သျှမ်းသံတော်ဆင့်

75 views
Skip to first unread message

သျှမ်းသံတော်ဆင့်

unread,
May 7, 2015, 4:15:11 PM5/7/15
to thuau...@gmail.com

သျှမ်းသံတော်ဆင့်


လျှပ်စစ်ဓါတ်အားအတွက် မူစယ်မြို့နယ်အတွင်း ရေကာတာ တည်ဆောက်မည်

Posted: 07 May 2015 05:34 AM PDT

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ဒေသခံများသုံးစွဲရန် လျှပ်စစ်မီးအတွက် နမ့်ပေါ့ချောင်းပေါ်တွင်  ရေကာတာ ဆောက်လုပ် မည်ဖြစ်ကြောင်း သိရှိရသည်။



နမ့်ပေါ့ရေကာတာကို မူစယ်မြို့နှင့် ၁၀ မိုင်ကျော်ကွာဝေးသည့် တင်းကျူ၌  ကရိတ်ဟော်ခမ်းကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ၂၀၁၅ အောက်တိုဘာလအတွင်း ဆောက်လုပ်ရန် ရည်ရွယ်ထားပြီး ၃ နှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း ဆို၏။


“ရေကာတာဆောက်လုပ်ပြီးလို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရင်လည်း မူစယ်အတွက်ဘဲလို့ ပြောတယ်။ တရုတ်ကို မရောင်းပေးဘူးတဲ့။ ဆောက်လုပ်မယ့်နေရာက မူစယ်နဲ့လည်းဝေးတော့ ဒေသခံတွေ ငြိမ်နေတယ်။ ကန့်ကွက်မယ်လို့ ပြောဆိုတာတွေ မကြားရသေးဘူး” ဟု ဒေသခံ စိုင်းခေါဝ် က ပြောပါတယ်။


မေလ ၁ ရက်နေ့က နမ့်ပေါ့ရေကာတာစီမံကိန်းနှင့် ပတ်သက်၍ ကရိတ်ဟော်ခမ်းကုမ္ပဏီက ဒေသခံနှင့်တွေ့ ဆုံကာ ရှင်းလင်းပြခဲ့ကြောင်း၊ အကြမ်းဖျင်းအားဖြင့် ချောင်းဧရိယာ ၁၁၅ ဧကနှင့် ကုန်းပေါ်ဧရိယာ ၄၇၉ ဧက စုစုပေါင်း ၅၄၉ ဧက ရေလွှမ်းမိုးနိုင်ကြောင်း ဆို၏။


“ဆောက်လုပ်မဲ့နေရာရဲ့ အနီးတဝိုက်မှာတော့ လယ်ဧက ၆၀ လောက်တော့ ရှိတယ်။ ဒါပေမဲ့ အဲဒီလယ်တွေ နမ့်ပေါ့ရေကြီးတုန်းက ရေလွှမ်းလို့ ပျက်စီးကုန်ပြီ။ လယ်ပိုင်ရှင်တွေကလည်း ရေကာတာဆောက်လုပ်မယ်လို့ ကြားတော့ သွားမပြင်တော့ဘူး။ စိုက်လည်းမစိုက်တော့ဘူး။ ဒီတိုင်းဘဲပစ်ထားကြတယ်” ဟု မူစယ်လူငယ် စိုင်းလိတ် က ပြောပါသည်။


သို့သော် ရေကာတာ ဆောက်လုပ်မည့်နေရာအနီးတဝိုက်ရှိ သစ်မွှေး၊ ထင်းရှူးနှင့်ရာဘာစိုက်ခင်းအတွက် လျှော်ကြေးပေးပြီးဖြစ်ကြောင်း၊ ရာဘာပင်ပေါင်း ၄၀၀ ကျော်အတွက် တပင် ၄၅၀၀၀ ကျပ်၊ သစ်မွှေး ပင်ပေါင်း ၂၀၀၀ ကျော်အတွက် တပင် ၃၅၀၀၀ ကျပ်နှုန်းဖြင့် လျော်ကြေးပေးကြောင်း ကုမ္ပဏီနှင့်နီးစပ် သူတဦးက ပြောပါသည်။


နမ့်ပေါ့ရေကာတာ ဆောက်လုပ်ရန် ကုမ္ပဏီက ထပ်မံကွင်းဆင်းကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ကို စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း၊ ဒေသခံသဘောထားကိုလည်း ကောက်ယူမည်ဖြစ်ကြောင်း၊ ထို့နောက် ရရှိလာသည့်အချက်အလက်များအား ခရိုင်/ မြို့နယ်သဘာဝပတ်ဝန်းကျင်နှင့်သစ်တောဦးစီး ဌာနသို့ တင်ပြ မည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိမှသာ ဆောက်လုပ်မည်ဖြစ်ကြောင်း ဆို၏။

သျှမ်းပြည်နယ်ကနေ ၀ တကယ်ခွဲထွက်တော့မှာလား

Posted: 06 May 2015 11:39 PM PDT

မေ ၁ - ၆ ရက်နေ့ အထိ ၀ ပြည်သွေးစည်းညီညွှတ်ရေးပါတီ ကမကထပြု၊ ကချင်လွတ်လပ် ရေး တပ်မတော်နဲ့ မိုင်းလားတပ်မတော်တို့ ကူညီ ပံ့ပိုးမှု နဲ့ ရှမ်းပြည်အရှေ့ပိုင်း ပန်ဆန်း မြို့မှာ တိုင်း ရင်းသားလက်နက် ကိုင် တပ်ဖွဲ့ ၁၂ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်တွေ စုံညီတဲ့ ညီလာခံ တရပ် ကျင်းပ ကြပါတယ်။ အိမ်ရှင် ၀ တပ်ဖွဲ့က ကိုယ်ပိုင် ပြည်နယ် ထူထောင်နိုင် ရေးအတွက် ထောက်ခံ မှုရဖို့ ညီလာခံလက်ခံကျင်းပ ရခြင်းရဲ့ ရည်ရွယ်ချက် များ ထဲက အဓိကထဲက တခုပါဝင်ပါတယ်။



ညီလာခံ ပထမ နေ့ အဖွင့်မိန့်ခွန်းမှာဘဲ ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချန်းက ၂၀၀၈ ဖွဲ့စည်း ပုံအရ ရှမ်းပြည် အရှေ့ပိုင်း ဟိုပန်ခရိုင်အတွင်း ၃ မြို့နယ်၊ မက်မန်းခရိုင်အတွင်း သုံးမြို့နယ် ကို စုစည်းပြီး ၀ ကိုယ်ပိုင် အုပ်ချုပ်ရတိုင်းအဖြစ် သတ်မှတ်ပေးထားတဲ့အဆင့် ကို တက်ပြီး ပြည်နယ် အဆင့် သတ်မှတ်ပေးဖို့ နေပြည်တော်အစိုးရထံ ၀ တပ်ဖွဲ့ တင်ပြ တောင်းဆိုရင် ထောက်ခံ အသိ အမှတ်ပြုပေးဖို့ ပန်ဆန်းရောက် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ ရဲ့ ကိုယ်စား လှယ် တွေထံ ၀ ခေါင်းဆောင် ပေါက်ယူချန်းက တောင်း ဆိုလိုက်ပါတယ်။


ရှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကတော့ ၀ ပြည်နယ်တည် ထောင်နိုင်ရေး အတွက် ကြိုးပမ်းတာဟာ ၄င်းတို့ရဲ့ အခွင့်အရေးဖြစ်တယ်။ သတ်မှတ် အတည် ပြုဖို့ က တော့ တဦးတယောက်၊ တသင်းတဖွဲ့ တည်းနဲ့ အဆုံးအဖြတ် ပေးနိုင်မှာ မဟုတ်ဘဲ ပိုင်ရှင်ဖြစ်တဲ့ ရှမ်းပြည်သားတွေကသာ အဆုံးအဖြတ်ဖြစ်တယ်လို့ ပြောပါတယ်။


အစည်းအဝေး နောက်ဆုံးနေ့ သဘောထားထုတ်ပြန်ကြေငြာချက် ၁၂ ချက် ထဲက ၁၁ ချက် မြောက်မှာလည်း တက်ရောက် လာတဲ့ တိုင်းရင်းသားခေါင်းဆောင်အများစုက ၀ အမျိုးသား ပြည်နယ်အဆင့် တောင်းဆိုခြင်းအပေါ် နားလည်ထောက်ခံကြတယ်လို့ ထည့်သွင်းရေးသား ထားပါတယ်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ က မှ စ အထိမှာ -  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် စတာတွေ နယ်နိမိတ်ပြောင်းလဲ လိုရင် သို့မဟုတ် အသစ်သတ် မှတ်လိုရင် ပထမ အဆင့် ဒေသခံ တွေရဲ့ ထောက်ခံမှု ထက် ဝက်ကျော် ရယူရမယ်။  ဒုတိယ အဆင့်  ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးရဲ့ ဒေသခံ ၄ ပုံ ၃ ပုံနဲ့ အထက် ထောက်ခံမှု ရယူရမှာဖြစ်ပြီးတော့ တတိယအဆင့်မှာလည်း ပြည်ထောင် စုလွှတ်တော်ကိုယ်စား လှယ် အားလုံးရဲ့ထောက်ခံမဲ ၄ ပုံ ၃ ပုံနဲ့အထက် ရယူပြီးမှသာ လို အပ် သလိုပြင်ဆင်သတ်မှတ်ပေး နိုင်မှာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။


သို့သော် စစ်အစိုးရခေတ်က မည်သူ့ထံမှ သဘောထား ဆန္ဒရယူခြင်းမရှိဘဲ သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန် နဲ့ မန်တုံမြို့နယ် နှစ်မြို့နယ်ကို ပလောင်ကိုယ်ပိုင်အုပ်ခွင့်ရ ဒေသ အဖြစ် လည်းကောင်း၊ ကုန်းကြမ်း နဲ့ လောက်ကိုင်ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ်လည်း ကောင်း၊ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး နဲ့ ပင်လောင်း သုံးမြို့နယ်ကို ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့် ရဒေသအဖြစ်လည်းကောင်း၊ ရွာငံ နဲ့ ပင်းတယ နှစ်မြို့နယ်ကို ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်လည်းကောင်း၊ ဟိုပန်၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းမော၊ ပန်ဆန်း နဲ့ မက်မန်းကို ၀ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသတိုင်း အဖြစ်လည်းကောင်း သတ်မှတ်ပေးထားပါတယ်။


မည်သို့ပင်ဆိုစေ လက်ရှိအနေအထားရ ၀ ဒေသ ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ဒေသ ထက်မက တခြားပြည်နယ် နဲ့ တိုင်းဒေသကြီးရထားတဲ့ အဆင့်တွေထက် အခွင့်ထူး တွေပိုရနေ ပါတယ်။ ၀ ဒေသ အုပ်ချုပ်ရေး ယန္တယားတခုလုံး မြန်မာအစိုးရ တစိတ်တပိုင်း မျှ ၀င်ရောက်စွက် ဖက်နိုင်ခြင်းမရှိပါ။ ကိုယ်ပိုင်ငွေကြေးတာ ထုတ်လုပ် သုံးစွဲမယ်ဆိုရင် မည်သူ့ထံမှ ကိုယ်ပိုင်ပြည် နယ် တောင်းဆိုဖို့မလိုဘဲ ကိုယ်ပိုင် နိုင်ငံတော် အဆင့် ရှိနေ ပါပြီလို့ ၀ စစ်မှု ထမ်းဟောင်း တခမ်းဆိုင် က ပြောပါတယ်။


ဝ ဒေသ အတွင်းမှာ ၀ ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်ရဲ တပ်ဖွဲ့ ကိုယ်ပိုင် စီမံအုပ်ချုပ်မှု တွေနဲ့ ဒေသခံ ၆ သိန်းကျော် ကို စောင့်ရှောက်မှုပေးနေတာပါ။ ၄င်းတို့ထိန်းချုပ်ထားတဲ့ နယ်မြေ ဒေသ ဟာလဲ ၁၇၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ရန်ကုန်တိုင်း ဒေသကြီးထက် တစ်ဆ နည်းပါး ပိုကြီးနေပါတယ်။


ရန်ကုန်တိုင်းဒေသကြီးဟာ စတုရန်းကီလိုမီတာ ၁၀၀၀၀၊ ကယားပြည်နယ် က ၁၁၀၀၀၊ မွန်ပြည်နယ်က ၁၂၀၀၀ စတုရန်းကီလိုမီတာရှိတယ်လို့ တောင်ကြီးခရိုင် မြေတိုင်း အရာရှိ တဦးကပြောပါတယ်။


ဝ တပ်ဖွဲ့ဟာ လက်ရှိ ထိန်းချုပ်ထားတဲ့ မြောက်ပိုင်းနယ်မြေ ပန်ဝိုင် နားဖန်း မိုင်းမော ပန်ဆန်းမြို့နယ်တွေအပြင် တောင်ပိုင်း ထိုင်းနယ်စပ် တာချီလိတ်ခရိုင်အတွင်းနဲ့ မိုင်းဆတ် ခရိုင်အတွင်း ဒေသ တချို့ကိုလည်း တောင်ပိုင်း ၀ ပြည်နယ်အဖြစ် ထည့်သွင်းသတ်မှတ် ပေးဖို့ နိုင်ငံတော် အစိုးရထံ တောင်းဆိုထားပါတယ်။

ဝ ခေါင်းဆောင်တွေကတော့ မည်သို့ပင်ဆိုစေ ၀ တပ်ဖွဲ့ထိမ်းချုပ်ထားတဲ့ဒေသဟာ ပြည် ထောင်စုကြီးရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ပြီး ဘယ်တော့မှ ခွဲထွက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

အိုက်မူး(မိုင်းယော်)
You are subscribed to email updates from သျှမ်းသံတော်ဆင့်
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States

သျှမ်းသံတော်ဆင့်

unread,
May 8, 2015, 4:47:10 PM5/8/15
to thuau...@gmail.com

RCSS မူးယစ်တိုက်ဖျက်ရေးတာဝန်မှူး နှင့် ထိုင်းနိုင်ငံဆိုင်ရာ Finland ‎Counselor တို့ တောင်ကြီး၌ တွေ့ဆုံ

Posted: 08 May 2015 04:20 AM PDT

ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ် မှုဆိုင်ရာ တားဆီးနှိမ်နှင်းရေး UNODC ကူညီ ပေး မှုဖြင့် သျှမ်းပြည်တပ်မတော် RCSS/SSA မူးယစ်ဆေး ဝါး တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် နှင့် ထိုင်းနိုင်ငံ အခြေစိုက် Finland ‎Counselor တို့ တောင်ကြီးမြို့ UNODC ရုံး၌ တွေ့ဆုံကြသည်။



၂၀၁၅ မေ ၆ ရက် နေ့က ထိုင်းနိုင်ငံဆိုင်ရာ ဖှင်လဲန်သံရုံးမှ မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်  Antti Inkinen ‎(Counselor, Head of Development Cooperation, Mekong Region at Embassy of Finland) ဦးဆောင်သော ၄ ဦးပါ အဖွဲ့ နှင့် RCSS/SSA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး စိုင်းဟန်၊ စဝ်တေဝိန် နှင့် စိုင်းဇွမ်ခေး တို့ တွေ့ဆုံကြသည်။

“ဖှင်လဲန်က ပုဂ္ဂိုလ်တွေနဲ့ တွေ့တာ ဒါပထမဆုံးဘဲ။ ခင်မင်ရင်းနှီးမှု ရအောင်  နောက်လဲ လက်တွဲ အလုပ်လုပ်နိုင်အောင်လို့ပါ။ သူတို့ သျှမ်းပြည် ကိုရောက်လာတာက UNODC လုပ်နေတဲ့ ဘိန်းအစားထိုး သီးနှံ လုပ်ငန်းတွေ ကို လာရောက်ကြည့်ရှုတာပါ။ ကြုံရင်းနဲ့ UNODC က Mr. Jochen Wiese စီစဉ်ပေးမှုနဲ့ ဖှင်လဲန်က လူကြီးတွေနဲ့ တွေ့ဆုံဖြစ်သွားတာပါ” - ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန် က ပြောသည်။

UNODC ၏ သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် မိုင်းပွန်အုပ်စု ပန်လျဲမ်းဒေသ ၊ ပင်လုံမြို့အနောက်ဘက် ဆနိန်းဒေသ ဘိန်းအစား ထိုး ကော်ဖီ စိုက်ခင်းများအား Finland ‎Counselor , Antti Inkinen နှင့် အဖွဲ့က လာရောက်လေ့လာခြင်းဖြစ်သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း သျှမ်းပြည်နယ် အတွင်းမူးယစ်ဆေးဝါးများ တိုက် ဖျက်ရေး၊ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရေး အတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ တရပ်ဖွဲ့စည်းထားရာမှာ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန်က ခေါင်းဆောင်သည်။

၂၀၁၂ ဂျွန်လက ထိုင်းနိုင်ငံ အစိုးရမှ RCSS/SSA  အား မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် လက်တွဲဆောင်ရွက်မှု အကောင်းဆုံး အဖြစ် မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးဆိုင်ရာ ‘ရွှေလင်းယုန်’ ဆု ပေးအပ်ချီးမြင့်သည်။ RCSS အနေဖြင့်လည်းစာမျက်နှာ ၈၂ မျက်နှာရှိ “မူးယစ်ဆေးဝါး တိုက် ဖျက်ရေး လှုပ်ရှားမှု ခရီးစဉ်’’ သျှမ်း၊ မြန်မာ၊ အင်္ဂလိပ် ၃ ဘာသာဖြင့် ရေးသားထား ထုတ်ဝေခဲ့ဖူး သည်။

သျှမ်း/မြောက် ဒုက္ခသည်များအတွက် နိပွန်ဖေါင်ဒေးရှင်းမှ ကျပ်သိန်း ၅၀၀၀ ကျော် တန်းဖိုးရှိ ပစ္စည်းများထောက်ပံ့

Posted: 08 May 2015 04:07 AM PDT

သျှမ်းပြည်မြောက်ပိုင်း အတွင်း စစ်ဘေးစစ်ဒဏ်ခံနေရသည့် ဒေသခံများ အတွက် ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖေါင်ဒေးရှင်းမှ ကျပ်သိန်းပေါင်း ၅၀၀၀ ကျော် ကာလတန်ဖိုးရှိ ဆန်နှင့် တခြား ပစ္စည်းများကို လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးရှုံးမှတဆင့် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ကြားသိရသည်။

နိပွန်ဖေါင်ဒေးရှင်းမှ သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးစစ်ဒဏ်ခံနေရသည့် ဒေသခံများ အတွက် ကူညီထောက်ပံ့ပစ္စည်းများပေးအပ်သည့်အခမ်းအနား (ဓါတ်ပုံ- စိုင်းစံမင်း ဖေ့စ်ဘုမှ)

နိပွန်ဖေါင်ဒေးရှင်းမှ သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးစစ်ဒဏ်ခံနေရသည့် ဒေသခံများ အတွက် ကူညီထောက်ပံ့ပစ္စည်းများပေးအပ်သည့်အခမ်းအနား (ဓါတ်ပုံ- စိုင်းစံမင်း ဖေ့စ်ဘုမှ)


မေ ၈ ရက် ၂၀၁၅ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံး၌ အခန်းအနား ကျင်းပကာ ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖေါင်ဒေး ရှင်းမှ သျှမ်းပြည်မြောက်ပိုင်း မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ချင်းရွှေဟော်၊ ဟိုပန်၊ လာရှိုး မြို့နယ်ရောက် စစ်ဘေးဒုက္ခသည်များအတွက် ကျပ်သိန်း ၅၁၃,၄၉၃,၆၀၀ တန်ဖိုးရှိ ဆန် ၁၈,၉၁၈ အိပ်၊ ဆေးရေစိမ်ခြင်ထောင် ၃,၂၉၄ ခု၊ ဆိုလာပြား ၃,၂၉၄ ပြား အား အိမ်ထောင် စု ၂,၀၂၅ ခု ၊စုစုပေါင်းလူဦးရေ ၃၇,၃၅၀ ယောက် အတွက် ထောက်ပံ့ပေးခဲ့သည်။

“လားရှိုးခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံးကနေ လက်ခံထားပြီး ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ် ရေးရုံး ကို ခွဲဝေ ပေးပို့သွားမယ်။ လားရှိုး မန်ဆူကျောင်း တိုက်မှာတော့ သုံးလကျော်နေထိုင်နေတဲ့ စစ်ဘေးဒုက္ခသည်က ၂၀၀ လောက် ရှိတယ်။ သူတို့တွေလဲ လောက်ကိုင်ကို ပြန်သွားပြီ” - ဟု လားရှိုးမြို့နေ သျှမ်းပြည်နယ် အမှတ် ၃ မဲဆန္ဒနယ် အမျိုးသားလွှတ်တော် အမတ် စိုင်းစံမင်းက ပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည်များအားလက်ခံထားသည့် လားရှိုးမြို့ မန်ဆူကျောင်း တိုက် ဆရာတော်ဘုရား ထံလည်း နိပွန်ဖေါင်ဒေးရှင်း တာဝန်ခံများရောက် ရှိလာပြီး ဆန်အိတ် ၆၄၂ အိပ် ဆက်ကပ်လှူဒန်းခဲ့သေးသည်ဟု မန်ဆူဘုရား ဒါယိကာ တဦးကလည်း ပြောသည်။

နိပွန်ဖေါင်ဒေးရှင်းသည် ၂၀၁၃ နှစ်လည်ပိုင်းတုန်းကလည်း သျှမ်းပြည်တောင် ပိုင်း ကျေးသီးမြို့နယ် ကျေးသီးမြို့နယ် အခြေစိုက် သျှမ်းပြည်တပ်မတော် SSPP/SSA ထံသို့လည်း ဆန်အိတ်နှစ်ထောင် ထောက်ပံ့ခဲ့သေးသည်။

မြန်မာနိုင်ငံအတွင်း စီးပွားရေး ရင်းနီးမြှုပ်နှံမှု ပြုနိုင်ရန် အတွက် မြန်မာ့ ငြိမ်း ချမ်းရေး အမြန်ဆုံး ဖေါ် ဆောင်နိုင်ရန် နိပွန်ဖေါင်ဒေးရှင်းမှ ငြိမ်းချမ်းရေး အတွက် ထောက်ပံ့မှုများ အမျိုးမျိုးပေးနေသည့် ဂျပန်အစိုးရကျောေ ထာက်နောက်ခံသည့် ဖေါင်ဒေးရှင်းတခုဖြစ်သည်။

သမ္မတ ဦးသိန်းစိန် နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ ကျိုင်းတုံ၌ တွေ့ဆုံမည်

Posted: 07 May 2015 10:01 PM PDT

နိုင်ငံတော်  သမ္မတ ဦးသိန်းစိန် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ ကျိုင်းတုံ မြို့၌ မေလ ၈ ရက် ယနေ့  တွေ့ဆုံကြမည်ဟု သိရသည်။

၂၀၁၃ ဂျွန်လက ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်တွင်တွေ့ဆုံစဉ်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဖိတ်ကြားချက်အရ ကျိုင်းတုံမြို့၌ တွေ့ဆုံကြရန် သျှမ်းပြည် တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် အယောက် ၂၀ ခန့်ပါ RCSS အဖွဲ့သည် တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ ယနေ့ နံနက်ပိုင်း၌ ထွက်ခွါ သွား ကြောင်းသိရသည်။

“လောနိုင်ငံ နဲ့ သျှမ်းပြည်အရှေ့ပိုင်း အထက်ရွှေတြိဂံဒေသ ပါလျောင်း ၊ ကျိန်းလပ် ကို ပေါင်းကူး ဆက်သွယ်တဲ့ မဲခေါင်မြစ်တံတားဖွင့်လှစ်ဖို့လာရင်း ဒီဒေသ ထဲမှာ ရှိနေတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေကို သမ္မတ က ဖိတ်ခေါ်တွေ့ဆုံတာပါ။ ဘာအကြောင်း ရယ်ဆိုတာတော့ ခေါင်းစဉ်တိတိကျကျမရှိပါဘူး” - ဟု RCSS ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေးအဖွဲ့ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ကျိုင်းတုံမြို့၌ နိုင်ငံတော် သမ္မတ ဖိတ်ခေါ် တွေ့ဆုံမှုတွင် RCSS/SSA အပြင် ဝ ပြည်သွေး စည်း ညီညွတ်ရေးတပ်မတော် UWSA နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA-ESS တို့ လည်းပါသည်ဟု သိရသည်။

ငြိမ်းချမ်းရေးတည်ဆောက်စဉ်ကာလ အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်သည့် KNU တို့သည် တခြားတိုင်းရင်းသား တပ်ဖွဲ့များ ထက်  မြန်မာအစိုးရနှင့် နီးနီးကပ်ကပ်ဝင်ထွက်လာသည့်အဖွဲ့ ဖြစ်သည်ဟု ဝေဖန်ခံနေရ သည်။

“RCSS လုပ်ဆောင်နေတဲ့ လုပ်ငန်း လုပ်ရပ်တိုင်းဟာ လူထုရဲ့ ဆန္ဒအတိုင်းဘဲ သွားနေ တယ်။ ဝင်ထွက်ဆက်ဆံခြင်းမပြုရင် မိမိလိုရာကို ဘယ်လို လုပ်ပြီး ညှိယူ ရယူနိုင်မလဲ” - ဟု ဒု ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။

ငြိမ်းချမ်းရေးအတူတကွ တည်ဆောက်ရန် RCSS ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် သမ္မတ ဦးသိန်းစိန်တို့သည် ပြည်ထောင်စုနေ့ ၁၂၊၂၊၂၀၁၅ က နေပြည်တော် ၌ သဘောတူလက်မှတ်ရေးထိုးထားကြသည်။

၂၀၁၅ ရွေးကောက်ပွဲ အတွက် UNDP မှ ပညာပေးဆွေးနွေးပွဲ ပြုလုပ်ပေးမည်

Posted: 07 May 2015 09:54 PM PDT

" ဒီ မိုကရေစီလုပ်ငန်းစဉ်များတွင် နိုင်ငံသားများပါဝင်ခြင်းနှင့် ပြည်သူ့နီတိပညာ ပေးလုပ်ငန်း စဉ်များ "  အတွက်ပူးပေါင်းညှိနှိုင်းဆွေးနွေးပွဲအား ကုလသ မဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ သျှမ်းပြည်နယ်(တောင် ပိုင်း) အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်များနှင့် သျှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့ ပူးပေါင်း၍ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။



ဆွေးနွေးပွဲအား မေလ (၁၂) ရက်နေ့ အင်္ဂါနေ့တွင် ပြုလုပ်မည်ဖြစ်ပါသည်။

သျှမ်းပြည် (တောင်ပိုင်း) အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်များ နှင့် သျှမ်းပြည်နယ် ရွေး ကောက်ပွဲ ကော်မရှင်တို့အကြားတွင် အပြန်အလှန်ဆွေး နွေး ညှိနှိုင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်း လာစေ ရန် ၊ ဆွေးနွေးပွဲတက် ရောက်လာသူကိုယ်စားလှယ်များမှ သျှမ်းပြည်နယ်တောင်ပိုင်း အတွင်းရှိ သက် ဆိုင်ရာ ခရိုင်၊ မြို့နယ် ၊ မြို့ ၊ ရပ်ကွက် ၊ ကျေးရွာ အလိုက်ပြည်သူ့ နီတိပညာပေးလုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်ပေးသွားရန် ရည်ရွယ်သည်ဟုသိရသည်။

" ၂၀၁၅ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ပွင့်လင်းမြင်သာချင်လို့ CSO တွေနဲ့ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်တယ်။ ဘယ်မြို့နယ်မှာ ဘယ် CSO တွေ ၀င်မလဲဆိုတာတွေညှိနှိုင်းဆွေးနွေးကြပြီး ရွေး ကောက်ပွဲနဲ့ပတ်သက်တဲ့ အသိပညာ တွေဝေမျှမှာဖြစ်တယ်"  ဟုပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ၊ ပြည်နယ်ဒုညွှန်ကြားရေးမှုး  ဦးသန်းလွင်မြင့် ကပြောသည် ။

  သက်ဆိုင်ရာနယ်မြေ အသီးသီးတွင် မိမိတို့ အဖွဲ့အစည်း၏ မဲပေးခြင်းဆိုင်ရာ ပညာပေး လုပ်ငန်း စဉ်များ ၊ ကူညီဆောင်ရွက်နိုင်မည့် နည်းလမ်းများ ၊ လူမှုအဖွဲ့အစည်းများနှင့် သျှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်တို့အကြား အပြန်အလှန်ကူညီထောက်ပံ့ပေးနိုင်မည့် သဘောတူမှုမှတ်တမ်းများ ရရှိစေရန် လည်းရည်ရွယ်ကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်များထံမှ သိရသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး ခရိုင် (၅)မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ(၃) မြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (၂) မြို့နယ် ၊ နှင့် လင်းခေးခရိုင် (၄) မြို့နယ် စသည်တို့တွင် ဂျွန်လ အတွင်း ပဏာမမဲစာရင်း များထုတ်ပြန်ကြေငြာသွားမည်ဖြစ်ကြောင်းသိရရှိရပါသည် ။

သျှမ်းသံတော်ဆင့်

unread,
May 10, 2015, 4:03:29 PM5/10/15
to thuau...@gmail.com

တရုတ်သစ်တင် ကားများမြန်မာအစိုးရ နှင့် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငွေသိန်းချီပေးပြီး သယ်ဆောင်

Posted: 09 May 2015 07:51 PM PDT

သျှမ်း၊ မြောက် နမ့်ခမ်းမြို့တွင် တရုတ်ဘက်မှ လာသော တရားမဝင် သစ် တင်ကားများသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များနှင့် ဒေသတွင်း အာဏာပိုင်များထံ ပိုက်ဆံပေးပြီး လွတ်လပ်စွာ ၀င်ထွက် သစ်တင်နေေ ကြာင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။



နမ်းခမ်းသို့ ညစဉ်အစီး(၅၀) ထက်မနဲ ၀င်ရောက် ပြီး သစ်များကို တရုတ်ပြည် သို့ ခိုးထုတ် သယ်ဆောင်နေကြောင်းသတင်းရရှိသည်။

တရုတ်သစ်ကုန်သည်နှင့်အတူ လာရောက် သစ်တင်သော တရုတ်နိုင်ငံသား သျှမ်းလူမျိုး အိုက်မောင် က “ သစ်တွေကိုတရုတ်ဘက်ကို သွင်းတာလေ။ သစ် လာတင်ရင် တောထဲဝင်တာနဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ ကို တစ်စီး ကျပ် တစ်သိန်း သွင်းရတယ်။ ပြီးတော့ မြို့ထဲဝင်ရင်လည်း အစိုးရ အာဏာပိုင် တွေကို တစ်စီးကျပ် (၇)သိန်း သွင်းပြီးမှ ခုလို လွတ်လွတ်လပ်လပ် တင်နိုင် သွားလာနိုင်တယ်” ဟု ၄င်းကဆိုသည်။

မြန်မာ - တရုတ်နယ်စပ် တရားမဝင် ရွှေလီမြစ်ကူးတို့ဆိပ်ကိုအသုံးပြုပြီး တရုတ်ပြည်ဘက်မှ သစ်တင်ကားများ ၀င်/ထွက် နေကြောင်း၊ ည ၁၁းဝဝ နာရီလောက်မှ လာရောက်ပြီး မနက် ၂းဝဝနာရီ မှ ၃းဝဝ နာရီကြားအတွင်း ပြန်ထွက်သွားကြောင်း ၊တင်ဆောင်သွားသည့် သစ်များသည် သျှမ်းပြည် နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ သစ်များဖြစ်ကြောင်း နမ့်ခမ်းဒေသခံ နန်းမြမြ ကဆိုသည်။

“ညစဉ်ရက်ဆက်ပါပဲ ၀င်ထွက်သွားလာနေတာ၊ ကားကတော့ တရုတ်ပြည် ဘက်က တရုတ်နံပါတ်ပြားအဝါတပ် ထားတဲ့ကားတွေပဲ၊ သူတို့လာရင် လည်း အစီး(၅၀)လောက်ရှိတယ် မြေကြီးတောင်တုန်ခါသွားတယ်၊ အဲ့သစ်တင် ကားတွေကြောင့် ညစဉ်ညတိုင်း ကောင်းကောင်း အိပ်လို့မရတာ တစ်နှစ်ေ လာက် ရှိတော့မယ် ။ ညဘက်ချည်းလာတင်တာ ”ဟု ၄င်းက သျှမ်းသံတော်အားပြောသည်။

သစ်တောပြုန်းတီး မှုကြောင့် ယခု မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသများတွင် ရာသီဥတုဖောက်ပြန်မှုဒဏ်များ ဒေသခံများက ကြုံတွေ့နေသည်။

တရုတ်ပြည်ဘက်မှ တရားမဝင် သစ်တင်ကားများ ၀င်ထွက်နေသော ရွှေ လီမြစ် ကူးတို့ဆိပ်များမှာ နမ့်ခမ်းမြို့ ရှိ နောင်မ၊ မန့်ဟောင်း၊ နောင်တိန်း၊ မန့်နောင်နှင့် ကောင်းဝိန်း စသောကျေးရွာရှိ ကူးတို့ ဆိပ်ကနေတစ်ဆင့် ၀င်ထွက် သွားလာနေပြီး မူစယ်မြို့နယ်အတွင်း ရွှေလီမြစ်ကမ်းတစ်လျှောက်ရှိ ကူးတို့ဆိပ်များကိုလည်း အသုံးပြုနေသည်ဟု ဒေသခံများထံမှသိရသည်။

သျှမ်းသံတော်ဆင့်

unread,
May 11, 2015, 4:07:56 PM5/11/15
to thuau...@gmail.com

သျှမ်းလူငယ်များစုပေါင်းကာ ဗန်းမော်မြို့ သမိုင်းဝင်တောင် တက်ရောက်လေ့လာ

Posted: 11 May 2015 09:04 AM PDT

သျှမ်းလူငယ်ကွန်ရက် ( Tai Youth Network) မှ ဦးဆောင်ပြီး အနယ်နယ်အရပ်ရပ်မှ သျှမ်းလူငယ်များ စုပေါင်းကာ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ သမိုင်းတွင် ဝိလာသတောင် တက်ရောက်ခဲ့သည်။



မေလ ၁၁ ရက် ယနေ့မနက် ၄ နာရီက သျှမ်းပြည်နယ်အရပ်ရပ်မှ လူငယ် ၃၀၀၀ ကျော် စုဝေးကာ ဗန်းမော်မြို့ တောင်ဘက်ရှိ သမိုင်းဝင် ဝိလာသတောင်ကို တက်ရောက်ခဲ့ကြောင်း တောင်တက်ခရီးစဉ်တွင်လိုက်ပါသွားသော  တောင်တက်ဖြစ်မြောက်ရေးကော်မတီဝင် စိုင်းကျော်သီဟ ကဤကဲ့သို့ပြောသည်။

“ ဒီတခေါက် ကျနော်တို့လူငယ် စုပေါင်းပြီးတောင်တက်တာ သျှမ်းပြည်အနယ်နယ် အရပ်ရပ်ကလာတဲ့ လူတွေ ချည်းဘဲ။ သျှမ်းပြည်တွင်း သဘာဝသယံဇာတတွေကို ထိန်းသိမ်းတတ်အောင် ၊ လူငယ်အချင်းချင်းလက်တွဲပြီး မူးယစ်ဆေးဝါး ပြသနာဖြေရှင်း တတ်အောင်ရည်ရွယ်ပါတယ် ”  ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

တောင်မှဆင်းလာပြီးနောက် မေလ ၁၂ ရက်နေ့တွင်  ဗန်းမော်မြို့၌ စာပေဟောပြောပွဲ ကျင်းပသွားမှာ ဖြစ်ကြောင်း သျှမ်းလူငယ်ကွန်ယက်အဖွဲ့ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

ဝိလာသတောင်သည် ဗန်းမော်မြို့စတင်ခဲ့သည့် စပ္ပါယ်နဂိုမင်း၏သားတော် ဝိလာသမင်းသား မွေးဖွားခဲ့သည့်နေရာဖြစ်ကြောင်း ဗန်းမော်မြို့သမိုင်းစာအုပ်တွင် ဖော်ပြထားသည်။

ဗန်းမော်သည် စပ္ပါယ်နဂိုခေတ်မှ စောမြအောင်အထိ နှစ်ပေါင်း (၂၂၇၆)နှစ် မြန်မာအဝေးရောက်မြို့ဝန်များက (၁၁၄) နှစ်၊ အင်္ဂလိပ်များက (၆၄) နှစ်၊ ဂျပန် (၃) နှစ်၊ အင်္ဂလိပ် နောက်ထပ်ပြန်၍(၂) နှစ်အုပ်ချုပ်လာခဲ့သည်။ ထိုသို့  လွတ်လပ်ရေး ရပြီးသောအခါ သျှမ်းစော်ဘွားများ အစဉ်ဆက် အုပ်ချုပ်ခဲ့သော သျှမ်းနယ်များအား ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ပုဒ်မ -၆- ဖြင့် ကချင်တောင်တန်း ဒေသပေါင်းစပ်ခါ ကချင်ပြည်နယ် အဖြစ်သတ်မှတ်ခဲ့ရာတွင် ဗန်းမော်သည်လည်း ကချင်ပြည်နယ်အတွင်းကျရောက်သွားခဲ့သည်ဟုလည်း သျှမ်းနီသမိုင်းတွင်ဖော်ပြထားသည်။

သျှမ်းလူငယ်ကွန်ရက် (Tai Youth Network) အဖွဲ့မှ ဦးဆောင်ပြီး ယခုဗန်းမော်မြို့တွင်းရှိ ဝိလာသတောင် တက်ခြင်း သည် ဆဌမ အကြိမ်ဖြစ်ကြောင်း၊ ပထမအကြိမ်လွယ်လိန်းတောင်၊ ဒုတိယအကြိမ် လွယ်ခေးတောင် ၊တတိယ အကြိမ် လွယ်ဆမ်ဆစ်တောင်နှင့် စတုတ္ထအကြိမ် မှာ လွယ်ဇန့်တောင်၊ ပဉ္စမအကြိမ်မှာ မူဆယ်မြို့နယ်တွင်းရှိ စယ်လန့်လွယ်တေးမိုင်းတောင် တို့ ဖြစ်ကြသည်။

မိုင်းပန်မြို့နယ်တွင် ညသန်းခေါင်အချိန် နေအိမ်မီးထလောင်

Posted: 11 May 2015 12:48 AM PDT

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် ညသန်းခေါင်ယံအချိန် အကြောင်းမသိရသည့် မီးလောင်မှုတခုဖြစ်ပွါးခဲ့ပါသည်။








မေလ ၁၁ ရက် ညသန်းခေါင်ယံ ကတ်နောက်ရပ်ကွက် ရှိ ဆရာမ နန်းမြင့်မြင့်လှိုင်၏ အိမ်နောက်ပိုင်း မီးဖိုချောင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အိမ်သုံးပစ္စည်းများ၊  မောတော်ဆိုင်ကယ် စက်ဘီးအပါအဝင် အိမ်လုံးကျွတ်ပြာကျသွားကြောင်း မိုင်းပန်သား စိုင်းဆိုင် ကသျှမ်းသံတော်ဆင့်အားပြောပြသည်။


“ သေကြေဒဏ်ရာရတာတော့မရှိဘူး။ ညသန်းခေါင်မှာ အိမ်နောက်ဖေးမီးဖိုချောင်ကနေ မီးထ တောက်တော့ ဘာပစ္စည်းမှ မရလိုက်ဘူး။ ကိုယ်လွတ်ရုန်းရတာပေါ့။ ရပ်ကွက်ကလူတွေဝိုင်းငြိမ်းလို့ ၁ နာရီခွဲလောက်အကြာမှာ မီးငြိမ်းသွားတယ်။ ဘေးအိမ်တွေတော့မကူးဘူး။ ဘာကြောင့်လောင်လဲဆိုတာခုချိန်ထိ မသိရပါဘူး” ဟုပြောသည်။


ပြီးခဲ့သည့်သောကြာနေ့ မေလ ၈ ရက်နေ့ညပိုင်းကလည်း မိုင်းပန်မြို့အတွင်း မိုးသက်လေပြင်းကျရောက်ပြီး မိုးသီးများပါကျရောက်သဖြင့် နေအိမ်ခေါင်မိုးများ လေပြင်းနှင့်အတူ လွှင့်ပါသွားကြောင်း၊ ခြံစည်းရိုးများလည်းပြိုလဲပြီးစိုက်ခင်းတော်တော် များများ ပျက်စီးခဲ့ရကြောင်း သိရပါသည်။



အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ပတ်သက် သည့်ဆွေးနွေးပွဲ တောင်ကြီး တွင် ကျင်းပမည်

Posted: 10 May 2015 08:33 PM PDT

" အမျိုးသားပြန်လည် သင့်မြတ်ရေးကို အဟန့်အတားလုပ်နေ သော အရာများ " ဆွေးနွေးပွဲကို လာမည့်စနေနေ့၌ တောင်ကြီးမြို့တွင် ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည် ။


ယင်းဆွေးနွေးပွဲအား သျှမ်းပြည် (တောင်ပိုင်း) နိုင်ငံရေး အကျဉ်းသား ဟောင်း များအဖွဲ့ နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့ ပူးပေါင်း ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဗိုလ်မှူးကြီးစောလွင် - (ကယန်းပြည် သစ်ပါတီ ) ၊ ဒေါက်တာရန်မျိုးသိန်း ၊ဒေါ်ခင်မမမျိုး တို့မှ ဦးဆောင်ဆွေး နွေးသွား မည် ကြောင်းသိရသည် ။

" အမျိုးသားပြန်လည်သင့် မြတ်ရေးကို အဟန့်အတား ဖြစ်စေတဲ့အကြောင်း အရာတွေကိုအဓိကထားဆွေးနွေးသွားမှာဖြစ်တယ်။ အသွင်ကူးပြောင်းမှု ကာလမှာ တရားမျှတမှုရှိမှသာ အဓိပ္ပါယ် ရှိမှာဖြစ်တယ် " ဟု ဦးဆောင်ဆွေး နွေးမည့် ဒေါ်ခင်မမမျိုးကပြောသည်။

ဆွေးနွေးပွဲအား မေလ ၁၆ ရက်နှင့် ၁၇ ရက် ၂ ရက်တာ ကျင်းပ မည်ဖြစ်ပြီး ကျင်းပမည့်နေရာမှာ တောင်ကြီးမြို့ ၊ အ.ထ.က(၁) အနီး၊ လမ်းမတော်ရပ် စိန့်ဂျိုးဇက်အောက်မေ့ဘွယ်ဓမ္မာရုံတွင်ဖြစ်ကြောင်း ဆက်လက်သိရှိရပါ သည် ။

သျှမ်းဘာသာ အပါအဝင် တိုင်းရင်းသားဘာသာ ၈ မျိုး ဒီဗီဘီရုပ်သံလိုင်း၌ စတင်ထုတ် လွှင့်မည်

Posted: 10 May 2015 08:20 PM PDT

သျှမ်းဘာသာ  အပါအဝင် တိုင်းရင်းသားဘာသာစကား၈ မျိုးဖြင့်  ဒီဗီဘီ ရုံမြင် သံကြား အသံလွှင့်ဌာန ရုပ်သံလိုင်းမှ တနင်္လာနေ့မှ စ၍ စတင်ထုတ်လွှင့်တော့မည်ဟု ဘီအဲန်အိုင် ၏ တာဝန်ခံ ထုတ်လုပ်သူ ကပြောသည်။



မေလ ၁၁ ရက်နေ့ မှစ၍  မွန်ဘာသာ၊ မေ ၁၂ ရက်နေ့ သျှမ်းဘာသာ၊ ထိုနောက်ပိုင်း ကချင်၊ မြန်မာ၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင် စသဖြင့် တရက်တမျိုးထုတ်လွှင့်သွားမည် ဖြစ်သည်။ အစီအစဉ်တခုလျှင်  ၁၅ မိနစ်ခန့် ကြာမည်ဟုဆိုသည်။

“အဓိက ကတော့ နိုင်ငံတကာနဲ့  သတင်းဌာနကြီးတွေမှာ ကျန်လပ်နေတဲ့ တိုင်းရင်းသား ဒေသက သတင်းတွေကို တိုင်းရင်းသားသတင်းထောက်တွေက တိုင်းရင်းသားတွေ နားလည်တဲ့ ဘာသာနဲ့ ပြန်ပြောပြနိုင်ဖို့ဖြစ်ပါတယ်” - ဟု ဘီအဲန်အိုင်၏ တာဝန်ခံ ထုတ် လုပ်သူ ကပြောသည်။

သျှမ်းသံတော်ဆင့်သတင်းဌာန၏ ရုပ်သံပိုင်းတာဝန်ခံ နန်းမွေခေါင်က- “ အင်္ဂါနေ့ ထုတ်လွှင့် နိုင်ဖို့ ကျမတို့ ပြင်ဆင်နေပါတယ်အခု။ ထုတ်လွှင့်မဲ့ဟာက သျှမ်းဘာသာ စကားပြော၊ မြန်မာစာတမ်းထိုးပါ။ ဒီဗီဘီမှာ စောင့်မျှော်အားပေးကြပါလို့ တိုက်တွန်းလိုပါတယ်ရှင်” - ဟု ပြောသည်။

လက်ရှိအနေအထားအရ တိုင်းရင်းသားဒေသတွေမှာ ဆက်သွယ်ရေးက မဖွံ့ဖြိုးသေး သည့်အတွက် ဗီဒီယိုကလစ်ဖိုင်များ အချိန်မီပို့နိုင်ရန် အခက်အခဲ ကြုံတွေ့နေရသော်လည်း မည်သို့ပင်ဆိုစေ ‘ အနာဂတ်မှာ တိုင်းရင်းသား ဒေသတွေမှာ လွတ်လပ်တဲ့ ရုပ်သံဌာနတွေ ပေါ်ပေါက်လာဖို့ လေ့ကျင့်မှုတခုလည်းဖြစ်စေ မယ်လို့ မျှော်လင့်ပါတယ်’ ဟု ဘီအဲန်အိုင်၏ တာဝန်ခံထုတ်လုပ်သူ က ပြောသည်။

ဒီအစီအစဉ်ဖြစ်မြောက်ဖို့  နိုင်ငံတကာ မြန်မာသတင်း BNI နဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB တို့ စုပေါင်း စီစဉ်ထားခြင်းဖြစ်သည်။

နိုင်ငံတကာ မြန်မာသတင်း BNI ကို သျှမ်းသံတော်ဆင့် SHAN အပါဝင်၊ မစ္ဇျိမ Mizzima၊ နိုင်ငံတကာမွန် သတင်းအေဂျင်စီ IMNA ၊ ကရင်သတင်းစဉ် KIC ၊ နိရဉ္စရာသတင်းဌာန(ရခိုင်)၊ ကချင်သတင်းဌာန KNG ၊ ပေါက်ထော (မွန်)၊ ခေါနုမ်ထုန် (ချင်း)၊ ကုလားတန်၊ ကန္တာရ၀တီတိုင်း(မ်း) (ကရင်နီ) ၊ သတင်းမီဒီယာကွန်ယက် NMG ၊ ချင်းဝေါလ်(ချင်း)၊ သံလွင်တိုင်း(မ်)(မွန်) သတင်းဌာနများမှ စုပေါင်းကာ ဖွဲ့စည်းတည်ထောင်ထားပါ သည်။

ဒီဗီဘီမှာမူ ၁၉၈၈ နောက်ပိုင်းပေါ်ပေါက်လာသည့် အသံလွှင့်ဌာနဖြစ်ပြီး ထိုစဉ်က စဝ်ဟန် ယောင်ဟွေ ဦးဆောင်မှုဖြင့် နော်ဝေးနိုင်ငံတွင်အခြေစိုက်သည်။ ၂၀၁၀ ရွေးကောက်ပွဲမှ တဆင့် ဦးသိန်းစိန်အစိုးရ တက်လာသည့် နောက်ပိုင်း  ပြည်တွင်း၌လည်း ရုံးစိုက်ဖွင့်လှစ် ထား သည်။

သျှမ်းသံတော်ဆင့်

unread,
May 12, 2015, 4:47:32 PM5/12/15
to thuau...@gmail.com

ကောင်းမွန်သည့်အစိုးရ ရရှိရေး ကယားပြည်နယ် တိုင်းရင်းသားပေါင်းစုံညီလာခံကျင်းပ

Posted: 12 May 2015 02:02 AM PDT

ကယားပြည်နယ်အတွင်း ရှိ နိုင်ငံရေးမဟာမိတ် သုံးခု စုပေါင်းကမကထပြုမှုဖြင့် ဒေသခံ တိုင်းရင်း သားလူမျိုးများ နိုင်ငံရေးအသိနိုးကြားပြီး ကောင်းမွန်သည့်အစိုးရ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ညီလာခံတရပ်အား မြို့တော် လွိုင်ကော်၌ မေလ ၁၁ မှ ၁၃ ရက်ထိ ကျင်းပနေပါသည်။




ကယားပြည်နယ်ရှိ ကယားလူမျိုးစုဒီမိုကရေစီပါတီ(Kayah Union Democratic Party ) ၊ ကယန်းအမျိုးသားပါတီ( Kayan National Party  ) ၊ လူမျိုးပေါင်း စုံဒီမိုကရေစီပါတီ (All  National Democracy Party ) တို့ဦးဆောင်၍ ဒေခံတိုင်းရင်းသား အယောက် ၃၀၀ ပါဝင်တက်ရောက်သည့် ညီလာခံတရပ်ကျင်းပနေခြင်းဖြစ်သည်။

“ ဒီညီလာခံပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ (၁) ပါတီများညီညွတ်ရေးနှင့် ကောင်းမွန် သော ပြည်နယ် အစိုးရတစ်ရပ် ပေါ်ပေါက်လာရေး (၂) လူထုနိုင်င်ငံရေးအသိနိုးကြားပြီး နိုင်ငံရေးတွင် ပါဝင်လာစေရန် (၃) လူထုအသံကို မြှင့်တင်ပေးခြင်းနှင့် မူဝါဒများရေးဆွဲ ရာတွင် ထည့်သွင်းအကောင်အထည် ဖော်နိုင် ရေး - အဓိကဖြစ်တယ်လို့သိရတယ်။ တခြားခေါင်းစဉ်တွေလဲပါ ရှိမှာပေါ့ ” - ဟု ညီလာခံတက်ရောက် သည့် နန်းအေးလျဲန်က ပြော သည်။

လွိုင်ကော်မြို့  ချိကယ်ကျေးရွာအုပ်စု ကေ့ထိုးဘိုးခန်းမဆောင်တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အချိန်အထိ ၃ ရက်ကြာ ကျင်းပလျှက်ရှိပါသည်။

အဆိုပါညီလာခံတွင် ကယားပြည်နယ်အတွင်းနေထိုင်သည့် ကယား ၊ သျှမ်း ၊ ကယော၊ ကယန်း၊ ပအိုဝ်း ၊ မနုမနော စသည့်လူမျိုးစု ကိုယ်စားလှယ်များ၊ လွိုင်ကော်မြို့တွင်း နေထိုင်သည့် သူများ တက်ရောက်ကြ သည်ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းသံတော်ဆင့်

unread,
May 13, 2015, 4:49:01 PM5/13/15
to thuau...@gmail.com

လယ်တောပြန်ရွာသူ ခလေးမတဦး ဓါးပြတိုက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

Posted: 13 May 2015 03:24 AM PDT

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်း အမည်မသိသူ လူတဦးမှ အသက် ၂၂ နှစ် အရွယ် ကျေးလက်ရွာသူ တဦးအား ဓါးပြတိုက် အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည်ဟု သိရှိရသည်။




၂၀၁၅ မေ ၃ ရက်နေ့  မွန်းလွဲပိုင်း၌ လဲချားမြို့ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ ဝမ့်ထီကျေး ရွာအုပ်စု စလိုင်းခွမ်ရွာသူ အသက် ၂၂ အရွယ် နန်းခမ်းဆိ ဆိုသည် လယ်တောအပြန်ရွာ၏ မြောက်ဘက် တမိုင်ခန့်ဝေးသည့် ရေချောင်းရှိ ရွာရေဆိပ်၌ အဓမ္မပြုကျင့်၍ သတ်ဖြတ်ခံထား ရကြောင်း၊ ၎င်းဆွဲထားသည့် ရွှေဆွဲကြိုးအားလည်း ယူဆောင်သွားကြောင်း ရွာသားများက ပြော သည်။

“မွန်းလွှဲ ၂ နာရီကျော်လောက်တုန်းက သူတယောက်တည်း အိမ်ပြန်သွားတယ်။  ရေခတ် ၊ ထမင်း ဟင်း ချက်ပြီး အဖေအမေကိုစောင့်ဖို့တဲ့။ ညနေ ၃ နာရီ ကျော်ကျောက်လောက် ရေခပ်ဆင်း တဲ့ ရွာသူ သားအမိနှစ်ဦးက ရေဆိပ်မှာ အလောင်းသွားတွေ့တယ်။ အခု  ပြည်သူ့ စစ်တပ်ဖွဲ့က အမှု စစ်ဆေး ပေးနေတယ်” - ဟု ပင်လုံရောက် ဝမ့်ထီအုပ်စု ရွာသူ နန်းစိန် ကပြောသည်။

စစ်ဆေးချက်အရ သေဆုံးသူ နန်းခမ်းဆိတွင် အဓမ္မပြုကျင့် ၊ ဓါးပြတိုက်ခံထားရသည်မှာ ထင်ရှား ကြောင်း ၎င်းလွယ်လာသည့် ပလိုင်းနှင့် ရေပုံးလည်း ရေချောင်းထဲတွင်တွေ့ရကြောင်း၊  ကျူးလွန်သူများမှ  ယူသွားပစ်ထားဖွယ် ရှိကြောင်း၊ သို့သော် ကျူးလွန်မှုလက်သည်အား အမှုမှန်ဖေါ်ရန် ခက်ခဲနေကြောင်း ပြည်သူ့ စစ်အသိုင်းအဝိုင်း က ပြောသည်။

“ ဦးကာလိန်ထွဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က အမှု စစ်ဆေးပေးနေတယ်။ ရွာမှာ ရှိတဲ့ အမျိုး သား ၅၆ ဦးကို စစ်ဆေးတယ်။ တဦးပြီးတဦး ပေါ့။ ကုတ်ရာ ခြစ်ရာ ကိုက်ရာ များတွေ့မလား ပေါ့။ ဒါပေမယ့် ဘာမှ အစအန မတွေ့ဘူး။ သူတို့ကဘဲ ဆက်လက်စစ်ဆေးသွားမယ်။ အမှုမှန်ပေါ် တဲ့အထိ တဲ့ ” - ဟု အဆိုပါ ပြည်သူ့စစ်အသိုင်းအဝိုင်းက ပြောသည်။

နန်းခမ်းဆိသည် ရွာမူလတန်းကျောင်း သာ ပညာဆည်းပူးခဲ့ရသော်လည်း ရပ်ရွာအကျိုး အားတက်သရော သယ်ပိုးသူဖြစ်ကြောင်း၊ လူကြီးမိဘများအား လိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံ တတ်ကြောင်း ရပ်မိရပ်ဖများ ပြောကြားချက်အရ သိရသည်။

နေရပ်ပြန် ကိုးကန့်ဒုက္ခသည်များ သတ်ဖြတ်ခံနေရ သျှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ပြော

Posted: 12 May 2015 09:59 PM PDT

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသတွင်းဖြစ်ပွားနေသော တိုက်ပွဲကြောင့်  ထောင်ပေါင်းများစွာသော စစ်ဘေးရှောင် ဒုက္ခသည်များမှာ ယနေ့တိုင်  လူ့အခွင့်အရေး ချိုးဖောက်ခံရဆဲဖြစ်ကြောင်း သိရပါသည်။



တရုတ်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင်ခိုလှုံနေသောဒုက္ခသည် ၇၀၀ ကျော်အား လောက်ကိုင်ဒေသမှ စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရန် ဧပြီလလယ်က အစိုးရတပ်မတော်ဘက်မှ ကြေငြာပြီးနောက်ပိုင်း   အစိုးရစစ်  တပ်ဘက်မှ လက်နက် ပစ်ခတ်မှုကြောင့်   အဆိုပါ  စခန်းအနီး လက်နက် ကြီးကျရောက်ခဲ့သဖြင့်   ဒုက္ခသည်များ ယခုတိုင် နေရပ်မပြန်နိုင်သေးဘဲ တရုတ်ဘက်ခြမ်း ၌သာ တိမ်းရှောင်နေလျှက်ရှိ ကြောင်း သျှမ်းလူ့အခွင့်ရေးမဏ္ဍိုင်  SHRF  က ပြောသည်။

ထိုအကြောင်းနှင့်ပတ်သက်ပြီး  မေလ ၁၁ ရက်နေ့က SHRF မှ ကြေညာချက် ထုတ်ပြန် ခဲ့ပါသည်။

၎င်းနှင့်ပတ်သက်၍ SHRF ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က - “ ပစ်ခတ်နေကြတာက လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း။    လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွေနဲ့အတူ အခက်အခဲ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရ တာက ပြည်သူတွေဖြစ်နေတယ်။ အဆိုးရွားဆုံးကတော့ မြန်မာအစိုးရတပ်မတော်က နေရပ်ပြန်ခိုင်းလို့ နေရပ် ပြန်ကြတဲ့ ဒုက္ခသည်တွေ လမ်းမှာ သတ်ဖြတ်ခံရတယ်။ ခေါင်းဖြတ်တယ်၊  အလောင်းဖျောက်ခံရ တာတွေ ရှိနေတယ်။ အခုဆို ဒုက္ခသည် တွေ နေရပ်ပြန်ဖို့  တုန်လှုပ်ပြီးကြောက်ရွံ့နေကြပါတယ်။  ” ဟု သျှမ်းသံတော်ဆင့်အား  ပြောပြသည်။

ထို့ကြောင့် ကိုးကန့်စစ်ပြေးဒုက္ခသည်များ၏အခွင့် အရေးကို ကာကွယ် ပေးရန်အတွက်  သံတမန်များ အဖွဲ့၊ နိုင်ငံတကာအပြည်ပြည် ဆိုင်ရာ ကြက် ခြေနီ အသင်း (ICRC) ၊  ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး(UNHCR)၊ ဒေသအတွင်းလူ့ အ ခွင့်အရေးကော်မရှင် မင်းကြီးရုံး (OHCHR) တို့ထံလည်း တောင်းဆိုထား ကြောင်း သျှမ်းလူ့အခွင့်ရေးမဏ္ဍိုင်  SHRF  က ကပြောသည်။

 အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း လက်မှတ်ရေးထိုးထားသော်လည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်  တွင် ယခုနှစ်ဆန်း ဖေဖော်ဝါရီလ ၉ ရက်နေ့မှပြီး ယနေ့တိုင် မြန်မာအစိုးရ၏ တပ်မတော်က  စစ်ကားနှင့် စစ်အင်အားများ နေ့စဉ်မပြတ် ဖြည့်စွက်နေကြောင်းသျှမ်းပြည်မြောက်ပိုင်း ဒေသခံများကပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကစ၍ ကိုးကန့်ဒေသ ကုန်းကြမ်းခရိုင် လောက်ကိုင်မြို့အတွင်း မြန်မာတိုင်း ရင်းသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု MNDAA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ် ပွါးခဲ့ရာ( သူပုန်အဖွဲ့၊ သူပုန်အမာခံ) ဟု ထင်ယောင်ထင်မှား သံသယရှိခံရသော ဒေသခံလူထု အမြောက်အများ ပစ်သတ်ခံရသည်။ ထို့အပြင် ကိုးကန့်ဒေသခံလူထု ၄ သောင်းထက်မနည်း တရုတ်နယ်စပ် ဒုက္ခသည်စခန်းသို့ တိမ်းရှောင်ကြရပြီး အောက်ပြည်အောက်ရွာမှ ကိုးကန့်ဒေသအတွင်း အလုပ်လာလုပ်ကြသူများ လားရှိုးဘက်သို့   တိမ်းရှောင်ခဲ့ကြပါသည်။

သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ကို ၁၉၉၀ ဒီဇင်ဘာ ၆ ရက်နေ့၌ (ပင်လုံကတိပါဝင် လက်မှတ်ရေးထိုးခဲ့သူ ခွန်ကြာပု၏သား) ခွန်ကြာဦးက စတင်တည်ထောင်ခဲ့သည်။ ၁၉၉၀ မှစ၍ အင်္ဂလိပ်ဘာသာဖြင့် လစဉ် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တွင်း အဓမ္မရွှေ့ပြောင်းခံရမှုနှင့် သတ်ဖြတ်မှု အကြောင်း ရေးသားထားသော “Dispossessed” နှင့် သျှမ်းအမျိုး သမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းနှင့် ပူးပေါင်းထုတ်ဝေသည့် စစ်ပဋိပက္ခအတွင်း သျှမ်းပြည် အမျိုးသမီးများ အဓမ္မပြုကျင့်ခံရသည့်အကြောင်း ရေးသားထားသော “License to Rape” စာအုပ်တို့မှာ လူသိများလှသည်။

သျှမ်းသံတော်ဆင့်

unread,
May 14, 2015, 4:20:15 PM5/14/15
to thuau...@gmail.com

၎ နှစ်ကာလ နမ့်ဇန်လွှတ်တော်အမတ်တဦး၏ ဘဝ

Posted: 14 May 2015 09:20 AM PDT

၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ ပါတီစုံ ရွေးကောက်ပွဲကြီးနောက်ထပ်တကြိမ် ကျင်းပတော့ မယ်လို့ ပြောဆိုနေကြပါတယ်။ ပြီးခဲ့တဲ့အစိုးရသက်တမ်းတခုမှာ ပြည်သူ့ဆန္ဒအစစ်အမှန်နဲ့ အရွေးကောက် ခံထားရတဲ့ လွှတ်တော်အမတ်တယောက်အနေနဲ့ ဒေသတွင်း လူထုရဲ့လိုအပ်ချက်တွေထဲက ဘယ်လိုကူညီဖြေရှင်းနိုင်ခဲ့ပြီလဲ။ မရှင်းပေးရသေးတာ ဘာတွေကျန်သေးလဲ။ သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းသူရိန်ဦးကို သျှမ်းသံတော်ဆင့်က ယိင်းတိုင်း တွေ့ဆုံမေးမြန်းထားပါတယ်။

နမ့်ဇန်မြို့နယ်အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်  စိုင်းသူရိန်ဦး


မေး ။ ။ ဦးသိန်းစိန် အစိုးရ သက်တမ်းကုန်ခါနီးမှာ သျှမ်းပြည်နယ်အစိုးရ အဖွဲ့ နဲ့ သျှမ်းပြည်နယ်လွှတ်တော်ထဲမှာ ဘာတွေဆောင်ရွက်သွားဖို့ရှိမလဲ ။
ဖြေ ။ ။ လယ်ယာမြေပြဿနာတွေ ဖြေရှင်းဖို့ကျန်တယ်၊ ပြီးခဲ့တဲ့ လေးနှစ် ကျော် ကာလအတွင်းမှာ အစိုးရအနေနဲ့ပေးထားတဲ့ကတိကဝတ်တွေ အကောင် အထည်ဖော်မှုရှိ မရှိဆန်းစစ်ဖို့ရှိမယ်၊ သျှမ်းပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စတွေ ၊ ကုမ္ပဏီတွေကနေပြီး ကျောက်မီးသွေး၊ သတ္တုတူး ဖော်ရေးတွေ လုပ်တဲ့အခါမှာ ပြည်သူလူထု တွေရဲ့ဆန္ဒမှန် ပါ၊ မပါ ဘယ်နည်းနဲ့ ဆန်းစစ်မလဲ ဆိုတာတွေ လွှတ်တော်ထဲမှာပြန်ပြီးတော့ ဆွေးနွေးဖို့ ရှိပါမယ် ။

မေး ။ ။ လွှတ်တော်အမတ် သက်တမ်းတစ်လျှောက်မှာ မိမိမဲဆန္ဒနယ်အတွက် ဘယ် အရာတွေကို လုပ်ဆောင်ပေးနိုင်ပြီးတော့ ဘယ်အရာတွေကိုလုပ် ဆောင်မပေးနိုင်တာလဲ ။
ဖြေ ။ ။ ပထမဆုံးကြုံတွေ့ရတာက ခိုလမ်မြို့တည်ဆောက်ရေးစီမံကိန်းဆို ပြီး မြေသိမ်း ယာသိမ်းကိစ္စတွေကို စပြီးဖြေရှင်းရပါတယ်။ အဲ့ဒီကိစ္စမှာ မြေတွေပြန်ရ သွားတာတွေရှိသလို ခုထိ ပြန်မရသေးတာတွေလဲရှိတယ်။ နမ့်ဇန်မြို့နယ်မှာတော့ လယ်ယာမြေ ပြဿနာတွေအများကြီး ကျန် ပါမယ်၊ နမ့်ဇန်မြို့နယ်အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခံ လယ်ယာမြေတွေ ဧက သုံးထောင်ကျော် လောက်ရှိပါတယ် ၊ ဒေသဖွံ့ဖြိုးရေးအနေနဲ့ နှစ်အလိုက်လွှတ်တော်ဘတ်ဂျက် ကနေ လိုအပ်ချက်အလိုက် ဆောင်ရွက်ပေးတာတွေရှိပါတယ် ။ ဒါပေမဲ့ ကျလာတဲ့ဘတ် ဂျက်နဲ့ ကျနော်တို့ နမ့်ဇန်မြို့လိုအပ်ချက်အတိုင်းအတာ ကွာခြားလွန်းတော့ အပြည့် အစုံလုပ်ပေးနိုင် တာမျိုးမရှိဘူး ၊ လိုအပ်ချက်တွေက အများကြီး ရှိတယ် ၊ လေးငါး နှစ်အတွင်း ထင်သာမြင် သာအောင် ပြောင်းလဲတာ မျိုး တော့မရှိပါဘူး ။

 မေး ။ ။ လွှတ်တော်ကဘတ်ဂျက် ခွဲဝေမှုအပေါ်ကျေနပ်မှုရှိလား ။
ဖြေ။ ။ ရာနှုန်းပြည့်ကျေနပ်တော့မရှိဘူး ။ ၂၀၁၅-၁၆  ဘဏ္ဍာရေးနှစ် အတွက် ဘတ်ဂျက်ကို ဧပြီလ(၁) ရက်နေ့ သျှမ်းပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် အစည်းအဝေးမှာ အတည်ပြုခဲ့ တယ်၊ ဌာနဆိုင်ရာ ငွေလုံးငွေရင်း အသုံး စာရိတ်တွေ များနေတဲ့အပေါ် ကျနော်တို့ပြန်ဆန်းစစ်ပြီး လွှတ် တော်အတွင်း ဘတ်ဂျက်တွေကို ပြန်တင်ပြတဲ့အခါမှာ သက်ဆိုင်ရာ ၀န်ကြီးဌာန က ခေါင်း စဉ် တွေ ပြင်တယ် ၊ အသုံးချမဲ့နေရာတွေ ပြင်တယ်၊ ငွေပမာဏကိုတော့မပြင်ဘူး ၊ ဒီငွေပမာဏ အတိုင်း စီမံကိန်းတွေကို ပြောင်းပြီး အတည်ပြုလိုက်တယ် ။

မေး ။ ။ မိမိမဲဆန္ဒနယ် အတွင်းက ပြဿနာတွေကို လွှတ်တော်ကိုယ်စား လှယ် တစ်ဦး အနေနဲ့ ဒေသခံတွေကိုယ်စား လွှတ်တော်ထဲမှာ အဆိုတင် တဲ့အခါ အောင်မြင်မှုအတိုင်းအတာ ဘယ်လောက်အထိရှိသလဲ ။
ဖြေ ။ ။ လယ်ယာမြေပြဿနာနဲ့ပတ်သက်လာရင် လွှတ်တော် ထဲမှာ ကျနော်မေးခွန်း အနေနဲ့ မမေးဘူး၊ မတင်ပြဘူး၊ သျှမ်းပြည်နယ်အစိုးရကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေ နဲ့ တိုက် ရိုက်စာတင်ပြီး ၊ အောက်ခြေ ကိုပြန်ဆန်းစစ်ဖို့တိုက် တွန်းပါတယ် ။

မေး ။   ။ သျှမ်းပြည်နယ်လွှတ်တော်မှာ ဘာတွေလိုအပ်ချက်ရှိမယ် လို့မြင် လဲ ၊ ကော်မတီ ဘယ်နှစ်ခုရှိလဲ ၊ ဘယ်လိုကော်မတီတွေဖွဲ့စည်းဖို့ လိုမလဲ ။
ဖြေ ။ ။သျှမ်းပြည်နယ်လွှတ်တော်မှာ လက်ရှိကော်မတီ ၆ ခု နဲ့ကော်မရှင် ၁ ရပ် ရှိပါ တယ် ။ တိုင်းရင်းသားရေးရာကော်မတီ ၊ တိုင်းရင်းသားလွှတ်တော် အခွင့်အရေးကော်မတီ ၊ ဥပဒေကြမ်း ကော်မတီ၊ အစိုးရ အာမခံချက်နဲ့ ကတိကဝတ် စီစစ်ရေး ကော်မတီ ၊ ဘတ်ဂျက်စီစစ် ရေးကော်မတီ ၊ တိုင်ကြား စာစီစစ်ရေး ကော်မတီ နဲ့ ကော်မရှင်တစ်ရပ်ကတော့ ဥပဒေနဲ့အထူး ကိစ္စရေးရာ သုံးသပ်ရေး ကော်မရှင်တို့ပဲဖြစ်တယ်။

စိုင်းသူရိန်ဦးဟာ ၂၀၁၀ ရွေးကောက်ပွဲက သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူ ပါတီကနေပြီး သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ထဲကနေပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးကောက်ခံခဲ့ရပါတယ်။ အခြေအနေနဲ့အကြောင်း အမျိုး မျိုးကြောင့် ပြီးခဲ့တဲ့ ၂၀၁၄ နှစ်ကုန်က ကျားဖြူပါတီကနေ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြောင်းထားတဲ့ လွှတ်တော်အမတ်တဦးဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမား ၅၀၀၀ ကျော် အမျိုးသားမှတ်ပုံတင်ကဒ်ရရန် RCSS စီစဉ်ပေးနေ

Posted: 13 May 2015 08:48 PM PDT

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား ၅၀၀၀ ကျော်အတွက်  သျှမ်းပြည်တောင်ပိုင်း လင်းခေး ဟိုမိန်းမြို့သို့ခေါ်ယူကာ နိုင်ငံသားစိစစ်ရေးကဒ် (မှတ်ပုံတင်) လုပ်ပေးရန် RCSS မှ တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရှိပါသည်။



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ  RCSS  နှင့် ဦးသိန်းစိန်အစိုးရတို့သဘော တူညီချက်အရ နိုင်ငံသားစိစစ်ရေးကဒ် မရှိသေးသည့် ထိုင်းနိုင်ငံရောက် သျှမ်းပြည်မှ ရွှေ့ ပြောင်း အလုပ်သမားများ ဟိုမိန်းမြို့သို့ ခေါ်ယူ၍ ပထမ အသုတ်အနေဖြင့် မေ ၁၈ ရက် မှ ဂျွန် ၁၈ ရက် အထိတစ်လ ပြုလုပ်ပေးသွားမည်ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ က ပြောသည်။

“ပြည်ထောင်စု မြန်မာနိုင်ငံသား ကဒ်မရှိသေးတဲ့ ထိုင်းရောက် သျှမ်းပြည်သားတွေအတွက် မှတ်ပုံတင် လုပ်ပေးဖို့ အစိုးရကလည်းသဘောတူထားတယ်။ တာဝန်လာရောက် ထမ်းဆောင် မဲ့သူတွေ အတွက်လဲ ကျနော်တို့က စားရေး သောက်ရေး လုံခြုံရေး တွေ ယူပေးမယ်။ ကျနော်တို့ဆီစာရင်းရောက်ထားတာ ကတော့ ၅၀၀၀ ကျော်လောက်ရှိတယ်။ ကျနော်တို့က ကြားနေ ဆောင်ရွက်ပေးတာပါ” ဟု RCSS ပြောခွင့်ရက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျမ တို့လည်းတာဝန်ရှိသူထံကိုဒီတကြိမ်ပြီးရင် နောက်တသုတ် ထပ်လုပ်ပေးနိုင်ဖို့ တောင်း ဆိုထား ပါ တယ်။ ရမယ် မရဘူးဆိုတာတော့ အဖြေပေးလို့မရသေးဘူး ။ ဒါပေမယ့် ထိုင်းနိုင်ငံ အတွင်းပိုင်းကနေ ဟိုမိန်းမြို့အထိ အသွားပြန် ခရီးစရိတ်ကတော့ တယောက်ဘတ် ငွေ ၃၀၀၀ ဘတ်ကုန်ကျမယ်။ ထိုင်းမှာ ခရီးသွားဖို့ ကဒ်ပြားတခုခုတော့ ရှိရမယ်။ ”  ဟု ဘန်ကောက်ဘက် စာရင်းကောက်ယူရေးတာဝန်ခံ နန်းမိုင် က ပြောသည်။

 သျှမ်းလူမျိုးများအဖွဲ့ အဓိပ္ပါယ်ရ ‘မ္ဒုှ္ပူုမ်း္ပ္ဂဝ်း္ဓိုဝ်းတဿး” ကို ၂၀၁၃ နှစ်လယ်ပိုင်းက စတင်ဖွဲ့စည်းခဲ့ပြီး ထိုစဉ်ကတည်းက မှတ်ပုံတင်မရှိသည့် ထိုင်းနိုင်ငံရောက် သျှမ်းလူများ အတွက် စာရင်း စတင်ကောက်ယူလာခဲ့သည်။ ၎င်းတို့ ကောက်ယူထားသည့် စာရင်းအရ ချင်းမိုင်ဘက်တွက် လူ ၃၀၀၀ ကျော် စာရင်းရထားပြီး တခြားမြို့နယ် အတွင်းတွင်လည်း လူဦးရေ ရာဂဏန်းမှ ထောင်ကဏန်းအထိ စာရင်းရရှိထားသည်ဟု ဆိုသည်။

ထိုစဉ်ကတည်းက ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ဝန်ကြီး စိုင်းအိုက်ပေါင်း ဦးဆောင်သည့် ကျားဖြူပါတီ တို့ ပူးပေါင်းကာ ဆောင်ရွက်ပေးမည်ဟု သတင်းထုတ်ပြန်ထားဖူးပါသည်။

သျှမ်းသံတော်ဆင့်

unread,
May 16, 2015, 4:16:20 PM5/16/15
to thuau...@gmail.com

ထိုင်း မြန်မာနယ်ခြားဂိတ်တခုဖြစ်သည့် လတ်တိုင်ရွာတွင် နှစ်နိုင်ငံချစ်ကြည်ရေးအခမ်းအနားကျင်းပ

Posted: 16 May 2015 02:54 AM PDT

ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်အုပ်စု နှင့်မျက်နှာ ချင်းဆိုင်ရှိ  လတ်တိုင်ရွာတွင် ထိုင်း- မြန်မာချစ်ကြည်ရေး အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။




 နှစ်နိုင်ငံနယ်စပ်ရှိကျေးရွာများ ဖွံ့ဖြိုးရေးအတွက် ဆက်သွယ်ရေးလှုပ်ရှားမှုဖြစ်ပေါ်စေရေး အခမ်းအနား  People to people connectively  ဟုအမည်ပေးထားသည့် အခမ်းအနား ကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု လတ်တိုင်ရွာ တွင် မေလ ၁၅ ရက်နေ့ကကျင်းပခဲ့ပါသည်။

မြန်မာဘက်ခြမ်းမှ   မိုင်းတော့ -မိုင်းထားကျေးရွာအခြေစိုက် ခလရ ၂၂၅ အခြေစိုက် ဗျူဟာမှူးနှင့်အရာရှိ၊ တပ်မှူးများ  ၊ ပုံပါကျင်အုပ်စု တို့ရှိ မြန်မာအာဏာပိုင်များ နှင့်ကျေးလက်ဒေသခံ  ၁၀၀ ခန့် တက်ရောက်ခဲ့ပါသည်။

 ထိုင်းဘက်ကမူ  ဌာနဆိုင်ရာမှ အကြီးအကဲများအပြင် သစ်တော၊ စိုက်ပျိုးရေး၊ မွေးမြူရေးပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များပါ တက်ရောက်ခဲ့သည်။

လတ်တိုင်ရွာသား ဦးပညာက “  အခုဒီချစ်ကြည်ရေးပွဲကျင်းပရတာဟာ လတ်တိုင်ရွာမှာရှိတဲ့ နယ်ခြားဂိတ်ကို ပြန်ဖွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုတဲ့သဘောပါ။ ဒါပေမယ့် ဖြစ်နိုင်ချေနည်းတယ်ထင်ပါတယ်။ဂိတ်ဖွင့်ဖို့ မြန်မာဘက်က ဘာတခွန်းမှ မပြောခဲ့ဘူး။ ” ဟုပြောသည်။

အဆိုပါအခမ်းအနားတွင် ပျော်ပွဲရွှင်ပွဲ ဖျော်ဖြေပွဲများအပြင် လွန်ဆွဲပြိုင်ခြင်း ဘောလုံးပြိုင်ခြင်း တို့လည်းရှိပါသည်။

လတ်တိုင်ရွာရှိ နယ်ခြားဂိတ်သည် ယခင်က အဓိက အရေးပါသော နယ်ခြားဂိတ် တခုဖြစ်ပါ သည်။ ၂၀၀၂ ခုနှစ်က အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော်  RCSS/SSA  တို့ တိုက်ပွဲဖြစ်ပွါးခဲ့မှုကြောင့် အဆိုပါနယ်ခြားဂိတ် ပိတ်ခဲ့ရာ ယနေ့တိုင် ဖြစ်ပါသည်။


သျှမ်းပြည်နယ် သံဃာနာယကအဖွဲ့ချုပ်မှ ကျောင်းထိုင် ဆရာတော်သင်တန်း ဖွင့်လှစ်

Posted: 16 May 2015 02:23 AM PDT

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ပိဋိကတ်ကျောင်းတိုက်တွင် ကျောင်းထိုင် ဆရာတော် အဖြစ်သင်တန်း နှင့် ဓမ္မစကူးကျောင်းဆရာ သင်တန်း တို့ကိုဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါသည်။



မေလ ၁၈ ရက်မှ ၂၂ ရက် အထိ သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့နာယက အဖွဲ့ချုပ်မှ ဦးဆောင်ပြီး     ပင်လုံမြို့ရှိ ဗဟိုသံဃာ့ရုံးတွင် သင်တန်းပေးသွားမည်ဖြစ်ကြောင်း ဆရာတော် ဦးသိရိဓမ္မ က မိန့်တော်မူ သည်။

“ အဓိက  ကတော့  စာသင်တိုက်က တိုက်အုပ်တွေ ကျောင်းထိုင် ဆရာတော်တွေ အရမ်းနဲသွားတယ်။    တဖက်ကလည်း သံဃာတော်တွေ ကို စွမ်းရည် မြှင့်တင် ပေးဖို့ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့် လှစ်ရ ခြင်းဖြစ်ပါတယ် ” ဟုဆိုသည်။

 သင်တန်းတွင် (၁) သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့နာယက ဥက္ကဌ  ဆရာတော် ဒေါက်တာ ပညာနန္ဒ၊ (၂)တောင်တန်းသာသနာပြု ဆရာတော် သုခမိန္ဒ ( စဝ်ဆုခမ်း) (၃) ဆရာတော်နန္ဒိယ (၄) လဲ ချားမြို့ ဟော်နန်းကျောင်းတိုက် ဆရာတော်  (၅)  ဆရာတော် နန္ဒဝံသ (စဝ်ဆရာမုံးကွတ်) (၆) လားရှိုး မြို့နယ် ဆရာတော် သုဝရ (၇) သီပေါမြို့နယ် ဆရာတော် ပညာသာရ (၈)  သိန္နီမြို့လယ် ကျောင်း တိုက်ဆရာ တော် ဦးဝိဇေယ (၉) တန့်ယန်းမြို့လယ်ကျောင်းတိုက် ဆရာတော် ပညာသာမိ (၁၀) တောင်ကြီးမြို့ နယ် ဝေဠုဝန် ကျောင်းတိုက်  ဆရာတော်သိရိဓမ္မ နှင့် တကွ တခြားသော ဆရာတော် များလည်း  သင်တန်းပေးသွားမှာ ဖြစ်ကြောင်း သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာနာယက အဖွဲ့ချုပ် ကော်မတီဝင် ဆရာတော်တစ်ပါးထံမှ သိရသည်။

သျှမ်းသံတော်ဆင့်

unread,
May 18, 2015, 4:13:53 PM5/18/15
to thuau...@gmail.com

ပြည်ထောင်စုလမ်းမကြီးအား TNLA ပိတ်ဆို့ ရန်ပုံငွေထပ်ကောက်

Posted: 18 May 2015 07:59 AM PDT

သျှမ်းပြည်မြောက်ပိုင်း မန္တလေး - မူစယ် ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင် - မူစယ်လမ်းပိုင်းအား တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA ပိတ်ဆို့ ကာတပ် ရန်ပုံ ငွေအတွက် ဖြတ်သန်းသွားလာသည့်ကားများအား ပိုက်ဆံကောက်ယူခဲ့သည်ဟုသိရသည်။



မေ ၁၈ ရက် ၂၀၁၅ ခု နံနက်ခင်းပိုင်း၌ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA  မှ မူစယ် - ကွတ်ခိုင်ကြား နမ့်ဖတ်ကာ အလွန် လွယ်ပန်စလွပ့် တောင်ကြားတွင် ပြည်ထောင်စု လမ်းမ ကြီးအား ပိတ်ဆို့ကာ ဖြတ်သန်းသွားလာသည့် ယာဉ်များအားလုံးအား တစီးလျှင် ကျပ် နှစ်သောင်း မှ ကျပ် ၁၀ သိန်းကျော်အထိ ကောက်ခံခဲ့သည်ဟု သိရသည်။

“တမနက်ခင်းလုံးဘဲ။ ဘယ်အချိန်ကနေ စတာလဲမသိဘူး။ ကျနော် ကြုံတဲ့အချိန်က  နံနက် ၈ နာရီ ထိုးခါနီးလောက်ရှိမယ်။ တချို့ကတော့ အချင်းချင်းဖုန်းဆက် အကြောင်းကြားထား တော့ ရောက်တဲ့နေရာမှာ ရပ်ထားကြတယ်။ လမ်းကြောင်းပြန်ပွင့်မှ သွားလာကြတာလေ” - ဟု ကိုယ် ပိုင် ကားဖြင့် လားရှိုးမှ မူစယ်သို့ ခရီးသွားသည့်  စိုင်းနောင်နောင်က ပြောသည်။

ထို့အတူ ခရီးသွား ဦးအားရီ ကလည်း ‘အမှန်တော့ ကျနော် မူစယ်မှာ နေ့လည်စာ လာစားရမှာ မွန်းလွှဲ ၃ နာရီခွဲမှ ရောက်တယ်  - စိတ်ပျက်တယ်ဗျာ။ အစိုးရကိုလဲ လမ်းကြေး၊ အခွန်၊ ပေးရ တယ်။ လက်နက်ကိုင်အုပ်စုကိုလဲရန်ပုံငွေတဲ့’ ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ကိုယ်ပိုင်ကား ၃၀၀၀၀ ကျပ် ၊ နံပါတ်ပြားအနီ ခရီးတင် ဗင်ကား ၂၀၀၀၀ ကျပ်၊ ဟိုင်းလက်၊ ဒိုင်နာ ၅ သောင်းမှ တစ်သိန်းကျပ်၊ ၁၂ ဘီးကား ၃ သိန်းကျပ်၊ ၂၂ ဘီးကား  ကုန်အမျိုးအစား အလိုက် ၅ သိန်း မှ ၁၀ သိန်း အထိ ပေးဆောင်ရသည်ဟု သိရသည်။ သို့သော် ယခင်အပတ်က ရန်ပုံငွေပေးဆောင်ထားသည့် ဖြတ်ပိုင်းရှိသူများမူ ယခုတကြိမ် ကင်းလွှတ်ခွင့်ရခဲ့ကြောင်း လည်း စိုင်းနောင်နောင်ကပြောသည်။

ဧပြီ ၃၀ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလမ်းမကြီးအား ပိတ်ဆို့ကာ ငွေကြေးကောက် ခံစဉ် ‘တအာင်းအမျိုးသားတပ်မတော် TNLA အနေဖြင့် ၄င်းတို့ စိုးမိုးသည့် နယ်မြေ ဖြစ်သည့် အတွက် ဖြတ်သန်းသွားလာသည့်ကားများအား ရန်ပုံငွေကောက်ခံရခြင်း’ ဖြစ်သည်ဟု သတင်း ထုတ်ပြန် ထားဖူးသည်။

မေ ၁၇ ရက် ၂၀၁၅ ညနေ ၄ နာရီအချိန် ကွန်ခိုင်မြို့ အခြေစိုက် ခလရ ၂၄၂ အား TNLA မှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုတွင် အစိုးရတပ်မတော်ဘက် သေကြေ ဒဏ်ရာရရှိသူ မရှိဟု ဆိုသော်လည်း ပစ်ခတ်တိုက်ခိုက်သံများကြောင့် ဒေသခံများ စိုးရိမ် ထိပ်လန့်ကြသည်ဟု ကွတ်ခိုင်သား အိုက်လွန်းက ပြောသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး အဟန့်အတား ၂၀၀၈ ခြေ/ဥ ဟု နိုင်/ကျဉ်းဟောင်းပြော

Posted: 18 May 2015 07:55 AM PDT

တောင်ကြီးမြို့ ၊ စိန့်ဂျိုးဇက်အောက်မေ့ဘွယ်ဓမ္မာရုံ ခန်းမတွင် " အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဟန့်တားနေသောအရာများ" ခေါင်းစဉ်ဖြင့် မေလ (၁၆) ရက်နေ့က ဆွေးနွေးပွဲတစ်ရပ်ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။



အမျိုးသားပြန်လည် သင့်မြတ်ရေးကဏ္ဍတွင် အနှောင့်အယှက် အတားအဆီး ဖြစ်စေသော အဓိက အကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်နေကြောင်း ဆိုပါသည်။

 ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် တစ်ဦးချင်းအခွင့်အရေး၊ လူထုလူတန်းစား အလွှာအသီးသီး ၏အ ခွင့်အရေး ၊လူမျိုးစု တစ်စု၏အခွင့်အရေး များကိုကာကွယ်စောင့် ရှောက်ပေး သော ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ရမည်၊ တစ်ဦးချင်း အခွင့်အရေး တွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း မရှိသောတိုင်းပြည်တွင် လူထုတိုက်ပွဲ များဖြစ်တတ်ခြင်း၊လူထု လူတန်းစား ကာ ကွယ်စောင့်ရှောက် သောခြင်းမရှိ လျှင်ကျောင်းသား လယ်သမား သပိတ်တိုက်ပွဲများဖြစ်တတ်ပြီး လူမျိုးစုအခွင့် အရေးများကာကွယ်စောင့်ရှောက်မှုမရှိလျှင်ပြည်တွင်စစ် များဖြစ်တတ် ကြောင်း ဒေါ်ခင်မမမျိုးကရှင်းလင်းပြောကြားသွားခဲ့သည် ။

" တိုင်းပြည်ကိုယ်တိုင်က တိုင်းပြည်ရဲ့ State Instrument တွေဖြစ်တဲ့လက် နက်ရှိသူသောသူများ ကသာလျင် သေနတ်ပြောင်းဝ ကလာ တဲ့ အာဏာ ထွန်းကားတဲ့အလေ့အထ ကနေပြီး တိုင်းပြည်တွေပေါ်ထွန်းလာ တဲ့အတွက် တိုင်းပြည်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာပါတယ်  " ၄င်းကဆက်လက် ပြောသည် ။

ယင်းဆွေးနွေးပွဲအား နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) နှင့် သျှမ်းပြည်နယ် (တောင်ပိုင်း) နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့မှ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ၊ ဗိုလ်မှူးကြီးစောလွင်-ကယန်းပြည်သစ်ပါတီ၊ ဒေါက်တာရန်မျိုးသိန်း နှင့်ဒေါ်ခင်မမမျိုးတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည် ။

သျှမ်း/တောင်မြို့နယ်အချို့တွင် ပဏာမမဲစာရင်းများ ထုတ်ပြန်ရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် စီစဉ်နေ

Posted: 18 May 2015 03:43 AM PDT

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး ခရိုင် (၅)မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ(၃) မြို့နယ်၊ ဓနုကိယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ (၂) မြို့နယ်  နှင့် လင်းခေးခရိုင် (၄) မြို့နယ် တို့တွင် ဇွန်လအတွင်းပဏာမ မဲပေးခွင့်ရှိသူစာရင်း များ ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ကြောင်း သျှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ပြည်နယ်ဒုညွန်ကြားရေးမှူး ဦးသန်းလွင်မြင့်ထံမှ သိရသည်။



သျှမ်းပြည်နယ် (တောင်ပိုင်း) အရပ်ဖက်လူမှု့အဖွဲ့အစည်းကွန်ရက်အနေနှင့် ရွေးကောက်ပွဲ ဆိုင်ရာအသိ ပညာပေးခြင်း လုပ်ငန်းများသာ ဆောင်ရွက်သွား မည်ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအပိုင်းတွင် ချယ်ရီပုံရိပ် နှင့် ကမ္ဘောဇလူငယ်စာကြည့်တိုက် အသင်းများက တရားဝင် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သျှမ်းတောင် အရပ်ဖက်လှုမှု့အဖွဲ့ အစည်းများကွန်ရက် ဥက္ကဌ ဒေါ်နန်းမိုမိုသီတာ ကပြောသည် ။

" ပဏာမမဲစာရင်းကပ်တဲ့အခါမှာ ပြည်သူတွေအနေနဲ့ မဲစာရင်းကို ကြည့်ဖြစ် အောင်သွားကြည့်ဖို့၊ တကယ်လို့မိမိ နာမည် မပါလာခဲ့ရင် တောင်းဆိုနိုင်အောင် ၊ မဲစာရင်းမှာ သေဆုံးတဲ့လူတွေစာရင်းပါလာခဲ့ရင် ၊ မှားနေတဲ့ အချက်ရှိရင် ကန့်ကွက်နိုင်အောင် ပြင်ဆင်နိုင်အောင် - စတဲ့ မဲစာရင်း နဲ့ဆိုင် တဲ့ အသိပညာတွေဖြန့်ဝေသွားပါမယ် ၊ မြို့နယ် ရပ်ကွက်အသီးသီးခွဲပြီး အရပ်ဖက်လူမှုကွန်ရက်တွေ အနေနဲ့လုပ်ဆောင်နိုင်တဲ့အခန်းကဏ္ဍတွေ အတိုင်းလုပ်ဆောင် သွားမှာဖြစ်တယ် " ဟု ဆရာမ က ရှင်းပြသည်။

သျှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲ၏ အဆင့်တိုင်း အား အရပ်ဖက်လူမှုကွန်ရက်များနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သည့်လုပ်ငန်းများအားလုံး ပူးပေါင်းဆောင်ရွက်သွားရန်ရှိသည်ဟု သျှမ်းပြည်နယ်ရွေး ကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကြည်ဝင်း ကပြောသည်။

" လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ကတော့ စောင့်ကြည့်လေ့ လာသူတွေသုံးသပ်ဖို့ ဖြစ်တယ် ၊ပဏာမ မဲစာရင်းတွေတွေပြုစုနေတယ် ၊ ကြိုတင်မဲစာရင်းကြေငြာဖို့ရှိတယ်။ ပြည်သူလူထုတွေ အားကောင်းကောင်း နဲ့ပါဝင်လာဖို့အတွက်သျှမ်းတောင် CSOs Network နဲ့ချိတ်ဆက် ရခြင်း ဖြစ်တယ် " ဟု ၄င်းကဆက်လက်ပြောသည် ။

သျှမ်းပြည်နယ် (တောင်ပိုင်း)အရပ်ဘက် လူမှုအဖွဲ့ အစည်းကွန်ရက်များနှင့် သျှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့ပူးပေါင်းဆောင်ရွက်၍ " ဒီမိုကရေစီ လုပ်ငန်းစဉ်များတွင် နိုင်ငံသားများပါဝင်ခြင်းနှင့် ပြည်သူ့နီတိပညာပေး လုပ်ငန်းစဉ်များ "  အတွက် ပူးပေါင်း ညှိနှိုင်းဆွေးနွေးပွဲအား တောင်ကြီးမြို့ ၊ တောင်ကြီးဟော်တယ်ခန်းမ၌ မေလ (၁၂)  ရက်နေ့က ကျင်းပြုလုပ်သွား ခဲ့ကြောင်း သိရှိရပါသည် ။

သျှမ်းသံတော်ဆင့်

unread,
May 19, 2015, 4:43:05 PM5/19/15
to thuau...@gmail.com

ပထမအကြိမ် ကျောင်းထိုင်ဆရာတော်သင်တန်း သမိုင်းဝင်ပင်လုံတွင် ပြုလုပ်

Posted: 19 May 2015 09:19 AM PDT

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိ ပိဋိကတ် စာသင်တိုက်တွင် ပထမအကြိမ် ကျောင်းထိုင်ဆရာတော်အဖြစ် သင်တန်းဖွင့်လှစ်ခဲ့ရာ သျှမ်းပြည်တွင်းရှိ သံဃာတော် ၁၈၄ ပါး တက်ရောက်ခဲ့ကြကြောင်းသိရသည်။





သင်တန်းချိန်ကို  နှစ်သုတ်ခွဲထားပြီး မနက်ပိုင်းတွင် ကျောင်းထိုင်ဆရာတော်ဖြစ် သင်တန်းချိန်နှင့်  နေ့လည်ပိုင်းတွင် ဓမ္မစကူး သင်တန်းချိန်ဖြစ်ကြောင်း တောင်ကြီးမြို့ ဝေဠုဝန် ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော်အရှင် သီရိဓမ္မာ ဘိပါလ ကမိန့်တော်မူသည်။

"ကျောင်းထိုင်ဆရာတော်အဖြစ်သင်တန်းဖွင့်လှစ်တဲ့ရည်ရွယ်ချက် ၃ ချက်ရှိတယ်။ ကျောင်းထိုင်ဘုန်းကြီးတွေ များများရှိဖို့ သာသနာနဲ့ ပတ်သက်လာရင် အဆင်သင့် တာဝန်ယူနိုင်ဖို့ ၊ သျှမ်းပြည်တွင်းရှိတဲ့ ဘုန်းကြီးကျောင်းတွေကို စောင့်ရှောက်ဖို့ ဖြစ်တယ်။"  ဟု ဆရာတော်က မိန့်ကြားသည်။

ကျောင်းထိုင်ဘုန်းကြီးဖြစ်သင်တန်းသို့ တက်ရောက်သော ဆရာတော်တပါးကလည်း - ယခုသင်တန်းမျိုးကို ပထမအကြိမ် တက်ဖူးခြင်းဖြစ်ကြောင်း၊ ကောင်းကျိုးအများကြီးရှိကြောင်း - မိန့်ကြားသည်။
"ကျောင်းထိုင်ဘုန်းကြီးဖြစ်ရင် ဘယ်လိုတရားတွေဟောရမလဲ။ ပြီးတော့ ဒကာ၊ ဒကာမတွေ နားလည်လာအောင် ဘယ်လိုဟောရမလဲ အစရှိ သင်ကြားပေးပါတယ် " - ဟု မိန့်ကြားတော်မူသည်။

သင်တန်း နေ့လည်ပိုင်း ဓမ္မကျောင်းဆရာဖြစ်သင်တန်းတွင် သံဃာတော် ၁၈၄ ပါး၊ ဆရာ၊ ဆရာမ ၂၅ ယောက်ရှိကြောင်းသိရသည်။ ဓမ္မစကူး ဖွင့်ရသည့်ရည်ရွယ်ချက် ၆ ချက်ရှိကြောင်း သိရသည်။

အဆိုပါရည်ရွယ်ချက်သည် ဓမ္မ စကူးကျောင်း၏ ဆရာ၊ ဆရာမ ဖြစ်လာစေရန် ၊ ကလေးများ ဘုန်းကြီး ကျောင်း တက် လာစေရန်၊ ရတနာသုံးပါးကို ရိုသေလေးစားတတ်ရန်၊ ဓမ္မတရားမှ ဗဟုသုတများရယူတတ်စေရန်နှင့် တရားနာယူပြီး ဘ၀တွင်ရပ်တည်တတ်ရန်၊ စည်းရုံးမှုရှိစေရန်၊  ဘာသာနှင့် သာသနာကိုထိမ်းသိမ်း တတ်စေ ရန်ဖြစ်သည်ဟုဆရာတော်က မိန့်ကြားသည်။

