သျှမ်းသံတော်ဆင့်

254 views
Skip to first unread message

သျှမ်းသံတော်ဆင့်

unread,
Jul 14, 2015, 4:50:36 PM7/14/15
to thuau...@gmail.com

သျှမ်းသံတော်ဆင့်


ပြင်ပဆောင်းပါးရှင် စစ်မင်း သိစေရန်

Posted: 14 Jul 2015 08:44 AM PDT

သို့-

သျှမ်းသံတော်ဆင့်သတင်းဌာနမှတဆင့်

ပြင်ပဆောင်းပါးရှင် စစ်မင်း သိစေရန်

ဂျွန်လ ၂၄ ရက်နေ့က သျှမ်းသံတော်ဆင့်သတင်းဌာနမှာ တင်ပြသွားတဲ့ ပြင်ပဆောင်းပါးရှင် စစ်မင်းရဲ့ - သျှမ်း လူထုက မည်သည့်သျှမ်းပါတီကိုမဲပေးမည်နည်း - ဆိုတဲ့ဆောင်းပါးမှာ ကျမ နန်းဝါနု အမည်ပါ ထည့်သွင်းရေး ထားတဲ့  မမှန်ကန်တဲ့အချက်အလက်နဲ့ပတ်သက်ပြီး  ပြန်လည်ဖြေရှင်းလိုပါတယ်။

ပြောရမယ်ဆိုရင် ဒါကတော့ စာပေရေးသားသူရဲ့အာဘော်ဖြစ်ပါတယ်။ သူရေးသားထားတာက ကျားဖြူက ဘယ်လိုအနေအထားရှိတယ် ကျားခေါင်းကဘယ်လိုအနေအထားရှိတယ်။ အခုနောက်ပိုင်းထပ်ပေါ်လာတဲ့ အရှေ့ပိုင်းက ပါတီက ဘယ်လိုအနေအထားရှိပါတယ် ဆိုပြီးတော့ သူက သုံးသပ်ထားတာပေါ့နော်။

ဒါမယ့် သူသုံးသပ်ထားတာက သတင်းထောက်တဦး သတင်းသမားတဦးရဲ့သုံးသပ်ပုံသုံးသပ်နည်း က သုံးသပ် ရမယ်ဆိုရင် နဲနဲ ဘက်လိုက်တဲ့အနေအထားရှိတယ်ပေါ့နော်။ နောက်ပြီးတော့  အဲဒီဆောင်းပါးနဲ့မှာ ခိုင်မာမှုမရှိ ဘဲရေး ထားတယ်။ ဥပမာ ဒီရဲ့ စစ်မှုမထမ်းမနေရဥပဒေက ကျားဖြူရဲ့ကိုယ်စားလှယ် နန်းဝါနုက လွှတ်တော်မှာ တင်ပါတယ်။ လွှတ်တော်မှာ ထောက်ခံဆွေးနွေးတယ် အဲလိုမျိုးရေးထားတယ်။ သတင်းခိုင်မာမှုကိုသူက မလိုက်ဘူးဆိုတဲ့ ပုံစံလေးဖြစ်နေတယ်ပေါ့နော်။ လွှတ်တော်ကိုလည်း မလေ့လာဘူး လွှတ်တော်ရဲ့သဘော သဘာဝကိုလည်းမလေ့လာဘူး ကာယကံရှင်ကိုလည်း မမေးဘူးဆိုတဲ့အနေအထား ဖြစ်နေတယ်။ ကျမတို့ရဲ့ ပြည်သူ့လွှတ်တော်မှာဘဲဖြစ်ဖြစ် ပြည်ထောင်စုလွှတ်တော်မှာဘဲဖြစ်ဖြစ် စစ်မှုမထမ်းမနေရဥပဒေကို အဆိုတင် သွင်းပြီးတော့ ဆွေးနွေးတယ်ဆိုတာ လုံးဝ မရှိခဲ့ဖူးဘူး။ ကျမတို့ပြည်သူ့လွှတ်တော်မှာလည်း အဆိုတင်သွင်းပြီး တော့ ဆွေးနွေးခဲ့တာတွေလဲ မရှိခဲ့ဖူးဘူး။ အဲတာကို စစ်မှုမထမ်းမနေရ ဥပဒေကို ကျမက ထောက်ခံဆွေးနွေး ခဲ့တယ်ဆိုတော့ ကျမက တော်တော်လေးကိုအံ့သြမိတယ်ပေါ့နော်။  လွှတ်တော်ချယ်နယ် လေးတောင်မှမကြည့် ဘူးလားဆိုတဲ့ အနေအထားလေးပေါ့။

အဲဒီမှာ ကျားခေါင်းကိုပြောင်းသွားတဲ့ စိုင်းသီဟကျော်တောင်မှ ကျမကိုလာပြောသေးတယ်။ အဲဒီ စစ်မင်း မရေး ခင်တုန်းက ရှမ်းနယူးတို့ စိုင်းဒဲ့ဒိုး တို့ကရေးတယ်။ လွှတ်တော်မှာ စစ်မှုမထမ်းမနေရ ဥပဒေတင်တယ် လို့ရေး တယ်တဲ့။  ရှမ်းနယူးတို့ဘာတို့ဆိုတာကတော့ တကယ့်သတင်းအခိုင်အမာ အချက်အလက်နဲ့ရေးတဲ့ ဌာနလည်း မဟုတ်ဘူးပေါ့နော်။ ဒီလိုမျိုး သျှမ်းသံတော်ဆင့်တို့၊ ပင်လုံတို့ ၊ ဖူတွယ်ဟောက်တို့ အဲလိုမျိုး နာမည်အခိုင် အမာရှိပြီးသား ယုံကြည်မှုရှိပြီးသားအဖွဲ့မဟုတ်ဘူးပေါ့နော်။ ရှမ်းနယူးတို့ဘာတို့ဆိုတာက ၀ါဒဖြန့်ချီရေးပိုင်း အနေနဲ့ရေးတာလေ။ ဟိုသတင်းတွေမှာရေးတာက ကျမတို့က ဘာမှမပြောလိုဘူး။ အခုလို သျှမ်းသံတော်ဆင့် ကနေ တင်လာတယ်ဆိုတော့ ပြည်သူလူထုက သတင်းခိုင်မာမှုရှိတယ်လို့ထင်သွားမှာပေါ့။ နာမည်ကြီးတဲ့ သတင်းတိုက်ကနေ ဒီလိုမျိုးထွက်လာတယ်ဆိုတာ မဖြစ်သင့်ဘူးပေါ့နော်။

တကယ်တမ်းလွှတ်တော်မှာ အဆိုတင်သွင်းပြီးတော့မှ ဆွေးနွေးခဲ့တာတွေ မရှိခဲ့ပါဘူး။ လွှတ်တော်မှာ မဆွေးနွေးခဲ့ရဘဲနဲ့ ဆွေးနွေးသွားတယ်လို့ ရေးသွားတဲ့အတွက် သူ့အတွက်လည်းမကောင်းဘူး။ တကယ်တမ်း အပြောခံရတဲ့လူအတွက်လည်းမကောင်းဘူးပေါ့နော်။ ဒီဥစ္စာကိုသူရေးချင်တယ်ဆိုရင် အရင်ဆုံး ကာယကံရှင် ကိုသူက ဖုန်းဆက်ပြီးတော့မေးကြည့်သင့်တာပေါ့။ ကာယကံရှင်ကတော့ ဟုတ်တယ်ဆိုရင် ဟုတ်တယ် ပြောမှာ ဘဲ မဟုတ်ဘူးဆိုရင်လည်းမဟုတ်ဘူးပြောမှာဘဲ။

သို့မဟုတ် တခြားသောလွှတ်တော်ကိုယ်စားလှယ်တွေကို သူက မေးလည်း ရပါတယ်။ "နန်းဝါနုက စစ်မှုမထမ်း မနေရ ဥပဒေကို တကယ်တင်သွင်းတာဟုတ်ပါသလား။ ထောက်ခံတာဟုတ်ပါသလား။ " လို့မေးရင် တခြား ကိုယ်စားလှယ်တွေကလည်းဖြေမှာဘဲပေါ့နော်။ အဲ့မှာ စိုင်းသီဟကျော် ကျမကိုမေးတော့ ကျမက - " ဟား တခုမှမသိဘူးလို့။ တင်လည်းမတင်ရဘူး။ ဘယ်လိုလုပ်ပြီး သတင်းထဲရောက်သွားသလဲ " လို့မေးတော့ သူက "မဟုတ်ဘူးတဲ့ အဲ့ချိန်မှာ ရှမ်းနယူးမှာရေးထားတာ ။ အကျိုးအကြောင်းမသိဘဲနဲ့ သူတို့က ရေးလိုက်တာတဲ့။ ၀ါဒဖြန့်ချီရေးအနေနဲ့ရေးလိုက်တာ "- တဲ့သူကကျမကိုအဲ့ချိန်တုန်းကပြောလိုက်တာ။

အဲ့တုန်းက ကျမလည်း စိတ်မဝင်စားခဲ့ဘူး ဂရုမစိုက်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က သျှမ်းသံတော်ဆင့် လိုမျိုး သက်ကြီးဝါကြီး နာမည်ကြီးတဲ့သတင်းဌာနမဟုတ်လို့ပါ။ အဲတာကြောင့် သူတို့က စာနယ်ဇင်း ကျင့်ဝတ် တို့ သတင်းသမားကျင့်ဝတ်တို့ အဲဒီအပိုင်းတွေကိုသိမှာမဟုတ်ဘူး နားလည်မှာမဟုတ်ဘူးလို့ မှတ်ယူထားလို့ပါ။

ဒါကြောင့် ကျမတို့ ရှမ်းပြည်သူလူထုက အားကိုးရတဲ့ ၊ ကျမကိုယ်တိုင်လည်း အားကိုးရတဲ့ သျှမ်းသံတော်ဆင့် ကို "သတင်းမှန်မှန်ကန်ကန်နဲ့ ရပ်တည်လာခဲ့တဲ့အတိုင်း" ဆက်ပြီးတော့ အဲလိုဘဲဖြစ်သွားစေချင်တယ်။ သတင်းတခုတင်တော့မယ်ဆိုရင်  သတင်းအဖြစ်ခံသူရဲ့ ကာယကံရှင်ဖြစ်ဖြစ်သူ့နဲ့နီးစပ်တဲ့သူဘဲဖြစ်ဖြစ် ပြန်ပြီးတော့ အတည်ပြုပေးစေချင်ပါတယ်။

အခုဆိုရင် သျှမ်းသံတော်ဆင့်ရဲ့အယ်ဒီတာတယောက်က ကျမကို တောင်းပန်လာတယ်ဆိုတော့ ကျမ တော်တော်လေးကိုကျေနပ်ပြီးဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းပါးရေးတဲ့သူက သူရေးတာ မှားမှန်းတောင်မသိတဲ့အချိန်မှာ အခုလိုအယ်ဒီတာနဲ့အဆက်အသွယ်ရတော့ ကျမအတွက်အဖိုးအခ မဖြတ်နိုင်တဲ့ ဟာတခုဖြစ်သွားပါတယ်။

ကျေးဇူးတင်ပါတယ်။
ဒေါ်နန်းဝါနု
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ဝ ၊ မိုင်းလား ရောက် တရုတ်များ အစိုးရ ထိန်းချုပ်နယ် အတွင်း မကျွံရန် စရဖ သတိပေး စာပို့

Posted: 14 Jul 2015 03:21 AM PDT

ဝ နှင့် မိုင်းလားနယ်မြေအတွင်း ရောက်ရှိ မှီခိုနေသည့် တရုတ် လူမျိုးများ ကြိုတင်သတင်း ပေးပို့ခြင်း မရှိဘဲ ကျိုင်းတုံမြို့ နှင့် မိုင်းယန်းမြို့နယ် အတွင်းသို့ ဝင်ရောက်ပါက ဖမ်းဆီးအရေး ယူခြင်းခံရမည်ဟု ကျိုင်းတုံစစ်တိုင်းရုံးမှ တဆင့် မိုင်းယန်း စရဖ မှ အကြောင်းကြားစာ ပေးပို့ ထားသည်ဟု သိရသည်။



တြိဂံတိုင်းစစ်ဌာနချုပ် ညွှန်ကြားချက်ဖြင့် ကျိုင်းတုံခရိုင် မိုင်းယန်းမြို့ စရဖ စစ်ဘက်လုံခြုံရေး တပ်ဖွဲ့မှ အထူးဒေသ ၄ မိုင်းလား၊ ဆီလူး  နှင့် UWSA ဝ တပ်ဖွဲ့ တပ်မဟာ ၄၆၈ အခြေစိုက် မိုင်းပေါက်သို့ စာတစောင် အသီးသီးပေးပို့ခဲ့ကြောင်း၊ အဆိုပါ စာတွင် တရုတ်လူမျိုးများ၊ ကိုးကန့်လူမျိုးများ ကျိုင်းတုံ မြို့ နှင့် မိုင်းယန်းမြို့ အတွင်းသွားလာခြင်းမပြုရန်၊ သွားလာမှုအားစစ်ဆေး တွေ့ရှိပါက ဖမ်းဆီးအရေး ယူခြင်းခံရမည်ဟု ပါရှိ၏။ ထို့အပြင် အလုပ်ကိစ္စဖြင့် သွားလာလိုပါက ကြိုတင် အကြောင်းကြားရ မည်ဟု လည်းပါရှိပါသည်။

“ဂျူလိုင် ၇ ရက်နေ့က ပါ။ ၁၁ ရက်နေ့မဟုတ်ဘူး။ ကျနော်တို့ မိုင်းပေါက်ကော မိုင်းလားတပ်ဖွဲ့ရဲ့ ဆီလူးဒေသရော စာတစောင်စီပေးပို့တယ်လို့ကြားရတယ်။ အဓိက ကတော့ ဒီကိုရောက်နေတဲ့ တရုတ်လူမျိုးတွေ အစိုးရနယ်မြေ အတွင်းသွားလာမယ်ဆိုရင် သတင်းပို့ဖို့ပါ။ သတင်းမပို့ပဲသွား ရင်တော့ အဖမ်းခံရမယ်ပေါ့” - ဟု မိုင်းပေါက်က အရာရှိတဦးကပြောသည်။

အလားတူ သတိပေးစာမျိုးလက်ခံရရှိသည်ဟု မိုင်းလားတပ်ဖွဲ့လည်း အတည်ပြု၏။

သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများတွင် လက်နက်အင်အား လူအင်အား ကူညီပံ့ပိုးမှုတွင်လည်း ဝ တပ်ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့တို့ ပါဝင်ပတ်သက်နေသည်ဟု မြန်မာအစိုးရ ဘက်က စွပ်စွဲထားဖူးသည်။
မိုင်းလား တပ်ဖွဲ့ နှင့် ဝ တပ်ဖွဲ့တို့သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စု အဆင့်လက်မှတ်ရေး ထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။ ကိုးကန့်အရေးအခင်းကြောင့် ယခုနှစ်ဦးပိုင်းမှ စ၍ စစ်ရေးတင်းမာမှု ရံဖန်ရံခါရှိခဲ့သော်လည်း လက်ရှိအနေအထားရ မိုင်းလားမြို့၊ ဆီလူးမြို့ နှင့် မိုင်းပေါက်မြို့တို့တွင် ပုံမှန် သွားလာလှုပ်ရှားနေကြောင်း ထူးခြားစစ်ရေးပြင်ဆင်မှု၊ လှုပ်ရှားမှုမရှိကြောင်း ဒေသခံများက ပြောသည်။
You are subscribed to email updates from သျှမ်းသံတော်ဆင့်
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States

သျှမ်းသံတော်ဆင့်

unread,
Jul 15, 2015, 4:44:31 PM7/15/15
to thuau...@gmail.com

ပြည်တွင်း ပြည်ပ သျှမ်း လူမှု အဖွဲ့အစည်းများ တွေ့ဆုံပွဲ လားရှိုးတွင် ပထမ အကြိမ် ကျင်းပ

Posted: 15 Jul 2015 05:35 AM PDT

သျှမ်း လူငယ် မောင်မယ်နှင့် လူမှုအသိုင်းအဝိုင်း တို့၏ တွေ့ဆုံ ဆွေးနွေးပွဲကို သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် ရပ်ကွက် ၈ ရှိ ၀တ်ဟူမ့်ယင် ဆာဆနာ ကျောင်းတိုက်တွင်ပြု လုပ် ခဲ့သည်။




ဂျူလိုင်လ ၁၄ ရက်မှ ၁၆ ရက်အထိ ၃ ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။

သျှမ်းပြည်အနယ်နယ်အရပ်ရပ်မှ လူမှုအဖွဲ့အစည်း နှင့် ပုဂ္ဂိုလ်များ စုစုပေါင်း ၄၇ ဦး ဖိတ် ကြားထားရာ ယနေ့တွင် သံဃာတော်များအပါအဝင် ၅၁ ဦးတက်ရောက်ကြောင်း၊သျှမ်းပြည် တွင်း လူမှုအသိုင်းအဝိုင်းအတွင်း ရင်ဆိုင်နေရ သောအခက်အခဲများ ကိုကူညီဖြေရှင်း ပေး နိုင်ရန်နှင့် လူငယ်ထုတို့အကြား ချစ်ကြည်ရင်းနှီးမှု ယုံကြည်မှုရှိလာရန် ရည်ရွယ်ကြောင်း သိရသည်။

မနေ့ကတော့ သျှမ်းပြည်သားတွေ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွါးရေး ပြသနာ တွေကို ၊ သျှမ်းပြည် ၊ သျှမ်းလူထုအခြေ အနေ နဲ့ ကိုက်ညီမလား။ လူငယ်တွေ ကနေ ဘယ်အချက် တွေကို ယူပြီးအသုံးချလုပ်ဆောင်နိုင် မလဲဆိုတာ ဆွေးနွေးရတယ် - ဟု ဆွေးနွေးပွဲဖြစ် မြောက်ရေး ကော်မတီဝင် စိုင်းလွယ်က ပြောသည်။

ဂျူလိုင် ၁၅ ရက် ယနေ့တွင် တွေ့ဆုံဆွေးနွေးပွဲသို့ EBO မှ ဆရာစိုင်းဦးခေါ် စိုင်းလောင်လျန်း ၊ ဆရာမ မသူဇာသန့်ခေါ် နန်းဟွမ်လျန်း၊  ပြည်ထောင်စုအင်စတီကျုမှ နန်းပေါင်းဟွမ် တို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အစိုးရ၊ တော်လှန်ရေးအဖွဲ့၊ ပါတီနိုင်ငံ ရေးအဖွဲ့၊ လူမှုအခြေပြုအဖွဲ့ တို့ပါဝင်နိုင်မှု အခြေအနေများအား ဦးဆောင်ဆွေး နွေးကြ သည်ဟုသိရသည်။

တွေ့ဆုံဆွေးနွေးပွဲပြီးမြောက်သည့်အထိ ဦးဆောင်ဆွေးနွေးသူများမှာ EBO Euro Burma Office နှင့် အတူ  Dr. Hannas ၊ စိုင်းဝမ်းလိုင်း၊ စိုင်းဖုန်းခေါင်၊ စိုင်းကော်မိန်း တို့ ဖြစ်ပါသည်။

ယခုကျင်းပသော လူမှုအဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးပွဲသည် ပထမဆုံးအကြိမ် ပြည် တွင်း ပြည်ပ သျှမ်းလူမှုအခြေပြု အဖွဲ့များပါဝင်သည့် ဆွေးနွေးပွဲဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
Jul 16, 2015, 4:57:33 PM7/16/15
to thuau...@gmail.com

အခြေခံ စစ်ပညာ သင်တန်း ဆင်းပွဲ SSPP/SSA ဌာနချုပ်တွင် ကျင်းပ

Posted: 16 Jul 2015 05:37 AM PDT

သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော်မှ ပေးအပ်သော ၂၇ သုတ်မြောက် အခြေခံ နိုင်ငံရေး စစ်ရေး သင်တန်းအား သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်း မြို့သစ်၌ ၄၅ ရက်ကြာကျင်းပကာ သင်တန်းဆင်းပွဲ ပြုလုပ်ကြောင်း သိရသည်။



သင်တန်းဆင်းပွဲကို ဂျူလိုင်လ ၁၅ ရက်မနက်ပိုင်းတွင်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

သင်တန်းဆင်းပွဲတက်ရောက်သူ ၃၂၁ ယောက်  ရှိပါသည်။ SSPP/SSA မှအကြီး အကဲ များဖြစ်ကြသော ဒုဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း၊  ဒုဗိုလ်မှူးကြီးလောင်ဝ်ဟိန်း၊ ဗိုလ်မှူး တွန်းခမ်း၊ အခြေခံသင်တန်းကျောင်း ဒါရိုက်တာ ဗိုလ်ကြီးဇင့်မိန်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ငေါင်းဖှ၊ ကျောင်းအုပ်ကြီး ဗိုလ်ကြီးဆိုင်ဟန်၊ ဗိုလ်ဖုန်းဟန် တို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ၂၇ သုတ်မြောက် အခြေခံစစ်ပညာသင်တန်းကို ဂျွန်လ ၁ ရက်နေ့မှ ဂျူလိုင်လ ၁၅ ရက်နေ့အထိ ၄၅ ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းအုပ်ကြီး ဗိုလ်ကြီးဆိုင်ဟန်ကလည်း - “ စစ်တပ်ဆိုတာ မိဘပြည်သူကနေ ပေါက် ဖွား လာတာဘဲဖြစ်တယ်။ မိဘပြည်သူပေးကျွေးတာကိုစားပြီး မိဘပြည်သူအပေါ် သစ္စာ ရှိရမယ်။ ကိုယ့်မိဘ သဖွယ်ဖြစ်တဲ့အတွက် ပြည်သူလူထုကို စောင့်ရှောက်ရမယ်။ ” ဟု သင်တန်းဆင်းမိန့်ခွန်းတွင်ပြောကြားခဲ့သည်။

ယခုအခါ ၂၈ သုတ်မြောက်စစ်ပညာသင်တန်းဖွင့်လှစ်ရန် စီစဉ်နေသည်ဟုဆိုပါသည်။

ထို့အတူ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးသည့် သျှမ်းပြည်တပ်မတော် RCSS/SSA သည်လည်း ဂျွန်လဆန်းပိုင်းက သင်တန်းသား ၁၅၀၀ ကျော်အား စစ်ရေး၊ နိုင်ငံရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ သင်တန်းပေးက သင်တန်းဆင်းပွဲကျင်းပခဲ့သည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်နေ့က အပစ်ခတ်လက်မှတ်ရေးထိုးကာ ပဏာမအဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောင်ထားသည်။

လူထု မူးယစ် တိုက်ဖျက် အဖွဲ့ မူးယစ် ဆေးဝါးနှင့် ပတ်သက်သည့် ရဲတပ်သားအား ဖမ်းမိ

Posted: 16 Jul 2015 05:30 AM PDT

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် အတွင်းရှိ မုံးစီး ဒေသတွင် ဒေသတွင်းသျှမ်းလူငယ် နှင့် ဒေသခံ လူထုတို့ ပူးပေါင်းကာ ကိုယ့်အားကိုယ်ကိုး မူးယစ်ဆေးဝါး ရှင်းလင်းရေး ပြုလုပ် ရာ အစိုးရ၏ ပြည်သူ့ ရဲတပ်ဖွဲ့မှ ရဲတပ်သား တဦးကိုပါ မူးယစ်ဆေးနှင့် အတူ ဖမ်းဆီး ရမိခဲ့ ကြောင်းသိ ရသည်။



မူးယစ်ဆေးဝါးရှင်းလင်းရေးအား ဂျူလိုင်လ ၂ ရက်မှ ၁၃ ရက်နေ့အထိ မုံးစီးဒေသတွင် ပြုလုပ်ခဲ့ပါသည်။

“မုံးစီး ရဲစခန်းက ရဲတပ်သား မျိုးနိုင်ဦး အသက် ၂၅ နှစ်ကို မူးယစ်ဆေးဝါး လက်ဝယ်ဖမ်းမိ တယ်။ ဘိန်းဖြူ  ယာဘတွေအများအပြားနဲ့ မြန်မာကျပ်ငွေ ၁၄ သိန်းပါ။  ၂ ရက်နေ့ ညနေ ၅ နာရီခွဲမှာ ဖမ်းမိတာပါ” ဟု မုံးစီးလူငယ် တဦးကပြောသည်။

အဆိုပါရဲတပ်သားအပြင်  ဦးလုံရှီ(တရုတ်လူမျိုး) ၊ ဒေါ်ရှောက်ဟွမ် (တရုတ်လူမျိုး) ၊ မောင်လိ ကျင်းအန်း (တရုတ်လူမျိုး) ၊ ဦးပရာနန် (ကချင်လူမျိုး) ၊ အိုက်ဆမ်( တအာင်း လူမျိုး) တို့ထံမှလည်း ဘိန်းဖြူနှင့် ယာဘ များဖမ်းဆီးရမိခဲ့သည်ဟု ဆိုပါသည်။

ဖမ်းမိမူးယစ်ဆေး ရောင်းဝယ်သူတို့အား မုံးစီးရဲစခန်းတွင်အပ်နှံထားကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် အစိုးရတပ်အပြင် ကချင်တပ်၊ တအာန်းတပ်ဖွဲ့၊ မုံးစီးပြည် သူ့စစ်တပ်ဖွဲ့တို့လှုပ်ရှားပါသည်။

သမ္မတဦးသိန်းစိန်က မူးယစ်ဆေးဝါး အမှန်တကယ်ပပျောက်ရေးအတွက်တိုးမြင့်လုပ် ဆောင်သော်လည်း ဘိန်းဖြူ ယာဘ အစရှိ မူးယစ်ဆေးများထုတ်လုပ်ရောင်းဝယ်ဖောက် ကားမှုမှာ အဆမတန် များပြားလာသည့်အပြင် တာဝန်ရှိသူတချို့ကိုယ်တိုင် ပါဝင် ပတ်သက် နေသည်။

ဂျန္နဝါရီ ၂၃ ရက် ၂၀၁၅ ကလည်း ဒေသခံတဦးနှင့် အတူ မူးယစ်ဆေးဝါးရောင်းဝယ်နေ သည့် နမ့်ခမ်းမြို့နယ် တာဝန်ရှိ ရဲသား သိန်းဌေးအောင် အား ကိုယ်ထူကိုယ်ထ လူထုမူး ယစ်တိုက်ဖျက်ရေးအဖွဲ့မှ ရာဘ ၉၇ ပြား၊ ဘိန်းဖြူ ရီပိုပုလင်း တဝက်၊ ဆိုင်ကယ် တစီး နှင့် အတူ တရုတ်ငွေ၊ မြန်မာငွေများ လက်ဝယ်မိ ဖမ်းဆီးကာ တာဝန်ရှိရဲတပ်ဖွဲ့ ရဲစခန်းသို့ ပြန်လည်အပ်နှံလိုက်သည့်အမှုလည်း ရှိခဲ့ဖူးသည်။
 

သျှမ်းသံတော်ဆင့်

unread,
Jul 17, 2015, 4:06:46 PM7/17/15
to thuau...@gmail.com

ဒီမိုနဲ့ တိုင်းရင်းသား အင်အားစု တွေရဲ့ ညီညွတ်မှုနဲ့ ပြည်သူတွေရဲ့ မူလ အခွင့်အရေး ဆီသို့

Posted: 17 Jul 2015 08:22 AM PDT

လက်ရှိအခြေနေကို ပြန်ကြည့်ရင် ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ နေ့စဉ် သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ကြည့်တာနဲ့တင် လွန်းကာထိုးကာ လှုပ်ကာရမ်းကာနဲ့ သွားနေတယ် ဆိုတာ တွေ့မြင်နေရပါတယ်။



ပြည်ခိုင်ဖြိုးပါတီကနေ သမ္မတက ၀င်မယ် မဝင်ဘူးဆိုတာကအစ ပွတ်တိုက်မှု ဆန်ဆန်မြင်တွေ့ လာရတာတွေ အပါအဝင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေအတွက် ရက်နည်းတယ်လို့ သတင်းထွက်နေတာ အဆုံးစုံလို့ပါပဲ။ အဲဒီအထဲကမှ ပြည်သူတွေအတွက် နိုင်ငံရေးအရ အားတက်စေမဲ့ အပြုသဘောဆောင်တဲ့ သတင်းတပုဒ်ကို စာရေးသူ ဖတ်မိပါတယ်။ ဒါက သမ္မတ ဦးသိန်းစိန် မပြိုင်တော့ဘူး၊ ပြိုင်မယ် ဆိုတဲ့ သတင်းလည်း မဟုတ်ပါဘူး။ အန်အယ်လ်ဒီပါတီက ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းလည်း မဟုတ်ပါဘူး။ ၈၈ မျိုးဆက် တွေထဲက ၄ ဦး အန်အယ်လ်ဒီကနေ ၀င်ပြိုင်မယ်ဆိုတာလည်း မဟုတ်ပါဘူး။ အဲဒီသတင်း ကတော့ ပြည်သူတွေအားကိုးတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အန်အယ်လ်ဒီပါတီအနေနဲ့ အတိုက်အခံ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်လုပ်ပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်သွားမယ် အဲဒီအတွက် ညှိနှိုင်းမှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ ပါတီအနေနဲ့ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရာမှာ နိုင်ငံအနှံ့ မဲဆန္ဒနယ်နဲ့ နေရာပေါင်း ၁၂၀၀ နီးပါးမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ယခင် မဟာမိတ်တွေဖြစ်တဲ့ CRPP အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေ ယှဉ်ပြိုင်မယ်ဆိုတဲ့ မဲဆန္ဒ နယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်တာက စခဲ့တယ်လို့ ဆိုရမှာပါ။ ဒါက အတန်ငယ်ဆက်ဆံရေးအေးခဲနေတဲ့ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီတွေအကြား ဆက်ဆံမှုတွေပြန်လည်စတင်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က စခင်းပေးတဲ့ လမ်းစ ပဲဖြစ်ပါတယ်။

CRPP လို့ ခေါ်တဲ့ လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြုကော်မတီဆိုတာက ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အပါဝင် တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး စစ်အစိုးရက လွှတ်တော် ခေါ်ယူပေးခြင်း မရှိခဲ့တဲ့အတွက် လွှတ်တော်ခေါ်ယူပေးဖို့ စုပေါင်းဖွဲ့စည်းခဲ့တဲ့အဖွဲ့ပဲဖြစ်ပါတယ်။

တနည်းပြောရရင်တော့ စစ်အစိုးရလက်ထက်မှာ ကျောချင်းကပ် လက်ချင်းချိတ်ခဲ့တဲ့ အဖွဲ့လို့ ဆိုရ မှာပါ။ အဲဒီအဖွဲ့ထဲမှာ အန်အယ်လ်ဒီက တာဝန်ရှိသူတွေအပြင် ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ် ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ၊ မွန်ဒီမိုကရေစီအဖွဲ့ချုပ် ၊ ဇိုမီးနေရှင်နယ်ကွန်ကရက် စတဲ့ပါတီ တွေကခေါင်းဆောင်တွေ ပါဝင်ခဲ့တာပါ။ လောလောဆယ် ဇူလိုင်လ ၁၄ ရက်နေ့လောက်အထိ NLD အနေနဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နဲ့ စတင်တွေ့ဆုံဆွေးနွေးနေပြီ ဖြစ်သလို ကျန်တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆွေးနွေးဖို့ ရှိနေပါတယ်။

ဆွေးနွေးမှုအနေထားအရ ၀င်ပြိုင်မဲ့ မဲဆန္ဒနယ်တဘက်နဲ့ တဘက်အတိအကျထွက်ပေါ် မလာ သေးတာကြောင့် ခေါင်းဆောင်တွေပြိုင်မဲ့ မဲဆန္ဒနယ်တွေမှာ မပြိုင်ဘူးဆိုတာလောက်ကိုပဲ သဘော တူနိုင်သေးတာတွေ့ရပါတယ်။ ဒါပေမဲ့ ၉၀ ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရခဲ့တဲ့ ပါတီ ကြီးနှစ်ခုက မဟာမိတ်ကိစ္စအတွက် စကားပြောလာတာကတော့ ကြိုဆိုစရာ ကိစ္စရပ်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီပါတီနှစ်ပါတီက သက်ဆိုင်ရာ လူထုတွေကို ကိုယ်စားပြုနိုင်စွမ်း ရှိတဲ့  ပါတီ တွေဖြစ်ပြီး လာမဲ့ရွေးကောက်ပွဲမှာ မဲရနိုင်ချေများတဲ့ ပါတီတွေ ဖြစ်တာကြောင့်လည်း  ဖြစ်ပါတယ်။

သမိုင်းကို ပြန်ကြည့်ခြင်း
အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ နဲ့ တိုင်းရင်းသား အင်အားစုတွေရဲ့ ညီညွတ်မှုဟာ မြန် မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှတ်တမ်းဆိုးတွေကို ချေဖျက်ပစ်ဖို့နဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ မူလ ရပိုင်ခွင့်တွေ ၊ ဒီမိုကရေစီ အခွင့်ရေးတွေ လက်ဝယ် ရရှိဖို့အတွက် အရေးပါတယ်ဆိုတာ အား လုံးက လက်ခံထားတဲ့ အယူအဆတရပ်ဖြစ်ပါတယ်။
သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အင်္ဂလိပ် ဂျပန်တို့ကိုတော်လှန်ပြီး လွတ်လပ်ရေး အရယူခဲ့တာကအစ တိုင်းရင်းသား အင်အားစု အားလုံးက ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ခဲ့ကြလို့ လွတ်လပ်ရေးရခဲ့တာပါ။

ခေတ်သစ်မြန်မာနိုင်ငံကို စတင်စေမဲ့ အရေးပါတဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုရာမှာလည်း တိုင်းရင်း သား တွေနဲ့ ညီညွတ်စွာ လက်တွဲဆောင်ရွက်နိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့လည်း ဦးဆောင်သူအဖြစ် တိုင်းရင်းသား အားလုံးကို တန်းတူ ရည် တူဆက်ဆံခဲ့သလို ပါတီကြီးဝါဒလို လူမျိုးကြီးဝါဒလို ကိစ္စမျိုးတွေကို မထားခဲ့တဲ့ အတွက် ပင်လုံ စာချုပ်ချုပ်ဆိုခြင်းအပါဝင် လွတ်လပ်ရေးကြိုးပမ်းမှုက အောင်မြင်ခဲ့တာလို့ ဆိုရမှဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြသနာကို ပြန်ကြည့်မယ်ဆိုရင်လည်း နှစ်ရပ်ထဲရှိပါ တယ်။၁၉၆၂ ခုနှစ်ကစလို့ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့တဲ့ ပြသနာနဲ့ လွတ်လပ်ရေးနဲ့အတူစခဲ့တဲ့ တိုင်းရင်းသား တန်း တူ ရေးပြသနာပါ။ တိုင်းရင်းသား တန်းတူအရေးက ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ အခွင့်အရေး နဲ့လည်း သက်ဆိုင်ပါတယ်။ မြန်မာပြည်မှာ နှစ် ၆၀ ကျော်ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့လည်း ဆက်စပ် ပါတယ်။ ဒီမိုကရေစီ နဲ့ တန်းတူရေး ပြသနာက ခေါင်းနဲ့ ပန်းလိုကပ်နေတာပါ။ တစ်ခုနဲ့ တစ်ခု ဒွန်တွဲနေတဲ့အတွက် ဖယ်ထားလို့မရပါဘူး။

အနီးစပ်ဆုံးပြန်ကြည့်မယ်ဆိုရင် ၈ လေးလုံးအရေးတော်ပုံဆိုတာ လူထုပါဝင်မှု အားအကောင်းဆုံး လှုပ်ရှားမှုကြီးပါပဲ။ အဲဒီလို အရေးတော်ပုံတောင်မှ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီစွာ လှုပ်ရှားနိုင်ခြင်း မရှိခဲ့တဲ့အတွက် ပြည်သူတွေအနေနဲ့ ဘာမှမရခဲ့တာ သက်သေ ပါပဲ။ အဲဒီနောက်ပိုင်း တပ်မတော်အစိုးရသုံးခဲ့တဲ့ ဗျူဟာတွေအကြားမှာလည်း အတိုက်အခံတွေကို အရင်ထိန်းလိုက် ပြီးရင်တိုင်းရင်းသား အင်အားစုတွေကို နှိပ်ကွပ်လိုက်နဲ့ ဟန်ချက်ညီညီနဲ့ စုစု စည်းစည်း လှုပ်ရှားလို့မရအောင် စနစ်တကျဖြိုခွင်းခံခဲ့ရတယ်ဆိုတာလည်း အားလုံးအသိပါပဲ။

ပြီးခဲ့တဲ့ သုံးလေးနှစ်အခြေနေ
ပြီးခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လှုပ်ရှားမှုတွေက ဘာကြောင့် မအောင်မြင်သလဲလို့ ပြန်သုံးသပ် ကြည့်မယ်ဆိုရင် တဘက်က အလျှော့ပေးချင်တာ နည်းလို့ဆိုတာထက် အတိုက်အခံနဲ့ တိုင်းရင်း သားအင်အားစုတွေအကြား လုံလောက်တဲ့ ပြင်ဆင်မှုတွေ မရှိခဲ့တာ အထင်းသား မြင်တွေ့ရ ပါတယ်။

မူအရ တဘက်နဲ့ တဘက်ထောက်ခံကြတာတွေရှိပေမဲ့ အစကတည်းက ချဉ်းကပ်မှုတွေ မတူခဲ့ကြ တဲ့ အတွက် လှုပ်ရှားမှုတွေက ဟန်ချက်ညီ မဖြစ်ခဲ့ပါဘူး။ တိုင်းရင်းသား အ်ငအားစုလို ပြောရင် လွှတ်တော်ထဲ ရောက်နေသူတွေ ၊ လွှတ်တော်ပြင်ပပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေလို့ ခွဲခြားနိုင်မှာဖြစ်ပေမဲ့ တကယ်နိုင်ငံရေးအရ အားသာပြီး အတိုက်အခံအဖြစ် တသက်လုံးရပ်တည်လာခဲ့သူတွေက လွှတ်တော်ပြင်ပကပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေပါ။ သူတို့တွေအနေနဲ့ လွှတ်တော်အတွင်းမှာ Power Balance အရ မဖြစ်နိုင်ဘူးလို့ ယူဆ တာကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဆက်စပ်ဖြစ်ပေါ်လာမဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေး ပွဲမှသာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်မယ်လို့ ယူဆခဲ့တာတွေ့ရ ပါ တယ်။  လွှတ်တော်အတွင်းပြင်မယ်ဆိုရင်တောင် ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူ ပြုစေမဲ့ ပုဒ်မတွေကိုအရင် ပြင်ဆင်စေလိုတာ တွေ့ရပါတယ်။

လွှတ်တော်အတွင်းဝင်ရောက်သွားတဲ့ NLD ဦးဆောင်တဲ့ အတိုက်ခံတွေကတော့ ပုဒ်မ ၅၉ (စ) ၊ ၄၃၆ စသဖြင့် အဓိက ထားခဲ့တာပါ။

ရှုံးနိမ့်မှုတွေက ဥပဒေပါပြဌာန်းချက်ကြောင့်လို့ ဆိုနိုင်ပေမဲ့ ဆန်းစစ်ကြည့်ရင် အလွယ်တကူ ပြင်နိုင် ဖွယ်ရှိတဲ့ ပုဒ်မတွေတောင် မပြင်နိုင်ခဲ့တာက အတိုက်ခံနဲ့ တိုင်းရင်းသားအင်အားစုတွေအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ပြီး မဟာဗျူဟာကျကျ စနစ်တကျချဉ်းကပ်မှုတွေ ပြင်ဆင်မှုတွေ မရှိခဲ့တာကြောင့် ဆိုရင်လည်းမှားမယ် မထင်ပါဘူး။

ဆိုလိုတာက နိုင်ငံရေးအရ ဖြစ်နိုင်ခြေကိုကြည့်ပြီး အနိမ့်ဆုံး ဘယ်ပုဒ်မတွေကို အရင်ရအောင် ဦးစားပေး အနေနဲ့  စကြမယ်ဆိုတဲ့ တစိတ်တဝမ်းတည်းနဲ့ ဘုံသဘောတူညီမှုမျိုးတွေကိုပါ။

ပြန်ကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်မှုအတွက် ဖြစ်လာခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်ခဲ့မယ် ဆိုရင် ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုတွေကစလို့ ၆ ပွင့်ဆိုင်တွေ့ဆုံမှုတွေအဆုံး အတိုက်အခံ ဒီမို ကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေအကြား ဟန်ချက်ညီမှု မရှိခဲ့ပါဘူး။

NLD နဲ့ တိုင်းရင်းသား မဟာမိတ်တွေအကြား နောက်ဆုံးသုံးနှစ်အတွင်း ဆက်ဆံရေးကလည်း တတ်နိုင်သမျှပြန်ပြီးခြုံငုံသုံးသပ်ရမယ်ဆိုရင် အခုလို CRPP နဲ့ မဟာမိတ်ပြန်ဖွဲ့မယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောမလာခင်အချိန်အထိ သိပ်ပြီးကောင်းလှတဲ့ ပုံစံမှာရှိမနေပါ။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအပြီး NLD လွှတ်တော်ထဲဝင်သွားပြီးကတည်းက နဂိုမဟာမိတ်ဟောင်းတွေ ဖြစ်ခဲ့တဲ့ SNLD ဦးခွန်ထွန်းဦး ၊ ရခိုင်က ဦးအေးသာအောင် စတဲ့ UNA အုပ်စုတွေနဲ့လည်း သိပ်အလွမ်း မသင့်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယ ပင်လုံကို သူမ ဦးဆောင်မှုနဲ့ စတင်မယ်ဆိုပြီး လွှတ်တော်ထဲ ၀င်သွားကတည်းက ကချင်စစ်ပွဲလို ကိစ္စတွေ အပါဝင် တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ဘာမှ ပြောဆိုပေးမှုတွေ မရှိမှုတွေအပေါ် တိုင်းရင်းသားတွေဘက်က ဝေဖန်ကြတာတွေလည်းရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း သူတို့ကိုယ်စားလှယ်တွေ ရန်ကုန်ရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တာတွေရှိပါတယ်။ သူတို့ လုပ်နေတဲ့ အပစ်ခတ်ရပ်စဲပြီး ဆက်လက်ကျင်းပမဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အန်အယ်လ်ဒီအနေနဲ့ ပါဝင်လာနိုင်ရေးအပါဝင် သူတို့ အရေးနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီအနေနဲ့ စကားပိုပြောပေးစေချင်တဲ့ သဘောတွေလည်းပါ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း တိုင်းရင်းသားတွေအနေနဲ့ သူမရဲ့ အနေထားပေါ် နားလည်နိုင်စွမ်းမရှိဘူးလို့ ယူဆခဲ့ပုံပေါ်ပါတယ်။ အခြေနေ အချိန်အခါအရလည်း ဖြစ်နိုင်ပါတယ်။

ဒီကြားထဲ ကျောင်းသားသပိတ်နဲ့ ပညာရေးဥပဒေဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ NLD နဲ့ ဒီမိုကရက်အင်အားစု အချို့အကြား သဘောထားကွဲလွဲစရာတွေ ကြုံခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ သုံးလေးနှစ်တာကာလကို ပြန်ခြုံငုံကြည့်ခဲ့မယ်ဆိုရင် ဟိုဟာလည်းမရ ဒီဟာလည်းမရ အတိုက်အခံအချင်းချင်း မဟာမိတ်အချင်းချင်း ခေတ်စနစ်ဆိုးတွေမှာတုန်းက မိုးထဲလေထဲ ကျောချင်းကပ်လာသူတွေအချင်းချင်းလည်းကွဲတော့မလားဆိုတဲ့ အခြေနေပါ။

နောက်ဆုံးမေလလောက်က အခြေနေကို ပြန်ကြည့်မယ်ဆိုရင် NLD ပါတီအနေနဲ့ တိုင်းရင်းသား ဒေသတွေမှာပါမကျန် နဂိုရင်းနှီးခဲ့တဲ့ မဟာမိတ်တွေနဲ့ပါ ထိပ်တိုက်ပြိုင်တော့မလားဆိုပြီး စိုးရိမ်ခဲ့ရ တာပါ။ အထက်ဖော်ပြပါ အခြေနေတွေကြောင့်လည်း ပြည်သူတွေ အားကိုးတဲ့ အတိုက်ခံ ဒီမိုက ရေစီ အင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေရဲ့ ကြိုးစားမှုတွေက သိပ်ပြီး အရာမထင်ဖြစ်ခဲ့ရ တာဆိုရင်လည်း မှားမယ်မထင်ပါဘူး။

လက်ရှိအခင်းကျင်းအရ ညီညွတ်ဖို့လို
လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင်တဘက်မှာလည်း အာဏာရှိသူ အသိုင်းဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေရပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းနေရသလို တဘက်မှာလည်း ဒီမိုကရေစီနဲ့ တိုင်းရင်းသားတန်းတူရေးအတွက် ကြိုးပမ်းနေကြရတာအားလုံးအသိပဲဖြစ်ပါတယ်။

အပြောင်းလဲတရပ်အတွက် လက်ရှိအချိန်ဟာ လမ်းဆုံလမ်းခွကို ရောက်နေတယ်လို့ ဆိုရမှာဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းလဲရေး ဖြစ်လာဖို့ဆိုတာကလည်း ညီညွတ်မှုတွေရှိမှ ရမဲ့ အခြေနေပါ။ ညီညွတ်ရမဲ့ အခြေနေမှာ တဘက်နဲ့ တဘက်နားလည်ပေးနိုင်ဖို့လိုပါတယ်။ အခက်ခဲတွေကတော့ တဖွဲ့နဲ့ တဖွဲ့ တပါတီနဲ့တပါတီ မျိုးနွယ်စု တခုနဲ့ တစ်ခု တူကြမှာ မဟုတ်ပါဘူး။အနေထား ချင်းတူကြ မှာ မဟုတ်သလို နိုင်ငံရေးအရ ချဉ်းကပ်ပုံကလည်း တူကြမှာ မဟုတ်ပါဘူး။ ပြည်သူတွေကတော့ အတိုက်ခံတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ၊ တိုင်းရင်းသား အင်အားစုတွေကို လူထုရဲ့ အားကိုးရာအဖြစ်မြင်နေဆဲပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီမိုကရေစီခေါင်းဆောင် လူထုခေါင်းဆောင်အဖြစ် မြင်မြဲပါပဲ။ တိုင်းရင်းသားတွေအနေနဲ့လည်း သူတို့ရဲ့ မူလအခွင့်ရေးတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးနေဆဲပါပဲ။

မကြာခင် အနီးကပ်ဆုံးနဲ့ မဖြစ်မနေဖြတ်သန်းရမှာက ၂၀၁၅ ခုနစ်ရွေးကောက်ပွဲပဲဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ အတိုက်ခံဒီမိုကရေစီ အင်အားစုတွေအပါဝင် တိုင်းရင်းသားအင်အားစုတွေအနေနဲ့ နိုင်သင့်နိုင်ထိုက်တဲ့ မဲဆန္ဒနယ်တွေမှာ နိုင်ထားဖို့လိုပါတယ်။

အဲဒီအတွက်လည်း ထိပ်တိုက်မတွေ့ကြဖို့လိုပါတယ်။ သူအားကောင်းတဲ့နေရာမှာ သူပြိုင် ကိုယ်အားကောင်းတဲ့နေရာမှာ ကိုယ်ပြိုင်ဆိုတဲ့ သဘောမျိုးပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအချိန်မှာ အန်အယ်လ်ဒီနဲ့ အရင်မဟာမိတ်ဟောင်း တိုင်းရင်းသားပါတီတွေအနေနဲ့ ရွေးကောက်ပွဲအတွက် ဆွေးနွေးမှုတွေလုပ်လာပြီး တချို့ပါတီတွေနဲ့ ဆိုရင် မူအရ သဘောတူညီမှုတွေရှိလာတာ ကြိုဆိုစရာပါ။

တဘက်က စီအာပီပီဆို ရင် တိုင်းရင်းသား ကိုယ်စားပြုမှု အနေထားအရ အနည်းငယ် နည်းနေသေးတဲ့အတွက် CRPP ထက် ကိုယ်စားပြုမှု ပိုမြင့်နိုင်တဲ့ အနေထားအထိ စဉ်းစားနိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်။ ဥပမာအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် တပ်ပေါင်းစု UNFC ကိုပါ သြဇာရှိနိုင်မဲ့  ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ UNA လို မဟာမိတ်အဖွဲ့မျိုးဆိုရင် ပိုအထောက်ကူပြုစေနိုင်မှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ အန်အယ်လ်ဒီအပေါ်ဝန်းရံမှုအားလည်း ပိုကောင်းလာပါစေလိမ့်မယ်။ ( မှတ်ချက် ။  ။ UNA ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့တွင် ကချင်၊ ကယား ၊ ကရင်၊ ချင်း ၊မွန် ၊ ရခိုင် ၊ ရှမ်း စသည့် ဒေသများမှ  တိုင်းရင်းသားပါတီ ၁၁ ပါတီ ပါဝင် )

မကြာခင်လာတော့မဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမဲ့ အခင်းကျင်းတွေမှာ အတိုက်ခံ ဒီမိုကရက်တစ်အင်အားစုတွေ နဲ့ တိုင်းရင်းသားအင်အားစုတွေ အရေအတွက်များများနဲ့ ဟန်ချက်ညီစွာနဲ့ ညီညီညွတ်ညွတ် ပါဝင်လှုပ်ရှား နိုင်မှသာ ပြည်သူတွေလိုလားတဲ့ အနေထားကို ရောက်လာဖို့အတွက် ခြေလှမ်းတွေ  လှမ်းထားနိုင်မှာပါ။ ဒါ့အပြင် စုစည်းမှုရှိထားရင် ၂၀၁၅ နောက်ပိုင်း  နိုင်ငံရေးအရ ဆွေးနွေးတဲ့အချိန်မှာလည်း အင်အားကောင်းကောင်းနဲ့ ထိန်းညှိဆွေးနွေးနိုင်ပါလိမ့်မယ်။  မဖြစ်မနေဖြတ်သန်းရမဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေအကြား ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသား ပြည်သူတွေရဲ့ မူလရပိုင်ခွင့်တွေအတွက် ခြေလှမ်းလှမ်းပြီးသား ဖြစ်နေပါလိမ့်မယ်။

၂၀၁၅ ရွေးကောက်ပွဲ အတွက် NLD အား UNA ဖြင့်သာ မဟာမိတ် ဖွဲ့လို

Posted: 17 Jul 2015 06:46 AM PDT

NLD နှင့် တိုင်းရင်းသား ပါတီများ အကြား ရွေးကောက်ပွဲ အတွက် မဟာ မိတ်ပြု လုပ်ရာတွင် CRPP အဖွဲ့ထက် UNA အဖွဲ့ဖြင့်သာ မဟာမိတ်ပြု လိုသည်ဟု ၁၉၉၀ အောင်ပွဲခံ တိုင်းရင်းသား ပါတီ များ ခေါင်းဆောင် များက NLD ပါတီထံ အကြောင်းကြား ထားကြောင်း သိရသည်။



“ကျနော်တို့က ပြောထားတယ် CRPP ဆိုရင် တိုင်းရင်းသား ကိုယ်စားပြုမှုက ပိုနည်းနေမယ်။ တိုင်း ရင်းသား ကိုယ်စားပြုမှု ပိုများအောင် CRPP ထဲက တိုင်းရင်းသားပါတီတွေပါနေတဲ့ UNA နဲ့လုပ်ပါလို့ အကြောင်းကြားထားတယ်။ သူတို့က ဘာမှ ပြန်ကြားတာတော့ မရှိသေးဘူး” ဟု UNA အဖွဲ့ဝင် SNLD ပါတီမှ ပြောခွင့်ရ စိုင်းလိတ်က ပြောသည်။

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် CRPP အဖွဲ့ဝင် တိုင်းရင်းသားပါတီ များနှင့် ရွေးကောက်ပွဲ မဟာမိတ်ဖွဲ့နိုင်ရေးအတွက် ယခုရက်ပိုင်း အတွင်း ဆွေးနွေး မှုများ ပြုလုပ်နေခဲ့ရာ ဂျူလိုင်လ ၁၃ ရက်နေ့က CRPP အဖွဲ့ဝင်ဖြစ်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဆွေးနွေးခဲ့ သည်။

လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြုကော်မတီ CRPP ကို ၁၉၉၈ ခုနှစ်က ဖွဲ့စည်းခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး ခေါ်ယူပေးခြင်း မရှိခဲ့သည့် လွှတ်တော် ခေါ်ယူပေးရေးအတွက် အန်အယ်လ် ဒီနှင့် ၉၀ ရွေးကောက် ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ စုပေါင်းဖွဲစည်းခဲ့ခြင်း ဖြစ်သည်။

CRPP တွင် ပါဝင်သည့် သျှမ်း ၊ မွန် ၊ ရခိုင် နှင့် ဇိုမီးပါတီများမှာ ညီညွတ်ေ သာ တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA တွင်လည်း ပါဝင်နေပြီး UNA အဖွဲ့ကို တိုင်းရင်းသားပါတီ ၁၁ ပါတီ ဖြင့် ဖွဲ့စည်းထားသည်။

UNA အဖွဲ့၏ ဥက္ကဌမှာ SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး ဖြစ်ပြီး ယင်းအဖွဲ့တွင် ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ ရခိုင် ၊ သျှမ်း စသည့် တိုင်းရင်းသားေ ဒသပေါင်းစုံမှ ပါတီများ ပါဝင်သည်။

UNA အဖွဲ့မှာ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရန် စိတ်ဆန္ဒပြင်းထန်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် လည်း မဟာမိတ်ဖွဲ့ထားသဖြင့် UNA နှင့် NLD သာ မဟာမိတ်ဖွဲ့မည်ဆိုပါက တိုင်း ရင်း သားပေါင်းစုံကိုယ်စားပြုမှု အားကောင်းကောင်းဖြင့် နိုင်ငံရေးအရ ကြိုးပမ်းအားထုတ်မှုများမှာ ပိုမိုထိရောက်လာဖွယ်ရှိနေကြောင့် နိုင်ငံရေး လေ့ လာသူ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။

UN-SRCAC ၏ ကလေး စစ်သား စုဆောင်းမှု အစီရင်ခံစာ SSA-S တပ် နှင့် တိုင်းရင်းသားတပ် ၆ ခု ပါဝင်

Posted: 17 Jul 2015 01:24 AM PDT

ဂျူလိုင် ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကလေး သူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် အစီရင်ခံစာ တွင် ကလေးစစ်သား စုဆောင်းမှု ပြုနေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၇ ခု အနက် သျှမ်းပြည်နယ်တပ်မတော် SSA-S လည်းတခု ပါဝင်သည်ဟု သိရှိရသည်။



ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များ နှင့် လက်နက်ကိုင် ပဋိ ပက္ခဆိုင် အထူးကိုယ်စားလှယ် Ms.Leila Zerrougui ၏ အစီရင်ခံစာတွင် ဒီကေဘီအေ၊ ကချင် လွတ်လပ်ရေးအဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်ဖွဲ့ ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီတပ်ဖွဲ့၊ သျှမ်းပြည်နယ်တပ်ဖွဲ့ Shan State Army South (SSA-S) နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ ကလေးစစ်သား စုဆောင်းမှု ပြုလုပ်နေသည်ဟု ပါရှိသည်။

မြန်မာ့တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၇ ခုက ကလေးစစ်သား စုဆောင်း အသုံးပြုနေတယ်။ ကလေးသူငယ်များရဲ့ ကောင်းကျိုးကိုဖေါ်ဆောင်ပေးဖို့ အကာအကွယ်ပေးနိုင်ဖို့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အသက်(၁၈)နှစ်အောက် ကလေး သူငယ်များကို တပ်သားအဖြစ်ခေါ်ယူ စုဆောင်း အသုံးပြုနေမှုကိုရပ်တန့်ရေးစီမံချက် Action Plan မှာ လက်တွဲပါဝင်ဖို့လိုတယ် - ဟု သတင်းစာရှင်းလင်းပွဲတွင်  Ms.Leila Zerrougui က ပြောကြားသွားသည်။

တောင်ပိုင်းသျှမ်းပြည်တပ်မတော် SSA-S ဟုလူသိများသည့်  သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS/SSA  ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှက “ ကျနော်တို့မှာ အသက် ၁၈ နှစ် အောက်ကလေးတွေရှိတယ်။ ကျနော်တို့ စုဆောင်း လာတာမဟုတ်ဘူး။ သူတို့မိဘကလာ အပ်တာ။ သူတို့တွေကို စစ်သားမလုပ်ခိုင်းဘူး။ စာသင်ခိုင်းတယ် အသက် ၁၈ နှစ် ပြည့်တဲ့ အထိ။ ဒါက မတရား စွပ်စွဲချက်ဘဲ။ ကျနော်တို့ ဌာနချုပ် လွယ်တိုင်းလျဲန်းကို လာရောက် ကြည့် ရှု  နိုင်တယ်။ ကလေးစစ်သားမရှိဘူး ကျနော်တို့မှာ” -  ဟု ပြောသည်။

ထို့အပြင် ဗိုလ်မှူးကြီး စိုင်းလှ က - သျှမ်းပြည်တပ်မတော်တွင် ကလေးစစ်သား စုဆောင်း သည့် ပေါ် လစီမရှိကြောင်း၊ သို့သော် အသက် ၁၈ နှစ်မှ အသက် ၄၅ နှစ်အထိ သျှမ်းပြည် သားတိုင်း စစ်တာဝန်ထမ်းဆောင်ရမည် ဆိုသည့်ပေါ်လစီတော့ ရှိကြောင်း၊ စစ်မှုထမ်း သက် တမ်းအားလည်း ၂ နှစ်၊ ၃ နှစ်၊ ၅ နှစ် နှင့် ထာဝရ စစ်သည် စသဖြင့် သတ်မှတ်ထားကြောင်း လည်းပြောသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေမှူးချုပ်၏ ကလေးသူငယ်များ နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Leila Zerrougui  သည် ကလေးသူငယ်များ အကာ အကွယ်ရရှိစေရန် ဂျူလိုင် ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ပြည်ထောင်စု မြန်မာနိုင်ငံသို့ ၅ ရက်ကြာ ခရီးဖြင့် ရောက်ရှိလာခြင်းဖြစ်၏။

သျှမ်းသံတော်ဆင့်

unread,
Jul 19, 2015, 4:57:36 PM7/19/15
to thuau...@gmail.com

Miss Thailand Universe အလှမယ်ပြိုင်ပွဲ သျှမ်းမလေး Miss Colorful life By B-ing ဆု ရရှိ

Posted: 18 Jul 2015 08:59 PM PDT

ဂျူလိုင်လ ၁၈ ရက်က ကျင်းပသော Miss Thailand Universe ၂၀၁၅ အလှမယ်ပြိုင်ပွဲတွင် သျှမ်းမလေး နန်းဆောဝ် အားရိဆာ ဆန်တိထမ်းသည်  ဇကာတင် ၁၀ အတွင်းပါဝင် ရွေးချယ်ခြင်းခံရပြီး Miss Colorful life by B-ing ဆုကိုပါ ဆွတ်ခူးရရှိခဲ့ပါသည်။





သူမရရှိခဲ့သော အသားအရေအလှပိုင်ရှင် Miss Colorful life by B-ing ဆုမှာ ထိုင်းဘတ်ငွေ ၁ သိန်းဆုနှင့် အသက်အာမခံ ကြေး ဘတ် ၃ သန်း ဆုရရှိခဲ့သည်။

ယခုနှစ်ဆန်းပိုင်းက ချင်းမိုင်မြို့တွင်ကျင်းပသော ထိုင်းအလှမယ်ပြိုင်ပွဲမှ ပထမ ရရှိသူ သျှမ်းမလေး နန်းဆောဝ် အားရိဆာ ဆန်တိထမ်းသည် ထိုင်းနိုင်ငံတဝှမ်းလုံးမှ Miss Thailand Universe ယှဉ်ပြိုင်သူ ၄၀ ဦးအနက် ဇကာတင် ၁၀ ဦးတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မွမ့်ပင်အုပ်စု ပါဟင့်ရွာနေ စိုင်းအေး နန်းခမ်းယုံတို့၏သမီး နန်းနောင့်အွန် (နန်းဆောဝ် အားရိဆာ ဆန်တိထမ်း) အသက် ၁၈ နှစ် သည် ဂျန္နဝါရီလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော ဆောင်းရာသီ ပွဲတော်၏ ချင်းမိုင် အလှမယ် ပြိုင်ပွဲ တွင် ပထမရခဲ့သူဖြစ်ပါသည်။

ထိုင်းနိုင်ငံ၏ ၂၀၁၅ Miss Thailand Universe အလှမယ်ဆုကိုမူ MS.ANIPORN CHALERMBURANAWONG ကဆွတ်ခူးရရှိခဲ့ပါသည်။

၂၀၁၅ ခုနှစ်အတွက်  Miss Universe ပြိုင်ပွဲကြီးကို ၂၀၁၅ ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံတွင်ကျင်းပ နိုင်ဖွယ်ရှိကြောင်းလည်း ၎င်းတို့၏လူမှုကွန်ယက်စာ မျက်နှာတွင်ဖော်ပြထားပါသည်။


ပြည်ထောင်စု တဝှမ်း ကျားဖြူ ပါတီ ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ဝင်ပြိုင်မည်

Posted: 18 Jul 2015 08:50 PM PDT

၂၀၁၅ နိုဝင်ဘာ ၈ ရက် ကျင်းပမည့် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲတွင် ကျားဖြူ ပါတီက ပြည်ထောင်စု မြန်မာနိုင်ငံ တဝှမ်းလုံးတွင် မြို့နယ်ပေါင်း ၆၀ ကျော်တွင် ကိုယ်စားလှယ် လောင်း၂၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင် အဆင်သင့် ရှိနေပြီဖြစ် သိရသည်။



၂၀၁၅ အထွေထွေ ရွေးကောက်တွင် သျှမ်းပြည်နယ် အတွင်း ၄၃ မြို့နယ် အပြင် ကချင်ပြည်နယ် ၉ မြို့နယ် စစ်ကိုင်းတိုင်း ၅ မြို့နယ် မန္တလေးတိုင်း ၃ မြို့နယ် နှင့် ကယားပြည်နယ် ၅ မြို့နယ် ဝင်ရောက် ပြိုင်မည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ ဉက္ကဌ ၊ သျှမ်းပြည် နယ်အစိုးရ သတ္တု၊ သစ်တော ဝန်ကြီး စိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ကျော်စာရင်းရှိတယ် ။  ဒီ ၂၀၁၅ မှာ ကျားဖြူပါတီ အနေနဲ့ မဲဆန္ဒနယ်ထပ်တိုးပြိုင်မှာက ရပ်စောက်၊ ဖယ်ခုံ ၊ ဝ နယ်ထဲမှာဆိုရင် ဟိုပန်၊  ကယား ပြည်နယ်မှာဆိုရင် ၅ မြို့နယ်ပေါ့” ဟု စိုင်းအိုက်ပေါင်းကပြောသည်။

ယခုလာမည့် ဂျူလိုင် ၂၄-၂၅ ရက်အထိ သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၌ လွှတ်တော်ကိုယ်စား လှယ်လောင်းအားအား ခေါ်ယူ၍ ရွေးကောက်ပွဲအောင်နိုင်ရေး နှင့် ရွေးကောက်ပွဲဝင်ရန် ဖေါင်ဖြည့်ကာ ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်သို့ စာရင်းတင်ပြထားရေးအတွက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

“၂၀၁၀ တုန်းက ကျားဖြူပါတီဝင်က တထောင်ကျော်ပဲရှိတယ်။ အဲတုန်းက ကြောက်လဲကြောက်ကြ တယ်လေ။ အချိန်လဲ မရှိဘူး၊ အခုက အချိန်လဲရှိတယ်။ ကြိုတင်မဲလဲ စာရင်းအသိအကျ သိရမယ်။ ပါတီဝင်လဲ ၅ သိန်းကျော်ရှိတယ်။ ဆိုတော့ သျှမ်းပြည်နယ် အစိုးရ ဖြစ်ကိုဖြစ်နိုင်ရမယ်။ - ဟု ဝန်ကြီး စိုင်းအိုက်ပေါင်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲသည် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ အခြေအနေ မတူတော့ဘဲ ကျားခေါင်းပါတီ အမည်ရ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD လည်း ၁၅၈ နေရာ ယှဉ်ပြိုင်ဖို့လျာ ထား ၏။ သျှမ်းပြည်နယ်အရှေ့ပိုင်တွင်လည်း သျှမ်းပြည်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဆိုသည့် ပါတီသစ်လည်း ရှိပါသေး၏။ သျှမ်းပြည်တွင်းနေ အခါ၊ ပအိုဝ်း၊ လားဟူ၊ ဝ ၊ ပလောင်၊ ကိုးကန့် တို့လည်း ပါတီအသီးသီးရှိကြ၏။ ထို့အပြင် မြန်မာနိုင်ငံတွင် အင်အားကြီးဆုံးပါတီ နှစ်ခုဖြစ်သည့် အစိုးရ၏ ပြည်ခိုင်ဖြိုးပါတီ၊ ကမ္ဘာကျော် မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီလည်း သျှမ်းပြည်နယ်အတွင်း ယှဉ်ပြိုင်မည်ဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
Jul 20, 2015, 4:35:43 PM7/20/15
to thuau...@gmail.com

ကျားဖြူ ကျားခေါင်း ဘာကြောင့်မပေါင်း

Posted: 20 Jul 2015 09:38 AM PDT

ခုရက်ပိုင်းတွေအတွင်း လာမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သျှမ်းတိုင်းရင်းသားတွေအကြား မချိတင်ကဲဖြစ်ပြီး ငြင်းခုန်ဆွေးနွေးနေရတဲ့ အကြောင်းရာ တရပ်ရှိနေပါတယ်။



ဒါကတော့ လာမဲ့ ရွေးကောက်ပွဲမှာ အဓိက သျှမ်းပါတီကြီး နှစ်ခုအနေနဲ့ ထိပ်တိုက်ပြိုင်ဖို့ သေချာသလောက်ရှိနေတာရယ် သူတို့အချင်းချင်း ညှိနှိုင်းသွားမှာ မဟုတ်ဘူးလို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဘက်က ထုတ်ဖော်ပြောဆိုလိုက်တာ ရယ်ကြောင့် ဖြစ်ပါတယ်။

ဆွေးနွေး ငြင်းခုန်မှုတွေ က တော်တော်လေးကို ဖြစ်နေတာတွေ့ရပါတယ်။ သျှမ်းပါတီ အချင်းချင်း ဒီလိုဖြစ်နေတဲ့ အခြေနေကဆရာတော်သံဃာတော်တွေနဲ့  လူထုတွေရဲ့  ဆန္ဒနဲ့ဆန့်ကျင်နေတဲ့အတွက်လည်း ဒီလို ဝေဖန်သံတွေ ငြင်းခုန်သံတွေ ထွက်လာနေတာပါ။ သျှမ်းပြည်နယ်မှာ ရှိတဲ့ ဆရာတော်သံဃာတော်တွေနဲ့ လူထုတွေက သျှမ်းပြည်နယ်မှာ ရှိတဲ့ အဓိက နိုင်ငံရေးပါတီနှစ်ခုနဲ့ သျှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့ကို ပြန်လည်ပေါင်းစည်းစေချင်တာကြောင့် ဖြစ်ပါတယ်။

ဒီလို ငြင်းခုံမှုတွေက သျှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးရဲ့  သူ့ပါတီအနေနဲ့ ရွေးကောက်ပွဲတော့ဝင်မယ် သျှမ်းပါတီအချင်းချင်းတော့ ညှိနှိုင်းမှာ မဟုတ်ဘူးလို့ ပြောဆိုမှုအပြီး စတင်ဖြစ်ပေါ်လာခဲ့ရတာဆိုရင်လည်း မှားမယ်မထင်ပါဘူး။

ရွေးကောက်ပွဲမဟာမိတ် ဖွဲ့နိုင်ခြေတွေကို ကြည့်မယ်ဆိုရင်လည်း SNLD ပါတီအနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သူတို့ဦးဆောင်နေတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေနဲ့သာ မဟာမိတ်ဖွဲ့ဖို့ရှိနေပြီး ကျားဖြူပါတီကတော့ သူတို့ရဲ့ မဟာမိတ် အုပ်စုတွေဖြစ်တဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ NBF တို့ ဖက်ဒရာယ် ယူနီယံပါတီတို့လို အဖွဲ့တွေနဲ့သာ မဟာမိတ်ဖွဲ့မဲ့ အနေထားပါ။  ကျားခေါင်းအနေနဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ်လုပ်ဖို့ရှိနေတာကြောင့်လည်း သျှမ်းအချင်းချင်းမပေါင်းပဲ ဘာကြောင့် ဗမာပါတီနဲ့ သွားပေါင်းသလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေတာတွေ့ရပါတယ်။ စာရေးသူရဲ့  အမြင်အရ သုံးသပ်ရမယ်ဆိုရင်တော့ ကျားဖြူနဲ့ ကျားခေါင်းက ဘယ်လိုမှ ပေါင်းစပ်လို့မရတာကြောင့် ညှိနှိုင်းဖို့လည်း မဖြစ်နိုင်တာကြောင့်  အသွင်လည်းမတူတာကြောင့်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

ကျားဖြူနဲ့ ကျားခေါင်းပါတီအကြောင်းကိုပြောမယ်ဆိုရင် သမိုင်းကြောင်းကို အနည်းငယ်ပြန်ကြည့်ဖို့လိုပါတယ်။

သမိုင်းပြန်ကြည့်ခြင်း
ကျားခေါင်းလို့ခေါ်တဲ့ SNLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲကာလမှာကတည်းက တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပြီး အဲဒီရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင်  ဒုတိယ နေရာအများဆုံးအနိုင်ရရှိခဲ့တဲ့ပါတီလည်း ဖြစ်ပါတယ်။

ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦး အနေနဲ့ သျှမ်းလူထုအတွင်းမှာလည်း သြဇာကြီးလှသလို တခြား နိုင်ငံရေးနဲ့ တိုင်းရင်းသား အင်အားစုတွေကလည်း သူ့အပေါ် လေးစားမှု ရှိတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်ကျော် ကာလအတွင်း ကျားခေါင်းပါတီရဲ့ အနေထားကို ပြန်လေ့လာသုံးသပ်ရမယ်ဆိုရင် သျှမ်းတိုင်းရင်းသားတွေရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ ပင်လုံကတိကဝတ်နဲ့ တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရာယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အတိုက်အခံပါတီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကျားဖြူလို့ခေါ်တဲ့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပေါ်လာတဲ့ သမိုင်းကြောင်းကလည်းကျားခေါင်း ပါတီနဲ့ ဆက်စပ်မှုရှိပါတယ်။ ၂၀၀၅ ခုနစ်က စပြီး သျှမ်းတိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦးနဲ့ ဗိုလ်ချုပ်ဆေထင်တို့အပါဝင် SNLD ပါတိက လက်ရှိအထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးစိုင်းညွှန့်လွင်တို့ဟာ သျှမ်းပြည်အတိုင်ပင်ခံ ကောင်စီဖွဲ့ဖို့ ရည်ရွယ်တယ်ဆိုပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံခဲ့ရပါတယ်။

သူတို့ချမှတ်ခံခဲ့ရတဲ့ ပြစ်ဒဏ်တွေဟာ ဦးနေဝင်းအာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေကို အမြင့်ဆုံးချမှတ်တဲ့ ပြစ်ဒဏ်တွေလို့တောင် ပြောလို့ရပါတယ်။ နှစ် ၁၀၀ ကျော်အထိကိုချမှတ်ခံခဲ့ရတာပါ။ တကယ်တော့ အမျိုးသား ညီလာခံကို စွန့်ခွာလာတဲ့ အကျိုး ကျေးဇူးတွေလို့ ကောက်ချက်ဆွဲမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အဲဒီလို ထောင်ဒဏ် ချမှတ်ခံနေရချိန်မှာပဲ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ကိစ္စက ပေါ်လာပါတယ်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံတဲ့အပြင် ပါတီခေါင်းဆောင်တွေကလည်း ထောင်ထဲရောက်နေတာကြောင့် သျှမ်းပြည်နယ်နေ သျှမ်းတိုင်းရင်းသားတွေအနေနဲ့ ဘယ်သူ့ကိုမဲပေးရမှာလဲ ဆိုတဲ့ ပြသနာက စပေါ်လာပါတယ်။ အဲဒီလို အချိန်မှာ လူငယ်တွေရဲ့ တိုက်တွန်းမှုနဲ့အတူ အဲဒီအချိန်က SNLD မှာ အထွေထွေအတွင်းရေးမှူး အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးစိုင်းအိုက်ပေါင်း ( လက်ရှိ SNDP ဥက္ကဌ ) ဦးဆောင်ပြီး ကြားခံပါတီ တရပ်ထောင်ဖို့ ဆိုတဲ့ ကိစ္စဖြစ်လာခဲ့တာပါ။ ကျားဖြူပါတီဖွဲ့မယ်ဆိုတော့ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ သျှမ်းခေါင်းဆောင်တွေထံ သွားရောက်တွေ့ဆုံပြီး လမ်းညွှန်မှုတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။

ဦးခွန်ထွန်းဦးတို့ကလည်း လွှတ်တော်ထဲရောက်သွားရင် အတိုက်အခံပဲလုပ်ရမယ်။ အစိုးရအဖွဲ့ဝင်တွေမလုပ်ရဘူး။ ပါတီခေါင်းဆောင်တွေပြန်လွတ်လာရင် မူလပါတီထံ ပြန်လည်ပေါင်းစည်းရမယ် ပါတီကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွားမရှာရဘူးဆိုတဲ့ ကတိကဝတ်တွေနဲ့ အတူ ကျားဖြူပါတီ ထောင်ဖို့ ဦးခွန်ထွန်းဦးက ခွင့်ပြုခဲ့တာပါ။

ကတိကဝတ်ပျက်ဖို့ ဖန်လာ
အဲဒီလိုနဲ့ ကျားဖြူပါတီ ပေါ်ပေါက်လာခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ကာ လွှတ်တော် ၃ ရပ်မှာ ၅၇ နေရာမှာ အနိုင်ရခဲ့ပါတယ်။

အနီုင်ရပြိးနောက်မှာတော့ ကျားဖြုပါတီကနေ ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကိုယ်တိုင် ပြည်နယ်အစိုးရအဖွဲ့မှာ ၀န်ကြီးနေရာယူခဲ့ပါတယ်။ ဇာတ်လမ်းက အဲမှာစတယ်လို့ဆိုရမှာဖြစ်ပြီး ကတိကဝတ်ကလည်းအဲဒီမှာ စပျက်ဖို့ဖန်လာတယ်လို့ ဆိုရမှာပါ။ ( မှတ်ချက် ။  ။ လက်ရှိအချိန်မှာလည်း ဗဟိုအစိုးရအဖွဲ့မှာလည်း ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူတွေလည်း ကျားဖြူပါတီမှာ ရှိနေပါပြီ။)အဲဒီနောက်ပါတီပိုင် ကုမ္ပဏီတွေအပြင် တဦးချင်းစီအလိုက် စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ပိုင်ခွင့်တွေ ရလာခဲ့ပါတယ်။ ပါမစ်တွေ အပါဝင်ပါ။ ဦးခွန်ထွန်းဦးကတော့ နိုင်ငံရေးလုပ်ခဲ့တဲ့အတွက် ပိုဆင်းရဲသွားတဲ့ စော်ဘွားမျိုးရိုးလို့တောင် ဆိုရမှာပါ။ ရှိတဲ့ ဟိုတယ်တွေ လုပ်ငန်းတွေ ၊ ခြံတွေ တော်တော်များများကို ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ရောင်းထုတ်လိုက်ရတာတွေ ရှိခဲ့ပါတယ်။

ဦးခွန်ထွန်းဦး ပြန်လွတ်လာခဲ့တဲ့ ၂၀၁၂ ခုနစ်မှာတော့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ကျားဖြူပါတီကနေ သူ့ကိုသွားရောက်တွေ့ဆုံပြီး ကမ်းလှမ်းမှုတွေလုပ်ခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ လားရှိုးအမျိုးသားလွှတ်တော် လစ်လပ်နေရာကနေဝင်ပြိုင်ဖို့ ကမ်းလှမ်းခဲ့တာပါ။ သူတို့ပါတီမှာလည်း လာပြီး ဥက္ကဌ အဖြစ် လာလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တယောက်တည်းလာလို့မရတာကတကြောင်း တဘက်မှာလည်း ကျားဖြူဘက်မကူးပဲ ကျားခေါင်းအင်အားစုအဖြစ် ဆက်ရှိနေတဲ့ ဒုတိယဥက္ကဌ အပါဝင် ဗဟိုအလုပ်အမှုဆေီာင်အဖွဲ့တွေရှိနေတာကြောင့် ငြင်းပယ်ခဲ့ပါတယ်။ မူလကတိအတိုင်းသာ ဆက်လုပ်မယ်ဆိုတော့ ပေါင်းဖို့က ခက်လာတဲ့အခြေနေကို ရောက်မှန်းမသိရောက်လာခဲ့ပါတယ်။ ဒ့ါအပြင် ကျားဖြူပါတိအနေနဲ့ ဦးခွန်ထွန်းဦး ထောင်ဒဏ်ကျခံရအောင် သက်သေ ( ဖော်ကောင်ဘဦးဇာတ်လမ်း )လုပ်ပေးခဲ့တဲ့ ဦးစဝ်သာဦးကိုလည်း ပါတီဝင်အဖြစ် လက်ခံထားခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ကလောမဲဆန္ဒနယ်ကနေ ၀င်ရောက်ယှာဉ်ပြိုင်စေခဲ့ပါတယ်။

ပြည်သူတွေက တောင်းဆိုလာ
ပြည်သူတွေကတော့ အင်အားစုတွေ ပြန့်ကျဲနေတဲ့အတွက် ပါတီတွေပေါင်းကြဖို့ တောင်းဆိုကြပါတယ်။ ကျားဖြူပါတိကတော့ ညီလာခံတရပ်ကို ၂၀၁၃ ခုနစ်မှာ ကျင်းပခဲ့ပြီး ညီလာခံမှာ ပါတိမဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပြည်သူတွေ တောင်းဆိုတဲ့အတွက် ဆွေးနွေးမှုတွေလုပ်ဖို့အတွက် တဘက်ကို ၅ ဦးစီပါတဲ့ ကော်မတီတွေ ဖွဲ့ခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။ ဦးခွန်ထွန်းဦးက လိုအပ်ရင်ပါတီဖျက်ပေးမယ်။ ဒါပေမဲ့ ကျားဖြူပါတီအနေနဲ့ အတိုက်ခံ လုပ်ရမယ်။ တိုင်းရင်းသားအရေး ပြည်တွင်းငြိမ်းချမ်းရေးတွေမှာ တိုင်းရင်းသားတွေဘက် မျက်နှာမူပြီး ဆောင်ရွက်ပေးရမယ် စတဲ့အချက်တွေနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါမှမဟုတ်နှစ်ပါတီစလုံးဖျက် အသစ်ပေါင်းပြီး ပြန်ထောင်မယ်ဆိုတော့လည်း ကျားဖြူဘက်က ဖျက်မပေးနိုင်ဘူးလို့ ဆိုလာပါတယ်။ ဒါ့ကြောင့်ပဲ ဆွေးနွေးမှုတွေ ဆက်မဖြစ်တော့တာပါ။

ကျားဖြူအမတ်တွေ ကျားခေါင်းရောက်လာ
ဆွေးနွေးမှုတွေ ဆက်မဖြစ်တော့တဲ့နောက်ပိုင်း ကျားဖြူပါတီကနေ ရွေးကောက်တာကင်မြောက်ခြင်း ခံထားရတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေအနေနဲ့ ကျားခေါင်းပါတီဘက်ကို ပြောင်းလာတာတွေရှိလာခဲ့ပါတယ်။ မြို့နယ်တော်တော်များများမှာ ကျားဖြူပါတီတာဝန်ရှိသူတွေနဲ့ ပါတီဝင်တွေကလည်း နှုတ်ထွက်မှုတွေ ရှိလာခဲ့တာပါ။ ခုဆိုရင် ကျားခေါင်းပါတီအနေနဲ့ ရွေးကောက်ပွဲမဝင်ပဲနဲ့တင် လွှတ်တော်အမတ်ပေါင်း ၂၀ လောက်ရှိလာခဲ့ပါတယ်။ အဲဒီအမတ်တွေအကုန်လုံးက ကျားဖြူပါတီကနေ ပြောင်းလာကြတာပါ။သူတို့တွေ အကြောင်းပြကြတာကတော့ ကျားဖြုပါတီကခေါင်းဆောင်တွေအနေနဲ့ ကတိကဝတ်တွေပျက်တာရယ် ပါတီပေါင်းစည်းရေးကို သေသေချာချာမလုပ်တာနဲ့ အတိုက်အခံအဖြစ် လူထုအကျိုးကို သိပ်မဆောင်ရွက်တာကြောင့်လို့ ဆိုကြပါတယ်။ ကျားဖြူပါတီ ဥက္ကဌကတော့ အဲဒီကိစ္စတွေ မဟုတ်မှန်ကြောင်း အမြဲငြင်းဆိုခဲ့ပါတယ်။

မူဝါဒလည်းကွာ
ကျားခေါင်းပါတီကတော့ ပင်လုံကတိကဝတ်တွေကို အကောင်ထည်ဖော်ဖို့ရည်ရွယ်ပြီး ၈ ပြည်နယ်မူ ( ဗမာကို တပြည်နယ်ထဲပေးပြီး ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ အချိုးညီတူမျှတူ ) ပေးရေးမူကို လက်ကိုင်ထားပါတယ်။ ကျားဖြူပါတီကတော့ လက်ရှိ  တိုင်းနှင့် ပြည်နယ် ၁၄ ခု မူဝါဒပါ။တကြိမ်မှာ ကျားဖြူပါတိအနေနဲ့ ပြည်နယ်နာမည်တွေကိုဖျောက်ပြီး ၁၄ တိုင်း ( ဥပမာ သျှမ်းပြည်နယ်ကို ကမ္ဗောဇ တိုင်း ) အဖြစ်ထားဖို့တောင် ကြေငြာချက်ထုတ်ခဲ့ဖူးတာတွေ့ရပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်း သူတို့ရဲ့ ချဉ်းကပ်မှုတွေက ကွာခြားပါတယ်။ ကျားခေါင်းပါတီကတော့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ကို ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစုဖြစ်တဲ့ UNFC နဲ့ မဟာမိတ်ဖွဲ့ကာ သေချာရေရာပြီး တိုင်းရင်းသား အခွင့်ရေးရမှ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးရေးဆိုတဲ့ မူဝါဒရှိပါတယ်။ အဲဒီUNFC မှာ သျှမ်းပြည်တပ်မတော် မြောက်ပိုင်းက SSA/SSPP က အဖွဲ့ဝင်အဖြစ်ပါဝင်နေသလို အဲဒီအဖွဲ့ရဲ့ နိုင်ငံရေးအရ ဦးဆောင်မှု အခန်းကဏ်ဏ္ဍမှာလည်း ကျားခေါင်းပါတီက ရယူထားပါတယ်။

ကျားဖြူပါတီကတော့သေချာချာ မသေချာချာ  မြန်မြန်လက်မှတ်ထိုး မြန်မြန်အပစ်ရပ် မြန်မြန်နိုင်ငံရေးဆွေးနွေးဆိုတဲ့ မူဝါဒပါ။ ၀န်ကြီး ဦးအောင်မင်းပြောပြောနေတဲ့ လေသံနဲ့တောင် သိပ်မကွာလှပါဘူး။ဒါကတော့ တိုက်ဆိုင်မှုလည်း ဖြစ်နိုင်ပါတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေအနေနဲ့ အရင်အစိုးရလက်ထက်မှ အပစ်ရပ်ဖူးပြီး အမျိုးသားညီလာခံလိုမျိုးနဲ့ ကြုံတွေ့ခဲ့ရတာတွေကြောင့်လည်း ပိုမို ခိုင်မာသေချာတဲ့ အာမခံချက်တွေ တောင်းဆိုနေတယ်ဆိုတာမေ့လျှော့နေပုံပါပဲ.။ ဒါ့အပြင် ကျားဖြူပါတီအနေနဲ့ လွှတ်တော်အတွင်း လွှတ်တော်ပ ဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင် ကဏ်ဏ္ဍအလိုက်ဆိုရင်မဆိုးလှပေမဲ့ ဥပမာ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ငြိမ်းချမ်းရေးလိုကိစ္စတွေနဲ့ တခြား အတိုက်အခံလုပ်ရမဲ့ ကိစ္စတွေမှာ ပြည်သူတွေလိုလားတဲ့ အတိုက်ခံတွေနဲ့ လက်တွဲနိုင်ခြင်း မရှိတာက မေးခွန်းထုတ်စရာပါ။ ၂၀၁၀မှ ပါတီထောင်လို့ဆိုပြီး ဆင်ခြေပေးနိုင်ပေမဲ့ ၂၀၁၀ ကျမှ နိုင်ငံရေးသမားဖြစ်လာတဲ့ ဒေါက်တာအေးမောင် ( ရခိုင်အမျိုးသားပါတီ ဥက္ကဌ) တောင် အတိုက်ခံတွေနဲ့ လက်တွဲနိုင်တာတွေ့ရပါတယ်။
ကျားဖြူပါတီအနေနဲ့ကတော့ သျှမ်းပြည်နယ်အစိုးရဖြစ်ရေးဝန်ကြီးချုပ်ဖြစ်ရေးဆိုတဲ့ မူဝါဒကို လက်ကိုင်ထားတာတွေ့ရပါတယ်။ ဦးခွန်ထွန်းဦးဦးဆောင်တဲ့ ကျားခေါင်းကတော့ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ချင်တယ်လို့ ပြောတာမတွေ့ရသလို ပြည်ထောင်စုအရေးဖြစ်တယ်လို့ပဲ ပြောတာတွေ့ဖူးပါတယ်။

သျှမ်းတွေကံကောင်းပါစေ
ဒါပေမဲ့ကျားခေါင်းက ပြည်တွင်းက အဓိက အတိုက်အခံပါတီဖြစ်တဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ၊ ဒီမိုကရေစိအင်အားစုတွေဖြစ်တဲ့ ၈၈ မျိုးဆက်တို့ ၊ UNFC တို့လို အတိုက်အခံတွေနဲ့တော့ မဟာမိတ်လုပ်မဲ့ပုံပါပဲ။  ယနေ့အချိန်အထိလည်း ကျားဖြူပါတီရဲ့ ပြည်တွင်းအဓိက အင်အားကြီး မဟာမိတ်က အစိုးရလား ပြည်ခိုင်ဖြိုးပါတီလား ဆိုတာ သဲသဲကွဲကွဲမသိရသေးပါဘူး .ကျန်တော်ဆိုလိုတာက ဗဟိုအစိုးရဖွဲ့နိုင်ချေတို့ သမ္မတရွေးချယ်ခွင့်တို့ဆိုတာ ဒီမဟာမိတ်ဖွဲ့နိုင်မှုအပေါ်မူတည်ပြီး သွားရမှာကြောင့်ဖြစ်ပါတယ်။

ကျန်တော်တင်ပြခဲ့တာတွေကတော့ သူတို့ပါတီနှစ်ပါတီရဲ့ ကွာခြားချက်တွေပါ။ မကြာခင်မှာ သူတို့နှစ်ပါတီက ရွေးကောက်ပွဲဝင်တော့မှာပါ။ ကြားထဲ တခြားမျိုးနွယ်စု ပါတီလေးတွေနဲ့ ပြည်ခိုင်ဖြိုးတို့လိုပါတီတွေကလည်း သျှမ်းပြည်နယ်မှာ ပြိုင်ဦးမှာဖြစ်ပြီး အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နေရာ ၃ နေရာ ၄ နေရာလောက်ပြိုင်နိုင်ဖွယ်ရှိပါတယ်။ ကြားထဲကျိုင်းတုံမှာ အခြေစိုက်တဲ့ သျှမ်းပါတီတစ်ခုကလည်း ၄ နေရာလောက် ပြိုင်ဦးမှာပါ။ သျှမ်းတိုင်းရင်းသူ တိုင်းရင်းသားတွေအနေနဲ့ လာမဲ့ရွေးကောက်ပွဲမှာ ကံကောင်းကြပါစေ။ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။


ဆောင်းပါးရှင်
စိုင်းထွန်းအောင်လွင်

မှတ်ချက်။  ။ သျှမ်းသံတော်ဆင့် အယ်ဒီတာ ၏ အာဘော် နှင့် သဘောထားမဟုတ်ကြောင်း စာဖတ်ပရိသတ်များအား သိစေအပ်ပါသည်။(အယ်ဒီတာ)

သျှမ်းသံတော်ဆင့်

unread,
Jul 21, 2015, 4:14:11 PM7/21/15
to thuau...@gmail.com

တန့်ယန်းမြို့အား သိမ်းပိုက် ခဲ့သူ သျှမ်းတပ် စစ်ဦးစီးချုပ်ဟောင်း ‘ဗိုလ်ဝ’ ကွယ်လွန်

Posted: 21 Jul 2015 01:28 AM PDT

သျှမ်းအမျိုးသား ညီညွတ်ရေး တပ်ဦး SNUF စစ်ဦးချုပ်ဟောင်း ဗိုလ်ဝ အမည်ရ အိုက်ငင်း အသက် ၉၀ နှစ်သည် သက်ကြီး ရောဂါဖြင့် ချင်းမိုင်မြို့ နခွန်းဖင်း ဆေးရုံ၌  ကွယ်လွန် သွားခဲ့ သည်။






ဗိုလ်ဝ အမည်ရ အိုက်ငင်း အသက် ၉၀ သည် ဂျူလိုင်လ ၁၈ ညတွင် ကွယ်လွန်ပြီး တော် လှန် ရေးသမားဟောင်း စဝ်ဂဏ်းဂျစ် ဦးဆောင်မှုဖြင့် ၎င်းအား ဂျူလိုင် ၂၀ ရက်မွန်းလွဲပိုင်း က ချင်းမိုင်မြို့ ဝပ်ပါပေါက်ကျောင်းတိုက် မှ  ဆီဖုမ်းအုပ်စု ဆန်တီးထမ်း သုသာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ်သည်။

“ဗိုလ်ဝ မှာ ကျန်ရစ်သူ သားသမီး ဆွေမျိုး မရှိသည့်အတွက် မီးသင်္ဂြိုလ်ပွဲနှင့် ကိုယ်စားပြု အလှူ ဆွမ်းသွတ် တရားနာပွဲ တပြိုင်နက် ကျင်းပ ရခြင်းဖြစ်သည်’ ဟု ဘုရားဒါယိကာ၊ ပန်းဒကာ ဆရာ စလေးအော်တော် က ပြောသည်။

မီးသင်္ဂြိုလ်ပွဲဖြစ်မြောက်ရေးအတွက် ဦးဆောင်ဦးရွက်ပြုသည့် စဝ်ဂဏ်းဂျစ် ကလည်း - ‘‘ဗိုလ်ဝ ဟာ ဖခင် လွယ်လ(ဝ မျိုးနွယ်စု) ၊ အမိက သျှမ်းလူမျိုးဖြစ်တယ်။ သူဟာရိုးသား တယ်၊ သတ္တိရှိတယ်၊ သစ္စာရှိတယ်၊ ကိုယ်ကျင့် တရား ကောင်းတယ်။ သျှမ်းပြည်ညီညွတ်ရေး အရမ်းဖြစ်စေချင်တယ်။ အဖွဲ့တွေ အစိတ်စိတ်အမွှာမွှာကွဲ သွားလို့ စစ်ဦးစီးချုပ်ရာထူးကို စွန့်ပြီး ထိုင်းနယ်စပ်မှာ ကွယ်လွန်ချိန်အထိ ဗေဒင်ဘဲ ဟောစားတယ်။ စဝ်ဂွဏ်းဇိဏ်း က စစ်မှုလာထမ်းပါလို့ ဖိတ်ခေါ်လဲ သျှမ်းတွေ မညီညွတ်သရွေ့ ကျနော် ဘယ်အဖွဲ့ထဲကိုမှ မဝင်နိုင်ဘူး လို့ပြောရဲတဲ့သူပါ” - ဟု သျှမ်းပြည်တပ်မတော် RCSS/SSA နာယက စဝ်ဂဏ်းဂျစ် ကပြောသည်။

ဗိုလ်ဝ သည် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်မော်ဒေသ ဇာတိ  ဖြစ်သည်။ 1959 က ဗိုလ်မောင် ဦးဆောင်သည့်တပ်ဖွဲ့တွင်ပါဝင်ပြီး တန့်ယန်းမြို့နှင့် လွယ်ပန်ဖရား အား တိုက်ခိုက် သိမ်းပိုက်စဉ်မှစ၍ နာမည်ကြီး တပ်မှူး ဗိုလ်ဝ ဖြစ်လာသည်။

 ၎င်း၏ အသုဘ အခမ်းအနားတွင် စဝ်ဂဏ်းဂျစ်နှင့် တော်လှန်ရေးသမား ဟောင်းကြီးများ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ဇနီး နန်းလိန် ၊ ဗိုလ်မှူး စိုင်းဆေ (စဝ်ဂွဏ်းဇိဏ်း ၏ သား) ၊ ချင်းမိုင် သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ စိုင်းဆိုင်ယ အပါအဝင် လူထု ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

သျှမ်းသံတော်ဆင့်

unread,
Jul 22, 2015, 4:41:53 PM7/22/15
to thuau...@gmail.com

ဟိုပုံးသူကို အစိုးရတပ် အဓမ္မ ပြုကျင့် သတ်ဖြတ် သည်ဟု သျှမ်း လူ့အခွင့် အရေး မဏ္ဌိုင် အစီရင်ခံစာ ထုတ်ပြန်

Posted: 22 Jul 2015 01:16 AM PDT

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် အတွင်းနေထိုင်သည့် ရွာသူ အိမ်ထောင်သည် အမျိုးသမီး တဦးအား အစိုးရတပ်မတော် အခြေချ လှုပ်ရှားသည့် စစ်ကြောင်းတခုက အဓမ္မပြုကျင့် သတ်ဖြတ်လိုက်သည်ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဌိုင်က ထုတ်ပြန်သည်။

သတ်ဖြတ်ခံရသူ နန်းခက် (Photo:SHRF
ဂျူလိုင်လ ၂၀ ရက်နေ့ပါသျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ၏ ထုတ်ပြန်ကြေငြာ ချက်တွင်  ဂျွန် ၆ ရက် ၂၀၁၅ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မြောက်ဘက်ခြမ်း ဝမ့်နားတောင်း ရွာသူ နန်းခက် (အသက် ၂၇ နှစ်) သည် ဘုန်းကြီးရှိ သားရှင်သာမဏေ အတွက် နေ့လည်ဆွမ်းသွားကပ်ပြီးအပြန် တပ်စခန်းရှေ့ ဖြတ်သန်းစဉ် မြန်မာအစိုးရတပ်မတော် ခလရ ၂၄၉ မှ တပ်ဖွဲ့ဝင်တဦးက တပ်အလွန် လမ်းတဝက်၌ အဓမ္မပြုကျင့် သတ်ဖြတ် ကာ ငွေ နှင့် နားကပ် များအား ယူသွားသည်ဟု ပါရှိသည်။

“ ၆ ရက်နေ့ မွန်းလွဲပိုင်းက ပြုကျင့်သတ်ဖြတ်ခံရတယ်။ အဲဒီညနေ မှာဘဲ ရွာသားတွေ သွားတိုင်တယ်။ ၉ ရက်နေ့မှ ခလရ ၂၄၉ မှတပ်ရင်းမှူးက လာပြီးဖြေရှင်းပေးတယ်။ လူသတ်မှု ကျူးလွန်တယ်ဆိုတဲ့ စစ်သား တယောက်ကို ရွာသားရှေ့မှာ ထုတ်ပြီးရိုက်ပြ တယ်။ ဒဏ်ပေးတယ်။ သေဒဏ်ပေး မယ်လို့လဲပြောတယ်။ ဒါပေမယ့် ခုထိငြိမ်နေတုန်း ဘဲ။ ကျူးလွန်သူက တယောက်တည်း ဖြစ်ဟန်မတူဘူး ဆိုတော့ရွာသားတွေက တအားလန့် နေတယ်လေ” ဟု SHRF ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

တောင်ကြီးမြို့နယ် မိုင်းပြင်းအခြေစိုက်ခလရ ၂၄၉ မှတပ်ရင်းမှူး ဗိုလ်မှူးဝေယံငြိမ်းသူရိန် က  သေဆုံးသူ နန်းခက်၏ ရွှေငွေများကိုကျန်ရစ်သူ မိသား စုထံ ပြန်လည်ပေးအပ်ပြီး မိမိတို့ဘက်မှ မှားယွင်းခဲ့ ကြောင်းကို ဝန်ခံခဲ့သည်။  ပြစ်မှု ကျူးလွန်သူကိုလည်း သေဒဏ်ပေး  မည်ဖြစ် ကြောင်း ပြောခဲ့ သည်ဟုဆို၏။

“သူ့သားကို ဆွမ်းသွားကပ်ပြီး ပြန်လာတဲ့ အချိန် အဓမ္မပြုကျင့် သတ်ဖြတ်ခံရတယ်။ သူ့မှာ ပါတဲ့ငွေတွေအကုန်ယူသွားတယ်။ နားရွက်ကိုလဲ ဖြတ်ပြီး နားကပ်ပါယူသွားတယ်။ နားတဘက်တော့ကျန်သေးတယ်။ တုတ်က တပ်ထဲက ချိုးလာတဲ့ပုံဘဲ။ နန်းခက်ကို ရိုက်ပြီးသွေးစွန်းနေတဲ့ တုတ်တပိုင်းနဲ့ တပ်ထဲမှာ ကျန်တဲ့ တပိုင်းနဲ့ က တဆက်ထဲပဲ။ တပ်ရင်းမှူးက သဘောကောင်းလို့ပေါ့။ နို့မို့ဆို အမှုမှန် ဘယ်ပေါ်မှာလဲ” ဟု ဟိုပုံးရောက် ရွာခံ တဦး ကပြောသည်။

ဂျွန်လ ၁၁ ရက်နေ့ရောက်သော် ရပခ တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း ကိုယ်တိုင်လည်း သတ်ဖြတ်ခံရသူ နန်းခက်၏ ကျန်ရစ်သူမိသားစုအား သွားရောက်အားပေးခဲ့ပြီး ဆွမ်းသွပ်တရားနာ ကုန်ကျငွေအတွက် အပါအဝင် ကူညီထောက်ပံ့ငွေ ကျပ် ၅၃ သိန်း ပေးကမ်းခဲ့ကြောင်း တရားခံ၏မိသားစုဝင်ကပြောသည်ဟု SHRF ကပြောပါသည်။

သေဆုံးသူ နန်းခက်၏ (အဝတ်အစားမဲ့) အလောင်းအား ခလရ ၂၄၉ တပ်စခန်း အခြေစိုက် ရာ ကုန်းတင်း ဖာလိုင်းရွာ နှင့် မီတာ ၆၀ အကွာတွင်တွေ့ရကြောင်း၊ အဆိုပါတပ်စခန်း သည် ကုန်းတင်းရွာ ဘုန်းတော်ကြီးကျောင်းနှင့် ကပ်လျက်တွင်ရှိကြောင်း၊ အဆိုပါတပ်စခန်း သို့ ခလရ ၂၄၉ က တပ်စိပ် တစိပ်စီဖြင့်  ၃ လ တကြိမ် တပ်အလဲအလှယ်ပြုလုပ်ကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။

၂၀၁၅ ဂျူလိုင်လ ၆ ရက် ကလည်း လဲချားမြို့နယ်ဘက် သွားရောက် အခြေချ လှုပ်ရှားသည့် တပ်မ ၅၅ လက်အောက်ခံ အမှတ် ၅၁၂ ခြေမြန်တပ် ရင်း မှ ဒုတပ်ရင်းမှူး အဆင့်ရှိ စိန်မင်း ဆိုသူသည် လဲချားမြို့နယ် ၀မ့်ဖိုင်အုပ်စု ဟိုနောင်ရွာသူ နန်းလိန်အား မိဘများရှေ့တွင် သေနတ်ထောက်၍ လက်ဆွဲရမ်းခဲ့သည့် အမှုလဲ ဖြစ်ခဲ့ပါသေး သည်။ အဆိုပါ အမှုလည်းပြစ် မှုကျူးလွန်သူအား လူထုကျေနပ်သည့်အထိ ပြစ်ဒဏ်ပေးခြင်း မကြားသိရသေး ပေ။

သို့- သျှမ်းသံတော်ဆင့်

Posted: 22 Jul 2015 01:09 AM PDT

သို့- သျှမ်းသံတော်ဆင့်

သဘာဝပါတ်ဝန်းကျင်ကို ချစ်မြတ်နိုးပါလို့ လူတိုင်းကပြောနေကြပေမယ့် တကယ်လက် တွေ့မှာ လုပ်ဆောင်ဖို့က အပြောလောက်မလွယ်ကြပါဘူး။



သျှမ်းပြည်အရှေ့ပိုင်း ဂုံတို့ဌာနေ သမိုင်းဝင်ခေမာရဌ် ကျိုင်းတုံမြေမှာ နာမည်ကြီး နောင်တုံ ကန်ထဲမှာ ဒီကနေ့  မြင်မကောင်းရှုမလှ ငါးတွေသေလို့ ကျိုင်းတုံရဲ့အလှတရား ပျက်စီးခဲ့ရ ပါတယ်။

ငါးတွေဘာကြောင့်သေတာလဲ။

ဒီတနှစ် နှစ်နှစ်ထဲမှာ ၂ ခါ ၃ ခါလောက်တော့ဖြစ်ခဲ့ဖူးပါတယ်။ ဂျူလိုင်လ ၂၁ ရက် ဒီတခါဖြစ်တာအများဆုံးပါ။ စံချိန်တင်လောက်ပါတယ်။ မနက်ကတည်းက ငါးတွေ စပြီးပေါလောပေါ်လာပါတယ်။ မသေသေးတဲ့ငါးတချို့လည်း လေရဖို့ ရေပြင်ပေါ်မှာ  နှာခေါင်းလေးတွေပြူလို့ အသက်ရှူကြပါတယ်။ သနားစရာ ကောင်းလွန်းလှပါတယ်။

မွန်းတည့်လဲရောက်ရော ရေပြင်ပေါ်မှာ ငါးသေတွေဖွေးနေတာဘဲ။ အနီးအနား ပတ်ဝန်း ကျင်တခုလုံးမှာလည်း နေလို့မရအောင်ပုပ်စော်နံသွားတယ်။ ကန်ဘေးက မုန့်ဆိုင်တွေ စားသောက်ဆိုင်တွေ ပိတ်လိုက်ရတဲ့အထိ ဖြစ်ရပါတယ်။

ကျနော် ဒီကန်ဘေးမှာ မွေးဖွားတဲ့သူပါ။ အသက် ၅၀ ကျော်ပါပြီ။ ကျနော့်သက်တမ်း တလျှောက်  တကြိမ်ဘဲ ကန်ဆေးတာ တွေ့ရပါတယ်။  ဒါကြောင့် ဒီနေ့ခေတ် ရာသီဥတု ဖောက်ပြန်မှုရယ်၊ ကန်ထဲကို အမှိုက်သရိုက် အညစ်အကြေးတွေ စည်းမဲ့ကမ်းမဲ့ ပစ်ချတာ ရယ်တွေကြောင့် ငါးတွေ အောက်ဆီဂျင်မရဘဲ သေကြတာဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။ နောက်တခုက နောင်တုံကန်ကြီး တိမ်လာတာလို့ ဆိုကြပါတယ်။ သန့်စင်ဆေးကြောမှု မရှိ တော့ ရွှံ့နွံတွေ ဘယ်လောက်တောင်မြင့်တက်လာမလဲ။ နောက်တခု  ခုတလော အပူချိန်လည်းအရမ်းမြင့်ပါတယ်။

ဒီငါးတွေကို ထုတ်ရောင်းဖို့ ပုဂ္ဂလိက လုပ်ငန်းတခုကို အစိုးရက ကန်ထရိုက်ပေးထားတာ။ ရွာသားတွေ ကိုလည်း ပေးမမျှားဘူးဘဲ။ ကလေးတွေတော့ ညည ကျရင် ငါးခိုးသွားမျှားကြတာတွေ့ရတယ်။

ဌာနေရဲ့ အလှဂုဏ်ဆောင်တဲ့ နောင်တုံကန်ကြီး ရေရှည်တည်တံ့ဖို့အတွက် ရေတွေကို သန့်ရှင်းရေးလုပ်ပြီး ရှင်းလင်းလဲလှယ်ပေးဖို့တော့ လိုအပ်တယ်လို့ကျနော်မြင်ပါတယ်။

ကျနော်တို့အထွဋ်အမြတ်ထားတဲ့ ဟော်နန်းကြီးလဲ ဖျက်ဆီးခံလိုက်ရပြီ။ အခုထပ်ပြီး အထင် ကရ နောင်တုံကန်ကိုလည်း မဆုံးရှုံးချင်တော့ပါဘူး။ မဟုတ်ရင် ကျိုင်းတုံပါလို့ လက်ညှိုး ထိုးပြစရာနေရာ ရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် မဖြစ်သင့်တာ ကိုမဖြစ်လာ အောင် လုပ်သင့် တာ ကို လုပ်နိုင်ဖို့အတွက် ဝိုင်းဝန်းလက်တွဲ ထိန်းသိမ်းကြဖို့ တိုက်တွန်း လိုက်ပါ တယ်ခင်ဗျ။

ကျိုင်းတုံလူငယ်
အိုက်စိုင်းလင်း

သျှမ်းအရှေ့ပါတီ ESSDDP ကျိုင်းတုံခရိုင်အတွင်း ၄ နေရာပြိုင်မည်

Posted: 22 Jul 2015 12:30 AM PDT

သျှမ်းပြည် အရှေ့ပိုင်း ဖွံ့ဖြိုး တိုးတက်ရေး ဒီမို ကရက်တစ် ပါတီ Eastern Shan State Development Democratic Party သည် ပါတီဝင် အင်အား ၅၀၀ ပြည့်ပြီး ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ် လောင်း ၄ နေရာ အတွက် အသင့်ပြင်ဆင် ထား သည်ဟုသိရသည်။



ကျိုင်းတုံမြို့ အခြေစိုက် ဂုံသျှမ်းပါတီသို့မဟုတ် ကောင်ဇိုင်းပါတီဟု လူသိများလာသည့် သျှမ်းပြည် အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ Eastern Shan State Development Democratic Party သည် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ကျိုင်းတုံခရိုင်အတွင်း ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်ထားကြောင်း၊ ပြည်နယ်လွှတ်တော် ၂ နေရာ၊ အမျိုးသားလွှတ်တော် တနေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာ ယှဉ်ပြိုင်မည်ဟု ပါတီ ဥက္ကဌ ဆရာ စိုင်းဟောင်ခမ်းက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောသည်။

“လွှတ်တော် သုံးရပ်လုံးပြိုင်မယ်။ ကိုယ်စားလှယ်လောင်းကတော့ ၂၅  ရက်နေ့ မှ ဆုံးဖြတ်မယ်။ ဘယ်သူက ဘယ်နေရာ ပြိုင်မလဲ ဆိုတာ။ အခြေအနေ အရ အခုက သျှမ်းပါတီ အချင်းချင်းလဲ ပြိုင်ရမှာဘဲ” - ဟု ဆရာ စိုင်းဟောင်ခမ်းက ပြောသည်။

ပါတီ စတင်တည်ထောင်စဉ်က သျှမ်းပါတီကြီး နှစ်ခု ဖြစ်သည့် ကျားဖြူ နှင့် ကျားခေါင်း မပေါင်း သောကြောင့် ပါတီ အသစ်တည်ထောင်ရခြင်းဖြစ်သည်ဟုဆိုသော်လည်း ကျားခေါင်းပါတီအတွက် ပံ့ပိုးသွားဖို့ရည်ရွယ်သည်ဟု ပါတီ ဒုတိယ ဥက္ကဌ စိုင်းဆမ်တစ်ဆေက ပြောသည်။ သို့သော် အဆိုပါ ပါတီကြီးများထံမှ တုန့်ပြန်မှု မရှိသေးဟု ပြောသည်။
“ကျနော့် သျှမ်းပါတီအချင်းချင်း နားလည်မှုရယူဖို့၊ အပေးအယူလုပ်ဖို့ ကျားဖြူတို့၊ ကျားခေါင်းတို့ ကို ဆက်သွယ်တယ်။ ဘာမှ ပြန်ကြားလာတာမရှိဘူး။ သူတို့လဲ အလုပ်များနေတယ်နဲ့တူတယ်” - ဟု ပါတီ ဒုတိယ ဥက္ကဌ စိုင်းဆမ်တစ်ဆေ ကပြောသည်။

ESSDDP သည် သျှမ်းပြည်အရှေ့ ပိုင်း ကျိုင်းတုံမြို့တော်တွင် အစိုးရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် NLD တှိုအပြင်၊ လားဟူပါတီ၊ အခါ ပါတီ၊ စပါးနှံပါတီ အမည်ရ တစည တိုင်းရင်း သား စည်းလုံး ညီညွှတ်ရေးပါတီ NUP တို့ အပြင် သျှမ်းပါတီကြီးများဖြစ်သည့် ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့အချုပ် SNLD တို့နှင့်လည်း ယှဉ်ပြိုင်ရဖွယ်ရှိနေပါသည်။

သျှမ်းပြည်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ Eastern Shan State Development Democratic Party သည် ၂၀၁၅ ဂျွန် ၃ ရက်နေ့က နေပြည်တော်အစိုးရ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင် တရားဝင် တင်လျှောက်ထားသည့် ပါတီဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
Jul 23, 2015, 4:17:13 PM7/23/15
to thuau...@gmail.com

SD နှင့် UPWC ဆွေးနွေးပွဲ ဒုတိယနေ့ SSR ကို အကြိတ် အနယ် ဆွေးနွေး

Posted: 23 Jul 2015 02:48 AM PDT

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲဒုတိယနေ့တွင် လုံခြုံရေး ကဏ္ဍပြုပြင် ပြောင်းလဲရေး ကိစ္စ SSR နှင့် ပတ်သက်၍ နေ့လည်ပိုင်း အထိ အကြိတ် အနယ် ဆွေးနွေး နေရကြောင်း ဆွေးနွေး ပွဲတက်ရောက် နေသူ တဦးက ပြောသည်။



ဂျူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်း ဆွေးနွေးမှုများ ပြီးသည်အထိ လော်ခီးလာညီလာခံမှ  အဆိုပြု ထားသည့် အချက် ၁၂ ချက်အနက် ၆ ချက်ကိုသဘောတူညီထားနိုင်ခဲ့ပြီး အချက် ၁ ချက်မှာ ဆက်လက် ဆွေးနွေး နေဆဲ ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင် ရေး ဗဟိုဌာနမှ အကြီးတန်းအကြံပေးဦးလှမောင်ရွှေက သူ၏ ဖေ့စ်ဘုခ်စာမျက်နှာတွင်  ရေးသားထားသည်။

SSR နှင့် ပတ်သက်၍ ဆွေးနွေးပွဲတက်ရောက်နေသည့်တိုင်းရင်းသား ကိုယ်စားလှယ် တဦးက ‘  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့  SD ဘက် က SSR ကိုလမ်းပြမြေပုံထဲထည့် ချင်နေ တယ်။ UPWC ကတော့ လက်မခံဘူး ‘ ဟု အဆိုပါအမည်မဖော်လိုသည့် အဆိုပါ တိုင်းရင်းသား ကိုယ်စား လှယ်က ဂျူလိုင်လ ၂၃ ရက်နေ့ နေ့လည်ပိုင်း အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ဆက်သွယ် မေးမြန်းမှုကိုဖြေကြားသည်။

အဆိုပါ အကြိတ်အနယ်ဆွေးနွေးနေရသည့်အချက်မှာ ဆွေးနွေးပွဲတပွဲလုံးတွင်အရေးပါ ဆုံး အဆုံး အဖြတ် ပေးနိုင်သည့် အချက်များ အနက် ပါဝင်သည်ဟု လေ့လာသူများကခန့်မှန်းထားကြ သည်။

ထို့ကြောင့် ဆွေးနွေးပွဲညနေပိုင်းတွင်  SSR  အားဆက်လက်မဆွေးနွေးတော့ဘဲ  အစည်းအဝေး မှတ်ချက်ဖြင့် နောက်မှ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်ဟု တိုင်းရင်းသားဘက်မှ ပုဂ္ဂိုလ်တဦးက ပြောဆိုပါသည်။

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ၊ လက်နက်များဖြုတ်သိမ်းရေး ၊လုံခြုံရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေး DDR SSR နှင့် ပတ်သက်၍ အပစ်ရပ်ပြီးနောက်ပိုင်း နိုင်ငံရေး အရ သဘော တူညီမှု ရရှိပါက တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် လက်နက်ဖြုတ်သိမ်း သွားရန်ဆိုသည့်DDR ကို မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်ကြောင်း တပ်မတော်ကာ ကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဘီဘီစီနှင့် တွေ့ဆုံ မေးမြန်းခန်း တွင်ပြော ဆို ထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကမူ လက်ရှိအဖွဲ့များကို မဖျက်သိမ်းပဲအင်အား အတန်အသင့် သတ်မှတ်၍ လျှော့ချခြင်းများ ပြုလုပ်ပြီး ပြည်နယ်စောင့်တပ် ၊ စစ်ရဲ သို့မဟုတ် ရဲတပ်ဖွဲ့များ အဖြစ် ပြောင်းလဲနိုင်သည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆိုသည့်အချက်ကို အပစ်ခတ်ရပ်စဲရေး စာချုပ်တွင်ထည့်သွင်း လိုသည်။

ကျင်းပနေသည့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ SD တို့၏ ဆွေးနွေးပွဲမှာ နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ် ရပ်စဲရေး အတွက် စာချုပ်အချော သတ် ထွက်ရှိလာနိုင်ရန် ဆွေးနွေးနေ ခြင်းဖြစ်ပြီး လော်ခီးလာ ( ကေအန်ယူ ဌာနချုပ်) တွင် ကျင်းပခဲ့သည့် တိုင်းရင်းသားလက်နက် ကိုင် များ ညီလာခံမှ ထပ်မံဖြည့်စွက်ရန် အဆိုပြုထားသည့် အချက် ၁၂ ချက်ကို အဓိကထား ဆွေးနွေး နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ဆွေးနွေးပွဲ ပထမနေ့ အချက် ၄ ချက် သဘောတူ

Posted: 22 Jul 2015 10:34 PM PDT

ရန်ကုန်မြို့တွင် ဂျူလိုင်လ ၂၂ ရက်နေ့က စတင် ကျင်းပသည့် အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲပထမနေ့တွင် အချက် ၄ ချက်အား သဘောတူညီ နိုင်ခဲ့ကြောင်း သိရ သည်။



နှစ်ဘက် ပူးတွဲရေး ဆွဲထားသည့် တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေး မူကြမ်းတွင် တိုင်းရင်းသား များ၏ လော်ခီးလာ ညီလာခံမှဆုံးဖြတ်လိုက်သည့် ထပ်မံထည့်သွင်းရန် အဆိုပြုထားသည့် အချက် ၁၃ အနက် အချက် ၆ ချက်ကို စတင်ဆွေးနွေးခဲ့ပြီး အချက် ၄ ချက်ကို ပြင်ဆင်ထည့်သွင်းရန် သဘောတူလိုက်ခြင်း ဖြစ်ကြောင်း နှစ်ဘက် တာဝန်ရှိသူ များက ဆွေးနွေးပွဲအပြီးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ညနေအထိအချက် ၆ ချက်ကို ညှိနှိုင်းဆွေးနွေးနိုင်ပါတယ်။ ပထမဦးဆုံး အချက် ၄ ချက်လုံးက နှစ်ဘက်က စာချုပ်ချောပြီးသဘောတူနိုင်ခဲ့တဲ့အတွက် လော်ခီးလာက အဆိုပြုထားတဲ့ အန်စီအေ အဆိုပြုချက်ထဲက နှစ်ဘက်ခေါင်းဆောင်တွေက စာချုပ်ချောတာ ကို ညှိနှိုင်းလို့ရတဲ့အတွက် ပြီးသွားပါပြီ။ နှစ်ချက်ကတော့ မနက်ဖြန် ဆက်ဆွေးနွေးပါမယ်။” - ဟု မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

ယင်းအချက် ၄ ချက်မှာ နိုင်ငံရေး စစ်ရေးစသည့် အရေးပါသည့် အချက်များ မဟုတ်သေးပဲ စာချုပ် ၏ နိဒါန်းပိုင်း၊ ဥပဒေနှင့် အညီဆိုသော စာသားနှင့် အခြားသာမန် မူလအဓိပ္ပာယ် မပျောက်ပဲစာ သားပြင်ဆင်သည့် ကိစ္စရပ်များသာ ဖြစ်ကြောင်းလည်း တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ SD ၏ ဒုတိယ ခေါင်းဆောင် ပူးဇင်ကျုံးကပြောသည်။

“ ဒီနေ့က အဆင်ပြေတယ်ဆိုတာ အဓိက အချက်တွေမပါသေးလို့ပါ။ မနက်ဖြန် နိုင်ငံရေးတို့ တပ်ပိုင်းဆိုင်ရာတို့ ဆိုရင်တော့ ကြည့်ရမယ် ”ဟု ဆွေးနွေးပွဲ တက်ရောက် နေသည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ဆွေးနွေးပွဲပထမနေ့တွင် အစိုးရဘက်မှဦးဆောင်သူ အဖြစ်တက်ရောက်လာသည့် ၀န်ကြီး ဦးအောင်မင်းက - အစိုးရသက်တမ်း သိပ်မကျန်တော့လို့  လက်ရှိ အစိုးရ သက်တမ်းအတွင်း မပြီး ပြတ်ရင် နောင်လာမယ့် အစိုးရသစ် လက်ထက်မှာ အသစ်ကပြန် စ ရဖွယ်ရှိတယ်- ဟု သတိပေး ပြောဆိုမှုများ ပြုလုပ်ထားသည်။

ဝန်ကြီး ဦးအောင်မင်းက ထိုကဲ့သို့ ပြောဆိုသော်လည်း တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ်တက် ရောက်လာသည့် ဒေါက်တာလဂျာကမူ - “ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေုးနှင့် ပြည် တွင်း ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများသည် မည်သည့် အစိုးရ တက်လာသည်ဖြစ်စေ တသမတ် တည်းရှိသင့်ကြောင်း၊ တသမတ်တည်း ထားနိုင်မှသာ နိုင်ငံရေးပြသနာများ ပြေလည်မည်ဖြစ် ကြောင်း”  သူ၏ မိန့်ခွန်းတွင် တုန့်ပြန်ပြောဆိုသည်။

ယခု ဆွေးနွေးပွဲတွင် အဓိကထား ဆွေးနွေးရဖွယ် ရှိသည့်အချက်များမှာ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးနှင့် ပြုပြင်ပြောင်းလဲရေး SSR Security sector reform နှင့် အားလုံးပါဝင်သည့် အပစ်ခတ်ရပ်စဲရေး ဖြစ်ပေါ်လာရေးစသည့် ကိစ္စများ ဖြစ်နေကြောင်း တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်အချို့မှ ပြောဆိုသည်။

တပ်မတော်ဘက်မှ အပစ်ရပ်ပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှု ရရှိပါက လက်ရှိ တိုင်းရင်းသားတပ်များအလား လက်နက် ဖြုတ်သိမ်းရန် ဆိုသည့် DDR အားထည့်သွင်း လိုနေပြီး တိုင်းရင်းသားများ ဘက်ကမူ မိမိ၏ ပြည်နယ်နှင့်လူမျိုးတို့အား ကာကွယ်နိုင်ရန်အတွက် ပြည်နယ် စောင့်တပ် သို့မဟုတ် စစ်ရဲ အသွင်ဖြင့် ပြောင်းလဲ နိုင်သည့် Security sector reform SSR ကို ထည့်သွင်းရန် လိုလားနေသည်။

ယင်းအပြင် အစိုးရအနေဖြင့် ယခင် သတ်မှတ်ထားခဲ့သည့် ၁၆ ဖွဲ့ကိုသာ အပစ်ခတ် ရပ်စဲရေး လက် မှတ်ရေးထိုးရာတွင် ပါဝင်ရမည်ဟူသည့် မူဝါဒကို ဆက်လက် ကိုင်စွဲ ထားကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြောဆိုထားပြီး တိုင်းရင်းသားများ ဘက်ကမူ အစိုးရဘက်မှ ဆွေးနွေးဘက်အဖြစ် လက်မခံထားသည့် ကိုးကန့် ၊ တအာင်း ၊ ရခိုင့် တပ်မတော်တို့ အပါအဝင် အဖွဲ့အားလုံးပါဝင်မှုကို လိုလားနေသည်ဟု သိရသည်။

တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဖဒိုနော်စီဖိုးရာစိန်က ‘ ကျမ ကိုယ်တိုင်လည်း ပဋိပက္ခတွေ တိုက်ပွဲတွေ အကြားမှာ ကြီးပြင်းခဲ့တာ ၊ ငြိမ်းချမ်းရေးကို လိုလားတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အစိတ်အပိုင်း အားလုံး သေနတ်သံတွေ တိတ်သွားမှ တကယ် ငြိမ်းချမ်း တယ်လို့လည်း ခေါ်နိုင်တာလေ။ အဲဒါကြောင့် အားလုံး ပါဝင်တဲ့ အပစ်ခတ်ရပ်စဲရေးဖြစ်သင့်တယ်။ ‘ ဟု ပြောသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ SD အဖွဲ့တို့ဆွေးနွေးပွဲကို ဂျူလိုင် ၂၃ ရက်နေ့တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး အားလုံး ပါဝင်သည့် အပစ်ခတ် ရပ်စဲရေး ဖြစ်ရေး ၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် အခြားအရေးကြီးသည့် ကိစ္စရပ်များမှာ အဆိုပါနေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

တတိုင်းပြည်လုံး အပစ်ရပ်ဖို့ ဆွေးနွေး နေချိန် SSPP/SSA တပ် စခန်းအား အစိုးရတပ် တိုက်ခိုက်

Posted: 22 Jul 2015 10:23 PM PDT

ရန်ကုန်မြို့တွင် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တတိုင်းပြည်လုံးအပစ်ရပ်ဖို့ ဆွေးနွေးနေချိန် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်း ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းအား အစိုးရ တပ်မတော်ဘက် သွားရောက်တိုက်ခိုက်ရာမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေသည်။



သျှမ်းပြည် တောင်ပိုင်း  မိုင်းရှူးမြို့နယ် မြောက်ဘက် ရ မိုင်အကွာ မိုင်းအောတ်ဒေသ လွယ်နိုင်းအုပ်စု နားကောန် ရွာအနောက်မြောက်ဘက်ရှိ လွယ်ရဆေးတောင် ရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းအား အစိုးရတပ် ခမယ ၅၆၉ လက်အောက်ခံ စစ်ကြောင်းက ဂျူလိုင်လ ၂၁ ရက် နေ့ မွန်းတည့်ချိန်မှ ညမိုးချုပ်အထိတကြိမ်၊ ဂျူလိုင် ၂၂ ရက်နေ့ နံနက် ၆ နာရီမှ မွန်းတည့်ချိန်အထိတကြိမ် တိုက်ပွဲ များဖြစ်ပွားခဲ့သည်။ လက်ရှိတွင်လည်း အစိုးရ တပ်မတော်ဘက် အင်အား တိုးဖြည့် နေသကဲ့သို့ သျှမ်းပြည် တပ်မတော် ဘက်ကလည်း အင်အားဖြည့်နေသည်ဟု သိရသည်။

ဆွေးနွေးပွဲတွေနဲ့ တိုက်ဆိုင်နိုင်လွန်းပါတယ်။ ကျနော်တို့ဘက်က ကိုယ့်နေရာမှာဘဲနေပါတယ်။  ပြီးတော့ ကျနော်တို့ဘက်က စတိုက်တာ မဟုတ်ဘူး။   တိုက်ပွဲရပ်စဲပေးဖို့ စာပေးလိုက်တယ်။ တပြည်လုံး အပစ် ရပ်စဲရေး ဆွေးနွေးရေး ကနေ   တိုက်ပွဲကိုဝိုင်းဝန်းတားပေးဖို့ပေါ့လေ။ ဆွေးနွေးတုန်း ဖြစ်နေတယ် ဆိုတာက ရုပ်ပျက်တယ်လေ။ အခုထိဖြစ်နေတယ် - ဟု SSPP အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင်က ပြောသည်။

အစိုးရတပ်မတော် ခမရ ၅၆၉ စစ်ကြောင်းအား ဗိုလ်မှူးမိုးဝင်းနိုင် က ဦးဆောင်ကြောင်း ဒေသအတွင်း၊ တိုက်ပွဲကြောင့် ထိခိုက်မှုရှိခဲ့ကြသော်လည်း ကျဆုံးမှုအရေအတွက် မသိရသေးကြောင်းဆိုပါသည်။

ဗမာ တပ်တွေ တက်လာတာ လွန်ခဲ့တဲ့ ၄-၅ ရက်ကတည်းက။ တိုက်ပွဲက ဖြစ်တော့မယ်ဆိုပြီး ရွာသားတွေက လန့်နေတာ။ ဒါပေမယ့် ဒီဘက်မှာ မဖြစ်ဘဲ မိုင်းအောတ်ဘက်မှာ သွားဖြစ်တယ် - ဟု ၀မ်းဟိုင်းဌာနချုပ် တောင်ဘက် နှစ်မိုင်ခန့်သာ ဝေးသည့် ၀မ့်ဆော့ရွာသား တဦးကပြောသည်။

မိုင်းနောင်မြို့နယ်ဘက်တွင်လည်း အစိုးရဘက်မှ စစ်ရေးပြင်ဆင်မှုများပြုလုပ်နေပြီး  လက်နက်ကြီးဖြင့် အစမ်းပစ်ခတ်  လေ့ကျင့်မှု ပြုလုပ်မည်ဟု ဒေသခံများထံ အသိပေးထားကြောင်း အမည်မဖော်လို သည့် ဒေသခံတဦးက ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် ဖြစ်ပေါ်သော အဆိုပါ စစ်ပွဲများ ရပ်စဲပေးရန် တောင်းဆိုသည့်စာအား ရန်ကုန်သို့ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် ရောက်ရှိနေသည့် စဝ်ခွန်ဆိုင်မှ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း ၊ ဦးသိန်းဇော် ၊  ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌများလက်သို့   ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးသည့် တပ်ဖွဲ့ ဖြစ်သကဲ့သို့၊  တပြည်လုံးအပစ်ရပ် လက်မှတ်ရေး ထိုးနိုင်ရေးအတွက် အစိုးရနှင့် ဆွေးနွေးနေသည့် တိုင်းရင်းသားတော်လှန်ရးတပ်ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးညှိ နှိုင်းရေးအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တွင်လည်း သျှမ်းပြည်တပ်မတော် SSPP/SSA က ပါဝင်သည်။

သျှမ်းသံတော်ဆင့်

unread,
Jul 25, 2015, 4:18:22 PM7/25/15
to thuau...@gmail.com

မိုးအဆက် မပြတ် ရွာသွန်း သီပေါတွင် သက်တမ်းရင့် တံတားကျိုး လူ ၃ ဦးသေဆုံး

Posted: 25 Jul 2015 05:31 AM PDT

သျှမ်းပြည် မြောက်ပိုင်း သီပေါ မြို့တွင် နမ္မတူ မြစ်ရေကြီးကာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ နမ့်ပေါ့ ချောင်းကူးသည့် ခိုနန်းဖ တံတားကျိုး၍ ရေနှင့် မျောပါ သေဆုံးမှုများ ရှိကြောင်း သိရသည်။





ဂျူလိုင်လ ၂၅ ရက် ယနေ့မနက် ၉ နာရီက ချောင်းရေ တဟုန်ထိုး တက်လာသဖြင့် ချောင်းကူး တံတား ကျိုးကာ လူ ၂၀ ထက်မနည်း ရေနှင့် မျောပါကြောင်း သီပေါမြို့ခံ စိုင်းကျော်က ပြောသည်။

“ဒုဌ၀တီမြစ်ရေကြီးလို့ မြစ်လက်တက် တွေလဲရေကြီးကုန်တယ်လေ။ သီပေါမှာ နမ့်ပေါ့ချောင်း ရေကြီး လို့ ခိုနန်းဖ တံတားကြီးကျိုးတယ်။ အဲ့ဒီတံတားက အင်္ဂလိပ်ခေတ်ကတည်းက တံတားလေ။ သံကွန် ကရစ် တံတားပေါ့။ ဆွေးနေပြီ မို့လည်း ပါမှာပေါ့။ ၃ ခန်းရေနဲ့ပါသွားတယ်။ တံတားပေါ်ကလူတချို့ရယ်၊ ချောင်းဘေးကတချို့ရယ် ၂၀ ထက်မနည်း ရေနဲ့ပါသွားတယ်။ ခုထိ မိုးသည်းနေတုန်း ဆိုတော့ ကျန်တဲ့ ၂ ခန်းလည်း ရေနဲ့ထပ်မျောပါဖို့ အလားအလာရှိတယ် ” - ဟု ပန်နေဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်က မိန့်တော်မူသည်။

ရေကြီးမှုကြောင့်  ရေနှင့်မျောပါသူများကိုလိုက်လံဆယ်ယူရာတွင် လက်ရှိ ၅ ဦးကိုဆယ်ယူရရှိပြီး ၃ ဦးမှာ သေဆုံးပြီဖြစ်ကြောင်း၊ ၂ ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊ ကျန် ၁၅ ဦးမှာ ပျောက်ဆုံးနေကြောင်း ချောင်းဘေး တလျှောက်ရှိ လူနေအိမ်ခြေတချို့လည်း ရေစီးနှင့်အတူ မျောပါကြောင်း သီပေါမြို့ခံ စိုင်းကျော်က  အတည်ပြု ပြောပါသည်။

ယခုကဲ့သို့ ရေများတဟုန်ထိုး ချောင်းအတွင်းဝင်ရောက်လာမှုမှာ မြို့ပတ်ပတ်လည် တောင်တန်းများ ပေါ်တွင် သစ်ပင်များ မရှိတော့သည့်အတွက် တောင်ကျရေများမှာ မြေကြီးများ ကျောက်ခဲများ နှုန်းများနှင့်အတူ ပါလာပြီး အရှိန်ပြင်းပြင်းနှင့် တိုက်စားမှုကြောင့်ဖြစ်နိုင်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်သည်။

“အရင်ခေတ်က ပတ်ပတ်လည်မှာ သစ်ပင်တွေ များတော့ မိုးရွာရင် ရေထိန်းနီုင်တော့ ဘာမှ မဖြစ်ဘူး ။ အခုက တစ်ခါရွာတာနဲ့ နှုန်းတွေ ကျောက်တွေပါ ပါလာတယ် သစ်ပင်တွေလည်း တစ်ခါတစ်ခါပါလာပြီး တံတားကလည်း နှစ်ကြာလာတော့ ဖြစ်သွားတဲ့ သဘောပါ” ဟု ဦးရဲထွန်းက ပြောသည်။

မြို့တွင်း ရေကြီး နေမှုကြောင့် မန္တလေးမှ တက်လာသည့် ကားများလည်း သီပေါမြို့အဝင်တွင် ၁၀၀ ကျော်ပိတ် မိနေကြောင်း  သီပေါတွင်ခရီး တထောက် နားနေ ရသည့် မန္တလေး- မူစယ်ခရီးသည် စိုင်းလိတ်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

 “သီပေါမြို့တွင်းမှာ ရေအမြင့် ၃ ပေလောက်ရှိပါတယ်။ နေအိမ်တွေဆို အနိမ့်ပိုင်းမှာရှိတဲ့ အိမ်တွေ ဆိုရင် တဝက်လောက်မြုပ်နေတယ်။ ကားအသွားအလာတော့ ရပ်ထားရတယ်။ ကားကြီးတွေဆို ရေထဲ ကိုဖြတ်ကူးလို့ရတယ်။ ကားသေးလေးတွေတော့ မကူးရဲကြဘူး။” - ဟု စိုင်းလိတ်ကပြောသည်။

အလားတူ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရှိ ရပ်ကွက်အချို့ တွင်လည်း လူနေ ရပ်ကွက်များ အတွင်း ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေပြီး သပိတ်ကျင်း ၊ လက်ပံလှ ၊ စဉ့်ကူး စသည့် ဒေသများတွင်လည်း  ရေကြီးရေလျှံမှုများဖြစ်ပွါးရာ လူနေအိမ်အချို့ ပြိုကျပျက်စီးခဲ့ ခဲ့သည်။  မိုးကုတ်- မတ္တရာကားလမ်းတွင်လည်း မြေပြိုမှုများဖြစ်ခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ပြီးလည်း ဂျူလိုင်လ ၂၇ ရက်နေ့အထိ မန္တလေးတိုင်းအတွင်း နေရာ စိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး နေရာကွက်ကျား မိုးကြီးနိုင်သေးသည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။

လွှတ်တော် ပြင်ပ နိုင်ငံရေး အားကောင်းဖို့ SNLD ထိပ်တန်း ခေါင်းဆောင်များ ရွေးကောက်ပွဲ မဝင်

Posted: 25 Jul 2015 03:17 AM PDT

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲဝင် ရောက်ယှဉ် ပြိုင်မည်ဟု ကြေငြာခဲ့ပြီးဖြစ်သော်လည်း  ဥက္ကဌ ခွန်ထွန်းဦးအပါဝင် ပါတီထိပ်တန်း ခေါင်း ဆောင် ၅ ဦးမှာ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပါတီဥက္ကဌ ဦးခွန်ထွန်းဦးက ပြောသည်။



"ကျနော်က အသက်ကြီးပြီ။ လူငယ်တွေကို နေရာပေးရမယ်။ ဒါ့အပြင်  ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသား အရေးတွေ ဆောင်ရွက်ဖို့ ပါတီ တည်ဆောက်ရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းမှုကလည်း အရေး ပါတယ်လေ။  ဒါကြောင့် မပြိုင်တာပါ။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွေကလည်း ဒီဆုံးဖြတ်ချက်ကို လက္ခံပါတယ် "- ဟု ခွန်ထွန်းဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဥက္ကဌကြီး ခွန်ထွန်းဦးအပြင် ပါတီ ဒုတိယ ဥက္ကဌ ဦးစိုင်းစောအောင် ၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်၊ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်၊ စည်းရုံးရေးမှူး စိုင်းအဂ္ဂ တို့ ရွေးကောက်ပွဲဝင်ပြိုင် မည် မဟုတ်ကြောင်း  အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည်။

"လွှတ်တော်ထဲကို ထိုက်သင့်တဲ့ ကိုယ်စားလှယ်အရေ အတွက်တွေ တစ်ဖက်က ကြိုးစားနေပြီး တစ်ခြား တစ်ဖက်ကလည်း လွှတ်တော်ပြင်ပ နိုင်ငံရေးအတွက် ခေါင်းဆောင်တွေ ရှိ နေဖို့ လိုအပ်တယ်လို့ သုံးသပ်တဲ့ အတွက် ဖြစ်ပါတယ်။    အခြေခံဥပဒေ ကိစ္စနဲ့ ပတ်သက်လာရင် လွှတ်တော်ပြင်ပ နိုင်ငံရေး လောက ဟာ ကြီးမားတဲ့ လိုအပ်ချက် ဖြစ်နေတာ နိုင်ငံရေးလေ့လာသူတိုင်း သိနေကြမှာ ဖြစ်ပါတယ်။ "-  ဟု ဦးစိုင်းညွှန့်လွင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

သျှမ်းတိုင်းရင်းသားများ ဒိမိုကရေစီအဖွဲ့ချုပ်၏ ပါတီ ဥက္ကဌ ဖြစ်သူ ဦးခွန်ထွန်းဦးမှာ ၁၉၉၀ ရွေးကောက် ပွဲတွင် သီပေါမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံမပြင်ပါက ရွေးကောက်ပွဲမဝင်ဟု ၂၀၁၃ ခုနှစ် ကတည်းက ပြောဆိုထားသူဖြစ်သည်။

"ပါတီဥက္ကဌက သူက နဂိုကတည်းက သူ့အနေနဲ့ ဖွဲ့စည်းပုံမပြင်ရင် ရွေးကောက်ပွဲမဝင်ဘူးလို့ ပြောထားတာ။    ရွေးကောက်ပွဲဝင်တာက ပါတီရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ သူမဝင်တာက သူ့ရဲ့ ဆန္ဒဖြစ်တယ်။ ဒါကလည်း ဖွဲ့စည်းပုံမပြင်တာနဲ့ ပတ်သက်တယ် " - ဟု ဦးစိုင်းညွှန့်လွင်က ပြောသည်။

သျှမ်း/ မြောက် မူစယ်တွင် ရေကြီး

Posted: 24 Jul 2015 09:06 PM PDT

သျှမ်းပြည်မြောက်ပိုင်းမူစယ်မြို့နယ်တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရွှေလီမြစ်ရေကြီးကာ ဟိုဆောင်ရပ်ကွက် ရေတက်နေကြောင်းသိရသည်။

မူစယ်ဘက်ခြမ်းတွင်တွေ့ရသော ရေကြီးမှု

ဟိုဆောင်ရပ်ကွက်မှာရေကြီးတာ။ လမ်းပေါ်မှာ ၂ ပေလောက်တက်တယ်။ ဒူးခေါင်း အထက်နား အထိပေါ့။ မိုးကြီးလို့ရေလျှံတာပါ။ ရေနုတ်မြောင်းရှင်းရင် အဆင်ပြေ သွားမှာပါ။ နေအိမ် ၂၀ ကျော်ရေမြုပ်ပါတယ်။ ရေက ချက်ချင်း မတက်လာလို့ တော်သေးတယ်။ - ဟု ဟိုဆောင်ရပ်ကွက်နေ စိုင်းအိုက်ကပြောသည်။

မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် ယနေ့မနက်ပိုင်းက ရွှေလီမြစ် ရေကြီးကာ မူစယ်မြို့ ဟိုဆောင်ရပ်ကွက်နေအိမ်နှင့် လမ်းမကြီးပေါ်တွင် ရေ ၂ ပေခန့် လျှံ တက်လာခြင်းဖြစ်သည်။

ပန်းပျိုးပင်များ စိုက်ပျိုး ရောင်းချသော အိမ်များ ပျိုးပင်အားလုံး ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တော်တော် များသည် ဟုလည်း ဟိုဆောင်ရပ်ကွက်သူ အေဦးကလည်းပြောပါသည်။

ပြီးခဲ့တဲ့ ၃-၄ ရက်ကတည်းကမိုးသည်းနေတာ။ ဟိုဆောင်ရပ်ကွက်မှာဆိုရင် နယူးစတားလိုက် ကုမ္မဏီရှိတယ် လေ။ သူက မြေတွေဖို့ပြီးအမြင့်ပိုင်းမှာနေတယ်။ ပြီးတော့ သူ့ဘေးပတ်လည်က ရေနုတ်မြောင်းတွေက ပိတ်နေ တာ သူက ပြန်မရှင်း ပေးဘူး။ ဒါကြောင့် အနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်ထဲကိုရေတွေက စီးဝင်ကုန်တာ။ - ဟု အေဦး ကပြောသည်။

မူစယ်မြို့တဘက်ကမ်း တရုတ်ပြည် ဘက်ခြမ်းတွင် ဂျယ်ဂေါင် တွင်မူ မူစယ် ဘက်ခြမ်းထက် မြေနိမ့် သည်ဖြစ်ရာ ဗင်ကား ခေါင်မိုး အထိ ရေတက် ခဲ့ကြောင်း သိရသည်။

မူစယ်မြို့သည် လွန်ခဲ့သည့် ၁၀ နှစ်က ယခု ကဲ့သို့ ကြီးကြီး မားမား မြစ်ရေလျှံ ခြင်း မရှိ ခဲ့ဖူးကြောင်း၊ ယခု ၃ နှစ် အတွင်း ထူးခြားစွာ ရေလျှံမှု ဖြစ်ပွါး ခဲ့ခြင်း ဖြစ်ကြောင်း စိုင်းအိုက်က ပြောသည်။

ပဲပုပ်ချပ်ထုပ် အတွင်း ဝှက်ထားသော ယာဘ များအား ထိုင်းရဲ ဖမ်းမိ

Posted: 24 Jul 2015 08:54 PM PDT

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ပဲပုပ်ချပ်အထုပ်အတွင်း ၀ှက်ထားေ သာ ယာဘဆေးပြားများနှင့်တူ ယာဘအပြားပေါင်း ၄၀၀၀ ကျော် အား ငှားရမ်းနေ ထိုင်သူများ အခန်းတခုအတွင်း ထိုင်းရဲများက ဖမ်းဆီးရမိခဲ့ပါ သည်။



ဂျူလိုင်လ ၂၂ ရက်နေ့က ချင်းမိုင်ခရိုင် ၀ိန်းဟိုင်မြို့နယ်မှ အသက် ၃၀ အရွယ် ချွန်းတင်းအမည်ရ (လူမျိုးမသိ)  ထိုင်းနိုင်ငံသားကတ်ကိုင်ဆောင်သူတဦးအား ၄င်းငှားရမ်းနေထိုင်သည့် ချင်းမိုင်မြို့တွင်း ဆီဖုမ်းရပ်ကွက် ရှိ အခန်းအတွင်း  ထိုင်းရဲများက ၀င်ရောက်စစ်ဆေးခဲ့ရာ ယာဘ ဆေးပြား ၄၀၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါယာဘဆေးပြားများအား တနေရာနဲနဲစီ ၀ှက်ထားသည်ကိုတွေ့ရပြီး အပြားပေါင်း ၈၀၀ ခန့်ကို တထုတ်လျင် အလေးချိန် တကီလိုခန့်စီရှိ ပဲပုပ်ချပ်များကို အလယ်တွင် အပေါက်ဖောက်ကာ သွပ်ထည့်ထားကြောင်း ထိုင်း cm108 သတင်းတွင်ဖော်ပြထားသည်။

ယခုလက်ရှိ ချွန်းတင်းအား ချင်းမိုင်မြို့ ချန့်ဖိတ်ရဲစခန်းတွင် ထိန်းသိမ်းထားေ ကြာင်း လည်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ဆွေးနွေးပွဲ ပြီးဆုံး အချက် ၃ ချက်ကျန်

Posted: 24 Jul 2015 08:44 PM PDT

သုံးရက်ကြာကျင်းပပြုလုပ်ခဲ့သည့် အစိုးရ၏ UPWC နှင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ SD တို့၏ ဆွေးနွေးပွဲတွင် အားလုံးပါဝင်သည့် အပစ်ခတ်ရပ်စဲရေး ဖြစ်ပေါ်လာရေးအပါဝင် အချက် ၃ ချက်မှာ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေခဲ့ပြီး ဆွေးနွေးမှုအား လာမည့် သြဂုတ်လ ပထမ အပတ်တွင် ဆက်လက်ကျင်းပရန် သဘောတူ ခဲ့ကြောင်း နှစ် ဘက်တာဝန်ရှိ သူများထံမှ သိရသည်။





ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် ကျင်းပခဲ့သည့်ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ပြင်ဆင်လို နေသည့် အချက် ၁၃ ချက်အား ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး အချက် ၁၀ ချက်မှာ ပြင်ဆင် ဖြည့်စွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

အားလုံးပါဝင်တဲ့ အပစ်ခတ်ရပ်စဲရေး ဖြစ်ဖို့မှာ သူတို့ လက်ကိုင်ထားတဲ့ အဖွဲ့နဲ့ ကျနော်တို့ NCCT နဲ့ SDမျာပါတဲ့ အဖွဲ့ ပြန်ယှဉ်လိုက်ရင် NCCT ၁၁ ဖွဲ့ကိုပဲ သူတို့က လက်ခံနေတဲ့သဘောဖြစ်နေ သေးတယ်။ နှစ်ဘက်စလုံးကတော့ စာချုပ် လက်မှတ် ထိုးနိုင်ရေး အတတ်နိုင်ဆုံးညှိနှိုင်းသွားဦးမှာပါ - ဟု တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များဘက်မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဒုတိယ ခေါင်းဆောင် ပူးလ်ဇင်ကျူံးက ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေးထိုးရာတွင် ပါဝင်ရမည့် အဖွဲ့ များ နှင့် ပတ်သက်၍ အစိုးရ ဘက်မှ NCCT နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲ မှု ဗဟိုညှိနှိုင်းမှု အဖွဲ့တွင်ပါဝင်သည့် လက်နက် ကိုင်အဖွဲ့ ၁၁ ဖွဲ့နှင့် ပါဝင်ခြင်း မရှိ သည့် ၀ UWSA ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ၊ NSCN (k) နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ ၊ မိုင်းလားအဖွဲ့နှင့် ABSDF ကျောင်သားအဖွဲ့တို့ကိုသာ ဆွေးနွေးဘက်အဖြစ် သတ်မှတ်ထား သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှာမူ တအာင်းပလောင် ၊ ကိုးကန့် ၊ ရခိုင် AA စသည့်အဖွဲ့များအပါဝင် ကျန်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် WNO ၊ လားဟူ LDU ၊ ရခိုင်အမျိုးသား ကောင်စီ စသည့် အဖွဲ့များကိုပါ ပါဝင် လက်မှတ် ရေးထိုး နေစေလိုသည်ဟု သိရသည်။

ယင်းအပြင် အသိသက်သေ ကိစ္စ မှာ ကျန်နေဆဲဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စတွင် လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေး၊ လုံခြုံရေး ကဏ်ဏ္ဍပြုပြင်ပြောင်းလဲေ ရး နှင့် လက်နက်ကိုင်တပ်ဖွဲ့များ ဖျက်သိမ်းရေး DDR /SSR တို့ကို ထည့်သွင်း မည် မထည့်သွင်းမည်ဟု သဘောတူညီနိုင်ခြင်း မရှိသေးပဲ နှစ်ဘက် ထိပ်တန်း ခေါင်းဆောင် များထံ ပြန်လည်တင်ပြပြီးမှ သဘောဆန္ဒရ ယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လေီမြစ်ဝှမ်းဒေသ၌ ရေကြီး ပျက်စီးရှုံးဆုံးမှုများပြား

Posted: 24 Jul 2015 08:31 PM PDT

မြန်မာနိုင်ငံ (သျှမ်းပြည်နယ်မြောက်ပိုင်း)နှင့် တရုတ်နိုင်ငံနယ် စပ်ဒေသဖြစ်ေ သာ ထုန့်မော(၀်)ခေါ် ရွှေလီမြစ်ဝှမ်းဒေသ၌ ရေကြီးမှု ကြောင့် ပျက်စီးရှုံးဆုံး မှုများကြောင်း သတင်းရရှိသည်။




ရေသည် ရွှေလီမြစ်ရေထဲကတက်လာပြီး ရေကြီးမှုသည် ယနေ့မနက် ၁၀းဝဝ နာရီဝန်းကျင်ခန့် စတင်ပြီး ညနေ ၅းဝဝ နာရီအချိန်အထိ ကျဆင်းသွားခြင်း မရှိသေးကြောင်း၊ရေလွှမ်းခံရသည့်နေရာ များမှာမြန်မာနိုင်ငံဘက်မှ မူစယ် ခရိုင် ပန်ခမ်းတံတားအနီးတဝိုက် နှင့် တရုတ်ပြည်ဘက်မှ ဂျယ်ဂေါင်မြို့ နှင့် ရွှေလီမြို့တို့ဖြစ်ကြောင်း ထုန့်မော(၀်)ဒေသခံ လုင်းမြ ကဆိုသည်။

“ရွှေလီမြို့ ကဆိုရင် ကား စီးလုံးရေထဲမြုပ်သွားကြတယ် ၊ဂျယ်ဂေါင်မြို့မှာတော့ ကား ဘီးလုံးတစ်ဝက်လောက် ရေမြုပ်နေတာတွေ့ပါတယ်၊ မြန်မာဘက်ခြမ်း ပန်ခမ်းတံတားအနီး မှာတော့ မွှန်းလွဲ ၂းဝဝ နာရီကရေ စတက် လာပြီး ညနေ ၅းဝဝနာရီအထိတော့ ပြည်ထောင်စုလမ်းမ (မူစယ်-နမ့်ခမ်းလမ်း) ကို အာဏာပိုင်ဘက်က ယာယီ ပိတ်ထားပေးပါတယ်” ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြောသည်။

ထုန့်မော(၀်) ဒေသသည် မိုးအဆက်မပြတ်ရွာနေသည်မှာ (၁၀)ရက်ကျော် ရှိပြီဖြစ်ကြောင်း၊ တောင်ကျချောင်းရေများ ရွှေလီမြစ် ထဲအများအပြား စီးဝင်လာမှုကြောင့် ရေကြီးမှုဖြစ်လာခဲ့ကြောင်း တရုတ်ဘက်ခြမ်းနေ သျှမ်းလူမျိုး စိုင်းအိုက်ထွန်း ကဆိုသည်။

ယမန်နှစ် ၂၀၁၄ ဂျူလိုင်လကုန်ပိုင်း ၌လည်း ထုန့်မော(၀်)ဒေသ တွင် ရေကြီး မှုဖြစ်ပေါ် ခဲ့ပြီး မြန်မာနိုင်ငံဘက် ပိုင်း ပန်ခမ်းတံတားအနီးတွင် လူအသေ အပျောက်အနည်းငယ်ရှိပြီး ယခုနှစ် ရေကြီးမှုမှာ တရုတ်ပြည်ဘက်က ပျက်ဆီးဆုံးရှုံးမှုများနေကြာင်း ဒေသခံများထံမှသိရသည်။

စဝ်ဇန့်ယောင်ဟွေ ကွယ်လွန်ခြင်း ၁၁ နှစ် ပြည့်

Posted: 24 Jul 2015 08:19 PM PDT

ဂျူလိုင်လ၂၄ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ပထမဆုံးသောသမ္မတ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက် (စဝ်ဖှလုံ ယောင်ဟွေ) ရဲ့ ဒုတိယ သားကြီးဖြစ်တဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ကို ဦးဆောင်ဖွဲ့စည်း ထူထောင်သူ စဝ်ဇန့်ယောင်ဟွေ ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။




စော်ဘွားကြီးရဲ့သားဟာ သျှမ်းပြည်သူလူထုအတွက် ဘယ်လိုသော အကျိုးပြု လုပ်ငန်းတွေမှာပါဝင်ခဲ့ပါသလဲ။ သျှမ်းပြည်တော်လှန်ရေးသမိုင်းမှာ ဘယ်လောက်ထိ အရေးအပါတဲ့ ပုဂ္ဂိုလ်ဖြစ်ပါသလဲ။ ဂုဏ်ပြုတဲ့အနေနဲ့ စဝ်ဇန့်ရဲ့ ကိုယ်ရေးသမိုင်းအကျဉ်းကို ဖော်ပြခဲ့ပါတယ်။

စဝ်ဇန့်ယောင်ဟွေ

အမည် စဝ်ဇန့် ယောင်ဟွေ
အခြားအမည် စဝ်ဆေလိန်ဖ၊ စဝ်ဆေဝိုင်၊ ခွန်လွန့်ဖှ၊ Eugene Thaike
မွေးနေ့ ၂၆ / ၄ / ၁၉၃၉
မွေးရပ် ပြည်ထောင်စုသျှမ်းပြည်
(Federal Shan States) ယောင်ဟွေ ဟော်နန်းတွင်
မွေးဖွား
ခမည်းတော် ညောင်ရွှေ(ယောင်ဟွေ) စော်ဘွားကြီးစဝ်ရွှေသိုက်
ပြည်ထောင်စု၏ ပထမဦးဆုံး သမ္မတကြီး (၁၉၄၈-၁၉၅၂)

မယ်တော် သိန္နီ(ဆဲန့်ဝီ) စော်ဘွားကြီး ခွန်ဆန်တွန့်ဟုန်း၏ သမီးေ တာ်ေ ယာင်ဟွေ့မဟာဒေဝီစဝ်နန်းဟိန်းခမ်း ( သျှမ်းပြည်စစ်ကောင်စီ SSWC ဥက္ကဌ ဟောင်း)

ညီအစ်ကိုမောင်နှမ စဝ်ဆေခန်ဖ (စဝ်ဆေ)
စဝ်ဆေလိန်ဖ (စဝ်ဇန့်)
စဝ်ယိင်းဆီတာ (စဝ်ယိင်း)
စဝ်ဆေဟုန်ဖ (စဝ်မီ) - မတ်လ ၂ ရက် ၁၉၆၂ ဗိုလ်နေဝင်းစစ်အုပ်စု အာဏာသိမ်းစဉ် ရန်ကုန် စံနန်းတွင် ပစ်သတ်ခံရ ။
စဝ်ဆေဟန်ဖ (စဝ်ဟန်)
စဝ်ယိင်းရတနာဆိုင်လင်း (စဝ်လင်း)
အိမ်ထောင် နန်းနုနုမြင့် (ကျိုင်းတုံ)
သားသမီး စဝ်အုန်းဖယောင်ဟွေ့၊ စဝ်အွမ်ဂျနားယောင်ဟွေ့

ပညာအရည်အချင်း
၁၉၅၇ ရန်ကုန် မက်သဒစ်ကျောင်းတွင် ၁၀ တန်းအောင် ။

၁၉၆၁ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းအဓိကဖြင့် ဘီအေ (B.A) အောင်၊ အင်္ဂလိပ်စာဌာနတွင် ကထိကဆရာအဖြစ် ၀င်လုပ်။

၁၉၆၃ သျှမ်းပြည်လွတ်လပ်ရေးတပ်မတော် (SSIA) တွင်တော်လှန် ရေးဝင်လုပ် (နောက်ပိုင်း SSA အဖြစ်ဖွဲ့စည်း)။ ဗိုလ်နေဝင်း၏ တော်လှန်ရေးကောင်စီမှ ဖိတ်ကြားသော ပြည်တွင်းငြိမ်းချမ်း
ရေးဆွေးနွေးပွဲသို့ အဖွဲ့ခေါင်းဆောင်အဖြစ်သွားဆွေးနွေး။

၁၉၆၄ SSA ၏ တပ်မဟာ ၁ တပ်မဟာ ဦးစီးမှူး

၁၉၆၆ SSA ဗဟိုဦးစီးအဖွဲ့ဝင်နှင့် ဒုစစ်ဦးစီးချုပ်

၁၉၆၈ SSA အမှတ် ၁ စစ်တိုင်းမှူး

၁၉၇၁ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ကို ဦးဆောင်ဖွဲ့စည်း ထူထောင်ပြီးနောက် အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူ ။

၁၉၇၆ နှလုံးရောဂါကြောင့်ချင်းမိုင်တွင်အနားယူ၊ နှလုံးခွဲစိတ်ကုသ မှုခံယူ ။

၁၉၈၄ The Shan of Burma စာအုပ်ရေးသားထုတ်ဝေ (စင်္ကာပူအမျိုးသားတက္ကသိုလ်တွင် ပုံနှိပ်) ။

၁၉၈၅ ကနေဒါနိုင်ငံသို့ တမိသားစုလုံး ပြောင်းရွှေ့နေထိုင် ။

၁၉၉၀ နိုင်ငံရေးသိပ္ပံ မဟာဝိဇ္ဇာ အမ်အေ (M.A) ဘွဲ့ရ ။

၁၉၉၆ သျှမ်းအမျိုးသား ဒီမိုကရက်တစ်အစည်းအရုံး SDU
အတိုင် ပင်ခံ ပုဂ္ဂိုလ်အဖြစ်လက်ခံ ။

၁၉၉၇ နိုင်ငံရေးသိပ္ပံ ဘာသာဖြင့် Ph.D ပါရဂူဘွဲ့ရ ။

၁၉၉၈ တိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်
နယ်မြေ) UNLD-LA ကို ပါဝင်ဦးဆောင်ဖွဲ့စည်း ။

၁၉၉၉ အမျိုးသားပြန်လည်သင့်မြတ်ရေးအစီအစဉ်NRP နှင့်
ပြည်ထောင်စု ညွန့်ပေါင်းအစိုးရ NCGUB ၏အကြံပေး ပုဂ္ဂိုလ် ။

၂၀၀၁ နောက်ပိုင်း တိုင်းရင်းသားလူမျိုးများကောင်စီ ENC
ဖြစ်လာမည့် တိုင်းရင်းသားလူမျိုးများညီ ညွတ်ရေးနှင့်
ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ENSCC ) ၏
အကြံပေးပုဂ္ဂိုလ် ။

၂၀၀၄ ENSCC ၏ ဥက္ကဌ ၊ မေလအတွင်း ဆေးစစ်ကြည့်ရာ
ဦးနှောက်အသားပို အကျိတ်ရောဂါတွေ့ရှိ၊
ဇူလိုင် ၂၄ ရက်နေ့တွင်ကွယ်လွန် အနိစ္စရောက် ။

စဝ်ဇန့်ယောင်ဟွေ၏ အဆိုအမိန့်အချို့-

ပြည်ထောင်စုဆိုတဲ့အဓိပ္ပာယ်က ဘာလဲ။ ပြည်ထောင်တွေလာ စုတာ။ အဓိပ္ပာယ်ကတော့ Federalism ပဲ။ ပြည်မဆိုတာ မရှိဘူး။ အင်္ဂလန် England ကိုတော့ Unitary Decentralized System လို့ခေါ်တယ်။ တပြည် ထောင်စနစ်ပဲ။ ဒါပေမယ့် ဗဟိုမှ အာဏာခွဲဝေမှုရှိတယ် ။

ကျနော်တို့ဆီမှာဖြစ်တာက Unitary ဖြစ်တယ်။ Decentralize မဖြစ်ဘူး။ ခြားနားတဲ့ Unitary နိုင်ငံစနစ်ဖြစ်နေတယ်။ ဘာဖြစ်လဲ ဆိုတော့ ပါလီမန်မှာ အမတ်အများစုက ဗမာပဲ။ Burma State တင်မကဘဲ ဘယ်လိုသဏ်ဏ္ဍာန်ဆောင်သွားလဲဆိုရင် ပြည်မကြီးဖြစ်သွားတယ် ။

အဲဒီတုန်းက ဗမာထဲမှာ Legal Constitutional Lawyer ပဲရှိတယ်။ Constitution Expert မရှိ ဘူး။ ဦးချန်ထွန်းဆိုတာ Lawyer ပဲ။ အဲလိုဖြစ်နေတော့ Constitution ဆိုတာ အင်္ဂလိပ်လက်အောက်ဖြစ်နေတော့ အင်္ဂလိပ် model ဘဲရှိ တယ်။ အဲဒါကို adapt လုပ်ပြီးတော့ Constitution ပြန်ဆွဲတာပဲလို့ ယူဆရတယ်။

ရှင်းနေတာက ဗိုလ်နေဝင်းဟာ အာဏာရချင်လို့ အာဏာသိမ်းတာ ပဲဖြစ်တယ်။ အဲလိုဖြစ်တော့ သူတို့အခွင့်ကောင်းယူပြီး Federal ကို ခွဲထွက်ရေးလို့ပြောတယ်။ တကယ်ဆိုရင် Federal နဲ့ခွဲထွက်ရေးကဘာမှ မဆိုင်ဘူး။

ပြည်ထောင်စုဆိုတာ အိမ်ကြီးပုံစံမဟုတ်ဘူး။ အိမ်ကြီးတခုထဲမှာ အိမ်ပိုင်ရှင်ရှိ ပြီးတော့ ကျနော်တို့သျှမ်းတွေ၊ ကချင်တွေက အခန်းခွဲဝေ ပေးပြီးနေရတဲ့လူတွေမဟုတ်ဘူး။ ပြည်ထောင်စု ဆိုတာ ရွာပုံစံပါ။ ရွာထဲမှာ အိမ်ကြီးရှိမယ်။ အိမ်ငယ်ရှိမယ်။ တချို့အိမ်က မိသားစုဝင် ၄-၅ ယောက်ရှိမယ်။ တချို့မိသားစုက ကြီးမယ်။ လူ ၁၀-၂၀ ယောက်ရှိ ချင်ရှိမယ်။ အိမ်ကြီးကြီးရှိမယ်။ အိမ်သေးသေး ရှိ မယ်။ ဆင်းရဲတဲ့အိမ်ရှိမယ်။ ချမ်းသာတဲ့အိမ်ရှိမယ်။ ဒီရွာထဲက အိမ်တွေဟာ ကိုယ့်ဝင်းကိုယ့်ခြံ ထဲမှာ လွတ်လွတ်လပ်လပ်ပဲ။ ခင်ဗျားတို့မိသားစု က ဆန်ပဲစိုက်ရ မယ်။ မြေပဲမစိုက် ရဘူးလို့ဘယ်သူမှ အမိန့်မချဘူး။ အခုငါတို့ ဒီရွာမှာ နွားမွေးရမယ်။ မင်းတို့ကြက်မမွေးရဘူးလို့ဘယ်သူမှ မပြောဘူး။ နွား မွေးချင်တဲ့လူမွေး၊ ကြက်မွေးချင်တဲ့လူမွေး၊ ကုန်သည်ဖြစ်ချင်တဲ့လူဖြစ်၊ ဒီလို ရွာပုံစံက Federal ပဲ။

သံအမတ်တွေ Washington DC မှာ seminar အတူတက်တုန်း
ကျနော်က Federal အကြောင်း paper တင်တာကိုး။ Publicly Officially မဟုတ်တဲ့ နားတဲ့အချိန်၊ အပြင်မှာ နှုတ်ဆက်စကားပြောတော့ ဗမာ senior ambassador တွေပြောတာက ဟုတ်တယ်တဲ့ ကျနော်တို့လည်းသဘောတူ ပါတယ်။ ခင်ဗျားဖတ်တဲ့ စာတမ်း paper ကို ကျနော်တို့ကန့်ကွက်ဖို့ လုံးဝမရှိပါဘူး။ ဒါကို ကျနော်တို့နားလည်ပါတယ်။ ဒီလိုပဲဖြစ်ရမယ်တဲ့။ ဒါပေမယ့် အခုချိန်မှာ တော့ ဖက်ဒရယ်ဆိုတဲ့စကားလုံးကို မသုံးနိုင်ဘူးလို့ပြောတယ်။

မှတ်ချက် - သျှမ်းသံတော်ဆင့်မှ ထုတ်ဝေသော (ကွန်းခို) စာစောင်မှထုတ်နုတ် ဖေါ်ပြသည်။

သျှမ်းသံတော်ဆင့်

unread,
Jul 27, 2015, 4:22:57 PM7/27/15
to thuau...@gmail.com

မူစယ်မြို့ကျားခေါင်းပါတီ အမတ်လောင်းရွေးချယ်ပြီးစီး

Posted: 27 Jul 2015 03:25 AM PDT

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါ် ကျားခေါင်းပါတီ SNLD က ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများကို ရွေးချယ်ပြီးစီးပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရ သိရှိရသည်။






အမတ်လောင်းရွေးချယ်ပွဲကို ဂျူလိုင်လ ၂၆ ရက်နေ့က ဟိုမွန်ရပ်ရှိ မောက်ကူဆွဲ့ ခန်းမတွင် ကျင်းပခဲ့သည်။ ပါတီအလုပ်အမှုဆောင်များ၊ ပါတီဝင်များ၊ သျှမ်းစာ/ယဉ်အသင်းနှင့် မိဘပြည်သူများ တက်ရောက်ရွေးချယ်ခဲ့ ကြသည်။

“ဇကာတင် ၈ ဦးရွေးချယ်တယ်။ အဲဒီထဲကနေ ၃ ဦး ပြန်ရွေးတယ်။ ပြည်သူ့ လွှတ်တော်နဲ့ ပြည်နယ် လွှတ်တော် အတွက်ပါ” ဟု တက်ရောက်သူ စိုင်းမြင့်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်နေရာအတွက် ပါတီဒုဥက္ကဋ္ဌ စိုင်းဖိုးမြတ် ခေါ် စိုင်းရီဆိုင်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)အတွက် စိုင်းအိုက်သိန်း ခေါ် စိုင်းကျော်သိန်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)အတွက် ဥက္ကဋ္ဌ လုံးစိုင်းဆေယွမ် တို့က အသီးသီး ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆို၏။

မူစယ်ခရိုင် အမျိုးသားလွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် ဂျူလိုင်လ ၁၅ နှင့် ၁၆ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီ အစည်းအဝေး၌် နန်းထွေးမှုန် ကို ရွေးချယ်ပြီးပြီ ဖြစ်ကြောင်း ဆိုပါသည်။


ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ မဲဆန္ဒနယ်များ စာရင်း တရားဝင် ထုတ်ပြန်

Posted: 27 Jul 2015 03:15 AM PDT

သျှမ်းပြည်နယ် မဲဆန္ဒနယ်များ အတွက် သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တရားဝင် ထုတ်ပြန် ခဲ့ကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ထံမှ သိရသည် ။



ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နှင့် တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်များအား သျှမ်းပြည်နယ် (၅၅) မြို့နယ် တွင် တစ်မြို့ နယ်လျှင် တစ်နယ်စီသတ်မှတ် ထား ကြောင်းသိရသည် ။

အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အား (၁၂) နယ်သတ်မှတ်ထားသည် ။ တောင်ကြီး ခရိုင်အတွင်းရှိ တောင်ကြီး မြို့နယ် ၊ညောင်ရွှေမြို့နယ် ၊ ရပ်စောက်မြို့နယ် ၊ ကလော မြို့နယ်နှင့် ဖယ်ခုံမြို့နယ် တို့အား အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ၊ လွိုင် လင်ခရိုင် နှင့် လင်းခေး ခရိုင်တစ်ခုလုံး အတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ၊ လားရှိုးခရိုင်တစ်ခုလုံး အတွက် အမျိုးသား လွှတ် တော်မဲဆန္ဒနယ်အ မှတ် (၃) ၊ ကျောက်မဲခရိုင်အတွင်းရှိကျောက် မဲမြို့ နယ် ၊သီပေါ မြို့နယ် ၊နမ္မတူ မြို့နယ် ၊နောင်ချို မြို့နယ် နှင့် မိုးမိတ် ခရိုင်တစ်ခုလုံးအတွက် အမျိုးသား လွှတ်တော်မဲ ဆန္ဒ နယ်အ မှတ် (၄) ၊ မူဆယ်ခရိုင်တစ်ခုလုံးအတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အ မှတ် (၅) ၊ ကျိုင်းတုံ ခရိုင်တစ်ခုလုံးအတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အ မှတ် (၆) တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရို်င်အတွက် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၇)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် ) အတွက် အမျိုး သားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၈)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ (ဟိုပုံး မြို့နယ်၊ ဆီဆိုင်မြို့နယ် နှင့် ပင်လောင်းမြို့နယ် ) အတွက် အမျိုးသားလွှတ်တော်မဲဆ န္ဒနယ်အ မှတ် (၉) ၊ ပလောင် ကိုယ်ပိုင်အုပ်ခွင့် ရဒေသ (နမ့်ဆန်မြို့နယ် နှင့်မန် တုံမြို့ နယ်) အတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အ မှတ် (၁၀)၊ ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ (ကုန်းကြမ်း မြို့နယ်နှင့် လောက်ကိုင်မြို့နယ် ) အတွက် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အ မှတ် (၁၁)၊ '၀'  ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရတိုင်း (ဟိုပန် မြို့နယ် ၊မိုင်းမောမြို့နယ် ၊ပန်ဝိုင် မြို့နယ် ၊နားဖန်း မြို့နယ် ၊မက်မန်းမြို့ နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ) အတွက် အမျိုးသားလွှတ် တော်မဲဆန္ဒနယ် အမှတ် (၁၂)ဟူ၍ သျှမ်း ပြည်နယ်အတွင်းရှိ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၂)နယ် အဖြစ်သတ်မှတ်ထား ကြောင်း ကြေငြာစာအရသိရသည် ။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အား သျှမ်းပြည်နယ် ရှိ တိုင်းရင်းသား လူမျိုးတစ်မျိုး (၇) မျိုးအတွက် လူမျိုးတစ်မျိုးလျှင် မဲဆန္ဒနယ်တစ်နယ်စီသတ်မှတ် ပေးထားကြောင်း သိရသည်။

ယင်းတို့မှာ ဗမာတိုင်းရင်းသား မဲဆန္ဒနယ် ၊ ကချင်တိုင်းရင်းသား မဲဆန္ဒနယ် ၊ လီဆူး တိုင်းရင်းသား မဲဆန္ဒနယ် ၊ လားဟူ တိုင်းရင်းသား မဲဆန္ဒနယ် ၊ အင်းသား လူမျိုးတိုင်း ရင်းသား မဲဆန္ဒနယ် ၊အာခါ တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် ၊ ကယန်း(ခ) ပဒေါင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် စသည်ဖြင့် (၇) နယ်ထား ရှိသည် ။

" ၀ ဒေသနဲ့ ကိုးကန့်ဒေသတွေကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အဖြစ်သတ်မှတ် ထားပေမဲ့ နယ်မြေအခြေအနေ အရဆောင်ရွက်သွားမှာ ဖြစ်ပါတယ် " ဟု ပြည်နယ် ရွေးကောက် ပွဲကော်မရှင် အတွင်းရေးမှုး ဦးသန်းလွင်မြင့်က ပြောသည် ။

သျှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သျှမ်းပြည်နယ်ရှိမဲဆန္ဒနယ်များအား ဂျူလိုင် (၁၃) ရက်နေ့ကတရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။


သျှမ်းပြည်နယ်အစိုးရ ၀န်ကြီးရာထူးစွန့်၍ အမျိုးသားလွှတ်တော်တွင် စိုင်းအိုက်ပေါင်းပြိုင်မည်

Posted: 26 Jul 2015 07:55 PM PDT

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် SNDP ခေါ် ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀န်ကြီးနေရာ စွန့်လွတ်ကာ အမျိုးသားလွှတ်တော်အမတ်အဖြစ်သာ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည် ။



" ကျနော့ အသက် ရ၀ ကျော်သွားပြီလေ။ လူငယ် တွေကိုနေရာပေးရတော့ မယ်။ ၀န်ကြီးတော့ ထပ်မလုပ်တော့ဘူး။ ဒါပေမဲ့ အမျိုးသားလွှတ်တော် မှာဝင် ပြိုင်မယ် " ဟု ဦးစိုင်းအိုက်ပေါင်းကပြောသည်။

ပါတီမူဝါဒခြင်းမတူသောကြောင့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ SNLD ပါတီနှင့် ပူးပေါင်းဖြစ်မည်မဟုတ်ကြောင်း ၊ ကျားဖြူပါတီ အနေနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင်အနိုင်ရရှိ၍ သျှမ်းပြည်နယ်အစိုးရအဖွဲ့ဖွဲ့ဖြစ်ပါက သျှမ်းပြည်သူလူထုအများဆုံး ရင်ဆိုင်နေရသော မြေယာသိမ်း ဆည်းခံ ရမှုပြဿနာ များအားဖြေရှင်း ဆောင်ရွက်ပေးမည်ဟု ၄င်းကဆက် လက်ပြောကြားသည် ။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကျားဖြူပါတီအနေနှင့် လွှတ်တော်အ မတ်ပေါင်း ၂၀၀ ၀န်းကျင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ အမျိုးသမီးအမတ် ၃၀ ဦးပါဝင်သည်ဟုဆိုပါသည်။

ကျားဖြူပါတီသည် မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင်ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊တိုင်းဒေ သကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် နှင့် တိုင်းရင်းသားရေးရာ ၀န်ကြီး နေရာတွင် အခါ ၊ လားဟူး ၊ လီဆူး ၊ ဗမာ ၊ ကချင် စသည့် တိုင်းရင်းသား များဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်

unread,
Jul 28, 2015, 4:12:39 PM7/28/15
to thuau...@gmail.com

ကချင်၊ ကရင်၊ သျှမ်း မြေပေါ် ထိုးစစ်ဆင်မှု အားလုံး ရပ်ရန် UNFC တောင်းဆို

Posted: 28 Jul 2015 04:04 AM PDT

တပြည်လုံးအပစ်ခတ်ရပ်စဲရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက် အကူ ပြုစေရန် သျှမ်းပြည်နယ်၊ ကချင် ပြည်နယ်နှင့် ကရင် ပြည်နယ် အတွင်း ထိုးစစ်ဆင်တိုက် ခိုက်မှုများအားလုံး ခြွင်းချက်မရှိ ရပ်တန့်ပေးရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC က ထုတ်ပြန် တောင်းဆို လိုက်သည်။



အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် - တပြည်လုံးအပစ်ခတ်ရပ်စဲနိုင်ရေးအတွက် ဂျူလိုင် ၂၂ ရက် မှ ၂၄ ရက်အထိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ SD နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော် မတီ UPWC တို့ ၈ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုအား အပြုသဘောဆောင်သော်လည်း စစ်မှန် သည့် ငြိမ်းချမ်းရေးအတွက် ထိုးစစ်ဆင်မှုများအားလုံး ရပ်တန့်ရမည်ဟု ဆိုသည်။

“ဆွေးနွေးပွဲလုပ်နေချိန်မှာဘဲ အစိုးရတပ်က ကချင်၊ သျှမ်းနဲ့ ကရင်ပြည်နယ်ဘက်မှာ ထိုးစစ်ဆင် နေတယ်။ ဒါက တတိုင်းပြည်လုံးအပစ်အခတ်ရပ်စဲနိုင်ဖို့ အတွက်အဟန့် အတားဖြစ်စေတယ်။ ဒါကြောင့် စစ်မှန်တဲ့ငြိမ်းချမ်းရေး အမှန်တကယ် တည်ဆောက် လိုရင် လက်ရှိစစ်မြေပြင်မှာ ထိုးစစ်ဆင်နေမှု အားလုံး ရပ်တန့်ပေးရမယ်” - ဟု UNFC ဒုတိယ ဉက္ကဌ နိုင်ဟံသာက ပြောသည်။

ထုတ်ပြန်ကြေငြာချက်တွင် တိုင်းရင်းသားဒေသအတွင်းထိုးစစ်နေမှုအား ခြွင်းချက်မရှိ ရပ်တန့်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်၊ နိုင်ငံတကာ စောင့်ကြည့် အရေးအဖွဲ့ အား ကန့်သတ်မထားဘဲ ပါသင့်သည့်သူများ ပါဝင်နိုင်ရန် UNFC မှ တောင်းဆိုထားသည်။

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေး အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ EAO, SDCN (SD) တွင် UNFC  အဖွဲ့ဝင်များ အားလုံးနီးပါး ပါဝင်သည်။ SD မှာမူ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် ၂၀၁၃ ခု က ဖွဲ့စည်းထားသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနိုင်း ဆောင်ရွက်ရေး အဖွဲ့ NCCT မှ တိုးမြင့်ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်များမှာ ဥက္ကဌ နော်စီဖိုးရာစိန် ၊ ဒုတိယဥက္ကဌ ပူးဇင်ကျုံးတို့ တာဝန်ထမ်းဆောင်ထားပါသည်။

၄၉ ကြိမ်မြောက် အာရှ ကာယဗလ ပြိုင်ပွဲ ဝင်ရန် သျှမ်းလူငယ် ၂ ဦး အရွေးခံရ

Posted: 28 Jul 2015 03:59 AM PDT

လာမည့် စက်တင်ဘာလ အတွင်း ဥဇပေကစ္စတန် နိုင်ငံတွင် ကျင်းပမည့် ၄၉ ကြိမ်မြောက် အာရှ ကာယဗလပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန် ကာယကြံ့ခိုင်မှု အားကစားသမား သျှမ်းလူငယ် ၂ ဦး ရွေးချယ်ထားခြင်း ခံရကြောင်း သိရသည်။

ပြိုင်ပွဲဝင်နေဆဲ နန်းလောင်ဝ်ခမ်း နှင့် စိုင်းချစ်ငွေ

ဥဇပေကစ္စတန်နိုင်ငံ Tashkent မြို့တွင် ကျင်းပမည့်  ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာ နိုင်ငံ ကာယဗလအဖွဲ့ချုပ်မှ ကာယကြံ့ခိုင်မှု ပြည့်ဝသူ ၅ ဦး၏ အမည်စာရင်းကို ရွေးချယ်ရာ ရွှေမန်းမောင်ဆုရှင် စိုင်းချစ်ငွေနှင့် ကာယကြံ့ခိုင်မှုအလှမယ် နန်းလောင်ဝ်ခမ်းတို့ ပါဝင်ပါသည်။

“အခု ကျနော်တို့  မြန်မာနိုင်ငံ ကာယဗလအဖွဲ့ချုပ်မှာ စခန်းဝင်လေ့ကျင့်နေပါတယ်။ စခန်း ဝင်လေ့ ကျင့်နေတဲ့ ကစားသမားတစ်ဦးကို ကာယဗလအဖွဲ့ချုပ်က တစ်လ ၃ သိန်း (တစ် ရက် ၁ သောင်း နှုန်း) နဲ့ကျွေးနေပါတယ်။ အမဲသား ငါး ကြက်သား တစ်ရက်တစ်မျိုးပေါ့။ ကြက်ဥလဲ တစ်ရက် ၁၅ လုံးလောက် ရပါတယ်။ အသီးတွေလဲ တစ်ရက် တစ်မျိုး ပေးပါ တယ်။ ခွန်အားဖြည့် အာဟာရနဲ့  အားဆေးတွေလဲ ပေးပါတယ်။ သူတို့ပေးတဲ့ အပေါ် မှုတည် ပြီး လိုအပ်တာ တွေကို ကိုယ့်ဟာကိုယ် ဖြည့်ရပါတယ်” - ဟု စိုင်းချစ်ငွေက သျှမ်းသံတော်ဆင့် အား ရှင်းပြသည်။

ကာယကြံ့ခိုင်ရေးသမားများသည် တရက်လျှင် ကြက်ဥအလုံး ၄၀ မှ ၆၀ အထိ စားရသည်ဟု ဆိုပါသည်။

လေ့ကျင့်မှုအပိုင်းတွင်လည်း အနီးကပ်ကြီးကြပ်ပေးသည့်ဆရာရှိကြောင်း၊ မနက်ပိုင်းတွင် ၈ နာရီမှ ၁၁ နာရီ အထိလေ့ကျင့်ရပြီး ညနေပိုင်းတွင်လည်း ညနေ  ၃ နာရီခွဲမှ  ၆ နာရီခွဲအထိ လေ့ကျင့်ရ ကြောင်း စိုင်းချစ်ငွေက ပြောပြသည်။

“ကျနော့်အနေနဲ့ သျှမ်းလူငယ်မောင်မယ်တွေကို ပြောချင်တာက မိမိဝါသနာ ပါတဲ့ အလုပ်ကို ဇွဲရှိရှိနဲ့ တစိုက်စိုက် မတ်မတ် လုပ်စေချင် ပါတယ်။ မိမိရိုးရာနဲ့ စာပေယဉ်ကျေးမှု လုပ်ငန်းတွေ ကိုလဲ တတ်စွမ်း သလောက် ပါဝင်ကူညီ ဆောင်ရွက် စေလိုပါတယ်။ မိမိနဲ့ပါတ်သက်တဲ့ လူမှုရေး ဘာသာရေးတွေကို ဝိုင်းဝန်းကူညီ ဆောင်ရွက် စေချင်ပါတယ်။ ရိုးသားကြိုးစားကြ ဖို့ပေါ့နော်” ဟု စိုင်းချစ်ငွေက ပြော သည်။

မိုင်းကုတ်သား စိုင်းဟင်ပေါင်း (ခေါ်) စိုင်းချစ်ငွေ သည် ရွှေမန်းမောင်ဆုကို ၂၀၀၂ နှင့်  ၂၀၁၁မှ ၂၀၁၅ အထိ ပထမဆွတ်ခူးရရှိခဲ့သည်။

မန္တလေးမြို့နေ မူစယ်ဇာတိ နန်းလောင်ဝ်ခမ်းမှာမူ အမျိုးသမီးကာယကြံ့ခိုင်မှုဆုများကို ၂၀၁၃ ခုနှစ် ကတည်းက ဆွတ်ခူးရရှိလာခဲ့သူ ဖြစ်ပါသည်။ လွန်ခဲ့သည့် အောက်တိုဘာ လက ကျင်းပခဲ့ သော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလပြိုင်ပွဲနှင့် မန္တလေး တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် (၅ ပေ ၃ လက်မအောက်) ပထမဆု ဆွတ်ခူးရရှိထားသူ ဖြစ်ပါသည်။

ဥဇပေကစ္စတန်နိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကာယ ဗလအဖွဲ့ချုပ်မှ ပြန်လည်ရွေး ချယ်ထားသော အားကစား သမား ၅ ဦးမှာ ၁- ထွန်းမင်း (၆၀ ကီလို) ၂- စိုင်းချစ်ငွေ (၆၅ ကီလို) ၃- ညီဖြူ (၇၀ ကီလို) ၄- နန်းလောဝ်ခမ်း (၁၆၅ စင်တီမီတာအောက်) ၅- ချယ်ရီမောင်    (၁၆၅ စင်တီမီတာအောက်)တို့ ဖြစ်သည်ဟု သိရပါသည်။

ထိုင်း-မြန်မာ နိုင်ငံခြားရေးဝန်ကြီးများလက်မှတ်ရေးထိုး ချင်းမိုင်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံးဖွင့်လှစ်

Posted: 28 Jul 2015 03:48 AM PDT

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ ကောင်စစ်ဝန်ရုံးကို ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ဖွင့်လှစ်ရန်အတွက် ဂျူလိုင် လ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ၂ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့များ ချင်းမိုင်မြို့ ရှန်ကရီလာ ဟိုတယ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။




 မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်၊ ထိုင်းနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး ဗိုလ်မှူးကြီး ထနဆတ် ပတိမားပရကောန်း နှင့်အဖွဲ့တို့ တက်ရောက်ခဲ့ပါသည်။

မြန်မာကောင်စစ်ဝန်ရုံးကို ချင်းမိုင်မြို့ ဆီဖုမ်းရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ပါသည်။  ထိုင်းနိုင်ငံ လွန်ခဲ့သော နှစ်ပေါင်း ၄၀ က ချင်းမိုင်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံးကို  ဖွင့်လှစ်ခဲ့ဖူးပါသည်။ နိုင်ငံရေးနှင့် လုံခြုံရေးတို့ကြောင့် ပိတ်သိမ်းခဲ့ရာ ယခုနှစ်မှပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

၂ နိုင်ငံ ဆိုင်ရာဝန်ကြီးများအဖွဲ့သည် ၂၈ ရက် မနက်ပိုင်းတွင် ချင်းမိုင်မြို့ ၀ပ်ဆိုင်မွန်း မြန်မာဘုန်း တော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ်ဏ္ဍညအား  မြန်မာအစိုးရမှ ချီးမြှင့်သည့် အဂ္ဂမဟာပဏ်ဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ကာဆွမ်းကပ်အလှူပြုလုပ်ရာတွင်လည်း ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသားများ လူမှုအသင်းအဖွဲ့များနှင့်ချင်းမိုင်မြို့ခံများ တက်ရောက်ခဲ့ကြောင်းသိရပါသည်။

သျှမ်းသံတော်ဆင့်

unread,
Jul 29, 2015, 4:23:34 PM7/29/15
to thuau...@gmail.com

မြို့နယ် ကော်မတီ ဆုံးဖြတ်ချက်ကို SNLD ဗဟိုက ပါယ်ဖျက်ပြီး နမ့်ခမ်း မြို့တွင် ၃ နေရာ ပြိုင်မည်

Posted: 29 Jul 2015 05:12 AM PDT

နမ့်ခမ်းမြို့ဒေသခံ SNLD ပါတီတာဝန်ရှိသူများက ရွေးကောက်ပွဲတွင် SNLD ပါတီအနေဖြင့် နမ့်ခမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သဘောတူဆုံးဖြတ်ထားခဲ့ကြ သော်လည်း ပါတီဗဟိုကမူ ပါတီအနေဖြင့် နမ့်ခမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောဆိုသည်။



ကျနော်တို့ နမ့်ခမ်းမှာပြိုင်မယ် ။ မြို့နယ်က ဗဟိုရဲ့ ဆုံးဖြတ်ချက်ကိုကျော်ပြီး လုပ်လို့မရ ပါဘူး။ ဒါက ပါတီ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ပါ။ ဆုံးဖြတ်ချက်အရ သုံးယောက်ပြိုင် မယ် နမ့်ခမ်းမှာ ပြည်နယ် နှစ်ယောက် ပြည်သူ့ တစ်ယောက်ပါ  - ဟု ပါတီအထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည်။

နမ့်ခမ်းမြို့နယ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက နမ့်ခမ်း မြို့ တွင် ကျားဖြူပါတီ SNDP ပါတီရှိပြီး ဖြစ်သဖြင့် ကျားခေါင်း SNLD ပါတီအနေဖြင့် နမ့်ခမ်းတွင် ယှဉ်ပြိုင် မည် မဟုတ်ဟုဆုံးဖြတ်ရခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့ SNLD ပါတီ ဥက္ကဌ စိုင်းလိန်မြတ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဗဟိုကော်မတီ ဆုံးဖြတ်ချက်ဆိုတော့ ကျနော်တို့လဲ မလွန်ဆန်နိုင်ဘူး။ ဒါက ပါတီအရေး လေ။ နမ့်ခမ်းမြို့မှာ ပြသနာပေါင်းသောင်းခြောက်ထောင်ပါ။ ကျားဖြူကို မပံ့ပိုးရင် ဒေသခံ လယ် ယာ မြေ တွေ တခြားလူမျိုးလက်ထဲရောက်သွားနိုင်တယ် - ဟု စိုင်းလိန်မြတ်က ပြောသည်။

နမ့်ခမ်း မြို့နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် အောင်နိုင်ရေးကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ် ကာ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကိုလည်း မကြာမှီ ထုတ်ပြန် မည်ဖြစ်ကြောင်း သိရသည်။

ကျားခေါင်းဟု ခေါ်သည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့် ရွေးကောက်ပွဲ တွင် နေရာပေါင်း ၁၆၀ ထက်မနည်း ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ကျားဖြူခေါ်သျှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီမှာ နေရာပေါင်း ၂၀၀ နီးပါးတွင် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ပြဿနာများ လက်တွဲ ဖြေရှင်းရန် တအာင်း အမျိုးသား ပါတီအား RCSS ကမ်းလှမ်းထား

Posted: 29 Jul 2015 05:07 AM PDT

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ် အတွင်း နေ တအာင်း(ပလောင်) အမျိုးသားပါတီ TNP နှင့် ဖြစ်ပွားနေသည့် ကိစ္စအား ပြေလည်အောင်ဖြေရှင်းပြီး နားလည်မှု ယုံကြည်မှုတည်ဆောက်နိုင်ရန် ကမ်းလှမ်း ထားသည်ဟု သိရသည်။



မိုင်းကိုင်မြို့နယ် တအာင်န်း(ပလောင်)အမျိုးသားပါတီ TNDP ဥက္ကဌ နှင့် ဒုတိယ ဉက္ကဌ အား  RCSS/SSA က ဂျွန် ၁၉ ရက်နေ့က ထိန်းသိမ်းလိုက်ကြောင်း၊ ဂျူလိုင် ၂၂ ရက် နှင့် ၂၄ ရက်နေ့ တွင် သီးခြားစီ ပြန်လည်လွတ်ပေးလိုက် ကြောင်း၊ ထို့အတူ ရှေ့ဆက်ပြဿနာများ မဖြစ်ပွားစေရန်နှင့် အေးအတူ ပူအမျှ ဒွန်တွဲနေထိုင်နိုင်ရေးအတွက် TNDP လူကြီးများ အား တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်ထားကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလှ ကပြောသည်။

