သည်များ၏ လုပ်ရပ်ဖြစ်ကြောင်း၊ ပစ်မှုကျူးလွန်သူများ အား ပြစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း၊ နစ်နာသည့်မိသားစုရွာသားများ အားလည်း ထိုင်တန်သည့်လျှော်ကြေးပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ဂျူလိုင် ၂၀ ရက်နေ့က ပြောကြားသည် ။ ဂျွန် ၂၅ ရက်နေ့က မိုင်းယော်ဒေသခံ ၅ ဦး အသတ်ခံရသည့်နေ့၌ မိုင်းယော် အဝင်တွင် ပစ်သတ်ခံရသော လားရှိုးမြို့ ဆိုင်ခိုက်အုပ်စု နမ့်ယော်ရွာသား ၂ ဦး (ဆိုင်ကယ်သမား) ကိုမူ ယာဘစစ်ဆေးတွေ့ရှိဟူ၍လည်းကောင်း၊ ပစ်သတ်မှု လက်သည်မှာ ၎င်းတို့စစ်ကြောင်း မဟုတ်၊ တအာင်းလက်နက်ကိုင်အဖွဲ့ ၏ လက်ချက်ဖြစ်သည်ဟူ၍လည်းကောင်း ငြင်းဆိုခဲ့ကြောင်းလည်းသိရပါသည် ။ |
||||
|
၂၁ ပင်လုံအောင်မြင်ရေး အားလုံး ၀ိုင်းဝန်း ကြိုးပမ်းကြရန် ဦးခွန်ထွန်းဦးတိုက်တွန်း Posted: 09 Aug 2016 07:36 PM PDT ၂၁ ရာစု ပင်လုံညီလာခံအောင်မြင်ရေးအတွက် အားလုံး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ဦးခွန်ထွန်းဦးက တိုက်တွန်းလိုက်သည် ။ ‘
အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် လက်ရှိအချိန်တွင် ယင်းလုပ်ငန်းစဉ် များကို အမြဲတမ်း သတိထားစောင့်ကြည့်ရမည်ဖြစ်ပြီး လိုအပ်သည့် အကြံဉာဏ်များပေးအပ်၍ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကာ ပြည်တွင်းစစ်ရပ်စဲရေး ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် တိုင်းရင်းသား အရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံး ကြိုးပမ်းဆောင်ရွက်ကြရမည်ဟု ဆိုသည် ။ " အခုက ၈ လေးလုံး ၂၈ နှစ်မြောက်မှာ အရပ်သားအစိုးရ တင်နိုင်တော့ တစိတ်တစ်ပိုင်းတော့ ပြည်သူတွေအတွက် ရလာတယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ ၈ လေးလုံးရဲ့ မူလပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာဖို့တို့ ၊ တိုင်းပြည်သာယာဝပြောလာဖို့တို့ဆိုတာ အများကြီးကြိုးပမ်းရဦးမယ်။ ကျနော်တို့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေက UNFC တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစုနဲ့ ပေါင်းတာဟာ အားလုံး တစ်သံတည်းထွက်လာအောင် အတွက်ဖြစ်တယ်။တိုင်းရင်းသားအားလုံး ညီညွတ်မှုရအောင်လုပ်ရမယ် " ဟုလည်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌက ပြောသည် ။ ယင်းအပြင် ၄င်းအနေဖြင့် သျှမ်းလူမျိုး တစ်မျိုးတည်းအတွက်တင်မကပဲ တိုင်းရင်းသားအားလုံး အတွက်နှင့် ပြည်ထောင်စုအတွက် ရှေ့ရှုဆောင်ရွက်သွားမည်ဟု ကတိပြုပြောဆိုခဲ့သည် ။ |
|
Posted: 10 Aug 2016 06:29 PM PDT ဦးဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA ကိုးကန့် အပါအဝင် တအာင်းပလောင် တပ်မတော် TNLA ၊ AA ရခိုင်တပ်ဖွဲ့တို့မှ ဥက္ကဋ္ဌ အဆင့်ရှိသူများနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်တို့၏ မိုင်းလားတွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သဘောတူညီမှု တစ်စုံတစ်ရာမရရှိဘဲ ပြီးဆုံးသွားကြောင်း တအာင်းပလောင် တပ်ဖွဲ့တာဝန်ရှိသူက အတည်ပြုပြောဆိုသည် ။
သြဂတ်စ်လ ၉ ရက်နေ့က မိုင်းလားတွင် ပြုလုပ်သည့် ဆွေးနွေးပွဲမှာ ကိုးကန့်အဖွဲ့၏ အဓိက မဟာမိတ် အဖွဲ့ဖြစ်သော အိမ်ရှင်မိုင်းလား NDAA အဖွဲ့က ကြားဝင်စေ့စပ်ပေးမှုဖြင့် ဆွေးနွေးပွဲကျင်းပ ခဲ့ခြင်းဖြစ်သည် ။ “သဘောတူညီမှု တစ်စုံတစ်ရာမရဘဲ ပြီးဆုံးသွားတယ်။ ၂၁ ပင်လုံကို တက်ချင်ရင် ကျနော်တို့အဖွဲ့တွေက ကြေညာချက် ထုတ်ပေးဖို့ဆိုတဲ့ ကိစ္စမှာ စကားလုံးအသုံးအနှုန်းအရ အဆင်မပြေတဲ့အတွက် ဘာသဘောတူညီချက်မှ မရခဲ့တာပါ ” ဟု တအာင်းပလောင်အမျိုးသားတပ်မတော်မှ အထွေထွေအတွင်း ရေးမှူး တာ့ဘုန်းကျော်က ပြောသည် ။ ဘီဘီစီမြန်မာပိုင်း၏ သတင်းဖော်ပြချက်တွင်မူ အစိုးရဘက်မှ အဆိုပါအဖွဲ့သုံးဖွဲ့နှင့် ပတ်သက်၍ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွတ်ကြောင်း ကတိကဝတ် တောင်းခံခဲ့ခြင်းသာဖြစ်သည်ဟု ငြိမ်းချမ်းရေး ကော်မရှင် တာဝန်ရှိသူက ပြောကြောင်းဖော်ပြထားပြီး ယင်းတောင်းဆိုချက်မှာ ချက်ချင်းလက်နက်စွန့်ရန် တောင်း ဆိုခြင်းမဟုတ်ကြောင်း ဖော်ပြထားသည် ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို သြဂတ်စ်လ ၃၁ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားပြီး အဆိုပါအဖွဲ့သုံးဖွဲ့မှာ ယခင်အစိုးရ လက်ထက်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးရန် ငြင်းပယ်ခြင်းခံခဲ့ရသည့် အဖွဲ့များဖြစ်သည် ။ ယခင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ လမ်းပြမြေပုံအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲတက်ရောက်ခွင့်ရှိခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားတပ်ပေါင်းစု UNFC ဆွေးနွေးပွဲတွင်လည်း လက်မှတ်ရေးထိုးစေလိုသည့် သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည် ။ ၂၁ ရာစု ပင်လုံမှာ ကျွန်တော်တို့ တက်နိုင်မတက်နိုင်ဆိုတဲ့ကိစ္စက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လောလောဆယ် မူတည်နေပါတယ်။ အကုန်းလုံးကတော့ တန်းတူရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးချင်တာပေါ့။ ဟု တာ့ဘုန်းကျော်က ပြောသည် ။ |
|
Posted: 12 Aug 2016 12:55 AM PDT သျှမ်းပြည်နယ် လွှတ်တော်အဆောက်အဦးအသစ် တိုးချဲ့ဆောက်လုပ်မည့်မြေနေရာတွင် သက်တမ်း ရာကျော် နှစ်ရှည်ပင်ကြီးများ အမြောက်အများရှိနေသည့်အတွက် တောင်ကြီးမြို့ ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးအဖွဲ့များက အပြင်းအထန်ကန့်ကွက် နေကြောင်းသိရသည် ။
သျှမ်းပြည်နယ် လွှတ်တော်အဆောက်အဦးသစ် အား လက်ရှိပြည်နယ်လွှတ်တော်၏တောင်ဘက် တောင်ကြီးမြို့ ၏ အထင်ကရဖြစ်သော အိမ်တော် အတက်လမ်းမြေနေရာတွင် ဆောက်လုပ်ရန် သြဂုတ်လ ၁၀ ရက်နေ့က သက်ဆိုင်ရာဌာနမှ နှစ်ရှည်ပင်များခုတ် လဲရန် အမှတ်အသားများ ပြုလုပ်ခြင်း၊ မြေတိုင်းခြင်းများ ပြုလုပ် နေကြောင်း သိရသည် ။ '' တောင်ကြီးမြို့မှာ နှစ်ရှည်ပင်တွေအများဆုံးကျန် တဲ့နေရာ ဆိုလို့ ဒီအိမ်တော်နေရာ ပဲရှိတော့တယ်။ သူတို့ခုတ် မယ်လို့အမှတ်အသား ပေးထားတဲ့ နှစ်ရှည်ပင်တွေက တစ်ရာကျော် လောက်ရှိတယ်။ ကျမတို့ ဒေသခံတွေအနေနဲ့ ဘယ်လိုမှလက်ခံလို့မရပါဘူး '' ဟု Living Earth Green Network အဖွဲ့မှ ဒေါ်ချယ်ရီကျော် က ပြောသည် ။ ယင်းကိစ္စ နှင့်ပတ်သက်၍ တောင်ကြီးမြို့ပေါ်ရှိ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများမှ ကန့်ကွက်လက်မှတ် များကောက်ခံပြီး သျှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်လွှတ်တော် နှင့် သမ္မတရုံးအထိကန့် ကွက်စာတင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရပါသည် ။ အဆိုပါရပ်ကွက်သည်၁၈၉၀ပြည့်လွန်နှစ်များတောင်ကြီးမြို့စတင်တည်ထောင်စဉ်ကတည်းကအင်္ဂလိပ်အစိုးရကောင်စီဝင်ကိုယ်စားလှယ်အရာရှိများနေထိုင်သည့်ရပ်ကွက်ဖြစ်သည် ။ |
||
|
သျှမ်းပြည်အမျိုးသားညီညွတ်ရေးလမ်းမပေါ်သို့ ပေါင်းစုပါဝင်မှုဖြင့် CSSU ဦးဆောင်မှုပြုနေ Posted: 11 Aug 2016 06:23 PM PDT သျှမ်းပြည်အမျိုးသားများညီညွှတ်ရေးလမ်းမပေါ်သို့ ပေါင်းစုပါဝင်မှုဖြင့် CSSU ဦးဆောင်မှုပြုနေသည် ဟု ချင်းမိုင်မြို့၌ သျှမ်းလက်နက်တပ်များ၊ သျှမ်းပါတီများပါဝင်သည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ ဝင်များ တွေ့ဆုံစဉ် အထွေထွေအတွင်းရေးမှူးကြီး စိုင်းညွှန့်လွင် က ပြောသည် ။
“ ဖြစ်ပေါ်လာတဲ့အခွင့်အလှမ်းတွေကို CSSU ဦးဆောင်လုပ်သွားတာအကောင်းဆုံးဘဲ၊ စုပေါင်းဦး ဆောင်ပြီးသွားနေတဲ့ဟာက သျှမ်းပြည်သားတွေ အတွက် အကောင်းဆုံး ဖြစ်လာမယ်လို့ယုံကြည်တယ်” - ဟု CSSU အထွေထွေအတွင်းရေးမှူးကြီးလည်းဖြစ်၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သည့် စိုင်းညွှန့်လွင် က ပြောသည် ။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ၂၁ ရာစု ပင်လုံညီလာခံဆိုင်ရာ ကိစ္စရပ်များလည်း ဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲတက်ရောက်သည့် သျှမ်းပြည်တပ်မတော် အတိုင်အပင်ခံပုဂ္ဂိုလ် CSSU အထွေထွေအတွင်းရေးမှူးဟောင်း စဝ်ပင်ခမ်းက ပြောသည် ။ “၂၁ ရာစု ပင်လုံဘဲဖြစ်ဖြစ်၊ တခြားသော နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးပွဲမှာဘဲဖြစ်ဖြစ် အားလုံးက ၁၉၄၇ ကတိကဝတ်နဲ့ ၁၉၆၁ ခု က တောင်ကြီးညီလာခံ မှာ ဆွေးနွေး ဆုံးဖြတ်တဲ့အကြောင်းအရာတွေကို နိုင်ငံရေးလက်စွဲအဖြစ် စွဲကိုင်သွားဖို့ သဘောတူကြတယ်” - ဟု စဝ်ပင်ခမ်းက ပြောသည် ။ ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ CSSU အဖွဲ့ဝင်များဖြစ်ကြသည့် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသော RCSS/SSA ကိုယ်စားလှယ်များ၊ SSPP/SSA ကိုယ်စားလှယ်များအပါအဝင် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SSJAC မှ ကိုယ်စားလှယ်များ စုစုပေါင်း သုံးဆယ်ကျော်တက်ရောက်သည် ။ |
|
ညောင်ရွှေဟော် နန်းတော်ဝင်းအတွင်း ဈေးတန်းဖွင့်မည့်ကိစ္စ တော်ဝင်မိသားစုများစိုးရိမ် Posted: 13 Aug 2016 04:09 AM PDT ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းမြှင့်တင်ရန် သမိုင်းဝင် အမွေအနှစ်ဖြစ်သော ညောင်ရွှေ ဟော်ဝင်းအတွင်း ညဈေးတန်း ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချမည့်သတင်းကြောင့် ညောင်ရွှေ ဟော်နန်း တော်ဝင် မိသားစုများ နှင့် သျှမ်းပြည်အရေးလေ့လာစောင့်ကြည့်သူများက အထူးစိုး ရိမ်နေကြသည် ။
'' ဟော်ဝင်းအတွင်း ညဈေးဖွင့်မယ့်ကိစ္စ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်စီစဉ်နေတယ် လို့ သတင်းစာ တွေထဲပါလာတော့ အရမ်းစိတ်ပူသွားတယ်။ သမိုင်းဝင်အမွေအနှစ်တွေ ဘယ်လောက်ပျက်စီး ထိခိုက် မလဲစဉ်းစားသာကြည့်တော့ ။ ဒီကိစ္စကျမတို့လုံးဝ လက်မခံနိုင်ပါဘူး '' ဟု သမ္မတဟောင်း စဝ်ရွှေသိုက် ၏ သမီးဖြစ်သူ စဝ်ဟေမာသိုက် ကပြောသည် ။ ယင်း ကိစ္စနှင့်ပတ်သက်၍ ညောင်ရွှေလွှတ်တော် အမတ်တစ်ဦးဖြစ်သော ဦးနေမျိုးအား ဆက်သွယ် မေးမြန်းခဲ့ရာ '' လတ်တလောအကောင်အထည် ဖော်နေတာတော့ မတွေ့ ရသေးပါဘူး၊ တကယ်လို့ လုပ်မယ်ဆိုရင်တော့ ကန့်ကွက်ကြလိမ့် မယ်ထင်တယ် '' ဟု ၄င်းကပြောသည် ။ ညောင်ရွှေဟော်နှင့်ပတ်သက်၍ သမ္မတဟောင်း စဝ်ရွှေသိုက်၏ ဇနီး ဒေါ်မြဝင်း မကွယ်လွန်မှီ ၂၀၁၃ မှစ၍ ၂၀၁၆ ဂျွန်လအထိ နိုင်ငံတော်သမ္မတ နှင့် သျှမ်းပြည်နယ် ဝန်ကြီးချုပ်တို့ထံ ဟော်နန်းအား မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ မိသားစုစီမံမှု (Family Settlement) အဖြစ် ဟော် ဝန်းအား ပြန်လည်ရ ယူလိုကြောင်း စာတင်၍အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ပြည်နယ်အစိုးရ မှအကြောင်းတစ်စုံ တစ်ရာပြန်ကြားခြင်းမရှိခဲ့ဟု စဝ်ဟေမာသိုက်ကရှင်းပြသည် ။ မြန်မာနိုင်ငံပထမဆုံးသမ္မတ အင်းလေးဒေသကို အုပ်ချုပ်မင်းလုပ်သူ စဝ်ရွှေသိုက် စံမြန်းသည့် ဟော်ယောင်ဟွေ့ (ညောင်ရွှေဟော်နန်း) သည် ၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်း စဉ်မှစ တော်ဝင် မိသားစုများ နေထိုင်ခွင့်မရဘဲ သမိုင်းပြတိုက်၊ ယဉ်ကျေးမှုပြတိုက်၊ ဗုဒ္ဓဝင်ပြတိုက် အဖြစ် အာဏာရ မြန်မာစစ်အစိုးရက အမည်အမျိုးမျိုးပြောင်းလဲ ခေါ်ဝေါ် သတ်မှတ်ခဲ့သည် ။ |
|
သျှမ်းပြည်နယ်လွှတ်တော်ရုံးအသစ်တည်ဆောက်ရေးစီမံကိန်း ကျားခေါင်းပါတီကန့်ကွက် Posted: 14 Aug 2016 02:41 AM PDT တာင်ကြီးမြို့အထင်ကရတောအုပ်အားခုတ်ဖြတ်၍လွှတ်တော်ရုံးအသစ်တည်ဆောက်မည့်စီမံကိန်း အစားအခြားလူထုအကျိုးပြုစီမံကိန်းအဖြစ်ဘတ်ဂျတ်ပြောင်းလဲအသုံးပြုသွားရေးအတွက်ကျားခေါင်းပါတီမှဩဂတ်စ် ၁၁ ရက်က ကြေငြာချက်ဖြင့်ထုတ်ပြန်ကန့်ကွက်သည် ။
သျှမ်းပြည်နယ်ဝန်ကြီးချုပ်ရုံးနေအိမ်အသွားလမ်းတောင်ဘက်ခြမ်းထင်းရှူးတောနှင့်တောင်ကြီးမြို့တည်စနှစ်ရှည်ပင်များခုတ်ထွင်ရှင်းလင်းကာသျှမ်းပြည်နယ်လွှတ်တော်ရုံးအသစ်တည်ဆောက်ရန်တိုင်းထွာမှုများစတင်နေသည့်စီမံကိန်းများရပ်တန့်ရန်၊အဆိုပါဘတ်ဂျတ်အားလူထုအကျိုးပြုမည့်အခြားဖွံဖိုးရေးစီမံကိန်းများတွင်အသုံးပြုသွားနိုင်ရေးဖြစ်သည်ဟုတောင်ကြီးမြို့ကျားခေါင်းပါတီအတွင်းရေးမှူးနန်းမြဦးကပြောသည် ။ “ နိုင်ငံတော်ဘတ်ဂျက်ကို မလိုအပ်ပဲ မဖြုန်းတီးသင့် သလို နဂိုရှိရင်းစွဲ သဘာဝသစ်ပင်အလှမြို့ရဲ့ ကျက်သရေ ဆောင်အလှ၊ တောင်ကြီးမြို့ရဲ့ ဂုဏ်သရေဆောင်တဲ့ ထင်းရူးပင် အလှတရားကိုလဲ မပျောက်ကွယ်စေချင်ပါဘူး။ နဂိုအဆောက်အဦးကသာလျှင် သျှမ်းပြည့်သမိုင်းဝင် ဂုဏ်ဆောင်သော အဆောက်အဦးဘဲ၊ အဲဒါကိုဘဲ လွှတ်တော်ရုံးအဖြစ် ဆက်ရှိစေလိုတယ်” - ဟုနန်းမြဦး က ပြောသည် ။ ယင်းကိစ္စ နှင့်ပတ်သက်၍ တောင်ကြီးမြို့ပေါ်ရှိ သဘာဝပတ်ဝန်းကျင် ချစ်မြတ် နိုးသူများမှလည်း ကန့်ကွက်လက်မှတ်များကောက်ခံနေလျှက်ရှိကြောင်း၊ ထိုမှတဆင့် သျှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် နှင့် သမ္မတရုံးအထိကန့်ကွက်စာတင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရပါသည် ။ အဆိုပါရပ်ကွက်သည် ၁၈၉၀ ပြည့်လွန်နှစ်များတောင်ကြီးမြို့စတင်တည်ထောင်စဉ်ကတည်းက အင်္ဂလိပ်အစိုးရကောင်စလိတ်များနေထိုင်သည့်ရပ်ကွက်ဖြစ်သည် ။ |
||
|
မိုးခေါင်ရေရှားမှုကြောင့် မိုင်းပန်မြို့နယ်လယ်သမားများ ရေအခက်တွေ့ Posted: 14 Aug 2016 02:37 AM PDT သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ မိုင်းပန်မြို့နယ်တွင် မြစ်ချောင်းအင်းအိုင်ခမ်းခြောက် မှုကြောင့် လယ်ယာလုပ်ငန်းရှင်တောင်သူဦးကြီးများ ရေအခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံ များကပြောသည် ။
“ ဒီနှစ်ရေအရမ်းခက်တယ်။ ၄၀ ရာခိုင်နှုန်းကလုံးဝ မစိုက်ရသေးဘူး။ ကောက်စိုက်ပြီးသား ၆၀ ရာခိုင် နှုန်း ကလည်း လယ်သွင်းဖို့ရေမရှိလို့ ပျိုးပင်တွေ သေကုန်တယ်။ ဟိုဖိုင်ဆည်လဲရေမစီးတော့ဘူး။ နမ့်လင်းရေကျ တောင်မှ ရေမကျတော့ဘူး” ဟု သျှမ်းသံတော်ဆင့်အားပြောသည် ။ မိုင်းပန်မြို့သားများ အားထားရသည့်နမ့်ပန်ချောင်း ခေါ် နမ့်တင်းချောင်းရေသည်လည်း ခမ်းခြောက် သည့် အပြင် သဘာဝ နမ့်ဟူးရေထွက်၊ နောင်လုံကန်၊ နန်းယေ့ဆိုင်ကော်ကန်တို့မှာ ခမ်းခြောက် ကုန်ကြောင်း အသက် ၅၀ ခန့်ရှိ ဒေါ်နန်းစံက ပြောသည် ။ “ကန်ရေတွေ နမ့်ဟူးတွေ မပြောနဲ့ အိမ်သုံးရေတွင်းတောင်ရေခမ်းတယ်။ အဲတာကြောင့် အဝီစိတွင်း တူးရတာပေါ့။ အဝီစိတွင်းတူးရင် ၄ သိန်းခွဲကျော်ကျော်လောက်ကျတယ်။ အဲတာကြောင့် လယ်တွေ မစိုက်နိုင်သေးတာ။ တအားလိုအပ်တဲ့ခါကျတော့ ချေးငှားပြီးအဝီစိတွင်းတူးကြတာပေါ့၊ လယ်ရေဖြည့်ဖို့ ” - ဟု လည်း ဒေါ်နန်းစံကဆက်ပြောသည် ။ ထိုသို့ မြစ်ချောင်းအင်းအိုင်နှင့် တွင်းရေ ကန်ရေများခမ်းခြောက်ရခြင်းမှာ စည်းမဲ့ကမ်းမဲ့ သစ်များ ခုတ်ယူမှု၊ သဘာဝ ပတ်ဝန်းကျင် အား တန်ဖိုးမထားမှု တို့ကြောင့် ဖြစ်သည်ဟု သျှမ်းပြည်သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့မှ စိုင်းခေးဆိုင်ကပြောသည် ။ မိုင်းပန်မြို့နယ်အတွင်းနေ ဒေသခံပြည်သူများသည် ဝမ်းရေးအတွက် ဆန်စပါး စိုက်ပျိုးရေး လုပ်ငန်း အဓိက မှီခိုအားထားသည့်မြို့တမြို့ဖြစ်သည်။ |
|
ဂိတ်ရှောင်ကုန်တင်ကားကြီးများကြောင့် လမ်းများပျက်စီး မူစယ်ဒေသခံများအခက်တွေ့ Posted: 15 Aug 2016 08:17 AM PDT သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် မူစယ်မြို့နယ်ဘက်မှ လိုင်စင်မဲ့ တန်ချိန်ပိုကုန်ကား ကြီးများ ရွှေလီမြစ်တဖက်ကမ်းသို့ နေ့စဉ် ဖြတ်သန်းနေသဖြင့် ကားလမ်းပျက်စီးမှု ကားလမ်းပိတ်မှု များ ဖြစ်ပွါးကာ ဒေသခံကားများသွားလာမှုခက်ခဲကြောင်းသိရသည် ။
