သစ်ထူးလွင်

44 views
Skip to first unread message

Thit Htoo Lwin

unread,
Dec 3, 2013, 10:28:36 AM12/3/13
to thuau...@gmail.com

သစ်ထူးလွင်


OIC ဆန္ဒပြပွဲတွင် အခြားဘာသာကို စော်ကားသောပိုစတာပါဝင်ခဲ့၍ ဗဟန်းရဲစခန်း အမှုဖွင့်

Posted: 03 Dec 2013 06:49 AM PST


OIC ကန့်ကွက်ဆန္ဒပြပွဲမှာ အစ္စလာမ်ဘာသာကို တိုက်ရိုက် စော်ကားတဲ့ ကြွေးကြော်သံ ပိုစတာကို ကိုင်ဆောင်ခဲ့မှုနဲ့ ရန်ကုန်မြို့ ဗဟန်းရဲစခန်းက ပုဒ်မ ၂၉၅နဲ့ အမှုဖွင့်ပြီး အရေးယူ စုံစမ်းမှုတွေ စတင်နေပြီလို့ ဒီဇင်ဘာ ၃ရက်နေ့မှာ အတည်ပြု ပြောဆို ခဲ့ပါတယ်။ ဆန္ဒပြဖို့ ခွင့်ပြုချက်တင်တဲ့ အခါမှာ ပါဝင်မယ့် ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေကို ဖော်ပြရတာဖြစ်ပြီး ခွင့်ပြုချက်တင်တုန်းက မပါဝင်တဲ့ သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြဆိုတဲ့ ပိုစတာဟာ ယုံကြည်သက်ဝင်တဲ့ ဘာသာရေးကို စော်ကားတာဖြစ်တာမို့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သံတွဲ RNDP ဥက္ကဌ ဦးစောလှိုင်အပါအ၀င် ၉ ဦး လွတ်မြောက်

Posted: 03 Dec 2013 06:46 AM PST


ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးစောလှိုင် အပါအဝင် ၉ ဦးကို သံတွဲမြို့နယ် တရားရုံးက ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးတင်ညိုက RFA ကို အခုလို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကချင်ပြည်နယ်က ၀န်းသိုကျောင်း စစ်ရှောင်ရှမ်းဒုက္ခသည်စခန်း ပထမဦးဆုံး နေရပ်ပြန်

Posted: 03 Dec 2013 05:19 AM PST


မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းတိုက် စစ်ရှောင်စခန်းတွင် စစ်ဘေးတိမ်းရှောင်နေကြသော မြစ်ကြီးနားမြို့နယ်၊ တာလောတိုက်နယ်၊ စံကင်းရွာက (၈၃) ဦးသော စစ်ဘေးရှောင်ပြည်သူများသည်  ဒီဇင်ဘာလ (၂) ရက်နေ့တွင် ၀န်းသိုကျောင်း စစ်ရှောင်စခန်းမှ နေရပ်ဖြစ်သော စံကင်းရွာသို့ ပြန်သွားခဲ့ကြပြီလို့ သိရှိရသည်။ စံကင်းကျေးရွာ စစ်ဘေးရှောင်မိဘပြည်သူများသည် (၂၀၁၁)ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းတိုက် စစ်ရှောင်စခန်းသို့ စတင်ရောက်ရှိခဲ့ပြီး၊ ၀န်းသိုကျောင်းဆရာတော်ကြီးနှင့် NGO အဖွဲ့အစည်းများက အဓိက ကူညီထောက်ပံ့ကာ (၂)နှစ် နီးပါးလောက် စစ်ဘေးတိမ်းရှောင်လျက် (၂၀၁၃) ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့တွင် အိမ်ထောင်စု (၁၅) စု ၊ လူဦးရေ (၈၃) ယောက်တို့သည် မိမိတို့၏ သဘောဆန္ဒအညီ နေရပ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်လို့ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းဆိပ်ကမ်း၌ တွေ့ရစဉ်




ဆန္ဒပြသူများအား ပိတ်ပင်တားဆီးမှုကို ထိုင်းရဲတပ်ဖွဲ့ ဖယ်ရှား

Posted: 03 Dec 2013 05:09 AM PST

ထိုင်းနိုင်ငံတွင် နိုင်ငံရေး အကြမ်းဖက်မှုနှင့် ပဋိပက္ခများ နှစ်ရက်ကြာ ဖြစ်ပေါ်ခဲ့ပြီးနောက် ယနေ့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများအား ပိတ်ပင်တားဆီးမှုများ မပြုလုပ်တော့ဘဲ အစိုးရရုံးများ အခြေစိုက်ရာ အဆောက်အအုံသို့ ဖြတ်သန်းဝင်ရောက်ခွင့် ပြုလိုက်ပြီဖြစ်သည်။ ရဲတပ်ဖွဲ့က အတားအဆီးများ ဖယ်ရှားကာ ဆန္ဒပြသူများနှင့် တင်းမားမှု လျော့ကျသွားသည့် အကြောင်းရင်းကို လတ်တလောတွင် ရှင်းလင်းစွာ မသိရသေးကြောင်း သတင်းများက ဖော်ပြသည်။ သို့သော် ထိပ်တန်အကြီးအကဲများအား ပစ်မှတ်ထားလျက်ရှိသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တားဆီးပိတ်ပင်မှုများ ဆက်လက် ပြုလုပ်တော့မည်မဟုတ်ကြောင်း ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဆန္ဒပြသူများအား ပိတ်ပင်တားဆီးမှုကို ထိုင်းရဲတပ်ဖွဲ့ ဖယ်ရှား ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်က ၎င်း၏ တပ်ဖွဲ့ဝင်များအနေဖြင့် ဆန္ဒပြသူများကို တားဆီးပိတ်ပင်မှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်းနှင့် ယနေ့တွင် မျက်ရည်ယိုဗုံးများ အသုံးပြုတော့မည်မဟုတ်ကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူတို့နှင့် တစ်သားတည်းပင်ဖြစ်ကြောင်း AFP သို့ ပြောကြား

တရုတ်အစိုးရတာဝန်ရှိသူ နှစ်သောင်းကျော် ပြစ်ဒဏ်ပေးခံရ

Posted: 03 Dec 2013 05:01 AM PST


တရုတ်အစိုးရသည် နိုင်ငံ၏ ကျေးလက်ဒေသများရှိ အစိုးရတာဝန်ရှိသူ ၂၀,၀၀၀ ကျော်အား ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံတစ်ဝန်းဆောင်ရွက်နေသော ဗျူရိုကရေစီစနစ် ကျင့်သုံးမှုနှင့် ဟိတ်ဟန်ကြီးသည့် နေထိုင်မှုများ လျှော့ချရေးအစီအစဉ်အရ ထိုသို့ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။ ပြစ်ဒဏ်ပေးခံရသည့် အရာရှိများတွင် ၃၀၀ ဝန်းကျင်မှာ အစိုးရအဆင့်အရာရှိ သို့မဟုတ် ကွန်မြူနစ်ပါတီကော်မတီဝင်များဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေးဗဟိုကော်မရှင် (Central Commission for Discipline Inspection - CCDI) က တနင်္လာနေ့တွင် ထုတ်ပြန်ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တရုတ်အစိုးရတာဝန်ရှိသူ နှစ်သောင်းကျော် ပြစ်ဒဏ်ပေးခံရ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံတစ်ဝန်း ဆောင်ရွက်နေသော ဗျူရိုကရေစီစနစ် ကျင့်သုံးမှုနှင့် ဟိတ်ဟန်ကြီးသည့် နေထိုင်မှုများ လျှော့ချရေးအစီအစဉ်အရ ထိုသို့ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်

မျှော့နက်မည်းကြီးသဖွယ် အမိန့် စည်းမျဉ်းများနှင့် ကျွန်တော်တို့

Posted: 03 Dec 2013 04:52 AM PST


ကားက မထင်လျှင် မထင်သလို ဘရိတ် ဆောင့်ဆောင့် ဖမ်းတတ်တာမို့ သူ သတိလက်လွတ် မနေရဲ၊ လက် နှစ်ဖက်က ကိုင်စရာ ရှာကိုင်ထား ရသလို ခြေကလည်း ကန်ထား ရသေးသည်။ တလှစ်လှစ် ပြေးနေသော ဟိုင်းလတ်ကား ခေါင်မိုးပေါ်တွင် စီးရသည်က လေတ ဖြူးဖြူးနှင့် အရသာ ရှိသလို အန္တရာယ် လည်း မသေးပါ ။သို့ရာ တွင် … ”မစီးလို့ ဘယ်လို လုပ်ရမလဲဗျ ကားထဲမှာလည်း အပြည့်၊ နောက်တွယ် ကိုလည်း ကြည့်ပါဦး၊ အမိုးပေါ်က မစီးလို့ ဘယ်နေရာက စီးရမှာလဲ” ဟု မင်္ဂလာဒုံမြို့ နယ် နွယ်ခွေသား ကိုသိမ်း အောင်က ပြောသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဥပဒေ နှင့်ဘဝများကြား လက်တစ်လုံးသာ ခြားသည်

Posted: 03 Dec 2013 04:49 AM PST


စိမ်းလဲ့ ကန်သာ ၅ လောင်းပြိုင် လူ သတ်မှုဟု ဆိုလိုက်တိုင်း ထိုအချိန် အခါ က တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ နှင့် အတူ ယှဉ်တွဲပြီး မြင်နေကြသည် မှာ အကြောင်း မဲ့တော့ မဟုတ်တန်ရာ။ ထို အချိန်က မြန်မာနိုင်ငံ ၏လုံခြုံရေး အခြေ အနေနှင့် အုပ်ချုပ်မှု ပုံစံအရ အဆိုပါပတ် ဝန်းကျင် အသိုက်အဝန်း သို့ ဝင်ဆံ့နိုင် သည့် လူတန်းစား ဆိုသည်က သီးသန့်ဆန် သည်က သေချာသည်။ ရုပ်ရှင်ထဲ မှာသာ မြင်ဖူးသည့် နာမည်ကျော် စစ်တပ်သုံး ၉ မမ ပစ္စတို သေနတ်ဖြင့် အနုကြမ်း ဝင်စီး ကာ အိမ်သားများ ကို သတ်သွား ခဲ့သည်ဟု ထိုစဉ်က သတင်း ထုတ်ပြန်ချက် များအရ သိခဲ့ကြသည် မဟုတ်ပါလား။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လူ​ကို​ကူး​စက်​သည့် ​ပ​ထ​မ​ဆုံး ​ကြက်​ငှက်​တုပ်​ကွေး ​ဟောင်​ကောင်​တွင် ​တွေ့​ရှိ

Posted: 03 Dec 2013 03:24 AM PST


H7N9 ​ကြက်​ငှက်​တုပ်​ကွေး​ရော​ဂါ​က ​ပ​ထ​မ​ဆုံး ​လူ​ကို​ကူး​စက်​မှု ​ဟောင်​ကောင်​မှာ ​တွေ့​ရှိ​ခဲ့​တယ်​လို့ ​ဟောင်​ကောင်​အ​စား​အ​စာ​နဲ့ ​ကျန်း​မာ​ရေး​ဌာ​န​က ​ဒီ​ဇင်​ဘာ ၂ ​ရက်​နေ့​မှာ ​အ​တည်​ပြု​ပြော​ကြား​ခဲ့​ပါ​တယ်။ တ​ရုတ်​နိုင်​ငံ​ပြည်​မ​ကြီး​ကို​လည်း ​ဆက်​လက်​ကူး​စက်​သွား​မယ့်​ပုံ ​ရ​တယ်​လို့​လည်း ​ဆို​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မ​အူ​ပင် ​ကံ​ကုန်း​ကျေး​ရွာ​အုပ်​စု ​လယ်​သ​မား​များ ​ဆ​န္ဒ​ပြ

Posted: 03 Dec 2013 03:21 AM PST

ဧ​ရာဝ​တီ​တိုင်း ​မ​အူ​ပင်​မြို့​နယ် ​ကံ​ကုန်း​ကျေး​ရွာ​အုပ်​စု​က ​တောင်​သူ​လယ်​မား​တွေ​ဟာ  ​လယ်​ယာ​မြေ​တွေ ​သိမ်း​ဆည်း​ခံ​ရ​မှု​နဲ့ ​တ​ရား​စွဲ​ဆို​ခံ​ထား​ရ​တဲ့​ကိ​စ္စ​တွေ ​ဖြေ​ရှင်း​ပေး​ရေး​အ​တွက် ​ဒီ​နေ့ ​ဆ​န္ဒ​ပြ​နေ​ကြ​ပါ​တယ်။ မ​အူ​ပင်​မြို့​နယ် ​ရဲ​စ​ခန်း​ရဲ့ ​တ​ရား​၀င် ​ခွင့်​ပြု​ချက်​နဲ့ ​ဒီ​န့ ​နံ​နက်​ပိုင်း​က ​ဆ​န္ဒ​ပြ​ခဲ့​ကြ​တာ​ဖြစ်​ပြီး ​သိမ်း​ဆည်း ​လယ်​ယာ​မြေ​ကိ​စ္စ​တွေ ​အ​မြန်​ဆုံး​ဖြေ​ရှင်း​ပေး​ရေး​၊ ​လယ်​သ​မား​တွေ​ကို ​တ​ရား​စွဲ​ထား​မှု ​ရုပ်​သိမ်း​ပေး​ရေး​၊ ​ပြည်​သူ့​လွှတ်​တော်​အ​မတ်​က​နေ​ပြီး ​တောင်​သူ​လယ်​သ​မား​တွေ​ကို ​ကူ​ညီ​ဆောင်​ရွက်​ပေး​ရေး​စ​တဲ့ ​တောင်း​ဆို​ချက်​တွေ​နဲ့​  ​ဆ​န္ဒ​ပြ​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဖေ​ဖော်ဝါ​ရီ​လ​က ​မ​အူ​ပင် ​လယ်​သ​မား​တွေ​နဲ့ ​ရဲ​များ ​ထိပ်​တိုက်​တွေ့​စ​ဉ်



ကုမ္ပဏီလုပ်ငန်းများတိုးချဲ့နိုင်ရန် အတွက် FMI Co., Ltd. မှ ကျပ် ၂၅ ဘီလျံဖိုး ရှယ်ယာများ ထုတ်ရောင်း

Posted: 03 Dec 2013 03:10 AM PST


ရန်ကုန်၊ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက် - မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည့် First Myanmar Investment Co., Ltd. ("FMI") သည် ကုမ္ပဏီ၏ လက်ရှိ ရှယ်ယာရှင်များအတွက် ကျပ် (၂၅) ဘီလျံသို့မဟုတ် အမေရိကန်ဒေါ်လာ(၂၅.၆)သန်း တန်ဖိုးရှိသော rights issue များကို စတင် ရောင်းချခဲ့ပါသည်။ ၎င်းရောင်းချရသော ငွေများကို ကုမ္ပဏီလုပ်ငန်းများ အသစ်တိုးချဲ့ရန်နှင့် လက်ရှိ လုပ်ငန်းများကို တိုးချဲ့နိုင်ရန် ငွေကြေး အထောက်အပံ့ အဖြစ် အသုံးပြုသွားမည် ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံရန် ကမ်းလှမ်းချက် သမ္မတငြင်းပယ်ခြင်း မဟုတ်ဟု သမ္မတပြောရေးဆိုခွင့် ရှိသူဆို

Posted: 02 Dec 2013 09:26 PM PST


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ အပါအဝင် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန် ကမ်းလှမ်းချက်ကို နိုင်ငံတော်သမ္မတက ငြင်းပယ်ခြင်း မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ထားဝယ် အထူးစီးပွားရေးဇုန် ယာယီရပ်ဆိုင်း

Posted: 02 Dec 2013 08:47 PM PST


ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်း၏ ဆောက်လုပ် ပြီးစီးမှုနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို တွက်ချက် စစ်ဆေးနိုင်ရန်အတွက် တည်ဆောက်ရေး လုပ်ငန်းများကို ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းများ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။ ထားဝယ် အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းကို အမြန်ဆုံး တည်ဆောက် ပြီးစီးနိုင်ရန် ယင်းစီမံကိန်းကို စတင်ရင်းနှီး တည်ဆောက်သူ အီတာလျံ-ထိုင်း ကုမ္ပဏီ (ITD) တစ်ခုတည်းနှင့် မလုံလောက်တော့သည့် အတွက် နိုင်ငံတကာ ရင်းနှီး တည်ဆောက်သူများ ပါဝင်လာစေရန် လက်ရှိ ဆောက်လုပ် ပြီးစီးမှုကို Due Diligence Assessment ပြုလုပ်ရန် လိုကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဦးပိန်တံတားကို ကော်မတီဖွဲ့ပြီး ရှေးလက်ရာမပျက် ပြုပြင်ထိန်းသိမ်းမည်

Posted: 02 Dec 2013 08:36 PM PST

ဦးပိန်တံတား ရေရှည်တည်တံ့ ကြံ့ခိုင်ရေး အတွက် ပြုပြင်ထိန်းသိမ်း မှုများ ပြုလုပ်ရန် ကော်မတီ တစ်ရပ် ဖွဲ့စည်း ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။ ရှေးဟောင်း သမိုင်းဝင် နေရာတစ်ခု ဖြစ်သည့်အတွက် ကော်မတီဖွဲ့ကာ ဆောင်ရွက်မည်ဖြစ်ပြီး ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။ ““တံတားပေါ်မှာ စက်ဘီးနဲ့ ဆိုင်ကယ် မောင်းတာတို့၊ ပြေးတာတို့တွေလည်း တားမြစ်သွားမယ်”” ဟု ၀န်ကြီးကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဦးပိန်တံတားကို တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 7day Daily 


မူးယစ်စစ်ချက်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည့် အနုပညာ မောင်နှမများကို စိုးမြတ်သူဇာ တောင်းပန်

Posted: 02 Dec 2013 08:31 PM PST


အွန်လိုင်းတွင် ပျံ့နှံ့နေသော ရန်ကုန်အရှေ့ မူးယစ်အထူးအဖွဲ့က  စိုးမြတ်သူဇာအား ၂၀၀၈ ခုနှစ်က စစ်ဆေးခဲ့သည့်စစ်ချက် နာမည်ပါဝင်ခဲ့သည့်  အနုပညာရှင်များ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည့်အတွက်    တောင်းပန်ကြောင်း စိုးမြတ်သူဇာ၏ တရားဝင်ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် တောင်းပန်ထားသည်။ ““ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နာမည်ပါခဲ့တဲ့ အနုပညာမောင်နှမများရှင်၊  ကျွန်မနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ရခဲ့ကြတဲ့အတွက် ဒီနေရာကနေ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မကို နားလည်ပေးကြပါ”” ဟု စိုးမြတ်သူဇာက ဒီဇင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် ရေးသားထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ-စိုးမြတ်သူဇာဖေ့စ်ဘွတ်ခ်

ဖခင်ကို ထောင်ချလိုက်သည့်အတွက် သမီးဖြစ်သူအဆိပ်သောက်

Posted: 02 Dec 2013 08:01 PM PST


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဖခင်ဖြစ်သူကို လူသတ်မှုဖြင့် ထောင်ဒဏ်ချလိုက်သည့်အတွက် အသက် ၁၆ နှစ်အရွယ်သမီးဖြစ်သူက စိတ်ဓာတ်ကျကာ ကြွက်သတ်ဆေးသောက်၊ သေကြောင်းကြံ စည်ခဲ့သည်ဟု ကောလင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒီဇင်ဘာ ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။ လက်ရှိတွင် အဆိပ်သောက်ခဲ့သည့် ဆယ်တန်းကျောင်းသူကို ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ဆေးရုံကြီးမှ ဖုန်းဆက်သွယ်အကြောင်းကြားခဲ့ရာမှတစ်ဆင့် ရဲဌာနမှသိရှိ ခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရဲတပ်သားနှစ်ဦး ပါဝင်ခဲ့သည့် လူသတ်မှုသံသယရှိသူအားလုံးကို ဖမ်းဆီး

Posted: 02 Dec 2013 07:57 PM PST


လှိုင်သာယာမြို့နယ်၊ န၀ဒေးလမ်း လမ်းသွယ်နှင့် ကျန်စစ်သားလမ်းဆုံတွင် နိုဝင်ဘာ ၂၉ ရက်ညက ဖြစ်ပွားခဲ့သည့် ရဲတပ်သားနှစ်ဦးပါဝင်နေသော လူသတ်မှုတစ်ခုတွင် သံသယရှိသူများအားလုံးကို ဖမ်း ဆီးရမိထားပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။ အမှုဖြစ်ပွားပြီးနောက်ပိုင်း ရဲတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးကို ညတွင်းချင်းဖမ်းဆီးခဲ့ပြီး ထွက်ပြေး သွားခဲ့သည့် ရဲတပ်သားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးအပါအ၀င် သုံးယောက်ကို နိုဝင်ဘာ ၃၀ နှင့် ဒီဇင်ဘာ ၁ ရက်တွင် အသီးသီးဖမ်းဆီးမိထားခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာစစ်တပ်ထဲ ကလေးစစ်သားများ ကျန်ရှိဆဲ

Posted: 02 Dec 2013 07:45 PM PST


ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေ ထပ်မံစုဆောင်းခြင်း မရှိတော့ဘူး ဆိုပေမယ့် မကြာခင်ကမှ တပ်ထဲရောက်လာကြတဲ့ အသက်မပြည့်သေးသူ ကလေးစစ်သားတွေ အများအပြား ရှိနေတုန်းပဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က စလို့ အသက် ၁၈ နှစ်အောက် ကလေးစစ်သားတွေ မရှိတော့အောင် လုပ်ဆောင်မယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ကတိပေး ပြောဆိုထားတဲ့ကြားက အခုလို ကလေးစစ်သားတွေ ရှိနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ယူကရိန်းဆန္ဒပြသူများ အစိုးရရုံးတွေကို ပိတ်ဆို့

Posted: 02 Dec 2013 07:48 PM PST


ယူကရိန်းနိုင်ငံမှာ ထောင်ချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သူတွေဟာ အဓိက အစိုးရ အဆောက်အဦးတွေကို တနင်္လာနေ့တုန်းက ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။ ဥရောပသမဂ္ဂနဲ့ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ယူကရိန်းသမ္မတ Viktor Yanukovych က ငြင်းပယ်ခဲ့တဲ့ အပေါ်မှာ မကျေနပ်ကြတဲ့ ဆန္ဒပြသူတွေဟာ အစိုးရကိုပါ ဖြုတ်ချဖို့ ကြိုးပမ်းနေကြတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အစိုးရကို ဆန့်ကျင်ကန့်ကွက်ပြီး ဆန္ဒပြနေသူတွေ Kiev မြို့တော်အလယ်က လွတ်လပ်ရေးရင်ပြင်မှာ စုရုံးနေကြစဉ်။ (ဒီဇင်ဘာ ၂၊ ၂၀၁၃)

ပြန်ကြားရေး ဝန်ကြီးဌာနက BBC ရုံးခွဲ ဖွင့်ဖို့ ခွင့်ပြု

Posted: 02 Dec 2013 07:30 PM PST

BBC Global News ရဲ့ ဒါရိုက်တာ Peter Horrocks

ဘီဘီစီရဲ့ သတင်းဌာနခွဲ တခုကို မြန်မာနိုင်ငံမှာ တရားဝင် ဖွင့်လှစ်တော့မယ်လို့ BBC Global News ရဲ့ ဒါရိုက်တာ Peter Horrocks က မနေ့က ကြေညာလိုက်ပါတယ်။

မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနက တရားဝင် ခွင့်ပြုချက် ရခဲ့ပြီးတဲ့နောက်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီလို ရုံးခွဲဖွင့်ခွင့်ပေးတာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် အားတက်ဖွယ် ဖြစ်ပြီး ဘီဘီစီ အနေနဲ့ သတင်းတွေကို ဘတ်မလိုက်ဘဲ လွတ်လပ်မျှတစွာ ဆက်လက် ပေးပို့ ထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ မစ္စတာ ဟောရော့်ခ်စ်က ပြောပါတယ်။

ဘီဘီစီ ရုံးခွဲကို မြန်မာ နိုင်ငံမှာ နောက်နှစ်မှာ ဖွင့်ဖို့ ရည်မှန်းထားပြီး ဘီဘီစီ မြန်မာ ဌာနလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မသန်စွမ်းသူတွေ အပေါ် ခွဲခြားနှိမ့်ချမှုတွေ ရှိနေဆဲ

Posted: 02 Dec 2013 07:21 PM PST


မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာခဲ့ပြီး နောက်ပိုင်းမှာ လူမှု ကူညီရေး အထောက်အပံတွေ တိုးတက် ရရှိလာတယ်လို့ လူမှု ကူညီ လှုပ်ရှားသူတွေက ပြောပါတယ်။ အရင်က အစိုးရ ဘတ်ဂျက်ရဲ့ တစ် ရာခိုင်နှုန်းအောက်မှာသာ ရခဲ့ရာက အခုတော့ လေး ရာခိုင်နှုန်း ရလာပြီး ဒါဟာ လွှတ်တော်နဲ့ မသန်စွမ်း အဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်ချက်ရဲ့ အောင်မြင်မှုလို့ မြန်မာ နိုင်ငံ မသန်စွမ်း ရှေ့ဆောင် အဖွဲ့ စီမံကိန်း ညွှန်ကြားရေးမှူး ကိုနေလင်းစိုး ရှင်းပြခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မသန်စွမ်းသူတွေ အတွက် ပြည်ပက ကူညီ

အသိမ်းခံယာမြေများ ပြန်မရသေးသည့်အသက် (၈ဝ) နီးပါးရှိ အမေကြီး

Posted: 02 Dec 2013 06:46 PM PST


ပြည်သူ့ ဆောက်လုပ်ရေး ဌာနမှ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်စဉ်က အသုံးပြုရန် နွားထိုးကြီးမြို့ နယ် ပြင်စည်ကျေးရွာနေ လယ်သမားကြီး (ဦးမွှေး) မိသားစုပိုင် ယာမြေများကို သိမ်းယူခဲ့ပြီး လုပ်ငန်းများ ပြီးသွားသော်လည်း ယခုထိ ပိုင်ရှင်မိသားစုထံ ပြန်မပေး သေးကြောင်း သိရသည်။
 ပြည်သူ့ ဆောက် လုပ်ရေး လုပ်ငန်း လမ်းစီမံကိန်း အထူးအဖွဲ့ (၁၄)အနေဖြင့် ယာမြေများကို ပြန်မပေးသည့်အပြင် ၄င်းတို့ ပိုင်ဆိုင်နိုင်ရန် အတွက် (၁၅.၈.၂ဝ၁၃)နေ့ စွဲပါ စာအမှတ် အခမ-ထွေ/တံတား ၁၄/၂၅ဝ ဖြင့်လန(၃၉) လျှောက်ထား ခဲ့သေးသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အသက် (၁၁၁) ရှိ ဘိုးသက်ရှည် ဦးလုံးလိုင်းဆိုင်

Posted: 02 Dec 2013 06:42 PM PST

မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ သမိုင်းဝင် ကပ်ကျော် ဘော်ကြိုမုဌောဘုရားကြီးတွင် မကြာခဏတွေ့ရှိရသည့် ဘိုးသက်ရှည် အဘိုး ဦးလုံးလိုင်းဆိုင် အား ရှမ်းနှစ်ကူးနေ့တွင် အမှတ်တရအဖြစ် အများသူငှာ သိရှိနိုင်စေရန် အသက်(၁၁၁)နှစ်ရှိ အဘိုးဦးလုံးလိုင်းဆိုင် ကို ရှမ်းနှစ်သစ်ကူးနေ့က ပြုံးပျော်ရွှင်စွာ တွေ့ရှိရပြီး ခင်မင်သူများ ဘုရားဖူး လာရောက်ကြသည့် ဧည့်သည်များနှင့်လည်း ရင်းရင်း နှီးနှီး တွေ့ရ၏။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တရားလိုမှ တရားခံ ပြန်ဖြစ်တတ်သည်ဟု ဦးမိုးဟိန်း သတိပေး

Posted: 02 Dec 2013 06:09 PM PST


သူရိယနေ၀န်း ဂျာနယ်တွင် ရေးသားခဲ့သည့် ဦးတေဇနှင့် ပတ်သက်သည့် ရေးသား ချက်များ အပေါ် တရားစွဲဆိုမည်ဟု ကြေညာထား ချက်များ အား ရင်ဆိုင်ရန် အသင့်ရှိပြီး တရား စွဲဆိုရန်စီစဉ်သူသည် တစ်ခါတလေ တရားခံအဖြစ်သို့ ပြန်လည် ရောက်ရှိနိုင်ကြောင်း သူရိယနေ၀န်း ဂျာနယ် အယ်ဒီတာချုပ် ဦးမိုးဟိန်းက People Power သတင်းစာသို့ ပြောကြားသည်။ ထူးကုမ္ပဏီမှ ၎င်းအားတရားစွဲဆိုရန် သက်သေများနှင့် အချက်အလက်များ စုဆောင်း လျက်ရှိပြီး၊ မကြာမီတွင် တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း ရပ်နား

Posted: 02 Dec 2013 03:52 PM PST


ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ စီမံကိန်းတွေအားလုံးကို ရပ်နားခိုင်းလိုက်ကြောင်း ထားဝယ်စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ပို့ဆောင်ရေး ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ ဒီနေ့ပြုလုပ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဆန္ဒပြခေါင်းဆောင်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်

Posted: 02 Dec 2013 03:19 PM PST

ထိုင်းနိုင်ငံက ဆန္ဒပြတဲ့ အဖွဲ့ခေါင်းဆောင် Suthep Thaugsuban (Credit: AFP) 

ထိုင်းနိုင်ငံတရားရုံးက ​အစိုးရကို ​ဆန့်ကျင်ဆန္ဒပြတဲ့ ​အဖွဲ့ခေါင်းဆောင် ​Suthep ​Thaugsuban ​ကို ​အစိုးရကို ​ဖြုတ်ချဖို့ ​ကြိုးစားတဲ့ ​ဆူပူအုံကြွမှုနဲ့ ​ဖမ်းဝရမ်း ​ထုတ်လိုက်ပါတယ်။

ဆန္ဒပြအဖွဲ့ခေါင်းဆောင် ​Suthep ​Thaugsuban ​ကို ​သေဒဏ် ​ဒါမှမဟုတ် ​တသက်တကျွန်းအထိ ​အပစ်ပေးနိုင်ဖွယ်ရှိတယ်လို့ ​ထိုင်းနိုင်ငံရဲကပြောပါတယ်။ ​လေးနက်တဲ့ ​စွဲချက်ဖြစ်ပေမယ့် ​ထိုင်းနိုင်ငံဟာ ​သေဒဏ် ​အပစ်ပေးလေ့ ​မရှိဘူးလို့လည်း ​ဆိုပါတယ်။

တချိန်တည်းမှာပဲ ​ထိုင်းနိုင်ငံ ​၀န်ကြီးချုပ် ​Yingluck ​Shinawatra ​ကလည်း ​အတိုက်အခံဖက်က ​သူ့ကို ​ရာထူးကနေ ​ဆင်းပေးဖို့ ​တောင်းဆိုတာကို ​ငြင်းပယ်လိုက်ပါတယ်။

အတိုက်အခံဖက်က ​အခုလိုတောင်းဆိုတာဟာ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေနဲ့ ​ကိုက်ညီမှုမရှိသလို ​သူ့အနေနဲ့ ​အတိုက်အခံအဖွဲ့ကိုလည်း ​တိုင်းပြည်ထိန်းချုပ်ခွင့် ​မပေးနိုင်ဘူးလို့ ​တုန့်ပြန်လိုက်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ​ဘန်ကောက်မြို့မှာ ​ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ABC Radio Australia

You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Thit Htoo Lwin

unread,
Dec 4, 2013, 10:09:09 AM12/4/13
to thuau...@gmail.com

အင်္ဂါ-ကျွန်းဆွယ်-နိုင်ငံတော်နှင့် အတိုက်အခံတို့၏စန်း

Posted: 04 Dec 2013 04:30 AM PST


နိုင်ငံတော်သမ္မတ သည်ကားလည်း ကန်စန်းပေမို့ ကိုင်တွယ်ရန် ခက်ခဲသော ပြဿနာများ မမျှော်လင့်ဘဲ ရှိလာနိုင်သလို လူထုဆန္ဒပြပွဲလို၊ အဓိကရုဏ်းလို ပြဿနာများ သို့မဟုတ် နိုင်ငံခြားနှင့် ရှင်းရမည့်ပြဿနာမျိုးကြောင့် စိတ်နှလုံး မကြည်သာစရာ များက ရှိလာနိုင်ခြင်း သို့မဟုတ် ကျန်းမာရေး ကျဆင်းခြင်းများ ရှိလာနိုင်တာမို့ ထိုကာလတွင် နိုင်ငံခြား ဆေးကု ထွက်ရခြင်းများ ရှိလာနိုင်ခြင်း၊ သဘာဝဘေးရန် သို့မဟုတ် နိုင်ငံရေး မတည်ငြိမ်မှုများ ရှိလာနိုင်ပါသည်။ သို့မဟုတ် မိမိက ASEAN ဥက္ကဋ္ဌဖြစ်နေတာမို့ ASEAN ပြဿနာများကို ဖြေရှင်းပေးစရာ များက ရှိလာနိုင်ပါသည်။ ---