"ဓမ္မ စကူးကျောင်းဆရာအဖြစ်သင်တန်း တက်ရောက်သူ ဆရာစိုင်းစွမ်ဝမ်းက - ဒီလိုသင်တန်းမျိုး တက်ရတာ ဗဟုသုတတွေရတယ်။ ပြီးတော့ ပျော်ရွှင်ပြီး ပီတိဖြစ်တယ်။ ဒီလိုသင်တန်းမျိုးကို ကိုယ်တိုင်ကြုံတွေ့ရတော့ ဓမ္မ စကူးကျောင်း ကို ပိုးပြီး ကူညီချင်စိတ်ရှိလာတယ်။"  ဟုပြောသည်။

ကျောင်းထိုင်ဘုန်းကြီးမွမ်းမံသင်တန်းနှင့် ဓမ္မကျောင်းဆရာအဖြစ်သင်တန်းကို မေလ ၁၈ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်ဖို့ရှိကြောင်း ဆရာတော် အရှင် သီရိဓမ္မာ ဘိပါလ ကမိန့်တော်မူသည်။

သျှမ်းသံတော်ဆင့်

unread,
May 20, 2015, 4:06:23 PM5/20/15
to thuau...@gmail.com

မူးယစ်ဆေးကြောင့် ဖခင် နှင့် ညီဖြစ်သူကို ပြန်သတ်သည့် ဖြစ်ရပ်ဆန်း

Posted: 20 May 2015 01:52 AM PDT

ဗာဂျီးနီးယား ဆေးရွက်ကြီးအများဆုံးထွက်ရှိသည့်မြို့အဖြစ်နာမည်ကြီးသော သျှမ်းပြည်တောင်ပိုင်း လင်း ခေးမြို့တွင် မေလဆန်းပိုင်းက သားဖြစ်သူက ဖခင်နှင့်ညီဖြစ်သူကို သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်မှာ မြို့သူမြို့ သားများအားလုံး တုန်လှုပ်ခြောက်ခြားစေခဲ့သည်။



ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ညက လင်းခေးမြို့နယ် ၀မ့်လွယ်(မြို့ဦး)ရပ်ကွက်တွင်နေထိုင်သည့် လုံးကောတ အသက် ၆၄ နှစ် နှင့် သားလတ် စိုင်းပန် အသက် ၃၃ အား လုံးကောတ၏ သားကြီးဖြစ်သူ အိုက်စိုင်းက ဓါးဖြင့်ထိုးသတ်ခဲ့သည်။

ကျနော်တို့မြို့မှာ တခါမှ မကြားဖူး မကြုံဖူးတဲ့ အဖြစ်ထူးတွေလဲ များလာတယ်။ ဒီလ ဆန်းပိုင်းမှာ အိုက်စိုင်း က သူ့ညီ နဲ့ သူ့အဖေကို ဓါးနဲ့ထိုးသတ်တဲ့ ကိစ္စက တအားကြီးကိုထိပ်လန့်စေတယ်။ အမှန်တော့ ဒီမိသားစု က ခြံလုပ်ငန်းဘဲလုပ်ကိုင်တာ။ အေးအေးဆေးဆေးဖြစ်နေရမှာ  -  ဟု လင်းခေးရပ်ဖိရပ်ဖ စိုင်းသြက ပြော သည်။

ဖခင် နှင့် ညီကို သတ်ဖြတ်ပြီးသည့်နောက် မေလ ၁၃ ရက် မနက်ပိုင်းတွင် အိုက်စိုင်း အား မြို့နယ်ရဲများက လာရောက်ဖမ်းဆီးခဲ့ကြောင်း၊ အရက်မူးခြင်း ကြောင့်ဖြစ်ပေါ်သော အမှုဟုထုတ်ပြန်ကြောင်း မြို့ဦးရပ်ကွက် သားများကပြောသည်။

အရက်ကြောင့်ရယ်လို့တော့သိပ်မထင်ဘူး။ သွေးအေးပြီးရက်စက်တဲ့လူသတ်မှုမျိုးလေ။ သူ့ညီကို မသေ မချင်းတဖြေးဖြေးချင်း လည်လှီးပြီးသတ်တာ။ သူ့အဖေကိုလည်း အိပ်ပျော်နေတုန်း ဓါးနဲ့ထိုးသတ်တာလေ။  သူက မကြာခင်ကမှ ထောင်က ထွက်လာတာ။ ခိုးဆိုးလုယက်မှုပေါ့။ ကျမတို့အားလုံးက အရမ်းကြောက် နေကြတယ်။ သွေးလန့်စရာလေ။ - ဟု အိမ်နီးချင်း တဦးဖြစ်သည့် နန်းနန်း ကပြောသည်။

လက်ရှိအနေအထားအရ လင်းခေးမြို့တွင် ယာဘ ၊ မူးယစ်ဆေးကြောင့် လူငယ်တော်တော်များများ ပျက်စီး နေကြကြောင်း၊ သစ်ခုတ် သစ်ခွဲလုပ်ငန်းများ၊ အဖွဲ့အစည်းများမှ ပျံ့ပွါးလာခြင်းဖြစ်ကြောင်း  သားသည် မိခင်တဦးဖြစ်သည့် နန်းခမ်းဖစ်ကလည်းပြောပြသည်။

အရမ်းစိုးရိမ်မိပါတယ်။ ကျမတို့ကလေးတွေ ဒီလိုမိုက်မဲလာရင် ဘယ်သူ့ကိုလက်ညှိုးထိုးမလဲ။ ဘယ်သူ့ ဆီမှာ အပြစ်ရှိလဲ။ အဖေအမေဆိုတာမျိုးကတော့ ကိုယ့်သားသမီးတွေမဆိုးမမိုက် အောင်အမြဲသွန်သင်နေတာဘဲလေ။ မူးယစ်တိုက်ဖျက် ရေးဆိုတာက  ဆေးသုံးသူတွေကိုဘဲ ဖမ်းတယ်လေ။ ရောင်းတဲ့လူနဲ့ တကယ့် လက်သည်ကြီးတွေကို မဖမ်းတော့ ရှိနေဦးမှာဘဲ။ အခုနှစ်တွေထဲမှာ လင်းခေးမှာ  ယာဘသုံးတဲ့ လူငယ်တွေ တော်တော်များ လာတယ်။ ပိုက်ဆံ ၅၀၀ လောက် ရှိရင်  (ယာဘတပြား) တခြမ်း၊ ဒါမှမဟုတ် သုံးပုံ တပုံ ၀င်ချလို့ရပြီ။ ဒါတကယ့်ကိုအနာဂတ် အတွက် အနရယ်ကြီးတခုဘဲ ။  ကျမတို့ရဲ့ကလေးတွေကို အညွန့်ချိုး လိုက်တာဘဲ။ ဒါတွေကိုသိရက်နဲ့ နိုင်ငံတော်က ဒီတိုင်းလွှတ်ထားတယ်။ အံ့ရော။ ဟု ဆိုပါသည်။  

လင်းခေးမြို့အား ခရိုင်အဆင့်သို့တိုးမြင့်လိုက်ပြီးနောက်ပိုင်း ဌာန ဆိုင်ရာ အစိုးရ၀န်ထမ်းများနှင့် တခြား ဒေသမှ လာရောက်အခြေစိုက်လှုပ်ရှားသော အဖွဲ့အစည်းများ၊ ပုတိများ ဖြင့် တ ကျော့ပြန်စည် လာသော လင်းခေးမြို့တွင် ယခင်က မကြုံဖူး သော ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ မကြုံဖူးသော  ပြသနာအရပ်ရပ် တို့သည်လည်း ကပ်လျက်ပါ လာသည်ဟုလည်း ပြောဆိုနေကြသည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့သည် ဗာဂျီးနီးယားဆေးရွက်ကြီး၊ နှမ်း၊ မြေပဲ ၊ကွမ်းသီး၊ အုန်းသီး အများဆုံးစိုက် ပျိုးခဲ့ကြသည်။ သို့သော်  ယခုနောက်ပိုင်း ပေါ်လာသော သစ်ခုတ်လုပ်ငန်း သစ်ခွဲစက်၊ သဲကျင်း လုပ်ငန်းတို့တွင် လုပ်ကိုင်နေသူ လူငယ်များအတွက် ယာဘနှင့်မူးယစ်ဆေးတို့မှာ စိန်ခေါ်မှုတရပ်ဖြစ်နေကြောင်း မြို့မိ မြို့ဖများက ပြောဆိုနေကြပါသည်။

သျှမ်းသံတော်ဆင့်

unread,
May 21, 2015, 4:08:41 PM5/21/15
to thuau...@gmail.com

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ပါတီကော်မတီ ရွေးချယ်တင်မြှောက်ပွဲ

Posted: 21 May 2015 07:35 AM PDT

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် ကော်မတီသစ် ရွေးချယ်တင်မြှောက်ခြင်းအခမ်းနားကျင်းပခဲ့ပါသည်။





မေလ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခန့်က အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ၄ နာရီ ကျော်တွင် အောင်မြင်စွာပြီးမြှောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ SNLD ဗဟိုကော်မတီဝင် မိုင်းရယ်မြို့နယ် လွှတ်တော်အမတ် စိုင်းစံဖေမှ တက်ရောက် အမှာစကားပြောကြားပြီး တန့်ယန်းမြို့မှ ပါတီဝင်အားလုံးအပြင် ကျေးရွာအုပ်စုအသီးသီးမှ ပြည်သူ လူထု ၁၆၀ ဝန်းကျင်တက် ရောက်ခဲ့ပါသည်။

 “ ကော်မတီသစ်ရွေးချယ်ပြီးရင်တော့   စည်းရုံးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမယ်။ ” ဟု တန့်ယန်းမြို့ SNLD ကော်မတီဝင်စိုင်းအောင်ဘက ပြောသည်။

အစည်းအဝေးတက်ရောက်လာကြသူပြည်သူလူထုမှ ရွေးချယ်ထားသော မြို့နယ်ပါတီအလုပ်အမှု ဆောင်အသစ် ၁၇ ဦးနှင့်  ကော်မတီဝင် ၁၃ ဦးအပါအဝင် စုစုပေါင်း ကော်မတီဝင် ၃၅ ဦးဖြင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

တန့်ယန်းမြို့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးခွဲကို  ၇ ရက် ၁၁ လ ၂၀၁၄  ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီ ကော်မတီဝင် ၁၃ ယောက် ၊ ပါတီဝင်အင်အား ၁၀၀ ကျော်နှင့် စတင်ဖွဲ့စည်းခဲ့သည်။

သျှမ်းသံတော်ဆင့်

unread,
May 22, 2015, 4:41:53 PM5/22/15
to thuau...@gmail.com

၅၇ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့၊ RCSS နှင့် SSNA ပူးပေါင်းခြင်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်ပွဲ ပူးတွဲကျင်းပ

Posted: 21 May 2015 05:21 PM PDT

 မေ ၂၁ ရက် ၂၀၁၅ ၌ကျရောက်သော  ၅၇ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်း အနားအား သျှမ်းပြည်တပ်မတော် RCSS/SSA လွယ်တိုင်းလျဲန်းဌာနချုပ်၌ ကျင်းပရာ RCSS နှင့် SSNA ပူးပေါင်းခြင်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်ပွဲပါ ပူးတွဲ ကျင်းပခဲ့ပါသည်။



အဆိုပါ အခမ်းအနားတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၊ သျှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အပြင်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ၊  ၀ အမျိုးသား အဖွဲ့ချုပ် WNO နှင့် ပြည်တွင်းပြည်ပ ပရိသတ် အားလုံး ၃၅၀၀ ကျော် တက်ရောက်သည်။

“ကျနော်တို့ ဒီကိုရောက်တာ အခုဆို ၁၀ နှစ် ပြည့်ပြီလေ။ အထိမ်းအမှတ်အနေနဲ့ ပူးတွဲကျင်းပ ဖို့ ဉက္ကဌကြီးက လမ်းညွှန်တယ်။ အထိမ်းအမှတ် စာအုပ်လဲ ကျနော်တို့ ထုတ်ဝေဖို့ရှိတယ်။ ထိုစဉ်က အခြေအနေကို ပြန်လည် အောင့်မေ့ဖို့ပေါ့” - ဟု လက်ရှိ RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းငင်း က သျှမ်းသံတော်ဆင့် ရုံးသို့ရောက်ရှိစဉ်က ပြောသည်။

၂၀၀၅ ခုနှစ် ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီး ကဏ်းယွက် ကွယ်လွန်ပြီးနောက်ပိုင်း (သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ခိုင်းဆင်မ် ကျေးရွာအုပ်စု အခြေစိုက်သည့်) သျှမ်းပြည်အမျိုးသားတပ်မတော်အား လက်နက်ချရန် စစ်အစိုးရတပ်မတော်က ဖိအား ပေးခဲ့သည်။ စစ်အစိုးရ ဖိအားပေးမှုကို လက်မခံသည့် ဗိုလ်ချုပ်စိုင်းရီက စက်ရုံ အလုပ်ရုံများ၊ မော်တော်ယာဉ် နှင့် နေအိမ် ဇိမ်ခံပစ္စည်းများအား စွန့်လွှတ်ကာ တပ်ထုတခုလုံးကို ဦးဆောင်ပြီး ထိုင်းနယ် စပ်အခြေစိုက် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် RCSS/SSA နှင့် ပူးပေါင်းလိုက်သည်။

သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့မှာမူ အတူတကွ ဒွန်တွဲနေထိုင်ဖို့ ၁၉၄၇ ပင်လုံစာချုပ် သဘောတူလက်မှတ် ရေးဖိုးပြီး တောင်တန်း မြေပြန့် ပူးတွဲကာ လွတ်လပ်ရေး ရယူခဲ့သည့် နောက် ရသင့်ရထိုင်သည့် အခွင့်အရေးများ မရသည့်အပြင် သျှမ်းပြည်နယ်အတွင်း ကျူးကျော် အခြေချလာသည့် ဗမာ့တပ်မတော်က သျှမ်းလူထုအပေါ် လူ့အခွင့်အရေးအမျိုးမျိုးချိုးဖေါက် လာသည့်အတွက် ဆုံးရှုံးနေသည့် အခွင့်အရေးကို ရယူဖို့ လက်နက်ကိုင်တော်လှန် တိုက်ခိုက်လာရခြင်းဖြစ်ကြောင်း သျှမ်းခေါင်းဆောင်များကပြောသည်။

သျှမ်းသံတော်ဆင့်

unread,
May 24, 2015, 4:24:40 PM5/24/15
to thuau...@gmail.com

မျက်မှောက်နိုင်ငံရေးပြသနာများလက်တွဲဖြေရှင်းရန် ၈၈ မျိုးဆက်နှင့် UNA တွေ့ဆုံဆွေးနွေး

Posted: 23 May 2015 07:11 PM PDT

ဒီမိုကရက်တစ် နှင့် တိုင်းရင်းသား အင်အားစုများ အားလုံးစုစည်းလာနိုင်ရေး နှင့် မျက်မှောက် နိုင်ငံ ရေးပြသနာများ လက်တွဲဖြေရှင်းနိုင်ရေးအတွက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ၈၈ ငြိမ်းချမ်းရေး ပွင့်လင်းလူ့အဖွဲ့အစည်းတို့ မေ ၂၂ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ ဆုံ ဆွေးနွေးကြသည်။



သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး ဦးဆောင်သာ ညီညွှတ်သော တိုင်းရင်း သား လူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် ကိုမင်း ကိုနိုင် ၊ ကိုကိုကြီးတို့ ဦးဆောင်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်းတို့ ရန်ကုန်မြို့ တွင် တွေ့ဆုံကာ လက်ရှိကြုံတွေ့နေရသော မျက်မှောက်နိုင်ငံရေး ပြသနာရပ်များကို ဖြေရှင်းရန်နှင့် ဒီမိုကရက်တစ်နှင့် တိုင်းရင်းသား အင်အားစုများ အားလုံး စုစည်းလာနိုင်ရန်အတွက် ရည်ရွယ်ပြီး နိုင်ငံရေးဆွေးနွေးကြသည်ဟု စိုင်းညွှန့်လွင်က ပြောသည်။

‘ သူတို့က ကြားဝင်ညှိနှိုင်းပေးမယ်လို့ ကိုမင်းကိုနိုင်က ကတိပေးတယ်။ အခုအနေထားက အန်အယ်လ်ဒီနဲ့ ကျနော်တို့ ပါတီတွေအကြား သူနိုင်ကိုယ်နိုင် ထိပ်တိုက်ပြိုင်ရမဲ့ အနေထားဖြစ်နေတယ်လေ။ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ‘ ဟု UNA အဖွဲ့ဝင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

လက်ရှိအနေထားအရ ရွေးကောက်ပွဲမတိုင်မှီ မဟာမိတ်ဖွဲ့စည်းနိုင်မှု အခြေနေအပေါ်တွင်မူတည်ပြီး ရွေးကောက်ပွဲအလွန်ကာလအတွက် အစိုးရဖွဲ့နိုင်ခြေ ၊ သမ္မတရွေးချယ်မှုအတွက် လွှတ်တော်ကိုယ်စားလှယ်များမှ တင်မြောက်နိုင်ခြေ နှင့် အပြန်လှန်အားဖြင့် နိုင်ငံရေးအပေးယူ လုပ်နိုင်ခြေများကို ဆွေးနွေးကြသည်ဟုဆိုသည်။

‘ အဓိကသွားနေတဲ့ဖွဲ့စည်းပုံ ပြင်ဆင်ရေးကနေ အာရုံပြောင်းသွားတဲ့ တခြားကိစ္စတွေရှိတယ်။ အဲဒါတွေကို ရှိသင့်ရှိထိုက်လို့ ဖြစ်နေကျ ကိစ္စတွေပါပဲ။ သေချာတာကတော့ ၂၀၀၈ မပြင်ပဲသွားတဲ့ ရွေးကောက်ပွဲက တရားမျှတကောင်းမျှတနိုင်ပေမဲ့ မပြင်ပဲ သွားခဲ့ရင် စစ်မှန်တဲ့ ပြုပြင်ပြောင်း လဲရေးဖြစ်ဖို့ တော်တော်ခက်သွားမယ်။ ကျနော်တို့နဲ့ အားလုံး တွဲပြီး လုပ်လို့ရအောင် တိုင်ပင်နေကြပါတယ်။ NLD လဲပါဝင်လာအောင်ပေါ့ ‘ ဟု ကိုမင်းကိုနိုင်က ပြောသည်။

ဆွေးနွေးပွဲတွင် အချက် (၂) ကို အားဖြင့် သဘောတူနိုင်ခဲ့ပြီး ယင်းအချက် များမှာ ရွေးကောက်ပွဲမတိုင်မှီ အခြေခံ ဥပဒေပါ ပြင်သင့် ပြင်ထိုက်သည့် ပုဒ်မများကို ပြင်ဆင်သွားရန် နှင့် လာမည့် ဇွန်လ (၂) ရက်နေ့ ကေအန်ယူ ထိန်းချုပ်နယ်မြေတွင် ကျင်းပရန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံသို့ သဘောထား ထုတ်ပြန်ချက် တစောင်ပေးပို့ရေး စသည့်အချက်များ ဖြစ်သည်ဟု သိရသည်။

အသိမ်းခံရမိမိတို့လယ်မြေများကို ကိုယ့်ကိုယ်ကိုဓါတ်ဆီလောင်းမီးရှို့တောင်းဆိုဆန္ဒပြ

Posted: 23 May 2015 07:07 PM PDT

တောင်ကြီးမြို့နယ် ၊ ကွန်လုံကျေးရွာအုပ်စု၊ ရေပူရွာမှ  အသက် (၆၃) နှစ် အရွယ် တောင်သူအမျိုးသားတစ်ဦး လယ်ယာမြေသိမ်း ဆည်းခံရမှုကြောင့် မိမိကိုယ်ကိုယ် ဓါတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း သိရသည်။



မေလ (၂၁) ရက်နေ့ နံနက်(၇) နာရီ ၀န်းကျင်ခန့်တွင် ဦးမြင့်အောင် ဆိုသူသည် " (ရ.ပ.ခ) ကသိမ်းယူထားတဲ့ ငါတို့ပိုင်မြေယာတွေပြန်ပေး ၊ ရေပူရွာက ရာအိမ်မှူး နဲ့မြေတိုင်းစာရေး တို့အကျင့်ပျက်ခြစားမှုတွေကြောင့် ငါတို့ လယ်ယာမြေတွေဆုံးရှုံးသွားတာမကျေနပ်ဘူး " ဟူ၍ သေတမ်းစာရေး ကာ အိမ်သားများမနေသည့်အချိန်တွင် မိမိကိုယ်ကို ဓါတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း ၄င်း၏ မိသားစုဝင်များထံမှသိရသည် ။

ဦးမြင့်အောင်သည် တောင်ကြီးမြို့စ၀်စံထွန်းဆေးရုံတွင် အရေးပေါ်လူနာ အဖြစ်ဆေးကုသမှုခံယူလျက်ရှိပြီး ခန္ဓာကိုယ်၏ ၈၆ ရာခိုင်နှုန်းခန့်မီးလောင် ကျွမ်း သောကြောင့် စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု သိရသည်။

" ကျနော်တို့က တောသူတောင်သားတွေ စာပေမတတ်ဘူး ။ ပိုင်ဆိုင်မှုတွေ မြေဂရမ်တွေရှိလားမေးတဲ့အခါ ဘာမှလည်းနားမလည်ဘူး ၊သူတို့မှာ အာဏာရှိတယ် ၊ငွေရှိတယ် နေ့ချင်းဂရမ်လုပ်ချင်လည်းရ ၊ဦးပိုင်လုပ်ချင် လည်းရ ပေါ့လေ ၊ ခုသိမ်းတဲ့ထဲကျနော်တို့မြေဧက ၈.၅ ပါတယ် " ဟု ဦးမြင့်အောင်၏ အစ်ကိုတော်စပ်သူကရှင်းပြသည် ။

ရေပူရွာတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရ.ပ.ခ) မှ သိမ်းဆည်းထားသော လယ်မြေဧကပေါင်း တစ်ထောင်ကျော် ရှိသည်ဟု ဒေသခံတောင်သူများထံမှ သိရသည် ။

" ဗိုလ်ချုပ်မောင်အေး ခေတ်ကတည်းက ကျနော်တို့က စိုက်ပျိုးလာခဲ့တာပါ ၊ အခု (ရ.ပ.ခ)ဗိုလ်ကြီးတစ်ဦးကနေ ဦးလေးတို့ လယ်ယာမြေပေါ်မှာ သစ်တို သစ်စတွေနဲ့ ယာယီအဆောက်အဦး လာဆောက်ဖို့လုပ်တယ်၊ သူတို့အဓိက ရည်ရွယ်ချက်က  ဒီမြေယာပေါ်မှာစစ်တပ်အဆောက် အဦးတွေရှိပါ တယ် ဆိုတာကိုနေပြည်တော်ကိုတင်ပြ ချင်နေတာ " ဟုရေပူကျေးရွာမှ ဒေသခံ ဦးညိုကဆိုသည် ။

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မ တီပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် တိုင်ကြားထားသည်မှာ (၄) ကြိမ်မြောက် ရှိပြီဖြစ်ပြီး ကြောင်းသိရှိရပါသည် ။




သျှမ်းသံတော်ဆင့်

unread,
May 25, 2015, 4:47:50 PM5/25/15
to thuau...@gmail.com

မိုင်းတုံ(သံလွင်)ဆည်တည်ဆောက်ရေး စစ်တမ်းအဖွဲ့ ဒေသခံများအား မုန့်နှင့် လက်ဆောင် ပေး၍ ထောက်ခံရေးလက်မှတ်ထိုးခိုင်း

Posted: 25 May 2015 03:46 AM PDT

မိုင်းတုံ (အထက်သံလွင်) ရေကာတာတည်ဆောက်ရေးအတွက် စစ်တမ်းကောက်ယူရေး အဖွဲ့ဖြစ်သည့် သြစတေးလျနိုင်ငံ၏ SMEC ကုမ္မဏီသည် မိုင်းတုံဒေသခံများအား မှုန့်နှင့် လက်ဆောင် ပစ္စည်း များပေးကာ ဆည်တည်ဆောက်ရေးအတွက်ထောက်ခံချက် လက်မှတ်ထိုး ခိုင်း ကြောင်း ရွာသားများကပြောသည်။

SMEC ကုမ္မဏီ မှ မိုင်းတုံရောက် SIA ဆန်းစစ်ရေးအဖွဲ့ဝန်ထမ်းတဦး ဒေသခံလူထုအား တွေ့ဆုံနေပုံ


မေ ၂၁ ရက်နေ့က မြန်မာအစိုးရ နှင့် ဆည်တည်ဆောက်ရေးကုမ္ပဏီ အဖွဲ့ တို့မှ ငှါးရမ်းထားသည့် သြစတေးလျနိုင်ငံအခြေစိုက် SMEC ၏ SIA ဆန်း စစ်ရေး အဖွဲ့ လူ ၄၅ ယောက်တို့ သည် အထက်သံလွင်  ခေါ် မိုင်းတုံရေအား လျှပ်စစ်စီမံကိန်းအတွက် ရေကာတာတည်ဆောက်ရေးအတွက် သျှမ်းပြည် အရှေ့ပိုင်း ပုံပါကျင်မြို့နယ် မိုင်းဟန် ကျေး ရွာ အုပ်စု နားကောင်းမူး မိုင်းဟန် ကုံးဆာရွာနှင့် ဟွေ့အော့ရွာတို့ကို ကွင်းဆင်းလေ့လာဖို့ မိုင်းတုံမြို့နယ်သို့ ရောက် ရှိသည်။


“မိုင်းတုံမြို့နယ်ထဲက မဲကင် နဲ့မောက်စလီ ရွာသားတွေကို မုန့် တယောက် တထုပ်၊ လွယ်အိတ် တယောက်တလုံးစီဝေပေးပြီး လက်မှတ်ထိုးခိုင်းတယ်။ မထိုးလို့မရဘူးဆိုလို့ ရွာသားတွေလဲ လက်မှတ်ထိုးပေးလိုက်ရတယ်။ ရွာသားတွေကို ဒီစီမံကိန်းနဲ့ပါတ်သက်ပြီး သေချာ နားလည် အောင် ရှင်းမပြဘူး။ ”  - ဟု ဟွေ့အော့်ရွာသား စိုင်းစိုင်းကပြောသည်။


SIA စစ်တမ်းကောက်ယူရေးအဖွဲ့သည် ပြီးခဲ့သည့်ကြာသပတေးနေ့ က ဟွေ့အော့် သို့ ရောက်ရှိကာ အုပ်စုအတွင်းဖြတ်သန်းသော  ထိုင်းသို့သွား မည့် ဓါတ်တိုင်များကို လေ့လာရန် ဟုဆိုပါသည်။


“ ကျနော်တို့က ဒီစီမံကိန်းကြောင့် ဆိုးကျိုးထိခိုက်စေနိုင်မယ့် သွားလာ ဆက် သွယ်ရေး ခက် ခဲတဲ့ ကျေးရွာတွေကို သွားရောက်လေ့လာဖို့ဖြစ်တယ်။ ထတ်လွယ်ခမ်းရွာအပါအဝင် ရွာ ၄ ရွာမှာ သွားစစ်ဖို့ ရည်ရွယ်ထားပေမယ့် ဂျီဘီအက်စ်မှာ ကြည့်လိုက်တော့ ထိခိုက်နစ်နာမှုမရှိ တာတွေ့ရလို့ ကျနော် တို့မသွားတော့ဘူး။ ကျနော်တို့ ၀ ကျေးရွာတွေရှိတဲ့ ဟွေ့အော့်ကို သွားဖို့ အာဏာပိုင် တွေကိုအကြောင်းကြားတော့ လုံခြုံရေးအရ ကျနော်တို့ကို ပေး မသွား ဘူး။ ဒါပေမယ့် ၀ ရွာတွေက ရွာသူကြီးတွေကတော့   ကျနော်တို့ကို ကန့်ကွက်စရာမရှိဘူး လို့ပြောလိုက်တယ်။” ဟု  SIA စစ်တမ်းကောက်ယူရေး အဖွဲ့ မှတာဝန်ရှိသူ တဦးကပြော သည်။


သို့သော် အဆိုပါအဖွဲ့သည် ရေကာတာနှင့်ပတ်သက်ပြီးေ ကာင်းကျိုး ဆိုးကျိုးများ ရှင်းလင်း ချပြမှု မရှိခဲ့ကြောင်း၊ မိုင်းတုံ၊ ပုံပါကျင်မှ လူငယ်အဖွဲ့ အားလည်း စီမံကိန်းကြောင့် ရွာသား များ အား ဆိုးကျိုးသက်ရောက်မှု မရှိ ဟုပြောဆိုကြောင်းမိုင်းတုံဒေသခံလူငယ်အဖွဲ့မှ ယိင်း နောင့်က ပြောသည်။


“ဒါပေမယ့် ကျမတို့ရောက်သွားပြီး သူတို့မေးတာတွေမဖြေပေးခင်မှာ ဘာ အတွက် လဲ ဒီစီမံကိန်းအကြောင်းကောင်းကျိုးဆိုး ကျိုးတွေသေချာရှင်းပြ ပါလို့ တောင်းဆိုလိုက်တယ်၊ ဒီနယ်လေးနဲ့ပါတ်သက်တာလေးပဲသိချင် တာမဟုတ်ဘူး ဒီစီမံကိန်းတခုလုံးနဲ့ ပါတ်သက် တာကိုသိချင်တယ်ဆိုမှ စီမံကိန်းရဲ့စာအုပ်တွေထုတ်ပြီးဝေတယ် ရှင်းပြပါတယ်၊ ရွာသား တွေ အားလုံးသိသွားလို့  မေးခွန်း တွေမေးတော့ ဘယ်မေးခွန်းမှ သူတို့ မဖြေနိုင်ဘူးလို့ ပြောလိုက် ပါတယ်။ ”


အဆိုပါအဖွဲ့သည်  မိုင်းဆတ်မြို့နယ်၊ မိုင်းပြင်းမြို့နယ်၊ ကွန်ဟိန်းမြို့နယ် ဘက်သို့ ခရီးဆက်နေကြောင်း သိရသည်။


ဒေသတွင်းလူထုနှင့် အုပ်ချုပ်ရေးမှူးတချို့ကမူ လျှပ်စစ်မီးရရှိရေးသာ အရေးကြီးကြောင်း ပြောဆို နေကြပါသည်။  


သို့သော်  ဆန်းစစ်ရေးအဖွဲ့ကမူ ဒေသခံများအား ကုမ္မဏီမှ မီးမည်မျှပေး သုံးမည်ကိုမူ အာမခံချက် မပေးနိုင်ကြောင်းပြောဆိုခဲ့သည်ဟုသိရသည်။


သြစတေးလျနိုင်ငံအခြေစိုက် SMEC – environment and social impact assessment ကုမ္မဏီ  သည် တာ့ဆန်းရေကာတာတည်ဆောက် မှုစီမံကိန်းမှ ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု ဆန်းစစ်လေ့လာ ခြင်း EIA နှင့် လူမှုပိုင်းဆိုင်ရာ ထိခိုက် သက်ရောက်မှုဆန်းစစ်လေ့ လာခြင်း  SIA တို့ကို   လေ့လာရန် အတွက်ပြီး ခဲ့သည့် ဧပြီလ နှောင်း ပိုင်း က မိုင်းတုံမြို့သို့ ရောက်ရှိ ကာလူ ထုနှင့် ပဏာမ တွေ့ဆုံခဲ့သည်။


ထိုစဉ်ကလည်း ၄င်းတို့အား အထက်သံလွင်ရေကာတာအလိုမရှိကြောင်း လူထုက ဆန္ဒပြခဲ့ သေး သည်။

သျှမ်းသံတော်ဆင့်

unread,
May 26, 2015, 4:18:05 PM5/26/15
to thuau...@gmail.com

လော်ခီးလာညီလာခံကို RCSS/SSA တက်ရောက်မည်မဟုတ်

Posted: 26 May 2015 09:17 AM PDT

ဂျွန်လ ၂ ရက်နေ့မှ ၆ ရက်နေ့ထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွင်ပြုလုပ်မည့် တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေးအဖွဲ့စည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းဝေးကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှတက်ရောက်မည်မဟုတ်ကြောင်းသိရသည်။



ယင်းအစည်းဝေးကြီးတွင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့NCCT မှဆောင်ရွက်ပြီးသော NCA မူကြမ်းကိစ္စကိုတင်ပြအစီရင်ခံခြင်း ၊ မေလ ၁ ရက်နေ့မှ ၆ ရက်နေ့များ၌ ကျင်းပပြီးစီးခဲ့သော ပန်ဆန်း( ပန်ခမ်း) အစည်းအဝေးကိစ္စတင်ပြ အစီရင်ခံခြင်း ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲခြင်းနှင့် နိုင်ငံရေး ဆွေး နွေး ပွဲများဆက်လက်ကျင်းပနိုင်ရေး ညှိနှိုင်းခြင်း ၊ တိုင်းရင်းသားလူမျိုးများ ညီညွတ်ရေး တိုးတက်ခိုင်မာစေရန်နှင့် ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှု အောင်မြင်စေရန်ဆွေးနွေးခြင်း အပါအဝင် ကိစ္စရပ်များကို အကြေအလည် ဆွေးနွေးကြမည်ဖြ စ်ကြောင်းသိရသည်။

“ကျနော်တို့ဌာနချုပ် အစည်းဝေးရဲ့ဆုံးဖြတ်ချက်ထဲမှာတော့ အခုချိန်ကာလမှာ အလုပ်မအားသေးသည့် အတွက် မတက်ရောက်နိုင်ပါဘူး။ ဒါကြောင့်ကျနော်တို့အဖွဲ့အစည်းမတက်ရောက်နိုင် တဲ့အကြောင်းရင်း ကိုစာနဲ့ရေးပြီး အကြောင်းပြန်ထားပါတယ်” ဟုသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလှက ပြောသည်။

သျှမ်းပြည်ပြန်လည်ထူထာင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်သည် NCCT အဖွဲ့ဝင်မဟုတ်သော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏မဟာမိတ်ဖြစ်သည်။

ထိုအစည်းဝေးတွင်တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းမှခေါင်းဆောင်ကိုယ်စားလှယ် အနည်း ဆုံး( ၃) ဦး အများဆုံး (၅) ဦး နှင့် လေ့လာသူ၂ ဦး ကျစီ တက်ရောက်နိုင်ကြောင်းနှင့်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ၂၂ ဖွဲ့လုံးဖိတ်ကြားထားသည်လို့ သိရသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ လိုင်ဇာမြို့တွင် တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေး ညှိနိုင်းရေး အဖွဲ့NCCT ဖွဲ့စည်းပြီးသည့် နောက်ပိုင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ -၂၂ ရက်နေ့ တွင် လော်ခီးလာတွင် အစည်းအဝေးထပ်မံ ပြု လုပ် ခဲ့သည်။
ယခုပြုလုပ်သွားမည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသည်NCCT ၏ တတိယအကြိမ်မြောက်အစည်းအဝေးဟုလည်းဆိုလို့ရပါသည်။

မုံးထား- ဝိန်းဟိုင် နယ်ခြားဂိတ် AEC အကြိုဖွင့်နိုင်ရန် ချင်းမိုင်ခရိုင်မှူး တိုက်တွန်း

Posted: 26 May 2015 02:34 AM PDT

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မုံးထားမြို့နယ်ခွဲ    ကြား   ထိုင်း-မြန်မာနယ်စပ် လတ်တိုင်- ပန်ကမ့်ကော်ဂိတ်ဖွင့်နိုင်ရန်အတွက် ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ၂ နိုင်ငံ တာဝန်ရှိသူများထံ တိုက်တွန်းသွားမည်ဟုပြောဆိုပါသည်။


သွားလာဆက်သွယ်မှုမှာ မယ်ဆိုင်ဂိတ် ၊ မယ်ဆိုင်လမ်းထက်ပိုမိုမြန်ဆန်လွယ်ကူမည်ဟု ယုံကြည် ကြောင်းလည်း  မေလ ၂၄ ရက်နေ့က ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ ပွန်းလို့(တ်) ပူရနုပကောန်း ကပြောသည်။


“ဒီနှစ်နှောင်းပိုင်းဆိုရင် အာဆီယံ စီးပွါးရေး ကွန်မြူနတီ AEC ဖွင့်တော့မယ်။ ဒီလတ်တိုင်ဂိတ်ဖွင့်ရင် စီးပွါးရေး ကုန်သွယ်ရေးလမ်း ကောင်းမွန်လွယ်ကူမယ်၊ ဒါကြောင့် ဒီဂိတ်ဖွင့်ဖြစ်အောင်တော့ ကျနော် တို့ ဘက်က တိုက်တွန်းတောင်းဆိုသွားပါမယ်။ လမ်းခင်းဖို့လည်း တရုတ်ကုမ္မဏီက စိတ်ဝင်စားမှာ အမှန်ဘဲ။ ”


ထိုင်းနိုင်ငံချင်းမိုင်မြို့မှ  မြန်မာနိုင်ငံ နေပြည်တော်သို့ တိုက်ရိုက်သွားနိုင်သည့် လမ်းခရီးဖြစ်သည့် အပြင် နယ်စပ်မှနေပြည်တော်သို့ ကီလိုမီတာ ၂၀၀ ခန့်သာဝေးကြောင်း ဒေသတွင်းလူထုအတွက်ရော ၂ နိုင်ငံကူးလူးဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်ရေးအတွက်ပါ အကျိုးဖြစ်ထွန်း မည်ဖြစ်ကြောင်း ပြော သည်ဟု ဟိတ်လူမ်း (Hedlom News) ထိုင်းသတင်းဝက်ပ်ဆိုက် တွင်ဖော်ပြထားသည်။


“ ဒီဘက်လမ်းခင်းဖို့ အတွက်လည်း နယ်စပ်မှာအခြေစိုက်လှုပ်ရှားနေတဲ့ သျှမ်းတပ်ဖွဲ့တွေကို ဆွေးနွေး ညှိနှိုင်း နိုင်မယ်လို့ ယုံကြည်တယ်။ ကျနော်တို့ဘက်က လုံခြုံရေးအတွက်ဆိုရင်လည်း ထိုင်းစစ်တပ် ဘက်က တာဝန်ယူတယ်။ အကောင်းမြင် ထောက်ခံတယ်။ ဆိုတော့ လမ်းပန်းဆက်သွယ်မှု ကောင်း လာရင် DUTY FREE အခွန်လွတ်  ရောင်းဝယ်ရေးဖြစ်လာအောင်ကျနော်တို့လုပ်ဆောင်ပေး မယ်။ ချင်းမိုင် ကနေ နယ်စပ်အထိ ကားလမ်းက အခု တောင်တက်လမ်း ဖြစ်နေပေမယ့် ဒီထက် ပိုပြီး မြန်ဆန် လွယ်ကူမယ့်ဖြတ်လမ်း ဖြစ်သွားနိုင်ပါတယ်။”


နှစ်နိုင်ငံနယ်စပ်ရှိ ကျေးရွာများ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်သည့်  People to people connectively   အခမ်းအနား ကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု လတ်တိုင်ရွာ တွင် မေလ ၁၅ ရက်နေ့ကကျင်းပခဲ့ပါသည်။ထိုစဉ်ကလည်း ဂိတ်ဖွင့်လှစ်မည့် နယ်စပ်တွင် နေထိုင်သည့် ဒေသခံ ၂၀၀ ခန့်တက်ရောက်ခဲ့ပါသည်။

သျှမ်းသံတော်ဆင့်

unread,
May 27, 2015, 4:51:47 PM5/27/15
to thuau...@gmail.com

တော်လှန်ရေး နေ့က မှတ်ဖွယ် မှတ်ရာ ဗိုလ်ချုပ် စိုင်းယီရဲ့ ပြောစကား

Posted: 27 May 2015 09:01 AM PDT

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်မှ လွယ် တိုင်း လျန်းဌာန ချုပ်တွင် ကျင်းပသော ၅၇ နှစ်မြောက် သျှမ်းပြည်အမျိုးသားေ တ်ာလှန်ရေးနေ့တွင် သျှမ်း အမျိုးသားများ အဘက်ဘက်မှ စိုးမိုးခံနေရသေးေ ကြာင်း RCSS/SSA ၏ ဒုဥက္ကဌ ၁ ဗိုလ်ချုပ်စိုင်းယီက ပြောဆိုလိုက်သည်။
သျှမ်းအမျိုးသားတော်လှန်ရေးနေ့ကို မေလ ၂၁ ရက်နေ့က ကျင်းပခဲ့သည်။

RCSS/SSA ၏ ဒုဥက္ကဌ ၁ ဗိုလ်ချုပ်စိုင်းယီ

“အမျိုးသား ရေးလုပ်ငန်းတခုဖြစ်တဲ့ တော်လှန်ရေးဆိုရာမှာ စစ်ဝတ်စုံဝတ်ပြီး လက်နက် ကိုင် တိုက်နေတဲ့ တော်လှန်ရေးကိုဘဲ အားကိုးနေလို့ ခရီးမြန်မြန် မရောက်နိုင်ပါဘူး။ ဘယ်လောက်ဘဲ လက်နက်ကိုင် တိုက်ပွဲ ဝင်နေပါစေ၊ လူထုက ဗမာစကားကို မိခင်ဘာသာ စကားနဲ့အစားထိုးပြောနေရင်၊ ဗမာစကားကို မိခင်စကားနဲ့ ညှပ်ညှပ်ပြောနေရင်တော့ ကိုယ့်အမျိုးသားရေးမှာ ဗမာကစိုးမိုး နေပြီ။ အမျိုးသားရေးပျောက်ကွယ်မယ့်လမ်းဘဲလေ။”

လက်ရှိတွင် မြို့တွင်းမြို့ပြင် နေရာတိုင်းတွင် ဗမာစကားဖြင့်ပြောဆိုနေကြပြီဖြစ်ကြောင်း ၊ အမျိုးသားရေး လုပ် မိခင် ဘာသာ စကားအား ဗမာဘာသာစကားနှင့် ရောပြောပါက လက်နက်ကိုင် တော်လှန်ရေးသမားများအတွက် တန်ဖိုးမရှိ ဖြစ်ရကြောင်း၊ လူငယ်များ သတိထားရမည့် အရေးကြီးဆုံး အချက် ဖြစ်ကြောင်း ဗိုလ်ချုပ်စိုင်းယီ ကပြောသည်။

ထို့အပြင် တပ်သားသစ် စုဆောင်းမှုကြောင့် ကျေးလက်ရွာသားများ၏ သားများ သင်္ကန်းဝတ်ကာ မြန်မာပြည်သွား၍ ပညာသင်သွားသူများမှာလည်း ဗမာ့ပညာရေးစနစ်၊ ဗမာ့သာသနာနှင့် ဗမာ့ပါဠိ တို့ကို တတ်မြောက် အသုံးပြု လာသဖြင့် လည်း အမျိုးသားရေး တဘန်းရှုံး နေကြောင်း ပြောသည်။

“ မြို့မှာသွားနေတဲ့လူတွေဆိုရင် ပုဆိုးတွေဝတ်ကြတယ်။ အဲလိုဝတ်ထားတဲ့သူတွေ နီးနီးကပ်ကပ် မတွေ့ရင် ယောကျားလားမိန်းမလားဆိုတာ ခွဲလို့ကိုမိရဘူး။ အဲတာတွေက အစ ဝိုင်းဝန်းပြီး တော်လှန်ကြရမယ်။ ဒါတွေက အမျိုးသားရေးမဟုတ်လို့ တော်လှန်စရာ မလိုဘူးဆိုရင်တော့ ကျနော်တို့အကြောက်ဆုံးဖြစ်တဲ့ လူမျိုးနဲ့ ပြည်နယ်ကြီး ဆုံးရှုံး မှာ မလွဲပါဘူး” ဟုလည်း ဆိုပါသည်။

ထို့ကြောင့် တော်လှန်ရေးလုပ်ငန်းတွင် လက်နက်ကိုင်တော်လှန် ရေးတခုတည်းကိုဘဲ အားကိုးမနေဘဲ အဘက်ဘက်မှ တော်လှန်မှုလုပ်ငန်းနည်းမျိုးစုံဖြင့် လှုပ်ရှားဆောင်ရွက် သွား ရန်လည်း မိန့်ခွန်းတွင်မှာကြားသွားခဲ့သည်။

ခေတ်စနစ်အပြောင်းလဲမှုအတွက် အခြေခံဥပဒေပြင်ဆင်ရေး ခွန်ထွန်းဦးတိုက်တွန်း

Posted: 27 May 2015 08:50 AM PDT

လက်ရှိခေတ်စနစ်အတိုင်းသာ ဆက်သွားမည်ဆိုပါက နိုင်ငံရေးအင်အားစုများအပါအ၀င် အားလုံးသည် နောင်လာနောက်သားများအတွက် တာဝန်မဲ့လွန်းရာကျနေသဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေးအပါအ၀င် ခေတ်စနစ်ပြောင်းလဲနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစားကြရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ဥက္ကဌ  ခွန်ထွန်းဦးက တိုက်တွန်းပြောဆိုသည်။

ဓါတ်ပုံ- ၁၉၉၀ ရွေးကောက်ပွဲ  ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသော ခွန်ထွန်းဦး

ရန်ကုန်မြို့ ယုဒဿန်ခန်းမတွင် မေလ ၂၇ ရက် ယနေ့ကျင်းပသော ၁၉၉၀ ရွေးကောက်ပွဲ၏ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနား မိန့်ခွန်းပြောရာတွင် ခွန်ထွန်းဦးက တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

'လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျနော်တို့ဟာ တာဝန်မဲ့ရာကျနေပါ့ မယ်။ ဒီစနစ်ကြီးကို နောင်လာနောက်သားတွေအတွက်မသယ်သွားစေချင်တော့ပါဘူး။ ဖြစ်နိုင်ရင် ကျနော်တို့  အတတ်နိုင်ဆုံး အားစိုက်ပြီးတော့ ၀ိုင်းဝန်းလုပ်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်။ ' ဟု  ခွန်ထွန်းဦးက  တိုက်တွန်းပြောဆိုသည်။

လက်ရှိအခြေနေအရ အစိုးရသက်တမ်းတရပ် နှင့် လွှတ်တော်သက်တမ်းတရပ် ကုန်ဆုံးလာခါနီးအချိန်တွင် ကတိက၀တ်များမှာ မကြာခဏကြားနေရသော်လည်း ကတိမတည်မှုများစွာ ရှိနေသဖြင့် အားလုံး စုစည်းညီညွတ်ကြရန်လိုအပ်ကြောင်းလည်း ခွန်ထွန်းဦးက ပြောဆိုသည်။

အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက်အားလုံးစုပေါင်းဆောင်ရွက်ကြရမည် ဆိုရာတွင် နိုင်ငံရေးအင်အားစုများ သာမက လူထု လူတန်းစားအားလုံးကပါ ပါဝင်ကြရန်လိုအပ်ကြောင်း သျှမ်းတိုင်းရင်းသား ခေါင်းဆောင်က ပြောဆိုသည်။

'ဖြစ်စဉ်တွေအားလုံးမှာ ဥပမာ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာကလည်း လူထုကလည်းရ ချင်တယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေက အရချင်ဆုံးပါပဲ။ ဒါပေမဲ့ တော်တော်လေးကို ကြိုးစားရမဲ့ ကိစ္စတွေပါ။ကျနော်တို့လို နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးအဖွဲ့စည်းတွေလောက်က လုပ်နေရုံနဲ့မရပါဘူး။ လူထု လူတန်းစားအားလုံးက လုပ်ဆောင်ပေးမှသာလျှင် ဒီပန်းတိုင်က အမြန်ဆုံးရောက်မှာပါ'  ဟု ဦးခွန်ထွန်းဦးက ပြောသည်။

ရန်ကုန်မြို့တွင်  ကျင်းပသည့် ယင်းအခမ်းအနားမှာ ၁၉၉၀ ရွေးကောက်ပွဲကာလက အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များမှ စုပေါင်းကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး သက်ရှိထင်ရှားရှိနေဆဲဖြစ်သော လွှတ်တော်အမတ်ဟောင်းများ ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့မှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ၊ဆရာတော် သံဃာတော်များတက်ရောက်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲ ၂၅ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ကျင်းပသော်လည်း ယင်းအခမ်းအနားသို့ ယခုလက်ရှိအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တွင် တာဝန်ထမ်းဆောင်နေသူများနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ တာဝန်ရှိသူများ တက်ရောက်ခြင်း မရှိခဲ့ပေ။

၂၀၁၅ ရွေးကောက်ပွဲ နှင့်ပတ်သက်သည့် အသိပညာပေးအခမ်းအနား ပင်လုံတွင်ပြုလုပ်

Posted: 27 May 2015 02:32 AM PDT

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ မင်္ဂလာနောင်ကွတ်ကျောင်းတိုက်တွင် ပင်လုံမြို့ အရပ် ဘက် လူ့အဖွဲ့အစည်းများမှ ၂၀၁၅ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပြည်သူလူထုအား အသိပညာပေးခဲ့ကြောင်းသိရသည်။






အဆိုပါပြည်သူလူထု အသိပညာပေးခြင်းကို မေလ ၂၆ ရက် မှ ၂၉ ရက် အထိ ပင်လုံမြို့ နယ်အတွင်း၌ ကွင်းဆင်းအသိပညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အသိပညာပေး ရာတွင်  မဲဆန္ဒရှင်အမျိုးအစား ၃ မျိုးရှိကြောင်းရှင်းပြခဲ့သည်ဟု  ဖြူစင်မေတ္တာ နာရေးကူညီ မှု အသင်း ဦးသက်နိုင်ကဆိုသည်။


“ မဲစာရင်းမှာ မိမိနာမည်မပါရင် ပုံစံ ၃ နဲ့လျှောက်ထားရမယ်။ အချက်အလက်တွေ မမှန် ရင် ပုံစံ ၄-ဂ  နဲ့လျှောက်ထားရမယ်။ ကွယ်လွန်ပြီးသူများနဲ့ မဲပေးပိုင်ခွင့်မရှိသူတွေးပါဝ င် နေရင် အထောက်အထားနဲ့အတူ ပုံစံ ၄ နဲ့ကန့်ကွက်ရမယ်။”   ဟု ဦးသက်နိုင်ကပြောသည်။


သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် စိုင်းစွမ်စစ် က“ မဲစာရင်းတွင်မိမိနာမည်ပါရှိပြီး နာမည် စာလုံးပေါင်း မှားယွင်းခြင်း၊ မှတ်ပုံတင်နံပါတ် မမှန်ကန်ခြင်းအချို့ရှိခဲ့မယ် ဆိုရင် မဲပေး ပိုင်ခွင့်ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့်မှန်ကန်မှုရရှိဖို့အတွက် ပုံစံ ၄-ဂ ဖြင့်ပြင်ဆင်နိုင်ဖို့  တင်ပြရမှာဖြစ်တယ်။  သို့မှသာ မိဘပြည်သူများမဲပေးပိုင်ခွင့်အခွင့်အရေးကို ရရှိမှာဖြစ် တယ်”- ဟု ပြည်သူလူထုအား ရှင်းပြခဲ့သည်။


“ ကျနော်တို့ရဲ့ မျှော်မှန်းချက်ကတော့ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ CSO ဆိုတဲ့ လူမှု အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်ခွင့် မရခဲ့ပေမယ့် ယခု ၂၀၁၅ရွေးကောက်ပွဲမှာ တဒေါင့် တနေရာကနေ ပညာပေးဟောပြောခွင့်ရတဲ့ အတွက် ပြည်သူလူထုမှ ရွေးကောက်ပွဲ အသိ ပညာတိုးပွါးပြီး ရွေးကောက်ပွဲမသမာမှု လိမ်လည်မှုအချို့ လျှော့နည်းသွားနိုင်မယ်လို့ မျှော် မှန်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ် ” ဟု ပြောသည်။


ပင်လုံမြို့ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်တဦးကလည်း မဲဆိုကတည်းက အရေးကြီး ကြောင်းနှင့် မဲပေးသည့်အချိန်တွင် ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် မဲပေးရမည်ဖြစ်ကြောင်း ပြည်သူလူထုအား အသိပညာပေးခဲ့သည်ဟုဆိုပါသည်။

သျှမ်းသံတော်ဆင့်

unread,
May 29, 2015, 4:12:35 PM5/29/15
to thuau...@gmail.com

RCSS/SSA ဘာကြောင့် စစ်သင်တန်းတွေပေးပြီး ၊ စစ်အင်အားတွေစုနေသလဲ

Posted: 29 May 2015 06:41 AM PDT

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီလို့ခေါ်တဲ့ သျှမ်းပြည်တပ်မတော်တောင်ပိုင်းကနေပြီး တပ်သားသစ်တွေစုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေကတော့ ဒီရက်ပိုင်းတွေအတွင်း မီဒီယာ တွေမှာ တောက်လျှောက်ဆိုသလို တက်လာနေပါတယ်။ သျှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ နမ့်စန်နဲ့ လွိုင်လင်မြို့နယ်တွေက ကျေးရွာတွေမှာ လူသစ်စုဆောင်းတာတွေလုပ်နေတဲ့ အတွက် ဒေသခံ တွေ ထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဧရာဝတီ ၊ RFA စတဲ့ သတင်းဌာနတွေက ဖော်ပြကြ ပါတယ်။



တပ်သားသစ်တွေစုဆောင်းတဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးတာတွေလည်းရှိလည်းလို့ နမ့်စန် မြို့နယ် ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းတာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး RFA သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

ဒီလိုသတင်းမျိုးတွေ ပြီးခဲ့တဲ့ ၂၀၁၅ နှစ်စပိုင်းတုန်းကလည်း ထွက်ခဲ့ဖူးပြီး မိုင်းကိုင်မြို့နယ်ဘက်မှာ RCSS /SSA က လူသစ်စုဆောင်းမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးတာတွေရှိခဲ့တယ်လို့ သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြတာကိုလည်းတွေ့ဖူးပါတယ်။

 သျှမ်းတိုင်းရင်းသား အင်အားစုတွေကတော့ ခုလို တပ်သားသစ်စုဆောင်း စစ်သင်တန်းပေးမှုတွေ က သျှမ်းပြည်နယ် နေရာအနှံ့မှာ ဖြစ်နေတာလို့ ဆိုပါတယ်။ RCSS/SSA တာဝန်ရှိသူအချို့ကတော့ သျှမ်းလူငယ်တိုင်းစစ်ပညာတတ်ရမဲ့ ဆိုတဲ့ မူဝါဒကြောင့် စစ်သင်တန်းတွေပေးနေတာလို့ စာရေးသူကို ပြောကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတာ ကြည့်ရအောင်ပါ။

တကယ်တော့ RCSS/SSA ရဲ့နယ်မြေဟာလည်းဘဲ  သျှမ်းပြည်နယ်မြေပုံအတိုင်းကြည့်မယ်ဆိုရင် တောင်ကြီးအရှေ့ဘက်ကနေ ပင်လုံအနောက်ဘက် နောက်ထပ် နမ့်စန်နယ်နားလောက်အထိ ပွန်ချောင်းကို ကျော်ပြီး နယ်မြေစိုးမိုးမှုတွေလုပ်နေတဲ့ ပအိုဝ်းအမျိုးသား ပြည်သူ့စစ် PNO/PNA ရဲ့ တပ်တွေရှိနေသလို ၊ ထိုင်းမြန်မာ နယ်စပ်တလျှောက် ကိုကြည့်မယ်ဆိုရင်လည်း တာချီလိတ် အောက်ပိုင်းကနေ သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်အထိ UWSA ၀ တပ်ဖွဲ့ရဲ့ တောင်ပိုင်းတပ် တွေနဲ့  RCSS / SSA တပ် တွေအကြား တဖွဲ့က ဒီတောင်ကြားမှာ တပ်ထိုင်ရင် နောက်တဖွဲ့က ဟိုဘက်တောင်ကြားဆိုပြီး တပ်တွေက တဘက်နဲ့ တဘက်ကပ်ပြီးနေကြတာပါ။ တချို့နေရာတွေဆိုရင် ခြံစည်းရိုးခြင်းတောင်ကပ်နေပါတယ်။

ဝ တောင်ပိုင်းနယ်မြေကိစ္စကို ပြောရမယ်ဆိုရင် ဦးခွန်ဆာလက်ထက်ကို ပြန်သွားရမှာဖြစ်ပြီး မြေဆီသြဇာကောင်းပြီး ထိုင်းနယ်စပ်ထွက်ပေါက်ရှိတဲ့ သျှမ်းနယ်တွေကို တိုက်လို့နိုင်ရင် နိုင်သလောက်ယူဆိုပြီး ဗိုလ်ချုပ်ကြီးခင်ညွှန့်လက်ထက်က ခွင့်ပြုခဲ့တာကြောင့် ၀ တွေက အဲဒီနယ်တွေမှာ စတင်အခြေချခွင့်ရလာခဲ့တာပါ။  ၀ နဲ့ သျှမ်းလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေက ၁၉၉၃ လောက်ကနေ  ၂၀၀၄ ၊ ၂၀၀၅ ခုနစ်လောက်အထိကို ဖြစ်ခဲ့ပြီး မိုင်းတုံ ၊ မိုင်းဆတ်မြို့နယ်တွေထဲ အရေးပါတဲ့ နယ်စပ်တောင်ကြားတွေ စခန်းတွေကို ၀ တပ်ဖွဲ့က ရရှိခဲ့ပါတယ်။

 ဦးခွန်ဆာလက်ထက်တုန်းက ၀ ကိုတိုက်နိုင်ခဲ့ကြပေမဲ့ ဦးခွန်ဆာ အလင်းဝင်ပြီး ၁၉၉၆ ခုနစ် နောက်ပိုင်း ပြန်ဖွဲ့တဲ့ ဦးယွက်စစ်ရဲ့ SURA တို့ RCSS/SSA တို့လက်ထက်မှာတော့ သျှမ်းလက်နက် ကိုင်တွေဘက်က အင်အားသိပ်မကောင်းသေးတာကြောင့် နေရာတွေတော်တော်များများ ၀ ကိုပေး ခဲ့ရတာပဲဖြစ်ပါတယ်။

 RCSS/SSA နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ၀ က အခုချိန်မှာ ပြည်နယ်တောင်းနေသလို ၀ တောင်ပိုင်းကိုပါ နယ်မြေသတ်မှတ်ပေးဖို့အတွက်  ပြီးခဲ့တဲ့ ပန်ဆန်းညီလာခံမှာ တင်လာခဲ့ပါပြီ။ အဲဒီညီလာခံကို တက်ရောက်ခဲ့တဲ့ သျှမ်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ၀ ပြည်နယ်ကိစ္စကို သဘောထား ပေးနိုင် တာ မရှိပါဘူး။ အဓိကကတော့ စစ်တိုက်ပြီးယူထားတဲ့ တာချီလိတ်အောက်ပိုင်း လွယ်လန်းကနေ သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်အထိ ကျယ်ပြန့်တဲ့ ၀ တောင်ပိုင်းကိစ္စကြောင့်ပါပဲ။ RCSS/SSA ဌာန ချုပ် လွယ်တိုင်းလျှံက မိုင်းပန်မြို့နယ်ထဲမှာပါ။  အဲဒီ ၀ တောင်ပိုင်း နယ်မြေထဲမှာ ၀ ရဲ့ တပ်မဟာ (၅) ခုရှိနေပါတယ်။ ၀ မှာစုစုပေါင်း တပ်မဟာ ၈ ခုရှိတဲ့အထဲက ၅ ခုက အဲဒီနယ်မြေမှာ ရှိနေတာပါ။

အဲဒီ ၀ တောင်လို့ ခေါ်တဲ့ နယ်မြေအတွင်းမှာလည်း လားဟူ ပြည်သူ့စစ်တွေလည်း ရှိနေပါသေး တယ်။ ၂၀၁၁ ခုနစ် RCSS နဲ့ အစိုးရတို့အကြား အပစ်မရပ်မှီအထိ လားဟူ ပြည်သူ့စစ်တွေက တပ်မတော်ရဲ့ အသုံးတော်ခံ တွေပါပဲ။ အခုလားဟူပြည်သူ့စစ်တွေကလည်း မိုင်းတုံ၊ မိုင်းဆတ်၊ ပုံပါကျင်စတဲ့ ဒေသတွေမှာ အင်အားစုဆောင်းနေဆဲလို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါ့အပြင် RCSS နဲ့ SSA မြောက်ပိုင်းတို့ မပေါင်းနိုင်ဖို့နဲ့ အဆက်စပ်မရှိအောင် ရည်ရွယ်ပြီး သျှမ်းပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်တဲ့ လမ်းကြောင်းမှာရှိတဲ့ ခိုလန်ဒေသမှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဆိုပြီး တပ်မတော်စစ်ဌာနချုပ်တစ်ခုကိုလည်း ၂၀၀၈ လောက်ကစပြီး ဖွင့်လှစ်ခဲ့ပါတယ်။

 ပအိုဝ်းပြည်သူ့စစ်တွေကလည်း နယ်မြေသတ်မှတ်ထားတဲ့ နမ့်ပွန်ချောင်းအနောက်ဘက်ကမ်း ကနေ ချောင်းကို ကျော်ပြီး မိုင်းပွန် ၊ လွိုင်လင် အနောက်ခြမ်း ၊ ပင်လုံအနောက်ခြမ်း ဒေသတွေ အထိ နယ်မြေတိုးချဲ့လာခဲ့ပါတယ်။ မောက်မယ်နယ်ဘက်မှာတော့ ဦးခွန်မြင့်ထွန်းဦးဆောင်တဲ့ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ကို နမ့်ပွန်ချောင်းကို ကျော်ပြီး ကဒူးဆိုတဲ့ အရပ်မှာ ( အဲဒီနယ်မြေက RCSS/SSA ရဲ့ စိုးမိုးနယ်မြေထဲပါတယ်လို့ RCSS တာဝန်ရှိသူတွေကဆို ) အစိုးရဘက် က အခြေစိုက်ခွင့်ပေးတဲ့အတွက် တစ်ခါတရံမှာ PNLO တပ်တွေနဲ့ RCSS တို့အကြား တိုက်ခိုက်မှုတွေရှိပါတယ်။

ခေတ်အဆက်ဆက်မှာတော့ နမ့်ပွန်ချောင်းဟာ သျှမ်းနဲ့ ပအိုဝ်း တိုင်းရင်းသားတွေရဲ့နယ်မြေသတ် မှတ်မှု နယ်နိမိတ်ဖြစ်ပြီး ချောင်းအရှေ့ဘက်ကမ်းက သျှမ်းနယ်မြေ ၊ အနောက်ဘက်က ပအိုဝ်း နယ်မြေအဖြစ်သတ်မှတ်ခဲ့တာပါ။ အစိုးရနဲ့လည်း အပစ်ခတ်ရပ်စဲထားတယ်ဆိုပေမဲ့ အပစ်ခတ်ရပ် စဲရေး ပြုလုပ်ပြီးနောက်ပိုင်းမှာလည်း တိုက်ပွဲတွေက တစ်ခါတစ်ရံဖြစ်နေဆဲပါ။

RCSS/SSA ရဲ့ အမည်မဖော်လိုတဲ့ တပ်မှူး တဦးကတော့ ခုလို ကောက်ခံနေတာက သျှမ်းပြည် နယ် အတွင်း လူငယ်တွေ စစ်ပညာ မတတ်မနေရဆိုတဲ့ မူဝါဒကြောင့်သာဖြစ်ပြီး ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ဖို့ မဟုတ်ဘူးလို့ဆိုပါတယ်။ RCSS/SSA မှာ စစ်မှုထမ်း (၄) မျိုးရှိပြီး အမြဲတမ်း အမှုထမ်း ၊ ၅ နှစ်အမှုထမ်း ၊ ၃ နှစ်အမှုထမ်း  ၊ အရံစစ်မှုထမ်း ( သင်တန်းပြီး ကိုယ့်ဒေသကိုယ်ပြန်နေ) တို့ ဖြစ်တယ်လို့ အဲဒီ တပ်မှူးက ပြောပါတယ်။ ဒါ့အပြင် သင်တန်းတွေမှာ  မူးယစ်ဆေးပညာပေး ၊ နိုင်ငံရေး အသိပညာပေးတဲ့ သင်တန်းတွေလည်းပါတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ကို ပြန်ကြည့်ရင် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒအတွက် အချက် (၆) ချက် ထုတ်ပြန်ထားပြီး အဲဒီအချက်တွေထဲမှာ လူသစ် မစုရဆိုတာလည်း ပါဝင်ပါတယ်။

တကယ်တော့ ပြန်ကြည့်မယ်ဆိုရင် RCSS/SSA ဟာ ကေအန်ယူပြီးရင် အစိုးရနဲ့ ယုံကြည်မှု အဆောက်နိုင်ဆုံးအဖွဲ့ပါ။ ဒါတောင် စစ်ရေးအရ ပြင်ဆင်မှုတွေ ရှိနေခဲ့တာကတော့ ငြိမ်းချမ်းရေး အရသွားနေတဲ့ လမ်းကြောင်းမှာ သံသယ ၀င်နေသေးတာလားဆိုတာကလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒီလိုတပ်သားသစ်ကိစ္စတွေ ၊ စစ်သင်တန်းကိစ္စတွေကြောင့်လည်း ဒေသခံတွေအနေနဲ့ ၀န်ထုပ်ဝန်ပိုးဖြစ်နေတာကတော့ ငြင်းမရတဲ့ ကိစ္စတရပ်ပါပဲ။

လက်နက်ကိုင် အမူးသမားက ဒေသခံ အမျိုးသမီး တစ်ဦးကို ပစ်သတ်

Posted: 29 May 2015 01:27 AM PDT

တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာ အုပ်စု၊ ဟိုနား ကျေးရွာတွင် မေလ ၂၅ ရက်နေ့၊ ညနေပိုင်း က အရက်မူးနေသည့် စစ်သား တစ်ဦးက အသက် ၂၄ နှစ် အရွယ်ရှိ မရွှေပေါ် ဆိုသူ အမျိုးသမီး အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိသည်။


သေဆုံးသူမရွှေပေါ်အား ယင်းနေ့တွင်ပင် သဂြုင်္ိဟ်ခဲ့ကြောင်း  ဆိုပါသည်။


“အဲဒီကိစ္စ  ကျနော်တို့နဲ့ အတူတူဘဲ ဒေသခံ ရွာသားတွေလည်း မကျေမနပ် ဖြစ်နေကြတယ်။ သျှမ်းပြည်နယ် (နိုင်/ကျဉ်းဟောင်း အဖွဲ့) ကဦးဆောင်ပြီး သျှမ်းပြည်နယ် အစိုးရ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးအောင်သူ တို့ဆီကို လူသတ်မှု ကျူးလွန်ခဲ့သူကို  ထိရောက်စွာ အရေးယူပေးဖို့ စာတင်ထားပါတယ်။ သေဆုံးသူရဲ့  မိသားစုကို ထိုက်တန်တဲ့ နစ်နာကြေး ပေးဖို့ ကိုလည်း တိုက်တွန်းပြောဆိုပေးဖို့ တောင်းဆိုထားပါတယ်။” - ဟုမိသားစုဝင်တဦးကပြောသည်။


ကျည်ဆံထိမှန် သေဆုံးသူ မရွှေပေါ်တွင် ခင်ပွန်းဖြစ်သူ ကိုမောင်သိန်း နှင့် သုံးလသား အရွယ် ကလေးငယ် တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။


အမူးသမားသည် ဒေသတွင်းရှိ ပအိုဝ်း အမျိုးသား တပ်မတော် (PNA) မှ တပ်သားတဦးဖြစ် ကြောင်း သေဆုံးသူ မိသားစုဝင်များကပြောသည်။ သို့သော် သျှမ်းသံတော်ဆင့်မှ သီးခြားမတည်ပြုချက်မရရှိသေးပေ။


အလားတူ သျှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ထီပေါင်းကျေးရွာ အုပ်စု၊ ထာငိုရွာရှိ ကျေးရွာသူ ဒေါ်မမုတ်သည်လည်း ပြီးခဲ့သည့်လက အလားတူ ဒေသတွင်းလက်နက်ကိုင်အဖွဲ့မှ အဖွဲ့သားတချို့၏  ကြိုးတုတ် ရိုက်နှက်ခဲ့မှုအား အရေးယူပေးရန် မေလ ၂၂ ရက်နေ့က သျှမ်း ပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်ကြား ခဲ့သေးသည်။  

အုပ်စုအုပ်ချုပ်ရေးမှူးအား အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှဝင်ရောက်ပစ်ခတ် သေဆုံး

Posted: 29 May 2015 01:13 AM PDT

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်နမ့်အွန်ကျေးရွာကွန်ခိုက်အုပ်စုအုပ်ချုပ်ရေးမှူးကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှဝင်ရောက်ပစ်ခတ်ရာ ၃ ရက်အကြာတွင် သေဆုံးသွားကြောင်းသတင်းရရှိပါသည်။



သီပေါမြို့ အရှေ့ဘက် မိုင် ၂၀ ခန့် အကွာရှိ ကွန်ခိုက်အုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းစန်းလွင် ၄၈ နှစ်သည် နမ့်အွန် ကျေးရွာရှိ၎င်း၏ ကိုယ်ပိုင်အိမ်တွင် မေလ၂၄ ရက် ည ၈ နာရီကျော်က အမည်မသိ လက်နက်ကိုင် သူတဦး၏ ဝင်ရောက်ပစ်ခတ်ခြင်းခံခဲ့ရသည်။  ရင်ဘတ်တွင်သေနတ်ဒဏ်ရာရရှိသွားသော ၎င်းအား  လားရှိုးမြို့ ပြည်သူ့ ဆေးရုံသို့   ပို့ဆောင်ကုသပြီး ၄ ရက်အကြာ  မေလ ၂၈ ရက်နံနက်ပိုင်း၌ ကွယ်လွန်သွားကြောင်း  ဆေးရုံဝန် ထမ်းတဦးကပြောသည်။

 “ဘယ်သူမှန်းတော့ မသိလိုက်ဘူး။ အဲဒီလူကပုဆိုးနဲ့စွပ်ကျယ်အဖြူဝတ်ပြီးဆိုင်ထဲ ဝင်လာတယ်။ ပြီးတော့ သူ့လွယ်အိတ်ထဲက သေနတ်ကိုနှိုက်ပြီး ပစ်ထဲ့လိုက်တယ်။ သူက သေနတ်ကိုအပြင်မထုတ်ဘူး။ ဒါကြောင့်   သေနတ်က ဘာအမျိုးအစားလဲဆိုတာ မသိလိုက်ဘူး လို့ သူ့အိမ်ကလူတွေပြောတယ်။ ပြီးတော့ ဦးစန်းလွင်က  ကျနော်တို့ရွာမှာ အုပ်ချုပ်ရေးမှူး လာလုပ်တာသုံးနှစ်လောက်ရှိပြီ။ ” ဟု ဒေသခံရွာသားတစ်ဦးမှပြောသည်။

ဦးဆန်းလွင်သည် မေ ၂၈ ရက် နံနက် ၃ နာရီခွဲတွင် သေဆုံးသွားကြောင်း၊ မေ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် လားရှိုးဆေးရုံ၌ သဂြိုလ်မည်ဖြစ်ကြောင်း၊ ရက်လည် ဆွမ်းသွပ် တရားနာပွဲအား ရွာပြန်လုပ်မည်ဖြစ်ကြောင်း အသိုင်းအဝိုင်း တဦးကဤကဲ့သို့ပြောသည်။

ဦးဆန်းလွင်သည် သီပေါမြို့သားဖြစ်ပြီး နမ့်အွန်ကျေးရွာတွင်အိမ်ထောင်ပြုနေထိုင်ကာ ရပ်ကြီးရွာသူကြီးအုပ်ချုပ် ရေးမှူးအဖြစ် ခန့်အပ်ခြင်းခံရကြောင်း အကြောင်းသိသူဦးက ဤကဲ့သို့ပြောသည်။

‘သူကမကြာခဏပြောတယ်။ ဘယ်သူ့ကိုမှ မကြောက်ဘူးတဲ့။ ပစ္စတို သေနတ်လဲ ရှိတယ်တဲ့။ လူတွေကို  ထုတ်ပြ တယ်။ သူ့ကိုယ်ရေးကိုယ်တာနဲ့ ပြဿနာရှိခဲ့ဖူးသူကလာလုပ်တာလဲဖြစ်နိုင်တယ်လေ။  ဒါမှမဟုတ် ဒီဘက်မှာ လာပြီးလှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပြဿနာရှိအောင်လုပ်ချင်တဲ့ တတိယလက်သည်လဲဖြစ်နိုင်တယ်။ သူက အစိုးရ တပ်မတော်ရဲ့ အမာခံလို့လဲ သတင်းတွေထွက်နေတယ်။ ဟုတ် မဟုတ်တော့မသိဘူး” - ဟု ပြောသည်။

အဆိုပါဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့အများအပြားရှိ၏။ ရဲတပ်ဖွဲ့၊ အစိုးရတပ်ဖွဲ့၊ သျှမ်းတပ်ဖွဲ့၊ ပြည်သူ့စစ်တပ် ဖွဲ့တို့ အပြင် ပလောင်(တအာင်း) တပ်ဖွဲ့လည်း မကြာခဏ သွားလာလှုပ်ရှားမှုရှိသည်။

သျှမ်းသံတော်ဆင့်

unread,
May 30, 2015, 5:04:10 PM5/30/15
to thuau...@gmail.com

သီပေါ မြို့နယ်တွင် လှိုဏ်ခေါင်း ကြီးများ ဖောက်၍ ကျောက်မီးသွေး တူးဖေါ်

Posted: 30 May 2015 06:54 AM PDT

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် တောင်တန်း တောင်ကုန်းများအား လှိုဏ်ခေါင်းဖေါက် ၍  ကျောက်မီးသွေးများကို ကုမ္ပဏီကနေ့စဉ် တူးဖေါ် သယ်ယူနေသည်ဟု ဒေသခံများက ပြောသည်။





သီပေါမြို့နယ် အရှေ့တောင်ဘက်  နားနျုကျေးရွာအုပ်စု ဝမ့်နမ့်မ၊ ဝမ့်လုံ၊ ကွန်နား၊ ဝမ့်ပန်ငါး၊ ဆိုင်းခေါဝ် ကျေးရွာများအနီးတစ်ဝိုက်တွင် ထွက်ရှိသော ကျောက်မီးသွေး များကို လှိုဏ်ခေါင်း ဖေါက်၍ တူးဖေါ် နေသည်ဟု သိရသည်။


“လှိုဏ်ခေါင်းအကြီးကြီးဖေါက်ပြီး ကျောက်မီးသွေးတူးယူနေတာက နားကွန်ရွာမှာ။ လယ်ကွင်း နဲ့ ကျေးရွာတွေ အောက်မှာရှိတဲ့ ကျောက်မီးသွေးတွေကို နှိုက်ယူမယ်တဲ့။ ရွာသားတွေကလန့်နေတယ်။ ရွာအောက်များတကယ် လျှိုယူမလား။ အဲလိုဖြစ်ရင် ရွာများပြိုမလားပေါ့။ အဲဒါကို ဆိုင်ရာအာဏာပိုင်တွေကို သွားတိုင်ထားတယ်။ လာရောက်တားမြစ် ထားတယ်ပြောတယ်။ ဒါပေမယ့် ကျောက်မီးသွေး တင်ဆောင် တဲ့ကားတွေတော့ နေ့တိုင်းတွေ့နေသေးတယ်” - ဟု ရွာသား ဆွမ့်တာလိတ်း ကပြောသည်။


“ ကျောက်မီးသွေးလာမတူးခင်တုန်းကကုမ္ပဏီက ပြည်သူလူထုကို ဘာမှ မထိခိုက် မနစ်နာစေရဘူး။ ပြည်သူတွေကြုံတွေ့နေရတဲ့ လမ်း ၊ တံတား ၊ မြောင်း ပြဿနာ တွေကိုလည်း ကူညီဖြေရှင်း ပေးမယ်လို့သေသေချာချာပြောသွားတယ်”  ဟု ဒေသခံရွာအကြီးအကဲမှပြောသည် ။


လက်ရှိတွင် နောင်နွေးရွာ အထက်က ဆည် ပြိုကျမှုကြောင့် လယ်အတွင်း ရေသွင်းရန် အခက်အခဲ ကြုံတွေ့နေရကြောင်း၊ ကျောက်မီးသွေးတွင်းမှ ထွက်သည့် မြေများ  ချောင်းအတွင်း ဝင်ကုန်သဖြင့် ချောင်းရေပြောင်းလဲ စီးဆင်းကာ နမ့်မချောင်း  ပျက်စီးကြောင်း၊  ကျောက်မီးသွေးတွင်း တွင်ဝပ်နေသည့်ရေများကိုလည်း ကုမ္မဏီမှ စုတ်ထုတ်ကာ နမ့်မချောင်းအတွင်း ပို့လွတ်သဖြင့် နမ့်မချောင်းရေအား သောက်သုံး ရေအဖြစ် မှီဝဲနေသည့် ဒေသခံများ ရေရှည်အတွက် ကျန်းမာရေး ထိခိုက် လာမည်ကို အထူးစိုးရိမ်သည်ဟု နမ့်မရွာသား အိုက်ရှဲန်က ပြောသည်။


၂၀၁၃ ခုနှစ်ကလည်း  ဒေသခံပြည်သူများမှ နှစ်ရှည်တူးထားသော ကျောက်မီးသွေး တွင်းဟောင်း ကြီးအား မြေပြန်ဖို့ပေးရန် ဒေသခံလူထု စုပေါင်း လက်မှတ် ရေးထိုး တောင်းဆို ထားသော်လည်း ယနေ့တိုင် ကုမ္ပဏီများ လာရောက် ဖြေရှင်း ပေးခြင်း မရှိခဲ့ကြောင်း သိရသည်။ ကျောက်မီးသွေး တူးဖေါ်ရေး ငွေရည်ပုလဲ ကုမ္ပဏီ မန်နေဂျာဟောင်းက ရွာသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဟု ကတိ ကဝတ် ပေးထားသော် လည်း မန်နေဂျာသစ် ဦးအေးခိုင်က ၎င်းနှင့်မသက်ဆိုင်ဟု ရွာသားများအား ပြောခဲ့ကြောင်း ရွာသားများကပြောပါသည်။

UWSA ၀ ထိန်းချုပ် နယ်မြေ အတွင်း ရွေးကောက်ပွဲ ကျင်းပရန် မသေချာ

Posted: 30 May 2015 06:44 AM PDT

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နိုင်ငံသားစီစစ်ရေးကတ်ပြား ( မှတ်ပုံတင်) ရရှိထားသူ အလွန်နည်းပါးနေ သဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ  လက်ခံကျင်းပရန် အခက်ခဲများရှိနေ  ၀ ပြည်သွေးစည်းညီညွတ် ရေးပါတီ UWSP မှ ပါတီပြောခွင့်ရ ဦးအောင်မြင့်က ပြောသည်။

 ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ၂၃ နှစ်ပြည့်အခမ်းအနား
‘ ရွေးကောက်ပွဲအတွက် ကျန်တော်တို့ ၀ ဒေသမှာက မှတ်ပုံတင်ရှိတဲ့လူဦးရေက နည်းနည်း လေးပဲ ရှိတယ်။ ရွေးကောက်ပွဲ ကျင်းပရင် ဘယ်လို မဲသွားပေးကြမလဲ ။ မဲပေးဖို့အခက်ခဲရှိတော့ ရွေး ကောက် ပွဲလုပ်ဖို့လည်း အခက်ခဲရှိတယ်။  ‘ ဟု ဦးအောင်မြင့်က ပြောသည်။


ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီမှာ အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည်မှာ ၂၅ နှစ်တာ ကာလ သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ယင်း ၂၅ နှစ်တာကာလအတွင်းတွင် လူဦးရေ ၆ သိန်းအနက် ထောင် ဂဏန်းခန့်သာ နိုင်ငံသားစီစစ်ရေး ကတ်ပြား လက်ဝယ် ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။


‘ ၂၀၁၀ နီးတုန်းကလည်း တခါလာလုပ်ပေးတယ် မဲပေးနိုင်ဖို့ ဆိုပြီး ။ အဲဒီနောက်ပိုင်းတော့ အခြေနေတွေအရ မလုပ်နိုင်တော့ဘူး။  ဆက်ဆံရေးလည်း ပြတ်သွားတာကိုး ။ ဒီနှစ်မှာ အဖြူကတ်တွေကို ပြန်လှဲပေးထားတာ နဲ့ဆို စုစုပေါင်းလိုက်ရင် ပန်းရောင်ကတ်ရထားတာက ၆ ထောင် ကျော်ကျော်လောက်ပဲ ရှိသေးတယ် အခု ရွေးကောက်ပွဲက သိပ်မလိုတော့ဘူး မှီပါ့ဦးမလား ‘ ဟု ဦးအောင်မြင့်က မေးခွန်းထုတ်သည်။


ဝ ဒေသနေ ပြည်သူများ နိုင်ငံသားစီစစ်ရေး ကတ်ပြားရရှိရန်အတွက် အစိုးရနှင့် ၀ တပ်ဖွဲ့ တို့အကြား နှစ်ဖက် ဆက်ဆံမှုများ ပြန်လည်စတင်ခဲ့သည့် ၂၀၁၂ ခုနစ်လောက်မှစ၍ အစိုးရထံ တင်ပြခဲ့ပြီး ၂၀၁၄  က ပြုလုပ်ခဲ့သော ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူမှုကို ၀ ဒေသတွင် ပြုလုပ်နိုင်ခဲ့သည်။


၁၉၉၀ ပြည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၀  ရွေးကောက်ပွဲ များမှာမူ  ၀ ဒေသတွင် ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။


၂၀၀၈ အခြေခံ ဥပဒေပါပြဌာန်းချက်များအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတွင်  မြို့နယ် ၆ မြို့နယ်နှင့်  ခရိုင် ၂ မြို့နယ်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အတွက် ၁၂ ဦး ၊ ပြည်သူ့လွှတ်တော်အတွက်   ၆ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၂ ဦး အထိ တင်မြှောက်ခွင့်ရှိပါသည်။


၂၀၁၀ ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းကြောင့် ၀ ဒေသတွင် အစိုးရဘက်မှ ရွေးချယ်ထား သူများ ပါသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဦးစီးအဖွဲ့ ဖွဲ့စည်းထားနိုင်ခြင်း မရှိသော်လည်း ၄င်းတို့ဘာသာ ဖွဲ့စည်းထားသည့် ပြည်နယ်အစိုးရရှိနေသည်။


လာမည့် နိုဝင်ဘာလတွင် ကျင်းပရန်ရည်ရွယ်ထားသည့် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်း အတာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး စစ်မက်ပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသများတွင်ပါ ကျင်းပသွားနိုင်ရန် ကြိုးစားဆောင်ရွက်နေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဥက္ကဌ ဦးတင်အေးက ထုတ်ဖော် ပြောဆို ခဲ့သည်။


‘ ၀ အနေနဲ့ အခုအနေထားက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အချုပ်ခြာအာဏာ ပြင်ပမှာ ရှိနေဆဲပဲ။ သူ့အနေနဲ့ ပြည်နယ်လည်းတောင်းထားတာဆိုတော့ အချုပ်အခြာ အာဏာထဲမှာ ရှိနေခွင့် အတွက် ဆိုရင် ပြည်နယ်ပေးမှ အပြန်လှန်အားဖြင့် ရွေးကောက်ပွဲတို့ အစိုးရ အုပ်ချုပ်ရေး ယန္တရားတို့ကို ခွင့်ပြုဖွယ်ရှိနေတယ် ’ ဟု နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက မှတ်ချက်ပြုသည်။


၂၀၀၈ ဖွဲ့စည်းပုံအရ ကျန်တိုင်းရင်းသား ဒေသတော်တော်များများမှာ အာဏာခွဲဝေမှု ၊ ဥပဒေပြု ရေး ၊ သယံ ဇာ တအရင်းအမြစ်ခွဲဝေမှုတို့နှင့် ပတ်သက်၍ အနည်းငယ် ( သို့မဟုတ် ) လုံးဝ မရရှိ ခြင်းများ ရှိသော်လည်း ၀ ဒေသမှာ ကိုယ်ပိုင် အုပ်ချုပ် စီမံ ခန့်ခွဲခွင့် ရှိသော ဒေသအဖြစ် ရပ်တည် နေပြီး အစိုးရဌာနအချို့ အနေဖြင့် လည်း ၂၀၁၃ ခုနစ်နှောင်းပိုင်းမှသာ ၀ ဒေသတွင်ပြန်လည် ခြေချခွင့် ရရှိခဲ့သည်။


‘ ကျနော်တို့က မှတ်ပုံတင်တွေ သိပ်မရှိလို့ ရွေးကောက်ပွဲမလုပ်နိုင်လည်း ရွေးကောက်ပွဲအနိုင်ရလို့ ဘယ်အစိုးရ တက်တက် ကိုယ့်အစိုးရအဖြစ် လက်ခံ အသိမှတ်ပြု သွားဖို့တော့ ရှိနေပါတယ်။’ ဟုလည်း ၀ ဒေသခေါင်းဆောင်များ၏ မူဝါဒနှင့် ပတ်သက်၍လည်း UWSA ပြောခွင့်ရ ဦးအောင်မြင့်က ရှင်းပြသည်။

တောင်သူ လယ်သမားများ စိုက်ပျိုးရေးနှင့် နည်းပညာ ဖလှယ်ပွဲ လင်းခေး မြို့တွင် ဒုတိယ အကြိမ် ကျင်းပ

Posted: 30 May 2015 06:39 AM PDT

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် အတိသုခါရုံတောရကျောင်းတွင် ဒုတိယအကြိမ် တောင်သူလယ် သမား များ စိုက်ပျိုး ရေးနှင့် သက်ဆိုင်သည့် နည်းပညာများ  အသိပညာ နှီးနှောဖလှယ်ပွဲကို သုံးရက်ကြာကျင်းပပါသည်။

လင်းခေးမြို့နယ် အတိသုခါရုံတောရကျောင်းတွင် ဒုတိယအကြိမ် တောင်သူလယ် သမား များ စိုက်ပျိုး ရေးနှင့် သက်ဆိုင်သည့် နည်းပညာများ  အသိပညာ နှီးနှောဖလှယ်ပွဲ

လင်းခေးမြို့နယ် အတိသုခါရုံတောရကျောင်းတွင် ဒုတိယအကြိမ် တောင်သူလယ် သမား များ စိုက်ပျိုး ရေးနှင့် သက်ဆိုင်သည့် နည်းပညာများ  အသိပညာ နှီးနှောဖလှယ်ပွဲ


အသိပညာပေးနှီးနှောဖလှယ်ပွဲကို Shan Agricultural Development Group (S.A.D.G)  သျှမ်းတောင်သူ လယ်သမား စိုက်ပျိုးမှုဖွံ့ဖြိုးရေးအသင်းမှ ဦးဆောင်ပြီး ကျင်းပခဲ့ကြောင်း ဥက္ကဌဖြစ်သူ စိုင်းဆေဟန် ကပြောသည်။


“ကျနော်တို့ ဆွေးနွေးပွဲ ၃ ရက်လုပ်သွားမယ်။ ပထမနေ့က ရပ်ဝေး ရပ်နီးက လာတဲ့ ဧည့်သည် တွေကို စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ အပြန်အလှန် အသိပညာ ဖလှယ်သွားမယ်။ ဒုတိယနေ့ မှာတော့ သဘာဝ စိုက်ပျိုးနည်းနဲ့ သဘာဝ မြေသြဇာ လုပ်တဲ့နည်းတွေ ဆွေးနွေးပြီး လက်တွေ့ပြန် လုပ်ပြသွားမယ်။ တတိယနေ့မှာတော့ တောင်သူလယ်သမားကော်မတီ တွေဖွဲ့မယ်။ ပြီးတော့ ကွင်းဆင်းလေ့လာမယ် ” - ဟု ၄င်းကဆိုသည်။


သျှမ်းတောင်သူလယ်သမားများစိုက်ပျိုးမှုဖွံ့ဖြိုးရေးအသင်း နှီးနှောဖလှယ်ပွဲ ပထမနေ့တွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ  SNDP နှင့်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ UNDP၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD  တို့အပြင် လင်းခေးမြို့ ဌာနဆိုင်ရာများလည်း  တက်ရောက် ခဲ့ပါသည်။


လင်းခေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက “ ဒီလိုပညာပေးပွဲလုပ်တာအများကြီး ကောင်းပါတယ်။ အလားအလာကောင်းတယ်။ တဦးချင်းထက်အစုအဝေးနဲ့လုပ်တာအရမ်းကောင်း ပါတယ်။ ဒါကြောင့် အဲတာဟာ အများအတွက် အကျိုးရှိတဲ့အလုပ်ဘဲဖြစ်ပါတယ်။” - ဟု သျှမ်းသံတော်ဆင့် အားပြောပါသည်။


တောင်သူလယ်သမားများအသိပညာပေးနှီးနှောဖလှယ်ပွဲကိုမေလ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပပြု လုပ်ပြီး ပထမရက်တွင်ပင် ဆွေးနွေးပွဲ တက်ရောက်သူ ၁၀၀ ကျော်ရှိကြောင်းသိရသည်။


ယမန်နှစ်ကလည်း ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အထိ လင်းခေးမြို့ အတိသုခါရုံတောရကျောင်းတွင် ကျင်းပခဲ့ရာတွင်လည်း ဖိတ်ကြားထားသည့် ၁၃ မြို့နယ်မှ တောင်သူလယ်သမား ၁၀၀ ကျော်တက် ရောက်ခဲ့ပါသည်။

တအာင်းတပ်ဖွဲ့ နှင့်အစိုးရတပ်တို့ တိုက်ပွဲပြင်းထန်

Posted: 30 May 2015 06:28 AM PDT

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း အစိုးရတပ် နှင့် တအာင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွါးနေကြောင်း သိရပါသည်။

TNLA  တအာင်းတပ်ဖွဲ့
၂၀၁၅ မေလ ၂၈ ရက် နေ့က သိန္နီမြို့နယ် အနောက်မြောက်ဘက် ၁၆ မိုင်အကွာ လွယ်ဆိုင် ကျေးရွာအုပ်စု အတွင်း မွန်းလွဲ ၂ နာရီခန့်မှ ည ၆ နာရီ အခန့်အထိ တအာင်းတပ်ဖွဲ့ အား အစိုးရ တပ်က သွားရောက် တိုက်ခိုက်သည်ဟုဆိုသည်။


“အစိုးရဘက်က ကျနော်တို့နေတဲ့တောင်ကုန်းကိုလက်နက်ကြီး တွေနဲ့ ပစ်တယ်။ ၄ နာရီ တုန်းက တကြိမ် ၆ နာရီကတကြိမ်ပစ်တယ်။ တိုက်လေယာဉ်ကြီးတွေနဲ့လဲပစ်တယ်၊ နှစ်ဘက်သေကြေ ဒဏ်ရာရရှိတာတော့မသိရ သေးဘူ” - ဟု ပြန်ကြား ရေးဌာနမှူး ဗိုလ်ကြီးတအိုက်ကျော်ကပြောသည်။


ပြီးခဲ့သည့်အပတ်ကတည်းကလည်း နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအနီး  မူးယစ်ဆေးဝါး တိုက် ဖျက်ရေး တအာင်းတပ်ဖွဲ့ နှင့် လားရှိုးအခြေစိုက် အစိုးရတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးရာ  နမ္မတူမြို့တွင်း သို့ စစ်ပြေး ဒုက္ခသည် ၃၀၀ ထက်မနည်း ရောက်ရှိခဲ့ပါသည်။


တအာင်း(ပလောင်)တပ်ဖွဲ့ TNLA သည် အစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေးလက်မှတ်မထိုးရသေး သည့်အပြင် တပြည်လုံးငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲအတွက်ပြင်ဆင်နေသော တိုင်းရင်းသား များ အဖွဲ့ NCCT မှ နှုတ်ထွက်မည်ဟုလည်းသတင်းများထွက်နေပါသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 1, 2015, 5:04:57 PM6/1/15
to thuau...@gmail.com

ယာမြေကြောင့် မိမိကိုယ်ကိုမီးရှို့သူ၏ မိသားစု တပ်ပိုင်မြေကျူးကျော်မှုဟုဆိုကာ ထပ်မံတရားစွဲခံရ

Posted: 01 Jun 2015 09:31 AM PDT

မြေသိမ်းခံရမှုကြောင့် မိမိကိုယ်ကိုဓါတ်ဆီလောင်း မီးရှို့ဆန္ဒပြကာသေဆုံးသွားသူ ဦးမြင့်အောင်၏ မိသားစုဝင်များအား မိမိပိုင်မြေယာတွင် စိုက်ပျိုးရေးလုပ်ကိုင်နေပါလျှက် အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် ရ.ပ.ခ ပိုင်စိုက်ခင်းကျူးကျော်မှုဆိုကာ ဗိုလ်မှူးကြီး ၀င်းထွန်းအောင်က ရွှေညောင်ရဲ စခန်း တွင် အမှုဖွင့် တိုင်တန်းထားသည်ဟုသိရသည် ။

 မေလ ၂၂ ရက်နေ့က မီးလောင်မှုဖြင့် သေဆုံးသွားသည့် ဦးမြင့်အောင် 

ရပခ တိုင်းရုံးစိုက်ခင်းအဖြစ် သိမ်းပိုက်ခံရသည့် မိမိဘိုးဘွားပိုင်ယာမြေအား အာဏာပိုင်ဘက်မှ ပြန်မပေးသဖြင့် မိမိကိုယ်မိမိ ဓါတ်ဆီလောင်းမီးရှို့ဆန္ဒပြကာ သေဆုံးသွားသူ ဦးမြင့်အောင်၏ တူမ ဒေါ်မော်မော်ဦးနှင့် ဒေါ်စန်းမြင့်တို့သည် အသိမ်းခံရ မိမိတို့မြေတွင် ဆက်လက် စိုက်ပျိုးနေသည့် အပေါ် ဗိုလ်မှူးကြီး ၀င်းထွန်းအောင်က တပ်ပိုင်မြေအား ကျူးကျော်  စိုက်ပျိုးသည်ဟုဆိုကာ ၄င်းတို့နှစ်ဦးအား အရေးယူပေးပါရန် ရွှေညောင်နယ် မြေရဲစခန်းသို့ တိုင်တန်းထားသည့်အတွက် ရဲစခန်းမှ ၄င်းတို့နှစ်ဦးအား (ပ)၄၁/၂၀၁၅၊ ပြစ်မှု ၄၄၃ ၊ ၄၂၇ အရအရေးယူထားကြောင်း တာဝန်ရှိသူများထံမှ သိရှိရပါသည် ။

" ဒီလိုလုပ်ရပ်မျိုးဟာ လူသားချင်းစာနာမှုမရှိတဲ့လုပ်ရပ်ပဲ ၊ သေတဲ့လူကလည်း သေသွားပြီးပြီ ၊ဒီလို လုပ်ရပ်မျိုးကို ရှုတ်ချတယ် ၊ အားလုံးကလည်း လျစ်လျူရှုမထားပါဘူး၊ စောင့် ကြည့်နေကြပါ တယ် ။ ကျနော်တို့အနေနဲ့ အာမခံရအောင်နဲ့ ဥပဒေလမ်းကြောင်းအရ နစ်နာ သူမိသားစုတွေဘက်က အားလုံး ကူညီပေးဖို့အ ဆင်သင့်ပါ " ဟု တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုး ကပြောသည် ။

ရ.ပ.ခ ပိုင်စိုက်ခင်းအတွင်းကျူးကျော်စိုက်ပျိုးနေသူများအားစာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်း ကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များအားသက်သေအဖြစ်ထားကာ ကျူးကျော်ဝင်ရောက် စိုက်ပျိုး ခြင်းမပြုရန်အကြိမ်ကြိမ်သွားရောက် တားမြစ်သတိပေးသည်ဟုလည်း အာဏာပိုင်များက ဆိုပါသည်။  