“ ဒါက နားလည်မှုလွဲတာပါ။ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲကို အကြောင်းမကြားဘဲလာ လို့လေ။ ဘယ်အဖွဲ့မဆို လာမယ်ဆိုရင် ကြိုအကြောင်းကြားရမယ်။ နောက်ထပ်မဖြစ် အောင် ပြဿနာတွေကို လက်တွဲဖြေရှင်းနိုင်အောင် ကျနော်တို့ ဌာနချုပ်မှာ တွေ့ဖို့ ဖိတ်ခေါ် ထားတယ်။ သူတို့လဲ ပါတီကိစ္စနဲ့ အလုပ်များနေသေးလို့ မလာနိုင်သေးတာ နေမှာ” - ဟု ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည်။

‘‘နှစ်ဖက်အကြား ဆွေးနွေးဖို့ ကျနော်တို့ကို ဖိတ် ထားတာရှိတယ်။ ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ကျနော်တို့ ယုံကြည်မှုပြန် တည်ဆောက် ဖို့အ တွက် ဆွေးနွေးကြမှာ’’ ဟု တအာင်န်း (ပလောင်) အမျိုးသား ပါတီဗဟို တွဲဖက်အထွေထွေအ တွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်က 7Day News သို့ပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် သျှမ်းပြည်သားများ တန်းတူညီမျှရေး ပေါ်လစီ ချမှတ်ထားကြောင်း၊ သျှမ်း ပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးအားလုံး စည်းလုံးညီညွတ်သင့်ကြောင်း၊ စည်းလုံးညီညွတ်ရန် လည်း ရင်းရင်းနှီးနှီးဝင်ထွက်ဆက်ဆံရ မည်ဖြစ်ကြောင်း၊ မတူညီသည်များကို ဘေးဖယ်၍ တူညီ သည့်အချက်များအား လက်တွဲ အကောင်အထည်ဖေါ်သင့်ကြောင်း ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် RCSS/SSA သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စု အဆင့်လက်မှတ်ရေးထိုးထားသည်။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း မည်သည့်ပါတီ ဘက်မှ ရပ်တည်မှုပြုမည်မဟုတ်ဘဲ ကြားနေ အဖြစ် သာနေသွားမည်ဟု သျှမ်းသံတော်ဆင့်သို့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကိုယ်တိုင် ပြောဆိုထားဖူးသည်။

သျှမ်းသံတော်ဆင့်

unread,
Jul 30, 2015, 4:35:08 PM7/30/15
to thuau...@gmail.com

အကြောင်း အမျိုးမျိုး ပြပြီး ရွေးကောက်ပွဲ မဲဆန္ဒ နယ်မြေများ ပယ်ဖျက်ခြင်း မလုပ်ရန် တိုင်းရင်းသား မဟာမိတ်များ တောင်းဆို

Posted: 30 Jul 2015 10:16 AM PDT

တိုက်ပွဲနှင့် ပဋိပက္ခ များကြောင့် အပါဝင် အကြောင်း အမျိုးမျုးပြပြီး မဲဆန္ဒ နယ်မြေ များကို ပယ်ဖျက်ခြင်း နှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေးအတွက် အဟန့်အတားဖြစ်စေသည့် လုပ်ရပ်များ မပြုလုပ်ရန် အတွက် တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းများမှ ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။



ရန်ကုန်မြို့တွင် သုံးရက်ကြာ ပြုလုပ် ကျင်းပ ခဲ့သည့် မှ ယင်းကဲ့သို့ တောင်းဆို ခဲ့ခြင်း ဖြစ်သည်။

ယခု ကဲ့သို့ တောင်းဆိုရခြင်းမှာ တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင်ကော ဖြစ်ပွားခြင်း မရှိသည့် အချို့ဒေသများတွင်ပါ ရွေးကောက်ပွဲရွှေ့ဆိုင်းမည့် အခြေနေနှင့် မဲရုံများ မဖွင့်တော့ဟု ပြောဆိုနေမှုများ ရှိနေသည့် အတွက် ဖြစ်ကြောင်း အစည်းဝေး တက်ရောက် နေသူများက ပြောသည်။

" တကယ်ပဲ ရှိနေတယ် လက်တွေ့မှာက တချို့ တိုင်းရင်းသား ဒေသတွေက တိုက်ပွဲဖြစ်တဲ့ နေရာတွေ မှာကော တိုက်ပွဲမဖြစ်တဲ့ နေရာတွေမှာပါ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဲရုံတွေကို မလုပ်တော့ဘူးလို့ ပြောဆိုနေမှုတွေ ရှိနေတယ်။ နောက်တခုက ကချင်ပြည်နယ်. သျှမ်းပြည်နယ် ကရင်ပြည်နယ်စတဲ့ ဒေသတွေမှာလည်း တိုက်ပွဲတွေ ပိုပြီး ဖြစ်လာတော့ ဒါတွေကို အကြောင်းပြပြီး မဲရုံတွေထားရှိဖို့ မလုံ့ခြုံဘူး၊ မဲပေးဖို့ မလုံခြုံဘူးဆိုပြီး အကြောင်း ပြချက်တွေနဲ့ လူထုရဲ့ ဆန္ဒမဲပေးပိုင်ခွင့်ကို ဟန့်တားတာတွေဖြစ်မှာ စိုးရိမ်တယ်။ ဒါကြောင့် ဒါတွေ မလုပ်ပါနဲ့ဆိုပြီး ထည့်ထားတာအဲလိုလုပ်ရင် သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူးဆိုပြီး တော့ တောင်းဆိုရတာ ဖြစ်ပါတယ် " - ဟု အစည်းဝေးတက်ရောက်ခဲ့သည့် ကယန်း ပြည်သစ် ပါတီမှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်က ပြောသည်။

မကြာခင်ကျင်းပတော့မည့် ရွေးကောက်ပွဲများတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် မည်သည့် ရလာဒ်ပင်ထွက်ပေါ်လာပစေ လက်ခံမည်ဟု ဘီဘီစီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တွင် ပြောဆိုထားပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး သက်ရောက်မှုရှိသော နယ်မြေအချို့တွင် ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့ လိုအပ်မည်ထင်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား ထားသည်။

ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ကိုးကန့်အပါဝင် တနိုင်ငံလုံး အတိုင်းတာဖြင့် ရွေးကောက် ပွဲကျင်းပနိုင်ရန် ကြိုးပမ်း သွားမည်ဟု ဆိုသော်လည်း သဘာဝ ဘေးအန္တရာယ်၊ ပဋိပက္ခများ ဖြစ်ပွားခြင်း စသည်တို့ ဖြစ်ပေါ်လာပြီး ကျင်းပရန် အခက်ခဲရှိလာပါက အဆိုပါ နယ်မြေ များတွင် ကျင်းပမှုအား ရွှေ့ဆိုင်း ( သို့မဟုတ် ) ပယ်ဖျက်ခြင်း များ ပြုလုပ်မည်ဟု ကော်မရှင် ဥက္ကဌက ပြောဆိုထားသည်။

၂၀၁၂ ခုနစ်ကြားဖြတ်ရွေးကောက်ပွဲတွင် တိုက်ပွဲများဖြစ်ပွားနေမှုကို အကြောင်းပြပြီး တိုင်းရင်းသား လွှတ်တော် အမတ်များ အနိုင်ရနိုင်သည့် ကချင်ပြည်နယ်အတွင်းမှ မဲဆန္ဒနယ် သုံးခုအား ကျင်းပခွင့် ပယ်ဖျက်ခဲ့ဖူးသည်။

အစည်းဝေးတက်ရောက်ခဲ့သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ ဦးစိုင်းလိတ်ကလည်း "
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထည့်ထားတာကတော့ စစ်မှန်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်လို့ပါ. တိုက်ပွဲဖြစ်တဲ့ နေရာတွေနဲ့ တိုင်းရင်းသားနယ်မြေအချို့မှာ သူတို့ဘာသာ သူတို့သဘောနဲ့ ရွေးကောက်ပွဲမကျင်းပတာ ၊ မဲရုံတွေရွှေ့တာ၊ နယ်မြေတွေကို ပိတ်လိုက်တာတွေ ဖြစ်မှာ စိုးလို့ ကြိုတင်ပြီးတော့ ဟန့်တားထားတာပါ" - ဟု တောင်းဆိုရမှုနှင့် ပတ်သက်ပြီးပြောသည်။

နိုင်ငံရေးပါတီ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုစုပေါင်း ၂၈ ဖွဲ့တက်ရောက်ခဲ့သည့် UNA နှင့် မိတ်ဘက်အဖွဲ့စည်းများ အစည်းဝေးမှ ထုတ်ပြန်ခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် တိုင်းရင်းသား လူမျိုးစုဒေသများရှိ တပ်မတော်၏ ထိုးစစ်များ ရပ်ဆိုင်းပေးရန်၊ နိုင်ငံရေးဆွေးနွေးပွဲမပြီးခင် မြေ ၊ ရေ ၊ လေနှင့်သဘဝ သယံဇာတ ရင်းနှီးမြှပ်နှံမှုများကို ချက်ခြင်းရပ်ဆိုင်းထားရန် ၊ မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခံ နေရသော သံဃာတော်များ ၊ သာသနာ့ဝန်ထမ်းများ ၊ ကျောင်းသားများ ၊ လယ်သမားများ ၊ အလုပ်သမားနှင့် သတင်းမီဒီယာများအပါဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်ပေးရန် တောင်းဆိုထားသည်။

ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်း ၊ လွှတ်တော် ပြင်ပ  နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားသွားမည်ဟု ဖော်ပြထားပြီး နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဖြစ်စဉ်တွင် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာရေးအတွက် အာမခံချက်များပါဝင်ရေး ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီးကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်းပါဝင်လာရေး နှင့် ဖက်ဒရာယ်ပြည်ထောင်စု တည်ဆောက်ရေးအပါဝင် အရေးကြီးကိစ္စရပ်များတွင် အားလုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထား သည်။

ကျားဖြူ ပါတီ ကိုယ်စားလှယ် လောင်းများ တခြား ပါတီသို့ မကူးပြောင်းရေး ၀န်ခံ ကတိပြုရ

Posted: 29 Jul 2015 11:49 PM PDT

တောင်ကြီးမြို့ ၊ ကျောင်းကြီးစု ရပ်ရှိ ဝေဠုဝန် ကျောင်းတိုက်တွင် ကျားဖြူပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့်လွှတ် တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံရာ ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ် လောင်းများ အနေနှင့် ပါတီ အကူးအပြောင်း မလုပ်ရ ဟူသည့်  ပဋိဉာဉ် စာချုပ် ချုပ်ဆို ခဲ့သည်ဟု သိရသည်။



ဂျူလိုင်လ ၂၄ ရက်က ကျင်းပသော ကျားဖြူပါတီ၏ ဗဟို ကော်မတီ အစည်း အဝေးတွင် အချက်(၆) ချက်ပါ နှစ်ဖက် သဘောတူ ကတိ ၀န်ခံချက် ပဋိဉာဉ် စာချုပ် ပေါ်တွင် ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း နှင့် ပါတီစည်းကမ်း ထိန်းသိမ်းရေး ကော် မတီတို့မှ လက်မှတ် ရေးထိုးခဲ့ကြ သည်ဟုသိရသည်။

" ကျနော်တို့ပါတီ အမျိုးသားရေးကို အခြေခံ ထားတာ ဖြစ်တဲ့ အတွက် ၊ ပါတီ ကူးပြောင်းရေး တွေမှာ အရေးကြီးတယ် ၊ နိုင်ငံတကာ ဥပဒေ အရမလုပ် ဆောင်နိုင် ပေမယ့် ကိုယ့်ပါတီကို ကာကွယ်တဲ့အနေ နဲ့ စည်းကမ်းချက် ထုတ်ပြန်ရခြင်း ဖြစ်တယ် ၊ ပါတီ ကူးပြောင်းမှုကို ထိန်းချုပ်တဲ့ စည်းကမ်းတစ်ခု သတ်မှတ် လိုက်တာ ဖြစ်တယ် " ဟု ကျားဖြူ ပါတီ၏ အထွေထွေ အတွင်းရေး မှူး ဦးစိုင်းလှကျော် ကပြောသည် ။

ယင်းစာ ချုပ်တွင် -ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စား လှယ် များ သည် သော်လည်းကောင်း ၊ အစိုးရအဖွဲ့ ၀င်အဖြစ်သော်လည်း ကောင်း တာဝန်ထမ်းဆောင်ရပါက ပါတီ၏ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းစည်းကမ်း များ၊ ပဋိဉာဉ် ပါစည်းမျဉ်း စည်းကမ်း များကို ဖောက်ဖျက်လျှင် ပါတီဝင် ၊ အ ရွေးချယ်ခံ ကိုယ်စားလှယ်၊ အစိုးရအဖွဲ့ ၀င်တာဝန်မှမိမိသဘောဆန္ဒအရ နုတ်ထွက်မည်ဖြစ်ကြောင်း-၀န်ခံ ကတိပြုရသည်။

စာချုပ်ပါ စည်းကမ်း ဖောက်ဖျက်ပါက ပါတီ၏ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ တရားစွဲ ဆိုခြင်းကို လက်ခံ ရမည် ဖြစ်သည်။

ပါတီကြိုတင်ငွေ၏ အဆ ၅၀ ပြန်လည် ပေးလျော်ရမည်ကို လက်ခံရမည်။

ပြည်သူ့ လွှတ်တော် ၊အမျိုးသားလွှတ် တော် ၊ ပြည်နယ် လွှတ်တော်နှင့် တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၊ ပြည်ထောင်စု ဝန်ကြီး နှင့် ဒုဝန်ကြီး များ ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ၊ တိုင်းရင်းသား ရေးရာ ၀န်ကြီးအဖြစ် ရွေးချယ်ခံရပါက မိမိလစဉ်ရရှိမည့် ချီးမြှင့်ငွေ ၏ ၂ ရာခိုင်နှုန်းအားပါတီ ရန်ပုံငွေအတွက်ထည့် ၀င်ရမည် ဖြစ် သည်ဟူ၍ စသည့် အချက်များ ပါရှိ သည် ။

နမ့်ခမ်း မြို့နယ် အလုပ် အမှုဆောင် ကော်မတီ အလုပ် တာဝန် ရပ်ဆိုင်း ထားရန် SNLD ဗဟို ကော်မတီ ညွှန်ကြား

Posted: 29 Jul 2015 07:05 PM PDT

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၏ ကျားခေါင်း ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အလုပ်တာဝန်အားလုံး ရပ်ဆိုင်းထားရန် ဗဟိုကော်မတီ က ညွှန်ကြားထားသည်ဟု သိရသည်။



ကျားခေါင်းပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ နမ့်ခမ်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အလုပ် တာဝန်အား ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ရပ်ဆိုင်းထားရန် ဂျူလိုင် ၂၄ ရက်စွဲဖြင့် ညွှန်ကြား ထားကြောင်း၊  ဗဟိုကော်မတီ၏ ညွှန်ကြားစာ အား ယမန်နေ့ ဂျူလိုင် ၂၈ ရက်နေ့က  လက်ခံရရှိကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍လည်း နမ့်ခမ်းမြို့ ကျားခေါင်းပါတီဝင်များ အစည်းအဝေးလုပ်နေကြောင်း  နမ့်ခမ်းမြို့ ကျားခေါင်း ပါတီ ဉက္ကဌ စိုင်းလိန်မြတ်က ပြောသည်။

“ဂျူလိုင် ၁၄ - ၁၅ မှာ ကျနော်တို့ ဗဟိုကော်မတီ ဝင်အစည်းအဝေးလုပ်တယ်။ ရွေးကောက်ပွဲ ဝင်ဖို့ တညီ တညွတ်တည်း ဆုံးဖြတ်တယ်။ အဲဒီအချိန်မှာ - ကျနော်တို့နမ့်ခမ်းမြို့နယ်က အလုပ် အမှုဆောင်အဖွဲ့က ရွေးကောက်ပွဲ မဝင်ဖို့ သူတို့ဟာ သူတို့ ဆုံးဖြတ်ထားတာရှိတယ်။ ဒီကိစ္စက ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ကို မလွှမ်းမိုးနိုင်ဘူး။ နောက်ဆုံး ဗဟိုကော်မတီ က ချတဲ့ ဆုံးဖြတ်ချက်ဆိုရင် ဘယ်ပါတီဝင်ဘဲဖြစ်ဖြစ် ဘယ်မြို့နယ် ကော်မတီဝင်ဘဲဖြစ်ဖြစ် ပါတီ အတွင်း အမြင့်ဆုံးအဖွဲ့ အစည်းက ဆုံးဖြတ်ခဲ့တာကြောင့် ကျနော်တို့ SNLD အဖွဲ့ဝင်များ အားလုံး လိုက်နာဆောင်ရွက်ရပါမယ် ။ ဒါ ဒီမိုကရေစီလမ်းစဉ်ဘဲ --”

“ပုဂ္ဂိုလ်ရေး ကတော့ ညီအစ်ကိုထက် မက ကျနော်တို့ ခင်ပေမယ့်လည်း   မတတ်နိုင်ဘူး၊ ဒါက နိုင်ငံရေးနဲ့ ဆိုင်တယ်။    တမျိုး သားလုံးရဲ့ ကိစ္စဖြစ်တဲ့အတွက် နမ့်ခမ်းမြို့နယ်ရဲ့ လုပ်ပိုင်ခွင့်ကို ခဏရပ်ဆိုင်း ထားရတာ ဖြစ်တယ်။ -- နောက်ပြီး SNLD ရဲ့မဲပုံးကို ထည့်ချင်တဲ့လူထုကိုလဲ ကျနော်တို့ အလေးထားရမှာဖြစ်တယ်” - ဟု ပါတီ အထွေထွေ အတွင်း ရေးမှူး စိုင်းညွှန့်လွင် ခေါ် စိုင်းနွတ်က ပြောသည်။

“ ဗဟို ကော်မတီက တာဝန်အရ သူတို့လုပ်လာတယ်။ ဒါကြောင့် ဘာမှမပြောလိုဘူး။ ဒါက ပါတီ အရေးလေ။ ဗဟိုကော်မတီ အမြင်သဘောထားနဲ့ ကျနော်တို့နမ့်ခမ်းမြို့နယ် ကော်မတီ သဘောထား က မတူလို့ဖြစ်တယ်။ နမ့်ခမ်းမြို့နယ်အရေးက တပိုင်း၊ ပါတီရဲ့  ဟိုင်းပေါ်လစီ အရေး တပိုင်း နှစ်ခုလုံးကွဲလွဲမှုရှိလို့ ကျနော်တို့ နားလည်တယ်။ -- ကျနော်တို့ ကျားခေါင်း ပါတီ ဟောင်းက အခြေအနေအရ ကျားဖြူပါတီ ဖြစ်လာဖို့ ပံ့ပိုးလာ ကြတယ်။ ကျနော်တို့ နမ့်ခမ်း မြို့နယ်ရဲ့ လက်ရှိအခြေအနေအရလဲ ဒီပါတီနှစ်ခုကွဲပြီး ခွဲပြီးတော့ လုပ်လို့မရဘူး။ ပါတီကွဲရင်  လူထုလဲကွဲမယ်။ လူထု ကွဲရင် ပြဿနာတွေကို စုပေါင်းဖြေရှင်းဖို့ရတော့မှာမဟုတ်ဘူး” - ဟု လုပ်ပိုင်ခွင့် ရပ်ဆိုင်းခံထားရသူ ပါတီ၏ မြို့နယ် ဉက္ကဌ   စိုင်းလိန်မြတ်က ပြောသည်။

ထို့အပြင် စိုင်းလိန်မြတ်က တာဝန်မှ ရပ်ဆိုင်းထားသော်လည်း မည်သည့်ပါတီကိုမှ ဝင်မှာ မဟုတ်သေးဘဲ၊ အကောင်းဆုံး ပြဿနာဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာသွားမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။
မြို့နယ်အဆင့် အလုပ်အမှုဆောင်အားလုံးအား လုပ်ပိုင်ခွင့်တာဝန်ရပ်ဆိုင်းထားရန် ညွှန်ကြားခြင်းသည် ကျားခေါင်းပါတီ သမိုင်းတွင် ပထမ ဆုံးဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
Jul 31, 2015, 4:25:02 PM7/31/15
to thuau...@gmail.com

NLD နှင့် တိုင်းရင်းသား ပါတီများ အကြား မဟာမိတ် ကိစ္စ အသေးစိပ် ဆက်မဆွေးနွေး နိုင်သေး

Posted: 31 Jul 2015 10:00 AM PDT

လာမည့် ရွေးကောက်ပွဲတွင် မဟာမိတ် ဖွဲ့နိုင်ရေး အတွက် NLD နှင့် တိုင်းရင်းသား ပါတီများအကြား ပြောဆိုမှုများ ရှိခဲ့သော်လည်း အသေးစိပ် ဆက်လက် ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း တိုင်းရင်းသား ပါတီများက တညီ တညွတ်တည်း ပြောဆိုသည်။



"ကျနော်တို့နဲ့ တစ်ခါပြောပြီးကတည်းက ဆက်မဆွေးနွေး နိုင်သေးဘူး။  သူတို့လည်း ကိုယ်စားလှယ် လောင်းရွေး ချယ်ရေးနဲ့ ပတ်သက်လို့ အခက်အခဲရှိနေတယ်လို့ကြားတယ်။ ရက်ကလည်းတိုတယ်လေ။ ကျနော်တို့ကလည်း သူတို့ကို နားလည်မှုပေးပါတယ်။ " - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ဂျူလိုင်လ ၃၀ ရက်နေ့က ပြောသည်။

ဂျူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NLD ပါတီအနေဖြင့် CRPP အဖွဲ့ဝင် ပါတီခေါင်းဆောင်များဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်ခြင်း ပြုမည် မဟုတ်ကြောင်း ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

ယင်းနောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် SNLD ၊ ကယန်းအမျိုးသားပါတီ ၊ မွန်အမျိုးသားပါတီ စသဖြင့် တိုင်းရင်းသားပါတီအချို့နှင့် တွေ့ဆုံမှုများရှိခဲ့သော်လည်း အပြီးသတ်ဆွေးနွေးမှုများ ဆက်လက် မပြုလုပ် နိုင်သေး ပေ။

"ကျနော်တို့ ပါတီနဲ့လည်း တစ်ခါပဲ တွေ့နိုင်ပြီး ဆက်မတွေ့ နိုင်သေးဘူး။  ကျနော်တို့လည်း အပြီးသတ် စာရင်းဖြတ် ရမှာနဲ့ ဘာနဲ့ ဆိုတော့ ဒီအတိုင်းပဲ တယောက်နဲ့ တယောက်မရှောင်ပဲ ပြိုင်ရတော့မယ်ထင်တယ်။ သူတို့လည်း အပေါ်ကစကားပြောလို့သာ လိုက်ပြောနေတာ။ တချို့နေရာတွေမှာက အောက်ခြေမှာကလည်း လူတွေပြည့်နေပြီလေ - " ဟု ကယန်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက ပြောသည်။

NLD အနေဖြင့် လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင် တိုင်းရင်းသားပါတီများ၏ ခေါင်းဆောင်များ ပြိုင်သည့်မဲဆန္ဒနယ်တွင်သာ မပြိုင်ဟု ဆိုထားသောကြောင့် ခေါင်းဆောင်များ အနက် ဦးအေးသာအောင်နှင့် ဦးပူကျင့်ရှင်းထန်တို့သာ ပြိုင်မည် ဖြစ်သဖြင့် အဆိုပါကမ်းလှမ်းမှုမှာ အကျုံးဝင်မှုနည်းပါးလွန်းသည်ဟု ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က ပြောသည်။

 ''ကျနော်ပြိုင်တဲ့ မြေပုံမှာဆိုရင်လည်း သူတို့လာပြိုင်ဖို့ မလွယ်ဘူး။ ဦးခွန်ထွန်းဦးကလည်း မပြိုင်တော့ ဘူး ။ ဦးပူကျင့်ရှင်းထန်တယောက်ပဲပြိုင်မယ်ဆိုတော့ ကျန်တဲ့တိုင်းရင်းသားပါတီတွေနဲ့က ဆက်ညှိစရာ မလိုတော့တဲ့ သဘောလိုလိုတောင်ဖြစ်နေပြီ။ ဒီပုံနဲ့ဆို စာရင်းသွင်းရမဲ့ အဆုံးသတ်ရက်ကလည်းကပ်လာတော့ ဒီအတိုင်းပဲ ပြိုင်ကြတော့မယ်ထင်တယ်။'' -  ဟု ဦးအေးသာအောင်က ပြောသည်။

စစ်အစိုးရလက်ထက်က လွှတ်တော်ခေါ်ယူရေးအတွက် ဖွဲ့စည်းခဲ့သည့်  CRPP အဖွဲ့တွင် အဖွဲ့ဝင်များထဲမှ ဦးအေးသာအောင် ၊ ဦးခွန်ထွန်းဦး ၊ ဦးပူကျင့်ရှင်းထန်၊ ဦးကျော်မင်း ၊ ဦးတင်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သာ သက်ရှိထင်ရှား ကျန်ရှိနေခဲ့ပါသည်။

ကျပ်သိန်း ၈၀၀ နီးပါး တန်ဖိုးရှိ မူးယစ် ဆေးဝါး တအာင်း တပ်ဖွဲ့ ဖမ်းဆီး ရမိ

Posted: 31 Jul 2015 07:51 AM PDT

တအာင်းပလောင်တပ်ဖွဲ့ TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုမှ ကျပ်သိန်း ပေါင်း ၈၀၀ ခန့် တန် ဖိုးရှိ မူးယစ်ဆေးဝါးများကို မန်တုံမြို့တွင် ဖမ်းဆီးရမိခဲ့ပါသည်။

မတ်ခ်ျလက တအာင်းတပ်မတော်က ဖမ်းဆီးရမိသော ကျပ်သိန်းပေါင်း ၃ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ

ဂျူလိုင်လ ၂၉ ရက်နေ့ညက မိုင်းဝီးဘက်မှ အဆိုပါ ယာဘ နှင့် ဘိန်းဖြူများ တင်ဆောင် လာသော SURF ကားတစီးအား တအာင်းတပ်ဖွဲ့က မန်တုံမြို့နယ်၊ ပန်ကနိုင်းကျေးရွာတွင် တားဆီးစစ်ဆေးရာ ဘိန်းဖြူ (၅.၆၈) ကီလို၊ ယာမဆေးပြား (၇၀၀၀) ပြား ကာလတန်ဖိုး ကျပ် (၇၈,၂၅၀,၀၀၀) ရှိမူး ယစ်ဆေးများ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း တအာင်းတပ်မတော်၏ ပြန် ကြားရေးဌာနက မိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့် အားပြောသည်။

“ကျနော်တို့ မူးယစ်ဆေးရှင်းလင်းရေးအဖွဲ့က မိုင်းဝီးဘက်ကနေလာတဲ့ လှဆိုင် နဲ့ လှငွေ မောင်းနှင် လာတဲ့ SURF ကားကိုတားပြီးစစ်တယ်။ မူးယစ်ဆေးတွေဖမ်းမိတယ်။ သူတို့က နမ့်တူကိုသွားပို့ မယ်ပြောတယ်။ အခုသူတို့ ၂ ယောက်ကို ကျနော်တို့စခန်းမှာဘဲ ထိန်းသိမ်း ထား တယ်။ သူတို့ကို စစ်ဆေး နေဆဲ။ ပထမအကြိမ်ဖမ်းမိတာဆိုရင် သူတို့ကို ၀မ်နင်ပေး ပြီးတော့ ထပ်မလုပ်ဖို့ ၀န်ခံကတိလက်မှတ်ထိုးခိုင်းပြီးပြန် လွှတ်ပါမယ်” - ဟု မိုင်းအိုက်ကျော် ကပြောသည်။

အဆိုပါ မူးယစ် ဆေးဝါး သယ်ဆောင်သူ ၂ ဦးမှာ နမ့်တူ မြို့တွင် နေထိုင်သူ များ ဖြစ်ကြပြီး ဖမ်းမိ ယာဘ မူးယစ်ဆေး အများစုမှာ နမ့်ခမ်းမြို့နယ် ပန်းဆေးဘက်မှ သယ်ဆောင် လာကြသည် ကိုတွေ့ ရကြောင်းလည်း မိုင်းအိုက်ကျော်က ဤကဲ့သို့ပြောသည်။

“ပြီးခဲ့တဲ့နှစ်နဲ့စာရင် ဒီနှစ်ထဲမှာ မူးယစ်ဆေးဖမ်းမိတာက ပိုများတယ်။ မန်တုံ- နမ့်ခမ်း ပိုင်းမှာ ကျနော်တို့ တပ်ဖွဲ့စောင့်ကြပ်ပြီးဖမ်းဆီးတယ်။ ဒီနှစ်ထဲမှာဘဲ တန်ဖိုးကြီးကြီးမားမား မူးယစ် ဆေး ဖမ်းမိတာ ဒီတခေါက်ပါရင် ၃ ကြိမ်ရှိပါပြီ။ ပြည်သူလူထုရဲ့ ဘေးဆိုးကြိမ်တခုဖြစ်တဲ့ မူးယစ်ဆေးကို မပျောက်မချင်း ကျနော်တို့ တိုက်ဖျက်သွားမယ်”

ယခုနှစ်မတ်ခ်ျလက ကျပ်သိန်းပေါင်း ၃ သောင်းငါးထောင်ကျော်နှင့်ကျပ်သိန်းပေါင်း ၂ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များကို မန်တုံမြို့နယ်အတွင်း ၂ ကြိမ်ဖမ်းဆီးရမိ ခဲ့ပါသေးသည်။

တောင်ကြီး သျှမ်းစာပေ ယဉ်ကျေးမှု ခန်းမ ဖက်ဒရယ် ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

Posted: 31 Jul 2015 07:45 AM PDT

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ သျှမ်းစာပေ ယဉ်ကျေးမှုရုံး ခန်းမတွင် ဖက်ဒရယ် ဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲအား မြန်မာပြည်သူ့ ဖိုရမ် လုပ်ငန်းအဖွဲ့ (MPFWG) နှင့် Hanns Siedel Foundation (HSF) တို့က ကမကထပြု ကျင်းပသည်။




ဂျူလိုင်၂၉-၃၀ ရက်နေ့အထိ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေး ဆွေးနွေးပွဲ များကျင်း ပရာတွင်ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နိုင်ငံရေးပါတီများ၊ အစိုး ရ အဖွဲ့များ ၊ တပ်မတော် နှင့် အရပ်ဖက် လူမှု အဖွဲ့အစည်း များသည် ဖက်ဒရယ်နှင့်ပတ်သက် သောကိစ္စရပ်များအား သိရှိ နားလည် သဘော ပေါက်ရန် ရည်ရွယ်၍ ကျင်းပခဲ့သည်ဟု ဆို သည်။

"ဖက်ဒရယ် ဆိုတဲ့ စကားဟာဟိုအရင်တုန်းက အင်မတန် အန္တရယ်ရှိခဲ့တဲ့ စကား ရပ်လိုဖြစ် ခဲ့ဖူး တယ်။ ဖက်ဒရယ် နဲ့ ပတ်သက်လို့နားလည်မှုလွဲတာ၊ ခွဲထွက်ရေးလို့ မြင်တာတွေ ရှိခဲ့ပါ တယ်။ အဲ့ဒီအမြင် တွေကိုလွန်ခဲ့တဲ့ တနှစ် ကျော်လောက်ကစပြီး ဖယ်ဒရယ်ဆိုတာ ခွဲထွက် ရေးမဟုတ်ပဲ တိုင်းပြည် မှာနေထိုင် တဲ့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံး စည်းလုံး ညီညွတ် စွာတစ်ယောက်ရဲ့အခွင့် အရေးကို တစ်ယောက် ကလေးစားပြီး ဘယ်လို နေကြမလဲ ဆိုတဲ့အယူအဆပါ" - ဟု မြန်မာ ပြည်သူ့ ဖိုရမ်လုပ်ငန်း အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးကျော်လင်းဦး ကပြောသည် ။

မြန်မာ့ နိုင်ငံရေး စနစ်၏ ဖွဲ့စည်း တည်ဆောက်ပုံကို လေ့လာ သုံးသပ်ကြသော ပညာရှင် အချို့က မြန်မာနိုင်ငံ ကို " အမည်ခံ ဖက်ဒရယ် " နိုင်ငံ အဖြစ် သုံးသပ် ကြပြီး မြန်မာနိုင်ငံ၏တရားဥပဒေမူဘောင်နှင့် လက်တွေ့ အခြေအနေကြား တွင်မြင်သာ ထင်ရှားသည့် ကွာဟချက်များ ရှိနေကြောင်း ၊ ဖက်ဒရယ်စနစ် ပြုပြင်ပြောင်း လဲရေး လုပ်ငန်း စဉ်ကို စတင်ခြင်းသည် ကွာဟချက်များကို ဖြည့် စွက်ပြီး အောင်မြင်သော ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ၊ ငြိမ်းချမ်းေ ရးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆီသို့ ဦးတည် စေမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ကပြောသည်။

အလုပ်ရုံ ဆွေးနွေးပွဲ ဦးဆောင် ကျင်းပသည့် Hanns Seidel Foundation အဖွဲ့၏ စီမံကိန်း များသည် ပြည်သူ့ လွှတ်တော် နှင့် ပြည်ထောင်စု လွှတ်တော် အဖွဲ့ဝင်များ ၊ကော်မရှင်အဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းကိုယ်စား လှယ်များ၊ နိုင်ငံရေး ပါတီ များ၏ အဖွဲ့ဝင်များ၊ တိုင်း ရင်းသား အဖွဲ့အစည်း များနှင့် လက် နက် ကိုင်အဖွဲ့ အစည်းများ အပါအဝင် သင့်လျော်သောကို အကျိုး လိုလားသည့် သက်ဆိုင်သူများကို ဦးတည်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်နှင့် ပူးပေါင်း၍ ဖက်ဒရယ်ရေးရာ ကိစ္စရပ်များ လေ့လာရေး အဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်း ခဲ့ကြောင်း၊ အလွှတ် သဘော လေ့လာရေး အဖွဲ့တွင် လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ် ဖက် လူမှု အဖွဲ့အစည်း ကိုယ်စား လှယ်များနှင့် အဆိုပါ ခေါင်းစဉ်ကို ပိုင်နိုင်သော နိုင်ငံတကာ ကျွမ်းကျင်သူ များ နှင့် ပညာရှင် များပါဝင်ကြောင်း သိရှိရသည်။

မူးယစ် ဆေးဝါး အန္တရာယ်အား မဲခေါင် မြစ်ဝှမ်း ၄ နိုင်ငံ ပူးပေါင်း တိုက်ဖျက်မည်

Posted: 31 Jul 2015 07:36 AM PDT

ထိုင်း၊ တရုတ်၊ လောဝ် (လာအို) နှင့် မြန်မာ ၄ နိုင်ငံ ပူးပေါင်းကာ မဲခေါင်မြစ် ၀ှမ်း တလျှောက် မူးယစ်ဆေး တိုက်ဖျက်ရေး အတွက် ဆက်လက် ပူးပေါင်းကာ တိုက်ဖျက် သွားမည် ဖြစ်ကြောင်း သိရသည်။



ပြီးခဲ့သည့် ၃ လ အတွင်း ၄ နိုင်ငံ ပူးပေါင်းကာ မူးယစ် တိုက်ဖျက် မှုကြောင့် ယာဘ အပြားပေါင်း သန်း ၅၀ ဖမ်းဆီးရမိ ခဲ့သည်ဟု ထိုင်းနိုင်ငံ ASTV သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အတူ ၃ လ အတွင်း နိုင်ငံ အသီးသီးမှ ဖမ်းမိ မူးယစ် ဆေးဝါး စုစုပေါင်း တန်ဖိုး ဘတ်သန်း ၄၀၀ ရှိကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။

ထို့ကြောင့် အဆိုပါ ဖမ်းဆီး ရမိမှု များအပေါ် အမေရိကန် နိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ၄ နိုင်ငံ ဆက်လက်ပူးပေါင်းကာ မူးယစ် တိုက်ဖျက်ရေး လှုပ်ရှားမည် ဆိုပါက ဒေသတွင်းမူး ယစ်ဆေး ဝါးကို ထိရောက်စွာ တိုက်ဖျက် နိုင်မည် မလွဲ ဖြစ်ကြောင်းလည်း ပြောဆို လိုက်ပါသည်။

သျှမ်းသံတော်ဆင့်

unread,
Aug 4, 2015, 4:36:24 PM8/4/15
to thuau...@gmail.com

RCSS/SSA နှင့် ကရင် တပ်ဖွဲ့ များအား သမ္မတ နှင့် ကာချုပ် နေပြည်တော်၌ လက်ခံ တွေ့ဆုံ

Posted: 04 Aug 2015 09:19 AM PDT

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ တို့ သည် နေပြည်တော်၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အား သွားရောက် တွေ့ဆုံ ခဲ့သည်။

RCSS/SSA နှင့် ကရင်တပ်ဖွဲ့များ သမ္မတ နှင့် တွေ့ဆုံစဉ် (ဓါတ်ပုံ- ညိုအုန်းမြင့်ဖေ့စ်ဘု)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ယမန်နေ့ ဩဂတ်စ်  ၃ ရက်နေ့ ကလည်းေ ကာင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်အား ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်အားယနေ့ ဩဂတ်စ် ၄ ရက်နေ့ကလည်းကောင်း တွေ့ဆုံကြ သည်။ တွေ့ ဆုံမှုတွင် သျှမ်းပြည် တပ်မတော်မှ ဗိုလ်မှူးကြီးစိုင်းလှ၊ ဒုတိယ ဗိုလ်မှူးကြီးစိုင်းဟန် တို့ အပြင် အကြံပေးပုဂ္ဂိုလ် စဝ်ဟန်ယောင်ဟွေ လည်း ပါဝင်သည်။

“နိုင်ငံတော် သမ္မတနဲ့ မနေ့က တွေ့ဆုံတယ်။ ပြည်ထောင်စုနေ့က လက် မှတ် ရေးထိုးတဲ့ ကရင် လက်နက်ကိုင် အဖွဲ့တွေ နဲ့ကျနော်တို့ပါ။ တတိုင်းပြည်လုံး အပစ်ရပ်ဖို့ ပံ့ပိုးကူညီ ကြပါလို့ သမ္မတက တိုက်တွန်းတယ်။ အပစ် ရပ်ရေးမှာ ကျနော်တို့တွေ SD အဖွဲ့နဲ့ ဘယ်လို လက်တွဲ ဆောင်ရွက် မလဲ၊ ဘယ်လို ပံ့ပိုးမှုတွေ လုပ်မလဲပေါ့” - ဟု ဗိုလ်မှူးစိုင်းလှ ကပြောသည်။

ယနေ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် နှင့် တွေ့ဆုံရာ တွင်လည်း ငြိမ်းချမ်းရေးကိစ္စ၊ လက်နက်ဖြုတ်သိမ်းရေး DDR ကိစ္စ၊ လုံခြုံရေး အတွက် တပ်ပြည်လည်ဖွဲ့စည်းရေးကိစ္စ ရပ် များ ဆွေးနွေး ကြသည်ဟု လည်း သိရသည်။

တတိုင်းပြည်လုံး အပစ်ခတ် ရပ်စဲ နိုင်ရေး အတွက် တိုင်းရင်းသားတော် လှန်ရေး တပ်ဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်း ရေး အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီတို့ လာမည့် ဩဂတ်စ် ၆ ရက်နေ့၌ ၉ ကြိမ်မြောက် တွေ့ဆုံဆွေး နွေးရေးအတွက် နှစ်ဘက် ခေါင်းဆောင်များ က ပြင်ဆင် နေကြသည်။

ကျားခေါင်း ပါတီအား နမ့်ခမ်း မြို့နယ် အတွင်း ရွေးကောက်ပွဲ မဝင်ရန် ဒေသခံများ လက်မှတ်ထိုး တောင်းဆို

Posted: 04 Aug 2015 07:40 AM PDT

၂၀၁၅ ရွေးကောက်ပွဲ၌ ကျားခေါင်းပါတီ အနေဖြင့် သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့နယ်တွင် ရှောင်ကွင်း ပေးရန် လူထုက လက်မှတ်ရေးထိုးကာ တောင်းဆိုထားသည်ဟု ကြားသိရသည်။




ဂျူလိုင် ၂၉ ရက်မှ ယနေ့အထိ နမ့်ခမ်းမြို့နယ် လူငယ်များအဖွဲ့က - နမ့်ခမ်းမြို့စည်းလုံးညီညွတ်ရေး ရှေ့တန်းတင်ကာ ကျားခေါင်းပါတီအနေဖြင့် နမ့်ခမ်းမြို့နယ်အတွင်းရွေးကောက်ပွဲမဝင်ရန်၊ ကျားခေါင်းပါတီ၏ နမ့်ခမ်းမြို့နယ် ကော်မတီအား အလုပ်နှင့် တာဝန် ပြန်လည် ပေးအပ်ရန် လူထုက လက်မှတ် ရေးထိုးကာ ကျားခေါင်း ခေါ် သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ထံ စာရေး တောင်းဆို လိုက်သည်။

“ကျနော်တို့ နမ့်ခမ်းမြို့ခံ လူငယ်၊ သံဃာတော်၊ လယ်သမား စတာတွေ စုပေါင်းပြီး ဂျူလိုင် ၂၉ ရက်နေ့က အစည်း ဝေး လုပ်ပြီး ဆုံးဖြတ်တယ်။ ကျားခေါင်းပါတီကနေ နမ့်ခမ်းမြို့ပါတီကော်မတီကိုဖြုတ်တယ်။ နမ့်ခမ်းမှာရွေးကောက် ပွဲဝင်မယ်ဆိုတဲ့ဟာက နမ့်ခမ်းသူ နမ့်ခမ်းသားတွေရဲ့ စည်းလုံးညီညွှတ်မှုကို ပြိုကွဲစေတယ်။ မဲကွဲရင်တခြားပါတီ ဘဲ အနိုင်ရသွားမယ်။ ဒါ့ကြောင့် ကျားခေါင်းပါတီအနေနဲ့ ဒီနမ့်ခမ်းမှာ ရွေးကောက်ပွဲမဝင်ဖို့၊ မြို့နယ်ကော်မတီကို အလုပ်တာဝန် ပြန်အပ် နှင်းပေးဖို့ တောင်းဆိုရတာ။ လက်မှတ်က ၆ ထောင်ထက် မနည်း ရှိသွားပြီ” - ဟု လူငယ်ခေါင်း ဆောင် စိုင်းလှစိုးက ပြောသည်။

အဆိုပါ တောင်းဆိုစာအား သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ထံတိုက်ရိုက်လိပ်မူကြောင်း၊ မိတ္တူအား သျှမ်းပြည်တပ်မတော် SSPP / RCSS ၊ ဆိုင်ကျော့ဌာနေပြည်သူ့စစ် တို့ထံ ပို့ဆောင်ကြောင်း ကြားသိရပါသည်။

“ကျားခေါင်းပါတီ ဝင်လို့ နမ့်ခမ်းသားတွေရဲ့ စည်းလုံးမှု ပြိုကွဲမယ် ဆိုတာ ကျနော်တော့ မထင်ဘူး။ နမ့်ခမ်းသားတွေ စည်းလုံးရင် ဘာမဆိုဖြစ်တယ်။ ကျားဖြူကိုကြိုက်ရင် ကျားဖြူကိုဘဲ မဲပေးပေါ့။ ကျားခေါင်းကိုကြိုက်ရင် ကျားခေါင်း ကိုဘဲ မဲပေးပေါ့။ တမျိုးသားလုံးအတွက် ဝိုင်းလုပ်ရမယ့်အချိန်၊ ကွက်ပြီး လုပ်နေလို့တော့မဖြစ်ဘူး” - ဟု နမ့်ခမ်းသား တဦးဖြစ်သည့် စိုင်းအိုက်ဦး ကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအား ဝင်ပြိုင်မည်မဟုတ်ဘဲ ကျားဖြူပါတီကိုသာ အထောက်အပံ့ပေးသွားမည်ဆိုသည့် ကျားခေါင်းပါတီ၏ နမ့်ခမ်းမြို့နယ်ကော်မတီ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သည် ဗဟိုကော်မတီ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်သောကြောင့် အလုပ်တာဝန်အားလုံးရပ်ဆိုင်းထားရန် ဂျူလိုင် ၂၄ ရက်နေ့ ရက်စွဲဖြင့် ကျားခေါင်းပါတီ ဗဟိုကော်မတီက တရားဝင် ညွန်ကြားလိုက်ခြင်းဖြစ်သည်။

ကျားခေါင်းပါတီသည် မည်သည့် အစိုးရ တက်လာသည် ဖြစ်စေ သျှမ်းပြည်သားများ တန်းတူရေး အတွက် ပင်လုံစာချုပ် ၊ ပင်လုံမူ နှင့် ဗမာပြည်နယ် အပါအဝင် ၈ ပြည်နယ် သို့မဟုတ် ၈ ယူနစ်၊ (နောက်ပိုင်း ဗမာပြည်နယ် အတွက် တိုင်းဒေသကြီး ဘယ်လောက်ဘဲ များများ၊ တန်းတူညီမျှရေးအတွက် ခွဲတမ်းက ၈ ယူနစ်သာဖြစ်ရမည်၊ တိုင်းရင်းသား အရေး ကိစ္စမှာမူ တပြားမှမလျှော့နိုင်ဘူး) ဆိုသည့် အစိုးရအားအတိုက်အခံပြုနေသည့် တခုတည်းသော သျှမ်းပါတီဖြစ်သည်။

ကျားဖြူပါတီမှာမူ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် တိုင်း ၇ ခု နှင့်ပြည်နယ် ၇ ခု သို့တည်းမဟုတ် ၁၄ ပြည်နယ် ဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ဆန္ဒရှိသည့် ပါတီ ဖြစ်သည်။

လက်တွေ့မှာမူ ၂၀၀၈ ဖွဲ့စည်းပုံအရ လက်ရှိ ပြည်ထောင်စုသည် နေပြည်တော် (တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ် များထက် ဘတ်ဂျက် အများအပြား ပိုသုံးသည့် ) အထူးတိုင်း အပါအဝင် တိုင်းဒေသကြီး ၈ ခု ရှိနေပြီး ပြည်နယ်က ၇ ပြည်နယ်ရှိနေပါသည်။

သို့- သျှမ်းသံတော်ဆင့်

Posted: 04 Aug 2015 04:43 AM PDT

သို့- သျှမ်းသံတော်ဆင့်

ဂျူလိုင်လ ၃၁ ရက်နံနက် ၁၀ နာရီအချိန် မူစယ် နန်းတော်ဂိတ်တွင် အောက်ဖော်ပြပါ TBP  ယာယီ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် သွားရောက် လုပ်ဆောင်ရာ ကျသင့် သတ်မှတ်ငွေ ကျပ် ၁၀၀၀ အပြင် အပိုကြေး ၁၀၀၀ ကျပ် ထပ်မံတောင်းယူသဖြင့် အချင်း ပွါးမှုတခု ဖြစ်ပွါးခဲ့သည်။



၁၄ နှစ်အရွယ် န၀မ တန်း ကျောင်းသားထံမှ စုစုပေါင်း ငွေကျပ် ၂၀၀၀ ကို ဂိတ်စောင့် အာဏာပိုင်က တောင်းယူသဖြင့်  အတူပါလာသော ဖခင် ဖြစ်သူက အကျိုး အကြောင်း ဝင်မေးရာ အနီးရှိ ဒု လ၀က မှူး စိုးနိုင်က ကျောင်းသား ဖခင်၏ လက်တွင်းရှိ အသံဖမ်း စက်အား လုယူပြီး  မကဖ ၅ ဦးစီး အရာရှိ  ဦးအောင်ဝင်းသိန်းထံ စစ်ဆေးရန် အကြောင်း ပြ၍ အဓမ္မ ဆွဲငင် ခေါ်ယူ သွားပါသည်။

တိုင်းရင်းများ အပေါ် အကြိမ်ကြိမ် အနိုင်ကျင့် ဗိုလ်ကျ နေသည့် မကဖ ၅ ၏ အကျင့်ပျက် ဝန်ထမ်းများကို နိုင်ငံတော်မှ အရေးယူ ဆောင်ရွက် ပေး စေချင် ပါသည်။

ဒေသခံလူထုကိုယ်စား
ဇေယျာမောင်

သျှမ်းပြည် အရှေ့ပိုင်း ဒေသခံ လူထု ရေဘေး သင့်ကာ လယ်ယာ ဧကပေါင်း မြောက်များစွာ ဆုံးရှုံး

Posted: 04 Aug 2015 04:38 AM PDT

သျှမ်းပြည်အရှေ့ပိုင်း တွင် ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့ရာ လယ်ယာမြေ ဧကပေါင်းမြောက်များစွာ ဆုံးရှုံးခဲ့ရပြီး ရေဘေး သင့်သူများလည်း ဘုန်းကြီးကျောင်းသို့ ခိုလှုံနေရကြောင်း သိရပါသည်။




တာချီလိတ် ခရိုင် ကျိန်းလပ်မြို့နယ် ပါလျောင်းအုပ်စု ရှိ ဝမ့်ကျိုင်းရွာတွင် ဩဂတ်စ်လ ၄ ရက် ယနေ့မနက် ၁ နာရီက တောင်ကျချောင်းရေကြောင့် နမ့်ကျိုင်းချောင်းရေလျှံရာ ဝမ့်ကျိုင်းတရွာလုံး ရေဘေးသင့်ကြောင်း၊ ရွာသားများလည်း ဘုန်းတော်ကြီး ကျောင်းသို့ ခိုလှုံနေကြရသည်ဟုဆိုပါသည်။

ရေကရုပ်ချည်းတက်တယ် လို့ပြောတယ်။ အိပ်လို့ ကောင်းတဲ့ ချိန်ဆိုတော့ ဘာမှ မပြင်လိုက် ရဘဲ ကိုယ် လွတ်ဘဲထွက်ပြေးကြရတယ်။ နေအိမ် ဒူးခေါင်း အထက် အထိ ရေမြုပ်တယ်။ လူ ၁၀၀ ကျော်က ဘုန်းကြီးကျောင်းမှာအခု။ ဒီမနက်  တချို့လည်း နေအိမ်ပြန်သွားပြီး ပစ္စည်း တွေ သွားကြည့်သွားသယ်ကြတယ်။ နမ့်ကျိုင်းတံတားကျိုးသွားလို့ သွားလာလို့မရသေးဘူး ။ ဟု တာချီလိတ်ရောက် ပါလျောင်းအုပ်စုသား က ပြောသည်။

မိုးရပ်မည်ဆိုပါက ယနေ့တွင်  အိမ်ပြန်နိုင်ဖွယ်ရှိကြကြောင်း၊ရေဘေးသင့်များအား တာချီ လိတ်ရှိ SNLD ကျားခေါင်းပါတီက ယနေ့ သွားရောက် ကူညီခဲ့ကြောင်း ရွာသားများကပြော ပါသည်။

တာချီလိတ်မြို့တွင်လည်း နမ့်ဆိုင်ချောင်းရေကြီးမှုကြောင့် ယနေ့မနက်ပိုင်းက တာလော့ဈေး နှင့် တာလော့ရပ်ကွက်ရေလျှံကြောင်း တာချီလိတ်မြို့နေ စိုင်းကျောက်က ပြောပြသည်။

ပြီးခဲ့တဲ့ ၂ ရက် ၃ ရက် ကတည်းက ရပ်ကွက်ထဲမှာ လော်စပီကာကြီးနဲ့ အော်ပြီး သတိပေး တယ်။ ရေကြီးမှုကိုသတိထားကြဖို့ပေါ့နော်။ ဈေးထဲက လူတွေလည်း ဒီချိန်ဆို နှစ်တိုင်းဘဲ ရေတက်လာတာ ခံနေရတော့လေ ဒီနှစ်လည်းဘဲ ပစ္စည်းတွေ ဘာတွေ ကြိုရွှေ့ထားတယ် ဆိုတော့ ဆုံးရှုံးမှု သိပ်မရှိဘူး ဒီနှစ်။

မိုး အဆက်မပြတ် ရွာသွန်း မှုကြောင့် မြို့လယ်နှင့် မြို့ပတ်ဝန်းကျင်တွင် စီးဆင်းသော ချောင်း ငယ် မြောင်းငယ် များလည်း စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်သရိုက်များ ပိတ်ဆို့မှုမှ ရေလျှံမှုဖြစ်ပွါးခဲ့သည်ဟုဆိုပါသည်။

အလားတူ ယမန်နေ့ မနက်ပိုင်းက မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း ရေကြီးမှုကြောင့် စပါးပျိုးခင်းဧက ပေါင်းမြောက်များစွာ ပျက်စီး ဆုံးရှုံးကြောင်း မိုင်းတုံမြို့သား စိုင်းန ကပြောသည်။

မိုင်းတုံမြို့အရှေ့ဘက် မိုင်းဆတ် အသွား လမ်းမှာရှိတဲ့ ဝမ့်ခိုဟုတ်လတ်ရွာ မူးဆေးရွာက  နမ့်တုံချောင်းရေလျှံလို့ နေအိမ် ၆ လုံးလောက်ရေမြုပ်တယ်။ နမ့်ဟောင့်ခယ်လည်းရေကြီး တယ်။  နမ့်နားနျု လည်း ရေကြီးတယ်။  မိုင်းတုံမြို့မ ရပ်ကွက်ဖြစ်တဲ့ ထုံးဘို နောင်ပါရင်နဲ့  မြို့မရပ်က   အိမ်ခြေပေါင်း ၁၀၀ ထက်မနည်းဘူး ရေမြုပ်တယ်။အဲဒီမှာရှိတဲ့ ဌာနပေါင်းဆုံ ဂိတ်လဲရေမြှုပ်ကုန်တယ်။ လယ်ကတော့ အသစ်ပြန်ပြီး စိုက်ပျိုး ရလိမ့်မယ် ထင်တယ်၊ ဘာမှ လုပ်လို့ မရတော့ဘူး- ဟု စိုင်းန ကပြော သည်။

မိုင်းတုံမြို့တွင်နှစ်ပေါင်း ၅၀ အတွင်းအကြီးမားဆုံးရေကြီးမှုဟုလည်းဆိုနိုင်ကြောင်း၊ ချောင်း ဖျားတွင်သစ်တော ပြုန်းတီးမှုကြောင့် တောင်ကျ ချောင်းရေအား မတားနိုင်ခြင်း ဖြစ်ကြောင်း မိုင်းတုံမြို့ ရပ်မိ ရပ်ဖ များက ပြောဆို နေပါသည်။

တောင်ကျ ချောင်းရေများ၊ မြစ်ရေချောင်းရေများ ရေကြီးမကြောင့် ဩဂတ်စ်လ ၂ ရက်နေ့ ကစတင်ပြီး ၄ ရက်နေ့ယနေ့အထိ  မိုင်းတုံမြို့မှ တောင်ကြီး အတက်လမ်း လည်း မပွင့်သေး ကြောင်း လိုင်းကားပြေး ဆွဲသူများက ပြောဆို ပါသည်။

ဂျူလိုင်လ နှောင်းပိုင်းမှစ၍ ယနေ့အထိ ပြည်ထောင်စု မြန်မာ နိုင်ငံ တဝှမ်း ရေဘေးသင့်သူ ၂ သိန်းကျော် ရှိကြောင်း၊ ရေဘေးကြောင့် သေဆုံးသူ ၅၀ ထက်မနည်း ရှိကြောင်း ဘီဘီစီ သတင်းဌာနက ထုတ်ပြန်သည့်သတင်းများအရသိရပါသည်။

ဆိုင်ကယ်စီး ထိုင်းမောင်နှမ မိုးကြိုး ပစ်ခံရ အစ်မဖြစ်သူ ပွဲခြင်းပြီး သေဆုံး

Posted: 04 Aug 2015 04:28 AM PDT

ထိုင်းနိုင်ငံ ပထုမ်ဌာနီခရိုင်အတွင်း ဩဂတ်စ်လ ၃ ရက်နေ့ နေ့ခင်းပိုင်းက ဆိုင်ကယ် အတူ စီးနင်းသည့် မောင်နှမ ၂ ဦးနှင့် ကလေးငယ် ၁ ဦးအား မိုးကြိုးပစ်ရာ အစ်မ ဖြစ်သူမှာသေ ဆုံးပြီးကျန် ၂ ဦး ဒဏ်ရာအနည်း အကျဉ်းသာ ရရှိသွားကြောင်း ထိုင်း သတင်းဌာန တွင်ဖော်ပြ ထားသည်။

 မောင်နှမ ၂ ဦးနှင့် တူလေးတဦးအား မိုးကြိုးပစ်သည့်နေရာ (ထိုင်း တီဝီသတင်းမှ)

နေ့ခင်းပိုင်း မိုးသည်းထန်စွာ ရွာသွန်း သဖြင့် မြို့တွင်းလမ်း ကားကျပ် သည်ဟုဆိုကာ လယ် ကွင်းဖြတ် လမ်းအတိုင်း ဆိုင်ကယ် စီးနင်းလာသော မောင်နှမ နှစ်ဦးနှင့် တူငယ်လေးအား မိုးကြိုး ပစ်ရာ အနောက်မှ စီးနင်း လိုက်ပါသူ အမဖြစ်သူအား ထိမိ သေဆုံးပြီး ဆိုင်ကယ်မောင်း သည့် မောင်ဖြစ် သူနှင့် တူလေးမှာ ဆိုင်ကယ် လဲကျ မှုကြောင့် ဒဏ်ရာ အနည်းငယ်သာ ရရှိ ခဲ့ပါသည်။

ထိုင်းနိုင်ငံ ကျူးလား လုံးကွန်း တက္ကသိုလ်က  သိပ္ပံဌာန  လက်ထောက် ပါမောက္ခကမူ အမ ဖြစ်သူတွင် လျှပ်စစ် ဓါတ်အား ဆွဲယူနိုင်သော ပစ္စည်း တခုခု ပါရှိနိုင်ဖွယ် ရှိသောကြာင့် မိုးကြိုး ပစ်ခံရ တာဖြစ်ကြောင်း ပြောဆိုသည်။

မောင်ဖြစ်သူကမူ ၎င်း၏ အမတွင် ရွှေဆွဲကြိုး လက်ကောက် လက်စွပ် များပင် မဝတ်ထား ကြောင်း၊ သို့သော် ဆိုင်ကယ် ထိုင်ခုံအောက် ပစ္စည်း ထားသည့်နေရာ (၎င်း အမ ဖြစ်သူထိုင် သည့် အောက်တည့်တည့်) တွင် စက် မပိတ်ရသော လက်ကိုင်ဖုန်း ၃ လုံး ထားရှိကြောင်း ထိုင်း သတင်းထောက် များအား ပြောပြသည်။

မောင်ဖြစ်သူက ဆက်လက်၍ - မိုးကြိုး ပစ်ချိန်တွင် ၎င်းတို့ ဆိုင်ကယ် နောက်အား ကားတစီး ဝင် တိုက်သကဲ့သို့ ဖြစ်သွားပြီး အမ ဖြစ်သူမှာ ဆိုင်ကယ်မှ လွင့်ကျ သွားရာ မှောက်လျက် အနေ အထားဖြင့် ပါးစပ်မှ သွေးထွက်ပြီး ပွဲချင်းပြီး သေဆုံးကြောင်း၊ နောက်ကျောမှ အဝတ် အစားများ မီးလောင်ထားသကဲ့သို့ စုတ်ပြတ်ကြောင်း ဆိုင်ကယ် ထိုင်ခုံရှိ ဆိုဖာပြားသည် လည်း ပေါက်ထွက် နေကြောင်း ဆိုင်ကယ်မှာမူ မီးလောင် ကျွမ်းခြင်း မရှိကြောင်း၊ မောင်ဖြစ် သူမှာလည်း ပွန်းပဲ့ဒဏ်ရာ အနည်း အကျဉ်းသာ ရရှိကြောင်း သတင်းထောက်များအား ဆက်လက်ရှင်းပြခဲ့ပါသည်။

မိုးကြိုးပစ် ခံရသူ မိန်းခလေးမှာ အသက် ၂၄ နှစ်သာ ရှိသည်ဟုဆိုပါသည်။

ထို့ကြောင့် မိုးရွာနေစဉ်အတွင်း မိုးကြိုးပစ် စေရန် အလားအလာ အများဆုံး ဖြစ်စေနိုင်သည့် လက်ကိုင်ဖုန်း ပြောဆိုခြင်း မပြုရန်နှင့် ဖြစ်နိုင်ပါက စက်များပင် ပိတ်ထားရန် လည်း ဩဂတ်စ်လ ၃ ရက်နေ့ ညပိုင်းက ထိုင်းအစိုးရ၏ ရုပ်မြင်သံကြားသတင်းတွင် တိုက်တွန်းဖော်ပြခဲ့ပါသည်။

အနောက်တိုင်း အလှူရှင်ဖြင့် သျှမ်း ကျေးလက် ဒေသခံများ သံကြိုး တံတားများ တည်ဆောက် ဖွင့်လှစ်

Posted: 04 Aug 2015 04:19 AM PDT

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်- လဲချား - ပင်လုံ - မိုးနဲ မြို့နယ်  လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ စေရန် အနောက်တိုင်း အလှူရှင်များ ထံမှ သံဘောင်၊ သံကြိုးများ လက်ခံကာ ကိုယ်ထူ ကိုယ်ထ လုပ်အားဖြင့် တည်ဆောက် ခဲ့သည်ဟု သိရသည်။



သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် တုံလော ကျေးရွာအုပ်စု၊ လင်းခေး ခရိုင် မိုင်းနဲမြို့နယ် နားစံကျေးရွာ အုပ်စု ပန်အူကျေးရွာဘက်တွင် ဒေသခံလူငယ် ဦးဆောင် စည်းရုံးမှုဖြင့် သံကြိုး တံတား တည်ဆောက် ပြီးစီး၍  ဖွင့်လှစ်ကာ အသုံးပြုနေပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

မိုင်းကိုင်မြို့နယ် တုံလော အရှေ့ဘက် ၃ မိုင်ကွာ နမ့်လောဝ်းချောင်းကူးသည့် (တွန်ကျိုင်း - တုံလောဝ်) တံတားအား ဂျွန် ၁၈ ရက်က လည်းကောင်း၊ မိုးနဲမြို့နယ် ပန်အူ ကျေးရွာရှိကြိုး တံတားအား ဂျွန်လ နှောင်းပိုင်းကလည်းကောင်း ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ ဒီဘက်က အရမ်းအခက်အခဲဖြစ်တယ်။ မိုးတွင်းဆိုရင် ဒီနမ့်လောဝ်းချောင်းက ရေစီးတအား သန်တယ်။ ဒီက ကလေးတွေ လေးတန်းပြီးရင် တုံလောမှာငါးတန်းသွားတက် ဖို့ အခွင့်အရေး ဆုံးရှုံးတယ်။ သွားလာရေး မှ မလွယ်တာ။  ၄ တန်းကိုဘဲ နှစ်နှစ် သုံးနှစ်ပြန် တက်ပြီး ကျောင်းထွက်သွားကြတယ်။ အခု ဒီတံတား လာဆောက် ပေးတော့ ကျောင်းဆက် တက်နိုင်ဖို့ အခွင့်အလှမ်းလေး ရသွားတာပေါ့ ” - ဟု တံတား အသုံးပြုသူ ဒေသခံ စိုင်းလျဲန်းက ပြောသည်။

ဟိုခိုင်း၊ နောင်လိုင်၊ ဟမ်းငိုင်း၊ ပန်လော့ စသည့်ကျေးရွာအုပ်စုအတွင်းမှ ရွာသားများ သွား လာ ရေးအတွက်  အဆိုပါ တွန်ကျိုင်း တံတားအား အဓိက အသုံးပြု နေကြသည်ဟု ဆိုသည်။

“သံကြိုး၊ သံပြားအခင်း၊ သံတိုင်တွေက အနောက်တိုင်းက ပညာရှင်တွေလှူတယ်။ လိုအပ်တဲ့ ဘိလပ်မြေနဲ့တခြား ပစ္စည်းအသေးအမွှားတွေက လွှတ်တော်ရံပုံငွေ သိန်း ၅၀ ဆိုတဲ့ဟာကို သုံးစွဲခွင့်ပြုတယ်။ ဒေသခံလူထုတော့ လုပ်အားပေါ့” - ဟု တံတားဖြစ်မြောက်ရေးတွင် ပါဝင် ဦးဆောင်သည့် စိုင်းမွန်း ကပြောသည်။

ကိုယ်ထူကိုယ်ထ ကြိုးတံတားတခု တည်ဆောက်ရေးအတွက် တည်ဆောက်ရေးလုပ်အား အနည်းဆုံး ၃၀ အထက်၊ ငွေအား ကျပ်သိန်း ၅၀ နှင့်အထက် ဒေသခံဘက်က အဆင်သင့်ရှိ ရကြောင်း၊ တံတားတည်ဆောက်မည့် နေရာတွင် ချောင်းဧရိယာ အကျယ်ပေ ၁၀၀ ဝန်းကျင် ခန့် ရှိရမည်ဖြစ်ကြောင်း၊ အဆိုပါအချက်များပြည့်စုံပါက -အနောက်တိုင်းအလှူရှင်ထံ လိုအပ် သည့် သံတိုင်၊ သံကြိုး၊ အခင်းအောက်ခံ သံချောင်း၊ အခင်းသံပြား (ပေ ၅ x ၆ )များ  တင်ပြ တောင်းဆိုရကြောင်း၊ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသည့် အဆိုပါပစ္စည်းများအား ဒေသခံများ၏ စရိတ် ဖြင့်သာ မိမိအစီအစဉ်ဖြင့်သွားရောက်သယ်ယူရကြောင်း -အဆိုပါတံတား ဖြစ် မြောက်ရေးစေတနာ့ဝန်ထမ်း စိုင်းမွန်းက ဤကဲ့သို့ပြောပြသည်။

“အလှူရှင်က နိုင်ငံခြားသား။ အသက် ၄၇ လောက်ရှိမယ်။ သူလဲ ပိုက်ဆံရှိလို့တော့ မဟုတ် ဘူး။ တံတား တည်ဆောက်ရေးအတွက် သူလဲလိုက်ပြီး အလှူခံတယ်။  သံထည်တွေ က အီတလီ၊ အာဂျင်ဒီးနား ၊ မက္ကဆီကို၊ ဆွီစလန် စတဲ့နိုင်ငံတွေက အလှူရှင်တွေက ပေးလှူတယ်။ တံတားတည်ဆောက်လိုတဲ့ဒေသခံ တွေက အဲဒီသံထည်တွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆင်မလိုက်သင်္ဘောကျင်းမှာ သွားယူရတယ်” - ဟု ပြောသည်။

မြန်မာနိုင်ငံသို့ အဆိုပါ စေတနာရှင် နိုင်ငံခြားသားများ ဝင်ရောက်လာသည့် ၅-၆ နှစ်အတွင်း အဆိုပါတံတားမျိုး အစင်းပေါင်း ၇၀ ကျော် တည်ဆောက်ပြီးစီးပြီးဖြစ်ကြောင်း၊ ဧရာဝတီတိုင်း အတွင်း အများဆုံးဖြစ် ကြောင်း ၎င်းကဆက်လက်ပြောပြသည်။

သျှမ်းပြည်တဝှမ်းတွင် မိုင်းကိုင်မြို့နယ် (၄) စင်း၊ လဲချား ၁ စင်း၊ မိုင်းပွန် ၁ စင်း၊ နမ္မတူ (မိုင်းယင်) ၁ စင်း၊ သိန္နီ ၂ စင်း၊ ပင်လုံ၊ ဆီဆိုင် ၂ စင်း၊ ကျောက်တလုံး ၁ စင်း နှင့် မိုးနဲမြို့ နယ်အတွင်း ၁ စင်း တည်ဆောက်ခဲ့ပြီးဖြစ်ပါသည်။

ရင် တထိတ်ထိတ် နှင့် စောင့်ကြည့် ရမည့် ကိုးကြိမ်မြောက် NCA ဆွေးနွေးပွဲ

Posted: 03 Aug 2015 08:38 PM PDT

ပြည်ထောင်စု ငြိမ်ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD)တို့ ၏ ကိုးကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဆွေးနွေး ပွဲကို ရန်ကုန်မြို့တွင် လာမည့်သြဂတ်လ (၆)ရက်၌ စတင်ကျင်းပမည်ဖြစ်ကြောင်းကြားသိရ၏။



ဤဆွေးနွေးပွဲတွင် NCA အပြီးသတ် သဘောတူညီချက်ရရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြောင့် ဖြူးသွားမည်လား၊ သို့တည်းမဟုတ် အပြီးသတ်သဘောတူညီချက် မရရှိဘဲ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တုံ့ဆိုင်းနှောင့်နှေးသွားမည်လား ဆိုသည်ကို ပြည်သူလူထုတစ်ရပ်လုံးက ရင်တထိတ်ထိတ်နှင့် မျက်စိဖွင့် နားစွင့် စောင့်ကြည့်နေကြ၏။

၈ ကြိမ်မြောက် NCA ဆွေးနွေးပွဲကို ပြီးခဲ့သည့် ဂျူလိုင်လ ၂၂ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် နှစ်ဦးနှစ်ဘက်အကြိတ်အနယ် ဆွေးနွေးခဲ့သော်လည်း အရေးကြီး သည့် အပိုင်းများတွင် သဘောတူညီမှုမရကြောင်းသိရ၏။ SD ဘက်မှ တင်ပြဆွေးနွေးသည့် အချက် ၁၃ ချက်အနက် ၁၀ ချက်ကို UPWC မှ သဘောတူပြီး သဘောတူညီမှုမရသေးသည့် အချက်သုံးချက် မှာ NCAတွင် ပါဝင်လက်မှတ်ရေးထိုးမည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အသိသက်သေများနှင့် လက်မှတ်ရေးထိုးရာ၌ ပါဝင်မည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးပါဝင်ရေးတို့ ဖြစ်ကြ၏။

သို့သော် အတွင်းရင်းမြစ်များ၏ ထုတ်ဖော်ပြောကြားချက်အရ သဘောမတူနိုင်သည့်အချက်များမှာ သုံးချက်ထက်မက ရှိကြောင်း သိရ၏။ ပြည်ထောင်စုသဘောတူစာချုပ်အား ပြည်ထောင်စု လွှတ်တော် တင်သွင်းပြီး အတည်ပြုချက်ရယူခြင်းနှင့်ပတ်သက်၍ ဝေါဟာရ အသုံးအနှုန်း သဘောတူညီမှုမရရှိသေးခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုသည်မှာ DDR  SSR လုပ်ငန်းစဉ်ကို ဆိုလိုခြင်းဖြစ်သည်ဟု UPWCမှ တပ်ကိုယ်စားလှယ်က ထပ်မံအဆိုပြု တင်ပြခြင်းအပေါ် သဘောတူညီမှုမရခြင်းနှင့် အပစ်ရပ်နယ်မြေအတွင်း ဒေသခံလူထုတို့အား အကျိုးသက်ရောက်မှုကြီးမားသော စီမံကိန်းများ လုပ်ဆောင်လိုပါက (နှစ်ဦးနှစ်ဘက် ညှိနှိုင်း သဘောတူညီမှုရယူ၍/ နှစ်ဦးနှစ်ဘက်ညှိနှိုင်း၍) ဟူသည့် စာသားအသုံးအနှုန်းအပေါ် သဘောတူ ညီမှု မရရှိခြင်း တို့ဖြစ်ကြောင်း သိရ၏။

နောက်ဆုံးနေ့ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးပါဝင် လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရာ၌ မည်မျှ အခြေအတင် အပြန်အလှန် ဆွေးနွေးရသနည်းဆိုသော် ဆွေးနွေးသည့်ပုဂ္ဂိုလ် တစ်ဦးက မျက်ရည်စက်လက်ရှိုက်သံနှင့် စို့နင့်စွာ ဆွေးနွေးသွားခဲ့သဖြင့် ဆွေးနွေးပွဲကို ၁၅ မိနစ်ခန့် ခေတ္တခဏ ရပ်နားပေးလိုက်ရကြောင်းသိရ၏။ ၈ ကြိမ်မြောက် ဆွေးနွေးပွဲကြီးတွင် ဤသည်ကို လူပြောသူပြော အများဆုံး ဖြစ်သွားခဲ့၏။ ရာဇဝင် တွင်သွားခဲ့၏။

ဆွေးနွေးပွဲမှ ညှိနှိုင်းရန် ကျန်ရှိသည့် အချက်များနှင့် ပတ်သက်၍ SD သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် Command Centerသို့ တင်ပြပြီး ဆုံးဖြတ်ချက်များ ရယူသွားမည်ဖြစ်ကြောင်းဆိုသလို UPWC ကလည်း သမ္မတ ဦးသိန်းစိန်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ UPCC သို့ တင်ပြပြီး အဆုံးအဖြတ်ခံယူသွားမည်ဖြစ်ကြောင်း ရှစ်ကြိမ် မြောက် ဆွေးနွေးပွဲအပြီး အသံထွက်လာခဲ့သည်ကို သိရ၏။

SD သည် ရန်ကုန်ဆွေးနွေးပွဲပြီးသည်နှင့် ချင်းမိုင်သို့ ချက်ချင်းပြန်ကာ Command Center ခေါ် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်း အဝေးကို ဂျူလိုင်လ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ခေါ်ယူကျင်းပကြောင်းသိရ၏။ ၈ ကြိမ်မြောက် NCA ဆွေးနွေးပွဲ၏တိုးတက်ဖြစ်ထွန်းမှုများနှင့်တစ်ဆို့မှု၊ ထစ်ငေါ့မှုများ၊အခက်အခဲအကျပ်အတည်း များကို အစီရင်ခံ တင်ပြပြီး အဆုံးဖြတ် ခံယူခြင်းပြုလုပ်သွားခဲ့၏။

ထိုထိပ်သီးအစည်းအဝေးသို့ SD အဖွဲ့ဝင်များမှ ထိပ်သီးခေါင်းဆောင်များ ဖြစ်ကြသည့် ကချင်လွတ် လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ သျှမ်းပြည်တိုးတက်ရေးပါတီ နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်၊ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေး၊ ကရင်အမျိုး သားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA- Peace Council မှ ဗိုလ်ချုပ်စောယဉ်နု၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဌ ခွန်းအေဘယ်လ်တွိဒ်၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ LDU ဥက္ကဌ ကြာခွန်ဆာ၊ ဝ အမျိုးသားအဖွဲ့ချုပ် WNO ဒုဥက္ကဌ တာ့မဟာ၊ ရက္ခိုင့်တပ်မတော် AA မှ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် SD အဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် အင်အားတောင့်တောင့် အင်အားကောင်းကောင်း အင်အားအပြည့်အစုံနှင့် တက်ရောက်ကြကြောင်း သိရ၏။

ယင်းအစည်းအဝေးမှ  NCA လက်မှတ်ရေးထိုးရာတွင် အနည်းဆုံး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၇ ဖွဲ့လုံး (NCCT ၁၆ ဖွဲ့ နှင့် ABSDF) ပါဝင်လက်မှတ်ရေးထိုးရန်နှင့် အားလုံးပါဝင်နိုင်ရေးကို ဆက်လက်ညှိနှိုင်းသွားရန် တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ ကြောင်းအစည်းအဝေးထုတ်ပြန်ချက်အရ သိရ၏။

အားလုံးပါဝင်လက်မှတ်ရေးထိုးမည်ဆိုပါက တိုင်းရင်းသားအဖွဲ့ပေါင်း ၂၁ ဖွဲ့ရှိကြောင်းသိရ၏။ NCCT အဖွဲ့တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၆ ဖွဲ့ပါဝင်ပြီး ဆက်စပ် အဖွဲ့အဖြစ် ABSDF အပါအဝင် ၁၇ ဖွဲ့အတွက် လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက် ဆွေးနွေးသွား မည်ဖြစ်ကြောင်းနှင့် တခြားတိုင်းရင်းသား အဖွဲ့အစည်းပါဝင်ရေးကိုလည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြားသိရ၏။

ထို့ကြောင့် လာမည့် ကိုးကြိမ်မြောက် NCA ဆွေးနွေးပွဲတွင် အားလုံးပါဝင်လက်မှတ်ထိုးနိုင်ရေးမူနှင့် ပတ်သက်၍ SDမှ မည်ကဲ့သို့ ဆွေးနွေးမည်၊ မည်ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်မည်၊ မည်ကဲ့သို့ အလျှော့အတင်း ပြုလုပ်နိုင်မည်ကို အားလုံးက သိလိုမြင်လို ကြားသိလိုလှ၏။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၂၁ ဖွဲ့မှ ၆ ဖွဲ့ဖြစ်သော ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF / တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ ရက္ခိုင့်တပ်မတော် AA ၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ် ယူနီယံ LDU ၊ ဝအမျိုးသားအဖွဲ့ချုပ် WNO နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် −ကိုးကန့် အဖွဲ့ MNDAA တို့အား NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် အစိုးဘက်က လက်မခံဘဲ ကချင် လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် ပဏာမ စာချုပ်များ လက်မှတ်ရေးထိုးထားသည့် ၁၅ ဖွဲ့ကိုသာ လက်ခံခဲ့ကြောင်း သိရ၏။ ထို့ကြောင့် အာလုံးပါဝင် လက်မှတ်ထိုးရေးကို နှစ်ဘက်စလုံးက မည်သို့ အဆုံးသတ် ညှိနှိုင်းဆွေးနွေးမည်ကို အားလုံးက သိလိုကြ၏။

ထို့ပြင် အခြားဆွေးနွေးရန်ကျန်သည့် အရေးကြီးအချက်များဖြစ်ကြသော NCA တွင် ပါဝင်လက်မှတ် ရေးထိုးမည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အသိသက်သေများ၊ လုံးခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်း ခြင်းလုပ်ငန်းစဉ်များ၊ ပြည်ထောင်စု သဘောတူစာချုပ်ကို လွှတ်တော်သို့ တင်သွင်းအတည်ပြုချက် ရယူခြင်း တို့ကိုရော ဆွေးနွေးဖော်ဆွေးနွေးဖက် နှစ်ဘက်စလုံးက မည်ကဲ့သို့ အပေးအယူလုပ်ပြီး ညှိနှိုင်း အဖြေရှာနိုင်မည် ဆိုသည်ကို အားလုံးက စိတ်တထင့်ထင့်နှင့် သိချင်ကြ၏။

အသိသက်သေအဖြစ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဘက်မှ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် တရုတ်၊ အိန္ဒယ၊ ထိုင်း၊ ဂျပန်၊ နော်ဝေ၊ အမေရိကန်နှင့် ဗြိတိန် စသည့်နိုင်ငံများ ပါဝင်ရန် လိုလားပြီး အစိုးဘက်က ကုလသမဂ္ဂ၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့ကိုသာ ပါဝင်လက်မှတ် ထိုးရန် အဆိုပြုသဖြင့် ဤအကြောင်းအရာကိုလည်း အကျေအလည် ထပ်မံ ဆွေးနွေးရဦးမည် ဖြစ် ကြောင်း ကြားသိရ၏။

SD တွင် ပါဝင်သည့် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ချင်းမိုင်ထိပ်သီး အစည်းအဝေးအပြီး ပြောခဲ့သည်မှာ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး NCA တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ခြင်း မရှိပါက ငြိမ်းချမ်းရေး ပျက်ခြင်း မပျက်ခြင်းသည် အစိုးရ၏ သဘောထားအပေါ်မူတည်ပြီး SD အနေဖြင့် ဆက်လက်ညှိနှိုင်းသွားမည်သာဟု ဆိုခဲ့၏။

လက်ရှိအစိုးရသက်တမ်းတွင် NCA မပြီးပြတ်ပါက နောင်လာမည့် အစိုးရသစ်လက်ထက်၌  အသစ်ပြန်စရဖွယ်ရှိကြောင်း၊ သမ္မတကြီး မျက်နှာမပျက်ရအောင် ဝိုင်းဝန်း လုပ်ဆောင် စေလိုကြောင်း ဝန်ကြီးဦးအောင်မင်းက ရှစ်ကြိမ်မြောက်ဆွေးနွေးပွဲ အဖွင့်နေ့တွင် ပြောကြားသွားခဲ့ ကြောင်း သိရ၏။

သမ္မတကြီးသာမကဘဲ ငြိမ်းချမ်းရေးကို မျှော်လင့် တောင့်တနေသည့် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး မျက်နှာမပျက်ရေး၊ ရရှိပြီးသား ငြိမ်းချမ်းရေး မပျက်ရေး၊ ယာလည်းညှက် ကြက်လည်းမော မဖြစ်စေဘဲ နှစ်ဘက်စလုံးအတွက် Win-Win Solution ဖြစ်စေရေး စသည့် ရေး ရေး ရေး များအဖို့ ရှေးရှုပြီး သက်ဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ် နှစ်ဘက်လုံးမှ NCA အချောသတ် အပြီးသတ်နိုင်ရန် တက်ကုန်ရွက်ကုန် အစွမ်းကုန် ကြိုးပမ်းကြပါဟု လေးလေးနက်နက် တိုက်တွန်း၏။

ကိုးကြိမ်မြောက် ဆွေးနွေးပွဲတွင် NCA အပြီးမသတ်နိုင် လက်မှတ်မရေးထိုးနိုင်ပါက ဖြစ်ပေါ်လာ နိုင်မည့် နောက်ဆက်တွဲဆိုးကျိုးများ၊ အနိဌာရုံများကို မြင်ယောင်ပြီး ကြောက်ရွံ့မိ၏။ ရင်ထိတ်မိ၏။ စစ်၏ ဆိုးမွေများကို ခံရပေါင်းများသဖြင့် စစ်ပွဲဆိုသည်ကို ကြားတိုင်း ခါးသီးနာကျည်းမိ၏။

သို့ဖြစ်၍ NCA ကိုးကြိမ်မြောက် ဆွေးနွေးပွဲကြီးတွင် SD နှင့် UPWC တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို  အောင်မြင်စွာ အပြီးသတ်နိုင်ကာ ရှေ့ဆက် တရားဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် လိုအပ်သည့် အခင်းအကျင်းများ ချမှတ်ပြီး ငြိမ်းချမ်းရေး ဒုတိယအဆင့် ဖြစ်သော နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲနှင့် တတိယ အဆင့်ဖြစ်သော နိုင်ငံရေးဆွေးနွေးပွဲကြီး ပြီးမြောက်အောင်မြင်သည်အထိ သမိုင်းဝင် ခြေလှမ်းများလှမ်းနိုင်ပါစေဟု ရှင်တော်မြတ်ဘုရားရှေ့ဝယ် လက်အုပ်ချီ ဆုတောင်းပေးပါ၏။


စစ်မင်း(ဆောင်းပါးရှင်)
၂၀၁၅ ခုနှစ်၊ သြဂတ် ၃ ရက်


မှတ်ချက်။  ။ သျှမ်းသံတော်ဆင့် အယ်ဒီတာ ၏ အာဘော် နှင့် သဘောထားမဟုတ်ကြောင်း စာဖတ်ပရိသတ်များအား သိစေအပ်ပါသည်။(အယ်ဒီတာ)

သျှမ်းသံတော်ဆင့်

unread,
Aug 5, 2015, 4:34:51 PM8/5/15
to thuau...@gmail.com

သျှမ်းလူငယ် ကွန်ရက် ချိတ်ဆက် အလုပ် လုပ်ဖို့ သိန္နီတွင် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

Posted: 05 Aug 2015 03:20 AM PDT

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့တွင် သျှမ်းလူငယ် ကွန်ရက် TYN  မှဦးဆောင်ပြီး သိန္နီတမြို့ လုံးဆိုင်ရာ လူငယ် ကွန်ရက် ချိတ်ဆက် နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ခဲ့ကြောင်း ပွဲ ဖြစ်မြောက်ရေး ကော်မတီက ပြောသည်။



အဆိုပါ အစည်းအဝေး နှီးနှော ဖလှယ်ပွဲ အထောက်အကူ ဖြစ်အောင် သျှမ်းလူငယ် ကွန်ရက်မှ  သင်တန်း နည်းပြများ ဖိတ်ခေါ်ပြီး လူငယ်ဘ၀ စွမ်းရည်မြှင့်တင်ရေး တတ်ကျွမ်း ပညာရှင် အဖြစ် အသက်မွေးဝမ်းကျောင်း စွမ်းဆောင်နည်း၊ ရပ်ရွာပြသနာ ဖြေရှင်းနည်း၊ အသင်း အဖွဲ့ ဖွဲ့စည်းပုံ စသည်တို့ကို နှစ်ရက်တာ ဆွေးနွေးနေကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ စိုင်းဝမ်းလျန်းက ပြောသည်။

“ လူငယ်အဖွဲ့အသီးသီးတော့ ကိုယ့်ရပ်ရွာမှာ ကိုယ့်  issue နဲ့ကိုယ် လုပ်ကိုင် နေကြ ပါတယ်။ အခုဟာက ဆဲန်ဝီ တမြို့လုံးဆိုင်ရာကွန်ရက်ချိတ်ပြီး  လူငယ်တွေ ဘယ်လိုပူးပေါင်း ဆောင် ရွက်ကြမလဲ။ ဘယ်လိုကော်မတီဖွဲ့ပြီး လှုပ်ရှားမလဲ စတာတွေကို နှစ်ရက်တာ ဆွေးနွေး မှာပါ” ဟု ၎င်းကပြောသည်။

သိန္နီ မြို့၌ လူငယ်အဖွဲ့အစည်း များစွာရှိပြီး ယခုကဲ့သို့ စုပေါင်း လုပ်ဆောင် နိုင်ခြင်းမရှိ သေးကြောင်း၊ ထို့ကြောင့်ရှိပြီးသားလူငယ်အဖွဲ့အစည်းအားလုံး စုပေါင်းပြီး ကိုယ်စား ပြုနိုင် သည့် အဖွဲ့အစည်းဖြစ်နိုင်ရန်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သျှမ်း လူငယ် ကွန်ရက်မှ စိုင်းလွယ်ခမ်းပန်က ပြောသည်။

“ဒီဇင်ဘာလမှာ သျှမ်းလူငယ်ကွန်ရက် ၂ နှစ်ပြည့် တွေ့ဆုံပွဲလုပ်မယ်၊ အဲ့လိုပွဲမျိုးမှာ ဆဲန်ဝီ မြို့နယ် ကိုယ်စားပြုလူငယ်အနေနဲ့ ပါဝင်လှုပ်ရှားနိုင်အောင်လည်း ပါတယ်” - ဟု ၎င်းက ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲကို   ဩဂတ်စ်လ ၅ ရက်နှင့် ၆ ရက်နေ့တွင် ပြုလုပ် သွားမည် ဖြစ်သည်။ ဆွေးနွေးပွဲတက်ရောက်သူလူငယ် ၁၅၀ နီးပါးရှိကြောင်းသိရသည်။

“ရှေ့ဆက်ကတော့လူငယ်တွေအတွက် ဖွံ့ဖြိုးရေး သင်တန်းတွေ ဆက်တိုက် လုပ်သွားမယ်။ အမျိုးသားရေး နိုင်ငံရေး အသိပညာရေးနဲ့ သက်ဆိုင်တဲ့ဟာတွေပေါ့ ” - ဟု သျှမ်းလူငယ် ကွန်ရက်အဖွဲ့ဝင်စိုင်းလွယ်ခမ်းပန် က ပြောသည်။

ရပ်ရွာတွင် ကိုယ်စီ ရှိနေသည့် လူငယ် အသင်းအဖွဲ့ အသီးသီး လာရောက် ပူးပေါင်းပြီး မြို့နယ် လုံးဆိုင်ရာ လူငယ်ကွန်ရက် ချိတ်ဆက်ကာ လူငယ်များလိုအပ်သည့် စွမ်းရည်မြင့် သင်တန်းများ ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ပွဲ ဖြစ်မြောက်ရေး ကော်မတီ စိုင်းဝမ်းလျန်း ကပြောသည်။

နမ့်ခုံး အသင်း ရေဘေးသင့် သူများအား ကူညီရန် စီစဉ်နေ

Posted: 05 Aug 2015 03:15 AM PDT

ရေဘေးသင့် ပြည်သူ များအား သျှမ်းပြည်နယ်ရှိ လူထု တရပ်လုံးမှ ပူးပေါင်း လက်တွဲ၍ ကူညီထောက်ပံ့ မှုများ ပေးနိုင်ရန် နမ့်ခုံး သျှမ်းများ ပရဟိတ အသင်းက တောင်ကြီး မြို့တွင် အလှူခံမဏ္ဍပ် ၃ ခု ဖွင့်၍ စေတနာရှင်များထံမှ ထောက်ပံ့ ပစ္စည်းများ အလှူခံ နေကြောင်း သိရသည်။



အလှူခံမဏ္ဍပ်ကို  တောင်ကြီးမြို့ ပေါ်ရှိ မြို့ပတ်လမ်းရှိတော်ဝင်ပုလဲနှင်းဆီ လဘက်ရည်ဆိုင်တွင် တနေရာ၊ မင်းလမ်းပေါ်ရှိ တော်ဝင်ဖိနပ်ဆိုင်နှင့် နမ့်ခုံး သျှမ်းများပရဟိတအသင်းရုံး စုစုပေါင်း ၃ နေရာတွင် ထားရှိခဲ့သည်ဟုသိရသည်။

“အခုလို တနိုင်ငံလုံးရေဘေးဒုက္ခရင်ဆိုင်နေရတာ ကျမတို့အနေနဲ့လည်း စိတ် မချမ်းမသာ ဖြစ်ရပါ တယ်။ ကျမတို့နမ့်ခုံးအသင်းအနေနဲ့ တတ်နိုင်သလောက် ရေဘေးဒုက္ခသည်တွေ ကိုကူညီသွားမယ်။ လူမျိုးဘာသာမရွေး နေရာဒေသမရွေး  ကူညီသွားမှာဖြစ်တယ်။” နမ့်ခုံးအသင်းမှ ခေါင်းဆောင် တဦးဖြစ်သည့် နန်းမိုကပြောသည်။

နမ့်ခုံး သျှမ်းများ ပရဟိတ အသင်း အနေဖြင့် ဦးစွာ ၂ ပတ်အတွင်း အလှူခံမည် ဖြစ်ပြီး ရရှိလာသော အလှူခံပစ္စည်းများအား ရေဘေးသင့်ရာ နေရာသို့ ပို့ဆောင်မည် ဖြစ်ကြောင်း ဆက်လက် လိုအပ်ပါက ဆက်လက် အလှူခံ သွားမည် ဖြစ်ကြောင်း ပြောပါသည်။

“ အခုကျမတို့ လဘက်ရည်ဆိုင်ရှေ့မှာတာဝန်ကျတဲ့အဖွဲ့တဖွဲ့ကဘဲ ဒီကနေ့ ရထား တာတွေက ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် တို့အပြင် တိုင်းရင်းဆေးတွေ ဘာတွေလဲ ပါပါတယ်။ များသောအားဖြင့် အလှူ ရှင်တွေက ငွေကြေး လာပြီး ကူညီထောက်ပံ့တာ များတယ် ” ဟု နန်းမိုကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်းတွင်ရေဘေးကြုံနေရသူများအပြင် မြန်မာပြည်နှင့်အဝှမ်း ရေဘေးကြုံ နေရသူများကိုပါသွားရောက်ကူညီမည်ဖြစ်ကြောင်း နမ့်ခုံးအသင်းက ပြောပါသည်။

ရေဘေး ကြုံရတယ်ဆိုတာ မူလအကြောင်းရင်းကတော့ သစ်တော ပြုန်းတီးလို့ဘဲ ဖြစ်တယ်။ တော ပြုန်းရင် တောင်ရေတွေကိုမထိမ်းထားနိုင်ဘူး။ဒါကြောင့် မိမိတို့ ဒေသမှာ သစ်တော သစ်ပင်တွေ မပြုန်း တီး အောင် ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ တဖက်တလမ်းက ကာကွယ်ကြဖို့  လူတိုင်းမှာ တာဝန်ရှိပါတယ်။ ကျမတို့ နိုင်ငံ့ ခေါင်းဆောင် တွေကိုတော့ အားကိုးလို့မရတော့ပါဘူး။ သူတို့ကတော့ ဘယ်သူ ဘယ်ကုမ္မဏီ ဘယ်သူဌေးက ဘယ်သစ်တောကိုဘဲ ခုတ်ခုတ် ဖျက်ဖျက် သူတို့မတားဆီး ပေးနိုင်လို့ပါဘဲ။ - ဟု ၎င်းကပြောဆိုသည်။

နမ့်ခုံး သျှမ်းများပရဟိတ အသင်းသည် သျှမ်းပြည် ပြည်သူလူထု၏  ကျန်းမာရေး စောင့်ရှောက်မှုများ ပေးသည့်အပြင် သာရေးနာရေးနှင့် သဘာဝဘေးရင်ဆိုင်နေရမှု များကိုပါ ကူညီစောင့်ရှောက် ပေးနေသည့်အဖွဲ့ဖြစ်ပါသည်။

သျှမ်း/အရှေ့ ရေကြီးမှု သေကြေ ပျောက်ဆုံး မှုရှိ

Posted: 05 Aug 2015 02:46 AM PDT

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း သျှမ်း- လောဝ်(လာအို) နယ်စပ်ရှိ ပါလျောင်း-ကျိန်းလပ် တွင်မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရာ သေကြေ ပျောက်ဆုံးမှုများရှိခဲ့ကြောင်း သိရသည်။




တာချီလိတ်မြို့အရှေ့မြောက်ဘက် ရှိ ပါလျောင်း-ကျိန်းလပ်အုပ်စုတွင် ဩဂတ်စ်လ ၄ ရက် နံနက်ပိုင်း က မဲခေါင်မြစ်လက်တက်တခုဖြစ်သော နမ့်ကိုင်းချောင်းရေလျှံရာ ချောင်းဘေးရှိ ဝမ့်ကိုင်းရွာနှင့် တော် ကော့ရွာ ၂ ရွာ ပျက်စီးခဲ့ပြီး ကျန်ရွာများလည်း ရေဘေးဒုက္ခခံနေရ ကြောင်း သိရသည်။

“ရွာ ၂ ရွာထဲက ရေနဲ့မျောပါတာ စုစုပေါင်း ၁၃ ယောက်ရှိတယ်။အဲ့ထဲမှာ  ၇ နှစ်သား အရွယ်ယောကျား လေး ၁ ယောက်၊  အသက် ၇၀ ကျော်အဖွား ၁ ယောက်၊  ကလေးအမေ ၁ ယောက် နဲ့ သူ့ကလေး မိန်း ခလေး ၁ ယောက် ၊   နောက်ထပ်အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၁ ယောက် စုစုပေါင်း ၆ ယောက် သေတယ်။ ကျန်တာ ရှာမတွေ့သေးဘူး။  မနက် ၅ နာရီလောက် ရေအားချင်းကြီး လာလို့ပြေး ချိန်လွှား ချိန်မရတာလေ။ နေအိမ် ၆ လုံးရေနဲ့မျောပါတယ်။ ” ဟု တာချီလိတ်မြို့မှ ကျိန်းလပ်ရေဘေး သင့်ရာသို့ သွားရောက်ကူညီမှုပေးနေသည့်  စိုင်းအေးက ပြောသည်။

တာချီလိတ်မှ ရေဘေးသင့်ရာရွာသို့အသွားလမ်းတလျှောက်တွင်လည်း စုစုပေါင်းတံတား ၆ စင်း ပျက် စီးကာ ကားများလုံးဝ သွားလာ၍မရခဲ့ကြောင်း၊ တာချီလိတ်မှ ကျားခေါင်းပါတီ အပါအဝင် နိုင်ငံရေး ပါတီများမှ အစားအသောက်များသွားရောက် ထောက်ပံ့ပေးရာတွင်လည်း တဘက်ခြမ်းမှကားများဖြင့် လာရောက်ကဲ့ယူရကြောင်း တာချီလိတ်က  နိုင်ငံရေးပါတီဝင်လူငယ်က ပြောသည်။

“သွားနေကျလမ်းကနေသွားလို့မရဘူး၊ တခြားလမ်းကနေပတ်သွားရတယ်။ လမ်းတလျှောက်က ရေတွေ တော့ ပြန်ကျပါပြီ။ ရွှံ့တွေ ဘာတွေနဲ့ သွားလာလို့ကိုမရသေးတာ။ အာဏာပိုင်တွေ လည်းသွားကြည့်ပါ တယ်။ ရွာသားတွေကို သစ်တွေခုတ်ခိုင်းပြီး တံတားပြန်ဆက်တာပေါ့။  ရေဘေးသင့်ရွာသား ၂၀၀ ကျော်ကတော့ ဘုန်းကြီးကျောင်းမှာဘဲရှိနေသေးတယ်။”   ဟု ၎င်းက ပြောသည်။

တောင်ကျချောင်းရေနှင့်အတူ မျောပါလာသည်မှာ  သစ်တုံးနှင့်သစ်ကိုင်းများသာဖြစ်ကြောင်း၊ သဲနှင့် နှုန်းများသည် လယ်ကွင်းများအတွင်း ဝင်ကုန်သဖြင့် လယ်ပျက်စီးကုန်ကြောင်း၊ နမ့်ကိုင်း ချောင်းဖျား နှင့် ချောင်းတလျှောက်တွင် စီးပွါးရေးလုပ်ငန်းရှင်ကြီးများ၏ ရာဘာစိုက်ပျိုးရေးခြံများသာဖြစ်ကြောင်း ဒေသခံစိုင်းခမ်းကလည်းပြော သည်။

အလားတူ တာချီလိတ်မြို့နယ်အတွင်း တာလေအုပ်စု ရွှေတူးဖော်ရေးစီမံကိန်းရှိရာ နားဟိုင်း လုံ ရွာအသွားလမ်းတွင်လည်း လမ်းများပျက်ကာ တောင်မြေပြိုမှုများကြောင့် ဝမ့်မီရွာနှင့် ဝမ့်စက ရွာများရှိ လားဟူဒေသခံများ အခက်အခဲရင်ဆိုင်နေရကြောင်း သိရသည်။ ထို့အပြင် တာချီလိတ် လေဆိပ်တွင် လည်း လေယဉ်ပြေးလမ်းရေမြုပ်ရာ ယမန်နေ့က လေယဉ်အတက်အဆင်း ခေတ္တရပ်ဆိုင်းထားရ ကြောင်း တာချီလိတ်မြို့ခံ စိုင်းအေးက ဆက်လက်ပြောပြသည်။

သျှမ်းသံတော်ဆင့်

unread,
Aug 6, 2015, 4:07:04 PM8/6/15
to thuau...@gmail.com

မိုင်းတုံ ရေကာတာ ရပ်တန့်ရေး သျှမ်းပြည်သူ တရပ်လုံးပါဝင်ရန် သျှမ်းမြစ်ချောင်းအဖွဲ့ တိုက်တွန်း

Posted: 06 Aug 2015 10:19 AM PDT

အရှေ့တောင် အာရှတွင် အကြီးဆုံး ရေကာတာ ဖြစ်လာမည့် မိုင်းတုံ (အထက်သံလွင်) ရေကာတာ တည်ဆောက် မှုရပ်တန့်ရေး သျှမ်းပြည်သား အားလုံးပါဝင်ရန် သျှမ်းပြည် မြစ်ချောင်း အင်းအိုင် ကွန်ယက်က တိုက်တွန်းလိုက်သည်။

                                                                မိုင်းတုံ (အထက်သံလွင်) ရေကာတာ
                                           သျှမ်းပြည် မြစ်ချောင်းများ ဆိုင်ရာ ကွန်ယက် ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်


“ရေကာတာ ရပ်တန့်နိုင်ဖို့ဆိုတာ ပြည်သူတွေရဲ့ လက်ထဲမှာရှိပါတယ်။ အရင်ဆုံး SMEC ကုမ္ပဏီကို မောင်းထုတ်ရမယ်။ တကယ်လို့ ပြည်သူတွေ သန်းချီပါဝင်ရင်တော့ မောင်းထုတ်လို့ရပြီ။ သျှမ်းပြည်သား တွေ အားလုံး ပါဝင် ဖို့တိုက်တွန်းချင်ပါတယ်။ အခုက ပြည်သူတွေ ပါဝင်လာပေမဲ့ အင်အားနည်းနေတုန်း။ သတင်း အချက်အလက် သိရှိတဲ့ ပြည်သူတွေ နည်းနေတုန်းဘဲ။ သိပြီးတဲ့သူတွေလည်း သတင်းအချက် အလက် လက်ဆင့်ကမ်း ပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု သျှမ်းပြည်မြစ်ချောင်းများ ဆိုင်ရာ ကွန်ယက် ပြောရေးဆိုခွင့် ရှိသူ စိုင်းခေးဆိုင် ကပြောပါသည်။


SMEC က EIA/SIA စစ်တမ်းကောက်ယူသည့် ကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်မြစ်ချောင်းများ ဆိုင်ရာ ကွန်ယက်က သြဂတ်စ် ၅ ရက် နေ့စွဲဖြင့် ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။
“ပြည်သူတွေ မကြိုက်ပေမဲ့၊ လက်မခံပေမဲ့SMEC ကုမ္ပဏီက ဆက်ပြီးလုပ်နေတယ်။ ရေကာတာနဲ့ ပတ်သက်ပြီး ဘာမှမသိတဲ့ သူတွေကို ဘုန်းကြီးကျောင်း ခေါ်သွားပြီး အစည်းအဝေးလုပ်တာ EIA/SIA ကောက်တာမဟုတ်ဘူး။ SEMC ကဆက်လိမ်နေတယ် ဆိုတာ ကမ္ဘာသိအောင်ပါ။ သူတို့နိုင်ငံရဲ့ အစိုးရ၊ တာဝန်ရှိတဲ့သူ၊ သဘာဝပတ်ဝန်းကျင် မြတ်နိုးတဲ့သူ၊ မီဒီယာတွေက သူတို့ကို ချမှတ်ထားတဲ့ အတိုင်းလုပ်ဖို့ ဖိအားပေးဖို့ရည်ရွယ်ပါတယ်” ဟု စိုင်းခေးဆိုင် ကပြောသည်။


ကြေငြာချက်ထဲတွင် လွန်ခဲ့သည့် ဂျူလိုင် ၆ ရက်နေ့၌ သြစတေးလျနိုင်ငံမှ SMEC ကုမ္ပဏီက ဝ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်း စစ်တမ်းကောက်ယူရန် သွားရောက်သော်လည်း UWSA ဝ တပ်ဖွဲ့ က ခွင့်မပြု ကြောင်း၊ နိုင်ငံရေးအခြေအနေ မကောင်းသဖြင့် နောက်၂-၃ လ မှပြန်လည်ဆွေးနွေးရန် ပြောဆိုကြောင်း - အစီရင်ခံစာတွင် ပါရှိသည်။


“ဝ ကခွင့်မပြုတာ ရေတာကာကို ဆန့်ကျင် တယ်လို့တော့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ အခြေအနေ ကောင်းတယ်လို့ပြောနိုင်တယ်။ သူတို့ ထိန်းချုပ်နယ်မြေ အတွင်း ပေးမဝင်ဘူးဆို တော့ SMEC လည်း EIA/SIA မလုပ်နိုင်ဘူး။ EIA/SIA မလုပ်နိုင်ရင် အစီရင်ခံစာ ကောင်းကောင်းမတင်နိုင်ဘူး။ အချက် အလက်နည်းနည်းလေးနဲ့တော့ ထောက်ခံချက်တွေ မလုပ်နိုင်ဘူး။”


ဝ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ ထဲသို့သွားရောက်ခွင့် မရသော်လည်း SMEC ကုမ္ပဏီသည် မိုင်းတုံရေ ကာတာ တည်ဆောက်မည် ဆိုပါက ရေလွှမ်းမိုးမည့် သံလွင်အရှေ့ခြမ်း မိုင်းပြင်းမြို့နယ် မိုင်းပူးလုံကျေးရွာ၊ ဟိုလိန်းကျေးရွာသို့ ဂျူလိုင်လ အတွင်း သွားရောက် စစ်တမ်းကောက် ယူခဲ့ကြောင်း၊ အဆိုပါဒေသ၌ စစ်တမ်းကောက်ယူရာတွင် ဒေသခံအများစုက ကန့်ကွက်ကြ ကြောင်းရေးသားထားသည်။


“အခု ရေကြီးနေတာကလည်း ရေကာတာကြောင့် လည်းပါတယ်။ မိုးအရမ်းရွာတော့ ရေသိုလှောင်ကန် မှာသိုလှောင်နိုင်တဲ့ ပမာဏထက် များလာတော့ ရေတံခါးဖွင့်ချတယ်။ အဲဒါကြောင့် ရေကြီးနေတာ။ ရေမကျသွားတာ။ ဒါကြောင့် သျှမ်းပြည်ကြီး ရေမလွှမ်းအောင်၊ သျှမ်းပြည်လူထု သန်းချီ ထွက်မပြေး ရအောင် ရေကာတာဆောက်တာတွေကို ဆန့်ကျင်ဖို့ အားလုံး ပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု စိုင်းခေးဆိုင် ကဆိုပါသည်။


မိုင်းတုံ (အထက်သံလွင်) ရေကာတာကို ၂၀၁၇ခုနှစ်အတွင်း မိုင်းတုံမြို့နယ် တာဆာလားရွာ မြောက်ဘက် ၁၂ မိုင်ခန့် အကွာသံလွင်မြစ် ပေါ်၌ တည်ဆောက်မည်ဖြစ်သည်။ ထွက်ရှိမည့် လျှပ်စစ်မီး ၇၀၀၀ မီဂါဝပ် ၏ ၉၀ ရာခိုင်နှုန်းအား နှစ် ၄၀ ကြာ စာချုပ်ဖြင့် ထိုင်းနှင့်တရုတ်တို့ထံ ပို့ဆောင်ရောင်းချပေးမည်ဟု ဆို၏။

တနိုင်ငံလုံး အပစ်ရပ်ရေး အမြန်ဆုံးဖြစ်စေ လိုပါက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို တပြိုင်နက် အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ ရခိုင်၊ ကိုးကန့်နှင့် တအာင်းတပ်မတော် ပူးပေါင်းကြေငြာချက် ထုတ်ပြန်

Posted: 06 Aug 2015 02:14 AM PDT

တနိုင်ငံလုံး အပစ်ရပ်ရေး အမြန်ဆုံးဖြစ်စေ လိုပါက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို တပြိုင်နက် အပစ်အခတ် ရပ်စဲရေးလုပ်ဖို့  ရခိုင်၊ ကိုးကန့်နှင့် တအာင်းတပ်မတော် ပူးပေါင်းကြေငြာချက် ထုတ်ပြန်

လုံခြုံရေး အရ အကူအညီ ပေးနိုင်ရေး ပြိုင်ပွဲ ဝင်မည့် အမတ်လောင်းများ ဆက်သွယ် ကြရန် RCSS/SSA ပြော

Posted: 05 Aug 2015 11:44 PM PDT

၂၀၁၅ ရွေးကောက်ပွဲတွင် RCSS/SSA ထိန်းချုပ် နယ်မြေ အတွင်း ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ အနေဖြင့် လုံခြုံရေးအရ အကူအညီ ပေးနိုင်ရေး အတွက် RCSS ထံဆက်သွယ် ကြရန် ဩဂတ်စ် ၄ ရက်နေ့က  ကြေငြာချက် တစောင် ထုတ်ပြန် တိုက်တွန်း ထားပါသည်။



၂၀၁၅ နိုဝင်ဘာ ၈ နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် RCSS/SSA အနေဖြင့် ဆန့်ကျင် ကန့်ကွက်မည် မဟုတ်၊ သို့သော် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက် မဲဆွယ်စည်းရုံးယှဉ်ပြိုင်အရွေးခံမည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၊ ပါတီ အသီး သီးမှ ကိုယ်စားလှယ်လောင်းများ လုံခြုံရေးအရ အကူအညီ ပေးနိုင်ရန် RCSS/SSA ထံ ဆက် သွယ်ကြရန် တိုက်တွန်းထားသည်။

ထုတ်ပြန်ကြေငြာချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ထံမှ မှတ်ချက်ရယူရန် ဆက်သွယ် မေးမြန်း သော်လည်း အလျဉ်းမသင့်ခဲ့ပေ။ သို့သော် -

RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က လာမည့်ရွေးကောက်ပွဲတွင် မည်သည့် ပါတီ ဘက် ရပ်တည်မည် မဟုတ်ကြောင်း၊  ဖိနှိပ် ခြိမ်းခြောက်ပြီး မဲပေးခိုင်းတာမျိုး လည်း မရှိသင့်ကြောင်း၊ ပြည်သူလူထုက မိမိနှစ်သက်သည့်ပါတီကို မိမိကိုယ်တိုင် ရွေးချယ် ပိုင်ခွင့်၊ မဲပေးပိုင်ခွင့် ရှိရမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောဖူးသည်။

ထုတ်ပြန်ကြေငြာချက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့် တနိုင်ငံလုံး အပစ် ခတ်ရပ်စဲရေး NCA အားထောက်ခံကြိုဆိုကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ဆင့်တွင် လည်း နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် တရပ်ကို ရွေးကောက်ပွဲ အကြိုကာလတွင် အတည်ပြုနိုင်ရန် ကြိုးပမ်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော် အစိုးရနှင့် ပဏာမအဆင့် သဘောတူညီချက် ၃၁ ချက် နှင့် တရားမဝင် မူးယစ်ဆေးဝါးများ ကာကွယ်တိုက်ဖျက်ရန် နိုင်ငံတော် အစိုးရနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည် စသဖြင့် ပါရှိသည်။

သျှမ်းသံတော်ဆင့်

unread,
Aug 7, 2015, 4:12:42 PM8/7/15
to thuau...@gmail.com

ငြိမ်းချမ်းရေး အတွက် ရန်ကုန်တွင် အကြိတ်အနယ် ဆွေးနွေးနေချိန် SSPP/SSA တပ်စခန်းအား အစိုးရတပ် တိုက်ခိုက် ရွာအတွင်း လက်နက်ကြီး နှစ်လုံးကျ

Posted: 07 Aug 2015 03:41 AM PDT

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေး အတွက် ၉ ကြိမ်မြောက် ဆွေးနွေးပွဲအား ရန်ကုန်မြို့၌ ဒုတိယနေ့ အဖြစ် အကြိတ်အနယ် ဆွေးနွေးနေချိန် မိုင်းရှူးမြို့နယ် အတွင်းရှိ သျှမ်းပြည် တပ်မတော် တပ်စခန်းအား အစိုးရတပ်မှ ယနေ့ ဩဂတ်စ် ၇ ရက်တွင် နှစ်ကြိမ်ထက်မနည်း တိုက်ခိုက်သည် ဟုသိရသည်။


သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော်၏ ဝမ့်ဟိုင်းဌာနချုပ် လမ်းခွဲအနီးရှိ ၎င်းတို့၏ ကျူလွယ်မောက်ခမ်း တပ်စခန်းအား အစိုးရတပ်မတော်မှ  နံနက် ၉ နာရီတွင် တကြိမ်၊ မွန်းတည့်ချိန်တွင် တကြိမ် ပစ်ခတ် တိုက်ခိုက်သည်ဟု ရန်ကုန်ရောက် ငြိမ်းချမ်းရေး ကိုယ်စားလှယ် သျှမ်းပြည်တပ်မတော် အရာရှိက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


“လမ်းခွဲရွာထဲကို လက်နက်ကြီးနဲ့ ပစ်တယ်။ ၁၀၅ မမ အမျိုးအစားလေ။ အင်အား ၆၀ ကျော်က ကျနော်တို့ တပ်စခန်းကို တက်တိုက်ရင်း တိုက်ပွဲဖြစ်သွားတာ။ အဲဒါနဲ့ သူတို့ တပ်စခန်းကနေ လက်နက်ကြီးနဲ့ထုတော့တာ။ ရွာကို တမင်သက်သက် မပစ်ရင် အဲဒီ့ဘက်မကျနိုင်လောက်ဘူး”- ဟု မိုင်းရှူးရောက် ရှေ့တန်းတပ်မှူး တဦးက ပြောသည်။


ယခုဖြစ်ပွားသော တိုက်ပွဲကြောင့် နှစ်ဘက်အသေအကျ မသိရသေးကြောင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ခိုလမ်မှလည်း အင်အားဖြည့်ရန် ထပ်လာနေကြောင်း မိုင်းရှူး ခရီးသွားတဦး ဖြစ်သည့် စိုင်းမောက် ကပြောသည်။


ယခုဖြစ်ပွားသော တိုက်ပွဲသည် သျှမ်းပြည်တပ်မတော် SSPP/SSA အား ဖိအားတစုံတရာပေးဖို့ ဖြစ်နိုင်ကြောင်း၊ မည်သို့ပင်ဆိုစေ အဆိုပါကိစ္စအား ငြိမ်းချမ်းရေး ဆွေးပွဲအတွင်း တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သျှမ်းပြည်တပ်မတော် ဌာနချုပ် အရာရှိတဦးက ပြောသည်။

သျှမ်းအရှေ့ ESSDDP ပါတီ ဥက္ကဌ ကိုယ်တိုင် ရွေးကောက်ပွဲ ဝင်မည်

Posted: 07 Aug 2015 03:14 AM PDT

သျှမ်းပြည် အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ ESSDDP ဥက္ကဌ စိုင်းဟောင်ခမ်း ကိုယ်တိုင် ကျိုင်းတုံမြို့ ပြည်နယ် လွှတ်တော် အမတ်လောင်း နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။


သျှမ်းပြည် အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ESSDDP တွင် ပါတီ ဥက္ကဌ စိုင်းဟောင်ခမ်းက ပြည်သူ့လွှတ်တော်၊ စိုင်းလုံ နှင့် နန်းပူးခမ်းက ပြည်နယ်လွှတ်တော် ၊ စိုင်းဆမ်တစ်ခေမရဌ်က အမျိုးသား လွှတ်တော် နေရာတွင် အသီးသီးဝင် ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။


“ကျနော်တို့ ဥက္ကဌ ကိုယ်တိုင် ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်မယ်။ အချိန်မရှိတော့လို့ ၄ ယောက်ပဲ ပြိုင်မယ် ဒီတခေါက်။ အခုလူတွေ တော်တော်ထောက်ခံလာတယ်။ လူသိများလာ တယ်ပေါ့ဗျာ။  ကျနော်တို့ ဒေသ ကျနော်တို့ဘဲ အုပ်ချုပ်ရမယ်။ ကျနော်တို့ဘဲ စီရင်ပိုင်ခွင့် ရှိရမယ်” - ဟု ပါတီ ဒုတိယ ဥက္ကဌ စိုင်းဆမ်တစ်ဆေ ကပြောသည်။


အသက် ၈၆ နှစ်အရွယ် ဂုံသျှမ်းအမျိုးသား မင်္ဂလာစည်တော်ပါတီ ( ကောင်ဇိုင်းပါတီ) ဥက္ကဌ စိုင်းဟောင်ခမ်းသည် အဖ စိုင်းနွံ၊ အမိနန်းကောင်ခမ်း၏ သားဖြစ်ပြီး ၁၉၂၉ ခုနှစ်က ကျိုင်းတုံမြို့တွင် မွေးဖွားခဲ့သည်။ ကျိုင်းတုံမြို့၌ မူလတန်းကျောင်း၊ တောင်ကြီးမြို့၌ အလယ်တန်းကျောင်း၊ ရန်ကုန်မြို့၌ အထက်တန်းကျောင်း တက်ရောက် ဆည်းပူးခဲ့သည်။


ရန်ကုန်မြို့ ကရင် အမျိုးသားအရေး အခင်းနှင့် ကြုံသောကြောင့် ၁၀ တန်း မဖြေဆိုခဲ့ရဘဲ ဇာတိမြေသို့ပြန်ကာ ကျိုင်းတုံဟော်နန်းအတွင်း စာရေးကြီး တာဝန်အား ၁၉၆၂ ခု စစ်အစိုး ရ အာဏာသိမ်းသည့် အချိန်အထိ ၁၆ နှစ်ကြာ တာဝန် ထမ်းရွက်ခဲ့သည်။ ထို့နောက်ပိုင်း ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း၊ သမဝါယမလုပ်ငန်း၊ ဘုရားဂေါပကစသည့် ဘုရားဝတ် တာဝန်များ ထမ်းဆောင်ရင်း ကျရာတာဝန်များအား တခြားအဖွဲ့ အစည်းများနှင့် လက်တွဲ တာဝန် ထမ်းဆောင်ရာမှ ယခု နှစ်အတွင်းမှ နိုင်ငံရေးပါတီ အတွင်း ပြန်လည် ဝင်ရောက်လာ သည်။

ညောင်ရွှေဟော်နန်း ပြန်ပေးရန် သျှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ စော်ဘွားကြီး သမီးထွေး တောင်းဆို

Posted: 07 Aug 2015 02:04 AM PDT

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ပထမဦး ဆုံးသမ္မတဖြစ်သူ စဝ်ရွှေ သိုက်၏ သမီး ထွေး စဝ်နန်းဟေမာ သိုက်သည် စော်ဘွားကြီး၏ အမွေဆက်ခံ ထိုက်သူထဲတွင် ပါဝင်သော ကြောင့် ညောင်ရွှေရှိဟော်နန်းအား ပြန်ပေးပါရန် သျှမ်းပြည်နယ် အစိုးရ ၀န်ကြီးချုပ်ထံ  ဂျူလိုင်လ နှောင်းပိုင်း က တင်ပြ တောင်းဆိုထားသည်ဟု သိရသည်။


သျှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးခရိုင် ညောင်ရွှေမြို့ ၊ နန္ဒဝန်ရပ်ကွက်ရှိ ယဉ်ကျေး မှုဝန်ကြီး ဌာန လက်အောက်ခံ ယဉ်ကျေးမှု ပြတိုက်အဖြစ် ပြောင်းလဲ သတ်မှတ်ထားသည့် ညောင်ရွှေ ဟော် နန်းသည် မိမိနေထိုင်ရာ  အိမ်တော်၊ မိမိ ဖခမည်းတော်၏ နန်းတော်ဖြစ် သည့်အတွက် မိမိအားပြန် လည်ပေးအပ်ပါရန် သျှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ ဂျူလိုင် ၂၂ ရက်နေ့က လျှောက်လွှာတင်ကာ တောင်းဆိုထားသည်ဟု စဝ်နန်းဟေမာသိုက်က သျှမ်းသံတော်ဆင့်အား ယခု ကဲ့သို့ပြောပြသည် ။


"ကျမကတော့ ဒီဟော်နန်းကို ပြန်ရချင်တယ်၊ ကျမရဲ့အမေ မကွယ်လွန်ခင် ကတည်းက ဒါကိုပြန်ရဖို့ သမ္မတ ဦးသိန်းစိန်ထံ တခါ တောင်းဆိုဖူးတယ်။ မြန်မာ ဗုဒ္ဓဘာသာဓလေ့ ထုံးတမ်း အရ ဘိုးဘွား မိဘများရဲ့အမွေကို ဆက်ခံ ထိုက်သူဖြစ်တယ်လို့ သဘောရိုးနဲ့ ယုံကြည်တယ် ။ ပြန်ရရင်လည်း ပြ တိုက်အဖြစ် ဆက်လက် ထားရှိသွားမှာဖြစ်ပါတယ် " ဟု စဝ်ဟေမာသိုက် ကပြောသည်။


ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်၏ ကြင်ယာတော် ဒေါ်စဝ်မြဝင်း (ကျောင်းအုပ် ဆရာမကြီး-ငြိမ်း) သက်ရှိ ထင်ရှားစဉ် ၂၀၁၃ ခုနှစ် ၊ ဂျူလိုင်လ (၂၃) ရက်နေ့တွင်နိုင်ငံတော် သမ္မကြီးထံ တင်ပြ တောင်းဆိုခဲ့ပါသော်လည်း အကျိုး အကြောင်း ပြန်ကြား ခဲ့ခြင်းမရှိခဲ့ ကြောင်း၊ သျှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် အနေဖြင့် ညောင်ရွှေဟော်အား ပြန်လည် ပေးအပ်မည်ဆိုပါက ယဉ်ကျေးမှုပြ တိုက်အဖြစ် နဂိုအတိုင်းဆက်လက်၍ ထားရှိသွားမည်ဖြစ် ကြောင်း၊ ဟော်နန်းကြီးအပါအဝင် အမွေ ဆိုင် ဥပစာအားလုံး ပြန်လည်ရရှိပြီးမှသာ မြန်မာ့ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းနှင့်အညီ မိသားစု စီမံမှု (Family Settlement) အဖြစ် ပြုလုပ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စဝ်ဟေမာသိုက်က ဆက် ပြောသည်။


မြေစာရင်း မှတ်တမ်းများအရ ညောင်ရွှေဟော်ဝင်းသည် (၁၁.၂၉၀) ဧရိယာရှိ ပြီး ၁၉၆၉ ခုနှစ်တွင် အဆိုပါ မြေဥပစာအတွင်းအစိုးရ မူလတန်းကျောင်း တစ်ကျောင်း၊ ဆက်သွယ်ရေး ရုံးတစ်ရုံးနှင့်  ဘောလုံးကွင်းတစ်ကွင်းတို့ကို သက်ဆိုင်ရာဌာနများက ဆောက်လုပ်ခဲ့ပြီး ကျန်ရှိသော မြေဥပစာ (၇.၇၈၀) ဧရိ ယာအား ၂၀၁၄-ခုနှစ်တွင် အုတ်နံရံများကာရံ ခဲ့ကြသည် ဟုသိရသည်။


၂၀၁၃-ခုနှစ် ၊မေလ(၂၉) ရက်နေ့တွင် နေပြည်တော်ရှိ ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက်အရ ညောင်ရွှေမြို့ရှိ ယဉ်ကျေးမှုပြတိုက် စီမံခန့်ခွဲခွင့်ကို လက်ရှိ သျှမ်း ပြည်နယ် အစိုးရ အဖွဲ့သို့လွှဲ ပြောင်းပေးသည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ အဆိုပါ အစည်း အဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ကဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၈၈) ဇယား(၂) ပုဒ်မခွဲ(၇) အရသက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့များက ကြီးကြပ် စီမံခန့်ခွဲရန် လွှဲ ပြောင်း ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယင်း အစည်းအဝေးသို့ သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းတက် ရောက်ခဲ့ကြောင်း အစိုးရသတင်း ထုတ်ပြန်ချက်များ အရသိရှိရပါသည် ။


အဆိုပါ ညောင်ရွှေ ယဉ်ကျေးမှု ပြတိုက်သည် ၁၉၆၀ ခုနှစ် နောက်ပိုင်းတွင် စော်ဘွားကြီးများပြတိုက် ၊ယဉ်ကျေး မှုပြတိုက် ၊ဗုဒ္ဓဝင်ပြတိုက် စသည့်အမည် များဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထိန်းသိမ်း စောင့်ရှောက်ခဲ့ရာမှ ၂၀၁၃ ဂျူလိုင်လ မှစ၍ သျှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေး ခဲ့ခြင်း ဖြစ်ပြီးပြတိုက်တွင် စော်ဘွား မှတ်တမ်းဓါတ်ပုံ (၉၁)ပုံ ၊အဝတ်အထည် (၁၃၈) မျိုး၊ ပစ္စည်း အမယ်ပေါင်း (၃၃၈) မျိုးကိုပြသထားကြောင်း ၊ နိုင်ငံခြားသား ဧည့်သည် တစ်ဦး လျှင်နှစ်ဒေါ်လာ ၊ ပြည်တွင်း ဧည့်သည် တစ်ဦးလျှင် ၂၀၀ ကျပ် နှင့် ကျောင်းသား/သူ များအခမဲ့ လေ့လာ ကြည့်ရှု နိုင်ကြောင်း နိုင်ငံပိုင်သတင်း စာများတွင်ဖော်ပြခဲ့ဖူးသည် ။

သျှမ်းသံတော်ဆင့်

unread,
Aug 9, 2015, 4:18:46 PM8/9/15
to thuau...@gmail.com

SSPP/SSA ထိန်းချုပ် နယ်မြေ အတွင်း မည်သည့် ပါတီမဆို လွတ်လပ်စွာ ၀င်ရောက် မဲဆွယ်နိုင်

Posted: 09 Aug 2015 08:41 AM PDT

သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/ SSA က ၄င်း နယ်မြေအတွင်း လာရောက် မဲဆွယ်မည့် မည်သည့် ပါတီဆို ခွင့်ပြုချက် ယူဖို့ မလိုဘဲ လွတ်လပ်စွာ မဲဆွယ်စည်းရုံး နိုင်ကြောင်း SSPP/ SSA တာဝန်ရှိ သူက ပြောသည်။


"ကျနော်တို့ နယ်မြေ အတွင်းမှာက ၂၀၁၀ တုန်းကလည်း မဲဆွယ် တယ်။ ရွေးေ ကာက်ပွဲ ကျင်းပတယ်။ ၂၀၁၂ ကြားဖြတ်တုန်း ကလည်း အမျိုးသား လွှတ်တော် တနေရာ အတွက် လာပြိုင်ကြတာပဲ။ ကျနော်တို့ ကဆန့်လည်း မဆန့်ကျင်ဘူး။ လုံခြုံရေးအရ ခွင့်ပြုချက်လည်း တောင်း စရာမလိုဘူး။ " ဟု သျှမ်းပြည်တိုး တက်ရေး ပါတီ SSPP/SSA မှ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင် က ပြောသည်။


သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/ SSA မှာ သျှမ်းပြည်နယ် အတွင်း နောင်ချို ၊ ကျောက်မဲ ၊ သီပေါ၊ လားရှိုး ၊ မိုင်းရယ် ၊ သိန္နီ၊ ကျေးသီး ၊ မိုင်းရှူး ၊ တန့်ယန်း ၊ မိုင်းနောင် ၊ လဲချား စသည့် မြို့နယ် များတွင် လှုပ်ရှား နေသည့် အဖွဲ့စည်းဖြစ်သည်။


သျှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA သည် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲ နိုင်ရေးအတွက် SD အဖွဲ့တွင် ပါဝင်ပါသည်။ တဖက်တွင်လည်း သျှမ်းပြည် ညီညွတ်ရေး အတွက် SSJAC အဖွဲ့တွင် ပါဝင်ပါသည်။

အပစ်ရပ် မူကြမ်း စာချုပ် အချောသတ် နိုင်ခဲ့သော်လည်း ပါဝင်လက်မှတ် ရေးထိုးရမည့် အဖွဲ့များ ကိစ္စ မပြေလည်သေး

Posted: 09 Aug 2015 08:28 AM PDT

၂ ရက်ကြာ ကျင်းပခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ နှစ်ဘက် ပူးတွဲ ရေးဆွဲထားသည့် အပစ်ခတ်ရပ်စဲရေး စာချုပ် မူကြမ်းကို အချောသတ်နိုင် ခဲ့သော်လည်း ပါဝင်လက်မှတ် ရေးထိုးရမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိစ္စမှာ ညှိနှိုင်းမရ ဖြစ်နေဆဲ ဖြစ်ကြောင်း နှစ်ဘက် တာဝန်ရှိသူများထံမှ သိရသည်။


"ကျနော် တို့ အနေနဲ့ ၉ ကြိမ်မြောက် အစည်းဝေးမှာ စာချုပ်ကတော့ မူချောအဖြစ် အပြီးသတ်နိုင်ခဲ့ပြီ။ ဒါပေမဲ့ ဘယ်အဖွဲ့တွေ ပါဝင် လက်မှတ် ရေးထိုးရမလဲဆိုတဲ့နေရာမှာ ထစ်ငေါ့မှုလေးတွေ ရှိနေတဲ့ အတွက် ကျနော်တို့ အဖွဲ့နဲ့တင် မပြတ်နိုင်သေးပါဘူး။''  ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘက်မှ အဆင့်မြင့် ကိုယ်စားလှယ် SD အဖွဲ့မှ ဒုတိယ အဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာက ပြောသည်။


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘက်မှ ကိုင်စွဲထားသည့် အားလုံး ပါဝင်ရေးမူနှင့် အစိုးရမှ လက်မှတ် ရေးထိုးရန် သတ်မှတ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အရေအတွက်မှာ ကွာခြားမှု ရှိနေသဖြင့် ယင်းကိစ္စအား ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ထိပ်သီး ခေါင်းဆောင်များနှင့် သမ္မတတို့ တွေ့ဆုံ ဆွေးနွေး ကြဦးမည် ဖြစ်ကြောင်းလည်း နှစ်ဘက်တာဝန်ရှိ သူများထံမှ သိရသည်။


အစိုးရမှ လက်မှတ်ရေးထိုးရန် သတ်မှတ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်ကမူ ကိုးကန့် ၊ တအာင်းပလောင် ၊  အေအေ ရခိုင် စသည့် အဖွဲ့များအပါဝင် ယခင်အန်စီစီတီတွင် ပါဝင်ခဲ့သည့် အဖွဲ့ ၁၆ ဖွဲ့စလုံးပါဝင် လက်မှတ် ရေးထိုးရေးမူကို စွဲကိုင်ထားသည်။


တနိုင်ငံလုံး အတိုင်းအတာဖြင့် ရေတွက်ကြည့်ပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှာ ၂၁ ဖွဲ့ရှိနေသည်။


နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး NCCT အဖွဲ့ဝင် ၁၆ ဖွဲ့မှာ ကေအိုင်အို ၊ တအာင်းပလောင် ၊ သျှမ်းမြောက် SSPP /SSA၊ ကိုးကန့် MNDAA ၊ ရခိုင် AA  ၊ ကရင်နီ KNPP ၊ KNU ကရင်အမျိုးသားအစည်းရုံး ၊ DKBA  ကလိုထူးဘော ၊ ကရင်ငြိမ်းကောင်စီ PC ၊ NMSP မွန်ပြည်သစ်ပါတီ ၊ LDU ၊ WNO ၊ANC ၊ CNF ၊ PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP တို့ဖြစ်ကြသည်။


အစိုးရဘက်မှမူ NCCT  ၁၆ ဖွဲ့ထဲမှ ကိုးကန့် ၊ အေအေရခိုင် ၊ တအာင်းပလောင် ၊ LDU ၊ WNO ၊ ANC တို့ကို လက်မှတ် ရေးထိုးဘက်အဖြစ် သတ်မှတ်ရခြင်း မရှိသေးပေ။ ယင်းအပြင် NCCT အဖွဲ့ဝင်မဟုတ် သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာလည်း ၅ ဖွဲ့ခန့်ရှိပါသည်။  ယင်းတို့မှာ UWSA ၀ တပ်ဖွဲ့ ၊ မိုင်းလား ၊ ကျောင်းသားတပ်ဖွဲ့ ABSDF ၊ NSCN -K ၊နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ဖြစ်ကြပြီး အဆိုပါ လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့စလုံးမှာ လက်မှတ် ထိုးဘက်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။


"ကျနော့ အနေနဲ့ အားလုံး အတတ်နိုင်ဆုံး ကြိုးစားကြတာပဲလို့ ခံယူတယ်။ ဘာပဲပြောပြော စာချုပ်က တော့ ပြီးသွားပြီ။ ပြည်သူ ကိုလည်း ချပြဖို့လည်း သဘောတူနိုင်ခဲ့တယ်။ လက်မှတ်ရေးထိုးဖို့ ကိစ္စရပ် တွေမှာ ပြေလည် ကြပါစေလို့လည်း ဆုတောင်းပေးပါတယ် "ဟု အစိုးရ၏ ပြည်ထောင်စုငြိမ်း ချမ်း ရေးဖော်ဆောင်မှု လုပ်ငန်း ကော်မတီမှ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက ဆွေးနွေးပွဲ နှုတ်ဆက်မိန့်ခွန်း ပြောဆိုရာတွင် ပြောသည်။


ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး ဗဟိုဌာနတွင် ကျင်းပခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ၉ ကြိမ်မြောက် ဆွေးနွေးမှုမှ အပစ်ရပ်စာချုပ်တွင် သဘောတူရန် ကျန်ရှိနေသည့် နိုင်ငံတကာ သက်သေများကိစ္စ ၊ တာဝန်ခံ လက်မှတ်ထိုး မည့်ကိစ္စ ၊ လူံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းနှင့် လက်နက်ကိုင် တပ်ဖွဲ့များ ပြုပြင်ပြောင်းလဲရေး DDR SSR တို့နှင့် ပတ်သက်၍ သဘောတူညီနိုင်ခဲ့သည်။


လေ့လာသူ အချို့ကမူ ရွေးကောက်ပွဲ နီးကပ်လာပြီ ဖြစ်သဖြင့် အားလုံး ပါဝင်ရေးဆိုသည့်မူမှာ အဆင်ပြေ မှု မရှိနိုင်ပဲ အဆင်ပြေသူ အရင်ထိုး ကျန်သူနောက်မှ ထိုးဆိုသည့် အိုးပင်းဘုတ် စနစ် ကျင့်သုံးလာနိုင်ကြောင်း သုံးသပ်ထားကြသည်။


"အခုက တိုင်းရင်းသား တွေက အကုန်လုံး ထိုးချင်နေတယ်။ နိုင်ငံရဲ့ အစိတ်အပိုင်း တနေရာတဒေသမှာ အပစ်မရပ်ပဲ တိုက်ပွဲ ဖြစ်ကျန်နေမယ် ဆိုရင် ဘယ်လိုလုပ်ငြိမ်းချမ်းတယ်ခေါ်နိုင်မလဲ " ဟု သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စဝ်ခွန်ဆိုင်က ပြောသည်။

သျှမ်းသံတော်ဆင့်

unread,
Aug 10, 2015, 4:39:32 PM8/10/15
to thuau...@gmail.com

၈ လေးလုံး အထိမ်းအမှတ် သျှမ်း/မြောက် လားရှိုးတွင် သျှမ်းသမိုင်းနှင့် စာပေအကြောင်း ဟောပြော ပွဲကျင်းပ

Posted: 10 Aug 2015 03:57 AM PDT

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ သျှမ်းစာပေ ယဉ်ကျေးမှု ခန်းမ၌  ၈ လေးလုံး အထိမ်းအမှတ် အဖြစ် သျှမ်း စာပေပညာရှင် စိုင်းဖှက သျှမ်းသမိုင်းနှင့် စာပေတို့နှင့် ပတ်သက်သော စာပေဟောပြောပွဲတရပ် ကျင်းပကြောင်း သိရသည်။


အဆိုပါ စာပေဟောပြောပွဲကို ၈ လေးလုံးလေး အထိမ်းအမှတ်အဖြစ် သြဂတ်စ် ၈ ရက်နေ့က ကျင်းပရာ  လားရှိုး မှ တက္ကသိုလ် လူငယ်များနှင့် ဆရာ/ဆရာမများ ၊ လူမှု အဖွဲ့အစည်းများ ၊ လာရှိုးသျှမ်းစာပေ ယဉ်ကျေး မှုအဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း တက်ရောက်သူ အင်အား ၂၀၀ ခန့်ရှိကြောင်း သိရသည်။


 “စာပေ ဟောပြောပွဲကို  ၈ လေးလုံး အထိမ်းအမှတ် ဖြစ်အောင် တိုက်ဆိုင်ပြီး ကျင်းပတာ ဖြစ်တယ်လို့ ဆရာကြီး  လုံးဖှက လားရှိုးမှာ မိန့်ခွန်းပြောခဲ့တယ်” ဟု ဟောပြောပွဲ တက်ရောက်ခဲ့သည့် စိုင်းလိတ်က သျှမ်းသံတော်ဆင့် အားပြောသည်။


စာပေ ဟောပြောပွဲတွင် ၈ လေးလုံးနှင့် ပတ်သက်သည့် အကြောင်းအရာများ ၊ နိုင်ငံရေး ၊ မဆလ အကြောင်း ၊ ၁၉၄၇ အကြောင်း ၊ စဝ်ဆေခန်ဖှ သမိုင်းကြောင်း ၊ စာပေနှင့်လူမှု အဖွဲ့အစည်းအကြောင်း ၃ နာရီကြာ ဟောပြော သွားကြောင်း သိရသည်။


“လုံးစိုင်းဖှ ဟောပြောပွဲမှာ ပြောသွားတာ ကတော့-  စကားပြောတဲ့ နေရာမှာ ကိုယ့်ဘာသာစကား မပြော ဘဲ သူများဘာသာစကားကို ကြားညှပ်ပြီးပြောကြတယ်။ ကိုယ့်ဘာသာ စကားမရှိဘူးလားပေါ့ ။ လူငယ် တွေ စဉ်းစားသင့်တယ် ” ဟု ဟောပြောပွဲတွင် လုံးစိုင်းဖ ကပြောသွားကြောင်း စိုင်းလိတ်က ဆိုပါသည်။


စဝ်ဆေခန်ဖှ လက်ထက်မီ ယနေ့ခေတ်အထိ သျှမ်းစာပေ အဆင့်ဆင့် ပြောင်းလဲလာပုံ ၊ မိမိ စာပေအပေါ်    ခေတ်သစ် သျှမ်းလူငယ်များ မည်မျှအလေးထားပုံ တို့ကိုပါ ရှင်းပြ သွားကြောင်း ဆိုပါသည်။

 
ကနေ့ခေတ် သျှမ်းစာပေအပေါ် ဘယ်လို သဘောထားသလဲ မိမိကိုယ်ကို ပြန်ဆန်းစစ်ဖို့ လိုတယ်။ မိခင် ဘာသာစကား မိခင်စာပေကို မပြောချင် မသုံးချင်တာဟာ ကိုယ့်လူမျိုးတွက်  အားနည်းချက်တွေဘဲ - ဟု လည်း ဆရာစိုင်းဖှက ပြောဆိုကြောင်း သိရပါသည်။


သျှမ်းစာပေပညာရှင် ဆရာစိုင်းဖှသည် သျှမ်းစာပေ ပျံ့ပွါးရေးအတွက် သျှမ်းပြည်အတွင်း ပညာရေး အခွင့် အလှမ်းနည်းပါးသော နေရာဒေသများ ခက်ခဲကြမ်းတမ်းသော ဒေသများသို့သွားကာ စေတနာ ထက်သန်စွာဖြင့် သျှမ်းစာပေ သင်ကြားပေးခဲ့သည်။ သျှမ်းလူထု၏ လေးစားမှုကိုခံရကာ သျှမ်းစာပေ ပညာရှင်အဖြစ် သတ်မှတ်ခံရသော ပုဂ္ဂိုလ်လည်း ဖြစ်ပါသည်။  



NLD နဲ့ တိုင်းရင်းသား ပါတီတွေ NLD နဲ့ ၈၈ မျိုးဆက်တွေ ဘာကြောင့် မဟာမိတ် မဖြစ်သလဲ

Posted: 10 Aug 2015 03:42 AM PDT

အခုတလော နိုင်ငံရေးလောက ကြည့်လိုက်မယ် ဆိုရင် အားလုံး တီးတိုးဝေဖန် မေးငေါ့စရာ ဖြစ်နေခဲ့တဲ့ သတင်း တပုဒ်ရှိနေခဲ့ပါတယ်။ ဒါကတော့ အင်အားအကြီးဆုံး အတိုက် အခံဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ဆိုင်ရာ မူဝါဒကြောင့်ပဲ ဖြစ်ပါတယ်။ အဓိကကတော့ NLD ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်းမှာ ပြည်သူတွေ အားကိုးတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင် တွေနဲ့ နာမည်ရတက်ကြွလှုပ်ရှားသူတွေ ပါမလာ ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အတိုက် အခံ တိုင်းရင်းသား အင်အားစု နယ်မြေတွေ အားလုံး နီးပါးမှာပါ ရှောင်မပေးပဲ အကုန်ဝင်ပြိုင် တော့ မယ်ဆိုတာ NLD ရဲ့ ကိုယ်စားလှယ်လောင်း စာရင်းက ပြသနေတဲ့ အတွက် အတိုက်အခံ အချင်းချင်း တွေအပေါ်မှာကော တိုင်းရင်းသား အတိုက်အခံတွေ အပေါ်မှာ NLD အနေနဲ့အထာ မထား မဟာမိတ် မူဝါဒ မထားတော့ဘူး ဆိုတာ ပေါ်လွင်လာစေခဲ့ပါတယ်။


၈၈ မျိုးဆက်တွေ ၊ နာမည်ရ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း နဲ့ တက်ကြွလှုပ်ရှား သူအချို့ကတော့ NLDရဲ့ ကမ်းလှမ်းချက်ကြောင့် တသီးပုဂ္ဂလအဖြစ် မပြိုင်တော့ပဲ ပါတီဝင်အဖြစ် ပြိုင်မယ်ဆိုပြီး ပါတီဝင်ခဲ့ပြီးမှ ကိုယ်စားလှယ် လောင်းရွေးချယ်ရာမှာ ပါမလာတော့တာ ဖြစ်ပါတယ်။


CRPP အဖွဲ့ဝင် တိုင်းရင်းသား တွေနဲ့လည်း မဟာမိတ်ကိစ္စ ဆက်စကား ပြောမလိုလို ဘာလိုလိုနဲ့ ဆက်စကား မပြောတော့ပဲ ဦးကျင်ရှင့်ထန်ပြိုင်တဲ့ နေရာကလွှဲလို့နေရာ အားလုံးမှာ ၀င်ပြိုင်မှာ  ဖြစ်တဲ့အတွက် ၉၀ ခုနှစ် ကျော် ကာလတွေ ကတည်းက မဟာမိတ် လုပ်လာခဲ့တဲ့ တိုင်းရင်းသား ပါတီတွေနဲ့လည်း ထိပ်တိုက်ပြိုင်တော့ မှာဖြစ်ပါတယ်။ နောက်ဆုံးယုတ်စွအဆုံး ဗမာစကား မပြော တဲ့မြို့တွေ ပါတီဝင် ရ ယောက် ၈ ယောက်လောက် ပဲ ရှိတဲ့ မြို့တွေမှာတောင် NLD အနေနဲ့ ၀င်ပြိုင်ဖို့ လုပ်ထားတာ တွေ့ရပါတယ်။


ကျနော် ကိုယ်တိုင်လည်း တလောတုန်းကပဲ NLD မှာ ၈၈မျိုးဆက် ခေါင်းဆောင်တွေ ပါတီဝင် အဖြစ် ၀င်လာ CRPP  အဖွဲ့ဝင်တွေ တိုင်းရင်းသား ပါတီတွေဖြစ်တဲ့ ဦးခွန်ထွန်းဦး တို့ရဲ့ သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ ချုပ်တို့နဲ့ NLD အကြား ရွေးကောက်ပွဲ ကိစ္စအတွက် စကားပြောလာတော့ လာမဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံ တွေအနေနဲ့ အင်တိုက် အားတိုက် လက်တွဲပြီး  ၀င်ပြိုင်ကြတော့ မလားလို့ မျှော်လင့်မိပါသေးတယ်။ အခုတော့ NLD လုပ်ပုံအရ ခဲလေသမျှ သဲရေကျဆိုသလိုပါပဲ။ သို့သော်လည်း သတင်းသမား တယောက်အနေနဲ့ တိုင်းရင်း သားပြည်သူတွေ ဝေဝါးကုန်မှာ မျက်စိ လည်ကုန်မှာ စိုးတဲ့အတွက် အရှိတရားနဲ့ နီးစပ်အောင်သုံးသပ် တင်ပြ ရပါတော့မယ်။


အဓိကကတော့ NLDနဲ့ အတိုက်အခံ တိုင်းရင်းသား ပါတီတွေ NLDနဲ့ ၈၈ မျိုးဆက်လို လူထု မျှော် လင့်ချက်ထားတဲ့ ဒီမိုကရေစီအင်အားစုတွေအကြား ဘာကြောင့် မဟာမိတ် မဖြစ်နိုင်ခဲ့သလဲ ဆိုတာပါ။


ဘာကြောင့်လဲ

NLD နဲ့ တိုင်းရင်းသား ပါတီတွေ အကြား တခြား ဒီမိုကရေစီ အင်အားစုတွေ အကြား မဟာမိတ် အဖြစ် မဖြစ်ခဲ့ သလဲဆိုတာ ကတော့ NLD ရဲ့ ရွေးကောက်ပွဲ အလွန် ဦးရွှေမန်းနဲ့ လက်တွဲလိုတဲ့ မဟာမိတ် မူဝါဒကြောင့်လို့ စာရေးသူအနေနဲ့ ယျေဘူယျ ခန့်မှန်းမိပါတယ်။ ဒါကလည်း စာရေးသူအနေနဲ့ သျှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦးအပါဝင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ကော ၈၈ မျိုးဆက်တွေနဲ့ အပါဝင် အလုပ်သဘောအရ ရင်းနှီးမှုအရကော မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက် လေ့လာနေသူ အဖြစ်ဖြစ်နေတာ ကြောင့်လည်း ဖြစ်ပါတယ်။


NLDနဲ့ တိုင်းရင်းသား

တိုင်းရင်းသား ပါတီလို့ ပြောရမယ်ဆိုရင် အတိုက်အခံ တိုင်းရင်းသား ပါတီ တွေအဖြစ် ရပ်တည်နေတဲ့ ၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား အုပ်စုတွေကိုပဲ အဓိကထား ပြောဆိုရမှာပါ။ တကယ် အတိုက် အခံလုပ် နေတာလည်း အဲဒီအုပ်စုတွေပဲ ရှိနေလို့ဖြစ်ပါတယ်။


ဒါကလည်း ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက် တလျှောက် မိုးထဲရေထဲ NLD အပါဝင် ဒီမိုကရက်တစ် အင်အားစု တွေ နဲ့အတူ အဲဒီ ၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား အုပ်စုတွေက လက်တွဲပြီး ဖြတ်ခဲ့တာကြောင့် ပဲဖြစ်ပါ တယ်။ ၉၀ အနိုင်ရ တိုင်းရင်းသားတွေ ကတော့ ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်နေတဲ့ UNA အုပ်စုတွေပဲဖြစ်ပါတယ်။


ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA မှာပါနေတဲ့ ပါတီတော်တော် များများဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း NLD ရဲ့ မဟာမိတ်တွေပဲ ဖြစ်ခဲ့ပါတယ်။ လွှတ်တော် ခေါ်ယူဖို့အတွက် လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြုကော်မတီ CRPP ဖွဲ့စည်းရာမှာ ဆိုရင်လည်း အဲဒီအဖွဲ့ထဲက သျှမ်း ၊ ရခိုင် ၊ ဇိုမီး ၊ မွန်စတဲ့ တိုင်းရင်း သား ခေါင်းဆောင် တွေက စစ်အစိုးရကို အံတုဖို့ အန်အယ်ဒီက ခေါင်းဆောင်တွေနဲ့အတူ ပါဝင် ခဲ့ကြတာပါ။  ၂၁ ရာစု ပင်လုံ ညီလာခံကို သူမရဲ့ ဦးဆောင်မှုနဲ့ သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးတဲ့ အတွက်လည်း တိုင်းရင်းသား တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ အပေါ်တော်တော့ကို မျှော်လင့်ခဲ့ကြတာ ဆိုရင် လည်း မမှားပါဘူး။ တဘက်ကလည်း ဖခင်ရဲ့ မပြီးဆုံးခဲ့တဲ့ တာဝန်တွေ အမွေတွေကို သမီးဖြစ်သူအနေနဲ့ ဆက်လက် ထမ်းဆောင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထားရှိခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။  ဦးခွန်ထွန်းဦး ဆိုရင် ပင်လုံမူကို အခြေခံပြီး လုပ်နေတာ ဖြစ်တဲ့အတွက် သျှမ်းစော်ဘွားတူ တယောက်ဖြစ်တဲ့ သူ့အနေနဲ့ သမိုင်းပေး တာဝန်ကို ထမ်းနေတယ်လို့ ဆိုနိုင်ပါတယ်။


ပြောရမယ်ဆိုရင် အဲဒီ ယူအန်အေအုပ်စုနဲ့ NLD ပါတီအကြား လွှတ်တော်ထဲ ဝင်သွား ကတည်းက ပုံမှန်ဆက်ဆံ မှုတော့ သိပ်ရှိတာ မဟုတ်ပါဘူး။ ဒါကလည်း တိုင်းရင်းသားအရေးနဲ့  ပတ်သက်လို့ လွှတ်တော်ထဲရောက်သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြောဆို ပါဝင်လှုပ်ရှားဖို့ ပျက်ကွက် ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၄ နှစ်စလောက်အထိ NLD အနေနဲ့ SNLD ကို ရွေးကောက် ပွဲအတွက်  ကြိုပြင်ထားခိုင်းပြီး မဲဆန္ဒနယ်များများ ရနိုင်တယ် မဟာမိတ်ဖွဲ့ စရာရှိရင် အရင်လက်တွဲ ဖော်တွေနဲ့ပဲ ဖွဲ့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဖူး တယ်လို့  သျှမ်းခေါင်းဆောင် ခွန်ထွန်းဦး က စာရေးသူကို ပြောဖူးပါတယ်။ အဲဒီအချိန်မှာ လွှတ်တော်အမတ်ဖြစ် နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တော်တော်လေး ရင်းနှီးမှု ရှိလာနေခဲ့ပြီဖြစ် ပါတယ်။


ဦးခွန်ထွန်းဦး ထောင်က ပြန်လွတ်လာစက ပါတီ ထောင်မယ်ဆိုတော့ ငွေလိုတဲ့အတွက် သူ့အိမ် တခြမ်းကို သူရဦးရွှေမန်းရဲ့ သားဖြစ်သူ ပိုင်တဲ့ Red Link ကုမ္ပဏီကို ဌားလိုက် ရပါသေးတယ်။ သူပိုင်တဲ့ လုပ်ငန်း တော်တော်များများက အရင် စစ်အစိုးရ လက်ထက်မှာ ပိတ်ပင်မှု တွေခံခဲ့ရတာ ကြောင့်လည်း ဖြစ်ပါတယ်။


အဲဒီလို ဌားထားခဲ့ပေမဲ့ ဦးခွန်ထွန်းဦးအနေနဲ့ သူရ ဦးရွှေမန်းနဲ့ မဟာမိတ် အဆင့် ဖြစ်မလာခဲ့သလို သူရဦးရွှေမန်း နဲ့ပြိုင်ဘက်ဖြစ်တဲ့ အစိုးရ ၊ စစ်အုပ်စုတွေနဲ့လည်း အခုအထိ မဟာမိတ် ဖြစ်မလာ ခဲ့ပါဘူး။ ဒါ့အပြင် NLD နဲ့ SNLD အကြား ဆက်ဆံရေးက ပုံမှန်မဖြစ်ခဲ့ပါဘူး။


စာရေးသူ တွက်ချက် မိသလောက် ဒါကဘာကြောင့်လည်း ဆိုရင် ဖက်ဒရာယ်အရေး တိုင်းရင်းသား အရေး ပြည် တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသား တော်တော်များများရဲ့ ယုံကြည်ကိုးစားမှုကိုခံရတဲ့ သျှမ်းတိုင်းရင်း သားခေါင်းဆောင် ဦးခွန်ထွန်းဦးအနေနဲ့ တိုင်းရင်းသား အရေးနဲ့ ငြိမ်းချမ်း ရေးအတွက် အာမခံချက်ရှိမှ တကယ် အာမခံနီုင်သူ ၊ ဒါမှမဟုတ် တကယ်ပေးမယ် သေချာသူနဲ့မှ နိုင်ငံရေးအရ မဟာမိတ်လုပ်ဖို့ ဆုံးဖြတ် ထားတာ ကြောင့် ဖြစ်ပါတယ်။ 


အဆုံးစွန်ဆုံးပြောရမယ် ဆိုရင် လွှတ်တော်ထဲကနေ သမ္မတအဖြစ် တင်မြောက်တာကို ထောက်ခံမှု ပေးတာ တွေအထိကို ဆိုလိုတာပါ။ ဦးခွန်ထွန်းဦး ဥက္ကဌ အဖြစ်ဆောင်ရွက်နေတဲ့ UNA အဖွဲ့က တိုင်းရင်းသား လက်နက် ကိုင်တပ်ပေါင်းစု ဖြစ်တဲ့ UNFC နဲ့ မဟာမိတ်ဖွဲ့ထားပြီး သူတို့အနေနဲ့ ငြိမ်းချမ်းရေးကော တိုင်းရင်းသား အရေး အတွက်ပါ မရေရာ သေးတာကြောင့် ဘယ်သူနဲ့မှ အသေကပ် မ ကစားတာလည်း ဖြစ်နိုင်ပါတယ်။


ငွေ ဒါမှမဟုတ်ရင်းနှီးမှု တစ်ခုတည်း အခြေနေအရဆိုရင် အခုအချိန်မှာ SNLD အနေနဲ့ ဦးရွှေမန်း အုပ်စု ၊ ဒေါ်အောင်ဆန်းစုကြည် စတဲ့ပုဂ္ဂိုလ်တွေနဲ့ မဟာမိတ်ဖြစ်နေရမှာပါ. ဒါပေမဲ့ SNLD အနေနဲ့ NLD အပေါ်တော့ မဟာမိတ်အဆင့် ဖြစ်လိုတဲ့ ဆန္ဒရှိနေတာလည်း တွေ့ရပါတယ်။


ဒါကလည်း ရွေးကောက်ပွဲမှာ သူအားသာတဲ့ နေရာသူပြိုင် ကိုယ်အားသာတဲ့ နေရာကိုယ်ပြိုင်ခြင်း ဖြင့် ဒီမိုကရက် တစ်အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ ဟန်ချက် ညီညီအားကောင်း ကောင်းလွှတ်တော်ထဲရောက်လာဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် NLD က စီအာပီပီအဖွဲ့ ၀င်ခေါင်းဆောင်တွေ ပြိုင်မယ်ဆိုတဲ့ နေရာမှာ မပြိုင်ဘူးလို့ ပြောလာတော့ ၀မ်းပန်းတသာ ကြိုဆိုခဲ့ တာဖြစ်ပါတယ်။ ဒါပေမဲ့ မဟာမိတ်ကိစ္စက ဆက်ချဲ့မလာနိုင်ပဲ အခုအချိန်မှာတော့ ပါတီဝင်နည်း နည်းပဲရှိ ဗမာစကားတောင် မပြောတဲ့ မြို့တွေမှာ NLDက ပြိုင်ဖို့ လုပ်နေခဲ့ပြီးပါပြီ။


ကျနော့် အနေနဲ့ သျှမ်းပါတီကိုပဲ အဓိကထားပြော နေရခြင်းက ရွေးကောက်ပွဲလုပ်မဲ့ မြို့နယ် ၃၀၀ ကျော်မှာ ၅၄ မြို့နယ်က သျှမ်းပြည်နယ်မှာ ရှိနေတာကြောင့် ဖြစ်ပါတယ်။ တခြားရခိုင်တို့ ဘာတို့က လည်း သူ့ဒေသတွေမှာ သူနိုင်ဦးမှာပါ။


နီးစပ်သူတွေရဲ့ ပြောဆိုချက် အရတော့ NLD နဲ့ တိုင်းရင်းသား ပါတီတွေ အကြား မဟာမိတ်မဖြစ်ရ တာဟာ ရွေးကောက်ပွဲ နောက်ပိုင်းကာလ အစိုးရဖွဲ့နိုင်ခြေတွေနဲ့ ပတ်သက် တယ်လို့လည်း ဆိုကြပါ တယ်။ ဒါက သူရဦးရွှေမန်းနဲ့ အသေကပ်ကစားလိုတဲ့ NLD နဲ့ မူဝါဒနဲ့ ပတ်သက်တယ်လို့ ဆိုနိုင်ပါ တယ်။


ယတိပြတ်မပြောနိုင်သေးတဲ့သမ္မတလောင်းဘယ်သူလဲဆိုတဲ့ ကိစ္စ

ပြန်တွက်ကြည့်ရင် သမ္မတ မဖြစ်နိုင် ဒုတိယသမ္မတ လောင်းဘယ်သူဆိုတာ မရေရာသေးတဲ့ NLD အနေနဲ့ရွေးကောက်ပွဲ နောက်ပိုင်းကာလ အစိုးရအဖွဲ့ဖွဲ့ခါနီး အချိန်မှာ သူရဦးရွှေမန်းကို သမ္မတ အဖြစ် တင်လာနိုင်မလားဆိုတာ ကလည်း ယတိပြတ် မပြောနိုင်တာကြောင့် ဖြစ်ပါတယ်။


အခုအချိန် အထိလည်း နယ်တွေမှာ ပါတီနာယက ဦးတင်ဦး ၊ ဦးဝင်းထိန်စသဖြင့် အသံထွက်နေ ပေမဲ့ ကာယကံရှင်တွေ ကလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။ ပြည်သူတွေလိုလားတဲ့ ၈၈ ငြိမ်းပွင့်က ဦးကိုကိုကြီး ကတော့ အမတ်နေရာတောင် မရရှာပါဘူး။ လေ့လာသူတွေအဆို အရတော့ သူရဦးရွှေမန်းနဲ့ NLD အကြား တစုံတရာ ပဋိဉာဉ်ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ သူရ ဦးရွှေမန်းပြိုင်မဲ့ ဖြူးမြို့နယ်မှာ NLD က ပြိုင်ဖို့ရှိပေမဲ့ ပြိုင်မဲ့ ကိုယ်စားလှယ်က အားမကောင်း တဲ့ အပြင် သူရဦးရွှေမန်းရဲ့ ငယ်သူငယ်ချင်း ဖြစ်တယ်လို့လည်း သူရဦးရွှေမန်းဆီ ဝင်ထွက်နေတဲ့ သူတဦးက ကျနော့ကို ပြောဆိုဖူးပါတယ်။


ဒီလိုတွက်ပြရတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဌာန်းချက်တွေ အရတွက်ပြခြင်း ဖြစ်ပြီးလွှတ်တော် နှစ်ရပ်က ကိုယ်စားလှယ်တွေ ရွေးချယ် တင်မြောက်ထားတဲ့ ဒုသမ္မတလောင်းနဲ့ တပ်မတော်သား တွေတင်မြောက်တဲ့ ဒုတိယ သမ္မတလောင်း သုံးယောက်ထဲက တယောက်ကို သမ္မတအဖြစ် လွှတ် တော် ကိုယ်စားလှယ် တွေက ရွေးချယ်ရတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ နောက်လာမဲ့ ၂၀၁၆ လွှတ်တော် သက်တမ်းမှာ ၅၉ (စ)လိုကိစ္စမျိုးကို သွားပြင်နိုင် အောင် လုပ်နိုင်လိမ့်မယ်လို့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့က အတိုင်ဖောက်ညီစွာနဲ့ ဗွီအိုအေနဲ့ ၂၀၁၄ နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုဖူးတာကြောင့် ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ စိတ်ကူးယဉ် အိမ်မက်တွေကို အကောင်ထည်ဖော်ဖို့ ဒီလိုကစားတာမျိုး ဖြစ်နိုင်တယ်လို့ ယူဆစရာပါ.။  တပ်မတော်က မထောက်ခံတဲ့ အတွက် ၂၀၁၀ ကတည်းက သမ္မတ မဖြစ်ခဲ့တဲ့ သူရဦးရွှေမန်း အဖို့ကတော့ အခုလို နိုင်ခြေများတဲ့ အတိုက်ခံပါတီနဲ့ မဟာမိတ်လုပ် နိုင် ခြင်း အားဖြင့် သူ့ရဲ့ သမ္မတအိမ်မက် အသက်ဆက်နို့င်မယ်လို့ မျှော်လင့်ထားပုံပါ။

 
သူရဦး ရွှေမန်းကတော့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေက တဘက် အစိုးရနဲ့ တပ်မ တော်ကတဘက်ဆိုတာမျိုး အထိကို ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောဆိုထားတာ ကြည့်ရင် သူတို့ အကြားရင်းနှိးမှုက အတိုင်းအတာ တစ်ခုရှိနေပြီလို့ မျှော်လင့်ရပါုတယ်။ ဒါကြောင့်လည်း သူတို့ အိမ်မက်တွေကို အကောင်ထည် ဖော်ဖို့အတွက် နောင်အခါ လာနောင်အခါ ဈေးနိုင်သမျှ အကုန် ယူမယ် ဘယ်သူ့မှ အထာထားစရာမလိုဘူးဆိုတဲ့ စတိုင်နဲ့ NLDအနေနဲ့ နေရာစုံမှာ ပြိုင်ဖို့လုပ်လာ တာပါ။


၈၈ မျိုးဆက်နဲ့ NLD

လာမဲ့ ရွေးကောက်ပွဲမှာ မဲမကွဲစေဖို့အတွက် NLD ပါတီာရဲ့ ဖိတ်ခေါ်မှုကြောင့်ပဲ ၈၈ မျိုးဆက်တော် တော်များများက NLD ပါတီဝင် တွေအဖြစ် ကူးပြောင်း ရောက်ရှိခဲ့တာပါ။


ဒါပေမဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း စာရင်းထုတ်ပြန်တဲ့ အခါမှာ ပါတီဝင် အမာခံတွေကိုသာ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ၂၀ နဲ့ နာမည်ရ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေကိုတော့ ချန်လှပ်ထားခဲ့တာကြောင့် နိုင်ငံရေး လောကကို အကြီး အကျယ် ဂယက်ရိုက်ခတ်သွားပြီး NLD ရဲ့ မူဝါဒအပေါ် မေးခွန်းထုတ်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်လာ ပါတယ်။


အထူးသဖြင့် ၈၈ ကျောင်းသား ခေါင်းဆောင်တွေ အားလုံးနီးပါးကို NLD ပါတီ အမတ်လောင်း အဖြစ် လက်မခဲ့တဲ့အပေါ် နိုင်ငံရေး အသိုင်းအဝိုင်း တခုလုံးက အာဏာရှင်ဆန်တဲ့ လုပ်ရပ်လို့ သတ်မှတ် ပြောဆိုကြပါတယ်။ ရှစ်လေးလုံး အရေး အခင်းကြီး ဖြစ်ပေါ်ပြီး တဲ့အချိန်ကစလို့ NLD ပါတီပေါ် ထွန်းလာတဲ့ အချိန်အထိ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေက NLD ဘက်က မားမား မတ်မတ်ရပ်တည်ခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရေးမှာလည်း ကျောင်းသား ခေါင်း ဆောင် တွေက NLD ဘက်ကပဲ ရပ်တည်ခဲ့ကြတဲ့ အပြင် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျဉ်းချထားချိန်ကလည်း ၈၈ ကျောင်းသား ခေါင်းဆောင် တွေက ဒေါ်အောင် ဆန်းစုကြည် ရုပ်ပုံပါတဲ့ တီရှပ်တွေဝတ်၊ ခမောက်တွေဆောင်း ၊ လမ်းမတွေပေါ်မှာ လက်ချင်းချိတ် ချီတက် လမ်းလျှောက်ရင်း ကြီးမားတဲ့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံခဲ့ကြသူတွေ ဖြစ်ပါတယ်။ 


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုမှာလည်း ၈၈ က NLD ပါတီနဲ့ ပူးပေါင်းခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ရေး လက်မှတ်ပေါင်း ၅ သန်းနီးပါး ကောက်ခံရရှိရေး လုပ်ဆောင်ခဲ့ပါသေးတယ်။


NLD ပါတီအနေနဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစု တခုဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို ငြင်းပယ်လိုက်တာက ညီညွတ်မှုအားနည်းနေတဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစု လုံးဝ ပြိုကွဲသွား အောင် လုပ်လိုက်တဲ့ ပွဲသိမ်းရိုက်ချက်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။


ခုကိစ္စမှာလည်း ပြန်သုံးသပ်ရရင်တော့ သမ္မတလောင်းကိစ္စတို့ အစိုးရဖွဲ့နိုင်ခြေတို့နဲ့ ပတ်သက်နိုင် ပါတယ်။ အထူးသဖြင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြိးကို ပြည်သူ တော်တော်များများက မျှော်လင့်ချက်ကြီးကြီးထားကြပါတယ်။ ဒါကလည်း သူ့ရဲ့ ပေးဆပ်အနစ်နာခံမှုအပြင် တကယ် နိုင်ငံရေးသမားပီသစွာ လေ့လာ ကြိုးစားအားထုတ်မှုတွေကြောင့် ဖြစ်ပါတယ်။ သူက အကုန်လုံး နဲ့လည်း ဆက်ဆံရေး ကောင်းအောင်နေတတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ခေါင်းဆောင်မျိုး အဆက်ပြတ်နေတဲ့ NLD အတွက်လည်း ဒုတိယခေါင်းဆောင် ဖြစ်လာနိုင်တယ် ဆိုပြီး မှန်းဆမှုတွေ လည်း ရှိနေတာပါ။ ယုတ်စွအဆုံး လွှတ်တော်အတွင်း ရောက်လို့ ဒုသမ္မတင် စရာမရှိလို့တင်ရင် တောင် အခန့်မသင့်ရင် သမ္မတချက်ခြင်း ဖြစ်လာနိုင်သူပါ။ အဲဒီလို အခြေအနေ ကြောင့်ပဲ  နောက် ကောက်ချခံခဲ့ရတယ်လို့ ထင်ပါတယ်။ အရည်အချင်းအရ ဘာအရ ဦးကိုကိုကြီးကို ချန်ထားခဲ့ရ တာလို့ NLD စီအီးစီတွေက ပြောနေပေမဲ့ ကိုကိုကြီးရဲ့ နိုင်ငံရေးသြဇာကို NLD က ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ တခြား ကိုယ်စားလှယ်တွေ စီအီးစီတွေတောင် မမှီတာ အမှန်ပါပဲ။


လက်တွေ့ကျတဲ့နိုင်ငံရေးသမား

နောက်တချက်က ဦးကိုကိုကြိးအနေနဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးသမား တယောက်ဖြစ်တာကြောင့် လည်း ဖြစ်နိုင်ပါတယ်။ တခြား ၈၈ ထိပ်သီးခေါင်းဆောင် အချို့ဖြစ်တဲ့ ကိုမြအေး ၊ ကိုဌေးကြွယ် တို့ကို သူတို့နေရာတွေမှာ ပေးမပြိုင်တာကလည်း တိုက်ဆိုင်မှု ဟုတ်ကောင်းဟုတ်ချင်မှ ဟုတ်ပါ လိမ့်မယ်။ သူတို့လည်း NLD ဖိတ်ခေါ်မှုနဲ့ လာသူတွေပဲဖြစ်ပါတယ်။


ကိုကိုကြီး ၊ အနေနဲ့ ထောင်ကလွတ်ပြီး ၂၀၁၂ ခုနစ်နောက်ပိုင်း အရပ်ဘက်စစ်ဘက် ဆက်ဆံ ရေး  ကောင်းမွန်ဖို့ရှေ့ရှူကာ အစိုးရ၊ စစ်တပ်အပါဝင် အတိုက်အခံတွေနဲ့ကော ပြေလည်အောင် နေခဲ့တဲ့အတွက် အားလုံးက သဘောကျတဲ့ အနေထားရှိသူလို့ ဆိုနိုင်ပါတယ်။  မတော်လို့ သူ့ကို ဒုသမ္မတလောင်း တင်လိုက်တာ ဖြစ်ဖြစ် နှစ်ဘက်လုံး တပ်ကိုယ်စားလှယ် တွေပါ လက်ခံမယ်ဆိုရင် ဦးရွှေမန်းတို့အုပ်စု  မူလ စီမံထားတဲ့ အစီမံတွေ ပျက်သွားနိုင်တာကြောင့် လားဆိုတာကလည်း စဉ်းစားစရာကိစ္စပါ။


ပကတိလိုအပ်ချက်နဲ့ဝေးကွာဆဲ

တခြား အကြောင်း အရာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်တော့ NLD အနေနဲ့ ဒီမိုကရက်တစ် အင်အားစုအား ကောင်းရေး မူဝါဒ ၊ ဖက်ဒရာယ်အရေး တိုင်းရင်းသား အရေးတွေနဲ့ ပတ်သက်လို့ ဘာမှမလုပ်ခဲ့တာလည်း ကြာနေပါပြိ. စာရေးသူအနေနဲ့ ကောင်းစေချင်တဲ့စိတ်နဲ့ အချက်အလက် တွေအပေါ်အခြေခံပြီး ပြောဆိုနေတာလည်း ဖြစ်ပါတယ်။ စာရေးသူအနေနဲ့လည်း NLD နဲ့ ကြံ့ခိုင် ရေး  မဲပုံးထောင်ရင် NLDကိုပဲထည့်မှာပါပဲ။ 


ဒါပေမဲ့ NLD အနေနဲ့ တိုင်းရင်းသားနဲ့ မဟာမိတ်လုပ်မလို ၈၈ နဲ့ ပေါင်းမလိုနဲ့ ခုလိုလုပ်လိုက်တာ ကတော့ အကုန်လုံးကို ပြိုင်ဘက် အဖြစ်သဘောထားပြီး ကြီးထွားမလာအောင် သတ်လိုက်တဲ့ သဘောပါပဲ။ဒါ့အပြင် ကိုယ်စားလှယ် လောင်းကြည့်ပြီး မဲပေးစရာမလိုဘူး။ ပါတီကြည့်ပြီး မဲထည့် ရပြီဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ကိစ္စကလည်း ခုမှ ဒီမိုကရေစီနဲ့ စထိတွေ့တဲ့ ပြည်သူ တွေကို နိုင်ငံရေး အသိပညာတက်မလာအောင် သတ်လိုက်သလို ဖြစ်နေပါတယ်။


ပကတိ အနေထားအရ တကယ်လိုအပ်နေတာက ၂၀၁၆ မှာဖြစ်လာမဲ့ လွှတ်တော်မှာ အတိုက်အခံ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသား အင်အားစုတွေ အင်အားကောင်းကောင်းနဲ့ ပါဝင်လာရေးဟာ လက်တွေ့ကျကျပြောရမယ်ဆိုရင် တကယ်လိုအပ်နေတဲ့အရာပါ။ အခုလုပ်လိုက်တဲ့ လုပ်ရပ်တွေ ကတော့ တော်တော်ရုပ်ဆိုး အကျည်းတန်ပါတယ်။ အတိုက်ခံ ပါတီကြိးအနေနဲ့ ယခင် ကွန်မြူနစ် ပါတီလိုပဲ Idealism စိတ်ကူးယဉ်ဝါဒကို စွဲကိုင် တော့မလားလို့ ထင်မှတ်မှားလောက် စရာဖြစ်နေတဲ့ အတွက် တိုင်းပြည်အတွက်ပါ စိုးရိမ်ပူပန်မိတာ အမှန်ပါပဲ။


ကွန်မြူနစ် ပါတီအနေနဲ့ မြန်မာပြည်ရဲ့ အဓိက နိုင်ငံရေး ပြသနာ နှစ်ရပ်အနက် တရပ်ဖြစ်တဲ့ တိုင်းရင်းသားအရေးကို ဘယ်တော့မှ အလေးမထား ခဲ့တာကြောင့် ပြိုပျက် သွားရခြင်းပဲဖြစ် ပါတယ်။ဒါ့အပြင် ဒီမိုကရက်တစ်အင်အားစု အားကောင်းရေးမူနဲ့လည်း လွဲချော်နေပါတယ်။


ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်သူ ဥက္ကဌ လုပ်နေတဲ့ ပါတီက ကျင့်သုံးနေတဲ့ မူဝါဒဟာ  ဗိုလ်ချုပ် အောင်ဆန်းမူဝါဒ တြွေဖြစ်တဲ့ တန်းတူရေးမူတို့ အင်အားစုပေါင်းစုံ ပါဝင်တဲ့ တပ်ပေါင်းစုမူတို့နဲ့ ကွာခြားနေတာကလည်း တော်တော်လေး စိတ်ပျက်စရာကောင်းတဲ့ ကိစ္စလို့သာ ဆိုလိုက်ပါရစေ။


( မှတ်ချက် ။  ။   ကောင်းစေလိုသောဆန္ဒဖြင့်သာ ရေးသားလိုက်ရခြင်း ဖြစ်ပါသည် (ပုံ- ဆောင်းပါးရှင်)
ဤဆောင်းပါးပါ အချက်အလက်များသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။ သျှမ်းသံတော်ဆင့်၏အာဘော် လုံးဝ မပါဝင်ပါ။ (ပုံ-အယ်ဒီတာ- သျှမ်းသံတော်ဆင့်)

NCA ဆင်ပြောင်ကြီး အမြီးကျမှတစ်

Posted: 10 Aug 2015 02:38 AM PDT

ပြည်ထောင်စု ငြိမ်ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ ကိုးကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) ဆွေးနွေးပွဲကို ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ သြဂတ်စ်လ ၆ရက်မှ ၇ရက်နေ့အထိ ရန်ကုန် မြို့ရွှေလီ လမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC)တွင် ကျင်းပခဲ့ပြီး NCAတွင် ပါရှိသည့် အချက်အလက်များအနက် ပါဝင် လက်မှတ် ရေးထိုးမည့် တိုင်းရင်သား လက်နက်ကိုင် တော်လှန်ရေး အဖွဲအစည်းကိစ္စမှအပ စာချုပ်ပါ အချက် အလက် များအားလုံးကို ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ကြောင်း အစည်းအဝေး ပူးတွဲ ထုတ်ပြန်ချက်အရ သိရ၏။


နှစ်ဘက် သဘောတူညီမှု ရရှိထားသည့် NCA ပါ အချက် အလက်ချက် များကို ပြည်သူ လူထု အားလုံး သိရှိနိုင်ရေးအတွက် ထုတ်ပြန်ရန် နှစ်ဖက် သဘောတူ ခဲ့သည်ဟု သိရ၏။ ပြီးခဲ့သည့် ရှစ်ကြိမ်မြောက် ဆွေးနွေးပွဲတွင် ကျန်ရှိသည့် အချက်သုံးချက် အနက် NCAတွင် ပါဝင် လက်မှတ် ရေးထိုးမည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံတကာ အသိသက်သေများ ကိစ္စရပ်တို့ကို နှစ်ဘက် သဘောတူခဲ့သည်ဟု ကြားသိရ၏။


သို့သော် လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား အဖွဲ့အစည်းအရေအတွက်နှင့် ပတ်သက်ပြီး နှစ်ဘက် အပေးအယူ အလျှော့အတင်း မလုပ်နိုင်ခြင်းသည် NCAဆိုသည့် ဆင်ပြောင်ကြီးကို တွင်းထဲမှ ဆွဲထုတ်ရာ၌ ဆင်တစ်ကောင်လုံး လွှတ်မြောက်လာပြီးမှ ဆင်အမြီးကျ တစ်ခံနေသည့် အဖြစ်မျိုး ရောက်နေကြောင်း သိရသဖြင့် စိုးရိမ် ပူပန်မိ၏၊ ကြောင့်ကြမိ၏၊ စိတ်သောက ဖြစ်မိ၏။


 ဤကိုးကြိမ်မြောက် ဆွေးနွေးပွဲမှ ရရှိထားသည့် သဘောတူချက် အားလုံးသည် တစ်နှစ်ခွဲခန့် အချိန်ယူပြီး UPWC နှင့် SD(NCCT) အကြား တရားဝင် တွေ့ဆုံ ဆွေးနွေးခြင်း ကိုးကြိမ်၊ အလွတ် သဘောတွေ့ဆုံခြင်း အကြိမ်ပေါင်း (၄၀) ကျော်တို့၏ ရလာဒ်ကောင်း၊ နှစ်ဘက်စလုံး၏ ကျားကုတ်ကျားခဲ ကြိုးပမ်းခြင်း အသီးအပွင့်များဟု ဆိုလျှင် မှားမည်မထင်ပေ။


သဘောတူညီချက်များနှင့် ပတ်သက်၍ ကိုးကြိမ်းမြောက် ဆွေးနွေးပွဲ အပြီးတွင် UPWC ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက “ဒီစာချုပ်မှာ နောက်ဆုံးကျန်ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက မည်သူတွေက လက်မှတ်ထိုး မလဲဆိုတဲ့ ကိစ္စသာ ကျန်ပါတယ်၊ ဒီလို အောင်မြင်စွာနဲ့ ကျွန်တော်တို့ ဆွေးနွေးနိုင်တာဟာ နှစ်ဘက် ကိုယ်စားလှယ်များ ပူးပေါင်း ဆောင်ရွက် ကြလို့ပဲ ဖြစ်ပါတယ်၊ အဲဒီတော့ နောက်ဆုံးကျန်ရှိတဲ့အချက်ကို ကျွန်တော်တို့ အမြန်ဆုံး နည်းနဲ့ဖြတ်မှာပါ၊ အကယ်၍ ဒီဆွေးနွေးပွဲကြီး အောင်မြင်မယ်ဆိုရင် လက်ရေးထိုးပွဲကြီးကို ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့၏။


“အရေးကြီးတဲ့ အဆင့် ဖြတ်ကျော် နိုင်ဖို့နဲ့ NCA ပြီးမြောက်မှ လက်မှတ် ရေးထိုး နိုင်ပြီးရင် NCA သော့နဲ့ ဖွင့်ပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကို ဝင်ရတော့မှာ ဖြစ်ပါတယ်၊ အဲဒီသော့ကလည်း နိုင်ငံတော်အစိုးရက ပေးမှ ရမှာဖြစ်ပါတယ်”ဟု SD ၏ဒုတိယအဖွဲ့ ခေါင်းဆောင် (၁) KIO မှ ဒေါက်တာ လဂျာကလည်း ဆိုသွားခဲ့၏။


ဒီတော့က UPWC နှင့် SD အကြား ဘယ်လိုမှ ညှိနှိုင်းမရ နိုင်သေးတဲ့ All Inclusiveness ဆိုသည့် လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ရေး ဆိုသည့်အချက်ကို အသေးစိတ် လေ့လာ၍ အလုံးစုံစေ့ငုံ သုံးသပ်ကြည့် ကြရအောင်လား။


ခုနှစ်ကြိမ်မြောက် NCA ဆွေးနွေးပွဲ မတိုင်မီ ကတည်းက အစိုးရဘက်မှ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်း ၆ ဖွဲ့ဖြစ်သည့် ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)/ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့် တပ်မတော် (AA) ၊ ရခိုင် အမျိုးသား ကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) ၊ ဝအမျိုးသား အဖွဲ့ချုပ် (WNO) နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် −ကိုးကန့် အဖွဲ့ (MNDAA)တို့အား NCAတွင် ပါဝင် လက်မှတ် ရေးထိုးခြင်းကို လုံးဝ လက်မခံကြောင်း ယတိပြတ် ထုတ်ဖော်ပြောကြား ထားခဲ့ပြီးဖြစ်၏။


TNLA ၊ AA ၊ MNDAA တို့ကို အစိုးရ တပ်မတော်နှင့် လက်ရှိ တိုက်ပွဲများ ဖြစ်ပွါးနေ၍ Bilateral Agreement အရင်ဆုံး ထိုးပြီးမှသာ NCA တွင် ပါဝင် လက်မှတ် ရေးထိုးခြင်းကို လက်ခံစဉ်းစား မည်ဖြစ်ကြောင်း ဆိုပြီး ANC ၊ LDU ၊ WNO တို့ကျတော့ တပ်အင်အား မရှိခြင်း ၊ ထိန်းချုပ် နယ်မြေမရှိခြင်း ၊ အဖွဲ့အစည်း အင်္ဂါလက္ခဏာများ မပြည့်စုံခြင်း တို့ကြောင့် ဆွေးနွေးဖော် ဆွေးနွေးဖက်အဖြစ် အစိုးရက သတ်မှတ်ခြင်း မရှိသဖြင့် NCA တွင် လက်မှတ်ထိုးခြင်း ခွင့်ပြုမည် မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲ ကျမှသာ ပါဝင်ခွင့် ပေးမည်ဖြစ်ကြောင်း MPC အဆိုအရ သိရ၏။


အစိုးဘက်က ပြောသည်မှာ လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား အဖွဲ့အစည်း ၁၄+၁ ကို လက်ခံ ကြောင်းဆို၏။ ၁၄+၁ ဆိုသည်မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ် စာချုပ်များ(Preliminary Ceasefire Agreement)  လက်မှတ် ရေးထိုး ထားသည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၄ ဖွဲ့ နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ကို ဆိုလိုခြင်း ဖြစ်၏။


ပဏာမ အပစ်ရပ် စာချုပ်များ လက်မှတ် ရေးထိုးထားခဲ့သည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၄ ဖွဲ့ မှာ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ၊ ချင်း အမျိုးသား တပ်ဦး (CNF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ (KPC-KNU/KNLA-PC) ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်− မိုင်းလားအဖွဲ့ (NDAA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၊ သျှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ ဖြစ်ကြ၏။


တိုင်းရင်းသား အဖွဲ့အစည်းများ ဘက်က တောင်းဆိုသည်မှာ လက်မှတ် ရေးထိုးရာတွင် အနည်းဆုံး တိုင်းရင်းသား အဖွဲ့အစည်း ၁၆+၁ကို ပါဝင်စေလို၏။ အဖွဲ့အစည်း ၁၆+၁ဆိုသည်မှာ NCCT တဖြစ်လဲ SDအဖွဲ့ဝင်တွေ ဖြစ်ကြသည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၆ဖွဲ့ နှင့် ABSDF တို့ဖြစ် ကြောင်း သိရ၏။


SD ဘက်က အဆိုပြုထားသည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၆ဖွဲ့ မှာ ရက္ခိုင့် တပ်မတော် (AA) ၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) ၊ ရခိုင် အမျိုးသားကောင်စီ (ANC) ၊ ချင်း အမျိုးသား တပ်ဦး(CNF) ၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) ၊ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KPC-KNU/KNLA-PC) ၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ (LDU) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် −ကိုးကန့်အဖွဲ့ (MNDAA) ၊ မွန်ပြည် သစ်ပါတီ (NMSP) ၊ ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)/ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP) နှင့်  ဝအမျိုးသား အဖွဲ့ချုပ် (WNO) တို့ဖြစ်ကြောင်း သိရ၏။


SD အဆိုပြုထားသည့် အဖွဲ့အစည်း ၁၆+၁ ထဲတွင် ၁၂ ဖွဲ့က ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ကျန်အဖွဲ့ အစည်းများကလည်း UNFC ၏ ဆက်စပ်မိတ်ဖက် အဖွဲ့အစည်းများသာ ဖြစ်ကြသည်ကို တွေ့ရ၏။ UNFC နှင့် SD အဖွဲ့ဝင် မဟုတ်သော အင်အားကြီးမားသည့် ရှမ်းပြည်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များဖြစ်ကြသည့် NDAA ၊ RCSS ၊ UWSA နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အခြေစိုက် NSCN-K တို့အား အဖွဲ့အစည်း ၁၆+၁ ထဲတွင် ထည့်သွင်းမထားသည်ကို အံ့သြစွာ တွေ့ရ၏။


အစိုးရက ပြောသည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၄+၁ တွင် NDAA ၊ RCSS ၊ UWSA ၊ NSCN-K တို့ ပါဝင်ပြီး အခြားတိုင်းရင်းသား ၆ဖွဲ့ဖြစ်ကြသည့် AA ၊ ANC ၊ LDU ၊ MNDAA ၊ PSLF/TNLA ၊ WNO တို့ အား ချန်ထားခဲ့၏။ SD တင်ပြသည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၆+၁ တွင် AA ၊ ANC ၊ LDU ၊ MNDAA ၊ PSLF/TNLA ၊ WNO ပါဝင်ပြီး NDAA ၊ RCSS ၊ UWSA ၊ NSCN-K တို့အား ချန်ရစ်ထားပစ် ခဲ့သည်ကို တွေ့ရ၏။


ကိုးကြိမ်မြောက် ဆွေးနွေးပွဲတွင် အထက်ပါ တိုင်းရင်းသား အဖွဲ့အစည်း ၁၄+၁ ပုံစံနှင့် ၁၆+၁ ပုံစံတို့ကို နှစ်ဘက်စလုံးက အလျှော့မပေးကြဘဲ ခပ်တင်းတင်း ကိုယ့်ရပ်တည်ချက် အပေါ်တွင်သာ ခိုင်ခိုင်မာမာ ဆုပ်ကိုင် ဆွေးနွေးသွားခဲ့ ၍ NCA ဆင်ပြောင်ကြီး အမြီးကျမှတစ်ရခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်သူတစ်ဦးမှ ဖွင့်ဟပြောပြခဲ့၏။


UPWC က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPWCC)က ချမှတ်ပေးသည့် မူအတိုင်း စွဲစွဲမြဲမြဲ ကိုင်၍ ဆွေးနွေးသွားခဲ့သလို SD ကလည်း တိုင်းရင်းသား ထိပ်သီး အစည်းအဝေးမှ လမ်းညွှန် ချမှတ်ပေးသည့် မူဘောင် အတွင်း၌သာ ပြောဆိုဆွေးနွေးပြီး နှစ်ဘက်စလုံးက သံတမန်ဆန်ဆန် ပျော့ပျောင်းစွာ အလျှော့အတင်းလုပ်ကာ မညှိနှိုင်းနိုင်ခဲ့ သဖြင့် NCA လိပ်ခဲတည်းလည်း ဖြစ်သွားခဲ့ရကြောင်း သိရ၏။


တပ်မတော်ဘက်က ကြည့်မည်ဆိုလျှင် သူနှင့် စဉ်ဆက်မပြတ် တိုက်ပွဲများ ဖြစ်ပွါးနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ဖက်လဲတကင်း မိတ်ဆွေရင်း ချာကဲ့သို့ ချက်ချင်း လက်ခံဖို့ဆိုသည်မှာ လွန်စွာမှ ခက်ခဲမည် ဖြစ်သလို တပ်အင်အား အခံမရှိသည့် တိုင်းရင်းသား အဖွဲ့ငယ်များအား အောက်ကျို့ခံပြီး လက်ငင်း တန်းတူ ဆက်ဆံ မျက်နှာသာပေး အလေးထားဖို့ ဆိုသည်မှာ မည်မျှခဲယဉ်းမွန်းကြပ်မည် ဆိုသည်ကို အများစု နားလည်ရန်အတွက် အချိန်များစွာ စောင့်ရမည်ထင်၏။


ထို့အတူ တိုင်းရင်းသားများ ဘက်က မိမိတို့၏ ရဲဘော်ရဲဘက်၊ မဟာမိတ်၊ သွေးချင်း ညီအစ်ကိုလို နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သည့် အဖွဲ့ဝင် အချင်းချင်းတို့ကို လက်မှတ်ထိုးခါနီး ပန်းတိုင် ရောက်ခါနီးမှ လက်တွဲဖြုတ်ခြင်း မျိုးမလုပ်လိုခြင်း၊ ဘဝတူ တိုင်းရင်းသားဖြစ်ခြင်း၊ ကံကြမ္မာချင်း ဆက်စပ်နေခြင်း၊ စုပေါင်း စုစည်းထားသည့် အင်အားစုဖြစ်ခြင်း၊ ကိုယ့်အချင်းချင်း အပေါ် သစ္စာဖောက်ရာ ရောက်မည့် လုပ်ရပ်များ မဆောင်ရွက်လိုခြင်း စသည်တို့ကြောင့် ၁၆+၁ ပုံစံအား အဆိုပြုသည်ကို အများစုက နားလည် သဘောပေါက် ကိုယ်ချင်းစာမိမည် ထင်၏။


တစ်ဆို့မှုများနှင့် ထစ်ငေါ့မှုများကို ဖြေရှင်းနိုင်ရေး ရည်ရွယ်၍ ကိုးကြိမ်မြောက် ဆွေးနွေးပွဲတွင် SDက တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များနှင့် နိုင်ငံတော်ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်ကြသည့် သမ္မတ ဦးသိန်းစိန်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော် တွင် တွေ့ဆုံ ဆွေးနွေးနိုင်ရေး အဆိုပြု တင်ပြခဲ့သည်ဟု ကြားသိရ၏။ ဤကိစ္စအပေါ် အစိုးရ၏ သဘောထား မည်သို့ ရှိသည်ကို ယခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။


