သျှမ်းသံတော်ဆင့်

423 views
Skip to first unread message

သျှမ်းသံတော်ဆင့်

unread,
Jan 4, 2017, 5:51:16 PM1/4/17
to thuau...@gmail.com

သျှမ်းသံတော်ဆင့်


ပြည်ထောင်စုစိတ်ဓာတ် ( ဦးအေးသာအောင် )

Posted: 04 Jan 2017 04:05 AM PST

ယခုခေတ်အခါသမယ၌ လမ်း၊ တံတား၊ အဆောက်အဦ ဖွင့်ပွဲများ နှင့် ယုတ်စွအဆုံး ဘာမဟုတ်သည့် သာမန်ကိစ္စကလေးများ ပြုလုပ်ဆောင်ရွက်ကြရာ၌ပင် ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးစုံတို့၏ ဝတ်စုံများကို ဝတ်ဆင်စေလျက် တခမ်းတနား ပါဝင်ဆင်နွှဲစေ၏။ တိုင်းရင်းသား ပေါင်းစုံတို့၏ အကများဖြင့်လည်း အခမ်းအနားများကို သရုပ်ဖေါ် အမွှန်းတင်ကြသည်ကိုလည်း များစွာတွေ့မြင်နေရ၏ ။


တိုင်းရင်းသားလူမျိုးများကို အလေးပေး အရေးပေးသည့် သဘောပေလော၊ သို့မဟုတ် လူမျိုးပေါင်းစုံ နေထိုင်သည့် ပြည်ထောင်စု၏ အဓိပ္ပါယ်ကို သရုပ်ဖေါ်ပြသခြင်းပေလော၊ သို့တည်းမဟုတ် ရောင်စုံအဝတ်တန်ဆာများဖြင့် ၄င်းတို့၏ အခမ်းအနားများကို ပိုမို၍ လှပတင့်တယ် ကျက်သရေရှိစေရန် အခမ်းအနား၏ အဆောင်အယောင်သဘောထား၍ ပြုမူဆောင်ရွက် ခြင်းပေလော၊ ဤအချင်းအရာ သဘောထားများကို ပြုသူများသာ သိကြပေလိမ့်မည် ။


တိုင်းရင်းသားလူမျိုးများကို အရေးပေးသည့် အလေးအနက်ထားသည့် သဘောဆိုပါက ကောင်းလေစွ။ ထိုထက်မှာမူ တိုင်းရင်းသား လူမျိုးအရေးကို အပေါ်ယံရွှေမှုံ့ကြဲ အဆောင်အယောင်သဘောမျှဖေါ်ပြနေခြင်းထက် တိုင်းရင်းသားလူမျိုးများ၏အရေးကို ကိုယ်ပိုင် ပြဌာန်းခွင့် အခြေခံဖြင့် ဖြေရှင်းလျက် အမျိုးသားသွေးစည်းညီညွတ်ရေးကို တည်ဆောက်ကြမည်ဆိုပါမူ ပို၍ ကောင်းလေစွဟူ၍ ဆင်ခြင်တွေးတောမိပေသည် ။


၎င်းအပြင် “ပြည်ထောင်စုစိတ်ဓာတ်”ဟူသော ဝေါဟာရဆိုင်ရာ အပြောအဆို၊ အရေးအသား၊ အသုံးအနှုံးများသည်လည်း ယခင်ခေတ်အခါများမှာထက် ပိုမိုတွင်ကျယ်လာ၏။ ရွှေရည်စိမ် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တိုင်းရင်းသားလူမျိုးများကို “ပျားရည်နှင့် ဝမ်းချခြင်း” ပေလော၊ သို့မဟုတ် “အများယောင်၍ ယောင်ရ၊ အမောင် တောင်မှန်း မြောက်မှန်းမသိပါ” ဆိုသကဲ့သို့ မိမိကိုယ်၌က ပြည်ထောင်စု၏ အခြေခံသဘောနှင့် ပြည်ထောင်စုမူများကို ခံယူသိမြင်ခြင်းမရှိပါဘဲလျက် အများက ပြောဆိုသုံးနှုံးခြင်းကြောင့်သာ ပြောဆိုသုံးနှုန်းကြခြင်းပေလော၊ သို့တည်းမဟုတ် မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောပြည်ထောင်စုကို တည်ထောင်မှသာ တိုင်းရင်းသားလူမျိုးများကို စည်းရုံးနိုင်မည်ဟူ၍ ခံယူချက်ဖြင့်ပင် ပြောဆိုသုံးနှုန်းနေခြင်း ပေလော။ ဤ အချင်းအရာ သဘောထားများကိုလည်း ပြုသူများသာသိကြပေလိမ့်မည် ။


“ရွှေရည်စိမ်ပြည်ထောင်စုစိတ်ဓာတ်” များကိုဖယ်ရှားပြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သော ပြည်ထောင်စုမူ၊ ပြည်ထောင်စုစိတ်ဓာတ်ကို သိမြင် ခံယူလျက် ပြောဆိုသုံးနှုန်းပါမူ ကောင်းလေစွ ။


ထိုထက်မှာမူ ဒီမိုကရေစီရေး၊ တန်းတူရေး၊ လွတ်လပ်ရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို အသိအမှတ်ပြုပြီး လူမျိုးစုပြဿနာကို ဖြေရှင်းကာ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ကြပါမူကား အတိုင်းထက်အလွန် ကောင်းလေစွဟူ၍ တွေးမြင် ခံစားမိပေသည် ။


လမ်းစဉ်ပါတီခေတ်၌ “တောင်သူလယ်သမားဦးကြီးများ” ဆိုသော ဝေါဟာရသည် တွင်ကျယ်စွာ အသုံးပြုခြင်း ခံခဲ့ရသည်။ သို့ရာတွင် တောင်သူလယ်သမားများ၏ ဘဝမှာမူ အထူးအခွင့်အရေးများ ဗလာနတ္ထိ၊ ယ္ခင်ခေတ်များမှာထက်ပင် ခါးသီးသောခံစားချက်များကို ခံစားခဲ့ကြရ၏ ။


ပြည်ထောင်စုစိတ်ဓာတ်နှင့်ပတ်သက်၍ ပြောဆိုသုံးနှုန်းကြရာတွင်လည်း ဤသို့မဖြစ်ရန်လိုသည်။ မည်သည့် ပြဿနာကိုမဆို အပေါ်ယံ အပြောသက်သက်ဖြင့်မပြီးပေ။ ရွှေရည်စိမ်စိတ်ဓာတ်နှင့် သဘောထားများကို ဖယ်ရှားပြီး ပြဿနာကို အခြေခံကျကျ ရှုမြင်သုံးသပ်ရန်လိုသည်။ လောက၌ ဖြစ်ပျက်တတ်သော သဘာဝနိယာမတရားများသည် လူတို့၏ဆန္ဒနှင့် ကင်းလွတ်၏။ ထို့ကြောင့် ပြဿနာတရပ်ကို ရှုမြင်သုံးသပ်ရာတွင်လည်း ဆန္ဒစွဲ၊ လူမျိုးစွဲများ ကင်းရှင်းရန်လိုပေသည်။ ထို့အပြင် ဓမ္မဓိဋ္ဌာန် ကျကျသုံးသပ်၍ ရလာသော အခြေခံသဘောတရားများကို အသိအမှတ်ပြု လက်ခံရန်လို၏။ ၄င်းအပြင် ပြေလည်စွာ ဖြေရှင်းမှသာ ပြီးမြောက်နိုင်ပေမည်။ ထို့ကြောင့် ပြည်ထောင်စုအတွင်းမှ တိုင်းရင်းသားလူမျိုးများ ပြဿနာကိုလည်း ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ရမည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုရမည်။ လူမျိုးစု၊ လူနည်းစုများ၏ အခွင့်အရေးကို အလေးနက်ထား လက်ခံမည်။ ဤအခြေခံသဘောတရားများပါသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဖြေရှင်းမှသာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အမှန်တကယ်ရရှိနိုင်ပေမည် ။


“ပြည်ထောင်စု”ဟူသည် ပြည်ထောင်များကို ပေါင်းစည်းထားခြင်းဖြစ်၏။ လူမျိုးအသီးသီးတို့ မှီတင်း နေထိုင်ရာများကို စုပေါင်းထားခြင်း လည်းမည်၏။ ပေါင်းစည်းကြခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘုံရန်သူကို စုပေါင်းကာကွယ်ရန်နှင့် ဘုံအကျိုးစီးပွါးကို တည်ဆောက်ကြရန်ဖြစ်၏ ။


ရှေးပဝေသဏီခေတ်၌လူသားတို့သည်မိသားစု၊ ဆွေမျိုးစု၊ သွေးတူ များအဖြစ်သာစုဖွဲ့နေထိုင်ခဲ့ကြသည်။ အန္တရာယ်များနှင့် ရန်သူများကိုလည်း မိမိတို့အင်အားဖြင့် ရင်ဆိုင်တိုက်ခိုက်ခြင်းဖြင့်သာ များသောအားဖြင့် ဖြေရှင်း ခဲ့ကြဟန်ရှိသည်။ သို့ရာတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် ဆွေမျိုးစု၊ သွေးတူစုများ၏ ပိုင်ဆိုင်မှု (ကျွဲ၊ နွား၊ သိုး၊ တိရိစ္ဆာန်များနှင့် စိုက်ပျိုးမြေယာများ)ကို ပိုင်ဆိုင် လာသောအခါ မြေယာလုစစ်ပွဲများ၊ အုပ်စုစစ်ပွဲများ ဖြစ်ပွါးလာ၏။ ဤသို့ဖြင့် ကြီးနိုင်ငယ်ညှဉ်းသဘော၊ အုပ်စုကြီးများက အုပ်စုငယ်များကို အနိုင်ပြုတိုက်ခိုက် လုယက်သိမ်းပိုက်မှုများ ရှိလာခဲ့၏။ မိမိအုပ်စုကို ရန်ပြုမည့် ရန်သူများရှိလာ၏။ စိန်ခေါ်မှုများ ရှိလာ၏။ ဤသို့ဖြင့် ဆွေမျိုးစု၊ မျိုးတူစု၊ သွေးတူစုများအချင်းချင်း ပေါင်းဖွဲ့သည့်အစုအဖွဲ့များ ပေါ်ထွန်းလာ၏။ ဤသည်မှာ ယနေ့ ကမ္ဘာ့နိုင်ငံရေးနယ်ပယ်တွင် တွင်ကျယ်စွာ ကျင့်သုံးနေကြသော ပြည်ထောင်စုများ၏ အခြေခံသဘောပင် ဖြစ်ပေသည် ။


လူသားတို့သည် ဆွေမျိုးစု၊ မျိုးတူစု၊ သွေးတူစု အသိုင်းဝိုင်းမျိုးစုံမှ တဖြည်းဖြည်း နိုင်ငံတော်အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ဘာသာစကား၊ ဓလေ့ ထုံးတမ်းယဉ်ကျေးမှု၊ ဆွေမျိုးတော်စပ်မှုအရဖွဲ့စည်းနေထိုင်ခဲ့ရာမှ တခုတည်း သော အာဏာပိုင်မှု (အကြီးအကဲ)အောက်တွင် နေလိုခြင်းကြောင့် မျိုးတူစုများ စုဖွဲ့လာကြသည်။ လူ့ယဉ်ကျေးမှုစတင်လာခြင်းနှင့် စိုက်ပျိုးရေးစနစ်ပိုမို ထွန်းကားလာခြင်းကြောင့်လည်း ဆွေမျိုးစုများ ပိုမိုစုစည်းလာကြသည်။ အုပ်စုတစုနှင့်တစုအကြား ရန်လိုမှု၊ စိန်ခေါ်မှုများနှင့် နယ်မြေလုစစ်ပွဲများကြောင့် အင်အားကြီးသော အုပ်စုကအင်အားငယ်သောအုပ်စုအပေါ် လွှမ်းမိုး တိုက်ခိုက်သိမ်းပိုက်မှုများ ရှိလာသည်။ ဤကဲ့သို့သော စုဖွဲ့မှုများမှအုပ်ချုပ်ရေးယန္တယားနှင့် နိုင်ငံတော်များပေါ် ပေါက်လာခဲ့ပေသည် ။


မူလနိုင်ငံတော်များသည် ဒီမိုကရေစီကျသော၊ လူထုအားဖြင့်ရွေး ချယ်သည့် လူထုကိုတိုက်ရိုက်ကိုယ်စားပြုသော နိုင်ငံတော် များသာ ဖြစ်ခဲ့ကြ၏။ သို့ရာတွင် ပစ္စည်းဥစ္စာနှင့် ဓနအင်အားကို ရှာဖွေစုဆောင်းရာတွင် ထွန်ယက် စိုက်ပျိုးလုပ်ကိုင်၍ ရှာဖွေသည်ထက် လုယက် တိုက်ခိုက် သိမ်းပိုက်ခြင်းအားဖြင့် ပိုမိုရရှိနိုင်သည့်သဘောကို မြင်လာသောအခါ လုယက်သိမ်းပိုက် သည့် စစ်ပွဲများမှသည် ပဒေသရာဇ်အင်ပါယာများ ထူထောင်ခဲ့ကြသည် ။


နပိုလီယံ၏ အင်ပါယာကိုအကြောင်းပြုပြီး အမျိုးသားရေးစိတ်နှင့် အမျိုးသားနိုင်ငံကိုကာကွယ်ရန် စိတ်များ ပြင်းပြလာခဲ့ကြသည်။ နပိုလီယံ သည် ဥရောပ၌ အင်္ဂလန်မှလွဲပြီး ကျန်ပဒေသရာဇ်နိုင်ငံများကို သိမ်းပိုက်ခဲ့သည်။ ထိုနိုင်ငံများတွင် အမျိုးသားဘုရင်များကို ဖယ်ရှားပြီး နပိုလီယံ၏ ဆွေတော်မျိုးတော်များကို ဘုရင်များအဖြစ် ခန့်အပ်အုပ်ချုပ်စေခဲ့သည်။ ထို အချိန်မှစ၍ နိုင်ငံများစွာတို့သည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်လူမျိုး ဘုရင်များကို တမ်းတလာကြ၏။ အမျိုး၊ ဘာသာ၊ သာသနာနှင့် မိမိနိုင်ငံကိုထူ ထောင်လိုသော ကာကွယ်လိုသော စိတ်များပေါ်ပေါက်ကာ တော်လှန်ပုန်ကန် ခဲ့ကြသည်။ ထိုကဲ့သို့ တော်လှန်ပုန်ကန်မှုများကြောင့် နပိုလီယံ၏ အင်ပါယာ ပြိုကွဲရပြီး အမျိုးသားနိုင်ငံများပေါ်ပေါက်လာ၏ ။


စက်မှုတော်လှန်ရေးနောက်ပိုင်း၌ နယ်ချဲ့စနစ်ပေါ်ပေါက်လာရာ ထို နယ်ချဲ့စနစ်မှမွေးဖွားပေးလိုက်သော ကိုလိုနီဝါဒနှင့် ကိုလိုနီနိုင် ငံများ ပေါ်ပေါက်လာခဲ့၏။ ယင်းကိုလိုနီနိုင်ငံများတွင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတည်းဟူသော အမျိုး သားရေး စိတ်ဓာတ်နှင့် အမျိုးသားရေး ဝါဒသည်လည်း ပီပြင်စွာ ပေါ်ပေါက်လာခဲ့ပေသည်။ အမျိုးသားနှင့်နိုင်ငံတော်၊ နိုင်ငံတော် နှင့် အမျိုးသား၊ အပြန်အလှန်ဆက်စပ်နေသည့် အမျိုးသားနိုင်ငံတော်သဘောတရားများ၊ လူမျိုးတိုင်း၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားနိုင်ငံ ထူထောင်ခွင့် စသည့် အမျိုးသားဝါဒသည် ပထမကမ္ဘာစစ်ကြီးအပြီးတွင် ထင်ရှားစွာပေါ်ပေါက်လာခဲ့ပေသည်။ (အမေရိကန်သမတ ဝုဒ်ရိုးဝီ(လ်)ဆင် ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဆိုဗီယက်ယူနီယံ၏ခေါင်းဆောင်လီနင်၏ ကိုယ်ပိုင် ပြဌာန်းခွင့် သဘောတရားများ)ပထမကမ္ဘာစစ်ကြီးအပြီး ပေါ်ပေါက်လာသော နိုင်ငံတော်များသည် များသောအားဖြင့် လူမျိုးတမျိုးတည်းဖြင့် ဖွဲ့စည်းသော နိုင်ငံတော်များထက် လူမျိုးအများအပြားကို စုပေါင်းပါဝင်ဖွဲ့စည်းထားသော နိုင်ငံတော်များသာ ဖြစ်ကြပေရာ ပြည်ထောင်စု သဘောတရားများသည်လည်း ပေါ်ထွန်းလာခဲ့ပေသည်။ (ဆွစ်ဇာလန်ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန် ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားပြည်ထောင်စု၊ ချက်ကိုစလိုဗက်ကီးယား ပြည်ထောင်စုတို့သည် ပြည်ထောင်စုသဘောတရား အမျိုးမျိုးကိုပေါ်လွင်စေ သည်။)


မြန်မာနိုင်ငံတွင် ပဒေသရာဇ်ခေတ်ဦးဖြစ်သော (၁ဝ၄၄)ခုနှစ်မှ စ၍ နန်းတက်သည့် အနော်ရထာမင်းသည် တိုက်ခိုက် သိမ်းပိုက်ခြင်းအားဖြင့် ပဒေသရာဇ်လက်နက်နိုင်ငံတော်ကို တည်ထောင်ခဲ့၏။ သို့ရာတွင် အနော်ရထာ၏ နိုင်ငံတော် မပေါ်ထွန်းမှီ မြန်မာနိုင်ငံ၏ နယ်မြေဒေသအတွင်းတွင် ပျူလူမျိုးတို့၏ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာနိုင်ငံတော်များ၊ မွန်တို့၏ သုဝဏ္ဏဘူမိနိုင်ငံတော်၊ ရခိုင်လူမျိုးတို့၏ ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ နိုင်ငံတော်များ၊ ရှမ်းတို့၏ နန်ရှောင်နိုင်ငံတော်စသည့် နိုင်ငံများသည် အုပ်ချုပ်ရေး၊ စာပေယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည့်ဝဖွံ့ဖြိုးတိုးတက်လျက် ရှိနေသည်ကို တွေ့ရပေမည် ။


ပျူလူမျိုးတို့သည် တိဘက်တိုဘားမင်းအုပ်စုဝင်များဖြစ်ကြပြီး တိဘက်ကုန်းမြင့်မှ ဆင်းသက်လာသည်။ မြန်မာပြည်ဒေသသို့ ရောက်သော အခါ ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ ကြသည်။ မွန်လူမျိုးတို့သည် မွန်ခမာ အနွယ်ဝင်များဖြစ်ကြပြီး သုဝဏ္ဏဘူမိ နှင့် ဟံသာဝတီနိုင်ငံများကို တည်ထောင်ခဲ့ကြသည်။ ရခိုင်လူမျိုးများသည် ရခိုင်ဒေသသို့ ရှေးဦးရောက်နှင့်လာကြသော ကမ်းယံလူမျိုး၊ သက်လူမျိုးများ နှင့် နောက်ပိုင်းမှ ဝင်ရောက်လာသော အာရီယံလူမျိုးများရောနှော နေထိုင် ခဲ့ကြပြီး ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ၊ ပါးရိန်၊ လောင်းကြတ်၊ မြောက်ဦး နိုင်ငံတော်များကို တည်ထောင်ခဲ့ကြပေသည် ။


ရှမ်းလူမျိုးတို့သည် ဆီနိုထိုင်း အနွယ်များဖြစ်ကြပြီး နန်ချောင်နိုင်ငံတော်များကို တည်ထောင်ခဲ့ကြပေသည်။ နောက်ပိုင်းတွင် စော်ဘွားနယ်များဖြင့် အုပ်စိုးနေထိုင်ခဲ့ကြသည်။ မြန်မာလူမျိုးတို့သည် တိဘက်မြန်မာ အနွယ်များ ဖြစ်ကြပြီး ပုဂံ၊ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ တောင်ငူ၊ အမရပူရ၊ မန္တလေးနိုင်ငံတော်များကို တည်ထောင်ခဲ့ကြသည် ။


မြန်မာပဒေသရာဇ်ခေတ်သည် အေဒီ (၁ဝ၄၄)ခုနှစ်၊ အနော်ရထာ နန်းတက်သောနှစ်မှ သီပေါမင်းနန်းကျသော သက္ကရာဇ်(၁၈၈၅)ခုနှစ်ထိ ရှည် ကြာခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ ဖြစ်ပေါ်လာမည့် သမိုင်းကြောင်း ကို လေ့လာမည်ဆိုပါက ထိုသမိုင်းကြောင်း ဖြစ်ပေါ်ရာ ပထဝီအနေအထားကို လည်း အနည်းငယ် သိမြင်ထားရန် လိုပေသည်။ ပထဝီအနေအထားများသည် ထိုတိုင်းပြည်၏ ရာဇဝင်သမိုင်းကြောင်းကို စီမံဖန်တီးရာတွင် အဓိကအချက်တချက်အနေဖြင့် ပါဝင်နေခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အနောက်စွန်း၌တည်ရှိသည်။ အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံတောင်ဘက်တွင် မုတ္တမကွေ့နှင့် ဘင်္ဂလား ပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ မဏိပူရနယ်၊ အာသံနယ်နှင့် မြင့်မောက်သော တောင်တန်းကြီးများ၊ မြောက်ဘက်တွင် တိဘက်နိုင်ငံများ ရှိခဲ့ကြပေသည် ။


ရှေးမြန်မာမင်းတို့၏ လက်ထက်တန်ခိုးကြီးသော မင်းများသာလျှင် ဤမျှ ကျယ်ပြန့်သောဒေသနှင့် ၄င်းထက်ပိုသော ဒေသများကို သိမ်းပိုက် ပိုင်ဆိုင်ခဲ့ကြပြီး ကျန်အချိန်များမှာ တစိတ်တဒေသကိုသာပိုင်ဆိုင်ကာ ထီးပြိုင် နန်းပြိုင် တိုင်းငယ်ပြည်ငယ်ကလေးများ အဖြစ်သာ တွေ့မြင်ကြရပေသည်။
မြန်မာနိုင်ငံကို အကြမ်းအားဖြင့် သုံးသပ်ရလျှင် ပင်လယ်ကမ်းခြေ ဘက်တွင် ရခိုင်လူမျိုးတို့၏ ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ၊ ပါးရိန်၊ လောင်း ကြပ်၊ မြောက်ဦး။ မွန်တို့၏ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ(ပဲခူး)။ အလယ်ပိုင်း၌ သရေခေတ္တရာ(ပြည်)နှင့် ၄င်း၏ အရှေ့ဘက်၌ ကေတုမတီ (တောင်ငူ)၄င်း၏ မြောက်ဘက်၌ ပုဂံ၊ အင်းဝ၊ စစ်ကိုင်းစသည်တို့၏ တည်ရာဖြစ်သောဧရာဝတီ မြစ်ဝှမ်းအလယ်ပိုင်း၊ ထိုမှ မြောက်နှင့်အရှေ့ဘက်တို့တွင် ရှမ်းပြည်များတည်ရှိ ခဲ့ကြပေသည်။
စစ်ကိုင်း၊ အင်းဝ၊ ပုဂံပြည်ကြီး၏တည်ရာ ဧရာဝတီမြစ် အနောက်ဘက်ကို သုနာပရန္တတိုင်း၊ အရှေ့ဘက်ကို တမ္ပဒီပတိုင်းဟူ၍ ခေါ်ပြီး မြန်မာ တို့၏ဒေသဖြစ်သည်။ ပုသိမ်၊ မြောင်းမြ၊ ပဲခူး၊ ဟံသာဝတီ၊ မုတ္တမ၊ တနင်္သာရီ စသည်တို့ကား မွန်လူမျိုးတို့၏ ဒေသဖြစ်ခဲ့ကြသည် ။


မြန်မာနိုင်ငံ၏ မြေပုံကို ကြည့်လျှင် ရခိုင်ပြည်ကိုချန်လှပ်ထားသော မြန်မာနိုင်ငံကို တောင်နံရံတံတိုင်းကြီး ဝိုင်းရံလျက် ရှိသည်ကို တွေ့ရပေလိမ့်မည်။ နောက်ဘက်တွင် ပတ်ကွိုင်တောင်၊ နာဂတောင်၊ ချင်းတောင်၊ ရခိုင် ရိုးမတောင်တို့ပါဝင်သော တောင်တန်းမြင့်ကြီးသည် ကျော်ဖြတ်ရန်ခဲယဉ်းလှ၏။ ၄င်းတောင်တန်းနံရံကြီးကို ဖြတ်ကျော်၍ ဝင်ရောက်ရန် ခရီးလမ်းများမှာ စင်စစ်အားဖြင့် မြစ်ငယ်များစီးဆင်းနေသော တောင်ကြားများသာ ဖြစ်ကြ၏။ ဗြဟ္မပုတ္တရမြစ်ရှိရာ ဟူးကောင်းတောင်ကြားလမ်း၊ မဏိပူရမြစ်စဉ် အတိုင်း မဏိပူရလမ်း၊ အမ်းတောင်ကြားလမ်း၊ တောင်ကုတ်တောင်ကြားလမ်း၊ အရှေ့ဘက်တွင် တာပင်မြစ်ကြောင်းလမ်း (ဗန်းမော်)ကသာမှ ရွှေလီ မြစ်ကြောင်းလမ်း၊ မြစ်ငယ်ကြောင်းအတိုင်း ကွမ်းလုံကူးတို့ဆိပ်လမ်း၊ တောင်ဘက်တွင် ဂျိုင်းမြစ်ကိုလျှောက်၍ ကော့ကရိတ်လမ်း၊ မော်လòမိင်အရှေ့ဘက် တောင်ကုန်းများမှာ မမြင့်လှ၍ ကျော်ဖြတ်ရန် လွယ်ကူသည်။ ဤလမ်းများသည် မြန်မာတို့က နိုင်ငံခြားသို့ စစ်ချီရာလမ်းနှင့် နိုင်ငံခြားသားတို့ မြန်မာနိုင်ငံသို့ ဝင်ရောက်ရာလမ်းများဖြစ်ကြသည် ။


မြန်မာနိုင်ငံနှင့် ရခိုင်ပြည်တို့သည် ရခိုင်ရိုးမတောင်တန်းကြီး၏ အတားအဆီးကြောင့် စစ်မက်ရေးရာများကို ကာဆီးထားသကဲ့သို့ ရှိသည်။ ထို့ကြောင့်ရခိုင်ပြည်ကို မြန်မာတို့တိုက်ခိုက်သောအကြိမ်ပေါင်း အလွန်နည်း သည်။ အနော်ရထာမင်းလက်ထက်တွင်တကြိမ်၊ အလောင်းစည်သူ လက်ထက်တွင် တကြိမ်၊ အင်းဝမင်းခေါင် လက်ထက်နှင့် တပင်ရွှေထီးတို့ လက်ထက်တွင် တကြိမ်စီ တိုက်ခိုက်ပြီး ရခိုင်ဘုရင် မင်းရာဇာကြီး လက်ထက်တွင် မြန်မာပြည်ဘက်သို့ တကြိမ်သာလာရောက်တိုက်ခိုက်သည်ကိုတွေ့ရပေသည်။ အမရပူရခေတ် ဘိုးတော်ဘုရားလက်ထက်ကျမှသာ မြန်မာတို့သည် ရခိုင်ပြည်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည် ။


အင်းဝ(မြန်မာ)နှင့် ဟံသာဝတီ(မွန်)တို့အကြားတွင် သွားလာရ လွယ်ကူသော ဧရာဝတီမြစ်ကြောင်းရှိခြင်းကြောင့် အကြိမ်များစွာ စစ်မက် ဖြစ်ပွါးကြသည်ကိုတွေ့ရပေသည်။ (အနှစ် ၄ဝ စစ်)။ ပြည်နှင့်တောင်ငူတို့သည် ဟံသာဝတီနှင့် အင်းဝတို့အကြား တွင်ရှိသော်လည်း ပြည်မှာ ဧရာဝတီမြစ်ကြောင်းလမ်းတွင်ကျပြီး တောင်ငူမှာမူ ပဲခူးရိုးမတောင် တန်းဖြင့် ပိုင်းခြား ကာကွယ် ထားသကဲ့သို့ရှိသည်။ ဟံသာဝတီနှင့် အင်းဝတို့ အပြန်အလှန် စစ်ပြုကြရာတွင်လည်း ဧရာဝတီမြစ်ကြောင်းဖြင့် ရေကြောင်းချီ သည်က များပေသည်။ ထို့ကြောင့် သရေခေတ္တရာ(ပြည်)သည် ရှေးအခါက လွတ်လပ်ခဲ့သော်လည်း နောင်တွင် မြန်မာလူမျိုးနှင့် မွန်လူမျိုးတို့၏ လက်အောက်တွင် တလှည့်စီကျရောက်ခဲ့ရပေသည်။ ကေတုမတီ(တောင်ငူ)မှာကား စစ်မက် ဘေးမှ လွတ်ကင်းခဲ့ပေသည်။ ထို့ကြောင့် တဖြည်းဖြည်း အင်အားတောင့်တင်း လာပြီးလျှင် နောင်တွင် အင်းဝနှင့်ပဲခူး(ဟံသာဝတီ)တို့ စစ်ပန်းလာသောအခါ ထိုပြည်နှစ်ပြည်လုံးကိုပင် သိမ်းယူနိုင်ခဲ့ပေသည် ။


ရှမ်းပြည်ကား မြန်မာပြည်နှင့် တရုတ်တို့၏ ကြားတွင်ရှိ၍တခါတရံ သီးခြားလွတ်လပ်နေပြီး ရံဖန်ရံခါတွင် မြန်မာတို့၏ လက်အောက်ခံ ဖြစ်ကာ တခါတရံ တရုတ်တို့၏ လက်အောက်ခံလည်းဖြစ်ခဲ့သည်။ ထားဝယ်၊ တနင်္သာရီ၊ မုတ္တမတို့မှာလည်း ပဲခူး(မွန်)နှင့် ယိုးဒယား တို့အကြားတွင်ရှိပြီး မွန်တို့၏ လက်အောက်ခံဖြစ်ပြီး ရံဖန်ရံခါတွင် ယိုးဒယားလက်အောက်သို့ ကျရောက်ခဲ့ပေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်းကို ရေးသားဖေါ်ပြရာတွင် မြန်မာလူမျိုးတမျိုးတည်း၏သမိုင်းကိုဖေါ်ပြခြင်းထက်အခြားလူမျိုးများ၏ သမိုင်းအပါအဝင် ပြည်ထောင်စုသမိုင်းကိုသာ ဖေါ်ပြသင့်ပေသည်။ ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတွင် သမိုင်းကို ရေးသားဖေါ်ပြရာ၌ မွန်လူမျိုးများ၏ သမိုင်းနှင့် မွန်နိုင်ငံတော်များအကြောင်းကိုလည်းကောင်း၊ မွန် မင်းဆက်ကိုလည်းကောင်း၊ ထင်ရှားသော ရှမ်းဘုရင်များ အကြောင်းကိုလည်းကောင်း၊ ရှမ်းလူမျိုးတို့၏သမိုင်းနှင့် ရှမ်းနိုင်ငံတော်အကြောင်းကိုလည်းကောင်း၊ ထင်ရှားသော ရှမ်းဘုရင်များ အကြောင်းကိုလည်းကောင်း၊ ထိုနည်းတူစွာ ရခိုင် လူမျိုးတို့၏သမိုင်းနှင့် ထင်ရှားသောနိုင်ငံတော်များကိုလည်းကောင်း၊ ထင်ရှားသော ဘုရင်များအကြောင်းကိုလည်းကောင်း ဖေါ်ပြမှု၊ သင်ကြားမှုနည်းပါး ခြင်းကြောင့် သိရှိသူ အလွန်ပင် နည်းပေသည်။ အချို့မှာ ဥက္ကလာပမင်း၊ ရှင် စောပုဘုရင်မနှင့် ဓမ္မစေတီမင်းစသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်၏ ဒါယကာများဖြစ်ကြသော ဘုရင်များကိုပင် မွန်ဘုရင် ဟူ၍လည်းကောင်း၊ သီဟသူ၊ အုန်းဘောင်ခုံမှိုင်း စသည့်မင်းများကိုလည်း ရှမ်းမင်းများဟူ၍ လည်းကောင်းသိကြသူနည်းပေသည်။ ထိုနည်းတူစွာ ရခိုင်မင်းဆက်မှထင်ရှားသောမင်းများဖြစ်ကြသည့် စန္ဒာသူရိယ၊ မင်းထီး၊ မင်းဘာကြီး၊ မင်းရာဇာကြီး စသည့်မင်းများအကြောင်းကိုကား သိရှိသူ အလွန်နည်းပါးလှပေသည်။ ဤသို့ဖြစ်ရသည်မှာ သမိုင်းကိုဖေါ်ပြရာတွင် ပြည်ထောင်စုသမိုင်း အနေဖြင့် ဖေါ်ပြခြင်းထက် မြန်မာသမိုင်းကိုသာ ဖေါ်ပြနေခြင်းကြောင့် ဖြစ်ပေသည်။ ထို့ ကြောင့် သမိုင်းကိုဖေါ်ပြရာတွင် ပြည်ထောင်စုသမိုင်းအနေဖြင့်သာ ဖေါ်ပြသင့် ပေသည်။ လူမျိုးတို့၏ သမိုင်းဟူသည် မေ့ပျောက်ချန်ထားသင့်သော အကြောင်းအရာများမဟုတ်ပေ ။


ထိုနည်းတူစွာ သမိုင်းကိုဖေါ်ပြရာ၌လည်း ဖြစ်ရပ်မှန်များအတိုင်း ရေးသားဖေါ်ပြရန်လို၏။ ဤသို့ ဖေါ်ပြခြင်းသည် ပဒေသရာဇ်ခေတ်တွင် ဖြစ်ခဲ့သည်များကို အကြောင်းပြု လူမျိုးအချင်းချင်း အမုန်းပွါးရန် မဟုတ်ပေ။ လူမျိုးတို့၏ သမိုင်းမှတ်တမ်းကို သုံးသပ်ပြီး သင်ခန်းစာယူကာ အနာဂတ် နိုင်ငံတော်တည်ဆောက်ကြရန်သာဖြစ်၏။ (အတိတ်ကာလက ဂျပန်လူမျိုးများသည် ဖက်ဆစ်စနစ်ဖြင့် မြန်မာနိုင်ငံကို အုပ်စိုးခဲ့ခြင်းကြောင့် ယနေ့ ခေတ်ဂျပန်လူမျိုးများအား မုန်းတီးမှုများမထားသင့်ပေ၊ သို့ရာတွင် စစ်ဝါဒီ ဖက်ဆစ်တို့၏ သဘောကိုမူ သုံးသပ်ဆင်ခြင်အပ်ပေသည်)။ ရှည်ကြာများ မြောင်လှသောသမိုင်းကြောင်းသည် လူမျိုးတမျိုး၏ရှေ့ခရီးအတွက် အင်အား တရပ်လည်းဖြစ်ပေသည် ။


မြန်မာတို့သည်အနော်ရထာမင်းလက်ထက်မှစ၍ ရှမ်းတို့ကို သိမ်း သွင်းနိုင်ခြင်း၊ မဏိပူရနှင့်အာသံနယ်များကို သိမ်းပိုက်နိုင်ခြင်း၊ လင်းဇင်း၊ ဇင်းမယ်နှင့် ယိုးဒယားကို အောင်နိုင်ခြင်း၊ မွန်မြန်မာ အနှစ် (၄ဝ)စစ်ပွဲကို အပြီးသတ် အောင်မြင်ခြင်း တရုတ်တို့၏ ကျူးကျော်မှုများကိုတွန်းလှန်နိုင်ခြင်း၊ ရခိုင်ပြည်ကိုသိမ်းယူနိုင်ခြင်း (ဘိုးတော်ဘုရားလက်ထက်) ပန်းဝါစစ်ပွဲကို အောင်နိုင်ခြင်းစသည်တို့ကြောင့် မြန်မာတို့၏ ဇာတိသွေး ဇာတိမာန်များ ထက်သန်ခဲ့ကြသည်။ မွန်လူမျိုး၊ ရခိုင်လူမျိုးတို့မှာမူ ပဒေသရာဇ်နိုင်ငံတော်များ ပျောက်ပြီး ဇာတိသွေးဇာတိမာန်များ ညှိုးနွမ်းခဲ့ကြရပေသည် ။


သို့ရာတွင် မြန်မာတို့သည် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲတွင် ရှုံးနိမ့်ခြင်း၊ ဗြိတိသျှတို့၏ နိုင်လိုမင်းထက်ပြုမူမှုကို ခံရခြင်း၊ ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲနှင့် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲများတွင် ရှုံးနိမ့်ပြီး ထီးနန်းပါ ပျောက်ရသောအခါ အမျိုးသားဇာတိမာန်များ ညှိုးကျခဲ့ရပြန်သည်။ သူ့ကျွန်မခံလိုသောမြန်မာတို့၏ တော်လှန်ရေးသည်လည်း စည်းလုံးညီညွတ်မှု မရှိခြင်း၊ လက်နက်အင်အား၊ လူအင်အား မမျှခြင်းကြောင့် အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး (၁ဝ)နှစ်ခန့်အကြာတွင် ကျရှုံးကာ အားမတန်မာန်လျှော့၍ မီးခဲပြာဖုံး ကြိမ်မီးအုံးဘဝသို့ ရောက်ရပြီး အင်္ဂလိပ်တို့၏အုပ်ချုပ်မှုအောက်တွင် ငြိမ်ဝပ်ပိပြား ခဲ့ရပေသည်။ အချို့မှာမှု အင်္ဂလိပ်တို့ကိုပင် အထင်ကြီးကာ အင်္ဂလိပ်တို့ပေးသော ရာထူးဌာနများ၌နှစ်ခြိုက်ပျော်ပိုက်လျက်ရှိကြပေသည်။ ပြည်သူအများမှာကား ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းကို တမ်းတ၍ မင်းလောင်းနှင့် တန်ခိုးရှင်များကိုသာ မျှော်လျက် ရှိကြပေသည် ။


မြန်မာတို့၏ ညှိုးနွမ်းခဲ့သော ဇာတိမာန်သည် မီးခဲပြာဖုံးဘဝမှ ရုရှား-ဂျပန်စစ်ပွဲကို အကြောင်းပြု၍လည်းကောင်း၊ ပထမ ကမ္ဘာစစ်ကြီးကို အကြောင်းပြု၍လည်းကောင်း ပြန်လည်နိုးကြားလာခဲ့ပေသည်။ ဤသို့ဖြင့် ဝိုင်အမ်ဘီအေ အသင်းကြီး ပေါ်ပေါက်လာခဲ့ပြီး ထိုအသင်းကြီးမှ ချမှတ်လိုက်သော အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတည်း ဟူသော ဝံသာနုရက္ခိတ တရားများပေါ်ထွန်းလာခဲ့ပေသည်။ ထိုတရားများသည် ဦးဥတ္တမ၏ “ကြောက်သွေးပါရင် ဇာဂနာနှင့် နှုတ်ပစ်”၊ “ခရက်တောက်ထွက်သွား”စသည့် ရဲရဲတောက် ဟောပြော စည်းရုံးမှုများကြောင့် အမျိုးသားရေးစိတ်ဓာတ်များနိုး ကြားလာခဲ့ပေသည်။ (၁၉၂ဝ)ခုနှစ် ကျောင်းသားသပိတ်ကြီးမှာမူ အမျိုးသားရေး စိတ်ဓာတ်ကို တရှိန်ထိုး တွန်းတင်ပေးသကဲ့သို့ရှိပေသည်။ ဒို့ဗမာအစည်း အရုံးခေတ်သို့ရောက်သောအခါ “ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့ စာ၊ ဗမာစကားသည် ဒို့စကား၊ ဗမာပြည်ကို ချစ်ပါ၊ ဒို့စာကို ချီးမြှင့်ပါ၊ ဒို့ စကားကို လေးစားပါ”ဟူသော အမျိုးသားရေးဝါဒသည် ငွါးငွါးစွင့်စွင့် ပေါ်ထွက်လာခဲ့ပေသည်။
“ဗမာ့ထွက်ရပ်ဂိုဏ်း”ခေတ်သို့ရောက်သောအခါ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး စသည့် အမျိုးသားရေးဝါဒဖြင့် အမျိုးသား လွတ်မြောက်ရေးလက်နက်ကိုင် တိုက်ပွဲကို ဆင်နွှဲခဲ့ကြပေသည် ။


(၁၉၄၆-၄၇) ခုနှစ်များဖြစ်သော လွတ်လပ်ရေး အကြိုကာလသို့ ရောက်သောအခါ မြန်မာတို့၏ အမျိုးသားရေးဝါဒသည် အလှည့်အပြောင်း တခုသို့ ရောက်လာပြီး အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စု သဘောတရားများကို ပေါင်းစပ်ကာ “ပြည်ထောင်စု စိတ်ဓာတ်” တည်းဟူသော အမျိုးသားများ ပေါင်းစည်းရေးဝါဒ (သဘောတရား)သည် ပေါ်ထွန်းလာခဲ့ပေသည်။ ထိုသို့ ဖြစ်ပေါ်ရန် စေ့ဆော်သည့် နိုင်ငံရေး အခြေအနေများလည်း ရှိခဲ့ပေသည် ။


ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို မြန်မာဒေသ၊ ရခိုင်ဒေသ၊ မွန် ဒေသများကိုပေါင်းလျက် “မြန်မာပြည်မ” ဟူ၍ အုပ်ချုပ်ပြီး ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်းဒေသများကိုမူ တောင်တန်းအထူးဒေသများအဖြစ် သီးခြားခွဲ၍ အုပ်ချုပ်ခဲ့ပေသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ မြန်မာ အမျိုးသားများ၏ နိုင်ငံရေးအရ နိုးကြားမှု ကမ္ဘာ့နိုင်ငံတကာ နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားလွတ်မြောက်ရေး လူပ်ရှားမှုအရှိန်အဟုန် ပြင်းထန်လာခြင်းကြောင့် မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေးပေးရမည့် အခြေအနေ ရောက်ရှိသောအခါ ဗြိတိသျှအစိုးရသည် ရှမ်းပြည်နှင့် တောင်တန်းနယ်များကို ချန်ထားလိုသောသဘောထားများရှိခဲ့ကြပေသည်။ ထိုသဘောထားများ ကို (၁၉၄၅)ခု မေလ(၁၇)ရက်နေ့တွင် ထုတ်ပြန်သော စက္ကူဖြူစာတမ်းတွင် အထင်အရှား တွေ့ရပေသည် ။


ယင်း စက္ကူဖြူစာတမ်းတွင်- “ရှမ်းပြည်အပါအဝင် တောင်တန်းဒေသများကိုမူ မြန်မာပြည်မနှင့် အဆိုပါဒေသများ တလုံးတစည်းတည်း ပူးပေါင်းရန် တောင်တန်းဒေသများက ဆန္ဒမရှိသရွေ့ ထိုဒေသများကို ဘုရင်ခံက သီးခြားအုပ်ချုပ်သွားမည်”ဟု ဖေါ်ပြထားသည် ။


ဤအချက်အရ မြန်မာပြည်မကို လွတ်လပ်ရေးပေးသည့်တိုင်အောင် တောင်တန်းဒေသများကို ချန်ထားမည့် ဗြိတိသျှအစိုးရ၏ သဘောထားမှာ ထင်ရှားပေသည်။ ထို့ကြောင့် ပြည်မနှင့်တောင်တန်းဒေသများသည် လွတ် လပ်ရေးယူရာတွင်ပူးပေါင်းရေး/မပူးပေါင်းရေးသည် ပြဿနာတရပ်အနေဖြင့် ပေါ်ပေါက်လာခဲ့ပေသည်။ တနည်းအားဖြင့် တောင်တန်းဒေသများ အနာဂတ်ရေးသည်လည်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြဿနာတရပ် ဖြစ်လာတော့သည်။ တောင်တန်းဒေသများနှင့် ပေါင်းစည်းရေးတွင်လည်း လူဦးရေအားဖြင့် အတော်အသင့်များပြီး နယ်မြေအားဖြင့် ကျယ်ဝန်းသော ရှမ်းပြည် နှင့် ပူးပေါင်းရေးသည် အဓိကအခန်းကဏ်ဏ္ဍမှ ပါဝင်လာရပေသည် ။


တောင်တန်းဒေသများနှင့် ပေါင်းစည်းရေးတွင် ဖဆပလ၏ သဘော ထားကို(၁၉၄၅)ခုသြဂုတ်လ(၁၉)ရက်နေ့တွင် ကျင်းပသော နေသူရိန်အစည်းအဝေးကြီး၌ ကြေညာခဲ့သည့် ကြေညာချက်တွင် အောက်ပါအတိုင်း တွေ့ရပေသည်။ “ဗမာပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း မိမိတို့ကံကြမ္မာကို မိမိတို့ကသာ ဖန်တီးနိုင်ပြီး အားလုံး၏ သဘောနှင့်ညီညွတ်စွာထူထောင်သော နိုင်ငံတည်ထောင်ရန်။ ဤသို့တည်ထောင်ရာ၌ ပါဝင်သော လူမျိုး အသီးသီးအား မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်သော အခွင့်အရေးပေး ထားရန်”

ထို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်ရေးနှင့်ပတ်သက်၍ -

၁) ဗမာများကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရသကဲ့သို့ တခြားတိုင်းရင်းသားများလည်း ရရမည်ဆိုသည့် သဘောမှ ဗမာများနှင့် အခြားတိုင်း ရင်းသားများ တန်းတူအခွင့်အရေး ရရမည် ။

၂) လွတ်လပ်လာမည့်မြန်မာနိုင်ငံကိုလည်း တိုင်းရင်းသားအားလုံး၏ သဘော ဆန္ဒနှင့်အညီသာ ဖွဲ့စည်း တည်ထောင်သွားမည် ဆိုသည့် သဘောထားများကို တွေ့ရသည် ။

(၁၉၄၅)ခု နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံကြီးတွင် တင်သွင်းသည့် အဆိုအမှတ်(၆) တိုင်းရင်းသား လူနည်းစုအရေးအဆိုနှင့် အဆို အမှတ်(၇) နယ်ခြားဒေသများအား မြန်မာပြည်မနှင့် ပေါင်းစည်းရေးအဆိုများတွင်လည်း အထက်ပါသဘောထားများကို အထင်အရှားတွေ့ရပေသည် ။


အဆိုအမှတ်(၆)တွင်- “လွတ်လပ်သော ဗမာပြည်သစ်ကို တည်ထောင်ရာမှာ တိုင်းရင်း သားလူနည်းစု၊ လူမျိုးစုအားလုံး သဘောတူတဲ့ နည်းနဲ့ လွတ်လပ်စွာတည် ထောင်ရန် ကျနော်တို့က သဘောတူကြောင်း ကတိပေးပါသည်။ မည်သည့် တိုင်းရင်းသားလူနည်းစုမဆို မိမိတို့ကြမ္မာကို မိမိတို့ ဘာသာ ဖန်တီးခွင့်ပေး ပါမည်။ ကျနော်တို့နှင့် ခွဲလိုတဲ့ အခါမှာ ခွဲခွင့်ရှိကြောင်း ကတိပြုပါသည်။ လူမှန်လျှင် အခွင့်ရေးတူရှိရမည်ကို သဘောပေါက်ပြီးသားဖြစ်သော (၄၆) ခုနှစ် မြန်မာတို့အပေါ်၌ လူနည်းစုကို ချုပ်ချယ် လိမ့်မည်ဟု သံသယရှိဖွယ် မဟုတ်တော့ပါ”


အဆိုအမှတ်(၇)တွင်- “မြန်မာတို့နှင့် ခွဲရေးတွဲရေးကို ဗြိတိသျှတို့က မဆုံးဖြတ်ပဲ မြန်မာ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ် အချင်းချင်းသာ လွတ်လပ်စွာ ဆွေးနွေးဆုံးဖြတ်ရန်” ရှမ်းတို့၏ သဘောထားများကိုလည်း အောက်ပါအတိုင်း တွေ့ရပေမည် ။


“ရှမ်းစော်ဘွားအချို့က ရှမ်းပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးရယူပြီး ဗြိတိသျှဓနသဟာယနယ်အတွင်း ပါဝင်လိုကြသည်။ စော်ဘွားအချို့ကမူ ရှမ်းပြည်ကို မြန်မာ၊ အိန္ဒိယ၊ သီဟိုဠ်နှင့် မလေးနိုင်ငံများကဲ့သို့ပေးရန် တောင်းဆိုလိုကြသည်။ (ရပလ) ရှမ်းပြည် လွတ်လပ်ရေးအဖွဲ့ကြီး အဖွဲ့ဝင်များကမူ ဗမာပြည်နှင့် ပေါင်း၍ လွတ်လပ်ရေးကို ရယူလိုကြသည်။ သို့ရာတွင်-

၁) ပြည်ထောင်စုမူအရ ပေါင်းရမည်။
၂) အခွင့်အရေးနှင့် အဆင့်အတန်းတူ ဖြစ်ရမည်။
၃) ရှမ်းပြည်အားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရမည်။
၎) ခွဲထွက်လိုက အချိန်မရွေး ခွဲထွက်ခွင့်ပေးရမည်။”


မည်သို့ပင်ရှိစေ ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များသည် ပင်လုံတွင်တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး “မြန်မာပြည်နှင့်ပေါင်း၍ လွတ်လပ်ရေးကိုယူမှသာ ရှမ်းပြည်နှင့် ကချင်၊ ချင်း အစရှိသော တိုင်းရင်းသား တို့သည် လွတ်လပ်ရေးကို အလျင်အမြန်ရမည်” ဟူသော အဆုံးအဖြတ်ပေါ် မူတည်၍ ပူးပေါင်းကြရန် သဘောတူခဲ့ကြသည်။ ဤသို့ဖြင့် ပင်လုံသဘောတူစာချုပ် ပေါ်ပေါက်လာခဲ့ရပေသည် ။ ပင်လုံစာချုပ်သည် ရိုးရိုးရှင်းရှင်း စာချုပ်တခုမျှသာဖြစ်သည် ။


ပြည်ထောင်စုဖွဲ့စည်းရေးဆိုင်ရာမူများကို ဖေါ်ပြထားခြင်းမရှိပေ။ သို့ရာတွင်ပင်လုံ စာချုပ်ချုပ်ဆိုရန်အတွက် ဆွေးနွေးချက်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ တင်ပြချက်များ၊ အပြန်အလှန် နားလည်သဘောပေါက်ပြီးသဘောတူ ညီချက်များနှင့် ကတိကဝတ်များအနေဖြင့်သာ တည်ရှိပေသည်။ ဤအချက်များမှာ ပင်လုံစိတ်ဓာတ်ခေါ် ပြည်ထောင်စုစိတ်ဓာတ် ပင်ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ခဲ့ကြသော ပြည်ထောင်စု စိတ်ဓာတ်ဆိုသည်မှာ တန်းတူခြင်း၊ လွတ်လပ်ခြင်း၊ ဒီမိုကရေစီကျခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုခြင်း၊ လူနည်းစု လူမျိုးစုများ၏ အခွင့်အရေးကို အလေးအနက်ထားခြင်းများလည်း ဖြစ်ပေသည်။ တနည်းအားဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားများအားလုံး လွတ်မြောက်ရေးတည်းဟူသော ဘုံအကျိုးစီးပွါးအတွက် အကျိုးတူ၊ သဘောတူ ပူးပေါင်းခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်၏ အဓိကမျှော်မှန်းချက် ဖြစ်ပေတော့သည် ။


အပိုင်း (ခ)

တိုင်းရင်းသားလူမျိုးများအပေါ် သဘောထား သို့မဟုတ် ပြည် ထောင်စုစိတ်ဓာတ်ကို ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် တင်သွင်းခဲ့သော အဆိုများ၌ ပီပြင်စွာတွေ့မြင်ရသည့်အပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ၏ ဖြစ်တည်မှုအခြေခံနှင့်လည်း အလွန်ကိုက်ညီမှုရှိသည်ကို တွေ့ ရပေသည်။ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် အဆို (၁၄)ချက်ကိုတင် သွင်းခဲ့ရာ အပိုဒ် (၃)တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်။

၃(၁) အောက်ပါ အင်္ဂါလက္ခဏာအားလုံးနှင့်သော်လည်းကောင်း၊ အချို့ သော်လည်းကောင်း၊ ပြည့်စုံ၍ (ခ)(ဂ)(ဃ)(ခ)တို့၌ ဖော်ပြထားသော နယ်မြေများသည် ဤတိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်သတ်မှတ်၍ နောင်အခါ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွင် ထိုသို့ ဆုံးဖြတ် သတ်မှတ်သောတရားဥပဒေနှင့်အညီပြည်ထောင်စုပြည်နယ် အဆင့်အတန်းကိုဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ရ ပြည်နယ်အဆင့်အတန်းကိုဖြစ်စေ လူမျိုးစုပြည်နယ် အဆင့်အတန်းကိုဖြစ်စေရရှိမည်။


အင်္ဂါလက္ခဏာများကား-

၁) ပထဝီအနေအထားအရ နယ်နိမိတ်အထင်အရှားရှိခြင်း။
၂) မြန်မာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း။
၃) ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း။
၎) ရာဇဝင်အစဉ်အလာတမျိုးတည်းရှိသော လူစုရှိခြင်း။
၅) စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးနှင့်စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း။
၆) လူဦးရေ အတော်အတန်ရှိခြင်း။
၇) သီးခြားပြည်ထောင်စု အဖွဲ့ဝင်တခု အဖြစ်ဖြင့် မိမိ၏ ကိုယ်ပိုင် ထင်ရှားချက်အတိုင်းနေလိုသော ဆန္ဒရှိခြင်းတို့ဖြစ်လေသည်။
ထိုနယ်မြေများသည် မိမိတို့အားအပ်နှင်း၍သော်လည်း ကောင်းခွဲဝေ လွှဲအပ်၍သော်လည်း ရရှိသောအာဏာနှင့် အလုပ်ဝတ္တရားများကို သုံးစွဲ ဆောင်ရွက်ရမည်။
၃(၂) ထိုအာဏာနှင့် အလုပ်ဝတ္တရားများသည်ပဏာမပြင်ဆင်မှုညီလာခံ သဘင်ကခန့်သော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် နှစ်ဦးနှစ်ဘက် သဘောတူညီချက်ကိုရပြီးမှ ဆုံးဖြတ်သတ်မှတ်ရမည့် အာဏာနှင့်အလုပ်ဝတ္တရားများဖြစ်ကြသည်။ အထက်ပါ ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် ရရှိလာသော သဘောတူညီချက်သည် ဖဆပလ အမှုဆောင်အဖွဲ့၏အတည် ပြုချက်ကို ခံယူရမည် ။


အထက်ပါဖေါ်ပြခြင်များကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို ဖွဲ့စည်းရာတွင် အဖွဲ့ဝင်ပြည်နယ်များ၏ အဆင့်အတန်းကို အခြေခံအင်္ဂါရပ်(၇)ရပ်သတ်မှတ်ပြီး ထိုအင်္ဂါရပ်များပေါ်မူတည်၍ ပြည်ထောင်စုပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်၊ လူမျိုးစု ပြည်နယ်ဟူ၍ ပြည်နယ်များ၏ အဆင့်ကို ခွဲခြားသတ်မှတ်ဖေါ်ပြထားသည်ကို တွေ့ရသည်။ ဤသည်မှာ မြန်မာနိုင်ငံရှိ လူမျိုးများ ဖြစ်ပေါ်တိုးတက်မှုအားဖြင့် အဆင့်ဆင့်ကွဲပြားလျက်ရှိရာ ထိုအခြေအနေများနှင့် လွန်စွာကိုက်ညီမှု ရှိသည်ဟု ဆိုရပေမည်။ အပိုဒ်ငယ်(၂)တွင်လည်း ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာများကို ဆွေးနွေးညှိနှိုင်းပြီး နှစ်ဦးနှစ်ဘက် သဘောတူမှ ဆုံးဖြတ်မည်ဟူ၍ ပါရှိသည်မှာ ဒီမိုကရေစီကျပြီး လူမျိုးများ၏ အခြေခံအခွင့်အရေးများကို လေးစားရာရောက်ပေသည်။
အပိုဒ်(၄)တွင် အောက်ပါအတိုင်းဖေါ်ပြထားပေသည် ။


၎။ (ဤနေရာမှစ၍အောက်တွင်ပြည်ထောင်စုဥပဒေပြုအဖွဲ့ဟုခေါ်ဆိုအပ်သော)ဗဟိုဥပဒေပြုအဖွဲ့၏ စီရင်ပိုင်ခွင့်အာဏာသည် ပြည်ထောင်စု နိုင်ငံ တဝှမ်းလုံး၌တည်ရမည်။ ပြည်ထောင်စုပြည်နယ် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ရပြည်နယ် သို့မဟုတ် လူမျိုးစုပြည်နယ် တို့၏ ဥပဒေအဖွဲ့များကို လုံးဝခွဲဝေ လွှဲအပ်ပေးသည့် ဌာနအမျိုးအစားထဲတွင်မပါဝင်သော ကိစ္စခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ မည်သို့ပင်ဆိုထားစေကာမူ ပြည်ထောင်စုဥပဒေအဖွဲ့၏ ဥပဒေပြုအမိန့်အာဏာသည် အောက်၌သီးခြားဖေါ်ပြထားသော ဌာနအမျိုးအစားများတွင် ပါဝင်သည့် ကိစ္စအားလုံးတို့ အပေါ်၌ တည်ရမည် ။

၁) ပြည်ထောင်စုအစိုးရဌာနများကိစ္စ။
၂) ပြည်နယ်အချင်းချင်းကိစ္စများ။
၃) ကျန်ကိစ္စများ။
၎) ပြည်ထောင်စုတစ်နိုင်ငံလုံးနှင့်ချီ၍ စီးပွားရေးတိုးတက်အောင်ပြုရန်ရှိသော ကိစ္စများ။
၅) ပြည်ထောင်စုနယ် ကိုယ်ပိုင်အုပ်ချုပ်ရ ပြည်နယ် လူမျိုးစု ပြည်နယ် တို့မှတပါး ကျန်နယ်မြေများနှင့် စပ်လျဉ်းသောကိစ္စများ။
(မှတ်ချက်။ အထက်ပါပုဒ်မ(၄)ပုဒ်မခွဲ(၅)တွင်ဆိုထားသောကျန်နယ်မြေများအတွက် ဥပဒေပြုအဖွဲ့များသတ်သတ်ထားရှိမည်မဟုတ်ချေ။)
အထက်ဖေါ်ပြပါအချက်များကို သုံးသပ်မည်ဆိုပါက ပြည်ထောင်စု ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်၊ လူမျိုးစု ပြည်နယ်များသည် လုံးဝ ဥပဒေပြုအာဏာများရှိကြပြီး၊ ကျန်ဒေသများတွင်ကား ဥပဒေပြုအာဏာပေးထားမည် မဟုတ်သည်ကို တိတိကျကျ ဖေါ်ပြထားပေသည်။


၇(၁) တိုင်းရင်းသားလူနည်းစုများ ၏ အခွင့်အရေးများဖြစ်သော
၁) လူတို့၏ အခွင့်အရေး။
၂) လူမျိုးတို့၏ စရိုက်၊ ထုံးစံဓလေ့၊ စသည်တို့နှင့် ဆိုင်သော သို့မဟုတ် ယဉ်ကျေးမှုနှင့်ဆိုင်သော အခွင့်အရေးများ။
၃) ကိုယ်ပိုင်ယဉ်ကျေးမှုပြဌာန်းနိုင်ခွင့်ကိုမထိခိုက်စေပဲ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံနိုင်သော အခွင့်အရေး
၎) ဥပဒေပြုအဖွဲ့တွင် ထိုက်သင့်သောကိုယ်စားလှယ်ဦးရေပါဝင် နိုင်ရေး။


ထိုအခွင့်အရေးများကို လူမျိုးရေးအားဖြင့်လည်းကောင်း၊ ဘာသာ စကားအားဖြင့်လည်းကောင်း၊ ယဉ်ကျေးမှုအားဖြင့် လည်းကောင်း၊ ရာဇဝင် အစဉ်အလာများအားဖြင့်လည်းကောင်း၊ လူများစုနှင့်ကွဲပြားခြားနားသော သူများလည်းဖြစ်၍ သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့ဝင်တခုတွင် လူဦးရေ ဆယ်ပုံတပုံထက်မနည်းရှိသည့် သူများလည်းဖြစ်သော ပြည်သူတစုသည် ခံစားနိုင်သည်ဟု အာမခံချက် ရှိရမည်။


ဤအပိုဒ်တွင်မူ လူနည်းစုလူမျိုးစုအရေးကို အလေးပေးဖေါ်ပြထားသည်ကို တွေ့ရပေမည် ။
၈။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ပြည်ထောင်စုပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ် လူမျိုးစု ပြည်နယ်တို့အား ပိုင်းခြား ခွဲဝေလွှဲအပ်ထားသောအာဏာများမှတပါးလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမတမြန်မာနိုင်ငံတော်၏ ဥပဒေပြု အာဏာကိုလည်းကောင်း၊ အုပ်ချုပ်မှုအာဏာကိုလည်းကောင်း၊ တရားစီရင်မှုအာဏာကိုလည်းကောင်း စိုးပိုင်ရမည်။ ထိုအာဏာတို့ကို နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကတည်ထောင်ထားသောပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရဌာနများက သော်လည်းကောင်း၊ ထိုဌာနများ၏ အမိန့်အရသော်လည်းကောင်း သုံးစွဲနိုင်ရမည်။ ပြည်ထောင်စုအာဏာနှင့် ပြည်နယ်၏အာဏာကို ခွဲဝေသတ်မှတ်ထား မည်ကို အတိအကျဖေါ်ပြထားခြင်းဖြစ်ပေသည်။


၉။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိပြည်သူအားလုံးတို့၏ အထွဋ်အမြတ်ဖြစ်ထိုက်သော နိုင်ငံတော်၏ အကြီးအမှူးဖြစ်သည့် နိုင်ငံတော် သမတနှင့်တကွ ပြည်သူ့လွှတ်တော်၊ လူမျိုးစုလွှတ်တော် နှစ်ရပ်ပါသော ပြည်ထောင်စု မဟာလွှတ်တော်သည် ပြည်ထောင်စု ဥပဒေပြု အာဏာကိုစိုးပိုင်ရမည်။ နိုင်ငံတော်သမတအား ပြည်ထောင်စု မဟာလွှတ်တော်က ရွေးကောက်တင်မြှောက်ရမည်။ ပြည်သူ့လွှတ်တော် အမတ်များကို လျို့ဝှက်သော မဲဆန္ဒပေးစနစ်ဖြင့် အရွယ်ရောက်သူတိုင်းက ရွေးကောက်တင်မြှောက်ရမည်။

လူမျိုးစုလွှတ်တော်တွင် ပြည်ထောင်စုပြည်နယ်မှလည်းကောင်း တိုင်းရင်းသားလူနည်းစုမှ လည်းကောင်း ပြည်ထောင်စုအဖွဲ့ဝင်တခုအဖြစ်ဖြင့် စုရုံးဖွဲ့စည်းအပ်သော ကျန်နယ်မြေများ မှလည်းကောင်း၊ ကိုယ်စားလှယ်အမတ်များ ပါဝင်ရမည်။


ဤအပိုဒ်သည်လည်း ပြည်ထောင်စု နိုင်ငံတနိုင်ငံအတွက် အဓိကကျသည့်အပြင် လူမျိုးများတန်းတူရေးအတွက် အရေးပါသည့် လွှတ်တော်နှစ် ရပ်ထားရှိရေးကို ထင်ထင်ရှားရှားဖေါ်ပြထားခြင်းဖြစ်သည်။ အားလုံးကို ခြုံ၍ ပြောပြရမည်ဆိုပါက ဗိုလ်ချုပ်တို့ ချမှတ်ခဲ့သော ပြည်ထောင်စုမူသည် ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ပကတိအခြေအနေနှင့် ကိုက်ညီသော မူတရပ်ဖြစ်သည်ဟုဆိုရပေမည်။


၎င်းအပြင် မြန်မာနိုင်ငံအတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များနှင့်၎င်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားချက်များတွင် ဗိုလ်ချုပ်၏ ပြည်ထောင်စု သဘောတရားနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမို၍ ရှင်းလင်းစွာ တွေ့နိုင်ပေသည်။


လမ်းညွှန်မူ(၇)ချက်မှာ-

၁။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် သမတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမည်။

၂။ ပြည်ထောင်စုနိုင်ငံတော်တွင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကသတ် မှတ်ဖေါ်ပြသည့် တသီးပုဂ္ဂလပြည်နယ်များပါဝင်စေလျက်၊ သို့သတ်မှတ် ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ် ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာရရှိစေရမည်။

၃။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ သက်ဆင်းစေရမည်။

၅။ ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လူနည်းစုအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဌာန်းထားရှိစေရမည်။

လမ်းညွန်ချက်များအရဆိုပါက မြန်မာနိုင်ငံတော်ကို ပြည်ထောင်စုနိုင်ငံအဖြစ် ဖွဲ့စည်းရမည်ဖြစ်ပေသည်။ ထိုပြည်ထောင်စုတွင် တသီးပုဂ္ဂလ ပြည်နယ်များ(သို့မဟုတ်)သီးခြားပြည်နယ်များပါရှိရမည်။ ၄င်းအပြင် ပြည်နယ်မရရှိသော လူမျိုးများအတွက်လည်း တိုင်းရင်းသားလူနည်းစု လူမျိုးစု အခွင့်အရေးများ သတ်မှတ်ထားရှိပြီး လုံလုံလောက်လောက် ကာကွယ်ပေးရမည်ဟူသည့် အချက်များအထင်အရှားပါရှိပေသည်။ ရှင်းလင်းချက်များ၌ဖေါ် ပြရာတွင်လည်း ပြည်ထောင်စုစိတ်ဓာတ် အခြေခံများကို ထင်ဟပ်စေပါသည်။


မြန်မာ ပြည်ထောင်စုနိုင်ငံတော်ဆိုတာကို ကျနော် အထူးရှင်းပြ နေစရာမလိုပါဘူး။ သည်နိုင်ငံတော်ကို ပြည်ထောင်စုတွေ စုထားမည်ဆိုတဲ့ သဘောလောက်ပါပဲ။ ပြည်ထောင်စုနိုင်ငံတော်ဆိုကတည်းက ကျနော်တို့ အခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ (Unitary Constitution) လူတမျိုး တည်းဆိုတဲ့ နိုင်ငံမျိုးမဟုတ်ဘဲနှင့် လူမျိုးပေါင်းစုံပြည်ထောင်စုနိုင်ငံဆိုတဲ့ အဓိပ္ပါယ် ရောက်သွားပါတယ်။ အဲသည်တော့ ကျနော်ကနေပြီးပြည်ထောင်စု နိုင်ငံတော်အဖြစ် ဖွဲ့စည်းအပ်တယ်လို့ အဆိုသွင်းတဲ့ကိစ္စမှာ ယခု ကြွရောက်လာကြတဲ့ အမတ်မင်းများက ဗမာနိုင်ငံတော်ကို သည်လိုပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ်နှင့် ဖွဲ့စည်းအပ်တယ်လို့ဆိုတဲ့ အခြေခံမူဟာ သင့်မသင့်ကို သည်လွှတ်တော်ကြီးက စဉ်းစားဘို့ပါပဲ ။


ကျနော်တို့အခုဖြစ်နေတဲ့ ဗမာပြည်ရဲ့ အခြေအနေတွေကို ထောက် လို့ကြည့်လျှင် ကျနော်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံအဖြစ်နှင့် ဖွဲ့စည်း တည်ထောင်မှသာလျှင် သင့်လျော်လျောက်ပတ်လိမ့်မယ်လို့ ယူဆတဲ့အတိုင်း သည်အခြေခံသဘောကို သည်အဆိုထဲမှာ ထည့်သွင်းပြီး သည်လွှတ်တော်ကြီးမှာတင်သွင်းခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံတော်ဆိုသည်မှာ တင်ပြထားခြင်းအားဖြင့် ယခု သည်တိုင်းပြည်ပြု လွှတ်တော်မှာကြွရောက်လာကြတဲ့ တောင်တန်းဒေသများ ကိုယ်စားလှယ် အမတ်မင်းများဟာ ပြည်ထောင်စု နိုင်ငံတော်တွင် သူတို့သက်ဆိုင်ရာနယ်များက ပါဝင်ပြီးသားဖြစ်သွားမည်လားဆိုပြီး သံသယရှိနေတယ်လို့ ကျနော်သိရပါတယ် ။


အဲသည်တော့ ဒီကစ္စနှင့်ပတ်သက်လို့ ကျနော် တိတိလင်းလင်း ရှင်းလင်းချင်တာကတော့ ဗမာပြည်ထောင်စုနိုင်ငံတော် လို့ခေါ်တွင်ဖို့ဆိုပြီး တော့ သည်အဆိုထဲမှာတင်ပြထားပေမည့်သည်ပြည်ထောင်စုနိုင်ငံတွေထဲမှာ ဘယ်နယ်တွေပါလို့၊ ဘယ်နယ်တွေပါရမည်လို့၊ သတ်မှတ်ထားခြင်း မရှိသေး ပါဘူး။ သည်တော့ တောင်တန်းဒေသကနေပြီးတော့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေဟာ ဘာမျှသည်ကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်စရာအလျှဉ်း မရှိပါဘူး။ သည်ပြည်ထောင်စုနိုင်ငံတော်ထဲမှာ ကိုယ်ပါချင်မှ ကိုယ့်နယ် ဆိုင်ရာမှနေပြီးတော့ ပါချင်မှပါနိုင်တာပဲ။ သည်တိုင်းပြည်ပြုလွှတ်တော် မဖွဲ့ စည်းမီအခါမှာ တိုင်းပြည်ပြုလွှတ်တော် ဖွဲ့စည်းရန်အလို့ငှါ ကျနော်တို့သဘော တူညီချက်တွေ စာချုပ်အမျိုးမျိုးချုပ်တဲ့အခါတုန်းက တောင်တန်းဒေသ ကိုယ်စားလှယ်များနှင့် ကျနော်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရဆိုလို့ရှိရင်ဖြစ်စေ၊ နောက်ပြီးတော့ တောင်တန်းဒေသဆိုင်ရာ စုံးစမ်းရေးအဖွဲ့ အစီရင်ခံစာမှ ထောက်ခံချက်များကို ကျနော်တို့ လက်ခံလာခဲ့သည့် အတိုင်းဖြစ်စေ၊ အဲသည်လို လက်ခံထားခဲ့သည့် စာသဘောတွင်မကဘဲ (Not only the letter of agreement) သည်စာသဘောကို ကျနော်သဘောတူညီလာခဲ့တာတွင် မကဘဲ၊ ကျနော်တို့အဘို့မှာဆိုလိုရှိရင် (The spirit of agreement) သဘောတူညီလာခဲ့တဲ့ တကယ့်အရင်ခံ သဘောတရားကို လက်ခံပြီးတော့၊ သည် အတိုင်းဘဲ သည်တိုင်းပြည်ပြု လွှတ်တော်မှာ လုပ်မှာပါဘဲဆိုတာ၊ တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်များ တိတိလင်းလင်း နားလည်စေချင်ပါတယ်။ ကျနော်တို့ပေးပြီးသားကတိ၊ နားလည်ပြီးသား သဘောတူညီချက်တွေကို၊ နယ်ချဲ့သမားတွေလို ကျနော်တို့ ဖောက်ဖျက်ခြင်းမလုပ်ပါဘူး။ သည်လို ပေးပြီးသား ကတိနှင့် နားလည်ပြီးသား သဘောတူညီချက်ကို ဖေါက်ဖျက်မည်လားလို့ သံသယရှိတဲ့လူတွေဟာ ဥက္ကဋ္ဌမင်း ခွင့်ပြုချက်အရပြောရလျင် ကျနော်တို့ ရဲ့ (Sensne of honour, Sense of self-respect, Sense of pride) တို့ကို စော်ကားတယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲသည်တော့ ကျနော်တို့ ပေးပြီးသားကတိ၊ နားလည်ပြီးသား သဘောတူညီချက်တို့အရ၊ တောင်တန်းနယ်က ကိုယ်စားလှယ်တွေဟာ တိုင်းပြည်ပြု လွှတ်တော်ထဲ ရောက်လာတဲ့အခါ သေသေချာချာနားလည်စေချင်တာက ဘယ်နည်းနှင့်မျှ ကျနော်တို့ဗမာ လူများစုဖြစ်တဲ့ လူတွေဟာ ခင်ဗျားတို့ကို အတင်းအားဖြင့် ကျနော်တို့ ပြည်ထောင်စုထဲမှာ မသွင်းပါဘူး။ သဘောမတူဘဲနေနိုင်တဲ့ အခြေအနေမျိုးကို လက်တလုံးကြား လိမ်တဲ့နည်းနှင့်လည်း ကျနော်တို့ မလုပ်ပါဘူးဆိုတာ အတိအလင်းနားလည်စေချင်ပါတယ် ။


ဤရှင်းလင်းချက်များက ပေါ်လွင်စေသည်မှာ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သည့် အားလျော်စွာ လူမျိုးပေါင်းစုံ ပြည်ထောင်စု နိုင်ငံသာဖြစ်ရမည်။ ပြည်ထောင်စုများကို ပေါင်းထားသည့် ပြည်ထောင်စု ဖြစ်ရမည်ဟူ၍ ထပ်မံ ရှင်းလင်းထားသည်ကို တွေ့ရပေသည်။ ပြည်ထောင်စုတွင် ပါဝင်မည့် ပြည်နယ်များအနေဖြင့်လည်း လွတ်လပ်မူရှိပြီး မိမိ၏ ဆန္ဒသဘော အလျောက်သာ ပါဝင်ရမည်။ အတင်းအကျပ်အားဖြင့် ပါဝင်စေခြင်းပြုလုပ်ရမည် မဟုတ်သည်ကိုလည်း ရှင်းလင်းထားပေသည်။ တဖန် ပင်လုံတွင်ချုပ်ဆိုခဲ့သော စာချုပ်စာတမ်း၏သဘောအရ၊ ၄င်းတောင်တန်းဒေသဆိုင်ရာ အစီရင်ခံစာမှ ထောက်ခံချက်များကိုသာမက၊ နှစ်ဦးနှစ်ဖက် သဘောတူညီ ချက်များကိုပါ ဖေါက်ဖျက်မည်မဟုတ်ကြောင်း၊ ရှင်းလင်းဖေါ်ပြထားပေသည် ။


ဤရှင်းလင်းချက်၏အခြေခံအကြောင်းတရားများကိုနားလည်နိုင်ရန်အတွက် ပင်လုံစာချုပ်နှင့်တကွ ပင်လုံစာချုပ်တွင် မပါသော်လည်း ဗိုလ်ချုပ်နှင့် တိုင်းရင်း သားခေါင်းဆောင်များ ဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ တင်ပြချက်များ၊ အပြန်အလှန် သဘောတူညီချက်များ ကတိကဝတ်များကိုပါ နားလည် သဘောပေါက်ရန်လိုပေသည် ။


ဗိုလ်ချုပ်နှင့် ရှမ်း၊ ကချင်၊ ချင်းစသည့် တိုင်းရင်းသားခေါင်းဆောင်များသည် ပင်လုံစားချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်သည် သာမန် ရိုးရိုးရှင်းရှင်းစားချုပ်တခုမျှသာဖြစ်သည်။ ပြည်ထောင်စုဖွဲ့စည်းရေးဆိုင်ရာ အခြေခံအချက်အလက်များနှင့် လုပ်ပိုင်ခွင့်အာဏာများကိုမူ ပြည့် ပြည့်စုံစုံ ဖေါ်ပြထားခြင်းမရှိပေ။ ၄င်းစာချုပ်တွင် ဖေါ်ပြထားသည်မှာ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်း တို့သည် လွတ်လပ်ရေးကို ပိုမိုလျှင်မြန်စွာရလိမ့်မည်ဟု ယုံကြည်ကြသည် ဟူ၍ လည်းကောင်း၊ နယ်စပ်ဒေသများနှင့်ပတ်သက်၍ ဆောင်ရွက်ရန် တောင်တန်းဒေသများကိုယ်စားလှယ်တဦးခန့်ထားရေး၊ ထိုကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ၊ ကချင်ပြည်နယ်ဖွဲ့စည်းရေးကိစ္စနှင့် ဤစာချုပ်ကို အကြောင်းပြု၍ ရှမ်းပြည်နယ်၏ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးများကို မထိခိုက်စေရန်စသည့် အချက်များလောက်သာ ဖေါ်ပြထားပေသည် ။


သို့ရာတွင် ပြည်ထောင်စုဖွဲ့စည်းရေးနှင့် သက်ဆိုင်သောအချက်များကိုကား တိုင်းရင်းသားခေါင်းဆောင်များ၏ တင်ပြချက်များ၊ ဆွေးနွေးချက်များနှင့် အပြန်အလှန်သဘောတူနားလည်မှုများ၊ ကတိကဝတ်များ အနေဖြင့်သာ ရှိနေကြပေသည်။ ထိုကြောင့် ဗိုလ်ချုပ်၏ ရှင်းလင်းချက်တွင်- ကျနော်တို့ပေးပြီးသားကတိ၊ နားလည်ပြီးသော သဘောတူညီချက်တွေကို နယ်ချဲ့သမားလို ကျနော်တို့ ဖောက်ဖျက်ခြင်း မလုပ်ပါဘူး။ သဘောမတူဘဲ နေနိုင်တဲ့ အခြေအနေမျိုးကို လက်တလုံးကြားလိမ်တဲ့နည်းနှင့်လည်း ကျနော် တို့မလုပ်ပါဘူး- ဟူ၍ပင် ထပ်လောင်း ကတိပြုခဲ့ပေသည် ။


ပြည်ထောင်စု ပြည်နယ်များနှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း ရှင်းလင်းထားသည်ကို တွေ့ရပေသည် ။


အဲသည် နိုင်ငံဟာလည်းသမတနိုင်ငံဖြစ်ရမယ်။ သမတစနစ်အရ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ဖြစ်ရမယ်ဆိုတဲ့မူတွေ ထည့်ထားပါတယ်။ သည် နိုင်ငံတော်ဟာလည်း ပြည်ထောင်စုနိုင်ငံတော်ဖြစ်ရမယ် ။


ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွန်ပြ ဌာန်းချက်(၂)တွင်- ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သတ်မှတ်ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များပါဝင်စေလျက် ဟု ပါရှိပါသည်။ ထိုအချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ရှင်းလင်းခဲ့သည်မှာ- ကျနော်တို့သည် ပြည်ထောင်စုထဲမှာ ဘယ်နယ်ပယ်တွေ ပါမလဲဆိုတာကို သတ်မှတ်ရမည်။ အခု မသတ်မှတ်ရသေးဘူး၊ ပါချင်တဲ့နယ်တွေသာသတ်မှတ် ရမည်။ အခုမသတ်မှတ်ရသေးဘူး။ ပါချင်တဲ့နယ်မှ ပါကြပါဆိုတာ ရှင်းပါတယ်။ သို့သတ်မှတ်ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များသည်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာများရှိစေရမည် ။


ထိုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ နောက် ကျနော်တို့ အချင်းချင်း ဆွေးနွေး၊ တိုင်ပင်၊ ညှိနှိုင်းဆုံးဖြတ်ပြီးတဲ့နောက် သတ်မှတ် ဖေါ်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများလည်း ရှိလိမ့်မည်။ အဲသည်တော့သည်ကိစ္စမှာ ရှင်းလင်းနားလည်စေချင်တာက သည်လို ပြည်ထောင်စုနိုင်ငံတော်ထဲမှာ တသီးပုဂ္ဂလ ပြည်နယ်များဟာ ဘယ်ပြည်နယ်တွေလဲ ဆိုတာသည်အထဲမှာ မပါသေးဘူး။ ဘယ်နယ်တွေက ပါချင်လို့ ဘယ်နယ်တွေက မပါချင်ဘူးဆိုတာ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ် ဖေါ်ပြထားသည့် ပြည်နယ်များဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများ ရှိစေမယ်ဆိုတဲ့အတိုင်း၊ အဲသည် ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာတွေကို သတ်မှတ်ဖို့ လိုတယ်။ အထူးသဖြင့် တောင်တန်းနယ်ပယ် ကိုယ်စားလှယ်များနှင့် တိုင်ပင် ဆွေးနွေးပြီး လုပ်ရမယ့် ကိစ္စဖြစ်ပါတယ် ။


အဲသည်လိုလုပ်ပြီးမှ သဘောတူသည်ဖြစ်စေ၊ နောက်ဆုံး ဆုံးဖြတ် ချက်ကျသည်ဖြစ်စေ၊ အဲသည်လို ဆုံးဖြတ်ကြတဲ့အခါမှာ၊ သတ်မှတ် ဖေါ်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများကို သဘောတူကျေနပ်လို့၊ ဝင် လာတဲ့ပြည်နယ်များသာ ပါလိမ့်မယ်။ ပြည်ထောင်စုနိုင်ငံဆိုပြီး အဲသည်လို သဘောလောက်သာထည့်ထားတယ်။ ဘယ်နယ်ကိုမှ ကျနော်တို့ အတင်း ထည့်ထားတာ မဟုတ်ပါဘူး ။


ဤရှင်းလင်းချက်များအရဆိုပါက ပြည်ထောင်စု ဖွဲ့စည်းရာတွင် တသီးပုဂ္ဂလပြည်နယ်များနှင့် ဖွဲ့စည်းရမည်။ ထိုပြည်နယ်များတွင် ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာများရှိရမည်။ ထိုအာဏာများကိုပင်လျှင် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဆွေးနွေး ဆုံးဖြတ် မည်။ ပြည်နယ်များ၏ လုပ်ပိုင်ခွင့် အာဏာများကို ဆုံးဖြတ်ချက်ကျပြီးပါမှ ထိုအချက်ပေါ်မှာ နှစ်သက်မှုရှိမှသာ ပြည်ထောင်စု အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်သည်။ မိမိသဘောဆန္ဒအရ မပါဝင်ဘဲလည်း နေနိုင်သည်များကို ရှင်းလင်းထားပေသည်။ ဤအချက် များကို ကြည့် ခြင်းအားဖြင့် ပြည်ထောင်စုပြည်နယ်များ ပါဝင်ရေးသည် အတင်းအကျပ် ပါဝင်စေခြင်းမရှိ၊ လွတ်လပ်ပြီးသဘော တူညီမှုရှိမှသာ ဝင်ရောက်နိုင်သည်ကို တွေ့ရပေမည်။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြည်ထောင်စုစိတ်ဓာတ်သည် လွတ်လပ်မှု၊ တန်းတူမှု၊ ဒီမိုကရေစီကျမှု၊ လူမျိုးများ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိမှု၊ လူမျိုးစုလူနည်းစု၏ အခွင့်အရေးများကို အလေးအနက်ထား အသိအမှတ်ပြုမှု စသည့် အခြေခံမူများပေါ်တွင် တည်ပေသည် ။


ဤသို့အားဖြင့် ဗိုလ်ချုပ်သည် မှန်ကန်သော အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပေါင်းစပ်ကာ အမျိုးသား သွေးစည်း ညီညွတ်ရေးကို တည်ဆောက်ခဲ့၏။ တိုင်းရင်းသားလူမျိုးများပြဿနာကို ရှုမြင်သုံးသပ်ရာ တွင် လူမျိုးစွဲ၊ ဆန္ဒစွဲကင်းရှင်း၏။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ပကတိအခြေအနေများကို နိုင်ငံတကာအတွေ့အကြုံများနှင့် ပေါင်းစပ်ကာ စစ်မှန်သော ပြည်ထောင်စုမူတရပ်ကို ချမှတ်နိုင်ခဲ့၏ ။


တိုင်းရင်းသားလူမျိုးများ၏ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအသိအမှတ်ပြု၏။ စိတ်တူ၊ သဘောတူ၊ တန်းတူ ရည်တူမှုဖြင့် ပြည်ထောင်စုကိုတည်ဆောက်ခဲ့၏။ ဗိုလ်ချုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံကို စတင်တည်ထောင်ခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီးလည်း ဖြစ်ပေသည်။ ဗိုလ်ချုပ်၏ ပြည်ထောင်စုစိတ်ဓာတ်ကား ချီးကျူးလေးစားအပ်သည်။ စံပြုအတုယူလောက်ပေသည်။ ယနေ့ကာလသည်ကား ဗိုလ်ချုပ်၏ ကောင်းမြတ်သောစံနမူနာနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို လက်ကိုင်ထား ပြီး၊ အမျိုးသားသွေးစည်းညီညွတ်ရေးကို ပြန်လည်တည်ဆောက်ကြရမည့် အချိန်သမယဖြစ်ပေသည် ။


CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ။

တရုတ်နံပါတ်ပြားတပ် တန်ပိုကုန်တင်ကားများကြောင့် သျှမ်း/မြန်မာဒေသခံများနစ်နာဆုံးရှုံး

Posted: 03 Jan 2017 05:45 PM PST

သျှမ်းပြည်မြောက်ပိုင်း  မြန်မာ-တရုတ်နယ်စပ် မူစယ်မြို့ နှင့် နမ့်ခမ်းမြို့ ကြား ၌ မောင်းနှင်ပြေးဆွဲသည့် တရုတ်နံပါတ် ပြားတပ် တန်ပိုကုန်တင်ကားကြီးများ တရားမဝင် ၀င်ထွက်မှုများကြောင့် မြန်မာနိုင်ငံဘက်မှ ဒေသခံများ ထိခိုက်နစ်နာမှု အမျိုးမျိုးခံနေရသည်ဟု သတင်းရရှိသည် ။


“ အခု အဲ့ တရုတ်နံပါတ်ပြားတပ်ကုန်တင်ကားကြီးတွေ စည်းမဲ့ကမ်းမဲ့ မောင်းနှင်ပြေးဆွဲနေလို့ ( မူစယ် - နမ့်ခမ်း) ပြည်ထောင်စုကားလမ်းလဲ ပျက်စီးနေပါပြီ။ နေရာတိုင်းလိုလိုပါပဲ။ ဘယ်သူမှလဲ လာရောက် ပြုပြင် ပေးတာ မရှိဘူး။ စည်းမဲ့ ကမ်းမဲ့ မောင်းနှင်ပြေးဆွဲနေတဲ့ တရုတ်နံပါတ်ပြားတပ် ကုန်တင်ကားကြီးတွေကိုလဲ သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်တာတွေ မတွေ့ရဘူး ” ဟု မူစယ်ဒေသခံ ပန်ခမ်းရွာသား စိုင်းလျှန်း ကဆို သည် ။


ထို တရုတ်နံပါတ်ပြား တပ် ကုန်တင်ကားအများစုကို တရုတ်နိုင်ငံသားများက ပိုင်ဆိုင်နေကြပြီး တရုတ်နိုင်ငံထဲ၌ လည်း သက်တမ်းကုန်ဆုံးနေသော ယာဉ်အိုယာဉ်ဟောင်း စာရင်းဝင်ထားသော ယာဉ်များသာ ဖြစ်ကြကြောင်း၊ ၄င်းယာဉ်များကို အသုံးပြုပြီး မြန်မာနိုင်ငံဘက်မှ တရားမဝင် ကုန်ပစ္စည်းများကို တင်ဆောင်ပြီး ရွှေလီမြစ်တစ် လျှောက်ရှိ ကူးတို့ဆိပ်မှတဆင့် ၀င်ထွက်သွားလာနေကြသည်ကိုတွေ့နေရကြောင်း ၄င်းကပြောသည် ။


တရုတ်နံပါတ်ပြားတပ် ကုန်တင်ကားကြီးများကြောင့် (မူစယ်-နမ့်ခမ်း ) ပြည်ထောင်စုလမ်းမပေါ်ရှိ လွယ်ကြူလောက်တောင်ခြေ၌ ကားပလိပ်ပေါက်မှု ကြောင့် ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်းက တောင်အတက်မှလျှောကျရာ ကားနောက်ပိုင်းရှိ (အာလာဖတ်) ကားတစ်စီးကို တိုက်မိပြီး လမ်းဘေး၌ ရှိသည့် လူနေအိမ်ခြံဝင်းထဲ သို့ ထိုးဝင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ မူစယ်-နမ့်ခမ်း ကားဆရာ ကဆိုသည် ။


“ အခု လွယ်ကြူလောက်တောင် အတက်နေရာမှာပဲ တခါဖြစ်ပြီးပြီ။ လွန်ခဲ့တဲ့ (၂၁.၄.၂၀၁၆ )ရက်တုန်းကပေါ့။ တရုတ် ကုန်တင်ကားဘရိတ်ပေါက်ပြီး ခရီးသွားလာနေတဲ့ ဒီဒေသတွင်းက သွားလာနေတဲ့ ကားငယ် ရ စီး ဆင့် တိုက်ခဲ့တယ် ” ဟု ၄င်းကပြောသည် ။


တရုတ်နိုင်ငံမှ ကုန်တင်ကားကြီးများသည် မြန်မာနိုင်ငံ မူစယ်မြို့နှင့် နမ့်ခမ်းမြို့များ ထဲတွင် လွတ်လွတ်လပ်လပ် မောင်းနှင်ပြေးဆွဲနိုင်သော်လည်း မြန်မာနိုင်ငံမှ ကုန်တင်ကားကြီးများမှာ တရုတ်နိုင်ငံထဲသို့ လွတ်လပ်စွာ သွားလာခွင့် မရရှိကြကြောင်း ဟု ဒေသခံကားသမားများက ပြောဆိုကြပါသည် ။

ငြိမ်းချမ်းရေးအတွက် လူငယ်များကိုယ်တိုင်သာ ဖန်တီးရမည်ဟု လူငယ်ကိုယ်စား လှယ်ဆို

Posted: 03 Jan 2017 05:39 PM PST

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ ကိုယ်စား လှယ်တို့ ငြိမ်းချမ်းရေးအတွက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုပြုခဲ့ကြရာ လူငယ်များ လိုလားသည့် ငြိမ်းချမ်းရေးအတွက် လူငယ်များ ကိုယ်တိုင်သာ လုပ်ကြရ မည်ဟု သဘောပေါက်လာကြောင်း လူငယ်ကိုယ်စားလှယ် မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည် ။


‘ နားလည်သွားတာကတော့ ကိုယ်တွေလိုလားတဲ့ ငြိမ်းချမ်းရေး ကိုယ်တွေ တည်ဆောက်ချင်တဲ့ စုစည်းမှုကို လူငယ်တွေ ကိုယ်တိုင်သာ လုပ်ကြရတော့မယ် ဆိုတာပါပဲ။ ‘ ဟု မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည် ။


ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်ကိုယ်စားလှယ်များသည့် ဇန်နဝါရီလ ၁ ရက်နေ့က နေပြည်တော်တွင် စကားဝိုင်းပြုလုပ်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင် စစ်ပွဲများရပ်တန့်ရေး တိုက်တွန်းတောင်းဆိုကြဖို့ ဒေါ်အောင်ဆန်းစုကြည်မှ လူငယ်ကိုယ်စားလှယ်များအား မေတ္တာရပ်ခံခဲ့ကြောင်း၊    ပြည်ထောင်စု စိတ်ဓါတ်နှင့်ပတ်သက် ၍လည်း ၂ ဦး ၂ ဖက်ကြား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း ဆိုပါသည် ။


အစိုးရ ဖိတ်ကြားမှုကြောင့် တိုင်းရင်းသား လူငယ်ကိုယ်စားလှယ် ၁၈ ဦးမှာ အဆိုပါ ဆွေးနွေးပွဲသို့ရောက်ရှိ ခဲ့ခြင်းဖြစ်ပြီး  ကျန်အဖွဲ့အစည်းအချို့မှာမူ ဖိတ်ကြားခံရမှု မရှိခြင်း ရှိသကဲ့သို့ ကချင် နှင့် ကရင်နီ လူငယ်အဖွဲ့အစည်းများမှာ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမပြု ခဲ့ကြသည် များ လည်းရှိသည်ဟု ဆိုပါသည် ။


‘ကျနော်တို့က သပိတ်မှောက်ပြီးမတက်တာ၊ ဗဟိုချုပ်ကိုင်မှုများလို့ ။ ကယားပြည် နယ်က လူငယ်တွေမတက်ဘူး။ ကချင်က လူငယ်တွေက ခရီးဝေးတာ အပြင် စစ်ဖြစ်နေလို့ မလာနိုင်တာ ။ ‘ဒါပေမယ့် တပ်မတော်ရဲ့ ထိုးစစ်ကြောင့် မငြိမ်းချမ်း တာ ဆိုတာကိုတော့ သူတို့ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးတာမရှိဘူး။ ‘ ဟု ဆွေးနွေးပွဲဖိတ်ကြားခံရသော်လည်း တက်ရောက်ခြင်း မရှိခဲ့သည့် ကရင်နီပြည် လူငယ်သမဂ္ဂမှ ကိုကျော်ထင်အောင်က ၄င်း၏ လူမှု ကွန်ယက်စာမျက်နှာတွင် ရေးသားထားသည် ။


မသဉ္ဇာရွှန်းလဲ့ရည်ကမူ ‘ လူငယ်တစ်ချို့က ဆရာလုပ်ချင်လို့ မပါတာတော့ မဟုတ်ဘူး။ ကိုယ်ကျိုးကြည့်လို့လည်း မဟုတ်ဘူး။ လက်ချာကြီးပဲ အရိုက်ခံနေရတော့ တစ်ကယ့် Lesson Learnt ကို ဘယ်သူ့ကိုမှ နားမထောင်တာ ပိုကောင်းပါတယ်။ ‘ ဟု မှတ်ချက်ပြုပြောဆိုသည် ။

You are subscribed to email updates from သျှမ်းသံတော်ဆင့်.
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States

သျှမ်းသံတော်ဆင့်

unread,
Jan 5, 2017, 5:54:04 PM1/5/17
to thuau...@gmail.com

သျှမ်းပြည်မြောက်ပိုင်း နှင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်ပေးဖို့ ထိုင်းနိုင်ငံရောက် ကချင်လူမျိုးများ မြန်မာသံရုံး၌ စုဝေးတောင်းဆို

Posted: 05 Jan 2017 01:34 AM PST

သျှမ်းပြည်မြောက်ပိုင်း နှင့် ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်မှ ထိုးစစ်ဆင် တိုက်နေမှု များရပ်တန့်ပေးဖို့ ထိုင်းနိုင်ငံရောက် ကချင်လူမျိုးများက ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် စုဝေးတောင်းဆိုကြသည် ။


၂၀၁၇ ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီ အချိန်တွင် ချင်းမိုင်မြို့ ဆီဖုမ်းရပ်ကွက် ရှိ မြန်ကောင်စစ် ဝန်ရုံးရှေ့၌ ထိုင်းနိုင်ငံရောက် ကချင်လူများ ၅၀ ခန့်က စုဝေး ဆန္ဒဖေါ်ထုတ်ရာမှ ကချင်ပြည်နယ် နှင့် သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရ တပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများရပ်တန့်ပေးဖို့၊ လူအခွင့်အရေးချိုးဖေါက်မှုများရပ်တန့်ပေးဖို့၊ အစိုးရတပ်မတော်မှ ကချင်လူမျိုး ခရစ်ယာန် သာသနာပြုနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကာ ပျောက်ဆုံးနေမှုအား စုံစမ်းဖေါ်ထုတ်ပေးဖို့ တောင်းဆိုကြသည် ။


“ အစိုးရတပ်မတော်က ကချင်လွတ်လပ်ရေးတပ်ရဲ့ လိုင်ဖေါင်စခန်း ကိုသိမ်းပိုက်ပြီးတဲ့နောက် အဲဒီအနီးအနားမှာရှိနေတဲ့ ဇိုင်းအောက်ဒုက္ခသည်စခန်းကို အမြောက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ လူ့အခွင့်အရေးတွေ ချိုးဖေါက်နေတယ်။ ရာသီဥတုအေးခဲလှတဲ့ ဒီအချိန်မှာ ကျနော်တို့ လူထု စစ်ဘေးတွေ ထပ်မံစစ်ဘေးရှောင်နေရတယ်။ မြန်မာအစိုးရစစ်တပ်ရဲ့ လုပ်ရပ်တွေကို ကျနော်တို့ ကချင်လူထု အပြင်းအထန်ကန့်ကွက်တယ်” - ဟု ဦးဆောင်မှုမှာပါဝင်တဲ့ ဆရာဂျေးဂျဲ က ပြောသည်။
တိုက်ပွဲတွေရပ်တန့်ပေးဖို့ရန် မြန်မာအစိုးရထံ ကချင်လူထုများတောင်းဆိုသည့်အပြင် တရုတ် နှင့် ရုရှား အစိုးရထံလဲ တောင်းဆိုမှုများရှိသည် ။


“ အဓိကကတော့ တရုတ်ပြည်ထဲကို ဝင်ရောက်ခိုလှုံနေတဲ့ ကျနော်တို့ စစ်ဘေးသင့်လူထုတွေကို မောင်းမထုတ်ဖို့ တရုတ်အစိုးရကို မီဒီယာကနေ တိုက်တွန်းလိုတယ်။ နောက်ပြီး မြန်မာစစ်တပ် ကနေပြီး ကချင်လွတ်လပ်ရေးတပ်ကို တိုက်ခိုက်တာတွေမရှိစေဖို့၊ ပါဝင်ပတ်သက်တဲ့သူတွေကို အရေးယူပေးဖို့ ရုရှားအစိုးရကိုလဲ တိုက်တွန်းလိုတယ်” - ဟု ဦးဆောင်လှုပ်ရှားသည့် နော်ခမ်း က ပြောသည် ။


မြန်မာအစိုးရတပ်မတော်ဟာ ၁၉၉၄ က အပစ်ရပ်ငြိမ်းချမ်းရေးယူထားသည့် ကချင်လွတ်လပ်ရေး တပ်မတော်အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးမူကို ငြင်းဆန်သောကြောင့် ၂၀၀၉ ခုနှစ်မှစ၍ တိုက်ခိုက်မှု ပြန်လည်စတင်လာခြင်းဖြစ်သည်။ ပလောင်တအာင်းတပ် TNLA ၊ ကိုးကန့်တပ် MNDAA ၊ ရခိုင်တပ် AA ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ မှ မူစယ် ကုန်သွယ်ရေးဇုံ နှင့် ရဲစခန်းများအား  ၂၀၁၆ နိုဝင်ဘာ ၂၀ ရက်နေ့က တိုက်ခိုက်မှု စတင်ခဲ့သည့်အနောက်ပိုင်း ၎င်းတို့အား အကြမ်းဖက်အဖွဲ့အဖြစ် တပ်မတော် မှ သတ်မှတ်ကာ ထိုးစစ်အပြင်းအထန်ဆင်နွဲနေသောကြောင့် ဒေသခံ သောင်းဂဏန်းနေရပ်မှ စွန့်ခွါနေရသည် ။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲ သျှမ်းပြည် လစ်လပ်မဲဆန္ဒနယ် ၈ နေရာအတွက် ဒေသတွင်းပါတီ ၆ ခု ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မင်္ဂလာစည်တော်ပါတီ ၀င်ပြိုင်မည်မဟုတ်

Posted: 04 Jan 2017 11:00 PM PST

လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ မှာ သျှမ်းပြည်အတွင်း လစ်လပ်နေရာ ၈ နေရာ အတွက် သျှမ်းပြည်အခြေစိုက် ပါတီ ၆ ခု က ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပေမယ့် သျှမ်းပြည် အရှေ့ပိုင်း ရဲ့ ဒေသခံ ပါတီ ဖြစ်တဲ့ ကောင်ဇိုင်း ပါတီအမည်ရ မင်္ဂလာစည်တော်ပါတီ ESSDDP က ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ် ။


ကျိုင်းတုံမြို့နယ် လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၂ မှာ  သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ SNDP ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုး ရေးပါတီ USDP ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ANDP ၊ လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ LNDP တို့က ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ် ။


အစက ကျနော်တို့ သျှမ်းပါတီတွေ ပေါင်းပြီး ကိုယ်စားလှယ်လောင်းတယောက်ရွေးချယ်ကြမယ် ကျနော်တို့အားလုံးကိုယ်စား ကြားဖြတ်ရွေး ကောက်ပွဲ ၀င်ဖို့ ပေါ့။ အစပိုင်းက အဲလိုဆွေးနွေး ထားကြပေမယ့်နောက်တော့  ပါတီကြီး နှစ်ခုလုံးက လက်မခံတဲ့အတွက် ကျနော်တို့ လဲ ဒီလာမယ့်ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ပြိုင်တော့မှာမဟုတ်ဘူး - မင်္ဂလာစည်တော်ပါတီ ဒုတိယ ဥက္ကဌ စိုင်းဆမ်တစ်ဆေ က ပြော ပါတယ် ။


ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုတဝှမ်းလုံး လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၈ နေရာ ရှိပါတယ် ။


ပြည်နယ်လွှတ်တော် ၇ နေရာ၊ ပြည်သူ့လွှတ်တော် ၉ နေရာ နဲ့ အမျိုးသားလွှတ်တော် ၃ နေရာ တို့ဖြစ်ပါတယ် ။


ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ပါတီကြီး ၂၄ ခု နဲ့ တသီးပုဂ္ဂလတွေကနေ အမည် စာရင်း တင် သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းအရေ အတွက်ကတော့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ၄၉ ဦး၊ အမျိုးသားလွှတ်တော် ၁၅ ဦးနဲ့ ပြည်နယ်နဲ့တိုင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးရှိတဲ့အကြောင်း ဇန်နဝါရီ ၃ ရက်နေ့က အစိုးရပိုင် သတင်းစာမှာ ထုတ်ပြန်ကြေငြာထားပါတယ် ။


သျှမ်းပြည်အခြေစိုက် ဒေသခံ ပါတီတွေဟာ အင်အားကြီးပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ပြည်ခိုင်ဖြိုးပါတီကို ပြိုင်ဆိုင်ရမှာဖြစ်တဲ့အပြင် သျှမ်းပြည်တွင်း အခြေစိုက်တဲ့ ပါတီအချင်းချင်းလဲ ပြိုင်ဆိုင်ရမယ့်သဘော ဖြစ်နေပါတယ် ။

သျှမ်းပြည်ဆောင်းတွင်းအအေးလွန်ကဲမှုကြောင့် စစ်ဘေးရှောင် ရ ထောင်ကျော် အခက်တွေ့

Posted: 04 Jan 2017 05:54 PM PST

သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ် နှင့် ကွတ်ခိုင်မြို့နယ် အတွင်း စစ်ဘေးရှောင် ခိုလှုံသည့် စခန်းများ အား လုံးတွင် စစ်ဘေးရှောင် ဒုက္ခသည် ရ၀၀၀ ကျော် နေပြီဖြစ်သည့်အပြင် ဆောင်းတွင်းအအေးဒဏ်ကြောင့် အခက်အခဲရင်ဆိုင်သည်ဟုသိရပါသည် ။

နမ္မတူမြို့ပေါ်ရောက် စစ်ဘေးရှောင်တချို့ပုံ
“ ဒီ ၂၀၁၇ နှစ်ကူးကာလမှာ အေးချမ်းတဲ့ နှစ်သစ်ကူးဖြစ်ပါစေလို့ ဆုတောင်းနေတာ။ လက်နက်ကြီး တွေပစ်တယ်။ တိုက်ပွဲတွေ ဆင်နွဲတယ်ဆိုတော့ ကွတ်ခိုင်မြို့ပေါ်မှာလဲ စစ်ဘေးရှောင်တွေ အများကြီး ထပ်ရောက်တယ်။ မိုင်းယုလေး က သူတွေနဲ့ ပေါင်းရင် ၆၀၀၀ ကျော် အထိ တိုးလာပြီ” ဟု ပန်ကူ ဒုက္ခသည်စခန်းနေ ကူညီကယ်ဆယ်ရေးကော်မတီမှ အကြီးအကဲတဦးက ပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း အတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ကျောက်မဲ၊ နမ္မတူ၊ ကွတ်ခိုင်မြို့များတွင် စစ်ဘေးရှောင်များ တိုးများလာနေကြောင်း၊ သျှမ်းပြည်မြောက်ပိုင်း၏ ဆောင်းတွင်းအအေးဒဏ်ကြောင့် နေထိုင်စားသောက်ရေးအတွက်လည်း အခက်အခဲ အမျိုးမျိုး ရင်ဆိုင်နေရသည်ဟု ဆိုသည် ။


“ မန်တုံမြို့နယ် ကနေ နမ္မတူမြို့ပေါ်ကို ရောက်လာတာ ဒီကနေ့ ၁၃၀၀ ကျော် အထိ တိုးလာနေတယ်” ဟု ကူညီရေး အဖွဲ့တွင် ပါဝင်သည့် စိုင်းဘဉာဏ်က ပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော်အမတ်ဦးဖြစ်သည့် စိုင်းဝမ်းလျဲန်းခမ်းက -  “ ဒေသအတွင်း သွားလာရေးခက်တဲ့အခြေအနေ လုံခြုံရေးအခြေအနေ တွေကြောင့် ကူညီထောက်ပံ့တဲ့သူနည်းပါး လာနေ တယ်လို့၊ ပါဝင်ကူညီကြဖို့ တိုက်တွန်းလိုတယ်” - ဟု ပြောပါတယ် ။


သျှမ်းပြည်မြောက်ပိုင်းအတွင်း  အစိုးရတပ်မတော် နှင့်မြောက်ပိုင်းမဟာမိတ်တပ်မတော် တို့တိုက်ပွဲဖြစ်ပွားနေ သည့် အပြင် တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် TNLA နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA ကြား လည်း စစ်ရေး ပဋိပက္ခများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများနေရပ်မှ စွန့်ခွါနေရခြင်းဖြစ်သည် ။

လွတ်လပ်ရေးနေ့မှာ ဖေါက်ခွဲဖို့ ထောင်ဗုံး တလုံး မူစယ်မြို့တွင်တွေ့ရှိ

Posted: 04 Jan 2017 05:50 PM PST

သျှမ်းပြည်မြောက်ပိုင်းမူစယ်မြို့ ပေါက်စန်းရပ်ကွက် စိန်ပန်းဘုရင်နေကြာစေ့စက်ရုံအနီး ချိန်ကိုက်ဗုံးတလုံးတွေ့ ရှိသဖြင့် ဒေသခံလူထု အလှန့်တကြားဖြစ်ခဲ့ရကြောင်းသိရပါသည် ။


ဇန်နဝါရီလ ၃ ရက်နေ့က အဆိုပါချိန်ကိုက်ဗုံးကိုဒေသခံလူထုမှတွေ့ရှိမိရာမှ ဒေသတွင်းရဲများလာရောက် သိမ်းသွားကြောင်း မူစယ်ဒေသခံ စိုင်းလိတ်ကပြောသည်။
ဗုံးက ဇန်နဝါရီလ ၄ ရက်မှာ ပေါက်ကွဲအောင်ချိန်ထားတာ။ နမ့်ပိုင်ဖိုင်းချောင်းနား နေကြာစေ့စက်ရုံအနောက် ဘက်မှာရပ်ကွက်လူထုသွားတွေ့တာ။ အဲတာနဲ့ရဲကိုသွားတိုင်တော့ရဲလာသိမ်းသွားတယ်။ တော်သေးတယ် မပေါက်ကွဲလို့  - ဟု စိုင်းလိတ်ကပြောသည် ။


မူစယ်မြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၆ နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မိုင်းယု ၁၀၅ မိုင်၊ မုံးကိုးမြို့နယ်ခွဲ ၊ ပန်ဆိုင်းမြို့နယ်ခွဲတို့တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် အစိုးရတပ်မတော်ကြားဖြစ်ပွါးသော တိုက်ပွဲများကြောင့် စိုးရိမ်ရသည့်အခြေအနေကြားဒေသခံလူထု သွားလာလှုပ်ရှားနေကြပါသည် ။


ဒီဇင်ဘာလအတွင်း တိုက်ပွဲများ အနည်းငယ်ငြိမ်သက်သွားပြီဟုဆိုသော်လည်း နှစ်ဘက်ကြားစစ်ရေးတင်းမာ နေဆဲဖြစ်သောကြောင့်စစ်ဘေးရှောင်လူထုမှာ နေရပ်မပြန်ရဲသေးဘဲရှိနေကြောင်းသိရသည် ။


ထိုသို့သော် စစ်ရေးမတည်ငြိမ်မှုကြောင့် သျှမ်းပြည်အတွင်း နေရာတော်တော်များများ ၊ အထူးသဖြင့် သျှမ်းပြည်မြောက်ပိုင်းတွင် ၂၁၁၁ ခု သျှမ်းနှစ်သစ်ကူးပွဲတော်၊ ခရစ္စယာန်ဘာသာဝင်တွေ အလေးအမြတ် ထားသည့် ခရစ္စမတ်ပွဲတော်၊ ကောက်သစ်နှင့် နှစ်သစ်ကူးပွဲတော်များ ကျင်းပနိုင်ခြင်းမရှိခဲ့ချေ ။

သျှမ်းသံတော်ဆင့်

unread,
Jan 6, 2017, 5:01:39 PM1/6/17
to thuau...@gmail.com

ရိုးသားမှုရှိမှ စစ်မှန်သည့်ပြည်ထောင်စုတည်ဆောက်နိုင်မည်ဟု သျှမ်းစာပေပညာရှင်ဟောပြော

Posted: 06 Jan 2017 05:53 AM PST

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပရဟိတအဖွဲ့များပူးပေါင်း ကျင်းပသည့် စာပေဟောပြောပွဲတရပ်ကျင်းပရာ သျှမ်းစာပေပညာရှင် ဆရာခူးဟိဏ်းကာယန်းက ရိုးသားမှု တရားမျှတ မှုရှိမှ စစ်မှန်သောဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု တည်ဆောက်နိုင်မည့် အကြောင်း ဟောပြောသည်ဟုသိရသည် ။

သီပေါမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် စာပေဟောပြောပွဲ (ဓါတ်ပုံ- NSJ)
ဇန်နဝါရီလ ၆ ရက်နေ့ သီပေါမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် စာပေဟောပြောပွဲတွင် ဆရာဟိဏ်း ကာယန်း နိဗ္ဗာန်လိုချင် နိဗ္ဗာန်ယာဉ်မကြောက်နဲ့ ဟူသည့်ခေါင်းစဉ်ဖြင့် ဟောပြောကြောင်း ကြားသိရသည် ။


“နိဗ္ဗာန်ဆိုတာက လောကနိဗ္ဗာန်ကို ဆိုလိုပါတယ်။ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင် စုကြီးဟာကျနော်တို့တိုင်းရင်းသားအားလုံးလိုလားနေတဲ့ လောကနိဗ္ဗာန်ဖြစ်တယ်။ အဲဒီ နိဗ္ဗာန်ရရှိဖို့အတွက် ရိုးသားမှုရှိရမယ်။ နောက်ပြီးတော့ တရားမျှတမှုရှိရမယ်။ မျှတမှုမရှိဘူး။ရိုးသားမှုမရှိဘူးဆိုရင် နိဗ္ဗာန်ရနိုင် မှာမဟုတ်ဘူး ။ တန်းတူညီမျှရေးအတွက် ခွဲဝေမပေးချင်သူဟာ နိဗ္ဗာန်ကိုလိုချင်ပေမယ့် နိဗ္ဗာန်ယာဉ် စီးရ မှာကြောက်နေတယ်ဆိုတဲ့အတိုင်းပါဘဲ။ ခေါင်းစဉ်သာနိဗ္ဗာန်လို့ထည့်ထားတာ။ ” - ဟု ဆရာ ဟိဏ်း ကာယန်း ကပြောသည် ။


အဆိုပါဟောပြောပွဲသို့ တက်ရောက်နားထောင်သည့်ပရိသတ် ၃၀၀ ခန့်ရှိကြောင်း၊ ဟောပြောသည့် ပုဂိုလ်များမှာ သီပေါမြို့နယ်ခံ ဆရာ ဦးကိုလတ် (သီပေါကိုလတ်) (သီပေါဟော်နန်နှင့် တော်ဝင်နွယ် အလွမ်း)၊ ဆရာမ ဒေါ်ခင်မမမျိုး (အမျိုးသမီးများနှင့်ငြိမ်းချမ်းရေး )၊ ဆရာဦးမင်းဇေယျ (စစ်မှန် သောမိသား စုမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့ ) တို့ဖြစ်ကြောင်း သိရသည် ။


ဆရာ ဟိဏ်းကာယန်းမှာ ဖက်ဒရယ်အကြောင်း၊ လူငယ်နှင့် သျှမ်းပြည်နိုင်ငံရေးအကြောင်း အစရှိ အကြောင်းအရာများကို သျှမ်းဘာသာဖြင့် သျှမ်းပြည်တွင်းမြို့နယ် တော်တော်များများ သို့ကွင်းဆင်း ဟောပြောရာ အကြိမ်ပေါင်း ၃၀ ထက်မနည်းရှိပြီဖြစ်ကြောင်းလည်းသိရပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Jan 7, 2017, 5:11:41 PM1/7/17
to thuau...@gmail.com

တပ်မတော်သားများအား ဂုဏ်ထူးဆောင် ဆုတံဆိပ်ချီးမြှင့်မှု ဗကသ ခေါင်းဆောင်ဟောင်းဝေဖန်

Posted: 07 Jan 2017 08:13 AM PST

တိုင်းရင်းသားများနှင့် တပ်မတော်တို့အကြား ဖြစ်နေသည့် တိုက်ပွဲတွင်ပြည်သူ့ ဆန္ဒမဲဖြင့် တက်လာသည့် အစိုးရ အဖွဲ့မှ တိုက်ပွဲဝင်တပ်မတော်သားများအား ဂုဏ်ထူးဆောင် ဆုတံဆိပ်ချီးမြှင့်ခဲ့မှုမှာနိုင်ငံရေးနှင့် အမျိုး သား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက်အမြော်အမြင်နည်းသည့် လုပ်ရပ်သာဖြစ်သည်ဟု ဗကသ ( ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ) ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် ကိုလင်းထက်နိုင် က ဝေဖန်ပြောဆိုလိုက်သည် ။


‘ ဒီလုပ်ရပ်ဟာ အမြင်မကျယ်ပဲ အမြော်အမြင်နည်းတဲ့ လုပ်ရပ်ပဲလို့ ကျနော်ပြောချင်တယ်။ ‘ ဟု ကိုလင်းထက်နိုင်က သျှမ်းသံတော်ဆင့်သို့ ဇန်နဝါရီလ ၅ ရက်နေ့က ပြောသည် ။


၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွန်ခဲ့သည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ တွင် ထူးချွန်ခဲ့သည့် တပ်မတော်သားများ အရပ်သားအစိုးရ၏ သမ္မတကိုယ်တိုင်  ဂုဏ်ထူးဆောင် ဆုချီးမြှင်ခြင်း ကိစ္စအား ငြိမ်းချမ်းရေးလှုပ်ရှားနေသူများအကြား ဝေဖန်မှုများရှိခဲ့သည် ။


သမ္မတ ဦးထင်ကျော်မှ ပေးအပ်ခဲ့သည့် ဆုချီးမြှင့်မှုတွင် သီဟသူရဘွဲ့တစ်ဦး၊ သူရဘွဲ့ ၁၄ ဦးနှင့် ဂုဏ်ထူး ဆောင်တံဆိပ် (သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်) ရ၅ ဦးကို ချီးမြှင့်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်နေ့တွင်သမ္မတ ဦးထင်ကျော်ကိုယ်တိုင် သီဟသူရဘွဲ့နှင့် သူရဘွဲ့ရရှိသူများကိုနေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်တွင် ချီးမြှင့်ခဲ့သည် ။


ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စကို လုပ်ဆောင်မည် တည်ဆောက်မည်ဟုဆိုခဲ့သည့် အစိုးရ တစ်ရပ်အနေဖြင့် ယခုကဲ့သို့ တစ်ဖက်ဘက်တွင်ဆုချီးမြှင့်သည့် အပြုအမူသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဝေးကွာသွားစေနိုင်ကြောင်း ဝေဖန်မှုများရှိသည် ။


‘ကျနော်တို့က အစိုးရသစ်ဆိုတော့ မျှော်လင့်တာပေါ့။ ဒီလိုပြည်တွင်းစစ်သမိုင်းတစ်လျှောက်မှာ စစ်ပွဲကို အား ပေးအားမြောက်ဖြစ်စေမဲ့ ချီးမြှင့်မြှောက်စားမှုတွေကြောင့်ပဲ စစ်ပွဲတွေက တာရှည်ခဲ့ရတာလေ။ အစိုးရသစ် ဆိုတော့အရင် ခေတ်ကာလတွေနဲ့ မတူတဲ့ ချဉ်းကပ်မှုတွေနဲ့ ပြည်တွင်းစစ် ပြဿနာဖြေရှင်းနိုင်မလားလို့ပါ။ တစ်ဘက်ဘက်ကို ရပ်ပြီးပြောတာ မဟုတ်ပဲနဲ့။ အခုကတပ်မတော်ရဲ့ တိုက်ခိုက်နေမှုတွေကို လူထုမဲနဲ့ တက်လာတဲ့ အစိုးရက တရားဝင်အသိမှတ်ပြုပေးနေသလိုဖြစ်နေတယ်။’ ဟု ကိုလင်းထက်နိုင်က ထောက်ပြသည် ။


ဆုချီးမြှင့်ပွဲ တက်ရောက်ခဲ့သည့် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် သျှမ်းပြည်နယ် နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းဟိန်ကမူ ဝေဖန်မှုများ ရှိမည်ဖြစ်သော်လည်း အားလုံး၏ ဆန္ဒ နှင့်အညီ ဆုပေးရန် မှာ ခက်ခဲမှုများ ရှိမည်ဖြစ်ကြောင်း ပြောဆိုသည်ဟုဘီဘီစီ မြန်မာပိုင်းတွင် ဖော်ပြ ထားသည်။


‘ဒီကိစ္စက တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေရဲ့ယုံကြည်မှုပိုမိုကျဆင်းစေတယ်လက်ရှိအနေအထားအရ အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိမနေတဲ့တပ်မတော်ကိုဘွဲ့ထူးတွေပေးနေတာဟာ လူထုရွေးချယ်ခဲ့တဲ့ အရပ်သားအစိုးရဟာတပ်မတော်နဲ့တသားတည်းလားဆိုတာမေးစရာမေးခွန်းဖြစ်နေတယ် ’ ဟု  SNLD ကျားခေါင်းပါတီ လူငယ် လွယ်ခမ်းပန်က ပြောသည် ။


မျိုးဆက်သစ် လူငယ်များ အစည်းရုံး Generation Wave မှ ဥက္ကဌ ကိုမိုးသွေးကမူ - သမ္မတ ဆု တံဆိပ်ပေး လိုက်တဲ့သူတွေထဲမှာမန်ရှင့်ဇုန်းမျှော်ကိုဘုရားသခင်ဆီပို့ပေးခဲ့တဲ့သူတွေပါရဲ့လားဝိုင်းသတိပေးလိုက်ကြပါဦးမေ့ကျန်နေမှာစိုးလို့.. ဟူ၍ ၄င်း၏ ဖေ့ဘုပ်စာမျက်နှာတွင်  ရေးသားထားသည်။


မန်ရှင့်ဇုန်းမျှော်မှာ ကွတ်ခိုင်ဒေသမှ နှစ်နှစ်အရွယ် ကလေးငယ်ဖြစ်ပြီးတပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆံ ရွာထဲကျရောက်မှုကြောင့်လွန်ခဲ့သည့်နှစ်အတွင်းက သေဆုံးခဲ့ရသူလည်း ဖြစ်သည် ။


၂၀၁၆ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ၂၂၂ ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၄၈၉ ဦးရရှိခဲ့ကြောင်း  သိရပြီး တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ကိုယ်ကျိုးစီးပွားကြည့်ပြီး အမြင်ကျဉ်းမြောင်းမှုကြောင့် တိုက်ပွဲများဖြစ် နေရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ရေးနေ့က ပြောဆိုထားသည် ။

ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာချိန် မိုင်းရှူး NLD ခေါင်းဆောင် တစ်ဦး နှုတ်ထွက်

Posted: 07 Jan 2017 08:06 AM PST

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလကို ယခုလကုန်ပိုင်းတွင် စတင်တော့မည်ဖြစ်ရာ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းရွေးချယ်မှုနှင့် ပါတီ၏ လုပ်ကိုင်ဆောင်ရွက်မှုကို မနှစ်သက် သောကြောင့် မိုင်းရှူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင်တစ်ဦးမှာ ပါတီမှ နှုတ်ထွက်လိုက်ကြောင်း သိရသည် ။


ကြားဖြတ်အတွက် မဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သည့် မိုင်းရှူးမဲဆန္ဒနယ် ပါဝင်နေရာ ကိုယ်စားလှယ်လောင်းနေရာတွင် မြို့နယ်မှ တင်ပြခဲ့သူ အများစု မပါဝင်ပဲ တစ်ဦးသာ ပါဝင်နေသောကြောင့် နှုတ်ထွက်ရခြင်းဖြစ်သည်ဟု အလုပ်အမှုဆောင် ဖြစ်သူ စိုင်းထွန်းထွန်းဦးက ပြောသည် ။


“ ပါတီမှာဆက်လုပ်ချင်တဲ့စိတ်ဆန္ဒမရှိလို့ထွက်စာတင်လိုက်တာဖြစ်တယ်။လောလောဆယ်က ကျနော်တစ်ယောက်တည်းထွက်စာတင်သေးတာဖြစ်တယ်။ကျန်တဲ့သူတွေကထွက်မယ်လိုပြောကြတယ်။” ဟု ပြောသည် ။


၎င်းကိုယ်တိုင်လည်း ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် လျာထားသည့် ကိုယ်စားလှယ် လောင်း စာရင်းတွင် ပါဝင်ခဲ့ဖူးပြီး ရွေးကောက်ပွဲကို မိုင်းရှူးမြို့နယ်တွင် မကျင်းပဖြစ်ခဲ့သောကြောင့် မယှဉ်ပြိုင်ခဲ့ရပဲ ယခု NLD မှ ထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်း စာရင်းတွင်မူ ပါဝင်ခြင်း မရှိကြောင်းလည်း သိရသည်။
ယခုရွေးချယ်ထားသူများအနက် ၂ ဦးမှာ မြို့ခံလည်း မဟုတ်ကြပေ ။


ကြားဖြတ်ရွေးကောက်ပွဲ မိုင်းရှူးမဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် NLD ဗဟိုအလုပ်အမှုဆောင် ဦးကျော်ခင်မှာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းလည်း သိရသည် ။


ဦးစိုင်းထွန်းထွန်းဦးနှုတ်ထွက်မှုမှာ- “ပုဂ္ဂိုလ်ရေး ခံစားချက်ကြောင့် မဟုတ်ဘူး။ NLD ပါတီရဲ့စည်းလွတ် ဘောင်လွတ် လုပ်ဆောင်ချက်တွေကြောင့်ဖြစ်တယ်။ ကျနော်ကိုယ်တိုင်လည်း ဒေသခံပြည် သူအကျိုး စီးပွား အကာကွယ်ပေးဖို့အတွက် ကျားခေါင်းပါတီကိုပဲ ထောက်ခံ အားပေးမှုတွေ လုပ်တော့မယ်။ ” - ဟု မကြာသေးခင်ကမှ NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရ သူဖြစ်သည့် တောင်ကြီးခရိုင် NLD ဥက္ကဌဟောင်း ဦးတင်မောင်တိုးက ၄င်း၏ ဖေ့ဘုပ်စာမျက်နှာတွင် ရေးသား ထားသည် ။


အစိုးရသစ်တက်ပြီးနောက် သျှမ်းပြည်နယ်အတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများတွင် ဒေသခံပြည်သူ များဘက်မှ လိုက်လံဆောင်ရွက်ပေးလေ့ရှိသည့် NLD သျှမ်းပြည်မှ ထိပ်တန်းခေါင်း ဆောင် အချို့မှ ထုတ်ပယ်ခံခဲ့ရပြီး ပါတီဝင်နှုတ်ထွက်မှုများလည်း ရှိခဲ့သည် ။


အကဲခတ်များ၏ အဆိုအရ ကြားဖြတ်ရွေးကောက်ပွဲ မိုင်းရှူးမဲဆန္ဒနယ်တွင် NLD ၏ အဓိက ပြိုင် ဘက်မှာ ကျားခေါင်း SNLD ပါတီ ဖြစ်လာမည်ဟု ခန့်မှန်းထားကြသည် ။

သျှမ်းသံတော်ဆင့်

unread,
Jan 9, 2017, 4:56:24 PM1/9/17
to thuau...@gmail.com

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကျိုင်းတောင်းလူငယ်များတွေ့ဆုံ

Posted: 09 Jan 2017 08:44 AM PST

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ကျိုင်းတောင်းမြို့နယ်ခွဲ တွင် တောတောင်သဘာဝ ဝိုင်းဝန်းထိန်းသိမ်းရေးအတွက် ရပ်ရွာလူငယ်များတွေ့ဆုံပွဲတရပ် ကျင်းပခဲ့ကြောင်းသိရသည် ။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကျိုင်းတောင်းလူထုတွေ့ဆုံပွဲ
ကျိုင်းတောင်းရေတံခွန်
 ရေအားလျှပ်စစ်စီမံကိန်းအနီးက မြင်ကွင်း
ဇန်နဝါရီလ ၈ ရက်က ကျိုင်းတောင်းလူငယ်များနှင့် ရပ်ရွာအကြီးအကဲတချို့တွေ့ဆုံကာ  ၂၀၁၇ ခုနှစ်အတွက် ရပ်ရွာရေးလုပ်ငန်းအစီအစဉ်များချမှတ်ရေးဆွဲခြင်းနှင့် ပြီးခဲ့သည့်နှစ်က လုပ်ဆောင်ခဲ့သော ရပ်ရွာရေးလုပ်ငန်းဆောင်တာများကိုပြန်လည်သုံးသပ်ခြင်းပြုလုပ်ခဲ့ကြပြီး ပျက်စီးဆုံးရှုံးလုနီးပါးဖြစ်နေသော ကျိုင်းတောင်းမြို့၏ သဘာဝ သစ်တောနှင့် သယံဇာတများကိုဝိုင်းဝန်းထိန်းသိမ်းကြရန်  ဆွေးနွေးခဲ့ကြကြောင်းဆွေးနွေးရေးတွင်ပါဝင်ခဲ့သည့် လူငယ် စိုင်းလျန်း ကပြောသည် ။


“  ကျိုင်းတောင်းမြို့ဟာ ရေမြေ သဘာဝပတ်ဝန်းကျင် အထူးလှပမြို့တမြို့ထဲမှာပါဝင်ပါတယ်။ သစ်တောသစ်ပင်ထူထပ်တယ်။ ဒါပေမယ့်အခုနောက်ပိုင်း ကုမ္မဏီတွေ၊ လူအစုအဖွဲ့တွေက ကျိုင်းတောင်းကိုဝင်လာပြီးသစ်ပင်သစ်တော တွေခုတ်ကြတယ်။ မြို့တဝိုက်က တောတွေတော့ ပြောင်လုနီးပါးဖြစ်နေပြီ။ ဒါကြောင့် သစ်ပင်သစ်တော ဝိုင်းဝန်းထိန်းသိမ်းကြဖို့လိုအပ်နေပြီ။ မဟုတ်ရင် တကယ်ဘဲတောပြောင်ကုန်တော့မှာ ” - ဟု ကွန်မုန့်ရွာမှလူငယ်ခေါင်းဆောင် လည်းဖြစ်သည့်  စိုင်းလျန်းကပြောသည် ။


လူငယ်တွေ့ဆုံမှုကို ကျိုင်းတောင်းမြို့ ကွန်မုန့်ရွာ ရပ်ကွက် ၁ ကျောင်းတွင်ကျင်းပပြုလုပ်ရာ လူငယ် ၂၀၀ ခန့်တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည် ။


တွေ့ဆုံမှုမှာ ပထမအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ရည်ရွယ်ချက်မှာ ဒေသတွင်းလူငယ်များ ရင်းနှီး နီးစပ်မှုရှိစေရန်၊ ရပ်ရေးရွာရေးနှင့် လူမှုရေးလှုပ်ရှားမှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုများတွင် လက်တွဲဆောင်ရွက်သွားနိုင်ရန်ဖြစ်ကြောင်းလည်း  ဦးဆောင်ဦးရွက်ပြုသည့်လူငယ်တဦးဖြစ်သည့် စိုင်းဇင့်က ဆက်လက်ပြောပြသည် ။


“ သျှမ်းပြည်တောင်ပိုင်းမှာဆိုရင် ကျိုင်းတောင်းမြို့ဟာ သစ်တောအထူထပ်ဆုံးမြို့။ ကျွန်းသစ် လည်းအများဆုံးထွက်တဲ့ဒေသပေါ့။ အခုတော့ သိပ်မကျန်တော့ဘူး။  အခုလို  သဘာဝပတ်ဝန်းကျင် လာပြီးဖျက်ဆီးနေကြတဲ့ကိစ္စ အစိုးရအာဏာပိုင်တွေ နဲ့ ဘယ်လိုလက်တွဲ တားဆီးနိုင်မလဲ စတာတွေ ဆွေးနွေးခဲ့တယ်။    ” ဟုလည်း ဆက်ပြောသည် ။


ယမန်နှစ်ကမူ ကျိုင်းတောင်းမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ဒေသတွင်းလူငယ်များ နှင့်ရပ် မိရပ်ဖများစုပေါင်းကာ ကျိုင်းတောင်းမြို့အဝင်တွင် စုပေါင်းသစ်ပင်စိုက်ပျိုးမှုလှုပ်ရှားမှု တကြိမ်ရှိ ခဲ့ဖူးသည်။ ထိုစဉ်က ရပ်မိရပ်ဖများအပါအ၀င် ရပ်ရွာအုပ်ချုပ်ရေးမှူးများလည်း ပူးပေါင်းပါဝင်ခဲ့ သည်ဟု ဆိုသည်။ စိုက်ပျိုးခဲ့သော သစ်ပင်အမျိုးအစားမှာ ကျွန်း၊ ပျဉ်းကတိုး၊ မယ်ဇလီ၊ ကုက္ကို၊ ယူကလစ် အစရှိနှစ်ရှည်ပင်များဖြစ်ကြောင်း သိရပါသည် ။


ကျိုင်းတောင်းမြို့နယ်ခွဲသည် သျှမ်းပြည်တောင်ပိုင်းလင်းခေးခရိုင်အတွင်းပါဝင်ပြီး ကျိုင်းတောင်း ရေတံခွန်အမည်ရ တတ်ဇုန်အန် ရေတံခွန်မှ လျှပ်စစ်မီးများထုတ်ယူကာ နေပြည်တော်သို့ပေးပို့ သော်လည်း သျှမ်းပြည်တွင်း ကျေးလက်အများအပြားလျှပ်စစ်မီး မသုံးစွဲနိုင်သေးပေ ။

သျှမ်းပြည် နှင့်ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံရမှု အခြေအနေမှန်အား မစ္စယန်ဟီလီ ဖေါ်ထုတ်ပေးနိုင် လိမ့်မည်ဟု ကချင်အရေးလှုပ်ရှားသူမျှော်လင့်

Posted: 09 Jan 2017 02:02 AM PST

မန်မာနိုင်ငံကိုရောက်ရှိနေသည့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ သည် သျှမ်းပြည်မြောက်ပိုင်းနှင့်ကချင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုး ဖေါက်မှု အခြေအနေမှန်ကို ဖေါ်ထုတ်ပေးနိုင်လိမ့်မည်ဟု ကချင်အရေးလှုပ်ရှားသူတွေက ပြောသည် ။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee
၂၀၁၅ ဇန်နဝါရီတုန်းက မြန်မာနိုင်ငံကို လာရောက်စဉ်
မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးများအား စစ်တမ်းကောက်ယူရန် ဂျန္နဝါရီလ ၈ ရက်နေ့က  မြန်မာနိုင်ငံသို့ရောက်ရှိနေပါသည်။  ယခုခရီးစဉ်တွင် မစ္စယန်ဟီလီသည် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖာကန့်၊ လိုင်ဇာ ၊ ရခိုင်ပြည်နယ်က စစ်တွေ ဘူးသီးတောင် မောင်တော စသည့်မြို့များသို့ ရောက်ရှိမည်ဖြစ်သည် ။