စ​ဥ့်​ကူး​မြို့ ​ကျောက်​င​နွား​ရွာ ​သောက်​သုံး​ရေ ​အ​ခက်​ကြုံ

Posted: 04 Dec 2013 04:23 AM PST


မ​န္တ​လေး​တိုင်း​ဒေ​သ​ကြီး ​စ​ဥ့်​ကူး​မြို့​နယ် ​ကျောက်​င​နွား​ကျေး​ရွာ​မှာ ​ရွာ​သား​တွေ ​သုံး​စွဲ​နေ​ကျ ​အင်း​ထဲ​က ​ရေ​တွေ ​မ​သန့်​ရှင်း​တဲ့​အ​တွက် ​သောက်​သုံး​ရေ ​အ​ခက်​အ​ခဲ ​တွေ့​နေ​ကြ​ရ​ပါ​တယ်။ ​ကျောက်​င​နွား​ကျေး​ရွာ​က ​အား​ထား​နေ​ရ​တဲ့ ​သ​ပျော​အင်း​ထဲ​မှာ ​ငါး​ဖမ်း​သူ​တွေ​က ​ငါး​လှန့်​ဆေး​ကို ​သုံး​စွဲ​ပြီး ​ငါး​ဖမ်း​နေ​တဲ့​အ​ပြင် ​ရေ​သေ​အင်း ​ဖြစ်​တဲ့​အ​တွက် ​အ​ခု​လို ​မ​သန့်​ရှင်း​တဲ့​ရေ​တွေ ​ဖြစ်​နေ​တာ​လို့ ​ရွာ​ခံ ​ဦး​ညွန့်​သူ​က ​ပြော​ပါ​တယ်။ ---

သရုပ်ဆောင်ဂန္တဝင် ဗိုလ်ချုပ်ကျော်ဘ သားနှင့် ခရိုနီများ အရှုပ်တော်ပုံ

Posted: 04 Dec 2013 03:36 AM PST


၂ဝဝ၇ခုနှစ် နိုဝင်ဘာလတွင် ပိုင်အိုးနီးယားကလပ်၌ ကိုအောင်မှ ကျွန်တော်အား ' ၅' တံဆိပ်ပါ အဝါရောင် ဆေးပြား(၅)ပြားအား ပေးခဲ့ပြီး ထိုဆေးများကို ကျွန်တော်မှ မိန်းကလေးများနှင့် မဆက်ဆံမီ နာရီဝက်ခန့် အလို၌ ရေနှင့်တစ်ကြိမ်လျှင်(၁)လုံး သောက်ခဲ့ရာ (၃)ကြိမ်ခန့် သောက်ခဲ့ဘူးပါသည်၊ ထိုဆေးပြားအား လျှာအောက်တွင် ထည့်၍ငုံထားပါက ပို၍ကောင်း ကြောင်း ကိုအောင်မှ ပြောဘူးပါသည်၊ယခု သိမ်းဆည်းခံရသော ' ၅ 'တံဆိပ်ပါအဝါရောင်ဆေးပြား(၂)ပြားမှာ ကိုအောင်မှ ပေးခဲ့သော ဆေးပြားများ ဖြစ်ပါသည်။ ၂ဝဝ၇ ခုနှစ် ဧပြီလ သင်္ကြန်တွင် လျှောက်လည်ရင်း သရုပ်ဆောင်ဂန္တဝင်နှင့်ရင်းနှီးခဲ့ပြီး ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလတွင် ချစ်သူ ဖြစ်ခဲ့ပါသည်။ ၄င်းနှင့်ကျွန်တော်တို့သည် အက်စ်တာစီဆေးပြားသုံးစွဲဘူးပါသည်။ ---

ဥပဒေကို မထီမဲ့မြင်လုပ်လာရင် ဆက်လက်ဖော်ထုတ်မယ်လို့ မိုးဇေညိမ်း ဆို

Posted: 04 Dec 2013 03:19 AM PST


ငရုတ်သီးဟာ ဒီတိုင်းနေရင် ကောင်းပါတယ်။ ကြက်သွန်နဲ့ ပေါင်းရင်တော့ အထောင်းခံမှာပါပဲ။ အနုပညာရှင်ပဲဖြစ်ဖြစ်၊ ဘယ်လိုလူပဲဖြစ်ဖြစ် ပြည်သူတွေကို ကုပ်စီးဖိနှိပ်နေတဲ့ အာဏာရှင်တွေနဲ့ သွားပေါင်းရင်တော့ ပြည်သူတွေ ပြန်ထောင်းတာ ခံရပါလိမ့်မယ်။ လက်ရှိဖော်ပြနေတဲ့ အစီရင်ခံစာဟာ ကျွန်တော့် လက်ဝယ်မှာ ရှိနေတဲ့ အတွင်းရေးနဲ့ ပတ်သတ်တဲ့ ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေထဲက တစ်ခုမျှသာ ဖြစ်ပါတယ်။ ---

ဒီဇင်ဘာလ(၇)ရက်နေ့ ထုတ် Netguide Vol (3) , Issue (13)

Posted: 04 Dec 2013 03:09 AM PST

ဒီဇင်ဘာလ(၆)ရက်နေ့ ထုတ် The Hot News Journal PDF (Vol -4) (No - 169)

Posted: 04 Dec 2013 03:05 AM PST


ဒီဇင်ဘာလ(၆)ရက်နေ့ ထုတ် The Hot News Journal PDF (Vol -4) (No - 169)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာလ(၃)ရက်နေ့ ထုတ် မော်နီတာသတင်းဂျာနယ် အတွဲ(၂)၊ အမှတ် (၈၃)

Posted: 04 Dec 2013 03:01 AM PST


ဒီဇင်ဘာလ(၃)ရက်နေ့ ထုတ် မော်နီတာသတင်းဂျာနယ် အတွဲ(၂)၊ အမှတ် (၈၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




အင်တာနက်မမြန်သေးပါ

Posted: 04 Dec 2013 02:52 AM PST


အစိုးရသစ်လက်ထက် ပိတ်ထားသော တံခါးအတော်များများကို ဖွင့်ပေးခဲ့သည့်အထဲတွင် ပြည်သူများ အင်တာနက်ကို လွတ်လပ်စွာသုံးစွဲနိုင်သည့် အခွင့်အရေးပါဝင်လာသည်။ အင်တာနက်သုံးခွင့်ရဖို့ ယခင်လိုကျပ်သိန်းပေါင်းများစွာ ကုန်ကျရန်မလိုဘဲ လက်ကိုင်ဖုန်းတွင် ဘီလ်ကျပ်ငွေ တစ်သောင်းမျှရှိရုံဖြင့် မက်စ်ဆေ့ခ်ျပို့၍ လျှောက်ထားနိုင်သည်။ မိုဘိုင်းကွန်ရက်ချဲ့ထွင်လိုက်ခြင်းနှင့်အတူ ဖြေလျှော့မှုများကြောင့် မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူဦးရေ ၁၈ သိန်းနီးပါး တစ်နှစ်အတွင်း တစ်ရှိန်ထိုးတိုးတက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် အင်တာနက်မြန်နှုန်း(Connection)ကတော့ လွန်ခဲ့သည့်နှစ်များလိုပင် မထူးခြားနား နှေးမြဲနှေးဆဲဖြစ်သည်။ ---

ရောဂါအမည် မှားယွင်းတပ်ကြသောအခါ

Posted: 04 Dec 2013 02:48 AM PST


မြန်မာနိုင်ငံတွင် ကိန်းဂဏန်း၊ စာရင်းဇယား အတိအကျပြုစုထားခြင်းမရှိသော်လည်း ရောဂါအမည် မှားယွင်းစွာဆုံးဖြတ်မှုများသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် နေ့စဉ်ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာကြီးတစ်ခုအဖြစ် ရှိနေသည်။ သင်၏မိသားစုဝင်တစ်ဦး (သို့မဟုတ်) နီးစပ်ရာပတ်ဝန်းကျင်မှ အသိအကျွမ်းတစ်ဦးတွင် ရောဂါလက္ခဏာတစ်ခု ခံစားရသောကြောင့် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသသည့်အခါ ကျွမ်းကျင်သည့်ဆေးပညာရှင်က ရောဂါအမည်မှားယွင်းစွာဆုံးဖြတ်မှုကို ကြုံဖူးပါသလား။ ---

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများသို့ အသိပေးကြေညာချက်

Posted: 04 Dec 2013 02:30 AM PST


၁။ လက်ရှိပင်စင်ခံစားနေ သော အငြိမ်းစားများအား လက်ရှိ ပင်စင်လစာအပြင် ဝန်ထမ်းများ အား လစာတိုးမြှင့်ခွင့်ပြုသည့် ကျပ် ၂ဝဝဝဝ အပေါ် ပင်စင်နည်း ဥပဒေနှင့်အညီတွက်ချက်၍ ၂ဝ၁၃ ခုနှစ် ဧပြီလ လစာမှစ၍ တိုးမြှင့် ခံစားခွင့်ပြုခဲ့ပါသည်။

၂။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂ ရက်အထိ မြို့ပြကာကွယ်ရေး ပင်စင်စားဦးရေ ၅၇၁၆၄၆ ဦး၊ စာရင်းရှိအင်အား၏ ၁ဝဝ ရာခိုင် နှုန်းအတွက် ပင်စင်လစာသစ်ထုတ် ယူခွင့်ကို မြန်မာ့စီးပွားရေးဘဏ် များသို့ အကြောင်းကြား ဆောင် ရွက်ပြီးဖြစ်ပါသည်။ မြန်မာ့စီးပွား ရေးဘဏ်များ၌ ပင်စင်လစာထုတ် ယူရန် ကျန်ရှိဦးရေမှာ ၁ဝ၉၆၄၁ ဦး ဖြစ်ပါသည်။

၃။ တိုးမြှင့်ပင်စင်လစာသစ် အား မြန်မာ့စီးပွားရေးဘဏ်များ တွင် ပိတ်ရက်မှအပ နေ့စဉ်ထုတ် ပေးလျက်ရှိပါသဖြင့် ဆက်သွယ် ထုတ်ယူကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်။

၎။ ပင်စင်လစာနှင့်ပတ်သက် ၍ အခက်အခဲရှိပါက ကာကွယ် ရေးပင်စင်စားများသည် သက်ဆိုင် ရာကာကွယ်ရေးငွေစာရင်းရုံးခွဲများသို့ ဆက်သွယ်ဆောင်ရွက်ပါရန်နှင့် မြို့ပြပင်စင်စားများသည် မိမိတို့ နှင့်နီးစပ်ရာ ပင်စင်ဦးစီးဌာနရုံး ချုပ်၊ တိုင်းဒေသကြီးရုံးနှင့် ပြည် နယ်ရုံးများရှိ အောက်ပါဖုန်း/င်္ထေ နံပါတ်များသို့ ဆက်သွယ်သတင်း ပေးပို့ကြပါရန်နှင့် ပင်စင်ခံစားခွင့် ရရှိရေး အမြန်ဆုံးဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

ပင်စင်ဦးစီးဌာန

The Union Daily


အာရှတိုးတက်မှုအထည်ချုပ်စက်ရုံ အလုပ်သမား ၁၃၀၀ ကျော် ဆန္ဒပြ

Posted: 04 Dec 2013 02:24 AM PST


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် မီးခွက်ဈေးအနီးရှိ အာရှတိုးတက်မှု အထည်ချုပ်စက်ရုံ၌ နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ လုပ်အားခတိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုလျက်ရှိကြသော ၀န်ထမ်းအင်အား ၁၃၀၀ ကျော်တို့သည်အလုပ်သမား ခေါင်းဆောင် ဖြစ်သူ ပြည့်ဖြိုးအောင်အား အလုပ်မှထုတ်ပယ်ခဲ့သည့်အတွက် ပြန်လည် ခန့်ထားပေးရန် စက်ရုံတာဝန်ရှိသူများကိုဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီမှစတင်၍ ဆန္ဒပြ တောင်းခံလျက်ရှိသည်။ ---

ဗုဒ္ဓဆင်းတု ဦးခေါင်းတော်မှ ဆံတော်များထွက်ပေါ်

Posted: 04 Dec 2013 01:05 AM PST


ဗုဒ္ဓဘုရား ဆင်းတုတော်၏ ဦးခေါင်းတော် မှဆံတော်များ ထွက်ပေါ်လာသ ဖြင့် ပြည်သူအများပူဇော်နိုင်ရန် ပညာသိပ္ပံဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ပြောင်းရွှေ့ အပူဇော်ခံထားကြောင်း သိရ သည်။ မရမ်းကုန်းမြို့နယ် (၈)ရပ် ကွက် ရေကူး ဘူတာရုံလမ်း ပညာ သိပ္ပံ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင် ဦးခေါင်းတော်မှ ဆံတော်များ ထွက်ပေါ်လာသည့် ဗုဒ္ဓရုပ်ပွားတော်ကို အများပြည် သူပူဇော်ဖူးမြော်နိုင်ရန် ဘုရား ဒကာမှပြောင်းရွှေ့ပူဇော်ထား ကြောင်း ဘုရား ဒကာဖြစ်သူဦး ခင်မောင်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။ ---
ဗုဒ္ဓဘုရားဆင်းတုတော်၏ ဦးခေါင်းတော်မှ ဆံတော်များ ထွက်ပေါ်လာသည်ကို အနီးကပ်ဖူးတွေ့ရစဉ်။ ဓာတ်ပုံ-ငယ်ထွေး


အလေးမသည့် ၆၈ နှစ်ရွယ်အမျိုးသားကြီး ဝိတ်ပြားပိသေဆုံး

Posted: 04 Dec 2013 12:58 AM PST


ဗိုလ်တထောင်မြို့နယ်တွင် အလေးမသည့် အမျိုးသားကြီးတစ်ဦး ဝိတ်ပြားများပိ၍ သေဆုံးခဲ့မှုတစ်ခု ဒီဇင်ဘာ ၃ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။ အဆိုပါ သေဆုံးမှုမှာ (၉)ရပ်ကွက်၊ ဗဟာဗန္ဓုလလမ်း၊ အမှတ် (၂၆၃)တွင် ဝိုင်အမ်စီအေ ခန်းမတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခန်းမလုံခြုံရေးဖြစ်သူက အကြောင်းကြားချက်အရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။ ---

သမ္မတအရည်အချင်း ဥပဒေပုဒ်မ ပြင်သင့်၊ မသင့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်

Posted: 04 Dec 2013 12:24 AM PST


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင် နိုင်ခွင့် အတွက် အတားအဆီး ဖြစ်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ (၅၉(စ)) ကို ပြင်ဆင်ရန် သင့်၊ မသင့်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီအစည်း အဝေးတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောကြားသည်။ ---

စိုးမြတ်သူဇာနှင့် နဝရတ် ရဲစစ်ချက်မှတ်တမ်း ဟူ၍ Facebook တွင် တင်ထားခြင်း ရပ်တန့်ရန် ရုပ်ရှင်အစည်းအရုံး တောင်းဆို

Posted: 04 Dec 2013 12:20 AM PST


အကယ်ဒမီ စိုးမြတ်သူဇာနှင့် နဝရတ်တို့ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့သည် ဟုဆိုသော ရဲစစ်ချက် မှတ်တမ်းများဟု ယူဆရသည် များကို နိုဝင်ဘာလ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့က Facebook လူမှုကွန်ရက်တွင် Moe Zay Nyein အမည်ဖြင့် ဖော်ပြခြင်းကို ရပ်တန့်ပေးရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ ယင်းထုတ်ပြန်ချက်တွင် တစ်ချိန်က အနုပညာရှင် အချို့ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ သို့သော်လည်း ယင်းသို့ တွေ့ဆုံဆွေးနွေးမှုသည် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အရ လည်းကောင်း၊ လူမှုရေးအရ လည်းကောင်း ထိပ်တန်း လျှို့ဝှက်ချက်အဖြစ် ထားရှိရမည်ဖြစ်ကြောင်း၊ ---

ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိဖို့ တပ်မတော်က ကူညီနေကြောင်း ကာချုပ်ပြော

Posted: 04 Dec 2013 12:11 AM PST


မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိဖို့အတွက် တပ်မတော်အနေနဲ့ ပံ့ပိုးကူညီနေကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေပိုင်းမှာ ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ----

လယ်သမားများနှင့် အမှုဖြစ်နေသော ဗိုလ်မှူးချုပ်စိုးရှိန်အမှု ဘက်လိုက်ခြင်းမရှိ ကိုင်တွယ်မည်

Posted: 04 Dec 2013 12:07 AM PST


နေပြည် တော်တွင် လယ်သမားများနှင့် အမှုဖြစ်နေသော ဗိုလ်မှူးချုပ်စိုး ရှိန်အမှုကို ဘက်လိုက်ခြင်းမရှိ ဥပဒေအတိုင်း အမှန်အတိုင်းကိုင် တွယ်ဆုံးဖြတ်မည်ဟု နေပြည် တော်မှုခင်းရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦး က ပြောသည်။ အဆိုပါ အဆင့်မြင့်အရာ ရှိက ''ပြည်သူတွေကတော့ထင် ကြမယ် ဒီအမှုကို ဘက်လိုက်မှု တွေရှိလိမ့်မယ်ဆိုပြီးတော့ပေါ့။ အဲလိုမျိုးမဟုတ်ဘူး။ ဥပဒေအ တိုင်းပဲဆုံးဖြတ်မှာပါ။ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ကဖြစ်စဉ်မှန် အတိုင်းစုံစမ်း ပြီး ဥပဒေအရ အရေးယူအပြစ် ပေးမှာပါ။ လောလောဆယ်တော့ ဒီအမှုက ဆက်စစ်နေတုန်းပဲ''ဟု ပြောသည်။ ---

ပိုင်ရှင်မဲ့ မြန်မာအမျိုးသားနှစ်ဦး ရုပ်အလောင်း မလေးရှားဆေးရုံတွင် သောင်တင်နေ

Posted: 03 Dec 2013 11:43 PM PST


မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ကလန်းမြို့နယ် ဆေးရုံတွင် ထားရှိသော မြန်မာနိုင်ငံသား အလောင်းနှစ်လောင်းမှာ ပိုင်ရှင်မဲ့ ဖြစ်နေသောကြောင့် သုံးပတ်ကြာမြင့် သည်အထိ မသင်္ဂြိုဟ်ရသေးကြောင်း သတင်းရရှိသည်။ သေဆုံးသူနှစ်ဦးမှာ အသက် (၂၀) ၀န်းကျင်အရွယ်နှင့် အသက် (၄၀) ၀န်းကျင်အရွယ်ဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်က မလေးရှား နိုင်ငံ ကလန်းမြို့အနီးတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းများဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ---

သက်​ဆင်​က ​သူ့​ညီ​မ​က​နေ​တ​ဆင့် ​အုပ်​ချုပ်​နေ​တဲ့ ​အဝေး​ရောက် ၀န်​ကြီး​ချုပ်​ပါ​ပဲ

Posted: 03 Dec 2013 11:31 PM PST


ထိုင်း​နိုင်​ငံ​ဟာ ​လမ်း​ပေါ်​ဆ​န္ဒ​ပြ​ပွဲ​တွေ​ကြောင့် ​တုန်​ခါ​နေ​ပါ​တယ်။ ၀န်​ကြီး​ချုပ် ​ယင်း​လတ် ​ရှင်​နာဝပ်​ထ​ရာ​ဟာ ၂၀၁၀ ​ခု​နှစ် ​အ​ကြမ်း​ဖက်​မှု ​ဖြစ်​က​တည်း​က ​နိုင်​ငံ​ကို ​ထိုး​နှက်​နေ​တဲ့ ​အ​ကြီး​မား​ဆုံး ​ဆ​န္ဒ​ပြ​ပွဲ​တွေ​နဲ့ ​ရင်​ဆိုင်​နေ​ရ​ပါ​တယ်။ ကန့်​ကွက်​ဆ​န္ဒ​ပြ​ပွဲ​တွေ​ဟာ ​ဒီ​သီ​တင်း​ပတ်​မှာ ​စ​တင်​ခဲ့​တာ ​ဖြစ်​ပြီး ​အဲ​ဒီ​က​တည်း​က ​ဆ​န္ဒ​ပြ ​ကန့်​ကွက်​သူ​တွေ​က ၀န်​ကြီး​ဌာ​န​တွေ​နဲ့ ​အ​စိုး​ရ​ဌာ​န​တွေ​ကို ​ချီ​တက်​ပိတ်​ပစ်​ဖို့ ​ကြိုး​စား​ပြီး ​အ​စိုး​ရ ​ဆင်း​ပေး​ဖို့ ​တောင်း​ဆို​နေ​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။ ---
ထိုင်း​နိုင်​ငံ​ရေး​သိ​ပ္ပံ​ပ​ညာ​ရှင် ​သစ်​တီ​နန်​ပေါင်​ဆူ​ဒီ​ရတ်

အမှုအခင်းများတွင် ပြစ်မှုကျူးလွန်သူများကိုယ်စားငွေသုံး၍ လူစားထိုးမှုများရှိနေဆဲ

Posted: 03 Dec 2013 11:29 PM PST


မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော အမှုအခင်းများတွင် အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူများ ကိုယ်စားငွေသုံးပြီး လူစားထိုးခြင်းများ၊ ပြစ်ဒဏ်ကျခံခြင်းများလည်း လက်ရှိအချိန်ထိရှိနေဆဲဟု ကိုယ် တိုင်ကြုံတွေ့နေသူများနှင့် တရားရေးနယ်ပယ်မှ ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။ ယင်းကဲ့သို့ အကြောင်းအရာများရှိနေခြင်းသည် တရားဥပဒေစိုးမိုးမှု မရှိခြင်း၏ သာဓကတစ်ခုဖြစ်နေပြီး အချိန်မီ ထိန်းချုပ်ခြင်းမရှိပါက ပြည်သူများအတွင်း ပြစ်မှုများပိုမိုများပြားလာနိုင်သည့် အပြင် ရဲဝန်ထမ်း များတွင်လည်း လာဘ်ပေးလာဘ်ယူမှုများ ပိုမိုများပြားလာနိုင်သည်ဟု ဥပဒေကျွမ်းကျင်သူများက ထောက်ပြကြသည်။ ---

NLD ပညာရေးကွန်ရက် နမ့်စန်တွင် မူလတန်းကျောင်းဖွင့်

Posted: 03 Dec 2013 10:56 PM PST


ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ ယင်းနက် တိုင်းရင်းသားကျေးရွာ ၂၀ ရွာမှ လူငယ်များ ပညာသင်ကြားနိုင်ရန် နမ့်စန်မြို့နယ်ရှိ ကုန်းလမ်းကျေးရွာ၌ ခွပ်ဒေါင်းအားမာန်အမည်ဖြင့် မူလတန်းကျောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ရက်က ဒီဇင်ဘာ ၃ ရက်တွင် ဖွင့်လှစ်ပေးလိုက်သည်။ ယင်းနက် တိုင်းရင်းသားကျေးရွာမှ ကျောင်းသားလူငယ်များသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ မူလတန်းကျောင်းမရှိခြင်း၊ စာသင်ကျောင်းရှိရာနှင့် နေထိုင်ရာဝေးလွန်းခြင်းတို့ကြောင့် ပညာရေးတွင် နှောင့်နှေးနေမှုများရှိနေသည်ဟု NLD ပညာရေးကွန်ရက် နမ့်စန်တာဝန်ခံ ဒေါ်ဝင်းမြင့်မြတ်က မဇ္ဈိမကို ပြောသည်။ ---

အသစ်ဆောက်လို၍ အန္တရာယ်ရှိအဆောက်အအုံ ဖြစ်ရန် တမင်လုပ်ဆောင် ဟုဆို

Posted: 03 Dec 2013 10:57 PM PST


ရန်ကုန်မြို့တော်တွင် နေထိုင်သူ အချို့သည် အဆောက်အအုံဟောင်း အချို့ကို အသစ် ဆောက်လို၍ လူနေထိုင်ရန် မသင့်လျော်သည့် အန္တရာယ်ရှိ အဆောက်အအုံများ အဖြစ် သတ်မှတ်ရန် ရည်ရွယ်ချက်ရှိစွာ တမင်လုပ်ဆောင်မှုများ ရှိကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။ အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ခံရပါက အသစ်ပြန်လည် မွမ်းမံခြင်း၊ ဖြိုဖျက်၍ အသစ် ပြန်လည် တည်ဆောက်ခြင်းများ ပြုလုပ်ခွင့် ရှိ၍ မူလရှိရင်းစွဲ အဆောက်အအုံ အမြင့်ထက် ပိုမိုဆောက်လုပ်မှုများ ရှိကြောင်း မြို့ပြစီမံကိန်း ရေးဆွဲရေး ပညာရှင်လည်းဖြစ်သူ ၄င်းက ဆိုသည်။ ---

AGTI အောင်ထားသူများအတွက် B-Tech ဝင်ခွင့်စာမေးပွဲ ယခုနှစ်အတွင်းကျင်းပရန် တောင်းဆိုမည်

Posted: 03 Dec 2013 10:57 PM PST


စနစ်သစ် ပြောင်းလဲတော့မည်ဖြစ် ၍ နည်းပညာတက္ကသိုလ်အသီးသီးမှ AGTI အောင်ထားသူများ B-Tech ဝင် ခွင့်စာမေးပွဲဖြေဆိုခွင့်အား ယခုနှစ်တွင် ပေးရန် သက်ဆိုင်ရာဌာနများသို့ လက် မှတ်ရေးထိုးတောင်းဆိုသွားမည်ဟု သိရ သည်။ ၄င်းတို့အနေဖြင့် စာမေးပွဲဖြေဆို ခွင့်မရပါက များစွာနစ်နာကြောင်းနှင့် အင်ဂျင်နီယာဘွဲ့ကိုသာ ရရှိချင်သည့် အတွက် နည်းပညာတက္ကသိုလ်ရွေးချယ် တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သန် လျင်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုတင်ကိုကိုက ဆိုသည်။ ---

အွန်လိုင်းပေါ်တွင် ပြန့်နေသည့်အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးကိစ္စ ရုပ်ရှင်လောကသားများ တုံ့ပြန်ပြီ

Posted: 03 Dec 2013 10:36 PM PST


မိုက်တီး (ဒါရိုက်တာ)

”တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်မှာ ကြုံတွေ့နေကျ လှည့်ကွက် ဆန်းတစ်ခုပါပဲ။ ပြည်သူ့ဘက်တော် သားတွေနဲ့ ဗိုလ်ချုပ်သားတွေရဲ့ ကြား ဖြစ်လက်စ အမုန်း အတေးတစ်ခုကို အောင်မြင်ကျော်ကြား အနုပညာရှင်များ ရဲ့ ပရိသတ်တွေပါ ရောထွေးပြီး ပဋိပက္ခ ကို ကြီးသထက်ကြီးအောင် ဇာတ်ရှိန် တင်လိုက်တာပါ။ ဝုန်းခနဲ ဒိုင်းခနဲ တစ် မဟုတ်ချင်း ပျံ့နှံ့ပေါက်ကွဲသွားလောက် အောင် ကတော့ ဗေထိဆိုတာနဲ့ ဝိုင်းအုံ တတ်ကြတဲ့ လူသားတို့အကြိုက်အပုပ်နံ့ မိုက်မိုက်လေးပါ အပေါ်ကရိုက်ပေးလိုက် မှတော့ ပြီးပြီပေါ့။ ---

မီးပုံးပျံ မီးစာ ပျက်ကျရာမှ အဘွားအိုအိမ် မီးလောင်ခံရ

Posted: 03 Dec 2013 07:17 PM PST


မြန်မာနိုင်ငံရှိ အနယ်နယ် အရပ်ရပ်တွင် တန်ဆောင်မုန်းလ မီးထွန်းပွဲများ၊ မီးပုံးပျံ လွှတ်ပွဲများကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ သို့သော် ပျော်ပွဲရွှင်ပွဲများမှ တစ်ဆင့် ဒုက္ခရောက်သူများ၊ ထိခိုက် ဒဏ်ရာ ရသူများနှင့် မီးလောင်မှုများ ဖြစ်ပွားလျက် ရှိကြောင်း တွေ့ရသည်။ နိုဝင်ဘာ ၇ ရက် (တန်ဆောင်မုန်း လဆန်း ၅ ရက်) မွန်းတည့် ၁၂ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေယှားရွာတွင် ကျင်းပသော ကထိန်မှ မီးပုံးပျံ လွှတ်ရာတွင် မီးစာ ပျက်ကျရာမှ တစ်ဆင့် ဒေါ်ကျင်သန်း (၆၀ နှစ်) (ကျပန်း)၏ နေအိမ်ပေါ်သို့ ကျရောက် မီးလောင်ခဲ့သည်။ ---

Thit Htoo Lwin

unread,
Dec 5, 2013, 10:06:43 AM12/5/13
to thuau...@gmail.com

ဒီဇင်ဘာလ(၆)ရက်နေ့ ထုတ် Auto World Vol 2 Issue 46

Posted: 05 Dec 2013 06:33 AM PST


ဒီဇင်ဘာလ(၆)ရက်နေ့ ထုတ် Auto World Vol 2 Issue 46

ဒီဇင်ဘာလ(၅)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၄၊

Posted: 05 Dec 2013 06:28 AM PST


ဒီဇင်ဘာလ(၅)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၄၊

ဒီဇင်ဘာလ(၅)ရက်နေ့ ထုတ် အားကစားမြင်ကွင်း - အတွဲ ၂ အမှတ် ၄၈

Posted: 05 Dec 2013 06:24 AM PST


ဒီဇင်ဘာလ(၅)ရက်နေ့ ထုတ် အားကစားမြင်ကွင်း - အတွဲ ၂ အမှတ် ၄၈

ယီမင် ကာကွယ်ရေးရုံးမှာ အသေခံဗုံးခွဲ

Posted: 05 Dec 2013 06:06 AM PST


ယီမင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှာ အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ အဲဒီ ပေါက်ကွဲမှုကြောင့် လူ ၂၉ ယောက် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ Sanaa မြို့တော်က အရာရှိတွေက ပြောပါတယ်။ စစ်ယူနီဖောင်း ဝတ်ထားတဲ့ အမျိုးသားတွေက ဝန်ကြီးဌာနရုံး ဂိတ်ပေါက်မှာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြပြီး မရှေးမနှောင်းမှာ ကားဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ---
ပေါက်ကွဲမှုအပြီး ထွက်ပေါ်လာတဲ့ မီးခိုးလုံးကြီး

အိန္ဒိယ-မြန်မာနယ်စပ်မှာ လက်နက်ခဲယမ်းအမြောက်အများဖမ်းမိ

Posted: 05 Dec 2013 05:44 AM PST


အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော လက်နက် ခဲယမ်း  အ မြောက်အများကို ဒေသခံရဲ နှင့် အာသံစစ်တပ်တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၀၂ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့သည် ဟု သိရသည်။ ကြိုတင်သတင်းရရှိချက်အရ Serchhip မြို့နယ် ရဲအဖွဲ့ နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ Champhai မှ ထွက်ခွါလာသော Pick-up ကားတစီးကို Serchhip မြို့နယ် Khawlailun ကျေးရွာနားမှာ ရှာဖွေစစ်ဆေးကာ  အဆိုပါလက်နက်များကို ကားသမား ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု Serchhip ရဲစခန်းမှူး Pu Ramhluna ကပြောသည်။ ---

လူမှုရေး လုပ်သားများကို သီရိလင်္ကာစစ်တပ် သတ်ဖြတ်ခဲ့ဟုဆို

Posted: 05 Dec 2013 03:36 AM PST


သီရိလင်္ကာ ပြည်တွင်းစစ် ဖြစ်ပွားနေစဉ် ၂၀၀၆ ခုနှစ် အတွင်းက လူမှုအကူအညီပေးရေး လုပ်သား ၁၇ ဦးကို သီရိလင်္ကာ စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ပြင်သစ် လူမှုကူညီရေး အဖွဲ့အစည်းက စွပ်စွဲ ပြောဆိုလိုက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ပြုရန်လည်း တောင်းဆို လိုက်ကြောင်း BBC သတင်းတစ်ရပ်က ဆိုသည်။ ဆာလောင်မှု တိုက်ဖျက်ရေး ACF ဟု အမည်ပေးထားသည့် အဆိုပါ အဖွဲ့အစည်းသည် သီရိလင်္ကာ အစိုးရက စုံစမ်း စစ်ဆေးပေးမှုကို စောင့်ဆိုင်း နေခဲ့သော်လည်း ထွက်လာသည့် ရလဒ်မှာ အဓိပ္ပာယ် မရှိသဖြင့် အလားတူ နိုင်ငံတကာ စုံစမ်းမှုကို လိုအပ်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။---

အသတ်ခံရသူ အမျိုးသမီးက အိပ်မက်ပေး အလောင်းနေရာ ပြခဲ့သည့် လူသတ်မှု အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေး

Posted: 05 Dec 2013 03:29 AM PST


လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် သေဆုံးသူ အမျိုးသမီးက အိပ်မက်ပေးကာ ရှာဖွေခိုင်းသော ၎င်း၏ ရုပ်အလောင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီး ပျောက်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဓမ္မကျင့် လူသတ်ကာ အလောင်းဖျောက်သည်ဟု ယူဆရသူ အမျိုးသား သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ငါးဆူတောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ---

မွေးသာမွေး၍ မကျွေးနိုင်ရှာသူ မိခင် လေးမြွှာပူး ရင်းသွေးလေးများအတွက် နို့မှုန့် အလှူခံ

Posted: 05 Dec 2013 03:22 AM PST

'ကျွန်မတို့လင်မယား မစား ရရင်နေပါစေ ကလေးတွေ အတွက် နို့မှုန့်ဘူးလေး လှူပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်'' အထက်ပါ စကား ကို ညှိုးငယ်သောမျက်လုံး တုန်ယင်သော အသံနဲ့ ပြောလာသူကတော့ မွန်ပြည် နယ် ပေါင်မြို့နယ် ဝတ်ကြီးကျေးရွာ မှ မသီတာဖြစ်သည်။ သူမသည် လွန်ခဲ့သော ခုနစ်လ ခန့်က ထူးထူးခြားခြား လေးမြွှာပူး ကို မွေးဖွားခဲ့သော (တိုးတိုး၊ နှင်းနှင်း၊ ထွန်း ထွန်းနဲ့ နွေးနွေး) လေးမြွှာ ပူးမောင်နှမ တို့ ၏ မွေးသမိခင်ဖြစ်သည်။ ---
လေးမြွှာပူးကလေးငယ်များကို မိဘများနှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ - မင်းညီ