ဩဂတ်စ် ၁၂ ရက်နေ့က မူစယ်မြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော် အမှတ် ၁ စိုင်းကျော်သိန်းမှ ဒေသခံအကြီးအကဲ ၈၀ ကျော်အား တွေ့ဆုံကာ ကုန်တင်ကားကြောင့် ပျက်စီးနေသည့်လမ်းကိစ္စများ၊ ယာဉ်အသွားအလာကြပ်မှုများ ဖြေရှင်းဖို့ရန် ဆွေးနွေးခဲ့၏ ။ ရွှေလီမြစ်တဘက်ကမ်း စယ်လန့်သို့ ကူးရန် ကုန်ကားများမှာ နေ့စဉ် ကူးတို့ဆိပ်တွင် ပြည့်နှက်နေ သည့်ကြောင်း သျှမ်းလူငယ်အဖွဲ့မှ စိုင်းမောဝ်းကပြောသည် ။ “မူစယ်ဘက်ကနေ တရုတ်ဘက်ခြမ်းသွားဖို့ အသုံးများတာက နောင်မွန်း ကူးတို့ဆိပ်ပေါ့။ ဒီ ဆိပ် သွားဖို့ ရွာတွေဖြတ်သွားရတယ်။ ပန်ခမ်းရွာ ၊ နောင်ယန်း ရွာ ၊ တင်းလုံရွာ ၊ တုံးဟွန်းချိုရွာ ၊ စန်းဆာရွာ ၊ နောင်မိုရွာ ၊ ဆိုင်းခေါဝ်ရွာ နဲ့ စယ်လန့် ရွာ တွေပေါ့။ ကုန်ကားကြီးတွေ နေ့စဉ် ဖြတ်သန်းသွားလာတာကြောင့် ရွာခံတွေက အခက်အခဲတွေ ရင်ဆိုင်ရတယ်။ ရွာလမ်းပျက်စီးတာ၊ ပတ်ဝန်းကျင်လေထု ညစ်ညမ်းတာ၊ ရွာတွင်း ကလေး သူငယ်တွေအတွက် လုံခြုံရေး၊ ကားလမ်း ကျပ်ပိတ်မှု စတာတွေပေါ့နော် ” ဟု စိုင်းမောဝ်း ကဆက်ပြောပါသည် ။ အဆိုပါကုန်တင်ကားကြီးများမှာ တရားဥပဒေနှင့်အညီ တင်ပို့သွားလာနေသည့် ကားများ မဟုတ်ကြောင်း၊ သျှမ်းပြည်ဘက်မှ ထွက်ကုန်များနှင့် သယံဇာတများ၊ သစ်များ ဝါးများနှင့် မြေကြီးများတင်ဆောင်သည့်ကားကြီးများလည်းပါဝင်ပြီးတော်တော်များများ မှာ လိုင်စင်မဲ့ ကားကြီးများဖြစ်နေကြောင်း မူစယ်ဒေသခံ စိုင်းအိုက်ယီ့ ကလည်းပြော သည် ။ “၂၀၁၂ ခုနှစ် နောက်ပိုင်းမှာအခုလို တင်ပို့မှုတွေ များလာတာ။ တရုတ်ဘက်ကလာတာ အဲဒီကုန် ကားကြီးတွေက။ ၆ ဘီးကားတွေ ၁၂ ဘီးကားတွေ။ ရွာလမ်းက ဘယ်ခံနိုင်ပါ့ မလဲ။ သူတို့က တရုတ်ပြည်ဘက်ကဂိတ်တွေကိုရှောင်တာလေ။ အခွန်အရမ်း များတယ် ပြောတယ်။” - ဟု ကားသမားများအသိုင်းအဝိုင်းမှ စိုင်းအိုက်ယီ့က ဆက်လက်ပြောပြ သည် ။ မြန်မာနိုင်ငံဘက်ခြမ်း မူစယ်မြို့၌ ၂၀၁၅ ခု နှစ်ကုန်ပိုင်းကစပြီး ၂၀၁၆ နှစ်ဦးပိုင်းအထိ တရုတ် ပြည်မှ တရားမဝင် ၀င်ရောက်လာသော တရုတ်နံပါတ်ပြားတပ် ကုန်တင်ကားကြီး (ကဲ့ကား) များကို မြန်မာအာဏာပိုင်များက ဖမ်းဆီး ဒဏ်ငွေရိုက်နေသည်ဟု ဆိုသော်လည်း ထိရောက် သည့်အရေးယူမှုများမရှိဘဲ ကုန်ကားကြီးများမှာ မှော်ခိုပစ္စည်းများအား ယနေ့တိုင် သယ်ဆောင်မှုရှိနေ သေးကြောင်းမူစယ်မြို့ခံများကပြောသည် ။ |
|
Posted: 16 Aug 2016 02:54 AM PDT တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သည့် သျှမ်းပြည်နယ်ကို Federated Shan States အဖြစ် စုစည်းပြီး ပြည်ထောင်စု မြန်မာနိုင်ငံကြီးတွင် ပါဝင်သွားမည်ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦး က တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှူး အား တွေ့ဆုံစဉ် ပြောကြားလိုက်သည် ။
“ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့် အဝရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု အဖြစ် တည်ဆောက်သွားဖို့လိုလား တယ်။ သျှမ်းပြည်နယ် အတွင်းရှိတဲ့ တိုင်းရင်းသား များကို စုစည်းပြီး Federated Shan States အဖြစ် ရည်မှန်းပြီး ပြည်ထောင်စုကြီးမှာ ပါဝင်သွား ရန် ဆန္ဒရှိတယ်။ ပြည်ထောင်စုအတွင်းကနေ ခွဲထွက်သွားခြင်း မလိုလားဘူး၊ အားလည်း အားမပေးဘူး။ SNLD အနေနဲ့ မြန်မာနိုင်ငံမှာ လက်တွေ့ကျတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတစ်ရပ် ပေါ်ထွန်းလာဖို့အတွက် ကျရာ အခန်းကဏ်ဏ္ဍ ကနေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားတယ် စသည်ဖြင့် ကျနော်တို့ ဥက္ကဋ္ဌက ဆွေးနွေးပြောကြားပါတယ်” ဟု စိုင်းထွန်းအေး က ပြောကြားပါသည် ။ တိုင်းရင်းသားလူမျိုးများအရေးနှင့် ပတ်သက်၍ မစ္စတာဆုန့်ထောင်း က − မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုး အသီးသီးတို့ သည် နောက်ခံ သမိုင်းေ ကြာင်း၊ ယဉ်ကျေးမှုတို့ ကွဲပြားရှုပ်ထွေးကြောင်း၊ ပြဿနာကို ဖြေရှင်း ရာတွင် မှန်ကန်သော နည်းလမ်း ကျင့်သုံးသွားရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၅၆ မျိုးရှိပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ငါးခု သတ်မှတ်ပေးထားကြောင်း၊ လူနည်းစုအရေးကို စဉ်းစားရာတွင် တန်းတူရေး တစ်ခုတည်းဖြင့် မလုံလောက်ကြောင်း၊ လူနည်းစုများ ကို ပိုပြီးတော့ ဦးစားပေး ရမှဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တိုင်းရင်းသားလူနည်းစုများ၏ ငြိမ်းချမ်းရေး လိုလားတောင့်တ မှုဆန္ဒကို ထောက်ခံပါ ကြောင်း စသည်ဖြင့် ဆွေးနွေးသွားကြောင်း စိုင်းထွန်းအေးက ပြောပါသည် ။ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦး က သျှမ်းပြည်နယ် လူထု ရင်ဆိုင်နေရသော နယ်စပ်ကုန်သွယ်ရေး အခက် အခဲများ၊ နယ်စပ်ကုန်သွယ်ရေး အပေါ် မှီခို နေရသည့် သျှမ်းပြည်နယ်၏ စိုက်ပျိုးရေး အခြေအနေနှင့် တောင်သူလယ်သမားများ၏ ဘဝအခြေ အ နေများကို တင်ပြဆွေးနွေးခဲ့သေးကြောင်း သိရပါသည် ။ တရုတ်ကွန်မြူနစ်ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းမှ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဆက်ဆံမှုပြုလုပ်လာပြီး ၂၀၁၆ မတ်လတွင် တိုင်းရင်းသား နိုင်ငံရေးပါတီ ကိုယ်စားလှယ်များအား တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ဖိတ်ခေါ်ရာတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကိုပါ ထည့်သွင်းဖိတ်ကြားခဲ့သည် ။ |
|
ပင်လုံစာချုပ် နှင့်ပင်လုံစိတ်ဓါတ်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအမြင် အား ဝေဖန် ဆန်းစစ် ခြင်း Posted: 17 Aug 2016 07:58 AM PDT ဒ်ါအောင်ဆန်းစုကြည် ၏ အလိုအရ “ပင်လုံ စာချုပ်” သည် အဓိကမကျ။ “ပင်လုံ စိတ်ဓာတ်” သည် သာလျင် ပြည်ထောင်စု မြန်မာနိုင်ငံ ကိုထူထောင် ရန် နှင့် ၁၉၄ဂ ခုနှစ်တွင် ဗြိတိသျှ ထံမှ လွတ်လပ် ရေး ကို အရယူ ပေးနိုင်ခဲ့ ပြီး အဓိက ကျသော အချက်ဖြစ်သည်။
လွန်ခဲ့သော ဂျွန် လ နှင့် ဂျူလိုင်လများ တွင် NCA လက်မှတ်ရေးထိုးပြီး သည့် တိုင်းရင်း သားလက် နက်ကိုင် အဖွဲ့ အစည်းများ နှင့် တကြိမ်၊ လက်မှတ်မထိုးသေးသော အဖွဲ့ များ နှင့် တကြိမ် အသီး သီး တွေ့ဆုံခဲ့ကြရာတွင် နှစ် ကြိမ် နှစ်ခါ စလုံး ဒေါ်အောင်ဆန်းစုကြည်က သူ၏ အဆိုပါ နိုင်ငံရေး အမြင် ကို အတိအလင်းပြောကြားခဲ့သည်။ နိုင်ငံရေး နိုးကြားမှုမြင့်တက်နေသော တိုင်းရင်းသား အင်အားစု အသိုင်း အဝိုင်း နှင့် ယျထဘူတကျကျ စဉ်းစားတွေးခေါ် သည့် ဗမာ နိုင်ငံရေး လောက တို့ တွင် ဤ ကိစ္စ နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု ကိုဖြစ် စေ သည်မှာ အမှန်ပင် ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဤကိစ္စ နှင့်ပတ်သက်၍ မည်သို့ တိတိကျကျပြောဆိုခဲ့သည် ကို အနီးကပ် စောကျော လေ့လာကြည့် ရာ အောက်ပါအတိုင်းတွေ့ ရသည်။ သြဂုတ် လ (၄) ရက်ထုတ် သျှမ်းသံတော်ဆင့်တွင်ဖေါ်ပြချက်အရဆိုလျင် ဂျူလိုင် လ (၁ရ) ရက်နေ့ တွင် UNFC နှင့် ရန်ကုန်တွင်တွေ့ဆုံခဲ့စဉ် က ပင်လုံနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ပြောဆိုခဲ့သည်ဟု သိရသည်။ ”ပင်လုံညီလာခံဆိုတာ ပင်လုံ Agreement အပေါ်မှာအခြေခံမှာ လား။ ပင်လုံစိတ်ဓါတ်အပေါ်မှာ အခြေခံတာ လား။ ပင်လုံသဘော တူညီ ချက် ဟာ ယျေဘုယသဘောဆန်ပါတယ်။ တိတိကျကျရယ်လို့တော့မဟုတ်ပါ ဘူး။ ပြန်ဖတ်ကြည့် မယ်ဆိုရင်တော့ အဓိက ပါနေတာက ကချင်နဲ့ ပတ်သက်တဲ့ဟာ ပါတာပါ ။ တခြားတိုင်းရင်း သားတွေနဲ့စာ လို့ရှိရင် တော့ အပိုဒ် ၅ အပိုဒ် ၆ နဲ့အပိုဒ် ၉ မှာ သေသေချာချာကို ကချင်ဆိုပြီးတော့ ဖော်ပြ ထားတာရှိပါတယ်။ ၈ မှာတော့ ရှမ်းကို ဖော်ပြ ထား ပါတယ်။ ရှမ်းကိုဖော်ပြထားရာမှာ လည်း တကယ်တော့ General ဖြစ်ပါတယ်။ ဥပမာ (VIII) The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.အဲတော့ without prejudice ဆိုတာ အဓိပ္ပါယ်အမျိုးမျိုးဖော်လို့ရပါတယ်။ အဲတော့ ပင်လုံစာချုပ်အတိုင်းသွား မယ်ဆို လို့ရှိရင် တောင်မှ လိုတိုးပိုလျှော့ တွေအများကြီးလုပ်နိုင်တဲ့အခြေအနေရှိပါတယ်။ ဒါဟာကျမတို့အ တွက် ပြဿနာ မဖြစ်နိုင်ပါဘူး။ ပြဿနာက တကယ်ကျမတို့ သဘောတူညီမှုယူချင် တယ် ဆိုလို့ရှိရင် ဘာမှပြသနာမရှိပါဘူး။ ကျမက ပင်လုံစိတ်ဓါတ် လို့ပြော တာဟာ ပူးပေါင်း ဆက်ဆံရေး။ ပူးပေါင်း ခြင်းအားဖြင့်ပေါ့နော်။ ဒါပေမယ့် ကျမ တို့က စိတ်ဓါတ်ဘဲယူရမယ်။ ဒီထဲမှာ ရှမ်း၊ ကချင်၊ ချင်း၊ ဗမာ ပါတယ်။ မွန်မပါ ကယားမပါ။ မပါတာတွေအများကြီးဘဲ။ ဒါကြောင့်ကျမက ပင်လုံ စိတ်ဓါတ်ကို အခြေခံပါလို့ပြောတာ။ ပင်လုံစာချုပ်ကိုအခြေခံမယ်ဆိုရင် ကချင်၊ ချင်း၊ဗမာ၊ ရှမ်း နဲ့ဘဲပြီးသွားရောလားဆိုတာ- မဖြစ်နိုင် ပါဘူး။ နောက် ပင်လုံစာချုပ် ထဲကအတိုင်း လို့မပြောတာဟာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ကန့်သတ် ချင်လို့မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ပင်လုံစာချုပ်က ကျဉ်းလွန်းလို့ပါ။ ဒါ့ထက်ပိုပြီးတော့ ကျယ်ပြန့်ဖို့ကျမ တို့လိုပါတယ် တကယ့်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုလို့ရှိရင်ပေါ့။“ ဒေါ်စုဆိုလိုသည်မှာ ရှမ်းပြည်ထောင်များ နှင့် ချင်း၊ ကချင်တောင်တန်း ဒေသများ သည် ဗမာ နှင့် အတူ လွတ်လပ်ရေး ကို အတူတကွ ရယူရန် ဆုံးဖြတ်ခဲ့သည့် အချက် သည် လွတ်လပ်ရေး ကို ဆောင်ကျဉ်း ပေးခဲ့သည့် အချက် ဖြစ်သည့်အလျောက် ပင်လုံ ဟူသော မြို့ ကလေးတွင် ပင်လုံစိတ်ဓါတ်မွေးဖွားခဲ့ ခြင်းဖြစ်သည်။ ထို့ကြောင့် ပင်လုံ စိတ်ဓါတ်သည်သာ လျင် ပင်လုံစာချုပ်ထက် ပို၍ အရေးကြီး သည် ဟုဆိုလိုယင်းဖြစ်သည်။ နောက်တစ်ချက်ထောက်ပြ ပြောဆိုသွားသည်မှာ ကရင်နီ၊ မွန်၊ ကရင် နှင့် ရခိုင် နှင့် အခြား လူမျိုးများ မပါဝင်ခဲ့ သဖြင့် ပင်လုံစာချုပ်သည် ကျဉ်းမြောင်း နေသည်၊ ပို၍ ကျယ်ပြန့်အောင်လုပ်ရန်လိုအပ် သည်။ ပင်လုံစာချုပ်ကို ပစ်ပယ်ကာ ပိုမိုပြည့်စုံသော စာချုပ်တစ်ခုဖြင့် အစားထိုးရမည်ဟု ဆိုလိုဟန်ရှိ သည်။ စောစောပိုင်း (၂ဂ)ဂျွန် လတွင် လက်မှတ်ရေးထိုးခဲသော အဖွဲ့ (ဂ)ဖွဲ့ နှင့် နေပြည်တော်တွင် တွေ့ ဆုံစဉ်ကလည်း အောက်ပါအတိုင်းတိတိကျကျ ပြော်ဆိုခဲ့သည်။ “ ပင်လုံညီလာခံဆိုတာဘာကိုပြောလိုတာလဲ၊ ပင်လုံစိတ် ဓါတ်ကို ပြောလို တာလား၊ စာချုပ် ကို ပြောလိုလား၊ သဘောတူညီချက်ကို ပြောတာလား လို့ မေးခွန်းတွေမေးလာတာရှိပါတယ်၊ပထမဦးဆုံး အား ဖြင့် တော့ ပင်လုံစာချုပ်ကိုဘဲ ပြော တာမဟုတ်ပါဘူး။ ပင်လုံစာချုပ်ကအဓိက မဟုတ်ပါဘူး လို့ပြောချင်ပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ပင်လုံစာချုပ်က အဲဒီအချိန်အခါတုန်းကလွတ် လပ်ရေးရဖို့ချုပ်ဆိုခဲ့ခြင်းဘဲ ဖြစ်ပါ တယ်၊ လွတ် လပ်ရေး ကိစ္စနဲ့သက် ဆိုင်ပြီး ချုပ်ဆိုခဲ့ခြ င်ဘဲ ဖြစ်ပါတယ်၊ စာချုပ်ကိုချုပ်ဆိုတဲ့ တိုင်းရင်းသားတွေ ကအားလုံးသိကြတဲ့အတိုင်း အနည်းအကျဉ်းဘဲ ပါတယ်၊ မပါတဲ့သူတွေ က ပင်လုံ စာချုပ်အ ပေါ်အခြေခဲ့ မယ်ဆိုရင်မိမိတို့ တိုင်းရင်းသား လူမျိုးစုတွေ ကိုလစ်လျူရှုထားတာလား လို့မေးစရာဖြစ်လာမယ်။ ဒေါ်အောင်ဆန်းစုကြည်၏ ပင်လုံစာချုပ်အပေါ် သဘောထားအမြင်သည် လူအတော်များများကို စိတ်အနှောက်အ ယှက်ဖြစ်စေခဲ့ပါသည်။ တစ်ချို့ ကလည်း ဒေါ်အောင်ဆန်းစုကြည် ၏ ရပ်တည်ချက်သဘောထား သည် လွတ်လပ်ရေး ရလုဆဲ အချိန် ၁၉၄၇ ခုနှစ် တွင် လုပ်ကြံခံခဲ့ရသည့် သူ ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည့် သဘော အဓိပ္ပါယ်ကောက်ယူ ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄ရ နှစ် ပင်လုံစာချုပ်ချုပ်ဆိုသည့် ကာလတွင် အဓိက ဇတ်ဆောင်ဖြစ်ခဲ့ ပြီး ယင်း ကာလ ကြားဖြတ်မြန်မာ အစိုးရ၏ ကိုယ်စားလှယ်လည်းဖြစ်ခဲ့ပါသည်။ သို့ ဖြစ်သည့် အလျောက် ဒေါ်စု ၏ အမြင်သဘောထားများသည် မည်သည့် အတိုင်းအတာ အထိ ယျထဘူတကျကျ အဆက်အစပ် ရှိသည် ကို စမ်းစစ်ရန် လိုအပ်လာပါသည်။ ပထမ အချက်ဖြစ်သည့် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေး ကို အတူတကွ ရယူရန်အတွက် ပူးပေါင်း ခဲ့ ကြ ခြင်းသည် အရေးကြီး သောအချက် တစ်ချက် ဖြစ် သည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့ရာတွင် အပြည့်အဝမှန်ကန် သည်ဟုမဆိုနိုင်ပေ။ ထိုစဉ်ကာလ ပင်လုံ ညီလာခံ တလျောက်လုံး တွင် တောင်တန်းဒေသ ခေါင်းဆောင်များ သည် တစုံတရာ အတိုင်းအတာ တခုအထိ ကြီးမားသော သံသယစိတ် များရှိခဲ့သည်ကို အထင်အရှားမြင်တွေ့ ရပါသည်။ တောင်တန်းဒေသများ အနေနှင့် မိမိတို့ အမှန်တကယ်လိုလားေ သာ တန်းတူ၍ လွတ်လပ်သည့် စစ်မှန်သောပြည်ထောင်စု နိုင်ငံသစ် အစား ဗမာ က ဗြိတိသျှ နေရာကိုဝင်ယူကာ အုပ်စိုးသူ လက်သစ် အဖြစ် တောင် တန်းေ ဒသ များ အပေါ် တဖက်သတ် စိုးမိုးချုပ်ချယ် လာ မည်ကိုစိုးရိမ်မှု တို့ ရှိနေခဲ့ သည် ကို၎င်း အထင်အရှားမြင်တွေ့ နိုင်ပါသည်။ ဤသို့ သံသယဝင်ကာ စိုးရိမ်ခဲ့ကြသည် အတိုင်း အမှန်တကယ်ဖြစ်လာ သည်ကို ဗြိတိသျှတို့ လက်အောက်မှ လွတ်လပ်ရေးကိုရလာသည့် အချိန်မှ စတင်ကာယနေ့ အထိ ဖြစ်ပျက်နေသော နိုင်ငံရေး ဖြစ်စဉ်များ က သက်သေထူပြီးဖြစ်ပါသည်။ ပြည်ထောင်စု မြန်မာ နိုင်ငံ အခြေခံဥပဒေ (၁၉၄၇) တွင် ခွဲထွက်ခွင့် ပုဒ်မပါရှိ လာ သည်မှာ ဗိုလ်ချုပ်အောင်ဆန်း သည် တိုင်းရင်းသား လူမျိုးများ ၏ စိုးရိမ်မှုများလျော့ပါးအောင် မည်သည့် အတိုင်းအတာ အထိ ဆောင်ရွက်ခဲ့ရ သည် ကို ထင်ရှား စေပါသည်။ သို့ဖြစ်ပါသဖြင့် ၁၉၄ရ ခုနှစ် ပင်လုံတွင် ရရှိခဲ့သည့်ပူးပေါင်းမှု ဟူသည် မှာ ဒေါ်စုပုံဖေါ်သကဲ့သို့ သံသယစိတ်များ အကြွင်းမဲ့ ကင်းစင်သည့် ပူးပေါင်း မှု မျိုး မဟုတ်ခဲ့ပါ။ တိုင်းရင်းသားလူမျိုးများ အနေနှင့် ယုံကြည်မှု အပြည့်ဖြင့် တုံးတုံးချ ပူးပေါင်း သည့် သဘောထက် ထိုစဉ်ကာ လ ပကတိ နိုင်ငံရေး အခင်းအကျင်း ၏ ပြဌာန်းချက် သဘော (realpolitik)၊ ကောင်းတန်ရာ၏ ဆိုသည့်သဘော (calcualated risk) ဖြင့် ပေါင်း စည်းခဲ့ခြင်းသာဖြစ်ပါသည်။ ထိုစဉ်ကာ လ တောင်တန်းဒေသမှ ခေါင်းဆောင်ကြီးများ သည် အဆုံးအဖြတ် မှားခဲ့ကြောင်း ယနေ့ အထိဖြတ် သန်းခဲ့ရသော အတိတ် သမိုင်း က သက်သေထူခဲ့ ပြီးဖြစ်ပေသည်။ ဒုတိယအပိုင်း သူပြောသည့် အခြားတိုင်းရင်းသားများပါဝင်ခြင်းမရှိခဲ့ ဟူသည်မှာ ပြည့်စုံလုံလောက်သော အဆိုမဟုတ်သည့် အပြင် လုံးလုံးလျားလျားမှန်ကန်သော အဆိုလည်း မဟုတ်ပေ။ ထိုစဉ် ကာလ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ကြားဖြတ်မြန်မာ အစိုးရ လက်အောက် တွင် တိုက်ရိုက် ရှိနေသော Burma Proper ခေါ် Ministerial Burma ခေါ် ဗမာပြည်မ ဟူသည့် နယ်နိမိတ်တွင် မှီးတင်းနေထိုင်ကြသည် မှာ ဗမာ အပြင် မွန်၊ ကရင်၊ ရခိုင် နှင့် အခြားတိုင်းရင်းသားများ ဖြစ်ကြပါသည်။ ကရင်နီ ခေါ် ကယားဒေသမှာ သီးခြား လွတ်လပ်သောဒေသ ဟု ဗြိတိသျှ ကသတ်မှတ်ထားသောဒေသဖြစ်ပါသည်။ သို့ဖြစ်ပါသဖြင့် ဥပဒေကြောင်းလမ်းအရ ဆိုလျင် ဗမာပြည်မ အတွင်းတွင်နေထိုင်ကြသော တိုင်းရင်း သားအားလုံး ကို ဗိုလ်ချုပ်အောင်ဆန်း က ပင်လုံညီလာခံတွင် ကိုယ်စားပြုကာတက်ရောက်ခဲ့ သည့် အပြင် ယင်းပင်လုံစာချုပ် ကိုလည်း ၄င်း တိုင်းရင်းသား အားလုံး ကိုယ်စား လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်ပါသည်။ ဂျူလိုင် လ ၂၈ မှ ၃ဝ အထိကျင်းပခဲ့သည့် မိုင်ဂျားယန် အ.စည်းအဝေးကို တက်ရောက်ခဲ့ သည့် ကေအင်ယူ ဒုဥက္ကဋ္ဌ နော်ဆေဖေါ်ရော်စိန်အား ကရင် သတင်းစင်တာ မှမေးမြန်းချက် ကိုပြန်လည် ဖြေကြားရာတွင် မိမိ၏ ပါတီသည် အခြားတိုင်းရင်းသားများ နည်းတူ ပင်လုံ လက်စွဲ စာအုပ် တွင်ပါရှိသည့် လမ်းညွှန်ချက် တို့ ကိုသဘောတူ လက်ခံကြောင်း၊ ပင်လုံသည် ရှမ်း၊ချင်း၊ကချင် တို့ နှင့် တိုက်ရိုက် ပတ်သက်ခဲ့သော်လည်း အခြား တိုင်းရင်းသားတို့ အတွက် ပါ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ ဒီမိုကရေစီ ရေး၊ တန်းတူရေး အစရှိသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံထူထောင်ရေး ဆိုင်ရာ အချက်အလက် များ ပါရှိသည့် ပင်လုံ စိတ်ဓါတ်ကိုထင်ဟပ်စေကြောင်း အထူးပြုပြော ဆိုသွားခဲ့ ပါသည်။ ထပ်မံဖြည့်စွက်ပြောဆိုရာတွင် ပင်လုံ စာချုပ်သည် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး နှင့် တထပ်တည်း ကျ သဖြင့် ကေအင်ယူ အနေနှင့် သဘောတူလက်ခံပါကြောင်းထွက်ဆိုခဲ့ပါသည်။ ဤရှုထောင့်မှကြည့်လျင် ၁၉၄ရ တွင် ချုပ်ဆိုခဲ့သည့် ဤစာချုပ် အား ပစ်ပယ်ကာ စာချုပ် အသစ် တစ်ခုနှင့် အစားထိုး သင့်သည် ဟူသော အဆို မှာ မဆိုအပ်သော ယျထာဘူတ မကျသော အဆိုပင် ဖြစ်ပါသည်။ ဤစာချုပ်သည် လူမျိုး အုပ်စုများ ပြည်ထောင် များ အတွင်း အခြင်းခြင်း သဘောတူချုပ်ဆို ထားသောစာချုပ် ဖြစ်၍ ယင်းသို့သော စာချုပ်တရပ် အဖြစ်သာသဘောထားရမည်ဖြစ်ပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အောင်မြင်စွာဖေါ် ဆောင် ရာတွင် ဤစာချုပ်အား တစ်ရေ နှိမ့်ခြင်း သေးသိမ်စေခြင်းဖြင့် ကောင်းကျိုး တစ်စုံ တရာ ဖြစ်ထွန်းလာစရာအကြောင်းမရှိပါ။ စာချုပ်ပါ အချက်ပေါင်း (၉) ချက်တွင် ကချင် နှင့် ရှမ်း ကိစ္စများသာပါရှိခဲ့သည်၊ တိကျ ရှင်းလင်းမှုမရှိ ဟူသည့် အဆိုမှာလည်း ယျထဘူတမကျပေ။ အထူးသဖြင့် ပင်လုံစာချုပ် တခုလုံးကို ပစ်ပယ်ရာ ကျ ပါသည်။ စာချုပ်ပါ အချို့အချက်အလက်တို့သည် ထိုကာလ လတ်တလော အရေးကိစ္စများနှင့် ပတ်သက်ေ နသည်မှာ အမှန်ပင်ဖြစ်ပါသည်။ အထူးသဖြင့် ကချင်ပြည်နယ် ထူထောင်ရေး၊ ရှမ်းပြည်နယ်၏ ဘဏ္ဍာရေးကိစ္စများ ဖြစ်ပါသည်။ ယနေ့ ကြုံတွေ့နေရသော နိုင်ငံရေး အခက်အခဲများ ကိုဖြေ ရှင်းရန်အတွက် လုံလောက်ပြည့်စုံမှုမရှိဟုဆိုပါက မငြင်းသာပေ။ တရားနည်းလမ်းကျပါသည်။ သို့ပင်ငြားလည်း အရေးကြီး သည့် အပိုင်းများ မှာ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် အခြေခံမူများ ဖြစ်ကြသော ပြည်နယ်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဘဏ္ဍာရေးကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ ဒီမိုကရေစီရေး၊ တန်းတူရေး ဆိုင်ရာစာချုပ်ပါအချက်အလက်များ ဖြစ်ပါသည်။ အရေးကြီးသည်မှာ ပင်လုံစာချုပ်သည် လူမျိုးများအခြင်းခြင်းအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေ ထိုင်ရေးအတွက် အပြန်အလှန် သဘောတူချုပ်ဆိုထားသော ပဋိညာဉ် စာချုပ်ဖြစ် သည်နှင့် အညီ ဆက်လက်၍ အလေးအမြတ်ထား ကြရမည်ဖြစ်ပြီး သေးသိမ်အောင်။ ပျက်ပြယ်အောင်ပြုလုပ်ရမည့် အရာကိစ္စ တစ်ခု အလျင်း မဟုတ်ပေ။ မကြာသေးမီက အထင်ကရ ရှေ့နေတစ် ဦးလည်း ဖြစ် မြန်မာ့ နိုင်ငံရေး အား အစဉ်တစိုက် လေ့ လာစောင့် ကြည့်သူတစ်ဦလည်းဖြစ်သော ဦးအောင်ထူးက ဖွင့်ဆိုခဲ့သည်များကို ကောက်နှုတ်ဖေါ်ပြရလျင် „ လူ့ အဖွဲ့ အစည်းကို အုတ်မြစ်ချသည့် စာချုပ်သည် တခုတည်းသာ ရှိရပါမည်။ သာဓကအားဖြင့် ကမ္ဘာ့ ငြိမ်းချမ်ရရေးကို တည်ဆောက်ရန် ဦးတည်ချုပ်ဆိုသော ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း …… ဆွစ်ဇာလန် အား ပြည်နယ်သုံးခု တို့ စုပေါင်းကာ ပြည်ထောင်စု နိုင်ငံအဖြစ် စတင် တည်ထောင်ခဲ့ သည့် ဖက်ဒရယ်စာချုပ် (Federal Charter) …… ၁၉၆၃ ခုနှစ်တွင် မလေးယား၊ ဆားဘား၊ ဆားရဝပ် နှင့် စင်္ကာပူ တို့ ပူးပေါင်းပြီး မလေးရှား သဘောတူညီချက်ကို ချုပ်ဆိုကာ မလေးရှားဖက်ဒရယ်နိုင်ငံတည် ဆောက်လာခဲ့သည့် [စာချုပ်] …….” စသည်တို့ ကိုသာဓကများအဖြစ် အခိုင်အမာ မီးမောင်းထိုးပြသွားခဲ့ပါသည်။ ထို့အပြင် ဦးအောင်ထူးက ဆက်လက်ဖေါ်ပြရာတွင် ယင်းစာချုပ်များကို ….. “….. စာချုပ်သစ် ချုပ်ဆိုခြင်းတို့ မပြု သလို၊ မူရင်းစာချုပ်ကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းလည်း မပြုခဲ့ပါ။ မူရင်းအမည်ကို ထပ်မံသုံးစွဲကာ စာချုပ်ချုပ်ဆိုခြင်းမပြု။ သမိုင်း၏ အမွေအနှစ်ဖြစ်သော ဖက်ဒရယ်စာချုပ် သည် တခုတည်းအနေဖြင့် အမည်ရော အနှစ်သာရပါ မူရင်းအတိုင်း ပင်ရှိနေဆဲဖြစ်သည်။ “ ဦးအောင်ထူး က ဆက်လက်ဖေါ်ပြရာတွင် “အခြားရည်ရွယ်ချက်များဖြင့် ၂၁ ရာစုပင်လုံညီလာခံဟူသော အမည်တပ်၍ ဖေါ်ဆောင်ပါက [၂ဝ ရာစု] ပင်လုံ စာချုပ် ကြီး၏ အနှစ်သာရကို ဆန့် ကျင်ရာရောက်မည်ဖြစ်သဖြင့် တိုင်းရင်းသား ခေါင်းဆောင်များ လက်ခံကြဘွယ်မရှိ။ ပင်လုံ အမည် ကို အလွဲသုံးစားပြု ရာလည်း ကျပါမည်” ဟူ၍ သူ၏ စာတမ်းရှည်တွင် ထောက်ပြသွားခဲ့ပါသည်။ သူ၏ အဆိုမှာ ပင်လုံစာချုပ်သည် ယနေ့အထိ တရားဝင်ဆဲဖြစ်သည်။ ဒုတိယ ပင်လုံညီလာခံ အား ခေါ်ယူရန်မလို၊ ဒုတိယ ပင်လုံညီလာခံခေါ်ယူရန်အတွက် မူလာပင်လုံ စာချုပ်ပျက် ပြယ် ကြောင်း၊ ပယ်ဖျက်ကြောင်း ကြေ ညာ ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ဒုတိယပင်လုံညီလာခံ မှ ရရှိလာသော သဘောတူညီချက်တို့သည် မူလပင်လုံ စာချုပ်နှင့် အပြိုင်တည်ရှိနေပြီး မည်သည့် စာချုပ်က တရားဝင် ဖြစ်သည် ကို ဥပဒေကြောင်းလမ်း အရ မေးခွန်း ထုတ်စရာဖြစ်လာမည်ဖြစ်သည်။ဒုတိယ ပင်လုံညီ လာခံ သို့မဟုတ် (၂၁)ရာစု ပင်လုံညီလာခံ ကျင်းပရန်မလိုပေ။ သူ၏အမြင်အရ ပင်လုံ ဟူသော အမည်နာမကို မသုံးသင့်၊ သုံးမည်ဆိုပါကလည်း ပထမပင်လုံညီလာခံမှ ရလဒ်များကိုအကောင်အ ထည်ဖေါ်ဆောင်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပရမည်၊ သို့မဟုတ်ပါက မေးခွန်းထုတ်စရာ တသီကြီးရှိ လာမည်ဖြစ်သည်။ ရှုထောင့် အမြင် အမျိုးမျိုးရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ၁၉၄၇ တွင် ရေးထိုးခဲ့သော ပင်လုံစာချုပ်ကို အခြေခံ၍ ပြည်ထောင်စု မြန်မာ နိုင်ငံ (၁၉၄၇) အခြေခံဥပဒေ ပေါ်ပေါက်ခဲ့ပြီး၊ တဆက်ထည်း တွင် ပြည်ထောင်စု မြန်မာ နိုင်ငံ ဟူ၍ နိုင်ငံသစ်တခုပေါ်ထွန်းခဲ့ခြင်းဖြစ်သဖြင့် ပင်လုံစာချုပ်သည် လူမျိုးများအခြင်းခြင်း အကြား ချုပ်ဆိုခဲ့သည့် မပြုမပြင်ကောင်းသော အထွတ်အမြတ်ထားရမည့် ပဋိညာဉ် စာချုပ် အဖြစ်သဘောထားရပေမည်။ ပင်လုံ ဟူသော အမည်နာမကိုအသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ အချိန်ကာလနှင့် အညီ လိုအပ်သော ဖြည့်စွက်ချက်များ ကို နဂိုမူလ ပင်လုံ ရည်မှန်းချက်ပန်းတိုင် ကိုမပျောက်မပျက်စေပဲ နိုင်ငံတွင်းမှီ တင်းနေထိုင်ကြ သော ပြည်သူတရပ်လုံး၏ ဆန္ဒ အစစ်အမှန်ကိုထင်ဟပ် သည့် နိုင်ငံ တည်ဆောက်ရေး အဝန်းအဝိုင်းအား ချဲ့ထွင်သွားရန်အရေးကြီး ပါသည်။ စာရေးသူ။ ။စိုင်းဝမ်းဆိုင် မူရင်း အင်္ဂလိပ်သာသာမှ ဘာသာပြန်သူ။ ။ ဆလိုင်းကစ်(ပ်)ခိုလျန် (Vansangva.com) 13 August2016 Original English Version by Sai Wansai : August 08, 2016 Panglong.org Translated into Burmese Version by Salai Kipp Kho Lian (Vansangva.com) |
||
|
ယခုလကုန်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ တိုင်းရင်းသားလိုအပ်ချက် အဆုံးအဖြတ်ပေးနိုင်မည် မဟုတ် Posted: 16 Aug 2016 07:35 PM PDT နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ကျင်းပ မည့် ၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တက်ရောက်နိုင်မည်ဖြစ်သော်လည်း နိုင်ငံရေးအရ ဆွေးနွေး ဆုံးဖြတ်မှု များ ပြုလုပ်နိုင်ဦးမည် မဟုတ်ကြောင်း သိရသည် ။
" အားလုံးပါဝင်နိုင်တယ်ဆိုပေမဲ့ ဆွေးနွေးဆုံးဖြတ်မှုတွေပြုလုပ်ဦးမှာမဟုတ်ဘူး။ အဖွဲ့အစည်း အလိုက်တော့ စာတမ်းဖတ်တာတွေတင်ပြတာတွေတော့ရှိမယ်။" ဟု နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ UPDJC အစည်းအဝေးသို့တက်ရောက်ခဲ့သည့် UPDJC ၏ နိုင်ငံရေး ပါတီများ အစုအဖွဲ့မှ အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွှန့်ကပြောသည် ။ ယင်းသို့ဆွေးနွေးဆုံးဖြတ်မှုများမပြုလုပ်နိုင်ခြင်းမှာ NCA လက်မှတ်မထိုးသေး သည့်အဖွဲ့များရှိနေဆဲ ဖြစ်ပြီး ညီလာခံနောက်ထပ်တကြိမ်မတိုင်ခင်တွင်မူ NCA နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက် မှတ် မထိုးရ သေးသည့် အဖွဲ့ များ အနေဖြင့် လက်မှတ်ရေးထိုးပြီးမှ တက်ရောက်နိုင်မည်ဖြစ်ကြောင်း လည်း ၂၁ ရာစု ပင်လုံဖြစ်မြောက် ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောသည် ။ NCA စာချုပ်အရဆိုလျှင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များသာ တက်ရောက်ခွင့်ရမည်ဖြစ်သောကြောင့် ကျင်းပရန် သိပ်မလိုတော့သည့် ၂၁ ပင်လုံတွင် အားလုံးပါဝင်တက်ရောက်နို င်ရေး အတွက် ညီလာခံကိုယ်စားလှယ်များအစား ညီလာခံ တက်ရောက် သူများဟု အမည်ပြောင်းလဲကာ ကျင်းပတော့မည်ဖြစ်သည် ။ ယင်းအပြင် ၂၁ ပင်လုံပူးတွဲကျင်းပရေးကော်မတီတွင် လက်မှတ်မထိုးသေး သည့် အဖွဲ့များ ပါဝင်နိုင် ရန် တောင်းဆို ထားသည့်အပေါ် ပါဝင်ခွင့်ပြုမည့်အ ချက်ကိုလည်း နေပြည်တော်တွင် သြဂုတ် ၁၅ ရက်နေ့ကပြုလုပ်သည့် အစည်းအဝေးတွင် သဘောတူညီချက်ရယူနိုင်ခဲ့သည် ။ ပွဲများကို သက်ဆိုင်အမျိုးသားအလိုက်ကျင်းပ မည်ဖြစ်ကာ ယင်းနောက်တွင် ညီလာခံကို ဒုတိယ အကြိမ်မြောက်ကျင်းပမည်ဖြစ်ပြီး ဒုတိယအကြိမ်မြောက် ညီလာခံဆွေးနွေးမှုတွင်မူ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးပြီးမှသာ တက်ရောက်နိုင်မည်ဖြစ်သည် ။ ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်ရန် ငြင်းဆန်ခံ ထားရ သည့် တအာင်း ပလောင် ၊ ကိုးကန့် MNDAA ၊ AA ရက္ခိုင့်တပ်မတော် စသည့်အဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် တို့ မိုင်းလား တွင် တွေ့ဆုံ ခဲ့ပြီး လက်နက်စွန့်ရန် ဆန္ဒရှိကြောင်း ကြေငြာချက်ထုတ်ပြန် ရန် ငြိမ်းချမ်းရေးကော် မရှင်ဘက်မှ တောင်းဆိုမှုများရှိခဲ့ပြီး သဘောတူညီမှု တစ်စုံတရာ မရရှိခဲ့ပေ ။ ၂၁ ပင်လုံမှာကျင်းပရန် ၂ ပတ်ခန့်သာလိုတော့သော်လည်း နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည် သုံးသပ်ပြင်ဆင်မှုအတွက် ဆွေးနွေးမှုမှာ ပြီးပြတ်ခြင်း ရှိသေးကြောင်းသိရသည် ။ |
||
|
နမ္မတူမြို့နယ် ရွာသားသုံးဦးသတ်ခံရသည့်ကိစ္စ ပြည်သူ့အတွက်တရားဥပဒေ ကာကွယ်ပေးမှုကင်းမဲ့ ဟု SNLD ပြော Posted: 16 Aug 2016 07:30 PM PDT သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုတွင် ဒေသခံ ၃ ဦး သတ်ဖြတ်ခံရကာ အလောင်း အား တောတွင်းတနေရာတွင်မြှုပ်နှံခံထားရသည့်ကိစ္စသည် ပြည်သူ့အတွက် တရားဥပဒေ အကာ အကွယ်ပေးမှု၊ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည်ဟု ကျားခေါင်းပါတီက ပြောသည် ။
မှိုရှာဖို့ထွက်သွားသည့်ဒေသခံ ၃ ဦးမှာ အိမ်ပြန်မရောက်လာသည့်အတွက် မိသားစုဝင်များက ရပ်မိရပ်ဖ များနှင့်အတူ လိုက်လံရှာဖွေကြောင်း၊ သေဆုံးသူ အလောင်းအား ၄၊ ၈၊ ၂၀၁၆ ရက် နေ့ကတွေ့ ကြောင်း၊ နှစ်လောင်းတကျင်း၊ တလောင်းတကျင်း မြှုပ်ထားကြောင်း၊ သေဆုံး သူတဦး၏ မိသားစုဝင် တဦးဖြစ်သည့် စိုင်းအိုက်ထွန်း ကပြောသည် ။ “ အခုတလောတင်မကဘူး ပြီးခဲ့တဲ့ ၂-၃ လ ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ လူသတ်မှုတွေဟာ လုံးဝမ တရားတဲ့ကိစ္စဖြစ်တယ်….. အဲဒီကိစ္စတွေဟာ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ပြသနေပါ တယ်။ အဲဒါကြောင့်မို့လို့ ပြည်ထောင်စုအစိုးရ နဲ့ သျှမ်းပြည်နယ်အစိုးရကိုယ်တိုင် ဒီကိစ္စအပေါ် ဖိဖိ စီးစီးနဲ့ တာဝန်ယူလုပ်ပေးဖို့လိုအပ်တယ်။ နောက်သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဟာလဲပဲ လူသားအခွင့်အရေး၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာပြီးတော့ ကျင့်သုံးရမယ့်စစ်စည်း ကမ်း စစ်ကျင့်ဝတ်ဥပဒေကို စောင့်ထိန်းဖို့ အားလုံးကို တိုက်တွန်းလိုပါတယ်…. ” ဟု ကျားခေါင်းပါတီ ပြောခွင့်ရ စိုင်းလိတ် ကပြောသည် ။ လက်သည်မပေါ်ဘဲ သတ်ခံရသည့် နမ္မတူမြို့နယ်က သျှမ်းတောင်သူသုံးဦးမှာ မန့်စံကျေးရွာအုပ်စု ဒေသ ကောင်းဟုန်းရွာသား (ဦး) လုံးပေါ်ခမ်း (အသက် ၅၆ နှစ်) ၊ (ဦး) စိုင်းအိုက်ပန် (အသက် ၃၁ နှစ်)နဲ့ (ဦး) စိုင်းအိုက်ထွေး ( အသက် ၂၄ )နှစ် တို့ ဖြစ်သည် ။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြန်ကြားရေးသတင်းဌာနက “ သေဆုံးသူ သုံးဦး အနက် နှစ်ဦးဟာ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့ဝင် ဖြစ်တယ်” ဟု သ တင်းထုတ်ပြန်ထားပါသည် ။ “ဒီကိစ္စက ကျနော်တို့ စစ်ဆေးရေးကော်မတီ ဖွဲ့ပြီး စစ်ဆေးသွားဖို့ ရှိတယ်။ ဘယ်သူဘဲဖြစ်ဖြစ်ပြစ်မှု ကျူးလွန်ရင်တော့ ကျနော်တို့မှာ ရှိသည့် တရားဥပဒေ အတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်” - ဟု SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် ပြန်ကြားရေး အရာရှိ ကြီးတဦးက ပြောသည် ။ “လက်သည်တော့ခုထိ မသိသေးဘူး။ လွှတ်တော်အမတ်တွေ နိုင်ငံရေးပါတီဘက်ကတော့ ကူညီပေးနေပါတယ်။ ဒီဘက်မှာလည်းလက်နက်ကိုင်တပ်ဖွဲ့က တော်တော်များနေတော့ ။ အက်တာကို လက်သည်ဖော်ပေးဖို့နဲ့ တရားမျှတစွာဖြေရှင်းပေးဖို့။ လူမှုအဖွဲ့အစည်းကော၊ နိုင်ငံရေးပါတီကော၊ သက်ဆိုင်ရာအာဏာပိုင်တွေကိုရော စာရေးသားပေးပို့ဖို့ပြင်ဆင်နေကြတယ်၊ လက်နက်ကိုင်တပ်တခုနေ နေတဲ့ နေရာနဲ့သိပ်မဝေးဘူး၊ အလောင်းတွေ့တာက ” - ဟု အလောင်းများအား ရှာဖွေရာတွင် ပါဝင်သည့် (ဦး)လုံးမောင်ကပြောသည် ။ နမ္မတူမြို့နယ် မန်စံအုပ်စုတွင် အဆိုပါ သတ်ဖြတ်မှုဖြစ်ပွါးသကဲ့သို့ ပျောက်ဆုံးနေသည့် နမ့်တောင်ကုန်းရွာသား ၏မီးရှို့ခံထားရသည့်အလောင်းကိုလည်း သတ်ဖြတ်မှုလက်သည်မသိရသေးဘဲ ညောင်မောင်းရွာအနီးတွင်တွေ့ရှိရကြောင်း နမ္မတူဒေသခံများပြောပြချက်အရသိရသည် ။ နမ္မတူမြို့နယ်အတွင်းတွင် အစိုးရတပ်မတော် တပ်ဖွဲ့များအပြင် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ဖြစ်သည့် RCSS/SSA , SSPP/SSA ၊ တအာင်းလပ်နက်ကိုင်တပ်ဖွဲ့ TNLA၊ ကချင်လွတ်လပ် ရေးတပ်ဖွဲ့ KIA တို့လည်း ရံဖန်ရံခါ မဟာမိတ်တပ်များနှင့် အတူ ရောက်ရှိလှုပ်ရှားနေသည်ဟု သိရသည် ။ ပြီးခဲ့သည့် ဂျွန်လ ၂၅ ရက်နေ့က လားရှိုးမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာရှိမိုင်းယော်တိုက်နယ် တွင်လည်း သတ်ဖြတ်ခံရသည့် ဒေသခံရွာသားအလောင်း ၇ လောင်းအနက် ၅ လောင်းမှာ ၎င်းတို့စစ်ကြောင်း၏လက်ချက်ဖြစ်ကြောင်း အစိုးရတပ်မတော်ဘက်က ဝန်ခံထားသည် ။ |
||
|
Posted: 16 Aug 2016 07:23 PM PDT သျှမ်းပြည်တောင်ပိုင်းတွင် မြေယာကိစ္စနှင့်ပတ်သက်၍ အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် ရပခက တောင်သူဦးကြီး တစ်ရာကျော်အား မြေယာ ကျူးကျော်မှုဖြင့် ပြန်လည်တရားစွဲဆိုထားသည်ဟုသိရသည် ။
၂၀၁၆ ဂျူလိုင်လ ၂၅ ရက်နေ့က တပ်မတော်မှ တရားလိုပြုကာ တောင်ကြီးမြို့နယ် ၊ ကွန်လုံကျေးရွာအုပ်စု ၊ ရေပူရွာမှ ဒေသခံတောင်သူ ၁၃၀ ဦးအား မြေယာကျူးကျော်မှု ရာဇဓတ်ကြီးပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုလိုက် ခြင်းဖြစ်သည် ။ " ကြက်ဆူစီမံကိန်းနဲ့ တပ်မတော်ဘက်စုံ စိုက်ကွင်းအတွက် အကြောင်းပြုပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ဒေသခံ တောင်သူတွေဆီကနေ လယ်ယာခြံမြေ ဧကပေါင်း လေးထောင်ကျော်ကိုသိမ်းဆည်းခဲ့ တယ်။ ၂၀၀၄ ခုနှစ်လောက်ကတည်းက ။ ၂၀၁၀ နောက်ပိုင်းမှာ တစ်ဧကကို တစ်သောင်းကျပ်နှုန်းနဲ့ တောင်သူတွေ က စစ်တပ်ဆီကပိုက်ဆံပေးငှားပြီးစိုက်ပျိုးရတယ် ။ ၂၀၁၅ နောက်ပိုင်းမှာ ကာချုပ်က သီးစားချမပေးရဘူး အကျိုးတူမလုပ်ရဘူးဆိုတဲ့နောက်ပိုင်းမှာတော့ ဒီပြဿာနာတွေဖြစ်လာတာပဲ " ဟု ရေပူကျေးရွာနေ ဦးမျိုးအောင်ကပြောသည် ။ ယင်းတပ်သိမ်းမြေနေရာတွင် ယခင်ကတောင်သူများမှ ပြောင်း ၊ ပဲနှမ်း ၊ ပဲစဉ်းငုံ နှင့် ရာသီအလိုက်သီးနှံများ စိုက်ပျိုးခဲ့ကြောင်း သိရသည် ။ " သီးစားလဲချမပေးတော့ဘူး။ စစ်တပ်ကနေပြီး ကုမ္ပဏီတွေကိုငှားစား တာလဲရှိတယ်။ ရောင်းစားထားတာ လဲရှိတယ်၊ ၀င်ရောက်စိုက်ပျိုးတဲ့ သူတွေကို စစ်တပ်က နေတရားစွဲထားတာ ရေပူရွာမှာရွာလုံးကျွတ်နီးပါး ရှိတယ် " ဟုလက်ရှိတရားစွဲဆိုခံထားရသော ဒေါ်မော်မော်ဦးကပြောသည် ။ တောင်သူများ၏ အဆိုပါမြေယာများအား တပ်မတော်မှ တရားဝင်လုပ်ထုံး လုပ်နည်းနှင့် အညီ သိမ်းဆည်း ခဲ့ခြင်းမဟုတ်ကြောင်း၊ ထို့အပြင် ရွာသားများအား တရားစွဲပြန်သဖြင့် ရုံးချိန်းတက်ရမည့် တောင်သူများ အနေ ဖြင့် စိုက်ပျိုးရေး လုပ်ငန်းများပါပျက်ကွက်ကာ စားဝတ်နေရေး ပါထိခိုက်လာနိုင်သည့်အကြောင်းကို သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားသည်ဟု မြေသိမ်းခံတောင်သူများအရေး တွင်လိုက်ပါကူညီ သူများကပြောသည် ။ ရေပူကျေးရွာ၏ မြေယာကိစ္စနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့က တောင်သူ ဦးမြင့်အောင်မှ သိမ်းဆည်းခံမြေယာများအတွက် မိမိကိုယ်ကိုယ်မီးရှို့၍ ဆန္ဒထုတ် ဖော်ကာသေဆုံးသွားသည့် ဖြစ်ရပ် များရှိခဲ့ဖူးသည် ။ |
|
Posted: 18 Aug 2016 01:32 AM PDT နိုင်ငံရေးဆွေးနွေးမှုမရှိသေးဘဲ သံလွင်မြစ်ပေါ် တည်ဆောက်ဖို့ ရှိနေတဲ့ ရေကာတာကြီးများ၏ စီမံကိန်း အား ပြန်လည် စမ်းစစ်ပေးပြီး စီမံကိန်းများရပ်တန့်ပေးဖို့ သျှမ်းလူမှုအသင်းအဖွဲ့ ၂၆ ဖွဲ့က စုပေါင်း တောင်းဆိုသည့် အိပ်ဖွင့်ပေးစာ တစောင်အား တရုတ်ပြည်သို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင် အပင်ခံ ဒေါ် ဆောင်ဆန်းစုကြည်ထံ ပေးပို့လိုက်ပါသည် ။
သျှမ်းပြည်နယ်အတွင်း သံလွင်မြစ်ရေမှ ဆည်ကြီးများတည်ဆောက်ကာ ရေအားလျှပ်စစ်ထုတ်ယူ အသုံး ပြုမည့် မိုင်းတုံမြို့နယ်က မိုင်းတုံအထက်သံလွင်ရေကာတာ၊ တန့်ယန်းမြို့နယ်အတွင်းက နောင်ဖါ ရေ ကာတာ၊ ကွန်လုံမြို့နယ် က ကွန်လုံရေကာတာ စီမံကိန်းကြီးများအား ပြန်လည်ဆန်းစစ် ကာ စီမံကိန်း များအားလုံး ရပ်တန့်ပေးဖို့ရန် ဩဂတ်စ် ၁၇ ရက်နေ့ ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် ထံ အိပ်ဖွင့် ပေးစာ ပေးပို့ခြင်းဖြစ်သည် ။ “အဓိက ကတော့ နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျနော်တို့ သျှမ်းပြည် သံလွင်မြစ်ပေါ် တည်ဆောက်မယ့်ရေကာတာကြီး ပြန်လည်စမ်းစစ်ပေးဖို့ပါ။ သူမ ပြောတဲ့ သံလွင် မြစ် ကနေ မဂ္ဂါဝပ် ၅၀၀၀ ကျော် ထွက်ရှိမဲ့ ရေအားလျှပ်စစ် စီမံကိန်းရှိတယ်ဆိုတဲ့ ဟာ ။ ဒါမဖြစ် သင့်ဘူး။ ငြိမ်းချမ်းရေးရရှိပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပြီးတော့မှ ဘဲ ဆွေးနွေးလုပ်ကိုင် သွားရမယ့် ကိစ္စဖြစ်တယ်” - ဟု ဆရာ စိုင်းခေးဆိုင်က ပြောသည် ။ ထို့အတူ သံလွင်မြစ်အရေးလှုပ်ရှားနေသည့် ဒေသခံ နန်းခမ်းမိုင် ကလည်း “ ဒီရေကာတာ တည် ဆောက် ရင် လူထု က ကောင်းကျိုးထက် ဆိုးကျိုးကိုပိုလက်ခံရမယ် ဆိုတော့ ဒါ ကျမတို့ မလိုအပ်ဘူး။ လူထုလဲ မလိုအပ်ဘူး။ ဓါတ်တော် မွေတော်တွေ၊ နှစ်ပေါင်း များစွာထွန်းကားနေတဲ့ ယဉ်ကျေးမှုတွေ ရေအောက် ရောက်သွားကုန်မယ် ” - ဟု ပြောသည် ။ မိုင်းတုံမြို့နယ်အထက်သံလွင်ဆည်မှ ရေကာတာမှ ရေအားလျှပ်စစ် ဓါတ်အား ၇၀၀၀ မဂ္ဂါဝပ်၊ နောင်ဖါရေအားလျှပ်စစ်ဓါတ်အား ၁၂၀၀ မဂ္ဂါဝပ်၊ ကွန်လုံရေကာတာမှာ ရေအားလျှပ်စစ် ၁၄၀၀ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်သည် ။ အဆိုပါ သံလွင်မြစ်ပေါ်ရေကာတာတည်ဆောက်ကာ ရေအားလျှပ်စစ်မီးထုတ်လုပ်နိုင်ရေးအတွက် တရုတ်နိုင်ငံမှ China Three Gorges Corporation (Company) နှင့် China Gezhouba Group Corporation (CGGC) တို့က အဓိက ပါဝင်နေသည်ဟုသိရသည် ။ ဖက်ဒရယ်စနစ်ကို နိုင်ငံရေးစားပွဲဝိုင်းမရောက်မှီ စတင်နေမည့် သံလွင်ရေကာတာ တည်ဆောက်ခွင့် ပြုလိုက်ခြင်းသည် တဖက်သတ်ဆုံးဖြတ်လိုက်သည့် အတွက် ခေတ်အဆက်ဆက်နေထိုင်လာသော တိုင်းရင်းသားလူမျိုးများ၏ နယ်မြေတွင်းရှိ သယံဇာတများ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မပါရှိသော ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လည်းယုံကြည်မှုအားနည်းလာမည်။ ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပ ရန် နှစ်ပတ်ခန့်အလိုတွင် ဤသံလွင်မြစ်ရေကာတာစီမံကိန်းများကို ခွင့်ပြုလိုက်မည်ဆိုပါက တည် ဆောက်နေသည့် ငြိမ်းချမ်းရေးအား ထိခိုက်မှုများ ရှိလာနိုင်သော ကြောင့် များစွာ စိုးရိမ်ပူပန်မိကြောင်း လည်း သံလွင်မြစ်အရေးလှုပ်ရှားနေသည့် နန်းခမ်းမိုင် က ပြောသည် ။ အထက်သံလွင်ရေကာတာမှ ထွက်ရှိမည့် လျှပ်စစ်ဓါတ်အား ၁၀၀% အနက် တရုတ်နိုင်ငံသို့ ၄၅% ၊ ထိုင်းနိုင်ငံသို့ ၄၅% ၊ ကျန် ၁၀% အား တောင်ကြီး နှင့် နေပြည်တော်တို့ ပို့ဆောင် အသုံးပြုမည်ဟု သံလွင်မြစ်အရေး ပါဝင်လှုပ်ရှားသူ တောင်ကြီး သျှမ်းစာပေယဉ်ကျေးမှု ဆရာမ နွန်းမိုကပြောသည် ။ ပြည်တွင်းပြည်ပအခြေစိုက် သျှမ်းလူမှုအရေး၊ မြစ်ချောင်းအင်းအိုင်အရေး၊ သယံဇာတ အရေး၊ လူ့အခွင့် အရေး၊ စာပေယဉ်ကျေးမှုအရေး လှုပ်ရှားသည့် သျှမ်းအဖွဲ့ ၂၆ ဖွဲ့က စုပေါင်း တောင်းဆိုခြင်းဖြစ်သည် ။ |