“ ကျနော်တို့အနေနဲ့ကတော့ ဒုက္ခသည်တွေဆီကို ထဲထဲဝင်ဝင် သွားရောက်လေ့လာစေချင်တယ်။ ဘာလို့ လဲ ဆိုတော့ လိုင်ဇာရဲ့ အထက်မှာ ရှိတဲ့ ဇိုင်းအောင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ အကြိမ် ထွက်ပြေး ရတယ်။ အရမ်းကို ဒုက္ခရောက်နေတယ်။ သူတို့ စခန်းကို မြန်မာတပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့လေ။ ထပ်ထွက်ပြေးရတယ်။ အခုဆိုသုံးကြိမ်ရှိပြီ၊ လက်တွေ့ ဖြစ်ပျက်နေတဲ့ဟာကို ဓါတ်ပုံတွေ နဲ့အချက်လက်တွေနဲ့ မြန်မာအစိုးရသိအောင်၊ ကမ္ဘာသိအောင်တင်ပြဖို့ပေါ့ ” - ဟု ကချင်အရေး လှုပ် ရှားသူ ကိုနော်ခမ်း က ပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မုံးကိုးဒေသတွင် မြောက်ပိုင်းမဟာမိတ်တပ်မတော် နှင့် မြန်မာ အစိုးရတပ်မတော်ကြားဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ကချင်အမျိုးသား ခရစ်ယာန်သာသနာပြု နှစ်ဦးအား တပ်မတော် စစ်ဗျူဟာကုန်းသို့ မြန်မာစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားချိန်မှ စ၍ ယနေ့တိုင် ပျောက်ဆုံးနေသည်ဟု လည်း ၎င်းတို့က ပြောသည် ။


စတုတ္ထအကြိမ် မြန်မာနိုင်ငံသို့ မစ္စယန်ဟီလီ ရောက်ရှိချိန် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အထိသာ မြန်မာအစိုးရမှ သွားလာခွင့်ပြုပြီး စစ်ရေးပဋိပက္ခဖြစ်နေသည့် မူစယ်ခရိုင် ကွတ်ခိုင်မြို့ဘက်သို့ သွားရောက် နိုင်ခြင်းမရှိချေ ။


၁၂ ရက်ကြာ ရောက်ရှိနေထိုင်မည့် မစ္စယန်ဟီလီ၏ ပဉ္စမအကြိမ်မြောက်ခရီးစဉ်ဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးအမျိုးမျိုးအား စစ်တမ်းကောက်ယူကာ ၂၀၁၇  မတ်လတွင် ကျင်းပ မည့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ တင်ပြမှာဖြစ်ပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Jan 10, 2017, 5:35:04 PM1/10/17
to thuau...@gmail.com

ရခိုင်ပြည်အရေးအခင်းကြောင့် မလေးရှားရောက် သျှမ်းလူမျိုးစုများသတိထားသွားလာနေရ

Posted: 10 Jan 2017 08:13 AM PST

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ၅ ဦးသတ်ခံရသည့်နောက်ပိုင်း မလေးရှားရောက် သျှမ်းမိသားစု များလည်း ကျီးလန့်စာစားဘ၀ကြုံတွေ့နေရ ကာ သတိထား သွားလာနေထိုင်နေရကြောင်း ကြားသိရ သည် ။


ဇန်နဝါရီ ၅ ရက်နေ့ ၂၀၁၇ ခု က မြန်မာနိုင်ငံသား ၅ ဦး သတ်ခံရသည့်နောက်ပိုင်း သွားလာ နေထိုင်မှုများအား မလေးရှားအာဏာပိုင်များ စစ်ဆေးမေးမြန်းမှု၊ ဒေသခံများ သံသယ ဖြင့် မေးမြန်းမှုများအား သတိထား ဖြေကြားရသည့်အပြင် အလုပ်သွားရောက် လုပ်ကိုင်ရာတွင်လည်း သတိထားသွားလာနေရသည်ဟု မလေးရှားနိုင်ငံရောက် သျှမ်းမိသားစုများ ဥက္ကဌ က ပြောသည် ။


“သတိထားသွားလာနေထိုင်ရတာပေါ့။ ဗုဒ္ဓဘာသာ ဖြစ်တယ်၊ ဗမာဖြစ်တယ် ဆိုတဲ့ဟာ ကို ပေါ်ပေါ်တင်တင်မနေဖို့ မပြောမိဖို့ပေါ့။ မြန်မာအများစုက စက်ရုံကြီးတွေမှာ စုပေါင်းနေထိုင် အလုပ်လုပ်ကြတယ်။ သိသာထင်ရှားတယ်။ သျှမ်းမိသားစု အများစုတော့ စားသောက်ဆိုင်တွေမှာ အရောင်းဆိုင်တွေ မှာနေတော့ သိပ်မသိသာဘူး။ ဘာဘဲဖြစ်ဖြစ် သတိထားသွားလာနေထိုင်ရပါတယ်” - ဟု မလေးရှား သျှမ်းဒုက္ခသည်များအဖွဲ့ ဥက္ကဌ စိုင်းသန်းရွှေ က ပြောသည် ။


မလေားရှားနိုင်ငံတွင် (တတိယ နိုင်ငံခိုလှုံဖို့) သျှမ်းလူမျိုး ၁၀၀၀၀ သောင်းခန့်ရှိကြောင်း၊ ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်း မလေးရှားသို့ ရောက်ရှိသည့် သျှမ်းများ သောင်းဂဏန်းရှိကြောင်း၊ တတိယ နိုင်ငံသို့ လည်း အများအပြား ပြောင်းရွှေ့နေထိုင်ပြီး ဖြစ်ကြောင်း ကြားသိရသည် ။


“အခုက စာရင်းအတိအကျ က ၈၃၃၆ ယောက်ရှိတယ် သျှမ်းလူမျိုးတွေက” - ဟု စိုင်းသန်းရွှေက ပြောသည် ။


မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်ပွားသည့်နောက်ပိုင်း မြန်မာ့ရဲ တပ်ဖွဲ့ နဲ့ စစ်တပ်တို့က ဒေသအတွင်း လူ့အခွင့်အရေးချိုးဖေါက်သည်ဟုဆိုကာ မလေးရှားဝန်ကြီး ချုပ်အပါအဝင် မလေးရှားလူမျိုးများက လမ်းမပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြသည်။ ဇန်နဝါရီလ ၅ ရက်က စက်ရုံက ပြန်လာသည့် မြန်မာအလုပ်သမား ၁၃ ဦးကို ဓါးသမားတစုက ဝင်ခုတ်ရာ  ၅ ဦးသေဆုံးသွား ခဲ့ပါ သည်။ မြန်မာနိုင်ငံသားများဘေးကင်းလုံခြုံနေထိုင်နိုင်ဖို့ မြန်မာအစိုးရက သတိပေးချက် ထုတ်ပြန်ထားပြီး အမှုမှန်ပေါ်ပေါက်ဖို့ မလေးအစိုးရနှင့်ပူးပေါင်းဆောင်ရွက်နေသည့် အကြောင်း မြန်မာအစိုးရက ထုတ်ပြန်ထားသည် ။

လဲချားမြို့ စော်ဘွားကြီးများအုဋ်ဂူ ခြံခတ်ထိန်းသိမ်းရေး သံဃာတော်နှင့်လူထု ဆွေးနွေး

Posted: 10 Jan 2017 02:34 AM PST

သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် ဆရာတော်သံဃာတော်များနှင့်လူငယ်များနှင့် ရပ်ရွာ လူထုတို့တွေ့ဆုံ ကာ လဲချားမြို့အရေးပါသည့် ရှေးဟောင်းအမွေအနှစ်များ ပူးပေါင်း ထိန်းသိမ်းကြရန် ဇန်နဝါရီ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည် ။


လဲချားမြို့ ကျောင်းပန်ကျောင်းတိုက်၏ ဆေးပေးခန်းတွင် ကျောင်းဟော်ခမ်း ဆရာတော် ဦးသုဘောဂ ဦးဆောင်သည့် သံဃာတော် နှင့် လူထုတို့ တွေ့ဆုံကြရာ  ရိုးရာအမွေအနှစ်များ ထိန်းသိမ်းရေး ၊ ဘုရားကျောင်းကန်များ၊ ရှေးဟောင်းလက်ရာအမွေအနှစ်များ၊ ရှေးသျှမ်းစော်ဘွားအုဋ်ဂူများ ပြုပြင်ထိန်းသိမ်းရေးအတွက် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ဒီ့အတွက် စော်ဘွားကြီး စဝ်ခွန်လိုင်း နှင့် စဝ်နွမ် တို့၏ အုဋ်ဂူများအား ပြုပြင်ထိန်းသိမ်းရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း လဲချားမြို့ခံ  စိုင်းဆုကပြောသည် ။


“ လဲချားမြို့ဖွံ့ဖြိုးတိုးတက်လာအောင် ကျနော်တို့ရဲ့ ဒီစော်ဘွားကြီးတွေက လုပ်ဆောင်ပေးခဲ့တာ။ အခု ဒီအုဋ်ဂူတွေနားမှာ လူနေအိမ်တွေ ရှိလာတော့ ကြာလာရင် ပျောက်ကွယ်ကုန်မယ်လေ။ ဒါကြောင့် ဆွေးနွေးကြပြီးတော့ ဒီအမွေအနှစ်တွေကို နောင်လာနောက်သားတွေ တွေ့မြင်ရအောင်၊ ကျနော်တို့မြို့ရဲ့သမိုင်းတွေကို လူငယ်တိုင်းသိရှိရအောင်၊ မြို့သမိုင်းနဲ့အတူ မြို့အဖြစ်တည်ထောင် ပေးတဲ့ပုဂ္ဂိုလ်တွေ ၊ မြို့ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးတဲ့ ရေမြေ့အရှင်သခင်တွေအကြောင်းပါ တွဲပြီးလေ့လာနိုင်အောင် ရည်ရွယ်ပြီးတော့ ဒီစော်ဘွားကြီး ၂ ပါးရဲ့ အုဋ်ဂူတွေကို ခြံခတ် ထိန်းသိမ်းဖို့ လုပ်ရခြင်းဖြစ်ပါတယ်။” - ဟု စိုင်းဆု ကပြောသည် ။


ကျောင်းဟော်ကျောင်းတိုက် ဆရာတော် ဦးဆောင်သည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်း၊ လဲချားမြို့လူငယ်ခေါင်းဆောင် စိုင်းလိုင်းဟိန်း၊ စိုင်းဆု တို့အဖွဲ့က အုဋ်ဂူများတည်ရှိရာနေရာသို့ကွင်းဆင်းသွားရောက်ကြည့်ရှုခဲ့ကြကြောင်း ဆိုပါသည် ။


လဲချားမြို့သူမြို့သားများအတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ဆေးရုံကြီးများ၊ ပညာရေးမြင့်တင် ပေးဖို့ စာသင်ကျောင်းများ၊ သာသနာတော်ပျံ့ပွါးရေးအတွက် ဘုရားကျောင်းကန်များကို အဆိုပါ စော်ဘွားကြီး ၂ ပါးက တည်ထောင်လမ်းခင်းပေးခဲ့ကြောင်း၊ ထို့ကြောင့် စော်ဘွားကြီး ၂ ပါး၏ကျေးဇူးကို သိရှိအောင့်မေ့နေအောင်ရည်ရွယ်ကာ ကြွင်းကျန် ရစ်သော အုဋ်ဂူကို ခြံခတ်ထိန်းသိမ်းထားရန် စီစဉ်ရခြင်းဖြစ်ကြောင်း လဲချားလူငယ်ခေါင်းဆောင်က ပြောသည် ။


“ အရင်တုန်းကတော့ ထားလိုက်ပါတော့ ။ ကျနော်တို့ လုပ်ဖို့အခွင့်အလမ်း မရှိတာလဲပါတယ်။ သို့သော် သမိုင်းမမေ့အောင်ဆိုပြီးတော့ ရိုးရာပွဲလမ်းသဘင်ကျရင် စော်ဘွားသမိုင်းပြခန်းဆိုပြီးတော့ နှစ်စဉ်လုပ်လေ့ ရှိပါတယ်။ ဒါပေမယ့် ပွဲပြီးရင် ပြီးပြီလေ အဲတာတွေက။ ဆိုတော့ အစဉ်အမြဲတွေ့နိုင်တာ ဆိုလို့ဒီအုဋ်ဂူကို သတိရမိတာပါ။  ဒီအမွေအနှစ်တွေကိုထိန်းသိမ်းဖို့ကျနော်တို့ယောက်တိုင်းဆီမှာလည်း တာဝန် ရှိတယ်လေ။” - ဟု ဆိုပါသည် ။


လဲချားဒေသခံများမှ ခြံခတ်ထိန်းသိမ်းရန် စီစဉ်နေသည့် လဲချားစော်ဘွားကြီး စဝ်ခွန်လိုင်းနှင့် သားတော် စဝ်နွံတို့၏အုဋ်ဂူမှာ လဲချားမြို့အနောက်တောင်ဘက်ပိုင်းရှိ ရပ်ကွက် ၄ တွင်တည်ရှိပါသည်။  နှစ်ပေါင်း ၃၀ နီးပါးခန့်ရှိပြီဖြစ်သော စဝ်နွံ၏ အုဋ်ဂူကိုစတင်ခြံခတ်ရန်စီစဉ်နေပြီဖြစ်ပြီး ခမည်းတော် စဝ်ခွန်လိုင်း၏ အုဋ်ဂူ မှာမူ ဒေသခံ၏ ခြံဝင်းအတွင်းကျရောက်နေသဖြင့် အုဋ်ဂူခြံခတ်ရန်အတွက်  ခြံပိုင်ရှင်နှင့် ဆွေးနွေးနေ ဆဲဖြစ်ကြောင်း စိုင်းဆုက ဆက်လက်ပြောဆိုပါသည် ။


“ အရင်က ဒီတဝိုက်က သင်္ချိုင်းမြေလေ။ ဒါပေမယ့်အခုတော့ လူနေအိမ်တွေတိုးချဲ့လာတော့ ဒီအုဋ်ဂူတွေ ခြံဝင်းထဲကျသွားတာပေါ့။ အဲဒီအတွက် ဆွေးနွေးရဦးမယ်။”


အုဋ်ဂူခြံခတ်ရန်အတွက် လတ်တလောတွင် ဒေသခံများ တနိုင်တပိုင် လှူဒါန်းထားသည့်ငွေကျပ် ရ သိန်း ၀န်းကျင်ရှိပြီး အုဋ်ဂူ ၂ ခုလုံး ခြံခတ်ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများဆက်လက်ကောက်ခံနေ ဆဲဖြစ် ကြောင်း၊ ပြည်တွင်းပြည်ပ ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင်များ လှူဒါန်းလိုပါက ကျောင်းဟော် ဆရာတော်၊ ကျောင်းပန်ဆရာတော်ကြီးများထံသို့လည်းကောင်း၊ လဲချားမြို့လွှတ်တော်ကိုယ်စားလှယ်ကြီး များထံ သို့လည်းကောင်း လူငယ်အဖွဲ့ခေါင်းဆောင်များထံသို့လည်းကောင်း အသီးသီးလှူဒါန်းသွားနိုင် ကြောင်းလည်း သိရှိရပါသည်။ လဲချားစော်ဘွား စဝ်နွမ်သည် စော်ဘွားကြီး စဝ်ခွန်လိုင်း၏ သားတော်ဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ၁၉၄၇ ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင်လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် စော်ဘွားတပါးဖြစ်ပါးသည် ။


သျှမ်းသံတော်ဆင့်

unread,
Jan 11, 2017, 5:03:26 PM1/11/17
to thuau...@gmail.com

ရက်ပိုင်းအတွင်း လားရှိုး - သိန္နီကြား ရေပူဂိတ် စစ်ဆေးစခန်းပြန်ဖွင့်မည်

Posted: 11 Jan 2017 05:02 AM PST

ဇန်နဝါရီ ၁၁ ရက် ၂၀၁၇ ခု မူစယ်ခရိုင် မူစယ် - နမ့်ခမ်း ကုန်သည်ကြီးများ အသင်းခန်းမ ၌ ပြည်နယ်၊ ခရိုင်အ ကောက် ခွန်မှူးများ ဌာနဆိုင်ရာများ၊ ကုန်သည်များအသင်းမှ အသင်းဝင်များ တက်ရောက်သည့် တွေ့ဆုံစဉ် - မကြာမှီ ရက်ပိုင်းအတွင်း သိန္နီမြို့နယ် ရေပူဂိတ် အမြဲတမ်းစစ်ဆေးရေးခန်း ဖွင့်လှစ်တော့ မည့်အကြောင်း အကောက်ခွန်တာဝန်ရှိက ရှင်းပြောကြားသည် ။


ဇန်နဝါရီ ၁၆ ရက် ၂၀၁၇ ခုနှစ် လာမည့် တနင်္လာနေ့တွင် အဆိုပါ လားရှိုး - သိန္နီကြား ရေပူဂိတ် စစ်ဆေးရေးစခန်းအား ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယခုတွင် လည်းဖွင့်လှစ်ဖို့ ပြင်ဆင်နေကြောင်း၊ တရားမဝင်ကုန်စည်များအဓိက စစ်ဆေး မည်ဟု ဆိုသော်လည်း ဌာနဆိုင်ရာ တာဝန်ရှိ ၁၁ ဌာန ချထားသွားမည်ဖြ စ်ကြောင်း ကြားသိရသည် ။


နမ့်ခမ်း - မူစယ် - လားရှိုး - မန္တလေး ကားဆရာ စိုင်းအိုက်ဟန် က - “မူစယ်အထွက် ၁၀၅ မိုင်မှာ စစ်တယ်။ မန္တလေးအဝင် ၁၆ မိုင်မှာ စစ်တယ်။ သိန္နီ ရေပူမှာ စစ်ဆေးရေးဂိတ်ထပ်ဖွင့်ရင် ခရီးသွားတွေ အတွက် ပိုပြီး အခက်အခဲ ဖြစ်စေတယ်။ အချိန်ကျန့်ကြာမှုပိုဖြစ်စေတယ်။ ဂိတ်ကြေးတွေလဲ ပိုပေးလာရမယ်ဆိုတော့ ဝင်ငွေက ဘာမှ ကျန်တော့မှာမဟုတ်ဘူး” - ဟု ပြောသည် ။


ပြန်လည်ဖွင့်လှစ်မည့် အဆိုပါ သိန္နီရေပူ ဂိတ်စခန်းတွင် တာဝန်ကျမည့် အကောက်ခွန်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်ထွန်းအောင် က - ဒီလိုပါ တရားမဝင် ကုန်စည် စီးဆင်းမှုတွေကို ထိန်းချုပ်ဖို့အ တွက်ကို အဆင့်အဆင့်တွေရှိတယ်။ ……. လတ်တလောအားဖြင့်တော့ ပထမအဆင့်ေ တာ့ ဒီချက်ပွိုင့် တွေမှာပြန်ပြီးတော့ တရားဥပဒေအရ ကုန်စည်ဝင်ထွက်မှုတွေ ကိုစစ်ဆေးထိန်းကျောင်းတဲ့ အပိုင်း စလုပ် မှာပါခင်ဗျ - ဟု ပြောသည် ။


၁၂ ဘီး ကား ဆရာ ဦးခမ်းအိုက် က - “မြန်မာ့အစိုးရ ဝန်ထမ်းတွေ အကျင့် ပျက်၊ ချစား၊ လဒ်စားနေ သရွေ့ တရားမဝင်တဲ့ကုန်၊ မှောင်ခိုကုန်တွေ ရှိနေဦးမှာဘဲ။ ကွက်ပြီး ကွင်းပြီး ရှောင်နေဦးမှာဘဲ။ အရင်က ရေပူဂိတ် မှာ၊ အေတီဂိတ်မှာ ရှောင်လမ်းက သူတို့ဘဲ ပြတယ်” - ဟု သျှမ်းသံတော်ဆင့် သို့ပြောသည် ။


နအဖ အစိုးရ ခေတ်က လားရှိုးအဝင် ဝန်တင်တပ်ရင်းအနီး အေတီဂိတ်တွင် ဌာနပေါင်းစုံ စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကြောင်း၊ လားရှိုးအဝင် ယာဉ်ကြော ပိတ်ဆို့မှုကြောင့် သိန္နီမြို့နယ်အဝင် နမ့်အွန်ရွာ နမ့်အွန် ဂိတ် ခေါ် ရေပူ ဂိတ် သို့ ပြောင်းရွေ့ကြောင်း၊ ဦးသိန်းစိန်အစိုးရ ခေတ်တွင် နမ့်အွန်ဂိတ် စစ်ဆေးေ ရး စခန်းကိုဖြုတ်သိမ်းပြီး မူစယ်အဝင် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ အနီး စစ်ဆေးရေးစခန်းကြီးတခုတာထားရှိရာမှ အခု NLD အစိုးရခေတ် ၌ ပြန်ဖွင့်ရန်စီစဉ်လာခြင်းဖြစ်သည် ။

NLD အစိုးရထံ ဝ တပ်ဖွဲ့ ဘာလိုအပ်နေပါသလဲ

Posted: 11 Jan 2017 01:21 AM PST

“NLD အစိုးရထံကနေ UWSA ဝ တပ်ဖွဲ့ ဘာလိုအပ်နေပါသလဲ” - လို့မေးရင် တော်တော်များများကပြန် ဖြေမှာကတော့ “ ဝ တပ်ဖွဲ့ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ် မရေး ဘဲ   နိုင်ငံရေးအဆင့်ဆွေးနွေးပွဲကို တိုက်ရိုက်ပါဝင်လိုတယ်။ သျှမ်းပြည်နယ်ကနေ  ခွဲထွက်ပြီး နေပြည် တော် တိုက်ရိုက်လက်အောက်ခံ ဝ ပြည်နယ် ထူထောင်လိုတယ် ” လို့ ဖြေကြားကြ မှာဖြစ်ပါတယ်။ ဒါပေမယ့် NLD အစိုးရထံ ဒီအချက်တွေကို တောင်းဆိုတာတော့ မဟုတ်ပါဘူး ။


၂၀၁၆ ဂျူလိုင်လက UWSA ဝ တပ်ဖွဲ့ အဆင့်မြင့်ကိုယ်စားလှယ်က နိုင်ငံတော်အတိုင်အပင်ခံ ဒေါ် အောင်ဆန်းစုကြည်နဲ့တွေ့ဆုံရာမှာသော်လည်းကောင်း၊ ၂၀၁၆ ဒီဇင်ဘာ ၂၉ ရက် မြန်မာအစိုးရ ကိုယ် စားလှယ်တော် ဦးသိန်းဇော်ကနေ UWSA ဝ တပ်ဖွဲ့ ဌာနချုပ် ပန်ဆန်း ကို ရောက်ရှိ ရာမှာသော် လည်း ကောင်း NLD အစိုးရထံ တောင်းဆိုချက် ၇ ချက် တောင်းဆိုတယ်လို့ ဝ အရာရှိတဦး ကပြောပါတယ် ။


အဲဒီ တောင်းဆိုချက် ၇ ချက်ကတော့ -

(၁)  UWSA ဝ တပ်ဖွဲ့ ပိုင် မော်တော်ကား အစီးရေ ၂၀၀၀၀ စီး(နှစ်သောင်း) ယာဉ်လိုင်စင်ထုတ်ပေးဖို့၊
(၂)  UWSA ဝ တပ်ဖွဲ့ထိန်းချုပ် နယ်မြေထဲကို ဆေးဝါးကူညီမှုပေးတဲ့ နိုင်ငံတကာ NGO အဖွဲ့ကို တိုက်ရိုက် ဝင်ရောက်ထောက်ပံ့ပေးဖို့။
(  ၂၀၁၆ က ဆေးဝါးထောက်ပံ့မှုပေးနေတဲ့ အင်္ဂလိပ် NGO အဖွဲ့အစည်းတခုကို တန့်ယန်းမြို့နယ် တာ့ကောင်းအက် (သံလွင်မြစ်ကူး) တံတားကနေ ကူးခွင့်မပေးတဲ့ ကိစ္စကို အစိုးရ အနေနဲ့ ခွင့်ပြုချက် ပြန်ပေးဖို့ ) ။


(၃) ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် - ချင်းဒေါဝ်းမြို့နယ် နဲ့ သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံ မြို့နယ်ကြား နယ်ခြား မိုင်တိုင်အမှတ် ၁  ဘီပီဝမ်း ( BP-1) ဂိတ်စခန်းဖွင့်ပေးဖို့ ။ (ဝ တပ်ဖွဲ့တွေ တာဝန်ယူထားတဲ့ ဘီပီဝမ်း ( BP-1) ဂိတ်စခန်းကို ဖွင့်လှစ်ဖို့ ထိုင်းဘက်က အဆင်သင့် ဖြစ်နေပြီး ဖွင့်လှစ်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့် မြန်မာအာဏာပိုင်များက အထက်အမိန့် မရသေးတဲ့အတွက် ဖွင့်လှစ်ဖို့ အဆင်သင့်မရှိသေးလို့ဘဲ  အစဉ်အမြဲ ပြန်ကြားတယ်လို့ ဆိုပါတယ်။ ဒီ့အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဘီပီဝမ်း ( BP-1) ဖွင့်ပေးဖို့ ဝတပ်ဖွဲ့ဘက်က လိုအပ်နေပါတယ်။)


(၄) လမ်းခင်းဖို့ကတ္တရာ ပေပါပုံး အလုံးရေ ၅၀၀၀၀ ( ၅ သောင်း) နိုင်ငံတော်အစိုးရကနေ  ထောက်ပံ့ ဖို့ ။ (အရင်က လားရှိုး - တန့်ယန်း - ပန်ဆန်း ကို ၁၀ နာရီ မက ကားမောင်းရပေမယ့် လက်ရှိမှာတော့ ၆ နာရီ ကျော်ကျော်ခန့်သာ မောင်းနှင်နိုင်ပြီလို့လဲ ပြောတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကတ္တရာစေး တွေ ထပ်မံထုတ်ပေးမယ်ဆိုရင် ဝ တပ်ဖွဲ့တွေ အနေနဲ့ လမ်းပမ်းဆက်သွယ်ရေးအတွက် ပိုမို ချဲ့ထွင် ဖေါက်လုပ်နိုင်မယ်လို့လဲ ပြောကြားပါတယ်။ )


(၅) သံလွင်မြစ် ပေါ် က မန်တွန်းဆည် ကို ဝ တပ်ဖွဲ့ကို တည်ဆောက်ခွင့် ပေးဖို့ ။
(လားရှိုးခရိုင်အတွင်းရှိတဲ့ သံလွင်မြစ် မန်တွန်းရေကာတာ တည်ဆောက်ခွင့်ကို ဦးသိန်းစိန်အစိုးရ က ခွင့်ပြုချက်ပေးထားပြီးဖြစ်တဲ့အတွက်လက်ရှိ အစိုးရ၍ အနေနဲ့ ဆည်တည်ဆောက်ခွင့် ထပ်ချပေးမယ် ဆိုရင် တည်ဆောက်ရေးအတွက် တရုတ်ကုမ္ပဏီ ကို အမြန်ဆုံးဖိတ်ခေါ်မယ်လို့ ဆိုပါတယ်။ တကယ်လို့ အစိုးရ မှ တည်ဆောက်ခွင့်ပေးမယ်ဆိုပါက တရုတ်၊ အစိုးရ နဲ့ ဝ သုံးချိုးကျပါဝင်မယ်လို့ ဆိုပါတယ်။)


(၆) ဗိုလ်ချုပ်ခင်ညွှန့် ဝန်ကြီးချုပ် ဘ၀ က ထောက်လှမ်းရေး တာဝန်ထမ်းဆောင်ခဲ့တဲ့ဗိုလ်မှူးကြီး ဆန်းပွင့်ကို ဝ တပ်ဖွဲ့ရဲ့ အတိုင်အပင်ခံအဖြစ် ခန့်အပ်ခွင့် ပေးဖို့ ။ (ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်က ဗိုလ်မှူးကြီး ဆန်းပွင့်ဟာ ဝ တပ်ဖွဲ့တွေ အတွက် အထူးယုံကြည်မှု ရှိကြောင်း၊ ဝ ပြည်နယ်အရေးအတွက် ပံ့ပိုးနိုင်ရုံမက တခြားသော ပြဿနာတွေကိုလည်း ၎င်းက ဝိုင်းဝန်းဖြေရှင်းနိုင်မယ်လို့ ၀ ခေါင်းဆောင်တွေက ယုံကြည်ပါတယ်။)


(၇) ထိုင်းနယ်စပ်ရှိ တောင်ပိုင်း ၀ တပ်ဖွဲ့  နှင့် တရုတ်နယ်စပ်ရှိ ပန်ဆန်း ဝ ဌာနချုပ် ထိန်းချုပ်နယ်မြေ တို့အကြား အရင်ကထက် ပိုမိုလွယ်ကူတဲ့ ဆက်ဆံရေးလမ်းကြောင်းဖွင့်ပေးဖို့ - စတာတွေ ပါဝင် တယ် လို့ သိရပါတယ် ။


နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် စစ်အစိုးရ ဖိအားပေးလာသည့် ၂၀၀၉ ခု နှစ်နောက်ပိုင်း  ဝ တပ်ဖွဲ့ နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာမှု မကြာခဏဖြစ်ပွားတယ်။ စစ်ဆေးရေးဂိတ်တွေထူပြောတယ်။  ဒီကိစ္စတွေ ပြေလျှော့ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ် ။


အစိုးရ ကိုယ်စားလှယ် ဦးသိန်းဇော်ဟာ ဝ တပ်ဖွဲ့ ခေါင်းဆောင်တွေ ကို ပန်ဆန်းမြို့မှာ သွားရောက် တွေ့ဆုံပြီး ဒီဇင်ဘာ ၃၀ ရက်နေ့မှာတော့ အထူးဒေသ ၄ မိုင်းလားမြို့မှာ မိုင်းလား ခေါင်းဆောင်တွေနဲ့ လဲ ထပ်မံတွေ့ဆုံတယ်လို့ ဆိုပါတယ် ။


ဒါ့အပြင် သျှမ်းပြည်တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော် ရဲ့ အထူးကိုယ်စားလှယ်တွေနဲ့လဲ ဒီဇင်ဘာ ပြီးခဲ့တဲ့ ရက်ပိုင်းက လားရှိုးမြို့မှာ တွေ့ဆုံခဲ့ပါသေးတယ်။


တွေ့ဆုံမှုတိုင်းမှာ NCA လက်မှတ်ရေးထိုးဖို့ပြီး အစိုးရနဲ့ ဒေသဖွံ့ဖြိုးရေး လက်တွေ့ဖေါ်ဆောင်ဖို့၊ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့၊ လာမယ့်လအတွင်း ဒုတိယ အကြိမ်၂၁ ရာစု ပင်လုံ ညီလာခံတက်ရောက်ဖို့  စတာတွေ ပြောကြားတယ်လို့ သိရပါတယ် ။


တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူ မူစယ်ဒေသခံ ၄၅ ဦး ထောက်ပံ့ငွေရရှိ

Posted: 11 Jan 2017 12:32 AM PST

နိုင်ငံတော် ဒုတိယ သမ္မတ - ၂ ဦးဟန်နရီ ဗင်ထီးယူ လမ်းညွှန်ချက်အရ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် သေကြေ ဒဏ်ရာရရှိ သည်ဟုဆိုသည့် မူစယ်ဒေသခံ ပြည်သူ ၄၅ ဦးအား မူစယ်ခရိုင်မှူးမှ ထောက်ပံ့ငွေများ ပေးကမ်းထောက်ပံ့သည်ဟုသိရသည် ။


ဇန်နဝါရီလ ၁၀ ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အထိ မူစယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အခမ်းအနားဖြင့် ပေးအပ်ထောက်ပံ့ခဲ့ခြင်းဖြစ်သည် ။


၁၀၅ မိုင် ကုန်သွယ်ရေးဇုံအပြင် မူစယ်မြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ခိုက်မှုများကြောင့် သေကြေ ဒဏ်ရာရှိသူ ၉၄ ဦး ရှိကြောင်း၊ ထိုအထဲမှ ၄၅ ဦးမှာ ဒေသခံ လူထုဖြစ်ကြောင်း၊ ၄၅ ဦးတွင် သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၃၄ ဦးအတွက် ထောက်ပံ့သည်ဟုဆိုသည် ။


“ သေဆုံးသူအတွက် တယောက်ကို ကျပ် ၇ သိန်း၊ ဒဏ်ရာရရှိသူ ၃၄ ဦးကို တယောက် ၄ သိန်း ၈ သောင်း ၅ ထောင် ကျပ် ပေးအပ်တယ်။ ထောက်ပံ့ငွေတွေက နိုင်ငံတော်အစိုးရ ကနေဘဲ ထောက်ပံ့ လာ တာမဟုတ်ဘူး၊ လွှတ်တော်နေ့စဉ်အသုံးစရိတ်ငွေတွေလဲပါတယ် ” - ဟု အမျိုးသားလွှတ် တော် အမတ် ဦးညီစိန်က အခမ်းအနား၌ ပြောကြားသည် ။


အခမ်းအနားသို့ ခရိုင်မှူး ဦးကျော်ကျော်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်၊ ဦးစိုင်းဖုန်းမြတ်၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုမှ တာဝန်ရှိသူများ ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများ တက်ရောက် သည်ဟုဆိုသည် ။


ဒီဇင်ဘာ ၁၁ ရက် ၂၀၁၆ ခု က နိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗင်ထီးယူ က မူစယ်မြို့သို့ ရောက်ရှိလာစဉ် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေဆဲ ဖြစ်သောကြောင့် စစ်ဘေးကြောင့် ထိခိုက် ဒဏ်ရာရှိသူများနှင့်တွေ့ဆုံခွင့်မရကြောင်း၊ ၎င်းတို့အတွက် အစိုးရမှ ထောက်ပံ့မှုများပေးမည်ဟု ပြောကြား ထားကြောင်း၊ ထိုစဉ်မူစယ်မြို့နယ်အတွင်း စစ်ဘေးသင့်သူ ၃၇၁၀ ဦးရှိကြောင်း ကြားသိရသည် ။


လက်ရှိတွင် မူစယ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု လျှော့နည်းလာသော်လည်း မူစယ်ခရိုင် ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်များ အတွင်း စစ်ရေးတင်းမာ နေဆဲ ဖြစ်သည် ။

လားရှိုးမြို့နယ် ကန်မိန်းကျောင်းထိုင်ဆရာတော်၏ကြွင်းကျန်ရုပ်ကလပ်အား ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မီးသဂြိုဟ်မည်

Posted: 10 Jan 2017 10:39 PM PST

နိုင်ငံတော် ဩဝါဒစရိယ၊ သံဃာ့မဟာနာယက၊ သံဃာ့မဟာထေရ ၊ အဂ္ဂမဟာပန္တိတ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိက သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကန်မိန်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးမုနိန္ဒ ၏ ကြွင်းကျန်ရုပ်ကလပ်တော်အား  ယခုအပတ်သောကြာနေ့တွင် သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည် ။

ဆရာတော်၏ရုပ်ကလပ်အား မီးသဂြိုဟ်ရန်ပြင်ဆင်နေမှုအားတွေ့ရစဉ်  ဓါတ်ပုံ- Usaisan Min

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ တွင် တပည့်ဒကာများက ဆရာတော်၏ ကြွင်းကျန်ရုပ် အလောင်းအား လားရှိုးအရှေ့မြောက်ဘက် မိုင်းယော်အသွားလမ်းရှိ ကောင်းမတ်ကျိုင် - (တာ့ပုံ) သုဿာန်တွင် မီးသဂြိုဟ် မည်ဖြစ်ကြောင်းတပည့်တော်တပါးဖြစ်သည့်  အရှင်ဩဘာသက   မိန့်တော်မူသည် ။


“ ပြည်တွင်းပြည်ပ ရပ်နီးရပ်ဝေးက ဆရာတော်ရဲ့ ဒကာ တပည့်တွေ လာပြီးလှူဒါန်းကြတယ်။ ပွဲကတော့ ကန်မိန်းကျောင်းတိုက်မှာဘဲ။ ဆရာတော်ပျံလွန်ပြီးတာနဲ့ နေ့နေ့ညည ပေစာဟောတယ်။ တရားတွေနာတယ်။ မုန့်ဈေးတန်းတွေဘာတွေနဲ့စည်နေတာဘဲ။ မိုင်းဖုန်းဆရာတော်ဘုရားလည်း  ကြွချီလာပါတယ်။ ဆရာတော် ရဲ့ကြွင်းကျန်တဲ့ရုပ်ကလပ်ကို လာပြီး ဂါရ၀ပြု ကန်တော့ပါတယ်။  ၇ ရက်နဲ့ ၈ ရက်နေ့တုန်းက။ ပရိသတ် ကို လည်း တရားတွေဟောပါတယ်။”  - ဟု အရှင်ဩဘာသက မိန့်တော်မူပါသည် ။


ကန်မိန်းကျောင်းတိုက် ဆရာတော် ဦးမုနိန္ဒသက်တော် ၈၆ ဝါတော် ၆၆ ဝါသည် သက်ကြီးရောဂါဖြင့်  ၂၀၁၆ ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ က ဘ၀နတ်ထံပျံလွန်တော်မူခဲ့သည် ။


ဆရာတော် ဦးမုနိန္ဒသည်  သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟတ်ကာကျေးရွာတွင် ခမည်းတော် ပူလွယ် ဆိုင်ဇင့်ဇမ်နှင့် မယ်တော် အောက်လွယ်ဆွယ့်ငင်းဆိုင်တို့မှ  ကောဇာသက္ကရာဇ် ၁၃၀၇ ခု က ဖွားမြင်ပါသည်။ ဆရာတော်သည် ငယ်ဖြူတပါးဖြစ်ပြီး ဆည်းပူးခဲ့ရသော ပညာရပ်များကို ဆရာစားမချန်ဘဲ တပည့်တပန်း များ ကို ပြန်လည်မျှဝေပေးခဲ့သည်။ ဆရာတော်သည် ၂၀၁၆ ကလည်း လူငယ်လေးများအတွက် တနင်္ဂနွေ နေ့တိုင်း ဓမ္မစကူးဖွင့်လှစ်ပေးခဲ့သည်။ နှစ်ပေါင်း ၅၀ အတွင်း နှစ်စဉ်နှစ်တိုင်း ဝါတွင်း တပည့်ရဟန်း တနှစ် အပါး ၁၀၀ ထက်မနည်း ရှိကြောင်း၊ ဆရာတော်၏ တပည့်ရဟန်များအနက် သျှမ်းပြည်တွင်း ဒေသအသီးသီး ရှိ ကျောင်းပေါင်း ၂၀ ကျော်တွင် ကျောင်းထိုင်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်နေကြောင်းသိရပါသည် ။


ဆရာတော်၏ သာသနာတော်ပျံ့ပွါးရေးကြိုးပမ်းမှုကြောင့် နိုင်ငံတော်အဆင့်ဂုဏ်ပုဒ်များ၊ ဘွဲ့တော်များ သာမက ဒေသအတွင်း ဒါယိကာ ဒါယိကာမ များ တပည့်တပန်း ရဟန်းများထံမှ ကြည်ညိုလေးစားမှ အစဉ်အမြဲရရှိသည့် ဆရာတော်တပါးဖြစ်သည် ။


SSPP/SSA နယ်မြေအတွင်း စစ်ကြောင်းပို့ ၊ လမ်းဖေါက်ဖို့ ရလခတိုင်းမှူးပြော - မိုင်းရှူးမြို့နယ်တွင်တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်

Posted: 10 Jan 2017 07:01 PM PST

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်ရှိ SSPP/SSA သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေအတွင်း လမ်းဖေါက် ရန်အတွက် စစ်ကြောင်းများပို့လွှတ်မည်ဟု ခိုလမ်မြို့အခြေစိုက် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက ပြောကြောင်း ရလခ စစ်တိုင်းရုံး အသိုင်းအဝိုင်းကပြောသည် ။

လမ်းဖောက်လုပ်မည့်နေရာအား အကြမ်းဖျင်းပြသည့်မြေပုံ
ဇန်နဝါရီ ၁၀ ရက်နေ့ ၂၀၁၇ ခု သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့ အခြေ စိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒု တိုင်းမှူး ဗိုလ်မှူးချုပ်သက်ထွန်းက သျှမ်းပြည်တပ်မတော် SSPP/SSA ကိုယ်စားလှယ်တော်များအား ဖိတ်ကြားတွေ့ဆုံကာ ပြောကြားခြင်းဖြစ် သည်ဟု သိရသည် ။


“ ဒီတိုင်းမှူးက အဲဒီဒေသကို ကျွမ်းကျွမ်းကျင်ကျင် ရှိတယ်။ မိုင်းနောင် အခြေ စိုက် စကခ ၂ မှူးလဲ တာဝန်ထမ်းဆောင်ဖူး တယ်လေ။ မြောက် ပိုင်းတိုက်ပွဲ မဖြစ်ခင်ကတည်းက လုပ်ဖို့ အစီအစဉ်ရှိတယ်။ မြောက်ပိုင်းကိစ္စကြောင့် ၊ အခု အဲဒီ့ဘက်ထိန်းနိုင်ပြီဆိုတော့ ပြန်လုပ်ဖို့ စတာ။ ” - ဟု ရလခ တိုင်းမှူး နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးကပြောသည် ။


မိုင်းရှူးမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ သျှမ်းပြည်တပ်မတော် ထိန်းချုပ် ထား သည့် နယ်မြေဖြစ် သည့် လွယ်နိုင်းတောင် မှ လွယ်ချိုတောင်သို့လည်းကောင်း၊ ထိုမှ တဆင့် သံလွင်မြစ် တာ့ဝန်းနောင်း ကူးတို့ဆိပ်သို့လည်းကောင်း ရလခ စစ်တိုင်းမှူးက လမ်းဖေါက်လုပ်လိုသည်ဟု ဆိုသည် ။


“ ဒီလမ်းက ကျနော်တို့ ၁၉၈၉ အပစ်စရပ်တဲ့ အချိန်ကတည်း ကျနော့်  ကျောက် ခင်းလမ်း ဖေါက်ထား တာ။ လွယ်ချိုတောင်ကို ၂၀၁၁ - ၁၂ တုန်းကလည်း တပ်မတော်ကနေ လာတိုက်ဖူးတယ်။ ကျနော်တို့ သဘောတူ မတူ ဗျူဟာ တခု စေလွှတ်ပြီးလမ်းဖေါက်မယ်တဲ့။ လာရင်တော့ တိုက်ပွဲက ဖြစ်မှာဘဲ။ ကြားဖြတ် ရွေးကောက်ပွဲ ကို ဖျက်လိုဖျက်ဆီးလုပ်လိုတယ်လို့ပဲမြင်တယ်” - ဟု ဌာနချုပ် ပြန်ကြားဌာန အရာရှိတဦးက ပြောသည် ။


၂၀၁၅ ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲ ကလည်း မိုင်းနောင် - ကျေးသီး၊ မိုင်းရှူးမြို့နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအား အစိုးရတပ်မတော် ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် မဲဆန္ဒရှင် ၁ သိန်းခန့်က မဲပေးပိုင်ခွင့် လှစ်ဟင်းခဲ့သည်။ ထို့အတွက် လာမည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ထိုမြို့နယ် နှစ်ခု အတွင်း လွှတ်တော် အမတ် ၆ ဦး ရွေးကောက် တင်မြောက်မည်ဖြစ်ပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Jan 12, 2017, 5:16:39 PM1/12/17
to thuau...@gmail.com

သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက်အလုပ်ရုံဆွေးနွေးပွဲ မကြာခင်ပြုလုပ်မည်

Posted: 11 Jan 2017 10:31 PM PST

သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လူထု နှင့် တွေ့ဆုံရန် အကြိုပြင်ဆင်ညှိနှိုင်းသည့် အလုပ် ရုံဆွေး နွေးပွဲကို ဇန်နဝါရီ နောက်ဆုံးပတ်တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ သျှမ်းအဖွဲ့အစည်းများ ပူးပေါင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည် ။


“ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ အခုလာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဆက်လက်ပြီး ဒုတိယအကြိမ်မြောက်လုပ်မယ့် အစည်းအဝေးမှာ တင်ပြနိုင်ဖို့အတွက် သျှမ်းလူမျိုး အကုန် လုံးနဲ့ သက်ဆိုင်တဲ့ လူမျိုးအလိုက် အကြောင်းအရာအလိုက် ဒေသအလိုက် ဆိုတာရှိတယ်၊ အကြောင်း အရာ အလိုက်နဲ့ ဒေသအလိုက် ဆိုတာ ကျနော်တို့ လုပ်လို့မရဘူး။ EAO နဲ့ နိုင်ငံရေးပါတီတွေ လုပ်နိုင်တာက တော့ လူမျိုးအလိုက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာဘဲ လုပ်လို့ရမယ်။ အဲ့ဒီခေါင်းစဉ်အောက်မှာ ကျနော်တို့လုပ်မှာ နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေး၊ မြေယာ နဲ့ သဘာဝ သယံဇာတ၊ လုံခြုံရေး အဲ့လုံခြုံရေးကိစ္စကျတော့ ကျနော်တို့ ဆွေးသာဆွေးနွေးပြီးတယ် တကယ်တမ်းကျတော့ ပြည်ထောင်စုအဆင့်ကဘဲ ကြီးကြပ်ပြီးလုပ်သွား မှာ အဲ့ဒါတွေကို လူထုရဲ့ သဘောထား ရယူနိုင်အောင်လို့ ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အလုပ်ရုံဆွေးနွေး ပွဲ အကြိုညှိုနှိုင်းဆွေးနွေးပွဲလုပ်မှာပါ”ဟု CSSU အတွင်းရေးမှူးများအဖွဲ့ဝင်၊ နိုင်ငံရေးဆွေးနွေးညှိုနှိုင်းမှု ကော်မတီဝင် ၊ ကျားခေါင်းပါတီပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ် ကပြောသည် ။


အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ မှ ၂၇ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းလိုင်ပါတီ နှစ်ပါတီ နှင့် သျှမ်းပြည် ဥပဒေပညာရှင်များအဖွဲ့၊ မျိုးဆက်သစ်သျှမ်းပြည်၊ Tai Youth Network (TYN) ၊ Tai Youth Organization (TYO ) နှင့် သျှမ်းစာပေယဉ်ကျေးမှုများအပြင် CSSU အဖွဲ့ဝင်များလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည် ။


သျှမ်းအမျိုးသားလုံး နှင့် သက်ဆိုင်သည့် အတွက် အမျိုးသားရေးအတွက် လှုပ်ရှားနေသည့် အဖွဲ့အစည်းအားလုံး လူအင်အား ၂၅၀ မှ ၃၀၀ ခန့် တက်ရောက်မည်ဖြစ်ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီက ပြောသည် ။


“ ခေါင်းစဉ် ငါးခုရှိမယ်၊ အလုပ်အဖွဲ့တစ်ဖွဲ့ကို ၁၃ ယောက် ကနေ ၁၅ ယောက်ရှိမယ်၊ ဦးဆောင်သူ ၊ စာရင်းကိုင်သူ၊ မှတ်တမ်းတင်သူ တွေ အားလုံး တစ်ဖွဲ့ကို ၁၅ ယောက်လောက်ရှိမယ် သွားမယ့်နေရာက ၁၃ နေရာ သျှမ်းအရှေ့က ၂ နေရာ မြောက်ပိုင်းက ၃ နေရာ တောင်ပိုင်း ၄ နေရာ သျှမ်းပြည်တွင်းမှာတော့ တစ်ချိန်တည်းကွင်းဆင်းသွားမှာဖြစ်တယ်၊ သျှမ်းပြည်အပြင် မန္တလေး၊ မိုးညှင်း ၊ဟုမ္မလင်း၊ ထိုင်းနိုင်ငံ ချင်းမိုင် နဲ့ ကယားပြည်နယ် လွိုင်ကော် အဲ့ဒီနေရာတွေက နောက်မှလုပ်မယ်” ဟု  စိုင်းလိတ် ကပြောသည် ။


သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လူထု နှင့် တွေ့ဆုံနိုင်ရန် အတွက် ၂၀၁၆ ဒီဇင်ဘာလ တွင် သျှမ်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည် ။


ဝမ်ဟိုင်းဌာနချုပ်တွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပေးမည်ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရပြော

Posted: 11 Jan 2017 06:17 PM PST

လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ကြားဖြတ်ေ ရွးကောက်ပွဲတွင် ကျေးသီးမဲဆန္ဒနယ် လည်းပါဝင်နေရာ ကျေးသီးမြို့နယ် အတွင်း သျှမ်းပြည်တပ်မတော် အခြေစိုက်ဌာနချုပ် ၀မ့်ဟိုင်းတွင် ရွေးကောက် ပွဲကျင်းပ ခွင့်နှင့် မဲရုံထောင်ခွင့်ကို ခွင့်ပြုမည်ဖြစ်ကြောင်း သျှမ်းပြည်တပ်မေ တာ် မြောက်ပိုင်း တာဝန်ရှိသူက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


ဝမ့်ဟိုင်းကျေးရွာအုပ်စုတွင် မဲရုံထောင်ခွင့် ၊ ကျင်းပခွင့်များ ပါ ပေးအပ်မည်ဖြစ် ကာ ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံကြောင်းလည်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောသည် ။


“၀မ့်ဟိုင်း ကျေးရွာမှာ ၂၀၁၀ တုန်းကလည်း ရွေးကောက်ပွဲ ကျင်းပခဲ့တာပဲ။ ကျနော်တို့က ရွေးကောက်ပွဲကို ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ဘူး။ ”  ဟု စိုင်းဘုန်းဟန်က ပြောသည် ။


ကျေးသီးနှင့် မိုင်းရှူးမြို့နယ်များသည် ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ် စာရင်းတွင် ပါဝင်ခဲ့သော်လည်း ရွေးကောက်ပွဲနီးကပ်လာချိန်တွင် မိုင်းရှူးမြို့နယ်၌ တပ်မတော်နှင့် SSA တို့အကြား တိုက်ခိုက်မှုများကြောင့် ရွေးကောက်ပွဲကော်မရှင်မှ အဆိုပါ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ ကျင်းပမှုကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည် ။


“ ၂၀၁၅မှာလည်း အစိုးရဘက်က ဖျက်ခဲ့တာပဲ။ အခုတော့ ကူညီပေးဖို့ အသင့်ပါ။”ဟု စိုင်းဘုန်းဟန်က ပြောသည် ။


၂၀၁၀ ရွေးကောက်ပွဲကာလ ၀မ့်ဟိုင်း ကျေးသီး မဲဆန္ဒနယ်တွင် ကျားဖြူပါတီမှာ အနိုင်ရရှိခဲ့ပြီး ယခုရွေးကောက်ပွဲတွင်မူ ကျားခေါင်း ၊ ကျားဖြူနှင့် NLD တို့မှာ အဓိက ပြိုင်ဘက်များအဖြစ် မိုင်းရှူးနှင့် ကျေးသီးမဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည် ။


လာမည့် ဧပြီလ ၁ ရက်နေ့ တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်၌ မဲဆန္ဒနယ် စုစုပေါင်း ၈ နေရာ ရှိနေပြီး သျှမ်းတပ်မတော် မြောက်ပိုင်း လှုပ်ရှားရာ မိုင်းရှူးနှင့် ကျေးသီးတွင် မဲဆန္ဒနယ် ၆ နေရာ ၊ ကျိုင်းတုံနှင့် ညောင်ရွှေတွင် ၁ နေရာစီ စုစုပေါင်း ၈ နေရာ သျှမ်းပြည်နယ်တွင် လစ်လပ်မဲဆန္ဒနယ်အဖြစ် ကျင်းပမည်ဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Jan 13, 2017, 4:57:58 PM1/13/17
to thuau...@gmail.com

ပြည်ထောင်စုလမ်းမပေါ်ရှိ သိန္နီရေပူဂိတ် ပြန်ဖွင့်မည့်ကိစ္စ ကုန်သည်အသင်းများစတင်ကန့်ကွက်

Posted: 12 Jan 2017 06:58 PM PST

မန်မာ - တရုတ် ပေါင်းကူးသည့် ပြည်ထောင်စုလမ်းမပေါ် ရှိ သျှမ်းပြည်ြေ မာက်ပိုင်း သိန္နီရေပူဂိတ်အား လာမည့် တနင်္လာနေ့တွင် ပြန်လည်ဖွင့်လှစ်ရန် NLD အစိုးရ ပြင်ဆင်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ဒေသအတွင်း ကုန်သည်ကြီးများအသင်း၊ ယာဉ်အသင်း၊ သစ်သီးဝလံအသင်းများက သဘောထားများ ယနေ့ အသီး သီး ထုတ်ပြန်ကန့်ကွက်ကြသည် ။


ထုတ်ပြန်ကန့်ကွက်မှုတွင် - သစ်သီးဝလံကုန်စည်ဒိုင်အသင်းက သိန္နီမြို့ ရေ ပူဂိတ် စစ်ဆေးရေး စခန်း အား ပြန်လည်ဖွင့်လှစ်မည်ဆိုပါက ယာဉ်ကြော ပိတ်ဆို့မည့်ပြဿနာ၊ ကုန်ကျစရိတ်ပိုများလာမည့်ပြ ဿနာ၊ လမ်းခရီးကြန့်ကြာ မည့်ပြဿနာများ တဆက်တည်းဖြစ်ပေါ်မည်ဖြစ်သဖြင့် မဖွင့်လှစ်သင့် ကြောင်း နိုင်ငံတော် အတိုင်အပင်ခံ ရုံးသို့ လိပ်မူကာ ယနေ့ ၁၂၊ ၁၊ ၂၀၁၇ ကစာများပေးပို့ခဲ့သည် ။


ထို့အတူ မူဆယ် - ၁၀၅ မိုင် ယာဉ်၊ ယန္တယား တင်သွင်းသူများ အသင်းက လည်း - အဆိုပါ ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်းအား ပြန်လည်ဖွင့် လှစ် မည်ဆိုပါက ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပုပ်သိုး လွယ် သောကုန် ပစ္စည်းများ၊ ကုန်စိမ်းများ ပျက်စီး ဆုံးရှုံးမှု များပြား နိုင်သောကြောင့် ပြန်လည်ဖွင့်လှစ်ရန် မသင့်လျော်ကြောင်း မူဆယ် - နမ့်ခမ်းကုန်သည်ကြီးများအသင်းထံ ကန့်ကွက်သည့် စာများပေးပို့ ခဲ့သည် ။


ခွါညိုသစ်သီးပွဲရုံပိုင်ရှင် စိုင်းခင်မောင် က - “ ဒါက ကုန်သွယ်မှု အတား အဆီးတခုဘဲ။ ဒီဂိတ်ကြီးကိုပြီးခဲ့ တဲ့အစိုးရက လွှတ်တော်ရဲ့ သဘော တူညီချက်ယူပြီးတော့ ပိတ်ထားတာ။ ဒါကပြည်သူလူထုလိုအပ် ချက်အရ ပိတ်ထားတာ။ ဒါမယ့်အခု ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ အကောက်ခွန်ဦးစီးဌာနက ဒီဂိတ်ဖွင့်မယ့် အကြောင်းကိုလာပြီးအသိပေးတဲ့အနေနဲ့လာပြောသွားတာ။ ဒါမယ့်ဒီဂိတ်ကမရှိသင့်တော့ပါဘူး။ ဘာလို့လဲဆို လမ်းကြောပိတ်ဆို့ မှုမကြာ ခဏဖြစ်နေတယ် ဒီလမ်းကြောင်းက။ ဒီဂိတ်ဖွင့်လိုက်ရင် လမ်းကြော ပိတ်ဆို့မှုကပိုဆိုးသွားမယ်။ ဝန်ထမ်းတွေကလဲ တရားဝင်ကောက်ခံ တဲ့ငွေကော မတရားတဲ့ နည်းနဲ့ကောက်ခံတဲ့ငွေကော ရှိလာမှာဘဲ” - ဟု ပြောသည် ။


အဆိုပါပြန်လည်ဖွင့်လှစ်မည့် ရေပူဂိတ် အမြဲတမ်း စစ်ဆေးရေးစခန်း နိုင်ငံတကာကွယ်သွယ်ရေး လမ်းကြောင်းအရ ရှိသင့်ရှိထိုက်သည့်ဂိတ် စခန်းဖြစ်ကြောင်း၊ တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း ရေပူဂိတ်စခန်းအပြင် ထိုင်းနိုင်ငံ မဲဆောက်မြို့ - မြဝတီမြို့မှ မြန်မာနိုင်ငံအတွင်းပိုင်းသို့ ဝင်သည့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိသည့် မွန်ပြည်နယ် ကျိုက်ထိုမြို့ မရမ်းချောင် ဂိတ်စခန်းလည်း ပြိုင်တူ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း - ရေပူအမြဲတမ်း စစ်ဆေးစခန်းတွင် တာဝန်ကျမည့် အကောက် ခွန်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်စိုးအောင်က သျှမ်းသံတော်ဆင့်သို့ပြောသည် ။


စစ်အစိုးရ ဖွင့်လှစ်စစ်ဆေးသည့် အဆိုပါ နာမည်ကြီး ဂိတ်စခန်းနှစ်ခုသည် လူထုတောင်းဆိုချက်အရ လွှတ်တော်အတွင်း ဆုံးဖြတ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ရ ရက်နေ့ တွင် ဦးသိန်းစိန်အစိုးရက ပယ်ဖျက်ထားရမှ ယခု NLD အစိုးရမှ ပြန်လည်ဖွင့်လှစ်ရန်ကြိုးပမ်းလာခြင်းဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Jan 16, 2017, 5:14:27 PM1/16/17
to thuau...@gmail.com

သျှမ်း/မြောက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုလာရောက်စစ်ဆေးပေးဖို့ မစ်ယန်ဟီလီအား သျှမ်းလူ့အခွင့်အရေးလှုပ်ရှားမှုမဏ္ဍိုင်တောင်းဆို

Posted: 16 Jan 2017 05:53 AM PST

မန်မာနိုင်ငံသို့ရောက်ရှိနေသော မစ္စယန်ဟီလီအား သျှမ်းပြည်နယ်ရှိ စစ်မက်ဖြစ်ပွါးရာဒေသတွင် လူ့အခွင့်ရေးချိုးဖောက်ခံနေရဆဲဖြစ်သော ဒေသခံလူထုဘ၀ နှင့် အခြေအနေသိရှိနိုင်အောင်ကွင်း ဆင်း စစ်ဆေးကြည့်ရှုစေလိုကြောင်း  သျှမ်းလူ့အခွင့်အရေး လှုပ်ရှားမှုမဏ္ဍိုင်မှ ပြောဆိုလိုက်သည် ။

 ကျောက်မဲမြို့ ပန်မမီးကျေးရွာသားများ စစ်ပွဲဒဏ်ခံရပုံတချို့ (Photo: SHRF)

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် အစိုးရ တပ်မတော်မှ ဂျက်လေယာဉ်ဖြင့် ရပ်ရွာ အ တွင်း ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး လက်နက်ကြီးဒဏ်ထိခိုက်သေဆုံးရမှု၊ ၇ ဦးဒဏ်ရာရရှိမှု အ ပေါ်  မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလ လူ့အခွင့်သျှမ်းအရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ အနေဖြင့် လာရောက်စစ်ဆေးကြည့်ရှုပေးဖို့ရန် လူ့အခွင့် အရေးလှုပ်ရှားမှု မဏ္ဍိုင်မှ ကြေငြာ ချက်တစောင် ထုတ်ပြန်တောင်းဆို လိုက်ခြင်းဖြစ်သည် ။


“ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ်ယန်ဟီလီ မြန်မာနိုင်ငံကိုရောက်ရှိနေချိန်မှာ  ကျနော်တို့သျှမ်းပြည်နယ်ထဲကစစ်မက်ဖြစ်ပွါးရာဒေသက (လောလောဆယ်တော့ ကျောက်မဲမြို့ နယ်၊ နမ့်ဆန်မြို့နယ်ဘက်က) လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို ကွင်းဆင်းကြည့်မြင် စေ့ချင်တယ်။ ဒီတခေါက်သူမရဲ့ခရီးစဉ်က သျှမ်းပြည်မပါတာကိုစိတ်မကောင်းဖြစ်ရတယ်။ မြန် မာနိုင်ငံကို ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်တွေက ရောက်ရှိခဲ့ပေမယ့် သျှမ်းပြည် နယ်က စစ်မက်ကြောင့်အကျည်းတန်ရုပ်ဆိုးနေမှုဟာ ယနေ့တိုင်ပြောင်းလဲမှုမရှိသေးဘူး ဆက်လက်ရုပ်ဆိုးနေပါသေးတယ်။ ကမ္ဘာ့လူသားအချင်းချင်းဖြစ်နေတဲ့အတွက်ကြောင့် ကျနော် တို့သျှမ်းပြည်သူလူထုကိုလည်း ကမ္ဘာသူကမ္ဘာသားများနည်းတူ အခွင့်အရေး ရရှိစေချင်တယ် ” - ဟု SHRF မှ စိုင်းဟော်ရှဲန် ကပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်မမီးကျေးရွာတွင် အစိုးရတပ်မတော်သည် ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက် ၈ နာရီက TNLA တပ်ဖွဲ့ရှိရာ ပန်မမီးရွာနှင့်တမိုင်ခန့်အကွာရှိ လွယ်ယိန် တောင် သို့ ဂျက်လေယာဉ်မှ ဗုံးများပစ်ချရာ ပန်မမီးရွာရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်ပေါ် ကျသဖြင့် ကျောင်းထိခိုက်ပျက်စီး လူထု ၃ ဦးသေ ၇ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြကြောင်း လူ့အခွင့် အရေးမဏ္ဍိုင်၏ ကြေငြာချက်တွင်ဖော်ပြထားသည် ။


“ အကြီးကျယ်ဆုံးလူ့အခွင့်အရေးချိုးဖောက်မှုခံရတဲ့ဖြစ်ရပ်ထဲကတခုဖြစ်တယ်။ လက်နက်ကြီး တွေဟာ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေအပေါ်တည့်တည့်ကျရောက်တယ်။ လူထု ၃ ယောက် နေရာမှာတင်ပွဲချင်းပြီးသေတယ်။ ကိုယ်ဝန် ၈ လ နဲ့ကျန်ရစ်တဲ့ဇနီးဖြစ်သူကလည်း ခြေထောက်တ ဖက်ဖြတ်ရတယ်။ အသက် ၆ နှစ်အရွယ် ကလေးတယောက်ဒဏ်ရာအကြီး အကျယ်ရတယ်။ နိုင်ငံရေးပြဿနာတွေဖြေရှင်းဖို့လုပ်နေတဲ့အချိန်မှာ ဒီဖြစ်ရပ်မျိုးထပ်မဖြစ်အောင် အစိုးရဘက်က နေတပြည်လုံးအပစ်ရပ်ရေးကြေငြာပေးဖို့တိုက်တွန်းချင်တယ်။ ” - ဟု စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့်အားပြောသည် ။


ပန်မမီးကျေးရွာတွင်အိမ်ခြေ ၁၀၀ ခန့်ရှိပြီး ဒေသခံလူထုလူဦးရေ ၃၀၀ ခန့်ရှိကြောင်းသိရသည်။ ညောင်ပင်လှရွာအခြေစိုက် ခမရ ၅၀၆ တပ် နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တအာင်းလက်နက် ကိုင်တပ်တို့ ၂၀၁၆ ခု ဒီဇင်ဘာလ နှောင်းပိုင်းက ပစ်ခတ်တိုက်ခိုက်မှုတဖန် ပြန်လည်ပြင်းထန် လာပြီး ယခုကဲ့သို့ ဂျက်လေယာဉ်အသုံးပြုရသည့်အခြေအနေအထိဖြစ်ခဲ့ရသည် ။


လက်နက်ကြီးကျည်ထိမှန်သေဆုံးသောဒေသခံရွာသား ၃ ဦး၏ ရုပ်အလောင်းအား ထိုနေ့ည ၇ က ပင်  ခမရ ၅၀၆ တပ်က ရွာသား ၆ ဦးအား သယ်ဆောင်စေကာ ပန်လန်းရွာသုသာန်သို့မြုပ်နှံခိုင်း လိုက်ကြောင်း၊ ကျည်စ ထိမှန်သော ဘုန်းတော်ကြီး ၃ ပါးနှင့် ရွာသူ ၂ ဦး (တဦးမှာ ကိုယ်ဝန် ၈ လ ရှိ) နှင့် ရွာသား ၁ ဦး ကလေး တဦးတို့အား နမ့်ခုံးပရဟိတအသင်းက လာရောက်သယ်ဆောင် ကာ လားရှိုးဆေးရုံသို့ဆောင်ဆေးကုသရကြောင်း ၊ ကိုယ်ဝန်သည်မှာ ညာခြေထောက်ဖြတ်တောက် ရ သည်အထိဖြစ်ရကြောင်း ကြေငြာချက်တွင်ဖော်ပြထားပါသည် ။


ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း နမ့်ဆန်မြို့တွင် အစိုးရတပ် နှင့် TNLA တပ်တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရာ လက်နက်ကြီးကျည်ကြောင့် ဟိုချောင်းကျေးရွာနေ ကျောင်းနေအရွယ် အသက် ၇ နှစ်အရွယ် ကလေးသူငယ် တဦးသေဆုံးပြီး ရွာသား ၁၀ ကျော်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပါသေးသည် ။


ပင်လုံ ပြီး ပင်လုံ (သို့မပာုတ်) ပြည်ထောင်စုသဘောတရားမှ လက်တွေ့သို့

Posted: 16 Jan 2017 01:53 AM PST

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာပြီးသည့်နောက် တွင်မြန်မာနိုင်ငံရေးအခင်းများတော်အတန် ပြောင်းလဲလာခဲ့သည်ကို တွေ့ရှိရသည်။ ယင်းကဲ့သို့ပြောင်းလဲလာသော အခင်းအကျင်းများအနက် ဒုတိယပင်လုံညီလာခံခေါ် ၂၁ ရာစု ပင်လုံညီ လာခံတရပ်ကို ခေါ်ယူဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေကြခြင်းသည်လည်းတခုအပါအဝင် ဖြစ်ရာ ပြည်တွင်းပြည်ပ စိတ်ဝင်စားမှုအများဆုံးရရှိနေသော ကိစ္စတရပ်ဖြစ်နေပေသည်။ယင်းကြိုး ပမ်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့်တိုင်ရင်းသားနိုင်ငံရေးခေါင်းဆောင် များက စတင်၍ ဦးဆောင်တင်သွင်းခဲ့ပြီးနောက် အကောင်အထည်ဖော်နိုင်ရေးအတွက် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်အရ တာဝန်ပေးအပ်ခဲ့ကြပေသည် ။


ယင်းကဲ့သို့ဒုတိယပင်လုံညီလာခံပာူ၍ ခေါ်ယူကျင်းပနိုင်ရကြိုးပမ်းမှုကို လွတ်လပ်ရေးအကြိုခေတ် ၁၂၊ ၂၊ ၁၉၄၇ တွင်အောင်မြင်စွာ ခေါ်ယူကျင်းပနိုင်ခဲ့သော ကမ္ဘာကျော် ပထမ ပင်လုံညီလာခံနှင့် နှိုင်းယှဉ်လေ့လာချက်ကိုဥပဒေရှုဒေါင့်မှ မြန်မာနိုင်ငံရှေ့နေများကောင်စီကဤဆောင်းပါးဖြင့် တင်ပြသွားရန်ရည်ရွယ်ပါသည် ။


ရှေးဦးစွာ ပထမပင်လုံညီလာခံ၏ခိုင်မာမှု၊ ကိုယ်စားပြုမှုအပြင် ညီလာခံ၏ ရလဒ်ဖြစ်သောပင်လုံ စာချုပ်၏တရားဝင်ပြစ်မှုကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် ။


၁။ ဥပဒေရှုဒေါင့်အရ ကိုယ်စားပြုမှုနှင့် တရားဝင်မှု

(က) လုပ်ပိုင်ခွင့် (Mandate)

ပထမပင်လုံညီလာခံတွင် ပါဝင်လက်မှတ်ရေးထိုးကြသော အင်အားစု (stakeholder) များမှာ ယေဘုယျအားဖြင့် နှစ်ဦးနှစ်ဘက်သာရှိသည်ပာု ဆိုနိုင်သည်။ ပထမတစ်ဘက်မှာဗြိတိသျှကိုလိုနီ အစိုးရက သီးခြားဥပဒေများပြဋ္ဌာန်း၍အုပ်ချုပ်ရေးချမှတ်ထားသောချင်းတောင်တန်းဒေသ၊ ကချင်နယ်ခြားတောင်တန်းဒေသအင်အားစုနှင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရခိုင်၊ ကရင်နှင့် မွန် ခေါင်းဆောင်များပါဝင်သော မြန်မာပြည်မ (Burma Proper) အစိုးရက တဖက်လက် မှတ်ရေးထိုး သဘောတူကြခြင်းပင်ဖြစ်သည်။ ထို့ကြောင့်သဘောတူချက်တွင်ပါဝင်လက်မှတ်ရေုး ထိုးသော ကိုယ်စားလှယ်များတွင် လုပ်ပိုင်ခွင့် (Mandate) အပြည့်အဝရှိကြကြောင်းတွေ့ရရှိရပါသည်။

(ခ) တရားဝင်မှု (Legitimacy)

ပထမပင်လုံညီလာခံအပြီးရရှိသော ပင်လုံစာချုပ်ချုပ်ဆိုခြင်းသည် လူမျိုးရေး၊ အမျိုးသားရေးအရစာချုပ် ချုပ်ခြင်းမပာုတ်ဘဲ နယ်မြေများ၏ပေါင်းစည်းခြင်း (Territorial Integrity) မှာ အစိကဖြစ်သည်။ ပြည်ထောင်စု စတင်ဖွဲ့သည့်မူနှင့်ပြောလျှင် သီးခြားတည်ရှိနေသောနယ်မြေများသည် မိမိတို့၏ လွတ်လပ်သောသဘောဆန္ဒလျောက် လာရောက်ပူးပေါင်း၍ပြည်ထောင်စုတည်ဆောက်ခြင်း (Principle of Coming Together) ပာုဆိုနိုင်သည်။ ဥပမာ အားဖြင့်အမေရီကန်ပြည်ထောင်စုစတင်ဖွဲ့စည်းစဉ်က မူလ (၁၃) ပြည်နယ် လာရောက်ပူးပေါင်းပါဝင်ခြင်းနှင့် ယခုပြည်နယ် (၅၀) ထိ တိုးပွားလာခြင်းတို့မှာ (Coming Together) မူအရဖြစ်သည်။ ထို့ကြောင့်နယ်မြေကိုအခြေခံသော နယ်မြေကိုယ်စားပြုပုဂ္ဂိုလ်များ၏ သဘောတူညီချက်ဖြစ်သောကြောင့်နိုင်ငံရေးအရ တရားဝင်မှု (Political Legitimacy) အပြည့်အဝရှိသည်ပာု ဆိုနိုင်သည်။ ကိုလိုနီနယ်ချဲ့အောက်မှ လွတ်မြောက်စေရန် ကူးပြောင်းရေး ကာလတရပ် (Transition Period) အတွက် လိုအပ်သော အမျိုးသားလုံးဆိုင်ရာသဘောတူညီချက် (National Accord) တခုဖြစ်သည်ပာုလည်းဆိုနိုင်သည်။

၂။ ပင်လုံစာချုပ် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ခြင်း (Implementation of the Panglong Agreement)

(က) ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း (Drafting a Constitution)

ပထမပင်လုံညီလာခံ၏ ရလဒ်ဖြစ်သော ပင်လုံစာချုပ်သည် ကိုယ်စားပြုမှုနှင့် တရားဝင်မှု အပြည့်အဝရှိသည်။ သို့သော်ငြားလည်းယင်းစာချုပ်ပါသဘောတူညီချက်များကို ဆက်လက် အကောင်အထည် ဖော်ရာတွင် ချို့ယွင်းအားနည်းချက်များ ရှိလာခဲ့သည်။ လွတ်လပ်ရေးအကြိုကာလ အချိန်တိုအတွင်း ရေးဆွဲပြဋ္ဌာန်း အတည်ပြုခဲ့ရသော ၁၉၄၇ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို ရောင်ပြန်ပာပ်ခြင်းမရှိရုံမက ဆန့်ကျင်ကွဲလွဲသော ပြဋ္ဌာန်းချက်များ ပါဝင်လာခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းကဲ့သို့ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် လွတ်လပ်ရေးအရ ယူနိုင်ရေးအတွက်ရည်မှန်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနေစဉ်ကာလအတွင်းမှာပင် မြန်မာပြည်ကိုယ်စားတာဝန်ခံ၍ လက်မှတ်ရေးထိုးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရ၍ ကျဆုံးသွားရခြင်းမှာလည်း ပင်လုံစာချုပ်ပါသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ရသည့် အကြောင်းရင်းခံတရပ်လည်းဖြစ်ပေသည်။

(ခ) ပြည်ထောင်စုစနစ်သို့ ဦးတည်မှုမရှိခြင်း (Non Approach to Union System)

ပထမ ပင်လုံညီလာခံ၏ ရလဒ်ဖြစ်သော ပင်လုံစာချုပ်သည် မြန်မာနိုင်ငံအား ပြည်ထောင်စုစနစ် (Union System) ဖြင့်ဖွဲ့စည်းတည်ထောင်ရန် အခြေခံအုတ်မြစ်အဖြစ် ရည်မှန်းခဲ့ကြသော်လည်း ခေတ်အဆက်ဆက်သော အုပ်ချုပ်သူခေါင်းဆောင်များ၊ အစိုးရများသည် ပြည်ထောင်စုအမည်ခံ၍ အနှစ်သောရအားဖြင့် တပြည်ထောင်စနစ် (Unitary System) ကိုလက်တွေ့ကျင်သုံးခဲ့ကြကြောင်းအောက်ဖော်ပြပါ သမိုင်းအထောက်အထားအရ သိသာထင်ရှားပါသည် ။


၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုပြီးနောက် လွတ်လပ်ရေးရသည့်နေ့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ စတင်၍ အာဏာသက်ရောက်ခဲ့သော ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အောက်ပါအတိုင်း ပြဋ္ဌန်းထားသည် ။

အခန်း(၁)နိုင်ငံဖွဲ့စည်းပုံ
ပုဒ်မ(၁) မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် သမတနိုင်ငံဖြစ်သည်။ ထိုနိုင်ငံကို “ပြည်ထောင်မြန်မာနိုင်ငံ” ပာုခေါ်ရမည် ။


ယင်းပုဒ်မ(၁) တွင် ပြည်ထောင်စုမြန်မာနိုင်ငံပာု ဖော်ပြထားခြင်းမှလွဲ၍ နောင်မည်သည့်အခန်းတွင်မှ ပြည်ထောင်စုစနစ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ပြဋ္ဌာန်းချက်များပါဝင်မှုလုံးဝမရှိတော့သည်ကိုတွေ့ရှိရသည် ။


၁၉၇၄ ခုနှစ် ဇန်နဝါရီလ(၃) ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌန်း လိုက်သော ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ -

အခန်း(၁)နိုင်ငံတော်
ပုဒ်မ(၁)မြန်မာနိုင်ငံတော်သည် လုပ်သားပြည်သူတို့၏ အချုပ်အခြာအာဏာ ပိုင်လွတ်လပ်သော ဆိုရှယ်လစ်နိုင်ငံဖြစ်သည်။ နိုင်ငံတော်ကို ပြည်ထောင်        စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ပာုခေါ်တွင်စေရမည်။

ယင်းပုဒ်မ(၁)တွင် ပြည်ထောင်စုပာူသော ဖော်ပြချက်မှလွဲ၍ ပြည်ထောင်စုစနစ်ကိုဖော်ပြသည့်ပြ ဋ္ဌာန်းချက်များ မတွေ့ရှိရရုံမျှမက ပြည်ထောင်စုစနစ်၏ ဆန့်ကျင်ဘက်ဖြစ်သောတပါတီနိုင်ငံရေး စနစ်ကို ပုဒ်မ(၁၁) တွင်ပြဋ္ဌန်း ထားခြင်းဖြင့်လည်းကောင်း၊ လွှတ်တော်တရပ်စနစ်ကို ပုဒ်မ(၃၂) တွင်ပြဋ္ဌာန်းထားခြင်းဖြင့်လည်းကောင်း တပြည်ထောင်စနစ်သို့သာမကတပါတီစနစ်သို့ ဦးတည်ထားသည်ကို တွေ့ရှိရပေသည် ။


၂၀၀၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌန်းသည် ပာုကြေညာပြီး ပြည်ထောင်စုလွှတ်တော် ခေါ်ယူမည့် ပထမရက်တွင် အာဏာသက်ရောက်စေမည့် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အောက်ပါအတိုင်းဖော်ပြထားသည်ကို တွေ့ရှိရသည် ။


အခန်း(၁)နိုင်ငံတော် အခြေခံမူများ
နိုင်ငံတော်
ပုဒ်မ(၂)နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်။
ပုဒ်မ(၈) နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောင်သည် ။


ယခုကဲ့သို့ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုပာူ၍ နိုင်ငံအမည်တွင် ထည့်သွင်း ထားရုံမျှမက သီးခြားပုဒ်မတခုဖြင့် ပြည်ထောင်စုစနစ် (Union System) ကို ကျင့်သုံးသည်ပာု ပြဋ္ဌာန်း ချက်ပါရှိခြင်းမှာ ယင်း ၁၉၄၇ နှင့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့် ကွာခြားမှုပင်ဖြစ် သည် ။


သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရအပိုင်း (Substance) ကိုပြန်ကြည့်လျှင် အခြေခံမူများ၌ တပ်မတော်ကနိုင်ငံရေးဦးဆောင်မှုအပိုင်းတွင် တာဝန်ယူခြင်း၊ လွှတ်တော်အသီးသီး၌ ရွေးကောက်ပွဲဝင်ရန်မလိုဘဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နေ ရာ ၂၅ ရာခိုင်နှုန်းရရှိစေခြင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် တပ်မတော်က ကျောထောက်နောက်ခံပြုပေးထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီ (USDP) ကရွေးကောက်ပွဲတွင် အနိုင်ရရှိစေရန်စီမံထားခြင်းစသောအချက်များကြောင့် ပြည်ထောင်စုစနစ်တွင် ဆန့်ကျင်ကွဲလွဲနေသည်ကို သုံးသပ်တွေ့ရှိရမည်ဖြစ်သည် ။


ထိုကြောင့်ပထမ ပင်လုံညီလာခံ၏ ရလဒ်ပင်လုံစာချုပ်ပါ သဘောသူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ရုံမျှမက ဆန့်ကျင်ဘက်သို့ဦးတည်၍ ပြည်ထောင်စုစနစ် မပာုတ်သော၊ ပြည်ထောင်စုစနစ်နှင့် ဆန့်ကျင်သော၊ တပြည်ထောင်စုစနစ်၊ တပါတီစနစ်နှင့်အာဏာရှင်စနစ်တို့ကိုသာလျင် ဦးတည်အကောင်အထည်ဖော်နေကြောင်း သုံးသပ်ပြလိုက်ရမည် ။


ယခုကဲ့သို့ ပထမပင်လုံညီလာခံ၊ ပင်လုံစာချုပ်နှင့်တကွ လွတ်လပ်ရေးအကြိုကာလ တွင်ရေးဆွဲပြဋ္ဌာန်းခဲ့သော ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခဲဥပဒေနှင့် ၎င်း၏နောက်ဆက်တွဲများ (၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲအထိ) ကိုသုံးသပ်တင်ပြပြီးနောက် ယခုဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အကောင်အထည်ဖော်ရန်ကြိုးပမ်းနေသော ဒုတိယပင်လုံညီလာခံ (၀ါ) ၂၁ ရာစုပင်လုံညီလာခံနှင့် ပတ်သက်၍ အလားအလာ မည်သို့ရှိသည်ကို ဥပဒေရှု့ဒေါင့်အမြင်ဖြင့် ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည် ။


၁။ ကိုယ်စားပြုမှုနှင့် တရားဝင်မှု

(က) ကိုယ်စားပြုမှု (Mandate)

ယခုကျင်းပရန်ကြိုးပမ်းနေသော ဒုတိယပင်လုံညီလာခံသို့ ပါဝင်တက်ရောက်ကြမည့် လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များနှင့်အင်အားစုများ၏ ကိုယ်စားပြုမှုနေအထားသည် ပထမအကြိမ်ပင်လုံညီလာခံကိုယ် စားလှယ်များလောက် ကိုယ်စားပြုမှု ခိုင်မာမည်မပာုတ်ဘဲ ကိုယ်စားပြုမှုအခိုင်အမာနှင့် တက်ရောက်နိုင်ရန် အခက်အခဲရှိကြလိမ့်မည်ပာု ခန့်မှန်းရသည်။ အချို့ကလူကိုယ်တိုင် ပါဝင်တက်ရောက် ခြင်းမပာုတ်ဘဲခေတ်မီဆက်သွယ်ရေး နည်းပညာများဖြင့် ပါဝင်ဆွေးနွေးကြမည်ပာုလည်းကြား သိနေရသဖြင့်ကိုယ်စားပြုမှုအနေ အထား ပိုမို၍အားပျော့သွားနိုင်သည်ပာုသုံးသပ်ရမည်ဖြစ်သည်။ အထူးသဖြင့်နယ်မြေ (territory) ကိုသော်လည်းကောင်း၊ ယင်းနယ်မြေအ တွင်းရှိပြည်သူလူထုကိုသော်လည်းကောင်း ကိုယ်စားပြု၍ တက်ရောက်နိုင်မည့်ကိုယ်စားလှယ် မည်မျှရှိနိုင်သည်ကိုမှန်းဆရန်မလွယ်ကူပါ ။


(ခ) တရားဝင်ဖြစ်မှု (Legitimacy)

ယင်းကဲ့သို့ကိုယ်စားပြုမှု ပီပီပြင်ပြင်မရှိသော ကိုယ်စားလှယ်အများစု ပါဝင်တက်ရောက်သည့်ညီ လာခံတရပ်၏တရားဝင်ဖြစ်မှုကို လည်းသတိကြီးစွာထား၍ သုံးသပ်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပထမပင်လုံညီလာခံ၏ ခိုင်မာသော ကိုယ်စားပြု မှုကြောင့်တရားဝင်မှုရှိသော ညီလာခံဖြစ်ခဲ့ပြီးနောက် ရလဒ်အဖြစ် ပင်လုံသဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ဒုတိယပင်လုံညီလာခံ၏ တရားဝင်မှုအဆင့်အတန်းကို မှီတည်၍ ရလဒ်၏ခိုင်မာမှုကိုလည်း ထည့်သွင်းစဉ်းစားရ မည်ဖြစ်သည် ။


ဒုတိယပင်လုံညီလာခံသည် စိတ်တူကိုယ်တူ (Like-minded) ခေါင်းဆောင်များ စုပေါင်းဆွေးနွေးခြင်းမျှသာဆိုလျှင် သဘောထားစုစည်းမှု (Opinion Pool) အဆင့်ခန့်သာ ရရှိနိုင်မည်ဖြစ်သည်။ အကယ်၍နိုင်ငံရေးရည်မှန်းချက်တရပ်သို့မပာုတ် ရည်မှန်းချက် ပန်းတိုင်တရပ်ထားရှိ၍ ယင်းပန်းတိုင်သို့ရောက်ရှိရေး အဆိုပြုဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အပြီးသပ်သဘောတူချက်တရပ်ကို အခိုင်အမာရှိနိုင်သည်ပာုဆိုလျှင် ညီလာခံ၏ တရားဝင်မှုပိုမို ခိုင်မာလိမ့်မည်ဖြစ်သည် ။


သို့သော် ယခုအချိန်အထိ ဒုတိယပင်လုံညီလာခံ၏ အဆုံးသတ်ရည်မှန်းချက် (Ultimate goal) ဘာလဲဆိုသည်ကို ရှင်းလင်းစွာ မသိရသေးခြင်းပင်ဖြစ်သည်။ သို့သော်ဒုတိယပင်လုံညီလာခံ၏ ရည်မှန်းချက်သည် ယှဉ်ပြိုင်ပါလီမန်ခေါ်ယူရေး၊ယှဉ်ပြိုင်အာဏာထူ ထောင်ရေးတို့မပာုတ်ကြောင်း ကိုမူ ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းပြောကြားချက်များအရ သိရှိနိုင်ပြီးဖြစ်ပါသည် ။


တချိန်တည်းမှာ ဒုတိယပင်လုံညီလာခံတွင်တပ်မတော်အင်အားစု ပါဝင်နိုင်မှုကို ပိတ်ပင်ထားခြင်းမ ရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူဦးဉာဏ်ဝင်း၏ ပြောကြားချက်အရ သိရှိရပြီးဖြစ်သည်။ ထို့ကြောင့် ဒုတိယပင်လုံညီလာခံ ခေါ်ယူရခြင်း၏ ရည်ရွယ်ချက်သည် ၁၉၉၄ ခုနှစ်ကတည်းက ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချမှတ်ပေးထားသော တပ်မတော်အင်အားစု၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသား အင်အားစုများပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ (သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ) အတွက် လမ်းစရှာရန်ရည်မှန်းထားသလားပာူ ၍လည်းစဉ်းစားစရာဖြစ်သည် ။


အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပာူ၍ ရည်မှန်းချက်ထားသည်ဆိုလျှင် ယေဘုယျကျလွန်းပြီး ညီလာခံ၏ အပြီးသတ် သဘောတူညီချက် ရရှိနိုင်ရေးအတွက် အခက်အခဲတွေ့နိုင်ပေသည် ။


အခြေခံအားဖြင့် ကိုယ်စားပြုမှု မည်သို့ပင်ရှိစေကာမှုဒီမိုကရေစီအားစုမှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားအင်အားစုမှ ကိုယ်စားလှယ်များအခြေအနေပေးလျှင် အင်တိုက်အားတိုက် ပါဝင်တက် ရောက်ကြလိမ့်မည်ပာု မျှော်လင့်ရပေသည်။ ထိုကဲ့သို့တိုင်ရင်းသားအင်အားစုမှ ကိုယ်စားလှယ်များ ပါဝင်လာမှုကြောင့် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေးဟူသော နိုင်ငံရေးမှန်းချက်ကို ညီလာခံ၌တင်သွင်းလာနိုင်သည့် အခြေအနေရှိပေသည်။ ယင်းတင်သွင်းချက်ကို ညီလာခံ၏ ရည်မှန်းချက်အဖြစ် သတ်မှတ်ခဲ့ပါက ညီလာခံရလဒ်သည် စစ်မှန်သည့်ပြည်ထောင်စုတည်ဆောက်ရေး သဘောတူချက်ဖြစ်လာနိုင်သည်။ ယင်းသို့ဖြစ်လာလျင် ပထမပင်လုံညီလာခံ၏ သဘောတူချက်များနှင့် နောက်ဆက်တွဲ အံဝင်ဂွင်ကျဖြစ်မှု (In line) ရှိသည်ပာု ဆိုနိုင်ပေလိမ့်မည် ။


ထို့ကြောင့်ဒုတိယပင်လုံညီလာခံ၏ တရားဝင်ဖြစ်မှုနှင့် ညီလာခံရလဒ်ကို အသိအမှတ်ပြုမှုဆိုသည့် ကိစ္စနှစ်ရပ်တွင် ဖြေရန်ခက်ခဲသော မေးခွန်းနှစ်ရပ်မှာ တပ်မတော်အင်အားစုမှကိုယ်စားလှယ်များ တက်ရောက်မှု ရှိ/မရှိ  နှင့် ညီလာခံရလဒ်ကို အသိအမှတ်ပြုမှု ရှိ/မရှိ  တို့ဖြစ်သည် ။


၂။ သုံးသပ်ချက်နှင့် အဆိုပြုချက်

(က) သုံးသပ်ချက်

ဒုတိယပင်လုံညီလာခံခေါ်ယူရခြင်းမှာ ပင်လုံစိတ်ဓာတ်များ မှေးမှိန်ပျောက်ကွယ်နေသောကြောင့် ၎င်းပင်လုံစိတ်ဓာတ်ပြန်လည်ထွန်းကားလာစေရန် ရည်ရွယ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ကို သတိပြုမိပါသည်။ ထို့ကြောင့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်၍ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော ပင်လုံစာချုပ်၏ ရည်မှန်းချက်များကိုဆက်လက်အကောင် အထည်ဖော်ရန် ရည်ရွယ်၍ ဒုတိယပင်လုံညီလာခံ ခေါ်ဆို့ခြင်းဖြစ်သည်ပာုလည်းကောက်ချက်ချ လျင် မှားမည်မထင်ပါ ။


သို့သော်ကွာခြားမှုတခုမှာ ပင်လုံစာချုပ် ချုပ်ဆိုစဉ်က နယ်မြေများ လာရောက်ပူးပေါင်း မှု (Principle of coming together) မှု ဖြစ်ခဲ့သော်လည်း ယခုအနေအထားမှာ ယင်းမူနှင့် မကိုက်ညီ တော့ပါ။ စစ်မှန်သောပြည်ထောင်စုတည်ဆောက်နိုင်မှု မရှိခဲ့သော်လည်း အမျိုးသားတန်းတူညီမျှမှု မရရှိသော်လည်း မြန်မာပြည်သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံဖြစ်လာခဲ့ပြီး ဖြစ်သည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခုလည်းဖြစ်လာခဲ့ပြီးဖြစ်သည်။ လက်တွေ့ဘဝတွင်လည်း ကြေနပ်မှုရှိသည် မရှိသည်ကို အပထား၍ ဗမာအပါအဝင်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် နှစ်ပေါင်း ၆၀ ကျော်ကြာ အတူတကွနေထိုင်ခဲ့ကြပြီးလည်းဖြစ်သည်။ ထို့ကြောင့် စစ်မှန်သည့် ပြည်ထောင်စုကို ပြန်လည်၍ အကောင်အထည်ဖော် တည်ဆောက်ကြမည်ဆိုလျင် တန်းတူမှုအောက်တွင် အတူတကွနေထိုင်နိုင်ရေး (Principle of holding together) မူအရ လုပ်ဆောင်ရမည်ဖြစ်သည်။ ဤမူအရ စစ်မှန်သောပြည်ထောင်စုကို တည်ဆောက်ကြမည်ဆိုလျင် အချုပ်အခြာအဏာ (Sovereignty Power) ကို ပြည်ထောင်စုနိုင်ငံအဆင့်က ကျင့်သုံး၍ ပြည်ထောင်စုအဖွဲ့ ပြည်နယ်များအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အပ်နှင်းသော တနည်း ဆိုရသော် ခွဲထွက်ပိုင်ခွင့်မပါသော အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး (The rights of National Self-determination) ကို ကျင့်သုံးစေရမည်ဖြစ်သည် ။


ယင်းကဲ့သို့ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံနိုင်သည့် ပြည်ထောင်စုသာလျှင် ငြိမ်းချမ်းရေးမှုနှင့် သာယာဝပြောမှုကို ဖော်ဆောင်အောင်မြင်နိုင်မည်ဖြစ်ပေ သည် ။


(ခ) အကြံပြုချက်

ဒုတိယပင်လုံညီလာခံသည် အယူအဆများ စုစည်းခြင်းအဆင့်ထက် သာလွန်ရန်လိုအပ်ပေသည်။ ကိုယ်စားပြုမှုအားကောင်းသော ကိုယ်စားလှယ်အများစုပါဝင်တက်ရောက်နိုင်ရေးကိုကြိုးပမ်းသင့် သည်။ ပထမပင်လုံညီလာခံနှင့် လိုက်လျောညီထွေစေရန် စစ်မှန်သော ပြည်ထောင်စု တည်ဆောက် ရေးကို ညီလာခံရည်မှန်းချက်အဖြစ် သတ်မှတ်ပြဋ္ဌာန်းသင့်သည် ။


တရားမျှတသော ကောင်းမွန်သော အခြေခံဥပဒေဖြင့်သော ဒီမိုကရေစီကို ဖော်ဆောင်အောင်မြင်နိုင် မည်ဖြစ်သကဲ့သို့ စစ်မှန်သော ဒီမိုကရေစီစနစ်ဖြင့်သော စစ်မှန်သော ပြည်ထောင်စုကို ဖော်ဆောင် အောင်မြင်နိုင်မည်ဖြစ်သည် ။


ဤစာတမ်းသည် လောကပါလဥပဒေရေးရာ စာစောင်အမှတ်စဉ် (၃ဂ)၊ ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်မှဖြစ်ပါသည်။ခွန်ဗွာ မှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ကလောင်အမည်ဖြစ်ပါသည် ။


ဆောင်းပါးရှင်(ခွန်ဗွာ)



သျှမ်းသံတော်ဆင့်

unread,
Jan 17, 2017, 5:16:11 PM1/17/17
to thuau...@gmail.com

လူထုအခြေပြုအဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးယန္တရားကောင်းဖော်ဆောင်မှု

Posted: 17 Jan 2017 12:16 AM PST

ဒီမိုကရေစီနိုင်ငံရေးစနစ်ရှိ ယူဆချက်တစ်ခုမှာ ဒီမိုကရေစီစနစ်အားကောင်းရန် အတွက် လူထု အခြေပြုအဖွဲ့ အစည်းများ အားကောင်းရန် လိုအပ်သည် ဟူ၍ဖြစ်သည်။ ဤယူဆချက်သည် လူထုကနိုင်ငံကိုအုပ်ချုပ်သည် ဆိုသော ယူဆချက်ကို အခြေခံထားခြင်းဖြစ်သည်။ အစိုးရနှင့် နိုင်ငံရေးပါတီတို့က စူးစိုက်လုပ်ဆောင်နိုင်ခြင်း မရှိသော လူထုလိုအပ်ချက်များကို ဆိုင်ရာ ကဏ်ဏ္ဍအလိုက် အရပ်ဘက်မှ ဆောင်ရွက်လာကြခြင်းဖြစ်သည်။ သို့သော် လူထုလိုအပ်ချက်များကို လူတစ်ဦးတစ်ယောက်တည်းမှဆောင်ရွက်ရာတွင် ထိရောက်သောစွမ်းအား နည်းပါးသဖြင့် လိုလားချက်တူရာလူများက အစုအဖွဲ့ ဖွဲ့ကာ မိမိတို့လိုလားချက်များ ပြည့်ဝလာအောင် စုပေါင်းအား ဖြင့်ဆောင်ရွက် လာကြခြင်းဖြစ်သည်။ ဤအစုအဖွဲ့များကို လူထုအခြေပြုအဖွဲ့အစည်း (Civil Society Organization- CSO) များအဖြစ်ခေါ်ဝေါ်ကြပါသည် ။


ရပ်ရွာအခြေပြုအဖွဲ့အစည်းများမှစ၍ အလုပ်သမား၊ လယ်သမား သမဂ္ဂများနှင့် ဆရာသမဂ္ဂ၊ ကျောင်းသား သမဂ္ဂများသည် လူထုအခြေပြုအဖွဲ့အစည်းဝင် များ ဖြစ်ပါသည်။ လူထုအခြေပြုအဖွဲ့ အစည်းအများစုသည် အစိုးရမဟုတ်ေ သာအဖွဲ့အစည်း (Non-Governmental Organization) များဖြစ်ကြသည်။ သို့သော် လူထုအခြေပြုအဖွဲ့အစည်းတိုင်းကို အစိုးရမဟုတ်သော အဖွဲ့အစည်းများ တွင်ထည့်သွင်း သတ်မှတ်၍တော့ မရပါ။ အကြောင်းမှာ အချို့သော လူထုအခြေပြုအဖွဲ့အစည်း များသည် နိုင်ငံဝန်ထမ်းအစိုးရဝန် ထမ်းများဖြင့် ပါဝင်ဖွဲ့ စည်းထားရခြင်းကြောင့် ဖြစ်သည်။ သာဓက အနေဖြင့် လက်ရှိမြန်မာနိုင်ငံရှိ တက္ကသိုလ်ဆရာသမဂ္ဂများ ဖြစ်သည်။ ဤသမဂ္ဂများသည် နိုင်ငံဝန်ထမ်း များဖြစ်ကြသော တက္ကသိုလ်ဆရာများဖြင့် ဖွဲ့စည်းထား ခြင်းဖြစ် သည်။ သို့သော်လည်း ဆရာသမဂ္ဂသည် အစိုးရက ဆောင်ရွက်မပေးနိုင်သော သို့မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သော ဆရာဆရာမများ၏ လူမှုအကျိုး စီးပွားဆိုင်ရာအခွင့်အရေးများ၊ လူအခွင့်အရေးဆိုင်ရာ အခွင့်အရေးများ နှင့် ၀န်ထမ်းဆိုင်ရာအခွင့်အရေးများကို ကိုယ်စားပြုဖော်ဆောင်ကာကွယ်ပေးရေ သာ အဖွဲ့အစည်း ဖြစ်ပါသည်။ အစိုးရကို ကိုယ်စားမပြုပဲ ဆရာဆရာမများ၏ အကျိုးစီးပွားကိုအဓိကထားဆောင်ရွက် သောကြောင့် လူထုအခြေပြုအဖွဲ့ အစည်းတစ်မျိုးသာဖြစ်ပါသည် ။


အလုပ်သမား၊ လယ်သမား သမဂ္ဂများသည် အလုပ်သမားလယ်သမားတို့၏ အကျိုးစီးပွားကို ကိုယ်စားပြုဖော်ဆောင်ပေးသော အစိုးရမဟုတ်သော လူထု အခြေပြု အဖွဲ့အစည်းများဖြစ်ပါသည်။ ကျောင်းသားသမဂ္ဂများ သည်လည်း ၄င်းတို့ကိုယ်စားပြုသော ကျောင်းသားကျောင်းသူများအရေးနှင့် ထိရာက် လွတ်လပ် သော ပညာသင်ကြားနိုင်ခွင့်အတွက် ဆောင်ရွက်ရသော အစိုးရ မဟုတ်သည့် လူထုအခြေပြုအဖွဲ့ အစည်းများဖြစ်ပါသည်။ ဤကဲ့သို့ေ သာ လူထုအခြေပြုအဖွဲ့အစည်းများကို အကျိုးစီးပွားကိုယ်စားပြုဖော်ေ ဆာင် ပေးသောအဖွဲ့ (Interest Groups) များဟုလည်းခေါ်ပါသည် ။


အုပ်ချုပ်ရေးယန္တရားကောင်းဖော်ဆောင်မှု


စစ်မှန်သော လူထု အခြေပြု အဖွဲ့အစည်းများရှိပြီး ကိုယ်စားပြုလုပ်ဆောင်ခြင်း သည် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ကောင်းမွန်လာစေရေးအတွက် အရေးကြီးပါသည်။ ဆရာဆရာမ၊ ကျောင်းသူ ကျောင်းသားနှင့် အလုပ်သမားလယ်သမားတို့၏ အခွင့်အရေးနှင့်အကျိုးများကို အကောင်အထည် ဖော်ဆောင်ရွက်ပေးရာတွင် အစိုးရ၏အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်နွယ် လုပ်ဆောင်ရလေ့ရှိပါသည်။ ထိုကိစ္စရပ်များကို ပိုမိုကောင်းမွန်လာစေရန် ကိုယ်စားပြုသမဂ္ဂများ၊ အဖွဲ့များက ဆိုင်ရာအာဏာပိုင်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ တောင်းဆိုမှုများပြုပေးခြင်းနှင့် လိုအပ်ပါက ဆန္ဒပြ သပိတ်မှောက်ခြင်း နည်း လမ်းများဖြင့် ဆောင်ရွက်လာရပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အုပ်ချုပ်ရေးယန္တရားများကို ကောင်းမွန် လာ စေမည်ဖြစ်သည် ။


သတိပြုရမည့်ချက်မှာလူထုအခြေပြုအဖွဲ့အစည်းတိုင်းသည် အုပ်ချုပ်ရေး ယန္တရားကောင်းကို ဖော် ဆောင်နိုင်သောအဖွဲ့များမဟုတ်ပါ ဆိုသော အချက်ဖြစ်ပါသည် ။


အုပ်ချုပ်ရေးယန္တရားကောင်းကို ဖော်ဆောင်နိုင်သောအဖွဲ့များဖြစ်ရန်အတွက် လိုအပ်ချက်များ ရှိပါသည်။ ၄င်းတို့အနက်အရေးကြီးဆုံး သောအချက်မှာ လူထုအခြေပြုအဖွဲ့အစည်းများသည် လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင် ထားသော အဖွဲ့များဖြစ်ရမည် ဟူသော လိုအပ်ချက်ဖြစ်သည် ။


အာဏာရှင်စနစ်လွမ်းမိုးနေသော၊ လွမ်းမိုးခဲ့သော နိုင်ငံများတွင် အစိုးရက ဖွဲ့ပေးသော သို့မဟုတ် အစိုးရက ကျောထောက်နောက်ခံ ပြုပေးထားသော သမဂ္ဂများနှင့် လူမှုရေးအသင်းအဖွဲ့များရှိပါသည်။ အာဏာရှင် အစိုးရအဖွဲ့ တို့သည် မိမိတို့ ပြုမှုလုပ်ဆောင်သော အလုပ်များ၊ အပြုအမှုများနှင့် မှုဝါဒနှင့် ဥပဒေများကို မိမိတို့က တစ်သွေးတစ်သံတစ်မိန့် သဘော ပြုမှုလုပ်ေ ဆာင် ခဲ့ခြင်း မဟုတ်ကြောင်းကို ပြည်တွင်းပြည်ပတွင် ပုံဖော်ရန်အတွက် လူထု အခြေပြအဖွဲ့အစည်းများကို ဖွဲ့စည်းထားလေ့ရှိကြသည်။ ပြည်တွင်းပြည်ပမှ ၄င်းတို့အားဝေဖန်မှုပြုလုပ်ပါက ထိုသို့ဖွဲ့စည်းထားသော အဖွဲ့အစည်းများကို ရုပ်ပြသဘော ဖော်ပြကာ မိမိတို့၏အာဏာရှင်ဆန်မှုကို ကာကွယ်ပြောဆိုေ လ့ရှိကြသည်။ ထိုကဲ့သို့သော အစိုးရကဖွဲ့ပေးထားသော၊ အဖွဲ့ဝင်များအကျိုး ကို အပြည့်အဝ မဆောင်ရွက်ပဲ အစိုးရအကျိုးကိုသာ ပိုမိုဆောင်ရွက်သော အဖွဲ့များသည်အတုအယောင် လူထုအခြေပြုအဖွဲ့အစည်းများဖြစ်ပြီး ၄င်းတို့ကို အဝါရောင်အဖွဲ့စည်း၊ အဝါရောင်သမဂ္ဂများ (Yellow Unions) အဖြစ်တင်စားခေါ်ဝေါ်ကြပါသည် ။


မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ရှိ အလုပ်သမားလယ်သမား အဖွဲ့များသည် Yellow Unions များသာဖြစ်ခဲ့ကြသည် ။


ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄-၂၀၁၅ ခုနှစ် ကာလတွင် ပညာရေး အာဏာပိုင်တို့သည် ဆရာဆရာများက လွတ်လပ်စွာဖွဲ့စည်းထားသော ဆရာသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂများကို တန်ပြန်ရန်နှင့် အာဏာပိုင်တို့၏ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုများကို ထောက်ခံသော ဆရာ အဖွဲ့၊ ကျောင်း သား အဖွဲ့ရှိသည် ဆိုသည်ကို ပြသနိုင်ရန်အတွက် ဆရာအဖွဲ့၊ ကျောင်းသားအဖွဲ့များကို ဖွဲ့စည်းရန် ကြိုးပမ်းလာခဲ့သည်ကို ကြုံခဲ့ရပါသည်။ အစိုးရ အစီအမံဖြင့် ပေါ်ပေါက်လာမည့် သမဂ္ဂများသည် အဝါရောင် သမဂ္ဂများအဖြစ် သမုတ်ခံရမည်မှာ ဧကန်ပင်ဖြစ် သည် ။


ထို့ကြောင့် အဝါရောင်သမဂ္ဂများ၊ အဝါရောင်လူထုအခြေပြု အဖွဲ့ အစည်းများ ဖြစ်မလာရန်နှင့် အုပ်ချုပ်ရေးယန္တရားကောင်းဖြစ်စေရေး အထောက်အကူပြုအဖွဲ့များဖြစ်လာရန်အတွက် လူထုအခြေ ပြုအဖွဲ့ အစည်းများတွင်ရှိရမည့် အရေးကြီးအချက်များကို ဆက်လက်ဆွေးနွေးပါမည်။ ၄င်းတို့မှာ (၁) ကျင့်ဝတ်၊ လုပ်ဆောင်မှုနှင့် အများကယုံကြည်မှု (Ethnic, Performance and Trust)၊ (2) ကိုယ်စားပြုမှုနှင့်ထုတ်ဖော်ပြောဆိုမှု (Representation and Voice)၊ (၃) လူထုအခြေပြု အဖွဲ့ အစည်းများအတွင်း ဒီမိုကရေစီရှိမှု (In-House Democracy) နှင့် (၄) လူထုအခြေပြုအဖွဲ့အစည်း များအတွင်းတာဝန်ယူမှုတာဝန်ခံမှုရှိခြင်း (Structural Accountability) ဟူသောအချက်တို့ ဖြစ်ပါသည် ။


ကျင့်ဝတ်၊ လုပ်ဆောင်မှုနှင့် အများကယုံကြည်မှု (Ethic, Performance and Trust)


အုပ်ချုပ်ရေးယန္တရာကောင်းဆိုသည်မှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ တည်ရှိမှုကို အခြေခံပါသည်။ လူထုအခြေပြုအဖွဲ့အစည်းများတွင် ကျင့်ဝတ်ပိုင်းဆိုင် ရာများရှိပါသည်။ ထိုကျင့်ဝတ်များသည် မိမိ ကိုယ်စားပြုသော လူမှုအသိုင်း အဝိုင်းက လိုအပ်နေသော အရာဖြစ်သည်။ အဖွဲ့အစည်းတို့သည် အများ အကျိုး ကို ဆောင်ရွက်ရန်ဟူသော ကျင့်ဝတ်တာဝန်ရှိပါသည်။ ထိုကျင့်ဝတ်နှင့် တာဝန်ကို အများအကျိုးငှာဆောင်ရွက်မှသာ ကောင်းမွန်သော အုပ်ချုပ်ရေး ယန္တရားကို ဖော်ဆောင်နိုင်သော အဖွဲ့အစည်းများဖြစ်လာပါမည် ။


ဥပမာလာဘ်စားမှုပပျောက်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အများက လိုလားနေသောအရာများဖြစ်ပါသည်။ ထို့ကြောင့် ထိုအရာများ ဖြစ်မလာအောင် မိမိတို့ကိုယ်တိုင်က လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရန် အရေးကြီးပါ သည် ။


မိမိတို့ကိုယ်တိုင်က လိုက်နာဆွှောင်ရွက်မှု (Performance) မရှိပါက မိမိတို့ ကိုယ်စားပြုထားသော အဖွဲ့ဝင်များနှင့် မိမိတို့နှင့် ထိတွေ့ဆက်ဆံနေသော အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏ ယုံကြည်မှု (Trust) ကို ရရှိမည်မဟုတ်ပေ ။


ကိုယ်စားပြုမှုနှင့် ထုတ်ဖော်ပြောဆိုမှု (Representation and Voice)


လူထုအခြေပြုအဖွဲ့အစည်းများကို အများကယုံကြည်ကိုးစားစေနိုင်သောအချက် တစ်ခုမှာ ၄င်းတို့ သည် မိမိတို့အမှန်တကယ် ကိုယ်စားပြုဖော်ဆောင် စရာရှိသည်များကို ကိုယ်စားပြုဖော်ဆောင်မှုရှိ ခြင်းဖြစ်သည်။ အချို့သော လူထုအခြေပြုအဖွဲ့အစည်းတို့သည် ထိုသို့ကိုယ်စားပြု ဆောင်ရွက် နိုင်သော စွမ်းရည်မရှိခြင်း သို့မဟုတ် မဆောင်ရွက်ခြင်းကြောင့် အဖွဲ့ဝင်များ၏ ယုံကြည်ကိုးစားမှုများ ပျောက်ဆုံးပြီး အဖွဲ့ကိုလည်း ပျက်စီးစေနိုင်ပါသည် ။


မိမိတို့ပတ်ဝန်းကျင်၌ ထိုသို့အဖွဲ့အကျိုးကို မဆောင်ရွက်ပဲ ကိုယ်ကျိုး သာ ဆောင်ရွက်နေကြသော လူထုအခြေပြုအဖွဲ့အစည်းများစွာရှိသ ည်ကို တွေ့ရှိဖူးကြ မည်ဖြစ်ပါသည်။ ကိုယ်စားပြုမှုကိစ္စရပ်များကို သိရှိနိုင်ရန်အတွင် လူထုအခြေပြု အဖွဲ့အစည်းတို့သည် မိမိတို့ကိုယ်စားပြုသောအသိုင်းအဝိုင်း၏ အသံ (Voice) ကိုလည်းသိ ရှိအောင်လုပ်ပြီး အများသိအောင် အသံထုတ်ဖော်ပေးရန် လိုအပ်မည်ဖြစ်သည် ။


လူထုအခြေပြုအဖွဲ့စည်းများအတွင်း ဒီမိုကရေစီရှိမှု (In-House Democracy)


လူထုအခြေပြုအဖွဲ့အစည်းများသည် အများအားဖြင့်မိမိတို့သည် ဒီမိုကရေစီဖြစ်ထွန်းရေးကို ဦးတည် လုပ်ဆောင် သည်ဟုဆိုသည်။ သို့သော် ထိုသို့ကြွေးကြော်နေသော အဖွဲ့အစည်းများအတွင်းတွင် ဒီမိုကရေစီ အလေ့အထများကို လက်တွေ့တွင် ကျင့်သုံးမှု မရှိခြင်းဖြစ်သည်။ ရာသက်ပန် ဥက္ကဌများ အတွင်းရေးမှုးများကို အဖွဲ့အစည်းအများစုတွင် တွေ့ရလေ့ရှိသည်။ ထို့ကြောင့် လူထုအခြေပြု အဖွဲ့အစည်းများသည် အဖွဲ့အတွင်း ဒီမိုကရေစီဖြစ်ထွန်းမှုကို အားပေးလုပ်ဆောင်ရန်လို အပ်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် လူထုအသိုင်းအဝိုင်းအတွင်း ဒီမိုကရေစီ ပြန့်ပွားအောင် ဆောင်ရွက်ခြင်း ဖြစ်သလို အုပ်ချုပ်ရေး ယန္တရားကောင်းဖြစ်စေရေးအတွက် လိုအပ်သည့် တရားမျှတမှု၊ ပွင့်လင်း မြင်သာမှုဖြစ်စဉ်နှင့် တာဝန်ယူမှုတာဝန်ခံမှု အလေ့အထများကိုလည်း ပြန့်ပွားစေနိုင်မည် ဖြစ်ပါသည် ။


လူထုအခြေပြုအဖွဲ့အစည်းများအတွင်းတာဝန်ယူမှုတာဝန်ခံမှုရှိခြင်း (Structural Accountability)


လူထုအခြေပြုအဖွဲ့အစည်းများတွင် လိုအပ်နေသောကွက်လပ်တစ်ခုမှာ အဖွဲ့အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းနေတတ်ခြင်းဖြစ်သည်။ တာဝန်ယူမှုဆိုသည်မှာ မိမိအဖွဲ့က အများထံမှ ယူထားသောတာဝန်၊ အဖွဲ့အတွင်း ဥက္ကဌ၊ အတွင်းရေးမှုးစသည်ဖြင့် အဖွဲ့ဝင်များက ယူရန်ရှိသည့် တာဝန်များကို ဆိုလိုသည်။ မိမိတာဝန်အလျောက်လုပ်ဆောင်ရာမှ အပြစ်ဖြစ်ခဲ့ပါကလည်း တခြားသူ ကို မလွဲချပဲ မိမိကတာဝန်ယူခြင်းသည် တာဝန်ခံမှုဖြစ်သည်။ လုပ်ငန်းအောင်မြင်မှုရလဒ်များကို မိမိကိုယ်တိုင်ကလည်း ခံယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ လုပ်ဆောင်မှုများအတွက် ဆုပေး၊ ဒဏ်ပေးစနစ်ထားရှိလုပ်ဆောင်ခြင်းဖြစ်သည် ။


အထက်ဖော်ပြပါ အချက်များသည် အုပ်ချုပ်ရေးယန္တရားကောင်းများ ကို ဖြစ်စေနိုင်ေ သာ အချက်များဖြစ်ပြီး လူထုအခြေပြုအဖွဲ့အစည်းများက လုပ်ဆောင်ရမည့်အချက်များဖြစ်ကြောင်း တင်ပြလိုက်ရပါသည် ။


(ဆောင်းပါးရှင်) စိုင်းခိုင်မျိုးထွန်း

သျှမ်းသံတော်ဆင့်

unread,
Jan 18, 2017, 5:11:20 PM1/18/17
to thuau...@gmail.com

သိန္နီ ရေပူစစ်ဆေးရေးဂိတ်ဖွင့်လှစ်မှုအား ပြန်လည်သုံးသပ်ပေးရန်ကျားခေါင်းပါတီတောင်းဆို

Posted: 18 Jan 2017 07:36 AM PST

ဇန်နဝါရီလလယ်က ပြန်လည်ဖွင့်လှစ်သော သျှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် ပြည်ထောင်စု လမ်းမပေါ်ရှိ သိန္နီရေပူ စစ်ဆေး ရေးဂိတ်ကို ပြန်လည်သုံးသပ်ပြီး ပြန်လည်ရုပ်သိမ်းပေးရန် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ် ၄၀ ကလက်မှတ်ရေးထိုးကာ အစိုးရထံတင်ပြတောင်းဆိုလိုက်သည် ။

သိန္နီရေပူစစ်ဆေးရေးဂိတ်အား အဝေးမှမြင်ရစဉ်  (Photo- Sai Yeemon )
သိန္နီရေပူစစ်ဆေးရေးဂိတ်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး ဦးသက်စိုးအောင်က ဌာနဆိုင်ရာဝန်ထမ်းများအားရှင်းလင်းနေစဉ်  (Photo- Sai Om Leng Wan)
ရေပူစစ်ဆေးရေးစခန်းသည် ၈ ဧကသာကျယ်ဝန်းရာ ကားအစီးပေါင်း ၂၀ ခန့်သာ ရပ်နားနိုင်ကြောင်း၊ လက်ရှိတွင် တရက်လျှင်မော်တော်ယာဉ်ကားကြီး အစီး ၆၀၀၀ ခန့်ဖြတ်သန်းသွားလာနေသည်ဖြစ်ရာ ကားသမားများနှင့် ကုန်သည်များ  ကြန့်ကြာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လူထု၏ သဘောထားကို  ဆန့်ကျင်ဆောင်ရွက်ရန်မသိပါကြောင်း - အစရှိအချက်များပါရှိသည့် စာတစောင်ကို  ဇန်နဝါရီလ ၁၆ ရက်နေ့ ဂိတ်ပြန်လည်ဖွင့်လှစ်သည့်နေ့တွင်ပင်   SNLD ပါတီက အစိုးရထံ ပေးပို့လိုက်ခြင်းဖြစ်သည် ။


SNLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလိုင်းခမ်းက - “အဲဒီရေပူဂိတ် ကို အမြဲတမ်းစစ်ဆေးရေးစခန်းကို ပိတ်ပေးဖို့လူထုတောင်းဆိုချက်အရ ပြီးခဲ့တဲ့အစိုးရက ပိတ်လိုက်တာ။ ဂိတ်ကြောင့်  ခရီးသွားတွေအချိန်ကြန့်ကြာမယ်၊ တာဝန်ကျဝန်ထမ်းတွေ အကျင့်ပျက်ချစားမှုတွေရှိလာမယ်။ မှောင်ခိုလမ်းတွေပိုများလာနိုင်ဖွယ်ရှိမယ့်အပြင် ဒေသခံ တွေ အရေးပေါ် ခရီးသွားဖို့လိုအပ်လာရင်လည်း အခက်အခဲတွေ ဖြစ်စေမယ်ဆိုတာ ဒေသတွင်းလူထုအနေနဲ့ ကိုယ်တိုင်ကြုံဖူးတော့ သိနေကြတယ်လေ ။ အဲတာကြောင့်  ဒီဂိတ်ပြန်ဖွင့်မယ့်အရေးကို ပြန်သုံးသပ်ပေးဖို့ ၊  လူထုရဲ့သဘောထားကိုနားထောင်ပေးဖို့ ကျနော်တို့တောင်းဆိုရတာပါ။”- ဟု  ပြောသည် ။


ဂိတ်စခန်းတာဝန်ကျ အကောက်ခွန်ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်စိုးအောင် က မူ  - “ခရီးသွားတွေ ၂၄ နာရီ လွတ်လွတ်လပ်လပ်ခရီးသွားနိုင်ပြီး ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်းတာ လုပ်ဆောင် သွားမယ် ”- ဟုပြောဆိုသည် ။


၂၀၁၂ ခုနှစ်က သိန္နီရေပူဂိတ်နှင့်တပြိုင်တည်းပိတ်သွားသော ထိုင်း-မြန်မာ ကုန်သွယ်မှုတွင်အသုံးပြုသည့် မွန်ပြည်နယ် ကျိုက်ထိုမြို့က မရမ်းချောင် ဂိတ်စခန်းကိုလည်း ဇန်နဝါရီလ ၁၆ ရက်ကပင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည် ။


တရုတ်နယ်စပ် စယ်လန့်ကျေးရွာအုပ်စု ကိုယ်ထူကိုယ်ထ မူကြိုကျောင်းဖွင့်ပွဲနှင့်စာပေဟောပြောပွဲ ပြုလုပ်မည်

Posted: 18 Jan 2017 01:46 AM PST

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု၌  စယ်လန့်သျှမ်း လူငယ်များ ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထ မူကြိုကျောင်းဖွင့်ပွဲ နှင့် စာပေဟောပြောပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည် ။


အဆိုပါ မူကြိုကျောင်းဖွင့်ပွဲ နှင့် စာပေဟောပြောပွဲကို ဇန်နဝါရီ ၁၉ ရက်တွင်ကျင်းပမည်ဖြစ်ရာ မနက် ၈ နာရီခွဲတွင် မူကြိုကျောင်းဖွင့်ပွဲ နှင့် မနက် ၉ နာရီ မှ ညနေ ၅ နာရီထိ  စာပေဟောပြောပွဲ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည် ။


“မူကြိုကျောင်းဖွင့်ပြီး စာပေဟောပြောပွဲကိုပါ တစ်ခါတည်းဘာကြောင့်လုပ်ရသလဲဆိုတော့ မူကြို ကျောင်း ဖွင့်ပြီးသွားရင် စာပေ ပညာရှင်တွေက ကလေးနဲ့ ပတ်သက်ပြီး ဆုံးမဟောပြော လာတာ တွေရှိမယ်၊ စာပေအကြောင်းတွေလည်း ပါလာမယ်၊ ကျနော်တို့တတွေ စာပေ ပညာပိုင်းကို ပိုပြီး စိတ်ဝင်စားလာအောင်  ပြီးတော့ ပညာရှင်တွေက စာပေ ပညာတွေ လာရောက်ဟောပြောမယ် ။သူတို့ သိသမျှ တတ်သမျှ လာရောက်ပြောပြမယ်။ ဒါကြောင့် အတူတူတွဲလုပ်ရတာပါ။ ” - ဟု ဟောပြောပွဲ ဖြစ်မြောက်ရေး နှင့် မူကြိုကျောင်း ကော်မတီ အတွင်းရေးမှူး (၁)  စိုင်းမောဝ်းအွန် ကပြောသည် ။


စယ်လန့်ကျေးရွာအုပ်စုမှ သျှမ်းလူငယ်ဦးဆောင်သည့် စာပေဟောပြောပွဲတွင် ဒုတိယအကြိမ် မြောက်ဖြစ်ပြီး လာရောက် ဟောပြောမည့် ပုဂ္ဂိုလ်များမှာ သျှမ်းစာပေ ပညာရှင် ဆရာလုံးစိုင်းဖှ၊ စာရေးဆရာ ဟင်း ကာယန်း၊ စာရေးဆရာ ခွန်ယုံးချို၊ ကာတွန်းဆရာ ဟန်လေး၊ စိုင်းဦးခမ်း  နှင့် နန်းအေမီ တို့လာရောက် ဟောပြောမည်ဖြစ်ကြောင်း ၄င်းကပြောသည် ။


“ ခုဖွင့်မယ့် မူကြိုကျောင်းက ငါးနှစ်အောက်ကလေးတွေ တက်ရောက်လို့ရတယ်၊ သင်မယ့် ဘာ သာရပ်က ဆရာတွေနဲ့ သက်ဆိုင်တယ်၊ ကျနော်တို့ စယ်လန့်လူငယ်ထဲကဘဲ သူတို့ သွားလေ့ လာထားတဲ့ဟာတွေ သင်ပေးမယ် ။ သျှမ်းဘာသာ၊ မြန်မာဘာသာ နဲ့ အင်္ဂလိပ်ဘာသာတွေပေါ့။ ဘယ်အရာကိုမဆို ကျနော်တို့ စည်းလုံးရင် ဖြစ်လာမှာဘဲ”ဟု  စိုင်းမောဝ်းအွန် ကပြောသည် ။


၂၀၁၅ ခုနှစ်တွင် ပြုလုပ်သော ပထမအကြိမ် စာပေဟောပြောပွဲမှ ကျန်ရှိသည့် ဘတ်ဂျတ်များကို မူကြို ကျောင်း ဆောက်လုပ်ရန် အခြခံလာခြင်း နှင့် ယခုချိန်တွင် ဘတ်ဂျတ်ပိုင်း၌ အခက်ခဲရှိသော် လည်း အလှူရှင် စေတနာရှင်ထံ အလှူခံနေကြကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်

unread,
Jan 19, 2017, 4:51:23 PM1/19/17
to thuau...@gmail.com

NCA အပစ်ရပ်ထားသည့် RCSS/SSA ၏ တောတွင်းယာယီစခန်းအား အစိုးရတပ်မတော်တိုက်ခိုက်

Posted: 19 Jan 2017 07:55 AM PST

တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA ၏  လွိုင်လင်ခရိုင် မိုင်းပွန်မြို့ အရှေ့ဘက်တွင် နားခိုနေသည့် စစ်ကြောင်းတခုအား အစိုးရ တပ်မတော် စစ်ကြောင်းက သွားရောက်တိုက်ခိုက်ရာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲ ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည် ။


သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင်၏ ညီဖြစ်သူ ဗိုလ်မှူးမုနိ ဦးဆောင်သည့် လက်အောက် ခံ စစ်ကြောင်း တခုသည် မိုင်းပွန်မြို့ အရှေ့ဘက် ပျဉ်းဇိုင်ကျေးရွာအုပ်စု နောင်လေးရွာအနီး (ဟွေ့နမ့် မယ်လို့ တောင် ကြော ကောင်းဆိုင်းတပ်စခန်း၏တောင်ဘက် ) တွင် နားခိုနေစဉ် ဆီဆိုင်မြို့အခြေစိုက် အစိုးရတပ်မတော် ခမရ ၄၂၉ လက်အောက်ခံ စစ်ကြောင်း က ဇန်နဝါရီလ ၁၉ ရက် နံနက် ၆ နာရီ အချိန်ခန့်တွင် သွား ရောက်တိုက်ခိုက်ရာမှ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည် ။


“ အဲဒီဒေသက အပစ်မရပ်ခင်ကတည်း ဗိုလ်မုနိ လှုပ်ရှားနေတာလေ။ အရင်ကတည်းက ပအိုဝ်း ပြည်သူ့စစ်နဲ့ လဲ မကြာခဏတိုက်ပွဲ ဖြစ်ပွားတဲ့တောင်ကြောပေါ့” - ဟု လွိုင်လင်မြို့နယ်အတွင်းနေ ကျေးရွာအုပ်ချုပ် ရေးမှူး တဦးက ပြောသည် ။


တိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိသည်ဟုကြားသိရသော်လည်း သီးခြားအတည်ပြုချက်မရ ခဲ့ပေ ။


ယခုပစ်ခတ်တိုက်ခိုက်မှုသည် ယုံကြည်မှုကို ပျက်ပြားစေကြောင်း၊ မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် တပ်မတော် အခန်းကဏ္ဍတ မြင့်တင်လိုမှုကြောင့် တိုက်ပွဲဆင်နွဲရခြင်းဖြစ်နိုင်ကြောင်း၊ ယခုကဲ့သို့ တိုက်ပွဲဆင်နွဲနေပါက တည်ဆောက်နေသည့်ငြိမ်းချမ်းရေးထိခိုက်စေနိုင်ကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည် ။


“ စစ်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ဂျေအဲမ်စီ ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် အပြင် ဒေသ အလိုက် အထိ ဖွဲ့စည်းနိုင်ဖို့  အပစ်ရပ်တည်တံ့ရေးအတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကျနော်တို့ နှစ်ဘက်လူကြီးတွေ ဝိုင်းဖြေရှင်းနိုင်ဖို့ ဖြစ်တယ်။ လုပ်လဲလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အခုလိုမျိုး တိုက်ပွဲမကြာခဏဆင်နွဲနေရင် ယုံကြည်မှုတစ တစ ပျက်ပြားလာမယ်။ ယုံကြည်မှုပျက်ပြားလာရင် လုံးဝ ယုံကြည်မှုမရှိတော့ပဲ ငြိမ်းချမ်းရေးလဲ လုံးလုံးပျက်သွားတဲ့ အဆင့် ဖြစ်သွားနိုင်တယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည် ။


အရှေ့အလယ်ပိုင်း စစ်တိုင်းရုံးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက အစိုးရတပ်မတော် စစ်ကြောင်း နယ်မြေ ရှင်းလင်းရေးလုပ်စဉ် ထိပ်တိုက်ရင်ဆိုင်သည့် တိုက်ပွဲသာဖြစ်သည်ဟု သျှမ်းသံတော်ဆင့်သို့ပြောသည် ။


၂၀၁၅ နှစ်နှောင်းပိုင်း အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးချိန်မှစပြီး သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။ ၂၀၁၆ အောက်တိုဘာလ ဆန်းက မိုင်းကိုင်မြို့နယ် တုံလောဝ်ကျေးရွာအုပ်စုအတွင်း ၃ ရက်ကြာ အထိ ဖြစ်ပွားခဲ့ပါသေးသည် ။

မိုင်းရှူးမြို့အနီးရှိ SSPP/SSA တပ်စခန်းတခုဖယ်ပေးရန် အစိုးရ တပ်မတော်မှ ညွှန်ကြား -နှစ်ဘက်စစ်ရေးပြန်လည်တင်းမာ

Posted: 18 Jan 2017 11:24 PM PST

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်း ချုပ် နယ်မြေသို့ အစိုးရတပ်မတော် စစ်အင်အားများ တိုးဖြည့်လာကာ SSPP/SSA မှ တပ်စခန်း များအား ယနေ့မွန်းတည့်ချိန်နောက်ဆုံးထားပြီး နှုတ်ပေးရန် ညွှန်ကြားလာမှုကြောင့်  နှစ်ဘက် စစ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပွားလာနေကြောင်း ဒေသအတွင်း သတင်းရပ်ကွက်မှ သိရသည် ။

မိုင်းရှူးမြို့ ခိုစုံရွာရှိ အစိုးရ ဂိတ်စခန်းအားတွေ့ရစဉ်

နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ အခြေစိုက် ဒုတိုင်းမှူးမှ သျှမ်းပြည်တပ်မတော် SSPP/SSA ကိုယ်စားလှယ်အား ဆင့်ခေါ် တွေ့ဆုံသည့်နောက်ပိုင်း အစိုးရ တပ်မတော် တပ်ရင်းများ မိုင်းရှူးမြို့နယ် အတွင်းတိုးများလာနေသည့်အပြင် မိုင်းရှူးမြို့ နှင့် ကပ်လျှက်ရှိသည့် ပန်ဇွဲကျေးရွာအုပ်စုဝင် ခိုစုံရွာဦးရှိ နမ့်နဲက်(ပ်) တပ်စခန်းအား SSPP/SSA မှ တပ်စနှုတ်ကာ ဆုတ်ခွာပေးရန် တပ်မတော် စစ်ဗျူဟာ မှူး မှ ယနေ့ ညွှန်ကြားလိုက်သောကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည် ။


“ ၂၀ ရက်နေ့ကျရင် ကျနော်တို့ သဘောတူတူ မတူတူ အစိုးရတပ်က ဝင်မယ်ဆိုတဲ့ အတိုင်းလား မသိ ဘူး။ ဒီနေ့မနက် ရွာသားတွေကိုလည်း ရွာကနေ ရှောင်ထွက်ဖို့ ပြောတယ် ။ အဲဒီရွာနားမှာ ကျနော်တို့ ရဲ့ တပ်စ ခခန်း ရှိတယ်။ အဲဒီ တပ်စခန်းဖယ်ပေးဖို့ လဲပြောတယ်။ မဖယ်ရင်တိုက်မယ် ဆိုလို့ ရွာသူ ရွာသား တွေကို ရှောင်ခိုင်းတာ။ ဒီအတိုင်းဆို တိုက်ပွဲက ဖြစ်မှာမလွဲဘူး ” - ဟု ဝမ့်ဟိုင်း ဌာနချုပ် ပြန်ကြားရေးအရာရှိ တဦးက ပြောသည် ။


မိုင်းရှူးမြို့နယ် နှင့် ကျေးသီးမြို့နယ် အတွင်း ရောက်ရှိလာသည့် အစိုးရ တပ်မတော် တပ်ရင်းများမှာ မိုင်းစံမြို့ အခြေစိုက် ၁၅၁ ၊ ကာလိမြို့ အခြေစိုက် ၁၅၀ ၊ ကွန်ဟိန်းမြို့ အခြေစိုက် ၅၂၄ နှင့် ခိုလမ် ရလခ စစ်တိုင်းရုံး လုံခြုံရေးတပ်ရင်း ၂ ရင်း တို့ ပါဝင်သည်ဟု သိရသည် ။


မိုင်းရှူး - တန့်ယန်းလမ်းမ ပေါ် ရှိ ခိုစုံရွာသူရွာသားများအား နေရပ်မှ စွန့်ခွာခိုင်းခြင်းဖြစ်ကြောင်း၊ အစိုးရ တပ်မတော် စစ်ကြောင်းများ SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လာပါက အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း - မိုင်းရှူးမြို့ရောက် SSPP/SSA အရာရှိတဦးကပြောသည် ။


“ ကျနော်တို့ တိုက်ပွဲမဖြစ်လိုဘူး။ တပ်မတော် အနေနဲ့ တပ်အင်အားနဲ့ လမ်းမဖေါက်ဖို့အရေး ကျနော်တို့ နေပြည်တော်သွားပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နဲ့ တွေ့ဆုံဖို့ကြိုးစားတယ်။ တွေ့ခွင့်မရဘူး။ ဒီက နေ့ ဦးသိန်းဇော် နဲ့ ရန်ကုန်မှာ ထပ်မံတွေ့ဆုံနိုင်အောင် စီစဉ်တယ်။ ဒါ ကျနော်တို့ အနေနဲ့ နိုင်ငံရေး ပြဿနာကို တွေ့ဆုံးဆွေးဖြေရှင်းတဲ့နည်းနဲ့ပဲ လုပ်လိုတယ်။ အင်အားသုံးဖြေရှင်းနေ သရွေ့တော့တိုက် ပွဲ က ပြီးဆုံးနိုင်တော့မှာမဟုတ်ဘူး။ လူထုပဲ ဒုက္ခရောက်မယ်” - ဟု ဦးသိန်းဇော် နှင့် တွေ့ဆုံစဉ် ပါဝင်သည့် အရာရှိတဦးကပြောသည် ။