မေလ (၂၁) ရက်နေ့ နံနက်(၇) နာရီ ၀န်းကျင်ခန့်တွင် ဦးမြင့်အောင် ဆိုသူ သည် " (ရ.ပ.ခ) ကသိမ်းယူထားတဲ့ ငါတို့ပိုင်မြေယာတွေပြန်ပေး ၊ ရေပူရွာ က ရာအိမ်မှူး နဲ့မြေတိုင်းစာရေး တို့အကျင့်ပျက်ခြစားမှုတွေကြောင့် ငါတို့ လယ်ယာမြေတွေဆုံးရှုံးသွားတာမကျေနပ်ဘူး " ဟူ၍ သေတမ်းစာရေးကာ အိမ်သားများမရှိချိန်တွင် မိမိကိုယ်ကိုဓါတ်ဆီလောင်း မီးရှို့ဆန္ဒပြကာ သေဆုံးသွားခဲ့မှုဖြစ်ပွားခဲ့ပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Jun 2, 2015, 5:17:54 PM6/2/15
to thuau...@gmail.com

ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်အောင်ဆန်းစုကြည် (NLD) မူဝါဒ ကွာသလဲ

Posted: 02 Jun 2015 09:25 AM PDT

ကျောင်းသား သမဂ္ဂ ကိစ္စအပေါ် NLD ရဲ့ သဘောထား နဲ့ ၂၀၁၅ ရွေးကောက် ပွဲ အတွက် NLD အနေနဲ့ တိုင်းရင်း သား ဒေသတွေမှာ ပါမချန် ယုတ်စွအဆုံး တိုင်းရင်းသား ရေးရာ ဝန်ကြီး နေရာတွေ အထိ ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုတဲ့ သတင်းတွေကတော့ လတ်တလောကာလအတွင်း NLD အပေါ် အခြား ဒီမိုကရက်တစ်အင်အားစုတွေနဲ့ ဝေဖန်စရာ ကိစ္စရပ်တွေဖြစ်လာနေတာပါ။



လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲနေတဲ့ အမျိုးသားပညာရေး ဥပဒေ ကြမ်းနဲ့ ပတ်သက်လို့ ကျောင်း ကောင်စီမှာ ကျောင်းသားသမဂ္ဂ ကိုယ်စား လှယ် ထည့်သွင်းသင့်မသင့်ဆိုတဲ့ အပေါ် မီဒီယာတွေရဲ့ မေးမြန်းမှု တွေ မှာ ကျောင်းသားတွေ ရဲ့ ပညာရေးဆိုင်ရာ ညှိနှိုင်းဆုံးဖြတ်မှုတွေမှာ ကျောင်း သား သမဂ္ဂ အဖွဲ့ဝင် ကျောင်းသား တွေနဲ့ အဖွဲ့ဝင်မဟုတ်သူ ကျောင်းသားတွေ ကို ခွဲခြားနေ တာဟာ ဒီမိုကရေစီနဲ့ ကိုက်ညီမှုမရှိတဲ့ အကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။


အဲဒီကိစ္စအပေါ်လေ့လာသူတွေနဲ့ အခြား ဒီမိုကရက်တစ် အင်အားစုတွေ ဘက်က တုံ့ပြန်ကြတာကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံ က ကျောင်းသားသမဂ္ဂတွေရဲ့ ဖြစ်ပေါ်လာပုံနဲ့ နိုင်ငံတကာက ကျောင်းသား သမဂ္ဂတွေဖြစ်ပေါ်လာပုံကို လုံးစေ့ပတ်စေ့ နားမလည်လို့ ဖြစ်တယ် ဆိုပြီး ဝေ ဖန် မှုတွေ ရှိနေပါတယ်။


နိုင်ငံရေး လေ့လာသူ တဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းက ဒေါ်အောင် ဆန်းစုကြည်ကို လိပ်မူပြီးပေးတဲ့ ပေးစာထဲမှာတော့ ဒေါ်အောင်ဆန်း စုကြည်ခုလို ပြောဆိုနေတာဟာ လွတ်လပ်ရေးမတိုင်မှီခေတ် ၊ လွတ်လပ်ရေး ရပြီးခေတ်ကနေ ၁၉၆၂ ခုနစ်အထိ ကျောင်းသားသမဂ္ဂရဲ့ အစဉ်အလာ သမိုင်းကြောင်းတွေကို လုံးစေ့ ပတ်စေ့ နားမလည်လို့ ဖြစ်တယ်ဆိုပြီး ကနဦးသုံးသပ်နိုင်တဲ့အကြောင်း ဖော်ပြထားပါတယ်။


ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ် ပါဝင်မှုဆိုတာ ကျောင်းသားထုရဲ့ ကိုယ်စားပြုမှုကို ထိခိုက်မှုမရှိဘူး ဆိုတာလည်း ရေးသားထားတာတွေ့ ရပါတယ်။


ဒါ့အပြင် ကျောင်းသားသမဂ္ဂအခန်းကဏ်ဏ္ဍနဲ့ ပတ်သက်ပြီး အလေးမထား တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေဟာ ၁၉၄၆ နဲ့ ၄၇ ခုနစ် တွေတုန်းက အသက် (၃၂) နှစ်အရွယ်သာရှိသေးတဲ့ ဗိုလ်ချုပ် အောင် ဆန်း ရဲ့ ခြေဖျားကို မမှီသလို ဒီချုပ်ရဲ့ အခြား ခေါင်းဆောင်တွေကို ကြည့်မယ်ဆိုရင်လည်း ဗိုလ်ချုပ်နဲ့ ခေတ်ပြိုင် ခေါင်းဆောင်တွေ ဖြစ်တဲ့ သခင်မြ ၊ ဦးဘဝင်း ၊ မိုင်းပွန်စော်ဘွား ၊ ဦးရာဇတ် ၊ မန်းဘခိုင်တို့လို ခေါင်းဆောင်တွေ ကို လုံးလုံးလျားလျားမတွေ့ရဘူးလို့ ဆိုထားတာတွေ့ရပါတယ်။


ကျောင်းသားသမဂ္ဂကိစ္စနဲ့ အပြိုင်ဆိုသလိုပဲ ၂၀၁၅ နှစ်ကုန်မှာ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းရင်း သားနယ်မြေတွေမှာပါ NLD အနေနဲ့ ယှဉ်ပြိုင်သွားဖို့ ရှိနေတယ်ဆိုတဲ့ သတင်းကလည်း ဒီမိုကရက်တစ် အင်အားစုတွေနဲ့ တိုင်းရင်းသားအင်အား စုတွေက NLD အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။


တချို့ကဆိုရင် NLD အနေနဲ့ ပါတီကြီးဝါဒကို ကျင့်သုံးနေတာဖြစ်ပြီး ဒီမူဝါဒဟာ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းပေါ်လာမဲ့ လွှတ်တော်မှာ ဒီမိုကရက်တစ် အင်အားစုတွေ အားကောင်းရေး ဆိုတဲ့ လမ်းကြောင်း က သွေဖယ်နေသလို တိုင်းရင်းသား နယ်မြေ တွေမှာပါ မဟာမိတ်မထားပဲ ယှဉ်ပြိုင်ဖို့ ရည်ရွယ်နေတာဖြစ်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း ကို ရှေ့ထားပြီး ပြည်သူ့မေတ္တာကို ရယူနိုင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဗိုလ်ချုပ်ရဲ့ မူဝါဒတွေနဲ့ သွေဖီနေတယ်လို့ ဆိုကြပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဦးဆောင်နေတဲ့ ပါတီဖြစ်တဲ့ NLD အနေနဲ့ ဗိုလ်ချုပ်ရဲ့ မူဝါဒတွေနဲ့ တကယ်ပဲလွဲချော်နေသလား ဆိုတာ လေ့လာကြည့်ရအောင်ပါ။


ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားအခွင့်ရေးတိုက်ပွဲကျောင်းသားသမဂ္ဂ ကိစ္စ နဲ့ ကျောင်းသားအခွင့်ရေးအတွက် ကျောင်းသားတွေ သပိတ်စမှောက် ကတည်းက NLD နဲ့ တခြားအင်အားစုတွေအကြား မကျေလည်စရာေ တွ ဖြစ်နေခဲ့တာတော့အမှန်ပါပဲ။ သပိတ် မှောက် တဲ့အထိ အားပေးအားမြောက် ပြုသင့်မပြုသင့်လို့ မဆိုလိုပေမဲ့ ပညာရေး ဥပဒေ ဆွေးနွေး ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ခဲ့ပြီးမှ ကျောင်းသားတွေ ဘက်က မရှိတဲ့ ဥပဒေတရပ်ပေါ်လာခဲ့တာကတော့ မေးခွန်း ထုတ်စရာ ဖြစ်နေ ခဲ့ပါတယ်။ သပိတ်မှောက်နေတဲ့ ကာလတွေအတွင်း အန်အယ်လ်ဒီ ပညာရေး ကော်မတီက ဒေါက်တာသိန်းလွင်ကို အန်အယ်လ်ဒီကနေ ထုတ်ပစ် လိုက်တာ ကနေ စလို့ ဥပဒေပြန်လည်ပြင်ဆင်ရေးအတွက် လွှတ်တော် အတွင်း ဆွေးနွေးမှုတွေ အထိ အန်အယ်လ်ဒီ အမတ်တွေရဲ့ ကျောင်းသားတွေဘက်က ရပ်တည်ချက် ကတော့ တော်တော်လေး မေးခွန်း ထုတ်စရာ ကောင်းနေ ပါတယ်။


တကယ်တော့ ကျောင်းသားသမဂ္ဂဆိုတာ ကိုလိုနီခေတ်သမိုင်းနဲ့ ပြန်ယှဉ်ကြည့်မယ်ဆိုရင် အင်္ဂလိပ်အလို တော်ရိနဲ့ အင်္ဂလိပ်အစိုးရက ကျောင်းသားသမဂ္ဂတွေကို မျက်မုန်းကျိုးခဲ့ပြီး အဲဒီသမဂ္ဂတွေကို ၊လွတ်လပ်ရေး ၊အ မျိုးသားရေးနဲ့ အမျိုးသား ပညာရေးကိုလိုလားသူတွေက ဦးစီးလုပ်ခဲ့ကြတာပါ။
တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကိုလိုလားတဲ့ အဲဒီကျောင်းသား သမဂ္ဂတွေကို အင်္ဂလိပ်တွေက အပုပ်ချခဲ့ကြပြီး အလိုတော်ရိတွေနဲ့ အင်္ဂလိပ် အရာရှိ သားသမီးတွေ ကလည်း သမဂ္ဂဝင်ကျောင်းသား ၊ ကျောင်းသူတွေကို ရှောင်ရှားခဲ့ကြတာပါ။

ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးနု ၊ ဦးရာရှစ် ၊ ကိုဗဟိန်းစတဲ့ ခေါင်းဆောင်တွေဟာလည်း ကျောင်း သားသမဂ္ဂတွေက ထွက်ပေါ်ခဲ့တာဖြစ်ပြီး လွတ်လပ်ရေးရပြီးခေတ်မှာလည်း ထင်ရှားတဲ့ တိုင်းရင်းသား ခေါင်းဆောင်အချို့က အဲဒီကျောင်းသား သမဂ္ဂတွေကပဲ ပေါ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။


နောက်ဆုံး အာဏာရှင်ဦးနေဝင်းတက်လာတဲ့အထိ ကျောင်းသားသမဂ္ဂရဲ့ အရေးပါမှုကို သိမြင်တဲ့အတွက် သမဂ္ဂအဆောက်အုံကိုပါ ဖျက်ဆီးခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ပြန်ကြည့်မယ်ဆိုရင်အနာဂတ်နိုင်ငံရေး ခေါင်းဆောင်တွေကို မွေးထုတ်ပေးလေ့ရှိတဲ့ နေရာဖြစ်တဲ့ ကျောင်းသားသမဂ္ဂတွေဟာ လွတ်လပ်ပြီးခေတ်မှာ ဆိုရင် ကျောင်းသားမှန်ရင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ဖြစ်ရမယ်ဆိုတာ သတ်မှတ်ခဲ့တာကို ကြည့်မယ် ဆိုရင် ဒေါ်အောင် ဆန်းစုကြည်ပြောသလို သမဂ္ဂအဖွဲ့ဝင်မဟုတ်သော ကျောင်းသား နဲ့ ကျောင်းသား သမဂ္ဂက ရှေး ယခင် ကတည်း ကွဲပြားမှုမရှိဘူးလို့ သုံးသပ်နိုင်တယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ဆိုပါတယ်။


‘တကယ်တော့ ကျောင်းသား သမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်တွေပဲဗျ။ ဗိုလ်ချုပ်သာ ရှိမယ်ဆိုရင် ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်တဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့မှတ်ချက်ကို ကြည့်ပြီး အလွန်စိတ်ဆင်းရဲမယ် -လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။


ဒါ့အပြင် လွတ်လပ်တဲ့ သမဂ္ဂအသင်းပင်းအဖွဲ့စည်းတွေ ကသာ မြန်မာ့နိုင်ငံရေး ကို အားကောင်းမောင်းသန် နိုင်မှာ ဖြစ်တဲ့ အတွက် ကျောင်းသား သမဂ္ဂအတွက် NLD ရဲ့ သဘောထားက မေးခွန်းထုတ်စရာရှိတယ်လို့ ၈၈ မျိုးဆက် လည်း ဖြစ် ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူ တဦးလည်း ဖြစ်တဲ့ ကိုဗသက်အောင်က ပြောပါ တယ်။


‘ အခုက ကျောင်းသားတွေအချင်းချင်းမကွဲကွဲအောင် သမဂ္ဂ သုံးခုထဲကမှ ဟိုသမဂ္ဂကိုဆွဲထုတ် ဒီသမဂ္ဂကို ဆွဲထုတ်နဲ့ အန်အယ်လ်ဒီလုပ်နေတာ ကိုကြည့်ရင်တော်တော်တရားကျဖို့ကောင်းတယ်။ အုပ်စုတွေကွဲအောင် လုပ်တယ်ဆိုတာ ခေတ်အဆက်ဆက် ဘယ်သူတွေ လုပ်ခဲ့တာလည်း ဆိုတာ လူတိုင်း သိတယ်။’ ကိုဗသက်အောင် က ပြောပါတယ်။ ဒါကတော့ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ပါ။


အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ မူဝါဒ

ဗိုလ်ချုပ် အောင်ဆန်း ရဲ့ ‘ ခင်ဗျားတို့ တောင်ပေါ်သားတွေကို အင်္ဂလိပ်ကျွန်ဘဝမှာ မနေစေချင်သလို ၊ဗမာလူမျိုးတွေရဲ့ ကျွန်ဘဝမှာလည်း မနေစေချင်ဘူး။ တန်းတူ ရည်တူ ဆက်ဆံပါ့မယ်။ ဗမာတကျပ်ရရင် ရှမ်းလည်း တကျပ်ရစေရမယ် ‘ ဆိုတဲ့ အတွက် ကြောင့်လည်း ပင်လုံညီလာခံကို တက်ရောက်ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အနေနဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်မယ်ဆိုရင်းလည်း မှားမယ် မထင်ပါဘူး။


မြန်မာ့လွတ်လပ်ရေးနဲ့ ခေတ်သစ် မြန်မာနိုင်ငံဖြစ်ပေါ်လာဖို့အတွက် အခရာကျခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုမှုကို ပြန်ကြည့်မယ် ဆိုရင် ပြည်မဒေသမှာနေထိုင်တဲ့ ဗမာလူမျိုးတွေနဲ့ အတူ လက်တွဲပြီး လွတ်လပ်ရေး ရယူဖို့အတွက် ဗိုလ်ချုပ် အောင်ဆန်းက တန်းတူအခွင့်ရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေ ပေးမယ်ဆိုပြီး တောင်းတန်း ဒေသနေ တိုင်းရင်းသားတွေကို စည်းရုံးခဲ့တာ ဖြစ်ပါတယ်။


အဲဒါကြောင့်လည်း လွတ်လပ်ရေးရယူတဲ့အချိန်မှာ တိုင်းရင်းသားဒေသတွေဟာ ပြည် မဒေသနဲ့အတူ မြန်မာနိုင်ငံထဲမှာ တပါတည်း ပါလာခဲ့တာဖြစ်ပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်သွားခဲ့တဲ့အတွက် ဖြစ်ခဲ့တာ မဖြစ်ခဲ့တာက အပထားပါ။ ဗိုလ်ချုပ်ရှိခဲ့စဉ် အတွင်း မှာကိုပဲ ဗိုလ်ချုပ်အနေနဲ့ တိုင်းရင်း သားတွေ ရဲ့ ယုံကြည်ကိုးစားမှုကိုကို တကယ်ရယူနိုင်ခဲ့တယ် ဆိုတာ ငြင်း မရနိုင်တဲ့ ကိစ္စပါ။ ဗိုလ်ချုပ် ရှိနေစဉ် အတွင်းမှာကိုပဲ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ပြတ်သားတိကျတဲ့ မူဝါဒတွေ ချမှတ်ခဲ့တာ နောက်တိုင်း ရင်းသားတွေကို တန်းတူရည်တူ ဆက်ဆံ ခဲ့တာတွေ ကြောင့်လည်း ဗိုလ်ချုပ်ကို တိုင်းရင်းသား အင်အားစုတွေ အနေနဲ့ လေးစားမှုရှိခဲ့တာဖြစ်တယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဗိုလ်ချုပ် အနေနဲ့ တိုင်းရင်းသားဒေသတွေကို သွားရောက်စည်းရုံးခဲ့ရာမှာလည်း တန်းတူရည်တူဆက် ဆံပြီးသွား ရောက်ခဲ့ တာပါ။


၂၀၁၀ နောက်ပိုင်းအခြေနေကို ပြန်ကြည့်မယ်ဆိုရင် အန်အယ်လ်ဒီအနေနဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ အနေထားနဲ့ ပတ်သက်လို့ ကောင်းမွန်တဲ့ မူဝါဒချမှတ်နိုင်တာ မရှိဘူးလို့ လေ့လာသူတွေက ဆိုကြပါတယ်။ ပါတီထဲမှာ တိုင်းရင်းသားရေးရာဌာနဖွဲ့ထားပေးမဲ့ ပြောပလောက်တဲ့ စွမ်းဆောင်မှု မျိုးမတွေ့ရပါသလို အလုပ် အမှုဆောင်အဖွဲ့မှာလည်း တိုင်းရင်းသားတွေ ပါဝင်မှု တော်တော်နည်းပါတယ်။


လွှတ်တော်အတွင်းဝင်ရောက်ခဲ့ပြီးနောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်နာယက ဦးရွှေမန်းဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ ပိုမိုအလွမ်းသင့်လာခဲ့ပြီး ယခင်က ပုံမှန်ဆက်ဆံရေးရှိခဲ့တဲ့ ၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီတွေနဲ့ တောင် အလွမ်းမသင့်တော့ပါဘူး။


ဒုတိယ ပင်လုံကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ သွားမယ်လို့ အန်အယ်လ်ဒီ ဘက်က ဆိုခဲ့တာ ဖြစ်ပြီး ကချင်စစ်ပွဲတွေအတွင်း ဒုက္ခသည်တွေ သိန်းချီ ရှိနေ တာတောင် ဘာအသံမှ မထွက်ခဲ့ပါဘူး။


၂၀၁၄ လောက် အထိ ကာလတွေကို ပြန်ကြည့်ရင် တိုင်းရင်းသားတွေ ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့် ချက် တော်တော် ကြီးကြီး မားမား ထားတာ တွေ့ရ ပါတယ်။ ရန်ကုန်ကိုလာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေရဲ့ ခေါင်းဆောင်တိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့မဖြစ်တွေ့ရမဲ့ သူအဖြစ် ၀င်ရောက်တွေ့ ဆုံကြ သလို အပစ်ခတ်ရပ် စဲရေးနဲ့ ဆက်စပ်ကျင်းပမဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အတွက် မူဘောင်ရေးဆွဲရာ မှာ လည်း အန်အယ်လ်ဒီတို့လို ဒီမိုကရက်တစ်အင်အားစုတွေအတွက် ကျန် တဲ့ ပါတီတွေထက် အထူး ဦးစားပေး အနေနဲ့ နေရာပိုပေးဖို့အထိ ကိုသူတို့ရေး ဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေမှာ ထည့်သွင်းထား တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်က ဆိုကြပါတယ်။ NLD ဘက်က ရေးဆွဲထားတဲ့ မူဘောင်မှာတော့ လူဦးရေ တထောင်ကျော် ၊ ၁၅၀၀ လောက်တက်ရောက်မဲ့ နိုင်ငံရေးဆွေးနွေးမှုတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အတွက် ကိုယ်စားလှယ် ၁၀၀ သာ တက်ရောက်ခွင့်ပေးဖို့ ရေးဆွဲထားတယ်လို့ သိရပါတယ်။


အခုလို ရွေးကောက်ပွဲကာလနီးကပ်လာချိန်မှာတော့ တိုင်းရင်းသားရေး ရာဝန်ကြီး နေရာ တွေမှာပါ NLD က ၀င်ပြိုင်တော့မယ်လို့ ဆိုလာတဲ့အပြင် တိုင်းရင်းသား ပါတီတွေနဲ့ မဟာမိတ်လုပ်ဖို့လည်း မရေရာတဲ့အခြေနေ ကို ရောက်လာခဲ့ပါတယ်။ မဲရ နိုင်တဲ့ မဟာမိတ်ဟောင်း တိုင်းရင်းသား ပါတီေ တွနဲ့ ပါထိပ်တိုက်ပြိုင်ရမဲ့ အခြေနေကို ရောက်နေတယ်လို့ ၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေက ဆိုကြပါတယ်။ ဒါ့အပြင် NLD အနေနဲ့ ၄ နှစ်လုံးလုံး ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စနဲ့ တိုင်းရင်းသားအရေးတွေ မှာ ငြိမ်သက်နေ ရာကနေ အခုလတ် တလော ပြု လုပ်လာခဲ့တဲ့ တိုင်းရင်း သားဒေသခရီးစဉ်တွေမှာတော့ ပြည်ထောင်စုပါတီ NLD ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲဆွယ်မှုတွေလုပ်လာတာကတော့ တိုင်းရင်းသား ပါတီတွေ အင်အားစုတွေဘက်က မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။


‘ အခုထိ NLD အနေနဲ့ ကျန်တော်တို့လို မဟာမိတ်ဟောင်းတွေနဲ့ ဘာ မှ ရေရေ ရာရာ ဆွေးနွေးနိုင်တာ မရှိသေး ဘူး။ ထိပ်တိုက် လည်း ပြိုင် ရမလိုဖြစ်နေတယ်။ ဒုတိယ ပင်လုံညီလာ ခံသွားမယ်ဆိုတာလည်း ဒေါ်အောင်ဆန်း စုကြည်က စခဲ့တာပဲ။’ လို့ NLD ရဲ့ မဟာမိတ်ဟောင်းပါတီ ဖြစ်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေ အတွင်း ရေးမှူး ပူးလ်ဂင်ကမ်းလျှံက ပြောပါတယ်။


လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး ပြသနာတွေ ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရေး ၊ အသွင်ကူပြောင်းမှု ခိုင်ခိုင်မာမာ ဖြစ်ပေါ် လာစေရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေး တို့လို့ ကိစ္စရပ်တွေဖြစ်ပါ တယ်။ အဲဒီကိစ္စတွေ အားလုံး ကလည်း ဆက်စပ်နေတာပါ။


အဲဒီလိုအခြေနေမှာ အစိုးရသက်တမ်းလက်ကျန်ကာလကလည်း သိပ်မကျန် တော့တဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင် ရေး ကလည်း မရေရာလှတော့ပါဘူး။ တဆက်တည်းမှာလည်း နောက်လာမဲ့ အစိုးရသက်တမ်းနဲ့ လွှတ်တော် တွေ မှာ ဒီမိုကရက်တစ်အင်အားစုတွေ အားကောင်းရေးဆိုတာကလည်း တော်တော့ကို အရေးပါလာပါတယ်။ အဲဒီအနေထားတွေပေါ်မူတည်ပြီး ဖွဲ့စည်းပုံပြင်ဖို့တို့လို ကိစ္စတွေက ဆုံးဖြတ်ရမှာပါ။ ပြည်နယ်လွှတ်တော်တွေ အစိုးရတွေမှာ လည်း ဒေသခံမျိုးနွယ.်စုတွေက တင်မြောက်သူတွေ အားကောင်းလာဖို့ လိုနေတာကလည်း ငြင်းမရတဲ့ ကိစ္စဖြစ်ပါတယ်။


အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ၊ NLD တို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိနေတာ ကတော့ သူရဦး ရွှေမန်း ၊ ဦးအောင်သောင်းတို့ရဲ့ ပြည်ခိုင်ဖြိုးအင်အားစု အချို့ပါပဲ။ လွှတ်တော်ကနေ သမ္မတ ရွေးရတဲ့ သမ္မတရွေးချယ်မှုမှာ ကိုယ်စားလှယ် များများ ရနိုင်တဲ့ NLD ဟာ ရွေးကောက်ပွဲမှာ မဲများများ မရနိုင်တဲ့ ဦးရွှေမန်းတို့ အုပ်စုအတွက် အရေးပါတာတော့အမှန်ပါပဲ။ ဒါပေမဲ့လည်း ပြည်ခိုင်ဖြိုးပါတီထဲမှာတင် သမ္မတကို ထောက်ခံတဲ့ အုပ်စု ၊ ဦးရွှေမန်းအုပ်စုဆိုတာမျိုးတွေ ကွဲနေပြန်တယ်လို့ ဆိုကြပါတယ်။


‘ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူပေါင်းမမှားဖို့လိုတယ်။ သူလူပေါင်းမှားရင် ဒုက္ခတွင်းထဲက ချက်ခြင်း ထွက်နိုင်မှာ မဟုတ်ဘူး ငါးနှစ်တာ ခံရဦးမှာပဲ။ ဒေါ်စုအပေါင်းမှန်ရင် သူ့ပါတီက ၅၀ ရာနှုန်းရတယ်ဆိုပါစို့ ၊ အပေါင်းမှန်ရင် တိုင်းရင်းသားတွေနဲ့ ပေါင်းလိုက်ဦး ဒုက္ခတွေထဲက လွတ်ဖို့ လမ်းပေါ်လာလိမ့်မယ် ‘ လို့ အန်အယ်လ်ဒီက ခွဲထွက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက ပြောပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းမူဝါဒနဲ့ ကွာဟနေဆဲ

ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းရင်းသားတွေကို ချဉ်းကပ်ပုံနဲ့ အခု NLD ရဲ့ ချဉ်းကပ်ပုံကို ပြန်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်အနေနဲ့ တောင်တန်းဒေသတွေကို သွားခဲ့တာက တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူ အခွင့်ရေးပေးပြီး ညီညွတ်မှု တွေနဲ့အတူ အင်အားကြီးတဲ့ ရန်သူကို ရင်ဆိုင်ပြီး လွတ်လပ်ရေးယူဖို့ သွားခဲ့ တာဖြစ်ပြီး အန်အယ်လ်ဒီလို အဲဒေသတွေမှာ မဲယူပြီး ကိုယ့်ကိုယ်စားလှယ်တွေကို တင်မြောက်ဖို့သွားခဲ့တာ မဟုတ်ဘူးလို့ လေ့လာသူတွေက ဆိုကြပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း အနေနဲ့ လွတ်လပ်ရေးရပြီးရင် စာရေးဆရာသာလုပ်မယ် လို့ ပြောခဲ့ပြီး ဘယ်တော့မှ သမ္မတ ဖြစ်ချင်တယ်လို့ မပြောခဲ့ပါဘူး။


ဒါ့အပြင် ကျောင်းသားအင်အားစုတွေ၊ ကျန်ဒီမိုကရက်တစ်အင်အားစုတွေနဲ့ ဆက်ဆံရေးတွေကို ကြည့်မယ်ဆို ရင် လည်း အန်အယ်လ်ဒီအနေနဲ့ ပါတီကြီးဝါဒကို ကျင့်သုံးနေဆဲဖြစ်တဲ့အတွက် ဒီမိုကရက်တစ်အင်အားစုတွေ ခိုင်မာအားကောင်းရေးမူနဲ့ ဆန့်ကျင်နေတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
‘ ဗိုလ်ချုပ်က အင်အားကြီးတဲ့ ရန်သူတွေကို ရင်ဆိုင်ဖို့ ဖဆပလကို ဖွဲ့ခဲ့တာက တပ်ပေါင်းစု အနေနဲ့ ရင်ဆိုင်ဖို့ ဖွဲ့ခဲ့တာ။ သူကိုယ်တိုင် တည်ထောင်ဖူးတာဆိုလို့ ကွန်မြူနစ်ပါတီပဲ ရှိတယ်။

ဖဆပလ ဖွဲ့တော့ သိတဲ့အတိုင်းပဲ ပြည်သူ့အရေးတော်ပုံပါတီ ၊ ကွန်မြူနစ်ပါတီ တို့အပါဝင် ကျန်ပါတီတော်တော်များများလည်း ပါလာသလို တခြားတိုင်း ရင်းသားတွေ ကိုလည်း စည်းရုံးနိုင်ခဲ့တယ်။ နေရာပေးနိုင်ခဲ့တယ်။ အခုလည်း အင်အားကြီးတဲ့ သူတွေနဲ့ ရင်ဆိုင်နေရတာပါပဲ။ ဒီအချိန်မှာ မဟာမိတ်တပ်ေ ပါင်း စု အနေနဲ့ မသွားပဲ ပါတီကြီးဝါဒနဲ့ သွားမယ် ဆိုရင်တော့ မှားယွင်းတဲ့ မူဝါဒပဲ ဖြစ်လိမ့်မယ်။ ဗိုလ်ချုပ်မူဝါဒတွေနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလိမ့်မယ် ‘ လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

လင်းခေးမြို့ စံပြ သရက်သီးမြို့ ဖြစ်ရန် ဒေသခံ တောင်သူများ ကြိုးစား

Posted: 02 Jun 2015 09:07 AM PDT

သျှမ်း တောင်သူ လယ်သမားများ စိုက်ပျိုးမှု ဖွံ့ဖြိုးရေး အသင်း ဥက္ကဌ က မိရိုး ဖလာ စိုက်ပျိုးနေကြ ကောက်ပဲ သီးနှံများအား စွန့်လွတ်၍ ထိုင်းမျိုး သရက်ပင် အစား စိုက်ပျိုးရန် လင်းခေး ဒေသခံ များအား တိုက်တွန်း လိုက်သည်။



၂၀၁၅ မေ ၂၉ - ၃၁ ရက်နေ့ အထိ လင်းခေးမြို့ တောင်သူလယ်သမား အသိပညာ နှီးနှောဖလှယ်ပွဲတွင် သျှမ်း တောင်သူ လယ်သမားများ စိုက်ပျိုးမှု ဖွံ့ဖြိုးရေး အသင်း ဥက္ကဌ စိုင်းဆေဟန်က ဒေသခံများအား နှစ်စဉ်နှစ်တိုင်း ပဲစဉ်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပြောင်းဖူးပင်နှင့် ကြံပင် များ စိုက်ပျိုးသည်မှာ နယ်ခံ တောင်သူများ အတွက် အမြတ် အစွန်း သိပ်မရှိ သောကြောင့် ထိုင်းမျိုး သရက်ပင်များ စိုက်ပျိုးရန် ဤသို့တိုက်တွန်းပြောဆိုလိုက်သည်။


မိရိုးဖလာ ရိုးရာအတိုင်း ဦးစားပေး စိုက်ပျိုးနေရင် ဘာမှ ထူးလာမှာမဟုတ်ဘူး။ ယခုနှစ်ရတဲ့ဟာက နောက်နှစ် အတွက် အရင်းလေ။ ဒီနှစ် ငွေမကျန်ရင် နောက်နှစ် ဘာဆက်လုပ် မှာလဲ။ ထိုင်းက လာတဲ့ သရက်ကို စိုက်ရင် ကျနော်တို့ လည်း ဈေးကွက် ရှာပေးဖို့ အာမ ခံတယ်။ ထိုင်းမျိုးစေ့တွေ ဖြစ်လို့ စင်ကာပူ မလေးရှား ဂျပန်တွေကို တင်ပို့လို့ ရတယ် - စိုင်းဆေဟန်က ပြောသည်။


လင်းခေးမြို့နမ့်အွန်ကျေးရွာနေ ဦးလုံးလှဟန်သည် သရက်ပင်ကို ၁၀ ဧက စိုက်ပြီး လင်းခေးမြို့ကို စံပြမြို့ဖြစ်အောင် လုပ်ဆောင်သွားမည်ဟု ပြောဆိုပါသည်။


ပင်ဟုန်းရပ်ကွက်နေ ဦးပန်တိက - ကျနော်တို့လည်းစိုက်ပျိုးနည်းသိသွားပြီဆိုတော့ ဒီနှစ် ၄ ဧက လောက် စိုက်မယ် ၊ တလုံး ၅၀၀ လောက်ပဲထားဦး၊ ဈေးကွက်ကောင်းကောင်းရှိရင် အလုပ်ဖြစ်မယ် လို့ထင်တယ်။ သူက နှစ်ရှည်ပင်လေ။ တခါစိုက်ပြီးရင် နည်းနည်းပါး ကြည့်ရှုရုံဘဲ - ဟု ပြောသည်။


လင်းခေးမြို့သည် ဗာဂျီးနီးယားမြို့အဖြစ် နာမည်ကြီးသည်။ သို့သော် ဗာဂျီးနီးယား ဆေးရွက် စိုက်ပျိုးပြီး ဈေးကွက် မရှိသည့် အတွက် စိုက်ပျိုးမှု မှု တဖြည်းဖြည်း ကျဆင်းလာသည်။ လက်ရှိမှာမူ ဗမာဂျီးနီးယားဆေးရွက် အစား ကြံ၊ ပဲစဉ်းငုံ အများဆုံးပျိုးနေရာမှ ထိုင်းမျိုးသရက် စိုက်ပျိုးရန် အားသန်လာခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
Jun 3, 2015, 5:07:46 PM6/3/15
to thuau...@gmail.com

နမ္မတူမြို့နယ်အတွင်း တအာင်းနှင့်အစိုးရတပ် တင်းမာ ရွာသား ရာချီ နေရပ်မှတိမ်းရှောင်

Posted: 03 Jun 2015 10:40 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တအာင်း ခေါ် ပလောင်တပ်ဖွဲ့နှင့် အစိုးရတပ် တို့အကြား   နှစ်ဖက် စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံလူထုရာချီ မြို့နှင့်နီးသော ကျေးရွာအုပ်စုသို့ပြောင်းရွှေ့ခိုလှုံခဲ့ရကြောင်း သိရသည်။

ဂျွန်လ ၂ ရက်က လုတ်လေ မူလတန်းကျောင်းသို့ ရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များ

ဂျွန်လ ၂ ရက်နေ့က နမ္မတူမြို့နယ် နားဆိုင်းရွာအနီးတွင် အစိုးရတပ်နှင့် တအာင်းတပ်ဖွဲ့တို့ နှစ်ဦး နှစ်ဘက် နီးကပ်စွာလှုပ်ရှားနေပြီး စစ်ရေး တင်းမာလာသည့်အနေအထားကြောင့် နမ္မတူမြို့အရှေ့ တောင်ဘက်နှင့် တောင်ဘက်တလွှား လွယ်ပြေးရွာ  ၊  နမ့်ကတ်ရွာ ၊  ပန်ချင်ရွာ ၊ ကောင်းမူး စန့်ခုပ်ရွာ ၊  ခိုင်းဟျိုးရွာတို့မှ  ရွာသား ရာချီ  နမ္မတူမြို့တွင်းနှင့် လားရှိုးဘက်သို့ ထွက်ပြေး ခိုလှုံခဲ့ရသည်ဟု  စစ်ဘေးရှောင် စိုင်းအေးက ပြောသည်။


“လုတ်လေနဲ့ မန်စံမှာအများဆုံးပေါ့။ အဲဒီမှာဘဲ ၁၀၀ ကျော်နေပြီ။  အခုကပြောင်းစိုက်ချိန်လေ။ ကလေးတွေလည်း ကျောင်းအပ်ချိန်မို့လို့ စစ်ဘေးရှောင်နေရရင် ပြောင်းမျိုးစေ့လဲ မချနိုင်ဘူး။ ကလေးတွေကိုလည်း ကျောင်းမပို့နိုင်ဘူး။ ပြောင်းမစိုက်ရရင် နောက်နှစ်အတွက်တော့ခက်ပြီပေါ့။ နှစ်ဘက်တပ်တွေ ပစ်ချင်ခတ်ချင်ကြတာ အပြစ်မဆိုပါဘူး။ ဒါပေမယ့် ရွာနဲ့ဝေးတဲ့တောထဲမှာ သွားပစ်ခတ်ကြပါလို့ တောင်းဆိုချင်ပါတယ်။ ရွာနဲ့နီးရင် ပြည်သူလူထု မသက်သာလို့ပါ ” -  ဟု စိုင်းအေးကပြောသည်။


ဂျွန်လ ၃ ရက် ညနေပိုင်းတွင် မြန်မာစစ်တပ်က နားဆိုင်းရွာ ပတ်လည်တွင် နေရာယူထားကြောင်း နှစ်ဘက် တင်းမာမှုလည်း ဆက်လက်ရှိနေသေးကြောင်းနှင့် စစ်ဘေးရှောင်များလည်း နေရပ်ရင်းသို့ မပြန်နိုင်သေးကြောင်း နမ္မတူဒေသခံ စိုင်းခမ်းက ပြောသည်။


ထိုသို့စစ်ရေးတင်းမာမှုအခြေအနေကြောင့် နမ္မတူ-လားရှိုးပြေးဆွဲသည့် လိုင်းကား များလည်း နားဆိုင်းရွာ မရောက် ခင်တွင် ဆက်မသွားနိုင်ဘဲ ၂ နာရီခန့်အကြာ ရပ်ထားခိုင်းရာ လားရှိုးကား အဝင်နောက်ကျ ခဲ့ရကြောင်း ကားသမား များကပြောဆိုပါသည်။


 စစ်ဘေးရှောင်များအတွက် ဒေသတွင်း လူထုမှ စေတနာ အလျောက် ကူညီ ထောက်ပံ့ခဲ့ကြပြီး၊ မန်စံအုပ်ချုပ်ရေးမှူးနှင့် ၀ုန်းမေတ္တာ လူမှုကူညီရေး အသင်းမှလည်း ကူညီထောက်ပံ့မှုပေးမည်ဟုကြားသိရပါသည်။


“ ဒီ ၂  လ ထဲမှာအခုလိုပြေးရတာ ၂ ခါရှိပြီ။ မေလတုန်းက တခါ အခု တခါပေါ့။ ရွာသားတွေ အထိနာပါတယ်။ စစ်ဘေးရှောင်ပါတယ်ဆိုနေမှ လမ်းမှာ ဖမ်းဟယ်ဆီးဟယ်လုပ်သေးတယ်။ ဒီနေ့အစစ်ဆေးခံရပြီး အဖမ်းခံရတာ ၁၀ ယောက်လောက်ရှိတယ်။ ဆေး (မူးယစ်ဆေး) စစ်တာတဲ့ ။ လက်ဝယ်ဖမ်းမိရင် သိန်း ဆယ်ချီကနေ ရာဂဏန်းအထိ ပြန်သွားရွေးရတယ်။ မဖမ်းမိရင်တော့ ပြန်လွှတ်ပေးတယ်။ တအာင်းတပ်ကပေါ့။ ” ဟု လည်း စစ်ဘေးရှောင် စိုင်းအေးက ဆိုပါသည်။


တအာင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးတာ့အိုက်ကျော်က- စစ်ဘေးရှောင် ရွာသားများအား လုံခြုံသည့်နေရာသို့ ကူညီပို့ဆောင်ပေးနေသည်ဟု သျှမ်းသံတော်ဆင့် သို့ ပြောကြားသည်။


နားဆိုင်းရွာတွင် မေလ ၂၁ ရက်နေ့က တအာင်းနှင့်အစိုးရတပ်တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွါး ခဲ့သေးသည်။ ထိုစဉ်ကလည်းစစ်ဘေးရှောင် ၃၀၀ ကျော် ဘုန်းကြီးကျောင်းနှင့် စာသင် ကျောင်း တို့တွင်ခိုလှုံခဲ့ရသည်။

တိုင်းရင်းသားအားလုံးပါဝင်သော အပစ်ရပ်ရေးမူဝါဒ ဆက်လက်စွဲကိုင်ထားဖို့ UNFC ဥက္ကဌ တိုက်တွန်း

Posted: 03 Jun 2015 10:27 AM PDT

လော်ခီးလာတိုင်းရင်းသား ညီလာခံကို တက်ရောက်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အား  ညီညွတ်မှုကို ဗဟိုပြု၍ အားလုံးပါဝင်သော အပစ်အခတ်ရပ်စဲရေး  မူဝါဒကို ဆက်လက် ကိုင်စွဲ ထားကြရန် UNFC ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လက တိုက်တွန်းပြောဆိုလိုက်သည်။



ကေအန်ယူထိန်းချုပ်နယ်မြေတွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ညီလာခံ ဒုတိယမြောက်နေ့တွင် သဘာပတိ အဖြစ်ဆောင်ရွက်သည့် UNFC ဥက္ကဌမှ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

‘ ဒီကနေ့ အစည်းအဝေးမှာ တက်ရောက်နေကြတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အားလုံးဟာ အဖိနှိပ်ခံတွေဖြစ်ကြတဲ့အတွက် ဘက်တဘက်တည်းမှာရှိတယ်။ ဘဝတူတွေပဲဖြစ်တယ်။ အားလုံးဟာ မိမိတို့ရဲ့ အကျိုးစီးပွား (ဝါ) နိုင်ငံရေးအကျိုးအတွက် အခြားတဘက်ဖြစ်တဲ့အစိုးရနဲ့ ဆွေးနွေးညှိ နှိုင်းကြရမှာဖြစ်တယ်။အချင်းချင်း မဘက်ပြိုင်ပဲ ညီညွတ်ကြဖို့လိုတယ် ‘  ဟု UNFC   ဥက္ကဌ က ပြောသည်။

ထို့အပြင် တိုင်းရင်းသားများအနေဖြင့် အတိတ် ကာလက ပြည်ထောင်စုအောင် အကောင်အထည် ဖော်ပေးခဲ့ဖူးပြီး လက်ရှိတွင်လည်း ပြည်ထောင်စုဖြစ်ပေါ်လာစေရန် တိုင်းရင်းသား များဘက်မှ ဆောင်ရွက်နေသဖြင့် အစိုးရအနေဖြင့် တိုင်းရင်းသားများအပေါ်တွင် သံသယ ဖြစ်စရာ အကြောင်းမရှိကြောင်း ပြောဆိုသည်။

ကျင်းပနေသည့် လော်ခီးလာ ညီလာခံသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား မတ်လ ၃၁ ရက်နေ့က နှစ်ဘက်သဘောတူခဲ့ကြသည့် တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး မူကြမ်း နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များထံမှ သဘောဆန္ဒရယူရန် ကျင်းပ နေခြင်းဖြစ်သည်။

 ယင်းမူကြမ်းနှင့် ပတ်သက်၍ အဖွဲ့အချို့မှာ လုံလောက်ပြီဟု ယူဆမှုများရှိနေသော်လည်း အဖွဲ့အစည်း တော်တော်များများမှာ ပိုမိုခိုင်မာသည့် အာမခံချက်များ ရရှိပါမှ လက်မှတ်ရေးထိုးလိုသည့်အတွက် အပစ်ရပ်စာချုပ်မူကြမ်းပါ အချက်အချို့ကို ပြန်လည် ပြင်ဆင်ဖြည့်စွက် လိုသည်ဟု ဆွေးနွေးပွဲ မတိုင်မှီကပင် ထုတ်ဖော်ပြောဆိုမှုများရှိနေသည်။

ယင်းအပြင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား သဘောထားကွဲလွဲနေသည့် လက်မှတ်ရေးထိုးရာတွင် ပါဝင်ရမည့် အဖွဲ့အစည်းများကိစ္စနှင့် ပတ်သက်၍လည်း ‘ တအာင်းနဲ့ ကိုးကန့်ဟာလည်း ၁၃၅ မျိုးသော တိုင်းရင်းသားတွေထဲပါတာပဲ။ အခုချိန်ကျမှ ကိုးကန့်နဲ့ ပတ်သက်ပြီး မကောင်းပြောတာတွေ ရှုံ့ချတာတွေ ကြားနေရတယ်။ ဒီအချိန်မှာ ပြည်ပ ရန်သူသဖွယ် မဆက်ဆံ သင့်ပါဘူး။ သူတို့ဟာလည်း NCCT အဖွဲ့ဝင်တွေဖြစ်တဲ့အတွက်  လက်မှတ်ရေးထိုးရာမှာ သူတို့လည်း ပါဝင်သင့် တယ်။ အားလုံးပါဝင်ရေးမူကို ဆက်လက်စွဲကိုင်သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ‘ ဟု ဗိုလ်ချုပ်ကြီးအန်ဘန်လက တိုက်တွန်းပြောဆိုသည်။

လက်ရှိအချိန်အထိ ကိုးကန့် ၊ အေအေ ရခိုင် တပ်မတော် အဖွဲ့တို့ကို အစိုးရဘက်မှ ဆွေးနွေးဘက်နှင့် လက်မှတ်ထိုးဘက်အဖြစ် သတ်မှတ်ထားခြင်း မရှိပေ။

ပါဝင်လက်မှတ်ရေးထိုးရမည့် အဖွဲ့အရေအတွက်နှင့် ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေက ‘ အခုထိတော့ အစိုးရဘက်က ပါဝင်လက်မှတ်ရေးထိုးရမဲ့ အဖွဲ့ ၁၆ ဖွဲ့လို့ သတ်မှတ် ထားတာကို ပြောင်းလဲတာမျိုးမဟုတ်သေးဘူး။ ကျနော့အမြင်ကတော့ တပ်ဘက်က ကိုးကန့်ကိစ္စ လက်ခံမှာ မဟုတ်ဘူး။ ဗဟိုကော်မတီက အစိုးရ ၊ တပ်မတော်နဲ့လွှတ်တော်တို့ပေါင်းဖွဲ့ထားတာဆိုတော့ တပ်မတော်က လက်မခံရင် ကိုးကန့်ကိစ္စက ဖြစ်နိုင်မှာ မဟုတ်ပါဘူး ‘ ဟု အားလုံးပါဝင်ရေးမူနှင့် ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုသည်။

ကျင်းပနေသည့် လော်ခီးလာညီလာခံကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားကလည်း လေ့လာသူအဖြစ် တက်ရောက်နေပြီး ရွေးကောက်ပွဲမတိုင်မှီ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ကေဒါ တပ်သား အင်အား ၁၅၀၀ ကျော် RCSS/SSA ဌာနချုပ်၌ စစ် သင်တန်းဆင်း

Posted: 02 Jun 2015 11:53 PM PDT

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် လွယ်တိုင်းလျဲန်း ဌာန ချုပ် ၌ ၆ ကျော်ကြာဖွင့်လှစ်သော အင်အား ၁၅၀၀ ကျော်ရှိ အရာရှိသင်တန်း၊ စစ်ပညာသင်တန်းကို  ဂျွန် ၂ ရက်နေ့က သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

ဂျွန်လ ၂ ရက်နေ့က လွယ်တိုင်းလျဲန်းတွင်ကျင်းပသော စစ်ပညာသင်တန်းဆင်းပွဲ 


ဂျွန်လ ၂ ရက်နေ့က လွယ်တိုင်းလျဲန်းတွင်ကျင်းပသော စစ်ပညာသင်တန်းဆင်းပွဲ 


ဂျွန်လ ၂ ရက်နေ့က လွယ်တိုင်းလျဲန်းတွင်ကျင်းပသော စစ်ပညာသင်တန်းဆင်းပွဲ 


၂၀၁၄  နိုဝင်ဘာလ မှ မေလအထိ ၆ လကျော်ကြာ ရဲဘော်သစ်များအား အခြေခံစစ်ပညာ သင်တန်း၊ အရာရှိများအား အုပ်ချုပ်ရေးပိုင်း၊ စီမံခန့်ခွဲရေးပိုင်းဆိုင်ရာ အပတ်စဉ် ၁၅/၁  မွမ်းမံသင်တန်းအား RCSS/SSA သျှမ်းပြည်တပ်မတော် အခြေစိုက်ရာ သျှမ်းပြည်တောင် ပိုင်း မိုင်းပန်မြို့နယ် လွယ်တိုင်းလျဲန်း ဌာနချုပ်တွင် ဖွင့်လှစ်သင်ကြားပေး၍ အပြီး ဂျွန်လ ၂ ရက်နေ့က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။


အဆိုပါသင်တန်းတွင်  ဒုဗိုလ် မှ ဗိုလ်ကြီးအဆင့် ၁၅၂ ဦး၊ ဒုတပ်ကြပ် - တပ်ကြပ်ကြီး ၃၇၃ ဦး၊ ရဲဘော်သစ် အခြေခံစစ်ပညာ  ၁၀၆၀ ဦး  လေ့လာသင်ယူခဲ့သည်ဟု - အခမ်းအနား တက်ရောက်သည့် အရာရှိကြီး တဦးက ပြောသည်။


“တိုက်ခိုက်ရေးဆိုင်ရာ၊ တပ်စည်းမျဉ်းစည်းကမ်းဆိုင်ရာတွေ စာတွေ့တော့ ၆ လ လေ့လာ ဆည်းပူးရပြီ။ လက်တွေ့အနေနဲ့ ခင်ဗျားတို့ ရဲဘော်ကေဒါ အားလုံး လူထု နေထိုင်ရာ ဒေသ ကို လက်တွေ့ကွင်းဆင်း တာဝန်ထမ်းဆောင်ရတော့မယ်။ စစ်သားဆိုတာ လူထုကို အနိုင် ကျင့် ဖို့မဟုတ်ဘူး၊ လူထုကြောက်အောင် ခြိမ်းခြောက်ဖို့မဟုတ်ဘူး။လူထုကို အကာအကွယ် ပေးရမယ်- မမေ့မလျော့ကြပါနဲ့ သတိအမြဲရှိကြပါ လို့ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသွားတယ်”- ဟု RCSS နာယက ဖြစ်သူ စဝ်ပင်ခမ်း ကပြော သည်။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA  လွယ်တိုင်း လျဲန်း ဌာနချုပ်၌ စစ်ပညာ ရက်ရှည်သင်တန်း ရက်တိုသင်တန်းများ နှစ်စဉ်နှစ်တိုင်း ပြုလုပ် ခဲ့ပါသည်။ ယခုသင်တန်းဆင်းပွဲသည် ၂၀၁၅ အတွင်း ပထမဆုံးအသုတ် သင်တန်းမှ ပြုလုပ်သည့် သင်တန်းဆင်းပွဲဖြစ်ပါသည်။


သျှမ်းပြည်တပ်မတော် RCSS/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေး လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည့်အပြင် နေပြည်တော်အစိုးရ နှင့်ငြိမ်း ချမ်း ရေး အတူလက်တွဲသည်ဆောက်မည့် ကတိစာချုပ်လည်း ချုပ်ဆိုထား သည့်အဖွဲ့ဖြစ်သည်။


 RCSS/SSA သည် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုသည့် ၂၀၁၂ ခု နှစ် နောက်ပိုင်း တပ်သား သစ် အဓမ္မ စုဆောင်းမည်မဟုတ်ဟုလည်း ထုတ်ပြန်ထားပါသည်။

လော်ခီးလာတိုင်းရင်းသား ညီလာခံစတင်- NCA မူကြမ်း သဘောထားရယူဖို့အဓိကဟု KNU ဥက္ကဌပြော

Posted: 02 Jun 2015 07:59 PM PDT

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ညီလာခံကို ကေအန်ယူ ထိန်းချုပ်နယ်မြေရှိ လော်ခီးလာ ဒေသတွင် ယမန်နေ့ ဂျွန်လ ၂ ရက်နေ့က စတင်ကျင်းပရာ  အပစ်အခတ်ရပ်စဲရန်နှင့် ပဋိပက္ခ လျှော့ချရန်အတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်သောကြောင့် လိုလားချက်များအပြည့်အဝရမည်ဟု မမျှော်မှန်းရန်  KNU ဥက္ကဌ ကသတိပေးပြောဆိုလိုက်ပါသည်။

 လောခီးလာညီလာခံ

ပထမနေ့တွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဆိုင်ရာစာ ချုပ်မူကြမ်းအတည်ပြုနိုင် ရန်ရည်ရွယ်သည့်အဆိုပါ အစည်းအဝေးသို့ အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နှစ်ဘက်လုပ်ငန်းကော်မတီများဖြစ်သည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ် ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ NCCT တို့အကြား မတ်လ ၃၁ ရက်နေ့က သဘောတူညီခဲ့သည့် အပစ်ရပ်စာချုပ် မူကြမ်း အပေါ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးမှ သဘောထားဆန္ဒရယူရန် ကျင်းပခြင်း ဖြစ်သည်။


 လက်ရှိရေးဆွဲထားသည့် စာချုပ်မှာ တိုက်ပွဲနှင့် ပဋိပက္ခတွေကို လျှော့ချ ရပ်တန့်စေရန်နှင့် ငြိမ်း ချမ်းရေးဖြစ် စဉ်ရှေ့ ဆက်နိုင်ရန်အတွက်သာ ရည်ရွယ်ခြင်းဖြစ်ပြီး မိမိတို့လိုလားထား သည်များကို လက်ရှိစာချုပ်ဖြင့် အပြည့်အဝရမည်ဟုလည်း မမျှော်မှန်းရန်လည်း ညီလာခံ ပထမနေ့တွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက သတိပေးပြောဆိုခဲ့သည်။


‘ရတာအရင်ယူပြီး အားလုံးအကျိုးအတွက် သန္နိဌာန်ချပြီး တိုးတက်ကောင်းမွန်အောင် ညှိနှိုင်းလုပ် ဆောင် သွားမှာလား။ ဘာမှ မယူပဲ လက်လွတ်ဆုံးရှုံး ခံမှာလားဆိုတာ စဉ်းစားဆုံးဖြတ်ကြရမှာဖြစ် တယ်’ ဟု ကေအန်ယူ ဥက္ကဌက ပြောဆိုသည်။


ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်အတွက် အပစ်ရပ်စာချုပ်အား လက်မှတ်ရေးထိုး ကြရန် တက် ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များအား တိုက်တွန်းခဲ့သည်။


ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက “အခုငြိမ်းချမ်းရေးဖြစ်စဉ်က နှစ်ပေါင်း ၆၀ ကျော်ကြာတိုက်ခိုက်ပြီး ပြဿနာဖြေ ရှင်းရာကနေ တွေ့ဆုံဆွေးနွေးပြီး ပြဿနာဖြေရှင်းရေး လမ်းကြောင်းဆီသို့ လက်မှတ်ရေးထိုးပြီး ပြောင်းလဲ လိုက်တယ်လို့ပဲ ရိုးရိုးလေးနားလည်ပါတယ်။  NCCT ခေါင်းဆောင်များအနေနဲ့ ဒီစာချုပ်ကို ရဲရဲတင်းတင်း လက် မှတ်ရေးထိုးကြပြီး ဆက်လက်ဆွေးနွေးကြရမယ့် ဆွေးနွေးပွဲပေါင်းစုံ မှာ စားပွဲခုံတိုက်ပွဲဝင်ကြ ဖို့ပဲဖြစ် ပါတယ် ”  ဟု သူ၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။


မတ်လ ၃၁ ရက်နေ့က နှစ်ဘက်သဘောတူညီခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး မူကြမ်း ပါအချက် များကို အစိုးရဘက်မှ ပြန်လည်ဖြည့်စွက်ပြင်ဆင်ရန် မလိုအပ်တော့သော်လည်း တိုင်းရင်း သားလက်နက်ကိုင် များ ဘက်မှ ဆွေးနွေးခဲ့သည့် NCCT တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဗဟိုညှိနှိုင်းမှုအဖွဲ့မှာ လုပ်ငန်း ကော်မတီ အဆင့်သာ ဖြစ်သဖြင့် ယခုကဲ့သို့ ထိပ်သီးခေါင်းဆောင်များ တက်ရောက်နေသည့် ညီလာခံ တရပ်ကို ခေါ်ယူကျင်းပနေခြင်းဖြစ်သည်။


ယခုညီလာခံ မကျင်းပမှီ ၀ ဒေသ ပန်ဆန်းတွင် ကျင်းပခဲ့သည့် ညီလာခံတွင် အဆိုပါ အပစ်ခတ် ရပ်စဲရေး ဆိုင်ရာ မူကြမ်းအား ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ပေးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့မှ တင်ပြခဲ့ပြီး ယခုညီလာခံတွင် အနည်းနှင့်အများဆိုသလို ပြင်ဆင်ဖြည့်စွက်မှုများ ရှိလာနိုင်သည်ဟု ဆွေးနွေးပွဲတက်ရောက်နေသူ အချို့ကသုံးသပ်ပြောဆိုသည်။


မတ်လ ၃၁ ရက်က သဘောတူထားသည့် စာချုပ်မူကြမ်းတွင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံ ရေးဆိုင် ရာပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်ပေါင်းစည်းရေး DDR/SSR ကဲ့သို့ ကိစ္စရပ်များအပါအဝင် အချက်လက် အချို့မှာ တိကျသည့် သဘောတူညီချက်မရှိပဲ နိုင်ငံရေးဆွေးနွေးချိန်မှသာ ပြုလုပ်နိုင်မည် ဖြစ်ခြင်းကြောင်း  အဆိုပါအချက်များ အာမခံချက်ရရှိမှသာ လက်မှတ်ထိုးကြရန် အကြိုဆွေးနွေးမှုများတွင် တင်ပြမှုများ ရှိထားသည်သိရသည်။


ယင်းညီလာခံသို့ တိုင်းရင်းသားပါတီများဖြင့် စုပေါင်းဖွဲ့စည်းထားသော ညီညွတ်သောတိုင်းရင်းသား လူမျိုး များ မဟာမိတ်အဖွဲ့ ယူအန်အေနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းတို့ မှလည်း သဝဏ် လွှာ တစ်စောင်ပေးပို့ထားပြီး ယင်းသဝဏ်လွှာတွင် အပစ်ခတ်ရပ်စဲရေး ၊ နိုင်ငံရေး ဆွေးနွေးပွဲများပေါ် ပေါက် လာပြီး ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ပေါက်လာရန် အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ စုစည်းညီညွတ် အပြည့်ဖြင့် ဆက်လက်ချီတက်နိုင်ရန် လိုလားကြောင်း ဖော်ပြထားသည်။


‘ကျနော်တို့က အဓိကက တိုင်းရင်းသားတွေအချင်းချင်း စိတ်ဝမ်းမကွဲကြစေချင်ဘူး။ ညီညွတ်မှသာ ကျနော်တို့ လိုလားတဲ့ ပန်းတိုင်ကို ရောက်နိုင်မှာလေ’  ဟု UNA အဖွဲ့ဝင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွှန့်လွင်က ပြောသည်။


လော်ခီးလာ တိုင်းရင်းသားညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ မှ ထိပ်သီးခေါင်း ဆောင်များတက်ရောက်နေပြီးကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား၊ တရုတ်နိုင်ငံ အာရှရေးရာအထူးသံတမန်H.E Mr. Sun Guo Xiang ၊ ဂျပန် နိုင်ငံ နိပွန်ဖောင်ဒေးရှင်း (မြန်မာနိုင်ငံ ဆက်ဆံ ရေးရုံး) ရုံးအုပ်ကြီး Yuji Mori အပါ အဝင် အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များလည်း လေ့လာသူအဖြစ် တက်ရောက်နေသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 4, 2015, 4:22:33 PM6/4/15
to thuau...@gmail.com

အားလုံးအပစ်ရပ်ကာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဖို့ RCSS/SSA တိုက်တွန်း

Posted: 03 Jun 2015 10:25 PM PDT

ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် လော်ခီးလာ၌ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးနေချိန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ  RCSS/SSA ကလည်း  တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဖို့ ဂျွန် ၃ ရက်က သဘောထားကြေငြာချက်တစောင် ထုတ်ပြန်သည်။





ထုတ်ပြန်ကြေငြာချက်အတွင် အချက်သုံးချက်ပါရှိသည့်အနက် အရေးကြီးသည့်အချက် နှစ်ချက်မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် RCSS/SSA အနေဖြင့် ကြိုဆိုထောက်ခံကြောင်း၊ အားလုံး၏ သဘောတူညီချက်ဖြင့် ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင် နှင့် အညီတည်ငြိမ်ပြီး တရားမျှတမှု၊ အားလုံးပါဝင်နိုင်မှု နိုင်ငံတကာအသိသက်သေပါဝင်မှု၊ နိုင်ငံရေးပြသနာကို ဖြေရှင်းနိုင်ရန်နိုင်ငံရေးဆွေးနွေးပွဲ အမြန်စတင်ဖို့ လိုအပ်သည်ဟု သျှမ်းပြည်တပ်မတော် RCSS/SSA ကသဘောထား ထုတ်ပြန်ပါသည်။


“တတိုင်းပြည်လုံးအပစ်ရပ်ဖို့ မေ၂၉ ရက်နေ့တုန်းက ချင်းမိုင်ရောက်လာတဲ့ ဦးအောင်မင်းနဲ့ အဖွဲ့ကို တွေ့တယ်။ ဦးအောင်မင်းနဲ့အတူပါလာတဲ့ ပုဂ္ဂိုလ်အားလုံးက RCSS အနေနဲ့ ထုတ်ပြန်ကြေငြာချက် လုပ်ဖို့ တိုက်တွန်းတယ်။ အဓိက ကတော့ လော်ခီးလာညီလာခံကို တွန်းအားပေးဖို့ပါ၊ အဓိက ကတော့ အမြန်ဆုံးအပစ်ရပ်နိုင်ဖို့နဲ့ နိုင်ငံရေးပြသနာ ဖြေရှင်း နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးစတင်ဖို့လိုတယ်”- ဟု RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။


မေ ၈ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိစဉ် ကလည်း သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒုတိယ  ဗိုလ်ချုပ်ကြီးယွက်စစ်အား ငြိမ်းချမ်း ရေးအမြန်ဆုံးဖြစ်လာအောင် ဝိုင်းဝန်းပံ့ပိုးပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါသေးသည်။


သျှမ်းပြည်တပ်မတော် RCSS/SSA သည် ပြီးခဲ့သည့် ၆၈ ကြိမ်မြောက်ပြည်ထောင်စုနေ့ တွင်လည်း နိုင်ငံတော်နှင့်အတူ ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက် သဘောတူ လက်မှတ်ရေးထိုးထား သည့်တပ်ဖွဲ့ဖြစ်သည်။ ထို့အတွက် မြန်မာ အစိုးရနှင့် နီးစပ်လာနေသည့် တပ်ဖွဲ့များအနက် RCSS/SSA က တဖွဲ့ပါဝင်သည်ဟု အခြားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များမှ ဝေဖန်ခြင်းခံနေရသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 5, 2015, 4:03:55 PM6/5/15
to thuau...@gmail.com

NCCT ကနေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ဘာကြောင့် နှုတ်ထွက် ရတာလဲ

Posted: 05 Jun 2015 02:59 AM PDT

လက်ရှိ တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA အဖွဲ့ ၊ တအာင်း ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA/PSLF နဲ့ AA ရက္ခိုင့် တပ်မတော် တို့ဟာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဗဟို ညှိနှိုင်းရေး အဖွဲ့မှ နှုတ် ထွက်လိုက် ကြပါတယ်။



အစိုးရနဲ့ ဆွေးနွေး နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ဖွဲ့စည်း ထားတဲ့ NCCT အဖွဲ့ ကနေ ခုလို နှုတ်ထွက် ရတာဟာ အစိုးရရဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ UPWC အပေါ် ယုံကြည်မှု မရှိတော့လို့ နှုတ်ထွက် လိုက်ရတာ ဖြစ်တယ်လို့ PSLF/TNLA ခေါင်းဆောင် တားအိုက်ဖုန်းက ဂျွန် ၁ ရက်နေ့က ပြောကြား လိုက်ပါတယ်။


ယခုလို နှုတ်ထွက် ကြပေမဲ့ သူတို့ အဖွဲ့တွေ ပါဝင်နေဆဲ ဖြစ်တဲ့ UNFC တိုင်းရင်း သား လက်နက်ကိုင် တပ်ပေါင်းစု ကနေ နှုတ်ထွက်ဦးမှာ မဟုတ်သလို အခု လော်ခီး လာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံရဲ့ ဆုံးဖြတ်ချက် တွေကိုလည်း ဆက်လက် စောင့်ကြည့် လေ့လာ သွားမှာ ဖြစ်တယ်လို့ လည်း အဲဒီအဖွဲ့ ၃ ဖွဲ့ရဲ့ တာဝန်ရှိသူတွေ က ပြောဆိုကြပါတယ်။


သူတို့အဖွဲ့တွေ အနေနဲ့ လက်ရှိ ကေအန် ယူနယ်မြေမှာ ကျင်းပနေတဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့စည်းတွေရဲ့ ညီလာခံမှာလည်း တက်ရောက်နေကြ တာပါ။ တကယ်တော့ အန်စီစီတီ အဖွဲ့ရဲ့ သက်တမ်းကလည်း သိပ်ကျန်တော့ တာ မဟုတ်ပါဘူး။ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ် ဆိုလိုက်ရင် ဒီအဖွဲ့က သက်တမ်းကုန်ဆုံးပြီး ဖျက်သိမ်းရတော့မှာဖြစ်သ လို နိုင်ငံရေးေ ဆွးနွေး မှုတွေ အတွက်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုပေါင်း ဖွဲ့စည်း ထားတဲ့ ပူးပေါင်း အဖွဲ့စည်း တရပ်ကနေ တက်ရောက် ဆွေးနွေး ရမှာ ဖြစ်ပါတယ်။


ဒါပေမဲ့ အဲဒီအဆင့်တွေက လိုသေးတဲ့အတွက် လက်ရှိအပစ်အခတ် မရပ်နိုင်သေးပဲ စာချုပ်အပြီး သတ်ခါနီးအချိန်မှာ အခုလို လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ အနေနဲ့ ဘာကြောင့် နှုတ်ထွက်ရသလဲ ဆိုတာကို လေ့လာကြည့်ရအောင်ပါ။


NCCT

တကယ်တော့ NCCT ဆိုတာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ် ရပ်စဲရေး အတွက် ဆွေးနွေး ဖို့အတွက် ၂၀၁၃ ခုနစ် လိုင်ဇာမှာ ကျင်းပခဲ့တဲ့ ညီ လာခံကနေ စတင်ဖွဲ့ စည်းခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ပါဝင်သလို ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့ နဲ့ ကေအန်ယူ ကရင် အမျိုးသား အစည်းရုံး တွေက တာဝန်ရှိ သူတွေက ထိပ်တန်း တာဝန် ရှိသူတွေ အဖြစ် တာဝန်ယူထားပြီး နိုင်ငံ ရေးအရ သြဇာ ကြီးမားတဲ့ မွန်ပြည်သစ် ခေါင်းဆောင် နိုင်ဟံသာကို ခေါင်းဆောင် အဖြစ် တင်မြောက် ထားကြတာပါ ။ ကျန် အဖွဲ့အစည်း တွေကတော့ အဖွဲ့ဝင် တွေအဖြစ် ကိုယ်စား လှယ်တွေ ပေးထားကြ ပါတယ်။ တကယ်တော့ အဖွဲ့အတွင်းမှာ သြဇာကြီးတဲ့ အဖွဲ့တွေကတော့ ထုံးစံအတိုင်း ကေအိုင် အိုနဲ့ ကေအန်ယူတို့ပါပဲ။


အဲဒီနှစ်ဖွဲ့ထဲမှာမှ ၂၀၁၁ ခုနစ် နောက်ပိုင်း နိုင်ငံရေး အရ ရှေ့ရောက်လာ တဲ့ ကေအိုင်အိုက ဦးဆောင်သူ နေရာမှာ ရှိနေတယ် ဆိုရင်လည်း မှားမယ် မထင်ပါဘူး။


NCCT ရဲ့ တာဝန်ကတော့

အစိုးရနဲ့ ပြည်လုံးကျွတ် အပစ်ခတ် ရပ်စဲရေး ပြုလုပ်နိုင်ဖို့ အတွက် စာချုပ်တရပ် ထွက်ပေါ်လာဖို့ ညှိနှိုင်း ဆွေးနွေး ပေးရတဲ့ အဖွဲ့စည်း ဖြစ်ပါတယ်။


အဲဒီအဖွဲ့ထဲကို အခု နှုတ်ထွက်လိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ အနေနဲ့ စဖွဲ့ကတည်း ကပါဝင်လာခဲ့တာ ပါ။ ချုပ်ကြည့်လိုက်မယ်ဆိုရင် ယခင်က NCCT က တောင်းဆိုထားခဲ့တဲ့ နိုင်ငံရေးအရ သေချာမှ လက်မှတ် ထိုးမယ်ဆိုတဲ့ အချက်တွေဟာလည်း ကေအိုင်အို ယခင်ကတည်း က တောင်း ဆိုခဲ့တဲ့ အချက်တွေ ဖြစ်နေတာတွေ့ရပါတယ်။ ကေအန်ယူခေါင်းဆောင် တချို့အနေနဲ့ အစိုးရပိုင်းနဲ့ နီးကပ်လွန်းတာကြောင့်လည်း ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ကေအိုင်အိုရဲ့ ခိုင်မာတဲ့ မူဝါဒတွေကို ယခင်က လက်ခံခဲ့ကြတာပါ။


နှုတ်ထွက်လိုက်တဲ့ အဖွဲ့စည်း (၃) ဖွဲ့ အနေထား

အခု နှုတ်ထွက်လိုက်တဲ့ အဖွဲ့ (၃) ဖွဲ့ မှာ AA ရက္ခိုင့်တပ်မတော်က ကေအိုင်ေ အ အခြေစိုက်တဲ့ လိုင်ဇာမှာပဲ အခြေ စိုက်ပြီး ၂၀၁၁ ခုနစ်လောက်မှာ ပြန်လည် ဖွဲ့စည်းခဲ့တာပါ။

ရခိုင် တိုင်းရင်းသား တွေနဲ့ ဖွဲ့စည်းထားပြီး UNFC မှာလည်း ပါဝင်နေ သလို ကေ အိုင် အိုနဲ့လည်း နီးစပ်ခဲ့တဲ့ အတွက် ကေအိုင်အိုရဲ့ ပြည်ထောင်စု တပ်လို မူဝါဒ တွေကိုလည်း လက်ခံခဲ့ပြီး ကချင် စစ်ပွဲတွေမှာလည်း ပါဝင်တိုက်ခိုက်ခဲ့ပါ တယ်။ အခုနောက်ဆုံး ကိုးကန့်ဒေသ စစ်ပွဲတွေမှာလည်း ပါဝင်ခဲ့သလို ရခိုင်ပြည် နယ်အတွင်း ပြန်လည် အခြေချ နိုင်ရေးအတွက် ကုလားတန်မြစ်ေ ကြာင်း နဲ့ ပလက်ဝ နယ်ဘက်တွေမှာ ၀င်ရောက် လှုပ်ရှားမှု တွေပြုလုပ်နေ တာပါ။ အစိုးရနဲ့ ဆွေးနွေးမှု မပြုလုပ် ဖူးသလို လက်မှတ်ရေး ထိုးရာမှာ ပါဝင်ရမဲ့ အဖွဲ့ စာရင်းထဲမှာ လည်း မပါပါဘူး။


တအာင်းပလောင် TNLA အဖွဲ့ကတော့ ၂၀၀၉ ခုနစ်မှာ ပြန်လည် ဖွဲ့စည်းခဲ့ တာဖြစ်ပြီး သျှမ်းပြည် မြောက်ပိုင်း မှာ အဓိက အခြေချ လှုပ်ရှား နေပါ တယ်။ ကေအိုင်အေ နဲ့လည်း မဟာမိတ် ဖွဲ့ထားပြီး တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် တပ်ပေါင်းစု မှာလည်း ပါဝင် လှုပ်ရှား နေတာပါ။


အစိုးရနဲ့ တဖွဲ့ချင်းစီအလိုက် အပစ်ရပ်ရေးအတွက်ဆွေးနွေးမှုတွေ လည်း ပြု လုပ် ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခု လက်မှတ် ရေးထိုးရာမှာ ပါဝင်မဲ့ အဖွဲ့တွေအထဲ မပါဝင်ပါဘူး ။


အခုလက်ရှိကိုးကန့်တိုက်ပွဲတွေမှာလည်း ကိုးကန့်အဖွဲ့ဘက်က ပူးပေါင်းပါဝင် တိုက် ခိုက်နေတာပါ။ အစိုးရဘက်က အကြောင်းပြတာကတော့ တဖွဲ့ချင်းစီ အလိုက် တကြိမ်ဆွေးနွေးဖူးပေမဲ့ ထုတ်ပြန် ချက် တောင်ထုတ်ပြန်နိုင် တာမရှိ တဲ့အပြင် အခုချိန်အထိလည်း ကိုးကန့်တိုက်ပွဲတွေမှာပါဝင် တိုက်ခိုက်နေ တာကြောင့် လို့ ဆိုပါတယ်။


ကိုးကန့် အဖွဲ့ကတော့ ၂၀၁၂ ခုနစ် ဒီဇင်ဘာလလောက်မှာ ပြန်လည်ဖွဲ့စည်း ခဲ့တာဖြစ်ပြီး အရင် ကိုးကန့် ခေါင်းဆောင်ဟောင်း ဖြစ်တဲ့ ဦးဖုန်ကြားရှင်က ဦးဆောင် နေတာပါ။ ကိုးကန့်အဖွဲ့က UNFC မှာလည်း ၂၀၁၂ ခုနစ်က တည်းက ပါဝင်လာခဲ့ပါတယ်။ ၂၀၁၅ ဖေဖော်ဝါရီလောက်ကစလို့ ကိုး ကန့် ဒေသအတွင်း ၀င်ရောက်အခြေစိုက်ဖို့ ကြိုးပမ်းရာကနေ အစိုးရတပ် မတော်နဲ့ အခုချိန်အထိ တိုက် ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။


အစိုးရ တပ်မတော် ဘက်က ကိုးကန့် MNDAA ကို ဆွေးနွေးမှာ မဟုတ် ဘူးလို့ အတိလင်း ပြောဆို ထားသလို ကိုးကန့် ဒေသကိုလည်း စစ်အုပ်ချုပ်ရေး အဖြစ် ကြေငြာ ထား ပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွား နေတဲ့ ကိုးကန့် တအာင်း ပလောင် ကေအိုင်အို တို့ဟာ လှုပ်ရှား နယ်မြေ ချင်း တဆက် တစပ်တည်း ရှိနေတဲ့ အဖွဲ့စည်းတွေလည်း ဖြစ်ပါတယ်။


မတ်လ ၃၁ စာချုပ်မူကြမ်း

အခုအဖွဲ့ ၃ ဖွဲ့အနေနဲ့ အဓိက မကျေမနပ်ဖြစ်ကြတာကတော့ မတ်လ ၃၁ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြတဲ့ အပစ်ခတ်ရပ်စဲရေး မူကြမ်း ကိစ္စကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီ ၃ ဖွဲ့ထဲက နှစ်ဖွဲ့ကို အစိုးရက မဆွေးနွေးဘူး လို့ ဆိုထားချိန်နဲ့ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ကေအိုင်အို တာဝန်ရှိသူ အချို့အနေနဲ့ နေပြည်တော်သွား သမ္မတ ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့တွေ့ ပြီးတော့ ရန်ကုန်မှာ ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ စာချုပ်မူကြမ်း ကို သဘောတူညီမှု လက်မှတ်ရေး ထိုးခဲ့ ကြတာေ ကြာင့် ဖြစ်ပါတယ်။


အဲဒီစာချုပ် လက်မှတ် ရေးထိုး နေချိန်မှာ ကိုးကန့် ဒေသမှာ ကြည်းကြောင်း ၊ လေကြောင်းတွေနဲ့ အစိုးရ တပ်ဘက်က ထိုးစစ်တွေ ဆင်နေခဲ့တာ လည်း ဖြစ်ပါတယ်။ အခု အတည်ပြု ပြီးအချိန် အထိလည်း တိုက်ပွဲတွေက ရပ်တန့်သွားတာ မရှိသလို အဲဒီအဖွဲ့ ၃ ဖွဲ့ကို လက်မှတ်ရေးထိုးရမဲ့ အဖွဲ့တွေထဲမှာလည်း ထည့်သွင်း သတ်မှတ် ခံထားရတာ မရှိပါဘူး။


သုံးဖွဲ့လုံးက ကေအိုင်အိုနဲ့ စစ်ရေးအရ ဆက်စပ်မှုရှိ

၂၀၁၀ ခုနစ်နောက်ပိုင်း တိုက်ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင် အစောပိုင်းနှစ်တွေအတွင်း ကချင် ဒေသမှာ တိုက်ပွဲအများဆုံးဖြစ်ခဲ့ပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာတော့ သျှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ တိုက်ပွဲ တွေက အများဆုံးဖြစ်နေတာပါ။ ကိုးကန့်အဖွဲ့ ပြန်ပေါ်လာတာ ကြည့်မယ် ဆိုရင်လည်း KIO က ဦးဆောင် နေတဲ့ UNFC တပ်ပေါင်းစုရဲ့ မူဝါဒတွေကြောင့်ဖြစ်ပြီး ကိုယ့်ဒေသ ကိုယ်ပြန်ရဖို့ ကိုယ့်နယ်မြေကနေ ကိုယ်ပြန် တိုက်ရမယ်။ ခြေကုပ်ယူရမယ်။ ဒါ့အပြင် မဟာဗျူဟာ အရ နယ်မြေဆက်စပ်နေတဲ့အတွက် ၀ ၊ ကိုးကန့် ၊ ကေအိုင်အေ တပ်မဟာ ( ၄) သျှမ်းမြောက် နယ်မြေ ၊ တအာင်းပလောင် ၊ ကေအိုင်အို ရဲ့ ကချင်ဒေသ စသဖြင့် တဆက်တစပ်တည်း ဖြစ် လာအောင် အဖွဲ့တွေ အချင်းချင်း ဆက်သွယ် ရလွယ် လာအောင် စသဖြင့် ရည်ရွယ် ထားတာလို့ နီးစပ်သူတွေက ဆိုကြပါတယ်။


AA အနေနဲ့ ရခိုင်ဒေသကို ပြန်အခြေချဖို့ ကြိုးစားနေတာကလည်း အဲဒီရည် ရွယ် ချက်ပါသလို အချိန်တန်ရင် ကိုယ့်နယ်မြေမှာ အခြေချခွင့်ရချင် တာကြောင့် လည်း ဖြစ်ပါတယ်။


ဒါ့အပြင် စစ်မျက်နှာပြင်ပြန့်လာတဲ့အတွက် တဘက်တည်း အတိုက်ခံရတာ သက်သာမယ်ဆိုတဲ့ ရည်ရွယ်ချက် လည်း ပါပါတယ်။ တကယ်လည်း သျှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကိုးကန့်ဒေသတို့မှာ တိုက်ပွဲတွေများလာချိန်မှာ ကချင်ဒေသဘက်မှာ စစ်ရေးအရ ဖိအားပေးခံရမှုတွေ နည်းသွားတာ လည်း အားလုံး မျက်မြင် ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ အဲဒီလို အနေထားမှာ ကေအိုင်အို အနေနဲ့ ပူး ပေါင်းတိုက်ခိုက်တာတွေမလုပ်ပဲ အစိုးရနဲ့ လက်မှတ်ထိုးဖို့ စိုင်းပြင်းလာတဲ့အတွက် အဲဒီအဖွဲ့ ၃ ဖွဲ့အနေနဲ့ NCCTက နှုတ်ထွက်ဖို့ တင်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ ကေအိုင်အို က ဖောက်ပြန်တယ်လို့လည်း ယူဆနေပုံရပါတယ်။


တကယ်တော့ လက်မှတ်ရေးထိုးရမဲ့ အဖွဲ့ကိစ္စတောင်မပြောနဲ့ အဲဒီစာချုပ် မှာပါဝင်တဲ့ တပ်နေရာချ ထားရေးနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေအပါဝင် တချို့ကိစ္စတွေက ခိုင်မာမှု သေချာမှု မရှိသေးပဲ NCCT ခေါင်းဆောင်တွေ အနေနဲ့ လက်မှတ်ရေးထိုး ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဲဒီအတွက် NCCT မှာ ခေါင်းဆောင်နေတဲ့ ကေအိုင်အို တာဝန်ရှိသူတွေဆီမှာ တာဝန်ရှိတယ် ဆိုပြီး အဲဒီအဖွဲ့ ၃ ဖွဲ့က အခိုင်မာ ယူဆနေတာလည်း ဖြစ်ပါတယ်။


အားလုံးပါဝင်မှသာ

အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကေအိုင်အို ခေါင်းဆောင်တွေအကြားမှာလည်း အပစ်ရပ်စာချုပ် အလျင်မြန်ထိုးသင့် မထိုးသင့် ဆိုတာနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲနေပုံရတယ်ဆိုတာ ကေအိုင်အို ဒုတိယ ဥက္ကဌရဲ့ မိန့်ခွန်းက သက်သေခံနေပါတယ်။ ကေအိုင်အိုခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေကလည်း အခြေနေတွေက တကယ်ဖြစ်နေတာ လို့ ပြောဆိုနေ ပါတယ်။


ကိုးကန့် စစ်ပွဲမှာ မပါဘူးလို့ ကေအိုင်အိုက ငြင်းထားပေမဲ့ KIO က ဦးဆောင်နေ တဲ့ နေတဲ့ UNFC တပ်ပေါင်းစု ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ မိန့် ခွန်းက အားလုံးပါဝင်ရေးမူဝါဒကို ဆက်လက်ကိုင်စွဲဖို့ လိုတယ်လို့ ပြော ဆိုထား သလို ကိုးကန့်နဲ့ တအာင်းပလောင်အဖွဲ့တွေရဲ့ ရပ် တည်မှုတွေ ကိုလည်း ထောက်ခံထားတာပါ။ အစိုးရကို အယုံမလွယ်ဖို့လည်း သတိပေး ထားပါ တယ်။ UNFC ဥက္ကဌ အနေနဲ့ ခုလို မူဝါဒတွေရှိတာကြောင့်လည်း NCCT က နှုတ်ထွက်ထားတဲ့ အဖွဲ့ ၃ ဖွဲ့ အနေနဲ့ UNFC ကနေ မနှုတ်ထွက် တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှုတ်ထွက် ထားတဲ့ NCCT အဖွဲ့ဝင် အဖွဲ့ ၃ ဖွဲ့ ကိစ္စကတော့ ညီလာခံက ထွက်လာမဲ့ ရလဒ်တွေမှာ အားလုံး ပါဝင်ဖို့ ဆိုတဲ့ အချက်ပါဝင်လာမှသာ အဲဒီအဖွဲ့ ၃ ဖွဲ့အနေနဲ့ ဆက်လက်ပူးပေါင်းပါ ၀င်ကြမဲ့ သဘောဖြစ်နေပါတယ်။


အားလုံး ပါဝင်မှလည်း ပြည်လုံးကျွတ် အပစ်ခတ် ရပ်စဲရေး လို့လည်း ခေါ်တွင်မှာပါ။ လက်ရှိတိုက်ပွဲတွေရဲ့ ၈၀ % ကျော်က သျှမ်းမြောက်ဒေသမှာ ဖြစ်နေ တာ ကြောင့်လည်း ဖြစ်ပါတယ်။

ကျားခေါင်း နှင့် ကျားဖြူ မပေါင်းစည်း လို့ သျှမ်း/အရှေ့ ပါတီသစ် တခု ထပ်ပေါ်

Posted: 05 Jun 2015 12:22 AM PDT

သျှမ်းအမျိုးသားပါတီကြီးနှစ်ခုဖြစ်သည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် ကျား ခေါင်းပါတီ SNLD နှင့် သျှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီ SNDP မပေါင်း စည်းနိုင်သဖြင့် သျှမ်းပြည်အရှေ့ပိုင်း လူထု အကျိုးထိထိရောက်သယ်ပိုးနိုင်ရန် သျှမ်းပြည် အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ထူထောင်ရခြင်းဖြစ်သည်ဟု ဒုတိယ ဥက္ကဌ စိုင်းဆမ်တစ်ဆေ ကပြောသည်။



၂၀၁၅ ဂျွန် ၃ ရက်နေ့က နေပြည်တော်အစိုးရ ပြည်ထောင်စု ရွေးကောက် ပွဲကော် မရှင်ထံ မှတ်ပုံတင်ခွင့်ပြုရန် သွားရောက်လျှောက်ထားကြောင်း၊ တဘက်တွင်လည်း သတ်မှတ်ရက် အတွင်း ပါတီလူဦးရေပြည့်ရန် စည်းရုံးရေး ဆင်းနေကြောင်း ဒုဥက္ကဌက ပြောသည်။

ထို့အတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ၎င်းပါတီအလံနှင့် အမှတ် တံဆိပ် အား ကန့်ကွက်လိုက ရ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း အစိုးရပိုင်သတင်းစာတွင် ဖော်ပြထားသည်။

“ကျနော်တို့ က ကျားဖြူ နဲ့ ကျားခေါင်း ပေါင်းစည်းဖို့ အမြဲတမ်းတောင်း ဆိုတယ်။ သူတို့ မပေါင်းစည်းလို့ ဆန္ဒမဲက ကွဲပြဲသွား နိုင်တယ်။ ဒါကြောင့် ပျံ့လွှင့်နေတဲ့ ဆန္ဒမဲတွေကို စုစည်းပြီး သူတို့ကို ပံ့ပိုးဖို့ ပါတီ တည်ထောင်လာ ရတာဖြစ်တယ်။ ဘယ်ပါတီ ကိုထောက်ခံ ပံ့ပိုးမလဲ ဆိုတာကတော့ ပါတီဝင် နဲ့ လူထု သဘောထားပေါ့” - ဟု ဒု ဥက္ကဌ စိုင်းဆမ်တစ်ဆေ ကပြောသည်။

ကျိုင်းတုံသား စိုင်းဆေလျဲန်းဟန်က - ‘သျှမ်းပြည်အရှေ့ပိုင်း ပြည်သူလူထု အားကိုး အား ထားပြုနိုင်မယ့် ပါတီပေါ်လာပြီ။ ဝမ်းသာတယ်။ ဒါပေမယ့် ပေါက်ပေါက်မြောက်မြောက် မဖြစ်ရင်တော့ ထိထိရောက်ရောက် ဒဲ့ဒိုးဝေဖန်မယ်’ - ဟု ပြောသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သျှမ်းပြည်အရှေ့ ပိုင်းခေါင်းေ ဆာင်၊ ပြည်နယ် လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက - “သျှမ်းလူမျိုးအားလုံး ကို ကိုယ်စားပြုတာ မဟုတ်တဲ့ အတွက် လူတိုင်းမှာ အခွင့်အရေးရှိတယ်။ သျှမ်းကိုခုတုံးလုပ်ပြီး နိုင်ငံရေး လုပ်မစားရင်ပြီး တာပါဘဲ ” - ဟု ပြောသည်။

သျှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ရုံးချုပ်အား ကျိုင်းတုံမြို့ အမှတ် ၃ ရပ်ကွက်၊ တာချီလိတ်လမ်း အိမ်အမှတ် ၁(က) တွင် ရက်ပိုင်းအတွင်း တရားဝင် ဖွင့်လှစ်သွားမည်ဟုဆိုသည်။

အထက် ဖေါ်ပြပါ ပါတီ သုံးခု အပြင် မန္တလေး အထက်ပိုင်း စစ်ကိုင်းတိုင်း အထက်ပိုင်း နှင့် ကချင်ပြည်နယ် အတွင်းတွင်လည်း ၂၀၁၂ ခု တွင်ဖွဲ့စည်း သည့် တိုင်းလိုင် (သျှမ်းနီ) အမျိုး သားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP နှင့် ၂၀၁၅ မေ တွင် ဖွဲ့စည်းသည့် သျှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်း သျှမ်း မျိုးနွယ် စုများ သွေးစည်း ညီညွတ်ရေး ပါတီ ဟူ၍ပါတီ နှစ်ခု ရှိပါသေးသည်။

ဝ တပ်ဖွဲ့ နှင့် အစိုးရတပ် စစ်ရေးတင်းမာမှုစတင် တိုက်ပွဲ ဖြစ်ပွား မည်ကို ဒေသခံများ စိုးရိမ်

Posted: 04 Jun 2015 07:27 PM PDT

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် သစ်တောကြိုးဝိုင်းအတွင်း သစ်ထုတ် ယူမှု ပြဿနာ ကြောင့် ဂျွန်လ ၃ ရက်နေ့မှ ယနေ့ အထိ ဝ တပ်ဖွဲ့ နှင့် အစိုးရ တပ်တို့ အပြန်အလှန် ဝိုင်းရံထားသောကြောင့် ထိပ်တိုက်ဖြစ်ပွားလာ မည် ကိုဒေ သခံ များက စိုးရိမ်နေကြသည်။



ဂျွန် ၄ ရက်နေ့က မိုင်းဆတ်အခြေစိုက် အမှတ် ၁၄ စစ်ဆင်မှုကွပ်ကဲရေး ဌာနချုပ်မှ တပ်များ မိုင်းတုံ ဘက် ဦးတည်လာနေကြောင်း၊ ဝ တပ်ဖွဲ့များလည်း မိုင်းတုံမြို့ အထွက်မှ နားကောင်းမူး ၊ မယ့်ကဲန်း (မဲကင်) ကျေးရွာ အုပ်စု ဟွေအော့် ဘီပီဝမ်း ထိုင်းနယ်စပ် အထိ လမ်းမ တလျှောက် ၉၀ ရာခိုင်နှုန်းခန့် အင်အားဖြည့်နေရာယူထားသောကြောင့် ဒေသခံ များ တိုက်ပွဲဖြစ်ပွားလာ မည်ကို အထူးရိမ်နေသည်ဟု ရပ်မိရပ်ဖ လုံးထမ်းက ပြောသည်။

“အမှန်တော့ ကျနော်တို့ မနက်ဖြန် (၅၊၆၊၂၀၁၅) ပါတီ အတွက် ကွင်းဆင်း မလို့။ ဝ တပ်ဖွဲ့ နဲ့ အစိုးရ တပ်မတော်အကြား အခုလိုမျိုးဖြစ်နေတော့ ခရီးစဉ် ဖျက်လိုက်ရတယ်” – ဟု သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် ပြည် နယ် လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောသည်။

ဂျွန် ၃ ရက် ၂၀၁၅ က မိုင်းတုံမြို့အခြေစိုက် ခမရ ၅၁၉ ၊ ရဲတပ်ဖွဲ့ဝင် နှင့် သစ်တော ရဲတပ်ဖွဲ့ တို့ ပူးပေါင်းစစ်ကြောင်းက မိုင်းတုံ နှင့် ပုံပါကျင် မြို့နယ်ခွဲ အကြား မယ့်ကဲန်းကျေးရွာအုပ်စု လွယ်ဆန်စု တောင်ခြေ မိုင်းခေတ်ဒေ သဘက် သစ်ထုတ်လုပ်နေသော ဝ တပ်ဖွဲ့ဝင် အချို့အား ဖမ်းဆီး ထားကြောင်း - တပ်မတော် အသိုင်းအဝိုင်း ကပြောသည်။

ဂျွန် ၄ ရက်နေ့တွင် အင်အား ၂၀၀ ခန့်ရှိသည့် ဝ တပ်ဖွဲ့ဝင်များက အဆိုပါလှုပ်ရှားတပ်ဖွဲ့အား ဝိုင်းရံထားကြောင်း၊ ထို့အတူ မိုင်းတုံ - ပုံပါကျင် လမ်းမတလျှောက်လည်း ၀ တပ်ဖွဲ့က တပ်ဖြန့်ထိန်းချုပ်ထားကြောင်း အမည်မဖေါ်လိုသည့် ဝ အရာရှိတဦးက ဤကဲ့သို့ပြောသည်။

“ဒါက ကျနော်တို့ လှုပ်ရှားသွားလာတဲ့နေရာဗျာ။ ကျနော်တို့ကို မိုင်းခေတ် ‘မုတ်ဆိပ်’ သစ်တော ကြိုးဝိုင်း အတွင်း သစ်တွေခုတ်ယူတယ်ဆိုပြီး ဗမာ တပ်ကနေ ကျနော်တို့လူကို ဖမ်းသွားတယ်။ ဒါ မတရားစွပ်စွဲတဲ့လုပ် ရပ်ဘဲ။ မတရားမှုကို ကျနော်တို့ ငုံ့ခံမှာမဟုတ်ဘူး၊ လိုအပ်ရင် အထက်အမိန့် ကို လဲ စောင့်မှာမဟုတ်ဘူး၊ ကျနော်တို့ကိုပစ်ရင်တော့ပြန်ချမှာဘဲ” - ဟု အဆိုပါ အမည်မဖေါ်လိုသည့်ဝ အရာရှိကပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ ဖမ်းဆီးခံရသည့် ၀ တပ်ဖွဲ့ဝင်များသည် ၀ တိုင်းရင်းသားမဟုတ်သည့် တရုတ်လူမျိုး ၆ ဦး ပါဝင်သည်၊ ထိုသူများအား ၀ လက်ထဲပြန်အပ် ရန် လိုက်လံတောင်းဆိုစဉ် ၄၊၆၊၂၀၁၅ မွန်းလွဲပိုင်းက အာလူးတောင်ကြောတွင် ပစ်ခတ် တိုက်ခိုက်မှု တကြိမ်ဖြစ်ပွားခဲ့သေးသည်ဟုလည်း ဆိုသည်။

“အခုလိုမျိုး ဖြစ်ပွားလာနေတာဟာ စစ်ပွဲမရှိတော့ဘူးဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဌက မှေးမိန်သွားမှာကိုမလိုလားလို့ မဖြစ်မနေတိုက်ပွဲတွေ လုပ် လာနေ တာလဲဖြစ်နိုင်တယ်။ တပ်မ တော်က နိုင်ငံတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဌနဲ့ ထိုက်တန်တယ်ဆိုတာ ပြချင်တာ လဲပါ နိုင်တယ်။ ရွေးေ ကာက်ပွဲက နီးပြီလေ” - ဟု စိုင်းဝင်းမြတ်ဦးကပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ကိုးကန့်ဒေသစစ်ရေးပဋိပက္ခတွင် ဝ တပ်ဖွဲ့ ပါဝင် ပတ်သက်မှုရှိ နေသည်ဟု မြန်မာအစိုးရက စွပ်စွဲပြောဆိုဖူးသည်။ ထို့အပြင် ၂၀၀၉ ခုနှစ်ကလဲ နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး ကိုလက်မခံသည့် ၀ တပ်ဖွဲ့အား ဖိအားပေး သည့်အနေဖြင့် ထိုင်းနယ်စပ်တလျှောက်ရှိ ၀တပ် များ မြောက် ပိုင်း ဝ နယ်သို့ တပ်ရုပ်ပြန်ရန် ဖိအားပေးခဲ့ဖူးသည်။

သို့သော် ဝ တပ်ဖွဲ့မှာမူ ထိုင်းနယ်စပ်ရှိ တောင်ပိုင်း ၀ တပ်ဖွဲ့ထိန်းချုပ် ထား သည့် နယ်မြေ အပါဝင် ဝ နယ်အားလုံးအားစုစည်း၍ သျှမ်းပြည်နယ်မှ ခွဲ ထွက်ကာ နေပြည်တော် တိုက်ရိုက် လက်အောက်ခံ သီးခြားဝပြည်နယ် ထူထောင်ရန်ဆန္ဒပြင်းပြနေသည်။

ကိုးကန့် ၊ ရခိုင် နှင့် ပလောင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ NCCT မှ နှုတ်ထွက်

Posted: 04 Jun 2015 07:23 PM PDT

အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော အဖွဲ့များဖြစ်ကြသည့် ကိုးကန့် MNDAA ၊ အေအေ ရက္ခိုင်အဖွဲ့နှင့် TNLA တအာင်းပလောင်အဖွဲ့ တို့မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းမှု အဖွဲ့ NCCT မှ နှုတ် ထွက်လိုက်ကြောင်း သက်ဆိုင်ရာအဖွဲ့ တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

 လော်ခီးလာ တိုင်းရင်းသားညီလာခံ 

ဂျွန် ၂ - ၆ ရက်နေ့အထိ ကေအန်ယူ ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ညီလာခံသို့ တက်ရောက်နေသော အဆိုပါအဖွဲ့ သုံးဖွဲ့မှာ NCCT ၏ မူဝါဒ အချို့ကို နှစ်ြ ခိုက်ခြင်း မရှိမှုနှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ေ ဆာင်မှု လုပ်ငန်းကော်မတီ UPWC အပေါ် အယုံအကြည် မရှိမှုများကြောင့် ယခုကဲ့သို့ နှုတ်ထွက်ရခြင်း ဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ TNLA/PSLF မှ တာပန်လက ပြောသည်။

