သစ်ထူးလွင်
25 views
Skip to first unread message
Thit Htoo Lwin
unread,
Nov 13, 2013, 10:37:10 AM11/13/13
to thuau...@gmail.com
သစ်ထူးလွင်
အိုအိုင်စီကို ဆန္ဒပြရန် ခွင့်ပြုချက် စစ်တွေတွင် မရသေး
Posted: 13 Nov 2013 01:05 AM PST
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အိုအိုင်စီ (အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့) ကိုယ်စားလှယ် အဖွဲ့အား ကန့်ကွက် ဆန္ဒပြရန် ခွင့်ပြုချက် တင်ထားသော်လည်း ယခု အချိန်ထိ ခွင့်ပြုချက်မပေးသေးကြောင်း သိရသည်။ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးက ယခုလို ရှင်းပြသည်။ “ ခွင့်ပြုချက်တောင်းခံတဲ့စာကိုတော့ လက်ခံရရှိပါတယ်။ အခုအချိန်တော့ ခွင့်ပြုချက် မပေးသေးဘူး။” ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဘုရားကြီးရှေ့တွင် ယမန်နေ့က အိုအိုင်စီကို ဆန္ဒပြရန် ဤသို့ စုရုံးခဲ့ကြသည်။ ( ဓါတ်ပုံ- Share Arakan News)
ရန်ကုန်တွင် ရဲတပ်ဖွဲ့ဝင်အင်အား အလွန်နည်းဟုဆို
Posted: 13 Nov 2013 12:53 AM PST
ရန်ကုန် တိုင်းဒေသကြီးရှိ လူဦးရေနှင့်ရဲ တပ်ဖွဲ့ဝင်များ၏အင်အားကို အ ခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေကြောင်း အ မှတ်(၂) ရဲတပ်ရင်းများကွပ်ကဲရေး အဖွဲ့မှူး ရဲမှူးချုပ်သူရဦးဘိုနီက ပြောသည်။ ရဲမှူးချုပ် သူရဦးဘိုနီက ''ရန်ကုန် လူဦးရေခြောက်သန်း မှာ ရဲအင်အားက တစ်ထောင်နီးပါး ပဲရှိတော့ ဘယ်လိုထိန်းမလဲ။ ဂျပန် နိုင်ငံမှာဆို လူ၂၀ဝနဲ့ ၆၀ဝကြား မှာ ရဲတစ်ယောက်ရှိတယ်''ဟု ပြော သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ဝန်ထမ်း ၁၉၀ အား ရာထူးတိုးပေးမှုအပေါ် ဝေဖန်အကြံပြုစာကို အစိုးရကပေးပို့ထားဟုဆို
Posted: 13 Nov 2013 12:45 AM PST
ပြည်သူ့လွှတ်တော်ရှိ ၀န်ထမ်း ၁၉၀  ဦးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ရာထူးတစ်ဆင့် တိုးပေးလိုက်သည့်အပေါ် အစိုးရအဖွဲ့က ယင်းသို့မလုပ်သင့်ကြောင်း ဝေဖန်အကြံပြုစာကို ပြည်သူ့လွှတ်တော်ထံ အကြောင်းကြားစာ ပေးပို့ထားသည်ဟု သတင်းရရှိသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အောက်တိုဘာလကုန်ပိုင်းက ပြည်သူ့လွှတ်တော်၏ ဖွဲ့စည်းပုံကို တိုးချဲ့ရန်အတွက် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ အရာထမ်းမှ ညွှန်ကြားရေးမှူး အဆင့်ထိ ၀န်ထမ်း ၁၉၀ ကို ရာထူးတစ်ဆင့်စီ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် ယင်းတို့နေရာတွင် ၀န်ထမ်းအသစ်များရွေးချယ်ခေါ်ယူရန် စီစဉ်နေကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြန်မာအိမ်ဖေါ် စင်္ကာပူ အလိုရှိ
Posted: 13 Nov 2013 12:28 AM PST
ဖိလစ်ပိုင်နိုင်ငံက အိမ်ဖေါ်တွေ ဈေးကြီးမြင့်လာနေတဲ့အတွက် စင်္ကာပူနိုင်ငံဟာ အရှေ့တောင်အာရှက ကမ္ဘောဒီးယားနဲ့ မြန်မာလို ဆင်းရဲတဲ့ အိမ်နီးချင်းနိုင်ငံတွေဘက်ကို လှည့်လာနေတယ်လို့ International Business Times သတင်းစာက ဖေါ်ပြလိုက်ပါတယ်။ အရင်က စင်္ကာပူနိုင်ငံရဲ့ အိမ်ဖေါ်လိုအပ်ချက် (၉၀) ရာနှုန်းကျော်ကို ဖိလစ်ပိုင်နိုင်ငံက ဖြည့်ဆည်းပေးနေတာ ဖြစ်ပေမယ့်၊ အခုအခါ ဖိလစ်ပိုင်အိမ်ဖေါ် ငှားရမ်းခတွေ မြင့်တက်သွားခဲ့တာကြောင့် စင်္ကာပူရဲ့ ငှားရမ်းနှုန်းဟာ ၂၀ - ၃၀ ရာနှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရွှေလီ၌ပျံ့နှံ့နေသည့် တရုတ်အမျိုးသားနှင့် လက်ထပ်နိုင်ရန် ချိတ်ဆက်ပေး သူအား ဆုကြေးပေးမည့် စာရွက်ကိစ္စ တရုတ်အစိုးရထံ မေးမြန်းကန့် ကွက်မည်
Posted: 13 Nov 2013 12:05 AM PST
 တရုတ်နယ်စပ် ရွှေလီ၌ အိမ် ထောင်ရေး မိတ်ဆက်ပေးခြင်း ဆိုသော စာရွက် ပျံ့နှံ့နေမှုကို လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တရုတ်အာ ဏာပိုင်တို့ထံဆက် သွယ်မေးမြန်း၍ ကန့် ကွက်သွားမည်ဟု¤င်းတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ဦးခင်မောင်က ဆိုသည်။ ယခုရက်ပိုင်းအတွင်း မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ရေးသားထားပြီး ကြေညာစာ၏ ဆိုလိုရင်းမှာ တရုတ် နိုင်ငံသားနှင့် ထိမ်းမြားရန်နှင့် ချိတ် ဆက်ပေးသူကို ယွမ် ၃ဝဝဝ (မြန်မာ ငွေကျပ် ၅ သိန်းနီးပါးခန့်) ချီးမြှင့်မည် ဟု ဖော်ပြထားခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အစွယ်လိုသူက တစ်မျိုး၊ တိုးတိုးလေး စားသူက တစ်ဖွဲ့ နင်းပြားတွေပါ ခံစေရော့အခက်နဲ့ ခေတ်သစ်သောနုတ္တရဇာတ်
Posted: 12 Nov 2013 11:57 PM PST
‘ဂျောက်’
ဦးတိုးတစ်ယောက် သူ၏ လက်စွဲ တော် စက်ဘီးအား ဒေါက်ဖြုတ်လိုက် သော အသံ ဖြစ်သည်။ အချိန်က နံနက် ၆ နာရီ ၄၅ မိနစ်၊ ထုံးစံအတိုင်း ဒီ အချိန်ဆိုလျှင် သူလက် ဖက်ရည်ဆိုင်မှ ထွက်ခွာသွားစမြဲ။ ရုံးဝန်ထမ်းမဟုတ် သော်လည်း ၄င်း၏ အလုပ်အတွက် ပုံမှန် အချိန်တစ်ခုကို ၄င်းကိုယ်တိုင် သတ်မှတ်ထားခြင်း ဖြစ်သည်။ သူ၏ လက် စွဲတော် တစ်ပတ်နွမ်း မိန်းမစီးဘီး ကို ခွ၍ နင်း ထွက်သွားပုံကို ကြည့်မိရာ တောင့်တင်း ပြည့်ဖြိုးသော သဏ္ဌာန် ရှိသေးသည့် သူ၏ခန္ဓာကိုယ်ကို နောက် မှ တွေ့မြင်လိုက် ရ၏။
ဦးတိုးသည် နံနက် ၆ နာရီ ဝန်း ကျင်တွင် ၄င်းနေထိုင်ရာ နေအိမ်နှင့် မလှမ်းမကမ်းတွင် ရှိသော ရောင်နီဦး လက်ဖက်ရည်ဆိုင်သို့ ပုံမှန်လာထိုင် တတ်သူဖြစ်သည်။ ခပ်မှိန်မှိန် အရောင် ရှိသည့် အင်္ကျီအကွက် လက်တိုများကို အမြဲဝတ်ဆင်တတ်သူဖြစ်ပြီး ဘေးလွယ် အိတ်တစ်လုံး စလွယ်သိုင်း၍ လွယ်ထား တတ်၏။
ဦးတိုး၏ အသက်မှာ ၅၈ နှစ်ခန့် ရှိပြီဖြစ်သဖြင့် အစိုးရဝန်ထမ်း ဖြစ်မည် ဆိုပါက သက်ပြည့်ပင်စင်ယူရခါနီး သူ တစ်ယောက်ဖြစ်ပေလိမ့်မည်။ သို့သော် သူသည် အစိုးရ ဝန်ထမ်းလည်းမဟုတ်။ သူ၏ အလုပ်မှာ သဲ၊ဘိလပ်မြေနှင့် ကွန် ကရစ်မာဆေးတို့ ရောစပ်၍ အလျား ၉ ပေ၊ အနံ ၄ ပေနှင့် ထုထည် ၂ ပေခွဲ ခန့်ရှိသော ဘလော့တုံးများ၊ ပညတ် ချက်အရ အုတ်ဟုဆိုသည့် အရာများ ကို ပြုလုပ်ကာ ယင်းမှတစ်ဆင့် လူသား အားလုံးသုံးစွဲသည့်နေအိမ်ဟူသည့် အ ရာကို ပုံဖော်တည်ဆောက်သူ ဖြစ်သည်။
 သို့သော် သူသည် အတန်းပညာ များ ဆည်းပူးခဲ့သည့် ဘွဲ့ရပညာတက် တစ်ယောက်လည်း မဟုတ်ပြန်။ ဘဝ ပေး ပညာသင်ကြားခြင်းဖြင့်သာ ထိုအ တတ်ကို သူ တတ်မြောက်ခဲ့ခြင်း ဖြစ် သည်။ သူ့အသက် ၁၆ နှစ်မှ စတင်၍ ပန်းရန်အလုပ်ကို စတင်သင်ကြားခဲ့ခြင်း ဖြစ်သည်။ ယင်းမှ တစ်ဆင့် လက်သမား ဖြစ်လာသည်။ နောက် လက်သမား ဆရာဘဝသို့ တစ်ဆင့်ကူးပြောင်းရောက် ရှိခဲ့သူ ဖြစ်သည်။ ဆယ်ကျော်သက်ဘဝ မှ စတင်ကာ အားလပ်ရက်အလွန်နည်း ပါးစွာ အလုပ်လုပ်ခဲ့သူ ဖြစ်သော် လည်း ၄င်းတွင် ပိုင်ဆိုင်မှုများက များစွာ ပြရန် မရှိ။
ပြစရာဆို၍ ၄င်း၏ သားသမီးသုံး ယောက်ပညာရေးကို ဆုံးခန်းတိုင် ပြီး စီးစေခဲ့ခြင်းသာ ဖြစ်သည်။ ယင်းအပြင် ပြောရမည်ဆိုပါက ရန်ကုန်မြို့၌ အစိုးရ မှ ကျပ်သောင်း ဂဏန်းခန့်ဖြင့် ချထား ပေးခဲ့သည့် ပေ ၄ဝ x ပေ ၆ဝ မြေတစ် ကွက်ကို အမည်ပေါက်ဖြင့် ပိုင်ဆိုင်ပြီး အဆိုပါ မြေကွက်၌ သူ၏ အတတ်ဖြင့် သူကိုယ်တိုင် ဆောက် လုပ်ထားသော မပြီးပြတ်သေးသည့် တိုက်ခံအိမ် တစ် လုံးသာ ရှိတော့သည်ဟု ဦးတိုးက ဆို သည်။
သို့သော်လည်း လူ့ဘောင်တွင် အိမ်ရာတည်ဆောက်ခြင်းပညာကို တက်မြောက်ခဲ့သည့်အတွက် ၄င်း၏ မွေးဖွားရာ ဇာတိချက်မြှုပ်မြေ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ကန်တောင်ဟူ သော တောရွာကလေးမှ မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ရန်ကုန်ကို ၁၉၈၇ တွင် ခြေချနိုင်ခဲ့ခြင်း ဖြစ်သည်။ ၄င်း တတ်ကျွမ်းခဲ့သည့် အတတ်ပညာ၏   နောက်ဆက်တွဲ အကျိုးကျေးဇူးများ အနေဖြင့် သူ၏ အိမ်သူသည်လည်း တောရွာကောက်စိုက်သမ ဘဝမှ ကင်း လွတ်ခွင့်ရခဲ့ပြီး သားသမီးများလည်း မြို့ ပြတွင် နေထိုင်နိုင် ခဲ့သည်ဟု သူက ဆို သည်။
ယခင်နှင့်မတူ ပူလေပြီ ဆယ်နေကဲ
အချိန်ကြာမြင့်စွာ ဦးတိုးတို့ နေ ထိုင်ခဲ့သည့် ရန်ကုန်မြို့တော်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ယခု ၂ဝ၁၃ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ပြဋ္ဌာန်းပေးလိုက်သည်။ ယင်း ဥပဒေ ဖြစ်ပေါ်လာရာ၌ ဦးတိုး အပါ အဝင် ၄င်းကဲ့သို့သော ပန်းရန်၊ လက် သမားတို့၏ အရေးမှာ ရတက် မအေး စရာ ဖြစ်ပေါ်လာရ၏။
လွှတ်တော်က အတည်ပြုပေး လိုက်ပြီးဖြစ်သည့် ရန်ကုန်မြို့တော် စည် ပင်သာယာရေး ဥပဒေကို အကောင်အ ထည်ဖော်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး   ကော်မတီရှိ ဌာနအသီးသီး က ဥပဒေအတွင်း မိမိတို့ဌာနနှင့် သက် ဆိုင်သော ဥပဒေ အကြောင်းအရာများ အပေါ် နည်းဥပဒေ ထပ်မံရေးဆွဲနေ သည်။ ယင်းတွင် ရန်ကုန် စည်ပင် အင် ဂျင်နီယာဌာန (အဆောက်အအုံ)မှ ရေး ဆွဲသော နည်းဥပဒေ၌ ဦးတိုးကဲ့သို့သော ပန်းရန်လက်သမားတို့အတွက် ရတက်မ အေးဖွယ် ကိစ္စပါဝင်လာခဲ့ခြင်းပင်   ဖြစ် သည်။
ရန်ကုန်မြို့တွင်း၌ တရားမဝင် (ရန်ကုန်စည်ပင်သို့အခွန်ဆောင် ဆောက် လုပ်ခြင်းမျိုး မဟုတ်ဘဲ) ဆောက်လုပ် သော အဆောက်အအုံများရှိရာ ယင်း ကဲ့သို့ ဆောက် လုပ်ခြင်းများကို ရန်ကုန် စည်ပင်မှ စစ်ဆေးတွေ့ရှိပါက လက်ရှိ အချိန်တွင်မြေရှင်ကိုသာ တရားစွဲအရေး ယူနေသော်လည်း နောင်နည်းဥပဒေ ရေးဆွဲ ပြီးစီးချိန်၌ အေ ဆာက်အအုံ ဆောက်လုပ်သည့် ပန်းရန်၊ လက်သမား များကိုပါ တရားစွဲအရေးယူမည်ဟု ရန် ကုန်စည်ပင် အင်ဂျင်နီယာဌာန (အ ဆောက်အအုံ)မှ ဌာနမှူး ဦးမောင်မောင်   ဇော်က တရားဝင်ကြေညာခဲ့ခြင်း ဖြစ် သည်။
ပန်းရန်၊ လက်သမားများအနေဖြင့် တစ်နေ့ဝမ်းရေး တစ်နေ့ ဖြေရှင်းရာတွင် အလုပ်ခေါ်သူရှိရန် ဦးစွာ ဆုတောင်းရ မှုများရှိသည်။ တရားဝင် ခွင့်ပြုမိန့်ဟုတ်၊ မဟုတ် စော ဒကတက်ခွင့်ရရန် အခွင့်အ ရေးမှာ လွန်စွာနည်းသည်။ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်လျှင် လုပ်သားများ ကိုပါ တရားစွဲအရေးယူမည်ဟု ဆိုရာ တွင် အဆိုပါ နည်းဥပဒေ အတွက် ကောင်းသည်၊ ဆိုးသည်ဟု ပြောရန်ပင် မပြောတတ်လောက်အောင် အံ့သြလွန်း ၍ ဆွံ့အသွားသည်ဟု လက်သမားဆရာ ဦးတိုးက ပြောသည်။
 ရန်ကုန် စည်ပင်က ပြဋ္ဌာန်းမည့် နည်းဥပဒေအကြောင်း ကြားကြားခြင်း သူအတန်ငယ်ကြာ တိတ်ဆိတ်သွားပြီး ရှေ့တွင် အဆင်သင့် ချထားပြီးဖြစ်သော အေး လုနီး နီးဖြစ်နေသည့် ရေနွေးကြမ်း ခွက်ကို ကောက်မော့လိုက်သည်။ ပြီး တော့ သူက ”ဒါဆို လုပ်သား ဈေးပိုကြီးသွား မှာ။ ဒီအလုပ်က မှောင်ခိုသဘောမျိုး ဖြစ်သွားပြီလေ။ ကျွန်တော့်အမြင်အရဆို စည်ပင်ဘက်ကလည်း လာဘ်ပေးလာဘ် ယူမှုတွေ ပိုများလာမယ်။ အလုပ်အကိုင် ရှားပါးတာလည်း ဖြစ်လာနိုင်တယ်။ နောက်ဆုံး ထိမှာက အိမ် ရှင်တွေ ပိုပြီး ကုန်ကျစရိတ် များလာလိမ့်မယ်” ဟု တွေးဆ ပြောပြပြန်သည်။
နားလည်မှုလော နာလိမ့်မည်လော
ဦးတိုးသည် ၁၉၈၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်ကြား ကာလ ၂၆ နှစ်အတောအ တွင်း ရန်ကုန်၌ အဆောက်အအုံရာကျော် ပြုပြင်ဆောက်လုပ်ခဲ့ဖူးသည်ဟု လက် ဖက်ရည်ဆိုင်၌ စကားစမြည် ပြောရင်းမှ သိရှိခဲ့ရသည်။ ယင်းတွင် ရန်ကုန်စည် ပင်သို့ အခွန်မပေးဆောင်ဘဲ လုပ် ဆောင်ခဲ့ရသည့် လုပ်ငန်းမှာ မရှိသ လောက်နည်းသည် ဟုသူက ပြော သည်။
၎င်းသည် ပန်းရန်၊ လက်သမား လုပ်ငန်းကျွမ်းကျင်ရုံအပြင် သံချည် သံ ကွေးလုပ်ငန်းကိုပါအနည်းအကျဉ်း တတ် မြောက်သဖြင့် ¤င်းနှင့် ခင်မင်းရင်းနှီးသူ များ၊ ထိုသူ များမှ တစ်ဆင့် ချိတ်ဆက်မိ သူများမှ အဆောက်အအုံပြင်ဆင်လို ခြင်းနှင့် တိုးချဲ့ ဆောက်လုပ်လိုခြင်းများ တွင် ကန်ထရိုက်ခေါ်ယူမှုမရှိဘဲ ၄င်း လက်သို့သာ လွှဲအပ်၍   ဆောက်လုပ်စေ ခိုင်းခြင်းမျိုး များပြားသည်ဟု ဦးတိုးက ပြောပြသည်။
ဦးတိုးပြောသည့် ရန်ကုန်စည်ပင် သို့ အခွန်ပေးဆောင်ရသည်ဆိုသည်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (အဆောက် အအုံ)သို့ သွားရောက်ပေးသွင်းရခြင်းမျိုး မဟုတ်။ အဆောက်အအုံ ပြင်ဆင်ခြင်း၊တိုးချဲ့တည်ဆောက်လိုခြင်းအတွက် သဲ၊ အုတ်၊ ကျောက်အစရှိသည်များ ဝယ် ယူကာ စုပုံထားပါက စည်ပင်အရာရှိများ ရောက်ရှိလာပြီး အိမ်ရှင်နှင့် ညှိနှိုင်းကာ ဆောင်ရွက်ခြင်းမျိုး ဖြစ်သည်ဟု ဦးတိုး က သူ၏လုပ်သက်အရ တွေ့ကြုံခဲ့ရမှု များကို ပြောပြသည်။
”ကျွန်တော် ရန်ကုန်ကို ရောက်ခါ စ (၁၉၈၇) တုန်းကဆိုရင် စည်ပင်ကို ရပ်ကွက်အတွင်း အိမ်တွေက ဆောက် လုပ်ခွင့် မတင်ရဘူး။ ဗိုလ်မှူးအိမ်တွေလို အိမ်ကြီးအိမ်ေ ကာင်းတွေ ဆောက်မှ တင်ရတယ်။ သွပ်မိုး၊ ထရံကာတွေဆို မတင်ရဘူး။ သူတို့က မြို့သစ်တွေဆို ဖွံ့ ဖြိုးအောင်ဆိုပြီး ဒီအတိုင်းဆောက်ခွင့် ပေးခဲ့တာ။ အခုနောက်ပိုင်းေ တာ့ စည် ပင်ကို သွားမတင်လည်း သူတို့ကို ပေးရ တာပဲ။ မြို့နယ်ရုံးတွေနဲ့ နားလည်မှု လုပ်တဲ့ သဘောပေါ့”ဟု ဦးတိုးက ဆက် ပြောသည်။
ပန်းရန် လက်သမား ဘဝသည် အသက်အန္တရာယ်နှင့်လည်း တစ်ခါ တစ်ရံ ထိပ်တိုင်ရင်ဆိုင်ရသည့် ဘဝမျိုး ဖြစ်သည်။ ဆောက်လုပ်ရေး ကုမ္ပဏီ များနှင့် ချိတ်ဆက်လုပ် ကိုင်သည့် လုပ် သားများအတွက် လုပ်ငန်းခွင် ထိခိုက်မှု များတွင် ဆေးဝါးကုသစရိတ် မျှော်မှန်း နိုင်ခွင့်ရှိသော်လည်း နေ့စား ပန်းရန်၊ လက်သမားတို့အတွက်မူ ယင်းေ လာက်  ပင် အာမခံချက် မရှိ။ ကိုယ်ဖြစ်ကိုယ်ခံ စနစ်သာရှိသည်ဟု သိရသည်။
”နေ့စား ပုတ်ပြတ်တွေ အတွက်က တော့ ထိခိုက်လို့ ဆေးရုံတက်ရဘာရ ဆိုရင် အိမ်ရှင်က အလွန်ဆုံးပေး တစ် သောင်း၊ နှစ်သောင်းပေါ့။ ကိုယ့်ဘာသာ ကုရတာပေါ့”ဟု ဦးတိုးက ၄င်းတို့၏ လုပ်ငန်းသဘောကို မြင်သာအောင် ပြောပြန်သည်။တရားစွဲခံရသည့်အရေးပါ ထပ် ဆောင်းလာမည်ဆိုလျှင် ၄င်းတို့အဖြစ် မှာ ဘူးလေးရာဖရုံဆင့်ဆို သည်ထက် ပင် ဆိုးမည်ဟု ဆို၏။
ဤသို့ဤပုံ
၎င်း၏ အတွေ့အကြုံအရ မိသား စု နေအိမ်များ ဆောက်လုပ်ရာ၌ ရန် ကုန်စည်ပင်သို့ ခွင့်ပြုချက်တောင်းခံပါက ပုံဆွဲခ ပေးချေရခြင်းနှင့် စည်ပင်မှ ချိတ် ဆက်ပေးသည့် ပုံဆွဲအင်ဂျင်နီယာ ငှား ရမ်းရခြင်း စသည့်ကိစ္စရပ်များ ပါဝင် လာရာ ဆောက်လုပ်သူအိမ်ရှင်များက နားလည်မှုဖြင့်သာ တည်ဆောက်လိုခြင်း များပြားခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း ၄င်းက ပြောသည်။
၂ဝ၁၃ ခုနှစ်အတွင်းတွင် ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၁၁၅၇ လုံးနှင့် ခွင့်ပြု ချက်ထက်ကျော်လွန် ဆောက်လုပ်သော အဆောက်အအုံ ၅၅ လုံးကို တရားစွဲ အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။
ခွင့်ပြုချက်မဲ့ ဆောက်လုပ်ပါက အဆောက်အအုံ ခိုင်ခံ့မှုမရှိနိုင်ခြင်း၊ စည်ပင်မှ သတ်မှတ်သော မြေချန်များ နှင့် ကွဲလွဲစွာ ဆောက်လုပ်ထားခြင်းအ တွက် နောင်တွင် အခက် အခဲကြုံတွေ့ရ နိုင်ခြင်း၊ သတ်မှတ်ချက်ထက် အမြင့်ပေ ပိုမိုဆောက်လုပ်ထားခြင်းအတွက် ပြန် လည်ဖြိုဖျက်ရခြင်း၊ သတ်မှတ်လှေကား များ မဆောင်ရွက်ဘဲ ပြုလုပ်မိပါက အရေးပေါ် ကိစ္စအတွက် အန္တရာယ်များ ကြုံကြိုက်လာခြင်းနှင့် သဘာဝ ဘေးကြုံ တွေ့ပါကပြိုကျပျက်စီးနိုင်ခြင်းများ ရှိရာ တရားဝင် တည်ဆောက်ရေးကို တိုက် တွန်းပြီး ဌာနအနေဖြင့်လည်း အမြန်ဆုံး ပါမစ်ကျရေးကို ဆောင်ရွက်ပေးမည်ဟု ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန အ ဆောက်အအုံမှ ဌာနမှူး ဦးမောင်မောင် ဇော်က ပြောသည်။
 တရားမဝင် အဆောက်အအုံများ ဖြစ်ပေါ်ခြင်း၏ အဓိက အကြောင်းအ ရင်းမှာ မြေအမည်ပေါက် မှန်ကန်မှုမရှိ ခြင်းဖြစ်ကြောင်း၊ မြေအမည်ပေါက် မှန် ကန်မှု မရှိသည့်   မြေကွက်များ၌ အဆောက်အအုံတည်ဆောက်ပါက စည်ပင်မှ သုံးထပ်အထိသာ ခွင့်ပြုပေး ပြီး တည်ဆောက်လိုသူများမှ ယင်းထက် ပိုမိုတည်ဆောက်လိုမှုများ ရှိနေရာ တရားမဝင် ဆောက်လုပ်မှုများ ဖြစ်ပေါ် ရခြင်းဖြစ်သည်ဟု ရန်ကုန်စည်ပင် (အ ဆောက်အအုံ)ဌာနမှ အကြီးတန်းအရာ ရှိတစ်ဦးက ထပ်လောင်းပြောသည်။
   ”ပိုင်ဆိုင်မှု မမှန်ဘဲ (မြေအမည် ပေါက်မှန်)နဲ့ သူတို့ ဆောက်လုပ်လိုတဲ့ အထပ်ကို ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ ပိုင်ဆိုင်မှုကို ဘယ်လိုလုပ်ရမလဲ ဆိုတာ အဖြေရှာ ရမယ်။ မြေကိုသာ သူတို့အမည်ပေါက်မှန်ရင် ဆောက်ချင် သလောက် ဆောက်လို့ရမယ်”ဟု ၄င်း က တရားမဝင်အဆောက်အအုံများ ပ ပျောက်ရေးအတွက် လွယ်ကူစွာ   မြေအ မည်ပေါက်လွှဲပြောင်းနိုင်ရေးဆိုသည့် အဖြေကို ရှာကြံရန် လိုအပ်နေကြောင်း ပြောပြန်သည်။
မြေယာကိစ္စရပ်မှာ လွန်စွာ ရှုပ် ထွေးသည့် သဘောရှိပြီး လူတစ်ဦး အ မည်ပေါက်ဖြစ်နေပါက ကျန်တစ်ဦး လွှဲ ပြောင်းရန်မှာ ခက်ခဲသည့်အတွက် တရားမဝင် ဆောက် လုပ်မှုများနှင့် တိုက်ရိုက်ဆက်စပ်နေသော မြေအမည် လွှဲပြောင်းရေးတွင် လွယ်ကူသည့် မူဝါဒ ကို နိုင်ငံတော်မှ ချမှတ်ပေးသင့်သည်ဟု ၄င်းက ဆက်ပြောသည်။
 ”ဥပမာ လယ်မြေတွေမှာ တစ် ဆက်တစ်စပ်တည်း လုပ်လာတာ နှစ် နှစ်ဆယ်ရှိတယ်။ ရပ်ကွက်က ထောက်ခံ တယ်ဆိုရင် သူ့နာမည်နဲ့ ချပေးမယ် ဒီလိုမျိုးပေါ့။ ကျန်မြေတွေ လည်း ဒီလိုပဲ လုပ်သင့်တယ်”ဟု၎င်းက ဆိုသည်။
ယခင်က ပိုင်ဆိုင်မှုမမှန်ကန် (မြေ အမည်ပေါက် မမှန်ကန်)ပါက အ ဆောက်အအုံ ဆောက်လုပ်ခွင့်ကို လုံးဝ မပေးခဲ့ဘဲ အကြီးစားပြင်ဆင်မှုသာ ဆောင်ရွက်စေခိုင်းခဲ့ရာ တရားမဝင် တည်ဆောက်မှုများ ရှိလာသဖြင့် ယင်း မူဝါဒကို ပြင်ဆင်ခဲ့ပြီး ပိုင်ဆိုင်မှု မမှန်ပါကလည်း သုံးထပ်အထိ ခွင့်ပြုပေးခဲ့ ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ထပ်မံ၍ အမည်ပေါက်မမှန်ကန်ဘဲ မိသားစု နေ အိမ်သုံးထပ်ထက် ကျော်လွန်ကာ အထပ်မြင့် ဆောက်လုပ်ခွင့်များ ပေး မည်ဆိုပါက နောင်တွင် မြေအမည် ပေါက်နှင့် အခြားသူများ မှ ကန့်ကွက်သည့်အခါ နေထိုင်သူများ အခက်အခဲ တွေ့နိုင်သဖြင့် မိသားစုနေ အိမ်သုံးထပ် ထက်ကျော်လွန်၍ တရားဝင် ခွင့်ပြုပေး ၍ မဖြစ်နိုင်ဟု ၄င်းတို့၏ အခက်အခဲကို စည်ပင်အရာရှိက ပြောပြသည်။
ရွှေသမင် ဘယ်ကထွက်
မြို့နယ်၊ ရပ်ကွက်အတွင်းပိုင်းများ တွင် အဆောက်အအုံများ ဆောက်လုပ် လျှင် ရန်ကုန်စည်ပင်၏ မြို့နယ်တာဝန်ခံ များနှင့်သာ ချိတ်ဆက်၍ ဆောင်ရွက်ပြီး မြို့နယ်တာ ဝန်ခံ၏ သဘောတူညီမှုဖြင့် ဆောက်လုပ်သည်ဆိုသည်မှာလည်း တ ရားဝင်မဟုတ်ဟု ၄င်းက ပြောသည်။
”ဌာနက ရပ်ကွက်တွင်းတွေကို လိုက်စစ်တဲ့အခါ တရားစွဲမထားတဲ့ အမှုပေါ်ရင် မြို့နယ်တာဝန်ခံကို အရေး ယူတယ်။ စစ်လိုက်လို့ ဒါWithout ဖြစ် နေတယ်။ အဲဒါကို ပါမစ်လည်း မတက် လာဘူး။ တရားလည်း စွဲမထားဘူးဆို ရင် မြို့နယ်တာဝန်ခံကို အရေးယူတယ်။ အရေးယူမှုအပိုင်းကဖြစ်ပွားမှု အကြီးအ သေးပေါ် မူတည်တာပေါ့။ တစ်လုံးလား၊ နှစ်လုံးလား ဒါတကယ်သိရဲ့သားနဲ့ မြို့ နယ်တာဝန်ခံက အရေးမယူထားတာ လားဆိုတာကို ကြည့်ရတာပေါ့”ဟု စည်ပင်အရာရှိက ဆိုသည်။
 ၂ဝ၁၃ ခုနှစ်အတွင်း မြို့နယ် တာ ဝန်ခံများက ၄င်းတို့မြို့နယ်တွင်း အ ဆောက်အအုံဆောက်လုပ်မှုကို အရေး ယူမှု မရှိခဲ့သဖြင့် ¤င်းတို့အားဌာနမှ အရေးယူခဲ့သည့် အမှုေ ပါင်း ၁ဝ မှုခန့် ရှိသည်ဟု ရန်ကုန်စည်ပင်မှ သိရသည်။
မြို့နယ် တာဝန်ခံများအား အရေး ယူရာတွင် ၄င်းမြို့နယ်တွင်း တရားမဝင် အဆောက်အအုံဖြစ်ပွားမှု အနည်း၊ အ များပေါ် မူတည်ကာ ရာထူးချခြင်း၊ မြို့ နယ်ပြောင်းရွှေ့ ခြင်းများ ပြုလုပ်ခဲ့သည် ဟု အထက်ပါ စည်ပင်အရာရှိက ဆက် ပြောသည်။
”မြို့နယ်ဆိုတာကလည်း မြို့နယ် တာဝန်ခံတစ်ယောက်က အကုန်လုံး ရောက်ဖို့ဆိုတာ တော်တော်သွားရတာ။ တစ်ပတ်ကို တစ်ရပ်ကွက်လောက်သွား မှ ရောက်တာေ လ။ ဒါပေမဲ့ လမ်းမကြီးတွေ ပေါ်မှာ Without ဆောက်တာ မသိဘူး ဆိုရင်တော့ ဒါသူညာတာပေါ့”ဟု ၄င်း က သုံးသပ်သည်။
ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်း ရှိ လမ်းမများပေါ်၌ အုတ်၊ သဲ၊ ကျောက် ပုံလျှင် မသိမရှိသည့် ရန်ကုန်စည်ပင် အနေဖြင့် တရားမဝင် အဆောက်အအုံ များ တည်ေ ဆာက်ပြီးမှ တရားစွဲသည်ဆို သည့်အပေါ် မဖြစ်နိုင်ကြောင်း ဝေဖန်မှု များရှိနေသည့်အပေါ် အထက်ပါ စည်ပင်အရာရှိက ”မသိဘူးဆိုတာ မရှိ ဘူး မှန်တယ်။ တရားမဝင်ေ ဆာက်တာ ကို တာဝန်ခံက သိပြီး အရေးမယူရင် သူ့ကို ငါတို့က အရေးယူတယ်”ဟု ခပ် ပြတ်ပြတ်ပြောသည်။
ယင်းကဲ့သို့သော ဝေဖန်မှုများ မဖြစ်ပေါ်စေရန် မြို့နယ်တာဝန်ခံများ အား ကြားပွဲစားအနေဖြင့် ဆောင်ရွက် မှု မပြုလုပ်ရန် ညွှန်ကြားထားသည်ဟု ၄င်းက ဆိုသည်။
”တချို့ အိမ်ရှင်တွေက မြို့နယ်ခံ တွေကို အကူအညီတောင်းတာရှိတယ်။ ဌာနကို တင်ပေးဖို့။ အဲဒီလို လုပ်မိရင် ကိုယ်က ပိုက်ဆံယူပြီး လုပ်တယ်ဖြစ် မယ်။ ဒီတော့ သူတို့ ကို ကြားပွဲစားမလုပ် ပေးဖို့ မှာထားတယ်”ဟု စည်ပင်အရာရှိ က ဆက်ပြောသည်။
ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ရေးဆွဲရန် ရှေ့နေ ချုပ် ရုံးသို့ တင်ပြထားသည့် နည်းဥပဒေ တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အ တွင်း စည်ပင်သာယာရေး ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အဆောက် အအုံဆောက်လုပ်ခြင်း သို့မဟုတ် ညွှန် ကြားချက်ကို လိုက်နာမှုမရှိဘဲ ဆောက် လုပ်ခြင်းကို စစ်ဆေးတွေ့ ရှိပါက ကော် မတီမှ ဆောက်လုပ်မှုကို ရပ်ဆိုင်းရန် ညွှန်ကြားနိုင်သည်။
ရပ်ဆိုင်းစေခိုင်းသည်ကို မလိုက် နာဘဲ ဆက်လက်ဆောက်လုပ်ပါက ကျူးလွန်သူနှင့် အားပေးကူညီသူများကို တရားစွဲဆိုခြင်းနှင့် အဆောက်အအုံတွင် သတိပေးစာ ချိတ်ခြင်းများ ပြုလုပ်မည်ဟု ပါရှိသည်။
နည်းဥပဒေအရ ကော်မတီမှ အရေးယူဆောင်ရွက်မှုကို လိုက်နာခြင်း မရှိဘဲ ဆက်လက်ဆောင်ရွက်လျှင် ကော်မတီက ဖွဲ့စည်းထားသည့် ဖျက် သိမ်း ဖယ်ရှားရှင်း လင်းရေး အဖွဲ့သည် မလိုက်နာသူထံ ရက်ပေါင်း ၃ဝ အတွင်း ဖယ်ရှားရှင်းလင်းရန် အကြောင်းကြား မည်ဖြစ်သည်။
ဖျက်သိမ်းရှင်းလင်းမည့် နောက် ဆုံး သတ်မှတ်နေ့ရက်မတိုင်မီ ဖယ်ရှား ရှင်းလင်းခြင်း မရှိသေးပါက တိုင်းဒေသ ကြီး အစိုးရအဖွဲ့အစည်းအဝေးသို့ တင် ပြကာ လုံခြုံရေး ဝန်ထမ်း အသုံးပြုခွင့် တောင်းခံပြီး ယင်းနေရာသို့ သွားရောက် ကာ၎င်းတို့ ပစ္စည်းများအား တစ်ပါ တည်း သယ်ဆောင်ထွက်ခွာရန် အသံ ချဲ့စက်ဖြင့် သတိပေးကြေညာ သွားမည် ဖြစ်သည်။
သတိပေးကြညာသော်လည်း ငြင်း ဆန်မှု ပြုလုပ်ပါက ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရေးအဖွဲ့က နေထိုင်သူများနှင့် ဝင်ရောက်လျက်ရှိသူများကို ဖယ်ရှား ရှင်းလင်းမည်ဟု ပါရှိသည်။
 တရားမဝင် အဆောက်အအုံ တည်ဆောက်ပါက ကျူးလွန်သူအပြင် အားပေးကူညီသူများကို တရားစွဲဆိုမည် ဟု ဆိုခြင်းတွင် အဆောက်အအုံ ဆောက် လုပ်သော မြေရှင်၊   မြေရှင်မှ ငှားရမ်းသော ကန်ထရိုက်၊ လက်သမား နှင့် ပန်းရန်လုပ်သားများကိုပါ အရေးယူ နိုင်မည်ဖြစ်သည်ဟု အထက်ပါ စည်ပင် အရာရှိက ရှင်းပြသည်။
နင်းပြားသာရှိ၍ နင်းဖောင်းမရှိ
အဆိုပါ ဥပဒေနှင့် ပတ်သက်၍ ပန်းရန်လုပ်သားဦးသောင်းထွန်းက ”ဒါ ကြ<ွကက်မနိုင် ကျီမီးရှို့တဲ့ လုပ်ရပ်ပဲ”ဟု မှတ်ချက်ပေးသည်။
 ”ကန်ထရိုက်ပဲ ရှင်းပေါ့ဗျာ။ ကျုပ် တို့က ဘာနဲ့ ရှင်းမတုံး။ ငွေလည်း မရှိဘူး။  မသိတော့ဘူးဗျာ”ဟု မည်သို့ မည်ပုံ ဖြေရှင်းရမည်ကို မစဉ်းစားတတ် တော့သဖြင့် စိတ်ရှုပ်သွား ပုံဖြင့် ပြော သည်။
ဦးသောင်းထွန်းကဲ့သို့ပင် ပန်းရန် လုပ်ငန်းလုပ်ကိုင်ပြီး ရွှေပြည်သာ မြို့ နယ်အတွင်း နေထိုင်သူ ကိုမျိုးမင်းက လည်း လက်ရှိ စည်ပင်မှ ရေးဆွဲနေသည့် နည်းဥပဒေနှင့် ပတ်သက်၍ စာစောင် တစ်ခုတွင် ဖတ်လိုက်ရသဖြင့် သိသည် ဟု ဆိုသည်။ လုံးစေ့ပတ်စေ့ နားလည် ခြင်းမျိုးတော့ မဟုတ်ဟု ပြောသည်။
”တရားစွဲမယ်ဆိုရင်လည်း ထောင် ကျရုံပေါ့”ဟု ပြောကာ ၄င်းတို့အနေဖြင့် တစ်နေ့လုပ်တစ်နေ့စားများ ဖြစ်၍ ကြုံ လာသည့်ဘေး ပြေးကြည့်ရုံသာ ရှိတော့ သည်ဟု ဆိုသည်။
ဦးမျိုးမင်းကဲ့သို့ပင် ပန်းရန်အလုပ် လုပ်ကိုင်နေသည့် အသက် ၅၉ နှစ်အ ရွယ် ဦးသန်းလှက လုပ်သားများအထိ တရားစွဲ အရေးယူမည့်ဥပဒေနှင့် စပ် လျဉ်း၍ ”ဒါတော့ ဘယ်ဖြစ်မလဲ။ အကုန်ဒုက္ခဖြစ်ကုန်မှာပေါ့။ ဒီအလုပ်က တစ်နေ့လုပ်တစ်နေ့စား။ အဲဒီလိုသာ အရေးယူ ဖမ်းမယ်ဆို အကုန်ငတ်ကုန် မှာ။ ကိုယ်ကတော့ အလုပ်ဆို ဝင်လုပ် မှာလေ။ သမာအာဇီဝပဲ။ တရားဝင် တင်မတင် ဘယ်သိမှာတုံး။ ထမင်းစား ဖို့ငွေရဖို့က အဓိကလေ”ဟု ပြောသည်။