ဇန်နဝါရီ ၁၇ ရက်နေ့က မိုင်းရှူးမြို့နယ် နမ့်ပန်ချောင်း တာ့ကောင်းမူး ကူးတို့ဆိပ်ဘက်သို့  ရလခ အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်သန်းလှိုင် မှ လာရောက်စစ်ဆေးမည်၊ သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်များနှင့်လည်း မိုင်းနောင်မြို့တွင် တွေ့ဆုံမည်ဟု ပြောသော်လည်း ၎င်းဘက်က လက်ခံတွေ့ဆုံခြင်းမရှိချေ ။


“ ဒါက တဘက်ကလဲ ကြားဖြတ်ရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေတယ်။ တဘက်ကလဲ ဝ ကို ဦးတည်ဖို့ လမ်းခင်းထားပြီးသား ဖြစ်သွားတာပေါ့” - ဟု မိုင်းရှူးမြို့နေ နိုင်ငံရေးပါတီတခု ၏ ပါတီဝင် ပူလိုင်းရွက် က ပြောသည် ။


၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပစဉ်က ကာလက ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ် တန့်ယန်းမြို့ နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအား အစိုးရ တပ်မတော် မှ ထိုးစစ် ဆင်တိုက်ခိုက်မှုကြောင့် အဆိုပါဒေသအတွင်းရှိ ဒေသခံ မဲဆန္ဒရှင် ၁ သိန်း ခန့် မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ သည်။ သည့်အတွက် လာမည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် အဆိုပါဒေသ အတွက် လှစ်ဟင်း သွားသည့် အမတ် ၆ ဦး အား ရွေးကောက်တင်မြောက်ဖို့ ရှိနေပါသည် ။

သျှမ်းနီပါတီ စည်းရုံးရေးမှူးအပါအဝင် ဖားကန့်တွင် နှစ်ရက်အတွင်း နှစ်ဦး သတ်ဖြတ်ခံရ

Posted: 18 Jan 2017 08:18 PM PST

တိုင်းလိုင် ခေါ် သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ကျေးရွာအဆင့် စည်းရုံးရေးမှူးအပါဝင် လူ ၂ ဦးမှာ ၂ ရက်အတွင်း သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သျှမ်းနီပါတီ ဥက္ကဌ ဦးဌေးအောင်က သျှမ်းသံတော်ဆင့် သို့ အတည်ပြုပြောဆိုသည် ။


ဇန်နဝါရီ ၁၇ ရက်နေ့ညနေပိုင်းက လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာမှ သျှမ်းနီပါတီ၏ ကျေးရွာ စည်းရုံးရေးမှူးဖြစ်သူ ဦးမောင်တိုးအား အမည်မသိ သေနတ်သမားတစ်ဦးက နေအိမ်အတွင်းဝင်ရောက် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည် ။


ဦးမောင်တိုးက ပါတီမှာ လုပ်တာ ၄ နှစ်လောက်ရှိပြီ။ ဆန်ခါ ကျေးရွာရဲ့ ပါတီ စည်းရုံးရေးမှူးလည်းဖြစ် တယ်။  သေနတ်သမားကို သူ့မိန်းမက မြင်တယ်။ သတ်တဲ့သူကို မျက်နှာမှာ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ မျက်နှာဖုံးထားတယ် လို့ပြောတယ်- ဟု  သျှမ်းနီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြောင်း The Ladies News တွင်ဖော်ပြထားသည် ။


ဦးမောင်တိုးမှာ ရေမဆေးကျောက်ကောက်သူများ၏ ဒိုင်အဖြစ် (ကျင်းစားအဖြစ်) လုပ်ကို်င်နေသူဖြစ် ကြောင်း၊ လွန်ခဲ့သည့် လပိုင်းကလည်း ၄င်းကျင်းမှ ကျောက်ကောက်သမားတစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရကြောင်း၊ လက်သည်နှင့်အကြောင်းရင်းကိုမူ မသိရကြောင်း သျှမ်းနီပါတီ တာဝန်ရှိသူက ဆိုသည် ။


အလားတူ ဖားကန့် နမ့်မဖြစ်ကျေးရွာမှ အလယ်တန်းပြဆရာ ကျောင်းဆရာ သျှမ်းနီ အမျိုးသား  ကိုအောင်ဇင်ထွန်း ( ခ ) ဖိုးလုံး အားလည်း  ဇန်နဝါရီလ ၁၈ ရက်နေ့က သေနတ်သမားတစ်ဦးက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟုဆိုပါသည် ။


“သေနတ်သမားတွေက ကျောင်းထဲလာပြီး ခေါ်သွားတာ။ ပြန်မလွှတ်လာဘူးဘဲ။ အမျိုးတွေကတော့ သူအသတ်ခံရပြီလို့ ထင်နေကြပြီ။” -  ဟု ဖားကန့် ဒေသခံ  ကိုဇော်မိုးထက်က ပြောသည် ။


ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များကလည်း အဆိုပါ ကိစ္စများမှာ ဟုတ်မှန်ကြောင်းဆိုသည် ။


အဆိုပါ အသတ်ခံရသည့် ကျောင်းဆရာမှာ မိုးကောင်းမြို့ဒေသခံဖြစ်ကြောင်းသိရပြီးကချင်ပြည်နယ်နေ့က ကျောင်းမတက်သည့် ကချင်ကျောင်းသား အချို့ကို ကျောင်းဆရာဖြစ်သူမှ အပြစ်ပေးဆုံးမမှုနှင့် သက်ဆိုင်သည်ဟု နီးစပ်သူများက ပြောဆိုနေကြသည် ။


သျှမ်းနီအသိုင်းအဝိုင်းက အဆိုပါလူ ၂ ဦးသေဆုံးမှုမှာ KIA လက်ချက်ဟု စွပ်စွဲပြောဆိုနေကြသော်လည်း KIA ဘက်က တရားဝင်ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ ။

သျှမ်းသံတော်ဆင့်

unread,
Jan 20, 2017, 5:01:09 PM1/20/17
to thuau...@gmail.com

ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်ချိန် ဒေါ်စု ပင်လုံသွားမည့်အပေါ် တိုင်းရင်းသားအချို့ ဝေဖန်

Posted: 20 Jan 2017 12:17 AM PST

ကြားဖြတ်ရွေးကောက်ပွဲကျင်းပချိန်နှင့်နီးကပ်စွာ  NLD ပါတီဝင်များ နှုတ်ထွက်မှုရှိပြီးနောက် ပြည်ထောင်စုနေ့ ၌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သမိုင်းဝင် ပင်လုံသို့  သွားရောက်မည့်ကိစ္စ တိုင်းရင်းသားများစောင့်ကြည့်ဝေဖန်နေကြသည် ။


ဇန်နဝါရီ လကုန်ပိုင်းတွင် ရွေးကောက်ပွဲအတွက် မဲဆွယ်မှုစတင်တော့မည်ဖြစ်ရာ NLD ပါတီဝင်များ နှုတ်ထွက်မှုများရှိသည့် မိုင်းရှူးမြို့အသွားလမ်းရှိ ပြည်ထောင်စု စတင်ရာနယ်မြေ ပင်လုံမြို့သို့ ဖေဖော် ၀ါရီလ ၁၂ တွင် ဒေါ်အောင်ဆန်းစုကြည်သွားရောက်ရန် စီစဉ်နေခြင်းအပေါ် မဲဆွယ်စည်းရုံး ရေးအတွက် ဖြစ်နိုင်သည်ဟုလည်း ပြောဆိုဝေဖန်နေကြသည် ။


NLD ပါတီ ဗဟိုအတွင်းရေးမှူး ဦးဝင်းထိန်က ဆဲဗင်းဒေး သတင်းစာသို့ ဖြေဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ ဥက္ကဌ အနေဖြင့် ပင်လုံသို့သွားခြင်းမဟုတ်ပဲ ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန်သွားခြင်းသာဖြစ်သည်ဟု ဆိုပါသည် ။


ကြားဖြတ်ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်မှာ လစ်လပ်မဲဆန္ဒနယ် အများဆုံး ပြည်နယ်ဖြစ်ပြီး ပင်လုံမြို့တည်ရှိသည့် လွိုင်လင်ခရိုင်အတွင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်များတွင် လစ်လပ်  မဲဆန္ဒနယ် ၆ နေရာရှိပါသည် ။


“ စစ်မှန်တဲ့ ပြည်ထောင်စု လိုလားရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပင်လုံသွားစရာ မလိုဘူး။ ကျမအဖေလက်မှတ်ထိုးခဲ့တဲ့ စာချုပ်ပါအချက်တွေကို အကောင်ထည်ဖော်ပါ့မယ်- လို့ ရန်ကုန်ကနေ ကတိပေးလည်းရပါတယ်။ ပင်လုံက ကျောက်တိုင်ပဲ ရှိတော့တာပဲ။ သူ့အဖေနဲ့ သျှမ်း၊ ကချင် ၊ ချင်း တိုင်းရင်းသားတွေ ပြည်ထောင်စု ထူထောင်ဖို့ သဘာတူခဲ့တယ်။ သူအဲလို ကတိပေးမယ်ဆိုရင် တိုင်းရင်းသား အားလုံးဝမ်းသာပါလိမ့်မယ်။ နို့မို့ဆိုရင် ရွေးကောက်ပွဲ မဲဆွယ် ကာလ ပင်လုံသွားတာ ထက် မပိုနိုင်ပါ။” - ဟု အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှ သျှမ်းအသင်း ဥက္ကဌ စိုင်းထွေးမောင်က ဒေါ်အောင်ဆန်းစုကြည် ပင်လုံ ခရီးစဉ်နှင့် ပတ်သက်ပြီးမှတ်ချက်ပြုသည် ။


လတ်တစ်လောမှာပင် သျှမ်းပြည်နယ်၌ NLD ပါတီဝင်များ ပါတီမှ နှုတ်ထွက်မှုနှင့် ခေါင်းဆောင်ပိုင်း ထုတ်ပယ်ခံရမှုများ ရှိခဲ့ပြီး မိုင်းရှူးမြို့နယ်မှ နှုတ်ထွက်ခဲ့သည့် ပါတီဝင်များမှာ ဒေသတွင်း အင်အားကြီးပါတီဖြစ်သည့် SNLD သို့ ကူးပြောင်းမှုများ ရှိနေသည် ။


ဧရာဝတီ သတင်းဌာနမှ မွန်တိုင်းရင်းသား သတင်းထောက် လဝီဝမ်ကမူ အစိုးရသစ်လက်ထက်တွင် NLD အစိုးရမှာ တိုင်းရင်းသားများနှင့် ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့ပဲ လာမည့် ဖေဖော်ဝါရီ ၁၂ ခရီးစဉ်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်ထက် ရွေးကောက်ပွဲမဲဆွယ်ရန်အတွက်သာဖြစ်သည်ဟု ဝေဖန် ပြောဆိုသည် ။

“ သူက နိုင်ငံရေးသမား ။ အခြေအနေအချိန်အခါတစ်ခုကို သူတွက်ဆပြီး သူ့အတွက် ဘာရမလဲဆိုတာ မှန်းပြီး ဒီခရီးကို သွားတာတော့ သေချာပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲစည်းရုံးရေးကာလလည်း သူ နားဖို့ အချိန်တောင် မရှိဘူး။ တိုင်းရင်းသားဒေသကို သွားပြီး မဲဆွယ်စည်းရုံးနေတာ။ အခုလဲဘဲ  သျှမ်းမှာ မဲနေရာလစ်လပ်မှုအများဆုံးလေ။   ပြီးတော့ သျှမ်းမှာ သူ့ပါတီတွေ စည်းလုံးညီညွတ်မူ ပျက်ပြားနေလေ။”   - ဟု ပြောဆိုသည် ။


၂၀၀၈ ဖွဲ့စည်းပုံအရ - အစိုးရ တာဝန်ယူထားသူမှာ ပါတီနှင့် ပတ်သက်ခြင်း မရှိရပဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများတွင်လည်း ပါဝင်ခြင်း မရှိရ- ဟုပါရှိပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Jan 21, 2017, 5:01:55 PM1/21/17
to thuau...@gmail.com

တီကျစ်မြေမှခေါင်းလောင်းသံ ရှင်းလင်းပွဲ ရန်ကုန်တွင်ကျင်းပ

Posted: 21 Jan 2017 04:10 AM PST

မန်မာပြည်တွင် အကြီးဆုံးကျောက်မီးသွေး စက်ရုံတခုဖြစ်သည့်  သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်  တီကျစ်ကျောက်မီးသွေးစက်ရုံအား စက်ရုံလည်ပတ်မှု အမြန်ဆုံးရပ်တန့်ပေးရန် ပအိုဝ်းလူငယ်များ  ဦးဆောင်ပြီး  ရန်ကုန်မြို့ Orchid Hotel ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကြောင်း သိရသည် ။


အဆိုပါ တီကျစ်ရှိ ကျောက်မီးသွေးသတ္တုတွင်းမှ ကျောက်မီးသွေး များဖြင့်  လျှပ်စစ်ဓာတ်အားပေးထုတ် လုပ်စက်ရုံသည်  မြန်မာပြည်တွင် အကြီးဆုံးစက်ရုံဖြစ်ပြီး လျှပ်စစ်မီဂါဝပ် ၁၂၀ ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး တွဲဘက်အတွင်းရေးမှူး ခွန်ရဲသွေး  ကပြောသည် ။


“ အဲ့ဒီစက်ရုံက ၂၀၀၁ မှာ စပြီးတည်တယ်။ ၂၀၀၅ မှာ  စပြီးလည်ပတ်တယ်။ ၂၀၁၄ မှာ လည်ပတ်မှု ရပ် နား ထားရတယ်။ စက်အရည်အသွေးမမှီလို့။ အခု ၂၀၁၆ မှာ  စက်တွေဘာတွေ ပြန်ပြင်ပြီးတော့မှ အခု ပြန်ပြီး စမ်းသပ်လည်ပတ်နေတယ်။ အဲ့ဒီအတောအတွင်းမှာ ဒေသခံတွေက - ကျောက်မီးသွေးသတ္တု တွင်း ကနေ ဆိုးကျိုးတွေဖြစ်တယ်။ ကျန်းမာရေးဆိုးကျိုးတွေဖြစ်တယ် ။ ဒေသခံတွေ သွားရေးလာရေး အခက် အခဲတွေဖြစ်တယ် ။ ပြီးတော့ စက်ရုံကနေ ညစ်ညမ်းတဲ့ရေတွေ ကြောင့် မြေဆီ မြေသြဇာတွေ လျှော့ နည်းတာတွေဖြစ်တယ် ။ ဒီပြသနာတွေ ရင်ဆိုင်နေတယ်- ဆိုပြီးတော့ ကျောက်မီးသွေးစီမံကိန်း ရပ်နားဖို့  တောင်းဆိုတယ်” ဟု ၄င်းကပြောသည် ။


ကျောက်မီးသွေးတူးဖော်ရေးမှ မြေမှုန့်များကြောင့် တီကျစ်မြို့ခံများသည်  ခန္ဓာကိုယ် ယားယံခြင်း၊ ကိုယ်ဝန်ဆောင် မိခင်မျာ ကလေးပျက်ကျခြင်း နှင့် မွေးဖွားလာသည့် ကလေးများလည်း ပေါင်မပြည့်ခြင်းများ ကြုံ တွေ့နေရကြောင်း ဒေသခံများကပြောဆိုပါသည် ။


ထို့ကြောင့် စက်ရုံလည်ပတ်မှု ရပ်တန့်ပေးရေး နှင့် ဆုံးရှုံးသွားသည့် မြေယာများ ပြန်လည်ရရှိရေးအတွက်တောင်းဆိုခဲ့ကြောင်း ဒေသခံများက ပြောသည် ။


တီကျစ်မြို့ဒေသခံ စိုင်းတူး က “ကျနော်တို့ ဒေသအတွက်လည်း အကျိုးမရှိဘူး၊ ကုမ္ပဏီအတွက်လည်း အကျိုးမရှိဘူး၊ နိုင်ငံတော်အတွက်လည်း အကျိုးမရှိဘူး၊ဒီစီမံကိန်းကို ဘာလို့လုပ်နေလဲပေါ့။  အစိုးရကို မေးချင်တယ်၊ ဒီစီမံကိန်းကို ရပ်စေချင်တယ်”ဟု ပြောသည် ။


တီကျစ်မြေမှခေါင်းလောင်းသံ အစီရင်ခံစာ အမည်ရ  သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၂၀ ရက် ရန်ကုန်မြို့Orchid Hotel တွင် ကျင်းပပြီး တီကျစ်ကျောက်မီးသွေး ၏  နောက်ဆက်တွဲ ဆိုးကျိုးပြသနာများကို ပြည်သူသိစေရန် ရည်ရွယ်ပြီး ပြုလုပ်ကြောင်း သိရသည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် ပင်လောင်းမြို့နယ်သည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ်ထည့်သွင်းထားသည် ။

မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP/SSA တပ်အား အစိုးရတပ်မတော် စတင်တိုက်ခိုက်

Posted: 21 Jan 2017 04:00 AM PST

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် အတွင်းရှိ သျှမ်းပြည် တပ်မတော် SSPP/SSA အား ယနေ့ နံနက်ပိုင်း၌ စတင်တိုက် ခဲ့ကြောင်း ဒေသ အတွင်း သတင်းရပ်ကွက်က ပြောသည် ။


ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီ ခွဲ ကျော်အချိန်တွင် မိုင်းရှူးမြို့တောင်ဘက် ၃ မိုင်ကျော်အကွာ မိုင်းစံ - မိုင်းရှူးကြား ဝမ့်ပန်င ရွာအနီး လွယ်ကတ် တောင်ေ ကြာ ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စ ခန်း အား အစိုးရ တပ်မတော်၏ အင်အား ၈၀ ခန့်ရှိ စစ်ကြောင်းတခုက သွားရောက်တိုက်ခိုက် သည်ဟု ရှေ့တန်းတပ်မှူး တဦး ပြောချက်အရသိရသည် ။


“ အခု က ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ်အတွက် ဝိုင်းဝန်းပြင်ဆင်နေချိန် ကျနော်တို့အနေနဲ့ တိုက်ပွဲ မဖြစ်လိုဘူး။ ကိုယ့်ကိုကိုယ် ခုခံတိုက်ခိုက် တဲ့အဆင့်ပဲ။ တိုက်ပွဲမကျယ်ပြန့်အောင် ကျနော်တို့ ကြိုးစား ညှိနှိုင်းနေပါတယ် ” - ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး ဘုန်းဟန်က ပြောသည် ။


လွိုင်လင်ခရိုင် အတွင်း တာဝန်ကျ စစ်ဗျူဟာမှူး တဦးနှင့်နီးစပ်သူတဦးက - အခု အစိုးရ တပ်မတော် ဘက်မှ သျှမ်းပြည်တပ်မတော် လက်အောက်ခံ တပ်ဖွဲ့များ  ကျူးကျော်အခြေချ တပ်စခန်းများ ရုပ်သိမ်း ပေးရန်၊ သျှမ်းပြည် တပ်မတော်မှ မိုင်းရှူး နှင့် ကျေးသီးမြို့နယ် အတွင်း စုဆောင်းထားသည့် တပ်သားသစ်များ အားလုံး ပြန်လွတ် ပေးရန် ၊ ပြန်လွတ်ပေးခြင်းမရှိက အင်အားသုံးတိုက်ခိုက်မည်ဟုလည်း  အကြောင်း အစိုးရတပ်မတော်မှ သျှမ်းပြည်တပ်မတော်ထံအကြောင်းကြားထားသည်ဟု  သျှမ်းသံတော်ဆင့် သို့ပြော သည် ။


“ ဒါ ကျနော်တို့ကို စွပ်စွဲပြောဆိုတဲ့ အကြောင်းပြချက်တွေပါ။ ကျနော်တို့က သျှမ်းပြည်သူက နေ ပေါက်ဖွားလာတဲ့တပ်မတော်၊ ဒါက ကျနော်တို့မွေးရပ်မြေ ၊ ပုံမှန်ကာလတွေဆို ဆင့်ခေါ် စုစောင်း စရာကိုမလိုဘူး၊ သူ့ဟာ ရှိနေပြီးသား” - ဟု အမည်မဖေါ်လိုသည့် မိုင်းရှူးမြို့နယ် အတွင်း တာဝန်ကျ တပ်မှူးတဦးက ပြောသည် ။


မိုင်းရှူးမြို့မြောက်ဘက်ရှိ SSPP/SSA ၏ လွယ်မော်မယ့်စခန်း၊ နမ့်နဲက်(ပ်) တပ်စခန်းအား ဖယ်ရှားရန် တပ်မတော်မှပြောဆိုလိုက်သည့်နောက်ပိုင်း အဆိုပါ ဒေသအတွင်းမူ နှစ်ဘက်တပ်အင်အား အပြိုင်ချထား နေသော်လည်း ဇန်နဝါရီ ၁၈ ရက် မှ ယနေ့ တိုင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေ ။


သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု စာချုပ် NCA တွင်လက်မှတ်ရေးထိုး ခြင်းမရှိသေးသော်လည်း ဦးသိန်းစိန် အစိုးရ နှင့် ပြည်ထောင်စုအဆင့် ၊ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ရေးထိုးထားသည့် မြောက်ပိုင်းသျှမ်းပြည်တပ်မတော် အမည်ရ သျှမ်းလက်နက်ကိုင် တပ် တခုဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Jan 23, 2017, 5:14:47 PM1/23/17
to thuau...@gmail.com

သျှမ်းပြည်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အမျိုးသားအဆင့်နိုင်ငံရေး အကြိုဆွေးပွဲ လားရှိုးမြို့တွင်ကျင်းပ

Posted: 23 Jan 2017 01:35 AM PST

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သျှမ်းပြည်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အမျိုးသားအဆင့် နိုင်ငံရေး အကြိုတွေ့ဆုံဆွေးနွေးပွဲတရပ်ကို လားရှိုးမိုတယ်တွင် ယနေ့ စတင်ကျင်းသည်ဟု သိရသည် ။

လားရှိုးမြို့တွင်ကျင်းပသော သျှမ်းပြည်အရပ်ဖက်လူမှုအဖွဲ့ အစည်း များ၏ အမျိုးသားအဆင့် နိုင်ငံရေး အကြိုတွေ့ဆုံဆွေးနွေးပွဲ

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၃ ရက် မှ ၂၅ ရက်နေ့ အထိ သုံးရက်ကြာကျင်းပနေခြင်းဖြစ်ပါသည် ။


“ကျနော်တို့ ကျင်းပတဲ့ရည်ရွယ်ချက်က - ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်တွင် သျှမ်းပြည်မှ အရပ် ဖွဲ့အဖွဲ့အစည်းများပါဝင်နိုင်ရေး၊ သျှမ်းပြည်အရပ်ဖက်လူမှုအဖွဲ့အစည်းများဘုံသဘော တူညီ ချက် ရရေး နဲ့ နောက် ပြည်နယ်အဆင့်အကြိုဖိုရမ်သို့တက်ရောက်ဖို့ ကိုယ်စားလှယ်ရွေးချယ် နိုင်ရေးနဲ့ သျှမ်းပြည်မြောက် ပိုင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများ ရေရှည်စုဖွဲ့မှုကိစ္စရပ်များ စီစဉ်ဆောင် ရွက်နိုင်ရေး အတွက်ဖြစ်တယ်” - ဟု ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ပါဝင်သည့် စိုင်းဦး က သျှမ်းသံတော်ဆင့်သို့ပြောသည် ။


အဆိုပါသျှမ်းပြည်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အမျိုးသားအဆင့်နိုင်ငံရေးအကြို တွေ့ဆုံ ဆွေးနွေးပွဲသို့ သျှမ်းပြည်အရှေ့ပိုင်း လူမှုအဖွဲ့အစည်းပေါင်း ၆၀ ကျော်မှ ရွေးချယ်ကိုယ်စားလှယ် များ၊ သျှမ်းပြည်တောင်ပိုင်းမှလူမှုအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်မှ ရွေးချယ်ကိုယ်စားလှယ်များနှင့် သျှမ်းပြည်မြောက် ပိုင်းမှ ကိုယ်စားလှယ်များ -  စုစုပေါင်း ၃၄ ဦး တက်ရောက် သည်ဟု သိရသည် ။

ဝ ဒေသလုံးဆိုင်ရာ ပေါ်လစ်ဗျူရိုအစည်းအဝေးအပြီး ပေါက်ယူချန်းခေါင်းဆောင် အဖြစ်ဆက်ရှိနေ

Posted: 23 Jan 2017 01:16 AM PST

အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ၀ တပ်ဖွဲ့အတွင်း ခေါင်းဆောင် အပြောင်း အလဲ ရှိနိုင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ကျင်းပခဲ့ သည့် ၀ ဒေသလုံးဆိုင်ရာ ဗဟိုကော်မတီနှင့် ပေါ်လစ် ဗျူရို အစည်းအဝေးအပြီးတွင် ခေါင်းဆောင်အဖြစ် ပေါက်ယူချန်း ဆက်ရှိနေသေးကြောင်း ၀ တပ်ဖွဲ့ ထိပ်တန်း အဆင့်အမြင့် အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်းက ၀ခေါင်းဆောင် အပြောင်းအလဲအတွက် ဒေသလုံးဆိုင်ရာ ရွေးကောက်တင်မြောက်မှုများ ပြုလုပ်နေသည်ဟု ရိုက်တာ သတင်းက ဖော်ပြခဲ့ပြီး ယင်းသတင်းကို ပြည်တွင်းမီဒီယာ အချို့ကလည်း ဖော်ပြမှုများ ရှိခဲ့သည် ။


‘ အခုထိ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌအဖြစ် ဦးပေါက်ယူချန်းက ဆက်ရှိနေတယ်။ စစ်ဦးစီးချုပ်ကလည်း သူပဲဖြစ်သလို ၊ ပေါ်လစ်ဗျူရို အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကလည်း သူပါပဲ။ ထိပ်ပိုင်းခေါင်းဆောင်တွေအကြား ရာထူးအပြောင်းအလဲ လုံးဝ မရှိဘူး။ သတင်းထွက်နေတာတွေက သတင်းအမှားတွေပါ။ ခေါင်းဆောင်ရွေးပွဲတွေလည်း မလုပ်ခဲ့ဘူး။’ ဟု အဆိုပါ ၀ တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည် ။


ဝ တပ်ဖွဲ့အစည်းအဝေးအတွက် ၀ မြောက်ပိုင်းသာမက ၀ တောင်ပိုင်းမှ ထိပ်တန်း အဆင့်အမြင့် အရာရှိများပါ ပန်ဆန်းသို့ သွားရောက်ခဲ့သည် ။


ပန်ဆန်းအစည်းအဝေးတွင် ၀ တပ်ဖွဲ့၏ မူဝါဒ လုပ်ငန်းစဉ်များကိုသာ အဓိက ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ၂၁ ပင်လုံတက် မတက် ဆိုသည်ကိုပင် ဆွေးနွေးခြင်း မရှိဟု အဆိုပါ ၀ တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည် ။


‘ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ မူဝါဒ အပြောင်းအလဲ မရှိပါဘူး။’ - ဟု ၀ တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည် ။


ဝ တပ်ဖွဲ့မှာ မကြာသေးခင်ကလည်း အစိုးရနှင့် တွေ့ဆုံခဲ့သည်။ မြောက်ပိုင်းမဟာမိတ် အဖွဲ့နှင့် နီးစပ်သော ၀ တပ်ဖွဲ့ ၂၁ ပင်လုံ ဒုတိယ အကြိမ်တက်ရေး မသေချာသော်လည်း ကိုးကန့် ၊ အေအေ နှင့် တအာင်းပလောင်တို့အား ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရန် တပ်မတော်လက်ခံကြောင်း အာအက်ဖ်အေ သတင်းတွင် ဖော်ပြခဲ့သည် ။


လတ်တစ်လောအတွင်းမှာပင် ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်နေပြီး ၀ အစည်းအဝေး ပြီးဆုံးပြီးနောက် ၀ နယ်စပ် သံလွင်မြစ် အနောက်ဘက်ကမ်းတွင် လှုပ်ရှားနေသည့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်များနှင့် အစိုးရ တပ်များအကြား တင်းမာမှု အချို့ရှိနေကာ တိုက်ခိုက်မှု အချို့လည်း ဖြစ်နေသည် ။


သျှမ်းနီ ကျောင်းဆရာ အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒပြပွဲများကို မြို့ကြီးများတွင် ကျင်းပ

Posted: 23 Jan 2017 01:09 AM PST

သျှမ်းနီ ကျောင်းဆရာဖြစ်သည့် ဦးအောင်ဇင်ထွန်း အသတ်ခံရမှုအတွက် အမှုမှန် ဖော်ထုတ်ပေးရန် ဆန္ဒပြပွဲများကို ဇန်နဝါရီလ ၂၂ ရက်နေ့က ရန်ကုန် မန္တလေး မုံရွာ ကလေး ပုသိမ် စသည့်မြို့ကြီးများအပါဝင် မြို့ကြီးအတော်များများ ၌ ကျင်းပခဲ့သည် ။


ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မဖစ်အလယ်တန်းကျောင်းမှ ကျောင်းဆရာ ဦးအောင်ဇင်ထွန်း သတ်ဖြတ်ခံရမှုနှင့်ပတ်သတ်ပြီး အမှုမှန်ဖော်ထုတ်ပေးရေးအတွက် ဇန်နဝါရီလ ၂၂ ရက်နေ့ က မန္တလေးမြို့ရှိ ဆရာ ဆရာမအင်အား ၁၀၀ ကျော် ဆန္ဒ ဖော်ထုတ်ခဲ့ပါသည် ။


ယင်းဆန္ဒဖော်ထုတ်မှုအား မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် က ဦးဆောင်ခဲ့ပြီး ၃၅ လမ်း ရ၁ လမ်း ထောင့်မှ မန္တလေးတက္ကသိုလ် ဝင်ပေါက်အထိ ချီတက်ဆန္ဒပြခဲ့သည် ။


ထို့အပြင် ဆရာ ဆရာမများအနေဖြင့် အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ် အလို မရှိကြောင်း နှင့် ဆရာ ဆရာမများ၏ လူမှုဘဝလုံခြုံရေး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည် ။


ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်မှ ဦးဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆရာဆရာမများအဖွဲ့ချုပ် ဥက္ကဌ စိုင်းခိုင်မျိုးထွန်း ဖေ့ဘုပ်မှ သိရသည် ။


“ဒီကိစ္စက လူသားမဆန်တဲ့ ကိစ္စရပ်ဖြစ်တယ်။ ဆရာ ဆရာမတွေဆိုတာ ငြိမ်းချမ်းရေးရဲ့ သံတမန် တွေပါ ဒီဖြစ်စဉ်ကို ကန့်ကွက်ရှုတ်ချပါတယ်။ ” ဟု မုံရွာဆန္ဒပြပွဲတွင် ပါဝင်သူ တစ်ဦး ကလည်း ပြောသည် ။


ဦးအောင်ဇင်ထွန်းအပါဝင် သျှမ်းနီနှစ်ဦးမှာ လွန်ခဲ့သည့်အပတ်အတွင်းက အသတ်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည် ။

သျှမ်း- အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကြိုတင်ပြင်ဆင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ တောင်ကြီးမြို့တွင် ယနေ့စတင်ကျင်းပ

Posted: 22 Jan 2017 11:00 PM PST

သျှမ်းပြည်တွင်းပြင်ပလူထုနှင့်တွေ့ဆုံကာ အမျိုးသားအဆင့် နိုင်ငံရေးေ ဆွးနွေးပွဲတွင် လူထုဆန်ဒသဘောထားများ ထည့်သွင်းဆွေးနွေးနိုင် ရေး အတွက် သျှမ်း- အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကြိုတင်ပြင် ဆင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ကို တောင်ကြီးမြို့ သျှမ်းစာပေ ယဉ်ကျေးမှုေ က်ာမတီရုံးတွင် ယနေ့ ၉ နာရီက စတင်ကျင်းပခဲ့သည် ။


ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၃ ရက်မှ ၂၇ ရက်အထိ ၅ ရက်တာကျင်းပ မည်ဖြစ်ကြောင်း သိရသည် ။


ယနေ့စတင်သော တွေ့ဆုံမှုတွင် ဖိတ်ကြားထားသော ပုဂိုလ် များ ခေါင်းေ ဆာင်များ နိုင်ငံရေးအသင်းအဖွဲ့၊ လက်နက်ကိုင်အဖွဲ့၊ လူမှုအခြေပြုအဖွဲ့ မှပုဂိုလ်များနှင့် မြို့နယ်အသီးသီးမှကိုယ်စားလှယ်များစုစုပေါင်း ၄၅၀ ခန့်တက်ရောက်ကြောင်းသိရသည် ။


ဆွေးနွေးမှုမှရရှိသော ခေါင်းစဉ်များအလိုက် ၂၄ မှ ၂၇ အထိ တောင်ကြီးမြို့ ရှိဟိုတယ်ကြီးများ ၅ ခုတွင် ခွဲပြီး ဆွေးနွေးမှုပြု သွားမည်ဖြစ်ကြောင်း သိရပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Jan 24, 2017, 4:59:41 PM1/24/17
to thuau...@gmail.com

တိုက်ပွဲများ ရပ်ဆိုင်းပြီး အဆင်သင့်ဖြစ်မှ ၂၁ ပင်လုံ ဒုတိယ အကြိမ် ကျင်းပရန် ဒေါ်စုနှင့် တပ်ချုပ်ထံ အပစ်ရပ်အဖွဲ့များတင်ပြ

Posted: 24 Jan 2017 01:11 AM PST

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းထားပြီး အဆင့်သင့်ဖြစ်မှသာ ၂၁ ပင်လုံ ဒုတိယ အကြိမ်ကို ဆက်လက်ကျင်းပရန် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်  နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်တို့ထံ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တင်ပြခဲ့ ကြောင်းသိရသည် ။

Photo: Myanmar State Counsellor Office
NCA အပစ်ရပ်လက်မှတ်ထိုး အဖွဲ့များဖြင့် ဖွဲ့စည်းထားသော  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ ကိုယ်စားလှယ် ၅ ဦးတို့သည် ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံစဉ် တင်ပြပြောဆိုခဲ့ခြင်းဖြစ်သည် ။


“ အခုက ပဋိပက္ခတွေ ရှိနေတယ်။ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိတယ်။ ဒီဟာတွေရှိနေရင် နိုင်ငံရေးအရ အဖြေထွက်ဖို့ မလွယ်ဘူး။ သဘောက မထိုးသေးတဲ့အဖွဲ့တွေ မတက်နိုင်သေးတောင် သူတို့နဲ့ အပစ်ရပ် ထားပြီး ဆွေးနွေးမှုတွေလုပ် ပဋိပက္ခဖြေရှင်းနိုင်ဖို့အတွက် ဆွေးနွေးမှုတွေလုပ်ပြီးမှ ဒီ ၂၁ ပင်လုံ ဒုတိယ အကြိမ်ကို ဆက်ကျင်းပဆိုတဲ့ သဘောကို တင်ပြခဲ့တာပါ။ စစ်ဆင်ရေးတွေ သွားမလုပ်ဖို့ပေါ့လေ ”  ဟု သွားရောက်တွေ့ဆုံခဲ့သူ PPST အဖွဲ့ဝင် ဦးခွန်စိုင်းကပြောသည် ။


သို့သော် ယင်းအချက်နှင့် ပတ်သက်၍ သဘောတူညီမှု မရခဲ့ဟု သိရပြီး တိုင်းရင်းသားများကမူ ပဋိပက္ခ လျှော့ချရေး ( သို့မဟုတ် ) ရပ်ဆိုင်းရေးအတွက် ဆန္ဒရှိကြောင်း အဓိကထားတင်ပြခဲ့ကြသည် ။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ်- မြန်မာနိုင်ငံမြောက် ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် သက်ရောက်နိုင်မှု၊  မကြာခင်ကျင်းပ မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ခိုင်မာသော ရလဒ်များ ထွက်ပေါ်လာရေး၊  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသော တိုင်းရင်းသားနယ်မြေဒေသများ အတွင်း ဖွံ့ဖြိုး တိုးတက်မှုများကို ပြည်တွင်း၊ ပြည်ပ ကူညီထောက်ပံ့မှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးရေးကိစ္စ၊   NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ အဖွဲ့ဝင်အချို့၏ အမှုအခင်း များကိစ္စ၊  NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ ပါဝင် လာနိုင်ရေးကိစ္စ၊  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများ ကို ဆွေးနွေး ခဲ့ကြသည် ။


သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အရေအတွက်မှာ ၈ ဖွဲ့ရှိခဲ့ပြီး ယခု NLD အစိုးရလက်ထက် အထိလည်း  စာချုပ်စတင်ချုပ်ဆိုခဲ့စဉ်က အရေအတွက်အတိုင်း ၈ ဖွဲ့သာ ရှိနေသည်။ ၂၁ ပင်လုံ ပထမ အကြိမ်အပြီးတွင် ဂိဒွန်ဒေသ၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မူဆယ်လမ်းမပေါ် တိုက်ပွဲများ လည်း ဖြစ်ပွားခဲ့သလို လတ်တလောကာလအတွင်းမှာပင် ကေအိုင်အေ ၊ တအာင်းပလောင်၊ SSPP/SSA အဖွဲ့များ နှင့် တပ်မတော်တို့အကြား တိုက်ခိုက်မှုများ ရှိနေသည် ။


နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကမူ ၂၁ ပင်လုံ ဒုတိယ အကြိမ်ကို ဖေဖော်ဝါရီလတွင် ပြုလုပ်ချင်ကြောင်း ပြောဆိုခဲ့သည် ။


မကြာသေးမှီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ၀ါရှင်တန် တက္ကသိုလ်မှ မြန်မာ့အရေးလေ့လာသူ Colinham ကမူ -  ငြိမ်းချမ်းရေး  မြန်မြန်ရလေ ကောင်းလေ - ဆိုသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များဖျက်သိမ်းခြင်း ပြန်လည်ပေါင်းစည်းခြင်းနှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များမှာ မည်သည့် နိုင်ငံတွင်မဆို နှစ်ပေါင်းများစွာ အချိန်ယူရသဖြင့် ရွေးကောက်ပွဲသက်တမ်းနှင့် ငြိမ်းချမ်းရေးကို ယှာဉ်တွဲ မစဉ်းစားသင့်ကြောင်း သတိပေးပြောဆိုထားသည် ။


အပစ်ရပ်ရေးကျန်နေသည့် အဖွဲ့အများစုမှာ စစ်အစိုးရလက်ထက်က အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့ဖူးပြီး ခိုင်မာသည့် နိုင်ငံရေးအဖြေမရှိသဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် အဖွဲ့များလည်း ဖြစ်သည် ။


ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းရင်းသားအရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု အရေးအတွက် ဆောင်ရွက်သွားမည်ဟု ကတိပေးကာ ရွေးကောက်ပွဲဝင်ခဲ့သော်လည်း ရွေးကောက်ပွဲအပြီး အစိုးရ ဖွဲ့စည်းချိန်မှစ၍ သျှမ်း ရခိုင်စသည့် တိုင်းရင်းသားများနှင့်မ ပြေလည်ခဲ့ကာ နောက်ပိုင်းတွင် တိုင်းရင်းသားများနှင့် ဆက်ဆံရေး အေးခဲလာကြောင်း အကဲခတ်များက ဆိုကြသည် ။

အမည်မသိ၊ နေရပ်မသိ အမျိုးသားတစ်ဦး နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံကြီး၌ သေနတ်ဒဏ်ရာဖြင့် ရောက်ရှိသေဆုံး

Posted: 24 Jan 2017 12:57 AM PST

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ အမည်မသိ၊ နေရပ်မသိအမျိုးသားတစ်ဦးသည် သေနတ်ဒဏ်ရာဖြင့်  ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ရောက်ရှိသေဆုံးနေကြောင်း သတင်းရရှိသည် ။

Photo: wechat

၎င်း သူမှာ ၀ဲဘက်ဂျိုင်းအောက်တွင် ကျည်ဆံဖောက်ဝင် ဒဏ်ရာဖြင့်  အဆုတ်ထိပြီး သွေးထွက်လွန် သေဆုံး သည်ဟု နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံ၏ ဆေးစာတွင် တွေ့ရှိရကြောင်း၊ ၄င်း လူနာကို လာရောက်ပို့ဆောင်  သူမှာလည်း လူနာချပြီးသည်နှင့် ကားမောင်း ထွက်ပြေးသွားကြောင်း၊ မည်သူမည်ဝါဖြစ်ခြင်းကို သက်ဆိုင်ရာမှ ဆက် လက်စုံစမ်းနေ ကြောင်း အမည်မဖော်လိုသော နမ့်ခမ်းမြို့ဆေးရုံဝန်ထမ်း တစ်ဦးကဆိုသည် ။


“ ဇန်နဝါရီလ ၂၁ ရက် ညနေ ၃း၃၀ နာရီလောက်မှာပေါ့။ ကားတစ်စီး နဲ့ လာပို့ကြတာ။  ဆရာဝန် ဆရာမ တွေ လည်း အရေးပေါ်လူနာဆိုတော့ ချက်ချင်းကုသပေးတာပေါ့။ လူနာ ကသွေးထွက်တာများပြီး အခြေအနေ မကောင်းတော့ဘူး ဆိုတော့ လူနာရှင်ကို ထွက်ရှာတာ မတွေ့ရတော့ဘူး ”ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြောသည် ။


အသက် ၂၅ နှစ်ခန့်ရှိ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသောသူ၏အလောင်းကို နှစ်ရက် နှစ်ညတိတိ ရင်ခွဲရုံ၌ ထားရှိသော်လည်း အလောင်းပိုင်ရှင်မပေါ်သဖြင့်   ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် ညနေပိုင်းက မွန်းလိုင်း နာရေးကူညီမှုအသင်းက မြို့နယ် ရဲတပ်ဖွဲ့တာဝန် ရှိသူ တစ်ချို့ နှင့် အလောင်းအား နမ့်ခမ်းမြို့ သုသာန်တွင် မီးသင်္ဂြိုလ်ပေးလိုက်ပြီဖြစ်ကြောင်း  နာရေးကူညီ မှုအသင်းနှင့် နီးစပ်သူတစ်ဦး က ဆိုသည် ။


အလားတူ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၁၁း၃၀ နာရီအချိန်ခန့်၌  နမ့်ခမ်းမြို့ စခန်းသစ် အစိုးရတပ်မတော် တပ်ကုန်း အနီးရှိ လွယ်ဆာကျေးရွာ ကြံစိုက်ခင်း ထဲတွင်အလုပ် လုပ်ကိုင်နေသော အသက် (၆၀) နှစ်ကျော်   ပလောင်လူမျိုး အဖွားအို တစ်ဦးမှာ လက်မောင်းတွင်ကျည်ဆံ ထိမှန်သဖြင့်  ၄င်းအဖွားအား ဇန်နဝါ ရီလ ၂၄ ရက် မနက်ပိုင်းက နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံကြီး၌်  ခွဲစိတ်  ကုသမှုပြုပေးနေကြောင်း ဒေသခံများထံမှ သိရှိရသည် ။

သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကြိုတင်ပြင်ဆင်ခြင်းအတွက် ခေါင်းစဉ် ၅ ခုအား ဟိုတယ်ကြီး ၅ ခု တွင် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

Posted: 23 Jan 2017 11:27 PM PST

မကြာခင်တွင်ကျင်းပမည့် ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံတွင် သျှမ်း - လူထု ဆန္ဒသဘောထားကို ထည့်သွင်းဆွေးနွေးရန်အတွက် သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ကြိုတင်ပြင် ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ၏ ဒုတိယနေ့ကို ဆက်လက်ကျင်းပရာတွင် ဆွေးနွေးရန်ခေါင်းစဉ် ရ ခုခွဲပြီး တောင်ကြီးမြို့ရှိ ဟိုတယ်ကြီး ရ ခုတွင် အလုပ်ရုံဆွေးနွေးပွဲ ရ ခုအသီးသီး ပြုလုပ်သွားကြောင်း သိရပါ သည်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝသယံဇာသ၊ လုံခြုံရေး၊ အထောက်အကူပြုအဖွဲ့ နှင့် မှတ်တမ်း အစရှိခေါင်းစဉ်ကြီးများအား တောင်ကြီးမြို့ ဟိုတယ်ကြီး ရ ခုတွင် အသီးသီးသွားရောက်ဆွေး နွေးခဲ့ကြသည် ။


“ ဒီလို တစ်စုတစ်စည်းတည်းမှာ တွေ့ဆုံရတာ သျှမ်းလူမျိုးတွေရဲ့ သမိုင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ကြုံတောင့် ကြုံခဲပါတယ်၊ ဒီလို အခြေနေမျိုးမှာမှ ဒီလို ညီညီညွတ်ညွတ်နဲ့ လာပြီးတော့ စုစည်းပြီး အလုပ်တစ်ခုအတွက် စုပေါင်းပြီးတော့ အတူတူလုပ်ကြဖို့ လာခြင်းဖြစ်တဲ့အတွက် ပိုပြီးတော့ ကျနော်တို့အတွက် လေးလေးနက် နက်ရှိတယ်။  ဒီအလုပ်ရုံဆွေးနွေးပွဲကို ခေါ်ယူကျင်းပရခြင်းဟာ အစိုးရက ကျင်းပမယ့် ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးမှာ ကျနော်တို့ သျှမ်းလူမျိုးတွေရဲ့ သဘောထား ဆန္ဒ သျှမ်းလူမျိုး တွေ ဖြစ်ချင်တဲ့ ပြည်ထောင်စုကြီးကို ကျနော်တို့ သွားရောက်ဆွေးနွေးနိုင်ဖို့ အခွင့်အလမ်းအတွက်  ဖြစ် ပါတယ်  ” ဟု CSSU အထွေထွေအတွင်းရေးမှူးချုပ် ဦးစိုင်းညွန့်လွင် က ယမန်နေ့က တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးတွင် ကျင်းပသော ဖွင့်ပွဲ၌ အဖွင့်အမှာ စကား ပြောကြားသွားသည် ။

လုံခြုံရေးခေါင်းစဉ်ဖြင့်အလုပ်ရုံဆွေးနွေးပွဲ
“ အခုက မတူညီတဲ့ အဖွဲ့အစည်းအသီးသီးကနေ လာပြီး အလုပ်အတူတူတွဲလုပ်ရမယ်ဆိုတော့ နဲနဲတော့ စိုးရိမ်ရတယ်၊ဒါပေမယ့် သျှမ်းအမျိုးသားရေးအတွက်ဘဲ  အားလုံးက အလုပ်လုပ်ကြတယ်ဆိုတော့ ဒီအလုပ်က အောင်မြင်မယ်လို့ ယုံကြည်တယ်” CSSU အထွေထွေအတွင်းရေးမှူးချုပ် ဦးစိုင်းညွန့်လွင် က အဖွင့်အမှာ စကားတွင် ပြောကြားသွားသည် ။


သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ကြိုတင်ပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို သျှမ်းတိုင်းရင်းသားလက်နက်ကိုင်များ RCSS/SSA သျှမ်းပြည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် ၊ ကျားဖြူပါတီ (SNDP) ၊(ESSDDP) သျှမ်းပြည်အရှေ့ပိုင်းပါတီ နှင့် SSJAC  အဖွဲ့ထဲတွင်  (SSPP/SSA) သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် ၊ (SNLD) ကျားခေါင်းပါတီ၊စိန်ကျော့ပြည်သူစစ် တို့တက်ရောက်ပြီး တခြား သျှမ်းနီပါတီ နှစ်ပါတီ နှင့် သျှမ်းလူမှု အခြေပြု အဖွဲ့အစည်းများ တက်ရောက်ပြီး ဖွင့်ပွဲနေ့တွင် တက်ရောက်သူ အင်အား ၄၅၀ ကျော်ရှိကြောင်း သိရသည် ။


သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ကြိုတင်ပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို သျှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) မှ ဦးဆောင်ကျင်းပပြီး ဇန်နဝါရီ (၂၃ -၂၇) ရက်နေ့ထိ ၅ ရက်သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည် ။


သက်ဆိုင်ရာအဖွဲ့များက တာဝန်ကျရာမြို့နယ်အသီးသီးသို့ ဇန်နဝါရီလ ၂၈ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ကွင်းဆင်းမှုအပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Jan 25, 2017, 4:52:48 PM1/25/17
to thuau...@gmail.com

အစိုးရတပ်မတော် စွပ်စွဲပြောဆိုမှု မဟုတ်မှန်ဟု SSPP/SSA တုန့်ပြန်

Posted: 25 Jan 2017 01:54 AM PST

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ဘိန်းခင်းဖျက်ဆီးသည့် အစိုးရတပ်မတော် စစ်ကြောင်းများ အား သျှမ်းပြည်တပ်မတော် SSPP/SSA မှ နှောင့်ယှက်တိုက်ခိုက်သည်ဆိုသည့် ကိစ္စက မဟုတ်မှန်ကြောင်း တပ်မတော်စစ်ကြောင်းများမှ စတင်တိုက်ခိုက်ပြီး SSPP/SSA အပေါ် အပြစ်ပုံချခြင်းသာဖြစ်သည်ဟု SSPP/ SSA မှ ပြောဆိုသည် ။


“အစိုးရပိုင် သတင်းစာကနေ အခုလိုထုတ်ပြန်တာဟာ ကျနော်တို့အဖွဲ့အပေါ် အသရေဖျက်တာဘဲ။ ဒီထုတ်ပြန်ချက်က တကယ်လဲ မမှန်ဘူး။ အခုတိုက်ပွဲဖြစ်တဲ့နေရာကလဲ ဘိန်းခင်းနဲ့လဲမဆိုင်ဘူး။ ကျနော်တို့ နဂိုကတည်းကနေလာတဲ့ တပ်စခန်းကို တပ်မတော် ခမရ ၃၇၉ စစ်ကြောင်း က လက်နက်ကြီးနဲ့  အရင်ထု ပြီး နာမည်ကောင်းရအောင် သတင်းထုတ်ပြန်တဲ့ သဘောဘဲဖြစ်တယ်။ဒီစစ်ဆင်မှုက ပြည်သူလူထုအသိဆုံးဘဲ”- ဟု ပြောခွင့်ရ ဗိုလ်မှူးဘုန်းဟန်က ပြောသည် ။


ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ် အစိုးရ ပိုင် ကြေးမုံ သတင်းစာတွင် မိုင်းရှူးမြို့နယ်အတွင်း တပ်မတော်သား များ၊ ရဲတပ်ဖွဲ့များ ဌာနဆိုင်ရာများ နှင့် ပြည်သူများပါဝင်သော ပူးပေါင်းက ဘိန်းခင်းများဖျက်ဆီးစဉ် SSA ၀မ့်ဟိုင်းအဖွဲ့က လက်နက်ကြီးလက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရေးသားဖေါ်ပြထား ခြင်းဖြစ် သည် ။


ထိုသို့ စွပ်စွဲရေးသားထားသည့်နောက်ပိုင်း သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်တော် အခြေစိုက်ရာ ၀မ့်ဟိုင်းဌာနချုပ်အနီးသို့ အစိုးရတပ်များ အင်အားထပ်မံဖြည့်တင်း လာနေသည့် အပြင် ဂျက်ဖိုက်တာ အမျိုး အစား တိုက်လေယာဉ် MIG 29 အများအစား ၂ စီးအား ၀မ့်ဟိုင်း ဌာနချုပ် အပါအဝင်၊ သျှမ်းပြည်တပ် မတော် တပ်စခန်းတည်ရှိရာ ကျေးသီး မိုင်းရှူး၊ တန့်ယန်း မြို့နယ်အတွင်း ၃-၄ လာရောက်လှည့်ပတ် ပျံသန်း သည်ဟု ၀မ့်ဟိုင်းဌာနချုပ် အရာရှိများ ပြောပြချက်အရသိရသည် ။


အဆိုပါဒေသသည် လာမည့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းရန်အတွက် ပြင်ဆင်နေထား သည့် မြို့နယ်များဖြစ်ကြသည် ။


ဇန်နဝါရီ ၂၁ ရက်နေ့က မိုင်းရှူးမြို့တောင်ဘက် ၃ မိုင်ကျော်အကွာ မိုင်းစံ - မိုင်းရှူးကြား ဝမ့်ပန်င ရွာအနီး လွယ်ကတ်တောင်ကြောရှိ SSPP/SSA တပ်စခန်းအား တပ်မတော်စစ်ကြောင်းမှ ၀င်ရောက် တိုက်ခိုက်ခဲ့သည် ။


တိုက်ပွဲတွင် တပ်မတော်ဘက်အပါဝင် သျှမ်းပြည်တပ်တော်ဘက်ကပါ ထိခိုက်နစ်နာသေဆုံးမှုများ ရှိကြသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်မထိုးရ သေးသော်လည်း ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့်ငြိမ်းချမ်းရေးလက် မှတ်ရေးထိုးသည် ။

သျှမ်းသံတော်ဆင့်

unread,
Jan 26, 2017, 4:48:58 PM1/26/17
to thuau...@gmail.com

တောင်ကြီးမြို့ သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုပြင်ဆင်ရေး အလုပ်ရုံဆွေးနွေး ပွဲအား ထောက်လှမ်းရေးများ အချိန်ပြည့်စောင့်ကြည့်သတင်းယူသည့်အတွက် တက်ရောက်သူများ စိတ်အနှောင့် အယှက်ဖြစ်

Posted: 25 Jan 2017 10:20 PM PST

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့ပေါ် ဟော်တယ်ကြီး ၆ ခု၌ ခေါင်းစဉ်ကြီး ၆ ခု သီးခြားခွဲကာ လုပ် ဆောင်နေသော ‘ သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ’ အကြိုပြင်ဆင်ရေး အလုပ်ရုံဆွေး နွေးပွဲအား စစ်ထောက်လှမ်းရေးများ ၊ ရဲအထူးသတင်းတပ်ဖွဲ့များ အချိန်ပြည့်စောင့်ကြည့်သတင်းယူသည့်အတွက်  စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု အစည်းအဝေးတက်ရောက်သူများပြောပြချက်အရ သိရသည် ။


တောင်ကြီးမြို့ - တောင်ကြီးဟော်တယ်၊ ရွိုင်ရယ်စတားဟော်တယ်၊ ဟတ်ဟွမ်ဟော်တယ်၊ BH ဟော် တယ်၊ ချယ်ရီကွင်းဟော်တယ် နှင့် 21 Century Hotel တို့တွင် နေရာတခု အနည်းဆုံး ၅ ယောက် နှုန်းဖြင့် စစ်ထောက်လှမ်းရေးအဖွဲ့များက သတင်းဓါတ်ပုံများ၊ ဗီဒီယို မှတ်တမ်းများ၊ လှုပ်ရှားသည့် ပုံရိပ်တိုင်း စောင့်ကြပ်ရိုက်ယူနေသည်ဟု သိရသည် ။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား နိုင်ငံတော်အစိုးရဦးဆောင်ပြီးကျင်းပမည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုအထောက်အကူပြုစေနိုင်ရေးအတွက် တတ်နိုင်သည့် ဘက်မှ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းသာ ဖြစ်သည့် အတွက် သက်ဆိုင် ရာဌာနများထံ အစိုးရဌာနများထံ တရားဝင်တင်ပြပြီး ကျင်းပရခြင်းဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က ပြောသည် ။


“ အဲ့ဒီအပေါ်မှာကျနော်တို့အနေနဲ့လုံးဝ စိတ်မကောင်းဘူး။ ပြောင်းလဲပြီ ဆိုပေမယ့်  ၊ နိုင်ငံရေး စနစ်  ပြောင်းလဲပြီဆိုပေမယ့် ကျနော်တို့လူနေမှုစနစ်ကြီးဟာ ကျနော်တို့သံသယဖြစ်စရာကောင်း လောက် အောင်ကိုအရင်ပုံစံနဲ့မခြား မကွဲမပြားဖြစ်နေတာ ကိုတော့ ကျနော်တို့စိတ်မကောင်းဘူး။ အဲဒီအတွက် သက်ဆိုင်ရာအစိုးရ  သျှမ်းပြည်နယ်အစိုးရ  ဌာနဆိုင်ရာတာဝန်ရှိပုဂိုလ်လူကြီးမင်းတို့ အားလုံး ဝိုင်းဝန်း ကြပ်မတ်ပေးကြပါ လို့ကျနော်တို့တောင်း ဆိုချင်ပါတယ်” - ဟု သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ်ပြောခွင့်ရ ပုဂ္ဂိုလ်လဲဖြစ် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ CSSU အတွင်းရေး မှူးများအဖွဲ့ဝင်လည် ဖြစ်သည့် စိုင်းလိတ် ကပြောသည် ။


‘သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ’ အကြိုပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် - နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့်သဘာဝ သယံဇာတ စသည့် ခေါင်းစဉ်ကြီးများဖြင့် ဆွေးနွေး လေ့ကျင့်သင်ယူခြင်းဖြစ်သည် ။


“ အစက သူတို့ ထောက်လှမ်းရေးမှန်းမသိဘူး။ သျှမ်းဘောင်းဘီတွေလဲ ဝတ်ထားတော့ ရှမ်းလိုသွား ပြောတော့ မသိဘူး။ သူတို့ဘယ်သူလဲ ဆိုတာ မသိတဲ့သူတွေလဲ ရှိတယ်။ သူတို့က ထောက်လှမ်းရေး မှန်းသိတော့ မေးချင်တာတွေ၊ သိချင်တာတွေ လွတ်လွတ်လပ်ဘယ်မေးရဲတော့မှာလဲ။ ဖုန်းနှစ်လုံးစီနဲ့ တလုံးက အချိန်ပြည့်ခေါ်ထားတယ်။ ကျန်တလုံးက ဓါတ်ပုံလိုက်ရိုက်တယ်” - ဟု အမည်မဖေါ်လိုသည့် ပုဂ္ဂိုလ်တဦးက ပြောသည် ။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ပြီးစီးသွားပါက ဆိုင်ရာကိုယ်စားလှယ်များသည် အုပ်စု ၁၅ စုခွဲပြီး သျှမ်းလူမျိုးများနေထိုင်ရာမြို့များသို့ ကွင်းဆင်းကာ လူထု နှင့် တွေ့ဆုံနွေးသွားမည်ဟုသိရသည် ။


လူထုနှင့်ကွင်းဆင်းတွေ့ဆုံဆွေးနွေးမှုမှ ရရှိလာသောလူထုအသံများအား ‘သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ’ သို့  တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။ ရရှိလာသည့်  ရလဒ်များအား ပြည်နယ် အဆင့်သို့သော်လည်းကောင်း၊ နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံ (ဒုတိယအကြိမ်) ညီလာခံသို့သော်လည်း သျှမ်းအမျိုးသားထုအတွင် တင်ပြဆွေးနွေး သွား မည်ဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Jan 27, 2017, 5:23:55 PM1/27/17
to thuau...@gmail.com

လျှပ်စစ်ဌာနက ဖိတ်ကြားသည့် ဓါတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား SSPP/SSA အား ခိုလမ်စစ်တိုင်းမှူး တက်ခွင့်မပြု

Posted: 26 Jan 2017 11:10 PM PST

မိုင်းရှူးမြို့ နှင့် ကျေးသီးမြို့ ဓါတ်အားခွဲရုံဖွင့်ပွဲတက်ရောက်ရန် လျှပ်စစ်ဝန်ကြီးဌာန  ကျေးသီး၊ မိုင်းရှူး ရုံးအဖွဲ့တာဝန်ခံ၏ ဖိတ်ကြားမှုကြောင့် ဖွင့်ပွဲတက်ရောက်လာသည့် သျှမ်းပြည် တပ်မတော် SSPP/SSA အား အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ပွဲတက် ခွင့်မပြုဟု သိရသည် ။


ဇန်နဝါရီ ၂၆ ရက် မွန်းတည့် ၁၂ နာရီအချိန် မိုင်းရှူးမြို့ အားကစားရုံ၌ ကျင်းပသည့် မိုင်းရှူးမြို့ ဓါတ်အား ခွဲရုံ ဖွင့်ပွဲသို့သော်လည်းကောင်း၊ မွန်းလွဲ ၃ နာရီ ကျေးသီးမြို့ ဓါတ်အားခွဲရုံဖွင့်ပွဲသို့ သော်လည်း ကောင်း တက်ရောက်ပေးပါရန် လျှပ်စစ်ဓါတ်အားခွဲရုံ ဖွင့်ပွဲ ဖြစ်မြောက်ရေး က သျှမ်းပြည်တပ်မတော် SSPP/SSA အား ဖိတ်ကြားထားသော်လည်း နမ့်စန်မြို့နယ် ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းမှူး က ခွင့်မပြုသည့်အတွက် SSPP/SSA ကိုယ်စားလှယ်များတက်ရောက်ခွင့် မရခဲ့ဟု ဆိုပါသည် ။


“အစိုးရ ဌာန က ကျနော်တို့အပေါ် ယုံကြည်လို့ ဖိတ်ကြားထားတယ်။ ကျနော်တို့လည်း ဒီဖိတ်ကြားမှုကို အလေးထားလို့ ယုံကြည်လို့ သွားတာ။ တိုင်းမှူးကဘယ်လိုသဘောထားကြောင့် ဘာအတွက်ကြောင့်ဟန့် တားလဲဆိုတာ ကျနော်တို့လဲ နားမလည်ဘူး။ ဒီလုပ်ရပ်က နိုင်ငံတော်က လုပ်လိုတဲ့ ငြိမ်းချမ်းရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးအတွက် အပြုသဘောမဆောင်ဘူး” - ဟု ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးဘုန်း ဟန် ကပြောသည် ။


လျှပ်စစ်ဓါတ်အားခွဲရုံ ဖွင့်ပွဲ တက်ရောက်ရန် SSPP/SSA ဌာနချုပ်အရာ ရှိ စဝ်တွန်းခမ်း နှင့် အဖွဲ့ဝင် သုံးဦးအား စေလွတ်ကြောင်းကြားသိရသည် ။


ရလခ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်သည် တန့်ယန်း - မိုင်းရှူး ကြား လမ်းမပေါ် မှ အရှေ့ဘက် သံလွင်မြစ် သို့ (လွယ်နိုင်း - တာ့ဝန်းနောင်း) တပ်မတော်သားအင်အားဖြင့် လမ်းဖေါက်လုပ်မည်ဟု သျှမ်းပြည်တပ် မတော်ထံ ပြောကြားသည့်နောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်မှ တပ်မတော်အင် အားဖြင့် လမ်းဖေါက်လုပ်ရန်မသင့်တော်ကြောင်း၊ လမ်းဖေါက်လုပ်ရေးလုပ်သားဖြင့် ဖေါက်လုပ်ရန်သာ သင့်တော်ကြောင်း နေပြည်တော်သို့ အကြောင်းပြန်ကြားသည့်နောက်ပိုင်း စစ်ရေးတင်းမာလာခဲ့သည် ။


ဘိန်းခြံရှင်းလင်းရေးအကြောင်းပြချက်ဖြင့်လည်း ဇန်နဝါရီ ၂၁ ရက်ကနေ့က နှစ်ဘက် ရင်ဆိုင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပေါသေးသည်။ နှစ်ဘက်စစ်ရေးတင်းမာသည့်အနေအထားကြားက သျှမ်းပြည် တပ်မတော် တပ်ဖွဲ့ဝင်များ  အစိုးရ တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းမှုများလည်းရှိခဲ့သည် ။


တပ်မတော်တပ်မှူးနှင့် SSPP/SSA တပ်မှူးတို့ တန့်ယန်းမြို့နယ်အတွင်းရှိ တပ်စခန်းများ ပူးတွဲကွင်းဆင်းမှု ရှိခဲ့သော်လည်း နှစ်ဘက်စစ်ရေးပြေလျော့မှုမရှိသေးပေ ။


ယခုကဲ့သို့ စစ်ရေးတင်းမာမှုသည်   ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအား အဟန့်အတား ဖြစ်စေနိုင် သည်ဟု နိုင်ငံရေးပါတီဝင်များက သုံးသပ်ပြောဆိုသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကလည်း အဆိုပါဒေသအတွင်း အစိုးရတပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လူပေါင်း တသိန်းခန့် မဲပေးပိုင်ခွင့် လှစ်ဟင်းခဲ့သည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA သည် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။


သျှမ်း-အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး အကြိုပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးရက်

Posted: 26 Jan 2017 10:45 PM PST

သျှမ်းပြည်နယ်မြို့တော်တောင်ကြီးတွင်ကျင်းပသည့် သျှမ်း-အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး အကြိုပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ (ဇန်နဝါရီလ ၂၃ ရက်မှ ၂၇ ရက်အထိ) နောက်ဆုံးရက် ၊ ဆွေးနွေးပွဲတက်ရောက်သူများအား သျှမ်းစာပေယဉ်ကျေးမှု အသင်းရုံးတွင် တွေ့ရစဉ် ။


ဒေသ ၁၅ ခုသို့ ကွင်းဆင်းမည့် အဖွဲ့ ၁၅ ဖွဲ့ အတွက် လိုအပ်သောပြင်ဆင်မှုများ ၊အဖွဲ့၏ ရည်ရွယ်ချက်များကို ထပ်လောင်းပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရ ။


ဇန်နဝါရီလ ၂၈ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်အထိ သျှမ်းပြည်နယ်အတွင်း ၄၅ မြို့နယ်အသို့ အဖွဲ့ခွဲပြီး ကွင်းဆင်းလူထုနှင့်တွေ့ဆုံမှုပြုလုပ် မည်ဖြစ်ကြောင်းသိရ ။

သျှမ်းသံတော်ဆင့်

unread,
Jan 30, 2017, 5:08:22 PM1/30/17
to thuau...@gmail.com

ဦးကိုနီ လုပ်ကြံခံရမှု တရားဥပဒေစိုးမိုးမှုမရှိတဲ့ အနေအထားဟု SNLD ပြော

Posted: 30 Jan 2017 01:51 AM PST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်   NLD  ပါတီ၏ ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ  ဦးကိုနီ  လုပ်ကြံ သတ်ဖြတ်ခံရမှုအတွက် သျှမ်းတိုင်း ရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD  ပါတီအနေဖြင့် အစားထိုး မရနိုင် သည့် ဆုံးရှုံးမှု တစ်ရပ်ဖြစ်ကြောင်း ပြောဆိုလိုက်သည် ။

Photo: SNLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ
“ဦးကိုနီဟာ ဗမာတိုင်းရင်းသား အစ္စလမ် ဘာသာဝင် တစ်ယောက်ဖြစ်တယ်၊ တိုင်းရင်းသားအရေးနဲ့ ပတ် သက်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ SNLD အနေနဲ့ဆိုလို့ရှိရင် ရွေးကောက် ပွဲ ဝင် ခါနီးမှာ ဥပဒေရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တယ် ၊ အဲ့ဒါထက်ကို ပိုပြီး အဓိက ကျတာ က နိုင်ငံသား အားလုံး ဒီမိုကရေစီအခွင့်အရေးတွေခံစားရရှိအောင် နောက် တရားမျှတတဲ့ ဥပဒေ တရပ်ပေါ်ပေါက်အောင် သူ့အနေနဲ့ တတ်အားရှိသ၍ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းဆောင် ရွက်ခဲ့တယ်၊ အထူးအားဖြင့်တော့ ဒီမိုကရေစီတော်လှန်ရေးမှာ သူက တပ်ဦးခေါင်းဆောင် တစ် ယောက်ဖြစ် တယ်၊အဲ့ဒါကြောင့်မလို့ ကျနော်တို့ အနေနဲ့က ဦးကိုနီ ကွယ်လွန်ဆုံးရှုံးရတဲ့ အတွက် ကြောင့် အင်မတန်ဝမ်းနည်းပြီးတော့မှ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတစ်ရပ် လို့ဘဲယူဆပါတယ်”  ဟု SNLD  ပါတီ ပြောခွင့်ရ စိုင်းလိတ်က ပြောသည် ။


အင်ဒိုနီးရှားခရီးစဉ်မှ အပြန် ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ NLD  ပါတီ၏ ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ  ဦးကိုနီ မှာ သေနတ်သမား တစ်ဦး၏ ပစ်ခတ်သတ်ဖြတ် မှုကြောင့် နေရာတင်ပွဲချင်းပြီးသေဆုံးသွားခဲ့ရ သည် ။


၎င်းအပေါ် SNLD  ပါတီ က - ဦးကိုနီသည် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အတွက် ဥပဒေ ကြောင်းနှင့်ပတ်သက်ပြီး အကြံဉာဏ်များ အကူအညီများစွာပေးခဲ့သူတဦးဖြစ်သည့်အတွက် အထူး ကျေးဇူး တင်ထိုက်သူဖြစ်ကြောင်း - မှတ်တမ်းတင်ထားသည့် ၀မ်းနည်းကြေကွဲကြောင်း သဝဏ်လွှာတစောင်ကို ဇန်နဝါရီလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည် ။


“သတ်ဖြတ်လုပ်ကြံခံရတာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အနေအထားလို့ ယူဆတယ်။ အဲ့ဒီအပြင်ကို အခုလက် ရှိ ဒီမိုကရေစီအစိုးရရဲ့ ရှေ့ဆက်မယ့် ခရီးကိုအဟန့်အတား ပြုရာလည်းရောက်တယ်။ လက်ရှိအစိုးရရဲ့ပုံရိပ် ကျဆင်းအောင် တမင်ဖန်တီးတဲ့လုပ်ရပ်လို့ ယူဆမယ်ဆိုလည်း ယူဆလို့ရပါတယ်” ဟု ကျားခေါင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ကပြောသည် ။


ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စစ်မှန်သောပြည်ထောင်စုစနစ်၊ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီလမ်းစဉ် သို့ လျှောက်လှမ်းနေသည့်ကာလတွင် ယခုကဲ့သို့ အကြမ်းဖက်ဆောင်ရွက်သူများနှင့်  နောက်ကွယ်မှ ကြံစည်စေခိုင်းသူများအား သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှ ပြင်းထန်စွာရှုတ်ချကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည် ။


ဦးကိုနီသတ်ဖြတ်ခံရမှုတွင် သေနတ်သမားအား ၀င်ရောက်ဖမ်းဆီးရန်ကြိုးစားသည့် ယာဉ်မောင်းကိုနေဝင်းအသက် ၄၂ နှစ် မှာလည်း သေနတ်သမား၏ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။ ၄င်းသည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင်တဦးဖြစ်ကြောင်း SNLD ၏ သဝဏ်လွှာတွင်ဖော်ပြထားသည် ။



ဂျွန်ပေါလ် လီဒါအက်ခ်ျ ၊ ပြန်လည်သင့်မြတ်ရေးနဲ့ လတ်တစ်လောမြန်မာအခြေအနေ

Posted: 30 Jan 2017 01:18 AM PST

(၁) ဂျွန်ပေါလ်လီဒါအက်ခ်ျရဲ့ ရင်ကြားစေ့မှု သဟဇာတ ဖြစ်ရေး အယူအဆ


ပါမောက္ခ ဂျွန်ပေါလ် လီဒါအက်ခ်ျဟာ နိုင်ငံရေး သိပ္ပံ ၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဖြေရှင်းမှု ၊ နိုင်ငံတကာ ဆက်ဆံရေးလို ဘာသာရပ်တွေမှာ သြဇာတိက္ကမရှိတဲ့  ပါမောက္ခတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အဆိုအရတော့ ပြန်လည် ရင်ကြားစေ့ရေး ဆိုတာမှာ မှန်ကန်မှု ၊ စာနာမှုနဲ့ တရားမျှတမှု ပေါင်းဆုံရာလို့ဆိုတယ်။ ရင်ကြားစေ့ဖို့ အကြောင်းအချက်တွေ ရှိနေပြီဆိုရင် မည်မျှပင်လူမျိုးစုံ ၊ ဘာသာစုံ ၊ အတွေးအခေါ် စုံလင်စေကာမူလူမှုသဟဇာတမျှတရေးဆီကိုဦးတည်နိုင်မယ်လို့ သူက ဆိုတယ်။


မြောက်အိုင်ယာလန် ၊ နစ်ဂွာရာ ၊ နီပေါ ၊ ကိုလံဘီယာ ၊ ဆိုမာလီယာငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကြည့်ရင် လူမျိုးရေးနဲ့ လူ့အခွင့် အရေးကြောင့်ဖြစ်တဲ့ ပဋိပက္ခ ၊ နိုင်ငံရေး အယူအဆကြောင့် ဖြစ်တဲ့ပဋိပက္ခ ၊ ဘာသာရေးအရ တင်းမာ မှုတွေကြောင့်ဖြစ်တဲ့ ပဋိပက္ခ စသဖြင့်  ပဋိပက္ခနဲ့စစ်ပွဲမျိုးစုံ စုံလင်လှတာတွေ့ ရပါတယ်။


သူဟာ အစဉ်အလာအရ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆိုင်ရာ အယူအဆတွေကို တွန်းလှန် ဖယ်ရှား နိုင်ခဲ့သူ လည်းဖြစ်ပါတယ်။ လူသား တွေအတွက် ကံကောင်း မှုဟာဘယ်ဘာသာပဲဖြစ်ဖြစ် ဘာသာ တရားတိုင်းမှာ လူမှုသဟဇာတ မျှတရေး ဦးတည်ဖို့ အတွက်အပြုသဘောဆောင်သော မျှဝေတန်ဖိုး positive share  value ရှိနေတယ်။


သည်းခံခြင်း ၊ သဘောထားကြီးမှု ၊ ချစ်ခင်လေးစားမှု ၊ သနားဂရုဏာသက်မှု ၊ရိုးသားမှု ၊ နောက်မျိုးဆက်အတွက် ရည်ရွယ်တဲ့ အမြော်အမြင် ရှိတဲ့ကောင်းရာကောင်းကြောင်း ဆောင်ရွက်မှုတွေက ဘာသာတရား တိုင်းရဲ့ဆိုဆုံးမ မှုတိုင်းမှာ တွေ့နိုင်တယ်လို့ သူက ဆိုတယ်။ အမှန်တရား ၊ တရားမျှတမှု ၊သနားကြင်နာမှု ၊ ငြိမ်းချမ်းမှုကို အခြေခံမှ ပဋိပက္ခဒဏ်ခံ လူ့အဖွဲ့အစည်းကပြန်လည် ရင်ကြားစေ့နိုင်မယ်လို့ သူက ဆိုတယ်။


‘ ငါ့ကိုပေါက် တဲ့ ကျောက်ခဲ တွေနဲ့ အိမ်ဆောက်ပြလိုက်မယ်။ ‘တဲ့ Gandhi ရဲ့ဒဿန ဟာ မတူ ကွဲပြား လူမျိုး ဘာသာပေါင်းစုံလင်တဲ့ တည်ငြိမ်တဲ့ Indiaနိုင်ငံဖြေစ်ထွန်းရေးအတွက် အခြေခံကျတဲ့ အယူအဆ ဖြစ်တယ်။ ဘာသာလူမျိုးစုံလင်တိုင်းပြည်ကို ပြည်ထောင်စုအဖြစ် ညီညီညွတ်ညွတ် နေနိုင်အောင် လွတ်လပ်ရေးမရခင်နှစ်ပေါင်း ၂၅ နှစ် လောက် ၁၉၂၀ ကျော် ကတည်းက ကွန်ကရက်ပါတီက သုတေသနပြုခဲ့တယ်လို့ ဆိုကြတယ် ဗမာတွေဗမာစာသည်ဒို့စာအော်နေ ဘာသာရေးအဖွဲ့အမည်ခံပြီး အမျိုးသားရေး စိတ်ဓါတ်တက်လာအောင်လုပ်နေခဲ့ချိန် လောက်ဖြစ်နိုင်ပါတယ်။ စဖို့ ၊ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်အဖြစ်ထား ခဲ့ဖို့နဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းကာကွယ်ဖို့ ဆိုတဲ့ကိစ္စတွေဖြစ်တယ်။


ဒီလို မျှဝေ  တန်ဖိုး တွေကို လက်ခံကျင့်သုံးနိုင်ပြီဆိုရင်ဘယ်လို ပြဿနာမျိုးကို ဖြစ်စေ တဝက်ကျော်လောက် ရှင်းပြီးသား ဖြစ်တယ်လို့သူကဆိုတယ်။


(၂ ) ဂန္ဒီရဲ့ ဒဿနနဲ့ တည်ငြိမ်တဲ့ အိန္ဒိယ စတိတ်နေးရှင်း


‘ ငါ့ကိုပေါက် တဲ့ ကျောက်ခဲ တွေနဲ့ အိမ်ဆောက်ပြလိုက်မယ်။ ‘တဲ့ Gandhi ရဲ့ဒဿန ဟာ မတူကွဲပြား လူမျိုး ဘာသာပေါင်းစုံလင်တဲ့ တည်ငြိမ်တဲ့ India နိုင်ငံဖြစ်ထွန်းရေးအတွက် အခြေခံကျတဲ့ အယူအဆ ဖြစ်တယ်။ ဘာသာလူမျိုးစုံလင်တိုင်းပြည်ကို ပြည်ထောင်စုအဖြစ် ညီညီညွတ်ညွတ်နေနိုင်အောင် လွတ်လပ်ရေးမရခင်နှစ်ပေါင်း ၂၅ နှစ် လောက် ၁၉၂၀ ကျော်ကတည်းကကွန်ကရက်ပါတီကသုတေသနပြုခဲ့တယ်လို့ ဆိုကြတယ် ဗမာတွေဗမာစာသည်ဒို့စာအော်နေ ဘာသာရေးအဖွဲ့ အမည်ခံပြီး အမျိုးသားရေး စိတ်ဓါတ်တက်လာအောင်လုပ်နေခဲ့ချိန်လောက်ဖြစ်နိုင်ပါတယ်။


ဂန္ဒီအကြောင်းပြန်ရိုက်ထားတဲ့ ဇာတ်ကားမှာ ဂန္ဒီနဲ့ သူ့ရဲ့ မြေးဖြစ်သူစကားပြောနေခန်းကို အမှတ်ရမိတယ်။ မြေးဖြစ်သူက အဘိုးဘာလုပ်နေလဲဆိုတာမေးတော့
‘ ကိစ္စနှစ်ခုကို စဉ်းစားနေတာမြေးရဲ့ ။ တစ်ခုက အင်္ဂလိပ် ဆီ ကနေလွတ်လပ်ရေးယူဖို့ ၊ တစ်ခုက ဒီလောက် အသွင်ကွဲပြား မျိုးနွယ်စု မတူကိုးကွယ်မှု ဘာသာမတူညီမှု များပြားတဲ့ နိုင်ငံကို လွတ် လပ်ရေး ရပြီးရင်ဘယ်လို စုစုစည်းစည်း ညီညီညွတ်ညွတ် အေးအေးချမ်းချမ်း နေနိုင် အောင် လုပ်မလဲလို့ အခုကတည်းကစဉ်းစားနေတာလို့ မြေးဖြစ်သူကိုကျောပွတ် သပ်ပြီး ဖြေပါတယ်။ ကလေးဖြစ်သူကနားလည် မလည် မသိပေမဲ့ဇာတ်ကားရိုက်ကူးတဲ့ ဒါရိုက်တာကတော့ အသွင်မတူ တဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ ယနေ့ အိန္ဒိယ ပေါ်ထွက်လာဖို့ ဘယ်လို ကြိုးစားခဲ့ရတယ် ဆိုတာကိုပြသချင်ပုံပါပဲ ။


ဒါတောင် အိန္ဒိယက လွတ်လပ်ရေး ရပြီးပြီးချင်း ပါကစ္စတန်ခွဲထွက်မှုနဲ့ ကြုံခဲ့ရပါတယ်။ ပါကစ္စတန် ခွဲ ထွက်မှုကြုံခဲ့ပေမဲ့ အင်္ဂလိပ်ဆီကလွတ်လပ်ရေးရကတည်းက သုံးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တစ်ခါမှ ဖျက်သိမ်းတာမျိုး မလုပ်ခဲ့ပဲ စစ်အုပ်ချုပ်ရေးလုပ်ခဲ့တဲ့ ၁၉၇၅ ခုနစ်တစ်နှစ်ကလွဲလို့ ကျန်တဲ့ အကြိမ်တိုင်းမှာ အသွင်ကွဲပြားမှု အပေါ် အခြေခံတဲ့ပြည်တွင်း ပဋိပက္ခတွေကို စေ့စပ်ဆွေးနွေးလိုက်လျောမှု နည်းလမ်း တွေ နဲ့သာဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ အခြေခံဥပဒေကိုလည်း လိုအပ်တဲ့ အချက်တွေကိုပြင် ဆင်ပြီး ဗဟိုကနေ အာဏာချုပ်ကိုင်မှုတွေကို လျှော့ချပြီးသွားနေခဲ့တာဖြစ်ပါတယ်။


ကက်ရှ်မီးယားနဲ့ နာဂ အပါအဝင် အရှေ့ မြောက်ပြည်နယ် တွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ယနေ့ အထိ ရှိနေဆဲဖြစ်ပေမဲ့ အိန္ဒိယအခြေခံ ဥပဒေ အရ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် အများဆုံးရတဲ့ ဒေသတွေက အဲဒီဒေသတွေ အဖြစ် ယနေ့ အချိန်မှာ ရှိနေပါတယ်။ ဟိန္ဒူများတဲ့ နိုင်ငံမှာဘာသာရေးအရ ရုံးပိတ်ရက်တွေနဲ့ ပတ်သက်လို့တော့ အစ္စလာမ်ဘာသာရေးဆိုင်ရာရုံးပိတ်ရက်က ကျန်တဲ့ ဘာသာတွေထက်တောင်များနေပါသေးတယ်။ နာဂလန်းဆိုရင်မြို့တော် ကိုဟီးမားမှာ နာဂ မဟုတ်သူတွေများနေပေမဲ့ အိမ်ဝယ်ခွင့်မြေဝယ်ခွင့်က တခြားဒေသက လာတဲ့သူတွေမှာ မရှိပါဘူး။


ဒါပေမဲ့လာရောက်အလုပ်လုပ်သူတွေအနေနဲ့ မြေဝယ် ၊ အိမ်ဝယ်ခွင့် မရှိတဲ့အတွက်ကုန်သွယ်ခွန် သက်သာခွင့်လိုကိစ္စတွေ တော့ ရှိနေပါတယ်။ အခြားဒေသ ကအခြေချသူတွေအနေနဲ့ အလွယ်တကူ ဒေသခံ ဖြစ်ခွင့်လည်း မရပါ။ ဒါကလည်းအမှတ်သရုပ် လက္ခဏာ အရ မိမိလူမျိုးအလိုက် လက်ရှိ စုစည်းထားမှု လက်ရှိရနေတဲ့အနေအထားဟာ မလုံလောက်ဘူးလို့ ယူဆတဲ့ အင်အားစု အချို့ ရှိနေတဲ့အတွက်ဒေသခံတွေအပေါ် ဗဟိုက အကာကွယ်ပေးတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ရွှေ့ပြောင်းအခြေချနေထိုင်မှု များပြားမှုတွေကနေ ယဉ်ကျေးမှုခြင်းတိုးတိုက်မှုတွေကို ရှောင်ရှားလိုတာကြောင့်လည်း ဖြစ်ပါတယ်။


(၃) မင်ဒဲလားရဲ့ အောင်မြင်တဲ့ သင့်မြတ်ရေး အယူအဆ


သင့်ရဲ့ ရန်သူနဲ့ ငြိမ်းချမ်းရေး ရချင်ရင် သူနဲ့ အလုပ်တွဲလုပ်ပါ။ အဲဒါဆိုသူက သင့်ရဲ့ လုပ်ဖော်ကိုင်ဘက် ဖြစ်လာပါလိမ့်မယ် ဆိုတာကမင်ဒဲလားရဲ့ ငြိမ်းချမ်းရေးနဲ့
ပတ်သက်တဲ့ ဖွင့်ဆိုမှုဖြစ်ပါတယ်။ တောင်အာ ဖရိက အသွင်ကူးပြောင်းရေးအောင်မြင်မှုနဲ့ ပတ်သက်လို့တော့ဇာမချဲ့လိုတော့ပါဘူး။ ဒါပေမဲ့ တောင်အာဖရိက
အသွင်ကူးပြောင်းမှုကလည်းနိုင်ငံရေး အီလစ်တွေအချင်းချင်း ပြေလည်မှု တစ်ခုတည်းသာမကပဲ ပြည်သူ ဗဟိုပြုအသွင်ကူးပြောင်းရေးဖြစ်ခဲ့တဲ့အတွက် အောင်မြင်
တယ်လို့ ဆိုနိုင်ပါတယ်။


ကူးပြောင်းရေး ကာလ တရားမျှတမှုအတွက် အတိတ်က ကျူးလွန်ခဲ့သူတွေက တန်ပြန် ပြစ်ဒဏ်ကျခံ စေတာမျိုးမဟုတ်ပဲ၊ ကျူးလွန်ခံခဲ့ရသူတွေထံသွားရောက်
ဝန်ချတောင်းပန်မှုတွေ ပြုလုပ်စေတာ ၊ မြေယာစွန့်လွတ်တာ ၊ လျော်ကြေးပေးတာစတဲ့ ကိစ္စတွေအပေါ် အခြေခံခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲကာလတွေမှာအစော
ပိုင်းက တစ်ဘက်နဲ့ တစ်ဘက် အသာရလိုမှုတွေ ( Zero Sum Game ကို ဦးတည်မှု)နဲ့ အင်အားစု အားလုံး ပါဝင်ခွင့်ပုံသဏ္ဍာန် ဆိုင်ရာ အားနည်းမှုတွေကြောင့် သွေးထွက်သံယိုမှုတွေ ဖြစ်ခဲ့ပေမဲ့ အားလုံးပါဝင်မှု အပေါ် အခြေပြုပြီးဆွေးနွေးမှု ပုံစံတွေကို ပြန်လည် ဆန်းစစ်ပြင်ဆင်ခဲ့ကာ နှစ်ဘက်စလုံးကလည်းWin-Win အနေထားကို ဦးတည်ခဲ့တာကြောင့် အောင်မြင်မှု ရခဲ့တယ်လို့ဆိုနိုင်ခဲ့ပါတယ်။


ဆွေးနွေးပွဲကာလ အဆင်မပြေဖြစ်ခဲ့တဲ့ အချိန်တွေမှာနိုင်ငံရေးဆွေးနွေးမှု ဂယက်ကြောင့် အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်တဲ့ အခါမှာလည်း မင်ဒဲလားဟာ ပြည်သူဘက်ကအမြဲရပ်တည်ပြောဆိုခဲ့တယ်။ သူ့ပါတီ အာဏာရလို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရ ဖွဲ့စည်းတဲ့အခါမှာ ယခင် အာဏာရှင်ဟောင်းတွေကောတခြား အင်အားစု ပေါင်းစုံက ကိုယ်စားလှယ်တွေပါဝင်တဲ့ နိုင်ငံရေးအရသဘောတူညီထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရကိုဖွဲ့စည်းခဲ့ပါတယ်။  အဲဒီ အမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရကြောင့်ပဲ မင်ဒဲလား တာဝန်ယူတဲ့ လေးနှစ်တာကာလအတွင်း တည်ငြိမ်မှု အတွက် အရေးပါခဲ့သလိုပဋိပက္ခတွေ သိသိသာသာမရှိတော့ သလောက်ကို နည်းသွားခဲ့ကာလူမျိုးရေးခွဲခြားတဲ့ ခေတ်ကာလတုန်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ဒက်စမွန်တူးတူး ဦးဆောင်တဲ့ အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေး ကော်မတီကတစ်ဆင့် ဖြေရှင်းနိုင်ခဲ့တယ်။


သူသမ္မတအဖြစ် လက်ခံရယူခဲ့ချိန်မှာပြောဆိုခဲ့တဲ့ မိန့်ခွန်းကတော့ သူ့ရဲ့ တွေးခေါ်မျှော်မြင်နိုင်မှု ၊ခေါင်းဆောင်မှု အရ ပြတ်သားမှု ၊ ကြင်နာသနားတတ်မှုတွေကို ပြနေနေတယ်။


‘ ဒီလှပတဲ့နိုင်ငံတော်အကြီးအတွင်းမှာ တစ်ဦးနဲ့တစ်ဦး  ဖိနှိပ်မှုတွေဂုဏ်သိက္ခာ မရှိသယောင် ဖိနှိပ်မှုတွေက ဘယ်တော့မှ မဖြစ်စေရတော့ဘူး။ ‘ဆိုတာကတော့မှတ်သားစရာ အဆို အဖြစ် သူကွယ်လွန်ခဲ့ပေမဲ့ ကျန်ရှိနေဆဲဖြစ်တယ်။


ဂျွန်ပေါလ် လီဒါအက်ခ်ျရဲ့ ငြိမ်းချမ်းရေး အယူအဆနဲ့ ကြည့်မယ်ဆိုရင် လူမှုသဟဇာတ မျှတရေးဦး တည်ဖို့ အတွက် အပြုသဘောဆောင်သော မျှဝေတန်ဖိုး positive  share value  သည်းခံခြင်း ၊ သဘောထားကြီးမှု ၊ ချစ်ခင်လေးစားမှု ၊သနားဂရုဏာသက်မှု ၊  ရိုးသားမှု ၊ နောက်မျိုးဆက်အတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်နဲ့အလေ့အထ လက်ဆင့်ကမ်းသွားနိုင်မှု စတဲ့အချက်တွေက အောင်မြင် တဲ့ တောင်အာဖရိက အသွင်ကူးပြောင်းမှု ကာလတွေမှာ တွေ့နိုင်တဲ့ အချက်တွေဖြစ် ပါတယ်။


(၄) မှန်းချက် နှမ်းထွက်မကိုက်တဲ့ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြတ်ရေး


လက်ရှိ မြန်မာနိုင်ငံရဲ့ အနေထားအရ ပြောမယ်ဆိုရင် တပ်မတော်အစိုးရကနေဦးသိန်းစိန် အစိုးရ၊ ၄င်းမှာ တစ်ဆင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာလွှဲပြောင်းရ ယူထားတဲ့ အစိုးရလက်ထက်တစ်နည်းအားဖြင့်တော့ သာမန် လူထုထောက်ခံမှုမရှိတဲ့ စစ်တပ်အသွင်ပြောင်းအစိုးရ ကနေ လူထု ထောက်ခံသူတွေတက်လာတဲ့ အစိုးရဖြစ်လာတဲ့အတွက် ဒီမိုကရက်တိုက်ဇေးရှင်းက ခြေလှမ်း တစ်လှမ်းတိုးတဲ့အဆင့်လို့ ဆိုထားတဲ့ အစိုးရလက်ထက်လို့ ဆိုနိုင်ပါတယ်။


ဒီမိုကရက်တိုက်ဇေးရှင်းမှာ နောက်ပြန်လျှောကြဖို့ အလားအလာများတဲ့အဆင့်ကလည်း ဒီအဆင့်လို့ အကဲခတ်တွေက ဆိုကြပါတယ်။ တပ်မတော်ရဲ့ အခြေခံဥပဒေပါ လုပ်ပိုင်ခွင့်တွေကြောင့် စပ်ကြားစနစ်လို့ ဆိုနိုင်ပေမဲ့ အရပ်သားအုပ်ချုပ်မှု ဖြစ်လာတဲ့အတွက် ခြေလှမ်းတစ်လှမ်း တိုးတယ်လို့ ဆိုကြတာပါ။


မြန်မာမှာလည်း အသွင်ကူးပြောင်းရေး တည်ငြိမ်ဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရ ဖွဲ့စည်းဖို့ ဆိုတဲ့ ကိစ္စကို ၂၀၁၅ ခုနစ်မတိုင်ခင်ကတည်းက အကြံပြုခဲ့တာတွေ ရှိပါတယ်။ အီဂေါဘလာဇီဗစ်ရဲ့  ၂၀၁၅ရွေးကောက်ပွဲပြီး ဖြစ်လာနိုင်တဲ့ အခင်းအကျင်း ၄ ရပ်ခန့်မှန်းချက်မှာဆိုရင် အတိုက်အခံတွေနိုင်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ရင်ပြည်တွင်းငြိမ်းချမ်းရေး ၊ လယ်သိမ်းမြေသိမ်းလို လူ့အခွင့်ရေးကိစ္စတွေအပါဝင် ကျန်တဲ့ ကိစ္စတွေဟာ တည်တည်ငြိမ်ငြိမ်နဲ့ဆက်သွားနိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။


ဒီမိုကရက်တိုက်ဇေးရှင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တစ်ပြိုင်နက်တည်း တည်ဆောက်နေရတာဖြစ် တာ ကြောင့် မျိုးနွယ်စု တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကိုအသိအမှတ်ပြု ၊ တစ်ဘက်က ကာလရှည် အာဏာယူခဲ့တဲ့ အသိုင်းအဝိုင်းကိုလည်းနိုင်ငံရေးအရ အသိမှတ်ပြုမှုတွေပေးပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးအရသဘောတူထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရ ဖွဲ့ဖို့အကြံပြုခဲ့ကြတာလည်း ဖြစ်ပါတယ်။


ဒါပေမဲ့ အောင်မြင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရမဖွဲ့နိုင်ခဲ့ပါ။အထူးသဖြင့် အမျိုးသား အလံ မြဲမြံစွာကိုင်ထားတဲ့ ရခိုင်၊ ရှမ်းပါတီတွေနဲ့ အစိုးရအဖွဲ့ စဖွဲ့ကတည်းက အက်ကွဲသံတွေ ထွက်လာခဲ့တာ ပဲဖြစ်သလို တပ်မတော် အပေါ် သြဇာရှိတဲ့ ယခင် သမ္မတ ဦးသိန်းစိန် ရဲ့ အဖွဲ့တွေနဲ့လည်း မပြေလည်ခဲ့ပါဘူး။


ဧပြီလအတွင်းကအန်အယ်လ်ဒီနှင့် နီးစပ်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးရဲ့ ‘အခုဆိုရင် လူမျိုးစုတွေအနေနဲ့ အန်အယ်လ်ဒီကို အားကိုးလို့ မဖြစ်တော့ဘူး၊ကိုယ့်ကိုကိုယ်ပဲ အားကိုးမှ ဖြစ်တော့မယ်’ ဆိုတဲ့ စကားက အစိုးရသစ်တက်ပြီးမကြာမှီပင် ပွက်လောရိုက်ခဲ့တဲ့ စကားဖြစ်ခဲ့ပါတယ်။  ၂၁ ပင်လုံကျင်းပမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မေလမှာ ပြောခဲ့ပြီးအားလုံးဘာပေးရမယ် ဘာပေးနိုင်တယ်ဆိုတဲ့ စိတ်နဲ့ လာခဲ့ပါဆိုတဲ့ အပေါ်တိုင်းရင်းသား နယ်မြေတွေက ပျက်စီးကုန်ပြီး တိုင်းရင်းသား အများစုမှာနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကုန်ပြီ ဖြစ်တဲ့
အတွက် တိုင်းရင်းသားတွေမှာဘာမှ ပေးစရာမရှိတော့ဘူးဆိုတဲ့ UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်ရဲ့မီဒီယာတွေမှာ ပြောဆိုမှုကလည်း သတိပြုစရာဖြစ်ခဲ့ပါတယ်။


လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ သံသယရှိနေတဲ့ကြားကပဲ ၂၁ ပင်လုံကိုပထမအကြိမ် ကျင်းပခဲ့ပြီး အဲဒီ ပထမအကြိမ်အပြီးမှာပဲ တိုက်ပွဲတွေကအရှိန်မြင့်လာခဲ့ပါတယ်။တစ်ကယ်တော့ ကျင်းပခဲ့တဲ့ ပထမအကြိမ် ၂၁ ပင်လုံကနိုင်ငံရေးဆွေးနွေးပွဲတောင် မဟုတ်သေးပါဘူး။ နိုင်ငံရေးအရ  သဘောမတူလို့ပဋိပက္ခဖြစ်တတ်တဲ့သဘာဝတွေဟာအပြန်အလှန်ဆွေးနွေးဆုံးဖြတ်မှုတွေမှာအပေးအယူအလျှော့အတင်း မလုပ်နိုင်တဲ့ အခြေနေတွေမှာသာ အဖြစ်များတတ်ပြီးကျင်းပခဲ့တဲ့ ပထမအကြိမ် ၂၁ ပင်လုံက စာတမ်းဖတ်ပွဲသာဖြစ်ပါတယ်။

၂၁ ပင်လုံမကျင်းပခင်ကတည်းက အိုင်စီဂျီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပြုချက်စာတမ်းမှာဆိုရင် အစိုးရ အနေဖြင့် ကနဦးအပိုင်းမှာပင်ခြေလှမ်းအမှားတစ်ချို့ရှိခဲ့ပြီး  အဆိုပါခြေလှမ်းများတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ၊ ရခိုင် ပြည်နယ်အရေးတို့မှာ အကျုံးဝင်ပါတယ် လို့ဖော်ပြထားပါတယ်။ ၂၀၁၆ အမေရိကန် ခရီးစဉ်အတွင်းမှာဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဟားဗတ်တက္ကသိုလ်ကချီးမြှင့်တဲ့လူသားချင်းစာနာမှုဆိုင်ရာဆုကို လက်ခံရယူခဲ့ပါတယ်။ မြစ်ကြီးနားမှာ အောက်တိုဘာလက ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ ကျွန်ုပ်တို့ အစားအစာလိုအပ်သည်။လူသားချင်းစာနာမှု ဆိုင်ရာ ဆုရှင် ကူညီပေးပါ။ ဘာကြောင့် အသံတိတ်နေသလဲ။ - ဆိုတဲ့ ဆိုင်းဘုတ် ကိုင်ဆောင်တာတွေ ရှိခဲ့ပါတယ်။


အောက်တိုဘာလအတွင်းက ထုတ်ဝေခဲ့တဲ့ Institute For Strategy and Policy Myanmar အဖွဲ့က မဟာဗျူဟာလေ့လာမှုဆိုင်ရာ စာစောင်မှာ တစ်ချိန်က အတိုက်အခံဖြစ်ခဲ့တဲ့ အစိုးရသစ်ဟာ အာဏာရှင် စနစ်အပေါ် တိမ်းညွှတ်လာမှုတွေမြင်တွေ့လာရတယ်လို့ လာရီဒိုင်းမွန်းက ရေးသားလာတာတွေ့ရပါတယ်။ နာမည်ကျော်ပုဒ်မ ဖြစ်လာတဲ့ ၆၆ ဃ ကတော့ ထင်ရှားတဲ့ ပုဒ်မဖြစ်နေပြီး တောင်သူ ရ၂ ဦးကို အမှု တစ်မှုထဲနဲ့ ထောင်ချခဲ့တဲ့ အမှုကတော့ ယခင်အစိုးရလက်ထက်တွေမှာပါ မရှိခဲ့ဘူးလို့ တောင်သူလယ်သမား အရေးလှုပ်ရှားသူတွေကဆိုကြပါတယ်။


အခု ၂၀၁၇ နှစ်ဦးပိုင်းမှာတော့ ၂၀၁၇ ခုနစ်အတွက် ကမ္ဘာနဲ့ အဝှမ်းစောင့်ကြည့်ရမဲ့ ပဋိပက္ခဖြစ်ပွားလာနိုင်မှု စာရင်းမှာ မြန်မာက နံပတ် ၈ နေရာရောက်လာပါတယ်။ပဋိပက္ခတွေက ဖြစ်လာရင် ဆပွားဖြစ်လာတတ် တာကြောင့် နိုင်ငံရေးမဆွေးနွေးခင် ပဋိပက္ခရပ်အောင် လုပ်ရမှာ အရေးကြီးတဲ့ ကိစ္စဖြစ်ပေမဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်က လုပ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်ထားတဲ့ အဖွဲ့အရေအတွက်ဟာ အစိုးရသစ်လက်ထက်မှာ အရေအတွက် တက်မလာတဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ခိုက်မှုတွေ ၊ အရပ်သားအစိုးရ အပေါ် မယုံကြည်မှုတွေ များလာခဲ့ပါတယ်။ ဒါ့အပြင် ရွှေတိဂုံဘုရား ရှေ့ ပြည်သူ့ရင်ပြင်ထဲမှာ လူတွေသိန်းချီတက်ရောက်တဲ့ တရားပွဲတွေ ကျင်းပနေပြီး ဒေါ်အောင်ဆန်းစုကြည် နေ့တိုင်းတရားထိုင်တယ်ဆိုတဲ့ မီဒီယာ ဖော်ပြချက်တွေ ရှိနေပေမဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့အခမ်းအနားတွေကို လူအုပ်နဲ့ လာရောက်ဟန့်တားမှုတွေ ရှိနေဆဲပါပဲ။


ဒေါ်အောင်ဆန်းစုကြည်သာ ပဋိပက္ခတွေမှာ ဘက်မလိုက်တဲ့ ဖြန်ဖြေသူအဖြစ်ရှိခဲ့ရင် အဲလို ဖြန်ဖျေသူ ရှိတဲ့အတွက် သဘောတူညီမှု ရနိုင်မှု ၊ဘက်လိုက်မှုကင်းတဲ့ ကြားနေ အနေထား မှ ဖြန်ဖြေစေ့စပ်ပေးနိုင်မှု ၊ပဋိပက္ခတွင် ပါဝင်နေသည့် အုပ်စုများနှင့် ဆက်နွယ်သူအကျိုးရှင်အားလုံး ဆွေးနွေးမှုတွင် ပါဝင်လာနိုင်ရေး ကို ဆောင်ရွက်ပေးနိုင်ခြင်း ၊ဆွေးနွေးမှုကို အမျိုးသား လက္ခဏာ ဆောင်လာစေခြင်း (Sense of National Ownership ) ၊ ဆွေးနွေးပွဲအစိတ်အပိုင်းများ အချိတ်အဆက်ရှိစေနိုင်မှု ၊ ပေါင်းစပ်ညှိနှိုင်းစေရန်နှင့် အပြန်အလှန်ဖြည့်ဆည်းပေးနိုင်ရန် (Coherence, coordination  and complementary ) အတွက် အပေးအယူ ညှိနှိုင်းစေ့စပ် မှုဖြစ်စဉ်အောင်မြင်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းများ အားလုံး ရယူပေးနိုင်မယ် လို့ သြစတြေးလျ မှာ ပါရဂူဘွဲ့အတွက်စာတမ်းပြုစုနေတဲ့ မင်းခင်မောင်ရင်က သူ့ရဲ့ မြန်မာ့ဝိရောဓိအသွင်ကူးပြောင်းရေး ဖြစ်စဉ်နှစ်ခု ဆိုတဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။


ကချင်ပြည်နယ်နေ့ သဝဏ်လွှာမှာ သမ္မတ ဦးထင်ကျော်ပြောဆိုခဲ့တဲ့ ‘ရေရှည်တည်တံ့မယ့် စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရရှိဖို့ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံးက စိတ်ရင်းအမှန်နဲ့ ကြိုးပမ်း အကောင်ထည်ဖော်ရမဲ့ အချိန်အခါလည်းဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရဖို့ စိတ်ရင်းစေတနာ အမှန်နဲ့ကြိုးစားကြမှသာ ပဋိပက္ခနွံထဲက ရုန်းထွက်နိုင်မှာဖြစ်ပါတယ်။


‘တိုင်းရင်းသား အများစု အမြင်မှာ တစ်မျိုးဖြစ်စေနိုင်ပါတယ်။ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုအတွက် အာမခံ ခွင့်တွေ ဖြစ်တဲ့မြေယာပိုင်ဆိုင်ခွင့်အတွက် မြေယာပေါ်လစီတွေကလည်း မပြီးပြတ်သေးသလို တိုင်းရင်း သား နယ်မြေတွေက မြေသိမ်း လယ်သိမ်း ၊ စီမံကိန်း အကြောင်းပြမြေဦးမှု ၊ အငြင်းပွားဖွယ် စီမံကိန်းတွေနဲ့ ပတ်သက်လို့ ရှင်းလင်းတိကျတဲ့အဖြေ တွေလည်း မရသေးပါဘူး။ ကြားထဲမှာပဲ အစိုးရသစ် ပထမနှစ်မှာ ကုန်သွယ်မှုနဲ့လုပ်ငန်းတွေ တုံ့ဆိုင်းမှုတွေ ကြုံတွေ့ခဲ့ရပြီးရာဇဝတ်မှုတွေကိုလည်း မြင်တွေ့လာရပါတယ်။ ဒီမိုကရက်တိုက်ဇေးရှင်းဆိုင်ရာ ကျွမ်းကျင်သူဖြစ်တဲ့ သောမတ်စ် ကရိုသာကတော့ ဒီမိုကရက်တိုက်ဇေးရှင်း မှာနောက်ပြန်သွားနိုင်တဲ့ အလားအလာရှိတဲ့ အခြေနေ ၅ရပ်ကို ယခုလို ပြောထားပါတယ်။

(၁)- စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်ပါးလွန်းခြင်း
(၂)- နိုင်ငံ၏ ဓနမှာ ၊ တစ်ခုတည်းသော အရင်းအမြစ်ပေါ်တွင် အမှီပြုနေခြင်း
(၃)- အမှတ် သရုပ် လက္ခဏာ အခြေခံ အကွဲအပြဲများရှိနေခြင်း
(၄) - နိုင်ငံရေးအရ ဗဟုဝါဒ ( လူမျိုးစု ဘာသာဝင် နိုင်ငံရေးအရမတူကွဲပြားမှု
ရှိသော်လည်း ငြိမ်းချမ်းစွာ အတူယှာဉ်တွဲနေထိုင်နိုင်မှုရှိခြင်း ) အတွေ့အကြုံနှင့်
ကျင့်သုံးမှု အားနည်းခြင်း
(၅) မိမိဝန်းကျင်တွင် ၊ ဒီမိုကရက်တစ် မဟုတ်သော အိမ်နီးချင်းနိုင်ငံများ
(အထူးသဖြင့် ဒီမိုကရက်တစ် မဟုတ်သော အင်အားကြီးနိုင်ငံ ရှိနေခြင်း ) စတဲ့
အချက်တွေဖြစ်ပါတယ်။


စာရေးသူကတော့ မြန်မာရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာဂျွန်ပေါလ်လီဒါ အက်ခ်ျရဲ့ ငြိမ်းချမ်းရေး ၊ သင့်မြတ်ရေး အခြေခံမူတွေကိုအစားထိုးကြည့်စေချင်ပါ
တယ်။


စိုင်းထွန်းအောင်လွင်

Ref; John Paul Lederach ‘s The Heart of Reconciliation Allister Sparks’ Tomorrow Another country Crafting State Nation ; Indiaand Multinational Democracies ICG Report

ဦးကျော်ဝင်း ( မြန်မာ့နိုင်ငံရေး နှင်းခဲပျော်ချိန် )
မင်းခင်မောင်ရင် ( မြန်မာ့ဝိရောဓိ အသွင်ကူးပြောင်းရေးဖြစ်စဉ်နှစ်ခု )

သျှမ်းသံတော်ဆင့်

unread,
Jan 31, 2017, 5:34:09 PM1/31/17
to thuau...@gmail.com

ဦးကိုနီ ဈာပန အခမ်းအနားသို့ SNLD ဥက္ကဌ ဦးခွန်ထွန်းဦးတက်ရောက်

Posted: 31 Jan 2017 07:04 AM PST

သနတ်သမားတစ်ဦး၏ လုပ်ကြံပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အကြံပေး ရှေ့နေဖြစ်သူ ဦးကိုနီ၏ ဈာပန အခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်ရှိ ရေဝေး မွတ် ဆလင် သုဿာန်တွင် ကျင်းပရာ ကျားခေါင်းပါတီ ဥက္ကဌ ခွန်ထွန်းဦး တက်ရောက်ခဲ့သည်ဟု သိရသည် ။

ဦးကိုနီ၏ အသုဘအခမ်းအနား လူစည်ကား
ပရိသတ် သောင်းနှင့်ချီတက်ရောက်သည့် ဈာပန အခမ်းအနားတွင် စည်ကားကြပ်သိပ်နေရာ ရုပ်အလောင်း ထားရှိရာ နေရာသို့ပင်ဝင်ရန် ခက်ခဲနေခဲ့သည်ဟု ခွန်ထွန်းဦးနှင့် အတူ အသုဘ လိုက်ပါပို့ဆောင်သည့် သျှန်ပိုင်းဂျာနယ်မှ စိုင်းဇင်က ညနေ ၃ နာရီခွဲ အချိန်တွင် ပြောသည် ။


“စိုင်းဆိုင်လျန်းတို့ ပါတီဝင်လူငယ်တွေအဖွဲ့တွေတော့ အထဲအထိ တိုးဝင်ပြီး လွမ်းသူ့ပန်းခွေပို့ပေးပါတယ်။ ကျနော်တို့ ဥက္ကဌကြီးခွန်ထွန်းဦးတော့ အထဲအထိ မတိုးဝင်နိုင်ဘူး။ သုသာန်အဝင်တံခါးပေါက်အထိဘဲ လိုက်ပို့တယ်။ ”-ဟု ပြောသည် ။


ဦးကိုနီကွယ်လွန်မှုနှင့် ပတ်သက်ပြီး ၀မ်းနည်းကြောင်းသဝဏ်လွှာကို ကျားခေါင်းပါတီမှပင် ဇန်နဝါရီလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး သေနတ်သမားအား ဖမ်းဆီးရန်ကြိုးပမ်းသူ တက္ကစီသမား ( NLD ပါတီဝင် ) ဦးနေဝင်းမှာလည်း သေဆုံးခဲ့ရသည့်အတွက် ၀မ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည် ။


တရားလွှတ်တော် ရှေ့နေ ဦးကိုနီမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ဥပဒေကြောင်းနှင့် ပတ်သက်၍ အကြံဉာဏ်များပေးခဲ့သူဖြစ် သည့်အတွက် အထူးကျေးဇူးတင်ထိုက်သူဖြစ်ကြောင်းလည်း ဖော်ပြထားပြီး စစ်မှန်သော ပြည်ထောင်စု စနစ်နှင့် ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီအရေး အတွက် လျှောက် လှမ်းနေချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း SNLD ၏ သဝဏ်လွှာတွင် ဖော်ပြထားသည် ။


ဦးကိုနီမှာ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မကြာခဏ ဟောပြော သင်တန်းပို့ ချလေ့ရှိသူဖြစ်ပြီး အစ္စလာမ်ဘာသာဝင်ဖြစ်သူ ဦးကိုနီမှာ အင်ဒိုနီးရှားနိုင်ငံမှအပြန် ရန်ကုန်လေဆိပ်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည် ။


ဦးကိုနီ သေဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို ဖမ်းမိထားသော်လည်း အစိုးရအဖွဲ့မှ ယနေ့ ညနေ ၄ နာရီအထိ အသေးစိပ်ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ ။

တိုင်းပြည်အပြောင်းအလဲအတွက် NLD အစိုးရနှင့် အစွမ်းကုန်လက်တွဲပူးပေါင်းနေသည် ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

Posted: 31 Jan 2017 05:23 AM PST

၂၀၁၅ ရွေးကောက်ပွဲမှ ရွေးကောက်ခံရ NLD အရပ်သားအစိုးရအာဏာရယူလာသည့် တနှစ်နီးပါးကာလ အတွင်း သျှမ်းပြည်တွင်း  နိုင်ငံရေး၊ စီးပွါးရေး တိုးတက်မှု မတွေ့ရသေးသော်လည်း တိုင်းပြည်အပြောင်း အလဲအတွက် NLD အစိုးရနှင့် အစွမ်းကုန်လက်တွဲပူးပေါင်းမှု ပြုနေသည်ဟု သျှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောသည် ။


“ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီက အစိုးရဖြစ်လာတဲ့အပေါ် ကျနော်တို့ဘက်က အစွမ်းကုန် လက်တွဲပူးပေါင်းပါတယ်။ တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်လက်မှတ်ထိုးတယ်။ သို့သော် NCA လက်မှတ် ထိုးပြီးပြီဆိုပေမယ့် တိုင်းရင်းသားအတွက်က နိုင်ငံတော်တည်ဆောက်ရေးမှာ ဘာမှဝင်ရောက်လုပ်ကိုင် ပိုင်ခွင့်မရှိသေးဘူး။ နိုင်ငံရေးဆွေးနွေးဖို့ စောင့်ရတာတခုကလွဲလို့ပေါ့ ”- ဟု ပြောသည် ။


ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် ထိုင်းနိုင်ငံ မတိချွန်းသတင်းစာ၏ တွေ့ဆုံမေးမြန်းမှုတွင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ထိုသို့ပြောဆိုဖြေကြားခဲ့ခြင်းဖြစ်သည် ။


“သျှမ်းပြည်မှာ ရွှေ၊ငွေ၊ ကျောက်သံ ပတ္တမြား ကျွန်းသစ် ကျောက်မီးသွေး သဘာဝသယံဇာတ ပေါကြွယ်ဝ တယ်။ သို့ပေမယ့် အားလုံးကို နိုင်ငံတော်က ချုပ်ကိုင်ထားတယ်။ ပြည်သူလူထုကိုစီမံခန့်ခွဲခွင့် မပေးဘူး။ ဒါကြောင့် ဒီမိုကရေစီ ဆီကို သွားဖို့ အရပ်သားအစိုးရက ကြိုးစားနေတယ်ဆိုပေမယ့် ယနေ့ထိ တိုင်းရင်း သားပြည်သူလူထုက ဆင်းရဲတွင်းထဲမှာရှိနေတုန်းဘဲ”- ဟု ဆိုသည် ။


လက်ရှိတွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပင်လုံစာချုပ် ပင်လုံသဘောတူညီချက် အကြောင်းမကြာခဏ ပြောဆိုလာသည့်အပေါ် တိုင်းရင်းသားပြည်သူလူထု မျှော်လင့်ချက်တိုးလာသကဲ့သို့ နိုင်ငံတကာမှလည်း မြန်မာအစိုးရအား ဒီမိုကရေစီလမ်းကြောင်းသို့ ဦးတည်နေသည်ဟုမြင်လာကြောင်း၊ ထို့အတွက် သျှမ်းပြည်သူလူထုတရပ်လုံးကလည်း မိမိတို့၏တခုတည်းသော မျှော်လင့်ချက်ဖြစ်သည့် တန်းတူညီမျှမှုနှင့်တရားမျှတမှုရှိသော ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တတ်နိုင်သည့်ဘက်က လုပ်ဆောင်လာ သည်ကိုတွေ့ရကြောင်း ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုသည် ။


“ လူထုရွေးကောက်တင်မြှောက်တဲ့အစိုးရ ၁၀ လ တာ အာဏာချုပ်ကိုင်မှုသက်တမ်းမှာ တိုင်းရင်းသား ဒေသမှာ တိုးတက်မှုမတွေ့ရသေးဘူး။ အထူးသဖြင့်ကျနော်တို့သျှမ်းပြည်မှာ။ စီးပွါးရေးကျပ် တည်းနေ တုန်း။ သျှမ်းပြည်လူထုအနေနဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်းတွေမှာ ကိုယ့်ကိုယ်ကိုအားကိုးနေရတုန်း။ အစိုးရအနေနဲ့ဘာမှကူညီမှုမပေးသေးဘူး။ အနည်းဆုံး ၂ နှစ်တော့ အချိန်ပေးစောင့်ကြည့်သွားမယ်”- ဟု သျှမ်းပြည်ပြန် လည်ထူထောင် ရေးကောင်စီ သျှမ်းပြည် တပ်မတော် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုသည် ။


ထို့အတွက် အာဆီယံနိုင်ငံများနှင့် စီးပွါးရေးလက်တွဲပူးပေါင်းရန်အတွက်လည်း မြန်မာနိုင်ငံဘက်မှ လုပ်ဆောင်သည်ကိုမတွေ့ရသေးသဖြင့် အနာဂတ်မြန်မာ့စီးပွါးရေးကို   စောင့်ကြည့်နေကြကြောင်း မတိချွန်းသတင်း စာက ရေးသားထားသည် ။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသည် ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင်လက်မှတ်ထိုးခဲ့ပြီးဖြစ်သော်လည်း၂၀၁၇ ခုနှစ်ဆန်းပိုင်းအထိ အစိုးရ တပ်မတော် ၏ စစ်ဆင် တိုက် ခိုက်မှု မကြာခဏ ရင်ဆိုင် နေရဆဲဖြစ်သည့် အပစ်ရပ် သျှမ်းလက်နက်ကိုင်တပ်တခုဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Feb 2, 2017, 4:56:09 PM2/2/17
to thuau...@gmail.com

မြန်မာပြည်အတွင်း တိုင်းရင်းသားခေါင်းဆောင်များ သတိထားသွားလာဖို့ UNFC ခေါင်းဆောင် နိုင်ဟံသာ သတိပေး

Posted: 02 Feb 2017 05:48 AM PST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံသတ် ဖြတ်ခံရသည့် တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် မြန်မာပြည်အတွင်း သတိထားသွားလာဖို့ UNFC ခေါင်းဆောင် နိုင်ဟံသာ က သတိပေး ပြောကြားခြင်းဖြစ်သည် ။


ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုသည် နိုင်ငံတော်အစိုးရတွင် တာဝန်အများကြီးရှိကြောင်း၊ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည့် အနေအထားဖြစ်သောကြောင့် သက်ဆိုင်သည့် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် အထူး သတိထားရမည်ဖြစ်ကြောင်း နိုင်ဟံသာက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


“အများရှေ့မှာဒီလိုလုပ်ကြံမှုရှိတယ်ဆိုတာတော့ ကျနော်တို့နိုင်ငံမှာ လုံခြုံရေးပိုင်းဆိုင်ရာ အရပေါ့နော်။ စိတ်မချ ရတဲ့အနေအထားမျိုး၊ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတယ်ဆိုတဲ့ပုံစံမျိုးတော့ပေါက်နေတယ်ဗျ။ အဲလိုအနေ အထားမျိုးမှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ခေါင်းဆောင်များ အထူးသတိထားဖို့တော့လို တာပေါ့ဗျာ။ သတိထားရ မယ့် အပိုင်းကတော့လူတိုင်းမှာတော့ရှိရမယ်ပေါ့။ အစိုးရဘက်ကလည်း မိမိတို့နိုင်ငံမှာအခုလိုဒီတရား ဥပဒေ ကင်းမဲ့နေတဲ့ပုံစံမျိုးထိန်းသိမ်းပြုပြင်ဖို့တာဝန်အများကြီးရှိတယ်လို့တော့မြင်ပါတယ်” - ဟု နိုင်ဟံသာ က ပြောသည် ။


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ကချင်လွတ်လပ်ရေးတပ်မတော် ခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံရန် မြန်မာ့ငြိမ်းချမ်းရေး ကော်မရှင် ဖိတ်ကြားထားချိန် နိုင်ဟံသာက သတိပေးပြောကြားခြင်းဖြစ်သည် ။


နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကြိမ် လည်းမကြာမှီ ကျင်းပသွားမည်ဖြစ်သောကြောင့် အဆိုပါ ညီလာခံသို့ နိုင်ငံရေးခေါင်းဆောင်များ လက်နက်ကိုင်တပ်ဖွဲ့ခေါင်းများလည်း လူမှုအသင်းအဖွဲ့ခေါင်းဆောင်များလည်း သွားရောက်တက်ရောက်ဖို့ ရှိနေပါသည် ။

NLD ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦး မုဒိမ်းမှုဖြင့်အမှုဖွင့် ခံရ

Posted: 02 Feb 2017 12:50 AM PST

သျှမ်းပြည် တောင်ပိုင်း NLD ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးတော်မီအောင်အား ကလောမြို့မ ရဲစခန်း မှ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ အရ အမှုဖွင့်ထားကြောင်း တောင်ကြီးခရိုင် NLD ဒုဥက္ကဌ ဦးဖိုးချို ထံမှသိရသည် ။


ဦးတော်မီအောင် (အသက် ရ၀ ကျော်) သည် ကလောမြို့တွင် ကျေးလက်ရတနာပညာ့ရိပ်သာ ဘော်ဒါဆောင်ဖွင့်လှစ်ထားပြီး ၄င်း အဆောင်တွင် အင်တောမှလာရောက်ပညာသင်ကြားနေသော  နဝမတန်းကျောင်း သူတစ်ဦးအား ဇန်နဝါရီလ ၂၂ က အလိုမတူဘဲ သားမ ယားပြု ကျင့်သည်ဟုဆိုကာ ကာယကံရှင်အသိုင်းအဝိုင်းက  ဇန်နဝါရီ (၃၀)ရက်နေ့က ကလောမြို့မရဲစခန်းသို့သွားရောက်တိုင်ကြားခဲ့ပြီး စခန်းမှ အထက်ပါပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကလော ဒေသခံများနှင့် သတင်း သမားများထံမှ သိရသည် ။


"ကာယကံရှင် မိသားစုတိုင်တန်းချက်အရ ဦးတော်မီအောင်ကို ပုဒ်နှစ် ခုနဲ့  အမှု ဖွင့် အရေးယူထားပါတယ် ။ ၃၇၆ - မုဒိမ်းမှု နဲ့ ပုဒ်မ ၃၆၃ အရွယ်မရောက်သေးသူကို ဖြားယောင်းသွေး ဆောင်မှု ပါ ။ အာမခံချက်ပေးလို့မရတဲ့အမှု ဖြစ်တဲ့အတွက် စခန်းမှာပဲ ထိန်းသိမ်းထားပါတယ် "ဟု ကလောမြို့မ ရဲစခန်းမှ စခန်းမှူး ၀င်းထွန်းကပြောသည် ။


"စစ်ဆေးနေတဲ့ကာလမှာ မှားတယ်မှန်တယ် ဘာမှပြောလို့မရသေးပါဘူး ။ ဒါဟာသံသယအဆင့်ပဲ ရှိပါသေးတယ် ။အမှန်တရားဖြစ်ဖို့အရေးကြီးပါတယ် ။ ပြစ်မှုထင်ရှားနေရင် ပါတီအနေနဲ့ အရေးယူမှာပါ " ဟုတောင်ကြီးခရိုင် NLD ဒုဥက္ကဌ ဦးဖိုးချို ကလည်းပြောဆိုသည် ။


ဦးတော်မီအောင်သည်  ၂၀၁၃ ခုနှစ် ပါတီညီလာခံ နောက်ပိုင်းမှစ၍ သျှမ်း၊တောင် NLD ၏ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင် တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၄င်းထံမှဆက်လက်သိရှိရပါသည် ။

သျှမ်းပြည်ညီညွတ်ရေးကော်မတီမှ ကိုယ်စားလှယ် ၃၀၀ ကျော်တို့ မြို့နယ် ၄၅ ခု က သျှမ်းလူထု နှင့် ကွင်းဆင်းတွေ့ဆုံ

Posted: 01 Feb 2017 10:36 PM PST

သျှမ်းလူမျိုးများ၏ လူမျိုးအလိုက်ကျင်းပသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး နှင့် ရေမြေသဘာဝသယံဇာတ ဆိုင်ရာ အချက်အလက် များ ကောက်ယူ နိုင်ရေးအတွက် သျှမ်းပြည်ညီညွတ်ရေးကော်မတီမှ ကိုယ်စားလှယ် ၃၀၀ ကျော်က အုပ်စု ၁၅ ခု ခွဲပြီး မြို့နယ် ၄၅ ခု ကို ကွင်းဆင်းကာ ဒေသခံ သျှမ်းလူထုနှင့် တွေ့ဆုံမှုပြုနေသည် ။

သျှမ်းပြည်တွင်းမြို့နယ်များတချို့ သို့ကွင်းဆင်းဆွေးနွေးမှုပြုနေသည့်ဓါတ်ပုံမှတ်တမ်းတချို့
ဖေဖေါ်ဝါရီ ၂ ရက်နေ့ မှာ သျှမ်းပြည်အတွင်း မြို့နယ် ၃၀ ကျော်က သျှမ်း လူထု သောင်းဂဏန်းနှင့် တွေ့ဆုံ ပြီးဖြစ်ကြောင်း၊ ကချင်ပြည်နယ် အတွင်းရှိ သျှမ်းလူမျိုးတွေကို မိုးညှင်းမြို့၊ စစ်ကိုင်းတိုင်း အတွင်းရှိ သျှမ်း လူမျိုးတွေကို ဟုမ္မလင်းမြို့တွင်သော်လည်းကောင်း ဆက်လက်ေ တွ့ဆုံနေ ကြောင်း စည်း ရုံးရေးဆင်း နေသည့် အလုပ်အဖွဲ့ခေါင်းဆောင်များ အားဆက် သွယ်မေးမြန်း ချက်အရ သိရပါသည် ။


“သက်ဆိုင်ရာအဖွဲ့အသီးသီးကနေ သျှမ်းအမျိုးသားတို့ရဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ရေမြေ သဘာဝသယံဇာတ ဆိုင်ရာ လိုအပ်ချက်တွေကို မှတ်တမ်းကောက်ယူပြီး ဖေဖေါ်ဝါရီလ လလယ် ပိုင်းမှာ ကျင်းပမယ့် သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ တင်ပြဆွေးနွေး မယ်၊ အဲဒီ ကနေ ပြည်နယ် အဆင့် နောက် ပြည်ထောင်စုအဆင့် ဖြစ်တဲ့ ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယ အကြိမ် မှာ သျှမ်းအမျိုးသား တို့ရဲ့ လိုအပ်ချက်ကို တင်ပြ ဆွေးနွေးသွားဖို့ဖြစ်တယ် ”- ဟု CSSU ၏ ပြောခွင့်ရ စိုင်းလိတ်က သျှမ်းသံ တော်ဆင့် အားပြောပြသည် ။


ကိုယ်စားလှယ်များသည် အဖွဲ့ ၁၅ ဖွဲ့ခွဲကာ ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်ကာ သျှမ်းပြည်တောင် ပိုင်း ၅ ဖွဲ့ မြောက်ပိုင်းကို ၃ ဖွဲ့ အရှေ့ပိုင်း ၂ ဖွဲ့ ၊ ကချင်ပြည် နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကယားပြည် နယ် နှင့် ထိုင်းနိုင်ငံချင်း မိုင်မြို့ တို့ အတွက်လည်း တဖွဲ့ဆီ ခွဲပြီး သျှမ်းလူထုနှင့် ကွင်းဆင်းတွေ့ ဆုံ နေခြင်းဖြစ် သည်ဟု သိရသည် ။


“ကျနော်တို့က သျှမ်းပြည်တောင်ပိုင်းနမ့်စန်အဖွဲ့။ ပင်လုံ၊နမ့်စန်၊မိုးနဲ၊ ကျိုင်းတောင်း၊ ခိုလမ်၊ ကွန်ဟိန်း၊ ကာလိ ကိုကွင်းဆင်းရ တယ်။ ဒေသခံ လူထုရဲ့တောင်းဆိုချက်ထဲကပြန်ကောက် မယ်ဆိုရင် မြေယာကိစ္စ။ အသိမ်းခံရလယ်ယာမြေတွေများတယ်။ ထိုင်းဘက်ကိုသွားပြီး အလုပ်လုပ်တဲ့ သူတွေများတယ်။ ဆိုတဲ့ အချက်တွေ တင်ပြလာတာများတယ်” - ဟု နမ့်စန်အဖွဲ့တာဝန်ခံ ကျားခေါင်းပါတီ နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းလုံက သျှမ်းသံတော်ဆင့်အားပြောပြသည် ။


သျှမ်းလူမျိုးများ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးပွဲ ကျင်းပရေး ကော်မတီ ကြိုတင်ပြင်ဆင်ခြင်း၊ လူထုသဘောထားများရယူရန်ကွင်းဆင်း စစ်တမ်းေ ကာက်ယူခြင်းသည် နိုင်ငံတော်အစိုးရ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ေ နခြင်းသြာ ဖစ်ကြောင်း၊ ရဲ အထူးသတင်းတပ်ဖွဲ့ဝင်များ၊ စစ်ထောက်လှမ်းရေးများ အချိန်ပြည့် လိုက်လံစုံစမ်းမှုပြုနေကြောင်း၊ လူထု လွတ်လွတ် လပ်လပ် ဆွေးေ နွးနိုင်ရေးအတွက် အနှောင့်အယှက်ဖြစ် သော်လည်း အမှန်တရား အတွက် ကြောက်ဖို့မလိုကြောင်း စိုင်းလုံ က ပြောသည် ။


“မှန်ပါတယ်။ ကျနော်တို့သျှမ်းပြည်လူထုရင်ထဲမှာ နှစ်ရှည်လများအကြောက် တရား လွှမ်းမိုး လာမှုကြောင့် ကျနော်တို့ကွင်းဆင်းတဲ့ဒေသတချို့မှာလည်း ရဲတွေ ထောက်လှမ်းရေး တွေဝင် ရောက်နားထောင်လာရင် လူထုမဆွေးနွေးရဲတာရှိပါတယ်။အဲလိုတော့မဖြစ်သင့်ဘူးပေါ့နော်။ ကြောက်ဖို့မလိုပါဘူး။ ပြောစရာရှိ တင်ပြစရာရှိ လွတ်လွတ်လပ်လပ်တင်ပြဆွေးနွေးသွားဖို့ တိုက်တွန်းလိုပါတယ်။” - ဟု စိုင်းလုံကပြောသည် ။


ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်မူ ထိုင်းရောက်သျှမ်းများနှင့်တွေ့ဆုံမည့်ရက် မသိရသေးကြောင်း ဆိုပါသည် ။


သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU တွင် သျှမ်းလက်နက်ကိုင် တပ်များဖြစ်ကြသည့် သျှမ်းပြည် တပ်မတော် RCSS/SSA ၊ SSPP/SSA သျှမ်းနိုင်ငံရေးပါတီများဖြစ်ကြသည့် SNLD ၊ SNDP ၊ ESSDDP ၊ SNNP စသည်တို့အပြင် လူမှုခြေပြုသည့် သျှမ်းအသင်းအဖွဲ့များ၊ သျှမ်းလူငယ်များ တို့ ပါဝင်ဖွဲ့စည်း ထားသည် ။

ကြားဖြတ်ရွေးကောက်ပွဲအတွက် SNLD ကျားခေါင်းပါတီ မဲဆွယ်မှု စတင်

Posted: 01 Feb 2017 07:31 PM PST

လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် SNLD ကျားခေါင်းပါတီမှ မဲဆွယ်စည်းရုံးမှုများကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


“မိုင်းရှူးမှာ မနက်ဖြန် ဖေဖော်ဝါရီ ၂ ရက်နေ့ စမယ်။ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ထားတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေ ဘောင်အတွင်းက နေ ရိုးရိုးသားသား ပြိုင်မှာပါ။ ပြိုင်ဘက်တွေကညှစ်ပတ်လာရင်လည်း လက်ခံမှာ မဟုတ်ပါဘူး ” -ဟု မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ( ၂) မှ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် စိုင်းလင်းမြတ်က ပြောသည်။


သျှမ်းပြည်နယ်အတွင်း လစ်လပ်မဲဆန္ဒနယ် (၈) နေရာ ရှိသည့်အနက် ရ နေရာတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။


ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း သျှမ်းအရှေ့ ကျိုင်းတုံမြို့နယ်တွင် ပါတီရုံးခန်းဖွင့်ပွဲနှင့်အတူ ဆိုင်းဘုတ်တင်ပွဲကို ပါကျင်းပခဲ့သည်။


“သျှမ်းအရှေ့ပြည်သူတွေ စီးပွားရေးမှာအောင်မြင်သလို နိုင်ငံရေးမှာလည်း အောင်မြင်အောင်ကြိုးစားကြဖို့ တိုက်တွန်းခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲ ကျိုင်းတုံ မဲဆန္ဒနယ်ကနေပြိုင်မဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းလုံကိုလည်း မဲထည့်ဖို့ တိုက်တွန်းခဲ့တယ် ”-ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ကျားခေါင်းပါတီမှ စိုင်းသန်းမောင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


သျှမ်းပြည်နယ်အတွင်း လစ်လပ် မဲဆန္ဒနယ်များအတွက် မဲပေးရမည့် မဲဆန္ဒရှင်စာရင်းအား သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်ကပ်ထားပြီဖြစ်ပြီး မဲစာရင်းသွားကြည့်ကြရန် ကျားခေါင်းပါတီတာဝန်ရှိသူများက နိုးဆော်ထားသည်။

ကယားပြည်နယ်ရှိ သျှမ်းများလည်း မြေယာပြသနာများပြား လူထုဆန္ဒ ကွင်းဆင်းကောက်ယူရေးအဖွဲ့ပြော

