ဒီမိုဝေယံ |
|
Posted: 16 Jun 2013 06:09 AM PDT |
|
Posted: 16 Jun 2013 05:16 AM PDT ဇွန်လ(၁၃)ရက်နေ့ မှော်ဘီ သံဃာအစည်းအဝေးမှ ထုတ်ပြန်သော သီတဂူ သံဃာ့ဝန်ဆောင်အဖွဲ့ရဲ့ သံဃာတော်များအကြံပြုလွှာ နှင့် ဧရာဝတီဘာလဲ ဘယ်လဲ... သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ ------------ မှော်ဘီသံဃာ့အစည်းအဝေး၏ နောက်ဆုံးနေ့မှာ -- မီဒီယာသမားများသည် ဒေါက်တာ ဓမ္မပိယ၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသတို့ကို လာရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ထိုဆရာတော်တို့က ထိုမီဒီယာသတင်းသမားများအား သတင်းမှန်ကို အတိအကျ တင်ပေးဖို့ရန်ကို အကြိမ်ကြိမ်မှာခဲ့ပါသည်။ သို့သော် “ဧရာဝတီ”သည် မှော်ဘီထုတ်ပြန်ချက်ထဲမှာ မပါသည့်အကြောင်းအရာ တချို့ကို ဝေ့လည်ကြောင်ပတ်ဖြင့် လွှင့်ထုတ်ခဲ့ပါသည်။ ထို့ကြောင့် အောက်ပါအတိုင်း ကြေငြာချက်ကို အတိအလင်း ထုတ်ပြန်လိုက်သည်။ ၁။ “ ၉၆၉” ဂဏန်းသည် ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာအပေါ်မှာ မလိုတမာ ဖြစ်နေသည့် ဘာသာခြားများက ထိုဂဏန်းကို အမင်္ဂလာဂဏန်းအဖြစ် သတင်းလွှင့်နေကြသောကြောင့် ထိုဘာသာခြား များ အသုံးမပြုနိုင်စေရန် ရည်ရွယ်၍ “ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာဌာနမျိုးတွင် အသုံးမပြုရန်”ဟု ထည့်သွင်းကြေငြာခဲ့ခြင်း ဖြစ်ပါသည်။ ၂။ ၁၉၈၂-ခု မြန်မာနိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံ၏ ခြံစည်းရိုးစောင့်ဥပဒေ ဖြစ်သည်။ နိုင်ငံသားများအတွက် အသက်တမျှ အရေးကြီးလှသောကြောင့် ထိုဥပဒေကို လုံးဝထောက်ခံသည်။ ၃။ ဥပဒေရေးရာ အစုအဖွဲ့ ကဏ္ဍ၌ အင်းစိန်ရွာမဆရာတော်၊ ဓမ္မဒူတ အရှင်ပညာဝရတို့ ဦးဆောင်ပြီး “မျိုးစောင့်ဥပဒေ”ဟု ရေပန်းစားနေသည့် ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ သံဃာတော်အရှင်မြတ်များကလည်း အကြံပြုထောက်ခံကြပါသည်။ အရှင်ပညာဝရ (ဘ၀လမ်းခွဲ)မှ အားရကျေနပ်ကြောင်း အမိန့်ရှိပါသည်။ မှော်ဘီကြေငြာချက် ထဲမှာလည်း “မြန်မာနိုင်ငံသည် ဘာသာရေးလွပ်လပ်ခွင့် ရှိသည်အားလျော်စွာ ငြိမ်းချမ်းရေးကို ရှေ့ရှု၍ မိမိတို့သက်ဆိုင်ရာ ကိုးကွယ်မှုဘာသာအလိုက် ခိုင်မာသော ဥပဒေများ ရေးစွဲ ပြဋ္ဌာန်းရန်” ဟု ပါရှိပါသည်။ ထိုသို့ဖြစ်ပါလျက် အထက်ပါဆရာတော်တို့က “မျိုးစောင့်ဥပဒေ”ကို မထောက်ခံဘူးဟု ဧရာဝတီသတင်းဋ္ဌာနက လွှင့်ခဲ့ပါသည်။ အမှန်စင်စစ်ကား မျိုးစောင့်ဥပဒေကို လုံးဝထောက်ခံသည်။ မိမိကိုယ်တိုင် သဘောတူကြောင်း လက်မှတ်ထိုးပြီးသား ဖြစ်ပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ သံသယ တစုံတရာရှိပါက မိမိထံ ဖုန်းဆက် မေးနိုင်ကြောင်း အကြောင်းကြား သိစေအပ်ပါသည်။ အနှစ်ချုပ်ကား . . . . အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော လုပ်ရပ်မှန်သမျှကို ထောက်ခံသည်။ အမျိုးဘာသာ သာသနာကို မျက်ကွယ်ပြုသော လုပ်ရပ်မှန်သမျှကို ကန့်ကွက်သည်။ “သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိပါစေ” မှ/ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ ၀၉- ၂၀ ၆၄ ၉၄၄ Credit ... https://www.facebook.com/biruma.mg?fref=ts 12 |
| You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
ဒီမိုဝေယံ |
|
Posted: 16 Jun 2013 09:53 AM PDT သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသနှင့် ရွှေညဝါဆရာတော် အမေးအဖြေ.. ဒီမိုဝေယံ၊ ရုပ်သံ ဇေယျာ.. ဧရာဝတီရဲ့ လုပ်ကြံသတင်း... http://burma.irrawaddy.org/archives/42247 |
ဒီမိုဝေယံ |
|
၂၀၁၅သို့ မျှော်မှန်းခြင်း အပိုင်း(၃) (ဆောင်ပါးရှင် ထိန်လင်း) (ဗိုလ်ခင်ညွှန့်အား ဆန်းစစ်ခြင်း) Posted: 18 Jun 2013 12:28 AM PDT ၂၀၁၅သို့ မျှော်မှန်းခြင်း အပိုင်း(၃) (ဆောင်ပါးရှင် ထိန်လင်း) (ဗိုလ်ခင်ညွှန့်အား ဆန်းစစ်ခြင်း) ၂၀၁၅ ဆိုတာ ဒီကနေကြည့်ရင် ၂ နှစ် လိုသေးတယ်ဆိုပေမယ့် ၁ နှစ်ဆိုတဲ့အတိုင်းအတာဟာဘာမှ မကြာလိုက်တာမို့မျှော်မှန်းချက်ထားသူတွေအတွက်တော့ အခုလောက်ကထဲက ကြိုတင်ပြင်ဆင်မှု လုပ်ထား မှတော်ကာကျမှာဖြစ်ပါတယ်။ အခုဆိုရင်၂၀၁၅အတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ ရွေးကောက်ပွဲဝင်ဖို့ တရားဝင် ပါတီမှတ်ပုံတင်နေတာတွေ၊ပါတီဖွဲ့ဖို့ပြင်ဆင်နေတာတွေ၊တချို့က ပါတီစကားလုံးဝမပြောဘဲ လူမှုရေးတွေ လုပ်ဆောင်ပြီးအနီးကပ်မှ ပြေးဝင်ဖို့ပြင်ဆင်နေတာတွေတွေ့မြင်နေရပါတယ်။ ဒီလိုမျိုးတွေထဲမှာမှ အသက် ကလည်းကြီးနေပြီ၊နိုင်ငံရေးမလုပ်တော့ပါဘူးလို့ပြောပြီးပြည်သူတွေနဲ့နီးနီးကပ်ကပ်ထိတွေ့ဖို့အတွက် ပန်းချီ ပြခန်းတွေ၊ ကော်ဖီဆိုင်ခန်းတွေဖွင့်နေသူလည်း ရှိနေပါတယ်။ ပြောရမယ်ဆိုရင် ၂၀၁၅အတွက် မျှော်မှန်းပြီးလှုပ်ရှားမှုတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုရင် မငြင်းနိုင်တဲ့အချက်ပါပဲ။သူကတော့ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ဖြစ်ပါတယ်။တစ်ချိန်တုန်းက ပြည်သူလူထု ရဲ့ရှေ့မှာ တီဗွီမင်းသားလို့ကင်ပွန်းတပ်ခံရလောက်အောင် နိုင်ငံအတွက်စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့သူ ဖြစ်ပါ တယ်။ ထိပ်ပိုင်းလောက်ရောက်ပြီးကာမှ ဂျွမ်းထိုးမှောက်ခုံပြုတ်ကျခဲ့ရတာမို့ အကျနာလွန်းသူတစ်ဦးလို့ပြော လို့ရပါတယ်။မြန်မာ့နိုင်ငံရေးသမိုင်းတကွေ့မှာ ဦးခင်ညွန့်ဟာ သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။ ၈၈ ခုနှစ်အရေးအခင်းဖြစ်ပြီး နောက်ပိုင်းမှာ ထင်ရှားကျော်ကြားပြီး လူသိများခဲ့သူ ဖြစ်ပါတယ်။ ဦးခင်ညွန့်ကို နိုင်ငံရေးစင်မြင့်ပေါ်ရောက်အောင် တင်ပို့ပေးခဲ့သူကတော့ ဗိုလ်ချုပ်ကြီးနေ၀င်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာရှိစဉ်တစ်လျှောက်လုံးမှာ ဦးနေ၀င်းအားထားရတဲ့ စက်မှုဝန်ကြီး ဗိုလ်မှူးချုပ်တင့်ဆွေရဲ့ အနီးကပ် PSO အဖြစ် ဦးခင်ညွန့်နေခဲ့ရတာမို့ ဦးနေ၀င်းနဲ့ ဗိုလ်မှူးချုပ်တင့်ဆွေ တို့ရဲ့အမွေအနှစ်ပညာရပ်တွေရခဲ့သူဖြစ်ပါတယ်။ အရေးအခင်းကာလတစ်လျှောက်လုံးနဲ့ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်းတွေမှာ ဗိုလ်ချုပ်ခင်ညွန့်ဆိုတာနဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့သားမက်လို့ပဲ ထင်မြင်ပြောဆို နေကြပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ ဘယ်အဖွဲ့အစည်းကမှ ထိန်းသိမ်းလို့မရဘဲ အကြမ်းဖက် ဖျက်ဆီးမှုတွေများလာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။အဲဒီမှာအဓိကနေရာ ဖြစ်တဲ့ အတွင်းရေးမှူး(၁)ဆိုတဲ့ ရာထူးကို ဗိုလ်ချုပ်ခင်ညွန့်ကို ပေးခဲ့တာပါ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ်ဗိုလ်ချုပ်ကြီးစောမောင်အမည်တပ် ထားပေမယ့်အရာရာမှာ ကြိုးကိုင်လှုပ်ရှားနေရသူကတော့ ဗိုလ်ချုပ်ခင်ညွန့်ပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုဖြုတ်ချပြီး ဗိုလ်ချုပ်ကြီးသန်းရွှေကိုတင်ပေးလိုက်သူကလဲ ဗိုလ်ချုပ်ခင်ညွန့်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လဲနောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးသန်းရွှေကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်လာခဲ့သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလဲကျေးဇူးရှိသူ ဗိုလ်ချုပ်ခင်ညွန့်ကိုဗိုလ်ချုပ်ကြီးအဆင့်အထိ တပ်မတော်မှာမရှိဖူး သေးတဲ့ရာထူးကို ရှာကြံပေးခဲ့တာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလိုပါပဲ။ ပြောရမယ်ဆိုရင် ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူသားအားလုံးကို တရားသံဝေဂ ရစေခဲ့ပါတယ်။ ငါမှငါပဲ၊ငါအတော်ဆုံးပဲ၊ ငါလုပ်သမျှအအောင်မြင်ဆုံးပဲဆိုတဲ့မာနတွေထိပ်ရောက်နေတုန်းမှာပဲ ကျရှုံးသွားခဲ့တာဖြစ်ပါတယ်။ တကယ်တော့ဦးခင်ညွန့်ဟာ လူတော်တစ်ယောက်ဖြစ်ပါတယ်။ တော်လွန်းသူ တစ်ယောက်ဖြစ်လို့လဲ ကိုယ့်ကိုကိုယ် အထင်တကြီးဖြစ်၊ ထောက်လှမ်းရေးအဖွဲ့အစည်းနဲ့ တစင်ထောင်ပြီး အာဏာယူဖို့ပြင်ဆင်ထားခဲ့သူဖြစ်တာကြောင့်လဲခုလိုမျိုးအရှိန်နဲ့ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ဦးသူအနိုင်ယူဆိုတဲ့အတိုင်းလက်ဦးမှုမယူနိုင်လိုက်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ထောက်လှမ်းရေးတစ်ဖွဲ့လုံး အရေခွံအစုပ်ခံလိုက် ရတာပါပဲ။ သက်ကြီးဝါကြီးတွေလူကြီးပိုင်းတွေကတော့ဦးခင်ညွန့်ဟာဝဋ်လိုက်တာလို့ပြောဆိုကြပါတယ်။ သူ့ရဲ့မိဘအရင်းလိုဖြစ်နေတဲ့ဗိုလ်ချုပ်ကြီးနေ၀င်းမိသားစုအပေါ်သူ့ရဲ့ရက်စက်မှုဟာ အခုသူပြန်ခံလိုက်ရတာ လို့ပြောကြပါတယ်။ အမှန်တကယ်တော့ ဦးခင်ညွန့်ဟာ အစကတည်းက ရည်ရွယ်ချက် ကြီးကြီးမားမား ထားသူဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့အတွက် သူ့ရဲ့အာဏာပါဝါနဲ့ ဖြုတ်သင့်သူဖြုတ်၊ ထုတ်သင့်သူထုတ်၊ လုပ်သင့်တာ လုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာအစိုးရတစ်ဖွဲ့လုံးက ဦးခင်ညွန့်ကို ရွံကြောက်ကြီးဖြစ်ပြီး အခွင့်သာတာနဲ့ ကိုင်လိုက်မယ်ဆိုပြီး ၀ိုင်းကိုင်လိုက်တာပဲ ဖြစ်ပါတယ်။ ဦးခင်ညွန့်ကိုဆက်ထားရင်စစ်တပ်ပြိုကွဲတော့မယ်ဆိုပြီး ထောက်လှမ်းရေးတွေရဲ့ အခွင့်ထူးခံဖြစ်ရပ်တွေနဲ့ ဆက်စပ်ပြီး ကိုင်ထုတ်လိုက်တာဖြစ်ပါတယ်။ ဘယ်သူမှ ထင်မှတ်မထားတဲ့လုပ်ရပ်တစ်ခုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလုပ်ပြလိုက်တာပါ။ လည်လွန်းတဲ့ဘီး မစင်သင့် ဆိုသလိုပါပဲ… အတ္တလွန်ကဲနေတဲ့ ဦးခင်ညွန့်ကို မင်းမရှိလဲဖြစ်ပါတယ် ဆိုပြီးပြလိုက်တာပါပဲ။ တကယ်တော့ ဦးခင်ညွန့်ရဲ့ လုပ်ရည်ကိုင်ရည်ဟာတော်တဲ့ အတန်းအစားထဲမှာပါပါတယ်။ လူညံ့တစ်ယောက်တော့မဟုတ်ပါဘူး။ ဦးခင်ညွန့်ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာပြီးတဲ့နောက်မှာ နိုင်ငံရေးလုပ်မယ်ဆိုတဲ့စကား လုံးဝမပြောခဲ့ပါဘူး။နိုင်ငံရေးလုပ်မယ်လို့အသံထွက်လိုက်ရင်အာဏာပိုင်တွေအနေနဲ့သူ့ကိုစောင့်ကြည့် တော့မယ်ဆိုတာသူသိပြီးသားမို့ စိတ်ထဲမှာရှိတာကိုရှိတဲ့ အတိုင်းမပြောခဲ့ပါဘူး။ ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်း စုကြည် တို့ကိုချီးမွမ်းတဲ့ စကားတွေသာ တွင်တွင်ပြောခဲ့ပါတယ်။ ဒါဟာသူ့ရဲ့လိမ္မာပါးနပ်မှုတွေထဲက တစ်ခုပါပဲ။ နိုင်ငံရေးမလုပ်ဘူးလို့ ပါးစပ်ကပြောပေမယ့် ထောင်ကထွက်ထွက်ချင်းမှာပဲ မီဒီယာတွေနဲ့တွေ့တယ်။ နောက်သိပ်မကြာခင်မှာသူ့ရဲ့ဇာတိမြေဖြစ်တဲ့ သံလျင်ကျောက်တန်းမှာရွှေမှော်ဝန်း လူမှုရေးဖောင်ဒေးရှင်း တစ်ခုဖွဲ့စည်းပြီးအောက်ခြေလူထုနဲ့ စတင် ထိတွေ့ခဲ့တာပါပဲ။ အခုတလောမှာပန်းချီပြခန်း၊ ကော်ဖီကော်နာနဲ့ အမှတ်တရ ပစ္စည်းဆိုင်ခန်းတွေ ဖွင့်တာဟာလဲ ရန်ကုန်လူထုနဲ့ ချိတ်ဆက်မှုရယူပြီး ၂၀၁၅ အတွက်ကြိုတင် ပြင်ဆင်လိုက်တာဖြစ်ပါတယ်။ တလောကဘဲ အမျိုးသားနိုင်ငံရေးဘဲ လုပ်တော့မယ်ဆိုပြီး ဂျာနယ်တစ်စောင်ကို ပြောလိုက်လို့ နိုင်ငံရေးလောကမှာ အုံးအုံးကျွက်ကျွက် ဖြစ်ခဲ့ပါသေးတယ်။ ရှင်းရှင်းပြောရရင်သူ့လို နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ခဲ့တဲ့သူလို လူတစ်ယောက် နိုင်ငံရေးလောကထဲကို ၀င်လာတာ ဘယ်သူမှ မလိုလားပါဘူး။ နောက်တစ်ခုက နိုင်ငံခြား သတင်းထောက်တစ်ယောက်နဲ့ အင်တာဗျူးတစ်ခုမှာ ဒီပဲယင်း အရေးအခင်းမှာ ယခင်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ကြိုးစားချိန်မှာ သူကကယ်တင်ရှင်အနေနဲ့ လုပ်ဆောင် ခဲ့တဲ့ပုံစံမျိုးပြောကြားခဲ့လို့သတင်းလောကမှာအုတ်အော်သောင်းနင်းဖြစ်ခဲ့ပါသေးတယ်။ ယခင်နအဖအစိုးရ ကိုအပစ်ပုံချပြီးနာမယ်ကောင်းလိုချင်တဲ့သဘောလားတော့မသိပါ။ နောက်မှအဲဒီစကားကိုသူပြောတာ မဟုတ် ပါဘူးဆိုပြီး အတင်းပြန်ဖြေရှင်း ရပါသေးတယ်။ သူ့အနေနဲ့ အစိုးရအဖွဲ့မှာလုပ်ကိုင်တုန်းက လာဘ်မစားဘူး၊ စီးပွားရေးသမားတွေနဲ့ပူးပေါင်း ပြီးကြီးပွားအောင်မလုပ်ခဲ့ဘူးလို့ ပါးစပ်ကပြောနေပေမယ့် လက်ရှိနေထိုင်တဲ့ တိုက်အိမ်ခြံကြီးနဲ့ ပိုင်ဆိုင်မှုဟာ ဦးခင်ညွန့် တာဝန်ထမ်းဆောင်စဉ်တုန်းက ရတဲ့ပုံမှန်လစာနဲ့ မဆောက်နိုင်တာတော့အမှန်ပါပဲ။ ဦးခင်ညွန့်အနေနဲ့ ထောက်လှမ်းရေးမှူးချုပ် တာဝန်ထမ်းဆောင်တုန်းက နိုင်ငံရေးလှုပ်ရှားသူတွေ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခံခဲ့ ရတယ်။သူတို့ရဲ့မိသားစုတွေဘ၀ပျက်ခဲ့ကြတယ်။ အစိုးရအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ရှိနေတုန်းကလဲ မလိုရင် မလိုသလို ဖြုတ်ထုတ်ခဲ့တာတွေကြောင့် ခံလိုက်ရတဲ့ ၀န်ထမ်းမိသားစုတွေကတော့ ဦးခင်ညွန့်ကိုမြင်တာနဲ့ နာကျည်းစိတ်၊ ဒေါသစိတ်ဖြစ်နေကြမှာပါ။ အရှင်းဆုံးပြောရရင် ဦးခင်ညွန့်ကိုထောက်ခံသူတွေထက် နာကျည်းမုန်းတီးသူတွေက ပိုများ ပါတယ်။ ဒါကိုလဲဦးခင်ညွန့်သိပါတယ်။ သိလို့လဲ ပါးစပ်ကနိုင်ငံရေးမလုပ်ဖူးလို့ပြောပြီး ၂၀၁၅မှာ နိုင်ငံရေး လောကထဲဝင်ရောက်ဖို့ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတာပဲဖြစ်ပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုဟာတစ်သက်တာစားလို့ မကုန်နိုင်ပေမယ့် သူရဲ့အပြောလေးကချိုသာလှပါတယ်။ ဘဘ..အနေနဲ့ ချမ်းသာတဲ့သူမဟုတ်ပါဘူး။ ပန်းရောင်းပြီးဘ၀ကိုရုန်းကန် နေရပါတယ်။ လူမှုရေးလုပ်ငန်းတွေပဲလုပ်မှာပါလို့ ချိုချိုသာသာပြောပြီး လူကြားထဲဝင်လာနေတာဖြစ်ပါတယ်။ လက်ရှိဖွင့်ထားတဲ့ဆိုင်ခန်းနဲ့ပြခန်းတွေဟာ အနည်းဆုံးသိန်းထောင်နဲ့ ချီပြီး တန်ပါတယ်။ လောကဓမ္မတာအရပြောရရင် ဦးခင်ညွန့်ကြောင့် ခံလိုက်ရတဲ့သူတွေ၊ သူတို့နဲ့ဆက်စပ်နေတဲ့ မိသားစုတွေရဲ့ ရင်ထဲမှာတော့ ဦးခင်ညွန့်ဟာ နာကျည်းစရာ၊ မုန်းတီးစရာ၊ စက်ဆုပ်စရာဖြစ်နေမှာပါ။ အခုလဲ ထောင်ကထွက်ကြတာချင်းအတူတူ ဦးခင်ညွန့်ကတော့ ဇိမ်ကျကျနေနိုင်စားနိုင်ပြီး ကျန်တဲ့မိသားစုတွေက နေစရာမရှိ၊ စားစရာမရှိဘ၀ဖြစ်နေပါတယ်။ ဘ၀ချင်းကွာခြားလွန်းတာကြောင့် ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ဦးခင်ညွန့်ရုပ်ပုံမြင်တာနဲ့ကိုဒေါသတွေအလိပ်လိုက်ထွက်ရတယ်လို့ပြောနေကြပါတယ်။ ထောက်လှမ်းရေး ညွှန်မှူး၊ အတွင်းရေးမှူး (၁)နဲ့ ဝန်ကြီးချုပ်တာဝန်တွေကိုယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ သြဇာ အရှိန်အဝါကြီးထွားခဲ့သူ တစ်ဦးဖြစ်ခဲ့ပြီး သူ့လက်ထက်မှာ ရာထောင်ချီတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရဟန်းသံဃာတွေကို အာဏာအလွဲသုံးစား လုပ်ပြီး လက်လွတ်စပယ် အကျဉ်းထောင်တွေထဲ ပို့ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့လည်း နာမည်ကျော်ကြားသူဖြစ်ပါတယ်။ အဲဒီလို ယုံကြည်ချက်နဲ့ လှုပ်ရှားနေတဲ့ သူတွေကို ဖမ်းဆီးနှိပ်စက်ပြီးနှစ်ရှည် ထောင်ဒဏ်တွေချ၊ နှိပ်ကွပ်တာတွေကြောင့် အကျဉ်းကျနေသူတွေဟာ မိသားစုတွေနဲ့ သေကွဲကွဲသူတွေ၊ ရှင်ကွဲကွဲသူတွေ၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေးစတဲ့ ကဏ္ဍအသီးသီးမှာ နည်းအမျိုးမျိုး ထိခိုက်ပျက်စီးမှုတွေကို ခါးစည်းခံခဲ့ကြရပါတယ်။ ဒါကြောင့်လဲ ဦးခင်ညွန့်ရဲ့ လက်ရှိနေထိုင်ရတဲ့ဘ၀နဲ့သူတို့ရဲ့ဘ၀တွေကွာခြားနေတာကို ဦးခင်ညွန့်ကတော့…… နတ်ဘုံနတ်နန်းမှာ သူတို့ကတော့အ၀ီစိမှာလို့ နှိုင်းယှဉ်ပြောဆို နေကြပါတယ်။ ဒီဆိုင်ကို ဖွင့်လိုက်တဲ့ ရည်ရွယ်ချက်ဟာ လူထုနဲ့ပြန်ပြီး ထိတွေ့ပြီး နိုင်ငံရေး လောကထဲကို ဝင်ဖို့မဟုတ်ဘူးလို့တော့ ဦးခင်ညွန့်က ပြောပေမယ့် ဝေဖန်သူ တချို့ကတော့ ဒီဆိုင်ကို ဘန်းပြပြီး ပြည်တွင်း ပြည်ပထောက်လှမ်းရေးကွန်ရက်တွေနဲ့ ဆက်သွယ်ဖို့ အတွက် လွယ်ကူအောင် ပြုလုပ်တာလို့ ပြောဆိုနေကြ တာတွေလည်းရှိပါတယ်။ဒါကြောင့်မို့လာမဲ့ ၂၀၁၅ခုနှစ်မှာတော့ နေရာတစ်ခုခုကို မရ ရအောင်ယူမှသေချာ ပါတယ်။ ပါးစပ်ကနိုင်ငံရေး မလုပ်ဖူးဆိုပေမယ့် ရင်ထဲမှာတော့ နာကျည်းချက်တွေပြည့်နေတာမို့ သူလဲ၂၀၁၅ ကိုမျှော်မှန်းထားမယ်ထင်ပါတယ်။ နောက်တစ်ချက်ကလဲလူမှုရေးလုပ်ငန်းတွေမှာ ကျော်ကြားထင်ရှားလူသိ များတဲ့ကျော်သူနဲ့ဦးခင်ညွန့်ရဲ့သားရဲနိုင်ဝင်းတို့ဟာငယ်သူငယ်ချင်းတွေဖြစ်တာမို့ ကျော်သူရဲ့ အသိုင်းအ၀န်း ဟာ ဦးခင်ညွန့်အသိုင်းအ၀ိုင်းဖြစ်လာနိုင်ပါတယ်။ ဒီကနေ့ ခရိုနီတွေလို့ သိထားတဲ့စီးပွားရေးသမားအများစုဟာလဲ တစ်ချိန်တုန်းက ဦးခင်ညွန့်ရဲ့ မြေတောင်မြှောက်ပေးမှုတွေကြောင့်ကြီးပွားချမ်းသာနေသူဖြစ်လို့ ၂၀၁၅ မှာ ဦးခင်ညွန့်ဘက်တော်သားတွေ ဖြစ်မလာနိုင်ဘူးလို့မပြောနိုင်ပါဘူး။ ဒါကလက်တွေ့ကျတဲ့အဖြစ်မှန်တွေပါပဲ။ သမ္မတကြီးဦးသိန်းစိန်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်မှာအကောင်းမြင်စိတ်နဲ့ပြောဆိုနေတာတွေဟာလဲ တကယ်ရင်ထဲကပါတာ ဟုတ်ရဲ့လား၊ ဒါမှမဟုတ်ဒါဟာလဲ ၂၀၁၅ခုနှစ်အတွက် ပြင်ဆင်နေတဲ့ အစိတ်အပိုင်းတစ်ခုလားဆိုတာတော့ ဦးခင်ညွန့်ကလွှဲလို့ ဘယ်သူမှမသိနိုင်ပါဘူး။ တိတိကျကျပြောနိုင်တာ တစ်ခုကတော့ ၂၀၁၅ခုနှစ်မှာ မြန်မာ့ဒီမိုကရေစီပွဲကြီးပွဲကောင်းနှစ် ဖြစ်လာမယ်ဆိုတာတော့ သေချာပါကြောင်း… တင်ပြလိုက်ပါတယ်။ ထိန်လင်း |
