သျှမ်းသံတော်ဆင့်

19 views
Skip to first unread message

သျှမ်းသံတော်ဆင့်

unread,
May 12, 2014, 4:34:38 PM5/12/14
to thuau...@gmail.com

သျှမ်းသံတော်ဆင့်


ရွှေလီရေအားလျှပ်စစ်ထွက်ရှိရာ နမ့်ခမ်းမြို့လျှပ်စစ်မီးပုံမှန်ရရန်ဒေသခံများလိုလား

Posted: 12 May 2014 04:26 AM PDT


Meter box at Numkhamနမ့်ခမ်းဒေသခံသုံး အစိုးရမီတာဘောက်စ်

သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့၊ပေါက်တိုက်ရပ်ကွက် ပြည်ထောင်စုလမ်းမတလျှောက် လမ်းမီးတိုင်များနှင့် လမ်းသွယ်ထဲရှိ လမ်းမီးများကို ၁ ရက်ခြား အလှည့်ကျထွန်းပေးနေသော်လည်း လမ်းမီးခ နှင့် မီတာစောင့် ရှောက်ခ ကိုမူ ဒေသခံများ ပုံမှန်ပေးနေရကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

“လျှပ်စစ်ဌာနလည်းအကျင့်မကောင်းဘူး။ လမ်းမီးတောင်နေ့တိုင်းမဖွင့်ပေးဘဲ လမ်းမီးခ ၁ လ ၁၀၀ တော့ ကောက်တယ်။ ခုဆိုရင် ၁ ညခြားတောင်မကတော့ဘူး။ မီးမလင်းတာ ၂ ညတောင်ရှိပြီ ။ ပြီးရင်အလှည့်ကျလင်း တာ။ ၅ တိုင်လင်း ၅ တိုင်ပျက်ဘဲ။ ပေါက်တိုက်ရပ်ကွက်ထဲမှာ မီးတိုင်၂၀ တောင်မရှိဘူး။  အပေါ်ပိုင်းလင်း တဲ့ည ဆို အောက်ပိုင်းကမလင်းဘူး။ လမ်းမီးက မာကျူရီ၊ မီးချောင်းကြီးတောင် မဟုတ်ဘူး။ မီးချောင်းကွေးလေးဘဲ တပ်ထားပေးတယ်။ ” ဟု နမ့်ခမ်းဒေသခံ စိုင်းလ ကပြောသည်။


ပေါက်တိုက်ရပ်ကွက်မှ ဟိုကတ်ရပ်ကွက်အထိ လမ်းမီးတိုင်မှ မာကျူရီမီးလုံး ၁၀ လုံးခန့်သာရှိပြီး ညနေ ၆ နာရီမှ ည ၈ နာရီအထိသာ မီးထွန်းပေးသည်ဟု ၎င်းကပြောသည်။


နမ့်ခမ်းမြို့ပေါက်တိုက်ရပ်ကွက်သည် အိမ်ခြေ ၃၅၀ ၀န်းကျင်ရှိပြီးလျှပ်စစ်ဓါတ်အားသွယ်တန်းအသုံးပြုနိုင်သော အိမ်ခြေမှာ ၃၃၀ ခန့်သာရှိသည်။  မီတာ ၁ လုံးလျှင်မီတာစောင့်ရှောက်ခ ၁၀၀၀ ကျပ်နှင့်လမ်းမီးခ တစ်လလျှင် ၁၀၀ ကျပ်ပေးဆောင်နေရသည်။


မြန်မာအစိုးရပိုင် ရွှေလီ မန့်တပ်ရေအားလျှပ်စစ်မှာမူ ပုံမှန်လည်ပတ်နေသော်လည်း ဆိုင်သုံးလျှပ်စစ်မီးခ တစ်ယူနစ်ကျပ် ၇၀ နှင့်အိမ်သုံးမီးခ တစ်ယူနစ် ၃၅ ဟူ၍ ထပ်မံခွဲခြားကောက်ခံနေကြောင်း မြို့ပေါ်ရပ်ကွက်နေ စိုင်းလိုင်းဆိုငှ်ကပြောသည်။ 


ဆန်ထွန်းကုန်းဆာမီး(တရုတ်မီး) သုံးသည့် နမ့်ခမ်းမြို့ ဆင်ခြေဖုံးရပ်ကွက်များဖြစ်သော ကွန်လုံ၊ နောင်ကောင်၊ နောင်မ၊ မန့်ဟောင်း၊ ဟိုဆိုင်း၊ မန့်နောင်၊ ဂျေဟိုင်း၊ ကုန်းဆာ၊ မန့်ကန့်၊ ကောင်းဝိန်း၊ နောင်ခန်၊ နမ့်တီး၊ နမ့်မ၊ ငွမ်အင်၊ ဟိုပုံ၊ မန့်ခမ်း ရပ်ကွက်များလည်း မီတာခ တစ်ယူနစ် ကျပ် ၂၀၀ ကို လစဉ်ပုံမှန်ပေး နေရကြောင်း၊ ရွှေလီရေအားလျှပ်စစ်မှ မီးသုံးလိုပါက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မီးကိုသွယ်တန်းရမည်ဟု လျှပ်စစ်ဌာနကပြော ကြောင်း ဒေသခံများကပြောပြသည်ဟုလည်း နမ့်ခမ်းမြို့ခံ နန်းအေးကလည်းပြောပြသည်။


“ ကိုယ့်ကိုယ်မီးသွယ်ဆို ထရန်စဖော်မာလိုတယ်လေ။ အဲဒီအတွက် ကျပ်သိန်း ၃၀၀ လောက်ကုန်မှာ။ နမ့်တီးရွာ နားက တောရကျောင်းလေ။ အခု အစိုးရမီးသွယ်နေတယ်။ တရုတ်မီးလိုချင်ရင်တော့ အိမ်တိုင်ရာရောက် လာ တပ်ပေးတယ်။ နောက်တခု တောင်ကြောပိုင်းမှာနေတဲ့သူတွေကြတော့ တောရဆရာတော် ဦးသူရိယ မီးသုံး တယ်။ မီးအားမမှန်ဘူး။ တက်လိုက်ကျလိုက်နဲ့။ အဲလိုမျိုးပေါ့။ ကျနော်တို့ နမ့်ခမ်းဒေသခံတွေ မီးသုံးရတာ အဆင်မပြေ ဘူးဖြစ်နေတယ်” ဟု စိုင်းလှက ဆက်လက်ပြောပြသည်။


ယနေ့ခေတ် သူခိုးဓါးပြပေါများနေသဖြင့် မိဘပြည်သူများ၏ အိုးအိမ်အသက်လုံခြုံမူရှိစေရေးအတွက် လျှပ်စစ် မီးပုံမှန်ပြန်ရရန် နမ့်ခမ်းဒေသခံများလိုအပ်နေကြောင်း နန်းအေးက ဆက်လက်ပြောပြသည်။


ရွှေလီရေအားလျှပ်စစ် ဓါတ်အာပေးစက်ရုံအား တရုတ်က နည်းပညာနှင့်ငွေအရင်းအနှီးစိုက်ထုတ်၏။ ထွက်ရှိသည့် အကျိုးအမြတ် မြန်မာအစိုးရနှင့်ထက်ဝက်စီခွဲယူကြရန်သဘောတူ ညီထားကြ၏။ နမ့်ခမ်းမြို့နယ် မန့်တပ်ကျေးရွာ အနီး ၂ဝဝ၂ ၌ စတင်အကောင် အထည် ဖေါ်ခဲ့ပြီး ၂ဝဝ၉ မေလပိုင်းတွင် ဖွင့်လှစ်ခဲ့ကာ ဗမာပြည်အတွင်းပိုင်းနှင့် တရုတ်နိုင်ငံ အတွင်းသို့ ၂၃ဝ နှင့် ၂၂ဝ ဗို့ ကြိုးလှိုင်းများဖြင့် သွယ်တန်းပို့ဆောင်နေသော်လည်း ဒေသခံများမှာ လျှပ်စစ်မီး အခက်အခဲကြုံတွေ့နေရဆဲဖြစ်သည်။

You are subscribed to email updates from သျှမ်းသံတော်ဆင့်
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

သျှမ်းသံတော်ဆင့်

unread,
May 13, 2014, 4:33:42 PM5/13/14
to thuau...@gmail.com

SNLD ပါတီဝင်အား ၁၇/၁ ဖြင့် အရေးမည့်ကိစ္စ ရပ်တန့်ပေးဖို့ သမ္မတထံတောင်းဆို

Posted: 12 May 2014 10:41 PM PDT

SNLD ၏ ကျိုင်းတုံမြို့နယ် ကျေးရွာပါတီ ရုံးခွဲ ဥက္ကဌ အား အစိုးရတပ်မတော်မှ ရိုက်နှက်ဖမ်းဆီး ချုပ်နှောင်ပြီး ပုဒ်မ ၁၇/၁ ဖြင့် အရေးယူမည့်ကိစ္စ ရပ်တန်းကရပ်ကာ ကျိုင်းတုံမြို့၌ ဖြစ်ပွားခဲ့ သောပြဿနာအား နိုင်ငံတော်သမ္မတကိုယ်တိုင်ဖြေရှင်းပေးဖို့ SNLD က တောင်းဆို လိုက်သည်။

သျှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေဖြင့်လည်း ပုဒ်မ ၁၇/၁ ဖြင့် SNLD ပါတီဝင် တဦးအား မတရားအသင်းအဖွဲ့ဆက်သွယ်မှုဖြင့် တရားစွဲမည့်လုပ် ရပ်အား ရပ်တန်း ကရပ်ရန်၊ ဖြစ်ပွားခဲ့သောပြဿနာများအား သမ္မတကြီးကိုယ်တိုင် အမြန်ဆုံး အရေးယူဆောင် ရွက်ပေးရန် တောင်းဆိုလိုက်သည်။

“ကျနော်တို့ပါတီက လူတယောက်ကို ဒီလိုမတော်မတရားအရေးယူတဲ့ဟာမျိုး၊ ငြိမ်းချမ်းရေး တည် ဆောက်ထားတဲ့ RCSS ရုံးကို မတရားသဖြင့်ဝင်ရောက်ရှာဖွေ တာမျိုးဆက်ဖြစ်နေရင် နှစ်ဦးနှစ်ဘက် အတွက်မကောင်းဘူး။ အစိုးရကိုလဲ အယုံအကြည်ပျက်စေမယ်။ လက်ရှိတည်ဆောက်နေတဲ့ငြိမ်း ချမ်းရေး ကိစ္စ၊ ယုံကြည်မှုတည်ဆောက်ထားတဲ့ကိစ္စ အကုန်လုံးဘဲ ရုပ်လျော့ ပျက်ပြားသွား စေနိုင်တယ်။ ဒါကြောင့် ဒီကိစ္စအမြန်ဆုံးရပ်တန့်ဖို့လိုတယ်” - ဟု SNLD ပါတီပြောခွင့်ရ စိုင်းလိတ်ကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းနှင့်သျှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်SNLD ခေါ် ကျားခေါင်းပါတီ ဥက္ကဌ ခွန်ထွန်းဦးတို့နှစ်ဦး ကျိုင်းတုံမြို့ ၌ ဖြစ်ပေါ်ခဲ့သော ပြဿနာများအား (၂၀၁၄ မေ ၁၁ ရက်)က ပြောဆို ဆွေးနွေး ခဲ့ကြသည်။

“ကျနော်တို့ ဥက္ကဌ ကြီးခွန်ထွန်းဦး နဲ့ ဦးအောင်မင်းတို့ ၁၁ နေ့ကဖုန်းဆက် စကားပြောဖြစ် တယ်။ ဦးအောင်မင်း ကပြောတယ် - ဒီကိစ္စ တိုက်ရိုက်ကူညီဖြေရှင်းပေးဖို့ သမ္မတကြီးကို စာရေးတင်ပြ မယ်ပြောတယ်။ ဒီနေ့ ၀န်ကြီး ဦးစိုးသိမ်းလည်း နေပြည်တော်သွားပြီး သမ္မတနဲ့တွေ့မယ်၊ စာပါတခါတည်း ယူသွားမယ်လို့ ဦးအောင်မင်းက ပြောတယ်”  - ဟု စိုင်းလိတ်ကပြောပါသည်။

မေလ ၅ ရက်နေ့က ကျားခေါင်းခေါ် SNLD ပါတီ၏ ကျိုင်းတုံမြို့နယ် ပိန်းတောဝ့် ကျေးရွာ အုပ်စု နမ့်လင်းမိုင် ကျေးရွာရုံးခွဲ၏ ဉက္ကဌ စိုင်းဂျဲန်အား  မတရားအသင်းနှင့် ဆက်သွယ်ထောက်ပံ့သည်ဟု စွပ်စွဲကာ မြန်မာအစိုးရ၏ စစ်တပ် ခလရ ၂၄၅ က သွားရောက် ဖမ်းဆီးခဲ့ပြီး နောက် ၁၇/ ၁ ဖြင့်အမှု ဖွင့်တရားစွဲမည်ဟုဆိုပါသည်။ စိုင်းဂျဲန်သည် အင်လူမျိုး မျိုးနွယ်စု ခေါင်း ဆောင်လည်းဖြစ်ပါသည်။ ၎င်း၏နေအိမ်၌ပင် ကျားခေါင်းပါတီရုံးဖွင့်လှစ်ထားသည်။

သျှမ်းပြည်တပ်မတော် ၂ ဖွဲ့အား ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် မြန်မာအစိုးရက SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦးအား ကြားဝင်ဆက်သွယ်ဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ထားပါသည်။

သျှမ်းသံတော်ဆင့်

unread,
May 14, 2014, 4:38:22 PM5/14/14
to thuau...@gmail.com

KIA နှင့်အစိုးရ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဖွဲ့စည်း

Posted: 14 May 2014 02:31 AM PDT

ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်တို့ မေလ ၁၃ ရက်က တွေ့ဆုံကြပြီး နောက် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။ 


“ အစကဆွေးနွေးပွဲကို ၂ ရက်လုပ်ဖို့စီစဉ်ထားတာ။ ဆွေးနွေးမှု ကတော့အေးဆေးပါဘဲ။ ကချင်တပ်မတော်ဘက်က တိုက်ပွဲ တွေဆက်လက်ဖြစ် ပွါးနေ တဲ့အကြောင်းတွေကိုအဓိကထားဆွေးနွေးချင်တယ်။ ဒါပေမယ့် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ဖွဲ့ရအောင် လား လို့ ကချင်ဘက်ကတင်ပြတော့ ဦးအောင်မင်းတို့လည်း သဘောတူပြီး အဲဒီအတွက် မူကြမ်းတွေရေး ဆွဲဖို့ ဆွေးနွေးပြီး အစည်းအဝေးက အေးအေးဆေးဆေးနဲ့ပြီးဆုံးသွားတာ” ဟု ဆွေးနွေးပွဲတက်ရောက်နားထောင်သူ သျှမ်းပြည် တိုးတက်ရေး ပါတီဝင်တဦးကပြောသည်။


KIA နှင့်အစိုးရ တွေ့ဆုံဆွေးနွေးပွဲ
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIA ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲကို ကချင်ပြည် နယ် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း မဂျွယ်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။


“ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က တဖက် ၅ ယောက်ပါတယ်။ ကချင်တပ်မတော်နဲ့ အစိုးရကြားဘဲ။ ကေအိုင်အေဘက်က ဦးဆွမ်လွတ်ဂမ် နဲ့ ဗိုလ်ချုပ်ဂွမ်မော် တို့ဦးဆောင်တဲ့အဖွဲ့နဲ့ မြန်မာအစိုးရဘက်က ဦးအောင်မင်းနဲ့ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့။ သူတို့က ၂၀၁၃ အောက်တိုဘာ ၁၀ ရက်နေ့သဘောတူညီချက်မှာပါတဲ့ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးယန္တယား ကို ပထမအဆင့် အကောင်အထည် ဖော်တဲ့အနေနဲ့ ဒီပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ကိုဖွဲ့စည်းလိုက်တာ ” ဟု ဆိုပါသည်။


ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့မှ လုပ်ငန်းအကောင်အထည်ဖော်ဖို့ ဆွေးနွေးပွဲများဆက်လက်ကျင်းပသွားရန်အတွက် နှစ်ဘက်ကိုယ်စားလှယ်များ ညှိနှိုင်းသွား ကြမည်ဟုလည်းဆိုပါသည်။ 



မေလ ၁၃ ရက်ဆွေးနွေးပွဲတွင် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းခြင်း အချက် အပါအဝင်၊ နှစ်ဘက်ကိုယ်စားလှယ်များက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဟန့်အတားဖြစ်စေမည့်ဖြစ်စဉ်ထပ်မံမဖြစ်ပွါးအောင်ဆက်လက်ဆွေးနွေးသွားရန်၊ နှစ်ဦးနှစ်ဘက် နားလည်မှုကိုပျက်ပြားစေမည့်မီဒီယာများ၏လွဲမှားပြောဆိုမှု အစရှိအချက်များပါဝင်သော ပူးတွဲထုတ်ပြန်ကြေငြာချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။ 



ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါးနေခြင်းမှာ ပြီးခဲ့သော ဆွေးနွေးပွဲများမှ သဘောတူညီချက်များကို လိုက်နာမှုမရှိခြင်းေ ကြာင့်ဖြစ် ရကြောင်း ဆွေးနွေးပွဲအတွင်းပြောဆိုခဲ့ကြသေးသည်ဟုဆိုပါသည်။


အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးခင်မောင်စိုး ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကေအိုင်အိုဘက်မှ အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် အပါအဝင် တာဝန် ရှိသူများ တက်ရောက်သည်။



ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရုံးမှ ကိုယ်စားလှယ် ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာ အထူးကိုယ်စား လှယ်များလည်း တက်ရောက်ခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဘက်ကမူ ညီညွတ်သောတိုင်းရင်းသား လူမျိုး များ မဟာမိတ်အဖွဲ့ (UNFC)၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့(NCCT)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP) တို့လေ့လာသူ အနေဖြင့် တက်ရောက်ခဲ့ကြသည်။ သို့သော် ၀ နှင့်မိုင်းလားတပ်ဖွဲ့တို့ တက်ရောက်ခြင်း မရှိခဲ့ပေ။ 

သျှမ်းသံတော်ဆင့်

unread,
May 15, 2014, 4:36:18 PM5/15/14
to thuau...@gmail.com

သံချပ်ကာကား နှင့် စစ်ယာဉ်တန်းများ တြိဂံတိုင်းမှ သံလွင်မြစ်ကမ်းသို့ဦးတည်

Posted: 15 May 2014 03:04 AM PDT

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်  လက်အောက်ခံ စစ်သည်တင် ယာဉ်တန်းနှင့် တိုက်ပွဲဝင် သံချပ်ကာကားများ ကျိုင်းတုံမြို့မှ တောင်ကြီးမြို့အသွား ကားလမ်းအတိုင်း သံလွင်မြစ်ဝှမ်းဘက်ဦးတည်သွားနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

၂၀၁၄ မေ ၁၆ နံနက် ၉ နာရီအချိန်တွင် သံချပ်ကာ ကား ၅ စီး၊ စစ်သည်တင် စစ်ယာဉ် ၃ စီး နှင့် စစ်သည်အချို့နှင့် စစ်လက်နက်ပစ္စည်း၊ စက်သုံးဆီ၊ စားနပ်ရိက္ခာတင် တရုတ်လုပ် စစ်သုံး တုန်းဖုန်း ကား ၃ စီး က ကျိုင်းတုံ တြိဂံတိုင်း စစ်ဌာနချုပ်မှ တောင်ကြီးသွား လမ်းမ အတိုင်း ခရီးနှင်နေကြောင်း ကြား သိရပါသည်။

 မြန်မာအစိုးရ၏ သံချပ်ကာကားများ (ဓါတ်ပုံ- SWL)

ကျိုင်းတုံ - တုံတာ - မိုင်းပြင်း လမ်းပေါ်  စစ်ရေးနှင့်ပတ်သက်သည့် အရေးပေါ်ကိစ္စရပ်များဖြစ်ဖွယ် ရှိသည်ဟု ကြားသိရသော်လည်း တစုံတရာအတည်ပြုနိုင်ခြင်းမရှိသည့်အပြင် စစ်ထောက်လှမ်းရေးနှင့် နီးစပ်သူတဦးက တော့ လက်ရှိအနေအထားနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်သို့ ပြောကြားပါသည်။

“ဟုတ်တယ် ကျနော်တွေ့တယ်။ စစ်ရေးတစုံတရာကြောင့် သံလွင်မြစ်ကမ်းဘက်ပို့တာတော့မဟုတ်ဘူး။ ၀ နယ်မြေနဲ့ ကပ်လျက်ရှိတဲ့ မက်မန်း ဘက်ကို ပို့ထားမယ်လို့တော့ကြားထား တာကြာပြီ။ အခုမှ ပို့တာလဲ ဖြစ်နိုင်တယ်”- ဟု တြိဂံစစ်တိုင်းရုံးနှင့်နီးစပ်သည့် အသိုင်းဝိုင်းကပြောသည်။

မက်မန်းမြို့နယ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်ထည့် သွင်း ထားသော်လည်း ၀ တပ်ဖွဲ့ ၏ ထိန်းချုပ်အောက်တွင် ရှိမနေဘဲ အစိုးရ အုပ်ချုပ်ရေးပိုင်း ရောက် ရှိသည့်ဒေသဖြစ်သည်။

“မက်မန်းမှာ အဆင်သင့်ဖြစ်နေဖို့ အင်အားတောင့်တင်းနေဖို့လိုတယ်။ စစ်ကူလိုအပ်လာရင် သံလွင် အနောက်ခြမ်း SSPP/SSA ဘက်သို့သော်လည်းကောင်း၊  ဝ တပ်ဖွဲ့ UWSA (ပန်ဆန်း ဌာနချုပ်)သို့   သော်လည်းကောင်း အရေးပေါ် သွားရောက်ချက်ခြင်း အင်အားဖြည့်ပေးလိုက်ရတယ်” - ဟု တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ ဆက်ဆံရေးရုံးအသိုင်းအဝိုင်း တဦးကပြောသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖို့တို့သည်  မြန်မာ အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များဖြစ်ကြသည်။

နမ့်ခမ်းမြို့ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူများပြား

Posted: 15 May 2014 02:53 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် မူးယစ်ဆေးဝါးပေါများပြီး သုံးစွဲသူများလည်း နေ့စဉ်ရက်ဆက် တိုးများလာကာ သွားရောက်ဝယ်ယူသုံးစွဲရပ်ကွက်ကိုလည်း မူးယစ်ဆေးရပ်ကွက်ဟုပင် နာမည်ကြီးလာနေ ကြောင်း စုံစမ်းသိရှိရသည်။


နမ့်ခမ်းမြို့ ကုန်းကုလားရပ်ကွက် အနီးတွင် တရုတ်၊ သျှမ်း၊ တအာင်းလူမျိုးများ ဖြစ်ကြသည့် လူငယ်၊ လူရွယ်မက အသက် ၆၀ နှင့် အမျိုးသမီးငယ်များပါ တရက်လျှင် ၂၀၀ ထက်မနည်း ဘိန်းဖြူ၊ ယာဘ၊ အိုက်စ် နှင့် အခြားမူး ယစ်ဆေးဝါးများ သွားရောက်ဝယ်ယူ သုံးစွဲနေကြကြောင်း နီးစပ်သူများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ကုန်းကုလားရွာအဝင် (ဓါတ်ပုံ -TMMG)


“ဆေးသုံးလူတွေက လယ်သွားတဲ့ပုံစံအတိုင်းသွားကြတယ်။ ဓါးတွေ ဘာတွေနဲ့ဆိုတော့ သူတို့ကို ဘယ်သူမှ အနီးမကပ်ရဲဘူး။ ဘယ်သူတွေလဲ ဘယ်ကလာကြတာလဲဆိုတာ မကြည့်ရဲကြဘူး” ဟု ကုန်းကုလား ရပ်ကွက်သားတဦးကပြောသည်။


ယခင်က နမ့်ခမ်းမြို့နယ်အတွင်း ဟိုနမ့်ရပ်ကွက်တွင်သာ ယာဘ မူးယစ်ဆေး ပေါများသည်ဟုနာမည်ကြီး နေသော်လည်း ယခုအခါ မြို့တွင်းရပ်ကွက်နှင့်နီးသော ကုန်းကုလားရပ်ကွက်သို့ပါ ကူးလာပြီဖြစ်ကြောင်း  ရွာသားများကပြောဆိုပါသည်။


ကုန်းကုလားရပ်ကွက်အတွင်း ရပ်မိရပ်ဖတဦးကလည်း “ သူတို့တွေက လူအင်အားများတယ်။ ရပ်ကွက်ထဲကိုဖြတ် သန်းသွားလာနေတော့ အိမ်ရှင် မရှိရင်လည်း ပစ္စည်းတွေ ခိုးယူရောင်းစားကြတယ်။ ဒီကိစ္စ တာဝန်ရှိပုဂ္ဂိုလ်တွေ အာဏာပိုင်တွေကိုလည်း တိုင်တန်းထားတယ်။  ဘာမှသူတို့လုပ်မပေးနိုင်ဘူး။ ကျနော်တို့လည်း ကိုယ့်ရွာသား တွေ ရန်ပြုခံရမှာကြောက်လို့ဘာမှသွားမပြောရဲဘူး။ မတားရဲကြဘူး။ ” ဟု ဆိုပါသည်။


SNLD ကျားခေါင်းပါတီမှ စိုင်းလိန်မြတ်က “ ကုန်းကုလား ရပ်ကွက်အကြီးအကဲတွေ ရပ်မိရပ်ဖတွေက အာဏာ ပိုင်တွေကိုတင်ပြ ထားတာတွေရှိတယ်။ ကျနော်တို့လည်း ကျားဖြူပါတီ ၊ မြို့မ ပြည်သူ့စစ်နဲ့ မြို့နယ်တွင်း အာဏာပိုင်တွေနဲ့တိုင်ပင်ပြီးတော့မှ ပြသနာဖြေရှင်းဖို့ ဆွေးနွေးသွားပါမယ်” ဟု သျှမ်းသံတော်ဆင့် အားပြော သည်။


နမ့်ခမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ပေါများမှုနှင့်ပတ်သက်၍ သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ Shan Drug Watch က ၁- နမ့်ခမ်းမြို့သည် နယ်စပ်မြို့ဖြစ်သောကြောင့် ၂- စစ်မြေပြင်အတွင်းတည်ရှိနေ သောကြောင့်  ၃- ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တဖြစ်လဲ ဒေသတွင်းပြည်သူ့စစ် တပ်ဖွဲ့ ခေါင်း ဆောင်ပန်းဆေးကျော်မြင့် သည်မူးယစ်းဝါးနှင့်တိုက်ရိုက်ပတ်သက်နေသောကြောင့် ၄- အစိုးရကိုယ်တိုင်မှာ ထိုဒေသအတွင်းမူးယစ်ဆေးဝါးပေါများအောင်လွှတ်ထားသောကြောင့် ဟု ပြောဆိုပါသည်။


နမ့်ခမ်းမြို့နယ်အတွင်း ယာဘဈေးနှုန်းမှာ WY စာတမ်းပါ ပန်းရောင်ဆေးပြား တပြား ၁၅၀၀ ကျပ်၊  WY ပထမတန်း ၂၅၀၀ ကျပ် ၊ X တံဆိပ် တပြား ၂၅၀၀ ကျပ်၊ ၈၈၁ တံဆိပ် တပြား ၂၀၀ ကျပ်ရှိကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

သျှမ်းနီဖွံ့ဖြိုးတိုးတက်ရေးကုမ္မဏီ အစုရှယ်ယာများစတင်ရောင်းချ

Posted: 15 May 2014 02:43 AM PDT

သျှမ်းနီဖွံ့ဖြိုးတိုးတက်ရေးကုမ္မဏီအတွက် ခွင့်ပြုချက်မှတ်ပုံတင်ကို ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက တရားဝင် မှတ်ပုံတင်ချပေးလိုက်ပြီဖြစ်ရာ ကုမ္မဏီမှ အစုရှယ်ယာများကို စတင်ရောင်းချတော့မည်ဖြစ် ကြောင်း စုံစမ်းသိရှိရပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္မဏီများညွှန်ကြားမှုဦးစီးဌာနမှ သျှမ်းနီ ဖွံ့ဖြိုးတိုးတက်ရေးအများနှင့်   သက်ဆိုင် သော ကုမ္ပဏီလီမိတက် ( Shanni Development Public Co.,ltd  )  SDPC အား ကုမ္မဏီမှတ်ပုံတင်အမှတ် ၅၈၆၆ / ၂၀၁၃ - ၂၀၁၄ ဖြင့်  ၂၀၁၄ ခုနှစ် ၊ မတ်လ ၁၃ ရက်နေ့တွင် မှတ်ပုံတင် ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

ကုမ္မဏီ၏လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ် ( Certificate for commencement of Business ) ကို မှတ်ပုံတင်အမှတ် ၃ / ၂၀၁၄ - ၂၀၁၅ ( ရ၊၄၊၂၀၁၄ ) ရက်စွဲဖြင့်ရရှိပြီးဖြစ်ကြောင်းလည်းသိရှိရသည်။

ယခုအခါ အများပြည်သူသို့ အစုရှယ်ယာများကိုတရားဝင်စတင်ရောင်းချတော့မည်ဖြစ်သည်ဟု သိရ သည်။ ရောင်းချပေးမည့် အစုရှယ်ယာပေါင်း ၂၄၅၀၀ စု ၊ ငွေကျပ်သိန်း ၂၄၅၀ ကို တစ်ဦးလျှင် အများ ဆုံးအစု ၁၅၀ စု ၊ ကျပ် ၁၅ သိန်းအထိဝယ်ယူနိုင်ကြောင်း နှင့် မေလ ၁၅  ရက်နေ့ မှ ဂျူလိုင်လ ၁၅  ရက်နေ့အထိ ရောင်းချ ပေးသွားမည်ဟုလည်းသိရှိရသည်။