Posted: 01 Feb 2017 07:13 PM PST

သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လူထုဆန္ဒသဘော ထားကို ရယူနိုင်ရန် ကယားပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၆ မြို့နယ်သို့ ကယားပြည်နယ်တာဝန်ကျအဖွဲ့က ကွင်းဆင်းသွားမည်ဖြစ်ကြောင်း သိရသည် ။


လွိုင်ကော်မြို့နယ်၊ဒီးမောဆိုမြို့နယ်၊မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့ နယ်၊ ဘော လ ခဲမြို့နယ် နှင့် ရှားတောမြို့နယ်ရှိ သျှမ်းမိသားစုများအား ဇန်နဝါရီ ၂၉ မှ ဖေဖော်ဝါရီ ၂ ရက်နေ့ထိ ကွင်းဆင်း တွေ့ဆုံမည်ဖြစ်ကြောင်း ကယားပြည်နယ်အဖွဲ့တာဝန်ခံ စိုင်းသန့်စင် ကပြောသည် ။


“ကယားပြည်နယ်က ရ မြို့နယ်ရှိတဲ့အနက် ကျနော်တို့ ၆ မြို့နယ် သွားမယ် ကျန်တဲ့ ဖရူဆိုမြို့နယ်က သျှမ်းတိုင်းရင်းသားတွေ သိပ်မရှိဘူး၊ ပြီးတော့ ကျနော်တို့လည်း လက်လှမ်းမမှီသေးဘူး၊ ကျနော်တို့သွားတဲ့ေ နရာ တော်တော် များများကတော့ လူထုတွေ တက်ရောက်နားထောင်တာ ရာဂဏန်း ရှိပါတယ်၊ ဒါပေမယ့် ဖားဆောင်းမှာက လူထု ၂၀ ကျော်ဘဲလာတယ်”ဟု ၄င်းကပြောသည် ။


သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) မှ ဦးဆောင်ကျင်းပသော သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လူထုဆန္ဒသဘောထား သိရှိနိုင်ရန်အတွက် အဖွဲ့ ၁၄ ဖွဲ့ခွဲ့ပြီး သျှမ်းပြည်နယ်အတွင်းသာမက ကချင်ပြည်နယ်၊ကယားပြည်နယ်၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း တို့ကွင်းဆင်းခဲ့ကြောင်း သိရသည်။


“သူတို့ ငြိမ်းချမ်းရေး ရချင်တယ်၊ သျှမ်းတိုင်းရင်းသားနေထိုင်တဲ့ ဒေသတွေ မှာလည်း စစ်ဘေးသင့်ခဲ့တယ်၊ မငြိမ်းချမ်းတော့ အေးချမ်းတဲ့ဒေသဆီ ကို ပြောင်းရွေ့ရတယ်၊ငြိမ်းချမ်းရေး ဖော်ဆောင်တော့လည်း တချို့ဒေ သမှာ မြေယာသိမ်းတဲ့အတွက် ပြောင်းရွေ့ရတာ ရှိတယ်၊ အဲ့ဒီ အကြောင်း တွေကို လူထုတွေ တင်ပြလာတယ်၊ နောက်တိုင်းရင်းသား အခွင့်အရေး တန်းတူရဖို့အတွက်လည်း မျှော်လင့်ကြတယ်” ကယားပြည်နယ် အဖွဲ့တာဝန်ခံ စိုင်းသန့်စင် ကပြောသည်။


ကွင်းဆင်းရန်စီစဉ်ထားသည့်ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်မူ မည်သည့်ေ န့ရက်တွင်ကျင်းပမည်ကိုမသိရသေးပေ။


ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံ ညီလာခံတွင် သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် အကြိုပြင်ဆင်ခြင်းတွင် လူထုနှင့် တွေ့ဆုံချိန်တွင် ခေါင်းစဉ် ၅ ခု ရှိသော လုံခြုံရေးကဏ်ဏ္ဍ၊ နိုင်ငံရေးကဏ်ဏ္ဍ ၊ မြေယာ နှင့် သဘာဝ သယံဇာ၊ စီးပွားရေးကဏ်ဏ္ဍ နှင့် လူမှုရေးကဏ်ဏ္ဍ ဆိုသည့် ခေါင်းစဉ်များ ရှင်းလင်းတင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။

ပင်လုံစာချုပ် ချုပ်ဆိုမှုနှင့် ကူမင်တန်ကျူးကျော်မှု သတင်းယူခဲ့သည့် သတင်းစာဆရာ ပင်လုံ ဦးစံအောင်ကွယ်လွန်

Posted: 01 Feb 2017 07:08 PM PST

သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုမှုနှင့် တရုတ်ဖြူ ကူမင်တန်ကျူးကျော်မှုများတွင် သတင်းသွားရောက် ရယူခဲ့သည့် ၀ါရင့် သတင်းစာဆရာ ပင်လုံဦးစံအောင်မှာ ယမန်နေ့ညက ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

ဓါတ်ပုံ- သတင်းစာဆရာ ပင်လုံ ဦးစံအောင်
အစ္စလာမ်ဘာသာဝင်ဖြစ်သည့်ဦးစံအောင်၏ ဈာပနအခမ်းအနား ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က တောင်ကြီးတွင် ကျင်းပခဲ့သည်။


“ကျနော်တို့သွားတက်တယ်။ ဆရာကြီးက တကယ့်လူတော်ပါ။” - ဟု ဈာပနအခမ်းအနားတက်ရောက်ခဲ့သည့် တောင်ကြီးမြို့ခံ လူ့အခွင့်ရေး လှုပ်ရှားသူ ကိုတင်မောင်တိုးက ပြောသည်။



၁၉၄၇ ခုနစ်က ပြုလုပ်ခဲ့သည့် သမိုင်းဝင်ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် သတင်းသွားရောက် ရယူခဲ့သည့်ဝါရင့်သတင်းစာဆရာကြီး၊ ၀ါရင့်နိုင်ငံရေး သမားကြီး ပင်လုံ ဦးစံအောင် သည် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့အကြား ပင်လုံစာချုပ် လက်မှတ်ရေးထိုးမှုကို မြန်မာ့ အလင်းသတင်းစာသတင်းထောက်အဖြစ် သတင်းရယူတင်ဆက်ခဲ့ခြင်းဖြစ် သည်။


ဦးစံအောင်အား ၁၉၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်ကတောင်ကြီးမြို့တွင်ေ မွးဖွားခဲ့ကာအသက် ၁၅ နှစ်အရွယ်က American Baptist Missionary Schoolတွင်အထက်တန်းပညာ သင်ကြားနေချိန်က မြန်မာ့အလင်းသတင်း စာသို့သတင်းများရေးသားပေးပို့ရင်းအကျိုးတော်ဆောင်သတင်းထောက်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ပါလီမန်ခေတ်ကလည်း သျှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ပါလီမန်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရဖူးပြီး တရုတ်ဖြူကျူးကျော်မှုအပေါ် ကုလသမဂ္ဂတွင် မြန်မာအစိုးရမှ တင်ပြရာတွင် ဦးစံအောင်ကိုယ်တိုင် ကွင်းဆင်းသတင်းရယူထားသည့် ဓါတ်ပုံများကို ဦးနုအစိုးရမှ အသုံးပြုခဲ့ရသည်။


ဦးကိုနီ အသုဘအခမ်းအနား ဒေါ်အောင်ဆန်းစုကြည်မတက်ရောက် မိသားစုအား လည်းမဆက်သွယ်

Posted: 01 Feb 2017 07:02 PM PST

ပြီးခဲ့သည့် တနင်္ဂနွေနေ့က သေနတ်သမားတဦး၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် အန်အယ်လ်ဒီ ပါတီ၏ ဥပဒေဆိုင်ရာ အကြံပေး တရား လွှတ်တော်ရှေ့နေ ဦးကိုနီ၏ ဈာပနအခမ်းအနား သို့ နိုင်ငံတော်အတိုင်အပင်ခံ ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခြင်း မရှိကြောင်း၊ ဦးကိုနီ၏ ကျန်ရစ်သူမိသားစုဝင်များထံလည်း ဆက်သွယ်ခြင်းမရှိကြောင်း သမီးဖြစ်သူက အေပီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေဆိုထားသည် ။


ဇန်နဝါရီလ ၃၀ ရက်နေ့က ရေဝေးသုဿာန်တွင် ပြုလုပ်သည့် ဦးကိုနီ၏ ဈာပနအခမ်းအနားသို့အန်အယ်လ်ဒီ ပါတီ ထိပ်တန်းတာဝန်ရှိသူများ ၊ ခွန်ထွန်းဦးကဲ့သို့တိုင်းရင်းသားခေါင်းဆောင်များ ၊ ဒီမိုကရက်တစ် အင်အားစုများအပါဝင် လူမျိုးစုံ ဘာသာစုံပရိသတ်သောင်းချီတက်ရောက်ခဲ့သည့် သမိုင်းဝင် ဈာပန အခမ်းအနားဖြစ်ပါသည်။


ဒေါ်အောင်ဆန်းစုကြည်က ပန်းစည်းပို့သလားဆိုတာကိုကျမ သတိမပြုမိဘူး။ လူတွေက တအားများလို့လေ။ ဒါပေမဲ့ ကျမတို့တွေကိုအခုထိ သူမ လုံးဝ ဆက်သွယ်တာ မရှိဘူး။ ပုဂ္ဂိုလ်ရေးအရ ၀မ်းနည်းကြောင်းပြောဆိုဖို့ဆိုတာမျိုး မလုပ်ခဲ့ဘူး - ဟု ဦးကိုနီ သမီးဖြစ်သူ ဒေါက်တာရင်နွယ်ခိုင်က ပြောကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့ အေပီသတင်းဌာန၏အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်။


ယင်းသတင်းကိုဝါရှင်တန်ပို့စ်အပါဝင်ကမ္ဘာ့သတင်းမီဒီယာများလည်း ဖော်ပြခဲ့ကြသည်။


ရှေ့နေ ဦးကိုနီမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် တက်ကြွစွာ လှုပ်ရှားပါဝင်ခဲ့သူဖြစ်သကဲ့သို့ ၂၀၀၈ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်အတွက် ဟန့်တားခံရချိန်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တိုင်းပြည်ကို အုပ်ချုပ်နိုင်ရန် အခြေခံဥပဒေမှ အားနည်းချက်များကို ရှာဖွေပေးခဲ့သူလည်း ဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။


ဒေါ်အောင်ဆန်းစုကြည်ထံမှ ဖုန်းဆက်သွယ်ပြောဆိုမှု မရခဲ့သော်လည်း ယင်းကိစ္စကိုသူမအနေဖြင့် မျှော်လင့်ချက်မထားဟု ဦးကိုနီ၏ သမီးဖြစ်သူက ဆိုသည်။


ဦးကိုနီမှာ အန်အယ်လ်ဒီ အနေဖြင့် ရပ်တည်ခဲ့သော်လည်း အန်အယ်လ်ဒီ အစိုးရဖြစ်လာချိန်တွင် အစိုးရ ၊ လွှတ်တော် ရာထူးများ ရယူခြင်း မရှိခဲ့သလို အစ္စလာမ်ဘာသာဝင်ဖြစ်နေသည့်အတွက် အွန်လိုင်းမီဒီယာတွင် ပုတ်ခတ်မှုများ မကြာခဏခံခဲ့ရသူလည်း ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်မှာ ဦးကိုနီ ဈာပန သို့ မလာနိုင်ခဲ့သော်လည်း ကြားဖြတ်ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ပင်လုံသို့ သွားရောက်ရန် စီစဉ်နေပြီး ပြည်ထောင်စုနေ့အခမ်းအနားကိုလည်း တက်ရောက်ဦးမည်ဟု သိရသည်။ ဦးကိုနီ ဈာပနသို့ ဒေါ်အောင်ဆန်းစုကြည် မလာရောက်ခဲ့မှုအပေါ် ဝေဖန်မှုအချို့ရှိနေသည်ဟု ၀ါရှင်တန်ပိုစ့် သတင်းဆောင်းပါးတွင်လည်း ဖော်ပြထားသည်။

သျှမ်းသံတော်ဆင့်

unread,
Feb 5, 2017, 5:33:29 PM2/5/17
to thuau...@gmail.com

SSPP/SSA စစ်ကြောင်းအား TNLA တအာင်းတပ် ဝိုင်းရံတိုက်ခိုက် - ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်

Posted: 05 Feb 2017 06:02 AM PST

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA လှုပ်ရှားစစ်ကြောင်းအား  အင်အားရာဂဏန်းရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ယနေ့ နံနက်ပိုင်းက ဝိုင်းရံတိုက်ခိုက်ကြောင်းသိရှိရသည် ။


ကျောက်မဲမြို့ အနောက်မြောက်ဘက် တော့ဆန် - မန်းကုန်း ဒေသဘက် ပုံမှန်လှုပ်ရှား သွားလာနေသည့် အင်အား တရာကျော်ရှိ SSPP/SSA စစ်ကြောင်းအား အင်အား ၄၀၀ ခန့်ရှိ TNLA တပ်က ဝိုင်းရံတိုက်ခိုက် သောကြောင့် ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့် မှစ၍  ညနေ ၄ နာရီကျော်အထိ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားရသည်ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု က သျှမ်းသံတော်ဆင့်သို့ ဤသို့ပြောသည် ။


“ဟုတ်တယ်။ တော်ကွတ် နှင့် နားခါး ကျေးရွာနားမှာ ကျနော်တို့ လူ နားပြီး ထမင်းစားနေတာ။ လွယ် ဝိုင် တောင်ကြောဘက် ခရီးဆက်ဖို့။ အဲဒါကို TNLA တပ်က ဆီးကြိုတိုက်ခိုက်တာ။ ဘာ့ကြောင့် အဲဒီလို ဖြစ် လဲ  ဆိုတာ ဆက်သွယ်နေတယ် သူတို့ခေါင်းဆောင်ကို။ ကျနော်တို့က အင်အားနဲ့ ဖြေရှင်း တာ မကြိုက်ဘူး။ တိုင်းရင်းသားလက်နက်ကိုင် တပ် အချင်းချင်းတိုက်ခိုက်တာ ပိုတောင်အားမပေးဘူး။ ဒါက စစ်အာဏာရှင် လိုအပ်တဲ့ လမ်းကြောင်း ထဲ ကျရောက်သွားဒါဘဲ ဒီလုပ်ရပ်က” - ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု က ပြောသည် ။


အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြန်ကြားရေး အရာ ရှိ ဗိုလ်ကြီးမိုင်းအိုက်ကျော်က SSPP/SSA နှင့် တိုက်ပွဲဖြစ်သည့်သတင်းမသိရသေးကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည် ။


“ပလောင်တပ်နဲ့ ကျနော်တို့က ဒီလိုဘဲ သွားလာနေကြတာဘဲ။ ဘာ့ကြောင့် ရုတ်တရက် အင်နဲ့ အားနဲ့ လာတိုက်တလဲ ဆိုတာနားမလည်ဘူး။ ကျနော်တို့ လွယ်ဝိုင်ဘက်သွားမယ်ဆိုတာသူတို့ကိုလဲ အကြောင်းကြားတယ်။ ထိပ်တိုက်မှုမဖြစ်အောင်။ အခုက သူတို့က အားသာတဲ့ဘက်ကနေ စတိုက်တော့ အင်အား မမျှဘူး။ အခုစစ်ကူထပ်လာနေတယ်” - ဟု ဒေသအတွင်း တပ်မှူး ကပြောသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် နှင့် စစ်ရေးမဟာမိတ်ဖြစ်သည်။ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် TNLA  ကြားဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေးအတွက် လည်း သျှမ်းပြည်တပ်မတော် နာယက ဗိုလ်ချုပ်ကြီး ဆေထင် ကိုယ်တိုင် ကြားဝင်ဖြန်ဖြေပေးနေမှု များလည်းရှိနေပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Feb 6, 2017, 5:08:43 PM2/6/17
to thuau...@gmail.com

နမ္မတူရောက် စစ်ဘေးရှောင်များအား တောင်ကြီးအခြေစိုက် WAT သျှမ်းလူငယ်အဖွဲ့ မှ ကူညီထောက်ပံ့မှုနှင့်အတူ လက်မှုအတတ်ပညာ သွားရောက်သင်ကြားပေး

Posted: 06 Feb 2017 07:50 AM PST

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်လူထုအတွက် တောင်ကြီးအခြေစိုက် We are Tai သျှမ်းလူငယ်အဖွဲ့ မှ ကူညီထောက်ပံ့မှုနှင့်အတူ လက်မှုအ တတ်ပညာ သွားရောက်သင်ကြားပေးသည်ဟုသိရှိရသည် ။

Photo Credit to N.K4
“တဖက်တလှမ်းက အထောက်အကူပြုနိုင်အောင်၊ စစ်ဘေးစစ်ဒဏ်ကြောင့် ပူပန်သောက ရောက်နေ တဲ့ခံစားချက်တွေကို ကုစား နိုင်အောင်လို့ ကလေးတွေ ပျော်အောင်လုပ်ပေးတယ်။ အရွယ်ရောက် တဲ့ သူတွေအတွက်၊ အမျိုးသမီးတွေအတွက် အိမ်တွင်းမှုလုပ်ငန်းလေးတွေ၊ အင်္ကျီ၊ တဘက်၊ ဇာထိုးပန်းထိုးလေးတွေ၊ အသုံးအဆောင်ပစ္စည်းလေး တွေဖြစ်ကြတဲ့ ဆံထိုးတို့ အကျီကြယ်သီးတို့  အဲတာကို အဲဒါတွေ လာရောက်ပို့ချပေးတာ” - ဟု We are Tai အဖွဲ့ခေါင်းဆောင် နန်းကေဆီ က ပြောသည် ။


စစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုများကို We Are Tai အဖွဲ့က ဖေဖော်ဝါရီလဆန်းအတွင်းကသွားရောက်ကူညီထောက်ပံ့မှုပေးခဲ့ခြင်းဖြစ်သည် ။


နမ္မတူမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း ၆ ခုရှိကြောင်း၊ ကချင် ၊ လီဆူး၊ သျှမ်း၊ ပလောင် စသဖြင့် စခန်းများကိုယ်စီ၌နေထိုင်ကြောင်း၊ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် တနင်္ဂနွေ ဝတ်ပြုဆုတောင်းခြင်း၊ အချင်းချင်းတွေ့ဆုံအမြင်ဖလှယ်ကခြင်းများ ရှိနေကြောင်း၊ သျှမ်းလူမျိုးစစ်ဘေးရှောင်များက ဝိဟန်မုံဆာ (ရွှေမြင်သာကျောင်းတိုက်) ၌ နေထိုင်ကြကြောင်း၊ စစ်ဘေးရှောင်များအားလုံး ၁၀၀၀ ကျော် ရှိနေသေးကြောင်း သိရှိရသည် ။


“ မန်တုံမြို့နယ်ဘက် ကျေးရွာ ၄-၅ ရွာက ရွာသားတွေက လုံးဝ မပြန်ရဲကြဘူး။ အခု လောလော ဆယ်တော့ စခန်းကော်မတီကနေဘဲ သူတို့တွေကိုစားသောက်ဖို့ ရိက္ခာတွေ ထုတ်ပေးထားတယ်။ ဆန်ဆီအတွက်တော့ ရှိတယ်။ တခြားအသုံးအဆောင်တွေဝယ်ခြမ်းဖို့တော့ အခက်ဖြစ်တယ်။ နောက် ရှေ့ဆက်ဘယ်လိုလုပ်ကိုင်စားသောက်ကြမလဲဆိုတာ စိုးရိမ်စိတ်တွေရှိနေကြတယ်။ ဘယ်တော့ နေရပ်ပြန်မလဲဆိုတာ မသိကြဘူးလေ၊  သူတို့ရွာတွေထဲမှာလည်း စစ်တပ်ဘက် က ခံတုတ်ကျင်းတွေ ဘာတွေလာတူးပြီးစခန်းအဖြစ်လာချထားတော့ မပြန်ရဲကြသေးဘူးတဲ့၊ ဒီစစ်အမြန်ဆုံး ပြီးဆုံးရင်ကောင်းမယ်” - ဟု နန်းကေဆီက ဆက်ပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူစယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ် အတွင်း မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်ကြသည့် တအာင်း TNLA၊ ကချင် KIA၊ ကိုးကန့် MNDAA၊ ရခိုင်AA လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတပ်၊ တအာင်း(ပလောင်) TNLA နှင့် RCSS/SSA သျှမ်းလက်နက်ကိုင်တပ် တို့ ကြား တိုက်ပွဲများကြောင့် ဒေသခံ သောင်း ဂဏန်းစစ်ဘေးသင့် နေကြ ခြင်းဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Feb 7, 2017, 5:09:06 PM2/7/17
to thuau...@gmail.com

RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင် နှစ် ၇၀ ပြည့် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကျင်းပ

Posted: 07 Feb 2017 06:52 AM PST

ဖဖော်ဝါရီလ ၇ ရက်တွင်ကျရောက်သော နှစ် ၇၀ ပြည့် သျှမ်းပြည်အမျိုးသားနေ့ကို ဂုဏ်ပြုသည့် အခမ်းအနားတရပ်ကို သျှမ်းပြည်တွင်းဒေသအသီးသီးတွင်ကျင်းပသကဲ့သို့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဌာနချုပ်လွယ်တိုင်းလျန်းတွင် ယခင်နှစ်များထက် ကြီးကျယ်ခန်းနားစွာကျင်းပလျှက်ရှိကြောင်းသိရသည် ။


နှစ် ၇၀ ပြည့် သျှမ်းပြည်အမျိုးသားနေ့အောင့်မေ့ဂုဏ်ပြုပွဲသို့ ပြည်တွင်းမှ ပြည်ပဒေသအသီးသီးမှ သျှမ်းမိသားစုများအပြင် မြန်မာနိုင်ငံဆိုင်ရာသံရုံး ၄၀ ကျော်နှင့် သတင်းဌာ ၂၀ ကျော်အား ဖိတ်ကြား ထားသည်ဟု  RCSS/SSA ၏ ပြန်ကြားရေးဌာနမှ အရာရှိ စဝ်ယွက်မိန်းက သျှမ်းသံတော် ဆင့် အားပြောပြသည် ။


မြန်မာနိုင်ငံထဲမှာရုံးစိုက်တဲ့သံရုံးတွေအပြင် ပြည်ပမှာရုံးစိုက်တဲ့ သံရုံးတွေကိုဖိတ်တယ်။ စုစုပေါင်း ၄၀ လောက်ရှိမယ်။ အဲ့ထဲမှာမှ ပွဲလာတက်တဲ့ ကိုယ်စားလှယ်တွေကတော့ အမေရိကန်၊နော်ဝေး၊ ဆွိဇလန်၊ နယူးဇီလန်နဲ့ အီးယူ ပေါ့။ ရန်ကုန်မှာရုံးစိုက်တဲ့သံရုံးထဲက ကိုယ်စားလှယ်တချို့လည်း NCA လက်မှတ်ရေးထိုးတဲ့ RCSS/SSA ကို အားပေးတယ်။ ငြိမ်းချမ်းရေးအဓွန့်ရှည်တည်တံ့အောင် အားပေးတယ်ဆိုပြီးလာတက်ကြတယ်။ တချို့တဝက်ကလည်း အစိုးရထိန်းချုပ်တဲ့နေရာမှာပွဲ ကျင်းပတာမဟုတ်လို့ လာမတက်ရဲဘူး လို့ပြောလာတာလည်းရှိတယ်- ဟု ပြောဆိုသည် ။


သတင်းများရယူရန်ရောက်ရှိလာသည့် သတင်းအဖွဲ့များမှာ သျှမ်းသတင်းအဖွဲ့များ၊ မြန်မာသတင်းအဖွဲ့များ၊ ထိုင်း၊တရုတ်၊ ပြင်သစ်မှာသတင်းအဖွဲ့များဖြစ်ကြကြောင်း၊  ပွဲတက်ပရိသတ်များမှာ လားရှိုး ၊ ရွှေလီ၊ ကျောက်မဲ၊ လဲချား၊ မိုင်းကိုင် ၊ မိုးနဲ၊လင်းခေး၊ မိုင်းပန်၊မိုင်းတုံမှဒေသခံများအပြင် ကချင်ပြည်နယ်၊ စစ်ကိုင်တိုင်းဘက်မှ တိုင်းလိုင်၊ တိုင်းခမ်းတီ သျှမ်းလူထုလည်းတက်ရောက်ကြောင်း စုစုပေါင်း အင်အားသောင်းဂဏန်းရှိကြောင်း သိရသည် ။


ထို့အပြင် ထိုင်းနိုင်ငံ ချင်းမိုင် ချင်းရိုင်း မယ့်ဟောင့်ဆောင် ဘန်ကောက် ချွန်းပူးရီး၊ ပထွန်းထားနီး၊ ရယောင်းဘက်ရောက်ရှိအလုပ်လုပ်နေသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား သျှမ်းပြည်သားများလည်း လွယ်တိုင်းလျန်းတွင်ကျင်းပသောပွဲသို့တက်ရောက်လာကြကြောင်း ပွဲသို့ရောက်ရှိနေသည့်သျှမ်းသံတော်ဆင့်သတင်းထောက်က သတင်းပေးပို့သည် ။


နှစ် ၇၀ ပြည့် သျှမ်းပြည်အမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနားအား သျှမ်းပြည်အတွင်း တောင်ကြီးမြို့၊ ပင်လုံမြို့၊ သီပေါ၊ မူစယ်၊ ပင်လောင်း၊ မိုင်းဖြတ် နှင့်အခြားမြို့များတို့တွင်လည်းကျင်းပခဲ့ကြသည် ။

မြန်မာပြည်မြေပုံ လက်ရှိအရွယ်လောက် ဖြစ်လာဖို့ အရေးပါခဲ့တဲ့ ရှမ်းပြည် အမျိုးသားနေ့

Posted: 07 Feb 2017 06:29 AM PST

အမှန်တော့ အောင်မြင်ခဲ့တဲ့ ပင်လုံ ညီလာခံဟာ ဒုတိယ အကြိမ်မြောက် ညီလာခံသာ ဖြစ်ပါတယ်။ ဖေဖေဖော်ဝါရီလ ရ ရက်နေ့ရှမ်းအမျိုးသားနေ့      ( သို့မဟုတ် ) ရှမ်းပြည်အမျိုးသားနေ့ က မြန်မာပြည်မြေပုံ ဒီလို အရွယ် အစားဖြစ်လာဖို့နဲ့ ပင်လုံစာချုပ်ချုပ်ဆိုဖို့ အတွက် အများကြီးအရေးပါတာကို သိထားသူ စာရေးသူလို ရှမ်းမျိုးနွယ်စုတယောက်အနေနဲ့ လည်းဝမ်းနည်း ၀မ်းသာဖြစ်ရပါတယ်။


ဝမ်းသာတယ်ဆိုတာ ၁၉၄၇ ခုနစ် ဖေဖော်ဝါရီလ ရ ရက်နေ့က ရှမ်းတွေရဲ့ ညီညွတ်မှုကြောင့် ပဲ မြန်မာနိုင်ငံဟာ တောင်တန်းပြည်မ မခွဲခြားပဲ အင်္ဂလိပ်ေ တွဆီ က လွတ်လပ်ရေးရဖို့ အခြေနေကောင်း သွားခဲ့ပါတယ်။


ဝမ်းနည်းစရာကအဲဒီ ဖေဖော်ဝါရီလ ရ ရက်နေ့နဲ့ ဆက်စပ်နေတဲ့ ပင်လုံ စာချုပ် ချုပ်ဆိုတဲ့နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဗမာခေါင်းဆောင်တွေ နဲ့ အတူလက်မှတ်ရေးထိုးခဲ့တဲ့ ရှမ်း၊ ကချင် ၊ ချင်း တိုင်းရင်းသားတွေအနေ နဲ့ စာချုပ်ပါ အခွင့်အရေးတွေ တိုင်းရင်းသား တန်းတူအခွင့်ရေးတွေ ခံစားခွင့်မရပဲ ဆုံးရှုံးခဲ့ရလို့ ဖြစ်ပါတယ်။ အင်္ဂလိပ်မတိုင်ခင် နိုင်ငံတည်ရှိမှုကိုကြည့်မယ်ဆိုရင် ပဒေသရာဇ်ခေတ်တလျှောက် မြို့ပြနိုင်ငံတွေ ၊ ဘုရင့်နိုင်ငံတွေပေါ်ထွန်းခဲ့ပေ မဲ့တိုင်းပြည်မှာရှိတဲ့ မျိုးနွယ်စုတွေအားလုံးစုစည်းညီညွတ်စွာနဲ့တည်ဆောက် ခဲ့တာဆိုလို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့ တဲ့ပင်လုံစာချုပ်နဲ့ပေါ်ပေါက် လာတဲ့ နိုင်ငံပဲ ရှိခဲ့တယ်ဆိုတာ သမိုင်းကိုပြန်ကြည့်ရင် အလွယ် တကူ တွေ့ နိုင်ပါတယ်။


ပင်လုံစာချုပ်ချုပ်ဆိုမှုနဲ့ ဆက်စပ်နေတဲ့ ရှမ်းအမျိုးသားနေ့ကဘာကြောင့် အရေးပါ သလဲဆိုရင် အဲဒီ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတည်ဆောက်နိုင်ခဲ့တဲ့ ရှမ်းညီညွတ်ရေးကြောင့် ပဲ တောင်တန်းပြည်မ မခွဲခြားနိုင်တော့ပဲ အင်္ဂလိပ် က မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးလိုက်ရတာဖြစ်ပါတယ်။ ဒုတိယ ပင်လုံ ညီလာခံဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှနန်းရင်းဝန် အက်တလီတို့အကြား ချုပ်ဆိုခဲ့တဲ့ အောင်ဆန်း - အက်တလီ စာချုပ်ကြောင့် ပေါ်ပေါက်လာတာဖြစ် ပါတယ်။ အောင်ဆန်း အက်တလီ စာချုပ် အပိုဒ် ၈ မှာ ခြွင်းချန်ထားသော နယ်စပ်ဒေသနေလူမျိုးများနဲ့  ပြည်မက ပြည်သူတွေ ဟာလွတ် လပ် စွာ ကူးလူး ဆက်ဆံနိုင်ဖို့ ၊ ပင်လုံ ( သို့မဟုတ် ) အခြား ကွန်ဖရင့် တစ်ခုမှာ ကြားဖြတ် အစိုးရကာလ နယ်ခြားဒေသများအနေနဲ့ ပြည်မအစိုးရနဲ့ ဘယ်လို ပူးပေါင်းဆောင် ရွက်နိုင်တယ် ဆိုတာနဲ့ ပတ်သက်လို့ တောင်တန်းသားတွေရဲ့ ဆန္ဒ သဘောထားကို မေးမြန်းဖို့ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ်ရေး ဆွဲတဲ့အခါ တောင်တန်းသားတွေ ပါဝင်နိုင်ရန် ဆန္ဒ ရှိ၊ မရှိ စုံစမ်းရေးကော်မတီ ဖွဲ့ဖို့ ဆိုတဲ့ အချက်တွေပါပါတယ်။


အင်္ဂလိပ်ခေတ်မှာ ပြည်နယ်အဆင့် သတ်မှတ်ထားတာဆိုလို့ ရှမ်းပြည်တပြည် နယ် ထဲ ရှိပါတယ်။ကချင် ၊ ချင်း စတဲ့ ဒေသတွေက ဗမာပြည်မထဲမရှိပေမဲ့ သီးခြားပြည်နယ် အဆင့် မရှိပါဘူး။အင်္ဂလိပ်တွေသိမ်းပြီး နောက်ပဒေသရာဇ် စော်ဘွားတွေရဲ့ အုပ်ချုပ်ရေး ခေတ် ကိုပြန်ကြည့်မယ်ဆိုရင် အင်္ဂလိပ်ကော်မရှင်နာက အထက်မှာရှိသလို သူ့ရဲ့အောက်မှာ နယ်ပိုင် ဝန်ထောက်တွေလည်း ရှိပါတယ်။ အဲဒီအောက်မှာ မှာ စော်ဘွားတွေအုပ်ချုပ်တဲ့ ရှမ်းနယ် ၃၃ နယ်ရှိတာပါ။ ဒုတိယ ကမ္ဘာစစ်မတိုင်မှီအထိFederate Shan State ဥပဒေနဲ့ အင်္ဂလိပ်က ပြည်မက ဗမာတွေနဲ့ ရှမ်းပြည်နယ်ကိုခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ ဒါကလည်း ပြည်မနဲ့ မျိုးနွယ်စု ပထဝီအရကွာခြားတယ်။ သူ့အုပ်ချုပ်ရေးနဲ့သူ ရှိတယ်။ အင်္ဂလိပ်ကိုခုခံတော်လှန်တဲ့ တော်လှန်ရေး ကြီးကြီး မားမား မရှိခဲ့ဘူးဆိုတဲ့အယူအဆကြောင့်ဖြစ်နိုင်သလို သွေးခွဲထားလိုတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။


စော်ဘွားတွေအနေနဲ့ မိမိရဲ့ အုပ်ချုပ်ရတဲ့ နယ်ပယ်ပိုင်နက်ပေါ်မူတည်ပြီး အခွန်တော်ကို ၁၅ ရာခိုင် နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိကောက်ခံခွင့် လည်းရပါ တယ်။ လုပ်ပိုင်ခွင့်တွေလည်း ရပါတယ်။စော်ဘွားတွေမှာ သူတို့ ထိန်းချုပ် ထားတဲ့ ရဲလို လက်နက်ကိုင်အဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမဲ့  ရှမ်းပြည် သူတွေရဲ့ ဘဝက အဲဒီခေတ်ကာလကလည်း တိုးတက်မှုမရှိပါဘူး။ခေတ်မှီ တိုးတက်တဲ့ အမြင်ရှိပြီး ဒေသခံ တွေကို ကောင်းစားလိုစိတ် ရှိတဲ့စော်ဘွား အနည်းငယ်ကလွဲလို့ ကျန်စော်ဘွားတွေ ပဒေသရာဇ်တွေရဲ့ အာဏာယစ်မူး တဲ့စိတ်နဲ့ မှားယွင်း စီမံခန့်ခွဲမှုတွေကြောင့်ပဲ အဲဒီအချိန်ကာလ ကလည်း ရှမ်းပြည် က အောက်ကျနောက်ကျ ဖြစ်နေခဲ့ရပါတယ်။


ဒါ့အပြင်စော်ဘွားတွေအနေနဲ့ ဒေသခံတွေကိုဖိနှိပ်ချုပ်ချယ် တာတွေလည်း ရှိခဲ့ပါတယ်။ ဘာသာရေး ၊ သာရေးနာရေးအသင်းတွေမှအပ အခြားလူထု လူ တန်းစား အသင်းအဖွဲ့များ ထူထောင်ခွင့်လည်း မရခဲ့ပါ။


အင်္ဂလိပ်အစိုးရကလည်း ပြည်မက အမျိုးသားရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေက ရှမ်းပြည်နယ် ဘက်ကို ကူးစက်လာခဲ့မှာ စိုးရိမ်တာကြောင့်ဒုတိယကမ္ဘစစ် မတိုင်ခင်အထိ ပြည်မက နိုင်ငံရေး သမားတွေ သခင် လူငယ်တွေအနေနဲ့ ရှမ်းပြည်ဘက်ကို လာလို့ မရခဲ့ပါဘူး။ ရောက်လာ ခဲ့ရင်လည်း နယ်ခြားကို ၂၄ နာရီအတွင်း နယ်နှင်ဒဏ်အပေးခံရမှာဖြစ်သလို နိုင်ငံရေးနိုးကြား တက်ကြွတဲ့ ရှမ်းတိုင်းရင်း သား တွေ အဖို့တော့ နယ်နှင်ဒဏ်မှ သေဒဏ်အထိ အပြစ်ပေးနိုင် တဲ့ရှမ်းပြည် ဥပဒေ ပုဒ်မ (၁၀) က ထိန်းချုပ်ထားပါတယ်။


နယ်ချဲ့အင်္ဂလိပ်ကမိမိနယ်ချဲ့စနစ်တည်မြဲဖို့အတွက်တမင်တကာဖိနှိပ်ချုပ်ချယ်ခဲ့သလို ၊ရှမ်းပဒေသရာဇ်စော်ဘွားတွေကလည်း ပဒေသရာဇ်ကံကျွေးချစနစ် တည်မြဲဖို့အတွက်ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ သဘောပါ။ စော်ဘွားတွေ အနေနဲ့ အခွန်ငွေမှ ၁၅ရာခိုင်နှုန်းကို လစာအဖြစ်ရတဲ့အပြင် အခြား လောင်းကစားခွန် ဘိန်းခွန်လိုအခွန်တွေလည်းရပါသေးတယ်။ နယ်ချဲ့အင်္ဂလိပ်တွေကတော့ ကစားဝိုင်း၊ဘိန်း ၊ အရက်တို့နဲ့ ရှမ်းတွေကို အညွှန့်တုံးစေခြင်းအားဖြင့် နယ်ချဲ့ ဆန့်ကျင်ရေးစိတ်ကို လမ်းလွှဲစေခဲ့ပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် အင်္ဂလိပ် အစိုးရလက် ထောက်က ရှမ်းပြည်အနေနဲ့ လုပ်ပိုင်ခွင့်တွေရပေမဲ့စော်ဘွားတွေ က ဒီမိုကရေစီနည်းကျ ရွေးချယ် ထားတဲ့ လူထုခေါင်းဆောင်တွေမဖြစ်ပဲ သားစဉ်မြေးဆက် ပဒေသရာဇ်တွေသာ ဖြစ်ခဲ့တဲ့အတွက် ရှမ်းပြည်အတွင်း ကပြည်သူတွေ အနေနဲ့ ဗမာပြည်မက ပြည်သူတွေနည်းတူ ဖိနှိပ်ခံနင်းပြား ဘဝ မှာပဲရှိနေခဲ့ တာပါ။ ပြည်မကို ဒိုင်အာခီ အုပ်ချုပ်ရေး တိုးမြှင့် ပေးတော့လည်း ရှမ်းပြည်ကို မတိုး တက် သေးတဲ့ နယ်တစ်ခုအဖြစ် အင်္ဂလိပ်တွေ က စော်ဘွားတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ချန်ထားခဲ့ပါတယ်။ စော်ဘွားတွေရဲ့ ဒဏ်ကိုမခံနိုင်လို့ ပအိုဝ်း အပါဝင်မျိုးနွယ်စု အချို့က အင်္ဂလိပ်ခေတ်မှာတော်လှန်တာတွေရှိ ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ရှမ်းပြည်မှာ ဒုတိယ ကမ္ဘာစစ်မဖြစ်ပွားမှီ အချိန်ကာလ အထိလူထုလှုပ်ရှားမှုတွေမရှိခဲ့ပေမဲ့ ရန်ကုန်ကို ကျောင်းသွား တက်တဲ့ကျောင်း သားတွေက တဆင့် ရှမ်းပညာတတ်လူငယ်တွေအကြား မှာနိုင် ငံရေးနိုးကြား မှုတွေ ရှိလာခဲ့ပါတယ်။ အဲဒီအထဲမှာ ဦးထွန်းမြင့် ၊ဦးတင်အေး၊ ဦးဘဇံ ၊ ဦးရွှေအုန်းတို့လို ရှမ်းကျောင်းသား တွေပင်လုံစာချုပ်မှာ လူထုကိုယ်စားလှယ် အဖြစ် လက်မှတ်ထိုးခဲ့သူတွေပါ သလိုအာဇာနည်ခေါင်းဆောင် ဖြစ်လာမဲ့ မိုင်းပွန်စော်ဘွား စဝ်စံထွန်းလိုပုဂ္ဂိုလ်တွေပါပါ ၀င်ခဲ့ပါတယ်။ သူတို့တွေရဲ့ နိုင်ငံ ရေး နိုးကြားမှုတွေကတဆင့် ၊ ဦးဆောင်မှုတွေက လွတ်လပ်ရေး သမိုင်းမှာ အရေးပါခဲ့ပါ တယ်။ရှမ်းမျိုးချစ် လူငယ်တွေ နိုင်ငံရေးနိုးကြားတက်ကြွသူတွေရဲ့ ဦးဆောင်မှုနဲ့ပဲ ရှမ်းနိုင်ငံရေး လှုပ်ရှားမှုသမိုင်း မှာ အရေးပါတဲ့ရှမ်းပြည် လွတ် လပ်ရေးအဖွဲ့ချုပ် ရလပ ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။အဲဒီပုဂ္ဂိုလ်တွဟာ သခင်အောင်ဆန်း အပါဝင် ပြည်မက နိုင်ငံရေးသမား တွေနဲ့လည်း မကြာခဏေ ဆွးနွေးမှုတွေပြုလုပ် ခဲ့ပါတယ်။ ကမ္ဘာစစ်အပြီး အင်္ဂလိပ်ပြန်ရောက် လာချိန် မှာ စော်ဘွားတွေရဲ့ အာဏာတွေကို ကန့်သတ်မှုတွေ လုပ်လာခဲ့ပါတယ်။ ၁၉၂၂ ကတည်းက တဖြည်းဖြည်းကန့်သတ်ခဲ့လာရာကနေ ပိုပြီး ကန့်သတ်လာတဲ့ သဘောပါ။ ဒါကို စော်ဘွားတွေထဲမှာ သဘောမကျတဲ့ လူတွေလည်း ရှိလာပါတယ်။


၁၉၄၆ ခုနစ် မတ်လမှာ အင်္ဂလိပ်လက်ချက်နဲ့ရှမ်းစော်ဘွားတွေရဲ့ ပထမအကြိမ် ညီလာခံကို ကျင်းပ ခဲ့ပါ တယ်။ ဗမာပြည်မကိုအုပ်ချုပ်တိုးမြင့်ပေးရမဲ့ အခြေနေရောက်နေချိန်မှာ မတော်တဆ ဗမာ ပြည်မကိုဒိုမီနီယံ အုပ်ချုပ်ရေး တိုးမြင့်ပေးရသည်ရှိသော် တောင်တန်းဒေသများဟာ တာဝန်ခံ အုပ်ချုပ်ရေး လက်ခံနိုင်လောက် အောင် နိုင်ငံရေးတိုးတက်မှုမရှိသေး၍ဆိုပြီး ချန်လှပ်ဖို့ ရည်ရွယ် ချက်နဲ့ အင်္ဂလိပ်နဲ့ နီးစပ်တဲ့ စော်ဘွားတွေ က ကျင်းပ ခဲ့တာပါ။ ရှမ်းစော်ဘွားအပြင် ၊ ကချင် ဒူဝါတွေ ချင်းထောင်အုပ်တွေလည်း ညီလာခံ တက်ခဲ့ပါတယ်။ အဲဒီညီလာခံမှာ ဗမာပြည်မက အကြီးအကဲတွေဖြစ်တဲ့ ဗိုလ်ချုပ် အောင် ဆန်း ၊ ဦးဘဖေ ၊ ဦးစောတို့ကို ဧည့်သည် အဖြစ်တက်ဖို့ ဖိတ်ခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းမတက်ဖြစ်ခဲ့ပါဘူး။ဖဆပလမှာ အဲဒီတုန်းက ဘာတာဝန်မှ မရှိသေးတဲ့ သခင်နု နဲ့ မန်းဘခိုင် ၊ဦးဘဂျမ်း၊ ဦးဖေခင်တို့သာ တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက ကြိုတင်လက်ဝါးချင်း ရိုက်ခဲ့တာကြောင့် သခင်နု ၊ မန်းဘခိုင်တို့ရဲ့ ဖဆပလ ကအလုပ် မဖြစ်ခဲ့ပဲ ဦးစော ရဲ့ ဒိုမီနီယံ သာအသံတွေ ထွက်လာခဲ့သလိုစော်ဘွားအသင်းဥက္ကဌ ခွန်ပန်းစိန်ကလည်း ဗမာပြည်မကို ဒိုမီနီယံပေးရင်မရှေးမနှောင်းမှာပဲ ဒိုမီနီယံလိုချင်တယ်လို့ အသံထွက်ခဲ့ပါတယ်။


အင်္ဂလိပ်သံပတ် ပေးထားတဲ့အတိုင်း ဗမာပြည်မနဲ့ မပူးပေါင်းလို ဆိုတဲ့ အသံတွေပဲထွက်ခဲ့ပါတယ်။ ဖဆပလရဲ့ အဲဒီအရေးမလှမှုဟာ အင်္ဂလန် ကိုသွားပြီး ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေး သွားတောင်းတဲ့ အချိန်အထိ ဖဆပလ ကို အခက်တွေ့စေခဲ့တာပါ။


ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးတောင်းတော့ အင်္ဂလိပ်က ဗမာ ပြည်မကိုလွတ်လပ်ရေးပေး မယ်။ နယ်စပ်တွေမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေက ဗမာတွေနဲ့အတူ လွတ်လပ်ရေးအတူတူ ယူချင် မယူချင်ဆိုတာ သူတို့အပေါ်ပဲ မူတည်တယ်။ဆိုပြီးပြောလာပါတယ်။ အင်္ဂလိပ်နဲ့ နီးတဲ့ စော်ဘွားအချို့က လန်ဒန်ရောက်နေတဲ့ဗိုလ်ချုပ်အောင်ဆန်းဟာ သူတို့ တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးဆိုပြီးတော့လည်း ကြေးနန်းစာ ပေးပို့ထားခဲ့ပါတယ်။


အဲဒီမှာဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေး ဖို့ဖြစ်လာခဲ့ တာပါ။  ဒုတိယ ပင်လုံညီလာခံ မတိုင်ခင် အခြေနေကို ကြည့်မယ် ဆိုရင် စော် ဘွားတွေအနေနဲ့ အင်္ဂလိပ်ရဲ့ အာဏာကန့်သတ်မှု များလာပြီး ကမ္ဘောဇ ပဒေသရာဒ်ကောင်စီမှာ ၀င်စွက်တာ မကြိုက်ကြပါဘူး။ ဒါပေမဲ့ ဗမာနဲ့ ပေါင်း ဖို့လည်း အစီစဉ်မရှိပါ။ ၉.၁၁. ၁၉၄၆ နေ့စွဲနဲ့  စော်ဘွားတွေ အဆိုပြုပေး ဖို့ ထားတဲ့ စာမှာဆိုရင် အမှတ် (၄) မှာ ရှမ်း ၊ ကချင် ၊ ချင်း ပြည်ထောင်စု ဖွဲ့စည်းရေး ကိစ္စဟာ ဗမာပြည်မနဲ့ ပေါင်းဖို့ မဟုတ်ပဲ သီးခြားပြည်ထောင်စု ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ အမှတ် (၉) ကတော့ စော်ဘွားတစ်ဝက် လူထု တဝက် ပါတဲ့ ရှမ်းပြည် ပါလီမန်ဖွဲ့စည်းဖို့ ကိစ္စဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သ က်ပြီး တောင်ကြီး ဦးထွန်းမြင့်က ' စော်ဘွားတွေထဲမှာ တိုးတက်တဲ့ အယူအဆရှိတဲ့ စော်ဘွားရှိသလို ၊ သမရိုးကျအတိုင်း ခေတ်နောက်ပြန်ဆွဲနေ တဲ့ စော်ဘွားလည်း ရှိနေတယ်ဆိုတာ သေချာပါတယ်။ ' လို့ သူ့ရဲ့ ရှမ်းနိုင်ငံရေး သမားတစ်ယောက် အုပ်တစ်ချပ် သဲတပွင့်စာအုပ်မှာ ဖော်ပြ ထားပါတယ်။


ဗမာပြည်မအနေနဲ့ လွတ်လပ်ရေး ရယူဖို့ စိုင်းပြင်းလာချိန်မှာပဲ မတူညီတဲ့ ဥပဒေတွေနဲ့ အုပ်ချုပ် ထားတဲ့ ချင်း ၊ ကချင် ၊ရှမ်း ၊ ဗမာနဲ့ အင်္ဂလိပ်တွေဆွေးနွေး တဲ့ ဒုတိယ ပင်လုံညီလာခံ ဆိုတာ ကျင်းပဖို့ ဖြစ်လာပါတယ်။


ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့ ပင်လုံ မလာခင် ရှမ်းမြောက် နမ့်ဖက်ကာမှာ ဆမားဒူဝါး ဆင်ဝါး နောင် အပါ အဝင် ကချင်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ရပြီး ကချင်ပြည်နယ် သတ်မှတ်ပေးဖို့ ကတိပြုခဲ့ရပါတယ်။ တကယ်တော့ ဒုတိယ ပင်လုံညီလာခံဟာ အင်္ဂလိပ်ကပဲ စီစဉ်ပေးတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း ကိုတောင် လေ့လာသူအဖြစ်ပဲ ဖိတ်ထားခဲ့တာပါ။ ဒါကြောင့်လည်း ဗိုလ်ချုပ် အောင်ဆန်းအနေနဲ့  ၁၉၄၇ ဖေဖော်ဝါရီ ၆ ရက်နဲ့ ရရက်နေ့တွေက ပင်လုံမှာ ကျင်းပနေတဲ့ ရှမ်းနဲ့ ကချင် ညီလာခံ နဲ့ ရှမ်း ၊ကချင် ၊ ချင်း ညီလာခံ ကို မတက်ပဲ တောင်ကြီးကနေ ရှေ့ပြေး ညီလာခံ တွေရဲ့ အခြေနေကို စောင့်နေ ခဲ့ရတာဖြစ်ပါ တယ်။အခြေနေ ကတော့ ညီလာခံ အစပိုင်းမှာ အင်္ဂလိပ်က အသာစီးရနေပါတယ်။ တိုးတက်အမြင် ရှိတဲ့ စဝ်ရွှေသိုက် ၊ -စဝ်စံထွန်းတို့ လိုစော်ဘွား အချို့ကလွှဲလို့ ကျန်စော်ဘွားတော်တော် များများကအင်္ဂလိပ်အလိုကျဆိုတဲ့ အနေထားမှာ ရှိနေခဲ့တာပါ။


ဒါပေမဲ့ စော်ဘွားတော်တော်များများဟာ ရှမ်းပါလီမန်မှာ လွှတ်တော်ကိုယ်စား လှယ်တွေကို ပြည်သူ့ဆန္ဒနဲ့ ရွေးဖို့ဆိုတဲ့အယူအဆမျိုးကို ဖေဖော်ဝါရီ ၅ ရက်နေ့က နယ်စပ်ဒေသ အုပ်ချုပ်ရေး ညွှန်ကြားရေးဝန်ကို ပေးပို့ခဲ့ပြီးဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီတုန်းက ဘုရင်ခံဟာ အင်္ဂလန်ကို ပြန်နေ တဲ့အတွက်  ဘုရင်ခံ ပြန်လာမှ ဆုံးဖြတ်နိုင်မယ်လို့ နယ်ခြားဝန်က စော်ဘွားတွေဆီကို အကြောင်း ပြန်ခဲ့ပါတယ်။ အဲမှာ တိုးတက်တဲ့ အယူအဆရှိတဲ့ စော်ဘွားတွေ ပျာယာခတ်နေချိန်မှာ ရပလ ခေါင်းဆောင်တွေက ' စော်ဘွားတွေရဲ့ နောက်မှာ လူထုမရှိတဲ့အတွက် စော်ဘွားတွေကို အင်္ဂလိပ်က ပြန်အကြပ်ကိုင်တာဖြစ် တယ်။ လူထုခေတ်ဖြစ်ပြီဖြစ်တဲ့အတွက် အင်္ဂလိပ်လွှမ်းမိုး မှုများတဲ့ ကမ္ဘောဇ ပဒေသရာဇ် အသင်းကို ဖျက်ချင်းရင် လူထုနည်းနဲ့ ဖျက်မှရမယ်လို့ အကြံပေးတဲ့အတွက် လူထုနည်းနဲ့ တောင်းဆိုဖို့ သဘောတူကြတာဖြစ်ပါတယ်။ ပင်လုံမှာ ညီလာခံနဲ့အတူ ပွဲတော်လည်း ကျင်းပနေတဲ့အတွက် လူထုကို စည်းရုံးဖို့လည်း သိပ်မခက်ခဲ့ပါဘူး။


တစ်ချိန်တည်းမှာဗမာပြည်မနဲ့ အတူ လွတ်လပ်ရေးမယူ၊ တောင်တန်းဒေသကို ချန်ထားမယ်ဆိုတဲ့ အနေအထားဖြစ်လာခဲ့တဲ့ အချိန်လက်ရှိစနစ်လိုပဲဆက်သွားမယ်ဆိုတဲ့အခါမှာ ရှမ်းပြည်နယ် အတွင်းမှာ ရှိတဲ့တိုင်းရင်းသားတွေအနေနဲ့ ဒီအတိုင်းထိုင်မနေတော့ပဲ လူထုလှုပ်ရှားမှုတွေကို တပြိုင်နက် ပြုလုပ် ခဲ့ကြပါတယ်။  အဲဒီအခြေနေမှာ နဂို အင်္ဂလိပ်နဲ့ လက်ဝါးချင်းရိုက်ခဲ့တဲ့စော်ဘွား အချို့လည်း ထပ်မံ ပြီး အင်္ဂလိပ်နဲ့ လက်ချင်းဆက်ဖို့ ခက်လာခဲ့တဲ့အခြေနေအထိ ရောက်လာ ခဲ့တာပါ။ ပြည်နယ်အနှံ့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီလူထုလှုပ်ရှားမှာ ရှမ်းတွေအပြင် ရှမ်းပြည်နယ်အတွင်း မှာ နေထိုင်ကြတဲ့ပအိုဝ်း ၊ ဓနု ၊ ပလောင် ၊ ကချင် စတဲ့ တိုင်းရင်းသားပေါင်းစုံပါပါဝင်ခဲ့တာပါ။


အဲဒါကြောင့်ပဲ  ဗြိတိသျှကော်မရှင်နာဦးဆောင်တဲ့ရှမ်းပြည်ထောင်စုကောင်စီ ဖျက်သိမ်းဖို့ ဖြစ်လာခဲ့ပြီး  ပလောင် ၊ရှမ်းပအိုဝ်း ၊ ဓနုစတဲ့ စော်ဘွားပေါင်းစုံပါဝင် တဲ့ ရှမ်းစဝ်လုံဖများနဲ့ လူထုကိုယ်စားလှယ်ပါဝင်တဲ့ ရှမ်းပြည်ကောင် စီ ပေါ်ေ ပါက် ဖို့ လမ်းစ ပေါ်လာခဲ့ တာဖြစ် ပါ တယ်။


လူထုကိုယ်စားလှယ် ရ ဦးနဲ့ စော်ဘွား ရ ဦးပါဝင်တဲ့ အဲဒီကောင်စီက အဖွဲ့ဝင်တွေအားလုံးဟာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးသူတွေဖြစ်လာပါ တယ်။ အဲဒီနေ့မှာပဲ ရှမ်း ၊ ကချင် ၊ ချင်း စသည့် ဗမာပြည်မနဲ့ အုပ်ချုပ်မှု မတူညီသော ဒေသအားလုံး ပူးပေါင်းပြီး Supreme Council of The United Hill People ကို ဖွဲ့စည်းနိုင်ပြီး လွတ်လပ်ရေးအရယူဖို့ လွတ်လပ်တဲ့ မြန် မာနိုင်ငံမှာ ရှမ်း၊ ကချင် ၊ ချင်းနယ်မြေတွေပါလာဖို့ ဖြစ်လာခဲ့ပါတယ်။
 အဲဒီကောင်စီပေါ်ပေါက်လာတာနဲ့လူထုလှုပ်ရှားမှုတွေကြောင့်ပဲ အင်္ဂလိပ်နဲ့ အင်္ဂလိပ်လိုလားသူ စော်ဘွားအချို့ဟာ အိုးစားကွဲခဲ့ရ တာဖြစ်ပြီး တောင်ကြီး ကနေ ရန်ကုန်ပြန်မလိုတောင်ဖြစ်နေပြီး  ရင်တမမနဲ့ စောင့်နေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ပင်လုံကို အရောက်လာနိုင်ခဲ့ တာဖြစ်ပါ တယ်။  အဲဒီနောက် ဆက်ဆွေးနွေးကြရင်း ရက်ပိုင်းအတွင်းပင်လုံ စာချုပ်ချုပ်ဆိုကြဆိုတဲ့ အခြေနေကို ရောက်သွားခဲ့ပါတယ်။


တနည်းအားဖြင့် ပင်လုံညီလာခံအနေနဲ့ ရလာဒ်ကောင်းရလာခဲ့တာတွေ က ဖေဖော်ဝါရီလ ရရက်နေ့မှာ စတင်ခဲ့တဲ့ ရှမ်းပြည် အတွင်း က လူထု လှုပ်ရှားမှုကြောင့်လည်းဖြစ်ပါတယ်။ တကယ် လို့ ၁၉၄၇ ခုနစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ကရှမ်းပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ လူထု လှုပ်ရှားမှုတွေသာ မဖြစ်ခဲ့ရင်မြန် မာပြည်မြေပုံအနေနဲ့ အခုလောက်ရှိပါတော့မလား ဆိုတာ တွေး ဆစရာပါ။


ဒါ့အပြင်ပြည်နယ်အဆင့်ရပြီး ဖက်ဒရယ်မူအခြေခံတွေကို ကျင့်သုံးဖူးတဲ့ ရှမ်းတွေအားကိုးနဲ့ လာခဲ့ တဲ့ ကချင် ၊ ချင်း စတဲ့ ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့မျိုးနွယ်စုတွေနဲ့ နယ်မြေတွေကလည်း ဘယ်လို ဆက်ဖြစ်မယ် ဆိုတာ စဉ်းစားသင့်တဲ့အရာလို့ ဆိုချင်ပါတယ်။

လူသိနည်းသော NCA ဆိုင်ရာပူးတွဲဆုံးဖြတ်ချက်များ

Posted: 06 Feb 2017 08:53 PM PST

တစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီစာချုပ် (Nationwide Ceasefire Agreement-NCA) ပာူသည့်စကားလုံး ကိုနိုင်ငံအနှံ့အပြားရှိ ကလေးငယ်များကအစ၊ လူထုကြား၌ယဉ်ပါးနေကြပြီပာု ဒေါက်တာတင်မျိုးဝင်းက ၂၀၁၆ခုနှစ်မကုန်မီ အစည်းအဝေးတရပ် တွင်ပြောကြားခဲ့ပါသည် ။


ထို့အပြင်သတင်းသမားနှင့် ပညာရှင်များအသိုင်းအ၀ိုင်း၌လည်း NCA ၏အခန်း ၇-ခန်း၊ စာပိုဒ် ပုဒ်မ ၃၃ ပိုဒ်တို့ကိုလေ့လာဖတ်ရှုပြီး သူများရှိကြောင်းကိုလည်းရေးသားသည့်သတင်းဆောင်းပါးများနှင့် ဝေဖန်သုံးသပ်ချက်များကိုဖတ်ရှုခြင်းအားဖြင့်သိနိုင်ပါသည်။
ဤအတွက် NCA ကို အများပြည်သူသိအောင်ရိုက်နှိပ်ဖြန့်ဝေခဲ့သော မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ကိုကျေးဇူးတင်ရမည်ဖြစ်ပါသည် ။


သို့ရာတွင် NCA နှင့်ပူးတွဲပါလာသည့်အစည်းအဝေးဆုံးဖြတ်ချက်များကိုကား လူသိနည်းနေသေးသည်ကို တွေ့ရပါသည်။ ဥပမာဆိုရလျှင်၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း (Security Reintegration) ဆိုသည်မှာအများသိ လုံခြုံရေးဆိုင် ရာပြန်လည်ပြုပြင်ရေး (SSR-Security Sector Reform) လား၊ လက်နက်ဖြုတ်-တပ်ဖြုတ်-ပြန်လည်ပေါင်းစည်းရေး (DDR-Disarmament, Demobilization and Reintegration) လားဆိုသည်မှာ မသိကွဲကြောင်းဝေဖန်မှုရှိသည်ပာု သုံးသပ်မှုကိုမကြာသေးမီက ဖတ်ရှုလိုက်ရပါသည် ။


အကယ်၍ NCA ကဲ့သို့ပင် NCA ဆိုင်ရာအစည်းအဝေး ဆုံးဖြတ်ချက်များကို အများဖတ်ရှုလေ့လာ နိုင်ရန်ဖြန့်ချီပေးခဲ့ပါက ဤကဲ့သို့ဝေဖန်မှုများပေါ်ထွက်နိုင်စရာအကြောင်းမရှိပါ။ အဘယ်ကြောင့်ဆို သော် NCA နှင့်ပူးတွဲပါဆုံးဖြတ်ချက်နှင့်မှတ်တမ်း ၃၆ ချက်၌၊ ဆုံးဖြတ်ချက် ၁၄ (က) တွင် “လုံခြုံရေးပြန်လည်ပေါင်းစည်းခြင်းဆိုသည်မှာ SSR-DDR လုပ်ငန်းစဉ်များကို ဆိုလိုခြင်းဖြစ်သည်” ပာုအတိအကျရေးသားထားသည်ကိုမြင်တွေ့ရမည်ဖြစ်ပါသည် ။


ဤသည်မှာ သတင်းသမားနှင့်ပညာရှင်များထက် သက်ဆိုင်ရာငြိမ်းချမ်းရေးကိစ္စတွင် တိုက်ရိုက်ပါဝင်လုပ်ဆောင်နေသူပုဂ္ဂိုလ်များနှင့် ဌာနအဖွဲ့အစည်းများ၏ တာဝန်ဖြစ်နေမည်မှာ ယုံမှားစရာမရှိပါ ။


သို့ဖြစ်ပါ၍၊ ထိုကဲ့သို့ထပ်မံမဖြစ်စေရန် NCA ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်များနှင့်မှတ် တမ်းတို့ကို ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်း၏စာအုပ်မှ ကောက်နှုတ်ယူ၍ ထပ်မံဝေဌအပ် ပါသည် ။

Download PDF file here : NCA-agreement

သျှမ်းသံတော်ဆင့်

unread,
Feb 8, 2017, 5:22:02 PM2/8/17
to thuau...@gmail.com

နှစ် ၇၀ ပြည့် သျှမ်းပြည်အမျိုးသားနေ့ သမိုင်းဝင်ပင်လုံတွင် ကြီးကျယ်ခန်းနားစွာကျင်းပ

Posted: 08 Feb 2017 07:16 AM PST

ဖဖော်ဝါရီ (၇) ရက်နေ့တွင် ကျရောက်သည့် သျှမ်းအမျိုးသားနေ့ ၇၀ နှစ်ပြည့်နှစ်တွင် သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့၌ ပင်လုံသျှမ်းစာပေ ယဉ်ကျေးမှု၊ ပင်လုံ တက္ကသိုလ် သျှမ်းစာပေ ယဉ်ကျေးမှု နှင့် ပင်လုံလူငယ်များ စုပေါင်းပြီး ထမအကြိမ် အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။


ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ စိုင်းဆွန်ယု က “ပင်လုံ သျှမ်းစာပေ ယဉ်ကျေး မှု ၊ပင်လုံ လူငယ် နဲ့ ပင်လုံတက္ကသိုလ်တွေ ပထမကြိမ် စုပေါင်းပြီး လုပ်တာ အင်မတန် ဂုဏ်ယူပါတယ်၊ ပြီးတော့ စာပေ ယဉ်ကျေးမှု ကို မြတ်နိုး တာကိုလည်း ဂုဏ်ယူတယ်၊ ဒါကြောင့် ရှေ့ဆက် ပင်လုံမြို့မှ မဟုတ် အမြို့မြို့ အနယ်နယ်မှာရှိတဲ့ လူထုတွေ ကျင်းပသွားစေချင်တယ် ။ ကိုယ့်သျှမ်း အမျိုး သားနေ့ကို မမေ့ဖို့ သျှမ်းတိုင်းရင်းသားအားလုံးမှာ တာဝန်ရှိတယ်” ဟု ပြောသည်။


အခမ်းအနားတွင် သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) မှ ပေးပို့လာသော သဝဏ်လွှာ၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှပေးပို့လာသော သဝဏ်လွှာ နှင့် သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် မှပေးပို့သော သဝဏ် တို့ဖတ်ကြားပြီး သျှမ်းအမျိုးသားနေ့ ဖြစ်တည်လာသည့် သမိုင်းအကျဉ်းကို ဖတ်ကြားသည်။


“သျှမ်းပြည်အမျိုးသားနေ့ကို အရင်တုန်းက သျှမ်းပြည်နယ်နေ့ တစ်ချို့က လည်း သျှမ်းအမျိုးသားနေ့လို့ အမျိုးမျိုးပြောကြတယ်။ ဒါပေမယ့် ဘယ်လိုဘဲပြောပြော အဲ့ဒီဖေဖော်ဝါရီ ၇ ရက်နေ့က သျှမ်းစော်ဘွားတွေ သျှမ်းပြည်သူလူထုတွေ အတူလက်တွဲပြီးတော့မှ သျှမ်းပြည်အရေးကို ဝိုင်းဝန်းလုပ်ကြမယ်လို့ သဘော တူညီကြ တဲ့နေ့ဖြစ်တယ်။ သျှမ်းပြည်နယ်သမိုင်းအရ သျှမ်းအမျိုးသားတွေရဲ့ သမိုင်းကြောင့် သျှမ်းပြည်သူ လူထု တစ်ရပ်လုံးရဲ့ သမိုင်းကြောင်းမှာ အင်မ တန် အရေးပါတဲ့ အချက် ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီနေ့ရဲ့ အထိမ်းအမှတ် ကို နှစ်ပေါင်း ၆၉ နှစ်ပြည့်တဲ့အထိ သူ့နည်းသူ့ဟန် ကိုယ့်နည်းကိုယ့်ဟန် လုပ်လာတယ် ခေတ်ကာလ ပြောင်းလဲလာတာနဲ့အညီ ခေတ်ရဲ့တောင်းဆိုမှုအရ ပုံစံအမျိုးမျိုးနဲ့ ကျင်းပတယ်။ အဲ့ဒီမှာ သျှမ်းပြည်သူလူထုတစ်ရပ်လုံးကို ကိုယ် စားပြုပြီးတော့မှ လုပ်တဲ့ အနေအထားမျိုးမရှိဘူး ခုကျမှ CSSU သျှမ်းပြည် ညီညွတ်ရေးကော်တီ က ဒါဟာ သျှမ်းတွေအားလုံးရဲ့ စုစည်းညီညွတ်မှု ကို ပြနိုင်တယ်ခါကျတော့ အခုမှ သူတို့ ညီညွတ်မှုကို ပိုပြီး ပီပြင်လာတယ် ။ နှစ်ပေါင်း ၇၀ တည်ဆောက်လာရတယ် ။ ထပ်ပြီး မစောင့်ရ အောင် ကျနော်တို့တွေ စည်းလုံးညီညွတ်စွာနဲ့ ပိုပြီးတော့မှ ကြိုးပမ်းအားထုတ်ဖို့မြင် တယ် ဒါကြောင့်လို့ ဒီနေ့ အထိမ်းအမှတ်မှာထုတ်တဲ့ ဒီ သဝဏ်လွှာကို ကြိုဆို တယ် ပါတယ်” - CSSU အတွင်းရေးမှူးများ အဖွဲ့ဝင်၊ နိုင်ငံရေးဆွေးနွေးညှိုနှိုင်း မှု ကော်မတီဝင် စိုင်းလိတ် ကပြောသည်။


ပင်လုံမြို့တွင် ကျင်းပပြုလုပ်သည့် ဖေဖော်ဝါရီ ၇ ရက်နေ့ နှစ် ၇၀ ပြည့် သျှမ်းပြည်အမျိုးသားနေ့ကို ပင်လုံမြို့နယ် အတွင်းသာမက လဲချားမြို့သျှမ်း စာပေယဉ်ကျေးမှု နှင့် လူငယ်များ ၊ မိုင်းပွန်မြို့ သျှမ်းစာပေ ယဉ်ကျေးမှု နှင့် မိုင်းပွန် လူငယ်များလည်း တက်ရောက်သည်။


“ကျနော်တို့ သျှမ်းလူငယ်တွေအားလုံး တက်သစ်စလူငယ်တွေကော မျိုးဆက်သစ်တွေကော ဒီလို သျှမ်းအမျိုးသားနေ့ကို သိရှိနားလည်စေချင်တယ်၊ ဒီသျှမ်းအမျိုးသားနေ့မရှိရင် ပြည်ထောင်စုနေ့ ဆိုတာ ရှိလာမှာမဟုတ်ဘူး” ဟု ပင်လုံသျှမ်းလူငယ် စိုင်းမွမ်းခမ်း ကပြောသည်။


ဖေဖော်ဝါရီလ ၇ ရက်နေ့ ၂၀၁၇ တွင်ကျရောက်သော နှစ် ၇၀ ပြည့် သျှမ်းပြည် အမျိုးသားနေ့ ကို သျှမ်းပြည်မြောက်ပိုင်းတွင် မူစယ်၊ နမ့်ခမ်း၊ သိန္နီ၊ကျောက်မဲ၊ တန့်ယန်း၊ သီပေါမြို့များတွင် လည်း ကောင်း၊ သျှမ်းပြည်တောင်ပိုင်းတွင်မူ ကွန်ဟိန်း၊ကာလိ၊ ကျေးသီး၊ ပင်လောင်း၊ ပင်လုံတို့တွင်လည်း ကောင်း အသီး သီး အခမ်းအနားများကျင်းပ ခဲ့ကြပြီး တောင်ကြီး၊ ကျိုင်းတုံ၊ ဝမ့်ဟိုင်း ဌာန ချုပ်နှင့် လင်းခေးမြို့တို့တွင် မူ ဟောပြောပွဲ၊ အလှူအဒါန်းပြုပွဲတို့သာ ကျင်း ပခဲ့ကြောင်း သိရသည်။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် ၏ ဗဟိုဌာနချုပ်ရှိရာ လွယ်တိုင်းလျန်း တွင်လည်း သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည်။


အမြို့မြို့အနယ်နယ်မှ တက်ရောက်လာသည့်လူထုအင်အား သောင်းကျော် ရှိကြောင်း ဆိုပါသည်။


သျှမ်းပြည်ပြင်ပ မြို့ကြီးများဖြစ်ကြသော ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် လည်းပွဲကျင်းပ ခဲ့သည်။


၁၉၄၇ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ပင်လုံစာချုပ် လက်မှတ်မထိုးခင် သျှမ်းပြည်ေ ကာင် စီ ဥက္ကဋ္ဌ၊ နမ့်ဆန် စော်ဘွား ခွန်ပန်းစိန် က- ၁) ဖေဖော်ဝါရီ ရ ရက်နေ့ကို သျှမ်းပြည်အမျိုးသားနေ့ ၊ ၂) ဝါစိမ်းနီ အလယ်ဗဟို လဝန်းရှိသည့် အလံကို ရှမ်းပြည်နယ်ကိုယ်စားပြုအလံ နှင့် ၃) “ ခေးတိုင်းခေးရာဇာ ” သီချင်းကို အလံ တင်သီချင်း (သို့မဟုတ်) ရှမ်းအမျိုးသားသီချင်းအဖြစ် သတ်မှတ်ေ ပးခဲ့သည် ။

သျှမ်းသံတော်ဆင့်

unread,
Feb 9, 2017, 5:05:13 PM2/9/17
to thuau...@gmail.com

မြစ်ကြီးနား၊ မုဒုံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှုဒေသခံ ကန့်ကွက်

Posted: 08 Feb 2017 11:47 PM PST

ကချင်ပြည်နယ် မြစ်ကြီးနား နှင့် မွန်ပြည်နယ် မုဒုံ  မြို့များတွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အား စိုက်ထူရန် NLD ပါတီ ၏အစီအစဉ်အား ကချင်နှင့် မွန်တိုင်းရင်းသားများက ကန့်ကွက်နေကြပါသည် ။


မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံအနီးရှိ မြေနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူခြင်းကို ဗိုလ်ချုပ်၏ ပင်လုံ ကတိကဝတ်များ အကောင်အထည် ဖော်ပြီးမှသာ စိုက်ထူရန် ကချင်နိုင်ငံရေးပါတီ များဖြင့် ဖွဲ့စည်းထားသည့် ကချင်နိုင်ငံရေး ဦးဆောင်မှု ကော်မတီ KPCC မှ ကချင်ဝန်ကြီးချုပ်ထံ တောင်းဆိုထားသည်ဟု သိရသည်။


‘ အခုက တိုက်ပွဲတွေလည်း ပြင်းထန်တယ်။ ဒုက္ခသည်တွေလည်း အများကြီးပဲ၊ ဗိုလ်ချုပ်ကတိကဝတ်က သမီးလက်ထက်မှာလည်း အကောင်ထည်ဖော်မလာသေးဘူး။ လူထုကလည်း ဗိုလ်ချုပ် ကတိကဝတ်ကို အကောင်ထည်ဖော်ပေးဖို့လိုလားတယ်။ ဗိုလ်ချုပ် ကတိကဝတ် အကောင်ထည်ဖော်ပြီးမှ ဆက်လုပ်ဖို့ တောင်းဆိုကြတယ်။ အခု အစိုးရသစ်တက်တာ တစ်နှစ်လောက်ရှိတော့ အခြေအနေသိနေတာလည်း ပါတာပေါ့လေ။ ‘ ဟု မြစ်ကြီးနားဒေသခံ နော်ဆန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


အဆိုပါ ကြေးရုပ်အား မူလက အောင်ဇေရန်အောင် ဘုရားအနီးတွင် ထားရှိရန် စီစဉ်ခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် စိမ်းမြဧရာ ပန်းခြံအနီးတွင် စီစဉ်လာခြင်းဖြစ်သည်။


မွန်ပြည်နယ် မုဒုံမြို့လယ်ပန်းခြံအတွင်းတွင်လည်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုအပေါ် မွန်ဒေသခံများက ကန့်ကွက်နေပြီး ယခုရက်ပိုင်းအတွင်းမှာပင် မွန်အစိုးရနှင့် တွေ့ဆုံကာ ကန့်ကွက်ခဲ့သည်ဟု သိရသည်။


အဓိကက မုဒုံ မွန်လူငယ် အသင်းက ဦးဆောင် ကန့်ကွက်နေတာ- ဟု ဒေသခံ နိုင်မင်းထူးက ပြောသည်။


ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည်ဟု သတင်းများ စတင်ထွက်ပေါ်ခဲ့သည့် လွန်ခဲ့သည့် ၃ လ ခန့်မှ စတင်ကာ ကန့်ကွက်နေခြင်းဖြစ်ပြီး လတ်တလော ရက်ပိုင်းအတွင်းတွင် ဗိုလ်ချုပ်ကြေးရုပ်အား ကန်သာယာပန်းခြံတွင် ထားရှိရန်စီစဉ်နေသည့်အပေါ် မုဒုံမွန်လူငယ်အသင်းမှ ဦးဆောင်ကာ ထပ်မံကန့်ကွက်ခဲ့ခြင်းဖြစ်သည်။


ပင်လုံကတိကဝတ်များအကောင်ထည်ဖော်ပြီးမှသာ ပန်းခြံအတွင်းထားရှိရန်  ( သို့မဟုတ် ) အာဇာနည်ကျောက်တိုင်အနီးရွှေ့ပြောင်းပေးရန် တောင်းဆိုခဲ့ကြသည်ဟု မွန်လူငယ် မင်းလတ်က ပြောသည်။


‘ဦးနေဝင်းကလည်း သူအာဏာ ယူထားတာ တရားဝင်အောင် ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွားဆိုပြီး လုပ်ခဲ့တယ်။ တိုင်းရင်းသားတွေ သမိုင်းမှေးမှိန်သလိုဖြစ်နေချိန်မှာ ဗိုလ်ချုပ်ကြေးရုပ်တွေ တိုင်းရင်းသားနယ်တွေကို ပို့နေသလို ဖြစ်နေတယ်။ အစိုးရအနေနဲ့ လက်ရှိအနေထားကို ပြန်သုံးသပ်သင့်တယ် ’ဟု မင်းလတ်က ပြောသည်။


မွန်သတင်းဌာနမှ နိုင်ဗညားအောင်ကမူ မွန်ပြည်နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်သာမက အသစ်တည် ဆောက်မည့် သံလွင်မြစ်ကူးချောင်းဆုံ တံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးမည့် အသံများထွက်နေသဖြင့် စိုးရိမ်မိကြောင်း သျှမ်းသံတော်ဆင့် သို့ ပြောဆိုသည်။

သျှမ်းသံတော်ဆင့်

unread,
Feb 11, 2017, 4:49:55 PM2/11/17
to thuau...@gmail.com

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် မည်သည့်ရေကာတာ စီမံကိန်းမဆို လက်မခံကြောင်း ဒုတိယဗိုလ်ချုပ် ကြီးယွတ်စစ်ပြော

Posted: 11 Feb 2017 05:46 AM PST

သျှမ်းပြည် အတွင်း စီးဆင်းဖြတ်သန်းသည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် မည်သည့်ရေကာတာ စီမံကိန်းမဆို လက်ခံမည်မဟုတ်ကြောင်း RCSS/SSA ဒုတိယဗိုလ်ချူပ်ကြီး ယွတ်စစ် က ဖေဖော်ဝါရီ ရ ရက်က Channel News Asia မှ သတင်းထောက် Panu Wongcha-Um  တွေ့ဆုံမေးမြန်းရာ တွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည် ။


လက်ရှိအစိုးရသစ် လက်ထက်တွင် သံလွင်မြစ်ပေါ်တွင် ရေးအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် ရေကာတာများ တည်ဆောက်နိုင်ရန် စီစဉ်နေခြင်းများရှိပြီး သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများနှင့် ပတ်သက်ပြီး အဆိုပါ သတင်းထောက် တွေ့ဆုံမေးမြန်းရာ တွင် ဒုတိယဗိုလ်ချူပ်ကြီးယွတ်စစ် ပြန်လည်ဖြေကြား သွားခဲ့ခြင်းဖြစ်သည် ။


ဒုတိယဗိုလ်ချူပ်ကြီးယွတ်စစ် က “ရေကာတာ တည်ဆောက်တာတွေက ပြည်သူတွေ ကို ထိခိုက်နစ်နာ စေ တယ်။ နောက်ပြီး ကျနော်လည်း ဒီကိစ္စကို သဘောမတူဘူး။ သံလွင်မြစ်ကြီးက သျှမ်းပြည်တစ်ခုလုံးကို ဖြတ်သန်းပြီးတော့ သျှမ်းပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်နေတာဖြစ်တယ်။ ဒီရေကာတာ စီမံကိန်းကြီးက ပြည်သူလူထုတွေကို ထိခိုက်စေမယ်ဆိုရင် ကျနော်တို့ အနေနဲ့ ဒီစီမံကိန်းတွေကို လက်မခံနိုင်ပါဘူး” - ဟု ဖြေကြားသွားခဲ့သည် ။


သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၆ ခု (သျှမ်းပြည်အတွင်း ၄ ခု၊ ကယားပြည်တွင် ၁ ခု နှင့် ကရင်ပြည်တွင် ၁ ခု တို့ကို အရင်အစိုးရ လက်ထက် ၂၀၀၉ မှာ ရေးထိုးခဲ့ပြီး ၂၀၁၄ မှာ သဘောတူစာချွန်လွှာ ရေး ထားပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ China Three Gorges Corporation ၊ ထိုင်းနိုင်ငံမှ EGAT Inter -national နှင့် International Group of Entrepreneurs Company Ltd ( IGOEC) တို့အား ဆောက်လုပ် ခွင့် ကန်ထရိုက် ပေးထားကြောင်း သိရသည် ။


ထိုအနက် မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓါတ် အား ၈၀၀၀ မဂ္ဂါဝပ် ကို ထိုင်းနိုင်ငံသို့ ၄၅ ရာခိုင်နှုန်း တရုတ်နိုင်ငံသို့ ၄၅ ရာခိုင်နှုန်း အား နှစ် ၄၀ ကြာ ရောင်းချမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ၁၀ ရာခိုင်နှုန်းသား ရရှိမည်ဖြစ်ကြောင်း သိရသည် ။


လက်ရှိတွင် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်ပြီး ရှမ်းပြည် လူထုအဖွဲ့အစည်း အသီးသီးများ၊ ကယားပြည်နယ်ရှိ လူထုအဖွဲ့အစည်း၊ ကရင်ပြည်နယ်ရှိ လူထုအဖွဲ့အစည်းနှင့် မွန်ပြည်နယ်မှ လူထုအဖွဲ့အစည်းများက ဆည်တည်ဆောက်မည့်ကိစ္စကို ဆက်လက်ဆန့်ကျင် ကန့်ကွက်သွားခြင်းများ လုပ်ဆောင်ရန်ရှိကြောင်း ဆိုကြသည် ။

ဘိန်းခြံဧက ၇၀ ကျော်ဖျက်ဆီးပြီး ပစ္စည်း၊ ငွေကြေး - ကျပ်သိန်း ၁၀၀ ကျော်အား ဘိန်းခြံတောင်သူများအတွက် SSPP/SSA ထောက်ပံ့

Posted: 11 Feb 2017 05:35 AM PST

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ ဘိန်းခြံ ဧကပေါင်း ၇၀ ကျော်အား သျှမ်းပြည် တပ်မတော် SSPP/SSA မှ ဖျက်ဆီးပြီး ဘိန်းစိုက်တောင်သူဦးကြီးများအတွက် ပစ္စည်းများ ငွေကြေးများထောက်ပံ့ ခဲ့သည်ဟု သိရသည် ။


သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့နယ် မိုင်းကောဝ် ကျေးရွာအုပ်စုဝင် လွယ်လဲမ်၊ ဝမ့်တုတ်၊ ဝမ့်အောက်၊ ဝမ့်ဖတ့်ကမ်နိုင်း၊ ဝမ့်မတ်ဝေါဝ်း စသည့်ကျေးရွာအတွင်းရှိ ဘိန်းခြံများအား ဖေဖေါ်ဝါရီ လဆန်းပိုင်း စ၍ ယနေ့ အထိ သျှမ်းပြည် တပ်မတော် SSPP/SSA စစ်ကြောင်းများက ဒေသခံအကြီး အကဲများနှင့် အတူ ပူးပေါင်းပြီးသွားရောက်ဖျက်ဆီးကြကြောင်း၊ ဘိန်းခြံဖျက်ဆီးခံရသည့် ပိုင်ရှင်များ၊ ခြံလုပ်သားများ အတွက် ထောက်ပံ့ပစ္စည်းများ၊ ငွေကြေးများ အစားထိုးသီးနှံများ ထောက်ပံ့ခဲ့ကြောင်း တန့်ယန်းရောက် ဒေသခံ  အကြီးအကဲ တဦးက ပြောသည် ။


“ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ ဘိန်းခြံတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေ အတတ်နိုင်ဆုံး တိုက်ဖျက် နေတယ်။ ၂၀၁၆ ကတည်းက ကျနော်တို့ အစီအစဉ်စလာတယ်။ ထုတ်ပြန်ကြေငြာချက်တွေလုပ်တယ်။ သိသင့်သိထိုက်တာကိုကွင်းဆင်းပြီးဟောပြောတယ်။ လမ်းသွားလမ်းလာတွေကို ကြပ်မတ်စစ်ဆေး တယ်။ အခု ဘိန်းခြံဖျက်ခံရတာလဲ သူတို့တွေမနစ်နာရအောင် ငွေကြေးတွေ၊ ဘိန်းအစားထိုးမျိုးစေ့တွေ ပေးကမ်းထောက်ပံ့တယ်၊ ပန်းဂျုံဈေးကွက်လဲ ပြင်ဆင်ပေးထားတယ်” - ဟု ပြန်ကြားရေးအရာရှိ ဗိုလ်မှူး စိုင်းစိုင်း က ပြောသည် ။


၂၀၁၇ ဇန်နဝါရီ လလယ်ပိုင်းက မိုင်းရှူးမြို့နယ်အတွင်း ရှိ ဘိန်းခြံများအား အစိုးရ တပ်မတော် စစ်ကြောင်းမှ သွားရောက် ဖျက်ဆီး စဉ် သျှမ်းပြည်တပ်မတော် SSPP/SSA က ဟန့်တားတိုက်ခိုက် ခဲ့သည်ဟု အစိုးရ ပိုင် သတင်းမီယာများက ထုတ်ပြန်သည် ။


“ပထမ တပ်တွေဖယ်ပေးဖို့ ပြောတယ်။ ကျနော်တို့က မဖယ်ပေးနိုင်ဘူးလို့အကြောင်းပြန် ပြန်တယ်။ ပြီးတော့ အဲဒီဒေသမှာ ရှိတဲ့ ဘိန်းခြံတွေ သွားဖျက်မယ်လို့ထပ်ပြောလာတယ်။ ကျနော်တို့ကလဲ ဖျက်ဖို့ လုပ် နေတယ်။ ပူးတွဲ ဖျက်ရအောင် လို့ အကြောင်းပြန်တယ်။ ဒါပေမယ့် မပြောမဆို နဲ့  တက်လာတော့ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်သွားတာ” - ဟု မိုင်းရှူးမြို့နယ် အတွင်း တာဝန်ကျ တပ်မှူးတဦးက ပြောသည် ။


သျှမ်းပြည်အတွင်း ဘိန်းခြံစိုက်ပျိုးမှုသည် မြန်မာနိုင်ငံတွင် ၉၆ ရာခိုင်နှုန်းရှိကြောင်း၊ ကမ္ဘာတွင်လည်း အာဖဂန်နစ်စတန်နိုင်ငံပြီးလျှင်မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှု ဒုတိယ အဆင့် ရှိသည်ဟု ဆိုသည် ။

ကချင် သူနာပြု ဆရာမ ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခြင်းခံရ

Posted: 11 Feb 2017 05:25 AM PST

ကချင်တိုင်းရင်းသူ သူနာပြု ဆရာမတစ်ဦးဖြစ်သူ  မလိဆန်းပန်မှာ ဓါးဖြင့် အချက်ပေါင်းများ စွာ ထိုးသတ်ခံရပြီး မြစ်ကြီးနားမြို့တွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။


ဖေဖော်ဝါရီလ ၉ ရက်နေ့က မြစ်ကြီးနားမြို့ကြက်ပေါင်ခြံရှိ နေအိမ်တွင် ဓါးဖြင့် ထိုးသတ်ခံခဲ့ရခြင်းဖြစ်ပြီး သူ၏ ဆွေမျိုးများ သူမနေထိုင်သည့် အိမ်သို့ ရောက်ရှိလာချိန်တွင်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည် ။


“အိမ်ထဲမှာအလောင်းတွေ့တယ် အိမ်ဘေးကလူတွေကတွေ့တာ မနေ့က ငါးနာရီလောက်မှာမနေ့က တစ်နာရီလောက်မှာ အမျိုးသားတစ်ယောက်နဲ့ အိမ်ထဲမှာရှိနေတယ် သူကအိမ်ဆိုင်မှာ ဆိုင်စောင့်ပေးတာပေါ့ ' ဟုကချင်အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးက ပြောသည် ။


လတ်တစ်လောကာလအတွင်း မလိဆန်းပန် သေဆုံးမှုနှင့် ပတ်သက်၍ အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့ဖွယ်ရှိ သည် ဆိုသည့် ပြောဆိုမှုများမှာ မြစ်ကြီးနားမြို့တွင်ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်နေသော်လည်း ရင်ခွဲရုံ ဆေးစစ် ချက်များအရမူ အဓမ္မပြုကျင့်ခံထားရမှုကို တွေ့ရှိရခြင်းမရှိဟု မြစ်ကြီးနားရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည် ။


အဆိုပါသူနာပြုဆရာမသည် ဓားဒဏ်ရာ၁၉ချက်ဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး တရားခံကိုစုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်းသိရသည် ။


အမှုအား ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်ထားသည်ဟု သိရပြီး ယခုအမှုမှာမုဒိန်းကျင့် သတ်ဖြတ်ခံရပြီးသေ ဆုံးခဲ့သည့် မူစယ်မြို့နယ် ကောင်းခါးရွာမှ ကချင် ဆရာမနှစ်ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း လူထုအကြား စိတ်ဝင်စား မှုမြင့်တက် လာသည့်ကချင်အမျိုးသမီးတစ်ဦး အသတ်ခံရမှုလည်းဖြစ်လာသည် ။


ကချင်သူနာပြု ဆရာမသည် ဗန်းမော်မြို့တွင် နေထိုင်သူ တဦးဖြစ်ပြီး၊ လက်ရှိတွင် မြစ်ကြီးနားရှိ ဆွေမျိုးများနှင့် အတူ လာရောက်နေထိုင်သူ တဦးဖြစ်ပြီး ယခင်က သူနာပြုဆရာမအဖြစ် လုပ်ကိုင် ခဲ့သော်လည်း လက်ရှိတွင် အန်ဂျီအို အဖွဲ့အစည်းအချို့နှင့်အ ရပ်ဘက်အဖွဲ့အစည်း များတွင်လုပ်ကိုင် လျက်ရှိသည် ။


“သူက ကျမအစ်ကိုနဲ့ ပရောဂျက်တစ်ခုထဲလုပ်တာ၊ ကျမလည်း အရမ်းဝမ်းနည်းရတယ်။ အရင်က ဒုက္ခသည်ကူညီရေးအတွက် ခရီးစဉ်တွေမှာလည်းအတူတူသူနဲ့သွားဖူးတယ်” -  ဟု သမိုင်းဝင် ပင်လုံ၌ ကျင်းပမည့်ပြည်ထောင်စုနေ့ဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးရန် သျှမ်းပြည်ရောက်နေသည့် ကချင်တိုင်း ရင်း သူ လာရှမ်ဆိုင်းပန်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲစာရင်းလာကြည့်သူ နည်းပါး၊ မဲစာရင်းကြည့်ရန် UEC နှင့် ကျားခေါင်း ပါတီနှိုးဆော်

Posted: 11 Feb 2017 05:19 AM PST

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ကပ်ထားခဲ့ရာ ကြည့်ရှုသူအလွန် နည်းပါးနေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကြေငြာ ချက်ထုတ်ပြန်သည် ။


မဲစာရင်းလာကြည့်သူ အရေအတွက်မှာကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်အရေအတွက်၏ ၆ ဒဿမ ၀၁  ရာခိုင်နှုန်းသာရှိကြောင်းလည်း ကော်မရှင်က ဆိုပြီး  မိမိနာမည် မပါသဖြင့်အမည် စာရင်းထည့် သွင်းရန် ပုံစံ (၃) တောင်းသူ ၂ ဒဿမ ရ ရာခိုင်နှုန်း ၊ မဲစာရင်းတွင် မပါသင့်သူပါဝင်နေမှုအား ပုံစံ(၄)ဖြင့် ကန့် ကွက်သူ ၀.၅ ရာခိုင်နှုန်း၊ မဲစာရင်းတွင် အချက်အလက်များမှားယွင်းနေသဖြင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် တင် သွင်းသူ ၁.၆ ရာခိုင်နှုန်း သာရှိနေကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည် ။


ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲစာရင်းဖြစ်ပေါ်စေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် တစ်ဦး မပျက်မကွက် ကြည့်ရှု့ပြီး မဲစာရင်းတောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများကို ပြုလုပ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှိုးဆော်ထားသည် ။


‘ရန်ကုန်မှာက အခုက ပြည်သူတွေက အဆင်မပြေဘူး။ ဒေါ်လာဈေးတက် ကုန်ဈေးနှုန်းတက် ၊ အလုပ်အကိုင် မပေါသလို အန်အယ်လ်ဒီအစိုးရက မြို့တွင်း ဘတ်စကားတွေ ပြုပြင်ပြောင်း လဲရေးလုပ်တော့လည်း သာမန် ပြည် သူတွေအဆင်မပြေပဲ အဲဒီဒဏ်ကိုပါခံလာရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သွားမကြည့်ဖြစ်ဘူး။’ ဟု အမျိုးသားလွှတ်တော် ကြားဖြတ် လစ်လပ်မဲဆန္ဒနယ်ရှိသည့် ကမာရွတ်မြို့နယ်မှ ကိုဆန်းက သျှမ်းသံတော် ဆင့်သို့ ပြောသည် ။


သျှမ်းပြည်တွင်မူ သျှမ်းတိုင်းရင်းသားပါတီဖြစ်သည့် ကျားခေါင်းပါတီမှ ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက မဲဆွယ်စည်းရုံးမှုများလုပ်နေပြီး မဲဆွယ်မှုနှင့်အတူ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများပါ လူငယ်များနှင့် ပူးတွဲလုပ်ဆောင်နေသည်ဟု ပါတီ အတွင်းရေးမှူး (၂) စိုင်းကျော်ညွှန့်ကပြောသည် ။


မိုင်းရှူးဘက်မှာလည်း လူတွေက သိပ်လာမကြည့်ဘူး။ တအားအဆိုးကြီးမဟုတ်ပေမဲ့ပြဿနာက မဲစာရင်းက မြန်မာစာနဲ့ ရေးထားတော့ ရွာတွေမှာ က မဖတ်တတ်တော့အဲဒါလည်း ပြဿနာရှိတယ်။ မဲပေးရမဲ့ သူတွေ မဲပေးနိုင်အောင်လို့ မဲစာရင်းသွားကြည့်ဖို့ တိုက်တွန်းလိုတယ်။ ဒါမှကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ လမ်းစတွေ ပေါ်လာမှာဖြစ်တယ်။ ဟုစိုင်းကျော်ညွှန့်က ပြောသည် ။


သျှမ်းပြည်တွင် လစ်လပ်မဲဆန္ဒနယ် ၈ နေရာရှိနေပြီး ကျားခေါင်းပါတီမှ ရ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ သျှမ်းပြည်ရွေးကောက်ပွဲ လစ်လပ် မဲဆန္ဒနယ်များတွင် အနိုင်ရရန် ယုံကြည်ထားကြောင်းလည်း ကျားခေါင်းပါတီ ဥက္ကဌခွန်ထွန်းဦးက ပြောသည် ။


ကိုယ့်ကိုကိုယ်အထင်ကြီးလို့ မဟုတ်ဘူး။ ကျွန်တော်တို့ အခြေနေကောင်းမယ်လို့မျှော်လင့်ထားတယ်။ ဟု ခွန်ထွန်းဦးက ပြောကြောင်း The Ladies News သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထား သည်။ မဲစာရင်းကပ်ထားမှုကိုဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိပြုလုပ်မည်ဟုရွေးကောက်ပွဲကော်မရှင်မှ ယခင်က ကြေငြာထားသည် ။

သျှမ်းသံတော်ဆင့်

unread,
Feb 12, 2017, 5:18:51 PM2/12/17
to thuau...@gmail.com

လားရှိုးကျေးလက်ဒေသခံ မိုင်းနင်းမိသေဆုံး အလောင်းသယ်ထုတ်ဖို့ ရွာသားများ အခက်တွေ့

Posted: 12 Feb 2017 05:42 AM PST

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကြတ်ကျေးရွာအုပ်စုအတွင်း သံလွင်မြစ်ကမ်းဘေး တာတင်းတန်ကူး တို့ ဆိပ်ရွာဘက် အသွားလမ်းတွင် မြေမြှုပ်မိုင်းနင်းမိကာဒေသခံတဦး သေဆုံးခဲ့ရပြီး မြေမြှုပ်မိုင်း အများအပြား ကျန်ရှိနေသေးသဖြင့် အလောင်းသယ် ထုတ်ရန်   အခက်အခဲဖြစ်နေသည်ဟု သိရသည် ။

သံလွင်မြစ် တာတင်းတန်အနီးရှိ မိုင်းကြတ်အုပ်စုပြမြေပုံ
၂၀၁၇ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ က မိုင်းကြတ်ကျေးရွာအုပ်စု ကောင်းမဟဲန်ကျေးရွာနေ ဦးလုံးပုမ် - နိုင်းအာမ် တို့၏သား စိုင်းယီဟောအသက် ၂၂ နှစ်နှင့် ညီဖြစ်သူတို့ ကွန်လုံဒေသ ကန်မိုင်းရွာသို့ ကြံခုတ်ရန်အသွား လမ်းခရီး၌ မြေမြှုပ်မိုင်းနင်း မိကာ အစ်ကိုဖြစ်သူ နေရာတွင်ပင် သေဆုံးခဲ့သည် ။


"ဘယ်သူထောင်လဲတော့မသိဘူး။ ကွန်လုံဘက်က ဆင်းလာ တဲ့ ဗမာ့တပ်မတော် တော့ တာတင်းတန်မှာ စခန်းလာချတယ်။ မိုင်းတွေကများတော့ သူ့ညီက မိုင်းထပ်နင်းမိမှာစိုးလို့သူ့အစ်ကိုဆီ မသွားရဲဘူး မကယ်ထုတ်နိုင်ခဲ့ဘူး။  ရွာပြန်လာပြီး ရွာသားတွေကိုလာခေါ်တာ။ အခုကျနော်တို့ ရပ်ရွာအကြီးအကဲတွေနဲ့ အာဏာပိုင်တွေ၊ လွှတ်တော်အမတ်တွေခေါ်ပြီးအလောင်းသွားသယ်မလို့ " - ဟု ဒေသခံ (ဦး)လုံးစိုင်းက သျှမ်းသံတော်ဆင့် သို့ပြောသည် ။


စိုင်းယီဟော သေဆုံးမှုနှင့်ပတ်သက်၍ ရွာအကြီးအကဲများက အဆိုပါဒေသ အတွင်းစခန်းချနေထိုင်နေသည့် တပ်မတော်အခြေချ လှုပ်ရှားသည့် စစ်ကြောင်းမှူး နှင့် ရဲစခန်းသို့အား တိုင်တန်းထားသည်ဟု ဆိုသည် ။


၎င်းနှင့်ပတ်သက်ပြီး လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလှိုင်းခမ်းက - "စစ်မက်ဖြစ်ပွါး တဲ့နယ်မြေမှာ လွှတ်တော်အမတ်ဖြစ်ရတာ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလုပ်နိုင်သေးတဲ့အပြင် ဘယ်နေရာမှာစစ်ပွဲဖြစ်မလဲ။ ဘယ်နေရာမှာမိုင်းနင်းမိဦးမလဲဆိုပြီး အမြဲစိုးရိမ်စိတ်ပူနေရတဲ့ ဘဝဖြစ်နေတယ် ။    ကျနော်တို့ကတော့ အစိုးရကိုတိုက်တွန်းချင်တယ်။ စစ်ပွဲအမြန်ဆုံးရပ်နိုင်ဖို့ စစ်တပ်နဲ့အမြန်ဆုံး ဆွေးနွေးညှိနှိုင်းပါ။ ထိုးစစ်ဆင်နေတာကို ရပ်တန့်ပေးပါ " - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည် ။


အဆိုပါလမ်းပင် ဖေဖော်ဝါရီလ ၈ ရက်နေ့က နောင်ကော့လွယ်ရွာမှ တအာင်းရွာသား အိုက်ယီ့၏ ကျွဲ ၃ ကောင်  လည်း မိုင်းနင်းမိကာ ကျွဲမကြီးနှင့် ကျွဲလေး နှစ်ကောင်နေရာတွင်ပင်သေဆုံးပြီး ကျန်ကျွဲတကောင်မှာရှေ့ခြေ ၂ ချောင်း ဒဏ်ရာ အပြင်းအထန်ရသွားဟု  ရွာသား စိုင်းနော် ကပြောသည် ။


အဆိုပါဒေသ (သံလွင်အနောက်ခြမ်း) ဘက်တွင် အစိုးရ တပ်မတော် ခြေမြန်တပ်ရင်းအမှတ် ခမရ ၃၁၂ ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့၊ ကောင်းခါး ကေဒီအေ ပြည်သူ့စစ်တပ်ဖွဲ့ တို့ အပြင်မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ၊ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ သွားလာလှုပ်ရှားပြီး  သံလွင်အရှေ့ခြမ်းတွင်မူ ၀ တပ်ဖွဲ့ လှုပ်ရှားနေထိုင်ပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Feb 13, 2017, 5:27:09 PM2/13/17
to thuau...@gmail.com

ပင်လုံ ကတိကဝတ်အတွက် ဗမာ ခေါင်းဆောင် ကတိတည်ရန် ကျောင်းသားခေါင်းဆောင်ဟောင်း တိုက်တွန်း

Posted: 13 Feb 2017 07:53 AM PST

လူများစုဖြစ်သည့် ဗမာခေါင်းဆောင် အနေဖြင့် တိုင်းရင်းသားများအပေါ် ကတိတည်ရန် လိုအပ်ကြောင်း ၈ လေးလုံး ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်သည့် ဦးမိုးသီးဇွန်က တိုက်တွန်းပြောဆိုသည် ။


ပင်လုံမြို့၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားသို့ ဒေါ်အောင် ဆန်းစုကြည် တက်ရောက်ခဲ့ပြီးနောက် ဦးမိုးသီးဇွန်က ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည် ။


ပင်လုံမြို့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် တိုင်းရင်းသား ကိုယ်စားလှယ်များ၏ မိသားစုဝင်များက ငြိမ်းချမ်းရေးအတွက် ၄င်းတို့မိဘ ဘိုးဘွားများနှင့် ဒေါ်အောင်ဆန်းစုကြည် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းတို့အကြား ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် ကတိကဝတ်များကို အကောင်ထည်ဖော်ပေးရန် တိုက်တွန်းခဲ့ကြသည် ။


သို့သော် ဒေါ်အောင်ဆန်းစုကြည်ကမူ  ‘ ပင်လုံစာချုပ်လေ့လာလိုက်တော့ ပူးပေါင်းဆောင်ရွက်မှုဟာ လွတ်လပ်ရေး ရနိုင်တယ်။ အဓိကက ကိုယ်လိုချင်တဲ့ ပန်းတိုင် အမြန်ရောက်ဖို့ ဆိုတာ အဓိက အချက်ပေါ့လေ။ ကျန်တဲ့ အချက်တွေက တိုင်ပင်ဆွေးနွေးပြီး အဖြေရှာရမယ်ဆိုတဲ့ ကိစ္စတွေပါ။ လှေနံဓါးထစ် ဒါဒါဒါ ဆိုတာတွေ မဟုတ်ပါဘူး။ မူလစာချုပ်က အင်္ဂလိပ်ဘာသာ စကားနဲ့ပေါ့။ဒါက မြန်မာလို ပြန်ထားတာလေ။ တိုင်ပင်ဆွေးနွေးပြီး အဖြေရှာနိုင်တယ်ဆိုတဲ့ အဆင့်မရောက်သေးဘူးဆိုရင် ဒါက စကားပဲ ရှိတယ် အပြုအမူ မရှိဘူးဆိုတဲ့ သဘောပြောလို့ရတယ်။ ‘ ဟု ပြောဆိုသည် ။


အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဆွေးနွေးခဲ့သည့် သျှမ်းတိုင်းရင်းသား လူငယ်ကိုယ်စားလှယ် စိုင်းအောင်မြင့်ဦးကမူ သျှမ်းတိုင်းရင်းသားများ၏ ယုံကြည်ချက်မှာ ပင်လုံစာချုပ် ကတိကဝတ် အကောင်ထည်ဖော်မှုနှင့် ငြိမ်းချမ်းရေး ဆက်စပ်နေသည်ဟု ယုံကြည်ထားပြီး အတိုင်ပင်ခံပုဂ္ဂိုလ်မှ စာချုပ်အကောင်ထည်ဖော်နိုင်ရန် လမ်းညွှန်ပြသ ပေးရန် တိုက်တွန်းခဲ့သည် ။


ပင်လုံစာချုပ် အပိုဒ် ၅ မှာ - နယ်စပ်ဒေသများအတွင် နယ်တွင်းအုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ၁၀၀ ရာနှုန်းပြည့် အပြည့်အဝရှိရန် မူအားဖြင့် သဘောတူခြင်း ၊ အပိုဒ် ရ တွင် နိုင်ငံတကာနိုင်ငံများတွင် ဒီမိုကရေစီ အခွင့်ရေးများကို တောင်တန်းသားများ ခံစားခွင့်ရှိစေရမည်- ဟူ၍ ပါရှိပါသည် ။


သျှမ်းပြည်နှင့် ပတ်သက်သည့် ကိုယ်ပိုင် အုပ်ချုပ်မှုဘဏ်ဏ္ဍာရေးအစီအစဉ် ( အခွန်ခွဲဝင်ခွင့် ၊ သယံဇာတ ခွဲဝေ အုပ်ချုပ်မှုအတွက် အင်္ဂလိပ်ခေတ်က ရခဲ့သည့် အခြေနေအတိုင်း ) ထိခိုက်ခြင်း မရှိစေရနှင့်  ကချင် ၊ ချင်း တောင်တန်းဒေသများအတွက် ဘဏ်ဏ္ဍာရေးအကူညီ ထိခိုက်မှုမရှိစေရေး ၊ သျှမ်းပြည်ရနေသကဲ့သို့ သယံ ဇာတနှင့် အခွန်ခွဲဝေမှုဆိုင်ရာ လုပ်ပိုင်ခွင့်များ ရရှိစေရေး စသည့်အချက်များပါဝင်နေခဲ့ပါသည် ။


‘ ပင်လုံစာချုပ်ကို သဘောတူတယ်။ အကောင်အထည်ဖေါ် မယ် ဆိုရင် ပြီးသွား ပြီ။ အပိုတွေ ပြောစရာ မရှိတော့ဘူး။ ပင်လုံ စာချုပ်ဟာ ဘာမှားသလဲ။ ဘာ မကောင်းဘူးလဲ။ ‘ ဟု ကျောင်းသား တပ်မတော် ABSDF ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့သူ ဦးမိုးသီးဇွန်က မေးခွန်းထုတ်သည် ။


နှစ် ရ၀ ပြည့် ပြည်ထောင်စုနေ့အခမ်းအနားကို သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင်ကျင်းပရာ နိုင်ငံရေးဆွေးနွေးပွဲတွင်ပါဝင်နိုင်ရန် တပြည်လုံးအပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ယုံယုံကြည်ကြည်ဖြင့်လက်မှတ်ထိုးစေချင်ကြောင်းသာ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အဓိကပြောဆိုသွားခဲ့ကြောင်းလည်း သိရပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Feb 15, 2017, 5:28:55 PM2/15/17
to thuau...@gmail.com

သျှမ်း JMC ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်နိုင်သေးဟုဆို

Posted: 15 Feb 2017 12:14 AM PST

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (သျှမ်းပြည်နယ်)(JMC-S) အနေနှင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြား ပုံမှန်အဆက်အသွယ်မရှိသည့် အပြင် လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေး မှုများ မပြုလုပ်နိုင်သေးကြောင်း သျှမ်းပြည်နယ် (JMC-S) တွင် ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) အဖွဲ့မှပြောရေးဆိုခွင့်ရှိသူ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီမှ ဗိုလ်မှူးစိုင်းဦး ကပြောသည် ။


သျှမ်းပြည်နယ် (JMC-S) တွင် လစဉ်ပုံမှန်အစည်းအဝေးကျင်းပနိုင်ရန် သဘောတူထားကြ သော်လည်း JMCS လုပ်ငန်းလည်ပတ်မှုအတွက် ဘဏ္ဍာငွေကြေး အလုံအလောက် မရှိခြင်း ၊ JMC-S အတွင်း ပါဝင်သူများသည် အခြား သောလုပ်ငန်းတာဝန်မျးကြောင့် အချိန်ညှိနှိုင်းနေရခြင်းတို့ကြောင့် လစဉ်ပုံမှန် အစည်းအဝေး မကျင်းပနိုင်ခြင်း ဖြစ်သည်ဟုလည်း ၄င်းက ဆိုသည် ။


"ကျနော်တို့ Viber Group တော့ဖွဲ့ထားတယ်။ ဒါပေမဲ့ သိပ်မဆက်သွယ်ဖြစ်ကြဘူး ။ JMCS ကိုပုံမှန်လည် ပတ်ပြီးတော့၊ သူ့မူအတိုင်း လုပ်မယ်ဆိုရင်ကျနော်တို့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီးတော့ အထောက်အကူဖြစ်စေမယ်လို့ယုံကြည်တယ် မျှော်လင့်တယ် " ဟု ဗိုလ်မှူး စိုင်းဦးက ပြောသည် ။


တနင်္သာရီတိုင်းတွင်မူ (JMC-S) လုပ်ငန်းစဉ် လည်ပတ်ရာတွင် လစဉ်ပုံအစည်းအဝေး များ ဆောင်ရွက် နိုင် လျှက်ရှိပြီး Viber တွင် Group ဖွဲ့ကာ(JMC-S) အဖွဲ့ဝင်အချင်းချင်းကြား ထူးခြားမှုရှိလျှင်ချက် ချင်းဆက် သွယ်ဆောင်ရွက်ကြသည်ဟု တနင်္သာရီတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင် ထံမှသိရသည် ။


"ကျနော်တို့ တနင်္သာရီတိုင်းမှာတော့ (JMC-S) ဖွဲ့ပြီးစစ်ပွဲတွေ မရှိတော့ဘူး ။ Viber မှာ လဲပုံမှန် အဆက် အသွယ်ရှိကြပါတယ် ။ တစ်ခါတစ်လေ ဖုန်းလှိုင်းအဆက်အသွယ် မရတာမျိုးတော့ရှိပါတယ် ။ ဒီမှာတော့ (JMC-S) နဲ့ပါတ်သက်ပြီး ကြီးမားတဲ့စိန်ခေါ်မှု မျိုးမရှိပါဘူး " ဟု ၄င်းကဆိုသည် ။
JMCS ဖွဲ့စည်းထားခြင်းဖြင့် နှစ်ဖက်ပြဿနာရှိလာလျှင် JMCS တွေ့ဆုံမှုများတွင် ဆွေးနွေး တင်ပြနိုင်ပြီး အောက်ခြေပြဿနာအသေးအမွှားများချက်ခြင်းညှိနှိုင်း ဖြေရှင်း နိုင်ခြင်းသည် JMC ဖွဲ့စည်းရခြင်း၏ ကောင်း ကွက်ဖြစ်သည်ဟု ဗိုလ်မှူးစိုင်းဦး ကပြောသည် ။


သျှမ်းပြည်နယ်တွင် JMC-S ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းပြီးသည့် အချိန်မှစ၍ တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်ကြား လေးကြိမ်သာတွေ့ဆုံဆွေးနွေးမှုရှိ ခဲ့ကြောင်းသိရသည် ။


JMC-S ၏ လုပ်ငန်းတာဝန်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ဖော်ပြ ထား သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အခြေအနေ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စည်းကမ်းများအား ထိန်းသိမ်း လိုက်နာခြင်းနှင့် ပတ် သက်၍ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပူးတွဲ စောင့်ကြည့်လေ့လာရန်၊ ပေါ်ပေါက်လာသော အငြင်းပွားမှုများ အား စိစစ်ရန်နှင့် ပူးတွဲ ညှိနှိုင်း ဖြေရှင်းရန်၊ အကောင်အထည် ဖော်ဆောင်ရန် တာဝန်ရှိသည်။


လက်ရှိတွင်ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီဖွဲ့စည်းပြီးနောက် ပြည်နယ် အဆင့်အနေဖြင့် တနင်္သာရီတိုင်း၊ သျှမ်း ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတွင် ဖွဲ့စည်းထားပြီးဖြစ်ကာ ချင်းပြည်နယ်တွင် ဆက်လက်ဖွဲ့စည်းနိုင် ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရှိရပါ သည် ။

သျှမ်းသံတော်ဆင့်

unread,
Feb 16, 2017, 5:17:32 PM2/16/17
to thuau...@gmail.com

ပုံတူပွားယဉ်ကျေးမှု

Posted: 15 Feb 2017 11:40 PM PST

အခုတလော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို ဟိုမြို့မှာတည်တယ်၊ ဒီမြို့မှာ တည်တယ်ဆိုတာတွေ ကြားလာ ရသလို ကန့်ကွက်တာတွေ လည်း နောက် ဆက်တွဲလိုက်ပါလာတယ်။


ကျွန်တော်စဉ်းစားမိတာက တို့တတွေဟာ တစ်ခုခုဆို ပုံတူကူးတာကို သို့မဟုတ် တစ်ပုံစံထဲသွတ်သွင်းတာကို အင်မတန် ၀ါသနာပါလှချည်လားပေါ့။ အတွေးအမြင်ဆိုလည်း တစ်ခုထဲ ဖြစ်စေချင်ကြတယ်။ အသံကွဲထွက် လာရင် စည်းလုံးမှုကိုပျက်ပြားစေတယ်ဆိုတာမျိုး မြင်တတ်ကြတယ်။ တကယ်တော့ ပုံစံတူတာနဲ့ သီးခြား အမှတ်လက္ခဏာအလိုက်တည်ရှိတာ ဘယ်ဟာ ပိုလှစေ သလဲ စဉ်းစားကြည့်စမ်းပါ။ ကျွန်တော်တို့က လူ့အဖွဲ့ အစည်း ဖြစ်စေချင် တာ လား၊ စက်ရုပ်တွေ စုစည်းထားသလို ဖြစ်စေချင်တာလား။ ပုံစံတူလုပ်တာကို စည်းလုံး မှုလို့ထင်တာဟာ လွဲမှားနေတာပါပဲ ။


မကြာသေးခင်က အဖြစ်အပျက်ကိုကြည့်၊ မွန်ပြည်နယ်က တံတားကို ဗိုလ်ချုပ်ေ အာင်ဆန်း တံတားလို့ နာမည် ပေးချင်တယ်။ ကျွန်တော့်အတွက်တော့ မွန်ဘာ သာစကားနဲ့ကို ပေးစေချင်တာ။ ဒါမှသာလျှင် ကျန်ဒေသက လူတွေအ တွက် လည်း ပိုပြီး စိတ်ဝင်စားဖွယ်ရာဖြစ်စေမယ်။


ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုတာထက် မွန်အမည်နဲ့ဆိုရင် မွန်တွေရဲ့ ယဉ်ကျေးမှုကို စိတ်ဝင်တစားမဖြစ် စေ ဘူးလား။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ကွဲပြားတဲ့ယဉ်ကျေးမှုတွေကို သိရှိနားလည်လာစေခြင်းဟာ စုစည်းနေထိုင် ဖို့အတွက် အခြေခံမဟုတ်ပေဘူးလား။ နောက်တဘက်မှာ လည်း ဒေသခံေ တွဂုဏ်ယူဝံ့ကြွားစွာနဲ့ အမည် ပေးထားလို့ ကိုယ့်ဒေသကိုချစ်မြတ်နိုးစေတာ ပိုမကောင်းပေဘူးလား။


ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကျွန်တော့်အတွက် စိတ်ပျက်စေတဲ့ အကြောင်းအရာတစ်ခုရှိတယ်။ ဒါဟာ ဈေးကွက်ကနေတွန်းအားပေးတဲ့ ရိုက်ခတ်မှုကြီးတဲ့ ရေစီးကြောင်းပါ။ အမျိုးသားလက္ခဏာတွေလျော့ပါး လာစေပါတယ်။ အ၀တ်အစား၊ အစားအသောက်၊ ဗိသုကာလက်ရာစသဖြင့် အစုံစုံပါပဲ။


ကျွန်တော်တို့ဝတ်နေကြတာတွေဟာ ရန်ကုန်မှာလည်း ဒီအတိုင်းပဲ၊ ဘန်ကောက်မှာလည်း ဒီပုံစံပဲ၊ လန်ဒန်၊ ၀ါရှင်တန်၊ နယူးဒေလီ၊ ဘေဂျင်း၊ ရီယို ဒီ ဂျီနယို၊ ကိပ်တောင်း၊ ကန်ဘဲရာ၊ ၀ယ်လင်တန် စသဖြင့် နေရာစုံမှာ လည်း တစ်ပုံစံထဲတွေချည်း တိုးပွားလွှမ်းလာပါတော့တယ်။ ရန်ကုန်မှာနေတဲ့ ကျွန်တော့်အတွက် ရှမ်းပြည် ကို သွားလည်တဲ့အခါ ဗမာအစားအစာထက် ရှမ်းရိုးရာအစားအစာကိုစားသောက်ဖို့ ပိုစိတ်ဝင်စားပါတယ်။


မွန်ပြည်နယ်သွားလည်ပတ်တဲ့အခါ မွန်စာပေါ့။ ဒါပေမယ့် ကူးသန်းမှုများ လာ တာနဲ့အမျှ ထိုင်းဆိုင်၊ တရုတ်ဆိုင် စသဖြင့် ဘယ်သွားသွားတွေ့ တဲ့အစား အသောက်တွေကိုက ရိုးရာအစားတွေထက် ရှေ့တန်းပိုရောက် လာပါ တယ်။ ဟိုတုံးက တစ်ဒေသနဲ့တစ်ဒေသမတူတဲ့ ဗိသုကာလက်ရာတွေ တွေ့ခဲ့ကြရပါ တယ်။


အခုနောက်ပိုင်းတော့ ဘယ်နေရာရယ်လို့သာမပြောရင် မကွဲပြားတော့ တဲ့တူညီ မှုတွေ ပိုကြုံလာနေကြရပါတယ်။ အဲသလိုတွေဖြစ်လေ သီးခြားလက္ခဏာတွေ ကျွန်တော့်အတွက် ပိုမြင်တွေ့ချင် စိတ်တွေ ပေါ်လာလေပါပဲ။ ရှားပါးမှုက တန်ဖိုးတက်စေတယ် မဟုတ်ပါလား။


နိုင်ငံခြားက အသိမိတ်ဆွေတွေလာလည်တဲ့အခါ စစ်တမ်းလိုမျိုး ကျွန်တော်ေ ကာက်လေ့ရှိတာက ခြုံပြောရရင် ဘယ်နေရာတွေကို အလည်အပတ် လုပ်ချင် ကြ လဲ။ ဘယ်လိုခံစားမှုဖြစ်လဲဆိုတာပါ။ သူတို့သဘောကျတဲ့ အထဲ မှာ ပုဂံက ထိပ်ဆုံးနေရာကပါပါတယ်။ ရွှေတိဂုံနဲ့ ကျိုက်ထီးရိုးတို့ဟာလည်း စိတ်ဝင်စား မှုမြင့်တတ်ကြ ပါတယ်။ ပြီးရင်တော့ မြို့ပြနဲ့အလှမ်းဝေးတဲ့ စိမ်းစိုသာယာတဲ့ ရှု့ခင်းရှိတဲ့ တောင်တန်းဒေသတွေ၊ ပင်လယ်ကမ်းခြေတွေ ပါဝင်ပါတယ်။


ဒါပေမယ့် ပွင့်ပွင့်လင်းလင်းဖြေလာတဲ့အခါ ဒေသခံခရီးသွားတွေ အသွားများတဲ့ အနယ်နယ် အရပ်ရပ်က ဘုရားစုံဖူးတာလိုဟာမျိုး သူတို့အတွက်တော့ ဘုရား ဆိုတာ အတူတူပဲမို့လို့ ငြီးငွေ့လာပါတယ်တဲ့။ ဒေသခံတွေအနေနဲ့ ဘုရားစုံ ဖူးတယ်ဆိုတာ ကုသိုလ်ပြုတယ်ဆိုတာနဲ့ ဆက်စပ်နေတာဖြစ်ပေမယ့် တစ်ပါး သား တွေက ဒေသန္တရဗဟုသုတ၊ ယဉ်ကျေးမှုကွဲပြားတာ၊ သီးခြားလက္ခဏာ၊ လူနေမှုကွဲပြားတာကို သိချင်မြင် လိုကြ တာမဟုတ်လား။ အဲဒီတော့ Golden Land ဆိုပြီး ပုံတူပွားမလားဆိုတာ စဉ်းစားဖို့ပါ။ ကျွန်တော်တို့အချင်းချင်း အကြားလည်း စာနာမှုနဲ့ စဉ်းစားတတ်ကြဖို့ပါ။


ဗိုလ်ချုပ်ကြေးရုပ်တွေ လိုက်တည်မယ့်အစား သက်ဆိုင်ရာ တိုင်းရင်းသားေ ဒသတွေမှာ တိုင်းရင်းသားတွေ ရွေး ချယ်တဲ့ တိုင်းရင်းသားခေါင်းေ ဆာင်ရုပ် တုတွေတည်ကြရင်မကောင်းဘူးလား။ ရန်ကုန်မှာနေတဲ့ ဗမာဖြစ်တဲ့ ကျွန်တော့် အတွက် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး ပိုသိရှိနားလည်မှု မဖြစ်နိုင်ဘူးလား။ ရှမ်းပြည် နယ်သွားလည်လို့ “ရှမ်းစကားလေးတော့ သင်ချင် တယ်” ဖြစ်တာမကောင်းဘူးလား။

ချင်းပြည်နယ်မှာ ချင်းလူမျိုး တွေရဲ့ရိုးရာဓလေ့ကို လေ့လာစေချင်တဲ့စိတ်ဖြစ်တာ မကောင်းဘူးလား။


ကျွန်တော်တို့က ပုံတူပွားတယ်၊ ဆင်တူယိုးမှားပြုတာ နိုင်ငံရေးတင်မကဘဲ တစ်ခြားသော ကဏ္ဍတွေမှာ လည်း ပြုတတ်ကြပါတယ်။ ရွှေတိဂုံဘုရား ဆင်တူတွေ လိုက်တည်တယ်။


သက်ဆိုင်ရာဒေသခံတွေ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားရဲ့ အထိမ်းအမှတ်တွေ၊ သီးခြားဗိသုကာလက်ရာနဲ့ တွေ့ရတာ စိတ်ဝင်စားစရာမဟုတ်ဘူးလား။


နိုင်ငံစည်းလုံးမှုဆိုတာ စိတ်တွေနဲ့နှောင်ဖွဲ့ထားတာဆိုတော့ စိတ်မပါဘဲ အတင်းလုပ်ယူလို့ကော သာယာတဲ့စည်းလုံးမှုဟုတ်ပါ့ မလား။

ရေရှည်ခိုင်မြဲပါ့မလား.......
ကလောင်- စိန်ဝင်း

ပင်လုံသည် ဒီမိုကရေစီ ၊ ပင်လုံကိုဘာကြောင့် ကြောက်နေသလဲ ဒေါ်အောင်ဆန်းစုကြည်

Posted: 15 Feb 2017 11:12 PM PST

(၁) အမြီးအမှောက် မတည့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်လုံစာချုပ်နဲ့ ပတ်သက်တဲ့ ပြောဆိုချက်


‘ပင်လုံစာချုပ်လေ့လာလိုက်တော့ ပူးပေါင်းဆောင်ရွက်မှုဟာ လွတ်လပ်ရေး ရနိုင်တယ်။ အဓိကက ကိုယ်လို ချင်တဲ့ ပန်းတိုင် အမြန်ရောက်ဖို့ ဆိုတာ အဓိက အချက်ပေါ့လေ။ ကျန်တဲ့ အချက်ေ တွက တိုင်ပင်ဆွေးနွေးပြီး အဖြေရှာရမယ်ဆိုတဲ့ ကိစ္စတွေပါ။ လှေနံဓါးထစ် ဒါဒါဒါ ဆိုတာတွေ မဟုတ်ပါဘူး။ မူလစာချုပ်က အင်္ဂလိပ် ဘာသာ စကား နဲ့ပေါ့။ဒါက မြန်မာလို ပြန်ထားတာလေ။ တိုင်ပင်ဆွေးနွေးပြီး အဖြေရှာနို င်တယ်ဆိုတဲ့ အဆင့် မရောက်သေးဘူးဆိုရင် ဒါက စကားပဲ ရှိတယ် အပြုအမူ မရှိဘူးဆိုတဲ့ သဘောပြောလို့ရတယ်။ ‘ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တော့ နိုင်ငံရေးကို စိတ်ပါဝင်စားပြီး မြန်မာ့သမိုင်းကို လေ့လာဖတ်ရှုနေသူတွေ အတွက် အံ့အားသင့် တုန်လှုပ်စရာဖြစ်လာပါတယ်။


ပင်လုံမှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ရှမ်းတိုင်းရင်းသား လူငယ် စိုင်းအောင်မြင့်ဦးရဲ့ ပင်လုံစာချုပ်နဲ့ ပတ်သက်လို့ ရှမ်းတိုင်းရင်းသားတွေရဲ့  ယုံကြည်မှုနဲ့ ပတ်သက်လို့ ပြောဆိုမှုမှာ ဒေါ်အောင် ဆန်းစုကြည်က တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။


ပင်လုံစာချုပ်ကိုကြည့်ရင် အပိုဒ် ၅ မှာ တောင်တန်းဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ပတ်သက်လို့ -
”အထက်ပါသဘောတူချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့  မည်ဖြစ်သော်လည်း တောင်တန်း ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေးဆုံးပါးရန် မည်သည့် ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည် မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိကြောင်း ကိုယ်ပိုင် အုပ်ချုပ်ရေး အပြည့်အ၀ရှိကြောင်း မူ အားဖြင့် လက်ခံသည်။” လို့ ပါရှိပါတယ်။ ဒါဟာ မူ အားဖြင့် သဘောတူထားချက်၊ အာမခံချက် ကတိက၀တ်ဖြစ်ပါတယ်။


၇ ၊ ၈ ၊ ၉ တွေကလည်း ပြည်ထောင်စု ပဋိဥာဉ်အတွက် အရေးပါတဲ့ သဘောတူညီချက် ဖြစ်သလို ဒီမိုကရေစီ အလံကိုင်ထားတဲ့ အန်အယ်လ်ဒီနဲ့ သက်ဆိုင်တဲ့ အချက်လည်း ပါပါတယ်။ အဲဒီအချက်ကတော့ အပိုဒ် (၇) မှာ “ နယ်စပ်ဒေသများ၏ နယ်သူ နယ်သားများသည် ဒီမိုကရေစီ နိုင်ငံများတွင် အခြေခံအခွင့်အရေးများ အဖြစ် အသိ အမှတ်ပြုထားပြီးဖြစ်သော အခွင့်အရေးများကို ခံစားပိုင်ခွင့် ရှိစေရမည်။ ‘ ဆိုတဲ့ အချက်ဖြစ်ပါတယ်။


ဒါက ၈ လေးလုံးအရေးတော်ပုံကတဆင့် ပေါက်ဖွားလာတဲ့ ၊ ပါတီမှာကိုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို့ ဆိုထားတဲ့အတွက် အန်အယ်လ်ဒီအနေနဲ့ အစိုးရ ဖြစ်လာချိန်မှာ တာဝန်ယူရမဲ့ အချက်လို့တောင် ဆိုနိုင်ပါတယ်။ ၈ လေးလုံးအရေးတော်ပုံရဲ့ အဓိက အချက်က ဒီမိုကရေစီ အရေးတော်ပုံဖြစ်တဲ့အပြင် ပါတီအလံ လိုဂိုကအစ ခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေ ၊ ကျောင်းသားတွေရဲ့ သင်္ကေတဖြစ်တဲ့ ခွပ်ဒေါင်း အလံ သုံးထားတာကြောင့်ဖြစ်ပါတယ်။ ပင်လုံစာချုပ်နဲ့ ပတ်သက်လို့ အမြီးအမှောက် မတည့်တဲ့ ပြောဆိုမှုမျိုး ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတာ နှစ်ကြိမ် ထက်မနည်းရှိပြီလို့လည်း လေ့လာသူတွေကဆိုပါတယ်။ ရှမ်းနိုင်ငံရေးသမား တစ်ဦးကတော့ စုစုပေါင်း ၃ ကြိမ် ရှိပြီ လို့ ဆိုပါတယ်။ ပထမတကြိမ်ကတော့ UNFC တိုင်းရင်းသား တပ်ပေါင်းစုနဲ့ တွေ့တုန်းကဖြစ်ပြီး ၊ နောက်တကြိမ်ကတော့ ဇန်န၀ါရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူငယ်တွေနဲ့ တွေ့ဆုံတဲ့ စကားဝိုင်းမှာလို့ ရန်ကုန်အခြေစိုက်လူငယ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ဆိုပါတယ်။


နိုင်ငံရေးလေ့လာသူ ၊ နိုင်ငံရေး သိပ္ပံသမားတစ်ဦးဖြစ်ပြီး ပါရဂူဘွဲ့ရဖို့ စာတမ်းပြုစုနေသူ ဦးမင်းဇင်ကတော-့ ‘ပင်လုံစာချုပ်ကို အဓိပာယ် အမျိုးမျိုး ဖွင့်နိုင်ပါတယ်။ သုတေသီတွေ လုပ်လေ့လုပ်ထ ရှိပါတယ်။ ဥပမာ Ethnicity, Conflicts, and History of Burma: The Myths of Panglong by Matthew Walton ကြည့်ပါ။ ထို့ အတူပဲ စာချုပ်ပါ ကတိက၀တ်တွေကို လက်မခံတာ၊ မကျင့်သုံးတာမျိုးလည်း ရှိနိုင်ပါတယ်။ စစ်အစိုးရ အဆက်ဆက်ကို နမူနာကြည့် နိုင်ပါတယ်။ ဒါပေမယ့် အချက်အလက်ကို အမှားပြော (၀ါ) အပြောမှား မိတာကတော့ မလိုအပ်ဘဲ အခက်ပွေစေ ပါတယ်။ဒီပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကိုလည်း တဆက်တည်း စဉ်းစားကြည့်မိပါတယ်။ ဖြစ်နိုင်ချေ အဖြေတခုအနေနဲ့  မြန်မာ့နိုင်ငံရေးမှာ အချက်အလက် စစ်ဆေးတဲ့ Fact Checking ကဏ္ဍတခု လိုနေပြီလို့ ရှုမြင်ပါတယ်။ ဒါပေမယ့် အချက်အလက်တွေ မှန် မမှန် စစ်ဆေးတဲ့ လုပ်ငန်းတွေ ပေါ်လာတာနဲ့ နိုင်ငံရေး ဇာတ်ကောင်တွေနဲ့  နောက်လိုက်တွေရဲ့ အမူအကျင့်တွေ ပြောင်းလဲလာမယ်လို့ ဧကန်တွက်လို့ မရပါဘူး။

ထောက်ခံခြင်း မထောက်ခံခြင်းစတဲ့ နိုင်ငံရေး သဘောထား political attitude ဆိုတာဟာ အချက်အလက်အမှန်ကို မျက်ကွယ်ပြုလို့  ကျားကျားမီးယပ် တုံးပေကပ်သပ် ရပ်ခံတတ်တာမျိုးလည်း ရှိပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ အုပ်စုစွဲကြီးသူတွေအဖို့  အချက်အလက်မဲ့ ဘက်လိုက်ရပ်တည်တာကို သစ္စာရှိတာလို့  ဂုဏ်ယူနေကြအုံးမှာပါပဲ။ ဒိဌိတဏှာဟာ ကာမတဏှာထက် ပိုပြင်းထန်တတ်စမြဲပါ။ဒါကြောင့်ပဲ တိုင်းပြည်အတွက် နိုင်ငံသားတွေအတွက် အမှားကြာ အမှန်မဖြစ်အောင် fact checking အလုပ်ကိုတော့ မီဒီယာတွေမှာ ကဏ္ဍကိုယ်စီဖွင့် လုပ်သင့်လှပါတယ်။ ဒါဟာ မီဒီယာအနေနဲ့ ဒီမိုကရေစီမှာ အရေးပါတဲ့ အပြန်အလှန်ထိန်းကျောင်းမှု တာဝန်ကို ကျေပွန်ရာလည်းရောက်ကြောင်း သုံးသပ်မိပါတယ်။ ‘ လို့ ပင်လုံမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ပင်လုံစာချုပ်ပါ အချက်လက်တွေအပါဝင် အခြားအချက်လက်တွေနဲ့ ပတ်သက်လို့ ပြန်သုံးသပ်သင့်ကြောင်း သူ့ရဲ့ ဖေ့ဘုပ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ပြည်ထောင်စု ပေါ်ပေါက်ဖို့ နိုင်ငံသစ် ပေါ်ပေါက်ဖို့ သဘောတူခဲ့တဲ့ ပင်လုံစာချုပ်ကို ပြန်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးအတူ တကွရယူဖို့အပြင် ကိုယ်ပိုင်အုပ်ချုပ်ရေး ၊ တန်းတူရေး ၊ ဒီမိုကရေစီ ၊ တို့အတွက်ပါ ပါဝင်တာကို တွေ့ရမှာပါ။