|
Posted: 18 Jun 2013 12:16 AM PDT ဆက်သွယ်ရေးဝန်ထမ်း ကိုကျော်စွာလင်းအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရန် တောင်းဆိုအပ်ပါသည်.. (ပေးစာ) ဟင်္သာတမြို့  ဗုံးခွဲတရားခံအဖြစ် ထောင်ဒဏ် တစ်သက် တစ်ကျွန်းကျခံ နေရသူ ဆက်သွယ်ရေးဝန်ထမ်း ကိုကျော်စွာလင်းမှာ ကလေးသုံးယောက်၏ ဖခင်ဖြစ်ပါသည်။ ထိုကဲ့သို့ ဖခင်ဖြစ်သူတစ်ယောက်မှာ မိမိကလေးများ နေထိုင်ရာ ဆက်သွယ်ရေးရုံးကို ဗုံးဖေါက်ခွဲသည်ဆိုခြင်းမှာ ဖြစ်နိုင်ခြေ အလွန်နည်းပါသည်။ ထို့ အပြင် ဗုံးခွဲခဲ့သော တရားခံ အစစ်ဖြစ်သူ သန်းကိုဦးမှလည်း ဗုံးများကို သူကိုယ်တိုင် ထောင်ကာ ဖေါက်ခွဲခဲ့သည်ဟု ဝန်ခံခဲ့ပြီး ဖြစ်ပါသည်။ ဆက်သွယ်ရေး ဝန်ထမ်း ကိုကျော်စွာလင်းကို ခိုင်မာသော သက်သေအထောက်အထား မရှိဘဲ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာ သံသယ၏ အကျိုးကို ခံစားခွင့် ဆုံးရှုံးနေရပါသည်။ အပြစ်မဲ့သူ ၁ယောက် ပြစ်ဒဏ် မကျခံစေရရန်မှာ တရားဥပဒေ၏ အဓိကတာဝန် ဖြစ်သောကြောင့် ဆက်သွယ်ရေးဝန်ထမ်း ကိုကျော်စွာလင်းအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရန် သမ္မတ ဦးသိန်းစိန် နှင့် အစိုးရ တစ်ရပ်လုံး ကို ဟင်္သာတမြို့  ပြည်သူတစ်ယောက်အနေဖြင့် တောင်းဆိုအပ်ပါသည်။ ဟင်္သာတမှ တရားမှန်ဖြစ်စေလိုသူ ပြည်သူတဦး |
|
Posted: 18 Jun 2013 12:09 AM PDT ပဲခူးမြို့ ကျက်သရေဆောင် သီရိဟံသာခန်းမအား ကေတီဗွီနှင့် အနှိပ်ခန်းဖွင့်ရန် ခွင့်ပြုခဲ့ခြင်းအပေါ်(တိုင်ကြားစာ) ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို.ရှိ ရွှေမော်ဓောဘုရားလမ်းတွင် ပဲခူးမြို.၏ကျက်သရေဆောင် သိရိဟံသာခန်းမ ဟူသောခန်းမရှိပါသည်။ ထို့အတူပဲခူးမြို့၊ ဥသာမြို့သစ်၊ ဆည်မြောင်း လမ်းပေါ်တွင် သိရိဥသာခန်းမဟူသော ပုံစံတူအဆောက်အဦး တစ်ခုရှိပါသည်။ ယခုအခါတွင် ယင်းမြို့ကျက်သရေဆောင် သိရိဥသာခန်းမအား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအား နှစ်ရှည်ငှားရမ်းကာ ကေတီဗွီနှင့် အနှိပ်ခန်းဖွင့်ရန် ခွင့်ပြုခဲ့ပါသည်။ မည်သူ၏ ခွင့်ပြုချက်နှင့်ငှားရမ်း၊ ဖွင့်ခွင့်ပြုခဲ့ကြောင်း မသိရပါ။ ထိုသို့ဥသာမြို့သစ်၏ ကျက်သရေဆောင်ခန်းမ တစ်ခုအား မသင့်လျှော်သော နေရာအဖြစ် ပြောင်းလဲအသုံးချခြင်းအား တားမြစ်ပေးပါရန် အများ ပြည်သူအပေါင်းနှင့် ပဲခူးတိုင်းဒေသကြီး အုပ်ချုပ်ရေး အာဏာပိုင်များသိရှိစေရန် အကြောင်းကြားအပ်ပါသည်။ အငြိမ်းစားရဲဝန်ထမ်းတစ်ဦး(ဥသာမြို့သစ်) |
ဒီမိုဝေယံ |
|
Happy Birthday တို့အမေ.. (၆၈နှစ်ပြည့် အမေဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း) Posted: 18 Jun 2013 08:14 AM PDT မွေးနေ့မှသည်... ၂၀၁၅ခုနှစ် ရည်မှန်းချက် ပန်းတိုင် အများမျှော်လင့်နေတဲ့ နိုင်ငံခေါင်းဆောင်အဖြစ် ရောက်ရှိနိုင်ပါစေ.. ပြည်သူ့အမေ အသက်ရာကျော်ရှည်ပါစေ.. ဒီမိုဝေယံ ဗီဒီယိုပေးပို့သော BG သွေးအကူအညီပေးရေး အဖွဲ့အား ကျေးဇူးတင်ပါသည်..။ 19-june-2013 ရက်နေ့တွင်ကျရောက်မည့်အမေဒေါ်အောင်ဆန်းစုကြည် (၆၈)နှစ်ပြည့် မွေးနေ့အမှတ်တရ ဆုတောင်း သီချင်းလေးဖြစ်ပါတယ်.. BG သွေးအကူအညီပေးရေးမှ အမေ့သားသမီးများ ရေးစပ်သီဆို၍ ကိုဝင်းကျော်(G.T.X)မှ မေတ္တာဖြင့် တီးခတ်ဖျော်ဖြေပေးခဲ့ပါသည်။ |
|
ရွှေညဝါဆရာတော်ကြီး ဂျာမဏီနိုင်ငံသို့ရောက်ရှိ .... Posted: 18 Jun 2013 08:05 AM PDT |
ရွှေညဝါဆရာတော်ကြီး ဂျာမဏီနိုင်ငံသို့ရောက်ရှိ ရွှေညဝါ ဆရာတော်နှင့် လက်ထောက် ဆရာတော် ဦးသူရိယဆရာတော်တို့ဟာ ယနေ့ ၁၈.၀၆.၂၀၁၃ မနက် ဂျာမဏီစံတော်ချိန် မနက် ၆နာရီခွဲခန့်က ဂျာမဏီနိုင်ငံ ဖရန့်ဖတ်လေဆိပ်သို့ ရောက်ရှိလာပါတယ်..။ ဂျာမဏီနိုင်ငံမှာ နေထိုင်စဉ်အတွင်း ဓမ္မဒူတကျောင်းမှာ သီတင်းသုံးနေထိုင်မှာ ဖြစ်ပြီး..။ နော်ဝေးနိုင်ငံသို့လည်း ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်..။ နော်ဝေနိုင်ငံမှာတော့ နော်ဝေးဆရာတော် ရွှေဝါရောင် အရှင်ထာဝရကျောင်းမှာ သီတင်းသုံးနေထိုင်မှာ ဖြစ်ပါတယ်..။ ဓာတ်ပုံ ...ဒီမိုဝေယံ |
|
ရန်ကုန်မြေဈေး အပိုင်း (၃) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) Posted: 18 Jun 2013 07:40 AM PDT (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) ဒီရေရေအား လျှပ်စစ်အတွက် သြစတြေးလျနိုင်ငံမှ ရန်ကုန်မြို့သို့ ရောက်ရှိနေတဲ့ ဒေါက်တာလှိုင်မြင့်အား မေးမြန်းချက်ဖြစ်ပါသည်..။ ဒီမိုဝေယံ မေးမြန်း၍ ဒေါက်တာလှိုင်မြင့် ဖြေဆိုပါသည်...။ မေး၊...၊ ဆရာ ဒလ မြို့ နဲ့  ရန်ကုန်နဲ့ ဘယ်က အဓိက မြို့တော်ဖြစ် လာပါမလဲ ။ ဘယ်အချိန်လောက် ဆိုသိနိုင်ပါမလဲ ။ ဖြေ။.....။ မေးခွန်း ဒုတိယအပိုင်းကတော့ ပြောရခက်ခက်။ အစိုးရအပေါ် တည်နေတာလေ။ အစိုးရထဲမှာ စီးပွားရေးအမြင် အားကောင်းသူတွေ ဘယ်လောက်များသလဲအပေါ်မူတည်တာပါ။ ၁၉၉၅ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခါစအချိန်တွေမှာ အစိုးရသတင်းသာမှာ စစ်တပ်အုပ်ချုပ်လိုက်လို့  တောင်ကိုးရီးယား တိုင်ဝမ်နဲ့  အင်ဒိုနီးရှားတို့ဟာ ၁ဝ နှစ် ၁၅ နစ်အတွင်းမှာ အာရှကျားကြီးတွေ ဖြစ်လာတယ်။ အခုသူတို့  ဆက်အုပ်ချုပ်ရင်လဲ အဲဒီလိုစီးပွားရေး ကျားကြီးဖြစ်လာမယ် လို့ ရေးလာပါတယ်။ ကလောင်အမည်က (စည်သူငြိမ်းအေး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် ..ကျနော်က ဦးဝင်းဟောင် လို့ ခေါ်ခဲ့သူ)။ ကျနော်မြေအောက် ဆောင်းပါးရေးပြီး ဖြန့်ခဲ့တယ်။ ဆောင်းပါးတွေဖြန့် တော့ ပရင့်ကို ဦးအောင်သန်းသမီးက ကူညီတယ်။ ဆောင်းပါးမှာ… ကိုးရီးယား ကတ်ဘိနက်မှာ မီရှီဂန် Michigan ကဒေါက်တာဘွဲ့ ရထားသူ တစ်ဒါဇင်ကျော်ရှိနေတာ။ Dirty dozen from Michigan ။ ထိုင်ဝမ်မှာ မက်ဆာချူးဆက်က ဒေါက်တာဗရုတ်တွေအများကြီး crook from Massachusetts နြ့ အင်ဒိုနီးရှားမှာတော့ ဘာကလီဒေါက်တာဘွဲ့ ရက တနိုင်ငံလုံးမှာ (ထိုစဉ်က ၂၇ဝဝ-ကျော်နေတာမို့  ဘာကလီမားဖီးယား ဟုပင်တင်စားနေတာတွေနဲ့  အဲဒီသုံးနိုင်ငံ စလုံး န.အ.ဖ ရဲ့ ဆွေမျိုး ပေါက်ဖေါ်ကြီးနဲ့ သံတမန် အဆက်အသွယ်ပင် မရှိကြောင်း ထောက်ပြဘူးပါတယ်။ ကျနော့်ကိုဖမ်းတော့ အိမ်ကမိသွားတဲ့ သတင်းစာ ဆောင်းပါးဖြတ်ပိုင်းတွေကနေ ကျနော်ရေးကြောင်း သိသွားကြပါတယ်။ အခုအစိုးရထဲမှာ စီးပွားရေးအမြင်ဘယ်လောက်ရှိတယ် စကားပြောနေပါမယ်။ ဒေါ်စုလို လူခေါင်းဆောင်မျိုး လွှတ်တော်မှာအသာရရင် တံတားဖွင့်ပြီးလို့  ငါးနစ်အတွင်း ဒလက စီးပွားရေးအရ အချက်အခြာကျတဲ့ မြို့ တော်ကြီး ဖြစ်မယ်လိုအတတ်ပြောရဲတယ်။ အဲဒီမေးခွန်း အတိအကျမပြောနိုင်လို့ ချန်ထားပါရစေ။ အင်္ဂလိပ်လို (ကလေးစကားပေါ့… နော့်မီ) ပထမ-မေးခွန်းကတော့ ဒလဘက်မှာက သင်္ဘောဆိပ်နေရာလဲ များများပေါ်လာမယ်။ ဆိပ်ကမ်းကလဲ ရေနက်(ရေစူး) က ပိုနက်တာဆိုတော့ အခုဘဲကြည့် ရေပိုနက်လို့  သင်္ဘောကပ်နို်င်မှုနဲ့  သီလဝါဆိုပြီး စကားပြောနေတာ။ ဒလဘက်မှာ သီလဝါ ထက်သာတဲ့ ဆိပ်ကမ်းတွေ သုံးဆပိုရှိနေပါတယ် ။ သဘာဝကကိုရှိနေတယ် ။ ဂျပန်ကုမ္မဏီတွေ ကြံဆနေသလို ရေထိန်းတံခါးနဲ့ ကုန်းတွင်းသင်္ဘောဆိပ်တွေပါ ထပ်ဆောက်မယ်ဆိုရင် ရန်ကုန်ကို ဒလနဲ့  ယှဉ်နေဖို့ နေနေသာသာ ရန်ကုန်ဟာ စလိပင်းဗျူတီ Sleeping beauty လို့ သမုတ်တာခံရဖို့ ရှိနေပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေနဲ့  အိပ်နေလို့ ရပါတော့မယ်။ အဲဒီမှာ စီးပွားရေးအရ အချက်အခြာကျတဲ့ ဇုံပေါ့။ CBD Central Business District ဆိုတာ ဒလဘက်မှာ ပေါ်လာပါမယ်။ ဥပမာ နယူးယောက်မြို့ က ရုံးကြီးတွေ အခြေစိုက်တဲ့ မင်ဟတ်တန်အပိုင်းကို စီဘီဒီ ခေါ်သလိုပေါ်လာပါမယ်။ အဲဒီလို စီဘီဒီ တွေကိုက သင်္ဘောဆိပ်နဲ့ မဝေးလှတဲ့ မြို့ လည်ဖြစ်နေတတ်ပါတယ်။ ရန်ကုန်မှာ သင်္ဘောဆိပ်က ပန်းဆိုးတန်း ဝန်းကျင်ဘဲရနိုင်ပါမယ်။ ကပ်နို်င်တာလဲ တန်အားဖြင့် သေးသေးဘဲ ကပ်နိုင်ပါတယ်။ ကုန်သေတ္တာခေတ်ဆိုတော့ ကွန်တိန်နာ အလုံး ၁ဝဝဝ- သာတင်နိုင်တဲ့သင်္ဘော အသေးစားတွေဘဲ ကပ်နိုင်ပါမယ် ။ သီလဝါဘက်မှာ ကွန်တိန်နာ အလုံး..၃ဝဝဝ-လောက်တင်နိုင်တာ ငါးစီးလောက်ကပ်နို်င်ပါမယ်။ ဒလဘက်က ၃ဝဝဝ- လောက်တင်နိုင်တာ အစီး ၃ဝ -လောက်ကပ်နိုင်မယ်။ ကုန်းတွင်းကို ထပ်သင်္ဘောဆိပ် ချဲ့မယ်ဆိုရင်။ ဒါတော့ချဲ့ နိင်သလောက်ပေါ့ ။ ရန်ကုန်ဆိပ်ကမ်းနဲ့ ကွာတာက ရန်ကုန်ဆိပ်ကမ်းကို ဝင်တဲ့အခါ သောင်ခုံကြီးနစ်ခု Sand bank ရှိနေပါတယ်။ ၁၉၆၈- ခုနစ်က ကမ္ဘာရှား သင်္ဘောကြီးသောင်တင် ခါးကျိုးသွားပါတယ်။ သီလဝါ နဲ့  ဒလကို ဝင်ရင် သောင်ခုံ တခုဘဲ ရှောင်ဝင်ရတာက ကွာနေပြန်တယ်။ ဒီသောင်ခုံတွေကြောင့် သင်္ဘောတွေ ဒီရေမြင့်တဲ့ရက် (ရေထရက် ) တွေမှာဘဲ အဝင်အထွက်လုပ်နေရတာပါ ။ အဲဒီတော့ အခုကုန်သွယ်ရေးခေတ်မှာ ဆိပ်ကမ်းကောင်းကောင်း ရှိတာက ဘယ်ဟာမြို့ တော်ဆိုတာကို ဆုံးဖြတ်သွားမှာပါ။ (မေး) ဒါဆိုနှစ်ခုမေးဖို့ လိုလာပါတယ်။ တစ်က - ရန်ကုန်နဲ့  အလုံ ကြည့်မြင်တိုင် ဘက်က ကွန်တိန်နာ ဆိပ်ကမ်းတွေဘယ်လို အကျိုးသက်ရောက်ပါမလဲ။ နှစ်က --- နေပြည်တော်က မြို့ တော်ဖြစ်နေတော့ ဆရာက ဒလ ကိုမြို့ တော်လို့ သုံးနေတာ နဲနဲ ရှင်းပြပေးပါလား။ (ဖြေ) ဖြေရပြန်ပြီ နစ်ခု။ ပန်းဆိုးတန်း ထားပါတော့။ ပန်းဆိုးတန်းကိုသာ ခေတ်မှီကွန်တိန်နာစက်တွေ ထိုင်လိုက်ရင် အလုံဘက်က နာနေပြီ။ ဒီရန်ကုန်တောင် အလုပ်တွေ လျော့ကျသွားမှတော့ အလုံက ဘာပြောနေစရာ လိုတော့ပါမလဲ။ ဒလ စီမံချက်သာပေါ်လာရင် ခေတ်စကားနဲ့  ရန်ကုန်ကို (ပန်းဆိုးတန်း)ကို ဆေးရုံတင်ယူနေရပြီဆိုမှတော့ အလုံက ယပ်တောင်နဲ့  မုန့်ဟင်းခါးမှာ ထားဖို့ ဘဲ ရှိတော့တယ် ။ တဆက်ထဲ ပိုဆိုးမှာက အခုလှိုင်သာယာ ရွှေပြည်သာဘက်က စက်ရုံတွေကိုက ဒလ ဘက် ကိုရွှေ့ ချင်ရွှေ့  မရွှေ့ လို့ ကတော့ ဆွမ်းကျွေးဖို့ တောင် ငွေချေးယူရပါမယ်။ စီးပွားရေးအရ ဒလ ဘက်ကို ယှဉ်ဖို့ မလွယ်ပါဘူး။ ဒုတိယမေးခွန်းက ဖြေရတာ ခပ်ခက်ခက်။ ကဲပါလေ။ နာမည်ယူထားတာက ဗေဒင်ယတြာအရ မပေးကောင်းတဲ့ နာမညါ။ နိမိတ်မကောင်းလို့  ဒီမြို့ ကြောင့် ဦးသန်းရွှေ ကို ခိုက်ထားတာကိုသိလား။ အဲဒါဖြေပါဦး။ ခင်ဗျားကချည်းမေးနေတာ။ (x ) အင်းမသိဘူး ။ (x ) စဉ်းစားပါဦး ။ ( x ) ဆရာဘဲဖြေပါ ။ ဆရာလို မမြင်တတ်ပါဘူး။ ပြောရတာ ဟိုတိုက် ဒီခိုက် ဖြစ်နေတယ်။ မပြောလို့ ကလဲ မသိသေးသမျှ ကံက ခိုက်နေဦးမှာမို့  အခုဖြေတာတွေကို လူကြီးတွေမကြိုက်လဲ ..ဆေးဆရာက… လူမမာနေကောင်းဖို့  မှားနေတာကို မကြိုက်သော်လည်း သတိပေးဖို့ လိုနေတာမို့  လိုနေလို့  ဖြေတယ်လို့် မြင်နိုင်ကြပါစေ။ ဒီမြို့ ကိုစတည်တုံးက ဘယ်လိုနာမည် ရည်စူးတယ်တော့ မသိဘူး။ စဖွင့်တဲ့နေ့ ကတော့ (၁၁ - ၁၁ - ၂ဝဝ၅ ) နေ့ ကတော့ ရန်ကုန်အထွက်ကနေ ဝန်ထမ်းတွေကို ဗေဒင်အချိန်အခါကျတဲ့ မင်္ဂလာအချိန် စောင့်ပြီး (…အောင်ပြီ…အောင်ပြီ ) ကြွေးကြော်ခိုင်းပြီး ချီတက်ကြတာပါဘဲ။ စဖွင့်လို့  နှစ်လမပြည့်သေးဘူး (၂ဝဝ၅ - ခရစ်စမတ်ရက်ပိုင်းမှာ) န.အ.ဖဟာ နိုင်ငံရေးအရ အရှိုက်ကို အလဲထိုးချတာခံလိုက်ရပါတယ်။ ရှိစုမဲ့စု ဘတ်ဂျက်နဲ့  ဧရာမမြို့ တော်ကြီးကို တည်စအချိန်မှာ ဝန်ထမ်းလစာ အလွန်နည်းနေတာကို ဗွီအိုအေ တိုက်ရိုက်လေးလှိုင်း အစီအစဉ်ကနေ ဖွင့်ချတာခံလိုက်ရပါတယ်။ အဲဒီအချိန်က ဆေးတက္ကသိုလ်က နို်င်ငံခြားဘွဲ့ လွန် ၃-ခုရထားတဲ့ ပါမောက္ခကြီးတစ်ဦးရဲ့  လစာဟာ (၁၂. ဝဝ - ဒေါ်လာ) ဘဲရှိပါတယ် ဆိုတာထုတ်ဖေါ် ဖွင့်ချတာခံလိုက်ရပြီး ဖေဖေါ်ဝါရီလ လေးလပတ် အစည်းအဝေးမှာ ဘတ်ဂျက်မရှိဘဲ မြို့ တော်ကြီးအတွက် ဘတ်ဂျက်တွေ အများကြီးလိုနေတဲ့ အချိန်မှာ ဝန်ထမ်းလစာတွေ (၁ဝ ကနေ ၁၅ ) အဆအထိတိုးပေးလိုက်ရတာပါ။ ပေးလိုတဲ့ ဆန္ဒရှိရင်တောင် ဒီအချိန်မှာ ဘယ်လိုမှမပေးနိုင်ပါဘူး။ ဘယ်သူမှမပေးနိုင်ပါဘူး။ ဦးဏှောက်နဲ့  စဉ်းစားကြည့်ပါ ။ အဲဒီရဲ့  နို်င်ငံရေးအရ အရှိုက်ကိုအထိုးခံလိုက်ရာကနေ အကျိုးဆက်က တစ်နှစ်ကျော်ကျော်လေးမှာ ရွှေဝါရောင်တော်လှန်ရေးကြီးပေါ်လာပြီး န.အ.ဖ ဆင်းပေးဖို့ အထိဖြစ်လာပြီး မပြီးဆုံးနိုင်တဲ့ ညောင်နစ်ပင်ညီလာခံကြီး တက်သုတ်ရိုက်ပြီး ပြီးလိုက်ရတာပါဘဲ။ အရှိုက်ကို အထိုးခံလိုက်ရတယ်ဆိုတာ ဟုတ်တယ် ..