|
ကြောက်စရာကောင်းတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်း ကျန်းမာရေးဦးစီးဌာနနှင့်တွေ့ဆုံမေးမြန်း Posted: 18 Aug 2016 12:05 AM PDT မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါပျံ့ပွါးသည့်ခြင်မှ တဆင့်ကူးစက်နိုင်သော ရော
ဂါများထဲမှ အသက်အန္တရာယ်ဆုံးရှုံးနိုင်သည်အထိဖြစ်ပွားနိုင်သည့် ဂျပန်ဦးနှောက်ရောင်ရောဂါသည် သျှမ်းပြည်နယ်အတွင်း လက်ရှိအဖြစ်များ လျှက်ရှိသည်။ အဆိုပါရောဂါ နှင့် ပတ်သက်ပြီး အသေးစိပ် သိရအောင်နှင့် ဆောင်ရန် ရှောင်ရန်အချက်များသိရှိရအောင် သျှမ်းပြည်နယ် ကျန်းမားရေးဦးစီးဌာနမှ ဒုပြည်နယ်မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင် အား သျှမ်းသံတော်ဆင့်သတင်းထောက် ယိင်းတိုင်းမှ တွေ့ဆုံမေးမြန်းထားပါသည် ။ မေး ။ ။ ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ ဘယ်ကနေလာလဲ ။ ဘယ်ရာသီမှာ အဖြစ်များလဲဆရာ ။ ဖြေ ။ ။ Japanese Encephalitis လို့ခေါ်တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ဗိုင်းရပ်ကနေလာတယ် ၊ ။ မိုးရာသီမှာအဖြစ်များတယ် ခြင်ကနေ တစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုး ဖြစ်ပြီး ရောဂါကြီး ၉၇ မျိုးထဲကတစ်ခုဖြစ် တယ်။ အိမ်နီးချင်းနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံတော်တော် များများမှာလဲရှိနေပါတယ် ။ မြန်မာနိုင်ငံမှာ တော့ ၁၉၇၇ ခုနှစ်ကတည်းက ဒီရောဂါကိုစတင်တွေ့ရှိခဲ့တာဖြစ်တယ် ။ မေး ။ ။ ဘယ်အချက်တွေက ဒီရောဂါဖြစ်ပေါ်စေနိုင်တာလဲ ။ ဘယ်လိုပုံစံနဲ့ကူးစက် တတ်တာလဲဆရာ ။ ဖြေ ။ ။ အဓိကကတော့ခြင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတစ်ခုပေါ့။ ခြင်ရှိတဲ့နေရာမှာ ဖြစ်နိုင်ချေ များ မယ် ။ ဒီရောဂါဖြစ်စေနိုင်တဲ့ခြင်က သွေးလွန် တုတ်ကွေးဖြစ်စေနိုင် တဲ့ခြင်လိုပဲ ရေဆိုးမြောင်းတွေ၊ စိမ့်စမ်းရေတွေမှာပေါက်နိုင်တယ်။ သန့်ရှင်းတဲ့ရေတွေမှာတော့ မပေါက်ဖွားနိုင်ဘူး ဒီချင်တွေက။ နောက်ပြီး လူနဲ့တိရစ္ဆာန်အနေနီးရင် ဖြစ်ပွားဖို့ရာခိုင်နှုန်းအရမ်းများတယ် ၊ ဥပမာ ပြောရရင် အိမ်အပေါ် ထပ်မှာ လူနေ တယ် အိမ်အောက်မှာ ကျွဲ ၊ နွား ၊ ကြက် ၊ ၀က် တွေမွေးတယ်ပေါ့။ အဓိက တော့ဝက်တွေ မွေးထားရင်ပို အဖြစ်များတယ် ။ မေး ။ ။ ရောဂါလက္ခဏာကဘယ်လိုပုံစံတွေလဲဆရာ။ ဘယ်အသက်အရွယ်တွေ မှာဖြစ်နိုင် ချေအများဆုံးလဲ ၊ ဖြစ်ပွားတတ်တဲ့ရာခိုင်နှုန်းက ဘယ်လောက်ရှိလဲဆရာ ။ ဖြေ ။ ။ ရုတ်တရက်ဖျားလာမယ် ၊ ဗိုင်းရပ်ကဦးနှောက်ကိုထိတဲ့အတွက် ကယောင်က တမ်းတွေ ဖြစ်လာမယ် ၊ နေ့နဲ့ညနဲ့မှားတာတွေ ၊ စကားပြောဖို့ ပါးစပ်ကအလုပ်မ လုပ်နိုင်တော့တာတွေစတဲ့ ရောဂါလက္ခဏာတွေ ပြလာရင် သွေးဖောက် စစ်ရတယ် ၊ NHL မှာစစ်ရတယ် ဒီမှာမရှိဘူး ရန်ကုန်ကိုပို့ရတယ် ၊ တောင်ကြီးမှာစစ်လို့ မရဘူး ။ ခါးရိုးထဲကနေဖောက် စစ်ရတယ် ။ ဓါတ်ခွဲခန်းထဲမှာသေချာ စစ်ဆေးပြီးမှ တိကျတဲ့ အဖြေရမှ ပြောနိုင် တဲ့ ရောဂါမျိုးဖြစ်နေတယ်။အသက် အရွယ်မရွေးဖြစ်ပွား နိုင်တယ် ၊ အသက် (၁၅) နှစ်အောက်မှ အဖြစ်များ မယ်လူတစ်သိန်း မှာတော့ နှစ်ယောက်ပဲရှိပါ တယ် ။ သာမာန်ရောဂါမျိုး မဟုတ်ဘူး ပြင်းထန်တဲ့ ရောဂါဖြစ်တဲ့ အတွက်ရာခိုင်နှုန်း အားဖြင့် တစ်ရာမှာ လေးဆယ်ရာခိုင် နှုန်းလောက်သေ စေနိုင်တယ် ။ တစ်ဝက်နီး ပါးလောက်က ကိုယ်လက်အင်္ဂါတွေချို့ ယွင်းသွားတာတတ်တဲ့ရောဂါမျိုး ဖြစ်တယ် ။ ပြန်ကောင်းရင်လဲ ပိုးကဦးနှောက်ကို ထိထားတဲ့အတွက်ပုံမှန်အ နေအထားပြန်ဖြစ်ဖို့ နည်းပါတယ် ။ ကျန်းမာရေးဝန်ထမ်းတွေ လစဉ် report လုပ်ရမယ့်ရောဂါထဲမှာပါတယ် ။ မေး ။ ။ ဒီဂျပန်ဦးနှောက်ရောင်ရောဂါ မဖြစ်အောင်ဘယ်လိုကာကွယ် သင့်သလဲ ၊ ဘယ်လိုနေထိုင်သင့်သလဲ ၊ ကာကွယ်ဆေး တွေရှိပြီလားရှင့် ။ ဖြေ ။ ။ ခြင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါဆိုတော့ ခြင်မကိုက်အောင်ကာ ကွယ်ရမယ် ။ စပါးခင်း ၊ ရေ တွင်း၊ ရေမြောင်းတွေမှာ ခြင်မပေါက်ဖွားနိုင်အောင် စနစ်တကျလုပ်ဆောင်ရမယ် ။ တိရစ္ဆာန်တွေ ကိုအိမ်မှာမွေးမြူထားတာထက်စာရင် သီးခြားခြံတွေထားပြီးမွေးမြူ တာပိုကောင်းတာပေါ့ ။ ဆေးကုမ္ပဏီတွေကတော့ ကာကွယ်ဆေးထုတ်ဖို့ကြိုးစားကြပေမဲ့ ဒီရောဂါဟာဗိုင်းရပ်မျိုးကွဲများနေတဲ့အတွက် ကာကွယ်ဆေးထုတ်ဖို့မအောင်မြင်သေးပါဘူး ။ မေး ။ ။ ဒီရောဂါနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ ။ ဖြေ ။ ။ အဓိကကတော့ ဒီရောဂါရယ်မှမဟုတ်ပါဘူးဆင်းရဲတဲ့နိုင်ငံတွေမှာ ဒီလိုရောဂါ တွေ ကရှိနေဦးမှာပဲ ။ ကျန်းမာရေးဌာနတစ်ခုတည်းကမနိုင်ဘူး ။ ကာကွယ် ရေး အပိုင်းက ကျယ်ပြန့်တယ် ။ ဒီရောဂါ ဖြစ်တတ်တဲ့ရာသီတွေမှာ ခြင်တွေမ ပေါက်ဖွား အောင် ပြည်သူတွေအနေနဲ့ဝိုင်းဝန်းလုပ်ဆောင်ရပါမယ် ။ ရောဂါဖြစ်ပွား လာရင်လဲ ပေါ့ပေါ့တန်တန်မနေကြပဲ ကျန်းမားရေးဌာနတွေမှာ အချိန်မှီကုသဖို့လိုပါတယ် ။ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ယခုနှစ်အတွင်း သျှမ်းပြည်မြောက်ပိုင်းတွင် ကူးစက်ပျံ့နှံ့မှုများပြားလာရာ ရောဂါ ဖြစ်ပွားသူ ၂ဝ ကျော်ရှိနေပြီး လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ ကွမ်လုံ၊ ဟိုပန်၊ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေမှာ ရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထင်လင်း က ပြောကြောင်း RFA သတင်းတရပ်တွင်ဖော်ပြထားသည် ။ |
|
ဟိုပန်မြို့တွင် ငလျှင်လှုပ် မိုးသည်း ချောင်းရေလျှံ ဒေသခံ အိမ်ထောင်စု ၂၀၀ ကျော်ရေဘေးသင့် Posted: 17 Aug 2016 07:33 PM PDT |
သြဂတ်စ်လ ၁၄ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း ဟိုပန့်မြို့နယ်တွင် နမ့်တင်ချောင်းရေလျှံကာ ချောင်းတလျှောက်နေထိုင်သူ ဒေသခံများ ရေဘေးသင့်ခဲ့ကြ ကြောင်းသိရသည် ။
ချောင်းရေ ရုတ်ချည်းတက်လာလို့ နေအိမ်တွေထဲရေဝင်ကုန်တယ်။ ဒိုက်တွေ အမှိုက်တွေ နှုန်းတွေ အိမ်ထဲဝင်ကုန်တာ။ မိုးသည်းပါတယ်ဆိုနေမှာ ငလျင်လဲလှုပ်သေးတယ် အဲဒီနေ့က ၃ ခါတောင် လှုပ်တယ်။အရမ်းတော့မပြင်းဘူး။ - ဟု ဒေသခံ တဦးကပြောသည် ။ ဟိုပန်ဒေသခံ စိုင်းအွမ်ကလည်း လက်ရှိတွင်ရေများပြန်ကျသွားပြီဖြစ်ကြောင်း၊ သို့သော် မြေစေးနှင့်နှုန်းများ အညစ်အကြေးများ ရှိနေသေးကြောင်း၊ မြို့ခံလူထုနှင့်ဒေသတွင်းအာဏာပိုင်များ စုပေါင်းရှင်းလင်းမှုပြု နေကြကြောင်းပြောဆိုပါသည် ။ ရေဘေးသင့် အိမ်ထောင်စု ၂၀၀ ကျော်ကအခု နေထိုင်စားသောက်ဖို့အတွက် အခက်ကြုံနေရပါတယ်။ပြင်ပ ၊တခြားကအလှူရှင်တွေတော့မလာသေးဘူး။ ကူညီထောက်ပံ့မှုတွေလိုအပ်နေပါတယ်- ဟုပြောဆိုသည် ။ ရေလွှမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရမှုသေကြေမှုမရှိသော်လည်း နေအိမ် ကား ဆိုင်ကယ်နှင့် လုပ်ငန်းခွင်သုံးစက်ပစ္စည်းများ ဆုံးရှုံးမှုများပြားကြောင်း ဆိုပါသည်။ ချောင်းဖျားက တောင်တွေမှာ သစ်ပင်ကြီးတွေမရှိတော့ဘူး။ အဲတာကြောင့် မိုးနဲနဲသည်းရင် ချောင်းရေက ချက်ချင်းလျှံတက်လာတာ။- ဟုစိုင်းအွမ်ကဆိုပါသည်။ လက်ရှိတွင်ချောင်းရေလျှံမှုကြောင့် နေအိမ်ရေလွှမ်းခြင်းခံရသည့်ရွာများမှာ မန်းကွန်းရွာ၊ နမ့်တီးရွာ ၊ ပန်းတိုင်းရွာ၊ ကောင်းဟုန်းရွာနှင့် ပေါက်ကတ်၊ ၀မ့်ခုန်၊ ပန်လုံအစရှိရွာများဖြစ်သည်။ ၁၉၉၇ ခုနှစ်ကလည်း ဟိုပန်မြို့တွင် ထိုသို့သော မိုးရွာသွန်းမှုနှင့်ငလျင်လှုပ်ခတ်မှုတပြိုင်တည်းဖြစ်ပွါးခဲ့ သေးသည် ။ ၁၆ ရက်နေ့ကလည်း အထူးဒေသ ၄ မိုင်းလားတွင်ရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။ |
||
|
ပင်လုံမြို့တိုင်းရင်းသားလူငယ်များညီလာခံနှင့်ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲတရပ်ရန်ကုန်တွင်ကျင်းပ Posted: 17 Aug 2016 07:12 PM PDT မြန်မာနိုင်ငံတိုင်းရင်းသားလူငယ်များမဟာမိတ်မှပင်လုံမြို့တွင်ကျင်းပသောတိုင်းရင်းသားလူငယ်များညီလာခံနှင့်ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲတရပ်အားယနေ့ကျင်းပရာပြည်တွင်းပြည်ပမှသတင်းဌာန များ တက်ရောက်နားထောင်ကြောင်းသိရသည် ။
လူငယ်အဖွဲ့၏ဘဏ္ဍာရေးနှင့်ဆက်ဆံရေးတာဝန်ခံစိုင်းအောင်မြင့်ဦးက -"ကျနော်တို့ပင်လုံမှာလုပ်ခဲ့တဲ့ညီလာခံနဲ့ပတ်သက်ပြီးလူငယ်ထုသိအောင်၊ကျနော်တို့ဘယ်လိုကြိုးစားပြင်ဆင်ရသလဲ၊ကျနော်တို့ဘယ်လောက်ထိအောင်မြင်မှုရခဲ့သလဲ၊ညီလာခံကြီးကနေကျနော်တို့ဘယ်လိုလက်တွဲပြီးဘာတွေအကောင်အထည်ဖော်နိုင်ခဲ့သလဲ၊ရှေ့ဆက်ဘယ်လိုအစီအစဉ်ချမှတ်ပြီးလုပ်ဆောင်သွားမလဲဆိုတာတွေပြည်တွင်းပြည်ပလူငယ်ထုသိအောင်ရှင်းလင်းပြသတာဖြစ်ပါတယ်။ "- ဟုပြော သည် ။ သြဂတ်စ်လကုန်တွင်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင်ပါဝင်တက်ရောက်ရန်နှင့် ပတ်သက်ပြီး စိုင်းအောင်မြင့်ဦးက- တိုင်းရင်းသားလူငယ်များမဟာမိတ်မှကော်မတီတရပ်ဖွဲ့ထားကြောင်း၊ သို့သော်ဖိတ်ကြားစာကိုထပ်မံစောင့်ကြည့်ရဦးမည်ဖြစ်ကြောင်းပြောသည်။ "ဖိတ်စာမှာတက်ရောက်နားထောင်ဖို့ဘဲလား။ဆွေးနွေးခွင့်ပေးမလား။ဘယ်အနေအထားအနေနဲ့တက်ရမလဲဆိုတာပေါ့ " - ဟုဆိုပါသည် ။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင်တိုင်းရင်းသားလူငယ်များအဖွဲ့မှတိုင်းရင်းသားကိုယ်စားလှယ် ၁၀ ဦးတက်ရောက်ရှင်းလင်းကြောင်း၊ကချင်၊ကရင်၊ကယား၊မွန်၊သျှမ်းအပါအဝင်ကိုးကန့်ရခိုင်လူငယ်များvလည်းပါဝင်ကြောင်းသိရသည် ။ မြန်မာနိုင်ငံတိုင်းရင်းသားလူငယ်များညီလာခံကိုဂျူလိုင်လ ၂၇ ရက်မှသြဂတ်စ်လ ၁ ရက်နေ့အထိ ပင်လုံမြို့ကျောက်တိုင်ကွင်းတွင်ကျင်းပရာတက်ရောက်သူလူငယ် ၆၀၀ ကျော်ရှိ၏။ ဆွေးနွေးမှုမှမြန်မာနိုငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များမဟာမိတ် ဖွဲ့စည်းနိုင်ခဲ့ပြီး လက်တွေ့ကျသည့် လုပ်ငန်းများလုပ်ဖို့ရန်လည်းကော်မတီ ရ ရပ်ဖွဲ့စည်းထားကြောင်း၊ နိုင်ငံရေးဆိုင်ရာ၊စစ်ဘေးရှောင်များကူညီရေးဆိုင်ရာ၊မူးယစ်တိုက်ဖျက်ရေးဆိုင်ရာ … အစရှိသည့် ကော်မတီများဖွဲ့စည်းထားပါသည် ။ |
|
Posted: 18 Aug 2016 09:59 PM PDT သျှမ်းပြည်နယ်အတွင်းရှိတိုင်းရင်းသားလူမျိုးစုများ၏ ၂၁ ရာစုပင်လုံညီလာခံအကြို အစည်းအဝေးကို သြဂတ်စ် လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တောင်ကြီး ဟိုတယ်တွင် ငါးရက်ကြာတွေ့ဆုံ ကာ ပြည်နယ် သစ် ဥပဒေ ပြဌာန်းပေးနိုင်ရေး အပါအဝင် တိုင်းရင်းသားနိုင်ငံရေးလိုအပ်ချက်များအတွက် တိုင်းရင်းသားနိုင်ငံရေး အင်အားစု ဖွဲ့စည်းသွားမည်ဟု ဆွေးနွေးသဘောတူခဲ့ကြကြောင်းသိရသည် ။
ဆွေးနွေးပွဲအပြီးတွင်ဘုံသဘော တူညီချက်အနေ နှင့် အမျိုးသားလုံခြုံရေးမူဝါဒဆိုင်ရာအခြေခံမူများ ၁၀ ချက်၊ အမျိုးသား ကာကွယ်ရေး ဆိုင်ရာ အခြေခံမူက ၁၂ ချက်နှင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ၅ ချက် ရရှိခဲ့ကြောင်း ၊ အချက် ၆ ချက်ပါ ထုတ်ပြန်ကြေငြာချက်လဲ ထုတ်ပြန်ကြောင်း - ခွန်စိုးမြင့်ထွန်း က ဆက်ပြောသည် ။ "အဓိက ကတော့ သျှမ်းပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့အသံ ၊ သူတို့တွေရဲ့ အမျိုးသား ရေးရည်မှန်းချက်၊ ဘာတွေရှိမလဲဆိုတာပွင့်ပွင့် လင်းလင်း ဆွေးနွေးတိုင်ပင်ကြပါတယ် ။ဆွေးနွေးတဲ့ အချက် တွေထဲမှာလာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ မိမိလူမျိုးအတွက်ဆွေးနွေးမှာက တစ်ပိုင်း၊ ကျနော်တို့ တိုင်း ရင်းသားလူမျိုးစုတွေရဲ့ တူညီစွာထွက်လာတဲ့အသံ၊ ရရှိလာတဲ့ဆွေးနွေးပွဲရလဒ် တွေနဲ့ ကျနော်တို့ နဲ့ သျှမ်း လူမျိုးစုတွေကြား ဘယ်လိုညှိနှိုင်းကြမလဲ ဆိုတဲ့အချက်တွေ ကိုပြင်ဆင်ကြတာပေါ့ " ဟု ၄င်းက ဆက်လက် ရှင်းပြ သည် ။ ထို့အပြင် ရှေ့လုပ်ငန်းစဉ်အနေဖြင့် - အနာဂါတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် သျှမ်းပြည် တွင်း တိုင်းရင်း သားလူမျိုးစုများ၏အင်အားကြီး မဟာမိတ်ပါတီ ၂ ခု ဖြစ်သော ခွန်ထွန်းဦး ဦးဆောင်သည့် UNA ညီညွှတ် သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ နှင့် ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် NBF ညီနောင်တိုင်း ရင်းသားများဖယ်ဒရေးရှင်းအဖွဲ့ တို့ အနာဂါတ် သျှမ်းပြည်နယ်၏ အရေး ကိုမည်သို့ ၀ိုင်းဝန်း လုပ် ဆောင်သွားရန် ၊ တိုင်းရင်းသားလူမျိုးစု များနှင့်သျှမ်းလူ မျိုးစုများကြား မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်သွား နိုင်မည်ကို ရှေ့ဆက်ဆွေးနွေး ညှိနှိုင်းသွားဖို့ရှိကြောင်းဆက်လက်သိရှိရပါသည် ။ တောင်ကြီးမြို့တွင် ၅ ရက်ကြာကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံအကြို သျှမ်းပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးစုများအစည်းအဝေးသို့ သျှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီ ၂၀ ပါတီအပါဝင် ကယားပြည်နယ် နှင့် ချင်းပြည်နယ်မှ ချင်းပါတီ ၂ ခု ၊ ကိုယ်စားလှယ်စုစုပေါင်း ၅၃ ဦး တက်ရောက်ဆွေးနွေးကြသည်ဟု ဆိုသည် ။ |
|
မိုးသက်လေပြင်းကြောင့် ကျိုင်းတုံသျှမ်းအမျိုးသားကျောင်းပျက်စီး Posted: 20 Aug 2016 06:39 AM PDT ဩဂတ်စ် ၁၉ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်း ကျရောက်သောကြောင့် ကျိုင်းတုံမြို့ရှိ သျှမ်းအမျိုးသားကျောင်းဆောင်နှင့် ကျောင်းသုံးပစ္စည်းများ ပျက်စီး မှု များကြောင်း သိရှိရသည် ။
“အမိုးတွေ အတော်များများလွှင့်ပါသွားတော့ ကျောင်းသားတွေ ဒီတပတ်အတွင်းတော့ စာသင် ပျက်တော့မယ်။ အဲဒီ့အထဲမှာ ရှိတဲ့ ကျောင်းအသုံးအဆောင်ပစ္စည်းတွေ မိုးထိတော့ ပျက်စီးတာပေါ့။ သုံးထပ်သားတွေပွကုန်တယ်။ စာအုပ်တွေ ရေနူးကုန်တယ်” - ဟု ကျိုင်းတုံ သျှမ်းအမျိုးသား ကျောင်း အုပ် ဆရာစိုင်းဆန်ဇန် က ပြောသည် ။ ကျိုင်းတုံမြို့ ကတ်ဖကျေးရွာ (မိုင်းလားအသွားလမ်း) ရှိ သျှမ်းအမျိုးသားကျောင်းသည် လွန်ခဲ့သည့် သုံးနှစ် က စတင်တည်ဆောက်လာခဲ့ကြောင်းသိရသည်။ သျှမ်းခေတ်သစ်စာ(လ္ဒိှုတဿးတူဝ်မ္မူ်း)၊ သျှမ်းရှေးဟောင်းကျမ်း ကန်စာ( လ္ဒိှ္ဓု္မို/လ္ဒိှုမိုင်း) ၊ မြန်မာစာ၊ အဂ်လိပ်စာ စသည့် ဘာသာများ ပို့ချပေးကြောင်း၊ ကျောင်း နေ အခွင့်အရေး ဆုံးရှုံးသူများအဓိက ဦးစားပေးကြောင်း၊ ၁၀ တန်းကျ၍ ကျောင်းဆက်မတက်နိုင် သူ များ ၁၀ တန်းစာ ပြန်လည်ဆည်းပူးပြီး ၁၀ တန်းစာမေးပွဲများ ပြန်ဖြေခွင့်ရ ရန် စီစဉ်ပေးကြောင်း ဆရာ စိုင်းဆန်ဇန်က သျှမ်းသံတော်ဆင့်သို့ ဆက်၍ပြောသည် ။ သျှမ်းအမျိုးသားကျောင်းတွင် ဆရာ ဆရာမ ၇ ဦးအတွက် လစာအတွက် ကျိုင်းတုံမြို့ခံများထံ အလှူခံရ ကြောင်း၊ လက်ရှိတွင် အခန်း ၆ ခန်းရှိ နှစ်ထပ်တိုက် ကျောင်းဆောင်အသစ်တိုးချဲ့နေပြီး ကျောင်းသူ ကျောင်းသားများကိုပါတိုးချဲ့လက်ခံသွားဖို့ရှိကြောင်း၊ ကျောင်းဆောင်အသစ်အတွက် သော်လည်းကောင်း၊ ဆရာဆရာမ လစာအတွက်သော်လည်းကောင်း အလှူရှင်များရှိပါက လက်ခံသွားမည် ဖြစ်ကြောင်း ဆရာစိုင်းဆန်ဇန်က ပြောသည် ။ မိုးသက်လေပြင်းကျရောက်မှုကြောင့် ကျိုင်းတုံအပြင်၊ တာချီလိတ် နှင့် သျှမ်းပြည်နယ်အရှေ့ပိုင်း မြို့အချို့၊ တောင်ပိုင်းမြို့နယ်အချို့ နှင့် သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ နှင့် အခြားမြို့များလည်း မိုးသက်လေပြင်းဒဏ်ခံရသည် ။ |