(၂) ပင်လုံမူ လက်ကိုင်စွဲနေတဲ့ ကေအိုင်အေကို တပ်မတော်တိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ခွင့်ပြုခဲ့လေသလား
လတ်တလောမှာပဲ ဘန်ကောက်ပိုစ့်ကနေ ဆောင်းပါး တစ်ပုဒ် ဖော်ပြလာပါတယ်။ မြန်မာ့အရေး လေ့လာသူ လာရီဂျာဂင်ရေးတဲ့ ဆောင်းပါးဖြစ်တဲ့ Opinion Suu Kyi ; General try to heal difference ဆိုတဲ့ ဆောင်းပါး မှာ ကေအိုင်အိုရဲ့ စခန်းတွေကို တိုက်ခိုက်ဖို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုခဲ့တယ်လို့ တပ်မတော်နဲ့ နီးစပ်သူတွေနဲ့ တပ်မတော် သတင်းအရင်းအမြစ်တွေက ပြောတယ်ဆိုပြီး ဖော်ပြထားပါတယ်။ အောက်တိုဘာလလောက်အထိ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆက်ဆံရေးကောင်းခဲ့သလို အဲဒီကာလတွေမှာ တပ်မတော်က စစ်ရေးနဲ့ ပတ်သက်တဲ့ အချက်လက်တွေကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့သလို နောက်ဆုံး ကေအိုင်အိုကို အန်စီအေ ထိုးဖို့ ဖိအားပေးဖို့ တိုက်ခိုက်ခွင့်ပြုမိန့်က ကာကွယ်ရေး ၀န်ကြီးက ရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဒီသတင်းသာ အမှန်ဆိုရင် တော် တော်ဆိုးဝါးတဲ့ ကိစ္စလို့ ဆိုရမှာပါ။ ဒီသတင်းသာတကယ်မှန်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်သာ အဲလို ကိစ္စတွေ မှာ တပ်မတော်နဲ့ ပူးပေါင်းကြံစည်ခဲ့တယ်ဆိုရင် သူမဟာ အာဏာရှင်ရဲ့ အစိပ်အပိုင်း တစ်ရပ်ဖြစ်ပြီး သူမဟာ တိုင်းရင်းသားတွေအတွက် ရန်သူသဖွယ် ဖြစ်လာပါပြီ။ ဗမာလူမျိုးကြိးဝါဒကို ကျင့်သုံးသူအဖြစ် ရှုမြင်ရမှာဖြစ် သလို ၊ ဒီမိုကရေစီအတွက်လည်း သစ္စာဖောက်သူအဖြစ် ရှုမြင်ရမှာဖြစ်တယ် လို့ အာဏာရှင်တွေအကြောင်း စောင့်ကြည့်လေ့လာတဲ့ အဖွဲ့ဖြစ်တဲ့ Dictator watch မှ ရိုလန်ဝေါ့ဆင်က ၄င်းရဲ့ လူမှု ကွန်ယက်စာမျက်နှာမှာ မှတ်ချက်ပြုရေးသားထားပါတယ်။


၂၁ ပင်လုံအပြီးမှာ စတင်ခဲ့တဲ့ တပ်မတော်နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော် တို့အကြား ဂိဒွန် တိုက်ပွဲတွေက သံသယ၀င်စရာကောင်းလှပါတယ်။ ကချင်ပြည်နယ်က အန်အယ်လ်ဒီ လွှတ်တော်အမတ်တွေက စစ်ပွဲတွေ ရပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ထံ စုပေါင်းလက်မှတ်ရေးထိုး စာရေးသား တောင်းဆိုတာလည်း တုပ်တုပ်မျှ မလှုပ်ခဲ့ပါဘူး။ မြစ်ကြီးနားမှာ လူထု သောင်းချီပါတဲ့ စစ်ပွဲရပ်စဲရေး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ် ။ ကေအိုင်အေနဲ့ တိုက်ပွဲတွေကို ဒေါ်အောင်ဆန်းစုကြည် က ခွင့်ပြုခဲ့သလား မပြုခဲ့သလား သေချာ မသိရပေမဲ့ အဲဒီ သတင်းကို မြန်မာသတင်းဌာနအချို့က ဘာသာပြန်ဖော်ပြခဲ့ပေမဲ့ အစိုးရဘက်က မှန်လား မှားလား တစ်စုံတစ်ရာ တုံ့ပြန်ပြီး ထုတ်ပြန်တာတော့ အခု ဒီစာကို ရေးနေတဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ မတွေ့ရသေးပါဘူး။


တစ်ချိန်တည်းမှာလည်း စဉ်းစားစရာက ကေအိုင်အေကို ဖိအားပေးတိုက်ခိုက်မှုတွေက နိုင်ငံရေးအရ သက်ဆိုင် သလားဆိုတာပါ။ ဘာဖြစ်လို့လဲဆိုရင် ကေအိုင်အေဟာ ပင်လုံမူကို စွဲကိုင်ထားတဲ့ အဖွဲ့ ဖြစ်နေလို့ပါ။ ကေအိုင်အေနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ တစ်ဖွဲ့ချင်းစီ အပစ်ခတ်ရပ်စဲရေးမလုပ်ပေမဲ့ ဆွေးနွေးပွဲအားကောင်းတဲ့ ၂၀၁၃ နောက်ပိုင်းကနေ ၂၀၁၅ အထိ တိုက်ပွဲတွေ ကေအိုင်အေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ကြီးကြီး မားမား မဖြစ်တော့သလို ပဋိပက္ခ ဖြေရှင်းရေး ယန္တရားတွေ ဖွဲ့စည်းခဲ့ပေမဲ့ အခုအစိုးရသစ်လက်ထက်မှာ အဲဒီ ယန္တရားတွေက ဘာမှ မရှိတော့ပါ။


(၃) အမျိုးသား နိုင်ငံတော် စုစည်း တည်ဆောက်မှုအတွက် အခြေခံကောင်းတွေမရှိ


ယခင် အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ သမ္မတ ဦးသိန်းစိန်နဲ့ အန်စီအေ လက်မှတ် ရေး ထိုးမှာကို သေချာမှ လုပ်ကြ ဆိုတဲ့ သဘောမျိုး ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာ သတိထားမိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် တက်လာရင် ပိုရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အစိုးရသစ်ကို စောင့်နေခဲ့ပါတယ်။ ဒါပေမဲ့ တက်တက်ချင်း ဆောက်နဲ့ ထွင်းဆိုသလိုပါပဲ။ ရွေးကောက်ပွဲနိုင်ပြီးကတည်းက တိုင်းရင်းသားပါတီတွေအပါဝင် တိုင်းရင်းသား အင်အားစုတွေနဲ့ ဆက်ဆံရေး မကောင်းတော့တာ အားလုံးအသိပါပဲ။ ရခိုင်နဲ့ ရှမ်းပါတီတွေနဲ့ အန်အယ်လ်ဒီ အကြားအာဏာခွဲဝေမှုကနေ စလိုက်တဲ့ မယုံကြည်မှု ပြဿနာဟာ ၂၁ ပင်လုံမတိုင်ခင် UNFC တပ်ပေါင်းစုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းမှုမှာ တိုင်းရင်းသား နယ်မြေတွေက ပျက်စီးကုန်ပြီ ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေမှာ ဘာမှ ပေးစရာ မကျန်တော့ဘူး။ လူတွေလည်း စစ်ဘေးကြောင့် သေကြေပျက်စီးကုန်ပြီး နေရပ်စွန့်ခွာမှုတွေလည်း အမြောက်အမြားဖြစ်ခဲ့ရပြီးပြီ ဆိုတဲ့ UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်ရဲ့ ပြောဆိုမှုဟာ သတိပြုစရာဖြစ်ခဲ့ပါတယ်။

အခုအနေထားကို သုံးသပ်ရရင် ငြိမ်းချမ်းရေးအတွက် အခြေခံကောင်း တွေ မရှိတဲ့အပြင်အစိုးရသစ် လက်ထက်မှာ စီးပွားရေးကျဆင်းမှုဟာ သိသာတဲ့ အနေထားအထိ ဖြစ်လာပါ တယ်။ ဖွံ့ဖြိုးမှု မရှိပဲ ငြိမ်းချမ်းရေး မရဘူးဆိုတာလည်း သိမြင်ထားဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာလည်း အရေး ပါတဲ့ တိုင်းရင်းသား အုပ်စုတွေနဲ့ အစိုးရအကြား တိုက်ရိုက်ဆက်ဆံမှု နေရာပေးမှု အားနည်းလှတာလည်း တွေ့ရ ပါတယ်။ ဥပမာ ရှမ်းမြောက်မှာဆိုရင် တအာင်းပလောင် လက်နက်ကိုင်များလာတဲ့အတွက် ပလောင်ဒေသတွင်း အနိုင်ရ တိုင်းရင်းသား ပါတီဖြစ်တဲ့ တအာင်းပလောင်ပါတီနဲ့ တွေ့ဆုံဆွေးနွေးတာ သူတို့ပါတီဝင်တွေကို အစိုးရ အဖွဲ့ ၀န်ကြီးတွေခန့်တာ ဒေသတွင်း လူထုအတွက် ရပိုင်ခွင့်အာမခံမှုတွေနဲ့ ဒေသတွင်း ဖွံ့ဖြိုးရေး မဟာဗျူဟာ တွေ ချမှတ်ပေးတာ စသဖြင့် လုပ်နိုင်တာတွေ ရှိပါတယ်။ ဒါတွေကို လုပ်တာ မတွေ့ရပါဘူး။


တစ်ချိန်တည်းမှာလည်း တသွင်သွင် အန်စီအေ ထိုးပါလို့ဒေါ်အောင်ဆန်းစုကြည်က ပြောနေပါတယ်။ အားလုံး ပါဝင်နိုင်ဖို့ ဘယ်လို လုပ်မလဲ၊ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ ကိစ္စ ဘာတွေ ရှိပြီလဲ ဆိုတဲ့ အခြေနေက ခိုင်ခိုင်ခန့်ခန့်မရှိသေးပါ။ တိုင်းရင်းသားတော်တော်များများက ခဲမှန်ဖူးတဲ့ စာသူငယ်တွေဖြစ်နေပါပြီ။

(၄) ပြည်ထောင်စု ပဋိဥာဉ်ကို ဖျက်ဖို့ ကြိုးစားသူဟာ တပြည်ထောင်စနစ်လိုလားသူသာ


ဒေါ်အောင်ဆန်းစုကြည် ပင်လုံမြေမှာ ပြောဆိုခဲ့မှုတွေမှာ ထောက်ပြစရာတွေ အများကြီးရှိပါတယ်။ တစ်ခါမှ အန်အယ်လ်ဒီက ဦးဆောင်ပြီး ဆန္ဒမပြဖူးဘူးဆိုတဲ့ ကိစ္စဟာ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကြောင့် လမ်းပေါ် မှာ သေကြေခဲ့ရသူတွေ ဘ၀ပျက်ခဲ့ရသူတွေကို စော်ကားနေသလိုပါပဲ။ ၈လေးလုံး လူထု လှုပ်ရှားမှုသာ မရှိရင် အန်အယ်လ်ဒီ ပါတီ ပေါ်လာစရာအကြောင်းမရှိသလို ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုသာ မဖြစ်ခဲ့ရင် အခု အန်အယ်လ်ဒီ အာဏာယူထားတဲ့ အခင်းအကျင်းဖြစ်တဲ့ ၂၀၀၈ အခြေခံ ဥပဒေက အလျင်အမြန် ပေါ်လာပါ့မလားဆိုတာတောင် သံသယရှိစရာပါ။ အရေးတော်ပုံတွေ မှာ ကျဆုံးသွားသူတွေရဲ့ အရိုးပုံပေါ်မှာ တက်ထိုင်ပြီး အာဏာရထားတယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။

နောက် ငြိမ်းချမ်းရေးအတွက် စွန့်လွတ်စွန့်စားရဲဖို့ ဆိုတဲ့ ကိစ္စပါ။ တိုင်းရင်းသားတွေအတွက်ကတော့ ပင်လုံစာချုပ် လက်မှတ်ထိုးပြီး ဗမာပြည်မနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာလောက် ကြီးမားတဲ့ စွန့်စားမှု မရှိပါဘူး။ ပင်လုံထိုးပြီးနောက် ဘာတစ်ခုမှ မရတဲ့အပြင် ကိုယ့်ရဲ့ မူလနေရပ်မှာပဲ အမျိုးမျိုး စော်ကားမော်ကားဒဏ်တွေ ခံခဲ့ရပြီး နေရပ်စွန့်ခွာမှု နယ်မြေပျက်စီးမှုတွေက ကိုလိုနီစနစ်သဖွယ် ကြုံခဲ့ရပြီးဖြစ်ပါတယ်။ အခု အန်အယ်လ်ဒီ ယူထားတဲ့ အာဏာက တပြည်ထောင် ကိုလိုနီရဲ့ အဆက်ဆိုတာ မမေ့ဖို့ လိုပါတယ်။ ပင်လုံ ပဋိဥာဉ်နဲ့ ပတ်သက်လို့ အကျဉ်းချုံးဆက်ပါမယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရ အကောင်ထည်ဖော်နေမှုတွေက တပ်မတော်အလိုကျထက် တစ်ခုမှ မပိုသလို အမျိုးသား စုစည်းညီညွတ်တဲ့ နိုင်ငံတည်ဆောက်မှု ဖြစ်စဉ်အတွက် ဘာမှ ချမပြနိုင်သေးပါ။


ပဋိဥာဉ်တစ်ရပ်ကို ချိုးဖောက်ပြီး အသစ်ဆွဲဖို့ဆိုတဲ့ ကိစ္စဟာ အဟောင်းကို ဖျက်မှ ဖြစ်ပါလိမ့်မယ်။ အသစ်လုပ်ချင်ရင် အဟောင်းဖျက်ဆိုတဲ့ သဘောပါ။ ပြည်ထောင်စု ( သို့မဟုတ် ) တိုင်းပြည်တည်ထောင်တဲ့ ပဋိဥာဉ်တွေ (သို့မဟုတ် ) အုပ်ချုပ်သူ ပဒေသရာဇ်တွေနဲ့ဖြစ်စေ ၊ အစိုးရနဲ့ဖြစ်စေ ပြည်သူတွေနဲ့ အာဏာခွဲဝေမှု သဘောတူညီထားတဲ့ ပဋိဥာဉ်တွေကိုတိုးတက်တဲ့အတွေးအခေါ်ရှိတဲ့ နိုင်ငံတွေက ဘယ်တော့မှ ဖောက်ဖျက်ဖို့ မကြိုးစားကြပါဘူး။

အရပ်သားအစိုးရမှန်သမျှကလည်း အဲဒီ ပဋိဥာဉ်တွေအတိုင်း နိုင်ငံကို ဆက်လက်တည် ဆောက်ကြသလို တစ်ခါ အာဏာရှင်စိတ်မရှိတဲ့ စစ်ဗိုလ်ချုပ်တွေကလည်း တတ်နိုင်သမျှ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လိုက်နာကျင့်သုံးပြီး အဲဒီ ပဋိဥာဉ်ပါပြဌာန်းချက်တွေနဲ့အတူ ဒီမိုကရေစီ စနစ်အောက်မှာ လိုက်ပါလာကြတာ အလေ့အထပါပဲ။ အင်္ဂလန်နိုင်ငံမှာ ခရစ်နှစ် ၁၂၀၀ ကျော် ကာလတွေကတည်းက စခဲ့တဲ့ ပဒေသရာဇ်အုပ်ချုပ်သူဘုရင်တွေရဲ့ အကြွင်းမဲ့ အာဏာကို မှူးမတ်တွေကတဆင့် ပြန်လည်ထိန်းညှိဖို့ စခဲ့တဲ့ မဂ္ဂနက်တာစာချုပ်ကြီးက ဘုရင်တွေထံက အာဏာကို ခွဲဝေယူတဲ့ အလေ့အကျင့်ရဲ့ အစအဖြစ် ယခုအထိတိုင် အသိမှတ်ပြုထားဆဲဖြစ်ပြီး အဲဒီ စာချုပ်ခေတ်ကနေတဆင့် စည်းမျဉ်းခံဘုရင်စနစ် ၊ ပါလီမန်ဒီမိုကရေစီ ခေတ် တွေကို အဆင့်ဆင့်ကူးပြောင်းနိုင်ခဲ့တာဖြစ်ပါတယ်။


အမေရိကန်နိုင်ငံမှာတော့ လွတ်လပ်ရေးကြေငြာစာတမ်းက အခုထိ သက်ဝင်နေဆဲဖြစ်သလို အမေရိကန်ပြည် ထောင်စုရဲ့ အစလို့ပြောနိုင်တဲ့ ၁၃ ပြည်နယ်ပေါင်းစည်းမှုမှာလည်း- ၁။ အချုပ်အခြာ အာဏာကိုပြည်သူများ ပိုင်ဆိုင်ရေး ၂။ ပြည်သူပြည်သားတိုင်း လုံးဝ တန်းတူညီမျှရေး ၃။ အုပ်ချုပ်ရေးအဖွဲ့က အာဏာကို မတရားသောနည်းလမ်းဖြင့် သိမ်းပိုက်မှုကို အလွှဲသုံးစားပြုမှုမှ ကာကွယ်ရေး ၄။ ပြည်နယ်တွေရဲ့ အခွင့်ရေးကို ဗဟိုပြည်ထောင်စုမှ ၀င်ရောက်စွပ်ဖက်မှုမှ ကာကွယ်ရေးဆိုတဲ့ မူကြီး လေးချက်ကို အခြေခံခဲ့တာဖြစ်ပါတယ်။


ယနေ့ထက်တိုင်လည်း အခြေခံ ဥပဒေမှာ လိုတိုးပိုလျှော့ အနည်းငယ်သာလုပ်လို့ အဲဒီမူတွေအတိုင်း ဆက်သွား နေဆဲဖြစ်ပါတယ်။ အမေရိကန် သမ္မတ အဆက်ဆက်မှာ စစ်သားတွေ တပ်မတော်သား စစ်မှုထမ်းကနေတဆင့် သမ္မတ ဖြစ်လာခဲ့သူတွေကို တွေ့ရမှာဖြစ်ပေမဲ့ သူတို့ကလည်း လွတ်လပ်ရေးကြေငြာစာတမ်းပါပြဌာန်းချက်တွေ ၊ မူတွေ ၊ အခြေခံ ဥပဒေတွေကို အတတ်နိုင်ဆုံးလိုက်နာကျင့်သုံးကြတာကြောင့် တိုင်းပြည်က ဒီကနေ့အထိ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာရပ်နေဆဲဖြစ်ပါတယ်။

အိန္ဒိယဆိုရင်လည်း လွတ် လပ် ရေးကြေငြာစာတမ်းရှိသလို ၊ ကုလသမဂ္ဂမှာဆိုရင်လည်း ကုလသမဂ္ဂစတင်တည်ထောင်တဲ့ ပဋိဥာဉ်ဆိုတာ ရှိနေဆဲဖြစ်ပါတယ်။ အဲဒီ ပဋိဥာဉ်ကလည်း တစ်ခုရှိပြီးသားဖြစ်တဲ့အတွက် နောက်တစ်ခုဆွဲမယ်ဆိုရင် အရင်တစ်ခုက ဖျက်ရမဲ့ သဘောဖြစ်ပါတယ်။ ပြည်ထောင်စု ပဋိဥာဉ်တွေကို ဖျက်ခဲ့တဲ့ နိုင်ငံတွေကို ကြည့်ရင် အာဏာရှင်စနစ်ကျင့်သုံးသူတွေ ၊ အာဏာရှင်စနစ်ကျင့်သုံးတဲ့ တိုင်းပြည်တွေသာဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်း ပြယုဂ်နဲ့ နေရာရလာခဲ့သူဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်တွေကို တိုင်းရင်းသား ဒေသတွေကို ပို့နေတာထက် ပိုကောင်းတဲ့ အစီစဉ်တွေရှိရင် ဗိုလ်ချုပ် နာမည်နဲ့ ရုပ်ထုတွေ တံတားတွေကို ကန့်ကွက်မှုတွေ ပေါ်လာမှာ မဟုတ်ပါ။ အခု ပင်လုံက ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ ပုံက ပင်လုံစာချုပ် ပြည်ထောင်စု ပဋိဥာဉ်ကို တန်ဖိုးသေးသိမ်အောင် ပြောနေတဲ့ သဘောဖြစ်ပါတယ်။ ဒီထက်ကောင်းတဲ့ အစီစဉ်ရှိရင်လည်း ပင်လုံ ပြည်ထောင်စုနေ့မှာ ချပြသင့်ခဲ့ပါတယ်။ ငါ့စကား နွားရ ပြောရမဲ့ အချိန်လည်း မဟုတ်ပါ။ ပင်လုံသည် ဒီမိုကရေစီ ၊ တန်းတူညီမျှမှု ကို အခြေခံခဲ့ခြင်းသာ ဖြစ်ပါတယ်။

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်

၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေညီလာခံ ဒုတိယအကြိမ် ရက်ရွှေ့ထားသော်လည်း အရပ်ဖက် အဖွဲ့အစည်းများ အကြိုဖိုရမ်ကိုတောင်ကြီးတွင် ကျင်းပမည်

Posted: 15 Feb 2017 10:53 PM PST

၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအစည်းအဝေး သီတင်းနှစ်ပတ်ခန့်ရွှေ့ဆိုင်းသွား သော်လည်း ဖေဖော်ဝါရီလ ၂၁ ရက်တွင် တောင်ကြီးမြို့ ၌ နိုင်ငံလုံး ဆိုင်ရာ အရပ်ဖက်အဖွဲ့ အစည်းများ အကြို ဖိုရမ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။


ယခင်က ဆိုင်းငံ့ထားရန်ဆုံးဖြတ်လိုက်သည့် ချင်းအမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေး ပွဲကို ယခုလအတွင်း ကျင်းပခွင့်ပြုလိုက်ပြုလိုက်ပြီဖြစ်သဖြင့် ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို နောက်ဆုတ်ပြီးကျင်းပ ရခြင်းဖြစ်ကြောင်း UPDJC အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုကြောင်း RFA သတင်းတွင်ဖော်ပြထား သည်။


တစ်နိုင်ငံလုံးအဆင့် အရပ်ဖက်အဖွဲ့အစည်းများ အကြိုဖိုရမ်ကို ယခုလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် (၃) ရက်တိတိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ၂၄ နှင့် ၂၅ရက်နေ့ တွင် နိုင်ငံလုံး ဆိုင်ရာအရပ်ဖက်ဖိုရမ်ကို နေပြည်တော်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည် ။


ဖေဖော်ဝါရီ ၂၄၊ ၂၅ တွင် နေပြည်တော်တွင် ကျင်းပရန်ရှိသည့် နိုင်ငံလုံး ဆိုင်ရာ အရပ်ဖက်အဖွဲ့ အစည်းများ ညီလာခံတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ အနေဖြင့် အကြောင်းအရာအလိုက် တင်ပြဆွေးနွေးခြင်းများ ပြုလုပ် သွားမည် မဟုတ်ကြောင်း တစ်နိုင်ငံလုံး ဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့စည်း (CSOs Forum ) ဖြစ်မြောက်ရေး ဗဟိုကော်မတီဝင် ဦးမင်းအောင်ထူး ကပြောသည် ။


အဆိုပါညီလာခံတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် တိုက်ရိုက် တင်ပြခွင့်မရှိပဲ UPDJC မှချမှတ်ထား သော စီးပွားရေး၊ လူမှုရေး ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ စသည့်ကဏ်ဏ္ဍ(၃) ခုအလိုက်သာ ဆောင် ရွက်သွားမည်ဖြစ်ပြီး မိမိတို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများကြား စည်းလုံး ညီညွှတ်မှု ၊ ငြိမ်းချမ်းရေးဖြစ် စဉ်အတွက် အခြေခံကျသောအခင်းအကျင်းတစ်ခု အခိုင်အမာတည်ဆောက်မှသာ ရေရှည်အတွက် အကျိုးရှိ မှာဖြစ် သဖြင့် သေချာပြင်ဆင်မှုများအရင်ပြုလုပ်သင့်သည် ဟု ၄င်းကဆိုသည် ။


" ညီလာခံမှာ CSO ဖက်ကသီးသန့်ကိုယ်စားလှယ်လည်းမရှိဘူး ၊ တစ်ဘက်က ဘယ်လိုပဲပြောပြော ပြည်သူလူ ထုရဲ့ အသံနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း ရဲ့ တင်ပြချင်တဲ့ အကြောင်းအရာတွေကို တော့ရတဲ့နေရာက နေတင်ပြမယ် " ဟု ဦးမင်းအောင်ထူး ကပြောသည် ။


အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် ၂၁ ရာစုပင်လုံ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ ပထမ အစည်းအဝေးကတည်းက ကိုယ်စား လှယ်ရရှိရေးတောင်းဆိုခဲ့သော်လည်း ယခုအထိမရရှိသေးပဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အရ ပါဝင်သင့်ပါဝင်ထိုက်သူများ ခေါင်းစဉ်အောက်တွင် သာပါဝင်ခွင့်ရရှိထားသည်။


“ကျမတို့ တောင်းဆိုတာက အမျိုးသားအဆင့်ကိုယ်စားလှယ် တရားဝင်ပါဖို့။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ သူတို့ရဲ့ ကော်မတီသည် လေးပွင့်ဆိုင်(လွှတ်တော်၊ပါတီများ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်)ရှိထားတယ်။ ဒါပေမယ့် အရပ်ဖက် အဖွဲ့အစည်းကလည်း အကြောင်းအရာလိုက်ကို ဦးဆောင်ရမှာ ဖြစ်တဲ့အတွက် ဦးဆောင်ရတာခြင်းအတူတူ ဘာလို့ အရပ်ဖက် အဖွဲ့အစည်းကိုတန်းတူ မပေးနိုင်ရမှာလဲ” ဟု အရပ်ဖက်အဖွဲ့အစည်းဖိုရမ် ဖြစ်မြောက်ရေး ဗဟိုကော်မတီဝင် တနင်္သာရီတိုင်း ဒေသမှ ဒေါ်စုစုဆွေက သုံးသပ်ပြောဆိုသည် ။


သျှမ်းပြည်နယ်တစ်ပြည်နယ်လုံးအတွက် ပါဝင်သင့်ပါဝင်ထိုက်သူများ CSO ကိုယ်စားလှယ်အနေနှင့် ၄၉ ဦး ရရှိ ပြီး အမျိုးသမီးကိုယ်စားလှယ်ပေါင်း ၂၄ ဦးခန့်ပါဝင်သည်ဟု သျှမ်းပြည်နယ်တောင်ပိုင်း (CSOs Forum ) ဖြစ်မြောက်ရေးကော်မတီဝင် ကိုဝင့်ထည်ကောင်းမြတ် ကပြောသည် ။


" အရပ်ဖက်လူမှုအဖွဲ့အစည်း အနေနဲ့တိုက်ရိုက်ကိုင်တွယ်နေရတဲ့ သံယံဇာတကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ကိုဆွေးနွေးခွင့်မပေးထားဘူး ၊ CSO တွေကို ကန့်သတ်ထားတာတွေကများနေတယ် ။ CSO တွေရဲ့ ဆွေးနွေးချက်တွေကဘယ်ကိုရောက်သွားမှာလဲ UPDJC ကဘယ် လို တင်ပြမှာလဲ စတဲ့အချက်အလက်တွေကို ကျစ်ကျစ်လစ်လစ်မသိရသေးဘူး " ဟု ၄င်းကဆက်လက်ပြောသည် ။


၂၀၁၆ ခုနှစ် မေလကုန်လောက်ကအရပ်ဖက်အဖွဲ့အစည်းဖိုရမ်ဖြစ်ရောက်ရေး အတွက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ လမ်းညွှန်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဦးဆောင်ကာ အရပ်ဖက် အဖွဲ့အစည်း အဖွဲ့ဝင်ပေါင်း ၁၂၀၀ ကျော် ပါဝင်သောကွန်ရက် ၂၄ ခုတို့နှင့် အစည်းအဝေးပေါင်း (၂၀) ကျော်စတင် ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Feb 17, 2017, 4:48:59 PM2/17/17
to thuau...@gmail.com

မူးယစ်ဆေးဝါးပြဿနာ ပူးတွဲဖြေရှင်းရန် ကျောက်မဲမြို့နယ် ဒေသအတွင်း သံဃာတော်ဦးဆောင်

Posted: 17 Feb 2017 03:32 AM PST

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အနောက်တောင်ဘက် ကျေးရွာများဘက် ၌ ဒေသခံအကြီး အကဲ များ၊ ရပ်ရွာလူထုများ နှင့် လက်နက်ကိုင်အဖွဲ့ အစည်း များ အား မူးယစ်ဆေးဝါးပြဿနာ ပူးပေါင်း ဖြေရှင်းရန် ဒေသတွင်း သံယာတော်များမှ ဦးဆောင်ကာ သဘောတူညီမှုအချို့ရယူခဲ့ကြောင်း သိရှိရသည် ။

ဓါတ်ပုံ- Sao On
၂၀၁၇ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ က ကျောက်မဲမြို့နယ် နောင်ပိန်အွန် ဇေယ သုခ  ကျောင်း ထိုင် ဆရာတော် အရှင်ဆေကိန္တ ဦးဆောင်ကာ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်နိုင်ရေး၊ မူးယစ်ဆေး စွဲပြဿနာ ဖြေရှင်းနိုင်ရေးအတွက်  ရပ်ရွာအကြီးအကဲများဖြစ်သည့် (ဦး) စိုင်းလှမြင့်၊ စိုင်းဘဌေး နှင့် ကျေးလက် လူထုများ၊ အဆိုပါဒေသဘက် လှုပ်ရှားသွားလာသည့် သျှမ်းပြည်တပ်မတော် တာဝန်ရှိ ပုဂ္ဂိုလ်များ စုစုပေါင်း လူအင်အား ၁၈၀ ခန့် တက်ရောက်ကြသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နည်းလမ်းရှာ ဖွေသည့် တွေ့ဆုံနွေးမှု တရပ်ပြုလုပ်ခဲ့ကြသည် ။


“မူးယစ်ဆေးဝါးပြဿနာက တမျိုးသားလုံးလူညွှန့်သုဉ်းစေတယ်။ မူးယစ်ဆေး သုံးမိရင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အမျိုးသားရေး စတဲ့အရေးတကာ့ အရေးတွေ ဆုတ်ယုတ်လာတယ်။ မိသားစုပြို ကွဲစေ တယ်။ ဒါ့ကြောင့် စုပေါင်းတိုက်ဖျက်ဖို့ လုပ်ကြတာ။” - ဟု ဆရာတော်ဘုရား အရှင်ဆေကိန္တ  က မိန့်တော်မူသည် ။


အဆိုပါတွေ့ဆုံအဖြေရှာပွဲတွင် သဘောတူညီမှု သုံးချက်ရရှိသည်ဟုဆိုသည်။ ၁။ မူးယစ်ဆေးဝါး ပြဿ နာ စုပေါင်းဖြေရှင်းမည့်အကြောင်း တက်ရောက်သူ အားလုံးသဘောတူလက်မှတ်ရေးထိုးထားမည်   ၂။ လက်မှတ်မထိုးဘဲ မူး ယစ်ဆေးဝါးနှင့်ပတ်သက်ဆက်နွယ်သူတိုင်း အမျိုးသားသစ္စာဖေါက် အဖြစ် သတ် မှတ်မည်၊ ၃။ မူးယစ်းဝါးပြဿနာများအား စုပေါင်းဖြေရှင်း တိုက်ဖျက် မည် စသဖြင့် သဘောတူ ဆုံးဖြတ် ကြသည်ဟု သိရသည် ။


“သဘောတူညီချက်ကိုချိုးမယ်၊ မူးယစ်ဆေးဝါးသုံးစွဲမယ်၊ ရောင်းဝယ်ဖေါက် ကားမယ် ဆိုရင် ဆိုင်အာဏာပိုင်တွေ ဆီဖမ်းဆီးအပ်နှံမယ်။ သျှမ်းပြည် တပ် မတော်ဘက်ကလဲ လက်တွဲ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောတယ်။ အလုပ် ကြမ်းနဲ့ ထောင်ဒဏ်ပေးမယ်။ အကျင့်စာရိတ္တကောင်းမွန်လာရင် စစ်ပညာ သင်ကြားပေး ပြီး စစ်မှုထမ်းစေမယ် တဲ့ ” - ဟု အဆိုပါ အစည်းအဝေး တက်ရောက်သည့် (ဦး)စိုင်းဆန်မောင်း က ပြောသည် ။


ပြီးခဲ့သည့် ဇန်နဝါရီ ၂၉-၃၁ ရက်နေ့ကလည်း သံယာတော်များ ရပ်ရွာအကြီး အကဲ များ စုပေါင်းကာ ငြိမ်းချမ်းရေးဆိုင်ရာ မူးယစ်ဆေးဝါး ဆိုင်ရာ ပညာပေးေ ဟာပြော ပွဲ ပြုလုပ်စဉ် လူထု ၂၀၀၀ ခန့် တက်ရောက်သည် ။


လွတ်တော်အမတ်တဦး၏ပြောပြချက်အရ လက်ရှိ သျှမ်းပြည်အတွင်း မြို့နေ၊ ကျေးရွာနေ လူများအများ အပြားသည် မူးယစ်ဆေးဝါးသုံးစွဲေ နကြေ ကြာင်း၊ လဲချားမြို့ကျေးရွာတခုတွင် အသက် ၁၂ ရွယ် မိန်းခ လေးပင် မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း၊ ယခင်က ယာမ တပြား ကျပ်သုံးထောင်၊ ယခု တထောင် ကျပ် ယာမ သုံးပြား - ၄ ပြား အထိ ဖေါဖေါ သီသီ ရောင်းဝယ်ေ နကြကြောင်း၊ အာဏာပိုင်များကလဲ မသိကျိုးကျွန်ပြုနေကြကြောင်း၊ ဒီ့အတွက်လူထုလူတန်းစားလုံး သံဃာ ရဟန်းမကျန် ပူးတွဲပါဝင် တိုက်ဖျက်သင့်ကြောင်း ပြောသည် ။

သဘာဝပတ်ဝန်းကျင်မြတ်နိုးထိန်းသိမ်းရေးအထိမ်းအမှတ် TYN မှဦးဆောင်သည့် သျှမ်းလူငယ်များ ၇ ကြိမ်မြောက် တောင်တက် အလံစိုက်ထူလှုပ်ရှားမှုပြု

Posted: 17 Feb 2017 02:45 AM PST

နှစ် ရ၀ ပြည့် သျှမ်းအမျိုးသားနေ့အထိမ်းအမှတ် အနေဖြင့် မြန်မာနိုင်ငံ လုံးဆိုင် ရာ သျှမ်းလူငယ်ကွန်ရက် TYN မှဦးဆောင်သည့် ဒေသအသီးသီးမှ သျှမ်း လူငယ်များအင်အား တစ်ထောင်နီးပါးမှာ သျှမ်းပြည်တောင် ပိုင်း မိုင်းရှူးမြို့နယ် ရှိ လွိုင်ဆောင်ထောက်တောင်တက် သျှမ်းအမျိုးသားအလံ စိုက်ထူသည့် လှုပ်ရှား မှု တခုပြုခဲ့ သည်ဟု သိရသည်။

ဓါတ်ပုံ- Tai Youth Network
မိုင်းရှူးမြို့နယ်အတွင်း အမြင့်ပေ ၆၀၀၀ ကျော်ရှိ လွိုင်ဆောင်ထောက်တောင် ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က လူငယ်အင်အား ရ၀၀ ခန့်က တက်ရောက်ကာ သျှမ်းပြည်အလံတော်ကိုစိုက် ထူခဲ့ကြခြင်းဖြစ်သည်။


ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင်မူ စာပေဟောပြောပွဲ ကိုပါပူးတွဲကျင်းပ ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင် ရာ သျှမ်းလူငယ်ကွန်ရက် TYN ၏ အတိုင်ပင်ခံလည်းဖြစ် ၂၀၁၆ ခုနှစ် ဆုစန္ဒီ လူငယ်ခေါင်းဆောင် ဆုရှင် လည်းဖြစ်သည့် စိုင်းဆု က ပြောသည်။


“ အဓိက ရည်ရွယ်ချက်ကတော့ သျှမ်းလူငယ်တွေ သဘာဝ ပတ်ဝန်းကျင် ကို လေ့လာစေချင်တယ်၊ မိုင်းရှူးရတနာမြေ မှာနေထိုင်တဲ့ လူနေမှု ဘဝက ဘယ်လိုအခြေနေတွေရှိလဲဆိုတာ လေ့လာစေချင် တယ်၊ အဓိက အရေးကြီးဆုံးက နှစ် ရ၀ ပြည့် သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် သျှမ်းအမျိုးသားအလံ ကို တောင်ပေါ်မှာ သွားစိုက်ထူတယ်” ဟု ၄င်းကပြောသည်။


မိုင်းရှူး လွိုင်ဆောင်ထောက်တောင်တက်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် သျှမ်းစာပေပညာရှင်များ က မိုင်းရှူးရတနာမြေ လွိုင်ဆောင်ထောက် သမိုင်းကြောင်းများ၊နိုင်ငံရေး ၊ လူမျိုးရေး၊ပညာရေး နှင့် လူငယ်အကြောင်း များ ဟောပြောသွားကြောင်း တောင်တက်အဖွဲ့တွင် ပါဝင်သော သျှမ်းလူငယ် အမျိုးသမီး အေးကူ ကပြောသည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန် ရက် သည် သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် နှစ်စဉ်နှစ်တိုင်း သျှမ်းပြည်တွင်းရှိ သမိုင်းဝင် တောင်များ ကို တက်ရောက်ပြီး တောတောင် သဘာဝ သယံဇာတများကို လူငယ်များ ထိန်းသိမ်းတတ်စေရန် နှင့် မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်တတ်စေရန် စသည့်တို့ ရည်ရွယ်ချက်များ ပါဝင်သည်။


“သျှမ်းပြည်ထဲက တောတောင်သဘာဝ ရေမြေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ကောင်းကျိုး တွေရရှိမယ်လို့မျှော်လင့်တယ်။ ဒါကြောင့် နောက် နှစ်ေ တွမှာပြုလုပ်မယ့် တောင်တက်လှုပ်ရှားမှုတွေမှာ လည်း အကြောင်း အမျိုးမျိုးကြောင့် တောင်တက်ခွင့်မရှိတဲ့ လူငယ်တွေ ကို တောင်တက်ခွင့်ရှိလာအောင် ဖေးမကူညီစေချင်တယ်။ အခုလို အရမ်းကိုအဖိုး တန်တဲ့ သျှမ်းပြည်ရဲ့ သဘာဝ ကိုလေ့လာခွင့်ရဖို့ဆိုတာ လွယ်တဲ့အခွင့်အရေးမဟုတ်ပါဘူး။ ပူးပေါင်းလက်တွဲလာကြစေ ချင်ပါတယ် ” - ဟု သီပေါလူငယ် နန်းလောဝ်ဆိုင် က ပြောသည်။


ဖေဖော်ဝါရီလ ၁၅ ရက် တောင်ပေါ်မှအဆင်း လူငယ်များသည် သဘာဝ ပတ် ၀န်းကျင်မြတ်နိုး ထိန်းသိမ်းရေးလှုံ့ဆော်သည့် ဗီနိုင်းများ ဆိုင်းဘုတ် များကိုင်ေ ဆာင်ကာ မိုင်းရှူးမြို့နယ်အတွင်း စီတန်း လှည့်လည် ခဲ့ကြသေး သည်ဟုလည်း သိရသည်။


၁၉၄၇ ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ မတိုင်မီ ၅ ရက်အလိုတွင် သျှမ်းေ စ်ာဘွား ကိုယ်စားလှယ် ရ ဦး ၊ လူထု ကိုယ်စားလှယ် ရ ဦးတို့စုပေါင်း၍ သျှမ်းပြည်ကောင်စီဖွဲ့စည်းနိုင် သည့်နေ့ ကို ဂုဏ်ပြုသည့် အနေဖြင့် သျှမ်းပြည် အမျိုးသားနေ့ဟု သတ်မှတ်ထားခြင်း ဖြစ်သည် ။


ယခုနှစ် သျှမ်းလူငယ်ကွန်ယက်မှ ဦးဆောင်သည့် လူငယ်များတောင်တက်ခြင်း လှုပ်ရှားမှုမှာ ရ ကြိမ်မြောက်တောင်တက်ခြင်းလှုပ်ရှားမှုဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်က ထိုသို့တောင်တက်လှုပ်ရှားမှု စတင်ခဲ့ကြခြင်းဖြစ်ပြီး မိုင်းရယ်မြို့ရှိ လွယ်လိန်းတောင် ၊ သီပေါမြို့ရှိ လွယ်ခေးတောင်၊ သိန္နီမြို့နယ် လွယ်ဆာမ်ဆစ်ေ တာင်၊ မိုင်းကိုင်မြို့နယ် လွယ်စန့်တောင်၊ မူစယ်မြို့တဖက်ကမ်း စယ်လန့်ရှိ လွယ်တေးမိန်းတောင်နှင့် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ လွယ်ဝိလာသ တောင် တို့ကိုတက်ရောက် ခဲ့ကြပါသည်။

KIA ကို တိုက်ခိုက်ရန် ဒေါ်အောင်ဆန်းစုကြည် ခွင့်ပြုဟု ဘန်ကောက်ပိုစ့် သတင်းတွင်ဖော်ပြ

Posted: 17 Feb 2017 12:49 AM PST

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်အတွက် ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်အား ဖိအားပေးတိုက်ခိုက်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ခွင့်ပြုခဲ့သည်ဟု ဘန်ကောက်ပိုစ့် သတင်းတရပ်တွင် ဖော်ပြထားသည် ။


ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ်ပြန်သည့် ဘန်ကောက်ပို့စ်သတင်းစာမျက်နှာတွင် ဆောင်းပါးရှင် လာရီဂျာဂင်၏   Suu Kyi; General try to heal difference အမည်ရ အမြင်သဘောထား ဆောင်းပါးတွင် “အောက်တိုဘာလအထိ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး တပ်မတော်မှ သတင်းအချက်အလက်အချို့ကို ဒေါ်အောင်ဆန်းစုကြည်ထံ ပုံမှန်တင်ပြမှု ရှိခဲ့သည်”  ဟု ဖော်ပြထားသည် ။


ယင်းနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခွင့်ပြုမိန့်ကို ကာကွယ်ရေးဝန်ကြီးက ရရှိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ တပ်မတော် အရာရှိဟောင်းအချို့နှင့် တပ်မတော်နှင့် နီးစပ်သော သတင်းအရင်း အမြစ် များ၏ ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြထားသော အဆိုပါ ဆောင်းပါးနှင့် ပတ်သက်၍ အစိုးရဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးပေ ။


‘ ဒီသတင်းက အတည်ပြုလို့ မရသလို အစိုးရဘက်ကလည်း ငြင်းတာ မတွေ့ရသေးဘူး။ အဖြစ်မှန်ဆိုရင် တော့ တော်တော်ဆိုးဝါးတဲ့ ကိစ္စလို့ ပြောချင်တယ်။ ‘ ဟု သျှမ်းပြည်တွင်း အရေးများကို လေ့လာ စောင့်ကြည့် နေသူ ကိုထွန်း ( မိုင်းဖြတ် ) က ပြောသည် ။


အာဏာရှင်များကို စောင့်ကြည့်လေ့လာနေသူ ရိုလန်ဝေါ့ဆင်ကလည်း ယင်းသတင်းသာ အတည်ဖြစ်ပါက ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာရှင်တစ်ပိုင်း ဖြစ်လာပြီဖြစ်ပြီး ဗမာလူမျိုးကြီးဝါဒကို အကောင်အထည် ဖော်နေသူအဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည် ။


အောက်တိုဘာလနောက်ပိုင်းတွင်မူ တပ်မတော်နှင့် ရခိုင်အရေးနှင့် ပတ်သက်၍ အနည်းငယ် အဆင်မပြေ မှုများရှိလာသည်ဟု လာရီဂျာဂင်၏ ဆောင်းပါးတွင်ဖော်ပြထားပြီး သို့အတွက်ရခိုင်အရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကဲ့သို့ ကိစ္စရပ်များတွင် တပ်မတော်အပေါ် လိုက်လျောမှုများ ပြုခဲ့ရသည်ဟုဆိုသည် ။


“အခု အစိုးရရဲ့ သဘောထားတွေက ဗမာ+ ဗမာ ဆိုတဲ့သဘောကိုဖော်ပြနေသလား သံသယဝင်မိတယ်။ ” ဟု ကွတ်ခိုင်အခြေစိုက် ကချင်အရေးလှုပ်ရှားသူ မမိုင်းမိုင်က မှတ်ချက်ပြုသည် ။


၂၁ ပင်လုံအပြီး စတင်ခဲ့သည့် ဂိဒွန်ဒေသ တိုက်ပွဲများကြောင့် စစ်ရပ်စဲရေးဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး NLD ၏ ကချင်အမတ်များကလည်း အတိုင်ပင်ခံထံ စာပို့တောင်းဆိုခဲ့သော်လည်း စစ်ရပ်စဲရေး တစ်စုံတရာ ပြောဆိုခဲ့ခြင်းမရှိပေ ။


ဖေဖော်ဝါရီလ ၁၂ နေ့က ပင်လုံတွင် ကျင်းပခဲ့သည့် ပြည်ထောင်စု နေ့အခမ်းအနားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ပင်လုံစာချုပ်အပေါ် အရေးမပါသယောင် ပြောဆိုမှုများကြောင့် ဝေဖန်မှုများ ရှိနေသည် ။


၎င်းနှင့်ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် သျှမ်းတိုင်းရင်းသားများ အသင်း ဥက္ကဌ စိုင်းထွေးမောင်က - ငြိမ်းချမ်းရေးကိုလိုလားတာမဟုတ်။ တိုင်းရင်းသားရပိုင်ခွင့်ကို လိုလားတာ မဟုတ်။ တကယ်ဆိုရင် သူက တားရမယ်။ငြိမ်းချမ်းရေးပြောပြီး တိုက်ပွဲဖြစ်နေတာကိုမတားတာဟာ လိမ်ညာတာဘဲ - ဟု လည်း မှတ်ချက်ပြုပြောဆိုသည် ။

ခေတ်စနစ်သစ် ပြောင်းလဲဖို့ NLD ကိုစုပေါင်းမဲထည့်စို့- သျှမ်းဘာသာ ဆောင်ပုဒ်ဖြင့် NLD မဲဆွယ်

Posted: 17 Feb 2017 12:01 AM PST

ခေတ်စနစ်သစ် ပြောင်းလဲချင်ပါက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား စုပေါင်းမဲထည့်ကြရန် တိုက်တွန်း ထားသော သျှမ်းဘာသာဖြင့်ရေး သားထားသည့် ဆောင်ပုဒ်ဖြင့် NLD ပါတီမှ မိုင်းရှုးမြို့နယ်တွင် မဲဆွယ် စည်းရုံးမှု ပြုလုပ်နေကြောင်း သိရသည်။


ဧပြီလ ၁ ရက်နေ့တွင် စတင်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုများပြုလုပ်ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စား လှယ်ေ လာင်းများက ဒေါ်အောင်ဆန်းစုကြည် ပုံပါ လက်ကမ်း စာဆောင်များဖြင့် မဲဆွယ်မှုများ ပြုလုပ်နေသည်ဟု မိုင်းရှူးဒေသခံများကပြောသည်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ (ဋ) တွင် ပြည်ထောင်စုဝန်ကြီး သည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူး သက် တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ-ဟုပြဌာန်း ထားသည်။


၂၀၁၅ ရွေးကောက်ပွဲကာလအတွင်းကလည်း ကြံ့ခိုင်ရေးပါတီမှ ယင်းကဲ့သို့ပင် ဦးသိန်းစိန်ပုံကို အသုံးပြု၍ မဲဆွယ်ခဲ့သော်လည်း NLD အနိုင်ရရှိခဲ့သောကြောင့် ကန့်ကွက်မှု တစ်စုံတစ်ရာ မပေါ်ပေါက်ခဲ့ပေ။


ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးမှုများနှင့်ပတ်သက်၍ မပြောလိုေ သာ် လည်း လွတ်လပ်ပြီး တရားမျှတသည့် ပုံစံဖြစ်ရန်သာလိုလားကြောင်း လည်း မိုင်းရှူးမြို့နယ် ကျားခေါင်းပါတီ ကိုယ်စားလှယ်လောင်း စိုင်းထွန်းအေးက ပြောသည်။


“ကျနော်တို့ကတော့ အပြုသဘောဆောင်ပူးပေါင်းပါဝင်တဲ့ပုံစံနဲ့ပဲ ကျနော် တို့ပါတီကတော့ ဒီလိုပဲ မဲဆွယ် စည်းရုံးတယ်။ရွေးကောက်ပွဲမှာ အဓိက လိုလားတာကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ပုံစံဖြစ်ဖို့ပါပဲကျန် တာတွေ ကတော့ ဘယ်ပုံရိပ်ပဲသုံးသုံး အပြုသဘောဆောင်ပြီး ဘာမှ တော့ မပြော ချင်ပါဘူး ” ဟု ဦးစိုင်းထွန်းအေး ကပြောသည်။


ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ရာတွင် ကိုယ်စားလှယ်လောင်း များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ပုံကို သတိဖြင့် အသုံးပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကလည်း ဆုံးဖြတ် ထားသည်ဟု ဦးဝင်းထိန်မှ သတင်းမီဒီယာ အချို့ကို ပြောဆိုထားသည်။


မဲဆွယ်စည်းရုံးရေးကာလမတိုင်မီကာလကပင် မိုင်းရှူးမြို့နယ်မှ NLD အလုပ် အမှုဆောင်တစ်ဦးအပါဝင် ပါတီဝင်များမှာနှုတ်ထွက်မှုရှိခဲ့သည်။ အစိုးရသစ် တက်ပြီးနောက်ပိုင်း သျှမ်းပြည်နယ်အတွင်း အရပ်သားများ သေနတ် ထိမှန်သေ ဆုံးခြင်း သျှမ်းရွာသားများ မီးရှို့အသတ်ခံရမှုများဖြစ်ပေါ်ခဲ့သော်လည်း NLD အစိုးရမှ ဖြေရှင်းဆောင်ရွက်ပေးမှု မရှိခဲ့သည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။


ယင်းအပြင် ပင်လုံစာချုပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်မှာ မရေမရာပြောဆို ခဲ့မှုများ တိုင်းရင်းသား ဒေသ များတွင် တပ်မတော်မှ စစ်ဆင်ရေး လုပ်နေ စဉ် နှုတ်ဆိတ်နေမှုများကြောင့် တိုင်းရင်းသားများက အစိုးရ သစ်ကို မေးခွန်းထုတ်လျက်ရှိနေသည်။


သျှမ်းပြည်နယ်ရှိ လစ်လပ်မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကျားခေါင်းပါတီ၏ ဥက္ကဌ ဖြစ်သူ ခွန်ထွန်းဦးကမူ မိုင်းရှူး ၊ ကျေးသီးမဲဆန္ဒနယ်များတွင် SNLD အနိုင်ရရှိရန်အတွက် ယုံကြည်မှု ရှိကြောင်း ပြောဆိုထားသည်။


သျှမ်းပြည်နယ်အတွင်းတွင် လစ်လပ်မဲဆန္ဒနယ် ၈ နေရာရှိကြောင်း သိရသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ထိုင်းနိုင်ငံမြောက်ပိုင်းရောက် သျှမ်းလူမျိုးများနှင့်တွေ့ဆုံ

Posted: 16 Feb 2017 08:54 PM PST

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ကိုယ်စားလှယ်တော်များ သည် ဖေဖေါ်ဝါရီ ၁၅ - ၁၆ ရက်နေ့ တို့တွင်ထိုင်းနိုင်ငံမြောက်ပိုင်းရောက် သျှမ်းလူမျိုးများနှင့် နှစ်ရက်ကြာတွေ့ဆုံကာ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်အတွက် နိုင်ငံရေးဘုံသဘောထားရယူ ရန် ဆွေးနွေး ခဲ့ခြင်းဖြစ်သည် ။

ချင်းမိုင်မြို့တွင် ၂ ရက်ကြာ ထိုင်းမြောက်ပိုင်းဒေသခံသျှမ်းလူထုများနှင့် CSSU ကိုယ်စားလှယ်တော်များတွေ့ဆုံစဉ်

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ကိုယ်စားလှယ်တော်များသည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ဝိန်းဟိုင်၊ ချင်းဒေါဝ်း၊ ဖှန်၊ မယ့်အိုင်း၊ ချိုင်းပရကန်း၊ ချင်းရိုင်း၊ မယ့်ဆိုင်၊ မိန်းပိုင်း၊ မယ်ဟောင်ဆောင် မြို့များ သို့ ရောက် ရှိနေထိုင်သည့် သျှမ်းလူမျိုးများ၏ အကြီးအကဲများ၊ ကိုယ်စားလှယ်များအား ဖိတ်ခေါ် ကာ ချင်းမိုင်မြို့ ရှိ ဟော်တယ် တခု၌ တွေ့ဆုံခြင်းဖြစ်သည် ။


“ချင်းမိုင်မှာ သျှမ်းပြည်ကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေများတယ်။ သူတို့စားဝတ်နေထိုင်ရေး တွေဘယ်လိုရှိတယ်ဆိုတာ တွေ့ဆုံပြီးဆွေးနွေးတယ်။ သူတို့တကယ်လိုအပ်နေတာဘာတွေလည်း ဆိုတာတွေ မေးမြန်းတယ်။ ဘန်ကောက်နဲ့ ရယောင်းဘက်ကလူထုနဲ့လည်းသွားတွေ့ဖို့ရှိတယ်။ အဲဒီ ကနေပြန်လာရင် ချင်းမိုင်မှာတကယ့်လူထုလူတန်းစားအလုပ်သမားေ တွနဲ့ထပ်မံတွေ့ဆုံဦးမယ်။ မွေး ရပ် မြေနဲ့ဝေးနေပေမယ့် ကိုယ့်ဒေသ ကိုယ့်နယ်မြေမှာအခြေအနေဘယ်လိုရှိနေသလဲ စတာတွေသိရ အောင် လည်းရှင်းပြ မယ်။” - ဟု သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ ထိုင်းနိုင်ငံခရီး ဦးဆောင် သူ စဝ်ဆေ က ပြောသည် ။


သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ ကိုယ်စားလှယ်များသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းတိုင်းရင်းသားများတီမိုကရေစီအဖွဲ့ချုပ် နှင့် လူမှုအ ခြေပြု အဖွဲ့အစည်းများမှ ဖြစ်သည် ။


လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲ ဖြစ်မြောက်ရန် သျှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU အဖွဲ့ဝင်များသည် တောင်ကြီးမြို့၌ ဇန်နဝါရီ ၂၃ - ၂၇ ရက် နေ့အထိ တွေ့ဆုံ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် - နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် သဘာ ၀သယံဇာတ နှင့် ပတ်ဝန်းကျင် ဆိုင်ရာ ခေါင်းစဉ်များ ဆွေးနွေးလေ့လာ ခဲ့သည် ။


ထိုအလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက့်သည့်ကိုယ်စားလှယ်များအား အုပ်စု ၁၅ ခုခွဲကာ သျှမ်းပြည် အတွင်းမြို့နယ် ၄၅ ခု၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကယားပြည်နယ် အတွင်း ရှိ သျှမ်းလူမျိုးများ နှင့်လည်း သွားရောက် တွေ့ဆုံခဲ့သည်။ ယခု ထိုင်းနိုင်ငံခရီးစဉ်တွင် ဘန်ကောက်၊ ရယောင်း စသည့်မြို့များရောက်သျှမ်းလူမျိုးများနှင့်လည်း သွားရောက်တွေ့ ဆုံမည်ဖြစ်သည် ။

သျှမ်းသံတော်ဆင့်

unread,
Feb 20, 2017, 5:08:07 PM2/20/17
to thuau...@gmail.com

တိုင်းရင်းသားလူမျိုးများရေးရာစင်တာမှ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အခြေခံ မူဝါဒ အကြံပြုချက်များ (မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲ တောင်ကြီးမြို့တွင် ကျင်းပ

Posted: 20 Feb 2017 07:31 AM PST

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက် မူဝါဒ အကြံပြုချက်များ (မူကြမ်း) ကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ (ENAC ) မှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည် ။


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတွင် အထောက်အကူဖြစ်ရန်အတွက် ကဏ္ဍ အလိုက် အခြေခံသင့်သော မူကြမ်း ၉ မျိုး ပြုစုထားကြောင်း Ethnic Nationalities Affairs Center (Union of Burma) ENAC ဘုတ်အဖွဲ့ဝင် လည်းဖြစ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကပြောသည် ။


“နိုင်ငံတော်တည်ဆောက်ရေးမှာ လိုအပ်တဲ့ ပေါ်လစီတွေကို ကျနော်တို့က ဒီပညာရှင်တွေရော နောက်အဖွဲ့ အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပြီးတော့ မူကြမ်းရေးထားတာပါ၊ ခု အားလုံး ၉ မျိုးရှိပါတယ်၊ ဒါက တကယ့်နိုင်ငံရေးဆွေးနွေးပွဲကျရင် အသုံးချလို့ရအောင် အစရှာထုတ်ပေးထား တာပေါ့ အဲ့ဒီအစကနေကစပြီးတော့ နောက်ဆုံးတစ်နေ့မှာတော့ နိုင်ငံတော်ရဲ့ ပေါ်လစီဖြစ်သွားအောင် ဖောင်ဒေးရှင်း သဘောလုပ်တာပါ ဘယ်အဖွဲ့အစည်းမှ လုပ်တာသိပ်မရှိဘူး ကျနော်တို့ ENAC အနေနဲ့ပေးတာ ၉ မျိုးရှိပါတယ်” ဟု ၄င်းကပြောသည် ။


အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာ၌ အခြေခံသင့်သော ကဏ္ဍအလိုက် မူဝါဒ အကြံပြုချက်များ (မူကြမ်း) ၉ မျိုးတွင် ၁- ကျန်းမာရေး မူဝါဒများ (မူကြမ်း)၊၂- ပညာရေး မူဝါဒများ (မူကြမ်း)၊၃-မြေယာ မူဝါဒများ (မူကြမ်း)၊၄- သဘာဝသယံဇာတဆိုင်ရာ မူဝါဒများ (မူကြမ်း)၊ ၅- စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများ (မူကြမ်း)၊၆- ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် ဒုက္ခသည်များဆိုင်ရာ မူဝါဒများ(မူကြမ်း)၊ ရ- လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာ မူဝါဒများ (မူကြမ်း)၊ ၈ - အခွန်ကောက်ခံခြင်းဆိုင်ရာ မူဝါဒများ (မူကြမ်း)၊ ၉ - ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ (မူကြမ်း) တို့ဖြစ်သည် ။


“ဒီပေါ်လစီ ၉ ခုက အရေးကြီးတယ်၊ တကယ့် ပင်လုံညီလာခံ ငြိမ်းချမ်းရေးညီလာခံမှာဆွေးနွေးရမယ့် အချက်က ဒီပေါ်လစီ တွေဘဲဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးညီလာခံတက်တဲ့ခါကျရင်၊အထောက်အကူပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံရေးဆွဲမယ်ဆိုရင် ဒီဟာ တွေ အရေးကြီးတယ်၊ဒါကြောင့် ပြည်သူတွေ နိုင်ငံရေးအစုအဖွဲ့တွေ ချပြပြီး သူတို့ရဲ့ သဘောထားတွေကို ရယူတာပါ” ဟု  ENAC အလုပ်မှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန် ကပြောသည် ။


 တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC ) မှ ရေးဆွဲထားသော မူကြမ်းကို ရန်ကုန်၊ မွန်ပြည်နယ် မော်လမြိုင်၊ကရင်ပြည်နယ် ဘားအံ၊ သျှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့၊ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တို့တွင် သွားရောက် ပြုလုပ်သွားပြီဖြစ်ပြီး သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ (၂၀-၂၁ ) ရက် နှစ်ရက်တာ ပြုလုပ်ပြီး အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များ၊ လွှတ်တော်အမတ်များ တက်ရောက်ကြောင်း သိရသည် ။


အခြေခံမူဝါဒ (မူကြမ်း) ၉ ခုကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ၏ ၂၀၁၆ ခုနှစ် ဇွန်လ ၁ မှ  ၃  ရက်နေ့အထိ အလုပ်အမှုဆောင် အစည်းအဝေးတွင် အသိအမှတ် ပြုပြီး လူထုသို့ ချပြရာ တွင်ဖြစ်စေ၊နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြုစုရာတွင်ဖြစ်စေ အလျဉ်းသင့်သလို အသုံးပြုသွားရန် ဆုံးဖြတ်ခဲ့ပြီးလည်း ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) စာအုပ်တွင် ဖော်ပြထားသည်။

တောင်ကြီးမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ပဓာန နာယက ကျောင်းထိုင်ဆရာတော်ဘုရား၏ ရုပ်ကလပ်အား အဂ္ဂိဈာပန မီးသဂြိုဟ်

Posted: 20 Feb 2017 07:20 AM PST

တာင်ကြီးမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်က ပဓာန နာယက ကျောင်းထိုင်ဆရာတော်ဘုရား မဟာဂန္ထဝါစ ကပဏ်ဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစ ကပဏ်ဏ္ဍိတ၊ အဂ္ဂမဟာပဏ်ဏ္ဍိတ ဆရာတော် ဘဒ္ဒန္တဝိဇယ မဟာထေရ (ဓမ္မာစရိယ) ၏ အဂ္ဂိဈာပန မီးသဂြိုဟ်ပွဲ အား ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၅ နာရီတွင်ကျင်းပခဲ့သည် ။

ဓါတ်ပုံ- တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပသည့် ဝေဠုဝန် ပရိယတ္တိ စာသင်တိုက်၌ မဟာနာယက ဆရာတော် ဘုရားကြီး ဘဒ္ဒန္တဝိဇယ မဟာထေရ၏ အဂ္ဂိဈာပန မီးသဂြိုဟ်ပွဲ
တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် အဂ္ဂိဈာပန မီးသဂြိုဟ်ပွဲကျင်းပခဲ့ရာ ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်ဦးဓမ္မသာမိ ၊ တောင်တန်းသာသနာပြုဆရာတော် စဝ်ဆုခမ်းနှင့် မိုင်းဖုန်းဆရာတော်ဘုရားခူးဝါးဝန်းစုမ့်တို့အပြင် အနယ်နယ်အရပ်ရပ်မှ ဆရာတော် တပည့်ဒကာများ သောင်းချီတက်ရောက်ပူဇော်ခဲ့ကြသည် ။


ဆရာတော် ဘုရားကြီးဘဒ္ဒန္တဝိဇယ မဟာထေရသည် သက်တော် ၈၀ ၀ါတော် ၆၀ ရှိပြီး ၂၀၁၇ ခု ဇန်နဝါရီလ ၅ ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည် ။


ဆရာတော် သည် ဝေဠုဝန် ပရိယတ္တိ စာသင်တိုက်၌ မဟာနာယက ၊ မြို့နယ် သံယနာယဂ အဖွဲ့ ၊ ပရိ ယတ္တိစာမေး / ပြန်ပွဲများ၏ သြဝါဒစရိယ ၊ ပါဠိနှင့် ပုစ္ဆာဝိသောဓက ၊ ဝိနယဂရုက ၊ ဂန္ထကာရက ကျမ်းပြု ဆရာတော် ဖြစ်ပြီး ဓမ္မာ စရိယ ဘွဲ့တံဆိပ်တော် ၊ မဟာဂ န္ထဝါစကပဏ်ဏ်ဏ္ဍိတ ဘွဲ့တော် ၊ အဂ္ဂမဟာ ဂ န္ထဝါစကပဏ်ဏ္ဍိတ ဘွဲ့တော် နှင့် သျှမ်းပြည်နယ် လုံးဆိုင်ရာ သံယာ့ အဖွဲ့ချုပ်မှ ဆက်ကပ်တော်မူသော “အနုနာယက” ဘွဲ့တံဆိပ်တော် ရရှိခဲ့ကြောင်း ဆရာတော်၏ အတ္ထုပတ္တိ စာအုပ်တွင် ဖော်ပြ ထားသည် ။

ပင်လုံပဋိညာဉ် (သို့) အပြန်လှန်ပြုရန် သဘောတူညီချက်

Posted: 20 Feb 2017 07:09 AM PST

ပင်လုံစာချုပ် “Panglong Agreement” သည် ပဋိညာဉ် (သို့မဟုတ်) အပြန်အလှန်ပြုရန်သဘောတူညီချက်များကို ဥပဒေသဘော သဘာဝ အတိုင်းစာအားဖြင့်ရေးသားချုပ်ဆိုထားသည့် သမိုင်းဝင် စာချုပ်ကြီး တခုဖြစ်သည် ။

ရှမ်း၊ ကချင်၊ ချင်း တိုင်းပြည်များရှိ လူမျိုးများအသီးသီးကို ကိုယ်စားပြုကြသည့် ခေါင်းဆောင်ကြီး များနှင့် “Ministerial Burma” ကို ကိုယ်စားပြုသည့် ဗိုလ်ချုပ်အောင်ဆန်း တို့အကြားအပြန်အလှန်ပြုရန် သဘောတူချုပ် ဆို ထားသည့် ပဋိညာဉ် စာချုပ်ကြီးတခုဖြစ်သည် ။


အဆိုပါ ပင်လုံပဋိညာဉ်ကြောင့် ပြည်ထောင် စုမြန်မာနိုင်ငံ ဆိုသည့်ပြည်ထောင် များစုစည်းထားသောတိုင်းပြည်သစ်တခု ကမ္ဘာပေါ်တွင် ပေါ် ထွန်းလာခဲ့ခြင်းဖြစ် သည်။ ပင်လုံပဋိညာဉ်ကြောင့် အင်္ဂလိပ်တို့ကတောင်တန်းဒေ သများ “Frontier Areas” ဟု အမည်ပေးကာ သီးခြားအုပ်ချုပ်ခဲ့သည့် ရှမ်း၊ ကချင်၊ ချင်း တိုင်း ပြည်များနှင့် “Ministerial Burma” ဟု ယခင်က သီပေါ်မင်းနှင့် သီပေါမင်း မတိုင်ခင်က မြန်မာဘုရင်များအုပ်ချုပ်မင်းမူခဲ့သည့် နယ်မြေများ ကို အခြေခံ သတ်မှတ်ခဲ့သည့် တိုင်းပြည်များ စုစည်းလျှက် ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ် တည် လာခြင်းဖြစ်သည်။ ပင်လုံပဋိညာဉ်ကြောင့် လွပ်လပ်ရေးသီးခြားစီ ရလတံ့သော အဆိုပါတိုင်းပြည်များစုပေါင်းကာ ပြည်ထောင်စုမြန်မာနိုင်ငံ အဖြစ် အင်္ဂလိပ်တို့ထံ ဆုံးရှုံးခဲ့ရသည့် လွပ်လပ်ရေးကို စုပေါင်းရယူခဲ့ကြသည်။


ဤထက်မက အနက်အဓိပ္ပာယ်နှင့် အနှစ်သာရ နက်ရှိုင်းကြီးမားလေးမြတ် လှပေသည့် ပင်လုံပဋိညာဉ်ကြီးကို ဒေါက်တာအောင်ခင် သည် “Voice of America” ၌ “နောက်တခုက ဘာလဲဆိုတော့ အားလုံးပြောပြောနေတဲ့ ဒီပင်လုံစာချုပ်၊ ပင်လုံစာချုပ် ပြောပြောနေတယ်။ ပင်လုံစာချုပ်က ဘာမှမဟုတ် ဘူးဗျ၊ အချက် (၉) ချက်ပဲရှိတယ်။ကျွန်တော့ဆီမှာ အခုရှိတယ်။ ဘာလဲဆိုတော့ ပင်လုံစာချုပ်က အင်္ဂလိပ်ဘုရင်ခံကောင်စီထဲမှာ တိုင်းရင်းသားကိုယ်စားလျှယ် ထည့် ဖို့ပဲ။ ဒါပဲ။ ဆိုတော့ ဘုရင်ခံအုပ်ချုပ်ရေးကောင်စီမှာ တိုင်းရင်းသား ကိုယ်စားလှယ် ထည့်ဖို့သဘောတူတာ ပင်လုံစာချုပ်ပဲ။ ဒါ့အပြင် ဘာမှမရှိဘူး။ အဲဒါကို၊ အဲဒါနဲ့ ၁၉၄၇ အခြေခံဥပဒေမှာ ပါတဲ့သဘောတရားတွေနဲ့ ရောပြီးေ တာ့ဖြည့် (ဖြစ်) နေလို့၊ ဒါကြောင့် ပင်လုံစာချုပ်ကိုတော့ တနေ့နေ့ ရှင်းရမယ်ဆိုပြီး ကျွန်တော်ပြောတာပါ” ဟုပြောဆိုခဲ့သည်။ 2 ဒေါက်တာေ အာင်ခင် ကဲ့သို့သော ပါရဂူဘွဲ့ရ ခေတ်ပညာတတ် ပုဂ္ဂိုလ်ကြီး တဦး၏ ပါးစပ်ဖြားမှ ပင်လုံပဋိညာဉ်ကြီးအား “ဘာမှမဟုတ်ဘူးဗျ” ဆိုသည့် ပြောဆို ချက်များ ထွက်လာသည်ကို အံ့သြစွာ သိရှိရသည့်အပြင်၊ ကချင် လွပ်လပ်ရေး အဖွဲ့၏ တောင်းဆိုချက်များကို ကြားသိလာရသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုသည့် နိုင်ငံကြီးတခုကို တည်ထောင်စေနိုင်စွမ်းရှိသောပဋိညာဉ် (သို့မဟုတ်) “The Founding Document of the Union” ခေါ်ဆိုထိုက်သည့် ပင်လုံစာချုပ် (သို့) ပင်လုံပဋိညာဉ် အကြောင်းကို ဥပဒေရှုဒေါင့်မှ အကျဉ်းချုံးရေး သား တင်ပြလိုက်ရပါသည် ။


လွပ်လပ်သော တိုင်းပြည်များ အချုပ်အခြာအာဏာ ဆုံးရှုံးခြင်း၁၈၈၆ ခုနှစ် အင်္ဂ လိပ် စစ်တပ်က သီပေါမင်းကို ဖမ်းဆီးလိုက်သည်နှင့် တပြိုင်နက် သက်ဦး
ဆံပိုင်မြန်မာဘုရင် သီပေါမင်း အုပ်ချုပ်မှု အာဏာသက်ရောက်ရာ နယ်မြေအားလုံးသည် ဖြစ်ရိုးဖြစ်စဉ်အရအင်္ဂလိပ်တို့ လက်အောက် သို့ ကျရောက် သွားပြီဖြစ်သည်။ သို့ရာတွင် မြန်မာလူမျိုးတို့၏ သက်ဦးဆံပိုင် ဘုရင်မင်းမြတ် ဖြစ်သည့် သီပေါမင်း အုပ်ချုပ်ရေးအာဏာ သက်ရောက်မှု မရှိသည့် ချင်း၊ ကချင်၊ ရှမ်းတိုင်းပြည်များမူကား အင်္ဂလိပ်တို့ လက်အောက် သို့ အလိုအလျှောက် ကျရောက်ခြင်းမရှိခဲ့ပေ ။


ထို့ကြောင့်အင်္ဂလိပ်နယ်ချဲ့စစ်တပ်သည် ချင်း၊ ကချင်၊ ရှမ်း တိုင်းပြည် များကို နိုင်ငံရေးနည်းအားဖြင့် စည်းရုံးသိမ်းသွင်းခြင်း၊စစ်ရေးအာြး ဖင့် ဆက် လက်တိုက်ခိုက် သိမ်းပိုက်ခြင်းများ ပြုလုပ်ခဲ့ရခြင်းဖြစ်သည် ။


သက်ဦးဆံပိုင်မြန်မာဘုရင်သီပေါမင်းကို နန်းချလိုက်သည်နှင့် ချင်း၊ ကချင်၊ ရှမ်း တိုင်းပြည် များ အင်္ဂလိပ် လက်အောက်သို့ အလိုအလျှောက် ကျရောက် မသွား ရခြင်းသည် သီပေါမင်းအုပ်ချုပ်သည့် တိုင်းပြည်များ (သို့မဟုတ်) သီပေါမင်း အုပ်ချုပ်မှုလက်အောက်ရှိ တိုင်းပြည်များမဟုတ်သည့် အပြင် အချုပ်အချာ အာဏာပိုင် လွပ်လပ်သည့် တိုင်းပြည်များဖြစ်ကြသောကြောင့် ဖြစ်ေ ပသည် ။


အသိအမှတ်ပြု ခွဲခြားအုပ်ချုပ်ခြင်းစနစ်မြန်မာလူမျိုးများသည် သက်ဦး ဆံပိုင် ဘုရင် စနစ်ကို အလောင်းဘုရားခေတ်မှစ၍ သီပေါမင်း အထိ နှစ်ပေါင်း တစ်ထောင်ကျော် လက်ခံကျင့်သုံးခဲ့သည့် လူမျိုးများဖြစ်ကြသည်။သို့သော် ချင်း၊ ကချင်၊ ရှမ်း လူမျိုးများသည်သက်ဦးဆံပိုင်ဘုရင်စနစ်ကို လက်မခံ၊ မကျင့် သုံးသည့် လူမျိုးများဖြစ်ကြသည်။ ထို့ကြောင့် အင်္ဂလိပ်တို့သည်သက်ဦး ဆံပိုင် ဘုရင် စနစ်ကို လက်ခံကျင့်သုံးသည့် မြန်မာမင်းများ အုပ်ချုပ်ခဲ့သောနိုင်ငံနှင့်၊ သက်ဦးဆံပိုင်ဘုရင်စနစ်ကို မကျင့်သုံးသည့် ချင်း၊ ကချင်၊ ရှမ်း နိုင်ငံ များ ကို အတူတကွစုစည်းကာ အုပ်ချုပ်ရေးစနစ် တခုဖြင့် အုပ်ချုပ်၍မဖြစ်နိုင်သည် ကို သိရှိနားလည်ထားကြသည် ။


သို့ဖြစ်၍ “Ministerial Burma” နှင့် “Frontier Areas” ဟုခွဲခြားကာ၊ မတူညီသည့် အုပ်ချုပ်ရေးစနစ်များ ပြဌာန်းကျင့်သုံးလျှက် သီးခြားအုပ်ချုပ် ရခြင်းဖြစ် သည်။ ချင်းတိုင်းပြည်ကို “Chin Hills Regulation Act, 1896” ပြဌာန်းကာ အုပ်ချုပ်ခဲ့ကြသည်။ ကချင်တိုင်းပြည်ကို “Kachin Hills Regulation Act, 1895” ပြဌာန်းကာအုပ်ချုပ်ခဲ့ကြသည်။ ဖက်ဒရယ်ရှမ်းပြည် ကို လည်း ၁၈၈၇ ခု၊ ၁၈၉၁ နှင့် ၁၈၉၅ တို့တွင် ဖက်ဒရယ်ရှမ်းပြည်ဆိုင်ရာအက်ဥပဒေ များ ပြဌာန်းကာ သီးခြားအုပ်ချုပ်ခဲ့ကြသည်။ ရှမ်း၊ ချင်း၊ ကချင်များကို သီးခြားအက်ဥပဒေများပြဌာန်းအုပ်ချုပ်ခဲ့ကြခြင်းသည်လည်း၊ ရှမ်းသည် ချင်းမ ဟုတ်၊ ချင်း သည် ကချင်မဟုတ်၊ ကချင်လည်း ရှမ်းမဟုတ် ဆိုသည့် အချက်ကို သိရှိလက်ခံထား သောကြောင့်သာဖြစ်သည်။


နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်မှုကို အစွန်းထွက် မုန်းတီးသူများက ဤကဲ့သို့ ခွဲခြားအုပ်ချုပ်ခြင်းကို“သွေးခွဲအုပ်ချုပ်ခြင်း” “Divide and Rule” ဟုခေါ် ဆို သမုတ်ကြသည်။ အမှန်မှာ အင်္ဂလိပ်တို့က “Frontier Areas” နှင့် “Ministerial Burma” ဟုခွဲခြား အုပ်ချုပ်ခြင်းသည် “Divide and Rule” မဟုတ်။ ရှမ်း၊ ကချင်၊ ချင်း၊ မြန်မာလူမျိုးများ၏ မတူညီမှုများကို လက်ခံ အသိ အမှတ်ပြုသဖြင့် ခွဲခြားအုပ်ချုပ်ခြင်း “Recognize and Rule” စနစ်သာ ဖြစ်ပေသည်။ ချင်း၊ ကချင်၊ ရှမ်း လူမျိုးများသည် စော်ဘွားများ၊ တိုက်သူကြီးများ၊ ဒူဝါများဖြင့် မိမိတို့ကိုမိမိတို့လွပ်လပ်စွာအုပ်ချုပ်လာခဲ့ ကြ သည်ကို အင်္ဂလိပ်တို့ သိရှိလက်ခံထားသောကြောင့်ဖြစ်သည်။ မတူညီကွဲပြားကြစေကာမူ စော် ဘွားများ၊ တိုက်သူကြီးများ၊ ဒူဝါများ၏ အုပ်ချုပ်ရေး စနစ်များသည် တူညီမှုအထိုက်အလျှောက်ရှိသဖြင့် “Frontier Areas” အဖြစ် စုပေါင်း အုပ်ချုပ်ခြင်းဖြစ်သည် ။


3 ဗြိတိသျှတို့သည် သီပေါပိုင်နက်နယ်မြေများကို သိမ်းပိုက်ပြီးနောက် လွပ်လပ်သည့် ချင်းပြည်၊ ကချင်ပြည်၊ ရှမ်းပြည်များကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ချင်းပြည်ကို ၁၈၉၅ ခုမှသာ သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ See generally, Dorothy Woodman, Making Burma (1962). 4 ဥပမာ - “ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော သာသနာ ဒါယကာတော် လ္နက်စကြာသခင် ဆင်ဖြူဆင်နီ ဆင်ကျားများသခင် အသျှင်ဘဝရှင် အလောင်းမင်းတရားကြီး” ဟု အောက်မြန်မာနိုင်ငံသို့ ချီတက်တော်မူရာတွင် သစ္စာမခံသေးသော အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများထံ ကြိုတင်ပေးပို့သည့် အမိန့်တော်တွင် ရေးသားထား သည်။


မြန်မာသမိုင်းကော်မရှင်၊ အလောင်းမင်းတရားအမိန့်တော်များ စာ ၃၊ ၁၉၆၄။ 3 ချင်းအမျိုးသားများ၊ ကချင်အမျိုးသားများ၊ ရှမ်းအမျိုးသားများက နယ်ချဲ့ အင်္ဂလိပ် ကို တော်လှန်ခဲ့ရခြင်းမှာမြန်မာ သမိုင်းဖတ်စာတချို့ တွင် ရေးသားထားသကဲ့သို့ ၎င်းတို့၏ ရေမြေအရှင်သခင်၊ သက်ဦးဆံပိုင် ဘုရင်မင်းမြတ် သီပေါမင်းကြီးအား အင်္ဂလိပ်တို့က ဖမ်းဆီးခေါ်ဆောင် သွားသောကြောင့် မဟုတ်။ ၎င်းတို့အသီးသီး၏ လက်လွှတ်ဆုံးရှုံးခဲ့ သည့် အချုပ်အခြာ အာဏာ ပြန်လည်ရယူလိုကြသဖြင့်၊ နယ်ချဲ့အင်္ဂလိပ် ကို တော်လှန်ကြခြင်း သာ ဖြစ်သည် ။


မြန်မာ အမျိုးသားများက အင်္ဂလိပ်တို့ကို တော်လှန်ကြခြင်းမှာလည်း ၎င်းတို့၏ အချုပ်အခြာအာဏာပိုင်ရေမြေအရှင်သခင် သက်ဦးဆံပိုင် ဘုရင် မင်းမြတ် သီပေါမင်းကြီးကို အင်္ဂလိပ်တို့က ခေါ်ဆောင်သွားသောကြောင့် သာဖြစ်သည် ။


ပင်လုံပဋိညာဉ်၏ အရင်းအမြစ်“သင်၏ ရန်သူ၏ ရန်သူသည် ငါ၏မိတ်ေ ဆွဖြစ်သည်” ဟူသော ဆိုရိုးစကားအတိုင်း နယ်ချဲ့အင်္ဂလိပ်တို့ ထံမှ အချုပ် အခြာအာဏာကို အသီးသီး ပြန်လည်ရယူလိုကြသည့် ချင်း၊ ကချင်၊ ကရင်၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် လူမျိုး များသည် ၎င်း တို့၏ဘုံရန်သူဖြစ်သည့် အင်္ဂလိပ်ကို တော်လှန်ကြရာတွင်၊ တော်လှန်ရခြင်း အကြောင်းရင်း တူညီ သဖြင့် စည်းလုံးလာခဲ့ကြခြင်းဖြစ်သည်။ ဤကဲ့သို့ ဘုံရန်သူအင်္ဂလိပ်ကို တိုက်ထုတ်ရာမှရရှိလာသော စည်းလုံး မှုကို အကြောင်းပြလျှက်၊ ပင်လုံစာချုပ်ကြောင့်သာ ပေါ်ပေါက်လာသည့် ပြည်ထောင်စု မြန်မာနိုင်ငံ တခုလုံးကို သက်ဦး ဆံပိုင် မြန်မာဘုရင်သီပေါမင်းနှင့် သီပေါမင်းမတိုင်ခင် မြန်မာမင်းများ ပိုင်နက်နယ်မြေကဲ့သို့ လိမ်ညာရေးသားခြင်း များစွာရှိသည်။ ထိုသို့ သမိုင်းအမှန်ကို ထိမ်ဝှက်ရေးသား ပြောဆိုခြင်းများသည် မြန်မာမဟုတ်သည့် လူမျိုးများအား စော်ကားခြင်း သာဖြစ်သည်။ အင်္ဂလိပ်တို့ကို မနိုင်၍ မြန်မာတို့ထီးနန်း ပျောက်ခဲ့သည်မှာ အမှန်ဖြစ် သည်။ ချင်း၊ ကချင်၊ ရှမ်း တို့သည်လည်း အင်္ဂလိပ်တို့ကို မနိုင်၍ ၎င်းတို့၏ အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ကြသည် ။


သို့သော် ချင်း၊ ကချင်၊ ရှမ်း၊ ကရင် လူမျိုးတို့သည် ထီးစနစ်၊ နန်းစနစ်ကို ကျင့်သုံးခဲ့သည့် လူမျိုးများမဟုတ် ကြသဖြင့် ထီးပျောက်၊ နန်းပျောက်စရာ အကြောင်းမရှိ။ အချုပ်အချာ အာဏာသာရှိ၍၊ အချုပ်အချာအာဏာကို ဆုံးရှုံးခဲ့ကြသည်။ ဤကဲ့သို့ အချုပ်အခြာအာဏာကို လူ့ယူခဲ့သည့် ဘုံရန်သူကို တိုက်ခိုက်ရာတွင် စည်းလုံးကြ စေကာမူ အင်္ဂလိပ်ထံမှ အချုပ် အခြာအာဏာ ပြန်လည်ရရှိချိန်တွင် အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့သည့် တိုင်းပြည်နှင့် လူမျိုးအသီးသီးက၊ တသီး တခြားစီ အချုပ်အခြာအာဏာကို ပြန်လည်ရရှိကြရ မည်သာဖြစ်သည်။ သို့ရာတွင် အင်္ဂလိပ်ထံမှ သီးခြားလွပ်ရေး ကို သီးခြားစွာမရယူပဲ၊ တန်းတူညီမျှမှုကို အခြေခံလျှက်၊ ပြည်ထောင်စုကြီး တခုအဖြစ် လွပ်လပ်ရေးကို အတူတကွ ရယူစေလိုသော ဗိုလ်ချုပ်အောင်ဆန်း၏ ဖြူစင်ရိုးသားသည် စိတ်စေတနာကြောင့် ပင်လုံပဋိညာဉ် ဖြစ်ပေါ်လာရခြင်း ဖြစ်သည် ။


အောင်ဆန်း - အက်တလီ စာချုပ်5ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် “Executive Council of the Government of the Ministerial of Burma” ကိုယ်စားလျှယ်များ လန်ဒန်သို့ သွားရောက်ကာ သက်ဦးဆံ ပိုင် ရေမြေအရှင်သခင် မြန်မာဘုရင်သီပေါမင်းနှင့်အတူ အင်္ဂလိပ် တို့ယူဆောင်သွားသည့် မြန်မာ့လွပ်လပ်ရေး ကို ပြန်လည်တောင်းဆိုသည့်အခါ သီပေါမင်းနှင့် သီပေါမင်း မတိုင်ခင်က မြန်မာမင်းတို့ အုပ်ချုပ်မှု အာဏာလက်အောက် မရှိခဲ့သည့် “Frontier Areas” များကိုပါ လွပ်လပ်ရေး တပါတည်းပေးရန် စေတနာရှိစွာဖြင့် တောင်းဆိုခဲ့သည် ။


သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် “Frontier Areas” ရှိ ပြည်သူ များကို တရားဝင်ကိုယ်စားပြုသည့် အဖွဲ့မဟုတ်၊ ယခင်သီပေါမင်းနှင့် သီပေါမင်းမတိုင်ခင် မြန်မာ ဘုရင်များ ပိုင်နက်နယ်မြေကို အခြေပြု တည်ထောင် ထားသည့် “Ministerial Burma” ကိုသာ တရားဝင်ကိုယ်စားပြုသူ များဖြစ်သည်ကို အင်္ဂလိပ်တို့က ကောင်းမွန်စွာ နားလည်ထားသည်။ စေတနာရှိတိုင်း သူတပါး၏ အချုပ်အခြာအာဏာ ကို တောင်းဆိုပေးခြင်းသည် နည်းစနစ်ကျသည့် လုပ်ရပ်မဟုတ်။ သို့ရာတွင် ဗိုလ်ချုပ် အောင်ဆန်း၏ ရိုးသားမှုနှင့် ဂုဏ်သိက္ခကို လေးစားသဖြင့်၊ အင်္ဂလိပ်တို့သည် ချွင်းချက်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် စာချုပ်ချုပ် ဆိုရာတွင်၊ အောင်ဆန်း - အက်တလီ စာချုပ်၏ အပုဒ် (၈) တွင် တောင်တန်းဒေသများ 5 See Aung San - Attlee Agreement text at Burma Embassy, DC Website, URL http://www.mewashingtondc.com/Aung_San_Attlee_Agreement.pdf (Last visited on April 5, 2009) 4“Frontier Areas” နှင့် ပါတ်သက်သော အချက်များကို ပြည့်စုံစွာ ထည့်သွင်း ရေးသား ကာ စာချုပ်ချုပ်ခဲ့ရခြင်း
ဖြစ်သည်။ အောင်ဆန်း - အက်တလီစာချုပ် အပိုဒ် (၈) တွင် အရေးကြီးသည့် အချက် ၆ ချက်ရှိရာ ၎င်းတို့မှာ-

၁။ “Frontier Areas” နှင့် “Ministerial Burma” ပေါင်းစည်းရေးသည် “Frontier Areas” ရှိ ပြည်သူတို့၏
လွပ်လပ်သော သဘောထား အရသာဖြစ်ရမည် ။


၂။ “Frontier Areas” ရှိ ပြည်သူများသည် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် နှစ်ဦးနှစ်ဖက် သဘောတူညီချက် အတိုင်း “Government of Burma” နှင့်ရင်းနှီးစွာ ဆက်ဆံရမည် ။


၃။ “Frontier Areas” နှင့် “Ministerial Burma” ရှိ ပြည်သူများသည် အချုပ်အနှောင် ကင်းမဲ့စွာဖြင့်ကူးလူး ဆက်ဆံကြရမည် ။


၎။ “Frontier Areas” ခေါင်းဆောင်များ အင်္ဂလိပ်တို့ထံမှ လွပ်လပ်ရေးမရမည် ကြားကာလတွင် “Government of Burma” နှင့် မည်သို့မ ည်ပုံ ဆက်သွယ်ရမည်ဆိုသည့် အချက်နှင့် ပါတ်သက်၍ ၎င်းတို့၏ သဘောထားကို မေးမြန်း ရယူရမည် ။


၅။ ပင်လုံ အစည်းအဝေးပြီးဆုံးသည်နှင့် “His Majesty’s Government” နှင့် “Government of Burma”တို့သည် “Frontier Areas” ပြည်သူများ၏ လိုလားချက်များအား မည်သို့ဆက်လက် အကောင်အထည် ဖေါ်ရမည်ကို ညှိနှိုင်း ဆွေးနွေးရမည် ။


၆။ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုကို ဖွဲ့စည်းကာ အခြေခံဥပဒေမူကြမ်းရေးဆွဲရာတွင် “Frontier Areas” ရှိ ပြည်သူများ မည်သို့မည်ပုံ “Ministerial Burma” နှင့် ပူးပေါင်းလိုကြောင်း စုံစမ်းစစ်ဆေးရမည် ။


တိုင်းပြုပြည်ပြု လွှတ်တော် မခေါ်မှီ အဆိုပါစုံစမ်းစစ်ဆေးမှု တွေ့ရှိချက်များကို “His Majesty’s Government” နှင့် “Government of Burma” တို့ထံသို့ တင်ပြရမည်။ ဗိုလ်ချုပ်အောင်ဆန်း၏ “Ministerial Burma” လွပ်လပ်ရေးရမည့် အချိန်တွင် “Frontier Areas” ပြည်သူ များလည်း လွပ်လပ်ရေး ရရှိစေလိုသော သန့်စင်သည့် စေတနာကို မေးခွန်းထုတ်စရာမလို၊ မေးခွန်းထုတ်နေခြင်း လည်း မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းသည် “Frontier Areas” ၏ တရားဝင် ကိုယ်စားလှယ် မဟုတ်သည်ကို “Frontier Areas” ခေါင်းဆောင်များနှင့် အင်္ဂလိပ်တို့ နားလည်ထားကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ကလည်း “Frontier Areas” ရှိ တိုင်းပြည်များ လွပ်လပ်ရေးကိစ္စနှင့် ပါတ်သက်၍ တရားဝင် ကိုယ်စားပြုခွင့်
မရှိသည်ကို နားလည်လက်ခံသဖြင့် အောင်ဆန်း - အက်တလီစာချုပ်ကို ချုပ်ဆိုရာတွင် အဆိုပါ အပိုဒ် (၈) ကို ထည့်သွင်းရန် လက်ခံခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ အောင်ဆန်း - အက်တလီ စာချုပ် အပိုဒ် (၈) အရ ချင်း၊ ကချင်၊ ရှမ်းတိုင်း ပြည်များကို ကိုယ်စားပြုသည့် ခေါင်းဆောင်များနှင့် ပင်လုံမြို့သို့သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည် ။


ဗိုလ်ချုပ်အောင်ဆန်း ပင်လုံမြို့သို့ရောက်ရှိသည်နှင့် ရှေးဦးစွာ ရှမ်း နှင့် ကချင် တိုင်းပြည် ခေါင်းဆောင် များနှင့် စတင်ဆွေးနွေးသည်။ “Ministerial Burma” နှင့်အတူတကွ လွပ်လပ်ရေးကို စောလျှင်စွာရယူကြရန် ဗိုလ်ချုပ်အောင်ဆန်းက တိုက်တွန်းသည်။ ရှမ်း နှင့် ကချင်တိုင်းပြည် ခေါင်းဆောင်များကလည်း ဗိုလ်ချုပ် အောင်ဆန်းက အောက်ပါ အချက်များကို လက်ခံမှ “Ministerial Burma” နှင့်ပူးပေါင်းကာ စောလျှင်စွာ လွပ်လပ်ရေး ရယူနိုင်မည် ဟု ကမ်းလှမ်းကြသည်။ အဆိုပါအချက်များမှာ -


(၁) Government of Burma Act, 1935 အရ Ministerial Burma ၏ အုပ်ချုပ်ရေး နယ်ပယ်တွင် ထည့်သွင်းထားသည့် မြစ်ကြီးနားနှင့် ဗန်းမော် ခရိုင်များ ပါဝင်သည့် ကချင်ပြည်ကို ထူထောင်ရန်။


(၂) အင်္ဂလိပ်တို့ထံမှ လွပ်လပ်ရေးရပြီး နောက်တွင် ပြည်ထောင်စုမှ ခွဲထွက်လိုပါက လွပ်လပ်စွာ ခွဲထွက်ခွင့် ရှိရန် နှင့်၊


(၃) တန်းတူညီမျှမှုကို အခြေခံသည့် ဖက်ဒရယ် စနစ်ကို အခြေလျှက် ပြည်ထောင်စုကို တည်ဆောက်ရန် တို့ဖြစ်သည်။


နောက်တနေ့တွက် ချင်းတိုင်းပြည် ကိုယ်စားလျှယ်များ ရောက်လာသည်နှင့် ရှမ်းတိုင်းပြည် ကိုယ်စားလျှယ် များနှင့် ကချင်တိုင်းပြည် ကိုယ်စားလျှယ်များက ဗိုလ်ချုပ်အောင်ဆန်း အပေါ်၎င်းတို့၏ တောင်းဆိုချက်များကို ချင်းအမျိုး သား ကိုယ်စားလျှယ်များအား ရှင်းပြကာ ၎င်းတို့၏ သဘောထားကို တောင်းဆိုကြရာ ချင်း ကိုယ်စား လျှယ်များက ရှမ်း နှင့် ကချင် ခေါင်းဆောင်များ၏ တင်ပြချက် ၃ ရပ်ကိုအပြည့်အဝ လက်ခံ သဘောတူကြသည် ။


၎င်းအပြင် ချင်းတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် “Government of Burma” ၏ဘတ်ဂျက်မှ ဘဏ်ဏ္ဍငွေ ထုတ်ယူသုံးစွဲခွင့်ရှိရန် နှင့် ချင်းတိုင်းပြည်အစိုးရ ဘတ်ဂျက်လိုငွေပြပါက “Government of Burma” ၏ ဘဏ်ဏ္ဍာငွေမှ ထုတ်ယူသုံးစွဲခွင့် ရှိရန်ဆိုသည့် အချက် ၂ ချက်ကိုထပ်မံ ဖြည့်စွပ်တောင်းဆိုကြသည်။


ဤအချက်များ အားလုံးကို ဗိုလ်ချုပ်အောင်ဆန်းက လက်ခံမှသာလျှင် “Ministerial Burma” နှင့် အတူတကွ လွပ်လပ်ရေးကို စောလျှင်စွာရယူမည်ဟု သဘောတူခဲ့ကြသည်။ ဤနေရာတွင် အရေးကြီးသည့် အချက်မှာ ချင်းးတို့အနေဖြင့် ခွဲထွက်ခွင့်ကိုတောင်းဆိုခြင်း မရှိစေကာမူ၊ ကချင် နှင့် ရှမ်းတို့တောင်းဆိုချက်ကို လက်ခံခြင်းသည် ပဋိညာဉ်ဥပဒေတွင် ချင်းတို့ကလည်း ခွဲထွက် ခွင့်ရှိခြင်းကို ရည်ညွှန်းသည်။ ဤအချက်ကြီး ၅ ချက်ကို ဗိုလ်ချုပ်အောင်ဆန်းက လက်ခံသဖြင့် ပင်လုံပဋိညာဉ်ကို ချုပ်ဆို နိုင်ခဲ့ ကြခြင်း ဖြစ်သည်။ ပင်လုံပဋိညာဉ်၏ အနက်များမှာ -

၁။ “Frontier Areas” သည် “Ministerial Burma” နှင့် ချက်ချင်းပူးပေါင်းခြင်းဖြင့် လွပ်လပ်ရေးကို စောလျှင်စွာ ရယူနိုင်မည်ဟု ယုံကြည်သဘောတူသည် ။


၂။ အောင်ဆန်း - အက်တလီ စာချုပ်သဘောတူညီချက်အတိုင်း ဘုရင်ခံ၏ အတိုင်အပင်ခံကောင်စီတွင် “Frontier Areas” ကို ကိုယ်စားပြုမည့် ကိုယ်စားလျှယ်တစ်ဦးကို ရွေးချယ်ခန့်အပ်ရန် သဘောတူသည်။


၃။ တောင်တန်းဒေသများသည် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိ ရမည်ကို မူအားဖြင့်လက်ခံသည်။


၎။ ကချင်တို့တောင်းဆိုသည့် “Government of Burma Act, 1935., Part II Schedule Area” ပါ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များပါဝင်သည့် ကချင်ပြည်ဖွဲ့စည်းရေးကို တိုင်းပြုပြည်ပြုလွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရန်နှင့် အဆိုပါ နယ်မြေများပါဝင်သည့် ကချင်ပြည်ကိုဖွဲ့စည်းရေး အားလုံးတွင် လိုအင်ဆန္ဒရှိ ကြောင်း သဘောတူသည်။


၅။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် တိုင်းပြည်များတွင် မူလအခြေခံရပိုင်ခွင့်များအဖြစ် လက်ခံသည့်အခွင့် အရေးများနှင့် ရပိုင်ခွင့်များအားလုံး “Frontier Areas” ရှိပြည်သူများ ခံစားခွင့်ရှိရမည်ဟု သဘောတူသည်။


၆။ လက်ရှိဖက်ဒရယ်ရှမ်းပြည်၏ ဘဏ်ဏ္ဍာရေးဆိုင်ရာ လွပ်လပ်ခွင့်ကို ဤသဘောတူညီချက်ကြောင့် ထိပါး နှောက်ရှက်ခြင်း မရှိစေရန် သဘောတူသည်။


၇။ ကချင်ပြည်နှင့် ချင်းပြည်တို့သည် ဗမာပြည် ဘဏ်ဏ္ဍာငွေမှ ထောက်ပံ့ငွေများရယူသုံးစွဲခွင့်ရှိရမည်။ လက်ရှိ ဖက်ဒရယ်ရှမ်းပြည်နှင့် ဗမာပြည်အကြားတွင် ကျင့်သုံးနေသည့် ဘဏ်ဏ္ဍာရေးဆိုင်ရာ ပြဌာန်းချက် နှင့် ဆင်တူသည့် ပြဌာန်းချက်ကို ရေးသားပြဌာန်းရန် သဘောတူသည်။


ပဋိညာဉ်ကို အနက်ဖွင့်ခြင်း


ပဋိညာဉ်ကို အနက်ဖွင့်ရာတွင် “Statutory as the Terms” ဟုဆိုသည် အတိအလင်းပြဌာန်းထားသည့် အတိုင်း အနက်ဖွင့်ခြင်းနှင့် “Implied Terms” အမှုကိစ္စသဘောအရ လိုအပ်သော အစီအစဉ်အတိုင်း အနက်ဖွင့်ခြင်းဟူ၍ ရှိသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၅၂ တွင် “အပြန်အလှန် ဂတိများအတိုင်း ဆောင်ရွက် ရန်အစီအစဉ်ကို ပဋိညာဉ်အရ အတိအလင်းသတ်မှတ်ထားလျှင် ထိုအစီအစဉ်အတိုင်း ဆောင်ရွက်ရမည်။ ထို့ပြင် ပဋိညာဉ်အရ အစီအစဉ်ကို အတိအလင်း သတ်မှတ်ခြင်း မရှိလျှင် အမှုကိစ္စသဘောအရ လိုအပ်သော အစီအစဉ် အတိုင်း ဆောင်ရွက်ရမည်” ဟုပြဌာန်း ထားသည်။


ပင်လုံပဋိညာဉ်တွင် အတိအလင်း သတ်မှတ် သဘောတူထားသည့် “Statutory Terms” အချက် ၉ ချက် အပြင်၊ အတိအလင်း သတ်မှတ်ခြင်းမရှိသည် “Implied Terms” များစွာရှိသည်ကို ပင်လုံစာချုပ်အား အနက်ဖွင့် လိုသူတိုင်း သိရှိထားရန် လိုအပ်သည်။ ထို့အပြင် ပဋိညာဉ်ကို အနက်ဖွင့်ရာတွင် “Statutory Terms” ကိုသာဖတ်ရှုကာ အနက် ဖွင့်ခြင်းသည် ဥပဒေကြောင်းလမ်းအရ မှားယွင်းသော အနက်ဖွင့်ဆိုခြင်းလည်း ဖြစ်သည် ။


သို့ဖြစ်ပါ၍ ပင်လုံစာချုပ် ကို အနက်ဖွင့်လိုသူတိုင်း “Statutory Terms” နှင့် “Implied Terms” နှစ်ခုစလုံးကို အခြေခံကာ အနက်ဖွင့်ရမည် ဖြစ်သည်။


ပင်လုံပဋိညာဉ်နှင့် ခွဲထွက်ခွင့်


ပင်လုံပဋိညာဉ်တွင် လွပ်လပ်ရေးရရှိပြီးနောက် ၁၀ ကျော်လျှင် ပြည်ထောင်စုမှ ခွဲထွက်လိုပါက ပဋိညာဉ် လက်မှတ် ရှင်များ “Signatories” သည် ခွဲထွက်ပိုင်ခွင့်ရှိသည်ဟု “Statute” အရ ပင်လုံပဋိညာဉ်တွင် အတိအလင်း ပြဌာန်း ထားခြင်းမရှိပေ။ သို့ရာတွင် ပင်လုံပဋိညာဉ်ကို လက်မှတ်မရေးထိုးခင်က ရှမ်းခေါင်းဆောင်များ၊ ကချင်ခေါင်းဆောင်များ၊ ချင်းခေါင်းဆောင်များက ခွဲထွက်ခွင့်ကို ဆွေးနွေးတောင်းဆိုခဲ့ကြစဉ်၌ ဗိုလ်ချုပ် အောင်ဆန်းက မူအားဖြင့် သဘောတူ ထားသဖြင့် ပင်လုံပဋိညာဉ်ကို လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်၍ ပင်လုံပဋိညာဉ်တွင် ခွဲထွက်ခွင့်ကို “Statute Term” တခုအနေဖြင့် ထည့်သွင်းရေးသားထားခြင်း မရှိစေကာမူ “Implied Term” အရ ပင်လုံပဋိညာဉ်ကို အနက်ဖွင့်လိုသူတိုင်း ထည့်သွင်းစဉ်းစား ရမည်ဖြစ်သည်။ ဤအခြေခံ သဘောတရားသည် နိုင်ငံ တကာ ပဋိညာဉ်ဥပဒေ၏ ကျင့်ထုံးဖြစ်သည်သာမက ပြည်ထောင်စုမြန်မာနိုင်ငံ ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၅၂ တွင်ပြဌာန်း ထားချက်နှင့်လည်း ကိုက်ညီသည်။ ထို့ကြောင့် “Ministerial Burma” နှင့်ပူးပေါင်းခြင်းဖြင့် လွပ်လပ်ရေးကို စောလျှင်စွာ ရယူနိုင်မည်ဟု ယုံကြည်ကာ ပင်လုံပဋိညာဉ်ကို လက်မှတ် ရေးထိုးကြသည့် “Signatories” များဖြစ်ကြသော ချင်း၊ ကချင်၊ ရှမ်း တိုင်းပြည်တို့သည် ပဋိညာဉ် ဥပဒေ၏ “Implied Term” အရ လွပ်လပ်ရေး ရယူပြီးနောက် ပြည်ထောင်စုမှခွဲထွက်လိုပါက ခွဲထွက်ပိုင်ခွင့်ရှိကြသည့် နိုင်ငံများသာ ဖြစ်ကြသည်။


ပြည်နယ် “State” ပြဿနာ


မြန်မာ့ဥပဒေပညာရှင်ကြီး ဒေါက်တာမောင်မောင်သည် ချင်းစကားကို မသိနားမလည်သဖြင့် ပင်လုံ ပဋိညာဉ်တွင် လက်မှတ်ရေးထိုးသည့် ချင်းကိုယ်စားလျှယ်ဖြစ်သူ Pu Kio Mang (ကွယ်လွန်) သုံးစွဲသည့် စကားလုံး ဖြစ်သော “Kan Ram” ဆိုသည့် ချင်းစကားဝေါဟာရ၏ အနက်အဓိပ္ပယ်ကို နားမလည်နိုင်ခဲ့ပေ။
အဆိုပါ ချင်းစကား၏ အနက်ကို နားမလည်သဖြင့် ၎င်းရေးသားသည့် “Burma’s Constitution” စာအုပ်ကြီးတွင် “The Chins at Panglong did not ask for statehood, though it was theirs for the asking, but satisfied
themselves with a promise given by Bogyoke Aung San that they would get all assistance from the Union Government in developing their hills”i ဟု တိုင်းပြုပြည်ပြုလွှတ်တော် အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ မှတ်တမ်းကို ကိုးကားကာ မှားယွင်း စွာရေးသားခဲ့ပေသည်။


ထို့အပြင် ၎င်းရေးသားသည့် “တို့ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ” စာအုပ် တွင်လည်း “မြန်မာနိုင်ငံတွင် ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ဗမာ၊ ရခိုင်ဟူ၍ လူမျိုးများကွဲပြား ကြသည်ဟု ဆိုကြသော်ငြားလည်း အမှန်မှာ နက်နက်နဲနဲ ကွဲပြားကြခြင်းကား မဟုတ်။ ဗုဒ္ဓဘာသာကို ကိုးကွယ် ကြရာတွင်
တူညီကြသည်က များသည်။ မြန်မာစာပေ၊ စကားကို နေရာအနှံ့အပြားတွင် ရေးကြပြောကြသည်။ ယဉ်ကျေးမှုတွင် ဆင်တူကြသည်။ အနေအထိုင်၊ အစားအသောက်တွင်လည်း ထူးခြားကွဲ ပြားကြသည်မဟုတ်။ အိန္ဒိယ၊ သီဟိုဋ် စသောနိုင်ငံတို့တွင်မူကား ဘာသာစကား စသည်တို့မှာ ဒေသတစ်ခုနှင့်တစ်ခု လုံးဝကွဲပြားကြ သဖြင့် အိန္ဒိယသား အချင်းချင်း၊ သီဟိုဋ်သား အချင်းချင်း အင်္ဂလိပ် ဘာသာစကား ဖြင့်ပြောဆို ဆက်သွယ် ရသည် များပင်ရှိလေသည်” ဟုရေးသားထားသည် ။


ဒေါက်တာ မောင်မောင်သည် ချင်းဘာသာစကား၊ ချင်းယဉ်ကျေးမှု၏ အခြေခံကို နားမလည်သဖြင့် ပင်လုံလက်မှတ်ရှင် Pu Kio Mang ပြောဆိုသုံးနှုန်းသည့် “Kan Ram” (မြန်မာစကားဖြင့်) “ငါတို့တိုင်းပြည်” ဟုအနက်ရှိသည့် စကားကို နားမလည်း အနက်ဖွင့်နိုင်ခြင်း မရှိခဲ့ပေ။ ချင်းပြည်သူပြည်သား
အများစုက ခရစ်ယာန်ဘာသာနှင့် နတ်ကိုးကွယ်သူများ ဖြစ်ကြသည် မသိရှိခဲ့သဖြင့် ဗုဒ္ဓဘာသာကို ချင်းလူမျိုးအများစုက ကိုးကွယ်သည်ဟု မှားယွင်းစွာယူဆခဲ့သည်။ ချင်းလူမျိုးအများစုက ဗမာစကားကို နားမလည် သဖြင့် ပင်လုံညီလာခံတွင် ချင်းကိုယ်စားလျှယ်များအတွက် စကားပြန်လိုအပ်ခဲ့သည်ကိုလည်း သတိမမူ ဖြစ်ခဲ့သည်။
ချင်းလူမျိုးတို့သည် သက်ဦးဆံပိုင်ဘုရင်စနစ်ကို မကျင့်သုံးသည့် လူမျိုးဖြစ်သည့် အားလျှော်စွာ သက်ဦး ဆံပိုင် ဘုရင်စနစ်ကျင့်သုံးသည့် လူမျိုးများနှင့် ယဉ်ကျေးမှုတွင် များစွာကွဲပြား ခဲ့သည်ကိုလည်း ဥပေက္ခ ပြုခဲ့သည်။


အမှန်စင်စစ် “Pu Kio Mang” ၏ “Kan Ram” ဟူသောချင်း စကားအနက်သည် “အချုပ်အချာအာဏာပိုင် ငါတို့ တိုင်းပြည်” ဖြစ်သည်။ “Kan Ram” သည် “ပြည်နယ်” လည်း မဟုတ်။ “Kan Ram” သည် “ဝိသေသတိုင်း” မောင်မောင်၊ တို့ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ၊ ရ၄ (၁၉၉၀)။ လည်း မဟုတ်။ “Kan Ram” သည် “ခရိုင်” လည်းမဟုတ်။ “Kan Ram” သည် “တောင်တန်းဒေသ” လည်းမဟုတ်။


ထို့ကြောင့် အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခုကို အင်္ဂလိပ်တို့ မသိမ်းပိုက်ခင်က ပိုင်ဆိုင်ထားသည့် ချင်း လူမျိုးများ အနေဖြင့် “Ministerial Burma” နှင့် ပူးပေါင်းကာ လွပ်လပ်ရေးကို စောလျှင်စွာရယူသည့် အချိန်တွင် အချုပ်အချာ အာဏာပိုင်သည့် တိုင်းပြည်ထက် အဆင့်များစွာနိမ့်သည့် ပြည်နယ်ကို ဒေါက်တာ မောင်မောင် ထောက်ပြသကဲ့သို့ တောင်းဆိုနေစရာ အကြောင်း လုံးဝမရှိနိုင်ပေ။ ချင်းတိုင်းပြည် နှင့် ခွဲထွက်ခွင့် အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ချင်းစကားကို နားမလည်ကြသဖြင့် “ချင်းဝိသေသတိုင်း” ကို အမှားမှားအယွင်းယွင်းဖြင့် ဖန်တီးခဲ့ကြသည်။ “ချင်းဝိသေသတိုင်း” ကို ဖန်တီးလိုက်သည်နှင့် ချင်းတို့သည် ပြည်နယ် အဆင့်ထက်နိမ့်သည့် အဆင့်တွင် ၎င်းတို့၏ဆန္ဒ၊ ၎င်းတို့၏ ပကတိအနေအထားများနှင့် ဆန့်ကျင်စွာဖြင့် မတရား ထားရှိခြင်းကို ခံခဲ့ကြသည်။ ထိုသို့မှားမှားယွင်းယွင်းဖြင့် ဝိသေသတိုင်းကို ဖန်တီးခဲ့သဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၀ အရ ပြည်နယ်တိုင်း “[E]very state shall have the right to secede from the Union…”ဟု ပြည်ထောင်စုအတွင်းရှိ ပြည်နယ်များသည် ခွဲထွက်ခွင့် ရှိသည်ဟု ရေးသားထားသည့် အခါ၊ ပြည်နယ် လည်းမဟုတ် အချုပ်အချာအာဏာပိုင် တိုင်းပြည်လည်း မကျ၊ ဖါးတပိုင်းငါးတပိုင်း ချင်းဝိသေသတိုင်း
သည် ၁၉၄၈ အခြေခံဥပဒေအရ ပြည်ထောင်စုမှ ခွဲထွက်ခွင့် ရှိမရှိ ဆိုသည့် ကိစ္စနှင့် အငြင်းပွားစရာများ ဖြစ်လာသည်။


အမှန်စင်စစ် ပင်လုံပဋိညာဉ် လက်မှတ်ရေးထိုးကြသည့် “Signatories” များဖြစ်ကြသော ချင်း၊ ကချင်၊ ရှမ်းတို့သည် “Implied Term” အရ ပြည်ထောင်စုမှ ခွဲထွက်လိုလျှင် ခွဲထွက်ခွင့်ရှိကြသည်။ အဘယ်ကြောင့် ဆိုသော် လွပ်လပ်ရေး ရယူပြီးနောက် “Ministerial Burma” မှခွဲထွက်ခွင့်ရှိမှသာ “Ministerial Burma” နှင့်ပူးပေါင်းကာ လွပ်လပ်ရေးကိုရယူရန် သဘောတူကြသဖြင့် ပင်လုံပဋိညာဉ်ကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။ ထို့ကြောင့် “Statutory Terms” အနေဖြင့် ပင်လုံပဋိညာဉ်တွင် အသေအခြာ ရေးသားပြဌာန်း ထားခြင်းမရှိသည်ဖြစ်စေ၊ ပြဌာန်း ထားသည်ဖြစ်စေ၊ ချင်းတိုင်းပြည်ကို ချင်းဝိသေသတိုင်း အဖြစ်သတ်မှတ်သည် ဖြစ်စေ၊ ချင်းတို့သည် ကချင်၊ ရှမ်းတို့နည်းတူ ပင်လုံပဋိညာဉ် လက်မှတ်ရှင် “Signatories” များဖြစ်ကြသဖြင့် ခွဲထွက်ခွင့်သည် ၎င်းတို့၏ ပကတိ မူလအခွင့်အရေး “Fundamental Right” တခု ဖြစ်သည့် အပြင်၊ “Implied Terms of Contract” အရ ခွဲထွက်ခွင့် အပြည့်အဝ ရှိသည့် ပင်လုံလက်မှတ်ရှင် များဖြစ်ကြသည်။ ချင်းတို့သာလျှင် ရှမ်း၊ ကချင်၊ မြန်မာ တို့ကဲ့သို့ ယခင်က အချုပ်အခြာ အာဏာပိုင် တိုင်းပြည်ရှိသူ မဖြစ်ခဲ့လျှင် ပင်လုံညီလာခံ တက်ရန်လည်းမလို၊ ပင်လုံပဋိညာဉ်ကို လက်မှတ်ထိုးရန်လည်း အကြောင်းမရှိ ။


ပင်လုံပဋိညာဉ် နှင့်သက်ဆိုင်သည့် “Implied Terms” များ အောင်ဆန်း - အက်တလီ စာချုပ် အပိုဒ် (8) (3) (b) အရ “Frontier Areas” ရှိ ပြည်သူများသည်၎င်းတို့၏ ကိုယ်စားလျှယ်များက ပင်လုံအစည်းအဝေးတွင် “Ministerial Burma” နှင့်ပူးပေါင်းကာအတူ တကွ လွပ်လပ်ရေး ရယူရန် သဘောတူထားသည့်တိုင်၊ “Frontier Areas” ရှိပြည်သူများ၏ “Ministerial Burma“ ပူးပေါင်းကာ လွပ်လပ်ရေး ရယူလိုခြင်း အမှန်တကယ် ဆန္ဒရှိမရှိ ပြည်သူများ၏ ဆန္ဒအမှန်ကိုသိရှိ နိုင်ရန် “Frontier Areas Commission of Enquiry” ကို ဖွဲ့စည်းခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် “Frontier Areas Commission of Enquiry” ၏တွေ့ရှိချက်များကိုလည်း ပင်လုံပဋိညာဉ်ကို အနက်ဖွင့်ရာတွင် “Implied Terms” များအဖြစ် ကိုးကားသုံးနှုန်း ရမည်ဖြစ်သည်။


အလားတူပင် ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ပြည်သူ့လွှတ်မြောက်ရေး ညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းက အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရာတွင် နှလုံးမူရမည့်လမ်းစဉ် (၇) ခုကိုချမှတ်ပေးထားသည်။ ဗိုလ်ချုပ် လမ်းစဉ် များသည် အောင်ဆန်း - အက်တလီစာချုပ်၊ ပင်လုံပဋိညာဉ်၊ တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက် များနှင့် အဆိုပါ ကော်မရှင်၏ အကြံပြုချက်များကို အခြေခံသဖြင့် ပင်လုံပဋိညာဉ်ကိုအနက် ဖွင့်ရာတွင် “Implied Terms” များအဖြစ် ကိုးကားသုံးနှုန်းရမည်ဖြစ်သည်။


7 The Constitution of the Union of Burma (1948) Chapter X (Art. 201). ထို့အပြင် ဖဆပလညီလာခံတွင်ရေးဆွဲအတည်ပြုထားသည့် အခြေခံဥပဒေမူကြမ်းသည်လည်း ဗိုလ်ချုပ် လမ်းစဉ် အောင်ဆန်း-အက်တလီစာချုပ်၊ ပင်လုံပဋိညာဉ်၊ တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက် များနှင့် အကြံပြုချက်များ အားလုံးကိုအခြေခံကာ ကျယ်ကျယ်ပြန့်ပြန့် အခြေခံဥပဒေမူကြမ်းတရပ်အဖြစ် ရေးဆွဲ ပြဌာန်း အတည်ပြုထားခြင်းဖြစ်သဖြင့် ပင်လုံပဋိညာဉ်ကို အနက်ဖွင့်ရာ တွင် “Implied Terms” များ အနေဖြင့် ကိုးကားသုံးနှုန်းရမည်ဖြစ်သည်။


ခွဲထွက်ခွင့်ကို တောင်းဆိုစရာမလိုတကဲ့သို့ မည်သူကမျှ တောင်းဆိုနေခြင်းမရှိ ယနေ့ကမ္ဘာ့ နိုင်ငံရေးရေစီးကြောင်းကို နားလည်ကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူ များသည်၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများပင်လျှင် နေတိုး၊ ဥရောပသမဂ္ဂ၊ အဖရိကသမဂ္ဂ၊ အာဆီယံ စသည့် အသင်းများ၊ သမဂ္ဂများဖွဲ့ကာ အဖွဲ့ဝင်အားလုံး၏ ဘုံအကျိုးစီးပွားပိုမို တိုးတက်ကောင်းမွန် ရေးအတွက် ပူးပေါင်းနေကြသည်ကို နားလည်လက်ခံကြသည်။ အလားတူစွာ ပြည်ထောင်စု တိုင်းရင်းသား အားလုံး၏ ဘုံအကျိုးစီးပွား ကောင်းစားရေးကို အမှန်တကယ် ဆောင်ရွက်နိုင်ရေးသည် တန်းတူညီမျှမှုကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မှသာ လက်တွေ့တွင် အကောင်အထည် ဖေါ်နိုင်မည်ကို သိရှိလက်ခံထား ကြသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် ပင်လုံညီလာခံ၊ “Frontier Areas Commission of Enquiry”၊ ဖဆပလညီလာခံ၊ တောင်ကြီးညီလာခံ၊ ချင်းလူငယ်များ အကြံပေးချက် စသည်တို့တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို သဘောတူခြင်း၊ တောင်းဆိုခြင်းများ လုပ်ဆောင်ခဲ့ကြသည် ။


သို့ရာတွင် ဖက်ဒရယ်မူ၊ ဖက်ဒရယ်စနစ်၊ ဖက်ဒရယ် အကြောင်းတို့ကို တိတိကျကျ နားမလည်သည့်အပြင်၊ ဖက်ဒရယ်စနစ်ကို အလွဲသုံးစားပြုကာ လက်နက်အားကိုးဖြင့် ရယူထားသည့်သူများက အာဏာကို ဆက်လက် ထိမ်းသိမ်းနိုင်ရေးအတွက် ဖက်ဒရယ်မူနှင့်စနစ်သည် ပြည်ထောင်စု ပြိုကွဲရေးဖြစ်သည်ဟု ပြည်ထောင်စုမြန်မာ နိုင်ငံကို အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သူ၊ အုပ်ချုပ်နေသူ၊ အမြဲအုပ်ချုပ်လိုသူ လူတစုတဖွဲ့က ပြည်သူပြည်သား များကို မှားယွင်းသော ဝါဒမှိုင်း အညစ်အကြေး၊ အဆိပ်များ နှစ်ပေါင်းများစွာ တိုက်ကျွေးခဲ့ကြသဖြင့် ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပြည်သူများစွာသည် ဖက်ဒရယ်ဆိုသည့် စကားလုံးကို သူရဲဖုတ်ကောင်၊ ဖုန်းဆိုးနတ်ဆိုး သကဲ့သို့ ထင်ရောင်ထင်မှား ဖြစ်နေကြသည်။ အမှန်စင်စစ် ဖက်ဒရယ်သည် ခွဲထွက်ခွင့် မဟုတ်သကဲ့သို့၊ ခွဲထွက်ခွင့် သည်လည်း ဖက်ဒရယ်မူ (သို့) စနစ် မဟုတ်ပေ။ ဖယ်ဒရယ်စနစ်ကို ခွဲထွက်ခွင့် (သို့မဟုတ်) ပြည်ထောင်စုဖြိုခွဲရေး စနစ်စသည်တို့ဖြင့် ကင်ပွန်းတပ် ဝါဒဖြန်နေသူတို့သည် ဖက်ဒရယ်စနစ်အမှန်စင်စစ်ကို နားမလည်သူများ၊ နားလည် သော်ငြားလည်း နားမလည်သကဲ့သို့ ဟန်ဆောင်နေသူများသာ ဖြစ်ကြသည် ။


ထို့ကြောင့် “Federal Constitution Drafting Committee” (FCDCC) ၏အခြေခံမူ (၈) ရပ်တွင် ခွဲထွက်ခွင့်ကို ထည့်သွင်း မထားခြင်းဖြစ်သည်။ “FCDCC” ကပြဌာန်းရေးသားသည့် “The Constitution of the Federal Republic of the Union of Burma” တွင်လည်း ခွဲထွက်ခွင့်ကို ပြဌာန်းထားခြင်း မရှိပေ။ အလားတူ ပြည်နယ် အခြေခံဥပဒေ မူကြမ်းအသီးသီးကို ရေးဆွဲနေကြသည့် ချင်း၊ ကချင်၊ ရှမ်း၊ ကရင်၊ ကရင်နီ၊ မွန် တို့၏ ပြည်နယ် အခြေခံဥပဒေမူ ကြမ်းများတွင်လည်း ခွဲထွက်ခွင့်ကို ထည့်သွင်းရေးသား ထားခြင်းမရှိ။ ဤအချက်ကို ဖက်ဒရယ်နှင့် ခွဲထွက်ခွင့်တို့၏ အနက်ကို နားမလည်သည့်သူများ အထူး သတိထား လေ့လာမှတ်ယူသင့်ပါသည်။


ပင်လုံပဋိညာဉ်လက်မှတ်ရှင် “Signatories” အားလုံးအတွက် ခွဲထွက်ခွင့်သည် တောင်းဆိုနေစရာ မလိုအပ်သော ပကတိအခွင့်အရေး “Fundamental Rights” ဖြစ်သည်။ ထိုပကတိအခွင့်အရေးသည် မည်သည့် အရာဖြင့် တားဆီး ပိတ်ပင်ဖျက်ဆီး၍ရသည့် အခွင့်အရေးမဟုတ်။ သို့ရာတွင် နိုင်ငံအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ8 ၏ အမျိုးသားညီလာခံတွင်ရေးသားကာ ၂၀၀၈ ခုနှစ် မေလ တွင်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ၉၂% ကျော်က ထောက်ခံထားသဖြင့် အတည်ပြုလိုက်သည်ဆိုသည့် ပြည်ထောင်စု သမတ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၁၀) တွင် “နိုင်ငံတွင် ပါဝင်သည့် တိုင်းဒေသကြီးများ၊ 8 ဤနေရာတွင် “တော်” ဟူသောစကားရပ်ကို တမင်သက်သက် ချန်လှန်ထားခြင်း ဖြစ်ပါသည်။ တော်ဟူသော စကား၏
အနက်သည် သက်ဦးဆံပိုင် ဘုရင်စနစ်ကို တနည်းအားဖြင့် ညွှန်းနေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဟု တဖက်တွင် သုံးစွဲစဉ်၊ အမေရိကန်နိုင်ငံတော်ဟု သုံးနှုန်းသည်ကို မတွေ့ရှိရ။ လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံကို ယခင် ဗမာဘုရင်ပိုင်နက်နယ်မြေကဲ့သို့ အနက်သက်ရောက်စေသဖြင့် ချန်လှပ် ထားခြင်းဖြစ်သည်။ (စာရေးသူ)


9 ပြည်နယ်များ၊ ပြည်ထောင်စု နယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ စသည့် နိုင်ငံ၏ နယ်မြေအပိုင်း အခြားဟူသမျှသည် နိုင်ငံမှမည်သည့် အခါမျှ မခွဲထွက်ရ”9 ဟုရေးဆွဲ ပြဌာန်း ထားသည်။ ပင်လုံပဋိညာဉ်ကြောင့် ဖြစ်ပေါ်လာသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် လိုက်နာကျင့်သုံးရန် ပြဌာန်းရေးဆွဲထားသည့် ပြည်ထောင်စုသမတမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈) ၏ ဥပဒေ ပင်မမြစ်ဖြားသည် ပင်လုံ ပဋိညာဉ်ဖြစ်သည်။ ထို့ကြောင့် ဥပဒေထုံးတမ်းစဉ်လာအရ ပင်မဥပဒေ မြစ်ဖြားနှင့် ဆန့်ကျင်သွေဖီနေသော အခြေခံ ဥပဒေသည် ဥပဒေကြောင်းအရ အသက်မရှိ “Null and Void” ဖြစ်သော အခြေခံဥပဒေ တစ်ခုသာဖြစ်သည်။ ပင်လုံ ပဋိညာဉ်ကို ပင်လုံပဋိညာဉ်လက်မှတ်ရှင်များဖြစ်သည့် ချင်း၊ ကချင်၊ ရှမ်း နှင့် “Ministerial Burma” ကိုယ်စားလျှယ် များ၏ လွပ်လပ်သောသဘောဖြင့်သာလျှင် ပြုပြင် ပြောင်းလဲနိုင်သည်။


ပြင်ဆင်ဖြည့်စွက်နိုင်သည်။ ပြန်လည် ရုတ်သိမ်းနိုင်သည်။ ပင်လုံပဋိညာဉ်ကို ပင်လုံပဋိညာဉ် လက်မှတ်ရှင်များ “Signatories” များက ရုတ်သိမ်းလိုက် သည်နှင့် ပင်လုံပဋိညာဉ်ကြောင့် ပေါ်ပေါက်လာသော ပြည်ထောင်စုသည်လည်း တရားဝင် ပျက်ပြယ်သွားမည် ဖြစ်သည်။


ထို့ကြောင့် ပင်လုံပဋိညာဉ် လက်မှတ်ရှင်များ “Signatories” များ၏ လွပ်လပ်သော ဆန္ဒအရမဟုတ်လျှင် ပြည်ထောင်စုမှ ပင်လုံပဋိညာဉ် လက်မှတ်ရှင်များ၏ ခွဲထွက်ခွင့်ကို မည်သူကမျှ တားမြစ်၍လည်းမရ။ ခွင့်ပြု၍လည်း မရသောအချက်ဖြစ်သည်။ အချုပ်ဆိုရလျှင် ပြည်ထောင်စုမှ ပင်လုံပဋိညာဉ်လက်မှတ်ရှင်များ ခွဲထွက်ခွင့်သည် တောင်းဆိုနေစရာမလိုသော၊ ပြဌာန်းနေစရာမလိုသော၊ တားမြစ်၍လည်းမရသော ပင်လုံပဋိညာဉ်လက်မှတ်ရှင် “Sigantories” များ၏ ပကတိမူလ အခွင့်အရေး “Fundamental Right” သာဖြစ်ပေသည်။


ခွဲထွက်ခွင့်ကိုတားမြစ်ရန် လုပ်ဆောင်ခြင်းသည် ပင်လုံပဋိညာဉ်ကြောင့် ပေါ်ပေါက်လာသော ပြည်ထောင်စုမြန်မာ နိုင်ငံကို ပဋိညာဉ်ဥပဒေအရ ဖျက်ဆီးခြင်းသာဖြစ်သည်။ ပင်လုံပဋိညာဉ်၏ ပဋိညာဉ် အနှစ်သာရကို ဖျက်စီးလျှက် ပင်လုံလက်မှတ်ရှင်များအား ပြည်ထောင်စုအတွင်း ၎င်းတို့၏ လွပ်လပ်သော ဆန္ဒသဘောထားနှင့် ဆန့်ကျင်ကာ ဆက်လက်ထားရှိခြင်းသည် အဆိုပါပင်လုံ ပဋိညာဉ်လက်မှတ်ရှင် လူမျိုးများအား ကျွန်ပြုခြင်း (သို့) ကိုလိုနီပြုခြင်း သာဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် ပင်လုံပဋိညာဉ်ကို သွေဖီဆန့်ကျင် ရေးသားပြဌာန်းအတည်ပြု လိုက်သည့် ပြည်ထောင်စုသမတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တရားဝင်
အသက်ဝင်သည့် နေ့သည် ပင်လုံပဋိညာဉ်ကြောင့် ဖြစ်ပေါ်လာသည့် ပြည်ထောင်စုမြန်မာနိုင်ငံအား တရားဝင်ဖျက်သိမ်းကာ၊ ပင်လုံပဋိညာဉ် လက်မှတ်ရှင်များအား တရားဝင် ကိုလိုနီအပြုလိုက်သည့်နေ့ (သို့မဟုတ်) ကျွန်ပြုခြင်းခံသည့်နေ့ သာလျှင်ဖြစ်ပေသည်။


နိဂုံး


ကချင်လွပ်လပ်ရေးအဖွဲ့ “Kachin Independence Organization” က နိုင်ငံအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးကောင်စီအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပါတ်သက်၍ ပင်လုံပဋိညာဉ်အပေါ်အခြေခံလျှက် တုန့် ပြန်ချက်သည် သမိုင်းကြောင်းအရဖြစ်စေ၊ ဥပဒေကြောင်းအရဖြစ်စေ၊ နိုင်ငံရေးရှုဒေါင့်အရဖြစ်စေ၊ ယနေ့ကမ္ဘာ့ အခြေအနေအရဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းသူပြည်သားအများစု၏ သဘောထားအရဖြစ်စေ အံဝင်ကွင်ကျဖြစ်သည့် အချက်ဖြစ်ပေသည်။ ထို့ကြောင့် ပင်လုံပဋိညာဉ် လက်မှတ်ရှင်များဖြစ်ကြသည့် ရှမ်း၊ ချင်း တို့အပြင်၊ ပင်လုံပဋိညာဉ် လက်မှတ်ရှင်မဟုတ်စေကာမူ တန်းတူညီမျှမှုကိုအခြေခံကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လျှက် နှစ်ပေါင်း ၆၀ ကျော်ကြာ တိုင်းရင်းသားနိုင်ငံရေးနှင့် အခြေခံဥပဒေ ပဋိပက္ခကိုဖြေရှင်းလိုသူ
တိုင်းက ကချင်လွပ်လပ်ရေးအဖွဲ့၏ တောင်းဆိုချက်များကို တခဲနက်ထောက်ခံကာ ထပ်တူရပ်တည် သင့်သည်ဟု ယူဆပါသည်။


အချုပ်အခြာအာဏာကို အင်္ဂလိပ်တို့ထံမှ ပြန်လည်ရရှိသည်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့သော်လည်း ပင်လုံ ပဋိညာဉ်၏ အနှစ်သာရများကို ကောင်းမွန်စွာ လက်ခံကျင့်သုံးခြင်း မရှိခဲ့သဖြင့် တိုင်းပြည်တခုလုံး နစ်နာ နေရခြင်းဖြစ်သည်။ ကမ္ဘာ့အလယ်တွင် ဆင်းရဲမွဲတေပြီး ပျက်စီးယိုယွင်းနေသည့် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်လည်ငြိမ်းချမ်း သာယာ ဖွံ့ဖြိုးတိုးတက်လာရေးသည် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား ပြည်သူအားလုံးက ပင်လုံပဋိညာဉ် လက်မှတ်ရှင် များ၏ နဂိုမူလ ပကတိ ဆန္ဒသဘောထားများ အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံကို 9 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)။ 10 တန်းတူညီမျှမှုအား အခြေခံလျှက် ဖက်ဒရယ် ပြည်ထောင်စုအဖြစ် အခြေခံဥပဒေအ တည်ထောင်မှသာလျှင် လက်တွေ့တွင် ဖြစ်လာ နိုင်မည်ဟုယူဆမိ ပါကြောင်း။
i Maung Maung, Burma’s Constitution, 171 (1958). ( ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန် သည် Valparaiso University မှ B.A. ကို International Economics and Cultural Affairs အထူးပြုဘာသာဖြင့် ရယူပြီးနောက် Indiana University - Michael Maurer School of Law, Bloomington မှ LL.M. ကို International Human Rights Laws နှင့် SJD ဘွဲ့ကို Constitutional Law အထူးပြုဘာသာရပ်များဖြင့် ရယူခဲ့သည်။


