သစ်ထူးလွင်

37 views
Skip to first unread message

Thit Htoo Lwin

unread,
Nov 3, 2013, 9:03:56 AM11/3/13
to thuau...@gmail.com

သစ်ထူးလွင်


ရထားသံလမ်းပေါ်တွင် အိပ်ပျော်နေသော ကလေး(၃)ဦးအား ရထားတိုက်မိ

Posted: 03 Nov 2013 03:47 AM PST


ရန်ကုန်၊ နိုဝင်ဘာ ၃

၃.၁၁.၂၀၁၃ရက်နေ့ ၀၄၂၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်း ဘူတာအနီး ရန်ကုန်-မန္တလေး အဆန်သံလမ်း၊ မိုင်တိုင်အမှတ် (၄/၅)နှင့် (၄/၆)ကြား ရထားလမ်းပေါ်တွင် အိပ်ပျော်နေသော သင်္ဃန်းကျွန်း မြို့နယ်နေသူများဖြစ်သည့် လျှာထိုးခန်း၊(၁၃)နှစ်၊ (ဘ)ဦးမြင့်လွင်၊ ရဲထက်ကျော်(၁၄)နှစ်၊ (ဘ)ဦးစန်းဦးနှင့် သန်းထိုက်(ခ)မျက်ပြူး(၉)နှစ်၊ (ဘ)ဦးဝင်းဇော်တို့ (၃)ဦးအား ရန်ကုန်မှ မန္တလေးသို့ ထွက်ခွါလာသော စက်ခေါင်းအမှတ် DF-1357 အမှတ်(၁)အဆန်စာပို့ရထားမှ တိုက်သွားခဲ့ပါသည်။

အဆိုပါရထားတိုက်မှုကြောင့် လျှာထိုးခန်းတွင် ဦးခေါင်းကြေမွ၊ ၀ဲလက်ပြတ်ဒဏ်ရာများဖြင့် လည်းကောင်း၊ ရဲထက်ကျော်တွင် ၀ဲလက်၊ ၀ဲခြေထောက်ပြတ်ဒဏ်ရာများဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး သန်းထိုက်(ခ)မျက်ပြူးတွင် မေးစေ့ကွဲကြေ၊ ၀ဲလက်ကောက်ဝတ် ပြတ်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံသို့တင်ပို့ကုသခဲ့ရပါသည်။

သေဆုံးသူ(၂)ဦးနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂၃/၂၀၁၃)ဖြင့် ဖွင့်လှစ်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


ဒုရဲအုပ် အယောင်ဆောင် ရွှေထည်လိမ်လည်သူ ဖမ်းမိ

Posted: 03 Nov 2013 02:55 AM PST


အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ဝတ်ဆင်ထားသော ရွှေထည်များကို ဒုရဲအုပ် အယောင်ဆောင်ကာ လိမ်လည် ယူဆောင်ခဲ့သူ အသက် ၄၀ နှစ်ခန့် အမျိုးသားတစ်ဦးကို အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီတွင် ဖမ်းမိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။  တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် နေထိုင်သူ ကိုဖြိုးကိုကိုသည် အောက်တိုဘာလ ၂၉ ရက် နံနက် ၁၁ နာရီခွဲခန့်က ကွန်ပျူတာသင်တန်းမှ အိမ်သို့ ပြန်လာစဉ် တာမွေဗလီ ကားမှတ်တိုင်၌ အမျိုးသားတစ်ဦးက နာမည်မေးမြန်းခဲ့ပြီး ၎င်းသည် ခရိုင် ဒုစရိုက်နှိမ်နင်းရေးဌာန (ဒ/န) မှ ဒုရဲအုပ်ဖြစ်ပြီး ယင်းလူငယ်နှင့် ရုပ်ချင်းတူသူကို လိုက်ရှာနေသောကြောင့် ရဲစခန်းသို့ လိုက်ခဲ့ရန် ခေါ်ဆောင်ခဲ့ရာ လမ်းလျှောက် လိုက်လာခဲ့ပြီး ဗဟန်းမြို့နယ် ဗန်ဒါပင် မှတ်တိုင်တွင် ရွှေထည် အလိမ်ခံရခြင်း ဖြစ်ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ မှုခင်း မှတ်တမ်းများအရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်လွှင့်ဖော်ပြမှုအပေါ် သာသနာရေး ပြည်ထောင်စုဝန်ကြီး ဝေဖန်

Posted: 03 Nov 2013 02:51 AM PST

နိုင်ငံပိုင် ရုပ်မြင်သံကြား နှင့် သတင်းစာများ သတင်းဖော်ပြရာတွင် မြန်မာနိုင်ငံရှိ တန်ခိုးအကြီးဆုံးသော ရွှေတိဂုံစေတီတော်၏သတင်းကို ဦးစွာမဖော်ပြဘဲ လူကြီးများ၏မျက်နှာကိုလိုက်၍ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်သတင်းကို ဦးစွာထုတ်လွှင့်နေသည်မှာ မူဝါဒမရှိဘဲ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဝေဖန်ပြောကြားလိုက်သည်။ ရွှေတိဂုံစေတီတော်သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာပင် ထေရ၀ါဒ ဗုဒ္ဓဘာသာသမိုင်းကြောင်း မှတ်တိုင်ဖြစ်သည့်အတွက် နောက်မှပေါက်သည့် ရွှေကြာပင်သဘောမျိုး ဖြစ်နေသည်ဟု ဆိုကာ ၀ါစဉ်/သမားစဉ်တို့ကို အလေးထားသင့်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုဝင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနပိုင် မီဒီယာများ၏ သတင်းထုတ်လွှင့်မှု အစီအစဉ်ကို ဝေဖန်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်

ပြင်သစ် သတင်းထောက် နှစ်ယောက် မာလီမြောက်ပိုင်းမှာ အသတ်ခံရ

Posted: 03 Nov 2013 02:28 AM PST

Radio France Internationale ရေဒီယို ဌာနက ပြင်သစ် သတင်းထောက် နှစ်ယောက် မာလီနိုင်ငံမြောက်ပိုင်းမှာ အသတ်ခံခဲ့ရတယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဌာနက အတည်ပြု ပြောကြားလိုက်ပါတယ်။ ကီဒဲလ် မြို့မှာ အစောပိုင်းတုန်းက သေနတ်သမားတွေ ပြန်ပေးဆွဲတာ ခံခဲ့ရတဲ့ Ghislaine Dupont နဲ့ Claude Verlon တို့ရဲ့ အလောင်းတွေကို တွေ့ပြီလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြန်ပေးဆွဲပြီး အသတ်ခံခဲ့ရတဲ့ သတင်းထောက်တွေ


ပညာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်း ဗြိတိန်ပေးမည်

Posted: 03 Nov 2013 02:21 AM PST


ဘက်စုံလွှမ်းခြုံ ပညာရေး လေ့လာသုံးသပ်ချက် (CESR) တွင် ပါဝင်သော ကဏ္ဍတစ်ခုဖြစ်သည့် အဆင့်မြင့် ပညာရေးအတွက် ဗြိတိန်နိုင်ငံရှိ လန်ဒန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကောင်စီ အပါအဝင် Leadership Foundation (ဗြိတိန်) တို့၏ ပူးပေါင်းမှုဖြင့် ပညာရေးဝန်ကြီးဌာနက အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်းပေးမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ အပြည်ပြည်ဆိုင်ရာ စီမံကိန်း ဒါရိုက်တာ Mr.David J.Lock က ပြောကြားသည်။
“ခေါင်းဆောင်ပိုင်းဆိုင်ရာ စွမ်းရည် တိုးမြှင့်ပေးတာဟာ ဗြိတိန်နဲ့ မြန်မာ အဆင့်မြင့် ပညာရေးကဏ္ဍ ပူးပေါင်းရေးအတွက် ပထမဆုံးအဆင့် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲ ၈၈ မျိုးဆက်ကျောင်းသားများ တက်ရောက်

Posted: 03 Nov 2013 02:17 AM PST


အာဏာရှင်စနစ်နှင့် ခရိုနီဝါဒကို တိုက်ဖျက်ရန် ထုတ်ဝေသည်ဆိုသော သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ ၁၀၁ စားသောက်ဆိုင်နှင့် KTV ဆိုင်တွင် ပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသားများနှင့် ABSDF အဖွဲ့ဝင် ပုဂ္ဂိုလ်များ တက်ရောက်ပြီး ၎င်းတို့၏ သဘောထားအမြင်များကို ပြောကြားခဲ့သည်။ ထို့ပြင် ၈၈ မျိုးဆက် ကျောင်းသားလည်းဖြစ်၊ ABSDF တပ်ရင်းမှူးလည်း ဖြစ်သူ ဦးခင်မောင်စန်းကလည်း ငြိမ်းချမ်းရေး အဖွဲ့အစည်းအနေနဲ့ သူရိယနေဝန်း ဂျာနယ်နောက်တွင် ရှိကြောင်း၊ သူရိယနေဝန်း ဂျာနယ်မှာ စတင်ထုတ်ဝေခါစဖြစ်၍ အမှားအယွင်း ရှိပါက ခွင့်လွှတ်စေလို ကြောင်း ဂျာနယ်အချင်းချင်း မတိုက်ခိုက်စေလိုကြောင်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မာတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်း အရှိန်လွန်ထိုးကျခဲ့ရာမှ လူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

Posted: 03 Nov 2013 02:12 AM PST


ချင်းတွင်းမြစ်၏ မြစ်ဖျားမြို့တစ်မြို့ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ ဆိပ်ကမ်းတွင် အောက် တိုဘာ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်းသို့ ထိုးကျခဲ့ရာမှ လူသေ ဆုံးမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဒေသရှိ ရဲဝန်ထမ်းတစ်ဦးမှ အတည်ပြုပြောကြားလိုက်သည်။ ချင်းတွင်းမြစ်ကြောင်းအတွင်းသို့ အရှိန်လွန်၍ ထိုးကျခဲ့သော မာတ်တူးကား အဖြူရောင် အမျိုးအစား ယာဉ်အမှတ် ၉ဃ/ ၃၆ ×× ယာဉ်အား ခန္တီးမြို့နယ်၊ ဆင်သေ ဆောက်လုပ်ရေးလုပ်ငန်းဆိုက် အမှတ် (၉၄၁)နေ ကိုမြင့်လေး ဆိုသူမှမောင်းနင်းလာ ခဲ့ပြီး အဆိုပါကားအား ကုန်တင်ရေယာဉ်ပေါ်သို့ တင်ဆောင်ရာတွင် အရှိန်လွန်၍ မြစ်ကြောင်းအတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ် သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




လယ်တီသိမ်အက်ကွဲ သတင်းကြောင့် တုံရွာထိပ်မှာ သပိတ်စခန်းဖွင့်

Posted: 03 Nov 2013 02:07 AM PST


လက်ပံတောင်း ကြေးနီ စီမံကိန်း မိုင်းခွဲမှုတွေကြောင့် လယ်တီ ဆရာတော် သမုတ်တဲ့ သိမ် အက်ကွဲသွားတယ် ဆိုတဲ့ သတင်းတွေ ထွက်နေလို့ သံဃာနဲ့ လူတခိျု့ သွားကြည့်တာကို အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။ တားမြစ်ခံရတဲ့ ဒေသခံ ရဟန်း ရှင်လူတွေက တုံရွာထိပ်မှာ သံဃာခြောက်ပါး အပါအဝင် လူအင်အား ၂ဝဝလောက်နဲ့ သိမ် ကာကွယ်ရေး သပိတ်စခန်းကို ဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လက်ပံတောင်းမှာ အခြေအနေ တင်းမာနေပုံ

ဂူးဂဲလ်မျက်မှန် ယာဉ်စည်းကမ်း ချိုးဖောက်သလား

Posted: 03 Nov 2013 02:01 AM PST


အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့တုန်းက စီစီလီယာ အဘာဒီး ဆိုသူ အမျိုးသမီးတယောက်ကို မော်တော်ကား သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှုနဲ့ အတူ ဂူဂဲလ် စမတ်မျက်မှန်ကို ကားမောင်းရင်း တပ်ဆင်မှုနဲ့ပါ အရေးယူဒဏ်ရိုက်ခဲ့ပါတယ်။ ဂူဂဲလ်စမတ်မျက်မှန် တပ်ဆင် မောင်းနှင်မှုနဲ့ပတ်သက်ပြီး ဒဏ်ကြေးတပ်တဲ့ အပေါ်မှာ အငြင်းပွားမှုတွေတော်တော်များများ ဖြစ်နေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လူကြိုက်များတဲ့ နောက်ဆုံးပေါ် ဂူဂဲလ် မျက်မှန်


ကိုမင်းကိုနိုင်တို့၏ စာပေဟောပြောပွဲ အာဏာပိုင်ပိတ်ပင်၍ နေရာပြောင်းရွှေ့ခဲ့ရ

Posted: 03 Nov 2013 01:44 AM PST


ကိုမင်းကိုနိုင်တို့၏ ကယား(ကရင်နီ)ပြည်နယ် စာပေဟောပြောပွဲ အာဏာပိုင်များ ပိတ်ပင်ထားခဲ့၍ နေရာပြောင်းရွှေ့ပြီး ကျင်းပခဲ့ကြရသည်ဟု စာပေဟောပြောပွဲ ဦးဆောင်းကျင်းပသည့် လူငယ်အဖွဲ့မှ မင်းသူကျော်က ပြောသည်။ စာပေဟောပြောပွဲကျင်းပရန် လွိုင်ကော်မြို့ရှိ မြို့တော်ခန်းမ၌ စီစဉ်ထားခဲ့ကြပြီး ပြည်နယ်အစိုးရမှ၎င်းနေရာကို ခွင့်မပြုပဲ နေရာထိုင်ခင်း အခက်အခဲရှိသည့် အားကစားရုံတွင် ပြုလုပ်ရန်ပြောကြားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


စာပေဟောပြောပွဲ၌ ကိုမင်းကိုနိုင် (ဓါတ်ပုံ-ကေတီ)

တရုတ်ပိုက်လိုင်းဖြတ်ရာ ရွာချင်းဆက်လမ်း မြေကျွံနိမ့်ကျ၍ ဒေသခံများ အခက်တွေ့

Posted: 03 Nov 2013 01:23 AM PST


တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ကံကြီးကျေးရွာနှင့် ရွာဘိုကျေးရွာချင်း ဆက်လမ်းမှာ မိုးရွာသွန်းမှုများသဖြင့် အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်ကာ မြေကျွံကျမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဒေသခံများမှာ သွားလာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။  ပိုက်လိုင်း မြှုပ်ပြီးနောက် မြေပြန်ဖို့မှုမှာ စနစ်ကျနမှု မရှိခြင်းကြောင့် မိုးများသည့် အချိန်တွင် လမ်းနိမ့်ကျခြင်း ဖြစ်ကြောင်း ရွာဘိုကျေးရွာ ဒေသခံများက တူညီစွာ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိုးစပါးဧက လေးသောင်းရှစ်ထောင်ကျော် ရေမြုပ်

Posted: 03 Nov 2013 12:53 AM PDT


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်၊ ဆွာ၊ သာဂရနှင့် တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေ စံချိန်တင် မြင့်တက်မှုကြောင့် ခရိုင်တွင်းရှိ ရိတ်သိမ်းချိန် မိုးစပါးစိုက်ဧက လေးသောင်း ရှစ်ထောင်ကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက The Voice သို့ ပြောကြားသည်။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ဆွာမြို့နှင့် သာဂရမြို့တို့ရှိ ကျေးရွာအုပ်စုပေါင်း ၈၈၃ စု၊ တောင်သူပေါင်း ၁၂,၁၁၅ ဦး၊ ဦးပိုင် အမည်ပေါက် ပိုင်ဆိုင်သူပေါင်း ၁၆,၂၄၂ ဦးတို့ စုစုပေါင်းတောင်သူ ၁၂၈,၃၅၇ ဦးတို့၏ ရိတ်သိမ်းချိန်ရောက် မိုးစပါး စိုက်ဧက ၄၈,၄၆၈ ဧက ရေဝင်နစ်မြုပ်လျက် ရှိကြောင်း တောင်ငူခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




နေပြည်တော် သာဝတ္တိတိုက်နယ် ရေကြီး

Posted: 02 Nov 2013 07:16 PM PDT


မန္တလေးတိုင်း၊ နေပြည်တော် သာဝတ္တိတိုက်နယ်ထဲမှာ ရေကြီးနေတဲ့အတွက် ကျေးရွာပေါင်း ၈ ရွာက အိမ်ခြေ ထောင်ကျော် ရေနှစ်မြုပ်နေပါတယ်။
ရေဘေးဒုက္ခရောက်နေသူပေါင်းလည်း ထောင်နဲ့ချီရှိနေပါတယ်။

နေအိမ်တွေအပြင် လယ်မြေနဲ့ ယာမြေပေါင်းများစွာခဲ့ ပျက်စီးဆုံးရှုံးနေတယ်လို့ ရေဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ “ဗြဟ္မစိုရ် နှလုံးလှ” လူမှုကူညီရေးအသင်းက VOA မြန်မာပိုင်းကို ပြောပါတယ်။

ဒုက္ခသည်တွေအတွက် တာဝန်ရှိသူတွေက ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်ခဲ့ပေးပေမဲ့ ရက်ပိုင်းအကြာမှာပဲ နေရပ်ပြန်ခိုင်းခဲ့တဲ့အတွက် ရေမြုပ်နေတဲ့ နေအိမ်တွေဆီပြန်သွားဖို့ ဒုက္ခသည်တွေမှာ အခက်တွေ့ကြရတယ်လို့လည်း ဆိုပါတယ်။ တချို့ကလည်း ပြန်ဖို့
ငြင်းဆန်ခဲ့ကြပါတယ်။

လယ်ယာမြေတွေ ရေလွှမ်းကုန်တာကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထိခိုက်ပြီး စိုက်ပျိုးသီးနှံတွေဆုံးရှုံးကြရတဲ့ တောင်သူလယ်သမားတွေ အရေးကို အာဏာပိုင်တွေဘက်က ကိုင်တွယ်ဖြေရှင်းပေးစေချင်တယ်လို့ ရေဘေးသင့် တောင်သူတွေကလည်း ပြောပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတချို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး ရေကြီး ရေလျှံမှုတွေ ဖြစ်နေပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

လျှပ်စစ်မီး ပုံမှန်မလာဘဲ မီတာခတိုးမြှင့်ခြင်းကို တရားဝင် ကန့်ကွက်မည်

Posted: 02 Nov 2013 04:08 PM PDT


လျှပ်စစ်မီး ပုံမှန်မလာဘဲ မီတာခတိုးမြှင့်ခြင်းကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့ ကြီးများတွင် တရားဝင်
ကန့်ကွက်မှုအမျိုးမျိုးကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့မှ အထက်မြန်မာ ပြည် တာဝန်ခံဦးသိန်းအောင်မြင့်က ပြောကြားသည်။ ကန့်ကွက်မှုများကို မည်သည့်ပုံစံဖြင့် ပြုလုပ်သွားမည်ကို မဆုံးဖြတ်ရသေးသော်လည်း နိုဝင်ဘာလအတွင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တာမွေ လမ်း ၁၄၀ ရှိ ဆိုင်အချို့  ညအချိန်မတော် ဖျက်ဆီးခံရ

Posted: 02 Nov 2013 04:04 PM PDT


တာမွေမြို့ နယ် လမ်း ၁၄၀ တွင် အောက်တိုဘာ ၁ ရက်နေ့ ည၁၁ နာရီခန့်က အမည်မသိ အမျိုးသားသုံးဦးက လမ်းထိပ်ရှိ ကွမ်းယာဆိုင်နှင့် ဆိုင်အချို့ကို ဖျက်ဆီးရန် ကြိုးပမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း People Power သတင်းထောက်က သတင်းပေးပို့သည်။ လမ်းထိပ်ရှိ ကွမ်းယာဆိုင်မှာ ဖျက်ဆီးခံခဲ့ရပြီး ရုန်းရင်း ဆန်ခတ်ဖြင့် ပဋိပက္ခအသွင်ဆောင်လာသည့်အတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနှင့် လုံထိန်းတပ်ဖွဲ့ဝင်အချို့  လာရောက်ထိန်းသိမ်းရသည့်အခြေအနေကို တွေ့ရှိရပြီး နာရီပိုင်းအတွင်း အခြေအနေမှာ ပြန်လည်ငြိမ်သက်သွား ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အကြမ်းဖက် တိုက်ခိုက်ခံရ၍ ပေါက်တောမြို့နယ်တွင် အမျိုးသမီး တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

Posted: 02 Nov 2013 03:18 PM PDT


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ငါးရှာ ဂုံးကောက်နေသော အမျိုးသမီး အုပ်စု တစ်ခုအား ဆင်တက်မော် ဒုက္ခသည် စခန်းမှ မွတ်ဆလင် အချို့မှ ဓါးလှံများဖြင့် တိုက်ခိုက်သဖြင့် အမျိုးသမီး တစ်ဦးပွဲချင်းပီး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု သတင်း ရရှိသည်။ သေဆုံးသွားသူု အမျိုးသမီးမှာ ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ကလေး (၄) ယောက် မိခင် ဦးအောင်ထွန်းဖြူ၏ ဇနီး ဒေါ်မလှခင် (၃၈) နှစ် ဖြစ်ကြောင်း ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးထွန်းအေးသိန်းက နိရဉ္စရာသို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လိုင်ဇာတိုင်းရင်းသား ညီလာခံ အောင်မြင်စွာ ပြီးဆုံး

Posted: 02 Nov 2013 01:56 PM PDT


အပစ်အခတ်ရပ်စဲရေး အမျိုးမျိုးတွေရှိပေမယ့် အရင်ကလို အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တာမျိုး မဖြစ်စေဖို့ သူတို့အနေနဲ့တောင်းဆိုသွားမယ်ဆိုပြီး ကချင်ပြည်နယ်၊ လိုင်ဇာမြို့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ ညီလာခံ ၄ ရက်မြောက်၊ နောက်ဆုံးနေ့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေက သဘောတူညီချက် တရပ်ကို ချမှတ်ခဲ့ပါတယ်။ မကြာခင်မိနစ်ပိုင်းတုန်းကပဲ ပြီးဆုံးသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ သွားရောက်ပြီး ကိုယ်တိုင်သတင်းယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တာလီဘန် ခေါင်းဆောင်သေလို့ ဆွေးနွေးပွဲ ပျက်စီး

Posted: 02 Nov 2013 08:40 AM PDT


အမေရိကန်တို့ရဲ့ မောင်းသူ မလိုတဲ့ လေယာဉ်နဲ့ တိုက်ခိုက် ခဲ့တာလို့ ယူဆ ရတဲ့ တိုက်ခိုက်မှု တခု အတွင်း ပါကစ္စတန် တာလီဘန် ခေါင်းဆောင် သေဆုံး သွားခဲ့ တာကြောင့် ပြန်ပြီး ကလဲ့ စားချေ တိုက်ခိုက် မှုတွေ လုပ်လာ နိုင်တဲ့ အတွက် ပါကစ္စတန် အစိုးရ ကနေ နိုင်ငံ တဝန်း လုံခြုံရေး ကို အဆင့်မြင့် တပ်လှန့် ထားပါ တယ်။ ပါကစ္စတန်က တာလီဘန် ခေါင်းဆောင် သေဆုံး သွားခဲ့ ရတဲ့ အခုလို ဒရုံးနဲ့ တိုက်ခိုက်မှု အပေါ် ပါကစ္စတန် အစိုးရက ဒေါသတကြီး တုံ့ပြန် ပြောဆို လိုက်ပါ တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဟာကီမူလာမက်ဆု သေဆုံးခဲ့လို့ စစ်သွေးကြွ တွေနဲ့ စကားပြောဖို့ အစိုးရရဲ့ ကြိုးပမ်းချက် ပျက်စီး

နိုဝင်ဘာလ(၄)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.43

Posted: 02 Nov 2013 08:33 AM PDT


နိုဝင်ဘာလ(၄)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.43

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ(၂)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ်(၃၄)

Posted: 02 Nov 2013 08:31 AM PDT


နိုဝင်ဘာလ(၂)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ်(၃၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သေဆုံး

Posted: 02 Nov 2013 07:53 AM PDT


အမေရိကန်မောင်းသူမဲ့အဝေးထိန်းဒုံးယာဉ်နဲ့ တိုက်ခိုက်တာလို့ သံသယရှိတဲ့ တိုက်ပွဲမှာ ပါကစ္စတန် တာလီဘန်ခေါင်းဆောင် Hakimullah Medsud အပါအဝင် ၃ ဦး    မနေ့က သေဆုံးသွားပါတယ်။ ပါကစ္စတန်နိုင်ငံ မြောက် Waziristan ပြည်နယ် Miram Shah ရွာအတွင်း သောကြာနေ့တိုက်ခိုက်မှုမှာ အမေရိကန်ထောက်လှမ်းရေး FBI က ဆုကြေး အမေရိကန်ဒေါ်လာ ၁ သန်းထုတ်ထားတဲ့ တာလီဘန်ခေါင်းဆောင် သေဆုံးသွားတာ သေချာတယ်လို့ အမည်မဖော်လိုတဲ့ ပါက္စတန်လုံခြုံရေးအရာရှိတွေက အတည်ပြုပေးပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သေဆုံးသူ တာလီဘန်ခေါင်းဆောင် Hakimullah Mehsud 

You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Thit Htoo Lwin

unread,
Nov 4, 2013, 10:06:49 AM11/4/13
to thuau...@gmail.com

ရောယှက် နေကြတ်မှု

Posted: 03 Nov 2013 05:18 PM PST

နေကို လငပုပ်က ဖမ်းစား တယ်လို့ ယုံကြ

ရှားရှားပါးပါး နေကြတ်မှု တမျိုးကို ကြုံတွေ့ဖို့ ကမ္ဘာ တလွှားက နက္ခတ် တာရာ စိတ်ဝင်စားသူ တွေနဲ့ ပညာရှင်တွေ ကမ္ဘာလှည့် ခရီးသွားတွေ စုရုံး စောင့်ဆိုင်း နေကြပါတယ်။

ကမ္ဘာ့ တခိျု့ ဒေသတွေမှာ နေလုံးဝကြတ် တာကို တွေ့ရမှာ ဖြစ်ပြီး တခြား နေရာတွေ မှာတော့ တစိတ်တပိုင်း ပဲ ကြတ်မှာ ဖြစ်ပါတယ်။

ကင်ညာ နိုင်ငံ မြောက်ပိုင်းမှာ နေလုံးဝကြတ် မှာကို ကြည့်ဖို့ ခရီးသွား ကုမ္ပဏီ တွေက စီစဉ် ပေးနေကြ ပါတယ်။

နှစ်ပေါင်း များစွာမှာ တခါ နေကို လငပုပ်က ဖမ်းစား တယ် ဆိုတဲ့ ပုံပြင်ကို ဒေသခံတွေက ယုံကြည်ကြ ကြောင်း သတင်းထောက် တွေက ဆိုပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

လှေနစ်မြုပ်တဲ့အတွက် ရိုဟင်ဂျာ ၆၀ နီးပါးသေဆုံး ပျောက်ဆုံး

Posted: 03 Nov 2013 05:03 PM PST


မြန်မာနိုင်ငံ ​ကမ်းရိုးတမ်းဒေသကနေ ​တခြားနိုင်ငံကို ​ခိုလှုံခွင့်တောင်းဖို့ ​လှေတွေနဲ့ ​ထွက်ခွာကြတဲ့ ​ရိုဟင်ဂျာ ​အယောက် ​၇၀ ​နီးပါးရဲ့ ​လှေတိမ်းမှောက်ခဲ့ပြီး ​လူပေါင်း ​၆ ​ယောက်ကိုသာ ​ကယ်တင်နိုင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံကို ​ဦးတည်တဲ့ ​လှေပေါ်မှာ ​ရိုဟင်ဂျာ ​အမျိုးသား ​၃၈ ​ယောက် ​အမျိုးသမီး ​၂၈ ​ယောက် ​စုစုပေါင်း ​၆၆ ​ဦးပါဝင်ပြီး ​ဘင်္ဂလားပင်လယ်အော်မှာ ​လှေတိမ်းမှောက်ခဲ့တာ ​ဖြစ်ပါတယ်။ ---
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတဲ့ ရိုဟင်ဂျာများ (Credit: AFP)

ဆင်တက်မော် ဒုက္ခသည် စခန်းတွင် ဆူပူမှု ဖြစ်ပွားသောကြောင့် လူစုခွဲခဲ့ရ

Posted: 03 Nov 2013 05:00 PM PST


ဘင်္ဂလီ ဒုက္ခသည်အများစု နေထိုင်သော ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ဆင်တက်မော် ဒုက္ခသည်စခန်းရှိ ဘင်္ဂလီ ခြောက်ဦး ပျောက်ဆုံးသွားခြင်းကြောင့် ယင်းစခန်းမှ ဒုက္ခသည် ၅၀၀ ခန့် စုရုံးကာ ဆူပူသည့် ပုံစံ ဖြစ်ပေါ်လာပြီး လုံခြုံရေး ရဲဝန်ထမ်းများက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည်ဟု စစ်တွေမြို့နယ် မင်းဂံရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၃ ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောသည်။  နိုဝင်ဘာ ၂ ရက်က ဆင်တက်မော် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ခြောက်ဦး ထင်းရှာရန် သွားရာ ပျောက်ဆုံးနေသည်ဆို၍ ဒေသခံ ရဲဝန်ထမ်းများက သွားရောက်ရှာဖွေခဲ့ပြီး ဘင်္ဂလီအမျိုးသား တစ်ဦးမှာ ဒါဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကာ ကျန်ငါးဦးမှာ ပျောက်ဆုံးနေသည်ဟု  ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။  ---

ဟန်းဆန်း အထည်ချုပ် စက်ရုံလုပ်သားများ ဆန္ဒပြ တောင်းဆိုနေမှုကို စက်ရုံအရာရှိများ ဆွေးနွေးနေဟုဆို

Posted: 03 Nov 2013 04:54 PM PST


ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ဟန်းဆန်း(Handsome) အထည်ချုပ်စက်ရုံ အလုပ်သမားများသည် အလုပ်သမားခေါင်းဆောင်အား အကြောင်းပြချက်မရှိ အလုပ်မှထုတ်ရာမှ စတင်ကာ အလုပ်သမား ၂၀၀ကျော်က စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြတောင်းဆိုနေခြင်းနှင့် စပ်လျဉ်း၍ စက်ရုံတာဝန်ရှိသူများက ဆွေးနွေးမှုများပြုလုပ်နေသည်ဟု စက်ရုံမန်နေဂျာ ဒေါ်မြတ်ကေသီက မဇ္ဈိမကိုပြောသည်။ ဟန်းဆန်း အထည်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြတောင်းဆိုနေမှုကို စက်ရုံအရာရှိများ ဆွေးနွေးနေဟုဆို ဟန်းဆန်း အထည်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြတောင်းဆိုနေမှုကို စက်ရုံအရာရှိများ ဆွေးနွေးနေဟုဆို ---
ဟန်းဆန်း အထည်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြတောင်းဆိုနေမှုကို စက်ရုံအရာရှိများ ဆွေးနွေးနေဟုဆို


ရိုဟင်ဂျာ စက်လှေ တိမ်းမှောက်

Posted: 03 Nov 2013 04:40 PM PST


မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန် ပင်လယ် မှာ ရိုဟင်ဂျာ လှေစီး ခရီးသည် ၇ဝ တင်ဆောင် လာတဲ့ စက်လှေ တစင်း တိမ်းမှောက် မှု ကြောင့် လူ ၆ ယောက် လောက်ပဲ ဆယ်ယူ ရရှိ ပါတယ်။ ဒီစက်လှေ ဟာ ရခိုင် ကနေ ဘင်္ဂလားဒေ့ရှ် သို့မဟုတ် မလေးရှားကို ဦးတည် ခုတ်မောင်း ရင်း နစ်မြုပ် ခဲ့တာလို့ ယူဆရပြီး ဒီလူတွေဟာ စစ်တွေ အနီး တဝိုက်က ဒုက္ခသည် စခန်း တွေက ဖြစ်ဖို့ များတယ်လို့ ရဲ အရာရှိ တယောက်ကို ကိုးကား ထားပါတယ်။ ---
ရေကြောင်းက ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