‘ အခုလောလောဆယ် အနေထားကို ပြန်ကြည့်ရင် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်မူကြမ်းကို အတည်ပြုပြီးတဲ့ အချိန်အထိ ကျနော်တို့ အဖွဲ့ ၃ ဖွဲ့နဲ့ တိုက်နေတယ် ။ တိုင်းရင်းသား အချင်းချင်း ညီညွတ်မှုကလည်း အား နည်းနေတယ်။ အစိုးရဘက်ကလည်း ကျနော်တို့ကို လက်မှတ်ရေးထိုး ဘက် အဖြစ် လက်မခံသေးဘူး။ အဲဒါကြောင့် ယာယီနှုတ်ထွက်တာပါ ‘ ဟု TNLA ပြောခွင့်ရ တာပန်လက ပြောသည်။

သို့သော် လော်ခီးလာညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင်တဦးက -သူတို့က နှုတ်ထွက်တယ်လို့ တင်သွင်းတယ်။ ဒါပေမယ့် သူတို့ အတွက် သီးသန့်ေ ခါင်းစဉ် မဆွေးနွေးသေးတော့ နှုတ်ထွက်ခွင့် ပြုလိုက်ပါပြီ ဆိုတဲ့ဟာလဲ မဆုံးဖြတ်ရသေးဘူး ဆက်လက်ဆွေးနွေးရဦးမယ် - ဟုပြောသည်။

‘ ကျနော်တို့ နှုတ်ထွက်ရတဲ့ အရင်းအမြစ်တခုက စည်းလုံးညီညွတ်မှု အားနည်းနေ တာကြောင့် နှုတ်ထွက်တာပါ။ တဖွဲ့ခံနေရရင် တဖွဲ့ က ပြောမကူဘူး။ လုပ်မပေးဘူးဆိုတဲ့ ကိစ္စတွေကြောင့်ပါ။ တကယ်လို့သာ အားလုံး အတူတူ ညီညီညာညာနဲ့ ဆုံးဖြတ်ကြရင် ကောင်းတာပေါ့ဗျာ” ဟု အေအေ ရခိုင်အဖွဲ့မှ ဦးအေးထွန်း က ပြောသည်။

အဆိုပါအဖွဲ့ သုံးဖွဲ့ သည် NCCT အဖွဲ့ဝင်မှ နှုတ်မည်ဟုဆိုသော်ငြားလည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ ပြည်ထောင်စုတပ်မတော်တွင် ဆက်လက်ပါဝင်နေဦးမည်ဟုဆိုသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 7, 2015, 4:19:23 PM6/7/15
to thuau...@gmail.com

လော်ခီးလာ ညီလာခံ ၅ ရက်မြောက်နေ့ NCA မူကြမ်းတွင် ၃ ချက် ထပ်ဖြည့်ရန် သဘောတူ

Posted: 06 Jun 2015 10:24 PM PDT

လော်ခီးလာတွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိပ်သီးညီလာခံတွင် ပဉ္စမြောက်နေ့ ပြီးဆုံးသည်အထိ အခန်း (၅) ခန်းကို ဆွေးနွေးနိုင်ခဲ့ပြီး စာချုပ်တွင် အချက် (၃) ချက်ကို ထပ်မံဖြည့်စွက်ရန် သဘောတူနိုင်ခဲ့သည်။

-လော်ခီးလာတွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိပ်သီးညီလာခံ
အစိုးရနှင့် သဘောတူညီနိုင်မှုမရှိသေးသည့် လုံခြုံရေးကဏ်ဏ္ဍ ပြုပြင်ပြောင်း လဲရေး(Security Sector Reform ) နှင့် ပတ်သက်၍ စာချုပ်တွင် ထည့်သွင်းရန် အဆိုပြုမှုများရှိနေကြောင်း ညီလာခံတက်ရောက်နေသည့် ကိုယ်စားလှယ်အချို့က ပြောသည်။


‘ ဒီကနေ့အထိတော့ တချို့အချက်တွေက ပြင်ဖို့တင်တယ်။ သို့သော် NCCT က ကြေလည်အောင် ရှင်းပြနိုင်တဲ့အတွက် ထပ်မဖြည့်ရပဲ ပြေလည်တာေ တွလည်း ရှိတယ်။ စုစုပေါင်း ထပ်မံဖြည့်စွက်ဖို့ သဘောတူထားတာက အချက် (၃) ချက်ရှိနေပါပြီ ‘ ဟု ညီလာခံ တက်ရောက်နေ သည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှ ဒုတိယ ဥက္ကဌ ရဲဘော်မျိုးဝင်းက ပြောသည်။


ညီလာခံ ၅ ရက်မြောက်နေ့အဖြစ် ဇွန်လ ၆ ရက်နေ့က ကျင်းပသည့် အစည်းေ
ဝးတွင် တပ်နေရာချထားရေး ၊ အပစ်ရပ်စောင့်ကြည့်လေ့လာရေး စသည့် အခန်းများနှင့် နှစ်ဘက်လိုက်နာရမည့် ဥပဒေပိုင်းဆိုင်ရာ ကျင့်ဝတ်ပိုင်းဆိုင်ရာ အချက်များပါဝင်သည့် ပစ်ခတ်ရပ်စဲမှုကို ခိုင်မာအောင်လုပ်ခြင်း အခန်း (၄) မှ အချက်တချို့နှင့် အခန်း ( ၅) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ အာမခံချက်များ အခန်းတို့ကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။


‘ DDR SSR ကိစ္စမှာတော့ အဆိုပြုသူတွေက SSR ကိုထည့်ဖို့ တော်တော် များများက အဆိုပြုကြတယ်။ အစိုးရဘက်ကလည်း လက်မခံသေးတဲ့ ကိစ္စဖြစ်တော့ တိုးသာဆုတ်သာ ဖြစ်စေမဲ့ အနေထားတွေနဲ့ သွားဖို့ ပြောနေ တာလည်း ရှိတယ် အဲဒီကိစ္စက အသေးစိတ်တော့ ပြောပြလို့မရဘူး’ ဟု ညီလာခံတက်ရောက်နေသည့် ကေအန်ယူ ကရင်အမျိုးသား အစည်းရုံးမှ အတွင်းရေးမှူး (၂) ဖဒိုမန်းမန်းက ပြောသည်။


နိုင်ငံရေးအရသဘောတူညီပြီးမှ လက်နက်ဖြုတ်သိမ်းရေး DDR နှင့် ပတ် သက်၍ အစိုးရနှင့် သဘောတူပြီးဖြစ်သော်လည်း တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များအား ပြည်နယ်စောင့်တပ် စစ်ရဲ စသဖြင့် ပေါင်းစည်း နိုင်ရေး အတွက် လုံခြုံရေး ကဏ်ဏ္ဍ ပြုပြင်ပြောင်းလဲမှု SSR ကိုပါ သဘောတူရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက တောင်းဆိုနေခြင်း ဖြစ်သည်။


ယခုကျင်းပနေသည့် လော်ခီးလာ အစည်းဝေးတွင် အစည်းဝေး ၅ ရက်မြောက်နေ့ အထိ ဆွေးနွေးမှုများမှာ မပြီးပြတ်သဖြင့် ညီလာခံကို ဇွန်လ ၈ ရက်နေ့အထိ နောက်တိုးကျင်းပမည်ဖြစ်ပြီး ကိုးကန့် ၊ တအာင်းပလောင် TNLA/PSLF ၊ အေအေ ရခိုင်အဖွဲ့တို့နှင့် ပတ်သက်၍ သီးသန့်ဆွေးနွေး မှုများ ပြုလုပ်ဦးမည် ဖြစ်ကြောင်း သိရသည်။

အပစ်ရပ်မူကြမ်းပါ အချက်ပေါင်း ၃၀ ကျော်ကို ပြင်ဆင် ဖြည့်စွက် လိုကြောင်း တင်ပြထား

Posted: 06 Jun 2015 10:17 PM PDT

ကေအန်ယူထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံတွင် အခန်း (၇) ခန်းပါ အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်းတွင်ပါရှိသည့် စုစုပေါင်း အချက် ၃၀ ကျော်ကို ပြင်ဆင်ဖြည့် စွက်လိုကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးမှ တင်ပြ ထားသည်ဟု ဆွေးနွေးပွဲတက်ရောက်နေသည့် ကိုယ်စားလှယ် အချို့က ပြော သည်။




အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လုပ်ငန်းကော် မတီဖြစ်ေ သာ NCCT တို့အကြား သဘော တူညီ ထားခဲ့သည့် အပစ်ခတ်ရပ်စဲရေး စာချုပ်ပါမူကြမ်းတွင် အချက်ပေါင်း ၁၀၀ ကျော်ပါရှိသည်ဟု သိရပြီး ယခုကျင်း ပနေသည့် ညီလာခံမှာ အဆိုပါချုပ်မူကြမ်းအပေါ် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အသီသီးမှ သဘောဆန္ဒရယူရန် ကျင်းပနေခြင်း ဖြစ်သည်။


ယင်းသို့ ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များများပြားနေ သဖြင့် ဆွေးနွေး ပွဲမှုမှာ အကြိတ် အနယ်ဖြစ်ခဲ့ပြီး အချို့အချက်များမှာ ဆန္ဒမဲဖြင့် ဆုံးဖြတ်နို င်ခြင်း မရှိသဖြင့် အစည်းအဝေးစည်းမျဉ်းအရ ညီလာခံဦးဆောင်ကော်မတီမှ ဆုံးဖြတ်ပေးခဲ့ရကြောင်းလည်း ညီလာခံ တက်ရောက်နေသည့် ကေအန်ယူ ကရင်အမျိုးသား အစည်းရုံးမှ အတွင်းရေးမှူး (၂) ဖဒိုမန်းမန်းက ပြောသည်။


‘ ဥပမာ အစိုးရနဲ့ သဘောတူထားခဲ့တဲ့ ပင်လုံစိတ်ဓါတ်နဲ့ အညီ ဒီမို ကရေ စီအရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုး သား တန်းတူရေးတို့အပေါ် အာ မခံချက်အပြည့်ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည် ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်နှင့် အညီ တည်ဆောက်သွားရန် ဆိုပါစို့ ဒီစာပိုဒ် တပိုဒ်လုံးကို ပြန်ကြည့်ရင် နဂိုသဘောတူထားခဲ့တဲ့အထဲမှာက နိုင်ငံရေးဆွေးနွေးပွဲရလဒ်များကို အခြေခံပြီးဆို တာက သိပ်မလေးနက်ဘူးလို့ ယူဆတဲ့ အဖွဲ့တွေကရှိနေတယ်။ အဲဒီတော့ ဖက်ဒရယ်ဒီမို ကရက် တစ်ပြည် ထောင်စုဆိုတာမျိုးထည့်ချင်တဲ့ သဘောဆန္ဒနဲ့ တင်တာတွေလည်းရှိတယ်။ အဲဒါကို ဆုံးဖြတ်တော့ ညီလာခံမှာ မဆုံးဖြတ်နိုင်တာနဲ့ စည်းမျဉ်းအရ ဦးဆောင်ကော်မတီက ဆုံးဖြတ်ခဲ့တာ ဖြစ်တယ် ‘ ဟု ဖဒိုမန်းမန်းက ဆွေးနွေးပွဲ အခြေအနေနှင့် ပတ်သက်၍ ရှင်းပြသည်။


ယင်းစာပိုဒ်အား နဂိုအတိုင်းထားရှိခဲ့မှုအပေါ် ဆွေးနွေးပွဲတက်ရောက်သည့် အဖွဲ့အစည်းအားလုံး၏ သဘော တူညီချက်အရဟု အစည်းအဝေး မှတ် တမ်းတွင် ရေးသားခွင့် မပြုခဲ့ပဲ ကေအန်ယူ ဥက္ကဌ မူတူးစေးဖိုး ဦးဆောင် သော ဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ထည့်သွင်းစေခဲ့ကြောင်းလည်း သိရသည်။


ဇွန်လ ၅ ရက်နေ့ အထိ ဆွေးနွေးမှုများအရ အခန်း ရ ခန်းပါ အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းကို အခန်း (၄) ခန်းသာ ပြီးစီးအောင်ဆွေးနွေးနိုင်ခဲ့ပြီး အခန်းတိုင်းကို အကြိတ်အနယ်ဆွေးနွေးနေရကြောင်း ညီလာခံ တက် ရောက်နေသည့် ကိုယ်စားလှယ် အချို့က ပြောသည်။


ယင်းညီလာခံတွင် မဟာမိတ် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ အားလုံး အပစ်ခတ်ရပ်စဲရာတွင် ပါဝင်နိုင်ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးနေပြီး ညီလာခံကို ဇွန်လ ၈ ရက်နေ့အထိ ရက်တိုးမြင့်ထားကြောင်းလည်း သိရသည်။


‘ ကျနော်က အားလုံးပါဝင်ရေးမူကိုလည်း လက်ခံတယ်။ ဒါပေမဲ့ တအားပြင်တာများပြီး အခု ရွေးကောက် ပွဲ မတိုင်ခင် အပစ်ခတ်ရပ်စဲရေး မဖြစ်တော့မှာ နည်းနည်းတော့ စိုးရိမ်တယ်။ ဒီအတိုင်းဆို ပြင်မှာနဲ့ ထိပ်ဆွေးနွေး မှာနဲ့ ရှေ့လျှောက်ဆို ရွေးကောက်ပွဲစည်းရုံးရေး ကာလက ရောက်တော့မှာနဲ့ စဉ်းစားစရာတွေ အများကြီးပဲ အပစ်ရပ်ရေးနဲ့ ပဋိပက္ခတွေလျှော့ချရေးကလည်း မဖြစ်မနေလုပ်ရတော့မဲ့ ကိစ္စတွေ ပါပဲ။ ခိုင်မာရေးကလည်း ခိုင်မာရေးပေါ့လေ။ ‘ ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်းမှ ငြိမ်းချမ်းရေးနှင့် တိုင်းရင်း သားရေးရာ ဌာန တာဝန်ခံ ကိုမြအေးက လော်ခီးလာညီလာခံနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောဆိုသည်။

စည်ပင်သာယာ သုံးရေ ပိုက်လိုင်း စီမံကိန်း မိုင်းတုံ လယ်မြေ ဧက ၁၀၀ ကျော် ပျက်စီး ဖွယ်ရှိ

Posted: 06 Jun 2015 10:12 PM PDT

နိုင်ငံတော်မှ ချပေးသည့် ဘတ်ဂျတ်ငွေ ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ကို အသုံးပြု၍ မြို့နယ် စည်ပင်မှ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ဒေသခံများ အတွက် သုံးရေပိုက်လိုင်း သွယ်တန်း ပေးမည့်အစီအစဉ်သည် လယ်မြေဧက ၁၅၀ ကျော်အားဖြတ်သန်းဖေါက် လုပ်မည်ဖြစ်သည့်အတွက် ဒေသခံများ လက်မခံဟု သိရသည်။

 ဒေသခံများ၏ လယ်ကွင်းအတွင်း ပိုက်လိုင်းဖြတ်သန်းရန်အတွက်  မြေတူးထားသည်ကိုတွေ့ရ

၂၀၁၅ ဂျွန် ၅ ရက်နေ့ နံနက် ၈ - ၁၀ နာရီအထိ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ စည်ပင် သာယာရေး အထောက် အကူပြု အဖွဲ့ ဒုဥက္ကဌ ဦးဝင်းနိုင်ဦးမှ မိုင်းတုံမြို့သူမြို့သားများ သုံးစွဲရေစီမံကိန်းအတွက် - မိုင်းတုံမြို့အဝင် နားနျု ဒေသ ဘက်မှ ပိုက်လိုင်းသွယ်တန်း ပေးမည့် အစီအစဉ်မှ  ပိုက်လိုင်းလမ်း ကြောင်းဖြတ်သန်းမည့် လယ်မြေ ပိုင်ရှင် ၃၀ ကျော်အား စည်ပင်ရုံး၌ ခေါ်ယူရှင်းပြသည်။

“အစိုးရက စီမံကိန်းအတွက် ကျပ်သိန်းပေါင်း ၁၆၀၀ ချပေးတယ်လို့ကြား သိရတယ်။ အဲဒီငွေတွေကို သုံးစွဲရေ ပိုက်လိုင်း သွယ်တန်းပေးမယ်တဲ့။ ကျနော်တို့ မိုင်းတုံသားတွေ ဒီပိုက်လိုင်းမှ မလိုတာ။ အိမ်တိုင်းရေတွင်းရှိတယ်။ ကျနော်တို့က အလိုမရှိဘူးလို့တင်ပြတယ်။ လယ်ဘဲ အလကားပျက်စီးမှာလေ၊ လိုအပ်တဲ့နေရာမှာ သုံးပေးပေါ့။ လမ်းကောင်းကောင်း တံတား ကောင်းေ ကာင်း ဆေးရုံကောင်းကောင်း လုပ်ပေးပေါ့” - ဟု တောင်သူဦးကြီး တဦးက ပြောသည်။

အလားတူ မိုင်းတုံဒေသခံ အိုက်န ကလည်း - ဝမ်နားလယ်ကွင်း ဝမ်နားရွာမြောက်ဘက် နားနျု ဆည်ကနေ နောင်ပါရင်ရပ်ကွက် မြို့မရပ်ကွက် ဝမ်မိုင်ရပ် ကွက်အတွက်ရေဝေပေးဖို့ပြောတယ်။ တကယ်တော့ အဲဒီရပ် ကွက်က အိမ် တိုင်းရေတွင်းရှိတယ်။ ရေလိုတာက ဖါချယ်ရွာ/ဟောင်လီ ရွာ တွေ ရေလုံးဝ အခက်အခဲဖြစ်နေတာ သူတို့မလုပ်ပေးဘူး။ စည်ပင် အထောက်အကူပြု ဒုဥက္ကဌ ဦးဝင်းနိုင်ဦး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းမတ် မြို့နယ် အထောက် အကူပြု ဦးစိုင်းထွန်းကျော်တို့က လယ်သမားေ တွသဘောမတူပဲ  လယ်တူးပြီး ဇွတ်လုပ် နေပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ရေပေးဝေမှု မလုပ်သေးခင်ကတည်းကပင်    နားနျုရေချောင်းသည် လယ်ရေသွင်းချိန် နှစ်စဉ်နှစ်တိုင်း ရေမလောက်ဖြစ်နေရပြီဖြစ်ကြောင်း  စိုင်းန ကဆိုပါသည်။

ဦးဝင်းနိုင်ဦးမှ ပိုက်လိုင်းအစီအစဉ်အတွက်တာ ဦးစားပေး ပြောဆိုကြောင်း၊ လူထုဆန္ဒအား လုံးဝ မေးမြန်းခြင်း မရှိကြောင်း၊ ဒေသခံများ ကလည်းပြော သည်။

ဦးဝင်းနိုင်ဦးအား သျှမ်းသံတော်ဆင့်မှ ကြိုးစားဆက်သွယ် သော်လည်း မရပေ။
“လူထု ကောင်းစားရေးအတွက်ကျနော်တို့ လုပ်တာပါ။ ဘာရည်ရွယ်ချက်မှ မရှိဘူး။ အိမ်တိုင်းကို ရေပိုက်လိုင်းရောက်ရင် အားလုံးပြည့်စုံသွားမယ်။ လိုတာလုပ်လို့ရတာပေါ့” ဟု အမည်မဖေါ် လို သည့် စည်ပင် အသိုင်းအဝိုင်းက ပြောသည်။

အဆိုပါပိုက်လိုင်းအား သွယ်တန်းမည်ဆိုပါက မိုင်းတုံလူထု အတွက် ဆန် ထုတ်ပေးနေသည့် လယ်ယာမြေ ဧက ၁၅၀ ကျော် ပျက်စီးသွား ဖွယ်ရှိေ သာကြောင့် အလိုမရှိကြောင်း၊ လက်ရှိသည် ထွန်ယက်စိုက်ပျိုးရေး လုပ်ငန်း စတင်ချိန် ပိုက်လိုင်းသွယ်တန်းရေး အကောင်အထည်ဖော် လုပ် ဆောင် မည်ဆိုပါက ပြဿနာပိုမိုကြီးထွားလာနိုင်သဖြင့် ဆက်လက် ကန့်ကွက် သွား မည်ဖြစ်ကြောင်း လယ်သမားများက ပြောသည်။

ပြီးခဲ့သည့် သုံးလေးနှစ်ခန့်ကလည်း မိုင်းဆတ်မှ မိုင်းတုံမြို့အဝင် ထုံးဖိုဘက်မှ သုံးရေပိုက်လိုင်း သွယ်တန်းရေးအစီအစဉ် စလုပ်ခဲ့ဖူးသည်။ သို့သော်ေ အာင်မြင် ပြီးပြတ်အောင် လုပ်ဆောင် နိုင်ခြင်း မရှိခဲ့ပေ။  ယခုလည်း မိုင်းတုံအဝင် နားနျုဘက်မှ ပိုက်သွယ်တန်းရေး ပြန်လည်စတင် ဖို့ ထပ်မံလုပ်ဆောင်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 8, 2015, 4:34:36 PM6/8/15
to thuau...@gmail.com

ဝ တပ်ဖွဲ့ နှင့် အစိုးရ တပ်မတော် စစ်ရေး တင်းမာမှု သတ္တမရက် ဆက်လက် ဖြစ်ပွားနေ

Posted: 08 Jun 2015 03:39 AM PDT

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း သစ်ထုတ်လုပ်မှုပြဿနာေ ကြာင့် UWSA ၀တပ်ဖွဲ့ နှင့် အစိုးရတပ် တို့ အကြား စစ်ရေးဆက်လက် တင်းမာနေပြီး ဒေသအတွင်း ခရီးသွားကားများအား တားမြစ်စစ်ဆေးနေ သည်ဟု ခရီးသွားများ ကပြောသည်။

မိုင်းတုံနှင့် ပုံပါကျင်ကြားကတွေ့ရသော ၀ တပ်ဖွဲ့မိသားစု

၂၀၁၅ ဂျွန် ၈ ရက် ယနေ့ နံနက်ပိုင်း၌ မိုင်းတုံမြို့ - ပုံပါကျင် - ဘီပီဝမ်း - ထိုင်းနယ်စပ်သို့ သွားလာသည့် ဒေသအတွင်း ခရီးသွားကားများအား လှုပ်ရှား သည့်စစ်ကြောင်းများ၊ လမ်း ကင်းများက တားမြစ်စစ်ဆေးနေသည်ဟု ဆိုသည်။ ထို့အပြင် အင်အားသုံးရာခန့်ရှိသည့် ၀ စစ်သည်များကလည်း နမ့်ယွန်း - ပုံပါကျင်မှ တဆင့် ဟွေ့အော့ (တောင်ပိုင်း ၀ တပ်ဖွဲ့ ဌာနချုပ်) ဘက် ဦးတည်သွားနေသည်ဟု ပုံပါကျင်ဒေသခံများကလည်းပြောသည်။


“ဒီမနက်မှာဘဲ ၁၅ စီးထက်မနည်းဘူး။ တားမြစ်စစ်ဆေးခံရတယ်။ ဒီမိုင်းတုံ ပုံပါကျင် လမ်း က ၀ စစ်ဆေးတယ်။ အဓိက ကတော့ လက်နက်ကိုင်တဲ့ သူပါမပါ။ သေနတ်ကို အဓိကထား စစ်ဆေးတယ်။ အစိုးရတပ်ကတော့ တာချီလိတ်၊ မိုင်ဆတ် မိုင်းတုံ မြို့ သွားလာတဲ့ကားတွေ ကို စစ်ဆေးတယ်” - ခရီးသွား စိုင်းစိန္နကပြောသည်။


နှစ်ဘက်စစ်ရေးတင်းမာနေသည့်အနေအထားကြောင့် ၀ တပ်ဖွဲ့အရာရှိ မိသားစုအချို့ ထိုင်းနယ်စပ်အနီးသို့ တိမ်းရှောင်နေသည်ဟုလည်း ကြားသိရသည်။


UWSA နှင့် အစိုးရတပ်မတော်တို့အကြား စစ်ရေးတင်းမာမှုကြောင့် ထိုင်း - သျှမ်းနယ်စပ် တလျှောက် သျှမ်းပြည်တပ်မတော်ကလည်း စစ်ရေးပြင်ဆင် မှုပြုနေကြောင်း ကြားသိရ သော်လည်း သျှမ်းပြည်တပ်မတော်ပြောရေး ဆိုခွင့်က ပုံမှန် စစ်ရေးလှုပ်ရှားခြင်းသာ ဖြစ်ကြောင်း ဤကဲ့သို့ပြောသည်။


“UWSA နဲ့ အစိုးရတပ်မတော် ကြား စစ်ရေးတင်းမာနေတာ ကျနော်တို့လဲ ကြားသိရပါ တယ်။ ဒီအခြေအနေကြောင့် ကျနော်တို့စစ်ရေးပြင်ဆင်နေ တယ်ဆိုတာမရှိပါဘူး။ ပုံမှန် လှုပ်ရှားသွားလာနေတာ တပ်တွေပါဘဲ” - ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည်။


လက်ရှိအနေအထားရ မိုင်းတုံမြို့နယ် မိုင်းခေတ်ကြိုးဝိုင်းသစ်တော အတွင်း ၀ တပ်ဖွဲ့မှ သစ်ထုတ် လုပ်မှုကြောင့် ၀ လူမျိုးမဟုတ်သည့် တရုတ် ၆ ဦးအား အစိုးရတပ်မတော်ဘက်မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း အဆိုပါဖမ်းဆီးခံရ သည့် သူများနှင့်သစ်များအား ပြန်ပေး ရန် ၀ တပ်ဖွဲ့က တောင်းရာမှ ပြဿနာ အစ ဖြစ်ကြောင်း သိရသည်။


သို့သော် ၎င်းတို့သည် တရုတ်လူမျိုးဟုတ် မဟုတ်ကိုတော့ ၀ တပ်ဖွဲ့မှ အတည်ပြုချက် မပေးပေ။


ယခု စစ်ရေးတင်းမာနေမှုသည် မြန်မာအစိုးရတပ်မတော် နှင့် ၀ တပ်ဖွဲ့အကြား စစ်ရေး တင်းမာမှုသည် ယခု ၂၀၁၅ အတွင်း ပထမဆုံးအကြိမ်ဖြစ်၏။


 ၂၀၁၄ နှစ်နှောင်းပိုင်းက နယ်စပ်ကင်းစခန်းပြဿနာ၊ ရာဘာခြံပြဿနာက ရှိခဲ့ဖူးသော် လည်း မြန်မာတပ်အရာရှိထံ ငွေပေးပြီးဖြေရှင်းနိုင်ခဲ့သည်။


“ နိုင်ငံရေးပြဿနာကြောင့် ၀ တပ်ဖွဲ့ကို အားစမ်းချင်တယ်ဆိုရင်တော့ မကြာ ခင် တိုက်ပွဲ တကယ်ဖြစ် ပွားနိုင်တယ်။ ဒါမှမဟုတ် သာမာန် သစ်ပြဿနာပဲ ဆိုရင်တော့ နှစ်ဘက် ဂုဏ်သိက္ခာ ကိုထိမ်းသိမ်းထားချင် တယ် ဆိုရင်တော့ ၀ တပ်ဖွဲ့ကနေ ဗမာအာဏာပိုင်ကို ငွေပေးလိုက်ရင် အရင်တုန်းကလိုဘဲ ပြီးသွားနိုင်တယ် ပြဿနာက” - ဟု အမည်မဖေါ် လို သည့် ၀ လူထု အကြီးအကဲတဦးက ပြောသည်။


သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ကိုးကန့်ဒေသစစ်ရေးပဋိပက္ခတွင် ဝ တပ်ဖွဲ့ ပါဝင်ပတ်သက်မှုရှိနေသည်ဟု မြန်မာအစိုးရက စွပ်စွဲပြောဆိုဖူး သည်။ ထို့အပြင် ၂၀၀၉ ခုနှစ်ကလဲ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး ကိုလက်မခံသည့် ၀ တပ်ဖွဲ့အား ဖိအား ပေးသည့်အနေဖြင့် ထိုင်းနယ်စပ် တလျှောက်ရှိ ၀တပ်များ မြောက်ပိုင်း ဝ နယ်သို့ တပ်ရုပ် ပြန်ရန်ဖိအားပေးခဲ့ဖူး သည်။


သို့သော် ဝ တပ်ဖွဲ့မှာမူ  တောင်ပိုင်း ၀ တပ်ဖွဲ့ထိန်းချုပ်ထားသည့် နယ်မြေ အပါအဝင် ထိုင်း နယ်စပ် တောင်ပိုင်းဝ နယ်ပါ စုစည်း၍ သျှမ်းပြည်နယ်မှ ခွဲထွက်ကာ နေပြည်တော် တိုက် ရိုက် လက်အောက်ခံ သီးခြား ၀ ပြည်နယ် ထူထောင်ရန်ဆန္ဒပြင်းပြနေသည်။


အနာဂတ် မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း ဦးဆောင်ဦးရွက်ပြုလိုသည်ဟု မေလဆန်းပိုင်း ပန်ဆန်းညီလာခံတွင် ဆန္ဒပြုခဲ့ဖူးသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 9, 2015, 4:14:54 PM6/9/15
to thuau...@gmail.com

SMEC ကုမ္ပဏီ ကမ္ဘာကိုလှည့်ဖြားနေကြောင်း သျှမ်းပြည်နယ်ပြည်သူလူထုလှုပ်ရှားမှုအဖွဲ့ပြော

Posted: 09 Jun 2015 08:31 AM PDT

အရှေ့တောင်အာရှအတွင်း အကြီးမားဆုံးရေကာတာဖြစ်လာမည့် မိုင်းတုံ(အထက်သံလွင်)ရေကာတာဆောက် လုပ်ရန် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပြည်သူလူထုထိခိုက်မှုကို ကွင်းဆင်းစစ်တမ်းကောက်ယူနေသည့် SMEC ကုမ္ပဏီက ကမ္ဘာကိုလှည့်ဖြားနေကြောင်း သျှမ်းပြည်နယ်ပြည်သူလူထုလှုပ်ရှားမှုအဖွဲ့က ပြောဆိုသည်။





“EIA-SIA သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပြည်သူလူထုထိခိုက်မှုကို စစ်တမ်းကောက်ယူတယ်ဆိုတာ နာမည် တော့လှတယ်။ ဒါပေမဲ့ ရေကာတာ ဆောက်လုပ်ဖို့ လမ်းစ တခုဖြစ်တယ်။ လျှပ်စစ်မီးရမယ်ဆိုတာတော့ မှန်တယ်။ ဒါပေမဲ့ သူတို့ဝပ်ဆိုက်ဒ်မှာ အားလုံးအကောင်းတွေချည်း ရေးထားတယ်။ အဆိုးတခုမှ မရေးထားဘူး။ ပြည်သူတွေက အကောင်းမြင်တယ်လို့ဘဲ ရေးထားတယ်။ ခေါင်းမှာအနီပတ်စည်းထားပြီး ဆန့်ကျင်တဲ့ အကြောင်းတခုမှ မရေးထားဘူး။ ပြည်သူတွေကို ဘယ်လိုထိခိုက်မယ်ဆိုတာ မပြောထားဘူး။ ရေကာတာ ဆောက်လုပ်မဲ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အကြောင်းလည်း မပြောထားဘူး။ ဒါဟာ ကမ္ဘာကို လှည့်ဖြားနေတာဘဲ” ဟု သျှမ်းပြည်နယ်ပြည်သူလူထုလှုပ်ရှားမှုအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ စိုင်းခေးဆိုင် က ပြောပါသည်။

ရေကာတာဆောက်လုပ်မည့်ကုမ္ပဏီများကလည်း ဒေသခံများအား ရေကာတာဆောက်လုပ်ရန် သဘောတူ/ မတူဆိုသည့် ခေါင်းစဉ်ဖြင့် မေးမြန်းခြင်းမရှိဘဲ တခြားသောခေါင်းစဉ်တခုခုဖြင့် လှည့်ဖြားကာ လက်မှတ်များ ယူဆောင်သွားတတ်ကြောင်း၊ ထို့ကြောင့် သတိထားကြမည်ဖြစ်ကြောင်း စိုင်းခေးဆိုင် က ပြောပါသည်။

“အစတော့ ထောက်ခံဖို့ ပစ္စည်းပေးမယ်။ ပစ္စည်းပေးလို့မရရင် ငွေပေးမယ်။ ဒါကြောင့် ငွေယူတဲ့သူနဲ့ ငွေမယူတဲ့ သူတွေ ရန်ဖြစ်မယ်။ ငွေပေးလို့မရရင် စစ်သားတွေ ရဲတွေကိုငှားပြီး ချိန်းခြောက်ခိုင်းမယ်။ ဒါပေမဲ့ ပြည်သူတွေ ကြောက်ဖို့မလိုဘူး။ ကိုယ့်ဘက်မှာ အင်အားများများရှိဖို့ဘဲလိုတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း ပြည်သူတိုင်း သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝသယံဇာတတွေကို ထိန်းသိမ်းပိုင်ခွင့်ရှိတယ်လို့ ရေးထားတယ်။ အရေးကြီးဆုံး အချက်က ဘာပဲဖြစ်ဖြစ် ဘာပဲပြောပြော  ဗီဒီယိုတွေ ဓာတ်ပုံတွေ ရိုက်ထားရမယ်။ ဒါဟာ သက်သေတခုဖြစ် တယ်။ ပါးစပ်နဲ့ပြောရင် မယုံကြဘူး။”

ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပါက ပြည်သူသာ နစ်နာမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ စိတ်ဝမ်းကွဲ ပြီး တိုက်ပွဲဖြစ်ပါကလည်း  ပြည်သူသာ နစ်နာမည်ဖြစ်ကြောင်း၊ ရေကာတာဆောက်လုပ်ခြင်းကြောင့် ရေလွှမ်းမိုး သည့်အခါမှာလည်း ပြည်သူသာ နစ်နာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ တစိတ်တဝမ်းတည်း အားမလျှော့ဘဲ ကြိုးစားရင်ဆိုင်ရမည်ဖြစ်ကြောင်း စိုင်းခေးဆိုင်ကပြောသည်။

ထို့အပြင် မိုင်းတုံ(အထက်သံလွင်)ရေကာတာစီမံကိန်းကို ချက်ချင်းရုတ်သိမ်းပေးရန် သျှမ်းပြည်နယ်ပြည်သူ လူထုလှုပ်ရှားမှုအဖွဲ့က ဂျွန်လ ၉ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ The Foreign Correspondents’ Club of Thailand FCCT တွင် သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်၍ တောင်းဆိုလိုက်သည်။

မိုင်းတုံ(အထက်သံလွင်)ရေကာတာစီမံကိန်းကို တရုတ်ကုမ္ပဏီ Three Gorges Corporation ၊ ထိုင်းကုမ္ပဏီ The Electricity Generating Authority of Thailand ၊ International Group of Entrepreneurs နှင့် မြန်မာ့လျှပ်စစ်ဝန်ကြီးဌာနတို့  ပူးပေါင်းတည်ဆောက်မှာဖြစ်ကြောင်း၊ မိုင်းတုံရေကာတာမှ လျှပ်စစ်မီး ရ၀၀၀ မီကာဝပ်ထွက်ရှိမှာဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကို ထိုင်းနှင့်တရုတ်ကို တင်ပို့ရောင်းချမည်ဖြစ်ကြောင်း ဆိုပါသည်။

သို့- သျှမ်းသံတော်ဆင့်အယ်ဒီတာ

Posted: 09 Jun 2015 01:15 AM PDT

သို့- သျှမ်းသံတော်ဆင့်အယ်ဒီတာ

မူဆယ်မြို့ဟာ လောင်းကစားမြို့တော်ကြီး ဖြစ်နေပါပြီ။ တဖက် တရုတ်နိုင်ငံမှ သူဌေးများက ပြည်သူ့စစ် အဖွဲ့များနဲ့ ပေါင်းကာ လောင်းကစား မျိုးစုံ ပေါ်ပေါ်တင်တင် ပြုလုပ် နေကြ ပါတယ်။

မူဆယ်မြို့ပေါ်ရှိ ဌာနဆိုင်ရာအားလုံးကို လိုင်းကြေး သဘောမျိုးပေးပြီး လုပ်ကိုင် နေခြင်းဖြစ်ပါ တယ်။ အဓိကကတော့ ထွေအုပ် နဲ့ ရဲ တွေကို ပေးရကြောင်း လောင်းကစားသမားဒိုင်များနဲ့ နီးစပ်သူများကပြောပါတယ်။

ရဲတပ် ဖွဲ့က ဟန်ပြဖမ်းပြတယ်။ဒါမှမဟုတ် လိုင်းကြေး မပေးသည့် ငါးပစ်ဂိမ်းဆိုင် တစ်ချို့ကိုဖမ်း တယ်။ ပြီးရင် လောင်းကစား ပစ္စည်း ဂိမ်းစက် များကို ပြန်ရောင်းစား ကြကြောင်း သိရပါတယ်။

မူဆယ်ရဲစခန်း(ပ)၁၆၇/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/၁၄(က)အမှုမှ သက်သေခံ

ပစ္စည်းများနဲ့ (ပ)၁၆၇/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/၁၄(က)အမှုမှ သက်သေခံ

ပစ္စည်းများအား စခန်းမှူးနဲ့ အမှုစစ်ပေါင်းပြီးလောင်းကစားသမားများထံ ပြန်လည် ရောင်းစားကြောင်း သိရှိရပါတယ်။

ဒီလိုမျိုးဆိုရင် ဘယ်လိုလုပ်ပြီးလောင်းကစားမှု ပပျောက်တော့မလဲ။ မူဆယ်တွင် ငွေဆင်အိမ်ယာ အတွင်း ကလပ်ဝိုင်းတွင် လောင်းကစားနည်းမျိုးစုံ။ပြည်သူ့စစ် ကျော်နိုင် ဝိုင်းတွင် လောင်းကစား နည်းမျိုးစုံ ပေါ်တင်ပြုလုပ်နေတာတွေ့ရပါတယ်။

ဒီလို လောင်းကစားဝိုင်းများ၊ ဂိမ်းဆိုင်များမှိုလိုပေါများနေတဲ့ မူဆယ်မှာ လူငယ်များ၊ သားသမီး များအတွက် စိတ်မအေးဖြစ်ရပါတယ်။

ဒါ့ကြောင့် အမြန်ဆုံးရှင်းလင်းပေးကြပါရန် ရေးသားလိုက်ရပါသည်။

လေးစားစွာဖြင့်
စိုင်းရွှေလီ

ဝ တပ်ဖွဲ့ နှင့် အစိုးရတပ်များ နေရပ်အသီးသီးသို့တပ်ရုပ်ပြန် တင်းမာမှုများပြေလျော့

Posted: 09 Jun 2015 01:11 AM PDT

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း သစ်ထုတ်လုပ် မှုပြဿနာေ ကြာင့် စစ်ရေး တင်းမာနေ သည့် ၀ တပ်ဖွဲ့ နှင့် အစိုးရတပ် တို့ အကြား ညှိနှိုင်းမှု ပြီးဆုံးကာ နှစ်ဘက်တပ်များ အသီးသီးပြန်လည် ရုပ်သိမ်းသွား သည်ဟုသိရသည်။

 စစ်အစိုးရလက်ထက်က ဦးသိန်းစိန်နှင့် ၀ တပ်ဖွဲ့ ဒုဥက္ကဌ ရှောက်မင်လျှံ


ဂျွန် ၈ ရက် ၂၀၁၅ ပုံပါကျင်မြို့ ရဲစခန်း၌ နှစ်ဘက်ခေါင်းဆောင်များေ တွ့ဆုံကြောင်း၊ အစိုးရဘက်မှ ဖမ်းထားသည့် ၀ တပ်ဖွဲ့ဝင်အားလုံး အား မြန်မာအစိုးရ ဘက်မှ ပြန်လွှတ်ပေးလိုက်ကြောင်း၊ ထို့အတူ ၀ တပ်ဖွဲ့ ဘက် ကလဲ ၎င်းတို့ ထိန်းသိမ်းထားသည့် မြန်မာအစိုရ သစ်တောဝန်ထမ်းနှင့် ရဲ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၁ ဦးအား ပြန်လွှတ်ေ ပးလိုက်သောေ ကြာင့် နှစ်ဘက် ချိန်ထားသည့်တပ်များ၊ အစိုးရတပ် ဘက်မှ သံချပ်ကာ ကားများ အားလုံး ယမန်နေ့ မွန်းလွဲ ပိုင်းက အသီးသီး တပ်ရုပ်ပြန်သောကြောင့် နှစ်ဘက် တင်းမာနေသည့် အနေအထား ပြေလျော့သွားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

“မနေ့က အထိတော့ နှစ်ဘက်တပ်တွေ တွေ့နေရတုန်း။ မွန်းလွဲ ပိုင်း နဲ့ ညနေပိုင်းမှာတော့ တပ်ရုပ်ပြန် သွားကြပြီ။ အစိုးရတပ်ရဲ့ သံချပ်ကာ ကား နဲ့ လုံခြုံရေးယူပေးတဲ့ စစ်ကား ၆ စီးလဲ မိုင်းတုံမြို့ ထဲကို ပြန်သွားဘီ။ ၀ တွေလဲ ဟွေ့အော့် ဌာချုပ်ကို အကုန်တပ်ရုပ်ပြန်ပြီ။ တိုက်ပွဲတော့ မဖြစ်လောက်တော့ ဘူး။ စိတ်အေးသွားပြီ” ဟု အမည်မဖေါ်လိုသည့် ရပ်မိရပ်ဖ တဦးကပြောသည်။

မိုင်းတုံမြို့နှင့် ပုံပါကျင်မြို့ အကြား မယ့်ကဲန်းကျေးရွာအုပ်စု မိုင်းခေတ် သစ်တောကြိုးဝိုင်း ဟွေ့နမ့်ဆိုင် တွင် သစ်ခုတ်နေသည့် ၀ တပ်ဖွဲ့ ဝင် ၁၆ ဦးအား ဖမ်းဆီးရမိသစ်များနှင့်အတူ အစိုးရဘက်မှ ထိန်းသိမ်း ထားကြောင်း၊ မြန်မာ ပြည်သားဟု ယူဆရသည့်သူ ၁၀ ဦးအား လွှတ်ပေးလိုက်သော်လည်း အမျိုးသား မှတ်ပုံတင် မရှိသေးသည့်တရုတ်လူမျိုးအား လွတ်ပေးခြင်းမရှိသောကြောင့် သစ်တော နှင့် ရဲ တပ်သား ၁၁ ဦးအား ၀ တပ်ဖွဲ့ ဘက်မှ ပြန်လည်ဖမ်းဆီးလိုက်ကြောင်း၊ အပြန်အလှန် ဖမ်းဆီးခံရသူများအား အသီးသီး ပြန်လည်လွှတ်ပေးဖို့ သဘောတူသောကြောင့် တပ်များ ရုပ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် မြန်မာနိုင်ငံသားမဟုတ်သည့် တရုတ်လူမျိုးဟု ယူဆသည့် သူ ၆ ဦး အားလွှတ်ပေးမှုအား သီးခြားအတည်ပြုချက်မရပေ။

“မြန်မာအစိုးရ အနေနဲ့ စိတ်ဆန္ဒအရင်းခံဆိုရင် ၀ ကို ကြည့်မရဘူး။ ဒီလတ်တလောအခြေအနေရ ပိုတိုက်ချင်နေတယ်လို့သိရတယ်။ ဒါပေမယ့် မဟာဗျူဟာအရ ကတော့ ၀ ကို အခွင့်အရေး ပေးထား တာက သျှမ်းကို တိုက်ခိုက်ခြေမှုန်းဖို့ဖြစ်တယ်။ ဒါပေမယ့် ခက်တာက ၀ နောက်မှာ တရုတ်ရှိနေတော့ ခက်နေတာ။ သျှမ်းတပ် အနောက်မှာ ဘာမှ မရှိဘူးလေ” - ဟု သျှမ်းတော်လှန် ရေးသမားဟောင်း တဦးက သုံးသပ်သည်။

၂၀၀၁ - ၀၂ နှင့် ၂၀၀၅ ခုနှစ်တွင် ၀ တပ်ဖွဲ့များအား သျှမ်းပြည်တပ်မတော် RCSS/SSA ဌာချုပ် လွယ်တိုင်းလျဲန်းသို့ မြန်မာအစိုးရတပ်ညွှန်ကြားမှုဖြင့် သွားရောက် တိုက်ခိုက် ခဲ့ဘူးသည်။ တာချီလိတ် ၊ မိုင်းဆတ် ခရိုင် ထိုင်းနယ် စပ်သို့ ၀တပ်ဖွဲ့ ရောက်လာရခြင်း သည်လည်း သျှမ်းလက်နက် ကိုင်တပ်ဖွဲ့ များအား တိုက်ခိုက်ချေမှုန်းနိုင်လျှင် ၎င်းတို့ ထိန်းချုပ်နယ်မြေများအားလုံး ၀ တပ်ဖွဲ့အားလွှဲအပ်မည်ဟု ထိုစဉ်စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမောင်အေးက ၀ တပ်ဖွဲ့အား ပြောကြားခဲ့ဘူးသည်။

ဝ ၊ မိုင်းလား ၊ ကိုးကန့် တို့တွင် ရွေးကောက်ပွဲ ကျင်းပရန် မသေချာ ဟု ကော်မရှင် ဥက္ကဌပြောကြား

Posted: 09 Jun 2015 01:03 AM PDT

ပဋိပက္ခနှင့်တိုက်ပွဲများ ဖြစ်ပွါးနေသေးသော သျှမ်းပြည်အရှေ့ပိုင်း ၀ ၊ မိုင်းလား နှင့် ကိုးကန့် ဒေသ တို့တွင် ရွေးကောက်ပွဲကျင်းပရန် မသေချာေ သးကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောသည်။



ဂျွန်လ ၈ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ကျင်းပသည့် ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဦးတင်အေးက ၀ ၊ မိုင်းလား နှင့် ကိုးကန့် ဒေသတွင် ရွေးကောက်ပွဲကျင်းပရန် မဲစာရင်းကောက်ခံထားခြင်း မရှိသေးသဖြင့် ရွေးကောက်ပွဲကျင်းပရန်အလား အလာနည်းသည်ဟုပြောဆိုလိုက်ပါသည်။

“ကိုးကန့်က နောက်နှစ်လကြာလောက်မှာ အေးချမ်းတည်ငြိမ်သွားရင် ရွေးကောက်ပွဲဖြစ်နိုင် သေး တယ်။ ၀ ကဖြစ်နိုင်ချေအနည်းဆုံးပဲ ၊ သူက ပါစရာ အကြောင်းမရှိဘူး ။ မဲစာရင်းကောက်လို့မရသလို ရွေး ကောက်ပွဲနီးလာရင် ပါတီတွေကို စည်းရုံးခွင့်တို့ဘာတို့က သူတို့ကလည်း ပေးမှာ မဟုတ်ဘူးလေ ” ဟု ဦးတင်အေးက ပြောသည်။

မိုင်းလားဒေသမှာမူ ရွေးကောက်ပွဲကျင်းပနိုင်သည့်အခြေအနေတွင်ရှိနေသော်လည်း ၂၀၁၀ ရွေး ကောက်ပွဲကာလကတည်းက ကိုယ်စားလှယ်စာရင်းပေး သွင်းခြင်းမရှိခဲ့ပဲ ယနေ့ တိုင်ပူးပေါင်း ဆောင် ရွက်မှု အားနည်းနေခြင်းကြောင့် မဲစာရင်းမကောက်ခံရသေးသည့် မြို့နယ်များ စာရင်းတွင် ပါဝင်နေ ခြင်းဖြစ် သည်။ ၀ တာဝန်ရှိသူများက လူဦးရေ ၆ သိန်းကျော်တွင် နိုင်ငံသား မှတ်ပုံတင်ရရှိပြီးသူ ထောင် ဂဏန်းခန့်သာ ရှိနေသဖြင့် ရွေးကောက်ပွဲ ကျင်းပရန်မဖြစ်နိုင်ကြောင်း မီဒီယာ အချို့အား ပြောဆို ထားသည်။

“ ၀ က ပြည်နယ်တောင်းတယ်ဆိုတာ တရားဝင်မှုအတွက် အဆင့်လျှော့ေ တာင်းနေတာ။ ရွေးကောက်ပွဲ လောလောဆယ် မကျင်းပသေးလဲ သူက ဒီအတိုင်းနေလို့ရတယ်။ ရွေးကောက်ပွဲ ဝင်လိုက်ရင် ၂၀၀၈ အောက်ရောက် သွားမှာ ဖြစ်ပြီး အခုရနေတဲ့ အဆင့်ထက်ပါနိမ့်သွားလိမ့်မယ် ။ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဦးစီးအဖွဲ့မှ တခြားအပြင်လူတွေပါ ထည့်ရတော့မယ်လေ ” ဟု ၀ ဒေသတွင် ရွေးကောက်ပွဲကျင်းပ နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မှတ်ချက်ပြုပြောဆိုသည်။

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ နှစ်ကြိမ် တွင် လည်း ၀ အာဏာပိုင်များ အနေဖြင့် ရွေးကောက်ပွဲ ကျင်းပခွင့်မပြုခဲ့ပဲ သျှမ်း တိုင်းရင်းသား ပါတီများကိုပင် ယနေ့တိုင် ဒေသ အတွင်းတို့ ဝင်ရောက် ခွင့်မပြုသေးပေ။

လက်ရှိမဲစာရင်းကောက်ခံထားသည့် မြို့နယ် ၃၂၃ မြို့နယ်စာရင်းတွင် ကချင်ပြည်နယ်မှ မြို့နယ် အားလုံး ပါဝင်သည်ဟုသိရပြီး သျှမ်းပြည်အရှေ့ပိုင်း မိုင်းမော ၊ ပန်ဝိုင်၊ ပန်ဆန်း ၊ နားဖန်း၊ မိုင်းလား ၊ လောက်ကိုင် နှင့်ကုန်းကြမ်း စသည့် မြို့နယ်များမှာ ပါဝင်ခြင်းမရှိသေးပေ ။

သို့သော်လည်း ကချင်ပြည်နယ်တွင်မူ ရွေးကောက်ပွဲကျင်းပရန်အလား အလာများကြောင်း ပြောဆိုပါသည်။
“ ကချင်ပြည်နယ်ကို မချန်ခဲ့ပါဘူး ။ အရင်တုန်းက ၂၀၁၂ တုန်းက ကချင်ပြည် နယ်ကို ကျနော်ကိုယ် တိုင်သွားတော့ မဲစာရင်းကောက်လို့ မရဘူး ကော် မရှင်ဆင်းလို့ကိုမရဘူး ။ တချို့ပါတီတွေက စည်းရုံး ရေးဆင်းလို့မရဘူး။ အခုလိုအခြေအနေက အဲဒီလိုမဟုတ်တော့ဘူး။ မြို့နယ်အားလုံး မှာ ဖြစ်လိမ့်မယ်။ ” ဟု ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်မည့် အခြေအနေနှင့် ပတ်သက်၍ပြောသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၁၂ ကြားဖြတ်ေ ရွးကောက်ပွဲတွင် လစ်လပ်မဲ ဆန္ဒနယ် ၃ နေရာမှာ ကချင်ပြည်နယ်တွင် ရှိခဲ့သော်လည်း ကျင်းပခြင်းမရှိနိုင်ခဲ့ပေ ။

၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပဖွယ်ရှိနေသည့် အထွေထွေေ ရွးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကော်မရှင် ဥက္ကဌ က ဆို ထားပြီး အမေရိကန်အပါဝင် နိုင်ငံတကာမှလည်း ယင်းရွေးကောက်ပွဲ ရလဒ်အပေါ်မူတည်ပြီး မြန်မာနှင့် ဆက်ဆံရေးအပေါ် ပြန်လည် သုံးသပ်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျကိုမူ လာမည့် ဇူလိုင်လဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာ နိုင်ဖွယ်ရှိနေသည်ဟု ကော်မရှင် ဥက္ကဌက ဇွန်လ ၈ ရက်နေ့တွင် မီဒီယာအချို့ကိုပြောဆိုထားသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 10, 2015, 4:47:57 PM6/10/15
to thuau...@gmail.com

လွယ်လင် ဒေသခံများ မြေယာ အလွဲသုံး စားမှု ပြုခံ နေရ

Posted: 10 Jun 2015 09:15 AM PDT

သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် ၊ ခေါက်နွဲ့ကျေးရွာအုပ်စု ၊ ချိုခမ်းရွာမှ ပိုင်ရှင်ရှိ မြေယာ များ အား လွိုင်လင်မြို့နယ်မြေစာ ရင်းဦးစီးဌာနက တရားမဝင် ပုံစံ(၇) ထုတ်ပေးကာ တခြားမြို့ နေသူ (၁၄) ဦးတို့အား ရောင်းချပေးလိုက်သည်ဟု ချိုခမ်း ဒေသခံများကပြောသည် ။



အုပ်ချုပ်ရေးမှူးဖြစ်သူထံ တရားဝင်ရုံးတံဆိပ် ရိုက်နှိပ် ထားသော ပုံစံ(၁) လျှောက်လွှာရယူခြင်း၊ အသိပေးခြင်းမရှိပဲ ၊ အခြား မြို့နယ်နေသူ(၁၄) ဦးတို့ အားလွယ်လင်မြို့နယ်မြေစာရင်းဦးစီးမှူးနှင့် မြေတိုင်းအရာရှိများမှ ပုံစံ(၇) ထုတ်ပေးခြင်းသည်တရားမဝင်လုပ်ရပ်ဖြစ်ကြောင်း လွယ်လင်မြို့ နယ်၊ ခေါက်နွဲ့ကျေးရွာအုပ်စု   အုပ်ချုပ်ရေးမှူးက ရှင်းပြသည် ။

"ကျနော်တို့ ကန့်ကွက်နေတဲ့ကြားက ကျနော်တို့အရပ်ဒေသမှာရှိတဲ့ ပိုင်ရှင်ရှိ စိုက်ပျိုးမှုလုပ်နေဆဲ မြေယာတွေကိုအခြားမြို့နယ်ကလူတွေဆီ အလွယ်တကူ ပုံစံ(၇) ထုတ်ပေးလိုက်တဲ့အတွက် မြေယာ အလွဲသုံးစားလုပ်တဲ့ မြေစာရင်းဦးစီးဌာနက၊ ဦးစီးမှူးနဲ့ မြေတိုင်း အရာရှိတွေကို တိုင်ကြား စာတွေ အဆင့်ဆင့်နဲ့ တိုင်ကြားသွားမယ် "ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည် ။

ချိုခမ်းကျေးရွာရှိ ဒေသခံများ၊ ရပ်မိရပ်ဖများနှင့် အုပ်ချုပ်ရေးမှူးတို့ မှ ၂၀၁၄ သြဂုတ်လကတည်းက မိမိတို့ပိုင်ယာမြေများအား ရောင်းချခြင်းမပြုရန် မြေစာရင်းဦးစီးဌာနထံသွား ရောက်ကန့်ကွက်ခဲ့ သော်လည်း ၂၀၁၅ မေလတွင် လွယ်လင်မြို့နယ် မြေစာရင်း ဦးစီးဌာနမှ မိုင်းပွန်အုပ်စုနေသူ (၁၄) ဦးတို့အား ပုံစံ(၇) ထုတ်ပေးခဲ့ခြင်းဖြစ်သည် ။

ယင်းကိစ္စနှင့်ပတ်သက်၍ လွယ်လင်မြို့နယ် မြေစာရင်းဦးစီးမှူးနှင့် မြေတိုင်း အရာရှိတို့အား၊ အရေး ယူပေးရန်နှင့် ပြန်လည်စီစစ်ပေးရန် ချိုခမ်းကျေးရွာ ရှိဒေသခံ (၇၀)ကျော်တို့မှ လက်မှတ်ရေး ထိုး ကာ ပြည်နယ် မြေအသုံးချမှုစီမံ ခန့်ခွဲရေးကော်မတီ ၊ ပြည်နယ် မြေစာရင်းဦးစီးဌာန နှင့် သျှမ်း ပြည်နယ် အစိုး ရအဖွဲ့ထံတင်ပြသွားမည်ဖြစ် ကြောင်းပြောပါသည် ။

“ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာ(ပုံစံ-၁) ကိုသက်ဆိုင်ရာရပ်ကွက် (သို့)ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးရုံးမှာ အခမဲ့သွားယူလို့ရပါတယ်။ အဲဒီမှာအချက်အလက်တွေကို ပြည့်စုံစွာဖြည့် စွက် ပြီး ရပ်ကွက်(သို့) ကျေးရွာအုပ်စု လယ်ယာမြေစီ မံခန့်ခွဲမှု အဖွဲ့မှတစ်တဆင့် မြို့နယ်ဦးစီးဌာနရုံးကို သွားရောက်လျှောက်ထားရပါမယ်” ဟု ခေါက်နွဲ့ဒေသခံ စိုင်းမျိုးက ပြောသည် ။

၎င်းနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ်မြေစာရင်းဦးစီးဌာနက “ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက် ထားချက်နှင့်စပ်လျဉ်း၍ ကန့်ကွက် နိုင်ကြောင်းကြေငြာချက်အရ ကန့်ကွက်ချက် တစုံတရာရရှိလျှင် မြို့နယ် ဦးစီးရုံးသည် ယင်းကန့်ကွက်ချက် လက်ခံရရှိသည့်နေ့မှ သာမာန်အားဖြင့်(၇) ရက်အတွင်း သက်ဆိုင်ရာရပ်ကွက် (သို့) ကျေးရွာအုပ်စု လယ်ယာမြေစီ မံခန့်ခွဲမှုအဖွဲ့သို့ ယင်းကန့်ကွက်ချက် အပါအဝင် သက်ဆိုင်သည့်စာတမ်း အမှတ်အသားများကို ပေးပို့၍ စုံစမ်းစစ်ဆေးတင်ပြစေရန် အကြောင်းကြား ဆောင်ရွက်သွားမည်ဖြစ်ပါသည် " ဟု  ထုတ်ပြန် ကြေငြာ ထားပါသည်။

သျှမ်းပြည်နယ် ဝန်ကြီးချုပ် ညွှန်ကြားချက် ကျေးသီး စည်ပင် လုပ်ဆောင်ခြင်း မပြု

Posted: 10 Jun 2015 09:10 AM PDT

သျှမ်းပြည်တောင်ပိုင်းကျေးသီးမြို့ရေပေးဝေရေးအတွက် သျှမ်းပြည်နယ်အစိုးရမှ ငွေကျပ်သိန်း ရာချီ ကူညီ ပေးအပ် ထားသည် ဟု ဆိုသော်လည်း မြို့နယ်ကော်မတီ စည်ပင်နှင့် မြို့နယ် စည်ပင်သာ ယာရေးအဖွဲ့မှ ယခုတိုင် ဒေသခံများအတွက် ရေသွယ်တန်းပေးခြင်း မရှိသေးကြောင်း ဒေသခံများ က ပြောဆိုပါသည်။



“သျှမ်းပြည်နယ်အစိုးရက ကျေးသီးဒေသခံတွေကို ရေပေးဝေဖို့အတွက် မြို့နယ်ကော်မတီစည်ပင် နဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို ပထမအကြိမ် ကျပ်သိန်း ၁၀၀  ပြီးခဲ့တဲ့ ၂ နှစ်ကတည်းက ချပေးတယ်။ မနှစ်က မိုင်းကိုင်ကိုရောက်တုန်းကလည်း စဝ်အောင်မြတ်က စည်ပင်ကို နောက် ထပ် ၂၀၀ ထပ်ပေးတယ်။ အခု ရေကန်ကပြီးပြီ။  ရေမရသေးဘူး။ သောက်သုံးဖို့အတွက် အခက်အခဲတွေ အများကြီး တွေ့ရပါတယ်”  ဟု ကျေးသီး ရပ်မိ ပါနန်းကြာပုကပြောသည်။

ယမန်နှစ်က သျှမ်းပြည်နယ်ဝန်ကြီးချုပ်ကျေးသီးသို့ရောက်ရှိစဉ် နွေရာသီ ရေခက်ခဲသော ကန်ပန်၊ ဟော်ကုန်းရပ်ကွက်တို့အား ရေရရှိရေး အမြန်ဆုံးဆောင်ရွက်ပေးရန် မြို့နယ်စည်ပင်အား မှာကြား ခဲ့ပြီး ထောက်ပံ့ ငွေကြေး ပေးခဲ့ခြင်း ဖြစ်ပါသည်။

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်  စစ်ပြေးဒုက္ခသည် အများဆုံးရှိသော ဒေသဖြစ်သဖြင့် အစား အသောက်နှင့် အသုံးအဆောင်ပစ္စည်း လွန်စွာလိုအပ်သောနေရာဖြစ်ပါသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့တွင်လည်း ၂၀၀၄ ခုနှစ်နောက်ပိုင်း မြစ်ရေတင်စီမံကိန်း ရေမြောင်း ဖေါက်လုပ်ရာ ပိုက်လိုင်းလမ်းကြောင်းကြောင့် ဒေသခံများ၏ ပဲစဉ်းငုံ နှင့် ဆေးရွက်ကြီး စိုက်ပျိုးရေး ခြံအများ အပြား ပျက်စီး ခဲ့ရသည်။ သို့သော် လယ်သမားများ ယနေ့တိုင် ရေမရရှိသေးပေ။

စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန် လော်ခီးလာ ညီလာခံမှ ကြေငြာ ချက်ထုတ်ပြန်

Posted: 10 Jun 2015 12:38 AM PDT

ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ကျင်းပနေသည့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များ ထိပ်သီးညီလာခံမှ   ဒီမိုကရေစီအရေးတန်းတူအရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်အပြည့် အဝရှိသောစစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် စည်းလုံး ညီညွတ်စွာဖြင့် လက်တွဲကြိုးပမ်း သွားမည်ဟု သဘောတူညီခဲ့ကြောင်း ညီလာခံမှထုတ်ပြန် သည့် ကြေငြာချက်ပါ ဖော်ပြချက်အရသိရသည်။



၈ ရက်ကြာကျင်းပခဲ့သည့် ယင်းညီလာခံသည် ဂျွန်လ ၉ ရက်နေ့တွင်ပြီးဆုံးခဲ့ပါသည်။

အဆိုပါညီလာခံမှ  အစိုး ရနှင့်ဆွေးနွေးရန်အတွက်အဖွဲ့ဝင် ၁၅ ဦးပါ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့ ကို ဖွဲ့စည်းနိုင်ခဲ့သည့်အပြင် ယင်းအဖွဲ့ကို ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးမှ ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်က ဦးဆောင်သွားမည်ဖြစ်သည်။ အဆိုပါအဖွဲ့မှ ကိုးကန့်နှင့် AA ရခိုင့်တပ်မတော်မှလွဲ၍ ကျန်ရှိ NCCT အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှ ကိုယ်စားလှယ်တဦးလည်း ပါဝင်မည် ဖြစ်သည်။

ယင်း အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ မှာ ယခင်က အစိုးရနှင့် ဆွေးနွေးနေသည့် လုပ်ငန်း ညှိနှိုင်းရေး အဖွဲ့ဖြစ်သော နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ NCCT နေရာတွင် အစား ထိုးတာဝန် ယူမည် ဖြစ်ရာ အစိုးရနှင့်ဆွေးနွေးမှုများပြုလုပ်သည့်အခါ  ယခင်ကော်မတီထက်လည်း လုပ်ပိုင်ခွင့်ပိုမိုရရှိမည် ဖြစ်သည် ဟုဆိုပါသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ NCCT တို့ အကြားပူးပေါင်းရေးဆွဲထားသည့် နိုင်ငံ လုံးဆိုင် ရာ အပစ်ခတ်ရပ်စဲရေးမူကြမ်းကို ပြန်လည်သုံးသပ် သဘောထားဆန္ဒရယူရန်ကျင်းပသည့် ယင်းညီလာခံတွင် အနည်းဆုံး NCCT အဖွဲ့ဝင် ၁၆ ဖွဲ့လုံးပါဝင်မှသာ လက်မှတ်ရေးထိုးမည်ဟူသည့် အချက်ကိုလည်း သဘော တူခဲ့ကြကြောင်း သိရသည်။

‘ AA ၊ ကိုးကန့် ၊တအာင်း(ပလောင်) အပါအဝင် အနည်းဆုံး NCCT အဖွဲ့တွေအားလုံးပါဝင်မှသာ လက် မှတ် ရေး ထိုးဖို့ သဘောတူထားတယ်၊ NCCT ထဲမှာ မပါသော်လည်း ဒီစာချုပ်ကို လက်ခံတဲ့  အခြား ဘယ်အဖွဲ့ကိုမဆို စာချုပ်လက်မှတ်ရေးထိုးရာမှာ တပါတည်း ပါဝင်ဖို့ဆိုတာလည်း သဘောတူနိုင်ခဲ့ တယ် ‘ ဟု ညီလာခံတက် ရောက်ခဲ့သည့် ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးမှ အတွင်းရေးမှူး (၂) ဖဒိုမန်းမန်းက ပြောသည်။

AA ၊ ကိုးကန့်နှင့် တအာင်း အဖွဲ့များမှာ အစိုးရမှ လက်မှတ်ရေးထိုးရာတွင် ပါဝင်ရမည့် အဖွဲ့များစာရင်း တွင် ပါဝင်ခြင်းမရှိသဖြင့် NCCT မှ နှုတ်ထွက်ပြီဟု ကြေငြာခဲ့သော်လည်း ယခုကဲ့သို့ အားလုံးပါဝင်ရေး ဆိုသည့် ရလဒ်ထွက်ပေါ်လာသည့်အပေါ် NCCT မှ နှုတ်ထွက်ထားမှုကို ရုပ်သိမ်းခဲ့ပြီ ဖြစ်ကြောင်းလည်း ညီလာခံ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်တဦးက ပြောသည်။

ပါဝင်လက်မှတ်ရေးထိုးရမည့် အဖွဲ့အစည်းများကိစ္စမှာ မူကြမ်းတွင် မှတ်တမ်းအဖြစ်သာ ရေးထားသည့် အတွက် အချက်အလက်အနေနှင့် ပါဝင်နိုင်ရေးကိုလည်း အစိုးရနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ၏ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲမှုဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဒုတိယ ခေါင်းဆောင် (၂) ဖြစ်သူ ပူလ်းဇင်ကျူံးမှ မီဒီယာများအား ပြောကြားသည်။

ကျင်းပပြီးစီးခဲ့သည့် ညီလာခံတွင် အပစ်ရပ်စာချုပ်ပါမူကြမ်းအား ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ရန် တင်ပြမှု များရှိခဲ့ပြီး အချက်ပေါင်း ၁၅ ချက်ခန့် ပြင်ဆင်ဖြည့်စွက်ထားသည်ဟုလည်း သိရသည်။

ညီလာခံကျင်းပနေစဉ်အတွင်း တင်ပြချက်များအရ ဖက်ဒရယ်အသုံးအနှုန်းနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စ ရပ်များတွင် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် ပိုမိုအာမခံချက်ရှိသည့် အနေထားမျိုးကို လို လား မှုများ ရှိနေပြီး ယင်းအချက်များမှာ ပြင်ဆင်ဖြည့်စွက်ထားသည့် အချက်များတွင် ပါဝင်လာနိုင် သည်ဟု အကဲခတ်များက ခန့်မှန်းထားကြသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ပြုလုပ် နိုင်ရေးအတွက် ဆွေးနွေးနေသည်မှာ တနှစ်နှင့် ၈ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုအပစ်ခတ်ရပ်စဲရေး မူကြမ်းကို အတည်ပြုနိုင်မှသာ လက်မှတ်ရေးထိုးနိုင်ကြမည်ဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
Jun 11, 2015, 4:38:19 PM6/11/15
to thuau...@gmail.com

မူစယ်-နမ့်ခမ်းလမ်း ယာဉ်ကြောပိတ်ဆို့ ကားဆရာများ အခက်တွေ့

Posted: 11 Jun 2015 12:59 AM PDT

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နှင့်နမ့်ခမ်းမြို့ကို ဆက်သွယ်ပေးထားသည့်လမ်းမကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု ကြောင့် ကားဆရာများ အခက်တွေ့လျှက်ရှိကြောင်း သိရသည်။






ယာဉ်ကြောပိတ်ဆို့မှုမှာ ဂျွန်လ ၈ ရက်နေ့မှ ယနေ့ထိ နေ့စဉ်ဖြစ်ပွားနေကြောင်း၊ မူစယ်မြို့ ဂျယ်ဂေါင်အလယ် ပေါက်မှ တင်းလုံရွာအထိ နံနက် ၆ နာရီခန့်မှ ည ၁၁ နာရီခန့်အထိ ယာဉ်ကြောပိတ်ဆို့ကြောင်း ကားဆရာတဦး က ပြောပါသည်။

“ဟိုးအရှေ့မှာ ၂၂ ဘီးကားပျက်နေတယ်။ သူက လမ်းတဝက်ကျော်ကျော်ကို နေရာယူထားတော့ သွားလာလို့ မရဘူး ဖြစ်နေတယ်။ မိုးအရမ်းရွာတော့ လမ်းလည်းချော်တယ်လေ။ မိုးရွာနေတာ တပတ်လောက်ရှိပြီ။ မူစယ်- နမ့်ခမ်းကားသမားတွေ တကယ့်ကို အခက်တွေ့တယ်။ ည ၁၁ နာရီကျော်မှ သွားလာလို့လွယ်တာ” ဟု ကားဆရာ စိုင်းခမ်း က ပြောပါသည်။

ယာဉ်ကြောပိတ်ဆို့နေသည့်နေရာတွင် နေ့စဉ်ကားအစီးပေါင်း ၂၀၀ ကျော်ရှိကြောင်း၊ မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေးအဖွဲ့က လာရောက်ဖြေရှင်းသော်လည်း ထိရောက်မှု မရှိကြောင်း ဆိုပါသည်။

“တရုတ်ကိုဝင်မယ့် ဂျင်းဆန်းကျော့လမ်းကို ပိတ်ထားတာ တလကျော်ပြီလေ။ တရုတ်ဘက်က အာဏာပိုင်နဲ့ ကားသမား ပြဿနာဖြစ်တော့ ပိတ်လိုက်တာ။ ၃ လပိတ်မယ်လို့ ပြောတယ်။ ဒါကြောင့် ဒီလမ်းကို သုံးနေရ တယ်” ဟု ၂၂ ဘီးကားဆရာ မောင်ထွန်းကလည်း ပြောပါသည်။

နမ့်ခမ်းသို့ အလုပ်ကိစ္စဖြင့် ကိုယ်ပိုင်ကားနှင့်သွားရောက်မည့် စိုင်းလိတ် ကလည်း တနာရီခန့် စောင့်ဆိုင်းနေ သော်လည်း နေရာမှမရွေ့လျားနိုင်ကြောင်း ပြောပါသည်။

“ဒါ တရုတ်ပြည်ကနေ ကားတွေ နေ့တိုင်း အများကြီး ၀င်လာနေတယ်ဆိုပြီး ပြောနေကြတယ်။ အမှန်တော့ တရုတ်တွေက ဆန်တွေ၊ ပြောင်းဖူးတွေ၊ သဲတွေ တရားမဝင် လာတင်တာလေ” ဟု ၄င်းကဆက်လက်ပြော သည်။

သျှမ်းပြည်နှင့် အောက်ပြည်အောက်ရွာဘက်မှ ဆန်အိတ်များကို ၂၂ ဘီးကားများဖြင့် တင်ဆောင်လာကြောင်း၊ တရုတ်ဘက်မှလည်း တန် ၂၀ တင်ကားများဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဆိုပါသည်။

အပစ်ရပ်ရေးပိုမိုလွယ်ကူလာစေရန် NCCT နှင့် UPWC တို့ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်တွေ့ဆုံ

Posted: 10 Jun 2015 11:34 PM PDT

တနိုင်ငံလုံးအပစ်ရပ်ရေးပိုမိုလွယ်ကူလာစေရန်ရည်ရွယ်၍ တိုင်းရင်းသားဘက်မှ NCCT နှင့် အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ  UPWC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ တွေ့ဆုံဆွေးနွေးပါသည်။



ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆာရဖီးရပ်ကွက်ရှိ Woodfield Resort တွင် ဂျွန်လ ၁၁ ရက် မွန်းတည့် ချိန်တွင် တွေ့ဆုံကြပြီး တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ လက်မှတ်ရေးထိုးရန် စာချုပ် မူကြမ်းမှ ထပ်မံပြင်ဆင်လိုကြသည့် အချက် ၁၅ ချက်အပြင်  NCCT  အဖွဲ့ဝင်အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် အစရှိ အချက်များကို ဆွေးနွေးသွားမည်ဟု သိရသည်။


တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT မှ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက - “ အဓိကကတော့ ကျနော်တို့အပစ်အခတ်ရပ်စဲရေးမှာ အားလုံးပါဝင်နိုင်ဖို့ အဓိကထား ဆွေးနွေး မယ်။ လက်မှတ်ရေးထိုးတဲ့နေရာမှာလည်း ၂ ဖက်အဆင့်မြင့်ခေါင်းဆောင်တွေ ပါဝင်နိုင်ဖို့ဖြစ် တယ်။ တပြည်လုံးအပစ်ရပ်စဲရေးလုပ်တဲ့နေရာမှာလဲ အသိသက်သေအဖြစ် ပြည်ပက အင်အား ခပ်ကြီးကြီးအဖွဲ့အစည်းတွေ အာဆီယံအဖွဲ့တွေလည်း ပါဝင်လာဖို့ဖြစ်တယ်” ဟု သတင်း ထောက်များအား ပြောသည်။


သို့သော် ဂျွန်လ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ လော်ခီးလာတွင် ကျင်းပခဲ့သော တိုင်းရင်းသား ခေါင်းဆောင်များထိပ်သီးညီလာခံမှ ဖွဲ့စည်းလိုက်သည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့EAOSDCN အနေဖြင့် ဆွေးနွေးခြင်း မဟုတ် ပေ။


တိုင်းရင်းသားအဖွဲ့ NCCT မှ နိုင်ဟံသာ ဦးဆောင်သည့် ဗဒိုကွယ်ထူးဝင်းနှင့်အတူ ၈ ယောက်ပါ အဖွဲ့ဖြစ်ပြီး UPWC အစိုးရဘက်မှ ဦးလှမောင်ရွှေ ဦးဆောင်သည့် ဦးတင်မောင်သန်း၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာ မင်းဇော်ဦး တို့ပါဝင်သော ၆ ယောက်ပါအဖွဲ့တို့ ဆွေးနွေးကြပါသည်။


ထို့ပြင် EAOSDCN  က NCCT နေရာတွင် အစားထိုး အလုပ်လုပ်မည်ဆိုပါက တပ်မတော် ဘက်မှ ပါဝင်မည့် အလားအလာမရှိကြောင်းလည်း ဝေဖန်မှုများ ထွက်ပေါ်နေပါသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 12, 2015, 4:10:52 PM6/12/15
to thuau...@gmail.com

အထက် သံလွင် တာတမံ ရေအား လျှပ်စစ် စီမံကိန်း တန့်ယန်း ဒေသခံများ လက်မခံ

Posted: 12 Jun 2015 09:41 AM PDT

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း တည်ဆောက်မည့် အထက်သံလွင် အမည်ရ မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း တာတမံ တည်ဆောက်ရေးသည် ဒေသခံများ အတွက် အကျိုးမရှိသောကြောင့် အလိုမရှိ၊ တည်ဆောက်ရေးစီမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံများ ကပြောသည်။



၂၀၁၅ ဂျွန် ၁၁ ရက် နံနက်ခင်းပိုင်းမှ မွန်းတည့်ချိန်အထိ မိုက်ကယ်ဟောလစ် ဦးဆောင်သည့် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး စစ်တမ်းေ ကာက် ယူရေး အငှား လိုက် ကုမ္ပဏီ ကိုယ်စားလှယ်များ တန့်ယန်း မြို့ခံ များနှင့် တွေ့ဆုံကြောင်း၊ ဆည်တည်ဆောက်ရေး စီမံကိန်းအတွက် ရှင်းပြ ခဲ့ကြောင်း၊ မြို့နယ်အတွင်းတာဝန်ကျ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ ဆုံမှုအပြီး ဒေသခံ ဖြစ်ကြသည့် နိုင်ငံရေး ပါတီဝင်များ၊ လားဟူ၊ ပလောင်၊ ၀ ၊ သျှမ်း၊ ကိုးကန့် စသည့် တက်ကြွလှုပ်ရှားသူများ စုပေါင်းကာ အထက် သံလွင် ရေကာတာ စီမံကိန်း အလို မရှိကြောင်း ကန့်ကွက်စာ အား ကုမ္ပဏီ တာဝန်ရှိများထံ ပေးအပ်လိုက်ကြောင်း ကြားသိရပါသည်။

“ကျနော်တို့ သျှမ်းပြည်သားတွေ လယ်၊ ယာ စတာတွေနဲ့ပဲလုပ်ကိုင် စားသောက်တယ်။ ဆည်တည် ဆောက်လိုက်ရင် ဘယ်မှာ သွား စိုက်ပျိုးမှာလဲ။ ဒါကြောင့် ကျနော်တို့ အလိုမရှိဘူး။ ဆက်ကန့်ကွက် သွားမှာဘဲ” - ဟု ဦးစိုင်းအောင်က ပြောသည်။

SMEC ကုမ္ပဏီ နှင့်လိုက်ပါသည့် စိုင်းစံထွန်းမှာမူ - ကျနော်တို့က နိုင်ငံေ တ်ာအစိုးရ၊ ပြည်နယ်အစိုးရ၊ ပြီးတော့ ခရိုင် အဆင့် မြို့နယ် အဆင့် စတာတွေ တဆင့်ပြီး တဆင့်လာ တာ။ ကွင်းဆင်း စစ်တမ်း ကောက်ဖို့ဘဲ။ ကန့်ကွက်တာ မကန့်ကွက်တာ လူထု ဆန္ဒ၊ ဆည်တည်ဆောက်မှာ မတည်ဆောက်မှာက အစိုးရ နဲ့ ဆိုင်ရာ ကုမ္ပဏီတွေ အလုပ်ပါ - ဟု ပြောသည်။

ပြည်တွင်းပြည်ပ လူမှုအသင်းအဖွဲ့ တက်ကြွလှုပ်ရှားသူများ ၁၆ ဖွဲ့ ပြောရေး ဆိုခွင့် စိုင်းခေးဆိုင် က SMEC ကုမ္ပဏီသည် ကမ္ဘာ့အသိုင်းအဝိုင်းကို လိမ်လည် လှည့်ဖြား နေသည်ဟု ဂျွန် ၉ ရက်နေ့က စွပ်စွဲပြောဆိုလိုက်ပါသည်။

သျှမ်းပြည်နယ် အတွင်း သံလွင်မြစ်ဘေး တည်ရှိရာ မြို့နယ်အားလုံးအား SMEC ကုမ္ပဏီမှ စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း ၊ UWSA ၀တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မှတပါး စစ်တမ်းကောက်ယူမှ ပြီးစည်းလုနီးပါးဖြစ်ေ နကြောင်း၊ ကန့်ကွက်သူများ ရှိသကဲ့သို့ ထောက်ခံ သည့် သူများလည်း ရှိကြောင်းကြားသိရသည်။

အထက်သံလွင်ဆည် သည် တည်ဆောက်ပြီးစီးပါက အရှေ့တောင်အာရှ မှာ အကြီးဆုံး ဆည်ဖြစ်မှာဖြစ်ပြီး လျှပ်စစ်ဓါတ်အား ရ၀၀၀ မီဂါဝပ် ထုတ်ပေး နိုင်မှာ ဖြစ်ပါသည်။ သို့သော် အဆိုပါထွက်ရှိလျှပ်စစ်များအား တရုတ်နိုင်ငံသို့ ၄၅%၊ ထိုင်း ၄၅% ပို့ဆောင် ပေးမှာဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ တဝှမ်း လုံး အတွက် ၁၀% သာ ကျန်ရှိမည် ဖြစ်သည်။

ထိုရာခိုင်နှုန်းအနက် ဒေသခံများအတွက် ၃% မျှ ခွဲဝေပေးမလားပင် မသိရှိရပေ။
ဓါတ်ပုံ- SMEC မှဝေပေးသော သျှမ်းဘာသာ လက်ကမ်းစာစောင်

UWSA နှင့် အစိုးရတပ် လက်အောက်ခံ နယ်ခြား စောင့်တပ်တို့ ထိပ်တိုက်မှု ဖြစ်ပွား - တပ်မတော် နှင့် စစ်ရေး ပြန်လည် တင်းမာ

Posted: 12 Jun 2015 09:26 AM PDT

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အနောက်တောင်ဘက် ဟွေ့အော့ကျေးရွာအုပ်စု အတွင်း အခြေချ နေထိုင်သည့် UWSA ၀ တပ်ဖွဲ့ နှင့် နယ်ခြားစောင့်တပ် (လားဟူ ပြည်သူ့စစ်အဖွဲ့) တို့ ခံတုတ်ကျင်းတည်ဆောက်ရာတွင် အငြင်းပွားပြီးနှစ်ဘက်ထိပ်တိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ သည်ဟု သိရသည်။

၁၂ ရက်ညနေပိုင်းက ပုံပါကျင်မြို့အဝင် လုံခြုံရေးတပ်ဖြန့်ထားသော ၀ တပ်သားတချို့

ဂျွန် ၁၁ ရက်ညနေပိုင်းက မိုင်းတုံမြို့နယ် မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမူးမှမိုင်းကျွတ် အသွားလမ်းတွင် လွယ်ခီလိတ်တောင်ခြေ လားဟူရွာသစ်တွင် ၀ တပ်ဖွဲ့မှ ရောက်ရှိ လာကာ ခံတုတ်ကျင်း၊ ဘန်ကာကျင်းများ ဆောက်လုပ်ခဲ့မှုကြောင့် အဆိုပါ နေရာဒေသရှိ အမှတ် ၁၀၀၇ နယ်ခြား စောင့်တပ် အမည်ရ လားဟူပြည်သူ့စစ် နှင့် အငြင်းပွားရာမှ မြေနီတောင်တွင် နှစ်ဘက် ထိပ်တိုက်မှုဖြစ်ပွား ခဲ့သည်ဟု နားကောင်းမူး ရပ်မိရပ်ဖ ပြောသည်။

“အဲဒီနေရာမှ ဗမာတပ်ဘက်က သစ်တုံး သစ်လုံးကြီးတွေနဲ့ နားကောင်းမူး မိုင်းကျွတ်လမ်းမှာ သွား လာမရအောင်အရင်လာ ပိတ်ထားတယ်။ ကျနော်တို့လုပ်ထားတဲ့လမ်းဘဲ။ ပေးမသွားရင် ဘာထူးမှာလဲ ကျနော်တို့ လဲ ခံတုတ်ကျင်း ပြန်တူးလိုက်တယ်။ သူတို့ နဲ့ မျက်နှာချင်းဆိုင်မှာ  ပြန်လုပ် ထားဖို့ပါ။ အဲဒါကို ဒီနယ်ခြားစောင့်တပ်နဲ့ မပြေလည်လို့ ဖြစ်သွားတာ။ တိုက်ပွဲရယ် လို့တော့မဟုတ်ဘူး၊ မတော်တဆပါ။အခုလည်း နှစ်ဘက်တပ် တင်းမာနေတယ် ” ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိတဦးက ပြောသည်။

နားကောင်းမူး မိုင်းကျွတ် လမ်းမ တောင်ဘက်ခြမ်းတွင် ၀ တပ်ဖွဲ့ကနေထိုင်ပြီး၊ ကားလမ်း မြောက်ဘက်ခြမ်းတွင် အစိုးရတပ်မတော် လက်အောက်ခံ အမှတ် ၁၀၀၇ နယ်ခြားစောင့် တပ်က အခြေချနေထိုင် သည်။ သို့သော် ၀ တပ်ဖွဲ့သည် ယခုတိုင် အစိုးရတပ်မတော်နှင့် ထိပ်တိုက်မှုမရှိသေးဟု မိုင်းတုံဒေသခံများကပြောသည်။

နယ်ခြားစောင့်တပ်နှင့် ၀ တပ်ဖွဲ့မပြေလည်သည့် ပြဿနာကြောင့် မိုင်းဟန်ကျေးရွာမှ တောင် ဘက်ခြမ်း၊ ပုံပါကျင်မြို့ ပတ်ဝန်းကျင်၊ ဘီပီဝမ်း အထိ ၀ တပ်ဖွဲ့က အင်အားဖြည့် ဖြန့်ကျက် ထားကြောင်း၊ ထို့အတူ မြန်မာ့တပ်မတော်ကလည်း ယခုတိုင် မိုင်းတုံမြို့မှ မိုင်းဟန် အနီးအနား ထိ အင်အားဖြည့် လာနေကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ဂျွန်လ ၁၂ ရက် ယခုညနေပိုင်းတွင် မိုင်းတုံနှင့်ပုံပါကျင်ကြားဒေသခံများအား အိမ်ပြင်မထွက်ကြရန် အမိန့်ထုတ်ထားကြောင်း တိုက်ပွဲကြီးကျယ်ဆက်ဖြစ်သွားမည်ကို ဒေသခံများ အထူးစိုးရိမ်နေကြောင်း ဆိုပါသည်။

 မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် စိုင်းဝင်းမြတ်ဦးက-
“ဒေသခံလူထု ခရီးသွားခွင့်မပြုတော့ဘူး။ ကျနော့် အိမ်က ကားတစီးတောင် မိုင်းဟန်ကနေ မိုင်းတုံမြို့ ကို ပြန်လှည့်ခိုင်းတယ်။ ညကတည်းက။ ၀ တပ်ကော မြန်မာ့ တပ်မတော်ကော သွားလာခွင့် မပြုတော့ ဘူး။ တိုက်ပွဲ ဖြစ်ရင် ဒေသခံလူထုဘဲ နစ်နာတယ်။ အခုက ကြက် သွန်ဖြူ ထုတ်ရောင်းတဲ့အချိန်လေ။ ဒါပေမယ့် အခုဖြစ် တာက ဝ အဖွဲ့နဲ့ဖြစ်တဲ့ အတွက် ဒေသခံတွေကခံသာပါသေးတယ်။ RCSS နဲ့ ဆိုရင်တော့ မချောင်ဘူး ကားလမ်းပိတ်တာ တွေကလဲ ရက်ပိုင်းဘဲဆိုရင်တော့မထောင်းသာပါဘူး။ ရေရှည်ဆိုရင်တော့ ကုန်စည်စီးဆင်းမှု ထိခိုက်နိုင်ပါတယ်။ ဒေသခံအများစုရဲ့ အဓိကစီပွါးကကြက်သွန် ဘဲရှိတယ်လေ” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ယခု ဖြစ်ပွားနေသည့်ပြဿနာသည် လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် အကြောင်းရင်းနှင့် ဆက်နွယ် ကြောင်း၊ အစိုးရ ဘက်မှ ဖမ်းထားသည့် ၀ တပ်ဖွဲ့ပိုင်သစ်များအား ၀ ဘက်က အလျှော့ပေးလိုက် သော်လည်း ရောင်းထုတ်ခွင့် ပါပစ်အား ၀ တပ်ဖွဲ့ကို ပြန်မပေးကြောင်း၊ ထို့အတူ ဖမ်းခံထားရသည့် ၀ တပ်ဖွဲ့ဝင် တရုတ်လူမျိုး ၆ ဦးလည်း အစိုးရဘက်မှ လွတ်ပေးခြင်းမရှိ သဖြင့် နှစ်ဘက်တင်းမာနေခြင်းဖြစ်ကြောင်းသိရပါသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 13, 2015, 4:38:16 PM6/13/15
to thuau...@gmail.com

ရွေးကောက်ပွဲအောင်နိုင်ရေး SNLD သင်တန်းပေး

Posted: 12 Jun 2015 07:14 PM PDT

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ရက်ကွက် ၁၀ ကျောက်စိမ်းလမ်း နီလာလမ်းသွယ်တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရန်အတွက် နိုင်ငံရေးသင်တန်းဖွင့်လှစ်ပေးခဲ့သည်။




ဇွန်လ ၁၂ ရက် မနက် ၈ : ၃၀ မှ ၉ : ၁၅ အထိ သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ရာ ဆင်ကျော့ဌာနေပြည်သူ့စစ် ခေါင်းဆာင် ဗိုလ်ချုပ်ကြီး စဝ်လွယ်မောဝ်း ၊  သျှမ်းပြည်တိုးတက်ရေးပါတီ / သျှမ်းပြည်တပ်မတော် ( SSPP/SSA)  လားရှိုးဆက်ဆံရေးရုံးထိုင် ဗိုလ်မှူး စဝ်အောင်လတ် ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ  စိုင်းစောအောင် တို့မှ  အမှာစကားပြောကြားခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ် မှ ဒေသခံလူထုတို့အပြင် ဆင်ကျော့ဌာနေပြည်သူ့စစ်   ၊  သျှမ်းပြည်တိုးတက်ရေးပါတီ  SSPP/SSA  ၊ လားရှိုးမြို့ဒေသခံပြည်သူလူထုနှင့် ခမ်းကူ ဖွံ့ဖြိုးရေးနှင့် လေ့လာရေးစင်တာတို့မှ   စုစုပေါင်း အခမ်းနားတက်ရောက်သူ ၁၂၅ ယောက် ရှိပြီး သင်တန်းကို ၄ ရက်ကြာပြုလုပ်သွားမည်ဟုသိရသည်။

ထိုသင်တန်းတွင် ယခုလက်ရှိ လွှတ်တော်အတွင်း တာဝန်ထမ်းဆောင်နေသော လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် မိုင်းရယ်လွှတ်တော်အမတ် စိုင်းသီဟကျော်နှင့် စိုင်း ဇင်ပန်ဖှ ၊ ကျောက်မဲ လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်ဇင်နှင့် စိုင်းသန်းမောင် ၊ နမ္မတူလွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးတို့မှ တာဝန်ယူ သင်တန်းပေး ရှင်းပြသွားမည်ဖြစ်ကြောင်း၊  ကျွမ်းကျင် ရှေ့နေများ ( Lawyer ) အဖွဲ့မှ ၅ ဦးလည်း ပါဝင်သင်တန်းပေးသွားမှာဖြစ်ကြောင်းသိရသည်။

 လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်  SNLD မှဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါက တိုင်းရင်းသားအားလုံးတန်းတူညီမျှမှုရရှိရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ၊ စစ်မှန်သော အခြေခံဥပဒေ ဖြစ်ပေါ်လာရေးတို့ကို ရရှိရန် SNLD မှကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း  SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်မှ ပြောကြားသည်။

သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်ကတော့   ရွေးကောက်ပွဲတွင်အနိုင်ရရှိရေးအတွက်  SNLD လျှောက်လှမ်းနေတဲ့ ပါတီလမ်းစဉ်က ဘာလဲ ၊ SNLD   အကြီးမားဆုံးရည်ရွယ်ချက် ကဘာလဲ ၊ ဒီမိုကရေစီစနစ် ရွေးကောက်ပွဲဆိုတာ ဘယ်လိုမျိုးလဲ စတာတွေ သိရှိနားလည်အောင် ဖြစ်ပါတယ်။ ဟု စိုင်းလိတ်ကပြောသည်။

SNLD သည် ၁၉၉၀  ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရခဲ့သဖြင့် ယခုလာမည့် ၂၀၁၅ နိုဝင်ဘာလရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် SNLD မှ  နိုင်ငံရေးဆိုင်ရာသင်တန်းပေးနေသည်မှာ ၄ ကြိမ်မြောက်ရှိပြီးဖြစ်ပါသည်။ ပထမအကြိမ်မှ တတိယအကြိမ်ကို ရန်ကုန်ရုံးချုပ်တွင် ပြုလုပ်ခဲ့ ပြီး  သျှမ်းပြည်မြောက်ပိုင်းပြည်သူများသီးသန့် အတွက် ယခု နိုင်ငံရေးသင်တန်းပို့ချပေးမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်း သင်တန်းဖြစ်မြောက်ရေး စီစဉ်ပေးရသည့်ပုဂ္ဂိုလ်များကပြောပါသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 15, 2015, 5:14:12 PM6/15/15
to thuau...@gmail.com

ဒေသတွင်း လူထု အသံ မြင့်တင်ရန် တောင်ကြီး၌ ပြည်သူ့ ဖိုရမ် ကျင်းပ

Posted: 15 Jun 2015 04:06 AM PDT

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့၌ သျှမ်းပြည်နယ်(တောင်ပိုင်း)ပြည်သူ့ဖိုရမ်တရပ်ကို ၃ ရက်ကြာ ကျင်းပခဲ့ သည်။



ပြည်သူ့ဖိုရမ်ကို ဂျာမဏီနိုင်ငံမှ Hanns Seidel Foundation နှင့် မြန်မာပြည်သူ့ဖိုရမ်တို့  ဦးစီးပြီး တောင်ကြီးမြို့ မြို့တော်ခန်းမ၌  ဂျွန်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့သည်။ ပြည်သူ့ဖိုရမ်ကို သျှမ်းပြည်တောင်ပိုင်းရှိ အစိုးရ ဌာန ဆိုင်ရာ အဖွဲ့အစည်း၊ အရပ်ဖက် အဖွဲ့အစည်း စုစုပေါင်း အဖွဲ့အစည်း ၁၅၀ ကျော်မှ အင်အား ၂၈၀ ကျော် တက်ရောက်ခဲ့သည်။

ပြည်သူ့ဖိုရမ်တွင် အဓိက ခေါင်းစဉ်ကြီး ၄ ခုဖြစ်သော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတမှုနှင့်လူ့အခွင့်အရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုသည့် ကဏ်ဏ္ဍ လေးရပ်ခွဲခြားကာ အလုပ်ရုံ ဆွေးနွေးပွဲပေါင်း ၁၄ ခု ကျင်းပခဲ့သည် ဟု ဆို၏။

“ခေါင်းစဉ်ကြီး ၄ ခုအတွက် တက်ရောက်လာသူတွေရဲ့ အကြုံပြုချက်တွေကို ရယူတယ်။ တောင်းဆိုမဲ့အချက် တွေက သက်ဆိုင်ရာအစိုးရက သေချာပေါက် လုပ်ပေးနိုင်မဲ့ အကြံပြုချက်တွေ ဖြစ်သင့်တယ်။ တချို့တောင်းဆို ချက် တွေက အစိုးရလုပ်ရတာမဟုတ်ဘဲ ကိုယ်လုပ်ရတဲ့အလုပ်တွေဘဲ ပြန်ဖြစ်သွားတတ်တယ်။ ကျနော်တို့ အခွင့်သာခိုက်မှာ ဒီလိုတောင်းဆိုချက်တွေကို အောင်မြင်စွာမထုတ်နိုင်ရင်  ကျနော်တို့ ဒီအခွင့်အရေး ဆုံးရှုံး သွား မှာစိုးလို့ တော်တော်လေး တိုက်တွန်း ရပါတယ်” ဟု  သျှမ်းပြည် တောင်ပိုင်း ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး အလုပ် အမှုဆောင် ဦးနေမျိုး က ပြောပါသည်။

ပြည်သူ့ဖိုရမ် ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဒေသတွင်းပြည်သူလူထုနှင့် ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏ အသံကို မြင့်တင်ရန်၊ ဆုံးဖြတ်ချက် ချမှတ်ရေး လုပ်ငန်းစဉ် များတွင် ပြည်သူလူထု ပါဝင်ဆောင် ရွက်မှုကို အားပေးမြင့်တင်ရန်၊ ပြည်ထောင်စုအစိုးရနှင့် တိုင်ဒေသကြီး/ပြည်နယ်အစိုးရတို့ထံမှ ပြည်သူလူထုကို ဗဟိုပြုသော မူဝါဒများကို အထောက် အကူပြုရန်၊ ဒေသတွင်းအုပ်ချုပ်ရေးရုံးမများနှင့် ပြည်သူလူထုအကြား ထိ ရောက်အကျိုးပြုသော တွေ့ဆုံဆွေးနွေးမှုများဖြင့် ပေါင်းကူးဆက်သွယ်ပေးရန်- တို့ဖြစ်သည်။

ပြစ်မှု ကျူးလွန်သူ ယောကျာ်းအား မဖမ်း နိုင်၍ ဇနီး ဖြစ်သူအား ဖမ်းဆီး ထောင် ၁၆ နှစ်ချ