စိတ်ကောက်ပြီး အဆိပ်သောက်သေ

Posted: 05 Dec 2013 02:48 AM PST


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အိမ်မဲမြို့နယ် သရက်ကုန်းနယ်မြေရဲစခန်းပိုင်တွင် လင်ယောက်ျား နှင့် ရန်ဖြစ်စိတ်ကောက်ပြီး အမျိုးသမီးတစ်ဦး အဆိပ်သောက်သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိ ရသည်။ ဖြစ်စဉ်မှာ ယခုလ ၁ ရက်က အိမ်မဲမြို့နယ် သရက်ကုန်းနယ်မြေရဲစခန်းပိုင် သပေါင်းကျေးရွာအုပ်စု ကွင်းကြီးကွင်း၌ လယ်လုပ်နေထိုင်သူ မထက်ထက်နွယ် အသက်(၁၈နှစ်)သည် နေအိမ်၌ အဆိပ်သောက် သေဆုံးကြောင်း သတင်းကြားသိရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးက သရက်ကုန်း ရဲစခန်းသို့ သတင်းပို့ တိုင်ကြားခဲ့သည်။ ထို့ကြောင့် ရဲစခန်းမှတာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ မရှိကြောင်း တွေ့ရသည်။ ---

သတိရှိပါမတော်တဆမှုတွင် ပရုတ်ဆီလိမ်းရုံဖြင့် သင့်အသက် ပြန်မရပါ

Posted: 05 Dec 2013 02:31 AM PST


အင်းစိန်မြို့နယ်ရှိ ရပ်ကွက်တစ်ခု၏ လမ်းထဲတွင် ရုတ်တရက် လူများစုပြုံ ရောက်လာသည်။ ”ဟာ .. ဖြစ်မှဖြစ်ရလေ”၊  ”ဘယ် လိုဖြစ်တာလဲ”၊ ”မြန်မြန်ဆွဲထုတ်မှ ဖြစ် မယ်”၊ ”ငယ်ငယ်လေးပဲရှိသေးတယ်”ဆို သော အာမေဋိတ်နှင့် မေးခွန်းတွေက လူ အယောက် ၂ဝ ခန့် ရှိသော နေရာမှပေါ် ထွက်လာခြင်းဖြစ်သည်။ သူလည်း ဈေးရောင်းလက်စကိုထား ခဲ့ကာ ထိုနေရာသို့ ပြေးသွားခဲ့သည်ဟု အသီးအနှံရောင်းချသည့် ဒေါ်သန်းသန်း က ပြန်ပြောင်းပြောကြားသည်။ ဘာဖြစ် တာလဲလို့ သူမေးကြည့်တော့ ကလေးတစ် ယောက်ကို ကားဘီးနဲ့ကြိတ်မိသွားလို့ဆို သည့် အသံကလူအုပ်ထဲက ပြောခြင်းဖြစ် သည်။ ---

ပွင့်လင်းရာသီ အိမ်၊ ခြံ၊ မြေ ဈေးကွက် ၇၀ ရာခိုင်နှုန်းခန့် အရောင်းကျ

Posted: 04 Dec 2013 09:52 PM PST


စံနှုန်းသတ်မှတ်အပြီး အောက်တိုဘာလမှ စ၍ သုံးလဆက်တိုက် အရောင်းအဝယ် အေးစက်သွားသော အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ယခုနှစ် ပွင့်လင်းရာသီ ရောက်သော်လည်း ယခင်နှစ်ကထက် ၇၀ ရာခိုင်နှုန်းခန့် အရောင်းအဝယ် ကျဆင်းနေဆဲ ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းမှ သိရသည်။ လက်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက် တစ်ခုလုံးမှာ အရောင်းအဝယ် မရှိသလောက် နီးပါး ဖြစ်နေကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။ ---

လယ်ဆည်ဝန်ကြီး လယ်သမားများကို စိုးရွံ့နေဟု တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဝေဖန်

Posted: 04 Dec 2013 09:16 PM PST


လယ်/ဆည်ဝန်ကြီးဌာန၏ စိုးရိမ်မှုကြောင့် တောင်သူလယ်သမား အဖွဲ့များ ဖွဲ့စည်းခွင့်အတွက် အဟန့် အတားဖြစ်နေသည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း(ယာယီ)မှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က တယ်လီဖုန်းမှတစ်ဆင့် မဇ္ဈိမကို ပြောသည်။ ဒေါက်တာစိုးထွန်း ဦးဆောင်သည့် တောင်သူ လယ်သမား အသင်း ဖွဲ့စည်းခွင့်ကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ အတွင်း ဖွဲ့စည်းခွင့် ပြုခဲ့သော်လည်း ဖွဲ့စည်းခွင့်ရရှိပြီး နောက်တစ်နေ့တွင်ပင် ပြန်လည် ဖျက်သိမ်းခံခဲ့ရ ခြင်း ဖြစ်သည်။ ---
 မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း(ယာယီ)မှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း ။ ဓါတ်ပုံ - ဒီဗွီဘီ

ပြည်ပပညာတော်သင်သွားမည့် နိုင်ငံ့ဝန်ထမ်းများ အာမခံလျော်ကြေး သိန်း ၅၀ ခံဝန်ထိုးရန်မလိုတော့

Posted: 04 Dec 2013 09:03 PM PST

နိုင်ငံ့ဝန်ထမ်းများအား ပြည်ပသို့ ပညာသင်စေလွှတ်ရာတွင် ပညာသင်ကြားပြီးနောက် မိခင်နိုင်ငံသို့ ပြန်လာရန် ပျက်ကွက်ပါက ပညာသင်အာမခံလျော်ကြေး ကျပ်သိန်းငါးဆယ် ပေးဆောင်ရန် ကတိခံဝန်ချက်ချုပ်ဆိုခြင်းကို ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ထုတ်ပြန်သည်။ ထိုနည်းတူ နိုင်ငံခြားပညာတော်သင် နိုင်ငံ့ဝန်ထမ်းများအား နောက်ကြောင်းရာဇ၀င်စစ်ဆေးခြင်းနှင့် ကျန်းမာရေးဆေးစစ်ချက်များလည်း ပြုလုပ်ရန်မလိုအပ်တော့ပေ။ ---

ပန်းလှိုင်မြစ်ကမ်း၌ အိုးအိမ်မဲ့ ၂၀၀ ခန့် ကျူးကျော် ဝင်ရောက်မှု မူလ ပိုင်ရှင်များနှင့် ပဋိပက္ခဖြစ်

Posted: 04 Dec 2013 08:28 PM PST

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ခလောက်ချိုက် ကျေးရွာအုပ်စု၊ ပန်းလှိုင် မြစ်ကမ်း တစ်လျှောက်ရှိ မြေများပေါ်သို့ လူအင်အား ၂၀၀ ဝန်းကျင်က ဝင်ရောက် ခုတ်ထွင် ရှင်းလင်းကာ နေအိမ်များ ဆောက်လုပ်မှုကြောင့် မူလ မြေပိုင်ရှင်များနှင့် နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မြေကွက်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးသာဆိုင်က ပြောကြားသည်။ ဦးကျော်ထက်နိုင် အပါအဝင် လူခြောက် ဦးခေါင်ဆောင်သော လူ ၂၀၀ ဝန်းကျင်က ---

အနုပညာရှင်များ မူးယစ်ဆေးသုံးစွဲမှု စွပ်စွဲဖော်ပြခဲ့သည့် ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် မိုးဇေငြိမ်းကို ဖော်ထုတ်မည်

Posted: 04 Dec 2013 08:24 PM PST


နာမည်ကျော် အနုပညာရှင်များဖြစ်သော စိုးမြတ်သူဇာ၊ န၀ရတ်တို့၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့ သည်ဟုဆိုသော ရဲစစ်ချက်မှတ်တမ်းများဟု ယူဆရသော အချက်အလက်များကို လူမှုကွန်ရက်စာမျက် နှာ ဖေ့စ်ဘွတ်တွင် ဖော်ထုတ်ခဲ့သော Moe Zay Nyein (မိုးဇေငြိမ်း) အကောင့်ပိုင်ရှင်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ခင်မောင်သိန်းက ဒီဇင် ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။ ---
မိုးဇေညိမ်း ဖေ့ဘုတ်

သတိလစ်နေသည့်ဇနီးသည်ကို ဆေးရုံသို့ပို့ဆောင်စဉ် ကားပေါ်မှ ပြုတ်ကျသေဆုံး

Posted: 04 Dec 2013 07:49 PM PST


သတိလစ်နေသည့် ဇနီးသည်ကို ကားနောက်ခန်းတွင်ထားပြီး ဆေးရုံသို့ပို့ဆောင်စဉ် ကားနောက်ခန်းတံခါး ရုတ်တရက်ပွင့်၍ ပြုတ်ကျကာ အမျိုးသမီးမှာ ဦးခေါင်းဒဏ်ရာရရှိပြီး သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ယခုလ ၂ ရက် နံနက်အစောပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်း ဖြစ်ပွားကြောင်း သတင်းရရှိသည်။ ယခုလ ၁ ရက်က မြစ်ကြီးနားမြို့တွင် တာဝန်ကျသည့် အသက်(၃၉)နှစ်အရွယ် တပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ ရန်ကုန်မြို့နေ အသက်(၂၆)နှစ် အရွယ် အမျိုးသမီးတို့သည် နေပြည်တော်မှ ပြင်ဦးလွင်မြို့သို့ အဖြူရောင်ပါရာဒိုကားဖြင့် လာရောက်လည်ပတ်စဉ် ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။---

လူသတ်မှုနဲ့ ရိုဟင်ဂျာ ၁၄ဦး အင်ဒိုက ထောင်ဒဏ်ချမှတ်

Posted: 04 Dec 2013 07:46 PM PST


ဗုဒ္ဓဘာသာဝင် ​မြန်မာ ​၈ ​ဦးကို ​ရိုက်သတ်ခဲ့တဲ့ ​အမှုနဲ့ ​ရိုဟင်ဂျာ ​၁၄ဦးကို ​အင်ဒိုနီးရှား ​တရားရုံးက ​ထောင်ဒဏ် ​၉ ​လစီ ​ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ​ဧပြီလက ​အင်ဒိုနီးရှားနိုင်ငံ ​ဆူမာတြာ ​ကျွန်း ​ထိန်းသိမ်းရေးစခန်းမှာ ​ထားရှိတဲ့ ​ခိုလုံခွင့်တောင်းခံသူ ​ရိုဟင်ဂျာတွေနဲ့ ​ဗုဒ္ဓဘာသာဝင် ​မြန်မာတွေကြား ​အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး ​ရိုဟင်ဂျာတွေကနေ ​ဗုဒ္ဓဘာသာဝင် ​မြန်မာလူမျိုးတွေကို ​ရိုက်သတ်ခဲ့တာဖြစ်ပါတယ်။ --

မြန်မာ စစ်တပ်နဲ့ ဆက်ဆံရေးကို အမေရိကန် ကွန်ဂရက် ကန့်ကွက်

Posted: 04 Dec 2013 07:07 PM PST


မြန်မာစစ်တပ်ကို အကန့်အသတ်နဲ့ ဆက်ဆံရေး အိုဘားမား အစိုးရရဲ့ အစီအစဉ်တွေကို ကွန်ဂရက်လွှတ်တော်မှာ ရှိတဲ့ ရီပတ်ဘလီကန် အမတ်တွေကရော ဒီမိုကရက်အမတ်တွေကပါ ပြင်းပြင်းထန် ကန့်ကွက်လိုက်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဝင်ရောက် စွက်ဖက်မှုတွေ ရှိနေပေမယ့် မြန်မာ စစ်တပ်ကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ပေးတာမျိုး၊ ဒီမိုကရေစီ စနစ်မှာ စစ်တပ်က ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားသင့်သလဲ ဆိုတာကို ပညာပေးတာမျိုးတွေ လုပ်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေးသမားတွေ အားကောင်းလာစေလိမ့်မယ်လို့ အိုဘားမား အစိုးရ အဖွဲ့ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဗုဒ္ဒဟူးနေ့က ကွန်ဂရက်လွှတ်တော်မှာ တိုက်တွန်း ပြောသွားခဲ့ကြပါတယ်။ ---
မြန်မာ စစ်တပ်ဟာ ပြုပြင်ပြောင်းလဲရေးမှာ သိပ်လိုလိုလားလား မရှိဘူးလို့ အမေရိကန် ကွန်ဂရက် အမတ်တွေက ယူဆနေ

အမေရိကန်အစိုးရက မြန်မာနဲ့စစ်ရေးပူးပေါင်းမှု တိုးမြှင့်လို

Posted: 04 Dec 2013 06:52 PM PST


အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုတွေကို အကန့်အသတ်နဲ့ တိုးမြှင့်ခွင့်ရဖို့အတွက် အမေရိကန်လွှတ်တော်မှာ မနေ့ကတိုက်တွန်းခဲ့ပေမယ့် ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမေရိကန်လွှတ်တော်မှာ မနေ့ကကျင်းပတဲ့ မြန်မာပြည်ဆိုင်ရာ အောက်လွှတ်တော်ကြားနာပွဲမှာ သမ္မတ အိုဘားမားအစိုးရအဖွဲ့ ထိပ်တန်းအရာရှိတွေက ဒီမိုကရေစီနိုင်ငံတွေမှာ စစ်တပ်ကပါဝင်တဲ့ အခန်းကဏ္ဍနဲ့ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ပို့ချခြင်းအားဖြင့် မြန်မာအစိုးရနဲ့ အမေရိကန်အကြား ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ---

လေးပွင့်ဆိုင်တွေ့ဆုံဖို့ အစိုးရဆန္ဒမရှိဟု ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြောကြား

Posted: 04 Dec 2013 06:54 PM PST

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး အတွက် လေးပွင့် ဆိုင်တွေ့ဆုံဖို့ တောင်းဆို ခဲ့တာကို နိုင်ငံတော် သမ္မတကြီးဘက်က အချိန်အခါ မသင့်သေးဖူးလို့ ပြောဆို နေတာဟာ အဲဒီလိုတွေ့ဆုံ လိုတဲ့ ဆန္ဒမရှိလို့ သာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြား လိုက်ပါတယ်။ "တွေ့ရမယ့် အချိန်က ဒီအချိန်လေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို လွှတ်တော်အတွင်းက ကော်မတီကနေပြီးတော့ လုပ်နေတဲ့အချိန်မှာ တပြိုင်နက်ပေါ့နော်၊ ဆွေးနွေးသင့်တာတွေကို ဆွေးနွေးသွားလို့ရှိရင် ပိုပြီးတော့အဆင်ပြေမှာပေါ့၊ အဲဒီလို အဆင်ပြေချင်လို့ကို ဒီအချိန်မှာ ဆွေးနွေးဖို့ကို တောင်းဆိုတာပဲ၊ တွေ့ချင်ရင် အလွယ်လေးပါ၊ မတွေ့ချင်ရင်တော့ အကြောင်းပြချက်တွေကတော့ ပြနိုင်တာပေါ့" ---

ဟဇ်ဘိုလာ ခေါင်းဆောင် လက်ဘနွန်မှာ လုပ်ကြံခံရ

Posted: 04 Dec 2013 02:10 PM PST


ဟဇ်ဘိုလာ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဟာဆန် လာကစ်ဟာ မနေ့ည သန်းခေါင်ယံ အချိန်တဝိုက်က လက်ဘနွန်နိုင်ငံ ဟာဒတ်သ် မြို့ရှိ သူ့အိမ်ကို အပြန်မှာ လုပ်ကြံ ခံခဲ့ရကြောင်း ဟစ်ဘိုလာ အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ သူဟာ လူသိနည်းသူ ဖြစ်ပေမယ့် ဟဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာ့စ်ရာလာနဲ့ နီးစပ်သူ ဖြစ်ပြီး လက်နက်ထုတ်လုပ်ရေး အပိုင်းမှာ ကျွမ်းကျင်သူ လို့ သိရပါတယ်။ ---
လုပ်ကြံခံရသူ ရှီးယား မွတ်ဆလင် အုပ်စုဝင် ဟဇ်ဘိုလာ ခေါင်းဆောင်

မြန်မာနိုင်ငံ တရားစီရင်ရေးစနစ် လွတ်လပ်မှုမရှိလို့ ICJ ထောက်ပြ

Posted: 04 Dec 2013 02:05 PM PST


မြန်မာနိုင်ငံမှာ အာဏာပိုင်တွေက တရားစီရင်မှုတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ ရှိနေတာကြောင့် ရှေ့နေတွေအနေနဲ့ ဥပဒေအကျိုးဆောင်ရာမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်မရှိသေးသလို တရားစီရင်မှုတွေမှာလည်း လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေဆဲဖြစ်တယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ဝေတဲ့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် ICJ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ---

ဂျာကာတာမြို့ မြန်မာသံရုံး ဗုံးဖောက်ခွဲဖို့ကြံစည်သူ တရားရုံးမှာ ၀န်ခံ

Posted: 04 Dec 2013 02:03 PM PST


အခုနှစ်မေလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ မြန်မာသံရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့သူ ၂ ဦးကို ဒီကနေ့ ရုံးထုတ်စစ်ဆေးရာမှာ အဖမ်းခံရသူတစ်ဦးက သူဟာ ဖောက်ခွဲတိုက်ခိုက်ဖို့ ဦးဆောင်ကြံစည်ခဲ့သူဖြစ်ကြောင်း ဒီကနေ့တရားရုံးမှာ ဝန်ခံဖြောင့်ချက်ပေးလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဆီဂစ် အင်ဒရာဂျစ် Sigit Indrajid က သူဟာ မေလက ဂျာကာတာမှာရှိတဲ့ မြန်မာအစိုးရသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ လူမှုရေးစာမျက်နှာပေါ်ကနေ အစွန်းရောက် အစ္စလာမ်ဘာသာဝင်တချို့ကို ဦးဆောင်စည်းရုံးခဲ့သူဖြစ်ကြောင်း ဂျာကာတာခရိုင် တရားရုံးမှာ အခုလိုဝန်ခံထွက်ဆိုလိုက်တာဖြစ်ပါတယ်။ ---

ခြေတစ်ဖက်အတွက် ၆၀၄၀ ကျပ်

Posted: 04 Dec 2013 02:00 PM PST


မောပန်း နွမ်းနယ်ပုံပေါက်နေသည့် အဖွဲ့သားများက မြေပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချ လိုက်ကြသည်။ သူတို့ချထားခဲ့သည့် ပေါက်တူးကိုကိုင်ကာ ကိုတင်ထွန်းအောင်တစ်ယောက် မြေကျင်းကိုဆက်တူးရန် ပြင်ဆင်လိုက်သည်။ ဆောင်းအကုန်နွေအကူးဖြစ်သော်လည်း တောတောင်ထူထပ်သောနေရာ ဖြစ်သည့်အတွက် ရာသီဥတုက အေးစိမ့်စိမ့်ပင်ရှိနေသည်။ သို့သော်လည်း သူ့အနားက လူများရင်ထဲမှ ပူလောင်မှုကိုတော့ မျက်နှာများက သက်သေပြနေခဲ့သည်။ လပေါင်းများစွာ အတူတကွသွားလာခဲ့ရသည့် လူတစ်ဦး မကြာမီတွင် တောတွင်းတစ်နေရာ၌ ထားခဲ့ရတော့မည်ဖြစ်သည်။ ---
ဓာတ်ပုံ- တင်ထွန်းအောင် ဖေ့စ်ဘွတ်ခ်


တရုတ်အလံကို မီးရှို့ဆန္ဒပြသူ ရန်ကုန်မှာ အဖမ်းခံရ

Posted: 04 Dec 2013 01:54 PM PST

နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်က တရုတ် သံရုံးရှေ့မှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်တဲ့ အနေနဲ့ တရုတ် အလံကို မီးရှို့ ဆန္ဒပြခဲ့တဲ့ မျိုးဆက်သစ် လူငယ်များအဖွဲ့(GY) က ကိုတင်ထွဋ်ပိုင်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အာမခံ မပေးဘဲ ဖမ်းဆီး လိုက်ပါတယ်။ ကိုတင်ထွဋ်ပိုင်ကို ဒီဇင်ဘာ ၃ ရက် မနေ့ညက ဒဂုံရဲစခန်းက ဖမ်းဆီးသွားပြီး ဒီမနက်မှာ ရုံးတင်စစ်ဆေးပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ ဒီမနက် ရုံးထုတ်ချိန်မှာ ကိုတင်ထွဋ်ပိုင်ကို မိသားစုက တွေ့ခွင့်မရခဲ့ကြောင်း ကိုတင်ထွဋ်ပိုင်ရဲ့ မိခင် ဒေါ်ငယ် ပြောပါတယ်။ ---
ကြေးနီစီမံကိန်းကို ကန့်ကွက်ကြသူများ။

Thit Htoo Lwin

unread,
Dec 6, 2013, 10:06:35 AM12/6/13
to thuau...@gmail.com

တပ်သားရဲဘော်တစ်ယောက်က အဓမ္မပြုကျင့်ခဲ့သည်ဟု ထွက်ဆိုထားသော အမျိုးသမီး အဆိပ်သောက်မိထားသောကြောင့် သေဆုံး

Posted: 06 Dec 2013 03:54 AM PST

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် နတ်မော်ခြေလျှင်တပ်ရင်း (၁၈)မှ ရဲဘော်တစ်ဦးက သူမကို အဓမ္မပြုကျင့်ခဲ့ပါသည်ဟု ထွက်ဆိုထားသော အမျိုးသမီးသည် ယနေ့နံနက် (၁၀:၃၀) အချိန်ခန့်က ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာနေ မသူဇာ အသက် (၃၈) နှစ်သည် သူမနှင့် ရည်ငံနေသော နတ်မော်ရှိ အမှတ် (၁၈) ခြေလျှင်တပ်ရင်းမှ ဒုတပ်ကြပ် မောင်ဌေးထံသို့ တွေ့ဆုံရန်လာရောက်စဉ် ဤကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယနေ့နံနက် ၆ နာရီအချိန်ခန့်က နတ်မော်ဒေသခံများမှ နတ်မော်စစ်တပ်ရှေ့ရှိ လမ်းဘေးတွင် သူမကို သတိလစ်မေ့မြောလျှက်တွေ့ရှိခဲ့သောကြောင့် ---

မြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးဟုဆို

Posted: 06 Dec 2013 03:42 AM PST


ဂျပန်အကူအညီဖြင့် Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးတွဲ တည်ဆောက်နေသော မြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက ထုတ်ပြန် ကြေညာသည်။ အဆိုပါ အင်တာနက် ဆက်ကြောင်းကို ဒီဇင်ဘာလ ၄ ရက်နေ့က ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံသို့ နေပြည်တော်တွင် တရားဝင် လွှဲအပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီ လလယ်အထိ နည်းပညာပိုင်း ဆိုင်ရာများကို ဆက်လက်ကူညီမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီများထံမှ သိရသည်။ ---

အမြတ်အစွန်း ရရှိရေး ကုန်းရုန်းနေ ရသည့် မြန်မာနိုင်ငံမှ ပုဂ္ဂလိက သတင်းစာများ

Posted: 06 Dec 2013 03:38 AM PST


ပုဂ္ဂလိ က သတင်းစာ များ အပေါ် အစိုးရက နှစ် ငါးဆယ်ကျော်ကြာ ပိတ် ပင်မှုကို ရုပ်သိမ်း ပေးလိုက်သည့် အခါ မြန်မာ သတင်းစာ ဆရာ များအဖို့ ယခု နှစ်သည် အထိမ်း အမှတ် နှစ်တစ်နှစ် ဖြစ်လာသည်။ သို့ရာတွင် တစ်ဒါဇင် မျှသော နေ့ စဉ် သတင်းစာ များကို တက်သုတ်နှင် ထုတ်ဝေပြီး ခြောက်လခန့် အကြာမှာ စစ် အစိုးရ၏ အမျက် ဒေါသနှင့် ရက် စက်မှု အောက်မှာ ကြံ့ကြံ့ ခံနေသား ကျသည့် မြန်မာ သတင်းစာ ဆရာများသည် အများသူငါ ကြုံတွေ့နေကျ ဖြစ်သော ဈေးကွက် ပြိုင်ဆိုင်မှုတွေနှင့် ရုန်းကန်နေ ကြရပေသည်။ အနှစ်နှစ် အလလက မျိုသိပ်ခဲ့ ရသည့် ခံစားချက် များကို ထုတ် ဖော်ဖွင့်ချလိုသည့် မျှော်လင့်ချက်များ ရှိနေသော် ငြားလည်း ကြော်ငြာ ရရှိမှု နည်းပါးခြင်း နှင့် အတူ Internet ရဲ့ ပခုံးချင်း ယှဉ်မှုကိုလည်း ခံစားနေကြောင်း ထုတ်ဝေသူများ က ဆိုကြ သည်။ ----

ချင်းတွင်းမြစ်ကြောင်းတွင် ခရီးသည်တင် ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး ရေမြုပ်သွား၍ လူတချို့ ပျောက်ဆုံးနေ

Posted: 06 Dec 2013 01:40 AM PST


စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ် ထမံသီ နယ်မြေ ရဲစခန်းတွင် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက ချင်းတွင်း မြစ်ကြောင်း အတွင်း ခရီးသည်များ တင်ဆောင် လာသည့် ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍ ရေယာဉ်များ နစ်မြုပ်ကာ လူတချို့ ပျောက်ဆုံး နေသည့်အတွက် ရေယာဉ် မောင်းနင် လာသူများကို အမှုဖွင့် အရေးယူ ထားကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။ အဆိုပါ ရေယာဉ်နှစ်စီး မျက်နှာချင်း ဆိုင် တိုက်မိသည့် နေရာမှာ ဟုမ္မလင်း မြို့နယ် မှန်ကင်း ဆိပ်ကမ်း အနီး ချင်းတွင်း မြစ်ကြောင်း အတွင်း ဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဒေသကြီး ရေယာဉ် ကြီးကြပ်ရေး အဖွဲ့၏ မှတ်တမ်း များက ဖော်ပြထား ကြောင်း သိရသည်။ ----

သင်ရိုးညွှန်းတမ်း မူဝါဒကြမ်း ပြင်ပ ပညာရှင်များထံ ပထမဆုံးဖြန့်ဝေ

Posted: 06 Dec 2013 01:02 AM PST


ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ ပါဝင်သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ၏ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး လုပ်ငန်းအဖွဲ့က ရေးဆွဲထားသော သင်ရိုးညွှန်းတမ်း မျှော်မှန်းချက် (Vision) နှင့် မူဝါဒ မူကြမ်းတို့ကို NLD ပညာရေးကော်မတီ အပါအဝင် ပြင်ပ ပညာရှင်အချို့ထံ ပထမဆုံးအကြိမ် ဖြန့်ဝေပြီး အကြံဉာဏ် တောင်းခံ ခဲ့ကြောင်း အဆိုပါ လုပ်ငန်း အဖွဲ့ဝင်တစ်ဦးက The Voice သို့ ပြောကြားသည်။ ----

မရမ်းကုန်းမြို့နယ် ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသမီးငယ် သုံးဦးသေဆုံး ၊ တစ်ဦးဒဏ်ရာ အပြင်းအထန်ရရှိ

Posted: 06 Dec 2013 12:25 AM PST


ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် အမှတ်(၅) ရပ်ကွက် ၊ ဥက္ကလာလမ်း (လေဆိပ်လမ်း) ၌ ယမန်နေ့ နံနက် ၇ နာရီ မိနစ် ၅၀ တွင် ယာဉ်တိုက်မှု တ်စခု ဖြစ်ပွားခဲ့ရာ အမျိုးသမီး သုံးဦး အခင်းဖြစ်ပွား ရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးပြီး တစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယာဉ်မောင်း ညီစိုး ၃၇ နှစ် (ဘ) ဦးအောင်ချိန် ( ခရေဖြူလမ်း (၁၀) ရပ်ကွက် ၊ ရွှေပြည်သာ နေသူ ) မောင်းနှင် လာသော ခရီးသည်တင် ( ၄၈ အထူး ယာဉ်လိုင်း ) ဇူးစီးတီးဘတ် အမျိုးအစား ( အဖြူ/ အစိမ်း ) ရောင်မှန်လုံ ( ကားကြီး ) ယာဉ်သည် ဥက္ကလာလမ်း (လေဆိပ်လမ်း) အတိုင်း ---

စက်သုံးဆီ မှောင်ခိုတင်သွင်းမှု မမိနိုင်သေး၍ နည်းလမ်းမျိုးစုံ သုံးနေရ

Posted: 06 Dec 2013 12:20 AM PST


မှောင်ခိုတင်သွင်းမှု ရှိနေသော စက်သုံးဆီကိုသက်သေဖြင့် ဖမ်းမမိနိုင် သေး၍ ရှာဖွေတားဆီးရေးအဖွဲ့က နောက်ထပ် နည်းလမ်းတစ်မျိုးကို အသုံး ပြုနေရသည်ဟု ရန်ကုန် မှောင်ခိုတား ဆီးရေးအဖွဲ့ထံမှ သိရသည်။ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ဝင်ရောက်မစစ်ဆေးမီ ပြုလုပ်သော စက်သုံးဆီ ရှာဖွေရေး တားဆီးရေးအဖွဲ့ သည် ရန်ကုန်သီလဝါ ပင်လယ်ဝ၌ အထိုင်အဖွဲ့တစ် ခု ထားကာ နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်စစ်ဆေးနေသော် လည်း မတွေ့၍ ၄င်းနည်းလမ်း အပြင် နောက်ထပ်နည်းလမ်းကို အသုံးပြုရ ခြင်း ဖြစ်သည်ဟု စီးပွား/ ကူးသန်း ဒုတိ ယ ညွှန်ချုပ် ဦးညွန့်အောင်က ဆိုသည်။ ---

ဆီးဂိမ်းအားကစားသမားအချို့ နေပြည်တော်ခြင်များ ကိုက်ခံရ၍ အိပ်ရေးမဝ

Posted: 06 Dec 2013 12:16 AM PST


၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ဆီးဂိမ်းပြိုင်ပွဲဝင် ဗီယက်နမ် အားကစားသမားများ အနေဖြင့် တည်းခိုရန် စီစဉ်ပေး ထားသည့် နေအိမ်များ၌ မျှော်လင့် မထားသော ခြင်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဗီယက်နမ် နိုင်ငံနှင့် ပတ်သက်သည့် သတင်းများ အား ဖော်ပြပေးလျက်ရှိသော http://www.talkvietnam သတင်း စာမျက်နှာ၌ ဖော်ပြထားသည်။ ပြိုင်ပွဲဝင် ဗီယက်နမ် ကစားသမားများမှာ ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ကစားသမားများ တည်းခိုရန် နေရာအား သစ်တောမြေပေါ်တွင် ဆောက်လုပ် ပေးထားခြင်းဖြစ်ပြီး အနီးပတ် ၀န်းကျင်တွင်လည်း ရွှံ့ဗွက်များ၊ ရေကန်များဖြင့် ၀န်းရံလျက်ရှိကြောင်း ကစားသမားများအား ကိုးကား၍ အဆိုပါ သတင်း၌ ဖော်ပြထားသည်။ ---

ရှေးဟောင်းစေတီ ထီးတော်အောက်မှ ရေထွက်သည်ဆိုကာ ဖူးမြော်သူ၊ ရေယူသူများစည်ကား

Posted: 06 Dec 2013 12:03 AM PST

ကြို့ပင်ကောက်မြို့နယ် အတွင်းရှိ ရှေးဟောင်း စေတီ တစ်ဆူတွင် ရွှေသင်္ကန်း ကပ်လှူရန် ပြင်ဆင်နေစဉ် ထီးတော် အောက်ဘက်မှ နှစ်ရက်တိုင် ရေများ အလိုအလျောက် ပန်းထွက်နေသောကြောင့် အနီး ပတ်ဝန်းကျင်ရှိ ဒေသများမှ လူဦးရေ ငါးရာခန့် လာရောက်ဖူးမြော်ကာ ယင်းရေများကို ရေမန်းအဖြစ် သယ်ဆောင် နေကြကြောင်း အဆိုပါဒေသမှ ဒေသခံများကပြောသည်။ ဒီဇင်ဘာ ၄ ရက် နံနက်က ဘုရားအား ရွှေသင်္ကန်းကပ်လှူရန် ရောင်တော်ဖွင့်ရာမှ ထီးတော်အောက်ဘက်တွင် လက်မ၀က်ခန့် အပေါက်ပေါက်ကာ ရေများ ထွက်လာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် အထိ ရေများ ဆက်လက်ပန်းထွက်လျက်ရှိကြောင်း သတင်းရရှိသည်။ ---
ရှေးဟောင်းစေတီ တဆူးအားတွေ့ ရစဉ်

၁၃ ရာစု မုတ္တမအိုးနှင့် စဥ့်ပန်းကန်ပြား တူးဖော်ရရှိ

Posted: 05 Dec 2013 11:28 PM PST


မွန်ပြည်နယ် မုတ္တမမြို့ ဇာကဒွန်း ရပ်ကွက်ရှိ ဦးစိုးတင်၏ မုန့်တီ၊ မုန့်ဖတ် လုပ်စက်ရုံတွင် စက်ရုံထွက် အညစ်အကြေးများ စွန့်ပစ်ရန် မြေကျင်းတူးရာမှ ပုဂံခေတ်နှင့် ခေတ်ပြိုင် ထင်ရှားခဲ့သည့် မာတဘန်ဂျား (မုတ္တမအိုး) နှင့် ဆဲလီဒွန်ခေါ် စဥ့်စိမ်း အကြည်ရောင် ပန်းကန်ပြားများကို ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်တွင် တူးဖော် ရရှိခဲ့ကြောင်း မုတ္တမမြို့ဟောင်းများနှင့် ရှေးဟောင်း အမွေအနှစ်များ ရှာဖွေဖော်ထုတ် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ သန်းဦးက ပြောကြားသည်။ ---

အလိုမတူသူနှင့် ပေါင်းသင်းရန် စေခိုင်းခဲ့သူ ကျေးရွာ အုပ်ချုပ်ရေးမှူးပြစ်မှု ထင်ရှားသော်လည်း အမှုမှကွင်းလုံးကျွတ်လွတ်