ဓာတုဆေးရောရောင်းတဲ့ ပဲဆီအတု များပြားလာနေ

Posted: 03 Nov 2013 04:28 PM PST


မြန်မာနိုင်ငံ ပြည်တွင်း ဈေးကွတ်မှာ ဓာတုဆေးရောပြီး ရောင်းတဲ့ ပဲဆီအတု ထုတ်လုပ်မှုတွေ များပြားလာနေပြီးတော့ ဒီပဲဆီ အတုတွေကို ဈေးကွတ်က ကောက်ယူ စုဆောင်းနေပြီး ဓာတ်ခွဲ စမ်းသပ် ပြီးရင် စားသုံးရန် သင့် မသင့် သတင်းထုတ်ပြန် သွားမယ်လို့ သိရပါတယ်။ ဈေးကွတ်မှာ တွေ့ရတဲ့ ပဲဆီအတု ဆိုတာကတော့ စားအုံးဆီ ဒါမှ မဟုတ် ပြန်ကျော်ဆီကို ဓာတုဆေး တစ်မျိုးသုံးပြီး အရောင်အနံ့က စလို့ ပဲဆီနဲ့ တူအောင် လုပ်ထားတာ ဖြစ်ပါတယ်။ ---
ချက်ပြုတ်ရန် အသုံးပြုဖို့အတွက် ဆီ


နိုဝင်ဘာလ(၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

Posted: 03 Nov 2013 04:01 PM PST


နိုဝင်ဘာလ(၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ(၄)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

Posted: 03 Nov 2013 03:47 PM PST


နိုဝင်ဘာလ(၄)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၉

Posted: 03 Nov 2013 03:44 PM PST


အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၉

Thit Htoo Lwin

unread,
Nov 5, 2013, 10:36:48 AM11/5/13
to thuau...@gmail.com

ပုဇွန်တောင်မြို့နယ်မှ သိန်း(၁၀၀၀)ကျော်ခိုးသည့် တရားခံအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

Posted: 05 Nov 2013 06:51 AM PST


ရန်ကုန်၊ နိုဝင်ဘာ ၅

၅.၁၁.၂၀၁၃ရက်နေ့ ၀၄၃၀အချိန် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်နေ ဦးမောင်ကျော် (ဘ)ဦးမောင်မောင်သည် အိပ်ယာမှ ထစဉ် နေအိမ်နောက်ဖေးတံခါး ပွင့်နေပြီး ပစ္စည်းများပြန့်ကျဲနေသဖြင့် စစ်ဆေးရာ အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းထားရှိသော စိန်၊ ပတ္တမြား၊ ကျောက်စိမ်း၊ ပုလဲများပါ ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ (၂၇)မျိုး၊ ငွေကျပ်သိန်း(၁၀၀)နှင့် ဆင်းကဒ်ပါ လက်ကိုင်ဖုန်း (၁)လုံး၊ စုစုပေါင်း(၂၉)မျိုး၊ ကာလတန်ဘိုးငွေကျပ်သိန်း(၁၁၀၀)ခန့်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိ၍ ခိုးယူသူအား စုံစမ်းဖေါ်ထုတ် အရေးယူပေးရန်တိုင်တန်းသဖြင့် ပုဇွန်တောင်မြို့မရဲစခန်း(ပ)၂၄၀/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်စဉ်တာဝန်သိပြည်သူတစ်ဦး၏သတင်းပေးချက်အရ ၁၄၃၅အချိန် ပုဇွန်တောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပုဇွန်တောင် မြို့နယ်၊ (၂)ရပ်ကွက်၊ အနော်ရထာလမ်း၊ Ocean ကားမှတ်တိုင်အနီးတွင် အမှုမှတရားခံများဖြစ်သည့် ထိန်လင်း (ဘ)ဦးစိန်မြ၊ သာကေတမြို့နယ်၊
ကျော်ဆန်းဦး(ခ)ပေါက်စ (ဘ)ဦးကျော်လင်း၊ ဒေါပုံမြို့နယ် နှင့် စိုးမင်းထွေး (ဘ)ဦးဖိုးဟန်၊ ဇောင်းတူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူတို့ (၃)ဦးအား အမှုမှပျောက်ဆုံးပစ္စည်း (၂၉)မျိုးအနက် (၂၄)မျိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများ သိမ်းဆည်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
http://feeds.feedburner.com/thithtoolwin/yIWV

မရမ်းကုန်းမြို့နယ်တွင် လူသတ်မှုဖြစ်

Posted: 05 Nov 2013 07:04 AM PST

ရန်ကုန်၊ နိုဝင်ဘာ ၅

၎.၁၁.၂၀၁၃ရက်နေ့ ၁၉၃၀အချိန် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းသွယ် (၂)နေ ဦးလှသိန်း (၄၆)နှစ် ၊ရွှေကမ္ဘာအိမ်ယာ လုံခြုံရေး (ဘ)ဦးဖိုးမောင်သည် (၃)ရပ်ကွက်၊ ရွှေကမ္ဘာအိမ်ယာလုံခြုံရေး ကင်းတဲတွင် သတိမေ့လဲကျနေ၍ ၎င်း၏ညီမဖြစ်သူ မဌေးဝင်းမှ အင်းစိန်ဆေးရုံသို့ တင်ပို့ခဲ့ရာ ဦးလှသိန်းတွင် ယာမျက်လုံး၊ နှုတ်ခမ်းဖူးယောင်ဒဏ်ရာ၊ နောက်စေ့ပေါက်ပြဲဒဏ်ရာများနှင့် သွေးအန်နေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဉ် ၅.၁၁.၂၀၁၃ရက်နေ့၀၇၀၀အချိန် ဦးလှသိန်းမှာသေဆုံးသွားခဲ့ပါသည်။

ဦးလှသိန်းအား ရွှေကမ္ဘာအိမ်ယာ တိုက်(A- 8)၊ အခန်း (၂၀၂)နေ ဇေယျာမင်းကြိုင်မှ ၄.၁၁.၂၀၁၃ရက်နေ့ ၁၉၀၀အချိန် ခန့်တွင် လက်သီးနှင့်ထိုးသဖြင့် နောက်ပြန်လဲကျရာ တမံတလင်းကြမ်းပြင်နှင့် ဦးခေါင်းနောက်စေ့ထိခိုက်မိပြီး ဒဏ်ရာရသေဆုံးသွားကြောင်း သိရှိရသဖြင့် ဇေယျာမင်းကြိုင်အား ဘုရင့်နောင်နယ်မြေရဲစခန်း (ပ) ၃၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police


http://feeds.feedburner.com/thithtoolwin/yIWV

အစားအစာကြောင့် ကင်ဆာရောဂါဖြစ်ပွားမှု ၃၅ရာခိုင်နှုန်းဝန်းကျင်ရှိနေ

Posted: 05 Nov 2013 06:46 AM PST


ကမ္ဘာပေါ်တွင် ကင်ဆာ ရောဂါ ဖြစ်ရခြင်း အကြောင်းအရင်း များစွာရှိသည့်အနက် အစားအစာ များကြောင့် ကင်ဆာရောဂါ ဖြစ်ပွားနှုန်းမှာ ပိုမို များပြားကြောင်း ပါမောက္ခဆရာဝန်ကြီး ဒေါက်တာစိုးအောင်က ပြောသည်။ ဓာတုဗေဒ ပစ္စည်းများဖြင့် ကြာရှည်ခံစေရန် ပြုလုပ်ထားသော အစားအသောက်များကို စား သုံးခြင်း၊ ပို၍ကြီးထွားစေရန် ပြုလုပ် ထားသော အစားအစာများကို စား သုံးခြင်းများမှာ ကင်ဆာရောဂါ ဖြစ် ပွားနိုင်စေကြောင်း၊ ဆိုးဆေးပါသော အစားအစာများ၊ ဆားသိပ်ထားသော အစားအစာများ၊ကျပ်တိုက်ထားသော အစားအစာများနှင့် ယမ်းစိမ်းပါဝင် သော အစားအစာများသည်လည်း ကင်ဆာရောဂါပို၍ဖြစ်ပွားနိုင်ကြောင်း ၄င်းက ပြောသည်။---

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း ၅၃ မိုင်ကျော်သာ ကျန်ဟုဆို

Posted: 05 Nov 2013 06:40 AM PST


မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုများကို ထိန်းသိမ်းကြပ်မတ်ရန် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းမှာ ၅၃ ဒသမ ၉၁၁ မိုင်သာ ကျန်ရှိတော့ကြောင်း နယ်စပ်လုံခြုံရေးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းကို ဘင်္ဂလား ပင်လယ်အော် နတ်မြစ်ဝမှ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ၁၆၈ ဒသမ ၅၆၈ မိုင်အထိ အပိုင်းလေးပိုင်းခွဲကာ ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။---

မောင်တောခရိုင်၌ တိုင်းရင်းသားဦးရေထက် နိုင်ငံခြားသားဦးရေ ဆယ်ဆခန့်များဟုဆို

Posted: 05 Nov 2013 06:38 AM PST


မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးတွင် တည်ရှိသော ခရိုင်တစ်ခုဖြစ်သည့် မောင်တောခရိုင်အတွင်း နေထိုင်သော လူဦးရေစာရင်းတွင် တိုင်းရင်းသား လူဦးရေထက် ဘင်္ဂါလီ နိုင်ငံခြားသား လူဦးရေက ဆယ်ဆခန့် များနေကြောင်း နယ်စပ်လုံခြုံရေးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောကြားသည်။ မောင်တောခရိုင်တွင် ဘူးသီးတောင်မြို့နယ်၊ မောင်တော မြို့နယ်နှင့် တောင်ပြို လက်ဝဲမြို့နယ်ခွဲတို့ ပါဝင်ပြီး နေထိုင်သည့် လူဦးရေမှာ တိုင်းရင်းသား ၇၂,၆၁၆ ဦးသာ ရှိပြီး ဘင်္ဂါလီ နိုင်ငံခြားသား ၇၃၈,၃၉၃ ရှိသည်ဟု ၎င်းကဆိုသည်။ ---

စစ်တပ်လေ့ကျင့်ရေး ကွင်းအတွင်း နေထိုင်သူများ ဥပဒေနှင့်အညီ အရေးယူမည်

Posted: 05 Nov 2013 06:30 AM PST

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူး မြို့နယ် စာဘူးတောင်းကျေးရွာ အုပ်စုရှိ ရဲမွန်တပ်မြို့ လေ့ကျင့်ရေး တပ်မြေအတွင်း ကျူးကျော် ၀င်ရောက် နေထိုင်သူများ ဖယ်ရှားပေးခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု စစ်တပ်က အကြောင်းကြားထားကြောင်း ယင်း ဒေသခံများထံမှ သိရသည်။ ရဲမွန်တပ်မြို့ တပ်မတော်ကျောင်းကြီး သုံးကျောင်း၏ လေ့ကျင့်ရေးတပ်မြေဖြစ်သည့် ၂၃၅၆၅ ဒသမ ၇၈ ဧက အတွင်း၌ ကျုးကျော်ဝင်ရောက် နေထိုင်သူများရှိပြီး ကျုးကျော်နေထိုင်သူများမှာ အိမ်ခြေ ၅၀၀နီးပါးခန့်နေ ကြောင်း၊ ---
ကျူးကျော်အိမ်ယာတခုအားတွေ့ ရစဉ်


http://feeds.feedburner.com/thithtoolwin/yIWV

မန္တလေးတွင် သက်တမ်းလွန်ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်း သိန်းခုနစ်ရာကျော်ဖိုး မီးရှို့ဖျက်ဆီးမည်

Posted: 05 Nov 2013 06:10 AM PST


မန္တလေးမြို့တော်တွင် တန်ဖိုးကျပ်သိန်း ခုနစ်ရာကျော်ရှိသော သက်တမ်း လွန်နေသည့် ဆေးဝါးများ၊ စားသောက်ကုန် များနှင့် အလှကုန်ပစ္စည်းများကို နိုဝင်ဘာလ ၉ရက်နေ့တွင် အေးရိပ်ငြိမ် သုသာန်၌ မီးရှို့ဖျက်ဆီးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ "ဆေးကုမ္ပဏီ တစ်ခုတည်းကကို သိန်းခြောက်ရာကျော်ဖိုး လောက်ရှိတယ်။ တခြား လူသုံးကုန်ပစ္စည်း တွေရယ်၊ စားသုံးကုန်တွေရယ် ပေါင်းလိုက်ရင် ကျပ်သိန်း ခုနစ်ရာကျော်တယ်" ဟု ၄င်းက ဆိုသည်။---

ကရင်ဒုက္ခသည်စခန်းများသို့ စားနပ်ရိက္ခာထောက်ပံ့နေသည့်အဖွဲ့ ၂၀၁၄ မှစ၍ ထောက်ပံ့မှုလျှော့ချမည်ဟုဆို

Posted: 05 Nov 2013 06:07 AM PST


ကရင်ဒုက္ခသည်စခန်းများသို့ စားနပ်ရိက္ခာထောက်ပံ့နေသည့် The Border Consortuim အဖွဲ့သည့် လာမည့် ၂၀၁၄ ခု နှစ်မှ စတင်၍ ထောက်ပံ့မှုများ လျှော့ချရန်ရှိကြောင်း ဒုက္ခစခန်းအချို့မှ သတင်းရရှိသည်။ ထောက်ပံ့မှုများ လျှော့ချမည်ကို ထိုင်းနိုင်ငံရှိ ကရင်ဒုက္ခသည်စခန်းများသို့ အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ ““လာမယ့်နှစ်ကျရင် ရိက္ခာလျှော့ပေးတော့မယ်။ အရင်လိုမရတော့ဘူး။ လုံးဝဖြတ်တောက်လိုက်တာတော့ မဟုတ်ပါဘူး””ဟု မဲဟောင်ဆောင် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူ မနန်းခမ်းမြိုင်ကပြောသည်။ ---
မြန်မာ-ထိုင်း နယ်စပ်ရှိ မဲဟောင်ဆောင်ပြည်နယ်ရှိ မဲဆူရင်ကရင်ဒုက္ခသည်များစခန်း မီးလောင်ပြီးနောက် ယာယီတဲများတွင် ချက်ပြုတ်နေသော ဒုက္ခသည်အချို့ကို ၂၀၁၃ မတ်လ ၂၄ ရက်ကတွေ့ရစဉ် NICOLAS ASFOURI/AFP


http://feeds.feedburner.com/thithtoolwin/yIWV

စက်မှုဝန်ကြီးဌာနပိုင် စက်ရုံများ ပုဂ္ဂလိကသို့ ငှားမည်

Posted: 05 Nov 2013 06:03 AM PST


စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အထည်အလိပ်စက်ရုံများ၊ ဝါကြိတ်စက်ရုံများ အပါအဝင် ကျန်ရှိနေသေးသော စက်ရုံများကို ပုဂ္ဂလိကသို့ ဆက်လက်ငှားရမ်း လုပ်ဆောင်ခွင့်ပြုမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန စက်မှုညွှန်ကြားရေး ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ အစိုးရက ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ တိုးပွားလာစေရန်အတွက် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။---

ရန်ကုန်တိုင်းလွှတ်တော်တွင် ထောက်လှမ်းအဖွဲ့တပ်ဖွဲ့ ဖွဲ့ရန် အဆိုထည့်သွင်းဆွေးနွေးမည်

Posted: 05 Nov 2013 05:59 AM PST


ရန်ကုန်တိုင်းဒေသကြီး၌ နိုဝင်ဘာ ၅ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်ပထမအကြိမ် အထူးအစည်းအဝေး၌ အမျိုးသားထောက်လှမ်းရေး ကဲ့သို့သော ထောက်လှမ်းအဖွဲ့တပ်ဖွဲ့ ဖွဲရန်အဆိုကို ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော်အမတ်များထံမှ သိရသည်။ “အမျိုးသား ထောက်လှမ်းရေးအဖွဲ့တွေ မရှိတော့လို့ တိုင်းပြည်မှာအဖျက်သမားတွေရဲ့ ကြံစည်မှုတွေကို သတင်းမရတာတွေရှိပါတယ်” ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ်အမှတ် ၂ ကတိုင်းဒေသကြီး ကိုယ်စားလှယ် ဦးကျော်က ဆိုသည်။---

သတင်းရေးသားသည့် သတင်းထောက်ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ၀ိုင်းရိုက်

Posted: 05 Nov 2013 05:54 AM PST


မှော်ဘီမြို့တွင်နေထိုင်သူThe Voice သတင်းထောက် သတင်းရေးသားမှုအပေါ် ၎င်းရပ်ကွက်ရှိ ဆယ်အိမ်မှူးနှင့် အပေါင်းအပါများ စုဝေးပြီး ရိုက်နှက်မှုပြုလုပ်ခံ ခဲ့ရကြောင်း The Voiceဂျာနယ်က အယ်ဒီတာအဖွဲ့၏ အတွင်းရေးမှူး ဦးအောင်စိုးက ပြောကြားသည်။ အဆိုပါ သတင်းထောက် နေထိုင်သော ရပ်ကွက်အတွင်းရှိ နိုဝင်ဘာ ၄ရက်နေ့ နေလည်တွင် ဆယ်အိမ်မှူးနှင့် အပေါင်းပါ၃ဦးက ရိုက်နှက်ခဲ့ကြောင်း၊ ယင်းသတင်းထောက်သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့မှ လူတစ်ဦးကို မေးရိုးပြုတ်သည့်အထိ ၀ိုင်းရိုက်မှုနှင့်ပတ်သသော သတင်းကို ရေးသားခဲ့မှုကြောင့် ယခုကဲ့သို့ ၀ိုင်းရိုက်ခံခဲ့ရကြောင်း ၎င်းကဆိုသည်။---

တောင်ငူ ရေဘေးဒုက္ခသည် တစ်သောင်းကျော် ကယ်ဆယ်ရေးစခန်းများတွင် သောင်တင်နေဆဲ

Posted: 05 Nov 2013 05:44 AM PST


အောက်တိုဘာလကုန်ပိုင်းက ရွာသောမိုးကြောင့် ရေဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသည့် တောင်ငူမြို့မှ   ဒေသခံတစ်သောင်းကျော်မှာ  တစ်ပတ်ခန့် ကြာသည်အထိ ကယ်ဆယ်ရေးစခန်းများတွင် ဆက်လက်ခိုလှုံနေရဆဲဖြစ်ကြောင်း တောင်ငူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။ ““ရေကကျတယ်ဆိုပေမယ့် တောင်ငူမြို့ပေါ်အပြင် ကျေးရွာတွေမှာရှိတဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ မြုပ်နေတုန်းပဲ။ အိမ်တွေမှာ ပြန်နေလို့မရသေးလို့ လူဦးရေတစ်သောင်းကျော်လုံး ကယ်ဆယ်ရေးစခန်းမှာပဲ လက်ခံထားရပါတယ်””ဟု ထွေ/အုပ်ရုံးတာ ၀န်ရှိသူတစ်ဦးကပြောသည်။ ---
တောင်ငူမြို့နယ် ကျေးရွာအချို့မှ ဒေသခံများ အောက်တိုဘာ၂၉ ရက်တွင် ရေလျှံ၍ ရွှေ့ပြောင်းနေကြစဉ် ဓာတ်ပုံ-ကိုသက်ခိုင် ။ 7DAY DAILY

http://feeds.feedburner.com/thithtoolwin/yIWV

ဆီးဂိမ်းကာလ ကျောင်းတွေ ပိတ်ထားဖို့ အားကာအဆိုပြု

Posted: 05 Nov 2013 05:39 AM PST


လာမယ့် ဒီဇင်ဘာလ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း) ကျင်းပချိန်မှာ နေပြည်တော်မှာရှိတဲ့ အခြေခံ စာသင်ကျောင်းတွေကို သီတင်း ၂ ပတ်ကြာ ပိတ်ထားပေးဖို့ အားကစား ၀န်ကြီးဌာနက သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြထားတယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၄၀ ကြာမှ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တကြော့ပြန်လက်ခံကျင်းပမယ့် ဆီးဂိမ်း အားကစားပြိုင်ပွဲကာလမှာ နေပြည်တော်မှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ လေ့လာနိုင်ဖို့ အတွက် ကျောင်းတွေ ပိတ်ပေးဖို့ ဆီးဂိမ်းကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးက သက်ဆိုင်ရာ အကြီးအကဲတွေကို တင်ပြထားတယ်လို့ အားကာလူထု ပညာဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောပါတယ်။ ---
http://feeds.feedburner.com/thithtoolwin/yIWV

နိုင်ငံတစ်ဝန်း လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ပေးမှု ၈၆ ရာခိုင်နှုန်းကျော် ပြီးစီးဟုဆို

Posted: 05 Nov 2013 05:36 AM PST


လယ်ယာမြေ ပိုင်ဆိုင်ခွင့် အထောက်အထားဖြစ်သည့် လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ပေးမှု နိုင်ငံတစ်ဝန်းလုံးတွင် ၈၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။ နိုဝင်ဘာ ၄ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေ၏ လယ်ယာမြေ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။ ---

Posted: 05 Nov 2013 05:33 AM PST

KIO ဌာနချုပ် လိုင်ဇာတွင် နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေး ဆုံးဖြတ်ခဲ့သည့် လိုင်ဇာမူဘောင်ပါ အချက်အများစုကို အစိုးရက သဘောတူ လက်ခံထားကြောင်း လိုင်ဇာမူ အကောင်အထည်ဖော်ရေး ညှိနှိုင်း အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။ တိုင်းရင်းသားအဖွဲ့များက တင်ပြသည့် လိုင်ဇာ အပစ်ရပ်မူကြမ်း အချက် ၁၁ ချက်ကို ပြင်ဆင်ရန် အစိုးရဘက်က အများအပြား တောင်းဆိုမှုမရှိဘဲ အဓိကအချက်များကို လက်ခံကြောင်း၊ ရှေ့ဆက်သွားရန် အလားအလာ အလွန်ကောင်းကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“အစိုးရဘက်က ပြင်စေချင်တာတွေကိုတော့ အဖြေပေးလို့ မရသေးဘူး။ အဖွဲ့တွေ အားလုံးနဲ့ ပြန်ညှိရမယ်” ဟု နိုင်ဟံသာက ရှင်းပြသည်။ ---

ဒေါ်အောင်ဆန်းစုကြည် ဩစတြေးလျ သွားမည်

Posted: 05 Nov 2013 02:26 AM PST


မြန်မာအတိုက်အခံခေါင်းဆောင် ဒီမိုကရေစီရေးဆောင်ရွက်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလကုန်ပိုင်းမှာ ဩစတြေးလျနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ဆစ်ဒနီ၊ ကင်ဘာရာနဲ့ မဲလ်ဘုန်းမြို့တွေကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဆစ်ဒနီမှာ ကျင်းပမယ့် ကုလသမဂ္ဂ HIV/AIDS ဆိုင်ရာ ကွန်ဖရင့်ညီလာခံ အပါအ၀င် လူထုဆိုင်ရာ အခမ်းအနားတွေကို တက်ရောက်မှာဖြစ်ပြီး ဩစတြေးလျက မြန်မာအသိုင်းအ၀ိုင်းနဲ့လည်း တွေ့ဆုံဦးမှာဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံကနေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ဂုဏ်ယူဝမ်းမြောက်ပါတယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ပ်က ပြောပါတယ်။

by ဒီဗွီဘီ


http://feeds.feedburner.com/thithtoolwin/yIWV

တံတားဦးလေဆိပ်တွင် ထူးကုမ္ပဏီပိုင် ကော်ဖီဆိုင် မီးလောင်

Posted: 05 Nov 2013 02:24 AM PST


မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထူးကုမ္ပဏီမှ ဖွင့်လှစ်ထားသော ကော်ဖီဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီအချိန်ခန့်က တံတားဦးမြို့နယ် တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်အပေါ်ထပ် ပြည်တွင်းထွက်ခွာမှန်တံခါးအနီး ထူးကုမ္ပဏီမှ ဖွင့်လှစ်ထားသော Espace coffee & bar ဆိုင်အတွင်းရှိ ရေခဲသေတ္တာ safe guard အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာ လေဆိပ်၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် တိုင်းမီးသတ်ဦးစီးဌာနများမှ သတင်းရရှိသည်။ ---
မီးလောင်ကျွမ်းခဲ့သည့်ကော်ဖီဆိုင်အတွင်းပိုင်းကိုတွေ့ရစဉ် ဓာတ်ပုံ-ညီညီဇော် / 7DAY DAILY

http://feeds.feedburner.com/thithtoolwin/yIWV

ပြည်သူကို ရှင်းမပြဘဲ လျှပ်စစ်မီတာခ တက်ခြင်းသည် အာဏာရှင်စနစ်၏ အမွေဆိုး မကုန်သေးခြင်းဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Posted: 05 Nov 2013 02:21 AM PST


လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ် မီတာခများ တက်ရန် ပြည်သူလူထုကို ကနဦး ရှင်းမပြဘဲ မီတာခ တိုးမြှင့်လိုက်ခြင်းသည် အာဏာရှင်စနစ်၏ အမွေဆိုး အရိပ်အငွေ့ မကုန်သေးကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ အဆိုပါ အကြောင်းအရာကို နိုဝင်ဘာ ၄ ရက်နေ့ လွှတ်တော် အဆောက်အအုံ (၁၂) တွင် သတင်းမီဒီယာများနှင့် မိနစ် ၂၀ ခန့် တွေ့ဆုံစဉ် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ---

ရခိုင်တွင် ရဲအင်အား ပိုချထားပေးဟု ပြည်ထဲရေးဒုဝန်ကြီးပြော

Posted: 05 Nov 2013 02:19 AM PST


နေပြည်တော် - ရခိုင်ပြည်နယ်တွင် ရဲဝန်ထမ်းနှင့် ပြည်သူ အချိုးအားဖြင့် ရဲတစ်ဦးလျှင် ပြည်သူငါးရာအတွက် (၁း ၅၀၀) နှုန်းဖြင့် တာဝန်ချထားပေးပြီး ကျန်ဒေသများထက် လုံခြုံရေး ပိုမိုချထားပေးခြင်းဖြစ်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားလိုက်သည်။ ကျန်ပြည်နယ်တိုင်းများတွင် ရဲဝန်ထမ်းနှင့် ပြည်သူအချိုးကို ၁း ၉၀၀ နှုန်းဖြင့် တာဝန်ချထားခြင်း ဖြစ်သော်လည်း ရခိုင်ပြည်နယ်အတွက် ပိုမိုချထားပေးခြင်းဖြစ်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးက နိုဝင်ဘာ ၄ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောသည်။ ---

အစိုးရကြွေးကျန်ကိစ္စ ရှင်းလင်းရန် လွှတ်တော် တောင်းဆို

Posted: 05 Nov 2013 02:17 AM PST


သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက နိုင်ငံတော်ကို ပေးသွင်းဖို့ ကျန်ရှိနေတဲ့ ကြွေးတွေဟာ ကျပ်သန်းပေါင်း သန်းနဲ့ချီ ရှိနေပြီး နှစ်အဆက်ဆက် ကြွေးကျန်တွေ များလွန်းလို့ အစိုးရအဖွဲ့ ဘာဆက်လုပ်မယ်ဆိုတာ ရှင်းပြဖို့ လွှတ်တော်က တောင်းဆိုလိုက်ပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကောင်စီက သဘောထား မှတ်ချက်ပေးရာမှာ လွှတ်တော်က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ---
http://feeds.feedburner.com/thithtoolwin/yIWV

ဖုန်းမယူလာကြရန် လွှတ်တော် ကိုယ်စားလှယ်များကို သူရဦးရွှေမန်း သတိပေး

Posted: 05 Nov 2013 02:13 AM PST


လွှတ်တော်တွင်း ဖုန်း Ring Tone သံများ ကြားနေရသောကြောင့် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်သို့ ဖုန်းနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများ ယူမလာကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောကြားသည်။ လွှတ်တော်အတွင်း မည်သည့် ပစ္စည်းမျှ ယူမလာကြရန် စည်းကမ်း သတ်မှတ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များက ဖုန်းများ ယူဆောင်လာပြီး လွှတ်တော် အတွင်းဖုန်း Ring Tone သံများ မြည်နေခြင်းကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းသို့ သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။ ---

လေကြောင်း စံချိန်စံညွှန်း ညီ မညီ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် စစ်ဆေးမည်

Posted: 05 Nov 2013 02:11 AM PST


လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များ (Annex) ညီ မညီ၊ လိုက်နာမှု ရှိ မရှိ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်းအဖွဲ့ချုပ် (ICAO) က လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ နိုဝင်ဘာလ ၆ ရက်နေ့တွင် လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လေယာဉ် စက်မှုဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်က ပြောကြားသည်။ ---

တံတားဦးလေဆိပ်ဝန်ဆောင်မှုများကြောင့် ခရီးသွားများစိတ်အနှောင့်အယှက်ဖြစ်

Posted: 05 Nov 2013 02:08 AM PST


တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်ဝန်ထမ်းနှင့် လေကြောင်းကုမ္ပဏီများ၏ ၀န်ဆောင်မှုအားနည်းချက်များကြောင့် ခရီးသွားများ စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ယင်းလေဆိပ်မှ မကြာခဏသွားလာနေသည့် ခရီးသည်အချို့က ပြောသည်။ လေယဉ်ထွက်ခွာချိန် နောက်ကျခြင်း၊   လေယာဉ်ဆိုက်ရောက်ချိန်များတွင် လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ခရီးသည်နားနေခန်းများတွင် ထိုင်ခုံမလုံလောက်ခြင်းနှင့် လေယာဉ်ဆိုက်ရောက်၊ ထွက်ခွာမည့်အချိန်များကို လေဆိပ်အတွင်းရှိ ကြော်ငြာဘုတ်များမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးနိုင်မှုမရှိခြင်းတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း တံတားဦးလေဆိပ်မှ ပြည်တွင်းနှင့်နိုင်ငံတကာသို့  သွားလာနေကြသည့် ခရီးသည်အချို့ကပြောသည်။ ---
တံတားဦးလေဆိပ်တွင်စောင့်ဆိုင်းနေကြသူများ ဓာတ်ပုံ-U YMT


http://feeds.feedburner.com/thithtoolwin/yIWV

ဆင်းမ်ကတ်မဲဖောက်မှုမကျေနပ်ရာမှ လူစုလူဝေးဖြစ်လာ၍ ရဲတပ်ဖွဲ့ ၀င်ရောက်ဖြေရှင်းပေးရ

Posted: 05 Nov 2013 02:05 AM PST


ရန်ကုန်- တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်တွင် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ် မဲဖောက်ရောင်းချရာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အလွဲသုံးစားလုပ်သည်ဟုဆိုကာ ရပ်ကွက်နေသူများ မကျေနပ်၍ လူစုလူဝေးဖြင့် ကန့်ကွက်သောကြောင့် ရဲတပ်ဖွဲ့အင်အား နှစ်ဆယ်ကျော်ဖြင့် လုံခြုံရေးချထားကြောင်း သတင်းရရှိသည်။ တောင်ဥက္ကလာပမြို့နယ်အတွင်း ဆင်းမ်ကတ်များကို နိုဝင်ဘာ ၄ ရက်က (၄)ရပ်ကွက်၊ ဗဟိုဓမ္မာရုံတွင် မဲနှိုက်ရာ ယခင်လများက ဆင်းမ်ကတ်ပေါက်ပြီးသူများသာ ထပ်မံပေါက်သည်ဟုဆိုကာ ရပ်ကွက်နေပြည်သူများက အုပ်ချုပ်ရေးမှူးကို ရုံးရှေ့တွင် ပြန်လည်ဖြေရှင်းခိုင်းသည်။ သို့သော် မပြေလည်သောကြောင့် ပြည်သူအချို့ က ဆဲဆိုကန့်ကွက်ပြီးလူစုလူဝေးဖြစ်လာရာ တောင်ဥက္ကလာပမြို့နယ်ရဲစခန်းက အခြေအနေတင်းမာမှု မဖြစ်ပေါ်စေရေးအတွက် လာရောက်ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ---

လွှတ် တော်ကိုယ်စားလှယ်များ သာမန်အရပ်သားများထက် ဥပဒေကို ပိုပြီးလေးစားလိုက်နာရန်လိုကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဌ ပြောကြား