NCAနှင့် ပတ်သက်သည့် နောက်ထပ် အစည်းအဝေး မည်သည့်အချိန် မည်သည့်နေရာ၌ ကျင်းပမည် မကျင်းပမည်ကိုလည်း ယခုအထိ သဲသဲကွဲကွဲ မသိရသေးပေ။ သေချာတာကတော့ NCAအပြီးသတ် လက်မှတ်ရေးထိုးနိုင်ရေးသည် ယခုအခါ တစ်ဆို့နေပြီး မည်သည့် နည်းလမ်း သုံး ကာ ချဉ်းကပ် အဖြေရှာမည်နည်း ဆိုသည်ကို စောင့်ကြည့်ရုံသာ ရှိတော့၏။


NCA တွင် ပါသည့်အတိုင်း လက်မှတ်ထိုးပြီး နှစ်လအတွင်း နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲကြီး ကျင်းပရေးနှင့် သုံးလအတွင်း နိုင်ငံရေး ဆွေးနွေးပွဲကြီး ကျင်းပခြင်းတို့သည် ဤအခြေအနေ အတိုင်း ဆိုပါက ဖြစ်နိုင်ချေ အလွန်နည်းသွားပြီ ထင်၏။ နှစ်ဘက်စလုံး အားခဲအားထည့် ကြိုးစားခဲ့သမျှ သဲထဲ ရေသွန်သလိုသာ ဖြစ်သွားပြီ ထင်၏။ အဲဒီလို မဖြစ် ပါစေနှင့်ဟုသာ အခါခါဆုတောင်း၏။


နှစ်ဘက်စလုံး မာန်မာနတွေ ခဝါချပြီး တိုင်းရင်းသား အများ ပြည်သူ လူထု အားလုံး ကောင်းကျိုးအတွက် အပေးအယူလုပ် ၊ နုတ်သင့်တာနုတ် ၊ ဆုတ်သင့်တာဆုတ် ၊ လျှော့သင့်တာလျှော့ ပူးပေါင်း လုပ်ဆောင်၍ ငြိမ်းချမ်းရေး သမိုင်းတရားခံဆိုသည့် တံဆိပ်မည်းကြီး အတပ် မခံရလေအောင်နှင့် မိမိတို့ လက်ထက်ကျမှ NCA ဆင်ပြောင်ကြီး အမြီးတစ် ဆိုတာမျိုး သမိုင်းမှာ စာမတင်ရလေအောင် UPWC နှင့် SD တို့မှ NCA စာချုပ်ကြီး အပြီးသတ် လက်မှတ် ရေးထိုး နိုင်ရေးအတွက် တတ်စွမ်းသရွေ့ ဆောင်ရွက် သွားကြပါရန် တိုက်တွန်းလှုပ်နှိုးပါ၏။

သြဂတ်စ်လ  ၉ ရက် ၂၀၁၅ 

ဆောင်းပါး ပါအချက် အလက်နှင့် အာဘော်များသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။ သျှမ်းသံတော်ဆင့်၏ အာဘော် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။ (အယ်ဒီတာ)

ကျပ်သိန်းပေါင်း ၂၃၀၀ တန် နမ့်ပန် ချောင်းကူး တံတားသစ် SSPP/SSA ကမကထပြုဖွင့်လှစ်

Posted: 10 Aug 2015 01:48 AM PDT

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် နှင့် မိုင်းရှူးမြို့နယ် (မြောက်ဘက်ခြမ်း) အကြား ပေါင်းကူး တံတားသစ်အား SSPP/SSA မှ ကျပ်သိန်းပေါင်း၂၃၀၀ ကျော် ကုန်ကျခံကာ ဩဂတ်စ် ၉ ရက် နံနက်ပိုင်းက ဖွင့်လှစ် လိုက်သည်။


၂၀၁၅ ခု ဩဂတ်စ် ၉ ရက် နံနက် ၉ : ၃၀ နာရီ အချိန် ကျေးသီးမြို့နယ် ခုံပန်ကျေးရွာ အုပ်စု နှင့် မိုင်းရှူးမြို့နယ် နောက်အက် ကျေးရွာအုပ်စုအား ဆက်သွယ် ပေးသည့် တာ့ဟုန်းတံတား သစ်အား ဒေသအတွင်းရှိ တပ်မှူးကြီး က ဦးဆောင်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်လိုက်သည်။ အခမ်းအနားတွင် ပရိသတ် ၃၀၀ ကျော် တက်ရောက် သည်ဟုလည်း သိရသည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်သည့် အဆိုပါအရာရှိက - ဒီဒေသက သွားရေး လာရေး အရမ်းခက်တယ်။ အထူးသဖြင့် ဟိုဘက်ကမ်းမှာရှိနေတဲ့ နောက်အက် ကျေးရွာ အုပ်စုသားတွေ။ အရင်က ဒီအုပ်စုက ကျေးသီးထဲပါတယ်။ နောက်ပိုင်း သွားရေး လာရေး အခက်အခဲကြောင့် မိုင်းရယ် မြို့နယ်နဲ့ တွဲနေတယ်။ ပိုတောင် ဝေးသွားရော။ အခုတော့ မိုင်းရှူးမြို့နယ်ထဲ ပေါ့။ ဒီတံတား ဖွင့်လှစ်ရတာက ဒေသခံတွေ သွားလာရေး လွယ်ကူအောင်နဲ့ ကုန်ဈေးနှုန်း ထိန်းပေးတဲ့ သဘောပါ - ဟု အခမ်းအနား၌ ပြောကြားသည်။


၂၇ ရက် ဧပြီလ ၂၀၁၄ တွင် စတင် တည်ဆောက်လာသည့် အဆိုပါ တာ့ဟုန်းတံတားအား   လူထုမှ ငွေအား လူအား အားဖြည့် တည်ဆောက် ခဲ့သောကြောင့် ယခုကဲ့သို့ လွယ်ကူမြန်ဆန် စွာ တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်မှု ကုန်ကျ စရိတ်လည်း  သက်သာကြောင်း ထို့အတွက်   ဒေသခံများအား အထူးကျေးဇူး တင်ကြောင်း ပြောသည်။


ဒေသခံ ကျောင်းဆရာ စိုင်ရွှေခမ်းကလည်း - ဒေသခံများအရေး အလေးထားကာ  ငွေအား လူအား အစ နည်းပညာ အဆုံး   ကူညီပေးသော  SSPP/SSA အဏာပိုင်များအား အထူးပင် ကျေးဇူးတင်ကြောင်း - လူထုကိုယ်စား အခမ်းအနား၌ ပြောကြား  သည်။


အဆိုပါ တာ့ဟုန်း တံတားသည် အရှည် ၅၆၀ ပေ၊ အကျယ် ၁၅ ပေရှိပြီး  တန် ၃၀ အောက် ကုန်/ယာဉ် အားလက်ခံနိုင် နှစ် ၁၀၀ ခန့်တာရှည် ခံနိုင်သည်ဟု ခန့်မှန်းကြောင်း တည်ဆောက်မှု ဦးဆောင်ဦးရွက် ပြုသူများက ပြောသည်။ 


အဆိုပါ တံတားကဲ့သို့ ကျေးသီးမြို့ မြောက်ဘက် ကျေးသီး - သီပေါ  ဆက်သွယ်သည့် တာဖါဆောင် တံတားကို လည်း သျှမ်းပြည် တပ်မတော်မှ ကျပ်သိန်း ပေါင်း ၁၁၀၀ ကုန်ကျခံကာ ၂၀၀၈ က တည်ဆောက်ပေးခဲ့ဖူးသည်။


၂၀၀၉ သျှမ်းပြည်တပ် မတော် နှင့် အစိုးရတပ်အကြား တိုက်ပွဲကြောင့် အစိုးရတပ်ဘက် မှ  အဆိုပါတံတား မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။ အစိုးရတပ် တပ်ဆုတ်ပြီး ၂၀၁၁ ခုနှစ်တွင် သျှမ်း ပြည်တပ်မတော်မှ ပြန်လည်တည်ဆောက်ပေးကာ တပ်စခန်းချ နေထိုင်သည်ကို အစိုးရတပ် က ကျူးကျော် တပ်ချတည်ဟု ဆိုကာ ၂၀၁၄ အောက်တိုဘာက အင်အား အလုံးအရင်းဖြင့် ပြန်လည် တိုက်ခိုက်သည်။


နှစ်ဘက် တည်ဆောက်နေသည့် ငြိမ်ချမ်းရေး အားရှေးရှု၍ တိုက်ပွဲ ရပ်တန့်ဖို့  အားဖြည့်နေ သည့် နှစ်ဘက်တပ်များ ဂုဏ်သိက္ခာရှိရှိ ဆုတ်ပေးကြရန် သမ္မတက ပြောသည်။


သျှမ်းပြည် တပ်မတော်မှ တပ်ဆုတ် ပေးခဲ့သော်လည်း အစိုးရ တပ်မတော် ဘက် က ယနေ့တိုင် တပ်စခန်းချ နေထိုင်နေဆဲ ဖြစ်သည်။


သျှမ်းပြည် တပ်မတော် SSPP/SSA သည် နေပြည်တော် အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်ထားပြီး တတိုင်းပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်တန့်နိုင် ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ - ပစ်ခတ် တိုက်ခိုက်မှု ညှိနှိုင်း ရေး အဆင့်မြင့် ကိုယ်စားလှယ် SD အဖွဲ့တွင်လည်း ပါဝင်ပါသည်။

သျှမ်းသံတော်ဆင့်

unread,
Aug 11, 2015, 4:31:06 PM8/11/15
to thuau...@gmail.com

ရေဘေးသင့် သူများအား ကူညီရန်အတွက် မူစယ်တွင် နာမည်ကြီး တိုင်းရင်းသား အနုပညာရှင်များမှ တေးဂီတ ဖျော်ဖြေပွဲ ကျင်းပ

Posted: 11 Aug 2015 07:40 AM PDT

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းနောင်မို ရပ်ကွက် မိုးလုံလေလုံ အားကစားကွင်း၌ ရေဘေးသင့် ဒုက္ခသည်များကို ကူညီရန် အတွက် နာမည်ကြီး သျှမ်းအဆိုတော်နှင့် အနုပညာရှင် အပါအဝင် တိုင်းရင်းသား အနုပညာရှင် တစ်ချို့က  သီချင်း ဖျော်ဖြေ ရံပုံငွေရှာခဲ့ကြောင်း သိရသည်။


အဆိုပါ ဖျော်ဖြေပွဲကို သြဂတ်စ် ၈ ရက်နေ့က ကျင်းပရာ သျှမ်းအနုပညာရှင် အားလုံးနီးပါး ပါဝင်ပြီး ကချင် ၊ တအာန်း နှင့် ပအိုဝ်း အနုပညာရှင်များလည်း ပါဝင် အားဖြည့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။


“ဌာနဆိုင်ရာ နဲ့ ခရက တို့လည်း ၂ သိန်း ၃ သိန်းလောက် လာရောက် ကူညီကြတယ်။ တစ်ချို့လည်း ၅သိန်း ၁၀ သိန်းလှူတာတွေလည်း ရှိတယ်”  ပါဝင်လှုပ်ရှားသူလူငယ် စိုင်းအိုက်စိုင်း ကပြောသည်။
ဖျော်ဖြေပွဲမှ ရလာသည့် ငွေကျပ်   ၅၉ သိန်းကျော်ရှိပြီး  တရုတ်ယွမ်ငွေလည်း  ၂၆၀၀ ရရှိကြောင်း သိရသည်။


လက်ရှိ အခြေအနေတွင် ပြည်ထောင်စုတဝှမ်း တိုင်းနှင့်ပြည်နယ် ၁၄ ခု အနက် ၁၂ ခုမှာ ရေဘေးသင့်နေ သကဲ့ သို့ သျှမ်းပြည် အရှေ့ပိုင်းတွင်လည်း ဆိုးရွားစွာ ရေဘေးသင့် နေသဖြင့် ရရှိလာငွေများကို မျှဝေကာကူညီထောက် ပံ့ပေးသွားဖို့ရှိကြောင်း ၊ သို့သော် မည်ရွေ့မည်မျှ ဆိုသည်ကိုမူ မဆုံးဖြတ်ရသေးကြောင်း လူငယ်အဖွဲ့က ဆိုပါ သည်။


"သျှမ်းပြည်က ရေဘေးကြုံရတဲ့ ပြည်သူတွေ ကူညီဖို့ ကျနော်တို့ ဘက်တော့ အဆင်သင့်ဖြစ်ပြီ။ ကျနော်တို့ ကိုယ်တိုင် ကူညီထောက်ပံ့မှု သွားပေးချင်ပါတယ်။ တကယ် သွားနိုင်မလားဆိုတာ ထပ်ပြီး စီစဉ်ရမှာပါ။ တကယ့် အခက်အခဲ ရင်ဆိုင်နေရတဲ့ ရေဘေးဒုက္ခသည်တွေ လက်ထဲအရောက် ပို့ပေးချင်တယ်။"  လူငယ် စိုင်းလိတ်ကလည်း ပြောသည်။


 သျှမ်းပြည် အရှေ့ပိုင်း  မိုင်းဆတ်ခရိုင် မိုင်းတုံမြို့တွင် လည်းကောင်း ၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့ နှင့် ပါလျောင်း ကျိန်းလပ် အုပ်စုတို့တွင်လည်းကောင်း ဂျူလိုင်လနှောင်းနှင့် သြဂတ်စ်လဆန်းက မိုးအဆက်အပြတ် ရွာသွန်းမှု တို့ကြောင့် တောင်ကျ ချောင်းရေလျှံကာ ရေကြီးရေလျှံမှု ဖြစ်ပွါးခဲ့သည်။


လယ်ယာ မြေဧက ပေါင်းမြောက်များစွာ ပျက်စီးခဲ့ရပြီး အိမ်ခြေပေါင်း ရာကျော်မှာ ပျက်စီးခဲ့သည်။ လူ ၄ ဦးထက် မနည်း ရေနှင့်မျှောပါ သေဆုံးခဲ့ပါသည်။ ပြန်လည် ထူထောင်ရေးအတွက်  ယနေ့တိုင် အကူအညီ လိုအပ်နေဆဲ ဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်

unread,
Aug 12, 2015, 4:48:29 PM8/12/15
to thuau...@gmail.com

သျှမ်းပြည် အရှေ့ပိုင်း ရေဘေး သင့်သူများ အကူအညီ အထူးလိုအပ်

Posted: 12 Aug 2015 12:46 AM PDT

သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် နှင့် ပါလျောင်း ၊ ကျိုင်းလပ်မြို့နယ်ခွဲ တွင်ရေ ဘေးသင့်နေသူများ အကူအညီ အထူးလိုအပ် နေသည်ဟု ဒေသခံများက ပြောသည်။


သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် အတွင်း အိမ်ခြေ ၂၀၀ကျော် နှင့် ကျိုင်းလပ်မြို့ နယ်ခွဲတွင် အိမ်ခြေ ၂၀၀ ကျော် အတွက် ပြန်လည် ထူထောင်ရေး အထူးလိုအပ်နေသည် ဟုဆိုပါသည်။  တောင်ကျရေနှင့်အတူ မျောပါလာသည့် သစ်လုံးများ ၊ အမှိုက် သရိုက်များ အားရှင်း လင်းဖယ်ရှားပေးနိုင်သည့် ဘူဒိုဇာကား ၊ မြေထိုးစက်များနှင့် တည်ဆောက်ရေး အတွက် သွပ် ၊ ဘိလပ်မြေအပြင်  ဆေးစစ်ပေးရန် ဆရာဝန်နှင့် အခြားအသုံးစရိတ် များ အတွက် ငွေကြေး ပံ့ပိုးမှုများ ဖြစ်သည်ဟု ဆိုသည်။


“ကျိုင်းလပ်မှာ ရေးဘေးသင့်တဲ့ နေရာက သွားဖို့ အရမ်းခက်တယ်။ ကားလမ်းလဲ ပျက်ကုန် တယ်လေ။ သွားရောက် ကူညီနိုင်ရင်တော့ အဓိက တော့ အမှိုက်တွေ ဖယ်ပေးဖို့ ဘူဒိုဇာကား လုပ်အား အလှူရှင်နဲ့ ငွေကြေး တွေဖြစ်တယ်။ ငွေက လိုတဲ့ နေရာ ယူသုံးလို့ရတယ်လေ။ အိမ်မိုးသွပ်တွေ ၊ ဘိလပ်မြေတွေ တအားလိုတယ်” - ဟု အကူအညီ သွားရောက် ပံ့ပိုးပေး နေသည့် တာချီလိတ်ဒေသခံ စိုင်းအေး ကပြောသည်။


ဩဂတ်စ် ၃ ရက်နေ့ ညသန်းခေါင် ကျော်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် နှင့် တချီလိတ်မြို့နယ် ၊ ကျိုင်းလပ်မြို့နယ်ခွဲတွင် တောင်ကျ ခေါင်းရေများ ၊ ခုတ်ထားသော သစ်မာများ၏ အပိုင်းအစများ ရေနှင့်အတူ မျောပါလာပြီး ရပ်ရွာအတွင်း ပုံကျန်နေခဲ့ခြင်း ဖြစ်သည်။  ရေဘေးကြောင့်လည်း ကျိုင်းလပ်မြို့ ဝန့်ကိုင်း ရွာသူ ရွာသား ၄ ဦး ရေနှင့်အတူ မျောပါ သေဆုံးသွားခဲ့သည်။


ဩဂတ်စ် ၂ ရက်နေ့က လည်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် အတွင်း နမ့်တုံချောင်း ၊  နမ့်ဟောင့်ချယ် ချောင်းရေကြီးမှုကြောင့် မိုင်းတုံမြို့မ ရပ်ကွက် နေ အိမ်ခြေ ၁၀၀ ကျော် နှင့် ချောင်းဘေး လယ်မြေဧကပေါင်း မြောက်များစွာ ပျက်စီးခဲ့ရသည်။

သျှမ်းပြည်နယ်အား ထိန်းချုပ်သည့် ကစထ ၂ မှူး တပ်တာဝန်နား၍ လောက်ကိုင်၌ ရွေးကောက်ပွဲဝင်မည်

Posted: 12 Aug 2015 12:16 AM PDT

သျှမ်းပြည်နယ် နှင့် ကယားပြည်နယ် အား ထိန်းချုပ်သည့် ကာကွယ်ရေး ဝန်ကြီးဌာန အထူး စစ်ဆင်ရေး အမှတ် (၂ ) တပ်ဖွဲ့ မှူးကြီး တပ်ရာထူးနား၍ သျှမ်းပြည် မြောက်ပိုင်း လောက်ကိုင်မှ ပြည်နယ် လွှတ်တော်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်မည်ဟု သိရသည်။


ဩဂတ်စ်လဆန်းပိုင်း တပ်မတော်အတွင်း ရာထူးအပြောင်းအလဲတွင် ကာကွယ်ရေး ဝန်ကြီး ဌာန အထူးစစ်ဆင်ရေး ကစထ အမှတ် (၁)  မှ အမှတ် (၄ ) အထိတပ်ဖွဲ့မှူးအသစ် အစားထိုး ခန့်အပ်လိုက်ကြောင်း ၊ ကစထ (၂) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် အစား တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်အား အစား ထိုးခန့် အပ်လိုက်သည်ဟု သိရသည်။


“ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ဖြူးက သျှမ်းလို့သိရတယ်။ သူ့အမေက သျှမ်းလူမျိုး တဲ့။ သျှမ်းလိုလဲ ပြောတတ်တယ်။ အခု သျှမ်းပြည် ဝန်ကြီးချုပ် ထက်တောင် ပြောနိုင်တယ် သူက။ လောက်ကိုင် မြို့နယ်ကနေ ပြည်နယ်လွှတ်တော် ပြိုင်မယ်။ သျှမ်းပြည် ဝန်ကြီးချုပ် ရာထူးမှန်းတယ် ဆိုပါတော့။ သျှမ်း ပါတီအတွက် မဲကွဲရင်တော့ အဲဒီ့နေရာ သူတကယ်ရ သွားနိုင်တယ်”- ဟု တောင်ကြီးမြို့နေ ၎င်းနှင့်နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောသည်။


ယခု တပ်မတော် အတွင်း အပြောင်းအလဲများသည် အသက် ၆၀ ပြည့်တော့မည့် တပ်မှူးကြီး များဖြစ်ကြောင်း ၊ အဆိုပါ လစ်လပ်နေရာများတွင် ပြန်ဖြည့်ရန်အတွက် တိုင်းမှူးများလည်း နေရာ အပြောင်းအလဲများကြောင်း ဘီဘီစီ သတင်းဌာနက ထုတ်ပြန်ထားသည်။


အမှတ် ၁ ကစထမှူး နေရာအား ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် ၊ အမှတ် ၂ ကစထမှူး နေရာအား တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ၊ အမှတ် ၃ ကစထ မှူးနေရာအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇော ၊ အမှတ် ၄ ကစထမှူး နေရာအား အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မင်းနောင် ၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ရာထူးအား နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ဗိုလ်ချုပ် မောင်မောင်အေး ၊ စစ်ရာထူးချုပ် နေရာအား အနောက် တောင် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လူအေး ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ရာထူးအား ဗိုလ်ချုပ် တင်အောင်ဆန်း တို့ အသီးသီး တာဝန်ထမ်းဆောင် သွားမည်ဟု လည်းဆိုသည်။

သျှမ်းသံတော်ဆင့်

unread,
Aug 13, 2015, 4:32:44 PM8/13/15
to thuau...@gmail.com

သျှမ်းရွှေ့ပြောင်း အလုပ်သမားများ ဦးစီးကျင်းပသည့် ထိုင်းနိုင်ငံအမေနေ့ပွဲ ဒု - ဗိုလ်ချုပ်ကြီးယွက်စစ်တက်ရောက်

Posted: 12 Aug 2015 07:32 PM PDT

ထိုင်းနိုင်ငံအတွင်း ရောက်ရှိသည့် သျှမ်းရွေ့ပြောင်း အလုပ်သမား အချို့စုပေါင်းဖွဲ့ စည်း ထားသည့် သျှမ်းမျိုးနွယ်များ အဖွဲ့ (မ္ဒုှ္ပူုမ်း္ပ္ဂဝ်း္ဓိုဝ်းတဿး) ကမကထ ပြုကျင်းပသည့် ထိုင်းနိုင်ငံ အမေများနေ့ပွဲ၌ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် ဇနီးက တက်ရောက် ချီးမြင့်သည်။


ဩဂတ်စ် ၁၁ ရက် - ၁၂ ရက် အထိ ချင်းမိုင်မြို့ ဝတ့်ဒွန်းဇန် ဘုန်းကြီးကျောင်း၌ ကျင်းပသည့် ထိုင်းနိုင်ငံဘုရင်မ မွေးနေ့ကို ဂုဏ်ပြုသည့်  ထိုင်းနိုင်ငံ အမေနေ့  အခမ်းအနားတွင် တက်ရောက်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးယွက် စစ်က - “ခိုကိုးရာမဲ့ သျှမ်းလူမျိုးတွေကို ထိုင်းမြေပေါ်မှာ နားခိုခွင့်ပေးတဲ့ ထိုင်းဘုရင် မင်းမြတ် နှင့် ထိုင်းဘုရင်မ ကြီးကို အထူးကျေးဇူးတင်တယ် ၊ ဒီ့အတွက် ထိုင်းဘုရင် နဲ့ သိန္နီသျှမ်းစော်ဘွား ဆက်ဆံရေး ဂုဏ်ပြုတဲ့ အနေနဲ့ထိုင်း ဘုရင် ဖရ နရေးဆွန် ရုပ်တု ထွင်းထုကြပြီး ပြခန်းအနေနဲ့ မယ့်ရင်းမ်း မြို့နယ်မှာထားရှိမယ်” - ဟု ပြောကြားသွားသည်။


အဆိုပါ အခမ်းအနား ဖြစ်မြောက်ရေးအတွက် သျှမ်းမျိုးနွယ်များအဖွဲ့ (မ္ဒုှ္ပူုမ်း္ပ္ဂဝ်း္ဓိုဝ်းတဿး) အား ထိုင်းဘုရင့်ကြည်း တပ်မတော် တပ်မဟာ ၇ တပ်မှူး မှ ပံ့ပိုးမှုပြုသည်ဟု လည်းသိရသည်။


ထိုင်းနိုင်ငံ အမေများနေ့ကို  ထိုင်းဘုရင်မ သီရိကစ် ၏ မွေးနေ့ ဩဂတ်စ်လ ၈ ရက်နေ့အား အစွဲပြု၍ ၁၉၇၆ ခုနှစ်ကတည်းက စတင်သတ်မှတ် လာခဲ့သည်။ လက်ရှိတွင် ထိုင်းဘုရင်မ မှာသက်တော် ၈၃ ရှိပြီဖြစ်ပါသည်။ သက်တော်ကြီး ရင့်လာသည့် ထိုင်းဘုရင် နှင့် ထိုင်းဘုရင်မ တို့သည် ကျန်းမာရေး အတွက် အထူးကုများမှ မျက်ခြေမပြတ် ကျန်းမာရေးစောင့် ရှောက်ပေးတော်မူ နေရသည်။


RCSS/SSA မှာမူ သျှမ်းပြည်နယ် သံလွင်အရှေ့ခြမ်း ဟိုမိန်းမြို့ နှင့် ထိုင်းနိုင်ငံ မယ်ဟောင်မြို့ကြား နယ်စပ် လွယ်တိုင်းလျဲန်း၌ ဌာနချုပ် အခြေစိုက် နေထိုင်သည်။ မြန်မာအစိုးရ နှင့် ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးထားသည့်အပြင် ၂၀၁၅ ခု ပြည်ထောင်စုနေ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ကတိ စာချုပ်လည်း လက်မှတ် ရေးထိုးထားသည့် အင်အားကြီး သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။


သျှမ်းသံတော်ဆင့်

unread,
Aug 15, 2015, 4:38:22 PM8/15/15
to thuau...@gmail.com

DVB ရေဒီယိုမှ သျှမ်း တိုင်းရင်းသား ဘာသာအစီအစဉ်မှူး နန်းမွေငင်း ကွယ်လွန်

Posted: 15 Aug 2015 09:14 AM PDT

ယခင်က DVB ရေဒီယိုမှ ဗုဒ္ဓဟူးနေ့တိုင်း စီစဉ် ထုတ်လွှင့်ပေးသည့် သျှမ်း တိုင်းရင်းသား ဘာသာအစီအစဉ်မှူး နန်းယွက်လောင်ဝ်ခမ်း ခေါ် နန်းမွေငင်း အသက် ၅၄ နှစ်သည်  ရင်သားကင်ဆာ ရောဂါဖြင့်  ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ကွယ်လွန်သွားသည် ဖြစ်ရာ သြဂတ်စ်လ ၁၆ ရက် တနင်္ဂနွေနေ့တွင် မီးသဂြိုဟ်မည် ဖြစ်ပါသည်။


" သြဂတ်စ်လ ၁၂ ရက်နေ့က ထိုင်း နိုင်ငံ ချင်းမိုင်မြို့ ဆွန်ဒေါက် ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ ကြွင်းကျန်ရုပ်အလောင်းကို ချင်းမိုင်မြို့ ၀ပ်ကူ တောက် ရှမ်းဘုန်းကြီးကျောင်းမှာ ထားရှိပါတယ်။ သြဂတ်စ်လ ၁၆ ရက်နေ့ ကျရင် ဆန်တိထမ်း သချိုင်္င်းမှာ မီးသဂြိုဟ်မှာ ဖြစ်ပါတယ်။ "- ဟု ဆွေမျိုးတော်စပ်သူ စိုင်းခေးက ပြောသည်။


နန်းမွေငင်းသည်  DVB မှထုတ်လွှင့်သော မြန်မာဘာသာပိုင်း တိုင်းရင်းသားဘာသာ အစီအစဉ်တွင် သျှမ်းပြည်တွင်း ဖြစ်ပျက်နေသော နိုင်ငံရေး ၊ စစ်ရေး ၊ လူ့အခွင့်အရေး အစရှိ သတင်းများကို ထုတ်လွှင့် တင်ဆက်သည့် အစီအစဉ်မှူးအဖြစ် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။


"ကျနော်တို့ ငယ်ငယ်ကတည်းက ဗုဒ္ဓဟူးနေ့တိုင်း အမြဲတမ်း နားထောင်လာခဲ့တဲ့ ဆိန်တိုင်းနောဝေး ဆိုတဲ့ သျှမ်းဘာသာ စကားနဲ့တင်ဆက်တဲ့ သတင်း အစီအစဉ် ပေါ့ဗျာ။ ကျနော်တို့လို အဘက်ဘက်မှာ အခွင့်အလမ်းနည်းပါးတဲ့ ကျေးလက်တော ရွာကလူတွေအတွက် တကယ်ကို အကျိုးရှိတဲ့ သတင်းအစီအစဉ်ပါ။  ကျနော်တို့ အဲ့ဒီအချိန် ကတည်းက နန်းမွေငင်းနဲ့ စိုင်းမွမ်းခေး ဆိုတာကိုသိခဲ့ပါတယ်။


အခု ဒီဗီဘီ ကရေဒီယိုလိုင်း ရုတ်ချည်း ရပ်နား ထားလိုက်တော့ နားထောင်သူ ပရိသတ် တွေအတွက် အထူး စိတ်ထိခိုက် ရတာပေါ့ဗျာ။ မြို့နဲ့တော  တောနဲ့မြို့ ခေတ်မှီဖွံ့ဖြိုးမှုက တန်းတူမှ မဟုတ်သေးတာ"- ဟု ချင်းမိုင်ရောက် သျှမ်းဘာသာ ဒီဗီဘီ သတင်းအစီအစဉ် ၏ ပရိသတ် တဦးဖြစ်သည့် လားရှိုးမြို့နယ်မှ  စိုင်းပွင့်က ပြောသည်။


နန်းယွက်လောင်ခမ်းသည် ငယ်စဉ် အထက်တန်း ကျောင်းသူ ဘဝကလည်း သျှမ်းစာပေ တတ်မြောက်ရေး မ - ဟာ့တို စီမံကိန်းဖြင့် သျှမ်းပြည် တောင်ပိုင်း ကျေးလက်တောရွာများရှိ စာပေ တတ်မြောက်ရေး အခွင့်အလမ်းနည်းပါသူ ကလေးသူငယ်များအား စေတနာ့ ဝန်ထမ်းအဖြစ် သျှမ်းစာ သွားရောက် သင်ကြားပေးခဲ့သည့် ဆရာမ လည်းဖြစ်ပါသည်။


စာပေ သင်ကြားရေး အတွက်ရောက်ရှိရာ မြို့နယ် အသီးသီးက သျှမ်းစာပေ ယဉ်ကျေးမှု အဖွဲ့အတွင်းအား တက်သရော အမျိုးသားရေးအတွက် ၀င်ရောက် လှုပ်ရှားခဲ့သည်။


နန်းယွက်လောင်ခမ်း ခေါ် နန်းမွေငင်း၏  မွေးရပ်ဇာတိ မှာ သျှမ်းပြည် အရှေ့ပိုင်း မိုင်းဟန်မြို့နယ် ဖြစ်ပါသည်။ မွေးချင်း ရ ဦးအနက် ၃ ယောက်မြောက် သမီးကြီး ဖြစ်ပါသည်။


နန်းမွေငင်းသည် သျှမ်းသံတော်ဆင့် သတင်းဌာန၏ သျှမ်းဘာသာသတင်း ၀က်ပ်ဆိုက် စာမျက်နှာ စတင်တည်ထောင်သူ ၊ သျှမ်းဘာသာပိုင်း အယ်ဒီတာလည်းဖြစ်  ချင်းမိုင်မြို့ သျှမ်းစာပေ ယဉ်ကျေးမှုအသင်း ဥက္ကဌအဖြစ်လည်း တာဝန်ထမ်း ဆောင်နေသည့် စိုင်းဆိုင်ယ ၏ ဇနီးဖြစ်ပါသည်။


DVB မှ မြန်မာ ဘာသာပိုင်းရော တိုင်းရင်းသား ဘာသာပိုင်းဆိုင်ရာပါ ရေဒီယို သတင်း ထုတ်လွှင့်မှုကို ပြီးခဲ့သည့် ၂၀၁၄ နိုဝင်ဘာလက ရပ်နားလိုက်ပါသည်။ 

နမ့်ခမ်းမြို့ SNLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ပါတီမှနှုတ်ထွက်

Posted: 15 Aug 2015 08:36 AM PDT

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ  SNLD ကျားခေါင်းပါတီ အလုပ် အမှုဆောင် အဖွဲ့ဝင် များသည်  သြဂတ်စ်လ (၁၃)ရက်နေ့၌ ၄င်းပါတီမှ စုပေါင်း နှုတ်ထွက် ခဲ့ကြကြောင်း သတင်းရရှိသည်။


နှုတ်ထွက်စာကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ၊ မြောက်ပိုင်း SNLD ဥက္ကဌနှင့် ရန်ကုန်မြို့ရှိ SNLD ရုံးချုပ် ထံသို့ တစ်စောင်စီ ပေးပို့ထားကြောင်း ၊ ပါတီ အလုပ် အမှုဆောင်အဖွဲ့ (၂၃) ဦး ရှိသည့်အနက် (၂၂) ဦး နှုတ်ထွက် ခဲ့ကြကြောင်း နမ့်ခမ်းမြို့ ကျားခေါင်းပါတီမှ နှုတ်ထွက်သွားသော ဦးစိုင်းအောင်ဝင်း ကဆိုသည်။


“ဘာကြောင့် ပါတီဝင်အဖြစ် မှ နှုတ်ထွက် ရလဲဆိုတော့ SNLD ဗဟိုဌာနချုပ်က  ပါတီမူဝါဒလမ်းစဉ် အတိုင်း လိုက်နာ ကျင့်သုံးနေတာ မတွေ့ရခြင်း နောက်တစ်ချက်ကတော့ ဗဟိုဌာနချုပ်မှ ကျနော်တို့ နမ့်ခမ်းမြို့ဒေသခံ များကို ရိုသေလေးစားမှု မရှိတာက တစ်ကြောင်း ပါတီဝင်အဖြစ်မှ နှုတ်ထွက်ရပါတယ်” ဟု ၄င်းက သျှမ်းသံ တော်ဆင့် အားပြောသည်။


နမ့်ခမ်းမြို့ ဒေသခံများ သဘောထားနှင့်  မြို့နယ် အလုပ် အမှုဆောင်အဖွဲ့ဝင် များ၏ သဘောထားမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကျားခေါင်း ပါတီ အနေဖြင့် နမ့်ခမ်းမြို့နယ်ထဲမှ ၀င်ရောက် ရွေးချယ်ခြင်း မပြုပဲ ပြင်ပလွှတ်တော်မှ နေပြီး  ကူညီ အားဖြည့်ပေးရန် အတွက်သာ ဖြစ်ကြောင်း ၊ သို့သော် ဗဟိုမှ ရွေးကောက် ပွဲဝင်ရန် ဖိအားပေး လာသဖြင့်  ပါတီ အလုပ် အမှုဆောင်အဖွဲ့ အားလုံးနီးပါး ပါတီဝင်မှ နှုတ်ထွက်  ရသည့် အဆင့် ဖြစ်ပေါ်လာရကြောင်း နမ့်ခမ်းမြို့ SNLD ပါတီ အတွင်းရေးမှူးဟောင်း ဦးလုံးမောက်ဆိုင် ထွန်းလှိုင် ကရှင်းလင်းပြောပြသည်။


“ကျားခေါင်း ပါတီအဖွဲ့မှ နှုတ်ထွက်လဲ ကျနော်လုံးဝ ၀မ်းမနည်းပါဘူး။ မကြာမှီ အချိန်မှာ နမ့်ခမ်းမြို့ရဲ့ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းနဲ့ သဘာဝ တောတောင် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းတွေကို ကူညီ ဆောင်ရွက်ပေးဖို့ လူမူရေးအဖွဲ့ တစ်ဖွဲ့ကို ကျနော်တို့   စုစည်း တည်ထောင်ထားပြီးပြီ။ ဒေသခံ  ကောင်း ကျိုးအတွက် ကျားဖြူပါတီ  SNDP ၊  သျှမ်းစာ/ယဉ် အဖွဲ့တွေနဲ့ လက်တွဲပြီး ဆောင်ရွက်သွားမယ် ” ဟု ၄င်းက ပြောသည်။


၎င်းနှင့်ပတ်သက်ပြီး SNLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်က- “ အခုလို ပါတီဝင် အဖြစ်ကနေ နှုတ်ထွက်သွား ကြတယ်ဆိုတော့ သဘောထားတွေ ရှင်းရှင်း လင်းလင်း တွေ့ရတာပေါ့။ အခု နမ့်ခမ်းမြို့နယ်မှာ အလုပ်လုပ်ဖို့ ကျနော်တို့  ကော်မတီသစ်ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။” - ဟု ပြောဆိုပါသည်။


SNLD ဗဟိုဌာနချုပ်မှ ဂျူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်မပြိုင်လိုသော နမ့်ခမ်းမြို့ SNLD အလုပ် အမှုဆောင် အဖွဲ့အားလုံးကို တာဝန်မှ ရပ်ဆိုင်းရန် စာတစ်စောင် ပေးပို့ခဲ့သည်။ ဒေသခံ (၇၀၀၀) ဦး ထက်မနဲ လက်မှတ်ထိုးပြီး ထိုစာကို ပြန်ရုပ်သိမ်းပေးရန် SNLD ဗဟိုဌာနရုံးချုပ်ကို ပေးပို့ထားကြောင်း သို့သော် SNLD ဗဟိုဌာနရုံးချုပ်မှ ပြန်လည်တုန့် ပြန်ခြင်းမရှိကြောင်း ပါတီဝင်များကပြောသည်။


အင်းလေးကန် ရေရှည်တည့်တံ့ရေး - အသစ်ဆောက်မည့် ဟော်တယ်များ အားလက်မခံ ဒေသခံများပြော

Posted: 15 Aug 2015 08:14 AM PDT

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် တွင်ရှိ အင်းလေးကန် ရေရှည် တည့်တံ့ခိုင်မြဲရန် အတွက် အင်းလေးကန်အတွင်း ဟော်တယ် များမတိုးချဲ့စေ လိုကြောင်း အင်းလေး ဒေသခံများက ပြောသည်။


ဟော်တယ် များပြားလာပါက ကွန်ကရစ် အပိုင်းများ လာမည်ဖြစ်ရာ အင်းလေးကန်အား ကွန်ကရစ် ဆောက်ကာ မည်ဆိုပါက ရေစိမ့်ဝင် မှုရှိမည်ဟုတ်ကြောင်း ၊ ထို့ကြောင့် နွေရာသီတွင် အင်းလေးကန်ရေ ပိုမိုခမ်းခြောက် သွားမည်ဖြစ်ကြောင်း အင်းလေး အရှေ့ဘက်ကမ်း မိုင်းသောက် ကျေးရွာအုပ်စု ဘေပင်ကုန်းရွာနေ ဒေါ်ညှိရီ ကပြောသည်။


“ဟော်တယ်တွေ ရှိသလောက်နဲ့ဘဲ ရှိပါစေတော့။ နောက် ထပ်တိုးချဲ့ မယ်ဆိုတာတော့ လုံးဝ သဘောမတူချင် တော့ဘူး။ မတိုးဆောက်စေ ချင်တော့ဘူး။ အင်းလေးလူထု ကန့်ကွက်ရမယ်” ဟု ၄င်းက ပြောသည်။


သျှမ်းပြည်နယ်မှ အမျိုးသမီးကြီးများ အဖွဲ့မှ အဖွဲ့ဝင် စဝ်ဟေမာသိုက် က “အင်းထဲမှာ ရေတွေလည်း ခမ်းကုန်ပြီ ။ သူများလည်း သူတို့မြေတွေကို သိမ်းထားတယ်။ အစိုးရဘက်ကလည်း ဘက်ဂျက်တွေ ချပေးထားတယ် ဆိုတာ အင်းလေး ဒေသခံတွေ သိအောင် ၊ နောက်တစ်ခုက သူတို့ဘာတွေ ခံစားနေရတာလဲ ဆိုတာကို သိစေချင်တယ်။ အင်းလေးကန် ရေရှည် တည်တံ့ခိုင်ဖို့ပေါ့” ဟုပြောသည်။


ခရီးသွား ဟော်တယ် များလာသည် နှင့်အမျှ ဒေသခံ လူထုတွေ ဒုက္ခအမျိုးမျိုး ကြုံတွေ့နေရကြောင်း နှင့် မြေနေရာများ မတရား ကျူးကျော်လာပြီး တောင်သူများ သွားရေးလာရေး အခက်ခဲဖြစ်ကြောင်း မိုင်းသောက် ကျေးရွာအုပ်စုနေ ကို ဝင်းနိုင်က ပြောပါသည်။


“ဟော်တယ်က ဆောက်လုပ်ရေး ဝန်ထမ်းတွေ ကျနော်တို့ ခြံဘေးနား မှာ ဟော်တယ်တွေ ဆောက်တော့ ကျနော်တို့ စိုက်ပျိုးထားတဲ့ သီးနှံပင်တွေကို ဝန်ထမ်းတွေက စည်းမဲ့ကမ်းမဲ့ ဝင်ရောက် ခူးစားတယ်” ဟု ၄င်းကပြောသည်။


အင်းလေး ဒေသခံ ရွာသူတစ်ဦးက “ဒီနှစ်လည်း ဒီလိုဘဲ ခြံထဲမှာ ပန်းတိမ်ငို ပန်းပင် စိုက်ထားတယ်။ ပန်းတွေကို ချိုးပစ်ကုန်တယ်။ ပြီးတော့ မျိုးစေ့ပါယူသွားတာ။ ဟော်တယ် အသစ်တွေကို လုံးဝလက်မခံတော့ ဘူး။ မှော်ပင် တွေ ပိန်းပင်တွေ မရှိရင် ရေဒလဟောစီး ကျမယ် မှော်ပင်တွေ က ရေစီးနှုန်းတွေကို ထိန်းပေးတယ် လေ။ ” ဟု ပြောသည်။


အင်းလေး ကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေ ချိုကန်ဖြစ်ပြီး အင်းသား ၊ သျှမ်း ၊ တောင်ရိုး ၊ ပအိုဝ့် ၊ ဓနု ၊ ကယား ၊ ထနော့ ၊ ဗမာ စသည့် တိုင်းရင်းသား ပေါင်းစုံ စုပေါင်း၍ အင်းလေးကန်ကို အမှီပြုကာ ဘိုးဘွားစဉ်ဆက် နှစ်ပေါင်း ရာစုများစွာ လုပ်ကိုင် စားသောက် နေထိုင်ပါသည်။

တောင်သူလယ်သမားအရေး S.A.D အဖွဲ့ခေါင်းဆောင်က တသီးပုဂ္ဂလ ၀င်ပြိုင်မည်

Posted: 15 Aug 2015 07:53 AM PDT

သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့၌ တောင်သူ လယ်သမားများအတွက် တစ်သီးပုဂ္ဂလအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သျှမ်းလယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဌ ကပြောသည်။


အဆိုပါ သျှမ်းလယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး (Shan Agricultural Development) သည် လင်းခေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ဥက္ကဌ စိုင်းဆေဟန် ကပြောသည်။


“နိုင်ငံရေးနဲ့ တောင်သူ လယ်သမားဆိုရင် တောင်သူ လယ်သမားအတွက်က ပိုအရေးကြီးတယ်။ နိုင်ငံရေးက နံပါတ် ၂ နေရာမှာလာတယ်”  ဟုပြောသည်။


မည်သည့် နိုင်ငံရေး ပါတီမဆို   နိုင်ငံရေးကို အဓိကထားပြီး ရွေးကောက်ပွဲ ဝင်ကြသည်ကို တွေ့ရကြောင်း ၊  တောင်သူ လယ်သမားအရေးကို မေ့နေကြကြောင်း ၊  တောင်သူ လယ်သမား ကောင်းစားပါက နိုင်ငံရေး ၊ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက် မည်မှာမလွဲကြောင်း သျှမ်းလယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဌ စိုင်းဆေဟန် ကပြောသည်။


“တကယ်လို့ လွှတ်တော်ထဲဝင်ရရင် လယ်သမားများအတွက် ကောင်းကျိုးတွေရရှိမယ်” ဟု ၄င်းကပြောသည်။

လင်းခေးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်မည့် ပါတီများမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ( SNDP) ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်( NLD) နှင့် ပြည်ခိုင်ဖြိုးပါတီ တို့ဖြစ်ကြောင်း သိရသည်။





သျှမ်းသံတော်ဆင့်

unread,
Aug 17, 2015, 4:36:25 PM8/17/15
to thuau...@gmail.com

တစည ပါတီ မှ သျှမ်းပြည်အတွင်း ၃၆ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်

Posted: 17 Aug 2015 09:27 AM PDT

လာမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တ.စ.ည) ပါတီ အနေနှင့် သျှမ်းပြည်တွင်း (၁၅) မြို့နယ် ကိုယ်စားလှယ်လောင်း ၃၆ ရောက် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဟု သိရသည်။


၂၀၁၅ နိုဝင်ဘာ ၈ ရက် နေ့တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီအနေဖြင့် လွှတ်တော် ၃ ရပ်လုံးတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အပြင် ကချင်နှင့် ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး နေရာအပါအဝင် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ရ၀၀ ကျော် အနက် သျှမ်းပြည်နယ် အတွင်း မြို့နယ် ၁၅ ခု ကိုယ်စားလှယ်လောင်း ၃၆ နေရာ ၀င်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်သည်ဟု သိရသည်။


"သျှမ်းပြည်အတွင်းမှာ ကျနော်တို့ပါတီအနေနဲ့ အမျိုးသမီးကိုယ်စား လှယ်လောင်း ၆ ဦးပါဝင်မယ် ၊ ကိုယ်စားလှယ်လောင်းတွေ ရွေးတဲ့နေရာမှာ အသက် ၃၀ ကနေ ၅၉ နှစ်ကြား ရှိတဲ့ ပုဂ္ဂိုလ်တွေပေါ့၊ ပြည်သူ့အကျိုး ကို သယ်ပိုးတဲ့ ပါတီဝင်တွေ ကိုရွေးချယ်ထားပါတယ် " ဟု တစည ပါတီ ၏ သျှမ်းပြည်နယ် ပါတီဥက္ကဌ ဦးမျိုးမြင့်နောင် ကပြောသည်။


သျှမ်းပြည် (တောင်ပိုင်း) တွင်တောင်နီ ၊ ရပ်စောက် ၊ ပင်းတယ ၊ နမ့်စန် မြို့နယ် ၊ သျှမ်းပြည်နယ် (မြောက်ပိုင်း) တွင်လားရှိုး ၊ နောင်ချို ၊ မိုးမိတ်၊ မဘိမ်း  မြို့နယ်နှင့် သျှမ်းပြည် (အရှေ့ပိုင်း) တွင် ကျိုင်းတုံ ၊ တာချီလိတ် ၊ မိုင်းဖြတ် ၊ မိုင်းယောင်း ၊ မိုင်းခတ် ၊ မိုင်းဆတ် ၊ မိုင်းပျဉ်း စသည့် မြို့နယ်တို့ တွင်ကိုယ် စားလှယ်ပေါင်း (၃၆) ဦးခန့် ၀င်ရောက်ယှဉ်ပြိုင် မည်ဟု၎င်းထံမှ ဆက်လက် သိရသည် ။


တောင်ကြီးမြို့နယ် အနေနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နေရာတွင် ၀င်ရောင်ယှဉ်ပြိုင် မည်ဖြစ် သည့် ဒေါ်ခင်လေးမြင့် မှလည်း - " ကျမ တို့ပါတီအနိုင်ရမယ် လို့ယုံကြည်လို့ကို ရွေးကောက်ပွဲဝင်ပြိုင် တာဖြစ် တယ် ၊ ပါတီက ချမှတ်ထားတဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း ပါအချက် ၂၁ ချက်နဲ့ပဲ ရှေ့ဆက်သွားမှာ ဖြစ်ပါ တယ်" - ဟုပြောသည် ။


ဗိုလ်ချုပ်နေဝင်း ဦးဆောင် တည်ထောင်သည့် တ.စ.ည ပါတီကို စပါးနှံပါတီဟု လူသိများပါသည်။ အဆိုပါ ပါတီသည် တစ်ပြည်လုံး အတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော် ၊ ကိုယ်စားလှယ်ပေါင်း ရ၄၉ ဦး ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ဆိုသည်။

RCSS နှင့် ကရင် လက်နက်ကိုင် တပ် ၃ ခုတို့ NCA လက်မှတ် ရေးထိုးတော့မည်

Posted: 17 Aug 2015 06:43 AM PDT

သျှမ်းပြည် တပ်မတော် RCSS/SSA က ကရင်လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် KNU, DKBA နှင့် KNU/KNLA (PC) တို့သည် အစိုးရနှင့် တတိုင်းပြည်လုံး အပစ်ခတ် ရပ်စဲရေး NCA လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း ယနေ့ ဩဂတ်စ် ၁၆ ရက်နေ့ ရက်စွဲဖြင့် ပူးတွဲကြေငြာချက် ထုတ်ပြန်သည်။


မိမိ လူမျိုး အခွင့်အရေး ကာကွယ်ရန် လက်နက်များကို ဆက်လက်စွဲကိုင်ထားရေး ၊ မတရားအသင်း ၁၇ /၁ စာရင်းမှ ပယ်ဖျက်ရေး ၊ နိုင်ငံရေး ဆွေးနွေး နေစဉ်အတွင်း ဖြစ်ပွားလာနိုင်မည့် ပဋိပက္ခများ ကြိုတင်ကာကွယ် နိုင်စေရေး ၊ လူထု အကျိုး ပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး စသည့် မျှော်လင့်ချက်များဖြင့် တတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေး NCA လက်မှတ်ရေး ထိုးမည်ဟု သျှမ်းပြည် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြော သည်။


“လက်မှတ်ရေးဖိုးဖို့ သမ္မတကနေ ဖိတ်လာတာ ကျနော်တို့ အကောင်းမြင်တယ်။ လက်ခံတယ်။ လက်မှတ်ရေးဖို့လဲ ကျနော်တို့ သဘောတူ ဆုံးဖြတ်လိုက်ပြီ။ ပါဝင်လာဖို့ လက်ခံခြင်း မပြုသေးတဲ့ အဖွဲ့ ၆ ဖွဲ့တွေ ပါဝင်လာနိုင်ဖို့ ၊ လက်မှတ် ရေးထိုးဖို့ မဆုံးဖြတ်ရသေးတဲ့ အဖွဲ့တွေ လက်မှတ်ရေးထိုး လာနိုင်ဖို့လဲ ကျနော်တို့ တတ်အားသမျှ ပူးပေါင်း ဆောင်ရွက် သွားပါ့မယ်” - ဟု ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။


သျှမ်းပြည် တပ်မတော် RCSS/SSA ၊ ကရင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် KNU, DKBA နှင့် KNU/KNLA (PC) တို့၏ ခေါင်းဆောင်များသည် ယနေ့ ဩဂတ်စ် ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးကာ အစိုးရနှင့် တတိုင်းပြည်လုံး အပစ် အခတ် ရပ်စဲရေး NCA လက်မှတ် ရေးထိုးရေးအတွက် သဘောတူ ဆုံးဖြတ်ကာ ပူးတွဲ ထုတ်ပြန် ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။


၎င်းတို့ ၄ ဖွဲ့သည် ပြီးခဲ့သည့် ပြည်ထောင်စုနေ့ ၁၂ ၊ ၂ ၊ ၂၀၁၅ က အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ ငြိမ်းချမ်းရေးတို့ အတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များ ဖြစ်ကြသည်။





သျှမ်းသံတော်ဆင့်

unread,
Aug 18, 2015, 4:41:10 PM8/18/15
to thuau...@gmail.com

၂၀၁၅ ရွေးကောက်ပွဲ မိုင်းလားမြို့တွင် မဲပုံးထောင်ရန် NDAA-ESS တပ်ဖွဲ့လက်မခံ

Posted: 18 Aug 2015 12:48 AM PDT

မိုင်းလားမဲဆန္ဒနယ် တွင် ရွေးကောက် ပွဲကျင်းပနိုင်ရန်အတွက် ကော်မရှင်မှ ကိုယ်စားလှယ်လောင်း များစာရင်း တင်သွင်း ခွင့်ပြုခဲ့ သော်လည်း မိုင်းလား တာဝန်ရှိသူများက ရွေးကောက်ပွဲ ကျင်းပခွင့် မပြုနိုင်ဟုဆိုကာ ပယ်ချခဲ့ ကြောင်း သိရသည်။


ကျနော်တို့ ပါတီ ကော်မရှင်က အဲဒီမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုလို့ ကိုယ်စားလှယ် လောင်းစာရင်း သွားတင်တယ် ပြီးတော့ မိုင်းလားကိုသွားတော့ သူတို့အဖွဲ့ တာဝန်ရှိသူ တွေက လက်ခံကျင်းပ ပေးမှာမဟုတ်ဘူး မိုင်းလား NDAA တာဝန်ရှိသူတွေက အကြောင်း ပြန်ခဲ့တယ်  - ဟု မိုင်းလားတွင် သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သည့် သျှမ်းတိုင်းရင်း သား များ ဒီမိုကရေစီအဖွဲ့ချုပ် မှ ပါတီပြောခွင့်ရ ဦးစိုင်းလိတ်က ပြောသည်။


သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် အတွင်း ပါဝင်သည့် မိုင်းလားမြို့နယ် အားရွေးကောက်ပွဲ ကျင်းပရန် ရွေးကောက်ပွဲ မဲဆန္ဒနယ်တခုအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ် ထားသည်။


သို့သော် မိုင်းလား ဒေသ အမည်ရ အထူးဒေသ ၄ သည် ရွေးကောက်ပါ ကျင်းပရန် အခြေ အနေ မပြည့်စုံကြောင်း ၊ အခြေချ ရုံးစိုက် ဖွင့်လှစ်ထားသည့် ပါတီလည်း မရှိကြောင်း ၊ စည်းလုံး ညီညွတ်သော ငြိမ်းချမ်းရေး ပါတီကလည်း နိုင်ငံရေးပါတီ မဟုတ်ဘဲ တပ်ထုအား ထိန်း ကျောင်း သည့် ပါတီသာ ဖြစ်ကြောင်း … စသည့် အချက်များကြောင့် ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မပြည့်စုံသေးကြောင်း ဌာနချုပ် အရာရှိကြီးတဦးက ပြောသည်။


ကျနော်တို့ဆီမှာ ဘာပါတီမှ မရှိဘူးလေ။ ဒါ့ကြောင့် ရွေးကောက်ပွဲ လုပ်ဖို့လည်း မဖြစ်နိုင်ဘူး။ စစ်တပ်က ဖွဲ့စည်းထားတဲ့ ပါတီကလည်း ရွေးကောက်ပွဲအတွက် မဟုတ်ဘူးလေ။ ဒါ့ကြောင့် ဒီမှာက နိုင်ငံရေးပါတီတွေ မရှိလို့ ရွေးကောက်ပွဲလဲ လုပ်မှာမဟုတ်ဘူး - ဥက္ကဌ ရုံးအရာ ရှိကြီး တဦးကပြောသည်။


SNLD ပါတီအနေဖြင့် မိုင်းလားတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါက ပြည်သူ့လွှတ် တော် ၁ နေရာ ပြည်နယ် လွှတ်တော် ၂ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့ပြီး သျှမ်းတိုင်း ရင်းသား အများစုနေထိုင်သည့် မိုင်းလားဒေသတွင် ရွေးကောက်ပွဲ လက်ခံ ကျင်းပခွင့်မပြုခဲ့ သည့်မိုင်းလား NDAA အဖွဲ့အပေါ်တွင် နားမလည်နိုင် ကြောင်း ဦးစိုင်းလိတ်က ပြောသည်။


သျှမ်းပြည်နယ် အရှေ့ပိုင်းတွင် ရှိသည့် မိုင်းလားဒေသမှာ ၂၀၁၀ ခုနစ်ကလည်း ရွေးကောက် ပွဲ လက်ခံကျင်းပ ခဲ့ခြင်းမရှိသည့် ဒေသဖြစ်ပြီး အဆိုပါဒေသအား ဗမာပြည် ကွန်မြူနစ် ပါတီမှ ခွဲထွက် လာသည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် သျှမ်းပြည် အရှေ့ပိုင်း NDAA-ESS အမည်ရ မိုင်းလားတပ်ဖွဲ့က အုပ်ချုပ်ထိန်း ချုပ်ထားသည့်ဒေသ ဖြစ်သည်။


ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းခံထားသည့် မိုင်းလား ဒေသတွင် အစိုးရမှမြို့နယ် အဖြစ် သတ်မှတ်ထားသည့် မိုင်းလားမြို့နယ် တမြို့နယ်သာ ရှိပြီး NDAA အဖွဲ့မှ သတ်မှတ်ချက် အရမူ မိုင်းလား ၊ ဆီလူး ၊ မိုင်းမ မြို့သုံးမြို့ ကို မြို့နယ်အဖြစ် သတ်မှတ်ထားသည်။


ဝ ၊ ကိုးကန့်တို့နှင့် မဟာမိတ်ဖြစ်သည့် မိုင်းလားဒေသတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကိုးကန့် ဒေသတွင်မူ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ကိုးကန့် MNDAA အဖွဲ့မှလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် တဘက်သတ် အပစ်ခတ်ရပ်စဲ မှုပြုလုပ်ထားသည်။

NCA တွင် လက်နက်ကိုင် တပ်ဖွဲ့ အားလုံး ပါဝင်နိုင်ရေး SSPP/SSA ကြိုးပမ်းမည်

Posted: 17 Aug 2015 11:49 PM PDT

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်  အားလုံး ပါဝင်လာနိုင်ရေးနှင့် နိုင်ငံရေး ပြသနာများ ဖြေရှင်းနိုင်ရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာရေးတို့ အတွက် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၂၀၁၅ ခု သြဂတ်စ်လ ၁၆ ရက်နေ့က ဌာနချုပ် ၀မ်ဟိုင်းတွင် ကျင်းပခဲ့သည့် သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA ၏ ၄၄ နှစ်မြောက် ပါတီမွေးနေ့တွင် ဗဟို ကော်မတီဝင်များ ဆုံးဖြတ်ချသည်ဟု သိရသည်။


“အဓိကကတော့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီအောင် နိုင်ငံတဝှမ်းက တိုက်ပွဲတွေ ရပ်တန့်သွားအောင် အတွက် ရည်ရွယ်ထားတဲ့ အတွက် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ဖြစ်လာဖို့ဆိုတာက အဓိက ကျပါတယ်”- ဟု သျှမ်းပြည် တပ်မတော် SSA/SSPP အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က ပြောသည်။


ယင်းကဲ့သို့ ကြိုးစားမည်ဟုဆိုရာတွင် အစိုးရဘက်မှ လက်မှတ်ရေးထိုးရန် လက်မခံသေးသည့် အဖွဲ့များ ကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်နိုင်ရန်မည်သို့ ဆောင်ရွက်ပေးသွားမည် ဆိုသည်ကိုမူ SSPP တာဝန်ရှိ သူက အတိ အကျ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။


လက်ရှိအချိန်အထိ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေးပြုလုပ်ရာတွင် ပါဝင်လက်မှတ် ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကိုသာ အစိုးရဘက်က လက်ခံထားပြီး ကိုးကန့် ၊ တအာင်း ပလောင် TNLA ၊ အေအေ ရခိုင် ၊ လားဟူ LDU ၊  WNO ၊ အေအန်စီ ရခိုင်အမျိုးသားကောင်စီ စသည့်အဖွဲ့များကို လက်မှတ် ထိုးမည့် အဖွဲ့များအဖြစ် သတ်မှတ်ထားခြင်း မရှိသေးပေ။


ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်မှာ နိုင်ငံရေးဆိုင်ရာ ပြသနာရပ်များ အပေါ်အခြေခံပြီး ဖြစ်ပွားနေသည့်  အတွက်နိုင်ငံရေး ပြသနာဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံး ပေါ်ပေါက်လာရန် ကြိုးစားသွားမည်ဟု SSPP/SSA ဗဟိုကော်မတီ အစည်းဝေးတွင် ဆုံးဖြတ်ထားကြောင်းလည်း စဝ်ခွန်ဆိုင်က ပြောသည်။


SSPP/SSA အနေဖြင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေးတွင် လက်မှတ်ရေးထိုးသင့် ၊ မသင့်နှင့် ပတ်သက် ပြီး လူထုဆန္ဒ ခံယူပွဲများကိုသူတို့ အဖွဲ့ လှုပ်ရှားနယ်မြေများဖြစ်သည့် ကျေးသီး ၊ မိုင်းရယ် ၊
မိုင်းရှူး ၊ မိုင်းနောင် ၊ သီပေါ၊ မူဆယ် ၊ နမ့်ခမ်း၊  ကျောက်မဲ ၊ နောင်ချို ၊ တန့်ယန်း စသည့်မြို့နယ်များ တွင် ပြီးခဲ့သည့် အပတ်အတွင်းက ကျင်းပခဲ့ပြီး ပြည်သူများက စစ်မှန်သည့် ငြိမ်းချမ်းရေး ရယူလိုသည်ဟု ဆန္ဒပြုခဲ့ကြောင်း သိရသည်။


အလားတူ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ မှလည်း ငြိမ်းချမ်းရေးအတွက် လူထုဆန္ဒခံယူပွဲ များကို ကချင် လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေများနှင့် ဆက်စပ်နယ်မြေများတွင် ပြုလုပ်ကျင်းပနေကြောင်း ကချင် လွတ်မြော်ကရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။


တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ မည်သောအခါမှ မစည်းရုံးနိုင်ကြောင်း ၊ မည်သောအခါမှ တနိုင်ငံလုံး အပစ်ရပ်နိုင်မည် နိုင်ငံရေး ဆွေးနွေးနိုင်မည် မသိသောကြောင့် အစိုးရ ၏ သဘောထားသည် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တိုက်ဆိုင်သောကြောင့် NCA အပစ်ရပ်လက်မှတ် ရေးထိုး မည်ဟု ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ၊ ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့်တို့ တွင်းလည်း သီးခြားစီ လက်မှတ်ရေးလာခဲ့ပြီးဖြစ်ကြောင်း ၊ မည်သို့ပင်ဆိုစေ သျှမ်းပြည် တပ်မတော် RCSS/SSA အနေဖြင့် ပါဝင်လက်မှတ် ရေးထိုးလာနိုင်ရေးအတွက် ပံ့ပိုးကူညီမှု ပေးသွားမည်ဟု သျှမ်းပြည်တပ်မတော် RCSS/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးကြီးစိုင်းလှ ကပြောသည်။


သြဂတ်စ် ၁၇ ရက်နေ့က သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် ကရင် လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည့် KNU, KNU-KNLA(PC) , DKBA တို့က တွေ့ဆုံဆွေးနွေးကာ NCA လက်မှတ် ရေးထိုးသွား မည်ဟု ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် အင်အားကြီးမား ဗုံးပေါက်ကွဲ လူ ၁၈ ဦးထက် မနည်းသေဆုံး

Posted: 17 Aug 2015 10:52 PM PDT

ဩဂတ်စ်လ ၁၇ ရက် ည ၇ နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လယ်ခေါင် ရတ်ချပရဆုံ လမ်းဆုံတွင် အင်အားကြီးမားသော ဗုံးပေါက်ကွဲ မှုကြောင့်  လူ ၁၈ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာအပြင်း အထန်ရရှိကာ ကျုလားလုံးကွန်း ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေကြောင်း ထိုင်းအစိုးရပိုင် ရုပ်မြင်သံကြားတွင် ထုတ်ပြန်ကြေငြာသည်။


ပွဲချင်းပြီး သေဆုံးသူများ နှင့် ဒဏ်ရာရရှိ သူများမှာ နိုင်ငံခြားသား ခရီးသွားများနှင့် ထိုင်းနိုင်ငံသား များဖြစ်ကြောင်း အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း ထိုင်းသတင်း ဌာနများက ဖော်ပြသည်။


အဆိုပါ ဗုံးဖောက်ခွဲမှု လက်သည်ကို မသိရသေးကြောင်း ၊ လမ်းဆုံ အနီးတဝိုက်ရှိ စီစီတီဝီကင်မရာများမှ  အာဏာပိုင်များ စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဆိုပါသည်။ 


ဗုံးပေါက်ကွဲပြီး နောက်ပိုင်း အဆိုပါ လမ်းဆုံအား ဖြတ်သန်း သွားလာခွင့် ပိတ်ထားပြီး အနီးတဝိုက်ရှိ စာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားသည်ဟု တရားဝင် ကြေငြာထားပါသည်။


ယနေ့ည ပေါက်ကွဲသောဗုံးမှာ ဘန်ကောက်မြို့အတွင်း ပေါက်ကွဲခဲ့ဖူးသော ဗုံးများအနက် အင်အား အကြီးမားဆုံး ဗုံးဟု ဆိုနိုင်ကြောင်းလည်း ဆိုပါသည်။

သျှမ်းသံတော်ဆင့်

unread,
Aug 19, 2015, 4:30:58 PM8/19/15
to thuau...@gmail.com

တာချီလိတ် မူစယ် ကမ္ဘောဇဘဏ် တွင် ဒေသခံများ ငွေအလု အယက်ထုတ်

Posted: 19 Aug 2015 03:03 AM PDT

သျှမ်းပြည် မြောက်ပိုင်း မူစယ် နှင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တို့ရှိ ကမ္ဘောဇ ဘဏ်၌ ဒေသခံများ ငွေ အလုအယက် ထုတ်ယူမှုကြောင့် ဘဏ်အတွင်း ငွေစက္ကူ ကုန်လုနီးပါး ဖြစ်သွားကြောင်း ဘဏ်အရာရှိအသိုင်းအဝိုင်းက ပြောသည်။


၂၀၁၅ ဩဂတ်စ် ၁၈ ရက် နှင့် ၁၉ ရက်တွင် ကမ္ဘောဇဘဏ် ပိတ်သိမ်းခံရမည် ဟူသည့် တဆင့်စကားများကြောင့် ကမ္ဘောဇဘဏ်တွင် ငွေအပ်နှံထားသည့် ဒေသခံများ ၊ ငွေရှင်ကြေးရှင်များက ငွေ အလုအယက်သွားရောက် ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း ၊  လက်ရှိတွင် တထောင်ကျပ်တန် နှင့် နှစ်ရာကျပ်တန် ငွေစက္ကူများသာ ကျန်ရှိကြောင်း တာချီလိတ်မြို့ ငွေစာရင်း ဝန်ထမ်းတဦးက ပြောသည်။


“အခု ကျနော် ငွေသွားထုတ်တာ တထောင်တန်တွေကြီးဘဲ ရလာတယ်။ မရှိမဲ့ ရှိမဲ့ စုစောင်း ထားတဲ့ဟာလေး  ပါသွားမှာစိုးလို့ သွားထုတ်လိုက်တာ။ ဒါတောင် အားလုံးမရဘူး။” - တာချီလိတ်မြို့သား စိုင်းတွီ ကပြောသည်။


မူစယ်မြို့တွင်လည်း ဒေသခံများ ငွေအလု အယက် သွားထုတ်နေကြောင်း ဆိုပါသည်။


“ဘာမှမဟုတ်ဘူး။ ဘယ်သူက စဖွလိုက်လဲ မသိဘူး။ ဘဏ်ပြိုမယ်။ ပိတ်သိမ်းခြင်း ခံရမယ်ဆိုတာ။ ဘာမှ မဟုတ်ဘူး။ အထက်ကလဲ အမိန့်စာ ညွှန်ကြားလာတယ်။ ဒါက ကောလာဟာလ သတင်းဘဲ။ စိတ်ချမ်းချမ်းသာသာနဲ့ စိတ်ချလက်ချ ရှိစေလိုတယ်လို့ဘဲ ပြောလိုပါတယ်” - ဟု ကမ္ဘောဇဘဏ်အရာရှိ တဦးဖြစ်သည့် ဆရာမ နန်းမို ကပြောသည်။


စစ်အစိုးရခေတ်က လူထုအားအကြောင်း ကြားခြင်းမရှိဘဲ  ပုဂ္ဂလိကဘဏ် အများအပြား ပိတ်သိမ်းခြင်းခံရဖူး ပါသည်။


သို့သော်လက်ရှိ ဦးသိန်းစိန် အစိုးရ၏  ၄-၅ နှစ်သက်တမ်းတွင်မူ ဘဏ်များ ပိတ်သိမ်းခြင်း မရှိခဲ့ပေ။  သို့သော်  စီးပွားရေး မတည်ငြိမ်မှုများကြောင့် ဘဏ်များပိတ်သိမ်းမည်ဆိုသည့်  သတင်းများ မကြာခဏ ထွက်ပေါ်လာလေ့ရှိသည်။

ကျနော် ဖြစ်စေချင်တာက မိမိဆောင်းပါးကို အယ်ဒီတာ တစ်ယောက်အနေနဲ့

Posted: 19 Aug 2015 02:33 AM PDT

                                                                                                                          သို့                                                                             ရက်စွဲ ၂၀၁၅ခုနှစ်၊သြဂတ်စ်လ(၁၁)ရက်

အယ်ဒီတာ


သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်ဆီကို ဆောင်းပါးတွေ ရေးပို့နေတဲ့ ကျနော်ဟာ ပြင်ပဆောင်းပါးရှင် အဖြစ်ကနေ သျှမ်းသံတော်ဆင့်ရဲ့ ပင်တိုင်ဆောင်းပါးရှင်ဖြစ်အောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။ သျှမ်းသံတော်ဆင့် ဝိုင်းတော်သားတွေရဲ့မိသားစုဝင်အဖြစ် တသားတည်းဖြစ်ချင် သူဆိုလည်း မမှားပါဘူး။ “ပြင်ပ” ဆိုတဲ့စကားက ကျနော့်ကို သျှမ်းသံတော်ဆင့် အဝန်းအဝိုင်းကနေ ဖဲ့ထုတ်ပစ်ခံသလို ခံစားမိတယ်။



ဂျာနယ်လစ်နဲ့ သတင်းစာ သင်တန်းတခုမှာ အတူတက်ခဲ့ဖူးတဲ့ နာမည်ကြီး သတင်းဌာနမှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေတစ်ယောက် ဆွယ်တရားဟောဖူး ပါတယ်။ “မင်းကွာ ငါတို့ဆီမှာ သတင်းရေး ၊ ဆောင်းပါးရေး ပါလား ၊” ဆိုပြီး သတင်း တစ်ပုဒ်ဘယ်လောက် ၊ ဆောင်းပါးတစ်ပုဒ် ဘယ်လောက် ဆိုတာမျိုးနဲ့ ဆွယ်ပေမယ့် ယောင်လို့တောင် ကျနော် စိတ်မဝင်စားပါဘူး။


ကျနော်ဟာ ဟိုအရင်ကတည်းက လုံးစိန်ကြည်(ဆခဟ)ရဲ့ စာပေအရေးအသား အရိပ်အာဝါသ အောက်မှာ ရှင်သန်ကြီးပြင်းလာတဲ့သူ ၊ အာကျန်ခင်းဆိုင်ရဲ့ စာပေ အတွေးအခေါ် လွှမ်းခြုံမှု အောက်မှာ လူလားမြောက် အရွယ်ရောက်လာတဲ့ သူဆိုတော့ “စိဏ်းလျော ၊ ဂွဏ်းခေါ် ၊ မိဏ်းလွယ် ၊ ပန်လုံ”တို့ကို သံယောဇဉ် အရမ်းကြီးပါတယ်။ ဒါကြောင့် သျှမ်းသံတော်ဆင့်ကို စေတနာ့ ဆောင်းပါးရှင်အဖြစ်နဲ့ ဆောင်းပါးတွေ ရေးပို့တာ ဖြစ်ပါတယ်။


တခြားဟာတွေကို မမျှော်မှန်းပေမယ့် ပုထုဇဉ် လူ့သဘာဝအတိုင်းပဲ ဘယ်သူမဆို မိမိရဲ့ ကြိုးပမ်း အားထုတ်မှုကို အနည်းဆုံးတော့ အသိအမှတ်ပြုခံချင်တာဟာ ဓမ္မတာပါ။


အခုတော့ မိမိဆောင်းပါးအောက်မှာ “သျှမ်းသံတော်ဆင့် အယ်ဒီတာ၏ အာဘော်နှင့် သဘောထား မဟုတ်ကြောင်း စာဖတ်ပရိသတ်များအား သိစေအပ်ပါသည်။ အယ်ဒီတာ” ဆိုသည့် မှတ်ချက်ကြီးက ကျနော်နဲ့ သျှမ်းသံတော်ဆင့်ကို စည်းခြားပြီး တားထားခဲ့သလို ခံစားမိပါတယ်။ ကိုယ့်ကို အသိအမှတ် မပြုသလိုလို ကြိတ်ခံစားမိတယ်။ ဆောင်းပါးနဲ့ပတ်သက်ပြီး ပွတ်တိုက်မှု တစ်ခုခုဖြစ်လာရင် အယ်ဒီတာနဲ့ မဆိုင်သလိုလိုဆိုတော့ ရင်ထဲ တစ်မျိုးကြီး ဖြစ်မိပါတယ်။


အဲဒီလို မှတ်ချက်မျိုး တခြားမှာရောမရှိဘူးလား ဆိုတော့လည်း မဟုတ်ပါဘူး ၊ အနည်း အကျဉ်းတော့ ရှိပါရဲ့ ၊ မလွဲမရှောင်သာမှ ထည့်ရမယ့် အခြေအနေမျိုးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းမီဒီယာ စာနယ်ဇင်းလောကတွေ လွတ်လပ်မှု တစ်စုံတစ်ခုသော အတိုင်းအတာအထိ ရရှိတဲ့ အခုခေတ်မှာတော့ အဲလိုမှတ်ချက်မျိုးက ရှားပါးကုန် ဖြစ်နေပါပြီလို့ ထင်ပါတယ်။


အဲလို မှတ်ချက်ကြီးပါရင် သက်ဆိုင်ရာ သတင်းဌာန အယ်ဒီတာတွေရဲ့ တာဝန်ခံမှု ၊ တာဝန်ယူမှုအပေါ် မေးခွန်းထုတ်ချင်စရာ ဖြစ်သွားမယ်။ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မျက်နှာလွဲခဲပစ်သလိုမျိုး သဘောသက် ရောက်သွားနိုင်မယ်။ ဆောင်းပါးအပေါ်ထားရှိတဲ့ စာဖတ် ပရိသတ်များရဲ့ အလေးပေးမှု၊ အရေးပေးမှု ၊ စိတ်ပါဝင်စားမှုများလည်း ပေါ့ပျက်ပျက် လျော့တိလျော့ရဲ ဖြစ်သွားစေနိုင်တယ်။ ဆောင်းပါးရဲ့ ဆွဲဆောင်မှု အားကိုလည်း ယုတ်လျော့ သွားစေနိုင်ပါတယ်။


ကျနော် ဖြစ်စေချင်တာက မိမိဆောင်းပါးကို အယ်ဒီတာ တစ်ယောက်အနေနဲ့ စိတ်ကြိုက် တည်းဖြတ် နိုင်တယ် ၊ စကား ၊ စာအသုံးအနှုန်းကအစ ဝါကျအထားအသိုအဆုံး ၊ သင့်တော်မယ်မထင်တဲ့ အချက် အလက်တွေ ဖြုတ်ပစ်နိုင်ပါတယ်။ အချက်အလက်တွေမှားရင် ပြင်ပေးနိုင်ပါတယ်။ စာရေးဟန် ပင်ကိုစတိုင်လ် ၊ ဆောင်းပါးရဲ့ကျောရိုးနဲ့ ပေးချင်တဲ့ Messageတွေသာ အရာမယွင်းရင် အားလုံး အဆင်ပြေချောမွေ့ပါတယ်။
ကျနော့်ကို သျှမ်းသံတော်ဆင့် အသိုက်အမြုံကနေ ဖယ်မထုတ်ပါနဲ့လို့ မေတ္တာရပ်ခံလိုပါတယ်။

ကျေးဇူးတင်စွာဖြင့်

 ဆောင်းပါးရှင် တစ်ယောက်

သျှမ်းသံတော်ဆင့်

unread,
Aug 20, 2015, 4:07:26 PM8/20/15
to thuau...@gmail.com

တိုင်းရင်းသားအပေါ်ထားရှိသည့် NLD ၏ရွေးကောက်ပွဲမူဝါဒ သျှမ်းပြည် NLD ဥက္ကဌဝေဖန်

Posted: 20 Aug 2015 12:53 AM PDT

လာမည့်  ရွေးကောက်ပွဲတွင်   တိုင်းရင်းသား ဒေသများရှိ ပဋိပက္ခ ဖြစ်ပွား     ရာဒေသများ            တွင်ပါဝင်  ရောက်ယှဉ်ပြိုင်မည့်   NLD   ပါတီ၏ မူဝါဒ    အပေါ်  တိုင်းရင်းသားများ    ဘက်မှ အထင်လွဲမှုများ ပေါ် ပေါက်လာနိုင်  သဖြင့် ပါတီ ဗဟို တာဝန်ရှိသူများ အနေဖြင့်   အောက်ခြေတွင်   ဖြစ်ပေါ်နေသည့်  အခြေအနေပေါ်တွင် နားလည်ရန် လိုအပ်ကြောင်း သျှမ်းပြည်နယ်ဆိုင်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပါတီ ဥက္ကဌဖြစ်သူ ဒေါ်ခင်မိုးမိုးက ပြောသည်။


လတ်တလော ဖြစ်ပွားခဲ့သည့် နမ့်ဇန်မြို့နယ်အပါအဝင် သျှမ်းပြည်နယ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးခန်းများ ဖျက်ဆီးခံရမှု ပါတီစည်းရုံးရေး လုပ်ငန်းစဉ်များ ဟန့်တားခံရမှုများအပေါ် ရည်ညွှန်း၍ ပါတီ၏ မူဝါဒအပေါ် ပြန်လည် ဆန်းစစ်ရန် ထောက်ပြလိုက်ခြင်း ဖြစ်သည်။


“ တဘက် ကျမတို့ အောက်ခြေမှာက တတ်နိုင်ရင် မသွားစေချင်ဘူး ။ တဘက်က တိုင်းရင်းသား တွေကလည်း ကိုယ့်ပါတီအပေါ် အထင်လွဲတာတွေရှိလာတယ်။ ပါတီက ဗဟိုဆုံးဖြတ်ချက် ဖြစ်နေတယ်။  အားလုံးသိတဲ့အတိုင်းပဲ ရုံးတွေ ဖျက်ဆီးခံနေရတာ စည်းရုံးရေးခရီးစဉ်တွေကိုလည်း ဟန့်တားနေတာတွေလည်း ရှိနေတယ် ” - ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။


ပြီးခဲ့သည့် လအတွင်းက နမ့်ဇန်မြို့နယ်အတွင်း NLD ပါတီ၏ ရုံးဆိုင်းဘုတ်များ ဖျက်ဆီးခံခဲ့ရပြီး နောက်ပိုင်း လွန်ခဲ့သည့် အပတ်ကလည်း ရုံးဆိုင်းဘုတ်တစ်ခုမှာ ထပ်မံဖျက်ဆီးခံ ခဲ့ရသည်။


အလားတူ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်လည်း NLD ပါတီအနေဖြင့် လာရောက်မဲဆွယ် စည်းရုံးခြင်း မပြုလုပ်ရန် ဒေသခံအဖွဲ့စည်းများမှ အကြောင်းကြား စာပေးပို့ခဲ့ပြီး ကျေးသီးမြို့နယ် အတွင်းရှိ NLD ပါတီဆိုင်းဘုတ်မှာလည်း ပြီးခဲ့သည့် နှစ်အတွင်းက ဖျက်ဆီးခံခဲ့ရသည်။


ယင်းအပြင် ပအိုဝ်းဒေသနှင့် ကရင်ပြည်နယ်အတွင်းတွင် NLD ပါတီဝင်အချို့ သတ်ဖြတ်ခံရခြင်းများ လည်း ဖြစ်ပေါ်ခဲ့ဖူးသည်။


NLD ပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ရန်ရှိနေသည့် သျှမ်း ၊ ကချင် ၊ ကယား ၊ ကရင်စသည့် နယ်မြေ များတွင်  လက်နက်ကိုင် ပဋိပက္ခများရှိနေပြီး အစိုးရနှင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အကြားတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ပြုလုပ်နိုင်ခြင်း မရှိသေးချေ။ အဆိုပါဒေသများတွင် ပြည်သူ့စစ် ၊ BGF စသဖြင့် အမည်နာမအမျိုးမျိုးဖြင့် လက်နက်ကိုင် နေကြ သည့် လက်နက်ကိုင် အဖွဲ့များမှာလည်း ထောင်နှင့်ချီရှိနေပါသည်။


ပအိုဝ်းအဖွဲ့မှ NLD ထံပေးပို့သောစာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဖွဲ့စည်းနိုင်သည့် ပြည်နယ် လွှတ်တော်နေရာများတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန်ဟု ဖော်ပြထားကြောင်း NLD တာဝန်ရှိသူ တဦးက RFA ကို ပြောဆိုထားခဲ့သည်။


NLD နှင့် နှစ်ရှည်လများ မဟာမိတ်အဖြစ် ရပ်တည်ခဲ့ဖူးသူဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ခေါင်း ဆောင် ဦးအေးသာအောင်မှလည်း ရခိုင်ပြည်နယ်အတွင်း ပြည်နယ် လွှတ်တော်များ ပါမချန်ဝင် ရောက်ယှာဉ်ပြိုင်မည့် NLD ပါတီ၏ မူဝါဒအပေါ် ဝေဖန်ထားခဲ့ဖူးသည်။


ပြည်နယ် ဝန်ကြီးချုပ်ရာထူးမှာ သမ္မတမှ ရွေးချယ်နိုင်သော ရာထူးဖြစ်သော်လည်း ပြည်နယ်လွှတ် တော်ကိုယ်စားများထဲမှ ရွေးချယ်ရခြင်း ဖြစ်သောကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ ၀န်ကြီးချုပ် ဖြစ်နိုင်ခွင့် ရှိနေခြင်း ဖြစ်သည်။

ပထမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှ ဘဏ္ဍာရန်ပုံငွေအကြောင်းဆွေးနွေး

Posted: 20 Aug 2015 12:00 AM PDT

ပထမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးအား သြဂတ်စ်လ (၁၈) ရက်နှင့် (၁၉) ရက်နေ့တွင် သျှမ်းပြည်လွှတ်တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။



လွှတ်တော် အစည်းအဝေး ပထမနေ့တွင် သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ သျှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေ တွင်ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ၂၀၁၅ -၂၀၁၆ ခု ဘဏ္ဍာရေးနှစ်ဖြည့်စွက် ခွင့်ပြုငွေတောင်း ခံခြင်းအား ပြည်နယ် လွှတ်တော်သို့ တင်သွင်းခြင်း ၊ သျှမ်းပြည်နယ် အစိုးရအဖွဲ့က တင်သွင်းသောသျှမ်း ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင် ပါဝင်သောဌာန အဖွဲ့အစည်းများ၏ ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေး နှစ်ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်း နှင့် စပ်လျဉ်းကာ ဆွေးနွေးလိုသော ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေငြာခြင်း ၊ ပထမအကြိမ်လွှတ် တော်(၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင်တင် သွင်းသော သျှမ်းပြည်နယ် အစိုးရအဖွဲ့၏ သျှမ်းပြည်နယ် တိုင်းရင်း ဆေးဆရာများနှင့် တိုင်းရင်း ဆေးဝါး ထုတ်လုပ် သူများဆိုင်ရာ ဥပဒေ (မူကြမ်း) နှင့် စပ်လျဉ်း၍ ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ အစီအရင်ခံစာ ဖတ်ကြားရှင်းလင်း ခြင်းများပြု လုပ် ခဲ့ပြီး လွှတ်တော် ဒုတိယနေ့တွင် သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ သျှမ်းပြည်နယ် အပင်နှင့် ပိုးမွှားရောဂါကာကွယ် ရေးနှင့် နှိမ်နင်းရေးဥပဒေ (မူကြမ်း) ၊ သျှမ်းပြည်နယ် ယစ်မျိုးခွန်ဥပဒေ (မူကြမ်း) ၊ သျှမ်းပြည်နယ် တိရိစ္ဆာန် မွေးမြူရေးနှင့် စနစ်တ ကျထိန်းကျောင်းရေး ဥပဒေ (မူကြမ်း) တို့အားပြည်နယ် လွှတ်တော်တို့ တင်သွင်းခြင်းများ ပြုလုပ်ခဲ့သည် ။


၂၀၁၁ - ခုနှစ်ဂျန္နဝါရီမှ ၂၀၁၅ ဧပြီလ အထိ လွှတ်တော်သက်တမ်း လေးနှစ် ကျော်ကာလသက်တမ်း အတွင်းတွင် ပထမအကြိမ် သျှမ်းပြည်နယ် လွှတ်တော်ပုံမှန် အစည်းအဝေး (၁၂)ကြိမ် ၊ အထူး အစည်း အဝေး (၃) ကြိမ် ၊ နှင့်အရေးပေါ် အစည်းအဝေး (၁) ကြိမ် စုစုပေါင်း (၁၆) ကြိမ်ကျပ်းပခဲ့ရာ သျှမ်းပြည်နယ် လွှတ်တော် ကိုယ်စား လှယ်ပေါင်း (၆၂) ဦးတို့မှ ကြယ်ပွင့်ပြမေး ခွန်းပေါင်း (၄၂၆) ခုမေးမြန်းခြင်း ၊ ကြယ်ပွင့် မပြမေးခွန်း (၁၉၅) ခုမေးမြန်း ခြင်းနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ မှဖြေကြား ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေးပေါင်း (၁၆) ကြိမ်အနက် လွှတ်တော်ကိုယ်စားလှယ် (၂၀) ဦးတို့မှ အဆိုပေါင်း (၃၆) ခုတို့ကို လွှတ်တော်သို့ တင်သွင်းရာတွင် အဆို (၁၉) ခုအားအတည်ပြုခြင်း ၊ အဆို(၂)ခုအား မေးခွန်အဖြစ်ပြောင်းခြင်း ၊ အဆို(၁၀)ခုအား မှတ်တမ်းတင် ခြင်း ၊ အဆို (၅) ခုအား ပြန်လည်ရုတ်သိမ်းခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်း ၊ ဥပဒေကြမ်းများတင်သွင်း ခြင်း ဘဏ္ဍာနှင့် ပတ်သက်၍ ဧပြီလတွင်ကျင်း ပခဲ့သော နောက်ဆုံးအစည်းအဝေး အထိဘဏ္ဍာရန်ပုံငွေ နှင့် ပတ်သက်သော ဥပဒေ ကြမ်း (၈) ခု ၊ ဒေသန္တရ စီမံကိန်းဥပဒေကြမ်း (၅) ခု ၊ ရသုံးခန့်မှန်းချေငွေ စာရင်း (၆)ခု ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်ဥပဒေ ပြုခြင်း ဘဏ္ဍာများမှ သျှမ်းပြည်နယ်အစိုးရမှ သီးခြားရေးဆွဲ တင်ပြသောဥပဒေ ကြမ်း (၉) ခု တို့ကို လွှတ်တော်က အတည်ပြုပေးနိုင်ခဲ့သည်ဟု သျှမ်းပြည်နယ်လွှတ် တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ အစည်းအဝေးတွင် တင်ပြခဲ့သည် ။


ရေဘေးသင့်အရေး သျှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးတွင်ဆွေးနွေး

Posted: 19 Aug 2015 09:48 PM PDT

သြဂတ်စ်လ ၁၈ ရက် နေ့ကပြုလုပ်ခဲ့သော ပထမအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ယခုနှစ် ဂျူလိုင်လနှင့် သြဂုတ်လ အတွင်းဖြစ်ပေါ်ခဲ့သော မိုးရွာသွန်း မှုများကြောင့် သျှမ်းပြည်နယ်အတွင်း ပျက်စီး ဆုံးရှုံးမှုများအား ပြန်လည် ထူထောင်ရေးအတွက် ကူညီ ထောက်ပံ့ မှုပေးရေးနှင့် ပတ်သက်ပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က တင်ပြ ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။


သျှမ်းပြည်နယ်အတွင်း သဘာဝ ဘေးကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း နှစ်ထောင့် ငါးရာကျော် ရှိသည်ဟု ဆိုပါသည်။


သျှမ်းပြည်အတွင်း သဘာဝ ဘေးအန္တရာယ် ထိခိုက်ခဲ့သော မြို့နယ်စုစုပေါင်း (၂၂) မြို့နယ်ရှိပြီး ရေဘေးသင့် အိမ်ထောင်စု (၁၀၀၈) စု ၊ လူဦးရေ (၅၂၂၄) ဦး နှင့်သေဆုံးသူ (၉) ဦး (သီပေါမြို့နယ်မှ (၅) ဦး ၊ တာချီလိတ် မြို့နယ်မှ (၄)ဦး) ဖြစ်ကြောင်း ၊ တာချီလိတ်ခရိုင်မှ ရေဘေးသင့် အိမ်ထောင်စုများပြား ကာ အိမ်ထောင်စု (၂၀၈) စု ၊ ရေဘေးသင့် လူဦးရေ (၁၆၃၈) ဦးခန့် ရှိပြီး ၊ ယခုအခါတွင် (၅၁၉)ဦးမှာ မိမိနေအိမ်သို့ ပြန်လည်အခြေချ နေထိုင် ပြီးဖြစ်ကြောင်း ၊ (၁၁၁၉) ဦးအား ကယ်ဆယ်ရေးစခန်းတွင် စောင့်ရှောက် ထားဆဲဖြစ်ကြောင်း သိရသည် ။


ပျက်စီး ဆုံးရှုံးမှုအနေဖြင့် တာချီလိတ်ခရိုင်တွင် အများဆုံးဖြစ်ပြီး နေအိမ် (၁၆၈) လုံး ၊ စာသင်ကျောင်း ၂ ကျောင်း ၊ ရေဝင်ပျက်စီးခဲ့သော လယ်မြေဧက ၂၅၂၈.၀၈ ဧက နှင့် ပြိုကျပျက်စီးသော အဆောက်အဦး (၄)လုံး ၊  ဆည် (၂)ခု ၊   တံတားပေါင်း (၂၃) စင်းနှင့် လမ်း (၆) ခု ပျက်စီးခဲ့ ရာ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးငွေ ကျပ်သန်းပေါင်း  (၁၉၈၂.၄၉) သန်းခန့် ရှိပြီး ပြည်နယ် တစ်ခု လုံးအနေနှင့် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး ငွေကျပ်သန်းပေါင်း (၂၅၄၄.၉၃၉) သန်းခန့်ရှိသည် ။


လယ်ဧကများ ဆုံးရှုံးပျက်စီးမှုနှင့် ပတ်သက်ပြီး တောင်သူလယ်သမား အခွင့်အရေး နှစ်နာဆုံးရှုံးမှုမရှိစေရေး ၊ အထောက် အပံ့များရရှိစေရေး ၊  ပျက်စီး ဆုံးရှုံးမှုများကို ကိန်းဂဏန်းများ မှန်ကန်စွာရရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်သို့ စီစစ် ပြုစုတင်ပြ ဆောင်ရွက်လျှက် ရှိသည်ဟု သိရသည် ။


ပျက်စီးဆုံးရှုံးသွားသော သီပေါမြို့နယ် နမ့်ပေါ့ချောင်း တံတားအားလမ်းဦးစီး ဌာနပြင်ဆင် ထိန်းသိမ်းရေး ရန်ပုံ ငွေကျပ် သိန်း (၄၀၀) နှင့်ပြင်ဆင်ဆောင် ရွက်ခဲ့ပြီး ကျန်တံတားများကိုလဲ ၈၀ ရာခိုင်နှုန်းကျော်ခန့် ပြင်ဆင်ပေးပြီး ဖြစ်ကြောင်း ၊ နေအိမ် ပျက်စီးဆုံးရှုံးမှုများကို ရေဘေးသင့် မိစားစု တစ်စုလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်းကျပ် ၊ စာသင်ကျောင်းနှင့် ဘုန်းတော် ကြီးေ ကျာင်းတစ်ကျောင်းလျှင် ထောက်ပံ့ငွေတစ်သိန်းကျပ်စီ ၊ လယ်ယာမြေ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် တစ်ဧကလျှင် တစ်သောင်းကျပ်နှုန်း ဖြင့် သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးလျှက် ရှိသည်ဟု သိရသည် ။


ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်တွင် သဘာဝ ဘေးအန္တရယ် ကျရောက်မှုအတွက် လှူဒါန်းထောက်ပံ့ မှုများကို ကျပ် သန်းပေါင်း (၅၀၀) ခန့်သုံးစွဲနိုင် ရန် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ယင်းအရေးပေါ် အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်မှ တင်ပြဆွေးနွေးသွားခဲ့ခြင်း ဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Aug 21, 2015, 4:32:27 PM8/21/15
to thuau...@gmail.com

မီးအားမြင့်စက် အပူလွန်ရာမှ တောင်ကြီးမြို့ ရွှေတောင်ကြား အိမ်ယာရှိ နေအိမ် တလုံးမီးလောင်

Posted: 21 Aug 2015 01:07 AM PDT

တောင်ကြီးမြို့ ၊ ကံကြီးရပ်ကွက် ရွှေတောင်ကြား အိမ်ယာတွင် သြဂတ်စ်လ ၂၁ ရက် မနက်  ၂ နာရီက အိမ်မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း ရပ်ကွက် နေပြည်သူများ ထံမှသိရသည် ။


ရွှေတောင်ကြား အိမ်ယာရှိ နေအိမ် တလုံးအား လှေခါးအောက် မီးအား မြင့် စက်အပူရှိန် လွန်ကဲရာမှ အနီးရှိ ပြတင်းပေါက် ကျွန်းတံခါးမှတစ် ဆင့်အိပ်ခန်းသို့ ကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း တာဝန် ရှိသူ များထံမှ သိရသည် ။


မနက် ၃ နာရီက မီးငြိမ်း သတ်နိုင်ခဲ့ပြီး ၊ အဆိုပါ မီးလောင်ကျွမ်း မှု ကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေ ကျပ်လေးဆယ့် ရှစ်သိန်း ခန့်ရှိကြောင်း ထိခိုက်ဒဏ် ရာရသူနှင့် သေဆုံးသူမရှိကြောင်း ၊ မီးလောင် ကျွမ်းမှုအတွက် အိမ်ရှင်ဖြစ်သူ အားတောင်ကြီးမြို့၊  အမှတ်(၁) မြို့မရဲ စခန်းမှ အမှုဖွင့် အရေးယူထားကြောင်း ဆက်လက်သိရှိရသည် ။

တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ ထိပ်သီး အစည်းအဝေး ချင်းမိုင်၌ စတင်

Posted: 20 Aug 2015 11:18 PM PDT

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေးတပ်ဖွဲ့များ ထိပ်သီး အစည်းအဝေးအား ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ သုံးရက် ကြာကျင်းပရန် ၂၀၁၅ ဩဂတ်စ် ၂၁ ရက် ယနေ့ စတင်နေပါသည်။


အစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆွေးနွေးညှိနှိုင်းရေး အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ ၊ NCCT တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်များ ၊ UNFC ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီမှ လူကြီးမင်းများ တက်ရောက် ကြပါသည်။


“လက်ရှိအနေအထားက သမ္မတကနေ ဖိတ်ကြားစာပို့ထားတယ်။ ကျနော်တို့လဲ လက်ခံရရှိပြီ။ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးမှာ သွားပြီးတော့ လက်မှတ်ထိုးဖို့။ အခုက သီးခြားစီ ဖိတ်လာတယ်။ ဒါလဲ ခွဲခြား ဆက်ဆံတဲ့ သဘောဘဲ။ ဒီမှာကလဲ ခက်နေတယ်။ တဖွဲ့ တည်း မှာပင် လက်မှတ်သွားထိုးချင်တဲ့ အုပ်စု ၊ မထိုးချင်တဲ့အုပ်စု ကွဲလာနေတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ ဒီမှာလဲ ဘုံသဘောတူညီချက်ချဖို့ ပြောထားတဲ့ အတိုင်း အားလုံး ပါဝင်လာ နိုင်အောင် လုပ်နေပါတယ်”- ဟု အစည်းအဝေး တက်ရောက်သည့် ပုဂ္ဂိုလ်တဦးက ပြောပါ သည်။


ဘစ်ဖိုက် (Big 5) ဟုနာမည်ရလာသည့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO/KIA , ကရင် အမျိုးသားအစည်းအရုံး KNU, မွန်ပြည်သစ်ပါတီ MNSP, ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA တို့ သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် ယခုလမကုန်မီ နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်သည်။ ထို့အတွက်လဲ တိုင်းရင်းသား အကျိုးစီးပွားအတွက် ဘုံရပ်တည်ချက် တင်ပြဆွေးနွေးနိုင်ရန်လည်း သဘောတူညီချက်ရ ယူသွား မည်ဟု သိရသည်။


မည်သို့ပင်ဆိုစေ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံး ပါဝင် လက်မှတ်ရေးထိုးမည်ဟု လက်ရှိ အစည်းအဝေး တက်ရောက်သည့် ခေါင်းဆောင်များက ပြောဆိုနေကြသော်လည်း လက်ရှိ တိုင်းသား အားလုံးအတွက် ခေါင်းဆောင်ပိုင်း တာဝန်ယူနေသည့် ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သော ကေအဲန်ယူ ကမူ အစိုးရနှင့် NCA လက်မှတ် ရေးထိုးရန် အခြားကရင်လက် နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် DKBA, KNU-KNLA(PC) နှင့် သျှမ်းအင်အားကြီးလက်နက် ကိုင်တပ်ဖွဲ့ဖြစ်သည့် RCSS/SSA တို့နှင့် သဘောတူညီချက်ရယူကာ လက်မှတ်ထိုးဖို့  အဆင် သင့်ဖြစ်နေကြောင်း ဩဂတ်စ် ၁၇ ရက်နေ့က ပူးတွဲကြေငြာချက် ထုတ်ပြန်ထားသည်။

UNFC နှင့် SD တို့၏ စုစည်းအားကို မှတ်ကျောက် တင်ခံရမည့်အချိန် ရောက်ပြီ

Posted: 20 Aug 2015 10:04 PM PDT

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် ပါဝင်လက်မှတ် ရေးထိုးကြရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၅ ဖွဲ့ထံသို့ ပြီးခဲ့သည့် သြဂတ်စ်လ (၁၁) ရက်နေ့၌ သမ္မတ ဦးသိန်းစိန်မှ ဖိတ်ကြားလွှာ ပေးပို့ခဲ့၏။


တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၂၁ဖွဲ့ရှိသည့်အနက် ၁၅ ဖွဲ့ကိုသာ ကွက်ပြီး ဖိတ်ကြားသဖြင့် တိုင်းရင်းသား အဖွဲ့အစည်းအားလုံး (၁၇ ဖွဲ့) ပါဝင်ရေးမူကို လက်ကိုင်ထားသည့် ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) နှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ လိုလားချက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေ၏။


သမ္မတဦးသိန်းစိန် ဖိတ်ခေါ်ချက်သည် တိုင်းရင်းသားတို့၏ နိုင်ငံရေး ဥသျှောင်သဖွယ် ဖြစ်သည့် UNFC တပ်ပေါင်းစုကြီးနှင့် SDတို့၏ စည်းလုံးညီညွတ်မှုအား ၊ စုစည်းအားကို စိန်ခေါ်သလို ဖြစ်နေ၏။ တိုင်းရင်းသားတို့၏ ပေါင်းစည်း ကျစ်လစ်အားကို မှတ်ကျောက် တင်ခိုင်းသကဲ့သို့ ဖြစ်နေ၏။ တိုင်းရင်းသားတို့၏ ညီညွတ်ရေးအားကို သွေးတိုးစမ်းသလို ဖြစ်နေ၏။


ဦးသိန်းစိန် ဖိတ်ခေါ်ချက်တွင် “ပြည်ထောင်စု အစိုးရသည် တိုင်းရင်းသား အဖွဲ့အစည်း ၁၅ ဖွဲ့နှင့် တစ်ဖွဲ့ချင်း အပစ်ရပ်ရေး ဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဘက် သဘောတူညီချက်များ ရရှိခဲ့ကြောင်း ၊ တပ်မတော်ဘက်ကလည်း အချုပ်အခြာ အာဏာကို ထိပါးလာသည့် ကိစ္စများမှအပ စစ်ဆင်ရေးကြီး များပြုလုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း ၊ အစိုးရအနေဖြင့် အားလုံးပါဝင်ရေးမူကို အဆင့်လိုက် လက်တွေ့ကျကျ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ၊ လက်ရှိ သဘောတူညီမှု ရရှိထားသော သဘောတူ စာချုပ်ကြီးကို ထပ်မံ ပြင်ဆင် ဖြည့်စွက်ရန်မရှိဘဲ လက်မှတ်ထိုးရန် အဆင့်သင့်ရှိနေပြီး ဖြစ်ကြောင်း ၊ နှစ်ပေါင်းများစွာ ဖြစ်ပွါးခဲ့သော လက်နက်ကိုင် ပဋိက္ခများ ချုပ်ငြိမ်းရေးနှင့် တိုင်းရင်းသား လူမျိုးစုများအားလုံး ပြန်လည် ရင်ကြားစေ့ရေး တို့အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်နိုင်ရန် အလို့ငှာ ညှိနှိုင်းပြီးစီးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုး ကြပါရန် ဖိတ်ခေါ်အပ်ပါကြောင်း”ဟု ပါရှိ၏။


မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) မှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေ ကလည်း သူ၏ Facebook စာမျက်နှာတွင် “ ၂၀၁၅ခုနှစ် ၊ သြဂတ်စ်လ ၇ရက်နေ့မှာ NCA ကို အချောသတ် နိုင်ခဲ့ပါတယ် ၊ နိုင်ငံတော်သမ္မတက NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်မယ်လို့ ဝန်ကြီး ဦးအောင်မင်းက SD ကိုယ်စားလှယ်များကို ရှင်းပြခဲ့ပါတယ် ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ချင်းမိုင်မှာ သြဂတ်စ် (၂၁၊၂၂၊၂၃) ရက်တွေမှာ တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းမှာ ဝန်ကြီးဦးအောင်မင်းတို့ UPWC ရဲ့စီစဉ်မှုနဲ့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်နေပါတယ် ၊ အားလုံးပါဝင်ရေးကို အစိုးရက မူအားဖြင့် သဘောတူညီပေမယ့် NCA စာချုပ်ပါ အချက်တွေကို ချက်ချင်း ဆောင်ရွက်နိုင်မယ့် အဖွဲ့ ၁၅ ဖွဲ့ကို ပထမအဆင့် ဖိတ်ခေါ် တယ်လို့နားလည်ရပါတယ်။ လက်မှတ်ရေးထိုးပွဲကို အစိုးရက စက်တင်ဘာလ ထဲမှာ ပြုလုပ်ဖို့ ရည်းစူး ပြင်ဆင်နေပါတယ်။ လေးနှစ် ရုန်းကန်းခဲ့ပြီး ပါပြီ။ အားလုံး ဆက်ရုန်း ကြတာပေါ့။” ရေးသားထားသည်ကို ဖတ်မိ၏။


ထို့အပြင် အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း ၄ နှစ်ပြည့်မြောက်သည့် သြဂတ်စ်လ ၁၈ ရက်တွင် အစိုးရ သတင်းစာများ၌ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို ပြည်သူ လူထုအား ချပြသွားခဲ့သည်ကို တွေ့ရ၏။


ဒီလောက်ဆိုလျှင် NCA လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်ရေးထက် ၁၅ ဖွဲ့ကိုသာ အစိုးရ ဘက်က လက်ခံကြောင်း ရှင်းရှင်း လင်းလင်း သိလောက်၏။ တိုင်းရင်းသားများဘက်က မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ အားလုံးက အင်မတန်မှ စိတ်ဝင်တစားရှိလှ၏။


ဤနေရာတွင် အစိုးရ လက်ခံထားသည့် ၁၅ ဖွဲ့နှင့် တိုင်းရင်းသားတို့ လိုလားသည့် ၁၇ ဖွဲ့ တို့အကြောင်း အနည်းငယ် ထပ်မံတင်ပြလို၏။


အစိုးရက လက်ခံထားသည့် ၁၅ ဖွဲ့မှာ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ၊ ချင်း အမျိုးသား တပ်ဦး (CNF) ၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) ၊ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်− မိုင်းလားအဖွဲ့ (NDAA) ၊ မွန်ပြည်သစ် ပါတီ (NMSP) ၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) တို့ ဖြစ်ကြ၏။


တိုင်းရင်းသားတို့ တင်ပြသည့် ၁၇ ဖွဲ့မှာ ရက္ခိုင့် တပ်မတော် (AA) ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) ၊ ရခိုင် အမျိုးသားကောင်စီ (ANC) ၊ ချင်း အမျိုးသား တပ်ဦး (CNF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) ၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် −ကိုးကန့်အဖွဲ့ (MNDAA) ၊ မွန် ပြည်သစ် ပါတီ (NMSP) ၊ ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) / တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့်  ဝ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ဖြစ်ကြောင်း သိရ၏။


တိုင်းရင်းသားများ အဆိုပြုထားသည့် အဖွဲ့အစည်း ၁ရ ဖွဲ့တွင် ၁၂ ဖွဲ့က ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ကျန်အဖွဲ့အစည်းများ ကလည်း UNFC ၏ ဆက်စပ်မိတ်ဖက် အဖွဲ့အစည်းများသာ ဖြစ်ကြသည်ကို တွေ့ရ၏။ UNFC နှင့် SD အဖွဲ့ဝင် မဟုတ်သော NDAA ၊ RCSS ၊ UWSA နှင့် NSCN-K တို့အား အဖွဲ့အစည်း ၁၇ဖွဲ့ထဲတွင် ထည့်သွင်း မထားကြောင်း တွေ့ရ၏။


အစိုးရက ပြောသည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၅ ဖွဲ့တွင် NDAA ၊ RCSS ၊ UWSA ၊ NSCN-K တို့ ပါဝင်ပြီး အခြားတိုင်းရင်းသား ၆ ဖွဲ့ဖြစ်ကြသည့် AA ၊ ANC ၊ LDU ၊ MNDAA ၊ PSLF / TNLA ၊ WNO တို့ အား ချန်ထားခဲ့၏။ တိုင်းရင်းသားများ တင်ပြသည့် အဖွဲ့အစည်း ၁ရ ဖွဲ့တွင် AA ၊ ANC ၊ LDU ၊ MNDAA ၊ PSLF / TNLA ၊ WNO ပါဝင်ပြီး NDAA ၊ RCSS ၊ UWSA ၊ NSCN-K တို့အား ချန်ရစ်ထားပစ် ခဲ့သည်ကို တွေ့ရ၏။


ကိုးကြိမ်မြောက် NCA ဆွေးနွေးပွဲတွင် စာချုပ်ကို အချောသတ်နိုင်ခဲ့ သော်လည်း စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား အဖွဲ့အစည်း အရေအတွက်နှင့် ပတ်သက်၍ နှစ်ဘက် စလုံး ညှိမရနိုင်သဖြင့်  လက်မှတ်ရေးထိုးရေး ကိစ္စ နှေင့်နှေးကြန့်ကြာ ခဲ့ကြောင်း သိရ၏။ ဤအချက် ကို နှစ်ဘက် ထိပ်းသီး ခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီး အပြီးသတ် ဆုံးဖြတ် ပေးရန် စီစဉ်ထားကြောင်း သိရ၏။


ကိုးကြိမ်မြောက် ဆွေးနွေးပွဲ ပြီးပြီးချင်း NCA လက်မှတ်ရေးထိုးခြင်း နှင့် ပတ်သက်ပြီး SD က ယင်း၏ အဖွဲ့ဝင်များကို ကိုယ့်မိခင် အဖွဲ့အစည်းထံ ပြန်သွားကာ မိမိတို့ တစ်ဖွဲ့ချင်းအလိုက် သဘောထား ရပ်တည်ချက်များ ပြန်ယူလာရန် သဘောထား ချမှတ်ပေးခဲ့ကြောင်း သိရ၏။ သြဂတ်စ်လ (၂၁၊၂၂၊၂၃) ရက်များတွင် ကျင်းပမည့် တိုင်းရင်းသား ခေါင်းဆောင်တို့၏ ထိပ်သီးဆွေးနွေးပွဲတွင် ရလာသည့် တစ်ဖွဲ့ချင်း သဘောထားများအား ပြန်လည်တင်ပြပြီး အဆုံးအဖြတ်ရယူမည်ဟု ကြားသိ ရ၏။ အဲဒီ ထိပ်သီး အစည်းအဝေးမှ အားလုံးပါဝင်ရေးမူနှင့် ပတ်သက်၍ ၁၅ ဖွဲ့နှင့်လား ၊ ၁၇ဖွဲ့နှင့်လား ၊ ထိုးချင်သည့် အဖွဲ့ထိုးနိုင်လား ၊ တစ်ဖွဲ့ချင်းထိုးနိုင်လား စသည်တို့အား ကွဲကွဲ ပြားပြား သိရမည် ဖြစ်၏။


ဦးသိန်းစိန် ဖိတ်ကြားလွှာ ပေးပို့ပြီးသည့်နောက် တိုင်းရင်းသားတို့၏ တုံ့ပြန်ချက် မည်ကဲ့သို့ ရှိသည်ကို တချက် ငဲ့စောင်းကြည့်သင့်၏။


KNU က လက်မှတ်ထိုးမည်ဟု ယင်း၏ ဗဟိုကော်မတီ အစည်းအဝေးအပြီး သီးသန့် ထုတ်ပြန် ကြေညာခဲ့၏။ ထို့အတူ DKBA ၊ KNU ၊ KNU / KNLA-PC ၊ RCSS တို့ပူးပေါင်းပြီး လက်မှတ်ရေးထိုး မည်ဟု ပူးတွဲကြေညာချက်ကို သြဂတ်စ်လ ၁၇ရက်တွေင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရ၏။


တချိန်တည်းမှာပင် ABSDF ကလည်း လက်မှတ်ထိုးမည်ဟု ကြေညာချက် တစ်စောင်ကို သြဂတ်စ်လ ၁၇ ရက်တွေင် ထုတ်ပြန်ခဲ့သည်ကို ဖတ်မိ၏။ “NCA သည် စစ်ရေး ပဋိက္ခများ ရပ်တန့်စေရေးနှင့် အင်အားစုအားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ထွန်းလာစေရေး တို့အတွက် အစပျိုးလမ်း ကြောင်းအဖြစ် မှတ်ယူသည်”ဟု ယင်း၏ထုတ်ပြန်ချက်က ဆိုထား၏။


တစ်ဖက်တွင်လည်း ပါတီတည်ထောင်သည့် ၄၄ နှစ်မြောက် အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) က  လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား အဖွဲ့အစည်း အား လုံး ပါဝင်လက်မှတ်ထိုးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည် ဟုသာ ဆိုထားသဖြင့် လက်မှတ်ထိုးရေး မထိုးရေး နှင့်ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရသေးပေ။


KIO က လက်မှတ်ထိုးရေးနှင့် ပတ်သက်၍ မိမိတို့ တစ်ဖွဲ့တည်း ဆုံးဖြတ်မည် မဟုတ်ဘဲ လာမည့် တိုင်းရင်းသား ထိပ်သီး အစည်းအဝေးတွင် အားလုံးနှင့် ညှိနှိုင်းဆုံးဖြတ်မည် ဖြစ်ကြောင်း သိရ၏။ NCA လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်ပြီး ပြည်သူလူထုတို့၏ သဘောထားများကိုလည်း ရယူခဲ့ သည်ဟု ကြားသိရ၏။


တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်ရေးမူပေါ်မှာ ဆက်လက် ရပ်တည်ကြဖို့ ၊ အဖွဲ့အားလုံး မပါနိုင် လျှင်တောင် SD အဖွဲ့ဝင် ၁၇ ဖွဲ့လုံးပါဝင်ရေးမူ ဆက်လက် စွဲကိုင်ဖို့နှင့် လက်မှတ်ထိုးရာမှာ မပါဝင်တဲ့ အဖွဲ့တွေအပေါ် နိုင်ငံရေး ၊ စစ်ရေးအရ အာမခံချက် ရရှိရန်အတွက် ညှိနှိုင်း နည်းလမ်း ရှာသွားဖို့ မွန်ပြည်သစ် ပါတီ (NMSP) က SD ကို စာရေး တိုက်တွန်းကြောင်း ကြားသိရ၏။


NDAA ၊ UWSA နှင့် NSCN-K တို့ကတော့ NCA ထိုးရေး ၊ မထိုးရေးတွင် မထိုးရေးဘက်ကို ယိမ်းယိုင် နေကြောင်း တိုင်းရင်းသားအရေး ကျွမ်းကျင်းသူများက ဆိုကြ၏။


ကျန်သည့် တိုင်းရင်းသား အဖွဲ့များ၏ သဘောထား ရပ်တည်ချက်များကတော့ အခုချိန်အထိ တိတိပပ မသိရသေးပေ။ သို့သော် အတွင်းရင်းမြစ်များ အဆိုအရ ALP ၊ CNF ၊ PNLO တှိုသည် အားလုံးမပါဝင်သော်လည်း NCA ကို  လက်မှတ်ထိုး နိုင်ခြေရှိသည်ဟု သိုးသိုးသန့်သန့် ကြားရ၏။


လက်မှတ်ထိုးမည်ဟု အတိအလင်း ထုတ်ပြန် ကြေညာထားသည့် အဖွဲ့အစည်း ၅ ဖွဲ့အနက် RCSS က လွဲ၍ ကျန် ၄ ဖွဲ့သည် UNFC ၊ SD တို့နှင့် ပတ်သက် ဆက်စပ်သည့် အဖွဲ့အစည်းများ ဖြစ်ကြ၏။ UNFC နှင့် SD တို့၏ အဖွဲ့ဝင် မဟုတ်သည့် RCSS က လက်မှတ်ရေးထိုးမည် ဆိုခြင်းသည် မည်သို့မျှ မထူးခြားသော်လည်း ကျန် ၄ ဖွဲ့ဖြစ်ကြသည့် ABSDF ၊ DKBA ၊ KNU ၊ KNU / KNLA-PC တို့က ထိုးမည်ဆိုသည့်အတွက် အားလုံးက တိုင်းရင်းသား တပ်ပေါင်းစုတို့၏ စုစည်းမှု ၊ စည်းလုံး ညီညွတ်မှုတို့ အပေါ် သံသယဖြစ်မိ၏။ စုစည်းမှု အစည်းပြယ်မည်ကို စိုးရိမ်ကြ၏။


KNU က UNFC အဖွဲ့ဝင် (ဆိုင်းငံ့) ဖြစ်သလို SD တွင်လည်း KNU ဒုဥက္ကဌ ဖြစ်သူ ဖဒိုနော်စီဖိုးရာစိန် သည်လည်း SD ၏ အဖွဲ့ခေါင်းဆောင် ဖြစ်သဖြင့် အားလုံးပါဝင်ရေးမူ ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားသည့် SD အနေဖြင့် ဤဖြစ်ရပ်ကို မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းမည်ကို အားလုံးက သိချင်ကြ၏။


ABSDF ၊ DKBA နှင့် KNU / KNLA-PC တို့သည် SD အဖွဲ့ဝင်များ ဖြစ်ကြပြီး ယင်းတို့က လက်မှတ်ရေး ထိုးမည် ဆိုသဖြင့် SD နှင့် ထိပ်တိုက် တွေ့ရမည့် သဘောရှိ၏။ SD တွင် အက်ကြောင်းများ ဖြစ်ပေါ်နေ ပြီလားဟု မေးခွန်းထုတ်သည့်သူ အမြောက်အမြား ရှိနေပြီ ဖြစ်၏။


UNFC အနေဖြင့် လွန်ခဲ့သော လပေါင်းများစွာက ဖြစ်ပွါးခဲ့သော KIO ၊ SSPP ၊ TNLA ၊ MNDAA တို့နှင့် အစိုးရ တပ်မတော်အကြား တိုက်ပွဲများအပေါ် ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ခံ ခဲ့ရကြောင်း စစ်ရေးသုံးသပ်သူများက ထောက်ပြကြ၏။ တိုက်ပွဲများ ဖြစ်ပွါးနေချိန်တွင် နိုင်ငံရေး ၊ စစ်ရေးအရ ထိရောက်စွာ ယင်း၏ အဖွဲ့ဝင်များကို UNFC က ထိရောက်စွာ ကူညီပံ့ပိုးနိုင်ခြင်းဘဲ အဆံမပါသည့် သကြင်္န်အမြောက် ထုတ်ပြန် ကြေညာချက်ဖြင့်သာ ကူညီသမှုပြုသဖြင့် အများ၏ ဝေဖန်ခြင်းကို ခံခဲ့ရကြောင်း သိရ၏။ ဒီတခါတော့ စည်းလုံခြင်း အင်အားကို ထိုးခွဲခြင်းဖြစ် သောကြောင့် UNFC အနေဖြင့် ပြင်ပပယောဂကို ဖယ်ရှားနိုင်မည်ဟု မျှော်လင့်၏။


ဒီလအတွင်း ဖြစ်ပွါးခဲ့သည့် အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အတွင်း အာဏာလွန်ဆွဲပွဲ ၊ ပါတီတွင်း အကွဲအပြဲတို့ကြောင့် NCA လက်မှတ်ရေးထိုးခြင်း မသေမချာ မရေမရာ ဖြစ်မည်ကို အားလုံးက စိုးရိမ်နေချိန်တွင် တိုင်းရင်းသားများ ဘက်ကလည်း အသံပေါင်းစုံ ထွက်ပေါ်လာသဖြင့်  သူတလူငါတမင်း အလဲလဲအကွဲကွဲ ဖြစ်မည်ကို ကြောက်မိ၏။ ရောက်လိုသည့် ပန်းတိုင်မရောက်ခင် လှော်တက်ကျိုးမည်ကို စိုးရွံ့၏။


ဒီလို အရေးကြီး သေရေးရှင်ရေး ဖြစ်နေသည့်အချိန် ၊ တိုင်းရင်းသားတွေ တသွေး ၊ တသံ ၊ တသားတည်း ၊ လက်ရည်တပြင်တည်း ဖြစ်ရမည့်အချိန်တွင် အက်ကြောင်းထင်နေသည့် တိုင်းရင်းသားတို့၏ ညီညွတ်မှု စုစည်းအားကို UNFC နှင့် SD တို့က ဘယ်ပုံဘယ်နည်းဖြင့် အစေးပြန်ကပ် ၊ ဂဟေဆော် ပြန်ဆက်စပ်ပေးမည်ကို အားလုံးက သိချင်နေကြ၏။


အစိုးရက တိုင်းရင်းသားများအား တစ်ဖွဲ့ချင်း ဖဲ့ထုတ် ၊ ဆွဲထုတ် ၊ ခွဲထုတ် လုပ်နေခြင်းသည် တစ်နည်းအားဖြင့်  တိုင်းရင်းသားတို့၏ ပေါင်းစည်းအားကို အားစမ်းခြင်းလည်း ဖြစ်၏။ UNFC နှင့် SD တို့က မည်မျှ အတိုင်းအတာ အထိ တောင့်ခံနိုင်မည် မည်မျှအဆင့် အထိ ခံနိုင်ရည်မည် ဆိုသည်ကို လူထုက စောင့်ကြည့်နေကြ၏။


အပြင်ရန် ၊ အတွင်းရန် ခုခံ တွန်းလှန် ဖယ်ရှားနိုင်ပြီး တိုင်းရင်းသားတို့၏ စုစည်းအားကို ထာဝရ ထိန်းသိမ်းထားနိုင်ရေးသည် UNFC နှင့် SD တို့၏ သမိုင်းပေးတာဝန် ဟုဆိုလျှင် မှားမည်ထင်ပေ။


မည်သို့ပင်ဖြစ်စေ ၊ ရွှေမှန်ရင် မီးခံနိုင်သကဲ့သို့ ရိုးသား ဖြောင့်မတ်မှန်ကန်သည့် စုစည်းမှု ၊ ပေါင်းစပ်မှု ၊ စည်းလုံးညီညွတ်မှု ဖြစ်လျှင် မည်သူတွေ ဘယ်လိုပဲ ခွဲခွဲ ၊ ထင်းအစည်းပြယ်သလို တကွဲတပြား အဖြစ်မခံဘဲ တိုင်းရင်းသားတို့၏ စုစည်းအားကို မှတ်ကျောက် တင်ခံနိုင်စေရေးအတွက် အတွင်းအပြင် သပ်လျှိုထိုး သွေးခွဲမှုများအား UNFC နှင့် SD တို့မှ ကြံ့ကြံ့ခံ အလံမလဲ တွန်းလှန်ပစ် နိုင်မည် ဧကန်မလွဲဟု တထစ်ချ ယုံကြည်၏။


၂၀၁၅ ခုနှစ်၊ သြဂတ်စ်လ ၁၉ရက်

(မှတ်ချက်- ဆောင်းပါးပါအချက်အလက်များအားလုံးသည် ဆောင်းပါးရှင်၏အာဘော်သာဖြစ်ပါ သည်။  (အယ်ဒီတာ) )

ရုတ်တရက် လွှတ်တော် ထပ်ခေါ်ကာ သျှမ်းပြည် နယ်/လုံ ၀န်ကြီး အပြောင်း အလဲလုပ်

Posted: 20 Aug 2015 09:10 PM PDT

သျှမ်းပြည်မြို့တော် တောင်ကြီး၌  ပထမအကြိမ်  သျှမ်းပြည်နယ် လွှတ်တော် ၏ အရေးပေါ် အစည်းအဝေး ပြီးဆုံးကြောင်း ကြေငြာပြီး  အစည်းအဝေး တရက်ထပ်တိုးကြောင်း ရုတ်တရက်ခေါ်ယူပြီး သျှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအား အပြောင်း အလဲ လုပ်လိုက်ကြောင်း ကြားသိရသည်။


အဆိုပါ ၁၈ နှင့် ၁၉ ရက်နေ့ အရေးပေါ် အစည်းအဝေးမှ သြဂတ်စ်လ ၂၀ ရက် နောက်တရက် ရုတ်တရက်  လွှတ်တော် အစည်းအဝေး ထပ်တိုးမှုသည် သျှမ်းပြည်နယ် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ အစား ရပခ တိုင်းဦးစီး ဗိုလ်မှူးကြီး စိုးမိုးအောင်အား သျှမ်းပြည်နယ် နယ်/လုံ ဝန်ကြီးအဖြစ် သျှမ်းပြည်နယ် လွှတ်တော် မှ သဘောတူ အတည်ပြုကြောင်း  နမ့်စန်မြို့၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းသူရိန်ဦး ကပြောသည်။


“မနေ့က အထိတော့  အရေးပေါ် အစည်းအဝေး ပြီးသွားပြီလို့  တရားဝင် ကြေငြာပြီးတော့ ရပ်နား လိုက်တယ်။ ဒီမနက်မှာဘဲ အရေးပေါ် အစည်းအဝေး ထပ်ရှိတယ် ဆိုပြီးတော့ ခေါ်ပြန်တယ်။ လွှတ်တော် အမတ် ၆၀ လောက်ဘဲရှိတယ် တက်ရောက်တဲ့ အမတ်တွေ တစ်ချို့ အမတ်တွေပြန်ကုန်ကြပြီ” ဟု ၄င်းကပြောသည်။


နမ္မတူမြို့၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေးက သြဂတ်စ် ၁၈ မှ ၁၉ ရက် ထိ အရေးပေါ် လွှတ်တော် အစည်းအဝေး ကျင်းပရခြင်း၏ အကြောင်းရင်း နှစ်ချက် ရှိကြောင်း ပြောသည်။ 


အရေးပေါ် လွှတ်တော် အစည်း အဝေး ကျင်းပရတဲ့ အကြောင်းအရင်း က နှစ်ချက်ရှိတယ် ၂၀၁၅ - ၂၀၁၆  နှစ်မှာ ဖြည့်စွက် ဘဏ္ဍာခွင့်ပြုငွေ တောင်းခံခြင်းနဲ့ နောက်ထပ်ကျမတို့ ၁၂ ကြိမ်မြောက်ပုံမှန် အစည်းအဝေး တုန်းက တင်ထားတဲ့ တိုင်းရင်းဆေး ဥပဒေကြမ်းကို အတည်ပြုဖို့ ဘဲဖြစ်ပါတယ်” ဟု ပြောသည်။


အဆိုပါ ဖြည့်စွက်ရံပုံ ငွေတောင်းခံရာတွင်  ကျပ်သန်းပေါင်း ၂၄၀ ကျော်ခန့် ရှိကြောင်းနှင့် သျှမ်း ပြည်နယ် အဆင့်တွင်ရှိသော ဌာနအဖွဲ့အစည်း နေရာတွင် အသုံးပြု သွားမည်ဖြစ်ကြောင်း နန်းခမ်းအေး ကပြောသည်။


လာမည့် သျှမ်းပြည်နယ် လွှတ်တော် အစည်း အဝေးအား စက်တင်ဘာ လ နောက်ဆုံးပတ်တွင် ထပ်မံကျင်းပ ဖွယ်ရှိကြောင်း အဆိုပါအစည်း အဝေးသည် လက်ရှိ သျှမ်းပြည်နယ် အစိုးရ၏ သက်တမ်းအတွက် နောက်ဆုံး အကြိမ်ဖြစ်နိုင်ကြောင်း ကြားသိရပါသည်။

သျှမ်းသံတော်ဆင့်

unread,
Aug 22, 2015, 4:16:40 PM8/22/15
to thuau...@gmail.com

AEC အတွက် ကြိုတင် ပြင်ဆင်ရေး ထိုင်း- မြန်မာ နယ်စပ် ဂိတ်ဖွင့်ဖို့ ချင်းမိုင်မြို့တွင် ဆယ်မီနာ ပြုလုပ်

Posted: 22 Aug 2015 06:40 AM PDT

အာဆီယံ စီးပွါးရေး ကွန်မြူနတီ အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ထိုင်းမြန်မာနယ်စပ် တလျှောက် နယ်စပ်ဂိတ်များ ဖွင့်လှစ်နိုင်ရေး အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂ ဘက်နိုင်ငံ ကြီးအကဲနှင့် ဒေသခံလူထု သတင်းထောက်များ တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။


ချင်းမိုင်မြို့ တက္ကသိုလ်တွင် ကျင်းပသော အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံဘက်က အာဏာပိုင်များနှင့် အရာရှိကြီးများ အပြင် စီးပွါးရေး လုပ်ငန်းရှင် တချို့ ၂ နိုင်ငံ နယ်စပ်နေ ဒေသခံတချို့ တက်ရောက်ခဲ့ကြ ရာ စုစုပေါင်း အင်အား ၂၀၀ ခန့်ရှိကြောင်း ချင်းမိုင်မြို့ ၊ ချင်းဒေါဝ်မြို့ ၊ ဝိန်းဟိုင်မြို့ ၊ ပိန်းလုံအုပ်စု ၊ လတ်တိုင်ရွာ တို့မှ ဒေသခံများလည်း တက်ရောက်ကြောင်း သိရသည်။


ထိုင်းနိုင်ငံဘက်မှ အာဏာပိုင်များက ကူးသန်း ရောင်းဝယ်ရေး ၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှု ပြုနိုင်ရေးအတွက်  ပြင်ဆင်မှုများ ပြုလုပ်သွားရန် ရည်ရွယ်ပြီး ရင်းနှီးမြုပ်နှံမှု ဥပဒေ လေ့လာထားဖို့ အစရှိပြောဆိုသွားကြောင်း ဆယ်မီနာ သွားတက်သည့် သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းယွက်ခမ်း က သတင်းပေးပို့သည်။


“ထိုင်းနိုင်ငံက မြန်မာ သံအမတ် ဦးကောင်းစံလွင် ကပြောတယ်။ အခု ငြိမ်းချမ်းရေးအတွက် တပြည်လုံး အပစ်အခတ် လက်မှတ် ရေးထိုးပွဲ စောင့်ကြည့်ဦးမယ် လို့ပြောတယ်။ လက်မှတ် ရေးထိုးပြီးရင် ဒီ နယ်စပ် တလျှောက်က ၂ နိုင်ငံဝင်ထွက်ဖို့ ဂိတ်တွေဖွင့်လှစ်ဖို့ ဆွေးနွေးမယ်။ သင့်လျော်တဲ့အချိန်မှာ ဖွင့်လှစ် သွား မယ်လို့ပြော သွားပါတယ်။”


နယ်စပ် ဂိတ်များမှ တဆင့် နိုင်ငံခြား ခရီးသွားများ သွားလာ လည်ပတ်နိုင်ရေး ၊ ဒေသတွင်း သဘာဝ သယံဇာတ ထိန်းသိမ်းရေး ၊ အာဆီယံနိုင်ငံ အတွင်း စီးပွါးရေး ၊ ကူးသန်း ရောင်းဝယ်ရေး စသည် တို့အကြောင်းကို ပြောကြားသွားခဲ့သည် ဟုဆိုပါသည်။


တက်ရောက်သူ များအနက် ဆရာစိုင်းလုံ ကမူ “ ခုလောလောဆယ် နယ်စပ်ဂိတ်တွေ ဖွင့်လိုက်ရင် စီးပွါးရေး လုပ်ငန်းရှင်တွေ အတွက်တော့ အတော်ဘဲဖြစ်သွား မှာပေါ့။ ဒေသတွင်း လူထုအတွက်တော့ အခြေအနေနဲ့အမှီ လိုက်ရပါလိမ့်မယ်။ စီးပွါးရေး ကူးသန်းရောင်းဝယ်ရေး အစစ အရာရာ ပေါ့နော်။” ဟု ပြောဆိုသည်။ 


ဆယ်မီနာကို ဩဂတ်စ်လ ၂၂ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ကျင်းပခဲ့ပါသည်။

သျှမ်းသံတော်ဆင့်

unread,
Aug 24, 2015, 4:20:39 PM8/24/15
to thuau...@gmail.com

အားလုံး ပါဝင် နိုင်ရေးမူ အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ထိပ်သီး ခေါင်းဆောင်များ ဆက်လက် ဆွေးနွေး

Posted: 23 Aug 2015 11:24 PM PDT

တတိုင်း ပြည်လုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး NCA တွင် အားလုံး ပါဝင် နိုင်ရေး မူအားဖြင့် အားလုံး လက်ခံသော်လည်း အားလုံး ပါဝင်မှ လက်မှတ် ရေးထိုးမည် ၊ မထိုးမည် ဆိုသည့် သဘော တူညီချက် မရှိနိုင် သေးသည့်အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ထိပ်သီး ဆွေးနွေးပွဲ အား ၄ ရက် မြောက်နေ့ ဆက်လက် ပြုလုပ် နေပါသည်။



ထို့အတူ ယခုအပတ် အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးချုပ်အား ဦးဆောင် အင်အားကြီးတပ် Big 5 ( သျှမ်းပြည် တပ်မတော် SSPP/SSA, ကချင် လွတ်လပ်ရေး တပ် KIO/KIA, မွန်ပြည်သစ် ပါတီ MNSP, ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် ကရင် အမျိုးသား အစည်းအရုံး KNU ) တို့ နေပြည်တော်၌ သွားရောက် တွေ့ဆုံမည် ဖြစ်သည်။


သွားရောက် တွေ့ဆုံရာ တွင်လည်း နိုင်ငံတော် သမ္မတထံ တတိုင်း ပြည်လုံးပစ်ခတ် တိုက်မှု ရပ်စဲရေး NCA တွင် အားလုံး ပါဝင်နိုင်ရေး အတွက် ဆက်လက် တောင်းဆို သွားမည်ဟု သိရသည်။

၂၀၁၅ ရွေးကောက်ပွဲ နမ့်ခမ်း မြို့မှ လွှတ်တော် အမတ်လောင်း ၂၁ ဦး ၀င်ရောက် ယှဉ်ပြိုင်မည်

Posted: 23 Aug 2015 09:15 PM PDT

သျှမ်းမြောက် နမ့်ခမ်း မြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ အတွက် လွတ်တော် အမတ်လောင်း ၂၁ ဦး ဝင်ရောက် ရွေးချယ်မည် ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် မှ သတင်း ရရှိသည်။


“အမျိုးသား လွှတ်တော် ၆ ဦး ၊  ပြည်သူ့ လွှတ်တော် ၅ ဦး ၊ အမှတ် ၁-၂ မဲဆန္ဒနယ် သျှမ်းပြည်နယ် လွှတ်တော် နေရာအတွက် ၁၀ ဦး စုစုပေါင်း လွှတ်တော် အမတ် ၂၁ ဦး ရှိကြတယ်” ဟု  နမ့်ခမ်းမြို့နယ် ကျားဖြူ ပါတီ SNDP အတွင်းရေးမှူး စိုင်းထွန်းလှ က ပြောသည်။


အမျိုးသား လွှတ်တော် နေရာမှာ ဒေါက်တာ စိုင်းကျော်အုန်း SNDP ၊ နန်းထွေးမှုံ SNLD ၊ ဦးညီစိန် တအာင်း အမျိုးသား ပါတီ ၊ စိုင်းဆာလူ USDP ၊ ဒေါ်စန်းစန်းမော် NLD ၊ ဦးခွန်ထူး တသီးပုဂ္ဂလ ၊ ပြည်သူ့ လွှတ်တော် နေရာ၌ စိုင်းတင်ဦး SNDP ၊ နန်းမွေခမ်း SNLD ၊ ဦးထွန်းကျော် တအာင်း အမျိုးသား ပါတီ ၊ မိုင်းထွန်းအောင် USDP ၊ နန်းမဌေး NLD တို့ဖြစ်ကြောင်း  ၄င်းက ဆိုသည်။


သျှမ်းပြည်နယ် လွှတ်တော် နေရာ အတွက်၌ SNDP ပါတီမှ စိုင်းစောလှ နှင့် စိုင်းလိန်မောဝ် ၊ SNLD ပါတီမှ စိုင်းသန်းစိန် နှင့် စိုင်းအိုက်ဝင်း ၊ တအာင်း အမျိုးသား ပါတီမှ ဦးအောင်ဝင်း နှင့် ဦးအေးမောင် ၊ ကြံ့ခိုင်ရေး ပါတီ USDP မှ မိုင်းလှအောင် နှင့် ဦးဉာဏ်လင်းဦး ၊ NLD ပါတီမှ စိုင်းဆိုင်ဝမ်း နှင့် မိုင်းငိုအောင်မြင့် အသီးသီး တို့ဖြစ်ကြ ကြောင်း နမ့်ခမ်းမြို့နယ် မဲကော်မရှင် အဖွဲ့ ထံမှသိရသည်။


ယခု အချိန်တွင် နမ့်ခမ်းမြို့မှ နိုင်ငံရေး ပါတီများက ၄င်းမြို့နယ် အတွင်း၌ အောင်နိုင်ရေး အသင်းများ ဖွဲ့စည်းပြီး တစ်ရွာဝင် တစ်ရွာထွက် ပါတီ စည်းရုံးရေး လုပ်ငန်းများ ဟောပြော မဲဆွယ် နေသည်ဟု ဒေသခံများ ထံမှသိရှိ ရသည်။

သျှမ်းသံတော်ဆင့်

unread,
Aug 25, 2015, 4:40:52 PM8/25/15
to thuau...@gmail.com

သံလွင်မြစ် ရေကာတာ စီမံကိန်း ရပ်တန့်ရေး လက်မှတ် ၂ သောင်းကျော်ဖြင့် သြစတေးလျကောင် စစ်ဝန်ရုံးသို့ သျှမ်းလူငယ်များ သွားတောင်းဆို

Posted: 25 Aug 2015 09:18 AM PDT

သံလွင်မြစ် ပေါ်ရေကာတာ တောက်ဆောက်ရေး စီမံကိန်း အတွက် စစ်တမ်း ကောက်ယူမှု ရပ်တန့်ရေး ၊ သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက်မှု ရပ်တန့် ရေးအတွက် ပြည်တွင်း ပြည်ပနေ သျှမ်းပြည်သား နှစ်သောင်းကျော် ရေးထိုး ထားသည့် လက်မှတ်များအား သြစတေးလျကောင် စစ်ဝန်ရုံးသို့ ASSR မှ လူငယ်များ သွားရောက် ပေးအပ် လိုက်ကြောင်း သိရသည်။ 


ပြည်တွင်း ပြည်ပ သျှမ်းလူထု ရေးထိုးထားသော လက်မှတ် ၂ သောင်းကျော်၏ မိတ္တူများကို Action for Shan State Rivers အဖွဲ့က ဦးဆောင်ပြီး ရန်ကုန် အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ သြစတေးလျ နိုင်ငံကောင် စစ်ဝန်ရုံးမှ တဆင့် သံလွင်မြစ် တည်ဆောက်ရေး အတွက် စစ်တမ်း ကောက်ယူသည့် သြစတေးလျ နိုင်ငံအခြေစိုက် SMEC ကုမဏီ ထံသို့ ပေးပို့ခြင်းဖြစ် ကြောင်းသိရသည်။


SMEC ကနေ ၂၆ ရက်နေ့ကျရင် အစီရင်ခံစာ တင်တော့မှာ ဖြစ်တဲ့အတွက် ဒေသခံ လူထုရဲ့ဆန္ဒ သဘောထားတွေ ပါသွား အောင်လို့ပါ - ဟု မြန်မာနိုင်ငံ မြစ်ချောင်း အင်းအိုင်များ စောင့်ကြည့်ရေး အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ စိုင်းခေးဆိုင် ကပြောသည်။


အဆိုပါ လက်မှတ်များကို သျှမ်းပြည်နယ် အတွင်း သိန္နီ လားရှိုး သီပေါ မိန်းခေး ကွမ်းလုံ ဟိုပင် တန့်ယန်း မိုင်းရယ် မိုင်းယော် စယ်လန့် နမ့်ခမ်း မူဆယ် ကျောက်မဲ နမ့်လန် နောင်ချို နမ္မတူ ကွတ်ခိုင်  တို့အပြင် ထိုင်းနိုင်ငံရောက် သျှမ်းရွှေ့ပြောင်း အလုပ်သမား များပါ ရေးထိုးထား ကြကြောင်း ဆိုပါသည်။


အားလုံးက ဝိုင်းဝန်းပြီး ကန့်ကွက် လက်မှတ်ထိုး ကြရင်တော့ ရေကာတာ ဆောက်ဖြစ်မှာ မဟုတ်ဘူး လို့ထင်တာဘဲ ။ အခုလည်း မြန်မာပြည်မှာ ဖြစ်နေတဲ့ ရေကြီးမှုကို ကြည့်ပါလား ။ ခံရတာက လူထုလေ ။ ကျမတို့လည်း မကန့်ကွက်လို့ သူတို့ ရေကာတာ တကယ်ဆောက် ဖြစ်မယ်ဆိုရင် အခု ကြုံတွေ့ နေရတဲ့ အခြေအနေထက် ပိုဆိုးတဲ့ သဘာဝဘေးဆိုး ကြီးတွေ တနေ့ထပ် ကျလာမှာ မလွဲပါဘူး - ဟု ပါဝင် လက်မှတ်ရေးထိုးသည့် နန်းယိင်းက ပြောပါသည်။


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အတွင်း ရွှေ့ပြောင်း အလုပ်သမား များ၏ လက်မှတ်များကို စုဆောင်း နေသူ SYP အဖွဲ့မှ စိုင်းမျိုးကလည်း - သံလွင်မြစ်ဟာ သျှမ်းပြည်ထဲမှာ နှစ်ရှည်လများ ကတည်းက နေလာခဲ့တယ်။


ဒါကြောင့် တတ်နိုင်တဲ့ ဘက်က ထိန်းသိမ်း သွားမယ် ။  ဒီကို ရောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမား တွေဆိုတာ ကလည်း သျှမ်းပြည်သား တွေဘဲ ဖြစ်နေတယ် ။ ဒီစီမံကိန်း အတွက်ဘဲ ၁၉၉၆ - ၁၉၉၈ အထိ အဲဒီတုန်းက မြို့နယ် ၁၁ မြို့နယ်က ကျေးလက်ရွာသား သိန်းဂဏန်းကို မောင်းထုတ်တယ် ။


အခု ထိုင်းရောက်နေတာ သူတို့တွေ ရဲ့လက်မှတ် လဲပါဝင်တယ် ။ သူတို့က ထိုင်းနိုင်ငံသား အဖြစ် ခံယူထားတာ မဟုတ်ဘူး ။ ကိုယ့်နေရပ်ကို ပြန်ကြမယ့် သူတွေချည်းဘဲ ။ သံလွင်မြစ် ကြောင့် ဖြစ်လာမယ့် ဆိုးကျိုးကို ခံရမယ့် သူတွေ ဖြစ်တဲ့အတွက် သူတို့လည်း ပါဝင်လက် မှတ်ရေးထိုး ခွင့်ရှိတာကြောင့် သူတို့ရဲ့ လက်မှတ်ကိုကောက်ယူ ရတာဖြစ်ပါတယ် - ဟု သျှမ်းသံတော်ဆင့် အား ပြောပြသည်။


သျှမ်းပြည်တွင်း ကျေးလက် ဒေသ အသီးသီးမှ ကန့်ကွက် လက်မှတ်များကို Tai Youth Network နှင့် Shan Farmers Organization အဖွဲ့မှ ဦးဆောင်ကာ ကွင်းဆင်း ကောက်ယူ ခဲ့ကြောင်း သိရသည်။


၎င်းနှင့် ပတ်ပြီး TYN မှ အဖွဲ့ဝင် စိုင်းလွယ်က - အနုပညာရှင်တွေ ပါဝင် လာအောင် ဆွဲဆောင်ရမယ် ။ သူတို့က လူထုကို မြန်မြန် နားလည်အောင်နဲ့ များများ နားလည်အောင်  လုပ်နိုင်မယ် ။ လူထုက နေ ရေကာတာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ များများနဲ့ မြန်မြန် သိမှ ကျနော်တို့ ရေကာတာ ဆန့်ကျင် ကန့်ကွက်တဲ့ လုပ်ငန်း မြန်မြန် အောင်မြင်မယ်လေ ဟုပြောဆိုသည်။


ကျနော်တို့ ဆက်ပြီး လက်မှတ်တွေ ကောက်ယူသွားမယ် ။ လက်မှတ် မထိုးရသေး တဲ့သူတွေ လက်မှတ်ရေး ထိုးကြဖို့ တိုက်တွန်းတယ် ။ ဘာလို့လဲဆိုတော့ ဒေသခံလူထုတွေဟာ သံလွင်မြစ် ပေါ်မှာ တည်ဆောက်မယ့် ရေကာတာကြောင့် ရရှိမယ့် ကောင်းကျိုး ဆိုးကျိုးတွေကို ကောင်းကောင်း နားမလည် သေးတာတွေ ရှိတယ် ။


စစ်တမ်း ကောက်ယူနေတဲ့  SMEC ကုမ္မဏီကလည်း ရေကာတာကြောင့် ရမယ့် ကောင်းကျိုးတွေ ချည်းဘဲ လူထုကို ပြောပြတယ် ။ ရမယ့် ဆိုးကျိုး ကိုတော့ ထိန်ချန်ထားတယ် ။ ဒါကြောင့် ကျနော်တို့ ဘက်က တတ်နိုင် သလောက် လူထုကို ၂ ဘက်လုံး မြင်အောင် ရှင်းပြပြီးတော့ လူထုရဲ့ ဆန္ဒ အစစ် အမှန်ကို ရယူသွားမယ်။ - ဟု စိုင်းခေးဆိုင်က ပြောသည်။


သံလွင်မြစ် ပေါ်တွင် ရေအား လျှပ်စစ် စီမံကိန်း ၆ ခု (သျှမ်းပြည်နယ် အတွင်း ၄ ခု ၊ ကယား ပြည်နယ် ၁ ခု နှင့် ကရင် ပြည်နယ် ၁ ခု  တို့ကို မြန်မာ အစိုးရက တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ  China Three Gorges Corporation ၊ ထိုင်းနိုင်ငံမှ  EGAT International နှင့် International Group of Entrepreneurs Company Ltd ( IGOEC) တို့အား ဆောက်လုပ်ခွင့် ကန်ထရိုက် ပေးထားပါသည်။


ထိုအနက် မိုင်းတုံ ရေအား လျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာမည့်  လျှပ်စစ်ဓါတ်အား ၈၀၀၀ မီဂါဝပ် ကို ထိုင်းနိုင်ငံသို့ ၄၅ % တရုတ်နိုင်ငံသို့ ၄၅ % အား နှစ် ၄၀ ကြာ ရောင်းချမည် ဖြစ်ပြီး မြန်မာနိုင်ငံ အတွက် ၁၀ % အတွက်သာ ပေးမည်ဟု ဆိုပါသည်။ အဆိုပါ မိုင်းတုံ ရေအား လျှပ်စစ် ထုတ်လုပ်ရန် အတွက်  ဆည်တည်ဆောက်မည့် ကုန်ကျစရိတ် ငွေပမာဏ (ခန့်မှန်းခြေ) ၁၂ ဘီလီယံ ဒေါ်လာသည် လည်းဒေသတွင်း လူထုအတွက် အကျိုး အမြတ် မဟုတ်ဘဲ ပြည်ပမှ ဆောက်လုပ်ရေး ပစ္စည်းဝယ်ရန် ၊ ပြည်ပမှ အင်ဂျင်နီယာ နှင့် ပညာရှင်များအား ငှားရမ်းရန်သာ ဖြစ်သည်ဟုလည်း Action for Shan State Rivers ကပြောဆိုပါသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေး CSO များ ကူညီရန် SNLD ပါတီ တိုက်တွန်း

Posted: 25 Aug 2015 01:03 AM PDT

လာမည့် နိုဝင်ဘာလ အတွင်း ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အရပ်ဘက် လူမှုအဖွဲ့ အစည်းများမှ တတ်နိုင်သည့် ဘက်မှ အကူအညီ ပေးရန် ကျားခေါင်း ပါတီမှ တိုက်တွန်း လိုက်သည်။


သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ အင်တာနက် စာမျက်နှာတွင် ဒီမိုကရေစီ အတိုက်အခံ အင်အားစုများ အနိုင်ရရန် အတွက် ၀ိုင်းဝန်း ကူညီပေး ကြရန်ဟု ဖော်ပြထားသည်။


“ဒီ ရွေးကောက်ပွဲက အသွင် ကူးပြောင်းရေး အတွက်ကော အနာဂတ် နိုင်ငံရေး အခင်း အကျင်းမှာ ဒီမိုကရေစီ အင်အားစုတွေ အင်တိုက် အားတိုက် ပါဝင် လာဖို့က အရေးကြီး နေတယ်။ အဲဒါမှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသား တန်းတူရေး အပါအဝင် အခြားကိစ္စ တွေမှာပါ အင်တိုက် အားတိုက် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေကို တိုက်တွန်း ရတာပါ။ ” ဟု ကျားခေါင်း ပါတီမှ ပြောခွင့်ရ စိုင်းလိတ်က ပြောသည်။


ပြည်တွင်းမှ အရပ်ဘက် လူမှု့ အဖွဲ့စည်း ဖြစ်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းကမူ အတိုက်အခံ တိုင်းရင်းသား အင်အားစုများ ရွေးကောက်ပွဲ တွင် အနိုင် ရရှိရေး အတွက်
ဝိုင်းဝန်း ကူညီ သွားမည်ဟု ၈၈ မျိုးဆက် ခေါင်းဆောင် ဦးကိုကိုကြီးက ဗွီအိုအေ နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။


လာမည့် ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်ရှိ မဲဆန္ဒ နယ်များတွင် သျှမ်း ပါတီ နှစ်ပါတီ အပြင် ပြည်ခိုင်ဖြိုး ပါတီနှင့် အန်အယ်လ်ဒီ ပါတီတို့မှာ နေရာအားလုံး နီးပါး ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်သော ကြောင့် သျှမ်းပြည်နယ် အတွင်း ရွေးကောက်ပွဲ ကျင်းပမှုများမှာ အကြိတ် အနယ်ရှိလာ မည်ဖြစ် သည်။


သျှမ်းပြည်နယ် အတွင်း မဲဆန္ဒ နယ်များတွင် သျှမ်း ပါတီ နှစ်ပါတီ စလုံး ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ် သော်လည်း ပြည်သူများ ဆန္ဒမဲ ပေးနိုင်ရေး အတွက် ပညာပေး အစီစဉ်များမှာ ယခု အချိန်အထိ ဆောင်ရွက်မှုနည်းပါး နေသည်ဟု လေ့လာ သူများက ဆိုကြသည်။


“အခု အချိန်ထိ သျှမ်း အရပ်ဘက် အဖွဲ့စည်းတွေက ပါတီတွေနဲ့ ဆက်ဆံမှုတွေ နည်းနေ သလို သူတို့လုပ်ရမဲ့ အလုပ်တွေဖြစ်တဲ့ ပညာပေး အစီစဉ် တွေလည်း လုပ်တာ သိပ်မတွေ့ သေးဘူး။ နောက်ပြီးတော့ အရပ်ဘက် လူမှု အခြေပြု အဖွဲ့စည်းတွေ သျှမ်း အန်ဂျီအိုတွေ အများစု လုပ်နေပုံက စစ်အစိုးရ လက်ထက်က လုပ်နည်း ကိုင်နည်း တွေဖြစ်နေပြီး ဒီဘက်ခေတ်နဲ့ သိပ်အံမဝင် တာလည်း တွေ့ရတယ်။ အများစုက အပြင်မှာပဲ နေနေ ကြပြီး ရွေးကောက်ပွဲရဲ့ အရေးပါ ပုံတောင် သိတောင် မသိကြဘူး ထင်တယ် ” ဟု  ဆဲန်ပိုင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ စိုင်းဇင်က မှတ်ချက်ပြု ပြောဆို သည်။


ယင်းအပြင် သျှမ်း တိုင်းရင်းသား များနေထိုင်ရာ အခြား ဒေသများ ဖြစ်သည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ကချင် ပြည်နယ် စသည့် ဒေသများတွင် လည်း သျှမ်း လူထု အခြေပြု အဖွဲ့စည်းများ အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ လှုပ်ရှားမှု များမှာ အလွန်နည်းပါး နေကြောင်းလည်း သိရသည်။


တိုင်းရင်း မီဒီယာ များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာ သတင်းဌာန BNI မှ စိုင်းလိတ် က ' သျှမ်း CBO တွေ အနေနဲ့ လာမဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး တော်တော်လေး ငြိမ်သက် နေကြတယ်။


သျှမ်း တိုင်းရင်းသား တွေနေထိုင်တဲ့ ဒေသတွေ အားလုံးမှာ သျှမ်းပြည်သူ တွေရွေးကောက် ပွဲမှာ ဘယ်လို မဲပေးသင့် သလဲဆိုတာကို သေသေ ချာချာ သိအောင် အတွက် ပညာပေးမှု အစီအ စဉ်တွေ လုပ်ဆောင်ပေးသင့်တယ် ။ လာမဲ့ ရွေးကောက်ပွဲဟာ သိပ်အရေးကြီး တယ် ။ ဒါကို အားလုံး နားလည် ထားဖို့လိုတယ် ။ ' ဟု ပြောသည်။


ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ သူရဦး ရွှေမန်းနှင့် မဟာမိတ် ဖွဲ့မည်ဟု တစ်ပြေးနေသည့် အင်အားကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် သျှမ်းပြည်နယ် အတွင်း မြန်မာစကား မပြောသည့် နေရာဒေသ များတွင်ပါဝင် ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင် နေသည့် အတွက် သျှမ်းပြည်နယ် အတွင်း မဲဆန္ဒနယ်များ မှာ ပြင်းပြင်း ထန်ထန် ဖြစ်လာဖွယ် ရှိနေကြောင်း အကဲခတ်များက သုံးသပ်ကြသည်။

NCA တွင် အားလုံး ပါဝင်နိုင်ဖို့ သမ္မတထံသို့ တိုင်းရင်းသား ခေါင်းဆောင်များ တောင်းဆိုမည်

Posted: 24 Aug 2015 07:11 PM PDT

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများ၏ ထိပ်သီး ခေါင်းဆောင်များက နိုင်ငံတော် သမ္မတ ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ နှင့် တွေ့ဆုံလျှင် မကြာမီ ဖြစ်ပေါ်လာမည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲသို့ အားလုံး ပါဝင် နိုင်ရေးအတွက် တောင်းဆိုသွား မည်ဟု ပြောရေး ဆိုခွင့်ရှိသူ ဗဒိုစော ကွယ်ထူးဝင်းက ပြောသည်။


၂၀၁၅ ဩဂတ်စ် ၂၁ မှ ၂၄ ရက် နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် ၄ ရက်ကြာ ထိပ်သီး အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၇ ဖွဲ့အနက် ၁၅ ဖွဲ့ တက်ရောက်ကြောင်း ၊ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA တွင် အားလုံး ပါဝင်ရေးမူ အတွက် နိုင်ငံတော် သမ္မတ ၊ တပ်မတော် ကာကွယ်ရေး ဦးချုပ် တို့ နှင့် တွေ့ဆုံလျှင် ဆွေးနွေး ညှိနိုင်း သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာသွားသည်။


“အကုန်လုံး ပါဝင်တဲ့ မူကိုတော့ ကျနော်တို့ တင်ပြမယ် ၊ အစိုးရ ဘက်က မူအရ လက်ခံ နိုင်မယ်ဆိုရင် ကျနော်တို့ ဆက်လက် ညှိနှိုင်းမယ်။ မပါဝင်နိုင် တဲ့အဖွဲ့ အစည်းဆိုရင်လဲ ကျနော်တို့ တင်ပြထား သလိုပေါ့ ၊ နိုင်ငံရေး အရ ၊ စစ်ရေး အရ အာမခံချက် ရဖို့အတွက် သူတို့လဲ အဆင့်ဆင့် ပါဝင်လာနိုင်ဖို့ ကျနော်တို့ ဆုံးဖြတ် ထားတယ်” - ဟု ပြောရေး ဆိုခွင့်ရှိသူ ဗဒိုစော ကွယ်ထူးဝင်း ကပြောသည်။


နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တို့အား ထိပ်သီး ၅ ဖွဲ့ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး KNU, ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP, ကချင်လွတ် လပ်ရေးအဖွဲ့ KIO, မွန်ပြည်သစ် ပါတီ NMSP, သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP တို့မှ ခေါင်းဆောင် ၅ ဦး နှင့် အဆင့်မြင့် ဆွေးနွေး ညှိနိုင်းရေး ကိုယ် စားလှယ် SD မှ ထိပ်ပိုင်း ခေါင်းဆောင် ၃ ဦးဖြစ်သည့် ဥက္ကဌ နော်ဇီဖိုးရာစိန် ၊ အန်ဘန်းလ နှင့် ပူးဇင်ကျုံး တို့ နေပြည်တော်၌ သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ၊ တွေ့ဆုံမည့်ရက် အတိအကျ မသတ်မှတ် ရသေးကြောင်း သိရသည်။



ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး အား ၄ ရက်ကြာ ကျင်းပ ပြီးစီးသွား သော်လည်း ဩဂတ်စ် ၂၅ ရက်နေ့တွင် အဆင့်မြင့် ဆွေးနွေး ညှိနိုင်းရေး ကိုယ်စားလှယ် SD အဖွဲ့ဝင် လူကြီးမင်းများ ဆက်လက်ဆွေးနွေး မည်ဖြစ် ကြောင်း ၊ ရန်ကုန်မှ လာမည့် MPC မြန်မာ ငြိမ်းချမ်းရေး စင်တာမှ ကိုယ်စား လှယ်တော်ကြီး များနှင့်လည်း နိုင်ငံသမ္မတ ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့နှင့် တွေ့ဆုံရေး အစီအစဉ်အတွက် ထပ်မံ တွေ့ဆုံ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ကြားသိရပါသည်။

သျှမ်းသံတော်ဆင့်

unread,
Aug 26, 2015, 4:22:31 PM8/26/15
to thuau...@gmail.com

အစိုးရစစ်တပ် နှင့် RCSS/SSA ကွန်ဟိန်းတွင်တိုက်ပွဲဖြစ် အဖမ်းခံရ ရွာသား ရ ဦး ယနေ့ပြန်လည်လွှတ်မြောက်

Posted: 25 Aug 2015 10:34 PM PDT

သြဂတ်စ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ကွန်ဟိန်းမြို့နယ် ဆိုက်ခေါင်ရွာ အနီးတွင် တပ်မတော်နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့်  အစိုးရတပ်မှ ဖမ်းဆီးသွားသော ရွာသား ရ ဦးကို ယနေ့မနက် ပြန်လွှတ် ပေးလိုက်သည်ဟု သိရသည် ။


အခင်းဖြစ် ပွားရာအနီး ဆိုက်ခေါင်ရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ရ ဦးအား တပ်မတော် တပ်ရင်းမှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည့် အပေါ်  အကူအညီ ပေးရန် ကွန်ဟိန်း မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းထံ မနေ့ညက ချက်ချင်း စာရေးသား တောင်းဆိုခဲ့ရာ သြဂတ်စ်လ ၂၆ ရက် ယနေ့ မနက်တွင် အားလုံး ပြန်လည် လွှတ်မြောက်ပြီ ဖြစ်ကြောင်း သိရသည် ။  

 
“တပ်မတော်က ဖမ်းသွားတာ ရ ဦးပေါ့လေ ။ တိုက်ပွဲက  မဖြစ်တာ ကြာပြီ ။ အခု တိုက်ပွဲလည်းဖြစ် လူတွေလည်း ဖမ်းဆိုတော့ ဒေသခံတွေလည်း တော်တော် စိတ်ပူ နေတယ် ။ ဒီမနက် ပြန်လွှတ်လာပြီ လို့ ကျမ ဖုန်းနဲ့ ဆက်သွယ်တော့ သူတို့ပြောပြပါတယ် ”  ဟု  ဒေါ်နန်းဝါနုက ပြောသည်။


ဖမ်းဆီး ခံရသူများမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလုံးဟိန်နန္ဒ ၊ စိုင်းအ ၊ လုံးကောလီ ၊ ကိုထွန်း ၊ စိုင်းနာရတ္တ ၊ စိုင်းကောလိန်ည နှင့် စိုင်းခေးဟိန်တ တို့ဖြစ်ကြောင်း ဒေါ်နန်းဝါနု ကပြောပါသည် ။


အဆိုပါ အဖမ်းခံရသူ ရ ဦးအနက် စိုင်းကောလိန်ည မှာအသက် ၁၅ နှစ်သာ ရှိသေးသည်ဟု လည်း သိရသည်။


ကွန်ဟိန်း မြို့နယ် အတွင်းရှိ ဆိုင်ခေါင် ၊ ၀မ်လော စသည့် ကျေးရွာများတွင် သြဂတ်စ်လ ၂၅ ရက် နေ့ မနက်ပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကွန်ဟိန်းမြို့ အတွင်းမှလည်း ပေါက်ကွဲသံများ ကြားနေ ရကြောင်း ဒေသခံ အချို့က ပြောသည်။


သြဂတ်စ်လ ၂၅ ရက်နေ့ တိုက်ပွဲများနှင့် ပတ်သက်၍ RCSS/SSA မှ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ က - တိုက်ပွဲဖြစ်တာ ၂ နေရာတဲ့ ပိန်းခန်ရွာ နဲ့ ဆိုင်းခေါင် ရွာနားမှာ လို့ ပြောတယ် ။ အချိန်က မနက် ပိုင်းမှာ တကြိမ် ညနေပိုင်းမှာ တကြိမ် လို့ပဲ ပြောလာတယ် ။ အသေ အပျောက်တော့ မသိရသေးဘူး ။ အင်အားတွေ ဆက်တိုး လာနေတယ် လို့လည်း ကြားတယ် ။ - ဟု ပြောသည် ။


သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီမှာ အစိုးရနှင့် ၂၀၁၁  က ပြည်ထောင်စု အဆင့် အပစ် ခတ်ရပ်စဲရေး ပြုလုပ်ထားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ကိုလည်း လက်မှတ် ရေးထိုးမည်ဟု ကြေငြာထားသည့် အဖွဲ့အစည်း ဖြစ်ပါသည် ။


နောက်ဆုံး ကြားသိထားသော သတင်းများအရ ကွန်ဟိန်းမြို့နယ် အတွင်း တပ်မတော်မှ စစ်အင် အား တိုးချဲ့မှုများ ပြုလုပ်လျက် ရှိနေကြောင်း ဒေသခံများမှ သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောဆိုသည်။

သျှမ်းသံတော်ဆင့်

unread,
Aug 27, 2015, 4:33:42 PM8/27/15
to thuau...@gmail.com

ပလောင် (တအာင်း) တပ်ဖွဲ့ကို အစိုးရတပ် တပ်မ ၇၇ ပိုက်စိတ်တိုက် လိုက်လံ တိုက်ခိုက်

Posted: 27 Aug 2015 07:48 AM PDT

သျှမ်းပြည် မြောက်ပိုင်း ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း သွားလာ လှုပ်ရှားနေသည့် ပလောင် (တအာင်း) လက်နက်ကိုင်တပ် TNLA တပ်ဖွဲ့ များအား တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းများက နေ့စဉ်ရက်ဆက် ပိုက်စိတ်တိုက် နောက်ယောင်ခံ လိုက်ကာ တိုက်ခိုက်နေ ကြောင်း ကြားသိရသည် ။


ဩဂတ်စ် ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မြို့တော် နမ့်ဆန် မြို့နယ် အတွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားကြောင်း ၊ အစိုးရ တပ်မတော် တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းက TNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၄၃၄ အား လိုက်လံ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၊ လက်ရှိသွားနေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်နိုင် ကြောင်း TNLA ကပြောသည် ။


‘ ကျနော်တို့ ဘက်က တနိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး ချောမွေ့နိုင်အောင် ထောက်ပံ့မှု ဖြစ်အောင် အတတ်နိုင်ဆုံး တိုက်ပွဲတွေ လျှော့ချမယ်လို့ ဆုံးဖြတ်ထားတာ ။ ဒါပေမယ့် အစိုးရတပ်က ကျနော်တို့ရှောင်ပေးတဲ့ နေရာတွေ ဝင်ရောက် စခန်းလာတယ် ။ ပြီးတော့ ကျနော်တို့ကို ပိုက်စိတ်တိုက် လိုက်လံ ရှာဖွေပြီးတော့ တိုက်ခိုက်တဲ့အနေ အထားရှိနေတယ် ၊ ရှောင်လို့ မရတော့ ခုခံ တိုက်ခိုက် တာပဲဖြစ်တယ် ’ - ဟု TNLA ၏ နိုင်ငံခြား ရေးဌာနမှူး တာ့ဘန်းလှ ကပြောသည် ။


တိုက်ပွဲကြောင့် နှစ်ဘက် အကျ အဆုံး မသိရ သေးကြောင်းလည်း တာ့ဘန်းလှက ပြောသည် ။


နှစ်ဘက် ဖြစ်ပွား လာနေသော တိုက်ပွဲကြောင့် ကျောက်မဲမြို့ဘက်မှ အစိုးရတပ်များ နမ့်ဆန်ဘက် အင်အား ထပ်ဖြည့်လာ နေသောကြောင့် တိုက်ပွဲ ပိုမိုဖြစ်ပွား လာမည်ကို အထူးစိုးရိမ် နေကြောင်း ၊ ဒေသခံအများအပြားလဲ တောင်ယာ လုပ်ငန်း ၊ လက်ဘက်ခြံ လုပ်ငန်းများ သွားရောက် လုပ်ကိုင်ခြင်း မဝံ့ရဲကြကြောင်း ဒေသခံ ဦးမိုင်းအိုက်က ပြောသည် ။


ထို့အတူ ဩဂတ်စ် ၂၃ ရက်ကလည်း သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ အတွင်း TNLA နှင့် အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့ သေးသည်ဟု သိရသည် ။


သျှမ်းပြည် မြောက်ပိုင်း အတွင်း မြန်မာစစ်တပ် နှင့် တိုက်ပွဲ ဖြစ်ပွါးနေဆဲ အဖွဲ့ဖြစ်သည့် ပလောင် တပ်ဖွဲ့ TNLA  အပါအဝင် ရခိုင်တပ်မတော် AA ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် နိုင်ငံတော် ဂုဏ်သိက္ခာကို ထိပါးစော်ကား သဖြင့်  နိုင်ငံရေး ဆွေးနွေးပွဲသို့ ပါဝင်လျှင် လက်နက်အပြီး ချဖို့ လမ်းတခုသာ ရှိသည်ဟု မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် က မြန်မာ စာနယ်ဇင်းကောင်စီ(ယာယီ) ကို ပြောကြားသည် ။

၁၃ နှစ်ကြာ ပိတ်ထားသည့် ထိုင်း - မြန်မာ BP 3 ဂိတ် တပတ် တခါ ပြန်ဖွင့်

Posted: 27 Aug 2015 06:17 AM PDT

ထိုင်း - မြန်မာ နယ်စပ် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပန်ကမ့်ကော် - လတ်တိုင်ရွာ (BP3) ဝိန်းဟဲန် မြို့နယ် ချင်းမိုင် ခရိုင် နှစ်နိုင်ငံ နယ်စပ် လူဝင်ထွက် ဂိတ်အား ကြာသပတေး နေ့တိုင်း (ကတ်နတ်) ဈေးနေ့  သတ်မှတ်ကာ ဖွင့်လှစ် ဈေးရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည် ။


သြဂတ်စ်လ ၂၇ ရက် ကြသပတေးနေ့ ယနေ့ မနက်ပိုင်းက သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပန်ကမ့်ကော် နှင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် လတ်တိုင်ရွာ တို့ အကြား BP3 နယ်စပ် ဂိတ်အား နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ၊ နှစ်နိုင်ငံ ဆက်ဆပ်နေ ဒေသခံများ အတွက် တပတ် တရက် ဈေးဖွင့်လှစ် ပေးခဲ့သည်ဟု လတ်တိုင် ရွာသားများက ပြောသည် ။


လက်ရှိ အနေ အထားက နှစ်နိုင်ငံ တခါးပေါက် တပတ် တခါ ဖွင့်လှစ်သည် ဆိုသော်လည်း လွန်ခဲ့သည့် ၁၃ နှစ်က ဖွင့်လှစ် သွားလာသည့် ဂိတ်မဟုတ်ဘဲ မြန်စစ်တပ် တပ်စခန်း နှင့် ထိုင်း စစ်တပ် တပ်စခန်းအတွင်း ဖြတ်ကာ အခမဲ့ သွားလာခွင့် ပြုခြင်းသာ ဖြစ်ကြောင်း ၊ ထိုင်းဘက်မှ သျှမ်းပြည် ဘက်သို့ ဝင်ထွက် သွားလာသူ မရှိသလောက် ရှိနေသေးကြောင်း ဒေသခံများက ပြောသည် ။ 


“မနက် ၈ နာရီက စပြီး သွားလာခွင့်ပြုတယ် ။ ဈေးသည်တွေ တော်တော် များပါတယ် ။ ထိုင်း ဘက်က လူက ပိုများတယ် ။ ဈေးသည်ရော လည်ပတ်တဲ့ လူရော ။ ဘဏ် အဖွဲ့ကလည်း ရှိတယ် ။ ကျန်း မာရေး အဖွဲ့ဆိုရင်လည်း ငှက်ဖျား ရောဂါအတွက် ဆေးစစ်ပေးဖို့ လာကြတယ် ။ ထိုင်းဘက်က ပေါ့ ။ ဟိုး ဘက်ကတော့ မိုင်းတော့ မိုင်းထားက လာတယ် ။ အသား ငါးတွေ ၊ ခြံထွက် သီးနှံတွေ ၊ လာရောင်းတယ် ။ ညနေ  ၄ နာရီ အထိ ဖွင့်မယ်လို့ ပြောပါတယ် ။” - ဟု လတ်တိုင်ရွာသူ ပါ့နန်းယိင်းက ပြောသည် ။


ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု ပိန်းလုံရွာမှ ၄ ကီလိုမီတာ အကွာ နယ်စပ်နှင့် ကပ်လျက် (ထိုင်းဘက်ခြမ်းမှ) လတ်တိုင်ရွာ ၀ပ်ဖဝိန်း အင်း ဘုန်းကြီးကျောင်း အထက်ဘက်ရှိ နှစ်နိုင်ငံ တပ်စခန်း နှစ်ခုကြား လူဝင် ထွက်ပေါက်အား ယာယီ နယ်စပ် တံခါးပေါက် ဖွင့်လှစ်ကာ ဘုန်ကြီးကျောင်း ဝန်း အတွင်း ဈေးလုပ် ရောင်းချ နေကြခြင်း ဖြစ်သည် ။


 “ ရဲတွေ စစ်တပ် တွေလည်း ပြည့်နေတယ် ။ လူကြီး လာဖွင့်မယ် ဆိုလို့လေ ။ ဒီနေ့ တရားဝင် ဂိတ်ဖွင့် မယ်လို့ သတင်းတွေ ကြားရလို့တဲ့ ဟိုးဘက်ခြမ်းက ကုန်သည်တွေ ကားကြီးတွေနဲ့ လာစောင့်တယ် ။ နောက်တော့ လူဝင်ပေါက် ဘဲဖွင့်တော့ အသီးသီးပြန် သွားကြတယ် ။ ဒေသတွင်း လူထုတော့ ၀မ်းသာတာပေါ့ ။ ” -  ဟု လတ်တိုင်ရွာမှ အကြီးအကဲ ဦးလုံးပညာ ကပြောပါသည် ။  


ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် အဆိုပါ လတ်တိုင် နယ်စပ်ဂိတ်အား စက်တင်ဘာလ ၁၀ ရက်နေ့တွင် တရားဝင်  လူဝင် ထွက်ခွင့် ပေးမည်ဟု ဝိန်းဟိုင်မြို့နယ် ရုံးသို့ ခွင့်ပြု မိန့်ပေးပို့ ထားသည်ဟု ရုံးဝန်ထမ်းတဦးက ပြောသည် ။


ထို့ကြောင့် ထိုင်း အာဏာပိုင် များဘက်မှ အဆိုပါ လတ်တိုင်ရွာ နယ်စပ်ဂိတ်ကို ကြာတပတေး နေ့တိုင်း ကတ်နတ် ဈေးနေ့ သတ်မှတ်မည်ဟု ဆွေးနွေး နေကြကြောင်း ဦးလုံးပညာက - “ ဒါကတော့ ထိုင်းအာ ဏာပိုင် ဘက်က ဖြစ်ချင်တဲ့ ဆန္ဒ ပေါ့နော် ။ ဖွင့် စေချင်နေတာ ။ မြန်မာ အာဏာ ပိုင်တွေ ဘက်က တော့ အထက်က ခွင့်ပြုချက် မပေးသေးဘူး လို့ဘဲ ပြောနေပါတယ် ။ ဒါကြောင့် ကား အဝင် အထွက် ဂိတ်ကြီး တော့ မဖွင့် သေးပါဘူး ။ ခုလောလောဆယ်  ဂိတ် အသေးဘဲ ဖွင့်နေတာ ဖြစ်ပါတယ် ။”  - ပြောသည် ။


ပန်ကမ့်ကော် နယ်စပ်ဂိတ် သည် ၂၀၀၁-၂၀၀၂ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ အကြား လချီ တိုက်ပွဲကြောင့်  ယနေ့တိုင် ပိတ်ထားရာမှ တပတ်တခါ ဈေးခင်း တည်ကာ ဒေသခံများ သွားလာခွင့် ပြုလာခြင်း ဖြစ်သည် ။ ထိုင်း - မြန်မာ နယ်စပ် BP 1 (နောင်အုတ် - ပုံပါကျင်) ၊ BP3 (လက်တိုင် - ပန်ကမ့်ကော်) နယ်ခြား ဂိတ်များအား တရားဝင် နယ်ခြားဂိတ် အဖြစ် ဖွင့်လှစ်ရန် နိုင်ငံ ပြင်ဆင်နေ ကြောင်း ၊ အဆိုပါ လမ်းများ ဖွင့်လှစ်မည် ဆိုပါက တောင်ကြီးမြို့သို့ နေ့ချင်းပေါက် သွားလာနိုင်မည် ဟုသိရသည် ။




ကလေးများ ကျန်းမာရေး စာသင်ကျောင်း များအပေါ် တွင်လည်း အများ အပြားမူတည်

Posted: 26 Aug 2015 11:32 PM PDT

သို့ - သျှမ်းသံတော်ဆင့်


မူစယ်မြို့ ပေါ်နှင့် အနီးကျေးရွာရှိ ကျောင်းများ၏ ကျောင်းဝန်း ၊ ကျောင်းပြင် ၊ ကျောင်းပရဝဏ် အနီး၌ တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာ သော FDA ထောက်ခံချက်မဲ့ အန္တရာယ်ရှိ အစား အစာများ ၊ ရောင်းချ နေမှုအပေါ် ကျောင်းကျန်းမာရေး အဖွဲ့ နှင့် တာဝန် ရှိသူတို့မှ တစုံတရာ အရေးယူ ဆောင်ရွက်မှု မရှိကြောင်း သိရှိရသည် ။


၂၀၁၅ ဂျွန်လ အတွင်းက မြို့နယ် လက်ထောက် ပညာရေးမှူးအား ကျောင်းဈေး နှင့် ပတ်သက် ၍ စီစဉ် ဆောင်ရွက်ထား ရှိမှုအပေါ် စုံစမ်း မေးမြန်း သည့်အခါ စားသုံးရန် သင့် မသင့် မခွဲခြား တတ်၍ မည်သို့မျှ မစီစဉ် ထားကြောင်း ပြန်လည် ဖြေကြားခဲ့သည် ။


ပညာရေးမှူးများ ကျောင်းအုပ် ဆရာ ဆရာမ များသည် တရုတ်မုန့်များ အမှန်တကယ် အန္တရာယ်ရှိမှန်း သိသော်လည်း ကျူရှင်ကိစ္စ ကိုယ်ပိုင် ပညာသင်ကျောင်း ကိစ္စများဖြင့် ကိုယ် ကျိုးရှာ အချိန်ပေး နေရသောကြောင့် ကျောင်းဈေးတန်း ကိစ္စကို  တမင်လျစ် လျူရှု ထားသည်ဟု ယူဆမိပါသည် ။


ဇေယျာမောင်

တောင်ကြီးမြို့ ဝေဠု ဝန်ပရိယတ္တိ စာသင်တိုက် မဟာ နာယက ဆရာတော် ၏မွေးနေ့ ယနေ့ ဖွင့်ပွဲကျင်းပ

Posted: 26 Aug 2015 10:01 PM PDT

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ဝေဠုဝန် ပရိယတ္တိ စာသင်တိုက် မဟာနာယက ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဆရာတော် ဘုရားကြီး၏ ရ၉ နှစ်ပြည့် မွေးနေ့ ဝိဇာတပူဇာ နှင့် သိက္ခာထပ် မင်္ဂလာပွဲ တော်ကို အင်္ဂလန် အောက်စ်ဖိုဒ့် ဆရာတော် ပါမောက္ခ ဒေါက်တာ ဘဒ္ဒ န္တ ဓမ္မသာမိ ဦးဆောင် ကျင်းပ ပူဇော် သွားမည်ဖြစ် ကြောင်း သိရသည် ။


မွေးနေ့ ပွဲတော်ကို ယနေ့ သြဂတ်စ် ၂၇ တွင် စတင် ကျင်းပ မည်ဖြစ်ပြီး ၃၀ ရက် နေ့ညပိုင်း အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည် ။
 

မွေးနေ့ ဝိဇာတပူဇာ နှင့် သိက္ခာထပ် မင်္ဂလာ ပွဲတော်ကို သျှမ်းပြည်နယ် အတွင်းရှိ ကျောင်းထိုင် ဆရာတော် ရ၉ ပါး ပင့်ဆောင် ထားပြီး  ကျောင်းဝင်း အတွင်းတွင် သစ်ပင်ပေါင်း ရ၉ ပင် စိုက်ပျိုးသွား မည်ဖြစ်ကြောင်း   ပွဲတော် ဖြစ်မြောက်ရေး ကော်မတီဝင် အတွင်းရေးမှူး အရှင်မဟောသဓာက မိန့်တော်မူ သည် ။


သြဂတ်စ်လ ၃၀ ရက်နေ့တွင် ကျရောက်သော ဆရာတော် ဘုရားကြီး ၏မွေးနေ့ တွင်  ကျန်းမာရေး အထောက်အပံ့ ဖြစ်စေရန်  အနန္တငါးပါး အပါအဝင် ကျေးဇူးတော်ရှင် ဆရာတော်၏ ဂုဏ်ကျေးဇူးတရားကို ပူဇော် ကျေးဇူးဆပ်မှု တစ်ခု ဖြစ်စေရန် အင်္ဂလန် အောက်စဖိုဒ့် ဆရာတော် ဘဒ္ဒ န္တ ဓမ္မသာမိ ဦးဆောင်ပြီး ကျင်းပခဲ့ကြောင်း အရှင်မဟောသဓာက မိန့်တော်မူ သည် ။


“ အင်္ဂလန် အောက်စ်ဖိုဒ့် ဆရာတော် ပါမောက္ခ ဒေါက်တာ ဘဒ္ဒ န္တ ဓမ္မသာမိ ဆရာတော် ဓမ္မသာမိ ဦးဆောင်ပြီး မွေးနေ့မင်္ဂလာပွဲ ကျင်းပတာ ကိုယ့်လူမျိုး အတွက် ကော  ကိုယ့် သာသနာ အတွက် ဂုဏ်ယူဝမ်းသာ ပီတိ ဖြစ်မိကြောင်း ”  နမ့်ခုံး သျှမ်းပရဟိတ နယ်လှည့် တာဝန်ခံ နန်းခမ်းအေး က ပြောသည် ။


၂၇ ရက် နေ့မှ ၃၀ ရက်နေ့ အထိ ကျင်းပမည့် မွေးနေ့ မင်္ဂလာ ပွဲတော်တွင် ည စဉ်ညတိုင်း မိုင်းကိုင်မြို့ မွေတော် ရွှေမြင်ထင် စေတီ ဘုရားကြီး ကျောင်းတိုက် ဆရာတော် ဘဒ္ဒ န္တရေဝတ ၊ တောင်တန်း သာသနာပြု ဆရာတော် ဘဒ္ဒ န္တ သုခမိန္ဒ ( စဝ်သုခမ်း) နှင့် အင်္ဂလန် အောက်စ်ဖိုဒ့် ဆရာတော် ပါမောက္ခ ဒေါက် တာ ဘဒ္ဒ န္တ  ဓမ္မသာမိ တို့မှ တရားတော်များေ ဒသနာ ဟောကြားမည် ဖြစ်ကြောင်း လည်း  အရှင် မဟော်သဓာက မိန့်တော်မူ သည် ။


ဆရာတော် ဘုရားကြီးသည် ဝေဠုဝန် ပရိယတ္တိ စာသင်တိုက်၌ မဟာနာယက ၊ မြို့နယ် သံယနာယဂ အဖွဲ့ ၊ ပရိ ယတ္တိစာမေး / ပြန်ပွဲများ၏ သြဝါဒစရိယ  ၊ ပါဠိနှင့် ပုစ္ဆာဝိသောဓက ၊ ဝိနယဂရုက ၊ ဂန္ထကာရက ကျမ်းပြု ဆရာတော် ဖြစ်ပြီး ဓမ္မာ စရိယ ဘွဲ့တံဆိပ်တော် ၊ မဟာဂ န္ထဝါစကပဏ်ဏ္ဍိတ ဘွဲ့တော် ၊ အဂ္ဂမဟာ ဂ န္ထဝါစကပဏ္ဍိတ ဘွဲ့တော် နှင့် သျှမ်းပြည်နယ် လုံးဆိုင်ရာ သံယာ့ အဖွဲ့ချုပ်မှ ဆက်ကပ်တော်မူသော “အနုနာယက” ဘွဲ့တံဆိပ်တော် ရရှိခဲ့ကြောင်း ဆရာတော်၏ အတ္ထုပတ္တိ စာအုပ်တွင် ဖော်ပြ ထားသည် ။

သျှမ်းသံတော်ဆင့်

unread,
Aug 28, 2015, 4:20:22 PM8/28/15
to thuau...@gmail.com

သျှမ်းပြည် အရှေ့ပိုင်း၌ ကျားခေါင်း ပါတီ ကိုယ်စားလှယ် လောင်း ၂၉ ဦးပြိုင်ပွဲ ဝင်မည်

Posted: 28 Aug 2015 01:06 AM PDT

သျှမ်းပြည် အရှေ့ပိုင်း ၁၀ မြို့နယ် အတွင်း ကျားခေါင်း ပါတီခေါ် သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ ကိုယ်စားလှယ် လောင်း ၂၉ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကြားသိရသည် ။


၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ တွင် သျှမ်း ပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် ၊ မိုင်းဆတ်ခရိုင် နှင့် တာချီလိတ် ခရိုင်များ အတွင်းရှိ မြို့နယ် ၁၀ ခု တွင် အမျိုးသား လွှတ်တော် အမတ် ၂ နေရာ ၊ ပြည်သူ့ လွှတ်တော် အမတ် ၉ နေရာ ၊ ပြည်နယ် လွှတ်တော် ၁၈ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကျားခေါင်း ပါတီ၏ သျှမ်းပြည် အရှေ့ပိုင်း ခေါင်းဆောင် စိုင်းဝင်းမြတ်ဦး က ပြောသည် ။


“မိုင်းလားက မသေချာ တော့ဘူး ။ အခု ဝင်မှာက ၂၉ နေရာ က လေ ။ ဒီတခေါက်က ပွဲပိုလှမယ် ။ ပညာ တတ်တွေ တော်တော် ပါလာတယ် ။ ဒေါက်တာတွေ ၊ ပါမေက္ခတွေ ၊ ရှေ့နေတွေ ပါ ပါတယ် ” - ဟု စိုင်းဝင်းမြတ်ဦးက ပြောသည် ။


မိုင်းယောင်း မြို့နယ် SNLD ပါတီ၏ မြို့နယ်ဥကဌ စိုင်းဆိုင်က - ကျနော်တို့ မိုင်းယောင်းနဲ့ မိုင်းယုမှာ ပါတီ ရုံးခွဲ ဖွင့်လှစ် လာတာ ၂ နှစ်ရှိပြီ ။ ရုံးခွဲ ၈ ခု ရှိပါတယ် ။  ဒီဒေသမှာ ပါတီဝင် ၂ ထောင်ကျော်ရှိပါတယ် - ဟုပြောဆိုသည် ။


သျှမ်းပြည် အရှေ့ပိုင်းတွင် ဒေသခံ ပါတီဖြစ်သည့် သျှမ်းပြည် အရှေ့ပိုင်း ဖွံ့ဖြိုး တိုးတက်ရေး ဒီမို ကရက်တစ် ပါတီ ESSDDP ခေါ် မင်္ဂလာ စည်တော်ပါတီ (ကောင်စိုင်း) လည်း ခေါင်းဆောင် စိုင်းဟောင်ခမ်းကိုယ်တိုင် ပါဝင်သည့် ကိုယ်စားလှယ် လောင်းလေးဦး ပါဝင် ယှဉ်ပြိင်မည် ဖြစ်သည် ။


ထို့အတူ အင်အားကြီးသျှမ်းပါတီ တခုဖြစ်သည့် ကျားဖြူပါတီက လည်း သျှမ်းပြည် အရှေ့ပိုင်း အတွင်း ၂၉ နေရာ ယှဉ်ပြိုင်မည်ဟု ကျိုင်းတုံမြို့နယ် အလုပ် အမှုဆောင် ကော်မတီ ဆရာ စိုင်းဆေဟန် ကပြောသည် ။


ထို့အတွက် သျှမ်းပြည် အရှေ့ပိုင်းတွင် ဒေသခံ တိုင်းရင်းသား ပါတီ များဖြစ်ဖြစ်သည့် အခါ၊ လားဟူ အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၊ ပြည်ခိုင်ဖြိုး ပါတီ ၊ တစည ပါတီ တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည် ။

ကျောက်မဲမြို့ အစိုးရ ကျောင်းတွင် သျှမ်းဘာသာ စာပေ တရားဝင် စတင် သင်ကြားမည်

Posted: 28 Aug 2015 12:41 AM PDT

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် အစိုးရ ကျောင်းများတွင် သျှမ်းဘာသာ စာပေကို စက်တင်ဘာလ ၁ ရက်နေ့ မှစပြီး သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည် ။


သျှမ်းစာပေ သင်ကြားပေးမည့် ဆရာ ၊ ဆရာမ ၃၃ ယောက် ရှိရာ ကျား ၃ ဦးနှင့် မ ၃၀ ဦးတို့ဖြစ် ကြောင်း ၊ ကျောက်မဲမြို့ရှိ မူလ တန်းကျောင်းမှ အထက်တန်း ကျောင်းအထိ ၃၀ ကျော်တွင် စက်တင်ဘာလ ၁ ရက်နေ့ တွင် တပြိုင်နက် စတင် သင်ကြား ပေးသွားမည်ဟု ဆိုပါသည် ။


အခြေခံပညာ မူလ တန်းကျောင်း အမှတ် ၁ ကနေ အမှတ် ၁၃ အထိ ၊ အမှတ် ၃ အလယ်တန်း ကျောင်း ၊ အမှတ် ၂ - ၃ - ၄ အထက်တန်း ကျောင်း တို့အပြင် မုံးတန် အထက်တန်း ကျောင်း ၊ နမ့်ဟူး တောင်း ၊ မန့်ကောင်းမူး ၊ မန့်ခါ ၊ ခိုတဲန့် ၊ ပူခါး ၊ နားထောန် ၊ နားမွန်း ၊ နမ့်စော့ ၊ စွဲကုန်း ရွာတို့ရှိ မူလ တန်းကျောင်းများ ၊ ကျောင်းယွက် ဘုန်းတော်ကြီး ကျောင်းနှင့် ကမောဇ ကျောင်းတိုက်ရှိ ကျောင်း များတွင် စတင် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည် ။


ကျောင်းချိန် အတွင်းလား ကျောင်းချိန် ပြင်ပလား ဆိုတာတော့ ကျောင်းအုပ် ခွင့်ပြုချက် နဲ့ သင်ကြား ပေးမယ့် မိဘ ဆရာ ဆုံးဖြတ်ချက် ပေါ်မူတည်တယ် ။ ကျောင်း တကျောင်းနဲ့ တကျောင်းတော့ တူမှာမဟုတ်ဘူး ၊ ကျောင်းမှာ ဒေခံ ဘာသာစာပေ စကားသင်ရမယ် ဆိုတော့ မိဘတွေလဲဝမ်း သာတယ် - ဟု သျှမ်းစာပေ ယဉ်ကျေးမှု ကော်မတီ ၀င် မော်ဆွန် စိုင်းဟတ်ခေး ကပြောသည် ။


တဖက်တွင်လည်း ကျောက်မဲမြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းက အဆိုပါ ဆရာများအား သြဂတ်စ်လ ၁ ရက်နေ့က မွမ်းမံ သင်တန်း ပေးခဲ့ပြီး ၂၀ ရက်နေ့က အစိုးရ ကျောင်းများတွင် သျှမ်း စာပေသင်ကြားဖို့ အဆိုပါ  ဆရာများအား တာဝန်ပေးအပ် သည့်အခမ်းအနား ကျင်းပခဲ့ ကြောင်း သိရသည် ။ 


သျှမ်းသံတော်ဆင့်

unread,
Sep 1, 2015, 4:27:06 PM9/1/15
to thuau...@gmail.com

လက်နက်ကိုင် ခေါင်းဆောင် ၈ ဦး နှင့် နိုင်ငံတော် သမ္မတ ရှေ့အပတ် တွေ့မည်

Posted: 01 Sep 2015 08:54 AM PDT

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်များမှ ခေါင်းဆောင် ၈ ဦးက နိုင်ငံတော် သမ္မတ အပါဝင် အစိုးရထိပ်သီး ခေါင်းဆောင်များ နှင့် လာမည့် စက်တင်ဘာလ ၉ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည် ။