|
Posted: 21 Aug 2016 08:36 AM PDT အစိုးရ ၂၁ ပင်လုံ ပြင်ဆင်ရေးကော်မတီနှင့် UNFC တပ်ပေါင်းစု DPN ကိုယ်စားလှယ်အဖွဲ့ တို့တွေ့ဆုံဆွေးနွေး ပွဲတွင် ခေါင်းစဉ် အားလုံးရလဒ်ကောင်းသော်လည်း ဆုံးဖြတ်ချက် အနေဖြင့် မဟုတ်ပဲ ရလဒ်အနေအထားဖြင့် သာ မှတ်တမ်းတင်ထားကြောင်း DPN ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်ကပြော သည် ။
“ ခေါင်းစဉ် ၈ ခုမှာအားလုံးကတော့ ရလဒ်ကောင်းပါတယ် ။ အခုဆုံးဖြတ်ချက်အနေနဲ့မဟုတ်သေးဘဲနဲ့ frame work တွေလုပ်ပြီးတဲ့နောက်မှပဲဆုံးဖြတ်ချက်တွေ အတည်ပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်အခုအချိန်မှာတော့ သဘောတူထားပြီးသားဖြစ်သော်လည်းပဲ ရလဒ်ဆိုတဲ့အနေအထားမျိုး နဲ့ပဲမှတ်တမ်းတင်ထား တာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်ကပြောသည် ။ ထို့အတူ DPN အဖွဲ့၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ လည်း ဗိုလ်ချုပ်ဂွမ်မော်က “တောင်းဆိုချက်တွေ ကတော့ အများကြီးမရှိပါဘူး။ အရင်ကျနော်တို့ ရှစ်ဖွဲ့လက်မှတ်ထိုးခဲ့တဲ့အပေါ်မှာကော နောက် MPC ရဲ့ NCCT ဆွေးနွေးချက်တွေမှာကော ကျန်ခဲ့တဲ့မရှင်းလင်းတဲ့အချက်တွေ ပြီးတော့ လူသားချင်း စာနာမှုကိစ္စတွေနဲ့ တကယ်လို့တစ်စုံတရာ NCA မှာအခက်အခဲကြုံလာရင်ဘယ်လိုဖြေရှင်းကြမလဲ။ နောက် JMC ကို ဘယ်လို ထပ်ပြီးအားကောင်းအောင်လုပ်မလဲဆိုတဲ့ အပိုင်းတွေအဓိကထားဆွေးနွေးကြပါတယ်”ဟု ပြောဆိုခဲ့သည် ။ ဆွေးနွေးပွဲကျင်းပနေစဉ်အတွင်း ယမန်နေ့ တပ်မတော် ကိုယ်စားလှယ် ဦးခင်ဇော်ဦးမှ ကိုးကန့် တအာင်း ရခိုင်အဖွဲ့များအား လက်နက်စွန့်ရန် ဆန္ဒရှိကြောင်း ကြေငြာချက်ထုတ်မှ ၂၁ ပင်လုံ ညီလာခံပေးတက်မည် ဆိုသည့် ကိစ္စအပေါ် မေးခွန်းထုတ်မှုများလည်း ရှိခဲ့သည်ဟု သိရသည် ။ ဒေါ်စုကလည်း တရုတ်ရောက်နေတော့ ဒီကလူတွေက တန်းမဆုံးဖြတ်နိုင်ဘူး ဒါကြောင့် နည်းနည်းကြာ သွားတာ ဟု အမည်မဖော်လို သူအစည်းဝေးတက်ရောက်သူ တစ်ဦးကလည်းပြောသည် ။ အဆိုပါ ဆွေးနွေးပွဲဆွေးနွေးချက်များကို ရလာဒ်များအဖြစ် သာထားရှိပြီး ထပ်မံညှိနှိုင်းရမည့်အချက်များကို နောင်တွင် ဆွေးနွေးနိုင်မည်ဟုထင်ကြောင်း သြဂုတ် ၂၁ နှင့် ၂၂ ရက်များတွင် မူဘောင်သုံးသပ်ခြင်း အစည်း အဝေးပွဲရှိ ကြောင်း DPN အဖွဲ့လည်း တက်ရောက်မည်ဖြစ်ပြီး၊ ညီလာခံကျင်းပရန်အတွက် အများစုပြင် ဆင်ပြီးဖြစ် ကြောင်း ဦးလှမောင်ရွှေကပြောသည် ။ |
|
၂၁ ရာစု ပင်လုံကို ကြိုဆိုကြောင်း ကိုးကန့် MNDAA ခေါင်းဆောင် ဖုန်ကြားရှင် ကြေငြာချက်ထုတ်ပြန် Posted: 21 Aug 2016 08:21 AM PDT နိုင်ငံရေးပြသနာများ ဖြေရှင်းရန် ရည်ရွယ်ထားသည့် ၂၁ ပင်လုံ ညီလာ ခံကို ထောက်ခံကြောင်း ကိုးကန့် MNDAA တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်က ကြေငြာချက် ထုတ်ပြန် လိုက် သည် ။
၎င်းအနေဖြင့် ကိုးကန့် ဒေသတွင် အသက် ၈၅ အရွယ်အထိ နှစ်ပေါင်းများစွာနေထိုင်လာသူတဦးဖြစ်ပြီး အခကအ်ခဲမျိုးစုံနှင့် ဖြတ်သန်းလာခဲ့ရကြောင်း၊ လက်ရှိတွင် ခေတ်နောက်ကျသည့် အခြေအနေမှ ဖွံ့ဖြိုးရန် ကာလရောက်ရမည့် အချိန်ဟု ထင်မြင်ယူဆမိကြောင်းကြေငြာချက်တွင်ဖော်ပြထားသည် ။ ကြေငြာချက်အား မြန်မာ တရုတ်နှစ်ဘာသာဖြင့်ရေးသားထားပြီး ၄င်းကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့် သြဂတ်စ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်တွင် ဖော်ပြထားသည် ။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် ပြည်တွင်းငြိမ်းချမ်းရေး အထောက် အကူပြုရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံသို့ ယခုရက်ပိုင်းအတွင်း သွားရောက်နေပြီး တရုတ်ဘက်မှလည်း ငြိမ်းချမ်းရေးအတွက် ကူညီမည်ဟု ကတိပေးထားပါသည် ။ “တရုတ်ပြည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှီကျင့်ဖျင် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းမှာတော့ အခုနောက် ဆုံးတက်လာတဲ့ သတင်းတွေအရ UWSA လည်း ၂၁ရာစုပင်လုံတက်မယ်။ နောက်ပြီးတော့ အဖွဲ့ အစည်း (၃)ဖွဲ့လည်း တကယ်လို့ သူတို့ကို ဖိတ်ကြားလို့ရှိရင် တက်မယ်လို့ သဘောထား ထုတ်ပြန်ခက်ပါ တယ်။ ဒါကိုကျနော်အနေနဲ့ တရုတ်ပြည်ရဲ့တိုက်တွန်းမူ တစုံတရာပါနေမလားဆိုပြီး စဉ်းစားပါတယ်။ ဘာပဲဖြစ်ဖြစ် ၂၁ ရာစု ပင်လုံ အောင်မြင်ဖို့က အရေးကြီးတယ် ” ဟု ဗမာပြည်ကွန်မြူနစ်ပါတီခေတ်က အရှေ့မြောက်စစ် ဒေသတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ဖူးသည့် စစ်ရေးနိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က သုံးသပ်သည် ။ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ရောက်နေစဉ်အတွင်း တပ်မတော်၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးခင်ဇော်ဦးမှ ကိုးကန့် စစ်ပွဲတွင် ပါဝင်ခဲ့သည့် ကိုးကန့် တအာင်းပလောင် ၊ အေအေ ရခိုင့်တပ်မတော် အဖွဲ့များအနေဖြင့် လက်နက်စွန့်ရန် ဆန္ဒရှိသည်ဟူသည့် ကြေငြာချက်ထုတ်ပြန်မှသာ ညီလာခံတက်ရောက်ခွင့်ရှိမည်ဟု ဧရာဝတီသို့ ပြောဆိုထားသည် ။ “တပ်မတော်အနေနဲ့ သီးသန့်သူကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်ဖို့ထက် သူ့နိုင်ငံတကာ သဘောတရားအမြင်တွေ မြင်တတ်ဖို့ သူအနေနဲ့လိုအပ်ပါတယ်။” ဟု တရုတ်အရေးကျွမ်းကျင်သူဖြစ်သည့် ဦးသန်းစိုးနိုင်က သုံးသပ်သည် ။ ဦးဖုန်ကြားရှင်၏ ထုတ်ပြန်ချက်တွင်မူ သမိုင်းရေစီးကြောင်းသည် ရှေ့သို့လှမ်းနေရမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ကိုးကန့် ၊ တအာင်းပလောင် ၊ ရခိုင့်တပ်မတော် သုံးဖွဲ့ပူးပေါင်း၍ ၂၁ ပင်လုံတက်ရန် အသင့်ရှိကြောင်းလည်း ကြေငြာချက်ထုတ်ပြန်ထားသည် ။ |
|
Posted: 21 Aug 2016 11:23 PM PDT နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် သျှမ်းပြည် တပ် မတော်မြောက်ပိုင်း ၊ ကချင်လွတ်မြောက်ရေးတပ်မတော်အပါဝင် UNFC တပ်ပေါင်းစု မှ အဖွဲ့ ၇ ဖွဲ့ မှာ သြဂတ်စ်လ ၃၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာ ခံ ဖွင့်ပွဲသို့ တက်ရောက်ရန် ဆွေးနွေးမှုပြုလုပ်နေကြောင်းသိရသည် ။
အဆိုပါ အဖွဲ့ ၇ ဖွဲ့ အနေဖြင့် ညီလာခံကျင်းပရေးပူးတွဲကော်မတီ တွင် ပါဝင်ခွင့်ရပါက အားလုံး တက်ရောက်နိုင်မည့် အနေအထားဖြစ်နေကြောင်း ခေါင်းဆောင်များကဆိုပါသည် ။ ' ကျနော်တို့အားလုံး တက်ရောက်နိုင်ဖို့ကြိုးစားနေတယ်။ တက်ဖြစ်ရင် ရ ဖွဲ့စလုံး တက် ဖြစ် မယ်။ သျှမ်းပြည်တပ်မတော် SSPP အနေနဲ့ကော သီးသန့်အဖွဲ့တွေအနေနဲ့ပါ ဆိုလိုတာပါ။ တက်ရောက် နိုင်ဖို့လည်းအခြေအနေကောင်းလာနေပြီလို့ ဆိုနိုင်တယ်။ ' ဟု UNFC မှ ဖွဲ့စည်းထားသော နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ DPN မှ ဒုတိယ ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်စိုင်းထူး က ပြောသည် ။ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ခူးဦးရယ်ကမူ ' ကျနော်တို့ ညီလာခံကျင်းပရေး ကော်မတီ မှာ ပါဝင် ပူးပေါင်းခွင့်ရပြီဆိုရင် တက်ဖို့အနေထားကပိုပြီးသေချာပါတယ် ' ဟု ညနေပိုင်းက ကျင်းပသည့်သတင်းစာရှင်းလင်းမှုတွင် ပြောသည် ။ သြဂတ်စ်လ ၂၁ ရက်နေ့က ပြုလုပ်သည့် ဆွေးနွေးမှုများတွင် အစိုးရ၏ ၂၁ ပင်လုံပြင် ဆင် ရေး ကော်မတီ ၊ DPN နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များဆွေးနွေး ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှုမူဘောင်နှင့် ၂၁ ပင်လုံတွင် အပစ်မရပ်သေးသည့် အဖွဲ့များပါဝင်နိုင်မှု အပေါ် ဆွေးနွေး ခဲ့ခြင်းဖြစ်သည် ။ တရုတ်နယ်စပ်အနီးမှ မဟာမိတ် တိုင်းရင်းသားအဖွဲ့ ၃ ဖွဲ့ဖြစ်သည့် တအာင်းပလောင် ၊ ကိုးကန့် MNDAA ၊ AA ရက္ခိုင့်တပ်မတော်တို့နှင့်ပတ်သက်၍မူ တက်ရောက်ခွင့်ရှိမရှိ အတိအကျ မပြောနိုင်သေးပဲ အစိုးရနှင့် တပ်မတော်ထိပ်တန်းခေါင်းဆောင်များညှိနှိုင်းနိုင်မှု တွင် မူတည်မည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ယမန်နေ့ ညနေပိုင်းက တရုတ်ပြည် မှ ပြန်လည်ရောက်ရှိခဲ့သည် ။ တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတမှ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အတွက်ကူညီမည်ဟု ကတိပြု ခဲ့သည် ။ သြဂတ်စ် ၃၁ တွင် ကျင်းပမည့် ညီလာခံမှာ နိုင်ငံရေးအရဆွေးနွေးဆုံးဖြတ်မှု များ ပြုလုပ်မည် မဟုတ်ပဲ နိုင်ငံရေး စာတမ်းဖတ်ကြားခြင်း တင်ပြခြင်းတို့ ကိုသာ ပြုလုပ်နိုင်မည်ဖြစ်ပြီး ယင်းနောက် ပိုင်းကျင်း ပသည့် ဒုတိယမြောက် ညီလာခံတွင် နိုင်ငံလုံးဆိုင်ရာအပစ်မရပ်သေးသည့်အဖွဲ့ များမှာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးရန် လိုအပ်လာမည်ဖြစ်သဖြင့် နိုင်ငံ ရေးအရ အာမခံနိုင်မှုနှင့် လွတ်လပ်စွာ ဆွေးနွေးနိုင်မှုများအပေါ် ညှိနှိုင်းလျက်ရှိနေကြကြောင်း သိရသည် ။ |
|
Posted: 22 Aug 2016 07:00 PM PDT ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၁၇ ခုနှစ် ဂျန္နဝါရီလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးအောင်မြင့်က သြဂုတ် ၂၂ ရက်တွင် ပြောသည် ။
ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် က ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နယ်မြေတည်ငြိမ်အေး ချမ်းမှုမရှိသေးခြင်းကြောင့် ရွေးကောက်ပွဲရပ်ဆိုင်းခဲ့သည့် သျှမ်းပြည် နယ်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ် တို့အတွက် ရွေးကောက်ပွဲပြန်လည် ကျင်းပပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က လွှတ်တော်တွင် လာရောက်ဖြေကြားခဲ့ပြီးနောက် အစည်းအဝေးအပြီး သတင်းမီဒီယာ များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည် ။ “ ကျေးသီးနဲ့ မိုင်းရှူးနှစ်မြို့မှာ ကျင်းပမယ်။ ကျန်တဲ့ မဲဆန္ဒနယ်တွေက လစ်လပ် ဘယ်နှစ်နေရာဆိုတာတော့ သူက ပြောမသွားဘူး ”- ဟု နေပြည်တော်လွှတ်တော်တွင် သတင်းရယူနေသည့် သတင်းမီဒီယာသမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည် ။ ၂၀၁၅ ရွေးကောက်ပွဲတွင် မိုင်းရှူးနှင့် ကျေးသီးမြို့နယ် အတွင်းရွေးကောက်ပွဲကျင်းပမည်ဆိုပါက တရားမျှတမှုရှိမည်မဟုတ်ဟု ဆို ကာ ရွေးကောက်ပွဲကော်မရှင်ထံ ကျားဖြူပါတီမှ တင်ပြခဲ့သောကြောင့် အဆိုပါဒေသအတွင်းရွေးကောက်ပွဲကျင်းပရန် ကော်မရှင်မှ ပိတ်ပင်ခဲ့သည် ။ ထိုစဉ်အစိုးရတပ်မတော် မှ မိုင်းရှူး၊ ကျေးသီး၊ နှင့် တန့်ယန်းမြို့နယ်အတွင်း အခြေစိုက်နေထိုင်သော သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အချိန်လည်းဖြစ်သည် ။ ကျေးသီးမြို့နယ် အတွင်း မဲဆန္ဒရှင် ၄ သောင်းကျော်၊ မိုင်းရှူးမြို့နယ်တွင် မဲဆန္ဒရှင် ၅ သောင်းခန့်၊ တန့်ယန်းမြို့နယ်တောင်ဘက်ခြမ်းကျေးရွာ အုပ်စု ၈ ခု မဲဆန္ဒရှင် ထောင်ဂဏန်း နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတိုင်းပေးထားသည့် ဟိုပန်မြို့နယ် ၄၂ အုပ်စု တို့တွင်လည်း ဒေသခံ မဲဆန္ဒရှင် များမဲပေးပိုင်ခွင့်လှစ်ဟင်းခဲ့သည် ။ ထို့အတူ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ် နယ်မြေ မြို့နယ် ၄ ခု နှင့် NDAA မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်း လားမြို့နယ်တို့တွင်လည်း ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်း မရှိ ပေ ။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမကျင်းပခဲ့သည့် မဲဆန္ဒနယ်မြေ များနှင့် အစိုးရအဖွဲ့ တွင် တာဝန်ပေးခံခဲ့ရသည့်အတွက် ကိုယ်စားလှယ် လစ်လပ်နေရာများရှိနေ ပြီး၊ လစ်လပ်မဲဆန္ဒနယ်များ အတွက်ပါ ကြားဖြတ်ကောက်ပွဲတွင် ထည့်သွင်းကျင်းပရမည်ဖြစ်သည် ။ |
|
သံလွင်မြစ်အား ရောင်းစားခြင်းမပြုဖို့ရန် အစိုးရအား လူမှုအခြေပြုသျှမ်းအဖွဲ့အစည်းများပြော Posted: 24 Aug 2016 04:58 AM PDT သံလွင်မြစ်သည် ရောင်းချဖို့မဟုတ် Salween River, Not for sale ဟူ သည့် ကြေငြာ ချက်တစောင် ထုတ်ပြန် ပြီး သတင်းစာရှင်းလင်းပွဲတရပ်ကိုပါ သျှမ်းလူမှုအဖွဲ့အစည်းများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ သည် ။
သျှမ်းပြည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ပြောခွင့်ရလည်းဖြစ် သတင်းစာရှင်းလင်းပွဲ မှပြောရေးဆိုခွင့် ရှိသူ လည်းဖြစ်တဲ့စိုင်းခေးဆိုင်က- လက်ရှိအစိုးရဟာ သံလွင်မြစ်ပေါ်ရေကာတာတည်ဆောက်ရေး စီမံကိန်း ကို ထောက်ခံအားပေးနေသလို ဒေသခံလူထုရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း စိတ်မဝင်စားဘူး - ဟု ထောက်ပြပြောဆိုသည် ။ ဧရာဝတီ မြစ်ဆုံစီမံကိန်းကို လူထုက အာရုံစိုက်နေချိန်မှာ အစိုးရက သံလွင်မြစ်ေ ပါ် ရေကာ တာတည်ဆောက် ပြီး တရုတ်နိုင်ငံကိုလျှပ်စစ်ဓါတ်အားရောင်း ချဖို့ ခေါင်းလှည့်ပြင်ဆင်တာဟာ လုံးဝ မဖြစ်သင့်တဲ့အရာ ဖြစ်ပါ တယ် - ဟု စိုင်းခေးဆိုင်က ပြောသည် ။ ၄င်းတို့၏ ထုတ်ပြန်ကြေငြာချက်တွင် Australian company တခုဖြစ်သော Snowy Mountains Engineering Corporation-SMEC မှ EIA/SIA များ စစ်တမ်းကောက်ယူရာတွင်လည်း ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ထိုသို့ပြုရခြင်း မှာ ဒေသခံလူထု၏ ဆန့်ကျင်ကန့်ကွက်မှုမှရှောင်ရှား လိုခြင်း ဖြစ်ကြောင်း၊ ဥပမာ ယမန်နှစ်က မိုင်းတုံမြို့နယ်တွင်ပြုလုပ်သကဲ့သို့ကြုံရမည်မလွဲဖြစ်ကြောင်း၊ ယခုလ ၅ ရက်နေ့တုန်းကလည်း တန့်ယန်းမြို့တွင် လူထု ၂၀၀ ခန့် သံလွင်မြစ်ပေါ်ကေ ရကာတာ စီမံကိန်းကြီးကိုဆန့်ကျင်ကန့်ကွက် ဆန္ဒပြ သကဲ့သို့ ၂၁ ရက်နေ့က လည်း ဟိုပန်၊ကွန်လုံ၊ တန့်ယန်း၊ သိန္နီ နှင့် လားရှိုးမြို့ခံများ၊ သျှမ်းနိုင်ငံရေးပါ တီဝင် များက သံလွင်မြစ်ပေါ်ကရေကာတာတည်ဆောက်ေ ရးစီမံကိန်း ကိုဆန့်ကျင်ကန့်ကွက်ကြောင်း သိန္နီမြို့တွင် ဆန္နပြခဲ့သည်ဟုပါရှိပါသည် ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အပြည်ပြည်ဆိုင် ရာမြစ်ေ ချာင်းများအဖွဲ့တွင်အလုပ်လုပ် ကိုင်နေသော (ဒေါ်) မစ်ဖိန်းဖောင်း ဒီးထိတ် က - ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ထိုင်းအစိုးရသည် သံလွင်မြစ်ေ ပ်ါရေကာတာတည်ဆောက်ရေး ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကြီးများပြုလုပ်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိ ထိုင်းအစိုးရ သည်လည်း လက်ရှိ မြန်မာအစိုးရနှင့် မိတ်ဖွဲ့ကာ ရေကာတာဆက်လက်တည်ဆောက်သွားရန် စီစဉ်နေကြောင်းပြောဆိုသည် ။ သံလွင်မြစ်ပေါ်မှာ ရေကာတာကြီးတည်ဆောက်ခဲ့မယ်ဆိုရင် သံလွင်မြစ်ဝှမ်းက သျှမ်းပြည် ဒေသခံပြည်သူ လူထု ၁ သန်းဝန်းကျင်ဟာ ထိုင်းနိုင်ငံကိုထွက်ပြေးပြီး ၀မ်းစာအတွက်ရုန်းကန်ရမှာမလွဲဘူး။ သူတို့ကိုရေလွှမ်း မယ်လေ။ သဘာဝပ တ်ဝန်း ကျင်တွေလည်း အများကြီးပျက်စီးဆုံးရှုံးမယ်။ လူ့အခွင့်အရေးချိုးေ ဖာက် မှု တွေရှိ မယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ လောက်တုန်းကလည်း စစ်အစိုးရရဲ့ အဓမ္မ နေ ရာပြောင်းရွှေ့ခိုင်းမှုကြောင့် သျှမ်းပြည်သူ လူထု သိန်းနဲ့ချီပြီးထိုင်းနိုင်ငံ ကို ထွက်ပြေးတိမ်းရှောင်ကြရတယ်။ ဒီလူတွေဟာ ရေကာတာတည်ဆောက်ပြီး ရင်နေရပ်ရင်းကိုပြန်နိုင်ကြတော့မှာမဟုတ်တော့ဘူး။ သူတို့နေရပ် ကို ရေလွှမ်း မယ်လေ။ ဆိုတော့ ထိုင်းနိုင်ငံမှာ ဘဲ တသက်လုံးနေသွားရတော့မယ့်အခြေ အနေပေါ့- ဟု မစ်ဖိန်းဖောင်းပြောသည် ။ လက်နက်ကိုင်အဖွဲ့အစည်းအများအပြားရှိသဖြင့် ရေကာတာ စီမံကိန်းတဝိုက် တွင်တိုက်ပွဲများ ဖြစ်ပွါးမည်မှာမလွဲဖြစ်ကြောင်း၊ တဖက်တွင်လည်း သဘာဝဘေး၊ ငလျင်လှုပ်ခတ်သည့်ဘေး မှရရှိမည့်အကျိုးဆက်များအတွက်လည်း စိုးရိမ်ပူပန်ရကြောင်း သျှမ်းလူမှုအဖွဲ့အစည်းက ထောက်ပြသည် ။ ယခုလ သြဂတ်စ်လ ၁၈ ရက်နေ့ကလည်း လူမှုအခြေပြု သျှမ်းအဖွဲ့အစည်း ၂၆ ဖွဲ့ကစုပေါင်းကာ သံလွင်မြစ်ပေါ်ရေကာတာတည်ဆောက်ရေးစီမံကိန်း များအားပြန်လည်စီစစ်ပေးရန် တရုတ်အစိုးရထံတင်ပြပေးဖို့ ဒေါ်အောင်ဆန်း စုကြည်အားအိတ်ဖွင့်ပေးစာတစောင်ပေးပို့ခဲ့သည် ။ သံလွင်မြစ်ပေါ်ရေကာတာတည်ဆောက်ရေးစီမံကိန်းကြီး ၆ ခုရှိသည် ။ ၄င်းတို့မှာ ၁ - မိုင်းတုံမြို့နယ်အတွင်း တာ့ဆန်းရေကာတာခေါ် အထက်မိုင်းတုံရေ အား လျှပ်စစ်စီမံကိန်း ( လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ရ၁၀၀ မီဂါဝပ် ) ၂- ကွန်လုံမြို့နယ် ကွန်လုံရေတာကာ (လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ၁၄၀၀ မီဂါဝပ်) ၃- တန့်ယန်းမြို့နယ် နောင်ဖှ ရေကာတာ (လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ၁၂၀၀ မီဂါဝပ်) ၄- မန်တုံမြို့နယ် မန့်တောင်းရေကာတာ(လျှပ်စစ်ဓါတ်အား ထုတ် လုပ်မှု ၂၀၀ မီဂါဝပ်) ၅- ကယားပြည်နယ် ရွာသစ်ရေကာတာ (လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ၄၀၀၀ မီဂါဝပ်) နှင့် ၆-ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ (လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ၁၃၆၀ မီဂါဝပ်) တို့ဖြစ်ပါသည် ။ |