Posted: 05 Nov 2013 02:04 AM PST


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ''မိမိတို့လွှတ်တော်မှ ပြဋ္ဌာန်း ထားသောဥပဒေ၊ နည်းဥပဒေများ ကို သိရှိလိုက်နာရမှာဖြစ်သလို တခြားတည်ဆဲဥပဒေများကိုလဲ လွှတ်တော်မှ ကိုယ်စားလှယ်များ အနေနဲ့ သိရှိနားလည်ပြီး လိုက်နာ ဆောင်ရွက် ဖို့လို ပါတယ်။ ဦးရွှေ မောင် ပြောဆိုကန့်ကွက်မှုက ဥပဒေ လုပ်ထုံးလုပ်နည်းတို့နဲ့မညီ ညွတ်တဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌ က ဒီလိုကြားဖြတ်တင်ပြမှုကို အ တည်မပြုကြောင်း ကြေညာပါ တယ်''ဟု ပြောသည်။  ---

Thit Htoo Lwin

unread,
Nov 6, 2013, 10:34:07 AM11/6/13
to thuau...@gmail.com

ပွင့်ဖြူမြို့တွင် မိုးများမှုကြောင့် စပါးခင်းများ ပျက်စီး

Posted: 06 Nov 2013 06:12 AM PST


မကွေးတိုင်း ပွင့်ဖြူမြို့နယ်ဘက်မှာ မိုးများတာကြောင့် ရိတ်သိမ်းခါနီး စပါးပင်တွေ ရေနစ်မြုပ် ပျက်စီးသွားတဲ့အတွက် ဒေသခံ လယ်သမားတွေ အခက်အခဲ ဖြစ်နေကြပါတယ်။ အောက်တိုဘာလကုန်ပိုင်းက မိုးဆက်တိုက်ရွာသွန်းခဲ့တဲ့အတွက် ပွင့်ဖြူမြို့နယ်ထဲက လယ်ကိုင်းကျေးရွာ အုပ်စုကွင်း၊ ကန်ဆွယ်ကျေးရွာ အုပ်စုကွင်း၊ ဖလံတောကျေးရွာ အုပ်စုကွင်းနဲ့ ကျောက်စစ်ပုံကျေးရွာအုပ်စုကွင်းတွေက မိုးစပါး ဧကပေါင်း ၂ ထောင်ကျော် ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။---

ကလေးအသုံးစရိတ် တိုးမြှင့်ရန် မြန်မာကို ကုလတောင်းဆို

Posted: 06 Nov 2013 06:06 AM PST

သဘာဝဓာတ်ငွေ့ ရောင်းချမှုကရတဲ့ငွေ အပါအ၀င်  တိုင်းပြည်ရဲ့ ၀င်ငွေတွေကို  ခွဲဝေ သုံးစွဲတဲ့အခါမှာ ကလေးငယ်တွေအတွက် အသုံးစရိတ်ကို ဦးစားပေး စဉ်းစားဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂ နိုင်ငံတကာကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က တောင်းဆိုလိုက်ပါတယ်။ မြန်မာအစိုးရက ကျန်းမာရေးကဏ္ဍမှာ ၇၈ ရာခိုင်နှုန်းနဲ့ ပညာရေးမှာ ၃၀ ရာခိုင်နှုန်း  အသုံးစရိတ် တိုးမြှင့်ခဲ့ပေမယ့် ဒါဟာ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုရဲ့ ၂ ရာခိုင်နှုန်း လောက်ပဲ တိုးမြှင့်ပေးလိုက်တာ ဖြစ်တယ်လို့ ယူနီဆက်ဖ်ရဲ့ ဒီနေ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။---

ပွင့်ဦးပရိဘောဂစက်ရုံ လေးနာရီကျော်ကြာ မီးလောင်

Posted: 06 Nov 2013 05:38 AM PST


ဒဂုံ(အရှေ့)ပိုင်းမြို့နယ် ဒဂုံ(အရှေ့)စက်မှုဇုန်အတွင်းရှိ ပွင့်ဦးပရိဘောဂစက်ရုံသည် ယနေ့နံနက်တွင် ၀ါယာရှော့မှစတင်ပြီး လေးနာရီကျော်ကြာ မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း မီးငြိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။ ပွင့်ဦး ပရိဘောဂနှင့် မွေ့ယာစက်ရုံသည် နံနက် ၆နာရီမိနစ်၃၀မှ စတင်လောင်ကျွမ်းနေပြီး နံနက် ၁၀နာရီကျော်ထိ မီးမငြိမ်းဘဲ တငွေ့ငွေ့လောင်ကျွမ်းနေကြောင်း၊ ယင်း မီးလောင်ကျွမ်းမှုကြောင့် ပွင့်ဦး စက်ရုံတစ်ရုံလုံး မီးလောင်ကျွမ်းပြီး အဆိုပါ မီးကို ငြိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇေယျက ပြောကြားသည်။ ---
မီးငြိမ်းသတ်ရာမှ မီးသတ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ၍ စံပြဆေးရုံရောက်ရှိ

နိုင်ငံတော်သံဃမဟာနာယကို ပီနန်ဆရာတော်ကြီးက တရားစွဲဆိုသွားမည်

Posted: 06 Nov 2013 05:35 AM PST


တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယ အဖွဲ့အားတရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပီနန်ဆရာတော် ဦးပညာဝံသက နိုဝင်ဘာ ၆ ရက်နေ့တွင် မီဒီယာများသို့ ပြောကြားသည်။ ဆရာတော်အနေဖြင့် ယင်းကိစ္စအား သည်းခံလာသည်မှာ ၁၀နှစ်ကျော်လာပြီးဖြစ်ကြောင်း ပိုင်ဆိုင်မှုအထောက်အထား အပြည့်စုံရှိနေသည့်အတွက် တရားဥပဒေကြောင်းလမ်းအရ စကားပြောသွားမည်ဖြစ်ကြောင်း၊ ပိုင်ရှင်မသိဘဲလှူဒါန်းသည်မှာ အလှူအထမမြောက်ကြောင်း ယင်းပြင် ကျောင်းအား ၁၉၉၉ ခုနှစ်ကတည်းက ရေစက်ချလှူဒါန်းသည့်အတွက် နောက်တစ်ကြိမ် ရေစက်ချလှူဒါန်းသည်ဟုဆိုသည်မှာ ရယ်မောဖွယ်ရာဖြစ်နေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ ---

သံတွဲ ခယကမှူးကားနှင့် မတော်တဆ တိုက်မူ ဆိုင်ကယ်စီး အမျိုးသမီး ဆေးရုံတင်ရ

Posted: 06 Nov 2013 05:25 AM PST


သံတွဲမြို့တွင် ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် မောင်းလာသောကားနှင့် ဆိုင်ကယ်စီး လာသူ အမျိုးသမီးတစ်ဦး မတော်တဆ ယာဉ်တိုက်မူ ဖြစ်ရာမှ အမျိုးသမီးမှာ ဒဏ်ရာရရှိသွားသဖြင့် ဆေးရုံတင်လိုက်ရသည်ဟု သတင်းရရှိသည်။ ယာဉ်တိုက်မူ ဖြစ်ပြီး ဆေးရုံတင်ထားရသူ အမျိုးသမီးမှာ သံတွဲမြို့ အရှေ့တောင်ပိုင်းနေ (ဘ)  ဦးဝင်းဇော်၏ သမီး မမိုးမိုးကျော် အသက်(၂၄)နှစ်ဖြစ်သည်။ ---

ပေါက်တော လူသတ် တရားခံလို့ သံသယရှိသူ စစ်တွေသို့ ယူဆောင်

Posted: 06 Nov 2013 05:21 AM PST


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် နိုဝင်္ဘာလ ၂ ရက်နေ့က ရခိုင်အမျိုးသမီးများအား သတ်ဖြတ် တိုက်ခိုက်ခဲ့သူဟု သံသယ ရှိသူ တစ်ဦးကို ဖမ်းဆီးရမိပြီးနောက် စစ်တွေသို့ ချက်ချင်း ယူဆောင်သွားခဲ့သည်ဟု သတင်းရရှိသည်။ နိုဝင်္ဘာလ ၄ ရက်နေ့ ညနေ ၈ နာရီတွင် သူ့အား ဖမ်းဆီးရမိကြောင်း  ပေါက်တောရဲစခန်းမှ ရဲအရာရှိ ဦးသန်းဌေးက နိရဉ္စရာသို့ပြောသည်။---

အစိုးရတပ်သားတဦး၏ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး

Posted: 06 Nov 2013 05:17 AM PST


ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲမှာ အစိုးရတပ် ရဲဘော် ၁ ဦးက သေနတ်နဲ့ပစ်ခတ်တဲ့အတွက် အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုဟာ  ရှမ်းပြည်မြောက်ပိုင်း   ၁၀၅ မိုင်နယ်စပ် ကုန်သွယ်စခန်းကနေ မူဆယ်ကိုသွားတဲ့ လမ်းမကြီးပေါ်က နမ့်ခုမ် ၀မ့်မိုင် ရွာအနီးမှာ ဖြစ်ပွားခဲ့တာပါ။ နိုဝင်ဘာ ၆ ရက် မနက် ၁ နာရီ  ၀န်းကျင်အချိန်မှာ အစိုးရစစ်ကြောင်းက မတ်တူးဆလွန်းကားတစီးကို ၀င်တိုက်ရာက ပစ်ခတ်သေဆုံးမှု ဖြစ်ခဲ့တာလို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးရုံးက ဦးစီးအရာရှိ ဦးဇော်မင်းက ပြောပါတယ်။ ---

အ၀ါရောင်မီဒီယာ ဘယ်လိုထိန်းမလဲ

Posted: 06 Nov 2013 05:06 AM PST


မီဒီယာလွတ်လပ်ခွင့်ကို ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ မပြုလုပ်ရန် သမ္မတဦးသိန်းစိန်က သတိပေးပြောကြားပြီးနောက် မကြာမီ သတင်းမီဒီယာကျင့်ဝတ်နှင့်မညီသည့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ရေးသားထုတ်ဝေနေသော ဂျာနယ်အချို့ကို အရေးယူပေးရန် သမ္မတထံသို့ တိုင်တန်းသည့် အိတ်ဖွင့်ပေးစာတစ်စောင် ပေါ်ထွက်လာသည်။ ကျင့်ဝတ်နှင့်မညီသော သတင်းရေးသားတင်ဆက်သည့် ဂျာနယ်အချို့ကြောင့် မီဒီယာလွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်ခံနေရချိန်ဖြစ်ပြီး ပြည်တွင်းမီဒီယာအသိုင်းအအ၀ိုင်းက ယင်းဂျာနယ်များကို ဝေဖန်မှုများရှိနေချိန်လည်းဖြစ်သည်။---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာပြည်က ဒရိုင်ဘာကင်မ်

Posted: 06 Nov 2013 04:59 AM PST


လမ်းတွင် တက္ကစီတားနေစဉ် လာရပ်သည့်ကားပေါ်မှ ဒရိုင်ဘာမှာ ဆံပင်ရှည်ရှည် သနပ်ခါးထူထူ လိမ်းကျံထားသည့် အသားခပ်ညိုညို အမျိုးသမီးဖြစ်နေ၍ ရုတ်တရက်အံ့သြစရာပင်ဖြစ်သည်။ သူက “ကျွန်မ တက္ကစီဆွဲနေတာပါ။ ဘယ်သွားချင်လို့ပါလဲ”ဟု ခပ်ပြုံးပြုံးမေးလာသည်။ ၎င်းမှာ ကိုယ်တိုင်ကိုယ်ကျ တက္ကစီမောင်းနှင်သည့်အလုပ်ဖြင့် အသက်မွေးနေသည့် အသက် ၄၇ နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းပင်။ သွားမည့်နေရာကို ပြောလိုက်သည့်အခါ (ကက/၈၈၉၉) နံပါတ်ဖြင့် Corona Van အဖြူရောင် ကားဟောင်းလေး မောင်းနှင်နေသည့် ဒေါ်ဌေးဌေးဝင်းက “ဘယ်လောက်မှန်းထားပါသလဲ”ဟု ဆက်မေးလာသည်။ ထို့နောက် ခရီးသည်ကို လိုရာခရီးသို့ ပို့ဆောင်ရန် ဂီယာကို စထိုးလိုက်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ငမိုးရိပ်ဆည်တွင် သားအမိ သုံးဦး ရေနစ် သေဆုံး

Posted: 06 Nov 2013 04:52 AM PST


လှည်းကူးမြို့နယ် ဥတို အုပ်စု ငမိုးရိပ် ဆည်တွင် နိုဝင်ဘာလ ၃ရက်နေ့ ည ၈ နာရီခန့်က သားအမိ ငါးဦးသည် လျှော်လော တောစခန်းတွင် နေသူ သမီးကြီး အိမ်မှ ရေမိုင် တစ်မိုင်ခန့် ဝေးသည့် ကုလားကြီးလျှို တောစခန်းရှိ ၎င်းတို့ နေအိမ်သို့ လှေဖြင့် အပြန်တွင် လှေဝမ်းအတွင်း ရေဝင်သဖြင့် မိခင် အပါအဝင် ကလေးနှစ်ဦး ရေနစ် သေဆုံးခဲ့ကြောင်း ဖောင်ကြီး နယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ ရေဝင်သဖြင့် လှေတွင်ပါသူ အားလုံး ရေနစ် သေဆုံးမည်ကို စိုးရိမ်ကာ မိခင် အပါအဝင် ကလေးနှစ်ဦး ရေထဲ ခုန်ချခဲ့ရာ သုံးဦးစလုံး ရေနစ် သေဆုံးခဲ့ကြောင်း ဖောင်ကြီး နယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။---

နေပြည်တော်ကောင်စီ နယ်မြေတွင် သုံးမည့် ထပ်တိုးတောင်းခံငွေ ထက်ဝက်လျှော့ချရန် လွှတ်တော်ဆုံးဖြတ်

Posted: 06 Nov 2013 04:49 AM PST


ပြည်ထောင်စုအစိုးရက ထပ်တိုး တောင်းခံထားသော နေပြည်တော်ကောင်စီ နယ်မြေအတွင်း စီမံကိန်းများတွင် သုံးစွဲမည့် တောင်းခံငွေကို ၅၀ ရာခိုင်နှုန်း ဖြတ်တောက်ပြီး အတည်ပြုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ ၂၀၁၃-၁၄ ခုနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ထပ်မံ တောင်းခံငွေ များမှ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်း တောင်းခံငွေ ၂၆၂၆၃ ဒသမ ၄၃၅ သန်း မှ ကျပ် ၁၃၀၉ ဒသမ ၅၈၀ သန်းသာ ခွင့်ပြုပေးရန် နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းသို့ မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ---

ဖက်ဒရယ်ကို ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့အညီ ဆက်သွားမယ် – ဒုဗိုလ်ချုပ်ကြီး မြင့်စိုး

Posted: 06 Nov 2013 02:29 AM PST


ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး တပ်မေတ်ာရဲ့ သဘာထား ဘယ်လို ရှိနေပါလဲ၊ မြစ်ကြီးနားဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို ဒီဗွီဘီသတင်းထောက် ဦးအေးနိုင်က မြစ်ကြီးနားမြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ---

စီတန်းလှည့်လည်ဥပဒေကို ပြောထားသည့် အတိုင်းပြင်ဆင်နိုင်ပါက ပုဒ်မ ၁၈ဖြင့် ဖမ်းခံထားရသူများ ပြန်လွှတ်ဖွယ်ရှိ

Posted: 06 Nov 2013 02:26 AM PST

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် တရားစီရင်ရေးကော်မတီက လွှတ်တော်သို့ တင်သွင်းရန် စီစဉ်နေသည့် ငြိမ်ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေကြမ်း အတိုင်းသာအတည်ပြုနိုင်ပါက မူလဥပဒေပါ ပုဒ်မ ၁၈ဖြင့် ဖမ်းဆီးခံထားရသူများပြန်လွှတ်ရန် မျှော်လင့်ချက် ရှိကြောင်း ဥပဒေပညာရှင်များက ဆိုသည်။ မူလဥပဒေတွင် ဆန္ဒပြလိုသူများသည် ကြိုတင်ခွင့်ပြုချက် တောင်းရန်လိုပြီး ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ပါက အနည်းဆုံး ထောင်ဒဏ်တစ်နှစ်နှင့် ဒဏ်ငွေကျပ်သုံးသောင်း သော်လည်းကောင်း ပြစ်ဒဏ်၂ရပ်လုံးသော် လည်းကောင်း ကျခံရမည်ဟူသည့် ပြဋ္ဌာန်းချက်ကို ပြည်သူ့လွှတ်တော်ကော်မတီက ဖြုတ်ပယ်၍ ဥပဒေအသစ်ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ ---
စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၈ အား ဖျက်သိမ်းပြီး အစိုးရရုံးနှင့် လွှတ်တော်အတွင်းတင်ပြနိုင်ရန်အတွက် လုပ်ငန်းကော်မတီဖွဲ့စည်းရန် ဆွေးနွေးပွဲအား နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည်ပိုင်းက ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင် ကျင်းပပြုလုပ်စဉ်။ (ဓါတ်ပုံ - ဟောင်ဆာ၊ မဇ္ဈိမ) အဆိုပါ ဆွေးနွေးပွဲသို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေး၊ မျိုးဆက်သစ်လူငယ်များအဖွဲ့မှ ကိုမိုးသွေး၊ မြန်မာ့လူမှုဘ၀ တိုးတက်ရေးကွန်ကယက်မှာ ကိုနေမျိုးဇင်နှင့် တခြား လူ့အဖွဲ့အစည်းကူညီဆောင်ရွက်ပြီး ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မီတာခ ၂ ဆ ဖြစ်ရင် အအေးခန်းစက်ရုံများ ပိတ်ပစ်ရတော့မည်

Posted: 06 Nov 2013 02:12 AM PST


အခု နိုဝင်ဘာလဆန်းကစပြီး ယူနစ် ၅၀၀၀ အထက်သုံးတဲ့ စက်ရုံနဲ့ အလုပ်ရုံတွေရဲ့ မီတာခတွေကို ၂ ဆ မြှင့်လိုက်တာကြောင့် အအေးခန်းစက်ရုံတွေ ပိတ်ပစ်ရတော့မယ်လို့ ရေလုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောပါတယ်။

သူ အအေးခန်းစက်ရုံဆိုရင် နဂိုက ၁ လ မီတာခ ကျပ် သိန်း ၄၀ လောက်ကျပြီး အခုဆိုရင် ကျပ် သိန်း ၈၀ ကျသင့်တော့မယ်လို့ သူက ရှင်းပြပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က လုပ်တဲ့ ငါးလုပ်ငန်းအသင်း ရုံးချုပ် ပုံမှန် အစည်းအဝေးပွဲမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး စက်ရုံတွေ ပိတ်ရရင် အလုပ်သမားတွေလည်း အလုပ်ပြုတ်ပြီး ထိခိုက်နိုင်တယ်လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်ကတော့ နဂို လုပ်ငန်း သုံး မီတာ ၁ ယူနစ် ၇၅ ကျပ်ကနေ အခု ကျပ် ၁၅၀ သတ်မှတ်လိုက်လို့ မီတာခ ၂ ဆ တိုးတာကို ရန်ကုန်မှာ လုပ်ငန်းရှင် ၄ ထောင်လောက်ကပဲ ကြုံရမှာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

by ဒီဗွီဘီ

ဆန္ဒထုတ်ဖေါ်သူများ ပြည်သူကိုကိုယ်စားပြုပါက ရှစ်ခိုးမည်ဟုဆို

Posted: 06 Nov 2013 02:06 AM PST


မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားခများတိုးမြင့် ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများအနေဖြင့် ပြည်သူကိုအမှန်တကယ် ကိုယ်စားပြုမည်ဆိုပါက ရှစ်ခိုးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ မှ ဥက္ကဌဦးအောင်ခိုင်က People Power သတင်းစာသို့ ပြောကြားသည်။ “ပြည်သူကိုသာ ကိုယ်စားပြုရင်ထိုင်ပြီးရှစ်ခိုးလိုက်မယ်၊သူတို့ ကဘယ်သူ့  ကိုကိုယ်စားပြုပြီး ဆန္ဒပြမှာလဲ၊အစိုးရ ကဘာပဲလုပ်လုပ် အမြင်ကပ်တဲ့အနေနဲ့ ပြမှာလား၊ဘယ်သူ့ ကိုကိုယ်စားပြုသလဲဆိုတာစဉ်းစားဖို့ လို တယ်၊ဒီလို လုပ်တာက ကိုယ်ကြီုအတ္တသမားတွေလုပ်တာပါ၊သူတို့ က ပြည်သူ့ နာမည်ကို ကိုင်ရိုက်နေတာ” ဟု ၄င်းကပြော ကြားသည်။ ---

တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်နယ်ရုံးချုပ်အပြင်ဘက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

Posted: 06 Nov 2013 01:54 AM PST


တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်နယ်ရုံးချုပ်အပြင်ဘက်တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ အနည်ဆုံး လူတစ်ဦး သေဆုံးသွားသည်။ တိုင်ယွမ်တွင် ယနေ့ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုမှာ တရုတ်အာဏာပိုင်များက အကြမ်းဖက်တိုက်ခိုက်မှုဟု သတ်မှတ်ခဲ့သည့် တိန်အန်မင်ရင်ပြင်တွင် မော်တော်ကားမီးလောင်မှုအပြီး သီတင်းတစ်ပတ်ကျော်အကြာတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။  ထို့အပြင် ဘေဂျင်းမြို့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းခေါင်းဆောင်များ၏ အစည်းအဝေးမတိုင်မီ ရက်ပိုင်းအလိုတွင် ယခု ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းလည်း ဖြစ်သည်။ ရှန်ဇီပြည်နယ်မြို့တော် တိုင်ယွမ်ရှိ ကွန်မြူနစ်ပါတီ ပြည်နယ်ရုံးချုပ်အနီး ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားသည်။ ---
ပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး အခြား ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရက အတည်ပြုထား

တိရစ္ဆာန်မွေးမြူခြင်းနှင့် သတ်ဖြတ်ခြင်းဆိုင်ရာ အပါအဝင် နည်းဥပဒေရှစ်ခု မန္တလေးတိုင်းလွှတ်တော် ဆွေးနွေးမည်

Posted: 06 Nov 2013 01:11 AM PST


ပြန်လည်ကျင်းပနေသော ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် တိရစ္ဆာန် မွေးမြူခြင်းနှင့် တိရစ္ဆာန် သတ်ဖြတ်ခြင်း ဆိုင်ရာ နည်းဥပဒေ အပါအဝင် နည်းဥပဒေ ရှစ်ခု အတည်ပြုနိုင်ရန် ဆွေးနွေးမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသည့် ယင်းလွှတ်တော် အစည်းအဝေးအရ သိရှိရသည်။ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ဥပဒေအရ နည်းဥပဒေ များနှင့် စပ်လျဉ်း၍ သတ်မှတ်ရက် များတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။ ---

ဗုဒ္ဓဂယာဗုံးခွဲမှု အသေးစိတ် ဖေါ်ထုတ်လိုက်ပြီ

Posted: 05 Nov 2013 09:37 PM PST


• ၂ဝ၁၃ ဇူလိုင် (၇) ရက်နေ့ မနက်လင်းအားကြီးအချိန် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိတဲ့ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ မဟာဗောဓိညောင်ပင်၊ စေတီတော်ကြီးနဲ့ ဘုးန်းကြီးကျောင်းတွေမှာ ဗုံးတွေဆက်တိုက်ဖေါက်ခွဲခဲ့တဲ့ တရားခံအစစ်တွေကို ၄-၁၁-၂ဝ၁၃ နေ့က ဖေါ်ထုတ်နိုင်လိုက်ပြီဖြစ်တယ်လို့ အိန္ဒိယဗဟိုစုံစမ်းစစ်ဆေးရေးဌာန NIA ကနေ မနေ့က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။ • NIA ကနေ အိန္ဒိယနိုင်ငံ (ရန်ချီ) မြို့၊ (ဟင်းဒ်ပီဒိ) ဧရိယာကနေ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းယူနိုင်ရာကနေ ဗုဒ္ဓဂယာမှာ ထောင်ခဲ့တဲ့ ဗုံး ၁၃ လုံးရဲ့ အသေးစိတ်အချက်အလက်တွေကို သိလာရတာ ဖြစ်ပါတယ်။ ---

လက်ပံတောင်း ဆန္ဒပြသူ ၄ ဦးကို တရားစွဲ

Posted: 05 Nov 2013 09:32 PM PST


စစ်ကိုင်းတိုင်း မုံရွာခရိုင် အင်ကြင်းတောင်မှာ ထိုင်သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေကြတဲ့ သံဃာတော် ၁ ပါးနဲ့ ဒေသခံ ၃ ဦးကို အာဏာပိုင်တွေဘက်က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်တယ်လို့ လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီဝင် ဦးမင်းမင်းက ပြောဆိုပါတယ်။

လက်ပံတောင်းတောင်ဒေသ မိုင်းကွဲမှုတွေကြောင့် လယ်တီသိမ်တော်နဲ့စေတီ ကွဲအက်မှု ရှိ မရှိကို ကြည့်ရှုခွင့်တောင်းဆိုတာ အာဏာပိုင်တွေဘက်က ကြည့်ရှုခွင့်မပေးတဲ့အတွက် အင်ကြင်းတောင်ပေါ်မှာ နိုဝင်ဘာ ၂ ရက်နေ့ ညနေ့ပိုင်းက ထိုင်သပိတ်စခန်းဖွင့်လှစ် တောင်းဆိုပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ အရ တရားစွဲဆို ခံရသူတွေကတော့ ဆရာတော် ဦးစန္ဒာသီရိ၊ ကိုခင်ညိမ်း၊ ဖိုးလပြည့်နဲ့ ဒေါ်သန်းမြ တို့ဖြစ်ပါတယ်။

by ကိုဈာန် (ဒီဗွီဘီ)

အပစ်ရပ်နယ်မြေ တရားဥပဒေစိုးမိုးရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူမည်

Posted: 05 Nov 2013 09:18 PM PST


အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများသည် အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပါ က အပစ်အခတ်ရပ်ဒေသများတွင် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ယူသွားရန် အစိုးရ၏ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်း များအကြား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်တွင် ဖော်ပြပါရှိသည်။ ယင်းအပေါ် တိုင်းရင်းသားအဖွဲ့ အစည်းများအားလုံးနှင့် အစိုးရ ကိုယ် စားလှယ်များသည် မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ ၄ ရက်မှ ၅ ရက်အထိ ဆွေးနွေး ပွဲတွင် အစိုးရ၏ မူကြမ်းကိုတင်ပြခဲ့ရာ အကျေအလည်ဆွေးနွေးခဲ့ရကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် လေ့လာသူတစ်ဦးက ပြောသည်။ ---

သတ္ထုတွင်းဝန်ကြီးဌာနက ကျပ်သန်း ၃၂၀ ကျော်နှင့် ရွှေပိဿာ ၈၀၀ ကျော် ပေးသွင်းရန်ကျန်

Posted: 05 Nov 2013 09:13 PM PST


၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွက် နိုင်ငံတော်၏အရအသုံးစာရင်းများကို စစ်ဆေး ရာတွင် သတ္ထုတွင်းဝန်ကြီးဌာနက ကျပ်သန်း ၃၂၀ ဒသမ ၅၅၄ နှင့် ရွှေစင် ၈၂၁ ပိဿကျော်ဖြင့် အများဆုံး ပေးသွင်းရန် ကျန်ရှိနေကြောင်း နိုဝင်ဘာ ၅ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဝေငှသော ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ---
ကချင်ပြည်နယ် ရွှေတူးဖော်ရေးလုပ်ငန်း


ရခိုင်ပြည်နယ်အတွင်း ခွဲခြားအကူအညီပေးသည်ဟု စွပ်စွဲချက် MSF အကြီးအကဲ တုံ့ပြန်ငြင်းဆို

Posted: 05 Nov 2013 09:09 PM PST


ရခိုင်ပြည်နယ်အတွင်း လူမှုရေးကူညီမှုများ ပြုလုပ်လျက်ရှိသည့် NGO များသည် ခွဲခြားအကူအညီပေး သည်ဟူသည့် စွပ်စွဲချက်များကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ အကြီးအကဲ ဗစ်ကီဟော့ကင်းက တုံ့ပြန်ငြင်းဆိုလိုက်သည်။ နိုဝင်ဘာ၂ ရက်က ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းတွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခတွင် ဒါဏ်ရာရခဲ့သော ဘင်္ဂါလီဒုက္ခသည်များကို ဒေသတွင်းရှိ INGO အဖွဲ့အစည်းတစ်ခုဖြစ်သော MSF အဖွဲ့ဝင်များက စစ်တွေဆေးရုံသို့ ပို့ဆောင်ပေးသော်လည်း ဆင်အိုင်ကျေးရွာတွင် အကြမ်းဖက်ခံရသော ရခိုင်အမျိုးသမီးများကို ဆေးရုံသို့ ပို့ဆောင်ပေးခြင်းမရှိဟုဆိုသည့် စွပ်စွဲချက်များကို တုန့်ပြန်ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။ ---
ရခိုင်ပြည်နယ်အတွင်း ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် MSF အဖွဲ့သားများကို တွေ့ရစဉ်။ MSF က အကူအညီများပေးရာတွင် ဘာသာလူမျိုးမခွဲဘဲ အကူအညီပေးလျက်ရှိသည်ဟု ဆိုသည်။ (ဓာတ်ပုံ - MSF)


မိန်းမအိမ်သာရှေ့က CCTV ပြန်ဖြုတ်ပေးလို့ဆန္ဒပြမှုရပ်ဆိုင်းပြီ

Posted: 05 Nov 2013 09:01 PM PST


အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိစေရန် သပိတ်စခန်း ဖွင့်ဆန္ဒပြကာအချက်လေးချက် တောင်းဆိုခဲ့ကြသော ဒဂုံမြို့သစ် အရှေ့ပိုင်းစက်မှုဇုန်ရှMyanmar Handsome   အထည်ချုပ်စက်ရုံမှ အလုပ်သမားများ၏တောင်းဆို ချက်များကို လိုက်လျောခဲ့သဖြင့် နိုဝင်ဘာလ (၄) ရက်နေ့တွင် သပိတ်စခန်းဖွင့်ဆန္ဒပြမှုအားရပ် ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရ သည်။ အဆိုပါသပိတ်စခန်းဖွင့်ဆန္ဒ ပြမှုခြင်းကို အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ပြုလုပ်ခဲ့ပြီး တောင်းဆိုခဲ့သောအချက်လေး ချက်ဖြစ်သည့်အလုပ်ဖြုတ်ခံထား  ရသော အလုပ်သမားကိုစည်သူ မင်းကိုအလုပ်ပြန်ခန့်ရေး၊ မိန်းမ အိမ်သာရှေ့တွင်တပ်ဆင်ထားသော CCTV   အားဖြုတ်ပေးရေး၊ ဆန္ဒ ပြကာလတွင် လုပ်ခလစာမဖြတ် ရေး၊ ယခင်စာချုပ်ပါအချက်များ  ကို လိုက်နာရေးစသည်တို့အား အလုပ်ရှင်ကလိုက်လျောခဲ့သဖြင့် ဆန္ဒပြမှုအားရပ်ဆိုင်းလိုက်ပြီဖြစ် ကြောင်း ဆန္ဒပြတောင်းဆိုရာတွင်  ပါဝင်သောအလုပ်သမရှင်းသန့် ဖြူစင်ကပြောခဲ့သည်။ ----