သို့သော် ၄င်းအနေဖြင့် ထိုသတင်း စကားကြားရသည့်အတွက် အနည်းငယ် ထိတ်လန့်သွားသည်ကိုတော့ ရိုးသားစွာ ဝန်ခံသည်။
”နောက်ဆို ကန်ထရိုက်တိုက်တွေ ဆောက်နေတာမြင်လို့ ဝင်လုပ်မယ်လို့ တွေးရင် လိုင်စင်ရလား၊ ဘယ်နှစ်ထပ် ဆောက်မှာလဲ၊ အင်ဂျင်နီယာ ဘယ်သူ လဲဆိုတာ ဆိုင်းဘုတ်ကို အရင်ရှာမှ ဖြစ် တော့မယ်”ဟု ရယ်မောသယောင်ပြော သော်လည်း အမှန်တကယ် ပျော်ရွှင် သည့် မျက်နှာထားမျိုးတော့ မဟုတ်။
ပန်းရန်၊ လက်သမားများအထိ အရေးယူမည့် ဥပဒေနှင့် ပတ်သက်၍ အင်ဂျင်နီယာတစ်ဦးဖြစ်သူ မမြင့်မြင့်ငွေ (အမည်လွှဲ)က ”ဒီဥပဒေ တင်လိုက်တဲ့ သဘောက ပါမစ် မရှိဘဲ အင်ဂျင်နီယာ မခေါ်ဘဲ ပန်းရန်၊ လက်သမားတွေနဲ့တင် ပြီးလိုက်တဲ့ ရပ်ကွက်အတွင်းက အ ဆောက်အအုံဆောက်တာတွေကို ထိန်း ဖို့ ဖြစ်ပါလိမ့်မယ်”ဟု မှတ်ချက်ေ ပး သည်။
တရားမဝင် ဆောက်လုပ်သည့် အဆောက်အအုံများသည် စည်ပင်မှ လိုင်စင်ရယူထားမှုမရှိသည့် အင်ဂျင်နီ ယာများနှင့် ဆောက်လုပ်နေခြင်းဖြစ်ပြီး ယင်းကိုလည်း ထိန်း သိမ်းလိုခြင်းဖြစ် ကြောင်း ရန်ကုန်စည်ပင် အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ အထက်ပါ တာဝန်ရှိသူက ထပ်လောင်းပြောသည်။
ရန်ကုန်စည်ပင်မှ အကြီးတန်း အင်ဂျင်နီယာလိုင်စင်၊ အငယ်တန်း အင်ဂျင်နီယာ လိုင်စင်၊ ပုံဆွဲ အင်ဂျင် နီယာ လိုင်စင်၊ အငယ်တန်း ကန်ထရိုက် လိုင်စင်နှင့် အကြီးတန်း ကန်ထရိုက်လိုင် စင်များကို ချထားပေးပြီး ယင်းကဲ့သို့ ချ ထားပေးခြင်းမှာ အဆောက်အအုံများ ဆောက်လုပ်ရာတွင် စည်ပင် လိုင်စင် ရယူထားသူများ အလုပ်အကိုင် ရရှိစေ လိုခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။
”လိုင်စင်ရ အင်ဂျင်နီယာတွေက အဆောက်အအုံဆောက်လုပ်မယ့် စည် ပင်ဥပဒေတွေကို သိတယ်။ ဒီတော့ သူတို့နဲ့ လုပ်ရင် ပါမစ်တင်တဲ့အခါ လွဲ ချော်မှုနည်းတယ်”ဟု ၄င်းက ပြော သည်။
စည်ပင်မှ လိုင်စင်ရယူထားသည့် အကြီးတန်း ကန်ထရိုက်တစ်ဦးသည် ရန်ကုန်စည်ပင် အဆောက်အအုံဌာနသို့ စပေါ်ငွေ ကျပ်သိန်းငါးရာနှင့် နှစ်စဉ် လိုင်စင်ကြေး ကျပ်နှစ်သိန်းနှစ်သောင်း ခြောက်ထောင်ပေးသွင်းရသည်။ အ ငယ်တန်းကန်ထရိုက်တစ်ဦးသည် စပေါ်ငွေ ကျပ်သိန်းနှစ်ရာနှင့် နှစ်စဉ် လိုင်စင်ကြေး ကျပ်တစ်သိန်းနှစ်ေ သာင်း ပေးသွင်းထားသူများဖြစ်သည်။
တရားမဝင် ကန်ထရိုက်များနှင့် ဆောက်လုပ်သော တရားမဝင် အ ဆောက်အအုံများသည် ခိုင်ခံ့မှုရှိ၊ မရှိ အာမခံနိုင်ရေး ခက်ခဲသည်ဟု ရန်ကုန် စည်ပင်က ဆိုသော် လည်း တရားဝင် အင်ဂျင်နီယာလိုင်စင်ရယူပြီး ကန်ထ ရိုက်အလုပ်ပါ တွဲဖက်လုပ်ကိုင်နေသူ ဦးဝင်း(အမည်လွှဲ)က ”တကယ်တမ်း ပြောရရင် တစ်ခါတလေ ကိုယ်လက် မှတ်ထိုးပေးလိုက်တဲ့ တိုက်ကို မြင် တောင် မမြင်ဖူးလိုက်ဘူး။ ပြီးသာပြီး သွားတာ”ဟု ပြောသည်။
အခွန်အခများ ပိုမိုရရှိရေး သို့မ ဟုတ် လိုင်စင်ရ အင်ဂျင်နီယာနှင့် ကန် ထရိုက်များ အလုပ်ရရှိရေး သို့မဟုတ် ရန်ကုန်မြို့တွင်းရှိ အဆောက်အအုံများ ခိုင်ခံ့ရေး အစရှိသော မည်သို့သော အ ကြောင်းအချက်များကြောင့်ပင် ဖြစ်စေ ရန်ကုန် စည်ပင်အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ ရေးဆွဲသော နည်း ဥပဒေတွင် အောက်ခြေလူတန်း စားဖြစ် သော လက်သမား၊ပန်းရန် လုပ်သားများ ကိုပါ အရေးယူမည်ဟု ဆိုသည့်အပေါ် ပန်းရန်လုပ်သား ကိုမျိုးမင်းက-
”ဒါကြီးက ကြမ်းတယ်ဗျာ”ဟုသာ ရိုးရှင်းစွာသုံးသပ်ချက် ပေးလိုက်ပါတော့ သည်။
 ဦးကတော့ ထိုဥပဒေနှင့် နောက် ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် အခြေ အနေကို ဤသို့ ကောက်ချက်ချသည်။   နောင်တွင် အဆောက်အအုံများ တည်ဆောက်ရာ၌ အထပ် အနိမ့်အမြင့် ကြီးငယ်မရွေး ရန်ကုန်စည်ပင် အ ဆောက်အအုံဌာနသို့ တင်ပြကာ ခွင့်ပြု မိန့် ရယူဆောင်ရွက်မှု မရှိဘဲ ဆောက် လုပ်လျှင်ဆောက်လုပ်သူ ပန်းရန်၊ လက် သမားများပါ အရေးယူမည်ဆိုပါက အ ဆောက်အအုံဆောက်လုပ်သည့် အိမ် ရှင်သာမကဘဲ ပန်းရန်၊ လက်သမားများ ပါမြို့နယ်စည်ပင်အရာရှိများနှင့် ပူး ပေါင်းချိတ်ဆက် လုပ်ကိုင်ရမည့် အခြေ အနေများ ဖြစ်ပေါ်လာနိုင်သည်ဟု ၄င်း က ဆိုသည်။
”လက်သမား ပန်းရန်တွေပါ စည် ပင်ကို လာဘ်ထိုးရတော့မယ်။ အခန့် မသင့်ရင် လူသတ်မှုတွေပါ ဖြစ်လာနိုင် စရာရှိတယ်။ ဘယ်ပန်းရန်သမားက စည်ပင်အရာရှိကို ရိုက်လိုက်လို့ ဒါတွေ ကြားလာရနိုင်တယ်”ဟု ဦးတိုးက ပြော သည်။
ဝေမာထွန်း၊ သုတလင်း
Popular Myanmar News Journal
ဒေါ်အောင်ဆန်းစုကြည်ဇာတာနှင့်မြန်မာပြည်အလားအလာ
Posted: 12 Nov 2013 06:13 PM PST
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတလုပ်လိုသော ဆန္ဒရှိကြောင်း ထုတ် ဖော်ခဲ့ပါသည်။ ပြည်သူအများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် လေးစားမှုရှိသည့် အားလျော်စွာ သမ္မတ ဖြစ်စေလိုသောဆန္ဒအပြည့်အ၀ ရှိကြပါ သည်။ တိုင်းရင်းသားများ ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စုကို ထူ ထောင်ပေးမည်ဟု ယုံကြည်ထားကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ကို သိသိသာသာ ထောက်ခံအားပေး လျက်ရှိကြသည်။ ဤသို့အဘက်ဘက်မှ ထောက်ခံမှု အားကောင်းနေသော ဒေါ်အောင်ဆန်းစု ကြည်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကြီးအပြီး သမ္မတဖြစ်နိုင်ပါမည်လော။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ချင်းအမျိုးသားညီလာခံ ဟားခါးမြို့တော်မှာ စတင်ကျင်းပ
Posted: 12 Nov 2013 05:11 PM PST
နှစ်ပေါင်း ၆၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချင်းအမျိုးသားညီလာခံကို ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့ ကာဆင်ခန်းမဆောင်မှာ ဒီနေ့ စတင်ကျင်းပခဲ့ပါတယ်။ ချင်းအမျိုးသားညီလာခံ ကျင်းပရတဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ချင်းအမျိုးသားညီလာခံ ကျင်းပရေးကော်မတီမှ ဒေါက်တာရွှေခါးက RFA ကို အခုလိုပြောပါတယ်။ “မကြာခင်မှာပဲ ပြည်ထောင်စုတွေ့ဆုံဆွေးနွေးပွဲ လုပ်မယ်ပြောတယ်၊ ဒီလိုဆွေးနွေးပွဲမှာ ပါဝင်ပတ်သက်သူ Stakeholder အားလုံးရဲ့ ပါဝင်ဖို့လိုအပ်တယ်ဆိုတော့ ချင်းလူမျိုးတွေကလည်း Stakeholder အသီးသီးကနေ ပါဝင်ကြမှာဆိုတော့ ဘုံရပ်တည်ချက်တစ်ခုကတော့ လိုအပ်တာပေါ့၊ အဲဒါကတော့ ပထမပေါ့၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အမေရိကန်စစ်သင်္ဘောကြီး မုန်တိုင်းကယ်ဆယ်ရေး ကူညီဖို့ ဖိလစ်ပိုင်ကိုထွက်ခွာ
Posted: 12 Nov 2013 05:08 PM PST
ပြင်းထန်တဲ့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ USS George Washington အမေရိကန်လေယာဉ်တင် စစ်သင်္ဘောကြီးဟာ အခု ဖိလစ်ပိုင်နိုင်ငံကို ဦးတည် ခုတ်မောင်းနေပါတယ်။ ဖိလစ်ပိုင်မှာတော့ Haiyan တိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်းသောင်းဂဏန်း သေဆုံးဖွယ်ရှိပြီး လူပေါင်း သိန်းဂဏန်းဟာ အိုးအိမ်တွေဆုံးရှုံးပြီး ဘေးဒုက္ခ ရောက်နေကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မီတာခတွေ နောက်နှစ်မှ တိုးကောက်တော့မယ်
Posted: 12 Nov 2013 04:55 PM PST
မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မီတာခ တိုး ကောက်ခံမယ်လို့ အစိုးရက ထုတ်ဖေါ် ကြေညာခဲ့တဲ့အတွက် မကျေမနပ် ဆန္ဒပြမှုတွေ ထွက်ပေါ်ခဲ့အပြီး ဒီကနေ့ အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှာတော့ အခု ဘတ်ဂျက်နှစ်မှာ တိုးမကောက်ပဲ နောက်နှစ် ဘတ်ဂျက်မှာမှ မီတာခတွေ တိုးကောက်မယ်လို့ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက အဆို တင်သွင်း ပြောကြားလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မီတာခတွေ တိုးကောက်မယ် ဆိုလို့ ကန့်ကွက် ဆန္ဒပြမှုတွေ ထွက်ပေါ်ခဲ့
သိန္နီမြို့နယ် ရေကြီးမှုများ (ရုပ်/သံ)
Posted: 12 Nov 2013 04:48 PM PST
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်မှာ အခုနှစ်မိုးရာသီအတွင်း နမ္မတူမြစ်ရေ လျှံတက်ခဲ့တဲ့အတွက် လယ်ဧကထောင်နဲ့ချီပြီး ရေနစ်မြုပ်ခဲ့ပါတယ်။ နမ္မတူမြစ်ကြောင်းတလျှောက် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု များလာတဲ့အတွက် အခုလို ရေကြီးတာတွေ ဖြစ်လာနေတာလို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
ငဖဲမြို့နယ် ဓာတ်ငွေ့ပိုက်လိုင်း ထိခိုက်မှုများ (ရုပ်/သံ)
Posted: 12 Nov 2013 04:37 PM PST
မကွေးတိုင်း ငဖဲမြို့နယ်ကို ဖြတ်သန်းသွားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရာမှာပါဝင်တဲ့ အိန္ဒိယကုမ္ပဏီက စွန့်ပစ်တဲ့ အညစ်အကြေးတွေဟာ ဒေသခံတွေ အသုံးပြုနေတဲ့ ချောင်းတွေထဲကို စီးဝင်နေတဲ့အတွက် ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နေပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
နိုဝင်ဘာလ(၁၃)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
Posted: 12 Nov 2013 04:34 PM PST
နိုဝင်ဘာလ(၁၃)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
နိုဝင်ဘာလ(၁၅)ရက်နေ့ ထုတ် The Hot News Weekly Journal Vol- 4 , No - 166
Posted: 12 Nov 2013 05:56 PM PST
နိုဝင်ဘာလ(၁၅)ရက်နေ့ ထုတ် The Hot News Weekly Journal Vol- 4 , No - 166 
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
နိုဝင်ဘာလ(၁၃)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
Posted: 12 Nov 2013 04:32 PM PST
နိုဝင်ဘာလ(၁၃)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
နိုဝင်ဘာလ(၁၆)ရက်နေ့ ထုတ် Techspace ဂျာနယ် အတွဲ(၂)၊ အမှတ်(၃၃)
Posted: 12 Nov 2013 04:29 PM PST
နိုဝင်ဘာလ(၁၆)ရက်နေ့ ထုတ် Techspace ဂျာနယ် အတွဲ(၂)၊ အမှတ်(၃၃)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
နိုဝင်ဘာလ(၁၀)ရက်နေ့ ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ(၁)၊ အမှတ်(၄၆)
Posted: 12 Nov 2013 04:26 PM PST
နိုဝင်ဘာလ(၁၀)ရက်နေ့ ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ(၁)၊ အမှတ်(၄၆)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
နိုဝင်ဘာလ(၁၁)ရက်နေ့ ထုတ် စီးပွားရေးသတင်းဂျာနယ် အတွဲ(၁၃)၊ အမှတ်(၄၃)
Posted: 12 Nov 2013 04:25 PM PST
နိုဝင်ဘာလ(၁၁)ရက်နေ့ ထုတ် စီးပွားရေးသတင်းဂျာနယ် အတွဲ(၁၃)၊ အမှတ်(၄၃)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
Thit Htoo Lwin
unread,
Nov 14, 2013, 10:24:13 AM11/14/13
to thuau...@gmail.com
အင်းယားကန်ပေါင်တွင် ၀ိုင်းဖွဲ့သောက်စားပျော်ပါးသူ ၄၂ ဦးကို ရှင်းလင်း
Posted: 14 Nov 2013 05:44 AM PST
အင်းယားကန်ပေါင်တွင် ၀ိုင်းဖွဲ့၍ အရက်သောက်စားပျော်ပါးသူများကို စစ်ဆေးရာ နိုဝင်ဘာ ၁၂ ရက် တစ်ရက်တည်းတွင် ၄၂ ဦးကို ရှင်းလင်းခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ကမာရွတ်မြို့နယ် ပြည်လမ်း အရှေ့ဘက်၊ အင်းယားကန်ပေါင်ပေါ်တွင် နိုဝင်ဘာ ၁၂ ရက် ည ၁၂ နာရီကျော်ချိန်၌ ၀ိုင်းဖွဲ့၍ အရက်သေစာ သောက်စား ပျော်ပါးသူများအား လိုက်လံရှင်းလင်းရာ ၄၂ ဦး တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။ ---
ပြည်လမ်းမကြီးအနီး မြင်တွေ့ရသော အင်းယားကန်ပေါင် ဓာတ်ပုံ-နစ်ကီ - 7DAY DAILY
အ​မေ​ရိ​ကန်​သ​မ္မ​တ​ ဟောင်း ​အ​သွင်​ကူး​ပြောင်း​ရေး​အ​တွေ့​အ​ကြုံ ​ဟော​ပြော
Posted: 14 Nov 2013 05:12 AM PST
အ​မေ​ရိ​ကန်​ပြည်​ထောင်​စု​က ​က​လင်​တန်​ဖောင်​ဒေး​ရှင်း ​ထူ​ထောင်​သူ ​ဘီ​က​လင်​တန်​ဟာ ​ရန်​ကုန်​မြို့​မှာ ​ဒီ​က​နေ့ ​ည​နေ​ပိုင်း​က ​နိုင်​ငံ​ရေး​ပါ​တီ​တွေ၊ ​အ​ရပ်​ဘက်​အ​ဖွဲ့​အ​စည်း​တွေ​ကို ​တွေ့​ဆုံ​ပြီး ​နိုင်​ငံ​ရေး​အ​သွင်​ကူး​ပြောင်း​ရေး​အ​တွေ့​အ​ကြုံ​ကို ​ဟော​ပြော​ပါ​တယ်။ အ​မေ​ရိ​ကန်​နိုင်​ငံ​ရဲ့ ​သ​မ္မ​တ​ဟောင်း​လည်း​ဖြစ်/ ​က​လင်​တန်​ဖောင်​ဒေး​ရှင်း​ကို ​ထူ​ထောင်​သူ​ဖြစ်​တဲ့ ​ဘီလ်​က​လင်​တန်​ဟာ ​ရန်​ကုန်​မြို့ ​မြန်​မာ​ငြိမ်း​ချမ်း​ရေး​စင်​မှာ  ​နိုင်​ငံ​ရေး​နဲ့ ​နိုင်​ငံ​ရေး ​အ​သွင်​ကူး​ပြောင်း​မှု​က​ဏ္ဍ​မှာ ​နိုင်​ငံ​ခေါင်း​ဆောင်​တွေ​ရဲ့ ​ရပ်​တည်​မှု၊ ​နိုင်​ငံ​ရေး ​အ​သွင်​ကူး​ပြောင်း​မှု​နဲ့ ​ပတ်​သတ်​ပြီး ​သူ​ရဲ့​အ​တွေ့​အ​ကြုံ​တွေ​ကို ​ဟော​ပြော​ဆွေး​နွေး​ခဲ့​တာ​ပါ။ ---
အို​အိုင်​စီ ​အ​လို​မ​ရှိ ​လား​ရှိုး​တွင် ​ဆ​န္ဒ​ပြ
Posted: 14 Nov 2013 05:02 AM PST
မြန်​မာ​နိုင်​ငံ​မှာ ​ရောက်​ရှိ​နေ​တဲ့​  ​အို​အိုင်​စီ​ခေါ် ​အ​စ္စ​လာ​မ္မစ် ​ပူး​ပေါင်း ​ဆောင်​ရွက်​ရေး​အ​ဖွဲ့ ​ကိုယ်​စား​လှယ်​တွေ​ရဲ့ ​ခ​ရီး​စ​ဉ်​ကို  ​ကန့်​ကွက်​တဲ့​အ​နေ​နဲ့ ​ရှမ်း​ပြည်​နယ် ​မြောက်​ပိုင်း ​လား​ရှိုး​မြို့​မှာ ​ဆ​န္ဒ​ပြ​ခဲ့​ကြ​ပါ​တယ်။ ရ​ဟန်း​သံ​ဃာ​တွေ​အ​ပါ​အ၀င် ​ရာ​နဲ့​ချီ​တဲ့​  ​လား​ရှိုး​ဒေ​သ​ခံ​တွေ​ဟာ  ​ဒီ​က​နေ့​မွန်း​လွဲ​ပိုင်း​က ​လား​ရှိုး​မြို့ ​မြို့​တော်​ခန်း​မ​အ​နီး​မှာ ​အို​အိုင်​စီ​အ​ဖွဲ့​ကို ​အ​လို​မ​ရှိ​ကြောင်း ​ပို​စ​တာ​တွေ ​ကိုင်​စွဲ​ပြီး ​ကြွေး​ကြော် ​ဆ​န္ဒ​ပြ​ခဲ့​ကြ​တာ​ပါ။ ---
အလုပ်သမားအများစု အခွင့်အရေးများ ဆုံးရှုံးနေဆဲ
Posted: 14 Nov 2013 04:52 AM PST
စက်ရုံလုပ်သားများနှင့် အလုပ်သမားသမဂ္ဂများ အနေဖြင့် လွန်ခဲ့သည့်နှစ်များထက်စာလျှင်
အလုပ်သမားအခွင့်အရေး အချို့ရရှိလာသော်လည်း အများစုမှာမူ ဖိအားပေးခံရခြင်း၊ ရပိုင်ခွင့်နှင့်
ခံစားခွင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အလုပ်သမားရေးရာ လှုပ်ရှားသူများက
ပြောသည်။ "အလုပ်သမားအဖွဲ့အစည်းတွေက ဖွဲ့စည်းခွင့် ရရှိထားတာကလွဲရင် ကျန်တဲ့ သမဂ္ဂရဲ့ တာဝန်တွေ ဘာမှလုပ်ခွင့်မရဘူး" ဟုအလုပ်သမားအရေး လှုပ်ရှားသူ ဦးဌေးက ပြောသည်။ ----
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြီးခဲ့သည့်လက ရန်ကုန်မြို့လယ်၌ စက်ရုံအလုပ်သမားအချို့ သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒပြခဲ့ကြစဉ်။
အဆိပ်သင့်အနမ်းများ
Posted: 14 Nov 2013 04:31 AM PST
ကော်ဖီဆိုင်ဟု အမည်တပ်ထားသော ဆိုင်လေးထဲသို့ ဆယ်ကျော်သက် စုံတွဲတစ်တွဲ ဝင်ရောက်လာပြီး “အခန်းရှိသေးလား” ဆိုသောအသံက ဆယ်ကျော်သက် လူငယ်ကောင်လေးထံမှ ထွက်ပေါ်လာသည်။ ဆယ်ကျော်သက် ကောင်မလေးက သူ၏ချစ်သူကောင်လေး၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ကော်ဖီဆိုင်နှင့် “အခန်း ရှိသေးလား” ဆိုသော မေးခွန်းက လားလား မျှ မသက်ဆိုင်ဟု ထင်ရသော်လည်း အမှန်တကယ်ပင် ကော်ဖီဆိုင်ဟု အမည်တပ် ထားသည့်ဆိုင်တွင် အတွဲများအတွက် အခန်းငယ်လေးများ စီစဉ်ပေးထား ကြသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သယံဇာတ ကျိန်စာမှသည် ဆုလာဘ်ဆီသို့ 
Posted: 14 Nov 2013 04:38 AM PST
လွန်ခဲ့သော ဆယ်စုနှစ်ကို ပြန်ကြည့်လျှင် သဘာဝ သယံဇာတ ကျိန်စာသင့်သည်ဟူသော ပြောဆိုချက်သည် သဘာဝ သယံဇာတ အရင်းအမြစ် ပေါကြွယ်သော နိုင်ငံများ အကြားတွင် လက်သုံးစကားသဖွယ် ဖြစ်လာသည်ကို တွေ့ရှိရသည်။ နိုင်ငံတစ်နိုင်ငံလုံး စုစုပေါင်းဝင်ငွေ၏ ထက်ဝက်ကျော်သည် သဘာဝ သယံဇာတကဏ္ဍမှ ရရှိသော မြန်မာနိုင်ငံအဖို့ သဘာဝ သယံဇာတ အရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံဟု ခေါ်ဆိုလျှင် မှားမည်မဟုတ်ဟု ယူဆပါသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကြံ့ခိုင်ရေးအမတ် အောက်လွှတ်တော်၌ ရုတ်တရက်ကွယ်လွန်
Posted: 14 Nov 2013 02:46 AM PST
ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၃ ခုနှစ်
(နေပြည်တော်) ရန်ကုန်မြို့ ပန်းပဲတန်း မဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီဝင် အောက်လွှတ်တော်အမတ် ဦးအောင်ဆန်းသည် အောက်လွှတ်တော်တွင် အားကစားနှင့် ပတ်သက်သည့် မေးခွန်းတစ်ခု မေးမြန်းအပြီး လွှတ်တော်ခေတ္တနားချိန်၌ ရုတ်တရက်မူးလဲသဖြင့် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
"ဝိုင်းဝန်းပြုစုသည့်ကြားက အသက်မကယ်နိုင်ဘဲ သေဆုံး "ဟု သီပေါမြို့နယ် အောက်လွှတ်တော်အမတ် ဦးရဲထွန်းက သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
ဦးအောင်ဆန်းသည် ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် သြဂုတ်လက ဖြစ်ပွားခဲ့သော အပြုအမူများ ဆီးဂိမ်းကာလတွင် မဖြစ်ပွားစေရန် လုံခြုံရေး ဆောင်ရွက်မှု အခြေအနေကို မေးမြန်းအပြီး လွှတ်တော် ခေတ္တနားရန် ကြေငြာချိန် မွန်းလွဲ ၁နာရီခွဲခန့်က သတိလစ် မေ့မျောသွားခဲ့ပြီး ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။
အသေးစိတ်ကိုမူ မဇ္ဈိမက စုံစမ်းမေးမြန်းဆဲဖြစ်သည်။
မဇ္ဈိမသတင်းဌာန
အကျင့်ပျက်ဝန်ထမ်းများနှင့်ပေါင်း၍ သစ်ကုန်သွယ်မှုများရှိ
Posted: 14 Nov 2013 02:25 AM PST
ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီးပေါ်၌ နေ့စဉ် ဖြတ်သန်း နေသော သစ်ကုန်သွယ်မှု များတွင် အကျင့်ပျက် ၀န်ထမ်းများ ပူးပေါင်းပါဝင်နေသော မှောင်ခို သစ်ကုန်သွယ်မှုများ ပါဝင်နေကြောင်း နိုဝင်ဘာ ၁၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်မဲ မဲဆန္ဒနယ်မှ ကိုယ် စားလှယ် ဦးဆောင်ဆီကပြောသည်။ ဦးဆောင်ဆီက ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီးပေါ်မှ သစ်ကုန်သွယ်မှုများသည် ဥပဒေနှင့်အညီ မရှိမည်ကို ပြည်သူများက စိုးရိမ်နေခြင်းကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများပါဝင် သော အဖွဲ့များဖြင့် ဥပဒေနှင့်အညီ တင်ပို့ရေး ကြပ်မတ်ဆောင်ရွက်ရန် အစီစဉ်ရှိမရှိကို သိရှိလိုကြောင်း မေးခွန်းတင်သွင်းခြင်းဖြစ်သည်။ ---
နိုင်ငံခြားတင်ပို့မည့် သစ်လုံးများအား သန်လျင်မြို့နယ်ရှိ လမ်းမပေါ်တွင် တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ)
ဖိ​လစ်​ပိုင် ​မုန်​တိုင်း​ဒဏ်​ခံ ​မြို့​အ​ချို့​တွင် ​လု​ယက်​မှု​ဖြစ်
Posted: 14 Nov 2013 02:16 AM PST
ဆူ​ပါ ​တိုက်​ဖွန်း​မုန်​တိုင်း ​ဖျက်​ဆီး​ခံ​ခဲ့​ရ​တဲ့ ​မြို့​တွေ​မှာ ​နိုဝင်​ဘာ ၁၃ ​ရက်​နေ့​က ​လု​ယက်​မှု​တွေ​နဲ့ ​ဓား​မြ​မှု ​သ​တင်း​တွေ​ကြောင့် ​ဖိ​လစ်​ပိုင်​လူ​ထု​အ​တွင်း ​ကြောက်​ရွံ့​မှု​တွေ​နဲ့ ​စိုး​ထိတ်​မှု​တွေ ​များ​ပြား​လာ​နေ​ပါ​တယ်။ မုန်​တိုင်း ​တိုက်​ခတ်​ပြီး ၅ ​ရက် ​အ​ကြာ​မှာ​တော့ ​ထိ​ခိုက်​ခံ​ရ​တဲ့ ​လူ​တွေ​ထဲ​မှာ ​အ​နည်း​စု​က​သာ ​အ​စား​အ​စာ၊ ​ရေ​နဲ့ ​ဆေး​၀ါး​တွေ ​ရ​ရှိ​နေ​ပါ​တယ်။ ---
သုံးရက်အတွင်း စည်းကမ်းမဲ့ ရပ်နားသောယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူ
Posted: 14 Nov 2013 02:14 AM PST
ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ ရပ်နားသော ယာဉ်များကို ကရိန်းယာဉ် (ဆယ်တင်ယာဉ်) များဖြင့် လိုက်လံဆွဲယူ အရေးယူလျက်ရှိရာ နိုဝင်ဘာလ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ သုံးရက်အတွင်း ပိုင်ရှင်မရှိသော ယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံး (ရန်ကုန်) မှ ဒုတိယရဲမှူး အောင်ကြည်က ပြောကြားသည်။ စည်းကမ်းမဲ့ ရပ်နားယာဉ်များကို ဖမ်းဆီး အရေးယူရာတွင် ယာဉ်အနီးတွင် ယာဉ်မောင်းရှိပါက အဆိုပါယာဉ်ကို စည်ပင်သာယာရေး ကော်မတီ ဥပဒေဖြင့် ချလန်ဖြတ် အရေးယူပြီး ယာဉ်မောင်း မရှိပါက အဆိုပါယာဉ်ကို ကရိန်းယာဉ်ပေါ် တင်ဆောင်ကာ ရှင်စောပုလမ်းရှိ မြေနီကုန်း ယာဉ်ရပ်နားကွင်းတွင် သွားရောက် ထိန်းသိမ်းကြောင်း၊ ----
ဆဋ္ဌမတန်းကျောင်းသားတစ်ဦးကို အစိုးရစစ်တပ်ပစ်ခတ်ဟု မိသားစုဝင်ပြောကြား၊ တပ်ဘက်က ငြင်းဆို
Posted: 14 Nov 2013 02:08 AM PST
မန်စီမြို့၊ မုန်းဒိန်ပါ ကျေးရွာအနီးရှိ မခေါယန်ကျေးရွာတွင် တပ်မတော်သားများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဆဋ္ဌမတန်းကျောင်းသားတစ်ဦး ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ နိုဝင်ဘာ ၁၂ ရက် ညတွင် ရောက်ရှိကာ ဆေးကုသမှုခံယူလျက်ရှိနေကြောင်း သတင်းရရှိသည်။ ““ဒဏ်ရာကတော့ ခေါင်းမှာရော၊ လက်မောင်းမှာရော။ လက်မောင်းကဒဏ်ရာက ဆရာဝန်ပြောတော့ ခွဲစိတ်ရမယ်လို့ ပြောတယ်”” ဟု ကျောင်းသားမိခင်က ဆိုသည်။ ---
သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်က တပ်မတော်သားများအမိန့်မစောင့်ဘဲ ကူညီရမည်ဟု ကာချုပ်ပြောကြား
Posted: 14 Nov 2013 02:06 AM PST
တပ်မတော်သားများအနေဖြင့် နိုင်ငံတော်၏ သယံဇာတ၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကို ကာကွယ်မည်ဆိုသည့် အတွေးအခေါ်၊ အမြင်ရှိရန် လိုအပ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာလျှင် အမိန့်ကိုမစောင့်ဘဲ သွားရောက်ကူညီရမည်ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ နိုဝင်ဘာ ၁၂ ရက်တွင် တောင်ငူတပ်နယ်၊ ရေတာရှည်တပ်နယ်နှင့် အုတ်တွင်းတပ်နယ်ရှိအရာရှိနှင့် စစ်သည်မိသားစုများနှင့်တွေ့ဆုံပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။ ---
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အေးချမ်းဖြိုး ခန်းမတွင် တောင်ငူတပ်နယ်၊ ရေတာရှည် တပ်နယ်၊ အုတ်တွင်း တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားသည်။ ဓါတ်ပုံ - မြ၀တီ
မို​ဘိုင်း ​ငွေ​ဖြ​ည့်​ကတ် ​ချွတ်​ယွင်း​ချက် ​ဖြစ်​ပေါ်
Posted: 14 Nov 2013 01:50 AM PST
လက်​ရှိ ​အ​သုံး​ပြု​နေ​တဲ့ ​ဂျီ​အက်စ်​အမ်​နဲ့ ​စီ​ဒီ​အမ်​အေ ​မို​ဘိုင်း​ဖုန်း ​ငွေ​ဖြည့်​ကဒ်​တွေ​မှာ ​ချွတ်​ယွင်း​ချက်​တွေ ​ဖြစ်​ပေါ်​နေ​တဲ့​အ​တွက် ​ဖြေ​ရှင်း​ပေး​နေ​ရ​တယ်​လို့ ​ငွေ​ဖြည့်​ကတ် ​အ​ရောင်း​ဆိုင်​တွေ​က ​ပြော​ပါ​တယ်။ sim card​ငွေ​ဖြည့်​ကတ် ၀ယ်​ယူ​အ​သုံး​ပြု​သူ​တွေ​အ​နေ​နဲ့ ​ငွေ​ဖြည့်​သွင်း​တဲ့ ​ကုတ်​နံ​ပါတ် ​ပေါ်​လာ​အောင် ​ခဲ ​ခြစ်​လိုက်​တဲ့​အ​ခါ ​အေက်​ခံ​ခဲ​အ​လွှာ​ပါ ​စုတ်​ပြဲ​သွား​ပြီး ​နံ​ပါတ် ​လုံး​၀ ​မ​ရှိ​တော့​လို့ ​ငွေ​ဖြည့်​မ​ရ​တော့​တဲ့ ​ပြဿ​နာ ​ဖြစ်​ကြောင်း ​ဆို​ပါ​တယ်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
နွားစားသောနဂါးနှင့် လာဘ်စားပြီး ဥပဒေမျက်ကွယ်ပြုသူများ
Posted: 14 Nov 2013 01:45 AM PST
ဈေးကောင်းရသဖြင့် ယခုနှစ်ဧပြီလက အိမ်ရှိခိုင်းနွားကို ရောင်းလိုက်သော ဒေါ်စန်းဌေးတစ်ယောက် သူ့ဆုံးဖြတ်ချက်ကို နောင်တရနေလေပြီ။ ယခုအခါ သူနွားပြန်ဝယ်လိုသော်လည်း ဈေးကြီးလွန်း၍ ပြန်မ၀ယ်နိုင်တော့ပါ။ လွန်ခဲ့သောတစ်နှစ်က ခိုင်းနွားတစ်ကောင်လျှင် ကျပ်လေးသိန်းဝန်းကျင်တန်ဖိုးရှိရာမှ ယခုနှစ်တွင် ကျယ်ဆယ်သိန်းခန့်အထိ ရှိနေပါပြီ။ “ဈေးကောင်းရပြီဆိုပြီး ရောင်းလိုက်တာ။ အခုနွားဈေးက အရမ်းကြီးနေတော့ ဘယ်လိုမှ ပြန်မ၀ယ်နိုင်တော့ဘူး”ဟု ညောင်ဦးမြို့နယ် သစ်ထောင့်တောင်ကျေးရွာမှ တောင်သူဒေါ်စန်းဌေးက အားလျှော့သောလေသံဖြင့် ပြောသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
နိုင်ငံတော်သမ္မတ လစာလျှော့ယူခြင်း တည်ဆဲဥပဒေများကို ဆန့်ကျင်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောဆို
Posted: 13 Nov 2013 09:51 PM PST
 မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများတွင် ပါဝင်နေခြင်းကြောင့်ဆိုကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သမ္မတလစာကို လျှော့ယူထားခြင်းသည် တည်ဆဲ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဝေဖန် ပြောဆိုလိုက်သည်။
“ဥပဒေမှာ ရှိပြီးတော့မှ မယူဘူးဆိုရင် ဥပဒေကို ဆန့်ကျင်တဲ့သဘော ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပဒေမှာ သိန်း ၅၀ ပြဋ္ဌာန်းထားပါတယ်။ ဒါကို သဘောတူပါတယ်။ ဥပဒေ ဘယ်လိုပဲရှိရှိ မယူတဲ့အခါ ကျတော့ ဥပဒေနဲ့ မညီဘူး ဖြစ်နေတာ” ဟု ၎င်းကဆိုသည်။.....