SDPC သည် အစုရှယ်ယာထည့်ဝင်ရန် အဆိုပြုလွှာပုံစံများကို မြစ်ကြီးနား ၊ မိုးကောင်း ၊ ဖားကန့် ၊ ဟိုပင် ၊ မိုးညှင်း နှင့် မန္တလေး မြို့များတွင် ကျပ် ၅၀ ဖြင့်ရောင်းချလျက်ရှိပြီး နိုင်ငံသားများ ၊ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေနှင့်အညီဖွဲ့စည်းတည်ထောင်ထားသောအသင်းအဖွဲ့များ ၊ စီးပွားရေးလုပ်ငန်း ရှင်များ ၊ လုပ်ငန်းဆိုင်ရာတောင်သူလယ်သမားများအားရောင်းချပေးသွားမည်ဟု သိရှိရသည်။


သျှမ်းသံတော်ဆင့်

unread,
May 16, 2014, 4:23:37 PM5/16/14
to thuau...@gmail.com

ငြိမ်းချမ်းရေးလှေကားထစ်နဲ့ ရှင်သန်နေဆဲ ၁၇-၁

Posted: 16 May 2014 02:40 AM PDT

သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့နယ်မှာ မြန်မာအစိုးရရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နမ့်လင်းမိုင်ရုံးခွဲဥက္ကဌ စိုင်းကိန်ကို အတင်းလက်မှတ် ရေးထိုး ခိုင်းတာ၊ ၁၇-၁ နဲ့  အမှုဖွင့်တရားစွဲမယ်ဆိုတဲ့အပေါ်ရပ်တန့်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် SNLD ကနေ ထုတ်ပြန်လိုက်ပါတယ်။ ကြေငြာချက်မှာ ဘာတွေတိုက်တွန်း ထားပါ သလဲ။ မတရားအသင်းနဲ့ဆက်သွယ်တဲ့ပုဒ်မ ဆက်လက်ရှင်သန်နေသေးရင်ဘယ်လို ဆက်ဖြစ်လာနိုင် မလဲ ဆိုတာကို သျှမ်းသံတော်ဆင့်ကနေ SNLD ပါတီပြောခွင့်ရ စိုင်းလိတ်ကိုမေးမြန်းထားပါတယ်။


မေး။ ။ မေလ ၁၅ ရက်နေ့ ရက်စွဲနဲ့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကျိုင်းတုံမြို့ ကျားခေါင်း ပါတီရုံးခွဲ ဥက္ကဌ အဖမ်းခံရတဲ့ ကိစ္စနဲ့ ကြေငြာချက် ထုတ်ပြန်ခဲ့တယ်လို့ ကြားသိရပါတယ်။ ကျေးဇူးပြုပြီးရှင်းပြပေးပါလား ခင်ဗျ။
ဖြေ။ ။ကျနော်တို့ရဲ့ပါတီဝင်တယောက် ကျိုင်းတုံအခြေစိုက် ခလရ ၂၄၅ က ဖမ်းဆီးခေါ်ဆောင်ပြီးတော့ ရိုက်နှက်စစ် ဆေးတယ်။  ပြီးတော့ ရဲစခန်းကိုလွှဲပြောင်းပေးပြီး မတရားအသင်းဆက်သွယ်မှုနဲ့ အရေးယူ ထောင်  ချဖို့ကြိုးပမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတရားဥပဒေအရ ညီညွတ်ခြင်းမရှိဘူဆိုပြီးကျနော်တို့ ထုတ်ပြန် ထား တယ်။ သူ့အပေါ်   အရေးယူဆောင်ရွက်နေမှုကိုအမြန်ဆုံးရပ်တန့် ပေးဖို့ကျနော်တို့တောင်းဆို တဲ့ကြေငြာ ချက်ဘဲဖြစ်ပါတယ်။

မေး။ ။ စိုင်းကိန်ကို စစ်ဆေးနေတဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုကြားသိရပါသလဲခင်ဗျ။
ဖြေ။ ။သူ့ကိုထောင်ဝင်စာသွားတွေ့တဲ့ကျနော်တို့ရဲ့ စီအီးစီတယောက်ရဲ့ပြန်လည်ပြောပြချက်အရ  စိုင်းအိုက်ကျန်ကို သက်ဆိုင်ရာတွေက သူ့မှာအပြစ်ရှိတယ်ဆိုတဲ့အကြောင်း ၀န်ခံဖို့ အတင်းဖိအားပေးတယ်။ သူကိုယ်တိုင်က အပြစ်ကျူးလွန်တာမရှိလို့ လုံးဝ ၀န်မခံဘူး။ အဲလိုဝန်မခံတဲ့ကြားထဲကသူ့ကို အတင်းဘဲလက် မှတ်ထိုးဖို့ ဖိအားပေးပြန်တယ်။ လက်မှတ်မထိုးပြန်တော့ သူ့ကိုလက်ဆွဲပြီးတော့ လက်ဗွေနှိပ်ခိုင်းတယ်။ အဲလိုလက်ဗွေ နှိပ်ခိုင်းတဲ့ကိစ္စ သူ့ကို ၁၇-၁  နဲ့အရေးယူအပြစ်ပေးဖို့ အတွက်ဖြစ်တယ်လို့ သူယုံကြည်တယ် ပေါ့ နော်။ ဒါကြောင့် မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စ ဖြစ်တာကြောင့်မို့လို့ ကျနော်တို့ကန့်ကွက် စာထုတ်ရခြင်း ဘဲဖြစ် ပါတယ်။

မေး။ ။လက်ဗွေနှိပ်ခိုင်းတာက စစ်တပ်မှာလား ရဲစခန်းမှာလား။
ဖြေ။ ။လက်ဗွေနှိပ်ခိုင်းတာက သူ့ကိုစစ်တပ်မှာဖမ်းထားတုန်းကတခါ တရားရုံးမှာသူ့ကိုစစ်ဆေးတုန်း ၉ ရက်နေ့ကတခါ သူ့ကိုလက်ဗွေနှိပ်တယ်။ ပြစ်ချက်အပေါ်မှာလက်ဗွေနှိပ်တယ်ဆိုတော့ သူကိုယ်တိုင် အပြစ် ကျူးလွန်ပါတယ် ဆိုတာကိုဝန်ခံခိုင်းတဲ့သဘောလို့ထင်မြင်တယ်။ အဲဒီကိစ္စ သူဒီနေ့မှပြောပြလို့သိရ တာပါ။

မေး။ ။ အရင်တုန်းက ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရကြား ဆက်သွယ်ပေးဖို့ ဥက္ကဌကြီးခွန်ထွန်းဦးကို တောင်းဆိုဖူးတယ်မဟုတ်လား။
ဖြေ။ ။ကျနော်တို့ဥက္ကဌကြီးကပြောပါတယ် ငြိမ်းချမ်းရေးကြိုးပမ်းတည်ဆောက်စဉ်ကာလမှာပေါ့နော်။ ၀န်ကြီးဦးအောင်မင်း ရဲ့အကူအညီတောင်းခံချက်အရ အက်စအက်စ်အေတောင်ပိုင်းရောမြောက်ပိုင်းရော ကြားဝင်စေ့စပ်ပြီးတော့မှ ငြိမ်းချမ်း  ရေးမဖြစ်ဖြစ်အောင် တတ်နိုင်သလောက်ကြိုးပမ်းဆောင်ရွက်မယ်။ အဲဒီတော့အခုလို လက်နက်ကိုင်တိုင်းရင်းသား တပ်ဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရော အစိုးရကိုယ်တိုင် ရော ငြိမ်းချမ်း ရေးကိုကြိုးပမ်းတည်ဆောက်နေတဲ့ ကာလမှာ သူတို့ကိုကူညီအားပေးနေတဲ့ ဥက္ကဌကြီး ခွန်ထွန်းဦးရဲ့ပါတီဝင် တယောက်ကို ဒီလိုမျိုးအတင်းဝန်ခံခိုင်းပြီး တော့မှ အပြစ်မရှိတာကိုအပြစ်ရှိသယောင် အမှုတည်ဆောက်ပြီးတော့မှ တရားစွဲဆိုမယ်ဆိုတဲ့ကိစ္စသူလည်း စိတ်မကောင်းဘူးပေါ့နော် ဥက္ကဌကြီးအနေနဲ့။ ဒီအပေါ်မှာလည်း ကြိုးပမ်းပြီးတော့မှ ကူညီဖြေရှင်းပေးဖို့ ဦးအောင်မင်း ကနေတဆင့် သမ္မတကြီးကိုတင်ပြ ထားတယ်။ ၁ ရက် ၂ ရက်စောင့်နေပါဆို ပြီးတော့မှ ကျနော်တို့အခု စောင့်နေတာ ၃ ရက်မြောက်သွားပြီ။ ဘာမှ ပြန်လည်ဆက်သွယ်လာခြင်း လည်းမရှိဘူး။ ထူးခြားချက်လဲမရှိလာတဲ့အတွက် ကျနော်တို့ရဲ့ပါတီဝင် မတရားသဖြင့်တရားစွဲဆိုခံရတဲ့အတွက် ကျနော်တို့ ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်တယ်။

ဒါပေမယ့် သမ္မတကြီးရဲ့ကြိုးပမ်းဖြေရှင်းချက်ကိုလည်းကျနော်တို့မျှော်လင့်နေတုန်းပါ။ ကူညီနိုင်မယ် ဆိုရင် တော့ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်ကိုလည်းပိုမိုပြီးအယုံအကြည်တိုးစေမယ်ပေါ့။ နို့မဟုတ် ရင် တော့အခုတော့ RCSS ဘဲပေါ့နော်။ နောက်ကျရင်ဘယ်လိုပုံစံမျိုးဆက်ပြီးပြန့်ပွါးသွားမလဲဆိုတာ တခြား အဖွဲ့ အစည်း တွေအပေါ်မှာ လည်း တစုံတရာအကျိုးသက်ရောက်စေမှာပေါ့နော်။ ဒါကြောင့်မို့ ယုံကြည်မှု မပျက် အောင် ငြိမ်းချမ်းရေးလည်း မပျက်စီးရအောင် အနှောင့်အယှက်မရှိရအောင်ကြီးတဲ့အမှု ငယ်စေ ငယ်တဲ့အမှု ပပျောက်စေလို့ သမ္မတကြီး ကိုယ်တိုင်က အရေးယူဆောင်ရွက်ပေးမယ်ဆိုရင်တော့ ကျနော် တို့အားလုံးက ၀မ်းသာရမှာပေါ့။

မေး။ ။ ကနေ့အခြေအနေမှာ ပုဒ်မ ၁၇-၁ ဆိုတာရှိဖို့လိုအပ်သလား။
ဖြေ။ ။၁၇-၁ ဆိုတာ မရှိသင့်တော့ဘူးလို့ လွှတ်တော်ထဲရောက်တဲ့နိုင်ငံရေးပါတီအများစုကလည်း တောင်းဆိုထား  တာလည်းကြာပြီ။ နောက်အပြင်ပဋိပက္ခအခြေအနေကိုကြည့်မယ်ဆိုရင်လည်း လက်နက် ကိုင်တိုင်းရင်းသား အားလုံးနီးပါးက ငြိမ်းချမ်းရေးလုပ်နေကြပြီ အပစ်အခတ်ရပ်စဲဖို့အတွက် လက်မှတ်ရေး ထိုးနေကြပြီ။ မတရား အသင်းအဖြစ်လည်းဘယ်သူမှရပ်တည်နေကြတာမဟုတ်တော့တဲ့ အတွက် ၁၇-၁ ဆိုတာ ပယ်ဖျက်သင့်ပြီ လို့ကျနော်မြင်တယ်။ အဲတာရှိနေသေးသရွေ့ ငြိမ်းချမ်းရေးတည် ဆောက်မှုလုပ်ငန်း တွေမှာ ပြည်သူတွေအနေနဲ့ ၀င်ပါရဲမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဆူးညှောင့်ခလုတ်လိုဖြစ်နေတဲ့ ပုဒ်မ ၁၇- ၁ ကို ကျနော်တို့အနေနဲ့ လုံးဝ ပယ်ဖျက်ပေးစေချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့- စိုင်းအိုက်ကိန်ကို အစိုးရက မတရားအသင်းနဲ့ဆက်သွယ်တယ်လို့စွပ်စွဲတယ်။ ဒီ လက်နက် ကိုင်တပ်ဖွဲ့ တွေနဲ့ဆက်သွယ်တယ်ဆိုတာ ကြီးမားတဲ့အမှားတခုလို့မြင်မိပါသလားခင်ဗျ။
ဖြေ။ ။နိုင်ငံရေးအခြေအနေနဲ့ထည့်သွင်းပြီးစဉ်းစားသုံးသပ်ဖို့ လိုတာပေါ့နော်။ RCSS ကိုယ်တိုင်က ငြိမ်း ချမ်း ရေး လုပ်ဖို့ ပြည်ထောင်စုအဆင့်ကော ပြည်နယ်အဆင့်အစရှိအဆင့်တွေနဲ့လက်မှတ်ထိုးထားပြီးပြီ။ နိုင်ငံတော် သမ္မတကြီးနဲ့ကော လာရောက်တွေ့ဆုံဆွေးနွေးပြီးပြီ။ အဲဒီတော့သူ့ရဲ့အထက်ပိုင်းကပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတော် အကြီးအကဲတွေနဲ့သဟဇာတဖြစ်နေတဲ့ အဆင်ပြေနေတဲ့ကာလမှာ သူတို့ရဲ့အောက်ခြေတပ်ဖွဲ့ အချင်းချင်း သို့မဟုတ် တစုံတခုသော အကြောင်းအရာကြောင့်ထိခိုက် ရတာ အမှုအခင်းဖြစ်ရတာ ဆိုတာ မျိုးကြောင့်နဲ့ ၁၇-၁ ဆိုတဲ့ပုဒ်မနဲ့စွဲမယ်ဆိုတော့ သိပ်တော့ အဓိပ္ပါယ်မရှိဘူးပေါ့နော်။ ၁၇-၁ နဲ့တရားစွဲ မယ်ဆိုရင် အဲဒီ အသင်းအဖွဲ့ဟာလည်း မတရားအသင်းအဖြစ် ဆက်လက် ရပ်တည်နေတယ်ဆိုတဲ့သဘောမျိုး သက်ရောက် သွားမှာပေါ့။
ဒါဆိုရင်သူတို့နဲ့ပတ်သက်မိသမျှလူတွေအကုန်လုံးက ၁၇-၁ နဲ့ထုသွားနိုင်တာပေါ့နော်။ ဒီလိုမျိုး ကျနော်တို့ရဲ့ လူတယောက်ကို သူတို့နဲ့ ပတ်သက်လို့ ၁၇-၁  နဲ့တရားစွဲမယ်ဆိုတာကတော့ကျနော်တို့အနေနဲ့ လက်ခံလို့ မရဘူး ။ အဓိပ္ပါယ်လည်းမရှိဘူးလို့မြင်ပါတယ်ခင်ဗျ။