ဆင်ဖြူတော်မုန်ယိုလို့ ပဋိပက္ခများနှင့်အတူ နိုင်ငံရေးမငြိမ်မသက်ခြင်းများဖြစ်နိုင်

Posted: 05 Nov 2013 08:57 PM PST


တပ်မတော်အစိုးရလက်ထက် ပထမဆုံးရရှိပိုင်ဆိုင်ခဲ့သော ဆင် ဖြူတော် မုန်ယိုပြီး ဆင်ထိန်းကို အသက်သေစေမှုဖြစ်စဉ်ကြောင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးမတည် မငြိမ်ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ နိုင်ငံ တကာရေးရာနက္ခတ်သိပ္ပံသင်တန်း ကျောင်းမှ အမှုဆောင်အရာရှိ ချုပ် ဦးဇေယျာကိုက ပြောကြားခဲ့ သည်။ အဆိုပါဆင်ဖြူတော်မုန်ယိုမှု ဖြစ်စဉ်ကြောင့်နိုင်ငံတော်အုပ်ချုပ် သူများ၊ ပြည်သူများကံအညံ့များ  ဖြစ်ပွားနေပြီး အဆိုပါဖြစ်စဉ် ကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ လ၊ ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ် အစပိုင်းတွင် လူထုလှုပ်ရှားမှုများ၊ ပဋိပက္ခများ၊ နိုင်ငံရေး မငြိမ်သက် မှုများဖြစ်နိုင်ကြောင်း ၎င်းမှ ဆက် လက်ပြောကြားခဲ့သည်။---

အဓိကရုဏ်းနှိမ်နင်းမှု သင်တန်း ဥရောပသမဂ္ဂ ပို့ချ

Posted: 05 Nov 2013 08:54 PM PST


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည် မြင့်မားရေးအတွက် ရည်ရွယ်ပြီး လူစုလူဝေး စနစ်တကျ ထိန်းသိမ်းမှုလုပ်ငန်း သင်တန်း (အဓိကရုဏ်းနှိမ်နင်းမှု သင်တန်း) ကို နိုဝင်ဘာ ၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ဥရောပသမဂ္ဂ (အီးယူ) က ပို့ချပေးနေပါတယ်။ အဲဒီ အဓိကရုဏ်း ထိန်းချုပ်မှု သင်တန်းကို နိုဝင်ဘာ ၅ ရက်ကနေ ၂၀ ရက်အထိ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ရှိ အမှတ် ၈ ရဲတပ်ရင်းမှာ သင်ကြား ပို့ချပေးနေတာ ဖြစ်ပြီး အရာရှိအဆင့်နဲ့ အခြားအဆင့် တပ်ဖွဲ့ဝင် အင်အား ၂၀၀ တက်ရောက်ကြမယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ ---

Thit Htoo Lwin

unread,
Nov 7, 2013, 10:18:39 AM11/7/13
to thuau...@gmail.com

ဖုန်းဆင်းမ်ကတ် မဲဖောက်စနစ် ဧည့်စာရင်းနှင့် သန်းခေါင် စာရင်း ခွဲခြား မထားဟုဆို

Posted: 07 Nov 2013 06:46 AM PST

တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ် များ အား မဲ ဖောက်စနစ်ဖြင့် ရောင်းချနေရာ ၌ ဧည့်စာရင်းဖြင့် နေထိုင်သူများ ကို ရောင်းချခြင်းမပြုရန် ဆက် သွယ်ရေး သတင်းအချက်အ လက်၊ စာတိုက်နှင့်ကြေးနန်းဝန် ကြီးဌာနမှ ညွှန်ကြားထားခြင်းမ ရှိ၍ ရောင်းချပေး လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင် ခင်က ဖြေကြားခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးအောင်ခင်က''တန်ဖိုး နည်းဖုန်း ဆင်းမ်ကတ်များကို လူ တိုင်းကိုင်နိုင်ရန် လမ်းညွှန် မိန့် ကြား၍ ဆောင်ရွက်လျက်ရှိသော် လည်း ရရှိလာသော ဆင်းမ်ကတ် များမှာ လုံလောက်မှုမရှိ၍ ---

ပဲခူးလမ်းပိုင်း သတ်မှတ်ချိန်တွင် မပြီးသည့် ရွှေလွင်လွင် ကုမ္ပဏီကို အရေးယူရန် လွှတ်တော် အတည်ပြု

Posted: 07 Nov 2013 06:42 AM PST

ပဲခူးတိုင်းဒေသကြီး နတ္တလင်း-ဒမငယ်ကျောက်ချောလမ်းကို လုပ်ကိုင်ခွင့် ရရှိထားသည့် ရွှေလွင်လွင် ကုမ္ပဏီကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ဥပဒေလုပ်ထုံး၊ လုပ်နည်းနှင့်အညီ အရေးယူရန် အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဦးသိန်းဝင်းက တင်သွင်းထားသော အဆိုပါ လမ်းပိုင်းနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရက အရေးယူ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်က ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ---
ရွှေသံလွင် တိုးဂိတ်

လင်းခေးမြို့ ဆွမ်းတော်ပွဲမှ လူသတ်မှုဖြစ်ပွါး

Posted: 07 Nov 2013 06:02 AM PST

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် ဝါကျွတ်ဆွမ်းတော်ကြီးပွဲ မှ ခိုက်ရန်ဖြစ် ပွါးကာ ရွာသားတဦးအား မှားယွင်းရိုက်နှက်မိသည့် လူငယ်များအနက် တချို့အား ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း လင်းခေးမြို့ မြို့နယ်ရဲစခန်းကပြောပါသည်။ “ဒီ ရန်ဖြစ်တဲ့လူငယ်တွေက ဒီ နှစ်ယောက်တည်းမက ပါဘူး။ အဖွဲ့ဝင်တွေရှိနေပါသေးတယ်။ အခု ထွက်ပြေးတိမ်းရှောင်နေတယ်။ ကျနော်တို့စုံစမ်းနေဆဲဖြစ်ပါတယ်” - ဟု လင်းခေးမြို့ရဲစခန်းမှ တာဝန်ကျရဲတဦးက ဖြေကြားပါသည်။---

ရဲစခန်းရောက် အချုပ်သားများ အခွင့်အရေးအတွက် အချုပ်ခန်းများကို စစ်ဆေးနေ

Posted: 07 Nov 2013 05:58 AM PST

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းရှိ အချုပ်သားများ၏ အခွင့်အရေးဆုံးရှုံးနစ်နာမှု မရှိ စေရန်ဟုဆိုကာ မုံရွာခရိုင် တရားသူကြီး ဦးတဲရင့်စမိုင်းနီခွာလ်နှင့် အဖွဲ့က ယခုလ ၅ ရက် မွန်းလွဲပိုင်းတွင် ရဲစခန်းအချုပ်ခန်းများသို့ သွားရောက်စစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မုံရွာမြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းရှိ အချုပ်ခန်းများဖြစ်ကြောင်း တရား ရေးဝန်ထမ်းတစ်ဦးက ပြောသည်။ ---

တစ်ရက်အတွင်း ကလေးငယ် အဓမ္မကျင့်ခံရ၍ တိုင်တန်းမှု နှစ်ခုထိရှိ

Posted: 07 Nov 2013 05:54 AM PST

ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာ ၄ ရက် တစ်ရက်တည်းတွင် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသဖြင့် တိုင်တန်းထားမှု နှစ်ခုထိရှိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ ပထမဖြစ်စဉ်တစ်ခုမှာ ရွှေပြည်သာမြို့နယ်တွင် နိုဝင်ဘာ ၁ ရက်ကဖြစ်ပွားထားပြီး ကာယကံရှင်၏ မိသားစုက နိုဝင်ဘာ ၄ ရက်တွင် အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် အသက် ၁၃ နှစ်ရှိ ကလေးငယ်ကို အစ်မအရင်းတော်စပ်သူ၏ ခင်ပွန်းဖြစ်သူ ၂၅ နှစ်ရှိ အမျိုးသားက သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ ---

ဖက်ဒရယ်ပြည်ထောင်စုပါတီမှတ်ပုံတင်ရေး ခေါင်းဆောင်နှစ်ဦးတင်မြှောက်

Posted: 07 Nov 2013 05:49 AM PST

ပါတီတည်ထောင်ခွင့်ရထားသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မတီထံမှတ်ပုံ တင်ရန် ခေါင်းဆောင်နှစ်ဦးကို ရွေးချယ်တင်မြှောက်လိုက်ပါသည်။ နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်း ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP တည်ထောင်လိုသူ ၁၆ ဦးက အစည်းအဝေးထိုင်ကြောင်း ဒီမိုကရေစီနည်းဖြင့် ခေါင်းဆောင်နှစ်ဦးအား ရွေးကောက်တင်မြောက်နိုင်ခဲ့ကြောင်း၊ ပထမ ခေါင်းဆောင်သည် ချင်းအမျိုး သားပါတီမှ ဒေါက်တာ ကမ်ဂျင်းဒါး ဖြစ်ပြီး၊ ဒုတိယ ခေါင်းဆောင်မှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီမှ စောသန်းမြင့်ဖြစ်ကြောင်း သိရပါသည်။ ---

Ooredoo က 900MHz နှင့် 1200MHz ဆက်သွယ်ရေး လှိုင်းတို့ဖြင့် 3G ကွန်ရက်ကို တည်ဆောက်မည်

Posted: 07 Nov 2013 05:40 AM PST

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် တင်ဒါ အောင်မြင်ထားသော ကုမ္ပဏီနှစ်ခုအနက် တစ်ခုဖြစ်သည့် ကာတာနိုင်ငံအခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီက ဆက်သွယ်ရေးလှိုင်း 900MHz နှင့် 1200MHz လှိုင်းဖြင့် 3G ကွန်ရက်ကို ဖြန့်ကြက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် Ooredoo က ထုတ်ပြန်လိုက်သည်။ ---

အမည်မဖော်လိုသူ ပြည်တွင်းအလှူရှင်တစ်ဦးက နိုင်ကျဉ်းဟောင်းများ၏ သားသမီးများ ပညာရေးအတွက် ကျပ်သိန်း ၆ဝဝ ကျော် လှူဒါန်း

Posted: 07 Nov 2013 05:06 AM PST

အမည်မဖော်လိုသော ပြည်တွင်း အလှူရှင်တစ်ဦးက ကျပ်သိန်း ၆ဝဝ ကျော် အားနိုင်ငံရေးအကျဉ်းသားဟောင်း များ၏သားသမီးကျောင်းသား၊ ကျောင်း သူများအတွက် လှူဒါန်းခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြင့် အောင်က ပြောသည်။ ”အလှူရှင်က သူ့နာမည်ကို မပြော ခိုင်းလို့ ထုတ်ဖော်မပြောတာပါ” ဟု ၄င်းက ဆိုသည်။ အဆိုပါလှူဒါန်းငွေမှာ စုစုပေါင်း ၆၄၉ သိန်းကျော်ဖြစ်ပြီး ကျောင်းသား ၊ ကျောင်းသူစုစုပေါင်း ၅၈ဝ အားလှူဒါန်း မည်ဖြစ်သည်။ ---

ဖက်ဒရယ်ပြည်ထောင်စုပါတီတစ်နိုင်ငံလုံးရွေးကောက်ပွဲဝင်မည်

Posted: 07 Nov 2013 04:52 AM PST

တိုင်းရင်းသား ၁၆ပါတီဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ပြည်ထောင်စုပါတီသည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီတာဝန် ရှိသူများကပြောသည်။ ယနေ့ပြုလုပ်သော ဖက်ဒရယ်ပြည်ထောင်စုပါတီဖွဲ့စည်းပုံအစည်းအဝေးတွင် အထက်ပါ အကြောင်းအရာကို ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ပြီး ပါတီ၏ ပထမ၊ ဒုတိယယာယီခေါင်းဆောင်များ ရွေးချယ်ခြင်း၊ ပါတီမူဝါဒသဘောထားဖြည့်စွက်ခြင်း၊ ရန်ပုံငွေရှာဖွေခြင်းလုပ်ငန်းများ၊ ပါတီအလံ အမှတ်တံဆိပ်နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကိုဆုံးဖြတ်ခဲ့ကြောင်း ယာယီဒုတိယဥက္ကဋ္ဌ ဦးစော သန်းမြင့်က ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။ ---

လျှပ်စစ်မီတာခ လျှော့ချရေး ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ ရှစ်ဦးပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခံရ

Posted: 07 Nov 2013 04:47 AM PST

လျှပ်စစ်မီတာခလျှော့ချရေးအတွက် ယနေ့ ညနေ ၆ နာရီခန့်တွင် ရန်ကုန်မြို့ မြို့တော် ခန်းမအနီး၌ လူအင်အား ၁ဝဝခန့် တရားမဝင် ဆန္ဒထုတ်ဖော်ခဲ့ကြရာ ဦးဆောင်သူ ရှစ်ဦးတို့ကို ကျောက်တံတားရဲစခန်းနှင့် ပန်းဘဲတန်းရဲစခန်း တို့က တရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားကြောင်း တရား စွဲဆိုခံထားရသူ မြန်မာ့ဒီမိုကရေစီအရေးစဉ်ဆက် မပြတ်လှုပ်ရှားမှုအင်အားစုမှ ပြန်ကြားရေးတာဝန်ခံ ကိုဇေယျာလင်းကပြောသည်။ ---

ဘာသာရေးပွဲတော်များအတွက် လုံခြုံရေးတိုးမြှင့်မပေးနိုင်ဟု ရန်ကုန်လုံခြုံရေးဝန်ကြီးပြော

Posted: 07 Nov 2013 04:35 AM PST

ရဲတပ်ဖွဲ့အင်အား အလုံလောက်မရှိ အကြောင်းပြချက်ဖြင့် ရန်ကုန်တိုင်းအတွင်း ဘာသာရေးပွဲတော်များ ပြုလုပ်ရာတွင် လုံခြုံရေးအင်အားတိုးမြှင့် ချထားပေးနိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက နိုဝင်ဘာ ၅ ရက် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။ “ရန်ကုန်တိုင်း နေရာအနှံ့အပြားမှာရှိတဲ့ ဗုဒ္ဓပူဇနိယပွဲတော်များ တစ်ခြားပွဲတော်များနှင့် ပတ်သက်ပြီးတော့ မှ လုံခြုံရေးကို ကျွန်တော်တို့ တပ်ရင်း အင်အားနဲ့ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါဘူး” ဟု ဦးတင်ဝင်းကပြော သည်။ ---
စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပသည့် အာဆီယံအမျိုးသမီးဘောလုံးပွဲတွင် လုံခြုံရေးယူနေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ ရဲဝန်ထမ်းအလုံအလောက်မရှိခြင်းကြောင့် ဘာသာရေးပွဲတော်များအတွက် လုံခြုံရေးယူပေး နိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာဝန်ကြီးက ဆိုသည်။  (ဓာတ်ပုံ - ဟောင်ဆာ)

သိမ်းဆည်းမြေများ တစ်နေ့ နှစ်မှု ဖြေရှင်းမည်ဆိုသော်လည်း လက်တွေ့တွင်မူ နှစ်လလျှင် အမှုငါးခုသာ ဖြေရှင်းနိုင်

Posted: 07 Nov 2013 04:31 AM PST

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများအတွက် အစိုးရအဖွဲ့အဆင့်ဆင့်၏ ဖြေရှင်းဆောင် ရွက်မှုမှာ နှစ်လအတွင်း မြေဧက ၂,၀၀၀ နီးပါးသာ ဖြေရှင်းပြီးစီးသည်ဟု ပြည်ထောင်စု လွှတ်တော်သို့ အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ပေးပို့သော နိုင်ငံတော်သမ္မတရုံး၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ လက်ရှိတွင် ပြည်ထောင်စုလွှတ်တော် ကော်မရှင်က အစီရင်ခံစာ သုံးစောင် ထုတ်ပြန်ထားပြီး စုစုပေါင်း အမှုတွဲ ၇၄၅ ခုရှိသည့်အနက် သြဂုတ် ၈ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ အမှုတွဲ ငါးခုမှ မြေ ၁၉၇၃ ဒသမ ၀၃ ဧက ပြီးပြတ်အောင် ဖြေရှင်းပြီးဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ ---
Landသိမ်းဆည်းထားပြီး လယ်ယာမြေများကို ငွေရှင်ကြေးရှင်များက မြေစာရင်းလက်ဦးမှု ယူထားခြင်းများ ရှိနေ

ဒစ်ဂျစ်တယ် မီတာ ပြောင်းလဲတပ်ဆင်မှုကြောင့် မီတာခများ များစွာမြင့်တက်သဖြင့် ပြည်သူများ ညည်းတွား

Posted: 07 Nov 2013 02:34 AM PST

အိမ်သုံးမီတာမှ ဒစ်ဂျစ်တယ်မီတာ များ ပြောင်းလဲတပ်ဆင်ပြီးနောက် ပိုင်းတွင် လစဉ်ပေးဆောင်ရသည့် မီတာကြေးများ များစွာမြင့်တက် လာကြောင်း တောင်ဥက္ကလာပမြို့ နယ်အတွင်းနေထိုင်သူများထံမှ သိရသည်။ ''အရင် ရိုးရိုးအိမ်သုံးမီတာတုန်းက တစ်လကို ကျပ်၁၅၀၀ လောက် ပဲ ပေးဆောင် ရတယ်။ အခုဒစ်ဂျစ်တယ်မီတာတွေ တပ် ပြီးမှ တစ်လကို ကျပ်၂၅၀ဝကျော် ပေးဆောင်ရတယ်။ ဘာကြောင့် ဒီလောက်အထိ ကွာသွားတာလဲ ဆိုတာ နားမလည်ဘူး''ဟုတောင် ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည် သူတစ်ဦးက ပြောသည်။---

တပ်မတော်က ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ကျေးရွာနှင့် လူဦးရေ စာရင်း ကောက်ယူမည်ဟု ဆို

Posted: 07 Nov 2013 02:25 AM PST

ရခိုင်ပြည်နယ် အတွင်းရှိ မွတ်ဆလင်ကျေးရွာ အရေအတွက်၊ တည်နေရာ မြေပုံအညွှန်းနှင့် မှီတင်း နေထိုင်ကြသည့် မိသားစု လူဦးရေ စာရင်းများကို စစ်တပ်က  ကောက်ယူရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။ ၎င်းစာရင်းအား ယခုလတွင် အပြီးသတ်ပေးပို့ရန် ရခိုင်ပြည်နယ်ရှိ တပ်ရင်း တပ်ဖွဲ့များသို့ အနောက်ပိုင်းတိုင်းမှ ညွှန်ကြားထားသည်ဟု မြန်မာစစ်တပ်နှင့် နီးစပ်သူ တစ်ဦးကဆိုသည်။ ---
ယခုနှစ် သြဂတ်စ်လ အတွင်းက စစ်တွေ အုန်းတောတွင် မူဆလင် ဒုက္ခသည်များနှင့် တပ်မတော်သားများ ထိပ်တိုက် ဖြစ်နေကြစဉ်။ ( ဓါတ်ပုံ- အင်တာနက်)

ပေါက်တောမြို့က အန်ဂျီအိုတွေ ထွက်ခွာ

Posted: 07 Nov 2013 02:22 AM PST

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် အခြေစိုက် လှုပ်ရှားနေကြသည့် နိုင်ငံတကာ အန်ဂျီအို (၃) အဖွဲ့  ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။ ထွက်ခွာသွားကြသော နိုင်ငံတကာ အန်ဂျီအိုများမှာ မာတေဇာ၊ Save the children နှင့် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ဖြစ်ကြောင်း ဦးတက်ထွန်းအောင်က အတည်ပြု ပြောကြားသည်။ ---

ဆီတင်သင်္ဘောများကို ပင်လယ်ဝက စောင့်ပြီး စစ်မည်

Posted: 07 Nov 2013 02:03 AM PST

လောင်စာဆီနဲ့ ဓာတ်ဆီတွေ တင်သွင်းလာတဲ့ သင်္ဘောတွေကို ရန်ကုန်အ၀င် ပင်လယ်ဝ မှာ mobile team အဖွဲ့ဝင် ၃၀ လောက် ချထားပြီး စစ်ဆေးဖို့ စီစဉ်နေတယ်လို့ အဖွဲ့ဝင် တဦးက ပြောပါတယ်။ ရန်ကုန်ကို ၀င်မယ်ဆိုရင် ဒီ ပင်လယ်ဝကပဲ ၀င်ရတာ ဖြစ်တဲ့အတွက် အခုလို စီစဉ်ရတာပါလို့ သူက ရှင်းပြပါတယ်။ ---

အိမ်ခြံမြေအရောင်းအ၀ယ် အခွန်ဆောင်ပြီးသူများကိုသာ မှတ်ပုံတင်ပေးမည်

Posted: 07 Nov 2013 02:02 AM PST

စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က စပြီး အိမ်ခြံမြေ အရောင်းအ၀ယ်နဲ့ ပတ်သက်ရင် အခွန်ဆောင်ပြီးသူတွေကိုသာ မှတ်ပုံတင်ပေးတော့မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ အကျိုးဆောင်အသင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအတွက် အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်လိုသူတွေဟာ ပထမအဆင့် ရန်ကုန်တိုင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ဆီကို သွားရပါတယ်။ ---

မြန်မာ ငွေကြေးဖောင်းပွနှုန်း ခုနစ်ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာ

Posted: 07 Nov 2013 02:05 AM PST

စားသောက်ကုန် ဈေးနှုန်း နှင့် အိမ်ခြံမြေ ဈေးနှုန်း မြင့်မားမှုကြောင့် မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွနှုန်း မြင့်တက်လာပြီး ၂၀၁၃ နှစ်ဝက် အတွင်း ခုနစ် ရာခိုင်နှုန်းကျော် ရှိလာကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် မြန်မာနိုင်ငံ စီးပွားရေး စောင့်ကြည့်ရေး နှစ်ဝက်အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုများ လာပြီး ဆန်ဈေးနှုန်း များ မြင့်တက်လာခြင်းသည် ငွေကြေးဖောင်းပွမှုနှုန်း တက်လာရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် မစ္စတာ Khwima Nthara က ဆိုသည်။ ---

အမြန်လမ်းပေါ် အိပ်ငိုက်မောင်း၍ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

Posted: 07 Nov 2013 01:52 AM PST

အမြန်လမ်းပေါ်တွင် ယာဉ်မောင်းအိပ်ငိုက်နေ၍ အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ကာ အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီးသုံးဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၄ ရက် နံနက် ၅ နာရီကျော်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၂၁/၂ နှင့် ၁၂၁/၃ ကြား ဗောဓိကုန်းတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်မောင်းအပါအ၀င် အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ---
တိမ်းမှောက်ပျက်စီးသွားသော ပရာဒိုယာဉ် ဓာတ်ပုံ-ရဲဇာနည်ဖေ့စ်ဘွတ်ခ်


တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ပြည်ပနိုင်ငံများသို့ ပို့ဆောင်ပေးသူကို ထောင်ဒဏ်နှစ်နှစ်ချမှတ်

Posted: 07 Nov 2013 01:44 AM PST

တရားဝင်မှတ်ပုံတင်လိုင်စင်မရှိဘဲ ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်ရန်အတွက် လူများ
ပို့ဆောင်ပေးခဲ့သည်ဆိုမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်းခံရသူကို အင်းစိန်မြို့နယ် တရားရုံးက
ပြည်ပအလုပ်အကိုင် ဥပဒေပုဒ်မ ၂၆ အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ကြောင်း
သိရသည်။ ---

ဂျပန် အထည်ချုပ်လုပ်ငန်းနှစ်ခု ရန်ကုန်တွင် လုပ်ကိုင်မည်

Posted: 07 Nov 2013 01:39 AM PST

ပြည်ပ အထည်ချုပ်လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမှု ယခုနှစ်အတွင်း သိသိသာသာ မြင့်တက်လာသော မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ အခြေစိုက် အထည်ချုပ် လုပ်ငန်းနှစ်ခုကို စက်ရုံတည်ဆောက် လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည့် အဆိုပါ အထည်ချုပ်လုပ်ငန်း နှစ်ခုတွင် Flex Japan ၏ ကုမ္ပဏီခွဲ White Owl Fashion Co., Ltd. က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ Honeys Garment Industry Ltd. ကိုလည်း အောက်တိုဘာလ နောက်ဆုံးပတ် အတွင်းက ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် CMP အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ခွင့် ချထားပေးပြီး ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ---

အောက်တိုဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မှုခင်းအများဆုံးဖြစ်ပွားခဲ့

Posted: 07 Nov 2013 01:15 AM PST

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အောက်တိုဘာလ အတွင်း မှုခင်းဖြစ်ပွားမှု ၂၃၁၄ မှုဖြစ်ပွားခဲ့ပြီး
ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်
သည့် စာရင်းများအရသိရသည်။ သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များအရ ရန်ကုန်တိုင်းဒေသကြီးတွင် လူသတ်မှု ၁၀ မှု၊ မုဒိမ်းမှု ၁၄ မှု၊ ခိုးမှု ၁၀၅ မှု၊ နာကျင်စေမှု ၂၀၃ မှု၊ ယာဉ်တိုက်မှု ၂၈၅ မှု၊ မန္တလေးတိုင်းဒေသကြီးတွင် လူသတ်မှု ၇ မှု၊ မုဒိမ်းမှု ၄ မှု၊ခိုးမှု ၆၂ မှု၊ နာကျင်စေမှု ၄၀ မှု၊ ယာဉ်တိုက်မှု ၁၇၅ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် လူသတ်မှု ၁၂ မှု၊ မုဒိမ်းမှု ၂၀ မှု၊ ခိုးမှု ၃၆ မှု၊ နာကျင်စေမှု ၇၇ မှု၊ ယာဉ်တိုက်မှု ၁၁၂ မှု၊ ----

၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး လုံခြုံရေးအဖွဲ့ ပစ်ခတ်သဖြင့် တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

Posted: 07 Nov 2013 12:59 AM PST


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း အနီးတွင် လုံခြုံရေးအရ ကိုယ်ပိုင်ယာဉ် တစ်စီးကို စစ်ဆေးရန် တားဆီးစဉ် ရပ်နားပေးခြင်း မရှိဘဲ ဖြတ်မောင်းသွားသဖြင့် လုံခြုံရေးအဖွဲ့က သေနတ် ဖြင့်ပစ်ခတ်ရာ အကောက်ခွန်ဝန်ထမ်း လေးဦး ဒဏ်ရာရ၍ ယာဉ်မောင်း သေဆုံးခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း သိရှိရသည်။ ---

မိုက်ကယ်မိုးမြင့် (သို့မဟုတ်) ပြိုင်ဘက်ကင်း ရေနံသူဌေးကြီး

Posted: 07 Nov 2013 12:56 AM PST


မြန်မာ့စွမ်းအင်ဝန်ကြီးဌာန၏ ရေနံတွင်းလေးခုကို တူးဖော်လုပ်ကိုင်ခွင့်ကို ရရှိသွားကြောင်း ကြေညာစာကို ၀မ်းသာအားရ ဝှေ့ယမ်းပြရင်း ဦးမိုးမြင့်က ရုံးခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ လောလောလတ်လတ် ပရင့်ထုတ်ယူလာခဲ့သည့် အခြားနိုင်ငံတကာကုမ္ပဏီကြီးဆယ်ခု ပါဝင်နေသည့် ထိုကြေညာချက်က ပြည်တွင်းစွမ်းအင်လုပ်ငန်း ကျွမ်းကျင်သူများ ပြောကြားကြသော သတင်းစကားများ မှန်ကန်နေကြောင်း သက်သေပြနေပါသည်။ ဦးမိုးမြင့်က သည်နယ်ပယ်တွင်တော့ ပြိုင်ဘက်မရှိဘူးဆိုသည့်စကားပင် ဖြစ်ပါသည်။ ---

ကျန်းမာခြင်းသည် လာဘ် တစ်ပါး သို့သော် ပို၍ လုံးပါး ပါး စေသောအခါ

Posted: 07 Nov 2013 12:51 AM PST


တစ်ကိုယ်လုံးချွေးစေးများထွက်၍ အိုက်စပ်နေသော်လည်း သူထလို့မရ။ဘေးတွင် မတ်တပ်ရပ်လျက် ရှိနေသော ဇနီးကို ယပ်ခတ်ပေးရန် လက်ဖြင့် အမူ အယာပြစေခိုင်းရ သည်၊ အားနည်းနေရ သည့်ကြားထဲ နှာခေါင်းတွင်တပ်ထား သောပိုက်ကြီးကြောင့် စိတ်အနှောင့်အ ယှက်ဖြစ်ရသည်။ ဖြစ်နိုင်လျှင် နှာခေါင်း တွင် တပ်လျက်ရှိနေသော ပိုက်ကိုလက် ဖြင့် ဆွဲဖြုတ်ပစ်လိုလှသည်။ ဘေးခုတင် မှ လူနာကလည်းတစ်ချက်မှအငြိမ်မနေ၊ ခုတင်ချင်း ကပ်လျက်မို့ သူလှုပ်လိုက် တိုင်း  ကိုယ့်ဘက်မှာပါ လာလှုပ်နေေ တာ့ နေမကောင်းရသည့်ကြားထဲ စိတ်က တို လာသည်။ ဒီနေ့နှင့် ဆိုလျှင် ရန်ကုန် ဆေးရုံကြီးသို့ သူရောက်နေသည်မှာ နှစ် ရက်ရှိပြီ။ မဖြစ်တာကြာသော အစာအိမ် ရော ဂါ ပြန်ဖြစ်လာ၍ အရေးပေါ်တွင် တစ်ရက် နေရသည်။ ထို့နောက် လူနာ ဆောင်အမှတ် ၉ သို့ သူ့ကို ရွှေ့ပေး လိုက်သည်။ ဒီအဆောင်ရောက်တော့ မှ သူ့မှာ ပိုစိတ်ညစ် ရတော့သည်။ ----

Thit Htoo Lwin

unread,
Nov 8, 2013, 10:41:40 AM11/8/13
to thuau...@gmail.com

ဘောလုံးပွဲ အကြွေးတင်နေသော တပ်မတော် အရာရှိတစ်ဦး ရွှေဆိုင်ကို ဓားပြတိုက်

Posted: 08 Nov 2013 02:27 AM PST

သထုံအခြေစိုက် လေကြောင်းရန် ကာကွယ်ရေး (လကသ-၃၀၁၄) တပ်ရင်းမှ ဗိုလ်ကြီးအောင်ခန့်မင်း ဆိုသူသည် မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက် ကျေးရွာရှိ ဦးတင်မြင့် ရတနာရွှေဆိုင်ကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင် ဓားပြတိုက်ခဲ့ကြောင်း ဇင်းကျိုက် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ၎င်းသည် သထုံဈေး အနီးရှိ ဘောလုံးပွဲဒိုင် လုပ်ကိုင်သည့် သူငယ်ချင်း ဖြစ်သူ ဗိုလ်ကြီး သော်ဇင်ငြိမ်းထံ ဘောလုံးပွဲ ရှုံးထားသည့် အကြွေး ကျပ် ၁၁ သိန်း ပေးရန် ရှိနေခြင်းကြောင့် ဓားပြတိုက်ရခြင်း ဖြစ်သည်ဟု ဇင်းကျိုက် ရဲစခန်းတွင် ထွက်ဆိုထားကြောင်း အဆိုပါ ရဲစခန်း၏ အမှုမှတ်တမ်းများအရ သိရှိရသည်။ ---

လျှပ်စစ်မီတာခ မလျှော့ဘဲ ချေးငွေကိစ္စအတည်မပြုသင့်

Posted: 08 Nov 2013 02:35 AM PST

ပြည်သူများကို လျှပ်စစ်မီတာခ လျှော့ချကောက် ခံခြင်းမပြုဘဲ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အတွက်အာရှ ဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာသန်း ၆၀ ချေးယူရန် ကိစ္စကို လွှတ်တော်မှ အတည်မပြုသင့်ကြောင်း အလုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က နိုဝင်ဘာ ၇ ရက်၌ ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး ခေတ္တနားနေချိန်၌ မီဒီယာများသို့ ပြောဆိုခဲ့သည်။---

ရေးချင်ရာရေး မတုန်လှုပ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံရေးသြဇာနှင့် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲ လုပ်ရတော့မည့် ကြံ့ခိုင်ရေးပါတီ

Posted: 08 Nov 2013 02:10 AM PST

တစ်ချိန်က ဗဟိုအလုပ်အမှုဆောင် ဦးသိန်းစိန်(ယခုအနားယူနေပြီး)ပြောကြား ခဲ့သလို ပါတီတွင်း ဒီမိုကရေစီ စနစ်ဖြင့် ရွေးချယ်တင် မြှောက်ကြမည့် ပါတီမှ ခေါင်းဆောင်များကို ရွေးချယ်သကဲ့သို့ ၂၀၁၅တွင် ကြံ့ခိုင်ရေး ပါတီမှ သမ္မတလောင်း အဖြစ် ပါတီတွင်း ရွေးကောက်ပွဲများ ကျင်းပရတော့မည်လောဟု ထင်မြင် . . .  စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူး ရောဂါ၊ အချောင်သမားရောဂါ၊ သူလျှို၊ ဒလန်ရောဂါ၊ အကျင့်ပျက် ရောဂါ တည်းဟူသော သူငယ်နာ (၅)မျိုး စွဲကပ်နေခြင်း …””စသည်ဖြင့် ကြံ့ခိုင်ရေးပါတီအပေါ် သုံးသပ် . . .