စစ်တွေတွင် အိုအိုင်စီကို ဆန္ဒပြရန် ခွင့်ပြုလိုက်ပြီ
Posted: 13 Nov 2013 08:58 PM PST
နိုဝင်္ဘာလ ၁၂ ရက်နေ့က ရန်ကုန်တွင် ဆန္ဒပြကန့်ကွက်နေသူ အမျိုးသမီး (၂) ဦး။
နိုဝင်္ဘာလ ၁၅ ရက်နေ့၌ စစ်တွေမြို့တွင် ပြုလုပ်မည့် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့အား ဆန္ဒပြခွင့်ကို သက်ဆိုင်ရာက ခွင့်ပြုပေးလိုက်ပြီဟု သတင်း ရရှိသည်။
“ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (အမှတ်စဉ် ၅ / ၂၀၁၃)။ စာအမှတ် ၁၀၄၄ (၁) / ၁၁/ ၂၀၁၃ နဲ့ ဒီကနေ့ နေ့စွဲနဲ့ ခွင့်ပြု ပေးလိုက်ပါတယ်” ဟု ဦးဆောင်ရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။
ခွင့်ပြုချက်တောင်းခံသူမှာ  ဦးမောင်နုနု ဖြစ်ပြီး သူ့ အမည်ဖြင့် ခွင့်ပြုလိုက်သည်ဟု သူက ဆိုသည်။
“ ခွင့်ပြုတဲ့ စာထဲမှာ လူ ၅၀၀ ကို ခွင့်ပြုတယ်။ နံနက် ၉ နာရီက ၁၂ နာရီထိ စစ်တွေ လေဆိပ် အပြင်ဘက်မှာ ပြုလုပ်ခွင့်ပေးတယ်လို့ ပါဝင်ပါတယ်။  သတ်မှတ်ထားတဲ့ စည်းကမ်းများ အတိုင်း ဆောင်ရွက်ကြရန် ဆိုပြီး စာထဲမှာ ညွှန်ကြားထားပါတယ်” ဟု သူက ဆိုသည်။
၎င်းပြင် ဦးဆောင် ဆန္ဒပြရန် ဦးအောင်နိုင်ချေ ( မိဇံရပ်ကွက်)နှင့် ပိုစတာများ၊ ဆိုင်းဘုတ်များကို လျှောက်ထားသူ ဦးမောင်နုနု လျှောက်ထားစာပါ အတိုင်း ခွင့်ပြုကြောင်း စာထဲတွင် ဖေါ်ပြထားသည်ဟု သိရသည်။
အိုအိုင်စီ ( အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့)သည် ယနေ့ နံနက် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး နိုဝင်္ဘာလ ၁၅ ရက်နေ့တွင် စစ်တွေသို့ ရောက်ရှိလာမည်ဟု သိရသည်။
(နိရဉ္စရာ- ၁၃ နိုဝင်္ဘာ ၂၀၁၃)
ကျောက်ဖြူ အိုအိုင်စီ ကန့်ကွက် ဆန္ဒပြပွဲ နိုဝင်္ဘာ ၁၆ ရက်နေ့တွင် ခွင့်ပြု
Posted: 13 Nov 2013 08:55 PM PST
ကျောက်ဖြူမြို့တွင် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့အား ကန့်ကွက် ဆန္ဒပြပွဲကို သက်ဆိုင်ရာ မြို့နယ် ရဲစခန်းမှ နိုဝင်္ဘာလ ၁၆ ရက်နေ့တွင်သာ ပြုလုပ်ရန် ခွင့်ပြုချက် ပေးလိုက်သည်ဟု သတင်း ရရှိသည်။
တင်ပြတောင်းခံသည်မှာ နိုဝင်္ဘာလ ၁၅ ရက်နေ့တွင် ဖြစ်သော်လည်း သတ်မှတ်ထားသော စည်းကမ်းနှင့် မကိုက်ညီဟု ဆိုကာ နိုဝင်္ဘာလ ၁၆ ရက်နေ့ကိုသာ သတ်မှတ်ပေးလိုက်သည်ဟု ကျောက်ဖြူ ဒေသခံ လူကြီး တစ်ဦးက ပြောသည်။
“ ဒီလို ဆန္ဒပြခွင့်ကို ၅ ရက်ကြိုတင်ပြီး တင်ရတယ်လို့ ပြောပါတယ်။ ၁၅ ရက်နေ့ကို ပေးဖို့အတွက် လျှောက်လွှာတင်တာ  ၅ ရက် မပြည့်တာကြောင့် နိုဝင်္ဘာ ၁၆ ရက်နေ့မှာဘဲ ပြခွင့်ပြုပါတယ်” ဟု ယင်းက ဆိုသည်။
နိုဝင်္ဘာလ ၁၆ ရက်နေ့တွင် ခွင့်ပြုသော်လည်း အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့အား ကန့်ကွက် ဆန္ဒပြပွဲကို ပြုလုပ်သွားမည်ဟု ၎င်းက ပြောဆိုသွားသည်။
(နိရဉ္စရာ- ၁၄ နိုဝင်္ဘာ ၂၀၁၄)
မဲဆန္ဒနယ်များ၏ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းတစ်ထောင် အမြန် သုံးစွဲနိုင်ရေး ဥပဒေပြင်မည်
Posted: 13 Nov 2013 08:26 PM PST
မဲဆန္ဒနယ် တစ်ခုစီအတွက် ပြည်ထောင်စု လွှတ်တော်က ချထားပေးပြီး လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင် အသုံးပြုရမည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကို အမြန်ဆုံး သုံးစွဲနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ ဥပဒေကြမ်း ကော်မတီက အဆိုပါ မဲဆန္ဒနယ် ဖွံ့ဖြိုးရေး ရန်ပုံငွေ အမြန်ဆုံး အသုံးပြုနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ပြင်ဆင်သည့် ဥပဒေကြမ်း အမြန်ဆုံး ပြင်ဆင်သင့်ကြောင်း အရေးကြီးအဆို တင်သွင်းရာ ယင်းအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။---
အီးယူ-မြန်မာ လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပပြုလုပ်
Posted: 13 Nov 2013 08:17 PM PST
ရန်ကုန် နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ် ကျင်းပသည့် အီးယူ-မြန်မာ လုပ်ငန်း အစည်းအဝေးပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည် ။
အဆိုပါ ပွဲသို့ EU ဒုတိယ ဥက္ကဌ Catherine Ashton နှင့် မြန်မာ အစိုးရ ဘက်မှ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အပါအ၀င် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် ခဲ့ကြသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရန်ကုန် မြို့နှင့် နေပြည်တော်တို့တွင် အဆိုပါ အစည်းအဝေးကို ကျင်းပမည်ဖြစ်ရာ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ EU က အကူအညီပေးနိုင်ရေး ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ ကဏ္ဍများအား EU နှင့် မြန်မာက ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အဓိက ပြုလုပ်ခြင်းဖြစ်သည် ဟု သိရသည်။
ဓာတ်ပုံ - မင်းမင်းထွန်း
မင်းသုအောင် ၊ သုတလင်း
Popular Myanmar News Journal
ချမ်းသာ၊ ဆင်းရဲ၊ လူမျိုးမခွဲသည့် ကျန်းမာရေးမူဝါဒမတ်လတွင် NLD အပြီးသတ်ရေးမည်
Posted: 13 Nov 2013 08:04 PM PST
NLD အမျိုးသား ကျန်းမာရေး ကွန်ရက်မှ ရေးဆွဲနေသော အမျိုးသား ကျန်းမာရေး မူဝါဒကို လာမည့် ၂၀၁၄ ခုနှစ်မတ်လတွင် အပြီးသတ်နိုင်ရန် ရည်မှန်းထားပြီး ချမ်းသာ၊ ဆင်းရဲ၊ လူမျိုးမခွဲသည့် မူဝါဒဖြစ်အောင် ရေးဆွဲထားသည်ဟု အမျိုးသား ကျန်းမာရေး ကွန်ရက် ဥက္ကဋ္ဌဒေါက်တာ တင်မျိုးဝင်းက နိုဝင်ဘာ ၁၃ ရက် တွင် မဇ္ဈိမကိုပြောသည်။ NLD ကရေးဆွဲနေသော ကျန်းမာရေး မူဝါဒမှာ ချမ်းသာ၊ ဆင်းရဲ၊ လူမျိုးမခွဲခြားသော အားလုံးအတွက်ပြီး ပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှုကို အခြေခံထားသည်ပာုလည်း ၎င်းကဆိုသည်။ ---
မင်းလှရေနံမှော် မီးလောင် တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ
Posted: 13 Nov 2013 09:01 PM PST
မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ် အနောက်ဘက် မိုင် ၃၀ခန့်အကွာတွင်ရှိသည့် စိန်တံခွန်ကုမ္ပဏီ၏ ရေနံလုပ်ကွက်အတွင်း နိုဝင်ဘာ ၁၀ ရက် ညပိုင်းက ရေနံများလျှံ၊ ဂက်စ်ကန်ထွက်ကာ ပေါက်ကွဲ မီးလောင်ရာမှ အလုပ်သမားတစ်ဦး သေဆုံးကာ၊ ရှစ်ဦးဒဏ်ရာရရှိသွားသည်။ မီးတောက်မှာ လုံးပတ် ၁၀ ပေခန့်၊ အမြင့်၂၅ ပေအထိမြင့်တက်ပြီး အခြားဘေးရှိ မိုးကာဖြင့် ရေနံလှောင် ကန်များပါ ကူးစက်လောင်ကျွမ်းခဲ့ရာ ----
စိန်တံခွန်ရေနံလုပ်ကွက် မီးလောင်နေမှုကို တွေ့ရစဉ်။ နိုဝင်ဘာ၁၀ရက် ည၁၀နာရီမှနောက်နေ့ နေ့လယ်ပိုင်းအထိ လောင်ကျွမ်းခဲ့သည်။ (ဓာတ်ပုံ - ဝိုင်းအောင်)
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူပြန်ထုတ်ရေး လွှတ်တော်မှာဆွေးနွေး
Posted: 13 Nov 2013 04:24 PM PST
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေတော့မယ့် ငွေစက္ကူတွေမှာ ထင်ရှားတဲ့နိုင်ငံ့ ခေါင်းဆောင်ပုံတွေ၊ အထင်ကရ အဆောက်အဦးပုံတွေ၊ အထိမ်းအမှတ်ပုံတွေကို အစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့ ထည့်သွင်းရိုက်နှိပ်သွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့််က မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နောင်ထုတ်မယ့် ငွေစက္ကူတွေမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံအပါအ၀င်၊ တိုင်းရင်းသား အာဇာနည် ခေါင်းဆောင်တွေရဲ့ပုံတွေကို ထည့်သွင်းရိုက်နှိပ်ပေးဖို့အတွက် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုတင်ရာမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။---
နိုင်ငံတော်သမ္မတ လစာငွေသတ်မှတ်ရေး လွှတ်တော်မှာဆွေးနွေး
Posted: 13 Nov 2013 04:21 PM PST
နိုင်ငံတော်သမ္မတလစာကို လွှတ်တော်ကသတ်မှတ်ပြီး ဥပေဒအဖြစ်ပြဌာန်းဖို့ ဒီနေ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးရာမှာ အဆင်မပြေဘဲ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေရဲ့ လစာငွေအပါအ၀င် တခြားအသုံးစားရိတ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကိုဆွေးနွေးစဉ် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက နိုင်ငံတော်သမ္မတရဲ့လစာကို ဥပေဒကြမ်းထဲမှာ ကျပ် ၁၅ သိန်းလို့သတ်မှတ်ထားတာ နည်းနေတဲ့အတွက် ကျပ်သိန်း ၃၀ ဒါမှမဟုတ် ကျပ်သိန်း ၄၀ သတ်မှတ်ပေးဖို့ အကြံပြုဆွေးနွေးတင်ပြခဲ့ပါတယ်။ ---
မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ
Posted: 13 Nov 2013 04:16 PM PST
မက္ကစီကို နိုင်ငံသို့ အပျော်ခရီး ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသား တစ်ဦးသည် မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာဖြင့် သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ အသက်(၅၈)နှစ်ရှိ ဒူဂီသွမ်ဆန်သည် သူငယ်ချင်း တစ်ဦး၏ မင်္ဂလာပွဲကို တက်ရောက်ရန် မက္ကစီကိုသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဂေါက်ကွင်းတစ်ခုထဲတွင် သူငယ်ချင်းများနှင့်အတူ ဂေါက်သီးရိုက်နေရင်း မိကျောင်းဆွဲ ခံရခြင်း ဖြစ်သည်။ သို့သော်လည်း ကန်ကွန်ရှိ ဂေါက်ကလပ်တွင် ဖြစ်ပွားသော မိကျောင်းတိုက်ခိုက်မှုအတွင်း ဒူဂီ၏ သူငယ်ချင်းများ၏ ဆုံးဖြတ်ချက် မှန်ကန်မြန်ဆန်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိကျောင်းကို ဂေါက်တုတ်များဖြင့် ဝိုင်းရိုက်ခဲ့ကြခြင်း ဖြစ်သည်။---
မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ ဂေါက်ကွင်းတစ်ခုထဲတွင် သူငယ်ချင်းများနှင့်အတူ ဂေါက်သီးရိုက်နေရင်း မိကျောင်းဆွဲ ခံရခြင်းဖြစ်
ဟိုင်ယန်လေမုန်တိုင်း ရာသီဥတုပြောင်းလဲလာမှုကို သတိပေးနေ
Posted: 13 Nov 2013 04:01 PM PST
ဖိလိပိုင်နိုင်ငံမှာ လူအများအပြား သေဆုံးခဲ့ရပြီး လူသန်းနဲ့ချီ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေကြရတဲ့ ဟိုင်ယန်လေမုန်တိုင်းဟာ ရာသီဥတု ပြောင်းလဲလာနေတာကို သတိပေးနှိုးဆော်လိုက်တာဘဲလို့ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့မိုးလေဝသ အဖွဲ့ ကြီးတွေရဲ့ အကြီးအကဲတွေက ပြောကြားလိုက်ပါတယ်။ ဒီနှစ်ဟာ ကမ္ဘာမှာ စံချိန်တင်ရတဲ့ ထိပ်ဆုံးက အပူဆုံးနှစ်တွေ စာရင်းထဲကို ဝင်လာနေပြီလို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့က ဖေါ်ပြခဲ့ပါတယ်။ ---
Thit Htoo Lwin
unread,
Nov 15, 2013, 10:04:55 AM11/15/13
to thuau...@gmail.com
ရန်ကုန်မှာ OIC ရုံးမစိုက်ရေးအတွက် လူအင်အား ၁၀၀၀နီးပါး ဆန္ဒထုတ်ဖော
Posted: 15 Nov 2013 07:01 AM PST
ရှရီရာဥပဒေ(အစ္စလာမ်မစ်ဥပဒေ)ကို တပြေးညီ လိုက်နာသည့် ကမ္ဘာ့နိုင်ငံ ၅၇နိုင်ငံဖြင့် ဖွဲ့စည်းထား
သော အစ္စလာမ်မစ် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (OIC) ကို မြန်မာနိုင်ငံတွင် လာရောက်ရုံးအခြေ မစိုက်
နိုင်ရေးအတွက် နိုဝင်ဘာလ ၁၅ရက်နေ့က ကြေးသွန်း ဘုရားကြီးရှေ့မှ ဆူးလေဘုရားရှေ့သို့ လူအင်အား ၁၀၀၀ နီးပါးခန့်ဖြင့် ယနေ့ နေ့လယ် ၂နာရီအချိန်ခန့်က ဆန္ဒဖော် ထုတ်ခဲ့ကြသည်။ OIC ဆန့်ကျင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲတွင် ရဟန်းသံဃာ ၂၅၀ကျော်နှင့် လူထုအင်အား ၅၀၀ကျော်ခန့် တို့က ဆန္ဒထုတ်ဖော်ခဲ့ကြ ခြင်းဖြစ် ပြီး၊ ---
တရုတ် တိုင်းရင်းဆေးဖြင့် ကုရာမှ ခြေချောင်းလေးများ ဖြတ်လိုက် ရသဖြင့် အရေးယူပေးရန် တိုင်ကြား
Posted: 15 Nov 2013 06:54 AM PST
ခြေချောင်းလေးများ ခိုက်မိပြီး ရောင်ရမ်းသည်ကို တရုတ် တိုင်းရင်းဆေး ဆရာဖြင့် ပြသခဲ့ရာ ဆေးမှားယွင်း ကုသခဲ့သဖြင့် ခြေချောင်း နှစ်ချောင်း ဖြတ်ပစ်ခဲ့ရသည့် အတွက်ဟု ဆိုကာ ဆေးကုပေးခဲ့သည့် တရုတ် တိုင်းရင်းဆေးခန်းကို အရေးယူပေးရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခြားသက်ဆိုင်ရာ ဌာနများ သို့ တိုင်ကြားထားကြောင်း အဆိုပါ ခြေချောင်းများ ဆုံးရှုံးသွားခဲ့သူ ဒေါ်စန်းစန်းအေးက ပြောကြားသည်။ ---
ပခုက္ကူမြို့ OIC ကန့်ကွက်ဆန္ဒပြပွဲ
Posted: 15 Nov 2013 06:17 AM PST
၁၅ . ၁၁ . ၂၀၁၃ မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့တွင် OIC ကန့်ကွက်ဆန္ဒပြပွဲကို ယနေ့ ညနေ ၃း ၃၀ အချိန်တွင် ပြုလုပ်ပြီး ဖေါင်းတော်ဦးဘုရားအတွင်း ဆရာတော် သံဃာတော်များမှ OIC ကို ရုံစိုက်ခြင်း လက်မခံခြင်းများ ပခုက္ကူသံဃာတော်၏ သဘောထားများ ထုတ်ပြန်ခြင်းကို သံဃာလူထူ ၅၀၀ ကျော်တက်ရောက်ကျပါသည် ။
ပခုက္ကူသံဃာထူ၏ OIC အပေါ်သဘောထားထုတ်ပြန်ချက် …….
၁ ။ ပခုက္ကူသံဃာအနေ့နှင့် ဘင်္ဂါလီကို တိုင်းရင်းသားအဖြစ်လက်မခံ ။
၂ ။ ပခုက္ကူသံဃာအနေ့နှင့် နိုင်ငံသားအဖြစ်လက်မခံ ။
၃ ။ဘင်္ဂါလီများကို အကာအကွယ်ပေး ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းမှန်သမျှကို
    လက်မခံ ကန်ကွက်သည် ။
၎ ။ မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို OIC အဖွဲ့ရုံးဆိုက်ခွင့်နှင့် OIC အဖွဲ့နှင့်
    ပူပေါင်းဆောင်ရွက်မူမှန်သမျှာ့ကို ကန့်ကွက်သည် ။
၅ ။ မသမာသောနည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်နေသော ဘင်္ဂါလီမွတ်စလင်များ မြန်မာ
     နိုင်ငံမှ အခုထွက်သွား ။
                   ဟုသော သဘောထားထုတ်ပြန်ကာ သံဃာလူထူပရိတ်သက်များ ကြွေးကြော်
     ကာ အခမ်းအနားကို ညနေ ၅ နာရီတွင်ရုပ်သိမ်းခဲ့ပါသည် ။
 လင်းယုန်နီ
by Thit Htoo Lwin
အလုပ်ရမည်ဆို၍ လိုက်သွားသူ ရွာသား ၆၀ ကျော် ပျောက်ဆုံးနေ
Posted: 15 Nov 2013 02:45 AM PST
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ မြို့နယ် ကုန်းတန်းတောင်ကျေးရွာမှ ရွာသား ၆၀ ကျော်တို့အား တစ်ရွာတည်းနေသူတစ်ဦးက အလုပ်ရမည်ဟုဆိုကာ တစ်အိမ်တက်ဆင်း စည်းရုံးခေါ်ဆောင်သွားပြီးနောက် ယခုအချိန်ထိ အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေကြောင်းလိုက်ပါသွားသူများ၏ မိသားစုဝင်များထံမှ သိရသည်။ အဆိုပါ ရွာသား ၆၀ ကျော်အား ပင်လယ်ဝအနီးရှိ ချောင်းဝရွာတွင် ရေလုပ်သားအဖြစ် လုပ်ကိုင်ရမည်ဖြစ်ပြီးစရိတ်ငြိမ်း တစ်လလျှင် ငွေကျပ် ၅၀၀၀၀ ရမည်၊ ကြိုတင်ငွေ ထုတ်ယူလိုပါက လည်းတစ် လစာထုတ်ပေးမည်၊ ---
အလိုမတူဘဲ သားမယား ပြုကျင့်သူ ဖမ်းမိ
Posted: 15 Nov 2013 02:28 AM PST
ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင် ကျေးရွာအုပ်စု စစ်တောင်းမြစ် တစ်ဖက်ကမ်း ဘိုတဲစုတွင် မိဘများ တောင်ယာ အလုပ်သွားနေခိုက် တဲတွင် မိန်းကလေး တစ်ဦးတည်း ရှိနေစဉ် တစ်ရွာ တည်းနေသူက အနီး ကြံခင်းထဲ ဆွဲခေါ်ကာ အလိုမတူဘဲ သားမယား ပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီက တောင်ယာလုပ်ကိုင်ရင်း ဘိုတဲစုတွင် မ....၁၄ နှစ်သည် မိဘများ အလုပ်သွားနေစဉ် တဲတွင် တစ်ဦးတည်း ရှိနေခိုက် တစ်ရွာတည်းနေ သန်းဝင်း ၄ဝ နှစ် ရောက်ရှိ လာပြီး မ....အား လိုက်ခဲ့ရန် ပြောရာ မ....က မလိုက်နိုင်ဟု ပြန်ပြောခဲ့ကြောင်း၊ ထို့နောက် သန်းဝင်းက မ....၏ လက်ကို ဆွဲခေါ်သွားခဲ့ပြီး တဲအနောက်ဘက် ကြံခင်းထဲအရောက် တွန်းလှဲကာ သားမယား အဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့သည်။ ---
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပါတီနိုင်ငံရေးကင်းဖို့ – မောင်ရေစက်
Posted: 15 Nov 2013 02:23 AM PST
ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အခမ်းအနားသို့ တက်လာခဲ့ရုံ မျှမက ကြံ့ခိုင်ရေးပါတီ အစိုးရသမ်္မတ ဦးသိန်းစိန်၏ တိုင်းခန်းလှည့်လည်မှုများနောက်သို့ လိုက်ပါ၍ သွားလာနေသည်မှာ ယခင် ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး ဦးဘဌေး၏  အာဏာရ အစိုးရနှင့် နိုင်ငံရေးပါတီတို့ အပေါ် မှန်တမ်းမျှသာ ဆက်ဆံခဲ့ပုံနှင့် များစွာကွာခြားနေပေတော့သည် . . .
HIV/AIDS လူနာအခမဲ့ တည်းခိုဆောင် မြေအငှား မြို့တော်စည်ပင် ချမပေး
Posted: 15 Nov 2013 02:13 AM PST
ရွှေပြည်သာ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် HIV/AIDS လူနာများ အခမဲ့ တည်းခိုဆောင်ကို ပြောင်းရွှေ့ ဖွင့်လှစ်ရန် မြေအငှား ချပေးရန် အတွက် ရွှေပြည်သာမြို့နယ် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြခဲ့ရာ အဆိုပါ မြေနေရာသည် စီမံကိန်းဖြစ်၍ ချမပေးခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ဆည်းဆာရောင်ခြည် HIV/AIDS အခမဲ့ တည်းခိုဆောင်၏ တာဝန်ခံ ကိုကျော်နိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ ဆည်းဆာရောင်ခြည် HIV/AIDS အခမဲ့ တည်းခိုဆောင်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ စတင်၍ (အမှတ် ၁၀(က) မေတ္တာ ၂လမ်း၊ မေတ္တာပန်းခြံ ၈ ရပ်ကွက်၊ ရွှေပြည်သာတွင်) ဖွင့်လှစ်ခဲ့ပြီး အနယ်နယ် အရပ်ရပ်မှ ဆေးကုသရန် ရောက်ရှိလာသည့် လူနာများအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်သည်။ ---
ပဲခူးတွင်OIC အဖွဲ့ ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်
Posted: 15 Nov 2013 01:56 AM PST
ပဲခူးမြို့၊ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်၊ ၀င်္ဂဘာလမ်းရှိ ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တဥက္ကံသလင်္ကာရ ဦးဆောင်၍ ပဲခူးမြို့ရှိ အောင်ဇေယျကျောင်း၊သာ
သနာ မဏ္ဍိုင်ပါဌိတက္ကသိုလ် ကျောင်းတိုက်၊ သီတဂူကျောင်းတိုက်၊ ဓမ္မာလင်္ကာရ ကျောင်းတိုက်တို့မှသံဃာတော်များနှင့်မြို့နေပြည်သူများ စုစုပေါင်းအင်အား (၈၀၀)ခန့်သည်(၁၅.၁၁.၂၀၁၃)နေ့ နေ့လည်(၁း၀၀)အချိန်ခန့်တွင် OIC အဖွဲ့ ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ် ခဲ့ပါသည်။
အဆိုပါ ဆန္ဒပြ သူများသည် ချမ်းမြေ့ဇေယျာကျောင်းတိုက်မှ ပဲခူးပင်စည်ဈေးအထိ ရန်ကုန်-မန္တလေး မင်းလမ်းအတိုင်း ပိုစတာဆိုင်းဘုတ်များကိုင်ဆောင်၍ စီတန်းလှည့်လည်ပြီး OICအဖွဲ့မြန်မာနိုင်ငံသို့ လာရောက်ခြင်းကို ကန့်ကွက်ကြောင်း၊ OICအလိုမရှိ၊ ခိုးဝင်ဘဂါင်္လီများ အစ္စလာမ်မစ်နိုင်ငံများမှ အမြန်ဆုံးခေါ်ယူပါဟု ကြွေးကြော်သံများနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ပါသည်။
စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲမှာ ညနေ(၃း၀၀)အချိန်ခန့်တွင် ပြီးဆုံးသွားပြီး သက်ဆိုင်ရာဘုန်းတော်ကြီး ကျောင်းများသို့အသီးသီး ပြန်လည်ထွက်ခွာသွား ပါသည်။
ကိုသန့် ဇင်
by Thit Htoo lwin
မန္တလေးတွင် မီတာ လျှောက်ထားမှု ငါးရက်အတွင်း ဆောင်ရွက်ပေးမည်
Posted: 15 Nov 2013 01:45 AM PST
မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အိမ်သုံးမီတာ လျှောက်ထားမှုများနှင့် ပတ်သက်၍ ချက်ချင်း ဆောင်ရွက်ပေးမည် ဖြစ်ပြီး စက်ရုံသုံး ပါဝါမီတာ လျှောက်ထားမှု များကို ငါးရက်အတွင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “အရင်ကထက် ပိုမိုမြန်ဆန်အောင် ချထားပေးဖို့ နေပြည်တော်ကနေ တိုက်ရိုက် ညွန်ကြားထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ ---
ယနေ့လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေးအိုးဘိုထောင်မှ မြို့ကြီးသုံးမြို့တွင် ဗုံးခွဲခဲ့သူ ငါးဦး
Posted: 15 Nov 2013 01:30 AM PST
ယနေ့လွှတ်ငြိမ်းချမ်းသာခွင့်တွင် မန္တလေးအိုးဘိုထောင်မှ ၁၀ ဦးပြန်လည်လွတ်မြောက်လာရာ
နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များတွင် လွန်ခဲ့သည့် နှစ်နှစ်ကျော်မှ တစ်နေ့ထဲ ဗုံးသုံးနေရာပေါက်ကွဲရာတွင် ပါဝင်သည့်တရားခံများသည် အမိန့်ချပြီး လေးလအတွင်း ပြန်လည် လွတ်မြောက်လာကြောင်းသိရသည်။ ၄င်းတို့ငါးဦးတွင် အနည်းဆုံး ၁၀နှစ်နှင့် အများဆုံး ၁၂ခွဲအထိ တရားရုံးမှ အမိန့်များချမှတ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ ၂၄ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ---
မန္တလေးအိုးဘိုထောင်မှ ၁၀ ဦးပြန်လည်လွတ်မြောက်
ဒဏ်ရာရရှိသည့် လက်ပံတောင်းဒေသခံများ မန္တလေးဆေးရုံသို့ ထွက်ခွာ
Posted: 15 Nov 2013 01:19 AM PST
လက်ပံတောင်းတောင်ဒေသတွင် နိုဝင်ဘာလ ၁၅ရက်က ဒေသခံများနှင့် ရဲများ ပဋိပက္ခဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိခဲ့သော ဒေသခံခုနှစ်ဦးကို လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုက ဆေးကုသရန် မန္တလေးမြို့ဆေးရုံသို့ နိုဝင်ဘာလ ၁၆ရက် နေ့လည် ၁နာရီခွဲခန့်တွင် ခေါ်ဆောင်သွားပြီဖြစ်သည်။ နှစ်ဖက် ပဋိပက္ခကြောင့် ဒေသခံရွာသားများလည်း ထိခိုက်ဒဏ်ရာရရှိပြီး ရွာသား ၇ ဦး ဒဏ်ရာရရှိပြီး ၂ဦးမှာ စိုးရိမ်ရကြောင်း ပဋိပက္ခများ ဖြစ်ပွားရာနေရာတွင် ရောက်ရှိနေသော လက်ပံတောင်းတောင်အရေး ဦးဆောင်လုပ်ရှားသည့် ဆရာတော် ဦးဝိမလက မဇ္ဈိမသို့ မိန့်ကြားသည်။  ---
သေနတ်ကျည်ဆံထိမှန်ခဲ့သည့်သူများ။ ဓါတ်ပုံ - ကိုဟန်ဝင်းအောင်
ရခိုင်ရောက် OICကို ဒေသခံ ၈၀,၀၀၀ ဆန္ဒဖော်ထုတ်
Posted: 15 Nov 2013 01:12 AM PST
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OICသည် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာလ ၁၅ရက်က သွားရောက်ချိန်တွင် ရခိုင်ဒေသခံ သံဃာနှင့် လူဦးရေ ၈၀,၀၀၀ခန့်က စစ်တွေလေဆိပ်တွင် စောင့်ဆိုင်းကာ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒပြခေါင်းဆောင် ဦးမောင်နုက မဇ္ဈိမကိုပြောသည်။ OICအဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေသို့ နိုဝင်ဘာလ ၁၅ရက် နံနက် ၁၀နာရီ ၄၅မိန်စ်ခန့်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး စစ်တွေတွင် တစ်နာရီခန့်အကြာ လေ့လာခဲ့ကာ မောင်တောသို့ဆက်လက် ထွက်ခွာသွားပြီဖြစ်သည်။ ---
ရေ​ဆိုး​သန့်​စင်​မှု ​မ​လုပ်​သည့် ​စက်​ရုံ​များ​ကို ​အ​ရေး​ယူ​မည်
Posted: 15 Nov 2013 01:08 AM PST
ရန်​ကုန်​မြို့​တော် ​စည်​ပင်​သာ​ရေး​ကော်​မ​တီ​ဟာ ​ရေ​ဆိုး ​သန့်​စင် ​စွန့်​ထုတ်​ခြင်း ​မ​ရှိ​တဲ့ ​စက်​ရုံ ၈၀ ​နီး​ပါး​ကို ​စစ်​ဆေး ​တွေ့​ရှိ​ထား​ပြီး ​အ​ခု​နှစ်​ကုန်​သည်​အ​ထိ ​ရေ​ဆိုး​သန့်​စင်​မှု​လုပ်​ငန်း​တွေ ​လုပ်​ဆောင်​ခြင်း ​မ​ရှိ​ဘူး​ဆို​ရင် ​နှစ်​ဆန်း​တာ​နဲ့ ​စက်​ရုံ​ပိတ်​သိမ်း​သည်​အ​ထိ ​အ​ရေး​ယူ​မယ်​လို့ ​သန့်​ရှင်း​ရေး​နဲ့ ​သ​ဘာဝ​ပတ်ဝန်း​ကျင်​ရေး​ရာ ​ဌာ​န​မှူး ​ဦး​သန်း​လွင်​ဦး​က ​ပြော​ပါ​တယ်။
ရန်​ကုန်​မြို့​က ​စက်​မှု​ဇုန် ၂၄ ​ခု​က ​စက်​ရုံ​ပေါင်း ၃ ​ထောင်​ကျော်​ကို ​စစ်​ဆေး​ခဲ့​ရာ​မှာ ​အဲ​ဒီ​စက်​ရုံ ၈၀ ​နီး​ပါး​မှာ ​ရေ​ဆိုး ​သန့်​စင် ​စွန့်​ထုတ်​တဲ့​စ​နစ် ​လုပ်​ကိုင်​မ​ထား​တာ ​တွေ့​ခဲ့​ရ​တာ ​ဖြစ်​ပါ​တယ်။
ဒီ​စက်​ရုံ​တွေ​နဲ့ ​ပတ်​သက်​လို့ ​သ​တိ​ပေး​မှု​တွေ ​ပြု​လုပ်​ခဲ့​ပြီး ​စက်​ရုံ​တ​ချို့​က​တော့ ​ရေ​ဆိုး​သန့်​စင် ​စ​နစ်​တွေ ​အ​ကောင်​အ​ထည်​ဖော်​နေ​ပြီ ​ဖြစ်​တဲ့​အ​ကြောင်း ​အ​ကြောင်း​ကြား​လာ​တယ်​လို့ ​ဦး​သိန်း​လွင်​ဦး​က ​ပြော​ပြ​ပါ​တယ်။
by ဒီဗွီဘီ
ဦးနေဝင်းမြေးများဖြစ်တဲ့ အေးနေဝင်းနှင့် ကျော်နေဝင်းတို့ ဒီနေ့ အင်းစိန်ထောင် ကလွတ် (ဓါတ်ပုံ)
Posted: 15 Nov 2013 01:05 AM PST
နိုင်ငံတော် ပုန်ကန်မှုဖြင့် သေဒဏ်ကျခံနေရပြီး အင်းစိန်အကျဉ်းထောင်မှ ယနေ့ ပြန်လည်လွတ်မြောက်လာသည့် အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေး ၂ ဦးဖြစ်သော ကျော်နေ၀င်း နှင့် အေးနေ၀င်း
Photo; Khin Mg Win Ap
ငွေစက္ကူများတွင် ပါဝင်သော ခြင်္သေ့ပုံ ပါတီတံဆိပ်ဖြစ်နေဟု လွှတ်တော်အတွင်း ဦးသိန်းညွန့်ပြောခြင်း ဗဟိုဘဏ်ငြင်း
Posted: 15 Nov 2013 12:45 AM PST
ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး နိုဝင်ဘာ ၁၃ ရက်တွင် သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုင်ငံတော်သုံး ငွေစက္ကူများ၌ နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံဖြင့် ရိုက်နှိပ် အသုံးပြုရန် ပြည်သူ့ လွှတ်တော်၌အဆို တင်သွင်းခဲ့ရာ၌ မြန်မာနိုင်ငံသုံး ငွေစက္ကူများတွင် ပါဝင်သော ခြင်္သေ့ပုံ အနေဖြင့် နိုင်ငံရေး ပါတီတစ်ခု၏ အမှတ် တံဆိပ် ဖြစ်နေေ ကြာင်း ထည့်သွင်း ပြောကြားမှုကို ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ငြင်းဆိုလိုက်သည်။ ---
ကျေးရွာလူထုထံမှ ကောက်ခံရရှိငွေဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံတွင် ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်တင်
Posted: 15 Nov 2013 12:38 AM PST
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာ ရှမ်းကွင်း ကျေးရွာအုပ်စု၊ ကျုံတာကျေးရွာ၊ အရှေ့ ဘုန်းတော်ကြီးကျောင်း အနီး မြေကွက်လပ်တွင် ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးပိုင်က တစ် အိမ်ထောင်လျှင် ငွေကျပ် (၁၀၀၀)စီ ခွဲ၍ အလှူခံပြီး (၁၆ x ၃၀)ပေ ခန့်  ကျေးရွာ ပိုင် အဆောက်အအုံတွင် ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် တင်ထားသည်ဟု ယင်းဒေသခံများက ပြောသည်။ ---
ထောင်​ တွင်း​အ​တွေ့​အ​ကြုံ ​ဒေါ်​နော်​အုန်း​လှ​ကို ​မေး​မြန်း​ချက်
Posted: 15 Nov 2013 12:16 AM PST
နိုင်​ငံ​တော် ​အ​ကြည်​ညို​ပျက်​စေ​မှု ​ပုဒ်​မ ၅၀၅ (​ခ)​နဲ့ ​ပြီး​ခဲ့​တဲ့ ​ဩ​ဂုတ် ၂၉ ​ရက်​နေ့​က ​ထောင်​ဒဏ်​ချ ​မှတ်​ခံ​ရ​တဲ့ ​အ​မျိုး​သ​မီး​ကွန်​ရက်​အ​ဖွဲ့​၀င် ​နော်​အုန်း​လှ​ဟာ ​သ​မ္မ​တ​ရဲ့ ​လွတ်​ငြိမ်း​ချမ်​သား​ခွင့်​နဲ့ ​မ​န္တ​လေး​ထောင်​က​နေ ​ဒီ​နေ့ ​ပြန်​လွတ်​မြောက်​လာ​ပါ​တယ်။
ထောင်​တွင်း​အ​တွေ့​ကြုံ​တွေ​နဲ့ ​ပတ်​သက်​ပြီး ​နော်​အုန်း​လှ​ကို ​ဆက်​သွယ်​မေး​မြန်း​ထား​ပါ​တယ်။ by ဒီဗွီဘီ
အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ
လက်​ပံ​တောင်း ​ပ​ဋိ​ပ​က္ခ ၇ ​ဦး ​ဒဏ်​ရာ​ရ၊ ၃ ​ဦး ​ဖမ်း​ဆီး​ခံ​ရ
Posted: 15 Nov 2013 12:10 AM PST
စစ်​ကိုင်း​တိုင်း ​မုံ​ရွာ​ခ​ရိုင် ​လက်​ပံ​တောင်း​ဒေ​သ ​မိုး​ကြိုး​ပြင်​တောင်​ရွာ​မှာ ​မ​နေ့​ည​က ​ရဲ​နဲ့ ​ဒေ​သ​ခံ​တွေ ​နှစ်​ဖက် ​အ​ချင်း​များ ​ပ​ဋိ​ပ​က္ခ​ဖြစ်​ပွား​ရာ​က​နေ ​ပစ်​ခတ်​မှု ​ဖြစ်​ပွား​ခဲ့​ပြီး ​ရဲ​တွေ​က ​ရွာ​သား ၃ ​ယောက်​ကို ​ဖမ်း​ဆီ​ခေါ်​သွား​ပါ​တယ်။ ပစ်​ခတ်​မှု​ကြောင့် ​ရွာ​သား ၇ ​ဦး ​ထိ​ခိုက် ​ဒဏ်​ရာ​ရ​ရှိ​တယ်​လို့​  ​မိုး​ကြိုး​ပြင်​ရွာ​နေ ​ဦး​လ​ပြ​ည့်​က ​ပြော​ပါ​တယ်။ ---
ဆောက်လုပ်ဆဲကန်ထရိုက်တိုက် အုတ်ချပ်များပြိုကျ
Posted: 14 Nov 2013 11:59 PM PST
မရမ်းကုန်း မြို့နယ်တွင် ဆောက်လုပ်ဆဲကန် ထရိုက်တိုက်၏အုတ်ချပ်များပြိုကျ သည့်အတွက် နံဘေးရှိနှစ်ထပ် ပျဉ်ထောင်အိမ်ပျက်စီးကာ လူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။နိုဝင်ဘာ ၁၃ ရက် ညနေ ၆နာရီခန့်က မြို့သစ်(၄)လမ်း အိမ် အမှတ် (၁၅၁) ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်၏ အမြင့်ဆုံး ငါးလွှာမှ တိုက်နံရံအုတ်ချပ်များ သည် နံဘေးရှိအိမ်အမှတ် (ခ/၁၅၀) နှစ်ထပ်ပျဉ်ထောင်အိမ်ပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ပြီး ပြိုကျသည့် ဖြစ်စဉ်ကြောင့် ပျဉ်ထောင်အိမ် တွင်နေထိုင်သော အသက်၂၄နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိ ခိုက် ဒဏ်ရာရရှိခဲ့ပြီး အိမ်အမိုး အရှေ့ဘက်ခြမ်း ပျက်စီးယိုယွင်း ခဲ့ကြောင်း ပျဉ်ထောင်အိမ်၏ အိမ် ရှင်ဖြစ်သူက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ပြောသည်။ ---
လှိုင်သာယာတည်းခိုခန်းတစ်ခုတွင် ဖောက်ခွဲရေး ပစ္စည်းများ နှင့် လူတစ်ဦး ဖမ်းမိ
Posted: 14 Nov 2013 11:57 PM PST
ရန်ကုန် တိုင်းဒေသသကြီး လှိုင်သာယာ မြို့နယ်အတွင်း ပဒန်ကျေးရွာ Sky တည်းခိုခန်း၌ တည်းခိုနေ ထိုင်သူတစ်ဦးကို လက်လုပ်ဖောက် ခွဲရေးပစ္စည်းများနှင့်အတူ နိုဝင် ဘာ ၁၃ရက်က ဖမ်းဆီးရမိခဲ့ ကြောင်း လှိုင်သာယာ မြို့ နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဖမ်းဆီးရမိသူသည် ရခိုင် ပြည်နယ် မြောက်ဦးမြို့ပေါ်ရှိ ကျောက်ရစ်ကေရပ်ကွက်တွင် နေထိုင်သူ အသက် ၃၄နှစ်အရွယ် ရှိဦးတင်မောင်ဆိုသူဖြစ်ပြီး ၎င်း တည်းခိုနေထိုင်သည့်အခန်းအား ရဲတပ်ဖွဲ့ မှဝင် ရောက်ဖမ်းဆီးစဉ် တွင် ၎င်းနှင့်အတူတည်းခိုနေထိုင် သူတစ်ဦးမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း လှိုင်သာယာ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးက ဆိုသည်။ ---
YouTube ကိုအင်တာနက်မလိုဘဲ ကြည့်ရှုနိုင်တော့မည်
Posted: 14 Nov 2013 11:39 PM PST
ဗီဒီယိုဖိုင်များ၊ တေးဂီတအစီအစဉ်များနှင့် ကမ္ဘာတစ်လွှားရှိ သုံးစွဲသူများ Video Clip ပေါင်းများစွာကို စုစည်းထားသော YouTube ၀န်ဆောင်မှုလုပ်ငန်းကို အင်တာနက်နှင့် အွန်လိုင်းရရှိသောနေရာများတွင် သာ သုံးစွဲနိုင်နေရာမှ ယခုအခါ အင်တာနက် မလိုအပ်ဘဲ အော့ဖ်လိုင်း (Offline) သုံးစွဲနိုင်စေရန် စီစဉ် လျက်ရှိကြောင်း သတင်းရရှိပါသည်။ အဆိုပါအင်တာနက်မလိုအပ်ဘဲ ကြည့်ရှုစေနိုင်မည့် အစီအစဉ်တွင် သုံးစွဲသူသည် ၄၈ နာရီကြာ လွှင့်ထုတ် မှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး ---
မွန်ပြည်သစ်ပါတီက စစ်ဦးစီးချုပ်အပါအ၀င် ပါတီဥက္ကဋ္ဌရာထူးအပြောင်းအလဲလုပ်
Posted: 14 Nov 2013 11:20 PM PST