မေး။ ။ ဒီအတိုင်းသာ ၁၇-၁ က ဆက်လက်ရှင်သန်နေဦးမယ်ဆိုရင်ကျနော်တို့ငြိမ်းချမ်းရေးခရီးက ဘယ် လိုဖြစ်လာနိုင်မလဲ။
ဖြေ။ ။၁၇-၁ ကိုလက်နက်သဖွယ်ဆက်လက်သုံးနေမယ်ဆိုရင်တော့ တဖက်က တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ တွေကလည်း မယုံတဝက်ယုံတဝက်နဲ့ချဉ်းကပ်မှာပေါ့နော်။ အဲ့ခါကျရင်အားလုံးလိုလား တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုတာ ဖြစ်ကောင်းမှဖြစ်လာနိုင်မှာပေါ့နော်။ ဖြစ်လာမယ်ဆိုရင်လည်းဘဲ ဒီ ၁၇-၁ ကြောင့်နဲ့ အနှောင့်အယှက် တစုံတရာတော့ရှိနေဦးမှာပေါ့။

မေး။ ။ ဒီထုတ်ပြန်ကြေငြာချက်နဲ့ပတ်သက်ပြီး ဘယ်လိုထပ်ပြောချင်ပါသလဲ။
ဖြေ။ ။ဒီထုတ်ပြန်ကြေငြာချက်ကို သမ္မတကြီးဆီကိုရော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီရုံးကိုပါ လိပ်မူ ပြီးပို့ဦးမှာပါ။ ပို့ဖို့လည်းစီစဉ်နေပါတယ်။ အဲဒီတော့သက်ဆိုင်ရာအားလုံးပေါ့နော် အစိုးရဝန်ထမ်းတွေနဲ့ နောက်ပြီး တော့ နိုင်ငံတော်အဆင့် တာဝန်ရှိတဲ့ပုဂိုလ်တွေအားလုံးကော ငြိမ်းချမ်းရေး ကိုရှေးရှုပြီးတော့မှ တိုင်းရင်းသား ပြည် သူတွေရဲ့ ယုံကြည်ကိုးစားမှုကို အမှန်တကယ်လိုလားချင်တယ်ဆိုရင် ဘာမှမဖြစ်လောက်တဲ့ ဒီအမှုအခင်းလေး လောက်နဲ့ ကျနော်တို့ရဲ့အချင်းချင်းယုံကြည်မှုကိုမပျက်ပြားစေဖို့ ဝိုင်းဝန်းကြိုးပမ်း ကြစေချင်တာပေါ့နော်။ ဒါတွေကိုတော့ ကျနော် အားလုံးကိုတိုက်တွန်းပန်ကြားလိုပါ တယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျ ။

သီရိလင်္ကာ ဆန်းဒေးစကူး ကဲ့သို့ ဗုဒ္ဓဘာသာသင်တန်းကျောင်း နမ့်ခမ်းတွင်ဖွင့်လှစ်

Posted: 16 May 2014 02:32 AM PDT

(၀၀၄ အရင်ထဲ့ - ၀၀၃ အလယ် - ၀၀၂ နောက်ဆုံးမှထဲ့နော်  ဆရာ ရှမ်းလိုဂိုထဲ့ပေးနော် )- ကျောင်းဖွင့်ပွဲအခမ်းအနား
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာမေလ ၄ ရက်နေ့က ဗုဒ္ဓဘာသာသင်တန်းကျောင်း /ဓမ္မကျောင်းစတင်ဖွင့်လှစ်ခဲ့ပါတယ်။ သီရိလင်္ကာက ဆန်းဒေးစကူး (ဗုဒ္ဓဘာသာသင်တန်းကျောင်း)ပုံစံ တပတ်တခါ တနင်္ဂနွေ နေ့မှာဘဲဖွင့်လှစ်သင်ကြား မှာဖြစ်ပြီးတော့ ဇေယျသုခကျောင်းတိုက်က ပညာရေးပိုင်းဆိုင်ရာ ကျောင်း အုပ်ကြီး ဦးဓမ္မသီရိ M.A Sri lanka ကဦးစီးဖွင့်လှစ်တာဖြစ်ပါ တယ်။ကျောင်းတက်ပညာသင်ယူဖို့ ကျောင်းသား ၁၅၀ ကျော်ကို ကျောင်းကနေ ဘယ်ဘာသာရပ်တွေ သင်ကြားပို့ချမှာလဲ။ ဘယ်လိုသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားမှာလဲ ဆိုတာ ဦးဓမ္မသီရိကို သျှမ်းသံတော်ဆင့်က တွေ့ဆုံမေးမြန်းထားပါတယ်။

 ကျောင်းဖွင့်ပွဲအခမ်းအနား 

မေး။     ။ ဓမ္မကျောင်း ဖွင့်လှစ်ရတဲ့အကြောင်း ရှင်းလင်းပြောပြပေးပါလားဘုရား။
ဖြေ။      ။ဒေသတွင်းလူငယ်တွေရဲ့တောင်းဆိုမှုလည်းပါတယ်။ သံဃာတော်တွေရဲ့သင်ကြားပို့ချပေးလိုတဲ့ ဆန္ဒ လည်းပါပါ တယ်။ ဒေသတွင်းလူငယ်လေးတွေ လိမ်မာယဉ်ကျေးအောင်၊ ဗုဒ္ဓဘာသာသာသနာပျံ့ပွားအောင် ရည်ရွယ်ပါတယ်။

မေး။     ။ဒီသင်တန်းဖွင့်ဖို့ ဘယ်လိုပြင်ဆင်မှု တွေရှိပါသလဲ။
 ဖြေ။      ။သီရိလင်္ကာနိုင်ငံမှာလုပ်တဲ့ ဆန်းဒေးစကူးလိုမျိုး ဦးဇင်းတို့ အတုယူပါတယ်။ အဲဒီမှာသင်တဲ့ အင်္ဂလိပ်ဘာသာစာ အုပ်ကို သျှမ်းလိုဘာသာပြန်ပြီးတော့ သင်ကြားဖို့စီစဉ်ပါတယ်။ ဒီသင်တန်းဖြစ်မြောက်ရေးအတွက် အဖွဲ့ဖွဲ့စည်းလိုက်တယ်။ မြို့နယ်သံဃာတော်အဖွဲ့နဲ့ သျှမ်းပြည်သံဃာ့နာယကအဖွဲ့ဆီကခွင့်တောင်းတယ်။ ပြီးရင် သင်တန်းဖြစ်မြောက် ရေးကော် မတီက ခဏခဏတွေ့ဆုံဆွေးနွေးပြီးမှ သင်တန်းဖွင့်ဖို့ ဆုံးဖြတ်ရတာပါ။

 မေး။     ။ပို့ချတဲ့ သင်ရိုးညွှန်းတမ်းတွေ သင်ခန်းစာတွေ အကုန်လုံးက သီရိလင်္ကာကအတိုင်းဘဲလား။
 ဖြေ။      ။ နဲနဲလေးကွာခြားမှုတော့ရှိတာပေါ့ ။ သင်ခန်းစာမှာပါတဲ့ သီရိလင်္ကာနိုင်ငံ ယဉ်ကျေးမှုအကြောင်းတွေကို သျှမ်းယဉ်ကျေးမှုအကြောင်းလေး ပြောင်းထည့်လိုက်တယ်။ ဆိုတော့    ဗုဒ္ဓဘာသာအပြင် သျှမ်းစာပေမသိသေးတဲ့ကလေး တွေအတွက်လည်း အဆင်ပြေသွားတာပေါ့။ ဂရိတ်ဝမ်း ကနေ ဂရိတ် အီလဲဝဲန်း အထိသင်ကြားပေးမှာပါ။ ဘာသာပြန်နေ တုန်း မပြီးသေးဘူး။ ဒီနှစ်ထဲမှာတော့ ဂရိတ်ဝမ်းနဲ့ ဂရိတ် တူး ဘဲ ပို့ချပေးပါမယ်။ သင်တန်းမှာ ပို့ချမည့် စာအုပ် ၁၁ အုပ် (၁၁ တန်းစာ) မှာ သျှမ်းလို ၃ အုပ် ဘာသာပြန် ထားပြီးဖြစ်ပါတယ်။

 ကျောင်းဖွင့်ပွဲအခမ်းအနား
မေး။     ။တပတ်မှတခါဘဲ ဆိုတော့ တနှစ်မှာ ၅၂ ပတ်ဘဲရှိမယ်လေ။ ဆိုတော့ ပို့ချမယ့် ဘာသာတွေကို သင်ခန်းစာတွေ ဘယ်လို အချိန်ဇယားချထားလဲဘုရား။
ဖြေ။      ။ အခြေခံမှာ အခန်း ၂၂ ခန်းရှိတယ်။ တချို့အခန်းကရှည်လျားတယ်။ အဲလိုရှည်တဲ့အခန်းဆိုရင်အချိန်က  ၂ ပတ် စာ ယူမယ်။ ၂ ရက်ပေါ့နော်။  တလမှာ သင်တန်းပို့ချချိန်  ၄ ရက် ဆိုတော့ ရှည်တဲ့အခန်းဆို တလ ၂ ခန်းပေါ့။ အကုန်လုံးပို့ချ နိုင်အောင် တနှစ်မှာ ၄၈ ခန်း  ခွဲထာတယ်။

 မေး။     ။အခုဖွင့်တဲ့ ဗုဒ္ဓဆန်းဒေးဆကူး ဓမ္မကျောင်းက ဒီနမ့်ခမ်းက ပထမ ဆုံးဖွင့်တာလား။
 ဖြေ။      ။ ဒီနမ့်ခမ်းတော့ ဟုတ်တယ်။ မူစယ်မြို့မှာတော့ မနှစ်ကတည်းက ဖွင့်ပါတယ်။ သျှမ်းပြည်တောင်ပိုင်းမှာ လဲရှိတယ်ကြားတယ်။ အသေအချာမသိရလို့။

မေး။     ။သီရိလင်္ကာသင်ရိုးညွှန်းတမ်း စာအုပ်တွေကို သျှမ်းဘာသာပြန်ဖို့ ကော်မတီဖွဲ့ထားလား။
 ဖြေ။      ။ကော်မတီ မရှိပါဘူး။ မူစယ်မှာ သီရိလင်္ကာကသင်ရိုးညွှန်းတမ်း မယူဘူး။ သျှမ်း ပေစာ ထဲကဟာတွေယူပြီးတော့ ပို့ချပေးတယ်။   ယဉ်ကျေးလိမ္မာ သျှမ်းပေစာထဲကယူတယ်။ ဗမာဘာသာစာအုပ်ထဲကယူတယ်။  

မေး။     ။အဲ့လိုဆိုရင် သူ့နည်းသူ့ဟန်နဲ့ သင်နေတာလား ဘုရား။ ရှေ့ဆက်သင်ရိုးညွှန်းတမ်းတွေဟာ ပရိယတ္တိသဓမ္မပါလ က ချလာပေးတာ ရှိလာနိုင်မလား။
 ဖြေ။      ။ရှိလာနိုင်ပါတယ်။ သျှမ်းပြည်သံဃာတော်များအဖွဲ့ကတာဝန်ရှိသူတွေ မကြာသေးခင်က လာပါတယ်။ လာမေးပါတယ် ။ ရှေ့ဆက်ဘယ်လိုဆက်လုပ်ကြမလဲ ။ ဦးဇင်းတို့ သျှမ်းပြည်ထဲကဓမ္မ   ကျောင်းတွေ နောက်ပိုင်းကျရင် တဖွဲ့တည်း တလမ်းတည်း သွားကြဖို့ ရှိတယ်။

 ကျောင်းဖွင့်ပွဲအခမ်းအနား
မေး။     ။ဒီသင်တန်းဖွင့်ဖို့  သာသနာဝန်ကြီးဌာနတို့ သျှမ်းပြည်သဃာ့နာယက အဖွဲ့တို့ဆီကို ခွင့်ပြုချက် စာတင်ရလား ။
ဖြေ။      ။မတောင်းရပါဘူး သျှမ်းပြည်သံဃာ့နာယက အဖွဲ့အတွင်းရေးမှူး စဝ်ဆုခမ်းတို့ ၊ ဦးဇင်းတို့ရဲ့ ဆရာသမား ဝါရင့်သံဃာတော်တွေဆီကိုတော့ အကြောင်းကြားတာရှိပါတယ်။  

မေး။     ။ဆန်းဒေးစကူးဆိုတော့ ခရစ်ယာန်ဘာသာနဲ့တူမနေဘူးလား ဘာလို့ ဥပုဒ်နေ့တွေမှာ မသင်တာလဲ။
ဖြေ။      ။ သီရိလင်္ကာနိုင်ငံမှာတော့ ကျောင်းနာမည်ကို ဆန်းဒေးစကူးလို့ နာမည်ပေးတယ်။  သို့ပေမယ့် ဦးဇင်းတို့ ဆန်းဒေး စကူးလို့ပြောရင်မိဘ ပြည်သူက အခုလို ယောင်မှားမှာစိုးလို့ ဓမ္မ  ကျောင်းလို့ နာမည်တပ်တာပါ။ စင်ကာပူ မလေးရှားမှာ လည်း ဓမ္မ စကူးလို့ဘဲနာမည်တပ်တာပါ။ ဦးဇင်းတို့ ဥပုဒ်နေ့မှာသင်ရင်တော့ ပိုကောင်းတာပေါ့။  ဒါပေမယ့် အစိုးရကျောင်း တက်ရက်တွေနဲ့တိုက်နေမှာကတကြောင်း၊  ကလေးတွေ အားလုံး တပြိုင်တည်းနားမယ့်ရက်ကို ခေါ်ချင်တာကတကြောင်းနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီဖြစ်စေချင်တာကတကြောင်း တနင်္ဂနွေနေ့ကို ရွေးပြီးလုပ်တာဖြစ်ပါတယ်။

မေး။     ။နမ့်ခမ်းမြို့ပေါ်မှာတော့ ဓမ္မ ကျောင်းဖွင့်နိုင်ပြီ။ တခြားမြို့ရွာ တခြားဒေသမှာကော် ဓမ္မ ကျောင်းဖွင့်ဖို့အစီအစဉ် ရှိပါသလား။
ဖြေ။      ။ရှိပါတယ်။ ကျနော်တို့ မြို့မှာ ဘုန်းကြီးကျောင်း ၇ ကျောင်းရှိတယ်။  ဘယ်ရပ်ကွက်အတွက် ဘယ်ကျောင်းမှာ ဓမ္မ ကျောင်း  ထပ်ဖွင့်မယ်ဆိုတာလဲ အစီအစဉ်ချထားပြီးသားဘဲ ။ မြို့ပြင် တခြားဒေသမှာလည်းဆက်ဖွင့်မှာပါ။ ဘာလို့လဲ ဆို တော့ ဒီသင်တန်းဖွင့်ဖို့ ဆရာအတတ်သင်တန်းခေါ်တုန်းက လာတက်တဲ့ဆရာ ၁၁၇ ယောက်ရှိတယ်။ ထုန့်လွယ်ဟိုဆေဘက် က လာတယ်။ မူစယ်ကလည်းပို့လာတယ်။ နမ့်ခမ်း မြို့နယ်ထဲက ရပ်ရွာအသီးသီးက ပို့လာတယ်။ အဲဒီဆရာတွေက သူတို့ ဒေသတွေမှာ အသီးသီးပြန်လည် ပို့ချမှာဖြစ်ပါတယ်။