Posted: 15 Jun 2015 03:57 AM PDT

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်း ပြစ်မှုကျူးလွန်သည့် ယောက်ျားဖြစ်သူအား အာဏာပိုင်များက မဖမ်းနိုင်သဖြင့် ဇနီးဖြစ်သူအား ဖမ်းဆီးထိန်းချုပ်ကာ လွယ်လင် တရား ရုံးမှ ပြစ်မှုနှစ်ခုဖြင့် ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်သည်ဟု မိုင်းရှူးမြို့ ခံ များက ပြောသည်။



မူးယစ်ဆေးဝါးမှု၊ စရဖအား ဓါးဖြင့်ခုတ်ဖြတ်မှုကြောင့် ရှောင်တိမ်းလွတ်မြောက်နေသည့် မိုင်းရှူးမြို့သား (ဦး)လုံးကောယန်းအား ဖမ်းဆီးထိန်းသိမ်းနိုင်ခြင်းမရှိသောကြောင့် ဇနီးဖြစ် သူ(ဒေါ်) နန်းဆိုင်ခမ်း အသက် ၅၇ နှစ်အား တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီး၍ ရဲတပ် ဖွဲ့မှ တရားလိုအဖြစ် မူးယစ်ဆေးဝါးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုတို့ဖြင့်လွယ်လင် တရားရုံးက ပြီးခဲ့သည့် မေလ က ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

“မူးယစ်ဆေးဝါးမှု နဲ့ ထောင်ဒဏ် သုံးနှစ်၊ အိမ်အတွင်း လိုင်စင် (ကိုင်ဆောင်ခွင့်) မရှိတဲ့ တူမီးသေနတ် နှစ်လက် အတွက်က ၁၃ နှစ် အားလုံး ၁၆ နှစ် ထောင်ဒဏ် ပြစ်ဒဏ်ချ လိုက် တာဖြစ်တယ်” - ဟု အမည် မဖေါ်လိုသည့် လွယ်လင်တရားရုံး အသိုင်းအဝိုင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ဩဂတ်စ် ၃  ရက်နေ့က မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာနေ လုံးကောယန်း ဆိုသူ၏ နေအိမ်တွင် ယာဘ ဆေးပြား လာရောက်သုံးစွဲကြသည့် စရဖ စစ်ဗိုလ်နှင့် အိမ်ရှင် တို့အခင်းများကြကာ စစ်ဗိုလ်အား ဓါးဖြင့်ခုတ်ဖြတ် ထွက်ပြေးသွားကြောင်း၊ ၎င်းအား ဖမ်း ဆီးနိုင်ခြင်းမရှိသောကြောင့် ဇနီးသည်အား ဖမ်းဆီးသွားကာ ယခုကဲ့သို့တရားစွဲ ပြစ်ဒဏ်ချ မှတ်ခြင်း ဖြစ်ကြောင်း ကြားသိရသည်။

“အခုက အိုးမနိုင် ရခိုင်မည်း ဆိုသလိုဖြစ်နေပြီ။ တကယ်တော့နန်းဆိုင်ခမ်းက ဘာမှ မဆိုင် ဘူး။ လုံးကောယန်း  ထွက်ပြေး တယ်။ နန်းဆိုင်ခမ်းကို ဖမ်းသွားတယ်ဆိုတော့- အားကိုးရာ မဲ့ သူတို့ရဲ့ သမီးကြီးက အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုသွားရရှာတယ်။ သားငယ် နဲ့ သမီး ငယ်က ကျောင်းထွက်လိုက်ရ တယ်၊ ဘယ်အဖွဲ့ကမှလဲ နန်းဆိုင်ခမ်းကို ကူညီပေးတာ မရှိ ဘူး” - ဟု မိုင်းရှူးမြို့ ရပ်ကွက်လေးနေသူ နန်းကွန် က ပြောသည်။

ယမန်နှစ် ၂၀၁၄ ဩဂတ်စ် ၃ ရက်နေ့ ဖြစ်စဉ်အား အောက်ပါလင့်ခ် ဖြင့် ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါသည်။ http://www.burmese.panglong.org/news/92-2008-08-03-06-48-25/4841-2014-08-05-13-25-01.html

သျှမ်းသံတော်ဆင့်

unread,
Jun 16, 2015, 4:10:57 PM6/16/15
to thuau...@gmail.com

ပြည်သူများ မဲစာရင်း ကြည့်ရှု ခြင်းဆိုင်ရာ အသိပေး လှုပ်ရှားမှု တောင်ကြီး မြို့နယ်တွင် ပြုလုပ်

Posted: 16 Jun 2015 03:35 AM PDT

ပဏာမမဲစာရင်းများထုတ်ပြန်ကြေညာလျှက်ရှိသည့် သျှမ်းပြည်တောင်ပိုင်းတွင် Justice Drum Voter Education and Election Monitoring လူမှုအဖွဲ့အစည်းက တောင်ကြီး မြို့နယ် ရပ်ကွက်များတွင်  မဲဆန္ဒရှင်များ ဆိုင်ရာအသိ ပညာပေးခြင်း နှင့် ပြည်သူများ မဲစာရင်း ကြည့်ရှု ခြင်းဆိုင်ရာ အသိပေး ဗီနိုင်းများလက် ကမ်းစာစောင်များ  ဖြန့်ဝေသွား မည်ဟုသိရ သည်။



" ကျနော်တို့အဖွဲ့အနေနဲ့ ရပ်ကွက်တွေထဲဝင်တဲ့အခါ တစ်ချို့ရပ်ကွက်တွေ မှာ ဗီနိုင်တွေ လိုက်ကပ်တဲ့အခါ ရပ်ကွက်လူကြီးတွေ ကနေ မကပ်နဲ့လို့လာ ပြောတာတွေရှိတယ်၊  စည်ပင်သာယာကနေ တားဆီးခံရတဲ့ ကိစ္စတွေ ကျနော်တို့နဲ့ တော်တော်လေး ပြဿနာ ဖြစ်ခဲ့ကြတယ် ၊ နောက်ပိုင်းတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ ဖုန်းဆက်ပြီး ပြောပြ ရတာပေါ့ ၊ မဲစာရင်းမှာ နာမည်မပါရင် ၊မပါဝင်သင့်တဲ့ သူတွေရဲ့ နာမည်ပါလာရင် ၊ ပြည်သူ တွေ အနေနဲ့ မဆောင်ရွက် နိုင်ဘူးဆိုရင် ကျနော်တို့အဖွဲ့ကို ဆက်သွယ်ဖို့ ဖုန်းနံ ပါတ်တွေပေးထား ပါတယ် " ဟု Justice Drum အဖွဲ့မှ ဥက္ကဌ ဦးအောင်ဇေ ကပြောသည် ။

ယင်းအဖွဲ့အနေနှင့် လက်ရှိ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး၊ ညောင်ရွှေ ၊ ကလော စသည့် ၅ မြို့နယ်အတွင်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင် ပညာပေးခြင်း အခန်း ကဏ္ဍကိုသာ ဆောင်ရွက်သွားမည်ဖြစ်ပြီး စောင့်ကြည့်ရေး အပိုင်းတွင် အဖွဲ့ ပြန်ဖွဲ့ရန် ရှိကြောင်း ၊ ရှေ့လျှောက်လည်း မဲဆန္ဒရှင်ပညာပေးခြင်းဆိုင် ရာကိစ္စများတွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ နှင့် ပူးပေါင်း ဆောင်ရွက် သွားရန် ရှိကြောင်း ၊ ၄င်းကဆက် လက်ရှင်း ပြသည် ။

တောင်ကြီးမြို့နယ်အတွင်း ပဏာမမဲစာရင်းအရ မဲပေးပိုင်ခွင့် ရှိသည့် လူဦးရေမှာ ကျား- ၁၁၇,၇၉၉ ၊ မ- ၁၂၇,၅၉၁ စုစုပေါင်း ၂၄၅,၃၉၀ ဦးခန့်ရှိသည်ဟု ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ထံမှသိရသည် ။

တောင်ကြီး ခရိုင် (၅)မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ(၃) မြို့ နယ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ (၂) မြို့နယ်  နှင့် လင်းခေးခရိုင် (၄) မြို့နယ် စသည်တို့တွင် သက်ဆိုင်ရာ မြို့နယ် ၊ ရပ်ကွက် ကျေးရွာ အလိုက် ဂျွန်လ(၈) ရက်နေ့မှ(၂၁) ရက်နေ့အထိ ပဏာမမဲစာရင်းများထုတ်ပြန်ကြေ ညာ မည်ဖြစ်သည်ဟု သိရပါသည် ။

မှုန်ရီဝိုးတဝါး NCA လား

Posted: 16 Jun 2015 03:23 AM PDT

အားလုံး စောင့်ကြည့်နေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA)ကို ၂၀၁၅ နှစ်လယ်အတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကြား လက်မှတ်ရေးထိုးခြင်း မျှော်လင့်ချက်သည် လော်ခီးလာ တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးအပြီးဝယ် ယဲ့ယဲ့လေးသာ ကျန်တော့၏။ မျှော်မှန်းချက်သည် မပီပြင်တော့၊ ခပ်ရေးရေး မှုန်ရီဝိုးတဝါး ဖြစ်နေပြီးလားဟု မေးခွန်းထုတ်ရန်သာ ရှိ၏ ။



NCA အတည်ပြုမူကြမ်းကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ၂၀၁၅ခုနှစ် မတ်လ (၃၁)ရက်နေ့ တွင် ကနဦး လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း တိုင်းရင်းသားများဘက်တွင် အပြီး သတ် အတည်ပြုနိုင်ရေး သည် တိုင်းရင်းသား ထိပ်းသီးခေါင်းဆောင်များ အပေါ်တွင် သာ မူတည်၏။ သည့်အတွက် ပန်ဆန်းညီလာ ခံနှင့် လော်ခီးလာ ထိပ်သီးအစည်းအဝးတို့ကို ဆက်တိုက် ခေါ်ယူကျင်းပခဲ့၏။

တကယ်တမ်းကျင်းပသည့်အခါ ပန်ဆန်းညီလာခံက မှန်းချက်နှင့် နှမ်း ထွက်မကိုက် ဖြစ်ခဲ့ကြောင်း ကြားသိ ရ၏။

အကြောင်းကတော့ အဖွဲ့အစည်းတချို့က ကိုယ်လိုရာကို ဆွဲပြီး လုပ်သည့် ညီလာခံသာသာလောက်ပဲ ဖြစ်သဖြင့် NCAနှင့် ပတ်သက်တာတွေ ဘာမှ မည်မည်ရရ မဆွေးနွေးရကြောင်း၊ ဒီကြားထဲ နိုင်ငံရေး ဦးဆောင်မှုကိုပါ အားမနာပ တောင်းဆိုသဖြင့် နိုင်ငံရေး အစဉ်အလာကြီးမားသည့် တိုင်းရင်းသားများအကြား အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရ၏။

ဒိပြင်မက ပြည်နယ်ရရှိရေးအတွက် ဝိုင်းဝန်းထောက်ခံရန် အဆိုပြုသဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားများ ကသိကအောက် ပင့်သက်ရှိုက်ခဲ့ရသည်ဟု ဆို၏။ တိုင်းရင်းသားအဖွဲ့အစည်း (၁၂)ဖွဲ့သာ ဖိတ်ပြီး မျက်နှာကြီးရာ ဟင်းဖတ်ပါ လုပ်သဖြင့် ညီလာခံ တက်ရောက်ရေး ဖိတ်ကြားခြင်းမခံရသည့် NCCT အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့ငယ်များ အောင့်သက်သက်နှင့် မအီ မသာ ဖြစ်ကြရ၏။ ချုပ်ပြီးဆိုရသော် ပန်ဆန်းညီလာခံသည် NCAနှင့် အထူးတလည် ပတ်သက်ဆက်စပ်မှုသိပ်မရှိလှဟု ထင်ရ၏။

NCCTက ကမကထပြု ဦးစီးကျင်းပသည့် NCAကို အပြီးသတ် အတည်ပြုနိုင်ရေး အဖို့ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို KNU ဗဟိုဌာနချုပ် လော်ခီး လာစခန်းတွင် ၂၀၁၅ခုနှစ် ဇွန်လ (၂)မှ (၉)ရက်နေ့ အထိ ရှစ်ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း သိရ၏။ တိုင်းရင်းသား အဖွဲ့အစည်း (၁၇)ဖွဲ့၏ ကိုယ်စားလှယ်များ၊ NCCT အဖွဲ့ဝင်များ၊ လေ့လာ သူများ၊ အထူး ဖိတ်ကြားထားသူများ စုစု ပေါင်း (၁၉၀)ဦး တက်ရောက်ပြီး အင်အားကြီး တိုင်းရင်းသား အဖွဲ့အစည်းတွေဖြစ်သည့် UWSA / NDAA /RCSS သုံးဖွဲ့ တို့မတက်ရောက်ခဲ့ခြင်းသည် ထူးခြားမှုကြီး ဖြစ်သွားခဲ့၏။ UWSAက ငြိမ်း ချမ်းရေးယူသည့် (၂၆)နှစ်အတွင်း အစိုးရ တပ်မတော်နှင့် ထိတွေ့ခြင်း မရှိသဖြင့် သူ့အဖို့ NCAသည် မလိုအပ်လို့ အစည်းအဝေး မတက်ေ ကြာင်း လေ သံဟ၏။ NDAA (မိုင်းလား)သည်လည်း ထိုနည်းအတိုင်း ဆက်လျှောက်၏။ RCSS ကတော့ ပြီးခဲ့သည့် ပြည်ထောင်စုနေ့တွင် လက်မှတ်ထိုးခဲ့သည့် DOCကို ဆုပ်ကိုင်ထားဟန်တူ၏။ အစည်းအဝေး တက်ရောက်တာမတွေ့ရ။

NCA အတည်ပြုမူကြမ်း လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိုးရ၏ သဘော ထားကို တချက်ငဲ့ကြည့်သင့်၏။ အစိုးရပြောသည်မှာ ၄င်းတို့အနေဖြင့် NCAကို ထပ်ပြင်ဆင်ဖြည့်စွက်ရန် အကြောင်းမရှိ၊ တိုင်းရင်းသားထိပ်သီးေ ခါင်း ဆောင်များအတည်ပြုချက်ကိုသာ စောင့်ဆိုင်းနေခြင်းဖြစ်၏။ ထိုးဖို့ အဆင့်သင့်ဖြစ်ကြောင်းဆို၏။ တပ်မတော်ဘက် က တိုက်ပွဲများ ဖြစ်ပွါးနေ သည့် AA/ MNDAA /TNLA တို့အား NCAတွင် ပါဝင်လက်မှတ်ခြင်းကို ယတိပြတ်ငြင်းဆို ထား၏။ အစိုးရက သူ့သဘောထားကို ယင်းကဲ့ သို့ ပြတ်ပြတ်သားသား ပြောထား၏။

ယခု လော်ခီးလာ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်နှင့် ရလဒ်များကို သုံး သပ်ဆန်းစစ်ကြည့်သင့်သည် ထင်၏။၊ အစိုးရ သဘောထား ရပ်တည် ချက်နှင့် မည်ရွေ့မည်မျှ ကိုက်ညီမှု ရှိသနည်း။ ထပ်တူထပ်မျှဖြစ်သလား၊ သို့တည်း မဟုတ် ပြဒါးတလမ်း သံတလမ်း ဖြစ်နေသလား။ အစည်းအဝေး ထုတ်ပြန်ေ ကြ ညာချက်အရ NCA အတည်ပြုမူကြမ်းကို အစည်းအဝေးသို့ တက်ေ ရာက်လာကြသော ထိပ်သီးခေါင်းဆောင်များက အကြေအ လည် ဝေဖန် သုံးသပ် ဆွေးနွေးခဲ့ကြပြီး ပြင်ဆင်ဖြည့် စွက်ချက်များနှင့်အတူ ထပ်မံ အတည်ပြုနိုင်ခဲ့ပါသည် ဟုဆိုထား၏။ အစိုးရက ဆိုထားသည့် ပြင်ဆင်စရာ မရှိပါ ဆိုသည်နှင့် လုံးလုံးလျားလျား တလမ်းမောင်းဖြစ်ခဲ့၏။ ယင်းကို မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းမည်နည်း။ မဖြေရှင်းနိုင်လျှင် NCAကို ဒီနှစ်လယ်အတွင်း ထိုးနိုင်ဖို့အရေးသည် နွေလယ်အိပ်မက်ပမာသာ ဖြစ်မည် ကို စိုးထင့်ရချည်ရဲ့။

လော်ခီးလာ အစည်းအဝေးက တိုင်းရင်းသားအဖွဲ့အစည်းအားလုံးပါမှ NCAကို ထိုးမည်ဆိုသဖြင့် တပ်မတော် ပြောသကဲ့သို့ AA /MNDAA /TNLA တို့အား ဖယ်ထားမည်ဆိုသည်နှင့် ကွဲလွဲနေပြန်၏။ ၄င်းသည်လည်း NCA အဆောတလျင် လက်မှတ်ထိုးနိုင်ရေးကို ပိတ်ဆို့ထားသလို ဖြစ်နေပြန်၏။ ဘယ်နည်းလမ်းသုံး ဖြေရှင်းကြမည်နည်း၊ အားလုံးက သိချင်ကြ၏။

အချိန်ကာလအနေဖြင့် ရွေးကောက်ပွဲအကြိုကာလမှာဖြစ်စေ၊ ရွေးကောက်ပွဲလွန်ကာလမှာဖြစ်စေ NCAကို ဘယ်အချိန် မှာပဲထိုးထိုး အချိန်က အရေးမကြီး၊ လက်မှတ်ရေးထိုးခြင်းသည်သာ အရေးကြီးဟု တိုင်းရင်းများဘက်က ဆိုပြန်သဖြင့် အစိုးရ ဖြစ်ချင်သည်နှင့် ပြောင်းပြန်ဖြစ်၏။

အစိုးရက ရွေးကောက်ပွဲ မတိုင်မီ လုပ်ချင်၏။ ယင်းကိုရော နှစ်ဘက်စလုံး မည်သို့မည်ပုံ ညှိနှိုင်းကြမည်နည်းဟု အားလုံးက မျက်စိဒေါက်ထောက် ကြည့်နေကြ၏။

လော်ခီးလာ ထိပ်းသီးအစည်းအဝေးမှ အဖွဲ့ဝင် (၁၅)ဦးပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်း ပေးပြီး သူ့လုပ်ငန်းတာဝန်များ ပြီးဆုံးပြီးဖြစ်၍ NCCTကို ဖျက်သိမ်းကြောင်းသိရ၏။ အဆိုပါ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့၏ တာဝန်မှာ NCAအတည်ပြုမူကြမ်းတွင် တိုင်းရင်းသားများ ထပ်မံပြင်ဆင်ဖြည့်စွက်သည့် အချက် (၁၅)ချက်နှင့် ပတ်သက်ပြီး အစိုးရ၏ UPWCနှင့် တွေ့ဆုံညှိနှိုင်းရေး ဖြစ်ကြောင်း သိရ၏။ နှစ်ဦးနှစ်ဘက် ကိုယ်စားလှယ်တွေ ဘယ်ပုံဘယ်နည်း ရှေ့ဆက်စခန်းသွားကြမည် ဆိုသည်ကိုတော့ အချိန်ယူစောင့်ကြည့်ရမည်သာ ဖြစ်၏။

အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် တိုင်းရင်း သား ခေါင်းဆောင်များ စာရင်းကို ကြည့်လိုက် တော့ အဖွဲ့ခေါင်းဆောင်က KNU ဒုဥက္တဌဖြစ်သည့် ဖဒိုနော်စီဖိုးရာစိန်၊ ဒုအဖွဲ့ခေါင်းဆောင်(၁)က KIO၏ အတွင်းရေး မှူး ဒေါက်တာလဂျာ၊ ဒုအဖွဲ့ခေါင်းဆောင် (၂)က CNF အတွင်းေ ရး မှူး ပူးဇင်ကျုံး၊ အဖွဲ့ဝင်တွေကြတော့ NCCT အဖွဲ့ ဝင်ဟောင်းတွေဖြစ်ကြ သည့် မွန်ပြည်သစ်ပါတီက နိုင်ဟံသာ၊ KIOက ဗိုလ်ချုပ်ဂွမ်မော်၊ KNUက ဖဒိုကွယ်ထူးဝင်း၊ PNLOက ဗိုလ်မှူးကြီး ခွန်ဥက္တာနဲ့ ခွန်မြင့်ထွန်း စသည့် တိုင်းရင်းသားထိပ်သီး ခေါင်းဆောင်တွေ ပါဝင်တာ တွေ့ရ၏။

ထူးဆန်းတာက KNPPနဲ့ သျှမ်းအဖွဲ့အစည်းတွေက ကိုယ်စားလှယ် အမည်စာရင်း မပေးနိုင်သေးတာပဲ ဖြစ်၏။ သျှမ်းအဖွဲ့စည်းတွေအတွက် SSPP ကိုယ်စားလှယ် တစ်ဦးအပြင် နောက်ထပ်သျှမ်းအဖွဲ့(အမည်ညွှန်းမထား) ကိုလည်း ကိုယ်စားလှယ် တစ်ဦးပေးထားတာ တွေ့ရ၏။ ယင်းသည်လည်း ထူးခြားမှုတစ်ခုဖြစ်ပြန်၏။

အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်တွေဖြစ်ကြသည့် ဖဒိုနော်စီဖိုးရာစိန်နှင့် ဒေါက်တာ လဂျာတို့ကို နိုင်ငံရေးသုံးသပ်သူများက တိုင်းရင်း သားတို့၏ hardliner ခပ်မာမာနိုင်ငံရေး သမားတွေဖြစ်ကြောင်း သိထားကြ၏။ UPWC က ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ဥိးသိန်းဇော် တို့ကိုလည်း အစိုးရ၏။ hardliner များအဖြစ် အများက တင်စားကြ၏။ ယင်းကဲ့သို့ hardlinerများ အချင်းချင်း တွေ့ဆုံဆွေးနွေး ညှိနှိုင်း ဆွေးနွေး ပွဲကြီး မှ NCAအဖို့ မည်သည့်ရလဒ်များ ထွက်ပေါ်လာမည်ကို အားလုံးက လည်တဆံ့ဆံ့ စောင့်မျှော်နေကြောင်း ကြားသိရ၏။ အားလုံးအတွက် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်စေသည့် သဘောတူညီချက်၊ လူထုအကျိုး၊ တိုင်းပြည်အကျိုး ရှေ့ရှုသည့် ရလဒ်ကောင်းများ ရပါစေကြောင်း ဆုတောင်းပေးသည့် သူများလည်း ဒုနဲ့ဒေးဟု ဆို၏။

သို့ကြောင့်မို့ NCA လက်မှတ်ထိုးနိုင်ရေး မထိုးနိုင်ရေးသည် တိုင်းရင်းသားတို့၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စား အဖွဲ့အပေါ် ကြီးကြီးမားမား တည်မီနေ၏။ အစိုးရက ထပ်မဖြည့်တော့ဟုဆိုထားသည့်ကို အချက် (၁၅)ချက် ထပ်မံ ဖြည့်စွက်နိုင်ရေး အစိုးရ လက်ခံလာအောင် မည်သို့ ညှိကြမည်နည်း၊ တပ်မတော်က အသိအမှတ်မပြုသည့် တိုင်းရင်း သား အဖွဲ့အစည်း (၃)ဖွဲ့အား ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် တပ်မတော်ကို မည်သည့်နည်းလမ်းဖြင့် ဆွဲဆောင် စည်းရုံးဖြောင်းဖြနိုင်မည်နည်း ဆိုသည်ကို အားလုံးက ရင်တထိတ်ထိတ်နှင့် နိုင်ငံခြား သဲထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကား ကြည့်ရသကဲ့သို့ ရင်တုန်ပန်းတုန် ဖြစ်နေကြောင်း သိရ၏။

အစိုးရ၏ UPWC ဘက်ကရော တိုင်းရင်းသားတွေ တောင်းဆိုတာတွေကို မည်မျှအထိ အလျှော့အတင်း လုပ်ပေး နိုင်မည်နည်း၊ NCAကို လက်မှတ်မ ထိုးနိုင် လျှင် နိုင်ငံရေးဖြစ်စဉ် နောက်တစ်ဆင့်သည့် နိုင်ငံရေးမူေ ဘာင်ေ ဆွးနွေး ပွဲတို့၊ နိုင်ငံ ရေးနွေးပွဲတို့ ဆက်ကျင်းပပြုလုပ်ဖို့ရာ လမ်းပိတ်သွား တာဖြစ်လို့ ဘယ်လို နိုင်ငံရေး ခရီးမျိုး နဲ့ သူရှေ့ဆက်ချီတက်မည်နည်း ဆိုသည်ကို ပြည်တွင်းရော ပြည်ပကပါ စောင့်ကြည့်နေကြ၏။ NCA မအောင်ြ မင် လျှင် အစိုးရ၏ Plan Bကရော ဘာဖြစ်မလဲဟု အားလုံ့းစိတ်ဝင်တစား နားစွင့် မျက်စိဖွင့် စောင့်နေ၏။

ငြိမ်းချမ်းရေးပျက်သုဉ်းခြင်း၏တရားခံကို ဘယ်ဘက်ကိုမှ မဖြစ်စေချင်ဟု အားလုံးက သဘောရ၏။ မဖြစ်ရအောင် မည်ကဲ့သို့ ဆောင်ရွက်မည်ကိုတော့ တိုင်းရင်းသားတို့၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စား အဖွဲ့နှင့် UPWCတို့ အကြား အကြေအလည် အကြိတ်အနယ် ညှိနှိုင်းရမည်သာ ဖြစ်၏။

မှုန်ရီဝိုးတဝါး NCA လား အမေးအပြာမခံရလေအောင် နှစ်ဘက်စလုံး အားကြိုးမာန်တက် ဆောင်ရွက်စေလိုသည်မှာ အားလုံး၏ နှလုံးသားမှ စီးဆင်းလာသည့် စိတ်စေတနာများ ဖြစ်ကြ၏။ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်ဖြစ်သော ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးက စည်းလုံးညီညွှတ် စွာဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည့် လော်ခီးလာ ထိပ်သီးအစည်းအဝေး ထုတ်ပြန်ကြေညာချက်နှင့်အညီ တသွေမသိမ်း တက်ညီလက်ညီ ဆောင်ရွက်သွာကြပါရန် ပင်လုံစာချုပ်အား သက်သေတည်၍ လေးလေးနက်နက် တိုက်တွန်းပါ၏။

စစ်မင်း
၂၀၁၅ခုနှစ်၊ ဇွန်လ(၉)ရက်
ခေတ္တ လော်ခီးလာ
ကရင်ပြည်နယ်

ထိုင်းနယ်စပ် စစ်ရေးတင်းမာမှု ၀ နှင့် မိုင်းလား အထူးဒေသသို့ ကယက်ရိုက်

Posted: 16 Jun 2015 12:43 AM PDT

သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်အနီး ၀ တပ်ဖွဲ့ နှင့် အစိုးရ တပ်တို့ စစ်ရေးပြေလည်မှု မရှိခင် အထူး ဒေသ (၂) ၀ နယ် နှင့် အထူးဒေသ (၄) မိုင်းလား အထိ ကယက်ရိုက်ကာ စစ်ရေးပြင်ဆင် မှု များပြုလုပ် နေကြောင်း ဒေသခံများကပြောသည်။




သစ်တောကြိုးဝိုင်းအတွင်း သစ်ထုပ်လုပ်မှု ပြဿနာကြောင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ ပုံပါကျင် နှင့် မိုင်းဆတ်မြို့နယ် အတွင်း ဝ တပ်ဖွဲ့ နှင့် အစိုးရ တပ်မတော် တို့အကြား စစ်ရေးတင်းမာမှုကြောင့် တရုတ် နယ်စပ်နေ အထူးဒေသ (၂) ၀ ထိန်းချုပ် နယ်မြေ နှင့် အထူးဒေသ (၄) မိုင်းလား တပ် ထိန်းချုပ် နယ်တွင် လည်း စစ်ရေးပြင်ဆင်မှုရှိနေကြာင်း ဒေသခံများက ပြောသည်။

“တောတောင်ထဲ ခြံသွားခုတ်နေတဲ့ တပ်သားအားလုံးတပ်တွင်းပြန်ပြီး အသင့်ပြင်ထားဖို့ပြောတယ်။ ဒီကနေ့ အထိဘဲ၊ ဘယ်မှ မသွားခိုင်းသေးဘူး။ ကျနော်တို့ တပ်မဟာ ၄၆၈ အပါအဝင် အားလုံးဘဲ၊ ဘာ့ကြောင့်လဲ ဆိုတာတော့မသိဘူး” - ဟု ၀ တပ်သား ယီ့ဆုတ် ကပြောသည်။

အဆိုပါ ကိစ္စအား ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ပြောရေးဆိုခွင့် ဦးအောင်မြင့်အား ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းဖြေဆိုခြင်း ငြင်းဆိုခဲ့သည်။

တာချီလိတ် နှင့် မိုင်းဆတ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှု အချို့ရှိနေသော်လည်း ၀ နှင့် မိုင်းလား အထူး ဒေသ အနီးသို့ စစ်ရေးထူးခြားလှုပ်ရှားမှု မရှိကြောင်း တြိဂံတိုင်း အသိုင်းအဝိုင်းက ဤကဲ့သို့ပြောသည်။

“၁၃ ရက်နေ့တုန်းကတော့ ၂၄ နာရီအတွင်း ၀ တပ်ဖြန့်ထားမှု အားလုံး ရုပ်သိမ်းပြီး နေရပ်ပြန်ဖို့ စကခ ၁၄ က ညွှန်ကြား။ ၁၄ ရက်နေ့ ညနေပိုင်း မှာ ၀ တွေ မိုင်းဆတ် - တာချီလိတ်ကြား (မိုင်းဆတ်အထွက် ၁၀ မိုင် အလွန် မိုင်းတွမ်းအနီး) လွယ်ဆမ်ဆုမ် တောင်ကြားကနေ တပ်ဆုတ်ပြန်တော့ အခြေအနေက နည်းနည်း လေး ပြေလျှော့သွားပြီ ၊ မိုင်းတုံ - ပုံပါကျင်ဘက်မှာလဲ နှစ်ဘက်စလုံး က လူထုသွားလာဖို့ ခွင့်ပြုလိုက်ပြီ” - ဟု သျှမ်းသံတော် ဆင့်သို့ပြောသည်။

ဝ တပ်ဖွဲ့ နှင့် မြန်မာအစိုးရ တို့သည် ၁၉၈၉ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး တည်ဆောက်ထားသည့် အဖွဲ့ ဖြစ်သည်။ စစ်ရေးမတည်ငြိမ်မှုများကြောင့် စစ်ရေးတင်းမာမှုများရှိခဲ့ဖူးသော်လည်း ငြိမ်းချမ်းရေး ပျက်ပြယ် သွားသည့်အဆင့် မရှိခဲ့ဖူးပေ။

သျှမ်းသံတော်ဆင့်

unread,
Jun 17, 2015, 4:45:04 PM6/17/15
to thuau...@gmail.com

တပ်သားသစ် စုဆောင်းခြင်း အရေး ရတက် မအေးရင် လေးစရာ

Posted: 17 Jun 2015 08:44 AM PDT

အခုတလော လူမှုရေးကွန်ယက် အွန်လိုင်းထဲမှာရော ပြည်တွင်းပြည်ပ သတင်းစာ၊ ဂျာနယ်၊ သတင်းဌာနတွေကပါ သျှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတချို့တို့က တပ်သားသစ် စုဆောင်းရေးကို ပုံမှန်ထက် ထပ်တိုး လုပ်ဆောင်ခြင်းကြောင့် ဒေသခံ ပြည်သူလူထုတို့ထံမှ မကြားစဖူးကြားရသည့် ညည်းညူသံတွေဖေါ်ပြ ရေးသားထုတ်လွှင့်တာ နေ့စဉ်လိုလို သိရ၊ဖတ်ရ၊ကြားရတော့ ရတက်မအေးရင်လေးစရာ ဖြစ်ရသည်။ ဤကိစ္စကို တိုင်းရင်းသား အဖွဲ့အစည်းတွေက မည်သို့ကိုင်တွယ် ဖြေရှင်းပေးမည်ကို အားလုံး သိချင်နေကြ၏။



တပ်သားသစ်စုဆောင်းရေးသည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး စတင်ပေါ်ပေါက် လာကတည်းက ဒွန်တွဲလျက်တပါတည်း ဖွားဘက်အဖြစ်ပါလာခဲ့၏။ အခုမှ မိုးကျရွှေကိုယ်တော်လို ပေါ်လာတာမဟုတ်။ ဟိုတုန်းကတော့ မျိုးချစ်စိတ်အရင်းခံ၊ မဟုတ်မခံစိတ်ဓာတ်၊ မွေးရာပါ အခွင့်အရေးအတွက် တိုက်ပွဲဝင် စိတ်ဓာတ်များဖြင့် မိမိတို့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အတွင်းသို့ မိမိတို့သဘော အနှောင်အဖွဲ့ကင်းကင်း ဝင်ရောက် အမှုထမ်းခဲ့ကြောင်းကို ရှေ့မီနောက်မီ လူကြီးသူမများ ပြောပြချက်အရ သိရှိရသည်။ သို့ကြောင့်မို့ မည်သည့်အဖွဲ့အစည်းကမှ စစ်မှုထမ်းရန် မည်သူကိုမှ ဆင့်ခေါ်ဖို့ အလျဉ်းမလိုကြောင်း ကြားဖူး နားဝရှိ၏။ အသက်မပြည့်သေးသူများ၊ ကျောင်းနေရင်းတန်းလန်းနဲ့ ကျောင်းသားများကို ချော့မော့ ဖြောင်းဖြပြီး အိမ်ပြန်ခိုင်းရတာလည်း အခေါက်ခေါက်အခါခါရှိခဲ့ကြောင်း စစ်မှုထမ်းဟောင်းကြီး တစ်ဦးပြောပြချက်ကို ပြန်အမှတ်ရ၏။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် မိမိတို့၏ တပ်အင်အား ကြီးထွားတောင့်တင်းရေးအတွက် တပ်သားသစ်စုဆောင်းခြင်းကို မဖြစ်မနေမလွဲမသွေ လုပ်ဆောင်ကြ ရ၏။ အစိုးရမဟုတ်သဖြင့် တပ်သားသစ် လူသစ်စုဆောင်းရာတွင် ခေတ်ကာလကို လိုက်၍ အကန့်အသတ် အခက်အခဲများစွာ ကြုံတွေ့ရသည်။ ကာလ၊ ဒေသ၊ ပုဂ္ဂလကို ကြည့်ပြီး ဆောင်ရွက်ရ၏။ သို့သော်အပစ်ခတ်ရပ်ခေတ် မတိုင်မီကာလတွင် တပ်သားသစ်စုဆောင်းခြင်းကို တိုင်းရင်းသား အဖွဲ့အစည်းများအားလုံးနီးပါး အခက်အခဲသိပ်မရှိဘဲ အကောင်အထည်ဖော် လုပ်ကိုင်နိုင်ခဲ့ကြ၏။

ကချင်ပြည်နယ်နှင့်သျှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက် လှုပ်ရှားခဲ့သည့် ကချင်လွတ်လပ် ရေးတပ်မတော် KIA၊ သျှမ်းပြည်နယ်အတွင်း အခြေပြုလှုပ်ရှားခဲ့ကြသည့် သျှမ်းတပ်မတော်များ ဖြစ်ကြ သည့် SSA ၊ SURA ၊ SUA၊ MTAနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့သည် အပစ်ရပ်ခေတ်မတိုင်မီ ကာလတွင် တပ်သားသစ်စုဆောင်းရေးကို အထူးလေးထားကာ ယင်းတို့၏ တပ်အင်အားကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ကြောင်း သမိုင်းကြောင်းအရ သိရသည်။

ဗကပပြိုကွဲသွားသည့်နောက်ပိုင်း အပစ်ခတ်ရပ် ပထမခေတ်ဦးတွင် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်နှင့် KIA တို့သည် ၎င်းတို့၏ စစ်သည်အင်အားကို ထောင်သောင်းချီ စုဆောင်း နိုင်ခဲ့၏။ အပစ်ခတ်ရပ်ခြင်းကို အကျိုးရှိစွာ ဆောင်ရွက်နိုင်ခဲ့ကြ၏။ အပစ်ရပ် သျှမ်းငြိမ်းချမ်းရေး အဖွဲ့များဖြစ်ကြသည့် သျှမ်းပြည်တပ်မတော် SSAနှင့် မိုင်းလားအဖွဲ့ NDAAတို့ သည်လည်း ၎င်းတို့၏ စစ်သည်အင်အားများကို ထိုက်သင့်သလောက် ကောက်ယူစုဆောင်းနိုင်ခဲ့ကြ ကြောင်း စစ်တမ်းများအရ သိရသည်။

သို့သော် အပစ်ရပ်ခေတ် ဒုတိယခေတ်ဖြစ်သည့် ၂၀၁၀နောက်ပိုင်းတွင် တပ်မတော်၏ငြိမ်းချမ်း ရေးမူ(၆)ချက်အနက် တစ်ချက်ဖြစ်သည့် တပ်သားသစ်စုဆောင်းခြင်းမပြုရ ဆိုသည့် အချက်ကြောင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအဖို့ ၎င်းတို့၏ တပ်အင်အား တိုးချဲ့ရေးအတွက် ကြီးစွာသော အခက်အခဲ အဟန့်အတားများနှင့် ကြုံတွေ့လာရသည်။ တဘက်တွင် နိုင်ငံရေး ပါတီများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ လူအခွင့်အရေး အဖွဲ့အစည်းများလည်း တိုင်းရင်းသား အဖွဲ့အစည်းများ၏ တပ်သားသစ်စုဆောင်းရေးကို သွယ်ဝိုက်တနည်း တိုက်ရိုက်တဖုံဖြင့် ကန့်ကွက်တားဆီးခြင်းများ ပြုလုပ်လာသည်ကို တွေ့ရသည်။ ငြိမ်းချမ်းရေး အမည်နာမ ပေါ်ပြူလာ ဖြစ်သည့် ခေတ်ကာလတွင် ပြည်သူလူထုများလည်း တိုင်းရင်းသား တပ်ဖွဲ့တို့၏ တပ်အင်အား တည်ဆောက်ခြင်းအပေါ် ထောက်ခံမှုများ ယခင်ကလောက် အားတက်သရော မရှိသည်ကို တွေ့လာရ၏။ ၎င်းတို့၏ သားသမီး ရင်နှစ်သည်းချာများအား တိုင်းရင်းသား တပ်ဖွဲ့များထံ မိဘများ ကိုယ်တိုင်ကိုယ်ကျ လာရောက်အပ်နှံ ပေးအပ်ခြင်းမျိုးများသည်လည်း ယခင်ကလို မရှိသလောက်ဖြစ်ပြီး တဖြည်းဖြည်းကျဆင်း နည်းပါးသွားခဲ့သည်။

အထက်ပါ အကြောင်းရင်းများကြောင့် ခေတ်သစ် အပစ်ရပ်ကာလတွင် တိုင်းရင်းသား တပ်ဖွဲ့ များသည် မိမိတို့၏ စစ်သည်အင်အား ဖြည့်တင်းရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာ သည်ကို တွေ့ရသည်။ ကိုတာစနစ်၊ ဆင့်ခေါ်စနစ်၊ စစ်မှုမထမ်းမနေရစနစ်၊ စေတနာစနစ် စသည်ဖြင့် ဆောင်ရွက်လာ၏။ စစ်မှုထမ်းသက်တမ်းကိုလည်း အမြဲတမ်းစစ်မှုထမ်း၊ ၁၀နှစ်စစ်မှုထမ်း၊ ၅ နှစ်စစ်မှုထမ်း၊ ၃နှစ်စစ်မှုထမ်း၊ ၂နှစ်စစ်မှုထမ်း၊ အရံစစ်မှုထမ်း(ပြည်သူ့စစ်) စသည်ဖြင့် သတ်မှတ်ထား သည်ကို တွေ့ရသည်။ သို့သော် သတ်မှတ်သည့် အင်အားအရေအတွက် ပြည့်မီရေးသည် တိုင်းရင်းသား တပ်ဖွဲ့များအဖို့ ကြီးမားသည့် စိန်ခေါ်မှုကြီး ဖြစ်ခဲ့၏။

ငြိမ်းချမ်းရေးနှင့် အပစ်ရပ်စာချုပ်ချုပ်ဆိုရာတွင် အစိုးရဘက်က စစ်သည်အင်အား တိုးချဲ့ခြင်း မပြုရ ဆိုသည့်အချက် ထည့်သွင်းထားသကဲ့သို့ ကာချုပ်ကလည်း တပ်သားသစ် စုဆောင်းရေး မပြု လုပ်ရ ဆိုသည်ကို တပ်မတော်ငြိမ်းချမ်းရေးဆိုင်ရာ မူ(၆)ချက်တွင် အတိအလင်းထည့်သွင်းထားသဖြင့် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်အစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားများအဖို့ အင်အားဖြည့် တင်းရေးအတွက် မလူးသာမလွန့်သာ ဖြစ်ခဲ့ရသည်။ NCAတွင် ဤအချက်ကို ထည့်သွင်းထားသည့် အတွက် နိုင်ငံရေးဆွေးနွေးပွဲမပြီးပြတ်မီ ပြုပြင်ပြောင်းလဲရေး ကြားကာလတွင်လည်း တိုင်းရင်းသား တပ်ဖွဲ့များအဖို့ ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်မိသလို တပ်သားသစ်စုဆောင်းရေး အလွန့်အလွန် ခက်ခဲ သွားမည်ဖြစ်၏။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် အင်အားဖြည့်တင်းရေး မူဝါ ဒကို ကျင်လည်လိမ္မာပါးနပ်စွာ မချမှတ်နိုင်ပါက အစိုးရနှင့်တပ်မတော်၏ ဆင်ကွက်တွင်းသို့ သက်ဆင်း ကျရောက်မည်ကို စိုးရိမ်နေကြသည်။ လူထုတို့၏ တံထွေးခွက်တွင် ပေါလောပေါ်မည်ကိုရွံ့ကြောက်မိ သည်။

ယခုပင် ကချင်ပြည်နယ်တွင် ကြည့်ပါက ကချင်လွတ်လပ်ရေး တပ်မတော် KIAနှင့် ဒေသခံ သျှမ်းကျေးလက်လူထုတို့အကြား နည်းလမ်းမကျသည့် တပ်သားသစ်စုဆောင်းရေးကြောင့် တမြေတည်းအတူနေ တိုင်းရင်းသား ညီနောင်များတွေတောင်မှ ကတောက်ကဆဖြစ်ခဲ့သည်ကို မကြား ချင်ဆုံး စိတ်မချမ်းသာစွာ ကြားသိခဲ့ရသည်။ နယ်မြေခံ သျှမ်းတိုင်းရင်းသားမျိုးနွယ်စုရေးရာအဖွဲ့ ဦးစီးကာ မတရားသည့် စစ်သားသစ်စုဆောင်းရေး ဆောက်ရွက်ချက်များနှင့် ပတ်သက်၍ မြစ်ကြီးနား သျှမ်းများ က KIAကို ဆန့်ကျင်ဆန္ဒပြသည့် ဖြစ်စဉ်များလည်း ဖြစ်ပွါးခဲ့ဖူး၏။ စစ်သားစုဆောင်းခြင်းကို မခံနိုင် တော့၍ ကချင်ပြည်နယ် ဒေသခံကျေးလက်နေ သျှမ်းများက ပြည်သူ့စစ်အသွင်ပြောင်းပြီး တပ်မတော်၏ လက်အောက်ခံအဖြစ် မသက်မသာ မလွဲမရှောင်သာ ခံယူသွားကြသည်မျာလည်း ရှိခဲ့ကြ၏။ ယင်းကို KIAက မည်ကဲ့သို့ ဖြေရှင်းပေးမည်နည်း။ အဖြေမရှိသည့် ပုစ္ဆာတော့ ဖြစ်မည်မထင်။

သျှမ်းပြည်နယ်တွင် သျှမ်းတပ်ဖွဲ့များ၊ ဝတပ်ဖွဲ့၊ ပလောင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့၊ ပအိုဝ်းတပ်ဖွဲ့၊ ပြည်သူ့စစ် တပ်ဖွဲ့များ၏ စည်းစနစ်မကျသည့် တပ်သားစုဆောင်းရေးကြောင့် ဒေသခံ ပြည်သူလူထု များအဖို့ ကြီးလေးသည့် ဝန်ထုပ်ဝန်းပိုး ဖြစ်စေခဲ့သည်။ လူငယ်လူရွယ်များ မိမိတို့၏ ဇာတိချက်ကြွေ မွေးရပ်မြေကို စွန့်ခွါသည့် ဖြစ်ရပ်များ အမြောက်အမြား ဖြစ်ပွါးခဲ့၏။ အိမ်နီးချင်းတရုတ်နိုင်ငံ၊ ထိုင်းနိုင် ငံသို့ ထွက်ပြေးသွားရောက် ခိုလှုံသည့် ဖြစ်စဉ်များလည်း နေ့စဉ် လစဉ်လိုလို ရှိခဲ့၏။ တချို့ကျေး လက်ဒေသများတွင် လူငယ်လူရွယ်များ မတွေ့ရဘဲ သက်ကြီးရွယ်အို အဖိုးအဖွားများသာ ကလေးလူမ မယ်များအား ပြုစုစောင့်ရှောက်ရင်း ကျန်ရစ်ခဲ့သည်ကို တွေ့ခဲ့ရသည်။ တချို့ရွာများတွင် အိမ်ကြီးရခိုင်များ မှာနေသူမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်ကို အများအပြား တွေ့ခဲ့ရသည်မှာ ထူးဆန်းသည့် အရာ မဟုတ်တော့။ ဤသည်ကို သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများ ဘယ်လို ကိုင်တွယ်ဆောင် ရွက်မည်နည်းဟု အများက သိချင်ကြ၏။ ခေတ်ကာလများနှင့်အတူ လိုက်ပါ၍ သျှမ်းပြည်အခြေစိုက် တိုင်းရင်းသား တပ်ဖွဲ့များ မိမိတို့၏ တပ်သားသစ် စုဆောင်းရေး မူဝါဒကို အလျင်အမြန် ပြုပြင်သင့် ပါကြောင်း တိုင်းရင်းသား စစ်မှုဟောင်းများက အကြံပြုခဲ့ကြ၏။

CNF လှုပ်ရှားအခြေချသည့် ချင်းပြည်နယ်၊ AAဝင်ရောက်သည့် ရခိုင်ပြည်နယ်၊ NMSP လှုပ်ရှား နေထိုင်သည့် မွန်ပြည်နယ်၊ ကရင်တပ်ဖွဲ့ KNU၊ DKBA၊ KNU-PC တို့လှုပ်ရှားသည့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်း၊ KNPPလှုပ်ရှား သွားလာသည့် ကရင်နီပြည်နယ်တို့တွင် စစ်သားသစ် စုဆောင်းရေးနှင့် ပတ်သက်ပြီး နယ်ခံ ပြည်သူလူထုတို့ထံမှ တိုင်တောသည့်အသံ၊ ဆန့်ကျင် ကန့်ကွက်သည့် အသံများ ကျယ်ကျယ်လောင်လောင် မကြားမိသော်လည်း သတင်းသိုးသိုး သန့်သန့်တော့ ထွက်လာကြောင်း သက်ဆိုင်ရာ ပြည်နယ်၊တိုင်း နယ်လုံဝန်ကြီးများ၏ တိုင်းရင်းသား အဖွဲ့အစည်းများထံ ပေးပို့သည့် ကန့်ကွက်စာများအရ သိရ၏။ တခြား ကချင်နှင့် သျှမ်းပြည်နယ် အခြေစိုက် တိုင်းရင်းသား တပ်ဖွဲ့များလို မဖြစ်ရလေအောင် ကရင်၊ ကရင်နီ၊ မွန် ၊ချင်း၊ ရခိုင် တပ်ဖွဲ့များကလည်း မိမိတို့၏ တပ်အင်အားဖြည့်တင်းရေး  ပေါ်လစီကို ခေတ်စနစ်နှင့်အညီ လိုက်လျော ညီထွေပြင်ဆင်သွား သင့်ကြောင်း လူထုနှင့် စစ်ရေးအကဲခတ်များက ဆို၏။

ကချင်တပ်က သျှမ်းတွေကို စစ်သားအဖြစ် စုဆောင်းလို့ သျှမ်းတွေက ပူညံဆူညံ၊ သျှမ်းတပ်က ပလောင်၊ ပအိုဝ်း၊ လားဟူတွေကို တပ်သားအဖြစ် ဆင့်ခေါ်လို့ သူတို့တွေက ကန့်ကွက်၊ ပလောင်တပ် ပအိုဝ်းတပ်၊ ဝတပ်တွေက သျှမ်းတွေကို တပ်သားသစ်အတွက် စုကောက်လို့ သျှမ်းတွေက မကျေမနပ်၊ ဒီကြားထဲ ပြည်သူ့စစ်တွေကလည်း မြွေပူရာမှောင့်ဆိုတော့ ဒီစစ်သားစုဆောင်းရေးကို သက်ဆိုင်ရာတိုင်းရင်းသား တပ်ဖွဲ့အချင်းချင်းကြား ညှိနှိုင်းတိုင်ပင် ဖြေရှင်းနိုင်ခြင်း မပြုလျှင် ဤအရေးသည် အမှိုက်ကစ ပြဿဒ်မီးလောင်ကိန်း ဆိုက်မည်ကို စိုးရိမ်၏။ ဘုံရန်သူကို တိုက်ဖို့မဆိုထား နှင့် မိမိတို့ တိုင်းရင်းသားတွေကြား အချင်းချင်း အရင်ဆုံး ပြန်လည်ဆော်ရမည့်ဘူတာ ဆိုက်မည်ကို ကြောက်မိ၏။

အချုပ်အားဖြင့် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအားလုံးက တက်ညီလက်ညီ ချီတက်နိုင် ရန် မိမိတို့၏ တပ်အင်အား ဖြည့်တင်းရေး မူဝါဒ ပေါ်လစီများကို အများပြည်သူ လက်ခံနိုင်သည်အထိ ပြုပြင် ပြောင်းလဲရေး ဆွဲနိုင်ရေး၊ မျက်မှောက် ခေတ်ကာလနှင့် လိုက်လျောညီထွေ ဖြစ်စေရေးအဖို့ တိုင်းရင်းသား အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြပါရန် အများအကျိုး ရှေ့ရှု၍ ရေးသား လိုက်ရပါ၏။

သျှမ်းသံတော်ဆင့်

unread,
Jun 18, 2015, 4:46:11 PM6/18/15
to thuau...@gmail.com

စုပေါင်း အားဖြင့်သာ ဖက်ဒရယ် ဆန်သည့် ဖွဲ့စည်းပုံ ပြင်နိုင်မည် ဟု ခွန်ထွန်းဦး ပြော

Posted: 18 Jun 2015 02:42 AM PDT

မန္တလေးတိုင်း အတွင်း SNLD  သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးခွဲများဆက်တိုက်ဖွင့် လှစ်ရာ ဥက္ကဌ ခွန်ထွန်းဦးက လွှတ်တော်တွင်း/ပြင် စုပေါင်း၍ ပြိုင်တူတွန်းမှ ဖက်ဒရယ်ဆန်သည့် ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပြင်ဆင်နိုင်မည်ဟု မန္တလေး၌ ပြောကြားသွားသည်။

မန္တလေးမြို့ ရုံးဖွင့်ပွဲ တွင် ပါတီဥက္ကဌ ခွန်ထွန်းဦးအဖွင့်မိန့်ခွန်းပြောကြားစဉ်

ဂျွန်လ ၁၇ မှ ၁၉ ရက်အထိ SNLD ခေါင်းဆောင်းများကိုယ်တိုင် ကွင်းဆင်းပြီး မန္တလေးမြို့၊ မိုးကုတ်မြို့၊ သျှမ်းပြည် မြောက်ပိုင်း မိုင်းလုံ၊ မိုးမိတ်တို့တွင် မြို့နယ်ရုံးခွဲများ ဖွင့်လှစ်မည်ဟုဆိုသည်။ ဂျွန် ၁၇ ရက် မန္တလေးမြို့ ရုံးဖွင့်ပွဲ တွင် ပါတီဥက္ကဌ ခွန်ထွန်းဦးက -


“ဖွဲ့စည်းပုံ ပြင်ဖို့အတွက် စည်းလုံးညီညွတ်မှုမရှိရင် မဖြစ်နိုင် တော့ဘူး။ လက်နက်ကိုင် တိုင်းရင်းသားတွေကလည်း ဖယ်ဒရယ်ဆန်တဲ့ ဖွဲ့စည်းပုံ ဖြစ်စေချင်တယ်။ အစိုးရအတိုက်အခံတွေဘက်ကလည်း အဲတာလိုချင်တယ်။ ဒါမယ့် အခု အဲတာ တွေရဖို့လမ်းမမြင်သေးဘူး။ ဒါလည်းဘဲ ဥပဒေဘောင်ထဲမှာနေတဲ့ သူတွေ လည်း ရွေးကောက်ပွဲ ဝင်မယ်။ အနိုင်ရအောင်ကြိုးစားမယ်။ ပြီးမှ လွှတ်တော်ထဲကနေ ပြင်မယ်လို့ ပြောတယ်။ လက်နက်ကိုင်တပ်ဖွဲ့ တွေ လည်း ကျနော်တို့နဲ့ပူးပေါင်းပြီး တောင်းဆိုသွား ကြမယ်။ တဖက်ကလည်း မိဘပြည်သူ တွေ ဒီဟာကိုနား မလည်ဘဲ ကျနော်တို့နဲ့လက်တွဲ မှုမပြုရင် ဖက်ဒရယ်တို့ ဒီမိုကရေစီတို့ဆိုတာ ရဖို့လွယ်ကူမှာ မဟုတ်ပါဘူး။ ကျနော်တို့တော့ ဖယ်ဒရယ်မရမချင်း နောက်မဆုတ်တမ်း  ကြိုးစားသွားမယ်။ ၂၀၀၅- မတိုင်ခင် ကထက် အခြေအနေပိုဆိုးမယ်ဆိုရင်တောင်မှ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်” - ဟု ပြောခဲ့ပါသည်။


သို့သော် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်  ရွေးကောက်ပွဲ ဝင်မည်မဝင်မည်ကို မဆုံးဖြတ်ရ သေးကြောင်း ပြောခွင့်ရ စိုင်းလိတ်ကပြောသည်။


“ဖွဲ့စည်းပုံပြင်မယ့်ကိစ္စ ခုချိန်အထိ ကောင်းတဲ့အလားအလာ မတွေ့ရသေးဘူး။ တကယ်လို့ အစိုးရရဲ့ အတိုက်အခံ ပါတီထဲက အင်အားကြီးပါတီတခုက ဖွဲ့စည်းပုံမပြင်လို့ ရွေးကောက်ပွဲကိုဆန့်ကျင်ခဲ့ရင် ကျနော်တို့ နိုင်ငံရေး ဘယ် လိုဖြစ်လာနိုင်မလဲ။ အဲ့အချိန်ကျရင် ကျနော်တို့မယိုင်လဲအောင်ဘယ်လို ရပ်တည်ကြမလဲဆိုတာ အရေးကြီး ပါတယ်။” - ဟု ပြောသည်။


သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည်  ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် တနိုင်ငံလုံး ဒုတိယမဲ အများ ဆုံးဖြင့်အနိုင်ရရှိခဲ့သောပါတီဖြစ်ပါသည်။  ပါတီ ဥက္ကဌကြီးခွန်ထွန်းဦးနှင့်ခေါင်းဆောင်များ ထောင်တွင်းအကျဉ်း ကျနေသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ပေ။လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင်မူ  SNLD သည် သျှမ်းပြည်ရှိ သျှမ်းပါတီ ၂ ခု၊   ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ သျှမ်းနီပါတီ ၂ ခု ၊ အင်အားအကြီးဆုံး ကြံ့ခိုင်ရေးပါတီနှင့်  NLD ပါတီတို့အား အကြိတ်အနယ်ယှဉ်ပြိုင်ရ ဖွယ်ရှိနေပါသည်။

တောင်ပိုင်း ၀ စစ်ရေး တင်းမာ မှုကြောင့် မြောက်ပိုင်း ၀ နယ် ၌ စစ်ဆင်ရေး အထူး လေ့ကျင့်

Posted: 17 Jun 2015 08:12 PM PDT

သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်နှင့် မိုင်းဆတ်ခရိုင် ထိုင်းနယ်စပ်တလျှောက် စစ်ရေးတင်းမာမှုကြောင့် UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ် တရုတ်နယ်စပ် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအတွင်း စစ်ရေးအထူး လေ့ကျင့်နေကြောင်းကြားသိရသည်။



သျှမ်းပြည်အရှေ့ပိုင်း ပန်ဝိုင်၊ နားဖန်း၊ မိုင်းမော နှင့် ပန်ဆန်းမြို့နယ်များအတွင်း UWSA ၀တပ်ဖွဲ့က လေယာဉ်ပစ်သေနတ်၊ တိုက်ပွဲဝင် သံချပ်ကာကား၊ လက်နက်ကြီးများ၊ သုံးစွဲမှုမရှိသည့် သေးသည့် သေနတ်များ ထုတ်ဖေါ် ကာ စစ်ရေးအထူးလေ့ကျင့် နေကြောင်း အမည်မဖေါ်လိုသည့်  ၀ ကေဒါ တဦးကပြောသည်။

“တပ်စခန်းတက်သိမ်းသလို၊ ရန်သူကို တိုက်နေသလို လေ့ကျင့်ရတယ်။ ၁၀၅ ၊ ၁၂၀ တွေ ပါတယ်။ ကျနော်တို့ကတော့မကိုင်ရဘူး။ တခြားတွေဟာလဲ ရှိမှာပေါ့ ၊ လေ့ကျင့်ရေး စတာ ၄-၅ ရက်လောက် ရှိပြီ” - ဟု အဆိုပါ အရာရှိ ကပြောသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ပစ်ခတ် ကွင်းတွင် ၀ ဒုစစ်ဦးစီးချုပ် ကျောက်ကျုံးတန်း ၊ ပြောရေးဆိုခွင့် ဦးအောင်မြင့် နှင့် အရာရှိ ၀ လူကြီးမင်းများ တက်ရောက်ကြသည်ဟု ဆိုသည်။

“မိုင်းလားနဲ့ မိုင်းပေါက် ဘက်မှာ ထူးခြားလှုပ်ရှားတာမရှိဘူး။ တောင်ပိုင်း ထိုင်းနယ်စပ်ကတော့ အခြေ အနေ သိပ်မကောင်းသေးဘူး။ ခရီးသွားလာခွင့်ပိတ်ပင်တယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ က အခြေ အနေကြည့်ပြီး မသွားရဲတာ။ ကုန်တင်၊ ခရီးသည်တင်ကားတွေက” - ဟု တာချီလိတ် တပ်အသိုင်း အဝိုင်းကပြောသည်။

ဂျွန် ၁၇ ရက်နေ့ ည ပိုင်း ၁၀ နာရီအချိန် တြိဂံစစ်တိုင်းရုံးမှ ရောက်ရှိလာသည့် အစိုးရတပ် သံချပ်ကာ ကားများ တာချီလိတ်မြို့မှ မိုင်းဆတ်မြို့အသွားလမ်းဘက်သို့ ဦးတည်သွားနေကြောင်း တာချီလိတ် ဒေသခံ လုံးကျောဝ့်ကပြောသည်။

၁၉၉၈ ခုနှစ်က သျှမ်းပြည်တပ်မတော်အား တိုက်ခိုက်ခြေမှုန်းရန် (ထိုစဉ်) စစ်အစိုးရ နိုင်ငံတော်ဝန်ကြီး ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွန့်၏အမိန့်ဖြင့် ထိုင်းနယ်စပ်သို့ ၀ တပ်ဖွဲ့များ ရောက်ရှိလာခြင်းဖြစ် သည်။

၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးသည့် အပေါ် ၀ တပ်ဖွဲ့များက ငြင်း ဆန်သောကြောင့် ထိုစဉ်ကလည်း စစ်ရေးတင်းမာမှုဖြစ်ခဲ့ဖူးသည်။ မြောက်ပိုင်းဝ နယ်သို့ အားလုံး တပ်ရုပ်ပြန်ကြရန်လဲ စစ်အစိုးရ က ညွှန်ကြားခဲ့ဖူးသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 19, 2015, 4:21:21 PM6/19/15
to thuau...@gmail.com

SSPP/SSA နယ်မြေ အနီးသို့ အစိုးရ တပ်မတော် အင်အား တိုးကပ် စခန်းချ

Posted: 19 Jun 2015 08:48 AM PDT

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာအုပ်စု အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA ထိမ်းချုပ် တပ်စခန်းအနီးသို့ အစိုးရတပ်များ တိုးကပ် စခန်းချ လာနေကြောင်း ကြားသိရသည်။



၂၀၁၅  ဂျွန် ၁၇ ရက်နေ့ မှစ၍ ယနေ့ အထိ အစိုးရ တပ်မတော် ခမရ ၅၇၇ အခြေချ လှုပ်ရှား စစ်ကြောင်းက မိုင်းရှူးမြို့ အနောက်တောင်ဘက် နားပေရွာ  အရှေ့ဘက်မှ မြောက်ဘက်သို့ နမ့်ပန် ချောင်းအတိုင်း မြောက်ဘက်သို့ ဆန်တက်ကာ နောင်ခေတ် - မိုင်းခန် လမ်းခွဲ နောက်ခေတ် သင်္ချိုင်းကုန်းသို့ လာရောက်စခန်းချသည်ဟု ဆိုသည်။

စကခ ၁၇ လက်အောက်ခံ မိုင်းပန်အခြေစိုက် ခမရ ခြေမြန်တပ်ရင်း အမှတ် ၅၇၇ လက် အောက်ခံ ဗိုလ်မှူးလင်းစိုး ဦးဆောင်သည့် စစ်သည်အင်အား ၄၃ ဦးက အဆိုပါ နောင်ခေတ် ယာယီတပ်စခန်းမှ အထက်သို့ ပန်ချောင်းအတိုင်း ထပ်မံဆန်တက်ကာ SSPP/SSA  ၏ တပ်စခန်းအနီး တာ့ဆမ်ပူး ကူးတို့ဆိပ် သို့ လည်ပတ်ကြည့်ရှုခွင့်တောင်းဆိုခဲ့ကြောင်း ဌာနချုပ်ရုံးအရာရှိကြီးတဦးက ဤသို့ပြောသည်။

“ကျနော်တို့ တပ်စခန်းနဲ့ အနီးအနားဝန်းကျင် ကိုလာရောက်ကြည့်ရှုလိုတယ်တဲ့။ ကျနော်တို့ က ခွင့်မပြုနိုင်ဘူး။ ခေါင်းဆောင်ပိုင်း တယောက်နှစ်ယောက် စစ်အသုံးပစ္စည်းတွေမပါဘဲနဲ့ လာရင်တော့ အထက်အမိန့်အရခွင့်ပြုတယ်လို့ပြောတော့ သူတို့ ဗိုလ်မှူးနဲ့ နောက်လိုက် နှစ်ယောက် က ကူးတို့ဆိပ် ၊ ဘုန်းကြီး ကျောင်း နဲ့ စေတီတွေကို ဓါတ်ပုံလာရိုက်သွားတယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ဒေသအတွင်း သျှမ်းပြည်တပ်မတော် အရာရှိတဦးက တာ့ကောင်းမူးတံတား တပ်စခန်း နားပေ ရွာကနေ မိုင်းခေတ် မှာ တပ်စခန်းအသစ် တိုးချ ဖို့ဖြစ်နိုင်ကြောင်း၊ တာ့ဆမ်ပူး ကူးတို့ဆိပ် တပ်စခန်းအား စိုးမိုးလိုသည့် အစီအစဉ်လည်း ဖြစ်နိုင်ကြောင်း ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ခိုလမ် စစ်တိုင်းရုံးအသိုင်းအဝိုင်းက - သျှမ်းပြည်တပ်တော် တပ်စ ခန်းအားတိုက်ဖို့ မဟုတ်ပါဘူး။ တိုက်ဖို့လဲ အစီအစဉ်မရှိပါဘူး၊ တာ့ကောင်းမူး တံတားအစောင့် တွေက နယ်မြေ စိုးမိုးရေး နယ်မြေရှင်းလင်းရေး စီမံကိန်းအရ အဲဒီဒေသ အနီးအနားကို သွားရောက်လေ့လာ တာဘဲဖြစ် ပါတယ်  ဟု ပြောသည်။

၂၀၀၉ ခုနှစ်မှစ၍ တာ့ဆမ်ပူးကူးတို့ဆိပ်တပ်စခန်း နှင့် အနီးအနားဝန်းကျင်အား နယ်မြေ စိုးမိုးရေးပြု လုပ်နိုင်ရန် အစိုးရတပ်မတော် အကြိမ်ကြိမ်ကြိုးပမ်းလာခဲ့သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်းနှင့် ၁၀ မိုင်ခန့်သာကွာဝေးပြီး တောင်ဘက်ပိုင်း အသက်ရှူလမ်းကြောင်းလည်းဖြစ်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရ တို့ သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည့် သူများဖြစ်ကြသည်။ သို့သော် ၂၀၁၂  ဂျန္နဝါရီ ၂၈ ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုးသည့်တိုင် သျှမ်းပြည်တပ်မတော်၏ အရေးပါ တပ်စခန်းများအား အင်အားသုံး၍ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ဖူးသည်။

UWSA ဝ တပ်ဖွဲ့ နှင့် အစိုးရတပ် အပေးအယူတည့်သွားပြီဟုဆိုသော်လည်း ဒေသခံများစစ်ဘေးစိုးရိမ်ဆဲ

Posted: 18 Jun 2015 10:40 PM PDT

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် အတွင်း ၀ တပ်ဖွဲ့ နှင့် အစိုးရ တပ်တို့ အကြား မပြေလည်မှုများအတွက် တွေ့ဆုံဖြေရှင်းကာ အပေးအယူတည့်သွားပြီဟု ဆိုသော် လည်း စစ်အင်အားများဆက်လက် ဖြည့်တင်းမှု ရှိနေသေးသဖြင့်  ဒေသခံများ စိုးရိမ်နေဆဲ ဖြစ်သည်ဟု ဆိုပါသည်။



ဂျွန်လ ၁၇ ရက်က တြိဂံစစ်တိုင်းရုံးမှ အရာရှိ နှင့် အမှတ် ၁၇၁ စစ်ဒေသ ထိပ်ပိုင်း ကိုယ်စား လှယ်များ မိုင်းတုံမြို့၌ တွေ့ဆုံကြောင်း၊ ထိုတွေ့ဆုံမှုတွင် အစိုးရတပ်မတော်ဘက်မှဖမ်း ထားသည့် တရုတ်လူမျိုး ၆ ဦးအား ၀တပ်ဖွဲ့ထံပြန်အပ်ရန်သဘောတူကြောင်း၊ သို့သော် သစ်တောကြိုးဝိုင်းအတွင်း နယ်ကျွံခုတ်ဖြတ်သည့်အတွက် ၀ တပ်ဖွဲ့အား ဒဏ်ရိုက်မည်ဖြစ် ကြောင်း အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပါဝင်သည့် အဆင့်မြင့်ခေါင်းဆောင် တဦးက ဤကဲ့သို့ပြောသည်။

“တရုတ်တွေကို အစိုးရဘက်က ပြန်လွှတ်ပေးမယ်။ ဒါပေမယ့် ၀ ဘက်ကလဲ ခုတ်မိတဲ့ သစ် တွေ အားလုံးအတွက် ထိုက်တန်တဲ့ ဒဏ်ငွေပေးဆောင်ရမယ်။ ဒါ့အပြင် ခုတ်ထားတဲ့သစ် တွေ အားလုံးအတွက်လဲ ဒဏ်ငွေဆောင်ပြီး အားလုံးထိုက်တန်တဲ့နိုင်ငံတော်ဈေးနဲ့ ပြန်ဝယ် ယူရမယ်။ အဲဒါကို မိုင်းတုံမှာ သဘောတူကြတယ်လို့ပြောတယ်။ ဒါ့ကြောင့် တင်းမာနေတဲ့ စစ်ရေးကလဲ ဖြေရှင်းသွားနိုင်ပြီ ဆိုတဲ့သဘောပေါ့” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

တဘက်က ၀ တပ်နှင့် အစိုးရတပ် သဘောတူညီမှုရရှိကြပြီဟု အစိုးရ တပ်အရာ နှင့် ၀ အရာတို့  နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦး က အတည်ပြုပြောဆိုသော်လည်း ဒေသခံ စိုင်းချဲမ်ခမ်း က ပုံပါကျင်မြို့အနီး တာ့ကွမ်တွင် လားဟူ နယ်ခြားတပ် နှင့် ၀ တပ်ဖွဲ့ အပြိုင် အင်အားချထားမှုရှိနေသေးကြောင်း ပြောသည်။

“သွားလာမှု စစ်ဆေးတာတွေတော့မရှိတော့ဘူး။ မနေ့က မနက်တုန်းက နှစ်ဘက်တပ်တွေ ဆုတ်ပြီ ပြောတယ်။ ဒါပေမယ့် ညနေ တုန်းက တာ့ကွမ်မှာ ၀ တပ် ကား ၅ စီး အင်အား ၁၀၀ ခန့် က လာချသေးတယ်။ ဘယ်လိုကြီး လဲတော့မသိဘူး” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ထို့အတူ ကျိုင်းတုံမြို့ တြိဂံစစ်တိုင်းရုံးမှ သံချပ်ကာ ကားများလည်း တာချီလိတ် မိုင်းဆတ် ဘက် ယခုရက်ပိုင်းအတွင်း ထပ်မံပို့ဆောင်ထားကြောင်း ဒေသခံများကပြောသည်။

ဝ တပ်ဖွဲ့ နှင့် အစိုးရ တို့ စစ်ရေးတင်းမာမှုကြောင့် တာချီလိတ်မြို့တဘက်ကမ်း မယ်ဆိုင် မြို့တွင်လည်း မြန်မာနယ်စပ်ဘက်တိုက်ပွဲဖြစ်ပွားလျှင် စစ်ဘေးရှောင်များအားအကာ အကွယ်ပေးဖို့၊ ကူညီဖေးမဖို့ စစ်ဘေးစစ်ဒဏ် ဂယက်ရိုက်မှုများအား ခုခံဖြေရှင်းရေးဆိုင်ရာ ဝေါ့ရှော့သင်တန်း ယမန်နေ့က ပေးခဲ့ကြောင်း ဒေသခံ ၃၀၀ ကျော် တက်ရောက်ကြောင်း ထိုင်းနယ်စပ်လုံခြုံရေး အရာရှိကြီးတဦး ကပြောသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 22, 2015, 4:42:15 PM6/22/15
to thuau...@gmail.com

လော်ခီးလာ ညီလာခံမှ ဖွဲ့စည်း လိုက်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နှင့် တရားဝင် တွေ့ဆုံ ဆွေးနွေးရန် အစိုးရ ဘက်မှ လက်မခံသေး

Posted: 22 Jun 2015 09:27 AM PDT

လော်ခီးလာညီလာခံမှ ဖွဲ့စည်းလိုက်သည့် အဖွဲ့ဝင် ၁၅ ဦးပါ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် တရားဝင်ဆွေးနွေးရန် ယခုအချိန်အထိ အစိုးရဘက်မှ လက်မခံသေးကြောင်း သိရသည်။

 လော်ခီးလာတွင်ကျင်းပသော  NCCT ညီလာခံနှင့် အဆင့်မြင့်ကိုယ်စားလှယ်ခေါင်းဆောင် နော်ဇီဖိုးရာစိန်

အစိုးရ၏ ပြည်ထောင်စု ၀န်ကြီးများဖြစ်သည့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ၀န်ကြီးအဖွဲ့နှင့် နိုင်ဟံသာ ၊ ဖဒိုစောကွယ်ထူးဝင်းတို့ဦးဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ ကိုယ်စားလှယ်များနှင့် ဂျွန်လ ၂၂ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့သည်။

 ယင်းဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရန်အတွက် အဓိကထား ဆွေးနွေးခဲ့ကြပြီး အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံနိုင်မှု အခြေနေပေါ်မူတည်၍ ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တဦးက ပြောသည်။

‘ တောက်လျှောက်က အန်စီစီတီနဲ့ပဲ ဆွေးနွေးလာတာဆိုတော့ ခုလို တဝက်တပျက်နဲ့ နောက်တဖွဲ့နဲ့ ဆွေးနွေးဖို့ဆိုတာ အခက်အခဲရှိနေတဲ့ သဘောပါ။ ဒါပေမဲ့ ဆွေးနွေးမှု လမ်းကြောင်းကနေ သွေဖီသွား တာတော့ မဟုတ်ပါဘူး။ အဖြေရှာဖို့အတွက်လည်း တိုင်းရင်းသား ကိုယ်စားလှယ် တွေဘက်က ထိုင်းမှာ တကြိမ်ထပ်တွေ့ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ‘ ဟု အဆိုပါ အမည်မဖော်လိုသည့် ပုဂ္ဂိုလ်က ပြောသည်။

ဂျွန်လ ၂၂က ပြုလုပ်ခဲ့သော အလွတ်သဘောဆွေးနွေးမှုနှင့် ပတ်သက်၍ နှစ်ဘက်စလုံးမှ တရားဝင် ထုတ်ပြန်မှုများ မပြုလုပ်ခဲ့ပေ။

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ရန်အတွက် ဆွေးနွေးမှုများ စတင်ခဲ့သည်မှာ တနှစ်ခွဲကျော် ကြာ မြင့်ခဲ့ပြီ ဖြစ်ပြီး ယင်းကာလအတွင်း အစိုးရဘက်မှ ၀န်ကြီးဦးအောင်မင်းခေါင်းဆောင်သည့် ပြည် ထောင် စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက် ကိုင်များဘက်မှ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းမှု ကော်မတီ NCCT  တို့သာ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်းက ရကြိမ်မြောက်အဖြစ် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်မှု လုပ်ငန်းကော်မတီ UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲအပြီးတွင်အခန်း ရ ခန်းပါ အပစ်ခတ်ရပ်စဲမှု မူကြမ်းကို အတည်ပြုနိုင်ခဲ့သည်။

အစိုးရဘက်မှ ယင်းမူကြမ်းအပေါ်တွင် ထပ်မံဖြည့်စွက်ရန် မရှိတော့သဖြင့် အတည်ဖြစ်ခဲ့သော်လည်း လုပ်ငန်းညှိနှိုင်းရေးကော်မတီ အဆင့်သာရှိသော NCCT  အဖွဲ့ကမူ အပြီးပြတ်မဆုံးဖြတ်နိုင်ခဲ့သဖြင့် ကေအန်ယူထိန်းချုပ်နယ်မြေ လော်ခီးလာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ထိပ်သီး ခေါင်းဆောင်များ တက်ရောက်သည့် ညီလာခံ တရပ်ကို ကျင်းပခဲ့ရသည်။

ယင်းညီလာခံတွင် အပစ်ခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းတွင် အချက် ၁၅ ချက် ထပ်မံဖြည့်စွက်ခဲ့သလို အစိုးရနှင့် ဆက်လက် ဆွေးနွေးရန်အတွက်လည်း အဖွဲ့ဝင် ၁၅ ဦးပါ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ ယင်းကိုယ်စားလှယ်အဖွဲ့တွင် ယခင် NCCT အဖွဲ့တာဝန်ရှိသူများမှာ ပြန်လည် ပါဝင်လာသော်လည်း ဦးဆောင်သူများ အနေဖြင့် မဟုတ်တော့ဘဲ ပိုမိုသဘောထား တင်းမာပြီး လုပ်ပိုင်ခွင့်ပိုရှိသော ခေါင်းဆောင်တချို့မှာ ခေါင်းဆောင်ဖြစ်လာခဲ့သည်။

လေ့လာသူအချို့၏ အဆိုအရမူ မူကြမ်းအား ထပ်မံဖြည့်စွက်ခြင်း ၊ ဆွေးနွေးမှု အဖွဲ့အသစ် ထပ်မံ ဖွဲ့စည်းခြင်း ၊ အစိုးရ တပ်မတော်တို့ဘက်မှ လက်မခံသည့် အဖွဲ့များ ပါဝင်မှ အားလုံးလက်မှတ်ရေး ထိုးမည်ဟု ဆိုလာခြင်းတို့ကြောင့် လော်ခီးလာညီလာခံမှ ဖွဲ့စည်းလိုက်သည့် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့အား အစိုးရဘက်မှ တရားဝင်ဆွေးနွေးရန် အခက်ခဲရှိလာပုံရကြောင်း မှတ်ချက်ပြုကြသည်။

‘ အစိုးရက ထိုင်းနိုင်ငံမှာတွေ့ ဖို့ လဲ ယဉ်ကျေး မှုအရလောက်ပဲ တွေ့ မယ်။ ဒါလဲပဲ တပ်ကိုယ်စားလှယ် တွေ မလာနိုင်တော့ဘူးလို့ ပြောထားတာရှိပါတယ်။ အခုအနေထားအရဆိုရင် လော်ခီးလာမှာ ဖွဲ့တဲ့ အဖွဲ့ကို အစိုးရဘက်က လက်မခံသေးဘူးဆိုတာ ပေါ်လွင်သလို ဖြစ်နေတယ် ‘ ဟု ငြိမ်းချမ်းရေး ဖြစ်စဉ် တွင် ပါဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သော သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA မှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းလှမှ မှတ်ချက်ပြုပြောဆိုသည်။

သျှမ်းပြည်နယ်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးများအရေး စွမ်းဆောင်ပေး

Posted: 22 Jun 2015 02:00 AM PDT

သျှမ်းပြည်နယ်အမျိုးသမီးများနဲ့ကလေးသူငယ်တွေ ငြိမ်းချမ်းခြင်း၊ လုံခြုံခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း အတွက် စွမ်းရည်မြင့်တင်ပေးဖို့ ရည်ရွယ်ပြီးတော့ သျှမ်း ပြည်နယ်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး (SSWDO) ကို ဖွဲ့စည်းတည်ေ ထာင် ထားပါတယ်။ SSWDO အနေနဲ့ ဒေသတွင်းအမျိုးသမီးတွေ အတွက် ဘာတွေကိုလုပ်ဆောင်ပေးခဲ့ပါသလဲ။ အဖွဲ့ ဥက္ကဌ တာဝန်ထမ်းဆောင်နေ တဲ့ ညောင်ရွှေစော်ဘွားကြီးရဲ့သမီး ဒေါ်စ၀်ဟေမာသိုက်ကို သျှမ်းသံတော်ဆင့် ကနေ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ သျှမ်းပြည်နယ်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး (SSWDO) ထူထောင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် လေးသိပါရစေ ။
ဖြေ ။ ။ သျှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့အမျိုးသမီးများနဲ့ကလေး သူငယ်တွေ ငြိမ်းချမ်းခြင်း၊ လုံခြုံခြင်း၊ဖွံ့ဖြိုးတိုးတက်ခြင်းတွေနဲ့ပြည့်စုံစွာနေ ထိုင် နိုင်ဖို့ကို အဓိကထားရည်ရွယ်ပြီး (SSWDO) ဖွဲ့စည်းဖြစ်ခဲ့တာပါ ။
မေး ။ ။ SSWDO ရဲ့ အဓိကလုပ်ဆောင်မှုအခန်းကဏ္ဍက ဘာတွေဖြစ်မလဲသိပါရစေ ။
ဖြေ ။ ။ သျှမ်းပြည်နယ်အတွင်းမှာရှိတဲ့ဆင်းရဲနွမ်းပါးချို့တဲ့ပြီး ဒုက္ခ ရောက်နေတဲ့ အမျိုးသမီးနဲ့ကလေးတွေကိုကူညီဖို့ ၊ အမျိုးသမီးနဲ့ ကလေး တွေအပေါ်ခွဲခြား ဆက်ဆံမှုတွေနည်းမျိုးစုံနဲ့အကြမ်း ဖက်မှုတွေ ပပျောက်ဖို့ ၊ ဘ၀လုံခြုံရေးတွေ နဲ့အခွင့်အရေးမဆုံးရှုံး ဖို့ ၊ အမျိုးသမီးေ တွအတွက်ဥပဒေ လုပ်ထုံးလုပ်နည်း တွေနဲ့အညီအသိပညာေ ပးဟော ပြော ပွဲေ တွပြု လုပ်တာ လက်မှုပညာနဲ့အိမ်တွင်းမှုသင်တန်းတွေကို လက်တွေ့ သင်ကြားပေးတာတွေ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး တွေကို အဓိက လုပ်ဆောင် တယ် ။
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတရားမျှတ တဲ့ရွေး ကောက် ပွဲကြီးဖြစ်ဖို့ ဘယ်အတိုင်းအတာအထိ ယုံကြည်မှုရှိလဲ ။
ဖြေ ။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ပစောင့်ကြည့် လေ့လာသူတွေ လည်းရှိနေတယ်ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ထက်တော့သာ မယ်လို့ထင်တယ် ။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မဖြစ် ကတော့ စောင့်ကြည့်ရမှာပဲ ။
မေး ။ ။ SSWDO အနေနဲ့ သျှမ်းပြည်နယ်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီး မှာ ဘယ်လိုအခန်းကဏ္ဍကပါဝင်ဖို့ရှိလဲ ။
ဖြေ ။ ။ ရွေးကောက်ပွဲစောင့်ကြည့်ရေးတွေမှာပါဝင်ဖို့ရှိမယ် ။ မဲဆန္ဒ ရှင် ပညာပေးကဏ္ဍတွေမှာလည်းပါဝင် လှုပ်ရှားနေကြပါတယ် ။
မေး ။ ။ သျှမ်းပြည်နယ်မှာရှိတဲ့သျှမ်းပါတီကြီးနှစ်ပါတီ (ကျားဖြူပါတီနဲ့ ကျားခေါင်းပါတီ) တွေအပေါ် အမြင်သဘောထားဘယ်လိုရှိပါသလဲ ။
ဖြေ ။ ။ ကျားဖြူ နဲ့ ကျားခေါင်းပေါင်းစည်းရေးကိုတော့မပြောတော့ဘူး ၊ကျမကိုယ်တိုင်ကလည်းဒီနှစ်ပါတီလုံးကိုတစ်ချိန်က ပါဝင်အားဖြည့်ခဲ့ဖူး တာပဲ၊ ၁၉၉၀တုန်းက ကျားခေါင်းပါတီနဲ့ ဦးခွန်ထီးတို့အဖွဲ့ စည်းရုံးရေးမှာပါ ၀င်ခဲ့ဖူးတယ် ၊ ၂၀၁၀ မှအလွတ်သဘောနဲ့ ကျားဖြူပါတီမှာလည်း ကူညီခဲ့ ဖူးပါတယ် ။ နှစ်ပါတီမပေါင်းချင်လည်းမပေါင်းကြနဲ့ပေါ့ ၊ ရပ်တည်ချက်တွေ ပါတီမူဝါဒတွေ တူမှမတူကြတာ ။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် မဲဆန္ဒနယ်တွေကို ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ နယ်မြေသတ် မှတ်ပြီး လုပ်ဆောင်စေချင်တယ် ၊ အဓိက ကတော့သျှမ်းပါတီတွေကိုသျှမ်းပြည် နယ်မှာ အနိုင်ရစေချင်တယ်၊ သျှမ်းပါတီတွေ အနိုင်ရပြီးစစ်မှန်တဲ့ သျှမ်းပြည်နယ် အစိုးရ တစ်ရပ်ပေါ်ထွက်လာဖို့မျှော်လင့်တယ် ။
မေး ။ ။ သျှမ်းပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေအ ပေါ်နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေကြတဲ့အပေါ် ဘယ်လိုမြင်ပါ သလဲ ။
ဖြေ ။ ။ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ ဘ၀မှာ ငြိမ်းချမ်းရေး ကအဓိကပဲ ၊ ပဋိပက္ခ ဒေသတွေမှာ ကျေးရွာတွေမှာ ပိုပြီးငြိမ်းချမ်းစေ ချင် တယ် ။ နယ်မြေမငြိမ်းချမ်းရင် အဓိကခံရမှာ က အမျိုးသမီးနဲ့ကလေး သူငယ်တွေပဲ၊ ဒါကြောင့် လက်နက်ကိုင်တွေအချင်းချင်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုရှိဖို့ နဲ့ကတိတည်ဖို့ အများကြီးလိုအပ်တယ်လို့ထင်ပါတယ် ။
မေး ။ ။ ၂၀၁၆ မှာတက်လာမယ့် အစိုးရအသစ်တစ်အပေါ် ဘယ်လို မျှော်လင့်ထားလဲ ။
ဖြေ ။ ။ ဖယ်ဒရယ် ဒီမိုကရေစီစစ်စစ်နဲ့ အစိုးရတစ်ရပ်ကိုတော့ မျှော် လင့်မိပါ တယ် ။
မေး ။ ။ သျှမ်းပြည်နယ်မှာ ရှိတဲ့အမျိုးသမီးတွေကို ဘာများပြော ကြား ချင်သေးလဲ ။
ဖြေ ။ ။ အရင်လိုမနေကြနဲ့ မျက်စိဖွင့် နားစွင့် နေကြပါ ၊ ကိုယ်ပိုင် အသိ ညဏ်နဲ့ အရာရာကိုစဉ်းစားချင့် ချိန်ကြပါ ။ အရေအချင်းရှိတဲ့ အမျိုးသမီး လွှတ်တော် အမတ်တွေ သျှမ်းပြည်နယ်မှာအများကြီးပေါ်ပေါက် လာဖို့ မျှော်လင့် ပါတယ် ။
S.S.W.D.O (Shan State Women Development Organization) ကို ၂၀၁၂ ခု ဂျူလိုင်လ ၁၉ ရက်က ဖွဲ့စည်းခဲ့ပါတယ်။
SSWDO ဥက္ကဌ ဒေါ်စ၀်ဟေမာသိုက်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး သမတ ဖြစ်တဲ့ ညောင်ရွှေ စော်ဘွားကြီးစ၀်ရွှေသိုက်ရဲ့ သမီးတော် စပ်ပါ တယ်။ မွေးချင်း ၁၁ ဦးအနက် နံပါတ် ၈ ယောက် မြောက် သမီးဖြစ် ပါတယ်။ လက်ရှိ သက်ရှိထင်ရှား တောင်ကြီးမြို့နယ် မှာနေထိုင်ပါ တယ်။ ပြတိုက် အဖြစ် အစိုးရ က သိမ်းယူထားရတဲ့ ညောင်ရွှေမြို့မှာရှိတဲ့ ဖခင်စော်ဘွားကြီး ရဲ့ ဟော်နန်းကို မိသားစုတွေကိုပြန်လည် အပ်နှင်းပေးဖို့ သမတ ကြီး ဦးသိန်းစိန်ကို တောင်းဆိုထားတယ်လို့သိရပါတယ်။ ဒါပေမယ့် ကနေ့ထိအတော့ အစိုးရဆီကနေ အကြောင်းပြန်တာမရှိသေးဘူးလို့လည်း သိရပါတယ်။

သျှမ်းသံတော်ဆင့်

unread,
Jun 23, 2015, 4:19:27 PM6/23/15
to thuau...@gmail.com

UWSA ထံမှ ဖမ်းထားသည့် တရုတ်များအား တရုတ် အစိုးရထံ မြန်မာ ပေးအပ်မည် ဟုဆို

Posted: 23 Jun 2015 07:44 AM PDT

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် အတွင်း သစ်တောဝန်ကြီးဌာနပိုင် သစ်တောကြိုးဝိုင်း အတွင်း ဝ တပ်ဖွဲ့နှင့်အတူ သစ်ခိုးထုတ်ရာမှ ဖမ်းဆီးခံ ထားရသည့် တရုတ်လူမျိုး ၆ ဦးအား မြန်မာအစိုးရက တရုတ် အစိုးရထံ တိုက်ရိုက်လွှဲအပ်မည်ဟု မိုင်းတုံ စစ်ဗျူဟာ အသိုင်းအဝိုင်း ကပြောသည်။



ဂျွန်လဆန်းပိုင်းကတည်းက မြန်မာအစိုးရမှဖမ်းဆီးထားသော အဆိုပါ တရုတ်လူမျိုး ၆ ဦးအား UWSA ဝ တပ်ဖွဲ့ ထံ ပြန်လည်အပ်နှံမည်မဟုတ်ဘဲ တရုတ်အစိုးရထံ ပြန်လည်အပ်နှံ မည်ဖြစ် သည်ဟု မြန်မာအစိုးရဘက်က ဆိုသည်။

ဝတပ်ဖွဲ့ကလည်း - အဆိုပါ တရုတ် ၆ ဦးနှင့်အတူ အစိုးရက ဖမ်းသွားသော ကျွန်းသစ်တန် ၃၀၀ ကို ၀တပ်ဖွဲ့က ပြန်လည်လေလံပစ်၍ ဝယ်ယူခွင့်ပေး ရန်တောင်းဆိုခဲ့ပြီး၊ နှစ်ဘက်တပ်များ ပုံမှန်နေရာသို့ ပြန်ဆုတ်ရန် အစရှိ အချက်များအား အမှတ်၁၇၁စစ်ဒေသဝတပ်ဖွဲ့ခေါင်းဆောင် ဝေရှောက်ရင် နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဂျွန်လ ၂၀ ရက် စနေနေ့က ဆွေးနွေးသဘောတူ ဆုံးဖြတ်ကြသည်ဟု ဆိုသည်။

“သစ်တန်ချိန် သုံးရာ အတွက် မနေ့က မိုင်းတုံမှာ ငွေသွားသွင်းလိုက်ပြီ လို့ ပြောတယ်။ လေလံပစ်တဲ့ ဈေးနဲ့ လို့ပြောတာဘဲ။ ၀ တပ်က သစ်တွေ ပြန် ရပြီဆိုပေမယ့် သူတို့ရဲ့လူ ၆ ယောက်ကိုလည်း ပြန်လိုချင်နေ တယ်။ နိုင်ငံရေးအရ ၀ ကို ပြန်အပ်မှာမဟုတ်ဘဲ တရုတ်အစိုးရဆီကနေ အဲဒီ လူ ၆ ဦးရဲ့ ကိုယ်ရေးအကျဉ်း စစ်ကြည့်မယ်။ ပြီးမှ တရုတ်ကို ပြန်ပေးမယ်ဆိုတဲ့ အချက် ကို ဝ က သိပ်ဘ ဝင်မကျဘူး”- ဟု စစ်ဗျူဟာ အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

“အဲဒီ တရုတ် ၆ ဦးဆိုတာက တရုတ်ပြည်က တရုတ်မဟုတ်ဘူး။ ကျနော်တို့ နယ်ထဲက ဝ - တရုတ်ဘဲ။ အဲဒါကို တရုတ်ဆီ ပြန်အပ်မယ်ဆိုတာတော့ မဟုတ်သေးဘူးလေ၊ အကြောင်း မရှိအကြောင်းရှာ သလို ဖြစ်နေတယ်။ ဒါက တရုတ်ပြည်နဲ့မှ မဆိုင်တာ။ ကျနော်တို့အရေးဘဲ” - ဟု အမည်မဖေါ်လိုသည့် ၀ တပ် အရာရှိတဦးကပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၀ တပ်ဖွဲ့များအား - အင်အားပြသွားလာခြင်းမျိုးမလုပ်ရ၊ နယ်ကျွံလုပ်ရှားမှုမပြုရ၊ ချိုးဖေါက်မှုများ ပြုလုပ် ပါက တပ်မတော်မှ ခွင့်ပြုမည်မဟုတ် - ဟူ၍ ပြင်းပြင်း ထန်ထန် သတိပေးခဲ့ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။

သို့သော် ယနေ့အထိ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် နမ့်ဆိုင်ဒေသ သစ်တော ကြိုးဝိုင်း၊ မိုင်းခေတ်၊ မိုင်းဟန်၊ နားပါကောဝ် ဒေသ အတွင်း အပြိုင်အင်အား ချထားမှု ၊ ပုံမှန်မဟုတ်ဘဲ တပ်များတိုးချဲ့ ချထားသည့်နေရာများမှ နှစ်ဘက် တပ်ရုပ်ပြန်ခြင်းမရှိသေးပေ။

ဝ တပ်ဖွဲ့ သည် မြန်မာအစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တည်ေ ဆာက်ထား သည့် တရုတ်နယ်စပ်အခြေစိုက် အင်အားကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တခုဖြစ် သည်။ လူသူ လက်နက် အင်အားကြီးမားလာသည့်အားလျော်စွာ တောင်ပိုင်းထိုင်းနယ်စပ် နှင့် မြောက်ပိုင်း တရုတ်နယ်စပ် နယ်မြေနှစ်ခုပေါင်း၍ သီးခြား ဝ ပြည်နယ် ထူထောင်ရန် ဆန္ဒပြင်း ပြနေပါသည်။ ထို့အတူ လာမည့် အမျိုး သားနိုင်ငံရေး ဆွေးနွေးပွဲ တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအား ဦးဆောင်ဦးရွက်ပြုလိုသည့် ဆန္ဒရှိသည်။

မဲပေးပိုင်ခွင့် ရှိသူ စာရင်း တိကျ မှန်ကန်မှု ရှိစေလို

Posted: 23 Jun 2015 07:33 AM PDT

သို့
သျှမ်းသံတော်ဆင့် အယ်ဒီတာ ခင်ဗျား

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့မှာ မဲပေးပိုင်ခွင့်ရှိသူစာရင်းကို ဂျွန်လ ၂၂ ရက်နေ့မှာ ရပ်ကွက်တိုင်းမှာ လာကပ် ပါတယ်။ ဒါပေမဲ့ဗျာ… စာရင်းထဲမှာ ကွယ်လွန်သွားပြီးတဲ့သူတွေလည်း ပါလာတယ်။ နောက် နာမည်တွေလည်း မှားတယ်။ အများဆုံးဘဲ။ အမျိုးသမီးနာမည်က အမျိုးသားနာမည် ဖြစ်လိုဖြစ်။ မှတ်ပုံတင်နံပါတ်တွေလည်းမှား။ ကွယ်လွန်သွားတဲ့သူစာရင်းတွေ ပါလာရင်တော့ ဒါဟာစာရင်းဟောင်းဘဲလို့ ထင်ပါတယ်။



ဒီမဲစာရင်းအတွက်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ လူငယ်တွေကို လူဦးရေစာရင်းကောက်ပေးဖို့ တာဝန်ရှိ သူတွေက အကူအညီတောင်းလို့ ကူကောက်ပေးခဲ့ကြပါတယ်။ ကျနော့်အိမ်ကိုလည်း လာကောက်သွားလို့ သိတာပါ။ ဘာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်သားတွေ ကောက်ပေးတဲ့စာရင်းကို မသုံးတာလဲ။ မသုံးချင်ရင် ဘာကြောင့်ကူကောက်ခိုင်းတာလဲ။ ကောက်ပေးတဲ့သူတွေ အချိန်ကုန် လူပန်းတာဘဲ အဖတ်တင်တယ်။

ဒီမဲပေးပိုင်ခွင့်ရှိသူစာရင်းက အရမ်းကို အရေးကြီးတယ်လို့ မြင်ပါတယ်။ ပြည်သူတွေက ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတတွေ အားနည်းနေသေးပါတယ်။ လူတယောက်မှာ မဲပေးပိုင်ခွင့်ရှိရဲ့သားနဲ့ အချက်အလက်တခုခု မှားနေတာကို မိမိကိုယ်တိုင်ကလည်းမသိ သူများတွေကလည်းမပြောရင်တော့ မဲပေးပိုင်ခွင့်ရှုံးသွားမှာ သေချာ ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူတွေ မဲပေးပိုင်ခွင့်ရှိသူစာရင်း ထုတ်ပြန်ထားတာတွေကို သေသေချာချာ ပြန်စစ်ပေးစေချင်ပါတယ်။ မှားနေတဲ့ဟာတွေကိုလည်း အမြန်ဆုံး ပြန်ပြင်ပေးစေချင်ပါတယ်။




မူစယ်မြို့ခံတစ်ဦး
၂၃၊ ၆၊ ၂၀၁၅

သျှမ်းသံတော်ဆင့်

unread,
Jun 24, 2015, 4:35:48 PM6/24/15
to thuau...@gmail.com

သျှမ်း လူထုက မည်သည့် သျှမ်းပါတီကို မဲပေး မည်နည်း

Posted: 23 Jun 2015 11:21 PM PDT

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး နီးလာလေလေ မည်သည့်သျှမ်းပါတီကို ရွေးပြီး မိမိတို့၏ အသည်း ကြားက မဲတစ်ပြားအား ပုံအောထည့်ပေးရမည်ဆိုသည့် အရာသည့် သျှမ်းလူထုအဖို့ အခုချိန်အထိ စဉ်းစား ဝေခွဲဆုံးဖြတ်ဖို့ ပိုခက်လေလေ ဖြစ်နေသည်ကို တွေ့ရ၏။ အဘယ့်ကြောင့် ဤသို့ ဖြစ်ရသည် ဆိုခြင်းကို သုံးသပ်ကြည့်သင့်၏။