||||||||||||||||||||||||||||
|
သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့တွင် ဖြစ်ပွါးသော ချောင်းရေလျှံမှုပြသနာရင်ဆိုင်နေရသောအခြေအနေ Posted: 23 Aug 2016 09:14 PM PDT
|
||||||||||||||||||||||||||||
|
ပီကင်းအခြေစိုက် တရုတ်အဆင်မြင့် အရာရှိများနှင့် ၀ ၊ မိုင်းလားအဖွဲ့တို့ တွေ့ဆုံ Posted: 23 Aug 2016 07:33 PM PDT ဒ်ါအောင်ဆန်းစုကြည် တရုတ်နိုင်ငံမှ ပြန်ရောက်ပြီး တရက်အကြာ သြဂတ်စ် ၂၂ ရက်နေ့မှ စတင်ကာ တရုတ်ဗဟိုအစိုးရ ကိုယ်စားလှယ်အချို့ ၀ ၊ မိုင်းလား အဖွဲ့တို့ သည် တရုတ် မြန်မာနယ်စပ် လန်ချန်းမြို့ တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း ၀ ၊ မိုင်းလားအဖွဲ့တို့နှင့် နီးစပ်သူထံမှ သိရသည် ။
သြဂုတ်လ ၂၂ ရက်နေ့တွင် မိုင်းလား NDAA အဖွဲ့နှင့် ၄င်း ၊ သြဂုတ်လ ၂၃ ရက်နေ့က အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ တာဝန်ရှိသူများနှင့်၎င်း ၀ နယ်စပ် လန်ချန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည် ။ "ဘာတွေဆွေးနွေးလဲတော့မသိဘူး။ ၀ နယ်စပ် လန်ချန်းမှာ ဆွေးနွေးတာပါ။ ' ဟု နယ်စပ်အရေးအကဲခတ်တစ်ဦးက ပြောသည် ။ ယင်းကိစ္စနှင့် ပတ်သက်၍ ၀ တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ထံ တိုက်ရိုက် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း မရခဲ့ပေ ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ခရီးစဉ်အတွင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကူညီသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ပင်က ကတိပြုခဲ့သည် ။ သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ ၀ တပ်ဖွဲ့ ၊ မိုင်းလားအဖွဲ့တို့ပါ တက်ရောက်မည်ဟု သတင်းများထွက်ပေါ်နေပြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ တက်ရောက်ဖွယ်ရှိသည်ဟု လည်း ပြည်တွင်း မီဒီယာများက ဖော်ပြကြသည် ။ တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့် MNDAA နှင့် AA ရက္ခိုင့်တပ်မတော်တို့မှာ လက်နက်ကိုင်လမ်းစဉ်နှင့် ပတ်သက်ပြီး ကြေငြာ ချက်ထုတ်ပြန်မှ ညီလာခံပေးတက်မည်ဟု အစိုးရ တပ်မတော်ဘက်မှ ဆိုခဲ့သောကြောင့် ကြေငြာချက် မထုတ်နိုင်သေးသည့်အတွက် လက်ရှိ အချိန်အထိ ညီလာခံတက်ရောက်ရေးမသေချာသေးပေ ။ ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်အတွင်းတရုတ်အကူညီဖြင့် ကွမ်းလုံ တံတားတည်ဆောက်သွားမည်ဟု သဘောတူခဲ့ပြီး ကျောက်ဖြူကူမင်း ဆက်သွယ်မည့် ကားလမ်းကြောင်းကိစ္စ၊ ပိုးလမ်းမဟောင်း စီမံကိန်းနှင့် တရုတ်ရင်းနှီးမြှပ်နှံမှု ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည် ။ ကျောက်ဖြူကူမင်းမဟာဗျူဟာ လမ်းမမှာ ကိုးကန့်နယ်အတွင်းမှ သျှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းသွားမည်ဖြစ်ပြီး မဟာဗျူဟာလမ်းမ အကောင်ထည်ဖော်ပြီး ကုန်သွယ်မှု အလုပ်ဖြစ်ရန်အတွက် နယ်မြေငြိမ်းချမ်းမှု လိုအပ်နေပါသည် ။ တရုတ်မြန်မာ မဟာဗျူ ဟာလမ်းမနှင့် ဖွံ့ဖြိုးရေး ကုန်သွယ်မှုစီမံကိန်းများနှင့် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀မှ ၈၀ ခန့် တရုတ်နိုင်ငံမှ ရင်းနှီးမြှပ်နှံမည်ဖြစ်သည် ။ |
|
သျှမ်းပြည်မှုံရီဆိုင်းရတဲ့အကြောင်း ဘန်ကောက်မြို့တော်ရှိ တက္ကသိုလ်တခု၌ဟောပြောပွဲလုပ် Posted: 24 Aug 2016 07:51 PM PDT “သျှမ်းပြည်မှုံရီဆိုင်းရတဲ့အကြောင်း” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတခုကို ထိုင်းနိုင်ငံဘန်ကောက်မြို့တော် သီရိနတ်ခရင်းထရာဝိရုဒ် တက္ကသိုလ် နှင့် မတိချွန်းသတင်းစာတို့ ပူးပေါင်း ကမကထပြုကာ အဆိုပါ တက္ကသိုလ်ဟောခန်းမ၌ ယနေ့ ဩဂတ်စ် ၂၄ ရက် မွန်းလွဲ ၁ နာရီ မှညနေ ၄ နာရီခွဲအထိ ပြုလုပ်ကျင်းပခဲ့သည် ။
အဆိုပါ ဟောပြောပွဲ ဆယ်မီနာ သို့ သျှမ်းလူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ငြိမ်းချမ်းရေးဆုရှင် နန်းချမ်တောင်း၊ ဂဆိတ်ဆတ်တက္ကသိုလ်မှ ဒေါက်တာ လလိတာ ဟန်ဝုန်း၊ သမိုင်းသုတေသန ပညာရှင် မစ္စတာ ဆုံလစ် လူးချိုင်း၊ ထမ္မဆတ် တက္ကသိုလ်မှ မစ္စတာ အတ်ခရဖုန်း ခမ်းခွန် တို့အပြင် သုတေသနဆရာများ၊ သမိုင်း ပညာရှင်များ၊ ဆရာ ဆရာမများ ကျောင်း သူကျောင်းသားများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည် ။ သမိုင်း သုတေသန ပညာရှင် မစ္စတာ ဆုံလစ် လူးချိုင်း က သီပေါစော်ဘွား နှင့် မဟာဒေဝီ သုစန္ဒီ တို့၏ သီပေါအချစ်ဇါတ်လမ်း မှုံရီဆိုင်းတိုင်းမြန်မာ ဖြစ်မှန် ဇါတ်လမ်း နှင့် ထိုစဉ်သမိုင်းအကြောင်း၊ မြန်မာ့သမိုင်း သျှမ်းသမိုင်းအကြောင်း ဒွန်တွဲ ဟောပြောကြောင်း၊ ဂဆိတ်ဆတ်တက္ကသိုလ်မှ ဒေါက်တာ လလိတာ ဟန်ဝုန်းက ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်ပေါ်လာပုံနှင့် ဇာတိသားလူမျိုးများအကြောင်း .. စသဖြင့် အသီးသီးဟောပြောခဲ့ကြသည် ။ ဟောပြောပွဲ၌ ဟောပြောသွားသည့်အကြောင်းအရာကို နန်းချမ်တောင်း က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပြပါသည် ။ “လက်ရှိအခြေအနေမှာ ကျမတို့တိုင်းပြည်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားကြပေမယ့် တိုက်ပွဲက ခုထက်ထိ မရပ်သေးဘူး။ တိုက်ပွဲတွေရှိနေသရွေ့ဒေသခံ လူထု စစ်ဘေးစစ်ဒဏ်ခံနေရတယ်။ လယ်ယာခြံမြေ နေအိမ်တွေ ထားပြီးထွက်ပြေးတိမ်းရှောင်နေရတယ်။ လူအခွင့်အရေးလဲ ကျူးလွန်နေမှုတွေ ဆက်ရှိနေတာတွေ့နေရတယ်” - ဟု ပြောသည် ။ သီရိနတ်ခရင်းထရာဝိရုဒ် တက္ကသိုလ် နှင့် မတိချွန်းသတင်းစာတို့ ပူးပေါင်းပြီး ဟောပြောပွဲလုပ်ရခြင်း အကြောင်း ရင်းမှာ ၁၉၆၂ ခု ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းစဉ်က သီပေါစော်ဘွား နှင့် ၎င်း၏ မဟာဒေဝီ သုစန္ဒီတို့၏ ဘ၀ဇါတ်လမ်းမှန်ကို အခြေခံပြီး ရိုက်ကူးထားသည့် Twilight Over Burma မှုံရီဆိုင်းတိုင်းမြန်မာ အမည်ရ ရုပ်ရှင် ကို မြန်မာ နိုင်ငံအပါအဝင် ထိုင်းနိုင်ငံတွင် ရုံတင်ပြသမှု ပိတ်ပင်ခြင်းခံရ ခြင်း ဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်းဆိုပါသည် ။ ဩစတြီးယားနိုင်ငံသား ဒါရိုက်တာ Sabine Derflinger ရိုက်ကူး ထားသောကြာချိန် ၉၉ မိနစ်ကြာ Twilight over Burma ရုပ်ရှင်ကား ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က သျှမ်းပြည်အခြေနေ ၊ သာယာဖွယ်လွမ်းမောဖွယ်နှင့် စစ်အာဏာရှင်စနစ်၏ စက်ဆုပ်ရွံရှာဖွယ်များလည်း ပါဝင်ပါသည် ။ သီပေါစော်ဘွားသည် အာဏာရှင် ဦးနေဝင်း အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသည့် သျှမ်းစော်ဘွားများအနက် စော်ဘွားတပါးဖြစ်ပြီး အဖမ်းခံရပြီးနောက် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ကြောင်း၊ သီပေါတော်ဝင်မိသားစုများ ယနေ့တိုင် မြန်မာအစိုးရထံ စာရေးမေးမြန်းစုံစမ်းနေသေးကြောင်း နန်းချမ်တောင်းက ပြန်လည်ပြောပြသည် ။ |
|
အိန္ဒိယနယ်စပ်က သျှမ်းနွယ်ဖွားညီအကိုများ အရှေ့ခြမ်းရှိ သျှမ်းတောင်တန်းေ ဒသသို့ ချစ်ကြည်ရေးခရီးရောက်ရှိ Posted: 24 Aug 2016 07:41 PM PDT သျှမ်းပြည်ဖွားညီကိုမောင်နှမများအားလည်ပတ်ရန် တောင်တန်းဒေသအားလေ့လာရန် နှင့် သျှမ်း သမိုင်းလေ့ လာရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ သျှမ်းစာပေယဉ်ကျေးမှု အဖွဲ့က သျှမ်းပြည်တောင် ပိုင်း တောင်ကြီးမြို့သို့ ရောက်ရှိပြီး ချစ်ခင်ရင်းနှီးမှုရယူခဲ့သည် ။
ဦးစိုင်းစံမောင် ဦးဆောင်သော စစ်ကိုင်းတိုင်းဒေသကြီးမှ သျှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့ အင်အား ၂၀ ကျော် သည် သြဂတ်စ် ၂၀ ရက်နေ့ က တောင်ကြီး ယဉ်ကျေးမှုအဖွဲ့ နှင့် သျှမ်းစာပေယဉ်ကျေးမှု ခန်းမ၌ တွေ့ဆုံ ခဲ့ကြသည် ။ တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင် ဆရာမ နန်းနွန်းမို က " တမူးကလာတဲ့ သျှမ်းညီ အကိုတွေ ကပြောပါတယ်။ တောင်တန်းဒေသ ဘက်မှာရှိတဲ့ သျှမ်းမျိုးနွယ်ကို လာရှာတယ်၊ ဘာဖြစ် လည်းဆို တော့ ဘိုးဘွား စဉ်ဆက်က သျှမ်းစကား ၊ သျှမ်းစာပေတွေ သုံးတယ်၊ ယနေ့ခေတ် လူငယ်တွေ က သျှမ်းစကား ၊သျှမ်းစာပေ သျှမ်းယဉ်ကျေးမှု ဆိုတာ ဘာလဲ မသိကြတော့ ဘူး။ ဒါကြောင့် သျှမ်းမျိုးရိုး၊ မျိုးနွယ်ကို ပြန်လာ ရှာတယ်။ အနေဝေးတော့ မသိကြတော့မှာ စိုးရိမ်ကြတယ် - လို့ပြောပါတယ်" ဟု သျှမ်းသံတော်ဆင့် အား ပြန်လည်ပြောပြသည် ။ စစ်ကိုင်းတိုင်း တမူးမြို့နယ် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ သည် တောင်ကြီးမြို့ရှိသည့် ယက်ကန်းစင်၊ ပင်းတယဂူ နှင့် အင်းလေးကန် သို့ လေ့လာခဲ့သည် ။ တောင်ကြီး နမ့်ခုံး သျှမ်းများပရဟိတအသင်း၏ဥက္ကဌဦးထွန်းမြ နှင့် တောင်ကြီး သျှမ်းစာပေယဉ် ကျေးမှု အဖွဲ့ တို့ ပူးပေါင်းပြီး တမူးမြို့နယ် သျှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့အား အလှူငွေ များပေးအပ်ခဲ့ ကြောင်းသိရသည် ။ တမူးမြို့နယ် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ သျှမ်းတောင်တန်းသို့လေ့လာရေး ခရီးစဉ်ဖြစ်မြောက် ရေးအတွက် တောင်ကြီး SNLD ကျားခေါင်းပါတီ ရုံးမှ တာဝန်ယူပြီး နမ့်စန်မြို့နယ် ပန်လိုင်းဆိုင် သျှမ်းစာသင်တန်းကျောင်း နှင့် ကာလိမြို့ ကော်တိုင်းကျောင်းသို့ပါလေ့လာနိုင်ရန်အတွက် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည် ။ စစ်ကိုင်းတိုင်းဒေသကြီးတွင် နေထိုင်သော သျှမ်းတိုင်းရင်းသားများကျေးရွာ ၂၅၀ ကျော်ရှိသည်။ သျှမ်းတောင်တန်းသို့လေ့လာရေးခရီးစဉ်တွင် ၁ ရွာ ၂ ဦးနှုန်းဖြင့် ၁၀ ရွာမှ သျှမ်းလူထုများဖြစ်ကြောင်းလည်း တောင်ကြီး သျှမ်းအသင်းနှင့်တွေ့ဆုံစဉ် ပြောပြသွားခဲ့ကြောင်းသိရပါသည် ။ |
|
ကိုအောင်ဆန်းရဲ့ ပင်လုံ စိတ်ဓါတ် နဲ့ တောင်ပေါ်သားတို့ ရဲ့ ပင်လုံကတိကဝတ် Posted: 27 Aug 2016 06:14 AM PDT အညာသားလေး ကိုအောင်ဆန်းထူထောင်ခဲ့တဲ့ ပင်လုံပြည်ထောင်စု ရဲ့ အခြေခံအုပ်မြစ် ကို ရဲရဲ ဖွင့်လှစ်ပြီး ကြည့်ကြရအောင်…. ပင်လုံ ရယ်…. ဒီမိုကရေစီရယ် ….ဖက်ဒရယ်ပြည်ထောင်စု ရယ်….ငြိမ်းချမ်းရေး ရယ် ….. ဒီ (၄) ခုကိုဘယ်လိုမှ ခွဲခြားလို့မရဘူးဆိုတာ အထင်အရှားမြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီနေ့ ငြိမ်းချမ်းရေးဖက်ကို ဦးတည်လာကြတဲ့ အချိန်ကာလမှာ ဒီအချက်ဟာပိုလို့တောင် အရေးကြီးလာပါတယ်။ ဒီသမိုင်းဝင် ပင်လုံစာချုပ်ကလေးရဲ့ အနှစ်သဘော ကို ခွဲခြမ်း စိတ်ဖြာပြီး စောကျောကြည့်ကြရအောင်….. ပင်လုံစာချုပ်ကို အသေအခြာဖတ်ကြည့် ရင် အပိုင်း (၁ဝ) ပိုင်းပါရှိပါတယ်။ ပထမအပိုင်းကတော့ နိဒါန်းတိုကလေးပါ။ ဒီနိဒါန်းတိုလေးရဲ့အနှစ်သဘောကို လိုရင်းတိုရှင်း ကောက်နှုတ်ဖေါ် ပြရမယ်ဆိုရင် “ …. ကြားဖြတ်မြန်မာ အစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့်၊ ရှမ်းပြည်၊ ကချင် နှင့် ချင်းတို့ သည် လွတ်လပ်ရေး ကို ပိုမို၍ လျင်မြန်စွာ ရရှိလိမ့်မည်ဟု ယုံကြည်ကြည့် အတိုင်း …. အောက်ပါအတိုင်းသ ဘော တူကြလေသည်“ တဲ့ .… ဗြိတိသျှ ရဲ့ ဒုတိယကမ္ဘာ စစ်အပြီး ၁၉၄၅ ခုနှစ် မှာ ထုတ်ပြန်ခဲ့တဲ့ စက္ကူဖြူ စာတမ်း**အရ ရှမ်း၊ ကချင်၊ ချင်း ဒေသပြည်တွေ က ဗမာနဲ့အတူ လွတ်လပ်ရေးကို ချက်ခြင်းမယူသေးပဲ ဗမာပြည်မနဲ့ ပူးပေါင်းချင်ရင် လည်း မိမိ တို့ ဆန္ဒ အလျောက် နောင်တချိန်ကျမှ ပူးပေါင်းရန်ဆို ပြီးမူဝါဒသဘောထား ကိုထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။ ဒီ စီမံကိန်း ကပြဋ္ဌာန်းထားတာက တောင်တန်းဒေသတွေကိုဘယ်အချိန်မှာ လွတ်လပ်ရေပေးမယ်ဆိုတဲ့ အချိန် ကာလအားဖြင့် မရေ ရာ မသေခြာ တဲ့ ဗြိတိသျှရဲ့ မူဝါဒသဘောထားဖြစ်ပါတယ်။ ပင်လုံစာချုပ် ရဲ့ နိဒါန်း တို လေးဟာ တောင်တန်းသားတွေက ဗမာ နဲ့ တန်းတူရည်တူ ပူးပေါင်းပြီး လွတ်လပ် ရေး ကို တပြိုင်နက်ထဲ ချက်ခြင်း အရ လိုချင်တာ ကိုဖေါ်ပြ ထားတာ ဖြစ်တယ်။ တနည်းအားဖြင့် စစ်ပြီးခေတ် ဗြိတိသျှရဲ့ စက္ကူဖြူ မဟာစီမံကိန်းကြီးကို ဟောဒီပင်လုံစာချုပ်ရဲ့ နိဒါန်းတိုလေး နဲ့ ကို အဟောသိကံ အဆုံး သတ်လိုက်တာဖြစ်ပါတယ်။ လွတ်လပ်ရေး၊ တန်းတူရေး ဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံတရားတွေဟာ ဟောဒီ ပင်လုံ စာချုပ်ရဲ့ နိဒါန်း တိုလေး ထဲမှာ အခိုင်အမာ ပါရှိနေပါတယ်။ ဗမာနဲ့ ပူးပေါင်းရာ မှာ လည်း ဗမာရဲ့ ကျွန်လူ မျိုး၊ ဗမာပိုင် ပိုင် ကျွန်နိုင်ငံတွေ အဖြစ်ပူးပေါင်းချင်တာမဟုတ်ပဲ ညီရင်းအစ်ကိုပမာဂုဏ်သိက္ခာရှိရှိ စစ်မှန်တဲ့ ပြည် ထောင်စု နိုင်ငံထဲမှာ တန်းတူ ရည်တူ ပူးပေါင်း ချင်တာဖြစ်တယ်။ ဒီနိဒါန်းတိုလေးမှာ ကျစ်ကျစ်လစ်လစ် ဖေါ်ပြထားတဲ့ ပင်လုံရဲ့ ဒီမိုကရေစီ အနှစ်သာရေတွေ လွတ်လပ်ရေး၊ တန်းတူရေး တွေ ကိုပဲ တခါ ပီပီပြင်ပြင်ဖြစ်အောင် ပင်လုံစာချုပ်ပါ တခြားစာပိုဒ် တွေထဲမှာ အညာသားလေး ကိုအောင်ဆန်း နဲ့ တောင်တန်းသား ခေါင်းဆောင်တွေက အတူတကွဆက်လက်ပြီး ပုံဖေါ်သွားကြတာဖြစ်ပါ တယ်။ ဒီလိုပုံဖေါ်နိုင်လို့ပဲ တစည်းတလုံးထဲ ဖွဲ့စည်းထားတဲ့ ခေတ်သစ်ပြည်ထောင်စု ကိုထူထောင်နိုင်ခဲ့ကြ တာဖြစ်ပါတယ်။ အဲဒီလို စည်းလုံးတဲ့ ခေတ်သစ်ပြည်ထောင်စုကြီး ကိုအောင်အောင်မြင်မြင်နဲ့ ထူထောင်နိုင်ခဲ့ကြ တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွသောတောင်တန်းသားခေါင်းဆောင်တွေ ကိုသမိုင်းမှာ founding fathers များအဖြစ်လေးစားဂုဏ်ပြုကြရမှာဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ကိုကမ္ဘာမှာ ပထမဦးဆုံး ထူထောင်ခဲ့ ကြတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ဖြစ် နောက်မှပေါ်ပေါက်လာတဲ့ ဘယ်ပြည်ထောင်စုမှာ ဖြစ်ဖြစ် သူတို့ ရဲ့ပြည်ထေင်စုကိုစတင်ထူထောင်ခဲ့ကြတဲ့ founding fathers တွေကို လေးစားဂုဏ်ပြုကြတာချည်းပါပဲ။ ပေါက်လွတ်ပဲစား သေးသိမ်အောင် မလုပ်ဘူးကြပါဘူး။ ဒုတိယ ကမ္ဘာ စစ်ကြီး အဆုံးသတ်သွားတဲ့ ကာလမှာ ကမ္ဘာတဝှမ်း ဒီမိုကရေစီရေး၊ နိုင်ငံရေး နိုးကြားမှု အရှိန်အ ဟုန်တွေ ဟာ တားမနိုင်ဆီးမရလောက်အောင် မြင့်တက်နေပြီး ပြည်တွင်းပြည်ပ ပရောဂ မျိုးစုံ ရဲ့ ရိုက်ခတ်မှု တွေကြောင့် ကမ္ဘာ့တိုင်းနိုင်ငံတော်တော်များများဟာလည်း နှစ်ခြမ်းကွဲသွားခဲ့ကြပါတယ်။ အဲဒီလို အားပြိုင်မှုတွေ များပြားလှတဲ့ စစ်ပြီးခေတ်ကာလမှာ ကမ္ဘာတဝှမ်း မိမိတို့ နိုင်ငံအသီးသီး ကိုတစည်းတလုံး ထည်း ဖြစ်အောင်ညီညွတ်ရေး ကို အခိုင်အမာ တည်ဆောက် နိုင်တဲ့ ခေါင်းဆောင်ကောင်း တွေ မရှိခဲ့ ကြတာရယ်၊ ပြည်တွင်းပြည်ပ ပရောဂတွေရဲ့အားပြိုင်မှု ကို မလွန်ဆန် နိုင်ကြတာ စသည်ဖြင့် အကြောင်း အမျိုးမျိုး ကြောင့် နှစ်ခြမ်းကွဲသွားကြတဲ့ နိုင်ငံတွေ က တော့ ဂျာမနီ၊ ကိုးရီးယား၊ ဗိယက်နမ်၊ အိန္ဒိယ-ပါကစ္စတန်၊ ယီမင်၊ ပါလက်စတိုင်း၊ ဆိုက်ပရပ်(စ်)ကျွန်း စသည်တို့ ဖြစ်ပါတယ်။ ဒီလို နှစ်ခြမ်းဟက်တက်ကွဲသွားကြတဲ့ နိုင်ငံတွေထဲမှာ ဂျာမနီ နဲ့ ဗိယက်နမ် နိုင်ငံတွေဟာ မကြာသေး ခင်ကာလကပြန်လည်ပူးပေါင်းသွားကြပေမဲ့ ကျန်နှစ်ခြမ်းကွဲနိုင်ငံတွေမှာတော့ တင်းမာမှုတွေ အတော မသတ်နိုင်ကြသေးပါဘူး။ ဒီလိုကမ္ဘာ့ နိုင်ငံရေးအခင်းကျင်းတွေကြားမှာ ဗြိတိသျှရဲ့ စက္ကူဖြူ စီမံကိန်းကတမှောင့်၊ တောင်တန်း သားတွေ ရဲ့လိုအင်ဆန္ဒ နဲ့ စိုးရိမ်စိတ်တွေကလည်း တဖက်၊ အညာသားလေးဗိုလ်ချုပ်အောင်ဆန်း ဟာခက်ခဲနက်နဲတဲ့ တစည်းတလုံးထည်း လွတ်လပ်ရေး ကိုအရယူရေး ဆိုတဲ့ နိုင်ငံရေးပုစ္ဆာ ကို သူ့ ရဲ့ကြီးမားတဲ့ နိုင်ငံရေး အမျှော် အမြင်၊ ဖြောင့်မတ်တည်ကြည်မှု၊ မှန်ကန်တဲ့စိတ်ရင်းစေတနာ၊ နိုင်ငံရေးရာကျွမ်းကျင်မှု တွေ နဲ့ အတူ စိတ်ရှည် ရှည်၊ ဇွဲကောင်းကောင်းနဲ့ ကိုင်တွယ်ချည်းကပ်နိုင်ခဲ့တဲ့ အတွက် သမိုင်းတွင်မဲ့ပင်လုံစာချုပ်ကို အားလုံးသဘော တူလက်မှတ် ရေးထိုးနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ပင်လုံစိတ်ဓါတ် အညာသားလေး ကိုအောင်ဆန်း (ဒါမှမဟုတ်) ခေတ်သစ် ပြည်ထောင်စု မြန်မာ နိုငံ ရဲ့ ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ကပင်လုံမှာ ဘယ်လိုသမိုင်းအမွေအနစ်တွေ ချန်ထား ခဲ့သေးသလဲ ဆက်လက်တူး ဖေါ်ကြည့် ကြရအောင်။ အပိုဒ် ပေါင်း(၉) ပိုဒ်ပါ ဝင်တဲ့ ပင်လုံစာချုပ် ထဲမှာ တောင်တန်းဒေသတွေဟာ …. ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ကို ရာနှုန်းပြည့်ရှိစေရမယ် ဆိုတာ အပိုဒ် (၅) မှာ ပါရှိပြီး ရှမ်း၊ချင်း၊ကချင် ဒေသပြည်တို့ဟာ ဘဏ်ဏ္ဍာ ရေးကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရှိရမယ် ဆိုတဲ့ အချက် ကို အပိုဒ် (ဂ) နဲ့ (၉) တွေမှာ အခိုင်အမာ ကဗျည်းထိုးပြီးအာမခံထားပါတယ်။ ဒီအပိုဒ် သုံး ပိုဒ် ကတော့ ရှမ်း၊ ကချင် နဲ့ ချင်း ဒေသပြည် တွေဟာ ထူထောင်လတ္တံ့သော ခေတ်သစ်ပြည် ထောင်စု ကြီး ထဲကို မိမိတို့ရဲ့ လွတ်လပ်သော ဆန္ဒ အလျောက် ပါဝင်ပူးပေါင်းရာမှာ မိမိတို့ရဲ့ သဘာဝအရ နဂိုရှိရင်းစွဲ အမျိုးသားအခွင့် အရေး (intrinsic natural rights) တွေဖြစ်တဲ့ လွတ်လပ်မှု၊ တန်းတူမှု တွေကို အာမခံ ချက်ရှိစေဖို့ အတွက် သူတို့ ရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ဘဏ်ဏ္ဍာရေး ကိုယ်ပိုင်ပြဋ္ဌာန်း ပိုင်ခွင့် တွေ ကို အညာသားလေး ကိုအောင်ဆန်းကိုယ်တိုင် က အပြည့်အဝ အသိအမှတ်ပြု ပြီး သဘောတူ ထည့် သွင်း ထားခဲ့တဲ့ ပြည်ထောင်စု ရဲ့အခြေခံ မူတွေ ပဲ ဖြစ်ပါတယ်။ နောက်အပိုဒ်တခု အထူးပြုပြီးဖေါ်ပြလိုတာကတော့ အပိုဒ် (ရ) မှာ “တောင်တန်းဒေသရှိပြည်သူတို့ သည်ဒီမို ကရေစီ တိုင်းပြည်များတွင် အခြေခံများ နှင့် ရပိုင်ခွင့် များကို ရရှိခံစားစေရမည်“ ဆိုတဲ့အပိုဒ် တိုကလေးပါပဲ။ ဒီအချက် ကိုဘာဖြစ်လို့ နောက်ဆုံးမှာ ထားပြီးအထူးပြုဖေါ်ပြရသလဲဆိုတော့ဒီအပိုဒ်ကလေးရဲ့ထူးခြားချက် ဟာ အထက်မှာဖေါ်ပြခဲ့တဲ့ ပြည်ထောင်စုဆိုင်ရာ အခြေခံမူတွေနဲ့ တင် ဗိုလ်ချုပ်အောင်ဆန်း က မထားခဲ့ပဲသူ ကိုယ်တိုင်က သူ့ရဲ့စီတ်ရင်းစေတနာ နဲ့ ကြီးမားတဲ့ နိုင်ငံရေး အမျှော်အမြင် အရ ထပ်မံ ဖြည့်စွက် ထည့်သွင်း ခဲ့တာဖြစ်ပါတယ်။[ကျမ်းကိုး။ ဦးဖေခင် ၏ ၁၉၇၂ ခုနှစ် ပြည်ထောင်စု နေ့ Guradian သတင်းစာ အချပ်ပို တွင်ဖေါ်ပြချက်။ ဒါကလည်း ဗိုလ်ချုပ်အောင်ဆန်းက သေနပ်တချက်မဖေါက်၊ သွေးမြေတစက်မကျစေပဲ ငြိမ်းချမ်းသောသံတမန် နည်းနဲ့ ပြည်ထောင်စုကြီးကိုထူထောင်ခဲ့ရာမှာ ဗမာနဲ့အတူတောင်ပေါ်သားတွေ ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ်ခင်ခင် နဲ့ ရာသက်ပန်ပေါင်းသင်းနေထိုင်သွားကြမဲ့ ပြည်ထောင်စုကြီး အဖြစ် ထာဝစဉ် သမိုင်းတွင်ကျန်ရစ်ခဲ့ ဖို့အ တွက် ပင်လုံမှာ ဋ္ဌာပနာ ထား ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ချစ်ခင်လေးစား ဖို့ကောင်းတဲ့ “ပင်လုံစိတ်ဓါတ်“ ပဲ ဖြစ်ပါ တယ်။ လွတ်လပ်ရေးရ ရင်ပြီးရော၊ တောင်ပေါ်သားတွေကိုခဏတဖြုတ်ညာထားလိုက်မယ်၊ တနေ့ ကျရင် ဒီစာချုပ်ကို စုတ်ဖြဲပစ်လို့ရတယ်ဆိုပြီး တောင်ပေါ်သားတွေ ကိုယာယီသဘော နှစ်သိမ့်ထားဖို့၊ လိမ်ဖို့ညာဖို့တနပ်စားဉာဏ် မျိုး နဲ့ပေါက်လွတ်ပဲစားထည့်သွင်းခဲ့တဲ့ စာပိုဒ်မဟုတ်ဘူးဆိုတာကို အညာသားလေး ကိုအောင်ဆန်းရဲ့ ငယ်ဘဝ ကစ နောက်ဆုံးလုပ်ကြံခံခဲ့ရတဲ့အချိန်အထိသူ့ရဲ့အထ္ထုပ္ပတ္တိ တွေမှာ ထပ်ခါတလည်းလည်းတွေ့မြင်ကြရတဲ့ သူ့ရဲ့ ကြီးမားတဲ့ သမာဓိဂုဏ်တွေ နဲ့ သက်သေထူလို့ရပါတယ်။ ဒါ့အပြင် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (ဂ) ရက်နေ့ မှာ ပင်လုံ ကိုရောက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခရီး ရောက်မစိုက် ပြောကြားတဲ့မိန့် ခွန်းမှာ ပြောသွားခဲ့တဲ့ စကား အရ လည်းသက်သေထူနိုင်ပါသေးတယ်။ ခရီးရောက်မစိုက် အမောတောင်မပြေသေးခင်မှာ အညာသားလေး ကိုအောင်ဆန်းက ဘယ်လိုမိန့်ခွန်းခြွေ ခဲ့သလဲ ကြည့်ရအောင်၊ ကောာ်နှုတ်ဖေါ်ပြပါမယ်….. “…..ဗမာနဲ့ပူးပေါင်းပါဟုလည်း မတိုက်တွန်းနိုင်၊ မပူးပေါင်းပါ နှင့် ဟုလည်းမပြောနိုင်ကြောင်း၊ ပေါင်းဖို့ မပေါင်းဖို့ ဆုံးဖြတ်ရန်မှာ တောင်ပေါ်သား ကချင်၊ ချင်း၊ ရှမ်း တို့၏ တာဝန်သာဖြစ်ကြောင်း၊ ပူးပေါင်းရန်မပူးပေါင်းရန် တောင်ပေါ်သားတို့၏ ဆန္ဒကို သိလိုကြောင်း၊ အကယ်၍ ပူးပေါင်းလို က တောင်ပေါ် သားများ မနစ်နာစေရန် စာချုပ်ပြုလုပ်လက်မှတ်ရေးထိုးရန်မိမိလာရောက်ကြောင်း၊ မိမိနှင့်အတူဖဆပလအစိုးရမှာ ကမ္ဘာတည်အောင်ခိုင် မြဲမည် မဟုတ်သည်ကိုသိပါကြောင်း၊ အကယ်၍ ဖဆပလအစိုးရ ပျက်သွားစေကာမူ မိမိတို့ အချင်းချင်း သဘော တူညီချက်ကို မဖျက်နိုင်အောင် ဥပဒေပြုလုပ်ထားမည်ဖြစ်ကြောင်း၊ ထို့ကြောင့်နောင်ရေးအတွက် ဘာ မျှ စိုးရိမ် ကြောက်ရွံ့နေစရာမရှိကြောင်း” ပြောကြားခဲ့ပါတယ်။ ဒီအချက်ကိုကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်း ဟာ သူရောဖဆပလ အစိုးရရော ကမ္ဘာတည်သရွေ့မမြဲသည့်တိုင် အောင် မကြာမီ ချုပ်ဆိုတော့မယ့် ပင်လုံစာချုပ်ကို၎င်း၊ အဲဒီပင်လုံစာချုပ်ကို အခြေခံပြီးရေးဆွဲမဲ့ အခြေခံဥပဒေ ကို၎င်း ကမ္ဘာတည်သရွေ့တည်မြဲ ဖို့ ရည်ရွယ်ခဲ့တာပေါ်လွင်ထင်ရှားနေပါတယ်။ တောင်ပေါ်သားတို့ ရဲ့ ပင်လုံကတိကဝတ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် က တောင်တန်းသားတွေရဲ့ နဂို ရှိရင်းစွဲအခွင့်အရေးတွေ ဒီမိုကရေစီ အခွင့် အရေးတွေ ကိုအ ပြည့်အဝ အသိ အမှတ်ပြု လိုက်ခြင်း သည်ပင်လျင် “ပင်လုံစိတ်ဓါတ်“ ကို သူကိုယ်တိုင် က လက်တွေ့ကျကျ စတင် ပြသလိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ “ပင်လုံစိတ်ဓါတ်“ ကို တောင်ပေါ်သားတွေ က လည်း ပူးပေါင်းရေး ဆိုတဲ့ ပင်လုံ ကတိကဝတ်နဲ့ တုန့်ပြန်ခဲ့ကြတယ်။ ဒီတော့ ပင်လုံစိတ်ဓါတ်ဆိုတာ ဟာ ပင်လုံစာချုပ်မှာ ပါရှိတဲ့ ထာဝရငြိမ်းချမ်းရေး ကိုဆောင်ကျည်းပေးမဲ့ တန်းတူ မှု၊ လွတ်လပ်မှု ဆိုတဲ့ ပြည်ထောင်စုဆိုင်ရာအခြေခံမူတွေ၊ ဒီမိုကရေစီ အခြေခံတရားတွေ ကို အလေး အနက်၊ နက်နက်ရှိုင်းရှိုင်းနှလုံးသွင်းပြီး ရေးဆွဲခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေ မူဝါဒတွေကနေသာမွေးဖွားရှင်သန် ခဲ့ တာ ကို အထင်အရှားတွေ့မြင်ရပါတယ်။ ပင်လုံစိတ်ဓါတ်မွေးကြပါ၊ ပင်လုံစိတ်ဓါတ်သာ အရေးကြီးပါတယ်၊ ပင်လုံစိတ်ဓါတ်သည်သာ ပိုပြီး အဓိကကျပါတယ် လို့ အညာသားလေးကိုအောင်ဆန်း ကပြောလိုက်လို့ ပင်လုံ စိတ်ဓါတ်ဆိုတာ မိုးပေါ်ကနေ ပြုန်းစားကြီး ကျလာတာမဟုတ်ပါဘူး။ ဒီထက်ပိုအရေးကြီးတဲ့ အချက်ကတော့ ဒီမိုကရေစီ ရဲ့အနှစ်သာရသဘောအရ အများစုကဆုံးဖြတ်တယ်၊ အ များစုကအုပ်ချုပ်တယ်လို့ ယေဘုယျ နားလည်နိုင်ပေမဲ့ အနှစ်အားဖြင့်ပြည့်စုံအောင်ဆိုရင်အဲဒီအများစုက လည်း အနည်းစုအခွင့်အရေး ကိုလေးစားရတာဖြစ်ပါတယ်။ အထူးသဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံလို လူမျိုးစုံနေထိုင် တဲ့ နိုင်ငံမျိုးမှာ အများစု ဖြစ်တဲ့ ဗမာ တိုင်းရင်း သားတွေက အရှေ့ကနေဦးဆောင်ပြီး အဲဒီဒီမိုကရေစီရဲ့အခြေခံအနှစ်သာရသဘောကို နှစ်နှစ်ကာကာ ယုံ ကြည် ပြီး ရင်ဝယ်ပိုက် ကျင့်သုံးအကောင်အထည်ဖေါ်နိုင်မှသာ တိုင်းပြည်ဟာ ထဝရငြိမ်းချမ်းပြီး သာယာတဲ့ စစ်မက်တွေ ကင်းစင်တဲ့ ပြည်ထောင်စုကိုထူထောင်နိုင်ကြမှာ ဖြစ်တယ်။ ဒီမိုကရေစီ ကိုပြည်ထောင်စု ပုံစံနဲ့ ပုံဖေါ်ရာမှာ အများစုနဲ့အနည်းစု အကြားတရားမျှတမှု ရှိရေးနဲ့တင်မပြည့် စုံသေးပါဘူး။ တန်ဘိုး ထားမှုတွေ (values) တွေ တူညီ ဖို့လည်းလိုပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီ ကိုတွေးခေါ်ရာ မှာ အများစု၊ အနည်းစုအခွင့်အရေးတွေအပြင် အထူးအရေးကြီးတဲ့ ဘုံတူညီတဲ့တန် ဘိုး ထားမှု (common values) အပိုင်းကို အလေးအနက် ထားခဲ့တယ် ဆိုတာကို ပင်လုံစာချုပ် ကိုရေးဆွဲရာမှာ သူကိုယ်တိုင်ထည့်သွင်းခဲ့တဲ့ အဲဒီ အပိုဒ် (ရ) မှာ ထင်ရှားစွာ တွေ့မြင်ရ ပါတယ်။ ဒါကိုက မြတ်နိုး စရာကောင်း တဲ့ အညာသားလေး ကိုအောင်ဆန်း ရဲ့ ပင်လုံစိတ်ဓါတ် ပါပဲ။ ဒီတော့ ပင်လုံစိတ်ဓါတ် ဆိုတာ အပေါ်ယံသဘော အပြောချည်းသက်သက် နဲ့ ဖြစ်ပေါ်လာတာမဟုတ်ပဲလက် တွေ့ကျကျ နက်နက်ရှိုင်းရှိုင်း တွေးခေါ်မျှော်မြင်မှု ကနေပေါ်ပေါက်လာတာဖြစ်ပြီး၊ ပူးပေါင်းတာသက်သက်ကိုပဲ ကွက်ပြီး ပင်လုံစိတ်ဓါတ်လို့အဓိပ္ပါယ်ဖွင့်မယ်ဆိုရင်ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပင်လုံစိတ်ဓါတ် ကြောင့်ပူးပေါင်း လာ ကြတာမဟုတ်ပဲ၊ ပူးပေါင်းရေးအတွက် လိုအပ်နေတဲ့ အခြေခံ တန်ဘိုးထားမှုတွေ ကိုအရင် ချပြဆွေးနွေးရေးသား သဘောတူညီကြပြီးမှသာပူးပေါင်းလာကြတာဖြစ်တယ်။ တနည်းအားဖြင့် ပင်လုံစိတ်ဓါတ် ဆိုတာဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒီမိုကရေစီ နဲ့ဆက်နွှယ်တဲ့ တန်ဘိုးတွေကိုအလေးထားမှုကနေဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။ အဲဒီအပေါ် မှာ တောင်ပေါ်သားတွေက ယုံကြည်မှုရှိရှိနဲ့ လွတ်လပ်ရေး ကိုအတူတကွရ ယူမယ်ပူး ပေါင်းမယ်ဆိုတဲ့ ကတိကဝတ် ကိုပေးခဲ့ကြတာဖြစ်တယ်။ တနည်းအားဖြင့်အဲဒီတောင် ပေါ်သားတွေရဲ့ကတိ ကဝတ် ဆိုတာကလည်း ပင်လုံမူ တွေပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာတာဖြစ်တယ်။ ပင်လုံစိတ်ဓါတ် ကိုအခြေခံပြီး ပင်လုံမူဆိုတာပေါ်ပေါက်လာတယ်၊ ပင်လုံမူ ကိုအခြေ ခံပြီး ပူးပေါင်ရေးး ဆိုတဲ့ ပင်လုံကတိကဝတ်ဆိုတာပေါ်လာတာဖြစ်တယ်။ မရေရာမသေခြာတဲ့ စီတ်သန္တာန် အ ဆင့်မှာ သာရှိသေးတဲ့ (subjective thinking) သာဖြစ်တဲ့ ပင်လုံစိတ်ဓါတ်ကနေ ပူးပေါင်းရေးဆိုတာ တမဟုတ်ခြင်းဖြစ်ပေါ် မလာနိုင် ပဲ၊ အဲဒီစိတ်ဓါတ်အခြေခံနဲ့ရေးဆွဲလိုက်တဲ့ ပကတိသဘော လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ ပင်လုံမူဝါဒကို အခြေ ခံပြီး သာလျင် ပူးပေါင်းရေးဆိုတာဖြစ်ပေါ်လာတာဖြစ်ကြောင်း အကောင်းမြင်ဝါဒအခြေခံပြီး အပြုသဘော ဆောင် ဆွေးနွေးတင်ပြလိုက်ပါတယ်။ အချုပ်အားဖြင့် ပင်လုံ ရယ်…. ဒီမိုကရေစီရယ် …. ဖက်ဒရယ်ပြည်ထောင်စု ရယ်….ငြိမ်းချမ်းရေး ရယ် ….. ဒီ (၄) ခုကိုဘယ်လိုမှ ခွဲခြားလို့မရဘူးဆိုတာ ပေါ်လွင်ထင်ရှားလှပါတယ်။ ပင်လုံကိုရဲရဲကြီးကြည့်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမှ သာလျင် ငြိမ်းချမ်းရေးကို အခိုင်အမာ တည်ဆောက် နိုင်ကြမှာဖြစ်ပါတယ်။ တဦးနဲ့ တဦးလေးစားလို့ အားနာလို့ ငြိုငြင်မှာ ကြောက်လို့ဆိုပြီး၊ မဆွေးနွေးရဲ မကြည့်ရဲ မကိုင်တွယ်ရဲ ဆိုတာမျိုးနဲ့ စခမ်းသွားနေလို့ကတော့တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာ ကို နောင်မျိုးဆက်ပေါင်း မြောက်မြားစွာအထိ အာမခံဖို့မဖြစ်နိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောဆို တင်ပြဆွေးနွေးလို့ အငြိုငြင်ခံရ တာ ထက် မပြောမိမဆိုမိလို့ လိုရာမရောက်ပဲ ငြိမ်းချမ်းရေးခရီးစဉ် မှာ အဖုအထစ်တွေဖြစ်ပြီး ဆင်ပြောင်ကြီး အမှီးရောက်မှ တစ်နေခဲ့ရင် ပိုပြီး အပစ်ကြီးပါတယ်၊ ပိုပြီး တောင်ကြောက်စရာကောင်းပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကို မလိုတမာ အပြင် ပရောဂ သမားတွေက လုပ်ကြံပြီး ပင်လုံ ကို ခွဲထွက်ရေး အိုးမဲသုတ် ထားကြလို့လည်းကြေက်စရာမလိုပါဘူး၊ ဒီအုပ်စုဟာ ဖက်ဒရယ်ကိုတောင်ခွဲထွက်ရေး အိုးမဲသုတ်ခဲ့ကြသေး တာ ပါ၊ ရေရှည်မှာမအောင်မြင်ပါဘူး၊ အမှန်တရားဟာဖုံလို့ဖိလို့မရပါဘူး၊ ဒီနေ့ ပြည်သူတရပ်လုံးက ဖက်ဒရယ်ဆို တာ ပူးပေါင်းရေး လို့ အမှန်အတိုင်း သိရှိနားလည်းလာကြပါပြီ။ ပင်လုံဆိုတာဟာလည်း ပူးပေါင်းရေး စာချုပ်ဖြစ် ကြောင်းသမိုင်း အထောက် အထားတွေ ခိုင်ခိုင် မာမာ ရှိနေပါတယ်၊ ဒါကြောင့်လည်း ပင်လုံစာချုပ်ကိုရေထိုး ခဲ့ကြတဲ့ ဖေဖေါ်ဝါ ရီလ (၁၂) ရပ် ကို ပြည်ထောင်စုနေ့ လို့ သတ်မှတ်ထားတာဖြစ်တယ်၊ ခွဲထွက်ရေးနေ့ ဆိုတာလည်းမကြားဘူး ကြပါဘူး။ အမှန်တကယ်တော့ အညာ သားလေး ကိုအောင်ဆန်းကိုယ်တိုင် ဦးဆောင်ပြီး ပင်လုံမှာ တောင်ပေါ်သားတွေနဲ့ အတူတကွ သဘော တူ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ဆိုတဲ့ ကျစ်ကျစ်လစ်လစ် ခိုင်ခိုင်မာမာ ရှိလှ တဲ့ သမိုင်းဝင် စာတန်းတိုလေးဟာ ကျွန်တော်တို့အားလုံးပိုင်ဆိုင်ကြတဲ့ ပြည်ထာင်စုကြီးရဲ့ အခြေခံအုပ်မြစ်ဆို တာ ကို ဘယ်လိုမှ ငြင်းချက်ထုတ်လို့မရပါဘူး။ ပြည်ထောင်စုကြီးရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ ပင်လုံစာချုပ် ဟာ ဒီနေ့အထိ တရားဝင်အခိုင်အမာ ရှိနေပါတယ်။ ဒီ အခြေခံအုပ်မြစ်မရှိရင် ဖက်ဒရယ်ပြည်ထောင်စု ကိုလည်းထူထောင်လို့မရပါဘူး။ ပင်လုံပြည်ထောင်စုကြီး ဖြစ် ပေါ်လာဖို့အတွက် အညာသားလေး ကိုအောင်ဆန်း စိုက်ထူခဲ့တဲ့ ပင်လုံ ဒီမိုကရေစီမျိုးစေ့ကို အရင်စစ်အာ ဏာရှင် အဆက်ဆက်ကလည်း မထိပါးရဲခဲ့ကြပါဘူး။ ဒီနေ့ဒီအချိန်မှာ လည်း ဒီအခြေခံအုပ်မြစ်ကို နင်းချေဖျက် စီး ပစ်ပယ် ပြီး ပင်လုံနဲ့ဆန့်ကျင်ဖက်တူရူကို ဦးတည်ဖို့ ဆိုတာ ပိုလို့တောင် မသင့်တော်ပါကြောင်း၊ ပင်လုံစာချုပ်ကိုပစ်ပယ်ခြင်း အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့လမ်းခွဲ လိုက်တာဖြစ်ကြောင်း၊ ပင်လုံမှာ ဗိုလ်ချုပ် မျှော်မှန်းခဲတဲ့ ငြိမ်းချမ်းတဲ့ ပြည်ထောင်စု ကြီးနဲ့လည်းဝေးသွား နိုင်ကြောင်း တင်ပြဆွေးနွေး လိုက် ပါတယ် ခင်ဗျား။ |
ဆလိုင်းကစ်(ပ်)ခိုလျန် |
Vansangva Group
** Excerpt from Burma White Paper, 9th. May 1945 Part II Statement of Policy Item 6 Page 11 „The administration of the Scheduled Areas, that is the Shan States and the tribal areas in the mountainous fringes of the country, inhabited by the peoples differing in language, social customs and degree of political development from the Burmans inhabiting the central areas, would remain for the time being a responsibility of His Majesty’s Government until such time as their inhabitants signify their desire for some suitable form of amalgamation of their territories with Burma proper. မြန်မာပြည် စက္ကူဖြူစာတမ်း မေလ (၉)ရက် ၁၉၄၅ အပိုင်း(၂) ပေါ်လီစီကြေငြာချက် အပိုဒ် (၆) စာမျက်နှာ (၁၁) မှကောက်နှုတ်ဖေါ်ပြချက်။ " …နိုင်ငံ၏ အလယ်ပိုင်းတွင် နေထိုင်ကြကုန်သောမြန်မာလူမျိုးများနှင့် ဘာသာစကား၊ ဓလေ့ထုံးစံ နှင့် နိုင်ငံရေး တိုးတက်မှု တို့တွင် မတူညီသောလူမျိုးများ အခြေစိုက်နေထိုင်ရာ သီးသန့် ဒေသများ ဖြစ်ကြသည့် ရှမ်းနယ်ပယ် များနှင့် မျိုးတူစုများ နေထိုင်ရာ နယ်စွန်နယ်ဖျားတောင်ပေါ်ဒေသများ အုပ်ချုပ်ရေး ကို ယင်းဒေသနေ လူမျိုးတို့ က မြန်မာပြည်မနှင့် သင့်တော်သည့် ပုံစံ ဖြင့်ပူးပေါင်းရန်ဆန္ဒရှိကြောင်းထုတ်ဖေါ်ပြသသည့် အချိန်တိုင်အောင် ဘုရင်ခံ ၏ သီးသန့်အုပ်ချုပ်ရေးအောက်တွင် အခိုက်အတန့်အားဖြင့် ထားရှိမည်ဖြစ်ကြောင်း…” မှတ်ချက်။ ဤစက္ကူဖြူစာတမ်း သည် စစ်ပြီးခေတ် မြန်မာပြည်၏ အုပ်ချုပ်ရေး ကို တဆင့်ပြီးတဆင့် ဆောင်ရွက် သွားရန် ဗြိတိသျှ လီမန်တွင် ၁၇-၅-၄၅ ရက်နေ့တွင် တင်သွင်းအတည်ပြု ခဲ့သောအုပ်ချုပ်ရေး စီမံကိန်း ဖြစ်ပြီး အန္ဒိယ နိုင်ငံ ဆင်းမလားတွင် စစ်ပြေး မြန်မာအစိုးကရေးစွဲ ခြင်းဖြစ်သဖြင့် “ဆင်းမားစီမံကိန်း” ဟုလည်း ခေါ် တွင်သည်။ ပင်လုံ စာချုပ် နဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးချက် ကိုတော့ အောက်ပါ လင့် တွင် ဆက်လက် ဖတ်ရှု နားဆင်နိုင်ပါတယ်။ http://vansangva.com/vansangva-library/#1 Download PDF file : Posting 2 of Panglong Journey |
|
Posted: 28 Aug 2016 08:40 AM PDT Audio File ကိုအောက်ပါလင့်တွင် နားဆင်နိုင်ပါသည်။