မေး။     ။ ဆရာမွမ်းမံသင်တန်းက ဘယ်နှစ်ရက်ကြာသလဲ။
ဖြေ။      ။ မတ်ခ်ျလထဲမှာဖွင့်တယ်။ ၇ ရက်ကြာတယ်။ လာတက်တဲ့အထဲမှာ အမျိုးသား၊ အမျိုးသမီးပါတယ် သံဃာတော် တွေပါတယ်။ တချို့လည်း ဗုဒ္ဓဘာသာအကြောင်းကောင်းကောင်းမသိသေးဘူး။ မလေ့လာဖူးသေးဘူး အားနည်းချက် တခု ပေါ့။ သို့ပေမယ့် သျှမ်းဘာသာနဲ့ဘဲပို့ချလို့ ဒီဆရာတွေတော်တော်လေး နားလည်သွားကြတယ်။  အခု ဦးဇင်းတို့ဆီမှာ သင်တန်းသား ၇၅ ယောက်ပေါ့ ကိုရင်တွေလည်းပါပါတယ်။

မေး။     ။ဓမ္မ  သင်တန်းဖြစ်မြောက်အောင် အထောက်အပံ့ ဘယ်ကရသလဲဘုရား။
ဖြေ။      ။ငွေအင်အားကတော့ မြို့တွင်းရပ်မိရပ်ဖ ဒါယိကာ ဒါယိကာမ တို့၊ စီးပွါးရေးလုပ်ငန်းရှင်တချို့ရယ်၊ စာသင်ဆရာတော်သံဃာတော်တွေရယ် ဒေသခံ တွေရယ်ပေါ့။ ပေးလှူထောက်ပံ့ကြတယ်။ လူအင်အားကတော့ နမ့်ခမ်းစာပေယဉ်ကျေးမှု အသင်း၊ ကျားဖြူ ၊ ကျားခေါင်းပါ တီက လူငယ်တွေဖြစ်ပါတယ်။

မေး။     ။ဓမ္မကျောင်းအကြောင်း နဲ့ပတ်သက်ပြီး အရှင်ဘုရား ဘာတွေထပ်မိန့်ကြားဖို့ရှိသေးလဲဘုရား။
 ဖြေ။      ။ဓမ္မကျောင်း ဖွင့်ခြင်းအားဖြင့် ကနေ့ခေတ် လူငယ်တွေကို လိမ္မာရေးခြားရှိစေပါတယ်။ ဓမ္မကျောင်းဟာ စာပေနဲ့ ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းပေးမှာဖြစ်ပါတယ်။ ဦးဇင်းတို့ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ နိုင်ငံတကာအဆင့်မီ ဓမ္မကျောင်း ရှိပါပြီ။ နမ့်ခမ်းသာမက တခြားဒေသ မြို့နယ်မှာလဲ ဓမ္မ ကျောင်း ဖွင့်လှစ်ပေးဖို့ ဆရာတော်သံဃာတော်တွေကို  တိုက်တွန်းပါတယ်။  ဦးဇင်းတို့ ဓမ္မ ကျောင်း ဖွင့်နိုင်အောင် စတင်ပြီး တိုက်တွန်းနိုးဆော်တဲ့   ဆရာတော် ဦးနန္ဒဝံသ M.A Sri lanka ၊ စိုင်းလှအောင် (သစ္စာဘော်ဒါဆောင်)တို့အပါအဝင် အဘက်ဘက်က ကူညီထောက်ပံ့ပေးတဲ့ ပဂ္ဂိုလ်အားလုံးကို   ကျေးဇူးတင်တယ်။

နမ့်ခမ်းမြို့ ဓမ္မ ကျောင်း  ကိုဦးစီးဦးဆောင်ဖွင့်လှစ်ပေးတဲ့  နမ့်ခမ်းမြို့ဇေယျသုခ တိုက်အုပ် ဆရာတော် ဦးဓမ္မသီရိ (ထမ်းယွက်) ဟာ မြန်မာနိုင်ငံမှာ အစိုးရ ဓမ္မာစရိယ ကျမ်း ၁ ပါဠိပထမပြန်စာမေးပွဲအောင်မြင်ပြီး သီရိလင်္ကာနိုင်ငံမှာ ၂၀၁၁ ခုနှစ်က ဘီအေ အောနပ်စ်၊ ၂၀၁၂ က ကေလာနိယ တက္ကသိုလ် အဲမ်အေ ဘွဲ့ရရှိခဲ့ပါတယ်။

လားရှိုးမြို့ ကမ္ဘောဇဘဏ်အနီး စရန်စဖော်မာ ဗုံးခွဲခံရ

Posted: 15 May 2014 09:56 PM PDT




အသံတိတ်လူသတ်သမား သျှမ်း/မြောက်သို့ရောက်ရှိ

Posted: 15 May 2014 08:25 PM PDT

သို့ - သျှမ်းသံတော်ဆင့်

အင်မတန်ကြောက်စရာကောင်းလှသည့် အသံတိတ်လူသတ်သမား သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အထိ ကူးလာပါပြီ။


အရမ်းကိုထိတ်လန့်စရာကောင်းပါတယ်။ ကိုယ်ကျိုးစီးပွါးအတွက်သက်သက်သာမြင်တဲ့ အတ္တသမားတွေပါ။


အကြော်တွေပျော့မသွားအောင် ၊ အကြော်တွေအမြဲတမ်းကျွတ်နေပြီး အကြာကြီးခံနိုင်အောင် အရောင် မပြောင်းအောင်  ရည်ရွယ်ပြီးတော့ အကြော်ကြော်မယ့်ဆီပူပူထဲကို (ရေသန့်ဘူး) ပလပ်စတစ် ထဲ့ကြော်တာပါဘဲ ။


အရင်က ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာဘဲ ကြားရမြင်ရတယ်။ သတင်းစာတွေမှာတောင်ပါပါတယ်။ အခုတော့ ကျမတို့နမ့်ခမ်းမြို့ကို ကူးစက်လာပါပြီ။


ပလပ်စတစ်ဘူးခဲ့ကြော်တဲ့ အကြော်တွေကို စားမိတဲ့လူတွေ ဘယ်လိုခံစားရလဲဆိုတော့ အစာမကြေ၊ ရင်ပြည့်ရင် ကယ် ဖြစ်တယ်၊ လည်ချောင်းစပ်၊ လည်ချောင်းယားယံ ပြီးပျို့အန်တာတွေဖြစ်ပါတယ်။ ပလပ်စတစ် အကြော်တွေကို ပြန်အန် ထွက်လာတာပါ။ နမ့်ခမ်းမြို့မှာ အဲဒီအကြော်စားမိတဲ့သူ တွေကပြန်လာပြောပြ တာပါ။


လူတွေကိုအန္တရယ်ဖြစ်စေမယ့် အဲဒီ ပလပ်စတစ်ဘူးပါတဲ့ဆီနဲ့ကြော်ထားတဲ့ အကြော်တွေကိုလာရောက် စစ်ဆေးပေးဖို့ သက်ဆိုင်ရာ မြို့နယ်၊ ပြည်နယ် တာဝန်ရှိပုဂ္ဂိုလ်တွေကို သျှမ်းသံတော်ဆင့်ကနေတဆင့် တင်ပြတောင်းဆိုပါတယ်။


ပလပ်စတစ်ဆီပါမပါ ရပ်ကွက်ထဲမှာ စမ်းကြည့်တဲ့နည်းအရ အကြော်တတုံးကို ရေထဲ တနာရီခန့်စိမ် လိုက် ပါတယ်။ အဲဒီအကြော်ဟာ ပုံစံမပျက်ဘဲရှိနေရင် မကြေဘဲရှိနေရင်တော့ အဲတာပလပ်စတစ်ဆီနဲ့ ကြော်တာ ဖြစ်တယ်လို့ဆိုပါတယ်။


ဒါကြောင့် အကြော်လှလှလေးတွေတွေ့ရင်တော့ မစားရဲအောင်ဖြစ်ကြတဲ့အထိဖြစ်ရပါတယ်။


နမ့်ခမ်းမြို့မှာဆိုရင် အိမ်တွင်းမှုအကြော်လုပ်ငန်းနဲ့ လမ်းဘေးအကြော်ဆိုင်ပေါင်း တစ်ရာနီးပါး ရှိပါတယ်။ ရောင်းချတဲ့ အကြော်တွေကတော့ တိုဖူးကြော်၊ အာလူးကြော်၊ အီကြာကွေးကြော်၊ အသားတုံးကြော်နဲ့ အကြော်စုံ ဖြစ်ပါတယ်။

နမ့်ခမ်းက အိမ်ရှင်မ တဦး


လားရှိုးမြို့ ကမ္ဘောဇဘဏ်ရှေ့ဗုံးကွဲ

Posted: 15 May 2014 08:04 PM PDT

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ကမ္ဘောဇဘဏ် ရှေ့တွင် ယနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ် ပွါးခဲ့သည်။


မေလ ၁၆ ရက်မနက် ၃ နာရီကျော်တွင် လားရှိုးမြို့ရပ်ကွက် ၃ ဗလီရှေ့ရှိ ကမ္ဘောဇဘဏ် ရှေ့ ထရန်စ်ဖော်မာအနီး ဗုံးထောင်ရာမှ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ထရန်စဖော်မာ ပျက်စီးခဲ့ကြောင်း၊ ထိခိုက်ဒဏ် ရာရမှုနှင့်ဆုံးရှုံးမှုကာလတန်ဖိုး တော့မသိရသေးကြောင်း လားရှိုးမြို့ခံ များကပြောပါသည်။



ယနေ့မနက်ပိုင်း ဌာနဆိုင်ရာများသွားရောက်စစ်ဆေးခဲ့သော်လည်း လက်သည်ကိုမူ မသိရသေးဟုဆိုပါ သည်။

လမ်းရှောင်မပေးသည့် ကားဆရာများအား ဝ တပ်ဖွဲ့ဝိုင်းရိုက်

Posted: 15 May 2014 08:00 PM PDT

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၄၆၈ နယ်မြေ အတွင်း ၀ တပ်ဖွဲ့ဝင်ကားများအား ဒေသခံပြည် သူလူထုကားများမှ လမ်းရှောင်မပေးလျှင် ကားဆရာများ မကြာခဏ ရိုက်နှက် ထိုးကြိတ်ခြင်းခံရသည်ဟု ဒေသခံများက ပြောသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၄၆၈ ထိန်းချုပ်နယ်မြေ မိုင်းပေါက် ဒေသအတွင်း လမ်းပေါ်မှ လမ်းဘေးသို့ အထူးရှောင်ပေးခြင်းမရှိသည့် မိုင်းခတ်မြို့နယ် မိုင်းငျဲန်း ကျေးရွာအုပ်စု ဝင် ဒေသခံများ၏ကားများကို   မေလ ၁၁ ရက်က  လိုက်လံတားဆီးကာ အဆိုပါကားဆရာများအား ၀ တပ်ဖွဲ့ အရာရှိငယ်များက ရိုက်နှက်ထိုးကြိတ်သည်ဟု ကား ဆရာ အိုက်ပန်း ကပြောသည်။


“ကျနော်ကိုယ်တိုင်လဲ ၀တပ်ထဲကဘဲ။ ၀ - သျှမ်း ကပြားပါ။ အဲဒီနေ့ ကျနော်က ၀ တပ်ဖွဲ့ဝင် ဝတ်စုံမ ဝတ်ဘူး။ သေနတ်လဲမပါဘူး။ ကျနော်မောင်းတာ အရှိန်နဲနဲမြန်သွားတယ်။ ကျနော့် နောက်က  မောင်း လာတဲ့ ဗီဂို့ အနီ ကားနံပတ် WL-N 087 က ကျနော့်ကို အတင်းကျော်တက်ပြီး ရှေ့မှာ ထိုးရပ်တယ်။ ကားပေါ် ကနေ ဆင်းလာပြီး ကျနော့ကို လူတယောက် သေနတ်နဲ့ချိန်တယ်။ နောက်တယောက်က ဆွဲထိုးတော့တာဘဲ။ ဘာမှ မမေးဘူး” - ဟု ပြောသည်။

ထို့အတူ ဝ တပ်ဖွဲ့ဝင်မဟုတ်သည့် ဒေသခံများလည်းတလ သုံး- လေးကြိမ်ထက်မနည်း  ထိုသို့ ထိုး ကြိတ်ရိုက်နှက်ခြင်းခံရသည်ဟု ကြားရကြောင်း၊ တပ်မဟာ ၄၆၈ လက်အောက်ခံ အရာရှိငယ်များက ကျူးလွန်ခြင်းဖြစ်ကြောင်း လည်း ဆိုသည်။

ခရီးသွားတဦးကလည်း ‘ကျနော် မိုင်းငျဲန်း ကနေ မိုင်းပေါက်သွားတယ်။ နမ့်ဆော့ တံတားနားက သျှံဖေါင်းတပ်စခန်းနားမှာ  လမ်းဘေးအောက်ရှောင်မပေးရကောင်းလားဆိုပြီး ကျနော့်ကို ကားပေါ် ကနေဆွဲချတယ်။ ပြီးတော့ ထိုးတော့တာဘဲ။ ဇက်တွေ နားထင်တွေမှာ ထိုးခံရတယ်။ ၀ လူမျိုး မဟုတ် ရင်၊  ၀ စကား တရုတ်စကားမတတ်ရင် သက်သက်ရိုက်နှက်တာလို့ထင်တာဘဲဗျာ’ ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမည်မဖေါ်လိုသည့် ၀ တပ်ဖွဲ့အရာရှိတဦးက ‘လူထုကို နှိပ်ကွပ် တဲ့ပေါ် လစီ ကျနော်တို့မှာမရှိဘူး။ ကျနော်လဲ ကြားပါတယ်။ အရာရှိသားသမီးတချို့နဲ့ အသိဉာဏ်မကြွယ်ဝ သေးတဲ့ အရာရှိငယ်တချို့ပါ။ စိစစ် ကြပ်မတ်နိုင်အောင် ကျနော်တို့ အထက်ကို တင်ပြပေးသွားပါ့မယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့နယ် မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ သည် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် တပ်မဟာများအနက် ငွေအား၊ လူအား၊ တိုက်ခိုက်ရေးအင်အား အတောင့် တင်း ဆုံးတပ်မဟာကြီးတခုဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
May 17, 2014, 4:34:35 PM5/17/14
to thuau...@gmail.com

သျှမ်းမြောက် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ ဖယ်ဒရယ်အရေး နှင့် မူးယစ်ဆေး

Posted: 17 May 2014 09:20 AM PDT

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်ကျင်းပခဲ့သော တိုင်းရင်းသားလူငယ်တွေ့ဆုံနှီးနှောဖလှယ်ပွဲတွင် သျှမ်းပြည် အတွင်းဖြစ်ပေါ်နေသော လူငယ်နှင့်မူးယစ်ဆေးဝါးပြဿနာ နှင့် ဖက်ဒရယ်အရေးကိစ္စများ အထူးဆွေးနွေးခဲ့ကြ သည်ဟု စုံစမ်းသိရှိရပါသည်။

မေလ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသော အဆိုပါဆွေးနွေးပွဲတွင် သျှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသား လူငယ် အင်အား ၁၅၀ ကျော်တက်ရောက်ခဲ့ကြပြီး ခေါင်းစဉ်ကြီး ၄ ခု ဖြင့်အဓိကထား ဆွေးနွေးသွား ကြ ကြောင်း ပြောရေးဆိုခွင့် ရှိသူ စိုင်းဆိုင်မိန်းက သျှမ်းသံတော်ဆင့်အားပြောသည်။