လျှပ်စစ်မီးဈေးနှုန်း တိုးမြှင်နေခြင်းကိစ္စ လွှတ်တော်တွင် အရေးကြီး အဆိုအဖြစ် ယနေ့တင်သွင်း

Posted: 08 Nov 2013 01:47 AM PST

နေပြည်တော်-နိုဝင်ဘာ၈

ယနေ့ကျင်းပနေသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး(၁၁) ရက်မြောက်နေ့တွင် ပြည်သူများ၏ လိုလားသောဆန္ဒကို ဖြည့်ဆည်းရန် လျှပ်စစ်မီး ဈေးနှုန်းတိုးမြှင်နေ့ခြင်း ကိစ္စကို အရေးကြီး အဆိုအဖြစ် ဦးအေးမောက်က တင်သွင်းကြောင်း သိရသည်။

ဈေးနှုန်းများကို ပြန်လည် စဉ်းစားပေးပါရန် အိမ်သုံးယူနစ်များမှာ ၁၀၀ မကဘဲ ၂၀၀ မှ ၃၀၀ အထိရှိတတ်သောကြောင့် ၃၀၀ အထက်သုံးစွဲသူများကို ဈေးနှုန်း၄၀ မှ ၅၀ အထိ သတ်မှတ်ရန် တင်ပြခဲ့ကြောင်းသိရသည်။
"ဒီနေ့ သောကြာနေ့ ဖြစ်လို့ကိုယ်စားလှယ်တွေက နေ့လည်ပိုင်း အိမ်ပြန်ချင်ကြပြီ။ ဒါပေမဲ့ လွှတ်တော်နာယက ကြီးက ပြောပါတယ် မီတာခ တွေ ဈေးမြှင့်လိုက်လို့ လူတွေဆန္ဒ ပြကြတယ် ။ ဆန္ဒပြတဲ့ သူတွေကို ခွင့်ပြုမိန့် မတင် လို့ ပုဒ်မ၁၈ နဲ့ဖမ်းတယ် ဒါကြောင့်ဒီကိစ္စတွေ ထပ်ပြီးမဖြစ်ပွားလာအောင်
လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ် ရလိမ့်မယ်။ ဒါကြောင့် စောစောမပြန်ကြပဲ ကျမတို့ ဒီကိစ္စ ကို
အပြီးဆွေးနွေးကြပါမယ်။ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ဖေ့ဘွတ်စာမျက်နှာတွင်ရေးသားထားသည်။

Popular Myanmar News Journal

ထွက်ပြီးဆင်စွယ် ပြန်ဝင်ရိုး ထုံးစံ မရှိသော်ငြား ထိုးတက်သွားသည့် မီတာခနှုန်းထားနှင့် ပြည်သူ့ ဆန္ဒ သဘောထား

Posted: 08 Nov 2013 01:44 AM PST

မီတာခ တက်သည့်ကိစ္စအပေါ် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေနှင့် ရင့် ကျက်စွာတွေးဆဝေဖန် ပြောကြားမှုများ ကို တာဝန်ရှိသူများအနေဖြင့် လက်သင့် ခံ ကြိုဆိုသင့်ေ ကြာင်း နိုင်ငံ့ဝန်ထမ်း  ဟောင်းတစ်ဦးက ဆိုသည်။ နှစ်ပေါင်းငါး ဆယ်ကျော် ကျင့်သားရလာသော အ ထက်မှ အမိန့်ကိုသာ သတင်းကြေညာ ထုတ်ပြန်လေ့ရှိသည့် အစိုးရ ဌာနဆိုင် ရာ ကြေညာချက် သဘာဝကို အစိုးရ သစ် သက်တမ်းတစ်ဝက်သာသာမှာ စတင်ပြောင်းလဲဖို့ အခွင့်ကောင်းဟုပင် သင်ခန်းစာ ယူနိုင်ကြောင်း ၄င်းက ဆို သည်။
ထွက်ပြီး ဆင်စွယ် ပြန်ဝင်ရိုး ထုံး စံမရှိဆိုသော်ငြား လူထုလူတန်းစား အ သီးသီး၏ ဆန္ဒသဘောထားတွေကို ကိုယ်စားပြုနိုင်မည့် စကားသံတချို့ကို တောင်းခံဖြစ်ရာ---

ဖိလစ်ပိုင်တွင် ဟိုင်ယန် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်

Posted: 08 Nov 2013 01:29 AM PST

ဟိုင်ယန် တိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အတွင်းပိုင်းဒေသ ကျွန်းတွေကို ဒီနေ့ ၀င်ရောက်သွားပြီး  လူသန်းနဲ့ ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာ မုန်တိုင်းဒဏ်ခံ အမိုးအကာတွေ အောက်မှာ ပြောင်းရွှေ့ခိုလှုံနေရပါတယ်။ တယ်လီဖုန်း လိုင်းတွေ ပြတ်တောက်သွားသွားပြီး လေယာဉ်ခရီးစဉ်တွေနဲ့ ပင်လယ်ရေကြောင်း ခရီးစဉ်တွေ အားလုံး ရပ်ဆိုင်းထားလိုက်ရပါတယ်။ ---

နိုင်ငံတွင် ရွှေ၊ ငွေ မည်မျှရှိသည်ကို လွှတ်တော်သို့တင်ပြရန် အစိုးရအဖွဲ့သို့ အကြောင်းကြားမည်ဟု သူရဦးရွှေမန်းပြော

Posted: 08 Nov 2013 01:25 AM PST

နိုင်ငံတော်တွင် ဘဏ္ဍာငွေ၊ နိုင်ငံခြားငွေ၊ ရွှေ မည်မျှရှိသည်ဆိုသည်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သက်ဆိုင်ရာဝန်ကြီးဌာနက လွှတ်တော်တွင် လာရောက်တင်ပြရန် အကြောင်းကြားမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၇ ရက်၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားလိုက်သည်။ ““ဒီတာဝန် ကျွန်တော်တို့မှာ ရှိတယ်။ ကျွန်တော်တို့လွှတ်တော်မှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် ဒီတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်””ဟု သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားသည်။ ---

ဥရောပ အခွန် ကင်းလွတ်ခွင့်ကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ မြန်မာ ရေလုပ်ငန်းတွင် ဝင်ရောက်ရန်ပြင်

Posted: 08 Nov 2013 01:19 AM PST

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက် ရရှိလာသည့် ဥရောပ သမဂ္ဂ၏ အထူး အခွန်ကင်းလွတ်ခွင့် (GSP) ကို မက်မော၍ မြန်မာ့ရေလုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်လျက် ရှိသည်ဟု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးမိုးမြင့်ကျော်က ပြောကြားသည်။ ---

ADB ချေးငွေ ကန်ဒေါ်လာ သန်း ၆၀ အသုံးပြုမှု လျှပ်စစ်ဝန်ကြီးဌာန လွှတ်တော်တွင် လေးလ တစ်ကြိမ် ရှင်းရမည်

Posted: 08 Nov 2013 01:15 AM PST

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ကို အာရှဖွံ့ဖြိုးရေးဘဏ် ADB ထံမှ ချေးယူရန် ပြည်ထောင်စု လွှတ်တော်က မူအားဖြင့် သဘောတူ သော်လည်း ယင်းငွေကြေးများဖြင့် မည်သည့် စီမံကိန်းများ လုပ်ဆောင်ထားကြောင်းကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက လွှတ်တော်သို့ လေးလ တစ်ကြိမ် လာရောက် ရှင်းပြရန် လွှတ်တော်က ဆုံးဖြတ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ ---

မီတာခများ ပြန်လျှော့ရန် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းမည်

Posted: 07 Nov 2013 10:36 PM PST

နိုဝင်ဘာလကုန်တွင် တိုးမြှင့်ကောက်ခံမည့် လျှပ်စစ်မီတာခများ ပြန်လည်လျှော့ချရန်အတွက် အနီးစပ်ဆုံး ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းမည်ဖြစ်ကြောင်း မလှိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ပြောသည်။ အရေးကြီးအဆိုတင်သွင်းရန်အတွက် နိုဝင်ဘာ ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့ခြင်းဖြစ်ပြီး ယနေ့ (နိုဝင်ဘာ ၈ ရက်)တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ အစီအစဉ်ပါမည်၊ မပါမည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း  ဦးအေးမောက်က ပြောသည်။ ---
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရုံး ဆိုင်းဘုတ်ရှေ့တွင် ဆန္ဒပြသူများ ထွန်းထားသည့် ဖယောင်းတိုင်များကို နိုဝင်ဘာ ၇ ရက်ညက တွေ့ရစဉ် ဓာတ်ပုံ - စိုးဇေယျာထွန်း/ရိုက်တာ

NLD ကို တရုတ်အစိုးရက ပထမဆုံးအကြိမ် ဖိတ်ကြား

Posted: 07 Nov 2013 10:27 PM PST

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့မှာ တရုတ်နိုင်ငံကို ၁ဝ ရက်ကြာ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ဒီနှစ်အတွင်း NLD ကိုယ်စားလှယ်တွေ တရုတ်ပြည်ကို ခရီးထွက်တာ ၄ ကြိမ်ရှိပါပြီ။ အခုခရီးစဉ်ရဲ့ ထူးခြားချက်ကတော့ တရုပ်အစိုးရ နိုင်ငံခြားရေးဌာနက NLD ကို ပထမဆုံးအကြိမ် တိုက်ရိုက်ဖိတ်ကြားတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ---

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့် ၂၀၁၅ ရွေးကောက်ပွဲဝင်အရွေးခံ မခံကိစ္စ

Posted: 07 Nov 2013 10:30 PM PST

လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပ မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ရန်ကုန် တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင် ရောက်ယှဉ်ပြိုင်အရွေး ခံမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ---

ပိုးသတ်ဆေးလူးထားသောဖရဲသီးစားမိရာမှတစ်ဦးသေဆုံး

Posted: 07 Nov 2013 10:12 PM PST

မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့ အနောက်ဘက် ၁ဝ မိုင်ခန့်အကွာရှိ ရွာတော်လေး ကျေးရွာ ဖရဲစိုက်ခင်းတစ်ခုတွင် ကျောက်ဆည် မှအလုပ်လာလုပ်သော ဖရဲစိုက်ခင်း လုပ်သားနှစ်ဦးမှာ ပထမဆုံး စအလုပ်ဆင်းဆင်း ချင်းနေ့တွင် ပိုးသတ်ဆေး လူးထားသော ဖရဲသီးကိုစားသုံးမိရာမှ တစ်ဦး သေဆုံးပြီး တစ်ဦးဆေးရုံတင်ထားကြောင်း တံတားဦးမြို့မ ရဲစခန်းမှ ယမန်နေ့ကသိရသည်။ ---

ဖွဲ့စည်းပုံပြင်ရေး ပြည်သူ့ သဘောထား NLD ကောက်ခံ

Posted: 07 Nov 2013 09:55 PM PST

မြန်မာနိုင်ငံတဝှမ်း ပြည်နယ်၊ တိုင်းအသီးသီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့တွေခွဲပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မလား၊ အသစ်ပြန်ရေးဆွဲမလား ဆိုတဲ့ ပြည်သူ့သဘောထားတွေ လိုက်လံရယူရာမှာတော့ ပြည်သူ ၉၀%က  ပြင်ဆင်မယ်ဆိုပြီး သဘောထားပေးခဲ့ကြပြီး ၁၀% ကတော့ အသစ်ပြန်ဆင်ဖို့ သဘောထားပေးခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး  ပြည်သူ့သဘောထား ရယူပွဲတွေ ဆက်တိုက်ဆိုသလို ကျင်းပနေကြတဲ့ အကြောင်း အသေးစိတ်ကို မဆုမွန်က ပြောပြပေးပါမယ်။ ---

အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအထောက်အကူပြုအဖွဲ့အချို့ စနစ်ဟောင်းမှ စရိုက်ဆိုးများ မပျောက်သေး

Posted: 07 Nov 2013 09:52 PM PST

ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြို့နယ်များရှိ အုပ်ချုပ်ရေးမှူး အချို့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ရပ်ကျေး အထောက်အကူပြု အဖွဲ့အများအပြားသည် စနစ်ဟောင်းမှ အကျင့်ပျက် အကျင့်ဆိုး များဖြစ်သော အဂတိ လိုက်စား၍ ဘက်လိုက် ဆုံးဖြတ်ခြင်းများ၊ မလျော်သြဇာ သုံးခြင်းများ၊ လုပ်ပိုင်ခွင့်ထက် ပိုမို ဆောင်ရွက်နေခြင်းများ၊ အခွင့်ထူးခံ ယူနေမှုများ၊ အလွဲသုံးစား ပြုလုပ်နေမှု များအား ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ---

ဘက်လိုက်မှု မရှိကြောင်း MSF ပြော

Posted: 07 Nov 2013 09:41 PM PST

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သတင်းပတ်ကုန် အတွင်းက ပေါက်တောမြို့နယ် အတွင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ အပါအဝင် လူမှု ကူညီရေး လုပ်ငန်းတွေမှာ နိုင်ငံတကာက လူမှုရေး ကျန်မာရေး အကူအညီ ပေးရေး အဖွဲ့တွေက ဘက်လိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေတယ်ဆိုပြီး ဒေသခံ ရခိုင် တိုင်းရင်းသားတွေ ဘက်က ကန့်ကွက်မှုတွေ ရှိလာခဲ့ပါတယ်။ ---
ရခိုင်ပြည်နယ်အတွင်းမှာ အကူအညီတွေ လိုအပ်နေဆဲ

နှစ်ရာတန် ပလ္လင်လုခန်း

Posted: 07 Nov 2013 09:28 PM PST

ပုဆိုးကို ခပ်တင်းတင်းပြင်စီးလိုက် သည်။ ထီးနှင့်ထမင်းချိုင့်ကို လက် တစ်ဖက်တည်းတွင် စုကိုင်လိုက်ပြီး အိတ်ကိုတော့ စလွယ်သိုင်းကာ ရှေ့ပို့ သည်။ ထိုသို့လုပ်ပြီး သည့်အခါ ညာ ဘက်လက်ကတော့ သေသေချာချာပြင် ဆင်ထားသော လက်ဗလာအနေအထား ဖြင့် အသင့်ဖြစ်နေပြီဖြစ်သည်။ ဤကား ပထမအဆင့်ပင်တည်း။ ဒုတိယအဆင့်အနေဖြင့်မူ အရှိန် ဖြင့်တစ်ဟုန်ထိုးချိုးကွေ့လိုက်သောကား ရပ်နိုင်လောက်မည့်နေရာကို ကျင့်သား ရအသိဖြင့် တိတိကျကျမှန်းကာ စောင့် ၍ အမြန်ဆုံး တက်နိုင်ရေးဖြစ်သည်။ ---

ပဲခူးမြို့ ဟင်္သာကုန်းက မွန်ရိုးရာပဒေသာပင်ပွဲအား အုပ်စုလိုက် ဖျက်ဆီးသူများကို လိုက်လံဖမ်းဆီးနေ

Posted: 07 Nov 2013 09:09 PM PST

ပဲခူးမြို့၊ ဟင်္သာကုန်း (၁၉) ရပ်ကွက်ရှိ မွန်ရိုးရာပဒေသာပင်ပွဲကို အောက်တိုဘာ ၁၉ ရက်က အုပ်စုလိုက် ဖျက်ဆီးခဲ့သည့်သူများမှ ပါဝင်ပတ်သက်သူဟု ယူဆထားသူရှစ်ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်ပြီး ကျန်ရှိနေသူ များကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိကြောင်း ယင်းအမှုကို ကိုင်တွယ်နေသည့် ဒု-ရဲအုပ် သောင်းမင်း ထွန်းက နိုင်ဝင်ဘာ ၇ ရက်တွင် မဇ္ဈိမကို ပြောကြားလိုက်သည်။ အမှုကို အောက်တိုဘာ ၂၂ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဘက်မှ တရားခံများ ကို ဖမ်းဆီးခြင်းမရှိကြောင်းနှင့် ငွေကြေးယူပြီး ပြန်လွှတ်ထားကြောင်း စွပ်စွဲဝေဖန်မှုများ ရှိပြီးနောက် ရက်သတ္တပတ် နှစ်ပတ်အတွင်းတွင် ယခုကဲ့သို့ ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ်သည်။ ---

အမျိုးသမီးဗိုလ်လောင်း လျှောက်ထားသူများပြား ကြိုတင် မကြေညာသော ကန့်သတ်ချက်အချို့ကြောင့် လျှောက်ထားသူများ အခက်တွေ

Posted: 07 Nov 2013 09:00 PM PST

မြန်မာ့တပ်မတော်တွင် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများအဖြစ် တာဝန်ထမ်းဆောင်ရန် ရန်ကုန်တိုင်း တစ်တိုင်းတည်းမှ လျှောက်ထား သူဦးရေ သုံးထောင်ခန့် ရှိသည်အထိ လျှောက်ထားသူ များပြားလျက်ရှိပြီး ကြိုတင် မကြေညာသော ကန့်သတ်ချက် အချို့ကြောင့် လျှောက်ထားခွင့် မရခဲ့သူများ ရှိနေသည်။ ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများအား ၁၉၆၀ ခုနှစ်တွင် ခေါ်ယူခဲ့သော် လည်း နှစ်ပေါင်း၄၀ ကျော် ကြာမြင့်သည် အထိ ရပ်ဆိုင်းခဲ့ပြီး နောက်ပိုင်း ပထမဦးဆုံးကြိမ် အဖြစ် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် လျှောက်လွှာများ ထုတ်ယူကာ လာရောက် လျှောက်ထား နိုင်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ပါရှိခဲ့သည်။ ---

Haiyan တိုင်ဖုန်း မုန်တိုင်း ၀င်နိုင်လို့ လူတွေကို ကယ်ထုတ်

Posted: 07 Nov 2013 06:11 PM PST

မုန်တိုင်း ကြိုတင် ကာကွယ်ရေး လူတွေ ကယ်ထုတ်
ပစ္စဖိတ် သမုဒ္ဒရာ အနောက်ဖက် ကမ်းရိုးတမ်းမှာ အခုနှစ်အတွင်း တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းဆုံးလို့ ယူဆနိုင်တဲ့ ဆူပါတိုင်ဖုန်း မုန်တိုင်း တိုက်ခိုက်နိုင်တာကြောင့် ဖိလစ်ပိုင်အာဏာပိုင်တွေဟာ ကြိုတင်ကာကွယ်ရေး ပြင်ဆင်နေကြပါပြီ။

အဆင့်ငါးလို့ သတ်မှတ်ထားတဲ့ အဆိုးရွားဆုံး ဖြစ်တဲ့ Haiyan ဟာ ဖိလစ်ပိုင် အလယ်ပိုင်းနဲ့ တောင်ပိုင်းက ဒေသတွေကို ဝင်ရောက် တိုက်ခိုက်နိုင်တာကြောင့် အပျက်အစီးတွေရှိလာနိုင်ပြီး နက်ဖြန် သောကြာနေ့မှာ မုန်တိုင်းတိုက်ရင် မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ မှန်းထားကြပါတယ်။

မုန်တိုင်းဝင်နိုင်တဲ့ လမ်းကြောင်းက ရွာတွေကို ကယ်ထုတ်ထားပြီး တခိျု့ကျောင်းတွေ ရုံးတွေ ပိတ်ထားကာ ငါးဖမ်းလှေတွေကိုလည်း ကမ်းကပ်ထားဖို့ ပန်ကြားထားကြောင်း သိရပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

ဖိလိပိုင်မှာ ပြင်းထန်တဲ့ Haiyan လေမုန်တိုင်း ၀င်ရောက်မယ်

Posted: 07 Nov 2013 06:06 PM PST

ဖိလိပိုင်နိုင်ငံမှာ ​Haiyan ​လို့ခေါ်တဲ့ ​မုန်တိုင်းကြီး ​ဝင်ရောက်မှာဖြစ်တဲ့အတွက် ​လူပေါင်းမြောက်များစွာကို ​နေရာပြောင်းရွေ့မှု ​လုပ်ထားသလို၊ ​စာသင်ကျောင်းတွေ ​ပိတ်ထားပြီး ​လေယာဉ်၊ ​သင်္ဘော ​ပြေးဆွဲမှုတွေ ​ရပ်တန့်ထားပါတယ်။ တစ်နာရီကို ​လေတိုက်နှုန်း ​ကီလိုမီတာ ​၃၃၀ ​ရှိတဲ့ ​မုန်တိုင်းကြီးက ​ဒီကနေ့မနက် ​ဖိလိပိုင်နိုင်ငံမှာ ​ကျရောက်ဖို့ရှိတဲ့အတွက် ​အပျက်အစီးတွေ၊ ​ရေကြီးမှုတွေ ​ဖြစ်နိုင်တယ်လို့ ​ကြိုတင်ခန့်မှန်းနေကြတာ ​ဖြစ်ပါတယ်။ ---
ဟေယန်လေမုန်တိုင်းတော့ ပြိုကျပျက်စီးနေတဲ့နေရာတချို့ (Credit: ABC)

ကချင်မှာတိုက်ပွဲဆက်ဖြစ် ကျောင်းသား ၁ဦး ဒဏ်ရာရ

Posted: 07 Nov 2013 06:00 PM PST

နိုဝင်ဘာလ ​၇ ​ရက်နေ့က ​ကချင်ပြည်နယ် ​မန်စီမြို့နယ်အတွင်းမှာ ​အစိုးရတပ်နဲ့ ​ကချင်လွတ်မြောက်ရေးတပ် ​ကေအိုင်အေတို့ ​တိုက်ပွဲတွေ ​ထပ်မံဖြစ်ပွားနေပြီး ​တိုက်ပွဲကြောင့် ​ကျောင်းသားတဦး ​ဒဏ်ရာရခဲ့တယ်လို့ ​မန်စီမြို့နယ်တွင်းမှာရှိတဲ့ ​မိုင်းခေါင်ကျေးရွာက ​ဒေသခံတွေက ​ပြောပါတယ်။ နှစ်ဖက်ကြားတိုက်ပွဲဟာ ​မိုင်းခေါင်ကျေးရွာနဲ့ ​၆ ​မိုင်အကွာလောက်မှာ ​စတင်ဖြစ်ပွားခဲ့တာ ​ဖြစ်တယ်လို့ ​မိုင်းခေါင်ကျေးရွာတွင်းက ​ဒေသခံ ​တစ်ဦးက ​အခုလိုပြောပါတယ်။ ---
ရှေ့တန်းတနေရာမှတွေ့ရတဲ့ကချင်စစ်သားတစ်ဦး (Credit: AFP)

သဘောထားတင်းမာသူ ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သစ်ဖြစ်လာ

Posted: 07 Nov 2013 04:32 PM PST

ပါကစ္စတန်တာလီဘန်ခေါင်းဆောင် ဟာကီမူလာ မာဆု အမေရိကန်တို့ရဲ့ မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီးတဲ့နောက် အခုအခါ ပါကစ္စတန် တာလီဘန်ခေါင်းဆောင် သစ်အဖြစ် Mullah Fazlullahမူလာ ဖက်ဇ် လူလာကို ရွေးချယ်ခဲ့ကြပါတယ်။ အခုလို ခေါင်ဆောင်သစ်ရွေးဖို့ တာလီဘန် အုပ်ချုပ်ရေးကောင်စီက ရ ရက် အချိန်ယူခဲ့ရပါတယ်။ ----
ပါကစ္စတန်တာလီဘန် ခေါင်းဆောင်သစ် မူလာဖက်ဇ် လူလာ

ကရင်နီ ဒုက္ခသည်တွေ ဇာတိရပ်ရွာမှာ ပြန်လည်နေထိုင်ရေး လာရောက်မေးမြန်း

Posted: 07 Nov 2013 04:27 PM PST

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့အနီးမှာရှိတဲ့ ထိုင်းမြန်မာနယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ က ဒုက္ခသည်တွေကို နိုင်ငံတကာ အလှူရှင်အဖွဲ့တွေက နေရပ်ရင်းပြန်ဖို့ ဆန္ဒသဘောထားတွေ မနေ့က လာရောက်မေးမြန်းခဲ့တယ်လို့ သိရပါတယ်။  ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ လက်မှတ်ထိုးခဲ့ပြီးဖြစ်တာကြောင့် ကရင်နီဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်းပြန်လိုစိတ် ရှိ မရှိဆိုတာတွေကို စခန်းအမှတ် ၁ အတွင်း လာရောက်လေ့လာမေးမြန်းခဲ့တာဖြစ်တယ်လို့ KNRC ကရင်နီဒုက္ခသည်ကော်မတီ ဥက္ကဌ မန်းစောက အခုလိုပြောပါတယ်။ ---

၂ ဆတိုးတဲ့ မီတာခ ရန်ကုန်လူထုဆန္ဒပြ

Posted: 07 Nov 2013 04:22 PM PST

လျှပ်စစ်မီတာခတွေ ရုတ်တရက်တိုးမြှင့် သတ်မှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ တက်ကြွလှုပ်ရှားသူတွေ ရန်ကုန်မြို့မှာ ဒုတိယနေ့အဖြစ် ဒီကနေ့ ဆက်လက် ဆန္ဒပြကြပါတယ်။ မီတာခတွေ ၂ ဆလောက် တိုးလိုက်တဲ့ အပေါ်မှာ ဝေဖန်သံတွေ ထွက်ပေါ်နေချိန်မှာပဲ ဆန္ဒပြကန့်ကွက်မှုတွေလည်း ထွက်ပေါ်လာတာပါ။ ရန်ကုန်မြို့က လျှပ်စစ်မီတာခ လျှော့ပေးရေး တောင်းဆို ခဲ့ကြတာကိုတော့ ဆန္ဒပြပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ရန်ကုန်မြို့က ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် ကအပြည့်အစုံ ပြောပြပေးမှာ ဖြစ်ပါတယ်။ ---

Thit Htoo Lwin

unread,
Nov 9, 2013, 10:43:56 AM11/9/13
to thuau...@gmail.com

သံတွဲတွင် ရဲက ရှောင်တခင် ၀င်ရောက် ဖမ်းဆီးရန် ကြိုးပမ်းမူများ ရှိနေ

Posted: 09 Nov 2013 06:13 AM PST

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ရဲများက ရှောင်တခင် ၀င်ရောက်ဖမ်းဆီးရန် ကြိုးပမ်းမူများ ရှိနေသဖြင့် ဒေသခံများ အနေဖြင့် အိုးအိမ်ကို စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။ နိုဝင်္ဘာလ ၇ ရက်နေ့က သံတွဲမှ တောင်ကုတ်သို့ ထွက်ပြေး တိမ်းရှောင် လာသူတဦးက သူတို့ ထွက်ပြေးလာရ သည့် အခြေအနေနှင့်ပတ်သက်ပြီး နိရဉ္စရာသို့ ယခုလို ပြောသည်။ “ ကျွန်တော်တို့ရပ်ကွက် လုံခြုံရေးအတွက် လူ ၉ ယောက်စီ ညဥ့်တိုင်း ကင်းစောင့်ကြရပါတယ်။ တစ်နေ့တော့ ကျနော်တို့ ကင်းစောင့်နေချိန်မှာ ရဲသားတွေ ရောက်လာပြီးတော့ ခင်ဗျားတို့ ရပ်ကွက်ထဲမှာ ဖမ်းရမယ့်သူ  လူ ၄ ဦးရှိတယ်ဆိုပြီး ပြောပါတယ်။ ---

မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး လူ ၁၀၀ သေဆုံး

Posted: 09 Nov 2013 06:08 AM PST

ဟိုင်ယန် တိုက်ဖွန် မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ အနည်းဆုံး လူ ၁၀၀ သေပြီး လေပြင်းနဲ့ ရေလျှံတာတွေကြောင့် အိမ်တွေ ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။ မုန်တိုင်း လမ်းကြောင်းပေါ် တည့်တည့်ကျရာက်ခဲ့တဲ့ လူဦးရေ နှစ်သိန်းလောက်ရှိတဲ့ တက္ကလိုဘန်းမြို့မှာ အိမ်တိုင်းနီးပါး ပျက်စီးသွားသလို၊ စီဘူး ပြည်နယ်ထဲက မြို့တွေမှာလည်း လေပြင်းကြောင့် အိမ်တွေ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီး သီးနှံတွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ---

တန်ဖိုးစိစစ်အခွန်အခများ ထမ်းဆောင်ပြီးမှသာ

Posted: 09 Nov 2013 06:04 AM PST

မန္တလေးမြို့တော် စာချုပ်စာတမ်းမှတ်ပုံတင် ရုံးသို့ မှတ်ပုံတင်သွင်းလာသည့် အိမ်၊ခြံ၊မြေအရောင်း အဝယ်စာချုပ်စာတမ်းများကို ယခုလ၁ ရက်မှစ၍ မန္တလေးတိုင်းဒေသကြီ ကာလတန်ဖိုးစိစစ်သတ် မှတ်ရေးအဖွဲ့က စိစစ်သတ်မှတ်ပြီး သတ်မှတ် သည့် တန်ဖိုးအပေါ် ကျသင့်သည့်အခွန်အခများ ထမ်းဆောင်ပြီးမှသာ လက်ခံမှတ်ပုံတင်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း စာချုပ်စာတမ်းမှတ်ပုံတင် ရုံးက အသိပေးကြေညာထားသည်။ ---

မန္တလေးနန်းမြို့တွင်း ရှေးဟောင်းယဉ်ကျေးမှု ဥယျာဉ်အဖြစ် ထားရှိမည်

Posted: 09 Nov 2013 05:29 AM PST

မန္တလေးမြို့ နန်းမြို့အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော် အပါအဝင် ရှေးဟောင်း အဆောက်အအုံများ၊ ပြတိုက်များကို ရှေးဟောင်း နယ်မြေအဖြစ် သတ်မှတ်၍ ရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ် (Historical Park) အဖြစ် ထားရှိရန် စီစဉ်လျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်ကြူက နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သော ရှေးဟောင်းနှင့် အခွန်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ၌ ပြေကြားသည်။ ---

ကပ္ပလီပင်လယ်တွင် မုန်တိုင်းငယ်တခု ဖြစ်ပေါ်နိုင်ဟု မိုးဇလပြော

Posted: 09 Nov 2013 05:13 AM PST

အခုကစပြီး နောက် ၂၄ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်မှာ မုန်တိုင်းငယ်တခု ဖြစ်ပေါ်နိုင်တယ်လို့ မြန်မာနိုင်ငံမိုးလေ၀သဌာနက ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။ “အခု ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်း ရပ်ဝန်းဖြစ်နေတယ်။ တနင်္သာရီ ကမ်းရိုးတန်းနားကနေစပြီး ဖြစ်တာ။ အခုက ကပ္ပလီကျွန်းစုနဲ့ ကိုကိုးကျွန်းနားမှာ ရှိတယ်။ နောက် ၂၄ နာရီအတွင်းမှာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ ကျနော်တို့လည်း စောင့်ကြည့်နေပါတယ်။” ---

ကြေးဆင်းတုတော်မှ ဆံတော်များ ပွင့်ဟုဆိုကာ စိတ်ဝင်တစား ဖူးမြော်သူများပြား

Posted: 09 Nov 2013 05:06 AM PST

မိတ္ထီလာ မြို့ အမှတ်(၁) အထက်တန်း ကျောင်း ဓမ္မာရုံတွင် ပူဇော်ထားသည့် ဉာဏ်တော် ၂ပေခန့်ရှိကြေးဆင်း တုတော်မှ ဆံတော်များပွင့်နေ သဖြင့် လာရောက်ဖူးမြော်နေကြ သူများဖြင့် စည်ကားလျက်ရှိသည်။ နိုဝင်ဘာ ၇ ရက်တွင် လွန်ခဲ့ သော နှစ် ၂ဝခန့်က အမှတ်(၁) အထက်တန်းကျောင်းဓမ္မာရုံတွင်ပူဇော်ထားသော ဉာဏ်တော် ၂ပေခန့်ရှိ ကြေးဆင်းတုတော် အား သတ္တမတန်း မှ ကျောင်းသား မောင်စည်သူအောင်က ကြေး ဆင်းတုတော်ကို ပန်းကုန်း ပူဇော်ရာမှ ဆံတော်များပွင့်နေသည် ကိုဖူးမြော်ရသဖြင့် ---
ဘုရားဆင်းတုဦးခေါင်းတော်မှ ဆံတော် များပေါ်ထွက်နေပုံ(ပုံသေး)နှင့် ကြည့် ရှုဖူးမြော်နေကြသူများ(ပုံကြီး)ကို တွေ့ရစဉ်။ ဓာတ်ပုံ-ကိုတင်လှိုင်