မဟုတ်ဘူးဆိုတာ ခင်ဗျားဘဲ ဆုံးဖြတ်ပါ။ အဲဒီနောက် ဒီနေပြည်တော်က ထပ်ခိုက်တာတွေ ဆက်တိုက်ပေါ်လာတယ်။ ခင်ဗျားစဉ်းစားကြည့်လေ။ ဦးသန်းရွှေ သူ့ တစ်သက်တာ သူ့ ဘဝမှာ အရေးအကြီးဆုံးသော အလုပ်ကြီးက အခါရာအကျဆုံး အလုပ်ကြီး။ သူအာဏာသိမ်းစ ကတည်းကလုပ်ဆောင်ခဲ့တဲ့ အခြေံဥပဒေကြီးကို လူထုဆန္ဒဆိုပြီါ် အတည်ပြုဖို့ဘဲလေ။ သူ့ဘဝရဲ့ အရေးအကြီးဆုံး အလုပ်ကြီးကို နာဂစ်မုန်တိုင်းကြီးက နှစ်ခြမ်း အခွဲခံလိုက်ရတာဘဲလေ။ နေပြည်တော်လို့ မှည့်ခေါ်တဲ့ အကျိုးဆက်တွေလို့  ကျနော် အပြတ်ယူဆထားပါတယ်။ အခုဘဲကြည့်ပါ။ နေပြည်တော်မှာ စာချုပ်ထားသမျှတွေ ထစ်ငေါ့နေတာတွေ။ မြင်တတ်ရင်ပေါ့ စဉ်းစားတတ်ရင်ပေါ့။ ထားဝယ်ရေနက်စီမံကိန်း။ မြစ်ဆုံဆည် ။ လက်ပံတောင်းတောင်။ ပြန်သုံးသပ်ဖို့ တော့ လိုနေပြီလို့ အကြံပြုချင်ပါတယ်။ အခုဆို တိုင်းရင်းသားအရေးတွေ နေပြည်တော်မှာ ချုပ်ဆိုကြတာတွေကို သတိထား စေချင်ပါတယ်။ (မေး) ဒါဆိုဆရာက နေပြည်တော်ဆိုတာ နံမည်က ခိုက်နေတယ်လို့ ယူဆတာလား နေပြည်တော်တည်တာက ခိုက်နေတယ်လို့ ယူဆတာလား။ နေရာကခိုက်နေတာလား ။ ( ဖြေ ) ခင်ဗျားမေးခွန်းတွေက လက်ထိပ်စော်နံတဲ့ မေးခွန်းတွေချည်းဘဲ။ မေးတော့လဲဖြေရတော့မှာပေါ့ ။ နေပြည်တော်ဆိုတာကတော့ ကံဆိုးတွေမခိုက်ဘူး ဆိုရင်တောင် ယဉ်ကျေးတဲ့ခေတ်မှာ မခေါ်သင့်တော့ဘူး။ ရှေးက ဘုရင်တွေဆိုတာ ခေတ်ကာလအခြေအနေအရ ပေါ်လာရတာပါ။ မင်း (ဘုရင်) ဆိုတာ လူကောင်းက ရှာမှရှားပါ ။ မင်းပြောင်းမင်းလွှဲ ဖြစ်လို့  မောင်းတီးကြေငြာရင် လူတွေမှာ ကြောက်နေကြရတာ။ ဘုရင်ဟောင်းနဲ့  ပနာရခဲ့သူတွေဆို ပြေးနို်င်ရင်ပြေးခေတ်ပါ။ ထားပါတော့ ကျနော်တို့  မြန်မာဘုရင် မျိုးဆက်ပြန်ရလို့  ကျနော်တို့ ကို အုပ်ချုပ်မယ်ဆိုရင် လက်ခံနိုင်ကြမလားသာ စဉ်းစားကြည့်။ ဘယ်သူမှ လက်ခံကြမှာမဟုတ်ဘူး။ အဲဒီမှာ လွှဲနေပြီ မင်းနေပြည်။ ဘုရင်ဆိုတာစိတ်ကူးတာကိုက လူမုန်းတာခံချင်နေတာဘဲ။ တစ်ခါပိုပြီး လွှဲတာက ရှေးမြန်မာတွေက မန်းရတနာပုံ နေပြည်တော်လို့  သုံးနုံးခဲ့တာ သမိုင်းစာအုပ်တွေမှာ အထင်ကရ။ နေပြည်တော်က မြို့ ရဲ့ နောက်ကနေ ခေါ်ဆိုရတာ။ မြို့နေရာဒေသတွေမှာ နာမဝိသေနပုဒ်ကို နောက်ကထားရတာ မြန်မာရဲ့ မူဘဲ။ တနည်း နေပြည်တော်ဆိုတာက ( မြို့  ) ဘဲလေ။ အခုသူသုံးနုံးတဲ့ အတိုင်းဆို မြို့ တော်ရန်ကုန်။ မြို့ ရွှေဘို ဖြစ်မနေဘူးလား ။ အဲဒီလို စည်းဖေါက်တာကလဲ လုပ်ထားပြန်တော့ ခိုက်ပြီပေါ့။ ဦးသန်းရွှေ အမိန့် (ထင်တယ် )… အမှန်ကပျဉ်းမနား နေပြည်တော်လို့  ခေါ်ရမှာကို (နေပြည်တော် ပျဉ်းမနား ) လုပ်နေတာကတော့ မြန်မာစာဆရာကြီးများ ဘယ်ဟာက မှန်တယ်။ ဘယ်ဟာက မှားတယ် ဆွေးနွေးဖို့ လိုပါပြီ။ နုတ်ပိတ်နေလို့ ရမယ်ထင်နေကြသလား။ ချာတိတ်တွေက ဒီဘိတ် ( စကားရည်လုပွဲ ) လုပ်လာပါလိမ့်မယ်ဗျား။ ငြိမ်နေလို့ ရမယ်ထင်နေကြရင်။ နောက်နေပြည်တော်ဆိုတာ စာတတ်သူတိုင်း.. ဒါမင်း( ဘုရင် )နေထိုင်ရာမြို့ တော်လို့  အဓိပ္ပါယ်ပေါ်လွင်ပြီးသား။ ဗိသိက်ခံပြီး နန်းတက်ထားသူမရှိဘဲလဲ မသုံးကောင်းဘူးလေ။ နောက်တစ်ခုပေါ့ . ပျဉ်းမနားမြို့ သားတွေကိုတော့ အားနာပါရဲ့ ။ ဟိုယခင်ကထည်းက မီးရထားခရီးသွားရင် ကုန်ကားကြီးတွေလဲ သတိထားရတာက ပျဉ်းမနားပါ။ အဆိုလေးတောင်ရှိသေး ပျဉ်းလို့ တောင်မနားနဲ့တဲ့ ။ရထားတွဲထိန်းတွေက ပျဉ်းမနားမှာ ရထားဖြတ်နေစဉ် မှန်တွေချထားဖို့  မျက်မှန် နာရီတွေ သတိထားဖို့ လိုက်သတိပေးရတာ ရာဇဝင်ပါဘဲ။ ပျဉ်းမနားကြီးကို ဗဟိုပြုလိုက်တာ အာဏာရှိသူတွေ ဆထက်ထမ်းပိုး ထောသွားသလောက် တိုင်းပြည်ကတော့ ကုန်းကောက်။ ခိုးလိုက်တာ သောက်သောက်လဲပါဘဲ။ တစ်လောက မိတ်ဆွေနဲ့  စကားစပ်မိရင်း ပျဉ်းမနားကို ဗဟိုပြုနေသမျှ လာဘ်ပေးလာဘ် ယူမှုဘယ်လိုမှ တိုက်ရမှာမဟုတ်ဘူး။ ကံက အကူထက် အဖျက်ဘက်ကနေ ထိုးနေမှာလို့။ ပျဉ်းမနားသားတွေကိုတော့ အားနာပါရဲ့။ လာဘ်ပေးလာဘ်ယူဆိုတာ ခိုးမှုဘဲလေ။ ခိုက်နေတာမှ Double - မက ခိုက်နေတာပါဗျာ။ လွှတ်တော်အမတ်မင်းတွေ ဆွေးနွေးသင့်ပါပြီ။ မြို့ တော်ဆိုတာ မင်္ဂလာပြည့်စုံရဲ့ လားဆိုတာ စဉ်းစားသင့်ပါပြီ။ မင်္ဂလာလား အမင်္ဂလာလား ဆုံးဖြတ်သင့်ပါပြီ။ က ကြီးလား ခခွေးလား အမတ်မင်းများစဉ်းစား။ ( မေး ) ဆရာ ကကြီးဆိုတာ ခခွေးဆိုတာ ဘာကိုပြောတာလဲ။ ( ဖြေ ) အဲ…အင်း ။ စကားကလွန်သွားတယ် ဗျာ။ ထားပါ တော့ ။ က - ကြီးဆိုတာ (ကောင်း) ကိုပြောတာ။ နေရာဆိုတော့ ကောင်းရင်တော့ ကောင်း ပေါ့။ အမင်္ဂလာကျနေရင်တော့ ခခွေး - ဆိုတာ ( (ခေါင်း) လို့ ဆိုလိုတာပါ ။ တိုင်းပြည်အရေးဆိုတော့ အဲဒီလောက်ကိုအရေးကြိးလို့ ပြောမိတာပါ ။ ( မေး) အဲဒီတော့  ဆရာကမြို့ တော်ကို နေပြည်တော်ကနေ ရန်ကုန်ကိုပြန်ရွှေ့ စေချင်တဲ့ သဘောပေါ်နေပါတယ် ။ အဲဒီလိုယူဆလို့ ရမလား ။ ( ဖြေ ) ရွှေ့ စေချင်တာကိုမဟုတ်ဘူး။ စကထည်းကိုက တိုင်းပြည်မှာ လိုငွေတွေ နင်းကန်ပြနေတဲ့အချိန် ဗေဒင်ယတြာကဟောလို့ ရွှေ့ တယ်ဆိုတာ လူတိုင်းသိနေတာပါ။ အဲဒီဗေဒင်တွေသာ တွက်တာမှန်ရင် ကမ္ဘာမှာ ကျနော်တို့ နိုင်ငံဟာ ထိပ်ဆုံးကိုရောက် မနေရင်တောင် အမွဲဆုံး နိုင်ငံဖြစ်မနေပါဘူး။ အဲဒီဗေဒင်တွေကို နိုင်ငံခြားတွေက soothsayers. အလိုကျလိုက်ဖါးဟောနေသူတွေလို့  သတ်မှတ်ခေါ်ဆိုတာဗျာ။ မြန်မာလိုတော့ ဗေါင်းတော်ငြိမ့်တွေပေါ့။ ကျနော်က ဘတ်ဂျတ်နဲ့ ချိန်ထိုးပြီး လုံးဝကို မဆောက်စေချင်တာက နံပတ်တစ် ။ နံပတ်နှစ်က မြို့ တော်ဆိုတာ စီးပွားရေးအရ အချက်အချာကျတဲ့ နေရာမှာ နေရတာ။ စစ်ရေးအမြင်အရ လာလုပ်တော့ ခက်သွားရော။ ကျနော်တို့ ထက်အများကြီး အရေးကြီးတဲ့ အမေရိကန် ရုရှား တို့လဲ လုံခြုံရေး သိပ်အရေးကြိးတာပေါ့။ တဖက်က အနုမြူဗုံးနဲ့ အလစ်တိုက်လာခဲ့ရင် အမြဲစဉ်းစားနေရတာပါ။ မြို့ တော်ရွှေ့ တာက ဖြေရှင်းနည်း လွှဲနေတာ။ ယခင်ခေတ်တွေက ရွှေ့ တယ်ဆိုတာ မှန်နိင်ကောင်းပါသေးတယ်။ အခုခေတ်က ကုန်းထဲ ဘယ်လောက်ပုန်းနေနေ မောင်းသူမဲ့ ဒုံးတွေ ကြားနေရတာ နားမဆန့် ပါ။ စစ်ရေးအမြင် ။ နောက်ဆုံး နေပြည်တော်ဆိုတဲ့မြို့ ကြီးက မင်္ဂလာရှိမရှိ ခင်ဗျားသာ စဉ်းစားကြည့်။ တရုတ်ပိုင်နေတယ်လေ။ အဲဒီမြို့ ကြီးဆောက်ဖို့  ချေးရတာ တရုတ်ကို အကြွေး ၅- ဘီလျံ တင်နေတယ်လေ။ တကယ်သာအားမတမ်း မညှာတမ်း ဂုဏ်ပုဒ်တွေအပြည့်အစုံ သမုတ်ပြောရရင် တရုတ်ဆီက ချေးငွေတွေနဲ့ တည်ထားရသောနေပြည်တော်ကြီးပေါ့။ တတယ်ကတော့ စီးပွားရေးအရ သိပ်မှားသွားပြီ။ မှားနေပြီ။ အခုရုံးကိစ္စတွေ နေပြည်တော်သွားကြရတော့ နစ်နာတာက ဘယ်သူလဲ။ မြန်မာတစ်နိုင်ငံလုံး။ အကျိုးအမြတ် ရနေတာက မလေးရှားရေနံကုမ္မဏီတွေပဲ။ ရေနံပိုဝယ်ကြရပြီ။ သူတို့ ကို တဖက်လှဲ့ ရာသက်ပန်လုပ်ကျွေးနေရပြီ။ ဒါရေနံ သက်သက်။ အချိန်တွေပိုကုန်။ တည်းခိုခတွေ ပိုကုန်။ သေလို်က်ကြရတာကလဲ တဝုန်းဝုန်း။ ပြောမယ်ဆိုတစ်ပုံကြီး။ အကုန်ပြောနေရင် မီးဇာကုန်မကုန်တော့ မသိဘူး။ ခုအော်ဇီကလာတာ ကျနော့်နေထိုင်ခွင့်ဗွီဇာ ကုန်ခါနီးတော့ နဲနဲခေါင်းကြီးတယ်။ ဗွီဇာက သက်တမ်းတခါတိုး (၃ - လ) ။ ၃-လ တစ်ခါသက်တမ်းတိုး လျှောက်နေရတာဆိုတော့ လက်ထိပ်စော် မကြောက်ရဖူး ။ ဗွီဇာက မျက်ခးလှုပ်လှုပ်။ ဟိုမေး ဒီမေး နဲနဲ လျော့ပါဦးဆရာ။ ဒလ မြို့  ကိုဘဲမေးပါဗျာ။ (မေး) ဟုတ်ကဲ့။ ဒလမြို့ က ရန်ကုန်ထက်တော့ ပိုအဆင့်မြင့်မှာပေါ့။ ဘယ်လိုတွေ ကွာခြားနိုင်ပါမလဲ။ အခုတံတားဆောက် မိန့်ပေးပါပြီတဲ့ ဘယ်လောက်စတင်နိုင်ပါမလဲ။ (ဖြေ)။ တံတားက ဆောက်မယ်ဆို တိုင်းတာ စစ်ဆေးပေါ့။ ၆- လလောက်ကြာမယ် ထင်တယ်။ တံတားဆောက်တာက အလွန်ကြာလှ နစ်နစ်ပေါ့။ တံတားဆောက်တာထက် မြို့ တော်ကို စီမံကိန်းရေးဆွဲရမှာက နှစ်နှစစ်လောက်အချိန်ယူရမလား ကျနော်မသိဘူး။ န.အ.ဖ.ခေတ်ကလို လက်ညှိးထိုးခိုင်းရင်တော့ တပတ်ပေါ့။ မသိဘူး။ သေချာတာကတော့ စီမံချက်မချသေးဘဲ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား မလုပ်သင့်ဘူး။ ဒလ ဘက်ကမ်းမှာတင် ဧကပေါင်း - သုံးသိန်းကျော်ရှိနေတာ။ ကွမ်းခြံကုန်းတဖက်ကမ်းတွေပါတွက်ရင် ဧကပေါင်း နောက်ထပ် နှစ်ဆ။ အဲဒီမြေကွက်တွေကို လယ်ကွင်းတွေ ကို တရုတ်တွေဝယ်နေကြပြီ။ ဒါနိုင်ငံတော် စီမံချက်ရှိရင် ဝင်နိုက်ကြတာ အာဏာရှိသူတွေနဲ့  လာဘ်ပးလာဘ်ယူရှိနေလို့ ဘဲ။ ဒီမြေတွေဟာ နိုင်ငံတော်ကဘဲ ခံစားခွင့်ရှိရပါမယ်။ အခုအစိုးရမှာ ဘတ်ဂျက်လိုငွေတွေ အများကြီးပြနေတာ ဒီစီမံကိန်းနေ ဝင်ငွေရဖို့ လိုပါတယ်။ အဲဒီလိုတရုတ် ဝယ်လက်တွေ သောင်းကျန်းနေတာ လတ်ပေးလတ်ယူမှု အားကောင်းနေဆဲ ဆိုတာ ဦးဏှောက်ရှိသူတိုင်း စဉ်းစားမိပါတယ်။ လူနာစကားနဲ့  အဖျားမရှိတော့ဘူး ခြစ်ခြစ်တောက်ပုူနေတာဘဲရှိတယ်။ ရန်ကုန်ထက်ကတော့ ပိုမြင့်မှာဘဲ။ ရန်ကုန်ကိုက ၁၈၅၂ - အဂ်လိပ်က ဒုတိယစစ်ပွဲနိုင်ပြီးတာနဲ့  စီမံချက်ချဆွဲခဲ့တဲ့မြို့။ စဆောက်တုံးက လူဦးရေ - ၃၆ဝဝဝ - အတွက်ဆွဲခဲ့တာ ။ ၅ - နစ်အတွင်းမှာ လူဦးရေ ၅-သောင်းအထိတိုးလာပြီး ၁ဝ နစ်မှာ..၆ဝဝဝဝ-ကျော်လာတော့တာပါ။ ထားပါတော့ ၁၈၇၈ - မှာ ရန်ကုန်အရှေ ပိုင်း သိမ်ဖြူလမ်းဘက်ကိုတိုးချဲ့ ခဲ့ပါတယ်။ အခုအများရေးနေကြတဲ့ မှော်ဘီ လှည်းကူးဘက်မှာ ချဲ့ရင် ရန်ကုန်မြေဈေးက ပိုပြီးခေါင်ခိုက်သွားပါမယ်။ ရှေ့ နေမင်းစောင်မမှ ထောင်ကျ ဘဲ။ အဲဒီဘက်စဉ်းစားသူဟာ လောင်းချင်သေးတယ်။ ဦးဏှောက်ချော်နေသူလို့  အပြတ်ပြောမယ်ဗျာ။ အဲဒီလိုထောက်ခံသူ သေသေချာချာ ပြန်စဉ်းစားပေတော့။ မြေကိုင်ထားသူ မဟုတ်ရင် ဦးဏှောက်လွဲနေသူဘဲ။ ၁၈၅၃- စီမံချက်မှာ လမ်းတွေက (လမ်းသေးတွေ) က ၂၅-ပေအကျယ်။ သိမ်ဖြူဘက်မှာစပြီး ပေ-၅ဝ- အကျယ် လမ်းတွေဖြစ်လာတာ။ ဒီဘက်ခေတ်ရောက်တော့ လူဥိးရေက သန်းချီနေထိုင်တော့ လမ်းအကျယ်နဲ့  လူဦးရေက မမျှတော့ဘူး။ History of Rangoon B.R. Pearn 1939…မှာကြည့်ပါ။ ဒီဘက်ခေတ်အတွက် ထပ်တိုးချဲ့ ဖို့  လုံးဝမဖြစ်နိုင်တော့ဘူး။ လမ်းတွေက ၁၈၅၃-ခုနစ်က စီမံချက်တွေလေ။ မြို့ သစ်ဘဲဆောက်ရပါတော့မယ်။ တည်ဆောက်ရမှာကလဲ နိုင်ငံခြားပညာရှင်တွေ ပါလာမှာဆိုတော့ ခေတ်မှီမြို့တော်ကြီးဖြစ်ဖို့  သေချာနေပြီလေ။ ဂျပန်အုပ်စုကနေရတဲ့ သတင်းကတော့ စင်ကာပူထက် အဆင့်မြင့်မယ်ပြောနေတယ်။ ကျနော်က စင်ကာပူမရောက်ဖူးတော့ စင်ကာပူဆိုတာကို မသိဘူး။ (မေး) ဒလ ဘက်မှာ အဓိကပြသနာက ရေရှားပါးမှုပါ။ ရန်ကုန်ကနေ ခွဲဝေပေးဖို့ က ရန်ကုန်မှာကိုရေမလောက်ဘူး ။ ( ဖြေ) ရန်ကုန်ကိုတည်ဆောက်စက အင်္ဂလိပ်တွေက ၁၈၅ဝ ကျော်မှာ ရေလောက်အောင် ကန်တော်ကြီး ။ ၄င်းနောက် အင်းယားကန်တွေဖေါ် နောက်ဆုံးဂျိုးဖြူကန် တွေလုပ်ခဲ့တာဘဲ။ ဒလမြို့ တော်ကြီးက ဘီလျံပေါင်းများစွာ အကုန်ခံပြီး ရေရှိရေးက နည်းနည်းဘဲကုန်မှာ။ ဆင်တစ်ကောင်လုံး ဝယ်နိုင်ပြီး ချွန်းဖိုး အတွက်ပြောနေကြတယ်။ တွံတေး တူးမြောင်းကြိးတခုလုံးကိုက ရေချိုတွေပါ။ အခုခေတ်ပလပ်စတစ် ပိုက်ကြီးတွေနဲ့  သွယ်ပါ။ တခါ ပဲခူးမြစ်ပေါ်က ဇောင်းတူရေကာတာ။ ဒိုက်ဦးနယ်က ရဲနွယ်ချောင်းရေတမံကြီးတွေမှာ ရေတွေ အများကြိးပါ။ ဒလ ရေပြသနာကိုမဖြေရှင်းနိုင်ရင် အစိုးရကနေ ထွက်ပေးဖို့ တောင် ကောင်းပြီ။ ဧရာဝတီမြစ်ရေယူဦးမလား။ အင်္ဂလိပ်က ၁၈၈၀ လောက်က တွံတေးတူးမြောင်းကြီး ဖေါက်ခဲ့တယ်။ ကျနော်တို့  တူးမြောင်းက ရေကို မသွယ်နိုင်ဘူးဆိုတာကတော့ ရာဇဝင်ရိုင်းလှပါတယ်။ အခုကိုတံတားမထိုးသေးတောင် လက်ရှိအခြေအနေအတိုင်း ဒလ ကိုရေပေးနိုင်ရင် အစိုးရအတွက် ဝင်ငွေကြီးကြီး တခုရှိနေပါတယ်ဗျ ။ ပြောတော့မပြနိုင်ဘူး။ သမ္မတကြီးနဲ့  တင်ပြခွင့်ရရင် သို့ မဟုတ် အကြံပေးတွေက မေးလာရင်ပေါ့ တင်ပြချင်ပါတယ်။ နောက် မ.ဆ.လ…န.အ.ဖ.ခေတ်လို အမြင်တွေ ပြင်ရဖို့ လိုနေပြီ။ တကယ်က စည်ပင်က ရေကို ရောင်းနေတာဘဲ။ ရေရောင်းရမဲ့ ဝယ်လိုအားကြီးက ရှိနေတယ်။ ရောင်းနေတယ်။ ရောင်းစားဖို့ တော့ သိတယ်။ ရင်းဖို့ ကျတော့ ငွေမထုတ်ချင်ဘူး။ စစ်လေယာဉ်လောက် အရေးမပါဘူး။ ဖရီးပေးနေရသလိုလို ပြောဆိုနေတာ တွေပြင်ဖို့ လိုနေပြီ။ အခု အချိန်မှာကို ရန်ကုန်တစ်မြို့ လုံး ရေမလုံလောက်သေးဘူး။ ရေကာတာကြီးတွေ လက်တစ်ကမ်းမှာ ရှိနေတယ်။ ရေဝယ်မဲ့ ပြည်သူတွေ ရေလိုနေတယ်။ ရောင်းနေရတာဘဲ။ မလုပ်ပေးနိုင်သေးဘူး။ စင်ကာပူရေရှိလို့ လား ။ ရေကိုစကားထဲပြောတာ မြန်မာသိက္ခာကိုချနေတယ်လို့ ဘဲမြင်တယ်။ နပိုလီယံ ရဲ့ စကားပေါ့ ။ Circumstances.?? I made circumstances. အခြေအနေလား? အခြေအနေဆိုတာ ငါလုပ်တာဘဲ။ ( မေး) ဒလ ဘက်ကမြေက ရန်ကုန်ထက်နိမ့် တော့ တချိန်ကမ္ဘာကြီး ပူနွေးမှုကြောင့် Climate change ပင်လယ်ရေ မျက်နာပြင် မြင့်တက်လာရင် ရေမြုပ်နိုင်ခြေ ပိုရှိနေတာကို ဘယ်လိုဖြေရှင်းမလဲ။ (ဖြေ) ဟုတ်ကဲ့။ ရေကြီးတာတွေကို ၂ဝ၁၁ - ထိုင်းမှာ ဖြစ်တာမျိုး သင်ခန်းစာယူရပါမယ်။ မြို့ တော်တည်ဆောက် ကတည်းက တူးမဲ့ရေကန်ကြီးတွေက မြေတွေ။ လမ်းဖေါက်တော့ တူးရမဲ့မြေတွေ။ သင်္ဘောဆိပ်အတွက် တူးရမဲ့မြေတွေ။ မြေအောက်ရထား တူးရမဲ့မြေတွေ ကို ဖို့ ထားဖို့  စီမံချက်လုပ်ထားရပါမယ်။ ဒါ့အပြင် အခုခေတ် တနေ့ ကိုတန်ပေါင်းများစွာ ထွက်နေတဲ့ အမှိုက်တွေကို မြေကျင်းတူးမြုပ်နေရတာဆိုတော့ အဲဒီမြေကျင်းတွေက ထွက်လာမဲ့မြေတွေ အများကြီးပါ။ တို်က်ဆောက် ရာကနေ ထွက်နေတာတွေကို စီမံချက်နဲ့  မြေမြင့်အောင်လုပ်ထားရမှာပါ။ နောက်ကမ္ဘာကြီးကလဲ ပူနွေးနေတာ တန့်လာနိုင်စရာရှိပါတယ်။ ကမ္ဘာကြီး ပူနွေးမှုဒါဏ်ကို အနောက်နိုင်ငံကြီးတွေ ပိုခံစားရမှာဆိုတော့ တခုခုအဖြေထွက်လာတော့မှာပါ။ အမေရိကန်ဆို တနှစ်ကို ရာသီဥတုဖေါက်ပြန်လို့  ဘီလျံပေါင်း ရာချီဆုံးရှုံးနေရပါပြီ။ နောက်တခုက တကယ်တန်း ခင်ဗျားပြောသလို ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရင် ဒလ မမြုပ်ခင် သီလဝါက အရင်မြုပ်ပါမယ်။ သီလဝါဘက်လဲ ရေပြသနာ ရှိပါမယ်။ မြေအောက်ရေက လူအတွက် မသင့်တော်ဘူး ကြားနေရပါတယ်။ ပြသနာရှိလို့  ရှောင်မယ်ဆိုရင် အိမ်ထောင်မပြု ရီးစားတောင် မထားကြတော့နဲ့ ပေါ့။ ကလေးမီးဖွားရင် မိခင်တွေသေနိုင်တယ်လေ။ အင်္ဂလိပ်တွေ တွံတေးတူးမြောင်းဖေါက်ခဲ့တယ်။ ကျနော်တို့  ရေသွယ်ဖို့  လက်တွန့် နေကြပြီး ဒလ ဘက်ရေပြသနာ လုပ်နေကြတာ ရှက်ဖို့ ကောင်းတယ်။ ရေကြောင့် ဒလကို လက် တွန့် နရင် မိန်းမမယူကြနဲ့  ဘဲပြောပါမယါ။ ရန်ကုန်ဟာ မူလက ရွှံနွံတောကြီးပါ။ မြေဖို့ ယူထားတာပါ။ လသာ မြို့ နယ်ကို ယခင်က (လတ္တာပြင်ကြီး) မို့  ခေါ်ရာကနေ လသာဖြစ်လာတာပါဗျာ။ လက်ရှိကိုရန်ကုန်က ဒလ ထက်နိမ့်နေပါတယ်။ (မေး ) နောက်ဆုံးပေါ့ တံတားကို ဘယ်နေရာလောက်ကနေ ထိုး ရင်အဆင်ပြေနိုင်ပါမလဲ ။ တံတားအမြင့်ပေါ့ ။ ကိုးရီယားကုမ္မဏီက ကမ်းလှမ်းချက်မှာ အလုံဘက်ဝင်မဲ့ ပင်လယ်ကူး သင်္ဘောတွေ လွတ်အောင် တံတားကိုအမြင့်ကြီးဆောက်မယ်။ ကားတွေက အဝှိုက်လမ်းတွေကနေ တက်ရမယ် ကြားထားလို့ ပါ။ (ဖြေ) အဆင်အပြေဆုံးက အလုံသင်္ဘောကျင်းဟောင်းနေရာ။ ဒလ ဖက်မှာလဲ နေရာကောင်းတယ်။ မြစ်ကလဲ အဲဒီနေရာမှာအကျဉ်းဆုံး။ မီတာ ၆ဝဝ-လောက်ဘဲ ကျယ်တယ်။ နောက်ရန်ကုန်ဘက်က အဲဒီအနားမှာ မြေက မြင့်နေတယ်။ တံတားပေါ်ချဉ်းကပ်လမ်း ပိုအဆင်ပြေနေတယ်။ တံတားအမြင့်ကတော့ အလုံဘက်ဝင်ထွက်နေတဲ့ သင်္ဘောကျင်းတွေနဲ့ ညှိနိုင်းပြီး တံတားကို သိပ်မမြင့်ဘဲ ဆောက်သင့်ပါတယ် ။ တံတားမြင့်လေ လေတိုက်တာကြောင့် ပြိုကျနိုင်မှုများလာလေဘဲ။ အမေရိကန်မှာ တံတားကြီး ယိမ်းထိုးပြိုကျ ထားဘူးတယ်။ လေကြမ်းတိုက်တာနော်။ ကျနော်ဆီမှာ အဲဒီဗွီဒီယိုရှိနေတယ်။ တံတားမြင့်လေ စရိတ်ပိုကုန်လေ။ နောက်ကားတွေ ဓါတ်ဆီ တသက်လုံး ပိုကုန်နေရော။ ကိုးရီးယားကတော့ မြင့်လေ စရိတ်နည်းပညာပိုများလေ ဆောက်သူကိုက်လေပေါ့။ တခါ ဆစ်ဒနီမြို့ က အမ်းဇက်တံတား ANZAC bridge လိုဖြစ်နေဦးမယ်။ တံတားကို အောက်ကသင်္ဘောတွေ လွတ်အောင် အမြင့်ကြီးဆောက်တယ်။ ဆောက်လဲပြီးရော တဖက်ကို သင်္ဘောတွေ အဝင်အထွက် (လုံးဝ) မလုပ်တော့ဘူး ။ သင်္ဘောဝင်စရာ ဈေးကွက်မရှိတော့လို့။ ဒိမှာလဲ အလုံဘက်ကိုဝင်ထွက်မဲ့ သင်္ဘောမကြာခင် ပျောက်သွားပါမယ်။ (မေး) နိဂုံးချုပ်အနေနဲ့  ဒလဘက်ကို တံတားထိုး မြို့သစ်တည် တိုးချဲ့ရင် ရန်ကုန်မြေဈေး ဘယ်လောက်အထိ ဖြစ်သွားနိုင်ပါမလဲ။ ဆရာမှတ်ချက်လဲ ပေးပါဦး။ ဘယ်လောက်ကျသွားမယ်ဆိုတာ နဲနဲမှန်းရတာခက်တယ်။ နောက် Location Location.. နေရာအပေါ်မူတည်နေတယ်။ အကျများမှာကတော့ မြို့ လယ်နဲ့  ဈေးခေါင်ခိုက်နေတဲ့နေရာတွေ။ ကျပြီဆိုရင် ဆူနာမိ အကျဆိုတော့ ကျနော်မှန်းဖို့ မလွယ်ဘူး။ အသေအချာ ပြောနိုင်တာကတော့ မှော်ဘီ လှည်းကူးဘက် တိုးချဲ့မယ်လို့ စိတ်ကူးနေသမျှ ရန်ကုန်မြေဈေးက ပိုပိုပြီးတက်နေပါမယ်။ သေချာတာကတော့ ဒလ စီမံကိန်းဟာ ၂ဝ၁၅ ရွေးကောက်ပွဲကို တော်တော်လေး ဂယက်ရိုက်ပါမယ်။ စလိုက်တာနဲ့  အလုပ်အကိုင်တွေ သန်းချီပေါ်လာပါမယ်။ နိုင်ငံခြားရင်းနှီးမှုတွေ လှိမ့်ဝင်လာပါမယ်။ ပြည်သူလူထု အသက်ရှုချောင်လာပါမယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာစံချိန်မှီမြို့ တော်ကြီးဖြစ်လာပါမယ်။ ကမ္ဘာက တချိန်ကရန်ကုန်ကို နမူနာယူသလို ယူနိုင်တဲ့မြို့ တော်တောင် ဖြစ်လာနိုင်ပါတယ်။ ဒါထက်အသေချာ ဆုံးကတော့ လူထုတရပ်လုံး ပျော်ရွှင်စေရပါမယ်။ ဟာသလေးပေါ့။ လူထုတရပ်လုံး ပျော်ရွှင်စေဖို့  လေယာဉ်ပေါ်ကနေ ငွေစက္ကူတွေ ကြဲချတာထက် ဒလ စီမံချက်အတည်ပြုလိုက်ပြီ ဆိုတာ ကြဲချတာက ပိုပျော်စေပါမယ်။ အပျော်တကာ့ အပျော်ရွှင်ဆုံးကတော့……..ဟိုးဟိုးဆရာ ဖူးစတောပ့်ဗျာ။ အလျဉ်းသင့်ရင် ကဏ္ဍမျိုးစုံအတွက် အတွေ့အကြုံ၊ ဗဟုသုတတွေ ရေးသားပါဦးမယ်။ အားလုံးကို လေးစားလျှက် ရန်ကုန်မြေဈေး အပိုင်း(၁) http://www.demowaiyan.org/2013/06/blog-post_2.html |
ဒီမိုဝေယံ |
|