မွန်ပြည်သစ်ပါတီ၏ ၂၀၁၃ ခုနှစ် အရေးပေါ်ပထမဆုံး ဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီအထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို ဒုတိယဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်လိုက်သည်။ နိုဝင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် အရေးပေါ်အစည်းအဝေးက ဆုံးဖြတ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ “အစည်းအဝေး ပထမနေ့မှာပဲ အဲဒီရာထူး အပြောင်းအလဲတွေကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်” မွန်ပြည်သစ်ပါတီ တပ်မှ ဒုတိယဗိုလ်မှူးကြီး ဇာတာမာန်က မဇ္ဈိမကိုပြောသည်။ ---
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြေယာများ ရောင်းမှား၊ ၀ယ်မှားမဖြစ်ရန် သတိပြုသင်
Posted: 14 Nov 2013 11:15 PM PST
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသများရှိ ဇုန်သုံးဇုန်အနက် ကာကွယ်ထိန်းသိမ်းရေးဇုန်တစ်ခုကိုသာ စိစစ်ပြီး အထိုက်အလျောက်ခွင့်ပြုပေးနေသဖြင့် ရောင်းမှား၊ ၀ယ်မှား မဖြစ်စေရန် သတိပြုသင့်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ကမ္ဘာလှည့်ခရီးသည်များ လာရောက်သည့် ပုဂံ၊ အင်းဝ၊ မြောက်ဦး၊ သရေခေတ္တရာ၊ မင်းကွန်း စသည့် ယဉ်ကျေးမှုအမွေအနှစ်ဇုန်များအတွင်း ရင်းနှီးမြှုပ်နှံမှုအဖြစ် လုပ်ငန်းရှင်များက မြေယာများ လိုက်လံဝယ်ယူမှုများရှိနေကာ မြေယာဈေးနှုန်း အလွန်မြင့်တက်ခြင်းနှင့် ငွေထုပ်ပိုက် ၀ယ်ယူသူများရှိကြောင်း ကြားသိရသဖြင့် ယခုကဲ့သို့ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ---
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအ၀င်ဝမုခ်ဦး ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) - 7day Daily
ယဉ်ကျေးမှုအမွေအနှစ် ဒေသများတွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ခွင့်ပြုချက်မယူဘဲ လုပ်ကိုင်သည့် ဟိုတယ်နှင့် စက်မှုလုပ်ငန်းများကို အရေးယူမည်
Posted: 14 Nov 2013 11:13 PM PST
ကမ္ဘာလှည့်ခရီးသည် အများဆုံးသွားရောက်သည့် ပုဂံ၊ မြောက်ဦး၊ သရေခေတ္တရာနှင့် အင်းဝ အပါအ၀င် ယဉ်ကျေးမှုအမွေအနှစ် ဒေသများတွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ မတင်ပြဘဲ ဟိုတယ်နှင့် အခြားစက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်သည့် ကုမ္ပဏီများ ကို အရေးယူမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေး နယ်မြေအတွင်း ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ တည်ဆောက်ရန်အတွက် မြေနေရာများရှင်းလင်းခြင်း၊ ၀င်းခြံများကာရံခြင်း၊ ၀င်းခြံကာရံရန်တိုင်များ စိုက်ထူခြင်းတို့ကို တွေ့ရှိရသဖြင့် အရေးယူမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။ ---
မြောက်ဦးမြို့ရှုခင်း ဓာတ်ပုံ - 7day Daily
နေပြည်တော် အခြေခံဥပဒေ ဆန္ဒခံယူပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
Posted: 14 Nov 2013 11:09 PM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် နေပြည်တော် ဇမ္ဗူသီရိကွင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက The Voice သို့ ပြောကြားသည်။ “ဒေါ်စုက နေပြည်တော်နဲ့ မန္တလေးတိုင်းက NLD အဖွဲ့ဝင်တွေ အကုန်လုံးကို တွေ့ဆုံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအကြောင်း ရှင်းပြမယ်။ ပြီးရင် သဘောထား တောင်းခံမယ်” ဟု ဦးတင်ထွဋ်ဦးက ဆိုသည်။ ---
Thit Htoo Lwin
unread,
Nov 16, 2013, 10:04:17 AM11/16/13
to thuau...@gmail.com
နေ​ပြည်​တော် ​ဆ​န္ဒ​ခံ​ယူ​ပွဲ ​ခွင့်​ပြု​မိန့်​ရ​ပြီ
Posted: 16 Nov 2013 04:04 AM PST
နေ​ပြည်​တော်​မှာ ၂၀၀၈ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ပြည်​သူ့​ဆ​န္ဒ ​သ​ဘော​ထား​ရ​ယူ​ရေး ​လူ​ထု​ဟော​ပြော​ပွဲ ​ကျင်း​ပ​ဖို့ ​တာဝန်​ရှိ​သူ​တွေ​က ​ခွင့်​ပြု​လိုက်​ပြီ​လို့​  ​ဇ​မ္ဗူ​သီ​ရိ​မြို့​နယ် ​ပြည်​သူ့​လွှတ်​တော်​အ​မတ် ​ဒေါ်​စ​န္ဒ​မင်း​က ​ပြော​ပါ​တယ်။ အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် (​အန်​အယ်လ်​ဒီ ​ပါ​တီ​ခေါင်း​ဆောင် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကိုယ်​တိုင်  ​တက်​ရောက် ​မိန့်​ခွန်း​ပြော​မယ့် ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ရှင်း​လင်း​ပွဲ​နဲ့ ​လူ​ထု​ဆ​န္ဒ​ခံ​ယူ​ပွဲ​ကို ​နေ​ပြည်​တော်​နယ်​မြေ ​ရဲ​စ​ခန်း​က ​ခွင့်​မ​ပြု​ဘဲ ​ရှိ​ရာ​က​နေ ​ဒီ​နေ့ ​ခွင့်​ပြု​လိုက်​တာ ​ဖြစ်​ပါ​တယ်။ ---
ဆိုင်ကယ်စီးနင်းသူ ရထားတိုက်မိ သေဆုံးမှုဖြစ်ပွား
Posted: 16 Nov 2013 03:56 AM PST
မုံရွာမြို့ ၊ အိုးဘိုတောင် ရပ်ကွက် ၊ အာစိဏ္ဏရာမ ဘုန်းတော်ကြီး ကျောင်းလမ်း ၊ သံလမ်းကူး တွင် နိုဝင်ဘာ ၁၄ ရက်ညနေ ၅ နာရီက ဆိုင်ကယ် စီးနင်းသူအား ရထားတိုက်မိ သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မြန်မာ့ မီးရထားမှ စက်ခေါင်းမောင်း ဦးမောင်မောင်ဆန်း မောင်းနှင် လာသည့် ရထားစက် ခေါင်းအမှတ်( RBE - 2587 ) အမှတ်(၂) အဆန် ဗောဓိတထောင် – အလုံ ခရီးသည်တင် မြို့ပတ်ရထား သည် တောင်မှမြောက် သို့ ခုတ်မောင်း လာစဉ် ---
ပုဂံ-ညောင်ဦး လေဆိပ်တွင် မေ့ကျန်ခဲ့သော ပိုက်ဆံအိတ်အား ပိုင်ရှင်စုံစမ်း ရှာဖွေ၍ ပြန်လည်အပ်နှံ
Posted: 16 Nov 2013 03:58 AM PST
၁၄-၁၁-၂၀၁၃ ရက်နေ့ ၀၈၄၀ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးလေဆိပ်၊ ဆိုက်ရောက်ခရီးသည်နိုင်ငံခြားသားများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၀င်ကြေးကောက်ခံသည့် စားပွဲပေါ်တွင် ခရီးသည်တစ်ဦးမေ့ကျန်ခဲ့သော ပိုက်ဆံအိတ်နက်ပြာရောင်(၁)လုံးအား လေကြောင်း ရဲတပ်ဖွဲ့စုမှူးရုံး(ပုဂံ-ညောင်ဦး)မှ တပ်ဖွဲ့ဝင်တစ်ဦးက တွေ့ရှိခဲ့သည်။  ---
ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏ မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံခြင်း
Posted: 16 Nov 2013 03:42 AM PST
တပ်မတော် အစိုးရလက်ထက်၂၀၀၂ ခုနှစ်တွင် နိုင်ငံတော် ပုန်ကန်မှုကြောင့် မိသားစုတစ်ခုလုံး ထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည့် မြန်မာနိုင်ငံကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ပါတီ အာဏာရှင်စနစ်ဖြင့် ၂၇ နှစ် အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံမေးမြန်း ဖြစ်သည်များကို ထုတ်နုတ် ဖော်ပြလိုက်ရပါသည်။ ---
အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ထူးကုမ္ပဏီပိုင် သံပြားတင် ကွန်တိန်နာ တိမ်းမှောက်
Posted: 16 Nov 2013 03:21 AM PST
ရန်ကုန်တိုင်းဒေကြီး၊ ဒေါပုံမြို့နယ်၊ ယမုံနာလမ်းမကြီး၊ ဆက်သွယ်ရေးဝင်းရှေ့တွင် နိုဝင်ဘာလ ၁၅ရက်နေ့
မွန်းလွဲ ၂နာရီဝန်းကျင်ခန့်က ထူးကုမ္ပဏီပိုင် သံပြားများ တင်ဆောင်လာသော ဆယ်ဘီးယာဉ် ကွန်တိန်နာတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ ယင်းကွန်တိန်နာကားသည် အေးရှားဝေါလ်ဆိပ်ကမ်းမှ ဒဂုံဆိပ်ကမ်းသို့ မောင်းနှင်လာသော ကားဖြစ်ပြီး၊ ဒေါပုံမြို့နယ် ဆက်သွယ်ရေးဝင်းရှေ့ အရောက်တွင် ချိုင့်ထဲသို့ ဘီးချော်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ် ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။ ---
ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသူနှစ်ဦး လှိုင်သာယာမြို့နယ်ရှိ ဧည့်ရိပ်သာတွင် ဖမ်းမိ
Posted: 16 Nov 2013 03:16 AM PST
ဧည့်ရိပ်သာ အခန်းတွင်း ဖောက်ခွဲရေး ပစ္စည်းများ သယ်ဆောင်လာသူ အမျိုးသားနှစ်ဦးကို လှိုင်သာယာမြို့နယ် ပဒံကျေးရွာရှိ SKY အအေးခန်း ဧည့်ရိပ်သာ အခန်းအမှတ် ၅ တွင် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်က ဖမ်းမိခဲ့ကြောင်း သောင်ကြီး နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ အဆိုပါ အမျိုးသားနှစ်ဦးတွင် ရခိုင်ပြည်နယ် ကျောက်ရာဇ်ကေ ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် ကိုခိုင်နေမင်း (ခ) တင်အောင်နှင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ဆေးရုံလမ်း တွင် နေထိုင်သူ အသက် ၃၀ အရွယ် ကိုသိန်းညွန့် (ခေါ်) ဂျပန်ကြီးတို့ ဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦးက အခန်းတွင်း ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်နေကြောင်း ---
မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးစံနှုန်းများ ထုတ်ပြန်၊ တစ်ဧက အမြင့်ဆုံး ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းရှိ
Posted: 16 Nov 2013 03:12 AM PST
မန္တလေးမြို့ပေါ် အိမ်၊ ခြံ၊ မြေဈေးစံနှုန်းများ နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ရာ အများဆုံး ဈေးနှုန်းမှာ တစ်ဧကလျှင် ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းနှုန်း သတ်မှတ်ထားကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး တိုင်းဦးစီးမှူးက The Voice သို့ ပြောကြားသည်။ အဆိုပါ ဈေးနှုန်းများသည် အရောင်းအဝယ် ဖြစ်သည့် မန္တလေးမြို့လယ်ကောင် အဓိက နေရာများနှင့် စီးပွားရေးအရ အချက်အချာကျသည့် နေရာများတွင် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ---
NLD ပါတီ၏ နေပြည်တော် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထု ဆန္ဒခံ ယူပွဲ ခွင့်ပြုမိန့်ရရှိရန် ဆက်လက်ညှိနှိုင်းနေရဆဲ
Posted: 16 Nov 2013 03:07 AM PST
NLD ပါတီမှ နေပြည်တော်ဇမ္ဗူသီရိမြို့ နယ်တွင်ပြုလုပ်မည့် ၂၀၀၈ဖွဲ့စည်း ပုံနှင့်ပတ်သက်၍ လူထုဆန္ဒခံယူပွဲ အတွက် ခွင့်ပြုမိန့်ရရှိရန် သက် ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ၁၈ရက်တွင် နေ ပြည်တော် ဇမ္ဗူသီရိမြို့နယ် အောင် ဇမ္ဗူရပ်ကွက် (လက်ပံခါးလှကျေး ရွာ)၌ပြုလုပ်မည့် ယင်းအခမ်းအ နားတွင်NLD ပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်း စုကြည် တက်ရောက် မည်ဖြစ်ပြီး နိုဝင်ဘာ၁၄ရက်က ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်မပြုကြောင်း အကြောင်းကြား စာပြန်လည်ပေးပို့ခဲ့ကြောင်း သိ ရသည်။ ---
ဦးအေးနေဝင်းနှင့်ဦးကျော်နေဝင်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့်အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်း
Posted: 16 Nov 2013 02:50 AM PST
နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရလက်ထက် ၂ဝဝ၂ ခုနှစ်တွင် မြန်မာနိုင်ငံကို ၂၆ နှစ်ကြာ အုပ်ချုပ်လာခဲ့သည့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဦးနေဝင်းနှင့်သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းတို့အား နေအိမ် အကျယ်ချုပ်ချခဲ့ပြီး သမက်ဖြစ်သူ ဦးအေးဇော်ဝင်း၊ သားများဖြစ်သည့် ဦးအေးနေဝင်း၊ ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့ကို ပုဒ်မ-၁၂၂/၁ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြင့် ဖမ်းဆီး၍ သေဒဏ်ချမှတ်ခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှ တင်မြှောက်လိုက်သည့် သမ္မတဦးသိန်းစိန်၏ အစိုးရ သစ်လက်ထက် ၂ဝ၁၂ ခုနှစ်တွင် ဦးအေးဇော်ဝင်းနှင့် သားဖြစ်သူ ဦးဇွဲနေဝင်းတို့ ပြန်လည်လွတ်မြောက်လာပြီး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဦးအေးနေဝင်းနှင့်ဦးကျော်နေဝင်းတို့ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ---
အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တရားရေးမဏ္ဍိုင်တိမ်းစောင်းမှုကြောင့်ထောင်ထဲကိုမရောက်သင့်ဘဲ ရောက်နေသူများရှိနေသည်ဟုဦးအေးနေဝင်းပြောကြား
“ကျွန်တော်တို့ညီအစ်ကိုတွေနဲ့ပတ်သက်လို့ မလိုမုန်းထား ဒုက္ခပေးချင်တဲ့သူတွေ ရှိနေတယ်။
Posted: 16 Nov 2013 02:49 AM PST
နိုင်ငံတော်ပုန်ကန်မှုဖြင့် ၂၀၀၂ ခုနှစ်အတွင်းက သေဒဏ်ချမှတ်ခံခဲ့ရသည့် ဦးနေ၀င်း၏မြေးနှစ်ဦးဖြစ်သည့် ကိုကျော်နေ၀င်းနှင့် ကိုအေးနေ၀င်းတို့နှစ်ဦးသည် သမ္မတအမိန့်ဖြင့် နိုဝင်ဘာ ၁၅ ရက်က လွတ်မြောက်လာခဲ့သည်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့်နေ့တွင် ၎င်း၏နေအိမ်တွင် ကိုအေးနေ၀င်းနှင့် 7Day Daily က တွေ့ဆုံမေးမြန်းခဲ့သည်။ တွေ့ဆုံမှုတွင် ကိုအေးနေ၀င်းက သူတို့နှင့်ပတ်သက်သည့် ကောလာဟလများ၊ ဒေါ်အောင်ဆန်းစုကြည်၊ စစ်အစိုးရအရာရှိများနှင့် သူတို့မိသားစုအကြား ဆက်ဆံရေးများ၊ ထောင်တွင်းအတွေ့အကြုံများနှင့် အခြားအကြောင်းအရာများကို ပြောကြားခဲ့သည်။ ---
အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓာတ်ပုံ- Khin Maung Win/AP
အကူအညီ တောင်းမည့် သူများကို မျှော်လင့်စောင့်စားနေသူ
Posted: 16 Nov 2013 02:46 AM PST
ယခင် အစိုးရ လက်ထက်တွင်  ထောက်လှမ်းရေး ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့စဉ်က ဒီမိုကရေစီ ဟူသည့် ဝေါဟာ ရကို ဟစ်ကြွေးခဲ့ သူများအား အပြစ် ဒဏ် သင့်စေနိုင် စွမ်း ရှိခဲ့သည့် ဦးခင်ညွန့် သည် ရာထူးမှ ဖယ်ရှား ခံရပြီးနောက် နေအိမ် အကျယ်ချုပ်အဖြစ် ဆယ်စုနှစ် တစ်ခု နီးပါးမျှ အပြစ်ပေးခံခဲ့ ရကာ ယခု အချိန်တွင် မူ သူ့ထံမှ အကူ အညီတောင်း ခံမည့်သူများအား မျှော်လင့်လျက် ရှိ သည်။ ”ကျွန်တော့်မှာ အတွေ့အကြုံတွေ အများကြီး ရှိပေမယ့် နည်းဗျူဟာ သမား တစ်ယောက် အဖြစ် ဒါမှမဟုတ် အတိုင်ပင်ခံ တစ်ယောက် အဖြစ် ဘယ်သူကမှ အကူအညီ လာမတောင်းကြပါဘူး။ ---
လက်တစ်ကမ်းမှ အဆိပ်သင့်အစိမ်းရောင်ကမ္ဘာ
Posted: 16 Nov 2013 02:24 AM PST
သင်ဟာ ဟင်းသီးဟင်းရွက်ကို ခုံမင်စွာ စားသုံးသူတစ်ဦး ဖြစ်နေပါသလား။ ယုတ်စွအဆုံး ထမင်းစားစဉ် ဟင်းသီးဟင်းရွက်တို့ကို အတို့အမြှုပ်အဖြစ်ထည့်သွင်း စားသုံးသူ တစ်ဦး ဟုတ်နေပါသလား။ ဟုတ်မှန်တယ်ဆိုရင် သင်ဟာ ဟင်းသီးဟင်းရွက်ကိုသန့်စင်စွာ စိတ်ချလက် ချဆေးကြောကာ စားသုံးရပါမည်။ ထိုသို့ မဟုတ်ပါက ကင် ဆာရောဂါအပါအဝင် လတ်တလော ဘေးဒုက္ခဖြင့် ရင်ဆိုင်ကြုံ တွေ့ရနိုင်သည်ဟု ဇီဝနည်းပညာဘာသာ ရပ်ဖြင့် အီတလီမှ ပါရဂူဘွဲ့ ရရှိထားသော ဒေါက်တာ သန်း သန်းစိန်က သတိပေး စကားပြောကြားထားသည်။ ---
ပြန်ပေးတရားခံသုံးဦးအား ဆုငွေထုတ်
Posted: 16 Nov 2013 02:13 AM PST
ရန်ကုန်- တွံတေးမြို့နယ်အတွင်း ဇနီးမောင်နှံနှစ်ဦးအား အက်ရှင်ဇာတ်ကားဆန်ဆန် ပြန်ပေးဆွဲမှုကျူးလွန်ခဲ့သည့် တရားခံများ လွတ်မြောက်နေသောကြောင့် ၎င်းတို့အား သတင်းပေးနိုင်သူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထိုက်တန်စွာ ဆုချီးမြှင့်သွားမည်ဟု ကြေညာသည်။ ပြန်ပေးသမားသုံးဦးကို ပြစ်မှုကျူးလွန်ချိန်မှ ၁၀ ရက်ကြာသည်အထိ ဖမ်းမမိသေးသောကြောင့် ၎င်းတို့၏ဓာတ်ပုံများကိုလည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြကာ သတင်းပေးနိုင်သူအား ထိုက်တန်စွာဆုချီးမြှင့်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ---
လာမည့် ဘဏ္ဍာရေးနှစ် လစာ ကျပ်သိန်း ၅၀ ပြန်ယူမည်ဟု နိုင်ငံတော် သမ္မတ သဝဏ်လွှာပို
Posted: 16 Nov 2013 02:00 AM PST
လစာ လျှော့ယူမှုမှာ ဥပဒေချိုး ဖောက်သကဲ့သို့ ဖြစ်နေသည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ ဝေဖန်မှု ခံထားရသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ လစာ ကျပ်သိန်း ၅၀ အပြည့် ပြန်ယူမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ သဝဏ်လွှာ ပေးပို့လိုက်သည်။ ---
နိုဝင်ဘာလ(၁၈)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.45
Posted: 16 Nov 2013 01:45 AM PST
နိုဝင်ဘာလ(၁၈)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.45
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
နိုဝင်ဘာလ(၁၆)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၃၆)
Posted: 16 Nov 2013 01:44 AM PST
နိုဝင်ဘာလ(၁၆)ရက်နေ့ ထုတ်  မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၃၆)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
တိုကျိုတွင် ပထမဆုံး မြန်မာ့ယဉ်ကျေးမှုပွဲတော် ကျင်းပ
Posted: 16 Nov 2013 01:34 AM PST
၂၀၁၄ ခုနှစ်တွင် ဂျပန်- မြန်မာဆက်ဆံရေးမှာ နှစ် ၆၀ ပြည့်တော့မည်ဖြစ်သော် လည်း ဂျပန်အများအပြားအတွက် မြန်မာ့ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံ များမှာ အထူးအဆန်းဖြစ်နေဆဲ ဖြစ်သည်။ သို့သော်လည်း ယခု တနင်္ဂနွေ တွင် တိုကျိုမြို့ မီနာတို ရပ်ကွက်၌ပြုလုပ်သော အထူးပွဲ တော်တစ်ခုတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို တွေ့ကြုံရန် အခွင့်အရေးရမည် ဖြစ်သည်။ ---
တိုကျိုတွင် ပထမဆုံးကျင်းပသည့် မြန်မာ့ယဉ်ကျေးမှုပွဲတော်၌ မြန်မာနိုင်ငံတွင်ရိုက်ကူးထားသော ကိုရင်ငယ်နှစ်ပါးဓာတ်ပုံကို ပြသထားစဉ်။ Photo: Japan Times
မြန်မာ့ တရားစီရင်ရေး အမည်ခံ တရားစီရင်ရေးသာဖြစ် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
Posted: 16 Nov 2013 01:23 AM PST
လက်ရှိ မြန်မာနိုင်ငံ၏ တရား စီရင်ရေးသည် အဂတိ လိုက်စားမှုများ၊ ပြည်သူများ၏ ယုံကြည်မှု အားနည်းခြင်းကြောင့် အမည်ခံ တရားစီရင်ရေးသာ ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗန်ရှင်းစင်တာတွင် ပြုလုပ်သည့် Euro-Myanmar Task Force ပွဲတွင် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ---
စိတ်ပိုင်း လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုမြင့်တက်လာသည့် အမျိုးသမီးလုံခြုံမှု
Posted: 16 Nov 2013 01:10 AM PST
    အမျိုးသမီးများအဖို့ လိုင်းကားများပေါ်တွင် ပုရိသယောက်ျားများ၏ သားကောင်သဖွယ် စိုးရိမ်ကြီးစွာ ခံစားနေကြရသည် အမျိုးသမီးများ၏ စိတ်ရင်းခံ အရှက်တရား၊ အကြောက်တရားကို အသုံးချ၍ ယခုကဲ့သို့ ပြုမူနေခြင်းသည် အမျိုးသမီးများ၏ လုံခြုံမှုစည်းဘောင် ပျက်ယွင်းနေသည်ကို သက်သေတစ်ခုအဖြစ် မြင်တွေ့နေရခြင်းဖြစ်သည် . . .
အိန္ဒိယဆင် ၇ ကောင် ရထားတိုက်လို့ သေကြရ
Posted: 15 Nov 2013 05:11 PM PST
အိန္ဒိယနိုင်ငံ အရှေ့ခြမ်းက အနောက်ဘန်ဂေါ ပြည်နယ်က တောအုပ်တခုမှာ လမ်းဖြတ်ကူးနေတဲ့ ဆင်တအုပ်ကို ခရီးသည်တင် ရထားတစင်းက ၀င်တိုက်မိလို့ ဆင် ၇ ကောင်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယအစိုးရအရာရှိတွေက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ သူ မကြာခင်က တွေ့မြင်ခဲ့ရတဲ့ အဖြစ်အပျက်တွေထဲမှာတော့ အဆိုးရွာ ဆုံးပဲလို့ ပြည်နယ် သစ်တောရေးရာ ၀န်ကြီးက ပြောပါတယ်။ ----
ပြန်လွတ်လာသူတွေထဲ ဦးနေဝင်းမြေး နှစ်ယောက် ပါဝင်
Posted: 15 Nov 2013 01:51 PM PST
လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီက တင်ပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ၆၉ ယောက်ကို မြန်မာ နိုင်ငံ အကျဉ်းထောင် အသီးသီးကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ နိင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သောကြာနေ့က ပြန်လွတ် လာကြသူတွေ ထဲမှာ ကွယ်လွန်သူ သမ္မတဟောင်း ဦးနေဝင်းရဲ့ မြေး နှစ်ယောက် ဖြစ်တဲ့ ကိုအေးနေဝင်းနဲ့ ကိုကျော်နေဝင်းတို့ လည်း ပါဝင်ပါတယ်။ ---
ဦးနေဝင်းရဲ့ မြေးကြီး ကိုအေးနေဝင်း ပြန်လွတ် လာတာကို သူ့ ညီငယ် ဆီးကြို
တစ်အိမ်ထောင် ကလေးတစ်ယောက် အစီအစဉ် တရုတ်ပြင်မည်
Posted: 15 Nov 2013 01:39 PM PST
တရုတ်နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို လျှော့ပေါ့ပေးတာနဲ့ အလုပ်ကြမ်းစခန်းတွေမှာ ပညာပေးတဲ့စနစ်ကို ဖျက်သိမ်းပစ်တာအပါအ၀င် ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်မယ့် အကြောင်း ကြေညာလိုက်ပါတယ်။ အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက ဒီကနေ့ သောကြာနေ့မှာ ကြေညာတဲ့ အခုလုပ်ဆောင်ချက်ဟာ ဒီသီတင်းပတ်အစော ပိုင်းမှာ ပြီးဆုံးခဲ့တဲ့ ကွန်မြူနစ်ပါတီ အဓိကအစည်းအဝေးတစ်ခုရဲ့ ဆုံးဖြတ်ချက်တွေကနေ ထွက်လာတာပါ။ ---
ပြည်တွင်းရှိ ဗလီများကို ဖောက်ခွဲ ရန်ရောက်နေသူနှစ်ဦးကို ဖမ်းဆီး
Posted: 15 Nov 2013 01:34 PM PST
ပြည်တွင်းရှိ ဗလီများအား ဖောက်ခွဲမှုပြုလုပ်ရန် ရောက်ရှိနေသူနှစ်ဦးကို လှိုင်သာယာမြို့နယ်တွင် ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။ အဆိုပါနေ့တွင် လုံခြုံရေးတပ်ခွဲ ၁ မှ ဒုရဲမှူးမြင့်မောင်နှင့် အဖွဲ့သည် တပ်ဖွဲ့ဝင်များနှင့် အတူ ပြည်တွင်းရှိ ဗလီများကို ဖောက်ခွဲရေး ပြုလုပ်ရန် မြန်မာနိုင်ငံ နယ်စပ်တွင် ဖောက်ခွဲရေး သင်တန်း တက်ရောက်လာခဲ့ပြီး ပြည်တွင်းသို့ဝင်ရောက်လာသည့် မြောက်ဦးမြို့နယ်နေ ခိုင်နေမင်း(ခ) တင်မောင်(၃၅ နှစ်)နှင့် သိန်းညွန့်(ခ)ဂျပန်ကြီး(ခ)တို့နှစ်ဦး လှိုင်သာယာ ပဒံကျေးရွာရှိ ဧည့်ရိပ်သာ တစ်ခုတွင်ရောက်ရှိပြီး ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်နေကြောင်း သတင်းအရ ၀င်ရောက်ရှာ ဖွေခဲ့သည်။ ---
ဘို​က​လေး​တွင် ​လယ်​သ​မား​အ​ချို့ ​နေ​ထိုင်​ရေး​အ​ခက်​တွေ့
Posted: 15 Nov 2013 01:23 PM PST
ဧ​ရာဝ​တီ​တိုင်း ​ဘို​က​လေး​မြို့​နယ်​အ​တွင်း ​ကျေး​ရွာ​တ​ခု​က ​လယ်​သ​မား​တွေ​ဟာ ​သူ​တို့​ခို​လှုံ​ရာ ​စား​ကျက်​မြေ​ပေါ်​မှာ​ဆက်​လက်​နေ​ထိုင် ​စိုက်​ပျိုး​ခွ​င့်​ရ​ရေး​အ​တွက် ​မြို့​နယ်​အာ​ဏာ​ပိုင်​ထံ ​အ​ကူ​ညီ​တောင်း​ခံ​ခဲ့​ကြ​ပါ​တယ်။ ​ဧ​ရာဝ​တီ​တိုင်း ​ဘို​က​လေး​မြို့​အ​ပိုင် ​မြင်း​က​ကုန်း​ကျေး​ရွာ​အုပ်​စု​ကွင်း​ကြီး ​ကျေး​ရွာ ​ကျွဲ​စား​ကျက်​မြေ​မှာ ​လုပ်​ကိုင်​စား​သောက်​တဲ့ ​ဆင်း​ရဲ​သား​လယ်​သ​မား​တွေ​ဟာ ​သူ​တို့​ကို ၀င်​ရောက်​မ​စိုက်​ပျိုး​၊ ​မ​နေ​ထိုင်​ဖို့ ​မောင်း​ထုတ်​ခံ​ရ​တဲ့ ​ကိ​စ္စ​ကို ​ဖြေ​ရှင်း​ပေး​ဖို့ ​ဘို​က​လေး​မြို့​နယ် ​အုပ်​ချုပ်​ရေး​မှူး​ထံ ​တင်​ပြ​ကြ​ပါ​တယ်။ ---
မန္တလေး ဘုန်းကြီးကျောင်းဝင်းများ အတွင်း စီးပွားရေးလုပ်ငန်း တစ်ရာကျော် ရှိဟုဆို
Posted: 15 Nov 2013 01:19 PM PST
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ ဘုန်းကြီးကျောင်းဝင်း များအတွင်း ဖွင့်လှစ် လုပ်ကိုင်လျက်ရှိသော စီးပွားရေး လုပ်ငန်းများကို ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းခန့်က စာရင်း ကောက်ယူခဲ့ရာ လုပ်ငန်းပေါင်း တစ်ရာကျော် ရှိကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။ ဘုန်းကြီးကျောင်းဝင်း များအတွင်း လုပ်ငန်း လုပ်ကိုင်ခြင်းမှာ သင့်လျော်မှု မရှိခြင်းနှင့် လုပ်ကိုင်သည့် လုပ်ငန်းများကို လိုင်စင် ချထားပေးခြင်း မရှိသည့်အပြင် အရေးယူ၍ မရသောကြောင့် ----
Thit Htoo Lwin
unread,
Nov 17, 2013, 10:08:57 AM11/17/13
to thuau...@gmail.com
မန်စီတွင် တိုက်ပွဲပြန်ဖြစ်၊ ဒုက္ခသည် နှစ်ထောင်ကျော် ထပ်မံတိုး
Posted: 17 Nov 2013 06:55 AM PST
ကချင်ပြည်နယ်၊ မန်စီမြို့အနီး၊ နမ့်လင်းပါ ကျေးရွာတွင် အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုကြောင့် ကျေးရွာများမှ မန်ဝိုင်းကြီးဘက်သို့ ထွက်ပြေးလာသူ ရွာဒေသခံများ နှစ်ထောင်ကျော်ရှိနေသည်ဟု ကယ်ဆယ်ရေးစခန်းများတွင် စားနပ်ရိက္ခာများ ကူညီပေးနေသည့် ကတ်သလစ် အသင်းတော်မှ တာဝန်ရှိသူ ကိုနော်ဒင့်က မဇ္ဈိမကို ပြောသည်။ တိုက်ပွဲမှာ နိုဝင်ဘာလ ၁၇ရက် မနက် ၇နာရီတွင် ပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသခံ ရွာသူရွာသားများမှာ တပ်မတော်ဘက်မှ စစ်ကြောင်းများ ၀င်လာစဉ် နိုဝင်ဘာလ ၁၆ ရက်တွင် မန်ဝိုင်းကြီးဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်ဟု ကိုနော်ဒင့်က ပြောသည်။ ---
လူငယ်များအကြား အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်ခြင်းများ အတင့်ရဲလာ၊ ကြိုတင်ကာကွယ်နိုင်မှု အားနည်း
Posted: 17 Nov 2013 06:50 AM PST
လူငယ်များအကြားတွင် ပေါ်ပေါ်ထင်ထင် ဒုစရိုက်ကျူးလွန်မှုများ၊ အမှုအခင်းကြီးများကို အုပ်စုဖွဲ့၍ သော်လည်းကောင်း ဂိုဏ်းစတား ဆန်ဆန်ပုံစံများဖြင့်သော်လည်းကောင်း ကျူးလွန်မှုများ ဖြစ်ပွားလာမှုကို ပိုမိုတွေ့ရှိလာရသည်။ သို့သော် ဖြစ်စဉ်များမှာ လူငယ်များ၏ အတတ်ပညာနှင့် စိတ်ပိုင်းဆိုင်ရာ သွန်သင်ဆုံးမမှုများတွင် အားနည်းချက်များ ရှိလာနေရသည့်အပြင် ပြည်သူ့လုံခြုံမှုကို စောင့်ရှောက်ရသော ရဲတပ်ဖွဲ့တွင်လည်း အင်အားတောင့်တင်းခိုင်မာမှု လိုအပ်ချက် ရှိနေခြင်းကြောင့်ဟူသည်ကို အောက်ပါ အတိုင်း ထောက်ပြကြသည်။ ---
မြေယာပြဿနာ ဦးစွာ ဖြေရှင်းရန် EU တိုက်တွန်း
Posted: 17 Nov 2013 06:39 AM PST
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံ တစ်ဝန်း ဖြစ်ပေါ်နေသော မြေယာ ပြဿနာများကို ဦးစွာ ဖြေရှင်းရန် ဥရောပသမဂ္ဂ (EU) လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးဌာန အကြီးအကဲ Sacian Ciolos က နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် EU-Myanmar Task Force တွင် ပြောကြားသည်။ မြေယာများသည် သဘာဝအားဖြင့် အများပိုင် ဖြစ်ပြီး မြေယာသိမ်းမှု များသည် လူ့အခွင့်အရေး ရှုထောင့်မှ ကြည့်လျှင် လူ့အခွင့်အရေးကို ဖောက်ဖျက်ရာ ရောက်ကြောင်း၊ မြန်မာနိုင်ငံတွင် မြေယာဥပဒေများ ရှိနေသော်လည်း မည်ကဲ့သို့ အသုံးချသည်ကို ပြန်လည် စိစစ်သင့်ကြောင်း ၎င်းကဆိုသည်။ ---
ယာဉ်ကြောပိတ်ဆို့မှုကြောင့် ထိခိုက်သွားသောဘ၀များ
Posted: 17 Nov 2013 06:13 AM PST
ကမ္ဘာကျော်နယူးယောက်တိုင်း(မ်)သတင်းစာ အုပ်ချုပ်မှုအယ်ဒီတာဟောင်းဂျွန်က သူ ပထမဆုံးမြန်မာနိုင်ငံခရီးစဉ်တွင် အံ့အားအသင့်ဆုံးက ဘာလဲဟုမေးသောအခါ ယာဉ်ကြောပိတ်ဆို့မှုပြဿနာဟု ပြောပါသည်။ ကမ္ဘာ့နိုင်ငံများစွာသို့ လှည့်လည်နေသော သူ့အတွက် မြန်မာကဲ့သို့ စီးပွားရေးမဖွံ့ဖြိုးသောနိုင်ငံငယ်တွင် ရန်ကုန်မြို့လူထုမှာ ဆိုးရွားလှသော ယာဉ်ကြောပိတ်ဆို့မှုကြား မည်သို့နေ့စဉ်လုပ်ငန်းများ လုပ်ကိုင်နေကြသနည်းဟု သူအံ့သြစွာ မေးခွန်းပြန်ထုတ်သည်။ ---
ဓာတ်ပုံ- ကျော်ဇင်သန်း - 7Day News Journal
ကလေးအမည်တပ် လူကြီးအကြွေစေ့ လောင်းကစားဝိုင်းများ
Posted: 17 Nov 2013 06:11 AM PST
“ပထမပိုင်းတွေတော့ နိုင်သေးတယ်။ နောက်ပိုင်း လိုက်ရင်းလိုက်ရင်းနဲ့ ကုန်သွားတာ”
“ရေးထားတော့ ကလေးကစားကွင်းတဲ့၊ ကလေးကစားဖို့က ဟန်ပြပဲ။ အထဲမှာ လူကြီးတွေချည်းပဲ”
“သူတို့က စက်တွေပြပြီး ဒါကို ဒီလို ဆော့ရတယ်သာ ပြောပေမယ့် သူတို့ပြောတာပဲ သိတာ။ စက်အကြောင်း၊ ဒီစက်က ဘယ်လိုလောင်းကစား နည်းနဲ့ လုပ်ရတယ် ဆိုတာ သွားစစ်တဲ့သူတွေ ကိုယ်တိုင် နားမလည်နိုင် တာမျိုး ရှိတယ်”---
စုပေါင်းနွှဲပျော် တောင်ကြီးတန်ဆောင်တိုင် ပွဲတော် (မင်းထက်စံ)
Posted: 17 Nov 2013 06:05 AM PST
“ည ၉ နာရီ အချိန်ခန့်တွင် မီးပုံးပျံ ကွင်းတွင် လူအပြည့်။ ထိုကဲ့သို့ လူများသည်ကိုပင် ယခင် နှစ်များလောက် မစည်ကားဟု ဒေသခံများက တူညီစွာ ပြောဆိုနေကြဆဲ။”
“ယခင်နှစ်များက မီးပုံးပျံကွင်းတွင် လူပြည့်လျှံရုံ သာမက ပွဲဈေးခင်း များတွင်လည်း ကြိတ်ကြိတ်တိုး။ လောင်းကစားဝိုင်း များတွင်လည်း တစ်ထောင်တန်၊ ငါးထောင်တန်များ ပြန့်လျက်။ ပွဲဈေးခင်းတွင်လည်း နိုက်ကလပ်ကဲ့သို့ ဒစ်စကို သံစဉ်များက မြူးမြူးကြွကြွ။ အဆိုတော်များနှင့် သီဆို သည့် ပွဲများကလည်း တစည်စည်။ ယခုနှစ် တွင်တော့ လောင်းကစားဝိုင်း မပါ။ နိုက်ကလပ် ကဲ့သို့မပါ။ အဆိုတော်များ ဖိတ်သည့် ရှိုးပွဲမပါ။”---
ဖုန်းတွေကိုဘုံးနေတာ ဘယ်သူလဲ
Posted: 17 Nov 2013 05:55 AM PST
ဦးသိန်းစိန်အနေဖြင့် သမ္မတရာထူးစတင်လက်ခံသည့် အချိန်မှစ၍ မကြာခဏပြောလေ့ရှိသည့် စကားတစ်ခွန်းရှိသည်။ “အစိုးရအဖွဲ့သစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသောအစိုးရ ပေါ်ပေါက်လာအောင် ၀ိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်”ဟူ၍ဖြစ်သည်။ အစိုးရအဖွဲ့ သက်တမ်းသုံးနှစ်နီးပါးရှိလာချိန် ပြန်လည်သုံးသပ်ကြည့်လျှင် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရဆိုသည်မှာ လက်တွေ့နှင့် များစွာကွာဟလျက်ရှိသည်။ အထူးသဖြင့် လာဘ်ပေးလာဘ်ယူမှုများမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် ပုံစံမျိုးစုံဖြင့်ရှိနေသေးသည်။ များစွာသော မသမာမှုများထဲမှ ထင်ရှားသောလုပ်ရပ်တစ်ခုမှာ တန်ဖိုးနည်းဖုန်းကတ် ချထားပေးမှုတွင် မသမာမှုများရှိနေခြင်း ဖြစ်သည်။ ---
ဓာတ်ပုံ- ကျော်ဇင်သန်း - 7Day News Journal
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ချုပ်ဦးအောင်နိုင်ဦးနှင့်တွေ့ဆုံခြင်း
Posted: 17 Nov 2013 05:52 AM PST
အစိုးရသစ်၏ အပြောင်းအလဲများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ ၀င်ရောက်လာသော်လည်း တရုတ်နိုင်ငံမှာ လက်ရှိအချိန်ထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ဖြစ်နေသည်။ သို့သော် အစိုးရသစ်လက်ထက်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ သိသာစွာကျဆင်းလာပြီး သယံဇာတတူးဖော်ရှာဖွေလုပ်ငန်းများ ရပ်ဆိုင်းရမှုများပင် ရှိလာသည်။ မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုပုံစံမှာလည်း သဘာဝသယံဇာတ တူးဖော်ရှာဖွေထုတ်ယူရေးထက် လုပ်သားအခြေပြုလုပ်ငန်းများ ပိုမိုများလာသည်။ အစိုးရသစ်၏အပြောင်းအလဲ၊ ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံတို့မှ စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက် မြန်မာနိုင်ငံကို နှစ်စဉ်ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများမှာ တစ်နှစ်ထက်တစ်နှစ် နှစ်ဆခန့်မြှင့်တက်လာသည်။ -----