Michael Maurer School of Law တွင် ဘွဲ့လွန်ပါရဂူသုသေသီ “Postdoctoral Fellow” အဖြစ်၎င်း Center for Constitutional Democracy တွင် Assistant Director အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ Lauterpatch Research Center for International Law, Cambridge University တွင် Earl A. Snyder Visiting Scholar အဖြစ်၎င်း၊ University of Pennsylvania, Solomon Asch Center for the Study of Ethnopolitical Conflict တွင် Summer Fellow အဖြစ် ဖိတ်ကြားခြင်း ခံခဲ့သူလည်းဖြစ်သည်။ ယခုအခါ Myanmar Development Research Institute (MDRI) ၏ Center for Economic and Social Development တွင် အကြီးတန်းသုသေသီအဖြစ်၎င်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှ ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်အဖြစ်၎င်း တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။

ဆောင်းပါးရှင် ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်

မိုးနဲမြို့မြေယာနှင့် ရေဦးရေထွက်ပြသနာ သျှမ်းပြည်နယ်အစိုးရ မဖြေရှင်းပေးသေး ဒေသခံလယ်သမားများ တောတောင်သဘာဝနတ်မင်းထံတိုင်တည်

Posted: 19 Feb 2017 05:40 PM PST

သျှမ်းပြည်တောင်ပိုင်းမိုးနဲမြို့တောင်သူလယ်သမား ရာနှင့်ချီစုပေါင်းကာ မြစ်ချောင်း တောတောင် သဘာဝ ကာကွယ်ထိန်းသိမ်းပေးရန် မြို့စောင့်နတ်ရွာစောင့်နတ်အား တိုင်တည်ဆုတောင်းကာ သဘာဝဖျက်ဆီးသူများအား ကျိန်စာတိုက်သည့် လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါသည် ။


ဓါတ်ပုံ- မိုးနဲလယ်သမားများ တောတောင်သဘာဝ နတ်မင်းထံတိုင် တည်ဆုတောင်းမှုပြုနေကြပုံ (Photo- မိုးနဲမြို့သဘာဝပတ်ဝန်းကျင်မြတ်နိုးသူ)

မိုးနဲမြို့မြောက်ဘက်ရှိ နမ့်ဟူးများတည်ရှိရာအရပ်တွင် သဘာဝစားကျက်မြေဧက ၂၀ ကျော်အား အကွက်ချ၍ တရုတ် ၂ ဦးနှင့် မြို့ခံ ၂ ဦးအားအစိုးရချပေးမှု၊ ဒေသခံ ၂ ဦးအား ပုံစံ ၁၀၅ ထုတ်ပေး မှု များအား ပြန်လည်ရုပ်သိမ်းပေးရန်၊ ပုံစံ ၁၀၅ အားပြန်လည်ပယ်ဖျက်ပေးရန် မိုးနဲလယ်သမားများ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း သျှမ်းပြည်နယ်အစိုးရတုန်ပြန်ခြင်းမရှိသည့်အပေါ်  ရွာသား များစုပေါင်းပြီး မြို့စောင့်နတ် တောတောင်စောင့်နတ်ထံ တိုင်တည်ခဲ့ခြင်းဖြစ်သည်ဟု မိုးနဲရပ်မိရပ်ဖ ဦးစိုင်းကပြောသည် ။


ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက် က မိုးနဲမြို့ခံတောင်သူလယ်သမားများ ၁၀၀ ကျော်စုပေါင်းကာ မိုးနဲမြို့တောင်ဘက်ရှိ နောင်လွယ်စယ်နမ့်ဟူး(ရေထွက်) နှင့်မြောက်ဘက်ရှိ နမ့်ဟူးနဂါး၊ နမ့်ဟူးခေါန်၊နမ့်ဟူးပါဝဲန်  (ရေထွက်)များရှိရာနေရာသို့သွားကာ တောတောင်ရေမြေသဘာဝစောင့်နတ်မင်းများထံတိုင်တည်မှုပြုခဲ့ကြခြင်းဖြစ်သည် ။


မိုးနဲမြို့နယ် ကျားခေါင်းပါတီပြည်နယ်လွှတ်တော်အမတ်  စိုင်းမွန်းလိန်က - ကျနော် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒုတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေးမှာလည်းကျနော် ကြယ်ပွင့်ပြ မေးခွန်း နဲ့ လွှတ်တော်မှာတင်ပြခဲ့ပြီးပြီ။ လူထုဆန္ဒဘယ်လိုရှိတယ်ဆိုတာ။ သျှမ်းပြည်နယ်အစိုးရက  ဘာမှ ဆောင်ရွက်မပေးဘူး။ ဒေသန္တရအမိန့်ဆိုပြီးတော့ဘဲ မြို့နယ်အာဏာပိုင်တွေက ရေထွက် အနီး တဝိုက် ပေ ၁၀၀ ပတ်လည် ဘာမှမလုပ်ရ လို့ဘဲ ပြောလိုက်တယ်။  ပေ ၁၀၀ ပတ်လည်ဘဲဆိုတော့ ဘာမှမထူးဘူးလေ။ လူထုကဒါကိုလည်း လက်မခံနိုင်ဘူး။  ဒါကြောင့် လူထုက အားကိုးရာမဲ့ သွား တဲ့ အဆုံး ဘိုးဘွားအစဉ်အလာယုံကြည်မှုအတိုင်း မြို့ရွာစောင့်နတ်တွေကိုဘဲ စုပေါင်းတိုင်တည်ပြီး ကျိန်စာတိုက်ကြတော့တယ်။ - ဟု သျှမ်းသံတော်ဆင့်အားပြောဆိုသည် ။


မိုးနဲမြို့လယ်သမားများသည် ရေထွက်ဦးနှင့်အနီးတဝိုက်ရှိ သစ်ပင်ကြီးများအား ရာဇမတ်ခတ် ပူဇော်ကာ ‘သဘာဝပတ်ဝန်းကျင်နှင့်ရေထွက်ဦးများ ချောင်းရေ မြစ်ရေများအားကာကွယ် မှုပေးပါရန် ’ တောတောင်သဘာဝနတ်မင်းများအားတိုင်တည် ဆုတောင်းကြကြောင်း ထို့နောက်  ‘သဘာဝပတ်ဝန်းကျင်ရေမြေ တောတောင်များအား ဖျက်ဆီးသူမှာ မကောင်းဆိုးဝါးများနှင့် တွေ့ဆုံရ ပါစေ၊ ဆင်းရဲခြင်းကြုံတွေ့ရပြီး ချစ်ခင်သူနှင့်ကွေကွင်းရပါစေ ’ အစရှိအချက်များပါသည့် ကျိန်စာတိုက်ခဲ့ကြကြောင်း  ရပ်မိရပ်ဖ ဦးစိုင်းကဆက်လက်ပြောပြသည် ။


မိုးနဲမြို့မြောက်ဘက်ရှိ ရေထွက်များမှ နမ့်စလိုင်ချောင်းနှင့် နမ့်တွန်ချောင်းတို့အဖြစ် မိုးနဲမြို့အရှေ့ဘက် ထိုမှတဆင့်တောင်ဘက်သို့စီးဆင်းဖြတ်သန်းကြောင်း၊ အဆိုပါချောင်းများမှာ မိုးနဲမြို့အရှေ့ဘက်နှင့်တောင်ဘက်ရှိလယ်ယာမြေဧကပေါင်းမြောက်များစွာကိုရေဖြည့်ပေးကြောင်း၊ အဆိုပါရေချောင်းခြောက်ကပ်ပျက်စီးပါက မိုးနဲမြို့လယ်သမားများအားလုံး ဒေသခံများအားလုံး အခက်အခဲ ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း မိုးနဲမြို့ခံ ဒေါ်ပါ့ပေါက် ကပြောသည် ။


“ကနေ့ခေတ်မှာနိုင်ငံရေးအခြေအနေပြောင်းလဲလာပြီ။ ကျနော်တို့ နယ်မြေ ဒေသထဲကိုတခြားတိုင်းတပါးက တခြားနယ်ကလူတွေလာနေတာလည်းများလာပြီ။ ကိုယ့်လယ်ယာမြေခိုးရောင်းစားခံရတာလည်းမကြာခဏကြုံလာရပြီ။ ဒါကြောင့် လယ်ယာမြေနဲ့ပတ်သက်ပြီး လေးလေးနက်နက်ထားစေချင်ပါတယ်။မိမိပိုင်ဆိုင်တဲ့ လယ်ယာမြေ ပုံစံတွေ၊ ဂရမ်တွေ၊မှတ်ပုံတင်တွေ လုပ်ထားပါ။ ကိုယ့်လယ်ယာမြေကိုအမြဲဂရုစိုက်နေပါ။ ပြသနာဖြစ်လာရင် လွှတ်တော်အမတ်တွေ ရပ်မိရပ်ဖတွေကိုလာပြီး ဆွေးနွေးပါ။ ကျနော်တို့တတ်နိုင်သလောက် အစွမ်းကုန်ကူညီပေးပါမယ်” - ဟု စိုင်းမွန်းလိန်ကပြောသည် ။


မိုးနဲမြို့နယ်အတွင်းမှ ထွက်ရှိသည့်ဆန်စပါးများသည် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် တခုလုံးနီးပါးသာမက ထိုင်းနယ်စပ်အထိရောင်းချရသည်အထိ နူးညံ့ကောင်းမွန်သောဆန်ကောင်း အဖြစ်နာမည်ကျော်လျှက်ရှိပါသည် ။


သျှမ်းသံတော်ဆင့်

unread,
Feb 21, 2017, 5:20:25 PM2/21/17
to thuau...@gmail.com

မြို့နယ်စာစစ်ဌာနသို့ စာမေးပွဲသွားဖြေမည့် ကျေးလက်က အလယ်တန်းကျောင်း သားများ ကားတိမ်းမှောက် ၊ သေကြေဒဏ်ရာရမှုများပြား

Posted: 20 Feb 2017 06:16 PM PST

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့စာစစ်ဌာနသို့ အစိုးရစစ် စာမေးပွဲဖြေဆိုရန် အတွက် ဟမ်းငိုင်းကျေးရွာအုပ်စုမှ အလယ်တန်းေ ကျာင်း သား များ စီးနင်းလာသော လေးလုံးထိုးကား တိမ်းမှောက်ရာ စာမေးပွဲဖြေဆို မည့် ကျောင်းသားများ အပါအဝင် ကားဆရာပါ ပွဲချင်းပြီး သေဆုံးကြောင်း သိရသည်။

Photo:from Sai Pang facebook

ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီခွဲ အချိန်တွင် ဖြစ်ပွားသော ဖြစ်စဉ်တွင် အစိုးရစစ်စာမေးပွဲဖြေဆိုမည့်ကျောင်းသား/ကျောင်းသူ များ ပါ ၀င်သော ဆရာ၊ ဆရာမများနှင့်ကျောင်းသားမိဘ စုစုပေါင်း ၂၄ ဦး စီးနင်းလာသည့် ၄ လုံးထိုးကား တိမ်းမှောက်သဖြင့် ကျောင်းသား ၄ ဦး ၊ ကားဆရာ ၁ ဦး ပွဲခြင်းပြီးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ပါသည်။


"ဒဏ်ရာရတဲ့ ၁၇ ယောက်ထဲမှာ ကျောင်းသားက ၁၃ ယောက်နဲ့ ကားစပယ်ယာ ၁ ယောက်ဆရာမ ၂ ယောက် ကျောင်းသားမိဘ ၁ ယောက်။ အဲဒီ အ ထဲက ဒဏ်ရာပြင်းထန်တဲ့စိုးရိမ်ရတဲ့ ၁၄ ယောက်ကို တောင်ကြီးပို့လိုက်ပြီ။ မိုင်းကိုင်ဆေးရုံမှာ သာမာန်ဒဏ်ရာရသူ ၃ ဦးဘဲကျန်ပါတယ်။" - ဟု
မိုင်းကိုင်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်း သူနာပြုတဦးက သျှမ်းသံတော်ဆင့်အား အတည်ပြုပြောဆိုပါသည်။


မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းရွာတွင် အလက ကျောင်းခွဲအဆင့်သာ ရှိနေသေး သဖြင့် မြို့စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရန်အတွက် အဆိုပါကျောင်း သူ ကျောင်းသားများဆရာ မိဘများအဖွဲ့ ရွာမှ မြို့သို့တက်လာ ခဲ့ခြင်းဖြစ်ကြောင်း စီးနင်းလိုက်ပါသူများအနက် ဒဏ်ရာမရသူ ၂ ဦးသာရှိကြောင်းသိရသည်။


အခင်းဖြစ်ပွါးရာနေရာတွင်ကားလမ်းကျဉ်းပြီး သွားလာမှုခက်ခဲသောနေ ရာဖြစ်ကြောင်း ကျားခေါင်းပါတီ၏ မိုင်းကိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန် ကပြောသည်။


“ဟမ်းငိုင်းကားလမ်းမကြီး ကြားနဲ့ ပန်ကေတုကားလမ်းမကြီး ကြား မှာ ဘဲ ဖြစ်သွားတာ၊ အဲ့ဒီနေရာလေးက ကားလမ်းကကျဉ်းပြီး လမ်းသိပ် မကောင်းဘူး။ ကားဆရာလည်း ပွဲချင်းပြီး ဆုံးတယ်။ သေဆုံးတဲ့ ၅ ယောက် ထဲမှာ စာမေးပွဲဖြေမယ့် ကလေး ၄ ယောက်ပါ တယ်။ ၈ တန်းေ ကျာင်းသူ ၁ ဦး။ ၄ တန်းကျောင်းသူ ၁ ဦး ကျောင်းသား ၂ ဦး။ ”ဟု ၄င်းကပြောသည်။


"အခုဆိုရင် နိုင်ငံတကာရဲ့အမြင်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းပေါ်ကို တက်လာနေပြီ။ တိုးတက်ပြောင်းလဲလာပြီလို့မြင်နေကြပြီ။ ဒါကြောင့် မြို့နယ် ၊ကျေးလက် ပညာရေးစနစ်ကိုလည်းလွယ်ကူအဆင်ပြေအောင် အစိုးရ က လုပ်ပေးသင့်ပါပြီ။ ဒါဟာ ရွာမှာ စာစစ်ဌာနမရှိလို့ မြို့တက်စာဖြေ ရတာေ ကြာင့် ဖြစ်သွားရတဲ့ကိစ္စပါ။ မမျှော်လင့်ဘဲ မထင်မှတ်ဘဲဖြစ်သွားရတဲ့ ကိစ္စ။ အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်လာနိုင်တဲ့ ဒီလူ ငယ်ေ တွ အနည်းနဲ့ အများတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားကြမှာဘဲ။ ရွာမှာကျန်တဲ့ကျောင်း သားလူငယ်တွေအတွက်လည်း ခြိမ်းခြောက်မှုတခုကြီးလိုဖြစ်နေပါလိမ့်မယ် "- ဟု တောင်ကြီးမြို့ရောက် မိုင်းကိုင်ဒေသခံ ခေတ်ပညာတတ်လူငယ် တဦးကလည်း ပြောဆိုသည်။


ဟမ်းငိုင်းအုပ်စုနှင့်ပန်ကေတုအုပ်စုသည် ၆ မိုင်ခန့်သာဝေးပြီး မိုင်းကိုင်မြို့ မြောက် ဘက်တွင်တည်ရှိပါသည်။ ဟမ်းငိုင်းမှာ မိုင်းကိုင်မြို့နှင့် ၁၂ မိုင်ခန့်အကွာတွင်တည်ရှိပါသည်။

သျှမ်းသံတော်ဆင့်

unread,
Feb 22, 2017, 5:24:54 PM2/22/17
to thuau...@gmail.com

မန်ပန်ဌာနေပြည်သူ့စစ်မှ ကျေးရွာအုပ်စုတအုပ်စုငွေကျပ်သိန်းပေါင်းများစွာ ကောက်ခံ

Posted: 22 Feb 2017 05:18 AM PST

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းပတ်အုပ်စု မန်ပန်ရွာအခြေစိုက် ဌာနေပြည်သူ့စစ်မှ ၄င်းလှုပ်ရှားရာဒေသအတွင်း ကျေးရွာအုပ်စုများအား အကူအညီဟုအမည်တပ်ကာ ကျေးလက် ဒေသခံများထံ ငွေကျပ်သိန်းပေါင်း များစွာ ကောက်ခံနေသည်ဟု ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။


ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး  မန်ပန်ဌာနပြည်သူ့စစ်၏ နိုင်ငံရေးဌာနက ဗိုလ်ကြီးထွန်းစိန်ဆိုသူမှ လားရှိုးမြို့နယ် စလန်း၊ ကွန်းမုံ၊ ခုမ်စုံ၊ ကုန်းပေါင်း ရွာများမှ ရွာအကြီးအကဲများအားခေါ်ယူပြီး ပြည်သူ့စစ်တပ်ဖွဲ့အတွက်အလှူငွေ ကောက်ခံခဲ့ သည်ဟု လားရှိုးရောက် ဒေသခံ ဦးစိုင်းခေးက သျှမ်းသံတော်ဆင့် အားပြောသည်။


“ကျနော်တို့ရွာသားတွေကို ၂၀ ရက်နေ့တုန်းက နားစွက်ရွာ မှာအစည်းအဝေး ခေါ်တယ်။ ပြီးတော့  အခွန်ကောက်တာမဟုတ် အကူအညီတောင်းတာလို့ပြော တာ။   ကျနော်တို့ စလန်းအုပ်စု ၃-၄ ရွာကို တရွာ ကျပ် ၁၀ သိန်းကနေ ၁၆ သိန်းအထိ တောင်းတယ်။  စုစုပေါင်းဆိုရင်သိန်း ၈၀ ကျော်တယ်။  ဗိုလ်လုံညွန့် ဆင်းတဲ့ဘက်ဆိုရင်   တချို့အုပ်စုတွေဆိုရင် သိန်း ၄၀ - ၅၀ အထိ။ မုံးယော်ဆိုရင်သိန်း ၁၆၀ တောင်တောင်းတယ်။” - ဟု ဆိုသည်။


မန်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့လှုပ်ရှားသည့် ဒေသအတွင်း အကူအညီများကောက်ခံသွားမည်ဖြစ်ကြောင်း လည်းပြောဆိုသွားသည်။


ထိုသို့ ဌာနေပြည်သူ့စစ်တို့လှုပ်ရှားရာ ဒေသအတွင်း ဒေသခံလူထုအား စားနပ်ရိကာနှင့်ငွေကြေး များကောက် ယူခြင်း လုပ်အားခိုင်းစေမှုများ လူ့အခွင့်အရေးကျူးလွန်မှုများရှိနေခြင်းတို့ကြောင့် အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံ စိုင်းနောင့်ကလည်းပြောဆို သည်။


“သူတို့ဘက်ကအကူအညီတောင်းတာတဲ့ ။ သစ်လုပ်ငန်းလည်းအလုပ်မဖြစ်ဘူး တဲ့။ သူတို့ရံပုံငွေမရှိလို့တဲ့။ ကျနော်ပြောတယ် ဒီနှစ် ပြောင်းဖူးလည်းမကောင်း၊ ခြံထွက်သီးနှံလည်းမကောင်း၊ နှစ်စဉ်ကောက်နေတဲ့ ဆန်လည်းပေးရ၊ လမ်းမှာစောင့်ကောက်တာလည်းရှိ အခုလည်း အလှူငွေကောက်နေပြန်။ လူထုကိုဘာမှ မလုပ်ပေးနိုင်ဘဲနဲ့ဘာကြောင့် ပြည်သူ့စစ်ကိုထား ထားနေတာလဲမသိ ဘူးအစိုးရက”- ဟု ပြောသည်။


လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းကလည်း လူထုအပေါ် ထိုသို့ငွေကြေးများကောက်ခံခြင်း၊ အထူးသဖြင့် သျှမ်းပြည်လူ ထုအချင်း ချင်းဖိအားပေးခြင်းများမပြုသင့် တော့ကြောင်း ပြောဆိုသည်။


“အခွန်တွေအမျိုးမျိုးကောက်နေတာကဘဲ လူထုကအရမ်းကိုအခက် အခဲဖြစ်နေပါပြီ။ အခုက သိန်း လေးငါးဆယ်အကူအညီထပ်တောင်းလာတယ်။ လူထုက သူ့ကိုယ်သူတောင်မှအနိုင်နိုင်ဖြစ်နေပြီ။ နေထိုင်ဖို့အဲလောက် အခက်အခဲဖြစ်နေ ရင်လည်း ဘာလို့ထားနေတော့မှာလဲ ပြည်သူ့စစ်ဆိုတာကြီးက။ မန်ပန်ဌာနေပြည်သူ့စစ်ရှိတဲ့ဒေသဘက်မှာဆိုရင် ဖွံ့ဖြိုးတိုးတက်မှုဘာမှလည်းမရှိဘူး။ လမ်းလဲမကောင်းဘူး၊ မီးလဲမရဘူး။ လူထုအတွက် ဖွံ့ဖြိုးတိုးတက်မှု လုပ်ပေးဖို့နေနေသာသာ အခု လူထုဆီက ပြန်လာပြီး အကူအညီတောင်းနေတယ်ဆိုတော့  လူထုဘယ်လိုလုပ်ပြီးနေထိုင်နိုင်တော့မှာလဲ။” - ဟုပြောဆိုသည်။


တန့်ယန်းမြို့နယ် အခြေစိုက် ဗိုလ်မွန်းဦးဆောင်သည့် မန်ပန်ဌာနေပြည်သူ့စစ်သည်  ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း ခုမ်စုံအုပ်စုမှဒေသခံရွာသား ရ ဦးကို အကြောင်းမသိရဘဲ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်းသိရသည်။ ခေါင်းဆောင်ဖြစ်သူ ဗိုလ်မွန်းမှာမူ စစ်အစိုးရခေတ်က လူမှုထူးချွန်ဆု ချီးမြှင့်ခြင်းခံခဲ့ရဖူးသည်။

လာမည့် ၂၁ ပင်လုံ အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘက်မှ အမျိုးသမီးကိုယ်စားလှယ် ပါဝင်မှု ပိုများနိုင်ဟုဆို

Posted: 22 Feb 2017 05:00 AM PST

၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် စည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဘက်မှ အမျိုးသမီး ကိုယ်စားလှယ်ပါဝင်မှု ယခင်ကထက် ပိုများလာနိုင်ကြောင်း Myanmar Institule of Gender Studies မြန်မာနိုင်ငံကျားမရေးရာ လေ့ လာရေးသိပ္ပံ ဒါရိုက်တာ ဒေါ်နော်မာမာချိုကပြောသည် ။

 မြန်မာ့နိုင်ငံရေးအတွင် အမျိုးသမီးများပါဝင်နိုင်ရေး လှုပ်ရှားမှုပုံရိပ်(Photo: BWU)
" အရင်ကထက်တစ်ဖြည်းဖြည်းတော့ နားလည်လာတယ်သဘောပေါက်လာ တယ် လက်ခံလာတယ် ။ အမျိုးသမီးတွေ ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာ မှာပိုပြီးတော့ ညှိညှိနှိုင်းနှိုင်း စေ့စေ့စပ်စပ်ဆွေးနွေးတတ် တယ် ၊ အမျိုးသ မီးတွေက ညှိနှိုင်းစေ့စပ်တဲ့နေရာမှာ ဆွေးနွေးနိုင်တယ်ဆိုတာ လက်ခံလာကြ တယ် ။ totally တော့ အောင်မြင်မှုမရသေးပေမဲ့ အပြောင်းအလဲတစ်ခုတော့ရ လာတယ်ဆိုတာမြင်နေရတယ် " ဟု၎င်းကဆိုသည် ။


ပထမအကြိမ် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသမီးပါဝင်မှု ၁၃ ရာခိုင်နှုန်းသာရှိသည်။ တိုင်းရင်းသားခေါင်းဆောင် (EAO) များဖက်မှ ယခင်ကထက် အမျိုးသမီးများအပေါ်ပိုမိုလက်ခံ ယုံကြည်လာသည့်သဘော ရှိသောကြောင့် လာမည့် အစည်းအဝေးတွင် (EAO) ဖက်မှအမျိုးသမီး ကိုယ်စားလှယ် များလာနိုင်ဖွယ်ရှိသည်ဟု ဒေါ်နော်မာမာချိုကသုံးသပ်သည်။


" ၃၀ ရာခိုင်နှုန်းကိုပဲအော်နေလို့မပြီးဘူး ။ စိန်ခေါ်မှုတွေကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ် ကိုအမျိုးသမီး တွေ ထဲထဲဝင်ဝင် ပါဝင်လာဖို့ ၊ အမြင် ဖွင့်ဖို့လို အပ်သလို ရှိပြီးသားအရည်အချင်း ကိုထပ်ဖြည့် လေ့လာသင် ယူမှုတွေဆက်တိုက် လုပ်နေဖို့လိုအပ်တယ် " - ဟုမွန်အမျိုးသမီးကွန်ရက်မှ မိဆားယားပွိုင်း ကပြောသည်။


အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းတောင်းဆိုလာသည်နှင့်အမျှ တဖက်တွင် လည်း အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ မြင့်တက်လာစေရန် လုပ်ဆောင်ပေးနေ ရကြောင်း၊ အရည်အချင်း ပြည့်မှီသော အမျိုးသမီး များပါဝင်၍အမှန်တကယ်အမျိုးသမီးအရေး နှင့်ကလေးသူငယ်အရေး၊ လူမျိုးစု များ၏အရေး စသည့် အကြောင်းအရာမျိုးစုံကိုဆွေးနွေးပြောဆိုနိုင်သည့် အမျိုးသမီးများဖြစ်လာစေရန် လေ့ကျင့် သင်ကြားပေးနေကြောင်း နော်မာ မာချိုကပြောသည်။


" အမျိုးသမီးတွေမဖြစ်မနေ ပါဝင်ရုံပါဝင်ရတာမျိုးမဟုတ်ပဲ အဓိပ္ပါယ်ရှိ တဲ့ပါဝင်မှုမျိုးဖြစ်အောင် ကျမတို့ကဆက်လက်ကြိုးစားနေပါတယ် ။ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ကဏ်ဏ္ဍအလိုက် မှာအမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့လိုအပ်ပါတယ် ၊ စိန်ခေါ်မှုတွေတော့ရှိနေသေးတာပေါ့ " ဟု Women ad Peace Action Network Shan State မှ ဒေါ်သန္တာဦး ကပြောသည်။


AGIPP(Alliance for Gender Inclusion in Peace Process) ၏ စာရင်းအရ၂၀၁၁-၂၀၁၅ ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင် ရွက်သော ကော်မတီများ၊ အဖွဲ့များတွင် အမျိုးသမီးပါဝင်မှု အများဆုံးမှာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (SD)ဖြစ်ပြီး ထိုအဖွဲ့တွင် ၁၃ဒသမ၃ ရာခိုင်နှုန်း အထိ ပါဝင်ခဲ့သည်။ အမျိုးသမီးပါဝင်မှုနှုန်း အနည်းဆုံးအဖွဲ့များမှာ ပြည်ထောင် စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းဗဟိုကော်မတီ(UPCC) ၊ ပြည်ထောင်စု အ ဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေး ကော်မတီ(JMC –U)၊ တို့ဖြစ်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး(JICM)တို့တွင် သုညရာခိုင်နှုန်းဖြစ်သည်။


Myanmar Institute of Gender Studied ၏ စာရင်းအရ၂၀၁၆ ခုနှစ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးအများဆုံးပါဝင်မှုသည် ကူညီပံပိုးသူများအဖြစ်သာ ၃၀ ရာခိုင်နှုန်းအထိပါဝင်ခဲ့ပြီး ပါဝင်မှု အနည်းဆုံးအဖြစ် ပဲခူးတိုင်းဒေသကြီး JMC - S တွင် သုညရာခိုင်နှုန်းသာရှိခဲ့ သည်။


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်NCAအရ အမျိုး သား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ များတွင် အမျိုးသမီး သင့်တင့်လျောက်ပတ် စွာပါဝင်ရမည်ဟု ဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်လက်ထက် ပထမ အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ပြည်ထောင် စုငြိမ်း ချမ်း ရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) က ဖတ်ကြားသည့် လုပ်ငန်းဆောင်ရွက်ချက်စာတမ်းတွင် ငြိမ်းချမ်းရေးဖြစ်စဉ်တိုင်းတွင် အမျိုးသမီးမြှင့်တင်ရေး အဆိုပြုချက်အဖြစ် ကဏ္ဍအသီးသီးတွင် ၃၀ ရာခိုင်နှုန်းပါဝင်ရန် အဆိုပြုခဲ့ပြီး နည်းလမ်းပေါင်းစုံဖြင့် အစုအဖွဲ့အသီးသီးက ကြိုးစားရန် တိုက်တွန်းခဲ့ သည်။

NCA စာချုပ် လက်မှတ်ထိုးရန် ခိုင်မာသည့် အာမခံချက်လိုအပ်ဟု တိုင်းရင်းသားပါတီများပြောကြား

Posted: 22 Feb 2017 04:55 AM PST

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ခိုင်မာသည့် အာမခံချက်ပေးရန်လိုကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဘက်အထွေထွေအတွင်းရေးမှူး -၂ စိုင်းကျော်ညွှန့် ကပြောကြားသည်။


ဖေဖေါ်ဝါရီ ၂၂ ရက်မှ ၂၄ ရက်နေ့ အထိ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် NCA လက်မှတ်ရေးထိုးထားချင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးရန်ရောက်ရှိနေချိန် ထိုသို့ပြောကြားခြင်းဖြစ်သည်။


၂၁ ရာစု ပင်လုံ ညီလာခံဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး များအဖွဲ့တွင်လည်း ပါဝင်သည့် စိုင်းကျော်ညွှန့်က - "ဗမာမဟုတ်သော တိုင်းရင်းသားလက်နက်ကိုင် တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ ဟာ နှစ်ပေါင်းခြောက် ဆယ်ကျော် ခုနှစ်ဆယ် နီးပါးဒီလိုပဲ အစဉ်အဆက်ဖြစ်ခဲ့တဲ့ သံသယတွေရှိခဲ့တယ်။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေကို အာမခံချက်ပေးဖို့လိုတယ်" ဟု ၄င်းကပြောသည်။


ထို့ပြင် NCA လက်မှတ်ရေးထိုးနိုင်ရေးသည် ဆွေးနွေးညှိနှိုင်းမှု အပေါ်တွင်သာမူတည်ပြီး နှစ်ဦးနှစ်ဖက်ယုံကြည်မှု ရရှိရန်လည်းအရေးကြီးသည်ဟု စိုင်းကျော်ညွန့်ကဆက်ပြောသည်။


“အစိုးရဘက်ကလည်း ရှင်းရှင်းလင်းလင်းပြောဖို့လိုတယ်။ UNFC ဘက်ကပြောတဲ့ အချက်တွေမှာ ဒီအချက်မ ရဘူး၊ ဒီအချက်အလက် အဆင်ပြေတယ်။ ဒီအချက်အလက်က ငါးဆယ်ရာခိုင်နှုန်းရမယ် အဲ့လိုဆွေးနွေး ညှိနှိုင်းလို့ ဆွေးနွေးမှုအဆင်ပြေတယ်ဆိုရင် ဆွေးနွေးရင်းကနေမှ တစ်ဦးနဲ့ တစ်ဦး တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုဆိုတာက ရှိလာမယ်။ ယုံကြည်မှုရှိမှ ရှေ့ဆက်သွားလို့ရမယ်” ဟုပြောသည်။


မွန်အမျိုးသားပါတီ(ဗဟို)ကလည်း အပစ်အခတ်ရပ်စဲရေးအား တပ်မတော်ဖက်မှ စတင်ကြေငြာသင့်ကြောင်း ပါတီ ဒု-ဥက္ကဌ(၂) ဦးနိုင်ငွေသိန်းက ပြောသည်။


“၂၁ ရာစုပင်လုံ ဒုတိယအကြိမ်မှာ နိုင်ငံရေးပါတီအားလုံး၊ လက်နက် ကိုင်အဖွဲ့အစည်းတွေအားလုံး တက်ရောက် နိုင်အောင် တာဝန်ရှိတဲ့သူတွေက ကြိုးစားပြီးဆောင်ရွက်ပေးပါ။ဆုံးဖြတ်ချက် တစ်စုံတစ်ရာချနိုင်ဖို့အတွက် ကြိုးစားပေးပါ။ ငြိမ်းချမ်းရေးကလဲလုပ်နေတယ် ။ စစ်ပွဲကလည်းဖြစ်နေ တုန်းပဲ။ကျွန်တော်တို့ပါတီအနေနဲ့ သံသယဖြစ်စရာအများကြီးရှိပါတယ်။ (ကာကွယ်ရေးဦးစီးချုပ်) မင်းအောင်လှိုင် အနေနဲ့ တိုက်ပွဲတွေကို ရပ်စဲ ကြောင်း ကြေညာပေးပါ။သူတို့ရပ်ရင် သေချာ တယ်။တိုင်းရင်း သားလက်နက်ကိုင်တွေ လည်းတိုက်ပွဲ တွေရပ်မှာပါ” ဟု ၄င်းကပြောသည်။


ကရင် ပါတီတစ်ခုဖြစ်သော ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ PSDP ကမူ အပစ်အခတ်ရပ်စဲဖို့ကြေငြာခြင်းထက် တွေ့ဆုံညှိနှိုင်းခြင်းကိုအရင်ပြုလုပ်ပါမှ ပိုမိုထိရောက်မည်သည်ဟု သုံးသပ်သည်။ PSDP အတွင်းရေး မှူး စောကြည်လင်းက “ တစ်ဖက်သက်အပစ်ရပ်ဆိုတာ ကြေညာလို့မရဘူး။ တစ်ဘက် အပစ်ရပ်တာနဲ့ ကျန်တာတွေ အပစ်ရပ်မယ် ကျွန်တော်မမြင်ဘူး။ အဓိက တွေ့ဆုံဖို့လိုတယ်။ တွေ့ဆုံပြီးမှ အလျော့အတင်း လုပ်ဖို့လိုတယ်” - ဟုသုံးသပ်ပြောဆိုသည်။


NCA စာချုပ်အရ လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးေ ဆွးနွေးပွဲ မူဘောင်ရေး ဆွဲခြင်း၊ မည်သို့ဆွေးနွေးမည်ကိုသတ်မှတ်ခြင်း များ ပြုလုပ်ရမည်ဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ စတင်ခြင်း၊ ပြည်ထောင်စု ညီလာခံကျင်းပခြင်းစသည်တို့ ကို ပြုလုပ် ရမည်ဖြစ်သည်။ လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့အနက် NCA လက်မှတ်ရေးထိုးရန် ၁၃ ဖွဲ့ ကျန်ရှိနေပါသေးသည်။

မိုင်းကိုင်မြို့နယ် ကျေးလက်ကျောင်းကားတိမ်းမှောက်မှု - ဒဏ်ရာပြင်းထန်သည့်ကျောင်းသူကျောင်းသား ၂ ဦး တောင်ကြီးမှ မန်းတလေးသို့ပို့ဆောင်ကုသရ

Posted: 22 Feb 2017 04:47 AM PST

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းအုပ်စုမှ မြို့စာစစ်ဌာနသို့ အစိုးရစစ်စာမေးပွဲဖြေဆိုရန်သွားသည့်ကျောင်းကား တိမ်းမှောက်မှုကြောင့် တောင်ကြီး မြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ဆေးကုသရသူ ၄ ဦးအနက် အထူးစိုးရိမ်ရသည့် နှစ်ဦးအား မန်းတလေးဆေးရုံသို့ ပို့ဆောင်ရကုသရသည်ဟု သိရသည်။


"၂ ယောက်လုံးက ၄ တန်း။ မနက်အစောက မန်းတလေးပို့လိုက်တဲ့ကျောင်းသားလေးနာမည်က စိုင်းသီဟ။ ခေါင်းမှာဒဏ်ရာရတာ။ ဦးနှောက်ပါထိတယ်။အခြေအနေမကောင်းဘူးလို့ကျန်းမာရေးဝန်ထမ်းတွေပြောတယ်။ နေ့လည်ပိုင်းကထပ်ပို့လိုက်တဲ့ကျောင်းသူလေး နန်းစံငင်း လည်း ဦးနှောက်ထဲသွေးဝင်လို့တဲ့ သတိရတချက်မရတချက်။ မိဘတွေက ဗမာစကားကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ဘူး။" - ဟု စဝ်စံထွန်းဆေးရုံရောက်သျှမ်းသံတော်ဆင့်သတင်းထောက်က သတင်းပေးပို့သည်။


မနက် ၁၁ နာရီခန့်ကလည်း အဆိုပါ ဒဏ်ရာရကျောင်းသားလူငယ်များအား သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင်သည့် သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖွဲ့က လာရောက်ကြည့်ရှုအားပေးသွားခဲ့သည်ဟုဆိုပါသည်။


ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မိုင်းကိုင်မြို့သို့ ၈ တန်းနှင့် ၄ တန်းစာမေးပွဲဖြေဆိုရန် ဟမ်းငိုင်းမှလာသည့် ကျောင်းသား၊ ဆရာနှင့် ထမင်းချက်ကျွေးမည့် ကျောင်းသားမိဘ ၂ ဦးပါ စုစုပေါင်း လူ ၂၄ ဦးတင်ဆောင်လာသည့် ၄ လုံးထိုးထော်လာဂျီကားတစီး တိမ်းမှောက်ရာ ကားသမားနှင့်ကျောင်းသား ၅ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါယာဉ်ပေါ်မှ ဒဏ်ရာမရဘဲလွှတ်မြောက်သူ ၂ ဦးသာရှိပါသည်။


ထိုအနက် ဒဏ်ရာ ပြင်းထန်သည့် ၁၄ ဦးကို လွယ်လင်ဆေးရုံကြီးသို့ဆက်လက်ပို့ဆောင်ခဲ့သည်။ ဒဏ်ရာအထူးစိုးရိမ်ရသည့် ကျောင်းသူ ကျောင်းသား ၄ ဦးကို ဖေဖော်ဝါရီ ၂၁ ရက်က တောင်ကြီးသို့ ထပ်မံပို့ဆောင်ရာမှ ဒဏ်ရာဆိုးရွားသည့် ၂ ဦးကိုယနေ့မနက် မန်းတလေးသို့ ပို့ဆောင်ဆေးကုခဲ့ရခြင်းဖြစ်ပါသည်။


လက်ရှိတွင်တောင်ကြီးစဝ်စံထွန်းဆေးရုံကြီးတွင် နန်းမိုနွမ်းနှင့် နန်းမိုနွံ အမွှာညီအမသာကျန်ကြောင်း၊ တဦးမှာ ဦးခေါင်းတွင်ဒဏ်ရာရသဖြင့်မျက်နှာများဖူးယောင်နေကြောင်း၊ ကျန်တဦးမှာနံရိုးများကျိုးသွားကြောင်း သွားရောက်ကြည့်ရှုအကူအညီပေးခဲ့သော တောင်ကြီးမြို့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး နန်းမြဦးက ပြောပါသည်။

ပန်ဆန်းမြို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ တတိယအကြိမ်ထိပ်သီးအစည်းအဝေးစတင်

Posted: 22 Feb 2017 04:39 AM PST

ဖဖေါ်ဝါရီ ၂၂ -၂၄ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပမည့် ပန်ဆန်းမြို့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များ၏ တတိယ အကြိမ် ထိပ်သီးအစည်းအဝေး ပထမနေ့တွင် တက်ရောက်သူ ကိုယ်စား လှယ်အသီးသီးက အစီရင်ခံစာများ တင်ကြသည်ဟု သိရသည် ။

ပန်ဆန်းတွင်ကျင်းပသည့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များ၏ တတိယ အကြိမ် ထိပ်သီးအစည်းအဝေး (ဓါတ်ပုံ- UWSA )


“ဒီနေ့တော့ ထွေထွေထူးထူး ဆွေးနွေးတာမရှိဘူး။ အဖွဲ့အလိုက် ဖြစ်ချင်တာတွေ တင်ပြတယ်။ အဲဒီလို ဘဲ အရင်လုပ်တာ။ နောက်နေ့တော့ NCA ကိစ္စတွေ၊ ၂၁ ရာစု ပင်လုံတွေ အကြောင်း ဆွေးနွေးကြမယ် ထင်တယ်” – ဟု တက်ရောက်သည့်အမည်မဖေါ်လိုသူ အရာရှိတဦးက ပြောသည်။


ဝ နှင့် မိုင်းလား ပူးပေါင်းကမကထ ပြုသည့် တတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အစည်းအဝေးတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ (AA ရခိုင်၊ TNLA ပလောင်၊ MNDAA ကိုးကန့် ၊ KIA ကချင်)၊ သျှမ်းပြည်တပ်မတော် SSPP/SSA ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ကြသည်ဟု သိရသည်။


ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးတွင် UNFC အဖွဲ့ဝင်များအပြင် သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS/SSA ကိုယ်စားလှယ်တို့ တက်ရောက်သော်လည်း ယခုအကြိမ်တွင် မွန်ပြည်သစ် ပါတီ NMSP ကရင်နီတိုးတက်ရေးပါတီ KNPP တို့ စာတမ်းတင်သွင်းခြင်းမှလွှဲ၍ တက်ရောက် ခြင်းမ ရှိပေ။ သို့သော်သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ KNU/KNLA ဒုတိယ စစ်ဦးချုပ် စောဘွယ်ကျော်ဟဲ၊ ယခင် DKBA (NCA လက်မထိုးရသေးသည့် DKBA) မှ ဗိုလ်မှူးကြီး စောဆန်းအောင် တို့လည်းတက်ရောက်သည်။

သျှမ်းသံတော်ဆင့်

unread,
Feb 23, 2017, 5:25:48 PM2/23/17
to thuau...@gmail.com

NCA လုပ်ငန်းစဉ်အလုပ်မဖြစ်သောကြောင့် ငြိမ်းချမ်းရေးလမ်းစဉ်အသစ်ရှာကြံရန် ဝ ဥက္ကဌပေါက်ယူချန် တိုက်တွန်း

Posted: 23 Feb 2017 05:24 AM PST

UWSA ပန်ဆန်းဌာနချုပ်၌ ကျင်းပသည့် တတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်းများ ထိပ်သီးအစည်းအဝေးတွင် ၀ ခေါင်းဆောင် ပေါက်ယူချန်းက ‘ပြည်တွင်းစစ် ပွဲများ မှာလည်း NCA ဆွေးနွေးခြင်းကြောင့် ရပ်စဲနိုင်ခြင်းမရှိ၊ … ဤထိပ်သီးအစည်းအဝေးသည် ငြိမ်းချမ်း ရေးဖြစ်စဉ်တခုလုံးကို ပြန်လည်သုံးသပ်ပြီး ငြိမ်းချမ်းရေးလမ်းစဉ် အသစ်ကိုရှာကြံရန် ဖြစ်သည်” - ဟု ပထမ ရက်အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းထားသည်။

ဓါတ်ပုံ- ၀ ဥက္ကဌ ပေါက်ယူချန်နှင့် ၀ ထိပ်သီးခေါင်းဆောင်များပုံ

ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေး သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး စတင်သည့် ပထမ နေ့ တွင် ဥက္ကဌ ဦးပေါက်ယူချန်းက - ဝေဝေဝါးဝါးဖြစ်နေသည့် ပင်လုံစိတ်ဓါတ်၏ အနက်အဓိပ္ပါယ် ဖွင့်ဆိုဖို့၊ ဒီမိုကရေစီအရေး၊ တန်းတူရေး၊ လွတ်လပ်ရေး ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် အမျိုးသားပြည်ထောင် စုစနစ် အပေါ် အသုံးချခံမဖြစ်စေရန် တိကျသော နိုင်ငံရေးဝေါဟာရများဖွင့်ဆိုထားဖို့၊ NCA စာချုပ် သည် တိုင်းရင်းသားအဖွဲ့အစည်းများ သုံးခြမ်းဖြစ်သွားအောင် ပိုင်းခြားလိုက်သောကြောင့် စုပေါင်းအ ဖြေရှာရန်၊ နိုင်ငံရေးဆွေးနွေးမှုတွင် မြန်မာအစိုးရမှ သွေးခွဲဆွေးနွေးလေ့ရှိမှု မခံရလေအောင် မည်သို့ သဘောတူညီမှုရယူမည် စသည်တို့ အချက်လေးချက်ပါ ဆွေးနွေးတိုက်တွန်းထားသည်။


“ ဝ တပ်ဖွဲ့ကနေ တင်သွင်းတဲ့ ၂၁ မျက်နှာရှိတဲ့ စာတမ်းကို ကြည့်ရင် ဝ တပ်ရဲ့သထောထားကို ထင် ထင် ရှားရှားတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်လုပ်လာတဲ့ NCA လုပ် ငန်း စဉ်ကို အမွေဆက်ခံလုပ်လာတယ်။ အသစ်တီထွင်တာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဗမာ ခေါင်းဆောင်တွေအားလုံးက တိုင်းရင်းသားအပေါ် ထားတဲ့ မူဝါဒ သဘောထားက မူလအ တိုင်းဘဲ ဘာမှမပြောင်းလဲဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လုပ်နေတဲ့ ၂၁ ရာစုပင်လုံ ဆိုတာက လဲ ၁၉၄၇ ပင်လုံကတိကဝတ်ကို ဖျောက်ဖျက်ဖို့ဘဲ - လို့ ဝ ခေါင်းဆောင်တွေက မြင်နေတယ်” - ဟု တက်ရောက် သူ အရာရှိကြီးတဦးကပြောသည်။


ဖေဖေါ်ဝါရီ ၂၂ -၂၄ ရက်နေ့အထိ သုံးရက်ကြာ ထိပ်သီးအစည်းဝေးတွင် ပင်လုံစိတ်ဓါတ်အဓိပ္ပာယ် ဖွင့်ဆိုချက်၊ နိုင်ငံရေးဝေါဟာရအဓိပ္ပာယ်ဖွင့်ဆိုချက်၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA အပေါ်သဘော ထားများ နှင့် မြန်မာအစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် နည်းဗျူဟာများ စသည့်အချက် များ အပေါ် သဘော ထား ရယူသွာမည်ဟု ဝ တပ်ဖွဲ့က ပြင်ဆင်ထားသည်။


အဆိုပါ တတိယ အကြိမ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထိပ်းသီးအစည်းအဝေး အား မိုင်းလား တပ်ဖွဲ့နှင့် ဝ တပ်ဖွဲ့တို့က စုပေါင်းကမကထပြုကျင်းပ ခြင်းဖြစ်ပြီး၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြသည့် KIA TNLA MNDAA AA တို့ အပြင် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ တက်ရောက်ပြီး မွန်ပြည်သစ်ပါတီ MNSP နှင့် ကရင်နီတိုးတက်ရေးပါတီ KNPP တို့က တက်ရောက်ခြင်းမရှိပေ။

သျှမ်းပြည် လစ်လပ်မဲဆန္ဒနယ်များတွင် အနိုင်ရမည်ဟု ခွန်ထွန်းဦးယုံကြည်

Posted: 23 Feb 2017 05:17 AM PST

လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်းပြည်အတွင်းရှိ လစ်လပ်မဲဆန္ဒနယ်များအတွက် ယှဉ်ပြိုင်မှုများတွင် SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် အနိုင်ရရှိမည်ဟု ယုံကြည်ထားကြောင်း ပါတီခေါင်းဆောင် ခွန်ထွန်းဦးက ပြောသည်။


“အနိုင်ရမယ်လို့ ယုံကြည်တယ်။ NLD တို့ ပြည်ခိုင်ဖြိုးတို့ ပြိုင်လင့်ကစားပေါ့လေ။” ဟု ခွန်ထွန်းဦးက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်ပြောသည်။


ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်းပြည်တွင် လစ်လပ်မဲဆန္ဒနယ် ၈ နေရာရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မိုင်းရှူးနှင့် ကျေးသီးမဲဆန္ဒနယ်များလည်း ပါဝင်ပါသည်။


ကျားခေါင်းပါတီအနေဖြင့် မိုင်းရှူးဒေသတွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ယခုရက်ပိုင်းအတွင်း အရှိန်မြင့်လုပ်ဆောင်နေပြီး မဲစာရင်း မကျန်စေရန်အတွက် သျှမ်းလူမှု အဖွဲ့အစည်းများကပါ ကူညီဆောင်ရွက်ပေးနေသည်ဟု သိရသည်။


“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ကျားခေါင်းပါတီ မဲပေးစို့” ဆောင်ပုဒ်ဖြင့် မဲဆွယ်နေသလို အာဏာရ  NLD ပါတီမှလည်း “ခေတ်စနစ်သစ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့ ” ဆိုသည့် သျှမ်းဘာသာဖြင့် ရေးသားထားသည့် ဆောင်ပုဒ်ဖြင့် မဲဆွယ်နေသည်ဟု သိရသည်။

ကျောင်းကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာရ ကျောင်းသား/သူ များကို စာမေးပွဲပြန်လည်ဖြေဆိုခွင့်ပေးမည် - လွိုင်လင်ခရိုင် ပညာရေးမှူးပြော

Posted: 22 Feb 2017 10:46 PM PST

ကျောင်းကား တိမ်းမှောက်မှုကြောင့် ဒဏ်ရာရထားသည့် ကျောင်းသား/သူ များကို  ဒဏ်ရာ သက်သာ လာသည့် အချိန်ထိ စောင့်ပြီး စာမေးပွဲပြန်လည်ဖြေဆိုခွင့်ပေးမည်ဟု လွိုင်လင်ခရိုင် ပညာရေးမှူး ဒေါ်စန်းစန်းဌေး ကပြောသည်။

ဖေဖော်ဝါရီ ၂၀ ရက် မနက် ၉ နာရီခွဲ က သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ စာစစ် ဌာနသို့ အစိုးရစစ် စာမေးပွဲဖြေဆိုရန် အတွက် ဟမ်းငိုင်းကျေးရွာအုပ်စုမှ အလယ်တန်းကျောင်းသား ၂၄ ဦးမှာ ၄ လုံးထိုး ထိုလာဂျီဖြင့်ဆင်းလာရာ ဟမ်းငိုင်း နှင့်ပန်ကေတုကြားတွင်ယာဉ် တိမ်းမှောက်သဖြင့် ကားဆရာ အပါအဝင် အလယ်တန်းကျောင်းသား/သူများ ၅ ဦး ပွဲချင်းပြီး သေဆုံး ၁၇ ဦး  ဒဏ်ရာရ ရှိကြောင်း သိရသည်။


“ဆရာမကြီးတို့က ဆေးရုံမှာ တက်နေတဲ့ကလေးတွေကို သူတို့နေကောင်းလာတဲ့အထိ စာမေးပွဲကို သီးသန့် မေးခွန်းတစ်ခုနဲ့ ပြန်ပြီးဆောင်ရွက်ပေးဖို့ အစီစဉ်ရှိပါတယ်၊  အခြခံပညာဦးစီးဌာန ကလည်း ညွှန်ကြားထား ပါတယ်၊ ပြည်နယ် ပညာရေးမှူးကလည်း ညွှန်ကြားထားပါတယ်၊သူတို့နေကောင်းတဲ့ အချိန်မှာ သီးသန့်စာမေးပွဲ ပြန်လုပ်ပေးမယ် အဲ့လိုစီစဉ်ထားပါတယ်” လွိုင်လင်ခရိုင် ပညာရေးမှူး ဒေါ်စန်းစန်းဌေး ကပြောသည်။


ဒဏ်ရာ ရရှိထားသည့်   ကျောင်းသား၊ မိဘ နှင့် ဆရာမ စုစုပေါင်း ၁၇ ဦးရှိပြီး  သာမာန်ဒဏ်ရာရသူ ၃ ဦးမှာ  မိုင်းကိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်သည်။ ဒဏ်ရာ အနည်းငယ်ပြင်းထန်သည့်  ကျောင်းသား/သူ ၆ ဦး နှင့် ဆရာမ တစ်ဦး အပါအဝင် ကျောင်းသား/သူ မိဘ ၂ ဦး ၊ ယာဉ်နောက်လိုက် ၁ ဦး တို့မှာ လွိုင်လင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ၊ တောင်ကြီး စဝ်စံထွန်းဆေးရုံတွင်မူ ၈ တန်း ကျောင်းသူ နှစ်ဦး ၊ ဒဏ်ရာအထူးစိုးရိမ်ရသူ ၄ တန်း ကျောင်းသားတစ်ဦး နှင့် ကျောင်းသူ တစ်ဦးမှာမူ မန္တလေး ဆေးရုံသို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပို့ဆောင်လိုက်ရသည်။


“မန္တလေးပို့လိုက်တဲ့ကျောင်းသား စိုင်းသီဟ ရဲ့ အခြေအနေက ဆရာဝန်တွေပြောပြချက်အရကတော့ ဦးနှောက်မှာရှိတဲ့အရိုးတွေ သွေးခဲတာတွေမရှိဘူးတဲ့၊ ဘယ်ဘက်ထိပ်မှာရှိတဲ့ သွေးကြောလေးက အရောင်ဖျော့နေတယ်။ သူ အလုပ်မလုပ်နိုင်ဘူးပေါ့ ။ အောက်စီဂျင်ပေးထားရတယ်။ အသက်တော့ ရှုနေတယ်။ သတိတော့ မလည်ဘူးပေါ့။ ဖြစ်တဲ့နေ့ကနေ စပြီးတော့ ဒီနေ့ထိပေါ့ ။ သတိမလည်သေးဘူး ။ ဒါကြောင့် ဒီမနက်ပိုင်းမှာ မန္တလေးဆေးရုံ ကို လွဲပေးလိုက်ရတယ်” ဟု စဝ်စံထွန်းဆေးရုံတွင် လိုက်ပါပံ့ပိုးကူညီဆောင်ရွက်ပေးနေသည့် လွိုင်လင်ခရိုင် ပညာရေးမှူး ဒေါ်စန်းစန်းဌေး က ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြောသည်။


ဒဏ်ရာရထားသည့် ကျောင်းသား/သူ များကို ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့်အထိ သျှမ်းပြည်နယ်အစိုးရမှ တာဝန်ယူသွားမည်ဟု ကမ္ဘောဇတိုင်း ဂျာနယ်တွင် ဖော်ပြထားသည်။

ကွတ်ခိုင်မြို့နယ် သျှမ်းကျေးလက်ဒေသခံ ၂ ဦးအား မသင်္ကာမှုဖြင့် ရက် ၂၀ ကျော် တပ်မတော်ဖမ်းဆီးထား

Posted: 22 Feb 2017 04:23 PM PST

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ အခြေစိုက် စစ်ဗျူ လက်အောက်ခံ တပ်ရင်းက ကျေးလက် ရှမ်းဒေသခံ ၂ ဦးအား မင်္သကာမှု ဖြင့် ရက် ၂၀ ကျော် ကြာဖမ်းဆီးထားရာမှ ပြန်မလွှတ်ပေးသေးသဖြင့် ဆွေမျိုးမိဘများက စိုးရိမ် ပူပန်နေကြကြောင်းစုံစမ်းသိရှိရသည်။


ကွတ်ခိုင်မြို့နယ်  ဒတ်ဖာကျေးရွာသား စိုင်းအောင်ဘ (အသက် ၃၂ နှစ်)နှင့် စိုင်းအိုက်ခန့် (အသက် ၂၂ နှစ်)တို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က မြို့တက်ကျွဲပို့ပြီးအပြန် မိုင် ၂၀ ခန့်သာဝေးသော ကွတ်ခိုင်မြို့နှင့် ကာလိုင်ရွာကြား တွင် တပ်မ ၉၉ လှုပ်ရှားစစ်ကြောင်းနှင့်တိုးမိရာမှ စစ်ကြောင်းက ဖမ်းဆီးသွားပြီး  ၄ ရက်နေ့မှသာ ဒတ်ဖရွာအုပ်ချုပ်ရေးမှူးအား စစ်ကြောင်းကသွားရောက်အကြောင်းကြားကြောင်း ကွတ်ခိုင်ဒေသခံ စိုင်းရီဆိုင်ကပြောသည်။


အဆိုပါအရေးကူညီဆောင်ရွက်ပေးသည့် သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်အမတ်စိုင်းစိန်လူက - သူတို့အဖမ်းခံရကြောင်း ကျနော်သတင်းရရချင်း  နယ်စပ်ရေးရာဝန်ကြီး ၊ ရမခ တိုင်းမှူးတွေကိုမေးပါတယ်။ နောက်ဆုံးကွတ်ခိုင်ဗျူဟာမှူးက သူတို့ ၂ ယောက်ကို မသင်္ကာမှုနဲ့ဖမ်းထားတာလို့ တိုင်းမှူးကိုပြောပါတယ်။ သူတို့ ၂ ယောက်ထဲက စိုင်းအောင်ဘကို သျှမ်းပြည်တိုးတက်ရေးပါတီနဲ့အဆက်အသွယ်ရှိတယ်လို့ ဗျူဟာက စွပ်စွဲပြီးဖမ်းဆီးထားတာလို့ ပြောပါတယ်။ ဒါပေမယ့် သူတို့စစ်ဆေးပြီးလို့ SSPP နဲ့အမှန်တကယ် မပတ်သက်ဘူးဆိုရင် အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ပြောတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။


စိုင်းအောင်ဘနှင့် စိုင်းခန့်တို့ ၂ ဦးမှာ ကွတ်ခိုင်မြို့သို့ ကျွဲသွားပို့ပြီးအပြန်ကာလိုင်ရွာအနီးတွင် ၄င်းတို့၏ ထော်လာဂျီစက်ပျက်သွားသဖြင့် ကာလိုင်ရွာရှိအသိတဦးထံဆိုင်ကယ်ငှားကာ စက်ပစ္စည်းဝယ်ရန်အတွက် ကွတ်ခိုင်သို့ပြန်သွားကြောင်း  ကွတ်ခိုင်မှအပြန်လမ်းတွင် စစ်ကြောင်းနှင့်ဆုံမိကာ အဖမ်းခံရခြင်းဖြစ်ကြောင်း လည်း စိုင်းစိန်လူက ရှင်းပြသည်။


၎င်းနှင့်ပတ်သက်ပြီး စိုင်းစိန်လူက - ၁၇ ရက်နေ့ သူတို့ရဲ့မိဘတွေနဲ့တွေ့ခွင့်ရတယ်။ သူတို့ ၂ ယောက် အရိုက် တော့ မခံရဘူး။ စစ်ဆေးမှုတော့ခံရတယ်လို့ပြောပါတယ်။  ဒါမယ့် သူတို့ပြန်လွှတ်နိုင်ဖို့တော့ကျနော်တို့ သိန္နီ၊ လားရှိုး ကျားခေါင်းကိုယ်စားလှယ်တွေကနေ အစွမ်းကုန်ကြိုးစားပါမယ်။ ဆိုင်ရာဝန်ကြီးတွေနဲ့ဆက်သွယ်ပါမယ်။ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ညှိနှိုင်းပြီး အစွမ်းကုန်ကူညီပေးသွားပါမယ်။- ဟု ပြောဆိုပါသည်။


ကွတ်ခိုင်မြို့နယ်အတွင်းတွင် တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အများအပြား လှုပ်ရှားလျှက်ရှိရာ ဒေသတွင်းလူထုမှာလည်း နှစ်ဘက်စလုံး၏ သံသယမှု မသင်္ကာမှုတို့ဖြင့်မကြာခဏဖမ်းဆီးရိုက်နက် မှုခံခဲ့ရကြောင်း၊ ထို့အတွက်စစ်ပွဲများ အမြန်ဆုံးရပ်တန့်ရေးအကောင်အထည်ဖော်ပေးစေ လိုကြောင်းဒေသခံများကပြောဆိုပါသည်။


သျှမ်းသံတော်ဆင့်

unread,
Feb 24, 2017, 5:03:19 PM2/24/17
to thuau...@gmail.com

NCA စာချုပ်အလုပ်မဖြစ်တော့ကြောင်း ဝ အစည်းအဝေးကြေငြာ

Posted: 24 Feb 2017 08:23 AM PST

ဝ ဌာနချုပ် ပန်ဆန်းမြို့၌ သုံးရက်ကြာကျင်းပပြီးစီးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တတိယ အကြိမ် ထိပ်သီးအစည်းအဝေး မှ အချက် ၉ ချက်ပါ ကြေငြာချက်တစောင်ထုတ်ပြန်ရာ အချက် ၇ (ခ) တွင် “…. တရားမှုတမှုရှိသော အပစ်ရပ်စဲရေးစာချုပ်ဖြင့် NCA ကို အစားထိုးရန် တောင်းဆို..” ဟု ပါရှိသည်။


ဖေဖေါ်ဝါရီ ၂၂ -၂၄ ရက်နေ့အထိ သုံးရက်ကြာအစည်းအဝေးတွင် - KIA /TNLA/ MNDAA တို့အား အကြမ်းဖက်အဖွဲ့ကြေငြာထားခြင်းမှ ရုပ်သိမ်းပေးရန်၊ မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသ အတွင်းထိုးစစ်ဆင်မှုရပ်ဆိုင်းပေးရန်၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်ခွင့်ရရန်၊ NCA လက်မှတ်မထိုးဘဲ UWSA ၀ တပ် ဦးဆောင်ပြီး မြန်မာအစိုးရ နှင့်ဆွေးနွေးမည့်အဖွဲ့ ဖွဲ့စည်းရန်၊ သမိုင်းဝင်ပင်လုံစာချုပ်အား NCA စာချုပ်ဖြင့်အစားထိုးရန် မြန်မာအစိုးရ ရည်ရွက်ခြင်းကို လုံးဝ လက်မခံသည့်အတွက် ….. “…. တရားမှုတမှုရှိသော အပစ်ရပ်စဲရေးစာချုပ်ဖြင့် NCA ကို အစားထိုးရန် တောင်းဆို.. သည် ” စသဖြင့် ပါရှိပါသည်။


“NCA စာချုပ်ဟာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို မငြိမ်းသတ်နိုင်ဘူး။ ဒါ့ကြောင့် NCA စာချုပ် ထက် ပိုကောင်းတဲ့ နည်းလမ်းကို ဝ ကနေ ဦးဆောင်ပြီး ဖေါ်ဆောင်ချင်တာ။ ဖြစ်တာမဖြစ်တာ တကဏ္ဌပေါ့ ဗျာ။ ဒါ ဝ က ဖြစ်ချင်တဲ့ ဆန္ဒ နဲ့ NCA က အလုပ်မဖြစ်တော့တဲ့အကြောင်း မီးမောင်းထိုးပြတာ ဖြစ် တယ်” - ဟု တက်ရောက်သည့် ခေါင်းဆောင်ပိုင်း တဦးကပြောသည်။


တတိယ အကြိမ် ပန်ဆန်းထိပ်သီးအစည်းအဝေး ထုတ်ပြန်ကြေငြာချက်ပါ အချက် ၉ (က) နှင့် (ခ) တွင် တရုတ်နိုင်ငံကျင့်သုံးနေသည့် One Belt One Road (OBOR) ပေါ်လစီ အား မြန်မာအစိုးရ အနေဖြင့် ကျင့်သုံးသွားရန်လည်းတိုက်တွန်းထားသည်။ One Belt One Road (OBOR) ပေါ်လစီနှင့် ပတ်သက် သည့် အကြောင်းအရာ အသေးစိတ်ကိုမူ တွဲလျှက်ဖေါ်ပြထားခြင်းမရှိပေ။


UWSP/UWSA ဌာနချုပ်ပန်ဆန်းမြို့ ခေါ် ပန်ခမ်းမြို့၌ ကျင်းပသည့် တိုင်းရင်းသားလက်နက် ကိုင်တော် လှန်ရေး တပ်ဖွဲ့များ၏ ထိပ်ပိုင်းခေါင်းဆောင် အစည်းအဝေးဦးဆောင်ကျင်းပသည့် ဝ တပ် နှင့် မိုင်းလားတပ်အပြင် ကချင် KIA  ၊ ပလောင် TNLA ၊ ကိုးကန့် MNDAA ၊ ရခိုင် AA  နှင့် သျှမ်း SSPP/SSA တို့ မှ အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်ကြသည်။

သျှမ်းနိုင်ငံရေးဆွေးနွေးပွဲ တပ်မတော်ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ရန် RCSS/SSA အား ဒေါ်အောင်ဆန်းစုကြည် ပြော

Posted: 24 Feb 2017 07:20 AM PST

လူမျိုးအလိုက် (သျှမ်းလူမျိုး) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား တပ်မတော်ခွင့်ပြုသည့် နေရာတွင် သာကျင်းပရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အား နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကပြောဆိုလိုက်ပါသည်။


လူမျိုးအလိုက် (သျှမ်းလူမျိုး) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို  တောင်ကြီးမြို့ သို့မဟုတ် ပင်လုံမြို့ တွင်ကျင်းပရန်  စီစဉ်ထားသော်လည်း အစိုးရ၏တပ်မတော်က သျှမ်းပြည်တောင်ပိုင်း မိုင်းပန်၊ မိုင်းထား၊  မိုင်းတော့ တို့တွင် ကျင်းပရန် ပြောဆိုသည့်အပေါ် သျှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ က ဒေါ်အောင်ဆန်းစုကြည် ထံ စာတစောင်ပေးပို့ရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကထိုသို့ စာပြန်ခဲ့ခြင်းဖြစ် ကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ ကပြောသည်။


“ကျနော်တို့ဘက်က UPDJC ရဲ့ တပ်မတော်ဘက်က ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးခင်ဇော်ဦး ထံကို စာရေး တယ်။ သူလည်း ဘဲ အဲတာကို မစဉ်းစားပေးနိုင်ဘူးလို့  ၁၆ ရက်နေ့မှာ စာပြန်လာတယ်။ ၁၉ ရက်နေ့ကျ တော့ ကျနော်တို့ စာတစောင်ရေးပြီး ဒေါ်အောင်ဆန်းစုကြည်ဆီစာပေးပို့တယ်။ အတိုင်ပင်ခံက  ကျနော်တို့ကို တပ်မတော် နဲ့ ဘဲ ညှိနှိုင်းရမယ် တပ်မတော်က ထောက်ခံပေး ထားတဲ့အတိုင်းဘဲ လုပ်ပါ လို့စာပြန်လာတယ်။ အဲဒီမှာ လုပ်လို့အဆင်မပြေတဲ့အကြောင်း ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ကျနော်တို့ စာထပ်ရေးပြီး သူ့ဆီ စာထပ်ပို့ထားတယ် ”- ဟု ဆိုပါသည်။


သျှမ်းပြည်အရှေ့တောင်ပိုင်းဒေသရှိ မိုင်းပန်၊ မိုင်းတော့၊ မိုင်းထား မြို့များသည် သွားလာ ဆက်သွယ်မှု ခက်ခဲသောနေရာဖြစ်ကြောင်း ၊ လူမျိုးအလိုက် (သျှမ်းလူမျိုး) အမျိုးသားအဆင့်နိုင်ငံ ရေး ဆွေးနွေး ပွဲ ကျင်းပမည်ဆိုပါက လူပုဂ္ဂိုလ် ၄၀၀-၅၀၀ ထက်မနည်း ဖိတ်ကြားမည်ဖြစ်သဖြင့် အဆင်ပြေမည်မဟုတ် ကြောင်း၊ ဆွေးနွေးပွဲမပြုလုပ်ရပါက ဒေါ်အောင် ဆန်းစုကြည်က ဦးဆောင်ကျင်းပမည့်  ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်တွင် တင်ပြဆွေးနွေး ရန် အခက်အခဲရှိနိုင်ကြောင်း RCSS ဘက်က ထုတ်ပြန်သည်။


၎င်းနှင့်ပတ်သက်ပြီး လူငယ်ခေါင်းဆောင် စိုင်းဆု က- “တကယ်တော့ အမျိုးသားရေး အဆင့် ဆွေးနွေးပွဲ ကို တိုင်းရင်းသားလူမျိုးစုအလိုက် လွတ်လပ်စွာ ကျင်းပခွင့်ရှိရမယ်။ နေရာ အချိန် စသဖြင့် မည်သည့်အဖွဲ့မှ သတ်မှတ်ပေးခြင်း မလုပ်သင့်ဘူး။” - ဟုပြောဆိုသည် ။


၎င်းနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးစိုင်းလှက -  “ပြည်ထောင်စုကြီးဟာ ကျနော်တို့ပြည် ထောင်စု သား အား လုံးက ပိုင်တယ်ဆိုရင်တော့ ကျနော်တို့ ကျင်းပချင်တဲ့နေရာ ကျင်းပနိုင်ရမှာပေါ့။ အဲတာ ကြောင့် သျှမ်းပြည် လူထုရဲ့မြို့တော်တောင်ကြီးနဲ့ သမိုင်းဝင်ပင်လုံမှာ ကျင်းပချင်တယ်ဆိုတဲ့ဆန်ဒ  လိုက်လျောပေးသင့်တယ် ဆိုတဲ့အကြောင်း တပ်မတော်နဲ့အစိုးရကို ပြောချင်ပါတယ်။ ”- ဟု ပြောဆိုပါသည်။


၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်တွင် သျှမ်းအမျိုး သားများ နိုင်ငံရေး ဘုံသဘောတူညီချက် တခုထဲ တသွေးတသံထည်း တင်ပြဆွေးနွေးနိုင်ရေးအတွက်  CSSU သျှမ်းပြည်ညီညွတ်ရေး ကော်မတီ က ကိုယ်စား လှယ် ၃၀၀ ကျော်သည် အုပ်စု ၁၅ စု ခွဲပြီး သျှမ်းပြည်နယ်မြို့နယ် ၄၅ မြို့တွင် သျှမ်းလူထုသဘော ထား ကောက်ယူရေးကွင်းဆင်းတွေ့ဆုံမှတ်တမ်း ပြုစုခဲ့ကြသည်။


သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ကျင်းပ ခွင့်မပြုပါက တခြားနေရာများတွင်လည်း ကျင်းပမည်မဟုတ်ကြောင်း ထို့အတွက် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်လည်း ပါဝင်တက်ရောက်ဆွေးနွေးရန်ခက်ခဲသွားမည်ဖြစ်ကြောင်း SNLD က ပြော ပါသည်။

မိုင်းရှင်းလင်းရေးမူအားဖြင့် သဘောတူညီမှုရရှိပြီးသော်လည်း ယုံကြည်မှုရမှသာ ဖြေရှင်းနိုင်မည်

Posted: 24 Feb 2017 07:08 AM PST

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်တပ်များက မူအားဖြင့်သဘောတူညီမှု ရရှိထားသော်လည်း ယုံကြည်မှု အပြည့်အဝ ရရှိပြီးမှသာ ဖြေရှင်းနိုင်မည့် နိုင်ငံရေးပြဿနာဖြစ်သည်ဟု အပစ် အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)  အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး ကပြောသည် ။

Photo: သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ၊ သိန္နီမြို့နယ် နမ္မတူမြို့နယ်ဘက်တွင်တွေ့ရသော မြေမြုပ်မှိုင်းများကြောင့် ဒေသခံလူထု လုပ်ငန်းခွင်သွားရန်အခက်တွေ့ 
မူအားဖြင့် သဘောတူညီမှု ရပြီးဖြစ်သည့် မိုင်းရှင်းလင်းရေး လုပ်ငန်းကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များကြားတွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်နေသည်ဟုလည်း ၄င်းကဆိုပါသည်။


" မူအရ တော့သဘောတူပြီးပြီ မူကို အကောင်အထည်ဖော်ဖို့အတွက် EAO (တိုင်းရင်းသား လက်နက်ကိုင်) တွေကြားထဲမှာ နည်းနည်းညှိနှိုင်းမှုလေးတွေလုပ်ရမယ်။ အဲ့တာကို ကျနော်တို့ စောင့်နေတယ် အဲ့ဒါပြီး ရင်တော့ ကျနော်တို့ရှင်းလို့ ရပါပြီ " ဟု ၄င်းကဆိုသည် ။


ပဋိပက္ခလွန်ကာလတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းသည် ငွေကုန်ကြေးကျအများဆုံးလုပ်ငန်းဖြစ်ပြီး  နည်းပညာ ဆိုင်ရာအားဖြင့် ကူညီပေးမည့်သူများ၊ ငွေကြေး ထောက်ပံ့ပေးမည့်သူများ ရှိသော်လည်း လက်ရှိ အနေအထားမှာ နိုင်ငံရေးနှင့် ဆက်နွယ်နေသောနိုင်ငံ ရေးပြဿနာဖြစ်သည်ဟုလည်း ဒေါက်တာမင်းဇော်ဦး ကသုံးသပ်သည် ။


သျှမ်းပြည်နယ်တွင် မိုင်းရှင်းလင်းရေးများ မပြုလုပ်နိုင်သေးသောအကြောင်းရင်းမှာ သျှမ်းပြည်နယ်အပစ် အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S အနေ နှင့်တစ်လ တစ်ကြိမ်အစည်း အဝေးပုံမှန်မပြုလုပ်နိုင်သေးပဲလုပ်ငန်း ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိသောကြောင့်ဟု သျှမ်းပြည်နယ် (JMC-S) တွင် ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) အဖွဲ့မှပြောရေး ဆိုခွင့်ရှိသူ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီမှ ဗိုလ်မှူးစိုင်းဦးက ပြောသည် ။


" လုပ်ငန်းလည်ပတ်ဖို့က ဘတ်ဂျက် အခက်အခဲကြောင့်ရယ် ၊ လုပ်ငန်းကိုယ်စီ တာဝန်ကိုယ်စီရှိနေလို့ရယ်။ အချိန်တွေညှိနေတာရယ်ကြောင့်လစဉ်ပုံမှန်အစည်းအဝေးမဖြစ် သေးဘူး။ ဒါကြောင့်မိုင်းရှင်းလင်းရေး တွေလည်း မလုပ်နိုင်သေးဘူး " ဟု ၄င်းကဆိုသည် ။


မိုင်းရှင်းလင်းရေးလုပ်ငန်းတွေအတွက်  ဘတ်ဂျက်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့(JCB)ကို တင်ပြထားပြီး လာမည့် ဧပြီလလောက်တွင် ကရင်ပြည်နယ်ကို စမ်းသပ်ဧရိယာအဖြစ်စနိုင်ရန် စီစဉ်ထား ကြောင်း ကိုးကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု JMC-U အတွင်း ရေးမှူး ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က ပြောသည်။


JMC အနေဖြင့်မူ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လုပ်ဆောင်သွားမည်မဟုတ်ဘဲ ပေါ်လစီချထား ပေးပြီး နှစ်ဘက်တပ်များအကြား ညှိနှိုင်းဆောင်ရွက်ပေးရန်သာဖြစ်သည်ဟုလည်း ဒေါက်တာ မင်းဇော်ဦးက ဆိုသည်။


လက်ရှိ သျှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ၊ မိုင်းရှူးမြို့ နယ်၊ ဟိုင်းပါကျေးရွာ ဟိုင်းပါစစ်ရှောင်စခန်းမှ စစ်ရှောင်ဒုက္ခသည်များနှင့် သျှမ်းမြောက် ကျောက်မဲခရိုင်  ၊ ကွတ်ခိုင်မြို့နယ် ၊ သိန္နီမြို့နယ် နမ္မတူမြို့နယ် စသည့်ဒေသများရှိ ဒေသခံလူထုများသည်  မြေမြုပ်မိုင်းကြောင့် နေရပ်မပြန်နိုင်ကြပဲရှိနေသည်။


တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ ‘မိုင်းအသုံးပြုခြင်းကိုရပ်တန့်ရန် ’ နှင့်မြေမြှုပ်မိုင်းအားလုံးရှင်းလင်း ရေးလုပ်ငန်းစဉ်ပူး ပေါင်းပါဝင်ရန်ု သဘောတူ ထားပြီးဖြစ်သည်။  အဆိုပါ စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး သျှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) ကလည်း လက်မှတ်ရေးထိုးထားသည်။


မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ဖြစ်ပွားရာ တိုင်းရင်းသားဒေသများတွင် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်တို့  အသီးသီး အသုံးပြုထားကြသောမြေမြုပ် မိုင်းများမရှင်း လင်း နိုင်သေးသ၍ စစ်ရှောင်ဒုက္ခသည်များနေရပ်ပြန်ရန် အခက်အခဲရှိနေဦးမည်ဖြစ်ပြီး  မြေမြှုပ်မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိမှုနှုန်းသည်  ကမ္ဘာပေါ်တွင် အာဖဂန်နစ္စ တန်နှင့် ကိုလံဘီယာနိုင်ငံများအပြင် မြန်မာနိုင်ငံသည် တတိယအဆင့်တွင်ရှိ ကြောင်း မြေမြုပ်မိုင်း လေ့လာေ စာင့်ကြည့်ရေးမြန်မာနိုင်ငံအစီအရင်ခံစာတွင်ဖော်ပြထားသည် ။


မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ၂၀၁၅ခုနှစ် အတွင်းကောက်ယူရရှိထားသော စာရင်းများအရ မြေမြုပ်မိုင်းကြောင့် သေဆုံးသူ၄၁၉ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၁၅၆ဦးရှိကြောင်း ၂၀၁၆ခုနှစ်တွင် ထုတ်ဝေသောမြေမြုပ်မိုင်းလေ့လာ စောင့်ကြည့် ရေးမြန်မာနိုင်ငံအစီအရင်ခံစာတွင်ဖော်ပြထားသည်။

သျှမ်းသံတော်ဆင့်

unread,
Feb 25, 2017, 5:05:48 PM2/25/17
to thuau...@gmail.com
လက်ရှိတွင်ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီဖွဲ့စည်းပြီးနောက် ပြည်နယ် အဆင့်အနေဖြင့် တနင်္သာရီတိုင်း၊ သျှမ်း ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတွင် ဖွဲ့စည်းထားပြီးဖြစ်ကာ ချင်းပြည်နယ်တွင် ဆက်လက်ဖွဲ့စည်းနိုင် ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရှိရပါ သည် ။

သျှမ်းသံတော်ဆင့်

unread,
Feb 27, 2017, 4:53:50 PM2/27/17
to thuau...@gmail.com

ခွဲထွက်ရေးလား ပြည်ထောင်စုစိတ်ဓါတ်လား သျှမ်းစာရေး ဆရာတဦး ရဲ့ မှတ်တမ်း

Posted: 27 Feb 2017 05:05 AM PST

( သျှမ်းစာပေပညာရှင် စာရေးဆရာ ကဗျာဆရာ ဟိဏ်းကာယန်း ထွန့်လွယ်ဟိုဆေ စာပေဟောပြောပွဲမှ မှတ်တမ်းတင် (သျှမ်း - ဗမာ) ဘာသာပြန်ထားချက် ကောက်နှုတ်ချက်တချို့သာဖြစ်သည်)


၁၉၄၇ တုန်းက လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၀ နှစ်ပြည့်လို့ တန်းတူညီမျှ ခွင့်မရှိဘူးလို့ မြင်ရင်ခွဲထွက်ချင် ခွဲထွက် လို့ရတယ်လို့ ဖွဲ့စည်းပုံမှာပါတယ်။ တကယ်တမ်း ၁၀ နှစ်ပြည့်တချိန်မှာတော့ ခွဲထွက်မယ်လို့ ဘယ်သျှမ်းစော်ဘွား မှမပြောဘူး။ ခွဲထွက်မယ်လို့ ဘယ်သျှမ်းနိုင်ငံရေးခေါင်းဆောင်မှမပြောဘူး။


“မှားနေတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်းဆက်သွားလို့မဖြစ်ဘူး။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုတော့ အသစ်ပြန်လည်ရေးဆွဲမှဖြစ်မယ် ”- လို့ဘဲပြောတယ်။


ဘယ်သူမှခွဲထွက်ချင်စိတ်မရှိဘူး။ ပြည်ထောင်စုနိုင်ငံကို ချစ်ခင်မြတ်နိုး တဲ့ စိတ်ရှိကြတယ်။ ၁၉၆၁ သျှမ်းစော်ဘွား တွေ ဦးဆောင်တဲ့ တိုင်းရင်း သားေ ခါင်းဆောင်တွေဟာ သျှမ်းပြည် မြို့တော် တောင်ကြီး မှာလာပြီး တော့ေ ဆွး နွေးကြ တယ်။ အဲဒီမှာ သျှမ်းစော်ဘွားတွေ က ပြောတယ် ။ အခုေ လျှာက်နေ တဲ့လမ်းဟာ လူမျိုးတမျိုးတည်း အတွက် သွားနေတဲ့လမ်း ဘဲ ဖြစ်တယ်။ တိုင်းရင်းသားပေါင်းစုံ တန်းတူညီမျှရေးရှိတဲ့ပြည်ထောင်စုကြီး အတွက် မဟုတ်ဘူး။ ဒီလမ်း ဒီယဉ်ကျေးမှုကို ကျနော်တို့ ပြင်ရမယ် ဆိုတာဘဲ။ ဒီကရလာတဲ့ သဘော တူညီ ချက်ကို တိုင်းပြု ပြည်ပြုလွှတ်တော်မှာသွားပြီးေ တာ့ တင်ပြတယ်။ အဲဒီအစည်း အဝေးရဲ့ တတိယမြောက်နေ့ အစည်း အဝေး နောက် ဆုံးနေ့မှာ ဗိုလ်ချုပ်နေဝင်းကနေ အာဏာသိမ်းလိုက် တယ်။ စော် ဘွားကြီး စဝ်ရွှေသိုက် ကိုဖမ်းလိုက်တယ်။ စော်ဘွားကြီးရဲ့ သားတော် စဝ်မီကို ပစ်သတ်လိုက်တယ်။ သီပေါစော်ဘွားကြီး စဝ်ကြာဆိုင် အဖမ်းခံရတယ်။ ဒီနေ့အထိ စော်ဘွားကြီးရဲ့ သင်္ချိုင်းဂူဘယ်မှာရှိလဲ ဘယ်သူမှမသိရဘူး။


ဒီဟာ ဘာကြောင့်ဒီလိုလုပ်တာလဲ။ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု နိုင်ငံလို့ခေါ်တဲ့ စစ်မှန်တဲ့ပြည်ထောင် စုတည်ဆောက်ဖို့အတွက်ဖြစ်တယ်။ ဒါပေမယ့် သီပေါစော်ဘွားကြီး စဝ်ကြာဆိုင် အဖမ်းခံရတယ်။ ပစ်သတ်ခံရ တယ်။ ဒီကနေ့အထိ သချိုင်းဂူမတွေ့ရဘူး ဆိုပေမယ့် သူ့ရဲ့အစ်ကို စဝ်ကြာဇုံ ကတော့ ဖက်ဒရယ်ရေးဆွဲ ရေးကြိုး ကိုင်ကော်မတီ အထွေထွေအတွင်းရေး မှူး တာဝန်ဆက်လက်တာဝန်ယူခဲ့တယ်။ စဝ်ကြာဇုံဟာ လက်ရှိ ကျားခေါင်း ပါတီဥကဌ ခွန်ထွန်းဦးရဲ့ ဖခင်ဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ဖို့အတွက် မျိုးဆက် မျိုးရိုး နဲ့ လာတာ။ ဒီကနေ့အထိ ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်နေဆဲဘဲ။


ဖက်ဒရယ်ပြည်ထောင်စုကို သျှမ်းကဦးဆောင်လာတယ်။ သျှမ်းကကြိုးစား လုပ်ဆောင်လာတယ်။ ခုထက်ထိသျှမ်း ကလုပ်နေတုန်းဘဲ။ အရေးကြီးဆုံးက ဒီကနေ့ လူထုတရပ်လုံးက ဖက်ဒရယ်ပြည်ထောင်စုအတွက်ကြိုး စား နေတဲ့ အဖွဲ့တွေကို ထောက်ခံ အားပေးဖို့လိုတယ်။ စစ်မှန်သောဖက်ဒရယ်ပြည်ထောင် စု မဖြစ်လာလို့ ကျနော်တို့ ဆင်းရဲဒုကခရောက်နေရတာဖြစ်တယ်။


ထွန့်လွယ်ဟိုဆေကနေ မန်စီကိုသွားတဲ့ခရီးလမ်း ၂ နာရီ ၃ နာရီလောက် ဘဲကြာတယ် ဆိုပေမယ့် မူစယ် နမ့်ခမ်း ကနေ မန်းတလေးကိုဆင်း သွားရတယ်။ အဲဒီကမှ မတရာ လက်ပံလှဘက်ကိုသွားရတယ်။ အဲဒီကမှ မန်စီကိုသွားရတယ်။ အဲတာ မဖြစ်သင့်တော့ ဘူး။ အဲတာဘာကြောင့်လဲ။


ကျနော်တို့ စားနိုင်သောက်နိုင်နေထိုင်သွားနိုင်ရင်တော်ပြီ ၊ ကိုယ့်သား သမီး ကျောင်းတက် နေရရင်ရပြီ ဆိုတဲ့ကိုယ်လွတ်ရုန်း တဲ့ခံယူချက်ရှိနေလို့ဘဲ။ နိုင်ငံရေးက ကိုယ်နဲ့ ဘာမှမဆိုင် ဘူးဆိုတဲ့ ခံယူချက်ကြောင့် ရှိနေလို့ဘဲ။


ထွန့်လွယ်ဟိုဆေကနေ မန်စီကိုသွားဖို့အရေး အဲလောက်ခက်ခဲနေတာ ဘာကြောင့်လဲ။ တိုက်ပွဲတွေဖြစ်နေတာကြောင့်ဖြစ်တယ်။ ဘာကြောင့် တိုက် ပွဲတွေဖြစ်နေ တာလဲ။ တန်းတူညီမျှမှုမရှိလို့ တိုက်ပွဲတွေဖြစ်ရ တာဖြစ် တယ်။ အလကားနေရင်းဘယ်သူကမှ ဆင်းရဲဒုက္ခ ခံပြီး တောထဲ တောင်ထဲ သွား မနေချင်ဘူး။ ဘယ်သူမှ စစ်သားမလုပ်ချင်ဘူး။ လောကမှာ ဘယ်သူ မဆို သေရမှာ ကြောက်တာ ချည်းဘဲ။ ဘယ်သူမဆို ဆင်းရဲ ဒုက္ခ ရောက် မှာကိုကြောက်တာချည်းဘဲ။ ဒါပေမယ့်အခု တိုင်းရင်းသားတွေ ဆင်းရဲဒုက္ခခံပြီး စစ်တိုက်နေတာဘာကြောင့်လဲ။ တန်းတူညီမျှမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တန်းတူညီမျှမှုရှိလာအောင် လုပ်ဖို့ဘဲဖြစ်တယ်။


တန်းတူညီမျှမှုရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲ။ လူထုဖြစ်ချင် တဲ့ ဆန္ဒကို အစိုးရလုပ်တဲ့သူက လိုက် လျော လုပ်ဆောင်အောင်ဖြစ်တယ်။ အခုရှိနေတဲ့ ဖွဲ့စည်း အုပ် ချုပ်ပုံအခြေခံဥပဒေဟာ လူထုဖြစ်ချင်တဲ့ အချက်ေ တွပါ အောင်မရေးထားလို့။ တဖက် တည်း တဖွဲ့တည်းကနေေ သနတ်ချိန်ပြီးေ ရး သားထားလို့ အခုလိုဖြစ်နေတာဖြစ် တယ်။ အခုလိုအဖြစ်မျိုးက ၁၉၄၇ မှမဖြစ်ခဲ့ပေမယ့် ၁၉၇၄ အထိရောက်လာတယ်။ ခုနပြော တဲ့ အတိုင်း ၁၉၆၂ မှာ ဗိုလ်ချုပ်နေဝင်းရဲ့စစ်တပ်က အာဏာသိမ်းတယ်။ စစ်ဝတ်စုံချွတ်ပြီး ပုဆိုး ၀တ်ပြီး တော့ ဥက္ကဌကြီးနေဝင်း ဖြစ်လာတယ်။ ဥက္ကဌကြီးနေဝင်းကနေ ၁၉၇၄ ဖွဲ့စည်းပုံကို ထပ်ရေးတယ်။ အဲဒီဖွဲ့စည်းပုံမှာ သူရေး ထားတာက ကချင်၊ ကယား ၊ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊သျှမ်း အစရှိတိုင်းရင်း သားတွေ ရဲ့ပြည်နယ် တခုချင်းစီဟာ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန်းတလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း အစရှိတိုင်းတတိုင်းစီနဲ့ တန်းတူဖြစ်တဲ့အကြောင်း ရေးသားထားတယ်။ ငါတို့ဗမာတွေမှာ ရ တိုင်းရှိတယ်။ တိုင်းတတိုင်းဟာ ပြည်နယ်တခုနဲ့ညီမျှတယ် လို့ပြောတယ်။


၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားေ ခါင်းဆောင် တွေဆွေးနွေး သဘောတူတုန်းက ဒီလိုမဟုတ်ဘူး။ ပြည်နယ်တွေ တန်းတူအခွင့်အရေးရှိ တယ်။ အဲ့တုန်းက ကချင်ပြည်နယ်ဆိုတာမရှိသေးဘူး။ ရှိလာရင်လည်း ကယားပြည်နယ် ၊ မွန်ပြည်နယ်တို့နဲ့ အခွင့်အရေးတန်းတူဘဲ။ ဘယ်သူမှ မသာဘူး ဘယ်သူမှ မနာစေရဘူးလို့ သဘောတူထားကြတယ်။ ဆိုတော့ ပြည်နယ် တပြည်နယ် ဟာ တိုင်းတတိုင်းလောက်ဘဲ ညီမျှတယ် ဆိုတာ လက်မခံနိုင်ကြလို့ အမျိုးသားရေး လှုပ်ရှား တဲ့အဖွဲ့ဆိုတာရှိလာတယ်။ ဒါကြောင့် ဗိုလ်ချုပ်နေဝင်းပြောတဲ့ ပြည်နယ်နဲ့တိုင်းဟာ တန်းတူညီမျှတယ် …ဆိုတာ မမှန်ကြောင်း လက်မခံကြောင်း၊ အဲဒီ တန်းတူညီမျှမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တန်းတူညီမျှမှုရှိအောင်ပြင်ဖို့ ကြိုးစားရမှာ က နိုင်ငံရေးပါတီတွေကဘဲ လုပ်ရမှာမဟုတ်ဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေ ကဘဲလုပ်ရမှာမဟုတ်ဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးအဖွဲ့ကဘဲလုပ်ရမှာ မဟုတ်ဘူး။ ပြည်သူလူထု တရပ်လုံး ရဲ့တာဝန်ဖြစ် တယ် ဆိုတဲ့အကြောင်းပြော ချင်ပါတယ်။

သျှမ်းသံတော်ဆင့်

unread,
Feb 28, 2017, 5:15:13 PM2/28/17
to thuau...@gmail.com

အတိုးအလျှော့မရှိရင် အလုပ်မဖြစ်တော့ပါ

Posted: 28 Feb 2017 06:18 AM PST

တိုးတက်မှု လို့ပြောရင် ပထမ ၃ လ၊ ဒုတိယ ၃ လ၊ ပထမ ၆ လ ဒုတိယ ၆ လ၊ ပထမ တနှစ်၊ ဒုတိယ တနှစ် အတွင်း လုပ်ဆောင်ချက်တွေရဲ့ လုပ်ငန်းတိုးတက်မှုတွေကို တိုင်းထွာတာဖြစ်ပါတယ်။ ဒီ့အတွက် လက်ရှိ အာဏာရ အစိုးရ ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု တွေရဲ့ လုပ်ဆောင်ချက်တွေကို ဒီကာလ လေးတွေနဲ့ တိုင်းထွာကြည့်မယ် ဆိုရင် …..


နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့လက်ရှိ အာဏာရ NLD အစိုးရ ကနေ ဦးဆောင်ပြီး ၂၁ ရာစု ပင်လုံညီလာခံ ပထမ အကြိမ် လုပ်ဆောင်နိုင်တာတွေဟာ ဖွံ့ဖြိုးတိုး တက်မှု လို့ပြောလို့ရ မလား။ ပင်လုံ ဆိုတဲ့ စကားလုံးကို ပြန်လည်အသုံးပြုလာတာ တိုင်းရင်းသားတွေ ကျေနပ်ပုံတော့ရပါတယ်။ အမှန်တော့  ပြီးဆုံးသွားတဲ့ ပထမ အကြိမ်ဟာ ဦးသိန်းစိန်အစိုးရ ဦးဆောင် လာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး ရဲ့ အဆက်ပါဘဲ။ ဒါ့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု ရှိမရှိ မကြာမီထပ်မံကျင်းပမယ့် ဒုတိယ အကြိမ် က ညီလာခံ က အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ပြောရ ပါမယ်။


လာမယ့်လ အတွင်းမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကြိမ်ခံမှာ တက်ရောက်လာ တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ် ထပ်မံရေးထိုးတဲ့အဖွဲ့တွေ ပိုမိုပါဝင်လာမယ်ဆိုရင် ဒေါ်စုအစိုးရအတွက် မျက်နှာပန်းလှ စေပါတယ်။ မများလာတဲ့အပြင် ပါဝင်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေပိုလျှော့ နည်းသွားမလား …. ပိုနည်းသွားရင်တော့ ခေါင်းဆောင်တွေကြား ယုံကြည်မှု ပိုအားနည်းလာတယ်။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အားမကောင်းသေးဘူး …. နှစ်ဘက်လုံးက ပြည်ထောင်စုကြီးကို ရှေ့ရှုပြီး အလျှော့အတင်းပြုလုပ်မှ အလုပ်ဖြစ်တော့မယ်၊ ဆုပ်ကိုင်ထားတဲ့လမ်းစဉ်က အလုပ်မဖြစ်တော့ဘူး ဆိုတာ ထည့်သွင်းစဉ်းစားသင့်ပါတယ်။


အထူးသဖြင့် နိုင်ငံတော်အစိုးရ နှင့် တပ်မတော် တို့ဘက် က  တိုင်းရင်းသား ခေါင်းဆောင်တွေဘက် အမှန်တကယ်ဘာလိုအပ်လဲ ဘာတွေပေးနိုင်မယ်၊ ဘာတွေမပေးနိုင်ဘူး၊ အပြတ်ပြောဖို့ လိုပါတယ်။ မင်းတို့ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့လာပြီးလက်မှတ်ထိုးကြပါလို့ပြောပြီး တဘက်ကလဲ စစ်ရေးပြင် ဆင်လှုပ်ရှားနေတာ၊ စစ်ရေးခြိမ်းခြောက်မှုပြုနေတာ၊ တပ်မတော်ကပေးတဲ့ မူ ၆ ရပ်ကိုဘဲ အတင်းချပြ နေတာတွေဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ တပ်ဖွဲ့တွေကို တွဲခေါ်ရာမရောက်ပါဘူး။


ဖေဖေါ်ဝါရီ ၂၂ - ၂၄ ရက်နေ့ က ဝ ဌာနချုပ် ပန်ဆန်းမြို့မှာ ကျင်းပတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ထိပ်သီး ညီလာခံ တတိယ အကြိမ်အစည်းဝေးကို ကြည့်ရင် NCA လုပ်ငန်း အလုပ်မဖြစ်တော့ တဲ့အကြောင်း ၎င်းတို့က ရဲရဲဝင့်ဝင့် ထောက်ပြလာနေပါတယ်။ ဒါဟာ NCA ခရီး မပေါက်စေတာ၊ NCA ကို NLD က ဦးဆောင်လုပ်လာတာ  အလုပ်မဖြစ်တာ စတာတွေ ပြသနေပါတယ်။


ဒီ့အတွက် UNFC တောင်းဆိုထားတဲ့ ၈ ချက်ကို နိုင်ငံတော်အစိုးရက လိုက်လျောရင် UNFC အဖွဲ့ဝင် တွေ NCA လက်မှတ်ထိုးလာမယ်။ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေ ၈ ဖွဲ့ကနေ တဆင့် ပိုမိုများပြား လာမယ်။


ဒီ့အတွက် မတ်ခ်ျလဆန်းပိုင်းမှာ နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်ဆောင်ဆန်းစုကြည် နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ ခေါင်းဆောင်ပိုင်းများ နှင့်တွေ့ရင် ဒေါ်ဆောင်ဆန်းစုကြည် အနေနဲ့ ‘မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်နဲ့ လက်မှတ်လာထိုးကြပါ’ လို့ပြောနေမယ့်အစား ‘သူတို့ဘာလို့ ငါ့ကိုမယုံကြည်တာလဲ ယုံကြည်အောင်ငါဘာလုပ်ပြရမှာလဲ၊ သူတို့ဘက်ကကော အလျှော့အတင်းလေး ဘာလျှော့ပေးနိုင်မှာလဲ၊ ငါ့ဘက်ကကောဘာတွေ လျှော့ပြီး စဉ်းစားပေးမလဲ’ ဆိုတာ စဉ်းစားသင့်ပါတယ်။


နိုင်ငံတော်အတိုင်အပင်ခံ၊ တပ်မတော်  အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေ အလျှော့အတင်း လေးများပြုလုပ်ပြီး နိုင်ငံတော်ကောင်းစားရေး၊ တိုင်းသူပြည်သားကောင်းစားရေးအတွက် ထိုက်တန်တဲ့ ပြည်သူ့ခေါင်းဆောင်ကောင်းတွေဖြစ်ကြပါစေ။

(အယ်ဒီတာ)

သျှမ်းသံတော်ဆင့်


၂၁ ရာစုပင်လုံညီလာခံဒုတိယအကြိမ်နှင့် NCA လက်မှတ်ရေးထိုးမှုပြသနာ

Posted: 28 Feb 2017 06:13 AM PST

NCA မှာလက်မှတ်ရေးထိုးဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ  UNFC တဖွဲ့လုံးကျန်နေပါသေးတယ်။ လာမယ့် မတ်လဆန်းပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ အစိုးရက စီစဉ်နေပါတယ်။ တဖက်ကလည်း NCA လက်မှတ်ရေးထိုးကြဖို့ ပြီးခဲ့တဲ့ နှစ် ရ၀ ပြည့် ပြည်ထောင်စုနေ့တုန်းက နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ NCA လက်မှတ်ရေးထိုးဖို့ဘယ်လိုအခက် အခဲ တွေရှိ နေပါသလဲ။ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေအတွင်းရေးမှူး ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) - ဒုတိယဥက္ကဌ ခူးဦးရယ် ကို သျှမ်းသံတော်ဆင့်သတင်းထောက် ယိင်းတိုင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

Photo: UNFC အထွေထွေအတွင်းရေးမှူး ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP  - ဒုတိယဥက္ကဌ ခူးဦးရယ်
မေး။     ။ မတ်လ (၁) ရက်နေ့လောက်မှာ UNFC နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြမယ့်အပေါ်မှာ ရလဒ်တစ်စုံတစ်ရာ ထွက်နိုင်မလား။ ဘယ်လိုတွေ့ဆုံမှုမျိုးဖြစ်မလဲ။


ဖြေ။    ။ လာမယ့်မတ်လ (၁)ရက်နေ့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့မယ့် တွေ့ဆုံမှုဟာ UNFC က ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်ဖော်ဆောင် နိုင်ရေးမှာ NCA လက်မှတ်ရေးထိုးမှုပိုမိုခိုင်မာအောင်လို့ အဆိုပြုဆွေးနွေးစဲဖြစ်တဲ့ အချက် (၈)ချက်နဲ့ပတ်သက်ပြီး ခုချိန်အထိ ရှေ့မတိုး၊နောက်မဆုတ် အခြေ အနေနဲ့ဘဲ တန့်နေတာကြောင့် မူပိုင်းဆိုင်ရာ ကိစ္စအချို့တွေမှာ ဖြတ်ရလွယ်အောင်လို့ အသေးစိတ်ရှင်း လင်းမှုတွေ လုပ်နိုင်ဖို့ ကျနော်တို့ ရည်ရွယ်ပါတယ်။ NCA ကို မူလကတည်းက အတူတကွ ပါဝင်ရေးဆွဲ ဆွေးနွေးမှုရှိခဲ့တယ် ဆိုပေမယ့် အားလုံးအကြေအလည်ညှိနှိုင်းမှု မပြီးပြတ်ခင်မှာ အတင်းလက်မှတ်ရေး ထိုးခိုင်းသ လို ဖြစ်တဲ့အပေါ် မှာ အားလုံးပါဝင်လက်မှတ်ရေးထိုးမှု အဆင်မပြေခဲ့တာသာဖြစ်ပါတယ်။ လိုအပ်တဲ့ မူပိုင်းဆိုင်ရာကိစ္စတွေမှာ လမ်းညွှန်ပေးသွား နိုင်မယ်ဆိုရင် ဆွေးနွေးမှုမြန်ဆန်စေရေးအတွက် အဆင်ချောသွားနိုင်တယ်လို့ မျှော်လင့်ပါ တယ်။


မေး။    ။ NCA ထိုးဖို့အတွက် ခိုင်မာတဲ့အာမခံချက်ပေးဖို့လိုမယ်ဆိုရင် ဘယ်လိုအာမခံချက်တောင်းမလဲ။


ဖြေ။    ။ NCA ထိုးနိုင်ဖို့ကတော့ အဆိုပြုမှု (၈)ချက်ပြီးပြတ်မသွားသေးရင်တောင် ဘယ်လိုဆက်လက်ညှိနှိုင်း အဖြေရှာသွားမယ်ဆိုတဲ့ လမ်းကြောင်းအ ဆင့်တွေနဲ့ ဖြစ်စဉ်အဆင့်ဆင့်တွေမှာ တန်းတူရည်တူဆွေးနွေးဘက် အနေနဲ့ အသိအမှတ်ပြု သဘောတူလက်ခံပါဝင်သွားနိုင်ဖို့နဲ့ အားလုံးပါဝင်ရေးဟာ မူလကတည်းက ကျနော်တို့တစ်လျှောက်လုံးတင်ပြခဲ့ပြီး ပြဿနာအဝိုင်းအဝန်းမှာ ပါဝင်ပတ်သက်သူအားလုံးပါဝင်ပြီး အတူတကွအဖြေရှာမှ ပြဿနာတခုလုံး ဖြေရှင်းရာ ရောက်တာဖြစ်တဲ့အတွက် အရေးကြီးတယ် ။ ဒါပေမဲ့ ခုချိန်မှာ အားလုံးက တချိန်တည်းမှာ ပါဝင်နိုင်တဲ့ အခြေအနေ၊ အခင်းအကျင်းဖြစ်မ လာသေးရင်တောင်မှ တစ်ချိန်ချိန်မှာ အားလုံးပါဝင်လာနိုင်တဲ့ အခင်းအကျင်းနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေအတွက် အစိုးရဘက်က စဉ်ဆက်မပြတ် ဆောင်ရွက်နေပါ တယ်ဆိုတာကို ကျနော်တို့က အစိုးရဆီကနေ တိကျခိုင်မာတဲ့ ကတိကဝတ်နဲ့ ရယူချင်ပါတယ်။ လူတွေက တချိန်လုံး ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးနဲ့ ပါဝင်ရေးကိုဘဲ အပြောများနေကြတယ်။ တကယ်တမ်း ညီလာခံအခင်းအကျင်းနဲ့ ဆွေးနွေးအဖြေရှာမှုတွေ စနစ်တကျဖြစ်ဖို့ ကျော်ဖြတ်ရဦးမယ့် အဆင့်တွေရှိ သေးတာကို လူတွေ သိပ်မပြောကြပါဘူး။ NCA ပါ လမ်းပြမြေပုံအရ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးရေးမှာတောင် အဖွဲ့ အားလုံးပါဝင် မရေးထိုးနိုင်သေး ဘူး၊ နောက်တဆင့် က နိုင်ငံရေးဆွေးနွေးမှုအတွက် မူဘောင်ကို အပြီးပြတ်ရေးပြီး အတည်ပြုရဦးမှာဖြစ်ပါတယ်။ ဒီမူဘောင်ပြဌာန်းချက်နဲ့အညီ ညီလာခံကို ကျင်းပရမှာ ဖြစ်ပါတယ်။ မူဘောင်လည်း ညှိနေတုန်း၊ ပြန်ရေးရအုံးမယ်၊ အတည်ပြုရအုံးမယ်။ ဒါကြောင့် မူဘောင်မပြီး သေးဘဲနဲ့ ညီလာခံ (၂)ကြိမ်တောင် ကျင်းပခဲ့ပြီးပြီ။ ဘာရလဒ်ကောင်းရလာသလဲ မေးရင် ဘယ်လိုဖြေကြမလည်းဆိုတာသိချင်ပါတယ်။ လူတိုင်းက အဖြေအမျိုးမျိုးရှာကြံပြီး ဖြေကြတာလည်း တွေ့ပါတယ်။ ငွေကုန်လူပန်းဘဲ ဖြစ်ခဲ့ကြတယ်လို့ မြင်ပါတယ်။ မူဘောင်မပြီးသေးပဲ နဲ့လည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှုတွေလည်း လုပ်နေကြတယ်။ ဒါဟာ NCA ပြန်ဌာန်းချက်အတိုင်း မဖြစ်ခဲ့ဘူးဆိုတာကို လူတိုင်းသိခွင့်ရှိဖို့ လိုပါတယ်။ UPDJC ကဘဲ အပေါ်ကနေ ဇွတ်တရွတ်ဆုံးဖြတ် လုပ်ဆောင်နေသလို တော့ ဖြစ်ပါတယ်။


မေး။     ။ ( UNFC ) တောင်းဆိုထားတဲ့ ရှစ်ချက်အပေါ်မှာ စုဖွဲ့မှုနဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာအထိညှိလို့ရရင် NCA ထိုးမှာလဲ။


ဖြေ။   ။ အဆိုပြုမှု (၈)ချက်မှာ အဓိကညှိရအုန်းမဲ့ အချက်တွေ(၂)ချက်ရှိပြီး ကျန်အချက်အချို့ကိုတော့ လက်တွေ့အကောင်အထည်ဖော်မှုမှာ၊ မြေပြင်လုပ်ငန်းခွင် မှာ တကယ်အကောင်အထည်ဖော်ဖို့ သဘောတူရမှာဖြစ်ပါ တယ်။ ဥပမာ- အကြီးစား စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်ရင် ပွင့်လင်း မြင်သာမှု၊တာဝန် ယူ၊တာဝန်ခံမှုနဲ့ ညှိနှိုင်းတိုင်ပင်သဘောတူညီမှုတွေ လိုတယ်၊ နောက်ပြီး နိုင်ငံတကာ ကနေ လူမှုကူညီပံ့ပိုးမှုရယူရာမှာ တကယ်လိုအပ်တဲ့ လိုအပ်နေသူတွေဆီ အမှန်ရောက်ရှိဖို့ ဒေသ အတွင်းမှာ ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းသဘောတူညီမှုအပြင် ပူးပေါင်းဆောင် ရွက်မှုရှိဖို့ လို တယ်။ တချို့ကတော့ ဆက် သွားရအုံးမဲ့အဆင့်တွေမှာ ဆက်လက်ညှိနှိုင်းသွားဖို့ သဘောတူကြရမှာ ဖြစ်ပါတယ်။ ဒီကြားထဲ UNFC နဲ့အတူတကွ မပါဝင်နိုင်သေးတဲ့ အဖွဲ့တွေနဲ့ ဘယ်လို ဆက်ညှိနှိုင်း မလဲဆိုတဲ့ ကတိကဝတ်တွေကိုလည်း ကျနော်တို့ လိုချင်တာပါ။


မေး။    ။( UNFC )အနေနဲ့ (NCA )မှာ လက်မှတ်ထိုးဖို့ အချိန်ကြန့်ကြာမနေသင့်ဘူးဆိုတဲ့အပေါ်မှာ ခူးဦးရယ် အမြင်ဘယ်လိုရှိပါသလဲ။


ဖြေ။     ။ NCA  လက်မှတ်ရေးထိုးဖို့ မကြန့်ကြာသင့်ဘူးလို့ပြောတာဟာ ဘယ်အချိန်မှာ မဖြစ်မနေ လက်မှတ် ရေးထိုးရမယ်လို့ ဘယ်သူကမှ အစကတည်းက ပြောမထားခဲ့ပါဘူး။ အားလုံးနားလည်ထားတာက ဆွေးနွေးမှုတွေအားလုံးသဘောတူလက်ခံနိုင်တဲ့ အချိန်မှာ လက်မှတ်ရေးထိုးဖို့ အသင့်ဖြစ်ရင် လက်မှတ်ရေးထိုးကြမယ်ဆိုတာကို မပြောလဲပဲ လူတိုင်းနားလည်ထားတဲ့ ကိစ္စပါ။ အချိန်မရှိဘူး။ မြန်မြန် ရေးထိုးရမယ်ဆိုတာကို ခုမှဘာကြောင့် ရေးကြီးခွင်ကျယ်ပြောကြသလည်းဆိုတာ နားမလည်ပါဘူး။ ဖြစ် သင့်တာ ဟိုးပြဿနာစဖြစ်စဉ် ကနဦးကတည်းက အစိုးရလုပ်ခဲ့သူတွေနဲ့ သက်ဆိုင်သူတွေ လုပ်ခဲ့သင့်တာပေါ့။ ဟိုတုန်းကလည်း တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ အဆင်မပြေခဲ့လို့ မအောင်မြင်ခဲ့ဘူးဆိုတာလည်း လူတိုင်းသိပါတယ်။ ခုတခါမှာလည်းပဲ အဆင်မပြေသေးရင်တော့ ဒီလိုပဲ ကြန့်ကြာနေအုံးမှာပဲ ဆိုတာ ရှင်းရှင်းလေးနားလည်လို့ ရပါတယ်။  ဒီအချိန်မှာ ကျနော်တို့အနေနဲ့ တယောက်ကိုတယောက် လက်ညိုးထိုးအပြစ်ပြောနေရုံနဲ့ အဖြေထွက်လာမှာ မဟုတ်ပါဘူး။ ရွေး ကောက်ပွဲမတိုင်ခင်ကလည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းပဲ သေချာစေ့စပ်မှုမရှိသေးပဲ အလျင်စလိုလက်မှတ်ရေးထိုးတာမျိုး မလုပ်သင့်ဘူးဆိုတာကိုလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ ဖြစ်လာတဲ့အခါမှာတော့ မြန်မြန်ထိုးဖို့ မကြာခဏပြောလာပြန်တယ်။ ဖေဖော်ဝါရီ (၁၂)ရက် ပင်လုံမှာ လည်း ပြောခဲ့ပါသေးတယ်။ ရဲရဲတင်းတင်းနဲ့ ယုံယုံကြည်ကြည် လက်မှတ်ကြဖို့၊ ညီလာခံတက်ဖို့၊ ဆွေးနွေးမှုအဆင်မပြေလည်း အချိန်မရွေးပြန်လည်ထွက်ခွာသွားနိုင်တယ်လို့ ပြောပါတယ်။ ကျနော်တို့က အဲသလို အရဲစွန့်ပြီး ယုံကြည် စွာနဲ့ လက်မှတ်ရေးထိုးပီးမှတော့ ဆွေးနွေးမှုမှာ အဆင်မပြေလည်း ပြန် လည်ထွက်ခွာသွားဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒါကြောင့် သဘောတူညီမှု ခိုင်မာမှ လက်မှတ်ရေးထိုးမယ်လို့ ပြောရတာ ဒီအခြေခံပါဘဲ။ ဒီတွေးခေါ်မှုဟာ ၁၉၉၀ ကာလကျော်တုန်းက စစ်အစိုးရနဲ့ ဆွေးနွေး စဉ်က ပြောခဲ့တဲ့ စကားမျိုး၊ သမတဟောင်းဦးသိန်းစိန်လက်ထက်က ပြောခဲ့တဲ့စကားမျိုးကို ပုံတူကူး ချပြောသလို ဖြစ်တယ်။ ကျနော်တို့က ဆောင်ရွက်ခဲ့မှုအဆင့်ဆင့်တိုင်းမှာ သေချာစေ့စပ်ပြီး ခိုင်မာဖို့ လိုတယ်ဆိုတာကို ဖြတ်သန်းလာရတဲ့ သင်ခန်းစာတွေနဲ့ ပြောနေတာဘဲ ဖြစ်ပါတယ်။ မယုံလို့ မဟုတ်သလို တမင်တကာဟန်ပြအကျိုးစီးပွားအတွက် ရည်ရွယ်ချက်ထားလုပ်နေတာမျိုးတွေဆိုရင် ကျနော်တို့က အစကတည်းက ဒီလိုတွေ့ဆုံမှုမလုပ်ခဲ့ပါဘူး။ အညိုးနဲ့ အမုန်းနဲ့ သာတူညီမျှအသိအမှတ်မပြုဘဲ ဆက်လက်ဆွေးနွေးနေယင်လည်း အဖြေထွက်လာမှာတော့ မဟုတ်ပါဘူး။ ဒါကို သတိချပ်ဖို့ လိုပါမယ်။
မေး။    ။ (NCA )မထိုးရသေးတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြန်မြန်ပါလာအောင် အစိုးရအနေနဲ့ ဘာလုပ်ပေးသင့်လဲ။


ဖြေ။    ။  အားလုံးကနေ မြန်မြန်ဆန်ဆန် ပါဝင်လက်မှတ်ရေးထိုးစေချင်ရင်တော့ အားလုံးက စိတ်ကြေကြေ နပ်နပ်နဲ့ စိတ်အေးလက်အေး၊ သက်တောင့်သက်သာ လုံခြုံမှုရှိရှိ၊ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခင်းအကျင်းနဲ့ ပတ်ဝန်းကျင်ကို အစိုးရက ဖန်တီးပေးဖို့ လိုပါမယ်။


မေး။    ။ ၂၁ရာပင်လုံ ဒုတိယအကြိမ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး (NCA) မထိုးရင် ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်လဲ။


ဖြေ။    ။  (၂၁)ရာစုပင်လုံညီလာခံမှာ လက်နက်ကိုင်အဖွဲ့အားလုံးလက်မှတ်မရေးထိုးနိုင်သေးယင်တော့ ညီလာခံဟာ အခင်းအကျင်းသိပ်လှမှာတော့ မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့ ဆွေးနွေးမှု၊ အဖြေရှာမှုနဲ့ ရလာဒ် ကောင်း ရလာဖို့တော့ မမြင်ပါဘူး။


မေး။    ။ တစ်ကယ်လို့ (UNFC) အဖွဲ့ဝင်တွေကို  ၂၁ရာစုပင်လုံ ဒုတိယအကြိမ်မှာ (NCA )မထိုးနိုင်ခဲ့လို့ လေ့လာသူတွေအနေနဲ့ပဲ ဖိတ်ကြားခဲ့မယ်ဆိုရင် ဆရာတို့အနေနဲ့ တက်မလား။


ဖြေ။    ။ (UNFC)  အနေနဲ့ ပြောခဲ့တာ များပါပြီ။ (NCA) မထိုးနိုင်သေးလို့ လေ့လာသူ၊ အထူးဖိတ်ကြားသူ စတာမျိုးတွေနဲ့ ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားရင် တက်မှာမဟုတ်ဘူးဆိုတာကို ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ (UNFC) အဖွဲ့ဝင်တွေဟာလည်း ownership ဖြစ်သလို ဆွေးနွေး ဘက်တွေလည်း ဖြစ်ပါတယ်။

ဂျူလိုင်လ ၁၇ ရက် ၂၀၁၆ က UNFC စည်းလုံးညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင် စီခေါင်းဆောင်များအား တွေ့ဆုံရာတွင် နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သော မှတ်သားဖွယ်ရာ မိန့်ခွန်း နှင့် ဆွေးနွေးချက်များ

Posted: 28 Feb 2017 05:47 AM PST

အဖွင့်မိန့်ခွန်း


ဓါတ်ပုံ- နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ကျမကိုအခုလိုလာပြီးတွေ့တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ဒီလိုတွေ့ဆုံမှုအတွက်လဲကျမတို့မျှော်လင့်ခဲ့တာကြာပါပြီ။တွေ့ဆုံခြင်းအားဖြင့်လဲကျမတို့အားလုံးအတွက်တိုးတက်မှုတွေအကျိုးကောင်းတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်။


ကျမတို့ တွေမိသားစုလိုတွေ့တယ်ဆိုတော့ ကျမတခုမေးချင်ပါတယ်။


ဒီအထဲမှာဘယ်သူအသက်အကြီးဆုံးလဲ ? ဦးကျော်တင့်ဆွေအပါအဝင်ပေါ့။ ဦးကျော်တင့်ဆွေက ကျမထက် ၃ လငယ်တယ်။ကျန်တဲ့ဧည့်သည်တွေကော ကျမထက်ကြီးတဲ့သူပါလား။


ဗိုလ်ချုပ်ဆေထဲင်ကအသက်ဘယ်လောက်လဲ။ ၈၀နှစ်။ ကျမထက်ကြီးတယ်။ ဗိုလ်ချုပ်အန်ဘန်လာကော၊ ၆၇ ဆိုကျမထက်ငယ်တယ်။ကျမထက်ကြီးတာ တယောက်ဘဲရှိတာပေါ့။


ကျမဘာဖြစ်လို့မေးလဲဆိုတော့ ကျမ ဒီအစည်း အဝေးမလာခင် ကျမ စဉ်းစား မိတယ်။ ကျမတို့အားလုံးမှာ ကျမတို့ကြိုက်သည်ဖြစ်စေ မကြိုက် သည်ဖြစ်စေ တူညီချက်တခုရှိတယ်။ ကျမတို့ဘယ်လိုမှအမြဲနေသွားလို့မရဘူး။ ကျမတို့ သက်တမ်းဆုံးတဲ့ အခါမှာ ကျမတို့ဒီလောကကနေထွက်သွားရမှာဘဲ။


ကျမတို့ဒီလောကကနေမထွက်သွားခင်မှာ အားလုံး စုပေါင်းပြီးတော့ နိုင်ငံ့ တိုးတက်မှုလုပ်သွားချင်တယ်။အဲဒါကျမစိတ်ထဲရောက်လာတယ်။ကျမတို့ဒီမှာရှိတဲ့အားလုံးလူငယ်တွေအပါအဝင်ပေါ့၊ပြောလို့ရတာမဟုတ်ဘူး၊လူငယ်၊လူကြီးဘယ်သူဟာဤလောကကြီးကနေအရင်ထွက်သွားမလဲဆိုတာတနေ့တချိန်တခါမှကျမတို့ထွက်သွားရမှာဘဲ။ဘယ်သူမှငြင်းလို့မရဘူး။


ကျမတို့အားလုံးတခြားကိစ္စတွေ NCA နဲ့ဘယ်လောက်ဘဲငြင်းခုံခုံ၊ ဖက်ဒရယ် နဲ့ပတ်သက်ပြီးဘယ်လောက် ဘဲငြင်းခုံခုံတူညီတဲ့ ကိစ္စတခုကတော့ ကျမတို့ တချိန်ချိန်မှာဤလောကကနေထွက်သွားရမှာဘဲ။မထွက်သွားခင်မှာကျမညီညွှတ်မှုကိုလိုချင်တယ်။ကျမတို့အစဉ်အဆက်ကျမတို့ခေါင်းဆောင်တွေတိုင်းရင်းသားခေါင်းဆောင်တွေ၊နိုင်ငံရေးခေါင်းဆောင်တွေမျှော်မှန်းခဲ့တဲ့ညီညွတ်မှုကိုရယူပြီးတော့ထားပစ်ခဲ့ချင်တယ်ဆိုတဲ့စိတ်ကျမပေါ်ပေါက်ခဲ့ပါတယ်။


နောက်တခုကျမစဉ်းစားမိတာဘာလဲဆိုတော့ ကျမတို့အားလုံးဟာ ဘာလဲ ဘယ်သူလဲ ဆိုတာ အရင်စဉ်းစား ရင်ကောင်းမလားလို့။ ဥပမာဆို လို့ ရှိရင် ကျမအနေနဲ့ ကျမကဘယ်သူလဲ ဆိုတော့ ကျမဟာမြန်မာ နိုင်ငံသား တယောက်လို့ ပြော မှာလား၊ကျမဟာကျမမိဘရဲ့သမီးပြောရမှာလား၊ ကျမအဖေဟာ အညာသားဗမာစစ်စစ်၊ ကျမအမေဟာ ဧရာဝတီက မွန်သွေးပါ တယ်။ ရခိုင်သွေး ပါကောင်းပါမယ်။ ဖိုးဖိုးဘက်က ကျမ သိပ်မသေချာဘူး ။ သေချာတာ ကတော့ မွန်သွေး ပါတယ်။ ကျမက မွန်မျိုးနွယ်လို့ခေါ်ရမှာ လား။ အညာသားမျိုးနွယ်လို့ ခေါ်ရမှာလား။ ပြောရမယ် ဆိုရင်ကျမတို့ Identity အမျိုးမျိုးရှိတယ်။ တခုတည်းမဟုတ်ပါဘူး။
ဒီတော့ကျမကကိုယ့်ကိုယ်ကိုဗုဒ္ဓဘာသာတယောက်လို့သတ်မှတ်ရမှာလား။


ကိုယ့်ကိုယ်ကိုဘာလဲဘယ်လူလဲဆိုတာသတ်မှတ်သာအမျိုးမျိုးရှိတယ်။လူတိုင်းလူတိုင်းမှာရှိပါတယ်။ အဲဒါ Diversity ဘဲ။


နောက်ဆုံးတော့ ဒိုင်ဗာစီတီအရင်လာသလား ယူနီတီလာတာလား။ Diversity of the unity ဆိုတာဒီမတူကွဲပြား မှုဆိုတာ ကျမတို့အချင်း ချင်းကြား ထဲမှာမဟုတ်ဘူး၊ ကျမတို့ တယောက်ချင်းတယောက် ချင်း အတွင်းမှာကို မတူကွဲပြားမှုတွေ အစုံရှိပါတယ်။


ဥပမာဆို ကချင်၊ ကချင်ဆိုပေမယ့် ကိုယ်ကိုးကွယ်တဲ့ဘာသာဆိုလို့ကိုယ့်ရဲ့ Identity ဘဲ။ကိုယ်ကိုး ကွယ်တဲ့ ဘာသာဆိုလဲ မတူတဲ့ကချင် တိုင်းရင်းသားေ တွ ရှိတယ်။ ကချင်ပြည်နယ်မှာ ဆိုတာလဲမတူတဲ့အရပ် ဒေသ က လာတာ ရှိတယ်။ ကိုယ့်ရဲ့မိဘကမတူညီတဲ့ အခြေအနေတွေရှိတယ်။ အဲဒီလိုအမျိုးမျိုး မတူညီတာ တွေရှိတယ်။


ကျမစဉ်းစားမိတာကတော့တကယ်ကြီးတဲ့သစ်ပင်ကြီးတွေခိုင်ခံ့တဲ့သစ်ပင်ကြီးတွေဆိုတာအမြစ်တွေအများကြီးရှိပါတယ်။ဒီအမြစ်တွေအများကြီးစုစောင်းပြီးတော့မှခိုင်ခံ့တဲ့အပင်ကြီးတခုဖြစ်လာတာပါ။အမြစ်တခုတည်းရှိတဲ့အပင်တွေဟာမခိုင်ခံ့ပါဘူး။


ဥပမာဆိုရင်မုံလာဥ ဆွဲထုတ်လိုက်ရင်ပါသွားတာဘဲ။ သူကအမြစ်က တခု တည်း ရှိတယ်။ တကယ်တော့မြစ်မ ပင်မတခုတည်းရှိတယ်။ နည်းနည်းေ လးပေါ့တခြားအမြစ်သေးသေးလေးရှိရင်ရှိမယ်။ဒီလိုအမြစ်ကြီးကြီး တခုတည်း ရှိတာ မခိုင်ခံ့ပါဘူး။ဆွဲနှုတ်လိုက်လို့ရှိရင်တခါတည်းပါသွားတာဘဲ။


ဒီလို Diversity ရှိတဲ့အမြစ်တွေအများကြီးရှိတဲ့သစ်ပင်ကြီးတွေတာတကယ်ကို ခိုင်ခံ့နိုင်မှာပါ။ အဲဒီတော့ကျမတို့ ကနေပြီးတော့ Diversity of Strength ဆို ပြီးတော့လက်တွေ့ကျကျသဘာဝအရမှန် တယ်လို့ကျမမြင် တယ်။ ကျမ တို့ ဘယ်သူမှ Identity တခုတည်းရှိတာမဟုတ်ဘူး။ ကျမဒီဟာကိုဘာဖြစ် လို့ေ လ့လာလဲဆိုတော့ ကျမတို့တကမ္ဘာလုံးမှာဖြစ်နေတဲ့ Identity Crisis ပေါ့ေ နာ် အထူးသဖြင့်ဘာသာရေးအရ ကွဲပြားတာတွေ၊ အဲဒီဟာနဲ့ ပတ် သက်ပြီးတေြာ့ ပင် သစ်မှာကြီးလာတဲ့ North Africa ကမူစလင်ဘာသာဝင်တယောက် က ရေး ဖူး ပါတယ်။


ဒီ Identity နဲ့ပတ်သက်လို့ပေါ့။လူတွေဟာကိုယ့်မှာ Identity တခုရှိတယ်လို့ သတ်မှတ်လိုက်လို့ရှိရင်ပြသနာ ဖြစ်တယ်တဲ့။ဒါပေမယ့်လူတိုင်းလူတိုင်းမှာ Identity အများကြီးရှိတယ်။ဒီဟာတွေအားလုံးကိုသိမ်းသွင်းပြီးတော့ လက်ခံပြီးတော့ကျော်လွှားနိုင်ရမယ်။ဒီဟာတွေအားလုံးကိုအင်အားဖြစ်အောင်လုပ်ဆောင်နိုင်ရမယ်ဆိုတော့ကျမ ဒီဟာကိုသိပ်ကိုသဘောကျပါတယ်။


ကျမတို့အားလုံးဟာပြည်ထောင်စုသားတွေဆိုတဲ့ Identity ကိုလဲရှိစေချင် တယ်။ကိုယ်သက်ဆိုင်ရာ သက်ဆိုင်ရာ တိုင်းရင်းသားဆိုတဲ့ Identity ကိုလဲရှိေ စချင်တယ်။ကိုယ်ကိုးကွယ်ရာဘာသာဆိုတဲ့ Identity ကိုလဲရှိစေ ချင်တယ်။ ကိုယ့်ရဲ့မိဘတွေကလဲလူမျိုးစုတခုတည်းကဘဲဖြစ်ချင်မှဖြစ်မယ်။ဒီလိုမတူကွဲပြားတဲ့ Identity ကိုပေါင်းပြီးတော့ပိုပြီးခိုင်ခံ့တဲ့အပင်ကြီး သဖွယ်ဖြစ်တဲ့ပြည်ေ ထာင် စုကို ထူထောင်တာဟာ ကျမတို့ ခေတ်မှာကျမတို့အသက်ရှင် ကာလ မှာကျမတို့ထူထောင်သွားစေချင်တယ်။


ကျမတို့ဒီမှာအမြဲရှိနေမှာမဟုတ်ဘူး။ဒါဘယ်သူမှငြင်းလို့ရမှာမဟုတ်ဘူး။ကျမတို့အသက်၅၀ကျော်လာတာနဲ့အမျှသက်တမ်းတဝက်ရောက်တဲ့သူကများပါတယ်။အသက်တရာကျော်တဲ့သူကအခုနည်းနည်းတော့များလာတယ်။ကျမတို့မြန်မာနိုင်ငံရဲ့ပျမ်းမျှခြင်းသက်တမ်းနဲ့အမျိုးသားတွေက၆၃နှစ်၊အမျိုးသမီးတွေက၆၅နှစ်ဆိုတော့၊ဒီမှာလဲအမျိုးသားတွေဘက်က၆၃နှစ်ကျော်သွားပြီ၊ကျမလဲ၆၅နှစ်ကျော်သွားပြီ၊ကျမတို့မှာကျန်တဲ့သက်တမ်းအတွင်းမှာကျမတို့ရေရှည်ထားပေးခဲ့ရမယ့်နောင်မျိုးဆက်တွေအတွက်ဘာဖြစ်မလဲဆိုတာစဉ်းစားပြီးတော့ကျမတို့ပြောမယ်ဆိုမယ်ဆွေးနွေးမယ်ဆိုရင်အခက်အခဲရှိမယ်မထင်ဘူးလို့ကျမယုံကြည်ပါတယ်။


အဲဒါ့ကြောင့်မို့လို့ဒီအချက်နှစ်ချက်မနေ့ကစဉ်းစားတာပါ။ဒီအစည်းအဝေးကျရင်ပွင့်ပွင့်လင်းပြောရရင်အောင်မြင်ချင်စေတယ်။အရင်တုန်းကမအောင်မြင်ခဲ့တဲ့ဟာကိုအောင်မြင်ချင်တယ်။ဒီလိုအောင်မြင်မှုရအောင်ဘယ်လိုစဉ်းစားမလဲဆိုတော့ကျမအတွေးနှစ်ခုဝင်လာတယ်။တခုကအကန့်အသတ်မရှိတဲ့အချိန်မရှိဘူး။ကမ္ဘာကြီးတောင်မှအကန့်အသတ်မရှိဘူးလို့ပြောလို့ရတာမဟုတ်ဘူး။ကမ္ဘာကြီးလဲတချိန်တခါပြီးသွားမှာပဲပေါ့နော်။ကျမတို့တဦးချင်းတဦးချင်းမှာအကန့်အသတ်မဲ့အချိန်ရှိတာမဟုတ်ပါဘူး။ဒီရှိတဲ့အချိန်ကိုတန်ဖိုးအရှိဆုံးဖြစ်အောင်လို့သုံးစေချင်တယ်။ဒီရှိတဲ့အချိန်ကိုသတ်တိရှိရှိနဲ့အပြောင်းအလဲဖြစ်အောင်ကျမလုပ်ချင်တယ်။


နောက်ပြီးတော့ကျမတို့အားလုံးဟာ Identity ပေါ့နော်အမျိုးမျိုးရှိတယ်။ တခု တည်း ရှိတာမဟုတ်ဘူး။ အဲဒီ လိုစဉ်းစားမယ်ဆိုလို့ရှိရင်ကျမတို့ ကွာဟ ချက်တွေက အင်မတန်မှနည်းသွားမယ်။ ဥပမာဆိုလို့ ရှိရင်ကျမမေမေ က မွန် ဆိုတော့မွန်သွေးပါတယ်။မွန်တွေနဲ့ချိတ်ဆက်မှုလုပ်လို့ရတယ်။ကျမအဖိုးကခရစ်ယာန်ဆိုတော့ခရစ်ယာန်တွေနဲ့ချိတ်ဆက်လို့ရတယ်။ကျမတို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာကဘာသာဆိုပြီးတော့ဗုဒ္ဓဘာသာနဲ့ချိတ်ဆက်လို့ရတယ်။တူညီတဲ့အပိုင်းတွေမှာကျမတို့ချိတ်ဆက်ပြီးတော့ငါတို့အားလုံးဟာမျှဝေနိုင်တာဘဲဆိုတဲ့စိတ်ထားနဲ့ပြသနာတွေကိုကိုင်တွယ်မယ်ဆိုရင်ဖြေရှင်းမယ်ဆိုရင်ချင်းကပ်မယ်ဆိုရင်တော့မဖြေရှင်းနိုင်တဲ့ကိစ္စမရှိဘူးလို့ကျမထင်ပါတယ်။


Identityနဲ့ပတ်သက်လို့ကျမကလေးမတယောက်အကြောင်းဖတ်ပြီးတော့သူကလဲဒီလိုပါဘဲ။သူ့ရဲ့မျိုးနွယ်တွေမနေတဲ့နိုင်ငံမှာကြီးလာရတော့သူ့ရဲ့ Identity ကိုသူပြောပြေတော့Tangla Identity ပေါ့၊ ရှုပ်ထွေးလှတဲ့ Identity ပေါ့၊သူဘယ်သူလဲဆိုတာ သူဆုံးဖြတ်ရတာရှုပ်ထွေးနေ တယ်။


ဒီလိုရှုပ်ထွေးမှုက ကျမတို့ မဖြစ်စေ ချင်ဘူး။ကိုယ့်မှာရှိတဲ့ Identity အားလုံး ဟာတန်းတူရည်တူလက်ခံနိုင်တယ်၊ သူတို့တွေဟာ သဟဇာတရှိရှိနဲ့ ရှင်သန် နိုင် တယ်။ဒီလိုအခြေအနေမျိုးဖြစ်စေချင်တယ် ။ပြည်ထောင်စု ဆိုတာဒီလိုပါ ဘဲ။ အားလုံးဟာအတူတူနေပြီးတော့ ကိုယ့်ရဲ့မတူညီတဲ့ကိစ္စတွေကို သဟ ဇာတဖြစ်အောင်လုပ်တာဟုပြည်ထောင်စုတည်ထောင်ခြင်းပါဘဲ။