စက်တင်ဘာ လ ၆ ရက် Big 5+3  တိုင်းရင်းသား တပ်ဖွဲ့ ထိပ်သီး ခေါင်းဆောင်များ ထိုင်းနိုင်ငံမှ ထွက်ခွါမည် ဖြစ်ကြောင်းလည်း တိုင်းရင်းသား ဘက်က ပြောပါသည် ။

 
" ၆ ရက်နေ့ ထိုင်းကနေ ထွက်မယ် ။ ဟိုရောက်ရင် နိပွန် ဖောင်ဒေးရှင်း ကနေ သူတို့ကို ဧည့်ခံမယ် ။ ရ ရက်နေ့ တိုင်းရင်းသား တွေဘက်က အကြို ဆွေးနွေးပွဲ လုပ်မယ် ။ ၉ ရက်နေ့မှာ  သမတ နဲ့ စစ်ဦးစီးချုပ်ကို တွေ့ ဆုံကြမယ် "- ဟု အမည် မဖေါ်လိုသည့် ခေါင်းဆောင် တဦး ကပြောသည် ။

  
KIO ၊ KNU ၊ KNPP ၊  MNSP ၊ SSPP မှ ထိပ်သီး ခေါင်းဆောင် ၅ ဦး နှင့်အတူ  အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် SD ခေါင်းဆောင် ၃ ဦးဖြစ်သော နော်ဇီဖိုးရာစိန် ဒေါက်တာ လဂျာ ပူဇင်ဂျုံး  တို့ဖြစ်ကြောင်း တိုင်းရင်းသား ဘက်မှ စုစုပေါင်း ၈ ဦး ဖြစ်ကြောင်း ၊ နေပြည်တော် တွင် သမ္မတကြီး ဦးသိန်းစိန် နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံ မည်ဖြစ်ဟု သိရသည် ။


" တတိုင်းပြည်လုံး အပစ်ရပ်ရေး ဆိုတော့ တိုင်းရင်းသား များဘက်က အားလုံး ပါဝင်ရေးက အဓိကဘဲ ။ ဒါပေမယ့် ဘာတွေ ရလာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင် သေးဘူး ။ အခုချိန် အထိ အစိုးရ ဘက်ကတော့ MNDAA ကိုးကန့် ဟာ လက်နက်ချဖို့ တလမ်းဘဲ ရှိတယ် ။ သျှမ်းပြည် မြောက်ပိုင်းမှာ ရှိတဲ့ ကချင် တပ်မဟာ ၄ ကောပဲ ။ တခြားမရှိဘူး လို့ ပြောနေတဲ့ အပေါ် တိုင်းရင်းသား တွေကတော့ ကိုကန့်ကို သွားမတိုက် ဖို့ တောင်း ဆိုသွားမယ် ။ ကိုးကန့် ကို  နိုင်ငံရေးဆွေး နွေးပွဲမှာ ပါဝင်နိုင်ဖို့ တောင်းဆိုသွားမယ် "- ဟု အဆိုပါ အမည် မဖေါ်လိုသည့် ပုဂ္ဂိုလ်က ပြောသည် ။


သို့သော် ကိုးကန့် ပြသနာ မဖြေရှင်း နိုင်ပါက တိုင်းရင်းသား များအတွက် စိုးရိမ်ရသည့် အခြေ အနေ ဖြစ်ကြောင်း ပြည်ထောင်စု အင်စတီ ကျုမှ ဦးခွန်စိုင်းက ပြောပါသည် ။


" တချို့ကလည်း ကိုးကန့် မပါရင် လက်မှတ် မထိုးဘူး ဆိုတဲ့ အဖွဲ့ရှိချင် ရှိနေမယ် ။ ဒါပေမယ့် တိုင်းရင်းသား တွေရဲ့ သမိုင်းကို ပြန်ကြည့်ရင် - သူလက်မှတ် မထိုးရင် ငါလည်း မထိုးဘူး ဆိုတာ တခါမှမရှိခဲ့ဖူးဘူး ။ ၁၉၈၉ တုန်းက အစိုးရက အပစ်ရပ် လက်မှတ်ထိုးဖို့ လက်ကမ်းလာတယ် ။ တိုင်းရင်းသားတွေ ကတော့ လက်မှတ်ထိုးရင် အားလုံးထိုးမယ်လို့ ပြောတယ် ။ အဲ့တုန်းကလည်း ကေအဲန်ယူ တဖွဲ့က လွဲလို့အကုန်လုံး လက်မှတ် သွားထိုးလိုက်တယ် ။ နောက်တော့  အစိုးရတပ်က အင်အားအလုံးအရင်းနဲ့ ကေအဲန်ယူကို တိုက်တော့တာပဲ ။ ကေအဲန်ယူ ရဲ့ အထင်ကရ မာနယ်ပလော စခန်းကြီးလဲ ကျသွားတယ် ။  အခုလည်း အဲလို ဖြစ်မှာကို စိုးရိမ်ရပါတယ် ။"


ပြည်ထောင်စု ငြိမ်ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း တို့၏ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) မူကြမ်း အတွက် ကိုးကြိမ်မြောက် ဆွေးနွေးပွဲကို ပြီးခဲ့သည့်   သြဂတ်စ်လ ၆ နှင့် ရ ရက် နေ့တို့တွင်  ရန်ကုန်မြို့ ရွှေလီလမ်းရှိ  မြန်မာ့ ငြိမ်းချမ်း ရေးစင်တာ MPC တွင် ကျင်းပခဲ့သည် ။ အဆိုပါ ဆွေးနွေးပွဲတွင် NCA တွင်ပါဝင် လက်မှတ် ရေးထိုးမည့် တိုင်းရင်းသားအဖွဲ့ အစည်း ကိစ္စမှအပ စာချုပ်ပါ အချက် အလက်များ အားလုံးကို ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည် ။

ကျောက်မဲမြို့ အတွင်း ဂက်စ် ပိုက်လိုင်းမှ ပူစပ် အငွေ့များ ယိုစမ့် ပါတီများနှင့် အာဏာပိုင် များအား ကွင်းဆင်း စစ်ဆေးရန် ဒေသခံ တောင်းဆို

Posted: 01 Sep 2015 01:03 AM PDT

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ အတွင်း ဖြတ်သန်းသော ဂက်စ်ပိုက် လိုင်း ယိုစမ့်သည်ဟု ယူဆရသည့် အနီးတဝိုက်တွင် ပူစပ်အနံ့ နှင့် မြက်ပင် သစ် ရွက်များ ပိုမိုခြောက်သွေ့ လာသဖြင့်   အာဏာပိုင်များ တာဝန်ရှိသူ များနှင့် နိုင်ငံရေး ပါတီများအား ထပ်မံကွင်းဆင်း စစ်ဆေး ပေးစေ လိုကြောင်း ကျောက်မဲ ဒေသခံများက ပြောသည် ။
 

ပြီးခဲ့သည့် သြဂတ်စ်လ ၂၈ ရက် သောကြာနေ့ နေ့လည်ပိုင်းက ကျောက်မဲ မြို့နယ် ချောင်းခြောက် ရွာနှင့် (တမိုင်ခန့်ဝေးသော) ပြောင်းခြံဘေးဖြတ် သန်းသည့်  ဂက်စ်ပိုက် လိုင်းမှ ထူးခြားသည့် အနံ့ နှင့် မျက်စိစပ် စေသည့် ဓါတ်ငွေ့များ ယိုစိမ့်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည် ။


သို့သော် အာဏာပိုင်များ နှင့် တရုတ် တာဝန်ရှိများ သွားရောက် ကြည့်ရှုစဉ် မိုးရေကြောင့် လမ်းပေါ်တွင် ဖြစ်ပေါ်နေသော ချိုင့်ခွက် ၂ ခု မှရသည့်အနံ့ ဖြစ်သည်ဟု ဆိုကာ မြေဖို့ပေးလိုက် သည်ဟု ဆိုပါ သည် ။


“အဲတာ ရွာသားတွေ ဒီနေ့ ထပ်သွား ကြည့်တော့ မျက်စိ လည်ချောင်း စပ်စေတဲ့ အနံ့က မပျောက်သေး ဘူး ။ အဲဒီ ဘေးနား တဝိုက်က သစ်ရွက်တွေ မြက်ပင်တွေ တောင် မှ ဟိုတနေ့က ထက်ပိုပြီး ညှိုးရော် ခြောက်သွေ့တယ် ။ မြို့ပေါ်က နိုင်ငံရေး ပါတီတွေဆီကို ရွာသားတွေ ဆက်သွယ် အကြောင်းကြား ထားပေမယ့် ကနေ့ထိ ကွင်းဆင်း ကြည့်ရှု ပေးတာ မရှိသေးဘူး ။ အဲဒီလိုသာ ဆက်သွားမယ် ဆိုရင်တော့ ကျနော်တို့ ရွာသားတွေ အတွက် စိုးရိမ်ရတဲ့ အခြေအနေ မှာရှိတယ် ” - ဟု ကျောက်မဲမြို့ ချောင်းခြောက် ဒေသခံ စိုင်းစိုင်းက ပြောသည် ။


သောကြာနေ့က ချောင်းရေတွင် ရေဆော့နေသော ကျွဲကျောင်းသား များက ထူးခြားသည့် အနံ့နှင့် အတူ မျက်လုံးစပ် မျက်ရည် ယိုမှုများ ဖြစ်ပွါးခဲ့ကြောင်း အဆိုပါ တဝိုက်က မြက်ပင်များ သစ်ရွက်များ ညိုးနွမ်း နေသည်ကို ထူးထူးခြားခြား တွေ့ရကြောင်း ရွာပြန်ကာ လူကြီးမိဘ များအား ပြောပြ ခဲ့သည်ဟု ကျောက်မဲမြို့ ခံ စိုင်းစိုင်းက ပြောသည် ။
 

"လွယ်ခေါ်နဲ့ ဟောင့်ဟိန်း (ချောင်းခြောက်) ရွာ ကြားက ပိုက်လိုင်းပေါ့ ။ အဲ့နားမှာ လူနေ အိမ်ခြေတော့ မရှိဘူး ဟောင့်ဟိန်း ရွာနဲ့ တမိုင်လောက် ဝေးတယ် ။ နောက်တရက် စနေနေ့ မနက်ပိုင်းက အာဏာပိုင် တွေ တာဝန်ရှိ သူတွေ လာကြည့်တော့ ကျောက်မီးသွေး တင်ကားတွေ ကြောင့်ဖြစ် တာဆိုပြီး  အဲ့ဒီချိုင့်ခွက်ကို မြေဖို့လိုက်တယ် ။" 
    

အဆိုပါ ဂက်စ် ပိုက်လိုင်းသည် ကားလမ်း ဘေးတွင်တည် ရှိရာ ကျောက်မီးသွေး တင်ကားများဖြတ် သန်းသွားလာ မှုကြောင့် ကျောက်မီးသွေးများ အဆိုပါနေရာ တွင် ဖိတ်ကျသွားသဖြင့် မိုး ၊ ရေ ၊ လေ တို့နှင့် ထိတွေ့ ဓါတ်ပြုရာမှ ထိုသို့သော အနံ့များ ထွက်လာခြင်း ဖြစ်ကြောင်း ၊ ဂက်စ် ယိုစိမ့်မှု မဟုတ်ကြောင်း တရုတ် တာဝန်ရှိ သူများက ပြောဆိုခဲ့သည် ဟုလည်း လိုက်ပါ ဆောင်ရွက်ရသည့် ဒေသခံ စိုင်းစိုင်းက ပြောသည် ။
     

မည်သို့ ပင်ဆိုစေ ဒေသတွင်း အာဏာပိုင် များနှင့် နိုင်ငံရေး ပါတီများအား လာရောက်ကြည့်ရှု စေလိုကြောင်း ရွာသားများက ပြောဆို နေပါသည် ။


အလားတူ သီပေါမြို့နယ်သည် ဆားထွက်ရာ ဒေသ ဖြစ်ရာ မြေသား မြေထုမှာလည်း ဆားဓါတ် ပါနေသဖြင့် ဖြတ်သန်းသော ပိုက်လိုင်းများ သံချေး တက်လွယ်ကာ အချိန်မရွေး ပိုက်လုံး ပေါက်ကွဲမှု ဖြစ်လာ နိုင် ကြောင်း ၊ ပိုက်လိုင်း သွယ်တန်းစဉ် ကလည်း ပေါက်နိုင်သည့် နေရာအား ကတ္တရာ စေးပါးပါးသာ လူးထားသည် ဖြစ်ရာ သီပေါ ဒေသခံများ နေ့စဉ်နှင့်အမျှ ပူပန် နေကြောင်း ဆိုပါသည် ။


ရခိုင်ပြည်နယ် ကျောက်ဖြူ ဆိပ်ကမ်းမှ တရုတ်ပြည် ယူနန် ပြည်နယ် အထိ သွယ်တန်းမည့် ရွှေဂက်စ် ၊ ရွှေရေနံ ပိုက်လိုင်း စီမံကိန်းသည် မြန်မာ - တရုတ် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းကို တရုတ် အစိုးရ ပိုင် တရုတ် အမျိုးသား ရေနံကော်ပို ရေးရှင်း China National Petroleum Corporation (CNPC) ကတာဝန်ယူကာ ၂၀၁၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး  မကွေး ၊ မန္တလေး နှင့် သျှမ်းပြည်မြောက်ပိုင်း အပါအဝင် မြို့နယ် ၂၀ ကျော်ဖြတ်သန်း ကာ  တရုတ်သို့ ပို့လွှတ် ရောင်းချ နေပြီဖြစ် ပါသည် ။ 

သျှမ်းသံတော်ဆင့်

unread,
Sep 2, 2015, 4:32:54 PM9/2/15
to thuau...@gmail.com

RCSS ဗဟို ကော်မတီဝင် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗမက အောင်မောင်း ကွယ်လွန်

Posted: 02 Sep 2015 02:15 AM PDT

သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သည့် ဗိုလ်မှူးကြီး စိုင်းအောင်မောင်း အသက် ၅၁ နှစ်သည် အသဲကင် ဆာ ရောဂါဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ကွယ်လွန် ခဲ့ပါသည် ။


ချင်းမိုင်ရမ်း ဆေးရုံကြီးတွင် သြဂတ်စ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ကွယ်လွန် ခဲ့ပါသည် ။  ကျန်ရှိ ရုပ်အလောင်းအား ၀ပ်ကူတောက် ဘုန်းကြီးကျောင်းတွင် ထားရှိပြီး စက်တင်ဘာလ ၃ ရက် နေ့တွင် ဆန်တိထမ်း သုသာန်၌ မီးသဂြိုဟ်မည် ဖြစ်သည် ။


ABSDF ကျောင်းသား တပ်မတော်မှ စစ်သင်တန်း ဆင်းသည့် ဗိုလ်မှူးကြီး အောင်မောင်းသည် မိုးကောင်းမြို့နယ် နတ်ကြီးကုန်း ဇာတိ သျှမ်းနီ အမျိုးသား တဦး ဖြစ်ပါသည် ။ ၁၉၆၄ တွင် မွေးဖွား ခဲ့သည် ။ မွေးချင်း ညီအကို ၂ ဦး ရှိပါသည် ။ ကျန်ရစ်သူ မိသားစုမှာ သျှမ်းပြည် တောင်ပိုင်းတွင် နေထိုင် ပါသည် ။


၁၉၈၈ မန္တလေး တက္ကသိုလ်တွင် စိတ်ပညာ အဓိက ဘာသာရပ်ဖြင့် တတိယနှစ် ကျောင်းတက် နေစဉ် ကျောင်းသား အရေး အခင်းတွင် ပါဝင်ခဲ့ပြီး နောက် ABSDF ကျောင်းသား တပ်မတော် သို့ ဝင်ရောက် အမှု ထမ်းရာ ၁၉၉၈ ခုနှစ်မှ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီသို့ ရောက်ရှိ အမှုထမ်း ခဲ့ပါသည် ။


၂၀၁၁ ခုနှစ် မြန်မာ အစိုးရက တိုင်းရင်းသား များထံသို့ အပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်း လှမ်းရာတွင် RCSS/SSA ကိုယ်စားလှယ် အဖွဲ့အား ဦးဆောင်ကာ အစိုးရနှင့် ဆွေးနွေး ခဲ့ပါသည် ။ ကွယ်လွန်ချိန် အထိ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းတွင် တာဝန်ထမ်း ဆောင် နေသည့် ပုဂ္ဂိုလ် ဖြစ်ပါသည် ။ 

လင်းခေး ခရိုင် ရဲရုံးတွင် ဗုံးပေါက်ကွဲ

Posted: 01 Sep 2015 11:10 PM PDT

သျှမ်းပြည် တောင်ပိုင်း ခရိုင်ရုံး စိုက်ရာ လင်းခေးမြို့ရှိ ခရိုင်ရဲ ရုံးအတွင်း ဗုံးတလုံး ပေါက်ကွဲ မှုဖြစ်ပွါး ခဲ့ကြောင်း စုံစမ်း သိရှိရသည် ။


စက်တင်ဘာလ ၁ ရက်နေ့ မနက် ၁ နာရီခွဲက ဗုံး ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၊ ထိခိုက် ဒဏ်ရာ ရမှုတော့ မရှိကြောင်း ဆိုပါသည် ။


“ ခရိုင်ရဲ အသိုင်း အဝိုင်း ကတော့ လက်သည်ဟာ ကားတစီးနဲ့ လာပြီး ခရိုင်ရဲ ရုံးဝင်းထဲကို ဗုံးပစ်ချတာ လို့ပြောတယ် ။  ဒါပေမယ့် လွယ်တဲ့ ကိစ္စမှ မဟုတ်တာ ။ လုံခြုံရေး အပြည့် ရှိနေတဲ့ဟာ ။ ဒါကြောင့် ရဲတွေရဲ့ဗုံး  မတော်တဆ ပေါက်ကွဲတာ လို့ဘဲ ခန့်မှန်း ကြပါတယ် ။”  ဟု လင်းခေး ဒေသခံ တဦးက ပြောသည် ။


ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ ခရိုင်ရုံးမှ တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ ။


လင်းခေး ခရိုင် ရဲတပ်ဖွဲ့ ရုံးသည် လင်းခေးမြို့မှ ဝမ့်ဟတ် အထွက်လမ်း ( မြို့တောင်ဘက် ) တွင် တည်ရှိပါသည် ။


မြို့နယ် ရဲစခန်းမှာမူ မိုးနဲမြို့မှ လာသည့်  မြို့အဝင် လမ်းတွင် တည်ရှိပါသည် ။


လင်းခေး မြို့နယ်အား ခရိုင်အဆင့်သို့ ၂၀၁၄ ခုနှစ်က တိုးမြင့် ခဲ့ခြင်း ဖြစ်ပါသည် ။


ရွေးကောက်ပွဲ အောင်နိုင်ရေး ပင်လုံတွင် SNLD ကိုယ်စားလှယ် လောင်းများ ဆွေးနွေးမည်

Posted: 01 Sep 2015 10:51 PM PDT

သျှမ်းပြည်နယ် တောင်ပိုင်း ပင်လုံတွင် သျှမ်း တိုင်းရင်းသားများ ဒီမိုကရေ စီ အဖွဲ့ချုပ်မှ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ် လောင်းများ တွေ့ဆုံ ဆွေးနွေး ပွဲနှင့် ပါတီ အောင်နိုင်ရေး အစည်း အဝေးများကို ကျင်းပ သွားမည် ဖြစ်ကြောင်း ပါတီ ဥက္ကဌ ခွန်ထွန်းဦးက ပြောသည် ။


“ ၀င်ရောက် ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ် လောင်းတွေ အတွက် လိုက်နာရမယ့် စည်းကမ်း တွေနဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရာမှာ ဆောင်ရန် ရှောင်ရန် ကိစ္စတွေကို သင်တန်းတွေ ပေးမယ် ။ ပါတီ အောင်နိုင်ရေး အတွက် ဆွေးနွေး မယ်ပေါ့ဗျာ ” ဟု SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦးက ပြောသည် ။


စက်တင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ သုံးရက်တာ ကျင်းပမည့် အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ရွေး ကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ ၊ ဗဟို အလုပ် အမှုဆောင် များနှင့် မြို့နယ် အသီးသီးမှ ပါတီ တာဝန် ရှိသူများ တက်ရောက် ကြမည် ဖြစ်သည် ။


သျှမ်းပြည်နယ် အတွင်း အပါဝင် ကချင် ပြည်နယ် ၊ စစ်ကိုင်းတိုင်း နှင့် မန္တလေး တိုင်းအတွင်း ရှိမဲဆန္ဒ နယ်ပေါင်း ၁၅၀ ခန့်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် SNLD ပါတီ အနေဖြင့် ပါတီ စတင် တည်ထောင်ခဲ့သည့် ကာလက ချမှတ်ထားသည့် မူဝါဒ အတိုင်း ပင်လုံက တိကဝတ် များကို အကောင်ထည် ဖော်လာ စေရန်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ဆိုသည့် မူဝါဒကို ဆက်လက်စွဲ ကိုင်သွားမည် ဖြစ်ကြောင်းလည်း ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောသည် ။


ကျားဖြူ ပါတီ ကိုယ်စား လှယ်လောင်း ၂ ဦး စာရင်းမှ ပယ်ချခံရ

Posted: 01 Sep 2015 09:59 PM PDT

ကျားဖြူ ပါတီခေါ် သျှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း နှစ်ဦးမှာ အသက် မပြည့်သေး ဟုဆိုကာ ရွေးကောက်ပွဲ ကော်မရှင်က  ပယ်ချခဲ့ကြောင်း SNDP အထွေထွေ အတွင်းရေးမှူး စိုင်းလှကျော်က ပြောသည် ။


“ ကိုယ်စားလှယ် လောင်းတွေဟာ အသက် ၃၀ ပြည့်တဲ့ သူတွေ ဖြစ်ရမယ် ဆိုတော့ ဒီ ကိုယ်စားလှယ် လောင်းတွေက ရွေးကောက်ပွဲ မကျင်းပ မှီမှာ သူတို့ အသက် ၃၀ ပြည့်မယ် ။ ကျနော် တို့က အဲလို ချိန်ပြီး ထည့်လိုက်တာ အခု ပယ်ချခံရတယ် ပြည်နယ် အဆင့် ဆက်တက် နေတယ်ဆိုပေမဲ့ ဒီကနေ့ အထိဘာမှ မသိရ သေးတော့ ဒီအတိုင်း အတည် ဖြစ်သွားပြီ ထင်တယ် ”- ဟု စိုင်းလှကျော်က စက်တင်ဘာလ ၁ ရက်နေ့တွင် ပြောသည် ။


အဆိုပါ ကိုယ်စားလှယ် များမှာ ဆီဆိုင်မြို့နယ် နှင့် ပင်လောင်းမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒ နယ်များမှ ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ ဖြစ်ပြီး လက်ရှိ ကိုယ်စားလှယ် လောင်း စီစစ်ချိန်တွင်  အသက် ၃၀ မပြည့်သေးဟု ဆိုပါသည် ။


“ ကော်မရှင်က ထုတ်ပြန် ထားတာက ကိုယ်စားလှယ် လောင်းဟာ အသက် ၃၀ ပြည့်ရမယ် လို့ပဲ သတ်မှတ်ထား တာလေ ။  ဒါပေမဲ့  စီစစ်ချိန်မှာ ပြည့်ရမှာလား ရွေးကောက်ပွဲ နေ့မှာ ပြည့်ရမှာလား ဆိုတာ တိတိ ကျကျ မပါဘူးလေ ” - ဟု စိုင်းလှကျော်က ပြောသည် ။


မြန်မာ နိုင်ငံ တဝှမ်း ပယ်ချခံ ရသည့် ကိုယ်စားလှယ် လောင်း စုစုပေါင်း ၈၈ ဦး ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက စက်တင်ဘာလ ၁ ရက်နေ့က ပြောသည် ။

သျှမ်းသံတော်ဆင့်

unread,
Sep 3, 2015, 4:44:52 PM9/3/15
to thuau...@gmail.com

SNLD မည်သည့် ပါတီ နှင့်မျှ မဟာမိတ် မဖွဲ့သေး မိမိ ရပ်တည်ချက် အတိုင်းသာ ဆက်သွားမည် ပါတီ ဥက္ကဌပြော

Posted: 02 Sep 2015 11:05 PM PDT

သျှမ်း တိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ် SNLD ပါတီ အနေဖြင့် လက်ရှိ အချိန်အထိ  ပြည်ခိုင်ဖြိုး ၊ NLD  မည်သည့် ပါတီ နှင့်မျှ မဟာမိတ် မဖွဲ့ရသေးပဲ တိုင်းရင်းသား အရေး ပြည်တွင်း ငြိမ်းချမ်း ရေး တို့အတွက် နေရာမှန်တွင် ဆက်ရှိ နေဆဲဖြစ်ကြောင်း ပါတီ ဥက္ကဌ ခွန်ထွန်းဦးက ပြောသည် ။


“ အရင်ကတော့ NLD ကို စောင့်ခဲ့ ဖူးတယ် ။ အတိုက်အခံ ပါတီအဖြစ် ဆက်ရပ်မလား တိုင်းရင်းသား အရေး ဒီမို ကရေစီ အရေးတွေအတွက် တစိုက်မတ်မတ် လုပ်မလား ဆိုပြီးတော့ပါ ။ အခုတော့ ကိုယ့်နေရာမှာဘဲ ဆက်နေမယ် ။  အတိုက်အခံ အဖြစ်ပဲ ဆက်ရပ် တည်မယ် ။ ဘယ်ပါတီနဲ့မှ အပေးအယူ မဟာမိတ် ကိစ္စတွေ အတွက် သဘောတူထားတာ မရှိ သေးပါဘူး ” - ဟု ပါတီ ဥက္ကဌ ခွန်ထွန်းဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


ရွေးကောက်ပွဲ နီးကပ် လာသည်နှင့် အမျှ ပါတီ အများစုမှာ အစိုးရဖွဲ့နိုင်ရေး ကိစ္စများ အပါဝင် မဲဆန္ဒနယ် နေရာ ကိစ္စရပ်များ အတွက် နိုင်ငံရေး ပါတီအချင်းချင်း မဟာမိတ် ဖွဲ့မှုများ ပြုလုပ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ရွေး ကောက်ပွဲဝင်မည့် ပါတီ အဆင့်မြင့် တာဝန်ရှိသူ တဦးလည်းဖြစ် ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာလည်းဖြစ် သူက သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောဆိုသည် ။


ထို့အပြင် ၄င်းက ဆက်ပြီး - “ ကျားဖြူ ပါတီနဲ့ သူ့ရဲ့ မိတ်ဘက် တိုင်းရင်းသား ပါတီတွေက သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့  မဟာမိတ်တွေ ဖြစ်ပြီးသား ဘဲလေ ။ နောက်ပြီး NLD ပါတီက လည်း ကျနော်တို့ရဲ့ (ယခင်) ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌဟောင်း သူရဦး ရွှေမန်းနဲ့ နီးစပ်တော့ ခုတောင်မှ ၂ ပါတီ ခေါင်းဆောင် တချို့တွေ မဟာမိတ်တွေ ဆက်ဖြစ်နေ သေးတာဘဲ ။ မဟာမိတ် ဖွဲ့လို့ ကောင်းတဲ့ အချိန်ပေါ့ ” - ဟု ၄င်းက ပြောသည် ။

  
ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း ကတော့ “ ကျားဖြူ ပါတီဟာ ဘယ်သူရဲ့ အစေခံမှ မဟုတ်ဘူး ။  သျှမ်းပြည် ပြည်သူ  လူထုရဲ့ အစေခံ ၊ လူထုအတွက် အလုပ်လုပ်မယ် ။ သျှမ်းပြည် အစိုးရ ဖြစ်ဖို့ အဓိက ဖြစ်တဲ့အတွက် လာမယ့် ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့ အဓိကပဲ ” - ဟု သျှမ်းသံတော်ဆင့် သို့ပြော သည် ။


ဦးခွန်ထွန်းဦးမှ ဥက္ကဌ အဖြစ် တာဝန် ယူနေသည့် တိုင်းရင်းသား ပါတီ ၁၁ ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ UNA သည်လည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု ဖြစ်သည့် ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ၏ မဟာမိတ်  ဖြစ်နေပါသည် ။


“ နိုင်ငံရေးမှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ တိုင်းရင်းသား အင်အားစုတွေ ဘာကြောင့် မအောင်မြင် သလဲဆိုတာ တပ်ပေါင်းစု မူဝါဒနဲ့ လွဲချော် လို့ပါပဲ ကျနော်တို့တော့ အတိုက်အခံ အဖြစ်ပဲ ဆက်ရှိနေမှာပါ” - ဟု ခွန်ထွန်းဦးက ပြောသည် ။


အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်မှာ ရွေးကောက်ပွဲတွင်   တိုင်းရင်းသား နယ်မြေ များရှိ မြန်မာစကား မပြောသည့် နယ်မြေ များတွင်ပါ ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်နေသဖြင့် နိုင်ငံရေး အင်အားစုများက NLD ၏ တိုင်းရင်းသားရေး ရာ မူဝါဒ အပေါ် ဝေဖန်မှုများ ရှိနေပါသည် ။ 

တေးရေး ၊ အဆိုတော် ဆခဟ ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အောက်မေ့ ဂုဏ်ပြု အခမ်း အနား နမ့်ခမ်း လူငယ်များ စုပေါင်း ကျင်းပမည်

Posted: 02 Sep 2015 10:07 PM PDT

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း သျှမ်း လူငယ်များ စုပေါင်းပြီး နာမည်ကြီး သျှမ်း တေးရေး / အဆိုတော် ဆခဟ ခေါ်  စိုင်းသျှဲန်ဇင့် ခေါ် ဦးစိန်ကြည် ကွယ်လွန်ခြင်း (၄) နှစ်ပြည့် လွမ်းဆွတ် အောက်မေ့ခြင်း အခမ်း အနားနှင့် ရေစက်ချ လှူဒါန်းပွဲကို ယခုလ အတွင်း၌ ကျင်းပမည် ဖြစ်ကြောင်း သတင်း ရရှိသည် ။


သြဂတ်စ်လ ၃၀ ရက်နေ့၌ နမ့်ခမ်းမြို့ရှိ သျှမ်း လူငယ် ခေါင်းဆောင်များ အစည်း အဝေး ထိုင်ပြီး ယခုလ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ၄င်း အခမ်း အနား ကျင်းပရန် သဘော တူညီချက် ရရှိ ခဲ့ကြကြောင်း ဒေသခံ သျှမ်းလူငယ် စိုင်းယီက ဆိုသည် ။


“ လာမယ့် စက်တင်ဘာ ၁၅  ရက် မနက်ပိုင်းမှာ မန့်ဟောင်းရွာ ဘုန်းကြီးကျောင်းမှာ  ဆခဟ အတွက် အလှူ အဒါန်းပွဲ ပြုလုပ်ကြမယ် ၊ ပြီးရင် ကောင်းနောင် မိုရပ်ကွက် တိုင်း မင်္ဂလာခန်းမ မှာ ညနေ (၃:ဝဝ) မှ စတင်ပြီး လုင်းဆခဟ ရဲ့ကိုယ်ရေး အထ္တုပတ္တိ သမိုင်း ဟောပြောပွဲ နဲ့ လုင်းဆခဟ ရေးစပ်သီဆိုထား တဲ့ တေး သီချင်း တွေကို သီဆို ဂုဏ်ပြုတဲ့ အခမ်း အနား ကိုလည်း ကျင်းပ သွားမယ် ”  ဟု ၄င်းက ဆိုသည် ။


အမျိုးသားရေး တေးသီချင်းများ ရေးစပ် သီဆိုသူ  ဆခဟ  အောက်မေ့ ဂုဏ်ပြုခြင်း အခမ်း အနား၌ ဆခဟ၏ ပုံပါသော တီရှပ်များကို အခမ်း အနား တက်ရောက် လာသူများအား ရောင်းချပေးသွား မည်ဖြစ် ကြောင်း ၊ အဆိုပါ အခမ်း အနားသို့ နမ့်ခမ်းမြို့နယ် အတွင်းရှိ လူမူရေး အဖွဲ့များ ၊ နိုင်ငံရေး ပါတီတစ်ချို့ နှင့် ဘောလုံး အသင်းများကို ဖိတ်ကြားရန် စီစဉ် ထားကြောင်း ပွဲဖြစ်ရေး ကူညီ ဆောင်ရွက် ပေးနေသော နမ့်ခမ်း သျှမ်းလူငယ် တစ်ဦးက ပြောသည် ။


သျှမ်းပြည် သားများ အကြား နာမည် ကြီးခဲ့သော အဆိုတော် ဆခဟခေါ်  စိုင်းသျှဲန်ဇင့် ခေါ် ဦးစိန်ကြည် သည် ၂၀၁၁ စက်တင်ဘာလ ၁၅ ရက် ကွယ်လွန်ချိန် အထိ သျှမ်းသံတော်ဆင့် သတင်းဌာန ၏ လက်ထောက် အယ်ဒီတာ တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည် ။


အလားတူ ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင်လည်း သျှမ်းသံတော်ဆင့် မိသားစုမှလည်း စိုင်းသျှဲန်ဇင့် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အောက်မေ့ လွမ်းဆွတ်ခြင်း အခမ်းအနားနှင့်  အတ္ထုပတ္တိ လှုပ်ရှားမှု သမိုင်း ဟောပြောခြင်း အခမ်း အနားကို ၀ပ်ကူတောက် ဘုန်းတော်ကြီး ကျောင်း၌  စက်တင် ဘာလ  ၁၃ ရက်နေ့ တွင် ကျင်းပမည် ဖြစ်ပါသည် ။

တိုင်းရင်းသား သတင်း ဌာန အများစု ပါဝင်သည့် BNI ၂၃ ကြိမ်မြောက် အစည်း အဝေး ထိုင်းနိုင်ငံ စံခရ ပူရီ၌ ကျင်းပ

Posted: 02 Sep 2015 09:50 PM PDT

တိုင်းရင်းသား သတင်း ဌာနများ အဓိက ပါဝင်သော နိုင်ငံတကာ မြန်မာသတင်း BNI ၏ ၂၃ ကြိမ်မြောက် အစည်း အဝေးအား ထိုင်းနိုင်ငံ မွန်တို့ဌာနေ ကန်ချန ပူရီခရိုင် စံခလ ပူရီ မြို့၌ ၂၀၁၅ စက်တင်ဘာ ၂ ရက် မှ ၄ ရက်နေ့ အထိ သုံးရက်ကြာ ကျင်းပ ပါသည် ။


အစည်း အဝေး၌ BNI အဖွဲ့ဝင် သတင်း ဌာန အသီးသီး၏ လုပ်ဆောင် ခဲ့သော လုပ်ငန်းစဉ် များ ၊ လုပ်ဖို့ရန် ပြင်ဆင် ထားသည့် လုပ်ငန်းစဉ် များ ၊ လုပ်ငန်း အတွင်း ကြုံတွေ့ရသည့် အခက် အခဲများ ၊ အားသာချက် အားနည်းချက် များအား ဆွေးနွေး ဖလှယ် ခဲ့ကြသည် ။


အစည်း အဝေး ဖြစ်မြောက်ရေး အတွက် ဦးဆောင် ပါဝင်သည့် နိုင်ငံတကာ မွန်သတင်း အေဂျင်စီ IMNA အယ်ဒီတာ ချုပ်လဲဖြစ် ၊ BNI ဘုတ် အဖွဲ့ဝင်လဲ ဖြစ်သည့် ဆရာနိုင် ကဆော့မွန် က -  “ ဒီစံခလပူရီမြို့ဟာ မွန် လူမျိုးများရဲ့ သမိုင်း တလျှောက် မွန် အမျိုးသားရေး အတွက် ဦးဆောင်မှု အဓိက ကျတဲ့မြို့ တမြို့ဖြစ် တယ် ။ ဒီ အခမ်း အနားကနေ ဒီမှာ နေနေတဲ့ မွန်တို့ရဲ့ လူနေမှုဘ၀ ၊ ယဉ်ကျေးမှု ၊ အထင်ကရ စံခလပူရီကို လေ့လာ နိုင်အောင် စီစဉ် ထားတယ် ” - ဟု အခမ်း အနား၌ ပြောကြားသည် ။


အဆိုပါ BNI ၏ ၂၃ ကြိမ်မြောက် အစည်း အဝေးအား အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံတကာ မွန်သတင်း အေဂျင်စီ IMNA , ချင်းဝေါလ်ဒ် Chin World , ကန္တရ ၀တီတိုင်း(မ်) ၊ ကချင် သတင်းဌာန ၊ ကုလားတန် သတင်း ၊ လွတ်လပ်သော အရခိုင် သတင်း အေဂျင်စီ (Narinjara) ၊ ချင်း သတင်းဌာန Khonumthung , သတင်နှင့် မီဒီယာ ကွန်ယက် Network Media Group , ကရင်သတင်းစဉ် KIC , မဇ္ဈိမ ၊ သံလွင်တိုင်း(မ်) ၊ ပေါက်ထောမွန် သတင်းအတင်း Phophtaw News Assocation နှင့် သျှမ်း သံတော်ဆင့် သတင်း အေဂျင်စီ Shan Herald Agency for News စသည့် သတင်းဌာန ၁၃ ခု ပါဝင် ဖွဲ့စည်း ထားသည် ။

သျှမ်းသံတော်ဆင့်

unread,
Sep 4, 2015, 4:16:33 PM9/4/15
to thuau...@gmail.com

၂၀၁၅ ရွေးကောက်ပွဲ BNI အဖွဲ့ဝင်များ သတင်း စည်းဝေးခန်းဖြင့် စောင့်ကြည့် သွားမည်

Posted: 04 Sep 2015 09:03 AM PDT

ထိုင်းနိုင်ငံ အနောက်ခြမ်း ကန်ချနပူရီ ခရိုင် စံခလပူရီ မြို့၌ စက်တင်ဘာလ ၂ ရက်မှ ၄ ရက်နေ့ အထိ ကျင်းပသည့် BNI ၏ ၂၃ ကြိမ်မြောက် အစည်းအဝေးမှ ဆုံးဖြတ်ချက် အများ အပြားအနက် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက်လည်း ရန်ကုန်မြို့ တွင် သတင်းခန်း ဖြင့် စောင့်ကြည့် သွားရန် ဆုံးဖြတ်ကြသည် ။


အဆိုပါ သုံးရက်ကြာ BNI အဖွဲ့ဝင် များ၏ အယ်ဒီတာများ နှစ်ပတ်လည် အစည်း အဝေးအား တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ၊ မာလ်တီ မီဒီယာ ပလက်ဖေါင်းတို့ တက်လှမ်း နိုင်ရေး အတွက် ရုပ်သံပိုင်း ၊ အသံလွှင့်ပိုင်း တိုးချဲ့ရေး ၊ ကိုယ်ပိုင် ရပ်တည် နိုင်ရေးအတွက် ဈေးကွက် စီမံကိန်း လုပ်ဆောင်ရေး ၊ အမျိုးသမီး သတင်းထောက် အရည်အသွေး မြှင့်တင်ရေး အတွက် တိုးချဲ့ လုပ်ဆောင်မည် ဖြစ်သည့်အပြင် လာမည့် ရွေးကောက်ပွဲလည်း သတင်း စည်းဝေးခန်းဖြင့် စောင့်ကြည့်သွားရေး လုပ်ဆောင်သွား မည်ဟု ဆုံးဖြတ်ကြသည် ။


“ ၂ ရက်နဲ့  ၃ ရက် အစည်း အဝေးမှာ ဘီအဲန်အိုင် ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် မားကက် တင်း ပေါ်လစီ ချဖို့ ဆွေးနွေးကြ တယ် ။ နောက်တခုက အစကတည်းက မာလ်တီမီဒီယာ သွားမယ်လို့ အစကတည်းက  ဆုံးဖြတ် ထားတယ် ။ အခုက ဒီတိုင်း ပဲသွား နေလို့တော့ မဖြစ်ဘူး ။ အဖွဲ့ဝင် ပိုပြီး အားကောင်း လာအောင် လက်ရှိ ရေဒီယိုနဲ့ ရုပ်သံ လုပ်ငန်းစဉ် တွေကို ပိုပြီး အားစိုက် လုပ်ဆောင်သွားမယ်။


နောက်တခုက လာမယ့် ရွေးကောက်ပွဲ အတွက် ရန်ကုန်မြို့မှာ သတင်း အယ် ဒီတာအဖွဲ့က ဦးဆောင်ပြီး သတင်းခန်း အနေနဲ့ လုပ်မယ် ။ သက်ဆိုင်ရာ ပြည်နယ် တွေမှာ သတင်းထောက်  ၁၀ ဦး ကို တိုက်ရိုက် ဆက်သွယ်ရင်း ရွေးကောက်ပွဲ ဆိုင်ရာ သတင်းတွေကို စောင့်ကြည့် ရေးသား ဖော်ပြသွားဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။ ” - ဟု ဘီအဲန်အိုင် ဦးဆောင်အဖွဲ့ ဖြစ်သူ ကေအိုင်စီ သတင်းဌာန အယ်ဒီတာချုပ် နန်းဖေါ့ဂေ ကပြောသည်။


ဘီအဲန်အိုင် ( နိုင်ငံတကာ မြန်မာသတင်း Burma News International ) ကို ၂၀၀၃ ခုနှစ်က အန္ဒိယ နိုင်ငံ၌ စတင် ဖွဲ့စည်းခဲ့သည် ။ တိုင်းရင်းသား သတင်းဌာန ၁၃ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့်  သတင်းဌာန ဖြစ်ပါသည် ။  နိုင်ငံတကာ မွန်သတင်းအေဂျင်စီ IMNA, ချင်းဝေါလ်ဒ် Chin World, ကန္တရ၀တီတိုင်း(မ်) ၊ ကချင်သတင်းဌာန ၊ ကုလားတန်သတင်း ၊ လွတ်လပ်သော ရခိုင် သတင်း အေဂျင်စီ (Narinjara) ၊ ချင်းသတင်းဌာန Khonumthung , သတင်းနှင့်မီဒီယာကွန်ယက် Network Media Group, ကရင်သတင်းစဉ် KIC , မဇ္ဈိမ ၊ သံလွင်တိုင်း(မ်) ၊ ပေါက်ထောမွန် သတင်း အသင်း Phophtaw News Assocation နှင့် သျှမ်းသံတော်ဆင့် သတင်း အေဂျင်စီ Shan Herald Agency for News တို့ဖြစ်ပါသည် ။  



သျှမ်းသံတော်ဆင့်

unread,
Sep 8, 2015, 4:50:15 PM9/8/15
to thuau...@gmail.com

ရွေးကောက်ပွဲ အောင်နိုင်ရေး SNLD ပါတီ ဝင်များ ပင်လုံမြို့တွင် တွေ့ဆုံ

Posted: 08 Sep 2015 08:48 AM PDT

စက်တင်ဘာလ ၈ ရက် မနက်ပိုင်းက သျှမ်းပြည် တောင်ပိုင်း လွယ်လင်ခရိုင် ပင်လုံမြို့၌ သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပါတီ အောင်နိုင်ရေး သင်တန်းနှင့် လူထုတွေ့ ဆုံပွဲ စည်းရုံးရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရာ အနယ်နယ် အရပ်ရပ်က ပါတီဝင် အင်အား ၁၅၀၀ ခန့်တက် ရောက်ခဲ့ကြောင်း သိရသည် ။


လူထုတွေ့ ဆုံပွဲကို ပိဋိကတ် ဟုန်းထမ်း ကျောင်းတိုက်တွင် ကျင်းပရာ ပါတီ ဥက္ကဌ ခွန်ထွန်းဦးက အမှာစကား ပြောကြားရာတွင်  - " သျှမ်းပြည် ကံကြမ္မာ သျှမ်း ပြည်သားတွေ လက်ထဲမှာ ရှိတယ် ။ မကြာမီ ရွေးကောက် ပွဲကျင်းပ တော့မှာ ဖြစ်တယ် ။ ကျနော်တို့ ပါတီဝင်တွေ လွှတ်တော်ထဲ ရောက်သွားရင် အဓိက အကျဆုံး ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လွှတ်တော်ထဲ ကနေ ပြင်ဆင်ခွင့် ရှိမယ် ။ အခြေခံ ဥပဒေ သာလျှင် ကြုံတွေ့ နေရတဲ့ ပြသနာတွေရဲ့ အရင်းမြစ် ဖြစ်တယ် "- ဟု ပြောကြားသည် ။


SNLD ပါတီမှ ဥက္ကဌ အပါ အဝင် ပါတီ အကြီး အကဲများ ဖြစ်သော အထွေထွေ အတွင်းရေးမှူး ၊ လက်ထောက် အတွင်းရေးမှူး တို့နှင့်အတူ သျှမ်းစာပေ ပညာရှင် ဆရာကြီး စိုင်းဖှ လည်း တက်ရောက်ခဲ့ ပါသည် ။


ပင်လုံမြို့ရှိ ၀ါရင့် နိုင်ငံရေး သမားများ ရပ်မိ ရပ်ဖ နှင့် ဒေသတွင်း လူငယ်ထု ၊ အနယ်နယ် အရပ်ရပ်မှ ပါတီဝင် လူငယ်များ ၊ မြို့နယ် အသီးသီးမှ ကော်မတီဝင်များ ၊ ဗဟို ကော်မတီဝင်များ စုစုပေါင်း အင်အား ၁၅၀၀ ခန့် တက်ရောက် ကြသည် ။


ပါတီ လက်ထောက် အတွင်းရေးမှူး လည်းဖြစ် ပြောရေး ဆိုခွင့် ရှိသူလည်း ဖြစ်သည့် စိုင်းလိတ်က - " သျှမ်း လူထု အများဆုံး နေထိုင်တဲ့ သျှမ်းပြည်နယ် ကချင် ပြည်နယ်နဲ့ မန္တလေးတိုင်း တွေမှာ ကျနော် တို့ ၁၅၈ နေရာ ဝင်ပြိုင်မယ် ။ အမျိုးသား လွှတ်တော် ၁၄ ယောက် ၊ ပြည်သူ့ လွှတ်တော် ၄၈ ယောက် ၊ တိုင်းရင်းသား ရေးရာ ၂ ယောက် ၊ ပြည်နယ် လွှတ်တော် ၉၄ ယောက် ဖြစ်ပါတယ် "- ဟုပြောဆို သည် ။


အဆိုပါ လွှတ်တော် ကိုယ်စားလှယ် ၁၅၈ ဦးမှာ သျှမ်းပြည် တောင်ပိုင်းတွင် ၅၆ ဦး ၊ မြောက်ပိုင်း ၄၁ ဦး အရှေ့ပိုင်း ၃၉ ဦး မန္တလေးတိုင်း ၄ ဦး ၊ ကယား ပြည်နယ်တွင် ၁၄ ဦးနှင့် ကချင် ပြည်နယ်တွင် ၁၁ ဦး ယှဉ် ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည် ။


ပိဋိကတ် ကျောင်းတိုက်တွင် တွေ့ဆုံပြီးနောက် တက်ရောက် လာသည့် လူထုမှာ ပင်လုံ ကျောက်တိုင် သို့ သွားရောက်ကာ  စုပေါင်း ဓါတ်ပုံရိုက်ကြ ပါသည် ။ ပင်လုံမြို့သည် ၁၉၄၇ က ပြည်ထောင်စု အတူ တကွတည်ဆောက်ရန် သျှမ်း ၊ ကချင် ၊ ချင်း ခေါင်းဆောင်များ နှင့် ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူ လက်မှတ်ရေးထိုးသည့် သမိုင်းဝင် မြို့ဖြစ်သည် ။

 

   

အပစ် ရပ်ဖို့ အဆင်သင့်ဟု RCSS ကြေငြာသည့် နောက်ပိုင်း ဒုတိယအကြိမ် တိုက်ပွဲ အပြင်း အထန် ပြန်ဖြစ်

Posted: 08 Sep 2015 01:11 AM PDT

သျှမ်းပြည် တောင်ပိုင်း လွယ်လင်မြို့ မိုင်းပွန် အရှေ့ဘက်တွင် သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်တို့ကြား ယမန်နေ့က တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားပြီး နှစ်ဘက် တပ်များ အကျအဆုံး ရှိသည်ဟု ဆိုသည် ။


စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီကျော်မှ ည ၆ နာရီကျော် အထိ လွယ်လင် မြို့နယ် မိုင်းပွန်မြို့ အရှေ့ဘက် ၁၀ မိုင်အကွာ နမ့်မော်လင် လိန်ရွာ အနောက်ဘက် ဆမ်ပူး ကျေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း ၊ သျှမ်း ပြည်တပ်မတော် RCSS/SSA ၏ စစ်ကြောင်းအား အစိုးရ တပ်မတော် အရှေ့ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ လွယ်လင် ခလရ ၁၂ က လိုက်လံ ပိတ်ဆို့ရာမှ နှစ်ဘက် တိုက် ပွဲ ဖြစ်ပွား ရကြောင်း ၊ တိုက်ပွဲ ကြောင့် နှစ်ဘက်တပ် သေကြေ ထိခိုက် ဒဏ်ရာ ရရှိသူ ၈ ဦးထက် မနည်းရှိကြောင်း ဒေသအတွင်း သတင်း ရပ်ကွက်က ပြောသည် ။


“ အစိုးရတပ် ဘက်က ၇ ဦး ဒဏ်ရာ ရရှိတယ် ။ အဲဒီ အထဲမှာ သူတို့ရဲ့ အရာရှိ တဦးနဲ့ တပည့် ၂ ဦး ကျတယ် ။ RCSS ဘက်က တယောက် ကျတယ် ပြောတယ် ။  ” - ဟု နီးစပ်သည့် အသိုင်း အဝိုင်းက ပြောသည် ။


အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ သျှမ်းပြည် တပ်မတော် RCSS / SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှက ဟုတ်မှန်ကြောင်း ဤကဲ့သို့ အတည် ပြုသည် ။


“ အခု ဖြစ်တာက တပ်မတော် ကနေ နယ်မြေ စိုးမိုးရေးကြောင့် ဖြစ်တာ ၊ ဒီဟာတွေ လုပ်နေသရွေ့ တော့ တိုက်ပွဲ က ဖြစ်ပွား နေမှာဘဲ ။ ဒီကိစ္စက UPWC ကိုလဲ ပြောထားတယ် ။ အဓိက ကတော့ ဒီငြိမ်း ချမ်းရေး ဖြစ်စဉ် သွားနေစဉ် အတွင်း နှစ်ဘက်တပ် နေရာ အတည် တကျ မထားနိုင် သေးခင်အထိ တိုက်ပွဲမဖြစ်ဖို့ အဓိက ရှောင်ရှား ကြဖို့ ပြောတယ် ။ အခုလဲ ရှောင်ရင်း ဖြစ်ရတယ် ။ တပ်မတော်ရဲ့ နယ်မြေ စိုးမိုးရေး ကြောင့်ပဲဖြစ်တာ” - ဟု ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည် ။


တိုက်ပွဲကြောင့် နှစ်ဘက် အကျအဆုံး နှင့်ပတ်သက်၍ သျှမ်းပြည် တပ်မတော် ဘက်က အတည်ပြု ပေးခြင်း မရှိပေ ။ တိုက်ပွဲ ဖြစ်ပွားရာ ဒေသတွင် အစိုးရ တပ်မတော် ဘက်မှ တပ်ဆုတ် ပေးလိုက်ရသည့် အပေါ် နယ်မြေ ပြန်လည် စိုးမိုးမှု ရရှိရေး အတွက် ခိုလမ်မြို့ အခြေစိုက် အရှေ့အလယ် အပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက် ခံတပ်များက အဆိုပါ ဒေသဘက် အင်အား ထပ်ဖြည့် နေကြောင်း ဒေသခံများက ပြောသည် ။


ဩဂစ်တ် ၁၇ ရက် နေ့တွင် အစိုးရ နှင့် တတိုင်းပြည်လုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်လက် မှတ်ရေး ထိုးရန် သျှမ်းပြည် တပ်တော်က အဆင့်သင့် ဖြစ်နေပြီဟု KNU , KNLA – PC , DKBA စသည့် ကရင် လက်နက်ကိုင် တပ်ဖွဲ့များ နှင့်အတူ ပူးတွဲ ကြေငြာချက် ထုတ်ပြန် ထားသည် ။


ထို့နောက်ပိုင်း တွင်လည်း သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ဆိုင်းခေါင် ကျေးရွာအုပ်စု ဘက်တွင်လည်း တိုက်ပွဲ ပထမ အကြိမ် တိုက်ပွဲဖြစ်ပွား ခဲ့သည် ။ တိုက်ပွဲကြောင့် ဒေသခံ လူထု ၇ ဦးအားလည်း အစိုးရတပ်ဘက် က ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဖြစ်စဉ်လည်း ဖြစ်ခဲ့ဖူးသည် ။

ပါတီ ကိုလည်း ကြည့်ပါ လူကိုလည်း ကြည့်ပါ ဒါပေမဲ့ ငွေကို မကြည့်ပါနဲ့ (သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး နှင့် အင်တာဗျူး)

Posted: 07 Sep 2015 09:25 PM PDT

ကျားခေါင်းလို့ ခေါ်ကြတဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မကြာခင်မှာ ကျင်းပ တော့မဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင် နေပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် တိုင်း ရင်းသား လက်နက်ကိုင် တွေနဲ့ အစိုးရအကြား အပစ်ခတ် ရပ်စဲရေးက နေတဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေ ဖြစ်လာဖို့ အတွက်လည်း တဒေါင့် တနေရာကနေ ပါဝင် ဆောင်ရွက်ပေး နေတဲ့ ပါတီဖြစ်ပါ တယ် ။ ပါတီရဲ့ ရွေးကောက်ပွဲ မျှော်မှန်းချက် ၊ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုင်းရင်းသား အရေးတွေနဲ့ ပတ်သက်လို့ သဘောထား အမြင်တွေကို သိနိုင်အောင်လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦး ခွန်ထွန်းဦးကို သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့  ရန်ကုန် အခြေစိုက် သတင်းထောက် စိုင်းထွန်းအောင်လွင် က ရန်ကုန်မြို့  ကိုးမိုင် သျှမ်းရွာမှာ ရှိတဲ့ သူ့ရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံ မေးမြန်း ထားပါတယ် ။


မေး ။  ။ SNLD ပါတီ အနေနဲ့ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ၂၅ နှစ်အကြာမှာ  အခုလာမဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ သိရတယ် ။ တချိန် တည်းမှာလည်း ဦးခွန်ထွန်းဦး အပါဝင် ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် ၅ ယောက်က ရွေးကောက်ပွဲ မဝင်ဘူးလို့ သိရတယ် ။ ဘာကြောင့် ဒီလို တပြိုင်နက်တည်း ဆုံးဖြတ်ရတယ် ဆိုတာ ပြောပြ ပေးပါခင်ဗျာ ။


ဖြေ ။   ။ ကျနော်တို့ ကတော့ အတွေ့ အကြုံအရ ပါပါတယ် ။ ၉၀ တုန်းက ဆိုရင် ၀င်ပါဆိုပြီး ၄၇ ခုနှစ် အခြေခံ ဥပဒေယူယူ ၊ ၁၉၇၄ အခြေခံ ဥပဒေ ယူယူဆိုပြီး ကတိ အမျိုးမျိုး ပေးခဲ့တယ် ။ နိုင်လာ တဲ့ တနေ့ ကျတော့ သူတို့ ပြောသလို မဟုတ်ပြန်ဘူး ။ ကျနော်တို့ က နိုင်လာပြီးတော့ အမျိုးသား ညီလာခံထဲ ဝင်သွားရတယ် ။ တော်တော် ဆိုးဆိုး ဝါးဝါး ဖြစ်ခဲ့တယ် ရှမ်းပြည်နယ် ကိုလည်း အဓိက ထားပြီး ဦးတည် ပြီးရေးတဲ့ အခြေခံ ဥပဒေ မျိုးလည်း ဖြစ်နေတယ်  ။


ကျနော်တို့ အနေနဲ့ ကတော့ ၂၀၀၈ ကိုလည်း အသိမှတ် မပြုဘူး ။ ၂၀၁၀ကိုလည်း မဝင်ခဲ့ဘူး ။ ဒါတွေက အတိတ်က ခါးသီး တဲ့ အတွေ့ အကြုံတွေကြောင့် ပါပဲ ။ ဒါပေမဲ့ အခု ဖွဲ့စည်း ပုံပြင်မှ ဆိုတော့ နည်းနည်း ပါးပါး ပြင်ပေးတော့ ကျနော်တို့က ပြင်ပါတယ် ။ မည်ကာ မတ္တမဟုတ်ပဲ အင်တိုက် အားတိုက် ဝင်ပါတယ် ။ အခုဆိုရင် လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၅၈ ဦး ဝင်ပါတယ် ။ ထိပ်ပိုင်း ခေါင်းဆောင် ၅ ဦးမဝင်ဘူး ဆို တာလည်း အပြင်ဘက်မှာ လုပ်ရမဲ့ ကိစ္စတွေ ရှိတယ် ။


အပြင်ဘက်မှာ လုပ်ရမဲ့ CSO / CBO တွေရှိ တယ် ။ ၈၈ လိုအဖွဲ့တွေနဲ့ တခြား နိုင်ငံရေးမှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေ ရှိတယ် ။ တောင်သူလယ် သမားတွေ အလုပ်သမား အဖွဲ့စည်း တွေလည်း ရှိတယ် ။ သူတို့ရဲ့ သဘောထား တွေလည်း ရနိုင် အောင် သူတို့ရဲ့ သဘောထားတွေလည်း နားထောင်လို့ ရအောင် ပါတယ် ။ ကျနော်တို့ ပါတီ ကိုလည်း လက်ရှိ အနေထား ကနေ ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတဲ့ မူဝါဒလည်း ပါပါတယ် ။ ကျနော် ကတော့ အခု လောလောဆယ် အသက်ကြီး နေပြီဖြစ်တဲ့ အတွက် လူငယ်တွေကို လမ်းဖွင့်ပေးတဲ့ အနေနဲ့ မဝင်တာပါ ။


မေး ။ ။ ပါတီရဲ့  အဓိက ဦးတည်ချက်နဲ့ မူဝါဒက ဘာတွေ ဖြစ်ပါသလဲ


ဖြေ ။  ။ ကျနော်တို့ရဲ့ မူကတော့ စကတည်းက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ့ဗျာ ။ ဒါကို လည်း လက်လွတ်စရာ အကြောင်း မရှိဘူး ။ အခြေခံ ဥပဒေက ပြင်ရမယ် ။ လွှတ်တော် ထဲမှာဆိုရင် တော့ အနည်းနဲ့ အများ ကျနော်တို့ရဲ့ အသံတွေကို ပြောနိုင်လိမ့်မယ် လို့ထင်တယ် ။ ပြင်ဖို့ ခက်နိုင်တဲ့ အချက် တွေလည်း တွေ့ရတယ် ။ ရတဲ့ အချက် ၆ ချက် ပေါ့နော် ။ ဒို့တာဝန် အရေးသုံးပါး အပြင် အခြေခံ ဥပဒေကို အသက်ပေးပြီး ကာကွယ်မယ် ဆိုတာတွေ ပါပါလာပြီ ။ မကောင်းတာ ကတော့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ အတွက် မကောင်းဘူး ပေါ့ဗျာ ။ အခြေခံ ဥပဒေပြင်မှပဲ ဖက်ဒရယ် ပြည်ထောင်စုဆိုတာ ပေါ်လာမှာပါ ။


မေး ။  ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့  အပစ်ခတ် ရပ်စဲရေးမှာ အားလုံး ပါဝင် နိုင်မလားဆိုတဲ့ ကိစ္စက လတ်တလော အဓိကထား ဆွေးနွေးစရာ ကိစ္စ တစ်ခု ဖြစ်နေပါတယ် ။ လက်နက်ကိုင် အဖွဲ့တွေ အားလုံးပါဝင်ရေး ဆိုတဲ့ ကိစ္စ အပေါ်မှာကော ဦးခွန်ထွန်းဦးတို့ ပါတီရဲ့ သဘောထားက ဘယ်လို ရှိပါသလဲ ။


ဖြေ ။   ။ ကျနော်တို့က အားလုံး ပါဝင်ရေး ပဲလေ ။ လိုင်ဇာမှာ လည်း သဘောတူ ပြီးသား ။ ဟိုလူမပါ ဒီလူမပါနဲ့ အပစ်ခတ် ရပ်စဲရေးက တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတာပေါ့ ။ ဒါတွေကို ဆိုခဲမြဲ စေဆိုတာနဲ့ သွားဖို့ သင့်ပြီ ဆိုချင်တယ် ။ ကတိ အမျိုးမျိုး ပေးတယ် ပြန်ပြင် ကြတယ် ။ အားလုံး ပါလို့ ရသလိုနဲ့ လက်ခံခဲ့ကြတယ် ။  လက်နက်ချ ခိုင်းတာက လည်း သဘာဝ မကျပါဘူး ။ တဘက်နဲ့ တဘက် ယုံကြည်မှု တည်ဆောက်ဖို့ လိုသေးတယ် ။


စစချင်း ကတည်းက မှားပါတယ် ။ စစချင်း ဆွေးနွေးရမှာ ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက် ချရမှာ ။ အခုတော့ လက်နက်ချ နောက်မှ ဆွေးနွေးမယ် ဆိုတာကတော့ ဆွေးနွေးတဲ့ အချိန်မှာ အင်အားချိန်ခွင်လျှာ မမျှတာမျိုး ဖြစ်ချင်ဖြစ်မယ် ။ လက်နက်ကိုင် အဖွဲ့ တွေကလည်း လက်နက်ကိုင်ပြီး ဆွေးနွေးမှ စိတ်ချ ရမယ်ဆိုတဲ့ အနေထားမျိုး ဖြစ်နေတယ် ။ ဆိုလို ရင်းက ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေး ဖြစ်စဉ်က စလာ ကတည်းက မှားနေတာ ။ ထွန်က အရင်လာလား နွားက ရှေ့ကလာလားက မပြတ်သား မသည်းကွဲ ခဲ့တဲ့အတွက် အခုလို ဖြစ်နေရတာပါ ။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကပဲ အန်စီအေ ထိုးပြီးရင် လက်နက် အပ်ရမယ်တို့ ၆ ဖွဲ့ကို လက်မခံဘူးတို့ ၃ ဖွဲ့က လက်နက် အပ်ရမယ်တို့ဆိုတာ တွေက သံသယတွေ ပွားစေတယ် ။ အဲတော့ ငြိမ်းချမ်းရေးကိုလည်း ထိခိုက် စေတယ်ပေါ့ ။ အခု ထိပ်သီးတွေက သမ္မတ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့နဲ့ သွားတွေ့မယ် ဆိုတော့လည်း ပြောကြဆိုကြမယ် တော်တော်လေးကို ဆွေးနွေးရနိုင် တယ် ပေါ့နော် ။ အန္တိမ ရည်ရွယ်ချက် ကတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ရချင်တယ် ။


အခုကလည်း အခြေခံ ဥပဒေ အတွက်ကို ကာကွယ်ဖို့ ဥပဒေထွက်ဖို့ ပြင်နေတာ တွေရှိအဲလို ထွက် လာရင် တိုင်းရင်းသားတွေ မျှော်လင့်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု တော်တော် ဝေးသွားမယ် ထင်တယ် ။ ဒီဟာတွေက ကျနော်တို့ နိုင်ငံရေး ပါတီတွေက တာဝန်ရှိတဲ့ အတွက် ပြင်အောင်ဆိုပြီး တော့ အာရုံစိုက်ပြီး ကြိုးစားပေးမယ် ။ အကယ်၍များ မပြင်နိုင်တော့ ဘူးဆိုရင်တော့ တိုင်းရင်းသား ပြည်သူတွေ အတွက်ကော ၊ ငြိမ်းချမ်းရေး အတွက်ကော ထိခိုက်နိုင်တယ်လို့ ကျနော်  ထင်တယ်။


တကယ်လို့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်လာအောင် ဆိုရင်တော့ စာချုပ်ကြီး ချုပ်မယ် ဆိုရင် တော့ အားလုံး ပါဝင်တဲ့ လမ်းကို မဖွင့် ထားရင်တော့ ထိုးမဲ့ အဖွဲ့က ၆ ဖွဲ့ လောက်ပဲ ရှိတယ်ထိုးဖို့က ။ အဓိက ကျတဲ့ အဖွဲ့တွေက မထိုးဘူး ဆိုရင်တော့ ငြိမ်းချမ်းရေးက ပြီးတော့မှာ မဟုတ်ဘူး  ။ ကျနော် အကြံပြု ချင်တာ ကတော့ ပါဝင် ပတ်သက်နေတဲ့ အဖွဲ့စည်းတွေ အားလုံးက အပေးယူ ကောင်းကောင်း နဲ့ မျှမျှတတလေး လုပ်နိုင်မှ ဒီတိုင်းပြည်ရဲ့ အခြေနေက ကောင်းလာမယ် ။ စည်းရုံးရေး ကလည်း ကောင်းလာမယ် ။ အဲလိုမှ မလုပ်ဘူး ဆိုရင်တော့ ၆၈ နှစ်တာ ပြည်တွင်း စစ်နဲ့ တိုင်းရင်းသား တန်းတူရေး ခရီးက ပိုရှည်သွားမယ် ။ ကျနော့် အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက် လာရင်တော့ စိုးရိမ်တယ် ။


မေး ။ ။ ရွေးကောက်ပွဲ အကြောင်း ပြန်ဆက် ပါ့မယ် ။ တချို့ဟာ လေးတွေ ကျနော် နားလည် သလောက် ပထမ ဦးခွန်ထွန်းဦးတို့ ပါဝင်ခဲ့တဲ့ စီအာပီပီနဲ့ အန်အယ်လ်ဒီ တို့အကြား မဟာမိတ်ဖွဲ့မယ် လို့ဆိုခဲ့ တယ် ။ တကယ်တမ်း ရွေးကောက်ပွဲ ပြိုင်ဖို့ စာရင်း ထွက်လာတော့ အန်အယ်လ်ဒီက တိုင်းရင်းသား နယ်မြေ တော်တော် များများမှာ ပြိုင်ဖို့ ကိစ္စက ဖြစ်လာခဲ့တယ် ။  တကယ့်ကို တချို့နေရာ တွေက Remote ဝေးလံတဲ့ နေရာတွေက အစ ပြိုင်ဖို့ ဖြစ်လာတယ် ။  အန်အယ်လ်ဒီနဲ့ ထိပ်တိုက်ပြိုင်ရမယ် ဆို တော့ ဦးတို့ SNLD ပါတီ အပါဝင် တိုင်းရင်းသား ပါတီတွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ရဲ့ မဟာမိတ်ဇာတ်လမ်းက ပြီးဆုံး သွားပြီလို့ ဆိုနိုင် ပါသလား ။


ဖြေ ။ ။ အဲဒါ ကလည်း အမှန် ဆိုရင်တော့ ပွင့်ပွင့် လင်းလင်း ပြောရရင်တော့ အရင်တုန်းက အန်အယ်လ်ဒီ အလိမ်ခံ ရသလို ကျနော်တို့လည်း အလိမ်ခံ ခဲ့ရတာ ပါပဲ ။ အဲဒါကို မူတည်ပြီး နိုင်ငံရေး ဆုံးဖြတ်ချက် တစ်ခု လုပ်ခဲ့တယ် ။  လွှတ်တော် မခေါ်ရပေမဲ့ နိုင်တဲ့ သူတွေက လွှတ်တော် မန်းဒိတ်ရှိ ခဲ့တယ် ။ အဲဒါနဲ့ စီအာပီပီ ဖွဲ့ခဲ့တယ် ။ အဲဒီ အချိန်က ဒေါ်စုကလည်း နေအိမ် အကျယ်ချုပ် ကျနေခဲ့တဲ့ အတွက် သူ့ဘက်က ရပ်ပေးခဲ့ တာပဲ ။ အခုလည်း သူ့ဘက်က ရပ်ပေးခဲ့တဲ့ အတွက် သူကျနော် တို့ကို လာပြီး ကမ်းလှမ်း ခဲ့တယ် ။


စီအာပီပီ အဖွဲ့ဝင်တွေ ပြိုင်တဲ့ နေရာတွေမှာ သူမပြိုင် ပါဘူး ဆိုပြီးတော့ပါ ။ စီအာပီပီကလည်း လူသိပ်မရှိတော့ အကယ်၍ ကျနော်တို့က လက်ခံ လိုက်မယ် ဆိုရင် အထူးသဖြင့် တိုင်းရင်းသား ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ယူအန်အေက ပုဂ္ဂိုလ်တွေက ကျနော် တို့ကို မြင်လာလိမ့်မယ် ။ ကျနော်တို့ယူအန်အေကိုလည်း ထိခိုက်လာနိုင် တဲ့အတွက် ယူအန်အေ ကို ထည့်စဉ်းစား သင့်တယ် ။ အခုလို ကမ်းလှမ်း လာတာကို ကျေးဇူးလည်း တင်တယ် ဆိုပြီးပြောခဲ့တယ် ။ ဒေါ်စုနဲ့က ခုနက မေးသလို မဟာမိတ်ဇာတ် လမ်းပြီးပြီလား မပြီးသေးဘူးလား ဆိုတာကတော့ ဒါတွေကလည်း နိုင်ငံရေး အခင်းကျင်းက ဘယ်လိုဖြစ်လာမလဲ ကြိုမသိ နိုင်ဘူးလေ ။


အကယ်၍များ သူကနိုင်တယ် လုံလောက်တဲ့ မဲမရဘူးဆိုရင် ဦးရွှေမန်းနဲ့ပေါင်းရင် လည်းပေါင်းမယ် ။ ဦးရွှေမန်းက အခြေနေ မပေးဘူး ဆိုရင်လည်း ကျနော်တို့ တိုင်းရင်းသား တွေထဲက အနိုင်ရတဲ့ ပုဂ္ဂိုလ်တွေကို ပေါင်းလိမ့်မယ် ထင်တယ် ။ ယူအန်အေ အားကောင်းရင် ယူအန်အေနဲ့ ပေါင်းမှာပဲ ကျားဖြူက ဦးဆောင်နေတဲ့ NBF ( ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း ) နဲ့တော့ ပေါင်းဖို့ မရှိလောက် ဘူး ။ အဲဒီမှာ ပေါင်းစည်းဖို့ ကလည်း လမ်းစ ရှိနေတာပဲ ။ မဟာမိတ် ကိစ္စက ပြီးသွားပြီလို့ ပြောလို့မရ ပါဘူး ။ သူ့အနေနဲ့ သူထင် သလောက် မဖြစ်လာရင် ကျနော်တို့နဲ့ ညွှန့်ပေါင်းဖွဲ့ရမှာ ပါပဲ ။ သူနိုင်သွား ရင် တော့ ပါစရာ မရှိတော့ဘူး ။ မြန်မာ့ နိုင်ငံရေးမှာ နယ်မြေအားဖြင့် တိုင်းရင်းသားနယ်မြေ ကကြီးတယ် လူထုအားဖြင့် ပြည်မ ဒေသမှာက များတယ် ။ လူဦးရေက ဗမာက များတယ် ။ ဘာပဲပြောပြော ပြည်ထောင်စုရဲ့ နိုင်ငံရေး အခင်းကျင်းကတော့ တိုင်းရင်းသားတွေ မပါလို့ မဖြစ်ပါဘူး ။ သူလည်း စဉ်းစားစရာ  ဖြစ်လာမှာပါ ။


မေး ။  ။ တဘက်မှာ လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော် အတွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင် ဖို့ ကြိုးစားခဲ့တယ် မအောင်မြင်ခဲ့ဘူ ။ တိုင်းရင်းသား တွေကလည်း အပြင်မှာ  ပင်လုံလို ညီလာခံ မျိုးပေါ်လာဖို့ အဲဒီနေရာမှာ နိုင်ငံရေး ပြသနာတွေကို ရှင်းနိုင်ဖို့ စဉ်းစား ကြတယ် ။ အဲဒီနည်းလမ်း နှစ်သွယ်မှာ SNLD အနေနဲ့ ဘယ်နည်းလမ်းကို အခြေပြု ထားပါသလဲ ။


ဖြေ ။  ။ ကျနော်ကတော့ ပင်လုံလို ညီလာခံမျိုး ပေါ်လာအောင်ဆိုတဲ့ ကိစ္စမျိုးကို အဓိက ထားပါ တယ် ။ အဲလို နည်းလမ်း နဲ့ ရှင်းချင်တယ် ။ ငြိမ်းချမ်းရေး ယူချင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အား လုံးကလည်း ပင်လုံ မူနဲ့ပဲ သွားချင်တယ် ။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ရချင်တာ ကိုး ။ အန္တိမ ရည်ရွယ်ချက် ကတော့ ဒါပါပဲ ။ ကျန်တဲ့ နည်းလမ်းတွေက ဦးစားပေးရမဲ့ အချိန်အခါ မဟုတ် တော့ဘူးလို့ ကျနော် ထင်တယ် ။ အဲတော့ အပြင်မှာ လွတ်လွတ် လပ်လပ် ပြောလို့ရအောင် ဆိုပြီး ကျနော်တို့က အပြင်မှာ နေခဲ့တာကိုး ။


မေး ။  ။ မြန်မာ့နိုင်ငံရေးက ဒီလောက်ကြာပြီး မဖြေရှင်းနိုင်တာ အတိုက်အခံနဲ့ တိုင်းရင်းသား အင်အားစု တွေကြားမှာပဲ တပ်ပေါင်းစု စိတ်ဓါတ်နဲ့ မသွားနိုင် တာကြောင့်လို ဆိုကြတယ် ။ တပ်ပေါင်းစု နိုင်ငံရေးက ဘယ်လောက် အထောက်ကူ ပြုမယ်လို့ ထင်ထားသလဲ ။


ဖြေ ။  ။ ကျနော်ထင်တယ် တပ်ပေါင်းစု ကတော့ လက်နက်ကိုင် အဖွဲ့စည်း တွေလည်း လုပ်တယ် မအောင်မြင်ဘူး ။ လူတွေပဲ မရင့်ကျက် လို့လား လိုအင် မဖြည့်ဆည်း နိုင်လို့လား မသိဘူး လက်နက် ကိုင်အချင်းချင်း တောင် မအောင်မြင်ကြဘူး ။  ဒီမိုကရက် တစ်အင်အားစု အချင်းချင်းနဲ့ တိုင်းရင်းသား အင်အားစု အချင်းချင်း ပေါင်းစည်းရေး ဆိုတာကိုတော့ ကျနော်တို့က အမြဲရည်ရွယ် တယ် ။ ဒီအင် အား စုတွေကို တစ်စု တစ်တည်းထဲ ဖြစ်အောင် အလံ တစ်ခုတည်းမှာ ရပ်ပြီး လုပ်နိုင် အောင် ဒီအလံ အောက်ကနေ ပြောကြမယ်ဆိုတဲ့ သဘောထားက ရှိပြီးသားပါ ။ အင်အားစု အားလုံး ပါဝင်လာတဲ့ တပ်ပေါင်းစု ဖြစ်မှလည်း နိုင်ငံရေးအရ စကားပြောတဲ့ အခါမှာ ပိုပြီး ထိရောက် လာလိမ့်မယ် ။


မေး ။  ။ ရွေးကောက်ပွဲ ယှဉ်ပြိုင်ကြမဲ့ အခြေနေ တွေကို ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်နိုင် တယ်လို့ ခန့်မှန်းထား ကြတယ် ။ ၉၀ ရွေးကောက်ပွဲ နိုင်တဲ့ အန်အယ်လ်ဒီ ရှိမယ် ။ SNLD ရှိမယ် ။ ကျားဖြူလို ၂၀၁၀မှာ နိုင်ထားတဲ့ ပါတီအပြင် ပြည်ခိုင်ဖြိုးနဲ့ အခြား တိုင်းရင်းသား ပါတီ လေးတွေ လည်း ပြိုင်ကြမယ် ။ SNLD အနေနဲ့ ရှမ်းအပြင် အခြား ရှမ်း တိုင်းရင်းသားတွေ နေထိုင်တဲ့ ကချင် ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ မန္တလေးတိုင်း နေရာ အချို့မှာ ပါပြိုင်ဦးမယ် ။ SNLD ရဲ့ အဓိက ပြိုင်ဘက်က ဘယ်သူတွေ ဖြစ်မလဲ ။


ဖြေ ။  ။ အဓိက ပြိုင်ဘက်က ပြိုင်မယ့် နယ်မြေ အားလုံးမှာ ကျားဖြူပါတီ ဖြစ်လာ ပါလိမ့်မယ် ။


မေး ။  ။ ဘယ်လို ရလာဒ် တွေလည်း မျှော်မှန်းထား ပါသလဲ ။


ဖြေ ။  ။ ကျနော်ကတော့ သိပ် အကောင်းကြီးတော့ ကိုယ့်ကိုကိုယ် အထင် မကြီးပါဘူး ။ ဒါပေမဲ့ ကျနော် ထင်တယ် ကျနော်တို့ ထောင်က ထွက်လာပြီး ကြိုးစားခဲ့ သမျှပေါ့ သုံးနှစ် လောက်ရှိမယ် ။ မနားတမ်းကြိုးစားခဲ့တယ် ။ တရွာဝင် တရွာထွက် နိုင်ငံရေး မူဝါဒတွေ ဟောတယ် ပြောတယ် ။ ကျနော်တို့ရဲ့ ၀ါဒတွေကို ရှမ်းလိုလည်း ပြောကြတယ် ဆိုတော့ လူထုထဲကို ထိထိ မိမိ ၀င်သွားပြီ ထင်တယ် ။


ကျနော့အထင်တော့ အအောင်မြင်ကြီး မဟုတ်ရင်တောင် ကျနော် မရှုံးလောက်ဘူး ထင်တယ် ။ ကျနော် ရင်းနှီးခဲ့တဲ့ အချိန်တွေ ဘဝတွေ ကလည်း ရှိခဲ့ပြီကိုး ။ မားမား မတ်မတ် ရပ်ခဲ့လို့ လည်း ထောင်ထဲ နေခဲ့ဖူးပြီ လိမ်ညာ ခြင်းလည်း ခံခဲ့ရပြီးပြီ ။ ဒီပေးဆပ်မှု တွေအပေါ် မူတည်ပြီးတော့ အနိုင် ရလိမ့်မယ်လို့ ကျနော် ထင်တယ် ။ အနိုင်ကြီးလည်း မဟုတ်ဘူး နှာတဖျားလည်း ဖြစ်ရင်ဖြစ် မယ် ။ ကံဆိုးရင်လည်း ရှုံးရင်လည်းရှုံးမယ် ။ ကျနော့ အနေနဲ့က တော့ရုန်းကန် ရင်းနှီးခဲ့ တာတွေ မူတည်ပြီးတော့ နှာတဖျားသာ လိမ့်မယ်လို့ ကျနော် ထင်တယ် ။


မေး ။ ။ SNLD ပါတီ အနေနဲ့ ကျန်ခဲ့တဲ့ ၂၅ နှစ်ကာလကို ပြန်ကြည့်မယ် ဆိုရင် အတိုက်အခံ အဖြစ် နဲ့ပဲရပ်တည်တယ် ။ အတိုက်အခံပါတီတွေ ၊ အတိုက်ခံ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ပဲ တွဲခဲ့တာ တွေရှိတယ် ။ အခု ရွေးကောက်ပွဲ ပြီးရင်ကော အတိုက်အခံ အဖြစ်နဲ့ ဆက်ရှိ နေမှာလား ။ အစိုးရ အဖြစ် ရည်မှန်းထား ပါသလား ။


ဖြေ ။  ။ ကျနော့ အနေနဲ့ ကတော့ အစိုးရ ဖွဲ့ရေးက နောက်မှပါ ။ အခု လူထုကို ဒုက္ခ ပေးနေတာက ၂၀၀၈ အခြေခံ ဥပဒေပဲ ၊ အထဲမှာ ကျနော်တို့ ရောက်သွားလည်း ၂၀၀၈ အခြေခံ ဥပဒေ မူဘောင် ထဲက ပြင်ဖို့ ကြိုးစားမယ် ။ အာဏာရ ရေးထက် လူထုတွေ ခံစားနေရတဲ့ အခြေခံ ဥပဒေကြီးက သွားလို့ မဖြစ်တော့ဘူး အလုပ်လည်း မဖြစ်တော့ဘူး ဆိုတာ အများလည်း သိနေပြီပဲ ။  ဒီအခြေခံ ဥပဒေ ပြင်ရေးဆိုတဲ့ အန္တိမ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲ ဝင်တာပါ ။ အာဏာရ ရေးက နောက်မှပါ ။


မေး ။   ။ သျှမ်း ပါတီတွေ ပေါင်းစည်းရေးနဲ့ ပတ်သက်လို့ကော ဘယ်လို ဆန္ဒရှိ ပါသလဲ ။


ဖြေ ။   ။ ပါတီ ပေါင်းစည်းရေး နဲ့ပတ်သက် လို့တော့ ရွေးကောက်ပွဲ အပြီး နိုင်ငံရေး အခင်း အကျင်းက ဘယ်လို ဖြစ်လာမလဲ မသိဘူး ။ ကျနော်တို့ ကတော့ ပေါင်းစည်းလို စိတ်အမြဲ ရှိပါတယ် ။


မေး ။  ။ သျှမ်းလူထုကို ဘာများ ပြောချင် ပါသလဲ ။


ဖြေ ။ ။ ကျနော် ကတော့ အထူးသဖြင့် သျှမ်းပြည်က လူထုကို ပြောချင်တာက ရွေးကောက်ပွဲ ရွေးတဲ့ နေရာမှာ ပါတီကို ကြည့်ပါ ၊ လူကိုကြည့်ပါ ။  ငွေကိုတော့ မကြည့်ပါနဲ့လို့ ။ ငွေကို ကြည့်မယ် ဆိုရင်တော့ ဘဝတွေက ဒီထက် ပိုဆိုးလာပါ လိမ့်မယ် ။ ငွေကို အကြောင်းပြ ပြီးတော့ ကျန်တော်တို့က ဘယ်တော့မှ စည်းရုံးမှာ မဟုတ်ဘူး ။ ကျန်တော်တို့ ပါတီက ရည်ရွယ်ချက် ကတော့ အများ ဆန္ဒ အတိုင်းပဲ ။ လွှတ်တော် ကိုယ်စားလှယ် တွေကို မထွက်ရဘူး မပြောင်းရဘူး ဆိုတာ မပြောပါဘူး ။ မူကို မကြိုက်ရင် အချိန် မရွေးထွက် ပြောင်းချင် ပြောင်းပါ ။ ကိုယ်စား လှယ်လောင်း တွေအဖြစ် လက်ခံထား ရာမှာ တယောက်နဲ့တယောက်လေးစားတယ်။ ဂုဏ်သိက္ခာရှိတဲ့လူတွေနဲ့ လုပ်နေတာ ကျန်တော်တို့ကိုလည်း အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။
အခုလို ဖြေကြားပေး တဲ့အတွက် သျှမ်းသံတော်ဆင့်က အထူးပဲ ကျေးဇူးတင် ပါတယ် ။

ပါတီဝင်အင်အား ၄ သိန်းဖြင့် ရွေးကောက်ပွဲတွင် ကျားဖြူ ပါတီ အနိုင်ယူမည် (ကျားဖြူ ပါတီဥက္ကဌ စိုင်းအိုက်ပေါင်း နှင့်တွေ့ဆုံ မေးမြန်း)

Posted: 07 Sep 2015 08:43 PM PDT

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သျှမ်းတိုင်းရင်းသား ပါတီတခု ဖြစ်တဲ့ ကျားဖြူ ပါတီခေါ် သျှမ်း တိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီ ကနေ သျှမ်းပြည်နယ် အပြင် ၊ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ကချင်ပြည်နယ် ၊ ကယားပြည်နယ် တွေမှာ လွှတ်တော် အမတ် နေရာ ၂၀၀ ကျော် ယှဉ်ပြိုင် မှာဖြစ်ပါတယ် ။ လက်ရှိမှာလည်း ကျားဖြူပါတီဝင် အင်အား ၄ သိန်းကျော် ရှိပြီမို့ သျှမ်းပြည် လူထု ထောက်ခံမှုကို အပြည့်အဝ ရရှိကြောင်း နဲ့ ရွေးကောက်ပွဲ မနိုင်မှာကို မစိုးရိမ်ရကြောင်း ပါတီဥက္ကဌကြီး ကပြောပါတယ် ။ ပါတီဥက္ကဌကြီး စိုင်းအိုက် ပေါင်းကို သျှမ်းသံတော်ဆင့်က နန်းဆိုင်ဖူးအောင် ကနေ အခုလို တွေ့ဆုံ မေးမြန်းထား ပါတယ် ။


မေး ။ ။ SNDP ကျားဖြူ ပါတီရဲ့ အဓိက ရည်ရွယ်ချက်ကို သိပါရ စေရှင် ။


ဖြေ ။ ။ ကျနော်တို့ ကျားဖြူ ပါတီရဲ့ ရည်ရွယ်ချက် ကတော့ ၂၀၁၅ ရွေးကောက် ပွဲမှာအနိုင် ရဖို့ ဘဲဖြစ် တယ် ။ အရင်က ကိုယ်စားလှယ် လောင်း ၂၁၀ ၀င်ပြိုင် ဖို့ လုပ်ထားတာ အကြောင်း အမျိုးမျိုး ကြောင့် ၃ ယောက် အပယ်ခံရတယ် ။ ၂၀၇ ဘဲကျန် တာ့တယ် ။ ဒီအရေ အတွက် ဟာ တခြားသော တိုင်းရင်း သား လူမျိုးစုနဲ့ စာရင် ကျားဖြူ ပါတီက ကိုယ်စားလှယ်လောင်း အရေ အတွက် အများ ဆုံး ဖြစ်တယ်လို့ ပြောလို့ ရပါတယ် ။ နောက်တခုက ၂၀၁၅ မှာအနိုင် ရရင် သျှမ်းပြည်နယ် အစိုးရ ဖွဲ့ မယ် ။ ဘာကြောင့်လဲ ဆိုတော့ သျှမ်းပြည်နယ်ဟာ သျှမ်းအစိုး ရ အုပ်ချုပ် စေချင်တယ် ။ ကျနော်တို့ သျှမ်းပြည်ကို ကျနော်တို့ အုပ်ချုပ်နိုင်မှသာ ကျနော်တို့ သျှမ်း လူထုအတွက် လုပ်ချင်တာ လုပ်နိုင်မှာ ပေါ့ ။ ဘာလို့လဲဆိုတော့ တခြားသော နိုင်ငံ နဲ့နှိုင်းယှဉ်ရင် ကျနော် တို့သျှမ်းပြည် နယ် ဟာ နိမ့်ကျ နေတယ် ။


ကျနော်တို့ သျှမ်းပြည် ဘဲ အရင်ကြည့်လိုက် တခြား နိုင်ငံနဲ့ မယှဉ်သေးနဲ့ ။ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် လွယ်လင် ရိုင် လင်းခေးခရိုင် ဆိုရင် လွယ်လင် နဲ့ လင်းခေးခရိုင်က တော်တော်လေး ကို တိုးတက်မှုမရှိသေး တာတွေ့ရ တယ် ။ ကျနော်တို့ ဒါတွေ တွေ့ထားတော့ ကျနော်တို့ သျှမ်းပြည်နယ် အစိုးရ ဖြစ်လာပြီဆိုရင် ဒါတွေကို တိုးတက်ကောင်း မွန်လာအောင် ကျနော်တို့ ဆောင်ရွက်နိုင် မယ်လေ ။ ကျနော် တို့ သျှမ်းပြည် သားတွေ မခံစားရသေးတဲ့ ကောင်းကျိုး ကို ကျနော်တို့ လုပ်ပေးချင်တယ် ။ အစိုးရ ဖြစ်ချင်တယ် ဆိုတာခုမှ ပြောတာ မဟုတ်ဘူး ။ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်က တည်း ကပြောလာခဲ့တာ ။ အစိုးရ မဖြစ်ရင် ဘာမှ မလုပ်နိုင်ဘူး ။ သျှမ်းပြည် အစိုးရ ဘဲဖြစ်ချင် တာမဟုတ်ဘူး ။ ကချင်ပြည်နယ်မှာ ၁၈ မြို့နယ်ရှိတယ် ။ အဲဒီမှာ ကျနော်တို့ ကျားဖြူ ပါတီက ၉ မြို့နယ် ၀င်ပြိုင်မယ် ။ ကျနော်တို့ သျှမ်းဘဲ တဝက်ကျော် နေပြီလေ ။


ကချင်ပြည်နယ် မှာလည်း ကျနော်တို့နိုင် ရမယ် ။ ဘာလို့လဲ ။ အခု အခြေအနေဟာ ၂၀၁၀ တုန်းကအခြေ အနေထက် ပိုပြီးတော့ ကောင်းလို့လေ ။ ၂၀၁၀ တုန်းကဆိုရင် ကချင်ပြည် နယ်မှာ ကျနော်တို့ ၀န်ကြီး တယောက်နဲ့ တိုင်းရင်းသားရေး ရာဝန်ကြီး တယောက် ဘဲရှိတယ် ။ အခုတော့ ကချင်ပြည်နယ်မှာ အစိုးရဖွဲ့နိုင်အောင်ကြိုး စား မယ် ။ နောက်ပြီးတော့ ၂၀၁၀တုန်း က ကယားပြည်နယ်ထဲမှာ ကျနော် တို့သွားပြိုင်မယ်ဆိုတော့ ပြိုင်ခွင့်မရခဲ့ဘူး ။ အဲဒီမှာလဲ ကျနော်တို့ သျှမ်းတွေ အများကြီး ဘဲ ။ အခု ကယား ပြည်နယ်ထဲက ရ မြို့နယ်မှာ ကျနော်တို့ ၆ မြို့နယ် သွားပြိုင် မယ်လေ ။ အဲ့ကြောင့် ကယားမှာလဲ နိုင်မယ်လို့ ကျနော်တို့ရည်ရွယ် ထားတယ် ။ လာမယ့် ရွေးကောက်ပွဲတွေ အတွက် အမြစ်ချ ထားနိုင်ပြီလေ ။


မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲက သျှမ်း ပြည်သားတွေ အတွက် ဘယ်လောက် အရေး ပါမလဲ ။


ဖြေ ။ ။ အား အရေးကြီး တာပေါ့ ။ ၁၉၄၈ နောက်ပိုင်း သျှမ်းလူထုကို ကိုယ်စားပြုမယ့် သျှမ်းပါတီ စစ်စစ် အနေနဲ့ ဝင်ပြိုင်တာ ဒီတခါဘဲ ရှိမယ်လေ ။ ဖဆပလ ခေတ်တုန်းကလည်း ရှိတယ် ။ ဒါမယ့် ဒီလောက် မကြီးဘူးလေ ။ အခု မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ မြို့မှာ ၆၈ မြို့မှာ ကျနော်တို့ ပါတီ ၀င်တွေ ရှိတယ် ။ ကျနော်တို့ ၀င်ပြီးယှဉ်မှာ လေ ။ ကျနော် တို့သျှမ်း လူမျိုး တွေရဲ့ဘ ၀ကံကြမ္မာ ဒီတခါတော့ ပြောင်းလဲ ပြီပေါ့ ။


ကျနော်တို့ အောင်နိုင်မှာသာ ကျနော်တို့မိဘ ပြည်သူတွေ အတွက် လုပ်နိုင်မယ်ဆိုတော့ ဒီတခါလုပ် မယ့် ရွေးကောက်ပွဲဟာ သျှမ်းပြည်လူထု အတွက် အရမ်း ကိုအရေးကြီး တယ်ဆိုတာ နားလည်ရ မယ် ။ ဒါကြောင့် ကျားဖြူ ပါတီ ကိုမဲပေး ရမယ် ။ ကျားဖြူပါတီသာ သျှမ်း ပြည်သား တွေကို ကိုယ်စားပြုတဲ့ သျှမ်းပါတီ စစ်စစ် ဖြစ်တယ် ။ ဥက္ကဌ လည်း သျှမ်းဘဲ ဒုဥက္ကဌလည်း သျှမ်းဘဲ ။ သျှမ်း စစ်စစ်က မွေးလာတဲ့ သျှမ်းသွေး ၁၀၀ ရာခိုင်နှုန်း ပါတယ် ။ ဒါကြောင့် သျှမ်းပြည်ထဲမှာ နေတဲ့ တိုင်းရင်းသား အားလုံး အတွက် အလုပ်လုပ် ချင်တယ် ။


မေး ။ ။ ရွေးကောက်ပွဲ ပြီးရင် လူထုကို ဘာလုပ်ပေး မလဲ ။


ဖြေ ။ ။ ဒါ ကျနော် အဖြေချင်ဆုံး မေးခွန်းဘဲ ။ ဘာလို့လဲ ဆိုတော့ ကျနော် တို့သျှမ်းပြည် သား တွေ ဒုက္ခမျိုးစုံ ခံစားရတယ် ။ အေးအေး ချမ်းချမ်း မနေရဘူး ။ ဒါကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင် နေရတာ ၁ သန်းကျော် ရှိတယ် ။ ပထမဆုံး အေးချမ်းမှု လိုတယ် ။ ကျနော် အရင်ဆုံး လုပ်ပေးချင်တာ က စီးပွါးရေး ၊ စိုက်ပျိုးရေး ၊ ကျန်းမာရေး ၊ လမ်းပန်းဆက် သွယ်ရေး ၊ လျှပ်စစ်ဓါတ် အားရရှိရေး စတာ တွေလုပ်ပေး ချင်တယ် ။ ပညာရေး ။ ကျောင်းချိန် ထဲမှာ သျှမ်းစာသင် ကြားနိုင်အောင် လုပ်ပေးချင် တယ် ။


အဓိကကတော့ လွှတ်တော်ထဲကို ကျနော်တို့ ကိုယ်စားလှယ်တွေ များများရောက်မှ ဒီ ဥပဒေ ကိုပြင် ဆင်ပြဌာန်း နိုင်မယ် ။ အခု ကျောက်မဲမှာ ကျောင်းချိန်တွင်း သျှမ်းစာသင်ေ တာ့မယ်လေ ။ ကျနော် ဥက္ကဌကြီးကိုယ် တိုင်လည်း ကျောက်မဲမှာ အမျိုးသား လွှတ်တော် သွားပြိုင်မယ် ။ နောင်ချို ကျောက်မဲ သီပေါ နမ်တူ မိုးမိတ် မဘိမ်း ၆ မြို့နယ်ပေါ့နော် ။ ကျနော်တို့ သျှမ်းပြည်သား ရ၅ ရာခိုင်နှုန်းဟာ လယ်သမား တွေဖြစ်တယ် ။ ဒေသခံရဲ့ လယ်ယာမြေတွေ အသိမ်းခံရ တယ် ။ ပြန်မ ရသေးတာ အများကြီး ရှိတယ် ။


ကျနော်တို့ အဲတာတွေကို အမြန်ဆုံးပြန်ရေ အာင်စီစဉ် ပေးမယ် ။နောက်ပြီး တော့ လယ်သမား တွေစိုက်ပျိုး မွေးမြူရေး မှာဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ကျနော်တို့က အနောက် နိုင်ငံနဲ့ အဆက် အသွယ်လုပ်ပြီးတော့ အဘက်ဘက် ခေတ်မှီအောင် လုပ်ပေးမယ် ။ နောက်ပြီး ကျနော်တို့ နိုင်ငံသား အလုပ် အကိုင် ရရှိရေး အတွက် အနောက် နိုင်ငံသားတွေ ခေါ်ပြီး စီစဉ် ဆောင်ရွက်ပေး စေမယ် ။ ကိုယ့်မြို့ ကိုယ့်ရွာမှာ အလုပ် အကိုင်ရှိ ရင်ဘယ် သူမှနိုင်ငံခြား သွားပြီး သူ့ကျွန် သွားမခံချင် ကြဘူးလေ ။


မေး ။ ။ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဘယ်လို စီစဉ် ထားပါသလဲ ။


ဖြေ ။ ။ ကျနော်တို့က မြို့နယ် တိုင်းမှာ သွားပြီး စည်းရုံးရေး ဆင်းထားပြီးပြီ ။ သျှမ်းပြည်သူ လူထုအားလုံးကို တောင်းဆို ချင်တာက သျှမ်းပါတီစစ် စစ်ကို ထောက်ခံ အားပေးပါ ။ ကျားဖြူ ပါတီကို မဲပေးမှသာ သျှမ်းပြည်သား များဘဝ ကံကြမ္မာ ပြောင်းလဲမှာ ဖြစ်တယ် ။


မေး ။ ။ ဒီလိုဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အထူး ယှဉ်ပြိုင် ရမှာက ဘယ် ပါတီတွေဖြစ် မလဲ ။


ဖြေ ။ ။ ပါတီတွေ အများကြီး ရှိပါတယ် ။


မေး ။ ။ သျှမ်းပြည်မှာ ကော်အထူး ယှဉ်ပြိုင်ရမှာက ဘယ်ပါတီ တွေလဲရှင့် ။


ဖြေ ။ ။ ကြံ့ခိုင်ရေး ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပေါ့နော် ။ ဒါပေမယ့် ကျနော် ယုံကြည် ပါတယ် ။ ကျားဖြူ ပါတီက အင်အား အကြီးမား ဆုံးပါတီဖြစ် ပါတယ် ။ သျှမ်းပြည် သူလူထုလည်း သိတယ်လေ ကျနော်တို့ကို ။ အဲ့ကြောင့် ကျနော်တို့ကိုဘဲ အားပေး ပါတယ် ။


မေး ။ ။ သျှမ်းပါတီ အချင်းချင်း ယှဉ်ပြိုင် ရမယ့် ကိစ္စအပေါ် ဘယ်လို မြင်ပါသလဲ ။


ဖြေ ။ ။ ပါတီတွေ အများကြီးရယ် ။ သျှမ်းပါတီ ၂ ခုဘဲ ရှိတာ မဟုတ်ဘူးလေ ။ ကျနော်တို့ ကျားဖြူ ပါတီဝင် အင်အား ၄ သိန်းကျော် ရှိတယ်အခု ။ သီပေါ့မှာလဲ ၄ သောင်းကျော် ရှိတယ် ။ နမ့်ခမ်းမှာ ၂ သောင်းကျော် ရှိတယ် ။ နမ့်ခမ်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၅ သောင်း ထက်မပိုဘူးလေ ။ ဒါကြောင့် သျှမ်းပြည် လူထုက ကျနော်တို့ကို ထောက်ခံမှာ ဖြစ်တဲ့အတွက် မနိုင်မှာကိုတော့ မစိုးရိမ် ရဘူးလေ ။


လာမယ့် ရွေးကောက်ပွဲမှာ သျှမ်းပြည်နယ်မှာ ကျားဖြူ ပါတီအပြင် ကျားခေါင်း ပါတီနဲ့ သျှမ်းပြည် အရှေ့ပိုင်းက မင်္ဂလာ စည်တော် ပါတီ ဆိုပြီး သျှမ်းပါတီ ၃ ခုရှိပါတယ် ။ ဒါ့အပြင် ကြံ့ခိုင်ရေးပါတီ ၊ တစညပါတီ ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အပြင် တိုင်းရင်းသား ပါတီ တွေ အများအပြား လည်းဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ် ။

You are subscribed to email updates from သျှမ်းသံတော်ဆင့်.

To stop receiving these emails, you may unsubscribe now.
Email delivery powered by Google

သျှမ်းသံတော်ဆင့်

unread,
Sep 9, 2015, 4:15:53 PM9/9/15
to thuau...@gmail.com

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်နိုင်ရေး မူကို သမ္မတ သဘောတူ

Posted: 09 Sep 2015 10:54 AM PDT

နေပြည်တော်တွင် ကျင်းပခဲ့သည့် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ထိပ်သီးခေါင်း ဆောင်များ ဆွေးနွေးမှုမှ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်ရေးမူကို အစိုးရဘက်မှ သဘော တူလိုက် ပြီဖြစ်ကြောင်း သိရသည် ။



နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ် ရေးထိုးရာတွင် ပါဝင်မည့် အဖွဲ့များ ( သို့မဟုတ်) ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်ခွင့် မူနှင့် ပတ်သက်၍ သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ထိပ်သီးခေါင်းဆောင် ၉ ဦးတို့သည် စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြပြီး အားလုံး ပါဝင်နိုင်ရေး အတွက် အဆင့်ဆင့် ချမှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း  သိရသည် ။


" အားလုံး ပါဝင်ရေးမူနဲ့ ပတ်သက်လို့ အဆင့်အလိုက် သွားမယ် ။ လက်မှတ် ထိုးဖို့က ၁၅ ဖွဲ့ပဲ လက်ခံမယ် ။ AA နဲ့ TNLA ကို ထပ်ညှိမယ် ၊ တအာင်း TNLA က တဖွဲ့ချင်းစီ ဆွေးနွေးပြီး နိုင်ငံရေး ဆွေးနွေးပွဲ ရောက်အောင် လုပ်ပေးမယ် ။ ကျန်သုံးဖွဲ့က နိုင်ငံရေး ဆွေးနွေးပွဲမှ လာမယ် ။ ကိုးကန့် ကတော့ သမ္မတက သီးသန့် ဆွေးနွေးမယ် ။ အားလုံးကို အနိမ့်ဆုံး နိုင်ငံရေး ဆွေးနွေးမှုမှာ ပါဝင်ခွင့် ရအောင် ဆွဲခေါ်သွားဖို့ ရှိနေတယ် " ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် NCCT နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေး ဗဟိုညှိနှိုင်းမှု အဖွဲ့မှ ဖဒိုစောကွယ် ထူးဝင်းက ပြောသည် ။


ယခု ဆွေးနွေးပွဲ မတိုင်မှီ အထိ အပစ်ရပ် လက်မှတ် ရေးထိုးရာတွင် အဖွဲ့ ၁၅ ဖွဲ့သာ ပါဝင်ရန် အစိုးရ ဘက်မှ လက်ခံထားခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ၂၁ ဖွဲ့ အထိ ရှိနေသည် ။  လက်မှတ်ရေးထိုးရာ တွင် ပါဝင်ခွင့် မရှိသည့် ၆ ဖွဲ့မှာ AA ရက္ခိုင့် တပ်မတော် ၊ ကိုးကန့် MNDAA ၊ တအာင်း ပလောင် အမျိုးသား တပ်မတော် TNLA ၊ ၀  WNO ၊ လားဟူ LDU ၊ရခိုင် ANC စသည့် အဖွဲ့များဖြစ်သည် ။


" ကိုးကန့်ကိုတော့ လက်မခံ သေးဘူး ။ ဒါပေမဲ့ အားလုံး ပါဝင်ရေးမူကို လက်ခံထားပြီ ဖြစ်တဲ့အတွက် သမ္မတ ရုံး အစီစဉ်နဲ့ သီးခြား ညှိနှိုင်း ပေးသွားဖို့ ရှိနေတယ် " ဟု သမ္မတရုံး တာဝန်ရှိသူက ပြောသည် ။


နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေး ပြုလုပ်ရာတွင် ပါဝင်ရမည့် အဖွဲ့များအဖြစ် KIO ကချင်လွတ် မြောက်ရေးအဖွဲ့ ၊ သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP / SSA ၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ၊  UWSA ၀ တပ်ဖွဲ့ ၊ မိုင်းလား NDAA ၊ ကရင် အမျိုးသား အစည်းအရုံး KNU  ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ KNUPC ၊ DKBA ကလိုထူးဘော ၊ မွန်ပြည်သစ် ပါတီ MNSP ၊ ကျောင်း သား တပ်ဖွဲ့ ABSDF ၊ ချင်း CNF ၊ ရခိုင် လွတ်မြောက်ရေး ပါတီ ALP ၊ NSCN - K နာဂ စသည့် အဖွဲ့များမှာ ပါဝင် လက်မှတ် ရေးထိုးရမည်ဟု အစိုးရဘက်မှ သတ်မှတ် ထားပါသည် ။


 MNDAA ကိုးကန့်အဖွဲ့နှင့် ပတ်သက်၍မူ သမ္မတရုံးမှ တိုက်ရိုက် ညှိနှိုင်းမည်ဟု သိရပြီး လေ့လာသူ အချို့ကမူ လက်နက်ချမှ နိုင်ငံရေး ဆွေးနွေးပွဲ ပေးတက်မည့် အနေထား ဖြစ်နိုင်သည်ဟု ခန့်မှန်းကြ သည် ။ လက်မှတ် ရေးထိုးရန် အတွက် အစိုးရဘက်မှ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ရန် ကမ်းလှမ်းခဲ့သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ အောက်တိုဘာလ ဒုတိယ အပတ်တွင် မှ ပြုလုပ်ရန် တင်ပြထားကြောင်း ဆွေးနွေးမှု အပြီးပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုချက် အရ သိရသည် ။ ပါဝင် လက်မှတ် ရေးထိုးရန် အတွက်မူ တဖွဲ့ချင်းစီ အလိုက်ဆုံးဖြတ်ရ မည်ဖြစ် ကြောင်း လည်း ဖဒိုကွယ်ထူးဝင်းက ဆွေးနွေးမှုအပြီး သတင်းစာ ရှင်းလင်းရာ တွင် ပြောဆိုသည် ။


UWSA ၀ တပ်ဖွဲ့မှ နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ် ရပ်စဲရာတွင် ပါဝင် လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန် ကြေငြာထားသည် ။

သျှမ်းသံတော်ဆင့်

unread,
Sep 13, 2015, 4:31:35 PM9/13/15
to thuau...@gmail.com

အပစ်ရပ် လက်မှတ် မရေးထိုးပါက နိုင်ငံရေး ဆွေးနွေးခွင့် ဆုံးရှုံးနိုင်ဟု ၀ UWSA ကို တပ်မတော် သတိပေး

Posted: 13 Sep 2015 08:29 AM PDT

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲမှု ပြုလုပ် ရာတွင် UWSA ၀ တပ်ဖွဲ့ အနေဖြင့် ပါဝင်လက်မှတ် ရေးထိုးခြင်း မရှိပါက ပြည်နယ် တောင်းပိုင်ခွင့် အခွင့်အရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲ တက်ရောက်ခွင့် အပါဝင် အခြား အခွင့်အရေးများ ဆုံးရှုံးနိုင် သည်ဟု တပ်မတော်မှ သတိပေး လိုက်ကြောင်း သိရသည် ။


အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ UPWC နှင့် ၀ ပြည်သွေးစည်း ညီညွတ် ရေးပါတီ UWSP တို့မှ တာဝန်ရှိ သူများသည် စက်တင်ဘာလ ၁၂ ရက်နေ့က ကျိုင်းတုံမြို့ တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယင်းသို့ ဆွေးနွေးစဉ် တပ်မတော်ဘက်မှ ကိုယ်စားလှယ် အဖြစ် တက်ရောက် လာသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်မှ သတိပေးခြင်း ဖြစ်ကြောင်း ၀တပ်ဖွဲ့ တာဝန်ရှိ သူများထံမှ သိရသည် ။


" လက်မှတ် မထိုးရင် ကျနော်တို့ ၀တွေကို   ပြည်နယ် တောင်းဖို့ အတွက် နိုင်ငံရေး ဆွေးနွေးပွဲ တက်ရောက်ခွင့် အပါအဝင် အခြား နိုင်ငံရေး ဆိုင်ရာ အခွင့်အရေးတွေ ဆုံးရှုံးမယ်လို့ သတိပေးတယ် ။ ဒါပေမဲ့ ကျန်တော်တို့ ကလည်း ထိုးမယ် မထိုးဘူးဆိုတာ တစ်ခါ တည်း အဆုံးဖြတ် မပေးနိုင်ဘူး ။ တကယ်တော့ ကျန်တော်တို့က ၂၅ နှစ်ကျော်လုံးလုံး တချက်မှ သေနတ် မဖောက်ပဲ ငြိမ်းငြိမ်း ချမ်းချမ်း နေလာတာပဲလေ " ဟု ဆွေးနွေးပွဲ တက်ရောက် ခဲ့သည့် ၀ တပ်ဖွဲ့မှ အမည် မဖော်လိုသူ တာဝန်ရှိသူ တဦးက ပြောသည် ။


စက်တင်ဘာလ ၉ ရက်နေ့က တြိဂံ ဒေသတိုင်း စစ်ဌာန ချုပ်တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲသည် နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ် ရပ်စဲရေး အတွက် ၀ တပ်ဖွဲ့ အနေဖြင့် ပါဝင်လာနိုင်ရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည် ဟု မြန်မာ ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူ တဦးကလည်း ပြောဆိုသည် ။


ဝ တပ်ဖွဲ့ အနေဖြင့်မူ လက်မှတ်ရေးထိုး လိုက်ပါက ၀ ပြည်သူများ အတွက် နစ်နာစရာများ ရှိလာ နိုင်သည့် အတွက် လက်မှတ်ရေးထိုးမည် မဟုတ်ပဲ နိုင်ငံရေး ဆွေးနွေးပွဲမှသာ တက်ရောက်မည်ဟု စက်တင် ဘာလ ၄ ရက်နေ့က ထုတ်ပြန် ကြေငြာထား ခဲ့ပါသည် ။


နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ် ရပ်စဲရေးတွင် အဖွဲ့ ၁၅ ဖွဲ့ကိုသာ ပါဝင် လက်မှတ် ရေးထိုးရန် အစိုးရ ဘက်က လက်ခံပြီး ကျန်အဖွဲ့ တချို့မှာ နိုင်ငံရေး ဆွေးနွေးခွင့် ရရှိမည် ဖြစ်သလို ကိုးကန့် အဖွဲ့နှင့် ပတ်သက်၍ တော့ သီးခြား တွေ့ဆုံ ဆွေးနွေးပြီးမှ ဆုံးဖြတ်နိုင်မည်ဟု စက်တင်ဘာလ ၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ပြောဆိုထားသည် ။


ဝ တပ်ဖွဲ့ မှလည်း - ကိုးကန့် အပါဝင် အဖွဲ့တချို့အား အစိုးရဘက်မှ လက်မှတ်ထိုးရန် လက်သင့် မခံခြင်း အပေါ် မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း စက်တင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် သော ကြေငြာချက်တွင် ဖော်ပြထားပါသည် ။ ကျိုင်းတုံတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသို့ အစိုးရ ဘက်မှ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ၀ တပ်ဖွဲ့ ဘက်ကမူ အထွေထွေ အတွင်းရေးမှူး ဦးပေါက်ယူရီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်ရောက် ခဲ့သည်ဟု သိရသည် ။

သျှမ်းသံတော်ဆင့်

unread,
Sep 14, 2015, 4:46:29 PM9/14/15
to thuau...@gmail.com

အစိုးရတပ် ပစ်ခတ်မှု ကြောင့် စဝ်စံထွန်း ဆေးရုံရောက် မိုင်းပွန် ဒေသခံ အသက် အန္တရာယ် စိုးရိမ်

Posted: 13 Sep 2015 11:51 PM PDT

သျှမ်းပြည် တောင်ပိုင်း လွိုင်လင် ခရိုင်တွင် အစိုးရ တပ်မတော်မှ  လက်နက်ကြီး ငယ်ဖြင့်  ပစ်ခတ်ခဲ့မှု ကြောင့် ဒဏ်ရာရ သူများ အနက် တောင်ကြီး မြို့ စဝ်စံထွန်း ဆေးရုံရောက် စိုင်းတောင် ခေါ် စိုင်းတ မှာ ခြေ ၊ လက်တဖက်စီ ပြတ်လု နီးပါး ဖြစ်နေပြီး ဒဏ်ရာ ပုပ်ပွ နေပြီ ဖြစ်သောကြောင့်  စိုးရိမ် နေရသည့် အခြေ အနေတွင် ရှိနေကြောင်း ကျန်းမာရေး ဝန်ထမ်း တဦးက ပြောပါသည် ။


လွိုင်လင် မြို့နယ် ၊ မိုင်ပွန် မြို့နှင့် ၁၈ မိုင်ကွာဝေးသော နောင်လိုင် ကျေးရွာ အုပ်စု ၊ နောင်ပါတက် ရွာဦး ဘုန်းကြီးကျောင်းတွင် ဥပုတ်နေ့ အတွက် ဆွမ်းဟင်း ချက်နေသော ရွာသားများအား အစိုးရ တပ်မတော် မှ စက်တင်ဘာ ၁၂ ရက်နေ့က လက်နက်ကြီး ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ တဦး သေဆုံးပြီး ဒဏ်ရာ ရရှိသူ ၆ ဦးအနက် ခြေ လက် တဖက်စီ ပြတ်လု နီးပါး ဖြစ်နေသော စိုင်းတောင် ခေါ် စိုင်းတ မှ ၁၃ ရက်နေ့က တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံသို့ ရောက်ရှိ ခဲ့ပါသည် ။


“ ဆွမ်းဟင်း အတွက် ကျနော်တို့ အသားငါးတွေ လှီးနေတဲ့ အချိန် အဝေးကနေ ဗုံးနဲ့ လှမ်းပစ်တော့ အားလုံး ထွက်ပြေး ကြတယ် ။ အဲ့မှာ စိုင်းတောင် တယောက်ဘဲ ကျန်ခဲ့တော့ တပ်မတော် သားတွေက အဲ့ဒီက ဓါးနဲ့ ဝိုင်းခုတ် ကြတယ် ။ ညာဖက် ခြေထောက်နဲ့ ညာဖက်လက် ပြတ်သွားတယ် ။ မိုင်းပွန် ဆေးရုံက မနိုင်တော့လို့ ကျနော်တို့ တောင်ကြီး စဝ်စံထွန်း ဆေးရုံကို လာပို့ကြ တာပါ ။ ကျန်တဲ့ ၅ ယောက် ကတော့ မိုင်းပွန် ဆေးရုံမှာ ရှိတယ် ”- ဟု  ပစ်ခတ်ခံရမှု ဖြစ်စဉ်တွင် ပါဝင် ကြုံတွေ့ ခဲ့ရသည့်  ဒေသခံ တဦးက ပြောသည် ။


အင်အား (၄၀) ခန့်ရှိသည့် လွိုင်လင်တပ် ခလရ (၁၂) မှ ဝင်ရောက် ပစ်ခတ် ခဲ့သည်ဟု သိရသည် ။


အဆိုပါ ဒေသ အတွင်း လှုပ်ရှား နေသည့် RCSS/SSA စစ်ကြောင်းအား အစိုးရတပ်က လိုက်လံတိုက် ခိုက်ချေမှုန်းကာ နယ်မြေ ရှင်းလင်းရေး နယ်မြေ စိုးမိုးရေး စီမံချက်ကြောင့် ဒေသခံ လူထုတို့ ယခုကဲ့သို့ စစ်ဘေး စစ်ဒဏ် ခံနေရခြင်း ဖြစ်ပါသည် ။


RCSS / SSA နှင့်  အစိုးရတို့သည်  ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တည်ဆောက် နေသည့် အဖွဲ့ ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် အဆင်သင့် ဖြစ်နေသည့် အဖွဲ့ဖြစ်သည် ။ 

ဝါတွင်း အလှူပွဲ အတွင်း အစိုးရတပ် လက်နက်စုံ ဖြင့်ပစ်ခတ် ၁ ဦးသေ ၆ ဦးဒဏ်ရာရ

Posted: 13 Sep 2015 07:45 PM PDT

စက်တင်ဘာ ၁၃ ရက်တွင် ကျရောက်မည့် ဝါခေါင်လ ကွယ်နေ့ ဥပုပ်နေ့ အလှူအတွက် လွယ်လင် မြို့နယ် အတွင်း ဘုန်းကြီးကျောင်းတွင် ဆွမ်းဟင်းချက်ရန် ဝိုင်းကူနေ ကြသောရွာသား များထံ အစိုးရ စစ်ကြောင်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့်  ၁ ဦးသေကာ ၆ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသတွင်း သတင်း ရပ်ကွက်က ဆိုပါသည် ။


စက်တင်ဘာလ ၁၂ ရက်နေ့က လွယ်လင် မြို့နယ် မိုင်းပွန် တောင်ဘက် ၁၈ မိုင်ခန့် အကွာရှိ နောင်လိုင် အုပ်စု နောင်ပါတက်ရွာ ဘုန်းကြီးကျောင်း အတွင်း ဆွမ်းဟင်းချက်ရန် ရောက်ရှိ နေကြသော ရွာသားများ ထံသို့  လှုပ်ရှား သွားလာနေသော အစိုးရ စစ်တပ်က လက်နက်ကြီး ငယ် မျိုးစုံဖြင့် ပစ်ခတ်သဖြင့် ရွာသူတဦး ပွဲချင်းပြီးသေကာ ရွာသား ၆ ဦး ထိခိုက် ဒဏ်ရာရ ခဲ့ကြောင်း ဒေသခံ စိုင်းလုံ ကပြောသည် ။


“ ၁၂ ရက်နေ့ မနက် ၁၁ နာရီလောက်ကပါ ။ ရွာသားတွေ ဆွမ်းဟင်း ချက်ဖို့ ပြင်ဆင်နေတုန်း လက်နက်ကြီး ကျည်ကျလာ တယ် ။ သေနတ်တွေနဲ့ ပစ်ခတ်ခံ ရလို့ ပါကြာ ဆိုတဲ့ အသက် ၆၀ အရွယ် အဖွားကြီး လက်နက်ကြီး ကျည်ထိပြီး ပွဲချင်းပြီး သေတယ် ။ ” - ဟု ဆိုပါသည် ။


လုံးတောင် (၄၀နှစ်)  ဆိုသူမှာ ညာဘက်လက်နှင့် ခြေထောက်  ပြတ်သွားကြောင်း ၊ စိုင်းဆန်ဆွေ (၃၀ နှစ်) မှာ ဝမ်းဗိုက်တွင် ကျည်စထိမှန် ကြောင်း ၊ နန်းခမ်းမိုး (၃၀ နှစ်) မှာ လက်တွင် ထိမိပြီး ၊ စိုင်းအိုက်ဖေမှာ ခြေထောက်တွင် ဒဏ်ရာ ရရှိကြောင်း ၊ စိုင်းမေးမှာ တကိုယ်လုံးတွင် ကျည်စ ထိမှန်ကြောင်း ဒေသခံ ရွာသားများက ရှင်းပြသည် ။


“ ဒဏ်ရာ ရတဲ့သူ တွေကို တောင်ကြီး စဝ်စံထွန်း ဆေးရုံကို ပို့ဆောင်ထားတယ် ။ ပစ်ခတ်မှုကြောင့် လန့်ကုန်ကြလို့ ဒဏ်ရာ ရတဲ့သူနားကို ဘယ်သူမှ မကပ်ရဲလို့  ဒီနေ့မှ တောင်ကြီးဆေးရုံ ကိုရောက်တာ ။”  - စိုင်းခွန်ဆန် ကရှင်းပြသည် ။


အဆိုပါ ဖြစ်ပွါးမှု ကိစ္စ ဟုတ်မှန်ကြောင်း ၊ ဖြစ်ပွါးခဲ့သည့် တိုင်ကြားမှု သတင်း အချက် အလက်များလည်း ရရှိထားကြောင်း ဆက်လက်၍ စုံစမ်း ဖော်ထုတ် သွားမည် ဖြစ်ကြောင်း  RCSS ၏ တောင်ကြီး ရုံးအရာရှိ တဦးက ပြောသည် ။


အစိုးရ တပ်မတော်နှင့် သျှမ်းပြည် တပ်မတော်  RCSS/SSA တို့သည် ပြီးခဲ့သည့် ၇ ရက်နေ့ ကပင် တိုက်ပွဲများ ဖြစ်ပွါးခဲ့သည် ။ အစိုးရဘက်က ၃ ဦးကျကာ ၄ ဦး အပြင်း အထန် ဒဏ်ရာ ရရှိခဲ့သည် ။ ယခုကဲ့သို့ ဖြစ်ပွါးခြင်းသည်  ငြိမ်းချမ်းရေး အတွက် အဟန့် အတားကြီး ဖြစ်စေကြောင်း ၊ အစိုးရတပ်၏ နယ်မြေ စိုးမိုးရေး နယ်မြေ ရှင်းလင်းရေး လှုပ်ရှားမှုကြောင့် ဖြစ်ကြောင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော် ဘက်က ပြောပါသည် ။


RCSS/SSA သည်  အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက် နေသည့်အဖွဲ့ ဖြစ်ပြီး တပြည်လုံး အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန် အတွက် သဘော တူထားသည့် အဖွဲ့ ဖြစ်ပါသည် ။


သျှမ်းသံတော်ဆင့်

unread,
Sep 15, 2015, 4:47:19 PM9/15/15
to thuau...@gmail.com

လူထု လိုအပ်ချက်ကို ဦးစားပေး လုပ်သွားမယ် ( မင်္ဂလာ စည်တော် ပါတီ ESSDDP ဥက္ကဌနှင့် ဆက်သွယ် မေးမြန်း )

Posted: 15 Sep 2015 01:11 AM PDT

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ  အရှေ့ပိုင်း သားတွေကို ကိုယ်စားပြု အလုပ် လုပ်ဖို့ ရည်ရွယ်ပြီး ကျိုင်းတုံ ဒေသခံတွေ စုပေါင်းပြီး သျှမ်းပြည်နယ် အရှေ့ပိုင်း ဖွံ့ဖြိုး တိုးတက်ရေး ဒီမို ကရက်တစ် ပါတီ ESSDDP ကို ဖွဲ့စည်း လိုက်ပါတယ် ။ ပါတီ ဥက္ကဌ ကတော့ ကျိုင်းတုံ ဒေသခံတွေ လေးစား ချစ်ခင်တဲ့ ရပ်မိ ရပ်ဖ လုံးစိုင်းဟောင်ခမ်း ဖြစ်ပါတယ် ။ ပါတီ ဥက္ကဌကြီး ကိုယ်တိုင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ် လို့ သိရပါတယ် ။ အကြောင်းစုံ သိရအောင် သျှမ်းသံတော်ဆင့်က စိုင်းယွက်ခမ်းက ဆက်သွယ် မေးမြန်းထား ပါတယ် ။


မေး ။    ။ ဥက္ကဌကြီး ခင်ဗျ ။ စည်းရုံးရေး ဆင်းနေပြီလား ခင်ဗျ ။


ဖြေ ။    ။ ဟုတ်ကဲ့ စည်းရုံးရေး ဆင်းနေပါတယ် အခု ။


မေး ။    ။ လူထုနဲ့ တွေ့ဆုံရေး ဆင်းတုန်းက လူထု အလိုအပ်ဆုံးက ဘာဖြစ် နေသလဲ ။


ဖြေ ။    ။ ကျနော်တို့ ဆီမှာ လျှပ်စစ်မီး တွေ ၊ ဆက်သွယ်ရေး တွေ ၊ စီးပွါးရေးတွေ ပညာရေး ကျန်းမာရေးတွေ အထူး လိုအပ် နေပါတယ် ။ လယ်သမားတွေ ပေါ့နော် ။ အလိုအပ် ဆုံးက ဆည် ပေါ့ ။ လယ်စပါးကို ရေဖြည့် ဖို့လေ ။ တနှစ်မှာ လယ် ၂ ကြိမ် စိုက်တယ် မဟုတ်လား ဒီမှာက ။ အဲတာကြောင့် ရေ အထူး လိုအပ် နေတယ် ။


မေး ။    ။ တကယ်လို့ လုံးဟောင်ခမ်းက ရွေးကောက်ပွဲမှာ အနိုင်ရ ပြီးရင် လူထုကို ဘာအရင်ဆုံး လုပ်ပေး မလဲ ။


ဖြေ ။    ။ လူထု တောင်းဆို လာတာကို တတ်နိုင်သမျှ လုပ်ပေး ပါမယ် ။ လူထု လိုအပ်ချက် တွေထဲက မဖြစ်မနေ လိုအပ်တဲ့ အရာကို ဦးစားပေး လုပ်ဆောင် ပေးမှာပါ ။


မေး ။    ။ ကျိုင်းတုံမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဘယ်လောက် အထိ ယုံကြည်မှု ရှိပါသလဲ ခင်ဗျ ။


ဖြေ ။    ။ ကျနော်တို့ ၁၂ ပါတီ ၁၂ ယောက်တောင် ပြိုင်ကြပါမယ် ။ လူထုက ကျနော်တို့ ပါတီ အပေါ် ဘယ်လောက် ယုံကြည်လဲ ဆိုတာ မူတည်တာ ပေါ့နော် ။ ဘယ်လောက် အတိုင်း အတာ အထိလဲ ဆိုတာတော့ ကျနော် မပြောနိုင်ပါဘူး ။ အကောင်းဆုံး ဖြစ်အောင်ဘဲ ကြိုးစား သွားမှာပါ ။


မေး ။    ။  ပါတီ ရုံးဖွင့် ကတည်းက ခုချိန်ထိ လူထုနဲ့ တွေ့ဆုံရတာ ဘယ်လောက် လောက်ရှိပြီလဲ ဘယ် နှစ်ရာခိုင်နှုန်း ရှိလဲခင်ဗျ ။


ဖြေ ။    ။ ရာခိုင်နှုန်းနဲ့ ပြောရင်တော့ ကျိုင်းတုံမြို့ရဲ့ ၇၀ ရာခိုင်နှုန်း လောက်ရှိမှာ ပေါ့ ။ ကျေးရွာ အနေနဲ့ ပြောရရင် ၁၄၀ ကျော်ရှိမယ် ။


မေး ။    ။ ဥက္ကဌကြီး အနေနဲ့ ဒေသခံ လူထုကို ဘယ်လို ပြောချင် ပါသလဲ ခင်ဗျ ။


ဖြေ ။    ။ ကနေ့ ခေတ်ဟာ ဒီမို ကရေစီ ခေတ်ကို ပြောင်းနေ ပါပြီ ။ ရဲရဲ လုပ် ရဲရဲပြောပါ - လို့ဘဲ ပြောချင် ပါတယ် ။


ကျိုင်းတုံ မြို့မှာ ယှဉ်ပြိုင်ကြမယ့်  နိုင်ငံရေး ပါတီ ၉ ခု ရှိပါတယ် ။ တသီးပုဂ္ဂလ ၊ ကြံ့ခိုင်ရေး ပါတီ ၊ ၀ ပါတီ ၊ NDF ပါတီ ၊ ကျားဖြူပါတီ ၊ မင်္ဂလာ စည်တော်လို့ အများသိကြတဲ့ ESSDDP ပါတီ ၊ NLD ပါတီ ၊ ကျားခေါင်း ပါတီ ၊ NUP ပါတီ ၊ NDP ပါတီ ၊ အခါပါတီ ၊ လားဟူ ပါတီတို့ ဖြစ်ကြပါတယ် ။ ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်လှယ် ၃၅ ယောက် ရှိပါတယ် ။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး ၊ ပြည်နယ် လွှတ်တော် အမှတ် (၁)  ၉ ဦး ၊ ပြည်နယ် လွှတ်တော် အမှတ် (၂) ၈ ဦးနဲ့ အမျိုးသား လွှတ်တော် ၆ ဦး တို့ဖြစ်ပါတယ် ။


သျှမ်းသံတော်ဆင့်

unread,
Sep 16, 2015, 4:19:18 PM9/16/15
to thuau...@gmail.com

RCSS/SSA အား အစိုးတပ်မတော် တိုက်လေယာဉ် ၊ ရဟတ်ယာဉ်ဖြင့် လိုက်လံရှင်းလင်း

Posted: 16 Sep 2015 08:13 AM PDT

RCSS/SSA နှင့် မြန်မာ စစ်တပ် တို့အကြား သျှမ်းပြည်နယ် တောင်ပိုင်း ခိုလမ် ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက် ပွဲတွင် အစိုးရ တပ်မတော် ဘက်မှ တိုက်လေယာဉ် နှင့် စစ်ရဟတ်ယာဉ်များ အသုံးပြုကာ နယ်မြေလိုက်လံ ရှင်းလင်းကြောင်း ဒေသခံများနှင့် RCSS/SSA တာဝန်ရှိသူတို့က ပြောသည် ။


စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းက အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ခိုလမ်မြို့ တောင် ဘက် ၁၀ မိုင်ခန့်အကွာ ( ကျိုင်းတောင်းမြို့အသွားလမ်း ) ခိုအွတ် ကျေးရွာအုပ်စု ၀မ့်ကောင်းရွာ တောင်ဘက် တွင် သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) လက်အောက်ခံ တပ်ရင်းများနှင့် ဒေသတွင်း အခြေစိုက် မြန်မာစစ်တပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်အချို့ကို အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ။


" မနက် ရ နာရီလောက်မှာ ဖြစ်တာ သူတို့ဘက်က အထိနာတော့ လေယာဉ်တွေ ဟယ်လီကော်ပတာတွေတက် လာပြီး လာတိုက်တယ် " - ဟု သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA  ပြောခွင့်ရ  ဗိုလ်မှူးကြီး စိုင်းလှက ပြောသည် ။


တိုက်ပွဲမှာ မနက် ၁၀ နာရီခန့်တွင် ပြီးဆုံးသွားခဲ့ပြီး အသေအပျောက် ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည် ။


'ယခုရက်ပိုင်း တိုက်ပွဲတွေက ဆက်လာနေတော့ ဒေသခံတွေက တော်တော် လန့်နေတယ် '- ဟု နမ်စန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသူရိန်ဦး က ဆိုသည် ။


ယခု ရက်ပိုင်း အတွင်း နယ်မြေ ရှင်းလင်းရေး အကြောင်းပြချက် ဖြင့် RCSS/SSA တပ်ရင်းများ နှင့် မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး သေဆုံးမှုများလည်း ရှိနေသည်ဟု  ဗိုလ်မှူးကြီးစိုင်းလှက ပြော သည် ။


‘ ဗိုလ်မှူးကြီးစိုင်းလှက သူတို့က ကျနော်တို့ကို ထိုင်းမြန်မာနယ်စပ် မုန်းထားဒေသကို ဆုတ်ခိုင်း နေတယ် ။ အဲဒီမှာ တပ်ရင်းတွေ အများကြီးကို တချို့တပ်ရင်းတွေနဲ့က အဝေးကြီး ။ ဒါမှန်းသိရင် အစကတည်းက ပြည် ထောင်စု အဆင့် ပြည်နယ်အဆင့် အပစ်ရပ်ရေးတောင် မလုပ်ဘူး ။ ကိုယ့်သျှမ်းပြည်မှာ နေတာပဲ အခုက နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ထိုးဖို့ လုပ်နေတုန်းဖြစ်တာ ယုံကြည်မှု ထိခိုက်စေတယ်‘  ဟု ပြောသည် ။


အလားလူ လင်းခေးခရိုင် လင်းခေးမြို့ အရှေ့တောင်ဘက် ၀မ့်စလောင်းရွာ အနီးတွင်လည်း အစိုးရတပ်မတော် ၊ ပြည်သူ့စစ်တပ်ဖွဲ့ ပူးပေါင်းအင်အား ၄၀ စစ်ကြောင်း နှင့် သျှမ်းပြည် တပ်မတော် RCSS/SSA တို့အကြား စက်တင်ဘာ ၁၅ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည် ။


ဂျူလိုင်လ ၁၇ တနိုင်ငံလုံးအပစ်ရပ်ဖို့ အဆင်သင့်ဖြစ်နေသည်ဟု သျှမ်းပြည်တပ်မတော်မှ သဘောထား ထုတ်ပြန်သည့်နောက်ပိုင်း လွယ်လင်မြို့နယ်၊ နမ့်ဇန်မြို့နယ် ၊ ကွန်ဟိန်းမြို့နယ် ၊ မောက်မယ်မြို့နယ် ၊ လင်းခေးမြို့နယ် နှင့် ကျောက်မဲမြို့နယ် များအတွင်း တိုက်ပွဲပေါင်း ၆ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည် ။ 

သျှမ်း ၊ ပအိုဝ်း နာမည်သုံးပြီး ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ်တင်

Posted: 16 Sep 2015 01:41 AM PDT

သျှမ်းပြည် တောင်ပိုင်း ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီသည် စက်တင်ဘာ ၈ ရက် မဲဆွယ် စည်းရုံးခွင့် ပြုသည့်နေ့မှ စ၍ မြို့နယ်အတွင်း နေရာ အနှံ့ အပြားတွင် သျှမ်းပြည် ခိုင်ဖြိုး ၊ ပအိုဝ်း ပြည်ခိုင်ဖြိုး ဟူ၍ ဆိုင်းဘုတ်များ စိုက်ထူကာ မဲဆွယ် နေကြောင်း သိရသည် ။


စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်သော မောက်မယ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ ရွေးကောက်ပွဲ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တွင်လည်း ရဲတပ်ဖွဲ့ဝင်များမှာ  အရပ်ဝတ်ဖြင့် ဆွေးနွေးပွဲအတွက် လုံခြုံရေး ယူပေးခဲ့သည်ဟု အသက် ၂၅ နှစ်အရွယ် ဒေသခံ  တဦးက ပြောသည် ။


" မဲဆွယ် စည်းရုံးရေး သွားရင် ဝေငှပေးဖို့ အကျီ ၊ ဦးထုပ် စတာတွေမှာ သျှမ်းခြင်္သေ့ ပအိုဝ်းခြင်္သေ့ ဆိုပြီး ရေးထားတယ် ။ လမ်းဘေး ဆိုင်းဘုတ် တွေမှာလည်း အဲလို ရေးထားတယ် ။ ဘာကြောင့် ဗမာခြင်္သေ့ လို့မရေးတာလဲ ။ ဒါမှမဟုတ် သူတို့က ဗဟိုကနေ ခွဲထွက်လာတာလား ၊ အဲလို မရှင်းမရှင်း မပြတ် မသားပုံစံ နဲ့တော့ မလုပ်သင့်ပါဘူး ။ တခြားပါတီ တွေဆို သူများ အဲလို မလုပ်ဘူး ။” - ဟု လည်း အဆိုပါ လူငယ်က ဆက်လက်ပြော ကြားသည် ။


လင်းခေးခရိုင် မောက်မယ်မြို့နယ်တွင် မဲဆန္ဒနယ် ၂ နယ်ရှိရာ အမှတ် ၁ မဲဆန္ဒနယ်တွင် သျှမ်းတိုင်းရင်းသား အများစု နေထိုင်ပြီး အမှတ် ၂ မဲဆန္ဒနယ်တွင် ပအိုဝ်း တိုင်းရင်းသား အများစု နေထိုင်ပါသည် ။ အဆိုပါ ၂ နေရာတွင် ပြည်ခိုင်ဖြိုး ပါတီအပြင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟူသည့် ပါတီ ကြီး ၅ ခုက   ယှဉ်ပြိုင် ကြမည်ဖြစ်သည် ။

                                   


သျှမ်းသံတော်ဆင့်

unread,
Sep 17, 2015, 4:32:37 PM9/17/15
to thuau...@gmail.com

တိုက်ပွဲကာလ လုံခြုံစိတ်ချမှု မရှိသည့် အတွက် စည်းရုံးရေး မဆင်းကြရန် နိုင်ငံရေး ပါတီများအား RCSS/SSA သတိပေး

Posted: 17 Sep 2015 02:39 AM PDT

သျှမ်းပြည် တပ်မတော် ထိန်းချုပ်နယ် မြေအတွင်း အစိုးရတပ် ထိုးစစ်ဆင် တိုက်ခိုက်သည့် အတွက် စည်းရုံးရေး ဆင်းမည့် ကိုယ်စားလှယ်လောင်းများ နိုင်ငံရေး ပါတီများ အတွက် လုံခြုံ စိတ်ချမှု မရှိသောကြောင့် စည်းရုံးရေး ယာယီ ရပ်နားထားရန် သျှမ်းပြည် တပ်မတော်မှ နိုင်ငံ ရေးပါတီများအား သတိပေး ထုတ်ပြန်ထားသည် ။


တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲဖို့ အဆင်သင့် ဖြစ်နေပြီဟု ဂျူလိုင် ၁၇ ရက် သဘော ထား ထုတ်ပြန်သည့် နောက်ပိုင်းမှ စ၍ ယနေ့ အထိ သျှမ်းပြည် တပ်မတော် RCSS/SSA  အား အစိုးရ တပ်မတော်မှ ပိုက်စိတ်တိုက် လိုက်လံ တိုက်ခိုက်သည့် အတွက် ၇ ကြိမ် ရင်ဆိုင် တိုက် ပွဲဖြစ်ပွားကြောင်း ၊ ဒေသခံကျေးလက် လူထုအား ဖမ်းဆီးရိုက်နှက်ခြိမ်းခြောက်ခြင်း ၊ လူထု အားပစ်ခတ် တိုက်ခိုက်ခြင်း တို့ကြောင့် လုံခြုံစိတ်ချမှု မရှိသည့် အတွက် RCSS/SSA ထိန်းချုပ် နယ်မြေအတွင်း စည်းရုံးရေး မဆင်းကြရန် နိုင်ငံရေး ပါတီများအား သျှမ်းပြည် တပ်မတော်မှ သဘောထား ထုတ်ပြန်ကာ သတိပေး လိုက်သည် ။


“ ကျနော်တို့ သွားလာလှုပ်ရှားတဲ့ ၁၆ မြို့နယ်အတွင်း အခြေစိုက်ပြီး ခြံလုပ်ငန်းတွေ ၊ မွေးမြူ ရေး လုပ်ငန်းတွေ လုပ်ဖို့ ကျနော်တို့ဘက်က တင်ပြထားတာဘဲ ။ ကျနော်တို့သွားလာ လှုပ် ရှားတဲ့နယ်မြေဘဲ ။ အခုကျတော့  ကျနော်တို့ တပ်တွေကို လိုက်လံ တိုက်ခိုက်နေတယ် ။ လူထု အပေါ် လူ့အခွင့်အရေး ချိုးဖေါက်နေတယ် ။ လုံခြုံစိတ်ချမှု မရှိတော့တဲ့ အတွက် စည်းရုံးရေး ဆင်းတာတွေ ယာယီရပ်နား ထားဖို့ပါ ။ လုံခြုံစိတ်ချမှုရှိမှ စည်းရုံးရေး ပြန်ဆင်းဖို့ပါ ” - ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည် ။ 


၁၆ မြို့နယ်မှာ နမ့်ခမ်း ၊ နမ့်တူ ၊ ကျောက်မဲ ၊ နောင်ချို ၊ သီပေါ ၊ မိုင်းကိုင် ၊ လဲချား ၊ ပင်လုံ ၊ ကျေးသီး ၊ မိုးနဲ ၊ လင်းခေး ၊ မောက်မယ် ၊ ကွန်ဟိန်း ၊ မိုင်းတုံ ၊ မိုင်းယောင်း ၊ မိုင်းပြင်း မြို့နယ် များပါဝင်သည့် ဒေသများ ဖြစ်သည်ဟု ဆိုသည် ။


အခြေအနေ အားလုံးက အစိုးရ နှင့် တပ်မတော် အပေါ်သာ မူတည်ကြောင်း ၊ ယခုဖြစ်ပွားသည့် တိုက်ပွဲလည်း အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းရေး ၊ နယ်မြေ စိုးမိုးရေး တို့ကြောင့် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည် ။


မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အဆင့်မြင့်အရာရှိ ဦးလှမောင်ရွှေက “ တိုက်ပွဲတွေဖြစ်နေတဲ့ အတွက် ဒီပြဿနာတွေကို ဖြေရှင်းဖို့ အတွက် နိုင်ငံရေး ဆွေးနွေးဖို့ လိုတယ် ။ တိုက်ပွဲရပ်မှ သွားရမယ် ၊ တိုက်ပွဲမရပ်လို့မသွားသေးဘူးလို့ စဉ်းစားရမယ့် အစား ၊ တိုက်ပွဲရှိရင်လဲ ရှိနေမှာ ပေါ့ဗျာ ၊ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲက ဒါတွေပြီးပြတ်အောင် ဆွေးနွေးညှိနိုင်းဖို့ လိုတယ် ” - ဟု သျှမ်းသံတော်ဆင့်သို့  စက်တင်ဘာ ၁၀ ရက်နေ့က ပြောသည် ။


သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်နယ်အဆင့် ၊ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး ထားသည့် တပ်ဖွဲ့ဖြစ်သည် ။


သျှမ်းပြည် တပ်မတော် RCSS/SSA သည် ပြီးခဲ့သည့် ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ တွင်လည်း နိုင်ငံတော်နှင့် အတူ ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက် သဘောတူ လက်မှတ်ရေးထိုးထား သည့်တပ်ဖွဲ့ဖြစ်သည် ။ ထို့အတွက် မြန်မာ အစိုးရနှင့် နီးစပ်လာနေသည့် တပ်ဖွဲ့များအနက် RCSS/SSA က တဖွဲ့ပါဝင် သည်ဟု အခြား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များမှ ဝေဖန်ခြင်းခံ နေရသည့် တပ်ဖွဲ့ လဲဖြစ်သည် ။


ဓမ္မ သင်တန်းကျောင်း အတွက် မိုင်းပန်မြို့တွင် ဆရာမွမ်းမံ သင်တန်း ပြုလုပ်

Posted: 17 Sep 2015 02:19 AM PDT

သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ် တွင် ဓမ္မ သင်တန်းကျောင်း ဆန်းဒေးစကူးတွင် တာဝန်ထမ်း ဆောင်မည့် ဆရာများအား ဆရာမွမ်းမံသင်တန်း ကို သီရိလင်္ကာပြန် ဘွဲ့တော် ဆွတ်ခူး ရရှိသည့် ဆရာတော်က ဦးဆောင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည် ။


မိုင်းပန်မြို့ အနောက် ရပ်ကွက်ရှိ မွေတော် ကျောင်းတိုက်တွင် မွေတော် ကျောင်းထိုင် ဆရာတော် နှင့် တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတိုက်မှ ဆရာတော် ဦးဓမ္မသီရိတို့က ဦးဆောင်ကာ သင်တန်းဖွင့် လှစ်ပေးခြင်းဖြစ်သည် ။


“ စက်တင်ဘာ ၁၅ ကနေ ၂၀ အထိ သင်တန်းဖွင့်တယ် ။ မိုင်းပန်မြို့ ရပ်ကွက် ၊ ကျေးရွာအုပ်စုပေါင်း ၁၀ ကျော်က သင်တန်းသား ၁၅၀ ကျော် တက်ရောက်ခဲ့ပါတယ် ။ ဆန်းဒေးစကူး ဘယ်တော့ဖွင့် မလဲဆိုတာမသိရသေးပါဘူး ။ ကြိုတင် ပြင်ဆင်ထားတဲ့ အနေနဲ့ပါ ။ အခုလောလောဆယ် သင်တန်း ဆရာအနေနဲ့ သံဃာတော် ၅ ဦးနဲ့ အရပ်သား ၁၀ ဦး ရှိပါတယ် ။ ” - ဟု မိုင်းပန်ဒေသခံ အိုက်ဦး ကပြောသည် ။


အဆိုပါ သင်တန်းတွင် သင်တန်း ဆရာများအား ဗုဒ္ဓဘာသာ ဆိုင်ရာများ ၊ သျှမ်းစော်ဘွား သမိုင်းများ ၊ သာသနာရေး ဆိုင်ရာ ဗဟုသုတတို့အပြင်  လူငယ်များအား ဘုရား ရှိခိုးနည်းနှင့် သာသနာ တော် စောင့်ထိန်းမှုတို့တွင် စိတ်ပါဝင်စားမှု ရှိလာစေရန် မည်သို့ ပို့ချသင်ကြား ပေးရမည်အစ ရှိသည်တို့ကို သင်ကြားပေး သည်ဟု ဆိုပါသည် ။


သင်တန်းသားများမှာ မိုင်းပန်မြို့အတွင်းရှိ အုပ်စု ၁၁ ခုဖြစ်သော ဟိုဖိုင်လုံ ၊ ကုန်းကျိုင်း ၊ နမ့်တင်း ၊ နောင်လုံ ၊ နောင်ဟီး ၊ တောင်ကွဲ ၊ ၀ိုးလိုင်း ၊ နားလော ၊ ဆောင်းဝါး ၊ နောင်ယန်း ၊ နားဝေါန် စသည့် ရွာများမှ ဖြစ်ပါသည် ။


ဓမ္မသင်တန်းကျောင်း (ဆန်းဒေးစကူး) ကို  ၂၀၁၃ နှစ်ကုန်ပိုင်းက သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်တွင် ပထမဦးဆုံး တရားဝင် ဖွင့်လှစ် သင်ကြားခဲ့သည် ။ ထိုနောက်ပိုင်း သျှမ်းပြည်နယ် မြို့နယ် တော်တော်များ များတွင် ဖွင့်လှစ်လာ ခဲ့ကြသည် ။  

သျှမ်းသံတော်ဆင့်

unread,
Sep 18, 2015, 4:12:48 PM9/18/15
to thuau...@gmail.com

နန်းအွေလောတ် ၆၈ နှစ် ( မိုင်းလား ဒုဉက္ကဌ -၂ ဇနီး ) သက်ကြီး ရောဂါဖြင့် ကွယ်လွန်

Posted: 18 Sep 2015 02:45 AM PDT

သျှမ်းပြည် အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလား တပ်ဖွဲ့ ဒုတိယ ဉက္ကဌ - ၂ စဝ်ခွန်ဆန်လူ၏ ဇနီး အသက် ၆၈ နှစ် ရှိ နန်းအွေလောတ်သည် သက်ကြီး ရောဂါဖြင့် ဆီလူးမြို့ နေအိမ်၌ ကွယ်လွန်သွားသည် ဟုသိရသည် ။


နန်းအွေလောတ်သည် သွေးချို ဆီးချိုရောဂါ နှင့် အခြားသော သက်ကြီးရောဂါဖြင့် ၂၀၁၅ စက်တင်ဘာ ၁၄ ရက် နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ကွယ်လွန်သည် ။


နေအိမ်၌ ၆ ရက်ကြာထားပြီး ရုပ်အလောင်းအား စက်တင်ဘာ ၁၉ ရက် မွန်းလွဲ  ၁ နာရီ အချိန် တွင် ဝမ့်ကတ်ရပ်ကွက် နေအိမ်မှ  ပါမွန်းလွန်းကျောဝ့် သုဿာန် သို့ ပို့ဆောင် သင်္ဂြိုလ်မည်ဟု မိသားစုဝင် တဦးက ပြောသည် ။


နန်းအွေလောတ်သည် ဖခင် လုံးယိပုတ့် ၊ မိခင် နန်းအမ်ကွန် မှ ၁၃၀၉ ခုက ဝမ့်ပုံကျေးရွာ ယန်းကောင် အုပ်စု မိုင်းယန်းမြို့တွင် မွေးဖွားသည် ။ ကွန်လွန်ချိန်တွင် ခင်ပွန်းသည် စဝ်ခွန်ဆန်လူ နှင့် အတူ သားသမီး သုံးဦး နှင့် မြေးမြစ်များ ကျန်ရစ်ခဲ့သည် ။

ဒေသခံများအား စစ်ဝတ်စုံဝတ်ပေးပြီး တပ်မတော် စစ်ကြောင်းအား ပွိုင့်ထိုးခိုင်း

Posted: 18 Sep 2015 02:27 AM PDT

ဒေသခံရွာသား ၆ ဦးအား အစိုးရတပ်မတော် စစ်ကြောင်းတခုက ဖမ်းဆီးကာ စစ်ဝတ်စုံများ ၊ လက်နက်များ တပ်ဆင်ပေး၍ ၄င်းတို့နှင့်အတူ ပွိုင့်ဦးထွက်  ခိုင်းခဲ့သည်ဟု မိသားစုဝင် များက ပြောသည် ။


သျှမ်းပြည်တောင်ပိုင်း ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ၊ ဟိုလွယ် ကျေးရွာအုပ်စု ၊ မိုင်းစံရွာ တွင် စက်တင်ဘာ ၁၇ ရက် ၁၁ နာရီခန့်က  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ နမ့်ဇန် အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၂၄၇ တပ်ရင်းမှ မိုင်းစံရွာသား ၆ ဦး အား စစ်ယူနီ ဖေါင်း ၀တ်စေကာ လက်နက်များ ကိုင်စေ၍ စစ်ကြောင်းပွိုင့် ထိုးခိုင်းခြင်း ဖြစ်သည် ။


“ ပေါ်တာဆွဲတယ်လို့ဘဲ ထင်နေတာ ။ ဘယ်ဟုတ်မလဲ စစ်သားလုပ်ခိုင်းတာ ။ သူတို့အစားသေ ပေးဖို့ဘဲလေ ။ တိုက်ခိုက်ခံရမှာစိုးလို့ ရွာသားတွေကို သေနတ်ကိုင်ခိုင်းပြီး ရှေ့သွားလမ်းပြခိုင်း တယ် ” - ဟု လင်းခေးရောက် ဒေသခံ ဒေါ်နန်းအေး ကပြောပြသည် ။


ထို့အပြင် လမ်းသွားလမ်းလာ ပြောက်ကျား ဘောင်းဘီ ၊ ပြောက်ကျားအနွေး ထည် ၀တ်ဆင်ထား သော ရွာသားများအား ဓါးဖြင့်ထောက်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကြောင်း ၊ ဗမာစကား မပြောတတ်သူများ ၊ ကျွမ်းကျွမ်း ကျင်ကျင် မပြောတတ် သူများကိုလည်း ထိုးကြိတ်ရိုက်နှက် ကြောင်း ဒေသခံ ခွန်ထွန်းက ပြောသည် ။


စက်တင်ဘာ ၁၆ ရက်နေ့တွင် ဟိုလွိုင် ကျေးရွာအုပ်စု ကုန်းမလန်း ကျေးရွာ တောင်ဘက်တွင် သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်မတော် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့ နေ့လည် အထိ ပစ်ခတ်သံများ ကြားရကြောင်း နှစ်ဖက်ကျဆုံးမှု အခြေနေကို မသိရှိရသေးကြောင်း ဒေသခံရွာသားများမှ ပြောပြသည် ။


မောက်မယ်မြို့နယ်သည် သျှမ်းပြည်တပ်မတော် RCSS/SSA ၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် PNLO တို့ လှုပ်ရှား သွားလာနေသော နယ်မြေဖြစ်၏ ။ အစိုးရ တပ်မတော်ကလည်း နယ်မြေ ရှင်းလင်းရေး နယ်မြေစိုးမိုးရေး စီမံချက် စစ်ကြောင်း သွားလာလှုပ်ရှားမှုများ သောကြောင့် ရင်ဆိုင်ထိခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည် ။


သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရ တို့သည် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး တည်ဆောက် ထားသည့် တပ်ဖွဲ့ဖြစ်သည် ။


တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးရန် အဆင့်သင့် ဖြစ်နေပြီဟု ထုတ်ပြန် ငြာထားသည် ။ ထိုကြေငြာချက် ထုတ်ပြန်သည့် နောက်ပိုင်း တိုက်ပွဲ ရ ကြိမ် ဖြစ်ပွားခဲ့သည် ။ ဖြစ်ပွားသော တိုက်ပွဲကြောင့် ဒေသခံများ ယခုကဲ့သို့ စစ်ဘေး စစ်ဒဏ် ခံနေရခြင်း ဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Sep 21, 2015, 4:34:27 PM9/21/15
to thuau...@gmail.com

ပြည်ခိုင်ဖြိုးပါတီမှ သျှမ်း၊ပအိုဝ်း နာမည်များအား ပြန်ဖျက်

Posted: 20 Sep 2015 08:46 PM PDT

စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းကစပြီး လင်းခေးခရိုင် မောက်မယ်မြို့နယ်ထဲရှိ သျှမ်းပြည်ခိုင်ဖြိုး ၊ ပအိုဝ်းပြည်ခိုင်ဖြိုး ဟု ရေးသားထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ၏ ဆိုင်းဘုတ်များမှ  အရှေ့စာလုံးဖြစ်သော သျှမ်း ၊ ပအိုဝ်း ကို ပါတီဝင်များက လိုက်လံဖျက်ပစ် နေကြောင်း သိရသည် ။


မဲဆွယ် စည်းရုံးခွင့် ပြုတဲ့နေ့ စက်တင်ဘာ (၈) ရက်စပြီး မြို့နယ်နေရာ အနှံ့အပြားမှာ စိုက်ထူထားတဲ့ သျှမ်းပြည် ခိုင်ဖြိုး ၊ ပအိုဝ်းပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တွေကို စိုက်ထူပြီး (၁၁) ရက်အကြာမှာ ယခုလို ဖျက်ပစ်ခြင်း ဖြစ်သည် ။


" သူတို့ပါတီဝင်တွေ မနက်ပိုင်းလောက် ကတည်းကစပြီး သျှမ်း ၊ ပအိုဝ်းစာလုံးတွေကို အစိမ်းရောင် စပရေးဘူး တွေနဲ့မှုတ်ပစ်ပြီး ပျောက်သွားအောင် ဖျက်လိုက်ကြတယ် ။  ဘယ်နှစ်နေရာ ကျန်မလဲမသိပေမယ့် မြို့ထဲနဲ့ရွာဖက် အတော်များများတော့ ဖျက်ပြီးတာတွေ့ရတယ် " ဟု မျက်မြင် ဒေသခံတစ်ဦးမှ ပြောပြသည် ။


ပြည်သူများကြား ဝေဖန်မှု မြင့်တက်နေသော အဆိုပါ အငြင်းပွားဖွယ် ဆိုင်းဘုတ်များအား  ဖျက်ပစ်ခြင်းသည် အထက်မှ ဖိအားပေးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ ပြောသည် ။


" သူတို့ တွေက အထက်ကိုမတင်ပြဘဲ သူတို့သဘောအတိုင်း လူမျိုးရေးအသုံးချပြီး မဲဆွယ်ဆိုင်းဘုတ်တွေတင်လို့ အထက်ကသိပြီး ပြန်ဖျက်ခိုင်းတာထင်ပါတယ်" ဟု ဒေသခံတစ်ဦးမှ ၄င်း၏ ထင်မြင်ချက်ကို ပြောပြသည် ။


မောက်မယ်မြို့နယ်သည် ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည့်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အမတ် (၂) နေရာ အနိုင်ရရှိ ခဲ့သည် ။ ထိုစဉ်ကလည်း  မဲလိမ်မဲခိုးမှု ၊ မဲမသမာမှုများရှိ ခဲ့သောဒေသများအနက် မောက်မယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု ရပ်မိရပ်ဖ များကပြောဆိုပါသည် ။


ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် မောက်မယ်မဲဆန္ဒနယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊ သျှမ်းတိုင်းရင်း သားများဒီမိုကရက်တစ်ပါတီ ၊သျှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ် ၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစရှိ  ပါတီကြီး  ၅ ခု က ယှဉ်ပြိုင်ကြမည်ဖြစ်သည် ။                      
   

သျှမ်းသံတော်ဆင့်

unread,
Sep 22, 2015, 4:44:52 PM9/22/15
to thuau...@gmail.com

ရွေးကောက်ပွဲမှာ ဒို့လူမျိုးတွေ စိတ်ဓါတ် မနှိမ့်ကျကြောင်း ပြကြရအောင်

Posted: 21 Sep 2015 11:22 PM PDT

နိုင်ငံရေးပါတီကြီး တွေဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တစည ပါတီ  နဲ့ ပါတီတွေစုဖွဲ့ထားတဲ့ FDA , UNA , NBF တို့အပါအဝင် ပါတီ ၆၇ ခုတို့ဟာ  ပြီးခဲ့တဲ့ ၂၀၁၅ ဂျွန် လ ၂၆ ရက်တုန်းက ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်း Code of Conduct ကို ရန်ကုန်မြို့ မှာ သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပြီး ဖြစ်ပါတယ် ။


ကျင့်သုံးရမယ့် စည်းမျဉ်း စည်းကမ်းတွေဟာ ရုံးတွေ ကနားတွေထဲမှာ ငြင်းကြခုံကြတဲ့ခါ တဦးပေါ်တဦး ၊ ပါတီ တခုက ပါတီတခုကို အနိုင်ရအောင် မှီငြမ်း အသုံးပြုဖို့ မဟုတ်ပါဘူး ။


မိမိတို့နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဖြစ်ချိန် တန်ပြီ ။ သူများနိုင်ငံတွေလို ဒီမိုကရေစီစနစ် အပြည့်အ၀ ရှိတယ် ။ လူရိုင်းတွေ မဟုတ်ဘူး ။ လူသာ ဆင်းရဲတယ် ။ လူ့ယဉ်ကျေးမှုတော့ မဆင်းရဲဘူး စိတ်နေ စိတ်ထား မြင့်မြတ်တယ် ၊ မနိမ့်ကျဘူးဆိုတာ ပြဖို့ဖြစ်တယ် ။


လက်မှတ် ရေးထိုးတဲ့ အထဲမှာ  UNA ပါတယ်ဆိုတော့ SNLD လည်းအလိုအလျောက် ပါသွား ပါတယ် ။ အလားတူ NBF ပါတယ်ဆိုတော့  SNDP ကျားဖြူပါတီလည်း အလိုအလျောက် ပါသွားပြီဖြစ်ပါတယ် ။ မင်္ဂလာ စည်တော်ပါတီ တခုသာ နောက်ကျမှလာတဲ့ အတွက်လက်မှတ် မထိုးလိုက်ရပါဘူး ။ သို့ပေမယ့် သိထားသင့်ပြီး ကျင့်သုံးသင့်တယ် လို့မြင်မိပါတယ် ။ မင်္ဂလာ စည်တော်ပါတီဟာလည်း သျှမ်းပါတီတခုဖြစ်တဲ့အလျောက်  သျှမ်းဆိုတဲ့အမျိုးဟာ နိမ့်ကျတဲ့ အမျိုးမဟုတ်ကြောင်း ၊ ယခင်ကတည်းက ယဉ်ကျေးတဲ့ လူမျိုး ဖြစ်တဲ့ အကြောင်းကမ္ဘာ ကိုပြသရမယ့် တာဝန်ရှိပါတယ် ။
ကျင့်သုံးရမယ့် ကျင့်ဝတ်မှာ ဘာတွေရှိသလဲ ။  သိသင့် ကျင့်သုံးသင့်တာ ဘာတွေရှိသလဲ ။


မဲမဝယ်ရ

သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားပါ ။ သတင်းလုပ်ငန်းကို အနှောင့် အယှက်ပေးခြင်း မှ ရှောင်ရှားပါ ။ သတင်းထောက်တွေကို လာဘ်ပေးခြင်း မပြုပါနဲ့ ။ 

ဘာသာ သာသနာ တွေကြား အမုန်းပွါး တဲ့စကားတွေ ၊  လူမျိုးကြားနဲ့ အဖွဲ့အစည်းကြား အမုန်းပွါးစေမယ့် စကားတွေမပြောမိဖို့ အထူးသတိထား ရှောင်ရှားသင့် ပါတယ် ။

ကျား - မ ခွဲခြားခြင်း ဆက်ဆံခြင်း ၊ နှိမ်ချဆက်ဆံခြင်းများ မလုပ်ဖို့ ။

နိုင်ငံရေး အတွက်ရည်ရွယ်ပြီး ဘာသာသာသနာကို အသုံးမချပါနဲ့ ။


ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မပြုလုပ်ရ

ပါတီကိုဝေဖန်တာ ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေကို ဝေဖန်မယ်ဆိုရင် နိုင်ငံရေးပေါ်လစီတွေနဲ့ ပတ်သက်တဲ့ ၊ အရင်က သူတို့လုပ်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အကြောင်းတွေကိုဘဲ သုံးသပ်ဝေဖန်ရမှာ ဖြစ်တယ် ။

ပါတီ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်တွေက မှားယွင်း လုပ်ဆောင်ပြောဆိုမှု တွေရှိရင်တော့ ထောက်ပြနိုင်ပါတယ် ။

ဒါတွေဟာ ရွေးကောက်ပွဲ ကျင်းပရေးမူမှာ အရေးကြီးတဲ့မူ (COC) တွေဖြစ်ပါတယ် ။


ဗုဒ္ဓဘာသာဝင် သျှမ်းလူမျိုး အများစုကတော့ ဗုဒ္ဓအဆုံးအမ ဖြစ်တဲ့ -


- လိမ်ညာပြောဆိုခြင်းကို ရှောင်ရှား ။

- လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်းတွေကြား  အမုန်းပွါးစေမယ့် ၊ ရန်တိုက်ပေးတဲ့ ၊ ကွဲပြဲစေမယ့် သွေးထိုးစကားတွေကို ရှောင်ရှား ။

- နှိမ့်ကျတဲ့ အသုံးအနှုန်းတွေနဲ့ ဆဲဆိုတာတွေကို ရှောင်ရှား ။

- အနှစ်သာရမရှိတဲ့ စကားတွေ တန်ဖိုးမဲ့စကားတွေကို ရှောင်ရှား ။ - စတာတွေကို လိုက်နာကြပါတယ် ။


ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာ သျှမ်းတွေဟာ အရင်ကတည်းက လွတ်လပ်ခြင်း ၊ ငြိမ်းချမ်းခြင်း ၊ တိုးတက်မြင့်မားခြင်းတွေနဲ့ ပြည့်စုံခဲ့ဖူးတဲ့ လူမျိုးတွေ ဖြစ်တဲ့အကြောင်း ပြသလိုက်ကြရအောင် ။
တခြားလူမျိုးတွေကနေ လာပြီး အထက်စီးအနိုင်ယူ နေတာတောင်မှ မိမိတို့ စိတ်ဓါတ်ကျ မသွားအောင် အားလုံးက မိမိကိုယ်မိမိ အားပေးကြပါ ။ မသမာမှုကို စုပေါင်းတိုက်ဖျက်ကြပါ ။


မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေတွေကိုအားပေးကြပါ ၊ ကမ္ဘာကသိသွားအောင် တယောက်တအား စွမ်းဆောင်ကြပါ လို့တိုက်တွန်းလိုက်ပါတယ် ။


မိမိနှစ်သက်တဲ့ ပါတီ ၊ မိမိနှစ်သက်တဲ့ ကိုယ်စားလှယ်ကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ကြ ပါစေ ။

အထူးဒေသဘက် စပါးရောင်းချခွင့် ဒေသခံအာဏာပိုင်များပိတ်ပင် ကျိုင်းတုံလယ်သမားများအခက်တွေ့

Posted: 21 Sep 2015 09:24 PM PDT

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ အစိုးရအာဏာပိုင်များက လယ်သမားများအား အထူး ဒေသ ၄ မိုင်းလား နှင့် အထူးဒေသ (၂) ၀ ဒေသဘက်သို့ စပါးသယ်ဆောင် ရောင်းချခွင့် ပိတ်ပင်ထားသည့်အတွက် ဒေသခံလယ်သမားများ အခက်တွေ့နေသည်ဟု စုံစမ်းသိရှိရ သည် ။


ထိုသို့ ဆန် စပါး တင်ပို့ရောင်းချခွင့်ပိတ်ပင်သည်မှာ လွန်ခဲ့သည့်ဂျွန်လကစပြီး ယနေ့တိုင် ဖြစ်သည်ဟုသိရသည် ။ စစ်ဆေးတွေ့မိပါက ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း ပြောဆိုပါ သည် ။


ကျိုင်းတုံဒေသခံ စိုင်းနွဲ့က - “ ကျနော်တို့က တနှစ်မှာ ၂ ကြိမ် စပါးစိုက်တယ် ။ နွေစပါးနဲ့ မိုးစပါး ။ လယ်လုပ်ရင်တကြိမ် တကြိမ်အရင်းထည့်ရတာ မလွယ်ဘူး ။ သိန်းနဲ့ချီတယ်လေ ။ ဒီနှစ်က စပါးဈေးကျတယ် ။ မိုင်းလားဘက် ပို့မယ်ဆိုရင်လည်း ပို့ခွင့်မပေးပြန်ဘူး ။ ဆိုတော့ လယ်သမားတွေက အခက်အခဲတွေ့တာပေါ့ ။ ဒီလိုသာဖြစ်ရင်တော့ နောက်နှစ်တွေထဲမှာ လယ်လုပ်တဲ့သူတွေ  မရှိမှာကိုဘဲစိုးရိမ်ရတယ် ” - ဟုပြောဆိုသည် ။


လယ်သမ များအား လုပ်အားခ တရက် ၇၀၀၀ မှ ကျပ် ၁၀၀၀၀   အထိပေးငှားရကြောင်း ၊ မြေဩဇာတအိတ်ကျပ် ၂ သောင်းထက်မနည်းပေးရကြောင်း ၊ ထို့ကြောင့် လယ်တကြိမ်စိုက် ပါက အရင်းအနှီးများပြားကြောင်း ကျိုင်းတုံသားများက ပြောဆိုပါသည် ။


စပါးကုန်သည်စိုင်းနွံက - “ ဒီနှစ်ကျနော်တို့ စပါးအဝယ်တော်အလုပ် မဖြစ်ဘူး ။ မိုင်းလားပို့ခွင့် မပေးဘူးကော် ။ ဆိုတော့ အခက်အခဲတော့ ရှိတာပေါ့ ကုန်သည်တွေအတွက်လည်း ။ ရွှေလီ ဘက်က ဈေးကွက်ရှာကြည့်နေတယ် အခု ။ အခွန်အခ မများရင် ၊ စပါးသယ်ခွင့်မပိတ်ရင် တော့ ဟိုဘက်ကို ယူသွားရောင်းနိုင်ဖို့လေ ” - ဟု ပြောသည် ။


ယခုနှစ်စပါးဈေးမှာ ၄၀ ကီလို တအိတ် ကျပ် ၉ ထောင်ရှိကြောင်း ၊ ယမန်နှစ်စပါးဈေးမှာ တအိတ်ကျပ် ၁၃၀၀၀ ရှိကြောင်း ၊ ဈေးနှုန်း ကျပ် ၄၀၀၀ ကျသွားကြောင်း ၊ ထိုသို့ဈေးကျ သော်လည်း အဝယ်တော်မရှိကြောင်း ၊ မကြာခင် ဆန်သစ်ထပ်ထွက်တော့မည် ဖြစ်သဖြင့် ယခုနှစ်ဆန်ဈေးမှာ ထပ်ကျဖွယ်သာရှိကြောင်း ကျိုင်းတုံဈေးအတွင်းမှ ဆန်ကုန်သည် အမျိုးသမီး ၂ ဦးကလည်းပြောသည် ။
 

ကျိုင်းတုံ လယ်သမားများအား မိုင်းလားသို့ စပါးပို့ခွင့်မပေး သကဲ့သို့ မိုင်းယောင်းဘက်တွင် လည်း မိုင်းယု-မိုင်းလားဘက်သို့ စပါးပို့ရောင်းခွင့် မပေးကြောင်း ၊  ထို့အတူ မိုင်းခတ် ၊ မိုင်းယန်း ဘက်မှ အထူးဒေသ (၂) ၀ ဒေသဘက်သို့လည်း သယ်ယူရောင်းချခွင့် မပေး ကြောင်း ၊ သိ၍ဖြစ်စေ မသိ၍ဖြစ်စေ သယ်ဆောင်သွားသူများ စပါးအသိမ်းခံရသည်များ လည်း ရှိကြောင်း ၊ ထိုသို့ပိတ်ပင်ထားခြင်းမှာ စပါးများကို ၀ နှင့် မိုင်းလားမှတဆင့် ကိုးကန့် ဘက်သို့ ပို့ဆောင်ရောင်းချမည်ကို စိုးရိမ်မှုကြောင့်ဖြစ်သည်ဟု လည်း ကျိုင်းတုံအာဏာပိုင် နှင့်နီးစပ်သည့် ဆန်ကုန်သည်များ ပြောပြချက်အရ သိရပါသည် ။


ငြိမ်းချမ်းရေးယူပြီး ဖြစ်သဖြင့် အပစ်ရပ်လက်မှတ်ထိုးရန် လိုသလားဟု ၀ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များ မေးခွန်းထုတ်

Posted: 21 Sep 2015 09:03 PM PDT

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA မှာ ၁၉၈၉ ခုနစ်ကတည်းက မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီးဖြစ်သဖြင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွင် ပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်သလောဟု ၀ တပ်ဖွဲ့၏ ပေါ်လစ်ဗျူရို အဖွဲ့ဝင်များက ပန်ဆန်းတွင် ကျင်းပနေသည့် ပေါ်လစ်ဗျူရို အစည်းအဝေးတွင် မေးခွန်းထုတ်ကြောင်း သိရသည် ။


စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ကျင်းပနေသည့် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့ အစည်းအဝေးမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွင် ၀ တပ်ဖွဲ့အနေဖြင့် ပါဝင်ရန် အစိုးရဘက်မှ ကမ်းလှမ်းခဲ့ပြီးနောက်ပိုင်း အဖွဲ့အတွင်း သဘောထားကို ဆွေးနွေးရန်အတွက် ကျင်းပနေခြင်း ဖြစ်သည် ။


“ အခု ကျင်းပပြီးစီးသလောက် ကတော့ မူဝါဒပြောင်းဖို့ သိပ်မရှိဘူး ။ တော်တော်များများကလည်း ဘာကြောင့် ၀ တပ်ဖွဲ့အနေနဲ့ ပါဝင်လက်မှတ်ရေးထိုးရမှာလည်း ဆိုတာကိုပဲ မေးခွန်းထုတ်နေတယ် ။ ပြီးတော့  လက်ရှိ နိုင်ငံရေး အခြေနေတွေနဲ့ တခြားတိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်လို့လည်း ဒီအစည်းအဝေးမှာ ဆွေးနွေး နေတယ် ” ဟု ၀ တပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည် ။


အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီမှာ နယ်မြေ အကျယ်ပြန့်ဆုံး ထိန်းချုပ်နယ်မြေရှိနေသည့် အဖွဲ့အစည်းဖြစ်ပြီး ၁၉၈၉  ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက် လာပြီး ကတည်းက မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားခဲ့ပါသည် ။


၂၀၁၃  မှ စတင်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် ၀ တပ်ဖွဲ့အနေဖြင့် ဆွေးနွေး သူအနေနှင့် တက်ရောက်ခဲ့ခြင်းမရှိပဲ တစ်ခါတစ်ရံလေ့လာသူအဖြစ်သာ တက်ရောက်နေခဲ့ပါသည် ။


“ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျနော်တို့ ငြိမ်းချမ်းရေးယူပြီးကတည်းက ပြန်ကြည့်မယ်ဆိုရင် ၃ ယောက် ပြောင်းသွားပြီ ကျနော်တို့နဲ့က တစ်ခါမှ မြန်မာစစ်တပ်နဲ့ တိုက်ဖူးတာ မရှိခဲ့ဘူး ။ အဲဒီတော့ ငြိမ်းချမ်း ရေးယူပြီးသားအဖွဲ့က အပစ်ခတ်ရပ်စဲရေး ပြန်လုပ်စရာလိုလို့လား စဉ်းစားကြည့်လေ ။ မူလကတည်းကလည်း နိုင်ငံရေးဆွေးနွေးပွဲ ရောက်ရင်လာတက်ပါ့မယ် ပြောပြီးသားပဲ ” ဟု အဆိုပါ ၀ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါသည် ။


နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်တွင် ၀ တပ်ဖွဲ့အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးမှသာ  အပစ်ရပ်ပြီးနောက်ပိုင်းကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ၀ တပ်ဖွဲ့ အနေဖြင့် တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ၀ အဖွဲ့မှ တောင်းဆိုထားသည့် ၀ ပြည်နယ်အရေးလို ကိစ္စမှာ ယင်းဆွေးနွေးပွဲတွင် ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့က ကျိုင်းတုံတွင် ပြုလုပ်သည့် မြန်မာအစိုးရနှင့် ၀ တပ်ဖွဲ့တာဝန်ရှိသူများ ဆွေးနွေး မှုတွင် မြန်မာအစိုးရဘက်မှ ပြောဆိုထားသည် ။


စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည့် ၀ တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ၀ အနေဖြင့် ပါဝင်လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း ထုတ်ပြန်ထားပြီး  ကိုးကန့် ၊ တအာင်းပလောင်နှင့် ရခိုင့်တပ်မတော်ကဲ့သို့သော အဖွဲ့များကို အဘယ်ကြောင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ပါဝင်ခွင့်မရှိသနည်းဆိုသည်ကိုလည်း မေးခွန်းထုတ်ထားပါသည် ။


ပေါ်လစ်ဗျူရိုအစည်းအဝေးမှာ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြီးစီးမည် ဖြစ်ပြီး အဆိုပါနေ့တွင် ၀ ဥက္ကဌ ဦးပေါက်ယူချန်းထံမှ လမ်းညွှန်မှုများကို ရယူသွားမည်ဖြစ်ကာ ကြေငြာချက်တရပ်ကိုလည်း ထုတ်ပြန်သွားရန် ရှိနေကြောင်း ၀ တပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည် ။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် RCSS/SSA နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွား

Posted: 21 Sep 2015 08:44 PM PDT

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာစစ်တပ်တို့ အကြား  သျှမ်းပြည်နယ် အတွင်းရှိ အနည်းဆုံးနေရာ ၂ နေရာခန့်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။


“ ဒီနေ့ မနက် ၈ နာရီကျော်မှာ ခလရ ၅၁၆ နဲ့ RCSS/SSA ရဲ့ ပျောက်ကျားတပ်တွေ နမ့်စန်မြို့နယ် ၀မ်နောင်ကုန်းမုန့် တိုက်နယ်နားက တောထဲမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တယ် ။ ညနေပိုင်းမှာ ရပ်စောက်မြို့ နယ်မှာ တပွဲဖြစ်တယ် သူတို့ဘက်က အကျဆုံးရှိနိုင်ပေမဲ့ RCSS/SSA ဘက်ကတော့ မရှိပါဘူး ” - ဟု သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS မှ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှက ပြောသည် ။


ရပ်စောက်မြို့နယ် မိုင်းယွန်းတိုက်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ အတန်ငယ်ပြင်းထန်ခဲ့ကြောင်း နှင့် တပ်မတော်မှ SSA တပ်များကို လိုက်လံပိတ်ဆို့ တိုက်ခိုက်နေသည့် အတွက် တိုက်ပွဲများ ဖြစ်နေရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းလှက ဆိုသည် ။


သျှမ်းပြည်တပ်မတော် တောင်ပိုင်း၏ RCSS/SSA တပ်များကို ထိုင်းမြန်မာနယ်စပ် မိုင်းထားဒေသသို့ ရွှေ့ပြောင်း ပေးရန် မြန်မာစစ်တပ်ဘက်မှ ညွှန်ကြားခဲ့သည့်  နောက်ပိုင်း မြန်မာစစ်တပ်နှင့် သျှမ်းပြည် တပ်မတော်တို့အကြား ထိတွေ့မှုများနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ပြီး ခိုလမ် ဒေသ တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်မှ လေယာဉ်နှင့် ရဟတ်ယာဉ်များကိုပါ အသုံးပြု ခဲ့သည် ။


တိုက်ပွဲများကြောင့် ရန်ကုန်တွင် စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲသို့ RCSS/SSA မှ တက်ရောက်ခြင်း မပြုခဲ့ပေ ။ တိုက်ပွဲများမှာ စက်တင်ဘာလ ၇ ရက်နေ့မှစ၍ ပြန်လည် ဖြစ် ပွားနေခြင်း ဖြစ်ပြီး ဒေသခံအရပ်သားအချို့မှာလည်း မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည် ။


သျှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲများကိစ္စ ဖြေရှင်းပေးမှသာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် ဆက်လက်ပါဝင်ရန် စဉ်းစားမည်ဟုလည်း RCSS/SSA မှ သတင်းမီဒီယာများကို ပြောဆိုထားသည် ။


“ အခုက အစိုးရက ရန်ကုန်မှာက ဆွေးနွေးလိုက် အောက်ခြေမှာက တမျိုးဖြစ်လိုက်ဖြစ်နေတယ် ။ မလွဲ မရှောင် သာ ဖြစ်တာလား တကယ်ရည်ရွယ်ချက်ရှိရှိဖြစ်နေတာလား မေးရတော့မယ် ။ ဒီလို အချိန်မှာ တိုက်ပွဲတွေ ဖြစ် နေတာဟာ ယုံကြည်မှု ပျက်ပြားစေပြီး ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေတယ် ” - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။


အစိုးရမှ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကို အောက်တိုဘာလ ပထမအပတ်အတွင်း ပြုလုပ်မည်ဟု ကြေငြာ ခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တော်တော်များများမှာ အားလုံးပါဝင်သည့် အပစ်ခတ်ရပ်စဲရေး ဖြစ်လာရန် တောင်းဆိုနေသောကြောင့် လက်ရှိအနေထားအရ စစ်မှန်သည့် ပြည်လုံးကျွတ်အပစ်ခတ်ရပ်စဲရေး ဖြစ်လာရန် မလွယ်သေးဟု လေ့လာသူများက သုံးသပ်နေကြ ပါသည် ။
  

သျှမ်းသံတော်ဆင့်

unread,
Sep 23, 2015, 4:13:35 PM9/23/15
to thuau...@gmail.com

သျှမ်းပြည် အလယ်ပိုင်းမှာ ကျွဲ ၊ နွားများ ဒေါင့်သန်းရောဂါဖြင့် သေဆုံးမှုများ

Posted: 23 Sep 2015 08:32 AM PDT

သျှမ်းပြည်အလယ်ပိုင်း မြို့နယ် ၈ ခုအတွင်း ကျွဲ နွားများ ကောင်ရေပေါင်း မြောက်များစွာ ဒေါင့်သန်းရောဂါ ကူးစက်ကာ သေဆုံးမှုများပြား လာနေသည့်အတွက် ဒေသခံများ အထူးစိုးရိမ်နေကြောင်းကြားသိရပါသည် ။


စက်တင်ဘာ လဆန်းပိုင်းမှ စ၍ ပင်လုံ ၊ လဲချား ၊ မိုင်းကိုင် ၊ ကျေးသီး ၊ မိုင်းရှူး ၊ သီပေါ ၊ မိုင်းရယ် နှင့် တန့်ယန်း မြို့နယ်များအတွင်း ကျွဲ ၊ နွားများ အကောင်ရေပေါင်းမြောက်များစွာ သေဆုံးနေကြောင်း ၊ ကျေးရွာတခုပင် ဆယ်ကောင်ထက်မနည်း သေဆုံးနေကြောင်း ၊ ရာဂဏန်းသေဆုံးဖွယ်ရှိကြောင်း တိရစ္ဆာန်ဆရာဝန်တဦးက ပြောသည် ။


“ ဒေသခံတွေက်တော့ ကာလရောဂေါပေါ့ ။ ဒေါင့်သန်းရောဂါ ပဲလိုတော့ ယူဆလို့ရတယ် ။ ရောဂါတွေ ကတော့ အမျိုးမျိုးပဲ ၊ ခွာနာ လျှာနာတယ် ၊ လည်ချောင်းကွဲရောဂါ စသဖြင့်ပေါ့ ။ စစ်ဆေးဖို့ ပစ္စည်းပစ္စယ တွေမရှိတော့ ဘာကြောင့်သေလဲ ဆိုတာပြောရခက်တယ် ။ အများအားဖြင့်တော့ နေပူလိုက် မိုးရွာလိုက် ရုတ်တရက် ကျွဲနွားတွေ ရေလာသောက်ရင် ရေငင်ပြီးတခါတည်းသေတာ ” - ပြောသည် ။


“ ထွန်စက်တွေလဲ မဝယ်နိုင်သေးဘူး ။ ကျနော့်ကျွဲက ၃ ကောင်ရှိတယ် ။ သောကြာနေ့က သုံးကောင်လုံး သေသွားတယ် ။ တရက်တည်းဘဲ ။ အခု ဘာလုပ်ရမှန်းတောင် မသိတော့ဘူး ” - ဟု သီပေါက လယ်သမား အိုက်လျန်း က ပြောသည် ။


သျှမ်းပြည်အလယ်ပိုင်း ပင်လုံ ၊ လဲချား ၊ မိုင်းကိုင် ၊ ကျေးသီး ၊ မိုင်းရှူး ၊ သီပေါ ၊ မိုင်းရယ် နှင့် တန့်ယန်း မြို့နယ်ဒေသခံများသည် လယ် ၊ ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်၏ ။ လယ်ယာလုပ်ငန်းတွင်လည်း ကျွဲ၊ နွားများအား မှီခိုအသုံးပြု၏ ။


တရုတ်နိုင်ငံမှ ထွန် ၊ ယာက် စက်ပစ္စည်းများ ဝင်လာသော်လည်း လူနည်းစုသာဖြစ်၏ ။ ယခု ကျွဲနွားများ သေဆုံးမှုသည် နောက်နှစ်လူထု ဝမ်းရေးအတွက်လုပ်ငန်းအခက်အခဲ ဖြစ်စေနိုင်မည်မလွဲဟု ကျေးသီး ရပ်မိရပ်ဖ လယ်သမား စိုင်းနု ကပြောသည် ။


ယမန်နှစ်ကလည်း မိုးနဲ ၊ ကျိုင်းတောင်း ၊ မောက်မယ် ၊ နမ့်စန်ဘက် ကျွဲနွားများဒေသ ဆုံးမှုများပြားသည် ။ ယခုနှစ်မှာ သေဆုံးမှု အနည်းအကျဉ်းသာ ရှိသည်ဟုလည်း သိရသည် ။


ကျွဲ ၊ နွားတို့မှတစ်ဆင့် လူသို့ ကူးစက်တတ် သည့်ဒေါင့်သန်း ရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး ယင်းရောဂါကြောင့် သေဆုံးသည့် ကျွဲနွား သိုးဆိတ်တို့၏ အသားများကို စားသုံးမိသူ များမှာ အရေပြားအနာများ ဖြစ်ကာ အသက်သေဆုံး သည်အထိ ဖြစ်ပွားနိုင်သည် ။

မူစယ်လူထု၏ အသက်အိုးအိမ်များကို ကာကွယ်စောင့်ရှောက်ပေးပါ

Posted: 23 Sep 2015 01:41 AM PDT

သို့

သျှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့်သက်ဆိုင်ရာ အစိုးရဌာနများ သိရှိစေရန် ထင်ပြအပ်ပါသည်။


21.9.2015 မူစယ်ဆင်ဖြူဈေးအတွင်းရှိ ရွှေစိန်ဆင်ဖြူဈေး အပေါင်ဆိုင် ၊ အောင်လှိုင်ထက် အနှိပ်ခန်း အောက်ရှိဆိုင်ခန်း အတွင်း၌ ည 93း0 အချိန်တွင် တာမိုးညဲပြည်သူ့စစ် စီးပွားရေး တာဝန်ခံ ဦးတင်ထွန်း နှင့် ဒုတာဝန်ခံ ဗိုလ်မှူး ကျော်နေယျ (ငြိမ်း) ဦးဆောင်ဖွင့်လှစ်သော လောင်းကစားရုံ အတွင်း ဒိုင်များနှင့် ထိုးသားများ ခိုက်ရန်ဖြစ်ပွားစဉ် တာမိုးညဲ ပြည်သူ့စစ်များမှ M-22 သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်၍ ပြည်သူလူထု များစွာထိခိုက်ဒဏ်ရာရ ပြီး အထိပ်အလန့် ဖြစ်ရပါသည် ။


အထက်ပါကိစ္စများ ရဲတပ်ဖွင့်ဝင်များအား အကြောင်းကြားသော်လည်း အရေးယူဆောင်ရွက်ခြင်းများ မရှိပါ ၊ ယခုအခါတွင် မူစယ်မြို့နယ်ပြည်သူလူထုသည် ၎င်းကိစ္စများကြောင့် လွန်စွာနစ်နာရပါသည် ။


သို့ဖြစ်ပါ၍၎င်းကိစ္စများအား မူစယ်မြို့ရှိ သက်ဆိုင်ရာဌာန ဆိုင်ရာများ ၊ ရဲတပ်ဖွဲ့ဝင်များမှ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးပါ ၊ မြို့နေလူထုများ၏ အသက်အိုးအိမ်များကို ကာကွယ်စောင့်ရှောက် ပေးပါရန်လေးစား စွာ တင်ပြလိုက်ပါသည် ။


လေးစားလျက်

မူစယ်ဒေသခံ

၃ ရက်အတွင်း တောင်းပန် ဖြေရှင်းခြင်းမပြုက သျှမ်းစာပေ ဆရာကြီးစိုင်းဖှကို ကျားဖြူဥက္ကဌ တရားစွဲမည်

Posted: 22 Sep 2015 07:30 PM PDT

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီ ၏ ပင်လုံမြို့ပါတီလုံးကျွတ် ဆွေးနွေးပွဲ၌ အထူးဧည့်သည် တော်အဖြစ် တက်ရာက် စကားပြောသည့် သျှမ်းစာပေ ဆရာကြီးစိုင်းဖှ ၏ အသုံး အနှုန်းသည် ကျားဖြူပါတီ၏ ဂုဏ်သိက္ခာအား ထိပါးစော်ကားသည့်အတွက် သုံးရက် အတွင်း တောင်းပန် ဖြေရှင်းခြင်းမပြုလျှင် အမှုဖွင့်တရားစွဲ ဆိုမည်ဟု ကျားဖြူ ပါတီ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်းက ပြောသည် ။


“ သုံးရက်အတွင်း လာရောက်ဖြေရှင်းဖို့ သီပေါလူထုတွေ့ဆုံ စည်းရုံးရေးပွဲမှာ ဒီကိစ္စပြောမယ် ။ ဒါရဲအရေးပိုင် အမှုဖြစ်ပွားပြီ ။ သူကိုယ်တိုင် လာတောင်းပန် ရမယ် ။ တောင်းပန်ရုံနဲ့ မပြီးသေးဘူး ။ စီဒီခွေတွေ လုပ်ပြီး ပြန်ဖြန့်ဝေဖြေ ရှင်းပေးရမယ် ” - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ ဉက္ကဌ စိုင်းအိုက်ပေါင်းက ပြောသည် ။


စက်တင်ဘာ ၁၉ ရက်နေ့ ရက်စွဲဖြင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ မှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ထံလိပ်မူပြီး ဦးလှဖေ ခေါ် ဦးစိုင်းဖ အား လိုသလိုအရေးယူပေးပါရန် တိုင်တန်းစာတစောင် ပေးပို့ခဲ့သည် ။


အဆိုပါစာတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD သည် ၈ ရက် ၉ လ ၂၀၁၅ တွင် ပင်လုံမြို့မွေတော်ကျောင်းတွင် လူထုဟောပြောပွဲ၌ ဦးလှဖေ ခေါ် ဦးစိုင်းဖ ၏ ဟောပြောချက် များမှာ “ ကျားဖြူပါတီ က အစိုးရအဖွဲ့အသီးသီး လွှတ်တော်အသီးသီးတွင် နေရရာပြီး အစိုးရ အဖွဲ့ဝင်များ ဖြစ်လာကြောင်း ၊ သယံဇာတများဖြစ်ကြသည့် သတ္တုတူးရန် ၊ သစ်တော သစ်ပင်ခုတ်ရန် ၊ ထင်းမီးသွေးလုပ်ရန်အတွက် ခွင့်ပြုထားသော ကုမ္ပဏီစာရင်း များပြားစွာ ယခုစာရွက်ကဲ့သို့စာရင်းပါအတိုင်းရှိကြောင်း ……..” စသဖြင့် စွပ်စွဲပြောဆို ထားသည်ဟု ကျားဖြူပါတီမှ UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်တန်းထားပါသည် ။


အဆိုပါကိစ္စနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ သျှမ်းစာပေဆရာစိုင်းဖှ အား ကြိုးစားဆက်သွယ်သော်လည်း စကားပြောဆိုခွင့် မရရှိခဲ့ပေ ။


ကျားခေါင်းပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်ကမူ “ အဲဒီကိစ္စအပေါ် ကျနော်တို့ ဘာမှ မပြောလိုသေးပါဘူး ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


၁၉၈၉ က ကျားခေါင်းပါတီ SNLD တည်ထောင်စဉ် ၊ လက်ရှိကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း က ကျားခေါင်းပါတီ၏ အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် သျှမ်းစာပေပညာရှင် ဆရာစိုင်းဖှ သည်လည်း ကျားခေါင်းပါတီအတွက် ၁၉၉၀ ရွေးကောက်ပွဲ ကျောက်မဲ(၁) မဲဆန္ဒနယ် တွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်တဦးဖြစ်သည် ။