ပထမဦးဆုံး သျှမ်းပြည်တွင် ဝင်ရောက် ရွေးကောက်ယှဉ်ပြိုင်မည့် အထင်ကရ သျှမ်းပါတီ ၃ ခု၏ နောက်ခံသမိုင်းနှင့်ယင်းတို့၏ အဓိကနိုင်ငံရေးပေါ်လစီ တချို့တလေတွေကို လေ့လာသင့်သည်ထင်၏။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (SNLD) (သို့) ကျားခေါင်းပါတီကို ၁၉၈၈ အရေး အခင်းကာလတွင် ခွန်ထွန်းဦး ဦးဆောင်ပြီး တည်ထောင်ခဲ့၏။ ပြည်ထောင်စုစစ်စစ်၊ ပြည်တွင်း ငြိမ်းချမ်း ရေး၊ ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊ လူ့အခွင့်အရေးတို့ကို ဦးထိပ်ထားပြီး ပါတီကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်းသိရ၏။ ၁၉၉၀ ရွေးကောက်ပွဲတွင်တပြည်လုံး အတိုင်းအတာ၌ NLD နောက် ဒုတိယ မဲဆန္ဒ အများဆုံးရခဲ့၏။ သျှမ်းပြည်နယ်တွင် အမတ်(၂၃)နေရာဖြင့် မဲဆန္ဒအများဆုံးရခဲ့၏။ အမျိုးသားညီလာ ခံမှ သပိတ်မှောက် ထွက်ခွါခြင်း၊ ညီညွှတ်သော တိုင်းရင်းသား မဟာမိတ် (UNA)ကို ဦးဆောင်ဖွဲ့စည်း ကာ တိုင်းရင်းသားအရေး တစိုက်မတ်မတ် ဆောင်ရွက်ခြင်း၊ ဥက္ကဌဖြစ်သူ ခွန်ထွန်းဦး၏ မဟုတ်မခံ စိတ်ဓာတ်၊ အမှန်ကိုအမှန်အတိုင်း ပြောဆိုရဲ့သည့် စိတ်ရင်းစေတနာ၊ မဟုတ်တာမှန်လျှင် စစ်အစိုးရကို အတည့်အလင်း ဝေဖန်ရဲသည့် အပြောအဆို၊ အများကောင်းကျိုးအတွက် နှစ်ရှည်ထောင်ကျခံရဲခြင်း၊ ပြည်တွင်းတွင်သာမက နိုင်ငံရပ်ခြားတိုင်းပြည်များ၌လည်း အများ၏ လေးစားကြည်ညိုမှုများကို ရရှိခြင်း စသည့်အကြောင်းများကြောင့် ကျားခေါင်းပါတီကို သျှမ်းလူထုကအခြားသျှမ်းပါတီတွေထက်ပိုနှစ်သက် ခဲ့ကြ၏။ အလေးထားကြ၏။ ယုံကြည်ကိုးစားကြ၏။ အားပေးထောက်ခံကြ၏။ ထို့အပြင် သျှမ်းလူထု အတွက်ဆိုသတ္တိရှိရှိရှေ့ဆုံးက  မိမိအသက်ကိုပင် မငဲ့မညာရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားဦးလည်မသုံဆောင် ရွက်ပေးခဲ့သဖြင့် ခွန်ထွန်းဦးကိုသံမဏိနှလုံးသားပိုင်ရှင်အဖြစ် သျှမ်းလူထုကတင်စားသမှုပြုကြ လေ၏။ ဦးညွတ်ကြလေ၏။ သူ့အတွက်ဆို ပြန်ပေးဆပ်ဖို့ အမြဲအဆင်သင့် ဖြစ်ကြလေ၏။

ကျားဖြူပါတီဟု လူသိများသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)ကို စိုင်းအိုက်ပေါင်း ဦးစီးပြီး ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့၏။ နိုင်ငံရေးဦးတည်ချက်များမှာ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်ကို တည်ထောင်ခြင်း၊ သျှမ်းပြည်တိုင်းရင်းသား အင်အားစုများဖြင့် သျှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ခြင်း၊ သျှမ်းလူထုကိုယ်စားပြုသည့် နိုင်ငံရေးပါတီ ဖြစ်ရေး ကြိုးပမ်း လုပ်ဆောင်ခြင်း စသည်တို့ ဖြစ်ကြောင်း သိရ၏။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်တို့တွင် မဲဆန္ဒနယ် စုစုပေါင်း(၅၇)နေရာ အနိုင်ရရှိခဲ့၏။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လားရှိုးမဲဆန္ဒနယ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့အား နှာတဖျားအနိုင်ရခဲ့ သဖြင့် ဟိုးလေးတကျော် ဖြစ်သွားခဲ့၏။ သျှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးနှစ်နေရာ အပ်နှင်းခြင်း ခံရ၏။ ကွန်ဟိန်းနယ် လွှတ်တော်ကိုယ်စားလှယ် နန်းဝါနု၏ ဝံ့ဝံ့စားစား ပြောဆိုလုပ်ကိုင်ဆောင်ရွက် ချက်ကြောင့်လည်း ကျားဖြူပါတီကို လူသိပိုများစေကြောင်း သိရ၏။

သျှမ်းပြည်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်းရေး ဒီမိုကရက်တစ်ပါတီ (Eastern Shan State Development Democratic Party- ESSDDP)ဟုခေါ်သည့် သျှမ်းအရှေ့ပါတီကို ကျိုင်းတုံမြို့ခံ သျှမ်းမျိုးချစ်တစ်စု ပူးပေါင်းပြီး ၂၀၁၅ ခုနှစ် ဂျွန်လ (၂)ရက်နေ့တွင် တည်ထောင်ကြောင်းသိရ၏။ ယင်း၏ နိုင်ငံရေး ပန်းတိုင်မှာ ဒီမိုကရေစီရေး၊ စစ်မှန်သောပြည်ထောင်စုစနစ် ကျင့်သုံးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သျှမ်းပြည် အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်ကြေညာချက်အရသိရ၏။ ကျိုင်းတုံ မြို့၌ လူချစ်လူခင်ပေါများသည့် သြဇာတိက္ကမရှိသည့် စိုင်းဟောင်ခမ်းက ပါတီဥက္ကဌအဖြစ် ဆောင်ရွက် ပြီး ဝါရင့်စာရေးဆရာ အနုပညာသမားဖြစ်သည့် စိုင်းဆမ်တစ်ဆေကို ဒုဥက္ကဌအဖြစ် တာဝန်ပေးအပ် ကြောင်းသိရ၏။ ဖွဲ့စည်းတည်ထောင်ခါစဖြစ်၍ ပါတီ၏ နိုင်ငံရေး လှုပ်ရှားမှုတွေတော့ မသိရသေးပေ။ ယင်း၏ကြေညာချက်အရ ရှမ်းအရှေ့ပါတီသည် ကျားခေါင်းပါတီအား ကျားကန်ထောက်ခံပေးမည်ဖြစ် ကြောင်း သိရ၏။

ကျားခေါင်းပါတီကို အများက အတိုက်အခံပါတီ စစ်စစ်အဖြစ် အသိအမှတ်ပြု၏။ UNA၊ NLD၊  ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့နှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ပြီး အစိုးရ၏ ပျော့ကွက်ဟာကွက်များကို ထောက်ပြရဲသဖြင့် သျှမ်းလူထု၏ ကောင်းချီးထော ပနာပြုခြင်း၊ ထောက်ခံ အားပေးခြင်းကို ရရှိခဲ့၏။ ဥက္ကဌ ခွန်ထွန်းဦးကို သျှမ်းလူထု ခေါင်းဆောင်အဖြစ် သာမကဘဲတိုင်းရင်းသားတို့၏ကိုယ်စားပြုသူအဖြစ်အများက မှတ်ယူကြောင်းကြားသိရ၏။ ဝ ပြည်နယ် တောင်းဆိုခြင်းကို သျှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေတောင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင် စကား တခွန်း တပါဒမဟဝံ့သည်ကို ခွန်ထွန်ဦးက သျှမ်းနိုင်ငံရေးခေါင်းဆောင်ပီပီ လုံးဝလက်မခံကြောင်း စကားပလ္လင် မခံဘဲ ဒဲ့တိုးလက်တန်းတခါတည်း ပြောခဲ့သည်ကို မီဒီယာများ ဖေါ်ပြချက်အရ သိရ၏။ သည့်အတွက် ကျားခေါင်းပါတီကို သျှမ်းလူထု ထောက်ခံအားပေးခြင်းသည့် ထူးဆန်းသည့်အရာတော့ မဟုတ်ပေ။

ကျားဖြူပါတီကို လူတွေက အစိုးရဘက် နည်းနည်းယိမ်းသည်ဟု ဆိုကြ၏။ ပျော့ပျောင်းသည့် ပေါ်လစီ စွဲကိုင်ထားသည်ဟု ဆို၏။ သျှမ်းပြည်နယ်အစိုးရ အဖွဲ့တွင် ဝန်ကြီးနှစ်ယောက်၊ ပြည်ထောင်စု အစိုးရ အဖွဲ့တွင်ဒုဝန်ကြီးတစ်ယောက်အဖြစ် နေရာယူထားကြ၏။ ယင်းကဲ့သို့ ဌာနလက်ကိုင်ဝန်ကြီး ရရှိထားသည့်အတွက် အတိုက်အခံ မပီသသည့် ဖားတပိုင်းငါးတပိုင်း အတိုက်အခံပါတီဟု အများက လက်ညှိုးထိုးကြ၏။ ပါတီရပ်တည်ရေးအတွက် အစိုးရနှင့် ရေးလိုက်ငါးလိုက် ဆက်ဆံရေး ထားရှိ ကြောင်း သိရ၏။ သျှမ်းလူငယ်တွေ ဗမာ့တပ်မတော်တွင် နှစ်နှစ်လောက် စစ်မှုမထမ်းမနေရ အဆိုကို လွှတ်တော်ထဲတွင် ထောက်ခံဆွေးနွေးသဖြင့် နာမည်ကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းဝါနု သည်လည်း သူမ၏ အမာခံသျှမ်းလူထုပရိသတ် အမျက်တော်ရှခြင်းကို ခံရကြောင်း သိုးသိုးသိပ်သိပ် ကြားရ၏။ ပြည်ထောင်စုလွှတ်တော်နာယကကြီး သူရဦးရွှေမန်းသွားလေရာအပါးတော်မြဲအဖြစ် လိုက်ပါ နေကျကြောင့်လည်း သျှမ်းလူထုရဲ့အငြိုအငြင်ကို မကြာခဏသူမ ခံခဲ့ရကြောင်း အတွင်းသတင်းများ အရသိရ၏။ သို့သော် ကျားဖြူပါတီသည်လည်း ယင်း၏သျှမ်းလူထုအတွက်လယ်ယာမြေသိမ်းပြဿနာ များ၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူငယ်အရည် အသွေးမြှင့်တင်ရေးလုပ်ငန်းများ၊ လူထုမှတ်ပုံတင်ရရှိ ရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုမှား တားဆီးပေးခြင်းနှင့် အခြားသောလူမှုရေးလုပ်ငန်းများကို ၄င်းတတ်နိုင်သည့် လုပ်ဆောင်ချက်ဘောင်အတွင်းမှ သျှမ်းလူထု ကောင်းကျိုးအတွက် တတ်နိုင်သမျှ လေးနှစ်ကျော်ကာလအတွင်း လုပ်ဆောင်ပေးနိုင်ခဲ့ပါကြောင်းကို မျက်မြင်သက်သေများ ပြောကြား ချက်အရလည်းကောင်း၊ အကျိုးခံစားခွင့်ရရှိသည့် ပြည်သူလူထုများ ထုတ်ဖော်ချက်အရလည်းကောင်း သိရကြားရ၏။ ဤအချက်များကို မည်သူကမျှ ငြင်းနိုင်မည်မထင်ပေ။

၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည် မပြိုင်မည်ဆိုသည်ကို အခုချိန်အထိ ကျားခေါင်းပါတီက ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း သျှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း မြို့နယ်များတို့တွင် ယင်း၏ ပါတီရုံး အမြောက်အမြားဖွင့်လှစ်သည်ကို ကြည့်ခြင်းအားဖြင့် ယင်းသည် လည်း လာမည့်ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့် အရိပ်အယောင်အလားအလာရှိကြောင်း သျှမ်းနိုင်ငံရေး အကဲခတ် အများစုက ထင်မြင်ချက်ပေး၏။ မြောက်ပိုင်း ရုံးဖွင့်ပွဲ အချို့နေရာတွင် သျှမ်း ပြည်တိုးတက်ရေးပါတီ (SSPP) နာယက ဒုဗိုလ်ချုပ်ကြီး စဝ်ဆေထင်ကိုယ်တိုင် တက်ရောက် အားပေး သဖြင့်ကျားခေါင်းပါတီသည် အခြားသျှမ်းပါတီများထက် သျှမ်းတပ်ဖွဲ့၏ ထောက်ခံမှုကိုပိုမိုရရှိကြောင်း ထင်သာမြင်သာပြသရာရောက်၏။ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲဆိုင်ရာသင်တန်းများနှင့်လူငယ် စွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ်ပြီး တင်ကြိုမဲဆွယ်သယောင်ယောင်ဆောင်ရွက်နေကြောင်းကို လည်း ပြည်တွင်းမီဒီယာများမှတဆင့် သိရ၏။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကျားဖြူပါတီသည်လည်း အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ယင်း၏ လက်ရှိလုပ်ဆောင်ချက်များအရ ဘွင်းဘွင်းရှင်းရှင်း သိရ၏။ သျှမ်းပြည်တလွှား ပါတီရုံးများ ဖွင့်လှစ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း များဆိုင်ရာ သိမှတ်ဖွယ်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ လူငယ်စွမ်းရည်မြှင့် Workshop များပြု လုပ်ခြင်း၊ လူထုအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ မကြုံစဖူးထူးကဲစွာ ဆောင်ရွက်ပေးခြင်း စသည်ဖြင့် ရွေးကောက်ပွဲအတွက် ရှေ့ပြေးမဲဆွယ်မှုများ ပြုလုပ်လာနေပြီ ဖြစ်ကြောင်း သိရ၏။ သျှမ်းပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးသည် ယင်း၏ လက်ရှိအဓိက ပန်းတိုင်ဖြစ်ကြောင်း  ကျားဖြူပါတီက ပွင့်ပွင့်လင်းလင်း မကွယ်မဝှက် ပြောဆိုထားပြီး ဖြစ်၏။

သျှမ်းအရှေ့ပါတီ၏ ရွေးကောက်ပွဲပြင်ဆင်မှုများကိုတော့ ဘာမှမယ်မယ်ရရ မသိရသေး။ ယင်းပါတီ၏ လက်ကမ်းစာစောင်အရ ပါတီ၏အဓိက ရည်မှန်းချက်များမှာ သျှမ်းပြည်အရှေ့ပိုင်းကို ဖွံ့ဖြိုးတိုးတက် ကြီးပွါးအောင် တက်ကုန်ရွက်ကုန် ကြိုးစားပေးခြင်းနှင့် သျှမ်းပြည်အရှေ့ပိုင်းရှိ မဲဆန္ဒနယ်တွေမှာသာ ဝင်ရောက် အရွေးကောက်ခံခြင်း ဖြစ်ကြောင်း သိရ၏။ ယင်းပါတီသည် သက်တမ်း နုနယ်လွန်းသဖြင့် ကျားဖြူပါတီနှင့် ကျားခေါင်းပါတီတို့အဖို့ ပြိုင်ဖက်အဖြစ် သတ်မှတ်ရန် အဆင့်မီဖို့ အများကြီး လိုသေးကြောင်း ပါတီကြီးနှစ်ခု အတွင်းသတင်းများအရ သိရ၏။ ကျားခေါင်းပါတီကို ဝန်းရံပေးမည် ဖြစ်ကြောင်း ပြောဆိုထားသည့်အတွက်လည်း ကျားဖြူပါတီအဖို့ အဖြူအမည်း သဲသဲကွဲကွဲ သိသွားရတာ အမြတ်တစ်ခု ဖြစ်ခဲ့၏။

သျှမ်းနိုင်ငံရေးပါတီ သုံးခုကြောင့် သျှမ်းလူထုတွေ ၂၀၁၅ရွေးကောက်ပွဲတွင် မည်သည့်ပါတီအား မဲပေးရွေးချယ်ရမည် ဆိုသည့်အပေါ် ဝေခွဲမရ ဇဝေဇဝါ ဖြစ်ခဲ့ရသည်ဆိုလည်း ဖြစ်လောက်ပါ၏။ ပါတီကြီးနှစ်ခု၏ နိုင်ငံရေး ချည်းကပ်ပုံချည်းကပ်နည်းက တပါတီနှင့် တပါတီ  လုံးဝကွဲပြားခြားနား၏။ တပါတီက ခပ်တင်းတင်းနည်းသုံးပြီး နောက်တပါတီက ခပ်ပျော့ပျော့နည်းဖြင့် ချည်းကပ်၏။ ပါတီသစ်က မည်သည့်နည်း သုံးမည်ကို မသိရသေးပေ။ သျှမ်းလူထုအများစု မျှော်လင့်ချက်ထားသည့် ကျားခေါင်းပါတီကြီးကလည်း ရွေးကောက်ပွဲ ဝင်ပြိုင် မပြိုင် ဆိုသည်ကို အခုထိ ထုတ်ဖော်ပြောဆိုခြင်း မပြုသဖြင့် သျှမ်းလူထုအဖို့ ဆုံးဖြတ်ရ ခက်စေ၏။စဉ်းစားရ ကြပ်စေ၏။ ဒွိဟ မရေမရာဖြစ်စေ၏။ မသေမချာဖြစ်စေ၏။ မိုးလွန်မှ ထွန်မချခြင်းမျိုး မဖြစ်ပါစေနှင့်သာ ဆုတောင်း ပေးလိုက်ပါ၏။

ကဲ ….. သင် မည့်သည့်ပါတီကို ရွေးပြီး မဲပေးမည်နည်း။ မည်သူကမျှ သင်ရဲ့ ရွေးချယ်မှုကို ဝင်ရောက် စွက်ဖက်မည်မဟုတ်။ လွှမ်းမိုးမည်မဟုတ်။ လမ်းညွှန်ပေးမည်မဟုတ်။ သင်ကိုယ်တိုင်သာ သင်ရဲ့ ပဲ့ထိန်းပဲ့ကိုင် ပိုင်ရှင်အမှန်ဖြစ်၏။ မည်သည့်ပါတီက လူထုအကျိုး ပိုမိုသယ်ပိုး ထမ်းရွက်မည်နည်း။ မည်သည့်ပါတီက မိမိရဲ့ အသဲကြားက မဲတစ်ပြားနှင့် ထိုက်တန်မည်နည်း ဆိုသည်ကို မကြာမီ သင်ကိုယ် တိုင် ရွေးချယ် ဆုံးဖြတ်ရပါလိမ့်မည်။ အရွေးမမှားဖို့ အခုကစပြီး မျက်စိဖွင့် နားစွင့်လို့ သျှမ်းပါတီတွေ ရဲ့ လှုပ်ရှားမှုများကို မလွှတ်တမ်း အနီးကပ် စောင့်ကြည့်ကြပါစို့ဟု ဆိုလိုက်ပါ၏။

စစ်မင်း
၂၀၁၅ခုနှစ်၊ ဂျွန်လ (၂၄)ရက်

အပစ်ခတ် ရပ်စဲ ရေးကို နောက်အစိုးရ လက်ထက် အထိ ဆက်လက် ဆွေးနွေး ရမည် NCCT ပြော

Posted: 23 Jun 2015 08:52 PM PDT

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အတွက် ဆွေးနွေးမှုများမှာ ဂျူလိုင်လအထိ မပြေလည်ခဲ့ပါက ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရသစ်တက်လာမှသာ ဆက်လက် ဆွေးနွေးသွားရဖွယ်ရှိသည်ဟု  ခေါင်းဆောင် တဦးဖြစ်သည့် နိုင်ဟံသာက ပြောသည်။



“ ရွေးကောက်ပွဲကာလတွေနဲ့ ဘာတွေနဲ့ဆိုတော့  NCA က ဂျူလိုင်လမှ  မပြတ်ရင် ဒီနှစ်ထဲတော့ ဖြစ်ဖို့ မလွယ်တော့ဘူး။ လာမဲ့နှစ် အစိုးရသစ်လက်ထက် တက်လာပြီးနောက်မှာ ဆက်ဆွေးနွေး ရတော့မယ်။ အချိန်သိပ်မရဘူးလို့လည်း အစိုးရဘက်က ပြောလာပြီ ‘ ဟု လော်ခီးလာ တိုင်းရင်း သားညီလာခံမှ ဖွဲ့စည်းလိုက်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သူ နိုင်ဟံသာက ဂျွန်လ ၂၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးမှုများ ဆက်လက်ပြုလုပ် နိုင်ရေး အတွက် နိုင်ဟံသာ ၊ ဖဒိုစောကွယ်ထူးဝင်းတို့ ဦးဆောင်သော တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ နှင့် ၀န်ကြီးဦးအောင်မင်း ၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းစသည့် ပုဂ္ဂိုလ်များ ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့တို့သည် ဂျွန်လ ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းသို့ဆွေးနွေးရာတွင်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ အသစ်ထပ်မံဖွဲ့စည်းထား သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် တရားဝင် တွေ့ဆုံဆွေးနွေးရန် လက်မခံသေးကြောင်း အစိုးရကပြောဆိုခဲ့သည်ဟုဆိုပါသည်။

ထို့အပြင် မတ်လ ၃၁ ရက်နေ့က အတည်ပြုခဲ့သည့် (နှစ်ဖက်ပူးပေါင်းရေးဆွဲခဲ့သော) အပစ်အခတ် ရပ်စဲရေး မူကြမ်း ထပ်မံပြင်ဆင်ဖြည့်စွက်မှုအတွက်လည်း အစိုးရဘက်မှ လက်မခံနိုင်ကြောင်း  ကိုယ်စားလှယ်များမှ  ပြောဆိုခဲ့သည်ဟု နှစ်ဘက်အသိုင်းဝိုင်းထံမှ သိရသည်။

‘ အရင် ရ ကြိမ်စလုံးက NCCT နဲ့သာ ဆွေးနွေးခဲ့တာလေ ၊ ပြင်ဆင်ရေးဆိုတာကလည်း အခုက အခြေခံ မူကနေ စပြင်မဲ့ အချက်တွေပါနေတယ်။ အစိုးရဘက်က နည်းနည်းအခက်ခဲ ရှိလာတာပေါ့ ‘ ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ တဦးက ပြောသည်။

ဂျူလိုင်လအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တရားဝင် တွေ့ဆုံဆွေးနွေးရန်လည်း  တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်များဘက်မှ ဖိတ်ခေါ်ထားသည်။ ယင်းဆွေးနွေးပွဲတွင်လည်း KNU ဌာနချုပ် လော်ခီးလာ ညီလာခံမှ ဖွဲ့စည်းလိုက်သည့် ဖဒိုနော်စီဖိုးရာစိန် ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နှင့် တရားဝင် ဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး အစိုးရဘက်ကမူ အလွတ်သဘောသာ ဆွေးနွေးလိုနေသည်ဟု သိရသည်။

‘ ကျနော်တို့ဘက်ကဗျာ တော်တော်မျှော်လင့်ပြီးစောင့်လိုက်ဘာလိုက်နဲ့ နှစ်ဘက်ကလည်း မူကြမ်းကို သဘောတူခဲ့ပြီးပြီ။ လက်မှတ်လည်းထိုးထားတယ် အခုမှ အသစ်တဖွဲ့နဲ့ ပြန်ဆွေးနွေးရမယ်ဆိုတော့ စဉ်းစားသာ ကြည့်ပေါ့။ အဲဒီအဖွဲ့ကလည်း အပြည့်အဝ လုပ်ပိုင်ခွင့်ရှိတာလည်း မဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ အချိန်ကလည်း သိပ်ကျန်တော့တာ မဟုတ်ဘူး။ ’ ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

ယခင်က ဖွဲ့စည်းခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ NCCT တွင် ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသူ နိုင်ဟံသာကမူ -

‘ ပြည်တွင်းစစ်ဆိုတာ အိမ်မှာ ဖြစ်နေတဲ့ မိသားစုအချင်းချင်း ညီအစ်ကို အချင်းချင်း ဖြစ်တဲ့ ပြသနာပါ ကျနော်တို့ ဘက်ကတော့ အမြဲ ဆွေးနွေးရေးမူကို လက်ကိုင်ထားပါတယ် ဘယ်အစိုးရတက်တက် ဆက်ဆွေးနွေးရမှာပါ ‘ ဟု ပြောဆိုသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 25, 2015, 4:54:50 PM6/25/15
to thuau...@gmail.com

ကိုးကန့် ဒေသ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မဲစာရင်း ကောက်ယူနေ

Posted: 24 Jun 2015 09:59 PM PDT

တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည့် ကိုးကန့်ဒေသတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲစာရင်း ကောက် ယူမှုများ ပြုလုပ်နိုင်ရန် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများကို ကိုးကန့်ဒေသသို့ စေလွတ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ကိုးကန့်ဒေသ အခြေအနေတင်းမာစဉ်
‘ ဥက္ကဌ ရဲ့ ညွှန်ကြားချက်နဲ့ မဲစာရင်းကောက်ဖို့အတွက် အဖွဲ့တဖွဲ့ကို ပြီးခဲ့တဲ့ အပတ်ကတည်းက ကိုးကန့်ဒေသ ကို စေလွတ်ထားတယ် ‘  ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အရာရှိတဦးက ပြောသည်။

ကိုးကန့်ဒေသတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲစာရင်းများ ကောက်ယူနိုင်ရန် ဆောင်ရွက် လာရခြင်း မှာဒေသအတွင်း တည်ငြိမ်လာမှုနှင့် ကိုးကန့်လက်နက်ကိုင် MNDAA အဖွဲ့ တဘက်သတ် အပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ချက်များကြောင့် ဖြစ်ကြောင်းလည်း သိရသည်။

‘သူတို့ရဲ့ ဂျွန်လ ၁၀ ရက်နေ့ ထုတ်ပြန်တဲ့ တဘက်သတ် အပစ်ခတ်ရပ်စဲရေး ကြေငြာချက်ထဲမှာ လည်းပါတယ် လေ။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆိုတဲ့ ကိစ္စကို ပြောထားတယ်။ အဲဒါကြောင့်လည်း ပါတယ်။ ဒေသခံတွေ အနေ နဲ့တတ်နိုင်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ မိမိဆန္ဒနဲ့အညီ ဒေသအလိုက်ကိုယ်စားလှယ်လောင်း တွေကို ရွေးနိုင်အောင်လည်းပါတာပေါ့လေ ‘ ဟု အဆိုပါ ကော်မရှင် တာဝန်ရှိသူက ပြောသည်။  

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး၏ ပြောဆိုချက်ကို အခြေခံပြီး ဖော်ပြထားသည့် ပြည်တွင်းအခြေ စိုက် ရန်ကုန်တိုင်မ်း ဂျာနယ် ဖော်ပြချက်တွင်မူ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို နေရာ အနှံ့ အပြားတွင် ကျင်းပလိုသည့်အတွက်ကြောင့် ဖြစ်ကြောင်း ဖော်ပြထားပြီး ၂၀၁၀  ရွေးကောက်ပွဲကာလက မဲစာရင်းကို အခြေခံ ပြီးကောက်ခံသွားရန် ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။

လေ့လာသူများ အဆိုအရမူ ဒေသတွင်းကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်လာနိုင်ခြင်း ၊ ၂၀၁၀  နှင့် စာလျှင် ကိုးကန့်ဒေသတွင် လူထုထောက်ခံသည့် တိုင်းရင်းသားပါတီများ ပြန်လည်ပေါ်ပေါက် လာခြင်း၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဖွဲ့စည်းနိုင်ခြင်းနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးနေမှုများအရ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှာ လုပ်ပိုင်ခွင့် ပိုမိုရရှိလာနိုင်ခြင်းတို့ကြောင့် ကိုးကန့် MNDAA အဖွဲ့မှာ ဒေသ အတွင်း ရွေးကောက်ပွဲကျင်းပ နိုင်ရန် အတွက် ခြေလှမ်းတလှမ်းနောက်ဆုတ်ပေးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

‘ကိုးကန့်မှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်လာတာက ဒေသတွင်း တည်ငြိမ်လာတယ်ဆိုတဲ့ သဘောပဲ။ ဒီကိစ္စက တကယ်ဖြစ်ရင် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ တိုက်ပွဲတွေလျှော့ချရေးတို့အတွက် အထောက်အကူ ပြုစေလိမ့်မယ်။’ ဟု မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးက သုံးသပ်သည်။

လေးလတာဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် MNDAA မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ် မတော် ( ကိုးကန့်) အဖွဲ့တို့၏တိုက်ပွဲများကြောင့် သောင်းနှင့်ချီသည့် ဒုက္ခသည်များမှာ တရုတ်နိုင်ငံ အတွင်းတွင် ၀င်ရောက်ခိုလှုံနေရပြီး လက်ရှိအချိန်အထိ ကိုးကန့်အဖွဲ့နှင့် အစိုးရတို့မှာ ငြိမ်းချမ်း ရေးအတွက် ဆွေးနွေးခြင်း မရှိသေးကြောင်း သိရသည်။

ပင်လုံ အခြေခံ ဖယ်ဒရယ်မူ အတွက် ရည်ရွယ် သည့် ရွေးကောက်ပွဲ သင်တန်း သျှမ်း လူငယ်များ ဖွင့်လှစ်

Posted: 24 Jun 2015 07:10 PM PDT

ပင်လုံစာချုပ်ကိုအခြေခံသော ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး အတွက် သျှမ်းပြည်လူငယ်များအဖွဲ့ SSYNC က ဦးဆောင်ကာ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတပေးသင်တန်း ဖွင့်လှစ်ခဲ့သည်။

SSYNC က ဦးဆောင်သည့် ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတပေးသင်တန်း

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် သျှမ်းပြည်တိုးတက်ရေးပါတီဌာနချုပ်ဝမ့်ဟိုင်း၌ ဖွင့်လှစ် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး သင်တန်းတက်ရောက်သူ ၅၀ ကျော်ရှိကြောင်း သျှမ်းပြည်လူငယ်များအဖွဲ့ အထွေထွေ အတွင်း ရေးမှူး စိုင်းအိုက်ဟင်ဆိုင် ကပြောသည်။


“ သင်တန်းရည်ရွယ်ချက်က ၃ ရပ်ရှိပါတယ်။ သျှမ်းပြည်မြောက်ပိုင်းမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့ လူထုကိုပြန်လည်ရှင်းလင်းပို့ချပေးမယ့်လူ အနည်းဆုံး  တမြို့နယ် ၃ ယောက် ရှိအောင်၊ လူငယ်တွေ ပင်လုံစာချုပ်ကိုအခြေခံတဲ့ ဖယ်ဒရယ်မူပေါ်ပေါက်လာရေး တတပ်တအားပါဝင်ဆောင်ရွက်နိုင်အောင်နဲ့ သင်တန်းဆင်းလူငယ်တွေ ရွေးကောက်ပွဲကျရင် ရပ်ရွာထဲမှာ ရွာသားတွေအတွက် မျက်စိဖြစ် နားဖြစ်ပေး နိုင်အောင်လို့ပါ” ဟု ဆိုပါသည်။


သင်တန်းတွင်  SSPP/SSA   အတွင်းရေးမှူး စဝ်ခွန်ဆိုင် ၊ သျှမ်းစာပေပညာရှင်ဆရာစိုင်းဖှ၊  SNLD က ပြောခွင့်ရစိုင်းလိတ်နှင့် SSYNC အထွေထွေအတွင်းရေးမှူး စိုင်းအိုက်ဟင်ဆိုင်တို့ အမှာစကားများ ပြောကြားသွားခဲ့သည်။


သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင်  SNLD ပြောခွင့်ရ စိုင်းလိတ်က “ လူထု အားလုံးလက်တွဲပါဝင်မှ နိုင်ငံတိုးတက်မယ်။ ပါတီ၊ စစ်တပ်၊ လူထု သုံးဘက်သုံးတန် တက်ညီလက်ညီ လက်တွဲပူးပေါင်းမှသာ ပန်းတိုင် ကို ရောက်နိုင်ပါမယ်။ စစ်တပ်ရော လူငယ်တွေပါ ဘက်မလိုက်ဘူးဆိုတဲ့ စကားအတိုင်းသွားမယ်ဆိုရင် ကျနော့်အနေနဲ့ မသင့်လျော်သေးဘူးလို့မြင်ပါတယ်။ ဟုတ်ပါတယ်။ တရားမျှတတဲ့ဘက်ကို လိုက်ရပါမယ်” ဟု ပြောဆိုခဲ့သည်။


သင်တန်းပို့ချပေးခဲ့သည့်ဆရာများမှာလည်း မိုင်းရယ်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော် ၊ ကျောက်မဲမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းသန်းမောင် ၊ မိုင်းရယ်မြို့ ပြည်နယ် လွှတ်တော် ကိုယ် စားလှယ်စိုင်းစံဖေ၊  SNLD နိုင်ငံခြားဆက်ဆံရေးနှင့်ပညာရေးဌာနမှူး စိုင်းဆာမ်ဖွန်ဆိုင်တို့ ဖြစ်ကြောင်း သိရသည်။


သင်တန်းတွင် လူ့အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ ပင်လုံစာချုပ်အခြေခံသော ဖယ်ဒရယ်မူ၊ ရွေး ကောက်ပွဲဆိုင်ရာ ဗဟုသုတ၊ သင်တန်းပေးနည်း စသည်တို့ ပါဝင်ပြီး ၂၂ ရက်နေ့မှစတင်ကာ ၁၀ ရက် ကြာ ကျင်းပမည်ဖြစ်ပါသည်။


သင်တန်းသားများကို မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရှူး၊ ကျေးသီး၊ ရွှေလီ ဒေသဘက်မှ တမြို့နယ်လျှင် ၃ ဦးစီခေါ်ယူသင်တန်းပေးကြောင်း၊ SSYNC အနေဖြင့် ရွေးကောက်ပွဲ စောင့် ကြည့်ရေးနှင့်ပတ်သက်သည့်သင်တန်း (ယခုတကြိမ်အပါအဝင်) ၇ ကြိမ် ပြုလုပ်ပေးလာ ခဲ့ပြီးဖြစ် ကြောင်း နှင့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပသည်အထိ ၁၅ ကြိမ်ပြုလုပ်ဖို့စီစဉ်ထား ကြောင်း သင်တန်းဖြစ်မြောက်ရေး ဦးဆောင်ဦးရွက်ပြုသူ စိုင်းအိုက်ဟင်ဆိုင်က သျှမ်းသံတော်ဆင့်အား ရှင်းပြပါသည်။

သျှမ်းသံတော်ဆင့်

unread,
Jun 26, 2015, 4:30:07 PM6/26/15
to thuau...@gmail.com

ကျေးသီးမြို့ အနီးရှိ ရွာ ၅ ရွာ ပြည်ထဲရေး စာရင်းတွင် မပါဝင်

Posted: 26 Jun 2015 09:31 AM PDT

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် ကျေးသီးမြို့အနီး ရှိ ရွာ ၅ ရွာမှာ ပြည်ထဲရေးစာရင်းတွင် အမည်မပေါက်သောကြောင့် ဒေသခံများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ပိုမိုဆုံးရှုံးသွားမည်ကို အထူးစိုးရိမ်နေသည်ဟု ရွာသားများက ပြောပြသည်။



ကျေးသီးမြို့ ဆင်ခြေဖုန်းရပ်ကွက် မြို့မြောက်ဘက်ခြမ်းနှင့် ကပ်လျှက် ရှိနေသည့် နောင်ကား ရွာ၊ ကုန်းပြိုက်ရွာ၊ နားလွယ်ရွာ၊ နားကျိုင်းရွာ နှင့် နားဟမ်းရွာ တို့သည် ၂၀၁၀ ရွေးကောက်ပွဲ တွင် မြို့ပေါ် ဟော်ကုန်းရပ်ကွက် နှင့် ဒွန်တွဲ မဲထည့်ရသော်လည်း ယနေ့ ပေါက်နေသည့် ပြည် ထဲရေးဝန်ကြီးဌာန မြေတိုင်း၊ မြေကွက် စာရင်း တွင် ပါဝင်ခြင်းမရှိသေးဘူးဟု ကျေးသီးရပ်ဖ စိုင်းဩတက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဘာကြေးဘဲကောက်ကောက် ကျနော်တို့ ရွာသူရွာသားတွေ အကုန်တော့ထည့်ရတယ်။ သူများလိုဘဲ။ ဒါပေ မယ့် အခု ခေတ်စားလာနေတဲ့ လွှတ်တော် ရံပုံငွေတော့ သူများလို မရဘူး။ အဆိုးဆုံး စိုးရိမ်နေရာတာ ပြည်ထဲ ရေးမှာ ကျနော်တို့ ရွာတွေရဲ့ နာမယ်တွေ မပေါက်တော့ ကျောက်မီးသွေးတွေ ပါတွေ လာတူးဖေါ်ဖို့ ကုမ္ပဏီ တွေက တောင်းရင်ဆို ဒီမြေကွက်ပေါ် ဘာရွာမှ မရှိဘူး မြေလွတ်မြေရိုင်းတွေကြီးပဲ လို့ တင်ချလိုက်ရင်၊ ဒါမှ မဟုတ် သတ္တုတူးဖို့ အတည်ပြုပေးလိုက်ရင် သေပြီ” - ဟု စိုင်းဩတ ကပြောသည်။

ထို့အတူ အဆိုပါရွာများသည် ပြည်ထဲရေးတွင်နာမည်မပါသောကြောင့် စာသင်ကျောင်း လည်း  ကိုယ်ထူကိုယ်ထ၊ လမ်းတံတား ပြုပြင်တည်ဆောက်ရေး တွင်လည်း ကိုယ်ထူ ကိုယ်ထ တို့ဖြင့် သာ လည်ပတ်ရသည်ဟု ရွာသားများက ပြောသည်။

“အားလုံးက ရွာသူရွာသားထံကနေဘဲ ကောက်ပြီးအကုန်လုပ်နေရတယ်။ ဘာစရိတ်မှမလာဘူး။ သူများရွာလို ဘာထောက်ပံ့ကြေးမှမရဘူး။ နောက်ဆို ကမ္ဘာ့ဘဏ်က ချေးပေးတဲ့ ငွေလဲ ရမှာမဟုတ်ဘူးလို့ပြောတော့ ကျမတို့တွေက လူမဟုတ်ဘူးလားပေါ့။ မဲထည့်တဲ့အချိန်တော့ ပါတယ်။ အကြိုးခံစားခွင့် ပေးတဲ့ နေရာမှာတော့ ချန်ထားတယ် ဆိုတာမဟုတ်ဘူး”- ဟု နားလွယ်က ယိင်းယိင်းက ပြောသည်။

နောင်ကားရွာ၊ ကုန်းပြိုက်ရွာ၊ နားလွယ်ရွာ၊ နားကျိုင်းရွာ နှင့် နားဟမ်းရွာသည် ယခင်က ကျေးသီးမြို့ဟောကုန်း ရပ်ကွက်တွင်ပါဝင်သော်လည်း ဂျွန် ၈ ရက် က မြို့နယ် ရွေးကောက် ပွဲကော်မရှင် မှ မဲစာရင်းထုတ်ပြန်ရာတွင် ဟော်ကုန်း ရက်ထဲတွင် မပါဝင် တော့ဘဲ မြို့နှင့် ၁၀ မိုင်ကျော်ဝေးသည့် ဝမ့်ဖွီးကျေးရွာ အုပ်စုအတွင်း ပါဝင် သွားကြောင်း သျှမ်းလူငယ်ကွန်ရက်တွင်ပါဝင်သည့် အိုက်ခမ်းဆိုင်း ဤကဲ့သို့ပြောသည်။

“ကျနော်တို့ တောင်းဆိုချင်တယ်။ (၁) အချက် မဲစာရင်းကလည်း မြို့ပေါ် ဟော်ကုန်းရပ်ကွက်နဲ့ ဘဲ ၂၀၁၀ တုန်းကလိုတွဲပေးဖို့၊ က(၂) အချက်ကတော့ ကျနော်တို့ရွာအားလုံး ပြည်ထဲရေးရဲ့ မြို့ရွာအိုးအိမ်တွင် နာမည်ပေါက်ဖို့ဖြစ်တယ်။ မရမက လဲတောင်းဆိုသွားမယ်” ဟု ပြောသည်။

အဆိုပါရွာများတွင် အိမ်ခြေ စုစုပေါင်း ၁၁၅ အိမ်၊ လူဦးရေ ၆၃၅ ယောက်ရှိသည်။ အဆိုပါရွာများ ပြည်ထဲရေး တွင် အမည်ပေါက်စေရန်အတွက် မြေစာရင်းဦးစီးဌာနက ကူညီပံ့ပိုးမှုပြုနေသည်ဟု ဒေသခံများက အတည်ပြု ပြောဆိုနေကြပါသည်။

အမျိုး သမီး တွေ အနာဂတ်မှာ နိုင်ငံရေးမှာ ပါဝင် ဦးဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီလား

Posted: 26 Jun 2015 09:05 AM PDT

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ  လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့တာဝန်သာမဟုတ်ဘဲ လူမှုအဖွဲ့အစည်းတွေရော ၊ လူငယ်အဖွဲ့တွေသာမက အမျိုးသမီးထုရဲ့ အင်အား ဟာလည်း အထူး အရေး ပါတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက လက်ခံခဲ့ကြပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ လော်ခီးလာ တိုင်းရင်းသားခေါင်းဆောင် ညီလာခံမှာ  မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် WLB ကနေ လေ့လာသူ အဖြစ် ပါဝင်ခွင့် ရရှိ ခဲ့ပါတယ်။ အမျိုး သမီး တွေ အနာဂတ်မှာ နိုင်ငံရေးမှာပါဝင်ဦးဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီလား။ ဘယ်လို စီစဉ်ထားပါ သလဲ။ WLB ကိုကိုယ်စားပြုပြီး ညီလာခံ တက်ရောက် ခဲ့ရတဲ့ သျှမ်းအမျိုးသမီး ဆက်သွယ် ပူးပေါင်းဆောင် ရွက်ရေးအသင်းက ယိင်းဟန်ဖှကို သျှမ်းသံတော်ဆင့်က တွေ့ဆုံ မေးမြန်း ထားပါတယ်။

သျှမ်းအမျိုးသမီး ဆက်သွယ်ပူးပေါင်းဆောင် ရွက်ရေးအသင်းက ယိင်းဟန်ဖှ

မေး။    ။ လော်ခီးလာညီလာခံတက်ရောက်ခဲ့ရတဲ့အကြောင်း တချက်ရှင်းပြပေးပါလား။

ဖြေ။     ။ ဟုတ်ကဲ့  ။ ဂျွန်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ် နယ်မြေလော်ခီးလာမှာ ကျင်းပတဲ့ တိုင်းရင်းသား ညီလာခံကို တက်ရောက်ဖို့  တိုင်းရင်းသား ခေါင်းဆောင် တွေက ဖိတ်ကြားလာလို့  အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံကနေ ကိုယ်စားလှယ် ၂ ယောက် တက် ရောက် ခွင့်ရခဲ့ပါတယ်။

မေး။    ။ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။

ဖြေ။     ။ အခက်အခဲတွေကတော့- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်လာတဲ့ ကာလတလျှောက်လုံးမှာ ကျမတို့ အမျိုးသမီးများအဖွဲ့က ပါဝင်ပူးပေါင်းခဲ့ပါတယ်။ ဒါပေမယ့် အခုလို ထိပ်သီးတိုင်းရင်းသား ခေါင်းဆောင်တွေပါဝင်တဲ့  ယခင်က ဆွေးနွေးပွဲတွေမှာ  ကျမတို့  အမျိုးသမီးဘက်က ပါဝင်ခွင့် အခွင့် အလမ်း သိပ်မရှိခဲ့ပါဘူး ။အဲတာကြောင့်ကျမတို့ဘက်က ပါဝင်ခွင့်ရအောင်တောင်းဆိုခဲ့တာပါ။ တောင်းဆို တဲ့ အတိုင်း ကျမတို့ WLB က ၂ ယောက် တက်ရောက်ခွင့်ရရှိခဲ့တာပါ။

မေး။    ။ WBL ဆိုတာကိုတချက်လောက်ရှင်းပြပေးပါလား။

ဖြေ။     ။ WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဆိုတာက မြန်မာနိုင်ငံ အမျိုးသမီး တိုင်းရင်းသား အဖွဲ့ ၁၃ ဖွဲ့ကနေ ဖွဲ့စည်းတည်ထောင်ထားပါတယ်။ ကချင်၊ ကူကီး၊ ကရင်၊ ရခိုင်၊ ထားဝယ်၊လားဟူ ၊ပအိုဝ်း ပလောင်၊ သျှမ်း  အစရှိ အမျိုးသမီး အဖွဲ့တွေ ပါဝင်ပါတယ်။  ၁၉၉၃ ခုနှစ် ကဖွဲ့စည်းခဲ့တာပါ။ သျှမ်းအမျိုးသမီး များ ဆက်သွယ် ပူးပေါင်းဆောင်ရွက်ရေးအသင်း SWAN ကလည်း WLB တည်ထောင်ရာမှာ တဖွဲ့ ပါဝင်ပါ တယ်။ ကျမ ယိင်းဟန်ဖှ ကတော့ WLB ကတော့ သဘာပဓိ အဖွဲ့ထဲမှာ ပါဝင်ပါတယ်။ ကျမတို့လော်ခီးလာ ညီလာခံ သွားတက်တာ  ကျမ နဲ့အတူ WLB အတွင်းရေးမှူး ဂျူလီယာ ရောရင့်စ်  ဖြစ်ပါတယ်။

မေး။    ။ WLB အနေနဲ့ ဘာတွေသွားတင်ပြရပါသလဲ။

ဖြေ။     ။ ဟုတ်ကဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်တိုင်းမှာ အမျိုးသမီးကပါဝင်နိုင်ဖို့ ကျမတို့သွားရောက် တောင်းဆိုထားပါတယ်။ အနည်းဆုံး ၃၀ ရာ ခိုင်နှုန်း ပါဝင်ခွင့် ရအောင်ပေါ့နော်။ အဲ့ကြောင့် ပြန်ကြည့်မယ် ဆိုရင် စာချုပ်မူကြမ်း ရ ခန်းနဲ့ ၃၃ ချက်မှာဆိုရင် အခန်း ၅ အချက် ၂၃ မှာ ပါဝင်ထားတာက အမျိုးသမီးများ ပါဝင်မှုနှင့်ပတ်သက်ပြီး သင့်တင့်လျောက်ပတ်သော အချိုးအစားပါဝင်မှု ဆိုပြီး ပါထားပါတယ်။ အဲတာ ကြောင့် ကျမတို့က သင့်တင့်လျောက်ပတ်သော အစား အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရန် ဆိုပြီး ပြင်ဆင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။

မေး။    ။ တောင်းဆိုချက်တွေကို ခေါင်းဆောင်တွေက ဘယ်လိုမြင်ပါသလဲ။

ဖြေ။     ။ ခေါင်းဆောင်တွေကလည်း ကျမတို့ရဲ့တောင်းဆိုချက်ကို - ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုး သမီး အင်အားကလည်း အရေးပါတယ် လုပ်ငန်းစဉ်တိုင်းမှာပါဝင်သင့်ပါတယ်- ဆိုပြီး  သဘောတူလက်ခံပါတယ်။ ဒါပေမယ့် နိုင်ငံရေး စစ်ရေးကို အရင်ဆွေးနွေးမယ်။ လူမှုရေးလုပ်ငန်း၊ အမျိုး သမီးနဲ့ လူငယ်အဖွဲ့ဆိုတာက ဒုတိယအဆင့်မှာဆွေးနွေးရမှာဖြစ်တယ် လို့ပြောတယ်။ သို့ပေမယ့် ကနေ့ ကမ္ဘာ့အခြေအနေကိုပြန်ကြည့် မယ်ဆိုရင် နိုင်ငံတိုင်းမှာ ဦးဆောင်မှုအကြီးအကဲတွေအပိုင်းမှာရော အဆင့်တိုင်းမှာ အမျိုးသမီးတွေနေရာ ရလာတယ်။ သမတ တွေ ၀န်ကြီးချုပ်တွေအထိတောင် ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် ကျမတို့ မြန်မာနိုင်ငံထဲ မှာလဲ အမျိုးသမီးတွေဟာ နိုင်ငံရေးလုပ်ဆောင်မှု အဆင့်တိုင်းမှာရော ဦးဆောင်မှုအပိုင်းမှာပါ စွမ်းဆောင် မယ့်အရည်အချင်းရှိတယ်လို့ ယုံကြည်ပါတယ်။

မေး။    ။ WLB  အနေနဲ့ရော  SWAN အနေနဲ့ပါ အမျိုးသမီးပိုင်းကနေ နိုင်ငံရေးလုပ်ငန်းစဉ်ရဲ့ ဘယ်ကဏ်ဏ္ဍ မှာ ပါဝင်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ။     ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်လာကတည်းက ကျမတို့အမျိုးသမီးအဖွဲ့ အနေနဲ့ လည်း လူမှုရေးအသိုင်းအဝိုင်းမှာရော ဒေသတွင်းတွေမှာရော ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ် ဆောင် ခဲ့ပါတယ်။ အမျိုးသမီးအဖွဲ့ချုပ်မှာလည်း ငြိမ်းချမ်းရေးတည်ဆောက်ရေး Peace Building Program ဆိုတဲ့ ပရာဂျက် ရှိပါတယ်။ WLB အဖွဲ့ဝင် ၁၃ ဖွဲ့က အမျိုးသမီးတွေကိုခေါ်ပြီး ငြိမ်းချမ်း ရေးနဲ့ပတ်သက်တဲ့ သင် တန်းတွေ ပေးပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ ဘာကိုဆိုလိုတာလဲ။  လုပ်ငန်းစဉ်ထဲမှာ ဘာတွေ ပါဝင်သလဲ။ နိုင်ငံတကာအဖွဲ့နဲ့ ပူးပေါင်းပြီး ဘာတွေလက် မှတ်ရေး ထိုးခွင့် ရှိသလဲ ။ ဥပမာ- လူ့အခွင့်အရေး ကွန်ဗင်းရှင်း ၊ စီဒေါ စတာတွေအကြောင်းကိုလည်းပို့ချပေးတယ်။ ဒီသင်တန်းကနေရလာတဲ့အသိနဲ့ကိုယ့် ဒေသအသီးသီးမှာရှိတဲ့ လူထုကို ပြန်ပြီး တော့ ဗဟုသုတ ဆင့်ပွါးပေးတယ်။ ငြိမ်းချမ်းရေးဟာ လူထုအတွက် ဘယ်လောက် အရေးကြီးလဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူထုဘယ် ကဏက ပါဝင်ခွင့်ရလဲ။ စတာတွေကို နေရာတိုင်းမှာ သင်တန်းပေးသွားပါတယ်။ အခုလို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာ လူထုရဲ့အသံပါဝင်မှုဟာ အရေးကြီးဆုံး အချက်ဖြစ် တယ် ဆိုပြီးတော့လည်း စည်းရုံးရေး လုပ်ငန်းတွေလည်း လုပ်ရပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ ကျမတို့ ၂၀၁၀ ကတည်းက စတင်လုပ်လာခဲ့တာ ဖြစ်ပါတယ်။

မေး။    ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာရော နိုင်ငံရေးဆွေးနွေးမှုအပိုင်းမှာပါ အမျိုးသမီးပါဝင်မှုက ဘယ်လောက် အထိအရေးကြီးပါသလဲ။

ဖြေ။     ။ နိုင်ငံရေးဆွေးနွေးပွဲမှာအမျိုးသမီးများ  ပါဝင်လာနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ခုနပြောသ လိုပေါ့ နိုင်ငံတကာမှာ ခေတ်စနစ်တွေက ပြောင်းလဲ နေပါပြီ။ ဒါပေမယ့် ကျမတို့ အေးရှားမှာရော ဗုဒ္ဓဘာသာ ယုံကြည် ကိုးကွယ်တဲ့ အသိုင်း အဝိုင်းမှာပါ အမျိုးသမီးတွေကို အိမ်မှုကိစ္စဘဲလုပ်ဖို့ သားသမီးတွေကိုပြုစု စောင့်ရှောက်ဖို့ ဘဲလို့ နားလည်ကြပါတယ်။ ဒါပေမယ့် ဒီကနေ့ခေတ်မှာ အိမ်မှုကိစ္စအပြင် အမျိုးသမီးတွေပါ စားဝတ်နေရေးအတွက် ၀င်ငွေရှာရပါတယ်။ အမျိုးသား တယောက်တည်း ရှာလို့ စားမလောက် တော့ပါဘူး။ ဒါ့အပြင် လူမှုရေးလှုပ်ရှားမှုမှာ ရပ်ရွာအကျိုးတွေမှာလည်း ဦးဆောင်သယ်ပိုးလာကြတဲ့အတွက် ယခင်က ထက် လုပ်ငန်း ၂ ဆ တိုးလာခဲ့ပါတယ်။ ဒါကြောင့် ကနေ့ခေတ်အခြေအနေအရ လုပ်ငန်းကိုင်ငန်း အားလုံး ဟာ အမျိုးသမီးရော အမျိုးသားတွေပါ လက်တွဲပူးပေါင်းလုပ်ဆောင်မှဘဲ ရပါမယ်။ ဆိုတော့အမျိုးသမီး တွေဟာ လုပ်ငန်းကိုင်ငန်းတိုင်း နေရာတိုင်းမှာ မပါမဖြစ်အရေးပါလာတာတွေ့ ရပါတယ်။

မေး။    ။ ဒီ လော်ခီးလာညီလာခံကနေ ရလာတဲ့ အတွေ့အကြုံအရဆိုရင် ရှေ့ဆက် နိုင်ငံရေးမှာ အမျိုးသမီး ပါဝင်လာဖို့အခွင့်အလမ်း အခြေအနေဘယ်လိုမြင်ပါသလဲ။

ဖြေ။     ။ ဟုတ်ကဲ့ အခုတခေါက်ကတော့ ထိပ်သီး ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခွင့်ရတာ ပထမဆုံး အကြိမ်ပါ။ ရှေ့ဆက်လည်းဘဲ အခုလို ဆွေးနွေးပွဲမျိုးဆိုရင် အမျိုးသမီးတွေ ပါဝင်ခွင့်ရဖို့ တိုက်တွန်း တင်ပြ သွားပါမယ်။ ဆွေးနွေးပွဲကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၇ ဖွဲ့ထဲမှာလည်း အဖွဲ့တိုင်းမှာ အမျိုးသမီးအဖွဲ့တွေ ရှိကြပါတယ်။ ကေအန်ယူ ဆိုရင်လည်း ဒုဥက္ကဌ နော်ဇီဖိုးရာစိန်လေ။ တဘက်ကလည်း KWO  ကရင်အမျိုးသမီးအဖွဲ့ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်။  နောက်တယောက်က ရခိုင် အမျိုး သမီးခေါင်းဆောင် စောမြရာဇာလင်း ။ ALP ရခိုင်တပ်ဖွဲ့ထဲမှာလဲ ပါဝင်တယ်။ ဆိုတော့  နိုင်ငံရေးဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဒီအမျိုးသမီး ခေါင်းဆောင်တွေ ကနေတဆင့် ကျန်အဖွဲ့အစည်းတွေက အမျိုးသမီး တွေ လည်းတတပ်တအားပါဝင်လာနိုင်အောင် ကြိုးစားဆွဲခေါ် ဖို့အတွက် တိုက်တွန်း တင်ပြ သွားပါတယ်။ အခုတခေါက်ညီလာခံမှာလဲ ပလောင်၊ လားဟူ ၊ပအိုဝ်း၊ ရခိုင် တပ်ဖွဲ့တွေက သူတို့ရဲ့ အမျိုးသမီးအဖွဲ့တွေကိုပါ ခေါ်လာခဲ့ပါတယ်။ ဒါတောင်မှ ညီလာခံထဲမှာထိုင်နေတဲ့ လူ ၂၀၀ မှာ အမျိုးသမီးက ၁၃  ယောက်ဘဲရှိပါ တယ်။ အဲထဲမှာ အလုပ်အမှုဆောင်တွေ ပါတယ်။ အဖွဲ့အစည်းကို ကိုယ်စားပြုပြီး ပြောဆိုဆုံး ဖြတ်ခွင့်ရှိတာ ၄-၅ ယောက်မပိုဘူး။ ဒါကြောင့် အမျိုးသမီးအင်အားနည်း နေပါသေးတယ် ။ ဒါကြောင့်လာမယ့် ဆွေးနွေးပွဲ တွေမှာ အမျိုးသမီးတွေ ဒီထက်များများပါလာအောင် ကျမတို့အနေနဲ့ တဖက်ကလည်း ခေါင်းဆောင်တွေကို တိုက်တွန်းရမယ်။ တဖက်ကလည်း အမျိုးသမီးတွေကို ဆွဲခေါ်ရမှာဖြစ်ပါတယ်။

မေး။    ။ ဟုတ်ကဲ့။ အမျိုးသမီးတွေအတွက် WLB  က ဘာတွေ လုပ်ဆောင် ပေးသလဲ ဆိုတာ တချက်ရှင်းပြ ပေးပါ။

ဖြေ။     ။ WLB  ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင် လာနိုင်အောင် ဖြစ်တယ်။ ၂၀၁၃ ခုနှစ်တုန်း က မြန်မာနိုင်ငံမှာကျင်းပတဲ့ Women Forum ကိုလည်း ကျမတို့  သွားတက်ရောက်ခဲ့ပါတယ်။ အင်အား ၄၀၀ ကျော်ရှိတယ်။ အဲဒီနောက်မှာတော့ မြန်မာပြည်တွင်းထဲကိုဝင်ရောက်ပြီး အမျိုးသမီးတွေရဲ့ အသံ ခံစားချက် ထွက်ပေါ် လာနိုင်အောင် ကူညီဆောင်ရွက်ပေးတယ်။ တခြားသောအဖွဲ့အစည်းတွေနဲ့ လက် တွဲဆက်သွယ်နိုင်အောင်ဆောက်ရွက်ပေးမယ်။ အခုလက်ရှိမှာတော့ စီဒေါနဲ့ပတ်သက်တဲ့ Shadow report ဆိုတဲ့  အစီရင်ခံစာကိုလုပ်နေပါတယ်။ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုဆန့်ကျင်ရေးစာချုပ် ပေါ့နော်။    အဲတာကို ၂၀၀၇ ခုနှစ်က  မြန်မာနိုင်ငံ အစိုးရက ယူအဲန်နဲ့သွားပြီး စာချဲုပ်လက်မှတ်ရေးထိုးထားပါတယ်။ လက်မှတ် ရေးထိုး ထားတဲ့ အစိုးရကနေ ယူအဲန်ကို ၄ နှစ်တကြိမ်အစီရင်ခံစာတင်ရမယ်။ သက်ဆိုင်ရာနိုင်ငံက အမျိုးသမီးတွေကို အစိုးရအနေနဲ့ ဘယ်လို အကာအကွယ်ပေးသလဲ ဘယ်လို ကူညီ ဆောင်ရွက် ပေးသလဲ။ အမျိုးသမီး တွေရဲ့ ဘဝကို ဘယ်လို မြင့်တင် ပေးသလဲ။ ဒီအတွက် အစိုးရကလည်း ၄ နှစ်တကြိမ် အစီရင်ခံစာ ထုတ်ပါတယ်။ ဒါမယ့် အကောင်းတွေကို ချည်း ရေးထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ အမျိုး သမီး ရေးရာ မိခင်နှင့်ကလေး  အကြောင်းဘဲရေးတယ်။ ကျမတို့ ဒီပြင်ပမှာ နေထိုင်ပြီး တကယ့်အခက် အခဲနဲ့ ရင် ဆိုင်နေရတဲ့ တိုင်းရင်းသားနယ်မြေ  ကျေးလက်ဒေသ တွေက အမျိုးသမီး တွေကို  ကွင်းဆင်းပြီး  ကူညီတဲ့ အဖွဲ့ကတော့ အမျိုးသမီးတွေ ဘယ်လိုအခွင့် အရေး ချိုးဖောက် ခံနေရဆဲ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင် နေရဆဲ ဆိုတာတွေကို ကြုံတွေ့ခဲ့ရတဲ့ အမှန်အတိုင်းရေးသားပြီး တော့ Shadow report ဆိုပြီး တင်ပြမယ်။ ဖြစ်ပျက်နေတဲ့ ၁၀၀ မှာ အစိုးရက ၂၅ ဘဲ အမှန်တကယ်လုပ်ပေးပြီးတော့ ကျန်တဲ့ ရ၅ ကတော့ လက်ရှိ အမှန်တကယ် ဒီလိုတွေဖြစ်နေပါတယ်ဆိုပြီး တင်ပြပါမယ်။ အခု အဲဒီအတွက် ပြင်ဆင်နေဆဲ နောက်နှစ်မှာ တင်ပြနိုင်မယ်လို့ ရည်ရွယ်ထားပါတယ်။

ကျမတို့လည်း ညီလာခံသွားတက်တုန်းက ဆွေးနွေးနေတဲ့အချိန်မှာ အချိန် သိပ်မရလို့ မတင်ပြ လိုက်ရတဲ့ အချက်တွေကို နားချိန် ထမင်းစားချိန်မှာ ခေါင်းဆောင်တွေကို  ပြောပြပါတယ်။ ခေါင်းဆောင်တွေကလည်း ကျမတို့ကို ထောက်ခံအားပေးတယ်။ လက်တွဲကူညီသွားဖို့လည်း သဘောတူခဲ့ပါတယ်။

ဆိုတော့ ကျမတို့အနေနဲ့အခုလော လောဆယ်မှာ အမျိုးသမီးတွေကို အကာအကွယ် ပေးဖို့သာမက တဖက်ကလည်း နိုင်ငံရေးမှာပါဝင်ဦးဆောင်နိုင်ဖို့ အတွက် အရမ်းကြီးကို ကြိုးစား နေရတဲ့ အချိန် ဖြစ်ပါတယ်။ ရှေ့ဆက်မှာ တကယ်လက်တွေ့ လုပ်ရတော့ မယ်ဆိုရင် အဆင်သင့်ဖြစ်နေအောင် ကျမတို့အမျိုးသမီးတွေ ခုကတည်းက အရည်အချင်း ပြည့်အောင် ဖြည့်နေတာဖြစ်ပါတယ်။

မေး။    ။ ရှေ့ဆက် နိုင်ငံရေးမှာပါဝင်လာနိုင်အောင် လက်ရှိ အမျိုးသမီး ခေါင်းဆောင်တွေကို ဘယ်လို တိုက်တွန်း ချင်ပါသလဲ။

ဖြေ။     ။ ဟုတ်ကဲ့ အခုကျမတို့ တိုင်းရင်းသားတွေမှာ နိုင်ငံရေး စိတ်ဝင်စားတဲ့ အမျိုးသမီးတွေကို WBL ကနေအရည် အချင်း မြင့်တင်ပေးတဲ့ PEP ဆိုတဲ့ Political Empowerment Program  ဆိုတာရှိတယ်။ တနှစ်မှာ အမျိုးသမီး ၂၀ ကနေ ၃၀ အထိ အမျိုးသမီးတွေကို ခေါင်းဆောင်ပိုင်းဆိုင်ရာ အရည်အချင်း မြင့်တင်ပေးနေပါတယ်။ လူမှုရေးမှာ၊ နိုင်ငံရေးမှာ ပါဝင် ဦးဆောင်နိုင်ဖို့ပါ။ တချို့ကလည်း သူ့မိခင်အဖွဲ့ အစည်းမှာ ပြန်ပြီးသွားအသုံးချတယ်။ တချို့က လည်း နိုင်ငံရေးပါတီထဲဝင်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲ ကျရင် လွှတ်တော်ထဲဝင်ဖို့ ၀င်ပြိုင်မယ်လို့ ကြားရပါတယ်။ နိုင်ငံရေးဆိုတာ ကျား မ မရွေး လူတိုင်းမှာ တာဝန်ရှိပါတယ်။ အခုကျမတို့ သျှမ်းထဲမှာဆိုရင်လည်း  အရည်အချင်းရှိတဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်တွေ ရှိနေသလို ရှေ့ဆက်မှာလည်း နိုင်ငံရေး ကျန်းမာရေး ပညာရေး စတဲ့ ကဏ်ဏ္ဍ အသီးသီး  မှာလည်းဘဲ အရည်အချင်းရှိတဲ့အမျိုးသမီးတွေ နေရာယူ ဦးဆောင်မှု ရှိစေချင်ပါတယ်။ သျှမ်းအမျိုးသမီးတွေ အရည်အချင်းပြည့်ဝပြီးသားမို့ လုပ်ဆောင်နိုင်မှာမလွဲဘူးလို့ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ငြိမ်းချမ်းရေး ထိခိုက်စေသည့် သတင်း ဖော်ပြချက် ကြောင့် ပြန်ကြားရေး ဝန်ကြီးထံ ၀ တပ်ဖွဲ့ တိုင်ကြား

Posted: 26 Jun 2015 08:50 AM PDT

UWSA ၀ တပ်ဖွဲ့နှင့် အစိုးရအကြား ယုံကြည်မှု ပျက်ပြားစေပြီး ငြိမ်းချမ်းရေး ထိခိုက်စေနိုင်သည့် သတင်းဖော်ပြရေးသားချက်များနှင့် ပတ်သက်၍ စီစစ်အရေးယူပေးရန် ၀ တပ်ဖွဲ့မှ ပြန်ကြားရေးဝန်ကြီးထံ တိုင်ကြားထားကြောင်း ၀ တပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

UWSA ၀ တပ်ဖွဲ့
ပြီးခဲ့သည့် မေလအတွင်းက ၀ ဒေသ ပန်ဆန်းတွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များတက်ရောက်သော ပန်ဆန်းညီလာခံနှင့် ပတ်သက်ပြီး ပြည်တွင်းမီဒီယာများက- ၀ မှ ပြည်နယ်တောင်းခံရာတွင်  တရုတ်က ကျောထောက်နောက်ခံ ပြုနေကြောင်း၊ မူးယစ်ကိစ္စအပါဝင် ၊ ကိုးကန့် တပ်ဖွဲ့နှင့်လည်း ပတ်သက်ကြောင်း -   ဖော်ပြ ခဲ့ကြသည်။

ယင်းဖော်ပြချက်များအနက် အချို့မှာ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်နေခြင်း၊ ကိုးကန့်အဖွဲ့အား မြှောက်ပေးခြင်း တို့ကို သက်ရောက်စေသဖြင့် ငြိမ်းချမ်းရေး အရ ထိခိုက်နေသောကြောင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း UWSP မှ တာဝန်ရှိသူတဦးက  ပြောသည်။

‘ ၀ နဲ့ ပတ်သက်လို့ တချို့မီဒီယာတွေရဲ့ ဖော်ပြချက်တွေက တဘက်သတ် တအား ဆန်လွန်းတယ်။ ဥပမာ အလဲဗင်းသတင်းစာရဲ့ ကာတွန်းဖော်ပြချက်မှာ ဆိုရင် ဒီလောက် ချမ်းသာမှာပေါ့ အကုန် ဘိန်းရောင်းနေတာ ဆိုတာမျိုး။ တချို့ဆိုရင်လည်း ကျနော်တို့က တိုင်းရင်းသားမဟုတ်ဘူး ဆိုတာမျိုးတွေကနေ လက်နက်ကိုင်အဖွဲ့တွေကို မြောက်ပေးဖို့ ညီလာခံကိုလုပ်တာတွေအထိ စသဖြင့်ပေါ့လေ။ အဲလို ဖော်ပြတဲ့အတွက် ငြိမ်းချမ်းရေး အတွက် အဟန့်တားဖြစ်စေပြီး ပြည်သူတွေကလည်း ၀ တွေအပေါ် အထင်အမြင် လွှဲမှားစေတယ်။ဒါကြောင့် ၀န်ကြီးဦးရဲထွဋ်ဆီကို တိုင်ထားတယ်။ ‘ ဟု အဆိုပါ အမည် မဖော်လိုသည့် ၀ တပ်ဖွဲ့အရာရှိငယ်တဦးက ပြောသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ ပြောခွင့်ရ ဦးအောင်မြင့်ကမူ ၀ တပ်ဖွဲ့နှင့် ပတ်သက်ပြီး အဖွဲ့အစည်းအားထိခိုက်စေသည့် ရေးသားဖော်ပြမှုများ ပြုလုပ်သည့် မီဒီယာများကို တရားစွဲဆိုသွားမည်ဟု သတင်းမီဒီယာအချို့အား ပြောဆိုခဲ့ဖူးသည်။

ဝ ပြည်သွေး စည်းညီညွတ်ရေးပါတီ UWSA မှာ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက် လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး အင်အားအကြီးမာဆုံးနှင့် နယ်မြေအကျယ်ပြန့်ဆုံး ထိန်းချုပ်ထားနိုင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းဖြစ်သည်။

ဒီမိုကရေစီ လွှမ်းမိုးသည့် လွှတ်တော် ဖြစ်မှ ပြုပြင် ပြောင်းလဲရေး ဖြစ်မည်ဟု ဦးကိုကိုကြီး ပြောဆို

Posted: 26 Jun 2015 08:43 AM PDT

လက်ရှိလွှတ်တော်သည် နိုင်ငံရေးအရ ပြည်သူအားကိုယ်စားပြုမှု အားနည်းသည့် လွှတ်တော်ဖြစ် နေသဖြင့် ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုကိုယ်စားလှယ်များ လွှမ်းမိုးနိုင်သည့် လွှတ်တော်ဖြစ်မှသာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပါဝင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း ခေါင်းဆောင်  ဦးကိုကိုကြီးက ပြောသည်။

၈၈ မျိုးဆက် ငြိမ်း/ပွင့်လင်း ခေါင်းဆောင်  ဦးကိုကိုကြီး

‘ လွှတ်တော်က နိုင်ငံရေးအရ ကိုယ်စားပြုမှု အားကောင်းတဲ့ လွှတ်တော်ဆိုရင် ပြည်သူတွေရဲ့ သဘောဆန္ဒတွေကို အလေးထားပြီး ဆုံးဖြတ်နိုင်တယ်။ ဒီလွှတ်တော်က နိုင်ငံရေး ကိုယ်စားပြုမှု အားနည်းတဲ့အတွက်ကြောင့်မို့လို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို ကိစ္စတွေအပါဝင် ပြည်သူတွေရဲ့ ဆန္ဒတွေကို ဆန့်ကျင်ပြီးတဲ့ ဆုံးဖြတ်ချက်တွေ တော်တော်များများ ကျလာတာ ကျန်တော်တို့တွေ့နေရတယ်။ ပြည်သူတွေက ဖြစ်စေချင်တဲ့ ဥပဒေတွေဆိုရင်လည်း လွှတ်တော်မှာ ကန့်ကွက်ခံရတာတွေ မကြာခဏဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျန်တော်က ဒီဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော် နိုင်ငံရေးက တဆင့်ဆောင်ရွက်မယ်ဆိုရင် လွှတ်တော်မှာ ကျန်တော်တို့ ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသား အင်အားစုတွေ များများလွှမ်းမိုးတဲ့ လွှတ်တော်ဖြစ်မှ ဒီပြုပြင်ပြောင်းလဲရေးကို ဆက်လုပ်နိုင်မယ်လို့ ကျန်တော်က မြင်တယ်။’ ဟု ၈၈ မျိုးဆက်ခေါင်းဆောင်က ဂျွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများဆိုင်ကျင့်ဝတ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားအပြီးတွင် သတင်းမီဒီယာများကို ပြောဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ပြင်ဆင် ရန် အတွက် NLD ၊ ၈၈ မျိုးဆက်နှင့် တိုင်းရင်းသားအင်အားစုများ ပူးပေါင်းပြီး တိုင်းရင်းသား ပြည်သူများထံမှ ဆန္ဒခံယူမှု ပြုလုပ်ခဲ့ရာ ပြင်ဆင်ရေး ထောက်ခံသည့် လက်မှတ် ၅ သန်းကျော် ရရှိခဲ့ သော်လည်း အဆိုပါပုဒ်မအား ပြင်ဆင်ရန်အတွက် လွှတ်တော်တွင် ဂျွန်လ ၂၅ ရက်နေ့က လွှတ်တော် တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ပြင်ဆင်ရေးအဆိုမှာ ရှုံးနိမ့်ခဲ့ရသည်။
ယင်းသို့ရှုံးနိမ့်ခဲ့သဖြင့် မြန်မာ့နိုင်ငံရေးအခြေနေမှာ အတိုက်ခံနှင့် တိုင်းရင်းသားအင်အားစုများအကြား ပိုမို ကျောချင်းကပ်ရန် လိုအပ်လာခဲ့ပြီဟု နိုင်ငံရေး လေ့လာသူများအကြား သုံးသပ်မှုများ ရှိလာခဲ့ သည်။

မြန်မာနိုင်ငံတွင် အဓိက ဖြစ်ပွားနေသည့် နိုင်ငံရေးပြသနာနှစ်ရပ်ဖြစ်သည့် တိုင်းရင်းသား အင်အားစု များ အကြား တန်းတူအရေး ကိုယ်ပိုင်ပြဌာန်းခွင့် ပြသနာ နှင့် ၁၉၆၂ ခုနစ်မှ စတင်ခဲ့သည့် ဒီမိုကရေစီ ဆိတ်သုဉ်းမှု ပြသနာများမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြသနာရပ်များဖြစ်သဖြင့် အတိုက်ခံနှင့်  တိုင်းရင်းသားများအကြား ၊ ညီညွတ်ရေးမှာ မဖြစ်မနေ တည်ဆောက်သွားရမည် ဖြစ်ကြောင့် လေ့လာသူများက သုံးသပ်ထားသည်။

မြန်မာ့နိုင်ငံရေးတွင်  ဦးဆောင်သူအဖြစ် ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဝင်ခဲ့ရာတွင် ဖွဲ့စည်းပုံပြင်ဆင်မည် ဟုကြွေးကြော်ပြီးဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ပုဒ်မ ၄၃၆ အပါအဝင် ပြင်ဆင်ရေးအဆိုများ ရှုံးနိမ့်ခဲ့သော်လည်း ယင်းအဖြေမှာ ၂၀၁၅ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးနှင့် မသက်ဆိုင်ကြောင်းလည်း ဂျွန်လ ၂၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

NLDသာရွေးကောက်ပွဲဝင်မည်ဆိုပါက အနိမ့်ဆုံး အတိုက်အခံ တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဖွဲ့၍ အနာဂတ် မြန်မာ့နိုင်ငံရေးအတွက် မဟာဗျူဟာတကျ ချဉ်းကပ်ဆောင်ရွက်ရန် လိုနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပြောဆိုသည်။

NLD ပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ယှာဉ်ပြိုင်သွားမည် ဖြစ်ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ နေရာကိုပါ ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ယခင်က ထုတ်ဖော်ပြောဆိုထားခဲ့ဖူးသည်။ ထိုထက်မက  တိုင်းရင်းသားဒေသအနှံ့တွင်ပါ ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိနေသဖြင့် ဒီမိုကရက်တစ်နှင့် တိုင်းရင်းသား အင်အားစုအားကောင်းရေးမူကို သွေဖီသည်ဟုဆိုကာ နိုင်ငံရေးလေ့လာသူများနှင့် ဒီမိုကရက်တစ် အင်အားစုအချို့မှ ဝေဖန်မှုများရှိခဲ့သည်။

NLD ပါတီနှင့် ယခင်က မဟာမိတ်ဖြစ်ခဲ့သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ဦးခွန်ထွန်းဦးကမူ ယခုကဲ့သို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အကျပ်ဆိုက်လာ ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနာဂတ်ကို မည်သို့ ပြင်ဆင်မည် မည်သူနှင့် မဟာမိတ်ဖွဲ့မည်ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်ကြောင်း BBC မြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

သျှမ်းသံတော်ဆင့်

unread,
Jun 28, 2015, 4:40:24 PM6/28/15
to thuau...@gmail.com

ဒေါ်လာသန်း ၈၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေး မီးရှို့ဖျက်ဆီးပွဲ မြို့တော်တောင်ကြီးတွင်ပြုလုပ်

Posted: 28 Jun 2015 07:22 AM PDT

၂၈ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် သျှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ၊ဓါတုပစ္စည်းများ နှင့်ဆက်စပ်ပစ္စည်းများ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၂)သန်းကျော် ခန့်မီးရှို့ဖျက်ဆီးခဲ့ကြောင်း တာဝန်ရှိသူများထံမှသိရသည် ။



ဂျွန်လ ၂၆ ရက် မနက်ပိုင်းက တောင်ကြီးမြို့တွင် မူးယစ်ဆေးမီးရှို့ပွဲပြု လုပ်ခဲ့ခြင်းဖြစ် ပါသည်။

လက်ရှိသျှမ်းပြည်နယ်တစ်ပြည်နယ်လုံးတွင် ဘိန်းစိုက်ပျိုးမှု (၅၇၆၀၀) ဟတ် တာခန့်ရှိပြီး (၁ ဟတ်တာ= ၂.၅ ဧက ) ယခင်နှစ်ကထက် ဟတ်တာ (၂၀၀) ခန့် လျော့ကျသွား သည်ဟု မူးယစ်တပ်ဖွဲ့ခွဲ (၂) ၊တပ် ဖွဲ့ခွဲမှူး ရွှေညာမောင် က ပြောသည် ။

" ဒီမူးယစ်ဆေးဝါးတွေအများဆုံးဖမ်းဆီးရမိတဲ့ဒေသတွေကတော့ ရွှေတြိဂံ နယ်မြေ (မြန်မာ၊ထိုင်း၊ လာအို)နယ်စပ်ဖြစ်တယ်၊  ဒီနှစ်သျှမ်းပြည် နယ် အတွင်း ဘိန်းဖျက်ဆီးနိုင်မှုဧက ပေါင်း ၂၈၁၉၄.၂ ဧကလောက်ရှိတယ် ။ သျှမ်းတောင် မှာပင်လုံ၊ လွိုင်လင်၊ ဟိုပုံး တွေမှာ UNODC နဲ့ပူးပေါင်း ဆောင် ရွက်ပြီး ဘိန်းစိုက်တောင်သူတွေကို အစားထိုးသီးနှံ နှစ်ရှည် သီးနှံတွေ အပြင် နှစ်တိုသီးနှံ တွေကိုလည်းစိုက်ပျိုးပေးတယ် ။ သျှမ်းရှေ့မှာဆိုရင် ထိုင်းနိုင်ငံ ONCT နဲ့ပူးပေါင်းပြီး ၆ နှစ်စီမံကိန်း ဘတ်သန်း ပေါင်း ၃၅၀ ကူညီပံ့ပိုးမှုနဲ့ အစားထိုးသီးနှံတွေကို မိုက်ဆတ် ခရိုင်နဲ့တာချီလိတ် ခရိုင်တွေမှာ စိုက်ပျိုး ပေးနိုင်ခဲ့တယ်၊ သျှမ်းမြောက်မှာ ကျနော်တို့ တရုတ်နိုင်ငံ NNCC နဲ့ပူးဆောင် ရွက်ဖို့ပြင်ဆင်ထားတယ် ၊ တာမိုးညဲနဲ့ကောင်ခါးဒေသကို ကွင်းဆင်းလေ့လာ ပြီး ဖြစ်တယ် " ဟု ၄င်းကဆက်လက်ရှင်းပြသည် ။

သျှမ်းပြည်နယ်သည် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဘိန်းစိုက်ပျိုးမှု (၉၂) ရာခိုင် နှုန်းခန့် ရှိ ပြီး ၆၀ ရာခိုင်နှုန်းမှာစားဝတ်နေရေး အဆင်မပြေမှု နှင့် ဆင်းရဲမွဲတေမှု ကြောင့်စိုက်ပျိုးခြင်း ၊ ၃၅ ရာခိုင်နှုန်းမှာ ငွေကြေးချမ်းသာ လိုမှုကြောင့် စိုက်ပျိုးခြင်းဖြစ်ပြီး ကျန် ၅ ရာခိုင်နှုန်းမှာ အကြောင်းအမျိုးမျိုး ကြောင့် စိုက်ပျိုးခြင်းဖြစ်သည်ဟု UNODC ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြ ထားကြောင်း တာဝန်ရှိသူများထံမှ ဆက်လက်သိရသည် ။

"ဒီနှစ်က လောက်ကိုင်ဒေသမှာအများဆုံးဖမ်းဆီးရမိတာက အိုက်စ် ၊ အမျိုးအစားပေါ့ ၊ သျှမ်းရှေ့မှာကတော့ ဘိန်းဖြူဘလောက်တုံးတွေကိုအများ ဆုံးဖမ်းဆီးရမိတယ် " ဟု သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ၀င်းထွန်းက ပြောသည် ။

၂၀၁၃ ခုနှစ်က သျှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ၊ဓါတုပစ္စည်းများ နှင့်ဆက်စပ်ပစ္စည်းများ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၄) သန်းကျော် ခန့်၊  ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၈၈) သန်းကျော်ခန့် မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ယခုနှစ်တွင် အမေရိကန်ဒေါ်လာ (၈၂)သန်းကျော် ခန့်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။

ကယား ပြည်နယ် အတွင်း SNLD ကျားခေါင်း ပါတီ ရုံးခွဲများ ဆက်တိုက် ဖွင့်လှစ်

Posted: 28 Jun 2015 07:16 AM PDT

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ရွေးကောာက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ မဆုံးဖြတ်ရသေးသော်လည်း သျှမ်းပြည်နယ်အတွင်း သာမက ကရင်နီပြည် ခေါ် ကယားပြည်နယ်တွင်လည်း ပါတီရုံးခွဲဖွင့်လှစ် ခဲ့ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။





၂၀၁၅ ဂျွန် ၂၂ ရက်မှ ၂၆ ရက်နေ့အထိ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီအား ဥက္ကဌ ခွန်ထွန်းဦးကိုယ်တိုင် ဦးဆောင် သည့် ဗဟိုကော်မတီဝင်များ၊ သျှမ်းပြည်တောင်ပိုင်း ခေါင်းဆောင် တောင်ကြီး ရုံးဥက္ကဌ စဝ်ခမ်းပိုင်ဖှ တို့အဖွဲ့ သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ မိုးဗြဲ၊ ဖယ်ခုံ နှင့် ကယားပြည်နယ် လွယ်ကော်၊ ဒီမောဆိုး မြို့နယ်များအတွင်း ခရီးလှည့်ကာ ပါတီ ရုံးခွဲများ ဖွင့်လှစ်နေသည်။

အဆိုပါ ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲနည်းဥပဒေနှင့်ပတ်သက်ပြီး မဲဆွယ်စည်းရုံးဥပဒေလည်း မထွက်ရှိခြင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့်အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အပေါ် မျှော် လင့်သလောက် အခြေအနေမျိုးကို မရောက်သေးသည့် အတွက်ကြောင့် ရွေးေ ကာက်ပွဲ ၀င်မဝင် မဆုံးဖြတ်နိုင်သေးခြင်းဖြစ်ကြောင်း ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ စိုင်းလိတ် ကပြောသည်။

“၂၀၁၅ရွေးကောက်ပွဲဝင်မယ်မဝင်ဘူးဆိုတာ SNLD အနေနဲ့ မဆုံးဖြတ် ရသေးပါဘူး။ နိုင်ငံရေးအခြေအနေ အရပ်ရပ်ကို သုံးသပ်ရင်းနဲ့ ကျနော် တို့ စောင့်ကြည့်နေဆဲဘဲ” ဟု ၄င်းကပြောသည်။

ကယားပြည်နယ်ရုံးဖွင့်ရာတွင် လွိုင်ကော်မြို့နယ် အတွင်း ရုံးခွဲ ၃ ခု နှင့် ဒီမောဆိုမြို့နယ်အတွင်း ရုံးခွဲ ၃ ခု ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ကယားပြည်နယ်ထဲတွင် သျှမ်းလူမျိုး ၆ သောင်းနီးပါးရှိကြောင်း သိရသည်။

“ကျနော် တို့ သျှမ်းတိုင်းရင်းသားတစ်မျိုးတည်းလာတာမဟုတ်ဘူး ကယန်း တိုင်း ရင်းသားတွေကော် ကရင် တိုင်းရင်းသား တွေကော ကျနော် တို့ကို လှိုက်လှိုက်လှဲလှဲအားပေးနေတာကိုတွေ့ရပါတယ်။ ဒီမိုကရေစီကို အခြေခံ တယ် ပြီးတော့ စစ်မှန်တဲ့ပြည်ထောင်စုကို တည်ဆောက်ဖို့လာရောက် စည်းလုံး တယ် ရှင်းပြတယ်ဆိုတဲ့အတွက်ကြောင့် အဲ့ကြောင့် သူတို့လည်း ဝမ်းပန်းတသာနဲ့ ရာထောင်ချီလာရောက်ကြိုဆို အားပေးနေတာ ကို တွေ့ရပါတယ်” ဟု စိုင်းလိတ် ကပြောသည်။

ကယန်းလူမျိုးစုပါတီ ဥက္ကဥဖြစ်သော ခူးဒယ်နီယာသည် သျှမ်းတိုင်းရင်း သားပါတီများ ကယားပြည်နယ်တွင် လာရောက်ပါတီဖွင့်ခြင်းသည် တိုင်းရင်းသားအချင်းချင်း စည်းလုံးမှု အားနည်းသွားနိုင်သည်ဟုပြောသည်။

“သျှမ်းပြည်ဘက်က ပါတီတွေ ကယားပြည်မှာ လာဖွင့်တော့ ကျနော်တို့ တိုင်းရင်းသားအချင်းချင်း စည်းလုံးမှု အားနည်းသွားနိုင်တယ်” ဟု ပြောသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် တနိုင်ငံလုံးတွင် ဒုတိယ မဲ အရေအတွက် အများဆုံး ရရှိခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင်မှု ခေါင်းဆောင်ဖြစ်သူ ခွန်ထွန်းဦး က နှစ်ရှည်ထောင်ဒဏ်ချခံထားရသည့်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပါ။

သျှမ်းသံတော်ဆင့်

unread,
Jun 29, 2015, 4:11:34 PM6/29/15
to thuau...@gmail.com

မြန်မာ့ ငြိမ်းချမ်းရေး၊ နယ်စပ်ရေး ဆိုင်ရာ ဆွေးနွေးဖို့ ၈၈ ခေါင်းဆောင် တဦး တရုတ် နိုင်ငံ ရောက်

Posted: 28 Jun 2015 11:29 PM PDT

ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရုတ်မြန်မာနှစ်နိုင်ငံနယ်စပ်အရေးတို့နှင့် ပတ်သက်ပြီး ယူနန်ပြည်နယ်အစိုးရ ၊ တရုတ် ကွန်မြူနစ်ပါတီတို့နှင့်  ဆွေးနွေးရန် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးဖြစ် သည့် ကိုမြအေးသည် တရုတ်နိုင်ငံသို့ ရောက်ရှိနေကြောင်း ၈၈ မျိုးဆက်အဖွဲ့ထံမှ သိရသည်။



 ဂျွန်လ ၂၆ ရက်နေ့က ထွက်သွားတာ၊ ယူနန်ပြည်နယ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိတယ်။အဓိကကတော့ နယ်စပ်အရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်လိမ့်မယ်-  ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုပြုံးချိုက ပြောသည်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲအများအနက် အများစုမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဆက်စပ်နေသည့် ဒေသများတွင် ဖြစ်ပွားနေသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ ယူနန်ပြည်နယ်နှင့် ဆက်စပ်လျက်ရှိနေပြီး ဖြစ်ပွားလျက်ရှိနေသော ကိုးကန့် ဒေသတိုက်ပွဲများတွင် တရုတ်နိုင်ငံအနေဖြင့် အောက်ခြေအဆင့် ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု တပ်မတော် ဘက်မှ စွပ်စွဲပြောဆိုထားသည်။

ယင်းအပြင် ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တအာင်းပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ PSLF/TNLA ၊ SSA / SSPP သျှမ်းပြည်တပ်မတော် ၊ အေအေ ရက္ခိုင့်တပ်မတော် ၊ UWSA ၀ တပ်ဖွဲ့နှင့် NDAA မိုင်းလား အဖွဲ့များ ကိုးကန့် တိုက်ပွဲများတွင် ပါဝင်ပတ်သက်မှု ရှိကြောင်း တပ်မတော်ဘက်မှ ပြောဆိုထားသည်။

ယင်းအဖွဲ့များအနက်မှ ကေအိုင်အေ မှာ အစိုးရနှင့် ဆွေးနွေးနေသည့် NCCT  အဖွဲ့တွင် ဦးဆောင်သူ အနေဖြင့် ပါဝင်နေပြီး တအာင်းပလောင် ၊ သျှမ်းပြည်တပ်မတော် ၊ AA နှင့် ကိုးကန့် MNDAA တို့မှာလည်း အဖွဲ့ဝင်များဖြစ်ကာ အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အချက်များကို ထပ်မံ ဖြည့်စွက်ရန်အတွက် အဓိက တင်ပြခဲ့သည့် အဖွဲ့များလည်း ဖြစ်သည်။

၈၈ မျိုးဆက်ခေါင်းဆောင် တဦးဖြစ်သည့် ကိုမြအေးမှာ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား ရေးရာ ကိစ္စရပ်များကို ဆောင်ရွက်နေသူဖြစ်ပြီး ကိုးကန့် တိုက်ပွဲကိစ္စ ၊ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် မပြေမလည် ဖြစ်နေသည့် ကိစ္စနှင့် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးအတွက် နယ်စပ်ရေးရာ ကိစ္စများကို ခရီးစဉ်အတွင်း ဆွေးနွေးဖွယ်ရှိနေသည်ဟု နယ်စပ်ရေးရာ အကဲခတ်များက ခန့်မှန်းထားသည်။

ဖွဲ့စည်းပုံမပြင် - NCA အသက်ငင်- ငြိမ်းချမ်းရေး မပျက်စေချင်

Posted: 28 Jun 2015 08:54 PM PDT

စိတ်မချမ်းမြေ့စရာ၊ စိတ်မချမ်းသာစရာ၊ စိတ်ပျက်စရာ၊ စိတ်ကသိအောက်ဖြစ်စရာ၊ စိတ်အနှောင့် အယှက်ဖြစ်စရာ သတင်းတွေ၊ အဖြစ်အပျက်တွေကို ဒီသတင်းပတ်အတွင်း နေ့စဉ်ရက်ဆက် သိရ၊ ကြား၊ မြင်ရ၊ ဖတ်ရတော့ သက်တမ်းနုနု အခြေမခိုင် ယိုင်နဲ့နဲ့ ဖြစ်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် စိုးရိမ်ကြောင့်ကြပူပန်မသည်။



ဖွဲ့စည်းပုံပြင်ဆင်ခြင်းကို ပြည်ထောင်စုလွှတ်တော်က ပယ်ချခြင်း၊ တိုင်းရင်းသား  လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD)ကို အစိုးရဘက်က ဆွေးနွေးဖက်အဖြစ် အသိအမှတ် မပြုလိုသည့်  သဘောမျိုး ဆိုလာခြင်း၊ တိုင်းရင်းသားများက NCAကို နောင်တက်လာမည့် အစိုးရသစ်နှင့် ဆက်ဆွေးနွေးသွားမည့်သဘောလိုလို လေသံပစ် လာခြင်းတို့ကြောင့် ငြိမ်းချမ်းရေးခရီးလမ်း မဖြောင့်ဖြူးမည်ကို ပူပင်စိတ်သောက ဖြစ်မိတာဖြစ်ပါသည်။ ငြိမ်းချမ်းရေးလမ်းဘေး ရောက်သွားမည်ကိုလည်း စိုးထိတ်မိ၏။

ပြီးခဲ့သည့် ဂျွန်လ(၂၅)ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အရေးပါသည့်ပုဒ်မများ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာ၌ ပုဒ်မ(၆)ခုအနက် ပုဒ်မ တစ်ခုသာ လိုအပ်သည့်ထောက်ခံမဲ အရေအတွက် ရရှိကြောင်းသိရ၏။ ကျန်သည့် အရေးပါသော ပုဒ်မ(၅)ခုမှာ ပယ်ချခြင်းခံရ၏။ ပြင်ဆင်ရန် အနိုင်ရသွားသည့်ပုဒ်မ ၅၉(ဃ) (နိုင်ငံတော် အရေး အရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွါးရေး၊ စစ်ရေးအမြင်များရှိရမည်)မှာ သမ္မတ အရည်အချင်း ဆုံးဖြတ်ချက်နှင့်ဆိုင်သည့် ပုဒ်မဖြစ်ပြီး ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ရရှိသွားခဲ့၏။ စစ်ရေးအမြင်ရှိရမည်ဆိုသည့် နေရာတွင် ကာကွယ်ရေးအမြင်ရှိရမည်ဟု အစားထိုး ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရ၏။

ရှုံးနိမ့်သွားသည့် အခြားအရေးပါသည့်ပုဒ်မများမှာ ပုဒ်မ ၄၃၆(က)နှင့်(ခ)၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားမြစ်ထားသည့် ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၆၀(ဂ)နှင့် ပုဒ်မ ၄၁၈(ခ) (တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာလွှဲအပ်ပြီးသည့် အချိန်မှစ၍ သမ္မတနှင့်ဒုတိယ သမ္မတမှ အပ လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ဝင်များ တာဝန်မှရပ်စဲပြီးဖြစ်သည် ဟု မှတ်ယူရမည်) တို့ဖြစ်ကြ၏။

ထိုမဲခွဲသည့်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ကိုယ်စားလှယ် ၆၃၃ယောက် တက်ရောက်ကာ ၅၀ ခွင့်ယူကြောင်းသိရ၏။ တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ယောက်တက်ရောက်သဖြင့် မဲပေးချိန် မှာ တပ်ကိုယ်စားလှယ် ၂၈ ရာခိုင်နှုန်းကျော် ရှိနေကြောင်းသိရ၏။ ဖွဲ့စည်းပုံပြင်ဆင်ရေး အနိုင်ရရန်  အနည်းဆုံး ၄၇၅ မဲလိုနေချိန်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၄၁၇ မဲသာရှိနေ၍ အနိုင်ရရေးမှာ တပ်မတော်သား ကိုယ်စားလှယ် ၅၈ယောက်ထောက်ခံမှသာ အနိုင်ရမည့် အခြေအနေဖြစ်ကြောင်း သိရ၏။ သို့သော် တကယ်တမ်းလက်တွေ့ မဲခွဲဆုံးဖြတ်ချိန်တွင် တပ်မတော်သား ကိုယ်စားလှယ်တို့ သာမကဘဲ ရွေးကောက်ခံ ကိုယ်စားလှယ်အချို့ကပါ ကန့်ကွက်မဲပေးခဲ့သဖြင့် ထောက်ခံမဲ ၃၈၈ ဝန်းကျင်သာ အသီးသီးရရှိပြီး အရေးကြီးသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအဆိုများ ရှုံးနိမ့်သွားခြင်း ဖြစ်၏။ အဓိပ္ပာယ်မှာ မြန်မာ့နိုင်ငံရေးလောကတွင် မည်သည့်ပြုပြင် ပြောင်းလဲခြင်းမျိုးကို ပြုလုပ်လိုသည်ဖြစ်စေ တပ်မတော်က မထောက်ခံ၊ အားမပေး၊ ခွင့်မပြုလျှင် မည်သည့်အရာကိုမျှ မဆောင်ရွက်နိုင် အဟောသိကံသာ ဖြစ်ကြောင်း ပြသရာရောက်၏။

မဲခွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ကတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေလည်း  ပျောက်ကွယ်သွားစရာမလိုဘူး၊ စိတ်ဓာတ်ကျစရာလည်း မလိုဘူး၊ ဆက် ပြီးတော့ ဘယ်လိုပုံစံနဲ့ သွားရမယ်ဆိုတာ ပိုလို့တောင် ရှင်းရှင်းလင်းလင်း သိသွားနိုင်တယ်လို့ပဲ ယူဆပါတယ်” ဟု မီဒီယာများအား ပြောဆိုသွားခဲ့တာ ကြားရ၏။ ယင်းပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးတိုက်ပွဲ ကကွက်တိုက်ကွက်ပြောင်းပြီး လွှတ်တော်ပြင်ပကနေ ဆင်နွှဲမည်လား ဆိုသည်ကို စောင့်ကြည့်သင့်၏။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတစ်ဆို့မှုသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ဘေးရောက်နောက်ရောက် သွားစေမည်လား ဆိုသည်ကို စိုးရိမ်မိ၏။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် အတိုက်အခံ နိုင်ငံရေး အင်အားစုများ၏ ဦးစားပေး ဆောင်ရွက် လုပ်ကိုင်ရမည့် လုပ်ငန်းဖြစ်လာဖွယ်ရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အရေးမထား အလေးမပေးဘဲ နောက်ကွယ်တွင် ပစ်ပယ်ထားခဲ့မည်ကို စိုးကြောက်မိ၏။

တဘက်တွင်လည်း ပြီးခဲ့သည့် ဂျွန်လ(၂၂)ရက်တွင် ရန်ကုန်၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား  လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့(SD)တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA)နှင့် ပတ်သက်ပြီး အလွှတ်သဘော ဆွေးနွေးခဲ့ကြောင်း သိရ၏။ အစိုးရဘက်မှ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးခင်ရီ၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် MPCမှ တာဝန်ရှိသူတို့ တက်ရောက်ပြီး တိုင်းရင်းသားများဘက်မှ နိုင်ဟံသာ၊ ဖဒိုကွယ်ထူးဝင်း၊ ဦးထွန်းဇော်တို့ တက်ရောက်ခဲ့ကြ၏။

ယင်းအလွှတ်သဘော တွေ့ဆုံပွဲတွင် တိုင်းရင်းသားများဘက်မှ လော်ခီးလာ ညီလာခံက ဖွဲ့ စည်းပေးခဲ့သည့် အဆင့်မြှင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) အကြောင်း၊ NCAပြင်ဆင်ဖြည့် စွက်ချက် (၁၅)ချက်အကြောင်း၊ ထိုင်းနိုင်ငံချင်းမိုင်တွင် လာမည့် ဂျူလိုင်လဆန်း၌ နှစ်ဘက် ကိုယ်စားလှယ်များ တရားဝင်တွေ့ဆုံ ဆွေးနွေးနိုင်ရေးအကြောင်း စသည်တို့ကို အဓိကထား ဆွေးနွေးသွားကြောင်း ကြားသိရ၏။ ပြင်ဆင်ဖြည့် စွက်ချက်များကို NCAတွင် ထပ်မံဖြည့်စွက် နိုင်မည် မဟုတ်ကြောင်း၊ နောက်ဆက်တွဲ မှတ်တမ်းအနေဖြင့်သာ ထည့်ပေးနိုင်ကြောင်း၊ နောင်လာ မည့် ဆွေးနွေးပွဲများတွင် တပ်မတော် ကိုယ်စားလှယ်များ ပါဝင်နိုင်ရေးသည် မသေချာကြောင်း အစိုးရ ကိုယ်စားလှယ်ဘက်က ပြောဆိုသွားသည်ဟု သိရ၏။ SDကိုလည်း အစိုးရဘက်က လက်ခံရန် အခက်အခဲများ ရှိကြောင်းကို အရိပ်အမြွက် ပြောသွားကြောင်း သိရ၏။

အပစ်ရပ်(မူကြမ်း)ပါ အချက်အချို့ပြင်ဆင်မှုကို အစိုးရက လက်ခံခြင်းရှိမရှိ၊ SDကို အစိုးရဘက်က လက်ခံဆွေးနွေးနိုင်ခြင်း ရှိမရှိ စသည်တို့အား လာမည့်ဂျူလိုင်လဆန်းတွင် ချင်းမိုင်၌ ပြုလုပ်မည့် ဆွေးနွေးပွဲကျမှသာ သိနိုင်မည်ဖြစ်ကြောင်း ကြားသိရ၏။ SDကို အစိုးရ လက်မခံနိုင်ပါက    NCA ကို ဆက်လက်ညှိနှိုင်းသည့် လုပ်ငန်းစဉ်မှာ ကြန့်ကြာနှေင့်နှေးသွား နိုင်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြ၏။ နောက်အစိုးရသစ် သက်တမ်းအထိ ဆွဲဆန့်သွားရမည့်သဘောမျိုး ဆိုသွားကြောင်း သိရ၏။

NCAအပစ်ရပ်မူကြမ်းကို လက်ရှိအစိုးရ ကိုယ်စားလှယ်တွေနှင့် ညှိနှိုင်း၍ အဆင်မပြေပါက နောင်တက်လာမည့် အစိုးရသစ်နှင့် ဆက်လက်ဆွေးနွေးရေး လမ်းစဉ်ကို မလွှဲမရှောင်သာ လိုက်ရ မည်ဖြစ်ကြောင်းတိုင်းရင်းသားများဘက်က အသံထွက်လာသဖြင့်လည်း လက်ရှိအစိုးရနှင့်တိုင်းရင်း သားများအကြား ရှိပြီးသား စဉ်ဆက်မပြတ်ဆက်ဆံရေးအေးခဲသွားမည်ကိုလန့်မိ၏။ ဖူးငုံခါစ ငြိမ်း ချမ်းရေးပန်းကလေး အကြွေစောမည်ကိုစိုးရွံ့၏။ NCA အသက်ငင်နေပြီလားဟု ထင်မှတ်ယူဆ စရာရှိ၏။

နိုင်ငံရေး အကဲခတ်များကလည်း မေးငေါ့ပြောဆိုလာကြပြီ။ “စစ်ဘုရင် အချင်းချင်း ညှိနှိုင်းနေလို့ ငြိမ်းချမ်းရေးရလာမှာလား” ဟုမေးခွန်းထုတ်လာနေပြီဖြစ်၏။ “ယနေ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုသည် မှာ စစ်ဘုရင်များစေ့စပ်ညှိနှိုင်းနေဆဲအဆင့်ပဲရှိပါသေး၏။ နှစ်ဘက်စစ်ဘုရင်များသည် တိုင်းရင်း သား ပြည်သူလူထု အကျိုးစီးပွါးထက် ယင်းတို့၏ ကိုယ်ကျိုးစီးပွါး ဦးစားပေး နေကြသောကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မအောင်မြင်နိုင်ခြင်း ဖြစ်နေရသည်”ဟု ပြောဆို လာနေပြီဖြစ်၏။ ငြိမ်းချမ်းရေး ဖြစ်စဉ်တို့တွင် တိုင်းရင်းသား ပြည်သူလူထုတို့ကို ပါဝင်ခွင့် မပေးကြသဖြင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲ တိုးတက်ဖြစ်ထွန်းမှု မရှိတာဖြစ်ကြောင်း လူထုအသံများ ထွက်ပေါ်သည်ကို ဆက် တိုက်ကြားရ၏။ ဤသည်များကို နှစ်ဘက်စလုံးက မည်ကဲ့သို့ တုံ့ပြန်ဖြေ ရှင်းပေးမည်နည်း အားလုံးက သိလိုကြ၏။

သို့အတွက်ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားပြည်သူလူထုတို့ကို မည်သည့် နေရာမည်သည့်အခန်းကဏ္ဍမှပါဝင်လုပ်ဆောင်ရမည်ဆိုခြင်းကိုဆွေးနွေးဖော် ဆွေးနွေးဖက်နှစ်ဘက် စလုံးကအလေးထားစဉ်းစားအကောင်အထည်ဖော်ပေးရမည့် တာဝန်ရှိကြောင်းဆိုရေးရှိကဆိုချင်၏။ ဆောင်ရွက်ပေးဖို့ အချိန်တန်ပြီဖြစ်ကြောင်းလည်း တိုက်တွန်း လို၏။

ဖွဲ့စည်းပုံပြင်ဆင်ရေး အကျပ်အတည်းတွေ့ခြင်း၊ NCA မူကြမ်း ညှိနှိုင်းရေးလုပ်ငန်းစဉ် မပီမပြင် အသက်ငင်သကဲ့သို့ဖြစ်နေခြင်း၊လော်ခီးလာညီလာခံအပြီး ပြောင်းလဲချမှတ်လာသည့်တိုင်းရင်းသား နှင့်အစိုးရတို့၏ မတူညီသည့် ငြိမ်းချမ်းရေး ချဉ်းကပ်ပုံချဉ်းကပ်နည်း အခင်းအကျင်းသစ်တို့ကြောင့် လက်ရှိ ရရှိပြီးသား ငြိမ်းချမ်းရေးအား မထိခိုက်စေရေး၊ မပျက်စီးစေရေး၊ ထာဝရတည့်တံ့ခိုင်မြဲသည့် စစ်မှန်သော ပြည်တွင်ငြိမ်းချမ်းရေး ရရှိရေးအဖို့ တိုင်းရင်းသား ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒမွန် ပြုပါ၏။

သျှမ်းသံတော်ဆင့်

unread,
Jun 30, 2015, 4:35:52 PM6/30/15
to thuau...@gmail.com

ရပ်ကွက် လုံခြုံရေး အတွက် မူစယ် လူငယ်နှင့် ရပ်ကွက် သားများ မူးယစ် ဆေးဝါး စုပေါင်း တိုက်ဖျက်

Posted: 30 Jun 2015 12:36 AM PDT

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် တောင်ရပ်ကွက်တွင် လူထုလုံခြုံရေးအတွက်ရည်ရွယ်ကာ ဒေသတွင်းလူငယ် နှင့်ရပ်ကွက်သားများစုပေါင်းကာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ များအား ဖမ်းဆီးခဲ့ကြကြောင်း ဒေသတွင်း သတင်းအရ သိရသည်။  






ဂျွန်လ ၃၀ ရက် ယနေ့မနက်ပိုင်းက အင်အား ၂၀ ကျော်ရှိလူငယ်နှင့်ရပ်ကွက်သားများက တောင် ရပ်ကွက်အတွင်းရှိ (မူးယစ်ဆေးရောင်းဝယ်သုံးစွဲသည့်လမ်းအတွင်း) ရှင်းလင်းရေး ပြုလုပ်ခဲ့ကြ ခြင်းဖြစ်သည်ဟု ရပ်ကွက်သားတဦး ဖြစ်သည့် လုံးစိုင်းက ပြောသည်။

“ရပ်ရွာထဲမှာ မူးယစ်ဆေးရောင်းတဲ့လူတွေ မူးယစ်သောက်သုံးတဲ့လူတွေများလာတယ်။ ဒီမနက် မူးယစ်ဆေးရောင်းတဲ့အသည် ၂ သည် ၃ သည် ဖမ်းမိပါတယ်။ ယာဘတွေရော ဘိန်းဖြူတွေရော။ အခုတော့ သူတို့တွေကို ၀မ်နင်ပေး ပြီး ပြန်လွှတ်ပေးလိုက်ပါပြီ။ မူးယစ်ဆေး မရောင်းဖို့။ ရောင်း မယ်ဆိုရင်လည်း ပေါက်စန်း(တောင်ရပ်ကွက်)ထဲ လာ မရောင်းဖို့ပေါ့။ ပစ္စည်းတွေကိုတော့ ကျနော် တို့ သူတို့ရှေ့မှာဘဲ မီးရှို့ဖျက်ဆီးလိုက်ပါတယ် ” - ဟု လုံးစိုင်းက ပြောသည်။

ယခုတခေါက် ကိုယ်ထူကိုယ်ထ မူးယစ်ရှင်းလင်းရေးအဖွဲ့၏ စီမံကိန်းကို ဒေသတွင်းအာဏာပိုင် နှင့်ရဲများအား အသိပေးခြင်းမရှိသေးကြောင်း၊ လူငယ်ထုနှင့်အတူရပ်ကွက်တွင်း ကချင်၊ သျှမ်း လူထု၊ လူပျိုခေါင်း၊ ယဉ်ကျေးမှု အဖွဲ့တို့ ပါဝင်ကြောင်း၊ ရှင်းလင်းရေးစီမံကိန်း လူအင်အားနည်း နေသေးသဖြင့် မူးယစ်လက်သည်ကြီးအချို့ကို လက်လွှတ်ထားလိုက်ရကြောင်း၊ သို့သော် ရှင်းလင်း ရေးကို ဆက်တိုက်လုပ်သွားဖို့ရှိကြောင်း ဦးဆောင်သူလူငယ် တဦးဖြစ်သည့် စိုင်းလိတ်က ပြော သည်။    

“အခုကျနော်တို့လူအင်အားနည်းနေသေးတယ်။ ပြီးတော့ သူတို့ကို သတိပေးတဲ့အနေနဲ့ဘဲ ရှိသေး တယ်လေ။ နောက်တခုက သွားရမယ့်နေရာကလည်း မတူဘူး။  တကယ်ဖမ်းမယ်ဆိုမှ အင်အား များများသုံးမယ်”  - ဟု စိုင်းလိတ်က ဆိုသည်။

မူးယစ်တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် ပါဝင်သော ရပ်ကွက်သားတဦးဖြစ်သည့် ကိုနော်ဂျာက -
“ရပ်ကွက်နားတဝိုက်မှာ မူးယစ်ဆေးရောင်းဝယ်တဲ့သူတွေ သောက်သုံးတဲ့သူတွေက လမ်းဘေးမှာ ဘဲ ထိုးပြီးရောင်းဝယ် ရှူသောက်နေကြတာ ပေါ်ပေါ်ထင်ထင်ရှိလာတော့ ရပ်ကွက်သားတွေအနေနဲ့ နေရထိုင်ရတာ အဆင်အပြေဘူးပေါ့နော်။  ရပ်ကွက်လူထုကို မထီမဲ့မြင် လုပ်နေသလိုဖြစ်နေ တယ်။ ကျနော်တို့ လုံခြုံမှုအတွက်လည်း စိုးရိမ်ရတယ်။ ကျနော်တို့ လူငယ်တွေ သားသမီးတွေ အတွက်လည်း မကောင်းဘူး။ ဒီလို ပတ်ဝန်းကျင်ထဲမှာ ကျင်လည်နေရတာ သူတို့ အနာဂတ် အတွက် စိုးရိမ်ရပါတယ်။ တာဝန်ရှိပုဂ္ဂိုလ်တွေလည်း ထိထိရောက်ရောက် ကွင်းဆင်းရှင်းလင်းတာ မရှိတော့ ကျနော်တို့ လူထုကိုယ်တိုင် ရှင်းလင်းရေးလုပ်နေရတယ်။ ကျနော်တို့အားလုံး လက်တွဲ ပူးပေါင်း တိုက်ဖျက်မှဘဲ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။”  - ဟု သျှမ်းသံတော်ဆင့်အား ရှင်းပြပါ သည်။

တဖက်တွင်လည်း မူစယ်မြို့ရှိ မူးယစ်ဆေးစွဲသူများအား HIV ပိုးမကူးစက်အောင်၊ ဆေးသောက် သုံးသူတွေ ဘေးကင်းအောင် ရည်ရွယ်ပြီး အစိုးရမဟုတ်သောအဖွဲ့အစည်းတခုဖြစ်သည့် (MANA) မာနာအဖွဲ့က ဆေးထိုးအပ်အပြင် အစားအသောက်အတွက် အနည်းအကျဉ်းကူညီပေးနေကြောင်း မြို့ခံများကပြောသည်။ သို့သော် အဆိုပါ ဆေးသုံးသူများက ဆေးထိုးအပ်များကို လမ်းဘေးနှင့် လယ်ကွင်းများထဲတွင် စည်းမဲ့ကမ်းမဲ့ လွှင့်ပစ်ထားသဖြင့် ဒေသတွင်းလူထုနှင့် ကလေးငယ်များ အတွက် အန္တရာယ်တခုဖြစ်နေကြောင်း လူငယ်မိဘများက ပြောပါသည်။  

တရုတ်နယ်စပ် မူစယ်မြို့နှင့် နမ့်ခမ်းမြို့တို့တွင် မူးယစ်ဆေးဝါး လွန်စွာပေါများလာသည်နှင့်အမျှ    တရုတ်၊ သျှမ်း၊ တအာင်း  လူငယ်၊ လူရွယ်အပြင် အသက် ၆၀ ကျော်များ အမျိုးသမီးငယ်များပါ  ဘိန်းဖြူ၊ ယာဘ၊ အိုက်စ် နှင့် အခြားမူး ယစ်ဆေးဝါးများ  သုံးစွဲကာ အကျင့်စာရိတ္တ ပျက်စီးနေကြ ကြောင်း၊  ထိုဒေသအတွင်း ယာဘဈေးနှုန်းမှာ WY စာတမ်းပါ ပန်းရောင်ဆေး ပြားတပြား ၁၅၀၀ ကျပ်၊ WY ပထမတန်း ၂၅၀၀ ကျပ် ၊ X တံဆိပ်တပြား ၂၅၀၀ ကျပ်၊ ၈၈၁ တံဆိပ်တပြား ၂၀၀ ကျပ်ရှိကြောင်း သိရသည်။ ယခုနှစ်ဆန်းပိုင်းကလည်း နမ့်ခမ်းမြို့ ကောင်းဆာရပ်ကွက်တွင် ရပ်ကွက်လုံခြုံရေး အဖွဲ့က မူးယစ်ဆေးရောင်းသည့် ပြည်သူ့ရဲ ၂ ဦးအား ဖမ်းဆီးမိခဲ့သည်။

ဘောလုံးကွင်း အတွင်း အမှိုက် စွန့်ပစ် မှုကြောင့် အားကစား သမားများ စိတ် အနှောင့် အယှက် ဖြစ်

Posted: 29 Jun 2015 07:20 PM PDT

သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့ ဘောလုံးကွင်း၌ စည်ပင်သာယာရေးက အမှိုက်သရိုက်များ  လာ ရောက်စွန့်ပစ်ခြင်းကြောင့် အားကစား သွားရောက် လုပ်ကြသည့် ပြည်သူများ စိတ်အနှောင့် အယှက် ဖြစ်ရကြောင်း ဒေသတွင်း သတင်း အရ သိရှိ ရသည်။






“ဘောလုံးကွင်း အားကစားကွင်းဆိုတာ အများပြည်သူက ကျန်းမာရေးအတွက် အားကစား လာလုပ်တဲ့နေရာ။ အခုက အမှိုက်တွေလာပစ်ထားတော့ အနံ့အသက်ကလည်းမကောင်း။ ညစ်ညမ်းတဲ့လေထုကို ရှုရှိုက်ရတော့ ကျန်းမာဖို့မပြောနဲ့ ရောဂါတွေပါ ရလာနိုင်တယ်” ဟု မူစယ်လူငယ် စိုင်းဆိုင်က ပြောပါသည်။

ထုန့်မောဝ်ဟန်လီဘောလုံးကွင်း၊ လွမ့်မောဝ်ခမ်းဘောလုံးကွင်းနှင့် သချိုင်းတို့ ကပ်လျက်တည်ရှိနေကြောင်း၊ အမှိုက်စွန့်ပစ်ရန် နေရာမရှိသည့်အတွက် သုဿန်သချိုင်း၌ စည်ပင်သာယာရေးအဖွဲ့က သွားရောက်စွန့် ပစ်ကြောင်း၊ လွန်ခဲ့သည့်တလခန့်မှစ၍ ဘောလုံးကွင်းအထဲထိ လာရောက်စွန့်ပစ်ကြောင်း ဆို၏။

“အုတ်ဂူတွေပေါ်မှာလည်း ပစ်ထားတယ်။ သချိုင်းဘက်မှာ ပစ်ဖို့နေရာမရှိတော့ ဒီဘောလုံးကွင်းဘက်လာ ပစ်တယ်။ တပုံကြီး။ ဘောလုံးကစားတာတောင် နှာခေါင်းပိတ်၊ ပါးစပ်ပိတ်ပြီး ကစားရတယ်။ အဆင်မပြေဘူး ဗျာ” ဟု လူငယ်ဘောလုံးသမားတဦးက ပြောပါသည်။

ဂျွန်လ ၂၆ ရက်နေ့က စည်ပင်အမှိုက်သိမ်းကာက အမှိုက်လာရောက်စွန့်ပစ်မည်ကို ဘောလုံး သမားများက သွားရောက်ပိတ်ပင်သောကြောင့် စကားများကြကြောင်း၊ စည်ပင်ဦးစီး ရပ်ကွက် အုပ်ချုပ်ရေးမှုး လာရောက် ဖြေရှင်းရကြောင်း အဆိုပါ လူငယ်ဘောလုံးသမားက ပြောပါသည်။

“ကျနော်တို့ကတော့ ပစ်ထားတဲ့အမှိုက်တွေကို အမြန်ဆုံး ပြန်ရှင်းပေးစေချင်တယ်။ ဒီအကြောင်းကို ယရက တွေဆီ သွားပြောလည်း သူတို့က ဘာမှမလုပ်ပေးနိုင်ဘူး။ စကားများကြတုန်းကတော့ ပစ်ထားတဲ့အမှိုက်တွေကို ပြန်လာရှင်းပေးမယ်လို့ ပြောသွားတယ်။”

အမှိုက်သရိုက်စွန့်ပစ်ရန်အတွက် မြေ ၁၃ ဧကကျော် တောင်းထားသော်လည်း ယနေ့တိုင် ချပေးခြင်း မရှိသေး ကြောင်း သိရှိရသည်။

အကျင့်ပျက် ချစားမှုဖြင့် မြေတိုင်းအား မြေသိမ်းခံ တောင်သူ များက ၀ိုင်းဝန်း တိုင်ကြား

Posted: 29 Jun 2015 07:07 PM PDT

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ကွန်လုံအုပ်စုရှိ မြေတိုင်းဝန်ထမ်းအား မြေသိမ်းခံတောင်သူ လယ်သမားများက အကျင့်ပျက်ခြစားကိုယ်ကျိုးရှာမှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုင်ကြား စာပေးပို့ခဲ့ကြောင်း သတင်းရရှိသည် ။



တောင်ကြီး မြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူ ၊ ကျောက်နီ၊ နောင်ကား ကျေးရွာများတွင် ရွာသား များ၏ ဘိုးဘွားစဉ် ဆက်ပိုင် စိုက်ပျိုးမြေများအား  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တပ်မှ အဓမ္မ သိမ်းယူပြီး နောက်ပုဂလိ ကပိုင် အဖြစ်တရားမဝင်ရောင်းချရာတွင် လာဘ်ငွေယူ၍ ပုံစံ(၁၀၅) ပြုလုပ် ပေးခြင်း အပေါ်မြေတိုင်းဝန်ထမ်းများအား ရွာသားများကထိုသို့ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

“ပြစ်မှုက အများကြီးဘဲ။   ရပခ တိုင်းရုံးက ဗိုလ်မှူး၊ ဗိုလ်ကြီး၊ အကြပ်တပ်သားတွေ သိမ်းယူတဲ့  ရွာသား တွေရဲ့လယ်ယာမြေတွေကို ပြန်ပြီးရောင်းချဖို့အတွက် မြေတိုင်းက ပွဲခ ယူပြီး ကူညီပေးတယ်။ မြေတိုင်း စာရေး  လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုတယ်။ စစ်တပ်သိမ်းမြေတွေကိုဝယ်ယူတဲ့ မြနဒီကုမ္မဏီ ကနေ ဒေသခံ တွေကို ဖိနှိပ်ခြိမ်းခြောက် ရာမှာ လဲလာဘ်ငွေယူပြီး ကုမ္မဏီကို ကူညီပေးတယ်။ အဲတာတွ ကြောင့် အရေးယူပေးဖို့  ဒေသခံ တောင်သူတွေက နေ တိုင်ကြား တာဖြစ်ပါတယ်။” - ဟု လယ်မြေ အသိမ်းခံရ တောင်သူတဦးကပြောသည်။

ထိုသို့ ဒေသခံတောင်သူလယ်သမားများ၏ စိုက်ပျိုးမြေများ ဆုံးရှုံးအောင် အားပေး ကူညီသည့်အပြင်     ဒေသခံတောင်သူတဦးဖြစ်သော ဦးအောင်မြင့်အား  မိမိကိုယ်ကို မီးရှို့သတ်သေသည်အထိ ဖြစ်စေ သောကြောင့်  အကြောင်းရင်းများအား စုံစမ်း စစ်ဆေး အရေး ယူပေးရန်  သျှမ်းပြည်နယ်ဝန်ကြီး ချုပ် နှင့်တကွပြည် နယ်လယ်ယာ မြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန  သို့ တိုင်ကြား ထားကြောင်း ဒေသခံ တောင်သူများ ကပြောသည် ။

"ဒီ ဧက ၅၀၀၀ ဟာ မူလက မြေလွှတ်မြေရိုင်း၊ ဖြစ်ပါတယ် သက်ဆိုင်ရာ တပ်ရင်း တပ်စိပ်နဲ့ ဌာန ဆိုင်ရာ တွေ ဖော်ထုတ်ခဲ့တဲ့ မြေဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ မြေစာရင်းမှတ် တမ်းမှာလဲဒီလိုပဲ အစဉ်အဆက် မှတ် တမ်း ထားရှိပါတယ် ၊ ဒီဖြစ်ရပ်တွေက ခုမှပေါ်တာမ ဟုတ်ပါဘူး ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်စာတွေ ကျနော်တို့ဆီရောက်ပါတယ် ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြန် လည် စွန့်လွှတ်တဲ့မြေစာရင်းမှာ ဒါတွေ မပါဘူး ၊အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် မြေအဖြစ် ဧကက ၄၀၀၀ ၊လည်ဆည် ကဧက ၁၀၀၀ လေ " ဟု ဂျွန်လ  ၂၃  ရက်နေ့က သျှမ်းပြည်နယ်အစိုးရရုံး၌ မြေယာ ကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်း လင်းပွဲ ပြုလုပ်ရာတွင် ပြည်နယ်လယ်စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးသိန်းဦးက ပြောကြား ခဲ့ခြင်းဖြစ်သည် ။

တိုင်ကြားစာတွင် ယခင်တိုင်းရင်းမှူး၊ ဒုတိုင်းရင်းမှူး၊ အရာရှိ အရာခံ အကြပ် တပ်သားများနှင့် မြေစာ ရင်းဝန်ထမ်းများခွဲဝေယူထားသည်ဟုဆိုသော သိမ်းဆည်းခံ တောင်သူများ၏ စာရင်းများလည်း ထည့်သွင်းတင်ပြထားကြောင်းသိရသည် ။

ယင်းမြေကိစ္စတို့ကြောင့် လယ်မြေအသိမ်းခံရ တောင်သူတဦးဖြစ်သော တောင်သူဦးမြင့်အောင် ဆိုသူသည် မေလ ၂၁ ရက်နေ့က ကိုယ့်ကိုကိုယ်မီးရှို့ ဆန္ဒပြကာ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့မှ ပယ်ချခဲ့သောပုဒ်မအား ပြည်ထဲရေးဝန်ကြီး ဌာနမှ ခွင့်ပြု

Posted: 29 Jun 2015 07:00 PM PDT

သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပယ်ချခဲ့သော အများနှင့်သက်ဆိုင်သောပစ္စည်းကာကွယ်စောင့် ရှောက်ရေး ဥပဒေ ပုဒ်မ (၃)   အား ပြည်ထဲရေးဝန်ကြီးဌာနမှ  တရားစွဲဆို ခွင့်ပြုလိုက် သည် ဟုသတင်းရရှိသည် ။



ရပ်စောက် မြို့နယ်ရဲစခန်းမှ သစ်မှောင်ခို ကိစ္စနှင့်ပတ်သက်၍ ဖမ်းဆည်းခံ ထားသော တရားခံများအား အများနှင့် သက်ဆိုင်သော ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ (၃) အရတရားစွဲဆိုရာတွင် သျှမ်းပြည်နယ်အစိုးရ အဖွဲ့မှယင်းပုဒ်မအားပယ်ချခဲ့ သော်လည်း ပြည်ထဲရေးဝန်ကြီး (ပြည်ထောင်စု) ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို မှ ဂျွန်လ (၂၅) ရက်နေ့က တရားစွဲဆိုခွင့်ပြုလိုက်ကြောင်းတာဝန်ရှိ သူများထံမှသိရသည် ။

" ကျနော်တို့ကတော့ အပက(၃) နဲ့တရားစွဲတယ်ဆိုတာ ဥပဒေလုပ်ထုံးလုပ်နည်း နဲ့အညီ ခရိုင် တရားရုံးမှာ တရား စွဲဆို ထားတာ ဖြစ်ပါတယ် " ဟု ယင်းဖြစ်စဉ်နှင့်ပတ် သက်၍ ရပ်စောက်မြို့မ ရဲစခန်းမှ ရဲမှူး ခင်မောင်ဝင်းက ပြောကြားသည် ။

သျှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် မတ်လ(၂၃)ရက်နေ့က သစ်တော ဦးစီးဌာနနှင့် ပြည်နယ်ဗဟို ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသောတရားမဝင် အင်သစ်အမျိုးအစားအလုံးရေ (၅၅) လုံး ၊ တန်ချိန် (၂၈.၆၅၄) တန် အမှုကိစ္စနှင့် ပတ်သက်၍ မြို့ နယ် ရဲစခန်းမှတရားခံအား အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၃) အရ တရားစွဲဆို နိုင်ရေးအတွက် သျှမ်းပြည် နယ်အစိုးရအဖွဲ့ထံတင်ပြရာတွင် ယင်းပုဒ်မအားပယ်ချရန် သျှမ်းပြည် နယ်အစိုးရအဖွဲ့မှ ညွန်ကြားထားသော်လည်း ပြည်ထဲ ရေးဝန်ကြီး ဌာနမှ တရားစွဲဆိုခွင့် ပြုလိုက်ခြင်းဖြစ်သည် ။

မတ်လ(၂၄) ရက် နေ့ကသစ်တောဦးစီးဌာနနှင့် ပြည်နယ်ဗဟို ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိ သော သစ်လုံး များအား တိုင်းတာအပ်နှံရန် ဆောင်ရွက်နေစဉ် (ဦးစိုးလွင် AD/AE သစ်ထုတ် လုပ်ရေးကုမ္ပဏီ) ၏ညီဖြစ်သူ ဦးစိုးခိုင်နှင့် အပေါင်း အပါ ၄ ဦးမှ ရဲအုပ်အ ဆင့်ရှိသူကို ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်းတို့ ကြောင့် ဦးစိုးခိုင်နှင့် အပေါင်းအပါ (၅) ဦးအား ရပ် စောက်မြို့မရဲစခန်းမှ ပြည်သူပိုင်ပစ္စည်း ကာကွယ် ရေး အက်ဥပဒေပုဒ်မ ၆(၁) ၊ ပြည်သူ့ ၀န်ထမ်းကို ပြင်းထန်စွာနာကျင်စေမှု ပုဒ်မ ၃၃၃ နှင့် တစ်ဦးတည်း မဟုတ်ပဲပူး ပေါင်းပါ ၀င်ရိုက်နှက်မှု  ပုဒ်မ ၁၄၄ ဖြင့်  အမှုဖွင့်အရေးယူခဲ့ ခြင်းဖြစ်သည် ။

သျှမ်းပြည်နယ်အတွင်း အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့် ရှောက်ရေး ဥပဒေပုဒ်မ(၃) နှင့် အရေးယူခဲ့သည့်အမှု ပေါင်း (၁၄) မှုရှိခဲ့ ကြောင်း တာဝန်ရှိသူများ ထံမှဆက်လက်သိရှိရပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Jul 1, 2015, 5:09:46 PM7/1/15
to thuau...@gmail.com

ထိုင်း နယ်စပ်ရှိ ၀ တပ်စခန်းကြီး ၇ ခု ရုပ်ပေးရန် မြန်မာ စစ်တပ်ထံ ထိုင်း တောင်းဆို

Posted: 01 Jul 2015 01:39 AM PDT

၂၀၁၅ ဂျွန် ၃၀ ရက် သျှမ်းပြည်အရှေ့ပိုင်း မြို့နယ်အဆင့် ထိုင်း - မြန်မာ နယ်ခြား ကော် မတီများ နယ်စပ်ဖြတ်ကျော် အရေးကိစ္စများ ဆွေးနွေးရာ တွင် ထိုင်းနယ်စပ်မျဉ်းပေါ် ရှိ ၀ တပ် စ ခန်း ၇ ခု တပ်ဆုတ်ဖို့ မြန်မာအစိုးရကို ထိုင်းအာဏာပိုင်က တောင်းဆိုလိုက် သည်။



သုံးလတကြိမ် လုပ့်လေ့လုပ်ထရှိသည့် အဆိုပါ ထိုင်း - မြန်မာ နယ်ခြားကော်မတီ အစည်း အဝေးတွင် နယ်စပ်ဖြတ်ကျော်လာသည့် မှုခင်းကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ နယ်စပ်မျဉ်းကိစ္စ၊ လူကုန်ကူးကိစ္စ အပါဝင် စစ်ရေးတင်းမာနေသည့် ၀ တပ်ဖွဲ့ နှင့် အစိုးရတပ်မတော်ကြား စစ်ရေးအခြေအနေ ဆွေးနွေးရာတွင် ထိုင်းနယ်စပ် ချင်းမိုင်ခရိုင်နှင့် ကပ်လျှက်ရှိနေသည့် ၀ တပ်စခန်း ၇ ခုအား ဖယ်ရှားပေးရန် တောင်းဆိုလိုက်သည်ဟု ထိုင်းနိုင်ငံ မတိချွန်း သတင်းစာက ရေးသားသည်။

“ကျနော်တို့ကနေ ၀ နဲ့ အစိုးရ ကြား စစ်ရေးတင်းမာမှုကိုမေးမြန်းတယ်။ တိုက်ပွဲဖြစ်ရင် မလွယ်ဘူး။ စစ်ဘေးစစ်ဒဏ်က ထိုင်းကော ထိတယ်။ မြန်မာပြည်ထဲက စစ်ပြေး တွေဒီဘက် ကို အကုန်ရောက်လာမယ်။ နယ်စပ်မှာ တိုက်ပွဲမဖြစ် ဖို့ ၀ တွေ ဖယ်ပေးဖို့ ကျနော်တို့ တောင်းဆိုလိုက်တော့ သူတို့လဲ လွယ်လန်းမှာ ရှိတဲ့ ကျနော်တို့ တပ်စခန်းကို ဖယ်ပေးဖို့ တုန့်ပြန်တယ်။ ဖယ်မယ် မဖယ်ဘူးဆိုတာတော့မသိဘူးလေ၊ သူတို့လဲ အထက်ကို တင်ပြ မယ်။ ကျနော်တို့လဲ အထက်ကို  တင်ပြမယ်။” - ဟု အမည်မဖေါ်လိုသည့် ထိုင်းလုံခြုံ ရေး အရာရှိကြီး တဦး ကပြောသည်။

ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် တွင်နေထိုင်သည့် ဦးခွန်းဆေက - ပိန်းလုံ၊ လတ်တိုင် ဘက် မှာ ဘဲ နှစ်ခု - သုံးခု ရှိတယ်။ လွယ်ထွေ့ဘက်၊ နောင်အွတ် ဘီပီဝမ်းဘက်မှာကောဘဲ ၀ တပ် စခန်းတွေရှိတယ်လေ - ဟု ပြောသည်။

ယခု ထိုင်း-မြန်မာ နယ်ခြားကော်မတီ တွေ့ဆုံမှုသည် ၈၃ ကြိမ်မြောက်ဖြစ်သည်။

ထိုင်းအစိုးရ နှင့်မြန်မာအစိုးရတို့သည် စစ်အစိုးရလက်ထက် ကတည်းက ‘ထိုင်း- မြန်မာ နယ်ခြားကော်မတီ’ ဖွဲ့စည်းထားပြီး မြို့နယ်အဆင့် TBC အစည်းအဝေးကို ၃ လတကြိမ်  ၊ တိုင်းအဆင့်  RBC အစည်းအဝေးကို ၆ လ တကြိမ်၊ နိုင်ငံတော်အဆင့်  JBC  ကို ၁ နှစ် ၁ ကြိမ် ဆွေးနွေးပွဲကျင်းပလေ့ရှိသည်။

ထိုင်း - မြန်မာ နယ်ခြားကော်မတီဖွဲ့စည်းထားတကဲ့သို့ တရုတ်နယ်စပ်တွင်လဲ တရုတ်-မြန်မာနယ်ခြားကော်မတီ ဖွဲ့စည်းထားပြီး ယခုကဲ့သို့ မကြာခဏတွေ့ဆုံဆွေးနွေး လေ့ရှိပါသည်။

ဝ ကို အစိုးရ တပ်မတော် တကယ် တိုက်နိုင် မှာလား

Posted: 30 Jun 2015 06:57 PM PDT

သျှမ်းပြည်အရှေ့ပိုင်း ထိုင်း - သျှမ်းပြည်နယ်စပ် တလွှားမှာ အစိုးရတပ်မတော် နဲ့ ဝ ပြည်သွေး စည်း ညီညွှတ်ရေးတပ်တော် တို့ သစ်ပြဿနာကြောင့်တွေ့ဆုံဖြေရှင်းမှု ပြေလည်သွားပြီ။ စစ်ရေးတင်းမာ မှုပြေလျှော့သွားပြီ- စသဖြင့်သတင်းတွေ ထွက်နေပေမယ့် လက်တွေ့က မီးခဲပြာဖုံး ကြိမ်မီးအုန်း သလို အချင်းချင်း လက်သီးဆုတ် အိပ်ကပ်ဖုံး အပြုံးမျက်နှာနဲ့ ဟန်ဆောင်ဆက်ဆံနေကြတယ်ဆိုရင် လည်းမှားမယ် မထင် ပါဘူး။

 ၀ ပြည်သွေးစည်ညီညွတ်ရေးတပ်မတော်နှင့်အစိုးရတပ်မတော်

သစ်ခုတ်မှုပြဿနာကြောင့် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်ရဲ့ လူ ၁၆ ယောက်၊ သစ် တန်ချိန် ၃၀၀ ခန့်ကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီ လူ ၁၆ ယောက်ထဲမှာ ၆ ယောက်က တရုတ် ပြည်က တရုတ်လူ မျိုးလို့ အစိုးရက စွပ်စွဲထားပါတယ်။ သစ်ရောလူပါ ပြန်ရဖို့ တောင်းဆိုပေ မယ့် အစိုးရဘက်က ပြန်ပေး တဲ့အတွက် ဝ တပ်ဖွဲ့က အင်အားဖြည့် ခြိမ်းခြောက်တဲ့အတွက် တပ်မတော်ဘက်က  နားထင်ကိုတံတွေးဆွတ် ခံလိုက်ရသလို အမျက်တော် ရှသွားပုံရတယ်။

ကိုယ်မွေးတဲ့မျောက်ကိုယ့်ကိုပြန်ခြောက်ဆိုသလို တပ်ချုပ်ကြီးက ဝ ကို နေပြည်တော် ဆင့်ခေါ်ပြီး ရာဇသံပေးလိုက်တယ်လို့ ဆိုပါတယ်။

(၁) အချက် ပြန်ပေးမယ်လို့ ပြောထားတဲ့သစ်တန်ချိန် ကိစ္စလည်း ပြန်ပေးတော့မှာ မဟုတ်ကြောင်း၊

(၂) ဖမ်းထားတဲ့အဲဒီတရုတ်  ၆ ဦးကိုလဲ ပြန်လွှတ်မှာမဟုတ်ဘဲ နိုင်ငံတော် တည်ဆဲ ဥပဒေနဲ့ အညီ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် တပ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမဟုတ်ကြောင်း၊ နိုင်ငံတော် အတွင်း မှာနေထိုင်ပြီး နိုင်ငံတော်ကိုအာခံလို့မရကြောင်း၊ ဒီ့အတွက် ထိုက်တန်တဲ့ အရေးယူမှု ပြုလုပ်သွားမည်ဖြစ် ကြောင်း ဝ တပ်ဖွဲ့ကို ပြောကြား လိုက်တယ်လို့ ဆိုပါတယ်။

ဒီ့အတွက်ကြောင့်လားတော့မသိဘူး။ သျှမ်းပြည်တောင်ပိုင်း ကလောမြို့အခြေစိုက် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းတွေကို စုစည်းပြီး ဂျွန် ၂၇ ရက်နေ့က သံလွင်အရှေ့ပိုင်း မိုင်းဆတ် ခရိုင် မိုင်းတုံ မြို့နယ် ထိုင်းနယ်စပ် ၀ ထိန်းချုပ် ဒေသဘက်သို့ ပို့ဆောင် လိုက်ပါတယ်။ စစ်ကားကြီး ၅၀ ကျော်က လူသူ လက်နက်ကြီး တွေ နဲ့အတူ ရေပေါ် လျှပ်ပြေးမော်တော် စပစ်ဘုတ်တွေလဲ ယူဆောင် လာတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဂျွန်လဆန်းပိုင်း ပြဿနာ စတင်လာကတည်းက တပ်ချထားတဲ့နေရာတချို့ နှုတ်ထွက် ခြင်း မရှိသေးတာကလွဲလို့ ၀ ဘက်ကတော့ ထူးထူးခြားခြား လှုပ်ရှားတာ မရှိသေးပါဘူး။ ပြောရေး ဆိုခွင့် ဦးအောင်မြင့်ကလဲ မီဒီယာတွေကို စစ်ရေး တင်းမာ နေမှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ဘဲ ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

မိုင်းတုံသား စိုင်းန က “တင်းမာနေတဲ့အနေအထား ဘယ်အဆင့်ရှိနေလဲဆိုတာ ကျနော်တို့လဲ မသိဘူး။ ကျနော်တို့ မိုင်းတုံမြို့တွင်းတော့ ပုံမှန်သွားလာနေတာဘဲ။ တခုတော့ရှိတယ် စရဖ အကြီး အကဲ တဦးက ကျနော်တို့ကို နောက်သလိုလို လာပြောတယ်။ ခင်ဗျားတို့ ပုန်းဖို့ ခံတုတ်ကျင်းတူး ထားတော့။ အလား အလာမကောင်းဘူး- လို့ ပြောတယ်” - ပြောပါတယ်။

ဝ အရာရှိ အိုက်စော က - အစိုးရ တပ်ဘက်က စစ်ရေးတွေ ပြင်ဆင်နေတယ်။ လားတပ်တွေ အင်အား ဖြည့် နေတယ်။ ကျနော်တို့ အကုန်ကြားတယ်။ ကျနော်တို့ ကတော့ အထက်အမိန့်ဘဲ။ ဆုတ်ဆိုဆုတ် ပေါ့။ အခုက ဆုတ်မိန့် ပေးမထားဘူး။ နေရာ တော်များများမှာ ရှိနေတုန်းဘဲ။ ပုံပါကျင် - မိုင်းဟန် - မိုင်းတုံလမ်း ကင်းချ စစ်ဆေးတာတော့ နှုတ်လိုက်ပါပြီ။ ဒါပေမယ့် ဗမာတပ်က အင်အားဖြည့်လာ နေတာကြားတော့ စိတ်မချရဘူးလေ ချဆိုချဘဲပေါ့ - ဟုပြောပါတယ်။

ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်ဟာ - လူအင်အားရှိတယ်၊ ငွေရှိတယ်၊ လက်နက် အပြည့်အစုံ ရှိတယ်။ သံချပ်ကာ ကားတွေရှိတယ်။ လေယာဉ် ပစ် သေနတ်တွေ ရှိတယ်။ ဒါ့အပြင် တိုက် ရဟတ်ယာဉ် တွေ လဲ ရှိတယ်လို့ သတင်း ထွက်နေ ပါသေးတယ်။ ကျောထောက်နောက်ခံ နိုင်ငံလည်း အပြည့်အ၀ ရှိတယ် - ဒါ့ကြောင့် မြန်မာ့တပ်မတော်ကနေ အင်အားသုံး တိုက်ခိုက် လာမယ်ဆိုရင် မိမိနယ်မြေဒေသ ကာကွယ်ဖို့ အဆင်သင့်ရှိတယ်လို့ ရဲဝံ့စွာ ပြောကြားလာတာ ဖြစ်ပါ တယ်။

ဝ တပ်ဖွဲ့ဟာ ၁၉၈၉ အပစ်ရပ်တဲ့နောက်ပိုင်း စစ်အစိုးရ နဲ့ပူးပေါင်းပြီး ခွန်ဆာ ဦးဆောင်တဲ့ မုန်းတိုင်း တပ်မတော်ကို တိုက်ခိုက်ခဲ့ပါတယ်။ ထို့အတူ ၂၀၀၁၊ ၂၀၀၂ နဲ့ ၂၀၀၅ ခုနှစ် ကလဲ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်တဲ့ သျှမ်းပြည် တပ်မတော် ကို အင်အားအလုံးအရင်းနဲ့ တက်တိုက်သော်လည်း အရှုံးမလှ နဲ့ နောက်ဆုတ်ခဲ့ရပါတယ်။

ထိုစဉ်ဗိုလ်ချုပ်ကြီး ခင်ညွန့်က သျှမ်းပြည်တပ်မတော်ထံကနေ ရတဲ့ တပ်စခန်းအားလုံး ၀ တပ်ဖွဲ့ကိုပေး မယ်၊ အခြေစိုက်နိုင်တဲ့နေရာအားလုံး ၀ တပ်ဖွဲ့နဲ့ တပ်မိသားစုဝင်တွေ နေခွင့် ပေးမယ်လို့ ကတိကဝတ် ပြု ထားတာကို အကြောင်းပြပြီး ထိုင်းနယ်စပ်မှာ ရှိတဲ့ နယ်မြေတွေ ကို မြောက်ပိုင်း ၀ နယ်တွဲပြီး တည်းခြားပြည်နယ်ထူထောင် လိုတာဖြစ် ပါတယ်။

၂၀၀၉ ခုနှစ်က စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်ပြောင်းလဲရေး ဖိအားပေး ခံခဲ့တဲ့ အချိန်က တကြိမ်၊ ၂၀၁၃ ခုနှစ်က တကြိမ် မြောက်ပိုင်း တရုတ်နယ်စပ်တို့ တပ်ရုပ်ပြန်ဖို့ ဖိအားပေးခံရတဲ့ အချိန် မြန်မာ့တပ်မတော် နဲ့ စစ်ရေး တင်းမာခဲ့ ဖူးပါတယ်။ ဒါပေမယ့် ထိပ်တိုက်တဲ့ အဆင့်မရောက်ခဲ့ပါဘူး။

လက်ရှိ အနေ အထားကလဲ ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြေရှင်းနိုင်ရင် ၀ တပ်နဲ့ မြန်မာ တပ်ပူးပေါင်း တိုက် ခိုက်မှုကိုခံခဲ့ရဖူးတဲ့ သျှမ်းပြည်တပ်မတော်ကလဲ စစ်ဘေး စစ်ဒဏ် အတွက် စစ်ဘေးရှောင်လူထုကို အကာကွယ်ပေးဖို့ အသင့် ပြင်ဆင် ထားတယ်လို့ ခိုင်လုံတဲ့သတင်းက ပြောပါတယ်။

မြန်မာအစိုးရ ရဲ့ ငြိမ်းချမ်းရေး အဆင့်မြင့် ကိုယ်စားလှယ်ကြီး တဦးကတော့ - မြန်မာ့ တပ်မ တော် မှာ စစ်သည်အင်အား ၅ သိန်းရှိတယ်။ ၅၀၀၀ လောက်ထိုးကျွေးလိုက်ရင် UWSA ၀ တပ်ဖွဲ့နယ်မြေအားလုံး ကို ထိန်းချုပ်နိုင် လောက်တယ်လို့ပြောပါတယ်။
ဝ တပ်ဖွဲ့မှာတော့ တောင်ပိုင်းထိုင်းနယ်စပ် အမှတ် ၁၇၁ စစ်ဒေသ လက်အောက်ခံ တပ်မဟာ ၅ ခု၊ မြောက်ပိုင်း တရုတ်နယ်စပ်မှာ ပန်ဆန်း ဗဟိုဌာနချုပ်အထူး တပ်မဟာ အပါအဝင် တပ်မဟာ ၄ ခု ရှိပါတယ်။

UWSP ဥက္ကဌကြီး ပေါက်ယူချမ်း ဦးဆောင်နေတဲ့ လက်ရှိ ဝ ပြည်သွေးစည်းညီညွှတ်ရေး တပ်မ တော် တွင် တပ်မဟာ ၉ ခု ရှိကြောင်း၊ တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက်ပိုင်း ဝ နယ် ၄ ခု၊ တပ်မ ဟာ တခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိကြောင်း၊ ထို့အပြင် ပြည်သူ့စစ် တပ်မဟာလည်းရှိသေးကြောင်း ပန်ဆန်း ဌာနချုပ် ၀ အရာရှိ ကြီး တဦးက ပြောပါသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့  မြောက်ပိုင်း ဝ နယ်မှာဆိုရင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့် တိုးချဲ့တပ်မဟာသစ် ၆၁၈ အပြင် တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ်ကြသည်။

မြန်မာ့တပ်မတော်ကတော့ ပြည်ထောင်စုတဝှမ်းလုံးမှာ ကြည်းတပ်စစ်တိုင်းကြီး ၁၄ ခု အနက် သျှမ်း ပြည် နယ်အတွင်းမှာ ၄ ခု။ စစ်တိုင်းတခုလျှင် လက်အောက်ခံတပ်ရင်း ၄၅ ရင်းကနေ ၅၀ ရင်း အထိရှိ ပါတယ်။ ဆေးတပ်၊ အင်္ဂျင်နီယာတပ်၊ သံချပ်ကာတပ်၊ အမြောက်တပ်၊ ထောက်ပံ့တပ်… စတဲ့တပ်တွေ မပါဝင်သေးပါဘူး။

မည်သို့ပင်ဆိုစေ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ ၁၉၈၉ ခုက ပထမ အကြိမ် အပစ်ရပ်ပြီး ဦးသိန်းစိန်အစိုးရတက်လာသည့်တိုင် ၂၀၁၁ ခုနှစ်က ပဏာမအဆင့် ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူ လက်မှတ် ရေးထိုး ထားတဲ့ အင်အားကြီး အဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပါတယ်။


လွှတ်တော် အမတ်အား တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့် ပုဒ်မ ရှမ်းလွှတ်တော် ကိုယ်စားလှယ် ဆွေးနွေး

Posted: 30 Jun 2015 06:45 PM PDT

ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသည့်  ပုဒ်မ ၃၉၆ (ခ) လွှတ်တော်ကိုယ်စားလှယ်အား တာဝန်မှ ပြန်လည်ရုပ် သိမ်းခြင်း ပုဒ်မနှင့်ပတ်သက်၍ သင့်တော်သည့် ရာခိုင်နှုန်းကို တိုးမြင့်ပြီး အဆိုပါပုဒ်မအား ဆက်လက်ထားရှိရန် သျှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တဦးမှ ဂျွန်လ ၃၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ် တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု


ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အခြေခံ ဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (ခ) နှင့် ပတ်သက်သည့် ပုဒ်မများကို ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဥပဒေမူကြမ်းတွင် ပယ်ဖျက်ရန်တင်ပြထားသော လွှတ်တော်ကိုယ်စားလှယ် များတာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ဆိုင်ရာ ပုဒ်မနှင့် ပတ်သက်၍ ဆက်လက်ထားရှိရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုမှ တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

‘အခြေခံ ဥပဒေကို ပြန်ကြည့်ရင် ၀န်ကြီးနဲ့ အစိုးရအဖွဲ့ကို လွှတ်တော်က စွပ်စွဲပြစ်တင်လို့ရတယ်။ ဒါကြောင့် ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တင်မြောက်ထားတဲ့ ပြည်သူတွေက မကြိုက်မနှစ်သက်ရင် ပြန်လည် ဖြုတ်ချခွင့်ဆိုတာ ရှိသင့်တယ်။ မဏ်ဏ္ဍိုင် ၃ ရပ်အပြန်လှန် ထိန်းကျောင်းနိုင်ဖို့ အတွက် ပြည်သူကလည်း အရေးကြီးလို့ ပြည်သူရဲ့ အခွင့်ရေး မဆုံးရှုံးရအောင်လို့ပါ။ ၁ ရာခိုင်နှုန်းဆိုတာ နည်းနေရင် မဲဆန္ဒနယ်က ပြည်သူ ၅ ရာခိုင်နှုန်း သို့မဟုတ် ၁၀ ရာခိုင်နှုန်းလို့ ပြင်ဆင်သင့်တယ်’ ဟု ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောသည်။

လက်ရှိ ကျင့်သုံးနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၆ (ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံး  ၁ ရာခိုင်နှုန်း တိုးပါက တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့်တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ဖော်ပြထားသည်။

ယင်းပုဒ်မကို အသုံးပြု၍ လွှတ်တော်ကိုယ်စားလှယ်များအား  တာဝန်မှ ရုပ်သိမ်းပေးရန် တောင်းဆိုမှု အများအပြားရှိခဲ့ပြီး ဥပဒေတွင် ပြဌာန်းထားသည့် ၁ ရာခိုင်နှုန်းမှာ နည်းလွန်းနေသည့်အတွက် ဥပဒေအား ထပ်မံပြင်ဆင်ခြင်း သို့မဟုတ်  နည်းဥပဒေများ ရေးဆွဲပြီးပါမှ အဆိုပါ ပုဒ်မအား အသုံးပြုရန် ယခင်က လွှတ်တော်တွင် ဆုံးဖြတ်ထားခဲ့သည်။

သို့သော်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မှ တင်သွင်းလာသည့် အခြေခံ ဥပဒေပြင် ဆင်ရေး မူကြမ်းတွင် အဆိုပါ ပုဒ်မအား ပယ်ဖျက်ရန် ဆိုပြီး ပါရှိလာခဲ့ခြင်း ဖြစ်သည်။ ယင်းပုဒ်မနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည့် ဂျွန်လ ၃၀ ရက်နေ့တွင်မူ ကန့်ကွက်ကြောင်း ၀င်ရောက်ဆွေးနွေးသူ မရှိခဲ့ပေ။

ပုဒ်မ ၄၃၆ (ခ) ကို သုံးပြီး ပြင်ဆင်ရမည့် ဥပဒေပုဒ်မများနှင့် ပတ်သက်၍ ၃ ရက်ကြာဆွေးနွေးကြမည် ဖြစ်ပြီး လာမည့်အပတ်တွင် အဆိုပါ ပုဒ်မများ ပြင်မပြင်နှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ကြမည် ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (ခ) အရ ယင်းနှင့် အကျုံးဝင်သည့် ပုဒ်မများမှာ ပြည်ထောင်စု လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် ရ၅ % ၏ ထောက်ခံချက်ဖြင့်သာ ပြင်ဆင်နိုင်သဖြင့် တပ်မတော်သား ကိုယ်စားလှယ်များက ထောက်ခံမှု ရရှိရန် လိုအပ်နေသည်။

သျှမ်းသံတော်ဆင့်

unread,
Jul 2, 2015, 4:33:51 PM7/2/15
to thuau...@gmail.com

သျှမ်းတွင် အသိမ်းခံရ မြေများ အနက် ဧက ၅ သောင်းကျော် ပြန်လည် ပေးအပ် ပြည်နယ်မြေ အသုံးချ ရေး ကော်မတီပြော

Posted: 02 Jul 2015 08:13 AM PDT

သျှမ်းပြည်နယ်အတွင်း အသိမ်းခံရ မြေယာများအနက် ဧက ၅ သောင်းကျော်အား အစိုးရက ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သျှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီကပြောသည်။



မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီ၏ မြေယာကိစ္စ ဖြေရှင်းမှုနှင့်မြေများလွှဲပြောင်း ပေးအပ်ပြီးစီးမှု အစီရင်ခံစာတွင် သျှမ်းပြည်နယ်အတွင်းပြန်လည် စွန့်လွတ် သည့်မြေဧရိ ယာပေါင်း ဧကငါးသောင်း ခန့်ရှိပြီး၊ စိုက်ပျိုးမြေအဖြစ် သက်ဆိုင်ရာတောင် သူများသို့ လွှဲပြောင်း ပေးအပ်ပြီးဖြစ် သောမြေ ဧရိယာပေါင်း ဧက ၂ သောင်းနီးပါးခန့်ရှိကြောင်း ပါရှိ သည် ။

ပြန်လည်စွန့်လွတ်သည့် မြေများသည် နိုင်ငံတော်မှစီမံခန့်ခွဲပိုင်ခွင့်ရှိ သည့် မြေ အဖြစ်ပြန် လည်သတ်မှတ်ပြီးမူလသိမ်းဆည်းစဉ်က စိုက်ပျိုးမြေများဖြစ်လျှင် သက်ဆိုင်ရာတောင်သူ ထံပြန်လည်ပေးအပ်ကြောင်း သျှမ်းပြည်နယ်လယ် ယာစီမံ ခန့်ခွဲရေးကော်မ တီအတွင်း ရေးမှူး ၊ ပြည်နယ်မြေ စာရင်းမှူး ဦးသိန်းဦး ကပြောသည်။

" လယ်ယာမြေတွေပြန်ပေးလိုက်တာဟာ မူလပိုင်ရှင်ကနေ ပြန်လည်စိုက်ပျိုး နိုင်အောင် ဖြစ်တယ်။ တောင်သူတချို့က ပြန်လည်ရရှိတဲ့မြေတွေကို ပြန်ရောင်းစားလိုက်တယ်။ ၀န်ကြီးချုပ်က အဲလိုမဖြစ်စေချင်ဘူး " ဟု ဦးသိန်းဦး ကပြောသည်။

မူလသိမ်းဆည်းခဲ့စဉ်ကတည်းက စိုက်ပျိုး မြေမဟုတ်ပဲမြေလွတ် မြေရိုင်း နှင့် အခြား မြေများမှာ ဧကငါးထောင်နီးပါးရှိပြီး အဆိုပါမြေများကို ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့၏ကြီးကြပ်မှုနှင့် နိုင်ငံတော် မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ အဖြစ်ထားရှိကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။

သျှမ်းပြည်နယ်တွင် အသိမ်းခံရလယ်ယာမြေများပြသနာ အမှုတွဲပေါင်း ၂၀၀၀ ကျော်ရှိရာ လက်ရှိတွင်အမှုတွဲပေါင်း ၁၀၀၀ ကျော်ဖြေရှင်းနိုင်ခဲ့ပြီးဖြစ်ေ ကြာင်း၊ စိစစ်ဖြေရှင်းဆဲအမှု ကိစ္စပေါင်း ၆၆၈ မှုရှိကြောင်း သိရသည်။

ဗဟိုမြေအသုံးချမှုစီမံခန့်ခွဲ ရေးကော်မတီမှညွန်ကြားလားသောအမှုကိစ္စများ ၊ တိုင်ကြား စာများအား သျှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီမှ သတ်မှတ်ထား သော အချက် ရ ချက်ဖြင့် ပြန်လည်စီစစ်ပေးသည်ဟု သိရသည်။

ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များအား ကိုယ်တိုင်ရွေးချယ်တင်မြောက်မှု ကန့်ကွက်ခံရ

Posted: 01 Jul 2015 06:58 PM PDT

ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များအား သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ် တော်များမှကိုယ်စားလှယ်များ၏ ဆန္ဒဖြင့်ရွေးကောက်တင်မြောက်ရန်-ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းပါ ပြင်ဆင်ချက်အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်လိုက်ပါသည်။



ဂျူလိုင်လ ၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (ခ) နှင့် ပတ်သက်သည့် ပုဒ်မများနှင့် ပတ်သက်၍ဆွေးနွေးရာတွင် ကိုယ်စားလှယ် ၂၈ ဦးက ဆွေးနွေးခဲ့ကြပြီး အများစုက လက်ရှိ ဥပဒေပါ အချက်အားပြင်ဆင်ရန် သဘောဆန္ဒရှိခဲ့သော်လည်း တပ်မတော်သား ကိုယ်စားလှယ် ၄ ဦးစလုံးမှ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည့် ဗိုလ်မှူးချုပ် အောင်ကျော်နိုင်က -“ကမ္ဘာ့နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံရဲ့ ဖြစ်တည်မှု လူမျိုးကိုးကွယ်ရာဘာသာတွေအပေါ် အခြေခံပြီး မိမိ တို့နိုင်ငံနဲ့ကိုက်ညီတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ ရေးဆွဲထားတယ်ဆိုတာပေါ်လွင်ထင်ရှားပါ တယ်။ ဒီကနေ့ အချိန်ဟာ ထာဝရ ငြိမ်းချမ်းရေးအကောင်ထည်ဖော်ဖို့အတွက် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းနေချိန်ဖြစ်တယ်။ အပစ်ခတ်ရပ်စဲရေး ဆွေး နွေးပြီး နောက်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်လုပ်သွားမှာဖြစ်ပါတယ်။  ၀န်ကြီး ချုပ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းဒေသကြီး တွေက လွှတ်တော် ကိုယ်စား လှယ် တွေရဲ့ ဆန္ဒနဲ့ အညီ တင်မြောက်မယ် ရွေးချယ် ခန့်အပ် မယ်ဆိုရင် တချို့နေရာဒေသတွေမှာ အဖွဲ့အစည်း တွေရဲ့ သြဇာလွှမ်းမိုးမှုတွေကြောင့် မျှတမှုမရှိတဲ့ ရွေးချယ်မှုတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါ တယ်။ စည်းလုံး ညီညွတ်မှု ပြိုကွဲပြီး ထာဝရ ငြိမ်းချမ်းရေးအပေါ် အကျိုးသက် ရောက်မှုတွေရှိ လာမှာ ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော်သမ္မတရဲ့ ဆန္ဒနဲ့ အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲကသာ ခန့်အပ်ခွင့်ရှိတယ်ဆိုတဲ့ အတိုင်း ဆက်လက်ထားရှိဖို့ ဆန္ဒပြုလိုပါတယ်။ ”  ဟု ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။


လက်ရှိအသုံးပြုနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များအရ ပြည်နယ်နှင့် တိုင်း ဒေသကြီး ဝန်ကြီးချုပ် များမှာ သမ္မတ၏ သဘောဆန္ဒဖြင့်သာ ရွေးချယ်နေခြင်းဖြစ်ပြီး အရပ်သား ကိုယ်စားလှယ်ဖြစ်စေ၊ တပ်မတော်သား ကိုယ်စားလှယ်ဖြစ်စေ ၄င်း၏ စိတ်ဆန္ဒရှိပါက တင်မြှောက် ခွင့်ရှိနေခြင်း ဖြစ်သည်။

လက်ရှိ ဥပဒေပါ ပြဌာန်းချက်များအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်နယ်အုပ်ချုပ်ရေး ဦးစီး ဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်ဟု ဖော်ပြထားပြီး ၄င်းမှာ ပြည်ထဲရေး ၀န်ကြီးဌာန၏ လက်အောက်တွင် ရှိ သဖြင့် တပ်မတော်၏ လက်အောက်တွင်ရှိသကဲ့သို့ ဖြစ်နေသည်။

နှစ် ၆၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပြသနာကိုပြန်ကြည့်ပါက တိုင်းရင်း သားများ အနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် တန်းတူအခွင့်ရေးများအတွက် လက်နက်စွဲကိုင်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ဒေသအား မိမိတို့မှ အုပ်ချုပ်ခွင့်ဆိုသည့် အချက်မှာလည်း အခရာကျသည့် အနေအထားတွင် ရှိနေခဲ့သည်။

ယခုဆွေးနွေးမှုမှာ ဆွေးနွေးမှုသာ ဖြစ်သော်လည်း တပ်မတော်သား ကိုယ်စားလှယ် အများအပြားက မူလအတိုင်း သာထားရှိရန် ကန့်ကွက်မှုများကြောင့် မဲခွဲဆုံးဖြတ်ရာတွင်လည်းရှုံးနိမ့်ရန် သေချာ သ လောက်ရှိနေပြီဖြစ်သည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ စိုင်းလိတ်က ပြောသည်။

ထို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား တန်းတူအခွင့်အရေးစသည့် ကဏ္ဍများတွင် တပ်မတော်၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်ဟု လည်း ၄င်းက ပြောသည်။

“အခုပြန်ကြည့်လိုက်မယ်ဆိုရင် တပ်မတော်အနေနဲ့ ဒီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ ဘာမှအဆင်သင့် မဖြစ်ဘူး။ ပြည်ခိုင်ဖြိုးက တချို့တောင် ပြည်နယ်ဝန်ကြီးချုပ် တိုင်းဝန်ကြီးချုပ်ကိစ္စကို ထောက်ခံတာ တွေ့ ရတာ။ အခု ဆွေးနွေး ပြီးသလောက်ပြန်သုံးသပ်ရရင် ဘာမှ ရေရေရာရာ ပြင်ဆင်ဖို့ မရှိသေးတဲ့ အတွက် တပ်မတော်အနေနဲ့ နောက် ၅ နှစ်လောက် ဆက်ပြီး အုပ်ချုပ်မယ်ဆိုတဲ့ သဘောဖြစ်နေတယ်။”   ဟု မှတ်ချက်ပြုသည်။

ယင်းအပြင်   ပန်ဆန်းတွင်   ညီလာခံမှ  ဖွဲ့စည်းပုံ အခြေခံ  ဥပဒေအား ပြင်ဆင်ပေးရန် ဟူသည့် အချက် ဆွေးနွေး ခဲ့သော်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ခက်ခဲနေသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား တည်ဆောက်ရန် ကြိုးစားနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ နှောင့်နှေးသွားပြီဖြစ်ကြောင်း စိုင်းလိတ်က သုံးသပ်သည်။

ဂျူလိုင်လ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှုအတွက် ပုဒ်မ ၄၃၆ (ခ) နှင့် ပတ်သက်သည့် ဆွေးနွေးမှုများတွင် သျှမ်းလွှတ်တော်ကိုယ်စားလှယ်များအပါဝင်  ကိုယ်စားလှယ် ၂၈ ဦးမှ ပြင်ဆင်ရန် အချက် ၄၃ ချက်အား ဆွေးနွေးခဲ့ကြရာတွင် တပ်မတော်သားကိုယ်စားလှယ်များက တချက်မှ မပြင်ရန် ကန့်ကွက်ဆွေးနွေးခဲ့သည်ဟုဆိုသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (ခ) ကို အသုံးပြုပြီး ပြင်ဆင်ရမည့် ပုဒ်မများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်ထောက်ခံမှုဖြင့်သာပြင်ဆင်နိုင် သဖြင့် ဥပဒေအရဆိုလျှင် တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံချက်လိုအပ်မည် ဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
Jul 3, 2015, 4:05:02 PM7/3/15
to thuau...@gmail.com

တိုင်းရင်းသားများ ဘက်မှ ဖြည့်စွက်သည့် အချက်များတွင် လက်ခံရန် ခက်ခဲသည့် အချက်များ ပါဝင် ဦးအောင်မင်း သတိပေး

Posted: 03 Jul 2015 10:23 AM PDT

အပစ်အခတ်ရပ်စဲရေး မူကြမ်းတွင် ထည့်သွင်းရန်အတွက် လော်ခီးလာ ညီလာခံမှ ထပ်မံဖြည့်စွက် သည့် အချက်များတွင် အစိုးရဘက်မှ လက်ခံရန်  အခက်ခဲ ရှိနေဆဲ ဖြစ်သည့် အချက်များ ပါဝင်နေသည့် အတွက် ထပ်မံညှိနှိုင်းခြင်း Re negotiation Process ရှိလာပါက အစိုးရဘက်မှလည်း ထပ်မံဖြည့်စွက်သည်များ ရှိလာနိုင်ကြောင်း ၀န်ကြီးဦးအောင်မင်းက ပြောဆိုသည်။



လက်ရှိအချိန်အကန့်သတ်အတွင်းမှာ ထပ်မံညှိနှိုင်းတဲ့ ဖြစ်စဉ်တစ်ခုအတွက် အခက်ခဲရှိနေတယ်။ ဒါကြောင့် လော်ခီးလာ ညီလာခံက အချက်တွေကို ဘယ်လို ညှိနှိုင်း ရမယ်ဆိုတဲ့ နည်းလမ်းကို ထွက်ပေါက်အဖြစ် အသုံးပြုပြီး ၀ိုင်းဝန်း အဖြေရှာ ကြဖို့ တိုက်တွန်းလိုက်ပါတယ် -  ဟု အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဖြစ်သူ ဦးအောင်မင်းက တိုက်တွန်းပြောဆိုသည်။

ဂျူလိုင်လ ၃ ရက်နေ့က လော်ခီးလာ တိုင်းရင်းသားညီလာခံမှ ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသား လက် နက် ကိုင်အဖွဲ့များ၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် ၀န်ကြီး ဦးအောင်မင်း ၊ ဦးခင်ရီတို့ ဦးဆောင် သော အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီတို့  ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်   အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ ကြပြီး ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းပြောကြား ရာတွင် ၀န်ကြီးဦးအောင်မင်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အစိုးရဘက်တွင်တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ အသစ်ဖွဲ့စည်းလိုက်သည့် အဆင့်မြင့် ကိုယ် စားလှယ်အဖွဲ့နှင့်တရားဝင် တွေ့ဆုံဆွေးနွေးရန်အတွက် အခက်ခဲ (၃) ချက်ရှိနေပြီး ထပ်မံပြင်ဆင်ဖြည့် စွက် လိုသည့်အချက်များထဲမှ တချို့ အချက်များသည် အဓိကကျကြောင်း၊ ယင်းအချက်ကို ကျော်လွှား ရန် နည်းလမ်း တရပ်ကို ရှာဖွေရမည်ဖြစ်ကြောင်း ၊ ကျော်လွှားနိုင်ပါက တရားဝင် ဆွေးနွေး နိုင်မည် ဖြစ်ပြီး ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်နိုင်ရေး ဆိုသည့် မူဝါဒကိုလည်း အပြုသဘောထား ဆွေးနွေးသွားမည်ဖြစ် ကြောင်း ဦးအောင်မင်းက ပြောကြားသည်။

ဒီကြားထဲ ဘာမှ ဆွေးနွေးလို့မရနိုင်ခဲ့ဘူးဆိုရင် အန်စီအေ ( နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်) လို ကိစ္စတွေ အဖွဲ့စုံနဲ့ ဆွေးနွေးဖို့ဆိုတာ နောက်တက်လာတဲ့ အစိုးရအပေါ်မှာသာ မူတည်ပါလိမ့်မယ်။ အဲဒီအခါကျရင် ဖြစ်စဉ်က အသစ် ဖြစ်သွား လိမ့်မယ် - ဟု ဦးအောင်မင်းက ပြောသည်။

မတ်လ ၃၁ ရက်နေ့ နှစ်ဘက်တာဝန်ရှိသူများလက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး မူကြမ်းအား ထပ်မံဖြည့်စွက်ပြင်ဆင်ရန် ၊ ယခင်အစိုးရနှင့် ဆွေးနွေးနေသည့် NCCT အဖွဲ့နေရာတွင် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နှင့် ဆွေးနွေးရန် ၊ အားလုံးပါဝင်သည့် အပစ်ခတ် ရပ်စဲရေး ဖြစ်စဉ် ဖြစ်လာရန်ဆိုသော အချက်များကို KNU ထိန်း ချုပ်နယ်မြေ လော်ခီးလာတွင် ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံမှ သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လော်ခီးလာ ညီလာခံမှဖွဲ့စည်းပေးလိုက်သည့် အဆင့်မြင့်ကိုယ်စားလှယ် အနေဖြင့် အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အချက်တချို့အား ထပ်မံ ပြင်ဆင်ဖြည့်စွက်ရန် ညီလာခံမှ ဆုံးဖြတ်ထားခဲ့သဖြင့် အစိုးရနှင့် တရားဝင် ချက်ခြင်း ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပဲ ယခုအကြိမ်တွင်မှ ပထမဆုံးအကြိမ်အဖြစ် အလွတ်သဘော စတင် ဆွေးနွေး နိုင်ခြင်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်နှစ်ဘက်စလုံးက စိတ်ရှည်ရှည် စေတနာ မှန်မှန်ဖြင့် ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဆိုပါက အများ ပြည်သူ လိုလားနေသည့် စစ်မှန်သည့် ငြိမ်းချမ်းရေးမှာ မလွဲမသွေရရှိမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မျာ၏ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဖဒိုနော်စီဖိုးရာစိန်က ပြောသည်။

ကျမတို့ပြန်သုံးသပ်ကြည့်မယ်ဆိုရင် အစိုးရနဲ့ ကျမတို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကြိုးပမ်းမှုကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ခရီးအတော်ရောက်နေပြီ ဖြစ်တယ်။ ရှေ့ဆက်ပြီး နှစ်ဘက်စလုံးက စိတ်ရှည်ရှည် စေတနာမှန်မှန်နဲ့ ဆောင်ရွက် မယ်ဆိုရင် ကျမတို့အားလုံး လိုချင်တဲ့ ပြည်သူ တွေ လိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မလွဲမသွေရမယ်လို့ ယုံကြည်ပါတယ် ဟု နော်စီဖိုးရာစိန်က ပြောသည်။

တိုင်းရင်းသားများ တန်းတူအခွင့်အရေးအတွက် အာမခံချက်ရှိသည့် တပြည်လုံး အပစ်ခတ် ရပ်စဲမှု စာချုပ်ကို ချုပ်ဆို နိုင်အောင် ကြိုးပမ်း သွားမည် ဖြစ်ကြောင်းလည်း အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ကတိပြု ပြောဆိုခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေး အတွက် တရားဝင် ဆွေးနွေးမှု ရ ကြိမ်ပြု လုပ်ခဲ့ပြီး ယင်း ဆွေးနွေးမှု များတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဗဟိုညှိနှိုင်းမှုအဖွဲ့ NCCT တို့မှ ဦးဆောင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။


ပါလီမန် အာဏာရှင် စနစ်အား ဦးတည် စေသည့် မူကြမ်းပါ အချက်များအား ဖွဲ့စည်းပုံတွင် မထည့်သွင်းရန် SNLD လွှတ်တော် အမတ် ဆွေးနွေး

Posted: 03 Jul 2015 10:16 AM PDT

ပါလီမန်အား တဘက်သတ်အားသာစေပြီး ပါလီမန်အာဏာရှင်စနစ်အား ဦးတည် စေနိုင်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းပါ အချက်များ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ထည့်သွင်ခြင်း မပြုရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။



ဂျူလိုင်လ ၂ ရက်နေ့က ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးမှုများတွင် သျှမ်းတိုင်းရင်းသား လွှတ်တော်အမတ်ဖြစ်သည့် ဦးစိုင်းသန့်ဇင်မှ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မူကြမ်းတွင် ပါရှိသည့် အချို့အချက်များမှာ လက်ရှိသွားနေသည့် သမ္မတ အုပ်ချုပ်သည့် စနစ်နှင့် သွေဖီနေပြီး ပါလီမန်ကို အလွန်တရာ အသားပေး ထားသဖြင့် တဘက်နှင့်တဘက် လွတ်လွပ်လပ် အထိန်းအထေ Check and Balance ပြုလုပ်နိုင်မည့်စနစ်ကို ဖျက်ဆီးရာရောက်သဖြင့် ယင်းအချက်များအား ထည့်သွင်းခြင်း မပြုရန် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ဦးစိုင်းသန့်ဇင်က ပြောသည်။

အခုသွားနေတဲ့ စနစ်ကို ကြည့်မယ်ဆိုရင်  လွှတ်တော်တွေ ဖွဲ့စည်းပုံ ကြည့်မယ်ဆိုရင် ပြည်ထောင်စု အဆင့်မှာ  သမ္မတ ဦးဆောင်တဲ့ စနစ်ကို ကျင့်သုံးပါတယ်။  တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ၀န်ကြီးချုပ်ကနေ အစိုးရကို ဦးဆောင်တဲ့ စနစ်ကို ကျင့်သုံးပါတယ်။  အဲဒီလိုအနေထားကနေ တရားရေးတို့ အုပ်ချုပ်ရေးတို့မှာ ပါလီမန်က တအားဝင်ထိန်းနိုင်တဲ့ အခြေနေမျိုးတွေ ဖြစ်လာရင် တဘက်စောင်း နင်းဖြစ်ပြီး Chaeck and balance တွေ လုပ်လို့ မရတော့မှာ စိုးရိမ်တဲ့အတွက် ဖြစ်ပါတယ်။ ဟု ဦးစိုင်းသန့်ဇင်က ပြောသည်။

ဦးစိုင်းသန့်ဇင်အနေဖြင့် မူလအတိုင်းသာ ထားရှိရန် ဆွေးနွေးခဲ့သည့်  သမ္မတနှင့် သက်ဆိုင်သည့် ပုဒ်မများမှာ ပုဒ်မ ၆၂ ၊ ၆၃ ၊ ၆၄ နိုင်ငံတော်သမ္မတသည် မည်သည့် လွှတ်တော်ကိုယ်စားလှယ် မျှမဖြစ်စေရ၊  ကိုယ်စားလှယ်ဖြစ်လျှင် နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ခံရသည့် နေ့မှစ၍ နှုတ်ထွက်ပြီး အငြိမ်းစားယူပြီးဖြစ်ရမည်။ ပါတီဝင်ဖြစ်လျှင် ရွေးချယ် တင်မြောက် ခံရသည့် နေ့မှစ၍ ပါတီ၏ လုပ်ငန်းဆောင်တာများတွင် ပါဝင်ဆောင်ရွက်ခြင်း မရှိစေရဟူ၍ မူလ ပြဌာန်းချက်ပါ အချက်များအား ထောက်ခံ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သမ္မတ အနေနဲ့ မူလအတိုင်းပဲ သမ္မတ ဖြစ်တာနဲ့ ပါတီကနေနှုတ်ထွက်ရမယ် ပါတီနဲ့ ခပ်ကင်းကင်း နေရမယ်လေ ပါတီလုပ်ငန်းတွေ ပေးလုပ်နေရင် တဘက်စောင်းနင်း ဖြစ်ကုန်မှာပေါ့ ဟု ယင်းက မှတ်ချက်ပြုသည်။

ယင်းအပြင် ပြည်ထောင်စု ၀န်ကြီးများနှင့် ပတ်သက်၍လည်း ကိုယ်စားလှယ် ဖြစ်ရန် မလိုဟု ဆွေးနွေးခဲ့ပြီး ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါကလည်း နှုတ်ထွက်ပြီး ဖြစ်ရမည် ဟူ၍၄င်း ၊ တရားစီရင်ရေးအတွက် တရားသူကြီးချုပ်များကိုလည်း သက်တမ်း ၅ နှစ်အဖြစ် မကန့်သတ်သင့်ပဲ တရားစီရင်ရေး မဏ္ဍိုင် လွတ်လွတ် လပ်လပ် ရှိစေရန် မူလအတိုင်းသာ ထားရှိသင့်အကြောင်းလည်း ဆွေးနွေးခဲ့သည်။ ယင်းအပြင် ပြည်သူများ၏ အခွင့်ရေးဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်မှ ရုပ်သိမ်းခွင့် Rights to Recall နှင့် ပတ်သက်၍လည်း မဲဆန္ဒရှင်၏ အခွင့်ရေးဖြစ်သည့်အတွက် ဆက်လက်ထားရှိသင့်ကြောင်း ဆွေးနွေးခဲ့သည်။

လွှတ်တော်ကနေ တရားသူကြီးတွေရွေးမယ် ၅ နှစ် ဆိုတဲ့ ဟာကလည်း ဆိုးတယ်ဗျ။ တကယ်တော့ တရားရေးမဏ္ဍိုင်က လွတ်လပ်ရမယ်လေ လက်ရှိပြုလုပ်နေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာဆွေးနွေးမှုများတွင် မူကြမ်းမှာ ပါလီမန်စနစ်ကို ဦးတည်စေသည့် အတွက် တပ်မတော်မှ အပြင်းအထန်ကန့်ကွက်နေပုံရကြောင်းလည်း ဦးစိုင်းသန့်ဇင် က မှတ်ချက်ပြုသည်။

အကုန်လုံးကို ပြန်ကြည့်မယ်ဆိုရင် မူကြမ်းပါ အချက်တွေက ပါလီမန်ဘက်ကို တဘက်စောင်းနင်း အကုန်အသားပေးထားတယ် ပါလီမန်ကနေ အကုန်လုံးကို ၀င်ထိန်းချုပ်ဖို့ ရည်ရွယ်ထားတဲ့အတွက် ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ဆိုင်တဲ့ ပုဒ်မတွေတောင်မှ တပ်က ကန့်ကွက်လာတာတွေ့နေရတယ် ဟု ပြောသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် ဖြစ်သူ ဒေါ်နန်းဝါနုကမူ မူကြမ်းတွင်ပါရှိသည့် ဇယား (၂) နှင့် ဇယား (၅) ဥပဒေပြုခွင့်နှင့် အခွန်ကောက်ခံခွင့်များတွင် ဗဟိုချုပ်ကိုင်မှုများ လျှော့ချလိုသည်ကို တွေ့ရသည့် အတွက် ၀မ်းသာကြောင်းနှင့် သို့သော် ပြည်ထောင်စု က ပြဌာန်းထားသည့် ဥပဒေနှင့် အညီဟု ပါဝင်သဖြင့် ပေးကားပေး၏ မရဆိုသလို ဖြစ်နေပြီး သယံဇာတ အရင်းမြစ် ခွဲဝေရေးကိုပါ ထည့်သွင်းကာ ပြည်ထောင်စုမှ ပြဌာန်းထားသည့် ဥပဒေနှင့် အညီဆိုသည်ကို ဖြုတ်သင့်ကြောင်း ပြောဆိုသည်။

အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား စစ်တပ်တို့ တိုက်ပွဲကြောင့် ပြည်ထောင်စု လမ်းမ ခေတ္တ ပိတ်ထားရ

Posted: 03 Jul 2015 10:09 AM PDT

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသားစစ်တပ်တို့ တိုက်ပွဲကြောင့် ပြည်ထောင်စုလမ်းမကြီး(မူစယ်-မန္တလေးကားလမ်း) ကို  မနက် (၈း၃၀)နာရီမှ  မွန်းလွဲ (၁၂း၃၀) နာရီ အထိ ခေတ္တပိတ်ထားရကြောင်း သတင်းရရှိသည်။




တိုက်ပွဲဖြစ်ပွားနေသောနေရာမှာ ကွတ်ခိုင်နှင့်နမ့်ဖတ်ကာရွာတို့ကြား ပြည်ထောင်စုလမ်းမပေါ်၌ ရှိသော ရှုခင်းသာ အနီးတွင်ဖြစ်ကြောင်း၊ အစိုးရတပ်နှင့်တိုက်ပွဲဖြစ်ပွားသော တပ်မှာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် တအာင်း လွတ်မြောက်ရေး တပ်(TNLA) တို့ဖြစ်ကြောင်း  နမ့်ခမ်းကားဆရာ စိုင်းအိုက်ဆိုသည်။

“မူစယ် ဘက် တက်မယ့်ကားတွေကို ကွတ်ခိုင်မြို့ အေးရှားဝေါး ဂိတ်မှာပဲ သက်ဆိုင်ရာမှ ရပ်ခိုင်းနေတယ်၊ မနက် ကနေ မွန်းလွဲတဲ့အထိပေါ့။ ကုန်ကားတွေရော ခရီးသည်ကားကြီးကားငယ်ပါမကျန် စုစုပေါင်း အစီး (၅၀၀) လောက်ရှိ နေပြီ၊ ကားတွေက ကွတ်ခိုင်မြို့ အထွက် အေးရှားဝေါ ဂိတ်ကနေ ကွတ်ခိုင်မြို့တွင်းအထိ တန်းစီနေတာ တွေ့ရတယ် ” ဟု ၄င်းကားသမားက သျှမ်းသံတော်ဆင့်အားပြောသည်။

မူစယ်မြို့မှ မန္တလေးဘက် သို့ဆင်းမည့် ကားများကိုလည်း  နမ့်ဖတ်ကာရွာ အနီးမှာပင်ရပ်ခိုင်းနေကြောင်း ကားအ စီး (၃၀၀)ထက်မနဲရှိနေကြောင်း ဆယ်ဘီးကားဆရာစိုင်းဦး ကဆိုသည်။

မူစယ်-မန္တလေးကားလမ်းမပေါ် တွင်ပြေးဆွဲသော ကားများကို  တအာင်းလွှတ်မြောက်ရေးတပ်မတော်(TNLA) မှ အခွန်ကောက်ခံပြီးနောက် အစိုးရတပ်ဘက်မှလုံခြုံရေးတိုးချထားမှုကြောင့် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလာ ရသည်ဟု  အမည်မဖော်လိုသော နမ့်ဖတ်ကာရွာ ဒေသခံတစ်ဦးကဆိုသည်။

မူစယ်-မန္တလေးကားလမ်းမ တစ်လျှောက်မှာ အစိုးရစစ်တပ်အပြင် SSPP/SSA သျှမ်းပြည်တပ်မတော် ၊KIA ကချင်လွှတ်မြောက်ရေးတပ်မတော်၊TNLAတအာင်းလွှတ်မြောက်ရေးတပ်မတော်နှင့် ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့များလှုပ်ရှားကြသည်ဟုဒေသခံများကဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အဆင့်မြင့် ကိုယ်စားလှယ် နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ ချင်းမိုင်၌ အလွတ် သဘော တွေ့ဆုံ

Posted: 03 Jul 2015 12:41 AM PDT

ဂျူလိုင်လ ၃ ရက် နံနက် ၉ နာရီမှစ၍ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင် ရေး ကော်မတီတို့ ချင်းမိုင်မြို့ ချန့်ကလန်း လမ်း  Park Hotel တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြသည်။



တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ငြိမ်းချမ်းရေးအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့  EAO SDPG တွင် နော်စီဖိုးရာစိန် ဦးဆောင်သည့် ၁၅ ဦး အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဝန်ကြီးဦးခင်ရီ ဦးလှမောင်ရွှေ တို့ ၅ ဦးအဖွဲ့ တွေ့ဆုံကြသည်။


NCCT ရဲ့တာဝန်ပေးချက်ကြောင့်ကျမတို့ SD ကနေ တွေ့ဆုံဆွေးနွေးရေးဆက် လက်ညှိနှိုင်းသွားမယ်။ အပစ်ရပ် ရေးကို ကျမတို့ တိုင်းရင်းသားအားလုံး တတိုင်းပြည်လုံးက တညီတညွတ်တည်း ရချင်တဲ့ အရာဖြစ်တယ်။ တိုင်းရင်းသားတန်းတူညီမျှမှုကို အာမခံ ချက်ပေးတဲ့ တပြည်လုံးအပစ်ရပ်ရေးစာချုပ် မရရအောင်ကြိုးစားမယ် - ဟု တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန် က အစည်းအဝေးတွင် နှုတ်ခွန်းဆက်စကားပြောသည်။


တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဘက်တွင် အဆင့်မြင့်ကိုယ်စားလှယ်ဖွဲ့ရခြင်း အကြောင်း ရင်းနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးမှာ ဖြစ်ပြီး ဦးအောင်မင်းတို့ ဘက်ကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ဗဟိုကော်မတီ  UPCC မှတုန့်ပြန်လာသော အချက်များအပေါ် တိုင်းရင်းသားကိုယ် စားလှယ်များထံ ရှင်းပြသည်ဟု သိရသည်။

သျှမ်းသံတော်ဆင့်

unread,
Jul 6, 2015, 4:49:14 PM7/6/15
to thuau...@gmail.com

မန္တလေးမြို့ ရွှေမန်းမောင် ကာယဗလ သျှမ်းလူငယ် ပထမ ဆု ၄ နှစ် ဆက်တိုက် ဆွတ်ခူး

Posted: 06 Jul 2015 03:57 AM PDT

မန္တလေးတိုင်း အိုလံပစ် အထိမ်းအမှတ် ကာယ အလှမယ် နှင့် ကာယဗလ မောင် ပြိုင်ပွဲ၌ ရွှေမန်းမောင် ကာယ ဗလ ပထမ ဆုအား မိုးကုတ်သား သျှမ်းလူငယ် စိုင်းချစ်ငွေ ခေါ် စိုင်းဟင်ပေါင်းက ၄ နှစ်ဆက်တိုက် ဆွတ်ခူး ရရှိ ခဲ့ပါသည်။

 မန္တလေးတိုင်း အိုလံပစ်အထိမ်းအမှတ် ရွှေမန်းမောင် ကာယဗလမောင်ပြိုင်ပွဲမှ ဆုရရှိသူများ

 ပထမဆုရှင်စိုင်းချစ်ငွေအတွက် ဂုဏ်ပြုလွှာ


၂၀၁၅ ဂျူလိုင် ၅ ရက်နေ့က မန္တလေးမြို့တော် ခန်းမ ၌  မန္တလေးတိုင်းဒေသကြီး ကာယ ဗလ နှင့် ကာယ ကြံ့ခိုင်မှုဆပ်ကော်မတီ မှ ဦးစီးကျင်းပသည့် အိုလံပစ် အထိမ်းအမှတ် ကာယဗလ ရွှေမန်းမောင် အကြီးတန်းပြိုင်ပွဲတွင် တိုင်းအဆင့် ယှဉ်ပြိုင်သူ ၇ ဦးအနက် စိုင်းချစ်ငွေက ပထမ ဆု ဆွတ်ခူးရရှိသည်။

“ဒီတနှစ်နဲ့ ဆိုရင် ကျနော့်အနေနဲ့ ရွှေမန်းမောင်ဆု ဆွတ်ခူးရရှိတာ ၄ နှစ် ဆက်တိုက်ရှိ သွားပြီ။ တအားဝမ်းသာပါတယ်။ ကာယဗလ ဗဟိုရုံးကနေ ကျနော့်ကို ရွေးထားချယ်ထား ပါတယ်။ ၁၀ ရက်နေ့ နောက်ပိုင်း ရန်ကုန်သွားမယ်။  နိုင်ငံခြားပွဲတွေ ဆက်သွားပြိုင်နိုင်ဖို့ အတွက်ပါ” - ဟု စိုင်းချစ်ငွေကပြောသည်။

အဆိုပါပြိုင်ပွဲတွင် စိုင်းချစ်ငွေ မိုးကုတ် က ပထမ၊ ညီဖြူ Planet GYN ကဒုတိယ၊ အာကာ Planet GYN က တတိယ ဆု အသီးသီးဆွတ်ခူးရရှိသည်။

ယခုပွဲစဉ်တွင် အမျိုးသမီးကာယ အလှ ပြိုင်ပွဲတွင်လည်း သျှမ်းအမျိုးသမီးငယ် နှစ်ဦးပါဝင် ယှဉ်ပြိုင် သည်ဟု သိရသည်။

မန္တလေးတိုင်းတွင် ကာယအလှမယ် ပထမဆုရရှိခဲ့ဖူးသည့် မူစယ်သူ နန်းလောင်ဝ်ခမ်း ကမူ       နိုင်ငံခြားပွဲ၌ သွားရောက်ယှဉ်ပြိုင်ရန် ပဏာမ အဆင့် ရွေးချယ်ခြင်း ခံထားရသဖြင့် ယခုပွဲတွင် ပါဝင်ခြင်းမရှိပေ။

စိုင်းချစ်ငွေခေါ် စိုင်းဟင်ပေါင်းသည် သျှမ်းစာပေချစ်မြတ်နိုးသူတဦးဖြစ်ပြီး နွေရာသီ သျှမ်း စာသင်တန်း တွင်လည်း ဆရာအဖြစ် စေတနာနှင့် နှစ်စဉ် နှစ်တိုင်း ပါဝင် သင်ကြားပေး လေ့ရှိ သည်။ ယခုနှစ် ရွှေမန်းမောင်ပထမ ဆု ၄ ကြိမ်မြောက် ဆွတ်ခူး ရချိန် တွင်လည်း လူငယ်များ အား မူးယစ် ဆေးဝါး ဘေးမှ ရှောင်ရှားပြီး အားကစား တွင် ပါဝင်လှုပ်ရှားလာဖို့ တိုက်တွန်း ပြော ဆိုသည်။

အသက် ၇၀ ကျော်ဘွားအိုတဦး မြေမြှုပ်မိုင်း နင်းမိ သေဆုံး

Posted: 06 Jul 2015 03:46 AM PDT

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်ရှိ အစိုးရ စစ်တပ် အနီး မြှုပ်ထားသည့် မြေမြှုပ်မိုင်း နင်းမိ၍ အသက် ၇၀ ကျော် ဘွားအို တဦး ဒဏ်ရာ အပြင်းအထန်နှင့် သေဆုံး သွားသည်ဟု ဒေသအတွင်း သတင်းရပ်ကွက်မှ သိရသည်။



“မိုင်းကွဲသံကို  ရွာသားတွေ ကြားရတယ်။ အဖွားရဲ့ အော်သံ ကိုလည်း ကြားရတယ်။ ဒါပေမဲ့ ချက်ချင်း သွားမကူနိုင်ဘူး။ အရင်ဆုံး စစ်တပ်က တာဝန် ရှိသူ တွေကို သွားပြော ရတယ်။  အဲတော့မှ အဖွားကို သွားကူနိုင်တာ” ဟု သိန္နီရောက် မိုင်းပွန်းဟွေ ရွာသား စိုင်းအောင် က ပြောပါသည်။

ဂျူလိုင်လ ၄ ရက် မနက် ၈ နာရီကျော် အသက် ၇၀ ကျော်ရှိ နိုင်းပူးဆိုသည့် အဖွားအို တဦး တောထဲ၌ ထင်းသွားရှာရန် နေအိမ်မှ ထွက်လာကြောင်း၊ မိုင်းပွန်းဟွေရွာအနီး သွားရောက်အခြေ စိုက်လှုပ်ရှားသည့် ခမရ ၅၆၇ အခြေစိုက်ရ တပ်စခန်းအနီး ရောက်ရှိစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း သိရသည်။ မိုင်းနင်းမိ၍ အဖွားတွင်ခြေ ၂ ဘက်လုံးပြတ်သွား ကြောင်း ဆိုပါသည်။

“ဆေးရုံခေါ်သွားတုန်းကတော့ လမ်းမှာ အသက်ရှိသေးတယ်။ ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး။ အဲဒီနေ့မှာဘဲ သဂြိုလ်လိုက်ကြတယ်။ ရွာသူရွာသားတွေတော့ တအားကြောက်နေတယ်။ အဲဒီမြေမြှုပ်မိုင်းက သူတို့လုံခြုံရေးအရ သူတို့ပဲထောင်ထား တယ် ထင်တယ်”  ဟု စိုင်းအောင်က ပြောပါသည်။

အဖွားနိုင်းပူးတွင် သားတယောက် ရှိသော်လည်း ထိုင်းနိုင်ငံ အတွင်း သွားရောက် အလုပ်လုပ် ကိုင် ကြောင်း၊ သို့သော် မိခင် သေဆုံးမှုသတင်း ပေးပို့ရန်လည်း သတင်းအစအန လုံးဝ မရရှိကြောင်း ဆို၏။

“ရွာသူရွာသားတွေက ဒီတောတောင်ကို အမှီပြုပြီး နေထိုင်ကြရတာ။ ရွာအနီးပတ်ဝန်း ကျင်မှာ မိုင်းမမြုပ်သင့်ဘူး။ တကယ်လို့ သူတို့မြုပ်မယ်ဆိုရင်လည်း ရွာသူ ရွာသား တွေကို အသိပေး သင့်တယ်။ ဒီအနီး တဝိုက် အတွင်း မလာနဲ့ ဆိုပြီတော့ပေါ့ဗျာ။ ဒီလိုဆိုရင် ရွာသူ ရွာသား တွေဘဲ နစ်နာတယ်လေ” ဟု သိန္နီလူငယ် စိုင်းလောဝ် က ပြောပါသည်။

မိုင်းပွန်းဟွေရွာသည် သိန္နီမြို့နယ် ကောင်းကော်ကျေးရွာအုပ်စု၌ ပါဝင်ပြီး သိန္နီမြို့ နှင့် မိုင် ၃၀ ကျော် ကွာဝေးသည်။

တနိုင်ငံလုံး အပစ် ရပ်နိုင်ရေး RCSS နှင့် UPWC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ တွေ့ဆုံ

Posted: 06 Jul 2015 03:42 AM PDT

တနိုင်ငံလုံး အပစ်အခတ် ရပ်နိုင်ရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ သျှမ်းပြည် တပ် မတော် RCSS/SSA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC အစိုးရကိုယ်စားလှယ်တို့ တနင်္ဂနွေနေ့ (၅၊၇၊၂၀၁၅) က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ တွေ့ဆုံကြသည်။