Posted: 05 Dec 2013 11:02 PM PST


ကျိုက်လတ်မြို့နယ်၊ အထက် ဆင်ကူး ကျေးရွာ အုပ်စု၊ ကျောင်းချောင်း ကျေးရွာတွင် ဦးလေးဝမ်းကွဲ မှ အသက်(၁၆)နှစ်ရှိ တူမ၀မ်းကွဲ တော်စပ်သူအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ရာ ကာယ ကံရှင်မှ ကျေနပ်မှု မရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအား တိုင်ကြားရာ ၎င်းအုပ်ချုပ်ရေးမှူး မှ ပြစ်မှုကျူး လွန်သူအား အရေးယူခြင်း မရှိသည့်အပြင် အုပ်ချုပ်ရေးမှူး အာဏာ အလွဲသုံးစားလုပ် ခြိမ်းခြောက်၍ အလိုမတူ သူနှင့် ပေါင်းသင်းရန် အဓမ္မစေခိုင်းမှု ဖြစ်ပေါ်ခဲ့သည်။ ---

ခန္ဓာဝန်ချသည်မှာ ခြောက်နှစ်ကြာသော်လည်း ဆားတောင်ဆရာတော်ကြီး ရုပ်ကလာပ် မပုတ်မသိုးရှိနေ

Posted: 05 Dec 2013 10:58 PM PST


မန္တလေး တိုင်းဒေသကြီး စဉ့်ကိုင်မြို့အ နောက်ဘက် ငါးမိုင်ခန့်အကွာ ကသဲကုန်းကျေးရွာရှိ ဆားတောင် ပဋိပတ္တိရိပ်သာဝင်းအတွင်း ထာ ဝရဗိမာန်တော်ဖြင့် အပူဇော်ခံ ထားရှိသည့် ဆားတောင်ဆရာ တော်ကြီး ဦးပညာဏိက ၏ ဥတုဇ ရုပ်ကလာပ်တော်အား ယခုရက် ပိုင်းအတွင်း လာရောက်ဖူးမြော် လေ့လာသူများ များပြားလျက်ရှိ ကြောင်း သိရသည်။  ဆရာတော်ကြီးသည် ခန္ဓာ ဝန်ချသွားသည်မှာ ခြောက်နှစ် ကျော်ရှိပြီဖြစ်သော်လည်း ဥတုဇ ရုပ်ကလာပ် တော် သည် ယနေ့အ ချိန်အထိ မပုပ်မသိုးဘဲ တည်ရှိ နေရာ အသားအရည်မှာလည်း ဝင်းအိနေဆဲဖြစ်ကာ အကြော စိမ်းများကိုပင် မြင်တွေ့ရသဖြင့် ထူးခြားမှုများ ဖြစ်ပေါ်နေသည့် ဆရာတော်ကြီးအကြောင်းကို ---

ဒေါ်အောင်ဆန်းစုကြည် အာရှတော်ဝင် အထူးကုဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှုခံယူ

Posted: 05 Dec 2013 10:51 PM PST


ဒေါ်အောင်ဆန်းစုကြည်သည် အာရှတော်ဝင်အထူးကုဆေးရုံ၌ ဒီဇင်ဘာ၅ ရက် တွင် ကျန်းမာရေးစစ်ဆေးမှုခံယူ ခဲ့ကြောင်း သိရသည်။ ''အခုကျန်းမာရေးစစ်ဆေး မှုလုပ်တာက ကျန်းမာရေးမကောင်းလို့ လုပ်ရတာမျိုးမဟုတ်ပါဘူး။ ပုံမှန်စစ်ဆေးတဲ့သဘောပါ။ အန်တီက အခုလက်ရှိမှာကျန်းမာရေးအလွန်ကောင်းပါတယ်''ဟု ဒေါ် အောင်ဆန်း စုကြည် ၏ ကျန်းမာရေးအား အနီးကပ်စောင့်ရှောက် မှုပေးနေသူ ဒေါက်တာတင်မျိုးဝင်း (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမျိုးသားကျန်းမာရေး ကွန်ရက်ဥက္ကဌက ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာသို့ ပြောသည်။ ---
 ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ Women's Forum 2013 အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ photo: RFA/ Thiha Tun

တယ်လီဖုန်းခေါ်ဆိုမှု နှုန်းထားများ မြင့်တက်လျက်ရှိ

Posted: 05 Dec 2013 10:01 PM PST

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် ဖုန်းဘီလ်ဖြတ် မှု နှုန်းထားများသည် ယခင်လများ ကထက် ယခုလတွင် ဖုန်းငွေဖြည့်ကတ်များမှ တယ်လီဖုန်းေ ခ်ါဆိုမှု နှုန်းထားများ ပိုမို ကုန်ကျသည်ဟု ဖုန်းသုံးစွဲသူ ပြည်သူများ က ဝေဖန် လျက်ရှိသည်။ ““သမီးတို့ရဲ့ ဖုန်းဘီလ်တွေက ဒီလမှာ အရမ်းစားပြီး ဘီလ်ဖြတ် တာတွေ များများနေတယ်။ ၁ မိနစ်ကို နည်းနည်းလေး စွန်းသွားနဲ့ ၁၀၀ ဖြတ်နေတယ် ပေါ့နော်။ ပြီးတော့ အင်တာနက် လိုင်းတွေမှာလည်း ၁ မိနစ် ၂ ကျပ်လောက် ကျရမှာကို အခု ၄ ကျပ်လောက် ဖြစ်နေတယ်။ ခါတိုင်းဆို သမီးတို့ GSM တွေက ၂ ကျပ်ပဲကျတာ အခုတော့ ၄ ကျပ် ဖြစ်နေတယ်။ ---

OIC ဆန္ဒပြမှုအား ဗဟန်းရဲစခန်း အရေးယူဆောင်ရွက်သည့်သတင်း ဂျာနယ်တွင် ထည့်သွင်းရန် မူပိုင်ခွင့်ဌာနညွှန်ကြား

Posted: 05 Dec 2013 09:54 PM PST


ဗဟန်းမြို့နယ် ကြားတောရလမ်း၌ အစ္စလာမ်(မစ်)နိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (OIC) အား ဆန္ဒဖော်ထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဗဟန်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်းတွင် အမှုဖွင့် အရေးယူဆောင် ရွက်ထားသော သတင်းအား မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းဂျာနယ် အပါအ၀င် ပြည်တွင်း မီဒီယာ အချို့တွင် ဖော်ပြပေးပါရန် ပြန်ကြားရေး ၀န်ကြီး ဌာန ညွှန်ကြားချက်ဖြင့် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန (ယခင်စာပေစိစစ်ရေး) ဌာနစု ၆၊ ဦးစီးအရာ ရှိ ဒေါ်သိင်္ဂီဇင်က နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ ဆက် သွယ် ပြောကြားခဲ့သည်။ ---

ဆီးဂိမ်းပရိသတ်များ ဆောင်ရန်၊ ရှောင်ရန် အချက်များကို အစိုးရက ပထမဆုံးအကြိမ် ထုတ်ပြန်

Posted: 05 Dec 2013 09:50 PM PST


ဆီးဂိမ်းအားကစားပြိုင်ပွဲဝင် ဧည်သည်နိုင်ငံနှင့် လူမျိုးများ၏ ဘာသာနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားလိုက်နာကြရန် အပါအ၀င် ပြိုင်ပွဲကာလအတွင်း ဆောင်ရန်၊ ရှောင်ရန်များကို အစိုးရက ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာလိုက်သည်။ ပြိုင်ပွဲကာလအတွင်းတွင် လာရောက်ကြည့်ရှုသူများအနေဖြင့် မူးယစ်ဆေးဝါး၊ အရက်သေစာသောက်စားပြီး ကြည့်ရှုခြင်း၊ မပြုရန်၊ ဆဲဆိုအော်ဟစ်မှုပြုသူများကို ၀ိုင်းဝန်းထိမ်းသိမ်းပေးရန်နှင့် တာဝန်ရှိသူများထံ အကြောင်းကြားပေးရန်လည်း အဆိုပါကြေညာချက်တွင် တိုက်တွန်းထားသည်။ ---
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 7day Daily 

ရေကျော်၌ ဧည့်သည်ကို ဓားဖြင့်ခုတ်သူအား ရပ်ကွက်သားများ ဝိုင်းပိတ်ဖမ်း

Posted: 05 Dec 2013 09:46 PM PST



ပုဇွန်တောင်မြို့နယ် အမှတ် (၉) ရပ်ကွက်၊ ရေကျော် သဇင်လမ်း၊ တိုက်အမှတ် (၉) ရှိ ငါးလွှာအခန်းတွင် ဒီဇင်ဘာလ ၄ ရက် ည ၈ နာရီခွဲခန့်က အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေး ချို့တဲ့သူက ၎င်း၏အိမ်၌ လာရောက် တည်းခိုသူ အမျိုးသားကို အသားလှီးဓားဖြင့် ဝင်ခုတ်ပြီး ထွက်ပြေးစဉ် ရပ်ကွက်နေသူများက လူသတ်မှု ဖြစ်ပွားရာ တိုက်၏ တံခါးကို ပိတ်ထားသောကြောင့် အဆိုပါဓားဖြင့် ခုတ်သူကို ဖမ်းမိခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။---

မုံရွာတွင် အဆိပ်သင့်၍ ကလေးနှစ်ဦးသေဆုံး

Posted: 05 Dec 2013 09:40 PM PST


မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာနှင့် ထန်းဇလုတ်ရေတံခွန်သွားရာလမ်းအနီးရှိ လယ်တဲနေ မိသားစု များမှ ကလေးငယ်များသည် အဆိပ်သင့်၍ ကလေးငယ်နှစ်ဦး သေဆုံးကာ သုံးဦးဆေးရုံတက်နေရ ကြောင်း ကျောက္ကာနယ်မြေရဲကင်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒီဇင်ဘာ ၅ ရက် တွင် မဇ္ဈိမကို ပြောသည်။ သေဆုံးသူ ကလေးနှစ်ဦးမှာ မလေပြေဦး အသက် ၆ နှစ်နှင့် မဆုဝေနှင်း အသက် ၄ နှစ်တို့ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ---

တိုင်းရင်းသားမဟုတ်ဘဲ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူအား အရေးယူ မည်မဟုတ်ဟု ဆို

Posted: 05 Dec 2013 09:34 PM PST


တိုင်းရင်းသားမဟုတ်ဘဲ နိုင်ငံ သားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ အား အရေးယူမည်မဟုတ်ဘဲ တည့်မတ် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီး ကြပ်ရေးနှင့်ြ ပည်သူ့အင်အားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့် က ပြော သည်။ ”နိုင်ငံသား စိစစ်ရေးကတ်ပြား အရေးယူမယ့်ကိစ္စ မဟုတ်ပါဘူး။ စိစစ် ပြီးတော့မှ မဖြစ်လည်း တည့်ပေးလိုက် တာ မျိုးပါ။ ဖမ်းပြီး အရေးယူတဲ့ ကိစ္စက မဟုတ်ပါဘူးခင်ဗျ” ဟု ၂ဝ၁၄ ခုနှစ် လူ ဦးရေနှင့် အိမ်အကြောင်း အရာ သန်း ခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ဆိုင်ရာ ရှင်းလင်းပွဲတွင် ဒုတိယဝန်ကြီး က ပြောသည်။ ---

လေဖြတ်ထားသူတစ်ဦး ဆေးလိပ်သောက်ရာမှ မီးလောင်သေဆုံး

Posted: 05 Dec 2013 09:27 PM PST


အသက် ၆၈ နှစ်အရွယ် လေဖြတ်ရောဂါ ဝေဒနာရှင် အမျိုးသားတစ်ဦး အိပ်ရာပေါ်တွင် ဆေးလိပ်သောက်ရာမှ ဆေးလိပ်မီးပွား ဂွမ်းကပ်ပေါ်ကျ၍ ခန္ဓာကိုယ် တစ်ခုလုံး မီးလောင် သေဆုံးမှု တွံတေးမြို့နယ် ရွှေဆံတော် ရပ်ကွက် ၁၁ လမ်းတွင် ဒီဇင်ဘာလ ၅ ရက် နံနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။ အဆိုပါတဲတွင် လေဖြတ်ဝေဒနာ ခံစားနေရသူ အသက် ၆၈ နှစ်အရွယ် ဦးသက် (ခ) ဦးတိုးမြင့်မှာ အိပ်ရာထဲတွင် လဲနေကြောင်း၊ မီးလောင်ကျွမ်းချိန်တွင် အမျိုးသားကြီးက အော်ဟစ်ကာ အကူအညီ တောင်းခံသောကြောင့် အနီးတွင် နေထိုင်သူများက ၁၀ မိနစ် အကြာတွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း တွံတေးမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။---

မော်ကွန်းဝင် ပထမအဆင့်၏ ဇနီးဟု ဆိုသူကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ

Posted: 05 Dec 2013 09:24 PM PST


လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်ရှိ တပ်ကြပ်ကလေး မောင်တင် (တပ်မတော် မှတ်ပုံတင်အမှတ်- ၀၉၀၃၇) ၏ ဇနီးဟုဆိုကာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ ဒေါ်တင်ရီကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ (၁၈) ဖြင့် ကျောက်တံတား ရဲစခန်းက တရားစွဲဆိုထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။ အသက် ၇၂ နှစ် ရှိပြီဖြစ်သော လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် တပ်ကြပ် မောင်တင်၏ ဇနီးဖြစ်သူ ဒေါ်တင်ရီသည် နေထိုင်စရာ အိမ်ရာမရှိသဖြင့် အစိုးရထံ အကူအညီ တောင်းလိုသောကြောင့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ကာယကံရှင် ဒေါ်တင်ရီက ပြောဆိုသည်။ ---

ဌာနတွင်းအကျင့်ပျက်ခြစားမှုများ ထိန်းသိမ်းရန် သာသနာရေးဝန်ကြီးပြော

Posted: 05 Dec 2013 09:20 PM PST


ဌာနတွင်း အကျင့်ပျက်ခြစားမှုများကို ပြည်နယ်နှင့်တိုင်းဒေသကြီး သာသနာရေးမှူးများ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရန်နှင့် အဆိုပါကိစ္စရပ်များကို သိလျက်နှင့် ထိန်ချန်ဖုံးကွယ်ပေးထားပါက ဥပဒေကြောင်းအရ အရေးယူမည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က ပြောကြားသည်။ ““ဒီနေ့အခြေအနေဟာ ပွင့်လင်းမြင်သာမှုရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် အကျင့်ပျက်ခြစားမှုအပိုင်းမှာလည်း ဖုံးကွယ်ရှောင်ပုန်းနေလို့မရပါဘူး။ ---

အစိုးရတပ်နှင့် ကေအိုင်အေ ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေ

Posted: 05 Dec 2013 09:13 PM PST


အစိုးရတပ်နှင့် ကေအိုင်အေတို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ခလရ (၄၀၅) အပါအ၀င် အစိုးရတပ်များနှင့် ကေအိုင်အေ တပ်မဟာ (၄) လက်အောက် တပ်ရင်း(၈)တို့ ကွတ်ခိုင်မြို့နယ် နမ်လိတ်တောင်ကုန်းတွင် ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခန့်မှ စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ----

အင်းလျားကန်တွင် သေဆုံးသည့်အလောင်း ဒဏ်ရာများတွေ့ရှိမှုကြောင့် စစ်ဆေးနေရ

Posted: 05 Dec 2013 09:08 PM PST


ကမ္ဘာအေးဘုရားလမ်းရှိ အင်းလျားကန်စောင်းတွင် ရေနစ်သေဆုံးသည့် လူသေအလောင်းတစ်ခုကို ဒီဇင်ဘာ ၃ ရက် ညကတွေ့ရှိခဲ့ရာတွင် ဒဏ်ရာများပါတွေ့ရှိခဲ့သဖြင့် သွေးရိုးသားရိုး သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် မရမ်းကုန်းရဲစခန်းက အမှုဖွင့် စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် လိုက်သည်။ ယင်းနေ့ည ၁၀ နာရီက မရမ်းကုန်းမြို့နယ် (၁၀) ရပ်ကွက်ရှိ အင်းလျားကန်စောင်းတွင် လူတစ်ဦးသေ ဆုံးနေကြောင်း သတင်းအရမြို့နယ်စခန်းမှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ---

ဈေးကွက်တွင်း ဖုန်းငွေဖြည့်ကတ်အတုများ ပေါ်ပေါက်နေဟု သတင်းများထွက်ပေါ်

Posted: 05 Dec 2013 09:05 PM PST


ဈေးကွက်အတွင်း မိုဘိုင်းဖုန်းငွေဖြည့်ကတ်အတုများ ပေါ်ပေါက်နေ၍ ၀ယ်ယူရာတွင် သတိထားဝယ် ယူသင့်ကြောင်း ဈေးကွက်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့က မဇ္ဈိမကို ပြောသည်။ ထိုသို့ဖြစ်ပေါ်ခြင်းမှာ ငွေဖြည့်ကတ်များဝယ်ယူ၍ Pin Code နံပါတ်ရိုက်ထည့်ရာတွင် ဖုန်းဘီလ်ဝင်သွားခြင်းမရှိဘဲ အသုံးပြုပြီးသားငွေဖြည့်ကတ်ဖြစ်နေခြင်းဖြစ်သည်ဟု အရောင်းဆိုင်များက ဆိုသည်။ ---
ဖုန်းငွေဖြည့်ကတ်အတုများမှာ ခဲခြစ်နေရာတွင် အမှတ်အသားတစ်စုံတစ်ရာမပါရှိ၍ ဝယ်ယူသူများအနေဖြင့် သတိပြုဝယ်ယူသင့်ကြောင်း မိုဘိုင်းဖုန်းဆိုင်များက သတိပေးလိုက်သည်။ (ဓာတ်ပုံ - ဟောင်ဆာ)


Thit Htoo Lwin

unread,
Dec 7, 2013, 10:30:39 AM12/7/13
to thuau...@gmail.com

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရန် အလားအလာကောင်း ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Posted: 06 Dec 2013 10:39 PM PST


အခြေခံဥပဒေ မပြင်ဆင်ပါက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ဟု ဝေဖန်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် အလားအလာကောင်းများ ရှိနေပြီ ဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်သည့် ကမ္ဘာ့အမျိုးသမီး ဖိုရမ်တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်သည့် ကမ္ဘာ့ အမျိုးသမီးဖိုရမ် ပထမနေ့အပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အလားအလာ ကောင်းများ ရှိသည် ဆိုရာ၌ မကြာမီ ပြင်ဆင် နိုင်တော့မည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ပြည်သူလူထု အပါအဝင် အဖွဲ့အစည်း အချို့၏ အားတက်သရော ပါဝင်ဆွေးနွေးမှု များကို ဆိုလို ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“အခုအချိန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘယ်ဟာတွေက ပြင်သင့်လဲ၊ ဘယ်အချက်တွေက ဒီမိုကရေစီစနစ် မကျဘူး၊ ဘယ်အချက်တွေ ပြင်ရင်တော့ ဘယ်လို အကျိုးဆက်တွေ ရနိုင်မလဲ ဆိုတာ တွေကို ကျွန်မတို့ ပြည်သူတွေ တော်တော်များများ သိနေကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်သူလူထုရဲ့ အထူးစိတ်ဝင်စားမှုတွေကို ကျွန်မတို့ ရရှိနေပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ပြည်သူလူထု အများစု၏ တစ်ခဲနက် ထောက်ခံမှု၊ အားပေးမှုများ ရရှိလာခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အလားအလာ ကောင်းများ ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ကျွန်မအမြင်တော့ ပြည်သူ့ဆန္ဒက အမြဲအောင်မြင်ပါတယ်။ နောက်ကျ တာနဲ့ စောတာပဲ ကွာပါတယ်။ စောနိုင်သမျှ ကောင်းတာက ကျွန်မတို့ အားလုံးအတွက် ကောင်းပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် အခြေခံဥပဒေ၏ ကန့်သတ်ချက် တစ်ခုဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ ရွေးချယ် တင်မြှောက်ရေး ဆိုင်ရာ အခန်း ပုဒ်မ ၅၉ (စ) ကို ပြင်ဆင် ပေးရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ပြောဆိုထားသည်။

အဆိုပါ အချက်ကို ပြင်ဆင်ရန် လွှတ်တော်တွင်း အမတ်ဦးရေ အများဆုံး အနိုင်ရထားသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စဉ်းစားလျက် ရှိကြောင်းနှင့် ယင်းအချက်ကို ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် အဆုံးအဖြတ် ရယူမည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ဆိုထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ဖြစ်သော ပုဒ်မ ၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည်ကို အဟန့်အတား ဖြစ်နေသောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော် သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေး လိုကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က နိုင်ငံတော် သမ္မတရုံးထံ မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

The Voice Weekly

ဒဂုံဆိပ်ကမ်းဒေသခံတွေ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြ

Posted: 06 Dec 2013 08:37 AM PST


ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက်က ဒေသခံတွေဟာ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သူတို့ကိုပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်ပေးဖို့ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှာရှိတဲ့ မဟာဗန္ဓုလ ပန်းခြံဘေးမှာ ၅ ကြိမ်မြောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီဌာနက အမှတ် ၆၇ ရပ်ကွက်မှာ နေထိုင်သူတွေကို မူလပေးထားတဲ့ကတိနဲ့ ဆန့်ကျင်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အမှတ် ၁၃၈/၁၅၅ ရပ်ကွက်တွေကို ပြောင်းရွှေ့ခိုင်းခဲ့တာမို့ အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဒေါ်မြင့်မြင့်ဝေက RFA ကို ပြောပါတယ်။ ---

Thit Htoo Lwin

unread,
Dec 8, 2013, 10:09:25 AM12/8/13
to thuau...@gmail.com

သေနတ်အောက်ကမြို့

Posted: 08 Dec 2013 06:03 AM PST


‘တားမြစ်နယ်မြေ၊ တာဝန်မှအပ မဝင်ရ၊ သေနတ်ဖြင့် ပစ်ခတ်ခံရမည်’ ဟူသည့် စာသားများပါသော ဆိုင်းဘုတ်ကလေး များကို ခပ်စိပ်စိပ် တွေ့ရသောအခါ ရန်ကုန်မှ လိုက်ပါလာသည့် သတင်းသမားမှာ ကျောချမ်းလျက် ရှိသည်။ လှမ်းလက် စခြေလှမ်းများပင် တုံ့ဆိုင်း သွားသည်ဟု ဆိုသည်။ ယင်းမှာ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ချောက်မြို့ကလေးတွင် အမြင်စိမ်းသော ဧည့်စိမ်းများအတွက် ကျောချမ်းဖွယ်ရာ နွေးထွေးသော ကြိုဆိုမှုတစ်ခုပင် ဖြစ်သည်။ “သေနတ်နဲ့ ပစ်မယ်ဆိုတာ ခြေလှမ်း ဆယ်လှမ်းတိုင်းလောက်မှာ စိုက်ထားတယ်နော်” ဟု ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဘာလဲဟဲ့ စွမ်းအားရှင်

Posted: 08 Dec 2013 04:56 AM PST


စွမ်းအားရှင်တွေဟာ ရယက၊ အရန်မီးသတ်တို့ထက် ကြံ့ဖွံ့အဖွဲ့ကလူတွေနဲ့ ပိုပြီး နီးစပ်၊ ရောယှက်မှုရှိပါတယ်။ ရဲတပ်ဖွဲ့က ရေးဆွဲခဲ့တဲ့ လုံခြုံရေးစီမံချက်တွေကို ပြန်လည်လေ့လာ ကြည့်တဲ့အခါမှာ “မိတ်ဖက်အဖွဲ့အစည်းများ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ (၁) မြို့နယ်/ရပ်ကွက် အေးချမ်းဖြိုး ကောင်စီဝင်များ (၂) မီးသတ်များ (၃) အရန်ရဲများ (၄) စွမ်းအားရှင်များ (၅) ကြက်ခြေနီများ (၆) ပြည်ခိုင်ဖြိုးပါတီဝင်များ ဆိုပြီး သီးသန့်အင်အားအနေနဲ့ ထည့်သွင်းဖော်ပြတာကို တွေ့နိုင်ပါတယ်။ နအဖ အစိုးရဟာ တကယ်တော့ စွမ်းအားရှင်တွေကို စနစ်တကျစုဖွဲ့ပြီး ဆန္ဒပြမူတွေကိုဖြိုခွဲဖို့နဲ့၊ လူထုကို ကြောက်လန့်အောင်၊ မလှန်ရဲအောင် ဖိနှိပ်ရေးအင်အားစုတစ်ခုအနေနဲ့ အသုံးချနိုင်ဖို့ အကြံစည်ရှိရှိ ကျကျ နန စီစဉ်ခဲ့တာပါ။

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ဆီးဂိမ်းအကြမ်းဖက်မည့် သတိပေးကြေညာချက် ရဲချုပ်ရုံးမသိ၊ ပြန်ကြားရေးဒုဝန်ကြီးက မဖြစ်နိုင်ဟုဆို

Posted: 08 Dec 2013 04:41 AM PST


ဆီးဂိမ်းပြိုင်ပွဲကာလတွင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ကိုင်ရန် အကြမ်းဖက်သမားသုံးဦး ရန်ကုန်မြို့သို့ထွက်ခွာသွားပြီး ၎င်းတို့၏ကိုယ်ရေးအချက်အလက်အကျဉ်းကို ဗီနိုင်းဖြင့် နေပြည်တော်မြို့မဈေးတာဝန်ခံက ကြေညာထားသည်။ အဆိုပါကြေညာချက်တွင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ရန် ရန်ကုန်တွင်ရောက်ရှိနေသော အစ္စလာမ်ဘာသာရေး အစွန်းရောက်မွတ်ဆလင်အဖွဲ့များနှင့် ဆက်သွယ်လုပ်ဆောင်ရန် ကေအိုင်အေကချင်အဖွဲ့မှ အကြမ်းဖက်သမားသုံးဦး ရန်ကုန်သို့ အောက်တိုဘာ ၁၈ ရက်တွင် ထွက်ခွာသွားပြီဟု ကြေညာထားပြီး ထိုကြေညာချက်နှင့်ပတ်သက်၍ နေပြည်တော်ရဲချုပ်ရုံးကမသိဟု တာဝန်ရှိသူများကပြောသည်။ ---

နိုင်ငံတော်သမ္မတကြောင့် ဥပဒေပြုရေး ကြန့်ကြာဟု ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဝေဖန်

Posted: 07 Dec 2013 08:45 PM PST


လွှတ်တော် အစည်းအဝေးများ ရပ်ထားသည့် အချိန်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ယင်းဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတက အမြင်မတူသော သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသောကြောင့် ဥပဒေပြုရေး နှောင့်နှေး ကြန့်ကြာကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။ အစိုးရသစ် အုပ်ချုပ်သည့် သုံးနှစ်နီးပါး ကာလအတွင်း ပြည်ထောင်စု လွှတ်တော်မှ ဥပဒေကြမ်း ၅၄ ခုကို နိုင်ငံတော်သမ္မတထံ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက မတူညီသည့် သဘောထား မှတ်ချက်များဖြင့် ပြန်လည် ပေးပို့ခဲ့ကြောင်း ၎င်းကဆိုသည်။ ---

ရိုဟင်ဂျာတွေကို ထိုင်း လူကုန်ကူးမှု ပြုနေ

Posted: 07 Dec 2013 07:02 PM PST


မြန်မာပြည်က ထွက်ပြေး ရောက်ရှိလာတဲ့ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် တွေကို ထိုင်း ထိန်းသိမ်းရေး စခန်းတွေ ကနေ လူမှောင်ခို သမားတွေ လက်ထဲကို ထိုင်း အာဏာပိုင်တွေက ရောင်းစား နေတာတွေ ရှိတယ်ဆိုပြီး အမေရိကန် နဲ့ ကုလ သမဂ္ဂ ၂ လကြာ လေ့လာ ပြီး မကြာခင် က အစီရင်ခံစာ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။ ဒီ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး ဌာန က အမေရိကန်၊ ကုလသမဂ္ဂ တို့နဲ့ ပူးတွဲ စုံစမ်း ဖော်ထုတ်မယ်လို့ ထိုင်းဝန်ကြီးချုပ် ရင်းလတ် ချင်နာဝပ်က မနေ့က ကြေညာခဲ့ပါတယ်။ ---
ထိုင်းမှာ အဖမ်းခံ နေရတဲ့ ရိုဟင်ဂျာများ


အမျိုးသမီးငယ်တဦးကို ပြည့်တန်ဆာ လုပ်ငန်းသို့ ပို့ဆောင်ခဲ့သူအား လူကုန်ကူး ရဲတပ်ဖွဲ့ထံ တိုင်ကြားသော်လည်း အရေးယူခြင်းမရှိ

Posted: 07 Dec 2013 06:36 PM PST

ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့် မြို့နယ်မှ အမျိုးသမီး ငယ်တဦးအား အလုပ်ပေးမည်ဟု ဖျားယောင်း သွေးဆောင်ကာ နေပြည်တော်ရှိ ပြည့်တန်ဆာ လုပ်ငန်းသို့ ပို့ဆောင်ခဲ့သူအား ပုသိမ်မြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုထံ တိုင်ကြား ထားသော်လည်း ယနေ့ထက်တိုင် တစုံတရာ အရေးယူခြင်း မရှိကြောင်း သတင်းရရှိသည်။ ကန်ကြီးထောင့်မြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အိမ်ထောင်မရှိဖူးသူ (အပျို) အမျိုးသမီး ငယ်တဦးအား ကန်ကြီးထောင့်မြို့နယ် ၀ါးထူးအုပ်စု အကယ်ကျေးရွာနေ နန့်ကြူကြူငွေက ပြီးခဲ့သည့် အောက်တိုဘာလ ကုန်ပိုင်းတွင် နေပြည်တော်သို့ ခေါ်ဆောင်သွားပြီး ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သော နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ---

မြန်မာ့စီးပွား အများပြည်သူခံစားနိုင်ရေး IMF အကြံပေး

Posted: 07 Dec 2013 05:46 PM PST

မြန်မာနိုင်ငံရဲ့စီးပွားရေးကို ရေရှည်ခံ ခိုင်မာပြီး အားလုံး ခံစားနိုင်တဲ့ တိုးတက်တဲ့ စီးပွားရေး ဖြစ်အောင် လုပ်ရမယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde ကပြောကြား လိုက်ပါတယ်။ အချိန်တို အတွင်း စီးပွားရေးအရ ကျယ်ကျယ်ပြန့်ပြန့် တည်ငြိမ်တိုး တက်မှုတွေ ရှိလာနေပေမဲ့ အတိမ်း အစောင်း မခံနိုင်သေးတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ စနေနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ Ms. Lagarde ကပြောကြားခဲ့တာဖြစ်ပါတယ်။ ---
IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ Christine Lagarde မြန်မာအမျိုးသမီး ဖိုရမ် ဒုတိယနေ့မှာ စကားပြောစဉ်။ (ဒီဇင်ဘာ ၇၊ ၂၀၁၃)

ထိုင်းက ရိုဟင်ဂျာ ဒုက္ခသည်များကို လူမှောင်ခိုကူးသူများထံ ရောင်းချ

Posted: 07 Dec 2013 05:29 PM PST


ထိုင်းနိုင်ငံလူဝင် မှုကြီးကြပ် ရေးအရာ ရှိတို့က မြန်မာနိုင်ငံမှ ထွက်ပြေး လာသော ရိုဟင်ဂျာ ဒုက္ခသည်များကို တရားမဝင်လူ ကုန်ကူးသူများထံ ရောင်းချခဲ့ ကြောင်း စုံစမ်းစစ်ဆေးမှုအသစ် တွင် ဖော်ပြခဲ့ကြောင်း သိရသည်။  စုံစမ်းစစ်ဆေးမှုအစီရင်ခံစာတွင် ဖော်ပြချက်အရ ထိုင်းနိုင်ငံ လူဝင် မှုကြီးကြပ်ရေး၏ ထိန်းသိမ်းရေး စခန်းများမှ ရိုဟင်ဂျာ ဒုက္ခသည် များကို ပင်လယ်ပြင်တွင် စောင့် ဆိုင်းနေသော တရားမဝင်လူကုန် ကူးသူများထံမှ လွှဲပြောင်းပေး ခဲ့သည်ဟု သိရသည်။ ---

BMW ကားကုမ္ပဏီ မြန်မာဈေးကွက်ဝင်

Posted: 07 Dec 2013 05:21 PM PST


ကမ္ဘာကျော် ကားကုမ္ပဏီတစ်ခုဖြစ်သည့် ဂျာမနီနိုင်ငံ အခြေစိုက် BMW ကားကုမ္ပဏီ၏ နောက်ဆုံးပေါ် ကားသစ်များနှင့် အဆင့်မြင့် ဝန်ဆောင်မှုများ ပေးရန်အတွက် သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း BMW ကားကုမ္ပဏီ၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခွင့်ရသော Prestige Automobile ကုမ္ပဏီ၏ ပြန်ကြားရေးနှင့် ဆက်ဆံရေး အရာရှိ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။ ---

မန္တလေးစိမ်းလန်း မြို့ပြစီမံကိန်း ပုသိမ်ကြီးဘက်ချဲ့ရန် အကောင်းဆုံးဟု ADB ဆို

Posted: 07 Dec 2013 05:10 PM PST


မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် Asia Development Bank (ADB) ၏ ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာနှင့် အကဲဖြတ် လေ့လာမှုများအရ မန္တလေးစိမ်းလန်း မြို့တော် စီမံကိန်းအတွက် မြို့ဧရိယာကို ပုသိမ်ကြီး မြို့နယ်ဘက်သို့ တိုးချဲ့ခြင်းသည် အသင့်လျော်ဆုံး ဖြစ်ကြောင်း ADB အဖွဲ့ခေါင်းဆောင် အလစ်စတဲလားဘလန့်တ်က ပြောကြားသည်။ ဒီဇင်ဘာ ၆ ရက်နေ့က ပြုလုပ်သည့် Urban Profile Presentation and Priority Setting Exercise Scoping Study For a Green Mandalay အခမ်းအနားတွင် ယင်းသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။ ---