ရဲများနှင့် ပဋိပက္ခဖြစ်သော လက်ပံတောင်းဒေသ ရွာသူရွာသား ၁၅၀ ကျော်ကို လုံခြုံရေး ရဲများက အမှုဖွင့်
Posted: 17 Nov 2013 06:30 AM PST
မုံရွာမြို့နယ် လက်ပံတောင်းဒေသရှိ မိုးကြိုပြင်တောင်ရွာတွင် လုံခြုံရေးရဲများနှင့် ဒေသများ နိုဝင်ဘာလ ၁၄ရက် ညက ပဋိပက္ခဖြစ်ပွားပြီးနောက် ဒေသခံ ၁၅၀ ကျော်ကို လက်ပံတောင်း ကြေးနီစီမံကိန်း လုံခြုံရေးတာ ၀န်ကျရဲများက ထိုနေ့ည ၁၁ နာရီကပင် ဆားလင်းကြီးမြို့မရဲစခန်း၌ အမှုဖွင့်ထားသည်ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်ထွဏ်းက မဇ္ဈိမကို ပြောသည်။ ---
လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်တောင်ရွာတွင် ဒေသခံများနှင့် ရဲများ နိုဝင်ဘာလ ၁၄ရက်ညက ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ဒေသခံခုနှစ်ဦး ထဲမှ ငါးဦးသည် နိုဝင်ဘာလ ၁၅ရက် ည ၇နာရီခန့်က မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ) ဒဏ်ရာရရှိသူများသည် ရင်အုံ၊ လက်မောင်းနှင့် ခြေထောက်တို့တွင် သေနတ်မှန်ခြင်းကြောင့် ဒဏ်ရာများ ရရှိထားသည်။
ဧရာဝတီ မြစ်တွင်း ကုန်တင်မော်တော် မီးလောင်မှု တစ်ဦး ထပ်မံသေဆုံး
Posted: 17 Nov 2013 05:36 AM PST
မန္တလေးမြို့တော် မရမ်းခြံဆိပ်ကမ်း ဧရာဝတီမြစ်အတွင်း နိုဝင်ဘာလ ၁၂ ရက်နေ့က ကုန်တင် မော်တော်ငယ်တစ်စင်း မီးလောင်ခဲ့မှုကြောင့် ဒဏ်ရာရသော လူနာများအနက် လူနာတစ်ဦးမှာ နိုဝင်ဘာလ ၁၅ ရက်နေတွင် ထပ်မံ သေဆုံးခဲ့ကြောင်း ယင်းလူနာနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
“နိုဝင်ဘာလ ၁၅ ရက်နေ မနက်အစောပိုင်းမှာ မီးလောင် ဒဏ်ရာတွေနဲ့ ဦးတင်ယု သေဆုံးသွားပါတယ်” ဟု ယင်းသေဆုံးသူနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။ ---
လှိုင်သာယာ အောင်ဇေယျတံတားအဆင်း လူအုပ်စုနှစ်စု ရန်ဖြစ်၊ တစ်ဦး အသတ်ခံရ
Posted: 17 Nov 2013 05:34 AM PST
လှိုင်သာယာမြို့နယ်နှင့် အင်းစိန် မြို့နယ်သို့ ဆက်သွယ်ထားသည့် အောင်ဇေယျ ကြိုးတံတားအဆင်း လှိုင်သာယာ မြို့နယ် ဘက်အခြမ်းတွင် နိုဝင်ဘာလ ၁၃ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်က အသက် ၂၀ နှစ်ခန့်ရှိ လူငယ်တစ်ဦး အသတ်ခံရကြောင်း လှိုင်သာယာမြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။ ယင်းလူငယ်၏ လည်ပင်းတွင် ထိုးသွင်း ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ရန်ကုန်-ညောင်တုန်း လမ်းမပေါ် လှည့်ကင်း တာဝန်ကျ ရဲအရာရှိတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ---
နိုင်ဂျီးရီယားနဲ့ အိုင်ဗရီကိုးစ် ကမ္ဘာဖလား ခြေစစ်ပွဲအောင်
Posted: 16 Nov 2013 06:54 PM PST
နိုင်ဂျီးရီးယား နဲ့ အိုင်ဗရီကိုးစ် တို့ဟာ အာဖရိက နိုင်ငံတွေထဲက ပထမဆုံး ၂ဝ၁၄ ကမ္ဘာဖလား ဘောလုံး ခြေစစ်ပွဲ အောင်သွားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားက အီသီယိုပီးယား ဘောလုံး အသင်းကို နှစ်ပွဲပေါင်း လေးဂိုး တဂိုးနဲ့ အနိုင်ရခဲ့သလို အိုင်ဗရီကိုးစ် အသင်းကလည်း ဆီနီဂေါလ် ကို နှစ်ပွဲပေါင်း လေးဂိုး နှစ်ဂိုးနဲ့ နိုင်ခဲ့ပါတယ်။
မနေ့က ကစားခဲ့တဲ့ အိုင်ဗရီကိုးစ် နဲ့ ဆီနီဂေါလ် တို့ ဒုတိယူ အကျော့ပွဲဟာ အကြိတ်အနယ် ရှိလှပါတယ်။
အိုင်ဗရီကိုးစ် အသင်းဟာ ဒီနှစ်နဲ့ ဆိုရင် ကမ္ဘာဖလား ခြေစစ်ပွဲ အောင်တာ သုံးကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
အိုင်ဗရီကိုးစ် ကစားသမား Cedric ( ဘယ်)ခြေစွမ်းပြ
ထောင်မှ လွတ်လာတဲ့ ရှမ်းလူငယ်တွေ ရှင်းချက်
Posted: 16 Nov 2013 05:58 PM PST
နိုဝင်္ဘာလ ၁၅ ရက်နေ့က နိုင်ငံတော် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွတ်လာတဲ့ အထဲမှာ ၂ဝ၁၁ ခုနှစ် ဇွန်လ က မန္တလေး ဈေးချို၊ နေပြည်တော်နဲ့ ပြင်ဦးလွင်မြို့တွေ မှာ ဖြစ်ပွားခဲ့တဲ့ ဖေါက်ခွဲမှု တွေ နဲ့ ဆက်စပ်ပြီး ထောင်ချခံရတဲ့ ရှမ်းတိုင်းရင်းသား ငါးယောက် လည်း အိုးဘိုထောင် က လွတ်လာခဲ့ပါတယ်။ အဆိုပါ ရှမ်းတိုင်းရင်းသား ငါးယောက်ဟာ ဒီဖေါက်ခွဲမှု မှာ သူတို့ ပတ်သက်ခြင်း မရှိဘဲ တဖက်သတ် စွပ်စွဲ ထောင်ချ ခံရပုံ ကို မီဒီယာ နဲ့ တွေ့ဆုံပြီး ရှင်းလင်းခဲ့ပါတယ်။ အစိုးရ အနေနဲ့လည်း သူတို့မှာ အပြစ် မရှိတဲ့ အကြောင်း ကို ပြန်လည်ရှင်း ပြဖို့၊ စွပ်စွဲခံရတဲ့ အဖွဲ့ခေါင်းဆောင် ရတနာပုံ တက္ကသိုလ် ဒုတိယနှစ် ဘူမိဗေဒ ကျောင်းသား စိုင်းမိုးဟိန်း က ဘီဘီစီ ကို ပြောပါတယ်။ ---
အကျဉ်းသားများ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာ
ကသာမြို့နယ်တွင် တရားရုံးထုတ်လာသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်
Posted: 16 Nov 2013 04:53 PM PST
စစ်ကိုင်းတိုင်း ကသာခရိုင် တရားရုံးသို့ အမှုအား ကြားနာ စစ်ဆေးရန် ကသာအကျဉ်းထောင်မှ ရုံးထုတ်လာသည့် အချုပ်သားများအနက် မူးယစ်ဆေး အမှုဖြင့် ဖမ်းဆီးထားသော အချုပ်သားတစ်ဦး ယခုလ ၁၅ရက် ညနေ ၄နာရီခွဲခန့်က ထွက်ပြေး လွတ်မြောက်သည်ဟု ကသာတရားရုံးမှာ တရားရေး ဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။ ထွက်ပြေး လွှတ်မြောက်သွားသည့် မူးယစ်အချုပ်သားမှာ ပင်လယ်ဘူးမြို့နယ်၊ ကညင်ကုန်းကျေးရွာနေ ကဒူး(ခ) ထွန်းထွန်းဝင်း ဖြစ်သည်ဟု အဆိုပါ တရားရေးဝန်ထမ်းက ပြောသည်။ ---
လှည့်ကင်း ဆောင်ရွက် နေသည့် ရဲအရာရှိနှင့် အဖွဲ့အား အုပ်စုဖွဲ့ လူငယ်တစ်စုမှ လမ်းပိတ်ဆို့၍ ရိုက်နှက်
Posted: 16 Nov 2013 04:45 PM PST
စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်တွင် ယခုလ ၁၄ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့် က နယ်မြေလှည့်ကင်း ဆောင်ရွက်လျက်ရှိသော ရဲအရာရှိနှင့် အဖွဲ့အား အုပ်စုဖွဲ့ လူငယ်တစ်စုမှ လမ်းပိတ်ဆို့၍ ၀ိုင်းဝန်းရိုက် နှက်ခံရကြောင်း ၀က်လက်မြို့ခံ တစ်ဦးထံမှ သိရသည်။ ထိုသို့ ရိုက်နှက်ခံရသည့် ရဲအရာရှိနှင့်အဖွဲ့သည် ၀က်လက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ဇော်မင်းသူ ဆိုသူနှင့် ၀က်လက် မြို့မရဲစခန်းမှ ရဲတပ်ကြပ် ၀င်းနိုင်၊ ရဲတပ်သား နေသွေးကိုကို တို့ဖြစ်ကြောင်း အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အတည်ပြုပြောကြား ခဲ့သည်။ ---
ဆက်သွယ်ရေး ဥပဒေနဲ့ လယ်သမား ဥပဒေ လွှတ်တော်မှာ ပြဌာန်း
Posted: 16 Nov 2013 04:36 PM PST
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို မနေ့က စပြီး ရပ်နားလိုက်ပြီ ဖြစ်ပါတယ်။ အခုတစ်ကြိမ် ကျင်းပတဲ့ အစည်းအဝေးက ၁ လခွဲကြာမြင့် ခဲ့တာ ဖြစ်ပြီး အဓိက ကတော့ အစိုးရရဲ့ ထပ်တိုး ဘတ်ဂျက်အတွက် ဖြစ်ပါတယ်။ ဥပဒေပိုင်း ဆိုင်ရာမှာတော့ အများနဲ့ သက်ဆိုင်တဲ့ ၊ လက်ကိုင်ဖုန်းနဲ့ သက်ဆိုင်တဲ့ ဆက်သွယ်ရေး ဥပဒေနဲ့ လယ်သမား ဥပဒေတွေ အပါအ၀င် ဥပဒေ အတော်များများကို အတည်ပြု နိုင်ခဲ့တယ်။ ---
နေပြည်တော်က လွှတ်တော် အဆောက်အဦ
ထရီပိုလီမြို့ တိုက်ခိုက်မှုအပြီး ရုန်းရင်းဆန်ခတ်ဖြစ်
Posted: 16 Nov 2013 04:27 PM PST
လစ်ဗျားနိုင်ငံ Tripoli မြို့တော်မှာ စစ်သားတွေနဲ့ ပြည်သူ့စစ်တွေကြား စနေနေ့ကထပ်ပြီး ပဋိပက္ခဖြစ်ပွားခဲ့တာမှာ ၁ ယောက်ထက် မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ လက်နက်ကိုင်ပြည်သူ့စစ်တွေအပေါ် လူတွေသေဆုံးတဲ့အထိ ကန့်ကွက်ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရက တည်ငြိမ်မှုရှိအောင်ဆောင်ရွက်တာ ထောက်ခံတဲ့ ပြည်သူ့စစ်တွေနဲ့ စစ်သားတွေကြားခုလို ထပ်ဖြစ်တာဖြစ်ပါတယ်။ ---
ပြည်သူ့စစ်တွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ တစ်ဦးကို သယ်ဆောင်လာစဉ်။
မုန်တိုင်းသင့် ဖိလစ်ပိုင်ရပ်ဝေးထိ အကူအညီရောက်ရှိ
Posted: 16 Nov 2013 04:41 PM PST
လူပေါင်း ထောင်နဲ့ချီသေဆုံးခဲ့ရတဲ့ အင်အားပြင်း ဟိုင်ယန် (Haiyan) တိုင်ဖုန်း မုန်တိုင်း တိုက်ခတ်ပြီး ၈ ရက်လောက် ကြာလာတဲ့အထိ တချို့ ဒေသတွေဟာ အကူအညီတွေမရသေးဘဲ ဖြစ်နေချိန် - ဖိလစ်ပိုင်နိုင်ငံရဲ့ ဝေးလံခေါင်ဖျားတဲ့ တချို့ ဒေသတွေဆီကိုတော့ အကူအညီတွေ စတင် ရောက်ရှိနေကြပြီဖြစ်ပါတယ်။ နိုင်ငံအလယ်ပိုင်းက ဖိလစ်ပိုင်ဒုက္ခသည် တော်တော်များများဆီကိုတော့ အစားအစာနဲ့ ရေတွေ စတင်ရရှိနေချိန်မှာ နေစရာမရှိ၊ သောက်ရေ၊ အစားအစာနဲ့ လျှပ်စစ်မီးမရှိ ဖြစ်နေတဲ့ ခန့်မှန်းခြေ သန်းနဲ့ချီတဲ့ ဖိလစ်ပိုင် ဒုက္ခသည်တွေဟာ အကူအညီတွေ နည်းနည်းပဲ ရရှိသေးသလို တချို့ဆိုရင်လည်း အခုထိ လုံးဝကို မရကြသေးပါဘူး။ ---
အမေရိကန်စစ်သင်္ဘောပေါ်က A MH-60s ရဟတ်ယာဉ်တစင်း ဖိလစ်ပိုင်အစိုးရရဲ့ Damayan မုန်တိုင်းသင့်ပြည်သူတွေ ကယ်ဆယ်ရေး အစီအစဉ်မှာ ပါဝင်ကူညီပြီး ဝေးလံခေါင်ဖျားဒေသက မုန်တိုင်းသင့်ပြည်သူတွေအတွက် ရေသန့်ပို့ဆောင်စဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၃)
နိုဝင်ဘာလ(၁၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
Posted: 16 Nov 2013 01:45 PM PST
နိုဝင်ဘာလ(၁၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
နိုဝင်ဘာလ(၁၇)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
Posted: 16 Nov 2013 01:38 PM PST
နိုဝင်ဘာလ(၁၇)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
နိုဝင်ဘာလ(၁၇)ရက်နေ့ ထုတ် Reporter News Journal Issue - 46
Posted: 16 Nov 2013 01:32 PM PST
နိုဝင်ဘာလ(၁၇)ရက်နေ့ ထုတ် Reporter News Journal Issue - 46
နိုဝင်ဘာလ(၁၈)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၅၇)
Posted: 16 Nov 2013 01:19 PM PST
နိုဝင်ဘာလ(၁၈)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၅၇)
ဘာသာလူမျိုးမခွဲခြားဘဲ အကူအညီပေးလိုကြောင်း အိုအိုင်စီ ပြောကြား
Posted: 16 Nov 2013 09:21 AM PST
အိုအိုင်စီ ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့ အတွင်းရေးမှူးချုပ် Dr. Eklemeddin Ihsanoglu က မိမိတို့ အိုအိုင်စီအဖွဲ့ဟာ အစ္စလာမ်ဘာသာရေးအဖွဲ့ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံကိုလာရောက်ပြီး အစ္စလာမ်ဘာသာရေး ပြန့်ပွားအောင် ဆောင်ရွက်နေတာ မဟုတ်ကြောင်း ၊ မွတ်စလင်တွေကိုဘဲကူညီဖို့ လာတာမဟုတ်ကြောင်း ၊ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာရသူအားလုံးကို ခွဲခြားဆက်ဆံမမှုမပြုပဲ ကူညီသွားမှာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားတွေနဲ့ စစ်တွေနဲ့ မောင်တောမြို့တွေမှာ တွေ့ဆုံဆွေးနွေးစဉ် ပြောခဲ့ပါတယ်။ ---
လက်ပံတောင်းမှာ ရွာသားတွေ ဆက်လက်ဆန္ဒပြ
Posted: 16 Nov 2013 09:19 AM PST
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်က လက်ပံတောင်းတောင် ဒေသက လျော်ကြေး မယူထားတဲ့ ဒေသခံတွေဟာ သူတို့မြေယာ တွေပေါ်မှာ ကြေးနီစီမံကိန်း တာဝန်ရှိသူတွေက ရဲကင်းတဲတွေ လာဆောက်ထား တာကို ဖယ်ရှားစေလိုတဲ့ အတွက်ဆိုပြီး မိုးကြိုးပြင် တောင်ရွာမှာ ဒီနေ့နေ့လည်ပိုင်းက ရာချီရှိတဲ့ ဒေသခံတွေ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အခုလ၁၄ရက်နေ့ညက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံအကြား ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် အခုပြုလုပ်တဲ့ ဆန္ဒပြပွဲကို ခွင့်ပြုချက်မ ယူဘဲ ဒေသခံတွေလိုချင်တဲ့အချက်တွေနဲ့ တောင်းဆိုဆန္ဒပြခဲ့တာဖြစ်တယ်လို့ မိုးကြိုးပြင်တောင်ရွာက ကိုဝင်းကျော်က ပြောပါတယ်။ ---
အမှိုက်ကောက်တာ ရှက်စရာမဟုတ်ပါ
Posted: 16 Nov 2013 08:52 AM PST
အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲအပြီး ရန်ကုန်အပါအဝင် ပဲခူးကို အင်္ဂလိပ်တို့ သိမ်းယူလိုက် ပြီဖြစ်ကြောင်းကြေညာသည့် အခမ်းအနားကိုဗိုလ်မှူးအာသာ ဖယ်ယာ(Major Arthur  Phayre)) က ဦးဆောင်ပြီး ၁၈၅၂ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ သမိုင်းမှတ်တမ်းများအရဆို လျှင်တော့ပထမဆုံးရန်ကုန်မြူနီ စီ ပယ်အဖွဲ့ကို ၁၈၇၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။အောက် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က (အင်္ဂလိပ်-မြန်မာ) ဒုတိယစစ်ပွဲ အပြီး ၂၂ နှစ်အကြာတွင် ဖွဲ့ စည်းခဲ့ခြင်း လည်းဖြစ်သည်။ ---
Thit Htoo Lwin
unread,
Nov 18, 2013, 10:08:59 AM11/18/13
to thuau...@gmail.com
မလေးရှားတွင် မြန်မာနိုင်ငံသားဟု ယူဆရသည့် အလောင်းနှစ်လောင်းတွေ့
Posted: 18 Nov 2013 05:20 AM PST
မြန်မာနိုင်ငံသားဟု ယူဆရသူ အမျိုးသားတစ်ဦး ဒဏ်ရာများစွာဖြင့် သေဆုံးနေပြီး ခြေထောက်များကိုလည်း စည်းနှောင်ခံထားရကြောင်း မလေးရှားနိုင်ငံ ကလန်အရပ်မှ သတင်းရရှိသည်။ ကလန်မြောက်ပိုင်းဒေသ ရဲမှူး ဆူကာစုလောင်က သေဆုံးသူခန္ဓာကိုယ်ပေါ်မှ ယင်းဒဏ်ရာဒဏ်ချက်များသည် နှိပ်စက်ခံခဲ့ရကြောင်း ပြဆိုနေသည်ဟုဆိုသည်။ သေဆုံးသူသည် အသက် ၂၀ ၀န်းကျင်ရှိသည်။ ---
သင်္ချိုင်းကုန်းတွင် ချိန်းတွေ့သောစုံတွဲ အမျိုးသားလေးဦး တိုက်ခိုက်၍ ချိန်းတွေ့အမျိုးသား သေဆုံး
Posted: 18 Nov 2013 05:18 AM PST
ညအချိန် သင်္ချိုင်းကုန်းရှိ  မှောင်ရိပ်ထဲတွင် ချိန်းတွေ့ကြသည့် စုံတွဲတစ်တွဲကို အမျိုးသားလေးဦးက ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ရာ အမျိုးသားသည် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၁၆၈)ရပ်ကွက်၊ ရိုးမရိပ်သာလမ်းရှိ ကျီစုသုသာန်၏ အရှေ့ဘက်အမှောင်ရိပ်ထဲတွင် နိုဝင်ဘာ ၁၅ရက် ည ၁၀နာရီခွဲခန့်က ဆိုင်ကယ်ရပ်ကာ ချိန်းတွေ့နေကြသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာကြသည် လူလေးဦးတို့က ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ကြသောကြောင့် အမျိုးသား သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။  ---
နေ​ပြည်​တော်​မှာ​လည်း ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​လို​သူ ၈၈ ​ရာ​နှုန်း​ရှိ
Posted: 18 Nov 2013 05:14 AM PST
အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ပြည်​သူ့ ​ဆ​န္ဒ​သ​ဘော​ထား​ရ​ယူ​ရေး ​လူ​ထု ​ဟော​ပြော​ပွဲ​ကို ​ဒီ​က​နေ့ ​နေ​ပြည်​တော်​မှာ ​ပြု​လုပ်​ခဲ့​ကြ​ရာ ​လူ​ထု ၂ ​သောင်း​လောက် ​တက်​ရောက်​ပြီး ​အ​များ​စု​က ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး ​သ​ဘော​ထား​ပေး​ခဲ့​ကြ​ပါ​တယ်။အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် ၂၀၀၈ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​ပြင်​ဆင်​ရေး ​လူ​ထု ​ဆ​န္ဒ​ခံ​ယူ​ပဲ ​အ​ခမ်း​အ​နား​ကို ​နိုဝင်​ဘာ​လ ၁၈ ​ရက်​နေ့ ​မ​နက်​က ​နေ​ပြည်​တော် ​ဇ​ဗ္ဗူ​သီ​ရိ​မြို့​နယ်၊ ​လက်​ပံ​ခါး​လှ​ကျေး​ရွာ​မှာ ​ပြု​လုပ်​ခဲ့​ပါ​တယ်။ ---
နမ်​လင်း​ပါ ​တိုက်​ပွဲ​ကြောင့် ​ရွာ​သား​များ ​တော​တောင်​ထဲ ​ခို​အောင်း​နေ​ရ
Posted: 18 Nov 2013 05:11 AM PST
က​ချင်​ပြည်​နယ် ​မန်​စီ​မြို့​နယ် ​နမ်​လင်း​ပါ​ရွာ​အ​နီး ​နိုဝင်​ဘာ ၁၇ ​ရက် ​အ​စိုး​ရ​တပ်​နဲ့ ​က​ချင် ​လွတ်​မြောက်​ရေး​တပ်​မ​တော် (​ကေ​အိုင်​အေ ​ရဲ့ ​ပြင်း​ထန်​တဲ့ ​တိုက်​ပွဲ​တွေ​ကြောင့် ​တော​တောင်​တွေ​ထဲ​ကို ​ထွက်​ပြေး​တိမ်းေ​ရှာင်​နေ​ရ​တဲ့ ​ဒု​က္ခ​သည်​တွေ ​ထောင်​ချီ​ရှိ​နေ​ပါ​တယ်။မြစ်​ကြီး​နား​မှာ ​ကျင်း​ပ​ခဲ့​တဲ့ ​အ​စိုး​ရ​နဲ့ ​ကေ​အိုင်​အေ​အ​ကြား ​ငြိမ်း​ချမ်း​ရေး ​ဆွေး​နွေး​ပွဲ​နောက်​ပိုင်း​မှာ ​အ​စိုး​ရ​နဲ့ ​ကေ​အိုင်​အေ​တပ်​တွေ​အ​ကြား ​ပြင်း​ထန်​တဲ့ ​တိုက်​ပွဲ​တွေ​ကြောင့် ​နမ်​လင်း​ပါ​ရွာ​နဲ့ ​အ​နီး​က ​ပြည်​တွင်းေ​ရွှ့​ပြောင်း​ဒု​က္ခ​သည် ​စ​ခန်း​က ​ထောင်​ချီ​တဲ့ ​ဒု​က္ခ​သည်​တွေ​ဟာ ​ဆောင်း​ဒဏ်​ကို ​အံ​တု​ရင်း ​တော​တောင်​တွေ​ထဲ​မှာ ​ခို​အောင်း​နေ​ကြ​ရ​တယ်​လို့ ​က​ချင်​ဒု​က္ခ​သည် ​ကယ်​ဆယ်​ရေး ​အ​ဖွဲ့​တွေ​က ​ပြော​ပါ​တယ်။ ---
မြန်မာမှ ခိုးဝင်သူ ၁၉ ဦး ဘင်္ဂလာဒေခ်ျ့ကနေ ပြန်ပို့
Posted: 18 Nov 2013 05:02 AM PST
ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ ခိုးဝင်လာသူ ၁၉ ဦးကို ပြန်လည် ပို့ဆောင်လိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်က ပြောသည်။ ယင်းခိုးဝင်လာသူ ၁၉ ဦးကို လွန်ခဲ့သော သောကြာနေ့ ညနေပိုင်း ၇ နာရီ အချိန်တွင် တက်ကနက်မြို့နယ် ဇာတီမူရနှင့် နာယာပါရာ နယ်စပ်တွင် ဖမ်းဆီးရမိသည်ဟု သတင်းတွင် ဖေါ်ပြသည်။ ---
မြန်မာနယ်စပ်အနီးမှ ဘင်္ဂလာ နယ်ခြားစောင့်တပ် ( ဓါတ်ပုံ- အင်တာနက်)
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်းသို့ဝင်၍ အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ခုတ်
Posted: 18 Nov 2013 04:50 AM PST
အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း ညအချိန်ဓားမကိုင်၍ ၀င်လာသူ အမျိုးသားတစ်ဦးက အုပ်ချုပ်ရေးမှူးကို ဓားမဖြင့် ဆက်တိုက်ခုတ်သောကြောင့် ပြည်သူ့ဝန်ထမ်းအား နာကျင်အောင်ပြုလုပ်မှုဖြင့် အရေးယူလိုက်ကြောင်း သတင်းရရှိသည်။ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အတွင်း နေထိုင်သည့် အငှားယာဉ်မောင်းတစ်ဦးက နိုဝင်ဘာ ၁၆ ရက် ည ၉ နာရီ မိနစ် ၃၀ တွင် ရပ်ကွက်အုပ်ချုပ်ရေးရုံးအတွင်း ဓားမကိုင်၍ ၀င်လာကာ အုပ်ချုပ်ရေးမှူးအား ဆက်တိုက်ခုတ်သောကြောင့် ဦးခေါင်းနှင့်လက်တို့တွင် ဒဏ်ရာများရကာ အင်းစိန်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး  ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ---
အချုပ်သားလွတ်မြောက်သွား၍ မြို့နယ်စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦး အရေးယူခံရ
Posted: 18 Nov 2013 04:49 AM PST
ကသာခရိုင်တရားရုံးတွင် စစ်ဆေးပြီး ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်လာစဉ် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား၍ ကသာမြို့နယ် ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် စစ်ဆေးအရေးယူထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ နိုဝင်ဘာ ၁၅ ရက်က ကသာခရိုင်တရားရုံးတွင် စစ်ဆေးပြီး ရဲစခန်းအချုပ်သို့ ပြန်လည်ခေါ်ဆောင်လာသည့် ထွန်းထွန်းဝင်းဆိုသူ  အချုပ်သား လွတ်မြောက်သွားခြင်းကြောင့် ---
တန်ဆောင်မုန်းလပြည့် မဲဇလီဖူး တက်ခူးသူနှစ်ဦး ဓာတ်လိုက်သေဆုံး
Posted: 18 Nov 2013 02:33 AM PST
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တွင် မဲဇလီပင်ပေါ်သို့ မဲဇလီဖူး တက်ခူးသည့် အမျိုးသားနှစ်ဦး နိုဝင်ဘာလ ၁၇ ရက်နေ့က (တန်ဆောင်မုန်း လပြည့်နေ့) ဓာတ်လိုက် သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းများထံမှ စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၁၇ ရက် သာကေတမြို့နယ် ၄ တောင်ရပ်ကွက်၊ ယမုံနာလမ်းမပေါ် ရှုခင်းသာ ပန်းခြံရှေ့အနီးရှိ မဲဇလီပင်ပေါ်တွင် မဲဇလီ အဖူးများကို ခူးဆွတ်နေသည့် အသက် ၃၂ နှစ်အရွယ် ဦးမျိုးမင်းသိန်းသည် ဗို့အား ၆ သောင်း ၆ ထောင်ရှိသည့် မဟာဓာတ်အားလိုင်း၏ ဆွဲယူခြင်း ခံရပြီး ယင်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း (၄) တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းက The Voice သို့ ပြောကြားသည်။ ---
မုဒုံမြို့ ဝင်းစိန် တောရဆရာတော်ကို ထိုင်းဘုရင် ကထိန်သင်္ကန်းကပ်
Posted: 18 Nov 2013 02:30 AM PST
မွန်ပြည်နယ် မုဒုံမြို့တွင် အတောင် ၄၀၀ ပြည့် လျောင်းတော်မူ ဘုရာကြီးကို ဦးစီးတည်ထား ကိုးကွယ်ခဲ့သည့် ဝင်းစိန် တောရဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇဘဒ္ဒန္တကေသရကို ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောက ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ဝင်းစိန်တောရ ဂေါပကအဖွဲ့ထံမှ သိရှိရသည်။ ထိုင်း ဘုရင်မင်းမြတ်၏ ကထိန်သင်္ကန်းကို ဘုရင့်ကိုယ်စားလှယ်အဖွဲ့ ရှစ်ဦးနှင့် ထိုင်းသံဃာတော် နှစ်ပါးတို့က နိုဝင်ဘာ ၁၆ ရက်နေ့တွင် လာရောက် ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ---
၂၀၁၄ ​ဧ​ပြီ​က​စ ​သ​မ္မ​တ ​လ​စာ ​ကျပ် ​သိန်း ၅၀ ​ယူ​မည်
Posted: 17 Nov 2013 11:53 PM PST
လာ​မယ့် ​ဘ​ဏ္ဍာ​နှစ်​အ​စ ၂၀၁၄ ​ဧ​ပြီ​လ ​က​စ ​နိုင်​ငံ​တော်​သ​မ္မ​တ​ဟာ ၁ ​လ ​လ​စာ ​ကျပ်​ငွေ ​သိန်း ၅၀ ​ခံ​စား​တော့​မယ်​လို့ ​ပြည်​ထောင်​စု​လွှတ်​တော် ​နောက်​ဆုံး​နေ့ ​သ​မ္မ​တ​က​နေ ​လွှတ်​တော်​ကို ​ပေး​ပို့​တဲ့ ​သ၀ဏ်​လွှာ​ဖော်​ပြ​ချက်​အ​ရ ​သိ​ရ​ပါ​တယ်။ အဲ​ဒီ ​သ၀ဏ်​လွှာ​ထဲ​မှာ ​သူ​တို့ ​အ​စိုး​ရ​အ​ဖွဲ့ ​တာဝန်​ယူ​ကာ​စ​မှာ ​တိုင်း​ပြည်​ရဲ့ ​ဘ​ဏ္ဍာ​ငွေ​ကြေး​နဲ့ ​အ​ခြေ​အ​နေ ​အ​ကြောင်း​ကြောင်း​ကြောင့် ​ဥ​ပ​ဒေ ​ပြ​ဋ္ဌာန်း​ချက်​ပါ ​သတ်​မှတ်​ထား​တဲ့ ​လ​စာ​တွေ​အ​တိုင်း ​မ​ခံ​စား​ဘဲ ​အ​ရင် ​စစ်​အ​စိုး​ရ​ခေတ်​က ​လ​စာ​တွေ​အ​တိုင်း​ပဲ ​ခံ​စား​ခဲ့​တယ်။ ​အ​ခု ​အ​စိုး​ရ​သက်​တမ်း ၂ ​နှစ်​ခွဲ၊ ၃ ​နှစ်​ရောက်​လာ​တဲ့​အ​ခါ ​တိုင်း​ပြည် ​ဘ​ဏ္ဍာ​ကို​လည်း ​အ​သင့်​အ​တင့် ​တိုး​တက်​အောင် ​ဖော်​ဆောင်​နိုင်​ခဲ့​ကြ​တယ်။ ---
နိုင်ငံတော် ပုန်ကန်မှုဖြင့် အကျဉ်းကျခဲ့ပြီး ဦးနေဝင်း၏ မြေးနှစ်ဦး နှင့်အတူ လွတ်မြောက်လာသော အခါတော်ပေး စကြာအောင်ပွင့်ခေါင် ဗေဒင်ဆက်ဟောမည်ဟုဆို
Posted: 17 Nov 2013 11:48 PM PST
နိုင်ငံတော် ပုန်ကန်မှုဖြင့် အကျဉ်းကျခဲ့ပြီး ဦးနေဝင်း၏ မြေးနှစ်ဦးနှင့်အတူ လွတ်မြောက်လာသော စကြာ အောင်ပွင့်ခေါင်သည် ဗေဒင်ဟော သည့်အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းမ် နေ့စဉ်နှင့် နိုဝင်ဘာ ၁၇ ရက်က သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ဗေဒင်ဟော၊ ဓာတ်ခန်းဖွင့်ပြီးခုနစ်ရက်သားသမီးများအကျိုး ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ယင်းကဲ့သို့ဟောကြားဖွင့်လှစ် မည့်အစီအစဉ်ကို တရားဝင်ကြေ ညာသွားမည်ဖြစ်ကြောင်း သိရ သည်။ ---
ကော့သောင်း - ရနောင်း တံတားထိုးရန် ဆွေးနွေး
Posted: 17 Nov 2013 11:37 PM PST
ကော့သောင်းခရိုင် ခမောက်ကြီး မြို့နယ် ဆိတ်ဖူးကျေးရွာနှင့် ထိုင်း နိုင်ငံ ရနောင်းခရိုင်၊ ကလပ်ပူရိ မြို့နယ်သို့ နှစ်နိုင်ငံချစ်ကြည်ရေး တံတားထိုးနိုင်ရန်အတွက် နှစ်နိုင် ငံစီးပွားရေးလုပ်ငန်းရှင်များက ဆွေးနွေး လျက်ရှိကြောင်း သွား ရောက်ဆွေးနွေးရာတွင် ပါဝင် ခဲ့သည့် ကော့သောင်းခရိုင် ငါး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦး မင်းလွင်က ပြောကြားခဲ့သည်။ ခရိုင်ငါးလုပ်ငန်းရှင်များအ သင်းအပါအဝင် တခြားစီးပွား ရေးလုပ်ငန်းရှင် များနှင့် ထိုင်းစီး ပွားရေးလုပ်ငန်းရှင်များက နိုဝင် ဘာ ၁ရက် က ပေ၂၅ဝ အရှည်ရှိ သည့် တံတားတည်ဆောက်ရေးနှင့် စက်မှုဇုန်တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ခြင်းဖြစ် ကြောင်း ဦးမင်းလွင်က ပြောသည်။ ---
မြန်မာနိုင်ငံ အတွင်းရှိ လေဆိပ်၃၀ကို နိုင်ငံတကာ အဆင့်မြင့်မည်
Posted: 17 Nov 2013 11:38 PM PST
မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ်များ တွင်ရှိသော လေဆိပ်၃၀ကို နိုင်ငံတကာ အဆင့်မြင့်မည် ဖြစ်ကြောင်း
လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အုပ် ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူး
ဦးရဲထွဋ်အောင်က People Powerသတင်းစာသို့ အတည်ပြု ပြောကြားသည်။ ပြည်တွင်း လေဆိပ် ၃၀ကို နိုင်ငံတကာ အဆင့်မှီ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပုဂ္ဂလိကလုပ် ငန်းရှင်းများနှင့် ပူးပေါင်းဆောင် ရွက်မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။ ---
နိုဝင်ဘာလ(၂၀)ရက်နေ့ ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ(၅) အမှတ်(၄၆)
Posted: 17 Nov 2013 11:15 PM PST
နိုဝင်ဘာလ(၂၀)ရက်နေ့ ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ(၅) အမှတ်(၄၆)
နိုဝင်ဘာလ(၁၇)ရက်နေ့ ထုတ် Mobile Guide Journal Issue 2 Volume 28
Posted: 17 Nov 2013 11:12 PM PST
နိုဝင်ဘာလ(၁၇)ရက်နေ့ ထုတ် Mobile Guide Journal Issue 2 Volume 28
နိုဝင်ဘာလ(၁၇)ရက်နေ့ ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၂၈
Posted: 17 Nov 2013 11:09 PM PST
နိုဝင်ဘာလ(၁၇)ရက်နေ့ ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၂၈
ကျပ်သန်းပေါင်း တစ်ထောင်ကျော်ဖြင့် ဧရာဝတီ မြစ်ကြောင်း ပြုပြင်မည်
Posted: 17 Nov 2013 10:56 PM PST
သောင်ထွန်းသဖြင့် ရေလမ်းကြောင်း ကျပ်တည်း လာမှုများနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆိုးရွားစွာ ရင်ဆိုင်လာနေရသည့် ဧရာဝတီ မြစ်ကြောင်းကို ထိန်းသိမ်း ပြုပြင်ရန်အတွက် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း တစ်ထောင်ကျော် အသုံးပြုမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောကြားသည်။ ဧရာဝတီ မြစ်ကြောင်း ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွင် ဗန်းမော်မှ ရန်ကုန်အထိ မြစ်အတွင်း ရေလမ်းကြောင်း ကျပ်တည်း ကျဉ်းမြောင်းသည့် နေရာ ၄၆ နေရာကို သောင်တူး ရေယာဉ် ၁၉ စီးဖြင့် သောင်တူးဖော်ခြင်း၊ သဲသောင် စုပ်ယူခြင်း စသည်တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ---
ဒမားစကပ် ပေါက်ကွဲမှုကြောင့် ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင် ၃ဝကျော် သေဆုံး
Posted: 17 Nov 2013 10:53 PM PST
ဆီးရီးယား နိုင်ငံ ဒမားစကပ်စ်မြို့တော်နားက စစ်စခန်းတခုမှာ အင်အားပြင်း ဗုံးတလုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရလို့ အစိုးရ တပ်ဖွဲ့ဝင် အယောက် ၃ဝကျော် သေဆုံးသွားပြီး အဲဒီအထဲက လေးယောက်က ဗိုလ်ချုပ်ကြီးတွေ ဖြစ်တယ်လို့ အတိုက်အခံ အဖွဲ့တွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် အဆောက်အဦပြိုကျမှုတွေ ဖြစ်ခဲ့ပြီး ဖောက်ခွဲရေး ပစ္စည်းတွေကို မြေအောက်ခန်းထဲမှာ ထား ဖောက်ခွဲခဲ့တာလို့ အတိုက်အခံ အဖွဲ့တွေက ဆိုပါတယ်။
ဒီသတင်းသာ အတည်ဖြစ်မယ် ဆိုရင် အတိုက်အခံဖက်က တိုက်ခိုက်ရေးသမားတွေဟာ အစိုးရဖက်က လုံခြုံရေး အစောင့်အကြပ်တွေကို ကျော်သွားနိုင်တဲ့ သဘောမျိုး ဖြစ်နေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရဖက်က သတင်းတစုံတရာ ထွက်ပေါ်လာတာ မရှိသေးပါဘူး။
ဘီဘီစီ (မြန်မာပိုင်း)
ပေါက်ကွဲမှုကို အဝေးက မြင်ရပုံ
သန်စွမ်းကျန်းမာ လူ့ဝန်းကျင်ကမ္ဘာတည်ဆောက်ကြပါစို့ 
Posted: 17 Nov 2013 10:30 PM PST
လူသားအားလုံး ကျန်းမာဖို့လိုသလို ကမ္ဘာကြီးလည်း ကျန်းမာဖို့ လိုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမြေကို ချစ်သူတွေက လူမှုပတ်ဝန်းကျင်နဲ့ သဘာဝဝန်းကျင်တွေ ထိန်း သိမ်းကာကွယ်စောင့်ရှောက် ပြီး စိမ်းလန်းသာယာလှပစေဖို့ကမ္ဘာ တစ်ဝန်းမှာ တက်ကြွစွာ လှုပ်ရှားနေကြပါပြီ။ နိုင်ငံသား တစ်ဦးချင်းဆီမှာတစ်ကိုယ်ရေ ကျန်း မာေ ရးစောင့်ရှောက်မှု အသိစိတ်ဓာတ်ကနေ မိမိနေထိုင်ရာ ဒေသန္တရနဲ့ လူ့အဖွဲ့ အစည်းတစ်ခုလုံး ” သန့်ရှင်းကျန်းမာ လူ့ဝန်းကျင်ကမ္ဘာ” ဖြစ်လာအောင် ပါဝင်ရွက်ေ ဆာင်ကြ ရမှာက မွေးရာပါလူသားအခွင့် အရေးတာဝန်ပဲ ဖြစ်ပါတယ်။ ---
မြန်မာ- အိန္ဒိယနယ်စပ် ပန်ဆောင်တော်ကြားလမ်း နယ်စပ်ကုန်သွယ်ရေးစခန်း မကြာမီ ဖွင့်လှစ်မည်
Posted: 17 Nov 2013 10:12 PM PST
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အရူနာချာ ပရာဒေ့ရှ် ပြည်နယ် နယ်စပ်တစ်လျှောက်ဖြစ်သော ပန်ဆောင်တောင်ကြားလမ်း (Pangsau Pass) နယ်စပ် ကုန်သွယ်ရေးစခန်းကို မကြာမီ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး နန်ဆီးပါးက ပြောဆိုသည်။ ကုန်သွယ်ရေး လမ်းကြောင်းသစ် ပြန်လည်ပေါ်ထွန်းလာခြင်း အားဖြင့် မြန်မာ၊ တရုတ်၊ အိန္ဒိယ ကုန်သွယ်မှု ပိုမိုဖြစ်ထွန်း လာမည်ဖြစ်၍ အာဆီယံ- အိန္ဒိယ နိုင်ငံများ အကြား ဆက်သွယ်ရေးကို ထူထောင်မည့် ထူခြားသော ခြေလှမ်း တခုလည်း ဖြစ်ကြောင်း ၄င်းက ပြောသည်ပာု အိန္ဒိယ Itanagar သတင်းဌာနက ရေးသားထားသည်။ ---
 (ပုံ) ပန်ဆောင်တော် ဖြတ်ဝင်လာမည့် မြန်မာ- အိန္ဒိယ
ထားဝယ် စီမံကိန်းမှ အီတာလျံ-ထိုင်း နုတ်ထွက်မည့် သတင်းများထွက်
Posted: 17 Nov 2013 09:56 PM PST
မြန်မာနိုင်ငံ၏ အရေးကြီးသော ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်း တစ်ခုဖြစ်သည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ကနဦး လုပ်ကိုင်ခွင့်ရ အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီ စီမံကိန်းမှ နုတ်ထွက်မည် ဆိုသည့် သတင်းများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျက် ရှိကြောင်း ထားဝယ်ဒေသခံ အချို့နှင့် အဆိုပါ စီမံကိန်းတွင် လုပ်ကိုင်နေသူများက ပြောကြားသည်။ ထားဝယ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်း ကုမ္ပဏီ (ITD) သည် နိုဝင်ဘာလ ၂၀ ရက်နေ့မှစပြီး နဘုလယ်ရှိ မြေပြင် လုပ်ငန်းခွင်မှ စတင်ထွက်ခွာတော့မည် ဖြစ်ကြောင်း ကုမ္ပဏီ ဝန်ထမ်းများနှင့် နဘုလယ် ဒေသခံများ အကြား၌ သတင်းထွက်ပေါ်လျက် ရှိသည်။---
အမေရိကန် ပြည်ထောင်စုမှာ အင်အားပြင်း လေဆင်နှာမောင်း ၀င်မွှေ
Posted: 17 Nov 2013 09:47 PM PST