ပြည်ခိုင်ဖြိုးရဲ့ အနာဂတ်အား မှန်းဆမျှော်တွေးခြင်း (ဗဟိုကော်မတီဝင်ဟောင်းတစ်ဦး) Posted: 21 Jun 2013 02:51 AM PDT ပြည်ခိုင်ဖြိုးရဲ့ အနာဂတ်အား မှန်းဆမျှော်တွေးခြင်း (ဗဟိုကော်မတီဝင်ဟောင်းတစ်ဦး) ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီဟာ ဆန္ဒမဲရာခိုင်နှုန်း တော်တော်များများနဲ့ အနိုင်ရလာခဲ့တာကို အားလုံးသိပြီး ဖြစ်မှာပါ။ ဒီလို အနိုင်ရလာတာဟာ ကြံ့ဖွံ့ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကပဲ တော်လို့ လား၊ ပြည်သူတွေကပဲ သူတို့ကို အမှန်တကယ် ယုံကြည်ခဲ့လို့လား ဆိုတာကတော့ အထူးစဉ်းစားစရာမလို။ NLD မပါဝင် သည့် ရွေးကောက်ပွဲဖြစ်သဖြင့် ကြံ့ဖွံ့အနေဖြင့် ၂၀၁၀ တွင် အနူတောမှ လူချောဖြစ်တာက ငြင်းစရာမရှိ။ ထို့အပြင် ကြံ့ဖွံ့ပါတီ ၂၀၁၀ ခုနှစ်တွင် အမတ်နေရာအများစု နေရာရခဲ့ခြင်းမှာ စစ်တပ်က ကျောထောက်နောက်ခံ ပေးထား သောကြောင့် ဆိုသည့်အချက်ကိုတော့ မည်သူမှ မငြင်းနိုင်။ ယခင် နအဖ အစိုးရက ကြံ့ဖွံ့ပါတီ ရုံးစိုက်ရာ မြေနေရာ မှ အဆောက်အဦ၊ ပရိဘောဂမျိုးစုံအထိပင် ပြင်ဆင်ပေးခဲ့သည့်အပြင် ဒေသခံ စစ်တိုင်းမှူးများ၏ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက်စည်းရုံးပေးခဲ့ခြင်းကလဲ ကြံ့ဖွံ့ပါတီအနိုင်ရရှိခြင်း၏ အဓိကအကြောင်းတစ်ခုပင်ဖြစ်ပါသည်။ ကြံ့ဖွံ့ကိုယ်စားလှယ်ဟောင်းများ၏ အရည်အချင်းမှန်အား ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ထင်ထင် ရှားရှား တွေ့လာရတော့သည့် မဲန္ဒနယ် (၄၂) ခု ရှိသည့်အနက် NLD ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့သည့် မဲဆန္ဒနယ် တစ်နေရာကလွဲ၍ ကျန်သည့် မဲဆန္ဒနယ်အားလုံးတွင် ခွက်ခွက်လန် ရှုံးနိမ့်သွားခြင်းက ကြံ့ဖွံ့ပါတီနှင့် အရွေးချယ်ခံ ကိုယ်စားလှယ်များ၏ အရည်အချင်းက ထင်ထင်ရှားရှား ပေါ်လာတော့သည်။ အကယ်၍ ဒီ ၂၀၁၀ တွင် ပြည်သူတို့၏မဲဆန္ဒအတိုင်း၊ ပြည်သူ့ဆန္ဒအတိုင်း ကြံ့ဖွံ့ပါတီရွေးချယ်ခံခဲ့ရခြင်းမှန်ကန်ခဲ့ပါက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ယခုကဲ့သို့ ခွက်ခွက်လန် ရှက်ဖွယ်လိလိ ရှုံးစရာအကြောင်းမရှိပေ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံဖွံ့ပါတီ ဘာကြောင့် ခွက်ခွက်လန် ရှုံးခဲ့ရပါသလဲ။ ယခင် နအဖ လက်ထက်က စနစ်တကျ ဖွဲ့စည်းပေးလိုက်သော ကြံ့ဖွံ့ပါတီကြီးသည် အာဏာရပြီး အချိန်တိုအတွင်းမှာပင် ပါတီ ၀င်များအချင်းချင်း ခေါင်းဆောင်ပိုင်းတွင် မညီမညွတ်ဖြစ်လာသည်။ သမ္မတအစိုးရအဖွဲ့နှင့် ပါတီတာဝန်ရှိသူများ အကြား အက်ကြောင်းများ ထပ်လာသည်။ အစိုးရအဖွဲ့ဝင်ဝန်ကြီးဖြစ်သူနှင့် ၀န်ကြီးမဖြစ်သူ နေရာမရသူများအကြား ခွက်စောင်းခုတ်လာကြသည်။ အချင်းချင်းမညီညွတ်တော့ဘဲ တစ်ဦးနှင့်တစ်ဦး ဖော်ကောင်လုပ်လာသည်။ သမ္မတက နိုင်ငံကို ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဌက သမ္မတ လုပ်ရကိုင်ရခက်အောင် ထိုးနှက်တိုက်ခိုက်လာတာကို တွေ့မြင်လာရပါတယ်။ နိုင်ငံ စီးပွားရေး နလန်မထူနိုင်သေးခင်မှာတင် ၀န်ထမ်း များ လစာတိုးအောင် ပြည်သူ့လွှတ်တော်ဥက္ကဌမှ သမ္မတအား ဖိအားပေးခြင်း၊ ထို့အပြင် အခြားသော အတွင်း ကြိတ်ပုန်း ပြဿနာများကိုလည်း တွေ့လာရပါတယ်။ ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၀ ခုနှစ်အတွင်း ရွေးချယ်ခံရသော လွှတ်တော် ကိုယ်စားလှယ်အများစုမှာ စစ်တပ်မှ အသွင်ပြောင်းလာသော စစ်ဗိုလ်ချုပ်များဖြစ်ပြီး ၎င်းတို့အနေဖြင့် အရွေးချယ်ခံ ရမှာ သေချာသည်ကို သိရှိနေသည့်အတွက် ပြည်သူလူထု အခက်အခဲနှင့်ပတ်သက်ပြီး ကူညီဖြေရှင်း ပေးတာမရှိပေ။ ဒါ့အပြင် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်ချိန် ပြည်သူနဲ့ထိတွေ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားတဲ့အချိန်မှာ ပြည်သူတွေကို လုံးဝလှည့်မကြည့်တော့ပါ။ ဒါကလည်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ ရှုံးနိမ့်ခဲ့ရတဲ့ အဓိကအကြောင်းရင်းတစ်ခုလို့ ဆိုချင်ပါတယ်။ ဒါ့အပြင် ယခင်က ကြံ့ဖွံ့ပါတီကြီးရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့ရဲ့ တစ်ယောက်နဲ့တစ်ယောက် ခြေပုန်းခုတ်နေတဲ့ ပြဿနာတွေဟာ အစောပိုင်းမှာတော့ ဦးရွှေမန်းဘက်က မှန်နေတယ်လို့ ထင်ရပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဦးရွှေမန်းရဲ့ အလွန်ဖြစ်လာတာကို သတိ ထားမိလာပါတယ်။ ဦးရွှေမန်းအနေနဲ့ ယခင် နအဖအစိုးရလက်ထက်က နိုင်ငံအဆင့် နံပါတ်(၃) နေရာမှာ ရှိတဲ့သူ တစ်ယောက်ပါ။ နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နားသွားတဲ့အချိန်မှာ အစိုးရသစ်မှာ သူကလွဲပြီး သမ္မတဖြစ်မဲ့သူမရှိလို့ ယူဆခဲ့ရပေမဲ့ တကယ်ဖြစ်လာတော့ သူ့ထက်တစ်ဆင့် ငယ်တဲ့ သူက သူ့ကို ကျော်တက်သွားတဲ့အတွက် သူ့မှာ ခံစားချက်ရှိပုံ ရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာ ကတည်းက အစိုးရအဖွဲ့ကို နည်းအမျိုးမျိုးနဲ့ ဖိအားပေးလာတာကို သတိထားမိလာပါတယ်။ အခုတော့ နောက်ဆုံး အနေနဲ့ ဦးရွှေမန်းတစ်ယောက် သွေးရူးသွေးတန်းလုပ်ရပ်အချို့ လုပ်လာတာကို တွေ့လာရပါပြီ။ သမ္မတဦးသိန်းစိန် အမေရိကား က ပြန်ရောက်လို့ မကြာသေးခင်မှာပဲ အမေရိကားကို ခရီးနှင်ဖို့ ပြင်ပါတော့တယ်။ အမေရိကား ရောက်တော့ အမေရိကန်အကြိုက် ပြောဆိုခဲ့တာတွေ၊ အမေရိကန်ကို အထင်တကြီးနဲ့ စကားပြောဆိုခဲ့တာတွေဟာ တစ်ချိန်က Internet မှာ နာမည်ကြီးခဲ့တဲ့ နအဖအစိုးရရဲ့ ထိပ်တန်းလျှို့ဝှက် ဖိုင်တစ်ခုထဲက မြောက်ကိုရီးယားကို သွားခဲ့တဲ့ ဦးရွှေမန်း ဟုတ်ရဲ့လားလို့တောင် မထင်မှတ်စရာပါပဲ။ ဒါ့အပြင် အမေရိကန်ရောက်တုန်း ၉၆၉ အဖွဲ့တွေ ကို အရေးယူမယ် ပြောခဲ့လို့ ဗုဒ္ဒဘာသာဝင်နိုင်ငံသားတွေရဲ့ စိတ်ကို ဆွပေးသလို ဖြစ်စေခဲ့တဲ့အပြင် ၉၆၉ အဖွဲ့ကို အကြမ်းဖက်သမားလို့ ကမ္ဘာကတောင် ထင်သွားစေပါတယ်။ ဒါ့အပြင် ၂၀၁၅ မှာ သမ္မတ ဖြစ်ချင်တယ်၊ ဖြစ်နိုင်ရင် သမ္မတထက် ပိုမြင့်တဲ့ရာထူးရှိရင် လိုချင်တယ်ဆိုတဲ့ စကားတွေကြောင့် ဦးရွှေမန်းနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေ ကြားမှာ တော်တော်လေး မကျေမနပ် ဖြစ်လာကြတာကို တွေ့လာရပါတယ်။ ဦးရွှေမန်းကို ဘယ်လောက်အထိ ချစ်ကြလဲဆိုရင် သမ္မတထက်မြင့်ချင်ရင် ဘုန်းကြီးဝတ်လိုက်လို့ ဆိုသူကတစ်မျိုး၊ သမ္မတထက်မြင့်ချင်ရင် ဦးသိန်းစိန် မိန်းမလုပ်လိုက် ဆိုသူကတစ်ဖုံ၊ Online မှာ အမျိုးမျိုးဝေဖန် ပြောဆိုလာကြတာကိုလဲ တွေ့လာရပါတယ်။ ပြည်သူတွေရဲ့ ပို့သတဲ့မေတ္တာကို ရသွားလို့လားတော့ မသိဘူး၊ ဦးရွှေမန်း တစ်ယောက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ပေးမယ်လို့ ဆိုလာပြန်ပါတယ်။ ဦးရွှေမန်း အခုလို အမေရိကား မှာ ပြောကြားတဲ့စကားတွေဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးခံယူချက်လား၊ ပါတီရဲ့ မူဝါဒလားတော့ ကွဲကွဲပြားပြားမသိရပါ။ ကြံ့ဖွံ့ ဗဟိုကော်မတီဝင်အချို့ကလည်း ဦးရွှေမန်း အခုလို အမေရိကားခရီးစဉ်မှာ ပြောချင်တာ ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဘ၀င်မကျ ဖြစ်နေကြပါတယ်။ ဒီမိုကရေစီခေတ်မှာ ပါတီဝင်တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ အခြားသောပါတီဝင်များ၏ သဘောထားကိုမရယူဘဲ မပြောဆိုသင့်ဘူးလို့ ဝေဖန်ပြောဆိုနေကြသူများလဲ ရှိပါတယ်။ ဒါပေမဲ့ သူစိတ်ကြိုက်ခန့်ထားတဲ့ ကြံ့ဖွံ့ ဒုဥက္ကဌဖြစ်သူ ဦးဌေးဦး ကတော့ ကြံ့ဖွံ့ပါတီအနိုင်ရရင် ဦးရွှေမန်းကို သမ္မတ အမည်စာရင်း တင်သွင်းမယ်လို့ ပြောလိုက်သေးပါတယ်။ ဦးဌေးဦးရဲ့စကားကရော ပါတီကသဘောတူရဲ့လားတော့ မသိ၊ အခုပါတီအတွင်းမှာ ဦးရွှေမန်းကို ထောက်ခံ သူနဲ့ ကန့်ကွက်သူတွေရဲ့ အက်ကြောင်း ဇာတ်လမ်း မကြာခင်ကြားရပါတော့မယ်။ အချို့သော ပါတီကိုယ်စားပြု ပြောရမဲ့စကားများဟာ ပါတီဗဟိုကော်မတီဝင်များတောင်မသိဘဲ ထိပ်ပိုင်းကလူတွေပဲ ဒီမိုကရက်ဆန်ဆန် ပြောချင်တိုင်း ပြောနေကြကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။ ဦးရွှေမန်း အမေရိကန်ခရီးစဉ်အတွင်း ပြောဆိုခဲ့ သည့် လိုအပ်ပါက NLD ပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့မယ် ဆိုတဲ့စကားကလဲ ဦးရွှေမန်းရဲ့ တစ်ဦးထဲ သဘောထား ဖြစ်မည်ဟု ယူဆနိုင်သည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ပါတီအနေဖြင့် ဘာမျှ သိရှိထားခြင်းမရှိသေးကြောင်း ဗဟိုကော်မတီဝင်တစ်ဦးမှ ဆိုပါတယ်။ သို့သော် ဦးရွှေမန်းက ပြောပြီးရက်ပိုင်း အတွင်းမှာပင် NLD မှ ဦးဝင်းတင်က ၂၀၁၅ တွင် NLD အနိုင်ရပါက ကြံ့ဖွံ့နှင့်လက်မတွဲနိုင်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် ဦးရွှေမန်း အနေဖြင့် ရှက်တတ်ရင် ကိုယ့်ဟိုဒင်း ကိုယ်ထု၍သာ သေလိုက်ဖို့ကောင်းသေးသည်။ အမေရိကန်ခရီးစဉ်အတွင်း ၉၆၉ အား အရေးယူမည်ဟု ပြောဆိုခဲ့သည့်အတွက် မန္တလေးမြို့ မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူမှ ဒီမိုကရေစီအစိုးရ လက်ထက်မှာ အကောင်းမြင်ပြီး ကိုယ့်လူမျိုး ဦးစားပေးမလား၊ မျှမျှတတ ဆက်ဆံမလားလို့ မျှော်လင့်ခဲ့တယ်။ အခု ဦးရွှေမန်းကိုယ်တိုင် အခုလို ပြောလေတော့ နောင် နှစ် ၁၀၀ ကျော်ရင် မြန်မာတွေ လူရုပ်တောင် ပေါ်မှာမဟုတ်တော့ဘူး။ နိုင်ငံ၊ လူမျိုး၊ သာသနာအတွက် ရင်လေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ ခြုံပြီး သုံးသပ်ရရင်တော့ ဦးရွှေမန်းတစ်ယောက် ကိုယ်ပိုင်အရည်အချင်းနှင့် မရပ်တည်နိုင်တော့သဖြင့် ဒေါ်စု ထမီနားခိုကာ လူထုထောက်ခံမှုရအောင် ကြိုးစားနေတာ ပိုပြီးပီပြင်လာတာကို တွေ့မြင်လာရပါတယ်။ အဲဒီလုပ်ရပ် က ယိုသူမရှက် မြင်သူကတော့ ရှက်စရာဘဲ။ တကယ်တန်း ဦးရွှေမန်းလုပ်ရဲရင် ကြံ့ဖွံ့ပါတီကထွက်ပြီး သီးခြားပါတီ တစ်ခု ထောင်ပြီး ၂၀၁၅ မှာ အရွေးခံလိုက်ပါလို့ ပြောကြားလိုပါတယ်။ ဒီအခြေအနေနဲ့ ဒီမြေ ဒီရေမှာ ဒီခေါင်းဆောင် ဒီလူတွေနဲ့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ ပါတီဝင်ဟောင်း (၂၆)သန်းကျော် ရှိပါတယ်ဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီ ဟာ ၂၀၁၅ မတိုင်ခင် ဒီမှာပဲ ရေစုန်မျောသွားတော့မယ်လို့ သုံးသပ်လိုက်ရပါတယ်။ ဗဟိုကော်မတီဝင်ဟောင်းတစ်ဦး |
|
Posted: 20 Jun 2013 08:38 AM PDT ဆိုက္ကားသမားလေးအား အများပြည်သူမြင်ကွင်းမှာ ယာဉ်ထိန်းရဲအရာရှိမှ ပါးရိုက်ခြင်းအား (တိုင်ကြားစာ) ဧရာဝတီတိုင်းဒေသကြီး။ ဟင်္သာတ မြို့ တွင် မကြာမှီ ကာလတွင် နေပြည်တော် ယာဉ်ထိန်းတပ်ဖွဲ့ အရာရှိ တစ်ယောက်ဟုဆိုကာ (ပုသိမ်) (ငါးသိုင်းချောင်း) (ဟင်္သာတ) မြို့နယ် အသီးသီးတွင် တာဝန်ထမ်း ဆောင် နေသော ဦးဝင်းကျော်စွာ သည် ဆိုင်က္ကား နင်းသော ခလေးငယ်တစ်ဦးအား မင်းငါ့ကို ဘာကောင်ထင် လည်း။ ငါ ဘာကောင်မှတ်နေလည်း ဆိုပြီး လူလည်ကောင်တွင် သုံးဆင့် ဆက်ရိုက်ပါတယ်။ ပိုးစတော လမ်းထိပ်မှာ အနားပါတ်ဝန်းကျင် အကုန်တွေ့မြင် နေရပါတယ်။ ထိုကိစ္စကို သိသော ပြည်သူတွေနဲ့ ကာယကံရှင်တို့သည် ဟင်္သာတ အမှတ်(၁) ရဲစခန်းသို့ သွားရောက်ပြီးအမှု့ဖွင့်ခဲ့ခြင်းအား တာဝန်ကျ တာဝန်ခံက အမှု့ဖွင့် ပေးခြင်းမဟုတ်ဘဲ တိုင်ကြားချက်ကိုသာ ရေးသားခြင်း။ အခင်းဖြစ်တဲ့ နေတွင့် အမှတ်(၁) ရဲစခန်းမှ စခန်းမှူး မရှိ ယာယီစခန်းမှူး ကို သာတာဝန်လွှဲထားခဲ့ပါတယ်..။ ၀န်းထမ်းတွေကတော့ ၀န်းထမ်းအချင်းချင်း ဘက်ကဘဲပါတာပေါ့။ ဦးဝင်းကျော်စွာ က ရဲစခန်းပေါ်ရောက်နေတာတောင် ရိုက်တာငါကွ ဘာလုပ်ချင်လဲ ဆိုတာပြောဦးဆိုပါသည်..။ အမှုဖွင့်မယ်ဆိုမှ သူကို လူလည်ခေါင်မှာ ပြန်ရိုက်ပါဟု ဆိုပါသည်။ ရဲစခန်း ဆိုသည်မှာ ပြသနာ တခုကို ဖြေရှင်းဆုံးဖြတ်ရာ ဌာန မဟုတ်ဘဲ ကျေအေးပေးခြင်းတို့မှာ ရဲ ကျင့်ထုံးဥပဒေ များကို ချိုးဖေါက်ရာ ကျပါတယ်။ အရိုက်ခံရသော ခလေးအား (ဥပဒေ အကြောင်းအရာ ကို မသိသော သာမာန်ပြည်သူ တစ်ယောက်ကို) …………ပါတီ ၀င် တစ်ယောက်ဖြစ်သော (ပါတီ ကိုလေးစားလွန်းလို့ ထည့်မရေးတော့ပါ) မ၀ါဝါကျော်သည် နစ်နာ သော ခလေးဘက်က မလိုက်ဘဲ ၀င်းကျော်စွာ ဘက်မှ လိုက်ပြီး အခု လျှော်ကြေးငွေ ၃၀၀၀၀ ယူလိုက် တိုင်လည်း ၀န်ထမ်းဖြစ်နေတဲ့အတွက် ဘာမှဖြစ်မှာ မဟုတ်ဘူးဆိုပြီး ကွေ့ဝိုက်ပြီး ကြေအေးခိုင်းပါတယ်။ မည်သို့ပင် ဖြစ်စေကာမူ ရဲစခန်းမှ ကြေအေးခိုင်းတယ် ဆိုတာ ရဲစခန်းအလုပ်မဟုတ် မပြုလုပ်ရပါ။ (၁) အာဏာ ကိုအလွဲသုံးသဖြင့် ပြည်သူကို နှိပ်စက်။ ကိုယ်ထိလက်အောက် ကျူးလွန်တာ ပြစ်မှု ထင်ရှားသော ရဲအုပ် ၀င်းကျော်စွာ နေပြည်တော် ယာဉ်ထိန်းဌာန အား ရဲစည်းကမ်း အရ အရေးယူပေးရန်..။ (၂) ရဲ အရေး မပိုင်ပါက တရားရုံးဦးတိုက် လျောက်မလျောက်ခိုင်းဘဲ ညှိုနိုင်းပေးသော တာဝန်ကျ နယ်ထိန်းအား သက်ဆိုင်ရာ မှအရေးယူပေးရန်.. (၃) တရာလို ဘက်မှ ကူညီသလို။ အမှန်တရား အတွက်လုပ်ပေးမလို။လိုက်ပါ ဆောင်ရွက်ပေးသလို နှင့်ပြည်သူ ဘက်မှ မရပ်တည်သော မ၀ါဝါကျော် ကိုလည်း အခုဒီတခါ နောက်ဆုံးဖြစ်ပါစေ လို့ သတိပေးရင် ဖုန်းဖိထားကျသော ထိုကိစ္စ ကိုနေပြည်တော်ရဲချုပ် မှတာဝန်ရှိသူများနှင့် ဧရာဝတီတိုင်း တိုင်းရဲမင်းကြီး သိစေရန်တင်ပြ .. အပ်ပါတယ် ခင်ဗျာ.. ဟသာင်္တပြည်သူများ.. |
|
ချုပ်ချယ်ခြင်းလား ကာကွယ်စောင့်ရှောက်ခြင်းလား (ဆောင်းပါးရှင် ကျော်ကျော်ခိုင်) Posted: 20 Jun 2013 07:53 AM PDT ဇွန် ၁၃နဲ့ ၁၄ ရက်က မှော်ဘီမြို့၊ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ မီဒီယာအချို့ အနေနဲ့ ဆွေးနွေးတင်ပြချက်အချို့ကို လိုရာဆွဲဖွတဲ့အနေနဲ့ မျိုးစောင့်ဥပဒေပြဌာန်းနေပါတယ် ဆိုပြီး စွပ်စွဲရေးသား ဝါဒဖြန့်ချိခဲ့ပါတယ်။ ဆရာကြီး လုပ်ချင်သူတွေကလည်း အမျိုးမျိုးပညာတွေထုတ် ရေးသားလာကြပြန်ပါတယ်။ အမှန်တကယ် သံဃာတော်များ ဆွေးနွေး တင်ပြကြသည့်အချက်မှာ အမျိုးသားများနှင့်အတူ အမျိုးသမီးများသည်လည်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိရေး၊ ဘာသာရေးလွတ်လပ်ခွင့် အာမခံချက်နှင့် အကာအကွယ်ရရှိရေးတို့ကို ဆွေးနွေးကြခြင်း ဖြစ်ကြောင်း၊ ၉၆၉ လှုပ်ရှားမှုကို အကြမ်းဖက်သည့်လှုပ်ရှားမှု၊ ဘာသာခြားများကို တိုက်ခိုက်သည့် လှုပ်ရှားမှုများအဖြစ် စွပ်စွဲခံနေရခြင်း၊ မသမာသူများက အလွဲသုံးစား ပြုလုပ်နေကြခြင်းကြောင့် အဆိုပါ ၉၆၉ လှုပ်ရှားမှုဆိုသည်မှာ မိမိတို့ ဘာသာအဆုံးအမကို ပညာပေးခြင်း၊ စောင့်ရှောက်ခြင်းတို့ ပြုလုပ်သည့် ငြိမ်းချမ်းရေးသင်္ကေတမျှသာ ဖြစ်ကြောင်း မိမိတို့ သံဃာများက ရှင်းလင်းထုတ်ပြန်ခြင်း ဖြစ်ကြောင်း သတင်းဌာနတခုကို ဆရာတော်ဦးဓမ္မပီယမှ ရှင်းပြဖြေကြားပေးခဲ့တာကို ဖတ်ရှုမိပါတယ်။ စာရေးသူအနေနဲ့ အောက်ပါအတိုင်း သုံးသပ်မိပါတယ်။ ၁။ ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးခြင်းသာ ဖြစ်ပါတယ်။ သာသာနာရေးဆိုင်ရာများသာ ဖြစ်ပါတယ်။ သို့သော် သာသနာတော်ကာကွယ်ရေးနဲ့ ဆက်စပ်နေသော အပိုင်းတခုအနေနဲ့ ယခုမျိုးစောင့်ဥပဒေဆိုပြီး ပြောနေကြတဲ့အချက်အလက်ကို တင်ပြသူရှိတဲ့ သဘောဖြစ်ပါတယ်။ အကြောင်းအရာတခုကို ဆွေးနွေးတဲ့အခါမှာ ဒီလိုပဲဆက်စပ်နေတဲ့ အကြောင်းအရာ ပြဿနာတွေပါ ထည့်သွင်းစဉ်းစားကြရတာ လုပ်ရမည့်အစီအစဉ်တခုပါပဲ။ ဆွေးနွေးပြီး ဆုံးဖြတ်ချက်မကြသေးသရွေ့ လုပ်နေပါပြီပြောမရပါဘူး။ မီဒီယာတချို့အနေနဲ့ ဝိုင်းဝန်း ဆွေးနွေးအဖြေရှာကြရမယ့် ကိစ္စတခုကို ဖွချင်တဲ့အတွက် လိုရာဆွဲအော်လိုက်လို့ အကျယ်အကျယ် ဖြစ်သွားခဲ့တယ်လို့ ယူဆမိပါတယ်။ အရှင်းဆုံးဆိုရရင် ဆရာတော် ဦးဝီရသူနောက် တကောက်ကောက်လိုက်ပြီး အစဆွဲသတင်းလုပ်ချင်နေတဲ့ သဘောတွေ့ရပါတယ်။ ၂။ အထက်ဖေါ်ပြပါ ဆရာတော်၏ ရှင်းလင်းချက်ကိုနားလည် သဘောပေါက်လျှင် မထောက်ခံလျင်သော်မှ ကန့်ကွက်ခြင်းမပြုသင့်ပါ။ မေးမြန်းလျောက်ထား၍ ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းကိုသာ ပြုလုပ်သင့်ပါတယ်။ တင်ပြချက်များအပေါ် ပိုတာကိုဖယ် လိုတာကိုဖြည့်ရမှာသာ ဖြစ်ပါတယ်။ အကြောင်းတခုခု ပေါ်ပေါက်လာပြီဆိုလျင် ညီညီညွတ်ညွတ်ဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာတတ်ခြင်း မရှိသည်မှာ မှားယွင်းသောအကျင့်ဆိုးများဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကာကွယ်စောင့်ရှောက်ဖို့ဟာ သံဃာတော်များရဲ့တာဝန်သာမဟုတ်ပဲ ဗုဒ္ဓဘာသာဝင်အမျိုးသား အမျိုးသမီးများအားလုံးရဲ့ တာဝန်တခုသာ ဖြစ်ပါတယ်။ ဒီလိုကာကွယ်စောင့်ရှောက်ရတဲ့အခါ ဗုဒ္ဓဘာသာဝင်ဆုံးရှုံးရခြင်းဟာ ဘာသာခြားများနဲ့ လက်ထပ်ထိမ်းမြားပြီး ဘာသာခြားရဲ့အိမ်ထောင်ခန်းဥပဒေဘက်ကို လိုက်သွားရတာကြောင့် ဆိုတာကို တွေ့မြင်လာကြရပါတယ်။ ဘာသာခြားရဲ့ အိမ်ထောင်ခန်းဥပဒေအရ လက်ထပ်သွားရခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာအဖြစ် နစ်နာဆုံးရှုံးမူတွေထပ်မံ ဖြစ်ပေါ်လာရတာကြောင့် ဘာသာတရား စောင့်ရှောက်မူအတွက် ဆက်စပ်နေသော ယခုစာတမ်းတစောင်ကို ဆွေးနွေးစရာ တခုအဖြစ် တင်ပြလာတယ်လို့ ယူဆပါတယ်။ အခြားဘာသာတရားအပေါ် ထိပါးနှောက်ယှက်ခြင်းမပါ ပါဘူး။ ဒီစာတမ်းကို (အမျိုးစောင့်ဥပဒေဆိုတာကို) အသေအချာ လေ့လာကြည့်လျင် မြန်မာအမျိုးသမီးအားလုံးနဲ့ မသက်ဆိုင်ပဲ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများရဲ့ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ အိမ်ထောင်ခန်း ဥပဒေဆိုင်ရာအပိုင်းပါ။ လက်ရှိ မြန်မာဓလေ့ ထုံးတမ်းဥပဒေနှင့် ၁၉၅၄ခု ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ ထိမ်းမြားလက်ထပ်မှုနဲ့ အမွေဆက်ခံမူအက်ဥပဒေအရမှာလည်း ဘာသာခြားနှင့် လက်ထပ်ရာတွင် နစ်နာဆုံးရှုးံမူများ ရှိနေသည့်အပြင် မြန်မာနိုင်ငံတွင် အစ္စလာမ် ဟိန္ဒူနဲ့ ခရစ်ယာန်ဥပဒေများကိုသာ ပြဌာန်းဥပဒေအဖြစ် လက်ခံထားရပါတယ်။ မြန်မာဓလေ့ ထုံးတမ်းဥပဒေမှာ ပြဌာန်းဥပဒေအဆင့်မဟုတ်ပဲ ဓလေ့ထုံးတမ်းဥပဒေအဆင့်သာ ဖြစ်နေသဖြင့် ၎င်းအချက်ကို အထူးတင်ပြဆွေးနွေးခြင်းလည်း ဖြစ်ပါတယ်။ ဘာသာခြားနှင့် လက်ထပ်ရခြင်းကြောင့် ဘာသာဝင်ဆုံးရှုးံခြင်းနဲ့ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်နှင့် နစ်နာဆုံးရှုံးမူများ မဖြစ်စေရန်သာ ဖြစ်ပါတယ်။ ၃။ အကြမ်းအားဖြင့် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများဟာ ရှေးကာလကတည်းက ဘာသာခြားတွေနဲ့လက်ထပ်တဲ့အခါ ဘာသာခြားထဲမဝင်မနေရ အတင်းအကြပ်ဝင်ရပါတယ်။ အတင်းအကြပ် မဟုတ်ခဲ့လျှင်လည်း ၎င်းတို့ဘာသာအရကိုက ၎င်းတို့ ဘာသာထဲဝင်ရအောင် လုပ်ထားပါတယ်။ အဆင်မပြေကြလို့ ကွဲကွာကြတဲ့အခါမယ် သူတို့ဘာသာ အရ လက်ထပ်ထားတဲ့အတွက် အမွေများ ရပိုင်ခွင့်များဆုံရှုံးခြင်း၊ ကလေးများမိဘမဲ့ဖြစ်ရခြင်း မွတ်ဆလင် ဘာသာရေးတွင် တလာဘ်၃ ကြိမ်ခေါ်ရုံနဲ့ လင်ကမယားကို အလွယ်တကူ ကွာ၍ရခြင်းနဲ့ မယားလေးဦး ယူနိုင်ခြင်းများကြောင့် အငယ်အနှောင်း သဘွယ်ဖြစ်ရခြင်းတို့ကို မိမိနိုင်ငံထဲမှာနေပြီး မိမိတို့ အခွင့်အရေး ဆုံးရှုံးနေရခြင်းများကို ကာကွယ်ပေးနိုင်ဖို့သာ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ၄။ ကန့်ကွက်သည်ဆိုသော အဖွဲ့များသည် အဆိုပါစာတမ်းကို ကောင်းစွာဖတ်ရှုရခြင်း မရှိသေးပဲ အလျင်စလို ပြောဆို ထုတ်ပြန်နေကြကြောင်း သုံးသပ်မိပါတယ်။ ကန့်ကွက်တယ်ဆိုတာက တို့ဘာသာ ဘာသာခြားနဲ့ လက်ထပ်ချင်ထပ်မယ် ပြောစရာမလိုဘူးဆိုတဲ့ သဘော သက်ရောက်သွားပါတယ်။ ယခု မျိုးစောင့်ဥပဒေဆိုတာ မြန်မာအမျိုးသမီးများ လက်ထပ်ခြင်းကိစ္စကို ထိန်းချူပ်တာ မဟုတ်ပဲ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများက ဘာသာခြားနဲ့လက်ထပ်ခြင်းကြောင့် အခွင့်အရေး ဆုံးရှုံးခြင်း ပြဿနာများတွေ့ကြုံရခြင်း မရှိအောင် ရေးသားဆွေးနွေးထားတာပါ။ ၅။ တခုခုဆိုရင် ယခုတလော လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကိုပဲ ကိုင်ပြောနေကြပေမယ့် နေရာတိုင်းမှာ ဒီပေတံကြီးကို ထုတ်ကိုင် တိုင်းတာနေလို့ မရပါဘူး။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေငြာစာတမ်းမှာ ကောင်းပါတယ်။ သို့သော် အခြေခံအားဖြင့် သဘောတူ နိုင်ကြသော်လည်း နိုင်ငံအသီးသီးမှာ ဒီကနေ့ လက်တွေ့လုပ်ကိုင်နေကြရသည်မှာ တခါတရံ လူ့အခွင့်အရေးစံနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ မဖြစ်လို့လည်းမရပါဘူး။ မိမိနိုင်ငံ၏ နိုင်ငံရေး စီးပွားရေး ကာကွယ်ရေး လူမူရေး ယဉ်ကျေးမူနှင့် ဘာသာရေး အခြေအနေများအပေါ် မူတည်ပြီး အုပ်ချူပ်ရေး တရားစီရင်ရေး ဥပဒေပြုရေး အာဏာသုံးရပ်ဖြင့် စီမံအုပ်ချူပ် နေရတာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံကြီး၂ခုအကြား ရှိပြီး လူဦးရေ ပေါက်ကွဲမူဖြစ်နေတဲ့ ဘာသာမတူတဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံနဲ့ ကပ်နေတဲ့ မြန်မာနိုင်ငံ၊ ခိုးဝင်လာတဲ့ ဘင်္ဂလီလူမျိုးများက တိုင်းရင်းသားတောင်းတာ နယ်မြေအပိုင်စီးတာ ခံနေရတဲ့ မြန်မာနိုင်ငံအဖို့ သည်ကြေညာစာတမ်းနဲ့သာ တိုင်းတာပြောဆိုနေရင် လူမျိုးဘာသာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ရခိုင်တိုင်းရင်းသားတို့ရဲ့ အမျိုးကို စောင့်ရှာက်နိုင်မူကြောင့် ရခိုင်လူမျိုးနဲ့ ရခိုင်ဗုဒ္ဓဘာသာရေး ကိုးကွယ်မူ ပျောက်ကွယ်မသွားခဲ့လို့ သတိလက်လွတ် ဖြစ်မသွားသင့်ပါ။ ၆။ စကာင်္ပူ မလေးရှားကိုဥပမာပေးတာကလည်း အတုယူတာမဟုတ်ပဲ နားမလည်သေးသူတွေ မသိသေးသူတွေကိုသိအောင် ပေးထားတာဖြစ်ပါတယ်။ စကာင်္ပူဟာ ဒီမိုကရေစီနိုင်ငံ အစစ်မဟုတ်လို့ အတုမယူသင့်ဘူး လို့ ပြောသူကပြောပါတယ်။ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေဟာလည်း နေ့ချင်းညချင်း ဒီမိုကရေစီနို်င်ငံကြီး ဒီနေ့အခြေအနေလို တည်ထောင်နို်င်ခဲ့တာမဟုတ်ပါဘူး။ ဒီမိုကရေစီစစ်စစ်နဲ့သွားရင်လည်း ဒီကနေ့ စကာင်္ပူလူမျိုးဆိုတာ တွေ့နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာဟာလည်း နေရာတကာ လွတ်လွတ်လပ်လပ် ဆိုတာနဲ့ တိုင်းတာတာမျိုး မဟုတ်ပါဘူး။ စည်းကမ်းဆိုတာ ပါပါတယ်။ စကာင်္ပူဟာ စည်းကမ်းရှိလို့ စည်းကမ်းလိုက်နာလို့ ယနေ့အခြေအနေနဲ့ နေထိုင်နိုင်ကြတာပါ။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နေပေမယ့် ဒီမိုကရေစီ ဘိုးအေနိုင်ငံတွေလို အဆင့် ချက်ခြင်းဖြစ်ချင်လို့ မရပါဘူး။ နောက်တချက်ကတော့ အတုယူသင့်ရင် ယူရမှာပဲဖြစ်ပါတယ်။ ထိုင်းတောင်ပိုင်းမှာ မူဆလင်ခွဲထွက်ရေး သမားတွေပြဿနာ ရှိနေပေမယ့် စကာင်္ပူမှာမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ မြို့ကိုနိုင်ငံခေါ်နေရတဲ့ နိုင်ငံသေးကလေးအဖို့ မူဆလင်ဦးရေးကို စတည်ထောင်ကာစက ၁၅% ယခုလည်း ၁၅% ထိန်းထားနိုင်ခဲ့ပြီး စကာင်္ပူတရုတ်များကို မူဆလင်ဘာသာခြားနဲ့ ထိမ်းမြားခြင်းကို ပုံစံမျိုးစုံနဲ့ ကန့်သတ်ပေးထားလို့ ဖြစ်ပါတယ်။ ဘာသာခြားက စကာင်္ပူအမျိုးသမီးကို ယူခဲ့ရင်တောင် အခွင့်အရေးများကို အမျိုးသမီးဘက်အပြည့်အဝရယူပေးထားတယ်။ သို့သော် စကာင်္ပူအမျိုးသမီးများ အမျိုးကို စောင့်ရှောက်ပါတယ်။ မူဆလင်များနဲ့ မယူသလောက်ပါ။ အကယ်၍ စကာင်္ပူမှာ မူဆလင်ဘာသာဝင် ၄-၅၀% ရှိလာလျင် သေချာပေါက် ဘာသာရေးပြဿနာ ဖြစ်လာနိုင်ပါတယ်။ မြန်မာမှာ ဘယ်လိုအခြေအနေရှိလည်း အားလုံးသိရှိပါတယ်။ နိုင်ငံတကာရဲ့ အိမ်ထောင်ခန်းဥပဒေတွေကိုလေ့လာတဲ့အခါ ဘယ်လိုပဲလွပ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် ထိမ်းမြားခွင့်ပြုထားပေမယ့် မိမိတို့လူမျိုးဘာသာ ထိခိုက်နစ်နာရခြင်း မရှိလေအောင် ပြဌာန်းထားကြပါတယ်။ အထူးသဖြင့် အမျိုးသမီးများကို ဦးစားပေးထားပါတယ်။ ၇။ ယခုဆွေးနွေးပွဲကအမျိုးစောင့်ဥပဒေဆိုတာလည်း လွပ်လပ်စွာကိုးကွယ်နိုင်ခြင်းကို ထိခိုက်ခြင်းမရှိပါဘူး။ ကိုယ်နှစ်သက်ရာ ဘာသာတရားကို လူတိုင်းလွပ်လပ်စွာ ကိုးကွယ်ယုံကြည်နိုင်ခွင့်ပေးထားပါတယ်။ သို့သော် ဘာသာရေးထိခိုက်ပြောခြင်း မဟုတ်ပဲ မှန်ရာဆိုလျင် မူဆလင်ဘာသာဝင်များနှင့် မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ ယူလေ့ရှိကြရာတွင် အမျိုးသား၏မူဆလင်ဘာသာကို ဝင်ရသည်ချည်းဖြစ်ပါတယ်။ မဝင်လျှင် သူတို့ဘာသာတရားအရ တရားမဝင်တဲ့ အတွက် ဝင်ကိုဝင်ရပါတယ်။ သဘောကျစွာဝင်တယ် လွတ်လပ်စွာ ကိုးကွယ်တယ်လို့ ပြောလို့မရပါဘူး။ ယူပြီး ဗုဒ္ဓဘာသာ ဘုရားစင်ထားကြည့်လိုက်ပါ။ လက်တွေ့ နားလည်သွားပါလိမ့်မယ်။ ဗုဒ္ဓဘာသာထုံးတမ်းအရ လက်မထပ်ခဲ့ရတော့ ဆုံးရှုံးမူတွေ နစ်နာမူတွေ ထပ်တွေ့ လာတော့တာပါပဲ။ ခရစ်ယာန်ဘာသာဝင်တွေနဲ့တော့ အထူးတလည် ပြဿနာရှိတာ မတွေ့ရပါဘူး။ တအိမ်တည်း ဘုရားစင်နှစ်ခုနဲ့ ကိုးကွယ်နေကြတာပါပဲ။ သားဆိုရင် ဗုဒ္ဓဘာသာ အရ ရှင်ပြုရဟန်းခံပေးပြီး သမီးတွေကို ကြိုက်ရာ ကိုးကွယ်ခွင့်ပြုတာလည်း တွေ့ဘူးပါတယ်။ ၈။ စာရေးသူ ဘာသာရေးထိခိုက်မူ မပါပဲ ကိုယ်တွေ့လေး မျှချင်ပါတယ်။ စာရေးသူ မူဆလင်ရပ်ကွက်ထဲ နေထိုင်ဘူးပါတယ်။ အမှန်တကယ်လည်း မြန်မာမ ယူရင် ထောက်ပံ့ပေးမယ်ဆိုတာ ရှိခဲ့တာပါ။ ယခုတော့ သူတို့ငြင်းပါတယ်။ ငြင်းဆိုသလို မူဆလင်လူကြီး သူမများအနေနဲ့ ထိန်းသိမ်းပေးသွားဖို့ တိုက်တွန်းပါတယ်။ စကားဆက်ရရင် ဘာသာခြား ရပ်ကွက်ဖြစ်တာကြောင့် စာရေးသူအနေနဲက ညီမတွေနဲ့ ညီမသူငယ်ချင်းတွေကို ရှေးရေးမျှော်မြင်ပြီး ဘာသာတရားနဲ့ ပါတ်သက်လို့ အထူး တိုက်တွန်းပါတယ်။ သို့သော်လည်း နီးစပ်မူက ရှိလေတော့ ညီမသူငယ်ချင်းတဦး မူဆလင်ဘာသာဝင်နဲ့ ယူသွားပါတယ်။ နောက် အဲဒီမိန်းကလေးက မူဆလင်ဘာသာထဲ အဝင်ပြပေမယ့် မူဆလင်လုံးလုံး မဖြစ်ဘူးဆိုပြီး ကွဲသွားကြတော့ မိန်းကလေးက ကလေးတွဲလောင်းနဲ့ ဖြစ်နေပါပြီး။ ကလေးကလွဲပြီး ဘာတခုမှ အဖတ်တင်ခဲ့တာမရှိပါဘူး။ ရုပ်ရည်ကလဲချောမောလှပြီး တခုလပ်ဖြစ်သွားတော့ မြန်မာချင်း မကူညီစောင့်ရှောက်ပဲ အကျင့်ဆိုးတဲ့သူတွေနဲ့ ထပ်တွေ့ပါတယ်။ ကိုယ်တိုင်က စိတ်ဓါတ်ကမခိုင်မာ ဘဝကိုကြံ့ကြံ့မခံနိုင်၊ ကိုယ့်ပညာနဲ့ကိုယ် ရပ်တည်နိုင်ခြင်းကလည်းမရှိ အစဉ်းစားအဆင်ခြင်ကလည်း နဲပါးသူဖြစ်တာကြောင့် မြှူဆွယ်သူတွေနဲ့တွေ့ပြီး မကောင်းမူတောထဲ ရောက်သွားပါတယ်။ အစကတည်းက ဘာသာတူခြင်းတောင် “ အိမ်ထောင်မူ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး ( ယခုတော့ တက်တူးတောင်ထိုးနေကြပါတယ် ) နောင်ပြင်နိုင်ခဲတဲ့အမျိုး ” ဆိုတဲ့ စကားလေးနဲ့ ရှေးလူကြီးသူမတွေက သွန်သင်ဆုံးမပေးထားခဲ့တာဟာ အမြှော်အမြင်ကြီးကြီးနဲ့ ပြောခဲ့ကြတာပါ။ ဟာသလုပ်စရာ မဟုတ်ပါဘူး။ လိုက်နာကျင့်ကြံသင့်တာပါ။ ၉။ အကြံပြုချက်သဘော တင်ပြချင်တာက ဘယ်ဘာသာဝင်ဖြစ်စေ ကိုယ့်ရဲ့ဘာသာတရားအပေါ်မှာ မိရိုးဖလာထက်တော့ လေ့လာမူပြုသင့်ပါတယ်။ အဖေအမေက ကိုးကွယ်လို့ အလိုလို ဘာသာဝင်ဖြစ်လာတာ မဆန်းသလို သဘာဝမကျပါဘူး။ အသက် ၄၀ နားရောက်ပြီး ဗုဒ္ဓဟာသေပြီးမှ ဘုရားဖြစ်တာလား မသေခင်ဖြစ်တာလား မေးတဲ့သူကို စာရေးသူတွေ့ဘူးပါတယ်။ သူငယ်ချင်း ဆရာမကြီးက တဦးကလည်း ဘုရားဟာတဆူတည်းပါ အစွဲတွေမထားပါနဲ့တဲ့။ စာရေးသူ ပြန်ပြောလိုက်တယ်။ အဲဒီလို ဘုရားတဆူ အတူတူပါဆိုပြီး ကိုယ့်ဘာသာကျတော့ ပစ်ပယ်ခိုင်း သူ့ဘာသာ ဝင်ခိုင်းသူတွေကြောင့် မြန်မာအမျိုးသမီးတွေ ဘာသာခြားဖြစ်တာများပြီ။ ဗုဒ္ဓဘာသာဟာ ဘယ်ဘာသာနဲ့မှ မတူသလို ဘုရားချင်းလည်းမတူ တရားချင်းလည်းမတူ နေနဲ့လ အရှေ့နဲ့အနောက်လို့။ အစွဲမထားခြင်း မထားရင် ဗုဒ္ဓဘာသာက အစွဲအလန်းဖြုတ်တယ်။ နားမလည်တာကို နားမလည်ဘူးသိဖို့ လိုတယ် အဲဒါအစွဲအလန်းနဲ့ မဆိုင်ဘူး ဆိုပြီးပြောပြရတယ်။ သူကပြန်ပြောတယ် တို့ရုံးမှာ နင်တို့ငါတို့အရွယ် ဘယ်သူမှ ဘုရားတရားစကားပြောတာ မကြားဖူးဘူးတဲ့။ စာရေးသူကို သီလ သမာဓိ ပညာ ဆိုတော့ ပညာက ဘာပညာလည်းဆိုပြီး ပြောဆိုတဲ့သူလည်းတွေ့ဘူးပါတယ်။ သူက သိပ္ပံခေတ်ပညာကိုမှ ပညာလို့တထစ်ချ လှေနံဓါးထစ်ယူထားပါတယ်။ ဘဝကိုမှန်မှန်ကန်ကန် နားလည်သိမြင်ဖို့ ဗုဒ္ဓဟောကြား ဆုံးမထားတဲ့ သစ္စာတရားတွေကို အလုပ်ပေးတရားတွေကို ပညာလို့ မထင်ဘူး။ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများက မိရိုးဖလာပဲဖြစ်နေပါတယ်။ ဘာသာတရားနဲ့ပါတ်သက်လာရင် ကိုယ်ခံအား ကိုယ်ခံပညာမရှိဘူး။ ဒါကြောင့်လည်း တခြားဘာသာကစည်းရုံးရင် အလွယ်တကူပဲပါသွားတတ်ပါတယ်။ ယုံကြည်လို့ သွားတာက ပြဿနာမဟုတ်ပါဘူး။ သူ့အခွင့်အရေးပါ။ မသွားခင်မှာ ကိုယ့်ဘာသာတရားကိုရော ဘယ်လောက် ဆန်းစစ်ဝေဖန်ကြည့်ပြီးပြီလည်း။ ဒါတော့ လုပ်သင့်တယ်လို့ယူဆပါတယ်။ အထက်ပါ တင်ပြချက်များကို ပြန်ချုံ့ပြီးတင်ပြရလျင် မှော်ဘီမြို့၊ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပခဲ့တာသည် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲသာ ဖြစ်ပါတယ်။ ဘာသာသာသနာ ကာကွယ်ခြင်းဆိုင်ရာနဲ့ ပါတ်သက်နေတဲ့အတွက် ယခုဆွေးနွေးစရာ စာတမ်းပေါ်ထွက်လာတယ်လို့ ယူဆပါတယ်။ အမျိုးစောင့်ဥပဒေဆိုတာကတော့ အလွယ်ခေါ်လိုက်ခြင်းသာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်သော မြန်မာအမျိုးသမီးများရဲ့ အိမ်ထောင်ခန်းဥပဒေနဲ့သာ သက်ဆိုင် ပါတယ်။ မြန်မာအမျိုးသမီးအားလုံး အကျူံးမဝင်သလို လက်ထပ်ခြင်းကိစ္စုအဝဝကို ဆွေးနွေးထားတာမဟုတ်ပါဘူး။ မြန်မာအမျိုးသမီးရဲ့ လက်ထပ်ထိမ်းမြားခြင်းကို အဓိကဆိုလိုချင်တာမဟုတ်ပဲ ဘာသာတရားကာကွယ်စောင့်ရှောက်ရေးနဲ့ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ ဘာသာခြားနဲ့လက်ထပ်တဲ့အခါ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများရဲ့ လွပ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် အမွေရပိုင်ခွင့် လင်မယားကွာရှင်းရေး ဥပဒေများမှာ အခွင့်အရေးဆုံးရှုံးနေရခြင်း ရှုထောင့်က ဆွေးနွေးနေကြတာလို့ သုံးသပ်မိပါတယ်။ ဘာသာခြားများနဲ့လက်ထပ်ပြီး ဘာသာခြားများရဲ့ထိမ်းမြားဥပဒေကိုသာ လက်ခံကျင့်သုံးနေရခြင်း ၎င်းတို့၏ဘာသာသို့ ဆန္ဒသဘောအလျောက် မဟုတ်ပဲ ဝင်ရောက်ရခြင်းတို့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အဆုံးအရှုံးကြီးဖြစ်ပါတယ်။ ရခဲလှတဲ့ လူ့ဘဝမှာ ကြုံတွေ့ရခဲတဲ့ ဗုဒ္ဓသာသနာနဲ့လည်း လွဲချော်ခဲ့ရတဲ့အဖြစ်မျိုးက ကင်းလွတ်အောင် ကယ်တင်ခြင်း ဖြစ်ပါတယ်။ ကန့်ကွက်ခြင်း ထောက်ခံခြင်းထက် ဆွေးနွေးတိုင်ပင်ေ ဆောင်ရွက်သင့်ပြီး လိုအပ်ပါက ဒကာဒကာမများကပင် ဆက်လက်အကောင်အထည် ဆောင်ရွက်သင့်သော ကိစ္စတရပ်ဖြစ်တယ်လို့ ယူဆပါကြောင်းတင်ပြယင်း နိဂုံးချူပ်ပါရစေ။ ကျော်ကျော်ခိုင် |
ဒီမိုဝေယံ |
|
စစ်ဆေးရေးအရာရှိချုပ်၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံးသို့ တိုင်ကြားစာ.. Posted: 23 Jun 2013 05:57 AM PDT |
|
စင်္ကာပူရှိ လမ်းပြကြယ်စာကြည့်တိုက် ၆ နှစ်ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲ ဖိတ်ကြားစာ.. Posted: 23 Jun 2013 05:49 AM PDT စင်္ကာပူရှိ လမ်းပြကြယ်စာကြည့်တိုက် ၆ နှစ်ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲ ဖိတ်ကြားစာ.. ဇူလိုင်လ (၇) ရက်နေ့မှာ "လမ်းပြကြယ်စာကြည့်တိုက် တည်ထောင်ခြင်း ၆ နှစ်ပြည့်အထိမ်းအမှတ်စာပေဟောပြောပွဲ" ကျင်းပမည် ဖြစ်ပါသည်။ ဟောပြောမည့် ဆရာများမှာ - (၁) ဆရာနေ၀င်းမြင့် (၂) ဆရာမ မသီတာ (စမ်းချောင်း) ဖြစ်ကြပါသည်။ နေရာ ။ ။Kreta Ayer People's Theatre, 30A Kreta Ayer Rd, Singapore 088997 နေ့ရက်။ ။7 July 2013 အချိန် ။ ။14:30 to 18:30 လက်မှတ်များကို (13.06.2013) မှ စတင်၍ ရနံ့သစ် စားသောက်ဆိုင်နှင့် မြနန်းနွယ်စတိုးဆိုင် တို့တွင် စုံစမ်း ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ လက်မှတ် ဈေးနှုန်ုးမှာ - S$15 ဖြစ်ပါသည်။ လမ်းပြကြယ် အသင်းဝင်များကို S$10 ဖြင့်ရောင်းချပေးပါမည်။ (Valid Member Card ရှိရန်လိုအပ်ပါသည်) website http://lpklibrary.blogspot.sg/ Facebook account https://www.facebook.com/lpk.singapore Facebook page https://www.facebook.com/pages/လမ်းပြကြယ်-စင်္ကာပူ/131859543543244 ကျေးဇူးတင်စွာဖြင့် လမ်းပြကြယ်စာကြည့်တိုက် (စင်ကာပူ) |