လက်ကျန်နိုင်ငံရေး အကျဉ်းသား ၄၄ ဦး လွတ်မြောက်ရေး တင်ပြမည်

Posted: 07 Dec 2013 05:07 PM PST


လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီရဲ့ စာရင်းအရ မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား ၄၄ ဦး ကျန်ရှိနေပြီး အဲဒီစာရင်းအတိုင်း ဒီဇင်ဘာလ မကုန်ခင် နိုင်ငံတော်သမ္မတဆီ တင်ပြမယ်လို့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက ပြောပါတယ်။ ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်းကို ဆွေးနွေးရာမှာ ၄၄ ဦးကျန်ရှိနေကြောင်း စိစစ်ရေး ကော်မတီဝင် ကိုရဲအောင်က ပြောပါတယ်။ ---

တရုတ်နိုင်ငံအလံမီးရှို့ ဆန္ဒပြသူ ဒေါ်နော်အုန်းလှကို ထပ်မံဖမ်းဆီး

Posted: 07 Dec 2013 05:04 PM PST


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံအလံကို မီးရှို့ခဲ့တဲ့အတွက် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်နော်အုန်းလှကို မနေ့ညက ဒဂုံမြို့နယ်ရဲစခန်းက ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ဒဂုံမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်နော်အုံးလှဟာ ကျန်းမာရေး မကောင်းဘူးလို့ ဒေါ်နော်အုန်းလှ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ ---

ကင်ဂျုံအန်၏ ဦးလေး တောင်ကိုရီးယားတွင် ခိုလှုံခွင့်တောင်း

Posted: 07 Dec 2013 04:48 PM PST


မြောက် ကိုရီးယား ၏ခေါင်းဆောင် ကင် ဂျုံအန်၏ ဦးလေးတော်စပ်သူ ချန် ဆောင်တက်သည် ရာထူးမှထုတ် ပယ်ခံရပြီး ထွက်ပြေးတိမ်းရှောင် နေရာမှ ယခုအခါတွင် တောင် ကိုရီးယား နိုင်ငံ၌ နိုင်ငံရေးခိုလှုံ ခွင့်ရရှိရန် စောင့်ဆိုင်းနေ သည် ဟု သိရသည်။ ပြုံယမ်းမှ လွန်ခဲ့သောနှစ် လခန့်က ထွက်ပြေးလွတ်မြောက် ခဲ့သော ချန်ဆောင်တက်သည် ယခုအခါ တရုတ်၌ တောင်ကိုရီး ယားထောက်လှမ်းရေးအေး ဂျင့် များ၏ အကာအကွယ်အစောင့် အရှောက်ဖြင့် ရှိနေပြီး ဆိုးလ်မြို့ သို့သွားရောက်မည့် လေယာဉ် ခရီးစဉ် ကို စောင့်ဆိုင်းနေသည် ဟု သိရသည်။ ---

ရန်ကုန်ပြည်ခိုင်ဖြိုး ရုံးချုပ်နေရာ ကျပ်ဘီလီယံ ၄၀ ကျော်ဖြင့်ရောင်းချခဲ့ကြောင်း သတင်းထွက်ပေါ်

Posted: 07 Dec 2013 04:45 PM PST


ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ် အား မြန်မာကျပ်ငွေဘီလီယံ ၄၀ ကျော်ဖြင့် ရောင်းချလိုက်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိ ကြောင်း သိရသည်။ ယင်းရုံးမှာဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်တွင် တည်ရှိပြီး ယင်းသို့ရောင်းချရခြင်း မှာ ပါတီ၏ ရန်ပုံငွေအတွက် ရောင်းချရခြင်းဖြစ်ကြောင်း သ တင်းများ ထွက်ပေါ်လျက်ရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦး အား ရန်ကုန်တိုင်းမ်မှဆက်သွယ် မေးမြန်းရာတွင် ဖြေကြားရန်မ ရှိကြောင်း ပြန်လည်ပြောဆိုခဲ့ သည်။ ---

ဗဟိုအာဖရိက နိုင်ငံ အကြမ်းဖက်မှု လူ ၃၀၀ နီးပါးသေဆုံး

Posted: 07 Dec 2013 04:18 PM PST


ဗဟိုအာဖရိက သမ္မတနိုင်ငံမှာ နှစ်ရက်တာ ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ ၃၀၀ နီးပါး တိုးလာတဲ့ အကြောင်း နောက်ဆုံးရသတင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လက သမ္မတ Fancois Bozize ကို ရာထူးကနေ ဖယ်ရှားခဲ့တဲ့ သူပုန်ညွှန့်ပေါင်းအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ သေနတ်သမားတွေက မြို့တော်တွင်း လူတွေသေကြေတဲ့အထိ စီနင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အကြောင်း ဗဟိုအာဖရိက သမ္မတနိုင်ငံမှာရှိတဲ့ Amnesty International အဖွဲ့ ၀န်ထမ်းတဦးဖြစ်တဲ့ Joanna Mariner က ဗွီအိုအေကို ပြောပါတယ်။ ---

မန်ဒဲလား ဈာပနယာဉ်တန်း ၃ ရက်ကြာလှည့်မယ်

Posted: 07 Dec 2013 07:10 PM PST

ကွယ်လွန် သွားပြီ ဖြစ်တဲ့ တောင်အာဖရိက သမ္မတ ဟောင်း နယ်လ်ဆင် မန်ဒဲလားကို အများ ပြည်သူ ဂါဝရ ပြုနိုင်ဖို့ အတွက် ဈာပန ယာဉ်တန်း ဟာ ရှေ့ သီတင်း ပတ် ကျရင် မြို့တော် ပရီတိုရီးယား လမ်းတွေပေါ် သုံးရက်ကြာ ဆက်တိုက် လှည့်လယ်မှာ ဖြစ်တယ်လို့ တောင်အာဖရိက အစိုးရ က ပြောကြား လိုက်ပါတယ်။ ---
မစ္စတာ မန်ဒဲလား အတွက် အမှတ်ရ ဆုတောင်း ပွဲတွေ ကိုတော့ ဆက်လက် ပြုလုပ် နေကြဆဲ

လက်ပံတောင်းတောင် ဆာလ်ဖျူရစ်အက်စစ် စက်ရုံ ပတ်ဝန်းကျင်ရှိ ယာမြေများ မြေဆိပ်သင့်နေသည်ဟု ဓာတ်ခွဲစမ်းသပ်တွေ့ရှိ

Posted: 07 Dec 2013 03:00 PM PST

လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း နယ်မြေရှိ ဆာလ်ဖျူရစ်အက်စစ် စက်ရုံပတ်ဝန်းကျင်ရှိ ယာမြေများ မှာ မြေဆိပ်သင့်မှုများဖြစ်ပေါ် နေသည်ကို ဓာတ်ခွဲစမ်းသပ်တွေ့ ရှိရကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဓာတ် ခွဲခန်း တာဝန်ခံဓာတုဗေဒ ပညာ ရှင် ဒေါက်တာကျော်ငြိမ်းအေး က ပြောသည်။ အဆိုပါရလဒ်သည် စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေးဓာတ် ခွဲခန်းနှင့် မြေအသုံးချရေးဦးစီး ဌာနပိုင်ဓာတ်ခွဲခန်းများတွင် စမ်း သပ်တွေ့ရှိချက်များဖြစ်ကာ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ လယ်ယာမြေခြောက်ကွက် မှ မြေဆီလွှာများကို စမ်းသပ် ဓာတ်ခွဲခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာ ၅ရက်တွင် ယင်းသို့ရလဒ်ထွက်ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ---

နိုင်ငံတစ်ဝန်း မူလတန်း ကျောင်းတိုင်း ဆရာအနည်းဆုံး ငါးဦးခန့်မည်

Posted: 07 Dec 2013 02:07 PM PST


အခြေခံပညာ ကဏ္ဍတွင် ကျောင်းသား ဦးရေအလိုက် ဆရာ၊ ဆရာမ ခန့်ထားသော စနစ်ကျင့်သုံးခဲ့ရာက ကျောင်းသားနှင့် ဆရာအချိုးမမျှဘဲ ဆရာ လိုအပ်ချက်ရှိသော မူလတန်း ကျောင်းများအတွက် ယခုနှစ်မှ စတင်ပြီး ကျောင်းတစ်ကျောင်းလျှင် ဆရာဦးရေ ငါးဦးအထိ တိုးခန့်ထားသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (အခြေခံ) ဒေါက်တာ စန်းလွင်က The Voice သို့ ပြောကြားသည်။ မူလတန်း အဆင့်ရှိ တန်းခွဲအလိုက် ဆရာခန့်ထားသော စနစ်ကို ပြောင်းလဲ ခဲ့သောကြောင့် ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦး ခန့်ထားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ---

သပိတ်ကျင်း ရွှေကုမ္ပဏီများကို ဒေသခံများ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်

Posted: 07 Dec 2013 02:01 PM PST


မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အုန်းဇုန်းကျေးရွာအုပ်စု ဝက်သေကျေးရွာမှ ဒေသခံ ၁၀၀ ကျော်ခန့်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကို ပိုင်ဆိုင်သော မြန်မာဂိုးလ်ဒင်းပွိုင့် ကုမ္ပဏီ အပါအဝင် အခြားကုမ္ပဏီ လေးခုကို ကျေးရွာပိုင်မြေ ပြန်လည် ရရှိရေးအတွက် ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ကာ ထိုင်သပိတ်စခန်း ဖွင့်လှစ်ပြီး ဆန္ဒထုတ်ဖော်လျက် ရှိကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရှိရသည်။ “ကျွန်တော်တို့ ဖြစ်ချင်တာက သက်တမ်း ကုန်ဆုံးနေပြီဖြစ်တဲ့ လုပ်ကွက်တွေကို လွှတ်တော် အမတ်ဆိုတဲ့ ပါဝါသုံးပြီး မြို့နယ် အာဏာပိုင်တွေက တားထားပါလျက် ပြောင်ပြောင်တင်းတင်း မထီမဲ့မြင် လုပ်ပြီး ဆက်လက် လုပ်ကိုင်နေပါတယ်။ ရွာပိုင်မြေ ၁၅၅ ဒသမ ၃၆၃ ဧကကိုလည်း မပြောင်းချင်ပါဘူး” ဟု ဝက်သေရွာ သပိတ်စခန်း ဦးဆောင်နေသူ ဦးမောင်ကြီးက ဆိုသည်။ ---

မိကျောင်းကန်ကိစ္စ အစိုးရနဲ့ လယ်မြေသိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင် ဆွေးနွေး

Posted: 07 Dec 2013 01:27 PM PST


အစိုးရ သိမ်းထားတဲ့ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် မြေနေရာ ပြဿနာတွေကို ဖြေရှင်းပေးဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေမှုတွေနဲ့ ပတ်သက်လို့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း လုံခြုံရေး ဝန်ကြီး ဦးတင်ဝင်း အပါအဝင် ဥပဒေရေးရာ၊ တပ်မြို့စည်ပင်က တာဝန်ရှိပုဂ္ဂိုလ်တွေ စနေနေ့ နေ့လည်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ---
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ကိုယ်တိုင် လာတဲ့အထိ သပိတ်စခန်း မှာ စောင့်မယ်လို့ ဆန္ဒပြသူတွေ ပြော

ရန်ကုန် - မန္တလေး အမြန်လမ်းပေါ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်၍ (၇)ဦး ဒဏ်ရာရ

Posted: 07 Dec 2013 01:19 PM PST


၎-၁၂-၂၀၁၃ ရက်နေ့ ၀၄ ၅၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၅/ ၅-၆)တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ (၇)ရပ်ကွက်နေ အောင်ငွေ(၃၁)နှစ် မောင်းနှင်လာသော ၈စ/×××××× တောင်းအေ့(စ်) အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လယ်ယာဘက် မြေသားပေါ်သို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ---

ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ယူသုံးစွဲ ခေါင်းပုံဖြတ်ခြင်း လူကုန်ကူးမှုတွင်ပါဝင်၍ ထိရောက်စွာ ပြစ်ဒဏ်ပေးနိုင်

Posted: 07 Dec 2013 01:00 PM PST


ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ယူသုံးစွဲ ၍ ခေါင်းပုံဖြတ်သည့်အမှု ယခင်နှစ်ကဖြစ်ခဲ့၍ ယခုနှစ်တွင် မပေါ်ပေါက်စေရန် လူကုန်ကူးမှု တားဆီးရေး ပညာပေးမှု၌ ကဏ္ဍတစ်ခုအနေ ဖြင့် ထည့်သွင်းပေးနေရကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲမှူး ကြီး ဦးခင်မောင်လှက ပြောသည်။ ”လူကုန်ကူးမှုမြောက်တဲ့ ခေါင်းပုံဖြတ်တဲ့ အမျိုးအစား ၁ဝ မျိုးထဲမှာပါတယ်။ ဒါက ထိ ရောက်ပြင်းထန်တဲ့ ပြစ်ဒဏ်ခံရနိုင်တယ်။ ဒီလို ထည့်ပြောနေပါတယ်” ဟု ၄င်းက Popular News သို့ ပြောသည်။ ---

မိချောင်းကန်သပိတ်စခန်းတွင် ပဋိပက္ခဖြစ်ပွားအပြီး မြစာရံဘုရားကို စစ်သားများ ပိတ်ဆို့

Posted: 07 Dec 2013 12:55 PM PST


သင်္ကန်းကျွန်းမြို့နယ် မိချောင်းကန်သပိတ်စခန်းတွင် ဒီဇင်ဘာလ ၇ရက် နံနက် ၁၁နာရီခန့်က ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်တွင် စစ်သားအယောက် ၃၀ခန့်က ထိုနေ့ည ၇နာရီခန့်တွင် သပိတ်စခန်းအနီးရှိ မြစာရံ အေးစေတီဘုရားကို ပိတ်ဆို့လိုက်ပြီဟု သပိတ်စခန်းမှ ဆန္ဒပြသူများက မဇ္ဈိမကို ပြောသည်။ ယင်းကဲ့သို့ စစ်သားများက မြစာရံဘုရားကို ဝင်၊ထွက်ခွင့်မပြုတော့ဘဲ ပိတ်ဆို့လိုက်ပြီဖြစ်သော်လည်း ဆန္ဒပြသူများ၏ သပိတ်စခန်းမှာမူ ဆက်လက် ဖွင့်ထားလျှက်ရှိသည်။ မြစာရံဘုရားအား တပ်မတော်သားများက ပိတ်ပင်သည်ဟု ဆိုသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။ ---

သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မြေနေရာအငြင်းပွားမှုမှာ ဆန္ဒပြသူတွေနဲ့ လူအုပ်စု ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာ ဆန္ဒပြသူ ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊ ဒဏ်ရာရရှိသူများကို ဆေးရုံးသို့ ခေါ်ဆောင်သွားပါတယ်၊ အနက်ရောင် တီရှပ်ဝတ်ထားတဲ့ လူအုပ်စုတစ်စုက ဝင်ရောက်စီးနင်းရာမှာ သပိတ်စခန်းဖွင့်ထားတဲ့ ဘုရားဝင်းအနီးက ဆန္ဒပြသူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ။ photo: RFA/ Win Naing, Kyaw Zaw Win

မိကျောင်းကန်ဆန္ဒပြပွဲ ပဋိပက္ခ ၁၀ ဦး ဒဏ်ရာရ

Posted: 07 Dec 2013 12:50 PM PST


ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁၊၂၊၃) မြေနေရာ ပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသူတွေနဲ့ သပိတ်စခန်းအနီး မြစာရံအေးစေတီကို ခြံဝင်းခတ်ဖို့ ကြိုးစားသူတွေ ဒီနေ့မနက်က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေထဲက အမျိုးသမီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ အနက်ရောင်အင်္ကျီဝတ်ဆင်ထားသူ လူအုပ်စုက မြစာရံစေတီဝင်းမှာ ထိုင်နေကြတဲ့ ဆန္ဒပြသူတွေကို ဖယ်ရှားရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆန္ဒပြသူတွေ နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခံရတာဖြစ်ပါတယ်။ ---


သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မြေနေရာအငြင်းပွားမှုမှာ ဆန္ဒပြသူတွေနဲ့ လူအုပ်စု ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာ ဆန္ဒပြသူ ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊ ဒဏ်ရာရရှိသူများကို ဆေးရုံးသို့ ခေါ်ဆောင်သွားပါတယ်၊ အနက်ရောင် တီရှပ်ဝတ်ထားတဲ့ လူအုပ်စုတစ်စုက ဝင်ရောက်စီးနင်းရာမှာ သပိတ်စခန်းဖွင့်ထားတဲ့ ဘုရားဝင်းအနီးက ဆန္ဒပြသူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ။ photo: RFA/ Win Naing, Kyaw Zaw Win 

ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိရေး ပြင်သစ်ကူညီမည်

Posted: 07 Dec 2013 12:43 PM PST


လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရေး ပြင်သစ်အစိုးရက အကူအညီပေးမယ်လို့ ပြင်သစ်အစိုးရ ယဉ်ကျေးမှုဝန်ကြီးက ဒီနေ့ပြောလိုက်ပါတယ်။ ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ Women Forum 2013 ပွဲမှာ ပြင်သစ်ယဉ်ကျေးမှုဝန်ကြီး Ms. Aurelie Filippetti က သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး အဲဒီမှာ စကားပြန်ကတဆင့် အခုလိုပြောပါတယ်။ ---

Thit Htoo Lwin

unread,
Dec 9, 2013, 10:11:32 AM12/9/13
to thuau...@gmail.com

မိ​ကျောင်း​ကန် ​သ​ပိတ်​စ​ခန်း​ဖျက်​ဖို့ ​ရာ​ဇ​သံ​ကို ​အာ​ခံ

Posted: 09 Dec 2013 05:46 AM PST


သ​င်္ဃန်း​ကျွန်း​မြို့​နယ်​တွင်း​က ​တပ်​က ​သိမ်း​ထား​တဲ့​မြေ​တွေ ​ပြန်​လည်​ရ​ရှိ​ရေး ​မိ​ကျောင်း​ကန် ​အ​ပိုင်း (၁)​မှာ ​ဖွ​င့်​လှစ် ​ဆ​န္ဒ​ပြ​ထုတ်​ဖော်​နေ​တဲ့ ​သ​ပိတ်​စ​ခန်း​ကို ​မ​ဖျက်​သိမ်း​နိုင်​ဘူး​လို့ ​ဆ​န္ဒ​ပြ​သ​မား​တွေ​ဘက်​က ​ဆုံး​ဖြတ်​ရပ်​တည်​လိုက်​ကြ​တဲ့​အ​တွက် ​အုပ်​ချုပ်​ရေး​ပိုင်း​နဲ့ ​အ​စိုး​ရ​အ​ကြား ​ထိပ်​တိုက်​တွေ့​တော့​မယ့် ​အ​ခြေ​အ​နေ​တ​ရပ်​ဆီ​ကို ​တွန်း​ပို့​လိုက်​ပြီ​ဖြစ်​ပါ​တယ်။ ၁၃ ​ရက်​ဆက်​တိုက် ​ဆန်​ဒ​ပြ​နေ​တဲ့ ​သ​ပိတ်​စ​ခန်း​ကို ​ဒီ​က​နေ့ ၉ ​ရက်​နေ့ ​ည​နေ ​ခြောက်​နာ​ရီ​မ​တိုင်​ခင် ​ရုပ်​သိမ်း​ဖယ်​ရှား​ပေး​ဖို့​နဲ့ ​မ​ဖယ်​ရှား​ရင် ​ကိုင်​တွယ်​အ​ရေး​ယူ​မယ်​လို့ ​မြို့​နယ်​အုပ်​ချုပ်​ရေး​မှူး​နဲ့ ​တပ်​မြို့​စည်​ပင်​သာ​ယာ​ရုံး​အ​ဖွဲ့​က ​ရာ​ဇ​သံ​ပေး​ထား​တာ​ဖြစ်​ပြီး ​ဆ​န္ဒ​ပြ​သ​မား​တွေ​က​လည်း ​မ​ဖယ်​ပေး​ဘူး​လို့ ​ရပ်​တည်​နေ​တာ​ပါ။ ---

မုဒုံ၌ ဘုန်းကြီးပျံကို အကြောင်းပြ၍ လောင်းကစားဝိုင်း သုံးလကြာကျင်းပ

Posted: 09 Dec 2013 04:15 AM PST


မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မှိန်ဂနိမ်း ကျေးရွာရှိ သုဓမ္မာ ဂိုဏ်းခေါင်းဆောင် ကော့ခဘီး ကျောင်းထိုင် ဆရာတော်ကြီး ဘဒ္ဒန္တဝါယမ ပျံလွန်တော်မှုခြင်းကို အကြောင်းပြုကာ ကော့ခဘီး ရပ်ကွက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၏ နာမည်ကို အသုံးပြု၍ တရားမဝင် လောင်းကစားဝိုင်းများကို သုံးလကြာ ၂၄ နာရီပတ်လုံး ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောကြားသည်။ လောင်းကစားဝိုင်းများ နိုဝင်ဘာလ တတိယပတ်မှစ၍ ၂၀၁၄ ခုနှစ် ဇန်နဝါရီ လကုန်းပိုင်းအထိ ပြုလုပ်ရန် အစီအစဉ် ရှိကြောင်း၊ ယင်းကစားဝိုင်းများ၌ အနီထောင် ကစားဝိုင်းများ၊ အန်စာတုံး ကစားဝိုင်းများ၊ ရွှေဘောလုံးများ၊ ဖဲဝိုင်းများ၊ ဂျင်ကစား ဝိုင်းများ ပါဝင်ကြောင်းနှင့် စနေနှင့် တနင်္ဂနွေ ရက်များတွင် ကြက်ဝိုင်းများကိုပါ ထည့်သွင်း၍ လောင်းကစား ပြုလုပ်လျက် ရှိကြောင်း ၎င်းတို့က ပြောဆိုကြသည်။ ---

ကွတ်ခိုင်၌ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့်

Posted: 09 Dec 2013 04:07 AM PST


ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် ရဲအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့် ခဲ့ကြောင်း ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံက ပြောကြားသည်။ ကွတ်ခိုင်မြို့နယ်နှင့် သုံးမိုင်ခန့်အကွာ ကျေးရွာတစ်ရွာတွင် နေထိုင်သည့် ကလေး လေးဦးမိခင် အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ ---

ထိုင်ခုံ နံပါတ်အတိုင်း မထိုင်ကြသူများကြောင့် ဘောလုံးပွဲကြည့် ပရိတ်သတ်များ အခက်တွေ့

Posted: 09 Dec 2013 04:02 AM PST


မြန်မာ့လက် ရွေးစင်ဘောလုံး အသင်းကစား မည့်ပြိုင်ပွဲများ အတွက် လက်မှတ် များဝယ်ယူထားသော်လည်း ပြိုင် ပွဲကျင်းပချိန် တွင် နေရာအခက် အခဲများနှင့် ကြုံတွေ့ရကြောင်း ဘောလုံးဝါသနာရှင်များက ဝေ ဖန်ပြောကြားသည်။ ကွင်းအတွင်း လက်မှတ်ဖြင့် နေရာပြသမည့်သူမရှိခြင်းနှင့် ကွင်းအတွင်း ကြိုတင်ရောက်ရှိသူ များမှ ဦးရာလူစနစ်ဖြင့်နေရာယူ ထားခြင်းများကြောင့် ပြိုင်ပွဲကြည့် ရှုရန် နေရာအခက်အခဲဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း ယင်းတို့ကဆို သည်။---

က​ရင်​ပြည်​နယ်​တွင် ​သစ်​တော​များ ​မ​ရှိ​တော့​ဟု​ဆို

Posted: 09 Dec 2013 02:54 AM PST


အ​လွန်​အ​ကျွံ ​ခုတ်​လှဲ​ရောင်း​စား​ခဲ့​မှု​တွေ​ကြောင့် ၂၀၀၁ ​ခု​နှစ်​က​နေ ၂၀၁၀ ​ခု​နှစ်​အ​ကြား ၁၀ ​နှစ်​အ​တွင်း ​က​ရင်​ပြည်​နယ်​မှာ ​သစ်​တော​တွေ ​မ​ကျန်​တော့​သ​လောက် ​ပြုန်း​တီး​ကုန်​ကြောင်း ​က​ရင်​ပြည်​နယ်​အ​စိုး​ရ ​အ​ဖွဲ့​၀င် ​သစ်​တော​နဲ့ ​သ​တ္တု​တွင်း​၀န်​ကြီး ​စော​ဆာ​လော​လာ​က ​ပြော​ပါ ​တယ်။

Timber​လွန်​ခဲ့​တဲ့ ၁၀ ​နှစ်​အ​တွင်း ​က​ရင်​ပြည်​နယ်​မှာ ​ကေ​အန်​ယူ​နဲ့ ​ဒီ​ကေ​ဘီ​အေ​အ​ဖွဲ့​တွေ​က ​သစ်​ကို ​အ​လွန်​အ​ကျွံ ​ထုတ်​လုပ်​ခဲ့​ကြောင်း​၊ ​အ​စိုး​ရ​နဲ့ ​စစ်​တပ်​က​လည်း ​ထိန်း​သိမ်း​နိုင်​စွမ်း ​မ​ရှိ​ကြောင်း​၊ ​ဒီ​အ​တွက် ​သစ်​တော ​အ​လွန်​အ​ကျွံ ​ပြုန်း​တီး​ကုန်​ကြောင်း ​သူ​က ​ပြော​ပါ​တယ်။

က​ရင်​ပြည်​နယ် ​မဲ​ဆ​န္ဒ​နယ် ​အ​မှတ် ၁ ​က ​အ​မျိုး​သား​လွှတ်​တော်​အ​မတ် ​စော​အောင်​ကျော်​နိုင်​က​လည်း ၀ိ​သ​မ​လော​ဘ​သား​တွေ​ကြောင့် ​သစ်​တော​တွေ ​မ​ရှိ​တော့​ကြောင်း ​ဘား​အံ​မြို့​မှာ ​ကျင်း​ပ​တဲ့ ​အ​စိမ်း​ရောင်​ကွန်​ရက် ​မျိုး​ဆက်​သစ်​တွေ​နဲ့ ​တွေ့​ဆုံ​ပွဲ​မှာ ​ပြော​ကြား​ခဲ့​ပါ​သေး​တယ်။

By ​ဒီ​ဗွီ​ဘီ


အချုပ်ခန်းတွင်း သေဆုံးခဲ့ရမှု ပြန်လည် စစ်ဆေးရန် တိုင်းတရားလွှတ်တော် အမိန့်ချ

Posted: 09 Dec 2013 02:20 AM PST

ပန်းတောင်းမြို့နယ် စံပြရဲတပ်ဖွဲ့စခန်း အချုပ်ခန်းတွင် ချုပ်နှောင်ထားစဉ် ဒဏ်ရာများနှင့် သေဆုံးခဲ့သည့် ဦးသန်းထွန်း၏ သေမှုသေခင်း ဖြစ်စဉ် အတွက် မြို့နယ်တရားရုံးက ချမှတ်ခဲ့သည့် အမိန့်ကို ပယ်ဖျက်၍ ပြန်လည် စစ်ဆေးရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ကြောင်း သေဆုံးသူ ဦးသန်းထွန်း၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။ ၂၀၁၃ ခုနှစ် ပြစ်မှုသေးအမှတ် (၂၇) အရ သေဆုံးခဲ့သူ ဦးသန်းထွန်း၏ အမှုကို ဇူလိုင်လ ၁၂ ရက်နေ့က ပန်းတောင်းမြို့နယ် တရားရုံးက ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု အမိန့်ချမှတ် ခဲ့သည်ကို ပြင်ဆင်မှု တက်ခဲ့ပြီး ---

ပြည်ပမှ တင်သွင်းလာသော ဓာတ်မြေသြဇာများ အရောအနှောရှိသဖြင့် စစ်ဆေးမည်

Posted: 09 Dec 2013 02:17 AM PST


ပြည်ပမှ တင်သွင်းသော ဓာတ်မြေဩဇာများ တွင် အရောအနှောများ ရောင်းချ နေခြင်းကြောင့် စစ်ဆေးမှုများပြု လုပ်သွားမည်ဖြစ်ကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။ လက်ရှိ ဈေးကွက်အတွင်းရှိ ဓာတ်မြေဩဇာများမှာ အရည်အ သွေး သတ်မှတ်ချက်များရှိသော် လည်း ဈေးကွက်အတွင်းပြန်လည် ရောင်းချပါက အရောအနှောများ ဖြင့် ရောင်းချလျက်ရပြီး ပြည်ပမှ တင်သွင်းသည့် ဓာတ်မြေဩဇာ များနှင့် ပြည်တွင်းထုတ်လုပ်သည့် ဓာတ်မြေဩဇာများ မှာ ဖော်ပြ ထားသည့် ---

GREAT WELL ဖိနပ်စက်ရုံ အလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ

Posted: 09 Dec 2013 02:33 AM PST

နိုင်ငံခြား သားလုပ်ငန်းရှင်မှ အလုပ်သမား များသို့ဆက်ဆံရာတွင် အော်ဟစ် ဆဲဆိုကြိမ်းမောင်းခြင်းများကို မပြုလုပ် ဘဲခိုင်းစေပေးရန်နှင့် နေ့ စဉ်ကြေးများတိုးမြှင့်ပေးရန် စ သည့်လုပ်ငန်းခွင် အခွင့်အရေး များရရှိရန်အတွက် GREAT WELL ဖိနပ်စက်ရုံအလုပ်သမား ၆ဝဝကျော်မှ အချက်၁၂ချက်ကို ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း သိရသည်။ ဒီဇင်ဘာ ၆ရက်တွင် လှိုင် သာယာမြို့နယ် ရွှေလင်ပန်းစက် မှုဇုန်အတွင်းရှိ (GREAT WELL) ဖိနပ်စက်ရုံတွင် အလုပ်သ မား ၆ဝဝကျော်သည် လုပ်ငန်း ခွင်အတွင်းရရှိသည့်၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





စက်ရုံအလုပ်သမားများ ဆန္ဒပြစဉ် ။ ဓာတ်ပုံ - ဇာခြည်လှိုင် - Yangon Media Group

သစ်လုံးတင်ယာဉ်က ရပ်ထားသော ယာဉ်ကိုဝင်တိုက်၊ ယာဉ်မောင်းသေဆုံး

Posted: 09 Dec 2013 01:54 AM PST


ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၉/၂ အုတ်တွင်းမြို့နယ် အိုးဘိုကုန်း ကျေးရွာတွင် ဒီဇင်ဘာလ ၈ ရက် နံနက် ၆ နာရီခန့်က ယာဉ်ပျက်၍ ရပ်တန့်ထားသော ဝါးတင်ဆောင်သည့် ဟီးနိုး ခြောက်ဘီးယာဉ်ကို ၂၂ ဘီးသစ်လုံး တင်ယာဉ်က ဝင်တိုက်မိသဖြင့် သစ်လုံးတင်ယာဉ်မှ အသက် ၂၃ နှစ်အရွယ် ယာဉ်မောင်း ပွဲချင်းပြီး သေဆုံးခဲ့ကာ ယင်းယာဉ်ပေါ်မှ ယာဉ်နောက်လိုက်နှင့် ဝါးသယ်ယာဉ်ပေါ်မှ ယာဉ်မောင်း အပါအဝင် လူငါးဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောကြားသည်။ ---

ဗုံးပေါက်မှုသံသယရှိသူ နေတိုးရှိသည့်နေရာသိနေပြီဟု ကေအင်န်ယူ ထုတ်ဖော်ပြောဆို

Posted: 09 Dec 2013 01:49 AM PST


မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် အပါအ၀င်တိုင်း ဒေသကြီး အချို့၌ အောက်တိုဘာလ အတွင်းက ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားစေရန် စေခိုင်းခဲ့သည်ဟု သံသယရှိခံရသူ နေတိုး(ခ) စောရွှေထူးမှာ လွတ်မြောက်နေသော်လည်း ယခုအခါ ၎င်းရှိသည့်နေရာကို ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ)၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရှိထားပြီဖြစ်ကြောင်း ကေအင်န်ယူ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က စံတော်ချိန်သို့ ပြောဆိုသည်။  ---

စနိုဒင်အား ရုရှားသို့ ခိုလှုံခွင့်ရရန် ကူညီပေးသူအကြောင်း မေလ်း အွန်လိုင်းတွင် ဖော်ပြ

Posted: 09 Dec 2013 01:30 AM PST


ဒီဇင်ဘာ ၈ရက် မေးလ်အွန်လိုင်း ဝက်ဘ် ဆိုက်မှ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ ကန်ထရိုက် တာဟောင်း စနိုဒင်အား ရုရှား တွင် နိုင်ငံရေးခိုလှုံခွင့်ရသည်အ ထိ လိုက်ပါကူညီခဲ့သူ အကြောင်း ကို ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ၏ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်ကို ဖော်ထုတ်ခဲ့ပြီးနောက် ထွက်ပြေး တိမ်းရှောင်ခဲ့သော စနိုဒင်ကို ရုရှားနိုင်ငံသို့ ရောက်အောင်ပို့ ဆောင်ပေးခဲ့သူမှာ ဝီကီလိစ်ဂျာ နယ်လစ်တစ်ဦးဖြစ် သူ မစ္စဆာ ရာ ဟာရစ်ဆန်ဖြစ်သည်ဟု သိရ သည်။ ---
စနိုဒင်နှင့် အတူ မစ္စဟာရစ်ဆန်အား တွေ့ရစဉ်။ Photo - AFP

ဥပဒေအထက်မှာခရိုနီတွေရှိနေတယ်

Posted: 09 Dec 2013 01:25 AM PST


ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ ဒုံမြို့နယ်၊ဇေကမ္ဘာကုမ္ပဏီပိုင်မြေ ဧရီယာအတွင်းရှိကွင်းအမှတ် (၄၈၈)၌ဇေကမ္ဘာကုမ္ပဏီမှစက် ယန္တရားများဖြင့်မြေညှိခြင်းမြေဖို့ ခြင်းတို့ကို ဒီဇင်ဘာ (၅)ရက်နေ့ ကဆောင်ရွက်ပြုလုပ်ခဲ့ကြောင်းသိ ရသည်။ အဆိုပါကွင်းသည်ဒေသခံ လယ်သမာများနှင့်ကုမ္ပဏီတို့အငြင်း ပွားနေသောကွင်းဖြစ်သောကြောင့် တားမြစ်ရန်အတွက်ဒေသခံလယ် သမားများကလယ်ထဲသို့ဝင်ရောက် ရန်ကြိုးစားကြရာတွင်ကုမ္ပဏီဝန် ထမ်းများကတားမြစ်ခဲ့သည်။ ---