အမေရိကန် ပြည်ထောင်စု က Illinois ၊ Indiana နဲ့ Kentucky ပြည်နယ်တွေမှာ အင်အားပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပါတယ်။ အမေရိကန် အနောက်အလယ်ပိုင်း တလွှားမှာ အရှိန် အဟုန်နဲ့ ဝင်ရောက် တိုက်ခတ်ခဲ့ လေဆင်နှာမောင်းဒဏ်က ဘေးလွတ်ရာ ပြေးကြဖို့ ဒေသခံတွေဆီကို ဆိုင်ရင် အချက်ပေးသံတွေနဲ့ သတိပေးခဲ့ပါတယ်။ Peoria မြို့နဲ့ အနီးက Washington (in Illinois) မြို့တို့က ရတဲ့ ဓါတ်ပုံတွေ အရ ကားတွေ ကျွမ်းပျံနေတာ ၊ အိမ်တွေဆို အောက်ခြေကနေ လဲပြိုကုန်တာကို တွေ့ရပါတယ်။ ---
လေဆင်နှာမောင်းဒဏ် ခံခဲ့ရပြီးတဲ့နောက် မြင်ကွင်း
အရှေ့အလယ်ပိုင်း ဒေသသို့ အလုပ်သမား သံအရာရှိ လွှတ်ရန် စီစဉ်လျက်ရှိ
Posted: 17 Nov 2013 09:30 PM PST
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ အရှေ့ အလယ်ပိုင်း ဒေသတွေဖြစ်တဲ့ ကူဝိတ်၊ ယူအေအီး စတဲ့ နိုင်ငံတွေသို့ အလုပ်သမား သံအရာရှိ စေလွှတ်ဖို့ အတွက် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို စီစဉ်ရာ မှာလည်း အခက်အခဲ အနေနဲ့ အဆိုပါ နိုင်ငံတွေရဲ့ စရိတ်ကြီးမှုကြောင့် ငွေကြေးပိုင်း ဆိုင်ရာတွေကို ထည့်သွင်း စဉ်းစား လျက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အလုပ်သမား သံအရာရှိ ထားရှိမှုတွေကို ကိုရီးယား၊ မလေးရှား စတဲ့ နိုင်ငံတွေမှာ ထားရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။ ---
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး နေပြည်တော် လူထုဆန္ဒရယူပွဲ
Posted: 17 Nov 2013 09:25 PM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လူထုဆန္ဒရယူပွဲ အခမ်းအနားကို နံနက် ၈ နာရီ ၃၀ မိနစ်မှာ စတင်ရာ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာခဲ့သည်။ အခမ်းအနားကို အစီအစဉ် ၉ ရပ်နဲ့ကျင်းပမှာ ဖြစ်ကြောင်း၊ အခမ်းအနားအစတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံနှင့် ပါတ်သက်သော ကြေညာချက်ကို ဖတ်ကြားခဲ့ပြီး ယခုအချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်ပေါက်လာပုံကို ရှင်းလင်းဟေယပြောလျက်ရှိသည်။ ထို့နောက် နံနက် ၉နာရီ ၃၀ မိနစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ အခြေခံဥပဒေနှင့် ပါတ်သက်၍ ဆွေးနွေးဟောပြောလျက်ရှိသည်။
National League for Democracy
အိမ်ဖော်မိန်းကလေးကို ကြိမ်လုံးဖြင့် ရိုက်နှက်နှိပ်စက်မှု အိမ်ရှင်လင်မယား အမှုဖွင့်ခံရ
Posted: 17 Nov 2013 08:57 PM PST
ရွှေပြည်သာမြို့နယ်တွင် ဆယ်ကျော်သက်အိမ်ဖော်မိန်းကလေးကို ကြိမ်လုံးဖြင့် ရိုက်နှက်နှိပ်စက်သည့် အိမ်ရှင်လင်မယား အမှုဖွင့်အရေးယူခံရကြောင်း သတင်းရရှိသည်။ ရွှေပြည်သာမြို့နယ် ၁၂ ရပ်ကွက်ရှိ နေအိမ်တွင် ငါးလကြာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို  နေအိမ်ပိုင်ရှင်တို့က နေအိမ်အတွင်း ညှဉ်းပန်းနှိပ်စက်၍ ကြိမ်လုံးများဖြင့် ရိုက်နှက်ခဲ့သဖြင့် အဆိုပါအိမ်ဖော်မှာ နိုဝင်ဘာ ၁၄ ရက်တွင် နေအိမ်မှ ထွက်ပြေးခဲ့သည်။ ---
Thit Htoo Lwin
unread,
Nov 19, 2013, 10:20:25 AM11/19/13
to thuau...@gmail.com
လှည်းကူးမြို့မှ ပျောက်ဆုံးနေသောကလေးငယ် ဖေ့စ်ဘွတ်ခ်ကြောင့် ပြန်တွေ့
Posted: 19 Nov 2013 04:31 AM PST
လှည်ကူးမြို့နယ် နေအိမ်မှ ပျောက်သွားသည် လေးနှစ်အရွယ် ကလေးငယ်ကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကြောင့် လေးရက်အ ကြာတွင် ပြန်လည်ရှာ ဖွေတွေ့ရှိခဲ့ကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းဌေးကပြောသည်။ လှည်းကူးမြို့နယ် အောင်မင်္ဂလာ ရပ်ကွက်အတွင်း နေထိုင်သော အသက် လေးနှစ်အရွယ် မောင်ပြည်စုံအောင်သည် နေအိမ်မှ နိုဝင်ဘာ ၁၃ ရက်မှစ၍ ပျောက်ဆုံး သွားခဲ့ပြီးနောက် ၄င်း၏ဆွေမျိုးများက ဖေ့စ်ဘွတ်ခ်ပေါ်တွင် ကြော်ငြာ၍ အကူအညီတောင်းခဲ့သည်။ ---
အရေးကြီးစီမံကိန်းများနှင့် ပတ်သက်ဆုံးဖြတ်ရာတွင် သမ္မတတစ်ဦးတည်း ဆုံးဖြတ်၍မရတော့
Posted: 19 Nov 2013 04:28 AM PST
အတည်ပြုလိုက်သော ပြည်ထောင်စု လွှတ်တော်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ သမ္မတအား လုပ်ပိုင်ခွင့်ပေးထားသည့် အချက်အချို့ကို ပြည်ထောင်စု လွှတ်တော်ကိုပါ ခွဲဝေပေးလိုက်ပြီး နိုင်ငံအတွင်း သယံဇာတတူးဖော်သည့်လုပ်ငန်းများ၊ မြစ်ဆုံစီမံကိန်းကဲ့သို့ စီမံကိန်းကြီးများ ပြုလုပ်လိုပါက ပြည်ထောင်စုလွှတ်တော်၏ သဘောတူ ညီ ချက်ရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ---
ကျောက်တော်နှင့် ပေါက်တောမြို့နယ်တွင် အသက် (၅) နှစ်အရွယ် ကလေးမလေး နှစ်ဦး အသတ်ခံရ
Posted: 19 Nov 2013 04:22 AM PST
ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ်အတွင်း တည်ရှိသော ကျေးရွာ နှစ်ခုမှ အသက် (၅ ) နှစ်အရွယ် ကလေးမလေး နှစ်ဦးသည် အကြမ်းဖက် အသတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။ အသတ်ခံရသူ အမျိုးသမီးငယ် တစ်ဦးမှာ ကျောက်တောမြို့နယ် ကြာညိုပြင်ကျေးရွာမှ ရခိုင်လူမျိုး ဦးရွှေအောင်နှင့် ဒေါ်မိုးမိုးစံတို့ သမီး မိမိငယ် (၆) နှစ် ဖြစ်ကြောင်း သိရသည်။ ---
အသတ်ခံရသူ အမျိုးသမီးငယ်နှင့် ရတက်မအေး ဖြစ်နေကြသော ရွာသားများ( ဓါတ်ပုံ- ဝေဟင်အောင်)
ပဋိပက္ခဒေသများအတွက် ဒေါ်လာ ၂၅သန်း အမေရိကန်အစိုးရ ပံ့ပိုးမည်
Posted: 19 Nov 2013 02:34 AM PST
ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများကို အစားအစာ၊ ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ၊ အသက်မွေးဝမ်းကျောင်း အစီအစဉ်များ ထောက်ပံ့ပေးရန်အတွက် အမေရိကန် အစိုးရက အမေရိကန် ဒေါ်လာ ၂၅ သန်း ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်သည်။ လူသားချင်း စာနာထောက်ထားမှု အကူအညီ ရရှိမည့် ဒေသများတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပါဝင်ကြောင်း၊ ယင်းရန်ပုံငွေများကို အစိုးရနှင့် နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့အစည်းများ အကူအညီဖြင့် ထောက်ပံ့သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ ---
ရှမ်း​ပြည်​တောင်​ပိုင်း ​ပင်​လုံ​မြို့​နယ်​မှာ ​မိုင်း​နင်း​မိ​ပြီး ၄ ​ဦး ​ဒဏ်​ရာ​ရ
Posted: 19 Nov 2013 02:31 AM PST
ရှမ်း​ပြည်​နယ် ​တောင်​ပိုင်း ​လွိုင်​လင်​ခ​ရိုင် ​ပင်​လုံ​မြို့​နယ်​ထဲ​မှာ  ​ဟင်း​သီး​ဟင်း​ရွက် ​ခူး​ထွက်​တဲ့​  ​က​လေး​ငယ်​တ​ဦး ​အ​ပါ​အ၀င်    ​ရွာ​သူ ၄ ​ဦး ​မိုင်း​နင်း​မိ​ပြီး ​ဒဏ်​ရာ​တွေ​ရ​သွား​ခဲ့​တယ်​လို့ ​ပင်​လုံ​ဆေး​ရုံ​နဲ့ ​ဒေ​သ​ခံ​တွေ​ရဲ့ ​ပြော​ပြ​ချက်​အ​ရ ​သိ​ရ​ပါ​တယ်။ ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၁၆ ​ရက်​နေ့ ​မွန်း​လွဲ​ပိုင်း​က  ​တော​ထဲ​မှာ   ​မိုင်း​နင်း​မိ​တဲ့​  ​လူ​နာ ၄ ​ဦး​  ​ဆေး​ရုံ​ကို ​ရောက်​လာ​ပြီး ၂ ​ဦး​မှာ ​ဒဏ်​ရာ ​ပို​ပြင်း​တဲ့​အ​တွက် ​လွိုင်​လင်​ခ​ရိုင် ​ဆေး​ရုံ​ကို ​ဆက် ​ပို့​ဆောင်​ထား​ရ​ကြောင်း ​ပင်​လုံ​ဆေး​ရုံ ​တာဝန်​ကျ ၀န်​ထမ်း​တ​ဦး​က ​ပြော​ပါ​တယ်။ ---
ကျောက်​ဖြူ​မှာ ​ဗ​လီ​ဖျက်​ဖို့ ​ကြိုး​ပမ်း
Posted: 19 Nov 2013 02:25 AM PST
ရ​ခိုင်​ပြည်​နယ် ​ကျောက်​ဖြူ​မြို့​မှာ ​နိုဝင်​ဘာ ၁၈ ​ရက် ​ည​ပိုင်း​က ​လူ​အုပ်​စု​တ​စု​ဟာ ​ဗ​လီ​တ​လုံး​ကို ​ဖျက်​ဖို့ ​ကြိုး​ပမ်း​ခဲ့​ကြ​ပေ​မယ့် ​ရဲ​တပ်​ဖွဲ့​က ​အ​ချိန်​မီ ​တား​ဆီး​လိုက်​နိုင်​ခဲ့​တယ်​လို့ ​ပြည်​နယ်​အ​စိုး​ရ ​တာဝန်​ရှိ​သူ​က ​ပြော​ပါ​တယ်။ ​တ​န​င်္လာ​နေ့​  ​ည ၈ ​နာ​ရီ​ကျော်​လောက်​က ​ဖြစ်​ပွား​ခဲ့​တာ ​ဖြစ်​ပြီး ​ကျောက်​ဖြူ ​လူ​မှု​ကွန်​ရက်​အ​ဖွဲ့​က ​ဦး​ထွန်း​နိုင် ​ပြော​ပြ​တာ​က “​မ​နေ့​က ​ည​နေ​ပိုင်း​က ​ဗ​လီ​ဘက်​ကို ​အ​ချို့​က ​သွား​ပြီး​တော့ ​ဖျက်​ကြ​တယ်​လို့ ​အဲ​ဒီ​အ​သံ​ကြား​တယ်။ ​ကျ​နော် ​မ​နက်​က ​သွား​ပြီး​တော့ ​ပျက်​တော့ ​နည်း​နည်း​ပျက်​နေ​တယ်။ ​အဲ​ဒီ ​ဗ​လီ​က ​ဟို​တုန်း​က​လည်း ​ပျက်​နေ​တာ​ပဲ။ ​တံ​ခါး​တွေ​က ​အ​ကုန်​လုံး ​ပျက်​နေ​တယ်။ ​----
ပုဂ္ဂလိက ကိုယ်ပိုင်မီးစက်များ ဖယ်ရှားရှင်းလင်းမည်
Posted: 19 Nov 2013 01:38 AM PST
ပုဂ္ဂလိက ကိုယ်ပိုင်မီးစက်များအား လူသွားစင်္ကြံနှင့် လမ်းနယ်နမိတ်တို့ တွင် ချထားသုံးစွဲခွင့်ပြုခဲ့ရာမှ မကြာမီ ဖယ်ရှားရှင်းလင်းတော့မည်ဖြစ်၍ ရန် ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ အင်ဂျင်နီယာဌာန( လမ်းနှင့်တံ တား)မှ သက်ဆိုင်သူများအား နိုဝင်ဘာ (၁၁)ရက်နေ့က အသိပေးနှိုးဆော်ထား ကြောင်းသိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီသည် မြို့တော်နေပြည်သူ များ လျှပ်စစ်မီးသုံးစွဲရန် အဆင်ပြေစေ ရေးအတွက် လူသွားစင်္ကြံများ၊ လမ်းဧရိ ယာများအတွင်းတွင် မီးစက်များချထား မှုအပေါ် နှစ်စဉ်ကြေးကောက်ခံ၍ ယာယီခွင့်ပြုထားပြီး ---
မြောက်​ကို​ရီး​ယား​တွင် ​မက်​သာ​အက်​ဖက်​တ​မင်း ​ဆေး​သုံး​စွဲ​သူ ​များ​လာ
Posted: 19 Nov 2013 01:13 AM PST
မြောက်​ကို​ရီး​ယား ​ရီ​ဗြူး​ဂျာ​နယ်​ရဲ့ ​မ​ကြာ​ခင်​က ​လေ့​လာ​တွေ့​ရှိ​မှု​အ​ရ ​မြောက်​ကို​ရီး​ယား နိုင်​ငံ​မှာ ​မက်​သာ​အက်​ဖက်​တ​မင်း ​စိတ်​ကြွ​ဆေး​တွေ ​ကျယ်​ကျယ်​ပြန့်​ပြန့် ​သုံး​စွဲ​လာ​နေ​တယ် ​တာ ​တွေ့​ရှိ​ရ​ပါ​တယ်။ ​အ​များ​ကြား​မှာ ​အိုက်စ်​လို့ ​သိ​ကြ​တဲ့ ​ဒီ​ဆေး​ဟာ ​ဆေး​စွဲ​သွား​နိုင်​မှု ​မြင့်​မား​ပါ​တယ်။ အ​သက် ၂၅ ​နှစ် ​ရှိ​အ​ရွယ် ​ကျောင်း​သား​တ​ဦး​ဖြစ်​တဲ့ ​ကင်မ်​ဟွန်​ဘင်း (​အ​မည်​ရင်း​မ​ဟုတ် ​က ​မက်​သာ​အက်​ဖက်​တ​မင်း ​ဆေး​ကို ​မြောက်​ကို​ရီး​ယား​က ​ထွက်​ပြေး​လာ​ခဲ့​တဲ့ ၂၀၀၉ ​ခု​နှစ်​က ​နောက်​ဆုံး​သုံး​စွဲ​ခဲ့​တယ်​လို့ ​ပြော​ပါ​တယ်။ ---
ဖူကူရှီးမားစက်ရုံမှ အန္တရာယ်များသော လောင်စာချောင်းများ ပြန်လည်ထုတ်ယူပြီ
Posted: 19 Nov 2013 01:08 AM PST
ဖူကူရှီးမားလျှပ်စစ်ဓာတ် အားပေးစက်ရုံမှ အခက်အခဲဆုံးနှင့် အန္တရာယ်အများဆုံးလုပ်ငန်းဖြစ် သော ယူရေနီယမ်နှင့် ယူတိုနီ ယမ်လောင်စာချောင်းများ ထုတ် ယူရေးလုပ်ငန်းကို Tepco မှ နျူ ကလီးယားအင်ဂျင်နီယာများ စတင်ပြင်ဆင်နေကြောင်း သိရ သည်။ သဘာဝဘေးကြောင့် ပျက် စီးသွားခဲ့ရသော ဓာတ်ပေါင်းဖို သုံးခုမှ လောင်စာချောင်းများ ထုတ်ယူမှုကို တနင်္လာနေ့တွင် စတင်မည်ဟု သိရသည်။ ဖူကူ ရှီးမားဓာတ်ပေါင်းဖိုသိုလှောင်ကန် ထဲတွင် လောင်စာချောင်း ၁၅၀၀ ကျော်ရှိနေပြီး နှစ်ရက်အတွင်း လောင်စာချောင်း ၂၂ချောင်း ထုတ်ယူနိုင်လိမ့်မည်ဟု ကုမ္ပဏီ မှ မျှော်လင့်ထားပြီး လုပ်ငန်းစဉ် ကြီးတစ်ခုလုံးအတွက် တစ်နှစ် ကျော် ကြာမည်ဟု သိရသည်။ ---
နေပြည်တော်အစိုးရ၀န်ထမ်း အိမ်ရာများတွင် အခမဲ့တပ်ဆင်ထားသော ရုပ်သံလိုင်းများ ဒီဇင်ဘာ ၁ ရက် စတင်ဖြတ်တောက်မည်
Posted: 19 Nov 2013 12:58 AM PST
ရန်ကုန်- နေပြည်တော်ရှိ အစိုးရ၀န်ထမ်းအိမ်ရာအားလုံးတွင် ယခင်အစိုးရလက်ထက်က အခမဲ့တပ်ဆင်ပေးထားသည့် ရုပ်သံလိုင်းများကို ဒီဇင်ဘာ ၁ ရက်မှ စတင်ဖြတ်တောက်သွားမည်ဖြစ်ပြီး အခမဲ့ပြသနေသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပါအ၀င် ရုပ်သံလိုင်းများ ကြည့်ရှုလိုပါက ကျပ် ၃၂၀၀၀ တန် ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်များကို ၀ယ်ယူတပ်ဆင်ရန် နေပြည်တော်ကောင်စီက ၀န်ထမ်းများအား စာထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။ ---
အ​စိုး​ရ​နှင့် ​အိုင်​အယ်လ်​အို ​ပေါင်း​ပြီး ​လုပ်​သား​အင်​အား ​စာ​ရင်း​ကောက်​မည်
Posted: 19 Nov 2013 12:52 AM PST
အ​လုပ်​သ​မား​၀န်​ကြီး​ဌာ​န​နဲ့ ​နိုင်​ငံ​တ​ကာ ​အ​လုပ်​သ​မား​အ​ဖွဲ့​ချုပ် (​အိုင်​အယ်လ်​အို ​ပူး​ပေါင်း​ပြီး ​လာ​မယ့် ၂၀၁၄ ​ခု​နှစ်​ကျ​ရင် ​မြန်​မာ​နိုင်​ငံ​ရဲ့ ​အ​လုပ်​သ​မား​အင်​အား​စာ​ရင်း ​သု​တေ​သ​န ​ပြု​စု​ကောက်​ခံ​မယ့် ​နား​လည်​မှု ​စာ​ချွန်​လွှာ​တ​ခု​ကို ​နေ​ပြည်​တော်​မှာ ​လက်​မှတ်​ရေး​ထိုး​ခဲ့​ကြောင်း ​သိ​ရ​ပါ​တယ်။ စာ​ချွန်​လွှာ​ထဲ​မှာ ​မြန်​မာ​နိုင်​ငံ​ထဲ​မှာ ​လုပ်​ငန်း ​အ​မျိုး​အ​စား ​ဘယ်​လောက်​ရှိ​တယ်၊ ​အ​လုပ်​သ​မား​တွေ ​ဘယ်​လောက် ​လုပ်​ခ ​လ​စာ​ရ​နေ​ကြ​တယ်၊ ​---
အ​မတ်​များ ​ဒေ​သ​ဖွံ့​ဖြိုး​ရေး ​ကျပ်​သိန်း ၁ ​ထောင်​စီ ​သုံး​နိုင်​ပြီ
Posted: 19 Nov 2013 12:50 AM PST
လွှတ်​တော်​အ​မတ်​တွေ​ဟာ ​မြို့​နယ် ၁ ​မြို့​နယ်​စီ​အ​တွက် ​ချ​ထား​ပေး​တဲ့ ​ဒေ​သ ​ဖွံ့​ဖြိုး​ရေး ​ရန်​ပုံ​ငွေ ​ကျပ် ​သိန်း ၁ ​ထောင်​စီ​ကို ​စ ​ပြီး ​သုံး​နိုင်​ပြီ​လို့ ​အန်​အယ်လ်​ဒီ​ပါ​တီ​က ​အ​မျိုး​သား​လွှတ်​တော်​အ​မတ် ​ဒေါက်​တာ​မြတ်​ဥာ​ဏ​စိုး​က ​ပြော​ပါ​တယ်။ ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၁၅ ​ရက်​နေ့ ​လွှတ်​တော် ​အ​စည်း​အဝေး​ပွဲ​တွေ​အ​ပြီး ​ကျပ် ​သိန်း ၁ ​ထောင်​စီ ​သုံး​စွဲ​ရ​မယ့် ​လုပ်​ထုံး​လုပ်​နည်း​တွေ​ကို ​ထုတ်​ပြန်​ပေး​လိုက်​တဲ့​အ​တွက် ​ခု​လို ​စ​ပြီး ​အ​သုံး​ပြု​နိုင်​တာ​လို့ ​သူ​က ​ပြော​ပါ​တယ်။ ---
ကျောက်ဖြူတွင် ဗလီတစ်လုံးအား ဖျက်ဆီးရန် ကြိုးပမ်းခဲ့
Posted: 19 Nov 2013 12:47 AM PST
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယမန်နေ့ သူခိုးကြီးများည ၈နာရီခွဲအချိန်ခန့်က မူးယစ်နေကြသော လူ ၃၀ ကျော်ခန့်သည် သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဗလီတစ်လုံးအား ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြပြီး ရဲတပ်ဖွဲ့က ည ၉နာရီခွဲခန့် အချိန်တွင် ရောက်သွားပြီး ထိမ်းသိမ်းနိုင်ခဲ့သည်ဟု ကျောက်ဖြူရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။ ---
တပ်မတော်နှင့် NLD ကြား စိတ်ဝမ်းကွဲအောင် ပြုလုပ်နေသူများ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို
Posted: 18 Nov 2013 11:56 PM PST
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ လုပ်ငန်းစဉ်များကို ဝေဖန် ပြောဆိုနေပြီး တပ်မတော်နှင့် NLD အကြား စိတ်ဝမ်းကွဲအောင် ပြုလုပ်နေသူများ ရှိကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ NLD ပါတီက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လူထုသဘောထား ရယူရေး ဟောပြောပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။---
ထွက်ပြေး လွတ်မြောက်ခဲ့သော အိမ်အကူ မိန်းကလေး အမှုကို တရားဥပဒေ စိုးမိုးရေး ကော်မတီက ကူညီ ဖြေရှင်းပေးမည်ဟုဆို
Posted: 18 Nov 2013 11:51 PM PST
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၁၂) ရပ်ကွက် စံပယ်လမ်းသွယ် (၁) လမ်း၊ အမှတ် (၁၉၃) နေအိမ်မှ အိမ်ရှင် ဖြစ်သူ၏ နှိပ်စက်မှုတို့ကို မခံနိုင်၍ ထွက်ပြေး လွတ်မြောက်ခဲ့သော အသက် ၁၄ နှစ်အရွယ် မိန်းကလေးအမှုကို တရားဝင် တိုင်ကြားလာပါက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီက ကူညီဖြေရှင်းပေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်က The Voice သို့ ပြောကြားသည်။ ယင်းအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသော အသက် ၁၄ နှစ်အရွယ် မိန်းကလေးမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီခွဲခန့်က လူမရှိခိုက် သံဆူးကြိုးများပေါ်မှ ခိုးထွက်ပြီး ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံ ခဲ့သဖြင့် အနီးပတ်ဝန်းကျင် အိမ်များမှ လူတချို့၏ လမ်းညွှန်ချက်အရ (၁၂) ရပ်ကွက် NLD ရုံးခန်းသို့ ထွက်ပြေး လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေပြည်သာ မြို့နယ် (၁၂) ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။---
လွှတ်တော် ကိုယ်စားလှယ်များအတွက် ဝန်ထမ်းတစ်ဦးစီ ခန့်ခွင့် ဥပဒေကြမ်းတွင် ပါရှိဟုဆို
Posted: 18 Nov 2013 11:47 PM PST
လွှတ်တော် ကိုယ်စားလှယ်များအတွက် ဝန်ထမ်းတစ်ဦးစီ ခန့်အပ်ခွင့်ပြုရန် လွှတ်တော် ကိုယ်စားလှယ်များ ဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ လွှတ်တော်အတွင်း ဆွေးနွေး မေးမြန်းရာတွင် လိုအပ်သော အထောက်အထားများ ဖြစ်သည့် ဥပဒေများ၊ အစိုးရဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အချက်အလက်များကို ရှာဖွေ ရေးသားခြင်း၊ စာစီခြင်း၊ မိတ္တူကူးခြင်းတို့ကို ကိုယ်တိုင် ပြုလုပ်ရသဖြင့် လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနှင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် အခက်အခဲ ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ရှင်းပြသည်။---
မြန်မာနိုင်ငံတွင် အမည်ပျက် စာရင်းဝင်နေသေးသည့် ဆရာဝန် ၅၅၅ ဦးခန့် ကျန်ရှိနေ
Posted: 18 Nov 2013 11:44 PM PST
မြန်မာ နိုင်ငံတွင် အမည်ပျက်စာရင်းဝင် နေသေးသည့်ဆရာဝန် ၅၅၅ဦး ခန့် ကျန်ရှိနေသေးကြောင်း သိရ သည်။အဆိုပါဆရာဝန်များမှာ ဌာနမှကင်းကွာနေသောဆရာ ဝန်များ၊ အကြောင်းတစ်စုံတစ်ရာ ကြောင့် လျော်ကြေးငွေပေးဆောင် ရမည်ဟု အမိန့်စာထုတ်ပြန်ခြင်း ခံရသူများဖြစ်ကြောင်း သိရသည်။''အဲဒီဆရာဝန်တွေထဲမှာ လျော်ကြေးငွေပေးလျော်ဖို့ လိုအပ် တဲ့သူတွေဆိုရင် ပေးလျော်ရမယ်။ အဲဒီဆရာဝန်တွေကို အမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးလိုက် ပေမယ့် နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန် လည်ခန့်ထားတာမျိုး၊ တာဝန် ထမ်းဆောင်စေတာမျိုးတော့ မရှိ ပါဘူး''ဟု ကျန်းမာရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက် တာမင်းသန်းညွန့်က ပြောသည်။---
ပြည်တွင်းရွှေဈေး အကျပိုင်းသာရှိမည်မှန်း
Posted: 18 Nov 2013 11:31 PM PST
နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ တဖြည်းဖြည်းကျဆင်းလာသည့် ပြည်တွင်းရွှေဈေး အကျပိုင်းသို့သာ ဦးတည်နေနိုင်သည်ဟု ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။ နိုဝင်ဘာလဆန်းပိုင်းတွင် တစ်ကျပ်သားလျှင် ကျပ် ၆၈၇,၀၀၀ ဈေးရှိခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင်ကျပ် ၆၇၇,၀၀၀ ဈေးရှိလာသည်ဟု ရွှေဆိုင်လုပ်ငန်းရှင်များက ဆိုသည်။ ---
စစ်ကိုင်းတွင် သံဃာတစ်ပါးနှင့် လူသုံးဦး ဓားဖြင့်ခုတ်ခံရပြီး တစ်ဦးသေဆုံး
Posted: 18 Nov 2013 11:26 PM PST
စစ်ကိုင်းမြို့နယ်အတွင်း လူတစ်ဦးက သံဃာတစ်ပါးနှင့် လူသုံးဦးကို ဓားဖြင့်ခုတ်ခဲ့ပြီး၊ ကျူးလွန်သူကို လတ်တလော သံသယရှိထားသည်မှာ စိတ်ဒေနာသည် တစ်ဦးဖြစ်ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာ ၁၈ တွင် ပြောကြားလိုက်သည်။ သေဆုံးသူ အမျိုးသားတစ်ဦးမှာ ရွာသစ်တိုက်နယ် အုပ်စုနှင့် ငါ့တရော်ကျေးရွာအကြားရှိ ကျေးလက် ဖွံ့ဖြိုးရေး လမ်းပေါ်တွင် နိုဝင်ဘာ ၁၇ ရက် နံနက်က လည်ပင်းနေရာတွင် ပြတ်ရှဓားဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်သည်။---
ဖားကန့် ကျောက်မျက်လုပ်ကွက် များ ပိတ်ထားမှု နှစ်နှစ်ခန့် အကြာ ဒေသခံတို့အတွက် အခက်အခဲ ရှိလာ
Posted: 18 Nov 2013 11:21 PM PST
 နှစ်နှစ်နီးပါးခန့် ကြာမြင့်သည်အထိ ဖား ကန့်လုပ်ကွက်များ ပိတ်ထားသည့်အတွက် ဒေသခံများအပါအဝင် ရွှေ့ပြောင်းလုပ်သား များမှာ စားဝတ်နေရေးအတွက် အခက် အခဲများ ရှိနေကြောင်း သိရှိရသည်။ ပြီးခဲ့သည့် နှစ်ကစ၍ လုပ်ကွက်များ ရပ် နားခဲ့ရရာ အခက်အခဲရှိသော်လည်း ကာလတို သာဖြစ်လိမ့်မည်ဟုအထင်ဖြင့် စားဝတ်နေရေး အတွက် လတ်တလော ဖြေရှင်းမှု များသာ ပြု လုပ်ခဲ့ကြောင်း လက်ရှိတွင် အခြေအနေ တည် ငြိမ်လာသော်လည်း နှစ်နှင့်ချီကာ ပိတ်လာသည့် အတွက် အခက်အခဲတွေ့ကြုံမှုက ပိုမိုဆိုးရွား လာကြောင်း ဖားကန့်ကျောက်လုပ်သားတစ် ဦးက ပြောသည်။ ---
မွန်ပြည်နယ် လိုင်စင်မဲ့ မော်တော်ယာဉ်များ လေလံတင်ဒါ နိုင်ငံတော်မှ ကျပ်သိန်း ၉ဝဝဝ ကျော် ရရှိမည်
Posted: 18 Nov 2013 11:17 PM PST
မွန်ပြည်နယ် အတွင်း ဖမ်းဆီးရမိ သော လိုင်စင်မဲ့ မော်တော်ယာဉ် ၈၈ စီး အား နိုဝင်ဘာ ၆ ရက်နေ့ နံနက်က မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ မြို့နယ် အကောက်ခွန် ဦးစီး ဌာန ရုံးတွင် လေလံပွဲ ကျင်းပရာ မော်တော်ယာဉ် ၇၇ စီး လေလံ အောင်မြင်သဖြင့် နိုင်ငံတော်မှ ငွေကျပ် ၈၅၇၅ ဒသမ ၁ဝ၇ သိန်းရရှိ သည့်အပြင် လေလံအောင်မြင်သူ များ အနေဖြင့် မိမိလေလံရရှိသော မော်တော်ယာဉ် တင်ဒါအောင်မြင်ငွေ၏ ၇ ဒသမ ၅ ရာခိုင်နှုန်း ကို မြို့နယ် အခွန် ဦးစီးဌာနသို့ ထပ်မံပေးသွင်း ရမည်ဖြစ် ၍ နိုင် ငံတော်မှ ငွေကျပ် ၆၄၃ ဒသမ ၁၃၃ ထပ်မံ ရရှိမည်ဖြစ်၍ စုစုပေါင်း ကျပ် ၉၂၁၈ ဒသမ ၂၄ဝ သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။---
မွန်ဂိုလီးယားသမ္မတ မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်
Posted: 18 Nov 2013 11:14 PM PST
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်အပြီး နှစ်ပေါင်း ၆၀ နီးပါးအတွင်း နိုင်ငံ့ခေါင်းဆောင် တစ်ဦး၏ ပထမဆုံး ခရီးစဉ်အဖြစ် မွန်ဂိုလီးယားနိုင်ငံ သမ္မတ မစ္စတာအယ်လ်ဘတ်ခ် ဒေါ့ဂ်ျဇတ်ခ် ဟီးလ်ယာဒ်သည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိလာကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။
မွန်ဂိုလီးယား ခေါင်းဆောင်၏ ခရီးစဉ် ပထမနေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိမ်တော်၌ တွေ့ဆုံအပြီး နှစ်နိုင်ငံ ခရီးသွား လုပ်ငန်းနှင့် သတ္တုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် အာဆီယံ- မွန်ဂိုလီးယား ဆက်ဆံရေးတို့ကို ဆွေးနွေးကြောင်း သမ္မတရုံးက ထုတ်ပြန် ကြေညာသည်။---
စိန်ဂေဟာ ဈေးဝယ်စင်တာ၏ Facebook စာမျက်နှာ တိုက်ခိုက် ခံထားရဟုဆို
Posted: 18 Nov 2013 11:10 PM PST
မြန်မာနိုင်ငံ၏ နာမည်ကျော် ဈေးဝယ်စင်တာ တစ်ခုဖြစ်သော စိန်ဂေဟာ (Sein Gay Har) ဈေးဝယ် စင်တာ၏ Facebook စာမျက်နှာကို နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်အစောပိုင်းက အတိုက်ခိုက် ခံထားရကြောင်း စိန်ဂေဟာ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးအောင်ဇော်မြင့်က ပြောကြားသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့နံနက် အစောပိုင်းမှစ၍ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ အဆိုပါ တိုက်ခိုက်သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကာလအတွင်း အဆိုပါ စာမျက်နှာတွင် ရေးသား ဖော်ပြထားသည့် အကြောင်းအရာများသည် စိန်ဂေဟာ မိသားစုနှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတို့၏ အာဘော် မဟုတ်ကြောင်း ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ပြည်လမ်းရှိ စိန်ဂေဟာ ဈေးဝယ်စင်တာ၏ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကရှင်းလင်း ပြောဆိုသည်။---
ဖွဲ့စည်းပုံ ဟန်ပြပြောင်းလဲသူတွေကို မဲမပေးဖို့ ဒေါ်စုတိုက်တွန်း
Posted: 18 Nov 2013 06:02 PM PST
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲတာမျိုးမလုပ်တဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို တိုက်တွန်းလိုက်ပါတယ်။ ပျဉ်းမနား နေပြည်တော်မှာ တနင်္လာနေ့က ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။ ---
တပ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုများ မွန်ပြည်သစ်ပါတီ သဘောမကျ
Posted: 18 Nov 2013 04:23 PM PST
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြန်မာအစိုးရက အသစ်ထပ်မံ တင်သွင်းဆွေးနွေးလာတဲ့ တပ်ပိုင်းဆိုင်ရာ စစ်ရေးထိန်းချုပ်မှုတွေကို မွန်ပြည်သစ်ပါတီက သဘောမကျဘူးလို့ အရေးပေါ်ကျင်းပတဲ့ ပါတီဗဟို ကော်မတီအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ နိုဝင်ဘာလ(၁၃)ရက်ကနေ (၁၅)ရက်နေ့အထိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်မှာကျင်းပတဲ့ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကနေ အဓိကအားဖြင့် အကြောင်းအရာနှစ်ရပ်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ရာမှာ တာဝန်ရာထူးအပြောင်းအလဲနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စမှာ မြန်မာအစိုးရရဲ့ သဘောထားတွေအပေါ်ကို မွန်ပြည်သစ်ပါတီကစိစစ်ပြီး မိမိတို့သဘောထားတွေကို ချမှတ်ခဲ့တယ်လို့သိရပါတယ်။ ---
Thit Htoo Lwin
unread,
Nov 20, 2013, 10:04:01 AM11/20/13
to thuau...@gmail.com
အမျိုးသားနေ့တွင် NLD က တစ်နိုင်ငံလုံးရှိ ပါတီရုံးများတွင် စာကြည့်တိုက်ဖွင့်မည်
Posted: 20 Nov 2013 06:45 AM PST
လာမည့် နိုဝင်ဘာ ၂၇ တွင်ကျရောက်မည့် ၉၃ နှစ်မြောက် အမျိုးသားနေ့တွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပါတီရုံးများတွင် စာကြည့်တိုက်ဖွင့်သွားမည်ဟု NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ၏ လူငယ်စာကြည့်တိုက်ဖြစ်မြောက်ရေး ဗဟိုကော်မတီမှ တာဝန်ခံ ဦးခင်ဇော်လင်းက နိုဝင်ဘာ ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။ “ဗဟုသုတတွေ အဖက်ဖက်က မြင့်မားလာဖို့ဆိုတာ စာအုပ်စာပေတွေကရမှာပဲလေ။ ဒါတွေကို စာဖတ်တဲ့အခါကျတော့ အဖက်ဖက်က တိုးတက်လာအောင် ထောက်ပံ့ကူညီပေးတဲ့သဘောပဲ။ ပါတီလုပ်ငန်းလုပ်သလို လူထုအကျိုးပြုလုပ်ငန်းပါပူးတွဲလုပ်တဲ့သဘောနဲ့ ဒါကိုစလုပ်တာပါ” ဟု သူက ပြောသည်။ ---
ရွှေညဝါ ဆရာတော်တရားပွဲ ခွင့်ပြုချက်မရဘဲပြုလုပ်သည်ဟုဆိုကာ ပွဲစီစဉ်သူကို တရားစွဲ
Posted: 20 Nov 2013 06:33 AM PST
ကြည့်မြင်တိုင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ရွှေညဝါဆရာတော် တရားပွဲကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သည်ဟုဆိုကာ တရားပွဲစီစဉ်သူများ တရားစွဲခံရသည်ဟု နိုဝင်ဘာ ၂၀ ရက်တွင် တရားစွဲခံထားရသူက မဇ္ဈိမကို ပြောကြားလိုက်သည်။ အဆိုပါ တရားပွဲမှာ ဆေးရိုးတန်းငြိမ်းချမ်းရေးရပ်ကွက်တွင်နေထိုင်သည့် ဦးနု၊ ဒေါ်ခင်မာကြည်မိသားစုက မှော်ဘီမြို့နယ်၊ ရွှေညဝါတောရကျောင်တိုက်တွင် သီတင်သုံးနေသည့် ဦးပညာသီဟ (ရွှေညဝါဆရာတော်) ကို ကျောင်းဆောင်သစ်ဆောက်လုပ်ရာတွင် အလှူငွေများ လှူဒါန်းမည်ဖြစ်၍ နိုဝင်ဘာ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့သော တရားပွဲဖြစ်သည်။ ---
ကျောင်း​သား​တပ်​မ​တော်​နဲ့ ​ဦး​အောင်​မင်း ​ခေါင်း​ဆောင်​တဲ့​အ​ဖွဲ့ ​နေ​ပြည်​တော်​တွင် ​တွေ့​ဆုံ (​မေး​မြန်း​ခန်း​)
Posted: 20 Nov 2013 06:26 AM PST
မြန်​မာ​နိုင်​ငံ​လုံး​ဆိုင်​ရာ ​ကျောင်း​သား​များ ​ဒီ​မို​က​ရက်​တစ် ​တပ်​ဦး (ABSDF)​က ​ရဲ​ဘော်​သံ​ခဲ ​ဦး​ဆောင်​တဲ့ ​ကိုယ်​စား​လှယ်​အ​ဖွဲ့​ဟာ ​ပြည်​ထောင်​စု ၀န်​ကြီး ​ဦး​အောင်​မင်း ​ဦး​ဆောင်​တဲ့ ​အ​ဖွဲ့​နဲ့ ​နိုဝင်​ဘာ ၂၀ ​ရက်​နေ့​က ​နေ​ပြည်​တော်​မှာ ​တွေ့​ဆုံ​ခဲ့​ပါ​တယ်။
ပြည်​ထောင်​စု ​အ​ဆင့် ​ဒု​တိ​ယ​အ​ကြိမ် ​ဆွေး​နွေး​ပွဲ​ကို ​နိုဝင်​ဘာ​လ​မှာ ​မ​ဖြစ်​နိုင် ​တော့​တဲ့ ​အ​တွက် ​ဖြစ်​နိုင်​မယ့် ​ရက်​ကို ​ဆွေး​နွေး​ညိ​နှိုင်း ​သတ်​မှတ်​ခဲ့​သ​လို ​ပြည်​ထောင်​စု​အ​ဆင့် ​ညိ​နှိုင်း ​မ​ဆွေး​နွေး​ခင် ​မှာ​လည်း ​အ​စိုး​ရ​နဲ့ ​အေ​ဘီ​အက်စ်​ဒီ​အက်ဖ် ​အ​ကြား ​ဆွေး​နွေး​ရ​မယ့် ​ကိ​စ္စ​ရပ်​တွေ ​ကို​လည်း ​ဆွေး​နွေး​ခဲ့​ကြ​တယ်​လို့ ​အေ​ဘီ​အက်စ်​ဒီ​အက်​က ​ဗ​ဟို ​ဦး​ဆောင်​ကော်​မ​တီဝင် ​လည်း​ဖြစ် ​ဆွေး​နွေး​ညိ​နှိုင်း​ရေး ​အ​ဖွဲ့ ​အ​ဖွဲ့​၀င်​လည်း ​ဖြစ်​တဲ့ ​ရဲ​ဘော် ​ကျော်​ကို​က ​ပြော​ပါ​တယ်။
ဆွေး​နွေး​ရာ​မှာ ​ပါဝင်​တဲ့ ​ရဲ​ဘော်​ကျော်​ကို ​ကို ​ဒီ​ဗွီ​ဘီ​က ​ဆက်​သွယ် ​မေး​မြန်း​ထား​ပါ​တယ်။
By ​ဒီ​ဗွီ​ဘီ
မေးမြန်းခန်း အ​ပြည့်​အ​စုံ ​နား​ဆင်​ရန် ဒီနေရာကို နှိပ်ပါ
အမေရိကန်က မြန်မာကို ကျောင်းသားဗီဇာစည်းကမ်းသတ်မှတ်ချက် မကြာမီ ဖြေလျှော့ပေးဖွယ်ရှိ
Posted: 20 Nov 2013 03:28 AM PST
အမေရိကန် ပြည်ထောင်စုတွင် ပညာ သင်ကြားရန် ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားသည့် မြန်မာကျောင်းသား၊ ကျောင်းသူများ အတွက် ဗီဇာ စည်းကမ်း သတ်မှတ်ချက်များကို မကြာမီ လျှော့ပေါ့ ပေးဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားလိုက်သည်။ နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး ကျောင်း၌ အထက်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် ကျောင်းသူ တစ်ဦးက အမေရိကန်ဗီဇာ လျှောက်ထားမှုမှာ မြန်မာ ကျောင်းသားများအတွက် ဘာကြောင့် ခက်ခဲရ ပါသလဲဆိုသည့် မေးခွန်းကို သံအမတ်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ---
ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းတွင် နိုဝင်ဘာ ၁၉ ရက်က သွားရောက်စကားပြောကြားနေသည့် အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကို တွေ့ရစဉ် ဓာတ်ပုံ - နစ်ကီ - 7day Daily
ဘင်္ဂလာဒေခ်ျ့မှ ဗုဒ္ဓဘာသာဝင် မျိုးနွယ်စုများ မြန်မာနိုင်ငံသို့ ခိုလုံရန် ထပ်မံ ရောက်ရှိ
Posted: 20 Nov 2013 03:20 AM PST
ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ဗုဒ္ဓဘာသာဝင် မျိုးနွယ်စုများသည် မြန်မာနိုင်ငံအတွင်း ခိုလုံရန် မောင်တောမြို့နယ်ထဲသို့ ထပ်မံ ရောက်ရှိလာကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၅ ရက်နေ့မှ ယနေ့ထိ ရောက်ရှိလာသူ မိသားစုမှာ ၁၆ ခု ရှိပြီး လူဦးရေအားဖြင့် ၅၀ နီးပါးခန့်ရှိကြောင်း မောင်တောမြို့ ဗဟိုကျောင်းဆရာတော်က ပြောကြားသည်။ ---
ယမန်နှစ်က မောင်တောမြို့နယ်ထဲသို့ ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသော မိသားစုများ။ (ဓါတ်ပုံ- နိရဉ္စရာ)