အဲဒီလိုစိတ်ဓါတ်နဲ့သွားမယ်ဆိုရင်ကျမတို့အောင်မြင်နိုင်မယ်လို့ကျမယုံကြည်ပါတယ်။ဒါကိုကျမတို့အနေနဲ့ကျမတို့တိုင်းရင်းသားတွေကဘာ့ကြောင့်ဒီ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာဘာဝင်ဖို့အခက်အခဲရှိတယ်ဆိုတာပွင့်ပွင့်လင်းလင်းပြောပါပွင့်ပွင့်လင်းလင်းပြောရင်ကျမတို့လဲဒီကိစ္စကိုထိထိရောက်ရောက်ကိုင်တွယ်ဖို့ကြိုးစားပါ့မယ်။ကျမတို့အနေနဲ့လဲကျမတို့အမြင်တွေကိုပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပြောပြမယ်။အခြေခံအားဖြင့်တော့ပွင့်လင်းဖို့ဖြောင့်မတ်ဖို့လိုပါတယ်။ဖြောင့်မတ်ဖို့ပွင့်လင်းဖို့ဆိုတာကလဲဒါပထမလိုအပ်တဲ့ယုံကြည်မှုဘဲ။ကိုယ်မယုံကြည်တဲ့သူနဲ့ဆိုပွင့်လင်းဖို့အင်မတန်မှခက်ပါတယ်။


ဘာဖြစ်လို့လဲဆိုတော့ဒီသူဟာကိုယ့်ကိုမကောင်းကြံမယ်လို့ထင်ရင်သူနဲ့ပွင့်ပွင့်လင်းလင်းဆက်ဆံမယ်ဆိုရင်ကိုယ့်အကြောင်းသိသွားတာကိုအခြေခံပြီးတော့အခွင့်အရေးယူမလားဆိုပြီးတော့ဒီလိုစိုးရိမ်မှုလဲရှိနိုင်ပါတယ်။ပထမဦးဆုံးတယောက်နဲ့တယောက်ပွင့်လင်းနိုင်ဖို့အတွက်ဖြောင့်မတ်နိုင်ဖို့အတွက်အဲဒီ့အထိတော့ယုံကြည်မှုရှိရမယ်။


ကျမတို့ဟာတယောက်နဲ့တယောက်ဆွေးနွေးတဲ့အချက်တွေကိုပြန်ပြီးတော့တိုက်ခိုက်ဖို့သုံးဖို့အတွက်မဟုတ်ဖူး၊ကြားမှရှိနေတဲ့ပြသနာကိုဘယ်လိုပြေလည်အောင်အဖြေရှာဖို့။ကျမထပ်သလဲလဲပြောပါတယ်။ပြသနာဟာခက်တာမဟုတ်ဘူး။အဖြေရှာမှာမို့ဘဲအရေးကြီးတာ။ပြသနာတော့ရှိမှာပဲ။အခုလဲရှိမှာပဲနောင်လဲရှိမှာဘဲ။ကျမတို့ပြည်ထောင်စုကြီးတည်တည်တံ့တံ့ရှိတဲ့အခါမှာလဲရှိမှာဘဲ။အဲဒီ့တော့ပြသနာဖြေရှင်းတဲ့နည်းကိုဘဲကျမတို့ရှာဖို့ပါဘဲ။ပြသနာကိုတော့စိုးရိမ်ဖို့မလိုပါဘူးလို့ကျမအနေနဲ့တင်ပြချင်ပါတယ်။
ဒါ့ကြောင့်မို့လို့ NCA အခက်အခဲငြိမ်းချမ်းရေးပရောဆက်တွေရဲ့ အခက် အခဲတွေကိုပြသနာပါလို့ဆိုမဲ့အစား ကိုင်တွယ်ရမယ့်ကိစ္စ တခုဆိုတဲ့ အမြင်နဲ့ ၀ိုင်းပြီးတော့အဖြေရှာပေးချင်ပါတယ်လို့ကျမမနေနဲ့မေတ္တာရပ်ခံချင်ပါတယ်။


အခုကျမတို့ ဆွေးနွေးပြောဆိုသွားတဲ့အထဲမှာ ပင်လုံစာချုပ် NCA ဖက်ဒရယ်နဲ့ တိုက်ပွဲ တွေအကြောင်းပါမယ်။ အချိန်ကာလ အကြောင်းပါတယ်နော်။


ကျမတို့ အချိန်ကာလ အရင်ကြည့်ရအောင်အချိန်ကာလ အကန့် အသတ် တခုလိုတယ်လို့ဘာကြောင့် ကျမတို့ဆုံးဖြတ်ရသလဲဆိုရင် တခြားနိုင်ငံ ကနေရတဲ့ အတွေ့အကြုံ ကိုကျမတို့ကြည့်ပြီးတော့ပြောတာပါ။ တခြားနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုစတဲ့အခါမှာ အချိန်အကန့်အသတ်မရှိထားလိုက်တဲ့အခါမှာ အလုပ်ကိုမပြီးဘူး ဆို တာဖြစ် သွားပါတယ်။


ဥပမာဆိုရင်အထူးသဖြင့် မြောက်အိုင်ယာလန်နဲ့ပတ်သက်လို့ ထဲထဲဝင်ဝင်လုပ် ခဲ့တဲ့ Jonathan Powell တို့ ဆိုရင်သိဖူးကြမှာပါ။ သူပြောခဲ့တာက သူတို့ ပထမပိုင်းမှာဘာမှားသွားလဲဆိုတာက အကန့်အသတ်မရှိ အချိန်ကိုထား လိုက်တဲ့အခါကျတော့ အလုပ်မဖြစ်ဘူးတဲ့။ သူတို့အရင်တုန်းကထင်ခဲ့တာက အရင်တုန်းက အကန့်အသတ်မရှိ ပြောချင်တာပြော ဆွေးနွေးချင်တာဆွေးနွေး ဆိုလို့ရှိရင်ပြသနာတွေ ပြေလည် သွားမယ်လို့ထင်ပေမယ့် မဟုတ်ဘူး တဲ့။ ပြသနာတွေမဆုံးနိုင်ဘူးဘဲဖြစ်သွားတယ်။ အဲတော့ အိုင်ယာလန် ကို ပြန် ကြည့် မယ်ဆိုရင်တော့ အိုင်းရစ်ပြသနာစ တာဟာ Cromwell တို့လက်ထက် ကတည်းက ထဲထဲဝင်ဝင်စတယ် ဆိုရင် အဲဒီမတိုင်မီကတည်းက အိုင်ယာလန် တို့ကနေသွားသွားပြီးတော့ ဒီမိန်းလန်းနားကနေပြီးတော့ အင်္ဂလိပ် တွေ ကျူးကျော်တာတွေဆိုတာ ၁၃ ရာစုလောက်ကတည်းက စခဲ့တဲ့ ကိစ ပါ။


တရားဝင် အိုင်ယာလန်ကိုဝင်သိမ်း လိုက်တာ ကတော့ Cromwell တို့ခေတ် မှာေ ပါ့နော်။ အဲဒီကနေ တွက်လာရင်တောင်မှ နှစ် ၃၀၀ ကျော်မှ ငြိမ်း ချမ်း ရေး ရအောင် လုပ်တယ်။ အဲတော့ နှစ် ၃၀၀ ကြာမှာ ပြသနာတခုဟာ သူ့ဖာသာ သူပျောက်သွား လား ဆိုတာ သူ့ဟာသူ မပျောက်သွားပါဘူး။ သူတို့ဆွေးနွေး ယူရပါတယ်။ အဲတာ ကျမတို့ကိုသတိပေးလိုက် တာက အချိန် သတ်မှတ် ချက်ဆိုတာ ရှိသင့်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူ့သဘာဝအလျောက် အချိန်ရှိရင်ရှိ သလောက်ပြောမယ်ဆိုမယ်ငြင်းမယ် ခုံမယ်ပေါ့။ အဲတာကို အချိန်သတ်မှတ်ချက်တခုထားမှသာလျှင် ပြောမယ် ဆိုရင် အချိန်နဲ့ပတ် သက်ပြီးတော့လည်း ပန်းတိုင်တခုထားရပါမယ်။ ကိစ္စရပ်တွေနဲ့ပတ်သက်မှသာ ပန်းတိုင်ထား ရမှာ မဟုတ်ပါဘူး။ အချိန်နဲ့ပတ်သက် လို့လည်း ပန်းတိုင်တခုထားရမယ် လို့ပြောတဲ့ဟာကိုလည်း ကျမအမြဲမှတ်ထားပါတယ် ။


တိုက်ပွဲ


နောက်တခုက ခုနက ခေါင်းဆောင်ကြီးတွေပြောသွားတဲ့အထဲမှာ တိုင်းရင်း သားတွေ အချင်းချင်းလဲ တိုက်ပွဲ တွေဖြစ် နေကြတယ်ဆိုတာကတော့ အဲတာဟာကျမတို့အတွက်လေးလေးနက်နက်စဉ်းစားစရာဘဲ။ ဘာဖြစ်လို့ တိုက်ပွဲတွေဖြစ်လဲ။ တိုက်ပွဲတွေဖြစ်တယ်ဆိုတာဟာ နိုင်ငံရေးသဘော ထားမတူညီမှုကြောင့်ဖြစ်တာလား။ ရှိတဲ့အရင်းအမြစ်တွေအတွက် လုကြ တာပေါ့နော်။ မျှမျှတတ မခွဲယူနိုင်မှုကြောင့်ဖြစ်တာလား။ တခြား ကိစ္စ တွေေ ကြာင့်ဖြစ်တာလား။ အပြင်ပယောဂကြောင့်ဖြစ်တာလား စသည်ဖြင့် …။


ဘာဖြစ်လို့တိုင်းရင်းသားတွေကြားထဲမှာတိုက်ပွဲတွေဖြစ်သလဲ ဆိုတာကျမတို့ စဉ်းစားရပါလိမ့်မယ်။ အဓိက ကတော့ ဗမာ့တပ်မတော်ပေါ့နော်။ နိုင်ငံ့တပ် မတော်ခေါ်မှာလား ရွေးရတာခက်ပါတယ်။ တကယ်တော့ဗမာ အများ စုပါနေတော့ ဗမာ့တပ်မတော်ဘဲခေါ်ရမှာပေါ့။ ဒါပေမယ့် ဗမာ့တပ်မတော်ေ ခ်ါပြန်တော့လည်း ဗမာလူမျိုးနဲ့တခြား တိုင်းရင်းသား တွေ တိုက်နေတယ်ဆို တဲ့ပုံစံကြီးဖြစ်နေတဲ့ခါကျတော့ ၀မ်းသာစရာ ကိစ္စ မဟုတ်ပါဘူး။ ဒါဘယ်လို ဘဲပြောပြော တပ်မတော်နဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေ တိုက်ပွဲတွေဖြစ်ေ နတာ မဟုတ် ဘူး။ တိုင်းရင်းသား အချင်းချင်းလည်းဖြစ်နေတယ်ဆိုတော့ ဒီဟာကိုကျမတို့က မေးခွန်းမေးရမယ်။


ဘာဖြစ်လို့ကျမတို့ အချင်းချင်း တိုက်ပွဲတွေဖြစ်နေရသလဲ။ ဘာကြောင့်လဲ။ မတူကွဲပြားမှုေ ကြာင့် လို့ပြော သွားတဲ့အပေါ်မှာ ကျမတို့က ဖက်ဒရယ်သာအဖြေဆိုတာ လက်ခံ ထားပြီး သားပါ။ ဖက်ဒရယ်ဆိုတဲ့အဓိပါယ်ကိုဖော်ရမယ်ဆိုတော့ အမှန်ပြော ရင် ဒါကျမတို့ ခေါ်လို့မရဘူး။ ငြိမ်းချမ်းရေး ညီလာခံ လည်းဖော်လို့မရဘူး။ ဘာဖြစ်လို့ပြောလဲဆိုတော့ ဖက်ဒရယ်ဆိုတဲ့အနက် အဓိပါယ် ကိုဖော်ရမယ် ဆိုရင် ပညာ ရှင်များပေါင်းစုံ နှစ်ပေါင်းရာနဲ့ချီပြီးဖော်လို့မရပါဘူး။ တိတိကျ ကျဖော်လို့မရ ပါဘူး။ အခုထက်ထိ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့စာရွက် စာတမ်းေ တွက တချိန်လုံးထုတ်နေကြတာ။ တယောက် တမျိုးပေါ့။ နောက်ဆုံး ကျမ တို့ရဲ့နိုင်ငံရဲ့ဖက်ဒရယ်ကဘာလဲဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကဘဲ ဆုံးဖြတ်မှာ။ အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဂျာမနီနိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မတူပါဘူး။ ဂျာမနီနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေကလည်း ဆွိစ်ဇာလန် ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းမတူပါဘူး။ မတူတာနဲ့အမျှ သူတို့ရဲ့ဖက်ဒရယ် တွေကလည်း တခုနဲ့တခု ကွာခြားပါတယ်။


ကွာခြားတဲ့အပေါ် ဘယ်ဟာက ပိုကောင်းတာလဲဆိုတာ ကိုလည်း ပြောဖို့ခ က်ပါတယ်။ သူ့နည်းသူ့ဟန်နဲ့အောင်မြင်နေကြတာဘဲ မတူကြဘူးပေါ့။ ကျမတော့ ဖက်ဒရယ်နဲ့ပတ် သက်ပြီးပြည်သူတွေကိုရှင်းပြတဲ့အခါမှာ- အရင် တုန်းကတော့ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ၀ါဒဖြန့်မှုတွေ အများ ကြီး ရှိပါတယ်။ ဖက်ဒရယ်ဆိုတာခွဲထွက်ရေး။ ကျမတို့အဖွဲ့က အမြဲတမ်း ဖက်ဒရယ် နဲ့ရပ် တည်ခဲ့တာကိုး။ အဲတာကြောင့် NLD က ခွဲထွက်ရေးကိုလိုလား တယ်။ ပြည်ေ ထာင်စုပြိုကွဲအောင် လုပ်နေတာဆိုပြီး အဲ့တုန်းက ဖက်ဒရယ်ဆိုတဲ့စကားသုံးရင် ဖမ်းတာဆီးတာတွေရှိခဲ့ပါတယ်။ ကျမတို့တော့ ဖက်ဒရယ်ဆိုတာ ကိုအမြဲသုံးခဲ့ တယ်။ မူအရပေါ့။ ဖက်ဒရယ်ဆိုတာခွဲထွက်ရေးမဟုတ်မှန်းလူထုကို သိစေချင် လို့။ ဆိုတော့ ဖက်ဒရယ်ဆိုတဲ့ အဓိပယ်ကိုအရိုးသားဆုံး ရှင်းပြရမယ်ဆိုရင် နိုင်ငံတနိုင်ငံအတွင်းမှာ အာဏာကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ၊ တိုင်း အစိုးရတွေကြားထဲမှာခွဲယူဖို့ ၊ခွဲယူတဲ့စနစ် ။ အဲဒီဟာဖက်ဒရယ်ဘဲ။


ဘယ်လိုပုံစံနဲ့ခွဲယူလဲဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်တယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပညာရှင်တွေ ရဲ့လေ့လာချက် သုတေသန ပြုချက် အရ ဖက်ဒရယ်စနစ်လုပ်လိုက်တဲ့အခါမှာ ခွဲထွက်ချင်တဲ့ စိတ်ဓါတ်တွေက ကျဆင်းသွားတယ်။ ဒါကြောင့် ဖက်ဒရယ်ဆိုတာ ခွဲထွက်ချင်တဲ့စိတ်ကို အားပေးတာတော့မဟုတ်ဘူး။ ခွဲထွက် ချင်စရာ အကြောင်း မရှိအောင် အဆောက်အအုံတခုကိုတည်ဆောက်တာဘဲဆိုပြီးတော့ ကျမတို့ဒီလို ဘဲရှင်းပြပါ တယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ကျမတို့နိုင်ငံနဲ့ အသင့်တော်ဆုံး ဖက်ဒရယ်ပုံစံတခုကို သတ်မှတ်ပေးပါမယ်။


ဆက်ပြီးပြော မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံက ဖက်ဒရယ်က ရအောင် လုပ်မယ်ဆိုတော့ ညီလာခံတွေဘာတွေနဲ့ ပတ်သက်လို့ Ceasefire မရခင် ညီလာခံလုပ်လို့သင့်တော်ပါ့မလား ခုနပြောတဲ့အတိုင်း အချိန်တိတိကျကျ လိုအပ်ပါတယ်။ ဆိုတော့ NCA ဘက်ကိုပြန်လှည့်လာပါမယ်။


NCA


NCA ထဲမှာပါတဲ့အချက်တွေကိုတချို့ဟာတွေကသဘောမတူဘူး။ ဒါကြောင့် NCA ရေးဆွဲရေးမှာ ကျမတို့အဖွဲ့ ချုပ် မပါခဲ့ပါဘူး။ ကျမတို့ကဏ်ဏ္ဍလည်း အင် မတန်မှသေးပါတယ်။ ကျမတို့ ကိုယ်စားလှယ် ၂ ယောက်ဘဲတက်ပါ တယ်။ NCA နဲ့ပတ်သက်လို့ ကျမတို့သဘောမတူခဲ့တာတွေလည်းရှိခဲ့ပါတယ်။ သို့ပေ မယ့် ကျမတို့တောင်းဆို တာ တခုဘဲရှိခဲ့ပါ တယ်။ ပြုသာပြင် သာေ အာင်ေ တာ့ ထည့်ခဲ့ပါ။ အဲတာမထည့်ခဲ့လို့ ကျမတို့လက်မခံနိုင်ပါဘူး။ ဒါေ တာင်မှ ကျမတို့လက်မှတ်မထိုးခဲ့ပါဘူး။ ပြည်ထောင်စုနေ့တုန်းကလေ။ မထိုးဘူးဆို တာက ကျမတို့ကို နို့တစ်စ်မပေးဘဲနဲ့ လာပါတက်ပါ လက်မှတ် ထိုးပါဆိုတော့ ကျမတို့ကိုယ်စားလှယ်တွေက ထိုးခွင့်မရှိဘူးလေ။ တိတိကျကျပြောမယ်ဆိုရင် NCA လက်မှတ်ထိုးပြီးတာနဲ့ရက်ပေါင်း ၉၀ အတွင်း ငြိမ်းချမ်းရေးညီလာခံ လုပ်မယ် ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီတိုင်းဘဲဖြစ်မယ်ဆိုရင် NCA ကဘယ်တော့လောက်မှလက်မှတ် ထိုးနိုင်မလဲဆိုတာ ကျမတို့မှန်းလို့ရမယ်။ NCA လက်မှတ်ထိုးပြီးမှ ဆက်ပြီးသွားဖို့ဆိုတာအမှန်ပြောရင် ကျမတို့ ဆုံးဖြတ်ချက် မဟုတ် ပါ ဘူး။ အရင်တုန်းက အုပ်ချုပ်ရေး ယန်းတယား လို့ဘဲပြောချင်ပါတယ်။ ဒါကျမတို့အမွေခံပါတယ်။


နိုင်ငံတနိုင်ငံရဲ့ အစိုးရတာဝန်ကို ယူတဲ့အဖွဲ့ဟာ အရင်အစိုးရ လုပ်ခဲ့သမျှ ကိုတာဝန်မယူ ဘူးဆိုပြီး လုပ်လို့ မရပါဘူး။ ဒါကြောင့် ဒီ NCA ဆိုတဲ့ဝန်ထုပ် ၀န်ပိုးကကျမတို့အပေါ် ရောက်လာပါတယ်။ ကျမတို့ကထမ်းပြီး တတ်နိုင် သမျှပြေလည်အောင်လုပ်ရမှာဘဲ။ အခွင့်အလမ်းတခုလို့ကျမမြင်သလို တိုင်း ရင်း သားတွေကို မြင်စေ ချင်ပါတယ်။ NCA က ဒီတိုင်းရှိတယ်ဆိုပေမယ့် တချို့သော ဒက်ဖှနေးရှင်းတွေက အဓိပါယ်ဖော်မှုတွေက မပြီးပြတ်သေး ပါဘူး။ ဒီအဓိပါယ်ဖော်မှုတွေက အလျှော့အတင်းလုပ်လို့ရပါတယ်။ ဒါကြောင့် အားလုံး အဆင်ပြေစေ ရမယ်လို့ မပြော လိုဘူး။ အရင်တုန်းကကျမကိုဟို ဘက် ကလာကမ်းလှမ်းတုန်းက Calculated risk ယူလိုက်ပါဆိုသလို။ ၂၀၁၂ ကနေ မကျော်ဖြတ်နိုင်ရင် ၂၀၁၅ ကိုကျမတို့ရောက်မှာမဟုတ်ပါဘူး။ ကျမတို့အလျှော့အတင်းလုပ် ခဲ့ပါတယ်။ အလျှော့အတင်းလုပ်ပြီးတော့ မှ အောင်မြင်အောင်လုပ်ရမှာဘဲ။



ပင်လုံညီလာခံ


ပင်လုံညီလာခံဆိုတာ ပင်လုံ Agreement အပေါ်မှာအခြေခံမှာ လား။ ပင်လုံစိတ်ဓါတ်အပေါ်မှာ အခြေခံတာ လား။ ပင်လုံသဘော တူညီ ချက် ဟာ ယျေဘုယသဘောဆန်ပါတယ်။ တိတိကျကျရယ်လို့တော့မဟုတ်ပါ ဘူး။ ပြန်ဖတ် ကြည့်မယ်ဆိုရင်တော့ အဓိက ပါနေတာက ကချင်နဲ့ပတ် သက်တဲ့ဟာ ပါတာပါ ။ တခြားတိုင်းရင်း သားတွေနဲ့စာ လို့ရှိရင်တော့ အပိုဒ် ၅ အပိုဒ် ၆ နဲ့အပိုဒ် ၉ မှာ သေသေချာချာကို ကချင်ဆိုပြီးတော့ ဖော်ပြ ထား တာရှိပါတယ်။ ၈ မှာတော့ ရှမ်းကိုဖော်ပြထားပါတယ်။ ရှမ်းကိုဖော်ပြထားရာမှာ လည်း တကယ်တော့ General ဖြစ်ပါတယ်။ ဥပမာ (VIII) The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.


အဲတော့ without prejudice ဆိုတာ အဓိပါယ် အမျိုးမျိုးဖော်လို့ရပါတယ်။ အဲတော့ ပင်လုံစာချုပ်အတိုင်းသွားမယ်ဆို လို့ရှိရင် တောင်မှ လိုတိုးပိုလျှော့ေ တွ အများ ကြီးလုပ်နိုင်တဲ့အခြေအနေရှိပါတယ်။ ဒါဟာကျမတို့အ တွက်ပြ သနာ မဖြစ်နိုင်ပါဘူး။ ပြသနာက တကယ်ကျမတို့ သဘောတူညီမှုယူချင် တယ် ဆိုလို့ရှိရင် ဘာမှပြသနာမရှိပါဘူး။ ကျမက ပင်လုံစိတ်ဓါတ် လို့ပြော တာဟာ ပူးပေါင်း ဆက်ဆဲရေး။ ပူးပေါင်း ခြင်းအားဖြင့်ပေါ့နော်။ ဒါမယ့် ကျမ တို့က စိတ်ဓါတ်ဘဲယူရမယ်။ ဒီထဲမှာ ရှမ်း၊ ကချင်၊ ချင်း၊ ဗမာ ပါတယ်။ မွန်မပါ ကယားမပါ ။ မပါတာတွေအများကြီးဘဲ။ ဒါကြောင့်ကျမက ပင်လုံ စိတ်ဓါတ်ကို အခြေခံပါ လို့ပြောတာ။ ပင်လုံစာချုပ်ကိုအခြေခံမယ်ဆိုရင် ကချင်၊ ချင်း၊ဗမာ၊ ရှမ်း နဲ့ဘဲပြီးသွားရောလားဆိုတာ- မဖြစ်နိုင် ပါဘူး။ နောက် ပင်လုံစာချုပ် ထဲကအတိုင်း လို့မပြောတာဟာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ကန့်သတ် ချင်လို့မဟုတ်ပါဘူး။ပြောရမယ်ဆိုရင် ပင်လုံစာချုပ်က ကျဉ်းလွန်းလို့ပါ။ ဒါ့ထက်ပိုပြီးတော့ ကျယ်ပြန့်ဖို့ ကျမ တို့လိုပါတယ် တကယ့်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုလို့ရှိရင်ပေါ့။


နိဂုံး


နောက်တခုက ဒီ Ceasefire တွေလုပ်မှ အားလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးပြီးမှ ညီလာခံကို စ နိုင်မယ်ဆိုရင် ညီလာခံဘယ်ေ တာ့စနိုင်မလဲ ။ အဲတော့ အဲလိုဆိုလို့ရှိရင် ညီလာခံမဖြစ်မြောက်ချင်တဲ့ အဖွဲ့အစည်းတခုတည်းကနေပြီးတော့ အားလုံးကိုပျက်စီးအောင် လုပ်လို့ရ တယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ ကျမတို့ဒီကိစလည်းလေ့လာပြီးပါပြီ။ အပစ်ရပ်စဲရေးသဘောတူညီချက်တွေထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် ၉၀ ရာခိုင်နှုန်းကလပိုင်းအတွင်း ချိုးဖောက်တယ်။ ဒါတ ကဘာလုံး က အဖြစ် အပျက်ကိုကြည့်လိုက်တာ။ အဲတော့ ကျမအမြဲဘဲပြောတယ်။ အပစ်အခတ်ရပ် စဲရေး ပျက်ဖို့ဆိုတာ ၁ စကန့်ဘဲလိုတယ်။


ကျည်ဆံတတောင့်ထွက်ဖို့ဆိုတာ ၁ စက်ကန့်ဘဲ။ ၁ စက်ကန့်တောင်မရှိဘူး ထင်တယ်။ ကျမတော့ မကျွမ်းကျင် တော့ သိပ်မသိဘူး သေနတ်တွေ ဘာတွေ နဲ့။ ကျွမ်းကျင်တဲ့ဗိုလ်ချုပ်တွေတော့ပိုသိတာပေါ့။ အဲတော့ ဒိုင်း ဆိုတာနဲ့ အပစ်ရပ်က ပြိုကွဲသွားနိုင်တယ်။ ကျည်ဆံတတောင့်ဟာ အပစ်ရပ်ပျက်စီးတဲ့ အခြေအနေကိုဖန်တီး နိုင်တယ်။ အဲတော့ အဲဒီအပေါ်ကို ကျမတို့ရဲ့ငြိမ်းချမ်း ညီလာခံက အခြေခံမှာလား။ အဲတော့ ကျမတို့ရဲ့ ဒီငြိမ်း ချမ်းရေးညီလာခံက သိပ်ကိုအားနည်းသွားပါတယ်။ ဒါကြောင့်ကျမတို့က တမူးတရှူး ကမန်းကတန်း လုပ်ချင် တာမဟုတ်ပါဘူး။


တကယ်ပြောမယ်ဆိုရင်ကျမတို့ ငြိမ်းချမ်းရေးညီလာခံဖြစ်သင့်တာဟာ ရာစုနှစ် တဝက် လောက်ကို ရှိနေပါပြီ။ ဒါကျမတို့ သိပ်ပြီးတော့ ကမန်းကတန်း လုပ်တယ်လို့ပြောလို့မရပါဘူး။ လုပ်ခဲ့တဲ့ လုပ်ခဲ့တဲ့အစဉ်အဆက်တွေ အပေါ်ကျမတို့ အခြေခံတာပါ။ ကျမတို့ ဒီ စပြီးဆွေးနွေးတဲ့ ၂ လ လောက် ကမှ စ တာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ပရောစက်ဆိုတာ ဟိုးကတည်းက လွတ်လပ်ရေး ရ ကတည်းက စတယ် လို့ဘဲပြောလို့ရမှာပေါ့။


လွတ်လပ်ရေးနဲ့အတူတူ ကျမတို့ပြည်တွင်းငြိမ်းချမ်း ရေးကိုဆုံးရှုံးခဲ့တာကိုး။ အဲတော့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်လို့ ကြိုးပမ်းမှုတွေက လွတ်လပ်ရေး သက်တမ်းနဲ့အတူတူဘဲလို့ ကျမတို့ပြောလို့ရပါတယ်။


အဲတော့ကျမပြောလိုတာက လိုချင်တာတွေတောင်းပါ ။ ကျမတို့ပေးမယ်လို့ အာမ မခံဘူး။ ကျမတို့ဆွေးနွေးမယ်။ ဒါပေမယ့် Calculated Risk ဆိုတာ ကိုလည်းယူပါ။ ၁၀၀ ရာခိုင်နှုန်းအာမခံ ချက်ရှိမှလုပ်မယ် ဆိုရင်ကျမတို့ ဘယ်တော့လုပ်ဖြစ်မှာမဟုတ်ဘူး။ ဘယ်တုန်းကမှကျမတို့ ၁၀၀ ရာခိုင်နှုန်းက မရှိခဲ့ပါဘူး။ ဥပမာကျမတို့ ၂၀၁၂ - ၂၀၁၅ မှာ ၀င်ပြိုင်တုန်းက - ၉၀ တုန်းကကြည့်ပါလား ဘာဖြစ်သွားလဲ။ ဘာကြောင့်အခု ၀င်ပြိုင်မှာလဲ- လို့မေးတယ်။


အဲဒီတော့ ခုနကပြောသွားသလိုပေါ့နော်။ အရင်တုန်းက ဖေဖေတို့နဲ့ သဘော တူညီချက်ဟာ နောက်ပိုင်းကျတော့ မတည်ဘူး။ မတည်လို့ အခု နောက် သဘောတူညီချက် အသစ် မယူသင့်ဘူး ဆိုတာ မသင့်ဘူးဆိုလို့ရှိရင် ကျမတို့ က ၉၀ တုန်းက ကျမတို့ရဲ့ရွေးကောက်ပွဲရလာဒ်ဟာ အဟောသိကံဖြစ် သွားလို့ ၂၀၁၂ ၊ ၂၀၁၅ တို့ဟာ အခွင့်အရေး အလွတ်ခံခဲ့ကြမှာလား။


အလွတ်ခံခဲ့ရင်တော့ ကျမတို့မှားမယ်လို့ ပြန်ပြီးတော့သုံးသပ်လို့ရပါတယ်။ မှားမယ်၊ မှန်မယ် ဆိုတာ ၁၀၀ ရာခိုင်နှုန်း ကျမတို့ ပြောလို့မရဘူး။ ကျမတို့စွန့် စားပြီးတော့မှ- တခါ ဖြစ်ပြီးလို့ အမြဲဘဲဖြစ်မယ်လို့ အဲဒီအမြင်နဲ့ဆိုရင်တော့ အရှေ့တိုးလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ ကျမတို့စွန့်စားပြီးလုပ်လိုက်တာပါ။


အသေးစိပ်ဟာတွေနဲ့ပတ်သက်လို့ကတော့ ကျမသိတယ် တိုင်းရင်းသားတွေ နဲ့ဆွေးနွေးရမယ်။ ဘာဘဲဆွေးနွေးဆွေးနွေး Peace Process မှာဝင်နိုင်ရေး ကို ဦးတည်ပြီးတော့ဆွေးနွေးပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။ Peace Process မှာဝင်နိုင်ဖို့ ဒို့ဘယ်လိုလုပ်ကြမယ်။ ဘယ်လို အပေးအယူ လုပ်ကြ မလဲ အဲလိုပုံစံနဲ့ဘဲဆွေးနွေးပါလို့ မေတာရပ်ခံချင်ပါတယ်။


ဒါကြောင့်ကျမတို့က ပင်လုံစိတ်ဓါတ်က အင်မတန်ကျယ်ပြန့်တယ် သဘောတူ ညီချက်ကနဲနဲကျဉ်းတယ်။ အဲတာ ကျမတို့စဉ်း စားပြီးပြေလည်အောင် လုပ်ပါမယ်။
၂၁ ရာစုပင်လုံညီလာခံကိုလည်း အပစ်အခတ်ရပ်စဲရေးမထိုးတဲ့လူတွေကိုလည်း တက်နိုင်တဲ့အနေအထားမျိုး ကိုဖန်းတိးချင်တယ် ဒါမယ့်တန်းတူညီတူတော့ အခွင့်အရေး ပေးလို့မရဘူး။ ဒါကတော့ လက်တွေ့ကျပါတယ်။ ဘာလို့လဲ ဆိုတော့ လက်မှတ်မထိုးတဲ့အတူတူဘဲဆိုရင်တော့ ဘယ်သူကထိုးတော့မှာလဲ။ လက်မှတ်မထိုးတဲ့လူနဲ့ လက်မှတ်ထိုးနဲ့လူနဲ့အတူတူဘဲဆိုရင်တော့ ဘယ်သူကမှထိုးတော့မှာမဟုတ်ဘူး။


အဲ့တော့အဲ့ဟာတခုကတော့သတ်မှတ်ချက်ကတော့ရှိမှာပေါ့။ ဒါပေမယ့် ကျမ တို့က တတ်နိုင်သမျှ အောလ်အင်ကလူးစစ်ဖြစ်အောင်လို့ ဘယ်လိုပုံစံ နဲ့လက်မှတ်မထိုးတဲ့သူတွေ ပါဝင်ပြီးတော့ကျမတို့ ညီလာ ခံဖြစ် မြောက်ရေး အတွက်လုပ်နိုင်မလဲဆိုပြီးတော့ ကျမတို့အဲတာကိုလည်း စဉ်းစားထားပြီး သားပါ။


အကောင်းဆုံးကတော့ လက်မှတ်ထိုးပြီးဝင်လာရင်ကောင်းတာပေါ့။ အဲတော့ လက်မှတ်ထိုးနိုင်အောင်လို့ ဒီ အန်စီအေ အပေါ်မှာပတ်သက်ပြီးတော့ ဘယ်လို အလျှော့အတင်းလုပ်မလဲ။ ဘယ်လိုအဓိပယ်ဖော်မလဲဆိုတာ ကိုကျမက ဦးတည်စေချင်တယ်။ လက်မှတ်မထိုးဘဲနဲ့တက်ရအောင်လုပ်ပေးဆိုရင် ဒါကတော့မတရားဘူး။ လက်မှတ်ထိုးတဲ့လူတွေကပြောမှာပါ ကျနော်တို့ကျတော့လက်မှတ်ထိုးရတယ်သူတို့ကလက်မှတ်မထိုးရဘူး ဆိုရင်ကျမက ဘယ်လိုဖြေရမလဲ။။။။။။

သျှမ်းသံတော်ဆင့်

unread,
Mar 2, 2017, 5:09:16 PM3/2/17
to thuau...@gmail.com

၂၁ ရာစု ပင်လုံညီလာခံ ဒုတိအကြိမ် KNU အပေါ်မူတည်နေ

Posted: 02 Mar 2017 01:22 AM PST

၂၁ ရာစုပင်လုံညီလာခံကို မတ်လလယ်လောက်မှာ ကျင်းပဖို့ အစိုးရက စီစဉ် ထား ပေမယ့် KNU ရဲ့ညီလာခံနဲ့တိုက်နေလို့လက်ရှိမှာ ညီလာခံကျင်းပ မယ့်ရက်အတွက် KNU ဘက်ကတုန့်ပြန် မှုကို စောင့်နေရတယ်လို့ ၂၁ ရာစုပင်လုံ ညီလာခံဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး များအဖွဲ့ဝင် လဲဖြစ်ကျားခေါင်း ပါတီတွဲဖက် အတွင်းရေးမှူး၂ လဲဖြစ်တဲ့ စိုင်းကျော်ညွှန့်ကပြောပါတယ် ။


အစိုးရဘက်က ညီလာခံကို မတ်လ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ ကျင်းပဖို့စီစဉ်ထားပေမယ့် ၁၄ ရက်နေ့ဆိုရင် ကေအဲန်ယူရဲ့ညီလာခံနဲ့တိုက်နေတာကြောင့် ကေအန်ယူနဲ့ ညှိနှိုင်းနေရတဲ့အဆင့်မှာ ဘဲရှိနေတယ်လို့ စိုင်းကျော်ညွန့်ကပြောပါတယ် ။


"သူတို့ညီလာခံသည် တခါတလေ ၁ လလောက်ကြာမြင့်တတ်ပါတယ်။ အဲတော့အစိုးရအနေနဲ့ KNU ကို မစောင့်ဘဲနဲ့လုပ်မှာလားပေါ့။ KNU ဘက်ကတော့ ညီလာခံနဲ့တိုက်နေရင် သူလည်းမတက်နိုင်ဘူး။ KNU ညီလာခံကိုဘဲဆက်လုပ်သွားမယ်လို့ပြောတာတွေရှိနေတယ်။ ဒါကြောင့် ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံ ရက် အတွက် KNU နဲ့ညှိနှိုင်းနေရတဲ့အဆင့်ဘဲရှိပါတယ်" - လို့ စိုင်းကျော်ညွန့်က ပြောပါတယ် ။


သျှမ်းအမျိုးသားအဆင့်ညီလာခံကိုကျတော့ တပ်မတော်နဲ့အစိုးရက မိုင်းတော့ မိုင်းထား မိုင်းပန်မှာလုပ်ဖို့ RCSS နဲ့တွေ့ဆုံစဉ်ပြောဆိုထားပြီး ၊ RCSS အပါအဝင် သျှမ်းပြည်တွင်းအဖွဲ့အစည်းအားလုံးက သဘောမတူ လက်မခံနိုင်ဘဲ တောင်ကြီး သို့မဟုတ် ပင်လုံမှာ လုပ်ဖို့ဘဲ ဆန္ဒရှိနေပါတယ် ။


 ဒီအတွက် အစိုးရ နဲ့ တပ်မတော် ဘက်က တောင်ကြီး နဲ့ ပင်လုံမြို့ မှာ သျှမ်းအမျိုးသားအဆင့် ညီလာခံ ကျင်းပခွင့် ပိတ်ပြင်မယ်ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့ အခက်အခဲ ဖြစ်သွားနိုင်တယ်လို့ သျှမ်းပြည်တပ်မတော် RCSS/SSA ဘက် ကထုတ်ပြန်ကြေငြာထားပါတယ် ။

သျှမ်းပြည်အလယ်ပိုင်း အစိုးရ စာမေးပွဲ သွားဖြေသည့် ကျောင်းကားတိမ်းမှောက်မှု မန္တလေးဆေးရုံရောက် ၄ တန်းကျောင်းသား တဦးထပ်မံသေဆုံး

Posted: 02 Mar 2017 01:09 AM PST

အစိုးရစစ် စာမေးပွဲ သွားဖြေမည့် ကျောင်းကား ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရထားတဲ့ ကျောင်းသား များအနက် မန္တလေးဆေးရုံသို့ ပို့ဆောင်ဆေးကုသရတဲ့ စတုတ္ထတန်းကျောင်းသား လေးတဦး ဟာ  ယနေ့ နံနက်ပိုင်းက ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ် ။

ဓါတ်ပုံ- မန်းတလေးမဆင်းမှီ တောင်ကြီး စဝ်စံထွန်းဆေးရုံတွင်တွေ့ရသော ဒဏ်ရာရရှိသူ ၄ တန်းကျောင်းသား စိုင်းသီဟ
ဖေဖော်ဝါရီလ ၂၀ ရက်မနက် ၉ နာရီအချိန် ၄င်းတို့ နေထိုင်ရာ ရွာမှ မိုင်းကိုင်မြို့သို့ အစိုးရစစ်စာမေးပွဲ သွားဖြေရန် သွား ကျောင်းသား ၂၀ ကျော် တင် ကျောင်းကား(ထော်လာဂျီ) တစီးဟာ ဟမ်းငိုင်းနဲ့ ပန်ကေတုကြားမှာ တိမ်းမှောက်ခဲ့ရာမှာ ယာဉ်မောင်းအပါအဝင် ကျောင်းသူကျောင်းသား ၅ ဦး သေဆုံး ပြီး ၁၇ ဦး ဒဏ်ရပါခဲ့ပါတယ်။ ထိုအထဲမှ အတွင်းလူနာဖြင့် မန္တလေး ဆေးရုံသို့ ပို့ဆောင်ကုသထားတဲ့ စတုတ္ထကျောင်းသား စိုင်းသီဟ ဆိုသူ ယနေ့ နံနက် ၂ နာရီမှာ ထပ်မံသေဆုံးသွားတာဖြစ်ပါတယ် ။


စိုင်းသီဟ ဒီနေ့ မတ်လ ၂ ရက် မနက် ၂ နာရီမှာဆုံးသွားပါပြီ။အခြေအနေက ဖေဖော်ဝါရီလ ၂၈ ရက် ယာဉ်တိမ်းမှောက်တဲ့နေက စလို့ ကနေ့အထိ သတိပြန်လည်ခြင်းမရှိသေးတဲ့ အတွက် ဆရာဝန်တွေက အထူးစောင့်ကြည့်နေရတယ်။ အောက်ဆီဂျင်တွေပေးပြီး ကုသထားနေရတယ် ။ မိဘတွေကတော့ အရူး တပိုင်းဖြစ်နေပြီ- လို့ သွားရောက်ကြည့်ရှုခဲ့တဲ့ မိုင်းကိုင်က ဆရာဝန် လောင်းက ပြောပါတယ် ။


တောင်ကြီးမြို့ သျှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ မြို့နယ် အတွင်းရေးမှူး နန်းမြဦးက - ၄ တန်းကျောင်းသား စိုင်းသီဟ က ၂၂ ရက်နေ့တုန်းက တောင်ကြီးစဝ်စံထွန်းဆေးရုံကိုရောက်လာတယ်။ အခြေအနေအထူးစိုးရိမ်ရလို့ မန်းတလေးဆေးရုံကိုပို့ရတယ်။ အဲ့ချိန်ကတည်းက ဦးနှောက်ထဲသွေးဝင်လို့ သွေးခဲပြီး ဦးနှောက်တဖက်အလုပ်မလုပ်တော့ဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေပြောတယ်။ ကျမတို့ဘက်က တော့ ကူညီနိုင်တဲ့ဘက်က ထောက်ပံ့မှုတွေသွားပေးခဲ့တယ်။ - ဟု သျှမ်းသံတော်ဆင့်ကိုပြောပါတယ် ။


ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မြို့စာစစ်ဌာနမှာ စာမေးပွဲဖြေဖို့အသွားဟမ်းငိုင်းအုပ်စုက ကျောင်းသားလေးများစီးလာတဲ့ ထော်လာဂျီကားမှောက်လို့ ကျောင်းသား ၅ ဦးသေဆုံး ၁၇ ဦး ဒဏ်ရာရပြီး ဒဏ်ရာအပြင်းထန်ဆုံး   စတုတ္ထတန်း ကျောင်းသားစိုင်းသီဟနဲ့ ကျောင်းသူ နန်းဆိုင်ငင်းကို မန်းတလေးဆေးရုံကို ပို့ဆောင်ထားရတာဖြစ်ပါတယ် ။


လက်ရှိမှာ နန်းဆိုင်ငင်းရဲ့ကျန်းမာရေးအခြေအနေက ပတ်ဝန်းကျင်ကပြောစကားကို ခံစားသိရှိကြားနေရပေမယ့် တုန့်ပြန်နိုင်စွမ်းမရှိကြောင်းလည်း ဆွေမျိုးဖြစ်သူတွေထံကနေသိရပါတယ် ။


တောင်ကြီးဆေးရုံမှာဆေးကုသမှုခံယူနေတဲ့   ၈တန်းကျောင်းသူ အမွှာညီအမ နန်းမိုနွန်းနဲ့နန်းမိုနွံ ၊  ၄ တန်းကျောင်းသား စိုင်းယွန်းလူကတော့ ဆေးရုံက ဆင်းခွင့်ရပြီဖြစ်ပေမယ့် ဆရာဝန်ချိန်းဆိုစစ်ဆေးမှုကို  ပြန်ပြဖို့ တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတိုက်မှာဘဲ နားထားနေရတယ်လို့လည်း သိရပါတယ် ။


ကျောင်းကားမှောက်လို့ ဒဏ်ရာရတဲ့ကလေးတွေကို ကျန်းမာရေးပြန်လည်ကောင်းမွန် လာရင်စာမေးပွဲပြန် လည်ဖြေ ဆိုခွင့် ပေးမယ်လို့လည်း လွယ်လင်ခရိုင်ပညာရေးမှူးက ပြောဆိုထားတဲ့အပြင် သျှမ်းပြည်နယ် အစိုးရက လည်း လိုအပ်တဲ့ အကူအညီတွေ ပေးကမ်းထောက်ပံ့သွားမယ်လို့ ပြောပါတယ် ။

သျှမ်းသံတော်ဆင့်

unread,
Mar 4, 2017, 5:11:33 PM3/4/17
to thuau...@gmail.com

မဲပေးခြင်းဗဟုသုတများ ကျေးလက်လူထု လိုအပ်ဆဲဟု SNLD ပြော

Posted: 03 Mar 2017 08:42 PM PST

လာမည့်ဧပြီလတွင် ကျင်းပရန်အစိုးရစီစဉ်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် သျှမ်းပြည်အတွင်း လစ်လပ်မဲဆန္ဒနယ် များတွင် ၀င်ရောက်ယှဉ်ပြိုင် မည့် နိုင်ငံရေးပါတီများ စည်းရုံးရေးဆင်းလျှက်ရှိရာ ကျေးလက်ဒေသလူထုမှာ မဲပေးခြင်း ဗဟုသုတနှင့်အလှမ်းဝေးမှုများရှိနေသေးကြောင်း ကျားခေါင်း ပါတီပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ဓါတ်ပုံ- ကျားခေါင်းပါတီ၏ မဲဆွယ်စည်းရုံးရေးခရီးတနေရာ (Photo: Sai Hak)
သျှမ်းပြည်အတွင်းလစ်လပ်မဲဆန္ဒနယ် ၈ နေရာအနက် ၀င်ရောက် ယှဉ်ပြိုင်မည့် ရ နေရာအတွက် သျှမ်းပါတီကြီး ၂ ခုဖြစ်သည့် ကျားခေါင်းပါတီ SNLD နှင့် ကျားဖြူပါတီ SNDP တို့ ဖေဖော်ဝါရီလ နှောင်းပိုင်းက စပြီး အသီးသီး စည်းရုံးဆင်းနေလျှက်ရှိရာ ကျေးသီးမြို့နယ်အတွင်းရောက်ရှိနေသည့် SNLD ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်ကပြောသည်။


“တချို့တွေဆိုရင်အသက် ၅၀ ကျော်ပြီ။ မဲပေးခြင်းအတွေ့အကြုံမရှိသေးဘူး။ မဲပေးမှုဗဟုသုတ မရှိသေးဘူး။ ဒါကြောင့်မိဘပြည်သူတွေ နိုင်ငံရေး အသိကြွယ်ဝ လာအောင် မဲပေးမှုဗဟုသုတကြွယ် ၀အောင် တွေ့ဆုံ ရှင်းပြလုပ်ဆောင်ပေးရမှာက နိုင်ငံရေးပါတီတွေရဲ့ တာဝန်ဖြစ်ပါ တယ်။ လူထုက ဒီအကြောင်းကောင်းကောင်း နားလည်မှ ရွေးကောက်ပွဲ မှာလူထုဆန္ဒအစစ်အမှန်ကိုရရှိမှာဖြစ်ပါတယ်” - ဟု စိုင်းလိတ်က ပြောသည်။


ရွေးကောက်ပွဲဝင် မဲထည့်ခြင်းအခွင့်အရေး သည်လူတိုင်း၏ အခွင့် အရေးဖြစ်ကြောင်း၊ အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲပေးခွင့်ရှိပြီး အသက် ၂၅ ပြည့်ပြီးပုဂ္ဂိုလ်တိုင်းသည် ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော် အမတ်အဖြစ် ၀င်ယှဉ်ပြိုင်ခွင့်ရှိရကြောင်း၊ အမျိုးသားလွှတ်တော် အမတ် မင်းနေရာတွင်မူ အသက် ၃၅ နှစ်ပြည့်မှ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရှိ သည်ဟုဆိုသည်။


ကျားခေါင်းပါတီအနေဖြင့် ဖေဖော်ဝါရီလလယ်ကတည်းက မတ်လ ၁၆ ရက်နေ့အထိ ပထမအသုတ်အနေဖြင့် ကျေးသီး မိုင်းရှူး နှင့် ကျိုင်းတုံမြို့နယ်အတွင်း စည်းရုံးရေးဆင်းနေပြီး မတ်လလယ်ပိုင်းမှ လကုန်အထိ ဒုတိယအသုတ်အဖြစ် စည်းရုံးရေးဆင်းကြဦးမည်ဖြစ်ကြောင်း သိရသည်။


သျှမ်းပြည်အတွင်း မိုင်းရှူးနှင့်ကျေးသီးမြို့နယ်များရှိ လစ်လပ်နေရာ ၆ နေရာတွင် ကျားဖြူပါတီ၊ ကျားခေါင်းပါတီ၊ ကြံ့ခိုင်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။


၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွင် အဆိုပါမြို့နယ် အတွင်းနေထိုင်သည့် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအား အစိုးရတပ်မတော်မှ အင်အားအလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်သောကြောင့် မဲဆန္ဒရှင် တသိန်းနီးပါး မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ကြသည်။


ကျားခေါင်းပါတီ SNLD သည် ၁၉၉၀ ရွေးကောက်ပွဲက သျှမ်းပြည်နယ်အတွင်းမဲအများဆုံးဖြင့်အနိုင်ရရှိခဲ့သော ပါတီဖြစ် သည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခြင်းမရှိသဖြင့် လူထုနှင့် ၁၅ နှစ်ကြာဝေး ကွာခဲ့ရာမှ ၂၀၁၅ ပြည်လုံးကျွတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရာမှာ လွှတ်တော်အမတ် ၄၀ ဦး ဖြင့် သျှမ်းပြည်အတွင်း ဒုတိယ အနိုင်ရရှိခဲ့သည့်ပါတီဖြစ်သည်။

မြန်မာ့ကူးပြောင်းရေးအတွက် အီဂေါပြောခဲ့တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအစိုးရ

Posted: 03 Mar 2017 08:34 PM PST

ပည်လုံးကျွတ် ရွေးကောက်ပွဲက ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တာ ဖြစ်တဲ့အတွက် အစိုးရရဲ့ မူဝါဒရေးရာ စက်ဝန်းအရ တွက်မယ်ဆိုရင် အခု မတ်လဟာ တစ်နှစ်ခွဲနီးပါး ကာလကို ချဉ်းနင်း ၀င်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ မတ်လ ကုန်ရင်ပဲ အစိုးရ သစ်တက်သမ်းဟာ တစ်နှစ်ပြည့်လာတော့မှာပါ။   ခုနစ် သက္ကရာဇ်တစ်ခု ပြောင်းလာတိုင်း ပြည်သူတွေရဲ့ ပြန်လည် သုံးသပ်မှုတွေက နိုးထလာတတ်သလို ၂၀၁၅ ဆိုတဲ့ ကိန်းဂဏန်းနဲ့ ၂၀၁၇ ဆိုတဲ့ ခုနစ် ကိန်းဂဏန်းကလည်း လှုပ်လှုပ်ရွရွ ဖြစ်စေနိုင်တဲ့ ကာအကွာဝေး တစ်ခုကို ညွှန်းဆိုပြမှု ဖြစ်နေပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပဲ မျှော်မှန်း ထားသလောက် မအောင်မြင်တာတွေ ရှိတယ်လို့ ၀န်ခံထားသလို တချို့နေရာတွေမှာလည်း အောင်မြင်တာတွေ ရှိတယ်လို့ ဇန်နဝါရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူငယ်တွေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ စကားဝိုင်းမှာ ပြောဆိုထားပါတယ်။


ကဏ်ဏ္ဍ အလိုက်ကြည့်မယ် ဆိုရင်နိုင်ငံခြားရေးကဏ်ဏ္ဍအရ အောင်မြင်တာ ဆန်ရှင်ပိတ်ဆို့မှု လွတ်ကုန် တာကလွဲလို့ လူမှုစီးပွားကဏ်ဏ္ဍမှာ တုံ့နှေးခဲ့တာက အထင်းသားမြင်နေရပါတယ်။ ကုလသမဂ္ဂမှာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သား အစိုးရတက်လာတဲ့အတွက် ကြားနာဆွေးနွေးမှု ရပ်နားခဲ့ပေမယ့် ပဋိပက္ခတွေနဲ့အတူ လူ့အခွင့်ရေး ကိစ္စ အော်ဟစ် သံ ပြန်လည် ကျယ်ပြန့်လာတာတွေက လက်တွေ့ ပကတိမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ရာဇဝတ်မှုတွေ ထူပြော လာခဲ့သလို အမျိုးသား ရေးဝါဒီတွေလည်း ဆက်လက် ခေါင်းထောင်နေ ဆဲ ဖြစ်ပါတယ်။ ၂၁ ပင်လုံလို ညီလာခံကို ပထမအကြိမ် ကျင်းပခဲ့ပေမယ့် ကျင်းပပြီးနောက်မှာပဲ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့တာ မြောက်ပိုင်း မဟာမိတ် လေးဖွဲ့ရဲ့ တန်ပြန်ပူးပေါင်း တိုက်ခိုက်မှုဟာ နှစ်များစွာအတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေ စုပေါင်း တန်ပြန်တိုက်ခိုက်တဲ့ သမိုင်းဝင်ဖြစ်စဉ် တစ်ရပ်လို့ ပြောလို့ရပါတယ်။ ရခိုင်အရေးနဲ့ မြောက်ပိုင်း လက်နက်ကိုင် အရေးတွေကြောင့်ပဲ ၂၀၁၇ ခုနစ်အတွင်း ကမ္ဘာနဲ့အဝှမ်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သတိထား စောင့်ကြည့်ရမယ့် နိုင်ငံတွေ စာရင်းမှာ နံပါတ် ၈ နေရာအဖြစ် အိုင်စီဂျီ အဖွဲ့တာဝန်ရှိသူက ထည့်သွင်း သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲနိုင်လို့ အပျော်ကြီးပျော် ခဲ့တဲ့ ပြည်သူတွေလည်း သို့လော ၊ သို့လော ဖြစ်လာနေတဲ့ အချိန် ရောက်လာနေပြီဖြစ်ပြီး ဆင်သေကို ဆိတ်သားရေနဲ့ မဖုံးသင့်တဲ့ အချိန်ဖြစ်ပါတယ်။ အသွင်ကူးပြောင်းမှု အောင်မြင်ရေးမှာ အရေးအကြီးဆုံးက ပဋိပက္ခ မဖြစ်ဖို့ပဲဖြစ်ပါတယ်။


ပြည်တွင်းစစ်လွန်နိုင်ငံတွေမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့အတူ ဒီမိုကရက်တိုက်ဇေးရှင်းကို တစ်ပြိုင်နက်တည်း တည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေဟာ ၁၉၉၀ ကျော်ကာလတွေမှာ ကမ္ဘာနဲ့ အဝှမ်းခေတ်စား ခဲ့တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။မတူညီတဲ့ လူ့အဖွဲ့စည်းတွေရဲ့ နှုန်း၊ စံ ၊ ယဉ်ကျေးမှု ၊ နိုင်ငံရေးဓလေ့နဲ့ ရုပ်လက္ခဏာတွေ ထည့်တွက်စရာ မလိုဆိုတဲ့ သဘောနဲ့ အကောင်ထည်ဖော်ဖို့ ကြိုးစားခဲ့ကြတယ်။ လစ်ဘရယ် ငြိမ်းချမ်းရေး အယူအဆလို့ အမည်ပေးကြတဲ့ အဲဒီအယူအဆနဲ့ ပြည်တွင်းစစ်လွန် လူ့အဖွဲ့အစည်းတွေကို အလျင်အမြန် လစ်ဘရယ်လိုက်ဇေးရှင်း လုပ်တာ ၊ ဈေးကွက်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တစ်ပြိုင်နက်တည်း လုပ်တာတွေက တည်ငြိမ်မှု ထိခိုက်စေတယ်လို့ သတိပေးတာတွေလည်း ရှိတယ်။ နိုင်ငံရေး ၊ လူမှုရေးနဲ့ စီးပွားရေး ပြိုင်ဆိုင်မှုတွေကြောင့် ရှိပြီးသား ကွဲလွဲတင်းမာမှုတွေက လစ်ဘရယ်လိုက်ဇေးရှင်း အရှိန်နဲ့ ပိုပြီး ဆိုးဝါးလာနိုင်ပြီး ဒီမိုကရက်တိုက်ဇေးရှင်း အတွက် မရှိမဖြစ်လိုအပ်ချက် Social cohesion လူ့အဖွဲ့အစည်းအတွင်း သွေးစည်း ညီညွတ်မှု ပျက်ပြား စေနိုင် တာကြောင့် ဖြစ်တယ်လို့ အကဲဖြတ်ကြပါတယ်။


တကယ်လည်း အဲလို လုပ်ရပ်အများစု ကြိုးပမ်းအားထုတ်မှုတွေက မအောင်မြင်ခဲ့ပါ။ ၁၉၈၉ ကနေ ၂၀၀၅ အကြား ကုလက ဦးဆောင်ပြီး နိုင်ငံ ၁၉ နိုင်ငံမှာ လုပ်ခဲ့တဲ့ ပြည်တွင်းစစ်လွန် ဒီမိုကရက်တိုက်ဇေးရှင်း လုပ်ငန်းတွေ က ဒီမိုကရေစီ စနစ်ပေါ်ထွန်း အခြေတည် လာအောင် ဆောင် ရွက်နိုင်တဲ့ အထောက်အထား နည်းလွန်းလှ တယ်။ ပြည်တွင်း စစ်လွန် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်အစပြုတဲ့ ကိုဆိုဗို ၊ ရဝမ်ဒါနဲ့ ဘူရွန်ဒီနိုင်ငံတွေက ငါးနှစ်အကြာမှာပဲ လုံးဝ အာဏာရှင်စနစ်ကို ပြန်ကျသွားသလို ကမ္ဗောဒီးယား ၊ ဟေတီနဲ့ ဘိုလီးဗီးယား ဘော့စနီးယား နိုင်ငံတွေက ရွေးကောက်ပွဲ အာဏာရှင်စနစ်ကို ကျသွားတယ်။ အနည်းငယ်အဖြစ် ခရိုအေးရှား နမီးဗီးယားတို့လောက်ပဲ လစ်ဘရယ် စံနှုန်းညီ ဒီမိုကရေစီ နိုင်ငံတွေအဖြစ် ကူးပြောင်း သွားနိုင်ခဲ့တယ်။ ပြည်တွင်းစစ်နဲ့ ပဋိပက္ခွလွန် နိုင်ငံတွေမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ဖို့ ဆိုရင် ( က ) နိုင်ငံရေးအရ တည်ငြိမ်ဖို့ ( ခ) ပဋိပက္ခ ဖြစ်စဉ်ထဲမှာ ပါဝင်နေသူတွေ အားလုံး ကိုယ်စားပြုမှု ရှိရှိနဲ့ ပဋိပက္ခ ဖြေရှင်းမှုနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ဖို့ (ဂ) ပဋိပက္ခဆပွားကိန်း တိုးမလာစေဖို့ ( ပဋိပက္ခတွေက ဖြစ်လိုက်ရင် ဆပွားတိုးတက်လာပြီး ထိန်းရခက်တတ်တာကြောင့် ) (ဃ) ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲဖို့ ဆိုတဲ့ ကိစ္စတွေက အရေးကြီးတယ်လို့ အန်နားဂျပ်စတစ်နဲ့ တီမိုတီဆစ်တို့လို ပုဂ္ဂိုလ်တွေက ရေးသားထားတဲ့ From War to Democracy လို စာအုပ်တွေမှာ ဖော်ပြထားတယ်။ မြန်မာမှာ အဓိက လိုအပ်မှုတွေအဖြစ် အသွင်ကူးပြောင်းရေး ကာလ တည်ငြိမ်ဖို့အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရကို ဖွဲ့စည်းဖို့နဲ့ ပဋိပက္ခတွေမှာ ပါဝင်နေသူတွေကို ခြွင်းချန်မထားဘဲ ငြိမ်းချမ်းရေး ဖြစ် စဉ်ထဲ ပါဝင်စေဖို့ ဆိုတဲ့ ကိစ္စရပ်တွေက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက အကြံပြုမှု တွေ ရှိခဲ့ပြီး ဖြစ်တယ်။


တိုင်းရင်းသားတွေနဲ့ အရပ်သား အစိုးရအကြား သော်လည်းကောင်း၊ အခြားသော လူနည်းစု အုပ်စုဝင်တွေနဲ့ အစိုးရ အကြားမှာ သော် လည်းကောင်း ယုံကြည်မှု လျော့နည်းလာခဲ့တဲ့ ကိစ္စရပ်တွေက အစိုးရ ဖွဲ့စည်းမှု အပေါ် စတင် အခြေပြုခဲ့တယ်လို့ ကောက်ချက်ချနိုင်တယ်။


နိုင်ငံရေးအရ ကျေကျေလည်လည် ညှိနှိုင်းပြီး အားလုံးပါဝင်နိုင်တဲ့ အစိုးရ တစ်ရပ်ပေါ်ဖို့ဟာ အရေးကြီးတယ် ။ ဒါမှသာနိုင်ငံရဲ့ မြောက်မြားစွာသော လူ့အခွင့်အရေး ပြသ၁နာတွေကို ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းနိုင်မယ် လို့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက မြန်မာ့အရေး လေ့လာသူ ပညာရှင်တွေက ထောက်ပြထားပါတယ်။


အဲဒီအထဲက ဒီမိုကရေစီနဲ့ ယဉ်ကျေးမှုရေးရာ သုတေသန စင်တာက သုတေသနအရာရှိ အီဂေါဘလာဇီဗစ် က ရွေးကောက်ပွဲ မတိုင်မီ ခန့်မှန်းခဲ့တဲ့ အစိုးရသစ်ဖြစ်နိုင်ခြေ အချက်လေးချက်ထဲက သုံးချက်ကို လေ့လာကြည့်ရအောင်ပါ။ ( ဒုတိယ ) (တတိယ) (စတုတ္ထ ) တို့ကို လေ့ ဖော်ပြပါ့မယ်။


ဒုတိယဖြစ်နိုင်ခြေ ။ ။ NLD က ရွေးကောက်ပွဲကို အပြတ်သတ်နိုင်သွားပြီး အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ဖိအား ပေးလာတယ်။ ဆန္ဒခံယူမှုတွေ ကျင်းပပြီး အခြေခံ ဥပဒေပြင်ဖို့ လုပ်လာမယ်။ အဲဒီအခြေအနေဆိုရင် အခြေအနေ မတည်မငြိမ် ဖြစ်လာအောင် ကိရိယာမျိုးစုံကို စစ်တပ်က သုံးလာမှာစိုးရိမ်တယ်။ လူမှုအသိုက်အဝန်း အကြမ်းဖက်မှုတွေကို အသုံးချလာမှာ စိုးရိမ်တယ်။ အခြေအနေတွေကို အကြီးအကျယ် မတည်ငြိမ်အောင် ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေကိုလည်း အသုံးချလာမှာ စိုးရတယ်။ မြောက်ပိုင်းဒေသက တိုင်းရင်းသား ပဋိပက္ခတွေ ပြန်လည် အရှိန်မြင့် လာနိုင်တယ်။ ဘင်္ဂလားဒေ့ရှ် ခြိမ်းခြောက်မှု ၊ တရုတ်ခြိမ်းခြောက်မှု ပြန်ပြီး အသက်သွင်းလာနိုင်တယ်။ NLD ပါတီ ရွေးကောက် ပွဲ နိုင်ရုံနဲ့တော့ စစ်တပ်က နောက်တစ်ကြိမ် အာဏာပြန်သိမ်းမယ် မထင်ပါဘူး။ သူခန့်မှန်းတဲ့ ဖြစ်နိုင်ခြေ လေးခုထဲ မှာ ဖြစ်နိုင်ခြေ အနည်းဆုံး အချက်လို့ သူက ဆိုထားပါတယ်။


တတိယ ဖြစ်နိုင်ခြေ ။ ။ NLD က ရွေးကောက်ပွဲ နိုင်သွားပေမယ့် အခြေခံဥပဒေပြင်ဆင်မှု တွန်းအားပေး လုပ်မလာဘူး ဆိုတဲ့ အခြေအနေပါ။ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကို စစ်တပ်က အုပ်ချုပ်ခွင့် ပြုလိုက်ပါတယ်။ ဒါပေမဲ့ တက်လာတဲ့ အစိုးရ အင်အားချည့်နဲ့သွားအောင် လုပ်ဖို့ အခွင့်ရေးကို အမြဲတမ်း စောင့်နေနိုင်ပါ တယ်။ အစိုးရအသစ် ဒုက္ခရောက်သွားမယ့် အခြေအနေ အကြောင်းအရာတွေလည်း အများကြီးပါ။ အဓိက အချက်တွေကိုတော့ ဒီလိုမြင်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စဖို့ လိုပါလိမ့်မယ်။ ဒါပေမဲ့ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား အစိုးရက ညပ်နေနိုင်ပါတယ်။ ဒါကြောင့် အလွယ်တကူ ဒုက္ခ ရောက်သွားနိုင်ပါတယ်။ ဘာသာရေး အစွန်းရောက်ဝါဒ ၊ မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းတွေ ၊ တရုတ် ဆန့်ကျင်ရေး တွေကို အစိုးရသစ်က နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ချင်မှ ကိုင်တွယ်နိုင်ပါလိ့မ်မယ်။ ကုန်ပစ္စည်းတွေ ဈေးသက်သက်သာသာနဲ့ ၀ယ်ချင်သူတွေ ၊ အလုပ်အကိုင်အသစ်တွေ ၊ လစာကောင်းကောင်း လိုချင်သူတွေ ၊ လမ်းပန်း ဆက်သွယ်ရေး ၊ လျှပ်စစ်မီး ၊ သောက်သုံးရေ ၊ မြေယာ ၊ ပညာရေး ၊ ကျန်းမာရေးစတဲ့ ကိစ္စရပ်တွေကို ချက်ချင်း လက်ငင်းနဲ့ ကောင်းကောင်း မွန်မွန် လိုချင်သူတွေက ဖိအားပေးလာနိုင်ပါတယ်။ ဖိအားမျိုးစုံအောက်မှာ အစိုးရ ကျရောက်သွားနိုင်ပါတယ်။ မြန်မာလိုနိုင်ငံမှာ ဘယ်အစိုးရကမှ ချက်ချင်းလက်ငင်း ကောင်းသွားအောင် ဖြေရှင်းပေးသွားနိုင်မှာ မဟုတ်ပါ။ စစ်တပ်က အစိုးရသစ် လူကြိုက်နည်းအောင်လုပ်ပြီး ဒုက္ခရောက် ပျက်စီးသွားမယ့် အချိန်ကို အသာလေး စောင့်နေရုံပါပဲ။ အစိုးရသစ်တက်လာပြီး အဲဒီလိုရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရတွေ လူထုစိတ်ကျေနပ်အောင် အုပ်ချုပ်နိုင်မှု မရှိတာ နိုင်ငံအများစုမှာ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ တစ်ဖက်မှာ လူထုက မျှော်လင့်ချက် အရမ်းကြီးမားနေပြီး တစ်ဖက်မှာတော့ လက်တွေ့အခြေအနေက တကယ့်ကိုပဲ ပြင်းထန် နက်ရှိုင်းနေပါတယ်။ အဲဒီလိုသာ ဖြစ်လာမယ်ဆိုရင် စစ်တပ်နဲ့ စစ်သားဟောင်းတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေက တိုင်းပြည် တည်ဆောက်ရေးအတွက် သူတို့ မရှိရင် မဖြစ်ဘူးဆိုတာ ပြောဆို လာနိုင်ပါတော့မယ်။


စတုတ္တဖြစ်နိုင်ခြေ ။ ။ NLD ရွေးကောက်ပွဲနိုင်သွားပြီး အားလုံးပါဝင် တဲ့ နိုင်ငံရေးအရ အင်အားစု တော်တော်များများ ကိုယ်စားပြုတဲ့ သဘောတူညီမှုရထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရကို ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီအစိုးရသစ် ထဲမှာ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ဗိုလ်ချုပ်ဟောင်းတွေလည်း ပါဝင်ပါမယ်။ စစ်တပ်နဲ့ တိုင်းရင်းသား ပါတီတွေ ဟန်ချက်ညီ အာဏာခွဲဝေရေး သဘောတူ ညီချက်ကို NLD က အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ပါ တယ်။ ရွေးကောက်ပွဲအလွန် အသွင်ကူးပြောင်းရေး ပဋိညာဉ်ကိုလည်း အဓိက အကျိုးသက်ဆိုင်သူတွေ အကြား ဖန်တီးလိုက်နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ စိတ်ဝမ်းကွဲပြားမှုတွေကို ထိပ်တိုက်တွေ့နိုင်တဲ့ အလားလာတွေကိုလည်း လျှော့ချနိုင်ပါတော့တယ်။ နိုင်ငံရေးရာသီဥတု ကောင်းမွန်တာကြောင့် အစိုးရသစ်က စီးပွားရေး တိုးတက်အောင်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရအောင် အဓိက အာရုံစိုက် လုပ်ကိုင်နိုင်ပါတော့တယ်။ စီးပွားရေး ပေါ်လစီတွေက အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လယ်သမားတွေ အတွက် ဦးစားပေး လုပ်ကိုင်ကြပါလိမ့်မယ်။ နိုင်ငံတကာ ဘဏ်ဏ္ဍာရေး အဖွဲ့ကြီးတွေရဲ့ အကူအညီနဲ့ အစိုးရသစ်က လျှပ်စစ်မီး၊ ရေနဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရေးတွေလို ရည်မှန်းချက် ကြီးမားတဲ့ ကိစ္စတွေကို စတင်ဆောင်ရွက် လာနိုင်ပါမယ်။ လူ့အခွင့်အရေး ပြသ၁နာတွေကို ဖြေရှင်းလာနိုင်မယ်။ ပညာရေး ၊ ကျန်းမာရေး ကဏ်ဏ္ဍကိုလည်း ဦးစားပေးနိုင်မှာပါ။ အစိုးရသစ်အတွက် ကြီးမားတဲ့ တာဝန်တစ်ခုကတော့ တိုင်းရင်းသား လူနည်းစု အုပ်စုဝင်တွေကို နိုင်ငံတော် အင်စတီကျူးရှင်တွေထဲမှာ အရေးအတွက် များများ ထည့်သွင်း ခန့်အပ်ဖို့နဲ့ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရေး ဖြည်းဖြည်း ချင်းနဲ့ သေချာအောင် လုပ်ကိုင်သွားဖို့ပါပဲ။ ဘယ်သူပဲ အစိုးရသစ်ဖြစ်ဖြစ် လုပ်သင့်တာတွေချည်းပါ။ အဲဒီလိုမျိုး လုပ်နေတာနဲ့အတူ အပြိုင် လွှတ်တော်နဲ့ တခြားနိုင်ငံအဆင့် တွေ့ဆုံဆွေးနွေးရေး အင်စတီကျူးရှင်းတွေက တိုင်းပြည် အနာဂတ်နဲ့ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် မြန်မာနိုင်ငံကို ဘယ်လို ဖွဲ့စည်းသင့်တယ် ဆိုတာ ဆွေးနွေးနေ ပါလိမ့်မယ် ဆိုပြီး အီဂေါဘလာဇီဗစ်က ရေးသားခဲ့ပါတယ်။


အခု အခြေအနေကတော့ သိတဲ့အတိုင်းပါပဲ။ လက်ရှိအစိုးရဟာ အသွင်သဏ်ဏ္ဍာန်အရ အားလုံးပါနေတာ မှန်ပေမယ့် နိုင်ငံရေးအရ အဓိကကျတဲ့ အုပ်စုတွေအားလုံး သဘောတူမှုနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရ ဟုတ်မဟုတ် ဆိုတာ ပြန်လည် ဆန်းစစ်စရာတောင် မလိုတော့တဲ့ အချိန်ပါ။ အခု ကချင် ၊ ရှမ်း ၊ မွန်၊ ရခိုင်တို့လို ပြည်နယ်တွေကို ကြည့်ရင် တိုင်းရင်းသားတွေက ဗဟိုအစိုးရကို သံသယဝင်နေတာ ငြင်းမရနိုင်တဲ့ အခြေအနေပါ။ ရှမ်းနဲ့ ရခိုင်က လွဲလို့ ကချင် ၊ မွန်တို့လို နေရာတွေဟာ NLD အများစု နိုင်ခဲ့တဲ့ နေ ရာတွေ ဖြစ်သော် လည်း အောက်တိုဘာလ အတွင်းက စစ်ပွဲရပ်ရေး အတွက် ကချင် လွှတ်တော် အမတ် ၂၆ ဦးက ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာက ဥပမာပြစရာ အချက်အဖြစ် ရှိနေပါတယ်။ တစ်ချိန်က နိုင်ငံတကာ အသိုင်းအဝိုင်းကနေ တရားဝင်သူတွေအဖြစ် သတ်မှတ်မှု နည်းပါးခဲ့သူတွေက တရားဝင်မှု မြင့်လာခဲ့ပေမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ အခြေခံအုတ်မြစ်တွေဖြစ်တဲ့ တစ်ချိန်က ခံစားခဲ့ရတဲ့ ပြည်သူတွေကို ကျူးလွန်သူတွေက ပြန် လည်တောင်းပန် ကျေအေးပေးမှု ၊ သိမ်းထားတဲ့ မြေတွေ ပြန်လည် စွန့်လွှတ်တာ ၊ အငြင်းပွားဖွယ် လူထုလက်မခံတဲ့ စီမံကိန်းတွေကို နိုင်ငံ တကာ စံနှုန်းတွေနဲ့ မညီတဲ့အတွက် ရပ်ဆိုင်းတာ ( သို့မဟုတ် ) လူထုကျေနပ်အောင် စာချုပ်ပြင်ဆင် ချုပ်ဆိုနိုင်မှုအပါဝင် ပြည်သူ အခြေပြု အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အဓိကကျတဲ့ တရားမျှတမှုနဲ့ ပြန် လည်သင့်မြတ်ရေး အစီစဉ်တွေ မလုပ်ဆောင် နိုင်သေးပါဘူး ၊ လူ့အခွင့်ရေးအရ ထောက်ပြစရာ ဖြစ်နေတဲ့ ၆၆- ဃ လိုပုဒ်မတွေ ကိစ္စကလည်း ဒီမိုကရေစီအရ မေးခွန်းထုတ်စရာ ရှိတဲ့ အခြေအနေ ဖြစ်နေ ပါတယ်။


ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ရခိုင်အရေးတွေမှာ အစိုးရသစ်အနေနဲ့ အရေးကြီးတဲ့ အသေးစိတ် တွက်ချက်မှုတွေလုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ICG ရဲ့ ၂၀၁၆ ခုနစ်အတွက် မြန်မာ့အရေး ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားသလို တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ အစိုးရ ဖွဲ့ရေးလို ကိစ္စကိုလည်း ထောက်ပြ ထားတာ တွေ့ရပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ကတိကဝတ်တွေ ကလည်း အိပ်မက်အဆင့်မှာပဲ ရှိနေဆဲပါပဲ။ တပ်မတော်ရော တိုင်းရင်းသား လက်နက်ကိုင်တွေကပါ လူ့အခွင့်ရေး ချိုးဖောက်မှုပြုလုပ်နေကြပြီး တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မှုတွေ ကလည်း အစိုးရရဲ့ ဗဟိုပါဝါ ထိန်းနိုင်မှုအတွက် မေးခွန်းတွေနဲ့အတူ စိန်ခေါ်မှု အဖြစ် ရှိလာပါတယ်။ တစ်ချိန်တည်းမှာ လည်း နိုင်ငံရေးအရ လူမျိုးစုပါတီတွေရဲ့ အမှတ်သရုပ်လက္ခဏာ အခြေပြု ပါဝါ တည်ဆောက်ရန် ကြိုးပမ်းမှုနဲ့အတူ ၊ မျိုးနွယ်စု ပါတီတွေတောင် နေရာမပေးနိုင်တာ စစ်ရေးအရ တည်ဆောက်မယ်ဆိုတဲ့ အယူအဆတွေက မျိုးနွယ်စု လက်နက်ကိုင်တွေမှာ အားကောင်း လာတာလည်း သူတို့ရဲ့ တပ်ဖွဲ့ဝင် အရေအတွက် ကိန်းဂဏန်းတွေက ငြင်းမရတဲ့ အချက်အဖြစ် ရှိနေပါတယ်။


ငြိမ်းချမ်းရေးမှာ အားလုံးပါဝင်ဖို့ လိုနေပေမယ့် အခုအချိန် ၂၁ ပင်လုံ ဒုတိယ အကြိမ်နီးလာချိန်အထိ NCA မထိုးထားသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့အထိ ရှိနေသလို အားလုံးပါဝင်ခွင့် ရဖို့လည်း မသေချာသေးပါဘူး။ နိုင်ငံတော်ဖြစ်စဉ် တည်ဆောက်မှုတွေမှာ အင်အားပြသိမ်းသွင်း တိုက်စရာမလိုတဲ့ Coercive နည်းလမ်းတွေကို ရှောင်တဲ့ နည်းလမ်းတွေ ရှိတတ်ပေမယ့် အထက် ဖော်ပြပါ အချက်တွေထဲမှာ လွဲချော်အားနည်းမှုတွေ ရှိခဲ့တဲ့ ပဋိပက္ခလွန် ( သို့မဟုတ် ) ပဋိပက္ခ တစ်ပိုင်းတစ်စနဲ့ အသွင်ကူးပြောင်းဖို့ ကြိုးစားတဲ့ နိုင်ငံတွေက မအောင်မြင်တတ်ပါ။ အောင်မြင်ခြေ နည်းလွန်းလှတယ်။ ဒီမိုကရက်တိုက်ဇေးရှင်းမှာ ခေါင်းကိုင် ဖခင်လို့ ဆိုနိုင်တဲ့ ပါမောက္ခ ဂီယာနိုဒီယာကတော့ “ ဒီမိုကရေစီ အပြောင်းအလဲမှာ လက်တွေ့မဖြစ်နိုင်တာက မစမိပါစေနဲ့ ၊ အကျိုးရလဒ်ထွက်ဖို့ အကောင်းဆုံး နယ်ပယ်ကနေ စပါ” လို့ ဆိုထားပါတယ်။ အီဂေါပြောတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရက လွယ်လွယ်ကူကူ ဖြစ်နိုင်ခဲ့တဲ့ စိတ်ဝမ်းကွဲမှုတွေကို ကုစားကာ ယုံကြည်မှု တည်ဆောက်နိုင်မယ့် လက်တွေ့ကျတဲ့ ခြေလှမ်းအဖြစ် ရှိနေခဲ့ပါတယ်။ တောင်အာဖရိက အသွင်ကူးပြောင်းရေး အောင်မြင်မှုမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရ ဖွဲ့စည်းနိုင်မှုက အတော်လေး အရေးပါခဲ့တာ ဖြစ်ပြီး မင်ဒဲလားအုပ်ချုပ်တဲ့ ကာလအတွင်း ကြီးမားတဲ့ ပဋိပက္ခတွေ မကြုံတွေ့ရခဲ့တာ ဖြစ်ပါတယ်။

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင် 

သီပေါမြို့နယ်က အုပ်စုအတွင်းရေးမှူးတဦးပစ်သတ်ခံရ - အခြားအုပ်ချုပ်ရေးမှူးများ မိမိလုံခြုံရေးစိုးရိမ်

Posted: 03 Mar 2017 08:15 PM PST

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် နမ့်မအုပ်စုအထွေထွေ အတွင်းရေးမှူး၊ နားကွန်ရွာသူကြီး ဦးစိုင်းစံဖေ ပစ်သတ်ခံရမှုအား အမှုမှန်ပေါ်သည်အထိ ဆောင်ရွက်ပေးခြင်းမရှိပါက လုံခြုံရေးအတွက် စိုးရိမ် မှုဖြင့်ရပ်ရွာ အကျိုးပြု လုပ်ငန်းတွင်ထိခိုက်နိုင်မည်ဖြစ်ကြောင်း ဒေသခံရွာသားများကပြောသည်။


သီပေါမြို့နယ် နမ့်မအုပ်စု အထွေထွေအတွင်းရေးမှူး၊ ကျေးလက်အထောက်အကူပြု အဖွဲ့ဝင်၊ နားကွန်ရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းစံဖေ အသက် ၅၇ နှစ်သည် ဖေဖော်ဝါရီလ ၂၆ ရက်ညနေက ၄င်း၏ ယာအနီး အမည်မသိသေနတ်သမားက ပစ် ခတ်သဖြင့် သေဆုံးသွားခဲ့သည်ဖြစ်ရာ လုပ်ကြံပစ်သတ်ခြင်းခံရမှုနှင့်ပတ်သက်ပြီး အာဏာပိုင် များအနေဖြင့် အမှုမှန်အမြန် ဖော်ထုတ်ပေးရန် ရွာသားများက ပြောဆိုခဲ့ခြင်းဖြစ်သည်။


“ သူ့ကိုလုပ်ကြံသတ်ဖြတ်သွားတဲ့သူဟာ ဘယ်သူလဲ။ ဘာပြသနာရှိလို့ အခုလိုအကြမ်းဖက်လုပ် ဆောင် ရသလဲ။ ဘာပြသနာဘဲရှိရှိ ကောင်းကောင်းမွန်မွန်ဖြေရှင်းလည်းရ ရဲ့သားနဲ့အခုလိုအကြမ်းဖက် သတ်ဖြတ်  နည်းနဲ့ဖြေရှင်းတာတော့မကောင်းပါဘူး။ မင်းမဲ့တိုင်းပြည်ဖြစ်ရာကျပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိမှန်းသိ သာပါတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကိုကူးပြောင်းဖို့ အားလုံးကကြိုးစားနေချိန် မှာအခု လိုဖြစ်ချင်တိုင်းဖြစ်နေတာကတော့ မဖြစ်သင့်တော့ပါဘူး။ အဲ့တာကြောင့် လူထုရွေးချယ်တဲ့အစိုးရ ကနေ လူထုကိုပြန်လည်ကြည့်ရှုစောင့်ရှောက်ပေးဖို့တောင်းဆိုပါတယ်။ မဟုတ်ရင်တော့ မိမိလုံခြုံမှုအတွက် စိုးရိမ်လို့ ဒီရပ်ရေးရွာရေးမှာ ဘယ်သူမှလုပ်ချင်တော့မှာမဟုတ်ဘူး” - ဟု စိုင်းကျော်က ပြောဆိုသည်။


ယမန်နှစ်အတွင်းက အစိုးရတပ်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွါးခဲ့ သည်။ သို့သော် တိုက်ပွဲများဖြစ်ပွါးသည့်နောက်ပိုင်း သျှမ်းပြည်တပ်မတော်မှာ ရွာအနီးသို့ လာရောက် လှုပ်ရှားခြင်းမရှိတော့ကြောင်း၊ လက်ရှိရွာအတွင်းတွင် အစိုးရတပ်နှင့် မန်ပန်ဌာနေပြည်သူ့ စစ်တို့ လှုပ်ရှားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


“လုံးစံဖေက လူကောင်းတယောက်ပါ။ ဘယ်သူနဲ့မှလည်း ပြသနာမရှိခဲ့ဖူးဘူး။ ရွာနားက အစိုးရတပ်နဲ့ဖြစ် စေ ရွာတဝိုက်မှာလှုပ်ရှားနေတဲ့ ပြည်သူ့စစ်တွေဖြစ်စေ၊ သျှမ်းပြည်တပ်မတော်နဲ့ ဖြစ်စေ တခါမှပြသနာ မတက် ဖူးဘူး။ သူဟာ ရွာသားတွေဖြစ်ချင်တာကိုအတတ်နိုင်ဆုံးလုပ်ပေးမယ် လို့အမြဲပြောခဲ့တဲ့သူ တယောက်ပါ ။”  - ဟု ရပ်ရေးရွာရေးတွင်လုပ်ဖော်ကိုင်ဖက်ဖြစ်သူ စိုင်းကျော်က ပြောဆိုသည်။


ဦးစိုင်းစံဖေသည် ကျေးလက်ရွာသားများ နမ္မကျောက်မီးသွေးတူးဖေါ်မှု ဆန့်ကျင်ရာတွင်လည်း ရွာသားများ ဘက် မှ မားမားမတ်မတ်ရပ်သည်ခဲ့သည့် ကျေးလက်အကြီးအကဲ တဦးဖြစ်သည်ဟုလည်းသိရသည်။


ဦးစိုင်းစံဖေ အသက် ၅၇ နှစ်သည် လားရှိုးမြို့နယ် နမ့်ပူရွာဇာတိဖြစ်ပြီး ၁၉၆၀ ခုနှစ်တွင်မွေးဖွားပါသည်။ မန်းတလေးမြို့တွင် ၈ တန်းအထိပညာဆည်းပူးခဲ့ရပြီး နားကွန်ရွာသူ နန်းဆိုင်ဦးနှင့် အိမ်ထောင်ပြုကာ သားသမီး ရ ဦးထွန်းကားခဲ့သည်။ သေဆုံးချိန်တွင် နမ့်မအုပ်စု အထွေထွေအတွင်းရေးမှူး၊ ကျေးလက်အ ထောက် အကူပြုအဖွဲ့ဝင်၊ နားကွန်ရွာအုပ်ချုပ်ရေးမှူး (ရွာသူကြီး) အဖြစ် တာဝန်ထမ်းဆောင်နေ ဆဲဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်

unread,
Mar 6, 2017, 5:13:56 PM3/6/17
to thuau...@gmail.com

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျားဖြူပါတီ စည်းရုံးရေးခရီးအားရဖွယ်ရှိဟု ပါတီဥက္ကဋ္ဌပြော

Posted: 05 Mar 2017 06:50 PM PST

သျှမ်းပြည်အလယ်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့များအတွင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျားဖြူပါတီ စည်းရုံးရေးဆင်းရာတွင် လူထုထောက်ခံမှုရရှိခြင်းအပေါ်ကျေနပ်အားရမှုရှိကြောင်း ကျားဖြူပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းကပြောဆိုလိုက်သည်။


“ပါတီကို လူထုကပြန်ပြီးတော့ အားပေးလာတယ်။ ကျေနပ်အားရမှုရှိပါတယ်။ ကိုယ်မဲပေးမယ့်ပါတီအ ကြောင်း ကိုကောင်းကောင်းလေ့လာပါ။ မဲပေးမှားသွားရင် ကိုယ့်မြို့ကိုယ့်ရွာ ဖွံ့ဖြိုးတိုးတက်မှုမရှိမယ့်အပြင် အခွင့်အရေးတွေပါဆုံးရှုံးရမယ်။ ကျနော်တို့ပါတီကိုရွေးချယ်မဲပေးလို့ကျနော်တို့ပါတီ အနိုင်ရသွားရင် တော့လူထုဖြစ်ချင်တဲ့ ဆန္ဒ ကျနော်တို့အတတ်နိုင်ဆုံးဆောင်ရွက်ပေးမယ်။ ”- ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။


လက်ရှိတွင် ကျားဖြူပါတီအနေဖြင့် ဧပြီလတွင်ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီလ ၂၆ ရက်ကစပြီး ကျေးသီး၊ မိုင်းရှူးမြို့များနှင့်ကျိုင်းတုံမြို့တို့တွင် စည်းရုံးရေးဆင်းနေကြောင်းလည်း စိုင်းအိုက်ပေါင်းကပြောသည်။


၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အဆိုပါ နှစ်မြို့နယ်အတွင်း တရားမျှတမည့် ရွေးကောက်ပွဲ ဖြစ်မည်မဟုတ်သည့်အတွက် ရွေးကောက်ပွဲကျင်းပရေးရုပ်သိမ်းပေးပါရန် ကျားဖြူပါတီ မှ တိုင်တမ်းသည့် အတွက် ဒေသခံ မဲဆန္ဒရှင် ၉ သောင်းခန့်မဲပေးပိုင်ခွင့်လှစ်ဟင်းခဲ့ရသည်ဟု ဝေဖန်သံများ ရှိခဲ့သည်။


ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကျားဖြူပါတီအမတ်လောင်းများမှာ - ကျေးသီးမြို့နယ်အတွက် - ပြည်သူ့လွှတ်တော်နေရာတွင် နန်းတင်ဦး၊ ပြည်နယ်အမတ် ၁ တွင် နန်းနွေးနွေး နှင့် အမှတ် ၂ တွင်နန်းမွမ်းအောင်တို့်ဖြစ်သည်။


မိုင်းရှူးမြို့အတွက်မှာမူ - ပြည်သူ့လွှတ်တော် အတွက် နန်းခမ်းယဉ်အောင်၊ ပြည်နယ်လွှတ်တော် တွင် နန်းစံဦးနှင့် စိုင်းဘထွန်း၊ ကျိုင်းတုံမြို့တွင်လစ်လပ်ပြည်နယ် ကိုယ်စား လှယ် တဦးအတွက်  ဒေါက်တာ စိုင်းရွက်ဟောင် ၀င်ယှဉ်ပြိုင်မည်ဖြစ်သည်။


၂၀၁၅ အထွေထွေရွေးကောက်ပွဲ က သျှမ်းနယ်တဝှမ်းလုံး၊ ကယားပြည်နယ်၊ ကချင်ပြည်နယ် တို့တွင် ကျားဖြူပါတီ အမတ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် ပြည်နယ်လွှတ်တော်အမတ်တဦးသာ အနိုင်ရရှိခဲ့သည်။


ယခု ကျားဖြတ်ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အမတ်လောင်းများမှာမူ ကျေးသီးမြို့ ပြည်သူ့လွှတ်တော်တွင် ဦးစိုင်းအောင်ကျော်၊ ပြည်နယ် ၁ တွင် စိုင်းခင်မောင်ညွန့် (ခေါ်) စဝ်ခမ်းပိုင်ဖ၊ ပြည်နယ် ၂ တွင် စိုင်းစံမိန်း၊ မိုင်းရှူးမြို့တွင်မူ ပြည်သူ့လွှတ်တော်မှာ စိုင်းထွန်းအေး ၊ ပြည်နယ် ၁ တွင် စိုင်းလင်းမြတ်၊ ပြည်နယ် ၂ တွင် နန်းကောင်ခမ်း တို့ဖြစ်သည်။ ကျိုင်းတုံ တွင် မူ လစ်လပ်နေသည့် ပြည်နယ်ကိုယ်စားလှယ်နေရာတွင်မူ စိုင်းလုံက ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်းသိရသည်။

SSPP/SSA နှင့် PSLF/TNLA တို့ နှစ်ဘက်ကြား ပြဿနာများမဖြစ်ပွားရေးသဘောတူ

Posted: 05 Mar 2017 06:39 PM PST

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) တပ်မတော် TNLA တို့ မဟာမိတ်နှစ်ဖွဲ့ အကြား ပြဿနာများမဖြစ်ပွားစေရန် နှစ်ဦးနှစ်ဘက် သဘောတူညီမှုများအား နှစ်ဘက်တပ်မှူး တပ် သားများထံ ထုတ်ပြန်စာပေးပို့ညွှန်ကြားသည်ဟု သိရသည်။


ပန်ဆန်းမြို့၌ ဖေဖေါ်ဝါရီ ၂၈ ရက် ၂၀၁၇ နှစ်ဘက်တပ်တွေ့ဆုံဆွေးနွေး သဘောတူညီချက်များအား တပ်မှူး တပ်သားများ သိရှိစေရန် မတ်လ ၄ ရက်နေ့ ၂၀၁၇ က နှစ်ဘက်ဋ္ဌာနချုပ်က အသိပေး ညွှန်ကြား သည့် စာတစောင်ထုတ်ပြန်ခဲ့သည်။


“အဓိက ကတော့ ပလောင်လူမျိုး နဲ့ သျှမ်းလူမျိုးအကြား အမုန်းပွားမှု မဖြစ်ပွားဖို့ ပါ။ သျှမ်းပြည်သား အချင်းချင်းဖြစ်တဲ့အတွက် အရင်က သိလျက်နဲ့ဖြစ်စေ မသိဘဲနဲ့ ဖြစ်စေ ပြည်သူလူထုကို ဝန်ထုပ် ဝန်ပိုး ဖြစ်စေတဲ့ လုပ်ရပ်တွေ ဆက်မလုပ်ဖို့၊ ဖြစ်လာတဲ့ ပြဿနာကို ကို နှစ်ဖက်ပူးတွဲဖြေရှင်းဖို့အတွက် နှစ်ဖက် ကေဒါ တပ်မှူး တပ်သားတွေထံ ညွှန်ကြားတာဖြစ်တယ်” - ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူး စိုင်းဆု ကပြောသည်။


ထိုညွှန်ကြားစာတွင် နှစ်ဘက်တပ်မှူး တပ်သားများအနေဖြင့် မဟာမိတ်နှစ်ဖွဲ့တို့၏ ညီညွှတ်ရေးအား ထိခိုက်ပျက်ပြားစေသည့် ပြောဆိုရေးသားခြင်းမပြုရန်၊ ဖြစ်ပွားသည့် ပြဿနာများ ဆိုင်ရာ ဌာနချုပ်သို့ တင်ပြ ဖြေရှင်းရန်၊ မဟာမိတ်တပ်နှစ်ခုအား ထိခိုက်စေသည့် လှုံ့ဆော်ရေးသားခြင်း ပြောဆိုခြင်းများ  မပြုလုပ် ရန်၊ နှစ်ဘက် အဖွဲ့အစည်း လှုပ်ရှားရာဒေသအတွင်းနေ ဒေသခံမိဘပြည်သူများအား ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ သတ်ဖြတ်ခြင်း မပြုလုပ်ရန်၊ အကယ်၍ ယုံမှား သံသယ ဖြစ်ဖွယ် မသင်္ကာသူ များတွေ့ရှိပါက သက်ဆိုရင်ရာ အဖွဲ့အစည်းသို့ အကြောင်းကြားအပ်နှံ သွားရန်  စသည်တို့ ပါရှိသည်။


ဖေဖေါ်ဝါရီ ၅ ရက်နေ့က သျှမ်းပြည်တပ်မတော် SSPP/SSA စစ်ကြောင်းအား ၎င်းတို့၏ မဟာမိတ် ဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အင်အား အလုံးအရင်းဖြင့်ခြုံခို တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် နှစ်ဘက်အကျအဆုံးလည်းရှိခဲ့သည်ဟု ဒေသ အတွင်းတပ်မှူးများ ပြောပြချက်အရသိရသည်။


သျှမ်းပြည်တပ်မတော် SSPP/SSA တအာင်း(ပလောင်)တပ်မတော် TNLA တို့သည် အစိုးရ၊ တပ်မ တော် တို့ နှင့် NCA စာချုပ်လက်မှတ်ရေးထိုးရန် ငြင်းဆန်ထားသည့် UWSA ဝ တပ်မတော်၏ မဟာမိတ် တပ်များဖြစ်ကြသည်။ တအာင်း(ပလောင်)တပ်မတော် TNLA တဖွဲ့တည်းအနေဖြင့် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် သျှမ်းပြည်မြောက်ပိုင်းအတွင်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားသည့် တပ်ဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
Mar 7, 2017, 5:31:14 PM3/7/17
to thuau...@gmail.com

၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရန် အခြေအနေဘယ်လိုရှိ

Posted: 07 Mar 2017 01:01 AM PST

၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်ကျင်းပရေးအတွက် မတ်လလယ်မှာလျာထားပေမယ့် အကြောင်းကြောင်းကြောင့်ကနေ့ထိ ရက်ညှိနှိုင်းလို့မရသေးပါဘူး။ အပစ်ရပ်လက်မှတရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ညီလာခံနဲ့ တိုက်နေရင် ၂၁ ရာစုပင်လုံညီလာခံကြီး ကျင်းပပါ့မလား လို့ စောင့်ကြည့်နေရတဲ့အခြေအနေမှာရှိကြောင်း ပြောဆိုနေကြပါတယ်။  လက်ရှိမှာ ပင်လုံညီလာခံကျင်းဖို့ အခြေအနေဘယ်လိုရှိပါသလဲ။ အန်စီအေလက်မှတ်ရေးထိုးပြီးတဲ့အဖွဲ့နဲ့ မထိုးရသေးတဲ့အဖွဲ့တို့ ဘယ်လိုဆွေးနွေးပြင်ဆင်မှုတွေလုပ်နေပါသလဲ။ သျှမ်းသံတော်ဆင့်ကနေ NCA လက်မှတ်ရေးထိုးထားတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး သျှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလှကို ဆက်သွယ်မေးမြန်းထားပါတယ်။


မေး။ ။ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ DPN နဲ့  ညှိနှိုင်းရေးအဖွဲ့ CT တို့တွေ့ဆုံကြတယ်လို့ကြားသိရပါတယ်။  ဘာတွေဆွေးနွေးခဲ့ရသလဲခင်ဗျ။


ဖြေ။ ။ သူတို့တွေ အစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံလည်းဖြစ် UPDJC ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့သွားပြီးတွေ့ဆုံလာတယ်။ NRPC နဲ့ပေါ့။  တပ်ကိုယ်စားလှယ်တွေလည်းပါတယ်။ သူတို့သွားပြီး တွေ့ဆုံလာတဲ့အကြောင်း၊ ပန်ဆန်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေရဲ့ ညီလာခံအကြောင်း တွေကိုပြန်ပြီးရှင်းလင်းကြတာဖြစ်ပါတယ်။


မေး။ ။အခုဆိုရင် တချို့က အစိုးရဘက်က သူတို့ တောင်းဆိုတဲ့ ၉ ချက်ကိုလက်ခံတယ်။ ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့လည်အခြေအနေကောင်းတယ်လို့ကြားရတယ်။ခင်ဗျ။


ဖြေ။ ။ ဆွေးနွေးချက် ၉ ချက်ကတော့ မူအရ သဘောတူပါတယ်။ ဆိုလိုတာက ပြန်ပြီးဆွေးနွေးရဦးမှာပေါ့။ဆွေးနွေးချက် ၉ ချက်ဆိုတာကလည်း ပြန်ပြီးဆွေးနွေးဖို့ဆိုတာတွေချည်းပါဘဲ။


မေး။ ။၂ ဘက်တွေ့ဆုံမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဘာတွေဆွေးနွေးနိုင်ခဲ့ပါသလဲ။


ဖြေ။ ။ ၂ ဘက် သဘောတူချက်အရဆိုရင် ထပ်ပြီး ပူးပေါင်းရမှာက နိုင်ငံရေးဆွေးနွေးရေးမူဘောင်ကိုပြန်ပြီး ဆွေးနွေးရမယ်။ ပြန်ပြီး သုံးသပ်ရမယ်။ သူတို့ဘက်က အဆင်သင့်ဖြစ်ပြီလားမသိ ။ ဒါပေမယ့် ကျနော်တို့ဘက်နဲ့  အစိုးရဘက် အရင်တုန်းက တွေ့ဆုံပြီးတော့ နိုင်ငံရေးဆွေးနွေးရေးမူဘောင် ပြန်ပြီးဆွေးနွေးသုံးသပ်မှုတွေလုပ်ခဲ့ပါတယ်။ အခုလည်း  ၉ ချက်ထဲမှာ ဂျေအမ်စီမူကို ကိုပြန်ပြီးဆန်းစစ်ရမယ်လို့ပါတယ်။ အစိုးရကလည်း ဒါကို မူအရသဘောတူတယ်လို့ပြောတယ်။  ဒါမယ့်ပြန်ပြီးဆွေးနွေးရမယ်လေ။


မေး။ ။CSSU ဘက်က ဆွေးနွေးပွဲလုပ်ဖို့ဘယ်လို အခက်အခဲရှိပါသလဲ။ KNU ညီလာခံကြောင့် ဆွေးနွေးပွဲမလုပ်ဖြစ်သေးဆိုတာတွေကြားနေရတယ်။ ဘယ်လိုအခခက်အခဲရှိနိုင်ပါသလဲ။


ဖြေ။ ။ ဟုတ်ပါတယ် KNUကလည်း သူတို့ညီလာခံကို ရွှေ့ပေးရတာ အခါခါရှိပြီ။ ဒီတခေါက်တော့ သူတို့ ရွှေ့ပေးဖို့ခက်ခဲလိမ့်မယ်ကြားတယ်။ သူတို့ညီလာခံကိုမတ်လလယ်မှာလုပ်မယ်လို့ကြားတယ်။ ဒါကြောင့် ဧပြီလလယ်အထိတော့ မလုပ်ဖြစ်သေးဘူးထင်တာဘဲ။ အစိုးရဘက်ကအသင့်ဖြစ်ပြီဆိုပေမယ့် KNU ဘက် က အသင့်မဖြစ်သေးတာတွေရှိနေတော့ မှန်းကြည့်ရင်တော့ ရက် မဆုံးဖြတ်နိုင်သေးဘူး။  တဖက်ကလည်း PPST  နဲ့ PPWT  တွေ့ဆုံရာမှာလည်း ကျနော်တို့ လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က အခက်အခဲတွေတွေ့တယ်။   အရေးကြီးဆုံးကတော့ ပြသနာဖြစ်တာများလာရင်  ဖြေရှင်းဖို့အတွက် အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေ ဖွဲ့စည်းထားတဲ့ JICM မူဘောင် ။ ဒီဆွေးနွေးပွဲက မလုပ်ဖြစ်တာကြာပြီ။ တဘက်ကအားရင် တဘက်ကမအားဘူး။ ဒါကြောင့် ဒီတခေါက် ဆွေးနွေးပွဲကျရင် JICM ဆွေးနွေးပွဲပုံမှန်ပြန်လုပ်ဖို့တောင်းဆိုမယ်။ ဒါမှ ပြသနာတွေကို ဖြေရှင်းနိုင်ပြီးတော့ ၂၁ ရာစုပင်လုံညီလာခံကြီးအတွက် စဉ်းစားနိုင်မှာဖြစ်တယ်။


မေး။ ။သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက်ကော။


ဖြေ။ ။ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက်လည်း PPST မှာ တောင်းဆိုမယ်။ ကျင်းပခွင့်ရအောင်ပေါ့။ သျှမ်းနဲ့ရခိုင်ပေါ့ ။ ကျနော်တို့သျှမ်းတော့လုပ်ခွင့်ရတယ်။ ဒါမယ့် နေရာရွေးချယ်ရာမှာ သဘောတူညီမှုမရနိုင်လို့လေ။ ဒါမယ့်ရခိုင်မှာတော့ လုံးဝကိုလုပ်ခွင့်မရတာလေ။ အဲတာကြောင့် သူတို့လည်း ပီပီအက်ထီကို တင်ပြပေးဖို့ အားကိုးတာ  ။


မေး။ ။လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး လူထုကိုဘယ်လို ပြောပြချင်ပါသလဲ။


ဖြေ။ ။ အခုတော့ ငြိမ်းချမ်းရေးအတွက်နိုင်ငံရေးကို နိုင်ငံရေးနဲ့ဖြေရှင်းဖို့အးလုံးက သဘောတူတယ်။   ကျနော်တို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီမှု စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတော့ နိုင်ငံရေးမှာဆွေးနွေးဖို့ ခွင့်မရှိ သေးဘူး။ ဒါကြောင့် ၂၁ ရာစု ပင်လုံဒုတိယအကြိမ်ကို ရက်တောင်မသတ်မှတ်ရသေး။ ရက်သတ်မှတ်ပြီး ဆိုရင်တောင်မှ ကျနော်တို့တင်ပြဖို့အချက်အလက် ရှိမှာမဟုတ်ဘူး။ ကျနော်တို့ညီလာခံ ၂ ခါဝင်လာပြီ ဘာ မှမယ်မယ်ရရ မတင်ပြရသေးဘူး။ အခုလည်း ပြည်သူလူထုရဲ့အသံမပါဘဲနဲ့ ကျနော်တို့ဘာတွေသွားတင်ပြရမလဲ စဉ်းစားရခက်နေတယ်။ ပြီးတော့လည်း သျှမ်းပြည်အတွက် သျှမ်းလူထုအတွက်ပေါ်လစီဖြစ်လာနိုင်မှာမဟုတ်ဘူး။ ဒါကြောင့်လူထုတရပ်လုံးကပါဝင်လာနိုငအောင် ပြောခွင့်ရလာအောင် လူထုဆန်ဒ တင်ပြနိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။

သျှမ်းသံတော်ဆင့်

unread,
Mar 8, 2017, 5:10:27 PM3/8/17
to thuau...@gmail.com

NCA စာချုပ်လက်မှတ်ထိုး RCSS/SSA တပ်စခန်းအားအစိုးရတပ် ထပ်မံတိုက်ခိုက်

Posted: 07 Mar 2017 08:26 PM PST

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်စခန်းတခုအားအစိုးရတပ်မတော် မှ သွားရောက် တိုက်ခိုက်သောကြောင့် ယမန်နေ့ကတိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်ဟုသိရသည်။


၂၀၁၇ မတ် ၇ ရက် မွန်းလွဲ ၂ နာရီခန့် မှ စ၍ ညနေပိုင်းအထိသီပေါမြို့ မြောက်ဘက် ၇ မိုင်အကွာခန့် ရှိ RCSS/SSA ၏အုံမုကျေးရွာအုပ်စုလွယ်မုံစုတပ်စခန်းအားသီပေါမြို့  အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၅၀၄ လက်အောက်ခံစစ်ကြောင်းက သွားရောက် တိုက်ခိုက် ခြင်းဖြစ်သည်ဟု ဒေသအတွင်း တပ်မှူးတဦး ၏ ပြောပြချက်အရသိရသည်။


“အမှတ် ၅၀၄ ဆိုတာဒေသအတွင်းတပ်ဘဲ။ ကျနော်တို့ အဲဒီမှာနေတယ် ဆိုတာသူတို့ သိတယ်။ထန်ဇန့် ပန်ခါး က လက်နက်ကြီးတွေနဲ့ အရင်ထုတယ်။ မွန်းလွဲ ၂ နာရီလောက်က။ ၅ နာရီလောက်ကနေ ၆ နာရီထိုးခါနီးအထိ အင်နဲ့ အားနဲ့ထပ်လာတိုက်တယ်။ တက်လာတဲ့ စစ်သည်တွေဒဏ်ရာတွေတော်တော် ရ လို့ ပြန်ဆုတ်သွားတယ်ပြောတယ်။ ခုထက်ထိတော့ ပြန်ပြီးထပ်ပြီးတက်မလာတော့ဘူး၊ ငြိမ်သွားပြီ။ ဒီညဦးပိုင်းတော့” - ဟုအမည်မဖေါ် လိုသည့် အရာရှိတဦးကပြောသည်။


အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော် RCSS/SSA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းလှ က ဟုတ်မှန်ကြောင်းအတည်ပြုပြောဆိုသည်။


တိုက်ပွဲကြောင့် နှစ်ဘက် အကျအဆုံးရှိသည်ဟုဆိုသော်လည်း သီးခြားအတည်ပြုချက်မရရှိသေးပေ။


RCSS/SSA သည် မြန်မာအစိုးရနှင့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ် ၈ ဖွဲ့ တွင်ပါဝင်သည်။


အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးသည့်နောက်ပိုင်း လွိုင်လင်၊ မိုင်းကိုင် မြို့နယ်အတွင်းရှိ RCSS/SSA တပ်စခန်းအားအစိုးရတပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေးစီမံချက်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်။

ကိုးကန့် ဒေသတွင် ကိုးကန့် တပ်ပေါင်းစုနှင့် အစိုးရတပ် မြို့ပေါ်တိုက်ပွဲဖြစ်ပွားပြီး လူပေါင်းထောင်ချီ တရုတ်ဘက်ထွက်ပြေး

Posted: 07 Mar 2017 08:18 PM PST

ကိုးကန့် ဒေသတွင် ကိုးကန့် MNDAA ပါဝင်သည့် တိုင်းရင်းသား တပ်ပေါင်းစုနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီး တိုက်ပွဲများ ပြင်းထန်သောကြောင့် ဒေသခံ ထောင်နှင့်ချီ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။


ယမန်နေ့ မတ်လ ၅ ရက်နေ့ ညနေပိုင်းကတည်းက တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့ပြီး (ညသန်းခေါင်ကျော်) မနက် ၁၂ နာရီကျော်မှ စတင်ကာ ရန်လုံကျိုင်းရဲစခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟုလည်း အစိုးရက ထုတ်ပြန်ထားသည်။


တရုတ်နယ်စပ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း အရပ်သားများ သေဆုံးမှုလည်း ရှိပြီး တရုတ်ဘက် ရှိနမ်စံသို့ အဓိက ထွက်ပြေးကြကြောင်း နမ်စံမြို့မှ ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်သူ ဦးကေသရာ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


တရုတ်ရဲ့ လမ်းမကြီးတလျှောက်ပေါ့လူကပြည့်လျှံနေတာပဲ။ အခုတောင်ခရီးသွားရင်းလှမ်းကြည့်တာ လမ်းတလျှောက်မှာ ဟိုး…ကားရောဆိုင်ကယ်ရော သုံးဘီးကော၊ နောက်ပြီးတော့ ဘာခေါ်မလဲဒွန်း မောင်းလားဘာလား အဲ့ဒီမှာ လူတွေအများကြီးပြည့်နေတယ်” ဟု ဆရာတော်က မိန့်သည်။


မြောက်ပိုင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရမူ ဒီဇင်ဘာလမှ စတင်ကာ အစိုးရ တပ်မှ အကြိမ်ကြိမ် ထိုးစစ် ဆင်ခြင်းများ ပြုလုပ်နေသည့်အတွက် ပြန်လည်ခုခံနေရခြင်းများရှိခဲ့ပြီး ကိုးကန့်၊ ဟုန်အိုင်ဒေသကို အပြင်း အထန် တိုက်ခိုက်နေသော မြန်မာစစ်တပ်အားမလွဲမချောင်သာ ပြန်လည်ခုခံတိုက်ခိုက်နေရကြောင်း သတင်းထုတ်ပြန်ကာ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုက်ကျေးရွာ၊ တုန်ချိန်၊ ကျိုဖန်၊ ရှင်းပိုင်ရှင့်၊ ကျင်ရှင့်ချိန် နှင့် ကျင်ဆန်ကျော် နှင့် အခြားနေရာနှစ်ခု ၌လည်း မလွဲမချောင်သာခုခံကာကွယ်မှုများကို ပြန်လည်ပြုလုပ် နေရသဖြင့် မတ်လ (၆) ရက် နံနက် (၁၂) နာရီနောက်ပိုင်းမှစ၍ဖြစ်ပွားခဲ့ပြီး မတ်လ ၆ ရက်နေ့ နေ့လည်ပိုင်းအထိ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ထုတ်ပြန်သည်။


လောက်ကိုင်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် အနည်းဆုံးအလောင်း ၂၀ ခန့်တွေ့ရှိပြီး ပြည်သူ ၄ ဦး ယာဉ်ထိန်းရဲ ၅ ဦးပါဝင်သည်ဟု အစိုးရက မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။


နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ MNDAA လက်နက်ကိုင်အဖွဲ့များသည် မတ်လ ၆ ရက် နံနက် ၂ နာရီ ခန့်တွင် လောက်ကိုင်မြို့ အရှေ့ဘက်မှ ဝင်ရောက်၍ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ အဆောက်အဦများ၊ တပ်စခန်းများ နှင့် ရဲစခန်းများအား လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံ အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ပြီး လူနေအဆောက် အဦများ၊ ဟိုတယ်များ ပျက်စီးခြင်းနှင့် ကားမီးရှို့ခြင်းများ ဖြစ်ပွားခဲ့ကြောင်း မတ် ၆ ရက် ညနေ ၄ နာရီခန့်က သတင်းထုတ်ပြန်ထားသည်။


အစိုးရသတင်းထုတ်ပြန်ချက်တွင် MNDAA လက်နက်ကိုင်အဖွဲ့အင်အား ၃၀ ခန့်သည် လောက်ကိုင်မြို့၊ ရန်လုံကျိုင်းရဲစခန်းအား နံနက် ၂ နာရီတွင် ရဲဝတ်စုံများ ဝတ်ဆင်အယောင်ဆောင်ကာ စခန်း၏ တောင်ဘက်မှဝင်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေး အဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်လျက်ရှိကြောင်းဆိုသည်။


အလားတူ MNDAA လက်နက်ကိုင် အင်အား ၅၀ ခန့် သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း၏ နေအိမ်အား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီ ခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး ဆုတ်ခွာသွားသည့် နယ်မြေရှင်းလင်းရေးလုပ်ဆဲဖြစ်ကြောင်းဆိုသည်။ ဆက်လက်ပြီး MNDAA များက နံနက် ၂ နာရီခွဲ အချိန်ခန့်တွင် လောက်ကိုင်မြို့ရှိ ကျင်းတင်ဟိုတယ်အား ဝင်ရောက်ပစ်ခတ်ပြီး ဟိုတယ်ရှိ မော်တော် ယာဉ် ၄ စီးအား မီးရှို့ဖျက်ဆီးခဲ့ကာ ဖူလီလိုက် ဟိုတယ် ငွေသိမ်းကောင်တာအား ဓားပြတိုက် လုယက်မှု ကျူးလွန်ပြီး နံနက် ၅ နာရီ ၁၀ မိနစ်တွင် အရှေ့ဘက် နှစ်နိုင်ငံနယ်စပ် BP-127 ဘက်သို့ ဆုတ်ခွာသွားရာ တပ်မတော်စစ်ကြောင်းများကလည်း လိုက်လံရှင်းလင်းနေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေးအကဲခတ် တစ်ဦးကမူ ကိုးကန့် တိုက်ပွဲများမှာ မအောင်မြင်သည့် ငြိမ်းချမ်း ရေးဖြစ်စဉ်ပြယုဂ်ဖြစ်ပြီး အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြောမဟုတ်လက်တွေ့ဆောင်ရွက်သည့် အနေဖြင့် တိုင်းရင်းသားအားလုံးပါဝင်နိုင်အောင် ဆောင်ရွက်ပေးသင့်သည်ဟု မှတ်ချက်ပြုသည်။


ကိုးကန့် MNDAA ၊ တအာင်းပလောင် TNLA နှင့် AA ရခိုင်တပ်ဖွဲ့တို့မှာ ယခင်အစိုးရ လက်ထက်က တည်းက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တန်းတူပါဝင်ခွင့် ကန့်သတ်ခံထားရသည့် အဖွဲ့များဖြစ်ပြီး လတ်တစ်လော ကိုးကန့် တိုက်ပွဲတွင် ရခိုင် အေအေမှာလည်း ပါဝင်တိုက်ခိုက်နေသည်ဟု တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ်ဖြစ်သူက ပြောဆိုသည်။



ငြိမ်းချမ်းရေး ဖြစ်စဉ်အကြပ်အတည်းနဲ့ မြင်မိတာလေးတွေ

Posted: 07 Mar 2017 08:06 PM PST

ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်အောင်မြင်ဖို့ ဆိုသည်မှာ အမှန် ပင်ခက်ခဲပါတယ်။ ယင်းသို့ ခက်ခဲတဲ့ အနေထား တစ်ရပ်တွင် ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်နဲ့ အပြိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုပါ အပြိုင်တည်ဆောက်ရတာ ဟာ အင်မတန်မှပင် ခက်တာလည်း အသေချာပါပဲ။ ဒီမိုကရက်တိုက်ဇေးရှင်းနဲ့ အပြိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို အကောင်ထည်ဖော်ဖို့ ဆိုတဲ့ ကိစ္စတွေက ၁၉၉၀ ပြည့်နှစ် အလွန်တွေမှာ ခေတ်စားလာတဲ့ ကိစ္စရပ်ပဲ။


မတူညီတဲ့လူ့အဖွဲ့စည်းတွေရဲ့ နှုန်း ၊စံ ၊ ယဉ်ကျေးမှု ၊ နိုင်ငံရေး ဓလေ့နဲ့ရုပ်လက္ခဏာတွေ ထည့်တွက်စရာမ လိုဆိုတဲ့ သဘောနဲ့ အကောင်ထည်ဖော်ဖို့ကြိုးစားခဲ့ကြတယ်။ ဆရာတွေကတော့ လစ်ဘရယ် ငြိမ်းချမ်းရေး အယူအဆလို့အမည်ပေးကြလေရဲ့။ အဲဒီအယူအဆနဲ့ ပြည်တွင်းစစ်လွန်လူ့အဖွဲ့အစည်းတွေကိုအလျင်အမြန် လစ်ဘရယ်လိုက်ဇေးရှင်းလုပ်တာ ၊ ဈေးကွက်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တပြိုင်နက်တည်း လုပ်တာ တွေက တည်ငြိမ်မှုထိခိုက်စေတယ်လို့ သတိပေးတာတွေလည်း ရှိတယ်။ နိုင်ငံရေး ၊ လူမှုရေးနဲ့စီးပွားရေး ပြိုင်ဆိုင်မှုတွေကြောင့် ရှိပြီးသား ကွဲလွဲ တင်းမာမှုတွေကလစ်ဘရယ်လိုက်ဇေးရှင်းအရှိန်နဲ့ ပိုပြီး ဆိုးဝါးလာနိုင်ပြီး ဒီမိုကရက်တိုက်ဇေးရှင်းအတွက် မရှိမဖြစ်လိုအပ်ချက် Social cohesionလူ့အဖွဲ့အစည်းအတွင်း သွေးစည်း ညီညွတ်မှု ပျက်ပြားစေနိုင်တာကြောင့်ဖြစ်တယ်လို့ အကဲဖြတ်ကြပါတယ်။ တကယ်လည်း အဲလို လုပ်ရပ်အများစု ကြိုးပမ်းအားထုတ်မှုတွေက မအောင်မြင်ခဲ့ပါ။


၁၉၈၉ ကနေ ၂၀၀၅ အကြား ကုလက ဦးဆောင်ပြီး နိုင်ငံ ၁၉ နိုင်ငံမှာ လုပ်ခဲ့ တဲ့ပြည်တွင်းစစ်လွန် ဒီမိုကရက် တိုက်ဇေးရှင်းလုပ်ငန်းတွေက ဒီမိုကရေ စီစနစ်ပေါ်ထွန်းအခြေတည်လာအောင် ဆောင်ရွက်နိုင်တဲ့ အထောက် အထားနည်းလွန်းလှတယ်။ အများလက်ခံ ဒီမိုကရေစီ ညွှန်းကိန်းတွေဖြစ်တဲ့ Freedomhouse အပါဝင် အဖွဲ့အစည်းတစ်ချို့ရဲ့ ဒီမိုကရေစီ ညွှန်းကိန်းတွေအရပြည်တွင်းစစ်လွန် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ် အစပြုတဲ့ ကိုဆိုဗို ၊ရဝမ်ဒါနဲ့ ဘူရွန်ဒီနိုင်ငံတွေက ငါးနှစ်အကြာမှာပဲ လုံးဝ အာဏာရှင်စနစ် ကိုပြန်ကျသွားသလို ကမ္ဘောဒီးယား ၊ ဟေတီနဲ့ ဘိုလီးဗီးယားဘော့စနီး ယားနိုင်ငံတွေက ရွေးကောက်ပွဲ အာဏာရှင်စနစ်ကို ကျသွား တယ်။


အနည်းငယ်အဖြစ် ခရိုအေးရှား နမီးဗီးယားတို့လောက်ပဲ လစ်ဘရယ် စံနှုန်းညီဒီမိုကရေစီ နိုင်ငံတွေအဖြစ် ကူးပြောင်းသွားနိုင်ခဲ့တယ်။
ပြည်တွင်းစစ် လွန် ဒီမိုကရက်တိုက်ဇေးရှင်း အောင်မြင်ဖို့ (က) နိုင်ငံရေး တည်ငြိမ်မှု(ခ) ဖြစ်စဉ်တွင် အဓိက ကျတဲ့ အုပ်စုတွေအားလုံးကိုယ် စားပြုမှုရှိ ရှိပါဝင်ဖို့ ( သဘောက ပဋိပက္ခတွင် ပါဝင်ခဲ့တဲ့ ရန်သူဟောင်းများ အကြား နှစ်ဘက်ရှိရင် နှစ်ဘက် သို့မဟုတ် ကွဲပြားမှုများရင်တတ်နိုင်သမျှ ကွဲပြားမှုအလိုက် အုပ်စုအလိုက် ပါဝင်မှုကို အကောင်ထည်ဖော်မဲ့ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်နှင့် လူမှုစီးပွားပြောင်းလဲမှုလက်တွေ့ လုပ်ငန်းစဉ် တွေမှာ ပါဝင်ခွင့်ပေးဖို့ ၊ ပါဝင်ခွင့် မရပါကပြည်တွင်းစစ်လွန် လူ့အဖွဲ့အစည်းကို နိုင်ငံရေး တည်ငြိမ်အောင်တည် ဆောက် နိုင်မှာ မဟုတ်လို့ ဆရာတွေက ဆိုကြတယ်။ အဲလိုဆိုသူတွေထဲမှာတီမိုသီဆစ် တို့အင်နာဂျားစတက်ခ့် တို့လို ဆရာတွေပါတယ်။


မြန်မာမှာတော့ ၂၀၁၁ သမ္မတ ဦးသိန်းစိန် လက်ထက်က စခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ နောက်ဆုံး သူ့ သက် တမ်းကုန်ဆုံးသွားချိန်မှာ အဖွဲ့ (၈) ဖွဲ့နဲ့ NCA နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲမှု စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ၊ တစ်ချို့အဖွဲ့တွေနဲ့လည်း NCA မပါနိုင်ပေမဲ့ တဖွဲ့ ချင်းစီအလိုက် အပစ်ရပ်စဲရေးစာချုပ်တွေအပါဝင် ( ဥပမာ အားဖြင့် ၀ ၊ မိုင်းလား NMSP မွန်ပြည်သစ် ၊ ကေအန်ပီပီ ကရင်နီ ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA) ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပဋိပက္ခ လျှော့ချမှု ဆိုင်ရာ ယန္တရားတွေ တည်ဆောက်နိုင်ခဲ့မှု ( ဥပမာ ကေအိုင်အေနဲ့ ဆွေးနွေးပွဲတွေအရှိန် ကောင်းလာတဲ့ ၂၀၁၃ ကစလို့ နှစ်ဘက် ပဋိပက္ခဖြေရှင်းရေး ယန္တရားတွေ တည်ဆောက်ပြီး သွားခဲ့တဲ့အတွက် ၂၀၁၂ ၊ ၂၀၁၁ လိုနှစ်တွေထက် တိုက်ပွဲတွေ သိသိသာသာလျော့ကျသွား ) လွှတ်တော်မှာ NCA စာချုပ်အတည်ပြုနိုင်ခဲ့မှု နဲ့ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပြီးစီးခဲ့မှုတွေက အလုံးစုံမဟုတ်တောင် အပစ်ရပ်စဲရေးလုပ်ငန်းစဉ်တွေအတွက် အလုံးစုံမအောင်မြင်ပေမဲ့ ခြေတစ်လှမ်းတိုးတဲ့ ကိစ္စရပ်တွေ ဖြစ်ခဲ့တယ်။


နောက်ရွေးကောက်ပွဲအပြီး အနိုင်ရတဲ့ အရပ်သား အစိုးရ ကို ချောချောမွေ့မွေ့ အာ ဏာ လွှဲပြောင်းပေးမှုတွေဟာ သာမန်လစ်ဘရာယ်လိုက်ဇေး ရှင်း ဖြစ်စဉ်မဟုတ်ပဲ ဒီမိုကရက်တိုက်ဇေးရှင်းအတွက် ခြေတစ်လှမ်းတိုးစေခဲ့တဲ့ ကိစ္စပဲဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ အဓိက မအောင်မမြင်ဖြစ်ခဲ့တဲ့ ကိစ္စတွေထဲမှာ ထိုးစစ်မဆင် မတိုက်ခိုက်ဖို့ သမ္မတက အမိန့်ပေးပေးမဲ့ တပ်မတော်က ဆက်တိုက်ခဲ့တဲ့ ကိစ္စနဲ့ NCA စာချုပ်မှာ နာမည်နဲ့ လျော်ညီစွာအားလုံးမပါနိုင်ခဲ့တဲ့ ကိစ္စပဲ ထောက်ပြစရာရှိခဲ့ပါတယ်။


ပေါ်လစီ စက်ဝန်း တနှစ်ခွဲနီးပါးရှိလာပြီး အစိုးရသစ်တက်လာတာ တစ်နှစ်နီး ပါးရှိလာတဲ့ အခု အချိန်မှာတော့ ငြိမ်းချမ်းရေး နဲ့အပစ်ရပ်စဲရေး ဖြစ်စဉ်ဟာ နဂိုရှိရင်းစွဲ အခြေနေထက် တိုးတက် မလာဘဲ ဆုတ်ယုတ်လာ တာ တွေ့ရပါ တယ်။ တစ်ချို့နေရာက အမှားတွေက စေတနာပါ သော်လည်း မဖြစ်သင့်တဲ့ အမှားတွေအဖြစ် တွေ့မြင်နေရဆဲဖြစ်ပါတယ်။ NCA အပစ်ရပ်စာချုပ် ရေးထိုးမှု မရှိတဲ့ အဖွဲ့တွေလည်း အသစ်ထပ်မံ လက်မှတ် ထိုးတာတွေ မရှိသေးသလို ထိုးပြီးသား အဖွဲ့တွေနဲ့တောင် တစ်ချို့ ကိစ္စရပ်တွေမှာ မပြေမလည်ဖြစ် တာတွေ တွေ့လာရပါတယ်။ ၂၁ ပင်လုံ ပထမအကြိမ်အပြီးတိုက်ပွဲတွေနဲ့ မူဆယ်ဒေသ တန်ပြန်တိုက်ပွဲတွေ နောက်ဆုံး လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျင်းပခဲ့တဲ့ ပန်ဆန်း တိုင်းရင်းသား ထိပ်သီးအစည်းအဝေးကနေ NCA အပစ် ရပ်စာချုပ်ကို ငြင်းပယ်ခဲ့( ဒါမှမဟုတ် ) အခုထက်ပိုမိုကောင်းမွန်တဲ့ စာချုပ်နဲ့ အစားထိုးဖို့ ဆိုတဲ့ ကိစ္စရပ်တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စိုးရိမ်ရေမှတ်ကို ရောက်နေပြီဆိုတာ သက်သေပြ နေပါတယ်။


ယခု ဆောင်းပါးပါ အကြံပြုချက်တွေဟာ စာရေးသူရဲ့ ၄ နှစ်ကြာ အပစ် အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် သတင်းရယူရေးသား မှုတွေ နဲ့ တွေ့ရှိချက်အပေါ် အခြေခံ ရေးသားထားတာ ဖြစ်ပါတယ်။ အချိန်သိပ်မရတဲ့ အတွက် အချက်အလက် စုံလင်ချင်မှ စုံလင်မှာဖြစ်ပေမဲ့ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် စဉ်းစားစရာတွေ ရဖို့အတွက် ရည်ရွယ်ပါတယ်။


တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် သဘောထားမပြောင်း


တကယ်တော့ အစိုးရသစ်တက်လာတဲ့ အထိ တပ်မတော်နဲ့ NCA မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့သဘောထားက ကြီးကြီးမားမားပြောင်းလဲသွားတာ မတွေ့ရပါဘူး။ ဆိုလိုရင်းက ငြိမ်းချမ်းရေးနဲ့ အပစ်ခတ်ရပ်စဲရေးဆို တပ်မတော်က ၂၀၀၈ အခြေခံ ဥပဒေနဲ့ မူ ၆ ချက်ကို ဆက်လက်ကိုင်စွဲဆဲဖြစ်ပြီး ငြိမ်းချမ်းရေး ရပြီးရင် နိုင်ငံရေးက ထွက်ခွာမယ်ဆိုတဲ့ သဘောမျိုးကို ကိုင်ထားတာတွေ့ရပါတယ်။


NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့ အဖွဲ့တွေတော်တော်များများကတော့ အမျိုးသား ညီလာခံတက်ခဲ့ ဖူးတဲ့ အဖွဲ့တွေပီပီ နိုင်ငံရေး ဆွေးနွေးမှုအရ အားကောင်းခိုင်မာမှုကို လိုလားဟန်ရှိပါတယ်။ အခု ပန်ဆန်းညီလာခံကို အိမ်ရှင်လုပ်တဲ့ ၀ ဆိုရင် တစ်ခါမှ NCA ထိုးမယ်လို့ တစ်ခါမှ မပြောဖူးပါ။ ကေအိုင်အေ ၊ SSPP/SSA သျှမ်းပြည်တပ်မတော် တို့လို အဖွဲ့တွေက အရင်အစိုးရ လက်ထက်က အားလုံးပါဝင်နိုင်မှု မရှိမှုအပေါ် အကြောင်းပြခဲ့ပြီး အရပ်သားအစိုးရ လက်ထက်မှာတော့ ပစ်ခတ် တိုက်ခိုက်မှု စောင့်ကြည့်ရေးယန္တရားတွေ ပိုမိုခိုင်ခန့်ဖို့ ၊ နိုင်ငံရေး ဆွေးနွေးမှုအတွက် မူဘောင်လို ကိစ္စတွေကို အလေးထားခြင်းဖြစ်ပါတယ်။ တကယ်လို့ တိုက်ရိုက် ပါဝင်ခွင့် တန်းတူပါဝင်ခွင့် ကန့်သတ်ခံရတဲ့ တအာင်းပလောင် ၊ အေအေ ၊ ကိုးကန့်တို့မပါ ခဲ့ရင်တောင် ၊ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲမှုကို ဘယ်လို ကြေငြာမလဲဆိုတဲ့ အချက်ကို သူတို့ NCA ထိုးဖို့ အဆိုပြုချက် ၈ ချက် ထဲမှာ ထည့်သွင်းဆွေးနွေးနေတာ တွေ့ရပါတယ်။


တိုင်းရင်းသားလက်နက်ကိုင်အားလုံးဟာ ခွဲထွက်မယ်လို့ ဘယ်သူမှ မပြေထားသလို အားလုံး နိုင်ငံ ရေး ဆွေးနွေးပွဲတက်လိုတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ စစ်အင်အားဖြည့်တင်းမှုတွေကတော့ အထူးသဖြင့် ကရင်နီ ၊ မွန်ပြည်သစ် ကလွှဲလို့ ကျန်NCA မထိုးအဖွဲ့တွေအားလုံးက လုပ်ဆောင် နေတဲ့ သဘောတွေ့ရသလို ၊ တပ်မတော်ကလည်း စစ်တိုက်ဖို့ အမြဲပြင်ဆင်နေတာက ငြင်းဆန်မရ နိုင်တဲ့အချက်ပါပဲ။ သေချာတာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါနေတဲ့ နှစ်ဘက် လက်နက် ကိုင်အဖွဲ့အစည်းတွေအားလုံး ( NCA ထိုးပြီး မပြီးအားလုံးဆိုလို ) ဟာ စစ်ပန်းတဲ့အတွက် ဒိုင်ယာလောခ့်လမ်းကြောင်းပေါ်လာနေသလား နှစ်ဘက်စလုံးက အဲဒီ Peace Talk တွေကို ဘယ်လောက်ယုံကြည်သလဲဆိုတဲ့ ကိစ္စမှာ မေးခွန်းထုတ်စရာရှိပါတယ်။ NCA ထိုးပြီးသားအဖွဲ့တွေဖြစ်တဲ့ RCSS/SSA ၊ တို့ ကေအန်ယူတို့တောင် စစ်သားစု ( သို့မဟုတ် ) ယာယီ စစ်သင်တန်းပေးတဲ့ ကိစ္စတွေက သတင်းတွေမကြာခဏ ကြားနေရပါတယ်။
အာစီအက်စ်အက်စ်၊ ကေအန်ယူတို့အနေနဲ့ ဆွေးနွေးမှု လမ်းကြောင်းပိုယုံကြည်တာလား စစ်အစိုးရ လက်ထက်က နှစ်ဖွဲ့စလုံးက စစ်တိုက်ခဲ့ရတဲ့အဖွဲ့လား ဆိုတာကြောင့် မသိနိုင်ပေမဲ့ အဲနှစ်ဖွဲ့ထဲမှာတောင် ကေအန်ယူအနေနဲ့ တပ်နဲ့ပါ ပိုအဆင်ပြေတာက ထူးခြားမှု အနေနဲ့ ရှိနေပါတယ်။ ဒါပေမဲ့ အခု ကေအန်ယူ ကွန်ကရက် နီးလာချိန်မှာ တစ်ချိန်က အစိုးရနဲ့ နီးစပ်သူ ကေအန်ယူလည်း မရေရာမှုတွေ များစွာရှိနေဆဲ ပါပဲ။