သျှမ်းမြောက်တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ (ဓါတ်ပုံ- Loi Khampan)

“ ကျနော်တို့ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်ကြီး ၄ ခုကတော့ - လူငယ်နှင့်မူးယစ်ဆေးဝါးပြသနာ၊ လူငယ်တွေအပေါ် အစိုးရရဲ့စီမံကိန်းက ဘယ်လိုအကျိုးသက်ရောက်တယ်၊ လူငယ်နှင့် ပြည်တွင်းပဋိပက္ခ လူငယ်နှင့်နိုင်ငံရေး ။ သျှမ်းပြည်မြောက်ပိုင်းမှာလူငယ်တွေခံစားနေရတဲ့ မူးယစ်ဆေးဝါးပြသနာတိုင်းရင်းသားပေါင်းစုံက ခံစားနေရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အားမလိုအားမရဖြစ်နေတာတွေကို တယောက်နဲ့တယောက်ဖွင့်ထုတ်ပြီးတော့မှ  ဆွေး နွေးကြတယ် ” ဟု စိုင်းဆိုင်မိန်းကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းမှ နိုင်ငံရေး လူ့အခွင့်အရေး အမျိုးသားရေးအတွက် တက်ကြွလှုပ်ရှားသူလူငယ် များကို ဦးစားပေးဖိတ်ခေါ်ကာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။ ထိုသို့ သျှမ်းပြည်တွင်းလူငယ်များ ခင်မင်ရင်းနှီးရန်၊ ယုံကြည်မှုတည်ဆောက်နေချိန်ဖြစ်သဖြင့် အဓိကအရေးပါသော သျှမ်းပြည်အရေးကိစ္စများ နှင့် သိမှတ်ဖွယ်ရာ ဖယ်ဒရယ်စနစ်အကြောင်းများဆွေးနွေးကြသည်ဟုဆိုသည်။

“ကျယ်ကျယ်ပြန့်ပြန့် နဖူးတိုက်ဒူးတိုက်ဆွေးနွေးရတာက ဖက်ဒရယ်ကိစ္စ၊ မူးယစ်ဆေးဝါးနဲ့ ပြည်တွင်းပဋိပက္ခ၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်းငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးတော့မှ မငြိမ်းချမ်းသေးတဲ့ကိစ္စ၊ အဓိက က ဖယ်ဒရယ် အပေါ် အမြင်တွေမတူကြတာတွေပေါ့ ။ တချို့ကျတော့လည်း ဖယ်ဒရယ်ဆိုတာကိုသိပ်နား မလည်တာတွေ လည်းရှိနေသေးတယ်။”

“အဓိကကတော့ ဖယ်ဒရယ်လို့ပြောလိုက်တာနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကပါပြီးသားဆိုတာ ကိုမသိကြဘူး။ ဒါကြောင့် တိုင်းရင်းသားလူငယ်တွေက ဒီမိုကရေစီကိုတအားကောင်းတယ်လို့ ဘဲထင်ခဲ့ကြတာပေါ့နော်။ တကယ် တော့ ဖယ်ဒရယ်မရှိလို့အခုလို ဖိနှိပ်ချုပ်ချယ်မှုတွေ အခွင့်အရေးတန်းတူမရှိမှုတွေ မိမိကံကြမ္မာမိမိ ဖန်တီးလို့မရ တာတွေ ဖြစ်ခဲ့ရတာ။ ဒီအနေအထားမှာတိုင်းပြည်ကမတိုးတက်ဘူး စတာတွေကို ဆွေးနွေးခဲ့တယ်။ နောက်ဆုံးမှ လူငယ်တွေက ဖယ်ဒရယ်ကို နားလည်ကြပြီး ဒါဆိုရင်ဖယ်ဒရယ်ကိုငါတို့ကြိုးစားကြရအောင်ဆိုပြီး ဘုံသဘော တူညီ ချက်တခု ရရှိခဲ့ပါတယ်။” ဟု အကျယ်တဝင့်ရှင်းပြသည်။

မေလ ၁၆ ရက်က အောင်မြင်စွာကျင်းပနိုင်ခဲ့ သျှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားလူငယ်နှီးနှောဖလှယ်ပွဲ အား နောက်ပိုင်း သျှမ်းပြည်နယ်တဝှမ်းလုံး လူငယ်နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်အောင် ကြိုးပမ်းသွားမည်ဟုလည်း သိရပါသည်။

ဂျယ်ကောင် ရွှေလီရောက် မြန်မာပြည်သားများအား တရုတ်အာဏာပိုင်များဖမ်းဆီး

Posted: 17 May 2014 07:38 AM PDT

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် တလျှောက် တရုတ်ပြည်ဘက်၌ ရွှေလီမြို့အသွား လမ်းမကြီးပေါ် တွင် တရုတ်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားများအား မတရားဖမ်းဆီးနေကြောင်း ဖမ်းဆီးခံရသူမိသားစုများထံမှ စုံ စမ်းသိရှိရသည်။

မြန်မာနိုင်ငံ နမ့်ခမ်းမြို့ တဘက်ကမ်းရှိ နောင်တောင်းမြို့မှ ရွှေလီမြို့ သွားရာလမ်းမကြီးတလျှောက် နှင့် ကုန် သွယ်ရေးမြို့ဖြစ်သော ဂျေကောင်မြို့မှရွှေလီမြို့သို့သွားရာလမ်းမတို့၌  မြန်မာနိုင်ငံသားများအား တရုတ်အာ ဏာပိုင်များက ဆီးစစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသည့် ဆေးစစ်ချက် ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  ဖမ်းဆီးခံရသူ   နမ့်ခမ်းမြို့နယ် ကွန်ဟိုင်းကျေးရွာ စိုင်းမောင်လင်း၏ ဇနီး နန်းခမ်းခင်က ဆိုသည်။

 ရွှေလီမြို့အသွား လမ်းမကြီးပေါ် မြန်မာနိုင်ငံသားများအား တရုတ်အာဏာပိုင်းများ တားဆီးစစ်ဆေးစဉ် 

၎င်းဖမ်းဆီးခံရသူများကို တရုတ်ငွေ ထောင်ဂဏန်းမှ သောင်းဂဏန်း အထိပြန်ရွေးခိုင်းပြီး မရွေးနိုင်သူများအား ရထားလမ်းဖောက်လုပ်မှုတွင် လုပ်အားပေးခိုင်းစေဖို့ ကူမင်းမြို့သို့ ပို့ဆောင်ကြောင်း ၄င်းကဆိုပါသည်။

“ကျမယောက်ကျားကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကဖမ်းပါတယ် ၊  လယ်လုပ်ဖို့ နောင်တောင်း အကျော် တင်းချိုရွာနားမှာ သူ့ကိုဆီးစစ်ပြီး ဖမ်းလိုက်တယ်၊ ကျမခင်ပွန်းက မူးယစ်ဆေး မသုံးပါဘူး၊ ဆေးစစ်ချက်မှာ ဘယ်လို လုပ်ပြီး မူးယစ်ဆေးဝါးသုံးစွဲတယ်လို့ စွပ်စွဲလိုက်တာလဲမသိဘူး  ”  ဟု ဇနီးသည် နန်းခမ်းခင်က ဆိုသည်။

စိုင်းမောင်လင်းအား တရုတ်အာဏာပိုင်များက ရွှေလီမြို့ အချုပ်ခန်း၌ တလကျော် ထိန်းသိမ်းထားကြောင်း၊ ထောင်ဝင်စာလည်း တွေ့ခွင့်မပေးကြောင်း၊ ငွေပေး အာမခံဖြင့် ပြန်ရွေးရန်လည်း တရုတ်ရဲများက ခွင့်မပြု ကြောင်း၊ ၄င်း၏အမည်စာရင်း ကွန်ပျူတာမှတ်တမ်းတွင်ပါသွားပြီးဖြစ်သဖြင့် ပြန်ရွေးဖို့ခက်ပြီဟုအာဏာ ပိုင်များကပြောဆိုကြောင်း နန်းခမ်းခင်က ဆက်ပြောပါသည်။   

၎င်းတို့မိသားစုတွင် ကျောင်းနေအရွယ် သားသမီး နှစ်ယောက်အပြင်  ဖခင်အိုမှလည်း ၄င်းတို့အားလာရောက် မှီခိုနေ သောကြောင့်  နေထိုင်ရေးအတွက် အခက်အခဲရင်ဆိုင်နေရကြောင်းဆိုပါသည်။   

မြန်မာနိုင်ငံသားများအား တရုတ်ရဲများက မတရားဖမ်းဆီးနေမှုအခြေအနေကို  ၁၅ ရက်နေ့က နမ့်ခမ်းမြို့ အုပ်ချုပ် ရေးရုံးအစည်းအဝေး တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း အားရှင်းပြပြီး  ကူညီဖြေရှင်း ပေးဖို့တောင်းဆိုကြကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကဆိုသည်။

“ဦးဇော်မင်းကတော့ ရုံးမှာ အလုပ်ဖြစ်စာတင်လာတာ တဦးတယောက်မှ မတွေ့ရသေးတော့ အတိအကျ အသေးစိတ်ကို ကျနော် မသိရသေးဘူး၊အဲဖမ်းဆီးမှုအပေါ် ဖမ်းဆီးခံရသူ မိသားစုများက စာနဲ့အပြည့် အစုံတင်ပြလာလျှင် တရုတ် (လ၀က) အဖွဲ့နဲ့ စကားပြောလို့ရတယ်” ဟု အစည်းအဝေး၌ ဦးဇော်မင်းက ပြန်လည်ပြောပြသည်ဟုဆို၏။

နမ့်ခမ်းမြို့သျှမ်းနိုင်ငံရေးပါတီဝင်တစ်ဦးကလည်း “ ကျနော်တို့ မြို့မှာ ဟိုဘက်ကမ်းတရုတ်တွေ တရားမ၀င် လာရောက်နေထိုင်နေတာ အများကြီးပါ၊ သက်ဆိုင်ရာ ကဘာလို့ မဖမ်းတာလဲ၊ ကျောက် တင်ကား တွေလဲ တရုတ်နံပါတ်ပြားတပ်ပြီး သူတို့နိုင်ငံများမှတ်နေလားမသိပါဘူး။ ထင်ရာစိုင်း ၊ ၂၄ နာရီပတ် လုံးမောင်းနေတာ၊ ဘာကြောင့် အရေးမယူ လဲဆိုတာ ကျနော် တွေးလို့မရဘူး” ဟု ပြောသည်။


တရုတ်နိုင်ငံဘက်၌ မတရားဖမ်းဆီးခံရသော နမ့်ခမ်းဒေသခံ နာမည်စာရင်း အချို့မှာ-

အထက်ပါဖော်ပြသူများသည် ယနေ့အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသောသူများဖြစ်ပြီး နောက် နာမည် စာရင်းမသိရှိရသော ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံအညာဒေသမှ တရုတ်ပြည်သို့အလုပ်လာလုပ်သောသူ အများအပြားရှိနေသေးကြောင်း သျှမ်းလူမှုကူညီရေးလုပ်ရှားသူထံများမှသိရသည်။

သျှမ်းပြည်သယံဇာတများအား တရုတ်ဘက်သို့ သယ်ဆောင်မည့် တရုတ် ကားများ

Posted: 17 May 2014 07:36 AM PDT

သျှမ်းပြည်သယံဇာတများအား တရုတ်ဘက်သို့ သယ်ဆောင်မည့် တရုတ် ကားများ နမ့်ခမ်း မြို့နယ် မန့်ဟောင်းကူး တို့ ဆိပ်တွင် နေ့စဉ် ထိုသို့ တွေ့ရသည်။





သျှမ်းသံတော်ဆင့်

unread,
May 19, 2014, 4:53:35 PM5/19/14
to thuau...@gmail.com

ချင်းမိုင်လဲန်းတွင် သျှမ်းရွှေ့ပြောင်းအလုပ်သမား ၄၀ နီးပါးအား ထိုင်းရဲများဝင်ဖမ်း

Posted: 19 May 2014 02:56 AM PDT

ထိုင်းဘုရင့်ရဲတပ်ဖွဲ့  စစ်ဒေသ အမှတ် ၅  မှ ချင်းမိုင်မြို့ ချင်းမိုင်လဲန်းရပ်ကွက်၌ ရှောင်တခင် ဝင် ရောက် စစ်ဆေးရာ  ထိုင်းနိုင်ငံသို့အလုပ်လုပ်ရန် သျှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းမှ ရောက်ရှိလာ သည့် သျှမ်းပြည်သား ၄၀ ခန့်အား ဖမ်းဆီးလိုက်ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

 မေလ ၁၇ ရက်က ထိုင်းနိုင်ငံချင်းမိုင်မြို့က ထိုင်းရဲများဖမ်းဆီးရမိသော သျှမ်းပြည်သားများ (ဓါတ်ပုံ- စစ်ဒေသအမှတ် ၅ ထိုင်းရဲတပ်ဖွဲ့ ဝက်ပ်ဆိုက်မှ)


မေလ ၁၇ ရက် နံနက် ၇ နာရီကျော်က ချင်းမိုင်လဲန်းရှိ ကျစ်ခမ်းကာရာအိုကေဆိုင်အတွင်း ထိုင်းရဲများ ဝင်ရောက်စစ်ဆေးရာ ထိုင်းနိုင်ငံသို့ရောက်ခါစ  သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် နှင့် လွိုင်လင် ခရိုင်တို့မှ လာသောသူများ ဖြစ်ကြကြောင်း၊ အဆိုပါရွှေ့ပြောင်းအလုပ်သမားများကို လက်ခံထားရှိသူ ထိုင်းနိုင်ငံသားတချို့ကိုလည်း    ချင်းမိုင်မြို့ ကောင်မိန်း အချုပ်ခန်း၌ ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့ အား အမှု စီရင်ပြီးပါက အဆိုပါ သျှမ်းပြည် သား များကို တာချီလိတ်မြို့ရှိ မြန်မာအစိုးရထံ ပြန်လည် အပ်နှံပေးမည်ဖြစ်ကြောင်း အမှတ် ၅ ရဲဒေသမှ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောသည်။

 မေလ ၁၇ ရက်က ထိုင်းနိုင်ငံချင်းမိုင်မြို့က ထိုင်းရဲများဖမ်းဆီးရမိသော သျှမ်းပြည်သားများ (ဓါတ်ပုံ- စစ်ဒေသအမှတ် ၅ ထိုင်းရဲတပ်ဖွဲ့ ဝက်ပ်ဆိုက်မှ)


“အဲထဲမှာ ကျနော့် အမပါတယ်။ မနေ့က ညနေပိုင်းမှာ သူတို့ကို ကောင်မိန်း အကျဉ်းထောင်ကို  ပို့ထား တယ်ပြောတယ်။ သူတို့ကို အာမခံနဲ့ လွှတ်ပေးဖို့ သွားပြောကြည့်တယ်။ မရတော့ဘူး။  ထိုင်းပြည်တွင်း ထဲကို တရားမဝင်ခိုးဝင်လာတဲ့ ပြစ်မှုကထင်ရှားသွားပြီ ” -ဟု တောင်ကြီးခရိုင် အတွင်းမှ ထိုင်းနိုင်ငံသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် စိုင်းနောင့် က ပြောသည်။