|
Posted: 23 Jun 2013 05:31 AM PDT Time Magazine ရဲ့ July မျက်နှာဖုံးမှာ သုံးနှုန်းထားတဲ့ Buddhist နဲ့ Terror ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ရင် ဒီဆိုဒ်မှာ လက်မှတ်လေးထိုးပေးကြပါ။ 48 နာရီအတွင်း Signature ၅၀၀၀၀ လိုပါတယ်ခင်ဗျာ။ Information & Technology လင့်ခ် http://www.avaaz.org/en/petition/Buddhist_is_not_Terror_Please_Reevaluate_July_Issue_Time_Cover_Story_Title/?cDGeYeb |
|
ကလေးပြုစုပျိုးထောင်ရေး ပညာရပ် (အပိုင်း ၁) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) Posted: 22 Jun 2013 02:20 AM PDT |
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) |
(မွေးကင်းစအရွယ်မှစတင်ကိုယ်တိုင် အသိဥာဏ်ဖွံ့ ဖြိုး ) SELF LEARNING FROM BIRTH. 2005 November မှာ ကျနော်မြန်မာပြည်ကနေ အခြေအနေတစ်ခုကြောင့် ထွက်ခွာခဲ့ရပါတယ်။ ထိုင်းကိုရောက်တယ်။ ထိုင်းမှာ အခြေအနေ မကောင်းတာနဲ့  ဗွီဇာ မကုန်ခင် မလေးရှားကို လစ်ခဲ့ပါတယ်။ မလေးရှားမှာ ဗီဇာကုန်တော့ ကုလသမဂ္ဂမဟာမင်းကြီးရုံးမှာ ဒုက္ခသည်လျှောက်ထားပါတယ်။ အလွယ်တကူ မရခဲ့ပါဘူး။ ဗမာလူမျိုးဆိုရင် ဒုက္ခသည်အဖြစ် သိပ်မပေးချင်ဘူး။ သူတို့ ဦးစားပေး တာကတော့ ရိုဟင်ဂျာနာမည်ခံတဲ့ ဘင်္ဂါလီလူမျိုးတွေနဲ့ ချင်းလူမျိုးတွေဘဲ ဦးစားပေးပါတယ်။ အများကြီးပေးထားတယ်။ ရရန်လွယ်ကူပါတယ်။ ချင်းတွေကတော့ တတိယနိုင်ငံတွေကို အများကြီးထွက်ခွာခွင့် ရကြပါတယ်။ (မှတ်ချက်)ချင်းပြည်နယ်မှာ လုပ်နိုင်ကိုင်သူတောင်မကျန်အောင် ထွက်ကြတော့ ကနေ့ ချင်းပြည်နယ်မှာ ဒုက္ခတွေ ကောင်းကောင်းကြီး ရောက်နေပါတယ် ။ သက်ကြီးရွယ်အိုတွေဘဲ ကျန်ပါတော့တယ်။ အများစုကတော့ (၉၈-% ) ဗြောင်လိမ်နေကြသူတွေဘဲ ရတတ်ကြပါတယ်။ ကျနော်တို့  ထောင်ထွက်တွေလဲ ဆော်ရီးဘဲ။ ICRC ကမ္ဘာ့ကြက်ခြေနီ ထောက်ခံချက်ပါလဲ ဆောရီး။ ဒါပေမဲ့ နှစ်လနေတော့ ကျနော့်အခြေအနေ ထပ်ဆိုးလာတာလေး ပေါ်လာပြီး မလေးရှားထောက်လှမ်းရေးက ကုလရုံးကို လူကိုယ်တိုင်လို်က် တောင်းဆိုပေးလို့  ဒုက္ခသည်လက်မှတ် ၂- နစ်နာရီအတွင်း ချက်ချင်းရ။ ငါးရက်နေတော့ သြစတေးလျ သံရုံး (မဟာမင်းကြီးရုံး) ကိုပို့ ပေးတယ်။ အင်တာဗျူးပြီးတာန့ဲ ဗီဇာရပါတယ်။ အော်ဇီရောက်တယ်ထားပါ။ အော်ဇီကို ရွှေ့ ပြောင်းအခြေချပြီး အမြဲတမ်းနေထိုင်ခွင့် (P.R. Permanent Residency) ရသူအားလုံး အခြေခံအဂ်လိပ်စကားပြောသင်တန်းကို AMES (Adult Migrant English Scheme) မတက်မနေရ တက်ရပါတယ်။ ၆-လ အချိန်ပြည့်သင်တန်း ဖြစ်ပါတယ်။ နာရီစုစုပေါင်း ၅၂ဝ- မတက်မနေရပါ။ သင်တန်းမှာ အဆင့်-၃- ဆင့်ခွဲထားပါတယ်။ Level- 1 to 3 ပါ။ အဆင့် ၂- ကိုမရထားလျှင် အစိုးရတစ်ပိုင်းအလုပ်တွေမှာ လုပ်ခွင့်မရနိုင်ပါ။ ကျနော် အဆင့်-၃ -ကိုတက်ခဲ့ပါတယ်။ အဆင့်-၃ - တက်သူများကို အင်္ဂလိပ်စာအပြင် (၁) ကလေးပြုစုရေးပညာ (Children Service ) (၂) သက်ကြီးရွယ်အိုပြုစုစောင့်ရောက်ရေးပညာ (Age Care Service) (၃) ကျန်းမာရေးနင့် လူမှုဆေးပညာ ( Health & Community Service) ကျနော်ကလေးပြုစုရေးပညာကို ရွေးချယ်လို်က်ပါတယ်။ ကျနော့်ဆရာမတွေနှင့် ကျောင်းအုပ်ကြီး (မြန်မာအမျိုးသမီး) တို့ က ၃- ကြိမ်ခန့်  ကျနော်ကို ကလေးအလုပ်က လစာနည်းတယ်။ အိုဗာတိုင်မရှိဘူး။ ပြသနာများတဲ့အလုပ်လို့။ ရာထူးတက်လမ်းမရှိဘူး။ ကျန်နစ်ခုလုံးက အထူးသဖြင့် သက်ကြီးရွယ်အိုပြုစုရေးက ၂၄-နာရီ ဆိုတော့ အိုဗာတိုင်များတယ်။ လစာအသင့်တင့် ကောင်းတယ်။ ရာထူးတိုးမယ်။ ကျန်းမာလူမှုကတော့ နယ်တွေမှာနေရတယ်။ ကျနော်ကဆရာဝန်ဆိုတော့ ပိုလိုအပ် ပြီး လစာကောင်းတယ်။ နယ်မှာ အိမ်ငှားခအလွန်သက်သာတယ်။ လူရာပိုဝင်တယ်ပေါ့။ အရာရှိ သဘောနေရမယ်ပေါ့။ ရာထူးတက်လမ်းရှိတယ်ပေါ့။ နယ်မှာဆိုအိမ်ကြီးနဲ့ နေပြီး စိုက်ပျိုးမွေးမြူရေးပါ လုပ်နိုင်တယ်ပေါ့။ ကျနော်က ကျနော့်အသက် ၅၆-နှစ်။ ကျနော့်ဘဝထက် တိုင်းပြည်အတွက် အရေးပါတဲ့ ပညာရပ်လိုချင်တယ်။ ကျနော်ဒီရောက်လာတာ တစ်တိုင်းပြည်လုံး ဒုက္ခရောက်နေ သေကြ ကျေကြ။ ထောင်ကျ။ စစ်ပြေးနေရလို့  အော်ဇီအစိုးရက ကယ်တင်လို့  ရောက်လာတာ။ တိုင်းပြည်ရဲ့ ကျေးဇူး ကျနော်အပေါ်ရှိနေတယ်။ ကျေးဇူးပြန်ဆပ်ရမှာက အဓိက။ တိုင်းပြည်ထူထောင်ရေးမှာ ပညာရေးက အရေးကြီးဆုံး။ မြန်မာနိုင်ငံပညာရေးကို ခေါက်ချိုး (ဂ-ငယ်ကွေ့) ကွေ့ပြောင်းဖို့ အလွန်အရေးကြီးကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါမောက္ခကြီး ဒေါ်မြင့်မြင့်ခင်တို့မှ မကြာခန ထောက်ပြနေပါတယ်။ ကျနော်ခံယူထားတာက ကျနော်တို့ တိုင်းပြည် တိုးတက်ဖို့  အနောက်နိုင်ငံတွေ လိုက်မှီဖို့ဆိုတာ ကလေးတွေက ငယ်စဉ်မှာကို သူတို့ ဆီမှာလိုသင်ဖို့ လိုတယ်လို့ မြင်ထားလို့ပါ။ အသက်အလတ်ပိုင်းမှ လိုက်သင်ရင် Half –bake bread တစ်ဝက်ကျက်ပေါင်မုန့်  သဘောဖြစ်နေပါတယ်။ သူတို့တွေ ကလေးကို ဘယ်လိုပြုစုတယ်ဆိုတာကို သိချင်တာ အဓီက။ သင်တန်းမှာ လက်တွေ့ ပါဆင်းရပါတယ်။ သင်တန်းပြီးနောက် - ၅-နစ်နီးပါးအလုပ်အတွေ့ အကြုံတွေ ရခဲ့ပါတယf/ အတန်အတင့်အားရခဲ့ပါတယ်။ သိခဲ့တတ်ခဲ့ပါတယ်။ (သင်တန်းတက်နေစဉ် တလတစ်ခါ ထောက်ပံ့ငွေပေးသောရုံး Centrelink ပုံမှန်သွားတွေ့ ရပါတယ်။ ကျောင်းမှန်မှန် တက်မတက်စစ်ဆေးတာပါ။ အဲဒီမှာ အရာရှိက စကားတွေဖေါင်ဖွဲ့ မေးပြီး ခင်ဗျား အင်္ဂလိပ်က သင်တန်းတက်စရာမလိုဘူး။ အလုပ်ဝင်ရမယ် ပြသနာရှာတော့တာ။ ကံကောင်းလို့ ဆရာမ ကျနော်ကလေး ပညာတစ်ဝက်တပျက်ဆို တိုင်းပြည်ရော ကျနော်ပါ နစ်နာပါတယ်ဖြေလို့ ပြီးအောင် တက်ခွင့်ရခဲ့ရတာပါ။ တော်တော်လေး စိတ်ညစ်လိုက်ရပါတယ်) ကလေး- ပညာသာမကယ်ရင် ဘာလက်မှတ်မှ မရဘဲ အလုပ်ယောင်လည်လည်ရှာနေရပြီ ။ မသိသေးသူများအတွက် Australia ကိုရောက်လာသူတိုင်း P.R. ရတာနဲ့ - (နိုင်ငံသားက လေးနှစ်နေမှရပါမယ်) လူတစ်ဦးလျှင် တနှစ်ကို ဒေါ်လာ- ၁ဝဝဝဝ- အလုပ်မရမချင်း ထောက်ပံ့ပါတယ်။ နှစ်ပတ်တစ်ကြိမ် ဘဏ်အကောင့်ထဲ ပို့ ပေးပါတယ်။ ကလေးပြုစုရေးမှာ ကျနော်တို့ ဆီကနဲ့  ကွာခြားတာလေးတွေ ကိုစရေးပါမယ်။ ကွာပါတယ်။ တော်တော်လေးကိုမတူပါ။ အော်ဇီမှာ ကလေးမွေးရင် အစိုးရဆေးရုံမှာ ဖရီးပါ။ အခန်းအကျယ်ကြီး သီးသန့် ပေးပါတယ်။ ကျွေးတာကအစ အဆင့်မြင့်စားသောက်ဆိုင် လိုပါဘဲ။ ရွေးချယ်စရာ ဟင်းကအစမေးပြီး ခွက်ပန်းကန်တွေ ထုပ်ပိုးထားတာပါ။ မွေးပြီး အိမ်ရောက်လဲ ဖုံးဆက်မေးနေပါတယ်။ သူနာပြုဆရာမလဲ လာကြည့်ပြီး ကလေးနို့ တိုက်နည်းကအစ သင်ပေးပါတယ်။ ကလေးက မိခင်ဝမ်းဗိုက်ထဲမှာ အမြဲလိုလိုအိပ်နေတော့ မွေးစမှာ နို့ လေးနဲနဲစို့ မိတာနဲ့ အိပ်ပျော်တတ်ပါတယ် ။ အဲဒီမှာ ကလေးကိုလေထုတ် ပြီးလှုပ်နိုးပြီး သုံးကြိမ်အထိတို်က်ရပါတယ် ။ ကလေးက နို့ ပြည့်ပြည့်ဝဝစို့ ထားရတော့ အချိန်ကြာကြာပိုအိပ်ပါတယ်။ ကလေးကို လူကြီးကုတင်မှာ သိပ်ခွင့်မရှိပါဘူး။ ကလေးပုခက်လေး ဝယ်ရပါတယ်။ အဲဒီမှာ ကလေးကိုမိခင်က နို့ တိုက်လျှင် ကျနော်တို့ မြန်မာတွေက နို့သီးခေါင်းကို ကလေးပါးစပ်ကို တပ်ပေးကြပါတယ်။ ဟိုမှာ ကလေးဦးဏှောက်ကို ငယ်စဉ်ကထည်းက ဖွံ့ ဖြိုးဖို့  ကလေးရဲ့ ပါးဆောင်ကိုဘဲ ထိပေးရပါတယ်။ ကလေးက လဲသူ့ ပါးဆောင်ကို ထိလိုက်တာနဲ့  သဘာဝအသိနဲ့  နို့ ကိုမလွဲတမ်း ဟတ်လိုက်ပါတယ်။ နဲနဲလေးမျက်စေ့ ဖွင့်လာ ကြည့်လာရင် အလင်းရောင် မှိန်မှိန်လေးကို တဖြေးဖြေး ရွှေ့ ပြီး မျက်လုံးက လိုက်ကြည့်နေအောင် လေ့ကျင့်ပေးရတယ်။ အသံသာသာ ယာယာလေးတွေ နားဘေး အသာဖွင့်ပြ။ အာရုံတွေ တိုးပွားလာအောင် လုပ်ပေးနေကြရတာပါ။ ကလေးပစ္စည်းအစုံ ဝယ်ရပါတယ်။ ဒီလိုဝယ်ဖို့ အစိုးရက ကလေးတစ်ယောက်မွေးတိုင်း အော်ဇီဒေါ်လာ- ၅ဝဝဝ- ထောက်ပံ့ပါတယ်။ (အမေရိကန်ဒေါ်လာနင့် ဈေးတူတတ်)။ ၅ဝဝဝ-ကို ၆- လခွဲပေးပါတယ်။ တစ်လုံးထဲ့မပေးပါ။ ကလေးပစ္စည်းတွေ ဝယ်ရပါတယ်။ ဆရာမကစစ်ပါတယ်။ ချဲထိုးပြစ် တခြားဝယ်လို့ မရပါဘူး။ ဖခင်မပေါ်တဲ့ မိခင်နဲ့ အိမ်ထောင်ကွဲမိခင်။ မုဆိုးမတွေဆို ဒေါ်လာ-၅ဝဝဝ- အပြင် လစဉ်ထောက်ပံ့ကျေး ၁၃ဝဝ-ခန့် အမြဲထောက်ပံ့ပါတယ်။ အစိုးရ အိမ်ခန်းကိုပေးတယ်။ ကားလက်မှတ် ဖရီးနီးပါး။ ဆေးဝယ်ရင်လဲ ဖရီးနီးပါး ထောက်ပံ့ပါတယ်။ ၁၃ဝဝ-ဆိုတာက အလုပ်အကိုင်မရသေးသမျှပါ။ တစ်လ ပြည့်တာနဲ့  ကလေးကိုဆေးရုံပြန်ပြရပါတယ်။ ကားပေါ်မှာ ကလေးကို တစ်နှစ်သားအောက် ပုခက်နဲ့  ခေါင်းကို ရှေ့ ထား ပြီးထားရပါတယ်။ လူအပေါ်ချီခွင့် လုံးဝ မရှိပါ။ ဆရာဝန်က နားကြားမှု စက်နဲ့ ကိုစစ်ဆေးတယ်။ အာရုံကြော ကြွက်သား သန်မသန်တွေ စစ်ဆေးပါတယ်။ အဲဒီက ကလေးတွေက မိဘသွားလေရာ ကားနဲ့ ပါတတ်ကြပါတယ်။ မကြာပါဘူး ၄၅-ရက်သားလောက်ဆို မီးပွိုင့်မိလို့ ကားရပ်တာနဲနဲလေးကြာရင် ထိုးငိုတတ်ကြတယ်။ ကားဘီးစလှိမ့်တာနဲ့  အငိုတိတ်တယ်။ ငိုနေလို့ နို့ ဘူးထိုးပေးလဲ မရဘူး။ ကားထွက်ဘဲ လုပ်နေတာ။ ဆွဲစိတ်ချင်စရာလေးတွေ။ ကိုယ်ဝန်ဆောင်စဉ်မှာလဲ အာထရာဆောင်းရိုက်နဲ့ Down Syndrome ဖြစ်မဖြစ် စစ်ဆေးပါတယ်။ အဲဒါဖြစ်နေရင် ကလေးကိုဖျက်ချဖို့ အထိ တိုက်တွန်းကြပါတယ်။ အခုတော့ AUTISM ကိုပါ စစ်နိုင်နေပါပြီ။ ဒီလက္ခဏာစုတွေ အကြောင်း သီးသန့် ရေးပါဦးမယ်။ အနောက်နို်ငံကြီးတွေမှာ အလွန်ခေါင်းခဲနေရပါပြီ။ မြန်မာနို်င်ငံမှာလဲ တော်တော်လေးဖြစ်နေပါပြီ။ (မှတ်ချက်) ယခုအခါ နိုင်ငံတချို့ မှာ ဒီလိုလက္ခဏာစုတွေ ဖြစ်ရတာ အစားအသောက်တွေထဲမှာ ထဲ့ထားတဲ့ ဓါတုအရသာ တာရှည်ခံဆေးတွေ အရောင်တွေကြောင့်လို့  တွေ့ ရှိလာနေပါတယ်။ Downကတော့ မိခင်အသက်ကြီးလို့  ဖြစ်တတ်တာပါ။ ထားပါတော့ ကလေးက ကျန်းမာတယ်ဆိုရင် ကလေးပြုစုရေး ကျောင်းကို ၆-ပတ် (၄၅-ရက်သား) အရွယ်ကနေ စတင်ထားနိုင်ပါပြီ။ ကျနော်တို့ ကျောင်းမှာ ကိုးပတ် (ရက်-၆ဝ -သမီးလေး) အရွယ်လေး အငယ်ဆုံး လာအပ်ပါတယ်။ ၃- လအရွယ် ကတော့ ဆယ်ယောက်မက ကိုင်ခဲ့ရပါတယ် ။ ကလေးတွေက ငယ်လွန်းတော့ နို့ ဗူးကနို့ သီးခေါင်းကို မစုပ်တတ်တော့ ငိုကြတာ စိတ်မကောင်းလို့  နို့သီးခေါင်းကို ကိုယ်တိုင်ရှာဝယ်ပါတယ်။ နို့သီးခေါင်း အပေါစား ပါးပါးပျော့ပျော့နှင့် အဆင်ပြေသွားပါတယ်။ နို့ ကတော့ မိခင်နို့ ကို ညစ်ပြီး လတ်လတ်ဆတ်ဆတ် သို့ မဟုတ် ခဲထားတာကို တိုက်ကြတာပါ။ အာရှမိခင်တစ်ချို့ က (လူမျိုးမပြောလိုပါ) သူတို့  ရင်သားအလှပျက်မှာစိုးပြီး နို့ မတိုက်ကြပါဘူး။ မွေးပြီးပြီးချင်း နို့ ဦးရည် Colostrum ဆိုတာက ကလေး ကိုယ်ခံစွမ်းအားအတွက် ပဋိဇီဝ ဓါတ်တွေပါတာပါ။ အလွန်အရေးကြီးတဲ့နို့ ဦးရည်ပါ။ နို့ဦးရည်ကိုတောင် မတိုက်တတ်ကြပါ။ အလှမက်သူများ သိထားဖို့ ပါ။ (မှတ်ချက် - အဲဒီမိခင်တွေ မကြာပါဘူး ဆံပင်တွေကျွတ် မျက်နာတွေကျပြီး အသက်ငယ်ငယ်နင့် အိုဇာ လာပါတော့တယ်။ သဘာဝကြီးကိုလွန်ဆန်တာ သတိထားရပါမယ်)။ ကလေးတွေက နို့ သီးခေါင်းကိုမစို့ တတ်ရင် ပီပက် (ပကျွတ် ) လေးတွေနဲ့  ခက်ခက်ခဲခဲ တိုက်ရပါတယ်။ မိခင်ညွှန်ကြားထားချိန် ညွှန်ကြားထားတဲ့ ပမာဏ ကိုတိုက် မှတ်တမ်းထိုးရပါတယ်။ ထိုးရတာမှ သက်သေပါထိုးရပါတယ်။ အဲဒီလိုဂရုစိုက်ကြတာပါ။ ကလေးတွေ ဘယ်သူ့ ကိုခင်တတ်တယ်။ ဘယ်သူ့ လက်ကိုကြိုက်တယ်။ မှတ်တမ်းတွေ လုပ်ရပါတယ်။ သူတို့ ဥာဏ်ရည်ကောင်းလို့  ရွေးတတ်တာမို့  မှတ်တမ်းက အရေးကြီးပါတယ်။ သူတို့ လေးတွေက ငယ်သာငယ်တယ်။ အိပ်ချိန် သူ့ လူမဟုတ်ရင် ဖြဲငိုတတ်ကြတယ်။ တချို့ နို့ တိုက်တာတောင် သူလူမှ။ ငယ်ငယ်နဲ့ သိနေ မှတ်နေကြပြီ။ ဆက်လက်ဖော်ပြပါမည်။ အားလုံးကို လေးစားလျှက် လှိုင်မြင့် ဓာတ်ပုံကတော့ ဒေါက်တာလှိုင်မြင့်ရဲ့ မြေး (ငယ်ငယ်ကတည်းက အဖေခြေရာနင်းမယ့်) Hip Hop အဆိုတော် ဘာဘူရဲ့သမီးငယ်လေးပါ..။ |
|
တိုင်းမ်မဂ္ဂဇင်းပါဆောင်းပါးအပေါ်သုံးသပ်ခြင်း (ဆောင်းပါးရှင် မျိုးဆက်) Posted: 21 Jun 2013 11:59 PM PDT တိုင်းမ်မဂ္ဂဇင်းပါဆောင်းပါးအပေါ်သုံးသပ်ခြင်း (ဆောင်းပါးရှင် မျိုးဆက်) -အရင်ဆုံး ခေါင်းစဉ်ကိုကြည့်ရအောင်ပါ။ ခေါင်းစဉ်မှာသုံးထားတဲ့စကားလုံးက The Face of Buddhist Terror ပါ။ Terror ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြပေမယ့် ယနေ့အချိန်မှာ ဘာသာရေးနဲ့ ပတ်သက်သော ဆောင်းပါးမှာ Terror ဆိုတဲ့စကားလုံးခြင်းသည် အကြမ်းဖက်၊အစွန်းရောက်ဆိုတာနဲ့ အလိုလိုချိတ်ဆက်ပြီးဖြစ်ပါတယ်။ ဒါကိုဖြည့်စွက်နားလည်ပြီးဖြစ်ရပါတယ်။ ဒါက Time မဂ္ဂဇင်းရဲ့ ခေါင်းစဉ်...ရွေးချယ်ထားမှုပါ။ ဒီဟာကို ကြည့်လိုက်ခြင်းအားဖြင့် ဗုဒ္ဓဝါဒီ ဘုန်းကြီးတစ်ပါးရဲ့ ရက်စက်မှုတွေကို ဒီဆောင်းပါးထဲမှာ မြင်တွေ့ရတော့မယ်လို့ ဆိုလိုလိုက်တာပဲဖြစ်ပါတယ်။ ပထမဆုံးစာပိုဒ်ကိုကြည့်ရအောင်ပါ။ ပထမဆုံးစာပိုဒ်မှာ အဖွင့်အပိတ်မျက်တောင်နဲ့ “the Burmese bin Laden” begins his sermon လို့စသုံးလိုက်ပါတယ်။ အပေါ်က ခေါင်းစဉ် Terror နဲ့ ဘင်လာဒင်ချိတ်လိုက်ရင် စာဖတ်သူက မျက်မှောင်စကြုံ့ပြီး ဒီရဟန်းအပေါ် ဘာသာရေး အစွန်းရောက် ခိုမေနီအလားမြင်လာစေမှာ မလွဲပါ။ အဲ့ဒီပထမအပိုဒ်ရဲ့ အောက်ဆုံးစာကြောင်းမှာပဲ “Now is the time to rise up, to make your blood boil.” လို့သုံးလိုက်ပါတယ်။ အချိန်ကျပြီ။ သွေးတွေ ဆူပွက်အောင် လုပ်ကြ စသဖြင့်ပေါ့လေ။ ဒီလိုနည်းနဲ့ ပိတ်လိုက်ခြင်းအားဖြင့် နိဒါန်းမိတ်ဆက် စာပိုဒ်မှာတင် စာဖတ်သူကို ဆောင်းပါးရှင်က ဒီဆောင်းပါးထဲပါသော ရဟန်းဟာ ဘင်လာဒင်လို ဘာသာရေးအစွန်းရောက် သွေးဆာသူ လို့ နိမိတ်ပုံပြပြီး ဖြစ်စေပါတယ်။ ကျန်တဲ့စာပိုဒ်တွေကို ဆက်ဖတ်ဖို့ စာဖတ်သူရဲ့ အတွေးအာရုံဟာ ဘယ်ဖက်ကို တိမ်းညွှတ်မယ်ထင်ပါသလဲ။ အကောင်းဖက်လား။ အဆိုးဖက်လား။ သိသာနေပါတယ်။ "Buddhist blood is boiling in Burma, also known as Myanmar — and plenty of Muslim blood is being spilled." ဗုဒ္ဓဘာသာတွေရဲ့သွေးတွေဟာ မြန်မာ့မြေပေါ် ဆူပွက်နေတယ်။ မွတ်ဆလင်တွေရဲ့ သွေးတွေဟာ မြေခနေရတယ် လို့ ဒုတိယအပိုဒ်ကို ဆက်ဖွင့်လိုက်ပါတယ်။ ဒါဟာ ဒုတိယအပိုဒ်ရဲ့ ပထမစာကြောင်းပါ။ ခုနက ခေါင်းစဉ်၊ ပထမစာပိုဒ်ထဲက အကြောင်းအရာတွေနဲ့ အခု ဒုတိယစာပိုဒ် အဖွင့်စာကြောင်းကို ဆက်လိုက်တဲ့အခါမှာ ...စာဖတ်သူက "ဟာ..အတော်ရက်စက်တဲ့ ဗုဒ္ဓဘာသာတွေပါလား"လို့တွေးချင်စရာ ကောက်ကြောင်းကြီးက ပီပီပြင်ပြင်ပေါ်လာခဲ့ပါတယ်။ မိတ္တီလာအရေးအခင်းမှာ အကြမ်းဖက်သူတွေဘေးကနေ ကာကွယ်ပေးခဲ့တဲ့ ဆရာတော်၊ နော် ဘာသာမရွေးအကူအညီပေးခဲ့တဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြီးမားတဲ့ကဏ္ဍ ပျောက်ကွယ်သွားပြီး 969 ဆိုတဲ့ Cultural Nationalistic Movement ကြီးဟာ အကြမ်းဖက်မှုဆိုတာကနေ မှေးမှိန်သွားကာ မြန်မာတစ်နိုင်ငံလုံား အာဖဂန်ရှိ တာလီဘန်များစစ်သွေးကြွသလို ကြွနေတယ်ဆိုတဲ့ ဖက်ကို ဆွဲခေါ်သွားပါတော့တယ်။ Over the past year, Buddhist mobs have targeted members of the minority faith. ဒါက ဒုတိယစာပိုဒ်ရဲ့ဒုတိယအကြောင်းပါ။ Minority in Faith လို့သုံးပြသွားပါတယ်။ ဘာသာခြားကိုးကွယ်သူ မည်သူမဆို ဆိုတဲ့အဓိပ္ပါယ်ပါ။ ဆိုလိုတာကတော့ ခရစ်ယာန်တွေကိုလဲ ဖိနှိပ်တယ်ဆိုတဲ့သဘောပါပဲ။ ဒါဟာ မတိကျတဲ့ ရေးသားမှုပဲ ဖြစ်ပါတယ်။ ထပ်ပြီးတော့ Much of the violence was directed against the Rohingya, a largely stateless Muslim group in Burma’s far west that the U.N. calls one of the world’s most persecuted people. လို့ သုံးပြလိုက်ပါတယ်။ ဒီမှာတင် ဒီစာဖတ်သူကြားထဲ ပါးပါးကလေး ထည့်ချင်တဲ့ အချက်က ဘူးပေါ်သလို ပေါ်လာပါတော့တယ်။ Minority လူနည်းစုဆိုတဲ့စကားကို ဒီမိုကရေစီသည်းခြေကြိုက်တွေအတွက် အရင် Minority in Faith လို့သုံးပြလိုက်ပြီး Minority Rohingya ဆိုပြီးဆက်စပ်လိုက်တဲ့အခါမှာ ဗုဒ္ဓဘာသာလူများစုဟာ ရှိသမျှ လူနည်းစုကို ရိုဟင်ဂျာအပါအဝင် ......