http://vansangva.com/category/audio/ ကျွန်တော်တို့ နိုင်ငံ ရဲ့မြေပုံကိုကြည့်ရင် လှတာကတော့မပြော နဲ့ ဘယ်နိုင်ငံနဲ့ မှမတူဘူး။ တမူထူးခြားစွာကို လှတယ်လို့ဆိုရမှာပဲ။ ဒါတင်ပဲလား။ နိုင်ငံရဲ့မြေပုံ ကိုအသေအခြာကြည့်လိုက်စမ်းပါ။ အထက်ကနေအောက်ဖက် ကို မြောက်ဖက်ကနေ တောင်ဖက်ကို စီးဆင်း နေတဲ့ ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ် မြစ်ညီနောင် နှစ်သွယ် ကိုကြည့်လိုက်ရုံ နဲ့ ဒီ နိုင်ငံဟာ စားနပ်ရိက္ခာ နဲ့ သားငါးအင်မတန် ပေါကြွယ်ဝတဲ့ အပြင် ပိုလျှံ ပြီး ပြည်သူတွေက ဝဝလင်လင် ဖူဖူလုံလုံ နဲ့ စားသောက်နိုင်ကြပြီး အိမ်နီးနားချင်းတွေကိုရော ကမ္ဘာအနှံ့ကိုပါ လယ်ယာထွက်ပစ္စည်း တွေ အလျှံပယ် တင်ပို့ နိုင်လို့ အင်မတန် မှ ချမ်းသာတဲ့ နိုင်ငံဖြစ်ရမယ် လို့ အပိုင်ပေါက် ပြောနိုင်ပါတယ်။ ဒါတင်ပဲလား။ မကသေးပါဘူး။ နိုင်ငံရဲ့ အနောက်ဖက်ခြမ်း၊ မြောက်ဖက်ခြမ်း နဲ့ အရှေ့ဖက်ခြမ်း တခုလုံး ကို လှပပြီး မြင့်မားတဲ့ တောင် ကပါးကြီး တွေ က ကာရံထားလိုက်သေးတယ်။ ကျူးကျော် လာမဲ့ ပြည်ပရန် ကိုကာကွယ်ဖို့ သဘာဝ တရားကြီး က အခိုင်အမာ တန်တိုင်းကြီးတွေနဲ့ ကို ကာစီးပေးထားလိုက်သေးတယ်လေ။ ကြည့်စမ်း ဘယ်လောက် လုံခြုံတဲ့ နိုင်ငံကြီးလဲ။ ဒါတင်ပဲလား။ ဘယ်ကမှာတုံး။ အဲဒီတောင်တန်းတွေပေါ်မှာ အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတဲ့ တောင်ပေါ်သားတွေ နေထိုင်ကြပြန်တယ်။ ဒီတောင်ပေါ်သား တွေ က သူတို့ ရဲ့ ဘာသာစကား၊ သူတို့ ရဲ့ယဉ်ကျေးမှု၊ သူတို့ရဲ့ဒေသပြည်တွေ ကို နှစ်နှစ်ကာကာ ချစ်ကြတာ။ နောက်ထပ် ဘာရှိသေးလဲ။ အဲ ….. အဲဒီတောင်တန်းတွေပေါ်မှာ တိုင်းပြည်အတွက် အဖိုးမဖြတ် နိုင်တဲ့ ကျောက်မျက်ရတနာတွေ သယံဇာတ တွေ အဘိုးတန် သစ်ပင် ပန်းမာလာတွေကလည်း စုံသလားမမေးနဲ့။ ဒီနိုင်ငံမှ မချမ်းသာရင် ကမ္ဘာ မှာ ဘယ်နိုင်ငံချမ်းသာတော့ မှာ တုံးလို့တောင်မေး ရတော့မလိုပါပဲ။ ဟောတခါ၊ အောက်ပိုင်းကိုလဲကြည့် လိုက်ကြပါအုံး။ ပင်လယ်သမုဒယာ က ပြည်ပရန် ကို ကာဆီးပေးထားရုံ မက သူ့ရဲ့ ထွက်ကုန်တွေ ကို ကမ္ဘာ ကိုတင်ပို့ဖို့ တခါးကြီးဖွင့်ပေး ထားပြန်သေးတယ်။ ကောင်းလိုက်တဲ့ တိုင်းပြည်ဗျာ။ ဘုရားသခင်ရဲ့ ကောင်းချီး အဖြာဖြာ နဲ့ ပြည့်စုံတဲ့ နိုင်ငံတခုပေပဲ။ အိမ်နီးချင်း တွေ က မနာလိုဝန်တိုစရာ ကောင်းလှတဲ့ နိုင်ငံပဲဟေ့။ ပြီးတော့ ပိုပြီးတောင်မနာလိုစရကောင်းတာက ဒီနိုင်ငံမှာ ကမ္ဘာပေါ်မှာ အနှစ် တထောင်မှာမှ တယောက်လောက် နိုင်ငံသား ပြည်သူတွေ ကံကောင်းထောက်မ ပါ မှ ပေါ်ထွန်းလေ့ရှိတဲ့ အမျှော်အမြင် ကြီးမားတဲ့ ခေါင်းဆောင်တယောက်လည်း ပေါ်ထွန်းခဲ့ဘူးသေးတယ်ဗျ။ သူကတော့ အညာသာလေး ကိုအောင်ဆန်းပါ။ သူ့ ကို ပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်းလို့ ချစ်စနိုး ခေါ်ကြတယ်။ ဗိုလ်ချုပ် လို့အဖျားလေးဆွတ်ပြီးလည်းခေါ်ကြတယ်။ ဒီခေါင်းဆောင်က ဘယ်လောက် အမျှော်အမြင်ကြီးသလဲ ဆိုတာကြည့်ရအောင်။ ပင်လုံ ဆိုတဲ့ မြို့လေးတခု မှာ သူ က တေင်ပေါ်သား တွေနဲ့ပေါင်းပြီး ဒီနိုင်ငံကြီး ကို ရာသက်ပန် ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီး အဖြစ်ထူထောင် ပေးခဲ့တယ်။ သူကိုယ်တိုင် ကလည်း အဲဒီပြည်ထောင်စု နိုင်ငံသစ်ရဲ့ ပြည်ထောင်စုသားကြီး ဘဝကို ဦးဦးဖျားဖျား ခံယူခဲ့တယ် ….. ဒီတော့ ပြည်ထောင်စုသား ပြည်သူအားလုံး ကလည်းသူ့ကိုချစ်ကြတာပေါ့။ ကြည့်စမ်း နိုင်ငံရဲ့သဘာဝရေမြေတောတောင်တွေ ကကို တော်တော်ကြီး မနာလို စရာ ကောင်းလောက်အောင်ဖြစ်နေပြီ … ဒီကြားထဲ ပြည်သူတရပ်လုံး ချစ်ခင် လေးစား တဲ့ ခေါင်းဆောင်ကောင်းတ ယောက်ကိုပါ ဒီ နိုင်ငံကြီးကမွေးဖွား ပေးလိုက် သေးတာ။ ဒါပေမဲ့ ဒါပေမဲ့ .… ဒီခေါင်းဆောင်ကြီး ကိုသတ်သူကသတ်သွားကြတယ်။ သူမက်ခဲ့တဲ့ ပင်လုံ အိပ်မက် ကိုပါ ဖျက်ဆီးသူကဖျက်ဆီးသွားခဲ့တယ်။ သူထူထောင်ခဲ့တဲ့ ပင်လုံပြည်ထောင်စုကြီး လည်း အဖြိုလှဲ အဖျက်စီး ခံခဲ့ရတယ်။ တိုင်းပြည်ကို ကာရံပြီး အကာအကွယ်ပေးထား တဲ့တောင်တန်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ မြစ်ကြီးတွေ လည်း တိမ်ကောလုမတတ် အဖျက်ဆီး ခံခဲ့ကြရတယ်။ တချိန်က လှပတဲ့တောင်ပြာတန်း တွေ ဟာလည်းမီး တွေ တဟုန်းဟုန် တမြှိက်မြှိက် လောင်ကျွမ်းနေလေရဲ့။ တချိန်က ရွှေဝါရောင်ဝင်းနေခဲ့တဲ့ အလည်ကျောက လယ်တောတွေ လည်းခြောက်သွေ့ ကုန်ပြီ။ စစ်မီးတွေ ဟုန်းဟုန်းတောက်လောင်နေတာလည်း အနှစ် (၆ဝ) ကျော်ခဲ့ပြီ။ ဟိုက် အနှစ် ခြောက်ဆယ်ကျော်ကြီးများ တောင် လားလို့လာမမေးနဲ့။ (၁ဝ) နှစ်မဟုတ်ဘူး၊ ဒီစစ်ပွဲကြီး က၊ အနှစ် (၂ဝ) မကဘူး၊ အနှစ် (၃ဝ) လည်းမရပ်သေးဘူး၊ ရပ်ကြရအောင်လို့ မပြောသေးဘူး၊ ဆက်ပြီးလောင်နေသေးတယ် ဒီစစ်မီး က။ အနှစ် (၄ဝ) ဟော အနှစ် (၅ဝ) ကျော်လာပြီ၊ မရပ်သေးဘူးခင်ဗျ၊ လောင်ကောင်းတုံး။ အခုလည်းကြည့် အနှစ် (၆ဝ) ကျော် လာပြီ နှစ်တွေနှစ်တွေ ရေတွက်လာ ကြတာ၊ ရပ်သွားပြီလား ဒီစစ်ကြီး က။ မရပ်သေဘူးဗျို့။ တိုက်ကြတုံးခိုက်ကြတုံး။ လောင်လိုက်တဲ့စစ်မီး လောင်တုံး မြှိက်ကောင်းတုံးပ။ တိုင်းပြည်လည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစရင်းဝင်တဲ့၊ အံ့ပဗျာ… အံ့ပ။ ကဲကဲကဲ… အညာသားလေး ကိုအောင်ဆန်း ဘာတွေတွေးခဲ့သလဲ၊ ပြန်ကြည့်ရအောင်၊ သူကိုယ်တိုင် ငြိမ်းငြိမ်းချမ်းချမ်း ထူထောင်ပြီး လပိုင်းအတွင်း ပြိုလဲပျက်စီးသွား ခဲ့တဲ့ ပင်လုံပြည်ထောင်စုကြီး ကိုပြန်ကြည့်ရအောင်။ ပြည်သူတွေအားလုံး အတွက် ပင်လုံ လမ်းကလွဲ လို့ လျောက်လှမ်းရမဲ့ လမ်းမရှိတော့ဘူး။ လမ်းပေါင်းစုံပြီ လျောက်ခဲ့ကြတာ။ ပင်လုံခရီး ကိုပြန်သွားကြရအောင်ပါ။ ပင်လုံ ကို ရဲရဲကြည့်ကြစမ်းပါ။ ကိုအောင်ဆန်းရဲ့ ပင်လုံ အတွေးကိုရဲရဲတွေးကြပါ။ ငြိမ်းချမ်းသောပြည်ထောင်စု ဟာပင်လုံ မှာပဲရှိတယ်။ ဘယ်မှာ မှ သွားရှာမနေကြနဲ့။ ပင်လုံ ကိုပြန်သွားကြမယ်ဆိုတာ အတိတ်ကိုပြန်သွားဖို့ပြောနေတာမဟုတ်ဘူး။ အနာဂတ် ကိုသွားဖို့ပြောနေတာ။ ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ ပင်လုံပြည်ထောင်စု ကိုပြန်ထူထောင်ဖို့ပြောနေတာ။ ဘာတုံး ဗိုလ်ချုပ်ထူထောင်ချင်တဲ့ ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ ပင်လုံပြည်ထောင်စု ဆိုတာ။ ဘယ်လိုပုံစံမျိုးလဲ။ အသေအခြာကြည့် ရင် ရဲရဲ ကြည့် ရင် မြင်ရမှာ ဖြစ်တယ်။ ရဲရဲ ကြည့် ဖို့ ပြောရတာက တချို့ ကြောက်နေကြလို့ပြောရ တာ။ ခြောက်တဲ့သူကခြောက်တော့ ကြောက်တတ်သူ ကလည်းကြောက် တာပေါ့။ ဒီတော့ အဲဒီ ပင်လုံပြည်ထောင်စုကြီး ကို ရဲရဲကြည့် ကြရအောင်။ မြင်မှ၊ သိမှ ယုံကြည်မှပဲ ပင်လုံ ခရီး ကို ဖြောင်းဖြောင့် ကြီးပြန်လျောက် နိုင်ကြမှာ မဟုတ်လား။ ပင်လုံ ရယ်……. ဒီမိုကရေစီရယ် …… ဖက်ဒရယ် ပြည်ထောင်စုရယ်……. ငြိမ်းချမ်းရေး ရယ် ……. ဒီလေး ခုစလုံးဟာ တခု နဲ့ တခု ဘယ်လိုမှ ခွဲခြားလို့ မရဘူး ဆိုတာ မှန်ကန် သောသစ္စာတရားတခုပါ။ ပင်လုံ ခရီးဆိုတာ ငြိမ်းချမ်းသောခရီး ပါ၊ ပြည်သူတွေ ကိုချောက်ကြီးထဲပို့မဲ့ခရီးမဟုတ်ပါဘူး။ ကျွန်တော်တို့ လူမျိုး ပေါင်းစုံ ပြည်သူတွေအားလုံး ချစ်ချစ်ခင်ခင် နဲ့ လက်တွဲပြီး ဒီ ငြိမ်းချမ်းသော ပင်လုံခရီး ကိုပြန်လျောက်လှမ်းကြရအောင်ပါ။ နောက် အပတ် မှာ ပင်လုံ ပြည်ထောင် စုရဲ့ အခြေခံအုတ်မြစ် တွေကို ရဲရဲကြီးကြည့် ရင်း ပင်လုံ ခရီး သည်တွေ မကြာတော့တဲ့ အနာဂတ်မှာ မြင်တွေ့ကြရမဲ့ ပင်လုံ ဆိုတဲ့ ငြိမ်းချမ်းရေးပန်းတိုင် ဆီ ကို အတူ တကွ ဆက်လက်လျောက်ကြသေးတာပေါ့။ Download PDF file : Posting 1 of Panglong Journey https://youtu.be/ZuNouywjsz4?list=PLgV_wYfwulD7iUiYDCzD5hhXBQt3MApoe |
|
၂၁ ပင်လုံသို့ သျှမ်းခေါင်းဆောင်များဖြစ်သည့် ခွန်ထွန်းဦးနှင့် ဗိုလ်ချုပ်ကြီးဆေထင်တို့ တက်ရောက်မည် Posted: 29 Aug 2016 12:56 AM PDT နပြည်တော်တွင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ သျှမ်းခေါင်းဆောင်များဖြစ်သည့် ခွန်ထွန်းဦး နှင့် ဗိုလ်ချုပ်ကြီးဆေထင်တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည် ။
“ကျနော်ကတော့ တက်မယ် ၃၀ ရက်နေ့မှ နေပြည်တော်သွားမယ်။ နိုင်ငံရေးပြဿနာက နိုင်ငံရေးနည်းလမ်းနဲ့ ရှင်းရမယ်လေ” - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးက သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့မှ ၂၁ ပင်လုံတွင် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ စာတမ်းကို တင်သွင်း ဖတ်ကြားမည်ဖြစ်သကဲ့သို့ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ သျှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ RCSS/SSA တို့မှ ကိုယ်စားလှယ်အချို့လည်း ၂၁ ပင်လုံတက်ရန် နေပြည်တော်သို့ ကြိုတင်ရောက်ရှိ နေသည် ။ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားခြင်းမရှိသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်း တပ်မတော်မြောက်ပိုင်းမှာ ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်က ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ခြင်း မရှိခဲ့ပေ ။ သျှမ်းပြည်တိုးတက်ရေးပါတီ နာယက ဗိုလ်ချုပ်ကြီးဆေထင်အနေဖြင့် ၂၁ ပင်လုံဖွင့်ပွဲသို့တက်ရောက် မည် ဖြစ်သော်လည်း RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်မှာ တက်ရောက်မည် မဟုတ်ဟု သတင်းရရှိထား သည် ။ သျှမ်းတပ်မတော်မြောက်ပိုင်းမှ ကိုယ်စားလှယ်များအနေဖြင့် ၂၁ ပင်လုံတက်ရန် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အသင့်ဖြစ်နေသော်လည်း တန့်ယန်းမြို့နယ်ရှိ သျှမ်းတပ်မတော်မြောက်ပိုင်း တပ်စခန်းအချို့ကို အစိုးရစစ်တပ်မှ သြဂုတ်လ ၂၈ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည် ။ |
|
Posted: 28 Aug 2016 07:37 PM PDT ဩဂတ်စ် ၃၁ ရက်နေ့ တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံအား တက်ေ ရာက် သျှမ်းပြည်တပ်မတော် မှ ကိုယ်စားလှယ်အဖွဲ့ များ ရွေး ချယ်ထားပြီး ခရီးထွက်ဖို့ အသင့် ဖြစ်နေချိန် သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA ဌာချုပ်၏ အရှေ့မြောက်ဘက် လုံခြုံရေး တပ်စခန်းအား ယနေ့ ဩဂတ်စ် ၂၈ ရက် ညနေ ပိုင်း၌ အစိုးရ တပ်မတော် မှ စတင်တိုက်ခိုက်သည် ဟုသိရသည် ။
ဩဂတ်စ် ၂၈ ရက် ၂၀၁၆ ခု ညနေ ၄ နာရီ ကျော်မှ ည နေ ရ နာရီကျော်အထိ အစိုးရတပ်မတော် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (လားရှိုး) ရမခ လက်ေ အာက်ခံ ခလရ ၃၃ နှင့် ဒေသအတွင်း ရှိ တပ်ရင်းများ၏ နယ်မြေစိုးမိုးရေး စစ်ကြောင်းများနှင့် ပူးပေါင်းကာ တန်းယန်းမြို့နယ် မိုင်း ကောဝ် ကျေးရွာ အုပ်စု ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ကောင်းအုတ်လိုင် တပ်စခန်း အား ထိုးစစ်ဆင် တိုက်ခိုက်သည်ဟု သိရသည် ။ “တန့်ယန်း စစ်ဗျူဟာ လက်အောက်ခံတပ်တွေက ကျနော်တို့ တပ်စခန်းကို လာတိုက်တာ။ ၄ နာရီ ၁၅ လောက်ကနေ ၆ နာရီကျော်အထိ တိုက်ပွဲဖြစ် တယ်။ အဲဒီနောက်ပိုင်းတော့ ည ရ ကျော်တဲ့ အထိ ကျနော်တို့ တပ်စခန်းေ တွဆီ ကို လက်နက်ကြီးနဲ့ ထုနေတုံး။ ငြိမ်းချမ်းရေးအတွက် လုပ်နေချိန် မပြော မဆိုနဲ့ အခုလိုလာလုပ်တာ နားမလည်ဘူး” - ဟု သျှမ်းပြည် တပ်မတော် ပြော ခွင့်ရ ဗိုလ်မှူးစိုင်းဆု က ပြောပါသည် ။ ဩဂတ်စ် ၂၀ ရက်နေ့ က ကျေးသီး၊ မိုင်းရှူးမြို့နယ်အတွင်း ကြားဖြတ်ရွေးေ ကာက်ပွဲ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် မှ သတင်းထောက်များအား ပြောကြားသည့် နောက်ပိုင်း အစိုးရ တပ်မတော် စစ်ကြောင်းများသိသိသာသာ တိုးများလာသည်ဟု ဒေသ အတွင်း တပ်မှူးကြီးများက ပြောသည် ။ သို့သော် နိုင်ငံရေး လေ့လာသုံးသပ်သူများက တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးပြီးမှသာ ၂၁ ရာစု ပင်လုံညီတက်ရန် SSPP/SSA အား ဖိအား ပေးခြင်း ဖြစ်နိုင်သည် ဟု ပြောဆိုသုံးသပ်ကြသည် ။ SSPP/SSA သည် ညီညွတ်သောတိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင် ဖြစ်သည်။ UNFC ၏ အင်အား အကြီး မားဆုံးအဖွဲ့ ဝင်ဖြစ် သည့် KIA ကချင်လွတ်လပ်ရေး တပ်မတော် အားလည်း အစိုးရတပ်မတော် မှ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိနေသည် ။ |
|
အားလုံးပါဝင်ခွင့်မရသည့်အတွက် ၂၁ ရာစု ပင်လုံညီလာခံတက်ရောက်ရေးအစီအစဉ် ခွန်ထွန်းဦး ပယ်ဖျက် Posted: 30 Aug 2016 04:47 AM PDT |
|
“ ကျနော်တို့ဥက္ကဌ ခွန်ထွန်းဦးအနေနဲ့ ယူအန်အက်စီရဲ့တောင်းဆိုချက်အရ သူ့အနေနဲ့ ပါဝင်ဖို့ အဆိုပြုခံထားရတယ်။ ဒါမယ့် နဂိုကတည်းက ခွန်ထွန်းဦးက ကြေငြာထားတာ က All inclusive မဖြစ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင်ခွင့် မရှိဘူးဆို လို့ရှိရင် သူ့အနေနဲ့လည်းဘဲ တက်ရောက်ပြီး ဆွေးနွေးဖို့ လက်မှတ်ထိုးဖို့ဆိုတာတွေ မလုပ်နိုင် ဘူးပေါ့နော်။ အဲ့ကြောင့်မို့လို့ အခု ရခိုင် AA ကိုးကန့် MNDAA တအာင်း TNLA အစရှိအဖွဲ့ အစည်း ၃ ခုကျန်ခဲ့တဲ့ အတွက်ကြောင့် မို့လို့ သူ့အနေနဲ့ နဂိုပြောထားတဲ့အတိုင်း ဒီညီလာခံ ကိုတက်ရောက်ဖို့မဖြစ်နိုင်ဘူး ဆိုတာကို ဆုံးဖြတ်လိုက်ရခြင်းဖြစ်ပါတယ်” - ဟု သျှမ်းတိုင်းရင်း သားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပြောခွင့်ရှိသူ စိုင်းလိတ်က သျှမ်းသံတော်ဆင့် အားပြောပြသည် ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အစိုးရ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၈ ဖွဲ့အပြင်လေ့လာသူများ ပါဝင်သင့်ပါဝင်ထိုက်သူများ ၊ ပညာ ရှင်များနှင့် အသိသက်သေများ စုစုပေါင်းလူအင်အား ၁၈၀၀ ခန့်ဖြင့် ဩဂတ်စ်လ ၃၁ ရက်မှ စက်တင်ဘာ လ ၄ ရက်နေ့အထိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဦးဆောင် ကျင်းပသွားမည်ဖြစ်သည် ။ သို့သော် ဩဂတ်စ်လ ၃၀ ရက်နေ့ ယနေ့တိုင် အစီအစဉ်များ တိကျစွာဆုံးဖြတ်ချ မှတ်နိုင်ခြင်း မရှိသေးကြောင်း နေပြည်တော်ရောက် စိုင်းလိတ်က ပြောပြသည် ။ “ မနက်ဖြန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံစတင်တော့မယ်။ဖွင့်ပွဲလုပ်တော့မယ်။ ဒါပေ မယ့် အခု စကားပြောနေချိန်အထိ တဖက်နဲ့တဖက် စစ်တင်းပလဲန်ကအစ ညှိနှိုင်းနိုင်ခြင်းမရှိ သေးဘူး။ သဘောတူညီနိုင်ခြင်းမရှိသေးဘူး။ ဥပမာ သဘာပတိအဖွဲ့ ၅ ယောက်ထားမယ်။ EAO အထူးသဖြင့် UNFC ဘက်ကတော့ သုံးပွင့်ဆိုင် ဘဲဖြစ်ဖို့ အဆိုပြု တာကိုလည်း အခု ထက်ထိ ဆုံးဖြတ်ချက်မချဘူး။ EAO ဘက်ကတယောက်၊ လက်မှတ်ထိုးတဲ့အဖွဲ့ ၈ ဖွဲ့ဘက်က ၁ ယောက်စကားပြောခွင့်တောင်းတာကိုလည်း အဆင်မပြေဘူး။ အဲတာကိုကြည့် မယ်ဆိုရင် တပ်မတော်အနေနဲ့ငြိမ်းချမ်းရေး လုပ်ငန်းနဲ့ပတ်သက်ပြီး တိကျတဲ့မူဝါဒမရှိသေးဘူး။ တန်းတူညီမျှဆက်ဆံနိုင်တဲ့ သဘောထားကြီးခြင်းမရှိသေးဘူးလို့ သုံးသပ်လိုပါတယ် ။” ကိုးကန့် MNDAA၊ တအာင်း TNLA နှင့် ရခိုင် AA တို့သည် ၂၁ ရာစုပင်လုံ ညီလာခံ တက် ရောက် နိုင် ခွင့်ရရှိရေးအတွက် လက်နက်စွန့်လွတ်ရမည် ဆိုသည့် ထုတ်ပြန် ကြေငြာချက် ထုတ်ပြန်ရမည်ဟု အစိုးရနှင့်တပ်မတော်ဘက်မှ တောင်းဆိုထားသည်။ သို့သော် မဟာမိတ် တပ်ဖွဲ့ဘက်ကလက်မခံသောကြောင့် ညီလာခံတက်ရောက်ရန် ဖိတ်ကြားခြင်းမပြုရခြင်း ဖြစ်သည် သိရပါသည် ။ |
||
|
၂၁ ရာစုပင်လုံညီလာခံ လေ့လာသူအဖြစ် တိုင်းရင်းသားလူငယ်များ ဖိတ်ခေါ်ခံရ Posted: 30 Aug 2016 12:00 AM PDT ဩဂတ်စ်လကုန် နေပြည်တော်တွင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံသို့တက်ရောက်ရန် တိုင်းရင်းသားလူငယ်များမဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ် ၉ ဦးရွေးချယ်ထားကြောင်း သိရသည် ။
လေ့လာသူအဖြစ် ၇ ဦးနှင့် တရားဝင်တက်ရောက်ခွင့်ရှိသူ ၂ ဦးတို့ဖြစ်ကြောင်းသိရသည် ။ တက်ရောက်လေ့လာမည့်သူများမှာ- ခင်စန္ဒာထွန်း ၊ အုပ်စိုး ၊ မင်းလွင်ဦး ၊ စောကျော် လင်းထွန်း ( စောထွန်းထွန်း) ၊ ဆလိုင်းဖီလီမွန်ဘွေး ၊ ကျော်မျိုးသူ ၊ ကျော်ကိုကိုရှိန် တို့ဖြစ်ပြီး အခမ်းအနားတက်ရောက်မည့်သူ၂ ဦးမှာ မတင်တင်နွဲ့ နှင့် စောလေးကဖော တို့ဖြစ်ကြောင်းဆိုပါသည် ။ “ ကျား (၇) ဦး မ (၂) ဦး စုစုပေါင်း (၉) ဦးပါ။ ရခိုင် ၊ ကမန်၊ ဓနု၊ အင်းသား၊ ဗမာ၊ ချင်း၊ ထားဝယ်၊ ကရင်၊ ကဒူး တို့တက်ပါမယ်။ ကိုယ့်စရိတ်နဲ့ကိုယ်တက်တာဖြစ်ပါတယ်။” ဟုလည်း ဆိုသည်။ ထိုသို့ နီးကပ်မှ သာ တိုင်းရင်းသားလူငယ်များအား ဖိတ်ခေါ်ခြင်းဖြစ်ပြီး လေ့လာသူအဖြစ်သာ အမည်တပ်ထားသည့်အပေါ် တိုင်းရင်းသားလူငယ်များ ရင်တွင်းခံစားချက်များ တက်ပြရန်၊ တန်းတူညီမျှခွင့်ရရေးအတွက်တင်ပြရန် မလွယ်ကူမည့် အခြေအနေဖြစ်ကြောင်း မွန်တိုင်းရင်း သားလူငယ် မင်းနောင်းထောက ပြောသည် ။ “ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ထောင်ပြီးတော့မှ ကျနော်တို့အားလုံးအေးအေးချမ်းချမ်းနဲ့ တူတူနေနိုင်မယ်လို့ကျနော်တို့မျှော်လင့်တယ်။ ဒါပေမယ့်လည်း ကျနော်တို့သိရသလောက် တော့ တင်ပြနိုင်ဖို့အတွက် ခက်ခဲမယ်ထင်တယ်။ ဘယ်လိုခက်ခဲမလဲဆိုတော့ မိုင်ဂျာယန် ဆုံး ဖြတ်ချက်က သုံးပွင့်ဆိုင်ဆိုတာကို ဟိုးယခင်တောင်းဆိုထားတဲ့အတိုင်း ၃ ပွင့်ဆိုင်ဆို တာကိုဘဲ ပြန်ပြီးတော့မှဆုံးဖြတ်ထားတာတွေရှိတယ်။ဒါပေမယ့်အခုဖြစ်နေတဲ့ပရောဆက်ကအဲလိုမဟုတ်နေဘူး ဆိုတော့ ဘယ်လိုတွေဆက်ပြီးတော့ ညှိနှိုင်းပြီးလုပ်မလဲဆိုတာကိုတော့ ကျနော်တို့ကတော့ စောင့်ကြည့်ရမယ့်သဘောတော့ရှိနေတာပေါ့ ။ ” အလားတူ တိုင်းရင်းသားလူငယ်များအတွက် ၂၁ ရာစုပင်လုံညီလာခံတွင်နေရာတခုပေးသင့် သည်ဟု မြင်မိကြောင်းပြောဆိုသည့် မိုင်းမိုင်ကလည်း ညီလာခံတက်ဖို့ ဖိတ်ခေါ်ခံရမှုအပေါ် ဤကဲ့သို့ပြောဆို သည် ။ “ သာမာန် ဘဲကြည့်မယ်ဆိုရင်တော့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှာလူငယ်တွေကို အရေးပေးတယ် လို့မြင်တယ်။ သို့သော်လည်း ကျမတို့ကိုလေ့လာသူအနေနဲ့ဘဲ ဖိတ်တော့ တိုင်းရင်းသားလူငယ် တွေရဲ့ အသံတွေရနိုင်ဖို့တော့ နေရာလေးတခုတော့ပေးသင့်တာပေါ့နော်။ အဲတာကြောင့် ဝမ်းသာစရာလို့ပြောနိုင်ပေမယ့် ပြည့်ဝတဲ့ဝမ်းသာမှုမျိုး မရဘူးလို့ပြောလို့ရပါတယ်။ သို့သော် လည်း လုပ်ရမယ့်အလုပ်တခုလို့ကျမတို့အနေနဲ့မြင်ပါတယ်။ ဒါကြောင့် ကျမတို့ တိုင်းရင်းသား လူငယ် တွေရဲ့အသံကိုဒီငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ရောက်အောင်သွားနိုင်ဖို့ကျမတို့ နည်းလမ်းပေါင်းစုံနဲ့ကျမတို့သွားနေပါ့မယ် ။ အဲ့ကြောင့်မို့လို့ကျမတို့ လူကြီးတွေအနေနဲ့လည်း ကျမတို့တိုင်းရင်းသားလူငယ်တွေကို လက်တွဲခေါ်ပါဦးလို့ ကျမတို့တိုက်တွန်းပြောကြား ချင်ပါတယ် ။” တိုင်းရင်းသားလူငယ်များမဟာမိတ်အဖွဲ့ Nationalities Ethnic Youth Alliance အား ပြီးခဲ့သည့် ဂျူလိုင်လ နှောင်းပိုင်းက ပင်လုံမြို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များညီလာခံမှ ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလူငယ်များ စည်းလုံး ညီညွတ်ခြင်းမှ ဖက်ဒရယ်ပြည်ထောင်စုဆီသို့ လှမ်းတက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ ၇ ရပ်ဖြင့်ဖွဲ့စည်းထားသည် ။ |