ဖမ်းဆီးခံရသည့် သျှမ်းပြည်သား ၃၈ ဦးမှာ ပြီးခဲ့သည့် သောကြာညက သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် - မယ်ဆိုင်တံတားမှ  ထွက်ခွာလာကြခြင်းဖြစ်ပြီး မေလ ၁၇ ရက် စနေနေ့ မနက်ပိုင်းက ချင်းမိုင်မြို့သို့   ခဲ့ကြခြင်းဖြစ်ပါသည်။ တာချီလိတ်မှ ထိုင်းနိုင်ငံ ချင်းမိုင်ရောက်သည်အထိ တဦးလျင် ဘတ် ၅၀၀၀ မှ ၅၅၀၀ အထိ ပေးခဲ့ရသည်ဟုလည်း (ရပ်စောက်မြို့သား) ဖမ်းဆီးခံရသူ မိသားစုဝင်တဦးက ပြောပါသည်။


ထိုင်းနိုင်ငံ၏ ဥပဒေအရ- ပြည်ပနိုင်ငံသားများအား ထိုင်းနိုင်ငံအတွင်းသို့ ခိုးသွင်းသူအား ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၁ သိန်း၊  အလုပ်လုပ်ခွင့်ပြုသည့်ကတ်ပြားသို့မဟုတ် တရားမဝင်ရွှေ့ ပြောင်းအလုပ်သမားများအား လက်ခံထားသူ၊ ကူညီစောင့်ရှောက်ထားသူအား ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ငါးသောင်း  ဒဏ်ခတ်ခံရမည်ဟု ဖော်ပြထားပါသည်။


သျှမ်းသံတော်ဆင့်

unread,
May 20, 2014, 4:26:44 PM5/20/14
to thuau...@gmail.com

တပ်မ ၇၇ လှုပ်ရှားရာဒေသအတွင်း စစ်မှုထမ်းဟောင်းတဦးသတ်ဖြတ်ခံရ

Posted: 20 May 2014 02:45 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တပ်မ ၇၇ မှ လာရောက်လှုပ်ရှားစဉ် တပ်ထွက် ရဲဘော် ဟောင်းတဦး    ဖမ်းဆီးသတ်ဖြတ် ခံရကြောင်း ဒေသအတွင်း သတင်းရပ်ကွက်ကပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူ ရဲဘော်ဟောင်း ဦးကိုရဲသည် မေ ၁၅ ရက်နေ့နံနက်ပိုင်းတွင် နေအိမ်မှပျောက် သွားကြောင်း၊ အဆိုပါနေ့ရက် နံနက် ၁၁ နာရီခန့်တွင် ရွာအနီး သေနတ်ဖေါက်သံ နှစ်ချက် ကြားရာမှ ဦးကိုရဲ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ တဦးက ဤကဲ့သို့ ပြောပြသည်။

ပစ်သတ်ခံရသူ ဦးကိုရဲ၏အလောင်း

“နောင်အော့ဘက်မှာ သံခမောက်တပ်ရင်း (တပ်မ ၇၇ ) ရောက်ရှိလှုပ်ရှားနေတဲ့အချိန်မှာဘဲ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ဦးကိုရဲကိုလာခေါ်သွားတယ်။ ရွာနဲ့ သိပ်မဝေးဘူး သူ့ကို ပစ်သတ်သွား တယ်။ ဘယ်တပ်ဖွဲ့လည်း တော့မသိဘူး။ သျှမ်းစကားတော့ ပြောတတ်တယ်ပြောတယ်” - ဟု အမည်မဖေါ်လိုသည့် ဒေသခံ တဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လားရှိုးမြို့ စစ်ထောက်လှမ်းရေးတဦးက - သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ လက်ချက်ဖြစ်ကြောင်း၊ အခွန် ကောက်ခံရး ကိစ္စ နှင့်ပတ်သက် ဆက်နွယ်ကြောင်း၊ အသတ်ခံရသူမှာ စစ်မှုထမ်းဟောင်းတဦး ဖြစ်သည့်အားလျော်စွာ အခြေအနေမှာငြိမ်နေမည်မဟုတ်ကြောင်း ပြောဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းသို့ဝင်ရောက်လှုပ်ရှားသည့်မြန်မာ့တပ်မတော်

“ဒီကိစ္စ ကျနော်တို့တပ်ဖွဲ့ရဲ့လက်ချက် ဟုတ်မဟုတ် ဒေသအတွင်းလှုပ်ရှားတဲ့ တပ်ဖွဲ့တွေကို စုံစမ်း မေးမြန်းရဦးမယ်။ အဲဒီဒေသဘက်မှာ ကျနော်တို့ တပ်ဖွဲ့လည်းလှုပ်ရှားနေတာတော့ရှိတယ်” - ဟု သျှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အခြေစိုက် အစိုးရတပ် တပ်မ ၇၇ သည် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ နယ် အတွင်း လာရောက်လှုပ်ရှားသည်မှာ တနှစ်နီးပါးခန့် ရှိပြီဖြစ်ကြောင်း၊ ရဲဘော်ဟောင်း ဦးကိုရဲ သတ်ဖြတ် ခံရသည့်အချိန်တွင်လည်း အဆိုပါရွာအနီးတဝိုက်တွင် တပ်မ ၇၇ ကလှုပ်ရှားနေကြောင်း ဒေသခံများက ပြောသည်။

ဦးကိုရဲသည် တပ်မှထွက်ပြီး နောင်အော့ရွာတွင်အခြေချနေထိုင်လာသည်မှာ  ၁၀ နှစ်ကျော်နေပြီဖြစ် ကြောင်း၊ တပ်မတော်စစ်ကြောင်းအတွက် အမာခံ အင်ဖေါ်မာ (သတင်းအချက်အလက်ရှာ ဖွေစုဆောင်း ပေးသူ) တဦးဖြစ်ကြောင်း ဒေသခံများကပြောသည်။ သို့သော် ၎င်းကိစ္စနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက်မရရှိသေးပေ။

ပြီးခဲ့သည့် ဧပြီလ နှောင်းပိုင်းက သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် ဖိုင်ချယ်ရွာသူကြီး တပ်ထွက် ဦးတင်အောင် မှာလည်း ဖမ်းဆီးသတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း၊ သတ်ဖြတ်မှုမှာမြန်မာအစိုးရက သျှမ်း ပြည်တပ်မတော် RCSS/SSA ၏ လက်ချက်ဟု စွပ်စွဲကာ လက်တုန့်ပြန်သည့်အနေဖြင့် ၎င်းတို့အား ပတ်သက်ဆက်နွယ်သည်ဟု ထင်ရသည့် SNLD ၏ နမ့်လင်းမိုင်ဥက္ကဌကို ဖမ်းဆီးရိုက်နှက်ကာ ယနေ့တိုင် အကျဉ်းချထားခဲ့သည်။ ထို့အတူ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ကျိုင်းတုံမြို့ ဆက်ဆံရေးရုံးကိုလည်း ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။


ထိုင်းနိုင်ငံတဝှမ်းလုံး စစ်ဥပဒေကြေငြာ

Posted: 19 May 2014 09:07 PM PDT


ထိုင်းဘုရင့် ကြည်းတပ်မတော် ကာကွယ်ရေးဦစီးချုပ်မှ ထိုင်းနိုင်ငံတဝှမ်းလုံးအား မေလ ၂၀ ရက်နံနက် ၃ နာရီက စစ်ဥပဒေ ကြေငြာလိုက်သည်။

တည်ငြိမ်အေးချမ်းရေးထိန်းသိမ်းရေးဥက္ကဌ ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချား (Photo: Apichart Weerawong/AP)

စစ်တပ်မှ အာဏာသိမ်းခြင်းမဟုတ်ဘဲ တည်ငြိမ်အေးချမ်းရေးထိန်းသိမ်းရန်အတွက်သာဖြစ်ကြောင်း လည်း ထိုင်းဘုရင့် ကြည်းတပ်မတော်မှ တည်ငြိမ်အေးချမ်းရေးထိန်းသိမ်းရေးဥက္ကဌ ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချား က ကြေငြာပါသည်။


ထိုသို့ စစ်ဥပဒေကြေငြာပြီး ၇ နာရီအကြာ မေလ ၂၀ ရက် နံနက် ၁၀ နာရီတွင်မူ  ဆန္ဒပြအုပ်စုများ အားထောက်ခံအားပေးလာစေရန် ဝါဒဖြန့် ထုတ်လွှင့်သည့် ထိုင်းရုပ်သံလိုင်းများနှင့် မှတ်ပုံတင်ခြင်း မလုပ်ထားသည့် FM ရေဒီယိုလိုင်းများအားလုံးကို ထုတ်လွှင့်မှုခေတ္တရပ်နားထားရန်လည်း ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချား က လက်မှတ်ရေးထိုးကာ စစ်မိန့်ထုတ်ပြန် လိုက်ခြ င်းဖြစ်သည်။


ခေတ္တပိတ်ပင်ထားခြင်းခံရသော ရုပ်သံလိုင်း ၁၁ လိုင်းရှိပြီး နာမည်ကြီး ASTV လည်း ပါဝင်ပါသည်။


ဝန်ကြီးချုပ် မစ်ယင့်လပ်ရှင်နာဝပ်အား ထိုင်းနိုင်ငံတရားရုံးတော်က ယခုလအစောပိုင်းက အာဏာ အလွဲသုံးစားမှုဖြင့် ဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ဖို့ စီရင်ချက်ချပြီးနောက်ပိုင်း သူမအား ထောက်ခံအား ပေးသည့် အဖွဲ့ နှင့် သူမ၏အစိုးရယာဉ်းတယားတခုလုံးရပ်တန့်ရေးအတွက် ဆန့်ကျင်ဆန္ဒသည့် အဖွဲ့ တို့ကြား ပြိုင်ဆိုင်မှုပြင်းထန်လာသည်နှင့်အမျှ ထိပ်တိုက်မှု မဖြစ်ပွားစေရန်၊ နိုင်ငံတော်လုံခြုံရေး မထိပါးရန်၊ လူထုအသက်အိုးအိမ်ကာကွယ်စောင့်ရှောက်ရန်အတွက် ထိုင်းဘုရင့် တပ်မတော်က စစ်ဥပဒေပြဌာန်းလိုက်ခြင်းဖြစ်သည်ဟု ထိုင်းတီဗီလိုင်းများက ကြေငြာပါသည်။


မြို့ကြီးပြကြီးပေါ်ရှိ လူစည်ကားရာအရပ်နှင့်အစိုးရအရေးပါဌာနတို့တွင်လည်း ထိုင်းစစ်တပ်မှလုံခြုံရေးတင်းကျပ်ယူထားပေးကြောင်းလည်း သတင်းများတွင်ပါရှိပါသည်။

အမျိုးသမီးနှင့်ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲ မြို့တော်တောင်ကြီးတွင်ကျင်းပ

Posted: 19 May 2014 08:47 PM PDT

တောင်ကြီးမြို့  စိန့်ဂျိုးဇက် အောက်မေ့ဘွယ် ဓမ္မာရုံ ခန်းမတွင် မျိုးဆက်သစ် (သျှမ်းပြည်) BCN (Burma Campaign Nederland ) နှင့်အလင်းသစ်အဖွဲ့မှပူးပေါင်း၍ အမျိုးသမီးနှင့် ငြိမ်းချမ်းရေးအလုပ်ရုံ ဆွေးနွေးပွဲကိုမေ ၁၈ နှင့် ၁၉ရက်တို့တွင်  ကျင်းပပြုလုပ်ခဲ့သည်။

အမျိုးသမီးနှင့်ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား

ယင်းဆွေးနွေးပွဲသို့ သျှမ်းပြည်၊ တောင်ပိုင်း၊ မြောက်ပိုင်း နှင့် အရှေ့ပိုင်းဒေသတို့ရှိ အမျိုးသမီးအဖွဲ့အစည်း ၊ လူမှုအဖွဲ့ အစည်းနှင့် စာပေယဉ်ကျေးမှု အသင်းအဖွဲ့   ၆၂ ဖွဲ့ မှ အမျိုးသမီးဦးရေ ၁၄၀ ခန့်တက်ရောက်ခဲ့ ပါသည်။

အမျိုးသမီးနှင့်ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား

 စစ်မက်ဖြစ်ပွားရာဒေသတွင်းရှိ တိုင်းရင်သူအမျိုးသမီးများ၏လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု ၊ မူးယစ်ဆေးဝါးပြသနာ မြေယာသိမ်းဆည်းခြင်းပြသနာ စသည်တို့တွင်အမျိုးသမီးများ၏ ထိခိုက်နှစ်နာမှု ၊ တရားဥပဒေအရ အကာအကွယ် ပေးခြင်း နှောင့်နှေးနည်းပါးမှု စသည်တို့ကို ဆွေးနွေးခဲ့ကြောင်းသိရရှိရပါသည်။

အမျိုးသမီးနှင့်ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား

“စစ်ဖြစ်နေတဲ့ ဒေသတွေမှာ ရှိနေတဲ့ အမျိုးသမီး တွေရဲ့ အတွေ့အကြုံ ခံစားနေရတဲ့ ဒုက္ခတွေ ၊ စစ်မဖြစ်တဲ့ ဒေသတွေမှာ ရှိတဲ့ အမျိုးသမီးတွေ ကလည်း တရား ဥပဒေစိုး မိုးမှုမရှိတဲ့ အတွက် နစ်နာမှုတွေ များစွာကြုံ တွေ့နေရတယ်။  လက်ရှိ ဖြစ်ပေါ်နေတဲ့  အမျိုးသမီးတွေအတွက် မငြိမ်းချမ်းသေးတဲ့ အကြောင်း တွေကို ဆွေးနွေအဖြေရှာ ဖြစ်ကြပါတယ်။” -ဟု ဆွေးနွေးပွဲသို့ တက်ရောက်သူ အမျိုးသမီး တစ်ဦးမှ ဖြေကြားခဲ့ပါသည်။

အမျိုးသမီးနှင့်ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား

တရားလွတ်တော်ရှေ့နေဆရာ ဦးမြင့်သွင် မှလည်း အမျိုးသမီးများသိသင့်သိထိုက်သော အမျိုးသမီးများ၏ ဥပဒေပုဒ်မ များနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ နိုင်ငံသားများ ကာကွယ်စောင့် ရှောက်ရေး ဥပဒေ ပုဒ်မ များအား အသေးစိတ် ရှင်းလင်း ပြောကြားသွား ခဲ့ကြောင်း သိရပါသည်။

အမျိုးသမီးနှင့် ငြိမ်းချမ်းရေးနှစ်ရက်တာဆွေးနွေး ပွဲမှ အချက် ၆ ချက်ပါသည့် ကြေငြာချက် တစောင်ကိုလည်း ထုတ်ပြန် ခဲ့ပါသည်။ ၄င်းတို့မှာ-