နှိပ်ကွပ်နေတယ်ဆိုတဲ့ ပုံစံ ထင်ရှားပြတ်သားစွာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုနည်းအားဖြင့် ဘင်္ဂလီရိုဟင်ဂျာတွေအနေနဲ့ ဘာသာရေးပဋိပက္ခသားကောင်အဖြစ် အလိုလို ရောက်ရှိသွားပြန်ပါတယ်။ ဒီ Minority ဆိုတာကို ဆက်စပ် သုံးစွဲပြလိုက်ခြင်းအားဖြင့် စာဖတ်သူအတွေးကို ဘယ်ဖက် ရောက်သွားအောင် တွန်းပို့နေတာလဲ ဆိုတာကိုခွဲယူပြတာပါ။ နောက်သုံးထားတဲ့ စကားလုံး Key Words တွေကတော့ Radical Monk, Virulent Sermons, စတဲ့စကားလုံးတွေပဲဖြစ်ပါတယ်။ သဘောထား တင်းမာသူ ဘုန်းကြီး အဆိပ်သင့်တရားများ ဟောကြားနေသူ စတဲ့အဓိပ္ပါယ်ရောက်ပါတယ်။ ဒါဟာ ဒုတိယအပိုဒ်အထိ စာရေးသူပုံဖော်ထားတဲ့ ဗုဒ္ဓဘာသာနဲ့မြန်မာပြည်ကောက်ကြောင်းပဲဖြစ်ပါတယ်။ "Such hate speech threatens the delicate political ecosystem in a country peopled by at least 135 ethnic groups that has only recently been unshackled from nearly half a century of military rule" ဒါက တတိယအပိုဒ်ရဲ့ ပထမအဖွင့်စာကြောင်းပါ။ ဆောင်းပါးရှင် ဘာကိုဆိုလိုချင်နေပါသလဲ တူးဖော်ကြည့်လိုက်ပါတယ်။ စာကြောင်းအဓိပ္ပါယ်က 135 မျိုးသော တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားပြီး ရာစုနှစ် တစ်ဝက်နီးပါးကြာ စစ်အုပ်ချုပ်ရေးအောက်က လွတ်ခါစ နုနယ်သော နိုင်ငံရေးစံနစ်ကို ဒီလို အမုန်းစကားတွေက ခြိမ်းခြောက်နေတယ်လို့ ဆိုလိုလိုက်တာဖြစ်ပါတယ်။ ဒီအထိက အငြင်းပွားဖို့ မလိုသေးပါ။ သူဘာဆက်ပြောမလဲ လိုက်ကြည့်ရအောင်ပါ။ Already some government officials are calling for implementation of a ban, rarely enforced during the military era, on Rohingya women’s bearing more than two children. ဒုတိယစာကြောင်းမှာတော့ အမုန်းစကားတွေရဲ့ နောက်မှာ ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် ကလေးနှစ်ယောက်ပေါ်လစီအဖြစ် အစိုးရအရာရှိ အချို့ကတောင်းဆိုနေကြောင်း ရေးသားလိုက်ပါတယ်။ အမုန်းစကားတွေကို ပြောနေတဲ့ ဦးဝီရသူနဲ့ ဒီလို ရိုဟင်ဂျာတွေကို ကလေးမမွေးရ အမိန့်နဲ့ ဆပ်စပ်လိုက်တဲ့အခါ ဗုဒ္ဓဝါဒီတွေအနေနဲ့ လူနည်းစုကို အတင်းကန့်သတ်နေပြီဆိုတဲ့ စာဖတ်သူ အတွေးလမ်းကြောင်းကို ပိုမိုခိုင်မာမသွားစေဘူးလား။ နောက်ဆုံးမှာ အပိတ်စာကြောင်းကို ဒီလိုသုံးလိုက်ပါတယ်။ ကြည့်ရအောင်ပါ။ And many Christians in the country’s north say recent fighting between the Burmese military and ethnic Kachin insurgents, who are mostly Christian, was exacerbated by the religious divides. အဓိပ္ပါယ် ကချင်တွေဟာ ခရစ်ယာန်တွေဖြစ်တာမို့ ကချင်ဒေသစစ်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ရတယ်လို့ ခရစ်ယာန်များစွာက ပြောတယ်ဆိုတဲ့ စာကြောင်းဖြစ်ပါတယ်။ ဒိစာကြောင်းနဲ့ တတိယစာပိုဒ်ကို ပိတ်လိုက်ခြင်းအားဖြင့် မြန်မာဗုဒ္ဓဘာသာနိုင်ငံဟာ အီရန်လို သီအိုခရက်တစ် ဘာသာရေးဖိနှိပ်မှုတွေနဲ့ ကြီးစိုးနေတဲ့နိုင်ငံလို့ ပီပီပြင်ပြင် ရေးခြယ်လိုက်ပါတယ်။ လေးပိုဒ်မြောက်စာပိုဒ်မှာတော့ဒီလိုဖွင့်လိုက်ပါတယ်။ Radical Buddhism is also thriving in other parts of Asia.အာရှာမှာလဲ ဒီလို အစွန်းရောက်ဗုဒ္ဓဘာသာတွေကြီးထွားလာနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ နောက်သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ရဟန်းတွေဟာ ခရစ်ယာန်တွေနဲ့ မွတ်ဆလင်တွေကို ဖိနှိပ်ဖျက်ဆီးလိုက်တယ်ဆိုတဲ့ဟာနဲ့ ထပ်မံအင်အားဖြည့်ပါတယ်။ နောက် တတိယအချက်အနေနဲ့ ထိုင်းမှာရှိတဲ့သံဃာတွေအနေနဲ့ ထိုင်းစစ်တပ်ရဲ့ စောင့်ရှောက်မှုကို ယူနေရပြီး "လက်နက်ကိုင်ဘုန်းကြီးတွေ" (mons ,some of whom have armed themselves) ဆိုတဲ့ စာသားကိုသုံးပြီး ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာဆိုတဲ့ Argument ကိုတည်ဆောက်ယူပြသွားခဲ့ပါတယ်။ နောက်ထပ်စာတစ်ပိုဒ်မှာကတော့ ဆောင်းပါးရှင်ဟာ သူ့ရဲ့စာရဲ့ ဟန်ချက် (Balance) ကိုထိန်းတဲ့အနေနဲ့ မလေးရှားမှာရှိတဲ့ မြန်မာတွေဟာ မွတ်ဆလင်တွေ အသတ်ခံရမှုအတွက် ပြန်လည် လက်စားချေခံခဲ့ရတယ်ဆိုတဲ့ အကြောင်းကို ဖော်ပြသွားပြန်ပါတယ်။ ဟန်ချက်ထိန်းတဲ့ သဘောလို့ယူဆပါတယ်။ တစ်ဖက်သတ်ဖြစ်လာရင် စာဖတ်သူ သံသယ ဝင်လာတတ်တဲ့ အချိန် ဒီလိုပြန်ထိန်းပေးရတဲ့ သဘောတွေရှိပါတယ်။ နောက်ထပ်တစ်ပိုဒ်ဟာလဲ ဟန်ချက်ကို ပြန်ထိန်းပေးပြန်ပါတယ်။ ဟင်ဒူ၊ မွတ်ဆလင်၊ ခရစ်ယာန် အစွန်းရောက်တွေ ရှိပေမယ့် ဗုဒ္ဓဝါဒီတွေကတော့ ဒီစမ်းသပ်မှုဒဏ်ကို ကြံကြံ့ခံနိုင်ခဲ့ကြတယ်။ အခုတော့ ဘာသာရေး လူမျိုးကြီးဝါဒရဲ့ ဖျားယောင်းမှုကို ရဟန်းတွေ မတောင့်ခံနိုင်တော့ဘူးလို့ ရေးပြသွားပါတယ်။ ဒီစာပိုဒ်မျိုးဟာ အဖြည်သဘောလို့ ယူဆပါတယ်။ တစ်ဖက်က တည်ဆောက်လာတဲ့ Arugument က ဗုဒ္ဓဘာသာတွေများပြီး ဖိနှိပ်မှုသိပ်ကြီးနေတဲ့ တိုင်းပြည်လို့ ပုံဖော်လာပြီး ဒီလို ဘာသာရေး ဖိနှိပ်မှုတွေဟာ ဖြစ်တတ်တယ်လို့ ဖြည်တတ်ပါတယ်။ နောက်ထပ်တစ်ပိုဒ်မှာတော့ ဘယ်လို aဖ်ာပြထားသလဲဆိုရင် ယခင်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ကျင့်စဉ်နဲ့ ပုံပန်းကို ဥပမာဆောင်ပြထားပါတယ်။ ဗီယက်နမ်ဘုန်းတော်ကြီးရဲ့ ဖိနှိပ်သူ အစိုးရအပေါ် ဆန့်ကျင်ပုံ၊ 2007 စက်တင်ဘာ aရွှဝါရောင်တော်လှန်ရေးနဲ့ ကိုလိုနီခေတ်ကာလ ဦးဆောင်မှုများကို aဖ်ာပြထားပြီး အဆုံးသတ်စာကြောင်းမှာတော့ ကျန်ဘာသာရေးတွေလိုပဲဒီ ဗုဒ္ဓဘာသာဟာလဲ အခြေခံဗုဒ္ဓသွန်သင်မှုများနဲ့ လွန်ဆွဲနေတဲ့ အိုင်ဒီယာတွေနဲ့ အဆိပ်ခတ် ခံလိုက်ရပါတယ်လို့ ဖော်ပြသွားပါတယ်။ အဲ့ဒီနောက် စာရေးသူရဲ့ လမ်းကြောင်းကို ခြေရာခံလိုက်တဲ့အခါ "Mantra of Hate" လို့ဖော်ပြထားပါတယ်။ အမုန်းနဲ့ ရွတ်ဆိုအပ်သော တရားများလို့ ဘာသာပြန်ရင် သင့်မယ်ထင်ပါတယ်။ အဲ့ဒီအောက်မှာတော့ U.S. President Barack Obama has “been tainted by black Muslim blood.” လို့ဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာလဲ လူမည်း မွတ်ဆလင် သွေးနှောဇာတ်နိမ့်ပါပဲလို့ေ ပြာတယ်လို့ ရေးပြထားပါတယ်။ နောက်တစ်ကြောင်းကတော့ သူပြောနေတဲ့ နာမည် (ဘင်လာဒင်)ဆိုတာ အာရပ် အကြမ်းဖက်မှန်း သိပေမယ့် ခပ်တည်တည်နဲ့ ဆက်ပြောနေခဲ့သလို ကုလကိုလဲ အာရပ်တွေက ပြန်ပေးဆွဲ (Hijacked) လို့ ရေးထားပါတယ်။ “Taking care of our religion and race is more important than democracy,” says Wirathu. ဘာသာရေးနဲ့လူမျိုးရေးဟာ ဒီမိုကရေစီအရေးထက် အရေးကြီးတယ်လို့ ပြောသော ဦးဝီရသူစကားနဲ့ ပိတ်သိမ်းလိုက်ပြီး ဦးဝီရသူရဲ့ စကားကို နင်းကာ အိုဘားမားကို နှိပ်ကွပ်ခြင်း၊ ကုလကို မဆင်မခြင်ပြောခြင်းတို့နဲ့ ချိတ်ဆက်ပြီး ဦးဝီရသူကို ဘာသရေး အစွန်းရောက်အကြမ်းဖက် အသွင်ဖြစ်ပုံဖော် ယူသွားပါတော့တယ်။ နောက်တစ်ပိုဒ်မှာတော့ဦးဝီရသူကို ထိုးနှက်တာတွေ ပါလာတာကို တွေ့မြင်ရပါတယ်။ အဲ့ဒါကတော့ "ဦးဝီရသူဟာ ပညာမတတ်လို့ ဒီလိုပြောတာလို့ ခွင့်လွှတ်ချင်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မွေးချင်းရှစ်ယောက်အနက် ပါးစပ်တစ်ပေါက် သက်သာပြီးရောအနေနဲ့ ဘုန်းကြီးကျောင်း ပို့ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ဦးဝီရသူဟာ စန်းကောင်းတယ်။ " အဲ့လိုရေးခဲ့ပါတယ်။ နောက်ပြီး ဒီလို စန်းကောင်းရခြင်းအချက်ဟာ ဗမာတွေကြားထဲ မွတ်ဆလင်တွေဟာ အာရပ်ငွေတွေနဲ့ ဗလီတွေဆောက်တယ်၊ အမြန်ပြန့်ပွား နေတယ်ဆိုတာတွေကို "သက်သေမရှိဘဲ" ကြောက်တဲ့ အကြောက်တရားကလဲ ရှိပါသေးတယ်လို့ ရေးသားသွားပါတယ်။ ဒီနည်းအားဖြင့် ဦးဝီရသူဟာ ပညာမဲ့ဘာသာရေး အရူးအနှမ်းတစ်ယောက် အဖြစ်ပုံပေါ်လာခဲ့ပါတယ်။ နောက်လိုက်တွေအနေနဲ့ အရူးအနှမ်းတွေ သာသာဖြစ်ကုန်ပါတော့တယ်။ နောက်တစ်ပိုဒ်မှာတော့ စာရေးသူရဲ့ စိတ်တွင်းအမုန်းကို တစ်စွန်းတစ်စ ထပ်မံတွေ့ရှိလိုက် ရသလိုပါပဲ။ သူပြောထားတာက "ဖိနှိပ်တဲ့ တိုင်းပြည်မှာနေနေလဲ စစ်တပ်ဖိနှိပ်မှုကို တာဝန်ယူဖို့ လူနည်းနည်းလေးကပဲ ပြောပြီး အများစုက ခွင့်လွှတ်ဖို့ပြောကြတယ်။ ဒါကို ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်မှုတရားနဲ့ ထောက်ပြကြပါတယ်။ ဒါပေမယ့်ဒီ ဒီမိုကရက်တိုင်ဇေးရှင်းဟာ အစွန်းရောက်တွေရဲ့ အသံတွေကိုပျံ့နှံ့ဖို့ ပိုဖြစ်လာစေခဲ့တယ်" လို့ဆိုသွားတာပါ။ အဲ့ဒီမှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ နောက်တစ်ချက် ထပ်ရေးပါတယ်။ "လူ့အခွင့််အရေးအစီရင်ခံစာအရ မွတ်ဆလင်တွေဟာ အချိုးအစားမမျှတစွာ အသတ်ခံရတယ်။ ရိုဟင်ဂျာ ရွာ ၇ဝကို ဗုဒ္ဓဘာသာတွေ ဝင်တိုက်ခိုက်တယ်"လို့ရေးသွားပါတယ်။ Disproportionate ဆိုတဲ့ စကားလုံးကိုသုံးသွားပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာ တစ်ယောက်သေရင် မွတ်ဆလင်အများကြီး သေတယ်ဆိုတဲ့စကားပါ။ ရခိုင်လို့ လုံးဝမသုံးသွားပါ။ ဗုဒ္ဓဘာသာလို့ပဲ သုံးသွားပါတယ်။ နောက်ပြီး ဒီစာပိုဒ် အဆုံးသတ်မှာတော့ ထိန်းမနိုင် သိမ်းမရ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာတွေကို ဒီဘုန်းကြီးတွေက နောက်ကွယ်က ကြိုးကိုင်နေတယ်လို့ ရေးလိုက်ပါတယ်။ ဒီနည်းအားဖြင့် ဒီစာပိုဒ်အထိ ပုံပေါ်လာတာက ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေဟာ ဟန်ဆောင်နေတဲ့ အကြမ်းဖက်သမားတွေ အစွန်းရောက်တွေဆိုတဲ့ အသွင်ပေါ်လာစေပါတယ်။ ဒီနည်းအားဖြင့် ဗုဒ္ဓဘာသာကိုလဲ တိုက်ခိုက်ပြီးဖြစ်သလို ရိုဟင်ဂျာ ကိစ္စကိုလဲ သုံးကြိမ်တိတိ ဒီဆောင်းပါးထဲမှာ ထည့်လိုက်ပါတယ်။ (TIME ဟာ အမေရိကန် မဂ္ဂဇင်းဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စ အမေရိကန် ကစားနိုင်ပုံကို ကျနော်အကြိမ်များစွာ ဆွေးနွေးဖူးပါတယ်။) နောက်ထပ်တစ်ပိုဒ်မှာတော့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ်ကို စတင်ကြားနာရပါတယ်။ “My son was killed because he was Muslim, nothing else,” ကျမသားလေးဟာ မွတ်ဆလင်လေးမို့ အသတ်ခံလိုက်ရတာ။ အခြားဘာကြောင်းမှ မရှိပါဘူး လို့ ပိတ်သိမ်းရေးပြသွားပါတယ်။ မိတ္တီလာမြို့ထဲမှာရှိတဲ့ ထောင်ပေါင်းများစွာသော မွတ်ဆလင်ဒုက္ခသည် စခန်းတွေကို ဂျာနယ်လစ်တွေ ဝင်ခွင့်မရှိဘူးလို့လဲ ...ဆိုထားပါတယ်။ ဒါပေမယ့် ဆောင်းပါးရှင် ဖော်ပြဖို့ ကျန်နေတာလား တမင်ချန်ထားတာလား မသိတာကတော့ ဒီဘေးဒုက္ခကြားညှပ်မိနေတဲ့ ဗုဒ္ဓဘာသာဒုက္ခသည်တွေပါပဲ။ "ကျောင်းတော် နဲ့အာဏာ" ဆိုတဲ့ခေါင်းစဉ် ပြလိုက်ပြီး သီရိလင်္ကာက ရဟန်းတွေအကြောင်းကို ဆောင်းပါးရှင်ကဖော်ပြပါတယ်။ ဖော်ပြချက်မှာ သီရိလင်္ကာ ထဲက ဗုဒ္ဓဝါဒီ ရဟန်းတွေရဲ့ အစိုးရကိ စိုးမိုးဖို့အားထုတ်ပုံတွေ၊ ကျောင်းတွေမှာ သမိုင်းသင်ခန်းစာတွေသင်ကြားပေးဖို့ အားထုတ်တာတွေ။ ညီလာခံမှာ ရင်ဘတ်ထက် လက်သီးဆုပ်တင်ပြီး ဗုဒ္ဓဘာသာကို ခုခံကာကွယ်ဖို့ ကြွေးကြော်တာတွေကို ဖော်ပြပါတယ်။ ဒါပေမယ့် ပထမဆုံး အကြောင်းလေးမှာတင် သူဖော်ပြထားတာက မြန်မာပြည်က ဖြစ်ရပ်တွေဟာ ဒီသီရိလင်္ကာံကလိုပါပဲ ဆိုတဲ့ စာကြောင်းလေးပါ။ ဒီစာကြောင်းလေးကြောင့် အောက်က ဖော်ပြထားသမျှရဲ့ ကောင်းခြင်းဆိုးခြင်းအားလုံးဟာ မြန်မာပြည်မှာ ဒီလိုဖြစ်နေပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုသက်ရောက်သွားစေပါတော့တယ်။ “This is a Buddhist government. This is a Buddhist country.” ဗုဒ္ဓဘာသာအစိုးရ၊ ဗုဒ္ဓဘာသာတိုင်းပြည် ဆိုတဲ့ သီရိလင်္ကာကြွေးကြော်သံနဲ့ ပိတ်သိမ်းလိုက်ပြီး မြန်မာဟာလဲ ဒီလိုပါပဲ ဆိုတာကို နိမိတ်ပြပြောဆိုသွားခဲ့တာပါ။ “It is the monks who protect our country, religion and race.” အမျိုးဘာသာသာသနာကို ကာကွယ်နေတာ ဘုန်းတော်ကြီးတွေပဲ လို့ သီရိလင်္ကာကာကွယ်ရေးဌာနအတွင်းရေးမှုးပြောစကားကို ထပ်မံကိုးကားအားဖြည့်ပေးသွားခဲ့ပါတယ်။ "ဆွမ်းနဲ့ သေနတ်" ဆိုတဲ့ခေါင်းစဉ်ကိုထပ်မံဖော်ပြလိုက်ပြီး ထိုင်းနိုင်ငံထဲက ဥပမာတွေကို ပေးပါတယ်။ “We cannot separate Buddhism from guns anymore.” ဆိုတဲ့စာသားနဲ့ ထိုင်းဥပမာကို သေသေချာချာ ညွှန်းဆိုသွားခဲ့ပြီး ကျန် အစ္စလာမ်အကြမ်းဖက်တွေနဲ့ မကွာလှတဲ့နမူနာကို ပေးဖို့ကြိုးစားနေဟန်ကို တူးဖော်မိလိုက်ပါတယ်။ “Maybe I felt a little bit guilty as a Buddhist,” he says. “But we have to protect ourselves.” အဓိပ္ပါယ်ကဒီလိုပါ။ ကျနော် ဗုဒ္ဓဘာသာဖြစ်ရတာကို နည်းနည်းတော့ မလုံသလိုခံစားရတယ်။ ဒါပေမယ့် ကျနော်တို့ကိုယ့်ကိုယ်ကို ကာကွယ်ရမှာပဲလေလို့ ပစ္စတို သုံးလက်ရှိတယ်ဆိုတဲ့ ထိုင်းတောင်ပိုင်းက ရဟန်းက ဒီလိုပြောတယ်ဆိုပြီး ထပ်မံ ဖော်ပြပါတယ်။ "ကျနော်တို့က ဒီတိုင်းပြည်သားတွေဗျ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေက ကျနော်တို့ကို ဘယ်တော့မှ ထိုင်းနိုင်ငံသားတွေလို့ မမှတ်ဘူး။" ဒီစကားကိုပြောသူက ထိုင်းတောင်ပိုင်း မွတ်ဆလင် တော်လှန်ရေးသမား တစ်ဦးပါ။ အဲ့ဒီစကားအပြီးမှာ ဒါလေးနဲ့ ထိုင်း ဥပမာကို ပိတ်သိမ်းလိုက်ပါတယ်။ “Islam is a religion of violence,” says Phratong Jiratamo, a marine turned monk. “Everyone knows this.” အစ္စလာမ်ဆိုတာ အကြမ်းဖက်ဝါဒပဲ။ ဒါလူတိုင်းသိတယ်လို့ ဘုန်းကြီးက ပြောပါတယ်ဆိုပြီး ပိတ်သိမ်းလိုက်တာပါ။ လှပါတယ်။ မွတ်ဆလင်တော်လှန်ရေးသမားရဲ့ စကားလုံးက Equality ဖက်ရောက်ပါတယ်။ ထိုင်းဘုန်းကြီးစကားက တော်တော်လေး ပိန်းတဲ့ ပညာမဲ့ စကားဆန်ပါတယ်။ ဒီနှစ်ခုကို တွဲပြလိုက်ပါတယ်။ ဒီမိုကရက်တွေ အသည်းစွဲ တန်းတူညီမျှမှုကို မွတ်ဆလင်ဖက် ထည့်လိုက်ပြီး ဘုန်းကြီးပြောစကားကို ခပ်ပိန်းပိန်း ဘာသာရေးအစွန်းရောက်အနေနဲ့တင်လိုက်ပါတယ်။ ဒီနည်းနဲ့ သင်္ကန်းနဲ့သေနတ်၊ ဖိနှိပ်မှုတွေဟာ ကောက်ကြောင်း ထင်းထင်းကြီးပေါ်လာပါတော့တယ်။ နောက်ဆုံး စာနှစ်ပိုဒ်မှာတော့ စာရေးသူအာဘော်ကို ပိုမြင်လာရပါတယ်။ စာရေးသူက ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာနဲ့ ဝီရသူရဲ့ အကြမ်းဖက်မှုကို ဘယ်လို သဟဇာတ ဖြစ်အောင်လုပ်မယ်ဆိုတာကို နားမလည်နိုင်အောင် ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။ ဝီရသူဟာ ထိုင်းတောင်ပိုင်းက ဘုန်းကြီးတွေလိုပါပဲ လို့ရေးပြပါတယ်။ သူ့တရားပွဲအဆုံးမှာ သူ့ပရိသတ်တွေဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် မိမိအသက်ကို စတေးပါမည် ဆိုတဲ...့ ဟာကို လိုက်ရွတ်ဆိုကြပါတယ်လို့ ဖော်ပြပါတယ်။ နောက်ဆုံးနိဂုံးမှာတော့ စာရေးသူရဲ့ အဘော်ကို အထင်ရှားဆုံး မြင်လိုက်ရပါတော့တယ်။ စာရေးသူ ဖော်ပြထားတာက ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်မှုဆိုတာဟာ တစ်ကယ့်ကို မဖြစ်နိုင်လောက်တဲ့ နေရာမှာတော့ ကျန်နေပါသေးတယ်လို့ ဆိုလိုက်တာပါ။ Unlikeliest လို့သုံးပြသွားတာပါ။ ဒီနည်းအားဖြင့် ကျန်အများစုကြီးဟာတော့ဖြင့် ခွင့်လွှတ်မှုဆိုတာမရှိတဲ့လူတွေလို့ အဓိပ္ပါယ်အလိုလို သက်ရောက်သွားစေပါတော့တယ်။ ဆောင်းပါးရှင်က ဥပမာပေးပါတယ်။ 2011 ထိုင်းမှာ ဗုံးကွဲတော့ ရဟန်းတစ်ပါးဟာ ဆွမ်းခံလျက်ပါ။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အများကြီးရခဲ့ပါတယ်။ အမာရွတ်တွေလဲမနည်း။ မျက်လုံးလဲ မကောင်းလှတော့ပါဘူး။ ဒါပေမယ့်သူက အစ္စလာမ် ဘာသာဆိုတာ ကျန်ဘာသာရေးတွေလိုပဲ အင်မတန်ငြိမ်းချမ်းတဲ့ ဘာသာပါလို့ ပြောနေဆဲပါ လို့ ဥပမာပေးခဲ့ပါတယ်။ မွတ်ဆလင်တွေကို အပြစ်တင်တယ်၊ သူတို့က ကျနော်တို့ကိုပြန်အပြစ်တင်မယ်..ဒါဆို ဘယ်တော့မှအကြမ်းဖက်မှု မပြီးဆုံးပါဘူးလို့ အဲ့ဒီထိုင်းရဟန်းက ပြောသွားတယ်ဆိုပြီးရေးသွားပါတယ်။ နောက်ဆုံးစာပိုဒ်...နိဂုံးပိုဒ်မှာ မွတ်ဆလင်တွေကို အပြစ်တင်ခြင်းသည် ဗုဒ္ဓဘာသာမမည် ဆိုတဲ့ မက်ဆေ့ကိုရအောင်ထည့်ပေးသွားပါတယ်။ ဒီကြားထဲမှာ ရိုဟင်ဂျာကိစ္စကိုသုံးကြိမ်တိတိသုံးပါတယ်။ တစ်ကယ်တော့ ဒီလို ခွင့်လွှတ်နိုင်မှု မျိုး၊ သူပေးတဲ့ဥပမာမျိုးဟာ သာမန် (Average) တွေအနေနဲ့ မဖြစ်နိုင်တဲ့ကိစ္စတွေသာလျှင်ဖြစ်ပါတယ်။ ဒီလို ရှားပါးတဲ့ ဥပမာမျိုးကိုပေးလိုက်ခြင်းအားဖြင့် ကျန် ဗုဒ္ဓဘာသာဝင်တွေဟာ ဒီလိုမကျင့်လျှင် အလကားဆိုတဲ့မက်ဆေ့ခ်ျကို ရသွားစေတော့တာပါပဲ ။ ဆောင်းပါးရှင်ရဲ့ကောက်ကြောင်းကိုကြည့်လိုက်တဲ့အခါမှာ ဦးဝီရသူထက် မြန်မာပြည်တွင်းနဲ့ အရှေ့တာင်အာရှ၊ တောင်အာရှ ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်တွေကို သီးသန့ဖော်ပြထားပြီး ထိုင်းတောင်ပိုင်းကိစ္စ၊ မြန်မာပြည်တွင်းကိစ္စ နဲ့ သီရိလင်္ကာကိစ္စတွေမှာ ဆန့်ကျင်ဖက်တွေရဲ့အမြင်တွေကို လလုံးဝ ထည့်မထားတာကို အထူးသတိပြုမိပါတယ်။ စာကြောင်းချိတ်ဆက်ပုံ၊ အိုင်ဒီယာချိတ်ဆက်ပုံတွေ၊ ဥပမာပြပုံတွေရဲ့ လားရာဦးတည်ဖက်ဟာ ဗုဒ္ဓဘာသာ ဟာ ကျဆုံးနေတဲ့ဘာသာရပ်ဖြစ်ပြီး ကျန်အလားတူဘာသာများလိုပဲ အကြမ်းဖက်တွေထွက်လာတဲ့ "ညွှန်းသလောက်မဟုတ်တဲ့ဘာသာရေးပါ" ဆိုတဲ့ အမြင်ကို တူးဖော်လိုက်မိပါတယ်။ ဒါကတော့ ဒီဆောင်းပါးအပေါ် အနုစိတ် သုံးသပ်ကြည့်ခြင်းပဲဖြစ်ပါတယ်။ မျိုးဆက်.. Myo Set Facebook |