နိုင်ငံတော်အား မြန်မာ့တပ်မတော်မှ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီဝင်များအား ပါတီမှ နှုတ်ထွက်ရန်ဖိအားပေးစဉ် ဆရာစိုင်းဖှ လည်း ကျားခေါင်းပါတီမှ နှုတ်ထွက်လိုက်သည် ။ ထိုစဉ်မှစ၍ သျှမ်းလူမျိုးများ ရှိရာ ပြည်ထောင်စုအနှံ့လှည့်လည်ကာ သျှမ်းစာပေပျံ့ ပွားရေး အတွက်စေ တနာ့ ဝန်ထမ်းအဖြစ် တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သည့် ပုဂ္ဂိုလ်ဖြစ် သည် ။


ဆရာကြီး စိုင်းဖှ ပင်လုံတွင် ပြောကြားခဲ့သည့် ဗီဒီယိုဖိုင်များအား ကြည့်ရှုရန် -

https://www.facebook.com/snldparty/videos/vl.719420138188118/874668605935342/?type=1&theater

သျှမ်းသံတော်ဆင့်

unread,
Sep 24, 2015, 4:07:25 PM9/24/15
to thuau...@gmail.com

မြေယာ အငြင်းပွားမှုကြောင့် ၀ အရာရှိ နှင့် အစိုးရတပ် စရဖ အရာရှိပစ်ခတ်

Posted: 24 Sep 2015 01:16 AM PDT

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် အတွင်း ယာမြေ ပြဿနာကြောင့် ၀ အရာရှိနှင့် အစိုးရ တပ်မတော် စစ်ဖက်လုံခြုံရေး စရဖ အရာရှိတို့ အငြင်းပွားကာ သေနတ်ထုတ် ပစ်ခတ်သည် အထိဖြစ်ရပြီး သုံးဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည် ။


၂၀၁၅ စက်တင်ဘာ ၂၃ ရက် ညနေ ၄ နာရီ ခွဲအချိန်တွင် မိုင်းတုံမြို့ တောင်ဘက် နားကောင်းမူး ကျေးရွာအုပ်စုအတွင်း မြေယာပြဿနာ ဖြေရှင်းရေးအဖွဲ့များ ဖြစ်ကြသည့် အစိုးရတပ်မတော် စရဖ အရာရှိ ညီညီအောင် နှင့် ၀ တပ်ဖွဲ့အရာရှိတို့  တွေ့ဆုံဖြေရှင်းကြ  စဉ် မပြေလည်မှုကြောင့် နှစ်ဦးနှစ်ဘက် စကားများရာမှ စရဖ အရာရှိ ညီညီအောင်က ပစ္စတို သေနတ်ထုတ်ကာ ပစ်ခတ်ကြောင်း ၊ ၀ အရာရှိ တဦးထိမှန်သဖြင့် ၀ ဘက်မှ ပြန်လည်ပစ်ခတ် ကြောင်း ၊ ထို့အတွက် အပြန်အလှန် ပစ်ခတ်ရာမှ ၀ ဘက်မှ နှစ်ဦး ၊ အစိုးရ စရဖ အရာရှိ တဦး ( ညီညီအောင် ) ထိခိုက်ဒဏ်ရာ ရှိသည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည် ။


“ ဘယ်သူက ဘယ်ဟာကို တကယ်ပိုင်ဆိုင်လဲ ဆိုတာ တပ်မတော်ဘက်က လာရောက်စုံစမ်း မေးမြန်းတယ် ။ စကားသိပ် မပေါက်ကြတော့ ၀ တွေဘက် ပြောတဲ့ဟာကို ဗမာတပ်ဘက်က နားမလည်တော့ ၊ ဘာတွေပြောလဲ ၊ ဘယ်သူက ဘာဖြစ်လဲစသဖြင့် မေးရာကနေ ကြမ်းကြမ်း တမ်းတမ်းဖြစ်သွားတော့ ပစ်ခတ်မှုဖြစ်တာ ။ အခု ဒီအမှုက ကျိုင်းတုံ အထိရောက်သွားပြီ ၊ ညီညီအောင်က ဝမ်းဗိုက်မှာ ထိမှန်တယ် ၊ သူ့ကိုလဲ မိုင်းဆတ်ပို့လိုက်ပြီ ၊ ကုဖို့ ” - ဟု နှစ်ဘက် တပ် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောသည် ။


“ ဟုတ်တယ် ။ ကျနော်တို့ဘက်က မှားရင် သွားတောင်းပန်လိုက်မယ် ။ အခု သူတို့ဘက်က အရင်ပစ်တာလေ ။ နောက်ပြီး ဒီဟာက ပြဿနာ အသေးအမွှားပါ ။ ပြဿနာကြီး ဖြစ်လာအောင်  မလုပ်ချင်ဘူး ။ သူတို့မှားတာ သူတို့လာတောင်းပန်ပေါ့ ။ ကျနော်တို့ မှားရင်လဲ သွားတောင်းပန်မှာပေါ့ ။ အဲဒီ တပ်မတော်အရာရှိပစ်လို့ ၊ ကျနော့်လူ နှစ်ယောက်ထိသွား တယ် ။ ဒီဟာက ဘာလို့ သေနတ်ကိုင်ပြီး လာဖြေရှင်းတာလဲ ၊ မဖြစ်သင့်တဲ့ကိစ္စလေ ” - ဟု တောင်ပိုင်း ၀ အရာရှိ ဦးတာ့လူး က ပြောသည် ။


ယခု လဆန်းပိုင်းက ကျိုင်းတုံမြို့၌ ၀ အဆင့်မြင့်အရာရှိ နှင့် မြန်မာအစိုးရ ကိုယ်စားလှယ် ဦးသိန်းဇော် တို့ တွေ့စုံစဉ် ‘ ၀ တပ်ဖွဲ့အနေဖြင့် NCA လက်မှတ် ရေးထိုးရန် တိုက်တွန်း ကြောင်း ၊ ရေးထိုးခြင်းမရှိက ထိုင်းနယ်စပ်ရှိ တောင်ပိုင်းဝ တပ်ဖွဲ့ ရှေ့ဆက် နေထိုင်ရေးကိစ္စ တာဝန်မယူနိုင်ကြောင်း’ ပြောကြား သည်ဟု သိရသည် ။


တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် အစိုးရတပ်မတော် တို့သည် သစ်တောကြိုးဝိုင်း သစ်ခုတ်မှုပြဿနာ ကြောင့် ဂျွန်လတုန်းကလည်း တလကျော်ကြာ စစ်ရေးတင်းမာမှု များဖြစ်ပွားခဲ့သည် ။


တောင်ပိုင်းဝ တပ်ဖွဲ့သည် ၁၉၉၈ က အာဏာသိမ်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် သဘောတူညီမှုရယူကာ မြောက်ပိုင်း ၀ နယ် ပန်ဆန်းဒေသမှ ထိုင်းနယ်စပ် တာချီလိတ် ၊ မိုင်းဆတ် ခရိုင်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြခြင်း ဖြစ်ပါသည် ။ 


၂၀၀၉ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မြန်မာအစိုးရ ဖိအားပေးစဉ် ၀ တပ်ဖွဲ့က လက်မခံသောကြောင့် ထိုင်းနယ်စပ်မှ မြောက်ပိုင်း အထူးဒေသ ၂ နယ်မြေသို့ ပြန်လည် ပြောင်းရွှေ့နေထိုင်ရန် ဖိအားပေး ခံရပါသေးသည် ။ ထိုစဉ်ကလည်း ၀ တပ်ဖွဲ့မှ ရွှေ့ပြောင်း ရန် ငြင်းဆန်ခဲ့မှုကြောင့်  နှစ်ဘက်တပ် တင်းမာမှု ဖြစ်ပွားခဲ့သည် ။

အစိုးရစစ်ကြောင်း ရွာထဲ လက်နက်ကြီးငယ် ပစ်ခတ်ကာ တန်ဖိုးသိန်းချီ ပစ္စည်းယူဆောင်သွား

Posted: 23 Sep 2015 10:50 PM PDT

အစိုးရစစ်ကြောင်းက ရွာထဲသို့ လက်နက်ကြီးငယ် ပစ်ခတ်ကာ သိန်းချီတန်ဖိုးရှိသည့် ရွာသားများ၏ လက်ဝတ်ရတနာများ ၊ စားသောက်ကုန်များကို ယူဆောင်သွားကြောင်း ဒေသတွင်းသတင်းအရ သိရှိ ရသည် ။



“ ရွာထဲပစ်ထည့်လာတော့ စိုင်းယီအိမ်ကို ဗုံးထိတယ် ။ အိမ်ရှင်တွေ အိမ်မှာမရှိလို့ တော်သေးတယ် ။ အခု အိမ်ရှင်တော့ ရွာထဲမှာမနေရဲလို့ မူစယ်က သူတို့အမျိုးအိမ်မှာ သွားနေကြတယ်လေ ။ အိမ် ၁၀ လုံး ကျော် သေနတ်ထိတယ်။ ယာကနေ ဆိုင်ကယ်စီးပြီး ပြန်လာတဲ့ နန်းသီသီခိုင် ညာပေါင်မှာ ကျည်ဆံ ယှက်ထိသွားတယ် ” ဟု ကောင်းဝဲင့်ရွာသို့ သွားရောက်ခဲ့သူ မူစယ်လူငယ်တဦးက ပြောသည် ။


စက်တင်ဘာလ ၂၂ ရက် ညနေ ၅ နာရီခန့် သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ပန်ဆိုင်းဘက်သို့ လာရောက်လှုပ်ရှားနေသည့် တပ်မ ၉၉  လက်အောက်ခံစစ်ကြောင်းတခုက မော်တောင်း ကျေးရွာအုပ်စု ကောင်းဝဲင့် (္ဒွင်းဝ္လ္မှ်) ရွာဘေးရှိ တောထဲသို့ လက်နက်များဖြင့် ပစ်ခတ်ကြောင်း ၊ ထို့နောက် ရွာထဲပါ ပစ်ထည့်လာကြောင်း ဆို၏ ။


“ တောထဲမှာ တအာင်းစစ်သားတွေရှိတယ်ဆိုပြီး သေနတ်တွေနဲ့ ပစ်ထည့် တာ ။ ပစ်ရင်းပစ်ရင်းနဲ့ ရွာထဲ ကိုပါ ပစ်ထည့်လာတယ် ။ တကယ်တော့ တအာင်းစစ်သားတွေလည်း မရှိပါဘူး ။ သူတို့ဘဲ ပစ်နေတာပါ ။ နောက်တော့ရွာထဲ ဝင်လာတယ် ။ ရွာသားတွေရဲ့ အိမ်တံခါးကိုဖျက်ပြီး တွေ့ရာပိုက်ဆံတွေ ၊ စားသောက် ကုန်တွေ ယူသွားတယ်လို့ ရွာသားတွေ ပြောပြတယ် ” ဟု ၎င်းက ဆို၏ ။


စိုင်းအိုက်စိုးပေါင်း (အိမ်ရှင်) ၏ဖခင်ဖြစ်သူ အသက် ၆၀ ခန့်ရှိ အဖိုးကို သေနက်ဖြင့်ရိုက်ကာ တရုတ်ယွမ် ငွေ ၅၀၅၀၀နှင့် မြန်မာကျပ်ငွေ ၁၅ သိန်းခန့်ကိုလည်းကောင်း ၊ ဈေးဆိုင်ဖွင့်ထားသည့် စိုင်းအိုက်ဝါ အိမ်တံခါးကိုဖျက်ကာ ၆ သိန်းတန်လက်ကောက်နှင့် တန်ဖိုး ၄ သိန်းခန့်ရှိ မုန့် ၊ ခေါက်ဆွဲထုပ် ၊ သားငါးဆီ သွတ်ဗူး ၊ မြန်မာဘီယာ − စသည့် စားသောက်ကုန်များကို လည်းကောင်း ၊ ဈေးဆိုင်ဖွင့်ထားသည့် နောက် ဒေသခံတဦးအိမ်ကိုလည်း ဝင်ရောက်ကာ တန်ဖိုး ၄ သိန်းခန့်ရှိ စားသောက်ကုန်များကို လည်းကောင်း ယူဆောင်သွားကြောင်း ဒေသခံများက ဆို၏ ။


“ ရွာမှာလူသိပ်မရှိဘူး ။ ဈေးဆိုင်ဖွင့်ထားတဲ့ အိမ်တွေလည်း တံခါးခတ်ပြီး အပြင်သွားကြတယ်လေ ။  ဒီလုပ်ရပ်ဟာ ဓားမြတိုက်တာဘဲ ” ဟု ဒေသခံတဦးကလည်း ပြောသည် ။


ကောင်းဝဲင့်ရွာသည် မူစယ် ၁၀၅ မိုင်နှင့် ၇ မိုင်ခန့်အကွာ မူစယ်−လားရှိုးသွားလမ်းပေါ်၌ တည်ရှိသည် ။


အဆိုပါနေ့ နေ့လည် ၁၂ နာရီခန့်၌လည်း ၁၀၅ မိုင်မှ ပန်ဆိုင်းသို့သွားလမ်းပေါ်ရှိ တွန့်ခန် ရွာ၌ တပ်မ ၉၉  လက်အောက်ခံစစ်ကြောင်းတခုနှင့် တအာင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆို၏။


တပ်မ ၉၉  လက်အောက်ခံစစ်ကြောင်းနှင့် တအာင်းတပ်ဖွဲ့ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်သော် လည်း မရရှိခဲ့ပေ။

တောင်တက်လှုပ်ရှားမှု လူငယ်ခေါင်းဆောင် ၊ SNLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလျန်း စည်းရုံးရေးခရီးစဉ် (ဆက်သွယ်မေးမြန်းခန်း)

Posted: 23 Sep 2015 08:20 PM PDT

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲကြီး အတွက် သျှမ်းပြည်နယ် ထဲက ပါတီ အသီးသီးတို့ဟာ ကိုယ်ယှဉ်ပြိုင်မယ့် ဒေသတွင်းမှာ စည်းရုံးရေး ဆင်း နေကြပါတယ် ။ ပါတီတခု နဲ့တခု စည်းရုံးရေး လှုပ်ရှားမှုဟာ မတူညီကြပါဘူး ။ အဲဒီထဲက လားရှိုးခရိုင်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ယှဉ်ပြိုင်မယ့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က စိုင်းဝမ်းလျန်းကို သျှမ်းသံတော်ဆင့်က နန်းမွေခေါဝ်က ဆက်သွယ်မေးမြန်း ထားပါတယ် ။


မေး ။    ။ စည်းရုံးရေးခရီးစဉ် ဘယ်အထိ ရောက်ပြီလဲရှင့် ။


ဖြေ ။    ။ ဟုတ်ကဲ့ ကျနော်တို့ စည်းရုံးရေးခရီးကို စစ်ကြောင်း ၄ ကြောင်းနဲ့ ချီတက်ပါတယ် ။ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဘက်ကိုတကြောင်း ၊  နမ့်ပေါင်ဘက်ကို တကြောင်း ၊ လားရှိုးမြို့တွင်းဆိုရင် အီနိုင်း ဘက်ကိုတကြောင်း ၊ နောင်မွန်ဘက်ကို တကြောင်းသွားတယ် ။ မကြာခင် ပြီးစီးတော့မယ် ။


မေး ။    ။ စည်းရုံးရေးမှာ လူထုကိုဘယ်လို ဟောပြောစည်းရုံး ခဲ့ပါသလဲ ။


ဖြေ ။    ။ SNLD ကိုမဲထည့်ပေးပါ ဘာညာ မပြောဘူး ။ ကျားခေါင်းဟာ ပင်လုံစိတ်ဓါတ် အတိုင်းသွားတယ် ။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်လာခဲ့တဲ့ တောင်တန်းပြည်မ ပူးပေါင်းရေး မှာ တန်းတူညီမျှမှု လိုချင်တယ်ဆိုတာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီ မရသေးဘူး ။ တခုမှ မခံစား ရသေးဘူး ။  အဲတာကို ကြိုးစားချင်တယ် ။ သျှမ်းပြည်သားတွေ ဒီနေ့အထိ  လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲဖြစ်တယ် ။ အဲတာကြောင့် ကျားခေါင်းပါတီဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ အနိုင်ရရင် လွှတ်တော်ထဲဝင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မယ် ။ ပြီးတော့ တန်းတူညီမျှဖို့အတွက် နည်းလမ်းရှာပြီး ဖြေရှင်းပေးမယ် စသဖြင့်ဟောပြောခဲ့တယ် ။


မေး ။    ။ လူထုက ဘာပြောလဲ ။


ဖြေ ။    ။ ဘယ်ပါတီမှ ဒီလိုမျိုး တန်းတူညီမျှမှု လာမပြောပြဖူးဘူး ၊  အခုလိုလာပြောပြတော့ နားလည်သွားပြီ - လို့ ပြန်ပြောပါတယ် ။ တချို့ကလည်း သျှမ်းပါတီတွေ များတယ် ။ ဘာကြောင့်လဲ - လို့မေးတယ် ။ လူထုရော သံဃာတွေရော သျှမ်းပါတီတွေ ပေါင်းစည်းဖို့ တိုက်တွန်းတယ် ။  ကျနော်တို့ဘက်က ပြန်ဖြေပေးပါတယ် ။ သျှမ်းပါတီတွေပေါင်း စည်းနိုင်ဖို့ ကျနော်တို့ကြိုးစားနေပါတယ် ။  ခုလောလောဆယ်တော့ ရွေးကောက်ပွဲက နီးနေပြီဆိုတော့ အချိန်က မရှိတော့ဘူး ။ ဒါကြောင့် ပြည်သူများ တောင်းဆိုချက်ကို ၂၀၁၅ ပြီးမှဘဲ စီစဉ်နိုင် တော့ မယ်လို့ ကျနော်တို့ပြောပါ တယ် ။


လောလောဆယ် သျှမ်းပါတီ ၂ ခုရဲ့ ရည်မှန်းချက် တွေကိုလည်း ရှင်းပြပါတယ် ။ သျှမ်းပါတီတခုကတော့ သျှမ်းပြည်နယ်အစိုးရ ဖြစ်ချင်တယ် ။ ကျနော်တို့ပါတီကတော့  တန်းတူညီမျှမှုအတွက်လုပ်ဖို့ ရည်ရွယ်ပါတယ် - ဆိုတဲ့ဟာ လူထုကနားလည်အောင်ရှင်းပြ ပါတယ် ။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာတော့ မိဘပြည်သူများ မဲထည့်ပေးတော့မယ်ဆိုရင်  နားလည် အောင်ကြည့်ပြီးမဲပေးဖို့ တိုက်တွန်းတယ် ။


မေး ။    ။ စည်းရုံးရေးခရီးစဉ်မှာ အခက်အခဲ ရှိပါသလား ။


ဖြေ ။    ။ မရှိပါဘူး ။ ကော်မရှင်ဆီကို စာတင်တယ် ။ ခွင့်ပြုပေးမှကျနော်တို့ ဆင်းရတယ် ။ ဒါပေမယ့်ကျနော်တို့က ရွာသားတွေအလုပ်နားချိန် ည ပိုင်းကျမှတွေ့တဲ့ အတွက်အဆင်ပြေ ပါတယ် ။


မေး ။    ။ လက်နက်ကိုင် အဖွဲ့အစည်းတွေရော ။


ဖြေ ။    ။ မရှိပါဘူး ။ အစိုးရရဲ့ ရဲ ၊ စစ်တပ်ဘက်ကတော့ ကျနော်တို့ဘက်က လူဘယ်နှစ်ဦး လာတယ် အဲလောက်ဘဲ မေးပါတယ် ။ ယူနီဖောင်းတွေ ဘာတွေဝတ်ပြီးမေးလား စစ်လား တော့ မရှိပါဘူး ။


မေး ။    ။ အသုံးစရိတ်တွေကော် လုံလောက်ပါသလား။ အခက်အခဲရှိလား ။


ဖြေ ။    ။ အခု ကျနော်တို့ကတော့ ကိုယ့်မြို့နဲ့ကိုယ်ပေါ့နော် ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေရတယ် ။ ကျနော်တို့လားရှိုးဒေသခံတွေ အတွက်တော့ ပါတီထဲက ဦးဆောင်ဦးရွက်ပြုတဲ့ လူကြီးတွေ မြို့နယ် ကော်မတီတွေက နေ မြို့ထဲဆင်းပြီးတော့ ကျနော်တို့ပါတီကို ထောက်ခံအားပေးတဲ့ ဒေသခံတွေဆီကနေ အလှူခံပေးရာကနေ ရလာတဲ့ ငွေကြေးတွေကို သုံးပါတယ် ။ ကားရှိတဲ့သူတွေ ဆိုရင်လည်း ကိုယ့်ဆီ နဲ့ကိုယ်သွားပြီး စည်းရုံးရေး ဆင်းကြတယ် ။ တချို့ရပ်ရွာတွေထဲဆင်းရင် ကျေးလက်မိဘတွေက ပါတီစည်းရုံးရေးလုပ်ငန်းမှာ ကိုယ်တိုင် ဝင်ရောက်ကူညီနိုင်ခြင်း မရှိတာကြောင့် ငွေကြေးထောက်ပံ့ချင်တယ် ။ ၅၀၀ ကျပ် ၁၀၀၀ ကျပ် ဘဲရှိတယ် ။ ထောက်ပံ့လို့ရမလား ဆိုတာလည်း ရှိလာတယ်နော်။ အဲတာတွေကလည်း ကျနော်တို့စည်းရုံးရေး လုပ်ငန်းအတွက်  ရံပုံငွေ အထောက်အပံ့တခုဖြစ်စေပါတယ် ။  ပြီးတော့ ကျနော်တို့ ပါတီဘက်ကလည်း အလှူငွေရရှိကြောင်း ဖြတ်ပိုင်း ပြန်ပေးပါတယ် ။


မေး ။    ။ အဲလိုမျိုး မိဘပြည်သူဆီက အလှူငွေတွေယူတော့ စည်းရုံးရေး လုပ်ငန်းအတွက် ထိခိုက်အနှောင့်အယှက် ဖြစ်စေသလား ။


ဖြေ ။    ။ ကျနော်တို့ဘက်က လှူပေးဖို့မတိုက်တွန်းသလို ဖိအားလည်း မပေးပါဘူး ။ လာရောက်နား ထောင် သူ တွေထဲက စေတနာ သဒ္ဓါအလျောက်လာရောက် လှူဒါန်းနဲ့သူတွေကိုဘဲ ဖြတ်ပိုင်းပေးတာပါ ။


မေး ။    ။ လားရှိုးမြို့မှာ အမျိုးသားလွှတ်တော်အတွက် ဝင်ပြိုင်မှာက ဘယ်နှစ်ယောက်ရှိလဲ ။


ဖြေ ။    ။ ကျနော်တို့က ၅ ယောက်ရှိပါတယ် ။ ကျားဖြူပါတီက ဦးစိုင်းစံမင်းပါ ။ ကြံ့ခိုင်ရေး ပါတီက နန်းကိန်ဖောင်းတစ်ပါ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးသန်းဌေး ၊ တသီး ပုဂ္ဂလကတော့ ကိုးကန့် အမျိုးသားလို့ပြောပါတယ် ။  နောက်ကျားခေါင်းပါတီက ကျတော့ ကျနော် စိုင်းဝမ်းလျန်းပေါ့နော်။ ကျနော်တို့အခု လားရှိုးမှာစည်းရုံးရေးဆင်းနေတာ ပြီးတော့ မယ် ။ ပြီးရင် လားရှိုးခရိုင်ထဲပါဝင်တဲ့ ကွန်လုံ ၊ သိန္နီ ၊ မိုင်းရယ် ၊ တန့်ယန်း ဘက်ကိုသွားမယ် ။  
 

ဖြေကြားပေးတဲ့ အတွက် သျှမ်းသံတော်ဆင့်မှ ကျေးဇူးတင်ပါတယ် ။


စိုင်းဝမ်းလျန်းခေါ် စိုင်းလိန်ဟာ အဖ စိုင်းယွတ်ခမ်းဆေထဲင် ၊ အမိ နန်းနှင်းစိန် တို့မှ ၁၉၈၁ ခု သိန္နီမြို့  ဥယျာဉ်မှူး အုပ်စု ဝမ့်နောင်မှာ မွေဖွားခဲ့ပါတယ် ။ အထက်တန်းပညာကို ၁၉၉၈-၉၉ မှာ သိန္နီမြို့မှာ အောင်မြင်ပြီး လားရှိုးတက္ကသိုလ်မှာ သမိုင်းဘာသာရပ်ကို ဆည်းဖူးခဲ့ပါတယ် ။ ၂၀၀၄ ခုနှစ်မှာ  နန်းခမ်းစံနဲ့ အိမ်ထောင်ပြုပြီးတော့ သားသမီး နှစ်ယောက်ထွန်း ကားခဲ့ပါတယ် ။ အဲဒီနှစ်မှာဘဲ သျှမ်းအတိုင်အပင်ခံ ကောင်စီ ဖွဲ့စည်းရေးဆွေးနွေးပွဲမှာ  အစည်းအဝေး မှတ်တမ်းပြုသူအဖြစ်ဆောင်ရွက်ရာမှ နိုင်ငံရေးနဲ့ စတင်နီးစပ်လာခဲ့ပါတယ် ။


ဒါ့အပြင် လူမှုအဖွဲ့အစည်းဖွံ့ဖြိုး တိုးတက်ရေး ၊ သဘာဝပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေး ၊ မူးယစ်ဆေးဝါးနှင့် ကင်းဝေး စေရေးအတွက် လူငယ်တွေကို ဦးဆောင်ပြီးတော့  တောင်တက်ခရီးလှုပ်ရှားမှု အစီအစဉ် စတင်ခဲ့သူလည်း ဖြစ်ပါတယ် ။ မိသားစုစီးပွားရေးအဖြစ် ဂျာနယ် ၊ စာအုပ် အရောင်းဆိုင်ဖွင့်လှစ်ကာ ဝါသနာအရ ကဗျာ ၊ စာပေများ ရေးသားထုတ်ဝေခဲ့ပါတယ် ။

သျှမ်းသံတော်ဆင့်

unread,
Sep 25, 2015, 4:21:00 PM9/25/15
to thuau...@gmail.com

မိုင်းတုံမြို့နယ် ၀ တပ်ဖွဲ့နှင့် ဖြစ်ပွားသောပစ်ခတ်မှု စရဖ အရာရှိသေဆုံး

Posted: 25 Sep 2015 09:05 AM PDT

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် အတွင်း မြေယာပြဿနာ အငြင်းပွား မှုကြောင့် တောင်ပိုင်း ၀ တပ်ဖွဲ့ နှင့် စရဖ တို့ ပစ်ခတ်မှုတွင် မိုင်းဆတ်ဆေးရုံ၌ အဆိုပါ စရဖ အရာရှိငယ် သေဆုံးသွားသည်ဟု သိရသည် ။


၂၀၁၅ စက်တင်ဘာ ၂၃ ရက်နေ့ မိုင်းတုံမြို့တောင်ဘက် နားကောင်းမူးကျေးရွာတွင် ခြံမြေ ရောင်းဝယ်မှုပြဿနာ ကြောင့် စရဖ အရာရှိငယ် ညီညီအောင် (ညီညီထွန်း) ဆိုသူ နှင့် ၀ တပ်ဖွဲ့ ဝင်တို့ အငြင်းပွားပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ညတွင် ပင် မိုင်းဆတ်သို့ ပို့ဆောင်ကု၏။ ဝမ်းဗိုက်တွင်ဒဏ်ရာပြင်းထန်စွာရှိသည့်အတွက် မိုင်းဆတ်ဆေးရုံ၌ပင် စက်တင် ဘာ၂၄ ရက်နေ့က သေဆုံးသွားသည်ဟု  နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည် ။


“ အဲဒီမြေနေရာက စိုင်း --- ဆိုသူက ဝယ်ယူတယ် ။ တရုတ် လူမျိုးတွေ ဆီကနေ ။ အဲဒီဝယ်ထား တဲ့သူက ပြင်ဆင်ဖို့ သွား လုပ် တော့ ၊ ၀ တပ်ဖွဲ့ ဝင် တွေကလာတားတာ ။ သူတို့ ပိုင်ဆိုင်တဲ့ အိမ်ခြံမြေကွက်ဖြစ်တယ် ။ ဝိုင်းဝန်းဖြေရှင်းပေးဖို့ လာတဲ့ စရဖ က ကြားဝင်ပြောရာကနေ တဘက်တခွန်းပြောတယ် ။ စကားက လဲ သိပ်မပေါက်တော့ ပစ်ခတ်မှုဖြစ်ကြတာ ” - ဟု နားကောင်းမူးဒေသခံ ရပ်မိရပ်ဖတဦး က ပြောသည် ။


သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါ ပစ်ခတ်ခံရသည့် ၀ အရာရှိငယ် လည်း ယမန်နေ့က ပင်သေဆုံး သွားသည်ဟုဆိုသည် ။


ယခုဖြစ်ပွားသည့် ကိစ္စသည် ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်ကြောင်း ၊ ၀ ပြည်သွေးစည်းညီညွတ် ရေးတပ်မတော် နှင့် မသက်ဆိုင်ကြောင်း ၀ အရာရှိ တဦးကပြောသည် ။

ထာဝရ ငြိမ်းချမ်းရေးဌာနေ ပြည်သူ့စစ်ခေါင်းဆောင်တဦး ပစ်ခတ်ခံရ

Posted: 25 Sep 2015 08:59 AM PDT

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့အဝင်တွင် ထာဝရ ငြိမ်းချမ်းရေး ဌာနေပြည်သူ့ စစ်ခေါင်း ဆောင် ဗိုလ်မှူးတဦး အား အမည်မသိ လက်နက်ကိုင် အဖွဲ့တခုက ပစ်ခတ်ခံရသောကြောင့် မူစယ် ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေကြောင်း ကြားသိရပါသည် ။


စက်တင်ဘာ ၂၅  ရက် နံနက် ၂ ရီခန့်အချိန် လားရှိုးမှလာသည့် စလွန်းဂရောင်း တစီးက ကားဆရာတဦး နှင့် အတူ ဗိုလ်မှူးမိုးဝင်းဆိုသူ စီးနှင်းလာကြောင်း မူစယ်အဝင် ကတ်စတန်ရုံးအနီး ပစ်ခတ်ခံရကြောင်း ၊ အဆိုပါကားအား အမည်မသိ လက်နက်ကိုင်အဖွဲ့ တခုက ကျည်ကဒ်တခု ထက်မနည်းပစ်ခတ်ကြောင်း ၊  စလွန်းကားအား ကျည်ဆန်အချက်ပေါင်း ၁၀ ကျော်ထိမှန်ကြောင်း ကြားသိရသည် ။
“ အခု အဲဒီ ဗိုလ်မှူးက သတိလစ်နေတယ် ။ ကားဆရာက တော်တော် ကံကောင်းတယ် ။ မထိခိုက်ဘူး ။ ဒါပေမယ့် အဲဒီ ဗိုလ်မှူးလဲ ဘယ်ပခုံး မှာ တချက်ပဲထိတယ် ” - ဟု မူစယ်ကျန်းမာရေး ဝန်ထမ်းတဦးက ပြောသည် ။


လားရှိုးကားဆရာ အသိုင်းအဝိုင်းကလည်း ‘ စက်တင်ဘာ ၂၄ ည ၇ နာရီကျော်အချိန် လားရှိုးမှ ၎င်းတို့ မူစယ်သို့ ထွက် သွားကြောင်း ၊ အလုပ်အကိုင်ကိစ္စ အရေးကြီးသည်ဟုဆိုကာ ကားဆရာ အိုက်ဦး ၏ ကားအား ငှားရမ်းသွားခြင်းဖြစ် ကြောင်း ၊ လားရှိုး - မူစယ် အား ၅ နာရီခန့်သာ မောင်းရသော်လည်း ညအချိန်ဖြစ်သောကြောင့် ကားဖြည်းဖြည်းသာမောင်းရသည် ’ ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


‘ ကျနော့်အမြင်တော့ ဒီပစ်ခတ်မှုက ကချင်လက်နက်ကိုင်တို့ ပလောင်လက်နက်ကိုင်တို့ ပြောသာထက် ၊ သူ့ရဲ့ စီးပွားရေး ပြိုင်ဘက်တွေထဲကဘဲ ဖြစ်နိုင်တယ် ။ သူ့အသွားအလာကို သိနေတဲ့သူဘဲဖြစ်နိုင်တယ် ။ တကယ်တမ်း လက်နက်ကိုင် တပ်ဖွဲ့ တွေလုပ်မယ်ဆိုရင် မြို့နဲ့ဘယ်ကပ်လုပ်မလဲ ။  လုပ်နိုင်တဲ့နေရာတွေ အများကြီး ။ အစတောင်ရမှာမဟုတ်ဘူး ’ - ဟု ၎င်းနှင့်နီးစပ်သည့် တော်လှန်ရေးသမားဟောင်း တဦးက ပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင်အတွင်း ပြည်သူ့စစ် တပ်ဖွဲ့အများအပြား ရှိသည် ။ ကွတ်ခိုင်မြို့နယ်အတွင်း ကောင်းခါး ပြည်သူ့စစ် အမှတ် ၁ မှ ၅ အထိရှိသည် ။


မူစယ်မြို့နယ်အတွင်းတွင် ဦးတီခွန်မြတ် ၊ ဦးမြင့်လွင် စသည့်အဖွဲ့များ ၊ နမ့်ခမ်းမြို့နယ်တွင် ပန်းဆေးပြည်သူ့တပ်ဖွဲ့ ၊ မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ ---- စသည့် ပြည်သူ့စစ်တပ်ဖွဲ့ အများအပြားရှိသည် ။
လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များလည်း သျှမ်းတပ် ၊ ကချင်တပ် ၊ ပလောင်တပ် ၊ ရခိုင်တပ်ဖွဲ့ စသည့် လက်နက်ကိုင် တပ်ဖွဲ့များရှိသည်။ ဒေသအတွင်း အစိုးရတပ်ဖွဲ့များအပြင် အောက်ပြည်မှ အင်အားဖြည့်လှုပ်ရှားနေသည့် တပ်မ ၁၁ ၊ ၃၃ ၊ ၆၆ ၊ ၇၇ ၊ ၈၈ နှင့် ၉၉ တပ်မ များလှုပ်ရှားသွားလာသည် ။

သျှမ်းသံတော်ဆင့်

unread,
Sep 28, 2015, 4:39:43 PM9/28/15
to thuau...@gmail.com

ဥဇပေကစ္စတန်နိုင်ငံတွင် အာရှတံခွန်စိုက် ကာယဗလနှင့် ကာယကြံ့ ခိုင်မှုမယ်ပြိုင်ပွဲဝင်ရန် သျှမ်းမောင်မယ် ၂ ဦးပါဝင်သည့် မြန်မာနိုင်ငံ ကိုယ်စားလှယ် ၅ ဦး ရန်ကုန်မှထွက်ခွါ

Posted: 27 Sep 2015 09:41 PM PDT

ဥဇပေကစ္စတန်နိုင်ငံ ၂၀၁၅ ခုနှစ် ၄၉ ကြိမ်မြောက် အာရှတံခွန်စိုက် ကာယဗလနှင့် ကာယ ကြံ့ ခိုင်မှုမယ်ပြိုင်ပွဲ သို့ ပြိုင်ပွဲဝင်ရန် သျှမ်းမောင်မယ် ၂ ဦးပါဝင်သည့် မြန်မာနိုင်ငံမှ အားကစားသမား ကိုယ်စားလှယ်မောင်မယ် ၅ ဦး ယနေ့မနက်ပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွါပြီ ဖြစ်ကြောင်း သိရသည် ။


ဥဇဘတ်ကစ်စတန် နိုင်ငံတွင် ပြိုင်ပွဲကို 29-9-2015 မှ 5-10-2012 အထိ ပြိုင်ပွဲ ကျင်းပမည်ဖြစ် ကြောင်း သိရသည် ။


ဥဇပေကစ္စတန်နိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကာယ ဗလအဖွဲ့ချုပ်မှ ပြန်လည် ရွေး ချယ်ထားသော အားကစား သမား ၅ ဦးမှာ ၁ - ထွန်းမင်း (၆၀ ကီလို) ၂ - စိုင်းချစ်ငွေ (၆၅ ကီလို) ၃ - ညီဖြူ (၇၀ ကီလို) ၄ - နန်းလောဝ်ခမ်း (၁၆၅ စင်တီမီတာအောက်) ၅ - ချယ်ရီမောင်    (၁၆၅ စင်တီမီတာအောက်) တို့ ဖြစ်သည်ဟု သိရပါသည် ။


မိုင်းကုတ်သား စိုင်းဟင်ပေါင်း (ခေါ်) စိုင်းချစ်ငွေ သည် ရွှေမန်းမောင်ဆုကို ၂၀၀၂ နှင့်  ၂၀၁၁မှ ၂၀၁၅ အထိ ဆက်တိုက်ပထမဆွတ်ခူး ရရှိခဲ့သည် ။


မန္တလေးမြို့နေ မူစယ်ဇာတိ နန်းလောင်ဝ်ခမ်းမှာမူ အမျိုးသမီးကာယကြံ့ခိုင်မှုဆုများကို ၂၀၁၃ ခုနှစ် ကတည်းက ဆွတ်ခူးရရှိလာခဲ့သူ ဖြစ်ပါသည် ။ လွန်ခဲ့သည့် အောက်တိုဘာ လက ကျင်းပခဲ့ သော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလပြိုင်ပွဲနှင့် မန္တလေး တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် (၅ ပေ ၃ လက်မအောက်) ပထမဆု ဆွတ်ခူးရရှိထားသူ ဖြစ်ပါသည် ။



သျှမ်းသံတော်ဆင့်

unread,
Sep 29, 2015, 4:04:22 PM9/29/15
to thuau...@gmail.com

သျှမ်းပြည်တောင်ပိုင်း ကျေးလက်ဒေသဘက် မဲဆွယ်စည်းရုံးရန် နိုင်ငံရေးပါတီများ အခက်တွေ့

Posted: 29 Sep 2015 06:02 AM PDT

သျှမ်းပြည်တောင်ပိုင်း အတွင်း မဲဆွယ်စည်းရုံးရန် နိုင်ငံရေးပါတီများ အခက်တွေ့နေသည်ဟု လွတ်တော်ကိုယ်စားလှယ် လောင်းများက ပြောပြသည် ။


သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် လဲချားမြို့နယ် အတွင်းယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းတဦးက လဲချားမြို့၏ နမ့်တိန်းချောင်း အရှေ့ဘက်ခြမ်း လုံးဝ မဲဆွယ်စည်းရုံးခွင့် မရကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည် ။


ထို့အတူ မိုင်းကိုင်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးကလည်း မြို့ဆင်ခြေ ဖုန်း အထိသာ မဲဆွယ်စည်းရုံး နေရကြောင်း၊ အကန့်အသတ်မရှိ မဲဆွယ်စည်းရုံးခွင့် ပိတ်ပင် ထားသည့်အတွက်ကြောင့် မိမိယှဉ်ပြိုင်မည့် မဲဆန္ဒနယ် အတွင်း အပြီးမဲဆွယ် စည်းရုံး နိုင်ဖို့ ခက်ခဲစေကြောင်း ပြောသည် ။


“ နမ့်စန်မြို့အတွင်းတော့ ဘာမှ မဖြစ်ဘူး မြို့ပြင်တော့ သွားလို့မရသေးဘူး ။ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ နေရာတွေပေါ့ ” - ဟု နမ့်ဇန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းသူရိန်ဦး ကပြောသည် ။


ထို့အတူ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်ဦးက ‘ ကျနော် တို့လင်းခေး မိုးနဲဘက် စည်းရုံးရေးဆင်းတယ် ။ လမ်းပေါ် ကျေးရွာတွေတော့ ဘာမှ မှမဖြစ် ဘူး ။ လမ်းမ အပြင်ဘက် ကျေးလက်တွေဘက်တော့ မဆင်းရသေးဘူး ” - ဟု သျှမ်းသံတော် ဆင့်သို့ပြောသည် ။


သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရအကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စက်တင် ဘာ ၁၆ ရက်နေ့က သျှမ်းပြည်တပ်မတော် RCSS/SSA မှ နိုင်ငံရေးပါတီ အသီးသီး ၏ ကိုယ်စားလှယ်လောင်းများအတွက် လုံခြုံရေးစိတ် ချမှုမရှိသည့်အတွက် လုံခြုံစိတ်ချမှုရှိ သည် အထိ မဲဆွယ်စည်းရုံးရေး မဆင်းကြရန် အကန့်အသတ်မရှိ ယာယီပိတ်ပင်ထား ခဲ့သည် ။


သျှမ်းပြည်တပ်မတော် RCSS/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးကြီးစိုင်းလှက သျှမ်းပြည် မြောက်ပိုင်း မူစယ် ၊ နမ့်ခမ်း ၊ နမ့်တူ ၊ မိုင်းလုံ ၊ မိုးမိတ် ၊ သီပေါ ၊ ကျောက်မဲ ၊ နောင်ချို ၊ မိုင်းရယ် ၊ ကျေးသီး ၊ မိုင်းကိုင် ၊ လဲချား ၊ ပင်လုံ ၊ လွယ်လင် ၊ နမ့်ဇန် ၊ ကွန်ဟိန်း ၊ မိုးနဲ ၊ မောက်မယ် ၊ လင်းခေး ၊ မိုင်းပန် ၊ မိုင်းတုံ ၊ မိုင်းဆတ် ၊ မိုင်းယောင်း ၊ တာချီလိတ် ၊ ကျိုင်းတုံ ၊ မိုင်းပျင်း စသည့် မြို့နယ်များပါဝင်သည်ဟု ထုတ်ပြန်ကြေငြာချက် ထုတ်ပြန်ပြီး နောက်တရက် သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


သျှမ်းပြည်နယ်အတွင်းမြို့နယ် ၅၀ ခု မြို့ ၂၉ ခု တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများ တွင်တသီးပုဂ္ဂလ အပါဝင် ပါတီပေါင်း ၂၉ ခု ၊ ကိုယ်စားလှယ် လောင်း ပေါင်း ၈၆၉ ယောက်ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမှ ထုတ်ပြန်ကြေငြာ ထားသည် ။


သျှမ်းနိုင်ငံရေးပါတီ ၊ သျှမ်း လက်နက်ကိုင်တပ်ဖွဲ့ စုဖွဲ့ထားသည့် သျှမ်းပြည်ညီညွတ်ရေး ကော်မတီ အထွေထွေ အတွင်း ရေးမှူး စဝ်ပင်ခမ်းက တိုက်ပွဲ အမှန်တကယ် ငြိမ်သက်သွား ပါက လာမည့် သုံးလေးရက်တွင်း စည်းရုံးရေး ဆင်းနိုင်ရေး အတွက် RCSS မှ ထုတ်ပြန် ကြေငြာ ချက် ပြန်လည် ရုပ်သိမ်းနိုင်ရန် လုပ်ဆောင်သွားမည်ဟု ဆိုသည် ။


သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် ၊ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး ထားသည့်တပ်ဖွဲ့ ဖြစ်သည် ။

အမျိုးသမီးတွေ နိုင်ငံရေးမှာ နေရာရအောင် အမျိုးသားတွေထက် ပိုကြိုးစားရမယ် ( ကျားခေါင်း ပြည်နယ်အမှတ် ၁ ကိုယ်စားလှယ်လောင်း နန်းမြဦးနှင့် တွေ့ဆုံမေးမြန်း )

Posted: 29 Sep 2015 05:51 AM PDT

ခေတ်ကာလ ပြောင်းလဲလာတာနဲ့ အညီ အမျိုးသမီးတွေ နိုင်ငံရေးမှာ တဖြည်းဖြည်း ၀င်ရောက် လာနေပါတယ် ။ လွှတ်တော်အတွင်း အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း ပါဝင်လာအောင် နိုင်ငံတော်တော် များများမှာ ကြိုးပမ်း လာကြပါတယ် ။


လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် ခေါ် ကျားခေါင်းပါတီက နေပြီးတော့ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒ နယ် အမှတ် (၁) နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မဲ့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းကတော့ လူမှုရေးလုပ်ငန်းကို ၁၀ နှစ်ကျော် ကြာ လှုပ်ရှားလာတဲ့  နန်းမြဦးဖြစ်ပါတယ် ။  သျှမ်းသံတော်ဆင့်သတင်းဌာနက ယိင်းဆိုင်ဖူးအောင်နဲ့ ယိင်းအုမ်မွေတို့ကနေ တွေ့ဆုံမေးမြန်း ထားပါတယ် ။


မေး ။    ။ ကိုယ်ရေးအကျဉ်းချုပ်လေး ပြောပြပါအုံး ။


ဖြေ ။    ။ အမက မိုင်းရှူးမြို့ ၀မ့်ပန်ငါ့ရွာ ဇာတိပါ ။ မိုင်းရှူးမြို့မှာ ၉ တန်းအထိ ပညာသင်ယူ ခဲ့ပါတယ် ။ ၁၀ တန်း ကိုတော့ တောင်ကြီးမှာ လာရောက် သင်ယူပါတယ် ။ တောင်ကြီးတက္ကသိုလ်မှာဘဲ ဘွဲ့ရပါတယ် ။  အိမ်ထောင်ပြုပြီး သားသမီး ၃ ယောက် ထွန်းကားခဲ့ပါတယ် ။ တောင်ကြီးကို ၁၉၈၅-၈၆ ကတည်းက ပြောင်းရွှေ့ နေထိုင်ခဲ့တာ ပါ ။ အခုဆို နှစ်ပေါင်း ၃၀ ကျော်ပါပြီ ။


မေး ။    ။ နိုင်ငံရေးထဲ မဝင်လာခင် လှုမှုရေးလုပ်ငန်းတွေ လုပ်ခဲ့ဖူးသလား ။


ဖြေ ။    ။ ၂၀၀၅ - ၂၀၀၆ ကတည်းက လူမှုရေးလုပ်ငန်း လုပ်လာခဲ့တာပါ ။ တောင်ကြီး သျှမ်းစာပေနဲ့ ယဉ်ကျေးမှု အသင်းမှာ ကူညီတယ် ။ အစကတော့ လူငယ်ခေါင်းဆောင်ပေါ့ ။ နောက်တော့ တွဲဖက်အတွင်းရေးမှူး အနေနဲ့  ၅ နှစ် ထမ်းဆောင်ခဲ့တယ်။ နမ့်ခုံး  သျှမ်းများပရဟိတအသင်း မှာလည်း ကူညီတယ် ။ အမျိုးသမီး အသင်းဖြစ်တဲ့ သုဇာတာနန်းကလျာ အသင်းမှာလည်း ကူညီတယ် ။ အတွင်းရေးမှူးပေါ့ ။ အမျိုးသမီးရေးရာတုန်း ကလည်း ကူညီခဲ့ဖူးတယ် ။ တိုင်းရင်းသားရေးရာ ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့တယ် ။


မေး ။    ။ ဘာကြောင့်နိုင်ငံရေးထဲ ပါဝင်လာသလဲ ။


ဖြေ ။    ။ ဘာကြောင့်လဲဆိုတော့ နံပါတ်တစ် ကိုယ်က သျှမ်းလူမျိုး ။ သျှမ်းပြည်ကို တခြားတိုင်ရင်းသားတွေကို ခွဲပေးလိုက်တုန်းက (ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရေဒေသ) နားမလည်ခဲ့ဘူး ။ စိတ်ထဲမှာ မေးခွန်းရှိခဲ့တယ် ။ နောက်တခု သျှမ်းခေါင်းဆောင်တွေကို ဘာကြောင့်ထောင်ဒဏ်နှစ်ရှည်ချရသလဲဆိုတာလည်း မေးခွန်းရှိခဲ့ တယ် ။ နောက် တခုက လူမှုရေးလုပ်ငန်းလုပ်တာ ၁၀ နှစ်ကျော်ပြီ ။ မထိရောက်ဘူး ။ ကိုယ့်ကိုယ်ကို ပြန်သုံး သပ်ကြည့်တယ် ။ ထိရောက်နိုင်တာက နိုင်ငံရေးဘဲလို့ တွေးမိလာတယ် ။ အဲဒီလိုနဲ့ စာပေတွေဖတ်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေ့လာမိတယ် ။ ဒီအတွက်ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးလိုက်ရတာလို့ သိလာရတယ် ။ ဒါကြောင့် ဒီ ၂၀၀၈ ကို ပြုပြင်ရမယ် ။ ဒါကို မပြုပြင်နိုင်ရင် ရှေ့ဆက်လျှောက်ဖို့ အဓိက အဟန့် အတားကြီးဖြစ် တယ် ။ အဲဒါတွေကို လေ့လာခဲ့လို့ နိုင်ငံရေးထဲ ဝင်လာတယ် ။


နောက် ကျမတို့ရဲ့ရွာမှာ စာသင်ကျောင်း မရှိဘူး ။ သူများတွေလို ပညာကောင်းကောင်း မသင်ရဘူး ။ အစိုးရ စစ်ကြောင်းက ရွာထဲမှာ တပ်စွဲထားတယ် ။ စစ်တော့ရှိတယ် စာသင်ကျောင်းမရှိ ဆေးရုံမရှိဘူး ။ စစ်ရှိရင်တော့ စာသင်ကျောင်းတွေ ဆေးရုံတွေရှိရမယ်လေ ။ ဒါ တန်းတူ အခွင့်အရေး မရှိဘူးဆိုတဲ့ သဘောဘဲ ။ တန်းတူအခွင့် အရေးရရှိဖို့ ၀င်လာတာ ဖြစ်ပါတယ် ။


မေး ။    ။ တောင်ကြီးပါတီရုံးမှာ ဘာတာဝန်ယူထားလဲ ။


ဖြေ ။    ။ အစကတော့ ပါတီဝင်ပေါ့နော်။ နောက် ၂၀၁၃ ကျတော့ အမျိုးသမီးကဏ်ဏ္ဍမှာ ခေါင်းဆောင်အဖြစ် တာဝန်ယူတယ် ။ အခုတော့ တောင်ကြီးပါတီရုံးရဲ့ အတွင်းရေးမှူး (၃) အဖြစ် တာဝန်ယူထားတယ် ။


မေး ။    ။ သျှမ်းပါတီ ၂ ပါတီရှိတာ - ဘာကြောင့် ကျားခေါင်းပါတီကို ရွေးချယ်သလဲ ။


ဖြေ ။    ။ ကျားဖြူပါတီ စဖွဲ့တုန်းက သျှမ်းစာ / ယဉ်မှာ ကူလုပ်နေတုန်း ။ သျှမ်းစာ / ယဉ်ကို သံယောဇဉ်တွယ်နေ တုန်း ။ သားသမီးလည်းငယ်နေတုန်း ။ နိုင်ငံရေးဆိုတာလည်း နားမလည်သေးဘူး ။ လေ့လာတဲ့အဆင့်ဘဲရှိသေး တယ် ။ အဲဒီအချိန်တုန်းက နိုင်ငံရေးလုပ်တဲ့သူတွေကို သူများတွေက ကြောက်ကြတယ်လေ ။ ဒါကြောင့် အချိန် မတန်သေးဘူးလို့ မြင်တယ်။ ဒါကြောင့် ကျားဖြူပါတီထဲ မဝင်ဖြစ်ဘူး ။ ကျမဖက်က အဆင်သင့်ဖြစ်တဲ့အချိန် ကျားခေါင်းပါတီလည်း ရှိလာတယ်လေ ။ ကျားဖြူပါတီကိုကြည့်ရင် အင်အားများနေပြီ ။ ကျားခေါင်းပါတီက ခွန်ထွန်းဦးတို့ ထောင်ကနေလွတ်ပြီးနောက် ပြန်ပြီးမှတ်ပုံတင်စ ဆိုတော့ အင်အားနည်းနေတယ်လေ ။ နှစ်ပါတီစလုံးရဲ့ ပါတီမူဝါဒကိုလည်း ဖတ်ကြည့်ပါတယ်။ လေ့လာပါတယ် ။ နောက်သမိုင်းကြောင်းလည်း လေ့ လာတယ် ။ ကျားခေါင်းက ပင်လုံမူကို လက်ကိုင်ထားတယ်ဆိုတာ သိလာရတယ်။ ဒါကြောင့် ကိုယ့်အတွက် သင့်တော်တယ်ပေါ့ ။ အဲဒါကြောင့် ကျားခေါင်းပါတီထဲ ၀င်ဖြစ်တာပါ ။ 


မေး ။    ။ စည်းရုံးရေး အတွေ့အကြုံ ပြောပြပါအုံး ။


ဖြေ ။    ။ သျှမ်းပြည်မြို့တော် တောင်ကြီးဆိုပေမဲ့ သျှမ်းလူမျိုး သိပ်မရှိဘူး ။ တောင်ကြီးမြို့နယ် မဲဆန္ဒနယ် (၁) မှာ ဗမာလူမျိုးက အများဆုံး ။ ဒုတိယက ပအိုဝ်း ။ သျှမ်းက တတိယဖြစ်နေတယ် ။ သျှမ်းလူဦးရေ အရမ်းနည်းတော့ ကျမတောင် လန့်သွားတယ် ။ မဲဆန္ဒနယ်အမှတ် (၁) မှာ ဘယ်ကျေးရွာတွေ ပါသလဲဆိုတာ ထွေ / အုပ်က ချမှတ် ထားတဲ့အတိုင်း ယူရတယ် ။ အဲဒီထဲမှာ မိုင်းသော်အရှေ့ ၊ မိုင်းသော်အနောက်ဆိုတာ ပါတယ် ။ မိုင်းသော် အနောက်ကို ဆင်းသွားတော့ ဓနုနဲ့ပအိုဝ်းများတယ် ။ သျှမ်းဆိုတာ မမြင်ရဘူး ။ မိုင်းသော်အရှေ့ကို သွားတဲ့အခါကျမှ သျှမ်းတွေနဲ့ တွေ့တယ် ။ တချို့က မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စာရင်းထဲမှာ ကိုယ့်နာမည် ပါ / မပါတာတောင် မသိဘူး။ ဒါလိုချင် တယ် ဟိုဟာဖြစ်ချင်လဲဆိုတာ ပြောဖို့နေနေသာသာ သူတို့နာမည် သွားကြည့်ရမှာကိုတောင် မသိကြသေးဘူး ။ နားမလည်ကြဘူး။ တော်တော်များများတွေ့ရတယ် ။ စာရင်းထဲပါဖို့ နာမည်ပေးရမယ်မှန်းတောင် မသိကြဘူး ။ အများကြီးဘဲ ။ တချို့က သွားကြည့်ပြီး ကိုယ့်နာမည် စာရင်းထဲမပါတာကို ကျေးရွာအုပ်ချုပ်ရေးမှူးဆီ သွားပြောဖို့ မရဲကြဘူး ။ ဒါတောင် စည်းရုံးရေးဆင်းတာ မဟုတ်ဘူး ။ အချက်အလက် သွားကောက်ရုံဘဲရှိသေးတယ် ။ ပညာပေးတဲ့အပိုင်းမှာ အရမ်းလိုတယ် ။ တခြားတိုင်းရင်းသားကြားမှာ သွားနေရတော့ သူတို့လည်း အသံမထွက် ရဲကြဘူး ။ အုပ်ချုပ်ရေးမှူးနေရာတွေမှာ သျှမ်းလူမျိုးတွေကို မတွေ့ရဘူး ။ အဲဒီဒေသကို သွားခဲ့တဲ့နေ့တုန်းက ကျမ စိတ်တောင်မကောင်းဘူး ။


မေး ။    ။ ဒါဆို စည်းရုံးရေး မဆင်းရသေးဘူးပေါ့ ။


ဖြေ။    ။ ဟုတ် ။ စည်းရုံးရေး မဆင်းရသေးပါဘူး ။


မေး ။    ။ အချက်အလက် သွားကောက်တော့ ပြည်သူတွေက ဘာလိုအပ်နေလဲ ။


ဖြေ ။    ။ ပြည်သူတွေတော့ စစ်သားမလုပ်ချင်ကြဘူး ။ တပ်သားသစ် မကောက်စေချင်ဘူး ။ အေးအေးချမ်းချမ်း နေချင်တယ် ။ သျှမ်းလူမျိုးတွေတော့ တခြားတိုင်းရင်းသားတွေ ဖိနှိပ်တာ မလိုချင်ဘူး ။ မှတ်ပုံတင် မရှိတဲ့သူတွေ ရှိသေးတယ် ။ တချို့ဆို အိမ်ထောင်စုလည်း မရှိဘူး ။


မေး ။       ။ ရွေးကောက်ပွဲမှာ အနိုင်ရရင် ပြည်သူတွေအတွက် ဘာလုပ်ပေးမှာလဲ ။


ဖြေ ။    ။ လမ်းဖောက် တံတားဆောက်တယ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တယ်ဆိုတာ တက်လာတဲ့ အစိုးရတိုင်းရဲ့ တာဝန်ဖြစ်တယ် ။ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့တာဝန်က ပြည်သူ့အသံကို လွှတ်တော်မှာ တင်ပြပေးဖို့ ဖြစ် တယ် ။ နောက် လူ့အခွင့်အရေး ၊ ဒီမိုကရေစီ အကြောင်း… စတာတွေကို ပညာပေးမယ် ။ ကြောက်စိတ်တွေ ရှိနေတုန်း ။ ကြောက်စိတ်တွေ လျှော့ပါးသွားပြီး ပြောရဲဆိုရဲ လာအောင် လုပ်ပေးမယ် ။ တန်းတူအခွင့်အရေး ရအောင် ပညာရေးပြည့်စုံအောင် လုပ်ပေးမယ် ။ ငြိမ်းချမ်းရေးရအောင် လုပ်ပေးမယ် ။


ဒါပေမဲ့ အဓိကက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတဲ့ ကြိုးက တုပ်ထားနေတယ်။ အဲဒီကြိုးကို မပြေနိုင်သရွေ့ လွတ်လွတ်လပ်လပ် လုပ်လို့ရမှာ မဟုတ်ဘူး ။ ဒါကြောင့် ပါတီရဲ့ရည်ရွယ် ချက်ဖြစ်တဲ့ ၂၀၀၈ ကို ပြင်မယ် ။ ပြင်နိုင်အောင် နည်းလမ်းရှာရမယ် ။ လွှတ်တော်ပြင်ပနဲ့ လွှတ်တော်အတွင်း လက်တွဲပူးပေါင်း အလုပ်လုပ်မယ် ။ ၂၀၀၈ ကို ပြင်ဖို့ လွှတ်တော်ပြင်ပနဲ့အတွင်း အသံကျယ်ရင်တော့ ပြင်နိုင်မယ် ။  လွှတ်တော်ထဲမှာဘဲ ၂၀၀၈ ကို ပြင်ဆင်နိုင်တယ်ဆိုတော့ တချို့က ၂၀၀၈ ကို လက်ခံပြီး လွှတ်တော်ထဲဝင်မယ် ။ အနိုင်များများရရင် အသံ ပိုကျယ်မယ် ။ ဒါကြောင့် နေရာများများ အနိုင်ရမှဖြစ်မယ် ။ အနိုင်ရချင်တာ အာဏာရချင်လို့ လည်းမဟုတ်ဘူး ။ အစိုးရ လုပ်ချင်လို့လည်း မဟုတ် ။ လွှတ်တော်ကိုယ်စားလှယ်ဟာ ပြည်သူ့ပြောတဲ့အတိုင်း လိုက်လုပ်ရမယ် ။ ပြည်သူ့ရဲ့ ကျွန်ဘဲ ။


မေး ။    ။ မဲဆန္ဒနယ် အမှတ် (၁) မှာ ဘယ်ပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာလဲ ။


ဖြေ ။    ။ ရ ပါတီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တယ် ။ ကျားဖြူပါတီ ၊ တစညပါတီ ၊ ခွပ်ဒေါင်းပါတီ NLD ၊ ခြင်္သေ့ပါတီ USDP ၊ ဓနုပါတီ ၊ ပအိုဝ်းပါတီဖြစ်တဲ့ ပအမဖ ၊ FUP ။ နောက် တသီးပုဂ္ဂလတဦးပါ ။


မေး ။    ။ ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဘယ်လိုကြိုးစားရမှာလဲ ။


ဖြေ ။    ။ ကျမ ယှဉ်ပြိုင်ရမဲ့နယ်မှာ သျှမ်းလူမျိုးနည်းတဲ့အပြင် အစိုးရစစ်တပ် တပ်ရင်း ၅ ခုနဲ့ ရဲက ၂ ဖွဲ့ပါနေ တော့ အရမ်းခက်တယ် ။ သူတို့ရဲ့စာရင်းလည်း မသိရသေးဘူး ။ သွားမေးရင် လုပ်နေတုန်းတဲ့ ။ ကောက်နေတုန်း တဲ့ ။ နောက် ရွှေညောင်ဘက် အေးသာယာဘက်မှာ ဗမာလူမျိုးများတယ် ။ ဒါကြောင့် သူတို့တွေပါ စည်းရုံးရ တယ် ။ ကိုယ့်ရဲ့ စည်းရုံးရေးပိုစတာဗင်နိုင်းမှာ လက်ကမ်းစာစောင်တွေမှာ ဗမာစာတွေ ရေးရတာပေါ့ ။ သျှမ်းလူမျိုး တွေကျတော့ ထိုင်းကိုသွားရောက် အလုပ်လုပ်တဲ့ သူတွေများတယ် ။ ဒါကြောင့် သျှမ်းသိပ်မရှိဘူး ။ တခြား တိုင်းရင်းသားတွေရဲ့ အသံတွေပါ ယူမှရမယ် ။ သျှမ်းကတော့ ပါတီတိုင်းမှာရှိတော့ အနိုင်ရဖို့အတွက်တော့ တခြားတိုင်းရင်းသားတွေ ရဲ့အသံလည်း ယူရမှာဘဲ ။


မေး ။    ။ ကိုယ်က အမျိုးသမီး ကိုယ်စားလှယ်လောင်းဖြစ်တော့ ဘာစိန်ခေါ်မှုတွေရှိလဲ ။


ဖြေ ။    ။  အမျိုးသမီးဖြစ်နေတော့ နည်းနည်းခက်တယ် ။ ဘယ်နေရာမှာဆို အမျိုးသမီးကို နေရာပေးဖို့ဆိုတာ  ခက်တယ် ။ နောက် မဲစာရင်းလည်း အတိအကျ မသိရသေးဘူး ။ လူထုကလည်း ရွေးကောက်ပွဲလုပ်ထုံးလုပ် နည်းကို နားမလည်ဘူး ။ ပထမတခေါက် ထွက်တုန်းက အိမ်ထောင်စုစာရင်းအတိုင်း စီတယ် ။ အခုတခေါက် ထွက်တော့ အက္ခရာလိုက်စီသွားတယ် ။ စာတတ်တဲ့သူ သွားကြည့်တာတောင် တော်တော့်ကို ခက်တယ် ။ တချို့စာမတတ်တဲ့သူတွေဆိုရင် ဘယ်လိုပြောလဲဆိုတော့ နာမည်ပါ / မပါ ဒီအတိုင်း ထားလိုက်တော့မယ် ၊ မပေးရ လည်း မပေးဘူးလို့ ပြောတယ် ။ စိန်ခေါ်မှုတော့ အများကြီးရှိတယ် ။ 


မေး ။    ။ နိုင်ငံရေးမှာဖြစ်ဖြစ် ၊ ခေါင်းဆောင်တဲ့နေရာမှာ ဖြစ်ဖြစ် အမျိုးသမီးတွေလည်း လုပ်ဆောင်နိုင်တယ်ဆို တာ ပြည်သူတွေ ယုံကြည်သွားအောင် ဘယ်လိုလုပ်ရမှာလဲ ။


ဖြေ ။    ။ အမျိုးသမီးလည်း လုပ်ဆောင်နိုင်တယ်ဆိုတာ ကြိုးစားရမယ် ။ ဘယ်မှာမဆို အမျိုးသမီးတွေကို နေရာ ပေးဖို့ဆိုတာ တော်တော့ကို ခက်တယ် ။ ဦးဆောင်မှုမှာ အမျိုးသားတွေကို မပေးချင်လို့ လာလုပ်တာ မဟုတ်ဘူး ။ အမျိုးသားလည်း လုပ် ၊ အမျိုးသမီးလည်းလုပ် ။ အခွင့်အရေးပေးတဲ့ သဘောပေါ့ ။ လုပ်ရင်လည်း ထိထိရောက်ရောက်လုပ်ရမယ် ။ အရည်အချင်းလည်း အမျိုးသားတွေထက် မမြင့်တာတောင်မှ သူတို့နဲ့ တန်းတူ ဖြစ်နေရမယ် ။ အမျိုးသမီးတွေက အိမ်မှုကိစ္စပါလုပ်ရတော့ အမျိုးသားတွေက အမျိုးသမီးတွေကို နားလည်ပေး ရမယ်။ အမျိုးသားတွေထက် ပိုကြိုးစားရမယ် ။ အမျိုးသမီးတွေရဲ့ လုပ်ဆောင်မှုကြောင့် ဒီလိုအကျိုးကျေးဇူးခံစား ရတာလို့ ရုပ်လုံးမပြနိုင်သေးတဲ့အတွက် မယုံကြည်ကြဘူး ။ ပြနိုင်ရင်တော့ သူများလည်း ယုံကြည်လာပြီး နောက်ကနေ လိုက်လာမှာပါ ။ အမျိုးသားတွေ နားလည်လာအောင်လည်း ကြိုးစားယူရမယ် ။


မေး ။    ။ နိုင်ငံရေးမှာ အမျိုးသမီးတွေ များများပါဝင်လာဖို့ အမျိုးသမီးတွေကို ဘယ်လို တိုက်တွန်းချင်လဲ ။


ဖြေ ။    ။ ခေတ်ကာလ ပြောင်းလဲ လာတာနဲ့အညီ ဘယ်နိုင်ငံမှာမဆို လွှတ်တော်တွေမှာ အမျိုးသမီးတွေ ပါလာပြီ ။ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပေါ့နော် ။ အမလည်း အမျိုးသမီးတွေ နိုင်ငံရေးထဲ ပါဝင်လာဖို့ အမြဲတမ်း တိုက် တွန်းပါတယ် ။ အမျိုးသမီးတွေ နားလည် သဘောပေါက်အောင်လည်း အမြဲတမ်း ရှင်းပြတယ်  ။ ပညာပေးတယ် ။


မေး ။    ။ နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ဘာများပြောကြား ချင်ပါသလဲ ။


ဖြေ ။    ။ ပထမတချက်တော့ သမိုင်းကို ပြန်လေ့လာပါ ။ အခုက နိုင်ငံရေးကို နားမလည်ရင် မရတော့ဘူး ။ ဖြစ်ပျက်နေသမျှ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ် ။ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်နိုင်အောင် အခွင့်အရေးပေး ပါ ။ အမျိုးသမီးတွေကို နားလည်ပေးပါ ။ ဘယ်ပါတီက ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် လုပ်ပေးနိုင်မယ်ဆို တာ ပြည်သူလူထုက ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရမယ် ။ စဉ်းစားရမယ်။ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် လောင်းတွေကိုလည်း များများအားပေးပါလို့ ။


အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

လူထု ကြိုက်ရာမဲ ပေးဖို့ ပါတီပေါ်လစီကို လေ့လာစို့ ( ကျားဖြူပါတီရဲ့ ကျိုင်းတုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဝန်းတစ်နှင့် အင်တာဗျူး )

Posted: 29 Sep 2015 01:41 AM PDT

နိုင်ငံရေးပါတီတွေ အပြိုင်စည်းရုံးရေး ဆင်းနေတဲ့အချိန်မှာ သျှမ်းပြည်အရှေ့ပိုင်း လမ်းခရီး သွားလာခက်ခဲတဲ့ ဒေသမှာလည်း သျှမ်းအင်အားကြီး ပါတီတခုဖြစ်တဲ့ ကျားဖြူပါတီရဲ့ ကျိုင်းတုံ မြို့နယ်က ကိုယ်စားလှယ်လောင်းတွေ ကလည်း စည်းရုံးရေးဆင်းနေ ပါတယ် ။ လာမယ့် ရွေးကောက်ပွဲအတွက် ကျေးလက်လူထု ဘယ်လောက်အထိနားလည် သဘောပေါက်ထား ပြီလဲဆိုတာကို စည်းရုံးရေးဆင်းနေတဲ့ ကျားဖြူပါတီရဲ့ ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်လောင်း စိုင်းဝန်းတစ် ကို သျှမ်းသံတော်ဆင့်က ဆက်သွယ် မေးမြန်းထားပါတယ် ။


မေး ။    ။ ဒေသခံလူထုထဲက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နားမလည်တာတွေ မရှင်းလင်းသေးတာတွေ ဘာတွေရှိဦးမလဲ ခင်ဗျ ။


ဖြေ ။    ။ မဲပေးတဲ့ နေရာမှာအများစုက သိပ်မရှင်းလင်း သေးဘူး ။ ၂၀၁၀ တုန်းက အမှန်ခြစ် မဲပေးရပြီး ဘာကြောင့်အခုက တံဆိပ်တုံးနဲ့ရိုက်ရတာလဲ ။ ဘယ်နှစ်ပါတီကို မဲပေးရမလဲ ။ စာရွက်ဘယ်နှစ်ရွက်မှာ တံဆိပ်တုံးရိုက်ရမလဲ စတာတွေသူတို့နားမလည်တော့ ကျနော်တို့ ရှင်းပြရပါတယ် ။


မေး ။    ။ ၂၀၁၀ တုန်းက ကျားဖြူပါတီ ဘယ်နှစ်နေရာ အနိုင်ရခဲ့ပါသလဲ ။


ဖြေ ။    ။ ၅၇ ယောက်ပါ ။ ၂၀၁၂ ကြားဖြတ်မှာ နောက်ထပ် ၁ ယောက်ပါ ။ စုစုပေါင်း ၅၈ ယောက် ဖြစ်ပါတယ် ။


မေး ။    ။ ကျားဖြူပါတီ ကနေ တခြားပါတီကို ပြောင်းသွားတဲ့ ကိုယ်စားလှယ် ဘယ်နှစ်ယောက် ရှိလဲ ။


ဖြေ ။    ။ ကျနော် သိရသလောက် ကတော့ ကျားဖြူပါတီကနေ ကျားခေါင်းကို ပြောင်းသွားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးရှိပါတယ် ။


မေး ။    ။ ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ စည်းရုံးရေး ခရီးစဉ်မှာ လူထုကို ဘာတွေအဓိက ထားရှင်းပြခဲ့သလဲ ။


ဖြေ ။    ။ ကျနော်တို့ ရှင်းပြခဲ့ရတာ ကတော့ - ဒေသခံလူထုအားလုံး ကျားဖြူပါတီကိုဘဲ မဲပေးရမယ် လို့မပြောဘူး ။ ဘယ်ပါတီက ဘယ်ပေါ်လစီကို ကျင့်သုံးတာလဲ ဆိုတာရှင်းပြတယ် ။ ဒီကိစ္စ မဲဆန္ဒရှင် အပေါ်မှာဘဲ မူတည်တယ် ။ ကြိုက်တဲ့ပါတီကို ရွေးပြီး မဲပေးနိုင်တယ် - လို့ ကျနော်တို့ ရှင်းပြပါတယ် ။


မေး ။    ။ လူထု ဇဝေဇဝါဖြစ်နေတာ ဘာရှိသေးလဲ ။


ဖြေ ။    ။ ဇဝေဇဝါဖြစ်နေတာက အခု သျှမ်းပါတီကြီး တွေက ၃ ခု ဖြစ်နေတယ် မဟုတ်လား ။ ဘာကြောင့်ဒီပါတီ ၃ ခု မပေါင်းနိုင်တာလဲလို့ သူတို့မေးကြတယ် ။ ဒါကတော့ ပါတီတွေရဲ့ ပေါ်လစီ မတူညီတဲ့အပေါ် မူတည်ပါတယ်လို့ ရှင်းပြခဲ့ပါတယ် ။ ဥပမာ SNLD ဆိုရင် ပင်လုံ စာချုပ်အပေါ် မူတည်တယ် ။ ESSDDP ဆိုရင် သျှမ်းပြည်အရှေ့ပိုင်း ဒေသခံ လူထုတွေရဲ့ ဘ၀ တိုးတက်အောင်လုပ်ပေးမယ် ။ ၂ မြို့နယ်ဘဲ ဝင်ပြိုင်မယ် ။ မိုင်းယန်းနဲ့ ကျိုင်းတုံနဲ့ပေါ့ ။ မိုင်းလားကိုလည်း ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ နာမည်တော့ လျာထားတယ် ။ ပြိုင်ခွင့်ပေးမယ် ဆိုရင်ပေါ့ ။ ကျနော်တို့ ကျားဖြူပါတီကတော့ နိုင်ငံရေး ပြောင်းလဲ တဲ့အတိုင်း လိုက် ပြောင်းလဲမယ် ။ ပါတီ ရည်ရွယ်ချက် ကတော့ သျှမ်းပြည်နယ် အစိုးရဖြစ်ဖို့ဘဲဖြစ် ပါတယ် ။


မေး ။    ။ ဘာကြောင့် သျှမ်းပြည်နယ် အစိုးရဖြစ်ချင် ပါသလဲ ။


ဖြေ ။    ။ ဘာကြောင့်လဲဆိုတာ့ သျှမ်းပြည်နယ် လွှတ်တော်ထဲ ရောက်နေတာက သျှမ်းပြည် သား တွေဘဲလေ ။ အစိုးရကလည်း သျှမ်းဆိုရင် အလုပ်လုပ် ရလွယ်မယ် ။ ဖွံ့ဖြိုးတိုးတက် မှုမြန်ဆန် မယ်လို့ ယုံကြည်လို့ပါခင်ဗျ ။


အခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိ ပါတယ်ခင်ဗျ ။


စိုင်းဝန်းတစ်ကို အဘ စိုင်းသောင်းစိန် အမိဒေါ်နန်းရှဲန်တို့ကနေ ၁၉၈၂ တုန်းက ကျိုင်းတုံမြို့ မှာ မွေးဖွားခဲ့ပါတယ် ။ စီးပွါးရေးဘာသာရပ်နဲ့ ဘွဲ့ရရှိသူတဦးဖြစ်ပြီး သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကနေ ကျိုင်းတုံမြို့ ပြည်နယ်လွှတ်တော် အမတ်အတွက် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ် ။

လူမှုအရေး ၊ စစ်ရေး နှင့် သျှမ်း ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး အခက် (ဆောင်းပါး)

Posted: 28 Sep 2015 08:17 PM PDT

လာမည့်ရက်ပေါင်း ၄၀ အတွင်း ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံးမှာ အထွေထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်ပါတယ်။ လူမှုရေး စစ်ရေးတွေကြားမှာ သျှမ်းပြည် နယ် အတွင်းက ကိုယ်စားလှယ်လောင်းတချို့ အချိန်လုပြီး မဲဆွယ်စည်းရုံးရေး ဆင်းနေရ ပါတယ် ။ တချို့ ကိုယ်စားလှယ်လောင်းတွေ စည်းရုံးရေး ပင်မဆင်းရသေးပါဘူး ။


လွန်ခဲ့တဲ့ စက်တင်ဘာ ၁၃  ရက်က သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းပွန်မြို့နဲ့ ၁၈ မိုင်အကွာ နောင်ပါတက် ကျေးရွာက ရွာဘုန်းကြီး ကျောင်းဝန်းထဲ ဝါတွင်း ဥပုဒ်နေ့ အလှူပွဲ အတွက် ရွာသားတွေ ဆွမ်းဟင်းပြင် ဆင်ချက်ပြုနေတုန်း လက်နက်ကြီးကျည်ဆံကျမှန်လို့ တစ်ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ် ။


အခုလိုရွာသားတွေ လက်နက်ကြီးမှန်ပြီး ဒုက္ခရောက်နေချိန်မှာတော့ စိုင်းသိန်းအောင် တစ်ယောက် ကျားခေါင်းပါတီအတွက် မဲဆွယ်စည်းရုံးရေးတွေ လုပ်နေတာတွေ ဘေးချိတ် လို့ ကူညီရေးအလုပ် ကို ဦးစားပေးလုပ်ခဲ့တယ် ။


“ ပြည်သူတွေ ဒုက္ခရောက်နေချိန် မဲဆွယ်စည်းရုံးဖို့ မသင့်တော်ဘူး။ အခုဆို မဲဆွယ်ဖို့ မေ့ပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်သင့်တယ်။ အကူအညီလိုတယ် ” လို့ သူကပြော တယ် ။


နိုင်ငံတွင်းနယ်မြေအကျယ်ပြန့်ဆုံးဖြစ်တဲ့ သျှမ်းပြည်နယ်ရဲ့ တောင်ပိုင်းနဲ့မြောက်ပိုင်း ဒေသ တွေမှာ အစိုးရစစ် တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေမကြာခဏ ဖြစ်ပွား နေတဲ့ အတွက် ယခုရွေး ကောက်ပွဲကာလမှာတော့ မဲဆွယ်စည်းရုံးရေးနဲ့ လုံခြုံရေး ကိစ္စဟာ ပါတီနဲ့ ဒေသခံတွေ အဓိကရင်ဆိုင်နေရတဲ့ ပြသနာပဲ ဖြစ်နေပါတယ် ။


“ ရွာထဲမှာ အခု အခြေအနေတွေက ရှုပ်ထွေးနေတယ် ။ မဲဆွယ်ဖို့ မဖြစ်နိုင်သေးဘူး ။ ရွာသားတွေ လည်း အိမ်မပြန်ရဲသေးဘူး ။ လုံခြုံမှုမကောင်းသေးဘူး ။ မဲဆွယ်လုပ်ဖို့လည်း လုံခြုံမှုမရှိသေးဘူး ။” လို့ သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ပါတီမှ လွယ်လင်ခရိုင် မဲဆန္ဒနယ် အမှတ် (၁)  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဆိုင်ဝမ်း က ပြောပါတယ် ။


စက်တင်ဘာလ ၈ ရက်က စပြီး ပါတီကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့် ရပေမယ့် ပြည်သူတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်စည်းလုံးရေးလုပ်ဖို့ ပါတီတိုင်းက အခက်ခဲရှိနေပါတယ် ။


“ ဒီအခက်အခဲက ကြာသွားရင်တော့ ရွေးကောက်ပွဲ ကို ထိခိုက်နိုင်တယ် ” လို့ သျှမ်းတိုင်းရင်း သားများ ဒီမိုရေစီအဖွဲ့ ချုပ်၏ ဗဟိုအလုပ်မှူဆောင် ဦးခင်မောင်ညွန့် (ခေါ်) စိုင်းခမ်းပိန်ဖှက ပြောတယ် ။


သျှမ်းမြောက်ပိုင်း ၊ တောင်ပိုင်း တွေမှာ အစိုးရ စစ်တပ် တိုက်ခိုက်ရေးတပ် ခမရ ခလရ တပ်ရင်း ပေါင်း ၁၈၀ ကျော်အပြင် အောက်ပြည်မှလာတဲ့ တပ်မ ၁၁ ၊ ၃၃ ၊ ၆၆ ၊ ရ၇ ၊ ၈၈ ၊ ၉၉ တို့လည်း လှုပ်ရှားပါတယ် ။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေဖြစ်တဲ့ RCSS/SSA ၊  TNLA ၊ PNO ၊ SSPP/SSA ၊ KIA စတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အခြေချ လှုပ်ရှားနေတာပါ ။


တိုင်းရင်း လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကလည်း မကြာခဏ ဖြစ်ပွားတတ်ပြီး ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မြို့တက်ဆွေမျိုးတွေထံ ခိုလှုံနေခဲ့ကြရ တာရှိသလို အိမ်နီးချင်း ထိုင်း ၊ တရုတ်ဘက် သွားပြီးအလုပ်လုပ်နေတာ တွေရှိနေကြပါတယ် ။


တစ်နိုင်ငံလုံး အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဘက် က  ဂျူလိုင်လ ၁၇ ရက်က သဘောထား ထုတ်ပြန်ပြီး နောက်ပိုင်းမှာပဲ လွယ်လင် ၊ နမ့်ဆန်မြို့နယ် ၊ ကွန်ဟိန်းမြို့နယ် ၊ မောက် မယ်မြို့နယ် ၊ လင်းခေးမြို့နယ်နဲ့ ကျောက်မဲမြို့ နယ်တွေမှာ အစိုးရစစ် တပ်နဲ့ တိုက်ပွဲပေါင်း ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ် ။


ဒီနယ်မြေတွေ အားလုံးက လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ့်နေရာတွေ ဖြစ်ပါတယ် ။


“ မဲ ထဲ့ချင်တဲ့ စိတ်ဆန္ဒတော့ တအားရှိတယ်။ ဒါပေမယ့်နေတဲ့ရွာမှာခဏခဏ တိုက်ပွဲတွေဖြစ် နေတော့ လုံခြုံမှုမရှိဘူး။ အဲ့ဒါကြောင့် စိတ်ကူးထဲဘာမှ မသွင်းနိုင်ဘူး ” လို့ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ ပန်ကူကျေးရွာ စစ်ပြေးရှောင်စခန်းက ဒေါ်အေအို ကပြောပါတယ် ။ ပန်ကူ စစ်ပြေးစခန်းမှာ ဒေါ်အေအိုအပါအဝင် စစ်ပြေးဒုက္ခသည် လူဦးရေ ၅၇၉ ဦး ရှိနေပါတယ် ။


သျှမ်းပြည်တပ်မတော်  (RCSS/SSA) ကတော့ ၄င်းရဲ့  ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ နေရာတွေမှာ ပါတီမဲဆွယ်ခြင်း နဲ့ စည်းရုံးရေးဆိုင်ရာ လုပ်ငန်းများကို ဘေးကင်းလုံခြုံမှုရှိ သည့်အချိန်ထိ  ခေတ္တရပ်ဆိုင်းပေးထားပေးဖို့် ယခုလ ၁၆ ရက်နေ့က ထုတ်ပြန်ချက်ထုတ် ပြန် ထားပါတယ် ။


RCSS/SSA ကပြောခွင့်ရ ဗိုလ်မှုးကြီး စိုင်းလှ က “ လုံခြုံစိတ်ချမှု မရှိတော့တဲ့အတွက် စည်းရုံးရေးဆင်းတာတွေ ယယာယီရပ်နားဖို့ပါ ။ လုံခြုံစိတ်ချမှုရှိမှ စည်းရုံးရေးပြန်ဆင်းဖို့ပါ ။” လို့ ပြောပါတယ် ။


သျှမ်းပြည်တပ်မတော်အနေနဲ့ စာထုတ်ထားပေမယ့်လည်း ရွေးကောက်ပွဲကို ရပ်ဆိုင်းမှာ မဟုတ်ဘဲ ရည်မှန်းချက်တိုင်း လုပ်သွားမယ်လို့် သျှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးပွင့် ကပြောပါတယ် ။


တအောင်းကျောင်းသားနှင် လူငယ်များအဖွဲ့ TSYU တွဲဖက် အထွေထွေအတွင်းရေးမှူး မိုင်းမျိုးအောင် က တော့ သျှမ်းမြောက်ပိုင်းမှာရှိတဲ့ တအာင်းတိုင်းရင်းသား လက်နက်ကိုင် (TNLA) ဘက်က ရွေးကောက်ပွဲကို အနှောင့်အယှက် မပေးဘူးဆိုတာကြေညာ ထားပေမယ့် လည်း တပ်မတော်ဘက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာ မရှိသေးတဲ့ အတွက်ကြောင့် ပြည်သူတွေက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေရှိ နေတယ်လို့ ထောက်ပြတယ် ။


“ ကျနော် အဓိက စိုးရိမ်နေတာက  ရွာတိုင်းမှာ မဲရုံတွေ လွတ်လွတ်လပ်လပ် မလုပ်နိုင်တာ မျိုး မဲဆန္ဒရှင်တွေ လည်း မဲပေးတဲ့နေရာမျိုးမှာ လွှတ်လွှတ်လပ်လပ် မဲပေးနိုင်တာမျိုး မပေးနိုင်တာဘဲ စိုးရိမ်တယ် ” လို့ မိုင်းမျိုးအောင်က ဆက်ပြောပါတယ် ။


သျှမ်းပြည်နယ်မှာ အမျိုးသား ၊ ပြည်သူနှင့် ပြည်နယ်လွှတ်တော်အတွက်  ၂၉ ပါတီ က ကိုယ်စားလှယ်လောင်း ၈၆၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလတုန်းကတော့ သျှမ်းပြည်အရှေ့ပိုင်း ၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေနဲ့ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်းရှိ မြို့နယ် ၅ ခု ဟာ လုံခြုံမှုအခြေ အနေမရှိတဲ့အတွက် ရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့ပါဘူး ။


သျှမ်းပြည်တောင်ပိုင်း လွယ်လင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဆိုင်ဝမ်း ကတော့  “ ရွေးကောက်ပွဲဖြစ်အောင်တော့ တိုက်ပွဲတွေ ရပ်စေချင်တယ် ။ ရွာသားတွေလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မဲဆန္ဒတွေကို ထည့်နိုင်အောင် ရွာသားတွေ ဒုက္ခရောက်နေတဲ့ချိန်မှာ မဲဆန္ဒတွေ သူတို့ စိတ်ဝင်စားမှာ မဟုတ်ဘူး။ နဲနဲတော့ခက်တယ် ” လို့ ကပြောတယ် ။


လက်ရှိအခြေအနေမှာလည်း လုံခြုံရေးပြသနာနဲ့ မဲဆွယ်စည်းရေး အခက်အခဲတွေရှိနေတဲ့ အတွက် သျမ်းပြည်နယ်မှာ လာမယ့် ရွေးကောက်ပွဲ အခြေအနေဘယ်လိုရှိမလဲ ဆိုတာကို ပါတီတွေကော ဒေသခံလူထုပါ သိချင်နေပါတယ် ။


လူထုအနေနဲ့ ရွေးကောက်ပွဲကို အာရုံစိုက်လာတာ ၊ မဲပေးဖို့ စိတ်ဓါတ်ပြင်းထန်လာတာဟာ တိုက်ပွဲတွေဖြစ်ရင် လူထုပဲခံနေရာတာကြောင့်လို့ ကိုစိုင်းသိန်းအောင် ကပြောတယ် ။

သျှမ်းသံတော်ဆင့်

unread,
Sep 30, 2015, 4:40:16 PM9/30/15
to thuau...@gmail.com

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် အဖွဲ့ အချိန်မှီနှုတ်ထွက်ပေးရန် ကယန်းပြည် သစ်ပါတီ တောင်းဆို

Posted: 29 Sep 2015 10:08 PM PDT

မဲစာရင်းများ မှန်ကန်ရေးမှာ ပြည်သူများတွင် တာဝန်ရှိသည်ဟု ကော်မရှင် ဥက္ကဌ၏ ပြောဆိုချက်မှာ ပြည်သူလူထု၏ မူလအခွင့်အရေးကို ထိပါးစေသည့် ပြောဆိုချက်ဖြစ်ပြီး မဲစာရင်းများ ၁၀၀ ရာခိုင်နှုန်း မှန်ကန်မှု ရှိစေရေးအတွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် တာဝန်ရှိသူများ အချိန်မှီ နှုတ်ထွက်ပေးရန် ကယန်းပြည်သစ်ပါတီမှ တောင်းဆိုလိုက်ပါသည် ။


စက်တင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ် သော ကယန်းပြည်သစ်ပါတီမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ငွေကျပ်သန်းချီ အကုန် ကျခံပြီး ၅ နှစ်ခန့် အချိန်ယူပြုစုခဲ့သော မဲစာရင်းများ မှားယွင်းနေခြင်းမှာ ကော်မရှင်၏ ညံ့ဖျင်းမှုကို ဖော်ပြနေသည်ဟု ပါရှိသည် ။


ပုဂ္ဂိုလ်ရေးအရ ဦးတင်အေးကို မုန်းလို့ မဟုတ်ပါဘူး ။ တာဝန် မယူနိုင်တဲ့ သူဖြစ်လို့ နှုတ်ထွက်ခိုင်းတာပါ ဟု ကယန်းပြည်သစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်က ပြောသည် ။


ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အနေဖြင့် ၃၀ ရာခိုင်နှုန်းသား မဲစာရင်း မှန်ကန်သည်ဟု ၀န်ခံထားပြီး မှားယွင်းသော မဲစာရင်းမှာ မဲခိုးလိုက်ခြင်းပင်ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည် ။


နောက်ဆုံးထုတ်ပြန်ခဲ့သည့် အပြီးသတ်မဲစာရင်းတွင် မှားယွင်းမှုမှား မြောက်မြားစွာ ဖြစ်ပေါ်ခဲ့ကာ ရွေးကောက်ပွဲ ကော်မရှင်အပေါ် ဝေဖန်မှုများ ရှိနေခဲ့သည် ။


ကယန်းပြည်သစ်ပါတီမှာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းဖြစ်ပြီး ဌာချုပ်မှာ ဖယ်ခုံမြို့နယ် ဆီးဘူးဒေသတွင် ရှိပါသည် ။ 

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် မိုင်းလား NDAA ပါဝင် လက်မှတ်ရေးထိုးမည် မဟုတ်

Posted: 29 Sep 2015 09:57 PM PDT

အစိုးရမှ အောက်တိုဘာလအတွင်း ပြုလုပ်ရန်စီစဉ်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် မိုင်းလား NDAA အဖွဲ့ အနေဖြင့် ပါဝင်လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း NDAA ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးကြည်မြင့်က ပြောသည် ။


“ ကျနော်တို့ဘက်က သဘောထားမပြောင်းပါဘူး ၊။ အရင်ကတည်းက ကြေငြာထားတဲ့ အတိုင်းပါပဲ ။ အစိုးရက အားလုံးပါဝင်ရေးကိုလည်း လက်မခံဘူး ။ ကျနော်တို့က လက်မှတ်မထိုးဘုး ။ နိုင်ငံရေး ဆွေးနွေးပွဲကျမှတက်မယ် ”- ဟု ဦးကြည်မြင့်က ပြောသည် ။


မိုင်းလားအဖွဲ့ အနေဖြင့် ၁၉၈၉  ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်မှ ခွဲထွက်လာပြီးကတည်းက ငြိမ်းချမ်းရေးရယူထားပြီး ဖြစ်သဖြင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးဆိုသည်မှာ ငြိမ်းချမ်း ရေးမှ အောက်ဘက်သို့ ပြန်ဆင်းသလို ဖြစ်နေကြောင်းလည်း မိုင်းလားအဖွဲ့တာဝန်ရှိသူက ဆိုသည် ။


UWSA ၀ တပ်ဖွဲ့နှင့် မိုင်းလားအဖွဲ့တို့အား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ပါဝင်ကြရန်အတွက် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ တာဝန်ရှိ သူများသည် စက်တင်ဘာလ ၁၂ ရက်နေ့က ၀ နှင့် မိုင်းလား တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြသည် ။


ဝ နှင့် မိုင်းလားအဖွဲ့တို့ တောင်းခံထားသည့် ပြည်နယ်ကိစ္စနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတို့အတွက် ဆွေးနွေးမှုများမှာ နိုင်ငံရေးဆွေးနွေးပွဲ ရောက်မှသာ ဆွေးနွေးနိုင်မည် ဖြစ်သဖြင့် NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ကြရန်လိုကြောင့် UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်မှ သတိပေး ပြောဆိုထားသည် ။


လေ့လာသူများကမူ ၀ ၊ မိုင်းလားတို့အနေဖြင့် ၄င်းတို့၏ မူလ ရထားသည့် အခြေအနေမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်တွင် ပေးထားသည့် အခြေနေထက် ပိုမို မြင့်မားစွာ ရရှိနေသည့်အတွက် လက်မှတ်ရေးထိုးရန် မဖြစ်နိုင်ဟု ခန့်မှန်းကြသည် ။


“ သူတို့က နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလို့လည်း ပြောသေးတယ် ။ အခုထိ ကိုးကန့်အပါဝင် အခြား အဖွဲ့တချို့ကို လက်မခံသေးဘူး ။ ဘယ်လိုလုပ်နာမည်က အဓိပ္ပာယ်ရှိမလဲ တချို့နေရာတွေ မှာလည်း ပစ်နေခတ်နေ တိုက်နေတုန်းပဲ ”- ဟု NDAA မိုင်းလားအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က မှတ်ချက်ပြုပြောဆိုသည် ။

ဝ/ မိုင်းလားနယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကော်မရှင် ဥက္ကဌနှင့် ဆွေးနွေး

Posted: 29 Sep 2015 07:19 PM PDT

ရွေးကောက်ပွဲ လက်ခံကျင်းပမည် မဟုတ်ဟု ကြေငြာထားသည့် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တိုင်းနှင့်မိုင်းလား ဒေသတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် ၀ ၊ မိုင်းလား တာဝန်ရှိသူများ စက်တင်ဘာလ ၂၉ ရက်နေ့က ကျိုင်းတုံမြို့ တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည် ။


ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် မိုင်းလားဘက်မှ လက်ခံကျင်းပမည် မဟုတ်ကြောင်း အကြောင်းတပါ တည်း အကြောင်းပြန်ကြားခဲ့သည်ဟု မိုင်းလားဒေသအား အုပ်ချုပ်နေသည့် NDAA မိုင်းလား အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည် ။


''သူတို့ဘက်ကတော့ မိုင်းလားနယ်ထဲ ကျင်းပချင်တယ် ။ တကယ်လို့ မြို့ပေါ် မရ ရင်လည်း အစပ်နားက တိုက်နယ် ရွာတွေနားအထိ မဲပုံးလာထောင်ချင် တယ်လို့ ပြောတယ် ။ ကျနော်တို့သဘော ထားက တော့ အရင်တုန်းက အတိုင်းပါပဲ ။ ကျင်းပဖို့ကလည်း မသင့်တော်သေးဘူးလေ ဒါကြောင့် မဖြစ်နိုင် ဘူးလို့ ပဲ ကျနော်တို့ဘက်က ပြောလိုက်တယ် '' ဟု မိုင်းလား အဖွဲ့မှ ဦးကြည်မြင့်က ပြောသည် ။


ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ ၀ တပ်ဖွဲ့ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပြီး UWSA ၀ တပ်ဖွဲ့အနေဖြင့်မူ အထက်သို့ ပြန်လည် တင်ပြပြီးမှ အကြောင်းပြန်နိုင်မည်ဟု ကော်မရှင် ဥက္ကဌအား ပြောဆိုခဲ့ကြောင်း ပါတီ၏ ဗဟိုကော်မတီဝင် ဦးအောင်မြင့်က ပြောသည် ။


''ကျနော် တို့က ခုမှ ပန်ဆန်းပြန်ရောက်တာ အထက်ကို မတင်ပြရသေး ဘူးလေ မနေ့က သွားတာ ကလည်း ကျနော်နဲ့ နောက်တယောက်နဲ့ ဆိုတော့ ပြန်တင်ပြရဦးမှာ'' ဟု စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်း တွင် ပြောသည် ။


ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုင်းအတွင်းမှ ပန်ဆန်း ၊ ဟိုပန် ၊ ပန်ဝိုင် ၊ မိုင်းမော စသည့် မြို့များနှင့် မိုင်းလား ဒေသတို့တွင် ရွေးကောက်ပွဲ လက်ခံကျင်းပမည် မဟုတ်ကြောင်း ဒေသအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့စည်း များက ယခင်ကတည်း က ကြေငြာခဲ့ပြီး ဖြစ်သည် ။ မိုင်းလားဒေသတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သတ် မှတ်ချက်အရ မိုင်းလား တမြို့ထဲရှိနေသော်လည်း ဆီလူး ၊ မိုင်းမ နှင့် မိုင်းလား ဟူ၍ မိုင်းလားအဖွဲ့က မြို့ ၃ မြို့ သတ်မှတ်ထားပြီး ယင်း ၃မြို့အား ပူးပေါင်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် အစိုးရထံ မိုင်းလား NDAA တာဝန်ရှိသူများက တောင်းဆိုထားသည် ။ ၀ ဒေသကို အုပ်ချုပ်နေသည့် ၀ ပြည်သွေး စည်းညီညွတ်ရေးပါတီ UWSP ကမူ ၀ တိုင်းရင်းသားများ နေ ထိုင်သည့် ဒေသများကို စုပေါင်းပြီး ၀ ပြည်နယ်အဖြစ် သတ်မှတ်ပေး ရန် တောင်းဆိုထားသည် ။

ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲဖြစ်မြောက်ရေး မျိုးဆက်သစ်(သျှမ်းပြည်) အဖွဲ့ ချင်းမိုင်မြို့ ပြည်ထောင်စု အင်စတီကျုရုံး၌ ရှင်းလင်းချပြ

Posted: 29 Sep 2015 07:06 PM PDT

ပြည်နယ်အခြေပြု နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ‘ သျှမ်းပြည်နယ် - ပြည်နယ်အဆင့်နိုင်ငံရေး တွေ့ဆုံဆွေးပွဲ နှင့် လူထုဘုံ စုဆုံရပ်ဆိုင်ရာ မူဘောင်ထွက်ပေါ်လာ နိုင်ရေးအတွက် မျိုးဆက်သစ် (သျှမ်းပြည်) မှ မူဘောင် မူကြမ်းတရပ်ရေးဆွဲကာ ချင်းမိုင်မြို့ အခြေစိုက် ပြည်ထောင်စု အင်စတီကျုရုံး၌ သုံးရပ်ကြာ ချပြ ရှင်းပြ မည်ဖြစ်သည် ။


သျှမ်းပြည်နယ် - ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင် မူကြမ်းအား ၂၀၁၅ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်နေ့ အထိ သုံးရက်ကြာ ချပြ ရှင်းပြ အကြံ အဉာဏ်ကောင်း ရယူပြင်ဆင်နိုင်ရေးအတွက် မျိုးဆက်သစ်(သျှမ်းပြည်) ကိုယ်စားလှယ်များ ဖြစ်ကြ သည့် ကိုညီညီမိုး ၊ စိုင်းစိုင်းငင်း တို့အဖွဲ့ ၅ ဦး မှ ဦးဆောင် ရှင်းပြ၏ ။


ပထမ ရက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေး နှင့်အဖွဲ့ ၊ သျှမ်းပြည်ညီညွှတ်ရေး ကော်မတီ CSSU အထွေထွေ အတွင်းရေးမှူးကြီး စဝ်ပင်ခမ်းနှင့်အဖွဲ့ တို့ တက်ရောက်ကြသည် ။


“ အဓိက ကတော့ တိုင်းရင်းသားပြည်သူတရပ်လုံး ယုံကြလက်ခံတဲ့ ဖက်ဒရယ်ပြည် ထောင်စု ပေါ်ပေါက်ဖို့ ၊ ထာဝရတည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်ဖို့ ၊ ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ တွေကို တရားဥပဒေနဲ့ အညီ မျှတစွာ ဖြေရှင်းနိုင်ဖို့ ၊ ပြည်နယ်ဖွံ့ဖြိုး တိုး တက်ရေးဆောင်ရွက်ရာမှာ အထောက်အကူပြုဖို့ ၊  ပြည်သူ့ဘ၀လုံခြုံရေးအတွက် တရား ဥပဒေ စိုးမိုး မှုအားကောင်းစေဖို့ ၊ အသွင်ကူးပြောင်းရေးကာလ နှင့် အမျိုးသား ပြည်လည် သင့်မြတ် ရေး ကိစ္စရပ်မှာ အထောက်အကူပြုစေဖို့ - ဒီမူဘောင်ရေးဆွဲရတာ ဖြစ်တယ် ” လို့ စိုင်းစိုင်းငင်းက ရှင်းပြပါသည်။


သျှမ်းပြည်နယ် - ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင် မူကြမ်းတွင် နိုင်ငံ ရေးဆိုင်ရာကိစ္စ ၊ စီးပွားရေးဆိုင်ရာကိစ္စ ၊ မြေယာပိုင်ဆိုင်မှု ဆိုင်ရာကိစ္စ ၊ လူမူအရေး ၊ သဘာဝ ပတ်ဝန်းကျင်အရေး ၊ မူးယစ်ဆေးဝါး က အစ ပညာရေး ၊ ကျန်းမာရေး စသဖြင့် အခန်းကြီး ၁၁ ခန်း နှင့်အတူ အပိုဒ်ငယ် ပေါင်းမြောက်များစွာ ပါရှိသည် ။


အဆိုပါ ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဆိုင်ရာ ပြည်နယ်အစိုးရ ၊ လက်နက်ကိုင် တပ်ဖွဲ့ ၊ နိုင်ငံရေးပါတီ ၊ ပညာရှင် နှင့် အရပ်ဘက်လူမှုအဖွဲ့နှင့် တိုင်းရင်းသားကိုယ်စားလှယ် အချိုးကျ ပါဝင် နိုင်ရေး တွေ့ဆုံဆွေးနွေးရေး ပုံစံ ဒီဇိုင်းအားလည်း ချပြ ရှင်းပြသွားသည် ။


ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးပွဲ (Formally mandate state-based dialogue) မူဘောင် မူကြမ်းအား ပြည်နယ်အဆင့်မှ ပြည်ထောင်စုအဆင့်သို့ တွေ့ဆုံဆွေးနိုင်ရန် ပြည်ထောင်စုအဆင့် မူဘောင်ညှိနှိုင်းရေး ဆွေးပွဲသို့ အဆိုပြု ပေးပို့သွားမည်ဟုလည်း ပြောကြားသွားကြ ပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 1, 2015, 4:10:52 PM10/1/15
to thuau...@gmail.com

တိုက်ပွဲဖြစ်နေသည့် မံစီဒေသအတွင်း ကျေးရွာအုပ်စု ၂၄ အုပ်စုတွင်သာ ရွေးကောက်ပွဲ ကျင်းပမည်

Posted: 01 Oct 2015 12:23 AM PDT

အစိုးရတပ်မတော်နှင့် ကေအိုင်အေက ချင်လွတ်မြောက်ရေးအဖွဲ့ တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေ သည့် မံစီမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၂၄ အုပ်စုတွင်သာ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ် ကြောင်း မံစီမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးမြင့်မောင်က ပြောသည် ။


“ ကျနော်တို့က တချို့ ကျေးရွာအုပ်စုတွေကို နဂိုကတည်းက ကေအိုင်အေတို့ဘာတို့ ရှိနေတဲ့ အတွက် မဲစာရင်းသွားမကောက်ထားဘူး အဲဒီတော့ မဲစာရင်းကောက်ထားတဲ့ ၂၄ အုပ်စုမှာ ကိုပဲ ရွေးကောက်ပွဲ ကျင်းပမယ် ။ မြို့ပေါ်ကတော့ ရပ်ကွက်အားလုံး ကျင်းပဖြစ်မှာပါ ။” ဟု ဦးမြင့်မောင်က ပြောသည် ။


လတ်တလော တိုက်ပွဲများ ဖြစ်ပွားနေသည့် ဂျေဆန်း ၊ ခါနမ်ကျေးရွာအုပ်စုကဲ့သို့သော ကျေးရွာအုပ်စု များတွင်မူ ရွေးကောက်ပွဲပြုလုပ်ရန် ယခင်ကတည်းက လျာထားခြင်း မရှိပဲ လတ်တလော တိုက်ပွဲများ အတွက် စစ်ဘေးရှောင်များ ယာယီခိုလှုံနေသည့် မိုင်းခေါင် ကျေးရွာအုပ်စုတွင်မူ ရွေးကောက်ပွဲ ကျင်းပရန် ရှိနေကြောင်း သိရသည် ။


မံစီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများနှင့် ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်း မရှိသည့် ဒေသအများစုတွင် နေထိုင်သူများမှာ ကချင်နှင့် သျှမ်းတိုင်းရင်း သားများ နေထိုင် ရာ ဒေသများဖြစ်ပြီး အဆိုပါ ဒေသများတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် အ တွက် တိုင်းရင်းသားပါတီများအတွက် နစ်နာမှုများ ရှိနိုင်ကြောင်း မံစီမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည့် သျှမ်းတိုင်းရင်း သား များ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းဇင်မင်းအေး က မှတ်ချက်ပြု ပြောဆိုသည် ။


လတ်တလောအတွင်းမှာပင် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၀၀ ကျော် တွင် လုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိကြောင်း ကရင်ပြည်နယ် ရွေးကောက် ပွဲကော်မရှင်က ကြေငြာထားသည် ။

တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းလဲ ကျေးလက်ဘက် စည်းရုံးရေးမဆင်းဝံ့သေး

Posted: 30 Sep 2015 11:54 PM PDT

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည့် သျှမ်းလယ် ယာ စိုက်ပျိုးမှုဖွံ့ ဖြိုးတိုးတက်ရေး Shan Agricultural Development(S.A.D) ဥက္ကဌ စိုင်းစံထွန်း (ခေါ်) စိုင်းဆေဟန် က စည်းရုံးရေးစဆင်းနေပြီဖြစ်သော်လည်း လုံခြုံရေးအရ ကျေးလက်ဒေသဘက်သို့ မဆင်းဝံ့သေး ကြောင်းသိရသည် ။


စိုင်းစံထွန်းသည် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း အနေဖြင့် လင်းခေးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင် ယှဉ်ပြိုင်မည်ဖြစ်သည် ။  စက်တင်ဘာ ၂၈ ရက်က ဒေသခံလူထုနှင့်စတင်တွေ့ဆုံကာ  အောက်တိုဘာတလလုံး လင်းခေးမြို့နယ်အတွင်း စည်းရုံးရေးဆင်းမည်ဖြစ်ကြောင်း ၊ မြို့တွင်းရပ်ကွက် များတွင်ပိုများပြီး ညပိုင်းလူထုအားလပ်ချိန်မှသာ တွေ့ဆုံမည် ဖြစ်ကြောင်း စိုင်းစံထွန်းက ပြောသည် ။  
 

“ ကျနော် တသီးပုဂ္ဂလ အနေနဲ့ လင်းခေး မဲဆန္ဒနယ်အမှတ် ၁  မှာပြိုင်မယ်လေ။ တကယ့်ကျေးလက်တွေ ဘက် တော့ မသွား ဖြစ်သေးပါဘူး ။ လုံခြုံရေးအတွက်နဲနဲတော့ သွားလာဖို့ အခက်အခဲရှိတယ် ။ ဒါမယ့် ကျေးလက်ဆိုတာက လည်း မဲဆန္ဒရှင်သိပ်မများပါဘူး ။ မြို့တွင်းရပ်ကွက်က ပိုများပါတယ် ။”
 

စိုင်းစံထွန်းသည် ယခင်ကလည်း လင်းခေးမြို့နယ်အတွင်းသာမက မြို့နယ်အသီးသီးမှ တောင်သူလယ် သမား များအားဖိတ်ကြားကာ သဘာဝ ဓါတ်မြေသြဇာလုပ်ပုံလုပ်နည်း ၊ ပျိုးပင်များ အပင်ကြီးများ ပိုးမကျအောင် သဘာဝ နည်းဖြင့် ကာကွယ်နည်းအစရှိသည်တို့ကို သင်တန်းပေးရှင်းလင်းဆွေးနွေး ပြသခဲ့ဖူးပါသည် ။


တောင်သူလယ်သမားများ အရေးကူညီဖြေရှင်းပေးရန် ရွေးကောက်ဝင်ကာ  အခွင့်အရေးတောင်းဆို ပေးဖြစ် ကြောင်း စိုင်းစံထွန်းက ပြောသည် ။


“ ကျနော့ ဆိုင်းဘုတ်တင်ပါတယ် ။ မြို့လယ်က ၁ နေရာ ၀မ့်လုံ တံတားထိပ်နားက ၁ နေရာ ဟွေလိတ်တံတားထိပ် ၁ နေရာ ဝမ်ဟတ်ရွာလယ် ၁ နေရာ ဝမ်တိန်းရွာလယ် ၁ နေရာ အားလုံး ၅ နေရာတင်ထားပါတယ် ။”


စည်းရုံးရေးအတွက် အသုံးစရိတ်မှာလည်း မိမိအိပ်စိုက်ဖြင့်သာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိုင်းစံထွန်းက ပြောသည် ။


မည်သည့် နိုင်ငံရေး ပါတီမဆို နိုင်ငံရေးကို အဓိကထားပြီး ရွေးကောက်ပွဲ ဝင်ကြသည်ကို တွေ့ရကြောင်း ၊ တောင် သူ လယ်သမားအရေးကို မေ့နေကြကြောင်း ၊ တောင်သူ လယ်သမား ကောင်းစားပါက နိုင်ငံရေး ၊ စီးပွားရေး လည်း ဖွံ့ဖြိုးတိုးတက် မည်မှာမလွဲကြောင်း သျှမ်းလယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဌ စိုင်းစံထွန်း ခေါ် စိုင်းဆေဟန် ကပြောသည် ။ လင်းခေးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်မည့် ပါတီများမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ( SNDP) ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်( NLD) နှင့် ပြည်ခိုင်ဖြိုးပါတီ တို့ဖြစ်ကြောင်း သိရသည် ။
 

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ထိပ်သီးအစည်းအဝေး အဆင့်မြင့် ကိုယ်စားလှယ် SD အဖွဲ့ ဖျက်သိမ်း

Posted: 30 Sep 2015 06:52 PM PDT

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပသည့် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး တပ်ဖွဲ့များ ထိပ်သီးညီလာခံ၌ အပစ်ခတ် ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေး အဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့အားဖျက်သိမ်းကာ NCCT အနေဖြင့်သာ အစိုးရနှင့် ဆက်လက်ဆွေးနွေး သွားမည်ဟု ဆိုသည် ။


စက်တင်ဘာ ၂၈ - ၃၀ ရက်နေ့အထိ ချင်းမိုင်မြို့၌ ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထိပ်သီးညီလာခံ အစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၉ ဖွဲ့ ၊ ကိုယ် စားလှယ် ၇၁ ဦး တက်ရောက်ကြောင်း ၊ ထိုတပ်ဖွဲ့များအနက် ၇ ဖွဲ့က တနိုင်ငံလုံးပစ်ခတ် တိုက် ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး သဘောတူလိုက်သောကြောင့် အဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့ လုပ်ငန်းပြီးဆုံးသွားဖွယ် ဖြစ်ကြောင်း ၊ ထို့ကြောင့် SD အဖွဲ့အား ဖျက်သိမ်းလိုက် ရခြင်းဖြစ်ကြောင်း တက်ရောက်သည့် အဆင့်မြင့်ကိုယ်စားလှယ် တဦးကပြောသည် ။


“ NCA အပစ်ရပ် စာချုပ်ထိုးမယ်ဆိုတဲ့ ၇ ဖွဲ့ထဲမှာ KNU ပါတယ် ။ CNF ပါတယ်ဆိုတော့ SD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးမှာ နော်စီဖိုးရာစိန်နဲ့ ပူးဇင်ကျုံးတို့ပါသွားပြီလေ ။ လုပ်စရာ အလုပ် လဲ မရှိတော့ဘူး ။ သက်တမ်းကုန်သလိုဖြစ်သွားပြီ ” - ဟု အဆိုပါ အရာရှိကပြောသည် ။


NCA လက်မှတ်ထိုးမည့် ၇ ဖွဲ့မှာ ကရင်အဖွဲ့သုံးဖွဲ့ဖြစ်သည့်  KNU / DKBA / KNU-KNLA-PC / ပအိုဝ်း PNLO / ချင်း CNF / ရခိုင်  ALP/ ကျောင်းသား တပ်မတော် ABSDF  တို့ဖြစ်ကြသည် ။ 


သုံးရက်ကြာကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် သမ္မတဦးသိန်းစိန် ၊ ကာချုပ်တို့နှင့်အဖွဲ့ အစည်း အသီးသီးမှတင်ပြချက်များ ၊ သျှမ်း နှင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက် ပွဲကိစ္စ ၊ နိုင်ငံရေးဆွေးနွေးရေး ဆိုင်ရာမူဘောင်ကိစ္စ ၊ အပစ်ရပ်သွားသည့်အဖွဲ့များနှင့် အပစ် မရပ် သေးသည့်အဖွဲ့များ ဆက်လက် လက်တွဲလုပ်ဆောင်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေး ကြသည်ဟု ဆိုသည် ။


အစည်းအဝေး နောက်ဆုံးနေ့ တွင်လည်း အချက် ၆ ချက်ပါသည့် ထုတ်ပြန်ကြေငြာချက် တစောင်လည်း ထုတ်ပြန်ကြေငြာသည် ။ အဆိုပါကြေငြာချက်တွင် ဒီမိုကရက်တစ် ဖက် ဒရယ်ပြည် ထောင်စု ပေါ်ပေါက်ရေးအတွက် အခန်းကဏ္ဌ အသီးသီးမှ ဆက်လက်တိုက်ပွဲဝင် သွားကြမည်ဆိုသည့် အချက်လည်းပါဝင်သည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 2, 2015, 4:17:37 PM10/2/15
to thuau...@gmail.com

မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြည်သူ့စစ်ခေါင်းဆောင် ပိုင်းတဦးအား TNLA ဖမ်းဆီး

Posted: 02 Oct 2015 09:47 AM PDT

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း သွားလာသည့် ပြည်သူ့စစ်ခေါင်းဆောင်တဦးအား မူးယစ်ဆေးဝါးများနှင့်အတူ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် မှ ဖမ်းဆီးရမိသည်ဟု တအာင်းတပ် ပြန်ကြားရေးဌာနက ထုတ်ပြန်သည် ။


အောက်တိုဘာလ ၁ ရက်နေ့က ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာတွင် ပန်းဆေးပြည်သူ့စစ် လက်အောက်ခံ ခိုမုန်းရွာပြည်သူ့စစ် ဒုအဖွဲ့ခေါင်းဆောင် ဦးတွန်ဆန်း (ဘ) ဦးတွန်ချန်း ထံ ဘိန်းဖြူ (၀.၀၃၅) ဂရမ်နှင့် ဘိန်းမဲ ၅ ကျပ်သား ၊ ပြည်သူ့စစ်ယူနီဖောင်းနှင့် လက်ကိုင်စကားပြောစက် ၃ လုံး ကို တအာန်းတပ်ဖွဲ့က ဖမ်းဆီးရမိသည်ဟု ဆိုပါသည် ။


“ ဘိန်းတွေ ရောင်းချနေတယ်လို့ သတင်းရလို့ ကျနော်တို့ တပ်မဟာ (၁) လက်အောက်ခံ မူးယစ်အထူး အဖွဲ့ နှင့် တပ်ရင်း (၅၇၁) ပူးပေါင်းအဖွဲ့က သွားဖမ်းတာ။ ခိုမုန်းရွာဆိုတာက ကွတ်ခိုင်မြို့ရဲ့ အနောက်ခြမ်း ။ ပြည်ထောင်စု လမ်းမကြီးရဲ့ အနောက်ခြမ်း ၅ မိုင်ကျော်အကွာမှာရှိတယ် ။ အဲဒီပြည်သူ့ စစ်ကို ဘာပြစ်ဒဏ် ပေးမယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး ။ သူ့ရဲ့အဆက်အသွယ် ကိုလိုက်ပြီးတော့ စစ်ဆေးပြီးမှဘဲ သူ့ကို ဘာအပြစ်ပေးမယ်ဆိုတာ အမိန့်ချမှာ။ ဖမ်းမိပစ္စည်းတွေကိုတော့ သူ့ရှေ့မှာဘဲ မီးရှို့ပစ်လိုက်ပါတယ် ။” - တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် ပြန်ကြားရေးဌာနမှူး ဗိုလ်ကြီးတာ့ အိုက်ကျော်က ပြောသည် ။


တဖက်ကလည်း စက်တင်ဘာလအတွင်း အစိုးရတပ်နှင့် တအာန်းတပ် ဖွဲ့တို့ မကြာခဏ တိုက်ပွဲများ ဖြစ်ပွါးနေကြောင်း တာ့အိုက်ကျော်က ပြောသည် ။


“ တိုက်ပွဲကြောင့် လူထုကိုတော့ ထိခိုက်တာမရှိဘူး ။  ဒါပေမယ့် တိုက်ပွဲ ဆက်တိုက်ဖြစ်နေမယ်ဆိုရင် တော့ လူထုရဲ့ လုပ်ငန်းနဲ့ စီးပွါးရေးကို ထိခိုက်မှာမလွဲပါဘူး ။” - ဟုဆိုပါသည် ။


ပန်းဆေးပြည်သူ့စစ် ဒေသသည် မူးယစ်ဆေးဝါး အများဆုံး စိုက်ပျိုးသည့် ဒေသဖြစ်ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အများစုသည် အဆိုပါဒေသမှ သယ်ဆောင်လာခြင်း ဖြစ်ကြောင်းလည်း တအာင်းတပ်ဖွဲ့ကပြောသည် ။ ကွတ်ခိုင်မြို့နယ်အတွင်းတွင် တအာင်းတပ်ဖွဲ့အပြင် ကချင်တပ် ၊  မုံးစီးပြည် သူ့စစ်တပ် ခိုမုန်းပြည်သူ့စစ်တပ်ဖွဲ့တို့ လှုပ်ရှားပါသည် ။

အမျိုးသမီးတွေ နိုင်ငံရေး မလုပ်ရဘူးလား

Posted: 02 Oct 2015 07:53 AM PDT

အမျိုးသမီးအရေးနဲ့ ပတ်သက်လာရင် ကူညီနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် မဲ့ (သူနာပြုလုပ်ငန်းကို ၁၀ နှစ်ကျော် ထမ်းဆောင်ခဲ့ဖူးတဲ့) သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်မြို့နယ်က သျှမ်းတိုင်းရင်း သားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းကောင်ဖူး ကို သျှမ်းသံတော်ဆင့်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ် ။


မေး ။    ။ ဘယ်လွှတ်တော်မှာ ၀င်ရောက် ယှဉ်ပြိုင်မှာလဲ ။


ဖြေ ။    ။ ပြည်နယ်လွှတ်တော်မှာပါ ။ မဲဆန္ဒနယ်အမှတ်(၂) ပါ ။


မေး ။    ။ ကျားဖြူပါတီဝင် ဖြစ်တာကြာပြီလား ။


ဖြေ။    ။ မကြာသေးပါဘူး ။ ဒီ ၂၀၁၅ ဇွန်လတုန်းက ၀င်တာပါ ။



မေး ။    ။ ကိုယ်ရေးအကျဉ်းချုပ်လေး ပြောပြပါအုံး ။


ဖြေ ။    ။ ဇာတိကတော့ မိုင်းခတ်မြို့ပါ ။ အသက် ၄၀ ရှိပါပြီ ။ ၁၉၉၇ မှာ သူနာပြု ဒီပလိုမာဘွဲ့ ရရှိတယ် ။ ၂၀၀၄ မှာ B.A (History)ဘွဲ့ကို ရရှိပါတယ် ။ ဘွဲ့ရပြီးနောက် သူနာပြုလုပ်ငန်းနဲ့ အစိုးရဝန်ထမ်းအဖြစ် ၁၁ နှစ်လောက် လုပ်ခဲ့ပါတယ် ။


မေး ။    ။ ဘာကြောင့် နိုင်ငံရေးထဲ ၀င်ရောက်လာတာလဲ ။


ဖြေ ။    ။ ဒီနိုဝင်ဘာလ ၈ ရက်နေ့မှာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်မယ် ။ ဒီရွေးကောက်ပွဲဟာ သျှမ်းလူမျိုးအတွက်လည်း အကျိုးရှိမယ်လို့ မြင်တယ် ။ နောက် ပညာ တတ်ထားတဲ့သူတွေက သျှမ်းလူမျိုးတွေအတွက် မလုပ်ပေးရင် တခြားတိုင်းရင်းသားတွေရဲ့ ဖိနှိပ်မှုကို ခံနေရ အုံးမယ် ။ ဒါကြောင့် ပြည်သူတွေကို ကူညီချင်လို့ ၀င်လာရတာပါ ။ နောက်လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီမိုင်းခတ် ဖက်မှာ သျှမ်းအမျိုးသမီးတွေ တခြားလူမျိုးရဲ့ အဓမ္မပြုကျင့်မှု ခံရတာတွေ ရှိတယ် ။ အားကိုးစရာလည်းမရှိ ၊ ဘယ်သူ့ကို သွားပြောရမယ် ၊ ဘယ်သူ့ကို သွားတိုင်ရမယ်ဆိုတာလည်း မသိ ။ တရားစွဲဆိုမှုလည်း မလုပ်နိုင် ။ အဲဒါကြောင့် အဲဒီအတိုင်းထားလိုက်ရတယ် ။ ဒီလိုကိစ္စဟာ ရင်နာစရာကောင်းလှပါတယ် ။ အမျိုးသမီးကိစ္စတွေမှာ ကူညီချင်တယ်လို့လည်း ၀င်လာတာပါ ။


မေး ။    ။ သျှမ်းပြည်အရှေ့ပိုင်းမှာဆိုရင် သျှမ်းပါတီက ၃ ပါတီရှိတယ် ။ ကျားဖြူပါတီ ၊ ကျားခေါင်းပါတီနဲ့ နောက်ထပ်အသစ်ဖွဲ့လာတဲ့ မင်္ဂလာစည်တော်ပါတီ ဆိုပြီရှိတယ် ။ ဘာကြောင့်ကျားဖြူပါတီကို ရွေးချယ်သလဲ ။


ဖြေ ။    ။ ကျားဖြူပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တယ် ။ အနိုင်ရပြီး လွှတ်တော်ထဲ ရောက် သွားတဲ့သူတွေလည်း ပြည်သူကို ကူညီနိုင်ကြတယ် ။ ဒါကြောင့် ကျားဖြူပါတီဟာ ပြည်သူတွေကို အမှန် တကယ် ကူညီနိုင်တယ်လို့ မြင်တယ်။ ဒါကြောင့် ကျားဖြူပါတီကို  ရွေးချယ်တာပါ ။


မေး ။    ။ စည်းရုံးရေး ဆင်းတဲ့အခါမှာ ဘာအခက်အခဲတွေ ကြုံရလဲ ။


ဖြေ။    ။ ကျမ နယ်ထဲမှာ သျှမ်းရွာတွေဖြစ်ပေမဲ့ စည်းရုံးရေး စဆင်းတဲ့ချိန်ဆို  တချို့ရွာတွေမှာ မကြိုဆိုချင် ကြဘူး ။ သျှမ်းအချင်းချင်းဖြစ်ပေမဲ့ မယုံကြဘူး ။ သဘောမပေါက်ကြဘူး ။ လူတွေကိုခေါ်ပေမဲ့ လာချင်သလိုလို မလာချင်သလိုလိုနဲ့။ ကျမတို့လည်း ရှင်းပြရတာပေါ့နော် ။ နောက်ပိုင်း သူတို့သဘောပေါက်သွားတော့ တချို့ရွာ တွေဆို ဗုံမောင်းတီးပြီး ကြိုဆိုကြတယ် ။ တချို့ရွာဆို ရွာသူရွာသားတွေကို ကူခေါ်ပေးတာလည်းရှိတယ် ။


မေး ။    ။ စည်းရုံးရေးဆင်းတဲ့အခါ ပြည်သူတွေဘက်က ဘယ်လိုတုန့်ပြန်မှုတွေ ရရှိလဲ ။ 


ဖြေ ။    ။ အရင်ကတော့ သျှမ်းတိုင်းရင်းသားတွေကို ဦးဆောင်မယ့်သူ မရှိဘူး။ တခြားတိုင်းရင်းသားကတွေ ဖိနှိပ်တာ ခံရတယ် ။ တခြားတိုင်းရင်းသားတွေက လယ်ယာမြေတွေ လုယက်တာလည်း ခံရတယ် ။ အခုတော့ အားကိုးစရာရှိလာတော့ အရမ်းဝမ်းသာတယ်လို့ ပြောကြပါတယ် ။ ဒါပေမဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကို စောင့် ကြည့်ရမယ် ။ အဲဒါမှ အမှန်သိနိုင်မယ် ။ ပြည်သူတွေအပေါ် မူတည်တာပေါ့နော် ။ မိုင်းခတ်ဒေသမှာ သျှမ်းက အများဆုံးဘဲ ။ ဒုတိယက အခါလူမျိုး ။ တတိယက လားဟူ ။ အခါနဲ့လားဟူပါတီကလွှဲရင် သျှမ်းပါတီမဟုတ်တဲ့ တခြားပါတီတွေမှာလည်း သျှမ်းလူမျိုးက ပါနေတယ်လေ ။


မေး ။    ။ အမျိုးသမီးတယောက်အနေနဲ့ နိုင်ငံရေးထဲဝင်ပြီး ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုတော့ ဘယ်လိုစိန်ခေါ် မှုတွေ တွေ့ရလဲ ။ 


ဖြေ ။    ။ ပြည်သူတွေ နားမလည်တာရှိတယ် ။ ၂၀၁၀ တုန်းက မိုင်းခတ်မှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရတယ် ။ အစိုးရက ဘတ်ဂျတ်တွေ solar ပြားတွေကို ကြံ့ခိုင်ရေးပါတီကနေတဆင့် ပြည်သူတွေကို သွားပေးခိုင်တယ် ။ ကြံ့ခိုင်ရေးပါတီက သူတို့ပါတီက ပေးတယ်လို့ ပြောပြီး ပြည်သူတွေကိုပေးတယ် ။ ဒါကြောင့် ဒီကျေးဇူးကို မမေ့နဲ့ ၊ နောက်ရွေးကောက်ပွဲကျရင် သူတို့ကို မဲပေးရမယ်လို့ ပြောထားတယ် ။ ပြည်သူတွေက မသိနားမလည် တော့ ကြံ့ခိုင်ရေးပါတီကိုဘဲ မဲပေးမယ်လို့ ပြောတဲ့သူလည်းရှိတယ် ။  ကျားဖြူပါတီက ဘာမှလာမကူဘူး ၊ ကြံ့ခိုင်ရေးပါတီက လာကူတယ်လို့ ပြောတဲ့သူတွေလည်းရှိတယ် ။  ဒါတွေကိုလည်း သူတို့နားလည်အောင် ရှင်းပြရတာပေါ့နော် ။


မေး ။    ။ ဘယ်ပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာလဲ ။


ဖြေ ။    ။ ကျားခေါင်းပါတီ ၊ ကြံ့ခိုင်ရေးပါတီ ၊ NLD ပါတီ ၊ အခါရိုးရာပါတီနဲ့ လားဟူရိုးရာပါတီပါ ။


မေး ။      ။ ရွေးကောက်ပွဲ အနိုင်ရရင် ပြည်သူတွေကို ဘာလုပ်ပေးမှာလဲ ။


ဖြေ ။    ။ ဒါက မိဘပြည်သူတွေအပေါ် မူတည်ပါတယ် ။ မိဘပြည်သူတွေက ကျမကို ကြိုက်လို့ မဲပေးလို့ အနိုင် ရခဲ့ရင် မိဘပြည်သူတွေရဲ့ ဆန္ဒကို မေးမှာပါ။ သူတို့ဘာဖြစ်တယ် ၊ ဘာလုပ်ချင်တယ်ဆိုတာ ။ မိဘပြည်သူတွေ ပြောတဲ့အတိုင်း လိုက်လုပ်မှာပါ ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေကို ကိုယ်စားပြုနိုင်ရမယ်လို့ ကျမ သဘောပေါက်ပါတယ် ။ ခံယူထားပါတယ် ။


မေး ။    ။ နိုင်ငံရေးမှာ အမျိုးသမီးအင်အား ဘာကြောင့် အားနည်းနေရတာလဲ ။


မေး ။    ။ အမျိုးသမီးတွေက အိမ်မှုကိစ္စလည်း လုပ်ရတယ် ။ ကလေးတွေကိုလည်း ထိန်းကျောင်းပေးရတယ်။ ဒါကြောင့် အချိန်မပေးနိုင်ကြဘူးလို့ ကျမတော့ မြင်တယ် ။ ကျမရဲ့အမျိုးသားက သဘောပေါက်နားလည်ပေး တော့ အတူတူ အလုပ်လုပ်နိုင်တာပေါ့နော် ။ ကျမအမျိုးသားလည်း ကူညီနိုင်သလောက်ကူညီတယ် ။ တကယ့်ကို စိတ်အားမထက်သန်ရင် အချိန်ပေးနိုင်မှာမဟုတ်ဘူး ။ ကျမတော့ ပြည်သူတွေအတွက်လုပ်ပေး ချင်လို့ ကလေး သုံးယောက်ကို တူ / တူမတွေနဲ့ ကြည့်ထားခိုင်းတယ် ။ စည်းရုံးရေးထွက်တဲ့အခါ ။ ကလေးတွေကိုတော့ သနားပါ တယ် ။ ဒါပေမဲ့ အခုလိုမျိုးမှာ မကူညီရင် ဘယ်အချိန်မှ သွားကူမှာလဲပေါ့နော် ။ ရွေးကောက်ပွဲပြီးနောက် အရမ်း ကူညီချင်ပါတယ်လို့ပြောလည်း ကူညီနိုင်မှာ မဟုတ်ဘူး ။ အနိုင်ရရင်လည်း မိဘပြည်သူတွေကို ကူညီနိုင်မယ် ။ “အမျိုးသမီးဖြစ်ပြီး နိုင်ငံရေးထဲဝင်တယ် ။ နောက်ရွေးကောက်ပွဲလည်း ယှဉ်ပြိုင်အုံးမယ်တဲ့ ။ မနေတတ် မထိုင် တတ် ” လို့ဆိုပြီး ကျမကို ပြောကြတဲ့သူတွေလည်း ရှိတယ် ။ ဘယ်သူတွေဘာပြောပြော ကျမကတော့ အမျိုးသမီးအရေး အရမ်းကူညီချင်လို့ ကိုယ့်ရဲ့အလုပ်တွေကို ပစ်ထားပြီး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရ တာပါ ။ 


မေး ။    ။ နိုင်ငံရေးမှာ အမျိုးသမီးတွေ များများပါဝင်လာအောင် ဘယ်လိုတိုက်တွန်းချင်ပါသလဲ ။


ဖြေ ။    ။ နိုင်ငံရေးမှာ အမျိုးသမီးတွေလည်း အကျိုးရှိပါတယ်လို့ ။ အမျိုးသားတွေဘဲ လုပ်နိုင်တာ မဟုတ်ဘူး ။ အရည်အချင်းရှိရင် အမျိုးသမီးတွေလည်း ဘယ်နေရာမဆို ဘယ်အလုပ်မဆို လုပ်နိုင်ပါတယ်လို့  တိုက်တွန်း ချင်ပါတယ် ။


မေး ။    ။ နောက်ဆုံးအနေနဲ့ ဘာများ ပြောကြားချင်ပါသလဲ ။


ဖြေ ။    ။ ကျမ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်တာ အာဏာရချင်တာ မဟုတ်ပါဘူး ။ အမျိုးသမီးကိစ္စတွေကို ဆွေးနွေးတိုင်ပင်နိုင်အောင်လို့ပါ ။ အမျိုးသမီးကိစ္စကို အမျိုးသားတွေဆီ သွားပြောရမှာ ရှက်ကြတယ်လေ ။ ဒီအတိုင်းထားလိုက်ရင် ရှေ့ဆက်အနိုင်ကျင့်ခံနေရမှာ စိုးလို့ပါ ။ နားမလည်လို့ ကျမကို ပြောတဲ့သူတွေကို ရှင်းပြချင်ပါတယ် ။


အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်လောင်းများ စည်းရုံးရေး ပြန်ဆင်းနိုင်ပြီဟု RCSS ထုတ်ပြန်

Posted: 02 Oct 2015 02:24 AM PDT

RCSS/SSA သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ ၁၆ ခု အတွင်းဖြစ်ပွားသော တိုက်ပွဲ ကြောင့် လုံခြုံရေးအတွက် စည်းရုံးရေးဆင်းရန် ယာယီပိတ်ထားသော နယ်မြေ ၁၆ ခုအား အောက်တိုဘာ ၁ ရက်နေ့မှ၍ စည်းရုံးရေးပြန်လည် ဆင်းနိုင်ပြီဖြစ်သည်ဟု ထုတ်ပြန် ကြေငြာချက်တစောင် ထပ်မံထုတ်ပြန် ထားသည် ။


ထုတ်ပြန်ကြေငြာချက်ပါ အချက်အနက် ၂၀၁၅ စက်တင်ဘာ ၃၀ ရက်နေ့တွင် ခိုလမ်မြို့ နယ် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဆက်ဆံရေးရုံးတာဝန်ခံ နှင့် ခိုလမ်အခြေစိုက် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း နှင့် ကွန်ဟိန်းမြို့၌ တွေ့ဆုံ ခဲ့ကြောင်း ၊ တိုက်ပွဲများ ထပ်မံမပေါ်ပေါက် စေရေးအတွက် တပ်မတော် စစ်ကြောင်းများကို ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း ၊ ဖြစ်ပွားနေသည့် ပြဿနာများအား ငြိမ်းချမ်းစွာ ဆွေးနွေး ဖြေရှင်း သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဝင်းမင်းထွန်းမှ ကတိပြုခဲ့သည်ဟု ထုတ်ပြန်ကြေငြာ ချက် တွင်ပါရှိသည် ။


ထို့ကြောင့် ရလခ တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်း တရားဝင်ဆွေးနွေး ပြောကြားသည့် ကတိကဝတ်များအတိုင်း တပ်မတော် စစ်ကြောင်းများ လိုက်နာဆောင်ရွက်မည်ဟု ယုံကြည်သောကြောင့် RCSS/SSA ထိန်းချုပ်နယ်မြေများ အတွင်း နိုင်ငံရေးပါတီများ ပါတီစည်းရုံးရေး နှင့် မဲဆွယ်ရေးလုပ်ငန်းများအား လုပ်ဆောင်မည်ဆိုပါက RCSS/SSA ၏ သက်ဆိုင်ရာ ဆက်ဆံရေးရုံးတာဝန်ခံများထံ အသိပေးကာ လွတ်လပ်စွာ စည်းရုံးရေး ပြန်လည်လုပ်ဆောင်နိုင်ကြောင်း ထုတ်ပြန်ထားသည် ။



လွယ်လင်ဒေသခံများ ပြောကြားအချက် သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် တောင် ဘက်ခြမ်းတွင် RCSS/SSA နှင့် အစိုးရတပ်မတော်အကြား စစ်ရေးတင်းမာနေသေးကြောင်း ၊ သျှမ်းပြည်တပ်မတော် အခြေချ စစ်ကြောင်းများ တပ်ဖွဲ့များ အား အစိုးရတပ်မတော် တပ်ရင်း ၁၀ ထက်မနည်း စစ်ကြောင်းများခွဲကာ ပိုက်စိတ်တိုက် လိုက်လံရှာဖွေနေကြောင်း ၊ စက်တင်ဘာ ၂၉ ရက် ည ၈ နာရီ ဝန်းကျင်အချိန်တွင် လွယ်လင်မြို့တောင်ဘက် ကွတ်ချိုးကျေးရွာအနီး နှစ်ဘက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားနေသေးကြောင်း - ဟု အမည်မဖေါ်လိုသည့် ကျေးရွာအုပ်စုမှူး အကြီးအကဲ တဦးက ပြောသည် ။


အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ သော်လည်းကောင်း ၊ ထုတ်ပြန်ကြေငြာချက်နှင့် ပတ်သက်၍ သော်လည်းကောင်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ်များထက် ဆက်သွယ်ရန်ကြိုး ပမ်းသော်လည်း အခွင့်မကြုံခဲ့ပေ ။


ဖြစ်ပွားနေသောတိုက်ပွဲကြောင့် တတိုင်းပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် လက် မှတ်ရေးထိုးရေး အတွက် သျှမ်းပြည်တပ်မတော်မှ လက်မှတ်ထိုးမည် မထိုးမည် ယတ်တိ ပြတ် ပြောဆိုအတည်ပြုခြင်းမရှိပေ ။


NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုလက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီဟု RCSS/SSA နှင့် ကရင်လက်နက် ကိုင်တပ်ဖွဲ့ များဖြစ်ကြာသည့် KNU, DKBA, KNU/KNLA-PC တို့  ဩဂုတ် ၁၆ ရက်နေ့ ရက်စွဲဖြင့်ပူးတွဲကြေငြာ ချက်ထုတ်ပြန်ထားသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 3, 2015, 4:32:21 PM10/3/15
to thuau...@gmail.com

သျှမ်းပြည်မှာ ဘယ်ပါတီက အားကောင်းနေပါလိမ့်

Posted: 03 Oct 2015 10:49 AM PDT

ပြည်ထောင်စု မြန်မာနိုင်ငံ တဝှမ်းမှာ ၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီ ၉၀ ကျော်အနက် သျှမ်းပြည်မှာ ပါတီပေါင်း ၂၉ ခု ကိုယ်စားလှယ်လောင်း ၈၆၇ ဦးက ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ် ။ ဒီ့အတွက်ဘယ်ပါတီတွေက အဓိကပြိုင်ဘက် တွေဖြစ်နေပါသလဲ ။ ဘယ်ပါတီက အားကောင်းနေပါသလဲ ဆိုတာကို သျှမ်းသံတော်ဆင့်က စိုင်းဟတ် က ဆဲန်ပိုင်း သျှမ်းသတင်းဂျာနယ်တိုက် အယ်ဒီတာ ဆရာစိုင်းဇင့်ကို ဆက်သွယ်မေးမြန်းထား ပါတယ် ။


မေ ။    ။ သျှမ်းပြည်နယ်အတွင်းမှာ ယှဉ်ပြိုင်မယ့် ပါတီတွေအနက် အဓိကအားပြိုင်မယ့် ပါတီတွေက ဘယ်ပါတီတွေရှိ မလဲခင်ဗျ ။


ဖြေ ။    ။ အဓိကအားပြိုင်မှာကတော့ ကြံ့ခိုင်ရေးပါတီရယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရယ် ၊ နောက်ပြီးတော့ သျှမ်းပါတီ ၂ ပါတီဖြစ်တဲ့ ကျားခေါင်းပါတီနဲ့ ကျားဖြူပါတီ ဒီ ၄ ပါတီကတော့အဓိက ပြိုင်ဘက်တွေဖြစ်ပါတယ် ။ ဒါကတော့တပြည်လုံး အတိုင်းအတာနဲ့ ပြောတာပါ ။ တချို့နေရာတွေမှာကတော့ ဥပမာ သျှမ်းပြည်တောင်ပိုင်း မှာပအိုဝ်းဒေသဆိုရင် ပအိုဝ်းပါတီတွေ အင်အားကောင်းတဲ့ပါတီတွေလည်းရှိနိုင်တယ် ၊ အဲဒီတော့တချို့နေရာ တွေမှာလည်းခြုံပြီး ပြောလို့တော့မရဘူး ပေါ့လေ ။


မေး ။    ။ အဲဒီတော့ဆရာ့အနေနဲ့ သျှမ်းလူထုက ဘယ်ပါတီကို ပိုပြီးတော့ ထောက်ခံအားပေးတယ် လို့မြင်မိလဲခင်ဗျ ။


ဖြေ ။    ။ တိတိကျကျတော့ စစ်တမ်းကောက်ယူထားတာ တော့မရှိပါဘူး ။ ကျနော်တို့သတင်းတွေရ ယူနိုင် သလောက် နေရာဒေသတချို့ဆိုရင်ကျားဖြူက အားကောင်းတယ် ။ တချို့မြို့နယ်မှာလည်းကျားခေါင်းက အားသာတာလည်းရှိနိုင်ပါတယ် ။ ရာခိုင်နှုန်းအရကြည့်မယ်ဆိုရင်ကျားခေါင်းဘက်က နဲနဲသာမယ်လို့ ကျနော် တို့ထင်ပါတယ် ။


မေး ။    ။ လာမယ့်ရွေးကောက်ပွဲမှာ လူထုစိတ်ဝင်စားမှု ဘယ်လောက်အထိ ရှိပါသလဲ ခင်ဗျ ။


ဖြေ ။    ။ ၂၀၁၀ ထက်စာရင်တော့ လူထုစိတ်ဝင်စားမှု ပိုများမယ်လို့ တော့မြင်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ တုန်းက မဲပေးဖို့တောင်မှ မနည်းစည်းရုံးနေရတယ်လေ ။ အခုချိန်မှာတော့ မဲပေးမှုအရင်က ထက်ပိုများ မယ်လို့ထင်ပါတယ် ။


မေး ။    ။ သျှမ်းပြည်မှာ စစ်ဘေးဒဏ်မှာ ခံနေရတာတွေလည်း အများကြီးရှိနေသေးတယ် ။ အဲတာ ကြောင့် စည်းရုံးရေးမဆင်းရ ယာယီပိတ်ပင်ထားတာလည်း ရှိနေတော့ ဘယ်လိုအခြေအနေ ဆက်ရှိလာနိုင်မလဲ ။


ဖြေ ။    ။ အခုလို ကချင်မှာရော သျှမ်းပြည်မှာရောဘဲ တိုက်ပွဲတွေ ဖြစ်နေတဲ့အပေါ် ရွေးကောက်ပွဲကိုတော့ အနည်းနဲ့အများ ထိခိုက်စေမှာ အမှန်ပါဘဲ ။ ဥပမာ တောအရပ်ဒေသတွေမှာ နေထိုင်တဲ့မဲဆန္ဒရှင်တွေ မဲပေးဖို့ အတွက်နဲနဲတော့ ဒုက္ခရောက်တာပေါ့ ။ ဖြစ်နိုင်ရင်တော့ ၂ ဦး ၂ ဖက်လုံးက ဒီရွေးကောက်ပွဲမတိုင်ခင်မှာ တိုက်ပွဲ တွေ မရှိဖို့ သတိထားသင့်ပါတယ် ။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးမှုတွေကို မတားသင့်ဘူး လို့ကျနော်တို့ ယူဆပါတယ် ။


မေး ။    ။ အခုလိုတားမြစ်တဲ့အတွက် ဘယ်သူတွေက ပိုနစ်နာမယ်လို့ ထင်ပါသလဲ ။


ဖြေ ။    ။ တိုင်းရင်းသား ပါတီတွေဘက်က ပိုနစ်နာမယ်လို့တော့ ထင်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ မြို့ပေါ် က လူတွေက မဲပေးမှုရမယ် လွတ်လပ်စွာ စည်းရုံးမှုရမယ် ။ သျှမ်းပြည်မှာက မြို့ပေါ်မှာဆိုရင် တိုင်းရင်းသားလူမျိုး ပေါင်းစုံရောပြီးနေထိုင်ပါတယ် ။ ဥပမာ လားရှိုး တောင်ကြီး ကျိုင်းတုံတို့လိုပေါ့ ။ အဲဒီတော့ ပြည်ခိုင်ဖြိုးလိုမျိုး အဲန်အယ်ဒီလိုမျိုးပါတီတွေက နိုင်ဖို့အလားအလာရှိပါတယ် ။ ဥပမာနယ်မြို့တွေဆိုရင် လားရှိုးလိုမျိုးဆိုရင် နယ်တွေ ရွာတွေမှာဆိုရင်  တိုင်းရင်းသားပါတီတွေ ဥပမာ သျှမ်းပါတီတွေအင်အားကောင်းတယ် ။  အဲတာကြောင့် ရွာတွေမှာစည်းရုံးရေးမဆင်းအောင် မဲမပေးအောင်လုပ်တာတို့ဆိုရင် တော့ တိုင်းရင်းသားပါတီ တွေကိုအဓိက ထိခိုက်ပါတယ် ။


မေး ။    ။ ဒါကြောင့် ဒီလာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဆရာဘာများ ပြောလိုပါသလဲ ။


ဖြေ ။    ။ လာမယ့်ရွေးကောက်ပွဲမှာ အဓိကအားဖြင့် လက်နက်ကိုင်တွေ တိုင်းရင်းသားဘက်ကကော အစိုးရ ဘက်ကကော ပြည်သူ့စစ်တွေကော ဘက်မလိုက်ဘဲနဲ့ ပြည်သူလူထုကို ခြိမ်းမခြောက်ဘဲနဲ့ ရွေးကောက်ပွဲကြီး အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ သျှမ်းပြည်နယ်အတွက် အဓိကလိုအပ်တယ်လို့ မြင်ပါတယ် ။


ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ။


သျှမ်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆဲန်ပိုင်းဂျာနယ်ဟာ သျှမ်းပြည်နယ်နဲ့ သျှမ်းလူမျိုးတွေရှိရာ ဒေသတွေမှာ တလနှစ်ကြိမ် ၊ တကြိမ် စောင်ရေရှစ်ထောင်ကနေ တစ်သောင်းအထိ ထုတ်ဝေတဲ့ ရန်ကုန်မြို့ အခြေစိုက် တခုတည်းသော သျှမ်းဂျာနယ်တိုက် ဖြစ်ပါတယ် ။

NCA ထိုးခွဲလိုက်သည့် UNFC နှင့် SD တို့၏ စုစည်းအား

Posted: 02 Oct 2015 09:53 PM PDT

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်NCAကို လက်မှတ်ရေးထိုးခြင်း ၊ မရေးထိုးခြင်းအပေါ် သဘောထားအမြင်ချင်း ကွဲပြားခြားနားသဖြင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတို့၏ ဥသျှောင်သဖွယ်ဖြစ်သည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ မဟာမိတ်အဖွဲ့ဝင်များအကြား အက်ကြောင်းများ ၊ အကွဲအပြဲများ ဖြစ်ပေါ်စေခဲ့၏ ။ ထိုးမည့်အဖွဲ့နှင့် မထိုးမည့်အဖွဲ့ဟူ၍ နှစ်ခြမ်းကွဲသွား၏ ။ UNFC နှင့် SD တို့၏စုစည်းအားကို NCA က ထိုးခွဲလိုက်ခြင်းဖြစ်သဖြင့် တိုင်းရင်းသားတို့၏ အနာဂတ်နိုင်ငံရေး ၊ စစ်ရေးအတွက် ရင်လေးစရာဖြစ်၏ ။ ကွဲသွားသည့် စုစည်းအား ညီညွတ်အားကို မည်သူက အစေးကပ် ဂဟေဆော် ပြန်ဆက်ပေးမည်နည်း ။


ဤသို့ အကွဲအပြဲဇာတ်လမ်း ဖြစ်ပေါ်မည်ကို စိုးရိမ်၍ သြဂတ်စ်လတွင် စာရေးသူက "UNFC နှင့် SD တို့၏ စုစည်းအားကို မှတ်ကျောက်တင်ခံရမည့်အချိန် ရောက်ပြီ" ဆိုသည့် ဆောင်းပါဖြင့် သျှမ်းသံ တော်ဆင့်တွင် သတိပေးရေးခဲ့ဖူး၏ ။ (အကျယ်ကို http://www.burmese.panglong.org/2008-08-01-03-24-54/2008-08-01-03-23-29/5415-unfc-sd-.htmlတွင် ဖတ်ရှုနိုင်၏ ။)


အခုတော့ တိုင်းရင်းသားတို့၏ စုစည်းညီညွတ်အားသည် မှတ်ကျောက်တင်မခံနိုင်ဘဲ မိုးတိမ်လွှာကဲ့ သို့ လေတိုက်လျှင် လွှင့်ပြယ်ပျောက်ကွယ်သွားသည်ကို ဝမ်းနည်းဖွယ် မြင်တွေ့ရ၏ ။ အဘယ်ကြောင့် တိုင်းရင်းသားတို့၏ စုစည်းအား အစိတ်စိတ် အမွှာအမွှာ ဖြစ်သွားခဲ့သည်ကို တူးဆွကြည့်သင့်၏ ။


ကိုးကြိမ်မြောက် NCA ဆွေးနွေးပွဲတွင် စာချုပ်ကို အချောသတ်နိုင်ခဲ့သော်လည်း စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား အဖွဲ့အစည်း အရေအတွက် နှင့် ပတ်သက်၍ နှစ်ဘက် စလုံး ညှိမရနိုင်သဖြင့်  လက်မှတ်ရေးထိုးရေးကိစ္စ နှေင့်နှေးကြန့်ကြာခဲ့ကြောင်း သိရ၏ ။ ဤအချက် ကို နှစ်ဘက်ထိပ်သီးခေါင်းဆောင်များ စက်တင်ဘာ ၉ ရက်နေ့၌ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီး အပြီးသတ် ဆုံးဖြတ် ပေးရန် ဆောင်ရွက်ခဲ့သော်လည်း အထမမြှောက်ခဲ့ပေ ။


ရက္ခိုင့်တပ်မတော် (AA) ၊ ရခိုင် အမျိုးသားကောင်စီ (ANC) ၊ လားဟူဒီမိုကရက်တစ် ယူနီယံ(LDU) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် − ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) / တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ဝအမျိုးသား အဖွဲ့ချုပ် (WNO) တို့ကို NCA တွင် လက်မှတ်ရေးထိုးရန် အစိုးရက လက်မခံသဖြင့် လက်မှတ်ရေးထိုးရေးသည် ဆင်ကောင်ကြီး အမြီးကျမှတစ်သလို ဖြစ်သွားခဲ့၏ ။


စက်တင်ဘာလ ၉ ရက် နေပြည်တော်ဆွေးနွေးပွဲတွင် အစိုးရဘက်မှ လက်မှတ်ရေးထိုးခြင်းကို စက် တင်ဘာလ ၂၉ ရက်တွင် ကျင်းပရန် အဆိုပြုသော်လည်း တိုင်းရင်းသားများဘက်က အောက်တို ဘာလလယ်တွင် ရေးထိုးရန် ပြန်လည်အဆိုပြုခဲ့ကြောင်းသိရ၏ ။


သို့အတွက်ကြောင့် NCA လက်မှတ်ထိုးခြင်း မထိုးခြင်းနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတို့အတွက် နောက်ဆုံးအပြီးသတ် ဆုံးဖြတ်ချက်ပေးနိုင်ရန် ယင်းတို့၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကြီးကို ချင်းမိုင်တွင် စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့၏ ။ ဤအစည်းအဝေးသို့ UNFC နှင့် SD တို့၏ အဖွဲ့ဝင်များ အပြင် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် − မိုင်းလားအဖွဲ့ (NDAA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ပါ တက်ရောက်သဖြင့် အစည်းအဝေးတက် ရောက်သည့် အဖွဲ့ပေါင်း ၁၉ ဖွဲ့ဖြစ်သွား၏ ။ ကျန်နှစ်ဖွဲ့ဖြစ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့ကတော့ ပါဝင် တက်ရောက်ခြင်း မရှိချေ ။ အဖွဲ့အစည်းတိုင်း၏ ထိပ်သီးခေါင်ဆောင်များလည်း စုံစုံလင်လင် တက် ရောက်သည်ကို တွေ့ရှိရ၏ ။


အစည်းအဝေးတွင် NCA ထိုးရေးမထိုးရေးနှင့် ပတ်သက်၍ အကြီးအကျယ် ၊ အခြေအတင် ၊ အငြင်း အခုံ ၊ ရှုထောင့်ပေါင်းစုံဖြင့် အဖွဲ့အစည်းအသီးသီးက တင်ပြဆွေးနွေးခဲ့ကြ၏ ။ နောက်ဆုံး၌ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတို့အတွင်းတွင် လတ်တလော NCA လက်မှတ်ရေးထိုးနိုင်သည့် အဖွဲ့အစည်းများနှင့် လတ်တလော NCA လက်မှတ်မထိုးနိုင်သေးသည့် အဖွဲ့အစည်းများ ဟူ၍ ကွဲပြားနေခြင်းသည် သက်ဆိုင်ရာ အဖွဲ့အစည်းတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ဖြစ်သည့်အတွက် အစည်းအဝေး ကျင်းပရေးကော်မတီအနေနှင့်ရော အစည်းအ ဝေး သဘာပတိအဖွဲ့ဝင်များ အနေဖြင့်ပါ ဤကွဲပြားချက်ကို မလွဲမရှောင်သာ အသိ အမှတ်ပြုခဲ့ရ၏ ။ သဘောတူခဲ့ရ၏ ။


NCAလက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ထိပ်သီးအစည်းအဝေးတက်ရောက်သည့် အဖွဲ့အစည်း ၁၉ဖွဲ့အနက် လတ်တလော ထိုးရန် ဆုံးဖြတ်သည့် အဖွဲ့များမှာ ၇ဖွဲ့ရှိပြီး လတ်တလောမထိုးနိုင် သေးဟု ဆုံးဖြတ်သည့် အဖွဲ့များမှာ ၁၁ ဖွဲ့ရှိသည်ဟု သိရ၏ ။ RCSS အနေဖြင့်မူ ဆုံးဖြတ်ချက်ပါမလာကြောင်းသာ အစည်းအဝေးတွင် တင်ပြသွားခဲ့၏ ။


လတ်တလော ထိုးရန် ဆုံးဖြတ်သည့် အဖွဲ့များမှာ ၇ဖွဲ့ကိုလေ့လာကြည့်လျှင် ရခိုင် လွတ်မြောက်ရေးပါတီ (ALP) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ KNU/KNLA-PC နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)တို့ဖြစ်ကြသည်ကို တွေ့ရ၏ ။


လတ်တလောမထိုးနိုင် သေးဟု ဆုံးဖြတ်သည့် အဖွဲ့ ၁၁ဖွဲ့မှာ ရက္ခိုင့်တပ်မတော် (AA) ရခိုင် အမျိုးသားကောင်စီ (ANC) ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၊ လားဟူဒီမိုကရက်တစ်ယူနီယံ (LDU) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် − ကိုးကန့်အဖွဲ့ (MNDAA) ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် − မိုင်းလားအဖွဲ့ (NDAA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) / တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ သျှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) နှင့်  ဝ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ဖြစ်ကြောင်း သိရ၏ ။


ကိုင်း…သည်လောက်ဆိုလျှင် NCA ကြောင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတို့အကြား အတိအလင်း နှစ်ခြမ်းကွဲသွားခြင်းသည် လူသိရှင်ကြား ကမ္ဘာသိ မြန်မာသိ တိုင်းရင်းသားသိ ဖြစ်သွားကြကြောင်းကို သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများက လက်ခံရမည်သာ ဖြစ်၏ ။


ဘာကြောင့် ဤသို့ဖြစ်ရသနည်း လေ့လာဆန်းစစ်ကြည့်လျှင် အချက်ပေါင်းများစွာ ရှိသည်ကို တွေ့ရှိရ၏ ။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မတူညီသည့် ရည်မှန်းချက် ၊ ရပ်တည်ချက်များရှိခြင်း ၊ အားလုံးဘုံအကျိုးထက် မိမိအဖွဲ့အစည်း အကျိုးကိုသာ ရှေ့တန်းတင် ဦးစားပေး၍ ကိုယ်လွတ်ရုန်းခြင်း ၊ အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားသည့် အဖွဲ့များနှင့်  လက်တွေ့ဆန်သည့် ထိုးနိုင်သော အဖွဲ့များသာ ပါဝင်ရေးမူကို စွဲကိုင်ထားသည့် အဖွဲ့များကြား အပေးအယူ အလျှော့အတင်း မလုပ်နိုင်ခြင်း ၊ လက်ရှိအစိုးရ လက်ထက်တွင် ထိုးချင် သည့်အဖွဲ့များနှင့် နောင်တက်လာမည့် အစိုးရအဖွဲ့သစ် လက်ထက်ကျမှ ထိုးချင်သည့် အဖွဲ့များအ ကြား ဆန္ဒလွန်ဆွဲပွဲ သုံးလွန်းတင်ကြိုးကြီး ပြတ်တောက်သွားခြင်း ၊ အဆောတလျင်ထိုးပြီး ရသလောက် ယူမည့် အဖွဲ့များနှင့် သေချာသည့်နိုင်ငံရေး ၊ စစ်ရေး အာမခံချက်ရမှ အချိန်ယူပြီး ထိုး မည့်အဖွဲ့များကြား အယူအဆများ ညှိနှိုင်းမရခြင်း စသည့် အချက်များသည် အဓိကအချက်များ ဖြစ်ကြမည်ထင်၏ ။


ဤကဲ့သို့ အရေးကြီး သေရေးရှင်ရေး ဖြစ်နေသည့်အချိန် ၊ တိုင်းရင်းသားတွေ တသွေး ၊ တသံ ၊ တသားတည်း၊ လက်ရည်တပြင်တည်း ဖြစ်ရမည့်အချိန်တွင် ထင်ထင်ရှားရှား ထက်ခြမ်းကွဲသွားသည့် တိုင်းရင်းသားတို့၏ ညီညွတ်မှု စုစည်းအားကို UNFC နှင့် SD တို့က ဘယ်ပုံဘယ်နည်းဖြင့် အစေးပြန်ကပ် ၊ ဂဟေဆော် ပြန်ဆက်စပ်ပေးမည်ကို လူထုအားလုံးက အလွန့်အလွန် သိချင်နေကြ၏ ။


NCA ထိုးမည့်အဖွဲ့နှင့် မထိုးမည့်အဖွဲ့များအကြား  ရှေ့လုပ်ငန်းကိစ္စအဝဝနှင့် ပတ်သက်ပြီး ရှေ့ဆက်မည်ကဲ့သို့ ပူပေါင်းချိတ်ဆက် ဆောင်ရွက်မည်နည်း၊ NCCT နှင့် SD တို့ အနာဂတ် အခန်း ကဏ္ဍတွေကရော ဘာတွေဖြစ်မည်နည်း ၊ ဖျက်သိမ်းမလား ၊ ဆက်လက်ထားရှိမလား ဆိုသည်ကို အားလုံးက သိချင်နေကြ၏ ။ 


တိုင်းရင်းသားတို့၏ စုစည်းအားကို ပြန်လည်မတည်ဆောက်နိုင်ပါက ဘုံရန်သူကို လက်တွဲပူးပေါင်း တိုက်ခိုက်မည်မဆိုထားနှင့် မိမိတို့ အချင်းချင်းအပြန်အလှန် မတိုက်ခိုက်မိရလေအောင် မနည်း ကိုင်တွယ် လုပ်ဆောင်ရမည် ထင်၏ ။ အစိုးရက တိုင်းရင်းသားများအား တစ်ဖွဲ့ချင်း ဖဲ့ထုတ် ၊ ဆွဲထုတ်၊ ခွဲထုတ် လုပ်နေခြင်းသည် သူ့အလုပ်သူပုံမှန် လုပ်နေခြင်းဖြစ်၏ ။ တိုင်းရင်းသားများကသာ မည်ကဲ့သို့ တန်ပြန်ကာကွယ်ခုခံရမည်ကို နည်းလမ်းအဆင့်သင့်ရှာထားရမည်ဖြစ်၏ ။ သို့မဟုတ်ပါက ဓာတ်ပြားဟောင်း သမိုင်းဘီးသည် တစ်ပတ်ပြီးတစ်ပတ် ပြန်လည်လာမည်ဖြစ်၏ ။


မည်သို့ပင်ဖြစ်ဖြစ်၊ NCA က ထိုးခွဲလိုက်သည့် တိုင်းရင်းသားတို့၏ ညီညွတ်မှု စုစည်းအား တဖြစ်လဲ UNFC နှင့် SD တို့၏ စုစည်းအားကို ရွှေရည်စိမ် အတုအယောင် စုစည်းအားဟု သမိုင်းတွင် အပြောမခံရလေအောင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံးက  တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး အကျိုးအတွက် မိမိတို့အချင်းချင်းကြား နားလည်မှု ၊ ယုံကြည်မှု ၊ အပြန်အလှန်အသိအမှတ်ပြုမှု ၊  ပူးပေါင်းဆောင်ရွက်မှု ၊ ခွင့်လွှတ်မှုနှင့် စိတ်ရှည်သည်းခံ မှု တို့ဖြင့် တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေးအား အဆောတလျင် ဆောင်ရွက်နိုင်ပါစေဟု ဆုတောင်းပေး၏။
စစ်မင်း


၂၀၁၅ ခုနှစ် ၊  အောက်တိုဘာလ ၂ ရက်

သျှမ်းသံတော်ဆင့်

unread,
Oct 4, 2015, 4:12:38 PM10/4/15
to thuau...@gmail.com

တောင်ကြီးမြို့နယ် SNLD ရုံးဆိုင်းဘုတ်တင်ပွဲ RCSS/SSA တပ်ဖွဲ့ တက်ရောက်အားပေး

Posted: 04 Oct 2015 07:35 AM PDT

တောင်ကြီးမြို့နယ် နန်းဟောင်းမွေတော် ကျေးရွာတွင်  အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပခဲ့သော SNLD ကျားခေါင်းပါတီ၏ ဆိုင်းဘုတ်တင်ပွဲသို့ ဒေသအတွင်း လှုပ်ရှားနေသည့် RCSS/SSA သျှမ်းပြည် တပ်မတော်မှ တပ်ဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြောင်း သိရသည် ။


“ တပ်ဖွဲ့ဝင် ၅၀ လောက်ရှိတယ် ရောက်လာကြတာ ။ အားလုံး နွေးနွေး ထွေးထွေးပါပဲ ။ အခမ်းအနားပြီးမှ ပြန်သွားကြတယ် ။ တွေ့ရလိမ့်မယ်လို့တောင် မမျှော်လင့်မိဘူး ။ တွေ့ရတော့လည်း ကိုယ့်တိုင်းရင်း သားအချင်းချင်းဆိုတော့ အတိုင်းမသိ ၀မ်းသာပါတယ် ။ ” -  ဟု တောင်ကြီးမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့်  ကျားခေါင်းပါတီ၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သူ နန်းမြဦးက ပြောသည် ။


ယခုကဲ့သို့ လာရောက်အားပေးမှုမှာ သျှမ်းပြည်နယ် တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင် မဲဆွယ် စည်းရုံးခွင့် ပြန်လည်ခွင့်ပြုကြောင်း RCSS/SSA မှ ကြေငြာပြီးသည့် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မဲဆွယ်စည်းရုံးမှုများကို လာရောက်အားပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည် ။


လွန်ခဲ့သည့် စက်တင်ဘာလအတွင်းက တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့အကြား သျှမ်းပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြို့နယ်အချို့ရှိ ကျေးရွာများတွင် မဲဆွယ်စည်းရုံးမှု ခေတ္တ ရပ်နားထားကြရန် RCSS/SSA မှ ကြေငြာချက် ထုတ်ပြန်ခဲ့သည် ။


ယင်းနောက်ပိုင်း အောက်တိုဘာလ ၁ ရက်နေ့မှစ၍ မဲဆွယ်စည်းရုံးရေးဆင်းမည့် ပါတီများအနေဖြင့် ဆက်ဆံရေးရုံးများတွင် အကြောင်းကြားပြီး စည်းရုံးရေးဆင်းကြရန် ဆိုသည့်အချက်ဖြင့် RCSS/SSA မှ အောက်တိုဘာလ ၁ ရက်နေ့တွင် မဲဆွယ်စည်းရုံးခွင့်  ပြန်လည် ခွင့်ပြုပေးခဲ့သည် ။


“ ကျမကတော့ ကိုယ်ကလည်း တိုင်းရင်းသား ဆိုတော့ မကြောက်ပါဘူး ။ တိုင်းရင်းသားအရေးနဲ့ ငြိမ်း ချမ်းရေးက တိုက်ရိုက်ဆက်နွယ် နေတယ် ။ တချို့ကလည်း ကျမပြိုင်မဲ့ နယ်မြေထဲမှာ သူတို့ ရှိနေ မှန်း တောင် သေချာ မသိဘူး ။ ဖေ့စ်ဘုခ်မှာ ပုံတွေ တင်လိုက်တော့ တချို့ကလည်း ၁၇ (၁) နဲ့ ညှိနိုင်တယ်လို့ သတိပေးတယ် ။ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီးမှ အဲဒီပုဒ်မနဲ့ ညှိစွန်း မယ်ဆိုရင်လည်း မတတ်နိုင်ပါဘူး ။ ကျမ ကလည်း တိုင်းရင်းသားအရေး လုပ်မဲ့ သူဆိုတော့လေ ” - ဟု နန်းမြဦးက ပြောပါသည် ။


အန်အယ်လ်ဒီပါတီ အပါအဝင် ပါတီအချို့မှ တိုင်းရင်းသား လက်နက်ကိုင်များအပါဝင် မတရားအသင်း များနှင့် ဆက်သွယ်မှု မပြုလုပ်ရန် တရားဝင် ကြေငြာချက် ထုတ်ပြန်ထားသည် ။


ယမန်နှစ်က ဖွဲ့စည်းထားသည့် သျှမ်းပြည်ညီညွှတ်ရေး ကော်မတီ CSSU တွင် ကျားခေါင်း SNLD အပြင် ကျားဖြူပါတီ SNDP ၊ သျှမ်းပြည်တပ်မတော် RCSS,  SSPP နှင့် ဆင်ကျော့ဌာနေပြည်သူ့စစ် တို့ ပါဝင်ပါသည် ။

၄၉ ကြိမ်မြောက် အာရှတံခွန်စိုက် ကာယမယ်ပြိုင်ပွဲ မြန်မာနိုင်ငံကိုယ်စားပြု သျှမ်းမလေးပထမဆုရ

Posted: 03 Oct 2015 09:46 PM PDT

ဥဇဘက်ကစ်စတန်နိုင်ငံတွင် ကျင်းပပြုလုပ်နေဆဲဖြစ်သော ၄၉ ကြိမ်မြောက် အာရှတံခွန်စိုက် ကာယ ဗလ နှင့် ကာယကြံ့ခိုင်မှု မယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၅ ဦးအနက် ယမန်နေ့အထိ ယှဉ်ပြိုင်ပွဲတွင် နန်းလောဝ်ခမ်း က ပထမရရှိကြောင်း သိရသည် ။


မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် ၅ ဦးအနက် ၆၀ ကီလိုဂရမ်ပြိုင်ပွဲတွင် ထွန်းမင်းက ဒုတိယရရှိခဲ့ကြောင်း သိရသည် ။


ပြိုင်ပွဲမှာ ၂၀၁၅ စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၅ ရက်နေ့ အထိကျင်းပနေခြင်း ဖြစ်ပါသည် ။


သွားရောက် ယှဉ်ပြိုင်သည့် မြန်မာနိုင်ငံ ကာယ ဗလအဖွဲ့ချုပ်မှ  အားကစား သမား ၅ ဦးမှာ ၁ - ထွန်းမင်း (၆၀ ကီလို) ၂ - စိုင်းချစ်ငွေ (၆၅ ကီလို) ၃ - ညီဖြူ (၇၀ ကီလို) ၄ - နန်းလောဝ်ခမ်း (၁၆၅ စင်တီမီတာအောက်) ၅ - ချယ်ရီမောင် (၁၆၅ စင်တီမီတာအောက်) တို့ ဖြစ်ပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 5, 2015, 4:17:31 PM10/5/15
to thuau...@gmail.com

သျှမ်းပြည်တပ်မတော် SSPP/SSA (ဝမ့်ဟိုင်း) ဌာနချုပ်အနီးသို့ အစိုးရတပ်များ ပိုများလာ

Posted: 05 Oct 2015 08:44 AM PDT

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်းဌာနချုပ် အနီးဝန်းကျင် ဒေသများ၌ အစိုးရတပ်များ ပိုမိုများပြားလာသည့်အတွက်  တိုက်ပွဲပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA တာ့ဖါဆောင်တံတားအား တိုက်ခိုက်ခြင်း တနှစ်ပြည့် လာသည့်ကာလ အတွင်း အစိုးရတပ်မတော် စစ်ကြောင်းများ ဝမ့်ဟိုင်းသို့ အသွားလမ်းခရီး၌ ဒေသခံများအားရှောင်တခင် စစ်ဆေးခြင်းများ ၊ အင်အားဖြည့် လှုပ်ရှားခြင်းများ ၊ တရက်ထက် တရက်ပိုမို များပြားလာနေ ကြောင်း ဌာနချုပ် အရာရှိများ ကပြောသည် ။


“ မိုင်းဇံဘက်က နေလာတဲ့တပ်က နမ့်မော်နုတ်တူ့ မှာ ၂၀၀ ကျော်၊ မိုင်းခန် မှာ ၁၀၀ ၊ နောင်ယာ့ဆိုင်း မှာ ၅၀ ခန့်၊ ပူးလိုင်း မှာ ၄၀ လောက် ထူးထူးခြားခြား လှုပ်ရှားလာနေတယ် ”- ဟု SSPP/SSA ပြောရေးဆို ခွင့် ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ ကပြောပါသည် ။


မိုင်းရယ်မြို့နယ် နှင့် ကျေးသီးမြို့နယ်ကြားရှိ နမ့်ပုတ် တပ်စခန်းတွင်မူ မိုင်းပန်မြို့အခြေစိုက် စကခ ၁၇ လက်အောက်ခံ ခမယ ၅၇၅ က လာရောက် အစားထိုးနေထိုင်ကြောင်းလည်း သိရသည် ။


ထို့အတူ အမည်မဖေါ်လိုသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးကလည်း ယနေ့မှာပင် လဲချားမြို့ နယ် အရှေ့မြောက်ဘက် စလိုင်းခုံ ၌ စစ်ကြောင်းတကြောင်း ၊ ကွန်ဟိန်း - ကာလိ ဘက်မှ အင်အား ၂၀၀ ကျော်ရှိ စစ်ကြောင်းတကြောင်း ဝမ့်ဟိုင်းဌာနချုပ်ဘက် ဦးတည်နေသည်ဟုလည်း သိရသည် ။


၂၀၁၄ အောက်တိုဘာ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏တာ့ဖါဆောင် တပ်စခန်း ၊ ကောင်းမဟင်တန် ၊ ကောင်းစဝ်မိန်း ၊ ကောင်းမုံမိန်း ၊ ကောင်းမိုက်ညောင် ၊ နမ့်ပုတ် စသည့် တပ်စခန်း များအား  စစ်အင်အား အလုံးအရင်းနှင့် တိုက်ခိုက်သည်မှာ တနှစ်ပြည့်သည့် အချိန်လည်း ဖြစ်သည် ။


စစ်ရေးလေ့လာသူ တော်လှန်ရေးသမားဟောင်း တဦးဖြစ်သည့် ဦးစိုင်းဆိုင် က - “ NCA လက်မှတ် ရေးထိုးရေး ကိစ္စနဲ့ ပဲဆိုင်တယ်ထင်တယ် ။ မထိုးတဲ့ အထဲမှာ SSA ဝမ့်ဟိုင်း လဲ ပါနေတော့ သူ့ ကို ဖိအားပေးဖို့ ဖြစ်နိုင်တယ် ။ တိုက်ချင်မှ တိုက်မှာပါ ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောဆိုသုံးသပ်ပါသည် ။


အားလုံးပါဝင်မှ လက်မှတ်ထိုးမည်ဆိုသည့် တပ်ဖွဲ့များသည် SSPP/SSA အပါအဝင် ကချင် KIA ၊ ကရင်နီ KNPP ၊ မွန် MNSP တို့ပါဝင်သည့် တပ်ဖွဲ့ ၁၀ ဖွဲ့ရှိသည် ။ ထို့အထဲတွင် မပါဝင်သည့် မိုင်းလား နှင့် ၀ တို့လည်း လက်မှတ်ရေးထိုးရေးအတွက် ငြင်းဆန်ထားသည့် တပ်ဖွဲ့များဖြစ်သည် ။


မည်သို့ပင်ဆိုစေ မြောက်ပိုင်းသျှမ်းပြည်တပ်မတော် အမည်ရ SSPP/SSA သည် ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက် က မြန်မာအစိုးရ နှင့် ပြည်နယ် (ပဏာမ)အဆင့် ၊ ပြည်ထောင်စု အဆင့် အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် အင်အားကြီး သျှမ်းလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည် ။


ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောက်စီ UNFC အဖွဲ့ဝင်ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် RCSS/SSA က တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးရန် အဆင်သင့်မဖြစ်သေးသည့် တပ်ဖွဲ့ ၁၀ ဖွဲ့တွင် ပါဝင်သည် ။

စားဝတ်နေရေးမပြေလည်ရင် ဘာလုပ်လို့ရမလဲ ( သျှမ်းလယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးက တသီးပုဂ္ဂလ ရွေးကောက် ပွဲဝင်မယ့် စိုင်းဆေဟန် (ခေါ်) စိုင်းစံထွန်းနဲ့ တွေ့ဆုံမေးမြန်းခန်း )

Posted: 05 Oct 2015 02:41 AM PDT

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်ထဲမှာ နေထိုင်တဲ့ ဒေသခံ တိုင်းရင်းသား အများစုဟာ ၀မ်းရေးအတွက် လယ်ယာလုပ်ငန်းကို အဓိက ထား လုပ်ကိုင်စားသောက် လာကြတာ ယခင်ကတည်း ကဘဲဖြစ် ပါတယ် ။ ဒါပေမယ့် ၁၉၉၀ နောက်ပိုင်း နိုင်ငံရေး စစ်ရေးအပြင် ရာသီဥတုဒဏ်ကြောင့် လယ်ယာလုပ်ငန်းဟာ တနှစ်ထက် တနှစ်အရှုံးပေါ် နေတာဘဲလို့ ဆိုပါတယ် ။ တောင်သူလယ်သမားတွေရဲ့ အခက်အခဲ တွေကို ကူညီဖြေရှင်းနိုင်ဖို့နဲ့ ရ သင့်တဲ့အခွင့်အရေးတွေကို ကူညီတောင်းဆို နိုင်ဖို့အတွက် လင်းခေးမြို့ဒေ သခံ စိုင်းဆေဟန် (ခေါ်) စိုင်းစံထွန်း သျှမ်းလယ်ယာစိုက်ပျိုးမှုဖွံ့ဖြိုးတိုး တက်ရေးက တသီးပုဂ္ဂလအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ် ။ သျှမ်းသံတော်ဆင့်ကနေ ဆက်သွယ် မေးမြန်းထားပါတယ် ။

မေး ။    ။ ဘယ်နေရာကနေ ၀င်ရောက် ယှဉ်ပြိုင်မလဲရှင့် ။


ဖြေ ။    ။ ပြည်နယ် အမှတ် ၁ ။ လင်းခေးမြို့နယ်ပါ ။


မေး ။    ။ ကိုယ်ရေးအကျဉ်း တချက်လောက် ပြောပြပေးပါလား ။


ဖြေ ။    ။ ကျနော် တောင်သူလယ်သမား အရေးကို လှုပ်ရှားခဲ့သူတဦးဖြစ် ပါတယ် ။ အခုဆိုရင် လယ်ယာ လုပ်ငန်းကနေ လယ်သမားတွေ အကျိုး အမြတ်သိပ်မရှိ တော့တာကြောင့် ကျနော့ဘက်က ကူနိုင် သလောက် ကူညီဆောင်ရွက်သွားဖို့ ရွေးကောက်ပွဲ ဝင်ရတာဖြစ်ပါတယ် ။ ကျနော် လင်းခေးမြို့ အထက ကျောင်းမှာ ၁၀ တန်းအောင်မြင်ခဲ့သူ ဖြစ်ပါတယ် ။


မေး ။    ။ ဘာကြောင့် တသီးပုဂ္ဂလ အနေနဲ့ဝင်ပြိုင်ဖို့ ဆုံးဖြတ်တာလဲ ။ ဘာကြောင့် သျှမ်းပါတီတခုခုထဲ မဝင်တာလဲ ။


ဖြေ ။    ။ သျှမ်းပါတီက များတယ်လေ ။ တကယ်လို့ ပါတီထဲဝင်ပြီးယှဉ် လို့နိုင်ခဲ့ ရင်တောင်မှ တောင်သူ လယ်သမားအတွက် ဦးစားပေး လုပ်ပေးရ ဖွယ်မရှိ လို့လေ ။ ကျနော် တသီးပုဂ္ဂလ အနေနဲ့ဆို ရင် တော့ တောင်သူလယ် သမားအရေး လုပ်ရလွယ်မယ်လို့ ယုံကြည်လို့ပါ ။


မေး ။    ။ရွေးကောက်ပွဲအတွက် အခု စည်းရုံးရေး စဆင်းနေပြီလား ။


ဖြေ ။    ။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး စည်းရုံးရေး ဆင်းပါတယ် ။ ၂၈ ရက်နေ့အထိပါ ။ မဲဆန္ဒနယ် အမှတ် ၁ ဖြစ်တဲ့ ၀မ့်ဟတ် ၊ ဟိုင်းကွီ ၊ ၀မ့်စစ် ၊ ၀မ့်တိန်း ၊ ပုံးထွန် ၊ နောင်လုံအပြင် မြို့တွင်း ၈ ရပ်ကွက်ထဲမှာ စည်းရုံးရေး ဆင်းမှာဖြစ်ပါတယ် ။


မေး ။    ။ လူထုနဲ့တွေ့ဆုံရတော့ လူထုကနေ ရွေးကောက်ပွဲအပေါ် ဘယ်လောက်အထိနားလည်တယ် လို့ တွေ့ရသလဲရှင့် ။


ဖြေ ။    ။ လူထုပြောပြချက်အရ ပြန်ပြောပြရမယ်ဆိုရင် - ဘယ်သူကဘဲ အုပ်ချုပ် မင်းလုပ်ပါစေ လူထု ကတော့ ကျေးကျွန်ဘဲ ဖြစ်နေတာဘဲ ။ စည်းရုံးရေးဆင်း တဲ့ပါတီတွေကလည်း ကိုယ့်ပါတီကောင်း ကြောင်း တွေကိုဘဲ ပြောနေတော့ လူထုတော်တော်များများက နိုင်ငံရေးကို နားမလည်ကြဘူး ။ မသိကြဘူး ။ လူထုမျှော်လင့်တာက တော့ ဘယ်ပါတီက သူတို့ဘဝဖွံ့ဖြိုးတိုး တက်အောင် မြင့်တင်ပေး မလဲဆိုတာပါဘဲ ။ 


မေး ။    ။ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုမြင်ပါသလဲ ။


ဖြေ ။    ။ ၂၀၀၈ ဖွဲ့စည်းပုံကိုတော့ ဘယ်သူ့ကိုဘဲမေးမေး ပြင်သင့် တယ်လို့ ဘဲမြင်တာဘဲ ။ ကျနော် ကိုယ် တိုင်လည်းဘဲ ပြင်သင့်တယ် လို့မြင် တယ် ။ ပြင်ရ မယ် ။ ဒါပေမယ့် လူထုထောက်ခံမှုမရရင် လွှတ်တော်ကိုယ်စားလှယ်ချည်းဘဲ ဆိုရင်တော့ ပြင်လို့မှမရတာလေနော် ။


မေး ။    ။ စိုင်းဆေဟန်အနေနဲ့  ၂၀၁၀ တုန်းက ရွေးကောက်ပွဲဝင်ဖူးလား ။ နိုင်ငံရေးထဲဝင်ရောက် လှုပ်ရှား ခဲ့ဖူးပါသလား ။


ဖြေ ။    ။ မလှုပ်ရှားခဲ့ဖူးပါဘူး။ ကျနော် တောင်သူလယ်သမားအရေးဘဲ အစဉ်တစိုက်ကူညီလုပ်ဆောင် ခဲ့ပါတယ် ။ အဲတာကြောင့် တောင်သူလယ်သမားတွေက ကျနော့်ကို - အပြင်ကနေပြီး ကူညီဆောင် ရွက်တယ် ဆိုတာ ထိရောက်မှုသိပ်မရှိဘူး ။ ပါလီမန်ထဲဝင်ပြီးတော့ ကျနော်တို့ လိုတာကို အစိုးရဆီ တောင်းဆိုပေးပါလား - လို့တိုက်တွန်းလာလို့ ကျနော်ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ရ တာပါ ။


မေး ။    ။ အဲဒီတော့ စိုင်းဆေဟန်အနေနဲ့ လေ့လာကြည့်ရင် ၂၀၁၀ ရွေးကောက် ပွဲ နဲ့ အခုလာမယ့် ရွေးကောက် ပွဲအတွက် နိုင်ငံရေးလှုပ်ရှားမှုကိုကြည့်ရင် ဘယ်လိုကွာခြားတာကို မြင်ပါသလဲ ။


ဖြေ ။    ။ ကွာခြားပါတယ် ။ ဒါပေမယ့် လုပ်ဆောင်မှုတွေက တော့ သိပ်မကွာ ဘူးလို့မြင်ပါတယ် ။ ဘာကွာခြား သလဲဆိုရင်တော့ အခုဆိုရင်ပါတီတွေ များလာတယ် ။ လူထုက သူတို့ကို ကိုယ်စားပြုပြီး လုပ်ပေးမယ့် ထူးချွန် ထက်မြက်တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ ကို ကောင်းကောင်းရွေး ချယ်နိုင်တာပေါ့ ။


မေး ။    ။ လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်မယ်လို့ မြင်ပါသလား ။


ဖြေ ။    ။  လွတ်လပ်မှုတော့ ရှိမယ်မထင်ဘူး ။ ရွေးကောက်ပွဲကျရင် တကယ်လို့ ရွာမှာမဲပုံးမထောင်ဘဲ ရွာကလူတွေကိုမြို့တက် မဲထည့်ခိုင်းမယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသားပါတီတွေ မဲရှုံးမှာ သေချာတယ် ။


မေး ။    ။ ဟုတ်ကဲ့ ။ လောလောဆယ် တွေ့ကြုံနေမှု အပေါ်သုံးသပ်ပြီးတော့  လယ်သမားတွေကို ကိုယ်စားပြုတဲ့ စိုင်းဆေဟန် အပေါ် လူထုရဲ့ထောက်ခံ အားပေးမှုရှိတယ်လို့ မြင်ရပါသလဲ ။


ဖြေ ။    ။ ခုမှ အစဘဲရှိသေးတယ် ဆိုတော့ လူထုက ကျနော့်အပေါ် ဘယ်ေ လာက်ထောက်ခံ အားပေးတယ် ဆိုတာ ကျနော်မှန်းဆပြီးမပြောနိုင်သေး ပါဘူး ။ ကျနော့်ရဲ့ လုပ်ရည်ကိုင် ရည်ကိုကြည့်ရဦးမှာဖြစ်ပါတယ် ။


မေး ။    ။ တသီးပုဂ္ဂလ ဘဲဆိုတော့ ပါတီကြီးတွေနဲ့ ပြိုင်ရမယ်ဆိုတော့ အခက် အခဲရှိမယ်လို့ ထင်ပါသလား ။ ဘယ်ပါတီတွေနဲ့ ယှဉ်ပြိုင်ရမလဲ ။


ဖြေ ။    ။ ဟုတ်ကဲ့ ။ ရှိတယ်လို့လဲ ပြောလို့ရပါမယ် ။ လင်းခေးမှာပြိုင်မှာက သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၊ သျှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ ၊ ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတဲ့ပါတီကြီးတွေပေါ့ ။


မေး ။    ။ တကယ်လို့ ရွေးကောက်ပွဲ အောင်နိုင်ပြီး လွှတ်တော်ထဲရောက်သွားရင် လူထုကိုဘာတွေ အရင်လုပ်ပေးမလဲ ။


ဖြေ ။    ။ ကျနော်အဓိက လုပ်ဖို့လျာထားတာက ၃ မျိုးရှိပါတယ် ။ ၁- စိုက်ပျိုး ဖို့ရေအလုံအလောက် ရှိရမယ် ။ ၂- စိုက်ပျိုးဖို့  မျိုးစေ့လုံလောက်အောင် ရှာပေး မယ် ။ ၃- ထွက်လာတဲ့ သီးနှံတွေကို တင်ပို့ရောင်းချဖို့ ဈေးကွက် ရှာပေးမယ် ။ အဦးဆုံးကတော့ လူထုရဲ့စိုက်ပျိုးသီးနှံ ဖြစ်ထွန်းမှ နေထိုင်စားသောက် မှုဖွံ့ဖြိုး တိုးတက်မယ် ။ စားဝတ်နေ ရေးချောင်လည်မှ  လူတွေက နိုင်ငံရေးကိုစိတ်ဝင် စား လာမယ်။ နိုင်ငံရေးကို နားလည်လာမယ်လေ ။ အဓိကက ၀မ်းရေး အရင်ဖြေရှင်းရမယ် မဟုတ်လား ။


မေး ။    ။ အရင်ဦးဆုံးက ဘာလုပ်ဖို့ရှိလဲ ။


ဖြေ ။    ။ လယ်သမားတွေ ရေအလုံအလောက် ရရှိရေးပေါ့ဗျာ ။


မေး ။     ။ လူထုကို ဘာပြောပြချင်ပါသလဲ ။

ဖြေ ။    ။ ကျနော် ဒေသခံလူထုကို သတိပေးချင်တာကတော့ လူထုကိုယ်စား လှယ်ကိုရွေးချယ်မယ်ဆိုရင် လူထုအတွက် တကယ်လုပ်ပေးနိုင်မယ့် လူ ကို လေ့လာကြည့်ပါ ။ ရွေးချယ်တတ်ဖို့ပါ ။ အတွေးမမှားပါနဲ့ အတွေးမများပါနဲ့ ။ မှားရွေးမိတာနဲ့ နောက်ထပ် ၅ နှစ် ထပ်ပြီး ဆင်းရဲပါဦးမယ် ။  ကျေးဇူးတင် ပါတယ် ။


စိုင်းစံထွန်း (ခေါ်) စိုင်းဆေဟန်ဟာ ပြီးခဲ့တဲ့နှစ်တွေကလည်း လင်းခေးမြို့နယ် အတွင်းသာမက မြို့နယ်အသီး သီးမှ တောင်သူလယ် သမားတွေကို ဖိတ်ြ ကားပြီး လယ်သမားတွေ့ဆုံပွဲ ၊  သဘာဝ ဓါတ်မြေသြဇာလုပ်ပုံ လုပ်နည်း ၊ ပျိုးပင်များ အပင်ကြီးများ ပိုးမကျအောင် သဘာဝ နည်းဖြင့် ကာကွယ်နည်း အစရှိသည်တို့ကို သင်တန်းပေး ရှင်းလင်းဆွေးနွေး ပြသခဲ့ဖူးပါတယ် ။

အပစ်ရပ် လက်မှတ်ရေးထိုးရန် ရက်သတ်မှတ်လိုက်သော်လည်း RCSS/SSA ပါဝင်လက်မှတ် ရေးထိုးရန် မသေချာသေး

Posted: 04 Oct 2015 08:51 PM PDT

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တို့အကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ် ရေးထိုးမူကို အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ရန် ရန်ကုန်တွင် ကျင်းပနေသည့် ဆွေးနွေးပွဲမှ သဘောတူလိုက်သော်လည်း သျှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA မှာ ပါဝင် လက်မှတ်ရေးထိုးရန် မသေချာသေးကြောင်း သိရသည် ။


“ ကျနော်တို့က လာတာတက်တာ ဗဟိုအလုပ်အမှုဆောင်အစည်းဝေးက မပြီးသေးဘူး ။ ဘာဆုံးဖြတ်ချက် မှ မချနိုင်သေးဘူး။ ဒါကြောင့် အစိုးရသတ်မှတ်လိုက်တဲ့ရက်မှာ လက်မှတ်ထိုးဖို့ မသေချာသေးသလို လက်မှတ်ထိုးဖို့လည်း မဆုံးဖြတ်နိုင်သေးဘူး ။” - ဟု RCSS/SSA ၏ အကြံပေးဖြစ်သူ ဦးခွန်ဆိုင်းက ပြောသည် ။


အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲသည် NCA အပစ်ခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးမည့် နေ့ရက်နှင့် နေရာသတ် မှတ်နိုင်ရန်အတွက် အဓိကရည်ရွယ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ တက်ရောက်ခဲ့သည် ။


တက်ရောက်ခဲ့သည့် ၈ ဖွဲ့အနက် ရ ဖွဲ့မှာ ပါဝင်လက်မှတ်ရေးထိုးရန် သေချာနေသည့်အဖွဲ့များဖြစ်ပြီး တဘက် ၁၀ ဦးစီ ပါဝင်သည့် ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မတီ ဖွဲ့စည်းခဲ့သည် ။


ပါဝင်လက်မှတ်ရေးထိုးရန် သေချာသည့် အဖွဲ့များမှာ ကေအန်ယူ ကရင်အမျိုးသားအစည်းရုံး KNU ၊ ဒီကေ ဘီအေ DKBA ၊ ကရင်ငြိမ်းကောင်စီ KNLA-PC ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ABSDF ၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP တို့ဖြစ်ကြသည် ။