 ၁။ ခိုင်မာတိကျသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အလျင်မြန်ဆုံး အကောင်ထည် ဖော်ဆောင်ရွက်ရန်။
၂။ ငြိမ်းချမ်းရေးဖော်ဆောင်သည့် အဆင့်တိုင်းတွင် အမျိုးသမီးများအား ပါဝင်ဆောင်ရွက်ခွင့်နှင့် ဆုံးဖြတ်ခွင့်ပြုရန်။
၃။ စစ်ပွဲများအတွင်း သားကောင်သဖွယ်ဖြစ်နေရသော အမျိုးသမီးများနှင့် ကလေးငယ်များအား လုံခြုံမှုနှင့်စောင့် ရှောက်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်။
၎။ အမျိုးသမီးများ၏ ဘဝလုံခြုံရေးဆိုင်ရာ ထိခိုက်စေသော မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လူကုန်ကူးခြင်းနှင့် အိမ်တွင်းအကြမ်းမှုများကို ဥပဒေအရ ထိရောက်စွာ အကာအကွယ်ပေးရန်နှင့် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းပေးရန်။
၅။ နိုင်ငံတကာအမျိုးသမီးများ အခွင့်အရေး CEDAW  သဘောတူညီချက်များကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန်။
၆။ တိုင်းရင်းသားဒေသများတွင် ကြီးထွားလာနေသော မူးယစ်ဆေးဝါးပြဿနာများအား တရားဥပဒေအရ ထိရောက် စွာ အရေးယူဆောင်ရွက်ပေးရန်။


သျှမ်းသံတော်ဆင့်

unread,
May 21, 2014, 4:28:23 PM5/21/14
to thuau...@gmail.com

SSA တဖွဲ့တည်းဖြစ်ကြောင်း RCSS ထံ SSPP မှ တော်လှန်ရေးနေ့ သဝဏ်လွှာပို့

Posted: 21 May 2014 03:17 AM PDT

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဌာနချုပ် လွယ်တိုင်းလျဲန်း တွင် ကျင်းပသော  ၅၆ နှစ်မြောက် သျှမ်းပြည် အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်း အရှေ့ပိုင်းမခွဲခြားဘဲ SSA တဖွဲ့တည်းဖြစ်ကြောင်း သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP မှ တော်လှန်ရေးနေ့ သဝဏ်လွှာပေးပို့ခဲ့ပါသည်။

RCSS ဌာနချုပ်တွင်ကျင်းပသောတော်လှန်ရေးနေ့အခမ်းအနား
အဆိုပါသဝဏ်လွှာတွင် အာဏာရ မြန်မာခေါင်းဆောင်များသည် ပင်လုံသဘောတူညီချက်အတိုင်း မသွားသဖြင့်  ယနေ့တိုင်လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဝင်နေရသည်မှာ ၅၆ နှစ်ရှိပြီဖြစ် ကြောင်း၊ ထို့ကြောင့်  ရည်မှန်း ချက် ပန်းတိုင်ရောက်အောင်   သျှမ်းပြည် တပ်မတော်တောင်ပိုင်း မြောက်ပိုင်း အရှေ့ပိုင်းမခွဲဘဲ တစု တစည်း တည်းဖြစ်အောင် ကြိုးစားသွားကြရန် SSPP/SSA မှ တိုက်တွန်းလိုက်ကြောင်း ပါရှိပါသည်။

RCSS ဌာနချုပ်တွင်ကျင်းပသောတော်လှန်ရေးနေ့အခမ်းအနား 

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကျင်းပသော သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားတက်ရောက်သည့် ပရိသတ်ထောင်ချီနှင့်စစ်ရေးပြ စစ်သည် များအား ဒု ဗိုလ်ချုပ်ကြီးယွက်စစ်က တော်လှန်ရေးသမိုင်းဖြစ်ပေါ်လာပုံသမိုင်းကို မိန့်ခွန်းပြောကြားခဲ့ပါသည်။

SSPP ဌာနချုပ်တွင်ကျင်းပသော စစ်သင်တန်းဆင်းပွဲနှင့်တော်လှန်ရေးနေ့အခမ်းအနား

SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းတွင်မူ  သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားနှင့်အတူ အခြေခံစစ် ပညာ သင်တန်း အပတ်စဉ် ၂၂ ၏ သင်တန်းဆင်းပွဲကိုပါ ပြုလုပ်ကျင်းပခဲ့ပါသည်။


သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအား သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA ဌာနချုပ်လွယ်တိုင်းလျဲန်း၌လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပါသည်။

SSPP ဌာနချုပ်တွင်ကျင်းပသော စစ်သင်တန်းဆင်းပွဲနှင့်တော်လှန်ရေးနေ့အခမ်းအနား


အဖက်ဖက်နစ်နာမှုအပေါ် မခံမရပ်နိုင်ကြသည့်အတွက် စဝ်နွဲ့စောယန္တ ဦးဆောင်သည့် သျှမ်းမျိုးချစ် လူငယ် ၃၁ ယောက်သည် ၁၉၅၈ မေလ ၂၁ ရက်နေ့ မိုင်းတုံမြို့နယ်သံလွင် အရှေ့ခြမ်း နမ့်ကျွတ် ချောင်း ဘေး တောတွင်း တစ်နေရာ၌ နွံစစ်ဟန်တပ်မတော်ဖွဲ့စည်းကာ သျှမ်းပြည်လွတ်လပ်ရေးအတွက် နယ်ချဲ့ ရန်သူဟူသမျှကို တွန်း လှန်တိုက် ခိုက် မောင်း ထုတ်မည်ဟုသွေးသစ္စာ ရေသောက်ခဲ့ကြပြီး တော်လှန်ရေး သမိုင်း ပထမစာမျက်နှာ စဖွင့်ခဲ့ကြသည်။


တိုင်းပြည်လွတ်လပ်ရေးအတွက်  သျှမ်းစော်ဘွား များ၊ သျှမ်းလူထုခေါင်းဆောင်များ ချင်း၊ ကချင်  ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ၁၉၄၇ ပင်လုံညီလာခံကြီး ၌ ပင်လုံ စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။အတူတကွနေထိုင်ရင်း ၁၀ နှစ်ပြည်သော် အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအခွင့်အရေးဆုံးရှုံးပါက ပြည်ထောင်စုမှခွဲထွက်ပိုင်ခွင့်ရှိသည် ဟုသဘောတူထားကြသည်။ ထိုကဲ့သို့သဘောတူညီချက်အတိုင်းဖြစ်မလာသောကြောင့်  စဝ်နွဲ့ ဆောယန္တ ဦးဆောင်ကာ တော်လှန်ရေးခရီး စတင်ခဲ့ခြင်းဖြစ်သည်။

ခွင့်ပြုချက်မရဘဲ မြေလွှတ်မြေရိုင်းများတွင် ဖော်ထုတ်အသုံးပြုခြင်းမပြုရန် သျှမ်းပြည်နယ်အစိုးရ အမိန့်ထုတ်

Posted: 21 May 2014 03:03 AM PDT

သျှမ်းပြည်နယ်အတွင်း မြေလွတ်မြေရိုင်းများအား ခွင့်ပြုချက်မရဘဲ ဖော်ထုတ်အသုံးပြုခြင်း မပြုရန် သျှမ်းပြည် နယ်အစိုးရက ကြေငြာချက်ထုတ်ပြန်လိုက်သည်။

ခရိုင်၊ မြို့နယ်၊ ကျေးရွာမည်သည့်ဒေသတွင်မဆို လယ်မြေ၊ ယာမြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း များနှင့် သစ်တောမြေများပေါ်တွင် အစိုးရထံမှ ခွင့်ပြုမိန့်တစ်စုံတစ်ရာမရှိဘဲ မိမိတို့သဘောဆန္ဒ အလျောက် လယ်ယာ မြေအဖြစ်အသုံးပြုခြင်း၊ လူနေအိမ်ကွက်များ ဖော်ထုတ်ရောင်းချခြင်းမပြု ရန် တားမြစ်ထားခြင်းဖြစ်သည်။

တားမြစ်ချက်ကို မလိုက်နာပါက ၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ ၂၀၁၂ ခုနှစ်မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းပညာနှင့် ၁၉၉၂ ခုနှစ် သစ်တောနည်းဥပဒေ ၊၁၉၉၅ ခုနှစ် သစ်တောနည်း ဥပဒေ များအရ အပြစ်ပေးအရေးယူခြင်းခံရမည် ဖြစ်ကြောင်း မေလ (၂၀) ရက် နေ့ထုတ်  နိုင်ငံပိုင် မြန်မာ့ အလင်း သတင်းစာတွင်ကြော်ငြာအဖြစ်ထည့်သွင်းဖော်ပြထားပါသည်။

အသားဈေးနှုန်းနှင့်အလေးချိန်မှန်ကန်စေရန်

Posted: 21 May 2014 03:03 AM PDT

သို့
     သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် စည်ပင်သာယာရေးဌာနဝန်ကြီး သိစေရန်

သျှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့သည် စနစ်သစ် ခေါင်းခွန်စနစ်ဖြင့် အသားများ ထုတ်လုပ် ရောင်းချလျှက်ရှိပါသည်။ သို့သော်လည်း သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်းမရှိဘဲ ၀က်သား ၁ ပိဿာ ၈၀၀၀ကျပ်၊  အမဲသား ၁ ပိဿာ ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။

အလေးချိန်မှာလည်းဘဲ ၇၅ ကျပ်သားသာ ရှိပါသည်။ သတ်မှတ်ဈေးမှာ ဝက်သား ၁ပိဿာ ၆၀၀၀ ကျပ်၊  အမဲသား ၁ ပိဿာ ၇၀၀၀ ကျပ်ဟု သိရပါသည်။ ဘာကြောင့်ယခုကဲ့သို့ အလေးမမှန် ဈေးမမှန် ရောင်းချနေရသနည်းဟု မေးရာ ဒိုင်က- စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးသန်းကျော် အား လည်းကောင်း၊ စည်ပင်ဌာနအားလည်းကောင်း၊ တိရိစ္ဆာန်ကု ဆရာဝန်အားလည်းကောင်း တလလျှင် ကျပ် ၇၀၀၀၀ စီပေးရသောကြောင့်ဖြစ်ကြောင်း ပြောပါသည်။ ထို့ကြောင့် အများပြည်သူစားဝတ် နေရေးအဘက်ဘက်က  နစ်နာစေသည့် လာဘ်စားနေကြသော ဝန်ထမ်းများနှင့်စည်ပင် လူကြီးအား အရေးယူပေးပါရန် သျှမ်းသံတော်ဆင့်မှတဆင့် တင်ပြအပ်ပါသည်။


၂၁ ရက် ၅ လ ၂၀၁၄ ခုနှစ်
ကိုရွှေလင်းခေးများအဖွဲ့

ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်ရုံဆွေးနွေးပွဲ တောင်ကြီး၌ ကျင်းပမည်

Posted: 21 May 2014 02:58 AM PDT

ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ပြည်သူများ သိရှိနားလည်လာစေရန် “ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်ရုံဆွေးနွေးပွဲ” ကို သျှမ်းပြည်မြို့တော် တောင်ကြီး၌ ကျင်းပမည်ဟု သိရှိရသည်။

ဘရာဇီး အခြေစိုက် Euro Burma Office(EBO)၊ ကနေဒါ အခြေစိုက် Forum of Federations (FOF)နှင့် ချင်းမိုင် အခြေစိုက် Pyidanugsu Institute for Peace and Dialogue (PI)၊ တောင်ကြီး အခြေစိုက် သျှမ်းပြည်မျိုးဆက်သစ် (NGSS)တို့က “ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်ရုံ ဆွေးနွေးပွဲ”ကို မေလ ၂၅ ရက်မှ ၂၇ ရက်နေ့ထိ ၃ ရက်ကြာ ပူးပေါင်းပြုလုပ်သွားမည် ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာဘာလဲ၊ ဘာကြောင့်ရှိဖို့ အရေးကြီးသလဲ၊ ဘာကြောင့်ရှိဖို့ လိုအပ် သလဲဆိုတာ သိတဲ့သူအရမ်းနည်းတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း လေ့လာပြီးမှ ၂၀၀၈ ဥပဒေကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ ဆွေးနွေးနိုင်မယ်” ဟု ပါဝင်စီစဉ်သူ ဦးခွန်စိုင်း က ပြောပါ သည်။

အလုပ်ရုံဆွေးနွေးပွဲကို Training of Trainers (TOT) ပုံစံဖြင့် ပြုလုပ်သွားရန် ရည်ရွယ်ထား ကြောင်း၊ သျှမ်းပြည်အခြေစိုက် နိုင်ငံရေးပါတီများ၊ လူမှုအသင်းအဖွဲ့များနှင့် အပစ်ရပ် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များကို ဖိတ်ကြားမည်ဖြစ်ကြောင်း ဆို၏။

ဖက်ဒရယ်စနစ်နှင့်ဆင်တူသည့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်စနစ် လုံးဝဖြစ်လာစေ ရန် ၁၉၆၁ ခုနှစ် ဂျွန်လ ၈ ရက်မှ ၁၆ ရက်နေ့အထိ တောင်ကြီး၌ ပြည်နယ်ပေါင်းစုံညီလာခံကြီး ကျင်းပခဲ့သည်။

ရဲစခန်းနားက မူးယစ်ဈေးကို ရှင်းလင်းပေးစေလို

Posted: 20 May 2014 09:08 PM PDT

သို့-သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ရွှေလီမြစ်တဘက်ကမ်း တရုတ်နိုင်ငံနှင့် ထိစပ်နေသော ကွန်ဟိုင်း ကျေးရွာ ရဲစခန်း အနီး (ပေ ၃၀၀ အကွာခန့်) တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသောနေရာတခုရှိပြီး နေ့စဉ်တရုတ် ပြည်သားနှင့်မြန်မာနိုင်ငံသား အယောက် (၁၀၀) ထက်မနဲလာရောက်ရောင်း ၀ယ်သုံး စွဲနေကြောင်း တွေ့ရသည်။

ရဲစခန်းနားက မူးယစ်ဈေး 

၎င်းမူးယစ်ဆေးဝါးရောင်းသောနေရာကိုရှင်းလင်းအရေးယူပေးရန်ကျေးရွာအုပ်ချုပ်ရေးမှုးအဖွဲ့ဝင်များ နှင့်ရွာသူ/သားများ က ကွန်ဟိုင်းရဲစခန်းရှိ စခန်းမှူး ဦးဝင်းနိုင်ထံ အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ ဖမ်းဆီးအရေးယူခြင်းမရှိခဲ့ပါ။


မူးယစ်ဆေးဝါးသုံးစွဲသူပေါများနေမှုကြောင့် ရွာအတွင်း ခိုးဆိုးလုယက်သူများနှင့်လူငယ်ပိုင်းများလည်း တနေ့ ထက်တနေ့ စာရိတ္တပျက်ပြားနေပါပြီ။သို့ဖြစ်ပါ၍အထက်က တာဝန်ရှိလူကြီးမင်းများနှင့် သျှမ်း ပြည် အစိုးရအဖွဲ့များ သိရှိစေပြီး အမြန်ဆုံးလာရောက်အရေးယူပေးပါရန် သျှမ်းသံတော် သတင်းဌာန မှတဆင့် တင်ပြအပ်ပါသည် ခင်ဗျား။

မှ/ကွန်ဟိုင်းရွာသူရွာသားများ
(21.5.2014)

Reply all
Reply to author
Forward
0 new messages