ရန်ကုန်မြို့တော်ရှိ မြို့နယ် ၁၈ ခု မြို့ပြ မြေအသုံးချမှုဇုန်အဖြစ် သတ်မှတ်

Posted: 09 Dec 2013 01:20 AM PST


မြေအသုံးချမှုအပေါ် ကန့်သတ်ခြင်း အားပေးခြင်းများ လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်ကို မြို့ပြ မြေအသုံးချမှု ဇုန်များအဖြစ် နိုဝင်ဘာလကုန်က စတင် သတ်မှတ်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဇုန်သတ်မှတ်မှုများကို ၂၀၁၃ ခုနှစ် ဇွန်လက စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလကုန်တွင် မြို့နယ် ၁၈ခု သတ်မှတ်နိုင်ခဲ့ပြီး ၎င်းတို့မှာ အင်းစိန်၊ အလုံ၊ ဗဟန်း၊ ဒဂုံ၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ လသာ၊ ကျောက်တံတား၊ ပုဇွန်တောင်၊ တာမွေ၊ ရန်ကင်းမြို့နယ်တို့ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စုံစမ်းသိရှိရသည်။ ---

ကမ္ဘာ့ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်းတွင် မြန်မာထိပ်ဆုံး၌ ရပ်တည်

Posted: 09 Dec 2013 01:18 AM PST


ဗြိတိန်နိုင်ငံ အခြေစိုက် Charities Aid Foundation (CAF) ၏ စစ်တမ်း ကောက်ယူမှုများအရ ၂၀၁၃ ခုနှစ် ကမ္ဘာ့ ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်း (Donating Money) တွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရပ်တည်နေကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည့် World Giving Index 2013 တွင် ဖော်ပြထားချက်အရ သိရသည်။ အရွယ်ရောက်ပြီးသူ ၁၀၀ တွင် ၈၅ ဦးမှာ စစ်တမ်း မကောက်ယူမီ တစ်လအတွင်း လူမှုရေး၊ ဘာသာရေးအဖွဲ့ တစ်ခုခုသို့ ငွေကြေး လှူဒါန်းဖူးသူများ ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများမှာ ကမ္ဘာ့ အလှူပေးဆုံး စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေခြင်း ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ၇၆ ဦးဖြင့် ဒုတိယ နေရာ၌ ရပ်တည်နေကြောင်း အဆိုပါ စာရင်းတွင် ဖော်ပြထားသည်။ ---

မင်္ဂလာဈေး ညကလပ်များပြန်ဖွင့် ဗိုလ်ကြီးနှစ်ဦး မူးယစ်ရမ်းကား

Posted: 09 Dec 2013 01:16 AM PST


မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးဝင်းအတွင်း နိုက်ကလပ်များကို နိုဝင်ဘာ ၇ ရက်မှစ၍ ပိတ်ထားပြီး ဒီဇင်ဘာ ၇ ရက်၌ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ဒီဇင်ဘာ ၈ ရက် နံနက် ၀၀း၃၀ နာရီက ဗိုလ်ကြီးဟုဆိုသူနှစ်ဦးမှ မူးယစ်ရမ်းကားပြီး မင်္ဂလာဈေးဝင်းအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လမ်းဘေးဈေးဆိုင်လေးများကို ဖျက်ဆီးပစ်ခဲ့ကြကြောင်း သိရသည်။ " ဒီဈေးထဲက နိုက်ကလပ်တွေက မကြာခဏရန်ဖြစ်လို့ ပိတ်ထားတာ တစ်လနီးပါးလောက်ရှိနေပြီ။ မနေ့ကမှ ပြန်ပြီးဖွင့်လိုက်တာ။ ညက လေတပ်ထဲက ဗိုလ်ကြီးတွေဆိုပြီး လူငယ်နှစ်ယောက်က လာပြီးရမ်းကားသွားတယ် " ဟု မင်္ဂလာဈေးဝင်းအတွင်း ညဘက် ဈေးထွက်ရောင်းသည့် ဈေးသည်တစ်ဦးက ပြောဆိုသည်။ ---

ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ရာဇ၀တ်မှုကျူးလွန်ခြင်းများရှိနေဆဲဖြစ်

Posted: 09 Dec 2013 01:13 AM PST


လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ရိုက်နှက်မှု စသည့်ပြစ်မှုများတွင် ရဲတပ်ဖွဲ့ဝင်အချို့ ကိုယ်တိုင်ကျူးလွန်မှုများ ရှိခဲ့သည်ဟု မကြာသေးမီကဖြစ်ပွားခဲ့သော မှုခင်းများကို ရည်ညွှန်းလျက် ဥပဒေရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။ လှိုင်သာယာမြို့နယ် န၀ဒေးအိမ်ရာအနီးတွင် နိုဝင်ဘာ ၂၉ ရက်ညက ရဲတပ်ဖွဲ့ဝင်နှစ်ဦးအပါအ၀င် လူ ငယ်လေးဦး နှင့် အသက် ၃၀ ၀န်းကျင်ရှိ အမျိုးသားသုံးဦးတို့ စကားများရာမှ အပြန်အလှန်ခိုက်ရန်ဖြစ် ပွားခဲ့ကြပြီး သုံးဦးအဖွဲ့တွင် ပါဝင်သူတစ်ဦးမှာအဆုတ်ကွဲဒဏ်ရာ၊ အစာအိမ်ပေါက်၊ ကျောက်ကပ်အတွင်း ထိုးသွင်းဒဏ်ရာတို့ရရှိကာ သေဆုံးခဲ့ရသည်ဟု မှုခင်းမှတ်တမ်းများတွင်ဖော်ပြသည်။ ---

SEA Games လုပ်အားပေး အင်ဂျင်နီယာ ၁၈ ဦး ဝမ်းရောဂါဖြစ်

Posted: 09 Dec 2013 12:42 AM PST


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် SEA Games ပြိုင်ပွဲ၌ လုပ်အားပေးနေသည့် မြန်မာ အင်ဂျင်နီယာ ၁၈ ဦးသည် ဒီဇင်ဘာ ၈ ရက်နေ့တွင် ဝမ်းရောဂါ ဖြစ်ပွားနေကြောင်း ဇမ္ဗူသီရိမြို့ ဗလသိန္ဓိ ရပ်ကွက်တွင်ရှိသော အ.ထ.က.၆ အဆောင်မှ ဒုတိယ အဆောင်တာဝန်ခံ ဦးသာဒုတ်က ပြောကြားသည်။ ယင်းအဆောင်တွင် နေထိုင်သူ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော်တွင် အင်ဂျင်နီယာ ၂၈၀ ဦးကျော် ရှိပြီး အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး သုံးဦးတို့ ဝမ်းရောဂါ ဖြစ်ပွားသဖြင့် ဗဟိုကူးစက်ရောဂါ ကာကွယ်ရေးဌာနက လာရောက် စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပေါ်ခဲ့ခြင်းမှာ အစားအစာ သန့်ရှင်းမှု မရှိခြင်း၊ စားဖိုဆောင်နှင့် အိမ်သာ နီးကပ်ခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ ---

ဒီဇင်ဘာလ(၁၁)ရက်နေ့ ထုတ် Mobile Guide Issue 132

Posted: 09 Dec 2013 12:35 AM PST

ဒီဇင်ဘာလ(၈)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၂ အမှတ် ၃၁

Posted: 09 Dec 2013 12:32 AM PST


ဒီဇင်ဘာလ(၈)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၂ အမှတ် ၃၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မြန်မာရေလုပ်သား ၁၁ ဦးပါ ငါးဖမ်းလှေတစ်စင်း အိန္ဒိယ ရေပိုင်နက် အနီး ပျောက်ဆုံးနေ

Posted: 09 Dec 2013 12:22 AM PST


မြန်မာ ရေလုပ်သား ၁၁ဦးပါ ငါးဖမ်း စက် လှေတစ်စင်း သည် နိုဝင်ဘာ ၂၂ ရက်က အိန္ဒိယ နိုင်ငံ ရေပိုင်နက် အစပ်ရောက်နေစဉ် မုန်တိုင်း ကြောင့် အဆက်အသွယ်ပြတ် တောက် သွားပြီးနောက် ယနေ့အ ထိ ပျောက်ဆုံးနေသည်ဟု ရေ လုပ်သားမိသားစု ဝင်များထံမှ သိရသည်။ အဆိုပါ ငါးဖမ်းလှေသည် နိုဝင်ဘာ ၁၉ရက်က မြိတ်မြို့မှ စတင်ထွက်ခွာ သွားပြီး စက်လှေ ပေါ်တွင် ပဲ့နင်း၊ စက်ဆရာ၊ ထမင်း ချက်နှင့် ရေလုပ် သားများ အပါ အဝင် စုစုပေါင်း ၁၁ဦးပါကြောင်း သိရသည်။ ---

အမျိုးသမီးများကို ဦးတည် လုယက်မှု မြင့်တက်ခဲ့သည့် မုံရွာတွင် ဒုရဲအုပ် အမျိုးသမီးကို တည်ကြက်လုပ်၍ လုယက်သူများအားဖမ်းမိ

Posted: 08 Dec 2013 11:37 PM PST


တစ်ပတ်အတွင်း အမျိုးသမီးသုံးဦး လုယက်ခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမြို့ အဓိက လမ်းမကြီးများတွင် ပိုက်ဆံအိတ် လုယက်သူ များကို ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း ၈ နာရီအချိန်က ဒုရဲအုပ် အမျိုးသမီးတစ်ဦးကို တည်ကြက်အဖြစ် (အရပ်သား အမျိုးသမီးအဖြစ် အသွင်ယူ၍) သုံး၍ မြို့မရဲစခန်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောကြားသည်။ ---

ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အဆိုးရွားဆုံး နိုင်ငံတွင် မြန်မာပါဝင်ဟု Forbes မဂ္ဂဇင်းတွင် ဖော်ပြ

Posted: 08 Dec 2013 11:36 PM PST

အမေရိကန် ပြည်ထောင်စု အခြေစိုက် ကာမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း တစ်ခုဖြစ်သည့် Forbes မဂ္ဂဇင်းက ကမ္ဘာပေါ်တွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အဆိုးရွားဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း ဒီဇင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ Forbes မဂ္ဂဇင်းက စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် နိုင်ငံအလိုက် အဆင့်သတ်မှတ်၍ နှစ်စဉ် ထုတ်ပြန်လေ့ ရှိပြီး ဖော်ပြခံရသည့် ၁၄၅ နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် ၁၄၃ ဖြင့် အဆိုးရွားဆုံးနိုင်ငံ စာရင်းတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ---

မန္တလေးတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ မြင့်တက်

Posted: 08 Dec 2013 11:24 PM PST


မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုကိုတွေ့ရစဉ် ဓာတ်ပုံ-ညီညီဇော် - 7day Daily

မန္တလေးတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေအတွက် ယမန်နှစ်ကထက် မြင့်တက်လာကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ယာဉ်တိုက်မျှုပါင်း ၃၆၅ မှု ဖြစ်ပွားခဲ့ပြီး ၄၅၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၇၆ ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၁၂ ခုနှစ် ၁၁ လတာ ကာလအတွင်းနှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုမှာ လျော့ကျခဲ့သော်လည်း သေဆုံးသူအရေအတွက်မှာမူ တိုးလာသည်ကို တွေ့ရသည်။

ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုကြောင့် အများဆုံးသေဆုံးရခြင်းဖြစ်ပြီး ညနေ  ၆ နာရီနှင့် ည ၁၂  နာရီကြား ညပိုင်းအချိန်များတွင် မဆင်မခြင် မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

အိမ်နီးချင်းကပေးသည့်သင်ခန်းစာ

Posted: 08 Dec 2013 11:10 PM PST


တစ်ခါက နိုင်ငံ တစ်နိုင်ငံရှိသည်။ ထိုနိုင်ငံမှာ စစ်တပ်က အင်အားသုံးပြီး မကြာခဏ အာဏာသိမ်း လေ့ရှိသည်။ ထိုနိုင်ငံမှ ပြည်သူများ ကလည်း အင်အားသုံးပြီး မကြာခဏ အာဏာ သိမ်းလေ့ရှိသည်။ ထိုနိုင်ငံက နိုင်ငံရေး သမားများအကြားမှာ အကွဲအပြဲနှစ်ခြမ်း ကွဲသည်။ ထိုနိုင်ငံက ပြည်သူများ အကြားမှာလည်း အကွဲအပြဲနှစ်ခြမ်း ကွဲသည်။ ထိုင်းနိုင်ငံဖြစ်ပါသည်။ နိုင်ငံရေး ထွက်ပေါက်ပိတ်သွားသည့် ထိုင်းနှင့် အိမ်နီးချင်း ဖြစ်သည့် အတွက် မြန်မာနိုင်ငံ အတွက် ကံကောင်းသည့် အချက်ကတော့ နိုင်ငံရေးမှာ ဘာမလုပ်သင့်ဘူးဆိုသည့် Don't ကို နီးနီးကပ်ကပ် လေ့လာခွင့်ရခြင်းဖြစ်သည်။ ကံဆိုးသည့် အချက်ကတော့ ထိုင်းနိုင်ငံ နမူနာ၏ မလုပ်သင့်ဘူးဆိုသည့် Don't ကို လုပ်သင့်တယ် Do ဟု လွဲမှားစွာ ခံယူသူအချို့ မြန်မာ့လူမှု အဖွဲ့အစည်းမှာ ရှိကောင်းရှိနိုင်သည့် အချက်ဖြစ်သည်။ ---

မြန်မာနိုင်ငံတွင် ဆရာ၊ ဆရာမ အခွင့်အရေး အပြည့်အဝ မရှိဟုဆို

Posted: 08 Dec 2013 10:45 PM PST


ပညာရေးမူဝါဒ ပြောင်းလဲမှုများ ဆောင်ရွက် နေသော်လည်း မြန်မာနိုင်ငံရှိ အခြေခံနှင့် အဆင့်မြင့် ဆရာ၊ ဆရာမများသည် ၎င်းတို့ အခွင့်အရေးများကို အပြည့်အဝ မရရှိကြကြောင်း ကမ္ဘာတစ်ဝန်း ဆရာ၊ ဆရာမများ အသံကို စောင့်ကြည့် စစ်ဆေးနေသော Education International (EI) အဖွဲ့ကြီး၏ အာရှ-ပစိဖိတ် ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Aloysius Mathews က The Voice သို့ ပြောကြားသည်။ မြန်မာနိုင်ငံမှဆရာ၊ ဆရာမများသည် အသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ငြိုငြင်မှုများ ခံနေရပြီး အချိန်ပို အလုပ်များနှင့် အားလပ်ချိန် နည်းပါးကြကြောင်း၊ ယင်းအပြင် ဆရာ၊ ဆရာမများ၏ လစာနှုန်းထားမှာလည်း အာဆီယံနိုင်ငံများထက် အလွန်နည်းပါးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ---

Thit Htoo Lwin

unread,
Dec 10, 2013, 10:09:27 AM12/10/13
to thuau...@gmail.com

ထိုင်းဆိုင်ကယ်စတန့်စီး ချန်ပီယံရွှေးပွဲမှာ မြန်မာနိုင်ငံသား စတုထ္တဆုရရှိ (ရုပ်/သံ)

Posted: 10 Dec 2013 03:27 AM PST


ဘန်ကောက်မြို့မှာ ကျင်းပတဲ့ Kawasaki Stunt King ဆိုင်ကယ် စတန့်စီးအားကစား ချံပီယံရွေးပွဲမှာ မြန်မာနိုင်ငံသား ချန်ပီယံဟောင်းက စတုထ္တဆု ရရှိခဲ့ပါတယ်။ ရိုက်ကူး/တင်ဆက်- ရဲဝင့်သူ DVB TV News

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



လက်လုပ်ဗုံး တောင်ကြီး၌ပေါက်ကွဲ ဗုံးပြုလုပ်သူ ခြေချင်းဝတ်ပြတ်

Posted: 10 Dec 2013 01:15 AM PST


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့မရပ်ကွက် မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်းထောင့်ရှိ၊ အိမ်အမှတ် (၁၈၈) နှစ်ထပ်နေအိမ်၌ ဒီဇင်ဘာ ၈ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်းထောင့်ရှိ အိမ်အမှတ် (၁၈၈) နှစ်ထပ်အိမ်နေ ဟာဂျီယူစွတ်(ခ) ဦးမြင့်သိန်း (၄၈)နှစ်၊ အလယ်ဗလီဥက္ကဋ္ဌသည် ၎င်းနေအိမ်အောက်ထပ်၌ ကွန်ထရိုးမိုင်းဒေသန္တရဗုံးအား နှစ်လက်မခွဲခန့်ရှိ သံပိုက်ခေါင်း အဖုံးနှစ်ခုဖြင့် ယမ်းများထည့်၍ စမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့

ဝက်သေသပိတ်အောင်ပွဲ အထူးတရားပွဲ ကျင်းပမည်

Posted: 10 Dec 2013 12:37 AM PST


မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် အုန်းဇုန်းကျေးရွာအုပ်စု ဝက်သေ ကျေးရွာတွင် သပိတ်စခန်းအောင်ပွဲ အဖြစ် ဒီဇင်ဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ တို့တွင် အထူးတရားပွဲ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ကျေးရွာဒေသခံ များထံမှ သိရသည်။ ကျေးရွာမြေ ပြန်လည်ရရှိရေး အတွက် ဒေသခံ ၁၀၀ ဦးကျော်ခန့်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကို ပိုင်ဆိုင်သော မြန်မာဂိုးလ်ဒင်းပွိုင့် ကုမ္ပဏီရှေ့တွင် ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ကစတင်ကာ သပိတ်စခန်း ဖွင့်လှစ် ဆန္ဒထုတ်ဖော်ကြရာ သုံးရက်ခန့် အကြာ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် သဘောတူညီချက် ရရှိခဲ့သည်။ ---

ကော့သောင်း ရော်ဘာခြံလုပ်သား ၆၀ ကျော်ကို သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက် အလုပ်ထုတ်ဟုဆို

Posted: 10 Dec 2013 12:35 AM PST


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် အတွင်းရှိ ထူးထူးတိုး ကုမ္ပဏီပိုင် ရော်ဘာခြံ တစ်ခုတွင် အလုပ် လုပ်ကိုင်နေသည့် လုပ်သား ၆၀ ကျော်ကို အလုပ်ကြပ် အပါအဝင် လူသုံးဦးက သေနတ်ကို မိုးပေါ် ထောင်ပစ်၍ ခြိမ်းခြောက်ကာ အလုပ်နုတ်ထွက် ခိုင်းစေခဲ့ကြောင်း အဆိုပါ လုပ်သားများက ပြောကြားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာဂျာနယ်လစ် ကွန်ရက်တွင် ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ လုပ်သားများက ယင်းသို့ ပြောဆိုကြခြင်း ဖြစ်သည်။ ---

နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ​နှင့် ၀ိုင် ​ရောင်း​ချ​မှု ​စီး​တီး​မတ် ​ရပ်​ဆိုင်း

Posted: 10 Dec 2013 12:02 AM PST


ပြီး​ခဲ့​တဲ့​ရက်​ပိုင်း ​သာ​ကေ​တ ​မြ​မာ​လာ​လမ်း​က ​ဂို​ဒေါင်​တ​ခု​မှာ ​နိုင်​ငံ​ခြား​က ​တင်​သွင်း ​လာ​တဲ့ ၀ိုင်​ပု​လင်း ၉ ​သောင်း​နီး​ပါး​နဲ့ ​အ​ရက်​ပု​လင်း ၁ ​ထောင်​ကျော် ​ဖမ်း​ဆီး ​စစ်​ဆေး ​ခံ​နေ​ရ​တာ​နဲ့ ​ဆက်​စပ်​ပြီး ​စီး​တီး​မတ် ​ဟိုး​ဒင်း​ကု​မ္ပ​ဏီ​ဟာ ​သူ​ကုန်​တိုက်​တွေ​က​နေ ​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ၊ ၀ိုင်​နဲ့ ​စီး​က​ရက်​အား​လုံး​ကို ​ဖယ်​ရှား​လိုက်​ပြီး ​ရောင်း​ချ​ခြင်း​ကို​လည်း ​ရပ်​ဆိုင်း​ထား​လိုက်​ပါ​တယ်။ ---

ရွေးကောက်ပွဲ ပြန်လုပ်ပေးမည့်အစီအစဉ် ထိုင်းဘုရင် အတည်ပြု

Posted: 09 Dec 2013 11:58 PM PST


ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲသစ် ကျင်းပမယ့် အစီအစဉ်ကို ဘုရင် ဘူမိဘော အဒူယာဒတ်က အတည်ပြု ပေးလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးဖို့အစီအစဉ်ကို ဘုရင်ကြီးက အတည်ပြုတဲ့အကြောင်းကို တော်ဝင် ဂေဇက် (Royal Gazette)သတင်းစာမှာ ဖော်ပြ ထားပါတယ်။ ၀န်ကြီးချုပ် ယင်းလပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က တီဗွီ မိန့်ခွန်းတခုမှာ ထိုင်းပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပချိန်အထိ လက်ရှိ အစိုးရကပဲ ကြားဖြတ်အစိုးရအနေနဲ့ ဆက်လက်တာဝန်ယူထားမယ်လို့ ဒီနေ့ ထပ်မံပြောကြားပါတယ်။ ---

မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် မြွေသေတ္တာအလုံး ၃၀ တွေ့

Posted: 09 Dec 2013 11:44 PM PST


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချော ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့မည့် မြွေသေတ္တာ အလုံး၂၀ တွေ့ရှိခဲ့ကြောင်း အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်း၍ ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်က စီနိုထရပ်ယာဉ် အမျိုးအစား ၂၂ ဘီး နောက်တွဲယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ရာ ယင်းယာဉ် ပေါ်မှ မြွေမျိုးစုံ ထည့်ထားသော ---

ရန်ကုန်တွင် မူးယစ်ဆေးဝါး သုံးစွဲသူများ၏ ၂၀ ရာခိုင်နှုန်း AIDS ဝေဒနာ ခံစားနေရဟုဆို

Posted: 09 Dec 2013 11:40 PM PST


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ ၂၀ ရာခိုင်နှုန်းမှာ HIV/AIDS ရောဂါဝေဒနာ ခံစားနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။ ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက အပြည်ပြည်ဆိုင်ရာ စံနှုန်း သတ်မှတ်ချက်တွင် မူးယစ်ဆေး ထိုးသွင်းသူ၏ ၅ ရာခိုင်နှုန်း၌ HIV Positive များအဖြစ် တွေ့ရှိရပါက ယင်းနယ်မြေကို HIV ထိန်းချုပ်မရသော အန္တရာယ်ရှိ နယ်မြေ သတ်မှတ်ထားကြောင်း ---

အကြမ်းဖက်သမား အသိပေးကြေညာချက် အခြေအနေ ရှုပ်ထွေးဆဲ

Posted: 09 Dec 2013 10:52 PM PST


ဆီးဂိမ်းပြိုင်ပွဲကာလတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်ရန် ထွက်ခွာလာသည်ဆိုသည့် ကေအိုင်အေ အကြမ်းဖက်သမားသုံးဦးအကြောင်း နေပြည်တော်မြို့မဈေး ကြေညာချက်နှင့် ပတ်သက်ပြီး အခြေအနေမှာ ရှုပ်ထွေးလျက်ရှိသည်။ ထိလွယ်ရှလွယ်ဖြစ်ပြီး လက်ရှိအချိန်တွင် လုံခြုံရေးအရ အရေးကြီးသည့် အချက်အလက်များကို ထည့်သွင်းကြေညာထားသော်လည်း လုံခြုံရေးအရာရှိများဘက်က ၎င်းတို့မသိရှိသေးကြောင်းသာ ငြင်းဆိုလျက်ရှိသည်။ ---
ဓာတ်ပုံ - နေပြည်တော်သတင်းအဖွဲ့ (7day Daily )


မြေမြှုပ်မိုင်း ပညာပေး အမြန်စတင်နိုင်ရေး CPI တိုက်တွန်း

Posted: 09 Dec 2013 10:45 PM PST


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့အတူ မြေမြှုပ်မိုင်းဆိုင်ရာ အစီအစဉ်တွေ စတင်နိုင်ကြောင်း CPI ခေါ် မြေမြှုပ်မိုင်း ရှင်းလင်းရေးဆိုင်ရာအဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်းမှာ မြေမြှုပ်မိုင်းဒဏ်ကြောင့် အရပ်ဘက်ပြည်သူ သုံးဦး သေဆုံးခဲ့ရကြောင်း ပလောင်အမျိုးသမီးများအဖွဲ့ကပြောဆိုကြောင်း Clear Path International (CPI) ခေါ် မြေမြှုပ်မိုင်း ရှင်းလင်းရေးဆိုင်ရာအဖွဲ့က ပြောပါတယ်။ ---

ထိုင်း​နိုင်​ငံ​က ​အိမ်​တွင်း​အ​ကြမ်း​ဖက်​မှု​ကို ​စမ်း​သပ်​လိုက်​တဲ့ ​အ​မှု

Posted: 09 Dec 2013 10:38 PM PST


ရတ်​က​ရစ် ​ပင်​နီ​ချ​ပါ​တီ​ကမ်​က ၂၀၁၂ ​လန်​ဒန်​အို​လံ​ပစ်​မှာ ​ထိုင်း​လက်ေ​ရွး​စင် ​သေ​နတ်​ပစ် ​က​စား​သ​မား​တ​ယောက် ​ဖြစ်​ခဲ့​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ရတ်​က​ရစ်​ရဲ့​ပု​ဂ္ဂိုလ်​ရေး ​ပုံ​ရိပ်​က​တော့ ​မ​ကောင်း​လှ​ပါ​ဘူး​။ အ​သက် ၇၂ ​နှစ် ​ရှိ​ပြီ​ဖြစ်​တဲ့ ​ဆူ​ရန်​ဒူ​အန်​ချင်း​ဒါး​က ​လွန်​ခဲ့​တဲ့ ​လ​က ​သေ​နတ်​သ​မား​တ​ယောက် ​ငှား​ပြီး ​အ​သတ်​ခိုင်း​ခဲ့​တယ်​လို့ ၀န်​ခံ​ခဲ့​ပါ​တယ်။ ---

မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် သံသယရှိသူ ဗိုလ်ကြီးတစ်ဦးကို စစ်ဆေးမည်

Posted: 09 Dec 2013 10:35 PM PST


တပ်မတော် ဗိုလ်ကြီးတစ်ဦး မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် သံသယရှိ၍ အကျဉ်းစစ်တရားရုံးချုပ်တွင် စစ်ဆေးခံရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၂ ရက်က စမ်းချောင်းမြို့နယ်၊ မြေနီကုန်း မြောက်ရပ်ကွက်၌ အမျိုးသားနှစ်ဦး၏ ဘောင်းဘီအိတ်အတွင်း WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၃၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နေအိမ်ကို ဆက်လက်ရှာဖွေစစ်ဆေးရာ WY စာတန်းပါ မူးယစ်ဆေးပြား ၁၅၀၀ ကျော် ထပ်မံသိမ်းဆည်းရမိခဲ့၍ စမ်းချောင်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။ ---

အခြေခံဥပဒေ ပြင်ဆင်ရေး ကော့မှူးမြို့နယ် လူထုဆန္ဒ ခံယူပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

Posted: 09 Dec 2013 10:30 PM PST


အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒ ခံယူမှု ပြုလုပ်နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကော့မှူးမြို့နယ် အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ လူထုဆန္ဒ ခံယူပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီက သတင်းထုတ်ပြန်သည်။ ကော့မှူးမြို့နယ်သည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။ ---

ဘုန်းကြီးကျောင်းများတွင် အစိုးရသစ်လက်ထက် ရဲသတင်းပေး မထားတော့ဟုဆို

Posted: 09 Dec 2013 10:29 PM PST

Moe Zay Nyein အမည်ဖြင့် Facebook လူမှုကွန်ရက်တွင် ဖော်ပြထားသည့် သံဃာလှုပ်ရှားမှုများ ထပ်မဖြစ်ပွားစေရန် မြန်မာနိုင်ငံ အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် သတင်း ရဲတပ်ဖွဲ့များက ရဲသတင်းပေးများကို လျှို့ဝှက်စွာ အမာခံ မွေးမြူထားသည်ဟု ဖော်ပြထားမှုမျိုး လက်ရှိ အစိုးရသစ် လက်ထက်တွင် မရှိတော့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ကြိုတင် လက်ဦးမှု ရယူနိုင်ရန် သတင်းရဲတပ်ဖွဲ့မှ ရေးဆွဲခဲ့သည့် ‘ဘုန်းကြီးကျောင်းများအတွင်း အမာခံ သတင်းပေးများ မွေးမြူ ထိုးဖောက်ရေး စီမံချက်’ တွင်  ---
ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ မြို့လုံခြုံရေးစီမံချက်မှ မိမိအင်အားဖော်ပြချက်

ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ လေးဦးဒဏ်ရာရ

Posted: 09 Dec 2013 10:16 PM PST


ဟင်္သာတမြို့နယ် လူအသွားအလာရှုပ်ထွေးရာ ကျောက်တော်ကြီးကုန်းပေါ်၌ ဒီဇင်ဘာ ၇ ရက် ညက ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်စီးနင်းလာသူ လေးဦးလုံး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ နှစ်ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသနေရကြောင်း သတင်းရရှိသည်။ ““လမ်းပြောင်းပြန် မှားဝင်မိပြီးတော့ ကုန်းပေါ်အရောက်မှာ မျက်နှာချင်းဆိုင် တိုက်မိတာပါ။ အမျိုးသားလေးယောက် ဒဏ်ရာရခဲ့ပြီး နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ ရန်ကုန်ဆေးရုံကို ပို့လိုက်ရပါတယ်””ဟု ဟင်္သာတမြို့ ပန်းပဲတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ---
အတိုက်ခံရသော ဆိုင်ကယ်နှစ်စီး ဓာတ်ပုံ-ပီတူး(ဟင်္သာတ) 7day Daily 

ဗုဒ္ဓဘာသာဘုရားကျောင်းအနီးအမှိုက်ပုံကြီး

Posted: 09 Dec 2013 10:11 PM PST


ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အမှတ် (၅၆)ရပ်ကွက်နှင့်အမှတ် (၅၅)ရပ်ကွက်ကြား ပုဂံလမ်းပေါ် တွင် အထက (၅)ဒဂုံတောင်အနီး ဗုဒ္ဓဘာသာဘုရားကျောင်းနှင့် ကပ်လျက် ပုဂံလမ်းမပေါ်ရောက် လျက်ရှိသောအမှိုက်ပုံကြီးကို (၈.၁၂.၂၀၁၃)ရက်နေ့က တွေ့မြင်ရသည်။

““ပုဂံလမ်းဟာသံဃာတော် များ ဆွမ်းခံထွက်တာအများဆုံး ဖြစ်ပါတယ်။ အထက (၅)ဒဂုံ တောင်နဲ့လည်း နီးပါတယ်။ ကပ် ရက်မှာလည်း ဗုဒ္ဓဘာသာဘုရား ကျောင်းလည်းရှိပါတယ်။ နောက် ပြီး အမှိုက်ကန်လည်းမရှိဘဲ ဘယ်သူကသတ်မှတ်ပေးထားမှန်း မသိ လမ်းသွားလမ်းလာများနဲ့ ကျောင်းသားကျောင်းသူများအတွက် ကျန်းမာရေးလည်းထိခိုက်နိုင်ပါ တယ်။ တာဝန်ရှိသူများလာစစ် ဆေးပြီး အမှိုက်ပစ်ရမည့်ကန်လေး လုပ်ပေးလျှင်ပိုကောင်းပါတယ်။ အခုတော့ အနံ့ပေါင်းစုံနဲ့တော် တော်နေရထိုင်ရခက်နေရပါတယ်”” လို့ အမှိုက်ပုံနားနေအိမ်ရှင်တစ်ဦး က ပြောပြပါသည်။

ရွှေထူး (ဥူးဥတ္တမ)

Hot News Journal

နောက်ဆုံး ဖယ်ရှားပေးရန် သတ်မှတ်သည့် အချိန်စေ့ မိကျောင်းကန် သပိတ်စခန်း တောင်းဆိုမှုများ အရှိန်မြှင့်

Posted: 09 Dec 2013 10:09 PM PST


မိကျောင်းကန်သပိတ်စခန်းကို ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံးမှ အသိပေးထားသော်လည်းအဆိုပါ နေ့၌ပင် မိကျောင်းကန်သပိတ်စခန်းမှာ ကြေညာချက်များကပ်၍ တောင်းဆိုမှုများကို အရှိန်မြှင့်ခဲ့သည်။ " ဥပဒေကို လေးစားပါ၊ အဘိုးအဘွားတို့ရဲ့ မြေမတရားသိမ်းခံရမှု၊ နစ်နာမှု၊ ဆုံးရှုံးမှုတွေကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပါ။ အကြမ်းဖက်မှုတွေ မလုပ်ပါနဲ့တော့ သမ္မတကြီးရယ်" ဟု ရေးသားထားသော ဗီနိုင်းကို နံနက် ၁၀ နာရီခွဲတွင် တပ်ဆင်ခဲ့ပြီး နေ့လယ်ပိုင်းခန့်မှ စတင်ကာသပိတ်စခန်း ၏ တောင်းဆိုချက်များကို တောက်လျှောက် ကြွေးကြော်ခဲ့သည်။ ---