ယင်းအဖွဲ့များအနက် ကေအန်ယူ တဖွဲ့သာ တပ်အင်အားအမြောက်အမြားနှင့် ကျယ်ပြန့်သည့် စိုးမိုးနယ်မြေ တည်ရှိသည့် အဖွဲ့ဖြစ်နေပြီး အဖွဲ့တချို့မှာ တပ်ဖွဲ့ဝင်အင်အား တရာဝန်းကျင်သာရှိ သည့် အဖွဲ့များလည်း  ရှိနေသည် ။ 


“ ဒီနေ့ပွဲမှာ ဘယ်သူတွေလက်မှတ် ထိုးမယ်ဆိုတာတော့ မဆွေးနွေးဖြစ်ဘူး RCSS/SSA အနေနဲ့ကတော့ အရင်က Deed of commitment မှာ ပါဝင်လက်မှတ်ရေးထိုးဖူးတယ် ။ အဲဒီမှာဘာပါသလဲဆိုတော့ လက်မှတ်ထိုးတားတဲ့အဖွဲ့တွေသည် ရွေးကောက်ပွဲမတိုင်ခင် NCA ကိုပါဝင် လက်မှတ်ရေးထိုးရမယ် ဆိုတာပါတယ် ။” - ဟု မြန်မာငြိမ်းချမ်းရေးနှင့်ပြန်လည် ထူထောင် ရေးစင်တာမှအကြံပေး ဦးလှမောင်ရွှေ က ဆွေးနွေးမှု အပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည် ။


ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက သံလွင်မြစ် အနောက်ဘက်ကမ်း သျှမ်းပြည်နယ်တောင်ပိုင်း တွင် ရှိနေသည့် RCSS/SSA တပ်များအား သံလွင်မြစ်အရှေ့ဘက်ကမ်း မိုင်းထားဒေသသို့ ပြောင်းရွှေ့ပေးရန် မြန်မာ စစ်တပ်မှ ညွှန်ကြားခဲ့သည့် နောက်ပိုင်း RCSS/SSAနှင့် မြန်မာစစ်တပ် တို့အကြား တိုက်ပွဲအချို့ဖြစ် ပွား ခဲ့သည် ။


သျှမ်းပြည်နယ် တောင်ပိုင်းရှိ RCSS  လှုပ်ရှားရာဒေသများမှာ သျှမ်းတိုင်းရင်းသားများ၏ မူလနေထိုင်ရာ ဒေသများဖြစ်သည်။ သို့သော်  RCSS  အား ဆုတ်ခိုင်းသည့် ဒေသတွင် ၀ တပ်ဖွဲ့အချို့မှာဝင်ရောက်နေရာ ယူထားမှုများ ရှိနေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA မှာလည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် အဖွဲ့အားလုံးပါဝင်မှသာ လက်မှတ်ရေးထိုးမည်ဟု ကြေငြာထားသည် ။

ကွန်လုံဒေသတွင် SNLD နှင့် ကိုးကန့်ပါတီ SKDP တို့ ပူးပေါင်းမဲဆွယ်စည်းရုံး

Posted: 04 Oct 2015 08:36 PM PDT

သျှမ်းနှင့် ကိုးကန့်တိုင်းရင်းသားများ ရောနှောနေထိုင်သည့် ကွန်လုံမြို့နယ်တွင် ၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားမဟာမိတ် ပါတီများဖြစ်သည့် SNLD ကျားခေါင်းပါတီနှင့် သျှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ် ပါတီတို့ ပူးပေါင်း၍ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြောင်း သျှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ တာဝန် ရှိသူက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


“ ကျနော်တို့က မဟာမိတ်တွေဖြစ်တဲ့အတွက် အတူပူးပေါင်း မဲဆွယ်တာပါ ။ တော်တော်လေးလည်း အားရ စရာကောင်းတယ် ။ သျှမ်းတွေကို တွေ့ရင်လည်း SNLD က ပြည်နယ်လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဆိုရင် ကျနော့်ကို မဲထည့်ပေးကြဖို့ လိုက်ပြောပေးတယ် ။ ကျနော်တို့က ကိုးကန့်တွေကို တွေ့ရင်လည်း SNLD ပြိုင်တဲ့ အမျိုးသား လွှတ်တော်မှာ သူတို့ကို မဲထည့်ဖို့ ကျနော်တို့ ပြောပေးတယ် ”- ဟု ၉၀ ရွေးကောက်ပွဲတွင် ကွန်လုံမဲဆန္ဒနယ်မှ အနိုင်ရခဲ့သည့် သျှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအန်တိုနီဆူးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


ကွန်လုံမဲဆန္ဒနယ်တွင် SKDP သျှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် နှစ်နေရာနှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ကျားခေါင်း SNLD ပါတီမှာမူ လားရှိုးတစ်ခရိုင်လုံး အကျုံးဝင်သည့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၃ မှ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည် ။


၉၀ ရွေးကောက်ပွဲတွင် အနိုင်ရဖူးသည့် SKDP ပါတီ အနေဖြင့် ကိုးကန့် ဒေသတွင်လည်း ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဦးစီးအဖွဲ့ ဖွဲ့နိုင်ရန်အတွက် ရည်မှန်းထားကြောင်းလည်း သိရသည် ။

  
“ လူဦးရေ တသိန်းလေးသောင်းကျော်မှာ မဲစာရင်းက ၄သောင်းကျော်ပဲရှိတာ ၊ စစ်အုပ်ချုပ်ရေး ရှိနေသေး တာ ၊ တပ်တွေအများကြီး ရှိနေတဲ့အပေါ် လူတွေကကြောက်ရွံ့မှု တွေရှိနေပါသေးတယ် ။ နေ့ခင်းပိုင်းဆို လောက်ကိုင်လာလိုက် ညဘက်ဆို တရုတ်ဘက်က စခန်းတွေမှာ ပြန်အိပ်လိုက်နဲ့ နောက်ပြီး ဒုတိယ ဗိုလ် ချုပ်ကြီးဟောင်းတယောက်က အငြိမ်းစားယူပြီး လောက်ကိုင်ကနေ  ပြည်ခိုင်ဖြိုးကိုယ်စားပြုပြီး လာပြိုင် မှာကတော့ ကျနော်တို့အတွက် စိန်ခေါ်မှုတွေပါပဲ ” - ဟု ဦးအန်တိုနီစူးက ပြောသည် ။


၂၀၀၈ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် အများ စု အနိုင်ရသည့်ပါတီမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဦးစီးအဖွဲ့ဖွဲ့စည်းရာတွင် ဦးဆောင်အခန်းကဏ္ဍတွင် ပါဝင်ခွင့်ရရှိ မည်ဖြစ်သည်ဟု သိရသည် ။


ကိုးကန့်ဒေသတွင် လောက်ကိုင်နှင့် ကုန်ကြမ်း မြို့နယ်နှစ်ခုရှိပြီး မော်ထိုက်မြို့နယ်ခွဲအပါဝင် MNDAA ဖုန်ကြားရှင် အဖွဲ့ သိမ်းယူထားသည့် ကျေးရွာအချို့မှာ ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်းလည်း သိရသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 6, 2015, 4:30:05 PM10/6/15
to thuau...@gmail.com

သျှမ်း / အလယ်တွင် အစိုးရတပ်နှင့် SSPP/SSA တို့ယနေ့ ပစ်ခတ်မှုဖြစ်ပွါး

Posted: 06 Oct 2015 12:56 AM PDT

သျှမ်းပြည် အလယ်ပိုင်း မိုင်းနောင်မြို့နယ်ခွဲအတွင်း ယနေ့မနက်ပိုင်းက အစိုးရစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်တို့ ပစ်ခတ်မှု ဖြစ်ပွါးခဲ့ကြောင်း သိရသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်နှင့် အစိုးရစစ်တပ် မိုင်းပန်အခြေစိုက် ခမရ  ၅၂၀ နှင့် ခလရ ၁၁၇  တို့အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည် ။


“ မိုင်းနောင်အရှေ့ဘက် ၅ မိုင်အကွာ နမ့်ပန်ချောင်းကမ်းဘေး တာ့ဆမ်ပူး အောက်ဘက်က တာ့ခမ့်ကူးတို့ ဆိပ်အနီးမှာဖြစ်တာ ။ ကွန်ကောက်အုပ်စုဝင် ဝမ့်နောင်ခိတ် နားပေ ရွာ ဝမ့်တူယားရွာ နားမှာဖြစ်တာ ။ ၈ နာရီခွဲမှာ စတင်ပစ်ခတ်တယ် ။ ပစ်ခတ်သံတော့ သိပ်မကြာပါဘူး ” ဟု မိုင်းနောင်မှ ဒေသခံများက ပြောသည် ။


ထိခိုက် သေဆုံးမှုတော့ မသိရှိရသေးပေ ။


သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်းဌာနချုပ် အနီးဝန်းကျင် ဒေသများ၌ အစိုးရတပ်များ ပိုမိုများပြား အင်အားဖြည့်တင်းလာ ရာ မိုင်းရယ်မြို့နယ် နှင့် ကျေးသီးမြို့နယ်ကြားရှိ နမ့်ပုတ် တပ်စခန်းတွင်လည်း မိုင်းပန်မြို့အခြေစိုက် စကခ ၁၇ လက်အောက်ခံ ခမယ ၅၇၅ က လာရောက် အစားထိုး နေထိုင်ကြောင်းလည်း သိရသည် ။


ထို့အပြင် လဲချားမြို့ နယ် အရှေ့မြောက်ဘက် စလိုင်းခုံ ၌ စစ်ကြောင်းတကြောင်း ၊ ကွန်ဟိန်း - ကာလိ ဘက်မှ အင်အား ၂၀၀ ကျော်ရှိ စစ်ကြောင်းတကြောင်း ဝမ့်ဟိုင်းဌာနချုပ်ဘက် ဦးတည်နေသည်ဟု လည်း သိရသည် ။


အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ တပြည်လုံး အပစ်ရပ်ရေး လက်မှတ်ရေးထိုးရေးအတွက် ဆွေးနွေးနေစဉ်အတွင်း ထိုသို့တိုက်ပွဲ ဖြစ်ပွါးခဲ့ သည် ။


အားလုံးပါဝင်မှ လက်မှတ်ထိုးမည်ဆိုသည့် တပ်ဖွဲ့များသည် SSPP/SSA အပါအဝင် ကချင် KIA ၊ ကရင်နီ KNPP ၊ မွန် MNSP တို့ပါဝင်သည့် တပ်ဖွဲ့ ၁၀ ဖွဲ့ရှိသည် ။ ထို့အထဲတွင် မပါဝင်သည့် မိုင်းလား နှင့် ၀ တို့လည်း လက်မှတ်ရေးထိုးရေးအတွက် ငြင်းဆန်ထားသည့် တပ်ဖွဲ့များဖြစ်သည် ။


မြောက်ပိုင်း သျှမ်းပြည်တပ်မတော် အမည်ရ SSPP/SSA သည် ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက် က မြန်မာအစိုးရ နှင့် ပြည်နယ် (ပဏာမ)အဆင့် ၊ ပြည်ထောင်စု အဆင့် အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် အင်အားကြီး သျှမ်းလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည် ။


သျှမ်းလူမျိုးသာ ဖြစ်သည့်အတွက် သျှမ်းခြင်္သေ့ပါတီဖြင့် ကွန်ဟိန်းမြို့၌ မဲဆွယ်စည်းရုံးနေ

Posted: 06 Oct 2015 12:44 AM PDT

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီဝင် သျှမ်းလူမျိုးများ ကိုယ်စားလှယ်လောင်းများသည်  သျှမ်းခြင်္သေ့ပါတီ အမည်ဖြင့် မဲဆွယ်စည်းရုံးနေ သည်ဟု သိရသည် ။


အဆိုပါ သျှမ်းခြင်္သေ့ပါတီ အဓိပ္ပါယ်ရှိ သျှမ်းနာမည် ပြှတှီသ္ဂငှ်သှီုတဿး အား ကွန်ဟိန်းမြို့ မြို့လယ် တွင် လည်းကောင်း ၊ ကာလိမြို့တွင် လည်းကောင်း မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ် ထောင်ထားသည်ဟု ဒေသခံများက ပြောသည် ။


“ ဘာရယ်တော့ မဟုတ်ဘူး ။ ဒီပါတီထဲမှာလဲ သျှမ်းလူမျိုးတွေ ကြီးဘဲလေ ။ သျှမ်းလူထုတွေ လွယ်လွယ် သိရအောင် မိမိသဘောအရ သျှမ်းခြင်္သေ့ပါတီ ဆိုပြီး ဆိုင်းဘုတ်ထောင်ထားတာပါ ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ မနိုင်ဘူးဖြစ်စေ လူထုအကျိုးပြုလုပ်ငန်းတွေတော့ လုပ်နေမှာဘဲ ၊ ကျားဖြူမှာကော ၊ ကျားခေါင်းမှာကော ကျနော်တို့ရဲ့ တူ ၊ တူမတွေ သားသမီးတွေ ပါဘဲ ” - ဟု ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ဦး စိုင်းနု ကပြောသည် ။


“ ဒီကိစ္စက နားမလည်ဘူး၊ အထက်က အမိန့် နဲ့ဘဲလုပ်တယ်ထင်တယ် ။ ဘာလို့လဲ ဆိုတော့ ဒီမှာဘဲ လုပ်တာမဟုတ်ဘူး ။ တခြားမြို့မှာလဲ ဒီလိုလုပ်တယ်ကြားတယ် ” - ဟု ပြည်ခိုင်ဖြိုး ပါတီဝင်တဦး ကပြောသည် ။


ကွန်ဟိန်းမြို့နယ်တွင် အဓိက ယှဉ်ပြိုင်ရမည့်ပါတီများမှာ ခြင်္သေ့ပါတီ အမည်ရ ပြည်ထေင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ USDP ၊ ဒေါင်းပါတီအမည်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ကျားခေါင်းပါတီ ခေါ် သျှမ်းတိုင်းရင်းသား များဒီမိုကရေစီ အဖွဲ့ချုပ် SNLD တို့ အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည့်သည် ။


ထို့ကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်လည်း သျှမ်းခြင်္သေ့အမည်ဖြင့် စည်းရုံးရေးဆင်းနေခြင်း ဖြစ်သည် ။

အသိမ်းခံ လယ်မြေများ ပြန်လည်ရရှိရေး သျှမ်းပြည်နယ်အစိုးရထံ မိုင်းပန်လယ်သမားများ တောင်းဆို

Posted: 05 Oct 2015 11:39 PM PDT

ဒေသခံလူထု၏ လယ်ယာမြေများကို နှစ်ရှည်လများ သိမ်းဆည်းထားပြီး မြေပိုင်ရှင်ကိုလည်း လယ်ယာ လုပ်ခွင့်မပေးသည့်အပေါ် ပြန်လည်စီစစ်ပြီး လယ်ယာပြန်လုပ်စားခွင့် ပေးရန်အတွက် မိုင်းပန်လူထု စုပေါင်းလက်မှတ်ရေးထိုးကာ သျှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ ယမန်နေ့က စာတင်ပေးခဲ့သည်ဟု သိရသည် ။


သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် လယ်မြေအသိမ်းခံရ နမ့်တင်းအုပ်စုသားများ ၅၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုးကာ တောင်ကြီးမြို့ သျှမ်းပြည်နယ် အစိုးရရုံးသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည် ။


ထို့အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်ဦး ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမိုးကြည် နှင့် စိုင်းအောင်ခမ်း ၊ မိုင်းပန်မြို့နယ် ထွေအုပ်ရုံး ၊ လယ်ယာမြေစီမံခန့်ခွဲရေး ၊ ကြေးပိုင်နှင့် မြေစာရင်းအစရှိ ဌာနအသီးသီးသို့ ပေးပို့တောင်းဆို ခဲ့ကြခြင်း ဖြစ်သည် ။


“ အခုလက်လှမ်းမီ နိုင်သလောက်  လက်မှတ်ထိုး တောင်းဆိုတဲ့ လယ်ရှင် ၅၂ ယောက်ပေါ့ ။ လက်မှတ် မထိုးရသေးတဲ့ လယ်အသိမ်းခံရတဲ့ သူတွေရှိသေးတယ် ။ ၂၀၀၀ ခုနှစ်မှာအမြောက်တပ်လာ ဆောက် တယ် ။ ၃၈၅ မိုင်းပန် အမြောက်တပ် ပေါ့နော် ။ ရွာလူထုကို မြို့တက်နေခိုင်းတယ် ။ လွယ်နွဲ့ရွာသား တွေ ရဲ့ မြေ တွေ ကို သိမ်းလိုက်တယ် ။ မြို့သစ်တည်ဖို့ ။ အခု ပြန်တောင်းတဲ့လယ် တွေက ဟိုဟွေ့ကနေ မိုက်နျု လုံကိန်ရွာအထိ  ဧက ၅၀၀ ကျော်လောက်ရှိမယ် ။ ဧက ၁၀၀၀ မပြည့်လို့ သူတို့မြို့သစ် မတည်ဖြစ် လိုက်ဘူးလေ ။ အဲဒီလယ်မြေတွေ အလွတ်ထား နေမယ့်အစား ပိုင်ရှင်တွေကို အနှောင်အဖွဲ့ မရှိ လွတ်လွတ်လပ်လပ် ပြန်လုပ်စားနိုင်အောင် ပြန်ပေးပါ လို့ လယ် သမား တွေက စာတင်တောင်း ဆိုတာ ။” ဟု စိုင်းနွံက ပြောသည် ။


၂၀၁၃ ခုနှစ်က  မိုင်းပန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက  ဌာနဆိုင်ရာ ပါတီစုံနှင့် လူထုအား ခေါ် ယူပြီး လွယ်နွဲ့ရွာသူ ရွာသားများအား  အမြောက်တပ်ရှေ့ရှိ အဆိုပါလယ်မြေများတွင်  လယ် လုပ်ခြင်း မပြုရန်  ရွာလူကြီးကနေ တဆင့်စာပေးပို့ တားမြစ်လိုက်ခြင်း ဖြစ်သည် ။


“ အခုအဲ့ဒီနေရာက မြေတွေဟာ ကုမ္မဏီကလာပြီး သုန္နရီတော်ဝင် ဆောက်လုပ်ရေးကုမ္မဏီ က အဆောက် အဦး လာဆောက်ထားတယ် ။ နတလရုံးဆိုပြီးတော့လေ ။   ရွာသားတွေဆီက သိမ်းယူပြီး စစ်တပ်ကမသုံးတော့တဲ့ လယ်မြေတွေ ရွာသားတွေကို ပြန်ဝေငှပေးဖို့  မိုင်းပန်မှာစာတင်တောင်းတာ  ထိရောက်မှုမရှိဘူး။ အဲတာကြောင့် ဝန်ကြီးချုပ်နဲ့ လွှတ်တော်ကို ရည်မှန်းပြီး အခုစာတင်တာ ။ ကျနော်တို့ မိဘဘိုးဘွားစဉ်ဆက် ကတည်းက လုပ်လာတဲ့မြေ ။ စစ်တပ်က သိမ်းဘဲသိမ်းနေရင် ကျနော်တို့ ဘယ်မှာသွားလုပ်စားတော့မှာလဲ ။  ထိုင်းကိုဘဲဆက်ပြီး ထွက်ပြေးနေ ရတော့ မှာလား ။ အဲတာကြောင့် လူထုမြေယာသိမ်းဆည်းနေမှုကို ရပ်တန့်ပါ ။ ပြန်ပေးပါ ။ တခြားဒေသ က လယ်မြေအသိမ်းခံရသူတွေ ကိုလည်း အားပေးချင်တယ် ။ မကြောက်ကြပါနဲ့ ပြန်တောင်းပါ ။”  - ဟု  လယ်မြေအသိမ်းခံရ ဦးစိုင်းစိုင်းက လည်းပြောသည် ။


ရွာသားများမှ စုပေါင်းလက်မှတ် ထိုးထားသည့်စာကို သျှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ တိုက်ရိုက် စာပေးပို့ကြောင်း ၊  သုန္နရီတော်ဝင်ကုမ္မဏီမှ တည်ဆောက်ထားသော  နတလ အဆောက်အဦး  တည်ရှိရာလယ်မြေနေရာတွင်လည်း လယ်ပိုင်ရှင်များက လယ်ယာမြေစီမံခန့်ခွဲရေး  မိုင်းပန်မြို့သို့ တိုက်ရိုက် စာတင်ထားပြီး မိတ္တူကို ကုမ္မဏီ ကိုသို့လည်း ပေးပို့ကြောင်း လယ်သမားများက ပြောသည် ။


စစ်တပ်မှ သိမ်းယူထားသော ဒေသခံများ၏ လယ်ယာမြေများအား  အသုံးမပြုပါက ပိုင်ရှင်ထံပြန်လည် အပ်နှံပေးရန်လည်း သမ္မတကြီးဦးသိန်းစိန်က ပြောဆိုခဲ့ဖူးပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 7, 2015, 4:25:51 PM10/7/15
to thuau...@gmail.com

အမျိုးသမီးနဲ့ ကလေးသူငယ်တွေအရေး အမျိုးသမီးကိုယ်တိုင်လုပ်မှရမယ် (သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နန်းမိုခမ်း နှင့်တွေ့ဆုံမေးမြန်း )

Posted: 07 Oct 2015 07:19 AM PDT

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့ တပြည်လုံးအပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးပွဲ ရောက်လု ရောက်ခင်မှာဘဲ တိုင်းရင်းသားဒေသတွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေ ဆဲဖြစ်ပါတယ် ။ တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးတွေရဲ့ ဘဝဟာ ပိုပြီးဒုက္ခရောက်နေတယ်လို့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ေ လာင်း နန်းမိုခမ်းကပြောပါတယ် ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် သူတို့လေးတွေရဲ့ ဘဝကို ဘယ်လိုမြင့်တင်ပေးမလဲ ။ သျှမ်းသံတော်ဆင့် ကနေ တွေ့ဆုံမေးမြန်း ထားပါတယ် ။


မေး ။    ။ အမျိုးသမီးကိုယ်စားလှယ် တစ်ဦးအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဘယ်လို အရာတွေကများ တွန်းအားပေးခဲ့တာလဲ ။


ဖြေ ။    ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အမျိုးသမီးနဲ့ကလေးသူငယ် အခွင့်အရေးတွေကို ကျမတတ်နိုင်သမျှ အကာအကွယ်ပေးချင်တဲ့ဆန္ဒရယ် သူတို့ တွေ ရဲ့ဘဝကိုမြှင့်တင်ပေးချင်တဲ့ ဆန္ဒတွေကြောင့်ဖြစ်ပါတယ် ။ ဒါကလည်း လွှတ်တော် ထဲမှာထိရောက်တဲ့ ဥပဒေတွေပြဌါန်းပြီး အဲ့ဒီဥပဒေ တွေ စိုးမိုးအောင်ကြိုးစားရမှာပါ ။ ဒါတွေကိုအမျိုးသားတွေထက် အမျိုးသမီး တွေ ကိုယ် တိုင်လှုပ်ရှားဆောင်ရွက် ဖို့လိုအပ်တယ်ဆိုတဲ့အသိက ကျမကို ကိုယ် စားလှယ်တစ်ဦးအဖြစ်ဝင်ပြိုင်ဖို့တွန်းအား ဖြစ်စေခဲ့တာပါ ။


မေး ။    ။ စည်းရုံးမဲဆွယ်တဲ့အခါ ၊ ဘယ်အရာတွေ ဘယ်အချက်တွေကို အဓိကထားပြောချင်သလဲ ။


ဖြေ ။    ။ ပြည်သူလူထုက အလုပ်ရှင် ကျမတို့က လုပ်သားတွေပါ ။ ပြည်သူလူ ထု အကျိုးကိုကောင်းမွန်စွာ သယ်ပိုးပေးနိုင်တဲ့ လုပ်သားကောင်းတွေကို ပြည်သူလူထုကိုယ်တိုင် ရွေးချယ်ပေးရမှဖြစ်ပါတယ် ။ အရည်အချင်း ရှိတဲ့ ပါတီနဲ့ကိုယ်စားပြုထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူလူထု မဲထည့်ကြဖို့လိုပါတယ် ။ ငွေကို မကြည့်ပဲကိုယ်ကျိုးမဖက်ပဲ ပြည်သူအတွက် လုပ်ကိုင်ပေးမဲ့ မူဝါဒကောင်းလက်စွဲထားတဲ့ ပါတီကိုယ်စားလှယ်လောင်းကို မဲထည့်ပေးကြဖို့ပြောချင်ပါတယ် ။


မေး ။    ။ အနိုင်ရခဲ့ရင် အမျိုးသမီးနဲ့ကလေး သူငယ်တွေအတွက် ဘာတွေလုပ်ဆောင်ပေးမှာလဲ နောက်ပြီး နိုင်ငံရေးလုပ်ဆောင်ချက်တွေ ၊ အထူး သဖြင့် သျှမ်းပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးဘယ်လို ပြုပြင်ပြောင်း လဲမှု မျိုးတွေလုပ်ဆောင်ချင်သလဲ ။


ဖြေ ။    ။ လုပ်ဆောင်ပေးရမှာတွေတော့ အများကြီးပါပဲ ။ အထက်မှာပြော ခဲ့သလိုပဲ အမျိုးသမီးနဲ့ကလေး သူငယ်တွေကို ကာကွယ်ပေးနိုင်တဲ့ကဏ်ဏ္ဍ ၊ ငြိမ်းချမ်းရေးကဏ်ဏ္ဍတွေ လဲ လိုအပ်တယ် ။ ငြိမ်းချမ်းရေးမရှိ မရှိပဲ စစ်ဖြစ်နေ ဦးမယ်ဆိုရင် အမျိုးသမီးနဲ့ ကလေးတွေက ပိုပြီးဒုက္ခရောက်ကြရတယ် ။ နောက်ပြီးမသန်စွမ်းလူတွေအတွက် အခွင့်အလန်းတွေ လုပ်ဆောင်ပေးရမယ် ။ ပြည်သူလူထုတစ်ရပ်လုံး သူ့ကဏ်ဏ္ဍနဲ့ သူ့အခွင့် အရေးရ ရှိ အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ် ။


မေး ။    ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာထွက်ပေါ်လာမယ့် အစိုးရအသစ် တစ်ရပ် အတွက် ဘယ်လိုအစိုးရမျိုး ကို မျှော်လင့်ထားသလဲ ။


ဖြေ ။    ။ ရွေးကောက်ပွဲအပြီးမှာ ပြညသူလူထုတစ်ရပ်လုံးက မျှော်လင့်တောင့် တနေတဲ့ ပြည်သူ့အကျိုးကို ကောင်းမွန်စွာသယ်ပိုးပေးမယ့် အစိုးရ သစ် တစ်ရပ်ကိုမျှော်လင့် ပါတယ် ။


မေး ။    ။ အနိုင်မရခဲ့ရင် ဘာတွေဆက်လုပ်ဆောင်သွားဖို့ ရှိသလဲ ။


ဖြေ ။    ။ အနိုင်မရခဲ့ရင်လည်း လွှတ်တော်ပြင်ပကနေ ကိုယ်လုပ်ဆောင်ပေးနိုင်မယ့် အပိုင်းတွေကို ဆက်လက်ပြီး ပါတီကနေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ။


မေး ။    ။ ၂၀၁၅ ရွေးကောက်ပွဲကြီး ကို ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်တစ်ဦး အတွက်ဘယ်လို အရာတွေက စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေခဲ့ စသလဲ ။


ဖြေ ။    ။ မျှော်လင့်ထားတဲ့အတိုင်း လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲ မဖြစ်လာ ရင်ဆိုပြိးစိုးရိမ်မိတယ် ။ နောက်တစ်ချက်က တိုက်ပွဲတွေဖြစ်နေ တဲ့အတွက် စည်းရုံးရေးမဆင်းနိုင်တဲ့ဒေသတွေရှိမယ် ။ အဲ့ဒီက ပြည်သူလူထုတွေ မဲပေးနိုင်ဖို့ မသေချာမှာကို စိုးရိမ်မိတယ် ။


လွှတ်တော်ထဲဝင်နိုင်ဖို့ ကျားခေါင်းပါတီက ကိုယ်စားလှယ်လောင်းတွေဟာ လက်ရှိမှာ စည်းရုံးရေးဆင်း ကြိုးစားနေပြီး တစ်ခြား တစ်ဖက်ကလည်း လွှတ်တော်ပြင်ပ နိုင်ငံရေးအတွက် ခေါင်းဆောင်တွေ ရှိ နေဖို့ လိုအပ်တယ်လို့ သုံးသပ်တဲ့ အတွက် ၊ အခြေခံဥပဒေ ကိစ္စနဲ့ ပတ်သက်လာရင် လွှတ်တော်ပြင်ပ နိုင်ငံရေး လောကဟာ ကြီးမားတဲ့ လိုအပ်ချက် ဖြစ်နေတဲ့အတွက် ကျားခေါင်းပါတီထဲက ထိပ်သီးခေါင်းဆောင် ၅ ဦးကတော့ ရွေးကောက်ပွဲဝင် မှာမဟုတ်ဘူးလို့သိရပါတယ် ။

ပညာရေးမကောင်းရင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး (သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီ တောင်ကြီး ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါက်တာ နန်းအေးဆွေ နှင့်တွေ့ဆုံမေးမြန်း )

Posted: 07 Oct 2015 06:54 AM PDT

လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီအသီးသီးက အမျိုးသမီးကိုယ်စားလှယ်လောင်း တွေ ဟာ တူညီတဲ့ ရည်မှန်းချက်တွေ ဆီကို အရောက်လှမ်းနိုင်ဖို့အတွက် ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့် လမ်းနဲ့ကြိုးစား လျှောက်လှမ်းနေကြပါတယ် ။ ကျားဖြူပါတီထဲက အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ ဒေါက်တာနန်းအေးဆွေကတော့ ကျားဖြူပါတီ က သျှမ်းပြည်နယ် အစိုးရဖွဲ့နိုင်မယ်ဆိုရင် ကလေး သူငယ် တွေရဲ့ ပညာရေးကို မြင့်တင်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ် လို့ပြောပါတယ် ။ တကယ်လို့မျှော်လင့်ချက် အတိုင်းဖြစ်မလာခဲ့ဘူး ဆိုရင် ကော် ဘယ်လိုဆက်လုပ်သွားမလဲ ။ သျှမ်းသံတော်ဆင့်က ယိင်းတိုင်းကနေ တွေ့ဆုံမေးမြန်းထားပါတယ် ။


မေး ။     ။ အမျိုးသမီး ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ရွေးကောက်ပွဲမှာ ၀င် ရောက်ယှဉ်ပြိုင်ဖို့ဘယ်လိုအရာတွေ ကများ တွန်းအားပေးခဲ့တာလဲ ။


ဖြေ ။    ။ မြန်မာနိုင်ငံမှာ မှာ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် တစ်ဝက်ကျော်တောင်ရှိတယ် ။  ဒါပေမဲ့ လွှတ်တော်ထဲရောက်တဲ့အမျိုး သမီးလွှတ်တော်အမတ်က ရာခိုင်နှုန်းနည်းနေတယ် ။ တောင်ကြီးမြို့နယ် ၂၀၁၀-၁၅ အတွင်းမှာ ၄.၃ ပဲရှိတယ် ၊ ကျမတို့ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကလည်း သျှမ်းပြည်နယ်အစိုးရဖွဲ့နိုင်တယ်လို့ပြောတဲ့ အတွက် အဲ့ဒီမှာအားသန်ပြီး လုပ်ဖြစ်သွားတာပါ ။


မေး ။      ။ စည်းရုံးမဲဆွယ်တဲ့အခါ ၊ ဘယ်အရာတွေ ဘယ်အချက်တွေကို အဓိကထားပြောချင်သလဲ ။


ဖြေ ။     ။ အဓိကပညာရေး ၊ ပညာရေးက အခုအချိန်မှာ ချွတ်ခြုံကျနေ ပြီလေ ။ ဒါကြောင့်ပညာရေးမ ကောင်းရင်ဘာမှဖြစ်လာမှာ မဟုတ်ဘူး ။ နောက် တစ်ခုက သျှမ်းပြည်နယ် အစိုးရဖွဲ့ဖြစ်အောင်ကြိုးစားသွားမယ် ၊ ရခဲ့ရင် သျှမ်းပြည်နယ်မှာရှိတဲ့ကျောင်း သား / သူ ပြည်သူတွေအတွက် ပညာရေး တိုး တက်အောင်ဆောင်ရွက် သွား မယ့်အကြောင်းတွေ ပြော ချင်တယ် ။


မေး ။     ။ အနိုင်ရခဲ့ရင်အမျိုးသမီးနဲ့ကလေး သူငယ်တွေအတွက်ဘာ တွေလုပ်ေ ဆာင်ပေး မှာလဲ နောက်ပြီး နိုင်ငံရေးလုပ်ဆောင်ချက်တွေ ၊ အထူး သဖြင့် သျှမ်းပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီးဘယ်လို ပြုပြင်ပြောင်းလဲမှု မျိုးတွေလုပ်ဆောင်ချင်သလဲ ။


ဖြေ ။      ။ သျှမ်းပြည်နယ်ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပညာရေး ၊ ကျန်း မာ ရေး ၊ တရားဥပဒေအကာ အကွယ်ရရှိရေး ၊ လူ့အခွင့်အရေး အပြည့် အဝရရှိ ရေး ၊ ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရေး ၊ စီးပွားရေး တိုးတက် အောင် မြင်ရေး ၊ ဆင်းရဲနွမ်းပါးတဲ့ကလေးများရဲ့ဘဝ အာမခံချက်ရရှိရေး ဒီမိုကရေစီ လူ့ ဘောင်သစ် တည်ဆောက်နိုင်ရေးတို့တွက် တရားမျှတခိုင်မာတဲ့ ၊ ပြည်သူ အားထားသော ကမ္ဘာကလေးစားသော ၊ သိက္ခာရှိသော အစိုးရ ပေါ်ပေါက် လာနိုင်ရေးကို အဓိကဦးတည်ထားတယ် ။


မေး ။      ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာထွက်ပေါ်လာမယ့် အစိုးရအ သစ် တစ်ရပ်အတွက် ဘယ်လိုအစိုးရမျိုးကို မျှော်လင့်ထားသလဲ ။


ဖြေ ။     ။ တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ် ၊ တရားမျှတတဲ့ အစိုးရတစ်ရပ်ထွက်ပေါ်လာဖို့မျှော်လင့်တယ် ။


မေး ။      ။ အနိုင်မရခဲ့ရင် ဘာတွေဆက်လုပ်ဆောင်သွားဖို့ရှိသလဲ ။


ဖြေ ။     ။ အနိုင်မရခဲ့ရင်လဲ သျှမ်းပြည်နယ်အစိုးရကို ကူညီသွားမှာပါ ။


မေး ။      ။ ၂၀၁၅ ရွေးကောက်ပွဲကြီး ကို ၀င်ရောက်ယှဉ်ပြိုင်မယ့်ကိုယ် စားလှယ်လောင် တစ်ဦးအတွက်ဘယ်လို အရာတွေကစိုးရိမ်စိတ်ေ တွဖြစ်ေ ပါ် စေခဲ့သလဲ ။


ဖြေ ။     ။ စည်းရုံးရေးအတွက် ၊ မဲစာရင်းအတွက် စိုးရိမ်တယ် ။ သျှမ်းပြည် နယ်အစိုးရမဖွဲ့ဖြစ်မှာကို စိုးရိမ်တယ် ။


ကျေးဇူးတင်ပါတယ်ရှင် ။


လာမယ့်  နိုဝင်ဘာလ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သျှမ်း  တိုင်းရင်း သား  ပါတီ တခု ဖြစ်တဲ့ ကျားဖြူ ပါတီ  ခေါ် သျှမ်း တိုင်းရင်းသား များ ဒီမို ကရက်တစ် ပါတီ ကနေ သျှမ်းပြည်နယ် အပြင် ၊ မန္တလေးတိုင်း  ၊  စစ်ကိုင်းတိုင်း ၊ ကချင်ပြည်နယ် ၊ ကယား ပြည်နယ် တွေမှာ လွှတ်တော်   အမတ် နေ ရာ ၂၀၀  ကျော်ယှဉ်ပြိုင်မှာ  ဖြစ်ပါတယ် ။ လက်ရှိ  မှာလည်း ကျားဖြူပါတီဝင် အင်အား ၄ သိန်းကျော် ရှိပြီမို့ သျှမ်းပြည် လူထု ထောက်ခံ မှုကို  အပြည့်  အဝ ရရှိ  ကြောင်း နဲ့ ရွေးကောက်ပွဲ  မနိုင်မှာကို မစိုးရိမ်  ရကြောင်း ပါတီဥက္ကဌကြီး ကလည်း သျှမ်းသံတော်ဆင့်ကို ပြောပြခဲ့ဖူးပါတယ် ။

ပစ္စုပ္ပာန်လုပ်ဆောင်ချက်သည် အနာဂတ်အတွက် ( ဖယ်ဒရယ်ပြည်ထောင်စုပါတီ (FUP) ကလောပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မဖြိုးသီရိ နှင့် တွေ့ဆုံမေးမြန်း )

Posted: 07 Oct 2015 06:30 AM PDT

လွှတ်တော်မှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း နေရရအောင်ဆိုတဲ့ အမျိုးသမီးထုရဲ့ရည်ရွယ်ချက်နဲ့ လာမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ အသီးသီးမှာ အမျိုးသမီးအင်အားထု အများအပြား နေရာယူလာနိုင် ခဲ့ပါတယ် ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်မရရင်တောင်လည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် မျိုးစေ့ချပေးနိုင်အောင် ရည်ရွယ်တယ်လို့  FUP က အမျိုးသမီးကိုယ်စားလှယ်လောင်းက ပြောပါတယ် ။ နိုင်ငံရေးထဲ အခြေချလာတဲ့ အမျိုးသမီးတယောက်အနေနဲ့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရပါသလဲဆိုတာကို သျှမ်းသံတော်ဆင့်က ယိင်းတိုင်းကနေ ဖယ်ဒရယ်ပြည်ထောင်စုပါတီ (FUP) ကလောပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း မဖြိုးသီရိ နှင့် တွေ့ဆုံမေးမြန်းထားပါတယ် ။


မေး ။     ။ အမျိုးသမီး ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ရွေးကောက်ပွဲမှာဝင် ရောက်ယှဉ်ပြိုင်ဖို့ဘယ်လို အရာတွေက တွန်းအားပေးခဲ့တာလဲ ။


ဖြေ ။     ။ ကျမ အရင်က SSWDO ဆိုတဲ့ အမျိုးသမီးအဖွဲ့အစည်းတစ်ခုမှာ ၀င်ရောက်လုပ်ကိုင်ဖူးတဲ့ အတွက် အမျိုးသမီးတွေရဲ့ တကယ်ခံစားနေရတဲ့ ခံစားချက်တွေကို မြင်လာခဲ့ရတယ် ။ ဘာကြောင့် အမျိုးသမီး တွေက နိုင်ငံရေး မှာမပါဝင်လာခဲ့ရသလဲ ဆိုတာမြင်လာတယ် ။ အမျိုးသမီးချင်းတူတာတောင် အိမ်ထောင်ရှင် အမျိုးသမီးနဲ့ လူလွတ်အမျိုးသမီးနဲ့က ကွာတယ် ။ အားပိုထည့် နိုင်တာက လူလွတ်တွေပေါ့ ၊ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက်တော့  တစ်ဖက်မှာလည်း မိသားစုတာဝန် တဖက်နိုင်ငံရေး တာဝန်တွေ ထမ်းဆောင် ရတဲ့အခါ ဘယ်တစ်ခုမှ မလစ်ဟင်းရဘူးဒေါင့်စေ့အောင်လုပ်နိုင်ရမယ် ။ အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက် အနေ နဲ့နိုင်ငံရေးလောကမှာ ဘယ်လို ပါဝင်ခွင့် ကြိုးစားခွင့် ရနိုင်ပါတယ်ဆိုတဲ့ သက်သေထူချင်တဲ့  ဥပမာ အနေနဲ့ ပြချင်တဲ့ စိတ်တွေက ကျမကို ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်လာစေဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ် ။


မေး ။      ။ စည်းရုံးမဲဆွယ်တဲ့အခါ ၊ ဘယ်အရာတွေ ဘယ်အချက်တွေကို အဓိကထားပြောချင်သလဲ ။


ဖြေ ။      ။ ကျမတို့ပါတီက ဖယ်ဒရယ်ကို အခြေခံထားတဲ့အတွက်တိုင်း ရင်းသားတွေကို ဖယ်ဒရယ်နဲ့ပတ်သက် တာတွေ ပြောပြချင်ပါတယ် ။ မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဖယ်ဒရယ်ကို တီးမိခေါက်မိကြပေမဲ့ ကျန်တဲ့ တိုင်းရင်းသားဒေသတွေမှာ ဖယ်ဒရယ်ကိုနားမလည်ကြဘူး ၊ ကောင်းကောင်း သဘောမပေါက်တာ တွေရှိနေပါ တယ် ။ ဖယ်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာ ရှင်းပြချင်တယ် ။ နောက်တစ်ခုက ပြည်သူတွေအနေနဲ့ လွှတ်တော်အကြောင်းကိုလဲ ကောင်းကောင်းနားမလည် ကြသေးဘူး ။ ဘယ်သူတွေက ဘယ်အပိုင်းမှာ ဘယ်လိုလုပ်ရတယ်ဆိုတာတွေ ၊ အမျိုးသမီးတွေဘာကြောင့် ရှေ့တက်လာရသလဲဆိုတဲ့အကြောင်းတွေကို အဓိကထား ပြောပြသွားမှာ ဖြစ်တယ် ။


မေး ။     ။ အနိုင်ရခဲ့ရင် အမျိုးသမီးနဲ့ကလေး သူငယ်တွေအတွက် ဘာတွေလုပ်ဆောင်ပေးမှာလဲ ။ နောက်ပြီး နိုင်ငံရေးလုပ်ဆောင်ချက်တွေ ၊ အထူး သဖြင့် ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီးဘယ်လို ပြုပြင်ပြောင်း လဲမှု မျိုးတွေလုပ်ဆောင်ချင်သလဲ ။


ဖြေ ။     ။ အနိုင်ရခဲ့ရင် အမျိုးသမီးနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေ ၊ ဥပမာ - စီဒေါ အစိုးရကအရင်ကတည်းက နိုင်ငံတကာမှာလက်မှတ်ထိုးပြီး သား ၊ ဒါတွေကို ပြည်သူတွေ မသိသေးဘူး ၊ဒါတွေကို အသက်ဝင်လာအောင် လွှတ်တော်ထဲမှာ အသက်သွင်းမယ် ။ ကလေးသူငယ်အခွင့်အရေးတွေကို လည်း ဥပဒေဘောင်အတွင်းကနေလုပ် ဆောင်သွားမယ် ။ နိုင်ငံရေးဖက်မှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်နိုင်အောင် တိုင်းရင်းသားတွေစုပေါင်းပြီး ဥပဒေ အတွင်းမှာ လက်တွဲပြီးလုပ်ဆောင်သွားမယ်  ။


မေး ။      ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ထွက်ပေါ်လာမယ့် အစိုးရအသစ်တရပ်အတွက် ဘယ်လိုအစိုးရမျိုးကို မျှော်လင့်ထားသလဲ ။


ဖြေ ။      ။ လူထုအတွက် တကယ်အကျိုးရှိမယ့် အစိုးရတစ်ရပ်ကိုမျှော် လင့်တယ် ၊ လူထုတွေရွေးချယ်မှု မှန်ကန်သွားခဲ့ရင်ပေါ့ ။


မေး ။      ။ အနိုင်မရခဲ့ရင် ဘာတွေဆက်လုပ်ဆောင်သွားဖို့ ရှိသလဲ ။


ဖြေ ။      ။ အနိုင်မရခဲ့ဘူးဆိုလဲ လက်လှမ်းမှီသလောက် ကျေးရွာတွေမှာ ဖွံ့ဖြိုးတိုးတက်ရေး တွေကို CSO တွေနဲ့ပူးပေါင်းပြီး အလုပ်လုပ်သွားမယ် ။ အဓိက ၂၀၂၀ မှာ အမျိုးသမီးတွေလွှတ်တော်ထဲပိုမို ၀င်ရောက်ဖို့ ကျမနေနဲ့ တွန်းအားပေးသွားမှာဖြစ်ပါတယ် ။


မေး ။      ။ ၂၀၁၅ ရွေးကောက်ပွဲကြီး ကို ၀င်ရောက်ယှဉ်ပြိုင်မယ့်ကိုယ် စားလှယ်လောင်တစ်ဦးအတွက် ဘယ်လိုအရာတွေက စိုးရိမ်စိတ်တွေဖြစ်ပေါ် စေခဲ့စသလဲ ။


ဖြေ ။      ။ အဖွဲ့အစည်းတွေ ပါတီတွေအရမ်းများတဲ့အခါ ပြည်သူတွေ အနေနဲ့ လတ်တလောမက်လုံးလေး တွေကို ခဏသာပျော်ရွှင် ဖို့အတွက် ငါးနှစ်လုံးလုံး ပေးဆပ်ရမှာကို မမြင်မှာစိုးရိမ်တယ် ၊ မဲစာရင်းတွေက အရင် ကထက်စာရင် ပိုပြီးကြည့်ရခက်သွားတဲ့အတွက်  ကျေးလက်ဒေသ နေပြည်သူတွေအတွက် အချိန်မပေးနိုင်မှာ နားမလည်မှာ အရမ်းစိုးရိမ်မိ တယ် ။


တိုင်းရင်းသား ပါတီ ၁၆ ခု စုပေါင်းဖွဲ့စည်း ထားတဲ့ ဖက်ဒရယ် ပြည်ထောင် စုပါတီ FUP ဟာ လာမည့် နိုဝင်ဘာ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မှာ ပြည်ထောင်စု တဝှမ်းလုံး  ၃၄ မြို့နယ်မှာ ဝင်ရောက် ယှဉ်ပြိုင် မယ်လို့သိရပါတယ်။လက်ရှိ FUP မှာ ပါတီဥက္ကဌက ဦးစောသန်းမြင့် (သျှမ်း) ၊ ဒုဉက္ကဌ ဦးစဝ်သာဦး (သျှမ်း) အတွင်းရေးမှူး ၁ ဦးကျော်ဇံသာ (ရခိုင်) အတွင်းရေးမှူး ၂ ဒေါ်ကလျာစိုး (ရခိုင်၊ မွန်) တို့က တာဝန်ယူ ထားပါတယ် ။

NCA တွင် အားလုံးပါဝင်ရေးမူကို ကိုင်စွဲသောကြောင့် အစိုးရစစ်တပ်မှ ထိုးစစ်ဆင်ဟု SSPP/SSA ပြောခွင့်ရ ပြော

Posted: 06 Oct 2015 11:52 PM PDT

သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်  SSPP/SSA သည် NCA တွင် အားလုံးပါဝင်ရေးမူဝါဒကို စွဲကိုင်ထားသောကြောင့်  အစိုးရ စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း  SSPP ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည် ။


" အမြဲတမ်း ဆွေးနွေးပွဲမပြေလည်တဲ့ အချိန်တို့ဘာတို့ ဆို အဲဒီလိုပဲ ပြသနာရှာတယ် ။ အခုလည်း ဖြစ်နေတာ NCA မှာ ကျနော်တို့က အားလုံးပါဝင်ရေးဆိုတဲ့ မူဝါဒကို ကိုင်စွဲထားလို့  ကျနော်တို့ကို လာတိုက်တာပဲ ။ ကျနော်တို့ နေရာမှာဘဲ  ကျနော်တို့ နေနေတာလေ " - ဟု သျှမ်းပြည်တိုးတက်ရေးပါတီမှ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ က ပြောသည် ။


အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းက  အစိုးရ စစ်တပ်နှင့် သျှမ်းပြည်တပ်မတော် SSA/SSPPတို့အကြား မိုင်းနောင်မြို့နယ်အရှေ့ဘက် ၅ မိုင်ခန့်အကွာ  နမ့်ပန်ချောင်းကမ်းဘေး တာ့ဆမ်ပူးအောက်ဘက်က တာ့ခမ့်ကူး တို့ဆိပ်အနီး ကွန်ကောက်အုပ်စုဝင် ဝမ့်နောင်ခိတ် နားပေ ရွာ ဝမ့်တူယားရွာ  တွင်တိုက်ပွဲဖြစ်ပွါး ခဲ့ခြင်းဖြစ်သည်ဟု သျှမ်းတပ်မှူးတဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


"တိုက်ပွဲကအကျဆုံး ရှိတယ် ။ ညနေပိုင်းအထိသူတို့က ကျနော်တို့ကို မသိမ်းနိုင်တော့လက်နက်ကြီးနဲ့ ပစ် နေတုန်းပဲ ။  ၀မ့်ဟိုင်းဘက်မှာလည်း အရှေ့အလယ်ပိုင်းတိုင်းလက်အောက်ခံ စစ်တပ်တွေက အများကြီး ထပ်ရောက်လာနေတယ် "ဟု စစ်မြေပြင်အခြေနေနှင့် ပတ်သက်ပြီး၎င်းက ရှင်းပြသည် ။


တိုက်ပွဲများကြောင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများမှာ ဟိုင်းပါကျေးရွာသို့ ပြောင်းရွှေ့ခိုလှုံခဲ့ရ ကြောင်း လည်း ဒေသခံများ၏ ပြောဆိုချက်ကိုကိုးကား ပြီး သျှမ်းဘာသာဖြင့် ထုတ်ဝေသော ဆဲန်ပိုင်း ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ စိုင်းဇင်က သူ၏ ဖေ့ဘုစာမျက်နှာတွင် ရေးသားထားသည် ။


လေ့လာသူ အချို့ကမူ သျှမ်းပြည်နယ်အတွင်း အစိုးရ စစ်တပ်ဘက်မှ တိုက်ပွဲများ ဆင်နွဲနေခြင်းမှာ လက်မှတ်ထိုးရန်အဆင်သင့်မဖြစ်သေးသည့် ကိစ္စအပြင် ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ်အများစုမှာ သျှမ်းပါတီသာ အနိုင်ရရန်ရာခိုင်နှုန်းများနေသဖြင့် စစ်ပွဲအကြောင်းပြ မဲဆန္ဒနယ် ရွှေ့ဆိုင်းရန်လည်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည် ။


" စစ်ပွဲဆိုတာ မဲဆန္ဒနယ် ပယ်ဖျက်ဖို့အကြောင်းပြလို့ကောင်းတဲ့ အရာတစ်ခုပဲ "-  ဟု ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ် တစောင်မှ အမည်မဖော်လိုသူ တာဝန်ခံအယ်ဒီတာ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


SSPP/SSA သည် KIA ၊ KNPP ၊ မွန်ပြည်သစ်ပါတီတို့နည်းတူ အားလုံးပါဝင်ခွင့်ရမှ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွင် ပါဝင်လက်မှတ်ရေးထိုးမည် ဟု ကြေငြာထားသည့် အဖွဲ့အစည်းဖြစ်သည် ။

ကချင်ပြည်နယ်တွင် ၉ မြို့နယ်အတွင်း ကျားဖြူပါတီ အနိုင်ရရေးကြိုးပမ်း

Posted: 06 Oct 2015 08:39 PM PDT

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူ ပါတီသည်  ၂၀၁၅ ရွေးကောက်ပွဲ တွင် ကချင်ပြည်နယ် အတွင်း ၁၈ မြို့နယ်အနက်  ၉ မြို့နယ် အောင်နိုင်ရေး ကြိုးပမ်းလျှက်ရှိပြီး ကချင်ပြည်နယ် ၀န်ကြီးဖြစ်ဖို့လည်း ရည်ရွယ်ကြောင်း ကျားဖြူပါတီ ဥက္ကဌ က ပြောသည် ။


ကချင်ပြည်နယ်၌ မဲဆွယ်စည်းရုံးရာတွင် ကျားဖြူပါတီက လူအင်အား အများဆုံးပါတီဖြစ်ပြီး  စည်းရုံးမှုလည်း အဆင်ပြေဆုံး ဖြစ်သည်ဟု ဆိုပါသည် ။


“ မဲဆွယ်စည်းရုံးရေးလုပ်တာ ၃ နာရီခွဲကနေ ၆ နာရီထိလုပ်တယ် ။ အထူးခြားဆုံးကတော့ အဆင်ပြေဆုံးဘဲ သျှမ်းတွေလည်း အများကြီးဘဲ ။ သူတို့က ကျားဖြူပါတီကို အားလုံးကူညီမယ်လို့ပြောတယ် ။”ဟု ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကပြောသည် ။


ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် အောက်တိုဘာ ၄ ရက်နေ့က မဟာသိမ် တော်ကြီးကျောင်းဝန်း၌ မဲဆွယ်စည်းရုံးရေး လုပ်ခဲ့ကြောင်း သိရသည် ။


ကချင်ပြည်နယ်ရှိ သျှမ်းတိုင်းရင်းသားမျာကးလည်း ကျားဖြူပါတီအား ကချင်ဝန်ကြီးချုပ်ဖြစ်အောင်ကြိုးစားဖို့ တိုက်တွန်းကြောင်း  ၊ ကျားဖြူပါတီအတွက် မဲဆွယ်စည်းရုံးရေးတွင်လည်း အင်တိုက်အားတိုက်ကူညီကြောင်း   စိုင်းအိုက်ပေါင်းက ပြောသည် ။


“ ကျားဖြူပါတီ ပါတီအောင်နိုင်ရေးကို ဒေသခံတွေကိုကူညီတယ် ။ အင်တိုက်အားတိုက်ပါဘဲ ။ ပါတီကိုယ်နှိုက် ကလည်း ၀န်ကြီးချုပ်ဖြစ်အောင် ကြိုးစားမယ်လို့ ရည်ရွယ်ထားတယ်လေ ။  ဘာကြောင့်လည်း ဆိုတော့ ကချင်မှာ က ၁၈ မြို့နယ်ဘဲရှိတယ်။ ကျားဖြူက ၉ မြို့နယ်ဝင်ပြိုင်တယ်။ ကျနော်တို့ အားလုံးနိုင်ရင် ပြီးပြီးလေ ။ ဖြစ်နိုင်ပြီလေ ။  အခြေအနေက လည်းကောင်းတယ် ။  အခြနေမကောင်းတာဆိုလို့ မြစ်ကြီးနားဘဲ ။ ကျန်တာ အားလုံးကောင်းတယ် ” ဟု ၄င်းကပြောသည် ။


သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ၅၇ နေရာအနိုင်ရခဲ့သော သျှမ်းတိုင်းရင်းသားပါတီ တစ်ခုဖြစ်ပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 8, 2015, 4:37:33 PM10/8/15
to thuau...@gmail.com

NCA တွင် RCSS ပါဝင်လက်မှတ်ထိုးမည်ဟုကြေငြာချက်ထုတ်ပြန်

Posted: 07 Oct 2015 11:33 PM PDT

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော်သည် တပြည်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ကြေငြာချက်တစောင် ထုတ်ပြန်လိုက် သည် ။


အချက် ၈ ချက်ပါ  RCSS ၏ ထုတ်ပြန်ကြေငြာချက်တွင် အချက် ၅ ၌  NCA အပေါ်  RCSS/SSA က ထောက်ခံကြိုဆိုကာ အပြန်အလှန်လိုက်နာဆောင်ရွက်သွားရန် သဘောတူညီထောက်ခံသည်-  ဟူ၍ လည်းကောင်း ၊ အချက် နံပတ် ၈ တွင် နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအား ရှေးရှုကာ NCA တွင် ပါဝင်လက်မှတ်ရေးထိုးသွားမည် ဟူ၍လည်းကောင်း ပါရှိပါသည် ။


၎င်းနှင့်ပတ်သက်၍ အောက်တိုဘာလ ၈ ရက် မွန်းလွှဲပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော်  RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် သတင်းစာရှင်လင်းပွဲ ပြုလုပ်မည်ဖြစ်သည် ။


အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်မြို့တွင်  ပြုလုပ်သော အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ဆွေးနွေးပွဲတွင်  NCA အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမည့်နေ့ရက်နှင့် နေရာသတ်မှတ် နိုင်ဖို့  ဆွေးနွေးကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဦးခွန်စိုင်းက ပြောသည် ။ ထိုအစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရပါသည် ။


အဆိုပါအစည်းအဝေးမှ RCSS/SSA အနေဖြင့် ပါဝင်လက်မှတ်ထိုးမည် / မထိုးမည်ကို အဆုံးအဖြတ်မပေးနိုင် ကြောင်း ၊ အောက်တိုဘာ ရ ရက်  RCSS ဗဟိုကော်မတီ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်အရ NCA လက်မှတ်ရေးထိုးရန် သဘောတူခဲ့ကြခြင်းဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလှက ဗီအိုအေ သတင်းဌာနတွင် ဖြေကြားထားသည် ။


တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပမည်ဟုလည်း သတင်းများ ထွက်နေပါသည် ။


NCA လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ ကရင်အမျိုး သားအစည်းရုံး KNU ၊ ဒီကေဘီအေ DKBA ၊ ကရင်ငြိမ်းကောင်စီ KNLA-PC ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကျောင်းသားအဖွဲ့ ABSDF ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP နှင့်  သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ဖြစ်ပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 9, 2015, 4:20:04 PM10/9/15
to thuau...@gmail.com

အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် KIA နှင့် SSA မြောက်ပိုင်းအား ထိုးစစ်ဆင်နေမှု ရပ်ဆိုင်းပေးရန် ကျားခေါင်းပါတီ တောင်းဆို

Posted: 08 Oct 2015 08:34 PM PDT

အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေးရှုသောအားဖြင့်  ကေအိုင်အေ နှင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့အား အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်နေမှုများ ရပ်ဆိုင်းပေးရန်အတွက် ကျားခေါင်းခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါသည် ။


အောက်တိုဘာလ ၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော အဆိုပါကြေငြာချက်တွင် နိုင်ငံလုံး ဆိုင်ရာအပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးဆဲအဆင့်တွင်သာရှိနေသာ ကေအိုင်အေနှင့် သျှမ်း ပြည်တပ်မတော် မြောက်ပိုင်းတို့အား ထူးခြားဖြစ်စဉ်မရှိပဲ ထိုးစစ်ဆင်နေသည်ဟု ကြေငြာချက်တွင် ဖော်ပြပါရှိသည် ။


နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲဖို့အတွက် အန်စီအေ စဖို့ တိုင်းရင်းသားတွေ ဘက်က တောင်းဆိုခဲ့ တာပဲ ။ အခုလည်း ပျက်သွားတာ မဟုတ်သေးဘူး ။ အဆင်သင့်ဖြစ်တဲ့ အဖွဲ့ နဲ့ အဆင်သင့် မဖြစ်တဲ့ အဖွဲ့ဆိုပြီး ရှိနေတာ ။ ဒီလို အချိန်မျိုးမှာ ရမယ်ရှာပြီး ထိုးစစ်ဆင်နေတာက တော်တော်လေးကို ဆိုးဝါးတယ် ။ အတင်းအကျပ်လုပ်ယူနေတဲ့ သဘောဖြစ်နေတယ် ။ ဒီလိုနဲ့ ဘယ်လိုလုပ်အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်လာမလဲ - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ စိုင်းလိတ်က ပြောသည် ။


မြန်မာအစိုးရ စစ်တပ်နှင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်များအကြား ယခုရက်ပိုင်းတွင် တိုက်ပွဲများ တောက်လျှောက်ဆိုသလို ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၆ ရက်နေ့နှင့် ရ ရက်နေ့ တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ ပြင်းထန်ခဲ့ပြီး ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA/SSPP မှ ထုတ်ပြန်ထားသည် ။


ယခုကဲ့သို့ ရွေးကောက်ပွဲနီးကပ်ချိန်နှင့် NCA ခေါ် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုခါနီးအချိန်တွင် တိုက်ပွဲများ ကြောင့် မလိုလားအပ်သော အဟန့်အတားများ ဖြစ်မလာစေရန်မှာ အလွန် အရေးကြီးသည်ဟု စက်တင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် SSPP ၏ ကြေငြာချက်တွင် ဖော်ပြထားသည် ။


ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် အစိုးရ စစ်တပ်တို့အကြားတွင်လည်း မံစီမြို့နယ်နှင့် ဖားကန့် ဒေသတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး မံစီမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ ကြောင့် ဒေသခံ အမြောက်မြားမှာ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွ င်သွားရောက် ခိုလှုံနေရသည် ။


သျှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် မိုင်းရှူး မြို့နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံ အချို့မှာလည်း ဘေးလွတ်ရာကို သွားရောက်ခိုလှုံနေရကြောင်း သိရသည် ။


ကေအိုင်အေမှာ အစိုးရနှင့်တ ဖွဲ့ချင်းစီအလိုက် အပစ်ခတ်ရပ်စဲမှု ပြုလုပ်ထားခြင်း မရှိသော်လည်း ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှာ ၂၀၁၂ ခုနစ်ကတည်းက ပြည်ထောင်စု အဆင့်အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားသည်ဟု သိရသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 10, 2015, 4:40:30 PM10/10/15
to thuau...@gmail.com

လယ်ယာမြေများ အမြန်ဆုံး ကွင်းဆင်းစစ်ဆေးပေးရန် မြေစာရင်းဌာနအား မိုင်းပန်မြို့နယ်ထွေအုပ်မှာကြား

Posted: 10 Oct 2015 02:45 AM PDT

မိုင်းပန်ဒေသခံများ၏ အသိမ်းခံရ လယ်ယာမြေများအား အမြန်ဆုံး ကွင်းဆင်းစစ်ပေးရန် မိုင်းပန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက မြေစာရင်းဌာနအား ညွှန်ကြားလိုက်ကြောင်း သိရသည် ။

အောက်တိုဘာလ ၆ ရက်နေ့က မိုင်းပန်လယ်သမားများ မြေစာရင်းထံစာသွားပေးပို့စဉ်

အောက်တိုဘာ ၉ ရက်နေ့  မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ   မိုင်းပန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မိုင်းပန်လယ်သမားများ သွားရောက်တွေ့ဆုံရာတွင် ထိုသို့ညွှန်ကြားလိုက်ခြင်းဖြစ်သည် ။ အဆိုပါတွေ့ဆုံပွဲတွင် ဌာနဆိုင်ရာတာဝန်ရှိများလည်း တက်ရောက်ကြောင်းသိရသည် ။


“ ကျနော်တို့ လယ်သမားတွေ မနေ့က ထွေအုပ်မှူး ဦးဝင်းမြင့်နဲ့သွားတွေ့တယ် ။ ထွေအုပ်က မြေစာရင်းကို ညွှန်ကြားလိုက်တယ် ။ အဲဒီလယ်ယာ မြေတွေကို အမြန်ဆုံးပြန်စစ်ဆေးပေးဖို့ပေါ့နော် ။ ဘယ်နေ့ရက်လဲ မသိသေးပေမယ့် ကျနော်တို့လယ်သမားတွေအနေနဲ့တော့  အခုလိုကြားရတော့ စိတ်ချမ်းသာနေတယ် ။ ဒီကြားထဲအမြန်ဆုံး ကွင်းဆင်းစစ်ဆေးပေးမယ်လို့ ယုံကြည်ပါတယ် ။ ကွင်းဆင်းစစ်ဆေးတဲ့အချိန်ကျရင် လွယ်ကူအောင် ကျနော်တို့ရွာသားတွေ လယ်သမားတွေလည်း ကွင်းဆင်းကူညီ ပေးကြပါမယ် ” - ဟု မိုင်းပန်မြို့မှ လယ်အသိမ်းခံရသူ စိုင်းနွံကပြောသည် ။


မိုင်းပန်လယ်သမားများ၏ လယ်ယာမြေ ၏က ၅၀၀ ကျော်ကို မြို့သစ်တည်ရန်ရည်ရွယ်ကာ အစိုးရ စစ်တပ် က ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်ကတည်းက သိမ်းဆည်းလိုက်သည် ။ သို့သော် အမြောက် တပ် ဆောက် ရုံကလွဲ၍ မြို့သစ်တည်ခြင်းမရှိသကဲ့သို့ အဆိုပါမြေများအား အသုံးပြုခြင်းလည်း မရှိခဲ့ ပေ ။ တဖက်တွင်လည်း လယ်ပိုင်ရှင် များ အား လယ်ယာစိုက်ပျိုးခွင့်မပေးဘဲ ထိုသို့အလွှတ် အတိုင်း ထားရှိနေသည့်အပေါ် ပြန်လည်ခွဲဝေပေးရန် လယ်သမားများ စုပေါင်းလက်မှတ်ရေးထိုးကာ မြို့နယ်၊ ခရိုင် ရှိဌာနဆိုင်ရာနှင့် သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့ခဲ့သည် ။


“ နောက်ပြီးတော့ အခုလို အသိမ်းခံရလယ်ယာမြေကိစ္စတွေ ရှင်းလင်းနေဆဲအချိန်မှာ နတလ အဆောက်အဦးအတွက်ဆိုပြီး ဆောက်လုပ်နေဆဲဖြစ်တဲ့ ရွှေသုန္နရီတော်ဝင် ကုမ္မဏီကိုလည်း ဆောက်လုပ်နေမှု ခေတ္တရပ်တံ့ထားပေးဖို့ ကျနော်တို့ တောင်းဆို ပန်ကြားလိုပါတယ် ။” - ဟုလည်း မြို့နယ်ထွေအုပ်နှင့်သွားရောက်တွေ့ဆုံခဲ့သည့် မိုင်းပန်လယ်သမားများက ပြောဆိုပါသည် ။


မိုင်းပန်မြို့နယ်တွင် အသိမ်းခံရလယ်ယာမြေပေါင်းဧက ထောင်နှင့်ချီရှိပြီး ၁၉၉၆-၁၉၉၇ ခုနှစ်ကလည်း မြို့ပြင် ကျေးလက်တောရွာ ၁၀၀  ရွာကျော်အား စစ်အစိုးရက မြို့ပေါ်ပြောင်းရွှေ့နေထိုင်ခိုင်းခဲ့သည် ။ အသိမ်းခံရလယ်ပိုင်ရှင်အများစုနှင့် ပြောင်းရွှေ့ခိုင်းခြင်းခံရသည့် ကျေးလက်ဒေသခံများမှာ မိသားစုရေး ၊ ဝမ်းရေးအတွက် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ် ခဲ့ကြရပါသည် ။

ခက်ခဲတဲ့လမ်းက မျှော်လင့်ချက်ပန်းအတွက် လျှောက်လှမ်းနေတဲ့အမျိုးသမီး(သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅) နန်းထွေးမှုံ နှင့် ဆက်သွယ်မေးမြန်းခန်း)

Posted: 10 Oct 2015 02:43 AM PDT

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ဗဟိုကော်မတီဝင် ၊ ဥပဒေပညာရှင် နန်းထွေးမှုံဟာ လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅) မှာ ၀င်ရောက်ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။ အဲဒီဒေသမှာ ပြည်သူ့စစ်တွေအပြင် တခြားပါတီကြီးတွေလည်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ တဘက်ကလည်း စစ်မက်ဖြစ်ပွားနေတဲ့ ဒေသဖြစ်တဲ့အလျောက် SNLD ပါတီအတွက် အတော်အတန် မလွယ် ကူတဲ့ ရင်ဆိုင်မှုမျိုးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းမှာ အမျိုးသမီး ကိုယ်စားလှယ် လောင်းတယောက်အနေနဲ့ စည်းရုံးရေးဆင်းရတာ အဆင်ပြေပါ့မလား။  နန်းထွေးမှုံကို သျှမ်းသံတော်ဆင့်က နန်းမွေခေါဝ်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ အမျိုးသားလွှတ်တော်မှာ ယှဉ်ပြိုင်မယ်ဆိုတော့ ဘယ်မြို့နယ်တွေမှာ ယှဉ်ပြိုင်ရမှာလဲ။

ဖြေ။    ။ အမျိုးသားလွှတ်တော် သျှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) ဖြစ်တော့ မူစယ်မြို့နယ်၊ နမ့်ခမ်းမြို့ နယ်၊ ကွတ်ခိုင်မြို့နယ်တွေမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မေး။    ။ မဲဆွယ်စည်းရုံးရေးအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။    ။ မူစယ်မှာတော့ ပြည်နယ်နဲ့ပြည်သူ့လွှတ်တော်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်း တွေ စည်းရုံးရေးဆင်းတာ ပြီးသွားတာတော့ များပါပြီ။ အောင်နိုင်ရေးကော်မတီလည်းရှိထားတော့ သွားကြ တယ်။ ကျမကတော့ အားတဲ့အခါမှ လိုက်သွားနိုင်တယ်။ သူတို့လည်း ကျမအတွက် စည်းရုံးပေးကြပါတယ်။ ကွတ်ခိုင်ဘက်က ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)ရဲ့ နယ်မှာတော့ သျှမ်းသိပ်မရှိဘူး။ တအာင်း၊ ကချင်နဲ့တရုတ်တွေများတယ်။ ဒါပေမဲ့ တရုတ်တွေကလည်း သူတို့ဆီကို လာဟောပြောဖို့ ဖိတ်ခေါ်တယ်ဆို တော့ တအာင်းတို့ တရုတ်တို့လည်း ကျမတို့ ကျားခေါင်းပါတီကို အားပေးကြပါတယ်။ နားလည်ကြပါတယ်။

မေး။    ။ ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲတွေ ရှိနေတယ်ဆိုတော့ စည်းရုံးရေးဆင်းတာ အခက်အခဲရှိလား။

ဖြေ။    ။ အခက်အခဲရှိပါတယ်။ ကွတ်ခိုင်ဘက် စ-ဆင်းတဲ့နေ့ စက်တင်ဘာလ ၁၇-၁၈ လောက်ပေါ့။ စ-ဆင်း တဲ့နေ့မှာဘဲ တိုက်ပွဲရှိတယ်။ ရွာတရွာကိုဆင်းသွားတာ ရွာသားတွေက ခုနကဘဲ တအာင်းတပ်ဖြတ်သွားတယ်။ တအာင်းတပ်နဲ့ အစိုးရတပ်တို့ အရမ်းနီးနေပြီ။ ဘယ်အခါတိုက်ပွဲဖြစ်မလဲ မသိဘူးလို့ ပြောကြတယ်။ တိုက်ပွဲက အချိန်မရွေး ဖြစ်နိုင်တယ်ဆိုတော့ သတိထားပြီး သွားရတယ်။

မေး။    ။ အခုအချိန်က စည်းရုံးရေးဆင်းတဲ့အချိန်ဆိုတော့ တိုက်ပွဲတွေကြောင့် စည်းရုံးရေးဆင်းတဲ့ကိစ္စအပြင် ရွေးကောက်ပွဲကိုပါ ဘယ်လိုထိခိုက်နိုင်သလဲ။

ဖြေ။    ။ ရွာတရွာကို သွားတော့မယ်ဆိုရင် အဲဒီအနီးမှာ တိုက်ပွဲဖြစ်နေတယ်ဆိုရင် ပြန်လာရတယ်။ တိုက်ပွဲ ကြောင့် ဒီဒေသမှာ ရွေးကောက်ပွဲကျင်းပမယ် မကျင်းပဘူးဆိုတာ ရွေးကောက်ပွဲကော်မရှင်အပေါ် မူတည်ပါ တယ်။ ရွေးကောက်ပွဲကော်မရှင်က မဲပုံးမထားတော့ဘူးလို့ ပြောရင်လည်း ကျမတို့ဘက် ဘာမှမတတ်နိုင်ဘူး။ ဒါပေမဲ့ အခုထိ ဘာမှမကြေငြာသေးတော့ ပြည်သူ့အသံရဖို့အတွက် သွားရမှာဘဲ။ ဒါပေမဲ့ သတိတော့ ထားရ တာပေါ့နော်။

မေး။    ။ နမ့်ခမ်းဘက်မှာကော် စည်းရုံးရေးဆင်းနေပြီလား။

ဖြေ။    ။ ဟိုတလောက သျှမ်းပြည်တပ်မတော် RCSS/SSA က စည်းရုံးခွင့်ပိတ်ထားတော့ ရပ်ထားရတယ်။ အခုတော့ ပြန်ဆင်းနေပါပြီ။ ဒါပေမဲ့ အခက်အခဲတော့ ရှိတယ်။ ပြည်သူ့စစ်တွေလေ။ ပန်းဆေးပြည်သူ့စစ် ခေါင်းဆောင်ဦးကျော်မြင့်က ကြံ့ခိုင်ရေးပါတီဆိုတော့ ကျမတို့ပါတီ အဲဒီပန်းဆေးဒေသဘက်သွားတာ မပေး သွားဘူးလို့ ပြောလာတယ်။ အဲဒီလို တားဆီးတာတွေ ရှိတယ်။ ပြည်သူ့စစ်ဆိုတော့ လက်နက်ရှိတယ်လေ။ အဲဒါကြောင့် သူတို့နယ်ထဲက ပြည်သူတွေ သူတို့ကိုကြောက်ကြတယ်။ ကွတ်ခိုင်က ဦးတီခွန်မြတ်တို့၊ ဦးကိန်မိုင် တို့ဆိုတာ ပြည်သူ့စစ်တွေလေ။ နောက်ကြံ့ခိုင်ရေးပါတီဝင်တွေ။ ဟိုပန်ကလည်း ပြောလာတယ်။ ဟိုပန်မှာ ကျားခေါင်းပါတီက ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၂ ယောက်ယှဉ်ပြိုင်မယ်။ သူတို့က အခက်အခဲ တွေ့နေတယ်တဲ့အခု။ ဟိုပန်ဘက်မှာ ရွာပေါင်း ၂၀ ဘဲ ၀င်နိုင်တယ်။ ကျန်တဲ့ရွာတွေဝင်ဖို့ အရမ်းခက်တယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့ကနယ်ခံတွေမဟုတ်ဘူး။ မူစယ်နဲ့သိန္နီကနေ သွားရောက်ယှဉ်ပြိုင်တာ။ ဒါကြောင့် စည်းရုံးရေးဆင်းတဲ့အခါ ရပ်ရွာအုပ်ချုပ်ရေးမှူးအကူအညီတွေ ယူရတယ်။ အစကတော့ ကူညီကြပါတယ်။ နောက်ပိုင်းတော့ မကူရဲတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဟိုပန်မှာ ၀ ပါတီက သူတို့ကို မကူဖို့ သွားပြောထား တယ်။ ဒါပေမဲ့ သူတို့က ကျမတို့ကို အဲဒီလိုတော့ မပြောရဲဘူး။ သူတို့ဒေသခံက ပါတီကို ကူညီရမယ်၊ အဲဒါ ကြောင့် မကူနိုင်တော့ဘူးလို့ဘဲ ပြောတယ်။ ဒါကြောင့် ဟိုပန်မှာလည်း အရမ်းခက်ခဲတယ်။ ကြံ့ခိုင်ရေးပါတီက ပြည်သူ့စစ်တွေကို သူတို့ရဲ့ကိုယ်စားလှယ်လောင်းအဖြစ် လုပ်ခိုင်းထားတော့ ပြည်သူတွေလည်း ကြောက်ကြ တာပေါ့။ မလွတ်လပ်ဘူး။ နမ့်ခမ်းဘက်ကတော့ ကျမ မသွားရသေးဘူး။ နမ့်ခမ်းမှာရှိတဲ့ အောင်နိုင်ရေးကော် မတီက ဆင်းပေးထားတယ်။ ရွာဘက်တွေမှာ ဆင်းနေပါတယ်။ မြို့ပေါ်ရပ်ကွက်တွေဆီဆင်းမှ ကျမကို ခေါ် မယ်။ အဲဒီအခါမှ ကျမသွားမယ်။ အခုတော့ ကွတ်ခိုင်နဲ့မူစယ်ဘက်မှာ ဆင်းနေပါတယ်။

မေး။    ။ နမ့်ခမ်းဘက်မှာ စည်းရုံးရေး အခြေအနေ ကောင်းလား။

ဖြေ။    ။ အခြေအနေ ကောင်းတယ်လို့ ပြောလာကြပါတယ်။ ရွာတွေမှာပါ။

မေး။    ။ နမ့်ခမ်းမြို့ပေါ်မှာကော်။

ဖြေ။    ။ အခြေအနေ ကောင်းတယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမ ဆက်သွယ်နိုင်တဲ့  လူငယ်တွေ၊ မိတ်ဆွေတွေက ကျမတို့ဘက်မှာ ရှိနေပါတယ်။

မေး။    ။ နမ့်ခမ်းလူထုတချို့တဝက်က ကျားခေါင်းပါတီကို ဆန့်ကျင်တယ်ဆိုတော့ အခြေအနေ ကောင်းနိုင် မှာလား။

ဖြေ။    ။ ဆန့်ကျင်တဲ့သူတွေက အင်တာနက်သုံးတဲ့လူငယ်တစုပါဘဲ။ ပြည်သူလူထုက သူတို့နဲ့ အတိုက်အခံ မလုပ်ချင်လို့ ငြိမ်နေတာပါ။ တကယ်တော့ ကျမတို့ကျားခေါင်းဘက် ပါပါတယ်။ ဒီမိုကရေစီစနစ်မှာ သွားရောက် ယှဉ်ပြိုင်မှာကို တားမြစ်ပိုင်ခွင့်မရှိဘူး။ တကယ်ဆိုရင် သူတို့ကို တရားစွဲဆိုနိုင်တယ်။ ဒါပေမဲ့ ကျမတို့ပါတီက စိတ်ရှည်သည်းခံတယ်။ ဘယ်သူ့ကိုမှလည်း ဘာမှမလုပ်ချင်ဘူး။ ယှဉ်ပြိုင်တာလည်း တရားမျှတစွာနဲ့ ယှဉ်ပြိုင် ချင်တယ်။ ယှဉ်ပြိုင်မှ အနိုင်အရှုံးဆိုတာ ထွက်ပေါ်လာမှာလေ။ အမှန်တရားက ပေါ်လာမှာလေ။ သူတို့ဒီလို ပြောရဲဆိုရဲတာ ကျမ တကယ်အံ့သြပါတယ်။

မေး။    ။ ဒါဆို နမ့်ခမ်းလူထုကနေ မဲဆန္ဒတွေ ရရှိဖို့ မျှော်လင့်ချက် ဘယ်လောက်ရှိလဲ။

ဖြေ။    ။ မျှော်လင့်ချက်ရှိပါတယ်။ အခုတော့ တကယ့်ကို အခြေအနေ တိုးတက်လာပါတယ်။ အောင်နိုင်ဖို့ လည်း မျှော်လင့်ချက်ရှိပါတယ်။

မေး။    ။ အမျိုးသမီးတယောက်အနေနဲ့ အမျိုးသားလွှတ်တော်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုတော့ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရလဲ။

ဖြေ။    ။ အမျိုးမျိုးကြုံရပါတယ်။ ခုနက ပြောသလိုပေါ့။ ပြည်သူ့စစ်တွေက ပြည်သူတွေကို ချိန်းခြောက်ထား တော့ ပြည်သူတွေကို စည်းရုံးဖို့ ခက်တယ်။ ဒါပေမဲ့ ကျမတို့ သွားဟောပြောတော့ သူတို့တွေသဘောပေါက်လာ ပြီး ကျမတို့ဘက်ကို ပြန်ပါလာတယ်။ ကျမတို့ကို နားလည်ပေးတာ များပါတယ်။ စည်းရုံးရေးမှာ အခက်အခဲ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဒေသက ပြည်သူ့စစ်တွေလေ။ တားဆီ်းတာတွေရှိတယ်။ နောက် မဲစာရင်း။ မဲစာရင်းမှားတာ အရမ်းများတယ်။ ရွာဘက်မှာက စာပေမတတ်ကြတော့ အရမ်းစည်းရုံးရတယ်။ နိုင်ငံရေးကို စိတ်မဝင်စားတာလည်း ပါတယ်။ ဗဟုသုတလည်း နည်းပါးကြတယ်လေ။ ဒါကြောင့် သူတို့တွေ မဲစာရင်းသွား ကြည့်ဖို့ တိုက်တွန်းရတာလည်း မလွယ်လှဘူး။ ဒါကလည်း စိန်ခေါ်မှုတခုပေါ့။ အခုတော့ မဲစာရင်း ပြန်ပြင်ဖို့ ရက်ကုန်သွားတော့ မဲပေးတဲ့နေ့မှာ ရယကက ထောက်ခံပေးရင်တော့ မဲပေးခွင့်ရှိမယ်လို့တော့ ပြောတယ်။ နောက်မူစယ်က နယ်စပ်မြို့ဆိုတော့ အောက်ပြည်အောက်ရွာကနေ ဂျယ်ကောင်၊ ရွှေလီဘက်မှာ အလုပ် လာလုပ်တာ ခြောက်သောင်းလောက်ရှိတယ်။ တရုတ်ဘက်မှာ အလုပ်သွားလုပ်ပြီး မူစယ်မှာ မဲလာပေးရင် လက်မခံဘူးလို့တော့ ပြောတယ်။ ဒါပေမဲ့ တချို့က မူစယ်မှာ မနေပေမဲ့ မူစယ်မှာ မဲလာပေးချင်ကြတယ်။ ဒါကြောင့် ရယကတို့ဆီမှာ သွားပြောတယ်။ ရယကတွေက မူစယ်မှာ ၆ လ ရက်ပေါင်း ၁၈၀ နေထိုင်တယ် ဆိုတဲ့ အထောက်အထားကို ပြနိုင်ရင် မဲစာရင်းပေးပိုင်ခွင့်ရှိတဲ့ စာရင်းထဲမှာ ထည့်ပေးမယ်လို့ပြောတယ်။ ဧည့်စာရင်းလိုမျိုးပေါ့။ အဲဒါလည်း ပြဿနာတခု ဖြစ်နေတယ်။ လှည့်ပတ်လုပ်လို့ရတယ်လေ။ တကယ်လို့ အောက်ပြည်အောက်ရွာက လူခြောက်သောင်းက မူစယ်မှာ မဲပေးခွင့်ရရင် ကျမတို့ ရှုံးနိုင်တယ်လေ။ မူစယ် ဒေသခံတွေ မဲပေးပိုင်ခွင့်ရှိတာ ခြောက်သောင်းမှ မရှိတာ။ သူတို့ထက်နည်းတယ်လေ။ ဒါလည်း စိန်ခေါ်မှု တခုပေါ့။ ဒါပေမဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတော့ ပြောပါတယ်။ မူစယ်မှာ ရက်ပေါင်း ၁၈၀ မနေထိုင်ခဲ့ဘူးဆိုရင် မဲပေးခွင့်မပေးဘူးလို့တော့ ပြောထားပါတယ်။

မေး။    ။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လုပ်ငန်းတာဝန် ဘာတွေရှိလဲ။

ဖြေ။    ။ ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လမ်းခင်းတံတားဆောက်ဖို့ ကျောင်းဆောက်ဖို့ အတွက် လွှတ်တော်မှာတင်ပြပြီး ဘတ်ဂျတ်တောင်းဖို့လို့ဘဲ သဘောပေါက်ကြတယ်။ ဒါဟာ လွှတ်တော် ကိုယ်စားလှယ်ရဲ့ အလုပ်မဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ်အလုပ်ဆိုတာ လွှတ်တော်မှာ ဥပဒေကြမ်းတင် လာရင် ကိုယ့်ပြည်သူလူထုအတွက် အကျိုးရှိရင် ထောက်ခံမယ်။ မရှိရင် ဆန့်ကျင်မယ်။ လူထုက ဒီဥပဒေဟာ လူထုရဲ့ဆန္ဒနဲ့ မကိုက်ညီလို့ ဆန့်ကျင်ချင်ရင် လွှတ်တော်မှာ အဲဒီဥပဒေကို ဆန့်ကျင်ပေးမယ်။ နောက် အုပ်ချုပ် ရေးမှူးတွေ လုပ်ရပ်ဟာ ဥပဒေနဲ့ကိုက်ညီ/မကိုက်ညီ Check and Balance လုပ်ဖို့လည်း လွှတ်တော်ကိုယ်စား လှယ်တွေမှာ တာဝန်ရှိတယ်။ 

မေး။    ။  ရွေးကောက်ပွဲအနိုင်ရရင် ဘာလုပ်ပေးမှာလဲ။

ဖြေ။    ။ ကျမတို့က ဘယ်လောက်အနိုင်ရမယ်ဆိုတာ မသိသေးတော့ အစိုးရဖွဲ့နိုင် မဖွဲ့နိုင် မပြောနိုင်သေး ဘူး။  ကျမတို့ကတော့ အစိုးရဖြစ်ဖြစ် မဖြစ်ဖြစ် ပြည်သူ့ဘက်က ရပ်တည်မှာပါ။ အတိုက်အခံဘက်ကနေ ပြည်သူအတွက် လုပ်ဆောင်ပေးမှာပါ။ အခုတော့ မပြောနိုင်သေးဘူး။ ကျမတို့ အစိုးရဖြစ်ဖို့လည်း မမျှော်လင့် ပါဘူး။ တိုင်းရင်းသားတွေနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်သင့်ရင်လည်း ပြင်ဆင်ရမယ်။ ဥပဒေသစ် ပြဌာန်းဖို့ရှိလာရင်လည်း တင်ပြရမယ်။ ပြည်သူတွေ လုံခြုံမှုရှိအောင်ပေါ့။ ကျမတို့ရဲ့ ရည်ရွယ်ချက်က ၂၀၀၈ ကို ပြင်ဖို့။ ဒါကလည်း ချက်ချင်းတော့ မဖြစ်နိုင်ဘူး။ အခြေအနေက အမြဲတမ်း ပြောင်းလဲနေတယ်ဆိုတော့။ တနေ့ မှာတော့ ပြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေး။    ။ ဘယ်လိုအစိုးရသစ်ကို မျှော်လင့်သလဲ။

ဖြေ။    ။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အစိုးရကို မျှော်လင့်ပါတယ်။ ဒီမိုကရေစီနိုင်ငံထူထောင်မယ်ဆိုတော့။ ဒီမိုကရေစီအင်အားစုတွေ အစိုးရဖြစ်လာရင်တော့ လုပ်လို့ရလွယ်တယ်။ အစိုးရဟောင်းလုပ်ရင်တော့….။ အခုတော့ မပြောနိုင်သေးဘူး။ သူတို့က ရွေးကောက်ပွဲအောင်နိုင်ဖို့ ဘယ်လိုနည်းလမ်းသုံးမယ်ဆိုတာလည်း မသိသေးဘူး။ အခုတော့ ဘာမှမပြောနိုင်သေးဘူး။ ဒါပေမဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံဖြစ်ချင် တယ်။

မေး။    ။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်သလား။

ဖြေ။    ။ အဲဒါလည်း ရာခိုင်နှုန်းပြည့် မမျှော်လင့်နိုင်ဘူး။ မသမာမှုတွေ လုပ်နိုင်သေးတာဘဲ။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကြံ့ခိုင်ရေးပါတီကဆိုတော့ ဘယ်သူကမှ ရာခိုင်နှုန်းပြည့် မမျှော်လင့်ရဲကြဘူး။

မေး။    ။ လူထုကိုဘာထပ်ပြောပြချင်သလဲ။

ဖြေ။    ။ ပြည်သူတွေ နိုင်ငံရေးဗဟုသုတရှိအောင် လေ့လာကြပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ မတွေးကြ ပါနဲ့။ သူများကသခင်၊ ကိုယ်ကကျွန်လို့လည်း မမှတ်ယူပါနဲ့။ နိုင်ငံရေးကို နားလည်အောင် လုပ်ပြီး ယောက်တိုင်း မဲပေးကြပါလို့။ ကိုယ့်ရဲ့သားသမီးတွေ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေနိုင်တဲ့အမွေပေးချင်ရင်တော့ တိုင်းပြည်ငြိမ်းချမ်းမှ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မဲဆန္ဒတွေ ပေးကြပါလို့။

စိတ်ရှည်လက်ရှည်နဲ့ဖြေကြားပေးတဲ့အတွက် သျှမ်းသံတော်ဆင့်မှ ကျေးဇူးအထူးတင်ရှိပါတယ်။ 

ခွန်းဆေ ၏ ကျနော် သူပုန်ဖြစ်လာပုံ The making of a Rebel စာအုပ် ထုတ်ဝေ

Posted: 10 Oct 2015 01:43 AM PDT

သျှမ်းသံတော်ဆင့် သတင်းဌာနအား စတင်တည်ထောင်သူ ဦးခွန်ဆာ ဦးဆောင်သော MTA တပ်မတော် ၊ ဗိုလ်မိုးဟိန်းဦးအောင်သော TRC/TRA တပ်မတော် အဆက်ဆက်တို့တွင် အမျိုးသားရေးအတွက် အစဉ်တာဝန်ထမ်းဆောင် သူ ဦးခွန်စိုင်း (ခေါ်) ခွန်းဆေ ရေးသားသော ကျနော်သူပုန်ဖြစ်လာပုံ စာအုပ် ထုတ်ဝေလိုက်သည် ။


၂၀၁၂ က Burma Center for Ethnic Studies က ဒါရိုက်တာ ဒေါက်တာ လျန်မုန်းဆခေါင်းက ကျနော့်ကို ကျနော့်ဘဝလှုပ်ရှားမှု သမိုင်းတစိတ်တပိုင်း နဲ့ တော်လှန်ရေးထဲ ဝင်လာရတဲ့အကြောင်းကို ရေးခိုင်းတယ် ။ ဘာကြောင့် တိုင်းရင်းသားတွေ လက်နက်ကိုင်ပြီးတော်လှန်ရေးလုပ်ရသလဲ ဆိုတာပေါ့ ။ လူတိုင်းဖတ်လို့ရအောင် ဗမာလိုရေး ဖြစ်ပါတယ် ။ အဓိကကတော့ ရှေ့ ဆက်မှာ သူပုန်ထပ်မပေါ်ပေါင်လာအောင် ရည်ရွယ်ပါတယ် ။ - ဟု စာရေးသူ ခွန်းဆေ ကပြောသည် ။


ကျနော် သူပုန်ဖြစ်လာပုန် (The making of a Rebel ) စာအုပ်ကို ခွန်းဆေက ၂၀၁၂ တွင်စတင်ရေးသားခဲ့သည် ။ ၂၀၁၃ တွင် BCES ထံ ပေးပို့ခဲ့သည် ။ ရန်ကုန်ပန်းဝေဝေစာပေမှ အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပါသည် ။ စာမျက်နှာ ၁၀၄ မျက်နှာပါရှိသည် ။


ကျနော်တို့ ငယ်ငယ်တုန်းက ဗမာကြားထဲမှာနေလာတယ် ။ ဗမာအဝတ်အစား ဗမာစကားတွေ ပြောတယ် ။ သျှမ်းစစ်စစ်ကနေ ဗမာဖြစ်လုဖြစ်ခင်မှာ ဘာအကြောင်းအချက်ကများ ကျနော့်ကို သျှမ်းသူပုန်ဘဝရောက်အောင် ပို့ဆောင်ခဲ့ သလဲ ၊ အဲလိုမျိုး မှားယွင်းတဲ့ ပေါ်လစီ မူဝါဒ ထပ်မံမဖြစ်ပွါးအောင် သတိထားသင့်တဲ့အချက်လေးတွေ စာအုပ်ထဲမှာပါပါတယ် ။ - ဟု ဦးခွန်စိုင်းက ပြောသည် ။


ဦးခွန်စိုင်းသည် တော်လှန်ရေးသမားဘဝတွင် ၂၇ နှစ်ကြာလှုပ်ရှားရင်း ဦးခွန် ဆာလက်နက်ချပြီးနောက် ၂၀၁၃ ခုနှစ်အထိ နှစ် ၂၀ နီးပါး သျှမ်းသံတော်ဆင့် သတင်းဌာနတွင် အယ်ဒီတာချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည် ။


ထိုနောက်ပိုင်း လက်ရှိအချိန်အထိ အစိုးရနှင့်တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့တို့အကြား ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း အတွက် အဓိက ပံ့ပိုးပေးမှုလုပ်ဆောင်နေသည့် ပြည်ထောင်စု အင်စတီကျုရုံးတွင် ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင် နေပါသည် ။

SSPP/SSA နှင့် အစိုးရ စစ်တပ်တို့အကြား လေးရက်မြောက် တိုက်ပွဲ ဆက်လက်ဖြစ်ပွား

Posted: 09 Oct 2015 06:29 PM PDT

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ စစ်တပ်တို့အကြား မိုင်းနောင်မြို့နယ် အတွင်း အောက် တို ဘာလ ၉ ရက်နေ့က  လေးရက်မြောက်နေ့အဖြစ် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သျှမ်းပြည် တပ်မ တော် မြောက်ပိုင်း တာဝန်ရှိသူက  အတည်ပြု ပြောဆိုသည် ။


"မနက် ၆ နာရီကျော်လောက်ကတည်းက ဖြစ်နေတာ ၊ နေ့လည်းပိုင်းမှာလည်း ဆက်ဖြစ်နေတယ် ။ အခုထိတော့ ကျနော်တို့ဘက်က စခန်းကျဆုံးတာ မရှိသေးဘူး ။ မကျအောင်လည်း အတတ်နိုင်ဆုံး တောင့်ခံ တွန်းလှန်နေတယ် ။"- ဟု သျှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက  ပြောသည် ။


မိုင်းနောင်မြို့နယ်အတွင်း အောက်တိုဘာလ ၆ ရက်နေ့ကစတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံရာပေါင်းများစွာမှာ မိုင်းရှူး ဟိုင်းပါ စသည့် ဒေသများသို့ ထွက်ပြေးပုန်းရှောင်နေရပြီး တိုက်ပွဲများကြောင့် ထိခိုက်ကျဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြောသည် ။


" ဖုန်းလိုင်းတွေလည်း ဖြတ်ထားတာ အခုည အောက်တိုဘာလ ၉ ရက်ညမှ ပြန်ရတယ် ။ လက်နက်ကြီးတွေကတော့ တဒုန်းဒုန်း တနေကုန် ပစ်နေသံတွေ ကြားရတယ် ။ ကျနော်တို့ ပါတီ အောက်ခြေ တာဝန်ရှိသူတွေက စစ်ဘေးရှောင် အရေးအတွက် ကူညီနေတယ် ။" - ဟု လာမည့် ရွေးကောက်ပွဲတွင် မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ကျားခေါင်း SNLD ပါတီ ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မည့် စိုင်းထွန်းအေးက ပြောသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ် ၀မ့်ဟိုင်းအတွက် စစ်ရေးအရ အရေးပါသော တာ့ဆမ်ပူး - တာ့ခမ့် ကူးတို့ဆိပ်တဝိုက်မှ SSA တပ်များအား ဖယ်ပေးရန် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက SSA မြောက် ပိုင်း တာဝန်ရှိသူများအား ဖုန်းဆက် အကြောင်းကြားထားပြီး မဖယ်ပေးပါက ဌာနချုပ်ဝမ့်ဟိုင်းအား တိုက်ခိုက်မည်ဟု ပြောဆိုထားကြောင်းလည်း SSA တာဝန်ရှိသူက ဆိုသည် ။


" ဘယ်လိုလုပ် ဖယ်ပေးလို့ရမလဲဗျာ ။ အခုက တဖွဲ့ချင်း အပစ်ရပ်ပြီးသားအဖွဲ့ကို နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ထိုးဖို့ အသင့်မဖြစ်သေးဘူး ပြောလို့ ပြသနာရှာနေတာ ။ ကျနော်တို့က  လုံးဝ မထိုးဘူး ပြောနေတာ မဟုတ်ဘူးလေ ။ "- ဟု ဗိုလ်မှူး ကြီးစိုင်းလက ပြောသည် ။


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့ တွင်  နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ရန်စီစဉ်ထားပြီး KNU နှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်းအပါအဝင် အဖွဲ့ ၈ ဖွဲ့ကသာ လက်မှတ်ရေးထိုးကြမည်ဖြစ်သည် ။


သျှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် အစိုးရတို့အကြား ၂၀၁၂ ခုနစ်ကတည်းက ပြည်ထောင်စု အဆင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သော်လည်း အပစ်ရပ်ပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ရာနှင့် ချီဖြစ်ပွားခဲ့ကာ ၂၀၁၄ ခုနစ်အတွင်း တာ့ဖာဆောင် ဒေသတိုက်ပွဲများမှာ အပြင်းထန်ဆုံးဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 11, 2015, 4:34:45 PM10/11/15
to thuau...@gmail.com

SSPP/SSA ဌာနချုပ်အနီးရှိ တပ်စခန်းသို့ အစိုးရတပ် လက်နက်ကြီးပစ်ခတ်

Posted: 11 Oct 2015 08:38 AM PDT

သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ ဌာနချုပ်ဝမ့်ဟိုင်း အဝင်လမ်းခွဲ ၂ မိုင်ခန့်အကွာ ကောင်းမူးလွယ်သို့ လွယ်ကျူမောက်ခေါဝ် တပ်စခန်းမှ အစိုးရတပ်များ လက်နက်ကြီးဖြင့် ယနေ့နေ့ခင်းပိုင်းက ပစ်ခတ်  တိုက်ခိုက်နေကြောင်း သိရသည် ။


“ လွယ်ကျူမောက်ခေါဝ် စခန်းကနေ ကောင်းမူးလွယ်စခန်း ဘက်ကိုပစ်နေ တာလေ ။ ဝမ့်ဟိုင်းထဲကနေ လက် နက်ကြီးသံ တွေကြားနေရတယ် ။ ကျနော်တို့ဘက်က ပြန်ပစ်တာတော့မရှိသေးဘူး ။ မွန်းလွဲ ၂ နာရီ လောက် ကစပစ်တာ အခု ၃ နာရီကျော်နေပြီ ။  ကျနော်တို့တပ်စခန်းဘက်ကို တမင်သက်သက် ပစ်ခတ် တာဘဲ ” ဟု ဝမ့်ဟိုင်းနေ ဒေသခံလူငယ် စိုင်းလျဲန်းက ပြောသည် ။


ပစ်ခတ်နေသော အစိုးရစစ်တပ်မှာ မည်သည့်တပ်မှန်း အတိအကျ မသိရသေး သော်လည်း နမ့်ပုတ် လွယ်ကျူမောက်ခေါဝ် စခန်းတွင် လာရောက် တပ်စွဲထားသော စကခ ၁၇ လက်အောက်ခံ တပ်များဖြစ် နိုင်ကြောင်း ဆိုပါသည် ။


အစိုးရစစ်တပ်သည် သျှမ်းပြည်တိုးတက်ရေးပါတီအား ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ အောက်တိုဘာ ၆ ရက်နေ့ကတည်းက ဖြစ်ပါသည် ။ ယနေ့တိုင် တိုက်ပွဲများ မရပ်ဘဲ ဆက်တိုက်ဖြစ်ပွါး နေပါသည် ။


တိုက်ပွဲကြောင့် အစိုးရတပ်ဘက်မှ အကျများသည်ဟုလည်း ဒေသတွင်း  ပြည်သူ့ စစ်တပ်ဖွဲ့မှ အရာရှိတဦးကလည်း ပြောသည် ။


“ အစိုးရဘက်က ဒဏ်ရာရသူတွေကိုကားကြီး ၃ စီးနဲ့မနေ့က သယ်ထုတ်လာတာ တွေ့တယ် ။ အကျများတယ် ပြောတယ် ။  သူတို့စစ်ကြောင်းဘက်က သတင်းကတော့ သူတို့ ၃၀ လောက်ဘဲကျ တယ်တဲ့ ။ ဘယ်လောက်လောက်ရှိ မလဲအသေအချာ မသိသေးဘူး ။ ” ဟုဆိုပါသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီဘက်မှာ  NCA လက်မှတ်ရေးထိုးရန် သဘောမတူသေးသဖြင့် အစိုးရ တပ်မတော်က အင်အားသုံးထိုး စစ်ဆင်ခြင်းဖြစ်ကြောင်း SSPP ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း ပြောပါသည် ။


အောက်တိုဘာ ရ ရက်နှင့် ၈ ရက်နေ့ကလည်း အရှေ့မြောက်ပိုင်း တိုင်းအောက်မှ စစ်အင်အား ရ စီး နမ္မတူဘက်သို့ ထွက်သွားကြောင်း လည်း မြင်တွေ့ရသူ ဒေသခံများက ပြောသည် ။


သို့သော် SSPP/SSA သည် အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူ ထားသည့် အဖွဲ့ဖြစ်သည် ။

ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်မှမဲပေးခွင့်ရှိ ၊ မြန်မာကောင်စစ်ဝန်ရုံးပြော

Posted: 10 Oct 2015 09:29 PM PDT

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများမှာ မိမိအိမ်ထောင်စုစာရင်းရှိရာ နေရပ်ရင်းသို့ ပြန်ကာမဲပေးပါမှ မဲပေးပိုင်ခွင့်ရှိမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံချင်းမိုင်မြို့ မြန်မာကောင် စစ်ဝန်ရုံး ကပြောသည် ။


မြန်မာနိုင်ငံအစိုးရထုတ်ပေးသော နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများမှ သံရုံးနှင့်ကောင်စစ်ဝန်ရုံးတို့ တွင် ပုံစံ ၁၅ ဖြင့် မဲပေးခွင့်တောင်းခံလွှာတင်ပြီးသူများသာ ထိုင်းနိုင်ငံအတွင်းဖွင့် ပေးမည့် မဲရုံ ၂ ရုံတွင် မဲပေးရမည်ဖြစ် ကြောင်း ကောင်စစ်ဝန် ဦးစန်းယုကျော်က သျှမ်းသံတော်ဆင့်အား ပြောပါသည် ။


“ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားချက်အရ အစိုးရခွင့်ပြုချက်နဲ့ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံ သား မဲဆန္ဒရှင်တွေကနေ မြန်မာသံရုံး မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေမှာ မဲပေးဖို့ မဲပြား တောင်းခံတဲ့ပုံစံ ၊ ကျနော် တို့အခေါ်က ပုံစံ ၁၅ ဖြည့်စွက်ပြီး လာရောက်လျှောက်ထားသူ  ၁၄၂ ဦးရှိပါ တယ် ။  ကျနော်တို့ စက်တင်ဘာလ ၁၉ ရက်နေ့တုန်းက ဖောင်ပိတ်ပါတယ် ။ လာမယ့်ဒီ အောက်တိုဘာ ၁၇ ရက်နေ့မှာ ကျနော်တို့ကောင်စစ်ဝန်ရုံးမှာ ကြိုတင် မဲလာပေးရ ပါမယ် ။ ကျနော်တို့  ချင်းမိုင် ကောင် စစ်ဝန်ရုံးက ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ထဲက မြန်မာနိုင်ငံသားတွေကိုတာဝန်ယူရတာ ပါခင်ဗျ ။ ” ဟု ကောင်စစ်ဝန် ဦးစန်းယုကျော်က ရှင်းပြပါသည် ။


ထိုင်းနိုင်ငံ တောင်ဘက်ခြမ်းတွင်မူ မဲဆန္ဒရှင်များမှ  ပုံစံ ၁၅ ဖြင့် လာရောက်လျှောက်ထားသူများအား ဘန်ကောက်မြို့ မြန်မာသံရုံးတွင် အောက်တိုဘာ ၁၇ ရက်တွင်ပင် ကြိုတင်မဲပေးရမည်ဖြစ်သည်ဟု ဆိုပါသည် ။


“ ကျနော်တို့က သီးခြားစီအလုပ်လုပ်ရတာဆိုတော့ တခြားသံရုံးကရရှိတဲ့ မဲဆန္ဒရှင်အရေအတွက် ဘယ်လောက် ရှိတာဆိုတာ မသိနိုင်ပါဘူးခင်ဗျ ။” ဟု ကောင်စစ်ဝန်မင်း ကပြောသည် ။


ထိုင်းနိုင်ငံတွင် မဲပေးပိုင်ခွင့်ရှိသူအရေအတွက်စုစုပေါင်း အတိအကျ မသိနိုင်သော်လည်း အဆိုပါပုံစံ ၁၅ ဖြင့် လျှောက်လွှာမတင်လိုက်ရသူများအပြင်၊ ထိုင်းရောက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား သန်းကျော်တို့မှာ နေရပ်ပြန်မဲပေးပါမှ မဲပေးပိုင်ခွင့်ရှိမည်ဖြစ်ကြောင်း ကောင်စစ်ဝန်က ပြောပါသည် ။


“ ကျနော်တို့လည်း အတတ်နိုင်ဆုံးတော့ သူတို့တွေအားလုံးသိအောင် အဘက်ဘက်က အသိပေးကြေငြာ ပေးခဲ့ပါတယ် ။ ကောင်စစ်ဝန်ချုပ်ရုံးရဲ့ကြော်ငြာဆိုင်းဘုတ်တွေမှာ  ၊ ဖေ့စ်ဘုတွေမှာ ၊ ချင်းမိုင် တက္ကသိုလ်တွေက သံရုံးကိုဆက်သွယ်တဲ့ကျောင်းသားတွေကနေ ၊ ဘုန်းကြီးကျောင်းတွေကနေ ၊ လူမှုအသင်းလှုပ်ရှား နေသူတွေ ၊ လိုကယ်ကွန်မြူနတီမှာလုပ်နေတဲ့မြန်မာတွေ ဆီကနေ ကြော်ငြာစာတွေ ပေးခဲ့ပါတယ် ။” ဟု ဦးစန်းယုကျော်က ပြောဆိုပါသည် ။


ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံးကို ယခုနှစ် ဂျူလိုင်လ ၂၉ ရက်နေ့ကဖွင့်လှစ်ခဲ့ပါသည် ။ ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ဖြစ်သော ချင်းမိုင် ၊ ချင်းရိုင်း ၊ ဖယောဝ် ၊ နန့် ၊ ဖရဲ့ ၊ လမ်းပန်း ၊ လမ်းပွန်း ၊ မယ့်ဟောင့်ဆောင်နှင့် ဥတရတစ် တို့မှ မြန်မာနိုင်ငံသားများအတွက် တာဝန်ယူ ဝန်ဆောင်မှုပေးသည်ဟု သိရပါသည် ။


ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ ရှိပါသည် ။  ၁၉၉၆ မှ ၁၉၉၈ ဧပြီလ အထိ ထိုစဉ်စစ်အစိုးရသည် သျှမ်းပြည်တောင်ပိုင်း လွယ်လင် ၊ ပင်လုံ ၊ လဲချား ၊ မိုင်းကိုင် ၊ ကျေးသီး ၊ နမ့်ဇန် ၊ ကွန်ဟိန်း ၊ မိုးနဲ ၊ လင်းခေး ၊ မိုင်းပန်မြို့နယ်အတွင်း ကျေးရွာ ၁၄၇၈ ရွာ လူဦးရေသုံးသိန်း ကျော်အား နေရပ်မှ အဓမ္မ ပြောင်းရွေ့ခိုင်းခဲ့သည် ။  စစ်ဘေးရှောင်သျှမ်းပြည်သားများသည် ထိုင်းနယ်စပ် ချင်းရိုင်းခရိုင်တွင် မယ်ဆိုင် ၊ မယ်ဖလုံ ၊ ချင်းရိုင်း ၊ ချင်းမိုင်ခရိုင်တွင် ချင်းမိုင် ၊ ချိုင်းဒေါဝ် ၊ ဖှန် ၊ မယ်အိုင်း ၊ ချိုင်းပရကန်း ၊  မယ်ဟောင်ဆောင် ခရိုင်တွင်မူ မယ်ဟောင်ဆောင် နှင့် မုံးပိုင်းမြို့နယ်တို့၌ ပြောင်းရွှေ့ကာအလုပ်လုပ်ခဲ့ကြသည် ။ ထို့အပြင် နယ်စပ်သျှမ်းကူညီရေးအဖွဲ့ စစ်တမ်းကောက်ယူမှုအရ စစ်ဘေးစစ်ဒဏ်အပြင် စီးပွားရေးအခက်အခဲကြောင့် နှစ်စဉ်နှစ်တိုင်းလည်း သျှမ်းပြည်သားများ နေရပ်စွန့်ခွါကာ ထိုင်းနိုင်ငံသို့ ရောက်ရှိအလုပ်လုပ်ကိုင်နေကြပါသည် ။

NCA ကို ဘာကြောင့် ထိုးမလဲ ? ( RCSS/SSA ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ သတင်းစာရှင်းလင်းပွဲမှ )

Posted: 10 Oct 2015 09:19 PM PDT

အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြုလုပ်ကျင်းပမယ့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်လည်းဘဲ ပါဝင်လက်မှတ် ရေးထိုးသွားမယ်လို့ အောက်တိုဘာလ ၈ ရက်နေ့က ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ် ။ တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ အားလုံးမဟုတ်ရင်တောင်မှ အများစုလက်မှတ်ထိုးရင် RCSS/SSA လည်း ထိုးမယ်လို့ဆိုထားပေမယ့် လက်ရှိ လက်မှတ်ရေးထိုးဖို့ဆုံးဖြတ်တဲ့တိုင်းရင်းသားအဖွဲ့ ၇ ဖွဲ့ဘဲရှိပေမယ့် ဘာကြောင့် RCSS/SSA က လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ရပါသလဲ ။ အောက်တိုဘာလ ၈ ရက်နေ့တုန်း ကဘဲ RCSS/SSA  ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီးယွက်စစ်က သတင်းသမားတွေကို သတင်းစာရှင်းပွဲတရပ်ပြု လုပ်ခဲ့ပါတယ် ။ မြန်မာသတင်းဌာနကြီးတွေ ဖြစ်တဲ့ DVB ၊ RFA ၊  Irrawaddy၊ Mizzima ၊ သျှမ်းသံတော် ဆင့်တို့ တက်ရောက်နားထောင် မေးမြန်းထားချက်အပြည့်အစုံကို စုစည်းဖော်ပြထားပါတယ် ။ 

သတင်းထောက်များအား ဖြေကြားပေးနေသော ဥက္ကဌကြီး ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ပြောခွင့်ရပုဂ္ဂိုလ်

ဒု- ဗခက ယွက်စစ် ။    ။ အောက်တိုဘာလ ၈ ရက်နေ့ ဒီနေ့ ကျနော်တို့ သတင်းစာရှင်းလင်းပွဲလုပ်ရ တဲ့အကြောင်းရင်း ကတော့ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာပြုလုပ်မယ့် တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးပွဲအတွက်ဘဲဖြစ်ပါတယ် ။ NCA ဟာ ကျနော်တို့ အနာဂတ် နိုင်ငံရေးပြဿနာတွေကို ပြောင်းလဲပေးမယ်လို့ယုံကြည်လို့  RCSS/SSA အနေနဲ့ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ် လိုက်ခြင်းဘဲဖြစ်ပါတယ် ။ အစိုးရနဲ့ တပ်မတော်ကို ကျနော်တို့တောင်းဆိုလိုတာကတော့ အပစ် ရပ်စဲရေးလုပ်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဖြေရှင်းတဲ့နေရာမှာ လက်ရှိကျနော်တို့ သျှမ်းပြည် ထဲမှာ အခြေချလှုပ်ရှားနေတဲ့ သျှမ်းပြည်တပ်မတော်တပ်ဖွဲ့ဝင်တွေကို လိုက်လံတိုက်ခိုက်ခြင်း မလုပ် ဆောင်ဖို့ အလေးအနက်တောင်းဆိုတယ် ။ အမြင်သဘောထားတွေ မတူတာတွေရှိလာရင် ပြဿနာရှိ လာရင်အပြန်အလှန်ညှိနှိုင်းပြီး ငြိမ်းချမ်းစွာဆွေးနွေးလိုပါတယ် ။ ကျနော်တို့ရဲ့ ဆက်သွယ်ရေးရုံးကို လည်း အစိုးရဘက်က အလေးထားဖို့ နဲ့ ဆက်ဆံရေးရုံးတွေ တိုးချဲ့ဖွင့်လှစ်သွားနိုင်မယ်ဆိုရင် ပိုပြီး ကောင်းပါ တယ် ။


NCA လက်မှတ်ထိုးပြီးရင် ယုံကြည်မှုတည်ဆောက်သွားဖို့လည်း ထပ်တောင်း ဆိုပါ တယ် ။ နောက်ပြီးတော့ အပစ်ရပ်မှုကိုအမြတ်မထုတ်ဖို့လည်း တောင်းဆိုတယ် ။ NCA ဆိုတာကိုလည်း  ထိုက်တန်တဲ့ အပစ်ခတ်ရပ်စဲမှုမျိုး ဖြစ်စေလိုတယ် ။ အခုလို လက်မှတ်ထိုးဖို့ ၈ ဖွဲ့ အသင့်ဖြစ်ပြီဆို ပေမယ့် ကျန်နေသေးတဲ့အဖွဲ့တွေလည်း ပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့ အဓိက ဖြစ်ပါတယ် ။ တဖွဲ့ ကို အပစ်ရပ်ပြီး နောက်တဖွဲ့ကို အင်အားသုံးတိုက်ခိုက်နေမယ်ဆိုရငတော့ ကျနော်တို့ အားမပေးပါဘူး ။ ကန့်ကွက်ပါတယ် ။  စိတ်ရှည်လက်ရှည် သဘောထားကြီးကြီးနဲ့ အဖွဲ့တိုင်းကိုဆွေးနွေးဖို့ အစိုးရကို တောင်းဆိုပါတယ် ။  NCA ကိုလက်မှတ်ထိုးတယ်ဆိုတာကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုကိုတည်ထောင်နိုင်ဖို့ရည်ရွယ်ပါတယ် ။ 


ဒီ NCA လက်မှတ်ထိုးဖို့   ကျနော်တို့အများကြီး စဉ်းစားခဲ့ပါတယ် ။ အဘက်ဘက်နဲ့ဆွေးနွေးရပါတယ် ။ ဥပမာ ပင်လုံစာချုပ်ရှိခဲ့တာတောင်မှ စာချုပ်ချိုးဖောက်တာတွေခံရတယ် ။ နှစ် ၂၀ ကျော် အပစ်ရပ် ထားတာတောင်မှ တိုက်ပွဲတွေဖြစ်ခဲ့တယ်။ ဒါကြောင့်လဲ  NCA ကိုလက်မှတ်ထိုးပြီးရင် ဘယ်လောက်ထိ ခံနိုင်မလဲဆိုပြီး ပြည်သူလူထုက သံသယတွေရှိနေပါတယ်။ ဒါပေမယ့် ကျနော်တို့ အတိတ်က ဖြစ်ခဲ့ တာတွေကိုသင်္ခန်းစာယူပြီးတော့  ရှေ့ဆက်လုပ်ဆောင်သွားမယ့် အခြေအနေတွေဟာ ပြောင်းလဲနိုင် တယ်လို့ ကျနော်တို့မြင်ပါတယ် ။ ဦးသိန်းစိန်အစိုးရကလည်း ဒီ အပစ်ရပ်ငြိမ်းချမ်းရေး လုပ်ငန်း အပေါ် အလေးအနက်ထားပြီး နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကိုလုပ်ဆောင်သွာမယ်လို့မျှော်လင့်ပါတယ် ။ ခေါင်းဆောင်အသီးသီး ပါဝင်ဖြေရှင်းမှသာ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်မယ်လို့ယုံကြည်တယ် ။ ပြသနာတွေကို ဖြေရှင်းတဲ့နေရာမှာလည်း အပြန်အလှန်ရိုးသားကြဖို့လိုပါတယ် ။  ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့အကြောင်းရင်းကတော့ ဒီလောက်ပါဘဲ ။


မေး ။    ။ တိုင်းရင်းသားအဖွဲ့ ၇ ဖွဲ့က လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ပေမယ့် ကျန်တဲ့အများစုက လက်မှတ်မထိုးသေးပါဘူး ။  NCA ကို ဘာကြောင့် လက်မှတ်ထိုးဖို့ RCSS က ဆုံးဖြတ်ပါသလဲ ။


ဒု- ဗခက ယွက်စစ် ။    ။ ကျနော့်အမြင်မှာတော့ အဖွဲ့အစည်းအားလုံးက ဒီ NCA စာချုပ်ရေးတုန်း ကလည်း အားလုံးပါဝင်ခဲ့ပါတယ် ။ အခုဆိုရင် လက်မှတ်ထိုးဖို့က အားလုံးကသဘောတူ ထားကြပါတယ် ။  တချို့က အခြေအနေမပေးသေးလို့သာ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးတာပါ ။ သူတို့က လက်မှတ် မထိုးဘူးလို့ ကန့်ကွက်တဲ့သဘော မျိုးတော့မဟုတ်ပါဘူး ။ အဖွဲ့အစည်းအသီးသီးကလည်း သူတို့အဖွဲ့ အစည်းကြားထဲမှာလည်း ပြန်လည်ဖြေရှင်းဖို့ကလည်း ရှိပါသေးတယ် ။


မေး ။    ။ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးမယ့် အဖွဲ့နဲ့အတူတူ လက်မှတ်ထိုးဖို့ ရှိပါသလား ။


ဒု- ဗခက ယွက်စစ် ။    ။ ကျနော်တို့  RCSS အပါအဝင် အဖွဲ့ ၈ ဖွဲ့ဟာ ၁၅ ရက်နေ့မှာလက်မှတ်ရေး ထိုးဖို့ ဆုံးဖြတ်ထားပါတယ် ။


မေး ။    ။ NCA ကနေအမြတ်မထုတ်ဖို့ ဒု- ဗခကယွက်စစ်က ပြောသွားတယ် ။ ဘယ်လိုအမြတ်ထုတ် မယ်လို့ မြင်ပါသလဲ ။


ဒု- ဗခက ယွက်စစ် ။     ။ NCA က နေအမြတ်မထုတ်ဖို့ ပြောရတဲ့အကြောင်းရင်းကတော့ - တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့အချက်ကို တောင်းဆိုထားတော့ ဖက်ဒရယ်ပြည်ထောင်စုပြောင်းလဲမှုကို အစိုးရက မလိုက်နာမှာကိုကျနော်တို့စိုးရိမ်ပါတယ် ။ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲတုန်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့မှ ပါဝင်ရေးဆွဲထားခြင်းမရှိ ပါဘူး ။ လူထုဆန္ဒလည်း မပါဘူး ။  အဲတာကြောင့် ပြင်ချင်တယ် ။ အသစ်ရေးဆွဲမယ်မဆိုလိုဘူး ။ ပြုပြင် ပြောင်း လဲဖို့အစိုးရက သဘောထားကြီးစွာဖြင့် ပြန်လည်ပြင်ဆင်ခွင့်ပေးဖို့တောင်းဆိုတယ် ။ နောက်ပြီး ရွေးကောက်ပွဲအနိုင်ရဖို့  NCA ကို လုပ်လိုက်တာမျိုးလည်း မဖြစ်စေချင် ဘူး ။ နောက်ပိုင်းမှာNCA ကို အလေးမထားတဲ့ သဘောမျိုးဖြစ်သွားမှာကိုလည်း ကျနော်တို့စိုးရိမ်ပါတယ် ။ ပြည်ပဆီက မျက်နှာရဖို့ သဘောလောက်ဘဲ လုပ်တာမျိုးလည်း မဖြစ်စေချင်ဘူး ။ အခုဖြစ်နေတဲ့ နိုင်ငံရေးပြသနာကို ဝိုင်းဝန်း ဖြေရှင်း မှဘဲရပါမယ် ။ ပြသနာအရင်းအမြစ်အစစ်အမှန်ကိုသိပြီးတော့မှ ဖြေရှင်းကြရင်လွယ်ကူပါတယ် ။


မေး ။    ။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအတွက်ကော ဘာတွေဆက်ဆွေးနွေးသွားဖို့ ရှိလဲ ။


ဒု- ဗခက ယွက်စစ် ။    ။ ဒါကတော့ အစိုးရမှာဘဲမူတည်တယ် ။


မေး ။    ။ အစိုးရက ရိုးသားဖို့လိုတယ်လို့ပြောတာဟာ  RCSS အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေး လာတဲ့ကာလတလျှောက်လုံး အစိုးရက ဘယ်လောက်အထိ ရိုးသားမှုရှိတယ်လို့မြင်ပါသလဲ ။ အခုလည်း တိုက်ပွဲတွေဖြစ်နေဆဲဆိုတော့ ။


ဒု- ဗခက ယွက်စစ် ။    ။ NCA လက်မှတ်ထိုးပြီး နောက်ပိုင်းတိုက်ပွဲမဖြစ်ဖို့ ကျနော်တို့ရဲ့ မျှော်လင့်ချက် ပါ ။ ဒါမယ့် လက်မှတ်ရေးထိုးပြီးမှ တိုက်ပွဲမဖြစ်စေရဘူးဆိုတာ ခဲယဉ်းမယ်လို့ ယုံကြည်တယ် ။ ကျနော် တို့ ပြသနာတွေဖြေရှင်း နေတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ ။ ဒါကြောင့်မို့လို့ အောက်ခြေမှာ သဘောထား ကွဲလွဲတာတွေ တိုက်ခိုက် နေတာတွေကို ရှိဦးမှာပါ ။ ဒါကြောင့်ကျနော်တို့ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ရမယ် ။  အပြန်အလှန်ဆွေးနွေးပြီး ဖြေရှင်းကြရမှာဖြစ်ပါတယ် ။  ပြီးခဲ့တာတွေကိုပြန်ကြည့် မယ်ဆိုရင် တိုင်းရင်းသားဘက်ကနေ တပ်မတော်ကိုစတင်ပစ်ခတ်တာတွေဆိုတာမရှိခဲ့ဖူးဘူး ။ ကျနော် တို့ဖြစ်နေတဲ့တိုက်ပွဲတွေကလည်း ကျနော်တို့ မြို့တက်တိုက်ပွဲဖြစ်တာ မဟုတ်ဘူး ။ တပ်မတော်ဘက်က သဘောတူညီချက်တွေ ချိုးဖောက်ပြီးတော့ ဖြစ်လာတဲ့တိုက်ပွဲတွေဖြစ်တယ် ။


မေး ။    ။ နိုင်ငံတကာကပြောတယ် ဦးအောင်မင်းကပြောတယ် ။ တိုင်းရင်းသားတွေက ချမ်းသာသွားရင် လက်နက်ကိုင်တော့မှာ မဟုတ်ဘူးတဲ့ ။ ဒါကြောင့်နိုင်ငံတကာကလည်း တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုရှိလာရင် လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အလိုအလျောက်ပျောက်သွားမယ်လို့ ပြောဆိုနေကြပါတယ် ။


ဒု- ဗခက ယွက်စစ် ။    ။ အဲတာကတော့ ဦးအောင်မင်းအမြင်မှာ တိုင်းရင်းသားတွေကိုအထင်သေး နှိမ့်ချလွန်းပါတယ် ။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေရဲ့လက်နက်စွဲကိုင် တော်လှန်ရေး လမ်းစဉ်မှာကျနော်တို့ နိုင်ငံရေးပြသနာကို ဖြေရှင်းဖို့ဖြစ်တယ် ။ ငွေကြေးအတွက် စီးပွါးရေးအတွက် လက်နက်စွဲကို တော်လှန်ရေးလုပ်နေတာ မဟုတ်ပါဘူး ။


မေး ။    ။ တဖက်ကလည်း မကြာသေးခင်က  သျှမ်း ၊ ပလောင်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ် ။ ဘာကြောင့်အခုလို  NCA ကို ထိုးဖို့ဆုံးဖြတ်တာလဲ ။


ဒု- ဗခက ယွက်စစ် ။    ။ အဲတာ သူတို့အဖွဲ့အစည်းအသီးသီးအလိုက်ရဲ့ အတွင်းပိုင်းပြဿနာပေါ့ ။ ဘယ်လိုရှိမလဲကျနော်တို့ မသိပါဘူး ။ ဘာကြောင့် လက်မှတ်မရေးထိုးမှာလဲဆိုတာ သူတို့အစား ပြော ပေးလို့မရဘူး ။ ကျနော်တို့လက်မှတ်ရေးထိုးတယ်ဆိုတာက နိုင်ငံရေးပြသနာဖြေရှင်းချင်လို့ လက်မှတ် ထိုးဖို့ဆုံးဖြတ်ရတာပါ ။ အကယ်၍ ကျနော်တို့လက်မှတ်မထိုးဘူးဆိုရင် နိုင်ငံရေးဆွေးနွေးဖို့ အစိုးရက ခွင့်မပြုဘူးဆိုတော့လေ ။


မေး ။    ။ NCA  မှာလုံလောက်တဲ့အာမခံချက် ရှိပါသလား ။


ဒု- ဗခက ယွက်စစ် ။    ။ အာမခံချက်ဆိုတာကတော့ အစိုးရရဲ့စေတနာပေါ်မှာဘဲ မူတည်ပါတယ် ။ NCA မှာတော့ အဲလောက်မသက်ရောက်ပါဘူး ။ နိုင်ငံတော်သမ္မတကဘဲ NCA  ကိုအာမခံပေးလို့ရပါတယ် ။ အခုက ကျနော်တို့တိုင်းရင်းသားက တောင်းဆိုတဲ့ဘက်မှာဖြစ်ပြီးတော့ အစိုးရက ဖြည့်ပေးတဲ့ဘက်မှာ ဖြစ်နေလို့ ။


မေး ။    ။ ဘာကြောင့် တိုင်းရင်းသားတွေက တသံတည်းမထွက်တာလဲ ။


ဒု- ဗခက ယွက်စစ် ။    ။ ဗမာပြည်တပြည်လုံးလည်း တသံတည်းမထွက်နိုင်သေးပါဘူး ။ တိုင်းရင်းသားတွေကိုတော့ မပြောပါနဲ့တော့ ။


မေး ။    ။ လက်မှတ်ထိုးပြီးရင် RCSS ဘာကိုမျှော်လင့်ထားပါသလဲ ။


ဒု- ဗခက ယွက်စစ် ။    ။ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ကိုမျှော်လင့်တယ် ။ နိုင်ငံရေးပြဿနာဖြေရှင်း ရေး ဥပဒေပြုပြင်ရေးကိုမျှော်လင့်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ အမျိုးသားရေးမှာဖြစ်နေတဲ့ပြဿနာ ကို ဖြေရှင်းချင်လို့။ တိုင်းရင်းသားတွေ ဆင်းရဲဒုက္ခရောက်ရတယ် ။ ပြည်တွင်းစစ်တွေဖြစ်နေလို့ ။


မေး ။    ။ ဆက်ဆံရေးရုံးတွေဘာကြောင့် တိုးတောင်းတာလဲ ။ အခု ဘယ်နှစ်ရုံးရှိပြီလဲ ။


ဒု- ဗခက ယွက်စစ် ။    ။ ၆ ရုံးလောက်တော့ဖွင့်ထားတယ် ။ အခုတောင်းဆိုထားတာက ဘယ်နေရာ မှာထပ်ဖွင့်မယ်ဆိုတာ နေရာအတိအကျနဲ့ တောင်းဆိုထားတာတော့ မရှိဘူး ။ ဘယ်မှာ ဖွင့်သင့်မယ် ဆိုတာကိုတော့ အစိုးရနဲ့ပြန်လည်ညှိနှိုင်းပြီးတော့မှ  ဖွင့်ဖို့တောင်းဆိုထားတယ် ။ တပ်မတော်နဲ့ ကျနော် တို့ကြားကပြဿနာတွေ အမြန်ဆုံးဖြေရှင်းနိုင်ဖို့ပေါ့ ။ ဘယ်နှစ်နေရာလောက် ထပ်ဖွင့်လဲဆိုတာ အတိအကျမရှိသေးပါဘူး ။


မေး ။    ။ အဲဒီဆက်ဆံရေးရုံးတွေက ပြဿနာဖြေရှင်းဖို့ တကယ်ကိုအထောက်အကူ ပြုပါသလား ။


ဒု- ဗခက ယွက်စစ် ။    ။ အစိုးရ နဲ့တပ်မတော်ဘက်က ကျနော်တို့ရဲ့ဆက်ဆံရေးရုံးအပေါ် ဘယ်လောက် ထိအလေးထားလဲပေါ့နော် ။ တိုက်ပွဲတွေဖြစ်နေတာဟာ ဆက်ဆံရေးရုံးကို အလေးမထားလို့ဘဲ ။ ကျနော် တို့ သဘောတူညီချက်တွေ ရပြီးသားဘဲလေ ။  ကျနော်တို့အောက်ခြေတပ်တွေကိုလည်း မှာထားတယ် ။ တပ်မတော်ကလှုပ်ရှား မယ်ဆိုရင် ဆက်ဆံရေးရုံးကို အကြောင်းကြားဖို့ ။ အခုက အကြောင်းမကြားဘဲ တပ်မတော်က သွားချင်တဲ့ဘက်ကို သွားတော့ တိုက်ပွဲ တွေဖြစ်တော့တာပေါ့ ။  အခုဖြစ်ပွါးနေတဲ့ ပြဿနာတွေက အစိုးရ ရော တပ်မတော်ကကော် ကျနော်တို့ရဲ့ဆက်ဆံရေးရုံးတွေကို အသိပေးအလေး ထားခြင်းမရှိဘူးဆိုတဲ့ အနေအထားမှာပါ ။


မေး ။    ။ NCA  အတိုင်းဆိုရင် လက်မှတ်ထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်ဆိုတော့ အစိုးရသစ်တက်လာရင်  အစီအစဉ်တွေ ပြောင်းလဲဖို့ အလားအလာ မရှိဘူးလား ။


ဒု- ဗခက ယွက်စစ် ။    ။ ဖရိမ်ဝေါက်ပေါ်မှာ မူတည်တယ် ။ အားလုံးက ဖရိမ်ဝေါက်ချထားတယ် ။ အခြေအနေကလည်း တဖက် သက်ဆိုင်တယ်လို့ ယုံကြည်ထားပါတယ် ။


မေး ။    ။  SSA ရဲ့တိုက်ပွဲအခြေအနေ ဘယ်လိုရှိပါသလဲ ။


ဒု- ဗခက ယွက်စစ် ။    ။ တိုက်ပွဲက - ရလခ တိုင်း ခိုလမ်တိုင်းမှူးနဲ့ ဆက်ဆံရေးရုံးတာဝန်ခံနဲ့ ကွန်ဟိန်းမှာ တွေ့ဆုံပြီးနာက်ပိုင်း တိုက်ပွဲ အခြေအနေလျှော့သွားတယ် ။ အသေးအမွှားတော့ရှိမှာပေါ့ ။ အစိုးရစစ်တပ်ကမှ တပ်မဆုတ်သေးတာဆိုတော့ ။


မေး ။    ။ ထုတ်ပြန်ချက်ထဲမှာ အစိုးရက သျှမ်းပြည်တပ်မတော်ကိုလိုက်လံရှာဖွေတိုက်ခိုက် တာလို့ ရေးထားတာ ဘယ်လိုအနေအထားလဲ ။


ဒု- ဗခက ယွက်စစ် ။    ။ နယ်မြေရှင်းလင်းရေး နယ်မြေစိုးမိုးရေးအကြောင်းပြချက်တွေသုံးပြီး ကျနော် တို့တပ်ရှိတဲ့နေရာကို သွားပြီးထိုးစစ်ဆင်တာ ။ အမှန်ဆိုကျနော်တို့ အပစ်ရပ်ထားတဲ့အဖွဲ့တွေ ။ နယ်မြေ ရှင်းလင်းရေးတို့ဘာတို့သုံးဖို့မလိုတော့ဘူး ။  ကျနော်တို့ကိုဆက်ဆံ ပြောဆိုပြီးသွားလာ လို့ရတာ ဘဲ ။ သူတို့က ကျေန်ာတို့ကို ရန်သူလိုသဘောထားပြီး လိုက်တိုက်တာကိုး ။ လိုက်တိုက်တော့လဲ တိုက်ပွဲ ဖြစ်နေသေးတာပေါ့ ။ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်က တုန့်ပြန်တာမရှိဘူး ။ သူတို့က ကျနော်တို့ကိုတောထဲလာတိုက်တော့ ကျနော်တို့ဘက်က မြို့တက်ပြီးတိုက်မယ်ဆိုတဲ့ ကလဲ့စားချေမှုမျိုး လည်းမလုပ်ဘူး ။  ကျနော်တို့တပ်ဖွဲ့ကို ကျနော်တို့ထိန်းပါတယ် ။ လက်နက်စွဲကိုင်တဲ့တပ်ဆိုတာတော့ မာနဆိုတာအသီးသီးရှိပါတယ် ။


မေး ။    ။  NCA ထိုးပြီးရင် တိုက်ပွဲမဖြစ်ဘူးလို့ဘယ်လောက်ထိ ယုံကြည်သလဲ ။


ဒု- ဗခက ယွက်စစ် ။    ။ NCA  ကိုကာချုပ်ကြီးကိုယ်တိုင်ကထောက်ခံပြီး လက်မှတ်ထိုးမယ့် အနေ အထားပါ ။ သူကိုယ်တိုင်ထောက်ခံတယ်ဆိုတော့ တိုက်ပွဲတွေလျော့သွားမယ်လို့ ယုံကြည်ပါတယ် ။


မေး ။    ။ အပစ်ရပ် လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်းအစိုးရတပ်က တပ်စခန်းတွေ တိုးချလာတာလား ။


ဒု- ဗခက ယွက်စစ် ။    ။ ထိုးစစ်ဆင်တာ ။ ကျနော်တို့ဖော်ပြထားတဲ့မြို့နယ်တွေထဲမှာ ကျေးလက်တွေ ဆိုရင် ကျနော်တို့ တပ်စခန်းတွေ ချထားပြီးသားဘဲ ။ အဲတာကို ထောက်ပြထားပြီးသားဘဲ ။ အဲ့နေရာတွေ ဝင်မတိုက်ဖို့ဘဲ ။ ကျနော်တို့ဖော်ပြထားတဲ့ ၁၆ မြို့နယ်မှာ ကျနော်တို့တပ်စခန်း ၁၆ နေရာ ဖွင့်ဖို့ သမ္မတ ကြီးဆီကိုတောင်းဆိုဖူးတယ် ။  ကျနော်တို့တပ်တွေသွားလာမှုလွယ်ကူအောင် ၊ တပ်မတော်နဲ့ မှားပြီး ပစ် ခတ်မှုမရှိအေင် ရည်ရွယ်တာ ။ အဲ့ချိန်တုန်းက အစိုးရ ကျနော်တို့ကိုခွင့်မပြုဘူး ။ ကျနော်တို့က လူထုရဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်ဆိုတာ သူတို့ရဲ့အကြောင်းပြချက်တွေပါ ။ အမှန်ကတော့ ကျနော်တို့က လူထုရဲ့ အကျိုးပြုလုပ်ငန်းတွေဘဲ လုပ်ဆောင်တာပါ ။ ကျနော်တို့တပ်သားတွေကလည်း ပြည်သူလူထု ကမွေးထုတ်လာတဲ့တပ်သားတွေလေ ။ ပြည်သူလူထုရဲ့သားသမီးတွေပါဘဲ ။ တခြား တိုင်းပြည်ကလာတဲ့ တပ်သားတွေမဟုတ်ပါဘူး ။ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့နေရာမှာ အစိုးရကလည်း ကျနော်တို့ကို ဘတ်ဂျက်ချပေးဖို့လိုတာပေါ့ ။ အခုချိန်အထိ အစိုးရက ထောက်ပံ့တာတွေမရှိပါဘူး ။ ဒါကြောင့်မို့လည်း ကျနော်တို့ မိမိခြေသလုံးပေါ်ရပ်တည်ရတာပေါ့ ။


မေး ။    ။ ကာချုပ်ကြီးမင်းအောင်လှိုင်က နိုင်ငံတကာမီဒီယာနဲ့အင်တာဗျူးဖြေတဲ့အခါ လက်မှတ် ထိုးပြီးရင် တိုင်းရင်းသားတွေကို လက်နက်ဖြုတ်မယ်လို့ပြောပါတယ် ။ အဲတာ ကြိုတင်ပြင်ဆင်ထားတာ ရှိပါသလား ။


ဒု- ဗခက ယွက်စစ် ။    ။ DDR/SSR ဆိုတာက တိုင်းရင်းသားတွေအတွက်ဘဲ မဟုတ်ပါဘူး ။  တပ်မတော်လည်းပါပါတယ် ။ ဖြုတ်ရင် တပ်မတော်ကိုလည်းဖြုတ်ရပါမယ် ။


မေး ။    ။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အပေါ်  ဒု- ဗခက စဝ်ယွက်စစ်ရဲ့အမြင်က ဘယ်လိုရှိပါသလဲ ။


ဒု- ဗခက ယွက်စစ် ။    ။ DDR ဆိုတာ ဖက်ဒရယ်ပြည်ထောင်စု အဖြစ်ပြန်လည်တည်ထောင်ဖို့ လုပ်မှာ လေ ။ တိုင်းရင်းသားအားလုံးရော အစိုးရတပ်မတော်ရော အားလုံးလက်နက် ဖြုတ်သိမ်းပြီးမှ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ပြန်တည်ဆောက်မှာလေ ။ ဘယ်လိုပြန်ဖွဲ့မယ် ၊ ရာခိုင်နှုန်းနဲ့လား ဘာလား ဆို တာတော့ ကျနော်တို့ပြန်ပြီးဆွေးနွေးရမယ် ။ အဓိက ကတော့ စစ်တပ်စည်းကမ်းတခုတည်း ၊ တပ်ရဲ့ဖွဲ့ စည်းပုံလည်းတခုတည်း ဖြစ်ရပါမယ် ။ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ်လာရင် တပ်ကလည်း အလို အလျောက် ဖက်ဒရယ်တပ်မတော်ဖြစ်လာမှာဘဲ ။  အားလုံးကိုကျေးဇူးတင်ပါတယ် ။


လာမယ့် အောက်တိုဘာ ၈ ရက် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနက် အစိုးရနဲ့အတူလက်မှတ်ရေးထိုးဖို့ သဘောတူတဲ့အဖွဲ့ ၈ ဖွဲ့ရှိပါတယ် ။ ကရင်အမျိုး သားအစည်းရုံး KNU ၊ ဒီကေဘီအေ DKBA ၊ ကရင်ငြိမ်းကောင်စီ KNLA-PC ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကျောင်းသားအဖွဲ့ ABSDF ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ ရခိုင်လွတ်မြောက်ရေး ပါတီ ALP နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ဖြစ်ပါတယ် ။ အားလုံးပါမှ လက်မှတ်ထိုးမယ်ဆိုတဲ့ အဖွဲ့တွေကတော့ SSPP/SSA အပါအဝင် ကချင် KIA ၊ ကရင်နီ KNPP ၊ မွန် MNSP တို့ပါဝင်တဲ့ တပ်ဖွဲ့ ၁၀ ဖွဲ့ရှိပါတယ် ။ 


သျှမ်းသံတော်ဆင့်

unread,
Oct 12, 2015, 4:20:14 PM10/12/15
to thuau...@gmail.com

ကျောက်မဲရေဘေးသင့်လူထု သောက်သုံးရေအထူးလိုအပ်

Posted: 12 Oct 2015 03:35 AM PDT

စနေနေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အတွင်းဖြတ် သန်းစီး ဆင်းသော နမ့်စောင်းငေါဝ်း ချောင်းရေလျှံကာ မြို့တွင်းရပ်ကွက် တော်တော်များများ ရေလွှမ်းခြင်းခံပြီး လက်ရှိတွင် သောက်သုံးရေ အထူးလိုအပ်နေကြောင်း စုံစမ်းသိရှိရသည် ။


“ မိုးသည်းထန်စွာရွာလို့ နမ့်စောင်းငေါဝ်း ချောင်းရေလျှံတယ် ။ ကျောက်မဲမြို့ထဲကို ရေလွှမ်းတယ်။ မိုးကမတိတ်သေးတော့ ရေအကျနှေးတယ် ။ ချောင်းရေတလျှောက်က နေအိမ် ၇၀၀ လောက်ရေ လွှမ်းတယ် ။ ရေတွင်းတွေလည်း ပျက်စီးကုန်တယ် ။ ရေတွင်းရေသုံးလို့မရတော့ သောက်သုံးရေ အထူးလိုအပ်နေတယ်အခု ။ ” ဟု ကျောက်မဲမြို့သား စိုင်းသန်းမောင်က ပြောသည် ။


ကျောက်မဲမြို့  ရပ်ကွက် ၃-၄-၅-၆-၇-၉  တို့တွင် ရေလွှမ်းခြင်းခံရကြောင်း ရပ်ကွက် ၆ တွင် ထိခိုက် ပျက်စီးမှုများကြောင်း ၊ ကန်မိန်းဘုန်းကြီး ကျောင်းခြံစည်းရိုးမှာ ရေနှင့်ပါသွားကြောင်း ၊ သဓမ္မပါလ ကျောင်းတိုက်လည်း အလားတူ အုတ်တံတိုင်း ပြိုကျပျက်စီးကြောင်း ၊ အမက ၁ ကျောင်းဝင်းလည်း အလားတူ အုတ်တံတိုင်း ၁၀ ခန်း ပြိုကျပျက်စီးကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က စိုင်းသန်းမောင်က ပြောသည် ။


အလားတူ မိုင်းတန်ဘက်တွင်လည်း လယ်ယာမြေ ၁၀ ဧကကျော် ပျက်စီးပြီး ရွာသားများ သွားလာ ရေး အတွက် အဓိကဖြစ်သော ကြိုးတံတားမှာ ကျိုးပြတ်သွားသဖြင့် သွားလာရေးခက်ခဲနေ ကြောင်း ဆိုပါသည် ။


“ မိုင်းတန်ဘက်မှာလည်း သောက်သုံးရေ အထူးလိုအပ်တယ် ။ အခု ရေဘေးသင့်လူထုကိုသွားရောက် ကူညီပေးနေတာကတော့ ကျောက်မဲမြို့က ကျေးလက် လူထု ရယ် လူမှု အသင်းအဖွဲ့ရယ် ဘိုးဘွား ရိပ်သာကအဖွဲ့ရယ် နောက်ပြီး ပါတီတွေရယ်ဘဲ ကိုယ့်အားကိုယ်ကိုးပြီးသွားကူနေရတယ်။ ထမင်း ရယ် ကြက်ဥကြော်ရယ် ဘူးထဲထည့်ပြီးတော့ သွားပေးတယ် ။ သူတို့ မီးမွေးလို့မရသေးဘူး ။ ” ဟု ဆိုပါသည် ။


ထိုသို့သော မြစ်ရေလျှံခြင်းရေကဲ့သို့ ယမန်နေ့ကလည်း တကြိမ်ဖြစ်ပွါးခဲ့ဖူးသည်ဟု ဆိုပါသည် ။ မြစ်ရေ ချောင်းရေ မြောင်းရေများအတွင်း ဒိုက်များ အမှိုက်များ ပိတ်ဆို့သည်ကို သက်ဆိုင်ရာများက ရှင်းလင်းခြင်း မပြုသောကြောင့်ထိုသို့ ရေလျှံမှုဖြစ်ပွါးခြင်းဖြစ်သည်ဟု စိုင်းသန်းမောင်က ပြောသည် ။


တဖက်တွင်လည်း ကျောက်မဲမြို့အတွင်း တောတောင်များပေါ်တွင် သစ်တော သစ်ပင်ပြုန်းတီးမှု ကြောင့် တောင်ကျချောင်းရေများကို ထိန်းနိုင်စွမ်းမရှိသဖြင့် လည်း မြို့တွင်းရေလွှမ်းခြင်းခံရသည်ဟု ဒေသခံများက ပြောဆိုနေကြပါသည် ။


တိုက်ပွဲအတွင်း အစိုးရတပ်၏ ပစ္စည်းအများအပြားကို SSPP/SSA မှ သိမ်းဆည်းရမိ

Posted: 12 Oct 2015 01:42 AM PDT

ယမန်နေ့က သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ် ဝမ့်ဟိုင်း အနီး SSPP/SSA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွါးရာ တိုက်ပွဲအတွင်း အစိုးရစစ်တပ်၏ စစ်လက်နက် အသုံးအဆောင်ပစ္စည်း အများအပြားကို SSPP/SSA မှ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည် ။

တိုက်ပွဲအတွင်း အစိုးရတပ်ထံမှ သိမ်းဆည်းရမိ ပစ္စည်းများ
“ အောက်တိုဘာ ၁၁ ရက်နေ့က မွန်းတည့် ၁၂ နာရီ ၂၅ မိနစ် အစိုးရတပ်နဲ့ SSPP/SSA တို့ မိုင်းရှူးမြို့ နယ် ဟိုင်းပါအုပ်စု ထဲက တာ့ဆမ်ပူးကူးတို့ဆိပ် အနောက်တောင်ဘက်မှာရှိတဲ့ မိုင်းခန်တူယားရွာနားက လွယ်လာကန့်မှာ ဖြစ်တာ ။ အစိုးရတပ်ရဲ့ ပစ္စည်းတွေ အများအပြား သိမ်းဆည်းရမိတယ် ” ဟု ဝမ့်ဟိုင်းဌာန ချုပ်က အရာရှိတဦးက ပြောသည် ။


အဆိုပါတိုက်ပွဲတွင် အစိုးရတပ်မတော်၏ ကျောပိုးအိပ် ၁၅ လုံး ၊ စကားပြော စက် တလုံး ၊ စက်သေနတ် ၁ လက် ကို SSPP/SSA က သိမ်းဆည်းရမိပြီး သျှမ်းပြည်တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရမှုအနည်း ငယ်ရှိကြောင်း ၊ စိုးရိမ်စရာတော့ မရှိခဲ့ကြောင်း ဆိုပါသည် ။


တရက်တည်းမှာပင် အစိုးရတပ်သည် SSPP/SSA ဌာနချုပ်ဝမ့် ဟိုင်း တောင် ဘက် ၂ မိုင်ခန့်အကွာရှိ လွယ်ကျူမောက်ခေါဝ် တပ် စခန်းမှနေ၍ (အောက် တို ဘာ ၁၁ ရက်) မွန်းတည့်ချိန်မှ၍ အဆိုပါစခန်း၏ အနောက်မြောက်ဘက်ရှိ ဖွီးဂျပန်တောင် တပ်စခန်းသို့ ၈၁ မမ ၈ လုံး ၊ ရ၉ မမ ၄ လုံး ပစ်ခတ်ခဲ့သည် ။


လွယ်ကျူမောက် ခေါဝ်စခန်းသည် ဝမ့်ဟိုင်းအဝင် မိုင်းရှူးနှင့် မိုင်းနောင် ကျေးသီးလမ်းခွဲတွင် တည်ရှိပါ သည်။  ဝမ့်ဟိုင်းဌာနချုပ်နှင့် ၂ မိုင်ခန့်သာ ဝေးပါသည် ။


တိုက်ပွဲကြောင့် ဝမ့်ဟိုင်းပါသို့ စစ်ဘေးရှောင် ၄၀၀ ခန့်ရောက်ရှိ ကြောင်း မည်သည့်အဖွဲ့အစည်းနှင့် မည်သည့်ပါတီမျှ သွားရောက်ကြည့်ရှုခြင်း မရှိသေးကြောင်း မိုင်းရှူးမှလူငယ်အဖွဲ့က ပြောသည် ။


သျှမ်းပြည်တပ်မတော်နှင့် ပစ်ခတ်တိုက်ခိုက်မှု ပြုနေသော အစိုးရတပ်မှာ မိုင်းပန်မြို့ အခြေ စိုက် စကခ ၁၇ လက်အောက်ခံ ခမယ ၅၇၅ ၊ ၅၂၄ တို့ပါဝင်သည့်ပူးပေါင်းတပ် များဖြစ် ကြောင်းသိရသည် ။


တနိုင်ငံလုံး အပစ်ရပ်စဲရေး NCA တွင် လက်မှတ်ရေးထိုးရန် SSPP/SSA က အားလုံးပါဝင် ရေးမူကိုသာ လက်ခံသောကြောင့် အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း SSPP ကပြောသည် ။


“ NCA လက်မှတ်ထိုးဖို့ ကျနော်တို့ကို ခြိမ်းခြောက်ဖိအားပေး တာလည်း ဖြစ် နိုင်တယ် ” ဟု လည်း SSPP ဘက်က ပြောဆိုပါသည် ။


အစိုးရတပ်များ အင်အားဖြည့်တင်းမှုကြောင့် အောက်တိုဘာလ ၆ ရက်နေ့ ကစ၍ ယနေ့တိုင် SSPP/SSA နှင့် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွါးခဲ့သည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်သည် အစိုးရနှင့် အပစ်ရပ်ရေး သဘောထူထားပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်နေ သည့်အဖွဲ့ဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 13, 2015, 4:06:00 PM10/13/15
to thuau...@gmail.com

RCSS အား အကြမ်းဖက်သောင်းကျန်းသူ စာရင်းနှင့် တရားမဝင်အသင်း စာရင်းမှအစိုးရ ပယ်ဖျက်

Posted: 13 Oct 2015 12:31 AM PDT

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လက်မှတ်ရေးထိုးရန် RCSS လွယ် တိုင်းလျန်းမှ ထွက်ခွါမည်ဟု ကြေငြာသည့်နေ့တွင် အစိုးရဘက်မှလည်း ၎င်းအဖွဲ့အား မတရားအသင်းမှ ပယ်ဖျက်သည့် ကြေငြာချက် ၂ စောင်ထုတ်ပြန် လိုက်သည် ။


အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဥက္ကဌကြီး ဒု- ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သော  RCSS/SSA မှတာဝန်ရှိ ပုဂ္ဂိုလ် များနှင့် လုံခြုံရေးအင်အား ၆၃ ယောက်သည် လွယ်တိုင်း လျန်းမှ နေပြည်တော်သို့ ထွက်ခွါသွားကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့က ကြေငြာချက် တစောင်ထုတ်ပြန် လိုက်သည် ။


အဆိုပါ ကြေငြာချက်တွင် ယခု NCA တွင် လက်မှတ်ရေးထိုးမည်ဆိုပါက ၁၉၄၇ ခုနှစ် ပင်လုံ စာချုပ်သဘောတူညီချုပ်ဆိုခဲ့စဉ်က သမိုင်းသင်ခန်းစာကို ရယူကာ ပြည်တွင်း နိုင်ငံရေး ပြဿနာကို ဖြေရှင်းသွားမည် ဖြစ်ကြောင်း ၊ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်နိုင်ရန် တဖက်မှတဖက်အပေါ် နိုင်ထက်စီးဆက်ဆံ ဆွေးနွေးကြခြင်းမပြုဘဲ လွတ်လပ်၍ တရာမျှတ မှုရှိစွာဖြင့် အဖက်ဖက်မှ ပါဝင်ညှိနှိုင်းဆွေးနွေးအဖြေရှာ ကြရန်လည်းတိုက်တွန်း ထားသည် ။


အလားတူ အောက်တိုဘာလ ၁၂ ရက်ရက်စွဲဖြင့်ပြင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ် ချုပ်ကြီး ကိုကို အမိန့်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ညာစာ ၂ စောင်ထုတ် ပြန်ရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်နှင့် ကျောင်းသားတပ်မတော်  ANSDF တို့အား အကြမ်း ဖက်သောင်းကျန်းသူများစာရင်းမှ လည်းကောင်း RCSS/SSA , KNU, ABSDF တို့အား တရားမဝင်အသင်း အဖြစ်မှသော်လည်း ကောင်းပယ်ဖျက်လိုက်သည်ဟု ပါရှိပါသည် ။ 


လာမည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် အစိုးရနှင့်အတူ  NCA လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားတပ်ဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး  KNU ၊ ကရင် (ငြိမ်း) ကောင်စီ KNLA-PC ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ABSDF ၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ALP ၊ ချင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်  RCSS/SSA တို့ဖြစ်ပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 14, 2015, 4:12:44 PM10/14/15
to thuau...@gmail.com

မည်မျှပင် ထိုးစစ်ဆင်ဆင် အားလုံးပါမှ NCA ကို SSPP/SSA လက်မှတ်ထိုးမည်

Posted: 14 Oct 2015 08:39 AM PDT

သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရတပ်မတော်မှ မည်မျှပင် အင်အားသုံး ဖိအားပေး ထိုးစစ်ဆင် တိုက်ခိုက်စေကာမူ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စာချုပ်အား အားလုံးပါဝင်မှ လက်မှတ်ရေးထိုးမည် - ဆိုသည့် မူဝါဒမှာ မပြောင်းလဲ ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ပြော ခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည် ။

SSPP/SSA မှ အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်း ရေးဆွေးနွေး စဉ်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်အား လက်မှတ် ထိုးဖို့ ငြင်းဆန် သည့်နောက်ပိုင်း သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ် အနီးရှိ တပ်စခန်းများ အစိုးရ တပ်မတော် ၊ အရှေ့အလယ် ပိုင်းတိုင်း စစ်ဌာန ချုပ် လက်အောက်ခံ တပ်များဖြစ်သည့် စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် စကခ အမှတ် (၂) မိုင်းနောင် နှင့် စကခ ၁၇ မိုင်းပန် လက်အောက်ခံတပ်ရင်းများက အင်အားအလုံးအရင်းဖြင့် အောက်တိုဘာလ ဆန်းပိုင်းမှစ၍ ယနေ့တိုင် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ က ပြောသည် ။


“ အင်အားသုံးပြီး ဖိအားပေးတိုက်ခိုက်နေသမျှ ကျနော်တို့ ဘယ်တော့မှ လက် မှတ်ရေးထိုးမှာ မဟုတ်ဘူး ။ ကျနော်တို့က ငြိမ်းချမ်းရေး တည်ဆောက်ချင် လို့ ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့်လက်မှတ်ရေး ထိုးထားတာဘဲ ။ တကယ်ငြိမ်းချမ်းချင်လို့ အားလုံးပါဝင်မှ လက်မှတ် ရေးထိုးမယ်လို့ပြောဒါပေါ့ ။ ကျနော်တို့လက်မှတ်ရေးထိုးပြီး ကိုးကန့်တို့ ၊ ပလောင်တို့ ၊ ကချင်တို့ကို တိုက် ခိုက်နေရင်လဲ တိုင်းပြည်က ငြိမ်းချမ်းမှာမှမဟုတ်တာ ။ ကျနော်တို့ ပြည်နယ် အတွင်း ကျနော်တို့ ပြည်ထောင်စုအတွင်း စစ်မီးက လောင်နေဒါပဲ ။ ဒါကြောင့် စစ်ရေးနဲ့ ဖိအားပေးနေသမျှ ။ ဒါက ကျနော်တို့ဆန္ဒမဟုတ်ဘူး ။ ဒီလို လုပ်နေ သမျှ ဘယ်တော့မှ လက်မှတ်ထိုးမှာမဟုတ်ဘူး ” - ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည် ။


တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၁ ဖွဲ့အနက် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အပါ အဝင် ၈ ဖွဲ့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်အား အောက်တိုဘာ ၁၅ ရက် ၌ လက် မှတ်ရေးထိုးမည်ဖြစ်သည် ။ အားလုံးပါဝင်မှ လက်မှတ်ရေးထိုးမည်ဆိုသည့် UNFC တပ်ဖွဲ့ဝင်အများစုတွင် သျှမ်းပြည်တပ်မတော် SSPP/SSA ကပါဝင်သည် ။

SSPP/SSA အားထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံ ထောင်ကျော် စစ်ဘေးဒဏ်သင့်

Posted: 14 Oct 2015 01:33 AM PDT

တပြည်လုံးအပစ်ရပ်ရေး NCA စာချုပ်ချုပ်ဆိုရန် နေပြည်တော်တွင် ပြင်ဆင်နေချိန် သျှမ်းပြည် တောင်ပိုင်း ကျေးသီး ၊ မိုင်းရှူး ၊ မိုင်းနောင် ၊ တန့်ယန်း မြို့နယ်အတွင်း အစိုးရ တပ်မတော်က သျှမ်းပြည်တပ်မတော် SSPP/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုနေသဖြင့် ဒေသခံ တထောင် ကျော် နေရပ်မှ စွန့်ခွါကာစစ်ဘေးရှောင် နေကြပါသည် ။

ဟိုင်းပါဘုန်းကြီးကျောင်းရောက် စစ်ပြေးဒုက္ခသည်များ

" မိုင်းရှူးမြို့နယ် ဟိုင်းပါအုပ်စုက ၂၄ ရွာထဲက နောင်ခိတ်ရွာ ၁၆၈ ယောက် ၊ နားပေရွာက ၁၄၅ ယောက် ၊ တာ့ဆမ်ပူးက၂၄၃ ယောက် ၊ ကောင်းနင်က ၃၂၀ ယောက်က ၊ နမ့်ပါမုန်း ၃၈၃ ယောက် ၊ ဟိုနမ့် ၆၆ ယောက် စုစုပေါင်း ၁၃၀၀ ကျော်တယ် ။ အခုဟိုင်းပါ ဘုန်းကြီး ကျောင်း မှာ စစ်ဘေးရှောင် ၁၁၇ ယောက်ရှိနေတယ် ။ တချို့လည်း ဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြ တယ် " - ဟု မိုင်းရှူးမှ လူငယ်များကပြောသည် ။


အောက်တိုဘာ ၁၃ ရက်နေ့က မြောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA ၀မ့်ဟိုင်းဌာန ချုပ် အနီးသို့ အစိုးရတပ်မတော် တပ်မ ၅၅ ၊ စစ်ဆင် မှုကွပ်ကဲရေး ဌာနချုပ် စကခ ၂ နှင့် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများ အင်အားဖြည့်ကာ သျှမ်း ပြည်တပ်မတော်ဌာနချုပ် လုံခြုံရေး တပ်စခန်း သုံးခုအား ထပ်မံတိုက်ခိုက်ခဲ့ပါသည် ။


" အခုစစ်ပြေးဒုက္ခသည် တွေကို သွားရောက်ကူညီဖို့ စီစဉ်နေပါတယ် ။ နမ့်ခုံး ပရဟိတ အသင်းက လည်း ထောက်ပံ့စ္စည်းတွေ ဟိုင်းပါကို ပေးပို့ ထား တယ် လို့ကြားရပါတယ် ။ တခြားတော့ မတွေ့ သေးဘူး ။ " - ဟုလည်း မိုင်းရှူးမှ လူငယ်အများအဖွဲ့က ပြောသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်အား အစိုးရတပ် က အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ပါသည် ။


SSPP/SSA သည် NCA လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သည့်အတွက် လက်မှတ်ထိုး လာစေရန် ဖိအားပေးတိုက်ခိုက်နေခြင်းဖြစ်သည်ဟု သျှမ်းပြည် တပ်မတော်က ပြောသည် ။ မည်သို့ ပင်ဆိုစေ သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရ နှင့် ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့်အပစ် ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်ပါသည် ။

တာချီလိတ်ခရိုင် ရွာသားများအား ရွှေတွင်းလုံခြုံရေး အစိုးရတပ်ပစ်ခတ် တဦးသေဆုံး

Posted: 13 Oct 2015 11:20 PM PDT

ရွှေတူးဖေါ်မှုကြောင့် လယ်ယာမြေပျက်စီးသွားသော တာချီလိတ်ခရိုင် နားဟိုင်းလုံ ဒေသခံ များက  ချောင်းဦး ရေထွက် ရွှေတူးဖေါ်ရာဒေသသို့ သွားရောက်ကြည့်ရှုရာတွင် ရွှေတွင်း လုံခြုံရေးယူပေးသည့် အစိုးရတပ်မှ ပစ်ခံသဖြင့် ဒေသခံတောင်သူ လယ်သမား တဦး သေဆုံးသွားကြောင်း သိရသည် ။

နားဟိုင်းလုံ ရွှေလုပ်ကွက်

အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီအချိန် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ နားဟိုင်းလုံဒေသခံများ နမ့်ခမ်းချောင်းဦးပိုင်း ချောင်းဦးရေထွက် စစ်ဆေးရန် သွားရောက်ကြည့် ရှုစဉ် ရွှေတွင်းလုံခြုံရေးယူပေးသည့် မိုင်းဖြတ်အခြေစိုက်  ခမရ  ၃၃၀ မှ ပစ်ခတ်ရာ နားဟိုင်းလုံဒေသခံ အသက် ၅၃ အရွယ် စိုင်းဆမ် ဆိုသူ သေဆုံးသွားသည်ဟု သိရသည် ။


“ ရွှေမတူးဖို့ ကျမတို့ ဝန်ကြီးစိုင်းအိုက်ပေါင်း ကို ပြောထားတယ် ။ သူလဲ လာရောက်စစ်ဆေး တယ် ။ ဒါပေမယ့် ရွှေတူးတာမရပ်ဘူး။ တူးနေတုန်း ။ ရေချောင်းလဲ သုံးမရတော့ဘူး ။ မိုးတအားရွာတော့ ရေက စီးချင်သလိုစီးဆင်းနေတာ ။ အဲဒါကို ကုမ္ပဏီအသစ်လဲ လာတူး နေတယ်ဆိုလို့ သွားကြည့်ဖို့ပါ ။ အဲဒီဒေသမှလုံခြုံရေးယူပေးတဲ့ အစိုးရတပ်နဲ့ သွားတိုးလို့ ပစ်ခတ်ခံလိုက်ရတာ ” - ဟု စိုင်းဆမ် အလောင်း ပြန်လည်ရရှိရေးအတွက် သွားရောက် တောင်းဆိုသူ ဆရာမ နန်းလာ ကပြောသည် ။


ယမန်နေ့က ပစ်ခတ်ခံရသည့် လုံး(ဦး)စိုင်းဆမ် ၏ အလောင်းအား မည်သူမျှ မတွေ့ရှိ သေးကြောင်း ၊ စစ်ဖက်လုံခြုံရေးအရာရှိတဦး အတည်ပြုပြောပြချက်အရ လုံးစိုင်းဆမ် သေဆုံးသွားသည်ဟုသိရကြောင်း ၊ ဒဏ်ရာရရှိစဉ် မိုင်းဖြတ်သို့ သယ်ဆောင်သွားကြောင်း ၊ မိုင်းဖြတ်၌ကုသစဉ် သေဆုံးကြောင်း ၊ ထို့အတွက် အလောင်းရရှိရေးအတွက် မိုင်းဖြတ်သို့ ဒေသခံများရောက်ရှိ တောင်းဆိုနေကြောင်း သိရှိရသည် ။


“ ဒီကိစ္စက မိုင်းဖြတ်မြို့မှာ ရွေးကောက်ပွဲဝင်မဲ့ အမတ်လောင်း စိုင်းဆမ်တစ်ဖေ က ကိုယ်တိုင်သွား ရောက် ကူညီပေးနေတယ် ။ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ မဆုံးဖြတ်ရ သေးဘူး ။ အချက်အလက်တွေ ကောက်ယူနေ တုန်း ” - ဟု တာချီလိတ်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဆိုင်လျန်းခေး ခေါ် စိုင်းသိန်းအောင် က ပြောသည် ။


သီးခြားအတည်ပြုချက် မရသေးသည့် သတင်းအရ စိုင်းဆမ်အား အစိုးရတပ်မတော်မှ ပစ်ခတ်သေဆုံးကာ တောတောင်အတွင်း ပစ်ထားကြောင်း ဆိုသည် ။


နားဟိုင်းလုံရွာဦး နမ့်ခမ်းချောင်းဦးရေထွက်ရှိရာ လွယ်ခမ်းတောင်ကျောတွင် ၂၀၀၇ မှ စ၍ ကုမ္ပဏီများ ရွှေတူးဖေါ်နေပါသည် ။  ရွာသားများတောင်းဆိုချက်အရ ၂၀၁၄ နှစ်လယ် ပိုင်းက ကုမ္ပဏီများအား ရွှေတူးဖေါ်မှုရပ်ဆိုင်း၍ ဒေသခံများ လယ်ယာ မြေပျက်ဆီးဆုံးရှုံးမှုများအားလုံးလျော်ကြေးပေးရန် သျှမ်းပြည်နယ် အစိုးရ သစ်တောနှင့်သတ္တုတွင်းဝန်ကြီး စိုင်းအိုက်ပေါင်းက ညွှန်ကြားခဲ့သည် ။ ၎င်းကိုယ်တိုင်လည်း ထိုဒေသသို့ နှစ်ကြိမ်တိုင်တိုင် သွားရောက်ကွင်းဆင်းညွှန်ကြားခဲ့ပါ သည် ။ သို့သော် ယနေ့တိုင်ရွှေတူးဖေါ်မှု ရပ်ဆိုင်းခြင်းမရှိသေးပေ ။


လက်ရှိတွင် စိုင်းစိုင်းစိုက်ပျိုးရေး ၊ စိုင်တစ် ၊ လွယ်ခမ်းလုံ ကုမ္ပဏီများအပြင် အခြားကုမ္ပဏီငယ်များလည်း အများအပြားရွှေများ တူးဖေါ်ကျင်ယူနေသည်ဟု ဒေသခံများပြောပြချက်အရ သိရသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 15, 2015, 4:28:00 PM10/15/15
to thuau...@gmail.com

NCA လက်မှတ်ရေးထိုးခြင်းကို မိုင်းပန်ဒေသခံတချို့ ကြိုဆိုထောက်ခံ

Posted: 15 Oct 2015 05:47 AM PDT

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုကို ကြိုဆိုထောက်ခံကြောင်း ဒေသခံလူထု ၁၀၀ ကျော် စုဆုံကာ ကြွေးကြော်မှုပြုလုပ်ခဲ့ကြောင်း သိရ သည် ။

ကျားဖြူပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကြည်ဦးဆောင်သော NCA လက်မှတ်ရေးထိုးပွဲ ထောက်ခံကြိုဆိုပွဲ

၂၀၁၅ ခု အောက်တိုဘာလ ၁၅ ရက် နေပြည်တော်တွင် လက်နက်ကိုင် တိုင်းရင်းသား ၈ ဖွဲ့နှင့် အစိုးရတို့ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေး ထိုးပွဲပြု လုပ်နေစဉ် မိုင်းပန်မြို့ အလယ်ရပ်ရှိ ကျားဖြူ ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမိုးကြည်နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည် ။


“ ငြိမ်းချမ်းရေးကိုကြိုဆိုထောက်ခံပါတယ် လို့အော်ကြတယ် ။ ငြိမ်းချမ်းရေး အပစ်ရပ်ရေးကို ပြည်သူ လူထုကအထူးလိုအပ်နေတယ် ။ အပစ်မရပ်ရင် လူထုအတွက် လယ်ယာစိုက်ပျိုးရေးမှာ အခက်အခဲ တွေရင်ဆိုင်ရမယ် ။ တိုက် ပွဲတွေဖြစ်ရင် သီးနှံတွေ ယူချိန်တန်ပေမယ့် ယူလို့မရဘူး ။ တက်ရောက် သူ ၁၂၀ လောက်ရှိပါတယ် ။ မနေ့က လုပ်ဖို့စီစဉ်ထားပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်လိုက်ပါဘူး ။ မဟုတ်ရင်တော့ တက်ေ ရာက်သူ ၁၀၀၀ ကျော်ရှိမှာပေါ့ ။” - ဟု မိုင်းပန် မြို့ နယ် ကျားဖြူ ပါတီ ၏  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းနောင့်က သျှမ်းသံတော်ဆင့် အား ပြောပြသည် ။


NCA အပစ်ရပ်လက်မှတ်ထိုးပြီး တိုက်ပွဲများ လုံးဝ ရပ်စဲမည်ဆိုပါက လူထု သွားလာဆက်ဆံမှု လွယ်ကူမည်ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်လွယ် ကူမည်ဖြစ်ကြောင်း ၊  ဥပဒေ ပြင်ပအဖွဲ့ အစည်း ၊ မတရားအသင်း ၊ ၁၇- ၁ တို့ မရှိတော့သည့်အတွက်လည်း လယ်ယာလုပ်ငန်းကို လွတ်လပ်စွာ လုပ်ကိုင် နိုင်မည်ဖြစ်ကြောင်း မိုင်းပန်ဒေသခံ ကျားဖြူပါတီက ပြောပါသည် ။


“ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ အနိစ္စတရားကိုတော့ လက်ခံရမယ်လေ ။ ဘာမှ မတည်မြဲ ဘူး ။ အမြဲတမ်းအေးချမ်းသွားမယ်လို့တော့ မပြောနိုင်ဘူး ။ ဒါပေမယ့် ဝဲဂယက်ကြောင့် ရေနစ်နေချိန်မှာ အခွင့်သာလို့ ရေပြင်ပေါ် ကို နှာခေါင်းလေးတချက်ဖော်နိုင်ချိန်မှာ အသက် အမြန်ရှူထားမှ ဝဲကယက် ကနေ ရုန်းထွက်ဖို့ ခွန်အားတွေ စုစည်းနိုင်မှာပေါ့ ။ အဲတာကြောင့်  RCSS ဥက္ကဌကြီးက ငြိမ်းချမ်း ရေးလက်မှတ်ရေးထိုးတဲ့အတွက် သျှမ်းပြည်မှာနေ ထိုင်သူတွေအားလုံးဟာပညာရေး စီးပွါးရေး တွေမှာလွတ်လပ်စွာ လုပ်ဆောင် နိုင်ဖို့အခွင့်အလမ်း ရှိတယ်လို့ ယုံကြည်တဲ့အတွက် ကျနော်တို့ က ထောက်ခံ ရတာဖြစ်ပါတယ် ။”  ဟုလည်း ကိုယ်စားလှယ်လောင်း စိုင်းနောင့် က ပြောဆို ပါသည် ။


မိုင်းပန်မြို့နယ် ဝိုးလိုင်းအုပ်စု ၊ ဝမ့်လန်း ၊ တောင်ကိုင်း ၊ ဟိုဖိုင်လုံ ၊ ဝမ့်မဖိန်းရွာ တို့မှ သျှမ်း ၊ လိဆော ၊ ပအိုဝ်း တိုင်းရင်းသားများ တက်ရောက် ဆန္ဒဖော် ထုတ် ပွဲ တက်ရောက်ကြသည်ဟုဆိုပါသည် ။


သှိုသော် အမျိုးသားရေးအတွက်လှုပ်ရှားသူ မိုင်းပန်လူငယ်တဦးဖြစ်သည့် စိုင်းအောင်ပ ကမူ ယခုတကြိမ် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲမှသည် စစ်မှန်သောငြိမ်းချမ်းရေးမဖြစ်ပေါ်နိုင်ကြောင်း ၊ လက်ရှိတွင် သျှမ်းပြည် အလယ်ပိုင်း ကျေးသီး ၊ မိုင်းရှူး ၊ မိုင်းနောင် တို့တွင် အစိုးရတပ်မတော်မှ  ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ၊ လူထု ၁၀၀၀ ကျော်မှ စစ်ဘေးတိမ်းရှောင် မှုပြုနေရသေးသဖြင့်   NCA လက်မှတ်ရေးထိုးမှုအား မထောက် ခံကြောင်း ပြောဆိုပါသည် ။


ယနေ့ နေပြည်တော်တွင်ပြုလုပ်သော တနိုင်ငံလုံးအပစ်ရပ်စဲရေးလက် မှတ်ရေး ထိုးပွဲတွင် RCSS/SSA ပါဝင်သော တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ ၈ ဖွဲ့ ၊ သမ္မတကြီးဦးသိန်းစိန် ၊ အစိုးရကိုယ်စားလှယ် ၉ ဦးတို့ ပါဝင်လက်မှတ်ထိုးကြပါသည် ။

မိမိကြိုက်ရာပါတီကို မဲပေးရန် ခွန်ထွန်းဦးတိုက်တွန်း

Posted: 15 Oct 2015 01:42 AM PDT

သျှမ်းပြည်မြောက်ပိုင်း စည်းရုံးရေးခရီးစဉ်တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က လူထုကို အကျိုးပြုမည့်ပါတီကို ရွေးချယ်မဲပေးရန် တိုက်တွန်းလိုက်သည် ။


အောက်တိုဘာလ ၁၃ ရက်နေ့က သိန္နီမြို့ ဝိန်းလျန်အုပ်စုသို့ စည်းရုံးရေးဆင်းစဉ် SNLD ပါတီဥက္ကဌခွန်ထွန်းဦးက ဒေသခံလူထု ၄၀၀ ကျော်အားတွေ့ဆုံပြီး ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည် ။


“ ပါတီအကြောင်းနားလည်အောင်လေ့လာဖို့ ၊ လူထုကိုတကယ် အကျိုးပြုမယ့်ပါတီကို ရွေးပြီးမဲပေးဖို့ ၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲမဖြစ်စေဖို့ တိုက်တွန်းတယ် ။ ပြီးတော့ ဖယ်ဒရယ် ၊ ငြိမ်းချမ်းရေး ၊ တန်းတူညီမျှမှုအခွင့်အရေး စတာတွေကိုအဓိကထားပြောဆိုသွားတယ် ။ ” ဟု တက်ရောက်နားထောင်သူ လူငယ် စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြန် လည်ပြောပြသည် ။


အဆိုပါလူထု တွေ့ဆုံပွဲတွင် မိုးရေများကြားက လူထု ၄၀၀ ကျော်တက်ရောက် နားထောင်ဆွေးနွေးခဲ့ကြသည်ဟု ဆိုပါသည် ။


အဆိုပါတွေ့ဆုံပွဲတွင် ပါတီတွဲဖက်အတွင်းရေးမှူး ၁ စိုင်းလိတ်ကလည်း လူထုအားကတိ ကဝတ်ပေး၍မဲဆွယ်ခြင်းပြုလုပ်သည်မဟုတ် ။ လူထုဆန္ဒနှင့်မိမိတို့တတ်နိုင်သည့်ဘက် မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းရင်းသားအားလုံးတန်းတူညီမျှမှု အတွက် ဖွဲ့စည်းပုံပြင်ဆင်ရန် အဓိကရည်ရွယ်ကြောင်း ပြောဆိုသည် ။


“ ကျနော်တို့ ပါတီက လွှတ်တော်ထဲရောက်သွားရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင် သလောက်ပြင်မယ် ။ လူထုကို ဘာလုပ် ပေးမယ် ညာလုပ်ပေးမယ်ဆိုတာကိုတော့ ကတိကဝတ်တော့မပေးဘူး ။ လူထုဖြစ်စေချင်တာကို တတ်နိုင်သလောက်တော့ ကူညီသွားမယ် ။ --- သျှမ်းပြည်မှာရှိတဲ့တိုင်းရင်းသားများအားလုံး တန်းတူညီမျှမှုရဖို့ အတွက်အဓိကပဲ ” ဟု ပြောခွင့်ရ စိုင်းလိတ်က ပြောသည် ။


ဝိန်းလျန်တွင်ပြုလုပ်သည့် ကျားခေါင်းပါတီ၏ လူထုတွေ့ဆုံပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်လည်း တက်ရောက်သည်ဟုသိရသည် ။


အဆိုပါ နေ့တွင်ပင် SNLD ပါတီက ဟိုပန်မြို့တွင်စည်းရုံးရေးဆင်းရာ  ၀ ၊ ကိုးကန့် ပါတီတို့မှလည်း ပါတီဥက္ကဌ ခွန်ထွန်းဦး နှင့် အဖွဲ့ အား ကြိုဆိုကြကြောင်း ၊ စည်းရုံးရေး ခရီးစဉ်အဆင်ပြေချောမွေ့လျှက်ရှိကြောင်း ပါတီဝင်လူငယ်များက ပြောသည် ။

  

သျှမ်းသံတော်ဆင့်

unread,
Oct 16, 2015, 4:12:05 PM10/16/15
to thuau...@gmail.com

“ အစိုးရ ထိုးစစ်ဆင်မှုကြောင့် သေဆုံးသွားရသည့် သျှမ်းပြည်သားများအတွက် ဆုတောင်းပွဲ ” ချင်းမိုင်ရောက်သျှမ်းများကျင်းပ

Posted: 15 Oct 2015 07:34 PM PDT

သျှမ်းပြည်အလယ်ပိုင်း စစ်ဘေးစစ်ဒဏ်ခံနေရသူများနှင့် စစ်မြေပြင်တွင် သေဆုံးသွားရသည့် ဒေသခံလူထု များအားရည်စူး၍  ထိုင်းနိုင်ငံရောက် သျှမ်းလူမှုအဖွဲ့အစည်းက ဆုတောင်းပွဲကျင်းပခဲ့သည် ။ 

ဝပ်ကူတောက်ဘုန်းကြီးကျောင်းတွင်ပြုလုပ်သော သျှမ်းပြည်သားများ ငြိမ်းချမ်းစေရန် ဆုတောင်းပွဲ

“ အစိုးရ ထိုးစစ်ဆင်မှုကြောင့် သေဆုံးသွားရသည့် သျှမ်းပြည်သားများအတွက် ”  ဆုတောင်းပွဲကို ချင်းမိုင်မြို့ ဝပ်ကူတောက်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ရာ ဆုတောင်းပွဲ တက်ရောက်သူ လူမှုအသင်းအဖွဲ့များ ရွှေ့ပြောင်း အလုပ်သမားများ စုစုပေါင်း ၃၀၀ ခန့်ရှိပါသည် ။


“ ပြီးခဲ့တဲ့ ၆ ရက်နေ့ကနေ ကနေ့ထိ အစိုးရရဲ့ အဆက်မပြတ်ထိုးစစ်ဆင်မှုကြောင့် ကျေးသီး မိုင်းနောင် မိုင်းရှူးမြို့နယ်ထဲက ဒေသခံလူထု ၁၀၀၀ ကျော်ဟာ စစ်ဘေးတိမ်း ရှောင်နေကြရ တယ် ။ စစ်ဘေးရှောင်ရင်း တောထဲမှာ မီးဖွားကြရတာလည်း ၄ ဦးရှိပါ တယ်။ တချို့ကလည်း ဂူတွေထဲမှာ မီးဖွားရပါတယ် ။ တချို့က လည်း တောတောင် ချောက်ကမ်းပါး ထဲမှာမီးဖွားရပါ တယ် ။ တိုက်ပွဲကြောင့် ဆင်းရဲဒုက္ခမျိုးစုံခံစားနေရတဲ့ သျှမ်းပြည်သားတွေ အမြန်ဆုံး အေးချမ်းစွာ နေထိုင်သွားနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဆုတောင်းပွဲလုပ်ရ တာဖြစ်တယ် ” ဟု ဆုတောင်းပွဲ ကျင်းပရေးအဖွဲ့ Shan CBOs အဖွဲ့ကိုယ်စား စိုင်းခေးးဆိုင်က ရှင်းလင်း ပြောဆိုပါသည် ။


ဆုတောင်းပွဲ ဦးဆောင်ကျင်းပသော သျှမ်းလူမှုအဖွဲ့အစည်း  Shan CBOs တွင်ထိုင်းနိုင်ငံ ချင်းမိုင်ရောက် သျှမ်းအမျိုးသားရေးအတွက်လှုပ်ရှားနေသည့် အဖွဲ့ ၁၈ ဖွဲ့ဖြင့် စုပေါင်းဖွဲ့ စည်းထားသည် ။


တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့နှင့် အစိုးရတို့ တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘော တူညီ ချက်စာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပသည့် အောက်တိုဘာ ၁၅ ရက် တွင်ပင် စစ်ဘေးသင့် သျှမ်းပြည် သားများအတွက် ဆုတောင်းပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည် ။


ဆုတောင်းပွဲကို ည ရ နာရီတွင် စတင်ကျင်းပခဲ့သည် ။ ဝပ်ကူတောက်ကျောင်းထိုင်ဆရာတော် ထံ သီလ ၅ ပါးခံကာ အစိုးရတပ်မတော် ထိုးစစ်ဆင်မှုကြောင့် သေဆုံးသွားသည့် သျှမ်းပြည်သားများ အတွက် ဆုတောင်း မေတ္တာပို့ကြသည် ။ ဆုတောင်းပွဲလာပရိသတ်များအား ဟောပြောပွဲဖြင့်လည်းကောင်း ဗီဒီယိုဖိုင်ဖြင့် လည်းကောင်း ၊ နံရံကပ် ဓါတ်ပုံဖြင့်လည်းကောင်း ပြသခဲ့သည် ။


ထိုနောက် သျှမ်းလူမှုအဖွဲ့အစည်းမှ အောက်တိုဘာ ၁၅ ရက်တွေင်ပင် ထုတ်ပြန်သော  “ စစ်မှန်သော ငြိမ်းချမ်းရေးလိုလားပါက အပစ်ရပ်တိုင်းရင်း သားနယ်မြေအတွင်း အစိုးရစစ်အင် အားတိုးချဲ့ တိုက်ခိုက်ခြင်းမှရပ်တန့်ဖို့လို ” ဟူသည့်  ကြေငြာချက် အင်္ဂလိပ်ဘာသာ မြန်မာဘာသာ ၊ သျှမ်းဘာသာတို့ကို ဖတ်ကြားခဲ့သည် ။


“ သျှမ်းပြည်တွင်း လက်ရှိဖြစ်ပွါးနေတဲ့အခြေအနေကို  ရှင်းပြမှုအပြီးမှာ ကျနော်တို့ ဆုတောင်း ပွဲတက်ရောက် တဲ့သူတွေကနေ ဖယောင်းတိုင်မီးထွန်းပြီးတော့ ဝပ်ကူတောက် ကျောင်းဝင်း ထဲက စေတီကြီးကို ၃ ပတ် ပတ်ပြီး သျှမ်းပြည်ကြီး စစ်ဘေးစစ်ဒဏ်က အမြန်ကင်းလွတ်ပါ စေကြောင်း ၊ သျှမ်းပြည်သားတွေလျင်မြန်စွာ အေးချမ်းသာယာစွာနေထိုင်နိုင်ပါစေကြောင်း ဆုတောင်းကြပါတယ် ” ဟု ဆုတောင်းပွဲတက်ရောက်သူ စိုင်းဟတ် ကပြောသည် ။


ဆုတောင်းပွဲတွင် သျှမ်းပြည်တွင်းမှလာသော အသင်းအဖွဲ့ အချို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည် ။


အဆိုပါကဲ့သို့သော ဆုတောင်းပွဲကို ယမန်နှစ် သီတင်းကျွတ်လပြည့်နေ့က ဝပ်ကူတောက်ဘုန်း ကြီးကျောင်း၌ ကျင်းပခဲ့ဖူးပါသည် ။ ထိုစဉ်က သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌကြီး ခွန်ထွန်းဦး ၊ သျှမ်း ပြည် တပ်မတော် နာယက ဒုတိယ ဗိုလ်ချုပ်ကြီးဆေထင်တို့ ဦးဆောင်သည့်အဖွဲ့လည်း ထိုင်းနိုင်ငံခရီးစဉ် နှင့်ကြုံသောကြောင့် ဆုတောင်းပွဲသို့ ပါဝင်ခဲ့ပါသေးသည် ။ 



တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့ NCA စာချုပ်လက်မှတ်ထိုး

Posted: 15 Oct 2015 07:25 PM PDT

ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ေ ရးကောင်စီ သျှမ်းပြည်တပ်မတော် အပါအဝင် ကရင်လက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့၊ ပအိုဝ်း PNLO ရခိုင် ALP ချင်း CNF နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ အစိုးရနှင့်အတူ အောက်တိုဘာလ ၁၅ ရက် ၂၀၁၅ ခုနှစ် နေပြည်တော်၌ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေး ထိုးပြီး။



သျှမ်းသံတော်ဆင့်

unread,
Oct 17, 2015, 4:03:49 PM10/17/15
to thuau...@gmail.com

အစိုးရ တပ်မတော် ထိုးစစ်ဆင်မှုကြောင့် မိုင်းရှူးဒေသခံရွာသား ရာဂဏန်း စစ်ဘေး ရင်ဆိုင်ရ

Posted: 17 Oct 2015 05:39 AM PDT

အစိုးရတပ်မတော် စစ်ကြောင်း ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးဒေသခံ ရွာသူရွာသား ၂၀၀ ကျော် မိုင်းရှူးမြို့အနီး ရွာမကြီးတခုသို့ထပ်မံစစ် ဘေး  ရှောင်နေရသည်ဟု သိရသည် ။


အောက်တိုဘာ ၁၆ -၁၇ ရက် အတွင်း သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် အနီး တပ်စခန်းတခု အား အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျေးသီး - မိုင်းရှူး မြို့နယ်ကြား ဝမ့်ဆော့ အုပ်စုဝင် မိုင်းအတ် ၊ ဝမ့်လွေ ၊ ဝမ့်ဆော့ ဒေသခံများ နေရပ်မှ စစ်ဘေးရှောင်နေရသည်ဟု ဆိုသည် ။


ဝမ့်ဆော့ရွာမ ရောက်စစ်ဘေးဒုက္ခသည်တဦးက - “ ကျမ ဘာမှ ရမလာဘူး ။ ကလေးတွေတောင် ဆော့ရင်းကစားရင်း ကြားက ချီလာရတာ ။   စားစရာတွေ ၊ အဝတ်အစားတွေဆို ပြောမနေနဲ့တော့ ယူချိန်တောင် မရလိုက်ဘူး ။  ပြောင်းဖူး သွားကောက်ပြီး ပြန်လာတာ လေ ။ ထမင်းဟင်းတောင် မချက်ရသေးဘူး ။ သေနတ် သံက ရွာနားပေါက်တော့ ကလေး တွေကို ကောက်ချီပြီး ထွက်ပြေးလာတာ ” - ဟု မျက်ရည်လည်ရွဲဖြင့် သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


အောက်တိုဘာ ၆ ရက် နောင်ခိတ် နားပေ ကျေးရွာ ၊ ဟိုင်းပါကျေးရွာအုပ်စု အတွင်းရှိ သျှမ်းပြည် တပ်မတော် တပ်စခန်းအားအစိုးရ စတင်ထိုးစစ်တိုက်ခိုက်မှု ကြောင့်လည်း ဒေသခံ ထောင်ကျော် စစ်ဘေးရှောင်ရသည် ။ ဟိုင်းပါဘုန်းကြီးကျောင်းတွင် ဒေသခံ ၇၀၀ ကျော် စစ်ဘေးရှောင် လျက်ရှိသည် ။


မိုင်းရှူးမြို့ ဆွေမျိုးများနေအိမ်များ၌သော်လည်းကောင်း ၊ တောတောင်အတွင်း၌ သော် လည်းကောင်း ပုန်းအောင်းနေထိုင်သူ ရာဂဏန်းရှိနေသည် ။ အစိုးရတပ်မတော်မှ သျှမ်း ပြည်တပ်မတော် SSPP/SSA အပေါ် ထိုးစစ်ဆင်မှုကြောင့် ဒေသခံ သုံးထောင်ကျော် စစ်ဘေးရင်ဆိုင်နေရသည်ဟု မိုင်းရှူးမြို့ခံ ရပ်မိ ရပ်ဖတဦးက ပြောသည် ။


အစိုးရတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA သည် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက် မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးတည် ဆောက်ထားသည့် သျှမ်းလက်နက် ကိုင် တပ်ဖွဲ့ ဖြစ်သည် ။

ကျားဖြူပါတီထွက် သီပေါ ဥက္ကဌ တသီးပုဂ္ဂလဖြင့် လွှတ်တော် ၄ နေရာစလုံး ယှဉ်ပြိုင်မည်

Posted: 17 Oct 2015 05:31 AM PDT

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် ကျားဖြူပါတီမှ နှုတ်ထွက်သည့် သီပေါမြို့နယ် ကျားဖြူပါတီဥက္ကဌ စိုင်းကာလိန်ဝမ်းမှ တသီးပုဂ္ဂလပါတီ အနေဖြင့် လွှတ်တော်ကိုယ်စား လှယ် ၄ နေရာစလုံး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည် ။


“ ကျမတို့တသီးပုဂ္ဂလက ၄ နေရာလုံးဝင်မယ် ။ ပြည်နယ်အမှတ် ၁ က စိုင်းနော်ခမ်း ၊ ပြည်နယ်အမှတ် ၂ က နန်းဆိုင်လင်းခမ်းအူ ၊ စိုင်းယွန့်မိန်းအူ က ပြည်သူ့လွှတ်တော်နဲ့ စိုင်းမိုးမြင့်သူ (ခေါ်) စိုင်းဖှဆုံ ကတော့ အမျိုးသား လွှတ်တော်မှာ ဝင်ပြိုင်မယ် ။ ဥက္ကဌကြီး ဦးကာလိန်ဝမ်း ကတော့ ဝင်မပြိုင်ဘူး ”  - ဟု တသီးပုဂ္ဂလ အဖွဲ့ဝင် နန်းဟွမ်ဆိုင်ယင်းက သျှမ်းသံတော် ဆင့်အား ရှင်းပြသည် ။