တက်သည် ဆက်၍တက်သည် ထပ်၍တက်ဦးမည် စိတ်ဓာတ်မှလွဲ၍.. အခြားကျရန် မရှိ…
Posted: 20 Nov 2013 03:16 AM PST
အကျိုးဆောင်ရှိရာအခန်းမှ ဆင်း လာသည့် သူ့ခြေလှမ်းတွေသည် လေး ကန်၍နေသည်။ လက်ထဲတွင် ကျစ်ကျစ် ပါအောင် ကိုင်ထားသည့်ပိုက်ဆံအိတ် အတွင်း ပါလာ သည့် ငွေကျပ်ခြောက် သိန်းခွဲက သူ့သောကတွေကို မနှစ်သိမ့် နိုင်ပါဟု မနွယ်နီက ဆိုပါသည်။ မျှော်လင့်ချက်တစ်ခုဖြင့် လပေါင်း များစွာ ခြိုးခြံချွေတာပြီး စုဆောင်းခဲ့ရ သည့် ငွေကြေးသည် ဒီကျောတစ်နေရာ စာ အတွက် စိတ်ကျေနပ်မှုကို မဖြည့် ဆည်းပေးနိုင်ခဲ့။ ----
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လှိုင်သာယာတွင် ဖောက်ခွဲရေးပစ္စည်းများ နှင့် ဖမ်းမိခဲ့သော တရားခံ၏ ကွင်းဆက်တရားခံ ထပ်မံမိ
Posted: 20 Nov 2013 02:43 AM PST
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်က ရန်ကုန်မြို့ လှိုင်သာယာတွင် ဖမ်းဆီးမိသည့် ဗုံးဖောက်ခွဲရန် ကြံစည်သူနှစ်ဦး နှင့် ၎င်းတို့၏ ကွင်းဆက်တရားခံ ကို နိုဝင်ဘာ ၁၅ရက်က စစ်တွေ မြို့ တရားသိစုရပ်ကွက်ရှိ ယင်း၏ နေအိမ်တွင် ရခိုင်ပြည်နယ် ရဲတပ် ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိ ရသည်။ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသူသည် ဘိုဘိုထွန်း (ခ)ဘိုဘိုဖြစ်ပြီး ရန်ကုန်မြို့ တွင်ဖမ်းဆီးမိခဲ့ သူခိုင်နေမင်း(ခ) တင် မောင်၏ညွှန်ကြား ချက်ကြောင့် ဖောက်ခွဲမှုများ ရန်ကုန်မြို့အ တွင်း ပြုလုပ်ရန်အတွက် လက် လုပ်ဗုံးများကို ဝယ်ယူခဲ့သူဖြစ် ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ဆိုသည်။ ---
ဈေးထဲက အပြေးသည်များ
Posted: 20 Nov 2013 02:28 AM PST
“ရွှီ...ရွှီ”
ဝီစီသံက ဈေးထဲမှာ တစီစီညံနေသည်။ ပြေးတဲ့သူပြေး။ ပုန်းတဲ့သူပုန်းနှင့် ဈေးတစ်ခုလုံး ကျွတ်ကျွတ်ညံ နေသည်။ ဈေးဗန်းပါသွားပြီဖြစ်သည့် ဒေါ်ချိုအတွက် ဘာမှမထူးတော့။ အိမ်ကိုသာ ပြန်ရတော့မည်။ နံနက် ၃ နာရီလောက်ကတည်းက ဒိုင်ကယူခဲ့သမျှ ပန်းတွေ ခုတော့ ခဲလေသမျှ သဲရေကျရပြီ။ ရပ်ကြည့် နေရုံမှတစ်ပါး သူ့မှာ ဘာတုံ့ပြန်နိုင်စွမ်းမှမရှိ။ အရင်းချည်းပဲ ကျပ် ၃,၅၀၀ ရှိသည်။ ခု သူ့အတွက် အရင်း ရော၊ အမြတ်ရော တစ်ကျပ်မျှပင် မကျန်တော့။ ဒီအတိုင်းဆိုရင် ဒီနေ့အတွက် နေ့ပြန်တိုးနှင့် ထပ်တွေ့ရ ဦးမည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တိုက်ကြီးမြို့မဈေးအတွင်းရှိ ပျံကျဈေးသည်တို့၏ နိစ္စဓူဝ မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ-မြတ်ကျော်သူ)
ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့ နိုဝင်ဘာ၂၆ ရက်တွင် သွားမည်
Posted: 20 Nov 2013 02:35 AM PST
ရန်ကုန်၊ မဇ္ဈိမ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာလ ၂၆ရက်မှ ဒီဇင်ဘာလ ၂ရက်အထိ သြစတြေးလျနိုင်ငံသို့ သွားရောက်ရန် ခရီးစဉ်အား NLDမှ နိုဝင်ဘာလ ၂၀ရက်တွင် ထုတ်ပြန်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၂၆ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဆစ်ဒနီမြို့သို့ ဦးစွာသွားရောက်ကာ သြစတြေးလျရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပြီး Sydney Opera House တွင် တက္ကသိုလ်သုံးခုပူးပေါင်း ပြုလုပ်သည့် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အမှာစကားပြောမည်ဖြစ်သည်။ ---
အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေလျခရီးစဉ် ထုတ်ပြန်ချက်။
သမ္မတ၏အမျိုးသမီးကိုယ်ရံတော်
Posted: 20 Nov 2013 01:56 AM PST
ခန်းမကြီးအပြည့် အစီအရီထိုင်နေသော လူထုပရိသတ်အလယ်တွင် မီးခိုးရင့်ရောင်ဝတ်စုံဖြင့် ပိန်ပိန်ပါးပါး၊ အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီးသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ၁၂ ပေခန့်အကွာတွင် တစ်ဦးတည်း မတ်တတ်ရပ်နေသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို မျည်ခြည်မပြတ်အကဲခတ်နေသည်။ လက်မောင်းတစ်ဖက်စီတွင် မြန်မာနိုင်ငံအလံနှင့် အထူးတပ်ဖွဲ့၏အတိုကောက် (STF)တံဆိပ်တို့ တပ်ဆင်ထားပြီး ၄င်းကိုစေ့စေ့စပ်စပ်လေ့လာကြည့်လျှင် ခါးနောက်ဘက်တွင်ထိုးထားသည့် ပစ္စတိုတစ်လက်ကို တွေ့နိုင်သည်။ ထိုမြင်ကွင်းမှာ သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝန်ကြီးအချို့ တက်ရောက်နေသော နိုင်ငံတကာဆွေးနွေးပွဲတစ်ခုတွင်ဖြစ်သည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြက်ကျွတ်မုန်တိုင်းကြားက တောင်သူများ
Posted: 20 Nov 2013 01:52 AM PST
လွန်ခဲ့သောငါးနှစ်ခန့်က နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်တွင် နာဂစ်ထက်ပြင်းသည့် “မြက်ကျွတ်မုန်တိုင်း”တစ်ခု ထပ်တိုက်မည်ဟု သူတို့နေထိုင်ရာ ရွာများတစ်ဝိုက်တွင် ကောလာဟလများထွက်ပေါ်ခဲ့သည်။ ခေတ်ကာလက ယခုလိုပွင့်လင်းသည့်အချိန်မဟုတ်သလို မိုးလေ၀သသတင်းများလည်း အစိုးရကထုတ်ပြန်ရန် တုံ့ဆိုင်းနေသည့်ကာလဖြစ်သည့်အတွက် ယင်းသတင်းသည် ကောလာဟလလော တကယ်လော သူတို့ဝေခွဲမရဖြစ်ခဲ့ရသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တစ်ပတ်အတွင်း စည်းကမ်းမဲ့ မော်တော်ယာဉ် ၇၀ ကျော် အရေးယူ
Posted: 20 Nov 2013 01:49 AM PST
ရန်ကုန်မြို့တွင်း လမ်းမများတွင် စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ်များကို နိုဝင်ဘာလ ဒုတိယပတ်က စတင်၍ ကရိန်းယာဉ်ဖြင့် နေ့စဉ် ဖယ်ရှား အရေးယူခဲ့ရာ တစ်ပတ်အတွင်း စုစုပေါင်း မော်တော်ယာဉ် အစီး ၇၀ ကျော် အရေးယူခဲ့ပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာန ဒုတိယဌာနမှူး ဦးညီညီဦးက ပြောကြားသည်။ စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ်များကို နိုဝင်ဘာလ ၁၁ ရက်နေ့က စ၍ ဖမ်းဆီး အရေးယူခဲ့ရာ အစီးရေ ၁၀၀ ကျော် ဖမ်းဆီးခဲ့သော်လည်း ဆွဲယာဉ်ဖြင့် ဖယ်ရှားခဲ့သော မော်တော်ယာဉ် ၇၀ ကျော်မှာ စည်ပင်သာယာရေး ဥပဒေအရ ဒဏ်ငွေ နှစ်သောင်းခွဲ ပေးဆောင်ပြီး ဖြစ်ကြောင်း၊ ---
ဦးနေဝင်း၏ကျန်းမာရေးအတွက်သာ ယတြာနှင့် ကူညီမှုများပြုလုပ်ပေး ခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံတော်ပုန်ကန်မှုတွင် ပါဝင်သည်ဟုစွပ်စွဲကာ အဖမ်းခံခဲ့ရဟု စကြာအောင်ပွင့်ခေါင် ထုတ်ဖော်
Posted: 20 Nov 2013 02:46 AM PST
ဦးနေဝင်း၏ ကျန်းမာရေးအတွက် ၄င်း၏မြေးများက လာရောက်မေးမြန်းခဲ့ရာ တတ်ကျွမ်းသည့်ပညာရပ်ဖြင့် ကူညီခဲ့ပြီး နောက်ပိုင်း ရင်းနှီးပတ်သက်ခဲ့ရာ မှ နိုင်ငံတော်ပု န်ကန်မှုတွင် ပါဝင်သည်ဟု စွပ်စွဲကာ အဖမ်းခံခဲ့ရခြင်းဖြစ် သည်ဟု မကြာမီကပြန်လည်လွတ်မြောက်လာသော ကိုမျိုးမြင့်အောင် (အမှန်ဟောမနော မယစကြာအောင် ပွင့်ခေါင်) က ထုတ် ဖော်လိုက်သည်။ ၄င်းအား ၂ဝဝ၂ ခုနှစ် ၃ လပိုင်း တွင် ထောက်လှမ်းရေး ၂၆ မှ ဗိုလ်ကြီး ကျော်ကျော်ထွန်းက လာရောက်ခေါ် သွားခဲ့ပြီး ဦးနေဝင်းမြေးများနှင့် ပတ် သက်ပြီး နိုင်ငံတော်ပုန် ကန်မှု၊ အာဏာ သိမ်းမှုများဖြစ်ခဲ့ရာ ပါဝင် ပတ်သက်နေ သည်ဟု ပြောခဲ့ကြောင်း ၄င်းကဆိုသည်။ ---
ကျီစု သုသာန်အကျွတ်အလွတ် ပွဲတွင် တစ်နာရီအတွင်း အမဲသားများ ကုန်သွားဟု ဆို
Posted: 20 Nov 2013 01:26 AM PST
ကျီစု သုသာန်၌ ဝေမာနိကများ အား ထမင်းကျွေးမွေးရာ၌ အမဲသား များမှာ တစ်နာရီအတွင်း အားလုံး နီးပါး ကုန်ဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၈ရက် ညတွင် သေလွန်ပြီးနောက် မကျွတ်မလွတ် ဘဲ ဝေမာနိက ဘဝသို့ ရောက်နေ သူများ ကျွတ်လွတ်စေရန် အ ကျွတ်အလွတ်ပွဲ မကျင်းပမီ တစ် ရက်အလိုတွင် ဝေမာနိကများအား ထမင်းအစားအသောက်များ စား နိုင်ရန် ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစု သုသာန်ပတ်လည်တွင် ထမင်းပုံ များနှင့် အတူ အမဲသားများ ထား ပေးခဲ့ရာတွင် ယင်းသို့ဖြစ်ရပ် ဖြစ်ပွား ခဲ့ကြောင်း ရွှေသန်လျင် ပရဟိတလူငယ် နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်း က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။ ----
ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုသုသာန်တွင်ပြုလုပ်သော အကျွတ်အလွတ်ပွဲတော်တွင် ရေစက်ချ အမျှဝေရန်အတွက် တရားနာစဉ်။ ဓာတ်ပုံ-ငယ်ထွေး - Yangon Media Group
ဧည့်စာရင်းလာစစ်သော ဆယ်အိမ်မှူး မဖွယ်မရာပြုလုပ်ပြီး ရိုက်နှက်
Posted: 20 Nov 2013 01:20 AM PST
ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်တွင် ဆယ်အိမ်မှူးသည် ဧည့်စာရင်းစစ်မည်ပြောပြီး အိမ်ရှင်အမျိုးသမီးကို မဖွယ်မရာ ပြုလုပ်ကာ ဘေးမှ ၀င်ရောက်ပြောဆိုသူကို အုပ်စုဖွဲ့ရိုက်နှက် ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါ ဆယ်အိမ်မှူးသည် နိုဝင်ဘာ ၁၈ ရက်၊ နံနက် ၁ နာရီတွင် မသီတာစန်းမြနေအိမ်သို့ “ငါကဒီရပ်ကွက်ရဲ့ ဆယ်အိမ်မှူး ဧည့်စာရင်း စစ်မယ်” ဟုပြောကာ မသီတာစန်းမြ၏ ခန္ဓာကိုယ်အား ပွတ်သပ်ကာမဖွယ်မရာ ပြုလုပ် ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်မှုကြောင့် ဘေးမှ မသီတာစန်းမြ၏ သူငယ်ချင်းဖြစ်သူ ဦးကျော်မျိုးနိုင်က ၀င်ရောက်ပြောဆိုရာ “မင်းကဘာကောင်မို့လဲ ငါ့အကြောင်းသိမယ်” ဟု ပြောကာ ထွက်သွားခဲ့သည်။ ---
ပုံစံတူဒဏ်ရာများဖြင့် သေဆုံးနေသည့် သားအမိနှစ်ဦးရုပ်အလောင်းတွေ့
Posted: 20 Nov 2013 01:14 AM PST
မင်္ဂလာဒုံတွင် အသက် ကိုးနှစ်အရွယ် သမီးငယ်နှင့် မိခင်ဖြစ်သူတို့နှစ်ဦးပုံစံတူ လည်ပင်းပြတ်ရှဒဏ်ရာ များဖြင့် သတ်ဖြတ်ခြင်းခံထားရမှုကို နိုဝင်ဘာ ၁၉ ရက် နံနက်အစောပိုင်းက တွေ့ရှိခဲ့သည်ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုလိုက်သည်။ အဆိုပါ အမှုမှာ မင်္ဂလာဒုံမြို့နယ် ပလရရပ်ကွက်၊ ဘောဂ(၂)လမ်းရှိ နေအိမ်တစ်ခုတွင် ဖြစ်ပွားသွားခဲ့ ခြင်း ဖြစ်သည်။ “ဒီအမျိုးသမီးလမ်းဘေးမှာ လဲနေတာကို သူခိုးကြီးညကဆော့နေတဲ့ ကလေးငါးယောက်က အရင်စတွေ့ ခဲ့တာ၊ နံနက် ၁ နာရီ ၅ မိနစ်လောက်မှာပါ။  ---
မန္တလေး စပါးနှံတာယာစက်ရုံ လုပ်သား ၃၀၀ ဆန္ဒပြ
Posted: 20 Nov 2013 01:11 AM PST
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းရှိ စပါးနှံတာယာစက်ရုံမှ အလုပ်သမား ၃၀၀ ခန့်သည် တနင်္ဂနွေနေ့ အလုပ်ပိတ်ပေးရန်နှင့် လစာငွေ နှစ်သောင်းတိုးပေးရန် ထိုစက်ရုံရှေ့၌ပင် သပိတ်စခန်းဖွင့် တောင်းဆိုလျှက်ရှိသည်။ နိုဝင်ဘာလ ၂၀ရက် နံနက်၈နာရီမှစတင်ကာ တောင်းဆိုဆန္ဒပြနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ တောင်းဆိုခြင်းများကို အလုပ်ရှင်ဘက်မှ လိုက်လျောမှုမပေးမခြင်း သပိတ်စခန်းဖွင့် တောင်းဆိုသွားမည်ဟု ဦးဆောင်သူ ကိုဝင်းဇော်ဟိန်းက မဇ္ဈိမကိုပြောသည်။ ---
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းရှိ စပါးနှံ တာယာစက်ရုံမှ အလုပ်သမား၃၀၀ခန့်က လစာနှစ်သောင်း တိုးပေးရန်နှင့် တနင်္ဂနွေနေ့အား ပိတ်ရက်ပေးရန် တောင်းဆိုကာ စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်နေသည်ကို နိုဝင်ဘာလ ၂၀ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ
စကော်ပီယံဂိုဏ်းနှင့် လုံးဝပတ်သက်ခဲ့ခြင်း မရှိဟု ငြင်းဆိုလိုက်သည့် ဦးနေဝင်းမြေးများ
Posted: 20 Nov 2013 01:08 AM PST
၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက လွတ်မြောက်ခဲ့သူ ဦးအေးဇော်ဝင်း၊ ကိုဇွဲနေဝင်းတို့နှင့် ၂ဝ၁၃ နိုဝင်ဘာ ၁၅ ရက်နေ့ တွင် လွတ်မြောက်လာခဲ့သူ ကိုအေးနေဝင်းနှင့် ကိုကျော်နေဝင်း
တစ်ချိန်က ဘုန်းမီးနေလတောက် ခဲ့သော ရဲဘော်သုံးကျိပ်ဝင်၊ တော်လှန် ရေးကောင်စီဥက္ကဋ္ဌ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ စသည့် တာဝန် များကို ထမ်းဆောင်ခဲ့သူ ဦးနေဝင်း၏ သားသမီးမြေးများ ဖမ်းဆီး ခံခဲ့ရပြီးနောက် ဒေါ်စန္ဒာဝင်းသည် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာ ၁ဝရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့ သည်။ ----
မေးမြန်းချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အေးနေဝင်းသည်သဘောထားပျော့ပြောင်းပြီး ဖိနှိပ်ချုပ်ချယ်မှုများကို မနှစ်သက်သူဖြစ်ဟု ၀ါရင့် သတင်းစာ ဆရာကြီး ဦးဝင်တင်ပြောကြား
Posted: 20 Nov 2013 01:05 AM PST
ဦးနေဝင်း၏ မြေးများအကြောင်းကို အားလုံးမသိသော်လည်း အင်းစိန် ထောင်အထူးတိုက်တွင် အကျဉ်း ကျခံရစဉ်က ဆုံစည်းမှုအရ အ ကြီးဆုံးမြေးဖြစ်သည့် အေးနေ ဝင်းသည် သဘောထား ပျော့ ပျောင်း ပြီး ဖိနှိပ် ချုပ်ချယ်မှုများ ကို မနှစ်သက်သူဖြစ်ကြောင်း ဝါ ရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ပြောသည်။ ယင်းအပြင် ပညာတတ်လူ ငယ်တစ်ဦးဖြစ်ပြီး ဘာသာရေး ကိုင်းရှိုင်းသူတစ်ဦးလည်း ဖြစ် ကြောင်း ၊အင်းစိန် အကျဉ်း ထောင် အထူး တိုက်တွင် အကျဉ်းကျခံနေရစဉ် အေးနေဝင်းနှင့် ရင်းနှီးစွာစကား ပြောဖူးသည့် ဟံသာဝတီ ဦးဝင်း တင်က ပြောသည်။ ---
တောင်ငူ ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို ဖမ်းမိ
Posted: 20 Nov 2013 01:00 AM PST
တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်းတွင် လွန်ခဲ့သော တစ်လကျော်ခန့်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယရှိသူ စောထွန်းထွန်းကို တောင်ငူခရိုင် ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၃ (တောင်ငူခရိုင်) မှ တာဝန်ရှိသူများ၏ အကူအညီဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်က ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ အကြီးတန်း ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။ ---
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့တရားဝင်ထုတ်ပြန်ထားတဲ့လူမျိုးစု ၁၃၅ မျိုးမှာ ရိုဟင်ဂျာဆိုတာမပါပါဘူး
Posted: 20 Nov 2013 12:52 AM PST
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီနှင့်တွေ့ဆုံခြင်း
ရိုဟင်ဂျာအဖြစ် အသိအမှတ် ပြုရေး တောင်းဆိုနေသည့် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် နိုင်ငံသားဖြစ်ရေး အစီအစဉ်နှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် 7Day News တွေ့ဆုံမေးမြန်း ထားသည်များမှ ကောက်နုတ်တင်ပြလိုက်ပါသည်။
မေး- ဘင်္ဂါလီတွေ လက်ရှိတောင်းဆိုနေတဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး ၀န်ကြီးဌာနက ဘယ်လိုဆောင်ရွက်ပေးထားပါသလဲ။ ---
မေးမြန်းချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တအုံနွေးနွေး ရခိုင်အရေး
Posted: 20 Nov 2013 12:47 AM PST
“စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ထက် ကျွန်တော်တို့လူမျိုးတွေ ဆက်လက်ရှင်သန်နေဖို့ပဲလိုလားတယ်”
စစ်တွေမြို့ ကုန်သည်စက်မှုအသင်းမှ အသင်းဝင်ရခိုင်အမျိုးသားတစ်ဦး၏ ပြတ်သားသော စကားသံဖြစ်၏။ အမေရိကန်၊ ဆွစ်ဇာလန်၊ အင်္ဂလန် စသည့်အနောက်နိုင်ငံများမှ ပူးတွဲသံတမန်မစ်ရှင်အဖွဲ့၏ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဟု ပြောကြားချက်အပေါ် တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လယ်ယာမြေပြန်ရအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကြေးရယူထားသူ ခေတ်သစ် ပြည်သူ့ပါတီဝင် နှစ်ဦး အဖမ်းခံရ
Posted: 20 Nov 2013 12:40 AM PST
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ်အတွင်းရှိ လယ်သမားများအား လယ်မြေပြန်လည်ရရှိရန် ဆောင်ရွက် ပေးမည်ဟု ဆိုကာ ငွေကြေးရယူ ထား သော ခေတ် သစ်ပြည်သူ့ပါတီဝင်နှစ်ဦး အား ရဲစခန်းမှ ထိန်းသိမ်း ထားသည်ဟု သိရသည်။ ခေတ်သစ်ပြည်သူ့ပါတီ အရန်ဗဟိုအလုပ် အမှုဆောင် ကော်မတီ ဝင် ဦးသိန်းတန်က ဖြစ် ရပ်အား စုံစမ်း နေပြီး ဟုတ်မှန်ပါက ပါတီဘက်က လည်း ထိုသို့လုပ်ကိုင်မှုကို လက်ခံသွား မည်မဟုတ်ဟု ပြောသည်။ ---
ဆီးဂိမ်းတွင်ပြည်တွင်း အားကစားသမား ထိခိုက်သေဆုံးပါက အာမခံကြေး ကျပ်သိန်း ၅ဝ ပေးအပ်မည်
Posted: 20 Nov 2013 12:32 AM PST
အားကစားသမားများမှ ငွေကြေး ထည့်ဝင်ရန်မလိုဘဲ ဆီးဂိမ်း အတွင်း သေဆုံးမှုဖြစ်ပေါ်ပါက မြန်မာ့အာမခံ လုပ်ငန်းမှ လျော်ကြေး ကျပ်သိန်း ၅ဝ ပေးအပ်မည်ဟု သိရသည်။ ပြည်တွင်းအားကစားသမားများ အတွက် အားကစားသမားများ ကိုယ် အင်္ဂါထိခိုက်မှုအာမခံကို မြန်မာ့အာမခံ လုပ်ငန်းနှင့်ပုဂ္ဂလိကအာမခံ ကုမ္ပဏီ ၁၁ ခုတို့မှ ပူးပေါင်းထည့်ဝင်ပေးမည် ဖြစ်သဖြင့် အားကစားသမားများမှ ထည့်ဝင်ရန်မလိုအပ်ခြင်းဖြစ်သည်။ ---
လမ်းဘေးရှိ ပါဝါမျက်မှန်များကြောင့် မျက်သားနှင့် မျက်စိမြင်လွှာများ ပျက်စီးနိုင်
Posted: 20 Nov 2013 12:22 AM PST
လမ်းဘေးတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော ပါဝါမျက်မှန်များကြောင့် မျက်စိအတွင်းရှိ မျက်သားနှင့်
မျက်ကြည်လွှာ ပျက်စီးဆုံးရှုံးနိုင်ကြောင်း မျက်စိအထူး ကုဆေးရုံကြီး မျက်စိစမ်းသပ်ဌာနမှ မျက်စိစမ်းသပ်ဆရာ ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။ “မျက်စိ တစ်ဖက်နဲ့တစ်ဖက်က ပါဝါမတူဘူး၊ လမ်းဘေးမှာ အလွယ်တကူရတဲ့ မျက်မှန်တွေကျတော့ နှစ်ဖက်လုံး ပါဝါ တူနေတော့ မျက်စိကို ထိခိုက်တာပါ၊ ပထမဆုံး မျက်လုံးအတွင်းသားကို ထိခိုက်မယ်။ မျက်စိပါဝါ တက်မယ်။ ပြီးရင် မျက်ကြည်လွှာကို ထိခိုက်မယ်”ဟု ဦးဝင်းနိုင်ထွန်းက ဆက်လက်ပြောကြားသည်။ ---
Thit Htoo Lwin
unread,
Nov 21, 2013, 10:27:22 AM11/21/13
to thuau...@gmail.com
မန္တလေး စက်သုံးဆီ ဆိုင်များတွင် ရောင်းချနေသည့် ဆီ အရည်အသွေး စစ်ဆေးမည်ဟုဆို
Posted: 21 Nov 2013 05:32 AM PST
မြန်မာနိုင်ငံ အထက်ပိုင်းရှိ စက်သုံးဆီများ အဓိက ရောင်းဝယ်ရာ ဗဟိုဖြစ်သည့် မန္တလေးမြို့တော်ရှိ စက်သုံးဆီ အရောင်းဆိုင် များတွင် ရောင်းချလျက် ရှိသည့် စက်သုံးဆီ အရည်အသွေးကို ဒီဇင်ဘာလကုန်ပိုင်းတွင် စစ်ဆေးမည် ဖြစ်ကြောင်း အဆိုပါ စစ်ဆေးမှုများ ဆောင်ရွက်မည့် မန္တလေးတိုင်း ဒေသကြီး စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်းဥက္ကဋ္ဌ ဦးသက်ဝေက ပြောကြားသည်။ ယင်းကဲ့သို့ စစ်ဆေးနိုင်ရန်အတွက် မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်ထံ ခွင့်ပြုချက် တောင်းခံထားကြောင်း ၎င်းထံမှ သိရသည်။ ---
ဥက္ကံ ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ သစ်ထုတ်လုပ်ရေး ဝန်ထမ်းတစ်ဦး အလုပ်နှင့် ထောင်ဒဏ် ငါးနှစ် ချခံရ
Posted: 21 Nov 2013 05:28 AM PST
ဥက္ကံမြို့တွင် လွန်ခဲ့သော ခုနစ်လခန့်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ တိုက်ကြီးမြို့နယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းမှ အသက် ၃၃ နှစ်အရွယ် ဝန်ထမ်း ကိုဆန်းလင်းထွန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က တိုက်ကြီးမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ကြောင်း ၎င်း၏ မိသားစုဝင် တစ်ဦးထံမှ သိရှိရသည်။ ကိုဆန်းလင်းထွန်းသည် တိုက်ကြီးမြို့နယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းတွင် အကြီးတန်း စာရေးအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပြီး ဝန်ထမ်း လုပ်သက် လေးနှစ်ခန့် ရှိကြောင်း၊ ဥက္ကံပဋိပက္ခ ဖြစ်ပွားခဲ့သော ဧပြီလ ၃၀ ရက်နေ့တွင် ၎င်းနေထိုင်ရာ ဥက္ကံမြို့ ဗန္ဓုလရပ်ကွက်မှ တိုက်ကြီးမြို့နယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းသို့ သွားကာ လစာထုတ်နေသည်ဟု အထက် အရာရှိများက ထွက်ဆိုခဲ့ရုံသာမက ---
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား အီးယူမှ ပညာရှင်များက လူစုလူဝေး စနစ်တကျ စီမံထိန်းသိမ်းနည်း သင်တန်းပေး
Posted: 21 Nov 2013 05:26 AM PST
လူစုလူဝေးကို စနစ်တကျစီမံထိန်းသိမ်းနိုင်ရန် ဥရောပသမဂ္ဂ ကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ၁၂ ရက်ကြာ သင်တန်းပေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ နိုဝင်ဘာ ၁၉ ရက် နံနက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၈) ရဲတပ်ရင်းတွင် အီးယူနည်းပြ အရာရှိခုနစ်ဦးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၀၀ အား လူစုလူဝေး စနစ်တကျစီမံထိန်းသိမ်းမှုလုပ်ငန်း (Crowed Management)သင်တန်းကို နိုဝင်ဘာ ၃၀ ရက်အထိ သင်ကြားပို့ချနေခြင်းဖြစ်သည်။  ---
လုံခြုံရေးဆောင်ရွက်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
သူရိယနေ၀န်းဖောင်ဒေးရှင်း ကလေးဆေးရုံ ဆေးဝါးအဓိကလှူဒါန်းမည်
Posted: 21 Nov 2013 05:17 AM PST
သူရိယနေ၀န်း ဂျာနယ်က မတည်ငွေ ထည့်ဝင်ပြီး ဖြစ်ပေါ်လာသော သူရိယနေ၀န်းဖောင်ဒေးရှင်းသို့ လှူဒါန်းမှုကို သန့်ရှင်းသော စီးပွားရေး လုပ်ငန်းရှင်များနှင့် လုပ်ကိုင်နေသော အလှူရှင်များ လှူဒါန်းမှုသာ ဖိတ်ခေါ် သွားမည်ဖြစ်ပြီး ဖောင်ဒေးရှင်းက ကလေးဆေးရုံရှိ ကလေးသူငယ် ဆေးဝါးကို အဓိကလှူဒါန်း သွားမည်ဖြစ်ကြောင်း သူရိယနေ၀န်းဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက ပြောဆိုသည်။ ---
မန္တလေးတွင် လူနေတိုက်ခန်းနှင့် ဂိုဒေါင် တစ်ခုအတွင်းမှ လက်နက်များတွေ့
Posted: 21 Nov 2013 05:10 AM PST
မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ လူနေအိမ် တိုက်ခန်း တစ်ခန်းနှင့် ဂိုဒေါင်တို့ကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သတင်းအရ သွားရောက် ရှာဖွေရာ ချွန်ထက်သော လက်နက်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ အဆိုပါ နေအိမ်တိုက်ခန်း အတွင်းမှ ဂျင်ကလိ လက်နက်များ ထည့်ထားသော ပီနံအိတ်တစ်လုံး၊ ဂိုဒေါင်အတွင်းမှ နှစ်ခွချွန် ခက်ရင်းခွ ၁၂ စုံ၊ လှံတစ်ချောင်း၊ ဓားဦးချွန်မျိုးစုံ၊ ဓာတ်ဆီ စိမ်ထားသည့် ပုလင်းကွဲများ၊ သံတိုသံစ ရောထောင်းရာတွင် အသုံးပြုသည့် ငရုတ်ဆုံ၊ ယမ်းကြိုးခွေများ၊ မိုင်းအဆင့် ပြုလုပ်ထားသော ပိုက်လုံး ခုနစ်လုံးတို့ တွေ့ရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။ ---
ငွေကျပ် နှစ်သောင်းပေးကာ စေခိုင်းမှုကြောင့် တည်းခိုခန်း ဗုံးဖောက်ခွဲဟုဆို
Posted: 21 Nov 2013 05:07 AM PST
တောင်ငူမြို့ ကန်လမ်း ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ဒုတိယပတ်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် ပြစ်မှု ကျူးလွန်သူဟု ယူဆရသော စောထွန်းထွန်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ငွေကျပ် နှစ်သောင်းပေးကာ စေခိုင်းမှုကြောင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ထုတ်ဖော် ဝန်ခံခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အကြီးတန်း ရဲအရာရှိကြီး တစ်ဦးက The Voice သို့ ပြောကြားသည်။ ---
တမူးမြို့နယ်တွင် အသေးစားပေါက်ကွဲမှုဖြစ် အသေအပျောက်မရှိ
Posted: 21 Nov 2013 05:05 AM PST
မြန်မာ - အိန္ဒိယ နယ်စပ် တမူးမြို့နယ် အောင်ဇေယျမြို့သစ်တွင် နိုဝင်ဘာလ ၂၁ရက် နံနက် ၁နာရီ ၀၅ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသည်ဟု သနန်မြို့သစ်၊ မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေး ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။ လက်ရှိတွင် ဖောက်ခွဲသူများနေထိုင်နိုင်သည်ဟု ယူဆရသည့် နေရာများသို့ ခလရ(၈၇)တပ်မှ ဦးစီး၍ အောင်ဇေယျနယ်မြေရဲစခန်းမှူးတို့က စုံစမ်းလျက်ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အိမ်ပိုင်ရှင်မှာ ဒေါ်ဝင်းတင်ဖြစ်ပြီး အိမ်ဈေးဆိုင်နှင့် သူမ၏ မိခင်ဖြစ်သူ ဒေါ်ပုတို့ဖြစ်သည် ဟု ရဲဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။ ---
ထိုင်း​တောင်​ပိုင်း ​ဖူး​ခက်​တွင် ​မူး​ယစ်​ဆေး​၀ါး​မှု​ဖြင့် ​မြန်​မာ​အ​လုပ်​သ​မား ၅ ​ဦး​ကို ​ဖမ်း​ဆီး
Posted: 21 Nov 2013 04:57 AM PST
ထိုင်း​နိုင်​ငံ​တောင်​ပိုင်း ​ဖူး​ခက်​ခ​ရိုင် ​ထ​လန်​မြို့​မှာ ​ဘိန်း​စာ​ရွက်​နဲ့ ​ဆေး​ခြောက်​တွေ ​ရောင်း​ချ​နေ​တဲ့ ​မြန်​မာေ​ရွှ့​ပြောင်း​အ​လုပ်​သ​မား ၅ ​ဦး​ကို ​ထိုင်း​မူး​ယစ်​ရဲ​တပ်​ဖွဲ့​၀င်​တွေ ၀င်​ရောက်​ဖမ်း​ဆီး​ခဲ့​ကြောင်း ​မန်​နေ​ဂျာ​အွန်​လိုင်း ​ထိုင်း​သ​တင်း​မှာ ​ဖော်​ပြ​သွား​ပါ​တယ်။ အ​မှတ် ၅ ​ခ​ရိုင် ​ရဲ​တပ်​ဖွဲ့​က ​ရဲ​မှူး​ကြီး ၀ပ်​ချ​ရ​ဖွန်း​က ​သ​တင်း​ထောက်​တွေ​ကို ​ပြော​ကြား​ချက်​အ​ရ ​တ​လန်​မြို့ ​ချိန်း​ထ​လေး​ရပ်​ကွက်​က   ​မြန်​မာ​အ​လုပ်​သ​မား​တွေ ​နေ​ထိုင်​ရာ ​တန်း​လျား​မှာ ​ဘိန်း​စာ​ရွက်၊ ​ဆေး​ခြောက်​နဲ့ ​ချောင်း​ဆိုး​ပျောက်​ဆေး​တွေ ​ရောင်း​ချ​နေ​ကြောင်း​  ---
ညောင်ဦးတွင် ပြင်သစ်နိုင်ငံသူ ခါးပတ်အိတ် ဆိုင်ကယ်စီးသူ ဆွဲယူ ထွက်ပြေး
Posted: 21 Nov 2013 02:27 AM PST
မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့ ပုဂံမြို့ဟောင်းလမ်း ထီးလိုမင်းလိုဘုရားနှင့် ရွှေလိပ်တူးဘုရား ကြားတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က စက်ဘီးဖြင့် သွားနေသော ပြင်သစ်နိုင်ငံသူ တစ်ဦး၏ ခါးပတ်အိတ်ကို ဆိုင်ကယ်ဖြင့် နောက်က လိုက်၍ ဆွဲယူ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် ညောင်ဦးမြို့ ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။ ---
နိုင်ငံခြား ခရီးသွားများအားတွေ့ ရစဉ်
ရိုဟင်ဂျာကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ငြင်းဆန်မည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြောကြား
Posted: 21 Nov 2013 02:18 AM PST
ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မြန်မာအစိုးရအား ရိုဟင်ဂျာများကို နိုင်ငသားဖြစ်ခွင့်ပေးရန် တိုက်တွန်းချက် အပေါ် ဥပဒေနှင့် မကိုက်ညီသော လူမျိုးများအား မည်သည့် နိုင်ငံ တကာအဖွဲ့အစည်း များအနေ ဖြင့် တိုက်တွန်းရင်တောင် လက်ခံမည်မဟုတ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရရှိသူ
ဦးရဲထွဋ်က ပြောကြားသည်။ ရိုဟင်ဂျာများကို နိုင်ငံသားပြုခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မတီက မြန်မာအစိုးရအား နိုဝင်ဘာ ၁၉ တွင် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ---
ကြာညိုပြင်ရွာမှ ၆ နှစ် အရွယ် ကလေးမ သတ်ဖြတ်မူ သံသယ ဖြစ်ခံရသူ ၇ ဦးအား ဖမ်းဆီး စစ်ဆေး
Posted: 21 Nov 2013 02:04 AM PST
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ အသက် (၆) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား မဖွယ်မရာ ပြုလုပ် သတ်ဖြတ်မူနှင့် ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ (၇) ဦးခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။ သံသယဖြင့် ဖမ်းဆီးခံသူများမှာ ရခိုင် လူမျိုး (၄) ဦးနှင့် မွတ်ဆလင် (၃) ဦးတို့ ဖြစ်ကြောင်း ကျောက်တော် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။ ---
သတ်ဖြတ်ခံခဲ့ရသူ မိမိငယ် (၆) နှစ်၊ (ဓါတ်ပုံ- Rakhine citizen journalists)
ပေါက်တောမြို့နယ်မှ အသက် (၅) နှစ်အရွယ် ကလေးမ သတ်မူ ၅ ဦး အဖမ်းခံရ
Posted: 21 Nov 2013 02:00 AM PST
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စောမဲကျီ ခမီးရွာတွင် အသက် (၅) နှစ်အရွယ် မဇလပ်ဝါ အသတ်ခံရမူနှင့် ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ (၅) ဦးကို ရဲက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်း ရရှိသည်။ ဖမ်းဆီးခံရသူများမှာ စောမဲကျီရွာတွင် နေထိုင်သူ (၁) ကိုအောင်နိုင်စိုး (၂) မောင်ကာလု (၃) ခင်ထွန်းမောင် (၄) ကိုရင်မောင် နှင့် (၅) ကိုဦးကျော်ဝင်တို့ ဖြစ်ကြပြီး ငါးယောက်စလုံးမှာ ခမီးအမျိုးသားများ ဖြစ်ကြသည်ဟု စောမဲကျီရွာမှ လူကြီး တစ်ဦးက ပြောသည်။ ---
မသန်စွမ်းသူများ အခွင့်အရေး ဥပဒေမူကြမ်း ရေးဆွဲ ပြီးစီး
Posted: 21 Nov 2013 01:48 AM PST
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ရေးဆွဲထားသော မသန်စွမ်းသူများ၏ အခွင့်အရေးများ ဥပဒေ နောက်ဆုံးအဆင့် မူကြမ်းကို နိုဝင်ဘာ လဆန်းပိုင်းတွင် အပြီးသတ် ရေးဆွဲထားပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က The Voice သို့ ပြောကြားသည်။ ရေးဆွဲထားပြီးသော နောက်ဆုံးအဆင့် မူကြမ်းကို ရှေ့နေချုပ်ရုံးသို့ တင်သွင်းသွားမည် ဖြစ်ပြီး လာမည့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစိုးရအဖွဲ့မှ တစ်ဆင့် လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ ---
၂၀၁၃-၂၀၁၄ ပညာသင် နှစ်မှစ၍ စတုတ္ထ တန်းနှင့် အဋ္ဌမတန်း စာမေးပွဲများ မြို့နယ် နှင့် ခရိုင်အဆင့် တို့ဖြင့် စစ်ဆေးတော့မည်
Posted: 21 Nov 2013 01:44 AM PST
၂၀၁၃-၂၀၁၄ ပညာသင် နှစ်မှစတင်၍ အခြေခံပညာ စတုတ္ထ တန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ အား မြို့နယ်အဆင့်နှင့် ခရိုင်အ ဆင့်တို့ဖြင့် စစ်ဆေးပေးတော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါစစ်ဆေးမှုအရ အ ခြေခံပညာစတုတ္ထတန်း (Grade 5)အား မြို့နယ်ဘုတ်အဖွဲ့မှစစ်ဆေး မည်ဖြစ်ပြီးအဋ္ဌမတန်း (Grade -9)အား ခရိုင်(သို့မဟုတ်)တိုင်း ဒေသကြီး/ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဘုတ်အဖွဲ့များ က စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ---
ဘာသာရေးအဆောက်အအုံ ဗုံးခွဲဖို့ ကြံစည်သူတွေ ဖမ်းမိ
Posted: 21 Nov 2013 01:21 AM PST