အင်္ဂါဂြိုဟ်မှာ ရေရှိခဲ့ဖူး

Posted: 09 Dec 2013 10:05 PM PST

တိမ်ကောနေတဲ့ Gale ရေအိုင်ဟောင်းကြီး

နာဆာ အမေရိကန် အာကာသ အေဂျင်စီရဲ့ Curiosity အာကာသ ယာဉ်က ရယူ ရိုက်ကူး ထားတဲ့ ဓာတ်ပုံ အချက်အလက် တွေအရ ကမ္ဘာပေါ်က ဇီဝ ပိုးမွှားတွေ အသက် ရှင်သန် နေထိုင်နိုင်တဲ့ ရေအိုင်ကြီး တအိုင်ကို အင်္ဂါ ဂြိုဟ်မှာ တွေ့ရှိ ခဲ့ပါတယ်။

chemolithoautotrophs အမည်ရတဲ့ ဒီပိုးမွှား တွေဟာ အသက်ရှင် ရပ်တည်ဖို့ အလင်းရောင် မလိုအပ်ပေမယ့် ကျောက်ခဲနဲ့ ဓာတ်သတ္တု တွေကို ဖြိုခွဲပြီး စွမ်းအင် ထုတ်ယူ ကြောင်း သိပ္ပံ ပညာရှင် တွေက ပြောဆို ပါတယ်။

ဒီပိုးမွှားတွေက ကမ္ဘာပေါ်က သမုဒ္ဒရာ ကြမ်းပြင်နဲ့ လိုဏ်ဂူတွေ ထဲမှာ တည်ရှိ ကြပါတယ်။

Gale ချိုင့်ကြီး လို့ ခေါ်တဲ့ တိမ်ကော နေတဲ့ ရေအိုင်ဟောင်း ကြီးဟာ ကမ္ဘာပေါ်က အိုင်တွေနဲ့ အလွန် တူကြောင်း သိပ္ပံ ပညာရှင် တွေက ပြောဆို ပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)


ရန်ကုန် ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရန် လွှတ်တော်တွင် အဆိုတင်

Posted: 09 Dec 2013 10:04 PM PST


ရန်ကုန်မြို့တော်ရှိ လမ်းများပေါ်၌ ယာဉ်များ အချိန်ပြည့် ပိတ်ဆို့နေသည့်အတွက် ခရီးသွား ပြည်သူများ လမ်းပေါ်၌သာ အချိန်ကုန်နေရခြင်းကို ဖြေရှင်းရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးသို့ အဆို တင်သွင်းထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောကြားသည်။ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းကိုလှက ယာဉ်ကြော ပိတ်ဆို့မှု ရှင်းလင်းရေးအဆို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဆိုကို ဒီဇင်ဘာလ ၁၂ ရက်နေ့၌ ထပ်မံ ဆွေးနွေးရန် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဆုံးဖြတ်ခဲ့သည်။ ---

ပန်းဥယျာဉ်နှင့် အားကစားကွင်းများတွင် အဆောက်အအုံ များ ဆောက်လုပ်ခြင်းကို ဆန္ဒပြ

Posted: 09 Dec 2013 10:02 PM PST


ရန်ကုန်မြို့တော် စည်ပင်က ပြည်သူပိုင် အားကစားကွင်းများနှင့် ပန်းခြံများကို ပုဂ္ဂလိကပိုင် ပြုကာ အဆောက်အအုံများ ဆောက်လုပ်ခြင်းမပြုဘဲ အများပိုင် အားကစားကွင်း နေရာအဖြစ် ပြန်လည် သတ်မှတ်ပေးရေးအတွက် ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ရှေ့နေများ ကွန်ရက်နှင့် ဒီမိုကရေစီ အင်အားစုအဖွဲ့တို့က ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ရှေ့နေများ ကွန်ရက် အဖွဲ့ဝင် ဦးအေးမင်းက ပြောကြားသည်။ ---

ဟိုဆေးကုန်တိုက်တွင် မီးလောင်မှုကြောင့် လူ (၇)ဦး သေဆုံးမှုဖြစ်

Posted: 09 Dec 2013 09:42 PM PST


ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ဟိုဆေးကုန်တိုက်တွင်  မီးလောင်မှု ဖြစ်ပွားမှုကြောင့် လူ(၇)ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန် ချက်မှာ ဖော်ပြထားပါသည်။  အဆိုပါ မီးလောင်မှုကို ၁၀.၁၂.၂၀၁၃ရက်နေ့ ၀၀၂၅အချိန်မှာ မရမ်းကုန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ဟိုဆေးကုန်တိုက်တွင် မီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ---

ကေအိုင်အေ တပ်သားစု ဒေသခံတချို.စိတ်ပူ

Posted: 09 Dec 2013 03:48 PM PST


ကချင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့ပြီး ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ က တပ်သားသစ်တွေ ခေါ်ယူစုဆောင်းနေတာကြောင့် ဒေသခံတွေဘက်က စိုးရိမ်နေကြတယ်လို. သတင်းရရှိပါတယ်။ အစိုးရ စစ်တပ်အင်အား လှုပ်ရှားမှု ရှိတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲက နမ့်လင်းပါနဲ့ မုန့်လင်းပါ ရွာတွေတဝိုက်မှာ ပြီးခဲ့တဲ့ ရက်အတွင်း အစိုးရတပ်တွေနဲ့ ကေအိုင်အေ အကြား တိုက်ပွဲငယ်လေးတွေ ဖြစ်ခဲ့ပါတယ်။ ---

ဆီးဂိမ်းမှာ တိုက်ခိုက်မယ် ဆိုတာ မဟုတ်ကြောင်း ကေအိုင်အေ ငြင်း

Posted: 09 Dec 2013 03:45 PM PST


မြန်မာ အစိုးရ ရုံးစိုက်ရာ နေပြည်တော်က မြို့မဈေးမှာ ဈေး တာဝန်ခံက ကေအိုင်အေ အဖွဲ့က ဆိုတဲ့ အကြမ်းဖက် သမား သုံးယောက်နဲ့ ပတ်သက်တဲ့ အချက် အလက် တခိျု့ကို ရေးထားတဲ့ အသိပေး ကြေညာချက် ထုတ်ပြန်ထား ပါတယ်။ ဒီတော့ ဒီအသိပေးချက်နဲ့ ပတ်သက်လို့ သူတို့ကို ချပြ ထားတာတော့ ရှိပေမဲ့ နောက်ထပ် အသေးစိတ် အချက် အလက်တွေကိုတော့ မသိရသေးဘူးလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့က ဒုတိယ ရဲမှူးကြီး ဦးမင်းအောင်က ပြောပါတယ်။ ---
ဆီးဂိမ်းစ် အတွက် လုံခြုံရေးတွေ အတတ်နိုင်ဆုံး လုပ်ထားတယ်လို့ အစိုးရဘက်ကဆို

ဆန္ဒပြပွဲ ခေါင်းဆောင်နှစ်ဦး ထောင် ၆ လ စီရင်ခံရ

Posted: 09 Dec 2013 03:42 PM PST


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း (၁၊ ၂၊ ၃) မြေနေရာတွေပြန်ပေးဖို့ ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ မိကျောင်းကန်သား ဦးစိန်သန်းနဲ့ ကိုထင်ကျော်တို့ကို ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးက တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ကျောက်တံတားမြို့နယ်က ချမှတ်တဲ့ပြစ်ဒဏ်ကို တခြားပြစ်ဒဏ်တွေနဲ့ သီးခြားစီ ကျခံသွားရမှာတယ်လို့ ဦးစိန်သန်းရဲ့သမီး မိကျောင်းကန်အရေး လက်ရှိ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူ မနေနွယ်သန်းက ပြောပါတယ်။ ---

မြောက်ဦးမြို့နယ် ဆူပူမှုမှ ၃ ဦး ထောင်ဒဏ် ၁၀ နှစ်စီ စီရင်ခံရ

Posted: 09 Dec 2013 03:39 PM PST


ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ဆက်စပ်ပြီး ထိမ်းသိမ်းခံထားရတဲ့ ယိုင်သည်ကျေးရွာနေ ရခိုင်တိုင်းရင်းသား ၈ ဦးထဲက ၅ ဦးကို စစ်တွေခရိုင်တရားရုံးက ဒီကနေ့ လွှတ်ပေးလိုက်ပြီး ၃ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ၃ ဦးမှာ ၂ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပြီး ကျန် ၁ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အသီးသီးချမှတ်လိုက်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။ ---

Thit Htoo Lwin

unread,
Dec 11, 2013, 10:53:58 AM12/11/13
to thuau...@gmail.com

လား​ရှိုး​မြို့ ​လောင်း​က​စား​ရုံ​များ ​ပိတ်​ပေး​ရန် ​မြို့​ခံ​များ ​တောင်း​ဆို

Posted: 11 Dec 2013 05:28 AM PST

လား​ရှိုး​မြို့​ရဲ့ ​ရပ်​ကွက်​တိုင်း​ လို​လို​မှာ ​ဖွင့်​ထား​တဲ့ ​အ​ကြွေ​စေ့​ လောင်း​က​စား​ရုံ​တွေ​ကို ​ပိတ်​သိမ်း​ပေး​ဖို့​နဲ့ ​ဖမ်း​ဆီး​အ​ရေး​ယူ​ပေး​ဖို့ ​မြို့​ခံ​လူ​တွေ​က ​တာဝန်​ရှိ​သူ​တွေ​ကို ​တောင်း​ဆို​လိုက်​ကြ​ပါ​တယ်။လား​ရှိုး​မြို့ ​လူ​စည်​ကား​တဲ့ ​နေ​ရာ​တွေ​ဖြစ်​တဲ့ ​စာ​သင်​ကျောင်း​၊ ​ကား​ဂိတ်၊ ​ဘူ​တာ​တွေ​ရဲ့​အ​နီး​မှာ ​ပိုက်​ဆံ​နဲ့ ​လဲ​ပြီး ​က​စား​ရ​တဲ့ ​အ​ကြွေ​စေ့ ​လောင်း​က​စား​ရုံ​တွေ ​ဖွ​င့်​လှစ်​ထား​တာ​ပါ။---

အမျိုးသမီးသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့သည့် ယာဉ်တိုက်မှု ယာဉ်ပိုင်ရှင်က တစ်ဦးလျှင် ကျပ်တစ်သိန်းစီ နစ်နာကြေးပေး

Posted: 11 Dec 2013 05:08 AM PST

မင်္ဂလာဒုံလေဆိပ် အ၀င်လမ်းတွင် ဒီဇင်ဘာလ ၅ ရက်က ဖြစ်ပွားခဲ့သော မထသ (ဗဟို) လက်အောက်ရှိ အမှတ် (၄၈) အထူးယာဉ်လိုင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီးသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့မှုအတွက် သေဆုံးသူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ယာဉ်ပိုင်ရှင်က နစ်နာကြေးပေးခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါယာဉ်မှာ ဒီဇင်ဘာ ၅ ရက်က မြောက်ဥက္ကလာပမြို့နယ်အတွင်း မင်္ဂလာဒုံလေဆိပ် အ၀င်လမ်းအတိုင်း မောင်းလာစဉ် ဘရိတ်ပေါက်ကာ လက်ယာဘက်လမ်းဘေးတွင် လမ်းလျှောက်နေသည့် အမျိုးသမီးလေးဦးအား ၀င်တိုက်မိရာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။----

မောင်တောနယ်စပ် ညမထွက်ရအမိန့် (၁၀) ကြိမ်မြောက် ဆက်လက်ထုတ်ပြန်

Posted: 11 Dec 2013 04:59 AM PST

ပြီးခဲ့သည့်နှစ် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ၁၀ ကြိမ်မြောက်အဖြစ် ဒီဇင်ဘာ ၈ ရက်က ဆက်လက်ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။ ““ဒီနှစ် ဒီဇင်ဘာ ၈ ရက်ဆိုရင် မောင်တောနယ်စပ်မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ဟာ တစ်နှစ်နဲ့ ခြောက်လ ရှိသွားပါပြီ။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကြောင့် အရင်တုန်းက မြို့ပေါ်မှာ လုံခြုံရေးတာဝန်ယူထားသူတွေနဲ့ ဒေသခံ တိုင်းရင်းသားလူငယ်တွေအကြား အချိန်လွန်သွားလာနေတဲ့ကိစ္စနဲ့ အခင်းဖြစ်ခဲ့တာတွေ ရှိပါတယ်။ ဒေသအခြေအနေအရ ညမထွက်ရအမိန့် ဆက်မထုတ်လို့မဖြစ် ဖြစ်နေပါတယ်””ဟု မြို့ခံတစ်ဦးက ပြောသည်။---
ပဋိပက္ခစတင်ဖြစ်ပွားခဲ့ရာ မောင်တောမြို့ကို အပေါ်စီးမှ မြင်ရစဉ် ဓာတ်ပုံ-သီဟ / 7day Daily 

သတိပြုရတော့မည့် အိမ်နီးချင်း

Posted: 11 Dec 2013 04:56 AM PST

ခေါင်းစဉ်ကို မြင်လိုက်သည်နှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ် များတွင် ရိုက်ခတ်မှုဖြစ်စေသော အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ကို ပြေးမြင်ကြမည်ဟု ထင်မိပါသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးအခင်းများ၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် လက်ပံတောင်းဒေသခံ တို့ ၏ ပဋိပက္ခများက သတင်းစာမျက်နှာများ ထက်တွင် ပလူပျံနေချိန်၌ မြန်မာနိုင်ငံသည် သတိထားရမည့် အိမ်နီးချင်းတစ်ဦး ဖြစ်သော ထိုင်းနိုင်ငံကို မေ့လျော့နေနိုင်ပါသည်။ ----

ဒီဇင်ဘာလ(၁၄)ရက်နေ့ ထုတ် Net Guide Journal Vol 3 Issue 14

Posted: 11 Dec 2013 04:30 AM PST

ဒီဇင်ဘာလ(၁၄)ရက်နေ့ ထုတ် Net Guide Journal Vol 3 Issue 14

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာလ(၁၃)ရက်နေ့ ထုတ် Hot News Weekly Vol 4 No 170

Posted: 11 Dec 2013 04:29 AM PST

ဒီဇင်ဘာလ(၁၃)ရက်နေ့ ထုတ် Hot News Weekly Vol 4 No 170

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၅

Posted: 11 Dec 2013 04:28 AM PST

ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၅

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာလ(၈)ရက်နေ့ ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ - ၁ ၊ အမှတ် - ၅၀

Posted: 11 Dec 2013 04:27 AM PST

ဒီဇင်ဘာလ(၈)ရက်နေ့ ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ - ၁ ၊ အမှတ် - ၅၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





သမိုင်းထဲကရန်ကုန်တက္ကသိုလ် ပြန်လည်နိုးထချိန်

Posted: 11 Dec 2013 02:15 AM PST

ကံ့ကော်နှင့် စိန်ပန်းတို့ဖူးပွင့်ရာ တက္ကသိုလ် ကျောင်းတော်ကြီးသည် စစ်အာဏာရှင် ခေတ်အလွန် ယခုပြန်လည်နိုးထခွင့်ရရှိ လိုက်ပါပြီ။ အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်ဝတ်ပြုကျောင်းနှင့် အင်းလျားကန်ရေပြင်တို့သည် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို အသင့်ကြိုဆိုနေကြလေပြီ။ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်၊ အမျိုးသားပညာဝန်ဦးဖိုးကျား၊ စာပေပညာရှင်ဆရာဇော်ဂျီ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ စီးပွားရေးပညာရှင် ရော်နယ်ဖင်ဒလေတို့ကဲ့သို့ နယ်ပယ်အသီးသီးမှ ထူးချွန်ထက်မြက်၊ အောင်မြင်၊ ကျော်ကြားသူများကို မွေးထုတ်ပေးခဲ့သော ရန်ကုန်တက္ကသိုလ်သည် ဆယ်စုနှစ် နှစ်စုနီးပါး အသက်မဲ့သွားခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရက ပြန်လည်အသက်ဝင်စေခဲ့ပြီဖြစ်၏။ ---
ဓာတ်ပုံ- နစ်ကီ ။ 7Day News Journal 

ဖောင်ကြီး သင်တန်း လုံးဝ ဖျက်သိမ်းသင့်ဟု ပညာရေးအသိုင်းအ၀ိုင်းမှ ဆရာတချို့ဝေဖန်

Posted: 11 Dec 2013 02:11 AM PST

နှစ်ပေါင်း ၅ဝခန့်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည့် စစ်အာဏာရှင်များ၏ မူဝါဒများကို ရိုက်သွင်းပေးသော ဗဟိုဝန် ထမ်းတက္ကသိုလ် (ဖောင်ကြီးသင် တန်း)အား လုံးဝဖျက်သိမ်းသင့် နေပြီဟု ပညာရေးအသိုင်းအဝိုင်း မှ ဆရာတချို့က ဝေဖန်ပြော ကြားလိုက်သည်။ လက်ရှိဗဟိုဝန်ထမ်းတက္က သိုလ်၏ သင်ရိုးညွှန်းတမ်းများမှာ ယနေ့ခေတ် အချိန်အခါနှင့် ညီ ညွတ်မှုမရှိတော့သဖြင့် ပြုပြင် ပြောင်းလဲရန် စီစဉ်လျက် ရှိသော် လည်း ယင်းတက္ကသိုလ်ကို တက် ရောက်ဖူးသည့် ပညာရေးဝန်ကြီး ဌာနမှဆရာများကမူ ယင်းသို့ပြန် လည်ပြုပြင်မည့်အစား လုံးဝဖျက် သိမ်းသင့်ကြောင်း၊ ယင်းတက္ကသိုလ် မှာ နိုင်ငံတော်၏ဘဏ္ဍာငွေများ အလဟဿဖြစ်နေသည့်နေရာ ဖြစ်ကြောင်း သိရသည်။ ---

ဆီး​ဂိမ်း​ဖွင့်​ပွဲ ​သ​တင်း​ယူ​ဖို့ ​မီ​ဒီ​ယာ​သ​မား​တွေ ​အ​ခက်​တွေ့​နေ (ရုပ်/သံ)

Posted: 11 Dec 2013 01:44 AM PST

နေပြည်တော် ဆီးဂိမ်းဖွင့်ပွဲ သတင်းယူမယ့် ပြည်တွင်းပြည်ပ မီဒီယာသမားတွေ အတားဆီး ခံနေရတဲ့ မြင်ကွင်း တိုက်ရိုက် သတင်းပေးပို့ချက် (ညနေ ၃း၃၀နာရီ)



ဒီ​ဇင်​ဘာ ၁၁ ​ရက် ​ဒီ​နေ့ ​ည​နေ ​နေ​ပြည်​တော်​မှာ ​ကျင်း​ပ​ဖို့ ​ရှိ​တဲ့ ၂၇ ​ကြိမ်​မြောက် ​အေ​ရှ့​တောင်​အာ​ရှ ​အား​က​စား​ပြိုင်​ပွဲ (​ဆီး​ဂိမ်း​ ​ဖွင့်​ပွဲ​အ​ခမ်း​အ​နား​ကို ​တက်​ရောက် ​သ​တင်း ​ယူ​မယ့် ​ပြည်​တွင်း​နဲ့ ​ပြည်​ပ​သ​တင်း​သ​မား​တွေ ​အ​နေ​နဲ့ ၀​ဏ္ဏ​သိ​ဒ္ဓိ ​အား​က​စား​ကွင်း​ကြီး​ကို ​သွား​ရောက်​နိုင်​ဖို့ ​အ​ခက်​အ​ခဲ ​အ​တား​အ​ဆီး​တွေ​နဲ့ ​ရင်​ဆိုင်​နေ​ရ​ပါ​တယ်။

ဒီ​ဗွီ​ဘီ​ရဲ့ ​သ​တင်း​ထောက် ​ဦး​အေး​နိုင်​က ​နေ​ပြည်​တော်​က​နေ ​သ​တင်း​ရ​ယူ​မှု​အ​ခြေ​အ​နေ​နဲ့ ​သ​တင်း​ပေး​ပို့ ​ထား​တာ​ကို ​အ​ပြည့်​အ​စုံ ​နား​ဆင်​ကြည့်ရှု နိုင်​ပါ​တယ်။ DVB TV News

အာ​ဏာ​ရှင်​စ​နစ်​ကြောင့် ​မြန်​မာ့​ကျန်း​မာ​ရေး ​အ​ဆိုး​ရွား​ဆုံး​ဖြစ်​ခဲ့​ကြောင်း ​ဒေါ်​စု​ပြော

Posted: 11 Dec 2013 01:32 AM PST

ကာ​တာ​နိုင်​ငံ ​ဒို​ဟာ​မြို့​မှာ ​ကျင်း​ပ​နေ​တဲ့ ​က​မ္ဘာ ​ကျန်း​မာ​ရေး ​ဆန်း​သစ်​တီ​ထွင်​မှု​ဆိုင်​ရာ ​ထိပ်​သီး​ညီ​လာ​ခံ (WISH ​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​မြန်​မာ​နိုင်​ငံ​ရဲ့ ​ကျန်း​မာ​ရေး ​အ​ခြေ​အ​နေ​နဲ့ ​ပတ်​သက်​ပြီး ​ပြော​ဆို​ခဲ့​ပါ​တယ်။မြန်​မာ​နိုင်​ငံ​က ​အ​ကောင်း​ဆုံး ​ကျန်း​မာ​ရေး ​ပြု​စု​စောင့်ေ​ရှာက်​မှု​စ​နစ်​ကို ​နိုင်​ငံ​ကို ​နှစ်​ပေါင်း ၆၀ ​ခန့် ​အုပ်​ချုပ်​ခဲ့​တဲ့ ​ကို​လို​နီ​အ​စိုး​ရ​ဆီ​က​နေ ​လက်​ခံ​ရ​ရှိ​ခဲ့​သ​လို ​လွတ်​လပ်​ရေး​ရ​ပြီး​တဲ့​နောက် ​အ​စိုး​ရ​က ​အဲ​ဒီ​အ​မွေ​ပေါ်​မှာ ​ဆက်​လက်​တည်​ဆောက်​ခဲ့​ကာ ​ကျန်​မာ​ရေး​စောင့်ေ​ရှာက်​မှု​မှာ ​မြန်​မာ​ဟာ ​ဒေ​သ​တွင်း​မှာ ​အ​ကောင်း​ဆုံး​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။ ---

ယမ်းငွေ့ဝေဆဲ မန်စီနယ်

Posted: 11 Dec 2013 01:11 AM PST

အစိုးရနှင့် ကေအိုင်အိုတို့ကြား အောက်တိုဘာလ အတွင်းက ပြုလုပ်ခဲ့သော မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး နှစ်ပတ်ကျော်ခန့်အကြာ မန်စီမြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့သည်။ မုန်းဒိန်ပါ၊ နမ့်လင်းပါကျေးရွာ ၀န်းကျင်များတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့ပြီးနောက် ဒေသခံ ပြည်သူထောင်နှင့်ချီ၍ တရုတ်နယ်စပ်နှင့် ဗန်းမော်မြို့သို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ ရသည်။ ၂ နှစ်ကျော်ကာလ အတွင်း စစ်ဘေး ဒုက္ခသည် ပြည်သူတစ်သိန်း ကျော်အရေး မဖြေရှင်းနိုင်မီ စစ်ရှောင်ပြည်သူများ ထပ်မံတိုးပွား နေဆဲဖြစ်သည်။ ---

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ တာဝန်မကျေသေးပါ

Posted: 11 Dec 2013 01:12 AM PST

၂၀၀၈ အခြေခံ ဥပဒေအရ ဖွဲ့စည်းထားသော လွှတ်တော်များ အသက်ဝင်လာသည်မှာ သုံးနှစ်နီးပါး ခန့်ရှိလာပြီဖြစ်သည်။ ပြည်ထောင်စု အဆင့် လွှတ်တော်များ ဖြစ်သည့် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် စသည့် လွှတ်တော်သုံးရပ်၏ လုပ်ဆောင်ချက်များသည် ပြည်ထောင်စု အစိုးရအဖွဲ့ကို ကောင်းစွာစောင့်ကြည့် ထိန်းညှိပြီး အပြန်အလှန်ထိန်း ကျောင်းကာ (Checkand Balance) ၊ ဥပဒေပြု တာဝန်များကို သက်တမ်းနှင့် စာလျှင် တာဝန်ကျေအောင် ဆောင်ရွက်လာနိုင်သည်။ ---
ဓာတ်ပုံ- အိဖြူလွင် ။ 7Day News Journal

တရားလိုကနေ တရားခံ ပြန်ဖြစ်တဲ့ သတ်ပစ်မည်ဟု ခြိမ်းခြောက် လက်ကောက်လု ခံရတဲ့ ရည်းစားဟောင်း

Posted: 11 Dec 2013 12:19 AM PST

၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက yangon police facebook မှာပါတဲ့  ရည်စားဟောင်းဖြစ်သူမှ လက်ကောက်အား လုယူသွားမှု သတင်းနဲ့ပတ်သက်လို့  ကာယကံရှင်မှ ရှင်းလင်းပြောကြား၍  ပြန်လည်တရားစွဲ လိုက်ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က Yangon Police Book မှာပါတဲ့  သာကေတမြို့နယ်နေ မနုနုထွေး၊ (ဘ)ဦးအုန်းလွင်က ၎င်းအား ရည်းစားဟောင်းဖြစ်သူ အောင်နိုင်ဦးမှ  ရွှေပုဇွန် စားသောက်ဆိုင်မှာ စားသောက်ပြီးအပြန်မှာ  ကားနှင့်ခေါ်လာခဲ့ပြီး  မယူလျှင်  သတ်ပစ်မည်ဟုပြောဆို၍  သန်လျင်ဘက်သို့  မောင်းနှင်ခဲ့ကြောင်း၊ မနုနုထွေးက  အိမ်ပြန်ပို့ပေးရန်ပြောပြီး  ကားပေါ်မှ  ဆင်းမည်ပြုစဉ်  ဆံပင်ဆွဲပြီး  လည်ပင်းကို  လက်နှင့်ရိုက်ကာ  ---

ကျောင်းသားလေးယောက် ပျောက်လို့ရှာ တရားခံက ဆီးဂိမ်းဖြစ်

Posted: 10 Dec 2013 11:42 PM PST

မရမ်းကုန်မြို့နယ် အထက (၄)မှ ကျောင်းသားလေး လေးဦး ထူးဆန်း စွာပျောက် ဆုံးသွားကြောင်း ဖေ့စ်ဘွတ်ခ်သတင်းတွေ ပလူပျံ သွားသည်။ ထိုကလေးတွေက လိမ္မာယဉ်ကျေးရှိသည်ဟုလည်း ဆိုသည်။ ရှာသူတွေ ခေါင်းနောက် ကုန်သည်။ ''သူတို့က နေပြည်တော် မှာ ကျင်းပနေတဲ့ ဆီးဂိမ်းကိုကြည့် ချင်လို့ ထွက်သွားကြတာတဲ့ဗျာ။ အခု နေပြည်တော်ဘူတာကို ရောက်ပြီး မသွားတတ်၊ မလာ တတ်ဖြစ်နေပြီတဲ့''ဟု အဆိုပါက လေးများထဲမှ တစ်ဦးက သူ့အစ်ကို ဖုန်းသို့ဆက်သွယ်ခဲ့သည့် သတင်း ကို အိမ်နီးချင်းတစ်ဦးက ရန်ကုန် တိုင်းမ်သို့ မသက်မသာပြောပြ သည်။ အဆိုပါကလေး လေးဦးမှာ အသက် ၁၃နှစ်ခန့်ရှိ သတ္တမတန်း ကျောင်း သားများ ဖြစ်ကြသော မရမ်းကုန်းမြို့နယ်နေ တင်ကိုကို၊ သုတဆွေ၊ ငြိမ်းချမ်းသော်၊ မင်း ကိုကို စသည့် လူငယ်လေးဦးတို့ ဖြစ်သည်။ ---

အကျဉ်းသား ၄၄ဦးယနေ့လွှတ်မည်၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ ဖြင့် အဖမ်းခံထားရသူအများစုပါဝင်

Posted: 11 Dec 2013 12:57 AM PST

နိုင်ငံတော် သမ္မတအမိန့်ဖြင့် ဒီဇင်ဘာလ ၁၁ရက်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၁၃ခုမှ ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်မှု (စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈)၊ အများပြည်သူ အကျိုး ပျက်ဆီးမှုကို ဖြစ်ပေါ်စေသော ဖော်ပြချက် (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅) တို့ဖြင့် ပြစ်ဒဏ်ကျခံနေသူ အများစု အပါအ၀င် စုစုပေါင်း အကျဉ်းသား ၄၄ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဟု အကျဉ်းဦးစီးဌာန စာရင်းများကဆိုသည်။ ---

လည်ပင်းကြေးကွင်းဝတ် ကယန်းတိုင်းရင်းသားများ နေရပ်တွင် ပြန်နေလိုက ကယားပြည်နယ်အစိုးရ စီစဉ်ပေးမည်

Posted: 10 Dec 2013 11:34 PM PST

ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းတွင် ရိုးရာယဉ်ကျေးမှုကို ပြသပြီး ဝင်ငွေရှာနေသည့် လည်ပင်းကြေးကွင်းဝတ် ကယန်း တိုင်းရင်းသားများ အနေနှင့် မိမိတို့၏ နေရပ်ရင်း ဒေသသို့ ပြန်လာပါက စားဝတ်နေရေး နှင့် အလုပ်အကိုင် အတွက် ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်ထားကြောင်း ကယားပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ဦးက ဒီဇင်ဘာလ ၆ ရက်နေ့က ပြောကြားသည်။ "ကျွန်တော်တို့ တိုင်းရင်းသားတွေကို သူများ ခိုင်းစားတာ မလိုချင်ဘူး။ မလိုလားဘူး။ သူတို့ရဲ့ ဝင်ငွေနဲ့ ထိုက်သင့်တဲ့ လစာနဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အစီအစဉ်တွေ ရေးဆွဲထားပါတယ်။ ခုချက်ချင်း ပြန်လာမယ်ဆို ခုချက်ချင်း လက်ခံပါမယ်။ အချိန်မရွေးပါ" ဟု ၄င်းက ဆိုသည်။ ---

ဦးဝင်းချို နှင့် အပေါင်းအပါ (၆)ဦးထဲမှ (၅)ဦး ကျင့်(၄၀၁)ဖြင့် ထောင်မှပြန်လွှတ်

Posted: 10 Dec 2013 11:31 PM PST


ယနေ့ ဦးဝင်းချို နှင့် အပေါင်းအပါ (၆)ဦးထဲမှ (၅)ဦး ကျင့်(၄၀၁)ဖြင့် ထောင်မှပြန်လွှတ် ၊ ဓါတ်ပုံ - ကိုသန့် ဇင် 
ပဲခူးမြို့တွင် နိုင်ငံသားအရေး ဆောင်ရွက်ခဲ့သူ ဦးဝင်ချို နှင့် အပေါင်းအပါ(၆)ဦးအား (၂၉.၁၁.၂၀၁၃)နေ့ တွင် ပဲခူးမြို့နယ် တရားရုံး၌ မြို့နယ် တရားသူကြီး ဦးကျော်စိုးမှ  ပုဒ်မ ၅၀၅ (ခ)အမှုအတွက်သာ တစ်ဦးလျှင် ထောင်ဒဏ်(၆)လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ ပါသည်။

၎င်းတို့(၆)ဦး အမှု ရင်ဆိုင် နေစဉ်ကာလအတွင်း ချုပ်ရက် ပေါင်း(၉၀)ရက် ရရှိထားပြီ ဖြစ်သည်။

 (၁၁.၁၂.၂၀၁၃)နေ့ နံနက်(၁၁း၀၀)အချိန်တွင် သမ္မတ၏ လွတ်ငြိမ်ချမ်းသာခွင့် အမိန့် နှင့် ဦးဝင်းချို၊ လေးနိုင်ဦး၊ ဘုံဘုံ၊ ဟန်လင်းအောင်နှင့် ထိန်လင်းတို့အား ကျင့်(၄၀၁)ဖြင့် ပဲခူးအကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက်လာပြီ ဖြစ်သည်။

သို့ သော် ကိုရန်ပိုင်စိုးမှာ ခြံမြေကိစ္စ ပုဒ်မ ၄၄၃ဖြင့် တရားဆွဲဆို ထားသောကြောင့်(၁၃.၁၂.၂၀၁၃)နေ့တွင် အာမခံရ၍ လွှတ်မြောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

by Thit Htoo Lwin

အာရုံကြောဆေးအစား ပိုလိုဆေးမှားသောက်သူ မိန်းကလေးသေဆုံး

Posted: 10 Dec 2013 11:12 PM PST

အာရုံကြောဆေးအစား ပိုလိုပေါင်းသတ်ဆေးကို မှားယွင်းသောက်သုံးမိသူ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှ လယ်ကူလီ အမျိုးသမီးငယ်တစ်ဦးသည် ဒီဇင်ဘာ ၈ ရက် ညနေကသေဆုံးသွားသည်ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က သုံးခွမြို့နယ်၊ ညောင်နီရွာနေ လယ်ကူလီ တစ်ဦးဖြစ်သူ မစိမ်းအိဖြူ ၁၈ နှစ်ကို သုံးခွဆေးရုံသို့ ပို့ဆောင်ရာတွင် ဆေးရုံရောက်ရှိသည့် အချိန်၌ သေဆုံးနေပြီး စစ်ဆေးရာတွင် သေဆုံးသူမှာ ပြင်ပဒဏ်ရာ မတွေ့ရှိရပဲ ပါးစပ်မှ ပိုးသတ်ဆေးနံ့ရသဖြင့် သေဆုံးသူ၏ မိသားစုကို မေးမြန်းကြည့်ရာ သေဆုံးသူသည် အတက်ရောဂါရှိကြောင်းနှင့် အာရုံကြော ဆေးသောက်နေရသူဖြစ်ကြောင်းသိရှိရသည်။---