လူထုဘက်မှရပ်တည်ကာ ဒေသတွင်းလူထုအားလုံး လွတ်လပ်ခြင်း ၊ တရားမျှတခြင်း ၊ အခွင့်အရေးများရရှိခြင်း အတွက် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း အဖွဲ့ ဥက္ကဌ ဖြစ်သူ စိုင်းကာလိန်ဝမ်းက ပြောသည် ။


သျှမ်း / မြောက် ပြည်သူ့အကျိုးဆောင် အောင်မြင်ခြင်း ရှေ့သို့ အသင်း  အမည်ရ  The Public Service And Success Orientation Association (PSSOA) ကို ၂၀၁၅ ဩဂတ်စ်လက ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။


“ ကျနော်တို့မှာ ရည်ရွယ်ချက်က ၅ ချက်ရှိပါတယ် ။ ၁- ဒီမိုကရေစီရရှိရေးအတွက် လွှတ်တော်ထဲကနေပြီး ကျနော်တို့ ကြိုးစားသွားမယ် ၊ ၂- ဒေသတွင်းလူထူ လူ့အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ကြိုးစားမယ် ၊ ၃- ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း လူထုနဲ့ လက်တွဲပြီး ဆောင်ရွက်သွားမယ် ၊  ၄- အချင်းချင်းကြားကွဲပြားမှု မရှိစေရေးအတွက် စည်းလုံးညီညွတ်ရေးကို အထူးအလေးထားဆောင်ရွက်မယ် ၊ ၅- တိုင်းရင်းသားလုံးတန်း တူညီမျှမှုနဲ့ အခွင့်အရေးများ ရရှိစေရေးအတွက် ဆောင်ရွက်သွားမယ် ” ဟု ပြောသည် ။


PSSOA ကို  ဒေသတွင်းလူထုက ခေါဝ်ကပ်ခမ်း အမည်ရ ရွှေပြောင်းဖူး အဖွဲ့ ဟုလည်း ခေါ်ဆိုကြပါသည် ။

SSPP/SSA ဌာနချုပ် နှင့် အနီးဆုံးတပ်စခန်းတခုအား အစိုးတပ်အပြင်းအထန် ထိုးစစ်ဆင်

Posted: 17 Oct 2015 05:10 AM PDT

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အခြေစိုက်သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ဌာနချုပ် လုံခြုံရေးတပ်စခန်း အား အစိုးရတပ်မတော် အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သျှမ်းပြည် တပ်မတော် ပြောခွင့်ရက ပြောသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်တောင်ဘက် မိုင်းအတ် တပ်စခန်းအား ယမန်နေ့က အစိုးရ တပ် အင်အားအလုံးအရင်းဖြင့် ချီတက်ဝိုင်းရန်ထားကြောင်း ၊  အောက်တိုဘာ ၁၆ ရက် ယမန်နေ့ ညနေ ၅ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ ညသန်းခေါင်ဘက် ငြိမ်သက်သွားသော်လည်း ယနေ့ နံနက် ၇ နာရီမှစ၍ အပြင်းအထန်ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက် လာနေကြောင်း - ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည် ။


“ ဝန်ကြီးဦးခင်မောင်စိုးက ငြိမ်းချမ်းရေးကို ရှေးရှုပြီး တာ့ဆမ်ပူးကနေ ရှောင်ပေးပါဆိုလို့ ကျနော်တို့ ရှောင်ပေးပြီးပြီ ။ အခုလဲ တောနင်းပြီး မိုင်းအတ် တပ်စခန်းကို လာတိုက်နေတယ် ။ လွယ်ကျူ မောက်ခေါဝ် ကနေ လက်နက်ကြီးတွေနဲ့ ဝမ့်ဟိုင်းကိုလဲ လှမ်းပစ်သေးတယ် ။ လူနေရပ်ကွက် နားကျကွဲတယ် မနေ့ညသန်းခေါင်တုန်းက ” - ဟု ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ ကပြောသည် ။


စစ်ဆင်မှုကွပ်ကဲရေး ဌာနချုပ် စကခ အမှတ် ၂ မိုင်းနောင်ဘက်မှ ဝမ့်ဟိုင်းဌာနချုပ်ဘက် တက်လာ သည့် အင်အားသုံးရာခန့်ရှိ စစ်ကြောင်း ဖြစ်သည်ဟု ဆိုသည် ။ ညသန်းခေါင်အချိန်တွင်လည်း ဝမ့်ဟိုင်းဌာနချုပ်အနီးသို့ လက်နက်ကြီး နှစ်ကြိမ်ပစ်ခတ် တိုက်ခိုက်သေးကြောင်း ပြောသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA သည် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးထားသည့် အတွက်ကြောင့် ထိုးစစ်ဆင်တိုက်ခိုက်မှုအားဖြေရှင်း ရန် အစိုးရ၏ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နှင့် စဝ်နော်လိတ်တို့ ဆွေးနွေးကြသေးကြောင်း ကြားသိရပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 20, 2015, 4:11:01 PM10/20/15
to thuau...@gmail.com

SSPP/SSA အား အစိုးရထိုးစစ်ဆင်မှုကြောင့် စစ်ဘေးရှောင် ဒေသခံ ၃၀၀၀ ကျော် အကူအညီလို

Posted: 20 Oct 2015 03:10 AM PDT

သျှမ်းပြည်အလယ်ပိုင်း စစ်ဘေးရှောင်စခန်း ၃ နေရာတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိနေပြီး စခန်းအချို့သည် စစ်မြေပြင်အတွင်းရှိနေသောကြောင့် စေတနာရှင်များ မှ သွားရောက်ကြည့်ရှုခြင်း မပြုနိုင်သေးကြောင်း အကူ အညီပေးနေသည့် လူငယ်များအဖွဲ့က ပြောဆိုသည် ။

ဓါတ်ပုံ- ၀မ့်ဆော့ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်များအား မူစယ်သျှမ်းစာ / ယဉ်အသင်းနှင့် မြောက်ပိုင်းလူငယ်များက ထောက်ပံ့ကူညီမှုပေးနေစဉ်

အောက်တိုဘာလ ၆ ရက်နေ့ကစပြီး SSPP/SSA သျှမ်းပြည်တပ်မတော်အား အစိုးရ  ထိုးစစ်ဆင်မှုကြောင့် ၊ မိုင်းရှူးဒေသခံ ကျေးလက်ရွာသား သုံးထောင် ခန့် ၊ တန့်ယန်းမြို့နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ၃၀၀ ကျော် စစ်ဘေးရှောင်နေရကာ စားဝတ်နေရေးအတွက် အကူအညီ လိုအပ်နေကြောင်း ၊ အချို့ စစ်ဘေးရှောင်ဒေသခံများက မိုင်းရှူး မိုင်းနောင် ကျေးသီး မြို့သို့တက်ကာ နီးစပ်ရာဆွေမျိုးများထံ ခိုလှုံနေရ သည်ဆိုသည် ။


သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် သျှမ်းစာပေယဉ်ကျေးမှု အသင်း နှင့် ကျောက်မဲမြို့ လားရှိုးမြို့မှလူငယ် များစုပေါင်းကာ အောက်တိုဘာလ ၁၈ ရက်က ၀မ့်ဆော့ဘုန်းကြီးကျောင်းမှ  စစ်ဘေးဒုကသည်များအား အစား အသောက်နှင့် အဝတ်အထည်များသွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်လည်း အောက်တိုဘာ ၁၈ ရက်နေ့အထိ နှစ်ကြိမ် သွားရောက်ကူညီခဲ့ကြောင်း သိရသည် ။


မူစယ်မှ လူငယ်တဦးဖြစ်သည့် စိုင်းလိတ်က -  “ ၀မ့်လွေ ၀မ့်ကျောင်း လိဆော ရွာက စစ်ဘေးရှောင် တွေပေါ့ ။ စုစုပေါင်း ၁၀၁၅ ယောက်ရှိနေပြီ ။ အဲဒီအထဲမှာ သံဃာ ၄၂ ပါး ပါတယ် ။ အခုအဲ့ဒီ ၀မ့်ဆော့ဘုန်းကြီးကျောင်းမှာ လာတည်း နေတယ် ။ စစ်ပွဲတော့ ရပ်မယ့်ပုံ မပေါက်သေးဘူး ” - ဟုပြောသည် ။


စစ်ဘေးရှောင်များသည် မိုင်းရှူးမြို့ အနောက်တောင်ဘက် ဟိုင်းပါဘုန်းကြီးကျောင်းတွင် ၁၀၀၀ ကျော် ၊ ၀မ့်ဆော့တွင်တထောင်ကျော် ၊ ၀မ့်ဟိုင်း တွင် ၈၀၀ ကျော် ၊ တန့်ယန်းလုံမုန့်တွင် ၃၀၀ ကျော် ရှိသည်ဟု သိရသည် ။


စစ်ဘေးရှောင်များအားထောက်ပံ့ရန်အတွက် ရပ်နီးရပ်ဝေး ပြည်တွင်းပြည်ပမှ အလှူရှင်များပေးပို့ လာသည့် ငွေကြေးနှင့်အတူ လက်လှမ်းမီသလောက် စုစည်းကောက်ခံရရှိငွေ စုစုပေါင်း ကျပ် ၁၀၈ သိန်းခန့်ရှိကြောင်း မူစယ်လူငယ်က ဆိုပါသည် ။


ကလေး လူကြီး အဝတ်အစား ၊ စောင် ၊ ခေါက်ဆွဲခြောက် ၊ ဖိနပ် ( တမျိုး  ၆၀၀ ၀န်းကျင်စီ ) ဆီ ၊ ဆန် ၆၂ အိတ် ၊ ဆား ၊ သကြား တို့အပြင် စစ်ဘေးရှောင်ရှင်း မီးဖွားသည့် မီးနေသည်များအတွက် အိုဗာတင်းနှင့်လိုအပ်သည့် အသုံးအဆောင်များလည်း ပါဝင်သည်ဟု ဆိုပါသည် ။  ထို့အပြင် (၁ အိတ် ၅၀ ပါ) ဆပ်ပြာ မှုန့်  ၁၅ အိတ် နှင့် မိုးကာများ ပါသည်ဟု ဆိုပါသည် ။


“ သူတို့အလိုအပ်ဆုံးထဲမှာ ဖိနပ်နဲ့ အဝတ်အစား အိပ်ရာအိပ်ခင်း ၊ မိုးကာတွေ ပါပါတယ် ။ အစား အသောက် လိုတယ် ။ သူတို့ကျန်းမာရေးအတွက် သူနာပြုနဲ့ ဆရာဝန်တွေရှိနေပါတယ် ။ အဖြစ်များ ဆုံးက အခု ကလေး တွေဝမ်းရော ဂါ ဖြစ်နေတယ်။ စစ်ဘေးရှောင်တွေက မွေးကင်းစ ကနေအသက် ၈၀ အရွယ် အထိရှိတယ် ။ အသက်ကြီးဆုံးက အသက် ၁၀၈ နှစ်ရှိပြီဖြစ်တဲ့ ဘုန်းဘုန်း တပါးရှိတယ် ။ ကလေးနဲ့ အမျိုးသမီးများတယ် ။ တချို့ လည်း တောထဲမှာ ရှိနေတုန်းဘဲ ။ အခုဝမ့်ဟိုင်းမှာရှိနေတာ ၈၀၀ ကျော်တယ် ။ ၀မ့်ဆော့မှာ နီးစပ်ရာဆွေမျိုးတွေဆီမှာ တည်းခိုတယ် ။ ”- ဟု စိုင်းလိတ်ကဆက် လက်ပြောပြသည် ။


စစ်ဘေးရှောင်များ စုဝေးနေထိုင်သည့် စခန်း ၃ ခု မှာ မိုင်းရှူးမြို့နယ်အတွင်းရှိ ဟိုင်းပါနှင့် ၀မ့်ဆော့ ဘုန်းကြီး ကျောင်း ၊ တန့်ယန်းမြို့နယ်အတွင်းရှိ လုံမုန့် ရွာဘုန်ကြီးကျောင်းတို့တွင် တည်ရှိပါသည် ။ လုံမုန့်ဘက်တွင် တိုက်ပွဲများဖြစ်ပွါးနေဆဲဖြစ်သောကြောင့် စေတနာရှင်များအနေဖြင့် သွားရောက် နိုင်ခြင်းမရှိသေးဟု လည်းသိရပါသည် ။ 


သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက် မှုရပ်စဲရေးစာချုပ် လက်မှတ် ရေး ထိုးရန် ငြင်းဆိုထားသောကြောင့် ခြေမှုန်း တိုက်ခိုက်ခြင်း ခံရသည်ဟု ဆိုသော်လည်း နေပြည် တော် အစိုးရ နှင့် ပြည် နယ် အဆင့် ပြင်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောင်ထားသည့် တပ်ဖွဲ့ဖြစ်သည် ။

SSPP/SSA ဌာနချုပ်အား အစိုးရတပ်မတော် ဒုတိယ အကြိမ်တိုက်ခိုက်

Posted: 19 Oct 2015 07:27 PM PDT

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်း အခြေစိုက် သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်အား အစိုးရတပ်မတော်မှ ယမန်နေ့က ဒုတိယအကြိမ် လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟုသိရသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အား ပြီးခဲ့သည့် အပတ်က တကြိမ် ၊ ယနေ့ အောက်တိုဘာ ၁၉ ရက် ၂၀၁၅ ခု နံနက် တနာရီ ထိုးခါနီး အချိန်တွင် လွယ်ကျူမောက်ခေါဝ် မှ လက်နက်ကြီးဖြင့် တိုက်ခိုက်သည်ဟု ဆိုသည် ။


“ သူတို့ ပစ်တဲ့ လက်နက်ကြီးတွေက ဝမ့်ဟိုင်းရွာဦး ဆီဆိုင်နားလာကျတယ် ။ အကြောင်း မရှိ အကြောင်းရှာ တိုက်ခိုက်နေတယ် ။ တက်လာသမျှ တိုက်ခိုက်ချေမှုန်းရမှာဘဲ ။ ကျနော်တို့ သူတို့ကို သွားပြီးရန်ရှာတာ မဟုတ်ဘူး ။ နိုင်ထက်စီးနင်းပြုပြီး ကျနော်တို့ တပ်စခန်းကို တခုပြီးတခု လိုက်တိုက်နေတာတပ်မတော် ဘက်ကဘဲ ”- ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည် ။


အစိုးရတပ်မတော်ထိုးစစ်ဆင်မှုကြောင့် မိုင်းရှူးမြို့နယ် ဟိုင်းပါဘုန်းတော်ကြီးကျောင်း ၌ လူဦးရေ တထောင်ကျော် ၊ ဝမ့်ဆော့ကျေးရွာအုပ်စု၌ လူဦးရေတထောင်ကျော် ၊ တော တောင်အတွင်း ၊ မိုင်းရှူးမြို့ ပေါ် ကြုံရာအမျိုးအိမ်၌ ခိုလှုံနေသူများ အားလုံးပေါင်းပါက စစ်ဘေးစစ်ဒဏ်ခံနေရသူပေါင်း သုံးထောင်ကျော်ရှိပြီဖြစ်ကြောင်း ဒုက္ခသည်အရေး ကူညီ ပေးနေသည့် စိုင်းဇွမ် ကပြောသည် ။


ထို့အတူ အောက်တိုဘာ ၁၈ ရက်နေ့ ရက်စွဲဖြင့် အစိုးရတပ်မတော် ထိုးစစ်ဆင် တိုက် ဆင်မှုအား တရားသောစစ်ဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်သွားမည်ဟု သျှမ်းပြည် တပ်မ တော် SSPP/SSA မှ ထုတ်ပြန်ကြေငြာထားသည် ။


သျှမ်းပြည်တပ်မတော်သည် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး တည်ဆောက်ထားသည့် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 21, 2015, 4:06:02 PM10/21/15
to thuau...@gmail.com

ကျားခေါင်းပါတီ လူထုတွေ့ဆုံပွဲ နမ့်ခမ်းဒေသခံ ထောင်ချီတက်ရောက်

Posted: 21 Oct 2015 07:46 AM PDT

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါ် ကျားခေါင်းပါတီက ရုံးဖွင့်ပွဲနှင့် လူထုတွေ့ဆုံပွဲကျင်းပရာ ဒေသခံထောင်ချီ တက်ရောက်နားထောင် အားပေးခဲ့ကြောင်း သိရှိရသည် ။


“ ဒီလိုထောင်ချီတက်ရောက်တာဟာ လူထုက ကျားခေါင်းပါတီကို သဘောပေါက် နားလည်လာတာကြောင့်ပါ ။ နိုင်ငံရေးအခြေအနေ ပြောင်းလဲလာတာကြောင့် ကျားခေါင်းပါတီက ရွေးကောက်ပွဲဝင်မယ် ။ အဲဒီအတွက် စည်းရုံးရေးတွေဆင်းတယ် ။ တဖက်ကလည်း ကျားခေါင်းပါတီရဲ့အကြောင်းကို Social Media တွေမှာ ဖတ်ရ ၊ ကြည့်ရတော့ လူထုက သဘောပေါက်လာကြတယ် ” ဟု SNLD လားရှိုးခရိုင် အမျိုးသားလွှတ်တော်အမတ် လောင်း စိုင်းဝမ်းလျဲန်းခမ်းက ပြောပါ သည် ။


အောက်တိုဘာလ ၂၁ ရက်၌ ကျားခေါင်းပါတီ SNLD က နမ့်ခမ်းမြို့တွင် ရုံးဖွင့်ပွဲနှင့်လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ ရာ ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးကိုယ်တိုင် တက်ရောက်ခဲ့သည် ။ ရုံးဖွင့်ပွဲအပြီး နမ့်ခမ်းမြို့လယ်ရှိ ပန်ပွဲကွင်း၌  လူထုနှင့် တွေ့ဆုံရာ နမ့်ခမ်းသျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဝင်များ ၊ နမ့်ခမ်းလူငယ်နှင့်ဒေသခံ ၂၀၀၀ ကျော် တက် ရောက်ခဲ့သည် ။


“ လူထုတွေ့ဆုံပွဲမှာတော့ ခွန်ထွန်းဦးက တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးတာ ဘာကြောင့် မပါဝင်တာလဲ ဆိုတဲ့အကြောင်း ရှင်းပြတယ် ။ အဖွဲ့တိုင်းပါဝင်လက်မှတ်ထိုးမှ ပါဝင်မယ်လို့ ကျားခေါင်းပါတီမှာ ပေါ်လစီရှိတယ် ။ အခုက အားလုံး ပါဝင်လက်မှတ်မထိုးဘူး ။ နောက် တိုက်ပွဲတွေလည်း မရပ်သေးဘူး။ ဆက်ဖြစ် နေသေးတယ် ။ ဒါကြောင့် မပါဝင်တာလို့ ရှင်းပြတယ် ”… လို့ စိုင်းဝမ်းလျဲန်းခမ်းက ပြောပါသည် ။


နမ့်ခမ်းကျားခေါင်းပါတီ အကြီးအကဲကလည်း လူထုထောင်ချီတက်ရောက်မည်ဟု မထင်မှတ်ကြောင်း ၊ ယခုကဲ့သို့ လာရောက်ကြိုဆိုသည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ၊ ရှေ့ဆက်လည်း မကြောက် ၊ မရှက်ဘဲ ရဲရဲဝံ့ဝံ့ ကြိုဆို ၊ နှုတ်ဆက် ၊ ပြောဆိုစေလိုကြောင်း ဆို၏ ။

 
“ ပြည်သူတွေကတော့ ကျားခေါင်းကို လက်ခံကြပါတယ် ။ ခွန်ထွန်းဦး ဆင်းလာတော့ လူထုက ၀မ်းမြောက် ၀မ်းသာနဲ့ ကြိုဆိုကြပါတယ် ။ သိန္နီ ၊ ကျောက်မဲ … ဘယ်နေရာမဆို အားလုံးအတူတူပါဘဲ ။ ကောလ ဟာလတွေကို ယုံနေရင်တော့ မထူးဘူး ။ တကယ်တမ်း လာကြည့်မှ သိရတယ် ” လို့ စိုင်းဝမ်းလျဲန်းခမ်း က ပြောပါသည် ။


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်သည် ကျားခေါင်းပါတီထက် ကျားဖြူပါတီအား ပိုမိုထောက်ခံသည့်မြို့ တမြို့ဖြစ်သည်ဟု လူသိများပါသည် ။

မိုင်းရှူးမြို့လယ် ဗုံးပေါက်ကွဲ ဒေသခံ ၄ ဦးဒဏ်ရာရ

Posted: 21 Oct 2015 07:13 AM PDT

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့ မြို့လယ်ကျောင်းတိုက်အနီး ဗုံးတလုံးပေါက်ကွဲရာ ကိုရင် ၂ ပါး ၊ အဖွားအိုတဦးနှင့်အသက် ၁၂ အရွယ် မိန်းလေးငယ်တဦး ထိခိုက်ဒဏ်ရာရှိ သည်ဟုသိရသည် ။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ မိုင်းရှူးဒေသခံများ

အောက်တိုဘာ ၂၁ ရက် ၂၀၁၅ ညနေ ၄ နာရီကျော်အချိန် မိုင်းရှူးမြို့ မြို့လယ်ကျောင်းတိုက် နှင့် သျှမ်းစာပေ ယဉ်ကျေးမှု ရုံးအနီး ဗုံးပေါက်ကွဲရာ ၊ ထိုနေရာအနီးသွားလာသည့် ကိုရင်လေး နှစ်ပါး ၊ အသက် ရ၅ နှစ်ရှိ မယ့်ထောက်လိတ် နှင့် စိုင်းစံညွှန့် ၊ နန်းနွန်း တို့၏ သမီး အသက် ၁၂ နှစ်ရှိ ၆တန်းကျောင်းသူ နန်းခမ်းခင် တို့ ထိခိုက်ဒဏ်ရာ ရရှိသည်ခြင်းဖြစ်သည် ။


အမည်မဖေါ်လိုသည့် ကျန်းမာရေးဝန်ထမ်းတဦးက - “ ဒဏ်ရာတွေက ဝမ်းဗိုက် ၊ ခြေထောက်တွေမှာ ။ သွေးတော့တော်တော်ထွက်တယ် ။ ဒဏ်ရာအပြင်းဆုံးက ဟိုကောင်မလေး နန်းခမ်းခင် ။ စိတ်ပူရတယ်သူက ” - ဟု ပြောသည် ။


အဖွားမယ်ထောဝ်လိတ်က ခါးတွင်လည်းကောင်း ၊ ကိုရင်တပါးက ဦးခေါင်း ၊ နောက်တပါးက ခြေထောက် တွင်လည်းကောင်း ၊ နန်းခမ်းခင်က ဝမ်းဗိုက် နှင့် နားရင်းတို့တွင် ဗုံးစများ ဝင်သွားသည်ဟုသိရသည် ။


အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြို့နယ်ရဲစခန်းကို ဖုန်းခေါ်သော်လည်း မရရှိခဲ့ပေ ။


“ မွှန်းလွှဲ ၂ နာရီ ၃ နာရီတုန်းက ဒီရပ်ကွက် (၁) နားက စစ်သားတစုက နမ့်မော်နိုင်းခေါဝ် ရေတွင်းမှာ ရေလာချိုးတာ ။ သူတို့ ပြန်သွားပြီးတော့ ပေါက်ေ တာ့တာဘဲ ။ ပေါက်ကွဲတဲ့နေရာက သျှမ်းစာပေရုံးနဲ့ မြို့လယ်ကျောင်း အနီး ဘဲလေ ” - ဟု အမှတ် ၁ ရပ်ကွက်နေ သည့် အမည်မဖေါ်လို သူတဦး က ပြောသည် ။


ရပ်မိရပ်ဖ တဦးဖြစ်သူက ယခု ဗုံးပေါက်ကွဲမှုသည် တတိယလက်သည်ဖြစ် နိုင်ကြောင်း ၊ ဗုံးပေါက် ကွဲမှုကြောင့် အစိုးရတပ်လုံခြုံရေးပိုမိုတိုးမြင့် လာ ဖွယ်ရှိကြောင်း ၊ စစ်ဘေးရှောင်ဒုက္ခသည်များ အတွက် သွားရောက် အကူ အညီပေးနေသည့်အလှူရှင်များအား ပိုမို စစ်ဆေးလာနိုင်ဖွယ် ရှိကြောင်း ပြော သည် ။


မိုင်းရှူးမြို့လယ်တွင် ဗုံးပေါက်ကွဲသကဲ့သို့ ယမန်နေ့က မိုင်းစန်မြို့ ရဲစခန်း အနီးတွင်လည်း ထို့နည်းတူ ဗုံးပေါက်ကွဲခဲ့ကြောင်း ၊ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိသူမရှိကြောင်း မိုင်းစန်မြို့ခံ စိုင်းဩကြီး ကပြောသည် ။

ရွေးကောက်ပွဲနှင့် ပတ်သက်သည့် Debate ကျိုင်းတုံနှင့်တောင်ကြီးတို့တွင် သျှမ်းသံတော်ဆင့်မှ ဦးဆောင်ကျင်းပ

Posted: 20 Oct 2015 10:03 PM PDT

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ တိုင်းလိခန်းမတွင် USAID နှင့် နိုင်ငံတကာ မြန်မာ သတင်းမီဒီယာ (BNI) တို့၏ ပံ့ပိုးမှုဖြင့် သျှမ်းသံတော်ဆင့် သတင်းဌာနက ဦးဆောင်ကာ ၂၀၁၅ ရွေးကောက်ပွဲနှင့် ကတိကဝတ်များ ဟူသည့် ဆွေးနွေးငြင်းခုံပွဲတရပ် ကျင်းပခဲ့သည် ။

 ကျိုင်းတုံမြို့တွင်ကျင်းပသော ဆွေးနွေးပွဲ

အောက်တိုဘာလ ၂၀ ရက်နေ့တွင်ကျင်းပသော အဆိုပါ  Debate သို့ သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းမွန်းတွီ ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ SNDP မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဆေဟန် (စိုင်းသောင်းစိန်) ၊ သျှမ်းပြည်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ESSDDP မှ  ကိုယ်စားလှယ်လောင်း စိုင်းဝင်းမြင့်နှင့် လူမှုအသင်းအဖွဲ့ CBO မှ စိုင်းလုံဝန်းတို့ တက်ရောက်ဆွေးနွေး ခဲ့ကြသည် ။

 တောင်ကြီးမြို့တွင် ကျင်းပသော ဆွေးနွေးပွဲ


ကျိုင်းတုံမြို့ ၁၅ အုပ်စုမှ အုပ်ချုပ်ရေးမှူးများ ၊ အမျိုးသားကျောင်းမှ လူငယ်များ ၊ တက္ကသိုလ် ကျောင်းသားများ ၊ ပါတီဝင်များ ၊ တိုင်းခင် ၊ တိုင်းလိ ၊ တိုင်းလွယ် ၊ တိုင်းနေ နှင့် အခါ တိုင်းရင်းသားအကြီးအကဲများ စုစုပေါင်း ၈၀ ကျော် တက်ရောက်နားထောင် ခဲ့ကြသည် ။


ကိုယ်စားလှယ်လောင်းများမှ လူထုသို့ ပေးခဲ့သော ကတိကဝတ် နှင့် လက်တွေ့ လုပ်နိုင် မည့်အချက်များ ၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ကျိုင်းတုံမြို့ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများအကြောင်း ဆွေးနွေးငြင်း ခုံခဲ့ကြသည် ။ နားထောင် သူလူထုဘက်မှလည်း ပါတီများ ပေါင်းစည်းနိုင်မည့် အခြေအနေ အခွင့်အလမ်းတို့ကို ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း သိရပါသည် ။


အလားတူ ဆွေးနွေးမှုမျိုးကို သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ ကန်ရှေ့ ရပ် Classic Hall စား သောက်ဆိုင်တွင် ယခု အောက်တို ဘာလ ၁၁ ရက် က တောင်ကြီးမြို့တွင် သျှမ်းသံ တော်ဆင့်မှပင် ဦးဆောင် ကျင်းပခဲ့ပါသေး သည် ။


အဆိုပါ ဆွေးနွေးငြင်းခုံပွဲအား ၂၀၁၅ ရွေးကောက်ပွဲနှင့် လုံခြုံရေးဟု အမည်ပေး ခဲ့ပါသည် ။


ဦးဆောင်ဆွေးနွေးသည့်ပုဂ္ဂိုလ်များက ကျားခေါင်းပါတီမှ တောင်ကြီးမြို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းမြဦး ၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲ မှူးကြီး စိုင်းဆိုင်ဝမ်း ၊ တောင်ကြီးမြို့  RCSS/SSA ဆက်သွယ်ရေးရုံးမှ ညွှန်ကြားရေးမှူး  ဗိုလ်မှူး စိုင်းဦး ၊ ရွေးကောက်ပွဲစောင့်ကြည့် ရေးအဖွဲ့ Justic Drum မှ ဦးအောင်ဇေ တို့က ဆွေးနွေး ငြင်းခုံခဲ့ကြသည် ။ တက်ရောက်သူ ၅၀ ဝန်းကျင်ခန့်ရှိပါသည် ။


ကျိုင်းတုံတွင်ကျင်းပသော ဆွေးနွေးပွဲတွင် သျှမ်းဘာသာစကားဖြင့် ပြော ဆိုဆွေး နွေးခဲ့ကြပြီး ၊ တောင်ကြီးမြို့တွင်ကျင်းပသော ဆွေးနွေးပွဲမှာမူ မြန်မာဘာသာစကားဖြင့် ပြောဆိုဆွေးနွေးခဲ့ကြသည် ။

အစိုးရတပ်မတော်မှ နိုင်ထက်စီးနင်းပြု ကျူးကျော် တိုက်ခိုက်နေသည်ဟု SSPP/SSA ပြော

Posted: 20 Oct 2015 07:20 PM PDT

အစိုးရတပ်မတော်မှ သျှမ်းလူထု နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA အပေါ် အင်အားသုံးကာ နိုင်ထက်စီးနင်းပြု ကျူးကျော်တိုက်ခိုက်နေမှုများအား ဆက်လက်ခုခံ တိုက်ခိုက်သွားမည်ဟု SSPP/SSA က ထုတ်ပြန်ကြေငြာ လိုက်သည် ။

SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလ

သျှမ်းပြည်တပ်မတော် SSPP/SSA ၏ မိုင်းရှူးမြို့နယ် ဝမ့်လွေတပ်စခန်း ၊ နောင်ခေတ် နားပေတပ်စခန်း ၊ တာ့ဆမ်ပူး နှင့် လွယ်လာဟတပ်စခန်း ၊ နမ့်မော်ခုံနွဲ့တပ်စခန်းများအား မိုင်းနောင်အခြေစိုက် စစ်ဆင် ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၂  နှင့် မိုင်းပန်အခြေစိုက် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ကြောင်း ၊ တိုက်ခိုက်စဉ်အတွင်း လူထုရပ်ရွာများဘက် ၊ ကျေးလက် ဒေသ ခံအလုပ်လုပ်ရာတောင်ယာ ၊ လယ်ကွင်း များဘက် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက် ခိုက်နေသည် ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ က ပြောကြားလိုက်သည် ။


“ ဒါကျနော်တို့မွေးရပ်မြေဗျာ၊ တောင်ပိုင်းမှာဆို လွယ်လင် ၊ နမ့်ဇန် ၊ ကွန်ဟိန်း ၊ ကာလိ ကနေ မြောက်ပိုင်း မူစယ်နမ့်ခမ်းအထိ ၊ အနောက်ဘက်ဆို ပြင်ဦးလွင် ၊ မိုင်းကုတ် ၊ မိုင်းမိတ် အထိ ကျနော်တို့ တော်လှန် ရေး သမိုင်းဝင်နယ်မြေတွေဘဲ ။ ၁၉၈၉ အပစ်ရပ်က တည်း ကျနော်တို့နေလာတာ ။ ဗိုလ်ချုပ်ခင်ညွှန့် ခေတ် ကလဲ ဒီဒေသကိုအသိအမှတ်ပြုတာဘဲ ။ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးသဘော တူညီချက် မှာက နယ်မြေ သတ်မှတ်သာ မရှိဘူး ။ နယ်မြေကိစ္စက NCA ထိုးပြီးမှလုပ်ရမဲ့ကိစ္စ ” - ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည် ။


အောက်တိုဘာ ၁၉ ရက်နေ့တွင် အစိုးရတပ်မတော်ပိုင် မြ၀တီ သတင်းဌာန၊ အစိုးရပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းဌာနတို့မှ ထုတ်ပြန်ချက်တွင် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တိုက် ပွဲဖြစ်ရ သည့် အကြောင်းရင်းများအားထုတ်ပြန်ရာတွင်  “ ၂၀၁၂ ခု ဇန္နဝါရီ ၂၈ ရက် ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေး သဘောတူညီချက်တွင် ဝမ့်ဟိုင်းဌာနချုပ်၌သာ အခြေပြုနေထိုင်ရန် သတ်မှတ် ထားသော်လည်း ဌာနချုပ် တောင်ဘက် ၁၀ မိုင်အကွာတွင် အခိုင်အမာတပ်စခန်းဆောက်ကာ အခြေပြုနေထိုင် သောကြောင့် နယ်မြေတည်ငြိမ်အေးချမ်းရေး ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး မူဘောင်များမ ထိခိုက်စေရေး အကြိမ်ကြိမ်သတိပေးသော်လည်း မူလနေရာသို့မပြန် ------ သောကြောင့် တပ်မတော်စစ်ကြောင်း မှ ရှင်းလင်းတိုက်ခိုက်ရ --- ” ဟု ပါရှိသည် ။


ထို့အပြင် အဆိုပါ သတင်းစာတွင် အောက်တိုဘာ ၆ ရက်နေ့ မှ ၁၈ ရက်နေ့ အထိ တိုက်ပွဲပေါင်း ၃၇ ကြိမ် ၊ သျှမ်းပြည်တပ်မတော်ထံမှ အလောင်း ၇ လောင်း လက်နက်မျိုးစုံ ၈ လက် သိမ်းဆည်းရသည်ဟု ထုတ်ပြန်ထားသည် ။ သို့သော် အစိုးရဘက်မှ မည်မျှသေဆုံးသည်ကို မဖေါ်ပြသော်လည်း အရာရှိ ၊ စစ်သည်တချို့ အသက်ပေးလှူသွားသည်ဟု တပ်မတော်ပိုင် မြ၀တီသတင်းက ဖေါ်ပြသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 23, 2015, 4:33:42 PM10/23/15
to thuau...@gmail.com

NCA ထောက်ခံကြိုဆိုပွဲ တောင်ကြီးတွင် လူထု ထောင်ကျော်တက်ရောက်

Posted: 23 Oct 2015 08:40 AM PDT

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းကို ထောက်ခံကြိုဆိုကြောင်း  သျှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးရှိ  လေ့ကျင့်ရေး အားကစားရုံ ၌ ပြုလုပ်ခဲ့သည် ။


အခမ်းအနားကို  အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းက ပြုလုပ်ရာ ဒေသခံ ပြည်သူလူထု တထောင်ကျော် တက်ရောက်ကြောင်းသိရသည် ။


အခမ်းအနားတွင် သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သည့် တောင်ကြီးမြို့သျှမ်းစာပေယဉ်ကျေးမှုအသင်း  ဥက္ကဌ စိုင်းအောင်ဆာ က - နိုင်ငံတော်အတွက် အင်မတန်အရေးကြီးတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ် အောင်မြင်စွာ လက်မှတ်ရေးထိုးခြင်း အပေါ် ထောက်ခံကြိုဆိုကြောင်း ပြောသည် ။


တောင်ကြီး သျှမ်းစာ / ယဉ် အတွင်းရေးမှူး စိုင်းနွတ်က  “ NCA လက်မှတ်ရေးထိုးခြင်း နဲ့ ပတ်သက်ပြီး လာ ထောက်ခံကြိုဆိုရတာ ဝမ်းသာပီတိ ဖြစ်ပါတယ် ။ NCA လက်မှတ်ထိုးပြီးရင် တိုက်ပွဲတွေရပ်သွားမယ် လို့မျှော်လင့်ပါတယ် ။ ” ဟုပြောသည် ။


တက်ရောက်သူ စိုင်းခွန်အောင်ကမူ - ဆင့်ခေါ်မှုကြောင့်သာလာရတာ ဒီရောက်မှဘဲသိတယ် NCA ထောက်ခံ ပွဲမှန်း - ဟုပြောဆိုသည် ။ 


အခမ်းအနားတွင်  သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သည့် သျှမ်းတိုင်းရင်းသား ဦးအောင်ဆာက - “ အခု မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲကျတော့ နယ်မြေနဲ့ အခြေနေတွေကြောင့်ဖြစ်တယ်လို့ ကျနော်တို့ လေ့လာ မိပါတယ် ။ အဲ့ဒီအတွက် ထိခိုက်ခံစားနေရတဲ့ နှစ်ဘက်သော အဖွဲ့အစည်းများ ပြီးတော့မှ ကြားခံ မြေစာပင် ဖြစ်နေရတဲ့ ကျနော်တို့ ပြည်သူတွေကိုလည်း ကျနော်သနား ကိုယ်ချင်းစာမိပါတယ် ” ဟု ပြောသည် ။


တဖက်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ယနေ့မနက်ပိုင်းက တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းကို ထောက်ခံကြိုဆိုပွဲ မန်ဆူကျောင်းတွင်ကျင်းပရာ တက် ရောက်သူ ဦးရေ ၅၀၀ ခန့်ရှိကြောင်း လားရှိုး ရပ်ကွက် ၁၂ နေ စိုင်းဆိုင် ကပြောသည် ။


“ ဒီမှာတော့ ၀န်ထမ်းများတယ် ။ ဆင့်ခေါ်လို့ လာကြတယ် ပြောတယ် ။ ဒီမှာတော့ အဲဒီအတွက် ဘာမှခံစားချက် သိပ်မရှိဘူး ”-  ဟုဆိုသည် ။


တာချီလိတ်မြို့တွင်လည်း တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းကို ထောက်ခံကြိုဆိုပွဲကို အော်ကတိုဘာ ၂၃ ရက်နေ့တွင်ပင် ပြုလုပ်ပါသည် ။


၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ နှင့် သမ္မတဦးသိန်းစိန်နှင့် အစိုးရကိုယ်စားလှယ် ၉ ဦး အပါအဝင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည် ။

တိုက်ပွဲသာ ဖြစ်နေရင်တော့ မဲဆန္ဒသွားပေးဖို့လည်း မိဘပြည်သူတွေ စိတ်ဝင်စားတော့ မှာ မဟုတ်ဘူး (အမြင်သဘောထား)

Posted: 23 Oct 2015 08:23 AM PDT

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အခြေစိုက်လှုပ်ရှားရာ  သျှမ်းပြည် တောင်ပိုင်း ကျေးသီး မိုင်းနောင် မိုင်းရှူးမြို့နယ်အတွင်း အစိုးရ တပ်မတော် က ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်မှုကြောင့်  စစ် ပြေးဒုက္ခသည် ထောင်ချီ မြို့ဘုန်းကြီး ကျောင်းနှင့်နီးစပ်ရာဆွေမျိုးများထံ ခိုလှုံခဲ့ရပါသည် ။ ထိုသို့ထိုးစစ်ဆင်မှု များကြောင့် ဒေသတွင်းမတည်ငြိမ်မှုအပေါ် စစ်ဒဏ်ခံနေရသည့်လူထုအနေဖြင့် ရွေးကောက်ပွဲအပေါ် မည်မျှ စိတ်ဝင်စားမှုရှိနိုင်မည်ဟူသည်ကိုလည်း  အများက အထူးစိတ်ဝင်စားနေကြသည် ။  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လားရှိုးခရိုင် အမျိုးသားလွှတ်တော် ကိုယ် စားလှယ်လောင်း စိုင်းဝမ်းလှိုင်းခမ်းက ဤကဲ့သို့ သုံးသပ်ထားပါသည် ။

“ ကျားခေါင်းပါတီ ကိုယ်စားလှယ်လောင်းအနေနဲ့ ပြောချင်တာက - အစိုးရစစ်တပ်က တိုင်းရင်းသားတပ်ဖွဲ့တွေ ကို ဘာကြောင့် ထိုးစစ်ဆင် တိုက်ခိုက်နေတာလဲ ။ အခုဆို ရွေးကောက်ပွဲလည်း နီးလာပြီ ။ ကိုယ်စားလှယ်လောင်း တွေတောင် စည်းရုံးရေးဆင်းဖို့ အင်အားတောင် မရှိချင် တော့ဘူး ။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲတွေ ဖြစ်နေတာ ကြောင့် လူထုတွေ တိမ်းရှောင်နေရတယ် ။ ဒီလို စစ်ပြေးဒုက္ခသည်တွေ သုံးထောင်နီးပါး ရှိတယ်ဆိုတာ တခါမှ မကြာဖူးဘူး ။ အရင်က ကချင်ကိုတိုက်တယ် ။  နောက်တော့ ကိုးကန့်ကို တိုက်တယ် ။ အခုလည်း သျှမ်းကို တိုက်ပြန်တယ် ။ တိုက်ပွဲရပ်သွားတယ်ဆိုတာ မရှိဘူး ။


ဒီမိုကရေစီနိုင်ငံလို့ ကြေငြာပြီးပြီ ။ ဘာကြောင့် တိုင်းရင်းသားတွေကို တိုက်နေတာလဲ ။ အပစ်ရပ်လက် မှတ်မထိုး ဘူးလို့ဆိုရအောင်လည်း သျှမ်းပြည် တပ်မတော် SSPP/SSA က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ် ထိုးပြီးပြီ။ NCA ဘဲ ကျန်တော့တယ် ။ ပြည်ထောင်စုအဆင့်တောင် လက်မှတ်ထိုးပြီးပြီ တိုက်ပွဲဆိုတာ မရှိသင့် တော့ဘူး ။ NCA လက်မှတ်မထိုးလို့ ထိုးစစ်ဆင်တိုက်ခိုက်တယ်ဆိုတာ ဘောင်မဝင်ဘူး ။ လက်မှတ်မထိုး ဘူး လို့လည်း SSPP က မပြောပါဘူး ။


တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးအဆင်သင့်ဖြစ်တဲ့အခါ သွားထိုးမယ်လို့ ပြောတာဘဲ ။ ဆန့်ကျင် တဲ့အကြောင်း မရှိဘဲ ထိုးစစ်ဆင် တိုက်ခိုက်နေတယ် ။ ဒါကြောင့် မိဘ ပြည်သူကို ထိခိုက်တယ် ။ မိဘပြည်သူတွေ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် နေရ တယ် ။ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ ရွေးကောက်ပွဲလုပ်ဖို့ဆိုတာ မိဘပြည်သူတွေ စိတ်မဝင်စားတော့ဘူး ။ ထွက်ပြေးတိမ်းရှောင်နေရလို့ ။ ကိုယ်စားလှယ်လောင်းတွေ စည်းရုံးရေး ဆင်းဖို့လည်း အခက်တွေ့တယ် ။ မဆင်းနိုင်ဘူး ။ ဘာမှလည်း မရှင်း လင်းပြနိုင်ဘူး ။ စိတ်ကျဉ်းကြပ်တာပေါ့နော် ။ ဒီတိုက်ပွဲရပ်အောင် မလုပ်နိုင်ရင်တော့ လွှတ်တော်ကိုယ်စား လှယ် သွားလုပ်လည်း မထူးဘူး ။ အရမ်းစိတ်ပူပါ တယ် ။ ဒါကြောင့် ဒီတိုက်ပွဲတွေကို ရပ်တန့်စေချင်တယ် ။ နောက် ဘာကြောင့်ထိုးစစ်ဆင်တိုက်ခိုက်နေတာ လဲဆို တာ ရှင်းပြဖို့လိုတယ် ။ တိုက်ပွဲကိုဘဲ ရှေ့တန်းတင်နေမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး ။ ငြိမ်းချမ်းတဲ့နိုင်ငံလည်း မဖြစ်လာနိုင်ဘူး ။


ဒီလိုသာ တိုက်ပွဲဖြစ်နေရင် ရွေးကောက်ပွဲကို မိဘပြည်သူတွေ စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်နေ တဲ့ဒေသနဲ့ ရ-၈ မိုင်ကွာတဲ့ တန့်ယန်းမှာ စည်းရုံးရေးဆင်းတာ တောင် မိဘပြည်သူတွေ မလာရဲကြဘူး ။ ကြောက် ကြတယ် ။ တကယ်လို့ လာမယ်ဆိုရင် လည်း ကျနော်တို့ ပြောသမျှ စိတ်ဝင်စားမှာ မဟုတ်တော့ဘူး ။ တကယ်လို့ မိဘပြည်သူ တွေက တိုက်ပွဲမဖြစ်အောင် ကိုယ်စားလှယ်လောင်းအနေနဲ့ ဘာများလုပ်ပေးနိုင်မလဲလို့ မေးလာရင် ကျနော်တို့လည်း ဘာမှမဖြေနိုင်ဘူး ။ ကျနော်တို့က ရွေးကောက်ပွဲဝင်ပြိုင် ။ နောက်လွှတ်တော်ထဲဝင်ဖို့ ကြိုးစား လည်း ဒါဟာဘာမှမ ထူးတော့ဘူး ။ ဒီလိုသာ တိုက်ပွဲဖြစ်နေရင်တော့ ။ ဒါကြောင့် တိုက်ပွဲတွေ ရပ်ရမယ် ။ တိုက် ပွဲသာ ဖြစ်နေရင်တော့ မဲဆန္ဒသွားပေးဖို့လည်း မိဘပြည်သူတွေ စိတ်ဝင်စားတော့မှာ မဟုတ်ဘူး ။ ”

စိုင်းဝမ်းလှိုင်းခမ်း

လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း


သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်

သျှမ်းသံတော်ဆင့်

unread,
Oct 24, 2015, 4:17:49 PM10/24/15
to thuau...@gmail.com

အစိုးရတပ်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်များ မိုင်းရှူးသို့ ထပ်ပြေးရ

Posted: 24 Oct 2015 09:14 AM PDT

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင် ၊ မိုင်းရှူးမြို့နယ်အတွင်းရှိ တပ်စခန်းသုံးခုမှ အစိုးရ တပ်က လေးဘက် လေးတန်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ရာကျေးရွာအတွင်း လက်နက်ကြီး များကျရောက်သောကြောင့် ရွာသူရွာသား များ မိုင်းရှူးသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင် နေကြောင်း ကြားသိ ရသည် ။

ရွာတွင်းသို့ လက်နက်ကြီးကျသဖြင့် မိုင်းရှူးသို့ထပ်မံရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များ

အစိုးရတပ်အခြေစိုက်သည့် လွယ်ကျူမောက်ခေါဝ် ၊ နမ့်မွန်း ၊ ဝိန်းကောဝ် တပ်စခန်းကြီး များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဟိုင်းပါ ဘုန်းကြီးကျောင်း နှင့် ဝမ် ဆော့သို့ ဒုက္ခသည် များထပ်မံရောက်ရှိလာ သည်ဟုသိရသည် ။


လွယ်ဖွေး ၊ နောင်လျှံ ၊ ကုန်းကျိုင်း ၊ ဝမ့်လွေ ၊ ဝမ့်ဆော့ ရွာများအတွင်းနှင့် အနီးအနားသို့ လက်နက်ကြီး ၃၆ လုံးကျခဲ့ကြောင်း ၊ လက်နက်ကြီးကြောင့် အဆိုပါရွာသူရွာသားများ အသက်လု ထွက်ပြေးခဲ့ရကြောင်း ဝမ့်ဆော့ရောက် စစ်ဘေးဒုက္ခသည် အချို့လည်း ထိပ် လန့်ကာ မိုင်းရှူးမြို့သို့ ထပ်မံတိမ်းရှောင်သူ များလာကြောင်း မိုင်းရှူးရောက်ဒုက္ခသည် တဦးက ဤသို့ပြောသည် ။


“ ကျနော်တို့လဲ လန့်တာပေါ့ ။ ဝမ့်ဆော့ကို ထွက်ပြေးလာတဲ့သူေ တွ ပြောတာေ တာ့ ဝမ့်ဖွေးမှာ ၃ လုံး ၊ နောင်လျှံမှာ ၃ လုံး ၊ ကွန်ကျိုင်း မှာ ၄ လုံး ၊ ဝမ့်လွေ ဘုန်းကြီး ကျောင်း မှာ ရ လုံး ၊ ဝမ့်လွေရွာနဲ့အနီး အနားမှာ ၂၀ လုံး အဲဒါ ကျနော် တယောက်ပြီး တယောက် မေးပြီး သိလာတာ ။ မွန်းလွဲပိုင်းက ဝမ့် ဆော့နား နမ့်ပါမုန်းမှာ တိုက်ပွဲသံ ထပ်ကြားရ တော့ ကျနော်တို့ခိုနေတဲ့ ဝမ်ဆော့မှာလဲ လုံခြုံမှု မရှိ တော့ဘူး ။ လက်နက်ကြီးနဲ့ တိုက် ခိုက်ရင် ဘယ်လိုလုပ်မလဲ ။ စိုးရိမ်လို့ မြို့ကို တက်လာတာ ” - ဟု မိုင်းရှူးမြို့ နီးစပ်သည့် အမျိုးအိမ်၌ သွားရောက်ခိုလုံနေသူ စိုင်းဇေယ ကပြောသည် ။


ဝမ့်ဆော့ရှိ ဒုက္ခသည် ထောင်ကျော်ထဲက မိုင်းရှူးမြို့သို့ ထွက်ပြေးတိမ်း သူများရှိသကဲ့သို့ ဝမ့်ဆော့သို့ ထပ်မံရောက်ရှိလာသည့် စစ်ဘေးရှောင် ဒုက္ခသည်များလည်း ရာဂဏန်းရှိ ကြောင်းပြောသည် ။


“ အခု ရပ်ကွက် ၄ က ကျောင်းစန်း ကျောင်းတိုက်မှာ ဒုက္ခသည်တွေ အများ ကြီး ရောက် လာတယ် ။ ထော်လာဂျီတွေနဲ့ သူတို့အချင်းချင်း ခေါက်တုန့်ခေါက်ပြန် သယ်လာကြ တယ် ။ ဒီ မွန်းတည့်အထိ ၁၀၀ ကျော်သွားပြီ ၊ အဲဒီကျောင်းတိုက် ဝင်းအတွင်းမှာဘဲ ” - ဟု အမှတ် ၄ ရပ်ကွက်သူ နန်းကွန်ငင်း ကပြောသည် ။


“ ဒီနေ့ ကျမ တို့ ဟိုင်းပါ မှာ ရှိတဲ့ ဒုက္ခသည်ကို သွားကူညီထောက်ပံ့ မလို့ ။ ရောက်ခါနီးမှာ တိုက်ပွဲ ဖြစ်နေတယ်ဆိုလို့ သွားခွင့်မရဘဲ ပြန် လာလိုက်ရတယ် ” - ကူညီရေးအဖွဲ့မှာ ပါဝင်တဲ့ မိုင်းရှူးမြို့သူ နန်းယေ့လူက ပြောသည် ။


အောက်တိုဘာ ၆ ရက်နေ့မှ စ၍ အစိုးရတပ်မတော်မှ သျှမ်းပြည်တပ်မေ တ်ာအား ထိုး စစ်ဆင် တိုက်ခိုက်သောကြောင့် တိုက်ပွဲ ပေါင်း ၄၀ ဖြစ်ေ ကြာင်း ၊ နေ့စဉ်နေ့တိုင်း ပစ်ခတ်တိုက်ခိုက်မှု ရှိနေကြောင်း ယနေ့လည်း ကုန်းနင်ရွာအနီးတွင် တနေ့လုံးပစ်ခတ် တိုက်ခိုက်နေကြောင်း သျှမ်းပြည် တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောသည် ။


သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရ တို့သည် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည် ။

စစ်ဘေးသင့် ပြည်သူများအား ကူညီရန် နမ့်ခမ်းမြို့လူငယ်များ စုပေါင်းပြီး အလှူငွေများရှာဖွေ

Posted: 23 Oct 2015 06:33 PM PDT

သျှမ်းမြောက် နမ့်ခမ်းမြို့ရှိ လူငယ်များစုပေါင်းပြီး မိုင်းရှူးမြို့နယ် အတွင်းရှိ စစ်ဘေး သင့်ပြည်သူများကို ကူညီရန် အလှူငွေများရှာဖွေနေကြောင်း သတင်းရရှိသည် ။

နမ့်ခမ်းမြို့လူငယ်များ၏ စစ်ဘေးရှောင်များအားကူညီရန်အလှူခံနေစဉ်

အလှူငွေများကို နမ့်ခမ်းလူငယ်အဖွဲ့ ၊ လူမူရေးအဖွဲ့ဖြစ်သော ဝုန်းမေတ္တာ  အဖွဲ့နှင့်လွယ်ဟိုဆေဒေသဘက်မှ လူ ငယ်များလည်းပါဝင်လှုပ်ရှားနေကြောင်း ထို့အပြင် ဒေသခံသျှမ်းအဆိုတော်တစ်ချို့ နှင့် နမ့်မော(ဝ်) ခမ်းတီးဝိုင်း အဖွဲ့တို့မှလည်း ပါဝင်ကူညီပြီး အလှူငွေများရှာဖွေပေးကြသည်ဟု နမ့်ခမ်းဒေသခံ လုင်းအိုက်ပီး ကဆိုသည် ။


“ မနေ့ကမနက်ပိုင်းမှာတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်မှ နမ့်ခမ်းလူငယ် အဖွဲ့ကောက်ရတဲ့ငွေ ရယ် ပြီးတော့ ၀ုန်းမေတ္တာအဖွဲ့ နဲ့ လွယ်ဟိုဆေ ဒေသ ဘက် က ကောက်ခံလာရရှိငွေ သိန်းပေါင်း (၇၀) ကျော် နဲ့ အထောက် အပံ့ ပစ္စည်းတစ်ချို့တွေကို ကား (၃) စီး နဲ့ ဦးဇင်း (၃) ပါး ဦးဆောင်ပြီး မိုင်းရှူးဘက်သို့ စစ်ဘေးသင့်ပြည်သူ များကိုကူညီရန် ထွက်သွားနေပြီ ” ဟု ၄င်းက ပြောသည် ။


ယနေ့ထပ်ပြီး နမ့်ခမ်းမြို့လူငယ်များ ၊ နမ့်ခေးမော (ဝ်) တီးဝိုင်းအဖွဲ့ နှင့် ဒေသ ခံသျှမ်းအဆိုတော်တစ်ချို့ စုပေါင်း ပြီး အလှူငွေ ရရှိဖို့အတွက် ၄င်းမြို့ရှိ ရပ် ကွက်တစ်ချို့ကို လှည့်လည်ကောက်ခံကြကြောင်း ၊ လှည့်လည်မှုအပြီး မြို့လယ်ဘုရားကျောင်းရှေ့ ၌ သျှမ်းသီချင်းသီဆိုဖျော်ဖြေ ပြီး အလှူငွေ များ ကောက်ခံခဲ့ကြကြောင်း နမ့်ခမ်းမြို့ လူငယ် စိုင်းသျှိုင်စိုင်း က ဆိုသည် ။


“ ဒီနေ့ ကျနော်တို့ အလှူငွေ (၄၆ ) သိန်း ကျော်ကောက်ခံရရှိထားပါ တယ် ၊ ကောက်ခံရရှိတဲ့ အလှူငွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို ကျနော်တို့ အစည်းအဝေးပြန်ထိုင်ပြီးမှ မိုင်းရှူးဘက်ရှိ စစ်ဘေးသင့်ပြည်သူများ ကိုဆက် လက်ပေးပို့သွားမယ် ” ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြော သည် ။


ပါဝင်လှုပ်ရှားကူညီပေးသော သျှမ်းအဆိုတော် နန်းခမ်းကော်က “ ခုလို လှည့် လည်ပြီး စစ်ဘေးသင့် ပြည်သူများ အတွက် အလှူငွေ လိုက်ကောက် ခံရတာ မောလဲမောတယ် ၊ ပျော်လဲပျော်တယ်ရှင့် ပြီးတော့ ပီတိ ဖြစ်မိတာ အမှန်ပါပဲ ” ဟု သူမက ဆိုသည် ။


မိုင်းရှူးမြို့နယ်ထဲတွင် ယခုအောက်တိုဘာလ အတွင်း၌ မြန်မာအစိုးရ တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တို့၏ တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ဘေးသင့်ပြည်သူများ တစ်သောင်းထက်မနဲ ရှိနေပြီး အကူအညီများလည်းအရေးပေါ်လိုအပ်နေသေးကြောင်း မိုင်းရှူးဒေသခံများထံမှ သိရှိရသည် ။





သျှမ်းပြည်တွင်း မဲရုံပေါင်း သုံးထောင်ကျော်အတွက် အထူးရဲများကို သင်တန်းပို့ချနေ

Posted: 23 Oct 2015 06:24 PM PDT

ရွေးကောက်ပွဲကာလအတွင်း သျှမ်းပြည်နယ် အတွင်းရှိမဲရုံများတွင် လုံခြုံရေးတာဝန် ခန့်အပ်ထားသည့် အထူးရဲများကို အောက်တိုဘာလ (၂၀) ရက်နေ့မှ (၃၀) ရက်နေ့ အထိသင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည် ။


သျှမ်းပြည်နယ် တစ်ခုလုံးအတွင်း မဲရုံပေါင်း (၃၄၃၄) ရုံထားရှိမည်ဖြစ်ပြီး ယင်းမဲရုံများအတွက် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်းဖြင့် အထူးရဲ (၃၄၃၄) ဦးကိုခန့်အပ်ထားရှိပြီးဖြစ်ကြောင်း ၊ အထူးရဲများကိုပြစ်မှုအမျိုးအစား နှင့် ပြစ်မှုဆိုင်ရာဥပဒေ ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၊ ရဲလက်စွဲ ၊ လူ့အခွင့် အရေးနှင့် မီဒီယာကျင့်ဝတ်ရဲကျင့်ဝတ် ၊ ပြည်သူလူထုပါဝင်သော ရဲလုပ်ငန်းစနစ် နှင့် လုပ်ငန်းတာဝန် (၁၂) ချက် ၊ ဘာသာရပ် (၁၁) ခုတို့ကို သင်ကြားပို့ချပေးလျှက်ရှိကြောင်း ဆက်လက်သိရှိရသည် ။ 


“ ကျနော်တို့မြန်မာနိုင်ငံရဲ တပ်ဖွဲ့ကနေပြီးတော့ သျှမ်းပြည်နယ်တောင်ပိုင်း ၊ သျှမ်းပြည်နယ်မြောက်ပိုင်း ၊ သျှမ်းပြည်နယ်အရှေ့ပိုင်း ၊ သတ်မှတ်ထားတဲ့ရွေးကောက်ပွဲနယ်မြေရှိတယ် ။ အဲဒီစီမံချက်လဲ ကျနော်တို့ဆွဲထားတာရှိတယ် ။ နိုဝင်ဘာ ၈ ရှမ်းပြည်တပြည်လုံးမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အလို ၂ ရက် ကနေစပြီး လိုအပ်တဲ့ စောင့်ရှောက်မှုတွေ စနစ်တကျ ပြင်ဆင်ထားတယ် ။”-  တောင်ကြီးခရိုင် ဒုရဲမှူးကြီးစိုင်းဆိုင်ဝမ်းက တောင်ကြီးမြို့တွင်ကျင်းပသော သျှမ်းသံတော်ဆင့်၏ ရွေးကောက်ပွဲနှင့် လုံခြုံရေး ဒီဘိတ်တွင် ပြောကြားသွားသည် ။


ရွေးကောက်ပွဲကာလအတွင်း လုံခြုံ ရေးတာဝန်ထမ်းဆောင်ရန် သျှမ်းပြည်နယ် ၌ခန့်အပ်ထားသော အထူးရဲများ မှန်ကန်မှုမရှိလျှင် ၊ စည်းကမ်းချိုးဖောက်လျှင် အမြဲတမ်းရဲဝန်ထမ်း များကဲ့သို့ အပစ်ပေးအရေးယူ မှုများဆောင် ရွက်မည်ဖြစ်ကြောင်း အောက်တိုဘာလ (၇) ရက်နေ့ကအထူးရဲခန့်အပ်ခြင်း နှင့် ပတ်သက်၍ သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှုး ၊ ရဲမှုးကြီးအောင်အောင်က ပြောကြားခဲ့ဖူးသည် ။


အထူးရဲများကို ရွေးကောက်ပွဲကာလ ဖြစ်သည့် အောက်တိုဘာ လလယ်မှ နိုဝင်ဘာလလယ်အထိတစ်လ ခန့်အပ်မည်ဖြစ်ပြီး ပြည်ထဲရေးဘတ်ဂျက်နှင့် အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးလျှင်အခြေခံလစာအဖြစ် ကျပ် တစ်သိန်း နှစ်သောင်းနှင့် နေ့တွက်စားစရိတ် တစ်နေ့ကျပ်တစ်ထောင် ခံစားခွင့်ရရှိမည်ဖြစ်သည် ။


သျှမ်းပြည်နယ် အထူးရဲတွင်ပါဝင်သူများမှာ သာမန်အရပ်သားများ ၊ အရံမီးသတ်တပ်ဖွဲ့များ ၊ ကြက်ခြေနီ အဖွဲ့များ နှင့် ပြည်သူ့စစ်များ ပါဝင်လျှက်ရှိကြောင်း သိရှိရသည် ။ 

သျှမ်းသံတော်ဆင့်

unread,
Oct 25, 2015, 4:21:24 PM10/25/15
to thuau...@gmail.com

နမ့်ခမ်းမြို့၌ ကျားဖြူ ကျားခေါင်းအပြိုင် စည်းရုံးဆင်း

Posted: 25 Oct 2015 07:49 AM PDT

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့၌ ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း နှင့် ကျားခေါင်းပါတီ ဥက္ကဌ ခွန်ထွန်းဦး တို့ အပြိုင်အဆိုင် စည်းရုံးရေးဆင်းကြသည်ဟု ဒေသခံများက ပြောသည် ။


အောက်တိုဘာ ၂၄ ရက်နေ့ ၌ ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း နှင့် အမျိုးသားလွှတ်တော် အမတ် ပြည်ထောင်စုဝန်ကြီး ဒုဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်း တို့ နမ့်ခမ်းမြို့၌ ရောက်ရှိလာ ကြောင်း ၊ ပန်ပွဲကွင်း နမ့်ခမ်းမြို့လယ်၌ လူထု နှင့်တွေ့ ဆုံကာ စည်းရုံးဟောပြောကြောင်း ၊ နမ့်ခမ်းမြို့ခံ ထောင်ပေါင်းများစွာ လာရောက်ကြိုဆို ကြကြောင်း တက်ရောက်သည့် စိုင်းလုံ က ပြောပါသည် ။


“ ခွန်ထွန်းဦး ခေါင်းဆောင်တဲ့အဖွဲ့က ၂၁ ရက်နေ့ကလာတယ် ။ စိုင်းအိုက်ပေါင်းက မနေ့က လာတယ် ။ ဒီမှာက ပါတီတခုဘဲ ရှိစေချင်တာလေ ။ အခုတော့ နမ့်ခမ်းမြို့မပြောနဲ့ မိသားစု အချင်းချင်းတောင် အကွဲအပြဲဖြစ်နေပြီ ။ တချို့က ကျားခေါင်း ၊ တချို့ ကျားဖြူ ဖြစ်နေတယ် ” - ဟု ပြောသည် ။


“ ပါတီ နှစ်ခု သုံးခုမကလို့ ဘယ်နှစ်ပါတီဘဲရှိရှိ ဒါ အခွင့်အရေးတရပ်ပဲ ။ ယူတတ်ရင် ။ ကောင်းတဲ့ပါတီ ၊ ကောင်းတဲ့ ကိုယ်စားလှယ်လောင်းတွေကို ကျနော်တို့မှာ ရွေးချယ် ပိုင်ခွင့်ရှိတယ် ။ မူမမှန်တဲ့ပါတီ ။ ရပ်တည်ချက် အားမကောင်းတဲ့ပါတီက သူ့ဟာသူ ကျသွားမှာဘဲ ။ သျှမ်းပါတီ နှစ်ခု ပြိုင်လာတာ နိုင်ငံရေး လေ့လာဖို့ အခွင့်အလှမ်းတရပ်ပဲ ” - ဟု စိုင်းလူ က လည်း သျှမ်းသံတော်ဆင့်သို့ပြောသည် ။


ကျားဖြူပါတီက ၁၄ ပြည်နယ် ၊ ၁၄ ယူနစ်ကို လက်ခံပြီး သျှမ်းပြည်နယ် အစိုးရ ဖြစ်ရေးအတွက်  အားသန်သည် ။


ကျားခေါင်းပါတီကမူ မြေပြန့်ဗမာလည်း တောင်တန်းသားများနည်းတူ တစ်ယူနစ်တာ ခံစားခွင့်ရှိသည် ဟူသည့် ၈ ယူနစ်မူကိုလက်ခံထားပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ဖွဲ့စည်းပုံပြင်ရေး သို့ မဟုတ် အသစ်ရေးဆွဲရေးဘက်အား သန်သည် ။


လက်ရှိနေပြည်တော် အစိုးရ ကမူ နေပြည်တော် အထူးတိုင်း အပါအဝင် ဗမာလူမျိုးအများစုဖြစ်သည့် တိုင်းဒေသကြီး ၈ တိုင်း နှင့် တိုင်းရင်းသား ပြည်နယ် ၇ ပြည်နယ် ကို ၂၀၀၈ ဖွဲ့စည်းပုံဖြင့် လက်တွေ့အကောင်အထည်ဖေါ်ကာ အုပ်ချုပ်မင်းလုပ်နေပါသည် ။

NCA မထိုးသည့် အဖွဲ့များ ပန်ဆန်းမြို့၌ တွေ့ဆုံမည်

Posted: 25 Oct 2015 06:55 AM PDT

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ကမကထ ပြုမှုဖြင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်လက်မှတ် မထိုးသည့် တပ်ဖွဲ့ဝင်များ ပန်ဆန်းမြို့၌ လာမည့်နိုဝင်ဘာလ ဆန်းပိုင်း၌ တွေ့ဆုံမည်ဟု သိရသည် ။

မေလကကျင်းပသော ပန်ဆန်းအစည်းအဝေး

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁ - ၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း ၊ NCA လက်မှတ် မထိုးသည့် အဖွဲ့များကိုသာ ဖိတ်ကြားထားသည်ဟု ဆိုသော်လည်း ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ နယ်ဒါးမြ ဦးဆောင်သည့် KNDO တပ်ဖွဲ့ကိုတော့ ဖိတ်ကြားထားကြောင်း ၊ အစည်းဝေးပွဲ တက်ရောက်ရန် အောက်တိုဘာ ၂၄ ရက်နေ့က ဖိတ်စာလက်ခံထားရသည့် တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည် ။


“ ဆွေးမယ့်အကြောင်းရင်းက ဒီရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စရယ် ၊ ရွေးကောက်ပွဲ အပြီးတက်လာမယ့် အစိုးရ ကိစ္စရယ် အဓိက က အဲဒီ နှစ်ချက်ပဲပါတယ် ။ အဲဒီကိစ္စအပေါ် ဘယ်လိုသဘောထားရှိမလဲပေါ့ ” - ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည် ။


“ အစည်းအဝေးဖိတ်တာတော့ UNFC အဖွဲ့ဝင် အများစုပါတယ် ။ လက်မှတ်ထိုးလိုက်တဲ့ UNFC အဖွဲ့ဝင် တွေတော့မပါဘူးပေါ့ ။ ဆိုပေမယ့်လဲ UNFC အဖွဲ့ဝင်တွေ ဖြစ်တဲ့ လားဟူ LDU ၊ ‘ ဝ’ WNO ၊ ရခိုင် ANC တို့တော့မဖိတ်ဘူး ၊ ဒါပေမယ့် ကရင် KNDO နဲ့ ကယန်း KNLP တို့ကိုတော့ဖိတ်ထား တယ်လို့သိရတယ် ” - ဟု UNFC အဖွဲ့ဝင် ခေါင်းဆောင်ပိုင်းတဦးက ပြောသည် ။


အစည်းဝေးတက်ရောက်မည့် အဖွဲ့အစည်းများမှာ ၀ တပ်ဖွဲ့အပါအဝင် ၁၂ ဖွဲ့ ရှိကြောင်း ၊ ထိုအဖွဲ့များ တွင် မွန်ပြည်သစ်ပါတီ NMSP ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ ပလောင် (တအာင်း) တပ်ဖွဲ့ TNLA ၊ ရခိုင့်တပ်မတော် AA ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ မိုင်းလားတပ်ဖွဲ့ NDAA – ESS ၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA ၊ ကရင် KNDO ၊ ကယန်း ပြည်သစ်ပါတီ KNLP ၊ နာဂ NSCN – K နှင့် အိမ်ရှင် ဝ ပြည်သွေး စည်းညီညွတ်ရေးပါတီ UWSP/UWSA တို့ဖြစ် ကြသည် ။


“ အခု အစည်းအဝေးက ရွေးကောက်ပွဲ နဲ့ အစိုးရသစ်အတွက်ပဲ တကယ်ဆွေးနွေးမယ်ဆိုရင် လက်နက် ကိုင်တပ်ဖွဲ့အားလုံးကို ဖိတ်ရမှာပေါ့ ။ အခုက လက်မှတ်မထိုးတဲ့ အဖွဲ့ကိုဘဲ ရွေးဖိတ်တယ်ဆိုတော့ NCA ကိစ္စလည်း ပါနိုင်တယ် ။ မြောက်ပိုင်းဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်ဆင်ကိစ္စတွေလဲ ပါနိုင်တယ် ” - ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးကလဲ ပြောသည် ။


ပြီးခဲ့သည့် မေလကလဲ ထိုကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အစည်းအဝေး ပန်ဆန်းမြို့၌ ပထမ တကြိမ်ကျင်းပခဲ့ဖူးသည် ။ အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက် အရ ထိပ်သီးအစည်းအဝေး အား ၀ တပ်ဖွဲ့မှ နောက်ထပ်တကြိမ် ကမကထ ပြုကျင်းပမည် ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ၀ တပ်ဖွဲ့မှ ဦးဆောင် ဦးရွက်ပြုမည် စသဖြင့်ပါဝင်သည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 26, 2015, 4:02:42 PM10/26/15
to thuau...@gmail.com

စစ်ဘေးဒုက္ခသည်များ အတွက် သိန္နီမြို့လူထုဆုတောင်းပွဲ ဟန့်တားခံရ

Posted: 25 Oct 2015 07:16 PM PDT

တိုက်ပွဲများရပ်တန့်ကာ စစ်ဘေးဒုက္ခသည်များ အမြန်ဆုံးငြိမ်းချမ်းမှု ရရှိစေရေးအတွက် သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ ကောင်းမူးဓါတ် အမည်ရ သဗ္ဗေညု ဇုမ့်မိန်းစေတီတော်၌ ဆုတောင်းပွဲကျင်းပရန် ပြင်ဆင်ထားသော် လည်း စေတီတော်ဝင်းတံခါး ပိတ်ထားခြင်း ခံရသည့်အတွက် ဆုတောင်းပွဲနေရာ ပြောင်းရွှေ့လိုက်ရ သည်ဟုသိရသည် ။


သျှမ်းပြည်မြောက်ပိုင်း မြို့နယ်ပေါင်းစုံ အလွှာအသီးသီးမှ သျှမ်းလူထု ထောင်ကျော်က အောက်တိုဘာ ၂၅ ရက် ယနေ့ နံနက်ပိုင်းက သိန္နီမြို့ ကောင်းမူးဓါတ်တော် စေတီတော်၌ ဆုတောင်းပွဲကျင်းရန် ချိန်းဆို ထားကြောင်း မြို့နယ် ၁၃ ခုမှ လူထု တထောင့်နှစ်ရာကျော် တက်ရောက်ကြောင်း ၊ ဆုတောင်းပွဲ ကျင်းပ ရန် အလိုမရှိသည့် လူတစုက စေတီတော်ဝန်းတံခါးအား သော့ခတ်ထားပြီး တိုက်ပွဲရပ်တန့်ရေး ၊ စစ်ဘေးသင့် လူထုအမြန်ငြိမ်းချမ်းမှု ရှိစေရေးအတွက် ဆုတောင်းမည့်အဖွဲ့အား ဝင်ခွင့် မပေးသော ကြောင့် မိုင်းလီကျေးရွာအုပ်စု ကိုးမြို့ရှင်နတ်နန်းဝင်းသို့ နေရာပြောင်းရွှေ့ လိုက်ရသည်ဟု သိရသည် ။


ပါဝင်သည့် သျှမ်းလူငယ်ကွန်ယက်အဖွဲ့ ပြောရေးဆိုခွင့် စိုင်းဆိုင်မိန်း က - ဓါတ်တော် စေတီတော် ဝင်းတံခါးပိတ်တာက ကျောင်းထိုင်ဘုန်းကြီးမဟုတ်ဘူး ။ ဘုရားအလှူရှင် သားသမီးတချို့နဲ့ ဆုတောင်းပွဲ အလိုမရှိတဲ့ ကြိုးကိုင်အုပ်စု ရှိမယ်လို့ ထင်တယ် ။ ဒီခေတ်မှာ ဒီလိုရှိတယ်ဆိုတာ မဖြစ် သင့်ဘူး ။ ဒါပေမယ့် ကျနော်တို့အတွက် အခွင့်အရေးဘဲ ။ ဒီအခက်အခဲကနေ တဆင့် သိသင့်သိ ထိုက်တဲ့ဟာ တွေ လေ့လာသိရှိနိုင်ဖို့ အခွင့်အလှမ်းတခုဘဲလို့ မှတ်ယူတယ် ” - ဟု  သို့ပြောသည် ။


အမည်မဖေါ်လိုသည့် အာဏာပိုင် အသိုင်းအဝိုင်း တဦးက အဆိုပါ ကိစ္စသည် ၎င်းတို့နှင့် မသက်ဆိုင် ကြောင်း ၊ ဘုရားဂေါပက နှင့် သာသက်ဆိုင်ကြောင်း ပြောဆိုသည် ။


ဘုရားဂေါပက အဖွဲ့ဝင်များအား အကြိမ်ကြိမ် ကြိုးစားဆက်သွယ်သော်လည်း သျှမ်းသံတော်ဆင့် မှ ပြောခွင့်မေးမြန်းခွင့် မရခဲ့ပေ ။


ဒေသခံများ စစ်ဘေးကင်းဝေးပြီး ငြိမ်းချမ်းမှုရရှိစေရေးအတွက် သျှမ်းရိုးရာ ဓလေ့ထုံးတမ်းအရ ဘုရား တရား သံဃာ မိဘ ဆရာ အား တိုင်တည်ပြီး မြို့ရွာ တောတောင်ရေမြေအား ပိုင်စိုးသည့် ကိုးမြို့ ရှင်နန်းမင်းအား တိုင်တည် ဆုတောင်းခြင်း ၊ စစ်ဘေးရှောင်များအတွက် အလှူငွေ ကောက်ခံခြင်း များပြုလုပ်သည်ဟု ဆုတောင်းပွဲ တက်ရောက်သည့် နန်းအေးခမ်းက ပြောသည် ။


“ အလှူငွေက ကျပ် သိန်း ၉၀ ကျော်ရတယ် ။ မကြာမီ စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကူညီမယ် ။ တိုက်ပွဲ ရပ်တန့် ပေးပါရန်လဲ နိုင်ငံတော် သမ္မဆီကို စာပို့ တောင်းဆိုသွားမယ် ” ဟု စိုင်းဆိုင်မိန်းက ပြောသည် ။


ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ကျေးသီး-မိုင်းနောင် ၊ မိုင်းစံ နှင့် မိုင်းရှူးမြို့နယ်အတွင်းရှိ တပ်စခန်းများအား အောက်တိုဘာ ၆ ရက်နေ့ မှ စ၍ ယနေ့အထိ အစိုးရ တပ်မတော် မှ ထိုးစစ်ဆင်တိုက်ခိုက်ရာ တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက် မနည်း ၊ ဒုက္ခသည် ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရသည်ဟု သိရသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 27, 2015, 4:26:37 PM10/27/15
to thuau...@gmail.com

မိုင်းရှူးမြို့အနီးနှင့် ဝမ့်ဟိုင်းဌာနချုပ်အနီးရှိ SSPP/SSA တပ်စခန်းအား အစိုးရတပ် အပြင်းအထန်တိုက်ခိုက်

Posted: 27 Oct 2015 08:40 AM PDT

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်  မိုင်းရှူးမြို့အနီးနှင့် ဝမ့်ဟိုင်းဌာနချုပ် အနီးရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်းများအား အစိုးရတပ် မတော်မှ ယနေ့ မွန်းလွဲပိုင်းမှစပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေ သည်ဟု သိရသည် ။

စစ်ဘေးတိမ်းရှောင်ရင်း ဟိုင်းပါဘုန်းကြီးကျောင်းသို့ရောက်ရှိလာသည့်ဒေသခံများ

ဝမ့်ဟိုင်းဌာနချုပ်အနီး ကောင်းမုံမိန်းနှင့် ဝမ့်လွေ အနီးရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းအား အစိုးရတပ်က ယနေ့မွန်းလွဲ ၁ နာရီခန့်မှစ၍ မိုးချုပ်ချိန်အထိ တိုက်ခိုက်သည်ဟု ဌာနချုပ်အရာရှိ ဒု ဗိုလ်မှူးကြီးတဦးက ပြောသည် ။


ထို့အတူ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ မိုင်းရှူးမြို့ အရှေ့တောင်ဘက် တမိုင်ခန့်အကွာ (ပတ္တမြားတောင်အသွားလမ်းရှိ ) ပန်စွဲ တပ်စခန်းအား မိုင်းရှူးအခြေစိုက် ခလရ ၁၄၉ က ထိုးစစ်ဆင်တိုက် ခိုက်ခြင်းဖြစ် သည်ဟု သိရသည် ။


“ သေနတ်သံ စထွက်တာ မွန်းလွဲ ၁ နာရီ လောက်တုန်းက ။  မိုးချုပ်ခါနီးအထိ လက်နက်ကြီးသံ မကြာမကြာ ကြားနေရတယ် ။ လက်နက်ငယ်အသံလဲ ကြား ရတယ် ၊ ဒီနေ့ မီးလဲ မလာဘူးဆိုတော့ တမြို့လုံးတော့ ငြိမ်နေတယ် ” - ဟု မိုင်းရှူးရပ်မိရပ်ဖ တဦးဖြစ်သည့် ဦးစိုင်းလူး ကပြောသည် ။


ယနေ့သည် သီကျွတ်ပွဲတော်၏ အဖိတ်နေ့ဖြစ်၏ ။ တနှစ်ပတ်လုံး၏ ပုံမှန် ဈေးနေ့ထက် အထူးစည်ကားသည့် ဈေးနေ့ဖြစ်၏ ။ သို့သော် ဖြစ်ပွါးသည့် တိုက်ပွဲကြောင့် မိုင်းရှူးဈေး ပျက်သွားသည်ဟု ဒေသခံ က ဤကဲ့သို့ ပြောသည် ။


“ ဝါကျွတ်အတွက် ဈေးနေ့လေ ။ နှစ်တိုင်းဆို အရမ်းစည်တယ် ။ ဒီနေ့ သေနတ် သံထွက်တော့ ဈေးလာ ဝယ်တဲ့သူကော ၊ ဈေးရောင်းတဲ့သူကော ကစဉ့် ကလျား ပြေးကြတာပေါ့ ။ ကြောက်ကြောက် လန့်လန့်နဲ့ ဈေးဆိုင်ခန်းတွေ အကုန်လဲ ပိတ်လိုက်တယ် ” - ဟု ဈေးသည် နန်းညွှန့်က ပြောသည် ။


၂၀၁၂ က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်ထားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA အား အောက်တိုဘာ ၆ ရက်နေ့မှ ယနေ့အထိ အစိုးရတပ်မတော်မှ ထိုးဆင်တိုက်ခိုက်ရာမှာ တိုက်ပွဲပေါင်း ၅၀ ထက် မနည်း ၊ စစ်ဘေး ဒုက္ခသည်ပေါင်း ၃၀၀၀ ကျော် နေရပ်မှ စွန့်ခွါရသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 28, 2015, 4:46:10 PM10/28/15
to thuau...@gmail.com

ဒီမိုကရေစီကို ယမ်းမှိုင်းတိုက်ယူလို့ မရနိုင်

Posted: 28 Oct 2015 06:56 AM PDT

ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားပေမယ့်လည်း အစိုးရတပ်မတော်ရဲ့ ထိုးစစ်ဆင်မှုကို ခံနေရတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေ ယနေ့ထိ တိုက်ပွဲ ရာကျော်ထက်မနည်း ဖြစ်ပွားခဲ့တယ် ။

စစ်ရှောင်စခန်းတွေမှာရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်များ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အတွက် ကမ်းလှမ်းသော လက်ကို တိုင်းရင်းသားလက်နက်ကိုင်ဘက်က အဆင်သင့်မဖြစ်သေးသော်လည်း အစိုးရဘက်က ဖိအားပေးထိုးစစ် ဆင်ခဲ့ပါတယ် ။


ပြည်ထောင်စုအဆင့်ထိ လက်မှတ်ရေးထိုးထားသော သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA အား အစိုးရတပ်မတော်က မည်သည့် အကြောင်းပြချက်ဖြင့် ထိုးစစ်ဆင်နေရသလဲ ။ အောက်တိုဘာ ၁၅ ရက်နေ့ က နေပြည်ေ တ်ာမှာ ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် မူကြမ်း N.C.A ကို တိုင်းရင်းသား လက် နက်ကိုင် ၈ ဖွဲ့က လက်မှတ်ထိုးသွားပေ မယ့်လည်း ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အဆင်သင့် မဖြစ်သေးတဲ့အတွက် လက်မှတ်မထိုးရ သေးပါဘူး ။


သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့် ရှိသူ စိုင်းလိတ်က “ သျှမ်းပြည် တပ်မတော် မြောက်ပိုင်းဘက်က NCA လက်မှတ် မရေးထိုးတဲ့အတွက်ကြောင့် ထိုးစစ်ဆင်နေတာလား - မေးစရာဖြစ်နေပါ တယ် ” လို့ ပြောပါတယ် ။


တစ်လနီးပါး ထိုးစစ်ဆင်မှုဖြစ်နေတဲ့ အစိုးရတပ်မတော် နဲ့ သျှမ်းပြည်တပ် မတော် မြောက်ပိုင်းတို့ အကြားဖြစ်ပွား နေတဲ့ တိုက်ပွဲကြောင့် မိုင်းနောင်မြို့ နယ် ၊ မိုင်းရှူးမြို့နယ် ပြည်သူထောင်ပေါင်း များစွာ စစ်ဘေးသင့်ကာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ပါတယ် ။


“ ရွာထဲမှာ ဗုံးသံဆက်တိုက်ကြားရတော့ အိမ်မှာမနေရဲဘဲ ထွက်ပြေးလာခဲ့ရ တယ် ။ ဘာမှလည်း မရခဲ့ ဘူး ” ပြောရင်း သူမရဲ့ မျက်နှာကို ပုဝါ ခြုံပြီး မျက်ရည်စတို့ စီးကျလာတာကိုသိသိသာသာ ဖယ်ရှားရင်း စစ်ဘေးရှောင် ပါနန်းလူ ကပြောတယ် ။


ဗုံးသံ ကြားတာနဲ့ တမံတလင်းပေါ် မှောက်လျက်နေနေရတယ်လို့ အသက်ခြောက် ဆယ်အရွယ်ခန့် အဘွား ကပြောပြပါတယ် ။


“ အဘွားဒီမှာရောက်တာ တစ်လရှိတော့မယ် အိမ်ပြန်ချင်တယ် သေတောင် မှ အိမ်မှာဘဲ သေချင်တယ် အဘွား အသက် ၁၀၄ နှစ် ရှိပြီ ဒီလိုမျိုး တိုက်ပွဲ ကြီးကြီးကျယ်ကျယ် ဖြစ်ပြီး ထွက်ပြေးတာ မကြုံဖူးဘူး ” စစ်ဘေးသင့်ပြည်သူ အဘွား မယ့်ထောက်နန်းက ကြောက်လန့်စွာနဲ့ ပြောပါတယ် ။


အသက်ဆယ့်ငါးနှစ်အရွယ် လမ်းမလျှောက်နိုင်တဲ့ သမီးကို စစ်ပွဲတွေကြား ကနေ မိခင် ဒေါ်နန်းမတ် က ခြေဗလာနဲ့ ဒရွတ်တွဲ ခေါ်ခဲ့ရပါတယ် ။


“ အဒေါ့်ကလေးကို စစ်ပွဲကြားကနေ ခွေးဆွဲသလိုဆွဲပြီး အသက်လုယူ ထွက်ပြေး ခဲ့ရတယ် ” လို့ အသက် ၄၅ နှစ်အရွယ် ဒေါ်နန်းမတ် ကပြောပါ တယ် ။


တမိသားစုလုံးဝမ့်ဆော့ရောက်နေတဲ့ ဦးဆန်လူက “ အခုချိန်ဆို ကောက်ရိတ် ချိန်လေ ၊ ကျနော့မှာ ရိတ်သိမ်းဖို့ ပြောင်းခင်းတွေလည်း ပျက်စီးကုန်ပြီ ၊ ဒီစစ်ပွဲ ကို မြန်မြန်ပြီးစေချင်ပြီ ” လို့ပြောတယ် ။


“ စစ်ပွဲကို မြန်မြန်ပြီးစေချင်ပြီ။ အခု ကျနော်တို့ ကြောက်နေကြတာက အဝေး ကနေ ဗုံးနဲ့ လှမ်းပစ် နေတဲ့ အစိုးရ စစ်သားတွေကို ကြောက်နေတယ် ” လို့ စစ်ဘေးရှောင် လုံးတိယ ကပြောပါတယ် ။


စစ်ဘေးသင့်ပြည်သူ အများစုဟာ မိန်းကလေး နဲ့ ကလေးငယ်တွေဖြစ် ပါ တယ် ။ သူတို့မှာ ကျန်းမာရေး မကောင်း တာကို ခံစားနေရပါတယ် ။ စစ်ဘေးရှောင်တွေဟာ နေအိမ်ကနေစွန့်ခွါလာတာတလနီးပါး ရှိပြီဖြစ်တဲ့ အတွက် ခြံ ထွက် သီးနှံတွေ အိမ်မွေးတိရစ္ဆာန်တွေ  ပျက်စီး သေကြေကုန် ပါတယ် ။


ကိုယ်ဝန်အရင့်အမာနဲ့ စစ်ဘေး ရှောင်ရင်း တစ်လမ်းလုံး နာကျင်တဲ့ ဝေဒနာ ကိုခံစားပြီး တောထဲမှာ မည်သူ တစ်ဦး တစ်ယောက်ရဲ့ အကူအညီ မပါဘဲ နန်းနော်ဟာ ဗုံးသံ သေနတ်သံတွေကြားထဲမှာ ကြောက်ကြောက် ရွံ့ရွံ့နဲ့ သမီးလေးတစ်ယောက်ကို ခက်ခက်ခဲခဲ မွေးဖွားခဲ့တယ်လို့ သူမ ကိုယ်တိုင် က ပြောပြပါတယ် ။ အခုဆိုရင် သမီးလေးဟာ ရက် ၂၀ ကျော်သာ ရှိသေးတယ်လို့ သိရပါတယ် ။


အရွယ်မရောက်သေးတဲ့ ကလေးငယ်တစု ကိုမေးကြည့်တော့ သူတို့က -

“ ဗုံးသံကြားတာနဲ့ အော်ငိုချင်တယ် ”

“ အရမ်းကြောက်စရာကောင်းတယ် ”

“ ဗုံးပေါက်သံက မြေကြီးတောင် ခါသွားတယ် ” လို့ အသီးသီး ပြောပြကြ ပါတယ် ။


ပညာရေး ၊ ကျန်းမာရေး ၊ လူမှုဘဝ နေထိုင်ရေး အဘက်ဘက်က နောက်ကျေ နသေးတဲ့ ၊ ဘဝလုံခြုံမှု မရှိတဲ့ သျှမ်းပြည်ကျေးလက် တောရွာသားတွေ ကို သေနတ်သံ ယမ်းငွေ့တွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ မရနိုင်ဘူး ဆိုတဲ့အကြောင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီလမ်းပေါ်ရောက်အောင် ကြိုးစားနေ တဲ့ နိုင်ငံတော်အစိုးရသိအောင် စွမ်းဆောင်ပေးမယ့်သူကို တိုင်းရင်းသားပြည်သူလူထု တရပ်လုံးက မျှော်လင့်နေ ဆဲဖြစ်ပါတယ် ။ ဒါတွေကို မိုင်းရှူးမြို့နယ်က ၀မ့်ဆော့စစ်ဘေးရှောင်စခန်းက လူတွေရဲ့ မျက်လုံးတွေကို ကြည့်တာနဲ့ သိနိုင်ပါတယ် ။

ကျေးသီး ၊ မိုင်းရှူးမြို့နယ် နှစ်ခုလုံး ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ဟု UEC ထုတ်ပြန်

Posted: 27 Oct 2015 07:08 PM PDT

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ် နှင့် ကျေးသီးမြို့နယ်နှစ်ခု လုံး ၊ ဟိုပန် နှင့် တန့်ယန်း မြို့နယ် တို့တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ် ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၂၇ ရက် နေ့ရက်စွဲဖြင့် ထုတ်ပြန် လိုက်သည် ။


အဆိုပါ ထုတ်ပြန်မှုတွင် မိုင်းရှူးမြို့နယ် တခုလုံး ၊ ကျေးသီးမြို့နယ် တခုလုံး ၊ တန့် ယန်းမြို့နယ် ၈ အုပ်စု နှင့် ဟိုပန်မြို့နယ် ၄၂ အုပ်စု တို့မှာ လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲ ကျင်းပခွင့်မပြုဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ကိုယ် တိုင်လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည် ။


၎င်းနှင့် ပတ်သက်ပြီး SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦး က - “ ကျနော်တို့ကို NLD နဲ့ ပေါင်းမှာ စိုးပြီး လုပ်လိုက်တယ်လို့ဘဲ ထင်တယ် ။ ဒါကိုကြည့်ခြင်းအားဖြင့် ကော်မရှင်က ဘက်လိုက်နေပြီ ။ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့  ရှိမရှိကိုတော့ ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ တိုင်ပင်ရဦးမယ် ” -  ဟု ပြောသည် ။


တောင်ကြီးမြို့ SNLD ပါတီရုံးမှ အတွင်းရေးမှူးလည်းဖြစ် ၊ တောင်ကြီးပြည် နယ်လွှတ်တော် ကိုယ်စား လှယ် လောင်းလည်းဖြစ်သည့် နန်းမြဦးကမူ - “ တောင်ကြီးက သျှမ်းတိုင်းရင်းသား တွေစုပေါင်း ဆန္ဒပြဖို့ စီစဉ်နေပါ တယ် ။ ပြည်သူလူထု သဘော မပါပဲ အစိုးရရဲ့ အစွယ်အပွား ပါတီ တစ်ခုရဲ့ တင်ပြချက်ပေါ် မူတည်ပြီး ဒီလို ဆုံးဖြတ်လိုက်တာဟာ  သျှမ်းလူထုအတွက် နစ်နာတယ် ။ ဆန္ဒပြဖို့ရှိပါတယ် ။” - ဟု ပြောသည် ။

 
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ၄င်းနှင့်ပတ်သက် သည့်ကြေငြာချက် တစောင် ကို အောက်တိုဘာလ ၂၇ ရက်စွဲဖြင့်ပင် ထုတ်ပြန် ခဲ့သည် ။


ကြေငြာချက်တွင် -  ယခုကဲ့သို့ သျှမ်းပြည်တွင်း ၄ မြို့နယ် အား ရွေးကောက်ပွဲ ကျင်းပတော့မည် မဟုတ် ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင် ၏ကြေငြာမှုသည် လူထုဆန္ဒအစစ် အမှန်ကို ကွင်းဆင်း လေ့လာ စစ်တမ်းကောက်ယူခြင်းမပြုဘဲ တဖက်သတ်လုပ် ဆောင်ခြင်း ဖြစ်ကြောင်း ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိုပိုမိုနှောင့်နှေး ခက်ခဲစေရန်ကြံရွယ် လုပ်ဆောင် ရာ ရောက်ကြောင်း ၊ ပြည်သူ့ ဆန္ဒအရ ရွေးချယ်တင်မြောက် သည့်အရပ်သား အစိုး ရပေါ်ပေါက်ရေးကို ဟန့်တားရာရောက် ကြောင်း စသည်တို့ပါဝင်သော အချက် ၅ ချက်ပါရှိပါသည် ။  


မိုင်းရှူးမြို့နယ် ၊ ကျေးသီးမြို့နယ် နှင့် တန့်ယန်းမြို့နယ် အချို့အတွင်းအရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများ အောက်တိုဘာ ၆ ရက်နေ့ မှ စ၍ အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက် နေသည့် ဒေသဖြစ်သည် ။ ဟိုပန်မြို့နယ် နမ့်တစ်မြို့ ၄၂ အုပ်စုမှာမူ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ချုပ်ကိုင်ထားသည့် ဒေသဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 29, 2015, 4:09:57 PM10/29/15
to thuau...@gmail.com

သီတင်းကျွတ်ပွဲတော်ည ဝမ့်ဟိုင်းဌာနချုပ်အား အစိုးရတပ်ပစ်ခတ် ဒေသခံ နှစ်ဦးဒဏ်ရာရ ကျပ်သိန်းရာကျော် ပျက်စီးဆုံးရှုံး

Posted: 29 Oct 2015 12:12 AM PDT

အောက်တိုဘာ ၂၈ ရက်ည သီတင်းကျွတ် မီးထွန်းပွဲတော်ညက ဝမ့်ဟိုင်း ဌာနချုပ်သို့ အစိုးရတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ထိခိုက်ဒဏ်ရာရ ဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည် ။

ပျက်စီးသွားသော ဦးလုံးဆိန်းတို့နေအိမ်

သီတင်းကျွတ် လ ပြည့်နေ့ တိုးနယား ကိန္နရီ ကိန္နရာဖြင့်   ဗုဒ္ဓမြတ်စွာဘုရား အား ကြိုဆိုပွဲကျင်းပ နေချိန် ၊ ညသန်းခေါင်ယံ ၁၂ နာရီ ၄၅ မိနစ်အချိန် က ဝမ့်ဟိုင်းတောင်ဘက်ရှိ လွယ်ကျူ မောက် ခေါဝ်တပ်စခန်းမှ အစိုးရ တပ်မေ တာ် မှ ၁၂၀ မမ ဖြင့် ၈ ကြိမ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည် ။


၈ ကြိမ်ပစ်ခတ်ရာတွင် သုံးကြိမ်မှာ ဝမ့်ဟိုင်းမြို့သစ် လူနေရပ်အတွင်းသို့ ကျရောက်ပေါက် ကွဲကြောင်း ၊ ကျန်တလုံးမှာ တလုံးမှာ  စိုင်းဇွမ်ခမ်း + ဆရာမ နန်းမြသန်း အိမ် နှင့် စိုင်းဆိန်း + နန်းကိန် တို့အိမ်ကြား အိမ်ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲရာမှ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည် ။


သီတင်းကျွတ် ပွဲတော်လည်း ပွဲလန့်ကာ အသီးသီး ထွက်ပြေးတိမ်းရှောင် ခဲ့ရကြောင်း သိရသည် ။


“ ၈ လုံးတောင်ပစ်တယ် ။ ဘုန်းကြီးကျောင်းဝင်းအတွင်း မကျလို့တော်သေး တယ် ။ ကိုက် ၁၀၀ လောက် ဘဲဝေးတဲ့ ဦးလုံးဆိန်း ပါ့ကိန်တို့အိမ်ဝင်းထဲကို ထိမှန်တယ် ။ တော်တော်လေး ထိခိုက် ပျက်စီးတယ် ။ ပါ့ကိန် က ခေါင်းမှာ ထိခိုက်ဒဏ်ရာ ရတယ် ။ သမီး နန်းဟွမ်ခေါဝ် (အသက် ၅ နှစ်)ကခေါင်းရော ခြေထောက်မှာရော  ကျည်စ ထိတယ် ။ ဒဏ်ရာတော့ မပြင်း ဘူး ။ သူတို့ကားတစီးက လုံးဝ ပျက်စီးတယ် ။ သူတို့ခွေး တကောင်သေတယ် ” ဟု ဝမ့်ဟိုင်းဌာနချုပ်တွင် နေထိုင်သည့်လူငယ် စိုင်းကောန်းလျဲန်း ကပြောသည် ။


အစိုးရတပ် ပစ်ခတ်လိုက်သော လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျပ်သိန်း ရာဂဏန်း တန်ဖိုး ရှိ ပရိုဘောက်ကား တစီး နှင့် နေအိမ်ထိခိုက်ပျက်စီးမှု ကာလ တန်ဖိုး ကျပ်သိန်းပေါင်း ရာ ကျော် ဆုံးဆုံးကြောင်း မိသားစု အသိုင်းအဝိုင်းက ပြောသည် ။


လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲသည့် နေရာသည် ကျေးသီးမြို့နယ် ဝမ့်ဟိုင်း အထက ကျောင်းခွဲ ၊ စာသင်ခန်း ၊ ညအိပ်စာသင်ဝိုင်းကျောင်းေ ဆာင် နှင့်ကိုက် ၅၀ ခန့်သာဝေးသောကြောင့် ဝမ့်ဟိုင်းရွာသားများနှင့် ကျောင်း သူကျောင်း သားရာ နှင့် ချီ ကစဉ့် ကလျား ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း လည်း ဝမ့်ဟိုင်းဌာနချုပ်မှ ပြန်ကြားရေးဌာနမှ တာဝန်ရှိ ဒုတိယ ဗိုလ်မှူးကြီး တဦးကပြောသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ကတနေ့လုံး အစိုးရတပ်နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွါးခဲ့ရာ အစိုးရတပ်မှ သိမ်းယူထား သော  SSPP/SSA ၏ကောင်းမုံမိန်း တပ်စခန်း အား SSPP/SSA မှ ပြန်လည်သိမ်းယူနိုင်ခဲ့ သည့်နောက်ပိုင်း အခုလက် နက်ကြီးဖြင့် ဝမ့်ဟိုင်းဌာနချုပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခြင်ြး ဖစ်သည် ။ ယခုအကြိမ် ဝမ့်ဟိုင်းအား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် မှုသည် တတိယ အကြိမ်တိုက်ခိုက်ခြင်း ဖြစ်သည် ။


အဆိုပါတပ်စခန်းမှ အစိုးရတပ်ကလက်နက်ကြီးဖြင့် အရပ် ၈ မျက်နှာသို့ ပစ်ခတ်မှုကြောင့် ရွာသားများအား ထိခိုက်ပျက်စီးမှု ၊ နေ့ရောညပါ စိုးရိမ် ထိပ်လန့်မှု ဖြစ်နေသောကြောင့်  အင်အားသုံးကာ ပြန်လည် သိမ်းယူခြင်းဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်က ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ ကပြောသည် ။


ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထား သည့် သျှမ်း ပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရတပ်မတော်မှ အောက်တိုဘာလ ၆ ရက်နေ့ကစပြီး အင်အားသုံး တိုက် ခိုက် လာခဲ့သည်မှာ တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့သည် ။ သျှမ်းပြည်အလယ်ပိုင်းမှ ဒေသခံလူထု ထောင် နှင့်ချီကာ စစ်ဘေးရှောင်နေ ရပါသည် ။

အစိုးရ စစ်တပ် သိမ်းယူထားသည့် တောင်ကုန်းအား SSPP/SSA ပြန်လည်သိမ်းယူ

Posted: 28 Oct 2015 07:48 PM PDT

SSPP/SSA သျှမ်းပြည်တပ်မတော်နှင့် အစိုးရ စစ်တပ်တို့အကြား မိုင်းရှူးမြို့ နယ် မိန်းအက် ဒေသတွင် အောက်တိုဘာလ ၂၇ ရက်နေ့က တိုက်ပွဲ များ ပြင်း ထန်စွာဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ် မှသိမ်းယူထားသော တပ်စခန်းတခုအား သျှမ်းပြည်တပ်မတော်မှပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည် ။

Tai Tang Yan ဖေ့စ်ဘုမှ

“ အဲဒီ ကောင်းမုံမိန်းက ကျနော်တို့တပ်စခန်းကို အောက်တိုဘာလ ၁၆ ရက်ေ န့တုန်းက အစိုးရဘက်က သိမ်းယူထားတာ ဖြစ်တယ် ။ ကျနော်တို့ဘက် က ပြ သနာတွေ သိပ်မကြီးလာအောင်လို့ ဆုတ်ပေး လိုက်တာ ။ သူတို့က အဲဒီ ကုန်းပေါ်ကနေ ပြည်သူလူထုနေတဲ့ ရွာတွေထဲ လျှောက်ပစ်နေ တယ်လေ ။ ဒါကြောင့် ကျနော်တို့က ပြန်သိမ်းလိုက်တာ ။ အကျအဆုံးရှိပေမဲ့ တိတိကျကျ စာရင်းမရသေးဘူး ” ဟု သျှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ က အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြောသည် ။


အောက်တိုဘာလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ ညနေ ၃ နာရီ ခန့်မှစတင်ခဲ့၍ အချိန်အတော်ကြာ ပစ်ခတ်ခဲ့ရသည် ။ အစိုးရ စစ်တပ်မှာအတွင်း ပိုင်းတွင်ပိတ်မိနေရာ ည အမှောင်ကို အကာအကွယ်ယူကာ အဆိုပါ ကောင်း မုံမိန်း တပ်စခန်းမှ စွန့်ခွာထွက်ပြေး ခဲ့ရကြောင်း သိရသည် ။


“ တိုက်ပွဲက ခလရ ၅၁၇ နဲ့ ဖြစ်တာ ။ သူတို့က တောင်ကုန်းပေါ်ကနေ ပစ်ပစ်ေ နတော့ ရွာသားတွေက ရွာတွေကို စွန့်ခွာထွက်ပြေးကုန်ပြီလေ ၊ အခုသူ တို့ လည်း ပြေးရတာပဲ သေနတ်တောင် မယူသွားအား တဲ့ သူတောင်ရှိတယ် ” ဟုရှေ့တန်းရောက် သျှမ်းတပ်မှူးတစ်ဦးက ပြောသည် ။


ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲထားသည့် သျှမ်းပြည်တပ်မတော် မြောက် ပိုင်းနှင့် အစိုးရ စစ်တပ် တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်မှာ တလနီးပါးခန့်ကြာမြင့်ပြီဖြစ်ပြီး NCA လက်မှတ် ရေးထိုးရာတွင်လည်း အားလုံးပါဝင် လက်မှတ်ရေးထိုးမှ လက်မှတ်ရေးထိုး မည်ဟု SSPP/SSA က ဆိုသဖြင့် အစိုးရ စစ်တပ်ဘက်မှ ရမယ်ရှာ တိုက်ခိုက်နေခြင်း ဖြစ် ကြောင်း သျှမ်းပြည်တပ်မတော် ကပြောဆိုသည် ။


စစ်ပွဲကြောင့် ထောင်ချီသည့် ဒေသခံများမှာ မိမိတို့နေရပ်ကို စွန့်ခွာထွက်ပြေးနေရပြီးတိုက်ပွဲ အကြောင်း ပြချက်ဖြင့် ကျေးသီး ၊ မိုင်းရှူးမြို့နယ်များတခုလုံးနှင့်တန့်ယန်း ၊ ဟိုပန်တို့တွင် အုပ်စုတချို့ရွေးကောက် ပွဲကျင်းပမည် မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ကြေငြာထားသည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 30, 2015, 4:39:59 PM10/30/15
to thuau...@gmail.com

SSPP/SSA ဌာနချုပ်အနီးရှိ စကခ ၂ မှ တိုက်ပွဲအတု ဆင်နွှဲ

Posted: 30 Oct 2015 10:09 AM PDT

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ အခြေစိုက် အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ၌ တိုက်ပွဲအတု တခု အား ယမန်နေ့ အောက် တိုဘာ ၂၉ ရက် မှ ယနေ့ နံနက် အောက်တိုဘာ ၃၀ ရက်နေ့နံပိုင်း အထိ အစိုးရတပ်က ညလုံးပေါက် ဆင်နွဲသောကြောင့် ဒေ သခံများ စိုးရိမ်ထိပ်လန့် နေကြသည်ဟု သိရသည် ။


အောက်တိုဘာ ၂၉ ရက်ညမှစ၍ ယနေ့အောက်တို ဘာ ၃၀ ရက်နေ့ နံနက်မိုးလင်း သည့်အထိ အစိုးရတပ်ဘက်မှ ညလုံးပေါက် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှု ကြောင့် ရွာသားများ စိုးရိမ်ထိပ်လန့်ကာ ခြံအတွင်းအသင့်တူးထားသော ခံတုတ်ကျင်း များအတွင်း ပြေးဝင်ခိုလှုံခဲ့ရ သည်ဟု ဒေသခံ စိုင်းခမ်းဆိုင် က ဤကဲ့သို့ ပြောသည် ။


“ ကျနော်တို့ မိုင်းနောင်မှာလေ တညလုံးပဲ ၊ ကိုးနာရီတခါ ၊ ၁၀ နာရီတခါ တနာရီခြားတခါ လက်နက်ကြီး  အကြိမ်ကြိမ် ပစ်တယ်။ စကခ ၂ မိုင်းကောင်ဝ် တပ်ကပေါ့ ။ မိုးလင်းတဲ့ အထိဘဲ အကြိမ်တရာ ကျော် တယ်။ ဘယ်သူမှ သူတို့ကိုလာမပစ်ဘူး ၊ သေနတ်သံ နား ထောင်ရင်လဲ သိတယ် ။ တဘက်တည်းပစ်တဲ့အသံလေ ။ တညလုံးပစ်တာ မိုးလင်းတဲ့ အထိဘဲ ” ။


ထို့အတူ မိုင်းရှူးမြို့နယ် မိုင်းစံမြို့ အခြေစိုက် ခလရ ၁၅၀ ကလည်း သီတင်း ကျွတ် လပြည့်ညက မိုင်းစန်ဒေသခံများ တိုးနယား ကိန္နရီ ကိန္နရာ အကတို့ ဖြင့် မြတ်စွာ ဘုရားအား ရည်စူး၍ ပူဇော်ကပြစဉ် လက်နက်ကြီး လက်နက် ငယ်များပစ်ခတ်သောကြောင့် ပွဲလန့်ကာ ထွက်ပြေးကြသဖြင့် အချင်းချင်း တက်နင်းမိ၍ ဒဏ်ရာရသူ များရှိသည်ဟု လည်းသိရသည် ။


ထိုနေ့ကပင်  ၀မ့်ဟိုင်းဌာနချုပ်အား မိုင်းရှူးမြို့တောင်ဘက် လွယ်ကျူ မောက်ခေါဝ် တပ်စခန်းချ နေထိုင်နေသည့် တပ်မတော် စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ ပါသေးသည် ။


“ ကျနော်တို့က ဘယ်သူ့ကိုမှ သွားပြီးရန်မရှာဘူး ။ ကျနော်တို့ကို ရန်လုပ် ပြီး လာရောက် တိုက်ခိုက်လို့ ကိုယ့်ကိုကိုယ် ခုခံတဲ့အဆင့်နဲ့ပဲ ပြန်လည်ခုခံတာပဲ ရှိသေးတယ် ။ ၁၉ ရက် နေ့ တုန်းကလဲ အစိုးရ သတင်းစာမှာပါလာသေးတယ် ကျနော်တို့ကနေ ပြီး အဲဒီတပ်ကို သွားတိုက်တယ်ဆိုဘဲလေ  ” - ဟု SSPP/SSA ဌာနချုပ်ရုံးအရာရှိ ဒု ဗိုလ်မှူးကြီးတဦးက ပြောသည် ။


၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ‘ SSA ဝမ့်ဟိုင်းမှ သျှမ်းပြည် တပ်မတော် က  မိမိတို့၏ တပ်စခန်းများအား ၁၈ ရက်နေ့တကြိမ် ၊ ၁၆ ရက်နေ့ ည က တကြိမ်လာ ရောက်တိုက်ခိုက်သည့်အတွက် တပ်မတော် စစ်ကြောင်းမှ လိုက်လံ တိုက်ခိုက်ရှင်းလင်း လိုက်ရသည် ’  ဟု ပါရှိသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခု က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်ရေးလက်မှတ်ရေးထိုးထား သည့် တပ်ဖြစ်သည် ။

ပုံးအင်းဒေသ သျှမ်းရိုးရာ သီတင်းကျွတ် လှေပြိုင်ပွဲကျင်းပ

Posted: 30 Oct 2015 09:50 AM PDT

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပုံးအင်းဒေသ နောင့်စန့်ကျေးရွာတွင် သီတင်းကျွတ် လပြည့် ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပကြောင်း သိရသည် ။

ပုံးအင်းဒေသ ရိုးရာလှေပြိုင်ပွဲ

ကုန်းတဝက် ရေတဝက်တွင် နေထိုင်သည့် ပုံးအင်းဒေသခံများသည် ရိုးရာလှေပြိုင်ပွဲကို သီတင်းကျွတ်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပလေ့ ရှိပါသည် ။


အောက်တိုဘာလ ၂၇ နှင့် ၂၈ ရက်တွင် ကျင်းပသောအဆိုပါပြိုင်ပွဲတွင် အမျိုးသား ပြိုင်ပွဲ အမျိုးသမီးပြိုင်ပွဲများလည်းရှိကာ အောင်နိုင်သည့်အဖွဲ့နှင့် ရွာများအား ဆုချီးမြင့်ခြင်း များလည်း ရှိကြောင်း သိရသည် ။


“ လှေတစီးမှာ လေးယောက် ငါးယောက်လောက် ပါတယ် ။ ၂ စီးပြိုင်ကြ တယ်။ ပြိုင်တဲ့ အကွာ အဝေးက ကိုက် ၁၀၀ လောက်ရှိမယ် ။ ”- ဟု ပြိုင်ပွဲအား သွားရောက်အား ပေးသည့် စိုင်းနော်ခမ်းစင် ကပြောသည် ။


ယခုနှစ် ပုံးအင်းဒေသ ရိုးရာလှေပြိုင်ပွဲသို့ သျှမ်းပြည်တောင်ပိုင်း ကျားခေါင်း ပါတီ SNLD ခေါင်းဆောင် စဝ်ခမ်းပိုင်ဖှဦးဆောင်သည့် ပါတီဝင်များနှင့် သျှမ်း စာပေပညာရှင် ဆရာကြီး စိုင်းဖှလည်း တက်ရောက် အားပေးခဲ့ သည် ဟု သိရသည် ။


လှေလှော်ပြိုင်ပွဲမှာ ပုံးအင်းဒေသရှိ ရွာသားများ အချင်းချင်းပြိုင်ကြပြီးနောက် ရွာကိုယ်စားပြု အဆင့်တက်ကာ တရွာနှင့် တရွာ ပြိုင်ကြသည်ဟု သိရသည် ။


ပြိုင်ပွဲသွားရောက်အားပေးသည့် စိုင်းအောင်သန်းက - “ အခုခေတ်ကာလအထိ ရိုးရာလှေပြိုင်ပွဲ နှစ်စဉ်လိုလိုကျင်းပနိုင်တာဟာ ပုံးအင်းဒေသခံတွေဟာ မိမိ စာပေယဉ်ကျေးမှုကို ချစ်မြတ်နိုးတာ မိမိဒေသ ရိုးရာကို လေးစား တန်ဖိုးထား တာလို့မြင်မိပါတယ် ”- ဟုပြောသည် ။


၎င်းကဆက်ပြီး - “ ဒီလိုမျိုး ကိုယ့်ရိုးရာ ကိုယ့်ယဉ်ကျေးမှုတွေကို ဆက်ထိန်းသိမ်း နိုင်တာ ကောင်းတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ပုံးအင်းဒေသက ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ ပါသွားတယ် ။ ကျနော်တို့ ဒီယဉ်ကျေးမှုတွေ ကိုမထိန်းဘူးဆိုရင် ကျနော်တို့ ယဉ်ကျေးမှုပျောက်သွားမယ် ။ ”- ဟု ပြောဆို သည် ။


လှေလှော်ပြိုင်ပွဲကို သီတင်းကျွတ်လပြည့်မှ သီတင်းကျွတ်လပြည့်ကျော် တစ် ရက်နေ့အထိ ကျင်းပပြီး ပုံးအင်းသူ ပုံးအင်းသားများမှာ အလုပ်အကိုင် ထား ကာ သွားရောက်အားပေးခဲ့ကြ သည့် ဓလေ့ရိုးရာဖြစ်ကြောင်း ဒေသခံ များပြောပြချက်အရ သိရသည် ။


နောင်စန့်ကျေးရွာသည် သုံးပိုင်းခွဲခံထားရပြီး တပိုင်းမှာ တောင်ကြီးမြို့ နယ် ကျောက်တလုံးမြို့နယ်ခွဲ ၊ တပိုင်းမှာ  ဆီဆိုင်မြို့နယ်အတွင်း ပါဝင်ပြီး ကျန်တပိုင်း ဟိုပုံးမြို့နယ် အတွင်းပါဝင်သည် ။


ထွန့်ပုံးဒေသခေါ် ပုံးအင်းဒေသသည် တနှစ်တာကာလအတွင်း အင်းထဲ ၆ လ ကုန်းပေါ် ၆ လ နေထိုင်ရသည့် ဒေသဖြစ်သည် ။ ဆန်စပါးစိုက်ပျိုးမှုဖြင့် အသက်မွေးဝမ်းကျောင်း ပြုသည်ဖြစ်ရာ သျှမ်းပြည်တွင် ဆန်အများဆုံး ထွက် ရှိသောဒေသ ဖြစ်သည် ။ သျှမ်းပြည်တောင်ပိုင်း တခုလုံး အား ရောင်း ချကျွေးမွေး နိုင်သည်အထိ ပုံးအင်း နောင်မွန်သျှမ်းဆန်မှာ လွန်စွာ နာမည်ကြီး လျက်ရှိပါ သည် ။

သျှမ်းသံတော်ဆင့်

unread,
Oct 31, 2015, 4:07:59 PM10/31/15
to thuau...@gmail.com

တိုက်ပွဲရပ်တန့်ပေးရန် သမ္မတကြီးအား ကျားဖြူပါတီတောင်းဆို

Posted: 31 Oct 2015 07:54 AM PDT

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ၀မ့်ဟိုင်းဌာနချုပ် အနီးဝန်းကျင် တွင်ဖြစ်ပေါ်လျှက်ရှိသော တိုက်ပွဲများအမြန်ဆုံးရပ်ဆိုင်းပေးပါရန် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံ အောက်တိုဘာ ၃၀ ရက်နေ့က စာရေးသားပေးပို့ခဲ့သည် ။


အဆိုပါစာတွင် သျှမ်းပြည်အလယ်ပိုင်းတွင် ဖြစ်ပွါးနေသော တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၆၀၀၀ ခန့်ရှိပြီဖြစ်ကြောင်း ၊ လူထုအား သနားညှာတာသောအားဖြင့် တိုက်ပွဲများ ရပ်ဆိုင်းပေး ရန် သမ္မတကြီးအား မေတ္တာရန်ခံကြောင်း ကျားဖြူပါတီ ဥက္ကဌကြီး စိုင်းအိုက်ပေါင်း ကိုယ်တိုင် လက်မှတ်ရေးထိုးကာ တောင်းဆိုထားသည် ။
 

အောက်တိုဘာလ ၁၉ ရက်နေ့ရက်စွဲဖြင့်လည်း ကျားဖြူပါတီက - တိုက်ပွဲဖြစ်ပွါး နေသည့် ဒေသအတွင်း ရွေးကောက်ပွဲကျင်းပရေး ရက်ရွှေ့ ဆိုင်းပေးရန်  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံစာရေးသား တောင်းဆိုခဲ့ဖူးပါသည် ။

မိုင်းဖြတ်မြို့နယ် ကျားဖြူပါတီစည်းရုံးရေးမှူးအား ပြည်ခိုင်ဖြိုးပါတီမှ ရိုက် နှက်ခြိမ်းခြောက်

Posted: 31 Oct 2015 07:46 AM PDT

သျှမ်းပြည်နယ်အရှေ့ပိုင်း ၊ မိုင်းဖြတ်မြို့နယ် ၊ အင်ပါဟုန်ရွာ ကျားဖြူပါတီ စည်းရုံး ရေးမှူးအား မိုင်းဖြတ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုး ရေး ပါတီဥက္ကဌမှ ရိုက်နှက်ခြိမ်းခြောက်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံတိုင်ကြားထားသည်ဟု သိရသည် ။


အင်ပါဟုန်ရွာသူကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ကျားဖြူပါတီ မိုင်းဖြတ်မြို့နယ်၏စည်းရုံးရေးမှူး ဦးပူပါအိုက်ဆိုသူအား မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးထွန်းရွှေမှ အောက်တိုဘာလ (၁၉) ရက်နေ့ ကရုံးသို့ ဆင့်ခေါ်ကာ ရိုက်နှက်ခြိမ်းခြောက်ခဲ့သည်ဟု မိုင်းဖြတ်မြို့နယ် ကျားဖြူပါတီမှ ဦးစိုင်းခမ်းကျန် ကပြော သည် ။ 


“ မြို့နယ်ကော်မရှင်က အကြာင်းပြန်လာတယ် ။ ဒါဟာကော်မရှင်နဲ့မဆိုင်ဘူး ။ ပါတီ နဲ့မဆိုင်ဘူးတဲ့ ။ ပုဂ္ဂိုလ်ရေး သာဖြစ်တဲ့အတွက် ရဲစခန်းမှာပဲအမှုဖွင့်ဖို့ ညွန်ကြားတယ် ။ ကျနော်တို့ရဲစခန်းမှာ အမှုဖွင့်ဖို့လုပ်နေတယ်  ” ဟု ၄င်းက ဆက်ပြောသည်  ။


ကျားဖြူပါတီ၏တိုင်ကြားစာတွင် - မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌက  အင်ပါဟုန် ရွာသူ / သားများအား “ ကျားဖြူ ပါတီအား မဲပေးပါက ရွာမှနှင်ထုတ်မည်ဖြစ်ပြီး နိုင်ငံသားစီစစ်ရေးကဒ်ပြားများအားလုံးကိုပါ သိမ်းဆည်း မည်ဖြစ်ကြောင်း ၊ ရွာသူရွာသားများ လုပ်ကိုင်စားသောက်လျှက် ရှိသော လယ်ယာမြေများအားလုံးကိုပါ  သိမ်း  ဆည်းမည်ဖြစ်ကြောင်း ” ပြောဆိုသည်ဟု - ပါရှိသည် ။


ယင်းတိုင်ကြားစာကို မိုင်းဖြတ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူး ၊ မိုင်းဖြတ်မြို့နယ် နှင့်သျှမ်း တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ရုံးချုပ် တောင်ကြီးသို့ မိတ္တူပေးပို့  ထားကြောင်းသိရှိရပါသည် ။


တောင်ကြီးမြို့လယ်က SNLD ပါတီကိုယ်စားလှယ်လောင်းများ ဆိုင်းဘုတ်ဖျက်ဆီးခံရ

Posted: 31 Oct 2015 07:36 AM PDT

သျှမ်းပြည်တောင်ပိုင်း  တောင်ကြီးမြို့လယ်ခေါင် ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင်ထောင်ထားသော  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါ် ကျားခေါင်းပါတီ၏ ပါတီဆိုင်းဘုတ် ယမန်နေ့က ဖျက်ဆီး ခြင်းခံရကြောင်း သိရသည် ။


အောက်တိုဘာ ၃၀ ရက်က ဖျက်ဆီးခံရသော အဆိုပါ ပါတီဆိုင်းဘုတ်တွင် တောင်ကြီးမြို့တွင်ဝင်ပြိုင်မည့်  ကျားခေါင်းပါတီကိုယ်စားလှယ် လောင်းလေးဦးပုံပါဝင်ရာ ထိုအနက်  သျှမ်း / တောင် SNLD ပါတီ ဥက္ကဌပုံမှလွဲ၍ ကျန်ကိုယ်စားလှယ်လောင်း သုံးယောက်ပုံ ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း သျှမ်းတောင် ပါတီအတွင်းရေးမှူး တောင်ကြီးပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းလင်းမြတ် ကပြောသည် ။


“ ဘယ်သူလုပ်တယ်ဆိုတာ စိတ်မဝင်စားဘူး ။ ဘာကြောင့်လုပ်တယ်ဆိုတာတော့ စိတ်ဝင်စားတယ် ။ ဒါကလည်း လက်ဆော့တာမဟုတ်ဘူးလေ ။ တမင်သက်သက်ကို အကွက်ချပြီးလုပ်တဲ့ သဘောမျိုး ရှိတယ် ။ သာမန်ပြည်သူ  တော့ မဟုတ်လောက်ဘူး ”  ဟု ၄င်းကပြောသည် ။


ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရခြင်း နှင့် ပတ်သက်ပြီး အမှုဖွင့်ရန် မရှိကြောင်း နှင့် ရဲစခန်းတိုင်ဖို့လည်း ခုချိန်ထိ မစဉ်းစားရသေးကြောင်း ပြောသည် ။ သို့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်ထံသို့  အကြောင်းကြားရန် ရှိသည် ဟု စိုင်းလင်းမြတ်က ပြောသည် ။


“ တောင်ကြီးမြို့ပေါ်မှာ ကိုယ့်နဲ့ အတိုက်အခံဖြစ်တဲ့ ပုဂ္ဂိုလ်ရေးအရ အတိုက်အခံတွေလည်းမရှိဘူး ။ ဒီကြားထဲမှာ တခြားပါတီတွေ NLD ဆိုင်းဘုတ်ဆို ဟိုး ပအိုဝ်းရွာထဲမှာ နောင်ကားရွာတို့ဘက်မှာ အဲ့ဘက် မှာရှိတယ်။ ခုချိန်ထိချိတ်ထားတယ်  မဲ့တစ်ပေါက်မစွန်းဘူး ။ ကိုယ့်ပါတီကျမှ ဒီတောင်ကြီး မြို့လယ် တည့်တည့်မှာချိတ်ထား တဲ့ဟာကိုမှ တခြားပါတီတွေလည်းရှိတယ် ကိုယ့်ပါတီကိုမှ သက်သက် ရည်ရွယ် ပြီး လုပ်တယ်ဆိုတော့ စဉ်းစားစရာတစ်ခုပေါ့ ” ဟု ၄င်း ကဆက်ပြောသည် ။


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုပါတော့သည် ။ တောင်ကြီး မြို့ပေါ်တွင် ဝင်ပြိုင်မည့် ပါတီပေါင်း ၈ ပါတီခန့် ရှိသည် ဟုသိရသည် ။


သျှမ်းသံတော်ဆင့်

unread,
Nov 3, 2015, 4:11:55 PM11/3/15
to thuau...@gmail.com

ကျိုင်းတုံတွင် မင်္ဂလာစည်တော် ပါတီ ESSDDP ၏ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရ

Posted: 02 Nov 2015 06:08 PM PST

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် အဓိကထား ယှဉ်ပြိုင်မည့် သျှမ်းပြည်နယ် အရှေ့ပိုင်း ဖွံ့ဖြိုး တိုးတက်ရေး ဒီမို ကရက်တစ်ပါတီ ခေါ် မင်္ဂလာစည်တော် ပါတီ  ESSDDP ၏ ကတ်တောင်ရွာရှိ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရကြောင်း သိရသည် ။

သီတင်းကျွတ်လပြည့်ညက ဖျက်ဆီးခံရသော ESSDDP ၏ ပါတီဆိုင်းဘုတ်

ကျိုင်းတုံမြို့နယ်အတွင်း ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ပုံများဖြင့် မဲဆွယ် ထောင်ပြထားသော ကတ်တောင်အုပ်စု ကတ်တောင်ရွာရှိ ESSDDP ၏ အဆိုပါဆိုင်း ဘုတ်အား သီတင်းကျွတ်လပြည့်ည အောက်တိုဘာလ ၂၈ ရက်က လက်သည် မသိရ သေးသည့်လူတစုက ဖျက်ဆီး ခဲ့်ခြင်း ဖြစ်သည် ။


မင်္ဂလာစည်တော်ပါတီ၏ ဒုဉက္ကဌ စိုင်းဆမ်တစ်ဆေ က - “ ကျနော်တို့ရဲ့ပါတီဆိုင်းဘုတ် ကိုဓါးနဲ့ဖြတ်ဖောက်ပြီး လူသွားလမ်းပေါ် ဆွဲချထားတယ် ။ ဘယ်သူလုပ်တာတော့မသိရ သေးဘူး ။ ဘယ်အဖွဲ့လည်း မခန့်မှန်းနိုင်ဘူး ။ ဒီမှာက ပြိုင်ကြမှာက အများကြီးဘဲလေ / ကျနော်တို့ပါတီက ဘယ်ပါတီနဲ့မှ ရန်ငြိုးရန်စ မရှိခဲ့ဖူးပါဘူး ”- ဟု သျှမ်းသံတော်ဆင့် အား ပြောသည် ။


၎င်းနှင့်ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားအမှုဖွင့် ထားကြောင်းလည်း ဒုဥက္ကဌက ပြောသည် ။


လာမည့်နိုဝင်ဘာလရွေးကောက်ပွဲတွင် ကျိုင်းတုံမြို့၌ယှဉ်ပြိုင်မည့် မင်္ဂလာစည် တော် ပါတီ  ESSDDP ၏ ကိုယ်စားလှယ်လောင်းများမှာ မိုင်းယန်းမြို့နယ်  အမျိုးသားလွှတ် တော်တွင် စိုင်းဆမ်တစ်ခေမာရဌ် ၊ ပြည်နယ် ၁ စိုင်းကျော်ကျော် ၊ ပြည်နယ် ၂ စိုင်းထွန်း ဆွေ ၊  ကျိုင်းတုံ ပြည်နယ် အမှတ် ၁ တွင် နန်းပုတ်ခမ်း ၊ ပြည်နယ် ၂ စိုင်းစိုင်းလုံ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွင် ဥက္ကဌကြီးစိုင်းဟောင်ခမ်းတို့က ယှဉ်ပြိုင် မည်ဖြစ်ကြောင်းသိရသည် ။


ကျိုင်းတုံ မြို့တွင် ယှဉ်ပြိုင်ကြမသည့် နိုင်ငံရေး ပါတီ များမှာ တသီးပုဂ္ဂလ ၊ ကြံ့ခိုင်ရေး ပါတီ ၊ ၀ ပါတီ ၊ NDF ပါတီ ၊ ကျားဖြူပါတီ ၊ မင်္ဂလာ စည်တော် ESSDDP ပါတီ ၊ NLD ပါတီ ၊ ကျားခေါင်း ပါတီ ၊ NUP ပါတီ ၊ NDP ပါတီ ၊ အခါပါတီ ၊ လားဟူ ပါတီတို့ ဖြစ်ကြ သည် ။  

သျှမ်းသံတော်ဆင့်

unread,
Nov 4, 2015, 4:19:21 PM11/4/15
to thuau...@gmail.com

တောင်ကြီးမြို့တော်လူထု SNLD ပါတီလိုဂိုနှင့် ရင်းနှီးအောင် စီတန်းလှည့် လည်မဲဆွယ်

Posted: 04 Nov 2015 03:03 AM PST

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) က တောင်ကြီး မြို့ပေါ် ၌ ပထမဆုံးအကြိမ် အဖြစ် လှည့်လည်မဲဆွယ် စည်းရုံးရေး ပြုလုပ် ပြီး ပါတီလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည် ။

တောင်ကြီးမြို့တွင်း ကျားခေါင်းပါတီ လှည့်လည်စည်းရုံးရေးခရီးစဉ်

တောင်ကြီးမြို့နယ် အတွင်းရှိ ကျားခေါင်းပါတီဝင် ဓနု ၊ ပအိုဝ်း ၊ အင်းသား ၊ သျှမ်းတိုင်းရင်းသား အင်အားငါးရာကျော် ခန့်မှာ ကား ၄၅ စင်း ၊ ဆိုင်ကယ် ၅၀ ၀န်းကျင်ခန့်ဖြင့် မြို့တွင်းလှည့်လည် ခဲ့ကြောင်း တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နန်းမြဦးက ပြောသည် ။


“ ကျားခေါင်းပါတီ အနေနဲ့ တောင်ကြီးမြို့ပေါ်မှာ ဒီနေ့လှည့်လည်စည်းရုံးရေး လုပ်တာပထမ အကြိမ်ဖြစ်သလို ဒီတစ်ကြိမ်ဘဲလုပ်မှာ ဖြစ်ပါတယ် ၊ ရည်ရွယ် ချက် ကတော့ ကျားခေါင်းပါတီရဲ့ အင်အားပြချင်တာရယ် ၊ ကျားခေါင်း Logo ကို ပြည်သူတွေသတိထားမိအောင်လို့ပေါ့ ။ အနိုင်ရဖို့က ၈၀ ရာခိုင်နှုန်းမျှော်လင့် ထားပါတယ် ။ ရက်ကနီး လာလေ မိမိလုံခြုံရေး ၊ မဲရုံ လုံခြုံရေး ကို ပိုပြီးသတိထားသင့်တယ် ။ လွတ်လပ်ပြီး တရားမျှတ တဲ့ရွေးကောက်ပွဲ ဖြစ်ပါစေလို့ဆု တောင်းရမှာပေါ့ ” ဟု ၄င်းကဆက်လက် ပြောကြားသည် ။


“ Campaign လုပ်တဲ့အခါ ရွေးကောက်ပွဲ ကော်မရှင်ကိုစာတင်ရတဲ့ အပိုင်းတွေရှိတယ် ၊ ပြည်သူ လူထုတွေရဲ့ အားလပ်ရက်နဲ့ ရွေးကောက်ပွဲ ကော်မရှင် ကိုတစ်ပါတ်စာကြိုတင်ရတာနဲ့ ချင့်ချိန်ရတဲ့အခက်အခဲတွေ ရှိပါတယ် ။ ကျေး ရွာကလူထုတွေ ခုချိန်ထိ မှန်ကန်တဲ့မဲပေးပုံ ပေးနည်းတွေ မသိကြသေး ပါဘူး ၊ ခိုင်လုံမဲနဲ့ ပယ်မဲတွေအကြောင်းရှင်း ပြရပါတယ် ၊ ကျေးရွာ နေလူထုတွေ မပြောနဲ့ မြို့ပေါ် နေတဲ့လူတွေတောင်မှ တစ်ယောက်ကို ၃ မဲပေးရမယ် ဆို တာ မသိတဲ့လူတွေ လဲရှိပါတယ် ” ဟု ကျားခေါင်းပါတီ၏ ဆန္ဒနယ်အမှတ် (၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း ဒေါ်နန်းမိုခမ်းက စည်းရုံးရေးခရီးစဉ်မှ ၄င်းကြုံတွေ့ရသောအခက်အခဲကို ရှင်းပြသည် ။


ယနေ့တောင်ကြီးမြို့ပေါ် ကျားခေါင်းပါတီ စီတန်းလှည့်လည်သည့် စည်းရုံးရေးခရီးစဉ်မှာ တောင်ကြီးမြို့ ပေါ်ရှိကျားခေါင်းပါတီရုံးမှ စတင်ထွက်ခွါ ကာ အရှေ့မြို့ပတ်လမ်း ၊ အနောက်မြို့ပတ်လမ်း ၊ မင်းလမ်း ၊ တက္ကသိုလ်ကျောင်း ဘက်သို့လှည့်လည် ခဲ့ကြသည်ဟု သိရပါသည် ။

သျှမ်းပြည်အလယ်ပိုင်း စစ်ရှောင် ဒုက္ခသည် ၆၀၀၀ ကျော်ရှိ SHRF ပြော

Posted: 04 Nov 2015 02:26 AM PST

သျှမ်းပြည်တိုးတက်ရေး ပါတီအား အစိုးရတပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ လ ၅ ရက်နေ့အထိ သျှမ်းပြည်အလယ်ပိုင်းတွင် စစ်ဘေး ဒုက္ခသည်  ၆၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က ကြေငြာချက် တစောင် ထုတ်ပြန် လိုက်သည် ။


သျှမ်းပြည်အလယ်ပိုင်း မိုင်းရှူး၊မိုင်းနောင်နှင့် ကျေးသီးမြို့နယ်အတွင်းမှ ဒုက္ခသည် များ ဖြစ်ကြောင်း ကြေငြာချက်တွင် ပါရှိသည် ။


“ အဓိကကတော့  နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအားလုံးကို စစ်ဘေးစစ်ဒဏ် ခံစား နေရတဲ့ သျှမ်းလူထုအကြောင်း သိစေချင်လို့ပါ ။ အခု စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိ ပါပြီ ။ စုစုပေါင်း ရွာပေါင်း ၅၀ နီးပါးလောက်က စစ်ရှောင်လာကြတဲ့ သူတွေဖြစ်ပါတယ် ။ မိုင်းရှူး ၊ ၀မ့်ဆော့ ၊ ဟိုင်းပါ  တွေမှာအပြင် နီးစပ်ရာဆွေမျိုးတွေဆီ သွားရောက်ခိုလှုံနေတာ တွေလည်းရှိပါတယ် ။ သျှမ်း ၊ တအာင်း ၊ လိဆူး လူမျိုးတွေဖြစ်ပါတယ် ။  ကလေးသူငယ် ၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ များပါတယ် ။ ကိုယ်ဝန်သည်တွေလည်း များပါတယ် ။ အမျိုးသားကတော့အရေ အတွက် နည်းပါ တယ် ။” - ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ကစိုင်းဟော်ရှဲန်က ပြောသည် ။


စစ်ဘေးရှောင်များသည် မိုင်းရှူးမြို့နယ် ၀မ့်ဆော့ဘုန်းကြီးကျောင်းတွင် ၁၉၀၀ ကျော် ၊ ဟုမ့် ယင် ဘုန်းကြီးကျောင်း  ကျောင်းစန်းဘုန်းကြီးကျောင်းနှင့် ရပ်ကွက် ၁  ရှိ ဆွေမျိုးများ ထံတွင် ခိုလှုံနေသူ  ၄၈၀ ၊ ဟိုင်းပါဘုန်းကြီးကျောင်းတွင် ၁၃၀၀ ၊ မိုင်းနောင်မြို့နယ် မင်္ဂလာ ရန်အောင် ဘုန်းကြီးကျောင်းတွင် ၂၈၀ ၊ တူယားဘုန်းကြီးကျောင်းတွင် ၁၅၀  နှင့် ကျေးသီး မြို့နယ်တွင် (၀မ့်ဟိုင်းရွာသူရွာသား) ၂၀၀၀ နီးပါး ရောက်ရှိခိုလှုံ နေကြသည်ဟု ကြေငြာ ချက်တွင် ပါရှိပါသည် ။


“ အခုလောလောဆယ်တော့  အစားအသောက်  ကူညီထောက်ပံ့မှုကို အထူးလိုအပ်နေပါ တယ် ။ တိုက်ပွဲကလည်း ဘယ်ချိန်အထိ ဆက်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ ။ ဒုက္ခသည် တွေရဲ့ ဆန္ဒကတော့  တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေး စေချင်တယ် ။ သူတို့တွေ အိမ်ပြန်ပြီး လယ်ယာလုပ်ငန်း လုပ်ချင်တယ် ။ စစ်ရှောင်ရင်း ခလေးမွေးတာတွေရှိတယ် ။” ဟု  သျှမ်းလူ့အခွင့် အရေးမဏ္ဍိုင်က စိုင်းခွန်းမိုင် ကပြောသည် ။  
 

နိုဝင်ဘာလ ၂ ရက်နေ့ကလည်း သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်တွင် အစိုးရ တပ်မတော် တဖက်တည်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည် ။


“ မိုင်းနောင်မြို့နယ် ထဲကအစိုးရတပ်မတော်က ညနေ ၆ နာရီကစပြီး သူတို့အခြေချတဲ့ စခန်းပေါ် ကနေပြီး  အရပ် ၄ မျက်နှာကို တညလုံး တဖက်တည်း လက်နက်ကြီး ပစ်တယ် ။ တူယားလမ်းခွဲ ဘက်က လိဆောရွာသစ်နားမှာ လည်းကျကွဲတယ်။ရွာသားတဦး ထိခိုက်ဒဏ် ရာ ရခဲ့တယ် ။ အသေးစိတ်ကျနော်တို့ဆက်လက်စုံစမ်းနေဆဲပါ ”- ဟု SSPP ဘက်မှ အရာရှိတဦး ဆိုပါသည် ။ 


အောက်တိုဘာလ ၆ ရက်နေ့ကတည်းက သျှမ်းပြည်တိုးတက်ရေးပါတီအား အစိုးရတပ် မတော် က ထိုးစစ်ဆင်တိုက်ခိုက်ရာ ၂ ဖက်ရင်ဆိုင်တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက် မနည်းရှိပြီး ထိုသို့သော အစိုးရတပ်မတော်ဘက်မှ တဖက်တည်းပစ်ခတ်မှုမျိုး (တိုက်ပွဲအတု) လည်းရှိသည်ဟု SSPP ဘက် က ကပြောသည် ။

လားရှိုးခရိုင်ကျားခေါင်းပါတီ စီတန်းလှည့်လည်ကာ နောက်ဆုံးမဲဆွယ် စည်းရုံးမည်

Posted: 03 Nov 2015 11:31 PM PST

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က လားရှိုးမှ သိန္နီသို့ ကားဖြင့်စီတန်းလှည့်လည်ကာ နောက်ဆုံးမဲဆွယ်စည်းရုံးမည်ဟု သိရှိရသည် ။


“ နောက်ဆုံး မဲဆွယ်စည်းရုံးတာပါ ။ မြို့ပေါ်ကလူတွေ ကျားခေါင်းကို မဲထည့်ချင်တဲ့သူ တွေ ရှိပါတယ် ။ သူတို့ က သိပ်မအားလပ်ကြဘူး ။ အစည်းအဝေးခေါ်ရင် လာဖို့ မအားကြတော့ ဒီလိုနဲ့ မဲဆွယ်ရတာပါ ” ဟု လားရှိုး ခရိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလျဲန်းခမ်း က ပြောသည် ။


လားရှိုးမှ သိန္နီသို့ ကားဖြင့်စီတန်းလှည့်လည်ကာ နောက်ဆုံးမဲဆွယ်စည်းရုံးခြင်းကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီတွင် သီပေါမြို့နယ်နှင့်လားရှိုးမြို့နယ် နယ်စပ်ဖြစ်သည့် စဉ့်အင်မှ စ - ထွက်မည်ဖြစ်ကြောင်း ၊ ထို့နောက် လားရှိုးဈေးအတွင်း လှည့်လည်ကာ သိန္နီဘက်သို့ ထွက်လာမှာဖြစ်ကြောင်း ၊ သိန္နီမြို့တွင်း လှည့်လည် ကာ နမ့်ဆလပ်အထိ သွားရောက်မှာဖြစ်ကြောင်း ၊ လားရှိုးကျားခေါင်းပါတီက ဦးဆောင်ပြီး သိန္နီ ၊ တန့်ယန်း ၊ မိုင်းရယ်တို့မှ လာရောက်ပူးပေါင်းမှာဖြစ်ကြောင်း သိရသည် ။


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၆ ရက်နေ့ကို နောက်ဆုံးမဲဆွယ် စည်းရုံးသည့်နေ့ အဖြစ် သတ်မှတ်ထားပါသည် ။

ပါတီကြည့်ပြီးမဲပေးမလား လူကိုကြည့်ပြီးပေးမှာလား (ဆောင်းပါး)

Posted: 03 Nov 2015 09:53 PM PST

ရွေးကောက်ပွဲရက်က နီးကပ်နေပါပြီ ။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပါတီကြီးငယ်တွေ တိုင်းရင်းသား ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းများ အပြိုင် အဆိုင်မဲဆွယ်မှုက အထွဋ် အထိတ်ကိုရောက်နေချိန်ဖြစ်ပါတယ် ။ ထွက်ပေါ်လာမဲ့ ဒီ ၂၀၁၅ ရွေးကောက် ပွဲရလဒ်ဟာ လာမဲ့ငါးနှစ်စာ တိုင်းပြည် ကို စီမံခန့်ခွဲမှု တာဝန်တစ်ရပ်တည်းသာမကပဲ အနာဂတ် လူမျိုး စုံပြည်သူ လူထုတစ်ရပ်လုံးအတွက် ဘဝကံကြမ္မာလမ်းကြောင်း အခင်းအကျင်းကိုပါ သက်ရောက်လာစေမှာ ဖြစ်ပါတယ် ။


ပင်လုံစာချုပ်ချိုးဖေါက်ခံရမှုကအစ မဟာလူမျိုးကြီးဝါဒ ၊ အာဏာရှင်စနစ်၊စစ် အုပ်ချုပ်ရေး စနစ်များရဲ့ဖိနှိပ်မှု အောက်မှာ လူမျိုးစုံပြည်သူလူထုတစ်ရပ်လုံး နှစ်ပေါင်း ၆၀ ကျော် ခံစား ခဲ့ရပြီး ယနေ့အထိလည်းခံစားနေရဆဲ ဖြစ်ပါတယ် ။ ဒီခါးသီး နာကျင်မှု သင်္ခန်းစာ အတွေ့ အကြုံများနဲ့ ကမ္ဘာ့လူ့ အဖွဲ့အစည်းကို ခြိမ်းခြောက် လာနေတဲ့ ဘာသာရေး အစွန်းရောက် တိုက်ခိုက်မှုနှင့် မတည်ငြိမ်မှုများ တဖက်နိုင်ငံမှာ ရင်ဆိုင်နေရတဲ့လူဦးရေ ပေါက်ကွဲမှုနှင့် အတူ အစွန်းရောက် အကြမ်းဖက်မှု အန္တရာယ် မြင့်မားလာမှု မိမိတို့ နိုင်ငံကိုကူးစက်မလာဖို့ ဒီအချက်များကို အခြေခံ ပြီး သတိတရား ၊ အဆင်ခြင်တရား၊အမျှော်အမြင်ရှိရှိ ကျနော် တို့ရဲ့ကိုယ်စားလှယ်များကို ရွေးချယ်ပေးကြ ရမှာဖြစ်ပါ တယ် ။


အားလုံးသိပြီးကြတဲ့အတိုင်း ပါဝင်ယဉ်ပြိုင်ကြမည့်အထဲမှာ စစ်တပ်ကျောထောက် နောက်ခံရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ (USDP) နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနိုင်ငံ တဝန်းလုံးလိုလိုမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဒီမိုကရက်တစ်ပါတီငယ်များနဲ့ တိုင်းရင်းသားပါတီ များကတော့ သက်ဆိုင်ရာ ဒေသအလိုက် ဝင်ရောက်ယှဉ်ကြမှာဖြစ်ပါတယ် ။


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ပထမကြည့်ရအောင်ပါ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာတဖက်သတ် မဲဆွယ်စည်းရုံးမှု ၊ အခြားအထူး အခွင့်အရေးများနဲ့ ၂၀၁၀ မှာအပြတ်အသတ်အနိုင်ရခဲ့ပြီး အစိုးရအဖွဲ့နဲ့လွှတ်တော်နှစ်ရပ်လုံးကို ချုပ်ကိုင်ထား ခဲ့ကြပါ တယ် ။


လောလောလတ်လတ် စစ်ယူနီဖေါင်းချွတ်လဲပြီး ဖွဲ့စည်းထားတဲ့ အစိုးရနဲ့လွှတ်တော် ကိုယ် စားလှယ်များဖြစ်လို့ စစ်အစိုးရပုံစံနဲ့လက်ညိုးထောင်ခေါင်းညိတ် လွှတ်တော် သာဖြစ် မယ်လို့ ပြည်သူလူထုတစ်ရပ်လုံး နဲ့နိုင်ငံတကာ အသိုင်းအဝိုင်းကပါ မျှော်လင့် ထားကြပါ တယ် ။


သို့သော် ဦးသိန်းစိန်အစိုးရဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုနေ အိမ်အကျယ်ချုပ် ကလွှတ် ပေးပြီး တွေ့ဆုံဆွေးနွေးမှု ၊ နိုင်ငံရေးအကျဉ်းသား အချို့ လွှတ်ပေးခြင်း ၊ အဝေးရောက်တက်ကြွလှုပ်ရှားသူများကို ပြည်တော်ပြန်ဖို့ ဖိတ်ခေါ် ပြီး နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်အချို့ပြုပေးခြင်း ၊ မီဒီယာလွတ်လပ်ခွင့်နဲ့လူမှုအခြေပြု အဖွဲ့အစည်းများ ဖွဲ့စည်း ခွင့်ပြုပေးခဲ့ပါတယ် ။ လူထုတောင်းဆိုမှုအရမြစ်ဆုံရေကာ တာစီမံကိန်းကိုလည်း ရပ်ဆိုင်းပေး လိုက်ပါတယ် ။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများနဲ့ ငြိမ်းချမ်းရေး ရယူပြီး အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် ရန် ၊ အားလုံးပါဝင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကမ်းလှမ်းချက်နဲ့တနိုင်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ် ။


သူ့ရဲ့အစိုးရ အဖွဲ့ထဲက ပြောင်းလည်းမှုကိုမလိုလားတဲ့ hard liner များအဖြစ်လူသိ များတဲ့ သီဟသူရ ဦးတင်အောင်မြင့် ဦး တို့လို ပုဂ္ဂိုလ်များကိုအနားပေးတာတွေအရွှေ့ အပြောင်းတွေလုပ်လာတဲ့အခါမှာနိုင်ငံတကာ နဲ့စောင့် ကြည့် လေ့လာသူတွေအံ့အား သင့်ကြရ ပြီး ပြည် သူလူထုများမျော်လင့်ချက် ထားရှိလာကြပါတယ် ။


သမ္မတဦးသိန်းစိန်က ၂၀၁၂ ခုနှစ်နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက်အမည်စာရင်းတင်သွင်း ခံရသူငါးဦးအနက် တစ်ဦးအပါ အဝင် အဆင့်အထိတွေဖြစ်လာခဲ့ပြီးလေ့ လာ စောင့်ကြည့် သူများက မြန်မာပြည်ဟာ တောင်အာဖရိက သမ္မတ နယ်လ်ဆင် မင်ဒဲလ်လားလို ဒီမို ကရေ စီသူရဲကောင်းဒေါ်အောင်ဆန်းစုကြည်နဲ့ ဆိုဗီယက်သမ္မတ မီခေးဂို ဘာချော့ဗ် လို ပြု ပြင်ပြောင် လဲသူ ဦးသိန်းစိန် တို့ကိုတပြိုင်နက်ထဲ ရခဲ့ကြ တယ်လို့ ချီးမွမ်းခန်း ထုတ်ခဲ့ ကြပါတယ် ။ တဖက်က လက်ညိုးထောင်ခေါင်း ညိတ် အဆင့်သာခန့်မှန်းထားကြတဲ့ လွှတ်တော် မှာလည်း သူရဦးရွှေမန်း ၊ သူရဦး အောင်ကိုတို့ရဲ့ လက်တွဲခေါ်ဆောင်မှု ကြောင့် အတိုင်းအတာ တစ်ရပ်အထိ သက်ဝင် လှုပ်ရှားလာပါတယ် ။


သို့သော် သုံးနှစ်သက်တမ်းကျော်လာမှာတော့ ပြောင်းလဲမှုအရှိန်ရပ်တံ့လာပြီးတက်ကြွ လှုပ်ရှားသူနဲ့ မီဒီယာ သမား အချို့ ဖမ်းဆီးတရားစွဲထောင်ချတာတွေ၊ဆန္ဒပြကျောင်း သား များကို အကြမ်းဖက်နှိမ်နှင်းတာ ၊ ကျောင်း သားခေါင်း ဆောင်များနဲ့ဆွေးနွေးပွဲရလဒ်များကို လင့်လျူရှုဖေါက်ဖျက်တာတွေဖြစ်လာတော့ နောက်ကြောင်းပြန်လှည့်ပြီ လား လို့  သံသယေ တွ ပွါးလာ ရပါတယ် ။ အစိုးရတက်ခါစ ကြွေးကြော်ချက်ဖြစ်တဲ့ သန့်ရှင်းသော အစိုး ရနဲ့ ဆင်းရဲမှုလျှော့ ချရေးများကလည်း ခရီးမပေါက်ခဲ့ပဲတပြည် လုံးအတိုင်းအတာအပစ် အခတ် ရပ်စဲရေးကလည်းတပိုင်းတစကျန် ရှိနေပါ သေး တယ် ။


ဒီလိုအခြေနေမှာ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ချင်းရင်းနှီးပြီး အပြောင်း အလဲလိုလားသူ ပါတီရဲ့ ယာယီဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့သူရဲ့အုပ်စု တာဝန်ကဖယ်ရှား ခံကြ ရတော့ အပြောင်းအလဲလိုလားသူ ပြည် သူများရဲ့ ယုံကြည် မှု ပို လို့ကျဆင်းစေ ရပါတယ် ။ အပြောင်းအလဲအရှိန်အဟုန် ရပ်တံ့သွားတာနဲ့ သူရ ဦးရွှေမန်း အုပ်စု ဖယ်ရှား ခံရခြင်းဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ အပြောင်းအလဲကို အကန့် အသတ်ဖြင့်သာ သွားလို ကြောင်း ခန့်မှန်းရမှာပါ ။ တစ်နည်းအားဖြင့် စစ်တပ် ရဲ့အခန်းကဏ္ဍ နဲ့အကျိုးစီးပွါးကို မထိပါးတဲ့ အဆင့် အထိ သာပြောင်းလဲ နိုင်မှာဖြစ်လို့ စစ်မှန်တဲ့ အပြောင်းအလဲ လိုလားသူ ပြည်သူများ အတွက် အားထားယုံကြည် လောက်စရာ မရခဲ့ပါဘူး ။ တဖက်မှာတော့ တပိုင်းတစ ငြိမ်း ချမ်းရေး ၊ ရခိုင်အရေးကိုင်တွယ်မှုနဲ့ မျိုးစောင့်ဥပဒေ အတည်ပြုပေး ခဲ့တဲ့ အချက်များကို အနာဂါတ်အမျိုးသားရေး၊ ဘာသာရေး ရင်မအေးကြတဲ့ မိဘပြည်သူများ ကို နှစ်သိပ်အားပေး မှု ဖြစ်စေခဲ့ပါတယ် ။ ဆက်လက်ပြီး ပြိုင်ဖက် NLD ပါတီဖက် ကြည့်ကြရအောင်ပါ ။


အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့ပေမဲ့ စစ်အစိုးရက လွတ်တော်ခေါ်ယူခွင့် မပြုခဲ့ တဲ့အပြင် ခေါင်းဆောင်များဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးတင်ဦး တို့ကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပြီး လွှတ်တော်အမတ် အချို့ကို ဖမ်းဆီးထောင်ချခြင်း ခြိမ်းခြောက် အကျပ်ကိုင်ပြီး နှုတ်ထွက် သွားကြအောင် ဖိအားပေး မှုတွေ ခံခဲ့ကြ ရပါတယ် ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ဟာ ရှမ်း ၊ ချင်း ၊ မွန် ၊ ရခိုင် စတဲ့ တိုင်း ရင်းသားပါတီများနဲ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကိုဖွဲ့စည်း ကာ စစ်အစိုးရကိုဆန့်ကျင်ပြီးစစ်မှန် တဲ့ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးကို ဆက် လက်တောင်းဆို ခဲ့ကြ ပါတယ် ။ စစ်အစိုးရရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ယင်းဥပဒေကို အခြေခံကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ကို သပိတ်မှောက်ခဲ့ပါတယ် ။


ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်လာပြီးနောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အခြေခံ ဥပဒေပြင်ဆင်ရေး ကြွေးကြော်ချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD လွှတ်တော် အမတ် အချို့တို့ လွှတ်တော်ထဲကို ရောက်လာပါ တယ် ။ ၂၀၀၈ ဖွဲ့စည်း ပုံပြင်ဆင်မှု မှာ သော့ ချက်ဖြစ် တဲ့ ပုဒ်မ ၄၃၆ နဲ့၊သမ္မတ ဖြစ်ခွင့် ၅၉(စ) တို့ကို ပြင်ဆင်နိုင်ဖို့ စစ်တပ်ကို ဆွဲေ ဆာင် စည်းရုံးမှုက အောင်မြင်မှုမရခဲ့ပါဘူး ။ ရခိုင်နဲ့ကချင် အရေးအခင်းမှာ ပြည်တွင်းရော  ပြည် ပကပါ အသံတွေ ပွက်လောရိုက်နေချိန်မှာ NLD ရဲ့ တုံ့ပြန်မှုက နှောင့်နှေး တိုးညှင်းနေ ခဲ့လို့ ဝေဖန် သုံးသပ်မှုတွေ ခံခဲ့ရပါတယ် ။


လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ အများ ယုံကြည်လေးစားတဲ့ ဦးကိုကိုကြီးနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ၊ ထင်ရှားတဲ့ နိုင်ငံရေး သမား အချို့ကို ခွင့်မ ပြုပေးခဲ့လို့ ထောက်ခံသူများအားမလို အားမရ ခံစားကြရပါတယ် ။


NLD ကို စိန်ခေါ်မှု အဖြစ်ဆုံး ပြဿနာကတော့ မကြာခင်ကမှအတည်ပြု ခဲ့ပြီး နိုင်ငံ တဝှမ်း ခြိမ့်ခြိမ့်သဲ အောင်ပွဲခံကျင်း နေတဲ့ မျိုးစောင့်ဥပဒေ ကိစ္စပဲဖြစ်ပါတယ် ။ ဒီဥပဒေပြဋ္ဌာန်းရေးမှာ NLD လွှတ်တော်အမတ်များ ကန့်ကွက်ခဲ့ကြတော့ NLD သာ အစိုးရဖြစ်ပြီး လွှတ်တော်ကို စိုးမိုးခဲ့ရင် ဤဥပဒေများနှင့် ၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေ ဆက်လက် မတည်မြဲမှာကို စိုးရိမ် မှုနဲ့ ထောက်ခံသူအချို့ တွေဝေသွားကြ ပါတယ် ။ အယူအစွဲ ပြင်း ထန်တဲ့ လူမျိုး ကွဲ ဘာသာခြား များနဲ့ လက်ထပ်ထိမ်းမြားကြ တဲ့ ပြည်ထောင်စုတိုင်းရင်းသား အမျိုးသား အမျိုး သမီးများမှာ တဖက်ဘာသာခြားရဲ့ မိဘဆွေမျိုးအသိုင်းအဝိုင်းအရ လည်းကောင်း ၊ နောက် ကွယ်မှ ဘာသာရေးအသင်း အဖွဲ့အရလည်းကောင်း ဖိအားပေးသိမ်းသွင်း မှုများခံ လာကြရ ပါတယ် ။


ကမ္ဘာအနှံ့အပြားမှာလည်း အစွန်းရောက်အကြမ်းဖက်ကြတာတွေ နားမဆန့် အောင်ကြား လာကြေ တာ့ ရဟန်းသံဃာ နဲ့မိဘပြည်သူများမှာ စိုးရိမ်မှု ၊ မလုံခြုံမှု ၊ ခံပြင်းမှုများ ခံစား လာကြရပါတယ် ။


ဒုတိယအချက်ကတော့ ဧရာဝတီသတင်းမှာပါရှိတဲ့ အင် တာဗျူးကဏ္ဌမှာ“တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို NLD အယုံအကြည်မရှိဟု ဦးဝင်းထိန်ပြော ( By ဆလိုင်း သန့်စင် On October 12, 2015 @ 12:50 )” ဆိုတဲ့ခေါင်းစဉ် နဲ့  ဖေါ်ပြချက် အပုဒ် ၅ မှာ “ NLD အစိုးရဖွဲ့နိုင်ပါက ပြည်သူ့ဆန္ဒအတိုင်းဆောင်ရွက် မှာဖြစ်ပြီး ပြည်သူအများ လိုလား နေသည့် စစ်တပ် ကိုယ်စား လှယ် ၂၅% လျှော့ချရေး ၊ ၅၉ (စ) နှင့် ၄၃၆ အပါအဝင် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင် ရေး ကို ဦးစားပေးဆောင်ရွက်သွား မှာဖြစ်ကြောင်း ၊ ရိုဟင်ဂျာလူမျိုး များ၏ လူနည်းစု အခွင့်အရေးများကိုအသိအမှတ် ပြုပေးရေးအား အထူး အလေးပေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊သာသနာတော် သန့်ရှင်းရေးအတွက် နိုင်ငံရေး လုပ်နေသော ဘုန်းကြီးများအား သံဃာမဟာနာယက အဖွဲ့ကြီးမှ အရေးယူပေးရေး အား ဆောင်ရွက်သွား မှာဖြစ် ကြောင်း ၄င်းမှဆက်လက် ပြောကြားခဲ့သည် ” လို့ပါရှိပါတယ် ။


မူလဋ္ဌာနေတိုင်းရင်းသားမဟုတ်တဲ့ လူမျိုးတစ်မျိုး ၊ အထူးသဖြင့် အခြားနိုင်ငံက အဓိ က လူမျိုးတစ်မျိုးကို ဋ္ဌာနေ တိုင်းရင်းသား လူမျိုးစုအဖြစ် အသိအမှတ်ပြုပေးမယ်ဆိုတဲ့ သဘောဖြစ် ပါတယ် ။ ဒီလိုဖြစ်လာခဲ့ရင် ရခိုင်တိုင်းသား တို့ရဲ့ အမျိုးသားရေး၊လူမျိုး ကိုအခြေခံတဲ့ အမျိုး သားတန်းတူရေး ၊ ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရေးနဲ့နိုင်ငံ တော်ရဲ့ အချုပ် အခြာ အာဏာ ကိုပါ ထိပါးခြိမ်းခြောက်လာမယ့် ပြဿနာတစ်ရပ်ပါ ။


စိုးရိမ်မှု မလုံခြုံမှု ၊ ခံပြင်းမှုများဟာရှည်ကြာလာရင် အမုန်းတရားကို ပေါက်ဖွားစေ ပါတယ် ။ ဒီလိုအခြေအနေ မျိုးမှာ မတော် တဆပဲဖြစ်ဖြစ် ၊ တောမီးလောင်တော ကြောင်လက်ခမောင်း ခတ် လုပ်လိုသူတို့ရဲ့ လှုံ့ဆော် ဖန်တီးမှုဖြစ်စေ ပေါ်ပေါက် လာခဲ့ရင် ယမ်းပုံပေါ်ကို မီးကျသလို အဖြစ်ဆိုးနဲ့ကြုံတွေ့ကြရမှာပါ ။ ယခုမျိုးစောင့် ဥပဒေဟာ မိဘ ပြည် သူတို့ရဲ့ စိုးရိမ် ကြောင့် ကြမှုနဲ့သံသယများကို ဖြေလျော့ ပေးနိုင်မှာဖြစ်တဲ့အတွက် နှစ်ဖက်လူ့ အဖွဲ့ အစည်းကြားမှာ ယုံယုံကြည်ကြည် ယှဉ်တွဲနေနိုင်သွားကြမှာ ဖြစ်လို့ အစဉ်အမြဲတည်ရှိ အပ်တဲ့ ဥပဒေများ ဖြစ်ပါတယ် ။


ခြုံငုံသုံးသပ်ကြည့်လိုက်တဲ့အခါမှာ ပြည်သူလူထုလိုလားတောင်းတနေကြတဲ့အပြောင်း အလဲကို ကြံ့ခိုင်ရေးပါတီ ဦးဆောင် ပြီးသွားမည်ဆိုပါက ဖင့်နွဲကြန့်ကြာနေမှာဖြစ်ပြီး ပြည်သူ တို့ရဲ့လူမှုဘဝဖွံ့ဖြိုးရေး နှောင့်နှေး သွားမှာဖြစ်ပါ တယ် ။ Changeလို့ကြွေးကြော် နေတဲ့ အဓိကအတိုက်အခံပါတီNLD ရဲ့ ဦးဆောင်မှုမှာတော့ အမျိုးသားလုံခြုံရေးနှင့် တိုင်းပြည် တည်ငြိမ် အေးချမ်းဖို့ရန် အခက်အခဲများရှိလာနိုင်ပါတယ် ။ မတည်ငြိမ်မှု ရုန်းရင်းဆန်ခတ် မှုများဟာ တိုင်းပြည်ကို နောက်ကြောင်း အမှောင်ထုထဲချက်ချင်း လက်ငင်း ကျရောက် သွားစေနိုင်ပြီး ဖွတ်မရ ဓါးမရှုံး မှာကို စိုမ်းရိမ်မိပါတယ် ။


ထို့ကြောင့် မိမိတို့ကိုယ်စားလှယ်ရွေးချယ်ရာမှာ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ စိတ်ဓါတ် ၊ အရည် အချင်း ၊ စွန့်လွတ်အနစ် နာခံမှု ဆိုတဲ့ လူရည် လူသွေးကိုသာ အဓိကကြည့်ပြီး ရွေးချယ် မှုကသာ ပို၍ လက်တွေ့ကျပြီး မိမိတို့ဒီမိုကရေစီ ခရီးကို တည်တည်ငြိမ်ငြိမ်နဲ့ သွက် သွက်လက်လက် ခရီးဆက်နိုင်မှာပါ ။


တိုင်းရင်းသားဒေသများမှာဆိုပါကလည်း မိမိတို့တိုင်းရင်းသားပါတီနဲ့ကိုယ့်လူမျိုး တသီး ပုဂ္ဂလ ကိုယ်စား လှယ်များ ကိုသာ ရွေးချယ်ကြပါလို့ အကြံပြုပါရစေ ။


မိမိတို့တိုင်းရင်းသားများလိုလားနေကြတဲ့ ငြိမ်းချမ်းရေး ၊ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့် ၊ ပြည်ထောင်စု တပ်မတော် ဖြစ် လာရေး ၊ မိမိတို့ကိုးကွယ်ရာဘာသာ ၊ စာပေ ယဉ်ကျေးမှု ၊ အမျိုးသားရေးလက္ခဏာ နဲ့ မျိုးနွယ်စုစိတ်ဓါတ် တွေရှင်သန်မြင့်မားနိုင်အောင် ထမ်းဆောင် မည့်သူ များဟာ မိမိတို့ကာယကံရှင် ကိုယ့်လူမျိုး ၊ ကိုယ့်တိုင်းရင်း သားပါတီကသာ နက် ရှိုင်းသောနှလုံးအသိခံစားမှုက နေ အကောင်းဆုံးစွမ်းဆောင် ပေးနိုင်ကြမှာဖြစ်ပါတယ် ။


မိမိတို့ဒေသများမှာခံစားနေကြရတဲ့ မြေယာပြဿနာများ ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ္တုတူးဖေါ်ရေး ၊ ရေကာတာ ဆောက်လုပ်ရေး ၊ ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ စက်ရုံ ၊ သစ်တောပြုံးတီးမှု စသဖြင့် ထိန်းသိမ်း ကာကွယ်ရန်နဲ့ အကျိုးခံစား ခွင့်များမဆုံးရှုံး စေ ဖို့အတွက် မိမိတို့သွေးရင်းသားရင်းပါတီအဖွဲ့အစည်းများကသာ ပိုပြီးလက်တွေ့ကျကျ ထိထိရောက် ရောက် ထမ်းဆောင်ပေးနိုင်ကြမှာဖြစ်ပါတယ် ။


နိဂုံးချုပ်အနေနဲ့ မိမိရဲ့ ကိုယ်စားလှယ်ဟာ အရည်အချင်းရှိပြီး တိုင်းပြည်နဲ့ ပြည်သူလူ ထုအကျိုးကို စိတ်ကောင်း စေတနာ ကောင်းဖြင့် ကိုယ်ကျိုးမဖက်လုပ်ဆောင်နိုင်မည့် သူ ၊ ပြည်ထောင်စုစိတ်ဓါတ် ဖြင့် အမျိုးဘာသာ တိုး တက်ကြီး ပွါးရေးအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်မည့်သူများကို ရွေးချယ်ကြမည်ဆိုပါလျှင် အရည် အချင်းပြည့်ဝမှု၊ကိုယ်စား ပြုမှု ရှိပြီး အားလုံး ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်လာမည့် အစိုးရအဖွဲ့နှင့်ပြည်ထောင် စုလွှတ်တော်နှစ်ရပ်ကို ရရှိနိုင် ကြမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Nov 5, 2015, 4:12:08 PM11/5/15
to thuau...@gmail.com

ကိုးကန့်ဒေသမှာကြုံရဆုံရ ကိုယ်စားလှယ်လောင်းရဲ့ဘဝ (သျှမ်းပြည် ကိုးကန့်ဒီမိုကရေစီပါတီက လောက်ကိုင်ခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မောင်မြင့်ခိုင်နှင့်တွေ့ဆုံမေးမြန်း)

Posted: 05 Nov 2015 12:35 AM PST

၂၀၁၅ နှစ်ဦးပိုင်းက အစိုးရတပ်နဲ့ကိုးကန့်တပ်ဖွဲ့တို့ကြား ၄ လ ကြာတိုက်ပွဲဖြစ် ပွါးခဲ့တဲ့  သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာလည်း ရွေးကောက်ပွဲ ပြုလုပ် ကျင်းပမှာ ဖြစ်ပါတယ် ။ သျှမ်းပြည် ကိုးကန့်ဒီမိုကရေစီပါတီက လောက်ကိုင် ခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မောင်မြင့်ခိုင်ကို သျှမ်းသံတော်ဆင့်သတင်း ဌာန က နန်းမွေခေါဝ်က ဆက်သွယ်မေးမြန်းထားပါတယ် ။


မေး ။    ။ နိုဝင်ဘာလ ၆ ရက်နေ့က မဲဆွယ်စည်းရုံးတဲ့ နောက်ဆုံးနေ့ဆိုတော့ အခုစည်းရုံးရေး အခြေအနေ ဘယ် လိုရှိပါသလဲ ။


ဖြေ ။    ။ ကိုးကန့်ဒေသမှာတော့ ပြီးခဲ့တဲ့လ ၂၆  ရက်နေ့က လောက်ကိုင်မြို့ပေါ်မှာ မဲဆွယ်စည်းရုံးရေးဆင်း တယ် ။ တရက်ဘဲ ဆင်းဖြစ်တယ် ။ ကွန်လုံ ဘက်ခြမ်းတော့ ၄ ရက်လောက် သွားဖြစ်သေးတယ် ။ သွားကူတာ ပေါ့နော် ။ ၆ ရက်နေ့ နောက်ဆုံးဆိုပေမဲ့ ကျနော်ကတော့ နောက်ထပ်ဆင်းဖို့ အစီအစဉ် မရှိတော့ပါဘူး ။


မေး ။    ။ လူထုဘက်က ဘယ်လိုတုံ့ပြန်လဲ ။


ဖြေ ။    ။ လူထုဘက်ကတော့ အမျိုးမျိုးရှိတယ် ။ အတည်တကျတော့ ပြောလို့မရ ဘူး ။ ဒီမှာ ကျတော့ ခန့်မှန်းလို့ မရသေးဘူး ။


မေး ။    ။ ကိုးကန့်ပါတီအတွက် စိန်ခေါ်မှုက ဘာလဲ ။


ဖြေ ။    ။ စာမတတ်တဲ့အပိုင်းတွေ တော်တော်များများ ရှိကြတယ် ။ ရွေးကောက် ပွဲ ဆိုတာ ဘာလဲဆိုတာ သူတို့ နားမလည်ကြဘူး ။ ရွေးကောက်ပွဲ နဲ့ပတ်သက် တဲ့ အသိပညာတွေ အရင်ဆုံး ပြောပြရတယ် ။ ဘာမှနားမလည် ဘူး။ တော်တော်အခက်အခဲရှိတယ် ။ တိုင်းရင်းသားလည်းဖြစ် ၊ ဗမာစကားလည်းမတတ် ၊ ဗမာစာလည်း မတတ် တော့ တော်တော့ကို ခက်တယ် ။ တော်တော်လေး ကြိုးစားရတယ် ။


မေး။    ။ ရွေးကောက်ပွဲမှာ အောင်နိုင်မယ်လို့ ဘယ်လောက်ထိ ယုံကြည်ထား လဲ ။


ဖြေ ။    ။ ခန့်မှန်းလို့ မရဘူး ။ စည်းရုံးရေးလည်း ကောင်းကောင်းမဆင်းဖြစ် ဘူး ဆိုတော့ ။ ၈ ရက်နေ့မှ သိရမယ် ။ အခုလောလောဆယ် ဘယ်လိုမှ ခန့်မှန်းလို့ မရဖြစ်နေတယ် ။ ဒီဒေသက တခြားနေရာနဲ့ မတူဘူး ။ ကိုးကန့် ဒေသက စစ်ဖြစ်ပွားခဲ့တဲ့ဒေသဆိုတော့ ရွာထဲကို မဆင်းဖြစ်ဘူးလေ ။ အခက်အခဲ ရှိတယ် ။


မေး ။    ။ သျှမ်းပြည်ကိုးကန့်ဒီမိုကရေစီပါတီက ဘယ်နှနေရာ ၀င်ပြိုင်မှာလဲ ။


ဖြေ ။    ။ ကိုးကန့်ဒေသမှာ ရ ယောက် ၀င်ပြိုင်မယ် ။ အမျိုးသားလွှတ်တော် ၁ နေရာ ၊ ပြည်သူ့လွှတ်တော် ၂ နေရာနဲ့ ပြည်နယ်လွှတ်တော် ၄ နေရာ ပါ ။ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်ပေါ့ ။ ကွန်လုံမြို့နယ်မှာတော့ ၃ ယောက် ၀င်ပြိုင်မယ် ။ နောက် ကွတ်ခိုင်မြို့နယ်မှာ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်းတစ်ယောက် ၀င်ပြိုင်မယ် ။


မေး ။    ။ ကိုးကန့်ဒေသမှာ ဘယ်ပါတီနဲ့ ယှဉ်ပြိုင်ရမှာလဲ ။


ဖြေ ။    ။ ကိုးကန့်ဒေသမှာ ၂ ပါတီဘဲ ရှိပါတယ် ။ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ကျနော်တို့ ကိုးကန့်ပါတီ ပါ ။


မေး ။    ။ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ရင် ပြည်သူတွေကို ဘာလုပ်ပေးမလဲ ။


ဖြေ ။    ။ ပါတီရဲ့မူဝါဒက ဒေသဖွံ့ဖြိုးတိုးတက်အောင် ၊  ပြည်သူတွေ ငြိမ်းချမ်း တည်ငြိမ်တဲ့ ဘဝရှိအောင် လုပ် ဆောင်ပေးမယ် ။ ပြည်သူတွေရဲ့ အခက် အခဲ ကိုကြည့်ပြီး လိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးမယ် ။ နယ်စပ် တလျှောက် တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်ပေးမယ် ။


မေး ။    ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်မှာ ကြားချင်ပါသလဲ ။


ဖြေ ။    ။ ပြည်သူတွေရဲ့ဆန္ဒကို ဖော်ထုတ်ဖို့ ၊ သူတို့လက်ထဲမှာကိုင်ထားတဲ့ အရေးကြီးတဲ့ မဲဆန္ဒတမဲကို လာမဲ့ ရွေးကောက်ပွဲကျရင် ကိုယ်တိုင်ကိုယ်ကျ မဲရုံသွားပြီး တန်ဖိုးရှိတဲ့မဲတမဲကို စိတ်ကြိုက်လွှတ်တော်ကိုယ်စား လှယ် လောင်းကို မဲသွားထည့်ပေးပါလို့ မှာချင်ပါတယ် ။ 

အစိုးရ တပ်မတော် ထိုးစစ်ဆင်မှုကြောင့် ကလေး ၁၂၀၀ ကျော် ကျောင်းမတက်ရ

Posted: 04 Nov 2015 10:41 PM PST

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် အတွင်းအစိုးရတပ်မတော် မှ သျှမ်းပြည်တပ်မတော် SSPP/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မူလတန်းနှင့် အလယ်တန်းကျောင်းသူ ကျောင်းသား ၁၂၀၀ ကျော် ကျောင်းမတက်ရဘဲ စစ်ဘေးရှောင်နေရသည်  ဟု ဒေသခံ ပညာရေးဝန်ထမ်းတဦး က ပြောသည် ။


လွယ်လင်ခရိုင် ကျေးသီး ၊ မိုင်းရှူး ၊ မိုင်းနောင် ၊ မိုင်းစံ ဒေသအတွင်းရှိ သျှမ်းပြည်တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ကျေးသီး ၊ မိုင်းနောင် ၊ မိုင်းစံ ၊ မိုင်းရှူးမြို့နယ်အတွင်း အစိုးရစာသင်ကျောင်း ၁၄ ကျောင်း မဖွင့်နိုင်သည့် အတွက် ကျောင်းသူကျောင်းသား ၁၂၄၆ ဦး ပညာသင် ယူခွင့်မဲ့နေသည် ဟု ဆရာမ တဦးက ဤကဲ့သို့ပြောသည် ။


“ မိုင်းရှူးမြို့နယ်မှာ မူလတန်း ၊ အလယ်တန်းအဆင့်က ၁၀ ကျောင်း ၊ ကျေးသီးမှာက ၂ ကျောင်း ၊ မိုင်းနောင်မှာက ၂ ကျောင်း ကျောင်းပိတ်ထားရတယ် ။ လာတက်မယ့်လူလည်း  စစ်ဘေးရှောင်ကုန်ပြီလေ ။ လက်နက်ကြီးဒဏ် ကြောက်ကြလို့ ” - ဟု ဆရာမ နန်းလျဲန်း ကပြောသည် ။


အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် ဗဟိုရုံးအရာရှိ က “ အခု လက်နက်ကြီး ရမ်းပစ်တဲ့တပ်က လွယ်ကျူမောက်ခေါဝ် နဲ့ လွယ်နမ့်မွန်းမှာ လာထိုင်တဲ့ အစိုးရတပ်လေ ။ အခုလိုမျိုးလားရာမဲ့ ရမ်းပစ်နေလို့ရှိရင် ကျနော်တို့ အဲဒီတပ်ကို မရမက တက်တိုက် မယ် လို့  တပ်မတော်နဲ့ အစိုးရကို အကြောင်းကြားထားပြီးပြီ ” - ဟု ပြောသည် ။


သျှမ်းပြည်တပ်မတော်အား အောက်တိုဘာ ၆ ရက်နေ့ မှ ယနေ့အထိ မြန်မာ့တပ်မတော် မှ ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းဖြစ်သည် ။ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်  ဒေသခံ ၆၀၀၀ ကျော် (ရွာပေါင်း ၅၀ ကျော်) နေရပ် မှ စွန့်ခွါကာ စစ်ဘေးရှောင်နေရသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Nov 6, 2015, 4:05:02 PM11/6/15
to thuau...@gmail.com

လူငယ့်ကံကြမ္မာ လူငယ့်လက်ထဲမှာရှိလာအောင်

Posted: 06 Nov 2015 08:20 AM PST

လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး ပွင့်လင်းမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အတွက် သျှမ်းပြည်အနှံ့က လူငယ်တွေကို ရွေးကောက်ပွဲစောင့်ကြည့်ပေးဖို့ သျှမ်းလူငယ်ကွန်ရက်ကနေ တိုက် တွန်း လိုက်ပါတယ် ။ အဲဒီအတွက် ဘယ်လိုပြင်ဆင်ထားရပါမလဲ ။ ဒီအကြောင်းအသေးစိတ်ကို သျှမ်းလူငယ်ကွန်ရက်အဖွဲ့က ပြောခွင့်ရ စိုင်းဆိုင်မိန်းကို သျှမ်းသံတော်ဆင့် က ဆက်သွယ်မေးမြန်းထား ပါတယ် ။ 

မေး ။    ။ နိုဝင်ဘာ ၈ ရက်နေ့မှာ နေပြည်တော်အစိုးရကနေ ရွေးကောက်ပွဲကျင်းပ မှာဖြစ်ပါတယ် ။ တချို့ နေရာမှာ ကျင်းပမယ်တချို့ နေရာမှာတော့ ပိတ်ပင်ခံရတယ် ။ လူငယ်ခေါင်းဆောင်အနေနဲ့ ဘယ်လိုမြင်ပါသလဲ ။ 


ဖြေ ။    ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အရင်ဆုံး ပြောချင်တာက - နိုင်ငံသားတဦးဟာ နိုင်ငံရေးကိုစိတ်ဝင်စား သည်ဖြစ်စေ စိတ်မဝင်စားသည်ဖြစ်စေ ၊ နိုင်ငံရေးမှာ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ၊ နိုင်ငံရေးကို နားလည် သည်ဖြစ်စေ မလည်သည်ဖြစ်စေ ရွေးကောက်ပွဲတော့ ၀င်ရမှာဘဲ ။ ဆန္ဒမဲပေးရမှာဘဲ ။ ဆန္ဒမဲပေးမှုဟာ နိုင်ငံသား တဦးရဲ့ တာဝန်ပါ ။ နိုင်ငံရေးကိုလုပ်မယ့် သူကိုရွေးချယ်တာဖြစ်တယ် ။ အဲဒီလူကနေ သက်ဆိုင်ရာမိမိအမျိုးသားရဲ့ အရေး  ကိုဆောင်ရွက်ပေးမယ် ။ အကာအကွယ်ပေးမယ် ။ ဒါကြောင့် ကြည့်လိုက်ရင် နိုင်ငံရေးရော အမျိုးသား ရေးရော အရေးပါတယ် ။ ငွေဒင်္ဂါးပြားလိုဘဲ ၂ ဖက်လုံးကတန်ဖိုးရှိပါတယ် ။  ဒါကြောင့် လူငယ်တွေကို နိုင်ငံရေးကို စိတ်ဝင်စားဖို့ လေ့လာဖို့ တိုက်တွန်း ချင်ပါတယ် ။


မေး ။    ။ ရွေးကောက်ပွဲအတွက် လူငယ်တွေ ဘယ်လိုပြင်ဆင်သင့် သလဲ ။


ဖြေ ။    ။ နိုင်ငံသားတိုင်းလူငယ်တိုင်း ရွေးကောက်ပွဲကို လွတ်လပ်စွာ မဲပေးခွင့်ရှိလား ၊ ကြောက်ရွံ့ မှုမရှိဘဲ မဲပေးခွင့်ရှိလား ၊ လွယ်လွယ်ကူကူမဲပေးခဲ့ရလား ဆိုတာတွေကို လူငယ်တွေကို စောင့်ကြည့်စေချင်တယ် ။ ကျနော်တို့  Tai Youth Network TYN က နိုင်ငံရေးမလုပ်ဘူး ။  အမျိုးသားရေးကိုအခြေခံပြီး နိုင်ငံရေး ကိုစောင့်ကြည့်တယ် ။ စတင် ဖွဲ့စည်းကတည်းကဘဲ အမျိုးသားရေးဘက်ကိုရပ်တည်မယ်လို့ ဆန္ဒပြုထားတယ် ။  ဒါပေမယ့် နိုင်ငံရေးဟာ အမျိုးသား ရေးအတွက် လွန်စွာအရေးကြီးပါတယ် ။ လူငယ်တိုင်းကို ရွေးကောက်ပွဲမှာ မဲပေးဖို့ တိုက်တွန်း တယ် ။ မဲပေးပြီးရင် ချက်ချင်းအိမ်မပြန်နဲ့ ။ လွတ်လပ်မှုရှိလား ခြိမ်းခြောက်မှုရှိလား ဆိုတာမဲရုံမှာ စောင့်ကြည့်ပေး ဖို့တိုက်တွန်းချင်ပါတယ် ။ 


မေး ။    ။ လူငယ်တွေကို ရွေးကောက်ပွဲ စောင့်ကြည့်ရေးအတွက် နည်းလမ်းတွေဘာတွေ သင်တန်းပေးထားသလား ခင်ဗျ ။


ဖြေ ။    ။ ၁ - ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ။ ၆ နာရီကတည်းကစပြီး မဲထည့်ခွင့်ရလား ။ ၂ - မဲထည့်နေစဉ် ဘေးကလာပြီး ဟိုဟာဒီဟာထည့်ဖို့ ဖိအားလာပေးလား ခြိမ်းခြောက်တာတွေရှိ သလား ။ ၃ - ရပ်ရွာလူထုမဲလာပေးကြသလား ။ များလား ။ မဲရုံမှူးတွေကနေ မဲလာပေးတဲ့ ရွာသားတွေကို နည်းလမ်းညွန်ပြပေးလား ။ ၄ -  မဲရုံကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားလား ။ စည်းကမ်းအတိုင်းလိုက်နာလား ။ လက်နက်ကိုင်အဖွဲ့အစည်းတွေ မဲရုံထဲမှာ ၀င်ပြီး ရှုပ်နေလား။ အပြင်ကနေစည်းရုံးနေတဲ့အဖွဲ့ ရှိနေလား ။  ကြည့်ပေးဖို့ပါ ။


မေး ။    ။ မဲမရှုံးအောင် ။ လူထုက တွေဝေမှုမရှိအောင်ကော ဘယ်လိုလုပ်ရမလဲ ။


ဖြေ ။    ။ TYN ကနေ  လူငယ်တွေကို တောင်းဆိုချင်တာကတော့ - ကိုယ်မဲထည့်မယ့်မဲပြားမှာ ဘာမှမစဉ်းဘဲ မဲထည့်ပေးသွားမယ်ဆို  ရင်တော့ အဲတာ စက္ကူဘဲပေါ့ ။  စဉ်းစားတွေးတောပြီးမှ ထည့်မယ်ဆိုရင် ဒါကျနော် တို့အတွက်အင်အားတခုပေါ့ ။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်း ၆၀ အတွင်းမှာ ပြုပြင်ပြောင်းလည်းရေး လွတ်လပ် ရေး ကိုယ်ပိုင်အုပ်ချုပ်ရေဘာအခွင့်အရေးမှ  မရှိဘူး ။


ဒါကြောင့်ဒီ ရွေးကောက်ပွဲကနေ ကျနော်တို့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင် မလား။ သို့မဟုတ်ကျနော်တို့ရဲ့အိပ်မက်ကို  သယ်ဆောင်လာပေးနိုင်မလားဆိုတဲ့မျှော် လင့်ချက်နဲ့ပါ ။  


ကျနော်တို့ရဲ့ အမြင့်ဆုံးရည်မှန်းချက်ကတော့ လူငယ်တွေရဲ့ကံကြမ္မာ လူငယ်တွေရဲ့လက်ထဲမှာ ရှိတယ်ဆိုတာဘဲ ။ ကျန်ာတို့က ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုလိုလားတယ် ။ အခွင့်အရေးကို လိုလားတယ် ။ ရှေ့ဆက်ကိုယ့်ခြေပေါ် ကိုယ်ရပ်တည်ပြီးအမျိုးသားရေးကို လုပ်ချင်တယ် ။ ဒါကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်သွားရမှာက အဓိကပါဘဲ ။ ဒါကြောင့် မိဘပြည်သူတွေကိုမဲထည့်တဲ့နေရာမှာ သေချာစဉ်းစားပြီးမှဖြည့်ပေးပါလို့ တိုက်တွန်းချင်တယ် ။


မေး ။    ။ မိုင်းရှူး အပါအဝင် ၄ မြို့နယ်ကို ယူအီးစီးက ရွေးကောက်ပွဲမကျင်းပတဲ့နေရာ ကြေငြာထားတယ် ။


ဖြေ ။    ။ လွတ်လပ်စွာလုပ်ပိုင်ခွင့်နဲ့ တရားမျှတမှု ကိုကျနော်တို့လိုလားတယ် ။ ကျနော်တို့ စိတ်မကောင်း ၀မ်းနည်းခံစားရပါတယ် ။ သျှမ်းပြည်သား မြန်မာပြည်သား  နိုင်ငံခြားရောက်နေသူ အားလုံး မဲထည့်ရတယ်လေ ။ ဒီလုပ်ရပ်ကြောင့်ကျနော်တို့က ကိုယ့်အမျိုးသားရေးအတွက်လုပ်ပေးမယ့် သူကိုရွေးချယ်ဖို့အခွင့် ဆုံးရှုံးသွားတာ တော့ မဖြစ်စေချင်ဘူး ။   ကျနော်တို့လူငယ်တွေအနေနဲ့ ဒီလုပ်ရပ်ဟာ  အခွင့်အရေးကို ခွဲခြားပေးတာဘဲလို့ မြင် တယ် ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ဘာတွေမပြောသေးနဲ့ဦး ဒါတောင်မှ တန်းတူမပေးဘူးဆိုမှတော့ ရှေ့ဆက်မှာ လည်း မျှတမှုဆိုတာ သိပ်မမြင်ရဘူး ။ ဖိနှိပ်မှု အခွင့်အရေးချိုးဖောက်မှုက ဆက်ရှိဦးမှာဘဲ ။ ဒါကြောင့် မဲဆန္ဒရှင် တွေအနေနဲ့ သေချာစဉ်းစားဖို့ တိုက်တွန်းတာပါ ။ လူငယ်တွေအနေနဲ့လည်း အရမ်းကိုစိုးရိမ်ပူပန် မိပါတယ် ။ 


မေး။    ။ TYN ရဲ့ရည်ရွယ်ချက်က ဘာလဲ ။


ဖြေ ။    ။ ကျနော်တို့ လူငယ်တွေလည်း ၂ -၃ နှစ်မှာလှုပ်ရှားလာတာက ဖွဲ့စည်းပုံကိုပြင်ဖို့ အားပေးတယ် ။ ၂၀၀၈ က တရားမျှတမှုမရှိဘူး။  တိုက်ပွဲတွေလည်း ရပ်တံ့ဖို့ငြိမ်းချမ်းရေးလုပ်ဖို့ အမြဲတိုက်တွန်းတောင်းဆို လာတယ် ။  နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ဖို့ ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ် ။ သဘာဝ - ပတ်ဝန်းကျင်ကို ဖျက်ဆီးထုတ် ရောင်းလို့ နိုင်ငံမဖွံ့ဖြိုးလာဘူး ။  ဒါလူငယ်တွေရဲ့တောင်းဆိုချက်ဖြစ်တယ် ။ ဒီနေ့ကျနော် တို့ လူငယ်တွေဟာ နိုင်ငံရေးအဘက် ဘက်က ကူရမယ် ။ မျက်လုံးကျယ်ကျယ် နားကျယ်ကျယ်ဖွင့်ပြီးလေ့လာရမယ် ။ ပူးပေါင်းပါဝင် ရမယ် ။ ကျနော်တို့လိုချင်တာကို ရောက်အောင်ပေါ့ ။


ကျနော်တို့လူငယ်တွေ အတွေ့အကြုံ ရှိပါတယ် ။  မိုင်းကိုင် မိုင်းတုံ တောင်ကြီးတွေမှာ သဘာဝ ပတ်ဝန်းကျင် အတွက် တောင်းဆိုတုန်းက ဒေသတွင်းလူထုနဲ့ ပေါင်းပြီး လှုပ်ရှားဖူး တောင်ဆို ဖူးတယ် ။ ဆန့်ကျင်ဆန္ဒပြ ဖူးပါတယ် ။ ဒါကြောင့် ဘယ်ဟာက  အမျိုးသားနဲ့လူထုဘက်ကို ရပ်တည်တာလဲ ။  ဘယ်ဟာက မရပ်တည်တာလဲ ဆို ကျနော်တို့လူငယ်တွေ ဆုံးဖြတ်တတ် နေပါပြီ ။ ဒါတောင်မဆုံးဖြတ်နိုင်သေးရင်လည်း ကျနော်တို့ ကိုယ့်ခြေပေါ်မရပ်တည်နိုင်သေး တာလို့ဘဲမြင်ပါတယ် ။ 