ဒီမိုဝေယံ |
|
ဇွန်လ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော် Posted: 23 Jun 2013 10:44 AM PDT ဇွန်လ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော် TIME မဂ္ဂဇင်း၊ မီဒီယာကျင့်ဝတ်နှင့် ဘာသာရေး ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ထွက်ရှိမည့် TIME မဂ္ဂဇင်းတွင် Hannah Beech ရေးသားသော "ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါ" ဟု အဓိပ္ပာယ်ရသည့် ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ပါသည်။ ယင်းဆောင်းပါးတွင် ဖော်ပြထားချက်များသည် ဦးဝီရသူကို ဆိုလိုခြင်းထက် ဗုဒ္ဓဘာသာကို ငြိမ်းချမ်းသော ဘာသာတရားအဖြစ်မှ အစွန်းရောက် အစ္စလာမ်များနှင့် တန်းတူထားကာ အစွန်းရောက် ဘာသာတစ်ခုအဖြစ် ရည်ညွှန်းထားခြင်း ဖြစ်သည်။ ထိုအတွက် ထိုင်းနိုင်ငံ၊ သီရိလင်္ကာ နိုင်ငံများတွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ပတ်သက်သည့် ဖြစ်စဉ်များကိုလည်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် တိုက်ရိုက်ဆက်စပ်ခြင်း မရှိသည့် ဘင်္ဂါလီများ စိမ့်ဝင်မှုနှင့်လည်း ချိတ်ဆက်ဖော်ပြခဲ့ပြီး ၎င်းတို့၏ အဓိက ရည်ရွယ်ချက်သည် ဗုဒ္ဓဘာသာကို နိမ့်ကျအောင် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဘာသာတရား တစ်ခုကို နိမ့်ကျအောင် ချိုးနှိမ်လုပ်ဆောင်ရာတွင် အစ္စလမ်ဘာသာ၌ သေဒဏ်အထိ အပြစ်ပေးခြင်း၊ ကန့်ကွက်ခြင်းများ ပြင်းပြင်းထန်ထန် ပြုလုပ်လေ့ ရှိပါသည်။ သို့သော်လည်း ယခုကဲ့သို့ ဗုဒ္ဓဘာသာကို ချိုးနှိမ်ရေးသားမှုများ အတွက်ကိုမူ ဗုဒ္ဓဘာသာသည် မည်မျှသိမ်မွေ့၊ ငြိမ်းအေးသော ဘာသာတရားဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်များက ပြသရမည် ဖြစ်သည်။ TIME မဂ္ဂဇင်းကဲ့သို့ သြဇာတိက္က မရှိသော မဂ္ဂဇင်း တစ်စောင်အနေဖြင့်လည်း ဘာသာတရား တစ်ခုအား ယခုကဲ့သို့ ချိုးနှိမ်ရေးသားခြင်းမျိုး ပါဝင်သည့်အတွက် ကျင့်ဝတ်နှင့် လျော်ညီခြင်း ရှိမရှိ မေးခွန်းထုတ် ဆန်းစစ်ရမည် ဖြစ်သည်။ များမကြာမီ ကာလက TIME မဂ္ဂဇင်းနှင့် အလားတူ သြဇာကြီးမားသော မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် News Week မဂ္ဂဇင်းသည် ရပ်တည်ရန် ငွေကြေးအခက်အခဲများ ကြုံတွေ့ခဲ့ရပါသေးသည်။ ထို့ကြောင့် ယခုကဲ့သို့ TIME မဂ္ဂဇင်း၏ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ နှိမ်ချရေးသားမှုများ၏ နောက်ကွယ်တွင် မည်သည့်အကြောင်း တရားများနှင့် ဈေးကွက်မဟာဗျူဟာ ရှိနေသည်ကလည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ယခုဆောင်းပါးကို ရေးသားခဲ့သူ Hannah Beech သည် မကြာသေးမီက သမ္မတ အပါအ၀င် မြန်မာအစိုးရ ထိပ်ပိုင်းတာဝန်ရှိသူ အချို့နှင့် တွေ့ဆုံမေးမြန်းခွင့် ရဖူးသူလည်း ဖြစ်သည်။ သို့သော် ၎င်းယခု ရေးသားခဲ့သည့် ဆောင်းပါးတွင်မူ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခအသွင် ပြဿနာရပ်များမှာ နောက်ကွယ်တွင် မည်သည့်အကြောင်းတရားများကြောင့် ဆိုသည်ကို ထည့်သွင်းရေးသားခဲ့ခြင်း မရှိဘဲ ဗုဒ္ဓဘာသာကိုသာ လက်ညှိုးထိုးခဲ့ကာ သေးသိမ်အောင် ရေးသားခဲ့သည်။ ထို့ပြင် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်များအကြား ဘာသာရေး မတူညီမှုကြောင့် ဖြစ်ပွားခဲ့သော စစ်ပွဲအဖြစ် ရေးသားထားသလို ဘင်္ဂါလီ ပြဿနာသည်လည်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်တို့အကြား ဖြစ်ပွားသည့် ပဋိပက္ခအဖြစ် ရေးသားထားသည်။ ဆောင်းပါးတစ်ခုလုံးကို ခြုံငုံသုံးသပ်ပါက မျှတမှု မရှိခြင်း၊ ကျင့်ဝတ်နှင့် မညီခြင်းများ ရှိနေရာ ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများပြည်သူအကြား ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ကာ တောရောမြို့ပါ ကြေကွဲစရာ၊ ပေါက်ကွဲစရာများ ဖြစ်လာနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော ငြိမ်းအေးခြင်းကို မမေ့မလျော့ဘဲ ဥပဒေဘောင် အတွင်းကသာ ငြိမ်းငြိမ်းချမ်းချမ်း တုံ့ပြန်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။ |
ဒီမိုဝေယံ |
|
Posted: 24 Jun 2013 09:48 AM PDT နယုန်လပြည့်နေ့ မှာ သီတဂူဗုဒ္ဒတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားအကျဉ်းချုပ် ဒီနေ့ နယုန်လပြည့်နေ့ မှာ သီတဂူဗုဒ္ဒတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားအကျဉ်းချုပ် ဒဂုံမြို့သစ်မြောက်ပိုင် ဘေလီတံတားအဆင်းမှာ တည်ရှိတဲ့ သီတဂူဗုဒ္ဒတက္ကသိုလ်မှာ ဆရာတော်ဘုရားကြီးက မဟာသမယ သုတ် တရားတော်ကို ည၇း၀၀နာရီမှ စတင်ပြီး ၉း၀၀ အထိ ၂နာရီကြာမြင့်အောင် ဟောကြားတော်မူခဲ့ပါတယ် ဆရာတော်ဘုရားကြီးက ပါဠိ တွေနဲ့ ဟောကြားပြီး အနက် အဓိပ္ပါယ်ပြန်ဆိုဟောကြားတော်မူခဲ့တာပါ အနှစ်ချုပ်ကို တင်ပြရမယ်ဆိုရင် အုံးသျှစ်ပင်အောက်မှာ အစာစားနေတဲ့ ယုန်လးတစ်ကောင်က အစာစားနေရင်း သူတွေးနေတာက ကမ္ကာကြီးသာပြိုကျခဲ့ရင် သတ္တဝါတွေ ဒုတ္ခရောက်ကုန်တော့မယ် ဆိုတဲ့ အတွေးတွေးနေတုံး ယုတ်တရက် သူ့ဘေးကို အုံးသျှစ်သီး ကြွေကျလာတာကို သူမသိလိုက်ပဲ အုံးကနဲဆိုတဲ့ အသံကြီးကြားလိုက်တော့ ကမ္ဘာကြီးပျက်ပြီအထင်နှင့် မြေပြိုပြီ မြေပြိုပြီလို့ အော်ပြီးထွက်ပြေးတယ် သူ့နားမှာရှိတဲ့ ယုန်တွေလဲ လန့်ပြီး အော်ပြေးကြတယ် ယုန်တွေ အော်ပြီးပြေးနေတော့ ဆိတ်အုပ် လဲပြေးကြတယ် နွားအုပ်ကမြင်တော့ မေးတယ် ဘာဖြစ်လို့လဲဆိုတော့ ဆိပ်အုပ်ပြန်ဖြေတယ် မြေပြိုနေပြီ အမြန်ပြေးမှ လွတ်မယ်ဆိုတော့ နွားအုပ်လဲ ပြေးကြတာပေါ့ တခါ ဆင်အုပ်လဲ ဒီအတိုင်းပဲ ပြေးကြနဲ့ မြစ်ကမ်းနှဖူးနားရောက်လာကြပြီ။ အဲဒီမှာ လှိုင်းတွေ ထလေတော့ ဆက်မပြေးနိုင်တော့ဘူး နောက်ကိုလဲ ပြန်မလှည့်ချင်တော့ဘူး ဘယ်ကိုသွားရမှန်း မသိတဲ့ကာလမှာ တောင်ကုန်းပေါ်မှာရှိနေတဲ့ ဘုရားလောင်း ခြင်္သေမင်းက အသံကျယ်ကြီးနဲ့ ဟိန်းလိုက်ပါလေရော အဲဒီမှာ ပြေလာကျတဲ့ တိရိစ္ဆာန်အုပ်တွေကပိုပြီး ကြောက်လန့် ကုန်ကြတယ် ခြင်္သေ့မင်းကဆင်းလာပြီး ဘာဖြစ်ကြတာလဲ ဆင်တွေကို မေးတယ် မြေပြိုလို့ ထွက်ပြေးလာတာပါတဲ့ မင်းမြင်လား ဘယ်မှာပြိုတာလဲ ဆိုတော့ နွားတွေ ပြောတာတဲ့ အဲဒီတော့ နွားတွေကို မေးတယ် မိသိဘူး ဆိပ်တွေ ပြောလို့ပါတဲ့ ဆိတ်တွေကို မေးတော့လဲ မမြင်ပါဘူး ယုန်တွေ ပြောတာတဲ့ အဲဒါနဲ့ ဘုရားအလောင်း ခြင်္သေ့မင်းကလည်း ယုန်တွေကို မေးတယ် ဘယ်မှာဖြစ်တာလဲ မင်းတို့မြင်းလားမေးတော့ ယုန်အုပ်အထဲက ယုန်တစ်ကောင်က ပြန်ဖြေတယ် အုံးသျှစ်ပင်အောက်မှာပါတဲ့ ကဲအဲဒါဆိုရင် ငါ့ကို လိုက်ပြပါလို့ ပြောတော့ လိုက်မပြရဲပါဘူး မြေပြိုနေတာကို ကျွန်ုပ်ကိုယ်တိုင် ကြားခဲ့ရတာပါတဲ့ အဲဒါနဲ့ ဘုရားလောင်းက မကြောက်ပါနဲ့ကွာ မင်းငါ့ရဲ့ကျောကုန်းပေါ်ကလိုက် ဖြစ်ရင်ငါပဲဖြစ်မယ်။ မင်းဘာမှမဖြစ်စေရဘူး ဆိုပြီး လိုက်ပြခိုင်းတယ် နေရာကိုရောက်တော့ မေးတယ် ဘယ်မှာ ပြိုတာလဲမေးတော့ အဲဒီအုံးသျှစ်ပင်အောက်မှာတဲ့ ဘုရားအလောင်း လိုက်ကြည့်တော့ ဘာမှထူးခြားမှုမတွေ့ဘူး အဲဒါနဲ့ ပြန်မေးတယ် အဲဒီအချိန်မှာ မင်းကဘယ်မှာရှိနေသလဲ မေးတော့ ကျွနိုပ် အုံးသျှစ်ပင်အောက်က ထန်းပင်လေးရဲ့ ထန်းလက်အောက်မှာ အစာစားနေရင်း တွေးနေတာက ကမ္ဘာကြီးသာ ပြိုသွားခဲ့ရင် ဒုတ္ခတွေရောက်ကုန်တော့မယ်ဆိုတဲ့ အတွေးကို တွေးနေရင်း ဝုန်းကနဲဆိုတဲ့ အသံကြီးကြားလိုက်တော့ လန့်ပြီး အော်ပြေးခဲ့တာပါတဲ့ ဘုရားလောင်းလဲ ထန်းပင်ငယ်ရဲ့ ထန်းရွက်ဘေးကို ကြည့်လိုက်တော့ အုံးသျှစ်သီးတစ်လုံးကြွေကျနေတာကို သိလိုက်ရတယ်တဲ့ ဆရာတော်ကြီး က ပထဝီတုန်ဒိယ ဇာတ်တော်ကို ဟောကြားပြီး ဒီနေ့ခေတ်လူတွေလဲ ဒီလိုပါပဲ ကိုယ်ကိုတိုင် မ မြင်ရမတွေ့ရပါပဲနှင့် ကောလဟာလတွေကြောင့် သေကျေပျက်စီးရတဲ့ကိန်းတွေဆိုက်နေရတယ် ဆိုတာကို တရားအသားပေးပြီး ဟောကြားခဲ့ပါတယ် ဆရာတော်ကြီး ဒီနေ့ ဟောကြားခဲ့တာ ဇာတ်တော် ၅ ခုနဲ့ သုသာန် တစ်ခုဟောကြားခဲ့ပါတယ် အခြားဇာတ်တော်တွေနဲ့ သုသာန်ကိုတော့ အကျယ် မပြောတော့ပါဘူး ဘီလုံးငှက်နှင့် စွန် တို့ပါဝင်တဲ့ ဇာတ်တော်မှာတော့ အင်အားငယ်တဲ့ ဘီလုံးငှက်အင်အားကြီးတဲ့ စွန်ကို စိတ်ဆိုးအောင် ဆွပေးရင်း စွန်က ဒေါ်သတွေထွက်ကာ အသက်ဆုံးရှုံးခဲ့ရပုံကို ဟောကြားပါတယ် အင်အားငယ်သူကို အထင်မသေးဖို့ အင်အားငယ်ပေမယ့်လဲ ဥာဏ်ပညာကြီးမားရင် အင်အားကြီးသူကို အနိုင်ရပုံကို ဟောကြားပါတယ် စွန်ကဲ့သို့ ငါကအင်အားကြီးသူ ဒီကောင်ကို ဂရုမစိုက်ဘူးဆိုပြီး ဒေါ်သတွေကို ရှေ့မှာထားပြီး မစဉ်းစားမဆင်ခြင်ခဲ့လို့ အသက်ပါသွားပုံနဲ့ TIME မှာရေးထားတာကိုလဲ ဒေါသနဲ့ မတုံ့ပြန်ဖို့ ဟောကြားပါတယ် နောက်တပုဒ်ကတော့ သစ်ပင်တပင်အောက်မှာ အိပ်နေတဲ့ ဝက်ဝံ အပေါ်ကို သစ်ကိုင်းခြောက်တစ်ခု ပြုတ်ကျခဲ့သည့်အတွက် ဝက်ဝံက ဒေါ်သအလွန်ထွက်ပြီး စိတ်ဆိုးလွန်းလို့ တွေးလိုက်တာက ငါဒီအပင်အောက်မှာ အိပ်နေတာကို ဒီအပင်မှာရှိနေတဲ့ ရုတ္ခစိုးက မနာလိုလို့ ငါ့ကို ဒီလိုလုပ်တယ်ဆိုပြီး အပင်ကိုလှဲတယ်သူ့အားနဲ့မရတော့ သစ်ခုတ်သမားတွေခေါ်ပြီး လှဲခိုင်းတယ် သစ်ခုတ်သမားတွေကလဲ လှည်းလုပ်ဖို့ သစ်ခုတ်ဖို့ လာတာ ဆိုတော့ အပင်ကိုလှဲ လိုက်တယ် အဲဒီတော့ ဝက်ဝံလဲအိပ်စရာမရှိတော့ ရုတ္ခစိုးလဲနေစရာ နေရာမရှိတဲ့ အဖြစ် ဆိုက်ရော ဝက်ဝံကလည်းခြုံပုတ်ထဲဝင်အိပ်နေခိုက် ရုတ္ခစိုးက ပြန်ပြီး ကလဲ့စားချေဖို့ ကြံနေရင်း သစ်ခုတ်သမားတွေက သစ်တွေသယ်ဖို့ အလာမှာ မေးလိုက်တယ် ဒီသစ်တွေကို ဘာလုပ်မလဲ မေးတော့ လှည်းလုပ်ဖို့ ခုတ်တာပါပေါ့ အဲဒီတော့ ရုတ္ခစိုးကပြန်ပြောတယ် လှည်းလုပ်မယ်ဆိုရင် သစ်တော့ရသွားပြီ အခင်းတွေ ဘေးကာတွေအတွက် သားရေနဲ့ လုပ်ရင်ကောင်းမယ် လို့ ပြောတော့ သစ်ခုတ်သမားတွေကလည်း ဒါဆိုရင် ဘာသရေနဲ့ လုပ်ရင်ကောင်းမလဲ ဆိုတော့ ဝက်ဝံသရေက အကောင်းဆုံး ဆိုပြီး ဝက်ဝံအိပ်နေတဲ့ ခြုံပုတ်ထဲကို လှမ်းပြလိုက်တော့ သစ်ခုတ်သမားတွေက ဝက်ဝံကို သတ် အရည်ခွံစုတ်ပြီး ပြန်သွားကြတယ်တဲ့ ဆရာတော်ကြီးဆက်လက်ဟောကြားတာက အရိပ်နေအခက်ချိုးသည့် လုပ်ရပ်တွေကို မလုပ်ကြပါနှင့် ကိုယ်မှီခိုရတဲ့ နေရာကို မစော်ကားပါနှင့် ဝက်ဝံသည် ဧည့်သည်ဖြစ်သည် သစ်ပင်သည် သူ့နေရာမှာ သူပေါက်ရောက်နေတာ ဖြစ်သည် အပင်အောက်မှာလဲလာအိပ်သေးတယ် အပင်ကို ပြန်ပြီး ပြသနာရှာတော့ အပင်လဲသေ ဝက်ဝံလဲသေရသည့် ကိန်းဆိုက်သွားပြီးနောက်ဆုံးမှာ သစ်ခုတ်သမားပဲ အမြတ်ထွက်သွားပုံကို ဥပမာအနေနဲ့ ယူပြီး နေတတ် ထိုင်တတ်ကြဖို့ မိန့်ကြားပါတယ် နောက်တစ်ပုဒ်က အတ္တဒန္တသုတ္တန်ပါ ကိုယ့်ကို ကိုယ် ပြန်လည်စမ်းစစ်ဖို့ ဖြစ်ပါတယ် ကိုယ်ကျင့်တဲ့တရားက ကိုယ်ထံပြန်လာပါတယ်တဲ့ ကိုယ်ပဲခံစားရမှာပါတဲ့ ကိုယ့်အမှုကြောင့် ကိုယ့်မှာဘေးဖြစ်လာရင် ကိုယ်သာခံစားရမည် သည့်အတွက်ကြောင့် တရားတည်းဟူသော တောင်ဝှေးကို ကိုင်စွဲကြရမည်လို့ ဟောကြားပါတယ် နောက်တစ်ပုဒ်က အင်အားနည်းတဲ့ သူတွေကို အထင်မသေးဖို့ နွားထွန်တုံးတွေရဲ့ အောက်မှာ နေထိုင်တတ်တဲ့ ဘီလုံးငှက်နဲ့ အင်အားကြီးတဲ့ ဆင်အကြောင်းဟောကြားပါတယ် ဘီလုံးငှက်မက ဆင်ကြီးလမ်းရှောက်လာတော့ လက်အုပ်ချီပြီး ဆင်ကြီးထံ အသနားခံတယ် ဆင်ကြီးအနေနဲ့ လမ်းသွားရင် အဲဒီနေရာလေးတွေကို ရှောင်ပြီး သွားပေးပါ အဲဒီမှာ ကျွန်မရဲ့ကလေးတွေရှိနေလို့ပါဆိုတော့ ဆင်ကြီးက ပြန်ပြောတယ် ငါ့လမ်းငါရှောက်တာ ဘာဖြစ်လဲဆိုပြီး သွားတော့ ဘီလုံးငှက်ကလေးတွေ သေကြေကြတယ် အဲဒီအခါမှာ ဘီလုံးငှက်မက ဆင်ကြီးကို ကလဲ့စားချေဖို့ ကျီးကန်းဆီကအကူအညီတောင်းတယ် ကျီးကန်းကလည်း ဘာအကူအညီပေးရမလဲပြောတော့ ဆင်ကြီးရဲ့ မျက်လုံးနှစ်ဖက်ကို သင့်ရဲ့နှုတ်သီးနဲ့ ထိုးဖောက်ပေးပါဆိုတော့ ကျီးကန်းလဲ ဆင်ကြီးရဲ့ မျက်လုံးတွေ ကိုထိုးဖေါက်ပစ်လိုက်တယ်။ ဆင်ကြီးမျက်လုံးတွေကန်းသွားပြီပေါ့ အဲဒီအခါမှာ ဘီလုံးငှက်က ယင်ကောင်တွေကို အကူအညီထပ်တောင်းတယ် ယင်ကောင်တွေကလဲ ဘာကူညီရမလဲပေါ့ ဆင်ကြီးရဲ့ ကန်းသွားတဲ့ မျက်လုံးနေရာတွေကို အသင်တို့ ဝိုင်းကိုက်ပေးပါဆိုတော့ ဝိုင်းကိုက်ကြပါလေရော ဆင်ကြီး ဝလုံးသုံးပါးဖြစ်နေချိန်မှာ ဖားတွေကို အကူအညီထပ်တောင်းပြန်တယ် ဖားတွေကလဲထုံးစံအတိုင်း ဘာကူညီရမလဲပေါ့ အသင်တို့က တောင်ပေါ်တက်ပြီး အော်ပေးပါ ဆိုတော့ ဖားတွေလဲ တောင်ပေါ်ကို တက်ပြီး အော်ကြတာပေါ့ ဒီအခါမှာ ရေဆာလာတဲ့ မျက်ကန်း ဆင်ကြီးက ဖားအော်သံကြားရတဲ့ နေရာက ရေကန်ရှိတဲ့ နေရာပဲလို့ သတ်မှတ်ပြီး သွားတော့တာပေါ့ တောင်ပေါ်ကို ရောက်သွားတော့ ဘီလုံးငှက်က ဖားတွေကိုထပ်ပြောတယ် အသင်တို့ တောင်အောက်ကို ဆင်းပါ အောက်ရောက်ရင် ထပ်အော်ပေးပါဆိုတော့ ဖားတွေလဲ တောင်အောက်ကိုဆင်း ပြီးတော့ ဆက်အော်တာပေါ့ ဆင်ကြီးလဲ ဖားတွေအော်တဲ့ နေရာ ကို ဆက်သွားတော့ တောင်ပေါ်ကပြုတ်ကျပြီး သေးပါလေရောတဲ့ ဒီဇာတ်တော်ကို ဟောကြားပြီး ဆက်လက်ဟောကြားတာက အကောင်းသေးတယ် အင်အားနည်းတယ်ဆိုပြီး အထင်မသေးပါနဲ့ သူတို့မှာ ကူညီမဲ့သူတွေရှိနေတယ်တဲ့ ကဲဒီလောက်ဆိုရင် ဒီနေ့ည သီတဂူဆရာတော်ဘုရားကြီး ဘာကို ရည်ရွယ်ပြီး ဟောကြားခဲ့သလဲဆိုတာ အားလုံး သိဖို့ ရေးသားပြီး ဓမ္မဒါန ပြုလိုက်ခြင်းဖြစ်ပါတယ် ဆရာတော်ဘုရားကြီးက ပါဠိနဲ့ ဟောပြီး အနက်အဓိပ္ပါယ် ပြန်ဆိုကာ ဥပမာလေးတွေကို ပညာရှိပီပီ ဟောကြားသွားခြင်းဖြစ်ပါတယ် ကုလားဆိုတာမပါပါဘူး အစ္စလာမ်ဆိုတာမပါပါဘူး ဘုရားဟော သုသာန်နဲ့ ဇာတ်တော်တွေကို ဟောကြားသွားခြင်းဖြစ်ပါတယ်ုငြိမ်းချမ်းရေးနဲ့ အတူတကွပေါင်းသင်းနေထိုင်ရေး ကို အသားပေးဟောကြားခဲ့ပြီး စည်းလုံးမှုရှိဖို့ အင်အားနည်းသူကို အထင်မသေးဖို့ ကျေးဇူးတရားသိတတ်ဖို့ ကောလဟာလတွေကို ပုံကြီးမချဲ့ဖို့ လွယ်လွယ်မယုံကြဖို့ ကိုယ်ပြုတဲ့ကံ ကိုယ်ပဲခံရမယ်ဆိုတာ သိဖို့ အဓိက ဟောကြားတော်မူခဲ့ပါတယ် အတူတကွ ပေါင်းသင်းနေထိုင်ရေနဲ့ပါတ်သက်ပြီး ဇာတ်တော်တစ်ပုဒ်ကျန်ပါသေးတယ် အလျဉ်းသင့်ရင် ရေးသားပေးပါအုံးမယ် မြတ်စွာဘုရားအမျိုးအနွယ်တွေ ရန်ဖြစ်ကြတဲ့ ဇာတ်တော်ပါ အဲဒီမှာတော့ အမျိုးကို ချစ်ဖို့ စည်းလုံးဖို့ နဲ့ ပုံကြီးချဲ့ကားတွေကို ဇောင်းပေးပြီး ဟောကြားထားပါတယ် အားလုံးပဲ မြတ်ဗုဒ္ဓရဲ့ အရိပ်အာဝါသအောက်မှာ ဘေးရန်ကင်းရှင်းကြပါစေ ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ လို့ဆုတောင်း ပေးလိုက်ပါတယ်။ သန်းထွန်း (TGKN) |