ကျုံပျော်တောင်သူများ အမှန်တရားပေါ်ပေါက်ရေး ဆန္ဒပြ

Posted: 09 Nov 2013 05:01 AM PST

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့မှာ တရားရုံးစရိတ်များလို့ အယူခံဝင်ခွင့် စွန့်လွှတ်လိုက်ရပြီး အမှုရှုံးခဲ့ရတဲ့ တောင်သူတွေက အမှန်တရားပေါ်ပေါက်ရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီနေ့ မနက်ပိုင်းက ကျုံပျော်မြို့နယ် ပျဉ်းမပင်လှကျေးရွာအုပ်စုက တောင်သူ မိသားစု ၂၀ လောက်ဟာ တရားဝင် ဆန္ဒဖော်ထုတ်ခွင့် တောင်းခံပြီး ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒရာမှာ ပါဝင်တဲ့ ဦးလှိုင်ကြီးက ---

‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်နှင့် တွေ့ဆုံခြင်း

Posted: 09 Nov 2013 04:58 AM PST

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် အရေးကြီးသည်ဟု ပြည်တွင်း၊ ပြည်ပ မြန်မာ့နိုင်ငံရေး လေ့လာသူများက သတ်မှတ်ထားသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးနီးပါး ပါဝင်သော လိုင်ဇာ ညီလာခံနှင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးသော မြစ်ကြီးနား ညီလာခံများသို့ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလားတပ်တို့ တက်ရောက်ခြင်း မရှိခဲ့ပေ။ ထို့ကဲ့သို့ မတက်ရောက် နိုင်ခြင်းမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဖိအားပေးမှုကြောင့် မတက်ရောက်ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည့်အတွက် ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ ---

ခန္တီးတွင် ဆက်ကြေးတောင်းသော တပ်သားများကို ကျေးရွာလူထု ဖမ်းဆီး

Posted: 09 Nov 2013 04:44 AM PST

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက်ကျေးရွာတွင် ငြိမ်းချမ်းရေး ယူထားသော လက်နက်ကိုင်တပ်ဖွဲ့ တပ်သားအချို့ လာရောက်၍ ဆက်ကြေး တောင်းယူမှုများကြောင့် ၎င်းတို့ကို ကျေးရွာ ဒေသခံများက နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ခန့်က ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း ယင်း ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။ ယင်းသို့ ကျူးလွန်သော တပ်သား သုံးဦးမှာ ငြိမ်းချမ်းရေး ယူထားသော နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSC) မှ တပ်သားများ ဖြစ်ပြီး ယင်းတို့ကို ဥပဒေအရ အရေးယူသွားမည့်ကြောင်း ခန္တီးတပ်နယ် စစ်ဗျူဟာမှူးက The Voice သို့ ပြောကြားသည်။ ---

စစ်တွေ အကျဉ်းထောင်နံရံပြိုကျ

Posted: 09 Nov 2013 04:36 AM PST

ရခိုင် ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေ အကျဉ်းထောင် နံရံပြိုကျမှုတစ်ခု နိုဝင်ဘာ ၈ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်တွေအကျဉ်းထောင်၏ ထောင်နံရံပြိုကျမှုမှာ နိုဝင်ဘာ ၈ရက် နံနက် ၂နာရီ ၅၅မိနစ် ခန့် တွင် အဆိုပါ အကျဉ်းထောင် ၏ အနောက်တောင်ဘက်စွန်း ရှိ ထုနှစ်ပေ၊ အမြင့် ၁၈ပေ၊ အ လျားပေ ၉ဝကျော်ရှိ နံရံတစ်ခုလုံး ပြိုကျခဲ့ခြင်းဖြစ်ပြီး နံရံပြိုကျသည့် အတွက် တစ်စုံတစ်ဦးမျှ ထွက် ပြေးလွတ်မြောက်မှုမရှိခဲ့သည့်အ ပြင် ထိခိုက် ဒဏ်ရာရရှိမှုလည်း မရှိခဲ့ကြောင်း သိရသည်။ ---

နိုင်ငံ၏ ကိစ္စရပ်တိုင်း အုပ်ချုပ်ရေးအဖွဲ့ကိုပဲ လွှဲထား၍မရဟု သူရဦးရွှေမန်းပြော

Posted: 09 Nov 2013 04:32 AM PST

နိုင်ငံတော် တွင်ဖြစ်ပျက်လျက်ရှိသည့် ကိစ္စရပ် တိုင်းသည် အုပ်ချုပ်ရေးအဖွဲ့ကို လွှဲအပ်ထား၍မရကြောင်း၊ လွှတ် တော်ကိုယ်စားလှယ်များတွင်ပါ တာဝန်ရှိကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြား လိုက်သည်။ နိုဝင်ဘာ ၈ရက်က ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စုလွှတ် တော် ၁၁ရက်မြောက်နေ့အစည်း အဝေးတွင် ယင်းကဲ့သို့ပြောကြား လိုက်ခြင်းဖြစ်သည်။ သူရဦးရွှေမန်းက ''နိုင်ငံ တော်ရဲ့ကိစ္စတိုင်းကို အုပ်ချုပ် ရေးအဖွဲ့ကို လွှဲထားလို့ မရဘူး။ ကျွန်တော်တို့မှာလဲ တာဝန်ရှိ တယ်''ဟု လွှတ်တော်သို့ တင်ပြ သည်။ ---

ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့

Posted: 08 Nov 2013 06:38 PM PST

ထိုင်းနိုင်ငံဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ၁၀၀ခန့်ကွာဝေးတဲ့ ပထုံဌာနီမြို့နယ်ထဲက ပလတ်စတစ် ပစ္စည်းအဟောင်းတွေကို သန့်စင်တဲ့ စက်ရုံတခုထဲမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၂၆ဦးကို ထိုင်းအစိုးရ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့တွေနဲ့အတူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့က ပူးပေါင်း ကယ်တင်နိုင်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ---

ကချင်မှာ တိုက်ပွဲဆက်ဖြစ်

Posted: 08 Nov 2013 06:25 PM PST

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ဒီကနေ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းကနေ ဒီကနေ့ထိ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တဲ့ကြောင့် မန်စီမြို့နယ်အတွင်းမှာ စစ်ရှောင်ဒုက္ခသည် တထောင်ကျော်လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ မန်စီမြို့နယ် နန့်လင်းပါ စခန်းက ဒုက္ခသည် ၁၅၀၀လောက်ဟာ လုံခြုံရေးအရ သွားလာရေး အခက်အခဲကြောင့် ရိက္ခာပြတ်လပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီသူတဦးက ပြောပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြားမှာ တပြည်လုံး အပစ်ရပ်ဖို့ ဆွေးနွေးခဲ့ပေမဲ့ တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။ ----

ဖိလစ်ပိုင်မှာ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်

Posted: 08 Nov 2013 05:34 PM PST

တစ်နာရီ ၁၉၉ မိုင် နှုန်းနဲ့ တိုက်ခတ်နေတဲ့ ဟိုင်ရန် တိုင်ဖုန်း မုန်တိုင်းဟာ ဖိလစ်ပိုင် နိုင်ငံ ကုန်းတွင်းပိုင်းကို သောကြာနေ့က ၀င်ရောက်ခဲ့ပြီး မနီလာမြို့ကို ဖြတ်သန်း တိုက်ခတ်သွားပါတယ်။ ဟိုင်ရန်ဟာ ကုန်းတွင်းကို ၀င်ရောက် တိုက်ခတ်ဖူးသမျှ မုန်တိုင်းတွေထဲမှာ စံချိန်တင် အင်အား ပြင်းထန်တဲ့ အထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ ဒီမုန်တိုင်းကြောင့် ဖိလစ်ပိုင် နိုင်ငံ ပြည်နယ်ပေါင်း ၂၀ က လူတစ်သန်းကျော်ဟာ နေအိမ်တွေကနေ ဘေးကင်းရာကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရပြီး ယခုအချိန်ထိ လူလေးဉီး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ---

ထိုင်းမှာ ဆန္ဒပြပွဲတွေ အရှိန်မြှင့်တော့မည်

Posted: 08 Nov 2013 04:38 PM PST

အဝေးရောက် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံကို ပြန်လာနိုင်မယ့် လွတ်ငြိမ်းချမ်းသာခွင့် ဥပေဒ မူကြမ်းကို ကန့်ကွက် ဆန္ဒပြရာမှာ ဦးဆောင်နိုင်ဖို့ အတွက် ထိုင်း အတိုက်အခံ ခေါင်းဆောင် ၄ ဦးဟာ သူတို့ရဲ့ ပါတီကနေ နှုတ်ထွက် လိုက်ကြပြီ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို အခု သီတင်းပတ်အတွင်း အစိုးရရဲ့ ထောက်ခံချက်နဲ့ အတည်ပြုတော့မှာ ဖြစ်ပါတယ်။ လက်ရှိ အစိုးရကို ဦးဆောင်နေသူကတော့ သက်ဆင် ရှင်နာဝပ်ရဲ့ ညီမဖြစ်သူ ယင်လက် ရှင်နာဝပ် ဖြစ်ပါတယ်။ ---

လယ်သိမ်းမြေသိမ်းပြဿနာ (ရုပ်/သံ)

Posted: 08 Nov 2013 04:09 PM PST

ပြည်ထောင်စုအစိုးရက ဖြေရှင်းဆောင်ရွက် ပြီးစီးတဲ့ သိမ်းဆည်းခံလယ်ယာမြေ ပြဿနာတွေကို သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ သမ္မတရဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီး "လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်" အဖွဲ့ဝင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က စုစည်းတင်ပြထားပါတယ်။--

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


နိုဝင်ဘာလ(၉)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ်(၃၅)

Posted: 08 Nov 2013 03:59 PM PST

နိုဝင်ဘာလ(၉)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ်(၃၅)

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


နိုဝင်ဘာလ(၈)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) အတွဲ(၃၃) အမှတ်(၆၄၆)

Posted: 08 Nov 2013 03:57 PM PST

နိုဝင်ဘာလ(၈)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) အတွဲ(၃၃) အမှတ်(၆၄၆)

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ(၉)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

Posted: 08 Nov 2013 03:55 PM PST

နိုဝင်ဘာလ(၉)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


နိုဝင်ဘာလ(၉)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

Posted: 08 Nov 2013 03:52 PM PST

နိုဝင်ဘာလ(၉)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုင်ရာပြည်သူ့ ကွန်ယက်(ရှမ်းပြည်နယ်)ကိုဖွဲ့ စည်းခြင်း

Posted: 08 Nov 2013 03:11 PM PST

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ ကန်ရှေ့ ရပ်ကွက်၊ ရေထွက်ဦးလမ်း၊ classic ခန်းမ တွင် ၊ ယနေ့ နံနက်-
၉း၀၀နာရီမှ ညနေ ၄း၀၀ နာရီ အထိ ရှမ်းပြည်နယ်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ ကွန်ယက်
ဖွဲ့ စည်းခြင်းနှင့်ဖွဲ့ စည်းပုံတွင် ပြည်သူတို့ လိုလားသော အချက် အလက်များကို ခေါင်းစဉ်၅ ခု ဖြင့်ဆွေးနွေးခဲ့ ကြပြိး သဘောထားကြေညာချက် တစ်စောင် ကို ထုတ်ပြန်ခဲ့ ကြောင်း ကွန်ယ့က် အဖွဲ့ ဝင်တစ်ဦးဖြစ်သူ ကိုနေမျိုးမှ ပြောပြပါတယ်။ ---

မြန်မာနိုင်ငံ စိတ်ကြွဆေးသုံးစွဲသူ ပိုများလာ

Posted: 08 Nov 2013 10:26 AM PST

ကမ္ဘာတ၀ှမ်း စိတ်ကြွဆေး ဖမ်းဆီးရမိမှုတွေဟာ ပြီးခဲ့တဲ့နှစ်ထဲ စံချိန်တင်လောက်အောင် များပြားခဲ့ရာမှာ မြန်မာနိုင်ငံဟာလည်း အဓိက ဖမ်းဆီးမိတဲ့ တိုင်းပြည်တခုအဖြစ်နဲ့ တွေ့ရှိရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ ဖမ်းဆီးမှုတွေ၊ မူးယစ်ဆေး စွဲလမ်းသူတွေကို ကုသမှုဆိုင်ရာ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ methamphetamine စိတ်ကြွဆေးတွေ အသုံးပြုမှုနှုန်းဟာ တိုးလာနေတဲ့အကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး (UNODC) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံကလာတဲ့ methamphetamine စိတ်ကြွဆေးတွေကို အိမ်နီးချင်း တိုင်းပြည်တွေမှာ ဖမ်းဆီးရမိတာတွေဟာလည်း အရင်ထက်ပိုများခဲ့တယ်လို့ ပြောပါတယ်။ ---

နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းလို့ရမယ်ဆိုရင် စစ်ပွဲတွေဖြစ်စရာ အကြောင်းမရှိတော့ဘူး

Posted: 08 Nov 2013 02:52 PM PST

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း
ကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ
အပြီးတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးအား မြန်မာတိုင်း(မ်)
အကြီးတန်းသတင်းထောက် အိအိတိုးလွင်က သီးသန့်တွေ့ဆုံ မေးမြန်းခဲ့သည်။
* လက်ရှိအစိုးရက ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တပ်မတော်ရဲ့
အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါတယ်လို့ ခံယူထားပါသလဲ။ ---
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး။ ဘူးသီး/မြန်မာတိုင်း(မ်)ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး။ ဘူးသီး/မြန်မာတိုင်း(မ်)

ရုရှားရောက် မြန်မာမယ် မိုးစက်ဝိုင် ပွဲကြို ပြိုင်ပွဲတွေရဲ့ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေ

Posted: 08 Nov 2013 10:17 AM PST

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ မယ်စကြ၀ဠာ ၂၀၁၃ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး
သွားရောက်ယှဉ်ပြိုင်တဲ့ မြန်မာအလှမယ် မိုးစက်ဝိုင်ဟာ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးမစခင် ကျင်းပ
ပြုလုပ်လျက်ရှိတဲ့ ပွဲကြိုပြိုင်ပွဲတွေ အားလုံးရဲ့ ဆန်ခါတင်စာရင်းများမှာ ပါဝင်နေတာမို့ နိုင်ငံအတွက်
ဆုတွေများစွာ သယ်ဆောင်လာနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။ ရေကူးဝတ်စုံပြိုင်ပွဲမှာတော့ အလှဆုံးမယ် (Best Bikini Body) သုံးယောက် ရွေးချယ်ရာမှာ တစ်ယောက် အပါအ၀င် ဖြစ်ခဲ့ပါတယ်။ ---

မယ်စကြာဝဠာ ဆန်ခါတင် ရွေးချယ်ပွဲအတွက် မိုးစက်ဝိုင် ယုံကြည်မှုတက် (ဗွီအိုအေနဲ့ သီးသန့်အမေးအဖြေ)

Posted: 08 Nov 2013 10:10 AM PST

ရုရှနိုင်ငံမှာ ကျင်းပနေတဲ့ မယ်စကြ၀ဠာပြိုင်ပွဲဟာဆိုရင် မနက်ဖြန် နောက်ဆုံး ဖိုင်နယ်ဖြစ်ပါတယ်။  မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မိုးစက်ဝိုင်ကတော့ ဒီနောက်ဆုံးဖိုင်နယ်အတွက် အကောင်းဆုံး ပြင်ဆင်ထားပြီး အရင်ကထက် ယုံကြည်မှုတွေ ပိုရှိလာတယ်လို့ VOA ကိုပြောခဲ့ပါတယ်။ အခုအသံလွှင့်ချိန် မတိုင်လေးမှာပဲ VOA က မိုးစက်ဝိုင်ကို ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်ကြည့်ပါ။ ---

Thit Htoo Lwin

unread,
Nov 10, 2013, 10:28:26 AM11/10/13
to thuau...@gmail.com

အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ချပြဆွေးနွေး

Posted: 10 Nov 2013 03:23 AM PST

အစိုးရအဖွဲ့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ပြည်သူတွေဆီ တိုက်ရိုက်မဟုတ်ဘဲ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေကတဆင့် ပြန်လည်ချပြတဲ့ ဆွေးနွေးပွဲတခုကို ဒီနေ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ လက်ရှိအစိုးရက လုပ်ဆောင်နေတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တဲ့ရလဒ်၊ လက်ကျန်နိုင်ငံရေးအကျဉ်းသားစေလွှတ်ရေးနဲ့ လျှပ်စစ်မီတာခ ထပ်တိုးကောက်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရ တာဝန်ရှိသူတွေက ချပြခဲ့ပါတယ်။ ---

အမျိုးသမီးအချို့ ခန္ဓာကိုယ်သွယ်လျစေရန် စိတ်ကြွဆေးသုံးစွဲမှုများရှိလာ

Posted: 10 Nov 2013 03:02 AM PST

အမျိုးသမီးငယ်အချို့ ခန္ဓာကိုယ်သွယ်လျ စေရေးအတွက် စိတ်ကြွရူးသွပ် ဆေးဝါးများကို တလွဲအသုံးပြုမှုများရှိလာနေပြီး မည်သည့် အကြောင်းပြချက်ဖြင့်ဖြစ်စေ မူးယစ်ဆေးဝါး သုံးစွဲသည်ဟု စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူ သွားမည်ဖြစ်ကြောင်း မူးယစ်ဗဟိုမှ ဒုရဲမှူးကြီးဇော်လင်းထွန်းက ပြောကြားသည်။ ““အတွင်းသတင်းတွေအရတော့ စိတ်ကြွမူးယစ်ဆေးတွေကို အမျိုးသမီးလေးတွေ ပိန်အောင်လို့သုံးတယ်လို့ သတင်းတွေရထားပါတယ်။ ဒီဆေးတွေက သုံးရင်တက်ကြွနေတယ်။ အလုပ်လည်း များများလုပ်နိုင်တယ်။ လေ့ကျင့်ခန်းလည်း လုပ်စရာမလိုဘဲ အလိုအလျောက်ပိန်လာစေတယ်ဆိုတော့ သုံးကြတယ်။ ဘယ်လိုပဲသုံးသုံး ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ မူးယစ်ဆေးဝါးသုံးတာမိရင် ဖမ်းမှာပဲ”” ဟု နေပြည်တော်မူးယစ်ဗဟိုမှ ဒုတိယရဲမှူးကြီးဇော်လင်းထွန်းကပြောကြားသည်။---

ဧရာဝတီမြစ်ကမ်းပြိုကျမှု ရှေးဟောင်းသမိုင်းဝင်နေရာများကိုပါခြိမ်းခြောက်လာ

Posted: 10 Nov 2013 03:18 AM PST

အင်းဝမြို့ဟောင်းတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ရှေးဟောင်းဇုန်ကန့် သတ်တိုင်များ ပြိုကျသွားခဲ့ပြီဖြစ်ပြီး မြစ်ကမ်းပြိုမှုသည် မြောက်ဘက်မြို့ရိုးနှင့် မယ်နုအုတ်ကျောင်း အစရှိသည့် ရှေးဟောင်းသမိုင်းဝင်နေရာများနှင့်လည်း ပိုမိုနီးစပ်လာကြောင်း သတင်းရရှိသည်။ ဧရာဝတီမြစ်နှင့် ဒုဌ၀တီမြစ်ဆုံရာ အင်းဝမြို့ဟောင်းအရှေ့ မြောက်ဘက်မှ တောင်တော်ဆိပ်အထိ အရှည်တစ်မိုင်ခွဲခန့်ရှိသော ကမ်းနားတွင် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေကြောင်း၊ ရှေးaဟာင်းဇုန်အဖြစ် စိုက်ထူထားသည့် တိုင်အချို့ ကမ်းပါးပြိုသည့်အထဲ ပါသွားပြီဖြစ်ပြီး မြောက်ဘက်မြို့ရိုးနှင့် ပေ ၅၀ ၀န်းကျင်ခန့်သာ ကွာတော့ကြောင်း အင်းဝဒေသခံအချို့က ပြောကြားသည်။ ----
ယခုနှစ်ပိုင်းအတွင်း မြစ်ကမ်းပါးပြိုကျမှု ပိုမိုဆိုးရွားလာသော ဧရာဝတီမြစ်နှင့် အင်းဝမြို့ဟောင်း တောင်တော်ဆိပ်ကမ်းတွင် မြစ်ကမ်းပါးပြိုရာလမ်းတစ်လျှောက်သွားနေသော ဒေသခံတစ်ဦးကို တွေ့ရစဉ် ဓာတ်ပုံ - ညီညီဇော်/ 7DAY DAILY

ထိုင်းယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ခအပါ ပွဲစားကြေး ငါးဆခန့် ပေးရဟုဆို

Posted: 10 Nov 2013 02:50 AM PST

မြန်မာနိုင်ငံသား အများဆုံး ပြည်ပသို့ သွားရောက် အလုပ်လုပ်ရာ ထိုင်းနိုင်ငံတွင် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်သည့် ပေါက်ဈေးမှာ သတ်မှတ် ကုန်ကျငွေထက် ငါးဆ (ဘတ် တစ်သောင်းခွဲကျော်) ပေးရကြောင်းကို ထိုင်းနိုင်ငံတွင် လက်ရှိလုပ်ကိုင် နေသူများထံမှ သိရသည်။
“ဘတ်တစ်သောင်း အောက်တော့ မလျော့ဘူး။ ကျွန်တော်ဆို ပွဲစားကြေးပါ အပါ အားလုံး တစ်သောင်းငါးထောင်ငါးရာ ပေးလိုက်ရပြီး ပွဲစားက လိမ်သွားလို့ ကိုယ့်ဖာသာ ပြန်လုပ်နေရတယ်” ဟု စမွတ်ပရာကန်တွင် စည်သွတ်ဘူး စက်ရုံတွင် လုပ်ကိုင်နေသူ ဦးမြင့်နိုင်က ဆိုသည်။---

အလုပ်သမားသမဂ္ဂ ညီလာခံရလဒ် ပြည်သူ့လွှတ်တော်သို့ တင်မည်

Posted: 10 Nov 2013 02:44 AM PST

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ နာရေးကူညီမှု အသင်းပိုင် သုခခန်းမတွင် ကျင်းပမည့် အလုပ်သမားသမဂ္ဂ ညီလာခံမှ ဆွေးနွေး၍ ရရှိလာသော အချက်အလက်များကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ရုပ်ပြ ပန်းချီဆရာ သမဂ္ဂမှ ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။  အဆိုပါ ညီလာခံကို အောက်တိုဘာလ ၁၀ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကာ တစ်နိုင်ငံလုံးရှိ အလုပ်သမား သမဂ္ဂပေါင်း ၄၀၀ ကျော်နှင့် တောင်သူလယ်သမား သမဂ္ဂ ၃၀၀ ကျော် တက်ရောက်ကြမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။---

လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေကို ရုတ်သိမ်းတော့မယ့် ထိုင်းဝန်ကြီးချုပ်

Posted: 10 Nov 2013 02:23 AM PST

ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်ဟာ အတိုက်အခံ ဆန့်ကျင်မှုတွေကို ဖြစ်ပေါ်စေတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်း ကို လွှတ်တော် မဲခွဲမှုကလည်း မထောက်ခံဘဲ  ကျန်နေသေးတဲ့ သက်တမ်း အတောအတွင်းမှာလည်း ထပ်ပြီး မဖော်ထုတ်ဖို့ ကျမ်းကြိမ် မယ်ဆိုရင်တော့ သူမအစိုးရဟာ  အဲ့ဒီဥပဒေမူကြမ်းကို ရုတ်သိမ်းဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ပြည်တွင်းအုပ်စုတွေ အတိုက်အခံတွေနဲ့ လုပ်ငန်းရှင်တွေက အပြင်းအထန် ကန့်ကွက် နေတာကြောင့် ဗုဒ္ဓဟူးနေ့က ချန်သဘူရီကိုသွားတဲ့သူမရဲ့ ခရီးစဉ်အတွင်း အခုလို ပြောကြား ခဲ့တာပါ။ ---

မုန်တိုင်းအခြေအနေပထမအဆင့်သတ်မှတ်လိုက်သည့် မလေးရှားနိုင်ငံ

Posted: 10 Nov 2013 02:15 AM PST

သောကြာနေ့ အစောပိုင်းက ဖီလစ်ပိုင်ငံ အလယ်ပိုင်းကို တိုက်ခတ်ခဲ့တဲ့ အားပြင်း တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန် ကြောင့် မလေးရှား နိုင်ငံတွင်းက သင်္ဘောတွေကို အဂါင်္နေ့အထိ ကုန်းတွင်းပိုင်းမှာပဲ နေဖို့ သတင်းထုတ်ပြန်ထားကြောင်း သိရပါတယ်။  မလေးရှား မိုးလေ၀သဋ္ဌာန က တော့ အားပြင်း မုန်တိုင်း ဟိုင်ယန်ကြောင့် ငါးဖမ်း လုပ်ငန်းနဲ့ ဖယ်ရီလုပ်ငန်း တို့အပါအ၀င် သင်္ဘောနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေကို များစွာထိခိုက်နိုင်ကြောင်း ပြောကြား ပါတယ်။ ---

လွှတ်တော်အမတ်များ တင်ပြသည့် အဆိုကို ပါတီစွဲမထားဘဲ နိုင်ငံအကျိုးကို ကြည့်၍ ဆောင်ရွက်နေဟု သူရဦးရွှေမန်း ပြောကြား

Posted: 10 Nov 2013 02:28 AM PST

လွှတ်တော်တွင် အမတ်များက တင်ပြလာသည့် အဆိုများကို ပါတီစွဲမထားဘဲ နိုင်ငံ့အကျိုး အတွက်သာ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းသည် မန္တလေးမြို့ရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အသင်းအဖွဲ့များနှင့် နိုဝင်ဘာလ ၉ရက်က မန္တလေးမြို့ အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ်  ပြောကြားခဲ့သည်။---

ယနေ့နံနက်တွင် မဟာမုနိဘုရားကြီး မျက်လုံးတော်ပွင့်ဟု သတင်းများထွက်ပေါ်

Posted: 10 Nov 2013 02:29 AM PST

ယနေ့မနက်တွင် မဟာမုနိဘုရားကြီး မျက်လုံးတော် ပွင့်ခဲ့ကြောင်း အင်တာနက် လူမှုကွန်ယက်စာ မျက်နှာများနှင့် ပြည်သူများကြားတွင် ကောလဟလများ ပျံ့နှံ့လျှက်ရှိရာ အတိကျ မသိလိုက်ကြောင်းနှင့် မျက်မြင် သက်သေမရှိကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သတင်းရရှိသည်။ ၄င်းတို့ဂေါပကအဖွဲ့ တာဝန်ယူသည့် နှစ်နှစ်အတွင်း ယခုဖြစ်စဉ်မျိုးလည်း ဖြစ်ပွားခဲ့ဘူးခြင်း မရှိကြောင်း အဆိုပါ ဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်းက ပြောသည်။---

NLD ၏အခြေခံဥပဒေ လူထုဆန္ဒကောက်ခံမှု အချိန်တစ်လ တိုးမြှင့်

Posted: 10 Nov 2013 01:49 AM PST

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး လူထုဆန္ဒ ကောက်ခံမှုကို အချိန်တစ်လ တိုးမြှင့်လိုက်ကြောင်း NLD အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောကြားသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးကို မူလက နိုဝင်ဘာ ၁၀ ရက်နေ့တွင် အပြီးသတ်မည် ဖြစ်သော်လည်း ဒီဇင်ဘာ ၁၅ ရက်အထိ တိုးမြှင့်ကာ လူထုဆန္ဒ ကောက်ခံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ ---

အလုပ်သင် အလှဖန်တီးရှင် တစ်ဦး တိုက်ပေါ်က ခုန်ချမှုဖြင့် အမှုဖွင့

Posted: 10 Nov 2013 01:40 AM PST

ရန်ကုန်မြို့တော် လှိုင်မြို့နယ် (၁) ရပ်ကွက် အောင်မေတ္တာလမ်း တိုက် အမှတ် ၁၂ ၊ ပထမထပ်ရှိ အောင်ကျော်ခန့် အလှပြုပြင်ရေး ဆိုင်မှ အသက် ၂၂ နှစ် အရွယ် အလုပ်သင် အလှဖန်တီးရှင် တစ်ဦးကို ဆိုင်ပိုင်ရှင်က ထီးဖြင့် ရိုက်၍ဟု ဆိုကာ ဆိုင်ဝရန်တာမှ ခုန်ချခဲ့မှုကို သေကြောင်း ကြံစည်မှုဖြင့် နိုဝင်ဘာလ ၇ ရက်နေ့တွင် အမှု ဖွင့်ထားကြောင်း အဆိုပါ မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ ---

သီရိလင်္ကာ ငါးဖမ်းစက်လှေနှစ်စင်း ကျောက်ဖြူ ရေလုပ်ငန်းသို့ လွှဲအပ်

Posted: 10 Nov 2013 01:37 AM PST

မြန်မာ့ရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးများဖမ်းဆီးနေ သည့် သီရိလင်္ကာနိုင်ငံမှ ငါးဖမ်းရေယာဉ်နှစ်စင်းအား ဓည၀တီရေတပ် စခန်းစစ်ရေယာဉ်များအုပ်စုမှ တစ်ဆင့်ကျောက်ဖြူ ရေလုပ်ငန်းဦးစီးဌာန သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ရေပိုင်နက်သို့ ၀င်ရောက်လာသော သီရိလင်္ကာနိုင်ငံသား ၁၂ ဦးပါ ဖိုင်ဘာအမျိုးအစား ငါးဖမ်းလှေနှစ်စင်းကို မြန်မာ့ရေပိုင်နက် မာန်အောင်ကျွန်း၏ အနောက်မြောက်ဘက်မိုင် ၁၅၀ ခန့်အကွာ ပင်လယ်ပြင်၌ လွန်ခဲ့သော အောက်တိုဘာ၂၃ ရက်က ဖမ်းဆီးရမိခဲ့ပြီး ဓည၀တီရေတပ် စခန်း ဌာနချုပ်သို့ လူနှင့်လှေများကိုပါ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။---

မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၁ သောင်းခန့် ရှိပြီ

Posted: 10 Nov 2013 01:27 AM PST

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ နိုဝင်ဘာ ၈ ရက်နေ့က တိုက်ခတ်သွားတဲ့ စူပါတိုက်ဖွန် မုန်တိုင်းကြောင့် အနည်းဆုံး လူ ၁ သောင်းလောက် သေဆုံးသွားတယ်လို့ အဆင့်မြင့် အရာရှိတယောက်က ဒီနေ့ အတည်ပြုပါတယ်။ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းပေါ်မှာရှိတဲ့ လေ့ဒ်ခရိုင်မှာ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ပျက်စီးသွားပြီး ပင်လယ်ကမ်းရိုးတန်းက မြို့တွေနဲ့ ခရိုင်ရဲ့ မြို့တော် တက္ကလိုဘန်မြို့မှာ ရေကြီးပြီး ကျန်ရစ်ခဲ့ပါတယ်။ ---

ဘင်္ဂလာဒေခ်ျ့ အတိုက်အခံ ပါတီ၏ ၈၄ နာရီကြာ အထွေထွေ သပိတ် စတင်

Posted: 09 Nov 2013 08:49 PM PST

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတိုက်အခံ ပါတီ ဘီအန်ပီ (Bangladesh National Party) ၏ ၈၄ နာရီကြာ အထွေထွေ သပိတ်ကို ယနေ့ နံနက် ၆  နာရီက စတင်လိုက်ပြီ ဖြစ်သည်။ ၁၄ ပါတီဖြင့် စုပေါင်းထားသော မဟာမိတ် အတိုက်အခံတို့၏ ၈၄ နာရီကြာ သပိတ်ကြောင့် ဘင်္ဂလာဒေခ်ျ့ တစ်နိုင်ငံလုံး ကား၊ သင်္ဘော၊ ရထား အသွားအလာများ ရပ်ဆိုင်းသွားပြီး ကျောင်းများ၊ စီးပွားရေး လုပ်ငန်းများ၊ ဈေးဆိုင်များ အားလုံးကိုလည်း ပိတ်ထားလိုက်ရပြီ ဖြစ်သည်။ ---

ဝန်ကြီးဌာန အကြွေးများ လွှတ်တော် မဆိုင်သလိုနေ၍ မဖြစ်ကြောင်း သူရဦးရွှေမန်းဆို

Posted: 09 Nov 2013 08:29 PM PST

ဝန်ကြီးဌာနများက နိုင်ငံတော်ထံ ပေးသွင်းရန် ကျန်နေသော ကြွေးကျန် များကို လွှတ်တော်က မဆိုင်သလို လက်ညှိုးထိုးနေ၍ မဖြစ်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးဌာနများသည် ပြည်သူ၏ ဘဏ္ဍာငွေကို သုံးစွဲပြီး နိုင်ငံတော်ထံ ပြန်လည် ပေးဆပ်ရန် ကျန်ရှိနေသည်ကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် လာရောက် ရှင်းလင်းရာ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။---

မြန်မာနိုင်ငံဘက် ပို့ မယ့် ဆေးပြားဖမ်းမိ

Posted: 09 Nov 2013 07:25 PM PST

ထိုင်းနိုင်ငံ မဲဆောက်မြို့ ကို ဖြတ်ပြီး မြန်မာနိုင်ငံထဲ တင်ပို့မယ့် ယာဘ ဆေးပြား ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆူဒိုအက်ဖဒရင်း ဆေးပြား သုံးသိန်း နီးပါး ကို မဲဆောက် အကောက်ခွန် ဌာန က ဖမ်းဆီးလိုက်ပါတယ်။ အခု လို အိမ်သုံးဆေးဝါး တွေ နဲ့ ရောနှော သယ်ဆောင်လာရာမှာ တူရကီ နိုင်ငံ ကနေ လေယာဉ် နဲ့ ဘန်ကောက် သုဝဏ္ဍဘူမိ လေဆိပ် ကို ရောက်လာတာပါ။ ---
ဆူဒို အက်ဖဒရင် ဆေးပြားကနေ ယာဘ ဆေးပြား ထုတ်နိုင်

ဗင်နီဇွဲလားမယ် မယ်စကြ၀ဠာသရဖူဆောင်း

Posted: 09 Nov 2013 07:06 PM PST

ဆယ်စုနှစ် ၅ ခုကျော် အတွင်း မြန်မာနိုင်ငံက ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်တဲ့ ၂၀၁၃ ခုနှစ် အတွက် မယ်စကြ၀ဠာ ပြိုင်ပွဲကတော့ မကြာခင် နာရီပိုင်းအတွင်းကပဲ ပြီးစီးသွားခဲ့ပါပြီ။ ဒီပြိုင်ပွဲမှာ မယ်စကြ၀ဠာ ပတ္တမြားသရဖူကို ဘယ်သူ ဆောင်းသွားနိုင်ခဲ့သလဲဆိုတာနဲ့ မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အခြေအနေတွေကို တင်ပြပေးထားပါတယ်။ ၆၂ ကြိမ်မြောက် မယ်စကြ၀ဠာ ရွေးချယ်ပွဲကိုတော့ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ နိုဝင်ဘာလ ၉ ရက်နေ့ ညချမ်းချိန် ခါမှာ ကျင်းပခဲ့တာမှာ ၂၀၁၃ ခုနှစ်အတွက် မယ်စကြ၀ဠာ သရဖူကို Miss Venezuela Maria Gabriela Isler က ရရှိသွားတာပါ။ ---

၂၀၁၃ ခုနှစ်ရဲ့ မယ်စကြဝဠာ ဗဲင်နီဇွဲလားအလှမယ် Gabriela Isler (အလယ်)

သိန်း၆ဝဝကျော်ဖိုး အကောက်ခွန်မဲ့ တရားမဝင် ဝိုင်နှင့်ဘီယာဖြန့်ဖြူးမှု စီးပွားကူးသန်း ဖမ်းဆီး (ရုပ်/သံ)

Posted: 09 Nov 2013 04:12 PM PST

ပြည်တွင်းထုတ် ဝိုင်နဲ့ ဘီယာတွေကို တရားမဝင် ဖြန့်ဖြူးရောင်းချခြင်းဟာ အကောက်ခွန်ဥပဒေနဲ့ မညီတာကြောင့် ဖမ်းဆီးလိုက်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက နိုဝင်ဘာ ၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ(၁၁)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.44

Posted: 09 Nov 2013 04:02 PM PST

နိုဝင်ဘာလ(၁၁)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.44

နိုဝင်ဘာလ(၁၀)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

Posted: 09 Nov 2013 04:00 PM PST

နိုဝင်ဘာလ(၁၀)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

နိုဝင်ဘာလ(၁၀)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

Posted: 09 Nov 2013 03:57 PM PST

နိုဝင်ဘာလ(၁၀)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

နိုဝင်ဘာလ(၇)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် - ၈၉၅

Posted: 09 Nov 2013 03:49 PM PST

နိုဝင်ဘာလ(၇)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် - ၈၉၅

နိုဝင်ဘာလ(၆)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် - ၄၆၁

Posted: 09 Nov 2013 03:47 PM PST

နိုဝင်ဘာလ(၆)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် - ၄၆၁

ကျောက်ဖြူမှာ လယ်ယာမြေဧက ၂၀၀ လောက် စစ်တပ်သိမ်းယူ

Posted: 09 Nov 2013 09:41 AM PST

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာအုပ်စုမှာ ရဲတပ်ရင်းချထားမယ့် အစီအစဉ်အတွက် လယ်မြေဧကပေါင်း ၂၀၀ လောက်ကို သိမ်းယူလိုက်တယ်လို့ အုန်တောကျေးရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။ အဲဒီလယ်ယာမြေတွေဟာ လက်ရှိဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေဖြစ်ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သိမ်းယူခဲ့တာလို့ အုန်းတောရွာသားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။ ---

လမ်းပန်းဆက်သွယ်ရေးနဲ့ ကျွမ်းကျင်လုပ်သားကိစ္စ စိန်ခေါ်မှုဖြစ်နိုင်

Posted: 09 Nov 2013 09:38 AM PST

အာဆီယံ စီးပွားရေးအသိုင်းဝန်း Asean Economic Community နဲ့ အာဆီယံ လွတ်လပ်စွာကုန်သွယ်ခွင့် အသိုက်အ၀န်း AFTA အစီအစဉ်ကို လာမယ့် ၂၀၁၅ ခုနစ်မှာ စတင်တဲ့အခါ မြန်မာနိုင်ငံအနေနဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်မှုနဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှုတွေက အဓိကစိန်ခေါ်မှု အခက်အခဲဖြစ်စေလိမ့်မယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယ ဥက္ကဌ ဦးအောင်မြင့်က ဒီနေ့ပြောပါတယ်။ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ဒီကနေ့မနက်ပိုင်းကကျင်းပတဲ့ အာဆီယံ စီးပွားရေးအသိုင်းအ၀န်း AEC ဆိုင်ရာ ဆွေးနွေးပွဲမှာ သူက ခုလိုပြောကြားခဲ့တာပါ။ ---

Thit Htoo Lwin

unread,
Nov 11, 2013, 10:45:11 AM11/11/13
to thuau...@gmail.com

ပုံနှိပ်ထုတ်ဝေ ဥပဒေမူကြမ်း ထောင်ဒဏ်များ ပယ်ဖျက်

Posted: 11 Nov 2013 05:20 AM PST

ဒီနေ့ ကျင်းပတဲ့  ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ  ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို  ဆွေးနွေးရာမှာ  မှတ်ပုံမတင်ဘဲ ပုံနှိပ်ထုတ်ဝေလုပ်ငန်း လုပ်ကိုင်သူတွေအတွက် မူလက သတ်မှတ်ထားတဲ့  ထောင်ဒဏ်တွေကို ပယ်ဖျက်လိုက်ပြီး ငွေဒဏ်တွေကိုလည်း လျှော့ပေါ့ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဥပဒေမူကြမ်းမှာ တိုင်းရင်းသား အချင်းချင်း၊ လူမျိုးရေးနဲ့ ဘာသာရေး ထိခိုက်နစ်နာစေ နိုင်တဲ့ အကြောင်းအရာတွေကို မဖော်ပြဖို့ နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ အများ ပြည်သူ အေးချမ်းသာယာရေး၊ နိုင်ငံသားတွေရဲ့ တန်းတူမှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုတွေကို ထိခိုက်တဲ့ အကြောင်းအရာတွေကို မဖော်ပြဖို့ သတ်မှတ် ထားပါတယ်။ ---

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ ကျေးလက်ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၁၀ ဘီလီယံကျော် သုံးစွဲမည်

Posted: 11 Nov 2013 04:52 AM PST

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုအတွက် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကျပ် ၁၀ ဘီလီယံကျော် သုံးစွဲမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ဇံထွေးက ပြောကြားသည်။ အဆိုပါ ပမာဏသည် နိုင်ငံတစ်ဝန်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် သုံးစွဲမည့် ဘဏ္ဍာငွေ ကျပ် ၇၅ ဘီလီယံကျော်၏ ခုနစ်ပုံ တစ်ပုံကျော် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ---

ကိုရဲမင်းဦးကို ယနေ့ ရုံးထုတ် စစ်ဆေး

Posted: 11 Nov 2013 04:49 AM PST

ဆူပူ လှုံဆော်မှုဖြင့် တရားစွဲဆိုခံနေရသည့် မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီဝင် ရခိုင်လူငယ် တစ်ဦး ဖြစ်သည့် ကိုရဲမင်းဦးကို ယနေ့ နိုဝင်္ဘာလ ၁၁ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးသည်ဟု သတင်းရ ရှိသည်။ ကိုရဲမင်းဦးက နိုဝင်္ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် သာကေတမြို့နယ်တရားရုံး၌ တရားသူကြီး ဦးကျော်ကျော်ဝင်းက စစ်ဆေးခြင်း ဖြစ်သည်ဟု သူနှင့် အဖွဲ့တစ်ခုတည်း အတွင်း လုပ်ကိုင်နေသူ ရခိုင်လူငယ်အဖွဲ့ အဖွဲ့ဝင် ကိုဖိုးသားက နိရဉ္စရာသို့ ပြောသည်။ ---

တိမ်မြုပ်နေသော ကြယ်တစ်ပွင်၏့ (သို့) သခင်လှကြိုင်

Posted: 11 Nov 2013 04:45 AM PST

ပဲခူးမြို့၊ ရွှေစေတီဘုရား လမ်းသွယ်၊ အိုးလေးစု၊ မဇင်းရပ်ကွက်၊ အိမ်အမှတ် (မရှိ)နေသူ လှကြိုင်(ခ)သခင်လှကြိုင်၊ (၉၂)နှစ်၊ (ဘ)ဦးအောင်ပွင့်(ကွယ်)၊ (မိ)ဒေါ်တိုး(ကွယ်)မှ ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်၊ ခရစ်ယာန် ဘုရားကျောင်းရှိ ပဲခူးမြစ်ကူးတံတား၊ လူကူးစင်္ကြံ လမ်းမှနေ၍ ဖြတ်သန်း သွားလာသူ ပြည်သူ
လူထုအား ငွေကြေးတောင်းရမ်း စားသောက်နေမှုနှင့် ပတ်သက်၍ (၉.၁၁.၂၀၁၃)နေ့ နေ့လည်(၁၂း၀၀)အချိန်ခန့်က ၄င်းနေထိုင်ရာ အိမ်သို့ ပဲခူးမြို့ပေါ်ရှိ စိတ်ဝင်စားသူ အချို့မှ သွားရောက် မေးမြန်းခဲ့ကြသည်။ ---
တိမ်မြုပ်နေသော ကြယ်တစ်ပွင်၏့ (သို့) သခင်လှကြိုင်

ဦးနေ၀င်းမြေးနှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့် သမ္မတပေါ်မူတည်ဟုဆို

Posted: 11 Nov 2013 03:35 AM PST

အမြင့်ဆုံး နိုင်ငံရေး ပုဒ်မဖြစ်သော နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖမ်းဆီးခံထားရသော ဦးနေ၀င်း မြေးနှစ်ဦး ဒီဇင်ဘာတွင် လွတ်ငြိမ်း ချမ်းသာခွင့် ရရှိမှုသည် သမ္မတပေါ်မူတည်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံမှ စုံစမ်းသိရရှိသည်။ “ကော်မတီအနေနဲ့ စစ်ဆေးတွေ့ရှိချက်ကိုပဲ တင်ပြနိုင်တာ လွှတ်ဖို့က သမ္မတပေါ်မှာပဲ မူတည်တယ်”ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင် ဦးဘိုကြည်က ပြောကြားသည်။ ---

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်လိုသည့် အချက်များ ကိုယ်ပိုင် သီးခြားပြုလုပ်ထားဟု သူရဦးရွှေမန်းဆို

Posted: 11 Nov 2013 03:26 AM PST

မြန်မာနိုင်ငံတွင် ၂၃ နှစ်ကြာ အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရက ရေးဆွဲ ခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် အချက်များကို ကိုယ်ပိုင် သီးခြား ပြုလုပ်ထားသည်ဟု သူရဦးရွှေမန်းက နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြောကြားသည်။ မန္တလေးမြို့ (တယက) ရုံးဟောင်း အစည်းအဝေးခန်းမတွင် ကျင်းပသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ---

မြန်မာအမျိုးသမီးဆိုင်ရာ ဆွေးနွေးပွဲ အင်ဂျလီနာဂျိုလီ သဝဏ်လွှာပို့ 

Posted: 11 Nov 2013 04:11 AM PST

နာမည်ကြီး ဟောလီဝုဒ် အကျော်အမော် သရုပ်ဆောင် တစ်ဦးဖြစ်သော အင်ဂျလီနာဂျိုလီသည် ကျင်းပဆဲဖြစ်သည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း အဆိုပါ စကားဝိုင်း ဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ အကြီးတန်း ညှိနှိုင်းရေးမှူး ဒေါ်မေစပယ်ဖြူက ပြောကြားသည်။---

နယ်စပ်ရှိ ရဲတပ်ဖွဲ့ဝင်များအား အဆင့်မြင့်လက်နက်များတပ်ဆင်ပေးမည်

Posted: 11 Nov 2013 03:16 AM PST

နယ်စပ် များတွင် တာဝန်ထမ်းဆောင် နေ သည့်ရဲတပ်ဖွဲ့ဝန်ထမ်းများ ကိုနည်းပညာမြင့် လက်နက်များတပ်ဆင်ပေးတော့ မည်ဖြစ်ကြောင်း နိုင် ငံဖြတ်ကျော်မှုခင်း ဌာနမှ သိ ရသည်။ ယင်းကဲ့သို့နည်းပညာ မြင့်လက်နက်များတပ်ဆင်ပေး ရ ခြင်းမှာ တချို့အရပ်ဒေသများတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အရေးပေါ်အခြေအနေ ကြုံလာပါက ကာကွယ်နိုင်မည့် လက်နက်များမှာ ဟောင်းနွမ်းပျက်စီးနေ သောကြောင့်ယင်းကဲ့သို့အစားထိုး လက်နက်များ တပ်ဆင်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ ---

စစ်အစိုးရလက်ထက် လူကြီးများ၏ သားသမီးများ ပြည်သူအပေါ် အနိုင်ကျင့်ပါက တိုင်ကြားနိုင်

Posted: 11 Nov 2013 03:09 AM PST

ယခင်စစ် အစိုးရလက်ထက်မှ လူကြီးများ၏ သားသမီးများနှင့် ပတ်သက်ဆက် နွှယ်သူများ ပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျမှုများရှိပါက အထောက်အထားခိုင်လုံစွာဖြင့် တိုင်းဒေသကြီးအစိုးရရုံးသို့ တိုင် ကြားနိုင် ကြောင်း ရန်ကုန်တိုင်း ကြီး နယ်စပ်ရေးရာလုံခြုံရေးဝန် ကြီးဗိုလ်မှူးကြီးတင်ဝင်းက ပြော သည်။ ယင်းကဲ့သို့တိုင်ကြားရာတွင် တိုင်ကြားသူများသည် ကိုယ်တိုင် နစ်နာမှုများကို ကြုံတွေ့ခံစားရ သူများဖြစ်ရမည်ဖြစ်ပြီး အထောက် အထားခိုင်လုံရမည်ဖြစ်ကြောင်း သိရသည်။ ဗိုလ်မှူးကြီးတင်ဝင်းက ''ရဲ အရေးပိုင်မှုဆိုတာလဲ ရှိတယ်။ တခိျု့ ကိစ္စတွေ ကျတော့ ရဲစခန်း ကို တိုက်ရိုက်တိုင်ရတာလဲရှိတယ်။ ---

ထိုင်းနိုင်ငံတွင် မြန်မာအကျဉ်းသား ၃ ထောင်ခန့်ရှိ

Posted: 11 Nov 2013 02:52 AM PST

ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ မြန်မာနိုင်ငံက  အကျဉ်းသား ၃ ထောင်လောက် ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုဝင်ဘာဘာ ၁၁ ရက်နေ့မှာ ကျင်းပတဲ့  ပထမအကြိမ်  ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးမှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က  မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ ရှိတဲ့ အကျဉ်းသားများကိစ္စနဲ့ စပ်လျဉ်းပြီး မေးမြန်းရာမှာ  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်စွာမြင့်က တုံ့ပြန်ပြောဆို လိုက်တာ ဖြစ်ပါတယ်။ ---

ဧရာဝတီမြစ် လင်းပိုင် ထိန်းသိမ်းရေး ဇုန်အတွင်း တရားမဝင် ငါးဖမ်းလှေ စီးရေတိုး

Posted: 11 Nov 2013 02:36 AM PST

ဧရာဝတီမြစ် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဇုန်အတွင်း တရားမဝင် ငါးရှော့ခ်တိုက် ဖမ်းသည့် လှေစီးရေများ ပိုတွေ့ရလာကြောင်း မြန်မာနိုင်ငံ သားငှက် ထိန်းသိမ်းရေးအဖွဲ့ စီမံကိန်း မန်နေဂျာ ဦးကျော်လှသိန်းက ပြောကြားသည်။ စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်းဒေသမှ ကျောက်မြောင်း ဒေသအကြား မတ္တရာနှင့် စဥ့်ကူး မြို့နယ်တို့ရှိ ဧရာဝတီ မြစ်အတွင်း ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဇုန်တွင် ယခင်က ငါးရှော့ခ်တိုက် ဖမ်းသည့် လှေခြောက်စီးခန့် ရှိရာမှ လက်ရှိ ကိုးစီးခန့် ရှိနေကြောင်း ၎င်းကဆိုသည်။---

မဟာမြတ်မုနိဘုရား မျက်လုံးတော်ပွင့်ဟူသော ကောလာဟလကြောင့် လုံခြုံရေးကင်မရာကို စစ်မည်

Posted: 11 Nov 2013 02:32 AM PST

မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော မန္တလေးမဟာမြတ်မုနိ ဘုရားကြီး ဘယ်ဘက်မျက်လုံးတော် ပွင့်တော်မူသည်ဟူသော ကောလာဟလများ နိုဝင်ဘာလ ၁၀ ရက်နေ့က ထွက်ပေါ်လာမှုနှင့် ပတ်သက်၍ ဘုရားကြီးမျက်နှာတော် အနီးရှိ လုံခြုံရေး ကင်မရာကို စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဘုရားကြီး ဂေါပက အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။ “မဟာမြတ်မုနိဘုရား ဘယ်ဘက် မျက်လုံးတော် ပွင့်တယ်လို့ မနက် ၁၀ နာရီ ကျော်လောက် ကတည်းက ကြားလိုက်မိတယ်။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း ဓာတ်ပုံတွေ တွေ့လိုက်ရတယ်။ ---

ပြစ်မှုကျူးလွန်သူဟု သံသယရှိခံရသူများ၊ စွပ်စွဲခံရသူများ ဖမ်းဆီးစစ်ဆေးရာတွင် ထိခိုက်မှုနှင့် သေဆုံးမှုများ ရှိနေဆဲဖြစ်

Posted: 10 Nov 2013 09:28 PM PST

အမှုအခင်းများအတွက် ပြစ်မှုကျုးလွန်သူဟု သံသယရှိထားသူများ၊ စွပ်စွဲခံထားရသူများအား ရဲစခန်းများ ၌ ဖမ်းဆီးစစ်ဆေးကြရာတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ရှိနေဆဲဖြစ်ပြီး ပြည်သူ့ရဲဝန်ထမ်းများ အနေဖြင့် ဥပဒေကို အထူးလိုက်နာရန် လိုအပ်နေပေသည်။ လက်ရှိတွင် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ဦးဆောင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အရည်အသွေးများ မြင့်မားလာစေရန် ဥရောပသမဂ္ဂနိုင်ငံများဖြင့် ချိတ်ဆက်၍ သင်တန်းပေး မှုများ ပြုလုပ်လျက်ရှိသော်လည်း တရားခံဟု သံသယရှိထားသူများ၊ ဖမ်းဆီးစစ်ဆေးခံရသူများအပေါ် ရဲဝန်ထမ်းများ၏ ဆက်ဆံပုံများ၊ အပြုအမူများနှင့်ပတ်သက်၍ လက်ရှိတွင် ပြည်သူများက ဝေဖန်မှုများ ရှိနေသည်။ ----

မူးယစ်ဆေးဝါးမှောင်ခို လေးဦး အသေဖမ်းမိ

Posted: 10 Nov 2013 09:00 PM PST

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်မြို့နယ် တာ့တွန့် ကျေးရွာအုပ်စု ဟွေ့ဆန်ကျေးရွာ အနီး တောအုပ်ထဲတွင်
မြန်မာဖက်က ၀င်ရောက်လာ သည်ဟု ယူဆရသည် အမည်မသိ လက်နက်ကိုင် အဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မူးယစ် ဆေးဝါးများနှင့်အတူ လူလေးဦးကို အသေဖမ်းဆီး ရမိကြောင်း ချင်းမိုင်အခြေစိုက် သတင်းထောက်က သတင်း ပေးပို့ထားသည်။ အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နှင့် နိဝင်ဘာလ ၉ရက်နေ့က ည၈နာရီခန့်က မိနစ်၂၀ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အလောင်း လေးလောင်း၊ လက်လုပ်မိုင်း တစ်လုံးနှင့် ကာလတန်ဖိုးဘတ် သန်း၂၀၀ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြား လေးသိန်းကို ကျောပိုးအိပ် လေးအိပ်ထဲကနေ သိမ်းဆည်း ရမိကြောင်း ရဲက ပြောကြားသည်။ ---

ဘင်္ဂလာဒေခ်ျ့က နယ်စပ်ကို ပိတ်မည်ဆိုသော်လည်း ၀င်ထွက်သွားလာမူ ဆက်ရှိနေဆဲ

Posted: 10 Nov 2013 08:48 PM PST

ဘင်္ဂလာဒေခ်ျ့  နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီမှ မြန်မာနှင့် ဆက်စပ်နေသော နယ်စပ်ကို ပိတ်မည်ဟု သူ့နိုင်ငံ၏ ပါလီမန်တွင် လွန်ခဲ့သော ကြာသပတေးနေ့က ထုတ်ဖေါ် ပြောဆိုသော်လည်း နယ်စပ်တွင် တရားမ၀င် ၀င်ထွက်သွားလာမူများ ဆက်လက် ရှိနေဆဲဟု သိရသည်။ “ ပိတ်တာကို မတွေ့ရသေးဘူး။ ဟိုဘက် ဒီဘက် လှေတွေနဲ့ နတ်မြစ်ကို ဖြတ်ကူးပီး သွားလာနေကြတုန်း ဖြစ်ပါတယ်” ဟု မြစ်နားရွာ ဒေသခံ တစ်ဦးက ဆိုသည်။ ---

သိမ်းဆည်းမြေ ပြန်ရရေး ထားဝယ်လယ်သမားများ ဆန္ဒပြ

Posted: 10 Nov 2013 08:38 PM PST

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းရှိ မတရားသိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဒေသခံလယ်သမားတွေ ဒီနေ့မနက် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြ လယ်သမားတွေဟာ တပ်သိမ်းလယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ မတရားသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ မှတ်ပုံတင်ခွင့် ရရှိရေး၊ သိမ်းဆည်းမြေတွေပေါ် အဆောက်အအုံ ဆောက်လုပ်နေမှုတွေ ချက်ချင်း ရပ်ပေးရေး၊ တပ်သိမ်းမြေ ပြန်လည်ရရှိရေး စတဲ့အချက်တွေကို ကြွေးကြော်ပြီး ချီတက် ဆန္ဒပြခဲ့ပါတယ်။

လယ်သမား ၁၀၀ ပါဝင်တဲ့ ဒီဆန္ဒပြပွဲကို ဒီနေ့မနက်ပိုင်း ကမြောကင်းလမ်းဆုံကနေ မြို့တပတ် လမ်းလျှောက် ဆန္ဒဖော်ထုတ်တာဖြစ်ပြီး မြို့လူထုတွေကလည်း ထောင်ချီပြီး လိုက်ပါကြည့်ရှုခဲ့ပါတယ်။

by ဒီဗွီဘီ

မြန်မာကျောင်းသားပါသည့် ကားတိမ်းမှောက်

Posted: 10 Nov 2013 08:30 PM PST

ထိုင်းနိင်ငံ တောင်ပိုင်း ဖူးကတ်မြို့အနီးရှိ အပန်းဖြေ ကျွန်းကို ခရီးထွက်သည့် မြန်မာကျောင်းသားများ
လိုက်ပါလာသော ကားတစ်စီး တိမ်း မှောက်မှုကြောင့် ကျောင်းသူ ၅ယောက်အပါအ၀င် ၃၄ယောက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု ထိုင်းအခြေစိုက် သတင်းထောက်က သတင်းပေးပို့ထားသည်။ မြန်မာကျောင်းသူကျောင်းသားတွေအပါအ၀င် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိ Asian Institute Of Technology ကျောင်းတွင် ပညာသင် ကြားနေကြသူများ လိုက်ပါလာသည့် ကားတစ်စီး ထိုင်းနိုင်ငံ ဖူးကတ်မြို့အနီးက အပန်းဖြေကျွန်းကို ခရီးထွက်စဉ် နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၂ နာရီ အချိန်က တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ---

ဆင်တက်မော် စခန်းက ဒုက္ခသည် ၄၀၀၀ ကျော်ကို ငှက်ချောင်းသို့ ရွှေ့

Posted: 10 Nov 2013 08:01 PM PST

ပြဿနာတွေ ဖြစ်ပွားပြီး လူသေမူတွေ ရှိခဲ့တဲ့ ပေါက်တောမြို့နယ် ဆင်တက်မော် စခန်းက ဒုက္ခသည်တွေကို စနေနေ့က စပြီး သူတို့ ယခင်နေထိုင်ရာ ငှက်ချောင်း ဒုက္ခသည် စခန်းကို ရွှေ့ပြောင်း ပေးနေရာမှာ ဒီကနေ့ နံနက် အချိန်ထိ လူပေါင်း ၄၀၀၀ ကျော်ကို ပြောင်းရွှေ့ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ စနေနေ့ ညနေ ၃ နာရီခန့်က စက်လှေ (၁၆) စီးနဲ့ အတူ ရဲတွေ အစောင့်အရှောက်ယူပြီး လိုက်လံ ပို့ဆောင်ရာမှာ ကျား (၃၅၀) နဲ့ မ ( ၃၆၀) ကို စတင်ပို့ဆောင်နိုင်ခဲ့တယ်လို့ ဒေသအတွင်းက အရာရှိ တစ်ဦးက ပြောပါတယ်။---

တောင်ကြီးမီးပုံးပျံပွဲတော် ယခင်နှစ်ထက် လုံခြုံရေးရဲအင်အား နှစ်ဆအထိ တိုးမြှင့်ချထား

Posted: 10 Nov 2013 07:56 PM PST

နိုဝင်ဘာ ၁၀ ရက်က ညနေခြောက်နာရီခန့်က စတင်ဖွင့်လှစ်ခဲ့သော တောင်ကြီး မီးပုံးပျံပွဲတော်တွင် လုံခြုံရေးအင်အားကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်ထားသည်ဟု တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ဆပ်ကော်မတီဝင် အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ထူးက မဇ္ဈိမကို ပြောသည်။ “ကျွန်တော်တို့အနေနဲ့ လုံခြုံရေးအတွက် ရဲတပ်အင်အားကို ယခင်နှစ်အင်အားထက် နှစ်ဆချထားပါ တယ်။ သည်နှစ်မှာ ရဲတပ်သားအင်အား ၁,၀၀၀ ၀န်းကျင် ချထားပါတယ်၊ လုံခြုံရေးအတွက်လည်း ပွဲမစခင် ၁၀ ရက်လောက် ကြိုတင် ပြင်ဆင်ထားတယ်”ဟု မဇ္ဈိမကို ပြောသည်။---
တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲကို နိုဝင်ဘာလ ၁၀ရက် ညနေခြောက်နာရီက ဖွင့်ပွဲကို တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာ မီးပုံပျံကွင်းတွင် ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ) မီးပုံးပျံပွဲတော်တွင် လုံခြုံရေးအင်အားကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်ကာ ရဲတပ်သားအင်အား ၁၀၀၀ဝန်းကျင် ချထားသည်ဟု တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ဆပ်ကော်မတီ ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး မြင့်ထူးက ပြောသည်။

ငပလီကမ်းခြေဒေသကို ငပလီမြို့အဖြစ် သတ်မှတ်မည်

Posted: 10 Nov 2013 07:47 PM PST

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေဒေသရှိ ကျေးရွာအုပ်စုလေးခုကို ပေါင်း၍ ငပလီမြို့အဖြစ် ပြောင်းလဲ သတ်မှတ်မည်ဖြစ်ကြောင်း သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက နိုဝင်ဘာ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။ ယင်းသို့ သတ်မှတ်ရခြင်းမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဖြစ်ကာ ယင်းကမ်းခြေဒေသကို ငပလီမြို့အဖြစ် ပြောင်းလဲသတ်မှတ်ရန် ပြီးခဲ့သည့် အောက်တိုဘာလဆန်းက သမ္မတ၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ညွှန်ကြားထားခြင်းဖြစ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များက စတင် အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။---
မြန်မာနိုင်ငံ၏ အထင်ကရကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေအလှကို တွေ့ရစဉ်

အပယ်ခံ မြန်မာ့လွတ်လပ်ရေး မော်ကွန်းဝင်

Posted: 10 Nov 2013 07:32 PM PST

ဒီကနေ့ ဟာ ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံး သွားတဲ့ နေ့ အထိမ်းအမှတ် နေ့ အဖြစ် ကမ္ဘာတဝန်း ရှိ ဓနသဟာရ အဖွဲ့ဝင် နိုင်ငံတွေ မှာရော၊ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေ မှာပါ၊ စစ်ဖက် ဆိုင်ရာ တာဝန် ထမ်းဆောင်ယင်း ကျဆုံးသွားတဲ့ စစ်သည် ရဲဘော်တွေ အတွက် အမှတ်တရ နေ့ အဖြစ်၊ အလေးပြုတဲ့ အခန်းအနားတွေ၊ ဆုတောင်းဝတ်ပြုပွဲ တွေ ကျင်းပ ကြပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံမှာတော့ မြန်မာ့ မြေပုံ ကို ကမ္ဘာ က အသိအမှတ် ပြုရလေအောင်၊ လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်ဟောင်း မော်ကွန်းဝင် သခင်လှကြိုင် အသက် ၉၃ နှစ် ဟာ ပဲခူးမြို့ တံတားထက် တောင်းရမ်း စားသောက်နေရတဲ့ ဘဝ ရောက်နေရတာ ဟာ ရင်နာစရာ၊ ရှက်စရာ၊ ဝမ်းနည်းစရာ ကောင်းတဲ့ အကြောင်း ဒိန်းမတ်နိုင်ငံ ဘွန်ဟွန် ပြည်နယ် မှ မွန်တိုင်းရင်းသား မင်းသိန်းဦး က ဘီဘီစီ ကို ပြောပါတယ်။ ---
အပယ်ခံဘဝထဲက လွတ်လပ်ရေး သူရဲကောင်း ဦးလှကြိုင်