မေး ။    ။ တမျိုးသားရေးကိုဆောင်ရွက်ပေးမယ့်သူကို ထောက်ခံအားပေးပါဆိုတာက ဘယ်အဖွဲ့ ဘယ်ပါတီဘက်ကို ကာကွယ်ပေးချင်သလဲ ။


ဖြေ ။    ။ ကျနော်တို့လူငယ်အဖွဲ့ကတော့ ဘယ်ဘက်ကိုမှမယိုင်ပါဘူး ။ ဒါပေမယ့် ရွေးကောက် ပွဲမှာ စောင့်ကြည့် ဖို့ တိုက်တွန်းတာကတော့ တခြားသူတွေ ဒီတာဝန်လာယူတာထက် ကျနော်တို့ လူငယ်တွေက သွားပြီးတာ ၀န်ယူရင်ပိုမကောင်းဘူးလား ။ ကျနော်တို့လူငယ်ထဲက ကိုယ်စားလှယ်လောင်းမှာ ဝင်ပြိုင်တာလဲ ရှိတယ်လေ ။ ဒါကိုလူငယ်တွေ ကြည့်တတ်မယ် နားလည်မယ် လို့ယုံကြည်ပါတယ် ။


တကယ်လို့လူငယ်ဟာ အမျိုးသားရေး နိုင်ငံရေးကိုစိတ်မဝင်စားရင် အဲဒီလူမျိုးဟာ မကြာခင် မှာဘဲ သုဉ်းသွားလိမ့်မယ် ။ ဒါကြောင့် နိုင်ငံရေးကို လေ့လာပါ ။ အမျိုးသားရေး ဘက်က နေရပ်တည်ပေးမယ့်သူကို ထေက်ခံအားပေးပါလို့ တိုက်တွန်းတောင်းဆိုချင် ပါတယ် ။ 


သဘာဝပတ်ဝန်းကျင်လေ့ လာတတ်စေ ရန် ၊ လူငယ်များအချင်းချင်းရှေ့ဆက်အတူ လက်တွဲဆောင်ရွက်တတ်စေရန် ၊ သျှမ်းပြည် ထွက်သဘာဝ သယံဇာတများ စုပေါင်း ကာကွယ်တတ်ရန်နှင့် လူငယ်များအချင်းချင်း သိကျွမ်းဝင် တတ်စေရန် ရည်ရွယ်ပြီး သျှမ်းပြည်အနှံ့မှ သျှမ်းလူငယ်များကို သျှမ်းလူငယ်ကွန်ရက်အဖွဲ့မှ ဦးဆောင်ကာ နှစ်စဉ်နှစ်တိုင်း တောင်တက်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ် ။ 

SSPP/SSA အားထိုးစစ်ဆင်မှု တလပြည့်တွင် တိုက်ပွဲရပ်တန့်ဖို့ ပြည်တွင်းပြည်ပ သျှမ်းပြည်သားလူမှုအသင်း အဖွဲ့များတောင်းဆို

Posted: 06 Nov 2015 08:01 AM PST

NCA လက်မှတ်ရေးထိုးရန် အဆင်သင့်မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ထိုးစစ်တိုက်ခိုက်မှုများ ရပ်တန့်ပေးပါရန် ပြည်တွင်းပြည်ပ သျှမ်းပြည်သား လူမှုအသင်းအဖွဲ့ ၆၀ ကျော်က နေပြည်တော်အစိုးရထံ တောင်းဆိုလိုက်သည် ။

ချင်းမိုင်မြို့ရှိကောင်စစ်ဝန်ရုံးများသို့ အိပ်ဖွင့်ပေးစာပေးနေစဉ်
နိုဝင်ဘာ ၆ ရက် ၂၀၁၅ သည် သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ် နှင့် ကျေးသီး မြို့နယ် အတွင်း ရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အား မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင်ဆိုက်ခိုက်သည်မှာ တလ ပြည့်သည့် နေ့ဖြစ်သည် ။ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံ တသိန်းကျော် မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရ၏ ။ ဒေသခံ ၆၀၀၀ ကျော် နေရပ်မှာ စွန့်ခွာရကာ ကျောင်း သားသူငယ် ၁၂၀၀ ကျော် ပညာသင်ခွင့် ဆုံးရှုံးရ သောကြောင့် မြန်မာ့တပ်မတော်မှ ဆင်နွဲနေသည့် တိုက် ပွဲများ ရပ်တန့်က ဒေသခံများနေရပ်သို့ ကောင်းမွန်စွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် စုပေါင်းတောင်းဆိုခြင်း ဖြစ်သည် ။


“ ကျမတို့ သျှမ်းပြည်အတွင်းရှိ လူမှုအသင်းအဖွဲ့ ၃၆ ဖွဲ့ကနေ နိုင်ငံတော် သမ္မတ ၊ ဒုသမ္မတ ပြည်ထောင် စု ငြိမ်း ချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ၊ နဲ့ ကာကွယ်ရေးဦးချုပ်ဆီကို လိပ်မူပြီးတောင်း ဆိုတယ် ။ တိုက်ပွဲရပ်တန့်ပေးဖို့ပေါ့ ။ စာက ဒီတိုင်း သွားပို့လို့မရဘူး ၊ အဆင့်ဆင့်ပဲ ။ စာတိုက်ကနေပဲ ပို့လို့ရတယ် ဆိုတော့ ကျမတို့က စာတိုက်ကနေ ၄ ရက်နေ့ ကတည်းက ပို့ရတယ် ” ဟု ဆရာမ နန်းကေဆီ ကပြောသည် ။


ထို့အပြင် နိုဝင်ဘာ ၆ ရက်နေ့ ရက်စွဲဖြင့် ထိုင်းနိုင်ငံ ၊ မလေးရှား ၊ အမေရိကန် ၊ စင်္ကာပူ သျှမ်းမိသားစု များအပါဝင် ပြည်တွင်းပြည်ပ သျှမ်းလူမှုအသင်းအဖွဲ့ ၂၇ ဖွဲ့က လည်း တိုက်ပွဲတွေရပ်တန့်ပေးဖို့ ၊ ဒေသခံများနေရပ်ပြန်နေနိုင်ဖို့ ၊ လူမှုကွန်ယက် ဖေ့စ်ဘုတ်ပေါ် ကြွေးကြော်သံနှင့်အတူ ထိုင်းနိုင်ငံ ချင်းမိုင် အခြေစိုက် မြန်မာကောင်စစ်ဝန်ရုံး၊ အမေရိ ကန်ကောင်စစ်ဝန်ရုံးသို့ အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့သည် ။


“ အစိုးရတပ်မတော်ကနေ တိုင်းရင်းသားတပ်ဖွဲ့ကို တိုက်ခိုက်နေတာ ၁ လ ပြည့်ပြီဖြစ်ပါ တယ် ။ လူထုတွေဟာ ဆင်းရဲဒုက္ခမျိုးစုံ ခံနေရပါတယ် ။ ဒါကြောင့် အမြန်ဆုံး တိုက်ပွဲရပ် တန့် ပေးဖို့တောင်းဆိုတယ် ။ လူထုတွေ နေရပ်အမြန်ဆုံး ပြန်ခွင့်ပေးပါ လို့တောင်းဆို ပါတယ် ” ဟု  သျှမ်းလူမှုအသင်းအဖွဲ့ ၂၇ ဖွဲ့ကိုယ်စား ချင်းမိုင်မြို့ရှိကောင်စစ်ဝန်ရုံးများ သို့ အိပ်ဖွင့်ပေးစာသွားခဲ့သူ ယိင်းဟန်ဖှ က ပြောသည် ။


အလားတူပင် ကောင်စစ်ဝန်ရုံးများက အဆိုပါပေးစာများကိုလက်ခံခြင်းမရှိဘဲ စာတိုက်မှသာပို့ပေးရန် ပြောဆိုခဲ့သည်ဟုလည်း သိရသည် ။


မြန်မာအစိုးရသည် နေပြည်တော်၌ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် တတိုင်းပြည် လုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ချုပ်ဆိုစဉ်အတွင်း သျှမ်းပြည်နယ်နှင့် ကချင် ပြည် နယ်အတွင်းရှိ ကချင် ၊ ပလောင် ၊ ကိုးကန့်  နှင့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များအား အင်အားသုံး တိုက်ခိုက်နေပါသည် ။


သျှမ်းပြည်တောင်ပိုင်း ၂ မြို့အတွင်း လူဦးရေ တစ်သိန်းကျော် မဲပေးပိုင်ခွင့်ဆုံးရှုံး

Posted: 06 Nov 2015 07:51 AM PST

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် အတွင်း ဖြစ်ပွားနေသော တိုက်ပွဲကြောင့် တရား မျှတ သည့်ရွေးကောက်ပွဲ မဖြစ်နိုင်ဟုဆို ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပခွင့် ပယ်ဖျက် လိုက်သည့် မြို့  ၂ မြို့ တွင် မဲဆန္ဒရှင် ဦးရေ တသိန်းကျော်ရှိသည်ဟု သိရသည် ။

မိုင်းရှူးရောက် စစ်ဘေးရှောင်တချို့
လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ်အားလုံးပါဝင်သည့် မိုင်းရှူးမြို့ နှင့် ပတ္တမြားတောင်ပေါ်မြို့ ၊ မိုင်းစံမြို့ တို့တွင် လူဦးရေ ၅၀၃၆၅ ဦး ၊ ကျေးသီးမြို့နယ် တွင် မိုင်းနောင်မြို့အပါဝင် လူဦးရေ ၅၁၃၆၂ ဦး မဲပေးပိုင်ခွင့် ဆုံးရှုံးရသည်ဟု သိရသည် ။


“ ကျမတို့အဖွဲ့ဆိုလည်းကြိုးစားပြီးတော့ voter education လုပ်ထားတာတွေ အခု မဲမ ထည့်ရဘူးဆိုတော့ အလဟဿ ဖြစ်သွားတာပေါ့ ။ အရမ်းကြီးကို ဆုံးရှုံးပါတယ် ။ ကျမတို့ သွားရောက် တွေ့ဆုံရှင်းပြထားခဲ့တဲ့ဒေသတွေကလူထုတွေလည်း မဲထည့် တတ်ပြီ နားလည်ပြီဆိုတော့ မဲထည့်ဖို့အားခဲထားကြတာ ခုမဖြစ်ဘူးဆိုတော့ မကျေနပ်ချင်ကြဘူး ။ ဒီလိုဖြစ်မယ်လို့လဲမထင်ထားဘူး ။  အားလုံးက ဒီရွေးကောက်ပွဲကို မျှော်လင့်နေကြတာ ခုတော့ သဲထဲရေ သွန်သလိုပဲဖြစ်သွားပြီ ။  ------- ဖြစ်စေချင်တာကတော့ စစ်ပွဲတွေရပ်ပြီး စစ်ဘေးရှောင်ပြည်သူတွေ ကိုယ့်နေရပ်ကို  အေးအေးချမ်းချမ်းနဲ့ ပြန်နေနိုင်တဲ့ အခြေအနေရပြီး ရွေးကောက်ပွဲကို အများနည်း တူကျင်းပခွင့် ရစေချင်တယ် ” - ဟု ရွေးကောက်ပွဲ ပညာပေး ဆရာမ နန်းယိင်း ကပြောသည် ။


တန့်ယန်းမြို့နယ် အတွင်း ရွေးကောက်ပွဲကျင်းပခွင့်မရသည့် ကျေးရွာအုပ်စု ၈ စုတွင် လည်း လူဦးရေ သောင်းဂဏန်းအထိ ရှိကြောင်း ၂၀၁၄  သန်းခေါင်စာရင်းကောက် ယူချိန်တွင် ပါဝင်ကူညီ သည့် ဆရာ စိုင်းဘ ကပြောသည် ။


တိုက်ပွဲဖြစ်ပွားရာ ကျေးသီး ၊ မိုင်းရှူး ၊ တန့်ယန်း မြို့နယ်အတွင်း လွတ်လပ်၍ တရားမျှတ သည့် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်သည့်အတွက်အဆိုပါဒေသအားရွေးကောက် ပွဲ ကျင်းပမည့်နေ့ရက် ရွှေ့ဆိုင်းပေးပါရန် ကျားဖြူပါတီမှ အောက်တိုဘာ ၁၉ ရက်နေ့ ရက်စွဲ ဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ထံ တင်ပြတောင်းဆိုခဲ့ သည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်သည် မြန်မာအစိုးရနှင့် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးသည့်တပ်ဖွဲ့ဖြစ်သည် ။ သို့သော် အစိုးရ တပ် မတော်က သျှမ်းပြည်တပ်မတော် အား အောက်တိုဘာ ၆ ရက်နေ့မှ စ၍ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့သည့်အတွက် ဒုက္ခသည် ၆၀၀၀ ကျော်နေရပ်မှ စွန့်ခွါခဲ့ရသည် ။

သွေးချောင်းစီးနေသော ဟိုင်းပါရေတံခွန်ရှင်းတမ်း (၁) (ဆောင်းပါး)

Posted: 05 Nov 2015 11:13 PM PST

ဟိုင်းပါရေတံခွန်သည် သျှမ်းပြည်နယ် ၊ မိုင်းရှူးမြို့အနောက်တောင်ဖက် (၁၀) မိုင်ကျော်ကျော်အကွာတွင် တည်ရှိပြီး သဘာဝအတိုင်း အလွန်လှပသည့် ရေတံခွန်ဖြစ်ကြောင်း ရောက်ဖူးသူတိုင်း သိရှိကြပါသည် ။ သစ်တော မျိုးစုံဖြင့် တည်ငြိမ်အေးချမ်းလှပစွာ စီးဆင်းနေသော ရေတံခွန်သည် အခုတော့ ယမ်းနံ့ ၊ လက်နက်ကြီးသံတွေ ၊ သွေးချောင်းစီး ပြီး မွေနှောက်စွာစီးဆင်းနေလေပြီ ။ ဒီအဖြစ်အပျက်သည် ဟိုင်းပါဒေသခံတွေက အသိဆုံးဖြစ်သည် ။


သဘာဝအတိုင်းစီးဆင်းလှပနေသော ဟိုင်းပါရေတံခွန်ရှိရာဒေသတွင် (၆.၁၀.၂၀၁၅) ရက်နေ့ကစပြီး (၆.၁၁.၂၀၁၅) ရက်နေ့အထိ ဗမာ့တပ်မတော်ဖက်မှ တပ်ရင်းပေါင်း (၁၃) ရင်း စကခမှူး (၂) ဦး ၊ ဗျူဟာမှူး (၂) ဦး ဦးစီးကွပ်ကဲကာစစ်အင်အား (၁၄၀၀) ကျော်ဖြင့် ကစထ (၂) မှူး ဗိုလ်ချုပ်ကြီးရာပြည့်ကိုယ်တိုင်ဦးစီးကာ  သျှမ်းပြည်တပ်မတော် SSPP/SSA ကို လက်နက်ကြီးဖြင့် မီးကုန်ယမ်းကုန်သုံး ထိုးစစ်ဆင်တိုက်ပွဲဆင်နွဲခဲ့သည်မှာ တစ်လတိတိပြည့်သွားပါပြီ ။ တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ အိုးအိမ်လယ်ယာကျွဲနွားများ စွန့်ပစ်ပြီး စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေး တိမ်းရှောင်နေကြရသည် ။ ဒီနေရာဒီဒေသသည် တောင်သူလယ်သမားများ အေးအေးချမ်းချမ်းဖြင့် လယ်ယာ လုပ်ကိုင်စားသောက်နေသည့် နေရာဒေသ ဖြစ်ပါသည် ။ ဘာကြောင့် သွေးချောင်းစီးနေရသနည်းဟု မေးစရာရှိပါသည် ။


(၁၉.၁၀.၂၀၁၅) ရက်နေ့ တပ်မတော်ပိုင် မြဝတီသတင်းစာ ထုတ်ပြန်ချက်အရ အက်စ်အက်စ်အေ ဝမ်ဟိုင်း အဖွဲ့သည် ၂၀၁၂ ခုနှစ် ၊ ဇန္နဝါရီလ (၂၈) ရက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက် အတိုင်း ဝမ်ဟိုင်း ဌာနချုပ်တွင်သာ နေထိုင်ရန် သတ်မှတ်ချက်အတိုင်းမလုပ်ဘဲ ဌာနချုပ်နှင့် (၁၀) မိုင်ကျော်သို့ နယ်မြေကျော် အခိုင်အမာစခန်း ဆောက်လုပ်နေ၍ တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းရင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်အတွင်း အောက်တိုဘာလ (၁၆) ရက်နှင့် (၁၈) ရက်နေ့များတွင် မိုင်းနောင်အနီး ဝိန်းကောဝ် တပ်မတော် တပ်ရင်းဌာနချုပ်သို့ လာရောက်ပစ်ခတ်နှောင့်ယှက်မှုကြောင့် ဌာနချုပ်ရှိစစ်သည်နှင့် အိမ်ထောင်သည် ရဲမေများ ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း တပ်မတော်အနေဖြင့် ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်စည်း စိမ်များကို မထိခိုက်စေရေး ၊ နယ်မြေလုံခြုံရေး ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း အကြောင်းပြကာ လက်နက် ကြီးပစ်ကူဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည် - ဟုပါရှိပါသည် ။
တပ်မတော်သတင်းစာထုတ်ပြန်ချက်နှင့် ဆန့်ကျင်စွာ သျှမ်းပြည်တိုးတက်ရေးပါတီ ၊ သျှမ်းပြည်တပ်မတော် ဗဟို ဌာနချုပ်၏ ၂၀၁၅ခုနှစ် ၊ အောက်တိုဘာလ (၂၀) ရက်နေ့ ကလည်း ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည် ။


ထိုကြေငြာချက်တွင် - သျှမ်းပြည်တိုးတက်ရေးပါတီ ၊ သျှမ်းပြည် တပ်မတော် SSPP/SSA သည် သျှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ၊ ကျေးသီးမြို့နယ် ၊ မိုင်းနောင်မြို့နယ် ၊ မိုင်းစန်မြို့နယ် ၊ ကာလိမြို့နယ် ၊ ကွန်ဟိန်းမြို့နယ် ၊ နမ့်စန်မြို့ နယ် ၊ ခိုလမ်မြို့နယ် ၊ ပင်လုံမြို့နယ် ၊ လဲချားမြို့နယ် ၊ မိုင်းကိုင်မြို့နယ် ၊ တန့်ယန်းမြို့နယ် ၊ မိုင်းကောင်မြို့နယ် ၊ မိုင်း ရယ်မြို့နယ် ၊ လားရှိုး မြို့နယ် ၊ သိန္နီမြို့နယ် ၊ ကွတ်ခိုင်မြို့နယ် ၊ ပန်ဆိုင်းမြို့ နယ် ၊ မူဆယ်မြို့နယ် ၊ နမ့်ခမ်းမြို့နယ် ၊ မိုးမိတ်မြို့နယ် ၊ မဘိမ်းမြို့ နယ် ၊ မိုးကုတ်မြို့နယ် ၊ နောင်ချိုမြို့နယ် ၊ ပြင်ဦးလွင် မြို့နယ် ၊ ကျောက်မဲမြို့နယ် ၊ နမ့်ဆန် မြို့နယ် ၊ သီပေါမြို့နယ် ၊ နမ့်လန်မြို့နယ်နှင့် နမ္မတူမြို့နယ်စသည့်မြို့နယ် အသီး သီးတို့တွင် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး ၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် သွားနိုင်ရေး တို့အတွက် နှစ်ပေါင်း ဆယ်ချီ လှုပ်ရှား တိုက်ပွဲဝင်ခဲ့သော အဖွဲ့အစည်းဖြစ်သည် ။  ထို့ကြောင့် ၂၀၁၂ ခုနှစ် ၊ ဇန္နဝါရီလ (၂၈) ရက်နေ့တွင် နိုင်ငံတော် အစိုးရနှင့် ပြည်နယ်အဆင့် ပဏာမသဘောတူညီချက် Bilateral Agreement အပိုဒ် (ခ) တွင် - သျှမ်းပြည်တိုးတက်ရေးပါတီ ၊ သျှမ်းပြည်တပ်မတော် တပ်ဖွဲ့များကို ဝမ်ဟိုင်းတွင်အခြေပြု၍ လက်ရှိ ဖြန့်ခွဲထားသော နေရာများတွင် ယာယီ အခြေပြုနေထိုင်ရန် သဘောတူသည် ဟုပါရှိပါသည် ။ ဝမ်ဟိုင်းဌာနချုပ်၌သာအခြေပြုနေထိုင် ရန် သဘောတူညီချက် လုံးဝ မပါရှိကြောင်း ၊ ၂၀၁၂ခုနှစ် ၊ ဇန္နဝါရီလ (၂၈) ရက်နေ့တွင် နိုင်ငံတော် အစိုးရနှင့် ပြည်နယ် အဆင့် ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသဘော တူညီ ချက် Bilateral Agreement လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် SSPP/SSA တပ်ဖွဲ့များမှတပ်မတော်တပ်ရင်းတပ်ဖွဲ့များအား စတင် တိုက်ခိုက်ခြင်းမပြုရန် ဗဟိုကော် မတီက အမိန့်ထုတ်ပြန် တားမြစ်ခဲ့ပြီး တပ်မှူးတပ်သားများအားလုံးလိုက်နာကြရန်လည်း အထူးကြပ်မတ် ခဲ့ပါသည် ။


SSPP/SSA တပ်ဖွဲ့များမှ တပ်မတော်အား စတင်ပစ်ခတ် တိုက်ခိုက်မှု တစ်ကြိမ်မှ မရှိဘဲ တပ်မတော်ဖက်ကသာ မိမိ SSPP/SSA တပ်ဖွဲ့များအား လိုက်လံတိုက်ခိုက်ခဲ့သည်မှာ အကြိမ်ပေါင်း (၅၀၀) ကျော်ရှိခဲ့ပါသည် ။ ထို့ကြောင့်ကျေးသီး မြို့ နယ် မိုင်းနောင်အနီး ဝိန်းကောင်ကျေးရွာရှိ တပ်မတော်တပ်ရင်းဌာနချုပ်သို့ ဝင်ရောက်နှောင့်ယှက် ပစ်ခတ်မှုသည် မိမိ SSPP/SSA တပ်ဖွဲ့ နှင့် မသက်ဆိုင်ကြောင်း ပြန်လည်ရှင်းလင်း အပ်ပါသည် ။


အက်စ်အက်စ်အေအနေဖြင့် အမှန်တကယ်ပဲ နယ်မြေကျူး ကျော် တပ်စခန်းအခိုင်အမာ ဆောက်နေခြင်း လော ။


အက်စ်အက်စ်အေ သည် ၁၉၆၄ခုနှစ် အေပီလ (၂၄) ရက်နေ့၌ ပြည်ထောင်စု မြန်မာနိုင်ငံ ၏ ပထမဦးဆုံး သော ၊ အထိန်းသိမ်းခံရသော သမ္မတကြီး စဝ်ရွှေသိုက် ၏ မဟာဒေဝီ စဝ်နန်းဟိန်းခမ်းဦးဆောင်ပြီး ထိုင်း - မြန်မာ နယ်စပ်တွင် သျှမ်းတော်လှန်ရေး အဖွဲ့များဖြစ်ကြသော နွံဆစ်ဟန်အဖွဲ့ ၊ သျှမ်းပြည် လွတ်လပ်ရေးတပ်မတော် (SSIA) အဖွဲ့နှင့် ကိုးကန့်အဖွဲ့တို့ကို စုစည်း ကာ သျှမ်းပြည်တပ်မတော် (SSA) အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၁၉၆၄ မှ ၂၀၁၅ ခုနှစ် အထိ နှစ်ပေါင်း (၅၀) ကျော်ပြီး ထိုင်းမြန်မာနယ်စပ်မှ တရုတ်မြန်မာနယ်စပ်အထိ ဖြန့်ကျက်လှုပ်ရှားနေထိုင်ခဲ့ ကြောင်း ဦးနေဝင်းကအစ ၊ ဦးသန်းရွှေအလယ် ၊ ဦးသိန်းစိန်အဆုံး သိရှိကြပါသည် ။ အထောက်အထားများ လည်းရှိပါသည် ။



နယ်မြေကျူးကျော်အကြောင်းပြ၍ တိုက်ပွဲဖြစ်ရမည်ဆိုလျှင် တိုက်ပွဲက ဘာကြောင့် သျှမ်းပြည်နယ်ထဲ လာဖြစ်ရ သနည်း ဟု ဒေသခံများက စောဒကတက်ကြသည် ။ ဤသို့ဆိုလျှင် SSPP/SSA က နယ်မြေကျူးကျော်ဟု စွပ်စွဲကာ ထိုးစစ်ဆင်ခြင်းသည် လုံလောက်သော အကြောင်းပြချက် မဟုတ်ကြောင်း သိသာထင်ရှား လှပါသည် ။


အနီးစပ်ဆုံးသာဓကပြရပါက နမ့်လန်ပြည်သူ့စစ်အဖွဲ့ဟု အဓမ္မအသွင်ပြောင်းခံရသည့် ကာလိတပ်မဟာ (၇) သည် SSPP/SSA တပ်ဖွဲ့ဟောင်းများဖြစ်ကြောင်း ထောက်ပြလိုပါသည် ။ ထို့ကြောင့် SSPP/SSA တပ်များအချင်းချင်း နယ်မြေချင်းဆက်စပ်တည်ရှိနေမှုသည် နယ်မြေကျူးကျော်သည်ဆိုသည်မှာ အဓိပ္ပါယ်မဲ့ပါသည် ။ ၁၉၉၂-၉၃ ခုနှစ် တွင် ခွန်ဆာဦးဆောင်သော (MTA) ဟိုင်းပါကွင် အတွင်းသို့ ထိုးစစ်ဆင်လာသည့်အချိန်တွင် သျှမ်းပြည်တပ်မတော် တပ်မှူးများနှင့် ဗမာ့တပ်မတော်တပ်မှူးများနှင့်အတူ တကွပူးတွဲလှုပ်ရှားလာခဲ့ဖူးသည်ကိုလည်း ဗမာ့တပ်မတော် တပ်မှူးများ သတိပြုမိကြပေလိမ့်မည် ။ ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော ဝန်ကြီး ဦးခင်မောင်စိုးသည်လည်း သျှမ်းပြည်တိုးတက်ရေးပါတီ ၊ သျှမ်းပြည်တပ်မတော်ဥက္ကဌ စဝ်ပန်ဖနှင့် လက်ရှိ တိုက်ပွဲဖြစ်နေသည့်ဒေသအတွင်း အတူအိပ်အတူစားခဲ့ကြရပြီး အလွန်ခင်မင်ရင်းနှီးကြကြောင်းသိရှိရပါသည် ။ ဤသို့ဆိုလျှင် SSA သည် နယ်မြေကျော်လွန်သည်ဟု ပြောကြပါဦးမည်လား ။



သျှမ်းပြည်တပ်မတော်က တပ်မတော်စခန်းကို တကယ်ပဲသွားတိုက်နေသလား ။ မဟုတ်မှန်ကြောင်း သျှမ်းပြည် တိုးတက်ရေးပါတီ ၊ သျှမ်းပြည်တပ်မတော်ဗဟိုဌာနချုပ်အနေဖြင့် ထုတ်ပြန်ခဲ့ရှင်းလင်းခဲ့ပြီးဖြစ်သည် ။ လက်တွေ့ကျကျ စဉ်းစား ကြည့်မည်ဆိုလျှင် ထောင်ချီသော တပ်မတော်ထိုးစစ်ကိုလည်းခုခံရ ၊ ဌာနချုပ်ကိုလည်းလုံခြုံရေးဆောင် ရွက်နေသည့် SSA အနေဖြင့် လုံလောက်သောအင်အားရှိနိုင်မည်လားဟု တွေးကြည့်လျှင် မြင်နိုင်ပါသည် ။ SSA က တပ်စခန်းကို သွားတိုက်ခိုက်သည့်သတင်း တစ်ခါမှ မကြားဖူးပါဘူး ။ SSPP/SSA ဝမ်ဟိုင်းဌာနချုပ်ကို တပ်မတော် စခန်းက လက်နက်ကြီးဖြင့်ပစ်ချသည့်သတင်းကိုတော့ နားမဆန့်အောင်ကြားနေရပါသည် ။ အရပ်သားများ၏အိုးအိမ် ထိမှန်သည့် ဓါတ်ပုံတွေလည်း ဖြန့်ကျက်နေပါသည် ။


တစ်ချိန်တည်းတွင် SSA သည် တပ်စခန်းအခိုင်အမာဆောက်နေသလော။ ဝါဒဖြန့်မှုတစ်ခုသာဖြစ်ကြောင်း အောက်ကပုံကိုကြည့်လျှင် သိရှိနိုင်ပါသည် ။ တပ်မတော်သားမြောက်များစွာ အသုံးချပြီး တပ်မတော်က သိမ်းထား သည့် သျှမ်းပြည်တပ်မတော်စခန်းပါ ။ ဒီပုံကိုကြည့်ပြီး အခိုင်အမာစခန်းဟု ပြောရဲသည့်လူရှိလျှင်လည်း ထားပါစေ တော့လေ ။


ဟိုင်းပါဒေသသည် မဟာဗျူဟာမြောက် အချက်အခြာကျသော နေရာလည်းမဟုတ်ပါ ၊ တောတောင်ဂျောင် ပိတ်သော Land Lock နေရာလေးပါ ။ ဒါမှမဟုတ်လျှင် တပ်မတော်ပိုင်မြဝတီသတင်းထုတ်ပြန်ထားသလို ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို တပ်မတော်မှ အသက်ပေးကာကွယ်နေခြင်းလား ။ မဟုတ်တန်ပါ ။ အဘယ် ကြောင့်ဆိုသော် တပ်မတော်မှ လက်နက်ကြီးရာချီသုံးပြီး ပစ်ချင်သလိုပစ်၊ ကျချင်သလိုကျ No Man Land ထိုးစစ် ဆင် တိုက်ခိုက်မှုများကြောင့် ဒေသခံတွေက အိုးအိမ်လယ်ယာကျွဲနွားများစွန့်ပစ်ကာ ရွာလုံးကျွတ် စစ်ဘေးဒုက္ခသည် အဖြစ် သုံးလေးထောင်ကျော်ရှိနေပါပြီ ။ လူသူမဲ့ရွာတွေထဲမှာ ဘာတွေဖြစ်နေသလဲ ဘယ်သူခန့်မှန်းနိုင်မလဲ ။ ပွင့်လင်း ရာသီ မှာရိတ်သိမ်းရမည့် ကောက်ပဲသီးနှံကို မရိတ်သိမ်းလိုက်ရဘဲ ဒေသခံထောင်ချီတွေအတွက် စားနပ်ရိက္ခာတစ်နှစ်စာ ဆုံးရှုံးရသည် ။


ဒီလူတွေအတွက် ဘယ်သူက တာဝန်ရှိလဲ ။ ဘယ်သူက တာဝန်ယူပေးမည်လဲ ။ မရှိပါ ။ မြန်မာနိုင်ငံသား မဟုတ်သည့် အတိုင်း လျစ်လျူရှုခြင်းခံနေရတာပါ ။ တပ်မတော်တပ်စခန်းသို့ ပစ်ခတ်မှုကိုရေးကြီးခွင်ကျယ် အကြောင်းပြပြီး ဒေသခံရွာသားတွေကိုတော့ အကာအကွယ်မဲ့ စော်ကားချင်သလိုစော်ကားနေခြင်းသည် ဥပဒေမဲ့ လုပ်ရပ်မဟုတ်ဘူးလား ၊ လူသားချင်းစာနာသည့်စိတ်ကောရှိရဲ့လားဟုတောင် မေးခွန်းထုတ်ချင်ပါသည် ။ ထောင်ချီ သော စစ်ဘေးဒုက္ခသည်တွေကို ဘယ်အစိုးရနှင့် ဗမာလူမျိုးအများစုက လျစ်လျူရှုနေကြပါသည် ။


တခြားအရပ်ဒေသတွေမှာ အပြုံးကိုယ်စီနဲ့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးနေချိန်မှာ ဟိုင်းပါဒေသခံတွေကတော့ ရွာမဲ့အိမ်မဲ့ခိုကိုးရာမဲ့ပြီး ဆင်းရဲဒုက္ခကို ကောင်းကောင်းကြီးငုံ့ခံနေရပါတယ် ။ မဲပေးခွင့်မရှိတော့ပါဘူး ။ အကာအကွယ်မဲ့ စွာနဲ့ ခွဲခြားဆက်ဆံနေရပါတယ် ။ ရွေးကောက်ပွဲနဲ့အချိန်ကိုက်ထိုးစစ်ဆင်မှုကို အကြောင်းပြပြီး ကြိုတင်ဇာတ်တိုက် ထားသည့်အလား သျှမ်းနိုင်ငံရေးပါတီကြီးတစ်ခုက ထိုးစစ်ဆင်မှုရပ်ဆိုင်းရန် တောင်းဆိုမည့်အစား ရွေးကောက်ပွဲ ရပ်ဆိုင်းရန်သာ ရွေးကောက်ပွဲကော်မရှင်ထံ ဒေသခံကိုယ်စားတောင်းဆိုခဲ့သည် ။ စစ်ပွဲမဖြစ်သော တခြားဒေသ တွေကိုပါ အဆစ်တောင်းဆိုလိုက်သေးသည် ။ ယုတ်မာတဲ့ စိတ်ဓါတ်ကို ချီးကြူးမိပါသည် ။ ကိုယ့်သျှမ်းပြည်သူလူထုကို တခြားသောသူများ စော်ကားချင်သလိုစော်ကားနိုင်အောင် လုပ်နေသည့် လုပ်ရပ်မျိုးမဟုတ်ပါလား ။ ရွေးကောက်ပွဲ မလုပ်လေ စစ်တပ်ကြိုက်လေ ၊ ဒေသခံတွေစော်ကားခံရဖို့ကောင်းလေလေမဟုတ်ပါလား ။ ဒီဒဏ်တွေကို ခါးစည်းခံရ သည့် သျှမ်းပြည်သူလူထုက တော်တော်နဲ့မေ့နိုင်မှာမဟုတ်ပါဘူး ။ 


လက်ရှိဖြစ်ပွါးနေသည့် ထိုးစစ်တိုက်ပွဲရပ်ဆိုင်းရန် သျှမ်းပြည်တိုးတက်ရေးပါတီ ၊ သျှမ်းပြည်တပ်မတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဌ ဒေါက်တာစိုင်းမောက်ခမ်း ၊ ဒုတိယဥက္ကဌ ဦးအောင်မင်း ၊ ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ အဖွဲ့ဝင် ဦးခင်မောင်စိုးထံ အကြိမ်ကြိမ်ညှိနှိုင်းခဲ့သော်လည်း မည်သို့မျှ မတုန့်ပြန်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ ၊ သျှမ်းပြည်တပ်မတော် ပြန်ကြားရေးအသိုင်းဝိုင်းထံမှ သိရှိ ရသည် ။ မတရားသောထိုးစစ် ဆင်တိုက်ခိုက်မှုကို ခုခံနေရသော သျှမ်းပြည်တိုးတက်ရေးပါတီ ၊ သျှမ်းပြည်တပ်မတော် ၏ သဘောထားကြီးမှုကို ရိုသေ လေးစားသော်လည်း တစ်ဖက်သတ်အင်အားသုံးအနိုင်ကျင့်မှုကိုတော့ သျှမ်းပြည် သူလူထုနှင့် သျှမ်းစစ်သားများကိုယ်စား ရင်နာမိသည် ။


စစ်တပ်အချင်းချင်းတိုက်ပွဲဖြစ်သည်မှာ ထူးဆန်းမှုမဟုတ်ပေမယ့် အရပ်သားများ၏ အသက်အိုးအိမ်ကိုကာ ကွယ်ရမည့်အစား ပဓါနပင် မထားပဲ ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့် ထိုးစစ်ဆင်မှုမျိုးကတော့ ထူးဆန်းသည်ဟုပဲဆိုရပေမည်။ ထို့အတူ သျှမ်းပြည်တိုင်းရင်းသား တပ်အချင်းချင်းများဖြစ်ကြသော သျှမ်းပြည်သား ပြည်သူ့စစ်အဖွဲ့များ (အဖွဲ့အစည်းနာမည်များကို တမင်တကာ မဖော်ပြလို၍ ချန်ထားခဲ့သည် ။) ကို ရှေ့တန်းသို့ အတင်းထိုးစစ်ဆင်နေခြင်းမှာ ငါးကြင်းဆီဖြင့် ငါးကြင်းပြန်ကြော်သည့်နည်းလမ်းဟောင်းကို ကျင့်သုံးနေခြင်း သည်လည်း တိုင်းရင်းသားအချင်းချင်း သွေးခွဲလိုသည့်လုပ်ရပ်ဟု စာရေးသူအနေဖြင့် ရှုမြင်ပါသည် ။


ထို့အပြင် အကြောင်းမရှိအကြောင်းရှာကာ မိုင်းနောင်စကခ(၂) ဌာနချုပ် ၊ ဝိန်းကောင်စခန်း စသည့်နေရာများ တွင်လည်း တိုက်ပွဲအတုအကြိမ်ကြိမ်ဆင်နွဲကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် ညလုံးပေါက်ပရမ်းပတာ ပစ်ခတ် မှုကြောင့် အရပ်သားများ၏ အသက်အိုးအိမ်ပျက်စီးခဲ့ရပြီး ၊ ညစဉ်ညတိုင်း ဂယောင်ခြောက်ခြား တထိတ်တ လန့်ဖြစ် နေကြရသည် ။ အကယ်၍ တိုက်ပွဲအတုလုပ်ဆောင်ခြင်းမဟုတ်ဘဲ စစ်ရေးလေ့ကျင့်မှုသာဖြစ်မည်ဆိုလျှင် သျှမ်းပြည် အလယ်ပိုင်းသည် စစ်မီးတဟုန်းဟုန်းထပ်မံဆက်လက်တောက်လောင်ဦးမည်ဖြစ်ပြီး အပြစ်မဲ့သျှမ်းပြည်သူ လူထုများ ထပ်မံဒုက္ခရောက်ဦးမည်ကိုလည်း မြေကြီးလက်ခတ်မလွှဲဖြစ်နိုင်ပေသည် ။


ဗမာစစ်တပ်ခေါင်းဆောင်ကြီးများအနေဖြင့် အင်အားသုံးဖြေရှင်းခြင်းသည် အောင်မြင်နိုင်မည်ဟု ယုံကြည် သည့်စိတ် ကိန်းအောင်းနေသည့်သဘောရှိပါသည် ။ သို့သော် မိုးနဲ့မြေလိုပြောင်းပြန်အခြေအနေအဖြစ်သို့လည်းဖြစ် သွားနိုင်ပါသည် ။ သျှမ်းပြည်သားများလည်း မတရားမှုကို မျက်စိမှိတ်မထားကြောင်းသတိချပ်သင့်ပါသည် ။ စစ်ရေး နည်းဖြင့် တစ်ကုန်းပြီး တစ်ကုန်း သိမ်းနိုင်ပါသည် ။ သို့သော် အဖိနှိပ်ခံပြည်သူလူထုတွေရဲ့ အမုန်းတရားအာဃာတ ၊ ရွံရှာမုန်းတီး မှုက နှစ်လကြာရှည်ကြာ စစ်တပ်အပေါ်မှာ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း ၊ ထိုးစစ်ဆင်ခြင်း၏ ရည်ရွယ်ချက် သည်လည်း စစ်ပွဲပြီးလျှင် လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှားတွေ့မြင်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက် ရပါသည် ။

ကျောက်မဲခရိုင်ကျားခေါင်းပါတီ နောက်ဆုံးစည်းရုံးရေး ခွန်ထွန်းဦး ကိုယ်တိုင်တက်ရောက်

Posted: 05 Nov 2015 08:48 PM PST

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD နောက်ဆုံးမဲဆွယ် စည်းရုံးရေး အခမ်းအနားကို ပါတီဥက္ကဋ္ဌကြီး ခွန်ထွန်းဦး ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရှိရသည် ။


“ နောက်ဆုံးမဲဆွယ်စည်းရုံးရေး အခမ်းအနားကိုတော့ ကျားငါးကောင်ဆေးတိုက် ဝန်းထဲမှာ လုပ်တယ် ။ ဥက္ကဋ္ဌကြီး ခွန်ထွန်းဦး ၊ အတွင်းရေးမှူး စိုင်းနွတ် ၊ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်တို့ တက်ရောက်တယ် ။ နောက် ကျောက်မဲ ၊ နောင်ချို ၊ သီပေါ၊ နမ္မတူက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း ဖိတ်ထားတယ် ။ ၈၈ ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီးလည်း တက်ရောက်တယ် ။ ပြည်သူကတော့ ၃၀၀၀ လောက် တက်ရောက်ပါတယ် ”… ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းသန်းမောင် က ပြောသည် ။


နိုဝင်ဘာလ ၆ ရက် နံနက် ၈ နာရီက ပါဝင်သူလူထုက ကျားခေါင်းပါတီရုံးတွင် စုဝေးပြီး ကျောက်မဲမြို့အတွင်း ကားအစီးပေါင်း ၆၀ နှင့် ဆိုင်ကယ်တချို့ဖြင့် လှည့်လည်မည်ဖြစ်ကြောင်း ၊ နံနက် ၉ နာရီတွင် ဆင်ငါးကောင်ဆေး တိုက်ဝန်း ထဲတွင် အခမ်းအနားကျင်းပ ခဲ့ပါသည် ။


“ ကျောက်မဲမြို့ထဲက  သျှမ်းလူမျိုးအပြင် တခြားတိုင်းရင်းသားလူမျိုးတို့လည်း ကျားခေါင်းပါတီကို အားပေးပါတယ် ။ ခွပ်ဒေါင်း ပါတီလည်း ကျားခေါင်းပါတီကို ပြိုင်ဖက်လို့ သဘောမထားဘူး ။ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးတာလည်း မတွေ့ရ ဘူး။ ကျားခေါင်းပါတီကို ရှေ့တန်းတင်ကြပါတယ် ။ ဒါကြောင့် အောင်နိုင်မယ်လို့ ယုံကြည်ပါတယ် ”ဟု စိုင်းသန်းမောင် က ပြောပါသည် ။


အောက်တိုဘာလ ၂၀ ရက်နေ့ ကျောက်မဲမြို့နယ် တောင်နောက်ကျေးရွာတွင် လည်း ကျားခေါင်းပါတီက  ထိုသို့သော စည်းရုံးရေးမျိုး ပြုလုပ်ရာ ပြည်သူလူထု ၃၀၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ဆိုပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Nov 7, 2015, 4:10:44 PM11/7/15
to thuau...@gmail.com

ရလခ စစ်တိုင်းအခြေစိုက်မြို့တွင် ပေါက်ကွဲသံကြောင့် ရွေးကောက်ပွဲအကြိုည လုံခြုံရေးတိုး မြင့်

Posted: 07 Nov 2015 06:03 AM PST

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရလခ အခြေစိုက်ရာ သျှမ်းပြည်တောင်ပိုင်း နမ့်စန် မြို့နယ် ခိုလမ်မြို့ မြောက်ဘက် ၁၀ မိုင်ကျော် အကွာမှာ ယနေ့ ညနေ ၅ နာရီခွဲခန့်အချိန် ပေါက်ကွဲသံကြီး နှစ်ကြိမ်ထွက်ပေါ်လို့  ဒေသခံတွေေ ကြာက်ရွံ့နေကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ပြောပါတယ် ။


ခိုလမ်ဒေသခံများ ပြောပြချက်အရ ၎င်းတို့ ရပ်ကွက်အတွင်း စစ်ကား တစီး ရောက်လာပြီးမကြာမှီ  နမ့်စန်မြို့မှ ရဟတ် ယာဉ် ၂ စီလည်း ခိုလမ် မြို့ဖြတ်ကာ ခိုလမ်မြောက်ဘက် ဝမ့်ဇင်းဘက် ဦးတည် သွားတယ်လို့သိရပါ တယ် ။


အဲဒီနောက် ပေါက်ကွဲသံကြီးကြားရပြီး မကြာခင်မှာဘဲ စစ်သားတွေ တင် ဆောင် လာတဲ့ စစ်ယာဉ်တန်းဟာ မြို့အဝင်အထွက်တွေ မှာလုံခြုံရေး ဖြန့် ကျက်နေရာယူထားတယ်လို့ ဒေသခံ စိုင်းအိုက်မွန်း ပြောပါတယ် ။


ပေါက်ကွဲသံဟာ ခိုလမ်နဲ့ ၀မ့်ဇင်းကြားက  ပြင်သာ ဟိုမောင်း ဘက်မှာဖြစ် တယ် လို့လည်းဆိုပါတယ် ။


တိုက်ပွဲဝင်တင့်ကား နှစ်စီးလည်း လုံခြုံရေး စစ်ယာဉ်တန်း နှစ်စီးနဲ့အတူ ၀မ့်ဇင်းဘက်သို့ ဦးတည်သွားနေ တယ်လို့ဆိုပါတယ် ။


နိုဝင်ဘာ ရ ရက် ညဦးပိုင်း ခိုလမ်မြို့အခြေအနေကတော့ ရပ်ကွက်အကြီး အကဲတွေကနေ ရပ်ကွက်သူရပ်ကွက်သားတွေကို ညအပြင်မထွက် ဖို့တားမြစ် ထားတဲ့အတွက် အိမ်တွေ ဆိုင်ခန်းတွေစောစောစီးစီးတံခါးပိတ်ပြီး  တမြို့လုံး ဆိတ်ငြိမ်နေတယ်လို့ ဒေသခံတွေ ၊ နိုင်ငံရေးပါတီတွေကို ဆက်သွယ် မေးမြန်းချက် အရသိရှိရပါတယ် ။

မိုးနဲမြို့တွင် သေဆုံးသူများအမည် မဲပေးခွင့်ရှိသူများစာရင်းတွင်အများအပြားပါဝင်

Posted: 07 Nov 2015 05:38 AM PST

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် မဲပေးပိုင်ခွင့်ရှိသူများအမည်စာရင်းမှာ သေဆုံးသူတွေရဲ့ နာမည်များပါနေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ် နေသူများမှာမူ အမည်စာရင်း မပါဝင်ဘူးလို့ သိရပါတယ် ။


နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်နေသူများ ၊ အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက် အလုပ် လုပ်နေသူများရဲ့ နာမည်စာရင်းများပယ်ဖျက်ခံရပြီး သေဆုံးသူများအမည်စာရင်း ပါလာတာကို တွေ့ရတယ် ၊ ရပ်ကွက်တွင်းနေထိုင်သူတချို့ အမည်စာရင်းက မပါလာတဲ့သူများလည်းရှိတယ်လို့ ဆိုပါတယ် ။


ဒီနေ့ကြိုတင်မဲ လာထဲ့တဲ့သူတွေထဲမှာ (ဘာမှ မခွဲခြားတတ်တဲ့) ကျပ်မပြည့် တွေလည်း ပါတယ် ။ ကြိုတင်မဲတွေကို စာအိတ်ထဲထည့် ကော်နဲ့ကပ်ပြီးပိတ်ရတယ်လေ ။ အဲတာကိုလည်း  ပေးမပိတ် ဘူး ။ မဲပြန်ထုတ်ပြီးရေတွက်မယ့်အခါကျရင် မဲပြားကိုပါ ဖြဲမိမှာစိုးလို့တဲ့ ။ မဲပုံးကိုလည်း ချိတ်ပိတ် တာမရှိဘူး။ လက်နဲ့နှိုက်လို့ရတယ် - လို့ မိုးနဲမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းမွမ်းလိန်က ပြောပါတယ် ။


မိုးနဲမြို့နယ်တွင် ကျိုင်းတောင်းမြို့အပါအဝင် မဲရုံ ၂၇ ရုံရှိပါသည် ။ မဲရုံတရုံလျင် ကျားခေါင်းပါတီမှ ၂ ဦး သွားရောက်စောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည် ။ မိုးနဲမြို့နယ်တွင် ကျားဖြူပါတီ ၊ ကျားခေါင်းပါတီ ၊ အဲန်အယ်ဒီ ၊ ကြံ့ခိုင်ရေးပါတီ တို့ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရပါသည် ။

တောင်ကြီးမြို့နယ်ထဲမှာ ကြိုတင်မဲခေါက်ရိုးကျိုးနေ

Posted: 07 Nov 2015 05:28 AM PST

တောင်ကြီးမြို့နယ်   ဟိုပုံး ၊ ဆီဆိုင် ၊ ဆိုက်ခေါင် ၊ ဟဲဟိုး ၊ ဘော်ဆိုင်း ၊ ညောင်ရွှေ ၊ ရွှေညောင် ၊ တောင်လေးလုံး စတဲ့မြို့နယ်တွေမှာ ကြိုတင်မဲ စာအုပ်တွေ NLD တံဆိပ်နေရာတွေမှာ ခေါက်ရိုးကျိုးနေတာတွေ့ရ တယ်လို့ CSO စောင့်ကြည့်ရေး ချယ်ရီပုံရိပ်အဖွဲ့က ဒေါ်ချိုမြဦးကပြော ပါတယ် ။


ကျမတို့ မဲဆန္ဒရှင်ပညာပေးတွေလုပ်တုန်းက ခေါက်ကျိုးဖြစ်နေတာတွေ စွန်းထင်းနေတာတွေဟာ ပယ်မဲဖြစ်ကြောင်းလူထုတွေကို ပညာပေးလုပ်ထားတော့ အဲ့ဒီအတွက် စိုးရိမ်မိတယ် လို့ ၄င်းကပြောပါတယ် ။

နမ့်ခမ်းမှာ ကြိုတင်မဲ မှင်စို မှင်ပေါက်

Posted: 07 Nov 2015 05:19 AM PST

သျှမ်းပြည်မြောက်ပိုင်း  နမ့်ခမ်းမြို့က ကြိုတင်မဲပေးရာမှာ တံဆိပ်တုံးက မှင်ရည်များလို့ စာရွက်နောက်ကျောအထိ မင်စိုထွက်နေတာကြောင့် အဲတာလည်း ပယ်မဲဖြစ်မှာကိုစိုးရိမ် နေတယ် လို့ဒေသခံတွေက ပြောပါတယ် ။ 


“ မှင်ပေါက်တယ် ။ အဲတာ လဲပေးဖို့ မဲရုံမှူးဆီပြောတယ် ။ သူက ဘာမှမဖြစ်ဘူး အဲ့တိုင်းဘဲ ထည့်လိုက်ပါ ဆိုပြီးတော့ မလဲပေးဘူး ။ voter education တွေလာပြီးရှင်းပြတုန်းက အဲလို မျိုးမှင်စိုမှင်ပေါက်တာတို့ဆို မရဘူးလို့ပြောတယ်လေ ” - နမ့်ခမ်းမြို့က ကုန်သည် အေဟွမ် ကပြောပါတယ် ။


စွန်းထင်းပေကျံနေသောမဲကို ပယ်မဲအဖြစ် ကော်မရှင်က ထုတ်ပြန်ထားပါတယ် ။

သျှမ်း / တောင် မိုင်းကိုင် ကြိုတင်မဲ နာမည်အမှားအယွင်းများ

Posted: 07 Nov 2015 05:09 AM PST

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူများစာရင်းမှာ အမည် စာရင်း ပျောက်နေတာ အများအပြားရှိတယ်လို့ မိုင်းကိုင်မြို့နယ်က SNLD ပါတီဝင် စိုင်းပန်က ပြောပါတယ် ။


နိုဝင်ဘာ ရ ရက် ဒီကနေ့မှာအစိုးရ ၀န်ထမ်းတွေ ၊ မဲရုံတာဝန်ရှိသူတွေနဲ့ နိုင်ငံရေးပါတီဝင် တွေ ကြိုတင်မဲပေးကြတယ်လို့ ဆိုပါတယ် ။


အမည်စာရင်းရှာမတွေ့တာ ၊ ပျောက်နေတာအများကြီးဘဲ ။ တချို့ကလည်း အဖေ အမေ နာမည်မှားတာတွေရှိတယ် ။ မှတ်ပုံတင်နံပတ်တွေမှားတယ် ။ တချို့ဆိုရင် တအိမ်ထောင်မှာ ၁ ယောက် ၂ လောက်ဘဲ နာမည်စာရင်းပါလာတယ် ။ ၂၀% ကျော်ကျော် မဲစားရင်းမှာတယ် - လို့ပြောပါတယ် ။


ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း မိုင်းကိုင်မြို့မှာ မဲလာပေးတဲ့သူ အရေ အတွက် အနည်းဆုံးဖြစ်တယ်လို့  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ် ။


တနင်္ဂနွေနေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မိုင်းကိုင်မြို့နယ်ထဲမှာ  မဲရုံစုစုပေါင်း ၃၀ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူကတော့ ကျား ၂၁၄၄၂ ဦး မ ၂၄၁၆၄ ဦးရှိတယ်လို့ သိရပါတယ် ။

လင်းခေးကြိုတင်မဲ မဲရုံမှူးလက်မှတ်မပါ

Posted: 07 Nov 2015 02:29 AM PST

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်မှာ ယမန်နေ့က ကြိုတင်မဲပေးသူများမှာ မဲလက်မှတ်တွင် မဲရုံမှူးလက်မှတ်မပါရှိဘူးလို့ မဲပေးခဲ့ရသူတွေကပြောပါတယ် ။


ဒီမနက်မှာလည်း နက်ဖြန်မဲပြားနဲ့လဲဖို့ သက်သေခံလက်မှတ် တုံကင်တွေကို သက်ဆိုင်ရာ ရပ်ကွက်က ထုတ်မပေးတဲ့အတွက် ဒေသခံလူထုက တွေဝေခဲ့ရတယ်လို့ သိရပါတယ် ။


မဲပေးတဲ့နေ့မှာ ရုံစောင့်ဖို့အတွက် မနေ့က ကြိုတင်မဲသွားပေးခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် တောင်ရွာရပ်ကွက်သားလူငယ်တဦးက - ကျနော်တို့အဖွဲ့ကြိုတင်မဲပေးတာ မဲရုံ မှူးလက်မှတ် မပါလို့ ပြန်သွားတောင်းတယ် ။ မဲရုံမှူးက မဲရေတွက်တဲ့အချိန်မှ လက်မှတ်ထိုးပေးမယ် လို့ပြော တယ် ။ အိမ်ပြန်ရောက်မှ ကိုယ့်မဲက ပယ်မဲများဖြစ်သွားမလားဆိုပြီး စိတ်ပူနေတယ် - လို့ပြောဆို ပါတယ် ။


လင်းခေးမြို့နယ်မှာ စုစုပေါင်းမဲရုံ ၃၅ ရှိပြီး မဲပေးပိုင်ခွင့်ရှိသူဟာ ၄၀၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ် ။

သီပေါကကြိုတင်မဲပြား SNLD နဲ့ NLD အကွက်မှာ မှင်စွန်းနေ

Posted: 07 Nov 2015 01:28 AM PST

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှာတော့ မဲပြားတွေမှာ ကျားခေါင်းပါတီပုံနဲ့ NLD ပါတီတံဆိပ်ပါတဲ့အကွက်မှာ မှင်စွန်းနေတယ်လို့ SNLD ပါတီဝင်တွေကပြော ပါတယ် ။


ကြိုတင်မဲသွားပေးခဲ့တဲ့ SNLD ပါတီဝင်တွေကပြန်လည်ပြောပြချက်အရ  မဲပြားပေါ်က ကျားခေါင်း ပါတီရဲ့အကွက်မှာ မှင်ပြာ မှင်နက်အစက်အပြောက်တွေ ပါနေတာကို တာဝန်ရှိ သူတွေက လဲစရာ မဲပြားမရှိလို့ ဆိုပြီး လဲခွင့်မပေးဘဲ အရှိအတိုင်းမဲထည့် လိုက်ရတယ်လို့ဆိုပါတယ် ။ အရွက်တိုင်း တော့ မဖြစ် ပေမယ့် တော်တော်များများ ဖြစ်နေတယ်လို့ သိရပါတယ် ။
  

ခွပ်ဒေါင်းပါတီရဲ့ ကြယ်ကလည်း ပုံမှန်ဆိုရင်ကြယ် အဖြူရောင်ဖြစ်ရမှာကို မဲပြားထဲမှာ အဝါရောင်ဖြစ်နေတဲ့အတွက် ပယ်မဲဖြစ် မှာစိုးရိမ်နေကြပါတယ် ။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့မဲပြားတွေကို ပြန်လဲပေးဖို့ မဲဆန်ဒရှင် လူထုက ပြန်ပြောရဲရမယ် လို့ သီပေါမြို့ က တက်ကြွလှုပ်ရှားသူ လူငယ်ပါတယ် ။

   

ကျောက်မဲမြို့ ကြိုတင်မဲအချို့ မဲရုံမှူးလက်မှတ်မပါ

Posted: 07 Nov 2015 01:27 AM PST

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် နိုဝင်ဘာလ ၈ ရက် မဲရုံစောင့်မည့်သူများ ကျားခေါင်း ပါတီဝင်များ ယနေ့ ကြိုတင်မဲပေး ရာ မဲရုံမှူးလက်မှတ်မပါသဖြင့် ပယ်မဲဖြစ်မှာကို စိုးရိမ်နေကြ ပါတယ် ။


ကျားခေါင်းပါတီက မဲရုံစောင့်ဖို့   လူ ၂၃၀ ကျော်  ကြိုတင်မဲသွားပေးတော့ မဲပြားမှာ မဲရုံမှူး လက်မှတ်မရှိဘူး ။ မဲရုံတာဝန်ရှိတွေက ပြသနာမရှိဘူး လို့ပြောပေမယ့် စိတ်မချရဘူး ။ ပယ်မဲဖြစ်မှာကိုစိုးရိမ်နေတယ် ။ မဲတွေကို နည်းအမျိုးမျိုးနဲ့လိမ်နေတယ် ။  -  ကျောက်မဲမြို့မှ စိုင်းသန်းမောင်က ပြောပါတယ် ။


ဝမ့်နောင်ရွာကလွဲရင် မြို့ထဲမှာ မှတ်ပုံတင်ရှိရှိ မရှိရှိ သက်သေခံလက်မှတ် (တုံကင်ပြား) တွေ ထုတ်မပေးဘူး လို့ဆိုပါတယ် ။ မိုင်းတန်မှာတော့ မနေ့က ကြိုတင်မဲတွေကို အလယ်တန်း ကျောင်းသားတွေကို တံဆိပ် ထုပြီးထည့်ပေးခိုင်းတယ် လို့ စိုင်းသန်းမောင်က ပြောပါတယ် ။ 


ဒါ့အပြင် ပြန်လဲလှယ်ဖို့  မဲပြားအပိုလည်း မပေးလာဘူးလို့ သိရပါတယ် ။ 

ဒွက်ချာပါဒ တွေကို အာဏာပိုင်တွေက မဲထည့်ပေး

Posted: 07 Nov 2015 01:11 AM PST

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ သက်ကြီးရွယ်အိုတွေနဲ့ ဒွက်ချာပါဒတွေကို ကော်မရှင် အဖွဲ့က မဲထည့်ပေးနေတယ်လို့ သိရပါတယ် ။


“ မဲမထည့်နိုင်တဲ့ ကျပ်မပြည့် ဒွက်ချာပါဒ တွေအတွက်  အာဏာပိုင်တွေက ထည့်ပုံထည့် နည်းတွေ ပြောလည်းပြော ကြံ့ခိုင်ရေးပါတီအကွက်ဘေးမှာ တံဆိပ်တုံးထုပေးလိုက်တယ် ။   မဲပုံးမှာလည်း ချိတ် တံဆိပ်မထည့်ထားဘူး ။  အဲတာ စိတ်ပူရတယ်။ ပြန်ဖြည် ပြန်ချီနိုင် တယ်လေ ။ စိတ်မချ ရဘူး ။ ဒါက လားရှိုးမြို့တွင်း ရပ်ကွက် ၅ နဲ့ရပ်ကွက် ၆ မှာဖြစ်တာ ”  စိုင်းဝမ်းလျန်းခမ်းက ပြောပါတယ် ။


ဒါ့အပြင် သက်ကြီးရွယ်အိုတွေ သွားနိုင်လာနိုင်ပါရက်နဲ့ ကြိုတင်မဲထည့်ခိုင်းတယ်လို့ ဆိုပါတယ် ။


ရပ်ကွက် ၁၂ မှာ မဲပေးပိုင်ခွင့်ရှိသူ ၂၀၀၀၀ အနက် ကြိုတင်မဲပေးသူ  ၈၀၀ ကျော်ရှိပြီဖြစ် ကြောင်းသိရပါတယ် ။


ကြိုတင်မဲပေးဖို့ ကြိုတင်စာရင်းတင်ထားတဲ့ သူတွေမဟုတ်ဘူး ။ ကြိုတင်မဲထည့်အောင် ရပ်ကွက်အကြီးအကဲတွေက ရပ်ကွက်ထဲဆင်းပြီး  စည်းရုံး ဆော်ဩတယ် ။ နီးစပ်ရာ ဆွေမျိုးတွေကို ခေါ်လာပြီး ကြိုတင်မဲထည့်ခိုင်းတယ် - စိုင်းဝမ်းလျန်းခမ်းက ပြောပါတယ် ။
   

လားရှိုးပေါ် မဲပြား တထောင်ကျော်ပျောက်ဆုံး

Posted: 07 Nov 2015 01:10 AM PST

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရပ်ကွက် ၉ မှာ မဲပြားထုတ်ယူဖို့အတွက် သက်သေခံ လက်မှတ်တွေ ပျောက်ဆုံးနေတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလျန်းခမ်းကပြောပါတယ် ။


ပျောက်ဆုံးမှုဟာ အချပ်ရေ ၁၀၀၀ ရှိနေတယ်လို့သိရပါတယ် ။


ရပ်ကွက် ၉  မှာ မဲဆန္ဒရှင် ၁၀၀၀၀ ကျော်ရှိရာမှာ  တပ်မဲရုံတရုံမှာဘဲ  မဲပေးပိုင်ခွင့်ရှိသူ ၂၁၃၂ ဦးရှိတယ်လို့သိရပါတယ် ။

ရွေးကောက်ပွဲကာလ RCSS/SSA နာမည် အလွဲသုံးစားမပြုလုပ်ရန် RCSS သတိပေး

Posted: 06 Nov 2015 11:08 PM PST

ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီ တခုက ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA  နာမည်ဖြင့် မဲဆွယ်စည်းရုံးမှုသည် နာမည်အလွှဲသုံးစားမှုတခုဖြစ်ပြီး RCSS/SSA အနေဖြင့် မည်သည့် ပါတီဘက်ကိုမှ ဘက်လိုက်ရပ်တည်ခြင်း မရှိကြောင်း ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည် ။


ရွေးကောက်ပွဲ အောင်နိုင်ဖို့ အတွက် နိုင်ငံရေးပါတီတခုက - “ လူထုအတွက် စဝ်ယွက်စစ် မှာကြားချက် ” ဆိုသည့် ခေါင်းစဉ်ဖြင့် RCSS/SSA  နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်၏ နာ မည်အား အသုံးပြုထား ကြောင်း ၊ ထိုစာသည် RCSS/SSA ၏ သဘောထား မဟုတ် ကြောင်း ၊ မည်သည့် နိုင်ငံရေး ပါတီဘက်ကိုမှ RCSS/SSA ဘက်လိုက်ရပ်တည်ခြင်း မရှိကြောင်း ပြော သည် ။


“ စာကိုအရင်ကြည့်လိုက်ပါ ။  RCSS/SSA တရားဝင်ထုတ်ပြန်စာတွေဆိုရင် ကျနော်တို့ရဲ့ အမှတ်တံဆိပ် ၊ တံဆိပ်တုံး ပါမယ် ။  ဒါက အလွှဲသုံးစားမှု တခုပဲ ။ ကျနော်တို့ အဖွဲ့အစည်း နာမည် အလွှဲသုံးစားပြုနေတဲ့သူတွေကို အပြစ်ပေးဖို့ အဆင့်သုံး သတ်မှတ်ထားတယ် ” - ဟု ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည် ။


အခုလို နာမည်အလွဲသုံးစားပြီး  ရေးသားထုတ်ဝေတဲ့ဒီစာစောင်ဟာ ရွေးကောက်ပွဲရဲ့ Code if Conduct ကို ဆန့်ကျင်တာဘဲ ။ ဒါဟာ တရားမျှတမှုမရှိဘူး ။ ဘက်လိုက်တာဘဲ ။ ဒါတွေကို ဒု  ဗိုလ်ချုပ်ကြီးယွက်စစ်ပြောသည်ဖြစ်စေ ဒီစာဟာ ဒီတရက် ၂ ရက်အတွင်း  ပျံ့နေတော့ ဒါဟာရွေးကောက်ပွဲကို မျှတမှုမရှိအောင် လုပ်နေတာဘဲ ဖြစ်တယ်လို့ မြင်ပါတယ် ။ ဒါကို SNLD က လက်မခံနိုင်ပါဘူး ။ အပြင်းအထန်ရှုံ့ချပါတယ် ။ - ဟု  SNLD ပါတီပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်ကလည်း ပြောဆိုသည် ။


ပထမအချက် RCSS/SSA  နာမည်ကို သုံးကာ အကောင်းဖြစ်စေ ၊ အဆိုးဖြစ်စေ လုံးဝအသုံး မပြုရန် ၊ အသုံးပြုသူအား စစ်ဆေးတွေ့ရှိပါက ခေါ်ယူစစ်ဆေးသွားရန် ၊ ထင်ရှားပေါ် လွင် မှုရှိပါက ချမှတ်ထားသည့် RCSS/SSA  စည်းမျဉ်းစည်းကမ်းအရ အရေးယူ အပြစ်ပေး သွား မည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ ဗိုလ်မှူးကြီး စိုင်းလှ က ဆက်လက်ပြော ကြားသည် ။

သျှမ်းသံတော်ဆင့်

unread,
Nov 8, 2015, 4:08:55 PM11/8/15
to thuau...@gmail.com

သျှမ်းပြည်နယ်တဝှမ်းလုံး၌ SNLD နှင့် NLD အပြတ်အသတ် အနိုင်ရဖွယ်ရှိ

Posted: 08 Nov 2015 10:32 AM PST

နိုဝင်ဘာ ၈ ရက် ၂၀၁၅ ပြန်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံး၌ ကျင်းပသော ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ တွင် သျှမ်းပြည်နယ်၌ကျင်းပသည့် မြို့နယ် ၄၀ ကျော် အနက် အတိုက်အခံပါတီများဖြစ်သည့် ခွန်ထွန်းဦး ဦးဆောင်သည့် ကျားခေါင်းပါတီ SNLD နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD က အပြတ်အသတ် အနိုင်ရဖွယ်ရှိသည်ဟု သိရသည် ။


သျှမ်းပြည်မြောက်ပိုင်း မူစယ် ၊ သိန္နီ ၊ လားရှိုး ၊ မိုင်းရယ် ၊ နမ့်တူ ၊ သီပေါ ၊ ကျောက်မဲ ၊ သျှမ်းပြည်တောင်ပိုင်း တွင် မိုင်းကိုင် ၊ လဲချား ၊ နမ့်စန် ၊ ကွန်ဟိန်း ၊ မိုးနဲ ၊ လင်းခေးတို့တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်း ပါတီက အနိုင်ရဖွယ်ရှိကြောင်း တက်ကြွလှုပ်ရှားသူပါတီဝင် လူငယ်များက ပြောသည် ။


“သေခြာတာကတော့ မြောက်ပိုင်း ၅ မြို့နယ် ၊ တောင်ပိုင်း ၅ မြို့နယ် ပေါ့ ။ တခြားတော့ ကြိုတင်မဲ ကြောင့် စိုးရိမ်မှုတွေ ရှိနေသေးတယ် ။ တချို့ဆိုလဲ ဖုန်းခေါ်တာ လုံးဝ မရသေးတော့ ဘာမှ မပြောနိုင်သေးဘူး ” - ဟု ကျားခေါင်းပါတီ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က ပြောသည် ။


တောင်ကြီးခရိုင် မြို့နယ်အများအပြား ၊ တာချီလိတ်ခရိုင် မြို့နယ်အများအပြား ၊ ကျိုင်းတုံခရိုင်မြို့နယ် အများအပြား နှင့် မိုင်းဆတ်ခရိုင်မြို့နယ်အချို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရ ဖွယ်ရှိပြီး ၊ ထိုအထဲမှ မြို့နယ်တချို့က အစိုးရ ပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရဖွယ်ရှိနေပါသည် ။


“ကျနော့်မြို့မှာ မြို့တွင်းဆို သေခြာတယ် ။ ဒါပေမယ့် ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်ထဲတော့ မပြောတတ်ဘူး ။ ကြားထားတာတော့ NLD ကို ပဲ အားလုံးထည့်ပေးတယ်ပြောတယ် ” - ဟု ကျားခေါင်းပါတီ ၏ မိုင်းတုံမြို့ နယ် ပြည်နယ်လွှတ်တော် အမှတ် ၂  အမတ်လည်းဖြစ် ပြိုင်ပွဲဝင် အမတ်လောင်းလဲ ဖြစ်သည့် စိုင်းဝင်းမြတ်ဦး ကပြောသည် ။


သျှမ်းပြည်နယ်အတွင်းတွင် မြို့နယ် ၅၅ မြို့နယ် အနက် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ မြို့နယ် နှင့် မိုင်းလားမြို့နယ် ၊ လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ကျေးသီး ၊ မိုင်းရှူးမြို့နယ် တို့တွင် ရွေးကောက်ပွဲ ကျင်းပ ခွင့်မရခဲ့ပေ ။ ထို့အပြင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ မြို့နယ် ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ မြို့နယ် ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၃ မြို့နယ် နှင့် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၂ မြို့နယ်တို့တွင် ဒေသခံတိုင်းရင်း သား ပါတီများကသာ အားသာနေပါသည် ။

ပြည်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပနေချိန် မိုင်းနောင်မြို့၌ ရွာသားနှစ်ဦးအား မြန်မာ့တပ်မတော်ပစ်ခတ်

Posted: 08 Nov 2015 09:03 AM PST

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ မြောက်ဘက် ဝိန်းကောဝ် အခြေစိုက် တပ်ရင်းဌာနချုပ်တခုက လယ်တောရှင်းသည့် ကျေးလက်ရွာသားများအား သေနတ်ဖြင့်ပစ် ခတ်သောကြောင့် နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိသည်ဟု သိရသည် ။

ပစ်ခတ်ခံရသည့် ဒေါ်ပါတင့်နှင့် စိုင်းမွန်းပန်
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းကောင်မြို့နယ်ခွဲ ဝိန်းကောဝ် ကျေးရွာအုပ်စု ဟုန်းခမ်းရွာသား ၃၀ ခန့်က လယ်ဆင်းခွင့်ပေးပါရန် ဝိန်းကောဝ် အခြေချ သည့် တပ်ရင်းဌာနချုပ်အား ခွင့်တိုင်ကြောင်း၊ လယ်တောဆင်းပြီး  (ယနေ့  နိုဝင်ဘာ ၈ ရက် ၂၀၁၅ ခု ၊ ညနေ ၃:၄၀ နာရီ) ရွာပြန်ချိန် ရွာသားများ ပစ်ခတ်ခြင်းခံရသည် ။


“ ပစ်ခတ်ခံရတဲ့ ရွာသားအုပ်စု ထဲက နှစ်ဦးက ထိမှန်သွားတာ ။ (ဒေါ်) ပါတင့် ၅၅ နှစ် ၊ စိုင်းမွန်းပန် ၁၅ နှစ်က လည်ချောင်းမှာ ထိသွားတယ် ။ အဒေါ်ကြီးက အခု လွယ်လင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသနေတယ် ။ စိုင်းမွန်းပန်က ဒဏ်ရာပြင်းတယ် ။ တအားစိတ်ပူရတယ် ။ သတိကိုမရတော့ဘူး ” - ဟု မိုင်းနောင်ဒေသခံ ဦးစိုင်းရှဲန်န ကပြောသည် ။


တိုက်ပွဲကာလ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အား မြန်မာအစိုးရ တပ် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှု မရှိသေးသော်လည်း ယမန့်ညနေပိုင်းက ခိုလမ်မှ မိုင်းနောင် သို့ သံချပ်ကာကား ၄ စီး ၊ လုံခြုံရေးယူပေးသည့် စစ်ကား နှစ်စီး ထပ်ရောက်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားမည်ကို ဒေသခံများ အထူးစိုးရိမ်နေသည်ဟု ဒေသခံများက ပြောသည် ။


မိုင်းနောင်မြို့မြောက်ဘက် ဝိန်းကောဝ် ရှိ အစိုးရတပ် တပ်ရင်းဌာနချုပ် သည် အောက်တိုဘာ ၆ ရက်  သျှမ်းပြည်တပ်မတော်အား စတင် တိုက်ခိုက်သည့်နောက်ပိုင်း တိုက်ပွဲအတု အကြိမ်ကြိမ် ဆင်နွဲခဲ့သည် ။ ပစ်ခတ်သည့် လက်နက်ကြီးများလည်း ရွာသားများ၏နေအိမ် နှင့် ဘုန်းတော် ကြီးကျောင်းဝန်းအတွင်း ကျရောက်သောကြောင့် မိုင်းနောင်ဒေသခံ အများအပြား ထိပ်လန့်ကာ အခြားမြို့သို့ တိမ်းရှောင်ခိုလှုံမှုများကြောင်း ဒေသခံများပြောပြ ချက်အရသိရသည် ။


အောက်တိုဘာ ၆ ရက်  သျှမ်းပြည်တပ်မတော်အား စတင် တိုက်ခိုက်သည့်ချိန်မှ စ၍ ယနေ့ အထိ ကျေးသီး ၊ မိုင်းနောင် ၊ မိုင်းစံ နှင့် မိုင်းရှူးမြို့ နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည် ၆၀၀၀ ကျော် နေရပ်မှ တိမ်းရှောင်ရသည် ။

ပြည်ခိုင်ဖြိုးပါတီကို သာမဲထည့်ရန် ပြည်သူ့စစ်တပ်ဖွဲ့ညွှန်ကြား

Posted: 08 Nov 2015 02:28 AM PST

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် အခြေစိုက် နားရိုင်း ပြည်သူ့စစ်တပ်ဖွဲ့က ၎င်းထိန်းချုပ်ထားသည့် ကျေးရွာ ၉ ရွာအား ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုသာ မဲပေးရန် ညွှန်ကြားထားသည့် ဟုသိရသည် ။


နမ့်ဇန်မြို့နယ် နားရိုင်းပြည်သူ့စစ် ထိန်းချုပ်ထားသည့် ကန့်ခမ်း ၊ ဝမ့်မိုင် ၊ တွန့်မု န့်၊ ခိုင်းနား လေး ၊ ခိုင်းနားလုံ ၊ မတ်လန်းခမ်း ၊ ဟွေ့ဝွန် ကျေးရွာ အတွင်းနေ မဲဆန္ဒရှင် ၁၀၀၀ ကျော်အား ပြည်ထောင်စု ကြုံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုသာ မဲပေးရန် ပြည်သူ့စစ်ခေါင်းဆောင် ဦးကျိုးဆန်းက ညွှန်ကြား နိုဝင်ဘာ ၅ ရက်နေ့ ကတည်းက ညွှန်ကြားထားသည်ဟု ဒေသခံ အကြီးအကဲ ဦးစိုင်းနွန် က ပြောသည် ။


“ ရွာသားတွေက ကြောက်တယ်လေ။ ခြင်္သေ့ရုပ်နေရာဘဲ ထုရတာပေါ့ ။ တချို့ ပညာတတ် တွေတော့ မလုပ်ဘူး ။ သူတို့ကြိုက်တဲ့ဟာ သူတို့ မဲပေးတယ်ပြောတယ် ။ အများအားဖြင့် တော့ဒီမှာက ပြည်ခိုင်ဖြိုးဘဲ ။ အဖွဲ့အစည်းအတွက် ကောင်းကျိုးပေးတယ်ဆိုတော့ ခြင်္သေ့ပဲ ထဲ့ရတယ် ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


ကျားဖြူပါတီအမတ်လောင်း စိုင်းသန်းစိန် က - “ ကျနော်တို့ သိရတာက မတ်ကျိုင်း ၊ နားရိုင်း ၊ အက်စ်သုံးလုံး ၊ နမ့်ဟူး (မန်ပန်) ပြည်သူ့စစ်တွေက သူတို့ တပ်ထဲမှာဘဲ မဲပုံးထောင်တယ် ။ သူတို့က ပြည်ထောင်စုကြံ့ခိုင်ရေးကိုပဲ မပေးမနေရဘဲ ။ သူတို့ဒေသထဲက လူထုကိုလဲ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးခိုင်းတယ်လို့ကြားတယ် ။ ဒါပေမယ့် လူထုတော့ သူတို့ ကြိုက်တာ မဲပေးသွားတယ်လို့ သိရတယ် ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


နမ့်စန်မြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့များက မိမိတပ်တွင်း မဲရုံထောင်ကာ မဲပေးပိုင်ခွင့်ရှိ သော်လည်း SSA တပ်ထွက် ကာလိဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ကမူ မဲပေးပိုင်ခွင့် မရ ဟုသိရသည် ။


သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် တွင် မဲရုံပေါင်း ၁၀၀ ကျော် ၊ မဲပေးပိုင်ခွင့် ရှိသူ ၈၀၀၀၀ ကျော်ရှိသည် ။ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများက ကျားဖြူ ၊ ကျားခေါင်း ၊ ပြည်ခိုင်ဖြိုး နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့ ဖြစ်သည်ဟု သိရသည် ။


လားရှိုး မောက်တောင်းအုပ်စုမှာ ကျားခေါင်းပါတီမဲသာ

Posted: 08 Nov 2015 02:07 AM PST

လားရှိုးမြို့နယ် မောက်တောင်းအုပ်စုမှာ မဲရေတွက်ရာမှာ ကျားခေါင်းပါတီ SNLD က မဲအများဆုံးရရှိနေပါတယ် ။


“ မဲပေးခွင့်ရှိသူ ၉၀၇ ယောက်မှာ မဲပေးခဲ့ရသူ ၄၈၂ ယောက်ဘဲ ရှိတယ်။ ဒါပေမယ့် ကျနော် တို့ ကျားခေါင်းပါတီက မဲသာပါတယ် ။ အားလုံးသာ မဲပေးခွင့်ရခဲ့ရင်တော့ ကျနော်တို့ မဲဒီထက်ပိုရမှာ ” လို့  လားရှိုးအမျိုးသားလွှတ် တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ပြောပါတယ် ။


နေ့ခင်းပိုင်းတုန်းက မဲရုံကို မောက်တောင်းအုပ်စုကနေ ကားလမ်းဘေးက ဝမ့်ကုန်းပေါင်း  ကို အကြောင်းပြချက်မရှိဘဲ ပြောင်းရွှေ့လိုက်တာကြောင့် လိုက်မသွားနိုင်သူ လိုက်မသွားရဲ တဲ့သူ ဒေသခံတဝက်ကျော် မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရတယ်လို့ စိုင်းဝမ်းလျန်းခမ်းက ပြောပါတယ် ။


မောက်တောင်းအုပ်စုမှာ ညနေ ၄ နာရီအချိန်ကမဲများကိုရေတွက်ပြီးစီးပြီဖြစ်ရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်မှာ ကျားခေါင်း ပါတီ စိုင်းစိုးမြင့်က ၄၁၁ မဲ ၊ ကျားဖြူပါတီက ၂၀ ၊ ကိုးကန့်ပါတီက ၉ ၊ ဦးဒေါင်လွမ်း တသီးပုဂ္ဂလ ၁ ၊  ကြံ့ခိုင်ရေးက ၇ ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က  ၂ နဲ့ ပယ်မဲ  ၃၁ မဲ ရရှိတယ်လို့ စိုင်းဝမ်းလျန်းခမ်းက ပြောပါတယ် ။ 


အမျိုးသားလွှတ်တော်မှာကျတော့ ကျားခေါင်းပါတီက ၄၁၀ မဲ ၊ ကျားဖြူက ၂၁ မဲ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃ မဲ ၊ တသီးပုဂ္ဂလ ၁ မဲ ၊ ကြံ့ခိုင်ရေးက ၉ မဲနဲ့ ပျောက်မဲ ၁ မဲ ရရှိပါတယ် ။


ပြည်နယ်လွှတ်တော်က ကျားခေါင်းပါတီ  ၄၂၁ မဲ ၊ ကျားဖြူက ၂၀ မဲ ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၃ မဲ ၊ တသီးပုဂ္ဂလ ၁ မဲ ၊ ကြံ့ခိုင်ရေးက ၁၀ မဲနဲ့ ပယ်မဲ ၂၂ မဲ  ရှိပါတယ် ။


ဒါကြောင့်လက်ရှိ မောက်တောင်းအုပ်စုမှာ ကျားခေါင်းပါတီက အမှတ်အများဆုံး ရရှိနေ တယ်လို့သိရပါတယ် ။

ရွေးကောက်ပွဲအထူးအစီအစဉ် သျှမ်းပြည်မြောက်ပိုင်း တောင်ပိုင်းက မဲဆန္ဒရှင်များ၏ ရင်ဖွင့်သံ

Posted: 08 Nov 2015 12:07 AM PST

နောင်ချိုမြို့

နာမည်စာရင်းမပါလို့မဲမထည့်ရ


စိုင်းထွန်းအောင် ။    ။ နောင်ချိုမြို့နယ်ထဲမှာ ခုံးနမ့်ရွာ၊ တန်းခွယ့် (လမ်းဆုံ) ရွာ ၊ ဆေးထိုးရွာနဲ့ လွယ်ပန်းရွာ ၄ ရွာက လူ ၁၀၀ နီးပါးဟာ မဲမပေးလိုက်ရဘဲ ပြန်သွားရတယ်လို့ သိရပါတယ် ။ ခုံးနမ့်ရွာက တရွာလုံးနီးပါး လူဦးရေ ၄၀ ကျော်ဟာ မဲပေးခွင့်ရှိသူများစာရင်းမှာ နာမည်စာရင်းမပါ လို့ပြန် သွားရတယ် ။ ကျန်တဲ့ရွာသုံးရွာကတော့ ၁ ရွာကို လူ ၅ ယောက်ကနေ ၁၀ ယောက် အထိ ရှိတယ် ။ မဲမပေးရဘဲ ပြန်သွားရတဲ့သူတွေပေါ့ ။ သူတို့တွေမှာ မှတ်ပုံတင်တော့ရှိ တယ် ။ အမည်စာရင်းမပါလို့ ။


တန့်ယန်းမြို့

ကြံ့ခိုင်ရေးကိုသာတံဆိပ်တုံးရိုက်ဖို့ပြော


စိုင်းမောင်ပွင့် ။    ။ တန့်ယန်းမြို့နယ် ရပ်ကွက် ၁၀ မဲရုံတွင် မဲရုံစောင့် ကြံ့ခိုင်ရေးပါတီက မဲလာပေးသူကို ကြံ့ခိုင်ရေးပါတီ အကွက်တွင် တံဆိပ်တုံးနှိပ်ရန် ပြော ။ ကျားခေါင်းပါတီ မဲရုံတာဝန်ရှိပုဂ္ဂိုလ် က မလုပ်ဖို့သတိပေး ။  လက်ရှိတွင်အထူး စောင့်ကြည့်နေရ ။


လင်းခေးမြို့

ကျားခေါင်းကိုဘဲမဲပေးတယ်


နန်းပီး ။       ။ ကျမတို့မနက်စောစော ကတည်းက မဲသွားပေးလာတယ် ။ တိုးတော့တိုးဝှေ့ရတယ် ။ အရင် ရောက်တဲ့သူ မဲအရင်ထည့်ဘဲ ။ ကျမတို့ရွာက တော်တော်များများတော့ ကျားခေါင်း ပါတီ ထည့်လာတယ် ပြောတယ် ။ နိုင်ငံရေး ကောင်းလာမယ်လို့ ယုံကြည်ကြလို့ပါ ။ ကျားဖြူပါတီ ထည့် တဲ့လူလည်းရှိပါတယ် ။  


ကျားခေါင်းကိုယ်စားလှယ်က ကျနော့်ကိုမဆွဲဆောင်နိုင်ဘူး

စိုင်းစွမ်ဖှ ။      ။ လင်းခေးမှာတော့ ကျနော်ယုံကြည်ရတဲ့ ကိုယ်စားလှယ်တွေက ကျားဖြူမှာ ဆက်ရှိနေတယ် ။ ပြီးခဲ့တဲ့ ၄ ၅ နှစ်အတွင်းမှာလည်း သူတို့ တာဝန်ကျေခဲ့တယ် ။ လုံးစိုင်းအိုက်ပေါင်း ကောင်းတာမကောင်းတာ ခနထားလိုက်ပါ ။ ဒီကိုယ်စားလှယ်တွေကတော့ တကယ်အလုပ်လုပ်ပါတယ် ။ SNLD ရဲ့မူဝါဒတွေကိုလဲကြိုက်ပါတယ် ။ ဒါပေမယ့် လက်ရှိ SNLD ကိုယ် စားလှယ်တွေက ကျနော့ကို မဆွဲဆောင်နိုင်ဘူး ။ လင်းခေးမြို့နယ်အတွက် ပြောတာ နော် ။


နိုင်ငံရေးကေင်းမှ ဝမ်းစာရှာရလွယ်မယ်
စိုင်းလုံ ။    ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ထည့်ပေးတယ် ။ ကျားခေါင်းကိုလည်း ထည့်ပေးတယ် ။ နိုင်ငံရေးတိုးတက် ကောင်းမွန်လာအောင်ပေါ့ ။ နိုင်ငံရေးကောင်းမှ ဝမ်းစာရှာစားရလွယ်ကူမယ်လေ ။ အစောင့်အကြပ်တွေများတာကလွဲလို့ ကျနော်တို့ရပ်ကွက်မဲရုံမှာ အေးဆေးဘဲ ။


လင်းခေးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင် မှာကတော့ ကျားဖြူပါတီ ကျားခေါင်းပါတီ ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖြစ်ပါတယ် ။ မဲရုံ ၃၅ ရုံရှိပြီးတော့ မဲပေးပိုင်ခွင့်ရှိသူ ၄၀၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ် ။


မိုးနဲမြို့

မိုးနဲမှာ ကျားဖြူအားကောင်း


နန်းလီ ။    ။ ကျမကိုယ်တိုင်ကတော့ ကျမသဘောကျတဲ့ ပေါ်လစီလက်ကိုင်ထားတဲ့ ပါတီကို ကျမရွေး ချယ်မဲ ပေးခဲ့ပါတယ် ။ ကျားခေါင်းပါတီပါ ။ အချို့က ပါတီကိုမကြိုက်ပေမဲ့ အမတ်လောင်းက ကိုကြိုက်ကြတယ် ။ ကျားဖြူခေါင်းဆောင်မကြိုက်ပေမဲ့ မိုးနဲက ကျားဖြူအမတ်လောင်းက မိုးနဲအတွက်အများကြီး လုပ်ပေးခဲ့တယ် ။ ဒါကြောင့် သူ့အတွက်ပေးတယ်ပေါ့နော် ။ ကျားခေါင်း ပါတီက ကောင်းပေမဲ့ ကျားခေါင်းအမတ်လောင်း ဆိုတာက ခုမဲပေးခါနီးမှ ဘာမှမလုပ်ပေးဖူးပဲ ခုမှဘယ်ကနေထွက်လာမှန်းမသိလို့ မပေးဘူး ဒါမျိုးတွေ ရှိကြ တယ်ပေါ့နော် ။ မိုးနဲမှာ ပါတီကိုမကြည့်ပဲ အမတ်လောင်း ကိုကြည့်တဲ့သူတွေ တော်တော်များပါတယ် ။ မဲပေးတာကလဲ ဘေးကလူတွေ မေးကြည့်ပါတယ် ။ ကျားဖြူအားကောင်းပါတယ် မိုးနဲမှာ ။


ကြံ့ခိုင်ရေးကတော့ သူ့ဝန်ထမ်းတွေကလွဲရင် ဘယ်သူမှ မထည့်ကြပါဘူး ။ လူထုက တော့ NLD  SNLD  ကျားဖြူ  ကိုဘဲ မဲပေးကြပါတယ် ။


ထူးခြားတာတခုက မိုးနဲမှာ ပြည်သူ့လွတ်တော်မဲ NLD မပါဘူး ။ အမတ်လောင်း က မြန်မာမှတ်ပုံတင်ကိုင်ပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းဖြုတ် လိုက်တာပါ အဖိုးက ကုလားစပ်လို့  လို့ပြောပါတယ် ။ သူ့ကို Internet နဲ့စစ်တဲ့ application တစ်ခုမှာ  စစ်ပြီး အဲလိုထွက်လာလို့ ဆိုဘဲ ။


နမ့်စန်မြို့

နမ့်စန်မှာ လူထု  ၂ သောင်းကျော် မဲပေးခွင့်ဆုံးရှုံး

နမ့်စန်မြို့နယ် လွယ်ချိုရွာမှာ မဲပေးဖို့မနက်စောစောကတည်းက သွားစောင့်တဲ့ ရွာသားတွေကို မဲပြားဝေပေးမှု နှောင့်နှေးတာကြောင့်  ရွာသားတွေ မဲမထည့်ဘဲ ပြန်သွားကြတာရှိတယ်လို့ သိရပါတယ် ။


စိုင်းဆန်း ။      ။ မိုးမလင်းခင်ကတည်းကလာတာ ။ မြန်မြန်မဲထည့်ပြီး အိမ်ပြန် ကျွဲနွားကျောင်း လယ်ယာအလုပ် ပြန်လုပ်ရမယ်လေ ။ အဲတာကိုမိုးလင်း နေမြင့်တဲ့ချိန်အထိ မဲပြားမဝေပေးဘူး ။ စိတ်မရှည်တော့မဲမပေးဘဲ ပြန်လာတာ ။


စိုင်းကျော်ဝင်း ။    ။ ဟုတ်တယ် ကျနော်တို့လည်း ကြားရတယ် ။ ဝမ့်လွယ်ချိုရွာသားတွေ မဲမပေးဘဲ ပြန်သွားကြတာ အများကြီးဘဲ ။ ကျနော်တို့သွားပြောမယ်ဆိုရင်လည်း မမှီနိုင်တော့ဘူးလေ ။ မြို့နဲ့ဝေးတော့ ။ နမ့်စန်မှာ ခိုလမ်အပါအဝင်ပေါ့နော် မဲပေးပိုင်ခွင့်ဆုံးရှုံးသူ ၂၀၀၀၀ လောက်ရှိပါတယ် ။


နမ့်စန်မြို့မှာ မဲပေးခွင့်ရှိသူ ၈၀၀၀၀ ကျော်ရှိပါတယ် ။ မဲရုံစုစုပေါင်း ၁၀၀ ကျော်ရှိပါတယ် ။ အင်အားကြီးပါတီကြီး ၄ ခုအပြင် တစည ပါတီလည်း ယှဉ်ပြိုင်တယ်လို့ သိရပါတယ် ။

သျှမ်းတိုင်းရင်းသား လူနည်းစုနေရာ မဲဆန္ဒရှင်အချို့ မဲပေးပိုင်ခွင့်လှစ်ဟင်း

Posted: 07 Nov 2015 11:04 PM PST

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့ နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ် ဘက်တွင် သျှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးအတွက် မဲပေးမည့် မဲဆန္ဒရှင် အချို့ မဲပေးပိုင်ခွင့် မရှိဘူးဟုသိရသည် ။


မြစ်ကြီးနားခရိုင် ဝိုင်းမော်ဘက်တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ သျှမ်း တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း စိုင်းသိန်းမောင် ၊ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ဘက်တွင်ယှဉ်ပြိုင်သည့် ဒေါက်တာ စိုင်းနော်ခေး တို့အတွက် မဲပေးရန် ဆန္ဒရှင်များ အခွင့်အရေးဆုံးရှုံးနေ သည့်အတွက် ရွေး ကောက်ပွဲကော်မရှင်ထံ တိုင်တမ်းရန် ကိုယ်စားလှယ်လောင်းများအား ပြောကြားထား သည်ဟု ကျားခေါင်းပါတီ ပြောခွင့်ရ စိုင်းလိတ်က ပြောသည် ။


“ မိုးကုတ်မှာ သျှမ်းတိုင်းရင်းသားရေးရာအတွက်  မဲက ၆၀၀ ပဲ ပေးတယ်တဲ့ ။ နောက်ပြီး အမှတ်စဉ်ပြောတော့ နာမည်ပြောတဲ့ ၊ နာမည်ပြောပြန်တော့လဲ မရှိဘူးလို့ပြောတယ် ။ ဒါက တရားမျှတတဲ့ လုပ်ရပ်မဟုတ်ဘူး ။ ကိုယ်စားလှယ်လောင်း ဒေါက်တာစိုင်းနော်ကို ပြောလိုက်ပြီ အချိန်မှီ ဖြေရှင်းနိုင်ဖို့ ၊ နောက်ပြီး ဝိုင်းမော်ဘက်မှာလဲ တမျိုး ၊ ပြည်နယ် ပြည်သူ့ တွေ မဲပေးလို့ရတယ် ။ တိုင်းရင်းသားရေးရာတော့ မရတော့ဘူးကုန်ပြီ တဲ့ ၆ ယောက် မဲပေးလို့မရဘူး ။ တခြားမဲရုံတွေလဲ စမ်းစစ်သွားမယ် ” - ဟု စိုင်းလိတ်က ပြောသည် ။


တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် မန္တလေး တိုင်းဒေသကြီးတယောက် နှင့် ကချင်ပြည်နယ် တယောက်သာ ကျားခေါင်းပါတီ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည် ။

ပအမဖ စည်းရုံးရေးအဖွဲ့အား ပအိုဝ်းပြည်သူ့စစ်အဖွဲ့ ခြိမ်းခြောက်

Posted: 07 Nov 2015 10:52 PM PST

၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ စည်းရုံးရေးကာလ အတွင်း ပြည်ထောင် စုပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (ပအမဖ) ပါတီ စည်းရုံးမဲဆွယ်နေစဉ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပြည် သူ့စစ်အဖွဲ့မှ ခြိမ်း ခြောက်နှောက်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း နိုဝင်ဘာလ (၇) ရက်နေ့က ပအမဖ ပါတီ ရုံးတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပအမဖ ပါတီ ၏ဗဟိုကော်မတီဝင်များက ပြောကြား ခဲ့သည် ။


သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ၊  နောင်တရားမြို့တွင် (ပအမဖ) ပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအား PNA အသွင်ပြောင်းပြည်သူ့စစ် အဖွဲ့မှ ဗိုလ် လေး အဆင့်ရှိသူတစ်ဦးက  သေနတ်ပြ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း ပအမဖ ပါတီ ၏ဗဟိုကော်မတီဝင် ဦးခွန်စိုးမြင့် ကပြောသည် ။


“ PNA အသွင်ပြောင်းပြည်သူ့စစ်အဖွဲ့က ဗိုလ်လေးအဆင့်ရှိသူတစ်ဦးက ပစ္စတိုသေနတ်ထုတ်ပြီး အထက်ကညွန် ကြားချက်အရ လာပြောရတာ ။ ဒီနယ်မှာ (ပအမဖ) အနိုင်ရင် ငါလည်ပင်း အဖြတ်ခံရမှာ ။ ငါ့လည် ပင်း အဖြတ်ခံရမယ့်အတူတူ မင်းတို့လည်ပင်းကို ငါအရင်ဖြတ်ရလိမ့်မယ် လို့ ကျနော်တို့ ကိုယ်စားလှယ်လောင်း ကိုလာ ခြိမ်းခြောက် ပါတယ် ” ဟု ၄င်းကဆက်လက် ပြောကြားသည် ။


၎င်းတို့ပါတီ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲ ပြုလုပ်ရာတွင်လည်း PNO အဖွဲ့ ဥက္ကဌပိုင်းမှ လာရောက် ဟန့်တားမှုများ ပြုလုပ်လျှက်ရှိကြောင်း ၊ နိုဝင်ဘာလ (၆) ရက်နေ့က ဆီဆိုင်မြို့နယ်တွင် ၄င်းတို့ စည်းရုံး မဲဆွယ် နေစဉ် ပြည်သူ့စစ် ၂၅ ဦးခန့်မှ လက်နက်အပြည့်အစုံဖြင့် လာရောက်လုံခြုံရေး ယူနေကြောင်း ပအမဖ ဗဟို ကော်မတီများက ဆက်လက်ရှင်းပြသည် ။


ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဒီလို ပြည်သူ့စစ်တွေကို လက်နက် အပြည့်အစုံနဲ့ လုံခြုံရေးယူခိုင်းထား သလား ၊ ပြည်သူ့စစ်က ရွေးကောက်ပွဲ အခန်းကဏ္ဍမှာဘယ်လိုပုံစံနဲ့ ပါဝင်နေသလဲဆိုတာ ရွေးကောက်ပွဲ ကော်မရှင်ကို မေးခွန်းထုတ်လိုပါတယ် - ဟု ပအမဖပါတီ၏ ဆီဆိုင်မြို့နယ် ၊ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးခွန်သီဟစိုး ကပြောသည် ။


ပအမဖ ပါတီ၏ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်ထွန်းကလည်း ၄င်းတို့ မောင်းနှင်လာသောကားအား လိုင်စင်မဲ့ ဟု ယူဆရသောကားတစ်စီးမှ ပွတ်တိုက်မှုနှင့် တွေ့ရပြီးကျေး ရွာလူကြီးလက်မှတ်ဖြင့် ကျေးရွာနေလူထုအား မဲစာရိတ်ကောက်ခံမှုများ ပြုလုပ်နေကြောင်း ပြောကြားသည် ။


“ ပြည်သူတွေကကျနော်တို့ကို မဲလဲထည့်ရ ၊ မဲစာရိတ်လဲပေးရတယ် လို့ပြောလာတယ်တယ် ၊ ကျေးရွာ လူကြီးလက်မှတ်နဲ့ ဟိုပုံးမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ကောက်ခိုင်းတာလို့ပြောတယ် ၊ နောက်ပြီး မြို့နယ်ကော်မရှင် က သူတို့ကိုအကြောင်းမကြားပဲ ကျနော်တို့ပါတီ ဗီနိုင်းထောင်လို့ဆိုပြီး ဆိုင်းဘုတ် တွေပြန်ဖြုတ် ခိုင်းတယ် ကျနော်တို့က ပြည်နယ်ကော်မရှင်မှာ တရားဝင်လုပ်ပြီးသား ”  ဟု ၄င်းကဆို သည် ။


ပအမဖ ပါတီအနေနှင့် တောင်ကြီးမြို့နယ်နှင့် ကျောက်တစ်လုံးကြီး ကျေးရွာအထိ ပါတီဗီနိုင်း ၇  ခုသာ ထားရှိသော်လည်း အားလုံးနီးပါး ဖျက်ဆီးခံရ ကြောင်းဆက်လက် သိရသည် ။


ရွေးကောက်ပွဲနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ မဲရုံများတွင် ပြည်သူ့စစ်မှ လက်နက် အပြည့်ဖြင့်လုံခြုံရေး  အရေးယူနိုင်ကြောင်း ပအမဖ ပါတီ၏ဗဟိုကော်မတီဝင်များက သုံးသပ် ပြောကြားသည် ။


ပအမဖ ပါတီအနေဖြင့် လွှတ်တော် (၃) ရပ်လုံးအတွက် မြို့နယ် (၉) ခုတွင် လွှတ်တော်ကိုယ်စားလှယ် (၁၄ ) ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပအမဖ ပါတီအပြင် ကျားဖြူပါတီ ၊ ကျားခေါင်းပါတီ ၊ PNO ပါတီနှင့် NLD ပါတို့ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည် ဟုဆက်လက်သိရှိရပါသည် ။


နမ့်ခမ်းမြို့နယ် မဲရုံကိုယ်စားလှယ်များအား ပန်းဆေးပြည်သူ့စစ်အဖွဲ့က လက်နက်ဖြင့် ခြိမ်းခြောက် မောင်းထုတ်

Posted: 07 Nov 2015 10:24 PM PST

သျှမ်းမြောက် ၊ နမ့်ခမ်းမြို့နယ် ၊ ပန်းဆေးဒေသအတွင်းရှိ စံကားရွာ (မန့်စပ်ကျေးရွာအုပ်စု) ၌ SNDP မဲရုံကိုယ်စားလှယ်များအား ပန်းဆေးပြည်သူ့စစ်အဖွဲ့များက လက်နက်ဖြင့်ခြိမ်း ခြောက်ပြီး မောင်းထုတ်မှုဖြစ်ပေါ်ကြောင်း သျှမ်းသံတော်ဆင့် မှ သတင်းရရှိသည် ။


မဲရုံစောင့်ကြည့်ဖို့အ တွက် စံကား ကျေးရွာကို နိုဝင်ဘာလ (၇) ရက်နေ့ က သွားရောက်ခဲ့ပြီး ၄င်း ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ညအိပ် ခဲ့ကြောင်း ၊ ည (၁၀းဝဝ) နာရီအချိန် ၌ ၄င်းရွာ၏ အုပ်ချုပ်ရေးမှူး သားက အခြေအ နေမကောင်းကြောင်း လာရောက်သတိပေးပြောဆို ပြီး (၁၅) မိနစ်အကြာ သေနတ် ပစ်ဖေါက်ခြိမ်းခြောက်ခံရ ကြောင်း ၊ ပန်းဆေး ပြည်သူ့စစ်အဖွဲ့ ဝင်များက ဘုန်းကြီးကျောင်း တံခါး  မဖွင့်မချင်း တံခါးခေါက်ပြီး မဲရုံစောင့်ကြည့်ရေး ကိုယ်စားလှယ်များအား မောင်းထုတ် ကြောင်း SNDP ကျားဖြူပါတီ မဲရုံကိုယ်စားလှယ် စိုင်းမောင်နိုင်က ဆိုသည် ။


“ ပန်းဆေးပြည်သူ့စစ်အဖွဲ့များက စစ်လက်နက်အပြည့်အစုံနဲ့ ကျနော်တို့ ညအိပ်တဲ့ဘုန်းကြီး ကျောင်းကိုရောက်လာပြီး  ငါတို့ ရွာမှာ သူစိမ်း လက်မခံဘူး ၊ အခုကားနဲ့မြန်မြန်ထွက်သွား တော့လို့ မောင်းထုတ်ကြိမ်းမောင်းခံရတယ် ၊ အခု မနက်ပိုင်းနမ့်ခမ်းမှာပြန်ရောက်လာတော့ မြို့နယ်ကော်မရှင် ထံတိုင်ကြားထားတယ် ” ဟု ၄င်းက သျှမ်းသံတော် ဆင့် အားပြောသည် ။


ထို့အတူ ပန်းဆေးဒေသတစ်ခုလုံးရှိ မဲရုံထားရှိသော ရွာများတွင် ယခုသတင်းရေးသားနေ သည့် အချိန် နိုဝင်ဘာ လ (၈) ရက်နေ့ မနက် (၁၀းဝဝ) နာရီအချိန်အထိ တာကွန့်ကျေးရွာ ၊ ဆိုခရယ်ရွာ ၊ မန့်မိုင်ရွာနှင့်လွယ်လွမ် ကျေးရွာ အုပ်စု ၁၃မိုင်စုစည်းရွာ များတွင် မဲရုံကိုယ် စားလှယ်များအား ပန်းဆေးပြည်သူ့စစ် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လက်နက်ဖြင့်ခြိမ်း ခြောက်နေပြီး မဲပေးသည့်နေရာတွင် ၀င်ရောက် ကြည့်ရှုခွင့်မပြုကြောင်း နမ့်ခမ်းမြို့နယ် SNDP ကျားဖြူပါတီ တာဝန်ရှိသူတစ်ဦးက ဆိုသည် ။


ပန်းဆေးဒေသ၌ ၂၀၁၀ ရွေးကောက်ပွဲကာလတွင်လည်း အလားတူ ယခုလိုပြဿနာမျိုး လည်းဖြစ်ဖူး လာခဲ့ ကြောင်း ဒေသတွင်း မဲရုံစောင့်ကြည့်သူများထံမှ သိရသည် ။

ရွေးကောက်ပွဲ အထူးအစီအစဉ် ပင်လုံမြို့ မဲဆန္ဒရှင်များ၏ ရင်ဖွင့်သံ

Posted: 07 Nov 2015 08:32 PM PST

လုံးပန္တ

နံပတ်စဉ်အတိုင်းမသွားဘူး။ ဦးသူထည့်ဘဲ ။  ဟိုဟာထည့် ဒီဟာထည့်ပြောတဲ့လူတော့ မရှိဘူး ။ အေးဆေးပါဘဲ ။

ပင်လုံမြို့ ကျူရုံးရွာ မဲရုံ
နန်းနွန်း

သက်သေခံကတ်ပြားတောင် မထုတ်ပေးတော့ဘူး ။ စာရွက်သေးသေးလေးတခုမှာ နံပတ် ရေးပေးပြီး ပေး လာတယ် ။ ဒီနံပတ်ရှိရင်မဲထည့်လို့ရပြီတဲ့ ။ တချို့အိမ်တွေနံပတ်မရဘူး ။ တမိသားစုလုံးမရတာ လည်း ရှိတယ် ။ အဲ့ဆိုသူတို့လည်း မဲမပေးရတော့ဘူးလေ ။ ကျကျန်ခဲ့ တာအများကြီးရှိတယ် ။


ပါ့ခမ်းအိမ်

လူတအားတိုးတယ် ။ အမှတ်စဉ်အလိုက်လည်း မသွားဘူး ။ နံပတ်စဉ် ၂၀၀၀ ပြီးရင် ၁၀၀၀ ပြန်လာတာ လည်းရှိတယ် ။ စုပြုံပြီးတော့ အပေါက်မှာ တိုးနေတော့ ကျမတို့မတိုးနိုင်ဘူး လေ ။ ၃ တန်း စီပါဆို မစီကြဘူးလေ ။ မဲရုံတာဝန်ရှိသူတွေလည်း လူတွေကိုမနိုင်တော့ ဘူးလေ ။


စိုင်းဆု

မဲရုံအဖွဲ့က အထဲကနေပြီး ၃ တန်းစီပါ လို့ဘဲပြောနေတယ် ။ အပြင်မထွက်လာဘူးလေ ။ ထွက်လာပြီး စီစဉ်ပေးရမှာပေါ့ ။ မဲဆန်ဒရှင်က ၂၀၀၀ ကျော်တယ် ။ ခုနကတောင်မှ ၂၀၀၀ နဲ့အထက်ဝင်လာပါလို့အော် နေတယ် ။ အဲ့ဆို ၂၀၀၀ အောက်လူဆိုရင်ကော် ဘယ်လိုလုပ်မလဲ ။ ဘာသဘောလည်းပေါ့ ။ မနက်စောစော ကတည်းကရောက်နေတဲ့သူတွေ ခုထိစောင့်နေတုန်းလည်း ရှိတယ် ။ မဲဆန္ဒရှင်တွေကို မဲရုံ ၁ မှာမဲပေးရမယ်လို့ အစကတည်းက ကြေငြာထားပြီး တကယ်တမ်းမဲလာပေးမယ်လုပ်တော့ မဲရုံ ၂ မှာ တဲ့ ။ လူထုက ဟိုပြေး ဒီပြေးလုပ်နေရတယ် ။


နန်းစံနွန်း

၆ နာရီကတည်းက ရောက်တယ် ။ တနာရီကျော်ကြာ စောင့်ရတယ် ။ စည်းကမ်းမရှိကြဘူးလေ ။ တိုးဝှေ့နေကြတယ်လေ ။ ခုတော့မဲထည့်ပြီးပြီ ။ ကျားခေါင်းပါတီကို အနိုင်ရစေချင်ပါတယ် ။ နိုင်ငံရေးကောင်းမွန်အောင်လို့ပါ ။


စိုင်းဆေဟန်

ဟိုဆေ ကျားခေါင်း ကိုထည့်ပေးပါတယ် ။ ကျားခေါင်းက နိုင်ငံရေးတိုးတက်ကောင်းမွန်လာအောင် လုပ်ပေးမယ်လို့ယုံကြည်လို့ပါ ။

စိုင်းနော်ခမ်း

၆ နာရီ ၁၅ လောက်ကတည်းကရောက်တယ်။ ကိုယ့်ကိုယ်ကို မဲရုံ ၁ လား မဲရုံ ၂ လားမသိတဲ့လူတောင် ရှိတယ်။ သက်သေခံကပ်ပြား မပါတဲ့လူတွေ ထည့်လို့မရဘူး ။ ညနေပိုင်းမှ ပြန်လာဖို့ ပြောတယ် ။ ယုံကြည်မှုလား - ဘယ်လောက်ထိယုံကြည်ရလဲဆိုတာ ညနေအထိစောင့်ကြည့်ရဦးမယ် ။ ကျနော်လား ကျားခေါင်းထည့်ခဲ့တယ် ။


နန်းထွေးရင်


မဲရုံ ၁ မှာမဲသွားပေးရမယ်လို့ ကျမတို့ကို ပြောထားတာလေ ။ အဲဒီကိုသွားတော့ နာမည်မပါဘူးတဲ့ မဲရုံ ၂ မှာ တဲ့ ။  မဲရုံ ၂ ကိုဆက်သွားရတာပေါ့ ။ တချို့တွေဆို စိတ်မရှည်တော့ မဲမထည့်လိုက်ရဘဲ ဒီတိုင်းပြန်သွား တာလည်း ရှိတယ် ။ ကျမလား ကျားခေါင်းကို ဘဲမဲထည့်ပေး ခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ကျားခေါင်းရဲ့ ပေါ်လစီ မူဝါဒကိုကြည့်လို့ ။ ဒီမိုကရေစီစနစ်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုလိုချင်လို့ပါ ။ ၂၀၁၀ တုန်းကတော့ သျှမ်းပါတီဆို ကျားဖြူ ဘဲရှိတယ်လေ ။ အခုတော့ သျှမ်းပါတီ ၂ ခုရှိတယ်ဆိုပေမယ့် ကိုယ်ကြိုက်တဲ့တခုကို ရွေးလိုက်တာပေါ့နော် ။

သျှမ်းသံတော်ဆင့်

unread,
Nov 9, 2015, 4:28:52 PM11/9/15
to thuau...@gmail.com

USDP ကြိုတင်မဲ တသောင်းကျော်ကိစ္စ ရွေးကောက်ပွဲစည်းမျဉ်းအတိုင်း ဆောင်ရွက်ပေးရန် ယူအီးစီထံ SNLD နှင့် NLD တောင်းဆို

Posted: 08 Nov 2015 09:19 PM PST

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်၌ လွှတ်တော် သုံးရပ်အတွက် အတိုက်အခံပါတီက အားကောင်း သော်လည်း တပ်မှလာသော ကြံ့ခိုင်ရေးပါတီထောက်ခံသည့် ကြိုတင်မဲ တသောင်းကျော်ကြောင့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေပါသည့် အတိုင်းလုပ် ဆောင်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြတောင်းဆို လိုက်သည် ။


နိုဝင်ဘာ ၈ ရက် ပြည်ထောင်စု တဝှမ်းလုံးကျင်းပသည့်  ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ တွင်ပြိုင်ပွဲဝင် ရွေးကောက်ပွဲ ရလာဒ် အများစုမှာ လားရှိုးမြို့ သျှမ်းတိုင်းရင်းသား ဒီကရေစီအဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီက အမျိုးသားလွှတ်တော်တွင် ထောက်ခံမဲ ၂ ထောင်ကျော်သာနေပြီး ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အားလုံးထက်သာကြောင်း ရွေးကောက်ပွဲစောင့်ကြည့်သည့် ခေတ်ပညာတတ်လူငယ် များက ပြောသည် ။


“ အခုမကောက်မကျစ်ဘဲ ရလာတဲ့ရလဒ်အတိုင်း ရိုးရိုးသားသားသွားမယ်ဆိုရင် ဒီဒေသ တလွှားကတော့ ကျနော်တို့ ကျားခေါင်းပါတီက အနိုင်ရနေတယ် ။ အစက ကြံ့ခိုင်ရေး ကို ကျနော်တို့က မဲ ၁၀၀၀ သာနေတယ် ။ ခုကြိုတင်မဲ ထည့်တွက်လိုက်တာနဲ့ ကျနော်တို့ထက် ၂၀၀၀ သာနေတယ်လေ ။ နောက်ပြီး အမျိုးသား မှာလည်း အစက ကျနော်တို့က ၂၀၀၀ ကျော်သာတယ် ။ သူတို့ကြိုတင်မဲ ၃၇၀၀ ထပ်ဖြည့် လိုက်တော့ ကျနော်တို့ထက် ၂၀၀၀ ကျော်မဲသာသွားတယ် ။ နောက်ပြီး အမှတ် ၁ နယ်မှာက အစကတည်းက ကျနော်တို့က မဲ ၂၀၀၀ ကျော်သာနေတယ်လေ ။ ဒါမယ့် သူတို့ကြိုတင်မဲ ၁၀၀၀ ထပ်ဝင်လာတော့ ကျနော် တို့က ၁၀၀၀ ပိုနေသေးတယ် ။  နယ်လုံဝန်ကြီး ဦးအောင်သူ ဝင်ပြိုင်တဲ့နေရာမှာ ကျနော်တို့ ဘက်က ၂၀၀၀ ကျော်မဲသာနေသေးပေမယ့်  သူတို့ဘက်က ကြိုတင်မဲ ၂၉၀၀ ထပ်ဖြည့် တော့ ခုထိကျနော်တို့ သေချာတော့မပြောနိုင်သေးဘူး ။ ခုမြို့ ထဲမှာတော့ ကြံ့ခိုင်ရေးက ကြိုတင်မဲကိုင်ပြီး နံပတ် ၁ ပြေးနေတယ်။ ကျနော်တို့ SNLD က နံပတ် ၂ နဲ့   NLD နံပတ် ၃ ပြေးနေတယ် ။” - စိုင်းဝမ်းလှိုင်းခမ်းက ပြောသည် ။


သို့သော် ညသန်းခေါင်ချိန် တပ်နယ် မဲဆန္ဒနယ်များမှ ရောက်ရှိလာသည့် ကြိုတင်မဲ ၁၁၈၁၅ က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အား ၎င်းတို့၏ ကိုယ်စားလှယ်လောင်း ၄ နေရာ အတွက်ဖြည့်ဆည်းလိုက်သောကြောင့် တခြားပါတီထက် ထောက်ခံမဲ  ၂ ထောင် ကျော် သာသွား ရခြင်းဖြစ်သည် ။


လားရှိုးမြို့တွင် အာဏာရအစိုးရ၏ အထင်ကရပုဂ္ဂိုလ်များဖြစ်သည့် ဒုတိယ သမ္မတဒေါက် စိုင်းမောက်ခမ်းက ပြည်သူ့လွှတ်တော် ၊ ပြည်နယ်လွှတ်တော် တွင် သျှမ်းပြည်နယ် နယ်စပ်ရေးရာလုံခြုံရေး ဝန်ကြီး တပ်ထွက် ဗိုလ်မှူးကြီးအောင်သူ ၊ အမျိုးသားလွှတ်တော် တွင် ဒေါက်တာနန်းကိန်ဖေါင်းတစ် တို့ပါဝင်ယှဉ်ပြိုင်သည် ။


သျှမ်းသံတော်ဆင့်

unread,
Nov 10, 2015, 4:06:22 PM11/10/15
to thuau...@gmail.com

အစိုးရ စစ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှု SSPP/SSA ဌာနချုပ် မြို့လယ်ဘုန်းကြီးကျောင်း ထိမှန်

Posted: 10 Nov 2015 03:07 AM PST

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်းမြို့သစ်ရှိ သျှမ်းပြည်တပ်မတော် SSPP/ SSA ဌာနချုပ်အား ယနေ့နံနက်ပိုင်းက အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ မြို့လယ်ဘုန်းကြီးကျောင်း အများအပြားထိမှန် ပျက်စီးသွားသည်ဟု သိရသည် ။


နိုဝင်ဘာ ၁၀ ရက် ဒေသခံစံတော်ချိန် နံနက် ၁၀ နာရီအချိန်တွင် ဝမ့်ဟိုင်းဌာနချုပ်အား အစိုးရတပ်မတော်မှမစ် ၃၅ (MI 35 ) စစ်ရဟတ်ယာဉ် ၃ စင်းဖြင့် ဗုံးအလုံး ၂၀ ကျော်ပစ် ခတ်သဖြင့် ဘုန်းကြီးကျောင်းအတွင်း ကျရောက်ရာ ဘုန်းကြီးကျောင်း သာသနိကအဆောက် အဦးထိမှန်ပျက်စီးခဲ့ကြောင်း ၊ ဆိုင်ကယ်တစီး မီးလောင်ပြာကျသွားကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က သျှမ်းသံတော်ဆင့်သို့  ဤကဲ့သို့ပြောသည် ။


“ လေယာဉ်သုံးစင်းကနေ အလုံးနှစ်ဆယ်ကျော်ပစ်ချတယ် ။ ဗုံးကြီးကျောင်းဝန်းထဲ ကျတဲ့ဟာ က ဆိုင်ကယ်တစီးထိ မှန်ပေါက်ကွဲ မီးလောင်သွားတယ် ။ ဘုန်းကြီးကျောင်းလဲ ဗုံးစထိမှန် တယ် ၊ ဗုံးတလုံး ဇရပ်အောက်က မြေကြီးထဲ စိုက်ဝင်နေတယ် ။ မကွဲသေးဘူး ။ ဝမ့်လွေ မိုင်းအတ်ဘက်မှာလဲ ကျနော်တို့ တပ်စခန်းကို မနက် ၄ နာရီကနေ အခု ထက်ထိ ပြန်လာတိုက်နေတယ် ” - ဟု ဗိုလ်မှူးကြီး စိုင်းလ ကပြောသည် ။


ထို့အတူ လွယ်ကျူမောက်ခေါဝ်မှ လဲ သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အား ယနေ့ နံနက်ပိုင်း က ၈၁ မမ ဖြင့် ပစ်ခတ်သေးသည်ဟု နောက်တန်း အရာရှိ ဗိုလ်ကြီး စိုင်းမိဏ်းက ပြောသည် ။


“ နောင်လုမ် မှာလာကျတယ် ။ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်တွေ လာရောက်ခိုလှုံနေ တာလေ ။ သူတို့ကလှန့်ပြီး တခြားပိုလုံခြုံတဲ့နေရာကို ထပ်ရှောင်ခိုင်းထားရတယ် ။ သူတို့ အဲ့မှာရှိနေရင် ဒီလေယာဉ်နဲ့ လာတိုက်တဲ့ဟာက ထိခိုက်ကျဆုံးမှု များမှာပဲ ။ အထူးသဖြင့် ကလေးတွေပေါ့ ” - ဟု ပြောသည် ။


လွယ်ကျူမောက်ခေါဝ် အခြေချ နေထိုင်သည့် မြန်မာ့တပ်မတော်မှ ဝမ့်ဟိုင်းဌာနချုပ်အား ဒုတိယ အကြိမ် ပစ်ခတ်စဉ်ကတည်းက ဒေသခံ ၄၀၀၀ ကျော် တခြားဒေသသို့ ပြောင်းရွှေ့ ပြီးဖြစ်ကြောင်း ၊ ဝမ့်ဟိုင်းဌာနချုပ်တွင် ၀မ့်ဆော့မှ ထပ်မံရောက်ရှိလာသည့် ဒုက္ခသည် တချို့သာ ရှိကြောင်း ၊ ၎င်းတို့အားလည်း လုံခြုံစိတ်ချသည့်ဒေသသို့ ပြောင်းရွှေ့ထား ကြောင်း အဆိုပါ စစ်ဘေးရှောင်အရေး တာဝန်ခံ အရာရှိက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA သည် နေပြည်တော် အစိုးရ နှင့် ပြည်နယ်အဆင့် ၊ ပြည်ထောင်စု အဆင့် အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည်ဆောက်ရပ် သဘောတူညီသည့် စာချုပ်အား ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက်နေ့ က လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည် ။

မိုင်းနောင်မြို့ စကခ (၂) စစ်ဌာနချုပ်မှ တိုက်ပွဲအတု ညလုံးပေါက် ဆင်နွဲ - ဝမ့်ဟိုင်းအား တိုက်လေယာဉ် သုံးစီးဖြင့် ပစ်ခတ်တိုက်ခိုက်

Posted: 09 Nov 2015 10:03 PM PST

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အခြေ စိုက် အမှတ် ၂ စစ်ဆင် ရေး ကွပ်ကဲမှု ဌာနချုပ် စကခ လက်အောက်ခံ တပ်ရင်းများက တိုက်ပွဲအတုများ ည လုံးပေါက် ဆင်နွဲကာ ယနေ့ နံနက်ပိုင်း တွင် သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းအား တိုက်လေယာဉ်ဖြင့် ယနေ့နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်သည်ဟု သိရသည် ။

ယနေ့မနက် ၀မ့်ဟိုင်းတွင် ပျံဝဲနေသော စစ်ရဟတ်ယာဉ်
၂၀၁၅ နိုဝင်ဘာ ၉ ရက် ည မှ ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းအထိ မိုင်းနောင် အခြေစိုက်စကခ ၂ လက်အောက်ခံတပ်ရင်းများက တိုက်ပွဲအတု များ ညလုံးပေါက်ဆင်နွဲ ကြောင်း ၊ မိုင်းရှူးမြို့ အခြေစိုက် ခလရ ၁၄၉ က လည်း ယနေ့ နံနက် ရ နာရီကျော်တကြိမ် ၁၀ နာရီခန့်တကြိမ် မိုင်းရှူးမြို့ေ ပါ် ဖြတ်သန်းပျံဝဲကာ လွဲဝိန်းကျေးရွာနှင့် ပန်ဝိုက်ကျေးရွာ (မိုင်းရှူးမြို့မြောက် ဘက် ရ မိုင်ခန့်) ဘက် ၁၀ ကြိမ်ထက်မနည်း လက်နက်ကြီးများ ပစ် ခတ် ကြောင်း ၊ ထို့ ပြင်တိုက်ပွဲဝင် ရဟတ်ယာဉ် ၃ စီးက နံနက် ၁၀ နာရီ ခန့်မှ စ၍ ဝမ့်ဟိုင်းအား စတင်တိုက်ခိုက်နေကြောင်း သိရသည် ။


“ စစ်ရဟတ်ယာဉ် သုံးစီးရောက်လာတယ် ဝမ့်ဟိုင်းကို ။ အခုထိပစ်နေတုန်း ။ ပြီးမှ ပြန်ဆက် ပါ ” - ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တွဲဘက် အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး ခမ်းသီ က နံနက် ၁၀ နာရီအချိန်က သျှမ်းသံတော်ဆင့်အား ပြောသည် ။


“ ဒီမနက် မိုင်းနောင်မှာ လေယာဉ်တွေဗုံး လာကြဲတယ် ။ ဗုံးသံအကျယ်ကြီးကြား ရတယ် ။ ဗမာစစ်သားတွေက ညတုန်းက ကျနော်တို့ နေအိမ်ခြံဝန်း ထဲမှာ လာနေပြီး ပစ်နေတယ် ။ လက်နက်ကြီးလက်နက်ငယ်အစုံဘဲ ။ တခြားတဖက် ကတော့ သူတို့ကို ပြန်တိုက်တာ ပြန်ပစ်တာ မကြားရဘူး ။ ကျနော်တို့ မိသား စုတော့ တူးထားတဲ့ကျင်းထဲမှာ သွားပုန်း နေရတယ်တညလုံး” - ဟု မိုင်းနောင် မြို့ စိုင်းအိုက်အွန် ကပြောသည် ။


“ ဒီမနက် ၈ နာရီတုန်းက ဗမာစစ်လေယာဉ် ၂ စီးက မြို့ထဲကို သေနတ်ပစ်ချ တယ် ။ ၈ နာရီခွဲမှာ ခဏနားပြီးတော့ ၈ နာရီ ၄၅ မိနစ်မှာ စစ်တပ်က ဗမာစစ် သားတွေဘဲ မြို့ထဲပြန်ဝင်လာပြီး မိုးပေါ်ကိုသေနတ်ထောင်ပစ်တယ် ။ အဲဒီေ နာက် ဟယ်လီကော်ပတာ ၂ စီး လာဝဲတယ် ။ အဲတာထွက်သွားပြီးမကြာခင် ၁၀ နာရီ ၅၀ မှာ စစ်လေယာဉ် ၂ စီးထပ်ဝင်လာတယ် ။ နေအိမ် ၂ လုံး မီးေ လာင် သွား တယ်။ လူတွေအော်ဟစ်ငိုယိုပြီး ကျင်းထဲဝင်ပုန်းကြတယ် ။ ဘယ်သူမှ ထွက်မကြည့်ရဲဘူး ” ဟု ဒေသခံစိုင်းကျော်က ပြောသည် ။


ထိုသို့ပစ်ခတ်နေမှုသည် ဗမာစစ်သားများဘက်က တဖက်တည်းသာ ရမ်းပစ် ခတ်နေခြင်းဖြစ်ပြီး ၎င်းတို့အား ပြန်လည်ပစ်ခတ်သည့် ဘက်မရှိကြောင်း မိုင်းနောင်ဒေသခံများက ပြောပါသည် ။


“ ဒီနေ့တော့ ကလေးတွေ ကျောင်းလဲမသွားရတော့ဘူး ။ ဈေးဆိုင်တွေလဲ ဘယ်သူမှ မဖွင့်ရဲ တော့ဘူး ၊ အိမ် အပြင်တောင်မထွက်ရဲဘူး ” ဟု မိုင်းရှူးမြို့ခံ ကလေး နှစ်ယောက်အမေ နန်းခမ်း ကပြောသည် ။


“ အဲဒီလုပ်ရပ်မျိုးဟာ ရွေးကောက်ပွဲရလဒ်ကို လူထု စိတ်မဝင်စားအောင် လုပ် တာဘဲ ၊ ရွေး ကောက်ပွဲရလဒ်ကို တရားမျှတစွာထုတ်ပြန်ဖို့ အနှောင့် အယှက်ြ ဖစ်စေတယ် ။ လူထုကိုလဲ အာရုံနှောက်စေတယ် ။ ရွေးကောက်ပွဲရ လဒ်ကို တရားမျှတ စွာထုတ်ပြန်ဖို့အတွက် ယူအီးစီ ကိုလဲ အနှောင့်အယှက်ပြုရာေ ရာက်တယ် ။ တိုင်းရင်းသားစည်းလုံးညီညတ်ရေး အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လုံးဝ အရုပ်ဆိုးစေတယ် ။ အဲတော့ ကျနော်တို့ SNLD အနေနဲ့ တိုက်ပွဲလုပ်နေတဲ့ကိစ္စရပ်တန်းက ရပ်ပါ ။ နိုင်ငံရေးကို နိုင်ငံရေးစား ပွဲပေါ် မှာဘဲ မျှတစွာ ဆွေးနွေးကျပါ ” - ဟု SNLD ပြောရေးဆိုခွင့် စိုင်းလိတ် က ပြောသည် ။


မိုင်းနောင်မြို့ ဝိန်းကောဝ်ရောက် အစိုးရတပ်မတော်သည် ရွေးကောက်ပွဲ ကျင်းပသည့် နေ့ကလည်း ဒေသခံလူထုနှစ်ဦးအား ပစ်ခတ်သောကြောင့် နှစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိ ကာ အောင်ပန်းဆေးရုံသို့ ပို့ဆောင် ကုသထားရေ ကြာင်း ၊ ထို့အတူ ယမန်နေ့ နိုဝင် ၉ ရက် မွန်းတည့် ချိန်ကလည်းဒေသအ တွင်းသွားလာသည့် ခရီးသွားကုန်သည် တဦး၏ ကားအား တားဆီး စစ်ဆေး ပြီး ပိုက်ဆံ ကျပ် သိန်း ရ၀ ဓါပြတိုက်ယူဆောင် သွားကြောင်း အဆိုပါ ကိစ္စ မိုင်းနောင် ရဲစခန်းနှင့် စကခ စစ်ရုံးထံ တိုင်တမ်းထားကြောင်း မိသားစုဝင်တဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA သည် နေပြည်တော် အစိုးရ နှင့် ပြည် နယ်အဆင့် ၊ ပြည် ထောင် စု အဆင့် အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည်ေ ဆာက်ထား သည့် သဘောတူညီ သည့် စာချုပ်အား ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက်နေ့ က လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည် ။


သျှမ်းသံတော်ဆင့်

unread,
Nov 11, 2015, 4:18:37 PM11/11/15
to thuau...@gmail.com

ဒုက္ခသည်စခန်းသို့ ၆၀ မမ အလုံး ၇၀ ကျော်ကျသည့်အတွက် စစ်ဘေးရှောင် ၁၅၀၀ ကျော် တခြားနေရာသို့ ထပ်မံတိမ်းရှောင်ရ

Posted: 11 Nov 2015 07:39 AM PST

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ် အတွင်း ရှိ ဒုက္ခသည် စခန်းတခု အတွင်းသို့ လက်နက်ကြီးများ ကျရောက်သည့် အတွက်ကြောင့် စစ်ဘေးရှောင်များ တခြားနေရပ်သို့ ထပ်မံ တိမ်းရှောင်နေရသည်ဟု သိရသည် ။

လဲချားသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များ
နိုဝင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီ အထိ မိုင်းရှူးမြို့နယ်  စစ်ဘေး ရှောင်များရှိရာ ဝမ့်ဆော့ကျေးရွာသို့ ၆၀ မမ အမျိုးအစား လက်နက်များဖြင့် အလုံး ၇၀ ကျော် ပစ်ခတ်သောကြောင့် အဆိုပါကျေးရွာရှိ စစ်ဘေးရှောင် ၁၅၀၀ ကျော် နှင့် ဝမ့်ဆော့ဒေသခံများ ကျေးသီးမြို့နယ်ဘက်သို့ လည်းကောင်း ၊ မိုင်းရှူးမြို့အဝင် ဆိုင်လျဲန်းမိန်း ဘုန်းကြီးကျောင်းသို့ လည်းကောင်း အသီးသီး ထပ်မံတိမ်းရှောင်ရသည်ဟု မိုင်းရှူးမြို့ ရောက် ဒုက္ခသည်များအား ကူညီပေးနေသည့် ဘုရားဒါယကာ စိုင်းရိန် ကပြောသည် ။


“ စစ်ဘေးရှောင်တွေက ဝမ့်ဆော့ ကနေ ဝမ့်ဟိုင်း ၊ ဝမ့်ဟိုင်းကနေ ကျေးသီးဘက်ကို ထပ် တိမ်းရှောင်ရ တယ် ။ ဒေသခံတွေပါ ပြေးရတယ်အခု ။ မိုင်းရှူးဘက်ကိုလာတယ် ။ ဆိုင်လျဲန်းမိန်းကျောင်း တိုက်မှာ ရာဂဏန်းရှိတယ် ” - ဟု စိုင်းရိန် ကပြောသည် ။


ရွေးကောက်ပွဲကာလ တွင် သျှမ်းပြည်တပ်မတော်အား အစိုးရ တပ်မတော်မှ တိုက်ခိုက်မှု ရပ်နားထား သည့်အတွက် ဟိုင်းပါ ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်သည့်သူ အချို့ ရှိခဲ့ကြောင်း ရွေး ကောက်ပွဲ အပြီး တိုက်ပွဲ ပြန်လည် စတင်သည့်အတွက် ဟိုင်းပါသို့ ဒုက္ခသည်များ ပြန်လည်ရောက် ရှိလာကြောင်း ဒုက္ခသည်အရေးကူညီပေးနေသည့် နန်းစိန် က ပြောသည် ။


ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ မြန်မာအစိုးရ တပ်မတော် ပိုင် မြ၀တီ သတင်းစာက အက်စ်အက်စ် အေ (ဝမ့်ဟိုင်း) အဖွဲ့သည် လူထုအားအကာအကွယ်ပြု၍ မိုင်းနောင်ရှိ တပ်ဌာနချုပ် အားအကြိမ်ကြိမ် တိုက်ခိုက်သည့်အတွက် ၎င်းတို့အားရှင်းလင်း တိုက် ခိုက်သွားမည်ဟု ရေးသားထားသည် ။


နိုဝင်ဘာလ ၁၁ ရက် ညနေ ၆ နာရီတွင်မူ ဝမ့်ဆော့ရွာတွင် တိုက်ပွဲစတင်ဖြစ်ပွါးကြောင်း ၊ ဝမ်ဆော့ရွာတွင် ခိုလှုံသော စစ်ဘေးရှောင်များနှင့် ဒေသခံများမှာမူ နိုဝင်ဘာလ ၉ ရက် ညပိုင်းက ထွက်ပြေးကြပြီဖြစ်ကြောင်း သိရပါသည် ။

မိုင်းနောင်မြို့ တပ်ဌာနချုပ်အား တိုက်ခိုက်မှု ၎င်းတို့နှင့်မပတ်သက်ဟု SSPP ပြော

Posted: 11 Nov 2015 01:53 AM PST

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်တွင် နိုဝင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွါးခဲ့သော တပ်ဌာနချုပ် တိုက်ခိုက်မှုဖြစ်စဉ်တွင် သျှမ်းပြည်တိုးတက်ရေးပါတီနှင့် ပတ်သက်ခြင်းမရှိကြောင်း ကြေငြာချက် တစောင် ထုတ်ပြန်လိုက်သည် ။


နိုဝင်ဘာ ၁၁ ရက်ကထုတ်ပြန်သည့် ကြေငြာချက်တွင် အချက် ၅ ချက်ပါရှိရာ နိုဝင်ဘာလ ၉ ရက်နေ့ည က မိုင်းနောင် စကခ ၂ တပ် မှ ညလုံးပေါက် လက်နက်ကြီး လက်နက်ငယ်များဖြင့် အရပ် ၄ မျက်နှာသို့ ပစ်ခတ်ပြီးနောက် နိုဝင်ဘာလ ၁၀ ရက်နေ့မနက်ပိုင်းတွင်လည်း အစိုးရတပ်မှ  Mi-35 တိုက်လေယာဉ် ၂ စီး  MiG-29  ဂျက်တိုက်လေယာဉ်  ၁ စီးတို့ဖြင့် ဝမ့်ဟိုင်းဌာနချုပ်သို့ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည် ။


ဝမ့်ဟိုင်းမြို့လယ် ဝေပုလ္လဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းတိုက် ပျက်စီးခဲ့သည် ။ ထိုမှအပြန် မိုင်းနောင်ရပ်ကွက် ၁ တွင် ဗုံးကြဲရာ ရဲသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ် ၃ လုံး ထိခိုက်ပျက်စီးကာ တလုံးမီးလောင်ခဲ့သည် - အစရှိပါရှိပါသည် ။


“ မိုင်းနောင် စကခ ၂ ကိုကျနော်တို့ သွားရောက်ပစ်ခတ် တိုက်ခိုက်ဖို့ ဘာအကြောင်းမှမရှိဘူး ။ ကျနော်တို့ ဘက်က တိုက်ခိုက်ချင်တဲ့ဆန္ဒရှိရင် အစိုးရတပ်က မိုင်းနောင်တနေရာတည်းမှာ ရှိတာမှမဟုတ်တာ ။ ဒါကျနော် တို့ကို အပြစ်ရှာချင်တာ ။ မိုင်းနောင်နဲ့ ဝမ့်ဟိုင်းက မိုင် ၂၀ လောက်ဘဲဝေးတာ ။ အဲ့ဘက်မှာ ကျနော်တို့ တပ်သွားမလှုပ်ရှားဘူး ။ ကျနော်တို့တပ် မရှိဘူး အဲ့ဖက်မှာ ” - ဟု  သျှမ်းပြည်တိုးတက်ရေး ပါတီမှ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက သျှမ်းသံတော်ဆင့် အားပြောသည် ။


“ အဲဒါကို သူတို့လာရောက် တိုက်ခိုက်တယ် ။ ကျနော်တို့ သူတို့ကို သွားတိုက်တာ မလုပ်သေးဘူး ။ ကျနော် တို့ ဆီဦးတည်လာနေလို့ ရင်ဆိုင်ပက်ပင်းတိုးမိတဲ့ တိုက်ပွဲတွေအားလုံးဟာ ကျနော်တို့က ကိုယ့်ကိုယ် ကိုကာကွယ်တဲ့ အဆင့်ဘဲဖြစ်နေတယ် ။ စတင်ပစ်ခတ်တာ မရှိခဲ့ပါဘူး ။ အကောင်းဘဲ လိုချင်ပါတယ် ။ ငြိမ်းချမ်းစွာဖြေရှင်းတာဘဲ ဖြစ်ချင်ပါတယ် ” ဟု  ဗိုလ်မှူးကြီးစိုင်းလ ကပြောသည် ။


နိုဝင်ဘာလ ၁၀ ရက်နေ့ညက မြ၀တီရုပ်မြင်သံကြားက  သတင်းထုတ်ပြန်ရာတွင် -  သျှမ်းပြည် တောင် ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ  တပ်ဌာနချုပ်သို့ ဝမ့်ဟိုင်းအဖွဲ့က အင်အား ၁၂၀ ခန့်သုံးကာ နိုဝင်ဘာလ ၉ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ် ခတ်ခဲ့ပြီး  ရဲစခန်း အားလည်း ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည်ဟု ပါရှိပါသည် ။ အဆိုပါ သတင်းသည်  နိုဝင်ဘာ လ ၁၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၏ နောက်ကျောဖုံးတွင်လည်း ဖော်ပြထားသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA သည် ၂၀၁၂ ခု နှစ်ဦးပိုင်းက မြန်မာအစိုးရ နှင့် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် အပစ်ရပ်စာချုပ် ချုပ်ဆိုကာ ငြိမ်းချမ်းရေး တည်ဆောက်ထားသည့် တပ်ဖွဲ့ဖြစ် သည် ။ သည့်အပြင် တတိုင်းပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လည်း မြန်မာအစိုးရ ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် ပူတွဲရေးဆွဲထားသည့် တိုင်းရင်း သားလက်နက်ကိုင် တပ်ဖွဲ့တခုဖြစ်သည် ။ သို့သော် အဆိုပါ စာချုပ် ချုပ်ဆိုရန် အားလုံးပါဝင်မှ လက် မှတ်ရေးထိုးမည် ဆိုသည့်အချက်ကို မြန်မာအစိုးရ က လက်မခံသောကြောင့် လက်မှတ်ထိုးရန် အဆင်သင့် မဖြစ်သေးဘူးဟု ပြောဆိုထားသည့် တပ်ဖွဲ့ဖြစ်သည် ။

၂၀၁၅ ရွေးကောက်ပွဲ ကျားခေါင်းအမတ်လောင်း ၄၀ နေရာအနိုင်ရ

Posted: 10 Nov 2015 11:28 PM PST

နိုဝင်ဘာလ ၈ ရက်နေ့က  ပြည်ထောင်စု တဝှမ်းလုံးကျင်းပသည့် ပါတီစုံအထွေထွေ ရွေးကောက် ပွဲမှ သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ လွှတ်တော်တွင်း ၄၀ နေရာအနိုင်ရရှိ ကြောင်း ပြောပါသည် ။ 


အပြတ်အသတ် အနိုင်ရခဲ့တဲ့ မြို့တွေကတော့ သိန္နီမြို့ ၊ သီပေါ ၊ ကျောက်မဲ ၊ မိုင်းကိုင် ၊ လဲချား ၊ ကွန်ဟိန်း ၊ မိုးနဲ ၊ လင်းခေး တို့အပြင် ပြည်သူ့လွှတ်တော် ၁၂ နေရာ ၊ ပြည်နယ်လွှတ်တော် ၂၅ နေရာ ၊ အမျိုးသားလွှတ်တော် ၃ နေရာ အနိုင်ရခဲ့ပါတယ် - ဟု ပါတီပြောခွင့်ရ စိုင်းလိတ်က ပြောသည် ။


သျှမ်းပြည်နယ်တွင် ယှဉ်ပြိုင်သော ပါတီများအနက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် NLD က ဒေသတော်တော် များများတွင် အနိုင်ရရှိခဲ့သည် ။


တပြည်နယ်လုံးအတိုင်းအတာ  ၀င်ရောက် ယှဉ်ပြိုင်သည့် ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် က သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် တနေရာအနိုင်ရရှိခဲ့သည် ။


သျှမ်းပြည်အရှေ့ပိုင်းတွင်မူ ကျားဖြူ ၊ ကျားခေါင်း ၊ မင်္ဂလာစည်တော်အစရှိ သျှမ်းပါတီ ၃ ခုစလုံး တနေရာမျှမရရှိဘဲ ကြံ့ခိုင်ရေးပါတီသာ မဲအများဆုံး ရရှိခဲ့သည် ။


သျှမ်းပြည်နယ်တွင် ၄၈ မြို့နယ် အတွင်းကျင်းပသည့် ရွေးကောက်ပွဲမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၉၆ ဦး ၊ ပြည်သူ့လွှတ်တော် ၄၈ ဦး ၊ အမျိုးသားလွှတ်တော် ၁၂ နှင့် တိုင်းရင်းသား လူနည်းစုကိုယ်စားလှယ် ရ ဦး - စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၁၆၃ ဦးအနက် SNLD က ၄၀ နေရာ ( ကချင်ပြည်နယ် မန်စီမြို့မှ ၁ နေရာအပါအဝင်) အနိုင်ရရှိပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Nov 12, 2015, 5:13:24 PM11/12/15
to thuau...@gmail.com

ကွတ်ခိုင်၌ မဲစာရင်းမရှိတရုတ်များ ဆန္ဒမဲပေးသည့်အတွက် ပါတီများကန့်ကွက်

Posted: 12 Nov 2015 08:10 AM PST

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရွေးကောက်ပွဲတွင် မဲစာရင်း မပါဝင်သည့် တရုတ်လူမျိုး များ ကြံ့ခိုင်ရေး ပါတီတွင် မဲထည့်ပေးသည့်ပြသနာရှိသဖြင့်  ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေး ပါတီများက ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံပဲ ကန့်ကွက် ခဲ့ကြသည်ဟု သိရသည် ။


အဆိုပါ တရုတ်များကို ဒေသတွင်းအာဏာပိုင်များက မဲထည့်ခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ကန့်ကွက်သည့် ပါတီများက ပြောသည် ။


“ ကျမတို့လည်း အထောက်အထားတွေနဲ့ တကွ ကန့်ကွက်လွှာတင်တယ် ပေါ့နော် ။ တရုတ် တွေက အများကြီးပဲ မဲစာရင်းတွေလည်းမပါဘူး ။ ဘယ်ကလာတဲ့သူတွေ မှန်းလည်း မသိဘူး ။ နာမည်နဲ့ မဲစာရင်းလည်းမကိုက်ဘူး ။ အသက်ပြည့်တာတွေကော မပြည့်တာတွေကော မဲထည့်နေကြတာ ။ သက်သေတွေရှိတယ် ။ ”- ဟု ကွတ်ခိုင်တွင် ၀င်ရောက်ယှဉ်ပြိုင်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နန်းထွေးမှုံက ပြောသည် ။


ထိုသို့လုပ်ဆောင်ခြင်းမှရရှိသော မဲရလဒ်များကို လက်မခံ - ကန့်ကွက်သည့်အနေဖြင့်  ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များအနက် NLD ၊ SNLD ၊ တအာင်းပလောင် အမျိုးသားပါတီတွေမှ ကိုယ်စားလှယ်လောင်းများက မဲရလဒ်လက်ခံကြောင်း ပုံစံ ၁၉ တွင် အတည်ပြု လက်မှတ်ရေးထိုးခြင်း မရှိကြောင်း သိရသည် ။


တာမိုးညဲဒေသဘက်တွင် ထိုသို့သော အမည်စာရင်းမဲ့ တရုတ်လူမျိုး အများအပြား ပြည်ခိုင်ဖြိုးပါတီကိုမဲပေးခဲ့ကြပြီး ၊ နမ့်ဖက်ကာ ဒေသတွင် မူ ဒေသတွင်း  ပြည်သူ့စစ်များက မဲရုံလုံခြုံရေးအတွက်ဟု ဆိုကာ ပြည်ခိုင်ဖြိုးပါတီဝင် မဟုတ်သော အခြားနိုင်ငံရေးပါတီများမှ မဲရုံကိုယ်စားလှယ် တာဝန်ယူနေသူများအား ခြိမ်းခြောက် မောင်းထုတ်မှုများ ပြုလုပ်သည့် အထောက် အထားများလည်း ရှိနေကြောင်း  ကန့်ကွက်နေသည့် ပါတီများက ပြောသည် ။


“ မဲရုံတချို့မှာဆိုရင်လည်း  မဲရုံစောင့်တာဝန်ကျ ပါတီကိုယ်စားလှယ်တွေကို ပြည်သူ့စစ်တပ်ဖွဲ့က မဲရုံတွင်းဝင်ခွင့်မပေးဘူး ။ ပြည်သူ့စစ်တွေကဘဲ  မဲရုံ စောင့်ကြပ်ပြီး  မဲလာည့်တဲ့သူတွေကို မဲထည့်ပုံထည့်နည်း  လက်တွေ့ပြသပြီးတော့ မဲထည့်ပေးတာတွေ ရှိတယ် ။ မဲရုံစောင့် ပါတီကိုယ်စားလှယ်တွေက တွေ့တာ ”- ဟု   ကန့်ကွက်သည့် ပါတီများမှ မဲရုံလုံခြုံရေးတာဝန်ကျသူ  ပုဂ္ဂိုလ်တဦးကပြောသည် ။


ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်တွင် ဒေသတွင်း ပြည်သူ့စစ်ခေါင်းဆောင် များဖြစ်ကြသော  ဦးတီခွန်မြတ် ၊ ဦးမြင့်လွင်တို့က ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုကာ ၀င်ရောက် ယှဉ်ပြိုင် ခဲ့ကြပါသည် ။


ထိုဒေသတွင် ယှဉ်ပြိုင်သည့် သျှမ်းပါတီ တခုမျှ အောင်နိုင်ခြင်းမရှိခဲ့ပေ ။

NLD အနိုင်ရရှိမှု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA/PSLF ကြိုဆို

Posted: 12 Nov 2015 01:05 AM PST

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ရွေးကောက်ပွဲအနိုင်ရသည့် NLD ပါတီအား ၀မ်းမြောက်စွာ ကြိုဆိုလိုက်ကြောင်း ကြေငြာချက်တရပ် ထုတ်ပြန်လိုက်သည် ။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ ထုတ်ပြန်ကြေငြာချက်
နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိမှုသည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်သည့် ခြေလှမ်းအဖြစ်   မျှော်လင့်ထားကြောင်း ဖော်ပြထားသည် ။


အခုလို အစိုးရအဖွဲ့ ဖွဲ့နိုင်လောက်တဲ့အထိ ပြတ်ပြတ်သားသား အနိုင်ရတာဟာ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တာကြောင့် ပြည်သူတွေရဲ့ အောင်မြင်မှုလို့ မှတ်ယူတယ် ။ ဒါ့အပြင် အစိုးရ ဖြစ်ရင် တိုင်းရင်းသား ပြည်သူတွေရဲ့ ဆန္ဒတွေကိုလည်း အကောင်ထည် ဖော်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အတွက် ခုလို ကြိုဆိုရတာပါ - TNLA အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ တာအိုက်ကျော် က ပြောသည် ။


NLD အမျိုးသား ဒီိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကြေငြာစာတမ်းတွင် ဖော်ပြထားသည့် တိုင်းရင်းသားအရေး ပြည်တွင်း ငြိမ်းချမ်းရေး တိုင်းရင်းသား ပြည်သူအားလုံး အေးချမ်းစွာ တူယှဉ်တွဲ နေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံတရပ် ပေါ်ပေါက်လာရေး ၊ ပြည်သူလူထုအား တရားမျှတစွာ အုပ်ချုပ်မဲ့ အုပ်ချုပ်ရေး စနစ်တရပ်ပေါ်ပေါက်လာရေး  ကဲ့သို့သော ကိစ္စရပ်များကို အောင်မြင်စွာအကောင်ထည် ဖော်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထား ကြောင်း TNLA ကြေငြာချက်တွင် ဖော်ပြထားသည် ။


TNLA အနေဖြင့် နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ဖို့ ၊ စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွင် NLD က ဖွဲ့စည်းမည့် အစိုးရနှင့်အတူ ပူးပေါင်းဖြေရှင်းသွားဖို့ အသင့်ရှိနေသည်ဟုလည်း ပါရှိပါသည် ။


ဝ တိုင်းရင်းသားများ မဲဖြင့် မိုင်းတုံတွင် NLD အနိုင်ရ

Posted: 12 Nov 2015 12:54 AM PST

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင် ၀ တိုင်းရင်းသားများ၏  ဆန္ဒမဲဖြင့်သာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က  ပြည်သူ့လွှတ်တော် (၁) နေရာ ၊ ပြည်နယ် လွှတ်တော် ၁ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည် ။

မိုင်းတုံ ကျားခေါင်းပါတီမှ စည်းရုံးရေးဆင်းစဉ်က မဲပေးလေ့ကျင့်နေသော ၀ တပ်သားတဦး
ပုံပါကျငဘက်က ၀ တိုင်းရင်းသား တသောင်းကျော်လောက်ဟာ အန်အယ်လ်ဒီပါတီကို မဲပေးခဲ့ကြ တာလေ ။ ဒါကြောင့် NLD က   ပြည်သူ့လွှတ်တော်မှာပါ အနိုင်ရသွားတာ -  SNLD ကျားခေါင်း ပါတီဝင် စိုင်းဝင်းမြတ်ဦးက ပြောသည် ။


စိုင်းဝင်းမြတ်ဦးသည် ကျားခေါင်းပါတီမှ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန်ဒနယ်အမှတ် ၁ တွင်ယှဉ်ပြိုင်ရာ ၂၀၈၃ မဲရရှိပြီး  NLD မှ ဦးဆန်းဝင်းအောင်ခေါ် ဦးအောင်အောင်က ၆၁၆၆ မဲရရှိခဲ့သည် ။


တောင်ပိုင်း ၀ ခေါ် ပုံပါကျင် နားကောင်းမူးဒေသသို့ ရောက်ရှိအခြေချနေထိုင်သည့်  UWSA တောင်ပိုင်း ၀ တပ်သည်  အစိုးရက တောင်းဆိုညွန်ကြားသော နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်သဖြင့် တပ်မတော်နှင့် ၀ တပ်ဖွဲ့အကြားတင်းမာမှုဖြစ်ပွါးခဲ့ရာ  ၂၀၁၀ ရွေးကောက်ပွဲက မဲပေးခွင့် မရခဲ့ကြပေ ။

သျှမ်းသံတော်ဆင့်

unread,
Nov 15, 2015, 4:20:48 PM11/15/15
to thuau...@gmail.com

ဂျက်လေယာဉ်သုံး တိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေး အာမခံမရှိတော့ဘူးဟု SSPP/SSA ပြော

Posted: 14 Nov 2015 04:38 PM PST

သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် ကျေးသီး နယ်အတွင်း “ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်အား မြန်မာ့တပ်မတော်မှ ဂျက်လေယာဉ် အကြိမ်ကြိမ် အသုံးပြုကာ တိုက်ခိုက်မှုကြောင့် ပြည်ထောင်စုအဆင့် တည်ဆောက်ထားသည့် ငြိမ်းချမ်းရေး အာမခံချက်မရှိတော့ဘူး”  ဟု ပြောရေးဆိုခွင့် က ပြောသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် နှင့် ဌာနချုပ် လုံခြုံရေးတပ်စခန်းများအား ယနေ့ နိုဝင် ဘာ ၁၄ ရက်နေ့ တွင် အစိုးရတပ်မတော်မှ ရုရှားလုပ် MIG 29 ဂျက်တိုက် လေယာဉ် ၃ စီးဖြင့် တိုက်ခိုက် နှစ်ကြိမ်တိုက်ခိုက်ကြောင်း ၊ အောက်တိုဘာ ၆ ရက်နေ့မှစ၍ ယနေ့အထိ ရုရှားလုပ် MI 35 ဖြင့် ၅ ကြိမ် တိုက်ခိုက်ကြောင်း ၊ အများအားဖြင့်လူနေရပ်ရွာအား အဓိကထားပစ်ခတ်တိုက်ခိုက်သဖြင့် လူထုကြောက် လှန့်ကြကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းဆု ကပြောသည် ။


“ လူထုကြောက်လှန့်အောင် အစိုးရတပ်က ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်ခြောက်လှန့်တယ် ။ ဒါက ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားတဲ့ ကျနော်တို့ တပ်မတော် အနေနဲ့ ဒီငြိမ်းချမ်းရေးက အာမခံ မရရှိတော့ဘူး ။ လူထုကို အဓိက ထားပစ်ခတ်ခြောက်လှန့်တယ် ။ အခု စစ်ဘေး ဒုက္ခသည်က ကျနော် တို့ထိန်းချုပ်တဲ့ နယ်မြေအတွင်း လူဦးရေ စာရင်း အရတသောင်းကျော်က နေရပ်ကနေ စွန့်ခွာ နေရပြီ ။ ဒီနေ့လဲ ကျနော်တို့ တပ်စခန်းနဲ့ ဝမ့်ဆော့ရွာကို ပစ်ခတ်တိုက်ခိုက်တယ် ။  ဒုက္ခသည် ထောင် ဂဏန်းက တခြားကို ရှောင်တိမ်းထားလို့ပေါ့ ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA သည် ၂၀၁၂ ခုနှစ်က သျှမ်းပြည် မြို့တော် တောင်ကြီး၌ နေပြည် တော်အစိုးရ နှင့် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးသဘောတူ စာချုပ် ချုပ်ဆို ထား သည့် သျှမ်း တပ်မတော်ဖြစ်သည် ။


ထို့အပြင် သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် ရေးဆွဲရာတွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် ပူးတွဲခဲ့ပါသည် ။ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတွင် အားလုံး ပါဝင်ရမည် ၊ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းတခုမှ မကျန်စေရ - မူ ကို လက်ခံသည့် တိုင်း ရင်းသားလက်နက်ကိုင်တပ်မတော် ၁၃ ခု တွင် SSPP/SSA လည်း ပါဝင်သည် ။ အစိုးရက တိုင်းရင်းသား များ၏  အားလုံး ပါဝင်ရေးမူကို လက်မခံခဲ့ပေ ။


ထို့ကြောင့်အဖွဲ့ ၁၃ ခု က လက်မှတ်ရေးထိုးရန် အဆင်သင့်မရှိသေးဘူးဟု အကြောင်း ပြန်ပြီးနောက် အစိုးရ တပ်မတော်က သျှမ်းပြည်တပ်မတော် SSPP/SSA အား အောက်တိုဘာ ၆ ရက်နေ့မှ ယနေ့ အထိ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သျှမ်းပြည်တပ်မတော် ဘက်က ပြောဆိုပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Nov 16, 2015, 4:02:52 PM11/16/15
to thuau...@gmail.com

တိုက်လေယာဉ် ၈ စီးဖြင့် SSPP/SSA အား မြန်မာ့တပ်မတော်တိုက်ခိုက် ဒေသခံ သောင်းကျော် နေရပ်မှ စွန့်ခွာ

Posted: 16 Nov 2015 08:34 AM PST

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ၏ တောင်ဘက်ခြမ်း လုံခြုံရေးတပ်စခန်းအား မြန်မာ့တပ်မတော် မှ တိုက်ယာဉ် ၈ စင်းဖြင့် တိုက်ခိုက်ရာ ဒေသခံ သောင်းကျော်နေရပ်မှ စွန့်ခွာနေရသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည် ။


သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် တောင်ဘက် နှင့် အနောက်ဘက် ၊ ကျေးသီးမြို့နယ် ဝမ့်ဟိုင်း မြို့သစ် SSPP/SSA ဌာနချုပ်တောင်ဘက် ဝမ့်လွေ ၊ မိုင်းအတ် ၊ ဝမ့်ဆော့ ၊ ဝမ့်ထမ် ၊ နမ့်ပါမုံး တလွှားရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်၏ တောင်ဘက်ခြမ်းလုံခြုံရေး တပ်စခန်းများအား မြန်မာ့ တပ်မတော်မှ ရုရှားလုပ် ဂျတ် MIG 29 တိုက်လေယာဉ် နှစ်စီး ၊ ရုရှားလုပ် MI 35 တိုက်ပွဲဝင် ရဟတ် ယာဉ် ၆ စီးဖြင့် ယနေ့ တနေကုန် ပစ်ခတ်တိုက်ခိုက်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဆု ကပြော သည် ။


“ ဝမ့်ဆော့ ရဲ့ အနောက်တောင်ဘက် တကျောလုံးကို တိုက်လေယာဉ် ၈ စီးနဲ့ အပြင်းအထန် တိုက်ခိုက် နေတယ် ။ ဝမ့်ဆော့မှာလဲ ဒေသခံတွေ ၊ စစ်ဘေးရှောင်တဲ့သူတွေလဲ မရှိတော့ဘူး ။ အဲဒီလေယာဉ်တွေက အဲဒီအနီးတဝိုက်က မြေပြင်တပ်တွေကို ကူတိုက်ပေးနေတာ တနေကုန်ပဲ ။ အခုလဲ ပစ်နေတုန်း ” - ဟု ပြောရေးဆိုခွင့် ဗိုလ်မှူး စိုင်းဆု ကပြောသည် ။


အောက်တိုဘာ ၆ ရက်နေ့မှ ယနေ့ အထိ သျှမ်းပြည်တပ်မတော် ၏ ကျေးသီးမြို့နယ် မိုင်းနောင် နှင့် မိုင်းရှူးမြို့နယ် အတွင်းရှိ တပ်စခန်းများအား မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ယနေ့ ဒေသခံ စစ်ဘေး ဒုက္ခသည် ၁၀၀၀၀ ကျော်စစ်ဘေးရှောင် နေရသည်ဟု ဆိုသည် ။


“ ကျနော်တို့ တပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်သလို ဒေသခံ လူနေရပ်ရွာကို လဲ ပစ်ခတ်တိုက်ခိုက် တယ်။ လူထု စိုးရိမ်ထိပ်လန့်အောင် ပစ်ခတ်ခြိမ်းခြောက်တယ် ။ ကျနော်တို့ ကို လာတိုက်လို့ ကျနော်တို့ အနေနဲ့ ခုခံတိုက်ခိုက်တာဘဲ ရှိသေးတယ် ။ နေရာအနှံ့ တန်ပြန်တိုက်ခိုက်တာ ကျနော်တို့ မလုပ်သေး ဘူး ။ ဒီအချိန်က လူထု စပါးရိတ်သိမ်းတဲ့ ရာသီဗျာ ။ အခုမှာ စပါးမရိတ် ရရင်နောက်နှစ်ဘာ စားမလဲ ” - ဟု ဗိုလ်မှူးကြီး စိုင်းလက လည်းသျှမ်းသံတော်ဆင့်သို့ ပြောသည် ။


သျှမ်းပြည်တပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် -  ကျေးသီးမြို့နယ် ၊ မိုင်းရှူးမြို့နယ် ၊ လားရှိုးမြို့နယ် ၊ လဲချားမြို့နယ်သို့  စစ်ဘေးတိမ်းရှောင်သူများ တရက်ထက်တရက် များပြား လာသကဲ့သို့ တောတောင်အတွင်း ပုန်းအောင်းနေသူများလည်း အများ အပြားရှိနေသည်ဟု မိုင်းရှူးမြို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသည့် နန်းစိန် က ပြောသည် ။


တိုက်ပွဲကြောင့် နှစ်ဘက်တပ်အကျအရှုံး များသည်ဟုလည်း သိရသည် ။ သျှမ်းပြည်တပ်မတော် သည် နေပြည်တော် အစိုးရ နှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ကာ အပစ်ရပ်စာချုပ်ထိုးထားသည့် သျှမ်းလက်နက်ကိုင် တပ်မတော် တခုဖြစ်သည် ။

၂၀၁၅ ခုနှစ် ဆုစန္ဒီဆုကို တောင်သူလယ်သမား အခွင့်အရေး လှုပ်ရှားသူရရှိ

Posted: 15 Nov 2015 10:31 PM PST

ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ၊ တန်းတူအခွင့်အရေးအတွက် လှုပ်ရှားသူ သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့က လူငယ် နန်းနွန်းဟွမ် အား ၂၀၁၅ ခုနှစ်အတွက် ဆုစန္ဒီဆုရှင် အဖြစ် ရွေးချယ် အပ်နှင်းလိုက်ပါသည် ။

တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူအခွင့်အရေးအတွက် လှုပ်ရှားသူ  နန်းနွန်းဟွမ် အား ၂၀၁၅ ခုနှစ်အတွက် ဆုစန္ဒီဆုရှင် အဖြစ် ရွေးချယ် အပ်နှင်း
“ ကျမက ၂၀၁၂ ကနေ ၂၀၁၅ ခုနှစ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ၊ လယ်သမားတွေကို စည်းရုံးတာတွေ ၊ ကျမတို့မြေသိမ်းခံရတော့ ပြန်ပြီးတောင်းဆိုတာတွေ ၃ နှစ်တာအတွင်း ကျမရဲ့လှုပ်ရှားမှုကြောင့် ဆုစန္ဒီဆုကို ချီးမြင့်တယ်လို့ ထင်ပါတယ် ။ ဒီဆုကို ရရှိတဲ့အတွက် အရမ်းဝမ်းသာပါတယ် ။ စဝ်မယ်ဆုစန္ဒီကိုလည်း အထူး ကျေးဇူးတင်ပါတယ် ” ဟု ယခုနှစ် ဆုစန္ဒီဆုရှင် နန်းနွန်းဟွမ် က ပြောပါသည် ။ 


ဆဋ္ဌမအကြိမ်မြောက် ဆုစန္ဒီခေါင်းဆောင်စု Sao Thusandi Leadership Award ဆုချီးမြင့်ခြင်း အခမ်းအနားကို ထိုင်း - မြန်မာနယ်စပ်တနေတွင် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပရာ ဆုအပ်နှင်းရေးကော်မတီဝင် အားဂျန် ဖစ်ဖား ၊ နန်းစံတောင်း၊ ဆုစန္ဒီခေါင်းဆောင်ဆုရှင်များ ၊ ပြည်တွင်းပြည်ပမှ လူမှုရေး လှုပ်ရှာသူများ ၅၀ ခန့် တက်ရောက်ခဲ့သည် ။


နန်းနွန်းဟွမ် သည် ငြိမ်းချမ်းရေး ၊ နိုင်ထက်စီးနင်းပြုကျင့်မှုပပျောက်ရေး လိုလားသည့် သျှမ်းပြည်တွင်း လူငယ် များအတွက် စံပြကောင်း တယောက်ဖြစ်ကြောင်း ၊ လူငယ်များနောက်မဆုတ်တမ်း  ကြိုးစားချင်စိတ်ရှိလာအောင် လုပ်ဆောင်သည့် စံပြဖြစ်ကြောင်း ၊ တောင်သူလယ်သမား အရေးအခွင့်ရရှိရေး ၊ သျှမ်းပြည်တွင်း ရေကာတာ ဆည်ဆောက်မှု ဆန့် ကျင်ခြင်း ၊ သတ္တုတူးဖော်မှု ဆန့်ကျင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ၊ ထို့ကြောင့် စဝ်ဆုစန္ဒီမှ ၀မ်းသာဂုဏ်ယူ ကြောင်း  မဟာဒေဝီ စဝ်ဆုစန္ဒီက သဝဏ်လွှာပေးပို့ခဲ့သည် ။


“ တရားမျှတမှုအရေး၊ တန်းတူအခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ နန်းနွန်းမိုနဲ့ လွန်ခဲ့တဲ့နှစ်တွေက ဆုစန္ဒီဆုရှင် ရ ယောက် ၊ ကိုယ်စီလှုပ်ရှားနေတဲ့လူငယ်တွေကို ဂုဏ်ယူပါတယ် ။ သူတို့တွေဟာ သျှမ်းပြည်အခြေအနေကို ကမ္ဘာကသိအောင် လုပ်ဆောင်ပေးခဲ့တယ် ။ ငြိမ်းချမ်းမှုရှိစေဖို့ ၊ ဖွံ့ဖြိုးမှုရှိစေဖို့အတွက် ဦးဆောင်လမ်းပြပေးခဲ့ တယ် ။ ကျမတို့တိုင်းပြည် ဆင်းရဲဒုက္ခတွင်းကနေ လွတ်မြောက်ပြီး တန်းတူအခွင့်အရေးရရှိဖို့  ငြိမ်းချမ်းမှုရရှိဖို့ လုပ်ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ သူတို့တွေဟာ ကျမတို့အတွက် အလင်းတန်းဖြစ်ပါတယ် ” လို့ နန်းစံတောင်း က ပြောပါသည် ။


နန်းနွန်းဟွမ် သည် ဆုစန္ဒီခေါင်းဆောင်စု Sao Thusandi Leadership Award ကို လက်ခံရရှိသည့် ၈ ယောက် မြောက် ဆုရှင်ဖြစ်ပြီး တတိယမြောက် အမျိုးသမီးဆုရှင်ဖြစ်ပါသည် ။


သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်ဆုစန္ဒီမှ ချီးမြင့်သော Sao Thusandi Leadership Award  စဝ်ဆုစန္ဒီခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်မှစ၍ အများအကျိုး သယ်ပိုးသူများအား တနှစ်လျှင်တဦးရွေးချယ်ကာ ဆုလက်မှတ်နှင့် အတူ အမေရိကန်ဒေါ်လာ ၃၀၀၀ ချီးမြင့်ခဲ့သည် ။


အမေရိကန်အခြေစိုက် Buram Lifeline က ဦးဆောင်ပြီး သုစန္ဒီခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်တွင် သျှမ်းရွှေ့ ပြောင်းအလုပ်သမားအရေးလှုပ်ရှားသူ စိုင်းဖူးမိန်းကိုလည်းကောင်း ၊ ၂၀၀၉ ခုနှစ်တွင် လယ်သမားအရေးလှုပ် ရှားသူ စိုင်းဆဲန်ဖန်းကိုလည်းကောင်း ၊ ၂၀၁၀ ခုနှစ်တွင် အမျိုးသမီးအရေးလှုပ်ရှားသူ (SWAN) မှ နန်းမွန်းကိန် ကိုလည်းကောင်း ၊ ၂၀၁၁ ခုနှစ်တွင် လွယ်ကော်ဝမ်းမှ နယ်လှည့်ကျောပိုးအိတ်ဆေးမှူး စိုင်းပေတ ကိုလည်း ကောင်း ၊ ၂၀၁၂ ခုနှစ်တွင် သမိုင်းပြတိုက် တည်ထောင်သူ ၀တ့်ဖှဝိန်းအင်းမှ အရှင်သီရိဓမ္မ ကိုလည်းကောင်း ၊ ၂၀၁၃ ခုနှစ် တွင် SNLD မှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ စိုင်းဆမ်ဖွန်ဆိုင်ကိုလည်းကောင်း ၊ ၂၀၁၅ ခုနှစ်တွင် တာချီလိတ် မြို့နယ် လယ်သမားအရေးလှုပ်ရှားသူ သွားဖွားဆရာမ နန်းလာ ကိုလည်းကောင်း ပေးအပ်ခဲ့သည် ။

သျှမ်းသံတော်ဆင့်

unread,
Nov 17, 2015, 4:24:20 PM11/17/15
to thuau...@gmail.com

လဲချားဗုံးကွဲမှု ကလေး နှစ်ယောက်သေဆုံး လက်လုပ်ဒိုင်းနမိုက်မိုင်းဖြစ်နိုင်

Posted: 17 Nov 2015 07:25 AM PST

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် လဲချားမြို့နယ်တွင် အားပြင်းသည့် ဗုံးကွဲမှု တခုဖြစ်ပွားရာ ကလေး နှစ်ယောက် ပွဲချင်းပြီး သေဆုံး သည်ဟု သိရသည် ။


နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီ ခွဲ ခန့်က  လဲချားမြို့ အရှေ့ဘက် မတ်လန်း ကျေးရွာ နေ အဖ ဦးညီညီ အမိ ဒေါ်နန်းကြိုင် တို့၏ သမီး အသက် ၁၃ နှစ်အရွယ် မရွှေရင်ဦး နှင့် အသက် ၈ နှစ် အရွယ် မစမ်းစမ်းဦး တို့ညီအမ ဘက်ထရီအိုးသဏ္ဌန်ရှိ အရာဝတ္ထု ပစ္စည်းတခု ကောက်ယူလာကာ ဆော့ကစားရင်းပေါက်ကွဲရာမှ နှစ်ဦးစလုံးနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု သိရသည် ။


“ ရဲအရာရှိဘက်ကတော့ ဒါလက်လုပ် ဒိုင်းနမိုက် မိုင်းအမျိုးအစားဘဲလို့ ပြောတယ် ။ အသေးစိတ်ကိုတော့ ဆက်လက် စစ်ဆေးနေ တဲ့ ။  သေဆုံးသွားတဲ့ ကလေး ၂ ယောက် လုံး အလောင်းကိုလဲ မနေ့ကတည်း က အဲဒီ့အနားမှာဘဲ မီးသင်္ဂြိုလ်လိုက်တယ် ” - ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ရွေးကောက် ပွဲ အနိုင်ရအမတ် လဲချားမြို့ ကျားခေါင်းပါတီ ဥက္ကဌ စိုင်းမွန်းက ပြောသည် ။


အဆိုပါညီအမမှာ ပြင်းထန်သောမိုင်းပေါက်ကွဲမှုကြောင့် တစစီပြတ်ထွက် သေဆုံးခဲ့ရ ကြောင်းလည်း သိရသည် ။


ဦးညီညီ နှင့် ဒေါ်နန်းကြိုင် တို့သည် မိသားစု ဝမ်းရေးအတွက် မတ်လန်းတံတား အထက်ပိုင်း နမ့်တိန်းချောင်းဘေးတွင် တဲထိုးကာ သဲစုပ်ရောင်းကြသည်ဟု ဆိုသည် ။ 


လဲချားမြို့တွင် အောက်တိုဘာ ၁၈ ရက်ကလည်း သျှမ်းအမျိုးသား သမိုင်းပညာရှင် ဒေါက်တာစိုင်းဆန်အိုက် ၊ ကာတွန်း နှင့် စာရေးဆရာ ဒေါက်တာစိုင်းစံဖေ ၊ စာပေ ပညာ ရှင် ဆရာကြီး စိုင်းဖှ နှင့် ဆရာစိုင်းဖုန်းခေါင် တို့ စာပေဟောပြောပွဲ ပြုလုပ်စဉ်ကလည်း ထိုကဲ့သို့ ပေါက်ကွဲမှုများဖြစ်ပွား ခဲ့ပါသေးသည် ။ သို့သော် ထိုစဉ်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ သေဆုံးသူ မရှိပေ ။

သျှမ်းသံတော်ဆင့်

unread,
Nov 19, 2015, 4:24:32 PM11/19/15
to thuau...@gmail.com

စစ်ဘေးရှောင်များအတွက် နာမည်ကြီးသျှမ်းအဆိုတော်များနှင့် လူငယ်များ တမြို့ဝင်ထွက် တုတ်ဆူး (အလှူခံထွက်)

Posted: 19 Nov 2015 02:02 AM PST

သျှမ်းပြည် အလယ်ပိုင်းတွင် အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော်တို့ကြား ဖြစ်ပွါးနေသော တစ်လကျော် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်များ ပိုမိုများပြား လာနေသည်ဖြစ်ရာ လိုအပ်နေသည့် ကူညီထောက်ပံ့မှုများအတွက် နာမည် ကြီးသျှမ်းအဆိုတော်များနှင့် သျှမ်းလူငယ်များပူးပေါင်းကာ  တစ်မြို့ဝင်ထွက် ခရီးထွက်၍ တုတ်ဆူး (မီးဆူခံ)  ထွက်ကြကြောင်း သိရသည် ။


ကွယ်လွန်သူ နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင်၏ ညီဖြစ်သော စိုင်းအောင်ထီးခမ်း ဦးဆောင်သည့် အဆိုတော် အစိုင်းဘလက်ဟိုး ၊ ပင်း ၊ စိုင်းလောဝ်မိန်းတို့နှင့်အတူ တောင်ကြီးမြို့ သျှမ်းလူငယ်များက တောင်ကြီးမှ ကျေးသီးမြို့အထိ အလှူခံထွက်မည် ဖြစ်သည်ဟု သိရသည် ။ 


“ ကျနော်တို့ ၄ မြို့ ၅ မြို့လောက်ခရီးထွက်ပြီး အလှူခံမယ် ။ ကျေးသီးမြို့နယ် ဝမ်ဝ မှာ အကူညီအများကြီးလို တယ်လို့ ကျနော်တို့ကြားထားတယ် ။ တုတ်းဆူးရလာတဲ့ အလှူငွေတွေ ပစ္စည်းတွေကို အကုန် ဝမ်ဝမှာ သွားလှူ မှာပေါ့ ။ ကျနော်တို့ သျှမ်းပြည်သားတွေ အခက်အခဲရင်ဆိုင်နေရတာကို တခြားလူမျိုးခြားတွေလာမကူလို့ ထိ ခိုက်ခံစားမနေတော့ပါဘူး ။ ကျနော်တို့ တတ်တဲ့ပညာနဲ့ ကိုယ့်အမျိုးကိုပြန်ပြီး  ကူညီစောင့်ရှောက်မှာဖြစ်တယ် ။” ဟု သျှမ်းအဆိုတော် စိုင်းအောင်ထီးခမ်း ကပြောသည် ။  


တရွာဝင်ထွက် သီချင်းဆို အလှူခံခြင်းကို နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက် - တောင်ကြီးမြို့ ၊ ၁၉ ရက်မိုင်းပွန် ၊ ၂၀ ရက်  လွယ်လင်-ပင်လုံ ၊ ၂၁ ရက် နမ့်ဇန် ၊ ၂၂ ရက် လဲချား - မိုင်းကိုင် ၊ ၂၃ ရက် ဟမ်းငိုင်း - ကျေးသီး တွင်အလှူခံ မည်ဖြစ်ပြီး ရရှိသည့်အလှူငွေ များကို ၀မ်ဝ စစ်ရှောင်စခန်းသို့ သွားကာ ကူညီထောက်ပံ့မှုပေး အပ်မည်ဟုသိရသည် ။


တုတ်ဆူးခရီးစဉ်တွင် လိုက်ပါကူညီသော သျှမ်းလူငယ် စိုင်းကွမ်းက “ ကျနော် တိုက်တွန်း ချင်တာတော့ စစ်ပွဲ တွေ ရပ်သွားဖို့ပါ ။ စစ်ပွဲရပ်အောင် သျှမ်းလူမျိုးမှာဘဲ တာဝန်ရှိတာမဟုတ်ဘူး ။  သျှမ်းပြည်တွင်းမှာ နေထိုင် တဲ့ လူတိုင်းက တာဝန်ရှိတယ် ။ ဒါကြောင့် သျှမ်းက အရင်လုပ်ပြရပါတယ် ။ ဒါမှ တခြားသော ညီကိုတိုင်းရင်းသား လူမျိုးများလည်း လှုပ်ရှားဖို့ အားတက်လာမှာ ”  ဟုပြောသည် ။


နိုင်ငံရေးပြသနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းစေလိုကြောင်း ၊ နိုင်ငံရေးပြသနာကို စစ်ရေးနည်းနှင့် မဖြေရှင်းစေလို ကြောင်း ၊ ပေးထားသည့်ကတိကို လက်တွေ့အကောင်အထည် မဖော်နိုင်ပါက နောင်တက်လာမည့် မျိုးဆက်သစ်များက အတုခိုးမည်ဖြစ်ကြောင်း ၄င်းကပြောသည် ။


အဆိုတော် စိုင်းအောင်ထီးခမ်း ကဆက်ပြီး  ” ဒုက္ခသည်တွေကို သွားတွေ့ရင် ဆွေးလွမ်း ၀မ်းနည်းဖွယ်ကောင်း တဲ့သီချင်းတွေမဆိုဘူး ။ သူတို့ခံစားနေရတဲ့ အကြောက်တရား ၊ နေအိမ် ကျွဲ ၊ နွား ၊ လယ်ယာခြံမြေတွေနဲ့ တန်ဖိုး ဖြတ်လို့မရတဲ့နေရပ်ကိုစွန့်ခွါခဲ့ရတဲ့ ကြေကွဲဝမ်းနည်းမှုတွေကို ပိုတိုးလာအောင် သွားပြီးတွန်းအားပေး သလို ဖြစ်မှာစိုးလို့ ။ ဒါကြောင့် ဆင်းရဲဒုက္ခခံစားနေရတာတွေကို ခဏမေ့သွားစေပြီး  ပျော်ရွှင်မှုကိုဖြစ်ပေါ် စေမယ့် သီချင်းတွေကိုဘဲ ဆိုပြမယ်လို ရည်ရွယ်ထားပါတယ် ” - ဟု ပြောသည် ။

     
အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော်ကြား ဖြစ်ပွါးသောတိုက်ပွဲကြောင့်  သျှမ်းပြည်တွင်း စစ်ပြေးဒုက္ခ သည် ပေါင်းတစ်သောင်းခန့် ရှိသည် ။ သျှမ်းပြည်တပ်မတော် သည် အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည် ။   

သျှမ်းသံတော်ဆင့်

unread,
Nov 20, 2015, 4:13:49 PM11/20/15
to thuau...@gmail.com

တိုင်းပြည်အမြန်ဆုံးငြိမ်းချမ်းဖို့ စစ်ဘေးရှောင်များနှင့်အတူ ဒေသခံများ ဆုတောင်းပွဲပြုလုပ်

Posted: 20 Nov 2015 03:59 AM PST

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့မှာ မိုင်းနောင်ကနေရောက်ရှိလာတဲ့ စစ်ဘေးရှောင် တွေနဲ့ အတူ မြို့ခံတွေက စစ်ဘေးဒဏ် အမြန်ဆုံးလွတ်ငြိမ်းပြီး နေရပ်အမြန်ဆုံးပြန်နိုင်ဖို့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ဆုတောင်းပွဲတရပ် စုပေါင်းပြုလုပ်ကြပါ တယ် ။


“ နိုဝင်ဘာလ ၁၉ ရက်ညနေပိုင်းက လဲချားမြို့မှာ  စစ်ဘေးရှောင်တွေအပါအဝင် လဲချားဒေသ ခံတွေ ၊ ကူညီစောင့်ရှောက်ရေး ကော်မတီတွေနဲ့ လူငယ်တွေ စုပေါင်း အင်အား  ၅၀၀ ကျော်က ကျောင်းပန်ဘုန်းကြီး ကျောင်းကနေ မြို့ဦးမှာရှိတဲ့ မဟာမြတ်မုနိဘုရား ကျောင်းတော်ဆီကိုလမ်း လျှောက်ပါတယ် ။ တန်ဆောင်မုန်းလဆန်း ၈ ရက် ဥပုတ်နေ့ လည်းဖြစ်တာကြောင့် အခုလို စုပေါင်းပြီး မဟာမြတ်မုနိဘုရားမှာ ဆုတောင်းကြတာဖြစ်ပါတယ် ”- လို့လဲချားမြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ် တော်အမတ် စိုင်းကျော်ဇေယျကပြောပါတယ် ။


လဲချားမြို့မှာ စစ်ဘေးရှောင် ၆၉၃ ဦးရှိပြီး ကျောင်းပန် ၊ ကျောင်းခမ်း ၊ ကျောင်းကုန်းနင် ဘုန်းကြီးကျောင်းတွေမှာ သုံးနေရာခွဲပြီးခိုလှုံနေကြတာ ဖြစ်ပါတယ် ။


“ ဆုတောင်းပွဲလုပ်ရခြင်းရည်ရွယ်ချက်ကတော့ ဒေသခံလူထုတွေဟာ တိုက်ပွဲကြောင့် နေအိမ် နေရပ်ကိုစွန့်ခွါရတယ် ။ တိုက်ပွဲတွေရပ်မှ အိမ်ပြန်နိုင်မယ်လေ ။ အဲ့ကြောင့်ပါ ။ နောက်တခုက ကောက်ရိတ်ချိန်ဖြစ်တဲ့အတွက် အခုကောက်မရိတ်လိုက်ရရင် နောက်နှစ်အတွက် စိတ်ပူရပါတယ် ” - လို့   စိုင်းကျော်ဇေယျ က သျှမ်းသံတော်ဆင့် ကိုပြောပါ တယ် ။


စစ်ဘေးရှောင်တွေဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က မိုင်းနောင်ကို အစိုးရစစ်တပ်က စစ်လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက်ပိုင်း အများအပြား ရောက်ရှိ ခိုလုံလာကြတာဖြစ်ပါတယ် ။


“ ဒီနေ့ မိုင်းနောင်ဘက်က ပစ်ခတ်သံတွေငြိမ်နေတယ်ကြားလို့  နောက်တရက် နှစ်ရက် အခြေအနေ ပိုကောင်းလာရင်တော့ ပြန်ကြမယ်လို့ ပြောကြတယ် ။ ဒါပေမယ့် တိုက်ပွဲက ထပ်ဖြစ်မယ် ဆိုရင်တော့ ထပ်ပြီးရှောင်ရဦးမှာဘဲ ။ လူသားခြင်းစာနာတဲ့အနေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကို တတ်နိုင်သလောက် ကူညီပေးကြပါလို့ ။ အထူးသဖြင့် နိုင်ငံတကာတွေမှာရောက်နေတဲ့ သျှမ်းပြည် သားတွေကို တောင်းဆိုချင်ပါတယ် ” - စိုင်းကျော်ဇေယျ ကပြောပါတယ် ။


အောက်တိုဘာလ ၆ ရက်နေ့က သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းတပ်မတော် ကို အစိုးရတပ်မ တော်က အင်အားသုံးတိုက်ခိုက်တာကြောင့် ဒေသခံလူထု ၁၀၀၀၀ ကျော်ဟာ နေရပ်ကနေ စွန့်ခွါပြီး ဒေသအသီးသီးကို စစ်ဘေးရှောင်နေကြရပါတယ် ။ သျှမ်းပြည်တပ်မတော် SSPP/SSA ဟာ နေပြည်တော် အစိုးရ နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားတဲ့ သျှမ်းလက် နက်ကိုင်တပ်ဖွဲ့တခု ဖြစ်ပါတယ် ။

သျှမ်းသံတော်ဆင့်

unread,
Nov 21, 2015, 4:45:16 PM11/21/15
to thuau...@gmail.com

မိုင်းရှူးမြို့နယ်ရှိ SSPP/SSA တပ်စခန်းများအားလုံး ချွင်းချက်မရှိ ဆုတ်ခွါပေးရန် ဝန်ကြီးဦးခင်မောင်စိုးပြော

Posted: 21 Nov 2015 03:08 AM PST

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့ နှင့် မိုင်းနောင်မြို့ ကြား တိုက်ပွဲဖြစ်ပွါးရာဒေသရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်းများအားလုံး ဆုတ်ခွါပေးရန် ရန်ကုန်မြို့တွေ့ဆုံမှုအပြီး နောက်တရက်  နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက သျှမ်းပြည်တပ်မတော်၏ တာဝန်ခံ အရာရှိထံ အစိုးရဘက်က ဖုန်းဆက် အကြောင်းကြားလာသည် ဟုသိရသည် ။

ပြီးခဲ့သည့်နှစ်များက လျှပ်စစ်ဝန်ကြီးဦးခင်မောင်စိုးအဖွဲ့နှင့် သျှမ်းပြည်တိုးတက်ရေးပါတီတို့ တွေ့ဆုံကြစဉ်
နိုဝင်ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက အစိုးရလျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ကိုယ်စားလှယ် စဝ်နော်လိတ်တို့ ရန်ကုန်မြို့၌ တွေ့ဆုံကြောင်း ၊ တွေ့ဆုံစဉ် ဝန်ကြီး ဦးခင်မောင်စိုးက ငြိမ်းချမ်းရေးအတွက် ကော်မတီဖွဲ့ပြီး တနင်္လာနေ့ ထပ်မံတွေ့ဆုံကာ သမ္မတထံ အမြန်ဆုံး တင်ပြရန် ပြောကြားချက်ကို နှစ်ဘက်သဘောတူကြပြီး ဖြစ်ကြောင်း စဝ်နော်လိတ်က ဤကဲ့သို့ ပြောကြားသည် ။


“ မနေ့က တွေ့တာအဆင်ပြေပြီ ။ တိုက်ပွဲဖြစ်နေတဲ့ အကြောင်း ပြေလည်အောင် ဖြေရှင်းဖို့ ။ ရှေ့အပတ် မှာ ထပ်တွေ့ဖို့တောင် ကျနော်တို့တောင် လူရွေးပြီးပြီ ။ ရလခ တိုင်းရုံးနဲ့လဲ သဘောတူ ပြီးပြီ။ လူထုလဲ တအားဝမ်းသာတယ် ။ အိမ်ပြန်ရတော့မယ်ဆိုပြီးတော့ ။ ဒါပေမယ့် ဒီနေ့ တော့ တမျိုး ထပ်ပြောလာ တယ် ။ သူလဲ မတတ်နိုင်တော့ဘူးတဲ့ ဦးခင်မောင်စိုးက ” - ဟု စဝ်နော်လိတ်က ပြောသည် ။


ရလခ စစ်တိုင်းရုံး ဂျီဝမ်း ကလည်း နိုဝင်ဘာ ၁၈ ရက်နေ့က သျှမ်းပြည်တပ်မတော် တာဝန်ရှိထံ ယာယီ အပစ်ရပ်ထားဖို့ ပြောကြောင်း ၊ ရောက်သည့်နေရာတွင်ပင်နေပြီး ပစ်ခတ်တိုက်ခိုက်ခြင်းမပြုကြရန်ပြော ကြောင်း ၊ ၎င်းတို့အနေဖြင့်လည်း တိုက်ခိုက်မှု မပြုလိုတော့ကြောင်း ပြောကြားသည်ဟု ဌာနချုပ် အရာရှိကြီး တဦးကပြောသည် ။


“ အခုလုပ်လာတာ နေပြည်တော် အမိန့်ဘဲလို့ ထင်တယ် ။ မနေ့ကလဲ တောင်ကြီးကနေ စစ်ကား အစီး ၃၀ ကျော်တယ် ဒီဘက်ကိုလာနေတာ ။ နောက်ပြီး မန္တလေးကနေလည်း သံချပ်ကာကားတွေ ၊ တင့်ကားတွေ လားရှိုးကို ညတွင်းချင်း ပို့ဆောင်လာနေတယ် ။ အဲဒါက တန့်ယန်းဘက်ကို ဦးတည်မယ်လို့ ကြားတယ် ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


အောက်တိုဘာ ၁၉ ရက်မှ စ၍ ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားမှုမကြား ရသော ကြောင့် စစ်ဘေးရှောင်များ ရွာပြန်စပါးရိတ်ရန်ပင် ပြင်ဆင်နေပြီဖြစ်ကြောင်း ၊ စစ်ယာဉ်တန်းကြီးများ သွားလာမှုလှုပ်ရှားမှု သတင်းကြောင့် မပြန်ရဲဖြစ်နေကြောင်း စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသည့် စိုင်းဟန် က ပြောသည် ။


အောက်တိုဘာ ၆ ရက်နေ့မှ နိုဝင်ဘာ ၁၈ ရက်နေ့အထိ သျှမ်းပြည်တပ်တော် SSPP/SSA အား မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် တသောင်းကျော် နေရပ်မှ စွန့်ခွါနေရသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးစာချုပ်အား ၂၀၁၂ ခု နှစ်ဦးပိုင်းက သျှမ်းပြည်မြို့တော် တောင်ကြီး၌ လက်မှတ်ရေးထိုး ထား သည့် သျှမ်းလက်နက်ကိုင်တပ် ဖြစ်သည် ။

It is loading more messages.
0 new messages