ဘုရင့်နောင်ပွဲရုံတန်း “မမကြီး” အနှိပ်ခန်း ရဲဝင်ဖမ်း

Posted: 10 Dec 2013 11:06 PM PST

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် “မမကြီး” အမည်ရှိ အနှိပ်ခန်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၂ နာရီခွဲအချိန်က ဘုရင့်နောင်နယ်မြေ ရဲစခန်းက၀င် ရောက်ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ ဘုရင့်နောင်ပွဲရုံဝင်း၊ ယုဇနလမ်း၊ အမှတ် (ဋ/၁၁)ရှိ “မမကြီး”ဆိုင်သည် အလှပြင်ဆိုင်အမည်ခံပြီး အနှိပ် ခန်းပြုလုပ်နေခြင်းဖြစ်သည်ဟု သတင်းရရှိထားသဖြင့် သက်သေများနှင့်အတူဝင် ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။ ---

ရွှေတူးဖော်ရေး ကုမ္ပဏီတစ်ခုမှ တရုတ်နိုင်ငံသား ၁၈ ဦး ပြည်နှင်ဒဏ်ပေးခံရ

Posted: 10 Dec 2013 10:53 PM PST

မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့ နယ် မိုးထိမိုးမိဒေသရှိ အမျိုးသား ကြီးပွားတိုး တက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်သို့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရန်အတွက် ဌာနဆိုင် ရာများ သို့ သတင်းပေးပို့ခြင်းမရှိ ဘဲ ရောက်ရှိ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ဦးကို ဒီဇင် ဘာ ၉ရက်တွင် မန္တလေးအပြည် ပြည် ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ပြည် နှင်ပို့ဆောင်လိုက်ကြောင်း တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရ သည်။ ---

ရန်ကုန်တွင် လူသေမှု ဒုတိယအများဆုံး မီးလောင်မှုကြီး

Posted: 10 Dec 2013 10:45 PM PST

အကယ်၍သာ မီးဘေးလုံခြုံရေး ဆိုင်ရာ အစီအမံတွေသာ ကောင်းမွန်ခဲ့လျှင် သူတို့အသက်ချမ်းသာ ကောင်း ချမ်းသာနိုင်ပါသည်။ သို့သော် အရေးပေါ် မီးငြှိမ်းသတ် နိုင်ရေး အစီအမံ များအား နည်းမှုကြောင့် တစ်နေ့တာလုံး တခြားသူများအား လှပအောင်ပြုပြင် ဖန်တီးပေးခဲ့သော သူတို့တတွေ မလှမပဖြင့် ဘဝနိဂုံး ချုပ်ခဲ့ကြရပြီ ဖြစ်သည်။ ရန်ကုန်မြို့ပြင်ရှိ နာမည်ကျော် ဂန္ဓမာဟိုးဆေး( Ganda mar - wholesale)ဈေးဝယ်စင် တာ အပေါ်ဆုံး ထပ်ရှိ ဗီးနပ်ဂါး ဒင်းစပါး(vinus garden spa)အလှပြင်ဆိုင်တွင် ဒီဇင်ဘာ၁၀ ရက်အကူး သန်းခေါင်ယံအလွန် က မီးလောင်မှုဖြစ် ပွားခဲ့ရာ လူခုနစ် ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။ ---

ဥပဒေ အတည်မဖြစ်သော်လည်း လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် စသုံး

Posted: 10 Dec 2013 10:37 PM PST

လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ကျပ်သိန်းတစ်ထောင် အသုံးပြုနိုင်မည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတက ဥပဒေအတည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးခြင်း မရှိသော်လည်း အဆိုပါ အသုံးစရိတ် ကျပ်သိန်းတစ်ထောင်ကို ပြည်ထောင်စုလွှတ်တော်က ယနေ့ စတင်သုံးစွဲခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စု လွှတ်တော်ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ပြောကြားသည်။ ---

မန်ဒဲလားအောက်မေ့ဖွယ်အခမ်းအနားမှာ အမေရိကန်နဲ့ ကျူးဘားခေါင်းဆောင်နှုတ်ဆက်

Posted: 10 Dec 2013 07:42 PM PST

တောင်အာဖရိ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ကို ဂုဏ်ပြုတဲ့ အောက်မေ့ပွဲမှာ စင်မြင့်ရှိရာသွားတဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကျူးဘားသမ္မတ ရောင်း ကက်စထရို (Raul Castro) ကို လမ်းမှာလက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံကြား ၁၉၆၁ ခုနှစ်ထဲက သံတမန် ဆက်ဆံရေး မရှိခဲ့တဲ့အတွက် အခုလို သမ္မတ ၂ ယောက် လက်ဆွဲနှုတ်ဆက်တဲ့ ကိစ္စက ဂရုစိုက်စရာ ဖြစ်ခဲ့ပါတယ်။ အခုနှစ်ပိုင်းတွေ အတွင်းမှာတော့ ၂ နိုင်ငံ ဆက်ဆံရေးဟာ စတင်ပျော့ပြောင်းလာနေပေမဲ့ ကျူးဘား အပေါ် အမေရိကန်ရဲ့ ကုန်သွယ်ရေးအရ ဒဏ်ခတ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ ---

Thit Htoo Lwin

unread,
Dec 12, 2013, 10:19:21 AM12/12/13
to thuau...@gmail.com

မြေယာသိမ်းမှုများ အတိတ်၏ အရိပ်မည်းကြီးထိုးနေဆဲလား

Posted: 12 Dec 2013 02:15 AM PST

မြန်မာနိုင်ငံ၏ အဓိကမြို့တော်ဖြစ်သော ရန်ကုန် မြို့၏ အရှေ့တောင်ဘက်ရှိ စံရှားတင်၏ ချိချိ နဲ့နဲ့ ဝါးအိမ်ကလေးက သူ့အိမ်အပါအဝင် ပတ် ဝန်းကျင် ရှိ မြက်ခင်းပြင်ကြီးတစ်ခုလုံးအား ဝါးမျိုတော့မည့် စက်မှုတော်လှန်ရေးကို ထီးထီးကြီး ခြေကုပ်အန်တုနေ သည်။ သူ့မြေကွက်ကလေးအား ပိုက်ဆံပေးယူပြီး သူ့ကို ထွက်ခွာခိုင်းနေသည့် အစိုးရ၏ ကြိုးစားအားထုတ်မှုကို အသက် ၄၁နှစ်အရွယ်ရှိပြီဖြစ်သော သူက ပယ်ချလိုက် သည်။ ဂျပန်ကျောထောက်နောက်ခံပြုထားသော ထုတ် လုပ်ရေးဇုန်ကြီးတစ်ခုအတွက် ပထမအဆင့် လမ်းပွင့်သွား စေရန် အစိုးရက ဆောင်ရွက်နေခြင်းဖြစ်သည်။ ---

ယခင်အပတ်ထက် ဆန်တစ်အိတ် ကျပ်တစ်ထောင်ခန့် မြင့်တက်

Posted: 12 Dec 2013 02:05 AM PST

ယခုအပတ် ဆန်ကုန်စည်ဒိုင်အဖွင့်တွင် ခြောက်သွေ့၍ အထားခံသော ဧရာဝတီပေါ်ဆန်း ဆန်သစ်များ ၀င်ရောက် လာသဖြင့် ယခင်အပတ်ထက် ဆန်ချော၊ ဆန်ကြမ်းတစ်အိတ် ကျပ်တစ်ထောင်ခန့်မြင့်တက် လာကြောင်း ၀ါတန်းလမ်း ဆန် ကုန်စည်ဒိုင်အတွင်းရှိ ဆန်ကုန်သည်များ ထံမှ စုံစမ်းသိရသည်။ ကုန်စည်ဒိုင်အတွင်း၌ ၀ယ်လက်များကြိုက်သည့် ဆန်သစ်များ ၀င်ရောက်နေသဖြင့် အရောင်းအ၀ယ်ကောင်းနေပြီး နယ်မှ ကုန်သည်များက လည်း တိုက်ရိုက်ရောင်းချမှုများရှိနေကြောင်း လပွတ္တာမြို့နယ်အတွင်းရှိ ၀ါရင့် ဆန်ကုန်သည်ကြီး ဦးဝင်းနိုင်က ပြောကြားသည်။ ---

အကျဉ်းစခန်းများ အချုပ်စခန်းများတွင် ညှင်းပန်းနှိပ်စက်မှုများ ဖမ်းဆီးထားစဉ်သေဆုံးမှုများရှိနေဆဲ ဟု ပြောဆို

Posted: 12 Dec 2013 12:19 AM PST

မြန်မာနိုင်ငံရှိ အကျဉ်းစခန်း များ အချုပ်စခန်းများတွင် ညှဉ်းပန်း နှိပ်စက်မှု များ ဖမ်းဆီးထားစဉ် သေဆုံး မှုများ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုတ်တာ ဦးမြင့်အေးက ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်း အနားတွင် ပြောကြားခဲ့သည်။ ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁၀ ရက် တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့အခမ်းအနားတွင် ယင်းကပြောကြားလိုက်ခြင်း ဖြစ်သည်။ ---

အလယ်တန်း ကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်ပေးမည်

Posted: 12 Dec 2013 12:11 AM PST

အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များ ကျောင်းနေ နှုန်းမြဲစေရန် ပညာရေးဝန်ကြီးဌာနက ကျောင်းလခ ကင်းလွတ်ခွင့်နှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။ ကျောင်းထွက်နှုန်းမြင့်သော အလယ်တန်း ပညာရေးကို တားဆီးရန် လာမည့် ပညာသင်နှစ်များတွင် ကျောင်းလခ ကင်းလွတ်ခွင့်များ၊ ပညာသင်ဆုများ၊ ပညာသင် ထောက်ပံ့ကြေးများ တိုးမြှင့် ပေးသွားရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။ ---

တ​ရုတ်​လုပ်​ငန်း​ရှင်​များ​ကို ​တာဝန်​သိ ​ရင်း​နှီး​မြှုပ်​နှံ​မှု ​လုပ်​စေ​လို

Posted: 12 Dec 2013 12:04 AM PST

တ​ရုတ်​လုပ်​ငန်း​ရှင်​တွေ​အ​နေ​နဲ့ ​မြန်​မာ​နိုင်​ငံ​မှာ ​ရင်း​နှီး​မြှုပ်​နှံ​တော့​မယ်​ဆို​ရင် ​နိုင်​ငံ​တ​ကာ ​စံ​ချိန်​စံ​ညွှန်း​တွေ​နဲ့​အ​ညီ ​တာဝန်​သိ​သော ​ရင်း​နှီး​မြှုပ်​နှံ​မှု​ကို​ပဲ ​လုပ်​စေ​ချင်​တဲ့​အ​ကြောင်း ​မြန်​မာ​နိုင်​ငံ ​ကုန်​သည်​များ​နဲ့ ​စက်​မှု​လုပ်​ငန်း​ရှင်​များ ​အ​သင်း​ချုပ် (UMFCCI ​ရဲ့ ​တွဲ​ဖက်​အ​တွင်း​ရေး​မှူး ​ဦး​အေး​လွင်​က ​ပြော​ပါ​တယ်။ ---

ဆီး​ဂိမ်း​ဖွင့်​ပွဲ ​တ​ရုတ်​အ​ကူ​အ​ညီ​ဖြစ် ​တင်​ဆက်​ခဲ့​ဟု ​အို​လံ​ပစ်​ကော်​မ​တီ​ပြော

Posted: 11 Dec 2013 11:55 PM PST

ဆီး​ဂိမ်း​ဖွင့်​ပွဲ​အ​ခမ်း​အ​နား​မှာ ​အ​ဓိ​က​အ​သုံး​ပြု​သွား​တဲ့ ​ပေ ၃၅၀ ​ကျော် ​အ​ရွယ်​အ​စား​ရှိ​တဲ့ LED ​ဖန်​သား​ပြင် ​အ​ပါ​အ၀င် ​ရုပ်​ထွက်​နည်း​ပ​ညာ​အား​လုံး​ကို ​တ​ရုတ်​နိုင်​ငံ ​အ​ကူ​အ​ညီ​နဲ့ ​တင်​ဆက်​ခဲ့​တာ​လို့ ​မြန်​မာ​နိုင်​ငံ ​အို​လံ​ပစ်​ကော်​မ​တီ​ရဲ့ ​တွဲ​ဖက်​အ​ထွေ​ထွေ ​အ​တွင်း​ရေး​မှူး ​ဦး​ခင်​မောင်​လွင်​က ​ပြော​ပါ​တယ်။ ၂၀၀၈ ​ခု​နှစ် ​ပေ​ကျင်း​အို​လံ​ပစ်​ပွဲ​တော်​နဲ့ ၂၀၁၀ ​အာ​ရှ​အား​က​စား​ပြိုင်​ပွဲ ​ဖွင့်​ပွဲ ​အ​ခမ်း​အ​နား​တွေ​မှာ ​တာဝန်​ယူ ​တင်​ဆက်​ခဲ့​တဲ့ ​တ​ရုတ်​အား​က​စား​ကော်​ပို​ရေး​ရှင်း​က​ပဲ ​သူ​တို့ ​ပ​စည်း​တွေ၊ ​နည်း​ပ​ညာ​တွေ​နဲ့ ​လာ​ရောက်​ကူ​ညီ​တင်​ဆက်​ခဲ့​တာ​လို့ ​ပြော​ပါ​တယ်။ ---

ကျိုက်ထီးရိုး ဘုရားဖူးများ ဈေးနှုန်းကြီးမြင့်မှုကြောင့် အခက်ကြုံ

Posted: 11 Dec 2013 10:49 PM PST

ယခုနှစ် ကျိုက်ထီးရိုး တောင်တက် ဘုရားဖူးခရီးသည်များမှာ ယခင်နှစ်များ ထက်ပင် ပိုမိုများပြားလာသော်လည်း ဘုရားဖူးခရီးသည်တို့မှာ အစစအရာ ရာ ဈေးနှုန်းကြီးမြင့် မှုများကြောင့် စရိတ်ပြတ် သည်အထိ အခက်အခဲများ ကြုံတွေ့ခဲ့ရ ကြောင်း ဘုရားဖူး ခရီးသည်တစ်ဦးက ပြောသည်။ ”ဟိုအညာကနေ တကူးတကဘုရား ဖူးလာခဲ့ရတာပါဗျာ။ ပခုက္ကူ-ရန်ကုန် ကားခတစ်သောင်း၊ ရန်ကုန်- ကင်မွန်း စခန်းက ငါးထောင်ပဲပေးရပါတယ်။ ----

ကျိုက်ထီးရိုးနှင့် ကျိုက်ပေါလော ဘုရားနှစ်ဆူအား ထိုင်းလူမျိုးများနှင့် ပြည်တွင်းဘုရားဖူးများ လာရောက်ဖူးမြော်သူ များပြား

Posted: 11 Dec 2013 10:37 PM PST

ကျိုက်ပေါလောမှဲ့ရှင်တော် ဘုရားကို ကျိုက်ထီးရိုး ဘုရားသို့ နှစ်စဉ် လာရောက်ဖူးမြော် လေ့ရှိသည့် ထိုင်းနိုင်ငံသားများက ကျိုက်ထီးရိုး ဘုရားသို့ မသွားမီ တခုပ်တရ လာရောက်ဖူးမြော်လေ့ ရှိကြပြီး ယနေ့အချိန် တွင် အဆိုပါ ဘုရားနှစ်ဆူအား ပူးတွဲဖူးမြော် အဓိဋ္ဌာန်ပြုခြင်းဖြင့် ထူးခြား သည့် တိုက်ဆိုင်မှုများ ရှိသည်ဟု ယုံကြည်လာကြသော ပြည်တွင်း ခရီးသွားများကပါ ကျိုက်ထီးရိုးဘုရားသို့ မရောက်မီ အရင်ဝင်ရောက် ဖူးမြော်လာကြသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်မှ နှစ်စဉ် လာရောက်ဖူးမြော်သူ ဦးဝင်းနိုင်ဦး ကပြောသည်။ ---

လူမှုဖူလုံရေး အာမခံထားသော အမျိုးသမီးများ မီးဖွားခွင့် သုံးလခွဲအတွက် ခံစားခွင့် ရရှိတော့မည်

Posted: 11 Dec 2013 10:04 PM PST

လူမှုဖူလုံရေး အာမခံထား ရှိသူအမျိုးသမီးများသည် လာမည့်နှစ်မှစ၍ ကိုယ်ဝန်ဆောင်မှုနှင့်မီး ဖွားမှုများအတွက် ထည့်ဝင်ကြေး ၏ရာခိုင်နှုန်းရ၀ အကျိုးခံစားခွင့် နှင့် မီးဖွားခွင့်သုံးလခွဲအကျိုးခံစား ခွင့်ရရှိတော့ မည်ဖြစ် ကြောင်း သိ ရသည်။ လက်ရှိတွင် လူမှုဖူလုံရေး အာမခံအကျိုးခံစားခွင့်အနေဖြင့် မီးဖွားခွင့်စုစုပေါင်း သုံးလ ၁၂ပတ် နှင့် ထည့်ဝင်ကြေး၏ ၆၆ဒသမ ၆ရရာခိုင်နှုန်းရရှိကြပြီး ၂၀၁၄ခုနှစ် ဧပြီလမှစကာ ယင်းသို့အကျိုးခံစား ခွင့်များ တိုးမြှင့်ရ ရှိ မည်ဖြစ် ကြောင်း လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင် (ဆေးဌာန)က ပြောသည်။ ---

အသွင်အမျိုးမျိုးနှင့် တရုတ်နို့မှုန့်များ အသက်အန္တရာယ် ရှိဟုဆို

Posted: 11 Dec 2013 09:09 PM PST

ပြည်တွင်း မုန့်ဈေးကွက်တွင် တရုတ်နယ်စပ်က အသွင်အမျိုးမျိုးနှင့် ထုတ်လုပ်ထားသော အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) လက်မှတ် မရှိသည့် ကလေးကြိုက် တရုတ်နို့မှုန့်များ ကျယ်ပြန့်စွာ ရောင်းချနေခြင်းသည် ကလေးသူငယ်များ အသက်အန္တရာယ်အတွက် စိုးရိမ်ဖွယ် ရှိလာနိုင်ကြောင်း တောင်တွင်းကြီးမြို့ မုန့်တိုက်ပွဲ ဦးဆောင် လှုပ်ရှားသူ ဒေါက်တာကျော်ဆွေက The Voice သို့ ပြောကြားသည်။ ---

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ရာခိုင်နှုန်း ၉၀ မကျိန်းသေ ဟု ဆို

Posted: 11 Dec 2013 09:04 PM PST

ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန် ရာ ခိုင်နှုန်း ၉ဝမကျိန်းသေဟု ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘ တင့်ဆွေက သုံးသပ်ပြောသည်။ အခြေခံဥပဒေပြင်ဆင်ရာ တွင် တပ်မတော်၏ပါဝင်မှုအခန်း ကဏ္ဍကိုလျှော့ချရေးမှာထိပ်တန်းမှ ပြင်ဆင်သင့်သည့်အရာတစ်ခု ဖြစ်သော်လည်း သမ္မတဖြစ်ရေး ကိုပြင်ဆင်ရမည့်အချက်မှာ ပိုမို ခက်ခဲသောကြောင့် ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန်မှာ ရာခိုင်နှုန်း၉၀ မကျိန်းသေခြင်းဖြစ် သည်ဟု ယင်းက သုံးသပ်သည်။ ---
ကာတာနိုင်ငံတွင်ကျင်းပနေသည့် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာထိပ်သီးညီလာခံ (World Innovation Summit for Health)တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။ Photo - EPA

ရန်ကုန်တက္ကသိုလ် အဆောင်နေ ကျောင်းသားများ နိုင်ငံရေး ပြုလုပ်လိုက ခွင့်ပြုချက် တောင်းခံရမည်

Posted: 11 Dec 2013 08:46 PM PST

ဆယ်စုနှစ် နှစ်ခုကျော်ကြာမှ ပြန်လည် ဖွင့်လှစ်ခဲ့သော ရန်ကုန်တက္ကသိုလ် အဆောင်များတွင် နေထိုင်သည့် ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံထူးချွန် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံရေး ပြုလုပ်လိုပါက အဆောင်မှူးနှင့် တက္ကသိုလ် တာဝန်ခံများကို ခွင့်ပြုချက် တင်ပြီးမှသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက The Voice သို့ ပြောကြားသည်။ ---

ရဲစခန်းအတွင်း အချုပ်သားသေဆုံးမှု စခန်းမှူးကို ရာထူးတစ်ဆင့်ချ

Posted: 11 Dec 2013 07:43 PM PST

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရဲစခန်းအတွင်း အချုပ်သား သေဆုံးမှုအတွက် စခန်းမှူး ရဲအုပ် ဆန်းလင်းကို ရဲစည်းကမ်းဥပဒေအရ တာဝန်ဝတ္တရားပေါ့လျော့မှုဖြင့် ရာထူးတစ်ဆင့်ချ အရေးယူထား သည်ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။ “အရက်ကြောင်ကြောင်နေတဲ့ အချုပ်သားကို ဆေးရုံပို့တာနောက်ကျလို့ အရေးယူ ဆောင်ရွက်တာ။ တာ ၀န်ဝတ္တရား ပေါ့လျော့တဲ့သဘောပေါ့။ ဒု-ရဲအုပ်အဖြစ် ရာထူးချပြီး နယ်ပြောင်းထားတယ်”ဟု ရဲမှူးက ပြောသည်။ လက်ရှိအချိန်တွင် ပန်းတောင်းမြို့နယ် ရဲစခန်းတွင် ဒု-ရဲမှူးတစ်ဦးကို တာဝန်ပေးအပ်ထားပြီး ဒု-ရဲအုပ်အဖြစ် ရာထူးချခံရသူကို ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ပြောင်းရွှေ့ထားသည်ဟုလည်း ဆိုသည်။ ---

လွတ်မြောက် နိုင်ကျဉ်းနှစ်ဦး ချက်ချင်း ပြန်အဖမ်းခံရ

Posted: 11 Dec 2013 07:41 PM PST

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီဇင်ဘာ ၁၁ ရက်တွင် လွတ်မြောက်လာခဲ့သူ နိုင်ငံရေးအကျဉ်းသား များထဲမှ နှစ်ဦးသည် အခြားသောအမှုများ ရင်ဆိုင်ရန် ကျန်ရှိနေသေးသဖြင့် ချက်ချင်း ပြန်လည် အဖမ်းခံ ခဲ့ရသည်ဟု ကာယကံရှင်များနှင့် နီးစပ်သူများက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။ ပြန်လည်ဖမ်းဆီးခံခဲ့ရသူများမှာ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်ခဲ့မှု (ပုဒ်မ ၁၈)ဖြင့် အင်းစိန်အကျဉ်း ထောင်တွင် ထောင်ဒဏ် ၃၃ လ ကျခံနေရသူ ဦးထင်ကျော်နှင့် နိုင်ငံတော် အကြည်ညိုပျက်စေရန် လှုံ့ ဆော်မှု (ပုဒ်မ- ၅၀၅/ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် တစ်နှစ်သုံးလကျခံနေ ရသူ ဦးအေးသိန်းတို့ ဖြစ်သည်။ ----
ဖောက်ခွဲမှု၊ မတရားအသင်းဆက်သွယ်မှုတို့ဖြင့် ထောင်ခုနစ်နှစ်ကျခံနေရသူ ဦးမျိုးမြင့်အောင် ပြန်လည်လွတ်မြောက်လာသည်ကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ်။ ထိုနေ့တွင် နိုင်ငံရေးအကျဉ်းသား ၄၁ ဦး လွတ်မြောက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသား ဦးထင်ကျော်နှင့် ဦးအေးသိန်းတို့ ပါဝင်ခဲ့သော် လည်း ထောင်မှလွှတ်ပြီးချင်းပင် ကျန်ရှိပုဒ်မများဖြင့် ပြန်လည်အဖမ်းခံခဲ့ရသည်။ (ဓာတ်ပုံ-ဘိုဘို)

စီးပွားရေး ပိတ်ဆို့မှုကို ဖေါက်ဖျက်မှုနဲ့ RBS ဘဏ်ကို ဒဏ်ငွေချမှတ်

Posted: 11 Dec 2013 07:30 PM PST

မြန်မာ၊ အီရန်၊ ဆူဒန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့အရေးယူခဲ့တာကို မလိုက်နာ ဖေါက်ဖျက်မှုနဲ့ RBS ခေါ် Scotland Royal Bank အပေါ် ဒေါ်လာ ၁၃၃ သန်း ဒဏ်ငွေချမှတ်လိုက်ကြောင်း အမေရိကန်အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ RBS ဘဏ်ဟာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ကတေ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနဲ့ အီရန်အပါအ၀င် ပိတ်ဆို့အရေးယူခံထားရတဲ့ နိုင်ငံလေးနိုင်ငံနဲ့ ငွေပေးငွေယူလုပ်ငန်းတွေကို စနစ်တကျနဲ့ လျှို့ဝှက်ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။ ---

မြန်မာနိုင်ငံမှာ မြွေဆိပ်ဖြေဆေး အလုံအလောက် မထုတ်နိုင်လို့ IRIN ပြော

Posted: 11 Dec 2013 07:27 PM PST

မြန်မာနိုင်ငံမှာ မြွေအန္တရာယ်ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ အောင်မြင်ပေမဲ့၊ ပြည်တွင်းမှာ မြွေဆိပ်ဖြေဆေး အလုံအလောက် မထုတ်လုပ်နိုင်တာကြောင့် သေဆုံးနှုန်း သိသိသာသာလျော့ကျမလာဘဲ ဖြစ်နေတယ်လို့ IRIN ကုလသမဂ္ဂ သတင်းဌာနက ပြောပါတယ်။ မြွေကိုက်ခံရတဲ့နှုန်း မြင့်မားတဲ့ မြန်မာနိုင်ငံမှာ ၁၉၉၄ ခုနှစ်ကစပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မြွေကိုက်မှု ထိန်းချုပ်ရေးအဖွဲ့ဖွဲ့ပြီး ပညာပေးနဲ့ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ---

၂၀၁၂ခုနှစ်အတွင်း ငှက်ဖျားကြောင့် လူပေါင်း ၆ သိန်းကျော် သေဆုံး

Posted: 11 Dec 2013 05:56 PM PST

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ​ကမ္ဘာတ၀ှမ်း ​ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်ကြောင့် ​ပြီးခဲ့တဲ့ ​၁၃နှစ်အတွင်း ​ငှက်ဖျားရောဂါခံခဲ့ရသူတွေရဲ့ ​အသက်ပေါင်း ​သုံးသန်းကျော်ကို ​ကယ်တင်နိုင်ခဲ့တယ်လို့ ​ကျန်းမာရေးအဖွဲ့က ​တာဝန်ရှိသူတွေကပြောပါတယ်။ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်မှာ ​တိုးတက်မှုတွေရှိလာပေမယ့် ​ငှက်ဖျားရောဂါပိုးကြောင့် ​လူပေါင်း ​ခြောက်သိန်းထက် ​မနည်း ​သေဆုံးခဲ့ပြီး ​များသောအားဖြင့် ​အာဖရိကနိုင်ငံက ---
လူပေါင်း သန်း ၂၀၀ ကျော် ငှက်ဖျားရောဂါပိုး ကူးစက်ခံရပြီး ၆သိန်းကျော်သေဆုံးခဲ့တယ်လို့ WHO ပြော (Credit: Reuters)

မက်ဒါဂါစကာ ပလိပ်ဖြစ်

Posted: 11 Dec 2013 05:53 PM PST

အာဖရိက တိုက်နားက မက်ဒါဂါစကာ ကျွန်းမှာ အဆုတ်ရောင် ပလိပ်ရောဂါ ဖြစ်နေပြီလို့ နိုင်ငံရဲ့ ကျန်းမာရေး ဌာနက ပြောကြား လိုက်ပါတယ်။ အဆုတ်ပလိပ် ရောဂါရှင် ၂ ယောက်ကို မက်ဒါဂါစကာ မှာ တွေ့ရှိ ခဲ့တာ ဖြစ်ပြီးပလိပ် ရောဂါ တွေထဲမှာ ဒီပလိပ်က အတွေ့ရ အနည်းဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး ပလိပ် ရောဂါ ဖြစ်ပါတယ်။ ---
ကြွက်သန်းကဖြစ်တဲ့ ပလိပ်ကို ဆေးဖျန်းသုတ်သင်

စစ်တွေမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြ

Posted: 11 Dec 2013 05:29 PM PST

ရခိုင်ပြည်နယ်မှာ လူမှုရေး အကူအညီတွေပေးနေတဲ့ ဟော်လန်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG(MSF) ဟာ မွတ်စလင်တွေကိုသာ ကူညီနေတဲ့အတွက် စစ်တွေမြို့ခံ ၃၀ လောက်ဟာ ဒီကနေ့မနက်ပိုင်းက စစ်တွေဆေးရုံကြီးဝင်းထဲမှာ AZG(MSF) အဖွဲ့ကို အလိုမရှိကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက RFA ကို အခုလိုပြောပါတယ်။ ---

ဒေါ်အောင်ဆန်းစုကြည် ကာတာညီလာခံ မိန့်ခွန်း (ရုပ်/သံ)

Posted: 11 Dec 2013 05:25 PM PST

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံမှာ မြန်မာနိုင်ငံက ကျန်းမာရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြား ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အထဲက တချို့ကို RFA ဝိုင်းတော်သား ဦးသစ်ဆင်းက ကောက်နှုတ်တင်ပြ ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ဆီးရီးယား အတိုက်အခံကို အကူအညီရပ်

Posted: 11 Dec 2013 05:21 PM PST

ဆီးရီးယား နိုင်ငံ မြောက်ပိုင်းက အတိုက်အခံ ဆီးရီးယား လွတ်မြောက်ရေး တပ်ကို ပေးမယ့် လက်နက် မဟုတ်တဲ့ အကူ အညီ တွေကို အမေရိကန်နဲ့ ဗြိတိန်က ရပ်ဆိုင်း လိုက် ပါတယ်။ အကူအညီ ပေးရေး ပစ္စည်း တွေထဲမှာ ဆေးဝါး အကူအညီတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ၊ အစားအစာနဲ့ ဓာတ်အားပေး စက်ကြီးတွေ ပါပြီး ဒီအကူအညီ တွေ အစွန်းရောက် အဖွဲ့အစည်း တွေ လက်ထဲ ရောက်မှာ စိုးလို့ ရပ်ဆိုင်း လိုက်တာ ဖြစ်ပါတယ်။---
အကူအညီတွေ အစွန်းရောက် လက်ထဲ ရောက်မှာစိုး

Person of the Year ပုပ်ရဟန်းမင်းကိုရွေး

Posted: 11 Dec 2013 05:15 PM PST

ရာထူး သက်တမ်း ၉ လ ပဲ ရှိသေးတဲ့ ရောမ ကက်သလစ် ကျောင်းတော်ရဲ့ ပုပ်ရဟန်း မင်းကြီး ဖရန်ဆစ် ကို အမေရိကန် တိုင်း သတင်း မဂ္ဂဇင်း ကြီး က ဒီနှစ် အတွက် ပုဂ္ဂိုလ်ကြီး အဖြစ် ရွေးချယ် လိုက်ပါတယ်။ ရဟန်းမင်းကြီးဟာ ပုဂ္ဂိုလ်ရေး အောင်မြင် ကျော်ကြားမှု ကို မမက်မော ပေမယ့် သူ့ သာသနာရေး ဆောင်ရွက်ချက် တွေကို ဒီလို အားပေး အသိအမှတ်ပြုလို့ ပိုအားရှိစရာ ဖြစ်တယ်လို့ ရဟန်းမင်းကြီးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ခဲ့ပါတယ်။ ---
ကျော်စော တိက္ကမ မမက်တဲ့ ရဟန်းမင်းကြီး

NLD ပါတီဝင် ကိုဇင်မင်းဦးနဲ့ တွေ့ဆုံမေးမြန်းခန်း (ရုပ်/သံ)

Posted: 11 Dec 2013 05:05 PM PST

ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလက ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်/ကျေးရုံးဖွင့်ပွဲကျင်းပဖို့ ပြင်ဆင်နေရင်း မတော်တဆ ဓာတ်လိုက်တဲ့အတွက် လက်နှစ်ဖက်စလုံး စွန့်လွှတ်ခဲ့ရတဲ့ NLD ပါတီဝင် ကိုဇင်မင်းဦးဟာ လက်အတုတပ်ဆင်ပြီး ပါတီတာဝန်တွေကို ဆက်လက်ထမ်းဆောင်နေပါတယ်။ ကိုဇင်မင်းဦးကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 



မှော်ဘီ ကြက်စာစက်ရုံက အနံ့ဆိုး (ရုပ်/သံ)

Posted: 11 Dec 2013 05:01 PM PST

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် သံတံတားကျေးရွာမှာ မွေးမြူရေးအစာ ထုတ်လုပ်တဲ့စက်ရုံက အနံ့ဆိုးတွေကို မခံနိုင်တဲ့ ဒေသခံရွာသားတွေနဲ့ ရွာကျောင်းဆရာတော်က ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 



Mandela ရုပ်အလောင်း အများပြည်သူ ကြည့်ရှုခွင့်ရ

Posted: 11 Dec 2013 04:57 PM PST

ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်းလည်းဖြစ်၊ အသားရောင်ခွဲခြားအုပ်ချုပ်မှု ဆန့်ကျင်တိုက်ဖျက်ရေး ခေါင်းဆောင်လည်းဖြစ်တဲ့ Nelson Mandela ရဲ့ ရုပ်အလောင်းကို အများပြည်သူ ဂါရ၀ပြုနိုင်အောင် မြို့တော်မှာ အာဏာပိုင်တွေက စီစဉ်ပေးထားပါတယ်။ မစ္စတာ Mandela ရဲ့ ဇနီး Graca Machel နဲ့ လက်ရှိသမ္မတ Jacob Zuma တို့လည်း မစ္စတာ Mandela ရဲ့ ရုပ်အလောင်းဘေးကဖြတ်ပြီး ဒီကနေ့ ဂါရ၀ပြုခဲ့ကြပါတယ်။ ဖန်သားတွေနဲ့ ပြုလုပ်ထားတဲ့ သူ့ရဲ့အခေါင်းကိုတော့ တောင်အာဖရိက အစိုးရရုံးစိုက်ရာ Union အဆောက်အဦးအတွင်းက ခန်းမကြီးမှာ အများပြည်သူ ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးထားတာပါ။ ---
Reply all
Reply to author
Forward
0 new messages