အရက်မူးနေသည့် ရဲတပ်သားတစ်ဦးနှင့် ပေါင်းသင်းပြီး ရဲတပ်ဖွဲ့ ၀တ်စုံများအား ၀တ်ဆင်ထားသူကို အရေးယူ

Posted: 10 Nov 2013 02:54 PM PST

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ထောက်ကြံ့ကျေးရွာ၌ ကပြဖျော်ဖြေလျက်ရှိသည့် ရွှေဝေလျှံ ဇာတ်ပွဲခင်းတွင် ရဲတပ်သားဦးသည် အရက်မူးနေပြီး ရဲတပ်ဖွဲ့ဝင်မဟုတ်သူ လူတစ်ယောက်မှလည်း ရဲဝတ်စုံများ ၀တ်ဆင်ထားလျက်ရှိကြောင်း ထောက်ကြံ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းမှ သက်ဆိုင်ရာသို့ အတည်ပြုပြောကြားသည်။ အဆိုပါ ပွဲဈေးခင်း၌ အရက်မူးနေသည့် ရဲတပ်သားမှာ ဇော်မိုးဆိုသူဖြစ်ကြောင်း သွားရောက်စစ်ဆေးခဲ့သည့် ရဲအုပ် ၀င်းထွဋ် ရှိန်နှင့် အဖွဲ့မှ ဆိုသည်။ ---

မြိတ်မြို့ လုံခြုံရေးအတွက် ရဲဝန်ထမ်းတစ်ဦးမှ ၀တ္တရားနှောင့်ယှက် ပြဿနာရှာ

Posted: 10 Nov 2013 02:30 PM PST

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် လုံခြုံရေးစီမံချက်အရ ညပိုင်းအချိန် သွားလာသူများအား လမ်းများ ပိတ်ဆို့ စစ်ဆေးခြင်းကို ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ နယ်မြေအလိုက် ခွဲခြားပြီး နေ့စဉ်နီးပါး ပြုလုပ်ဆောင်ရွက်လျှက် ရှိသည်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်၊ ည (၁၀း၃၀)အချိန်ခန့် ကန်ဖျားနယ်မြေ၊ ပိတောက်ပင်လမ်းဆုံ၌ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေစဉ် အမျိုးသမီးတစ်ဦး တင်ဆောင်မောင်းနှင်လာသော ဆိုင်ကယ်တစ်စီး ပိတ်ဆို့စစ်ဆေးရာသို့ ဖြတ်သန်းရောက်ရှိလာသဖြင့် လုံခြုံရေးစီမံချက်အရ စစ်ဆေးမှုပြုလုပ်ခံရန် ပြောဆိုသည့်အခါ ဆိုင်ကယ်မောင်းနှင်လာသူမှ အစစ်ဆေး မခံနိုင်ကြောင်း ငြင်းဆန်ပြောဆိုပြီး ----

ဓမ္မစေတီခေါင်းလောင်း တကယ်ရှိ မရှိအပေါ် ရန်ကုန်မှာ အငြင်းပွားကြပြီ (ရုပ်/သံ)

Posted: 10 Nov 2013 02:23 PM PST

ပဲခူးမြစ်နဲ့ ရန်ကုန်မြစ်အကြား ရေအောက်မှာ ပျောက်ဆုံးနေတယ်လို့ ယုံကြည်ယူဆနေတဲ့ ဓမ္မစေတီခေါင်းလောင်းနဲ့ပတ်သက်ပြီး စာတမ်းဖတ်ပွဲမှာ ဓမ္မစေတီခေါင်းလောင်း တကယ်ရှိ မရှိဆိုတဲ့နဲ့ပတ်သက်ပြီး နိုဝင်ဘာ ၉ရက်နေ့က ရန်ကုန်မြို့မှာ အခြေအတင် အငြင်းပွားခဲ့ကြပါတယ်။

မီတာခတွေ ရုတ်တရက် မြင့်တက်ခဲ့မှု ပြည်သူကို တောင်းပန်ဟု လျှပ်စစ်ဝန်ကြီးပြော (ရုပ်/သံ)

Posted: 10 Nov 2013 02:19 PM PST

လျှပ်စစ်ဓာတ်အား သုံးစွဲခတွေ ရုတ်တရက် မြင့်တက်လိုက်တဲ့အပေါ် ရန်ကုန်နဲ့ မန္တလေးမှာ ၃ရက်ကြာ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ထွက်လာ အပြီးမှာတော့ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ပြည်သူကို တောင်းပန်တယ်လို့ နိုဝင်ဘာ ၁ဝရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

Thit Htoo Lwin

unread,
Nov 12, 2013, 10:13:06 AM11/12/13
to thuau...@gmail.com

ဝန်ကြီးတွေ များနေတာကို လွှတ်တော်မှာ ဝေဖန်

Posted: 12 Nov 2013 03:43 AM PST

လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန ၃၆ ခု၊ ၀န်ကြီး ၃၆ ယောက်၊ ဒုဝန်ကြီး အယောက် ၆၀ စုစုပေါင်း ၉၆ ယောက်ရှိနေတာဟာ များနေတယ်၊ တချို့ ၀န်ကြီးဌာနတွေ မလိုအပ်ဘူးလို့ နိုဝင်ဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မွန်ပြည်နယ်က အမတ် ဒေါက်တာဗညားအောင်မိုးက ဝေဖန်ပါတယ်။ ---

အရံရွှေ ၇ တန်ကျော်နဲ့ နိုင်ငံခြားငွေ ဒေါ်လာ ၈ ဘီလီယံကျော် ရှိ

Posted: 12 Nov 2013 03:41 AM PST

အောက်တိုဘာ ၂၉ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံအနေနဲ့ အရံရွှေ ပမာဏ ၇ ဒဿမ ၁၅၃၉ တန်နဲ့ နိုင်ငံခြားအရံငွေ ပမာဏ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၁၃ ဘီလီယံ ရှိတယ်လို့ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုပါတယ်။ ရွှေစင်တွေကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ သိမ်းဆည်းထားပြီး နိုင်ငံခြားငွေတွေ ကိုတော့ ဗဟိုဘဏ်နဲ့ ပြည်တွင်းဘဏ်တွေမှာ ငွေသားအနေနဲ့ သော်လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်တွေမှာ ဘဏ်အကောင့်တွေအနေနဲ့ လည်းကောင်း ထားရှိတယ်လို့ သူက ရှင်းပြပါတယ်။ ---

ပါတီရုံးဖွင့်စဉ် မတော်တဆမှုကြောင့် လက်နှစ်ဖက်ပြတ်သွားသူအား ဒေါ်အောင်ဆန်းကြည်၏ အကူအညီတောင်းခံမှုဖြင့် ဂျာမနီကူညီ

Posted: 12 Nov 2013 03:38 AM PST

ပါတီရုံးဖွင့်ရာတွင် မတော်တဆဖြစ်စဉ်ကြောင့် လက်နှစ်ဖက်ဆုံးရှုံးသွားသော ပါတီဝင်တစ်ဦးအား ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီတောင်းခံမှုကြောင့် ဂျာမနီအစိုးရက လက်နှက်ဖက် အစားထိုးပြန်လည်တပ်ဆင်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း အင်းစိန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးရုံးဖွင့်လှစ်ရန်အတွက် ပါတီအလံ တက်ရောက်တပ်ဆင်ရာတွင် အနီးရှိ ဗို့အား ၃၃၀၀ ခန့်ရှိ လျှပ်စစ်ဝိုင်ယာကြိုးဖြင့် ငြိမိကာ အင်းစိန်မြို့နယ် ကမ်းနားလယ်ရပ်ကွက် ရပ်ကျေးအသင်း အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးဇင်မင်းဦးသည် လက်နှစ်ဖက်စလုံး တံတောင်ဆစ်နေရာမှ ပြတ်တောက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ---
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၁၀ ရက်က ပြန်လည်ရောက်ရှိလာစဉ် ဓာတ်ပုံ-နစ်ကီ 7DAY DAILY

အသက်(၇၀)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးအကူအညီထောက်ပံ့မည်

Posted: 12 Nov 2013 03:37 AM PST

အသက် (၇၀) နှစ် အထက် သက်ကြီးရွယ်အိုများအား လူမှုရေးအကူအညီ အထောက်အပံ့ပေးရန်အတွက် အမျိုးသားစီမံကိန်းဥပဒေ(မူကြမ်း)တွင် ထည့်သွင်းရေးဆွဲထားကြောင်း သတင်းရရှိသည်။ ထိုကဲ့သို့ ထည့်သွင်းရေးဆွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်က နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်၌ပြောကြားသည်။ ---
ဘ၀နေ၀င်ချိန်တွင် ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းနေရသည့် အဘိုးအိုတစ်ဦး ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 7DAY DAILY

မီတာခ တိုးကောက်မယ့် အစီအစဉ်ကို ဆိုင်းငံ့

Posted: 12 Nov 2013 03:29 AM PST

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လျှပ်စစ်ဝန်ကြီးဌာနက တင်ပြလာတဲ့ မီတာခ တိုးကောက်မယ့် အစီအစဉ်ကို ပယ်ချလိုက်ပြီး လာမယ့် ဘဏ္ဍာရေးနှစ်ကျမှ အသစ် ပြန်လည် တင်ပြဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆုံးဖြတ်လိုက်ပါတယ်။ ဒါကို လွှတ်တော်ရဲ့ အဆုံးအဖြတ် ခံယူတာတော့ မလုပ်ခဲ့ပါဘူး။ နိုဝင်ဘာ ၁၂ ရက် ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မီတာခ တက်ရတာနဲ့ ပတ်သက်ပြီး ---

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ရန်ကုန်မှာ ဆန္ဒပြ

Posted: 12 Nov 2013 03:25 AM PST

နိုဝင်ဘာ ၁၂ ရက်နေ့ မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတဲ့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မှာ ဒီနေ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားရှေ့မှာ သံဃာတော်တွေနဲ့ ရာနဲ့ချီတဲ့ လူပုဂ္ဂိုလ်တွေက အိုအိုင်စီ ကိုယ်စားလှယ်တွေရဲ့ မြန်မာပြည် ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ နေရာ ၂ နေရာ ခွဲပြီး ဆန္ဒပြ ထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ---
မြန်မာနိုင်ငံကို အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) လာရောက်လေ့လာမှာကို ကန့်ကွက်တဲ့အနေနဲ့ ဒီနေ့မနက် ၂ နာရီက သံဃာတော်များနဲ့ ပြည်သူ ၅ဝဝ ကျော်က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးကနေ ဆူးလေဘုရားအထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
photo: RFA/ Kyaw Zaw Win

အိမ်ခြံမြေဈေးကွက် အမြင့်ဈေးဖြင့် အရောင်းအ၀ယ်အေး

Posted: 12 Nov 2013 03:15 AM PST

စက်တင်ဘာလဆန်းအထိ အရောင်းအ၀ယ်ကောင်းခဲ့သည့် ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် နိုဝင်ဘာ လဆန်းတွင် အရောင်းအ၀ယ်အအေးဆုံး အခြေအနေဖြစ်နေကြောင်း အိမ်ခြံမြေလုပ်ငန်း အသိုင်းအ၀ိုင်း က ပြောသည်။ အစိုးရအသစ် တက်လာပြီးနောက်တွင် အိမ်ခြံမြေဈေးနှုန်း မတန်တဆကြီး မြင့်မှုနှင့်အတူ အရောင်း အ၀ယ်သွက်ခဲ့သော်လည်း တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ပြီးနောက်တွင် ဈေးကွက်ပိုမိုအေး လာခြင်းဖြစ်သည်ဟု ယင်းတို့က ပြောသည်။ ---

ရန်ကုန်မြို့ အတွင်း ယာဉ်မရပ်ရ နေရာများတွင် ယာဉ်များ ရပ်နားပါက အရေးယူ သွားရန်ရှိ

Posted: 12 Nov 2013 02:00 AM PST

ရန်ကုန်မြို့ အတွင်း ယာဉ်မရပ်ရ နေရာများတွင် ယာဉ်များ ရပ်နားပါက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အရေးယူ သွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာလ ၈ ရက်နေ့မှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို သတ်မှတ်ရာမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှလည်း မည်သူကမှ ကော်မတီက သတ်မှတ် ထားတဲ့ နေရာမှအပ အခြား မည်သည့် နေရာတွင်မျှ ယာဉ်ရပ်နားခြင်း မပြုရန်နှင့် အများပြည်သူ ဆိုင်ရာ လမ်းနယ်နိမိတ်များ မှလည်း ယာဉ်များ အကြောင်းမဲ့ ကြာမြင့်စွာ ရပ်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်းများ မပြုရ ဟုလည်း ပြဋ္ဌာန်း ထားတယ်လို့ သိရပါတယ်။ ---

ယာဉ်မောင်းကို ဓားဖြင့်ခုတ်သူ ယာဉ်ပေါ်မှ ပြုတ်ကျသေဆုံး

Posted: 12 Nov 2013 01:28 AM PST

သာကေတမြို့နယ် အမှတ် (၁) ထူပါရုံ ရပ်ကွက် (၁၃) လမ်းတွင် နိုဝင်ဘာလ ၈ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်က မောင်းနှင်နေသည့် မ.ထ.သ ၄၉ (အဝါ) ဒိုင်နာယာဉ် ပေါ်သို့ ယာဉ်မောင်းနှင့် ပြဿနာဖြစ်သော အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက တွယ်တက်ကာ ယာဉ်မောင်းကို ဓားရှည်ဖြင့် ခုတ်ရာ ယာဉ်ပေါ်မှပြုတ်ကျကာ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။ သာကေတမြို့နယ် (၁၀) တောင် ရပ်ကွက်တွင် နေသူ အသက် ၃၁ နှစ်အရွယ် ကိုသက်နိုင်ထွန်း မောင်းလာသော ခရီးသည်များ တင်ဆောင်လာသော ဒိုင်နာယာဉ်သည် နိုဝင်ဘာလ ၈ ရက် ည ၈ နာရီဝန်းကျင်ခန့် သာကေတ ရုပ်ရှင်ရုံဘက်သို့ ဇင်ကမာလမ်း အတိုင်း မောင်းနှင်လာစဉ် ယာဉ်ရှေ့ လမ်းလယ်ပိတ်ကာ စက်ဘီးနင်းလာသော ----

မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းတွင် မော်တော်မီးလောင် ရှစ်ဦးဒဏ်ရာရ

Posted: 12 Nov 2013 01:14 AM PST

မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းတွင် မန္တလေးမှ ထီးချိုင့်သို့ ထွက်ခွာမည့် စန္ဒာမင်းမော်တော်တွင် ဆီပေပါတင်ဆောင်ရာမှ နိုဝင်ဘာ ၁၂ရက် မွန်းလွဲ၁၂နာရီ၁၅တွင် မတော်တဆမီးလောင်ကျွမ်းမှုဖြစ်ပွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ) ယင်းသို့ မီးလောင်ခဲ့ခြင်းကြောင့် သင်္ဘောပိုင်ရှင် အပါအဝင် ရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေရသည်ဟု မန္တလေးပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်က ပြောသည်၊
မန္တလေးမြို့တွင် ဂေါ်ဝိန်ဆိပ်ကမ်း(မရမ်းခြံဆိပ်)၌ မန္တလေးမှ ထီးချိုင့်သို့ထွက်မည့် စန္ဒာမင်းမော်တော်တွင် ဆီပေပါတင်ဆောင်ရာမှ မတော်တဆမီးလောင်ကျွမ်းမှု နိုဝင်ဘာ ၁၂ရက် မွန်းလွဲ၁၂နာရီ၁၅တွင် ဖြစ်ပွားခဲ့ရာ မော်တော်ပိုင်ရှင်အပါအဝင် ရှစ်ဦး မီးလောင်ဒဏ်ရာများရရှိသောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည်ဟု အဆိုပါဆေးရုံကြီးမှ သိရသည်။

ဒဏ်ရာရရှိသူများသည် မော်တော်ပိုင်ရှင် ဒေါ်တင်ဆွေမြင့်၊ ကိုကုလား(ခ)ကျော်သူစိုး၊ စက်ကိုင် ကိုကျော်မောင်၊ ကိုမျိုး၊ ကိုချမ်းငြိမ်း၊ ကိုဂျစ်တူး၊ ကိုတင်ယုနှင့် ကိုဝဲကျော်တို့ဖြစ်ပြီး ကိုချမ်းငြိမ်းနှင့် ကိုတင်ယု မှာစိုးရိမ်ရသည်ဟု မန္တလေးပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်က ဆိုသည်၊

အဆိုပါ မီးလောင်မှုကို မွန်းလွဲ၂နာရီခွဲတွင်ငြှိမ်းသတ်နိုင်သည်။ အသေးစိတ်အချက်လက်ကိုမူ မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

Written by  အောင်ကိုဦး
Mizzima - News in Burmese

ဂျပန်နိုင်ငံ အနုပညာလောကမှာ အောင်မြင်မှု ရရှိနေတဲ့ မြန်မာ မော်ဒယ် အမျိုးသမီးတဦး ရဲ့ အကြောင်း (ရုပ်/သံ)

Posted: 12 Nov 2013 12:55 AM PST

ဂျပန်နိုင်ငံ အနုပညာ လောကမှာအောင် မြင်မှု ရရှိနေ တဲ့ မြန်မာလူမျိုး မော်ဒယ် အမျိုးသမီးတဦး ရဲ့ အကြောင်း ကိုတော့ ဦးဇော်ဇော်လှိုင် သတင်းပေးပို့ ထားပါတယ်။ DVB TV News

မန္တလေးမရမ်းခြံဆိပ်ကမ်းတွင် ကုန်တင်မော်တော်တစ်စီး ယနေ့ မီးလောင်မှုဖြစ်ပွား

Posted: 12 Nov 2013 12:41 AM PST

မန္တလေး၂၆လမ်း၊ ကမ်းနားလမ်း ထောင့်ရှိ မရမ်းခြံ ဆိပ်ကမ်းတွင့် ၊ နိုဝင်ဘာ ၁၂ ရက်နေ့လယ် ၁၂နာရီခန့်က မော်တော်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ စန္ဒာမင်းအမည်ဖြင့် သစ်သား မော်တော် အမျိုးအစားဖြစ်ပြီး ကနဦး သတင်းများအရ အထက်သို့ ဆန်တက်ရန် ဆီဖြည့်စဉ် စက်နှိုးရာမှ မီးလောင်သည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိပြီး အတိကျ မသိ ရှိရသေးပေ။ ---
မန္တလေးမရမ်းခြံဆိပ်ကမ်းတွင် ကုန်တင်မော်တော်တစ်စီး မီးလောင်

ကျောင်းများတွင် ငွေကောက်ခံခြင်း မပြုရ ပေါ်လစီ သည် ကျောင်းသား မိဘ နှင့် ဆရာများ ကို ရန်တိုက်သလိုဖြစ်နေဟု ကျောင်းအုပ်တချို့ ဝေဖန်

Posted: 12 Nov 2013 12:36 AM PST

ပညာရေး ဝန်ကြီးဌာနမှ ဆရာ ၊ ဆရာမ များ ငွေကောက်ခံခြင်း မပြုရဆိုသည့် ပေါ်လစီချမှတ် ထားခြင်းသည် မှားယွင်းနေပြီး ကျောင်းသားမိဘ နှင့် ဆရာများကို ရန်တိုက်ပေးထား သလိုဖြစ်နေကြောင်း အခြေခံ ပညာ မူလတန်းကျောင်း အုပ်တ ချို့ က ဝေဖန်ပြောဆိုလိုက်သည်။ ''ဆရာမကြီးတို့တွေကို ချ မှတ်ပေးထားတဲ့ ငွေကြေးက မလုံ လောက်ဘူး။ ပြီးတော့ ကျောင်း တွေကို တစ်ပြေးညီ ငွေကြေးချ မှတ်တာကလဲ မှားနေ တယ်။ အ မှန်က ကျောင်းတစ်ကျောင်းရဲ့တစ် နှစ်စာ ကုန်ကျစရိတ်ကို တွက်ပြီး တော့မှ ချပေးရမယ်လို့မြင်တယ်။ အခုဟာက ကျောင်းသား ၁ဝဝရှိ တဲ့ ကျောင်းဆိုလဲ သုံးသိန်း၊ တစ် ထောင်ရှိတဲ့ကျောင်းဆိုလဲ သုံး သိန်း ဆိုတော့ ဘယ်ကျောင်းက ပိုကုန်မလဲ။ ချမှတ်လိုက်တဲ့ မူ ကြောင့် ကျောင်း သား မိဘတွေ ကလဲ အဲ့ဒါနဲ့ကိုင်ပြီး တိုင်ကြတော့ မလိုလားတဲ့ပြဿနာတွေ က ဖြစ် နေရတယ်''ဟု ဗဟန်းမြို့နယ်မှ မူလတန်းကျောင်းကျောင်းအုပ် တစ်ဦးက ပြောသည်။ ----

ကျောင်းမုန့်ဈေးတန်း အစားအသောက်များ FDA စစ်ဆေးမည်

Posted: 12 Nov 2013 01:01 AM PST

အခြေခံပညာ စာသင်ကျောင်း မုန့်ဈေးတန်းများတွင် ရောင်းချနေသော အစားအသောက်များ ကျန်းမာရေး ဘေးအန္တရာယ် ကင်းဝေးရေးအတွက် သက်ဆိုင်ရာ မြို့နယ်များ၌ လာမည့် ဒီဇင်ဘာလ နှောင်းပိုင်းမှ စတင်ကာ ဈေးကွက်စစ်တမ်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က The Voice သို့ ပြောကြားသည်။ ---

မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂမှသင်တန်းပေးမည်

Posted: 12 Nov 2013 12:21 AM PST

မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့အား ဥရောပသမဂ္ဂမှ ပြည်သူပူးပေါင်းပါဝင်သော ရဲ လုပ်ငန်းစနစ်(Community Policing) သင်တန်း ပို့ချပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့ရေးစု-၃မှ ရဲမှူးကြီးသက်လွင်က ပြောသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူတန်းစား အလွှာပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်လျက်ရှိ ခြင်းနှင့်အတူ ဘာသာရေးအဆောက်အအုံများ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများစွာရှိခြင်းတို့ ကြောင့် ယင်းမြို့နယ်ရဲတပ်ဖွဲ့အား သင်တန်းပို့ချ ပေးရန် ရွေးချယ်ရခြင်းဖြစ်ကြောင်း သိရသည်။ ---

ခုနှစ်နှစ်ကလေးကို လူသတ်အလောင်းဖျောက်ခဲ့ဟု ၁၄ နှစ် ကလေးငယ်က ဖြောင့်ချက်ပေး

Posted: 12 Nov 2013 12:17 AM PST

မြောင်းမြ မြို့တွင် အသက်  ခုနစ်နှစ်အရွယ် ကလေးတစ်ဦးကို အသက် ၁၄ နှစ်အရွယ်ရှိ ကလေးတစ်ဦးမှ လူသတ်၍ အလောင်းဖျောက်ခဲ့ မှုကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့ ပြီဖြစ်ကြောင်း မြောင်းမြမြို့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ သို့ပြောသည်။ နိုဝင်ဘာ ၅ရက်က မြောင်း မြမြို့ အမှတ်(၆)ရပ်ကွက် အောင်မင်္ဂလာ(-)လမ်းနေ မ-----လှိုင် အသက်ခုနစ်နှစ်သည် နေအိမ် အတွင်း ဆော့ကစားနေစဉ်တွင် ရုတ်တ ရက်ပျောက်ဆုံးသွားကြောင်း ဖခင်ဖြစ်သူ ဦးရဲနိုင်ဦးမှ မြောင်း မြရဲစခန်းသို့ လာရောက် တိုင်ကြား ပြီးနောက် သုံးရက်အကြာတွင် ကျောက်အိုင်ရွာအနီး မြောင်းမြ မြစ်ကမ်းတွင် အဆိုပါကလေး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက် သံသယရှိသူများကိုစစ် ဆေးရာမှ တရားခံဟုဆိုသူက ဝန်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ---

ဆလုံလူမျိုးများကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေး

Posted: 11 Nov 2013 11:58 PM PST

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကျွန်းစုများပေါ်တွင် နေထိုင်သော ဆလုံ လူမျိုးများကို နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနေကြောင်း တနင်္သာရီတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရန် ၄င်းတို့နေထိုင်သည့် ကျွန်းစုများအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လုပ်ဆောင် ပေးခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ "လောလောဆယ် ရာသီဥတု မကောင်းလို့ ခဏနားထားတယ်" ဟု ၄င်းကဆိုသည်။ ---

နိုင်ငံခြားသင်္ဘောများ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းခွင့် ဧပြီလ ၁ ရက် ရပ်ဆိုင်းမည်

Posted: 11 Nov 2013 11:55 PM PST

နိုင်ငံခြား ငါးဖမ်းသင်္ဘောများကို ငါးဖမ်းဆီးခွင့် ပြုထားသည့် မြန်မာ့ပင်လယ် ငါးဖမ်းလုပ်ငန်းရေပြင် (မြန်မာ့ရေပိုင်နက် သီးသန့်စီးပွားရေးဇုန်မျဉ်း၏ အပြင်ဘက်) တွင် နိုင်ငံခြား သင်္ဘောများ၏ ပင်လယ်ပြင် ငါးဖမ်းဆီးခွင့် (Fishing Right) ကို လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၉ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။ ---

ရန်ကုန်တွင် တစ်နေ့ယာဉ်တိုက်မှု ခုနစ်မှုဖြစ်၊ တစ်နေ့တစ်ဦးနှုန်းသေဆုံး

Posted: 11 Nov 2013 11:34 PM PST

ရန်ကုန်တိုင်းတွင် ယခုနှစ်အတွင်း တစ်လလျှင် ယာဉ်တိုက်မှု ၂၃၀ ကျော်ရှိပြီး သေဆုံးသူလစဉ် ၃၀ ဦးခန့် ရှိသည်ဟု အမှတ် (၂ ) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက နိုဝင်ဘာ ၁၁ ရက်တွင်မဇ္ဈိမ သို့ပြောသည်။ ၂၀၁၃ ခုနှစ်ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ရန်ကုန်တိုင်းတွင် ယာဉ်တိုက် မှုပေါင်း ၂၃၀၀ ကျော်ဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုများအတွင် သေဆုံးသူ ၃၀၀ ကျော်နှင့် ဒဏ်ရာရသူ ၃,၅၀၀ နီးပါးရှိခဲ့ရာ “ပျမ်းမျှတစ်လကို ယာဉ်တိုက်မှု ၂၃၀ ကျော်ဖြစ်ပွားတယ်” ဟု ရဲအုပ်ဇော်မျိုးထွန်းက ပြောသည်။ ---

ကြေးစားလူသတ်မှုများနှင့် အမှုအခင်းကြီးများကို ကျူးလွန်သူများမှာ ထောင်မှလွတ်မြောက်လာသူများ အဓိကပါဝင်နေ

Posted: 11 Nov 2013 11:27 PM PST

သတ်ခြင်းများနှင့် အခြားသော အမှုအခင်းကြီးများအား ကျူးလွန်ကြသူများမှာ ထောင်မှလွတ်မြောက်လာသူများ အများ ဆုံးပါဝင်နေကြောင်း မှုခင်းမှတ်တမ်းများအရ တွေ့ရှိရသည်။ ယင်းသို့သော အကြောင်းအရင်းမှာ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ လုံခြုံရေး အားနည်းခြင်းနှင့် ပြစ်မှုကျူး လွန်သူတို့၏ စာရိတ္တပြုပြင်ပေးရေး၊ နောင်အလားတူ ပြစ်မှုမျိုး ထပ်မံကျူးလွန်မှု မရှိစေရန် ပြုပြင်ပေးရ သော အကျဉ်းထောင်များ၏ အားနည်းချက်များကြောင့် ဖြစ်ပေသည်။ ---

ဖိလစ်ပိုင်မှာ အရေးပေါ်အခြေအနေ ကြေညာ

Posted: 11 Nov 2013 06:12 PM PST

တိုင်ဖွန်း မုန်တိုင်း ဟိုင်ယန် ဝင်ရောက် တိုက်ခတ် သွားခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပိုမို ထိရောက် မြန်ဆန် နိုင်ဖို့ အတွက် လိုအပ်နေပြီ ဖြစ်ပါတယ်။ သမ္မတ ဘန်နီနို အာကွီနိုကလည်း အရေးပေါ် အခြေအနေကြေညာ ထားပါတယ်။ သူ့ရဲ့ ကြေညာချက်ထဲမှာဆိုရင် လေတီနဲ့ ဆမာ ဒေသတွေမှာ အသေအပျောက်နဲ့ အပျက်အစီး အများဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီ ဒေသတွေက ဒုက္ခသည် ထောင်ပေါင်းများစွာမှာလည်း အရေးပေါ် အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်။ ---
သမ္မတကိုယ်တိုင် ကယ်ဆယ်ရေးလုပ်

ရခိုင်ပြည်သွားမယ့် OIC အဖွဲ့ကို ဒီကနေ့ ဆန္ဒပြမယ်

Posted: 11 Nov 2013 06:04 PM PST

Organization of Islamic Cooperation အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က မကြာခင်ရက်ပိုင်းမှာ မြန်မာနိုင်ငံကိုလာရောက်ပြီး ရခိုင်ပြည်နယ်နဲ့ ပဋိပက္ခဖြစ်ပွားခဲ့ရာနေရာတွေ သွားရောက်ကြမှာကို နိုဝင်ဘာ ၁၂ရက်နေ့ ဒီကနေ့ ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို အခုတပတ်အတွင်းမှာလာ ရောက်ဖို့ရှိနေတဲ့ OIC ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဖြေရှင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှု အခြေ အနေတွေကိုသိရှိနိုင်အောင် စီစဉ်ပေးနိုင်ဖို့ အတွက်သာ လာရောက်တာဖြစ်ပြီး OIC ရုံးခန်းဖွင့်လှစ်ရေးနဲ့ ပတ်သက်ခြင်းမရှိဘူးလို့ သမ္မတရုံးပြန်ကြားရေးဝန်ကြီး ဦရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မနေ့ညနေပိုင်းက ဖော်ပြထားပါတယ်။ ---

Haiyan မုန်တိုင်း ဝင်ခဲ့တဲ့ ဖိလိပိုင်နိုင်ငံမှာ နောက်ထပ် မုန်တိုင်းဝင်ဖို့ရှိ

Posted: 11 Nov 2013 06:01 PM PST

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ၀င်မွှေခဲ့တဲ့ ဟိုင်ယမ် မုန်တိုင်းကြောင့် လူပေါင်း ၁ သောင်းကျော်သေဆုံးခဲ့ရသလို လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းမှာ နောက်ထပ် မုန်တိုင်း တခု ဒီကနေ့ နှောင်းပိုင်းမှာ ၀င်ရောက်ဖို့ ရှိတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။ ---

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပုဂ္ဂိုလ်ရေး အမုန်းပွားမှုမရှိဟု NLDမှ ရှေ့နေဦးကိုနီ ပြော

Posted: 11 Nov 2013 02:37 PM PST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲများတွင် ယခင် တပ်မတော် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးများ၏ ဆိုးကွက်များအား ထည့်သွင်းပြောဆို နေသော်လည်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပုဂ္ဂိုလ်ရေးအရ အမုန်းပွားမှု မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် တရားလွှတ် တော်ရှေ့နေ ဦးကိုနီက ပြောသည်။ ---

တောင်ကြီး ၂ဝ၁၃ တန်ဆောင်တိုင်မီးထွန်းပွဲ (ရုပ်/သံ)

Posted: 11 Nov 2013 01:41 PM PST

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၂ဝ၁၃ ခုနှစ်အတွက် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ(၁၀) ရက် မနေ့ကစပြီး ကျင်းပနေပါပြီ။ အပြည့်အစုံကို RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
Reply all
Reply to author
Forward
0 new messages