အစ္စလာမ် ဘာသာရေး အဆောက်အဦတွေကို ပစ်မှတ်ထား ဗုံးဖောက်ခွဲဖို့ ကြံစည်စီစဉ်မှုနဲ့ မသင်္ကာသူ သုံးဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီး၊ ကရင်ပြည်နယ်နယ်စပ်မှာ ဖေါက်ခွဲရေး သင်တန်းတက်ပြီးတဲ့နောက် ဗလီတွေကို ဗုံးထောင်တိုက်ခိုက်ဖို့ စီစဉ်နေကြသူတွေဖြစ်ကြောင်း၊ သူတို့ကို သက်ဆိုင်ရာက စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းက ဖေါ်ပြပါတယ်။---
ရဲချုပ်များ၊ ထွေအုပ်များနှင့် မြို့နယ်ရဲစခန်းများကို တရားဥပဒေစိုးမိုးရေးကော်မတီ စိစစ်မည်
Posted: 21 Nov 2013 01:17 AM PST
ရဲချုပ်၊ ထွေအုပ်နှင့် မြို့နယ်ရဲစခန်းများကို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက လေ့လာစိစစ်မှုများပြုလုပ်တော့မည်ဟု ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က နိုဝင်ဘာ ၂၀ ရက်တွင် ပြောသည်။ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရဲချုပ်နှင့်ရဲစခန်းများကိုပါ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေး လေ့လာမှုပြုရန် သမ္မတ၏ ညွန်ကြားချက်အရ စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ရှမ်းပြည်နယ်တာချီလိတ်မြို့သို့ သွားရောက်လေ့လာမှုများ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီးကျန် တိုင်းနှင့် ပြည်နယ်များတွင်လည်း လေ့လာစိစစ်မှုများပြုလုပ်သွားမည်ဟု ဦးဝင်းမြင့်ကဆိုသည်။ ---
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ
ရခိုင်ပြည်နယ်တွင် တစ်လလျှင် လူသတ်မှု ၁၀မှုမှ ၁၅မှုအထိဖြစ်နေ
Posted: 21 Nov 2013 01:08 AM PST
ရခိုင်ပြည်နယ်တွင် လူသတ်မှုများမှာယခင်ရှိနေသည့် ပမာဏထက်သုံးလအတွင်း ထပ်မံတိုးလာသည်ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက နိုဝင်ဘာ ၂၀ရက်တွင် မဇ္ဈိမကိုပြောသည်။ ဇူလိုင်လအတွင်းက ပြည်နယ်ဥပဒေချုပ်၏ ပြောကြားချက်မှာတစ်လလျှင် လူသတ်မှု ၁၀ မှုခန့်ရှိခဲ့ရာမှ ယခုအခါ တစ်လလျှင် ၁၅ မှုသို့ ငါးမှုထပ်တိုးလာခြင်းဖြစ်သည်။ “လူသတ်မှုသီးသန့် ၁၅မှု ကျန်တဲ့အမှုတွေလည်း ရှိသေးတယ်။ ဆူပူမှုတွေလည်း ရှိသေးပါတယ်” ဟု ဦးလှသိန်းက ဆိုသည်။ ---
အမည်မသိလူလေးဦး တိုက်ခန်းတွင်းဝင်ကာ ဓားဖြင့်ခုတ်
Posted: 21 Nov 2013 12:13 AM PST
အမည်မသိ ယောက်ျားလေးဦးမှ တိုက်ခန်းအတွင်း ၀င်ရောက်ကာ အထဲရှိလူငယ်နှစ်ဦးအား လက်သီးဖြင့်
ထိုး၊ ဓားနှင့်ခုတ် သည် ဖြစ်ရပ်ကို နိုဝင်ဘာ ၁၈ ရက်၊ ကြည့်မြင်တိုင်ဈေး၊ လေးရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ကျော်သူဇော် ၂၆ နှစ်၊ ဘုရားကုန်းကျေးရွာ၊ သန်လျှင်မြို့နယ် နေသူနှင့်၎င်း၏သူငယ်ချင်းဖြစ်သူ အောင်အောင် ၂၃ နှစ် ကြည့်မြင် တိုင်ဈေးလေး ရပ်ကွက် ရှိ အောင်အောင်၏တိုက်ခန်းတွင် ရှိနေစဉ် တိုက်ခန်း တံခါးတွန်း ဖွင့်၍ ---
အခုခေတ် ကလေးတွေ မိဘကို ပြိုင်မပြေးနိုင်
Posted: 21 Nov 2013 12:02 AM PST
ကမ္ဘာတလွှားက သန်းနဲ့ ချီတဲ့ ကလေးတွေရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်တဲ့ လေ့လာချက် တစ်ခုမှာ အခုခေတ် ကလေးတွေဟာ သူတို့ မိဘတွေ ငယ်ငယ် တုန်းကလောက် မြန်မြန် မပြေးနိုင်ကြဘူးလို့ တွေ့ရှိခဲ့ရပါတယ်။ သြစတြေးလျ နိုင်ငံက သုတေသီ တွေက နိုင်ငံပေါင်း ၂၈ နိုင်ငံက ကလေးငယ် ၂၅ သန်းကို လေ့လာ ဆန်းစစ် ခဲ့တာ ဖြစ်ပါတယ်။ ---
ကလေးတွေ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့လို
ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် ရခိုင်ပြည်နယ် ရပ်မိရပ်ဖနှင့် အာဏာပိုင် များကို အမေရိကန်သံရုံး တိုက်တွန်း
Posted: 20 Nov 2013 11:41 PM PST
ရခိုင်ပြည်နယ် အတွင်းရှိ လူမှု အဖွဲ့အစည်းများအကြား ပဋိပက္ခ အသစ်များ ထပ်မံ မဖြစ်ပွားစေရန် စောင့်ကြည့် ကြပ်မတ်ရေးကို ရခိုင်ပြည်နယ်ရှိ ရပ်မိရပ်ဖများနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင် များကို အလေးထား ဆောင်ရွက်ရန် အမေရိကန် သံရုံးက တိုက်တွန်းကြောင်း နိုဝင်ဘာ ၂၀ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ဗလီတစ်ခု ဖျက်ဆီးခံရခြင်းနှင့် ပဋိပက္ခကြောင့် ယာယီ ရွှေ့ပြောင်း နေထိုင်ရသူများအပေါ် တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများ အပါအဝင် ယင်းဒေသရှိ လူမှု အဖွဲ့အစည်းများအကြား အကြမ်းဖက်မှု ထပ်မံဖြစ်ပွားလာမည့် အရိပ်အယောင် များကို အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။---
တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ ဝင်များကို ရိုက်နှက်သူများအား အရေးယူ
Posted: 20 Nov 2013 11:36 PM PST
ယခုလ ၁၇ ရက် ည ၁၁ နာရီက မန္တလေး တိုင်းဒေသကြီးအောင်မြေသာစံမြို့နယ် (၂၆x၈ဝ) လမ်းထောင့်တွင် အောင်မြေသာစံမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင်စိန်နှင့် ရဲတပ်သားဝေယံစိုး တို့နှစ်ဦး ရပ်ကင်းတာဝန်ထမ်းဆောင်နေစဉ် ရိုက် နှက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူနှစ်ဦးကို အရေးယူထားကြောင်း အောင်မြေသာစံ မြို့မ ရဲစခန်းမှအတည်ပြုသည်။ ဆိုင်ကယ်စီးလာသော အမျိုးသားနှစ်ဦးက ဆိုင်ကယ်လီဗာကိုအသံကျယ် လောင်စွာပြုလုပ်ပြီးအော်ဟစ်ဆူညံခြင်းတို့ပြုလုပ် သဖြင့် ရဲတပ်ကြပ်ကြီးတင်စိန်က မပြုလုပ်ရန်နှင့် သွားရာလမ်းအတိုင်းသွားရန် ပြောဆိုစေလွှတ်ရာ အဆိုပါအမျိုးသားနှစ်ဦးက (၂၆)လမ်းအတိုင်း အနောက်ဘက်သို့ထွက်ခွာသွားခဲ့ပြီး ည ၁၁ နာရီ မိနစ် ၂ဝတွင် တုတ်များကိုင်ဆောင်ကာ ပြန်လည် ရောက်ရှိလာပြီး ရဲတပ်ကြပ်ကြီးတင်စိန်နှင့် ရဲတပ် သားဝေယံစိုးတို့အား ဝင်ရောက်ရိုက်နှက်ကြောင်း သိရသည်။---
စစ်တွေ၌ဖမ်းမိသော ဖောက်ခွဲရေးကြံရာ ပါဟုယူဆရသူ ရန်ကုန်သို့ခေါ်ဆောင်
Posted: 20 Nov 2013 11:33 PM PST
လှိုင်သာယာမြို့နယ်၌ဖမ်းမိသော ဗုံး ဖောက်ခွဲရန် ကြံစည်သူနှစ်ဦးနှင့် ပတ်သက် သည်ဟုယူဆရသူတစ်ဦးကို စစ်တွေတွင် ဖမ်းဆီးနိုင်ခဲ့ပြီး ရန်ကုန်သို့ခေါ်ဆောင်လာခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့သိရသည်။ လှိုင်သာယာမြို့နယ်တွင် ယခုလ ၁၃ ရက်က ဖမ်းဆီးရမိခဲ့သော ဗုံးဖောက်ခွဲရန် ကြံစည်သူနှစ်ဦးနှင့်ပတ်သက်သူ ဘိုဘိုထွန်း (ခ) ဘိုဘိုကို ယခုလ ၁၅ ရက်က စစ်တွေ မြို့ တရားသိစုရပ်ကွက်တွင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှဖမ်းဆီးနိုင်ခဲ့သည်။ ---
ကြက်သွန်နီဈေး အနိမ့်ဆုံးကျဆင်း
Posted: 20 Nov 2013 11:23 PM PST
သုံးနှစ်အတွင်း စံချိန်တင် ဈေးမြင့် ခဲ့သော ကြက်သွန်နီ ဈေးအတက် တစ် လသာခံပြီး လက်ရှိတွင် အနိမ့်ဆုံးဈေး သို့ ရောက်သွားခဲ့ကြောင်း မြင်းမူ၊ မြစ် သားနှင့် ဆိပ်ဖြူ ကြက်သွန်ကုန်သည် တို့ထံမှ သိရသည်။ ကြက်သွန်ကုန်သည်တို့ကပင် စီး ပွား/ကူးသန်းဝန်ကြီးဌာနသို့ တင်ပြ ကာ ဈေးချပေးရန် တောင်းဆိုခဲ့ဖူးသည်အထိ ဈေးမြင့်ခဲ့ပြီး နှစ်ပတ်အတွင်း ဈေးကျ လာခြင်း လည်း ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။ ---
အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို ဆယ်အိမ်မှူးက ဝါယာကြိုးဖြင့် ရိုက်နှက်ကာ ထိတ်တုံးခတ်ဟုဆို
Posted: 20 Nov 2013 11:20 PM PST
အမျိုးသမီးငယ်ကို ဆယ်အိမ်မှူးက မဖွယ်မရာ ပြုလုပ်၍ ဝင်ရောက် တားမြစ်သည့် လူငယ်တစ်ဦးကို ဆယ်အိမ်မှူးနှင့် လူနှစ်ဦးတို့က လက်ပြန်ကြိုး တုပ်ပြီး ဝါယာကြိုးထုံးဖြင့် ရိုက်နှက်ကာ ထိတ်တုံး ခတ်ခဲ့မှုတစ်ခု ဒဂုံ (မြို့သစ်ဆိပ်ကမ်း) မြို့နယ် အမှတ် ( ၆၇) ရပ်ကွက် ချင်းတွင်းလမ်းသွယ် ၄ တွင် နိုဝင်ဘာလ ၁၈ ရက် နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ အဆိုအရ သိရသည်။ ---
ပြုပြင်ပြောင်းလဲရေးလမ်းမှန်ရင် ဒေသတွင်းခေါင်းဆောင်ဖြစ်ဖို့ မြန်မာကို အမေရိကန်ကူမည်
Posted: 20 Nov 2013 11:17 PM PST
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်မှာပဲ တကယ့်ကို ကိုင်တွယ်ဖြေရှင်းရမယ့် လုပ်ငန်းတရပ်ကတော့ ရှိနေတုန်းပဲလို့ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Susan Rice က ပြောလိုက်ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံတွင်း လူမျိုးရေး အကြမ်းဖက်မှုတွေကိုလည်း ဘယ်လို ကျော်လွှားမလဲဆိုတာနဲ့၊ လူနည်းစု လူမျိုးတွေကို ဘယ်လို အကာအကွယ် ပေးသွားမလဲဆိုတာ ဖြစ်တယ်လို့ ပြောပါတယ်။ ---
အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Susan Rice.
Thit Htoo Lwin
unread,
Nov 22, 2013, 10:15:04 AM11/22/13
to thuau...@gmail.com
ပြင်လိုက်ညာလိုက် ပညာရေး ဘာလဲ၊ ဘယ်လဲ
Posted: 22 Nov 2013 05:45 AM PST
ပါမောက္ခချုပ်တွေအဖြစ် ခန့်အပ်ထားတဲ့ သူတွေထဲမှာ အရည်အသွေးကို မကြည့်ဘဲ အဆင်ပြေရင် ပြေသလို ကိုယ့်အုပ်စု ကောင်းစားရေးအတွက် ကိုယ့်လူကိုယ် ခန့်ထားတဲ့သူတွေ ပါနေတော့ တချို့သော ပုဂ္ဂိုလ်တွေရဲ့ အရည်အသွေး ညံ့ဖျင်းမှုတွေ အင်တာနက်ပေါ်မှာတောင် ရောက်နေတဲ့အတွက် လွတ်လပ်တဲ့ အုပ်ချုပ်ရေးသာ ပေးလိုက်မယ်ဆိုရင် ငှက်ပျောတောကို မျောက်စောင့်ခိုင်းတဲ့ ပုံပြင်လိုဖြစ်မှာ အမှန်ပဲဗျ . . .
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြုပြင်နေသည့် အစ္စလာမ် ဘာသာရေးကျောင်းကို ပြန်လည်စိစစ်ရန် သံဃာ ၁၀၀ ကျော် တောင်းဆို
Posted: 22 Nov 2013 05:40 AM PST
သင်္ကန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းရှိ “အစ္စလာမ့်လင်းရောင်ခြည်”ဘာသာရေးကျောင်းကို မြို့တော်စည်ပင် ခွင့်ပြုချက်ဖြင့် ပြန်လည်ပြင်ဆင်ဆောက်လုပ်နေခြင်းအား မူလအကျယ်အဝန်း ဟုတ်၊ မဟုတ် ပြန်လည်စိစစ်ပေးရန် သံဃာအပါး ၁၂၀ ခန့်က သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးသို့ နိုဝင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက ချီတက်တောင်းဆိုကြသည်။ ---
သံဃာအပါး ၁၂၀က ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေး ရုံးသို့ ချီတက်ကာ အဆောက်အအုံဆောက်ခြင်းအား ပြန်လည်စိစစ် ပေးရန် တားမြစ်စဉ်။ (ဓာတ်ပုံ- မင်းမင်း၊ မဇ္ဈိမ)
သမဝါယမဘဏ်တွင် မင်္ဂလာဦးအပ်ငွေ ထားသူများ ကျပ်နှစ်သောင်း လက်ဖွဲ့မည်
Posted: 22 Nov 2013 02:54 AM PST
ပြည်တွင်း ဘဏ်များတွင် ထားရှိမှု နည်းပါသော အပ်ငွေစနစ် တစ်မျိုးဖြစ်သည့် မင်္ဂလာဦးအပ်ငွေ ထားရှိသောသူများကို လက်ဆောင်အဖြစ် ကျပ်နှစ်သောင်းပေးမည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက်ထံမှ သိရသည်။ မင်္ဂလာဦးအပ်ငွေ ထားရှိမည် ဆိုပါက လက်ထပ်စာချုပ် မိတ္တူ ဘဏ်တွင် ထားရှိရမည် ဖြစ်ပြီး ကျပ် ၁၀ သိန်းနှင့် အထက်ကို လက်ထပ်အပြီး ခြောက်လအတွင်း အပ်နှံရမည် ဖြစ်ကြောင်း၊ ဘဏ်တိုးနှုန်း တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်ပြီး အနည်းဆုံး တစ်နှစ်အပ်နှံရမည် ဖြစ်ကြောင်း သမဝါယမ ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ---
သုံးနှစ်အတွင်း ပဲဈေးအမြင့်ဆုံးဖြစ်
Posted: 22 Nov 2013 02:38 AM PST
တရုတ်နိုင်ငံမှ ၀ယ်လိုအား မြင့်တက်လာသောကြောင့် သုံးနှစ်အတွင်း မြန်မာ့ပဲမျိုးစုံ ဈေးသည် ယခုနှစ်တွင်
အမြင့်ဆုံးဖြစ်ကြောင်း မန္တလေးမြို့ ပဲကုန်သည်များထံမှ စုံစမ်းသိရှိရသည်။ ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် အိန္ဒိယပဲ အထွက် လျော့နည်းခြင်းနှင့် တရုတ်ကုန်သည်များက နယ်စပ်မှတဆင့် ၀ယ်ယူမှု များနေသောကြောင့် ပြည်တွင်း၌ ပဲဝယ်လိုအား မြင့်တက်လာပြီး ဈေးအမြင့်ဆုံးနှစ် ဖြစ်နေကြောင်း မန္တလေးမြို့ဝါရင့် ပဲကုန်သည်ကြီး ဦးဥာဏ် ထွန်းက ပြောကြားသည်။ ---
လွှတ်တော်လုံခြုံရေးတပ်ဖွဲ့တစ်ခု သီးသန့်ဖွဲ့စည်းရန် တောင်းဆိုမှုကို အစိုးရအဖွဲ့နှင့် ကာချုပ် သဘောမတူ
Posted: 22 Nov 2013 02:24 AM PST
လွှတ်တော်ဖွဲ့စည်းပုံ တိုးချဲ့ရာတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်း အတွက် ကိုယ်ပိုင်လုံခြုံရေး တပ်ဖွဲ့တစ်ခု သီးသန့်ဖွဲ့စည်း၍ ယင်းတပ်ဖွဲ့တွင် တပ်မတော်အရာရှိ ၄၀ ဦး ပါဝင်အားဖြည့်ရန် တောင်းဆို ထားခြင်းကို အစိုးရအဖွဲ့နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က သဘောမတူကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ အကြောင်းကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။ ---
ပြည်ထောင်စု လွှတ်တော်အစည်းအဝေး တက်ရောက်နေသည့် လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
People Power သတင်းစာနှင့် ယနေ့သံတော်ဆင့်ဂျာနယ် ထုတ်ဝေခွင့်မချပေး
Posted: 22 Nov 2013 02:15 AM PST
အစိုးရသစ်လက်ထက် ပြန်ကြားရေး ၀န်ကြီးဌာနမှ စာပေကင်းလွတ်ခွင့် ပေးပြီး ပုဂ္ဂလိက သတင်းစာ ဂျာနယ်များကို ထုတ်ဝေ ခွင့် နေ့ချင်း ပြီး ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန် ထားသော်လည်း အဆိုပါ ထုတ်ပြန်ချက်မှာ မမှန်က န်ကြောင်း တွေ့ရှိရသည်။ ရန်ကုန်မြို့ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ မှတစ်ဆင့် ပြန်ကြားရေး ၀န်ကြီးဌာနသို့ ထုတ်ဝေခွင့် လျှောက်ထားခဲ့သည့် ပုဂ္ဂလိက သတင်းစာ ဂျာနယ်များဖြစ်သော People Power  (ပြည်သူ့အာဏာ) သတင်းစာနှင့် ယနေ့ သံတော်ဆင့် ဂျာနယ်တို့ ထုတ်ဝေခွင့်မှာ ယနေ့(နိုဝင်ဘာ၂၁)အထိ ခွင့်ပြုချက် မရသေးကြောင်း၊ ---
မြို့နယ် နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများကို ပြည်သူက ရွေးချယ်ခွင့်ရရန် အဓိကထားပြင်ဆင်မည်
Posted: 22 Nov 2013 02:01 AM PST
မြို့နယ် နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ ခန့်အပ်ရာတွင် ပြည်သူများက သာရွေးချယ်ခွင့်ရရန် ဖွဲ့စည်းပုံ ပြင်ဆင်ရေး တွင် အဓိကထားပြင် ဆင်သွားမည်ဟု သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်က ပြော သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ-၂၈၈တွင် ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူး ခန့်အပ်ရာတွင် နိုင်ငံ့ဝန်ထမ်းများကိုသာ ခန့်အပ် တာဝန်ပေးထား သည့်အပေါ် ဒီမို ကရေစီစနစ်ကို ကျင့်သုံးနေသည့် နိုင်ငံဖြစ်သည့်အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် အဓိက ထားပြင် ဆင်ရမည်ဖြစ်ကြောင်း ဦးသိန်း ညွန့်က ပြောသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
CIF ဈေးနှုန်း ပြောင်းလဲမည့် သတင်းကြောင့် ကားဈေးကျ
Posted: 22 Nov 2013 01:39 AM PST
မော်တော်ယာဉ်များကို ထုတ်လုပ်သည့် မော်ဒယ်လ်၊ ခုနှစ်အလိုက် ဆိပ်ကမ်းအရောက် တန်ဖိုး သတ်မှတ်ချက် (Cost Insurance Freight- CIF) နှုန်းများ မြင့်တက်မည် ဟူသော သတင်းများကြောင့် ကားဝယ်ရောင်း ဈေးများ ဆက်တိုက် ကျဆင်းနေကြောင်း သီရိမင်္ဂလာ ဈေးဟောင်း ကားဝယ်ရောင်း ပွဲစားတန်းမှ ၀ါရင့် ကားပွဲစား ဦးအောင်ကျော်က နိုဝင်ဘာ ၁၅ ရက်၌ မြန်မာသံတော် ဆင့်သို့ ပြော သည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လယ်သမား အကျိုးစီးပွား ကာကွယ်ရေးဥပဒေ ဘယ်လိုလဲ
Posted: 22 Nov 2013 01:32 AM PST
စီးပွားရေးပညာရှင်များ၊ စိုက်ပျိုးရေး သုတေသနပညာရှင်များနှင့် မြန်မာလယ်သမားများ
ကိုယ်တိုင်ပင် လပေါင်းများစွာ ဝေဖန်ဆွေးနွေးခဲ့ကြပြီးနောက် 'လယ်သမားအခွင့်အရေး
ကာကွယ်ရေး နှင့် စီးပွားရေးသက်သာချောင်ချိရေး ဥပဒေ'ကို အောက်တိုဘာလ ၃ ရက် နေ့တွင်
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သောအခါ နိုင်ငံတွင်းရှိ သတင်းမီဒီယာများတွင်
ဖော်ပြသည် ဆိုရုံမျှသာ ဖော်ပြခဲ့ကြသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တိုင်းရင်းသား အခွင့်အရေးတွေအတွက် ဆက်လက် တိုက်ပွဲဝင်နေကြဦးမည့် ကေအိုင်အေ အမျိုးသမီးစစ်မှုထမ်းတွေ
Posted: 22 Nov 2013 01:29 AM PST
"တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံ"ဟု ရေးထိုးထားသော ခန်းမ၏ အပြင်ဘက်တွင် ဒုဗိုလ် ခေါန်နန် သည် ဆွေးနွေးပွဲအတွက် လိုအပ်သည်များကိုကူညီရန် စောင့်ဆိုင်း လျက်ရှိသည်။ ဖြူဖွေးသည့် အသားအရေနှင့် သွယ်လျသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း စစ်ဝတ်စုံအပြည့် ၀တ်ဆင်ထားသော သူ၏ အမူအရာသည် အနည်းငယ် မာကျော ခက်ထန်လျက်ရှိသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဒုဗိုလ်ခေါန်နန်ကို လိုင်ဇာမြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)
ထောင်ကျနေသောဖခင်အတွက် စိတ်ကြွဆေးပြားပို့ရန် ကြိုးစားသော ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဖမ်းဆီး
Posted: 22 Nov 2013 01:09 AM PST
ထောင်ကျနေသည့် ဖခင်ဖြစ်သူ သုံးစွဲရန် စိတ်ကြွဆေးပြားများပေးပို့ရန် ကြိုးစားခဲ့သော ၁၃နှစ်အရွယ် မိန်းကလေးငယ်ကို ဖမ်းဆီးထိန်းသိမ်းလိုက်သည့် ဖြစ်စဉ်တစ်ခု ကျိုင်းတုံမြို့တွင် ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ နိုဝင်ဘာ ၂၀ရက် နံနက်က ကျိုင်းတုံအကျဉ်းထောင်တွင် အကျဉ်းကျနေသူအချို့အား ၎င်းတို့၏ မိသားစုဝင်များက လာရောက်တွေ့ဆုံစဉ် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ နယ် မူးယစ်အထူးတပ်ဖွဲ့မှ ဒုရဲအုပ်ပေါ်လင်းငယ်ငယ်ကပြောသည်။ ---
ဝန်ကြီးများဖောင်းပွဟု ဝေဖန်ချိန် ဒုဝန်ကြီးတစ်ဦး ထပ်ခန့်
Posted: 22 Nov 2013 01:05 AM PST
အစိုးရအဖွဲ့အတွင်း ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ များပြားနေ၍ ကုန်ကျစရိတ်များပြားနေကြောင်း လွှတ်တော်မှ ဝေဖန်နေချိန်တွင် နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာ ၂၁ ရက်တွင် ဒုတိယ၀န်ကြီးတစ်ဦး ထပ်မံခန့်အပ်လိုက်သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးမော်သာထွေးအား ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း အမိန့်အမှတ် ၅၀/၂၀၁၃ ဖြင့် ထုတ်ပြန်သည့် အမိန့်စာတွင် ဖော်ပြထားသည်။ ---
ဝန်ကြီးများ၊ သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားကျင်းပစဉ် ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး
တိုက်ကြီးမြို့နယ်တွင် အရက်မူးလွန်ကာ နေအိမ်အားမီးရှို့
Posted: 22 Nov 2013 12:56 AM PST
၂၂.၁၁.၂၀၁၃ရက်နေ့ ၀၈၅၀အချိန် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ တိုက်ကြီးမြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့တို့သည် တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ လိမ္မော်ခြံလမ်းရှိ နေအိမ်တစ်အိမ် မီးလောင်နေကြောင်း သတင်းအရသွားရောက်ခဲ့ရာအဆိုပါလမ်းရှိ ဒေါ်ကြုံဟွမ်(ဘ)ဦးကျော်ရှိန်နှင့် သားဖြစ်သူ ဇော်ညွန့်(ခ)ပေါက်စီ (ဘ)ဦးဝမ်ကြားရှီ တို့နေထိုင်သော
လေးပင်၊ သုံးခန်း၊ ဓနိမိုး၊ထရံကာမြေစိုက်နေအိမ်အားမီးလောင်နေသည်ကို
တွေ့ရှိရပြီး ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၀၉၁၅အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါနေအိမ်မီးလောင်မှုနှင့်ပတ်သက်၍စစ်ဆေးရာသားဖြစ်သူ
ဇော်ညွန့်(ခ)ပေါက်စီသည် အရက်မူးလွန်ပြီး နေအိမ်ခန်းအတွင်းရှိ အ၀တ်ပုံအား ဂတ်(စ်)မီးခြစ်ဖြင့်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၃၂၀၀၀၀)ခန့်ဆုံးရှုံးခဲ့ကာ မီးရှို့သူ ဇော်ညွန့်(ခ)ပေါက်စီအား တိုက်ကြီးမြို့မရဲစခန်း(ပ)၃၆၀/၂၀၁၃၊ ပုဒ်မ ၄၃၆ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
ဗိုလ်ချုပ်ဂွမ်မော်၊ ဦးတေဇနဲ့ ပူတာအို၊ မချမ်းဘော၊ ရေခဲတောင်ဒေသတွေ
Posted: 22 Nov 2013 12:48 AM PST
လာကပေါ် – ကိုအောင်ကျော် ခုတလော ကေအိုင်အေ ဗိုလ်ချုပ်ဂွန်မော် သတင်း အတော် ပေါ်ပြူလာ ဖြစ်တယ်နော်။
အောင်ကျော် – ဒါပေါ့ဗျ။ စိတ်ဝင်စားဖို့လည်း ကောင်းတယ်လေ။ ဘာလဲ ခင်ဗျားက လက်ရှိ ထိုင်းနိုင်ငံ ဗန်ကောက်မှာ အလှမယ် ပြိုင်ပွဲဝင်နေတဲ့ ထားထက်ထက်တို့  သိပ်မကြာ သေးခင်ကမှ မော်စကိုက ပြန်လာတဲ့ မိုးစက်ဝိုင် တို့ကမှ ပေါ်ပြူလာ ဖြစ်မယ် ထင်နေလို့လား။ အခုခေတ်က သတင်းခေတ်ဆိုတော့ ပြည်သူတွေ စိတ် ၀င်စားတာ တွေဆို ပေါ်ပြူလာဖြစ်တာ ပေါ့ဗျာ။ တကယ်လည်း ဗိုလ်ချုပ်ဂွမ်မော် သတင်းက စိတ်ဝင်စားဖို့ ကောင်းနေတာ ကိုးဗျ။
လာကပေါ် – ဘာလဲ ခင်ဗျား၊ အဆိုတော် အယ်လ်ဆိုင်းဇီက ဗိုလ်ချုပ် ဂွမ်မော်နဲ့ တွဲပြီး ဓာတ်ပုံရိုက်တာ တွေ့မိလို့ အဲလို ထောက်ခံတာလား။ …
ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စုပိုင် AGD ဘဏ်မှ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ရှယ်ယာများ ပြန်ထုတ်ခြင်းနှင့် စပ်လျဉ်းသည့်သတင်း ငြင်းဆို
Posted: 22 Nov 2013 12:43 AM PST
လတ်တလော ဖြစ်ပေါ်လျက်ရှိသော ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စုပိုင် AGD ဘဏ်မှ ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး-ငြိမ်း) က ၄င်းပိုင် ရှယ်ယာများကို ပြန်လည် ထုတ်ယူသွားသည် ဆိုခြင်းနှင့် ထို့အတွက် နေပြည်တော်ရှိ AGD ဘဏ်ခွဲတွင် ငွေအပ်နှံထားသူများက ၄င်းတို့ အပ်နှံထားငွေများကို ပြန်လည်ထုတ်ယူမှု ပြုလုပ်နေသည် ဆိုသည့် သတင်းတို့အပေါ် မှန်ကန်မှု မရှိကြောင်း AGD ဘဏ် Chief Operation Officer ဦးသက်လွင်ရွှေက မြန်မာသံတော်ဆင့်၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားလိုက်သည်။ ---
ထားဝယ် စီမံကိန်း အီတာလျံ-ထိုင်း နုတ်ထွက်၊ မြန်မာ-ထိုင်း စာချုပ်သစ် ပြန်ချုပ်
Posted: 22 Nov 2013 12:27 AM PST
အရှေ့တောင်အာရှ ကုန်သွယ်ရေး တံခါးပေါက်အဖြစ် သတ်မှတ် ခံထားရသည့် ထားဝယ် စီမံကိန်းမှ မူလအကောင်အထည် ဖော်မည့် အီတာလျံ-ထိုင်း ကုမ္ပဏီနုတ် ထွက်သွားပြီး စီမံကိန်း ဆက်လက်လုပ် ဆောင်ရန် မြန်မာနှင့် ထိုင်းအစိုးရတို့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် လက်မှတ် ရေးထိုးကြောင်း ထိုင်းသတင်း အေဂျင်စီ TNA တွင် ဖော်ပြထားသည်။ ထားဝယ် စီမံကိန်း အကောင်အထည်ဖော်ရေး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မှု မရှိခြင်းနှင့် ရေနက်ဆိပ်ကမ်း အပါအဝင် စီမံကိန်းတွင် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် မဆောင်ရွက်နိုင်မှု တို့ကြောင့် ---
လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်းရှိ
Posted: 22 Nov 2013 12:23 AM PST
အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် (ICAO) အဖွဲ့ဝင် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်း ရှိကြောင်း ယင်းအဖွဲ့ချုပ်၏ စစ်ဆေးချက်ကို ကိုးကား၍ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။ လေကြောင်းပိုင်း ဆိုင်ရာတွင် အားနည်းချက်များ ရှိသေးသဖြင့် ပျက်ကွက်မှု ရှိနိုင်သော်လည်း ပျက်ကွက်မှုသည် ကမ္ဘာက သတ်မှတ်သည့် ပျမ်းမျှ ပျက်ကွက်မှုနှုန်း ၄၁ ရာခိုင်နှုန်း အောက်တွင်သာ ရှိကြောင်း ၎င်းက ပြောကြားသည်။ ---
မူးယစ်ဆေးဝါးချက်လုပ် စခန်း လက်နက်များနှင့်အတူ ဖမ်းဆီးရမိ
Posted: 21 Nov 2013 08:00 PM PST
ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ အတွင်း နယ်မြေခံ ပြည်သူများ၏ သတင်းပေး ချက်အရ နိုဝင်ဘာ ၁၉ရက်မှ စတင်၍ နယ်မြေခံတပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ဌာနမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင် သည့် ပူးပေါင်း အဖွဲ့သည် နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ရာ နိုဝင်ဘာ ၂ဝရက် နေ့လယ်ချိန်တွင် မုံးစီး ကျေးရွာ အရှေ့တောင်ဘက် ၅မိုင်ခန့်အကွာ ခန့်မှန်း မြေပုံညွှန်း (MG -၄ဝ၅၁၃၇) တွင် အဖွဲ့(စိစစ်ဆဲ) အင် အား ၁ဝဦး ခန့်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၎င်းအဖွဲ့များသည် နေရာ အသီးသီးသို့ ဖြန့်ခွဲ ဆုတ်ခွာ သွားခဲ့ပါသည်။ ---
လန်ဒန်က ထိန်းချုပ်ခံ အမျိုးသမီး ၃ ဦးကို ကယ်ခဲ့
Posted: 21 Nov 2013 07:45 PM PST
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ တောင်ပိုင်းက အိမ်တအိမ်မှာ နှစ်ပေါင်း ၃၀ နီးပါး ကျေးကျွန်သဘွယ် ထိန်းချုပ် ခံနေခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး ၃ ဦးကို ရဲတွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီလို သူတို့ကို ထိန်းချုပ်ထားခဲ့တာနဲ့ ပတ်သက်ပြီး အသက် ၆၇ နှစ် အရွယ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ကို ရဲ့တွေက ဖမ်းဆီးလိုက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ သူတို့ဟာ ဗြိတိသျှလူမျိုးမဟုတ်ဘူးလို့ ရဲကပြောပါတယ်။---
ထိန်းချုပ်ခံ အမျိုးသမီးတွေ ဆက်သွယ်ခဲ့တဲ့ Freedom Charity ကို ထူထောင်သူ
တရားမျှတမှု့မရှိသော တရားသူကြီး ဦးအောင်မင်း (ပေးစာ)
Posted: 21 Nov 2013 07:34 PM PST
မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ တွင်းရွာအုပ်စု၊ လျှော်ဖြူကုန်းကျေးရွာနေ ဦးဇော်မင်းဦး သားဖြစ်သူ ရမည်းသင်းမြို့ နည်းပညာ တက္ကသိုလ် ကျောင်းသား မောင်စိုင်းဇော်ဝင့်အောင် သည် (၆-ရ-၂၀၁၃)နေ့တွင် မန်းလေး သို့ ဆိုင်ကယ်ဖြင့် စီးနင်းသွားစဉ် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာအနီး ရှေ့မှမောင်းနင်လာသော mark II .ယာဉ်မှ ရုတ်တရက် ရပ်တန့်လိုက်သည့်အတွက် ဆိုင်ကယ်ငြိမိပြီး လွင့်စဉ်သွားစဉ် ဆိုင်ကယ်ကို ယာဉ်မောင်း မောင်ကျော်ဦး မောင်းနှင်လာသောယာဉ်အမှတ် (၈ခ/၆၆၇၅)  ကုန်တင်ယာဉ် ၁၂ဘီး ကားမှ ထိပ်တိုက်ဝင်ရောက်တိုက်မှုဖြစ်ပွားရာ ---
ပေးစာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြည်တွင်းရွှေဈေး ဆက်တိုက်ကျ
Posted: 21 Nov 2013 07:35 PM PST
အမေရိကန်၏ ငွေချေး လုပ်ငန်းစနစ် ပြောင်းလဲမည့် သတင်းများကြောင့် ကမ္ဘာ့ ရွှေဈေး ထိုးကျလာပြီး ပြည် တွင်းရွှေဈေး တစ်ရက်အတွင်း ၄၀၀၀ ကျပ် ကျဆင်းလာသည်ဟု ရွှေလုပ်ငန်းရှင်များ ကပြောသည်။ နိုဝင်ဘာ ၂၀ တွင် ပြည်တွင်း ရွှေဈေး တစ်ကျပ်သားလျှင် ၆၇၂,၀၀၀ ကျပ်ဈေးရှိရာမှ ၂၁ ရက်တွင် ၆၆၈,၀၀၀ ကျပ်ထိ ကျဆင်းလာသည်။ နိုဝင်ဘာလ ၁၈ တွင် ပြည်တွင်းရွှေဈေး ၆၇၇,၀၀၀ ကျပ်ဈေးရှိနေ ရာ ၂၁ ရက်ဈေးအရ သုံးရက်အတွင်း ၈,၀၀၀ ကျပ်ထိ တောက်လျှောက် ကျဆင်းလာသည်။---
အမေရိကန်ရဲ့ အာရှစစ်အင်အား တရုတ် စိန်ခေါ်
Posted: 21 Nov 2013 03:22 PM PST
တရုတ်နိုင်ငံက စစ်ရေးခေတ်မှီအောင် တဟုန်ထိုး လုပ်ဆောင်နေတာဟာ အာရှပစိဖိတ်ဒေသတွင်း ဆယ်စုနှစ်နဲ့ချီပြီး အမေရိကန်စစ်တပ်ရဲ့ အရေးပါမှုကို စိန်ခေါ်နေသလို ဒေသတွင်း လုံခြုံရေးဆိုင်ရာ ချိန်ခွင်လျှာ ညှိပြီး ပြောင်းလဲဖို့ ကျိုးစားနေတယ်လို့  အမေရိကန်လွှတ်တော် အမတ်တွေရဲ့ တရုတ်ဆိုင်ရာ မူဝါဒရေးရာ အကြံပေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ အမေရိကန်-တရုတ် စီးပွါးရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လှန်သုံးသပ်ရေးကော်မရှင် က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ နှစ်ပါတ်လည် အစီရင်ခံစာမှာ အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။ ---
သင်္ကန်းဝတ်တစ်ဦး ညအချိန်မတော်ကျော်နင်းမှုဖြစ်သဖြင့်အရေးယူခံရ
Posted: 21 Nov 2013 03:12 PM PST
ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းအပိုင်၊ ကျွန်းသာယာရပ်ကွက်၊ မင်းကြီးညို(၅)လမ်းတွင်(၂၀.၁၁.၂၀၁၃)နေ့ည(၂း၀၀)အချိန်ခန့်က အိမ်ကျော်နင်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။  ဖြစ်စဉ်မှာ မဇာဇာလင်း(၃၄)နှစ်(ဘ)ဦးကျော်လင်း၊ဆေးလိပ် လိပ်သူသည် သားဖြစ်သူရန်ကျော်လင်း(၁၂)နှစ်၊(ဘ)ဦးဝင်းခိုင်နှင့်အတူနေ အိမ်အိပ်ခန်းအတွင်း အိပ်နေစဉ် ၄င်း၏မိန်းမကိုယ်အား ကိုင်တွယ်ပွတ်သတ် နေ၍  ---
ရှမ်းဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်နေ
Posted: 21 Nov 2013 03:02 PM PST
ဗန်းမော်ခရိုင် မန်စီမြို့နယ် စီခမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းက ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အဲဒီဒုက္ခသည်စခန်းကို သွားရောက်ကူညီခဲ့တဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။ အဲဒီဒုက္ခသည်တွေဟာ မန်စီမြို့နယ် ကောင်လွင်ရှမ်းရွာက ဒုက္ခသည်တွေဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့က အစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတပ်တွေအကြား ကောင်လွင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စီခမ်းကြီးကျေးရွာကို ရောက်ရှိနေကြတာပါ။ ---
ကုလ တိုက်တွန်းချက် မမျှတလို့ အစိုးရဆို
Posted: 21 Nov 2013 02:52 PM PST
ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလသမဂ်ဂ အထွေထွေ ညီလာခံ လူ့အခွင့် အရေး ကော်မတီ အစည်း အဝေးမှာ ချမှတ် ခဲ့တဲ့ မြန်မာ နိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာ တွေကို နိုင်ငံသား ဖြစ်ခွင့် ပေးဖို့ တိုက်တွန်းတဲ့ ကိစ္စ နဲ့ ပတ်သက်လို့ မြန်မာ အစိုးရက ပယ်ချလိုက် ပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံး သုံးနှုန်းမှုကို လက်မခံ ကြောင်းနဲ့ ရခိုင် ပြည်နယ် အတွင်းမှာ ရှိနေတဲ့ ဘင်္ဂါလီ လူမျိုးတွေထဲက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ ကိုက်ညီ သူတိုင်းဟာ နိုင်ငံသား ဖြစ်ခွင့် ရှိမယ်လို့ နိုင်ငံတော် သမ္မတရဲ့ ပြောရေး ဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ---
နှစ်ဘက် စလုံးက ပြစ်မှု ကျူးလွန်သူတွေကို အရေးယူ ထားတယ်လို့ဆို
Reply all
Reply to author
Forward
0 new messages