ချင်းမိုင်မြို့ ရှိတ်အစ်တားနား ဟော်တယ်၌  RCSS/SSA နှင့်  UPWC တို့မတွေ့ဆုံမှီ   

ချင်းမိုင်မြို့ ပါတက်ရပ်ကွက်ရှိ ရှိတ်အစ်တားနား ဟော်တယ်၌ ဝန်ကြီး ဦးအောင်မင်း ဦး ဆောင်သည့်အဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA အထွေထွေ အတွင်းရေးမှူး၊ ပြော ရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလှနှင့် အတိုင်အပင်ခံ ပုဂ္ဂိုလ် ဦးခွန်စိုင်းတို့ တက်ရောက် ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီး စိုင်းလှ က - “တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးလုပ်နိုင်ဖို့၊ အဲဒီကနေ တဆင့် အမြန်ဆုံး နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ စတာတွေ ကို  ဆွေး နွေးဖြစ်ကြတယ်။ ဦးအောင်မင်းကနေပြီးတော့ ကနေ့ သွားနေတဲ့ ငြိမ်းချမ်းရေး အခြေအ နေကို ရှင်းပြတယ်” - ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ဂျူလိုင် ၃ ရက်နေ့နှင့် ၄ ရက်နေ့ကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ EAO’ SDCN နှင့်လည်း ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ပါသေးသည်။
အဲဒီတွေ့ဆုံပွဲမှ နှစ်ဘက်ကိုယ်စားလှယ်များက လာမည့် ဂျူလိုင် ၁၂-၁၄ ရက်နေ့အကြား ထပ်မံတွေ့ဆုံနိုင်ရန် သဘောတူညီမှု ရှိကြသည် သိရသည်။

မြို့သစ် စီမံကိန်း အတွက် ထိုင်းရောက် သျှမ်း ပြည်လူ ထုအား ဦးစားပေး၍ မြေကွက် ချပေး

Posted: 06 Jul 2015 03:36 AM PDT

သျှမ်းပြည် တောင်ပိုင်း ခိုလမ်မြို့နယ် နမ့်စန်မြို့ အရှေ့မြောက်ဘက်  ၁၀ မိုင်ခန့် အကွာရှိ မြေလွတ် နေရာကို မြို့သစ် တိုးချဲ့ စီမံကိန်း အတွက် အကွက်ချ၍  ထိုင်းရောက် သျှမ်းလူထု အား ဦးစားပေး ချပေးနေ ကြောင်း သိရသည်။





သို့သော်အဆိုပါ  မြေကွက်များအတွက် ဒေသတွင်းလူထုသာမက တခြား ဒေသမှ လူထုပါ လာရောက် စာရင်းပေးသွင်းကြကြောင်း  စီမံကိန်း ဥက္ကဌ လုံးညာန ကပြောသည်။

“ အစကတော့ ရွာပြုပြင်ဖို့ဘဲ။ အိမ်ခြံမြေနဲ့လယ်ယာတွေပစ်ပြီး ထိုင်းမှာသွား အလုပ်လုပ် နေရတဲ့လူတွေအတွက်လို့အစက ရည်ရွယ်ပါတယ်။  သတင်းတွေ ထွက်လာတော့ အနီး စပ်ချုပ်က လူတွေ လဲချား ဘက်က လူတွေ လဲလာ ပြီး စာရင်း ပေးကြတယ်။ နာမည်စာရင်းက ၂ ထောင်ကျော် ရှိနေပြီ။ မြို့သစ်ဘဲ လုပ်ရတော့မယ့် အခြေအနေ။” - ဟု ၎င်းက ပြောသည်။

မြေကွက်အကျယ် ၇ မိုင်ပတ်လည်အား ပေ ၁၂၀ ပတ်လည် နှင့် ပေ ၆၀ ပတ်လည် အကွက် များချ၍ ပေးမည်ဖြစ်ကြောင်း မြို့သစ်စီမံကိန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

ပြီးခဲ့သည့်လနှောင်းပိုင်းကတည်းက နာမည်စရင်းလက်ခံလာခဲ့သည်မှာ ယနေ့တိုင်ဖြစ် ကြောင်း၊ မြေကွက်ကျန်နေသေးသဖြင့် စာရင်းမပိတ်သေးကြောင်း  သိရသည်။

တဖက်တွင်လည်း မြေကွက်များရရှိပြီးပါက ရံပုံငွေထည့်ရမည်ဖြစ်ကြောင်း၊ ဈေးနှင့်နီး သောမြေကွက်များဖြစ်ပါက ရံပုံငွေလည်းမြင့်ကြောင်း ခိုလမ်မြို့ခံ စိုင်းစိုင်းက ပြောသည်။

မြို့သစ်စီမံကိန်းလုပ်ဖို့ ကွန်ဟိန်းပြည်သူ့လွှတ်တော် နန်းဝါနုနှင့် သျှမ်းပြည်ပြန်လည် ထူ ထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကိုလည်း တိုင်ပင် ဆွေးနွေး ထားကြောင်း စီမံကိန်းကော်မတီဝင် စိုင်းဝမ်းလိုင်းကပြောသည်။

“ နန်းဝါနုကပြောတယ်။ တကယ်လို့  အခက်အခဲရှိလာရင် ကျမတို့ ပါတီနဲ့ လာပြီး တိုင်ပင်ပါ။ လို့  ” ဟု ဟု ၎င်းကပြောသည်။

ကွန်ဟိန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နန်းဝါနုက“ ဦးစိုင်းအိုက်ပေါင်းကလည်း လွယ် လင် ခရိုင်မှူးနား ပြောထားပေးတယ်” ဟုပြောသည်။

စီမံကိန်းဥက္ကဌ လုံးညာန က“ မြေကွက်တွေပေးတာက စစ်ပြေးဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံ ရောက် နေရာမဲ့ သျှမ်းပြည်သား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပေးချင်တာ။ ဒါမယ့် သူတို့က လာမယူဘူး။ နာမည်စာရင်းလာပေးထားတာ တခြားကဖြစ်နေတယ် ” ဟု ပြောသည်။

အဆိုပါ မြေကွက်ဟောင်းသည် ယခင် ၁၉၉၆ က နောင်ဖာကျေးရွာအုပ်စု ဖြစ်ပါသည်။ နောက်ပိုင်း တိုင်းပြည်မတည်ငြိမ်မှု မြို့သို့အဓမ္မပြောင်းရွှေ့ခိုင်းမှုကြောင့်  ရွာလုံးကျွတ်မှာ ထိုင်းနိုင်ငံသို့လည်းကောင်း တခြားဒေသရှိ ဆွေမျိုးများထံသို့ လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

လယ်တောပြန် ရွာသားအား အစိုးရ စစ်တပ် ပစ်ခတ်

Posted: 06 Jul 2015 03:19 AM PDT

အလုပ်မှပြန်လာသည့် နမ္မတူမြို့နယ် ပန်လုံရွာသားအား အစိုးရစစ်တပ်က ပစ်ခတ်သဖြင့် သီပေါမြို့ဆေးရုံသို့ ပို့ဆောင်ကုသရကြောင်း စုံစမ်းသိရရှိရပါသည်။

 ပစ်ခတ်ခံရသည့် ပန်လုံဒေသခံစိုင်းမောင်အား သီပေါဆေးရုံပို့စဉ်
ဂျူလိုင်လ ၄ ရက်နေ့ ည ၇ နာရီအကျော် လယ်တောမှပြန်လာသည့် စိုင်းမောင်နှင့် သူငယ် ချင်းဖြစ်သူတို့အား ပန်လုံဒေသတွင်လှုပ်ရှားနေသည့် မြန်မာစစ်တပ် တပ်မ ၇၇ လက် အောက်ခံ စစ်ကြောင်းတခုက ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်ဟု ပန်လုံ ဒေသခံ များက ပြောသည်။

“ည ၇ နာရီခွဲလောက်မှာ စိုင်းမောင်နဲ့ သူ့သူငယ်ချင်း လယ်တောကပြန်လာတာ။ စိုင်းမောင် က လေသေနတ် ပါတယ်လေ။ သူတို့ စကား တပြောပြောနဲ့ တောလမ်းကနေ ရွာကိုလာတာ။ စစ်သားတွေက ရပ်ခိုင်းတာ သူတို့ မကြား လိုက်ဘူးတဲ့။ အဲတာနဲ့ စစ်သား တွေက သူတို့ကို ပစ်ထည့်လိုက်တာ စိုင်းမောင်ရဲ့ တင်ပါးကိုထိသွားတယ်။” ဟု အမည်မဖော်လိုသူံဒေသခံတဦးက ပြော သည်။

ထိုနေ့က မြန်မာစစ်တပ်သည် ပန်လုံအုပ်စုအတွင်းတွင် ဝင်ရောက်စခန်းချခဲ့ကြောင်း အုပ်စု အနီး ပတ်ဝန်းကျင် သို့လည်း လုံခြုံရေးအလို့ငှာ အင်အားဖြန့်ကျက်ထားကြောင်း သိရသည်။

စိုင်းမောင် (အသက် ၄၀ ကျော်) သည် ရပ်ကွက် ၃ ပန်လုံအုပ်စု  နမ္မတူမြို့နယ်တွင် နေထိုင်သူတဦးဖြစ်ပြီး လယ်ယာ လုပ်ကိုင် စားသောက် နေသူတဦးဖြစ် ကြောင်း ပန်လုံ အုပ်စုသား ဦးအိုက်စိန် ကပြောသည်။

ထိုညတွင်ပင် ဒဏ်ရာပြင်းထန်သည့်စိုင်းမောင်အား သီပေါမြို့ဆေးရုံသို့ ရွာသားများမှ ပို့ဆောင် ကုသ ထားသည်ဟု သိရပါသည်။

အဆိုပါဒေသဘက်တွင် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA ခေါ် ပလောင်တပ်ဖွဲ့တို့ လှုပ်ရှားသွားလာသည့် ဒေသ ဖြစ်သည့်အားလျော်စွာ မြန်မာအစိုးရ တပ်မတော် ကလည်း နယ်မြေစိုးမိုးမှုရရန် အင်အား ဖြည့်လှုပ်ရှားနေခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
Jul 7, 2015, 4:10:02 PM7/7/15
to thuau...@gmail.com

ပဋိပက္ခနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်လာ နိုင်သည့် သံလွင် ရေကာတာ စီမံကိန်း ဒေသခံလူထု ကန့်ကွက်

Posted: 07 Jul 2015 09:15 AM PDT

အရှေ့တောင်အာရှ ဒေသတွင် အကြီးဆုံး ရေကာတာ စီမံကိန်းဖြစ်လာမည့် မိုင်းတုံ ရေကာတာ စီမံကိန်း အပါဝင် သံလွင် ရေကာတာ စီမံကိန်းမှာ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် တည်ရှိနေသောကြောင့် အဆိုပါ စီမံကိန်းများအား ကန့်ကွက်ကြောင်း အရပ်ဘက်လူမှုအဖွဲ့စည်းများမှ ဂျူလိုင်လ ရ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်သည်။



ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် တည်ဆောက်ရန် ရည်ရွယ်ထားသည့် အဆိုပါ စီမံကိန်း ဒေသများတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်အင်အားတိုးချဲ့မှုများရှိနေခြင်းတို့သည် ထာဝရ ငြိမ်းချမ်းရေး အတွက် ကြီးမားသည့်  ခြိမ်းခြောက်မှုများ ဖြစ်သည်ဟု အရပ်ဘက် လူမှုအဖွဲ့စည်းပေါင်း ၁၂၀ ကျော်က ပါဝင်ထောက်ခံထားသည့် သံလွင်ထိန်းသိမ်း ကာကွယ်ရေး ကွန်ယက်၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ရည်ရွယ်ထားသည့် စီမံကိန်းများအနက် မိုင်းတုံရေကာတာစီမံကိန်းမှာ EIA ၊ SIA သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် လူမှုအကျိုးစီးပွားသက်ရောက်မှုများကို ဆန်းစစ်လေ့လာမှုများ မပြုလုပ်သေးရသော်လည်း တည်ဆောက်ရန်အတွက် ပြင်ဆင်မှုအချို့ စတင်နေပြီဖြစ်ကြောင်း  စီမံကိန်းကြောင့် ရေနှစ်မြှုပ်ဖွယ်ရှိနေသည့် ကွန်ဟိန်းဒေသမှ ဒေသခံ နန်းခမ်းနောင့်က ဂျူလိုင်လ ရ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သတင်းစားရှင်းလင်းပွဲတွင် ဗွီဒီယို သက်သေနှင့်တကွ ရှင်းလင်းပြောဆိုသည်။

‘ မိုင်းတုံ စီမံကိန်းက ကွန်ဟိန်းဒေသရဲ့ အောက်ဘက်မှာဆိုပေမဲ့ သူရဲ့ ချောင်းလက်တက် နှစ်ခုက ကွန်ဟိန်းမြို့ထဲကနေ ဖြတ်သွားတာ ရေကာတာ ပိတ်ရင်  အပေါ်ဘက်ကို ရေတွေ တက်လာမှာ ဖြစ်တဲ့အတွက် ကွန်ဟိန်းမြို့လည်း ရေမြှုပ်နိုင်တယ် ကျိုင်းခမ်းဒေသဆိုရင်လည်း မြှုပ်မှာသေချာတယ်လို့ ပညာရှင်တွေက ခန့်မှန်းထားတဲ့အတွက် သျှမ်းဒေသခံတွေအနေနဲ့ စီမံကိန်းကို ကန့်ကွက်နေရတာဖြစ်တယ် ‘ ဟု နန်းခမ်းနောင့်က ပြောသည်။

လူမှုအခြေပြုအဖွဲ့စည်းများ၏ ခန့်မှန်းချက်များအရ အဆိုပါ စီမံကိန်းအကောင်ထည်ဖော်ပါက ဒေသခံ သောင်းနှင့် ချီ နေရပ်ပြောင်းရွှေ့မှုများ ပြုလုပ်ရမည်ဖြစ်ပြီး အဆိုပါဒေသအတွင်းတွင်လည်း သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA ၊ UWSA  ၀ အဖွဲ့စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိနေသည့်အတွက်  စီမံကိန်းလုံခြုံရေးအကြောင်းပြကာ စစ်အင်အားတိုးချဲ့မှုများလည်း ရှိလာသောကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်လာနိုင်ကြောင်း သျှမ်းလူထုအခြေပြု အဖွဲ့စည်းများမှ ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ဖူးသည်။

မိုင်းတုံစီမံကိန်းနှင့် ပတ်သက်၍ လူမှုစီးပွားနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို လေ့လာဆန်းစစ်ရန်နှင့် ဒေသခံများ၏ သဘောထားကို သိနိုင်ရန် သြစတြေးလျနိုင်ငံမှ SMEC ကုမ္ပဏီမှာ ကွင်းဆင်း လေ့လာမှုများ ပြုလုပ်နိုင်ရေးအတွက် ဒေသခံများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သော်လည်း ဒေသခံများမှ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းမှာ တောင်ကြီးမြို့မှ အရှေ့ဘက် ၁၉၅ မိုင်ခန့်အကွာ မိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အကြားတွင် တည်ရှိပြီး ထိုင်းနိုင်ငံမှ EGAT co.ltd ၊ တရုတ်နိုင်ငံမှ China Three Gorges Corporation တို့မှ ရင်းနီးမြှုပ်နှံမှုများ ပြုလုပ်ကာ မြန်မာကုမ္ပဏီဖြစ်သည့် UGE ကုမ္ပဏီနှင့် ပူးပေါင်းတည် ဆောက်သွားမည်ဖြစ်ပြီး  ရေအားလျှပ်စစ် မီဂါဝပ် ရ၀၀၀ ထွက်ရှိမည်ဖြစ်ကာ ရရှိလာမည့် လျှပ်စစ်ဓါတ်အား ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမည် ဖြစ်သည်။

သျှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန်ရည်ရွယ်ထားသည့် ကျန်စီမံကိန်းများမှာ ကွန်လုံ ရေကာတာ ၊ သံလွင်မြစ်လက်တက်ပေါ်ရှိ နောင်ဖနှင့် မန်တောင်း ရေကာတာများမှာ ကွန်လုံနှင့် တန့်ယန်းဒေသ တို့တွင် တည်ရှိပြီး ပဋိပက္ခဖြစ်ပွားနေသည့် ကိုးကန့် ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSA/SSPP တို့၏ နယ်မြေ အနီးတွင် တည်ရှိသည်။

တရုတ်စီမံကိန်းဖြစ်သည့် နောင်ဖာနှင့် မန့်တောင်းရေကာတာ များတည်ဆောက် ရေးတွင် ဒေသတွင်း လုံခြုံရေးအတွက်ဟု ဆိုကာ SSA/SSPP တပ်များအား ထိုနေရာမှ ဖယ်ပေးရန် ၂၀၁၃ ခုနစ်အတွင်းက တပ်မတော်ဘက်မှ တောင်းဆိုခဲ့ဖူးပြီး တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံပြည်သူ ၂၀၀၀ ခန့်မှာ ၄င်းတို့၏ နေရပ်မှ တန့်ယန်းမြို့နယ်အတွင်းသို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရဖူးသည်။

ရွာသစ် စီမံကိန်း ၊ ဟတ်ကြီး ရေကာတာ စီမံကိန်း တို့မှာ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တည်ရှိပြီး ယင်းဒေသများတွင်လည်း ကရင်နီနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ ရှိနေသည်။


‘ ရွာသစ် စီမံကိန်းကတော့ ကေအန်ပီပီနဲ့ အစိုးရ ဆွေးနွေးကတည်းက အဲဒီစီမံကိန်းကို ငြိမ်းချမ်းရေးအရ နိုင်ငံရေးအရ သဘောမတူသေးမချင်း ဆက်မလုပ်ဖို့ ကေအန်ပီပီ ( ကရင်နီအမျိုးသား တိုးတက်ရေးပါတီ )က တောင်းထားတော့ အခုထိတော့ သျှမ်းဘက်က မိုင်းတုံ စီမံကိန်းလို စတာတော့ မရှိသေးဘူး။ ဒါပေမဲ့ စီမံကိန်းနဲ့ လုံခြုံရေးအကြောင်းပြပြီး တပ်တွေ နေရာချထားမှုတွေက ရှိနေတယ်ဆိုတော့ ဒေသခံတွေက တိုက်ပွဲတွေ ပြန်ဖြစ်မှာ စိုးရိမ်နေတယ် ‘ ဟု ကရင်နီပြည်လူငယ်များ သမဂ္ဂမှ ကိုဥတ္တရာအောင်က ပြောသည်။

အဆိုပါစီမံကိန်းဒေသများမှာ စစ်ဘေးဒဏ်ကြောင့် တဘက်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းများစွာ ခိုလှုံနေရသည့် စစ်ဘေးရှောင်ဒုက္ခသည်များ၏ မူရင်းဒေသများလည်း ဖြစ်နေပြီး ယခုကဲ့သို့ ဒုက္ခသည် များပြည်တော်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေး မရေရာသေးချိန်တွင် စီမံကိန်းများ ဆောင်ရွက်ရန် မသင့်သေးကြောင်းလည်း ကိုဥတ္တရာအောင်က ပြောသည်။

ယင်းအပြင် သံလွင်မြစ်ကြောင်းတလျှောက်တွင် ရေကာတာများတည်ဆောက်မှုကြောင့် မြစ်ဝှမ်း တလျှောက်တွင်နေထိုင်သည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ သက်မွေးကျောင်းမှုပုံစံကိုပါ ပျက်စီးစေရုံမျှမကပဲ ယင်းတလဲ (တိုင်းရင်းသား မျိုးနွယ်စု )ကဲ့သို့ အနည်းငယ်မျှသာ ကျန်ရှိနေသည့် တိုင်းရင်းသား မျိုးနွယ်စုများမှာ မျိုးသုဉ်းပျောက်ကွယ်မည့်အရေး ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ငလျင်နှင့် ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ လေ့လာဆန်းစစ်ချက်များအရ သံလွင်မြစ်ကြောင်းတစ်လျှောက်သည် ကြီးမားသည့် ငလျင်ပြတ်ရွေ့ပေါ်တွင် တည်ရှိနေသောကြောင့် ပြိုကွဲပျက်စီးနိုင်မှုသည် အချိန်မရွေးဖြစ်လာနိုင်ပြီး ကြီးမားသော ဆုံးရှုံးပျက်စီးမှုများ ရှိလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

သံလွင်မြစ်တွင် ရေကာတာ စီမံကိန်းများ တောက်လျှောက်ဆိုသလို အကောင်ထည်ဖော်လာပါက သံလွင်မြစ်အောက်ပိုင်း မြစ်ဝှမ်းတလျှောက်တွင်နေထိုင်သည့် မွန်တိုင်းရင်းသားများ၏ လူနေမှု ဘဝမှာလည်း မြစ်ကြောင်းအပြောင်းလဲကြောင့် ထိခိုက်မှုများ ရှိလာနိုင်သဖြင့် ဘီလူးကျွန်းဒေသခံများကလည်း သံလွင်ရေကာတာ စီမံကိန်းများအပေါ် ကန့်ကွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

သျှမ်းတောင်တွင် မဲစာရင်းမပေါက်သူ ၂ သောင်းကျော်ရှိ (သျှမ်း) ရွေး /ကော်ပြော

Posted: 07 Jul 2015 09:08 AM PDT

သျှမ်းပြည်(တောင်ပိုင်း) တစ်ခုလုံးတွင် မဲစာရင်း အမည်မပါသူများ  နှစ်သောင်းကျော်ရှိနေသည်ဟု သျှမ်းပြည်နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ထံမှသိရသည် ။



သျှမ်းပြည်နယ်(တောင်ပိုင်း) အနေနှင့် ပဏာမမဲစာရင်းများကြေညာခဲ့သည့် ဂျွန်လ(၈)ရက်နေ့မှ (၂၆) ရက်အနေ့အထိ ပုံစံ(၃)ဖြင့်လျှောက်ထားသူ (၂၄၄၈၃) ဦးရှိကြောင်း၊ ပုံစံ(၄-ဂ) ဖြင့်လျှောက်ထားသူ (၂၃၆ ၅၃) ခန့်ရှိပြီး  (၄)ဖြင့်လျှောက်ထားသူ (၇၀၇၀)ခန့်ရှိကြောင်း ပြည်နယ်ဒုညွန်ကြားရေးမှုး ဦးသန်းလွင်မြင့်ထံမှသိရသည်။

" အမှားပြင်ဆင်မှုတွေကတော့ ရှိဦးမှာပဲ မဲစာရင်းတွေမခွာသေးပါဘူး ၊ ခုထိမဲစာရင်းကြေငြာ ချက်တွေကပ် ထားဖို့ညွန်ကြားထားတာပဲ " ၄င်းကပြောကြားခဲ့သည် ။

မဲစာရင်းများမှားယွင်းနေမှုအားပြန်လည်ပြင်ဆင်ခြင်းအတွက် ဂျူလိုင်လ(၄) ရက်နေ့က IFES အကူအညီဖြင့် မြို့နယ်ရွေးကောက်ပွဲကော် မရှင်မှသင် တန်းနှစ်ရက် တာပို့ ချခဲ့ကြောင်းသိရသည် ။

ယင်း သင်တန်းအား တောင်ကြီးခရိုင် (၅)မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ(၂) မြို့ နယ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ (၂) မြို့နယ်  ရှိရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ အား ပို့ချ ခဲ့ခြင်း ဖြစ်သည် ။

မြို့နယ်တစ်ခုမှ အခြားတစ်ခုသို့ပြောင်းရွှေ့နေထိုင်သည့် အခါအိမ်ထောင်စု စာရင်း ပုံစံ(၆၆/၆) မပြောင်းဘဲ ထားလျှင် မိမိ၏အမည်သည်  ယခင်နေထိုင်ခဲ့ သည့် မြို့နယ်ရှိရပ် ကွက်မှ မဲစာရင်းအတွင်းသာပါမည်ဖြစ် ပြီးယခင်နေထိုင် ခဲ့သည့် မြို့နယ် မဲစာရင်းတွင် မိမိအမည် ပါ မပါ စုံစမ်းရမည်ဖြစ်သည် ။

မဲစာရင်းကြေညာချက်တွင် မိမိအမည်မပါလျှင် ပုံစံ(၃)ဖြင့် လျှောက်ထားရန်၊ အချက်အလက်များ မမှန်လျှင် ပုံစံ(၄-ဂ) ဖြင့်လျှေက်ထားရန်၊ ကွယ်လွန်ပြီး သူများနှင့် မဲပေးပိုင်ခွင့်မရှိသူများပါဝင်နေလျှင် အထောက် အထားနှင့် အတူ ပုံစံ (၄) ဖြင့် ကန့်ကွက်ရန် ၊ ပုံစံလျှောက်လွှာများအား ရပ်/ကျေး ကော်မရှင် ရုံးခွဲတွင်ထုတ်ယူနိုင်သည် ။

ရွေးကောက်ပွဲ ကော်မရှင်မှ ရှမ်းပြည်နယ်တောင်ပိုင်းအတွက် မဲပေးသူများ အားအသိပညာပေးခြင်း အနေနှင့် မဲဆန္ဒရှင်များ ဆိုင်ရာလက် ကမ်းစာစောင် များကို  သျှမ်း၊ပအိုဝ်း၊ မြန်မာ စသည်ဖြင့်သုံးဘာသာ ဖြင့်ထုတ် ဝေထား ကြောင်းသိရသည် ။

သျှမ်းသံတော်ဆင့်

unread,
Jul 8, 2015, 4:29:04 PM7/8/15
to thuau...@gmail.com

မူစယ်မြို့ စည်ပင် လုပ်ငန်း ပုဂ္ဂလိက ကန်ထရိုက် ပေးမှု ဒေသခံများ မကျေနပ်

Posted: 08 Jul 2015 10:09 AM PDT

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအတွက် ကန်ထရိုက်ဆွဲမည့် ကုမ္မဏီများ ကို တင်ဒါခေါ်ယူရာတွင် တင်ဒါအောင်သွားသော ကုမ္မဏီအား ပြည်နယ် အစိုးရ က ခွင့်ပြုချက်ချ မပေးသည့် အပေါ် ဒေသခံများ မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။




ပြီးခဲ့တဲ့ ဂျွန်လ ၂၃ ရက်က ပြည်နယ်စည်ပင်ကော်မတီကနေ မြို့နယ်ကော်မတီကို အောင် ဂရုဏာကုမ္မဏီနဲ့ စာချုပ်ချုပ်မယ်လို့အကြောင်းကြားလာတယ်။ မူစယ်မြို့နယ်ထဲမှာ သန့်ရှင်း ရေးလုပ်ဖို့ တင်ဒါလျှောက်လာတဲ့ ကုမ္မဏီ ၄ ခုကို တင်ဒါရွေးရာမှာ အောင်ဂရုဏာက နံပတ် ၃ နေရာမှာကျတယ်။ ဘာလို့အမှတ်အများဆုံး တင်ဒါအောင်တဲ့ ကုမ္မဏီကိုမရွေးတာလဲ။ ပြည်နယ်အစိုးရက ဌာနဆိုင်ရာဝန်ထမ်းတွေ နဲ့လူထုတို့ရဲ့ လုပ်ဆောင် မှုကို အလေးမထား လျစ်လျူရှုတဲ့သဘော၊ ကျနော်တို့လက်နဲ့ရေးတဲ့ကိစ္စကို ပြည်နယ်အစိုးရက  ခြေထောက်နဲ့ဖျက်နေတဲ့သဘောလို့မြင်ပါတယ် - ဟု မြို့နယ်အဆင့်ဝန်ထမ်း တဦးဖြစ်သည့် စိုင်းအိုက် ကပြောသည်။

မူစယ်မြို့နယ် စည်ပင်သာယာရေးအတွက် ကန်ထရိုက်ဆွဲရန်  ကုမ္မဏီ ၄ ခုက တင်ဒါ လျှောက်ရာ  မေလ ရ ရက်နေ့က မြို့တော်ခန်းမတွင် ရွေးချယ်ပွဲပြုလုပ်ခဲ့သည်။

စီစစ်ရွေးချယ်ပွဲရလာဒ်မှာ Twin Industry ကုမ္မဏီက အမှတ်အများဆုံးရရှိခဲ့ပြီး တာမိုးညဲ ရွှေဖီအောင်ရင် ကုမ္မဏီက ဒုတိယ အမှတ်အများဆုံးရခဲ့သည်။ ဦးဆိုင်ပေါင်းနပ် ပါဝင်သော အောင်ဂရုဏာကုမ္မဏီသည် တင်ဒါအမှတ် တတိယတွင်ရရှိခဲ့ပြီး ရှမ်းရိုးမ မြစ်ရွှေလီ ကုမ္မဏီသည် တင်ဒါအမှတ်အနည်းဆုံးဖြစ်ပါသည်။

ရလာဒ်များကိုပြည်နယ်အစိုးရထံတင်ပြခဲ့သော်လည်း အမှတ်အများဆုံးမဟုတ်သည့် အောင်ဂရုဏာ ကုမ္မဏီကို  သန့်ရှင်းရေးလုပ်ဖို့ ပြည်နယ်အစိုးရက ခွင့်ပြုချက်ပေးသည့်အပေါ်  မူစယ်လူထု မကျေ မနပ်ဖြစ်ခဲ့ရကြောင်း မူစယ်လူငယ် ဒေသခံစိုင်းအောင်မိန်းက ဤကဲ့သို့ပြောသည်။

ဒေသခံကုမ္မဏီဆိုရင် ဒေသတွင်းဖြစ်ပျက်မှုတွေကို  အကုန်သိတယ်။ အချင်းချင်းဆိုရင် ပြောရဆိုရ လည်း လွယ်တယ်။ ဒေသခံမဟုတ်တဲ့ လူတွေက ဘယ်ဌာနကဘဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကျိုး စီးပွါးအတွက်ဘဲလုပ်ပြီး ပြန်သွားကြတာပါဘဲ။ ခရိုင်အုပ်ချုပ်ရေးမှူး မြို့နယ် အုပ်ချုပ်ရေးမှူးတို့ဆိုရင် အစဉ်အဆက် အဲလိုဘဲလုပ်သွား တယ်။ ဒီအတွက်ကြောင့်  ကျနော်တို့ ဒေသခံကုမ္မဏီကို ဘဲ  ဒီအလုပ် ရစေချင်ပါတယ်။

အောင်ဂရုဏာကုမ္မဏီနှင့်အတူပါလာသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်ကြီး ၄ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေး စည်ပင်သာယာရေးတို့ရှေ့မှောက်တွင် ကုမ္မဏီ များအား တင်ဒါအမှတ်ပေး ရွေးချယ်ခဲ့သော်လည်း ပြည်နယ်အစိုးရ၏ မသမာသည့် ဆုံးဖြတ်ချက်အပေါ် ဒေသခံလူထုသာမက မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းအများစုကပါ ရှုံ့ချနေကြကြောင်းလည်း စိုင်းအောင်မိန်းက သျှမ်းသံတော်ဆင့်အားပြောသည်။


ဘယ်ဝန်ကြီးဘဲဖြစ်ဖြစ် ဘယ်အစိုးရဘဲဖြစ်ဖြစ် ဘယ်အုပ်ချုပ်ရေးမှူးဘဲဖြစ်ဖြစ် ဖားနိုင်ကပ်နိုင်မှပေးတာလား။ အပေါင်းအစား အပေးအကမ်းလုပ်ပြီးတော့ လုပ်တာဆိုရင်မဖြစ်သင့်ဘူး။ တင်ဒါတွေခေါ်ပြီးရတဲ့ကိစ္စ  မရတဲ့အဖွဲ့ကိုဘဲခေါ်ပေးတာဆိုတော့ မဖြစ်သင့်ဘူး။ နိုင်ငံတော်သမတကလည်းပြောတာဘဲ။ အဂတိလိုက်စားမှုပပျောက်ရေးဆိုတာ။ ဘယ်မှာလဲ မေးချင်ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ထမ်းတဦးကလည်း - “အဲလို မမှန်မကန်လုပ်ခြင်းအားဖြင့် အစိုးရလည်း သိက္ခာကျတယ်။ ကျနော်တို့ မြို့နယ်အဆင့် ဝန်ထမ်းတွေလည်း သိက္ခာကျတယ်။ ဒေသခံလူထုလည်း အချိန်ကုန်လူပမ်း   ခဲ့ရတယ်။ ဘယ်ဘက်မှမကောင်းပါဘူး” ဟု ပြောဆိုပါသည်။

မူစယ်မြို့ ပုဂ္ဂလိက စည်ပင်သာယာလုပ်ငန်းအတွက် တင်ဒါစီစစ်ရွေးချယ်ပွဲကို ကျင်းပရာတွင် တင်ဒါကြီးကြပ်ရေးအဖွဲ့မှာ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနှင့် ပြည်နယ်စည်ပင် ကော်မတီတို့ဖြစ်ကြသည်။ တင်ဒါရွေးချယ်သည့်အဖွဲ့ ၄ ဖွဲ့ ရှိပါသည်။ အဖွဲ့တိုင်း ခရိုင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက် အကူပြုကော်မတီနှင့် စည်ပင် ကော်မတီ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အများပြည်သူများရှေ့တွင် မြင်သာစွာ ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါသည်။

ရွာသူ မိန်းခလေးအား သေနတ် ထောက်၍ မိဘများ ရှေ့တွင် ဒုတပ်ရင်းမှူး အဓမ္မ ဆွဲခေါ်

Posted: 08 Jul 2015 07:09 AM PDT

သျှမ်းပြည် တောင်ပိုင်း လဲချား မြို့နယ်တွင် အသက် ၂၀ ခန့်ရှိ ရွာသူ အမျိုးသမီး တဦးအား  နေအိမ်ရှိ မိဘများ ရှေ့တွင်ပင်  ဒုတပ်ရင်းမှူးက သေနတ် ထောက်၍ ၎င်း နောက်လိုက်၍ ဆွဲရမ်းခဲ့ကြောင်း ဒေသတွင်း သတင်း ရပ်ကွက်က ပြောသည်။



ဂျူလိုင်လ ၆ ရက် ည ၈ နာရီခန့်က တပ်မ ၅၅ လက်အောက်ခံ အမှတ် ၅၁၂ ခြေမြန်တပ် ရင်း မှ ဒုတပ်ရင်းမှူး အဆင့်ရှိ စိန်မင်း ဆိုသူသည် ၀မ့်ဖိုင်အုပ်စု ဟိုနောင်ရွာသူ နန်းလိန်အား မိဘများရှေ့တွင် လက်ဆွဲကာ သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း  ရပ်ကွက် လူထုကပြော သည်။ နန်းလိန်လည်း ဖခင်အား အားကိုး တကြီး လှမ်းဆွဲ ခဲ့ကြောင်း ဆိုပါသည်။

ဒုတပ်ရင်းမှူးက နန်းလိန်ကို သေနတ်နဲ့ ထောက်တော့ နန်းလိန်ရဲ့ အမေက လန့်ပြီး မေ့လဲ သွား တယ်။ သူ့အမေကို ဆေးရုံ တင် လိုက်ရတယ်။ ဒုတပ်ရင်းမှူးက ပိုက်ဆံ ၃ သိန်းပေး တယ်။ ကျေအေးရမယ်။ သူ့အမေက မယူဘူး။ ပိုက်ဆံ မယူရင် ဆေးရုံ ပေးမတက်ဘူး လို့တောင် ခြိမ်းခြောက် သေးတယ်။ သူ့အမေ မူးမေ့လဲကျ သွားတာလည်း ဟန်ဆောင် လုပ်ယူ တာဘဲတဲ့  အဲဒီလိုမျိုး စွပ်စွဲသေးတယ် ဟု အမည် မဖေါ်လိုသည့် ရွာသားတဦးက ပြောသည်။

ထိုည သန်းခေါင်ယံ အချိန်တွင်လည်း အဆိုပါ ဒုတပ်ရင်းမှူးနှင့် နောက်လိုက် တချို့ နန်းလိန် တို့အိမ်ရှိရာ ရွာလမ်းအတွင်း သေနတ်ပစ်ဖောက် ခြိမ်းခြောက် ခဲ့သေးကြောင်း ရွာသား စိုင်းယု က ပြောသည်။

အဆိုပါ ဒုတပ်ရင်းမှူးနှင့် အဖွဲ့သည် အရက် မူးနေသဖြင့် ထိုသို့ ရမ်းကားခြင်း ဖြစ်ကြောင်း လည်း ဟိုနောင်ရွာသားများ ကပြောသည်။

၎င်းနှင့် ပတ်သက်ပြီး လဲချားမြို့နယ် ကျားခေါင်းပါတီ ပြည်နယ် လွှတ်တော် အမတ် စိုင်းကျော်ဇေယျက - နိုင်ငံရေး ပြောင်းလဲ လာပြီဘဲ။ ဒါမျိုးတွေ ရှိနေသေးတယ်။  တကယ် တော့ အဲလိုမျိုးမရှိသင့် တော့ဘူး။ ဒီလို ကိစ္စရပ် တွေဟာ လူထု အမြင်မှာကော ကမ္ဘာ့ အမြင်မှာကော လက်သင့် မခံနိုင်တဲ့ ကိစ္စရပ်မျိုး ဖြစ်တယ်။ နောက် ဒါမျိုး မဖြစ်သင့်ပါဘူး။ - ဟုပြောသည်။

အဆိုပါ ခမရ ၅၁၂ တပ်သည် ပြီးခဲ့သည့် ဂျွန်လကလည်း ဟိုနောင်ရွာသားများအား ရိုက်နှက် ခဲ့သေးကြောင်း ရွာသားများအား တပ်အတွက်လုပ်အားပေးခိုင်းစေခြင်းလည်း ပြုလုပ်ခဲ့ သေးကြောင်း ဒေသခံများကပြောသည်။

သျှမ်းသံတော်ဆင့်

unread,
Jul 9, 2015, 4:26:50 PM7/9/15
to thuau...@gmail.com

သို့- သျှမ်းသံတော်ဆင့်

Posted: 08 Jul 2015 10:54 PM PDT

သို့- သျှမ်းသံတော်ဆင့်

မူစယ်မြို့ ဂုဏ်ဆောင်နာရီစင်၏ ရဲကင်းဝန်းကျင်၌ မြန်မာကျပ်ငွေနှင့်တရုတ်ယွမ်ငွေ၊ မြန်မာကျပ်ငွေ နှင့် အမေရိကန်ဒေါ်လာ လဲလှယ်သည့်တရားမဝင်လုပ်ငန်း ၁၀၀ ကျော်၏ လုယက်ခံရမှု ၊ လိမ်လည်မှု  ၊ ခိုက်ရန်ဖြစ်ပွါးမှုစသည်တို့ကို နာရီစင်ရဲကင်းမှတစုံတရာ တာဝန်ယူဆောင်ရွက်ပေးမှုမရှိခဲ့သော်လည်း၊ ငွေလဲလှယ်သည့် ဒေသခံတိုင်းရင်းသားများထံမှ လစဉ်ကြေး အဖြစ်တဝိုင်းလျှင် တသောင်းကျပ် ပေးဆောင်နေရပါသည်။


သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ဝင်ရောက်မေးမြန်းစစ်ဆေးသည့်အခါ ငွေပေးရခြင်းမရှိကြောင်း ထွက်ဆိုရန်လည်း ခြိမ်းခြောက်မှုများရှိခဲ့ပြီး၊ လက်ရှိနာရီစင်ရဲကင်း၌ တာဝန်ရှိသူများသည် ယခင်လူများထက်ပို၍ မောက်မာ၊ ပို၍နိုင်လိုမင်းထက် ပြုလုပ်လာကြောင်း ဒေသခံများ၏ ပြောစကားအရ သိရှိရပါသည်။

ဇေယျာမောင်
မူစယ်

သျှမ်းသံတော်ဆင့်

unread,
Jul 10, 2015, 4:03:29 PM7/10/15
to thuau...@gmail.com

လာမည့် ရွေးကောက်ပွဲတွင် ကျားခေါင်း SNLD ပါတီ ၀င်ရောက် ယှဉ်ပြိုင်မည်

Posted: 10 Jul 2015 08:11 AM PDT

ကျားခေါင်း ပါတီဟု လူသိ များသော သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီမှ လာမည့် ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ် စလုံးအတွက် ၁၅၈ နေရာ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီဥက္ကဌ ဦးခွန်ထွန်း ဦး မှ ပြောသည်။


‘ ကျနော်တို့ ပါတီ အနေနဲ့က ၁၅၈ နေရာလောက် ပြိုင်မယ်။ သျှမ်း၊ ကချင် ၊ကယားနဲ့ မန္တလေး တိုင်း တို့မှာပါ ‘ ဟု ဦးခွန်ထွန်းဦးက ဂျူလိုင်လ ၁၀ ရက်နေ့က သျှမ်းပြည် တောင်ပိုင်း မိုင်းရှူး တောင်ကြီး ခရီးစဉ်မှ အပြန် သျှမ်းသံတော်ဆင့်အား ပြောသည်။


ရွေးကောက်ပွဲ ဝင်ရောက်မည်မှာ သေချာနေပြီ ဖြစ်သော်လည်း လွှတ်တော်နှင့် မဲဆန္ဒနယ် အလိုက် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းနှင့် ပတ်သက်၍ မကြာခင် တွင် ကျင်းပမည့် အလုပ်အမှုဆောင် အစည်းဝေး တွင် ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း လည်း ဦးခွန်ထွန်းဦးက ပြောသည်။


ပါတီအလိုက် မဟာမိတ် ကိစ္စနှင့် ပတ်သက်၍  ‘ သျှမ်းပါတီ အချင်းချင်းတော့ ညှိမှာ မဟုတ်ဘူး။ ဒါပေမဲ့  NLD ကတော့ ဘယ်လိုရှိမလဲမပြောတတ်ဘူး။ မဟာမိတ်ဟောင်း ဆိုပေမဲ့ ခုထိဘာမှ ပြောလာတာ မရှိသေးဘူး။ ‘ ဟု ဦးခွန်ထွန်းဦးက ပြောသည်။


သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှာ ၂၀၁၀ က ပြုလုပ်ကျင်းပ ခဲ့သည့် ရွေးကောက်ပွဲတွင် အခြေခံ ဥပဒေကို လက်မခံသဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ပဲ ပါတီပြန်လည်ထူထောင်ပြီးနောက်ပိုင်းတွင်လည်း အခြေခံဥပဒေပြင်ဆင်နိုင်မှုအပေါ်မူတည်ပြီး ရွေးကောက်ပွဲ ၀င်သင့် မဝင်သင့်ကိုစဉ်းစားဆုံးဖြတ်သွားမည်ဟု ယခင်က ထုတ်ဖော်ပြော ဆိုထားသည်။


ကျင်းပပြီးစီးခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဆွေးနွေး မှုများတွင် ပြည်နယ်နှင့် တိုင်း ဒေသကြီးများ အတွက် ဇယား ၂ ဥပဒေပြုရေး နှင့် ဇယား ၅ အခွန် ကောက်ခံခွင့်တို့နှင့်ပတ်သက်သည့်အချက် အချို့ကို သာ ပြင်ဆင်နိုင်ခဲ့ပြီး တိုင်းရင်းသားပြည်သူများလိုလားနေသည့် အဓိက ကျသော ပုဒ်မများမှာ ပြင်ဆင်နိုင်ခြင်း မရှိခဲ့ ပေ။


‘ အခုလို ၀င်ဖို့ဆုံးဖြတ်တာက ပြည်သူကတောင်းဆို တာကြောင့်လည်း ပါသလိုတဘက်မှာလည်း ၂၀၁၅ ရွေး ကောက်ပွဲ အပြီး ဖြစ်လာမဲ့အခင်း ကျင်းမှာလွှတ်တော်ထဲမှာ အတိုက်ခံတွေ ဘယ်လောက် နေရာယူထား နိုင် သလဲဆိုတာက အရေးပါပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးလိုကိစ္စတွေ ကလည်း အဲဒီအခြေနေ တွေအပေါ်မူတည်ပြီး ဆုံးဖြတ်နိုင်တာကြောင့် ဖြစ်ပါတယ်။’ ဟု ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ရခြင်းနှင့် ပတ်သက် ၍ ဦးခွန်ထွန်းဦး က ပြောသည်။


ကျားခေါင်းခေါ် SNLD ပါတီမှာ ၁၉၉၀ ရွေးကောက်ပွဲကာလတွင် တည်ထောင် ခဲ့သည့် ပါတီဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲတွင် ဒုတိယနေရာအများဆုံး အနိုင်ရသည့် ပါတီဖြစ်ခဲ့သည်။  ၂၀၀၅ ခုနှစ်က ပါတီ ခေါင်းဆောင် များ အဖမ်းခံရသဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို လည်း ၀င်မပြိုင်ခဲ့ပေ။ ခေါင်းဆောင် များထောင်ဒဏ်မှ ပြန်လည်လွှတ်မြောက်ခဲ့ပြီးနောက်  ၂၀၁၂  ခုနှစ်မှသာ ပါတီမှတ်ပုံ ပြန်တင်ခဲ့ပါသည်။

ဖက်ဒရယ် ပြည်ထောင်စု ပါတီ FUP သျှမ်းပြည် ၄ မြို့နယ် အပါအဝင် နိုင်ငံတဝှမ်း ၃၄ မြို့နယ် ယှဉ်ပြိုင်မည်

Posted: 10 Jul 2015 03:41 AM PDT

တိုင်းရင်းသား ပါတီ ၁၆ ခု စုပေါင်းဖွဲ့စည်း ထားသည့် ဖက်ဒရယ် ပြည်ထောင် စုပါတီ FUP သည် လာမည့် နိုဝင်ဘာ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ၌ ပြည်ထောင်စု တဝှမ်းလုံးတွင် ၃၄ မြို့နယ် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဒုတိယ ဥက္ကဌ ကပြောသည်။



ဖက်ဒရယ် ပြည်ထောင်စု ပါတီသည် ရန်ကုန်မြို့ တွင် ၁၅ မြို့နယ်၊ မန္တလေး တိုင်းတွင် ၅ မြို့နယ်၊ ဧရာဝတီတိုင်းတွင် ၅ မြို့နယ်၊ မကွေးတွင် ၂ မြို့နယ်၊ ပဲခူး ၁ မြို့နယ် ၊ မွန် ၃ မြို့နယ် နှင့် သျှမ်းပြည်နယ် အတွင်း တောင်ကြီး၊ ကလော၊ ညောင်ရွှေ နှင့် ရပ်စောက်မြို့နယ် တို့တွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဟု ပါတီ ဒုတိယ ဥက္ကဌ ဦးစဝ်သာဦးက ဤသို့ပြောသည်။

“ကျနော်တို့ သျှမ်းပါတီက သျှမ်းပြည်မှာဘဲ အခြေပြု လှုပ်ရှားတယ်။ ကချင်၊ မွန်၊ ကရင် ပါတီတွေလဲ ကိုယ့်ဒေသ တွေမှာဘဲ အသီးသီး အခြေပြု လှုပ်ရှား တယ်။ တခြားတိုင်း ဒေသကြီး မှာရောက်နေတဲ့ ပုဂ္ဂိုလ်တွေ ရဲ့အရေး ကို ဆောင်ရွက် ပေးဖို့တော့ တော်တော် လက်လှမ်း ဝေးတယ်။ -- သူတို့ ကိစ္စကို နိုင်ငံရေးအရ ကူညီ ဆောင်ရွက် ပေးနိုင်အောင် -- လို့ပါ” - ဟု ပြော သည်။

၂၀၁၂ က ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း ဦးဆောင် လှုပ်ရှားသည့် NBF ခေါ် ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၏ ၁၅ ကြိမ်မြောက် ညီလာခံမှ ဖက်ဒရယ် ပြည်ထောင်စု ပါတီ အား တောင်ကြီးမြို့ ကျားဖြူရုံး၌ ဖွဲ့စည်းခဲ့ပါသည်။

ပြီးခဲ့သည့် ဂျူလိုင် ၈ ရက်နေ့က တောင်ကြီးမြို့နယ် ရုံးခွဲ အားလည်း တောင်ကြီး ကျားဖြူ ဗဟိုရုံးနှင့်အတူ ပူးတွဲ ဖွင့်လှစ်ထားသည်။

လက်ရှိ FUP တွင် ပါတီ ဥက္ကဌ က ဦးစောသန်းမြင့် (သျှမ်း) ၊ ဒုဉက္ကဌ ဦးစဝ်သာဦး (သျှမ်း) အတွင်းရေးမှူး ၁ ဦးကျော်ဇံသာ(ရခိုင်) အတွင်းရေးမှူး ၂ ဒေါ်ကလျာစိုး (ရခိုင်၊ မွန်) တို့က တာဝန်ယူ ထားသည်။

ခေါင်းဆောင်ဟောင်းဖြစ်သူ ဆရာဝန်ဒေါက်တာကမ်ကျင်းဒါး (ချင်း) က မိခင်ပါတီ လိုအပ်ချက်အရ FUP ကနေ နှုတ်ထွက်ထားပါသည်။

သျှမ်းသံတော်ဆင့်

unread,
Jul 11, 2015, 4:13:28 PM7/11/15
to thuau...@gmail.com

ရွေးကောက်ပွဲ အတွက် လုံခြုံရေး အထူး တိုးမြင့်မည် သမ္မတရုံး ကကြေငြာ

Posted: 11 Jul 2015 09:28 AM PDT

နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲလုံခြုံရေးအတွက် တိုးမြင့်ဆောင် ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ကကြေငြာ သည်။



စည်းရုံးရေးကာလကတည်းက စပြီး ရွေးကောက်ပွဲပြီးဆုံးချိန်အထိ လုံခြုံရေး အထူး ချသွားမည်ဖြစ်ကြောင်း လုံခြုံရေးအတွက် အဆင့် (၆) ဆင့်ဖြင့် သတ် မှတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီမှ အကြံပေး ပုဂ္ဂိုလ်လည်းဖြစ် ငြိမ်း ချမ်းရေးဖော်ဆောင်ရေး အထူးလှုပ်ရှားနေသော ပြည်ထောင်စုအင်စတီကျုမှ ဒါရိုက်တာလည်းဖြစ်သည့် ဦးခွန်စိုင်းက-
‘ကျနော်တို့တောင် ရွေးကောက်ပွဲနီးလာလို့ ပြည်တွင်းလာရင် တော်တော်လေး ဂရုစိုက်ရမဲ့ အနေထားရှိတယ်။ လုံခြုံရေးတင်းကျပ်မယ်လို့လည်း ၀န်ကြီးဦးအောင်မင်းက ပြောတယ်’

အသေးစိပ်အချက်လက်များကို မကြာမှီ ပြည်ထဲရေးဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်မည်ဖြစ်ပြီး လက်နက်ကိုင်ပြီးအ တင်းကျပ် မဲထည့်စေခြင်းများ မပြု လုပ်နိုင်ရန် ၊ ပြည်သူများ လုံခြုံမှုရှိရှိမဲထည့်နိုင်ရန် ၊ အကြမ်းဖက်မှုများ မဖြစ် ပွားစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

တိုင်းရင်းသား မဟာမိတ် ပါတီများနှင့် မဟာမိတ် ဖွဲ့နိုင်ရေး ကြိုးစား မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Posted: 11 Jul 2015 09:23 AM PDT

၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ရှိနေသည့် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ယခင် CRPP အဖွဲ့ဝင် တိုင်းရင်းသား မဟာမိတ်ခေါင်း ဆောင်များ ယှဉ်ပြိုင်သည့် နယ်မြေများတွင် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပဲ အဆိုပါအဖွဲ့ဝင် ပါတီများနှင့် မဟာမိတ် ဖွဲ့နိုင်ရေးအတွက် ဆက်လက် ဆွေးနွေးသွား မည် ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။



နေပြည်တော်တွင် ဂျူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပသည့် ရွေးေ ကာက်ပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့ သို့ ပြော ကြား ခဲ့ခြင်း ဖြစ်သည်။

`ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကော ၊ ခုလို တိုင်းရင်းသား ပါတီတွေနဲ့ မဟာမိတ်ဖွဲ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုကော ကြိုဆိုပါတယ်။ ကျနော်တို့က မိတ်ဆွေဟောင်းတွေပဲ ညှိနှိုင်းသွားရမှာပေါ့။ မိုးထဲရေထဲမှာလည်း အတူလက်တွဲဖြတ်ခဲ့ရတာပဲ ‘ ဟု CRPP အဖွဲ့ဝင်၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဌ ခွန်ထွန်းဦး က ပြောသည်။

CRPP အဖွဲ့ဝင် တိုင်းရင်းသားပါတီအများစုမှာ ယခုအခါ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အမည်ဖြင့် တိုင်းရင်းသား မဟာမိတ်အဖွဲ့ကို တည်ထောင်ထားပြီး အဖွဲ့ဝင်ပါတီပေါင်း ၁၀ ပါတီခန့် ရှိနေသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ကို ၁၉၉၀ ရွေးကောက် ပွဲတွင် အနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီများ ၊ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များဖြင့် ၁၉၉၈ ခုနစ်တွင် ဖွဲ့စည်းခဲ့သည်။ နဝတ စစ်အစိုးရမှ ခေါ်ယူပေးခဲ့ခြင်း မရှိသည့် လွှတ်တော်ခေါ်ယူရေး အတွက် တောင်းဆိုရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ယင်းအဖွဲ့တွင် အန်အယ်လ်ဒီပါတီအပြင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ မွန်ဒီမိုကရေစီပါတီ ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် စသည့် ၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီများမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

NLD အနေဖြင့် တိုင်းရင်းသား မဟာမိတ်ဟောင်းများ ၊ ၈၈ မျိုးဆက်များနှင့် မဟာမိတ် ဖွဲ့နိုင်ခြေရှိ နေသော် လည်း အာဏာရ USDP ပြည်ခိုင်ဖြိုးပါတီနှင့်မူ ညှိနှိုင်းထားရခြင်း မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

အန်အယ်လ်ဒီအနေဖြင့် အစိုးရဖွဲ့နိုင်သည့် အနေထားအထိ အနိုင်ရခဲ့ပါက သမ္မတ အဖြစ် တင်သွင်းမည့်သူမှာ အများလက်ခံနိုင်သည့်သူ ဖြစ်နိုင် ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

သျှမ်းသံတော်ဆင့်

unread,
Jul 12, 2015, 4:26:08 PM7/12/15
to thuau...@gmail.com

နမ့်ခမ်းမြို့ ဒေသခံ ပြည်သူ လူထု များအား RCSS/SSA တပ်ဖွဲ့ တွေ့ဆုံ

Posted: 12 Jul 2015 03:15 AM PDT

သျှမ်းမြောက် နမ့်ခမ်းမြို့ ရှိ ဒေသခံ ပြည်သူ လူထု များနှင့် RCSS/SSA (သျှမ်းပြည် တပ်မတော်နှင့် သျှမ်း ပြည် ပြန်လည် ထူထောင်ရေး ကောင်စီ) တပ်ဖွဲ့တို့တွေ့ဆုံပွဲကို ကောင်းနောင် မိုရပ်ကွက် တိုင်းဧည့်ကြို မင်္ဂလာခန်းမ တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။

 နမ့်ခမ်းမြို့ ဒေသခံ ပြည်သူ လူထု များအား RCSS/SSA တပ်ဖွဲ့တွေ့ဆုံ နေစဉ်

 နမ့်ခမ်းမြို့ ဒေသခံ ပြည်သူ လူထု များအား RCSS/SSA တပ်ဖွဲ့တွေ့ဆုံ နေစဉ်


အခမ်းအနားကို ဂျူလိုင်လ ၁၀ ရက် မနက် ၉းဝဝ နာရီစတင် ကျင်းပခဲ့ကြောင်း၊ သျှမ်းနိုင်ငံရေး ပါတီ ဝင် များ ၊သျှမ်း စာပေ အဖွဲ့ဝင်များ ၊သျှမ်းလူငယ်အဖွဲ့(TYO) အဖွဲ့ဝင်များ ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တောင်သူလယ် သမားအဖွဲ့များနှင့် ဒေသခံ ပြည် သူလူထု စုစုပေါင်း အယောက် (၄၀၀ )နီးပါးခန့်တက် ရောက်ကြကြောင်း တွေ့ဆုံ ပွဲအခမ်းအနား တက် ရောက်သူ နမ့်ခမ်းဒေသခံ စိုင်းလှစံ က ဆိုသည်။

“အဖွင့်မိန့်ခွန်းနဲ့ အပိတ်အမှာ စကားကို သျှမ်းစာ/ယဉ် ဥက္ကဌ စိုင်းမြင့်သန်းမှပြောကြားပေးပြီး၊ RCSS/ SSA တပ်ဖွဲ့မှတောင်ကြီး မြို့ ဆက်ဆံရေးရုံးမှ  စဝ်စိုင်းကောင်း က ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းများနဲ့ နန်းစံဖောင်း မှ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအကြောင်းများကိုတင်ပြဆွေးနွေးခဲ့ကြတယ် ”ဟု ၄င်းကသျှမ်းသံတော် ဆင့်အားပြောသည်။

သက်ဆိုင်ရာ RCSS/SSA တပ်ဖွဲ့မှ တာဝန်ရှိသူများတင်ပြဆွေးနွေးမှုအပြီး နမ့်ခမ်းဒေသခံများကလည်း မိမိသိ လိုရာ စစ်ရေး၊ နိုင်ငံရေး ၊မူးယစ်ဆေးဝါးအကြောင်းများကို မေးမြန်းဆွေးနွေးတင်ပြခဲ့ကြကြောင်း အခမ်းအနားကို နေ့လည် ၁၂းဝဝနာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြသည်ဟု အခမ်းအနားဖြစ်မြောက်ရေး တွင် ပါဝင် ကူညီပေးခဲ့သော ဒေသခံလူငယ် စိုင်းယီ ကဆိုသည်။

RCSS/SSA တပ်ဖွဲ့နှင့် ပြည်သူလူထုများတွေ့ဆုံပွဲအခမ်းအနားကို သျှမ်းပြည်နယ်အတွင်းရှိ အမြို့မြို့ အနယ်နယ် များတွင် ကျင်းပခဲ့လာပြီး နမ့်ခမ်းမြို့ အပြီး ဂျူလိုင်လ ၁၁ ရက်နေ့က  လားရှိုးမြို့ ရှိ ပြည်သူလူထု များနှင့်တွေ့ ဆုံခဲ့ကြောင်း RCSS/SSA တပ်ဖွဲ့ ဆက်ဆံရေးရုံးတာဝန်ရှိ သူများထံမှ သိရှိရသည်။

သျှမ်းသံတော်ဆင့်

unread,
Jul 13, 2015, 4:38:51 PM7/13/15
to thuau...@gmail.com

RCSS/SSA ဗဟိုရုံး စိုက်ရန် တောင်းဆို ထားသည့် ဒေသတွင် ၀ တပ် အင်အား ပိုများလာ

Posted: 13 Jul 2015 04:51 AM PDT

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ဌာနချုပ် နှင့် ကုန်သွယ်ရေးစခန်းအဖြစ် သတ်မှတ်ပေးရန်အစိုးရထံ တောင်းဆိုထားသည့် နယ်မြေတွင် UWSA ၀ တပ်ဖွဲ့မှ ၀င်ရောက် တပ်စခန်းချထားမှုများ ရှိနေကြောင်း RCSS/SSA တာဝန်ရှိသူက ပြောသည်။



သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းထားမြို့နယ်ခွဲတွင် ပဏာမ အဆင့် အပစ်စရပ်စဉ်က တည်းက RCSS/SSA အနေဖြင့် မိုင်းထားဒေသအား ဌာနချုပ် နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကုန် သွယ်ရေးစခန်းများ အဖြစ် သတ်မှတ်ပေးရန် အစိုးရထံ တောင်းဆိုထားသည့်နောက်ပိုင်း ၀ တပ်ဖွဲ့ အား ၀င်ရောက်တပ်စွဲမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

‘‘ ကျနော်တို့ရဲ့ တောင်းဆိုထားချက်ကိုတောင် ပြန်စဉ်းစားရတော့မလို ဖြစ်လာနေပြီ တောင်းဆို လိုက်တဲ့အတွက် မလိုလားအပ်တဲ့ ပြသနာ ပေါ်လာသလို ဖြစ်နေလို့ပါ။ အရင်တုန်းက ၀ တပ်တွေ မရှိဘူး တောင်းလိုက်မှပဲ အဲဒီနယ်တွေထဲ ၀င်လာတယ်လေ၊ ပိုပြီးလည်း များများလာနေတာ တွေ့ရတယ် ’’  ဟု ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးကြီးစိုင်းလှက ဂျူလိုင်လ ၁၁ ရက်နေ့တွင် ပြောသည်။

UWSA ၀ တပ်ဖွဲ့ လက်အောက်ခံ ဝေရှောက်ယင် ဦးဆောင်သည့် အမှတ် ၁၇၁ စစ်ဒေသသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင် အတွင်း ထိုင်းနယ်စပ်တလျှောက် မြန်မာအစိုးရ ၏ သဘောတူညီမှုဖြင့် အခြေချနေထိုင်သည်။

’’ကျနော်တို့ က နဂိုကတည်းက ဒီမှာနေတာပါ။ အခု မှ လာတာမဟုတ်ဘူး။ ဖယ်ဖို့လဲ ဘာအထက် အမိန့်ကျမလာဘူး။ လိုအပ်ချက်အရ အင်အား ထပ်ဖြည့် လာတာတော့ ရှိတယ်လေ။ ဒီလဆန်းပိုင်း တုန်းကပေါ့’’ - ၀ အရာရှိငယ် အိုက်ဆမ် က ပြောသည်။

ဌာနချုပ် ဗဟိုရုံးစိုက်ရန် အတွက် RCSS/SSA မှ မိုင်းတုံမြို့နယ် မိုင်းထားမြို့နယ်ခွဲနှင့် လင်းခေး ခရိုင် မိုင်းပန်မြို့နယ် ဟိုမိန်းမြို့နယ်ခွဲ တို့အားတောင်းဆိုထားခြင်းဖြစ်သည်။ မိုင်းထား ဒေသ က ထိုင်းနိုင်ငံ ချင်းမိုင်(ဇင်းမယ်) ၀ိန်းဟိုင်မြို့နယ် နှင့် ကပ်လျက်တည်ရှိပြီး ဟိုမိန်းမြို့ကမူ ထိုင်းနိုင်ငံနယ်စပ်မြို့ - မယ်ဟောင်ဆောင် ခရိုင် မယ်ဟောင်ဆောင်မြို့နှင့် ကပ်လျက် တည်ရှိ သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးနေသည့် နိုင်ငံလုံးဆိုင်ရာအ ပစ်ခတ်ရပ်စဲရေး စာချုပ်တွင် မတရားအသင်းနှင့်ဆက်သွယ်မှု ပုဒ်မ ၁၇၊၁ မှာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးမှ ပယ်ဖျက်မည်ဖြစ်ပြီး နေရာ သတ်မှတ်မှု များမှာလည်း ယင်းနောက်ပိုင်းမှ စတင်ဆောင်ရွက်ကြမည်ဟု ပါရှိသည်။

သျှမ်းပြည် တပ်မတော် နှင့် မြန်မာအစိုးရ တို့သည် ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးဆိုင်ရာ ပြည်ထောင်စု နေ့ လက်မှတ် ရေးထိုးထားသည်။ ထို့အပြင် မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရန်လည်း သဘောတူထားသည်။ သို့သော် မြို့တွင်းဝင်ပါက လက်နက်ကိုင် ဆောင်ခြင်း မပြုဘဲ လူထု၊ လူအဖွဲ့အစည်း၊ ပါတီတို့ နှင့်တွေ့ဆုံခြင်း၊ ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်း အစရှိအချက်များမှ လွှဲ၍ အခြားသဘောတူထားသည့် အချက်များ လက်တွဲ အကောင် အထည် ဖေါ်နိုင်ခြင်း မရှိသေးပေ။

NLD နှင့် SNLD ပါတီတို့အကြား ရွေးကောက်ပွဲတွင် မဟာမိတ်ဖွဲ့ရေး မူအားဖြင့် သဘောတူ

Posted: 13 Jul 2015 04:46 AM PDT

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့အကြား လာမည့် ရွေးကောက်ပွဲတွင် မဟာမိတ်ဖွဲ့နိုင်ရေးအတွက် မူအားဖြင့် သဘောတူလိုက်ကြောင်း သက်ဆိုင်ရာ နိုင်ငံရေးပါတီများ ထံမှသိရသည်။



NLD နှင့် SNLD တို့အကြား မဟာမိတ်ဖွဲ့နိုင်ရေးအတွက် ပဏာမ ဆွေးနွေးပွဲတရပ်ကို ဂျူလိုင်လ ၁၃ ရက်နေ့ မနက် ပိုင်းက ရန်ကုန်မြို့ရှိ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ကျင်းပခဲ့ကြပြီး သဘောတူခဲ့ကြခြင်း ဖြစ်သည်။

“CRPP ခေါင်းဆောင်တွေဝင်မဲ့ နေရာတွေမှာ ကျနော်တို့ဝင်မှာမဟုတ်ဘူး။ ထိပ်တိုက်မတိုးဘူးဆိုတာတော့ သေချာ တယ်။ လောလောဆယ်တော့ ခေါင်းဆောင်တွေပြိုင်မဲ့ မဲဆန္ဒနယ် ထိပ်တိုက်တိုးမပြိုင်ဖို့ သေချာတယ်။ ကျနော်တို့ NLD နဲ့ သူတို့က မဟာမိတ်ပဲပေါ့ ”  ဟု NLD ပါတီမှ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောသည်။

CRPP ခေါင်းဆောင် ၃ ဦးဖြစ်သော ဦးအေးသာအောင်ဦးဆောင်သည့်ရခိုင်ပါတီ ၊ ခွန်ထွန်းဦး ဦးဆောင်သော  SNLD ပါတီနှင့် ပူကျင့်ရှင်းထန် ဦးဆောင်သော ချင်းပါတီ ၀င်ရောက်ယှဉ်ပြိုင်မည့်နေရာတွင် NLD ပါတီမှ ၀င်ရောက် ယှဉ်ပြိုင် ခြင်းပြုလုပ်မည်မဟုတ်ကြောင်း ပြောဆိုပါသည်။  

လွှတ်တော်ခေါ်ယူရေး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ဆိုသည်မှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များဖြင့် ၁၉၉၈ ခုနစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး စစ်အစိုးရမှ ခေါ်ယူပေးခြင်း မရှိခဲ့သည့် လွှတ် တော်ခေါ်ယူပေး ရေးအတွက် တောင်းဆိုရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

CRPP အဖွဲ့တွင် NLD ပါတီအပါဝင် သျှမ်း ၊ ရခိုင် ၊ မွန် ၊ ဇိုမီး စသည့် တိုင်းရင်းသားပါတီများပါဝင်ကြပြီး အဆိုပါ ပါတီ များမှာ လာမည့်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်တာ အဓိကပါပဲ။ ရွေးကောက်ပွဲမှာ ကျနော်တို့ ညှိညှိနှိုင်းနှိုင်း ဘယ်လို လုပ်သွားကြမလဲ တာဝန်တွေ ခွဲသွားကြမလားဆိုတာပါပဲ။ မဟာမိတ်ကိစ္စနဲ့ ပတ်သက်လို့ မူအားဖြင့် သဘောတူတယ်လို့ ပြောလို့ရ တယ်။” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ဆွေးနွေးမှု အပြီးပြုလုပ်သည့် မီဒီယာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောသည်။

မဟာမိတ်ကိစ္စမူအားဖြင့် သဘောတူသည် ဆိုရာတွင် ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲကာလအထိသာ သဘော တူနိုင်သေးပြီး အစိုးရအဖွဲ့ ရွေးချယ်မှုစသည့် ရွေးကောက်ပွဲနောက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများကိုမူ ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်းသိရသည်။NLD ကမည်သည့် မဲဆန္ဒနယ်တွင်ပြိုင်မည် မဟာမိတ်တိုင်းရင်းသားပါတီ များကမည်သည့် မဲဆန္ဒနယ်တွင်ပြိုင်ရမည်စသည့် အသေးစိပ်အချက်များကိုမူ ဆက်လက်ဆွေးနွေးရဦးမည်ဖြစ် ကြောင်း နှစ်ဘက်တာဝန်ရှိသူများက ပြောဆိုသည်။

“ညှိရမယ်ဆိုတာကတော့ NLD အားနည်းတဲ့ နေရာ ဆိုရင် SNLD က ၀င်ပေးရမယ်။ NLD အားကောင်းတဲ့ နေရာဆိုရင် ကျနော်တို့က ရှောင်ပေးရမှာပေါ့။ အဲဒီသဘော ပါ။ အသေးစိပ်ကိုတော့ ဘယ်မြို့နယ်မှာ ဘယ်သူပြိုင် မယ် ဘယ်သူကဘယ်မှာပြိုင်ဆိုတာကတော့ နောက်မှပဲလုပ်ကြ  ရမှာပေါ့။ စာရင်းအတိအကျနဲ့ ပတ်သက်လို့ ကျနော် တို့မှာလည်းအ ဆင်သင့်မဖြစ်သေးသလို သူတို့ဘက်ကလည်း အဆင်သင့် မဖြစ်သေးဘူး။ အဓိကက အချိန်နည်း လွန်းတာ အခက်ခဲဖြစ်နေတယ်” - ဟု ဦးစိုင်းညွှန့်လွင်က ပြောသည်။

ယခုကဲ့သို့ မဟာမိတ်ဟောင်းပါတီများအနေဖြင့်တပါတီနှင့်တပါတီ ညှိညှိနှိုင်းနှိုင်းယှဉ်ပြိုင်ခြင်းအားဖြင့် အတိုက်အခံများ အနေဖြင့်ထိပ်တိုက်တွေ့မှုများကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲအလွန်ကာလနိုင်ငံရေးအခင်းအကျင်း အတွက် လည်း အထောက်ကူပြုမည်ဖြစ်ကြောင်း ဦးစိုင်းညွန့်လွင်က မှတ်ချက်ပြုပြောဆိုသည်။

မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် မွန်ပြည်နယ်ခရီးစဉ်နှင့် ကချင်ပြည်နယ်ခရီးစဉ်အတွင်း NLD မှာပြည်ထောင်စုပါတီဟု ပြောကြားမှုများရှိခဲ့သည့်အတွက်လာမည့် ရွေးကောက်ပွဲတွင် NLD နှင့်တိုင်းရင်းသား မဟာမိတ်ပါတီများအကြား ထိပ်တိုက်ပြိုင်ရတော့မည်လားဆိုပြီး ဒီမိုကရေစီအင်အားစုများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိ ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ၀င်ရောက်ညှိနှိုင်းပေးမှုအပါဝင် နိုင်ငံရေး အင်အားစုများမှ တောင်းဆိုမှုများကြောင့် ယခုကဲ့သို့ မဟာမိတ်ဟောင်း တိုင်းရင်းသားပါတီများနှင့် NLD တို့အကြား ဆွေးနွေးမှုများ ပြုလုပ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

“အခုလို တိုးတက်မှုရှိလာတာ ကြိုဆိုပါတယ်။ အစက ကျနော်တို့လည်း မိုးထဲရေထဲ ဖြတ်ခဲ့တဲ့ ပါတီတွေအချင်းချင်း ထိပ်တိုက်ပြိုင်တော့မလားဆိုတာ စိုးရိမ်နေတာ။ ရွေးကောက်ပွဲအလွန်ကာလမှာ ဖြစ်လာမဲ့ လွှတ်တော်အပါဝင် နိုင်ငံ ရေး အခင်းအကျင်းမှာ အတိုက်ခံတွေများများပါလာဖို့လိုတယ်။ ဒါမှလည်း ဖွဲ့စည်းပုံပြင်ဖို့အပါဝင် လူထုလိုလားတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာဖို့ အထောက်ကူပြုမှာ ဖြစ်တယ်”  ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ကိုမြအေးက ပြောသည်။

NLD ပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားမဟာမိတ်များ၏ နေရာများမှအပ နိုင်ငံအနှံ့မဲဆန္ဒနယ် ပေါင်း ၁၁၀၀ ကျော်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် လျာထားပြီး SNLD ပါတီအနေဖြင့်မူ မြို့နယ်ပေါင်း ၅၀၊ နေရာပေါင်း ၁၅၀ ကျော်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန်လျာထားကြောင်းသိရသည်။ NLD ပါတီအနေဖြင့် ကျန်တိုင်းရင်းသားပါတီ များနှင့်လည်း ဆက်လက်ဆွေးနွေးမြှုပုလုပ်ဦးမည် ဖြစ်ကြောင်းသိရသည်။

ရွေးကောက်ပွဲမတိုင်မီ NCA လက်မှတ်ထိုးနိုင်ရေး ဖြစ်နိုင်ချေ ရှိမရှိ

Posted: 13 Jul 2015 04:40 AM PDT

လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီတစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို အပြီးသတ် ချုပ်ဆိုနိုင်ရန် ကြိုး ပမ်းသွားမည်ဟု အစိုးရက ပြောကြားသလို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း များကလည်း လက်ရှိအစိုးရသက်တမ်းအတွင်း NCA ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေး မူဘောင် ဆွေးနွေးပွဲ ဦးတည်ရန် မူအရ သဘောတူကြောင်း ပြောဆိုလာသည်ကို ကြားရ၏။ သို့အတွက် ရွေး ကောက်ပွဲမတိုင်မီ NCA လက်မှတ်ထိုးနိုင်ရေး ဖြစ်နိုင်ချေ ရှိမရှိ ဆိုသည်ကို ဆွေးနွေးသုံးသပ် တင်ပြ လို၏။


NCA ကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီအပြီးသတ် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ရန် ကြိုးပမ်း ဆောင် ရွက်သွားမည်ဟု ပြည်သူများကို လစဉ်ပြောကြားနေသည့် ဂျူလိုင်လ ၉ ရက် ရေဒီယို မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားသွားခြင်းဖြစ်၏။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အဆင့်မြင့်ညှိနှိုင်းရေး ကုယ်စားလှယ်အဖွဲ့(SD)၏ ဒုတိယအကြိမ် အစည်းအဝေး သဘောထားထုတ်ပြန်ကြေညာချက်အရ လက်ရှိအစိုးရ၏ သက်တမ်းကာလအတွင်း NCAကို အပြီး သတ်လက်မှတ်ရေးထိုးနိုင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် ရေးဆွဲရေးတို့ကို ဦးတည် ကြိုးပမ်းသွားရန် ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲမှ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရ၏။

“ငြိမ်းချမ်းရေးအတွက် အခွင့်ကောင်းကို အမိဖမ်းပါ၊ ငြိမ်းချမ်းရေးအတွက် လက်မလွှတ်သင့်သည့် အခါကောင်း”ဟု ဆိုပြီး NCA လက်မှတ်ထိုးနိုင်ရေး နှောင့်နှေးကြန့်ကြာခြင်းနှင့် ပတ်သက်၍ ဝန်ကြီး ဦးအောင်မင်းက လွန်ခဲ့သည့် ဂျွန်လထုတ် သတင်းစာ ဂျာနယ်တို့တွင် ဆောင်းပါးရေးပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို သတိပေးသလိုလို ရာဇသံ ပေးသလိုလို ပြောဆိုလုပ်ဆောင် လာခဲ့သည်ကို တွေ့ရှိရ၏။ NCA မထိုးဖြစ်လျှင် တိုင်းရင်းသားတို့ပဲ သမိုင်းတရားခံ ဖြစ်သလိုလို ဆိုသွားခဲ့၏။ တိုင်းရင်းသားတို့ကပဲ စွန့်စွန့်စားစား မလုပ်ရဲမကိုင်ရဲ သလိုလို ဆိုထား၏။ “အခြားအလုပ်ဖြစ်သည့် နည်းလမ်းတစ်ရပ်မရှိဘဲ NCAကို လွှင့်ပစ် လိုက်ဖို့ ဆိုသည်မှာ တာဝန်မဲ့ရာ ကျလွန်းသည်ဖြစ်သောကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက် များကို လည်း လွှင့်ပစ်ရေး ရပ်ခံသူများကသာလျှင် တာဝန်ယူရမည် မုချဖြစ်သည်” ဟုဆိုကာ တိုင်းရင်းသား ခေါင်းဆောင်များအား ခြောက်လှန့်သလိုလို ချောင်းဟန့်ပြသလိုလို သွေးတိုးစမ်း သလိုလို ဆိုထား သည်ကို ဖတ်မိ၏။

သို့သော် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့်SD အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံပွဲ ဒုတိယနေ့အပြီး ဂျူလိုင်လ ၄ ရက်နေ့တွင် ဝန်ကြီး ဦးအောင်မင်းက တစ်မျိုး လေချိုသွေး ဆိုသွားပြန်၏။ “ဒီနေ့ ဆွေးနွေး ပွဲက အောင်မြင်တယ်၊ NCA လက်မှတ်ရေးထိုးဖို့ တံခါးတစ်ချပ် ဖွင့်လှစ်နိုင်ပြီ”ဟု ပြုံးပြုံးရွှင်ရွှင် ပြောကြားသွားခဲ့၏။ တံခါးပေါက် ဘယ်နှစ်ချပ် ရှိသည်ကိုတော့ ပြောပြခြင်းမရှိ။ NCA ဆောလျင်စွာ ချုပ်ဆိုနိုင်ရေးအတွက် UPWC နှင့် SD တို့၏ တရားဝင် ဆွေးနွေးပွဲကြီးကို လာမည့် ဂျူလိုင်လ တတိယပတ်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ရေးကိုလည်း နှစ်ဘက်ကိုယ်းစားလှယ်တို့က သဘောတူခဲ့ကြောင်း ဦးအောင်မင်းက ပြောကြားသွား၏။ ယခင်က အစိုးရက ဆွေးနွေးဖို့ လက်မခံ သည့် လော်ခီးလာ ညီလာခံမှ NCA ဖြည့်စွက်ပြင်ဆင်ချက် ၁၂ချက်ကိုလည်း ဆက်လက် ဆွေးနွေး မည်ဟု ဆုံးဖြတ်ထားကြောင်း ဝန်ကြီးက အာမဘန္တေ ပြောဆိုသွား၏။

အစက SDကို အစိုးရဘက်က အသိအမှတ်မပြုသလိုလိုမျိုး သတင်းထွက်ပေါ်လာခဲ့သော်လည်း ဂျူလိုင်လဆန်းပိုင်းက ချင်းမိုင်တွင် UPWC နှင့် SD ကိုယ်စားလှယ်တို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပွဲအပြီး ဦးအောင်မင်းက NCAနှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေအရပ်ရပ် ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC)အား အကျယ်တဝင့် ရှင်း လင်းတင်ပြပြီးနောက် အစိုးရက SDကို ဆွေးနွေးဖော်ဆွေးနွေးဖက်အဖြစ် သတ်မှတ်လာကြောင်း သိရ၏။ UPWC နှင့်SDတို့ နှစ်ဦးနှစ်ဘက် တရားဝင် တွေ့ဆုံရေးကိုလည်း အစိုးရမှ သဘောတူခဲ့ ကြောင်း ကြားသိရ၏။ ဂျူလိုင်လ တတိယပတ်တွင်  ကိုယ်စားလှယ်နှစ်ဖွဲ့ တရားဝင် ရန်ကုန်၌ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး ညှိနှိုင်းရေး ပြုလုပ်ရန် နှစ်ဘက်စလုံးက ဆောင်ရွက်နေကြောင်း သိရ၏။

တိုင်းရင်းသားအဖွဲ့အစည်းများဘက်ကလည်း ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ကိုယ် စားလှယ်အဖွဲ့နှင့် ဆွေးနွေးသည့် ချင်းမိုင်ဆွေးနွေးပွဲမှ ရရှိသည့် ရလဒ်အပေါ် ကျေနပ် အားရကြောင်း ဆို၏။ ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အပြုသဘောဆောင်ပြီး အောင်မြင်သည့် ဆွေးနွေးပွဲတစ်ရပ် ဖြစ်ကြောင်း SD၏ ဒုတိယအဖွဲ့ ခေါင်း ဆောင်(၂) ပူးဇင်ကျုံးက ထုတ်ဖော်ပြောဆိုသွား၏။ ယင်းဆွေးနွေးပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေး အတွက် NCAကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သဘောတူခဲ့ကြောင်း ၄င်းက ပြောကြားသည်ဟု သိရ၏။

အစိုးရနှင့် တိုက်ပွဲဖြစ်နေသည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က နောက်နောင်တွင် တိုက်ပွဲများ လျှော့ချကာ အခြား တိုင်းရင်းသား  လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ NCAတွင် ပါဝင် လက်မှတ်ထိုးဖို့အဆင့်သင့် ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်ကို ကြားသိရ၏။ ထို့အပြင် မိမိကိုယ်ကို ခုခံကာကွယ်ရုံကလွဲပြီး နှစ်ဘက် ထိတွေ့မှုများကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမည်ဟု ဆိုသဖြင့် NCAအတွက် လက္ခဏာကောင်း တစ်ရပ်ဟု ဆိုသော် ရ၏။

SD(ယခင်NCCT) အဖွဲ့ဝင်တွေ မဟုတ်သည့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ နာဂအဖွဲ့ (NSCN-K)တို့၏ NCA အပေါ်ထားရှိသည့် သဘောထားများကို အကြမ်းဖျင်း လေ့လာကြည့်ပါလျှင် UWSA နှင့် NDAA တို့က NCA သည် ၄င်းတို့အတွက် မလိုအပ်သဖြင့် လက်မှတ်ထိုးဖို့ မလိုကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲကိုသာ တက်ရောက်ပါဝင် ဆွေးနွေးမည်ဖြစ်ကြောင်း အတိအလင်း ပြောထား ပြီးဖြစ်၏။ RCSSက မြွေမသေတုတ်မကျိုး ရပ်တည်ချက်ထားသဖြင့် NCA လက်မှတ်ထိုးမထိုး ဆိုသည်ကို မှန်းဆရခက်၏။ NSCN-K က လွတ်လပ်ရေးကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားသဖြင့် NCA ကို လက်မှတ်ထိုးဖြစ်ဖို့ အခွင့်အလမ်း နည်းပါးကြောင်း သိရ၏။ ဤလေးဖွဲ့ကို မစည်းရုံးနိုင်ပါက အားလုံး လိုလားသည့် ရွေးကောက်ပွဲမတိုင်ခင် NCAကို အပြီးသတ်ရေးထိုးနိုင်ရေးသည် အလှမ်းဝေး နေဦးမည် ဖြစ်၏။ အိပ်မက်ဝင်္ကပါတွင် တဝဲဝဲတလည်လည် လှည့်ပတ် လျှောက်လှမ်း နေရဦး မည်သာ ဖြစ်၏။

တဘက်တွင်လည်း ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရက်ကို တရားဝင် ကြေညာထား ပြီးဖြစ်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံအနှံ့ မဲဆန္ဒနယ် ၁၂၀၀ ကျော်အနက် အများစုတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဂျူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သဖြင့် NCA လက်မှတ်ထိုးနိုင်ရေး လုပ်ငန်းထက် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ခြင်းလုပ်ငန်းတို့အား ယင်းပါတီက ပိုမိုအလေးပေး အရေးထားမည် ဆိုသည်ကို မည်သူမျှ မငြင်းနိုင်ချေ။ အခြားပြည်မပါတီများနှင့် တိုင်းရင်းသား ပါတီများသည်လည်း ရွေးကောက်ပွဲ အောင်နိုင် ရေးကိုသာ ဇောင်းပေး ဆောင်ရွက်လာနိုင်သဖြင့် NCAသည် နောက်ဖေးပေါက်မှတဆင့် ဘေးရောက်သွားနိုင်၏။ အားလုံး၏ မြင်ကွင်းမှ တဖြည်းဖြည်းနှင့် ဝေးကွာသွားမည်ကို စိုး၏။ ဤရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းများကြောင့်လည်း NCA လက်မှတ်ရေးထိုးခြင်း အထစ်အငေါ့ ဖြစ်စေနိုင်၏။

အခုထက်ထိ တိုက်ပွဲများ လျှော့ချနိုင်ရေး မဆောင်ရွက်နိုင်ခြင်းသည်  NCA အချိန်မီ လက်မှတ် ထိုးနိုင်ရေးအဖို့  အနှောင့်အယှက် ဖြစ်စေ၏။ တိုက်ပွဲများသည် ကြိုကြားကြိုကြားမှ ခပ်စိပ်စိပ် ဖြစ်လာ၏။ သေနတ်သံသည် မြန်မာပြည် မြောက်ဖျားပိုင်းဖြစ်သည့် ကချင်ပြည်နယ်၊ သျှမ်းပြည်နယ်မြောက်ပိုင်းမှသည် တောင်ပိုင်း ကရင်ပြည်နယ် ရန်ကုန်− အာရှလမ်းမကြီး၏ ကော့က ရိတ်− မြဝတီ လမ်းပိုင်း ဒေသတဝိုက် ကူးစက်လာသဖြင့် ပြည်သူ လူထုအများက လုံခြုံရေးအတွက်  စိုးရိမ်ပူပန်ကြ၏။

ရန်ကုန်တွင် မကြာမီ ကျင်းပမည့် UPWC နှင့် SD တို့၏ တရားဝင် ပထမအကြိမ် ဆွေးနွေးပွဲကြီးမှ ထွက်ပေါ်လာသည့် ရလဒ်သည် NCA အချိန်မီ လက်မှတ်ထိုးနိုင်ရေးအတွက် အသက်သွေးကြော တမျှ လွန်စွာ အရေးပါလှ၏။ တိုင်းရင်းသားများဘက်က ဖြည့်စွက်လိုသည့် ပြင်ဆင်ချက် ၁၂ ချက် ကို အစိုးရဘက်က လက်ခံနိုင်ခြင်း ရှိမရှိ၊ NCAတွင် တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး တောင်းဆိုချက်ကို အစိုးရက လိုက်လျောနိုင်ခြင်းရှိမရှိ၊ စသည်တို့ကို ဆက် လက်စောင့်ကြည့် ရမည်ဖြစ်၏။ တိုင်းရင်းသားတွေဘက်ကရော အစိုးရ ဖြစ်ချင်သည်များကို မည်ကဲ့ သို့ အလျှော့အတင်းလုပ်ကာ ဆောင်ရွက်ပေးနိုင်မည်နည်း၊ ဥပမာ− ကိုးကန့်အဖွဲ့ (MNDAA)ကို  NCA တွင် ပါဝင်လက်မှတ်ထိုးရန် တပ်မတော်က လုံးဝလက်မခံ၊ ပယ်ချခဲပြီးဖြစ်၏။ ဤသည်ကို တိုင်းရင်းသားများဘက်က မည်သို့ ချေပအဖြေရှာမည်နည်း။ TNLAနှင့် ရက္ခိုင့်တပ်မတော် (AA)တို့ကိုတော့ လက်ခံဖို့ စဉ်းစားလို့ရသေးသည်ဟု ဆို၏။ အစိုးရက ပြင်ဆင် ချက် ၁၂ချက်ကို စာချုပ် စာကိုယ် Text ထဲတွင် မထည့်ဘဲ နောက်ဆက်တွဲအဖြစ်ထားပြီး နိုင်ငံရေး ဆွေးနွေးပွဲကျမှ ဆွေးနွေးမည်ဆိုခြင်းကိုရော တိုင်းရင်းသားများက မည်ကဲ့သို့ ကျော်လွှားသွား နိုင်မည်နည်း ဆိုသည် ကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေ၏။

နောက်တစ်ခုက Time Frame အချိန်အကန့်အသတ်ကြောင့်လည်း NCA အမြန်ဆုံး လက်မှတ်ထိုး နိုင်ရေးကို အဟန့်အတားပြုစေ၏။ အရင်တုန်းက ၂၀၁၄ သြဂတ်လတွင် NCA လက်မှတ်ထိုးဖို့ အစိုးရက ရည်ရွယ်ထားခဲ့၏။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်နီးပါးကြာသော်လည်း မထိုးနိုင်သေးဘဲ ဖြစ်ခဲ့၏။ အခုလည်း ဒီလမှ စတင်ရေတွက်သော် ရွေးကောက်ပွဲမတိုင်မီ NCA အတွက် အချိန်လေးလသာ ကျန်တော့၏။ အချိန်အလုံအလောက် မရမှာကိုလည်း ပူပန်မိ၏။ ဒီလိုအချိန်တိုလေးအတွင်းတွင် တိုက်ပွဲသံက တညံညံ ဆက်ကြားနေ၊ NCA ဆွေးနွေးပွဲကလည်း ရှေ့မတိုးသာ နောက်မဆုတ်သာ၊ မလူးသာမလွန့်သာ၊ ဆုပ်လည်းဆူး စားလည်းရူး၊ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ မဲဆွယ် စည်းရုံးရေး လုပ်ငန်းတို့ဖြင့် ပါတီများက တရုန်းရုန်းနှင့် NCAအတွက် အချိန်မပေးနိုင်၊ ခေါင်းမော့ မကြည့်နိုင်ကြ၊ အရေးမစိုက်နိုင်ကြဘူး ဆိုလျှင် ရွေးကောက်ပွဲအကြို NCA လက်မှတ်ရေး ထိုးနိုင်ရေးသည် သဲထဲရေသွန်သကဲ့သို့သာ ဖြစ်ချေ၏။ ရေပေါ်အရုပ်ရေး သလိုသာ အရာမထင် ဖြစ်မည်မှာ မြေကြီး လက်ခတ်မလွဲ သေချာ၏။

အားတက်စရာ တစ်ခုကတော့ SD ခေါင်းဆောင်များကို အစိုးရက အသိအမှတ်ပြုလာခြင်း ဖြစ်၏။ မတွေ့ဆုံကြခင် မဆွေးနွေးကြခင်မှာ SD ခေါင်းဆောင်များကို အစိုးရက Hardliners အဖြစ် ကင်ပွန်းတပ် ထင်မှတ်ထား၏။ ဆွေးနွေးရခက်၊ အပေးအယူအလျှော့အတင်း ပြုလုပ်ရာတွင် ခက်ခဲမည်ထင်ကြောင်း သိရ၏။ သို့သော် တကယ့်နဖူးတွေ့ဒူးတွေ့ ခေါင်းချင်းရိုက် မျက်နှာချင်းဆိုင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပူးတွဲအဖြေရှာသည့်အခါ သူတို့ ထင်သလို မဟုတ်ကြောင်း အစိုးရကိုယ်စားလှယ်များက ပြောကြောင်း ကြားသိရ၏။ လက်ရှိ SDခေါင်းဆောင်များသည် ဆွေးနွေးရာတွင် ကျိုးကြောင်း ဆီလျော်စွာ အလိုက်သင့် ဆွေးနွေးသွားကြောင်း သိရ၏။ ဤအချက်သည် NCA အတွက် မျှော်လင့်ချက် နံနက်ခင်း ရောင်နီဦးတစ်ခု ဖြစ်စေနိုင်၏။

ရွေးကောက်ပွဲမတိုင်မီ NCA လက်မှတ်ထိုးနိုင်ရေး ဖြစ်နိုင်ချေ ရှိမရှိ ဆိုခြင်းသည် အထက်က ပြောဆိုလာသည့် အချက်များနှင့် အများကြီး သက်ဆိုင် ဆက်စပ်၏။ Deadlock ဖြစ်နေသည့် အချက်အားလုံးကို ဆွေးနွေးဖြေရှင်း နည်းလမ်းရှာ ထွက်ပေါက်တွေ့နိုင်မှသာ NCA ရှေ့ခရီး ရှောရှောရှူရှူ ဖြောင့်ဖြောင့်ဖြူးဖြူး ဖြစ်ချေ၏။ သို့မဟုတ်က ခရောင်းလမ်း ညအမှောင်ထဲတွင် NCA ခရီးသည်သည် စမ်းတဝါးဝါးနှင့်သာ ခရီးဆက်ရမည်ဖြစ်၏။ ခရီးလမ်းဆုံးပန်းတိုင်ကို မည်သော အခါမျှ ရောက်ရှိနိုင်မည် မဟုတ်ချေ။

ချုပ်ပြီးဆိုရလျှင် ရွေးကောက်ပွဲမတိုင်မီ NCA လက်မှတ်ထိုးနိုင်ရေး ဖြစ်နိုင်ချေ ရှိမရှိ ဆိုခြင်းသည် ရာခိုင်နှုန်းအားဖြင့် ၅၀−၅၀ ဖြစ်မည်ထင်၏။ အမျိုးသားရေး၊ တိုင်းပြည်နှင့် လူမျိုးအတွက် စိတ်ရင်း စေတနာမှန်၊ ရိုးသားမှုအပြည့်၊ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝိရိယ တို့ဖြင့် ကျားကုတ်ကျားခဲ ကြိုးပမ်း လုပ်ဆောင်သည့် တရားဘက်တော်သားများက အဆုံးနိဂုံးတွင် အောင်ပွဲခံအနိုင်ယူသွားမလား၊ ကဖျက်ယဖျက်လုပ်လိုသည့် ကတုံးပေါ်ထိပ်ကွက်စစ်အာဏာရှင်လိုလူစားမျိုးမတရားဘက်ကနောက် ဆုံးတွင် သူတို့လိုချင်တာတွေ အပေါ်စီးကနေပြီး ရယူသွားနိုင်မလား ဆိုသည်ကိုတော့ လာမည့် လေးလ အချိန်တိုလေးအတွင်းတွင် အဖြေထွက်လာမည်၊ မြင်တွေ့လာမည်၊ ရုပ်လုံး ပေါ်လာမည် ထင်ပါ၏။

စစ်မင်း
၂၀၁၅ ခုနှစ်၊ ဂျွန်လ ၁၃ ရက်

သျှမ်း/မြောက်ရှိ သာရိပုတ္တ ကောလိပ်မှ ဒီပလိုမာ လက်မှတ် ပထမအကြိမ် ဂုဏ်ပြု ပေးအပ်

Posted: 13 Jul 2015 04:33 AM PDT

Sariputta College သာရိပုတ္တ ကောလိပ်မှ  ဒီပလိုမာ လက်မှတ်ရရှိသူ သံဃာတော်များအား ပထမအကြိမ် ဂုဏ်ပြု လက်မှတ်ပေးအပ်ခြင်းအခမ်းအနား ကို သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင်ကျင်းပခဲ့သည်။






ဂျူလိုင်လ ၁၂ ရက်က ရွှေသမင် (နန္ဒဝန်ကျောင်း) တိုက်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

လွယ်လင်မြို့ ဓါတ်တော်ကျောင်းတိုက်မှ သျှမ်းပြည်သံဃာ့နာယကအဖွဲ့ ဥက္ကဌ ဆရာတော်ဦးပညာနန္ဒ အပါအဝင် တောင်တန်းသာသနာပြုဆရာတော် စဝ်ဆုခမ်း တို့လည်းတက်ရောက်ချီးမြင့်ခဲ့သည်။

ပထမဆုံးအကြိမ် ဒီပလိုမာဘွဲ့လက်မှတ်ရရှိသူများမှာ - တန့်ယန်းမြို့နယ် ရပ်ကွက် ၂ လုံးထွန်းအောင် ပါ့ခမ်းဆွေ တို့၏သား အရှင် နာရတ္ထ (သက်တော် ၂၁ နှစ်)၊ နမ့်ခမ်းမြို့နယ် မန့်ကွန်းလုံရပ်ကွက်ရှိ စိုင်းအိုင်ဆိ နန်းရွှေစိန်တို့၏သား အရှင် သုမန (အသက် ၁၇ နှစ်) ၊ နမ့်ခမ်းမြို့ မန့်ကောင်းဝိန်း ရပ်ကွက်ရှိ ခင်းစိုင်းစို နန်းကြည်အေး တို့၏သား အရှင် သုဝရ (အသက် ၁၉ နှစ်) နှင့် မူစယ်မြို့နယ် မန့်ကောင်းနားရပ်ကွက်ရှိ စိုင်းအိုက်ရွှေ ပါ့ရွှေကြာတို့၏သား အရှင် သောဘိသ (သက်တော် ၂၃ နှစ် ) တို့ဖြစ်ကြသည်။

သာရိပုတ္တ ကောလိပ်မှ ဒီပလိုမာ သင်တန်းကို ၂၀၁၃ ခု မေလ ၂၅ ရက်နေ့က နန္ဒဝန်ကျောင်းတိုက်မှ ဆရာတော် ဦးဝိသုတ က ဦးဆောင်ဖွင့်လှစ်ပေးခဲ့သည်။ သံဃာတော် ၁၈ ပါးနှင့် အရပ်သား ၂  ဦး တက်ရောက်ဆည်းပူးခဲ့သည်။

ရည်ရွယ်ချက်မှာ ပညာရေးမြင့်တင်ပေးရန်၊ ဗုဒ္ဓသာသနာတော် ပျံ့ပွါးစေရန်နှင့် ထေရဝါဒ  ဗုဒ္ဓသာသနာမြင့်တင်ရန် ဖြစ်သည်ဟု သိရပါသည်။
Reply all
Reply to author
Forward
0 new messages