တစ်ချို့အဖွဲ့ငယ်လေးတွေဖြစ်တဲ့ ချင်းအမျိုးသား တပ်ဦး ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်တို့က စစ်အင်အားဘာမှ မရှိပေမဲ့ဒီ ပရောဆက်ထဲဝင်မှ သူတို့အသံတွေ လူသိနိုင်မှာ ဖြစ်တဲ့အတွက် ( နိုင်ငံရေး ၊ စစ်ရေးပါဝါတစ်ခုမှမရှိ ) ပါနေကြတဲ့ သဘောဆောင်ပါတယ်။ သူတို့က အစိုးရနှစ်ဆက်စလုံးနဲ့ ပြေလည်တဲ့ အဖွဲ့တွေလည်းဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Nation Building မှာ Identity စုံလင်စွာ လက်ခံခြင်းဟာ ကောင်းမွန်တဲ့ လက္ခဏာအချို့လည်း ရှိနေပါတယ်။ ထူးခြားမှုကတော့ အရင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် တစ်လေးတစ်စားရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်မှ ဆွေးနွေးမယ်ဆိုတဲ့ အဖွဲ့တွေ အကုန်လုံး အခု အစိုးရသစ်တက်လာတာ တစ်နှစ်ကျော်အထိ လက်မှတ်မထိုးနိုင်တာပဲဖြစ် တဲ့အတွက် ပြဿနာ ကြီးကြီးမားမား ရှိနေတယ်ဆိုတာ အစိုးရ အနေနဲ့ ပကတိအရှိတရားကို လက်ခံရမှာဖြစ်ပါတယ်။


ထူးခြားမှုကတော့ အရင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် တစ်လေးတစ်စားရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်မှ ဆွေးနွေးမယ်ဆိုတဲ့ အဖွဲ့တွေအကုန်လုံး အခု အစိုးရသစ်တက်လာတာ တစ်နှစ်ကျော်အထိ လက်မှတ်မထိုးနိုင်တာပဲဖြစ်တဲ့အတွက် ပြဿနာ ကြီးကြီးမားမားရှိနေတယ်ဆိုတာ အစိုးရ အနေနဲ့ ပကတိအရှိတရားကို လက်ခံရမှာဖြစ်ပါတယ်။ မထိုးသေးတဲ့ အဖွဲ့တွေထဲက တော်တော်များများက အမျိုးသား ညီလာခံလို ကိစ္စမျိုးကို ကြုံခဲ့ဖူးတဲ့အတွက် ခဲမှန်ဖူးတဲ့ စာသူငယ်တွေလို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။


အစိုးရ က ကြားနေ Good Moderator ဖြစ်မဖြစ်


တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ရပ်တည်မှု နှစ်ရပ်ကြားထဲမှာ အစိုးရက ရှိနေရမဲ့ နေရာက တရားမျှတစွာ အဆုံးအဖြတ်ပေးနိုင်မဲ့ ဒိုင်လူကြီး Good Moderator လို့ အကဲခတ် တွေက ဆိုကြပါတယ်။ အခုနောက်ဆုံး ၀ ဒေသ အစည်းအဝေးမှာ ပေါက်ယူချန်းရဲ့ မိန့်ခွန်းထဲက တပ်မတော်နဲ့ အစိုးရကို ဗမာလို့ ဆိုဆို မြန်မာလို့ ဆိုဆို အတူတူပဲလို့ ဆိုခဲ့တာကြည့်ရင် အစိုးရကို သမာသမတ်ကျတဲ့ ကြားနေ ဟုတ်ရဲ့လား ဆိုတာ သံသယဝင်လာတာ ငြင်းမရနိုင်တဲ့ အချက်ပါပဲ။ ဂိဒွန်တိုက်ပွဲတွေမှာ နှုတ်ဆိတ်နေမှု ၊ ဒုက္ခသည် အရေးတွေအပြင် အစိုးရအဖွဲ့နဲ့ အတန်သင့် နယ်မြေအလိုက် အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးက အစ မေးခွန်းထုတ်စရာ ရှိနေကြတာ အသေချာပါပဲ။


လူထုထောက်ခံမှု အားကောင်းကောင်းနဲ့ တက်လာတဲ့ အစိုးရတစ်ရပ်ဟာ တရားဝင်မှုနဲ့ ထောက်ခံမှု မြင့်မားမှုတွေကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ဖို့ အထောက်အကူဖြစ်နိုင်သော်လည်း မြန်မာပြည်ရဲ့ ပကတိ လိုအပ်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး ၊ တိုင်းရင်းသား အရေး ၊ လူမှု စီးပွားဖွံ့ဖြိုးရေး ၊ ပြည်သူ့ဘဝ လုံခြုံရေးနဲ့ ရပိုင်ခွင့် တိုးတက်ရေးလို ကိစ္စရပ်တွေမှာ အရပ်သားအစိုးရအနေနဲ့ ဟန်ချက်ညီစွာ ရှေ့တိုးအောင် မဆောင်ရွက်နိုင်ရင် အများကြီး ပြဿနာရှိနိုင်ပါတယ်။


အရပ်ဘက်နဲ့ စစ်ဘက်ဆက်ဆံရေးနဲ့ ပတ်သက်လို့ တနှစ်အတွင်း အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေအကြား ဆက်ဆံရေးက ပြန်ကြည့်ရင် သိပ်အဆိုးကြီးမဟုတ်ပေမဲ့ အလုံးစုံအဆင်ပြေရဲ့လားဆိုတာကလည်း သံသယဝင်စရာပါ။ ငါပြောသမျှထောက်ခံကြ လိုက်လုပ်ကြ ဆိုတဲ့ ကိစ္စတွေက ငြိမ်းချမ်းရေးအတွက်တော့ အဆင်ပြေမှာမဟုတ်လောက်ပါဘူး။


အထူးသဖြင့် အန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလက ကတိကဝတ်တွေနဲ့ NCA နဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်လက်ထက်က ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်တွေကို NCA စာချုပ်မထိုးသေးတဲ့ အဖွဲ့တွေက ပြန်ထောက်ပြလာ တာလည်း တွေ့ရပါတယ်။ ပင်လုံစာချုပ်နဲ့ ပတ်သက်တဲ့ ဒေါ်အောင် ဆန်းစုကြည် ရဲ့ ပြောဆိုချက်တွေက အငြင်းပွားစရာဖြစ်နေပြီး ပြည်ထောင်စု ပဋိဉာဉ်ကို သေးသိမ်အောင် လုပ်တဲ့သဘော တိုင်းရင်းသားတွေဘက်က ရှူမြင်တာငြင်းမရနိုင်တဲ့ကိစ္စပါ။


တိုင်းရင်းသား ပါတီတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရသစ် ဆက်ဆံရေး


အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားပါတီတွေနဲ့ ကော အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးပါ ကောင်းမွန်ခြင်းမရှိတဲ့ အပြင် ဆိုးဝါးလှတဲ့ အခြေနေတွေပါ တွေ့မြင်ရပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက် က လုပ်ခဲ့တဲ့ ပုံမှန်တွေ့ဆုံမှုမျိုးတွေတောင် မရှိတော့သလို တိုင်းရင်းသား ပါတီနဲ့ကတော့ စကတည်းကယဉ်သကို ဆိုသလိုပါပဲ။ အစိုးရသစ်ဖွဲ့စည်းမှု စကတည်းက ရခိုင် ၊ သျှမ်း တိုင်းရင်းသားပါတီတွေနဲ့ မပြေလည်မှုတွေ ရှိခဲ့ပါတယ်။ ဒေသအလိုက် နိုင်တဲ့ တအာင်း(ပလောင်)လို ပါတီတွေနဲ့လည်း တိုက်ရိုက် တွေ့ဆုံဆွေး နွေးတာတွေ မရှိတာကလည်း အံ့အားသင့်စရာပါပဲ။


တအာင်းပလောင်တိုင်းရင်းသားတွေ အဓိကနေထိုင်တဲ့ ဒေသတွေမှာ တအာင်းပလောင် တပ်ဖွဲ့ TNLA အားကောင်းလာမှုနဲ့ တပြိုင်နက် တအာင်းပလောင်ပါတီလို ပါတီတွေကို အစိုးရ ရာထူးတွေပေး တာ ခေါ်ဆွေးနွေးတာ ဒေသတွင်း ဖွံ့ဖြိုးရေးအစီစဉ်တွေ နဲ့ အတူ ဒေသ ခံတွေကို သေနတ်မကိုင်ချင်အောင် အနေထားတွေ ဖန်တီးပေးမှုတွေကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အရေးပါတဲ့ ကိစ္စဖြစ်ပါတယ်။


သျှမ်းပြည်နယ်မှာ အရေးပါတဲ့ အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည်တပ် မတော် မြောက်ပိုင်း နဲ့ တအာင်းပလောင် တပ်ဖွဲ့တို့ တည်ရှိတဲ့ ဒေသဟာ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေအတွက် ( အရှေ့ ဘက် ၀ နယ်ကနေ မြောက်ဘက် ကချင်ပြည်နယ် အထိ မြန် မာပြည်မြေပုံအတိုင်းဆက်စပ်ကြည့်မယ်ဆိုရင် ) အဓိက အလယ်အူကြောလို့တောင် ပြောလို့ရပြီး ဒေသအလိုက် အထူးအစီစဉ်တွေ ရှိရင်တောင် သေနတ်သံတွေကို ထိန်းနိုင်ဖို့အတွက် ထောက် ကူမှုတွေရှိနိုင်ခဲ့မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ၀ နယ်ကနေလာရင် သျှမ်းမြောက် SSPP/SSA ဒေသကိုဖြတ်မှ တအာင်းပလောင်TNLA ဒေသ အဲဒီနယ်တွေပြီးမှ ကေအိုင်အေ နယ်မြေကို ရောက်တာဖြစ်ပါတယ်။ တအာင်းပလောင်နဲ့ သျှမ်းတိုင်းရင်းသားပါတီတွေနဲ့ အစိုးရ ဖွဲ့စည်းရေးလို ကိစ္စတွေမှာ သေချာညှိနှိုင်းဆွေးနွေးနေရာပေးမှုတွေ လုပ်ခဲ့ရင်တောင် သျှမ်းမြောက်မှာ ဒေသအလိုက် သေနတ်သံလျော့ဖို့ အထောက်အကူပြုလာမှာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေပေါ်လာတာ ဒေသခံ လူထု ပူးပေါင်းပါဝင်မှု မရှိရင် မဖြစ်နိုင်ပါဘူး။ ဘယ်လို အကျိုးစီးပွားပဲရှိတယ်ဆိုဆိုပါ။ သက်ဆိုင်ရာ နယ်မြေမှာ လူထုထောက်ခံမှုများသူတွေကို အစကတည်းက ညှိနှိုင်းဆွေးနွေးပြီးရာထူးပေးခဲ့ရင် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေနဲ့ အစိုးရအြကြားဆက်ဆံမှု ယုံကြည်မှု ပိုမိုကောင်းမွန်လာနိုင်ပါတယ်။


UNFC ခေါင်းဆောင် နိုင်ဟံသာတို့ဆိုရင် ရွေးကောက်ပွဲနယ်မြေအလိုက် ကိုယ်စားပြုမှုရှိတဲ့ တိုင်းရင်းသား တွေကို နယ်မြေအလိုက် အုပ်ချုပ်မှုတွေပေးဖို့ အစိုးရဖွဲ့ခါနီးကာလကတည်းက ပြောခဲ့တာ သတိထားမိပါတယ်။ NLDက တိုင်းရင်းသားနယ်မြေမှာ ဗမာတွေများလာတဲ့အပေါ် ၊ တိုင်းရင်းသား လူဦးရေ နည်းသွား တဲ့အပေါ် အသားယူနေလားဆိုတဲ့ ကိစ္စကလည်း ပေါက်ဖွား လာတာတွေ့ရပါတယ်။ ဥပမာ ဗိုလ်ချုပ်ကြေးရုပ် တိုင်းရင်းသားနယ်မြေတွေမှာ ဆန့်ကျင်ခံရမှုတွေ ၊ တိုင်းရင်းသားနယ်မြေရောက် ရွှေ့ပြောင်းတွေကို တိုင်းရင်းသားတွေ နိုင်ငံသား စီစစ်ရေးကတ်မရခင် အိမ်ထောင်စု ဇယားထုတ်ပေးဖို့ လုပ်ခဲ့တဲ့ ကိစ္စတွေက သံသယဝင်စရာကိစ္စတွေ သာဖြစ်ပါတယ်။


တပ်ချုပ်ပြောခဲ့တဲ့ ကချင်နဲ့ သျှမ်းပြည်နယ် မှာ ဗမာလူဦးရေ ဘယ်လောက် ဆိုတာနဲ့ အစိုးရရဲ့ အိမ်ထောင်စု ဇယားထုတ်ပေးမှု ကိစ္စရပ်တွေက အသွင်မတူပေမဲ့ သဘောတရား သိပ်မကွာသလိုဖြစ်နေပါတယ်။ တိုင်းရင်း သား ဒေသမှာ တိုင်းရင်းသား နည်းပါးသွားတဲ့ ကိစ္စတွေ ပြောမယ်ဆို ရင် ပြောစရာတွေအများကြီး ရှိပါတယ်။ NLD ကပေးတဲ့ ရာထူးကို ယူခဲ့တဲ့ တိုင်းရင်းသားပါတီအချို့က တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးထောက်ခံမှုက သက်ဆိုင်ရာဒေသတွေမှာ ကျလာတာကလည်း ၀မ်းနည်းစရာကိစ္စပါ။ ICG ရဲ့ ရီပို့ တစ်ပုဒ်မှာ အစိုးရ အနေနဲ့ အစိုးရဖွဲ့စည်းမှုမှာ အသေးစိပ် တွက်ချက်ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးကောင်းရင် တခြားဆိုင်ရရာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရာမှာလည်းကြားခံအဖြစ် အသုံးပြုနိုင်သလို တဘက်က အသွင်မတူတဲ့ အမာလိုင်း လက်နက်ကိုင် တွေနဲ့ ပါတီတွေ နိုင်ငံရေးအရ တအားသွားမပူးဖို့လည်းအတန်အသင့် ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မိုင်ဂျာယန်ညီလာခံမှာ NLDနဲ့ အဆင်မပြေတဲ့ တိုင်းရင်းသားပါတီတွေ ညီလာခံ သွားတက်မှုက ဒီဘက်က ပယ်ရှား တစ်ဘက်မှာသွားပူးဆိုတဲ့ သဘောမျိုးတောင်ဆောင်နေပါတယ်။ ဒါကလည်းသူတို့ကို အပြစ်ပြောလို့ မရနိုင်ပါဘူး။


NLD နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ၊အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကလည်း မကောင်း လှပါဘူး။ အထူးသဖြင့် တိုင်းရင်းသားအရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အရင်အစိုးရထက်တောင် လက်ရှိ အစိုးရလက်ထက်မှာ ပိုပြီး လုပ်ရကိုင်ရခက်တဲ့ အပိုင်းတွေတောင် ရှိသလို ဆိုင်ရာ လုပ်ငန်းတွေအတွက် ငွေကြေးကန့်သတ်ခံရမှု အစိုးရက ၀င်ထိန်းဖို့ ရည်ရွယ်တဲ့ ကိစ္စတွေအပြင် ၂၁ ပင်လုံမှာ တိုက်ရိုက်ပါဝင် ခွင့်အတွက်လို ကိစ္စတွေမှာ ဘေးဖယ်ခံထားရပြီး သီးသန့် ဖိုရမ်တစ်ခုကနေသာ ပါဝင်ခွင့်ရတဲ့ကိစ္စတွေက အလုပ်ဖြစ်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ယှာဉ်ကြည့်ရင် ဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်။


အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အန်ဂျီအိုတွေ အားကောင်းခြင်းအားဖြင့် သတင်းအချက်အလက်နဲ့ အသံတွေနဲ့ ပတ်သက်လို့လည်း တစ်ခြားမတူတဲ့ရှူထောင့်တွေက ရနိုင်သလို ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အခြား အကြံပြု ချက်တွေအပါဝင် ကဏ္ဍအလိုက် ပညာပေး အစီအစဉ်တွေ အတွက်လည်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။


NCA စာချုပ်အကောင်ထည်ဖော်မှု ကိစ္စ


NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးတာ တစ်နှစ်ကျော်ကြာမြင့် လာပြီဖြစ်ပေ မဲ့ ထိုးပြီးသားအဖွဲ့တွေရဲ့ နယ်မြေမှာတောင် စာချုပ်ဆိုင်ရာ အချက်လက်တွေ ကို အကောင်ထည် ဖော်နိုင်မှုတွေက နှေးကွေးလေးလံတာ ( သို့မဟုတ် ) အကောင်ထည်ဖော်နိုင်မှု မရှိတာ အများကြီးဖြစ်နေပါတယ်။ အခုထိ တပ်နေရာချထားရေးတွေ မလုပ်ရသေးသလို လူနေအိမ်ခြေနဲ့နီးတဲ့ နယ်မြေတွေက တပ်စခန်းတွေ နေရာ ပြောင်းဖို့ တစ်ဘက်နဲ့တစ်ဘက် နယ်မြေသတ်မှတ်မှုဆိုင်ရာ ကိစ္စတွေ ထိထိရောက်ရောက်မ လုပ်နိုင်သေးပါဘူး။ ဒေသတွင်းဖွံ့ဖြိုးရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကလည်း အချိန်ယူရဦးမဲ့ ကိစ္စတွေဖြစ်ပါတယ်။


သျှမ်းပြည်နယ်တောင်ပိုင်းက အာစီအက်စအက်စ SSA နဲ့ ဆက်စပ်တဲ့ နယ်မြေတွေမှာဆိုရင် NCA တစ်နှစ်ကျော်လာပြီဖြစ်ပြီး တစ်ဖွဲ့ချင်း အပစ်ရပ်တာ ၅နှစ်ကျော်လာပေမဲ့ အခုထိ နိုင်ငံခြားခရီး သွားတွေ သွားလို့မရတဲ့ ခရီးသွား လုပ်ငန်းအတွက် ခြေလျင် တောတောင်ရှူခင်းဖြတ်ကျော် ခရီးတွေသွားလို့မရတဲ့ နယ်မြေတွေများနေသလို စစ်မဖြစ်တာကလွှဲလို့ တခြားဘိန်းအစားထိုး သီးနှံလို ကိစ္စတွေကအစ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဆုံး ကြီးကြီးမားမား မလုပ်နိုင်သေး ပါဘူး။ အပစ်ရပ်နယ်မြေတွေအတွင်း အိုင်ဒီပီတွေ ပြန် လည်နေရာ ချထားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်း စိန်ခေါ်မှု မြောက်မြား စွာ ရှိဆဲဖြစ်ပါတယ်။


လူမှုဘဝဖွံ့ဖြိုးမှုနဲ့အတူ အရေးပါတဲ့ စိုက်ပျိုးရေးကုန်သွယ်မှု လုပ်ငန်းတွေ မကောင်းတာ တွေကလည်း ဒေသခံတွေကို အခက်တွေ့စေပြီး ဘိန်း စိုက်ပျိုးမှုအပါဝင် တခြားတရား မဝင်လုပ်ငန်းတွေကို တွန်းအားပေး သယောင်ရှိနေပါတယ်။ နောက် EITI လို ကိစ္စတွေနဲ့ အမျိုးသား အဆင့်ဆွေးနွေးပွဲကျင်းပခွင့် ၊ ကျင်းပမှု ၊ နေရာ ကိစ္စတွေနဲ့ ပတ်သက်လို့တော့ မရေမရာ အမျိုးမျိုး အငြင်းပွားနေဆဲဖြစ်တာကို ကြည့်ရင် NCA မထိုးသေးတဲ့ အဖွဲ့တွေကပင် ထောက်ပြနိုင်တဲ့ အနေထားပါ။


NCA စာချုပ်အရ ဖွဲ့ထားတဲ့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ( UPDJC) က နိုင်ငံရေးဆွေးနွေးပွဲအတွက် ရက်သတ် မှတ်မှုတွေလုပ်ရမှာဖြစ်ပေမဲ့ အစိုးရကပဲ ကျင်းပမဲ့ ရက်တွေကိုအ ဆင် သင့်ဖြစ်ဖြစ် မဖြစ်ဖြစ် အော်နေတဲ့ ကိစ္စမျိုးတွေကလည်း သတိထားစရာ ကိစ္စတွေဖြစ်ပါတယ်။ နောက် ကျောင်းသားတပ်မတော်က ရဲဘော်မင်းဌေး အဖမ်းခံရတဲ့ ကိစ္စရပ်လို ကိစ္စတွေကလည်း NCA စာချုပ်အရ ပြဿနာ ရှိတဲ့ ကိစ္စတွေပါ။


Bilateral meeting တွေ နဲ့ Bilateral တစ်ဖွဲ့ချင်းအလိုက် စာချုပ်တွေ အသက်မဝင်သလိုဖြစ်နေ အစိုးရသစ် လက်ထက်မှာတော်တော် နည်းသွားတဲ့ ကိစ္စတွေထဲပါပါတယ်။ အစိုးရနဲ့ တစ်ဖွဲ့ချင်းဆွေးနွေးတာက လည်း တစ်ဖွဲ့ချင်းစီအလိုက် အခက်ခဲအခြေနေတွေကို နားလည်နိုင်သလို ယုံကြည်မှု တည်ဆောက်မှုမှာလည်း အရေးပါတဲ့ ကိစ္စဖြစ်ပါတယ်။ အခု ၀ ကိစ္စဆိုရင် သီးခြား တာဝန်ပေးသူ ရှိပေမဲ့ အစိုးရရခဲ့တဲ့ အချက်လက်တွေ က မှားယွင်းခဲ့ဟန်တူပါတယ်။ မြောက်ပိုင်းအရေးနဲ့ ၀ ကိစ္စကို အောက်မှာ ဆက်ရေးပါဦးမယ်။


Informal meeting တွေ တခြား မီဒီယာတွေနဲ့ ဆွေးနွေးသတင်ဖ လှယ်မှုတွေ ကလည်း ဒီချုပ်အစိုးရလက်ထက် မှာ ပျောက်နေတဲ့ လုပ်ငန်းစဉ်တွေဖြစ်ပါ တယ်။ နောက် NCA ထိုးထားတဲ့ အဖွဲ့တွေအပြင် မထိုးထားတဲ့ အဖွဲ့အချို့နဲ့ လည်း တစ်ဖွဲ့ချင်းအလိုက် အပစ်ရပ်စာချုပ်တွေ ပစ်ခိုက်တိုက် ခိုက်မှု လျှော့ ချရေး စာချုပ် ယန္တရားတည်ဆောက်မှုဆိုင်ရာ သဘောတူညီချက်တွေ ယခင်က ရှိခဲ့ပါတယ်။ အဲဒါတွေ ယခု မရှိတော့ပါ။ လွန်ခဲ့တဲ့ ဂိဒွန်တိုက်ပွဲတွေဟာ ယခင် အစိုးရလက်ထက်ကဆိုရင် နှစ်ဘက်ပူးတွဲဖွဲ့စည်းထားတဲ့ ပဋိပက္ခဖြေရှင်းရေး ယန္တယားအဖွဲ့အစည်းတွေက ရှင်းနိုင်တဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။


NCA စာချုပ်မှာလည်းး တစ်ဖွဲ့ချင်းစီအလိုက် ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဆက်လက်ဆောင်ရွက်ဖို့ ဖော်ပြထားပါတယ်။ ပဋိပက္ခဖြစ်လိုက်ရင် ထိန်းရခက်ပြီး ဆပွားတတ်တာတွေ ဖြစ်တတ်တာကြောင့်လည်း သတိထားသင့်တဲ့အရာတွေပါ ၊ ဂိဒွန်တိုက်ပွဲနောက်ဆက်တွဲ မူဆယ်တိုက်ပွဲနဲ့ လက်ရှိ ပန်ဆန်းညီလာခံ မဟာမိတ်ဖွဲ့မှုတွေက မယုံကြည်မှုတွေအပြင် ပဋိပက္ခတိုက်ပွဲတွေနဲ့ ပါ ပတ်သက်နေတယ်ဆိုတာ နိုင်ငံရေး လေ့ လာသူတိုင်းသိတဲ့အရာတွေပါ။ အားကြီးတဲ့ရန်သူကို အားလုံးအားနဲ့ ပါဝါတည်ဆောက်ပြိုင်မဲ့ သဘောပါ။


Voluntary Process သဘောဆန္ဒအလျောက် ပူးပေါင်းခိုဝင်နိုင်မှု ဖြစ်စဉ်


အောင်မြင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တစ်ဘက်နဲ့ တစ်ဘက် ဖိအားမပေး မတင်စီးပဲ သဘောဆန္ဒအလျောက် ပူးပေါင်းမှုနဲ့ ဆွေးနွေးတဲ့ Voluntary Process တွေက သာ အောင်မြင်သာများပါတယ်။


ဆွေးနွေးပွဲတွေဖြစ်ဖြစ် တခြား တွေ့ဆုံ ဆက်ဆံမှုတွေမှာဖြစ်ဖြစ် တစ်ဘက်နဲ့ တစ်ဘက် ဂုဏ်သိက္ခာကို အလေးထားဆက်ဆံဖို့ ပြောဆိုဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် ကြားနေ သမာသမတ်ကျကျရပ်တည်ရမဲ့ အစိုးရရဲ့ ကဏ္ဍက ပိုမို အရေးကြီးပါတယ်။ဗီုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လုပ်ခဲ့တာဟာ ဗမာတွေရဲ့ ဂုဏ်သိက္ခာ Honors of Pride ကို အာမခံပြီး ဖိအားမပေး မတင်စီးတဲ့ လေသံနဲ့ Voluntary အရ စည်းရုံးခဲ့တာဖြစ်ပါတယ်။ အခုလို ယုံကြည်မှု ပျက်လာတဲ့ အချိန်မှာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းအကြား ယုံကြည်မှု ပျက်တာ မဟုတ်ပဲ ဗမာလူမျိုးစုက အများစုဖြစ်တဲ့အတွက် ဗမာ နဲ့ ကျန်တဲ့ တိုင်းရင်းသားအြကြား စိတ်ဝမ်းကွဲမှု အသွင်ဆောင်လာတာဟာ ယုံကြည်မှု ယိုယွင်းလာတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။


လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းကို အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေရဲ့ အရေးလို့ မမြင်ပဲ တပ်မတော်အင်အားစုတွေ ရှိလင့်ကစား ဗမာလူများစုနဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ ဆက်ဆံရေးအဖြစ်ပါ ရှုမြင်ဖို့ လိုပါတယ်။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်း တံတား အမည် မသတ်မှတ်ဖို့ ရဟန်း သံဃာတော်တွေအပါဝင် ဒေသခံ ထောင်ချီ ဆန္ဒပြခဲ့တာ မြစ်ကြီးနားမြို့က စစ်ရပ်စဲရေး ဆန္ဒပြပွဲတွေမှာ ဒေသခံ သောင်းချီ ပါဝင်ဆင်နွှဲပြီးဒေါ်အောင် ဆန်းစုကြည်ကိုပါ မေးခွန်းထုတ်ကြတာ ၊ တစ်ဘက်မှာလည်း မခံချင်သူတွေက လူမျိုးနာမည်တပ်ဆဲကြတာတွေက တိုင်းပြည်ရဲ့ စိတ်ဝမ်းကွဲမှု မြင့်လာတဲ့ ညွှန်းကိန်းကို ပြသတဲ့ အရာတွေဖြစ်တယ်။


ဥပမာအားဖြင့် ရန်ကုန်မှာမွေးရန်ကုန်မှာ ကြီးတဲ့သူတစ်ယောက်က ငါက ကရင်သွေးပါတယ်ဆိုပြီး လူမျိုးစွဲတွေ ထားမနေပါနဲ့ ဆိုတဲ့ ကိစ္စက ကရင်ပြည်နယ် ဒေါနတောင်ခြေက ကရင်တွေရဲ့ ခံစားချက်နဲ့ ထပ်တူ မကျနိုင်ပါဘူး။ တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှုရှိပေမဲ့ ရန်ကုန်ဟာ တခြား တိုင်းရင်းသားဒေသတွေ ထက်များစွာလုံခြုံပြီး အခြေနေကောင်းတယ် သက်သောင့်သက်သာရှိတဲ့ နယ်မြေဖြစ်တယ်ဆိုတာ သေချာပါတယ်။ သမ္မတက မွန်သွေးပါပေမဲ့ ဘုရားသုံးဆူ ရေးချောင်းဖျားက မွန်တွေနဲ့ ရုန်းကန်ရမှုနဲ့ ဖြတ်သန်းမှုချင်းမတူတဲ့အတွက် ဒေသတွင်း အခြေနေအပေါ် ခံစားမှု တူချင်မှ တူနိုင်ပါတယ်။


ပြည်သူအားလုံး Identity တစ်ခုအောက်မှာ အလွယ်တကူ Assimilate လုပ်လို့ရရင် ဖက်ဒရာယ်လစ်ဇင် ၊ Pluralism ၊ စတိတ်နေးရှင်း ၊ Public Policy on ethnic conflicts resolution ဘာသာရပ်တွေတောင် ပေါ်လာမယ် မထင်ပါ။ ဘုရင့်နောင်တည်ခဲ့တဲ့ ဟံသာဝတီ နေပြည်တော်ကို နောက်ဘုရင် လက်ထက်မှာ လာဖျက်ခဲ့တာဟာ ထိုင်းတွေကြီးကြီးမဟုတ်ပဲ မွန် ၊ သျှမ်း ၊ ရခိုင်တွေပါပါခဲ့တယ်ဆိုတာ ကြည့်ရင် သမိုင်းမှာ ပြည်ထောင်စုအဖြစ် စုစည်းမှုဆိုတာ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်မှ စတင်ကြံရွယ်ခဲ့တယ်ဆိုတာ သိသာပါတယ်။


Voluntary Process ထဲမှာ တိုင်းရင်းသားဒေသတွေမှာ အလုပ်အကိုင်အခွင့် အလမ်း ဖန်တီးပေးတာ ၊ မြေယာ ပိုင်ဆိုင်ခွင့်တွေ ခိုင်မာစေတာ ၊ ဒေသဌာနဆိုင်ရာ အဖွဲ့အစည်းတွေမှာ တိုင်းရင်းသားဝန်ထမ်းဦးရေကို ရာခိုင်နှုန်း သတ်မှတ်ခန့်ထားပေးတာ ၊ တိုင်းရင်းသားဒေသက စာသင်ကျောင်းတွေ ကို သင်ကြားမှု စွမ်းရည်မြင့်တဲ့ ဆရာတွေကို ပို့ပေးတာ ၊ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားတွေရဲ့ တရားဝင်မှု ၊ သင်ကြားခွင့် ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြင့်တင်ပေးမှု တွေလည်းပါဝင်ပါတယ်။ ဒါပေမဲ့ တစ်လောက ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးပြောတယ်ဆိုပြီး မီဒီယာတွေမှာ ဖော်ပြတဲ့ စကားကတော့စိတ်ပျက်စရာပါ။


မြို့ကြီးပြကြီးတွေက အရည်အချင်းမမှီတဲ့ ဆရာတွေကို နယ်စွန်နယ်ဖျားတွေကိုပို့မယ်ဆိုတဲ့ ကိစ္စက နယ်စပ်ဒေသက တိုင်းရင်းသားတွေကို ဒုတိယ နိုင်ငံသားတွေအဖြစ် သဘောထားသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။တိုင်းရင်းသားအရေးက တိုင်းရင်းသားဝတ်စုံရွတ်ပြရုံ အခမ်းအနား သဝဏ်လွှာပို့ရုံနဲ့ ရိုးရာကပွဲတွေ ကျင်းပရုံသက်သက် မပြေလည်နိုင်ပါ။


Voluntary ဖြစ်စဉ်ထဲမှာအမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရဖွဲ့စည်းမှုလိုကိစ္စမျိုးကလည်း ပါဝင်နေပါတယ်။ လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံကို စုစုစည်း စည်းနဲ့စိတ်ဝမ်းမကွဲပဲနေနိုင်တဲ့ ဘယ်လို အတွေးအခေါ်နဲ့ တည်ဆောက်မ လဲဆိုတဲ့ မူကပျောက်နေတယ်။ အစိုးရမှာလည်း အခုအထိ အိုင်ဒီယိုလိုဂျီအရ ဘယ်လိုသွားမလဲဆိုတာတောင် ရှင်းလင်းစွာမတွေ့ရတဲ့ အပြင် ဖြစ်ပြီးသား အလုပ်မဖြစ်ခဲ့တဲ့ စနစ်ဟောင်းတွေက ပုံစံအတိုင်း ပြန်ကျော့နေတယ်ဆိုတဲ့ မှတ်ချက်တွေ ( ဥပမာ -လွတ်လပ်ရေးရပြီး စပါလီမန်ခေတ်က ပုံစံမျိုးပြန်ပြန်ဖြစ်နေတယ်ဆိုပြီး ကောက်ချက်တွေလည်း ရှိနေပါတယ်။ အများညီရှိဖို့ခက်ပေမဲ့ နိုင်ငံသားများ လက်တွဲနေထိုင်ရေးမူ Intra-National Social Contract က ရှိမှ ရမဲ့ အရာဖြစ်တယ်။ State Nationခိုင်မာမှု မရှိချိန် မဂျော်ရတီမဲက အဖြေမဟုတ်ဆိုတာလည်း ကမ္ဘာ့နိုင်ငံ အများပြားမှာ သက်သေသာဓက ရှိခဲ့သလို ဖဆပလ ပါလီမန်ခေတ်မှာလည်းကြုံခဲ့ရဖူးတယ်။


ဒီအဆိုကို အာရင်းလိပတ်ဂ်ျ နဲ့ လာရီဒိုင်းမွန်းတို့လို့နိုင်ငံရေးနဲ့ လူမှု သိပ္ပံသမားတွေကလည်း လက်ခံခဲ့ပါတယ်။ မြန်မာမှာတော့ လက်ရှိအချိန်ဟာနိုင်ငံတော်ဖြစ်တည်မှုအစဉ်နဲ့ နိုင်ငံသား များအဖြစ် စုစည်းဝင်ရောက်မှု အပါဝင်နိုင်ငံရေးအရ တည်ငြိမ်တိုးတက်မှုတွေက ဟန်ချက် ညီညီသွားရမဲ့ အရာတွေဖြစ်ပြီးကသမ်းကရမ်းဖြစ် နေတဲ့ အနေထားမှာ ရှိနေဆဲဖြစ်နေတယ်။ အစိုးရသစ်လက်ထက် ဒီမိုကရေစီအဝန်းအဝိုင်း နဲ့ ကျင့်သုံးမှုတွေက ကျယ်လာသလား အားမကောင်းပဲပြန်ဆုတ် သွားသလားဆိုတာ မေးစရာတောင် လိုမယ်မထင်ပါဘူး။


မြန်မာ့အသွင်ကူးပြောင်းရေးရဲ့ ပြသနာက အရေးကြီးတဲ့ နိုင်ငံရေး ပဋိဉာဉ်မရှိတဲ့အပြင် ၊ ကဏ္ဍအလိုက် အလျော်အစား ချိန်ညှိဈေးဆစ်မှုက NLD အစိုးရလက်ထက်မှာ မရှိသလောက် နည်းနေပါတယ်။ခရိုနီတွေ ဆန်ရှင်လွတ်လာပေမဲ့ သူတို့ကို ပြန်ရင်းနှီးမြှပ်နှံခိုင်းမဲ့ ကိစ္စရပ်တွေ ၊ လယ်သိမ်းမြေသိမ်းပြဿနာတွေမှာ ပါဝင်ပတ်သက်နေရင် လယ်ယာမြေ ပြန်လည်စွန့်လွတ်ခိုင်းမဲ့ ကိစ္စတွေလည်း မလုပ်နိုင်ပါဘူး။ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုဆောက်ဖို့အတွက် တိုင်းရင်းသား ဒေသတွေက အငြင်းပွားဖွယ် ဒေသခံတွေကန့်ကွက်နေတဲ့ စီမံကိန်းတော်တော်များများမှာ ခရိုနီတွေကလည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ ပတ်သက်မှု ရှိကြတာများပါတယ်။


စီမံကိန်းနဲ့ ရင်းနှီးမြှပ်နှံမှုတွေ ၊ သယံဇာတ တူးဖော်မှုတွေကြောင့် ပဋိပက္ခဖြစ်နေခဲ့မှုတွေနဲ့ အလားတူဖြစ်လာနိုင်မှုအခြေနေတွေမှာ ဘယ်စီမံကိန်းရပ်သင့်မရပ်သင့်ဆိုတဲ့ ကိစ္စတွေကို အများသောအားဖြင့် မဆုံးဖြတ်နိုင်ခဲ့ပါ။ တပ်မတော်နဲ့ အစိုးရ အပေးအယူကိစ္စတွေကလည်း ထိုနည်း၎င်းပါပဲ။ အရေးကြီးတဲ့ ခေါင်းဆောင်နှစ်ဦးဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်အကြား နိုင်ငံရေး ပဋိဉာဉ်မရှိတာကြောင့်လည်း ဘယ်လောက် ပမာဏ ရရှိနိုင်တယ် ၊ ဘယ်လောက် အလုပ်လုပ်လို့ ရနိုင်တယ် စိတ်မှန်းသက် သက်ဖြစ်ဖွယ်ရှိတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က မယုံမကြည်ဖြစ်နေတာတွေလည်း ရှိနေပါတယ်။ အခုက လက်နက်ကိုင် သက်သက် မယုံကြည်ကြဘူးဆိုတာ မဟုတ်တာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွန်ခဲ့တဲ့ လ သျှမ်းပြည်ခရီးစဉ်မှာ လူထုအများအပြား အရင်ကလည်း အုံးအုံးကျွတ်ကျွတ်မကြိုဆိုတော့တာတွေကလည်း သက်သေပါပဲ။

( သမ္မတ ဦးသိန်းစိန်မှားတဲ့အမှားမျိုး ထပ်မှားဖို့ ကြံနေသလား )


ငြိမ်းချမ်းရေးဆိုတာ မြန်မြန်ရရင်ကောင်းပါတယ်။ သို့သော် ပြည်သူအခြေပြုပြီး လူထုရေးရာ မူဝါဒအရ စက်ဝန်းတစ်ပတ်လည်ပြီး အားလုံးက သင့်မြတ်ရေးဖြစ်စဉ်မှာ ပြေလည်ဖို့လိုတာကြောင့် အခြေမခိုင် ၊ နည်းဗျူဟာမရေမရာနဲ့ ဇွတ်လောရင်လည်း ခနခန ပျက်နေတဲ့ ယုံကြည်မှုက ပိုတည်ဆောက်ရခက်နိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အဓိက အားနည်းချက်က လူထုထောက်ခံမှု ၊နိုင်ငံတကာ အသိမှတ်ပြုမှုအရ ဒေါ်အောင်ဆန်းစုကြည်လောက် အားမကောင်းတာပဲဖြစ်ပါတယ်။ ဒါ့အပြင် တစ်စုံတစ်ရာသော ကြိုးတွေကလည်း ချည်နှောင်ခံရလေသလား စဉ်းစားစရာရှိပါတယ်။


သူ့လက်ထက်အမှားကလည်း ရွေးကောက်ပွဲသက်တမ်းနဲ့ တွက်ပြီး နည်းနည်းတွန်းလုပ်ခဲ့တဲ့ လက္ခဏာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အပြည့်အဝ မအောင်မြင်ခဲ့ပါ။ မည်သည့် ငြိမ်းချမ်းရေး ဖြစ်စဉ်မဆို စစ်နက်လက်ဖြုတ်သိမ်းရေး တပ်ဖွဲ့ပေါင်းစည်းရေး လုံခြုံရေးကဏ္ဍပြောင်းလဲရေး DDR/SSR လောက်အထိ လုပ်ဖို့ ဆိုရင် အနည်းဆုံး ၁၀ နှစ်လောက် ကြာတတ်တာ ဓမ္မတာပါပဲ။ ဒါတောင်အဆင်ပြေမှပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်က ဇွတ်တိုးလုပ်ရင်း မပြေလည်တာတွေ များနေတာပါ။ မပြေလည်တာများရတဲ့ အထဲ  NLDပါတီဝင်တွေနဲ့ NLD အမှာခံတွေရဲ့ ၂၁ ပင်လုံထောက်ခံပွဲတွေကလည်း အရင်ခေတ်အမျိုးသား ညီလာခံ ကြိုဆိုပွဲတွေကို သတိရစရာပါ။


( ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၊အလုပ်အဖွဲ့နည်းလွန်းခြင်း )


ယန္တယားဖွဲ့စည်းမှု နည်းတာ ၊ အလုပ်အဖွဲ့တွေနည်းတာဟာ စားရိတ်ချွေတာရာရောက်ပေမဲ့ တကယ်တော့ အလုပ်မဖြစ်ပါ။ ဥပမာအားဖြင့်အရင်အစိုးရလက်ထက်မှာ လိုင်ဇာ စစ်သင်တန်းကျောင်းအပစ်ခံရပြီး ၄ ရက်အကြာ ချင်းမိုင်မှာ အလွတ်ဆွေးနွေးမှုတွေ စလုပ်နိုင်ခဲ့ပါတယ်။ အခု အစိုးရသစ်လက်ထက်မှာ ဥပမာအားဖြင့် တစ်လောက မြောက်ပိုင်းမဟာမိတ်အဖွဲ့က အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်ခွင့်ပြုရန် တပ်ချုပ်သဘောတူဆိုပြီး တရုတ်သံတမန်နဲ့ တွေ့ဆုံမှုအပေါ် သတင်းထုတ်ပြန်ခဲ့တာတွေ ရှိပေမဲ့ အဲဒီအဖွဲ့တွေနဲ့ သီးသန့်ဆွေးနွေးမှုကို အခုစာရေးနေတဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ မလုပ်နိုင်သေးတာကို တွေ့ရပါတယ်။ နောက်ခန့်ထားတဲ့ လူတွေရဲ့ လူမှန်နေရာမှန်ဖြစ်မှုတွေအပေါ်မှာလည်း မေးခွန်းထုတ်နေတဲ့ လေ့လာသူတွေ ရှိနေပါတယ်။


အစိုးရ သတင်းမှန်မှရရဲ့လား ဘေးကလူတွေက အမှန်ပြောသူတွေလားဆိုတာက အခု ၀ နဲ့ ပန်ဆန်းညီလာခံအပြီး အစိုးရ အကြပ်ရိုက်နေတာ ကြည့်ရင် သိသာပါတယ်။ တိုက်ပွဲဖြစ်လို့ တခုခုအကြောင်းကြားလည်း အင်းမလုပ်အဲမလုပ် ကိစ္စတွေလည်း ရှိနေပါတယ်။ နောက်ပြီး အလုပ်အဖွဲ့များရင် ကုန်ကျစားရိတ်များနိုင်ပေမဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်သွယ်ရေးလို ကိစ္စတွေကအစ အလုပ်အဖွဲ့အလိုက် တာဝန်ခွဲဝေမှုတွေပေးထားရင် ( သို့မဟုတ် ) ရာထူးအလိုက်လုပ်ပိုင်ခွင့်ပေးထားရင် တုံ့ပြန်ဆောင်ရွက်မှုတွေအဆုံး ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။


( ငြိမ်းဖြစ်စဉ် အီခြင်းအဆိုးကြော့ပြန်နိုင်ချေ။ )


ဘာပဲပြောပြော ငြိမ်းချမ်းရေးဖြစ်စဉ်က ရှည်ကြာတတ်တယ်ဆိုပေမဲ့ ပုံမှန်တိုးတက်မှုပြသဖို့ လိုပါတယ်။ အီလာရင် အပစ်ရပ်ပြီးသားအဖွဲ့တွေမှာပါ အီပြီး စိတ်မရှည်တာတွေဖြစ်လာနိုင်ပါတယ်။ တချိန်တည်းမှာလည်း တစ်ဖွဲ့ချင်းစီအလိုက် အပစ်ရပ် ပြီးရင် နယ်မြေ ဒေသလိုက်ဘယ်လို ညှိနှိုင်းပြီး တိုင်းရင်းသားအခွင့်ရေးပေးရေး ၊ မရပ်ရင် ဘယ်လိုညှိနှိုင်းဆိုတဲ့ မူနဲ့ သွားတာလည်း မဟုတ်သေးတဲ့အတွက် ပြောရခက်ပါတယ်။


အိန္ဒိယမှာတော့ရှင်းပါတယ်။ တစ်ဖွဲ့ချင်းလုပ်ပြီးရင် လုပ်တဲ့ နယ်မြေအလိုက် ဖက်ဒရယ်ပြည်နယ် သတ်မှတ်ပေးတာ တခြားအခွင့်ရေးနဲ့ ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်တွေ ပြဌာန်းပေးတာတွေလုပ်တာပါ။ ဒီမှာက အခုအနေထားမှာ ထိုးပြီးအဖွဲ့တွေက မထိုးသူတွေကို ဘယ်လောက်စောင့်ရမလဲ ထိုးပြီးအဖွဲ့တွင်းတွေရဲ့ တပ်ဖွဲ့အတွင်းမှာကော လက်ရှိအခြေနေကို ကျေလည်မှု ရှိပါ့မလားဆိုတဲ့ ကိစ္စတွေက စဉ်းစားစရာတွေပါ။ အခုက NCAကိုလက်ခံသူ ၊ လက်မခံသူ ပိုမိုကောင်းမွန်တဲ့ အချက်တွေ ထပ်ဖြည့်လိုသူတွေ ရှိနေပြီး အစိုးရနဲ့ တပ်မတော်ကတော့ NCAကို ကိုင်ကစားနေတာဖြစ်ပါတယ်။ နိုင်ငံရေးအရအဖြေမထွက်ပဲ တစ်ဖွဲ့ ချင်းစီအလိုက်စီးပွားရေးလုပ်ပိုင်ခွင့်တွေပဲပေး စည်းရုံးတဲ့အတွက် မအောင်မြင်ခဲ့ပဲ အဲဒီ တပ်ဖွဲ့ အတွင်းမှာပဲ တိုင်းရင်းသားရပိုင်ခွင့်ကို ပိုမိုလိုလားတဲ့ အမာဂိုဏ်း နောက်မျိုးဆက် တစ်ဆက် သို့မဟုတ် အုပ်စုတစ်စုက နေရာဝင်ယူတာ ၀င်သိမ်း အပစ်ရပ်စဲရေးကျိုးပျက်ဆိုတဲ့ ကိစ္စတွေက အရင်စစ်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ငန်းစဉ်တွေမှာ ရှိခဲ့ပြီးဖြစ်ပါတယ်။ အလုပ်ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ ဆွေးနွေးပွဲဆိုင်ရာ မူဘောင်တွေက အရေးပါပါတယ်။


နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပုံသဏ္ဍာန်မပြေလည်မှုကြောင့် တောင်အာဖရိက ဆွေးနွေးမှု အစောပိုင်းကာလမှာ ဆွေးနွေးပွဲတွေပျက်ပြီး Win-Win အနေထား မဖော်ဆောင်နိုင်တဲ့ မူဘောင်ရဲ့ ဂယက်ကြောင့်ပဲ လူတွေ အများကြီးသေဆုံးခဲ့တယ်။ မြန်မာမှာတော့ အဲထက် လက်နက်ကိုင်ပိုများတယ်။ အားလုံး ရေရှည်အတွက် အမျှော်အမြင်ရှိဖို့လိုတယ်။ ဒါပေမဲ့ တောင်အာဖရိကမှာက နိုင်ငံရေး ဆွေးနွေးပွဲဖြစ်တဲ့ CODESA ဆွေးနွေးမှုတွေဖြစ်ပြီးမှWin- Win မဖော်ဆောင်နိုင်လို့ အစောပိုင်းဆွေးနွေးပွဲတွေ ပျက်တာ ဖြစ်တယ်။ မြန်မာမှာက ၂၁ ပင်လုံ ဒုတိယ အကြိမ် ကျင်းပမယ် အော်နေချိန်အထိ အလုပ်ဖြစ်မဲ့ မူဘောင် မထွက်လာသေးပါ။ နောက်တကြိမ်ကျင်းပမဲ့ ပင်လုံဟာ အပြန်အလှန်ဆွေးနွေး ဆုံးဖြတ်မှုက မရေရာသေးပါ။NCA ထိုးပြီး အဖွဲ့တွေနဲ့တောင် မကျေလည်မှုတွေ ရှိလာတာ စိတ်မကောင်းစရာ အချက်ဖြစ်တယ်။


( တစ်ဖွဲ့ချင်းအကျိုးစီးပွားသက်သက်လို့ အသေမယူဆစေလို )


တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်တော်တော်များများက တစ်ဖွဲ့ချင်းအကျိုးစီးပွား လူပုဂ္ဂိုလ်တစ်ဦးချင်း စီးပွားအရ သီးသန့်ရပ်တည်တယ်လို့ ပြောဖို့ ခက်ပါတယ်။ အဲဒီအဖွဲ့တွေမှာ တစ်ဦးချင်း ချမ်းသာသူတွေ ရှိနေသော်လည်း အဲဒီတစ်နည်းထဲနဲ့ ချဉ်းကပ်မှုတွေက မမှန်နိုင်ပါဘူး။ နောက်တစ်ချက်က နယ်နိမိတ်မျဉ်း တစ်ဘက် နိုင်ငံကို ဆက်ဆံလိုက်ရင် ရပြီဆိုတဲ့ အယူအဆဟာ မမှန်ကြောင်း အခု မြောက်ပိုင်းမဟာမိတ် အထူးသဖြင့် ၀ တပ်ဖွဲ့ရဲ့ NCA ငြင်းပယ်မှုက သက်သေပါပဲ။ ဒါကလည်း ထူးခြားချက်တွေ ရှိပါတယ်။


ဝ ဟာ တရုတ်ဆိုတဲ့ အမြင်ဟာ တစ်ကယ်တော့ ယူနန်နိုင်ငံရေး ၀ ရဲ့ ထူးခြားတဲ့ တရုတ်နယ်မြေဝ နဲ့မြန်မာနယ်မြေ ၀ ထိပ်စပ်မှု ၊ ထိစပ်ရုံတင်မက ဒေသခံတွေကိုယ်တိုင် ဆွေမျိုးရင်းချာလို့ သဘောထားပြီး အပြန်အလှန်ကူးလူးဆက်ဆံမှုတွေက နီးကပ်စွာရှိတဲ့ ကိစ္စတွေက တရုတ်ဗဟိုအစိုးရ သက်သက် ထိန်းဖို့ ခက်တဲ့ ပြဿနာပါ။ ဗကပ လို အဖွဲ့က တရုတ်နဲ့ ဦးနေဝင်းဆက်ဆံတော့ အားလျော့သွားပေမဲ့ ၀ က ဗကပ မဟုတ်သလို ဗကပ ထက်လည်းတောင်းတင်တဲ့ အနေထားမှာ ရှိနေပါတယ်။


ဝ နဲ့ ဆက်စပ်တဲ့ မြောက်ပိုင်းမဟာမိတ်က စစ်ရေးနိုင်ငံရေးအရကော နယ်မြေထိစပ်နေသူတွေ ဖြစ်တဲ့အတွက် တရုတ်ဖိအားရှိလင့် ကစား ကျော်လွှားနိုင်တဲ့အ ခြေနေတွေ ရှိနေပါတယ်။ မြောက်ပိုင်းအဖွဲ့တွေ အားလုံးပေါင်းခြင်း အားဖြင့်ပါ။ယူနန်ရဲ့ အခြေနေကလည်းစိတ်ဝင်စားစရာပါ။


တရုတ်မှာရှိတဲ့ မျိုးနွယ်စု ၅၆ မျိုးမှာ ၂၆ မျိုးက ယူနန်မှာရှိတဲ့အတွက် မြန်မာမှာရှိတဲ့ သျှမ်း၊ ကချင် ၊ ၀ တို့လို လူမျိုးတွေကို ယူနန်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ သတ်မှတ်ပေးထားရပါတယ်။ အဲထဲမှာ ဒီဘက်နဲ့ ဆွေမျိုးလို့ ပိုသတ်မှတ်ဆက်ဆံမှုနှုန်းမြင့်တာ ကချင် နဲ့ ၀ တွေဖြစ်ပါတယ်။ လိုင်ဇာမှာ ဗုံးကျ လူတွေသေတုန်းကဆိုရင် လိုင်ဇာတစ်ဘက်ခြမ်း တရုတ်ဘက်မှာ တရုတ်ဘက်က တရုတ်နိုင်ငံသား ဂျင်းဖောတွေ နယ်စပ်မျဉ်းနားအထိ လာရောက်ဆန္ဒပြပွဲတွေ လုပ်ဖူးပါတယ်။ ၀ ကတော့ ဟိုဘက်ဒီဘက် ညီအစ်ရင်းအစ်ကို သတ်မှတ်မှုက တခြားတိုင်းရင်းသားထက်ပိုပါတယ်။ ၀ မှာရှိတဲ့ ခေါင်းဆောင်အချို့ဟာ တရုတ်နိုင်ငံဘက်မှာ မွေးတဲ့ဝ လူမျိုးတွေဖြစ်ပြီး ငယ်ကတည်းက မြန်မာနိုင်ငံကို ရောက်နေသူတွေဖြစ်ပါတယ်။


ဒါပေမဲ့ ၀ ကို ခွန်ဆာကို ကိုင်တွယ်သလို ကိုင်တွယ်လို့လည်း မရသလို ဗကပ လိုကိုင်တွယ်လို့ မရနိုင်တာလည်း အသေချာပါပဲ။မည်သို့ပင်မူးယစ်ဆေးဝါးနဲ့ စွပ်စွဲပါစေ သူလည်း သူ့လူမျိုး အသိုင်းအဝိုင်းကြားထဲမှာ ဒေသ တည်ထောင်သူလို ဖြစ်နေတဲ့အပြင် အမျိုးသားရေးအလံကို ကိုင်စွဲထားတာကြောင့်လည်းဖြစ်ပါတယ်။ နိုင်ငံတကာကြောင့် အင်္ဂလိပ်ကြောင့် ၊ ထိုင်းကြောင့်ဆိုတဲ့ ယူဆ စွပ်စွဲမှုတွေက ခေတ်အဆက်ဆက် ရှိခဲ့ပေမဲ့ ပြည်တွင်းစည်းလုံးညီညွတ်မှု အက်ကြောင်းရှိ တာက အဓိက ကျတဲ့ အကြောင်းအရာပါ။လက်ရှိ မြန်မာ အခင်းအကျင်းဟာလွန်ခဲ့တဲ့ နှစ် (၂၀၀ ) ကျော်လောက်ကအမေရိကန်နိုင်ငံရေးကို သတိရစရာဖြစ်ပါတယ်။


တောင်ကာရိုလိုင်းနား ၊ ဂျော်ဂျီယာ ၊ ဖလော်ရီဒါ နယ်မြေတွေမှာ ဒေသခံ အင်ဒီယန်းတွေနဲ့ မြောက်ပိုင်း ယန်းကီးတွေရဲ့ ပဋိပက္ခပါ။ဒေသခံအင်ဒီးယန်းတွေ ရဲ့ အမြင်မှာဒါဟာ သူတို့ မြေဖြစ်တယ်။ယန်ကီးတွေက ကျူးကျော်သူတွေ ဖြစ်တယ်။ဒါကြောင့် ကိုယ့်ဘာသာ စီမံခန့် ခွဲ ပိုင်ခွင့်ပေးရမယ် လို့ယုံကြည်တယ်။ ယန်ကီးတွေဘက်က ကြည့်ပြန်တော့လည်းအင်ဒီးယန်း ပုန်ကန်မှု ဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ့်အနာဂတ်စီမံကိန်းတွေကို ဖျက်ဆီးနေတယ်။ တည်ငြိမ်မှု မလိုလားသူ စပိန်တွေနဲ့လည်း ပေါင်းတယ် ဆိုတဲ့ ပုံစံမျိုးတွေပါ။ အဲဒီအယူအဆတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ပွဲတွေက မရပ်နိုင်အောင်ဖြစ်ခဲ့တယ်။ အုပ်စုအလိုက်စဉ်းစားမယ်ဆိုရင် ပန်ဆန်းဆုံးဖြတ်ချက်ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ လက်ရှိ ကြုံနေရတဲ့ အခြေနေအရ သူတို့ ရပ်တည်မှုအတွက် လက်တွေ့ကျတဲ့ ရပ်တည်မှု ဖြစ်တယ်။ ကိုယ်ပိုင်အခွင့်အရေး အုပ်စုနဲ့ မဂျော်ရတီအုပ်စုကို ဦးဆောင်နေသူတွေအကြား အားပြိုင်မှုတွေလို့တောင်ဆိုနိုင်တယ်။


မြန်မာကို ပြန်ကြည့်မယ်ဆိုရင် မြောက်ပိုင်းအဖွဲ့တွေရဲ့ နယ်မြေထိစပ်မှုတစ်ဖွဲ့နဲ့တစ်ဖွဲ့မတူညီတဲ့ ကုန်သွယ်ရေး ၊ သတ္တု သယံဇာတနဲ့အခြားထွက်ကုန်တွေ ၊ နယ်မြေကျယ်ပြန့်စွာ လှုပ်ရှားနိုင် မှုတွေကလည်း သူတို့ရဲ့ ပါဝါ တည်ဆောက်မှုတွေအတွက် အရေးပါသလို ကျောက်စိမ်း၊ ပယင်းတို့လို ထွက်ကုန်တွေက တရုတ်ကို တောင် ပြန်ကစားလို့ရနိုင်တဲ့ အခြေအနေပါ။ အခုအခြေနေက တရုတ်နဲ့ အစိုးရ ပေါင်းတွန်းသော်လည်း အစိုးရအပေါ်ယုံကြည်မှုနည်းတာ ၊ အစိုးရဘက်က တိကျတဲ့ တာဝန်ယူ ၊ တာဝန်ခံမှုနည်းနေတဲ့ သဘောဆောင်နေတယ်လို့ ယူဆမှုတွေ ရှိနေမှုကြောင့် ခဲမှန်ဖူးတဲ့ စာသူငယ်တွေဖြစ်တဲ့အပြင် ပါဝါအရ တစ်စုံတစ်ရာစုစည်းလာနိုင်တဲ့အနေထားတွေကြောင့် တင်းခံလာရခြင်း ဖြစ်နိုင်ပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် အစိုးရသက်တမ်း တစ်နှစ်ပြည့်လာချိန်မှာ ငြိမ်းချမ်းရေးဖြစ်ဉ် မအောင်မြင်ဖြစ်နေမှုတွေကို ပြန်သုံးသပ်သင့်တဲ့ အချိန် ရောက်နေပါပြီ။ဒါကလည်း အောင်မြင်တဲ့ အသွင်ကူးပြောင်းမှုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တိုင်းမှာ အချိန်ကြာလာတာနဲ့ အမျှ မအောင်မြင်ပဲ တစ်ဆို့နေရင်နည်းဗျူဟာ ချဉ်းကပ်မှုတွေကို စနစ်တကျ ပြန်လည်သုံးသပ်ပြင်ဆင်လိုက်တယ်ဆိုရင်အောင်မြင်သွားတတ်တဲ့ သာဓကတွေ ရှိနေတာကြောင့်ဖြစ်ပါတယ်။

ဆောင်းပါးရှင် - စိုင်းထွန်းအောင်လွင်


သျှမ်းသံတော်ဆင့်

unread,
Mar 9, 2017, 5:09:23 PM3/9/17
to thuau...@gmail.com

သိမ်းပိုက်ထားသည့် တပ်စခန်းတခုအား ဝ တပ်ဖွဲ့ ခေါင်းဆောင် ပေါက်ယူချမ်း ကိုယ်တိုင် ပြန်လည်အပ်နှံသော်လည်း မိုင်းလားနယ်မြေမှ ၀ တပ်ဖွဲ့များ မထွက်ခွါသေး

Posted: 09 Mar 2017 04:15 AM PST

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့ ပိုင်တပ်စခန်းတခု အား UWSA ၀ ဥက္ကဌ ပေါက်ယူချမ်းကိုယ်တိုင် က မိုင်းလားတပ်ဖွဲ့ထံ ပြန်လည်အပ်နှံပေးသော်လည်း ဝ တပ်ဖွဲ့ဝင်များ အထူးဒေသ ၄ မိုင်းလား နယ်မြေ မှ ထွက်ခွါခြင်းမရှိသေးကြောင်း ကြားသိရသည်။

ဓါတ်ပုံ- ၀ တပ်ဖွဲ့ကသိမ်းပိုက်ခဲ့သည့် ကျိုင်းတုံဘက်ကအဝင် အထူးဒေသ ၄ ၏ ပန်မတ်ဖိုင်းဂိတ်
ကျိုင်းတုံ - မိုင်းလား လမ်းမ ပေါ် အထူးဒေသ ၄ မိုင်းလားနယ်မြေ အဝင်ဝ အနီး ရှိ လွယ်ကျူဆိုင်း တပ်စခန်းအား မိုင်းလားတပ်ဖွဲ့ထံ မတ် ၈ ရက်နေ့ (၂၀၁၇  ) က ပြန်အပ်လိုက်ကြောင်း၊ အဆိုပါ တပ်စခန်းမှ အင်အား ၁၀၀ ကျော်ရှိ ၀ တပ်ဖွဲ့များက တပ်ဆုတ်သော်လည်း ၎င်းတို့ထိန်းချုပ်ရာ ဒေသသို့ တပ်ဆုတ်ပြန် ခြင်းမရှိသေးဘဲ  လွယ်ကျူဆိုင်းမှ ဝမ့်လမ်း တပ်စခန်းကြီးဆီသို့ သာ တပ်ဆုတ် စုစည်းခြင်းဖြစ်ကြောင်း၊ ထို့အပြင် လွယ်ဆမ်ဆုံ တပ်စခန်းလည်း ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ကြားသိရသည်။


“ကျနော်တို့ ခေါင်းဆောင် ပေါက်ယူချမ်းက မိုင်းလားလာတယ်  မနေ့က ။ ဒီနေ့ ပြန်သွားတယ်။ လွယ်ကျူ ဆိုင်း တပ်စခန်းကို ပြန်အပ်ဖို့ အမိန့်ပေးတယ်။ ကျနော်တို့လဲ အခု လွယ်ကျူဆိုင်းကနေ ကျနော်တို့ တပ်မှူးရှိတဲ့ ဝမ်နမ့်လမ်း တပ်စခန်းကို ပြောင်းနေတဲ့သဘောပါ။ ပြန်ခွင့်တော့မရသေးဘူး” - ဟု အမည် မဖေါ်လိုသည့် ဝ တပ်မှူး တဦးက ပြောသည်။


လွယ်ကျူဆိုင်းတပ်စခန်းအား မိုင်းလားတပ်ဖွဲ့ ထံပြန်အပ်ပြီးကြောင်း နှစ်ဘက်တပ် ပြောရေးဆိုခွင့် များက အတည်ပြုသော်လည်း မိုင်းလားနယ်မြေမှ ဝ ထွက်ခွါသည် မထွက်ခွါသည် ဆိုသည့် ကိစ္စများ မေးမြန်းမှု အား ဖြေဆိုခြင်း မရှိပေ။


ဝမ့်နမ့်လမ်း တပ်စခန်းသည် ၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးခံရ စဉ်က  မိုင်းလားနယ်မြေသို့ ၀ ဝပ်ဖွဲ့များ ရောက်ရှိ အခြေချနေထိုင်ထားသည့်စခန်းဖြစ်သည်။


လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုံ၊ ပန်မတ်ဖိုင်း၊ ဝမ့်နောင်ဟုတ်၊ လန်ခိုဆုံ စသည့် မိုင်းလားတပ်ဖွဲ့၏ တပ်စခန်းများမှာမူ ၎င်းတို့မဟာမိတ်ဖြစ်သည့် ဝ တပ်ဖွဲ့က ၂၀၁၆ စက်တင်ဘာ ၂၈ ရပ်က အလှစ်ငိုက် ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ နှစ်ဘက်ညှိနှိုင်းမှုဖြင့် ပန်မတ်ဖိုင်း၊ ဝမ့်နောင်ဟုတ်၊ လန်ခိုဆုံ ဂိတ်စခန်း များ မိုင်းလားတပ်ဖွဲ့ထံ ပြန်လည်အပ်နှံသော်လည်း စစ်ရေးမဟာဗျူအရ အရေးပါသည့် လွယ်ကျူဆိုင်း နှင့် လွယ်ဆမ်ဆုံတပ်စခန်း နှစ်ခု အား ပြန်လည်အပ်နှံခြင်းမရှိပေ။


သို့သော် ဖေဖေါ်ဝါရီ ၂၂ - ၂၄ ရက်နေ့ အထိ ကျင်းပသည့် တတိယ အကြိမ် လက်နက်ကိုင်တော်လှန် ရေးတပ်ဖွဲ့ ထိပ်သီးအစည်းအဝေး မှ ဝ နှင့် မိုင်းလားကြား ပြဿနာအား မိုင်းလား ဒုတိယ ဉက္ကဌ ဦးဆန်းပေ က ဝ ခေါင်းဆောင်နှင့် သီးသန့်  တွေ့ဆုံဆွေးနွေး ရာမှ ဝ ဉက္ကဌ ပေါက်ယူချမ်းကိုယ် တိုင် မိုင်းလားသို့ ရောက်ရှိလာပြီး လွယ်ကျူဆိုင်း တပ်စခန်းအား မိုင်းလားတပ်ဖွဲ့ထံ ပြန်လည်အပ်နှံခြင်းဖြစ်သည်။

မျိုးချစ်စိတ်ကြောင့် တော်လှန်ရေးလုပ်ငန်းထဲဝင်လာတဲ့ အမျိုးသမီး တယောက်ပါ

Posted: 08 Mar 2017 11:27 PM PST

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ 
သျှမ်းပြည်တပ်မတော်ရဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ
 ရုံးအရာရှိ နန်းအွမ်ခမ်းရဲ့  ကမ္ဘာ့
အမျိုးသမီးများနေ့အမြင်သဘောထား

တ်ာလှန်ရေးဘက်မှာ ခြုံပြီးကြည့်ရင်တော့ အမျိုးအစား ၂ မျိုးရှိတယ် ။အမျိုးသမီးအများစုတွေဟာ ကလောင် နဲ့ တော်လှန်ရေးဝင်ကြတယ်။ အဆင့်အလိုက်စနစ်တကျလုပ်ဆောင်သွားတဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးပေါ်လစီ အပေါ်မှာယုံကြည်ကြတယ် ။ မျိုးချစ်စိတ်ရင်းကလည်းရှိပြီးသားမို့လို့ တဘက်ကလည်း စစ်သားလုပ်ဖို့ စိတ်ဝင်စားလို့  တော်လှန်ရေးပိုင်းမှာဝင်ရောက်လာတာဖြစ်တယ် ။ ကျမရဲ့ရည်ရွယ်ချက်တော့ အမျိုးသမီးတွေရဲ့နေထိုင်မှုဘဝကို တိုးတက်အောင် ပျိုးထောင်ပေးချင်တယ် ။ လူမှုရေး ၊ နိုင်ငံရေး ၊ငြိမ်းချမ်းရေး၊ ပျိုးထောင်မှုအသီးသီးနဲ့ အခွင့်ရေးတန်းတူရရှိဖို့ သူများလိုတိုးတက်နိုင်အောင် လုပ်ဆောင်ဖို့လိုတယ် ။ ကနေ့ အမျိုးမျိုးပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စစ်ရေး မှာ   အမျိုးသမီးတွေပါဝင် လုပ်ပိုင်ခွင့်ရှိစေချင်တယ် ။ အမျိုးသမီးအရည်အချင်းကိုပြချိန်တန်ပြီ။  ဒါကြောင့် ခေတ်နဲ့အညီ နိုင်ငံရေးအပြောင်းအလဲနဲ့အညီ အမှီလိုက်နိုင်ဖို့ စစ်ရေး တော်လှန်ရေးမှာပါ အမျိုးသမီးအားလုံး ကိုသိရှိနားလည်စေချင်တယ်။

တိုင်းရင်းသားကြားမှာ အထူးသဖြင့် သျှမ်းမှာ နိုင်ငံရေး၊ စစ်ရေး သတင်းတွေဆိုရင် အမျိုးသမီးသတင်းထောက်တွေဆီကို သတင်းမပေးချင်ကြတာတွေရှိနေသေးတယ်။ ဒါတွေဟာ အမျိုးသမီးသတင်းထောက်တွေအတွက် စိန်ခေါ်မှုတရပ်ဘဲ.....

Posted: 08 Mar 2017 11:23 PM PST

သျှမ်းသံတော်ဆင့် သတင်းဌာန သတင်းထောက်၊
 အယ်ဒီတာ နန်းယေ့ဟွမ်ဟိန်း ၏ ကမ္ဘာ့အမျိုးသမီးများနေ့
အမြင်သဘောထား
ကနေ့ခေတ်  Information Technology ခေတ်မှီတိုးတက် လာတာနဲ့အညီ မိမိကြိုက်နှစ်သက်ရာ ဘာသာရပ်ကို အင်တာနက် အွန်လိုင်း ကနေအလွယ်တကူ လေ့လသင်ယူနိုင်ပြီဖြစ်ပါတယ်။  ဒါကြောင့် သတင်းမီဒီယာလုပ်ငန်းမှာ အမျိုးသမီးတွေအတွက် များစွာအခွင့်အလမ်းရှိပါတယ်။


ကျမတို့ပြန်ကြည့်မယ်ဆိုရင် ၁၈၉၀ ခုနှစ်ကတည်းက အမျိုးသမီးတွေ သတင်းမီဒီယာ  လောကထဲကို ဝင်ရောက်လာတာ တွေ့တယ်။ သို့ပေမယ့် ကနေ့အချိန်အထိ ကမ္ဘာမှာ သတင်းထောက်လုပ်နေတဲ့ အမျိုးသမီး တွေ  ၃၆ % ဘဲရှိတယ်လို့ အမေရိကန် Poynter ဂျာနယ်မှာဖော်ပြထားတာတွေ့ရပါတယ်။


မြန်မာနိုင်ငံသန်းခေါင်စာရင်းအရ လူဦးရေ ၅၄ သန်းမှာ အမျိုးသမီး ၂၇ သန်းနဲ့ အမျိုးသား ၂၆ သန်း ရှိပါတယ်၊ အဲ့ဒီထဲမှာ မြန်မာနိုင်ငံ တဝှမ်းလုံးက တရားဝင်စာရင်းအရ အမျိုးသမီး သတင်းထောက် ၂၀၀ လောက်ဘဲရှိပါ တယ်။ ပြန်ကြည့်ရင်အဲ့ထဲမှာ တိုင်းရင်းသား အမျိုးသမီး သတင်းထောက် ဘယ်လောက်ဘဲရှိနိုင်မလဲ၊ သျှမ်းထဲမှာကော အမျိုးသမီးသတင်းထောက် ဘယ်လောက်ဘဲရှိနိုင်မလဲ၊ ဒါကြောင့် သျှမ်းအမျိုးသမီးတွေ သတင်းမီဒီယာ အလုပ်လုပ်နေတာ အနည်းငယ်ဘဲရှိနေသေးတယ်ဆိုတာကို တွေ့ရပါတယ်။


ဘယ်လိုအခက်အခဲတွေရှိသလဲလို့မေးလာရင် ဘယ်အလုပ်မဆို စ လုပ်ရင်တော့ အခက်အခဲဆိုတာရှိစမြဲပါဘဲ၊ ဗုဒ္ဓသာသနာ ထုံးတမ်းစဉ်လာအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဘုန်းကံမမြင့်ဘူးလို့ ယုံကြည်ထားလို့ အမျိုးသမီး သတင်းထောက်တွေကြားထဲမှာလည်း သတင်းယူတဲ့ပိုင်းမှာ အနည်းငယ် အခက်ခဲရှိတယ်။ အမျိုးသမီး သတင်းထောက်ဆိုရင် သတင်းပေးသူတွေက သိပ်ပြီး သတင်းအချက် အလက်တွေ မဝေမျှချင်ဘူး။


ကျမ ကိုယ်တိုင်ကြုံဖူးတယ်။  သျှမ်းပြည်ထဲက  လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က အရာတစ်ဦးက ကျမအမျိုးသားဆီကို သတင်းအချက်အလက်တွေပေးဖို့  ဖုန်းဆက်လာတယ်။  အမျိုးသား မအားလို့ ကျမဖုန်းကိုင်တယ်။ သတင်းအချက်အလက်တွေကို အမျိုးသားနဲ့တွေ့မှဘဲပေးတော့မယ် ဆိုတာရှိဖူးတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် မဆုံးဖြတ်တတ်ဘူး လို့ပြောပါတယ်။  ဒါမျိုးတွေဟာ အမျိုးသမီးသတင်းထောက်တွေအတွက် အခက်အခဲတခု စိန်ခေါ်မှု တခုဖြစ်နေပါတယ်။


နောက်တစ်ခုက  ဥပမာ ဘာသာရေးပွဲတော်တွေလိုမျိုးပေါ့။ သတင်းယူဖို့ ဓါတ်ပုံတွေ ဗီဒီယိုကလစ်တွေ ယူဖို့ အရမ်းအခက်အခဲဖြစ်ရပါတယ်။  


သို့ပေမယ့် မီဒီယာဟာ လူမှုရေး နိုင်ငံရေး ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးအစရှိအရေးပါတဲ့လုပ်ငန်းတွေ အတွက်အရေးပါတဲ့တံခါးတချပ်မို့ စိတ်ဝင်စားစရာ စိတ်လှုပ်ရှားစရာ မီဒီယာတံခါးတချပ်ကို အမျိုးသမီးထုရဲ့လက်နဲ့  လှစ်ဟကြည့်ဖို့ ဖိတ်ခေါ်တိုက်တွန်းချင်တယ်။ မီဒီယာလုပ်ငန်းဟာ ဘက်မလိုက်ရဘဲ အလယ်တည့်တည့်မှာနေပြီးဖော်ပြရတာမို့ ပျော်စရာကောင်းသလို အမှန်တရားဘက်ကအမြဲရပ်တည်ရတာမို့ ကုသိုလ်လည်းရနိုင်တဲ့အလုပ်တခုဖြစ်ပါတယ်။


ကနေ့ခေတ်မှာ အမျိုးသမီးတွေရဲ့နေရာဟာ အရင်ခေတ်ကလို မီးဖိုချောင်ထဲမှာဘဲ ခြံဝင်းထဲမှာဘဲ မဟုတ်တော့ပါဘူး။ ကျမတို့ မျက်စိပိတ် နားပိတ်ခံရတာ အတော်ကြာပါပြီ။  အင်တာနက်တံခါးကိုဖွင့်ပြီးတော့ ကိုယ်စိတ်ပါဝင်စားရာကို အလွယ်တကူ လေ့လာနိုင်ပါပြီ။

ကမ္ဘာ့အဆင့်မှီ အမျိုးသမီးများဖြစ်ဖို့ သျှမ်းအမျိုးသမီးတွေ စိတ်ဓါတ်ကြံ့ခိုင်မှု နဲ့ ကြိုးစားဖို့လို......

Posted: 08 Mar 2017 11:15 PM PST

CSSU ၏ Technical Team မှ ယိင်းမွေလင်း ၏
ကမ္ဘာ့အမျိုးသမီးများနေ့အမြင်သဘောထား
အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးပိုင်းနဲ့ နိုင်ငံရေးပိုင်းမှာ ပါဝင်မှုအားနည်းနေတယ် ။ သျှမ်းအမျိုးသမီးတွေလည်း ကမ္ဘာတစ်ဝှမ်းကအမျိုးသမီးတွေလို တိုးတက်ဖို့လိုတယ် ။


အမျိုးသမီးတွေဟာ အခန်းကဏ္ဍအသီးသီးမှာ ပါဝင်သင့်တယ် ။ ဥပမာပြောရရင် စီးပွားရေးပိုင်း ၊ ငြိမ်းချမ်းရေးပိုင်းနဲ့ နိုင်ငံရေးပိုင်းတွေ ပြီးတော့ အခုခေတ်တွမှာအမျိုးသားအမျိုးသမီးမခွဲခြားပေမယ့် အမျိုးသမီးတွေကခုထက်ထိ သဘောထား စိတ်ထားပျော့ညံ့နေသေးတယ် ။ အမျိုးသမီးတွေ စိတ်ဓာတ်ခိုင်မာအောင် ဗဟုသုသများများရှာစာတွေများများလေ့လာလေ့လာဖို့မပျင်းကြနဲ့လို့ တိုက်တွန်းချင်ပါတယ် ။

သျှမ်းစာအသုံးနှုန်းမတူညီတာတွေခဏထားပြီး အဓိက သျှမ်းလူငယ်တွေ သျှမ်းစာတတ်ဖို့အရေးကြီးတယ် ....

Posted: 08 Mar 2017 11:12 PM PST

သျှမ်းအမျိုးသမီးရေးရာလှုပ်ရှားဆောင်ရွက်ရေး
အသင်း SWAN မှ နန်းခမ်းယုံ၏
ကမ္ဘာ့အမျိုးသမီးများနေ့ အမြင်သဘောထား
 
ပညာရေးနဲ့ပတ်သက်ပြီး သျှမ်းပြည်ထဲမှာတော့ ကျောင်းမှာ ယောက်ကျားလေး မိန်းကလေး ခွဲခြားတာ မရှိတော့ပါဘူး ။ ဒါပေမယ့် ထိုင်ခုံ၊နေရာ တွေမှာလိုက်ဘဲ ခွဲခြားထားတော့တယ်။  ကျမတို့ သျှမ်းအမျိုး သမီးရေးရာလှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN  ကတော့ ပညာရေးနဲ့ပတ်သက်ပြီး သျှမ်းနဲ့ ထိုင်းနယ်စပ်တွေမှာ ကူညီမှုပေးပါတယ်။ အရင်တုန်းကတော့ သျှမ်းပြည်ထဲမှာလည်း ကွင်းဆင်းကူညီထောက်ပံ့မှုပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် စစ်ပွဲတွေ တိုက်ပွဲတွေ ခဏခဏဖြစ်လို့ အခုနောက်ပိုင်း သွားမကူဖြစ်တာကြာပြီ။ အခုလက်ရှိပြဿနာ ရှိနေတာကတော့ သျှမ်းဖတ်စာအုပ်ပေါ့ ။   အချို့ကလည်း  သရ  ၅ သံကိုသုံးကြတယ် ။ တချို့လည်း သရ ၆ သံကို သုံးကြတယ်။   ကျမတို့ဖြစ်ချင်တာကတော့ ဒီသျှမ်းစာအသုံးအနှုန်းမတူတာတွေနဲ့ ပတ်သက်ပြီးအချိန်ကုန် စကားများနေမယ့်အစား အရင်ဆုံးသျှမ်းလူငယ်တွေကို သျှမ်းစာတတ်မြောက်အောင်သင်ပေးရမယ်။ သူတို့အတွက် စာဖတ်နိုင်ဖို့  ဖတ်စာအုပ်လေးတွေ ပြည့်ပြည့်စုံစုံရှိဖို့ အထူးလိုအပ်ပါတယ်။


နောက်တစ်ခုက ကျောင်းကြီးတွေ အပြိုင်အဆိုင် ဆောက်နေတယ်။  စစ်ရေးစစ်ရာတွေနဲ့ မငြိမ်းချမ်း သေးတဲ့ သျှမ်းပြည်ထဲက ကျေးလက်ဒေသတချို့နေရာတွေမှာဆို ခုဘဲကျောင်းဆောက်ပြီး တယ်။ ခုဘဲစစ်ဖြစ်တယ်။ တရွာလုံးထွက်ပြေးရတယ်။ စာတောင်မသင်လိုက်ရဘူး ။ အဲလိုမျိုးအခြေအနေ တွေကိုစိုးရိမ်နေရတဲ့ဒေသတွေမှာ   လူငယ်တွေကို ဘုန်းကြီးကျောင်းတွေမှာ  စာသင်ရင်ပေးရင် ပိုကောင်းမှာ လားပေါ့ ။ ဒီသျှမ်းပညာရေးမှာ သျှမ်းစာပေသင်ကြားရေး  နဲ့ ပတ်သက်ပြီးတော့ သျှမ်းပညာရေးပိုင်းကလူကြီးတွေကို အစိုးရနဲ့ လက်တွဲချိတ်ဆက်ပြီးလုပ်ရင်တော့ ကောင်းမယ်လို့ ကျမတို့မြင်ပါတယ်။  တကယ်လို့ တရားဝင်မဟုတ်ရင်   ကျမတို့သျှမ်းလူငယ်တွေ ဘယ်လောက် ဘဲတော်တော် သူတို့အတွက် ထိရောက်တဲ့ အကျိုးရှိမှာမဟုတ်ဘူး ပေါ့နော်။ ဒါကြောင့် နိုင်ငံတော် အစိုးရဘက်က သတ်မှတ်အတည်ပြုချက်အရင် ရရင်တော့ ပိုအဆင်ပြေမယ် လို့မြင်ပါတယ်။

အမျိုးသမီးတွေ ပါဝင်လာဖို့ နိုင်ငံရေး ကဏ္ဍမှာ အချိန်မစောင့်နဲ့.........

Posted: 08 Mar 2017 11:07 PM PST

သျှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေးအသင်း
 SWAN ပြောခွင့်ရ  ယိင်းဟန်ဖှ ၏
ကမ္ဘာ့အမျိုးသမီးများနေ့ အမြင်သဘောထား
 
နိုင်ငံရးကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်လာတာတော့ဟုတ်တယ်။ ဒါပေမယ့် ခေါင်းဆောင်နိုင်မှု အပိုင်း က နည်းနေသေးတယ်။ ဥပမာ ၂၁ ရာစု ပင်လုံညီလာခံတုန်းက အမျိုးသမီးပါဝင်တာ ၅၀% တောင် မကျော်ဘူး။ ဆုံးဖြတ်တဲ့အပိုင်းမှာကော ခေါင်းဆောင်နိုင်တဲ့ အပိုင်းမှာကော နည်းနေသေးတယ်။ ဒါကြောင့် အမျိုးသမီးတွေ များများ ကြိုးစားဖို့လိုသေးတယ်။ အဲ့လိုဘဲ CSO သျှမ်းလူမှုအဖွဲ့အစည်းမှာ တော့ အမျိုးသမီးပါဝင်လှုပ်ရှားလာတာများပေမယ့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ အမျိုးသမီးတွေ နည်းနေသေးတယ်။ အမျိုးသမီးတွေ အနေနဲ့ ရှေ့ဆက် နိုင်ငံရေးအခန်းကဏ္ဍမှာ များများပါဝင်လာအောင် ကြိုးစားဖို့လိုတယ်။  နောက်တစ်ခုက သူများခေါ်ဖို့ဘဲ မစောင့်ပါနဲ့။ နိုင်ငံရေးအခန်းကဏ္ဍမှာကော ခေါင်းဆောင်မှုပိုင်းမှာကော ပါဝင်လာအောင် လှုပ်ရှားဖို့လိုတယ်။  သူများခေါ်တာထိုင်စောင့်နေရင် အမျိုးသမီးတွေ ရသင့်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးလိမ့်မယ်။ အခု ကျမတို့ အမျိုးသမီးတွေလည်း ပြည်သူတွေဆီ ကွင်းဆင်းပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အပိုင်းတွေ ရှင်းလင်းတင်ပြခဲ့တယ်။ ဒီလိုမှဘဲ နိုင်ငံရေးဆွေးနွေးပွဲမှာ အမျိုးသမီးတေ ပါဝင်လာမယ်။ အဓိကကတော့ ကျမတို့ အမျိုးသမီးတွေ များများလေ့လာရမယ် လက်တွေ့များများရှိရမယ်။ဒီလိုမှဘဲ နိုင်ငံရေးအခန်းကဏ္ဍ အဆင့်ဆင့် မှာ အမျိုးသမီးတွေ လည်းပါဝင်လာမယ်။


အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားလာသူ  နန်းယိင်းဟန်ဖှ ဟာ သျှမ်းအမျိုးသမီးရေးရာလှုပ်ရှားဆောင်ရွက်မှု အသင်း SWAN နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးအဖွဲ့ WLB မှာ ၁၀ နှစ်ကျော်တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်သေးတာကြောင့်အခွင့်အလမ်းမရသေးတဲ့ လူငယ်တွေအများကြီးရှိနေသေးတယ်။ လူငယ်တွေကို လူမှုရေးမှာ စိတ်ပါဝင်စားလာစေလိုတယ်...ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ခိုင်မြဲလက်တွဲပြီးဖြတ်ကျော်စေလိုတယ်...

Posted: 08 Mar 2017 11:01 PM PST

သျှမ်းအမျိုးသားလူငယ်များကျောင်း SSSNY
 ဒါရိုက်တာ နန်းချမ်တောင်း၏
ကမ္ဘာ့အမျိုးသမီးများနေ့ အမြင်သဘောထား
 
အဓိကကတော့ ကျမတို့ သျှမ်းလူငယ်တွေ ဒီကျောင်းကနေ ပြီးသွားရင် မိမိရပ်ရွာမှာ ပြန်ပြီးအထောက် အကူပြုလုပ်ငန်းတွေလုပ်စေချင်တဲ့ဆန်ဒနဲ့ ဒီကျောင်းကိုတည်ထောင်ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ လူငယ်တွေနိုင်ငံရေးမှာစိတ်ဝင်စားလာအောင်၊ အမျိုးသားရေးလုပ်ငန်းမှာ ပိုပြီးနားလည်မှုရှိလာအောင် ရည်ရွယ်ပါတယ်။ ဒါမှ အနာဂတ်မှာလူငယ်တွေ ဦးဆောင်မှုအပိုင်းမှာတာဝန်ယူ တတ်လာအောင်ပေါ့။ တကယ်တော့ ကျားမ မရွေးလူငယ်တိုင်းကို မြို့ရွာနဲ့ လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေးမှာ ပူးပေါင်းလုပ်ဆောင်စေလိုပါတယ်။  နိုင်ငံရေး စစ်ရေး မတည်ငြိမ်မှုကြောင့် အခွင့်အလမ်းရလိုတဲ့ လူငယ်တွေအများကြီး ရှိနေပါသေးတယ်။  


အဲဒီအတွက်ကျမတို့အခက်အခဲအများကြီးရှိပါတယ်။ တနှစ်မှာ ကျောင်းတက်ဖို့ လျှောက်လွှာတင်လာကြတာ ၁၃၀ ထက်မနည်းရှိတယ်။ တကယ်တမ်း ကျမတို့ လက်ခံနိုင်တာက ၃၀ လောက်ဘဲ။ ဖြစ်နိုင်ရင်တော့ အဲထက်ပိုပြီးလက်ခံချင်တာပေါ့။ ဒါမယ့် ကျမတို့ သင်တန်းကျောင်းဖွင့်လာတဲ့ ၁၆ နှစ်တာကာလ ကိုပြန်ကြည့်ရင်တော့ အားရကျေနပ်မှုရရှိ ခဲ့ပါတယ်။ မိမိကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တော်တော်များများသွားပြီး ကူညီကြပါတယ်။


 ဒါကြောင့် ကမ္ဘာ့အမျိုးသမီးများနေ့မှာ တိုင်းရင်းသားလူငယ်တွေကိုမှာချင်တာကတော့ ရင်ဆိုင်ရမယ့်အခက်အခဲတွေကို ဖြတ်ကျော်နိုင်ဖို့ ကျမတို့လူငယ်တွေကို ခိုင်မြဲလက်တွဲ စည်းလုံးညီညွတ်မှုရှိကြပါလို့တိုက်တွန်းလိုတယ်။ ရပ်ရွာရေး လူမှုရေးလုပ်ငန်းမှာ နားလည်မှုရှိရှိနဲ့ ကူညီလုပ်ဆောင်သွားကြပါ။ လူကြီးတွေခင်းထားပေးတဲ့လမ်းကနေ စိတ်ဝမ်းမကွဲဘဲနဲ့ အောင်မြင်အောင်ဖြတ်ကျော်သွားကြပါလို့တိုက်တွန်းလိုပါတယ်။

အရည်အချင်းပေါ်မူတည်တယ် ၊ အရည်အချင်းရှိရင်လုပ်နိုင်တယ်၊ အရည်အချင်းမရှိရင် မဖြစ်နိုင်ဘူး....

Posted: 08 Mar 2017 10:57 PM PST

သျှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေးအသင်း
SWAN၏ အတိုင်ပင်ခံ ဆရာမဟန်နွန်း ၏
ကမ္ဘာ့အမျိုးသမီးများနေ့ အမြင်သဘောထား
  
နိုင်ငံတစ်နိုင်ငံမှာကော ၊ စစ်တပ်မှာကော ၊အဖွဲ့အစည်းတွေမှာကော၊ သာသနာအဆုံးအမ တွေမှာကော ဒါတွေအားလုံးဟာ အရေးကြီးတယ်။  အခွင့်အလမ်းပေးဖို့လိုပြီး အဲ့ဒီအခွင့်အရေးတွေကို အားလုံးသင်ယူလေ့လာရမယ်။ ဗဟုသုတကြွယ်ဝလာရင် ကျမတို့ အမျိုးသမီးတွေလည်း တော်လာ မယ်။ ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်လာရရင် အမျိုးသားရေးမှာကော နိုင်ငံရေးမှာကော တော်လာမယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကာလမှာ အမျိုးသမီးတွေ ပါဝင်လှုပ်ရှားလာတာလဲ ပိုများလာပြီ၊ တော်လှန်ရေးကအစ အမျိုးသမီးတွေ လှုပ်ရှားပါဝင်လာတယ်။  အခုခေတ် ကြည့်မယ် ဆိုရင်လည်း အမျိုးသမီးတွေ အများကြီး ပါဝင်လာတယ်။


အမျိုးသမီးအဖွဲ့တွေဆိုလည်း မြို့နယ်တိုင်း လိုလို ရှိကြပြီ၊ စာပေယဉ်ကျေးမှုမှာကော၊ နိုင်ငံရေးမှာကော၊ လူမှုအဖွဲ့အစည်းတွေမှာကော၊ သူတို့တွေ အများကြီး ပါဝင်လှုပ်ရှားလာတာတွေ တွေ့ရတယ်။  အမျိုးသမီးတွေကို အားပေးစကား ပြောချင်တာကတော့ - ကျမတို့ သျှမ်းအမျိုးသမီးတိုင်းဟာ အရင်တုန်းကလို မျက်စိပိတ် နှားပိတ်ပြီး အရင်လိုနေလို့မရတော့ဘူး။ ကျမတို့တွေ လှုပ်ရှားရမယ် ၊ လေ့လာရမယ်။ ကမ္ဘာ့အဆင့်မှီအောင် ကြိုးစားရမယ်။ ဗဟုသုတတွေ သင်ယူရမယ်။ အမျိုးသားရေးတွေမှာ ပါဝင်လာအောင် ဆုံးဖြတ်နိုင်အောင်ပေါ့ ။

သျှမ်းပြည်နယ်လွှတ်တော်မှာ အမျိုးသမီး ၃၀ ရ်ာခိုင်နှုန်းရှိရင် အလုပ်ပိုသွက်မယ်။ အခုလက်ရှိ သျှမ်းပြည်နယ်လွှတ်တော်မှာ အမျိုးသမီး ၈ ယောက်ဘဲရှိတယ် .....

Posted: 08 Mar 2017 10:45 PM PST

သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခင်ထားရီ၏
ကမ္ဘာ့အမျိုးသမီးများနေ့အမြင်သဘောထား
အဓိကကတော့ အမျိုးသမီးတွေကို နိုင်ငံရေးလှုပ်ရှားမှုမှာအများအပြားပါဝင်လာစေချင်ပါတယ်။ ပြီးတော့ အမျိုးသမီးတွေ အခွင့်အရေးချိုးဖောက်ခံရမှု ၊ အနိုင်ကျင့်ဖိနှိပ်မှုတွေ ၊ အဓမ္မပြုကျင့်မှုတွေ စတဲ့ဘေးအန္တရာယ်ကနေ လွှတ်မြောက်စေလိုတယ် ။


အခု ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသမီးအရေအတွက် ၁၁ ရာခိုင်နှုန်းဘဲရှိပါတယ်။ အဲတာကို ၃၀ ရာခိုင်နှုန်းအထိရှိစေချင်ပါတယ်။ အဲလောက်ရှိမှ လွှတ်တော်ထဲမှာကျမတို့အမျိုးသမီးတွေရဲ့အသံ ပိုပြီးအားရှိလာမှာဖြစ်ပါတယ်။ သျှမ်းပြည်နယ်လွှတ်တော်မှာလည်း အမျိုးသမီးနေရာရမှုအရမ်းနည်းနေပါတယ်။ ၈ ဦးဘဲရှိပါတယ်။ ကျားခေါင်းပါတီက ၅ ဦး၊ NLD က ၂ ဦးနဲ့ စစ်တပ်ရဲ့ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေး ပါတီက ၁ ဦးပါ ။


နောက်တခုက စစ်မြေပြင်မှာ စစ်ဘေးစစ်ဒဏ်ခံနေရတာတွေဟာ အမျိုးသမီးနဲ့ခလေးတွေဖြစ်ပါတယ်။ အနီးစပ်ဆုံး မနေ့က လောက်ကိုင်မှာဖြစ်တဲ့တိုက်ပွဲမှာဘဲကြည့်ပါ။ ကျောင်းဆရာမ  ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ သူ့မှာ လသားခလေးလေးရှိပါတယ်။ ဒါကြောင့် စစ်ဘေးသင့်ရင် အရင်ဆုံး ထိခိုက်ရတာက အမျိုးသမီးတွေဖြစ်ပါတယ် ။


နောက်တခု သံလွင်မြစ်ပေါ်မှာဆည်တည်ဆောက်မယ်ဆိုရင် မြစ်ဘေးကရွာတွေအသိမ်းခံရမယ်။ အစိုးရတပ်မတော်ကနေ နယ်မြေရှင်းလင်းရေးတွေလုပ်မယ်။ အဲလိုဆိုရင် အားနွဲ့တဲ့အမျိုးသမီးနဲ့ခလေးတွေ အရင်ဆုံး ထိခိုက်ရပါမယ်။  ဒါကြောင့် စီမံကိန်းစမယ်ဆိုကတည်းက အရင်ဆုံးထွက်ပြေးရမှာက အမျိုးသမီးနဲ့ခလေးတွေဖြစ်ပါတယ် ။


ဒီအမျိုးသမီးတွေအတွက်အမျိုးမျိုးသောဘေးရန်ကိုကာကွယ်ပေးနိုင်ဖို့ ကျမတို့အမျိုးသမီးတွေ လွှတ်တော်ထဲမှာနေရာများများရယူမှဖြစ်မှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ နေရာများများရမှ အမျိုးသမီးထုတခုလုံးကိုအကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ် ။


နောက်ဆုံးအနေနဲ့ NGO-CSO တွေကိုတောင်းဆိုချင်တာက ကျမတို့အမျိုးသမီးတွေကိုနိုင်ငံရေးမှာ သိရှိနားလည်လာအောင်၊ နိုင်ငံရေးကို စိတ်ဝင်စားလာအောင် ကူညီပေးကြပါ။ အမျိုးသမီးတွေကို ထပ်ပြီးစွမ်းရည်မြင့်တင်ပေးပါ - လို့ ။

သျှမ်းသံတော်ဆင့်

unread,
Mar 10, 2017, 5:16:24 PM3/10/17
to thuau...@gmail.com

ကြွေလွှင့်သွားသော အနုပညာကြယ်တပွင့် ၉ နှစ်ကြာပြီဖြစ်သော်လည်း သီချင်းသံမွှေးပျံ့ဆဲ

Posted: 09 Mar 2017 11:58 PM PST

မတ်လ ၁၀ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံကျော် သျှမ်းအဆိုတော် စိုင်းထီးဆိုင် ကွယ်လွန်ခြင်း ၉ နှစ်ပြည့် အောင့်မေ့ခြင်းအထိမ်းအမှတ်


သူ့ကို ပရိသတ်တွေက `ရွှေဥသြ`လို့ ခေါ်ကြတယ်။ မန္တလေးရောက် ရှမ်းတစ်ယောက် သီချင်းကနေ နိုင်ငံကျော် အဆိုတော် ဖြစ်သွားတဲ့ စိုင်းထီးဆိုင် ရဲ့ လျှောက်လှမ်းခဲ့တဲ့ သူ့ရဲ့ အနုပညာခြေလှမ်းများကို ပြန်ပြီး ကောက်ကြောင်းဆွဲကာ ဖတ်ကြည့်ရအောင် . . . စိုင်းထီးဆိုင် (ရှမ်းအနုပညာရှင် ထူးချွန်ဆုရ) ဆွဲအားကောင်းသူ သုံးဦး လောကမှာ ပရိသတ်ကို အဆွဲဆောင်နိုင်ဆုံးသူ သုံးဦးကတော့-


(၁) ဘာသာရေးခေါင်းဆောင်၊
(၂) စစ်ခေါင်းဆောင်
(၃) အနုပညာရှင် တို့ဖြစ်တယ်။

ဘာသာရေးခေါင်းဆောင် စစ်ခေါင်းဆောင် ဒီနှစ်ယောက်ဟာ ဘယ်ကိုသွားသွား သူတို့ အနီးအနားမှာ လူတွေရုန်းရုန်းနဲ့ ဝန်းရံနေသလို နာမည်ကြီး အနုပညာရှင်တစ်ဦးလဲ ဘယ်နေ ရာမှာရောက်ရောက် ပရိသတ်တွေ ရုတ်ရုတ်သဲသဲဖြစ်စမြဲပါ။ သူတို့မှာ လူများစုရဲ့ အာရုံကို ဆွဲ ဆောင်နိုင်တဲ့ စွမ်းအား စွမ်းပကားတွေရှိတယ်။ နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင်လဲပဲ အဲဒီအ တိုင်းပါပဲ။


စိုင်းထီးဆိုင်ရဲ့ မွေးရာပါဒီဇိုင်းကတော့ သူများနဲ့မတူ တစ်မူထူးခြားနေလေရဲ့။ အသံ ကောင်းသလောက် ရူပါက သိပ်မဖြောင့်တော့ သူ့ကိုချစ်တဲ့ သူ့ရဲ့ပရိသတ်ကတော့ သူ့ကို ရွှေ ဥသြလို့ ချစ်စနိုးခေါ်ကြတယ်။ သူ့ရဲ့ ထင်ရှားတဲ့ ပို့စ်ကတော့-


(၁) မျက်မှန်ထူထူ
(၂) ဂငယ်နှုတ်ခမ်းမွှေးစူစူ
(၃) သွားခေါနေတဲ့သူ ပါပဲ။


ဇာတိချက်ကြွေ မွေးရပ်မြေ


၁၉၅၀ ပြည့် စက်တင်ဘာလ ၂၃ ရက် စနေနေ့မှာ အဘဦးနန္ဒာ (ရှမ်းလူမျိုးများဟာ ငယ်နာမည်များရှိကြသော်လည်း ရှင်ပြုတဲ့အချိန် ကျောင်းတော်ပေါ်ကနာမည်ကို အစွဲပြုပြီး လူထွက်လာသော်လည်း ဘုန်းကြီးကျောင်းနာမည်ကိုသာ ဆက်ခေါ်လေ့ရှိကြတယ် ဒါကြောင့် စိုင်းထီးဆိုင်ရဲ့ ဖခင်နာမည်က ဦးနန္ဒာတဲ့။ မသိရင် ဘုန်းကြီးနာမည်လို့ ထင်နေဦးမယ်) အမိ ဒေါ်နန်းအိမ်တို့က ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့မှာ မွေးဖွားခဲ့တယ်။ တစ်အူတုံဆင်း များကတော့ စိုင်းထီးဆိုင်၊ နန်းဝင်းထိန်၊ နန်းမြင့်ဦး၊ နန်းသိန်းထွေးး၊ စိုင်းအောင်ထီးခမ်းတို့ပါ။


ငယ်ငယ်ကတည်းက အသားညိုတဲ့အတွက် သူ့ကို အိုက်တူး လို့ခေါ်ကြတယ်။ မွေးနေ့ မွေးနံနာမည်ကတော့ စိုင်းတင်ဦးဖြစ်ပြီး ကိုရင်ဝတ်တုံးကတော့ နာမည်က ရှင်ဓမ္မရက္ခိတ တဲ့။ သူဟာ ငယ်စဉ်ကတည်းက လင်းခေးမြို့အနီး စီးဆင်းသွားတဲ့ နမ့်တိန်းမြစ်မှာ ရေသွားချိုးတိုင်း သံစဉ်မပီ ကာရံမညီတဲ့ တေးသံလိုလို သီဆိုလေ့ရှိတယ်။ အသက်ငါးနှစ်အရွယ် လင်းခေးမြို့ အထက်တန်းကျောင်းမှာ အခြေခံမူလတန်းတက်ခဲ့တယ်။ တစ်ဝက်တစ်ပျက်နဲ့ ကျောင်းပြောင်း ကာ လွိုင်လင်မြို့ Sacred Heart Convent High School ခရိယာန်သာသနာပြုကျောင်းမှာ သွားနေတော့ သူ့နာမည်က ရစ်ချတ်နန္ဒာဖြစ်သွားတယ်။


အနုပညာမျိုးစေ့


လွိုင်လင်ကွန်ဗဲန့်ကျောင်းတက်တုံးက စစ္စတာပီးယားက သူ့ကို ကြိုးလေးကြိုးပါတဲ့ ယူ ကလီလီ တီးခတ်စရာ ဘင်ဂျိုတစ်မျိုးလက်ဆောင်ပေးခဲ့လို့ အဲဒီကစပြီး အနုပညာနဲ့ စတင်ရင်း နီးလာတယ်လို့ ဆိုရမယ်။ လွိုင်လင်မှာ စတုထ္ထတန်းအောင်တော့ ပဉ္စမတန်းကို တောင်ကြီးမှာ သွားတက်ရတယ်။ ဘခင်ဦးနန္ဒာက သူ့သားကို တောင်ကြီး National Christian High School မှာ သွားအပ်သော်လည်း အဆောင်မရတော့တဲ့အတွက် သူငယ်ချင်းဖြစ်သူ ဦးထမ်းရွက်ထံ သွားအပ်ထားလိုက်တော့ အဲဒီမှာ စိုင်းဆိုင်မောဝ် စိုင်းလောဝ်ဆိုင်တို့နဲ့ ညီအစ်ကိုလို ခင်မင်ရင်း နီးသွားတယ်။ အနုပညာဝါသနာပါတဲ့သူတွေဆိုတော့ အနုပညာ အကြောင်းတွေကိုပဲ သူတို့ ဆွေး နွေးဖလှယ်ခဲ့ကြတယ်။ နောက်ပိုင်း စိုင်းထီးဆိုင်အဆောင်ရ တော့ National Christian High School ကို ပြန်ရောက်သွားကာ ကိုမောင်မောင်နဲ့တွေ့ပြီး ဂစ်တာတီးခတ်နည်းကို သင် ယူခဲ့တယ်။ ဂစ်တာတီးချင်လွန်း သီချင်းဆိုချင်လွန်းလို့ တောင်ကြီး ယဉ်ကျေးမှု အသင်းကို လည်း ဝင်ခဲ့တယ်။ အချိန်တိုင်းလိုလို သီချင်းဆို ဂစ်တာတီးနေတော့ နဝမတန်းမှာ သူစာမေး ပွဲကျခဲ့တယ်။ ဒါကြောင့် အဖေဖြစ်သူက သူ့ကို တောင်ကြီးမှာ မထားတော့ပဲ လွိုင်လင်ကို ပြန် ပို့လိုက်တယ်။ လွိုင်လင်မှာတော့ အပေါင်းအသင်းသိပ်မများတာကြောင့် အလည်အပတ်လည်း နဲခဲ့ပြီး သီချင်းတွေ တော်တော်များများရေးဖြစ်သွားတယ်။ ကိုးတန်းအောင်တော့ တောင်ကြီးကို ပြန်လာခဲ့ရတယ်။ ဒါကြောင့် ၁၉၆၉ မှာ ရှမ်းစာပေဆွေး နွေးပွဲလာတက်တဲ့ စိုင်းခမ်းလိတ်နဲ့ စတင်သိခွင့်ရခဲ့တယ်။ စိုင်းခမ်းလိတ်ရေးတဲ့သီချင်းသစ် တွေကိုလည်း အပြင်းပြေ သီဆိုဖို့ များ စွာရလိုက်တယ်။


ရှမ်းစာပေသမိုင်း


ရှမ်းစာပေကော်မရှင် ညီလာခံကတော့ ရှမ်းစာမူသစ်ကို အတည်ပြုဖို့ ရှမ်းပညာရှိကဝိ များ တောင်ကြီးမှာ လာစည်းဝေးကြခြင်းဖြစ်တယ်။ ရှေးအကျဆုံး ရှမ်းစာပေကတော့ ယခု တ ရုတ်စာလို ရုပ်သဏ်ဏ္ဍာန်စာလုံးဖြစ်မှာပါ။ ယခုတရုတ်စာလုံးတစ်လုံးဟာ အဓိပ္ပါယ်တူပေမယ့် အသံထွက်မတူပါဘူး။ တောင်ပိုင်းတရုတ်က အသံတစ်မျိုး၊ မြောက်ပိုင်းတရုတ်က အသံ တစ် မျိုး။ ဂျပန်ကတစ်မျိုး၊ ကိုးရီးယားက တစ်မျိုး အသံထွက်ကြတယ်။ သမိုင်းပညာရှင်အချို့ ခန့် မှန်းယူဆတာကတော့ ဘီစီ ၈၄၃ ခုမှာ သာကီနွယ် အဘိရာဇာမင်းက ကောလိယတိုင်း ကနေ ပြီး တကောင်းကို ရောက်လာကာ စာပေတွေလည်း ပါလာတယ်လို့ယူဆတယ်။ တကောင်းက နေတဆင့် ဘိန္နကမင်းက မောင်ရှမ်းပြည်ကို ထပ်မံယူဆောင်လာတယ်လို့ ဆိုတယ်။ စာလုံး ပုံစံကတော့ သက္ကတသဏ်ဏ္ဍာန်ပါ။ နန်ချောင်ခေတ် ဘုရင်ဆိုင်လောဝ်ပီ လက်ထက် (အေဒီ ရ၂၈-၇၄၈)မှာတော့ ရှမ်းစာအတွက် အသုံးမဝင်တဲ့ သက္ကတစာလုံးများကို ဖယ်ထုတ်ပြီး လေး ဒေါင့်ပုံစံစာလုံး ၁၈ လုံးကို ပြုပြင်အသုံးပြုကာ ပဲပင်ပေါက်ရှည်စာ(ခေါ်)လိက်ထိုငေါက်ယောဝ်း ဖြစ်လာတယ်။ အေဒီ ၁၃၁၂ မောဘုရင် ဆေခန်ဖလက်ထက်မှာတော့ ပုံစံရှည်နေတဲ့ စာလုံးကို အတိုပြန်ပြင်လိုက်တော့ ပဲပင်ပေါက်တိုစာ (ခေါ်) လိက်ထိုငေါက်ပွတ် (ခေါ်) ယခု မောရှမ်း စာဖြစ်လာတယ်။ အေဒီ ၁၄၀၈-၁၄၂၈ မှာတော့ ရေးသားရလွယ်ကူအောင်လေးဒေါင့် စာလုံး ကို အဝိုင်းအဖြစ် ပြောင်းလဲ အသုံးပြုလာကာ ယခု ရှမ်းစာမူဟောင်းဖြစ်လာတယ်။


စာပေဆိုတာ တစ်ခေတ်နဲ့ တစ်ခေတ် အမြဲပြောင်းလဲနေလေတော့ ဒုတိယကမ္ဘာစစ်ပြီး တဲ့နောက် ဆရာတော်ဦးဝိဇယနန္ဒ၊ စဝ်ဆိုင်မိန်း(ကျိုင်းတုံ)တို့ဦးဆောင်ပြီး ရှမ်းအဝိုင်းစာလုံး မူ ဟောင်းရဲ့ လိုအပ်ချက်များကို ထပ်မံဖြည့်စွက်ကာ အသံထွက်မှန် ရှမ်းစာမူသစ်ကို စီစဉ် ခဲ့ တယ်။ သို့သော် ရှမ်းပြည် ဗမာပြည် နိုင်ငံရေးအခြေအနေကလည်း မငြိမ်သက်တာကြောင့် ဒီစာတွေဟာ မပြန့်နှံ့ခဲ့ပါ။ နောက်ပိုင်း မူကွဲတွေလည်း အမျိုးမျိုးထွက်လာတဲ့အတွက် တစ်ခု တစ်စုတည်းဖြစ်အောင် ဆရာတော်သံဃာတော်များ၊ ရှမ်းပညာရှိကဝိများ၊ တက္ကသိုလ်ကျောင်း သားများ အကြိမ်ကြိမ် အစည်းအဝေးခေါ်ပြီး ရှမ်းစာပေမူသစ်ကို အတည်ပြု ပြဌာန်းခဲ့တယ်။


တောင်ကြီး ရှမ်းစာပေကော်မရှင်အစည်းအဝေးမှာ စိုင်းခမ်းလိတ်က မန်းတက္ကသိုလ် ကျောင်းသားကိုယ်စားလှယ်အဖြစ် ရှမ်းစာပေအတွက် တက်ကြွစွာ လှုပ်ရှားခဲ့တယ်။ ဒါကြောင့် စိုင်းထီးဆိုင်အတွက် စိုင်းခမ်းလိတ်နဲ့ ခင်မင်ရင်းနီးဖြစ်အောင် အကြောင်းကဖန်တီးလာတော့ တယ်။ သူတို့နှစ်ယောက် ဆုံတွေ့ခြင်းဟာ မြန်မာပြည်အနုပညာလောကအတွက် ကိုယ်ပိုင် သံစဉ်နဲ့ သစ်လွှင်တဲ့ တေးသီချင်းတွေ များစွာ ပေါ်ထွက်လာမယ်ဆိုတာ ဘယ်သူကမှ မထင် ခဲ့ဘူး။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ ခေတ်သစ်ကိုယ်ပိုင်သံစဉ်သီချင်းများ စည်ပင်စေတဲ့ ခေတ်လို့ ဆိုရပါမယ်။


ဘာကြောင့် စိုင်းထီးဆိုင်လို့ခေါ်သလဲ


၁၉၆၂ ခု တော်လှန်ရေးကောင်စီတက်လာပြီးတဲ့နောက် ကွန်ဗဲင့်ကျောင်းတွေကို နိုင်ငံ တော်ပိုင်အဖြစ် သိမ်းလိုက်တယ်။ ဒါကြောင့် ရစ်ချတ်နန္ဒာလည်း ခေတ်ပြောင်းတော်လှန်ရေး နှင့်အညီ နာမည်အသစ်ပြောင်းချင်လာတော့ ရှမ်းကဝိတစ်ဆူဖြစ်တဲ့ တောင်ကြီးမှာရှိတဲ့ ဦးခွန် မဟာ (တန့်ယန်း-မိုင်းရယ်)ထံသွားပြီး ရှမ်းနာမည်အသစ်သွားတောင်းတယ်။ ဦးခွန်မဟာ လဲ တွက်ချက်ကြည့်ပြီးတော့ ထီးဆိုင် (ထီး= အထွဋ်အထိပ်၊ ဆိုင်=တန်ဖိုးရှိသောကျောက်) လို့ တကယ်ကောင်းပေ့ဆိုတဲ့ နာမည်ပေးလိုက်တယ်။


ဝါသနာ


လွိုင်လင်မှာ ကိုးတန်းအောင်ပြီး တောင်ကြီးမှာ ဆယ်တန်းလာတက်တဲ့အချိန် ဝါသနာ ဆိုတာ တားလို့မရပါ ဆိုတဲ့အတိုင်း အကြောင်းတိုက်ဆိုင်လာရင် ဝါသနာနဲ့ အသက်ရှင်ချင်ကြ တယ်။ စိုင်းထီးဆိုင်ရဲ့ ဝါသနာကတော့ အနုပညာ ဆိုတော့ ထိုင်းနိုင်ငံမှာ သီချင်း သွားသွင်းဖို့ ကြိတ်ကြံစည်နေတယ်။ စိုင်းဆိုင်မောဝ်နဲ့ အတူ ကျိုင်းဟဲမှာ သီချင်းသွားသွင်းဖို့ နမ့်စန်မြို့မှာ အချိန်အချက်ပြုထားတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိုင်းထီးဆိုင် နမ့်စန်ကောင်ဘွိုင်ကား တန်းကြီးကို မမီတော့ပါဘူး။ ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လင်းခေးတောလမ်းအတိုင်း ကုန်သည်တွေနဲ့အတူ ထိုင်းနယ်စပ် မယ်ဟောင်ဆောင်ကို ရောက်ခဲ့တယ်။ ထိုင်းနိုင်ငံထဲဝင်ဖို့ ထိုင်းနယ်ခြားစောင့်ရဲနဲ့ အဆင်မပြေလို့ စိုင်းထီးဆိုင် တောင်ကြီးကိုအရောက် ပြန်လာသော် လည်း ဆယ်တန်းစာဖြေစာရင်းသွင်းဖို့ အချိန်မမီတော့ပါဘူး။ တစ်နှစ်အောက်လိုက်ရတော့ တယ်။ ဒါကြောင့် ဖခင်ဖြစ်သူစိတ်ဆိုးပြီး သူ့ကို လင်းခေးပြန်ခေါ်သွားတယ်။ လင်းခေးမှာ ဆယ်တန်းဖြေပြီးတဲ့နောက် ရန်ကုန်မှာ အရှေ့တောင်အာရှ အားကစားပွဲရှိလို့ သူငယ်ချင်းတွေ နဲ့အတူ ရန်ကုန်ကို ရောက်သွားတယ်။ ရန်ကုန်ရောက်သွားတော့ သူငယ်ချင်း စိုင်းစိုးမြင့်နဲ့အ မှတ်မထင် သွားဆုံတွေ့ရင်း စိုင်းစိုးမြင့်က ဒီတစ်ပတ် မြန်မာ့အသံ ရှမ်းတိုင်းရင်းသား အစီ အ စဉ်မှာ သီချင်းအသစ် သွင်းဖို့ အစီအစဉ်ရှိကြောင်း ပြောလာတယ်။ စိုင်းထီးဆိုင်ကို သီချင်းဆိုဖို့ တောင်းဆိုလာတော့ ရေငတ်သူ ရေတွင်းထဲကျသလိုဖြစ်သွားလေရော့။ အဲဒီပွဲဦးထွက်မှာ ရှမ်း သီချင်း တ၊င်း၈ှဂ့်ကွခေ်,ဂူခေ်း၈ှ၊င်;rဝု. = အကျည်းတန်ချစ်သူ၊ ဂေု.၈ှဂ့်မိုင်းဂရ၁် = ရေခြား မြေခြား ချစ်သူ၊ ခေူခေ်း၈ှ၊င်;လီ = အလှပဂေးနွမ်း စတဲ့သီချင်းတွေဟာ လူကြိုက်များခဲ့တယ်။


တက္ကသိုလ်ကျောင်းသားဘဝ


ဆယ်တန်းအောင်ပြီး မန်းတက္ကသိုလ်မှာ ဒဿနိကဗေဒ တက်ခွင့်ရတော့ စိုင်းခမ်းလိတ် တို့နဲ့ ပြန်ဆုံခွင့်ရလာတယ်။ အနုပညာဝါသနာတူတဲ့ စိုင်းခမ်းသီနဲ့ ပိုမိုခင်မင်ရင်းနီးလာတဲ့အ တွက် စိုင်းခမ်းလိတ်လည်း သူ့ညီလေးရဲ့ သူငယ်ချင်းဆိုပြီး စိုင်းထီးဆိုင်ကို ပိုမိုအသိအမှတ်ပြု လာခဲ့တယ်။ သူတို့နှစ်ဦးရဲ့ အသိအမှတ်ပြုမှုဟာ တစ်နိုင်ငံလုံးအတွက် ဂီတသမိုင်းတစ်ရပ် မှတ်တိုင်ထူခဲ့တယ်။ မန်းတက္ကသိုလ်ကိုရောက်လာတော့ စိုင်းထီးဆိုင်လည်း အနုပညာ မိတ် ဆွေတွေ များသထက်များလာတယ်။ ကိုနေဝင်း (မောင့်လပြည့်ဝန်း)နဲ့လည်း ခင်ခွင့်ရသွား တော့ အဲဒီတုံးက ညစဉ်ညတိုင်း မန်းပျိုဖြူတွေရဲ့ တက္ကသိုလ်အဆောင်ရှေ့မှာ မောင်းလပြည့် ဝန်းသီချင်းကို စိုင်းထီးဆိုင် ဂစ်တာအိုတစ်လုံးနဲ့ ဆိုခဲ့တယ်။ သူ့ရဲ့ပင်ကိုယ်သံကိုက ကရုဏာ သံပါတော့ နားထောင်ရတဲ့သူတိုင်း ဘဝင်ခိုက်သွားတယ်။ တက္ကသိုလ်အဆောင်ရှေ့မှာ စိုင်း ထီးဆိုင်အဖွဲ့ သီချင်းလာဆိုပြီဆိုရင် MASU ကမမတွေ တစ်ဆောင်လုံး ငြိမ်ပြီး သူ့သီချင်း ပြီးတဲ့ အထိ နားထောင်နေကြတယ်။ အဆောင်မှူးတွေလည်း သူ့သီချင်းသံစဉ်မှာ မျှောသွား စမြဲပါ။ တက္ကသိုလ်တက်စဉ် သူ့ကို ချစ်စနိုးနာမည်ပေးကြတယ်။ ရွှေဥသြတဲ့။ ဥသြငှက်ဟာ အနက် ရောင်ဖြစ်ပြီး မလှပေမယ့် အသံကကောင်းတယ်။ ဥသြ ဥသြလို့ တစ်ပုဒ် တည်းထပ်ခါ ထပ်ခါ ဆိုသော်လည်း ကြားရသူတိုင်း မရိုးနိုင်ဘူး။ စိုင်းထီးဆိုင် အဆောင်ရှေ့မှာ သီချင်းဆိုပြီး သွားရင် မာစူးကမမတွေက အဆောင်မှူးကနေတဆင့် စားစရာတွေ ပို့ပေး လိုက်တယ်။ ပေါက် ဆူးလို့ ဆိုရမှာလားမသိ။ သူတို့ခေတ်တုံးက သူ့ရဲ့သီချင်းသံဟာ လသာတဲ့ တက္ကသိုလ်ညကို အလှဆင်ပေးပြီး သူကတော့ အမှောင်ထုထဲက ကိုရုပ်ဆိုးဖြစ်နေလေရဲ့။


၁၉၇၃ ခု ဝါသနာတူများဖြစ်ကြတဲ့ စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ ခွန်မျိုးလွင်၊ စောသိမ်း ဝင်းတို့ပူးပေါင်းပြီး The Outsiders တီးဝိုင်းအဖွဲ့ကို တည်ထောင်ကာ တက္ကသိုလ် နယ်မြေမှာ ဖျော်ဖြေပေးကြတယ်။ မောင်မယ်သစ်လွှင်ကြိုဆိုပွဲတို့ ကျောင်းသူကျောင်းသားဟောင်းများ နှုတ်ဆက်ပွဲတို့မှာ တီးခတ်ရတဲ့အတွက် မန်းတက္ကသိုလ်ကစပြီး သူတို့အဖွဲ့ကို လူသိများလာ တယ်။ အဲဒီခေတ်တုံးက ခေတ်လူငယ်တွေ ဆံရှည်ဂုတ်ဝဲ ထားတဲ့ခေတ်ဆိုတော့ သူတို့အဖွဲ့ တွေလည်း ဆံရှည်ဂုတ်ဝဲတွေပဲ။ ၁၉၇၈ စာရေးသူ မေမြို့ကျောင်းတက်တုံးက ကန်တော်ကြီး မှာ ဆံရှည်ထားတဲ့ စိုင်းထီးဆိုင်ကို ဦးစွာမြင်ဖူးခဲ့တယ်။ သူက ပင်နီရှမ်းဘောင်းဘီ၊ ရှမ်းအင်္ကျီ ရှတ်အဖြူဝတ်ပြီး ဂစ်တာတစ်လုံးနဲ့ တက္ကသိုလ်ရှမ်း ကျောင်းသားကျောင်းသူအဖွဲ့နဲ့ အတူ မေမြို့ကို picnic လာလည်တုံးကပါ။ ကောင်းစွာမှတ်မိ တာကတော့ သူ့ရဲ့ မျက်မှန်ထူကြီးပဲ။ အဲဒီတုံးက သူ့ချစ်သူဘယ်သူလဲဆိုတာ စာရေးသူ မသိပေမယ့် သူအချစ်ဆုံးကတော့ သူ့ရဲ့ ဂစ်တာပဲဖြစ်မှာပါ။ အားလုံးပျော်အောင် သူက ဂစ်တာနဲ့ သီချင်းတွေ သီဆိုပေးတယ်။
အဆိုတော်ဘဝ


နိုင်ငံကျော်အဆိုတော်တစ်ယောက် ဖြစ်လာဖို့မလွယ်ပါဘူး။ ပထမခြေလှမ်းကတော့ မန္တလေး Center တေးသံသွင်းမှာ သီချင်းစသွင်းတယ်။ တီးခတ်သံတွေ မကောင်းလို့ မအောင် မြင်ပါ။ မျှော်လင့်ချက် အိပ်မက်သာဖြစ်ခဲ့လေရဲ့။ ဒီ့ထက်ဒီ ကောင်းသထက်ကောင်းအောင် ဒုတိယခြေလှမ်းကတော့ ရန်ကုန် ဦးဘသိန်း စတူဒီယိုမှာ သွားသွင်းတယ်။ စီးရီးတစ်ခွေ ဖြစ် လာတော့ ဈေးကွက်ထဲတင်ဖို့ ခြေလှမ်းလှမ်းကြည့်တော့ ရန်ကုန်က တေးသံသွင်းတွေ လက်မ ခံပြန်ဘူး။ တစ်ချို့ကမမေးလာတယ်


ဘာသီချင်းလဲ
ဗမာသီချင်းပါ


နိုင်ငံခြားသံစဉ်နဲ့တီးတာလား မဟုတ်ဘူး ကိုယ်ပိုင်သံစဉ်ပါ ဟေ ကိုယ်ပိုင်သံစဉ်ဆိုတော့ သူများကို ဘယ်မီမလဲ။ နိုင်ငံခြားသံစဉ်ကို ငါတို့က နား ထောင်လို့တောင်မရဘူး။ မင်းတို့က ကိုယ်ပိုင်သံစဉ်နဲ့ ဆိုတော့ ဝေလာဝေးပဲ။ ခေတ်သစ် ဗမာ သီချင်းကို ငါတို့ဗမာကိုယ်တိုင်ဆိုတာတောင်မှ ငါတို့က နားမထောင်နိုင်ဘူး၊ မင်းတို့က ရှမ်းဖြစ် ပြီး ဗမာသီချင်းဆိုတယ် ဆိုတော့ ပိုပြီးတော့ နားထောင်နိုင်မှာမဟုတ်ဘူး . . . တဲ့


သူတို့စီးရီးသစ်အတွက် တေးသံသွင်းအားလုံးလိုလို ခေါင်းခါပြီး အဖြေပေးလိုက်တယ်။ တေးသံသွင်းတွေ ဖြန့်ပေးဖို့ အသနားခံတဲ့ မျက်နှာနဲ့ သီချင်းတစ်ပုဒ်ကို ၂ ကျပ်နဲ့ အချို့ဆိုင်မှာ ဈေးတဲ့ခဲ့တယ်။ တစ်ချို့ဆိုင်ကတော့ လုံးဝလက်မခံတဲ့အပြင် ပစ်ပစ်ခါခါပြောတာလဲရှိလေရဲ့။ စိတ်ဓါတ်ကျတယ် စိတ်ဓါတ်ကျတယ် ဆိုတဲ့သီချင်းအတိုင်း အော်ရလေမလားပဲ။ ဒါပေမယ့် အောက်ကို ပြုတ်ကျသွားတဲ့ စိတ်ဓါတ်ဟာ မဟာပထဝီမြေကြီးနဲ့ ထိပြီးရင် အပေါ်ကို ပြန်ခုန် တက်တတ်တယ် ဆိုတာ မမေ့ပါနဲ့။ ရန်ကုန်မှာ အလုပ်မဖြစ်လို့ တောင်ကြီးကိုတက်လာကာ မောဝ်တေးသံသွင်းက ကြည် ဖြူစွာလက်ခံပြီး ဖြန့်ပေးတော့ အားရှိလာသလိုလိုဖြစ်သွားတဲ့ အပြင် သူငယ်ချင်းဖြစ်သူ အောင်ခင်မြင့် (ဂျေမောင်မောင်)လည်း တောင်ကြီးရောက်ခိုက် သူ တို့သီချင်းတွေကို ရန်ကုန်ကို ပြန်သွားဖြန့်ပေးတော့ တော်တော်ကို ပြန့်သွားတယ်။


၁၉၇၃ ခုမှာပဲ သူတို့ရဲ့ The Outsiders အဖွဲ့နဲ့ စိုင်းခမ်းသီ၊ စောဂျက်ဆင်၊ စောဂျော် နီတို့ရဲ့ အဖွဲ့ Highlanders ပူးပေါင်းပြီး နိုင်ငံကျော် The Wild Ones အဖွဲ့ဖြစ်လာတယ်။ ဒီအဖွဲ့နာမည်နဲ့ ရန်ကုန်မှာ နွေရာသီ ဆိုတဲ့ စီးရီးတစ်ခွေသွားသွင်းတယ်။ ခွေဖြန့်တဲ့ အချိန် တေးသံသွင်းကလူတွေ အိပ်ရေးပျက်တဲ့အထိ ငွေတွေရေတွက်ရလို့ ခွေရောင်းကောင်းတဲ့ အကြောင်း အသံသွင်းပေးတဲ့ ကိုမောင်မောင်တောင် အံ့သြသွားတယ်။ နောက်ထပ်သွား သွင်းတဲ့ တတိယစီးရီးကတော့ မန္တလေးရောက် ရှမ်းတစ်ယောက်ပါ။ ဒီစီးရီးကြောင့် စိုင်းထီး ဆိုင်ရဲ့နာမည်လည်း တစ်နိုင်ငံလုံးသိသွားလေတော့တယ်။ တေးသံသွင်းတွေလည်း လက်မ လည်အောင် အခွေတွေကူးနေရတော့တယ်။ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်တွေမှာလည်း မန္တလေးရောက်ရှမ်းတစ်ယောက်သီချင်းသံ ညံသွားတော့တယ်။


စိုင်းထီးဆိုင်ရဲ့ သီချင်းတွေက ဗမာသီချင်းတွေများပါတယ်။ ဗမာစီးရီးတွေထဲမှာ ရံခါ ရံခါ ရှမ်းသီချင်းသံ တစ်ပိုဒ်စ နှစ်ပိုဒ်စ ညှပ်ပါလာတာကို ကြားရတဲ့ ရှမ်းတွေအဖို့ သကြားပေါ် က သကာခဲပါပဲ။ ဒီလိုနဲ့ သူ့ရဲ့သီချင်းတွေ ဆက်တိုက်ထွက်ထွက်လာတော့ ပရိသတ်ကလည်း သူ့အသံနဲ့ ရင်းနီးသထက် ရင်းနီးလာတော့တယ်။ တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့ စာသား တွေကလည်း ခန့်ညားသလို စိုင်းထီးဆိုင်ရဲ့ အသံကလည်း ကောင်းလွန်းတာကြောင့် သူတို့ နှစ်ယောက်ပေါင်းမိခြင်းဟာ ရှည်လျှားတဲ့ခရီးအတွက် မီးရထားသံလမ်းလိုပါပဲ။ တချို့ အဆို တော်တွေ သီချင်းဆိုတယ်။ ကောင်းတယ်။ နာမည်ကြီးလာတယ်။ ဒါပေမယ့် အဓိက ပြဿနာ ကတော့ သီချင်းရေးပေးတဲ့သူမရှိလို့ အခက်အခဲကြုံရတတ်တယ်။ စိုင်းထီးဆိုင်အတွက်တော့ သူ့ဘက်ကရောင်းက စိုင်းခမ်းလိတ်တစ်ယောက်လုံးရှိနေလေတော့ သူများလို တေးရေးဆရာ ရှာဖို့ ပြဿနာမရှိခဲ့ပေ။ သူကိုယ်တိုင်လည်း သီချင်းရေးစပ်တတ်သူ ဖြစ်သေးတယ်။ သူတို့နှစ် ယောက်ရဲ့ မဆုတ်မနစ်ကြိုးစားမှုကြောင့် ပြိုင်တူ နာမည်ကြီးလာတော့တယ်။ တေးဆိုသူနဲ့ တေးရေးသူအကြားမှာ သူတို့နှစ်ယောက်လို ဒွန်တွဲနာမည်ရလာ ဖို့ ဖြစ်ခဲတယ်။ တချို့ တေးဆို သူသာ နာမည်ကြီးသွားပြီး တေးရေးသူကတော့ နောက်ကောက် ကျန်ခဲ့တယ်။ ဘယ်သူမှ မသိ ကြဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ စိုင်းထီးဆိုင်ဆိုတဲ့ သီချင်းကလည်း စိုင်းခမ်း လိတ်ရေးမှ ပရိသတ် သဘောတွေ့ မနောခွေ့ဖြစ်သလို စိုင်းခမ်းလိတ်ရေးတဲ့သီချင်းကလည်း စိုင်းထီးဆိုင်ဆိုမှ ကြိုက်ကြတယ်။ သူတို့နှစ်ယောက်ကတော့ လေတံခွန်နဲ့ကြိုးဖြစ်ပြီး ပရိသတ် ကတော့ တိုက်ခတ်တဲ့လေနဲ့တူတယ်။


လောကဓံ


စိုင်းထီးဆိုင်ရဲ့ သီချင်းခွေတွေ အရောင်းသွက်လှပြီး ပိုပိုပြီးတော့ နာမည်ကြီးလာလေ တော့ မနာလိုသူတွေလည်း ရှိစမြဲပါ။ ဒါကြောင့် နည်းလမ်းမျိုးစုံနဲ့ စိုင်းထီးဆိုင် နာမည်ပျက် အောင် လုပ်ဆောင်လာကြတယ်။ ကာတွန်းရုပ်ပြောင်တစ်ခုက ဘယ်လိုလှောင်ပြောင်ထားသ လဲဆိုတော့ မြန်မာဂျိမ်းစပွန်းလို့ဆိုရတဲ့ ကာတွန်းရုပ်ပြောင် တစ်ခု (ပေါ်ဆန်းမွှေး လို့ထင်တယ် စာရေးသူ သိပ်မမှတ်မိတော့ဘူး) စိုင်းထီးဆိုင်သီချင်းကို သူက နားထောင်ရင်း ကက်ဆက် ခလုတ်တစ်ခု ကိုနှိပ်လိုက်တယ်တဲ့။ သွားခေါခေါ မျက်မှန်ထူထူ ဆံရှည်ရှည်နဲ့ ခေါင်းလောင်း ဘောင်းဘီ ဝတ်ထားတဲ့ စိုင်းထီးဆိုင် ကက်ဆက်ထဲက နေထွက်လာတယ်။ ဂျိမ်းစပွန်းလို အစွမ်းထက်တဲ့ ပေါ်ဆန်းမွှေးက စိုင်းထီးဆိုင်ရဲ့ လည်ပင်းကို ဆုပ်ကိုင်ပြီး မင်းဘာဖြစ်လို့ မြန်မာသီချင်း ပီအောင် မဆိုသလဲ ဟင် မင်းရဲ့သွားကလည်း ခေါနေသေးတယ် ဆိုပြီး ပလာ ယာနဲ့ စိုင်းထီး ဆိုင်ရဲ့ သွားတွေကို နှုတ်ပစ်လိုက်တယ်။ နှားရင်းရိုက်ပြီး ကက်ဆက်ထဲ ပြန် သွင်းလိုက်တယ်။ ဒါဟာ စိုင်းထီးဆိုင် လှောင်ပြောင်သရော်ခြင်းပါ။ စိုင်းထီးဆိုင်ကတော့ သူဝါ သနာလမ်းကြောင်းအတိုင်း ဆက်လျှောက်ပြီး လောကဓံကို အေးဆေးစွာ ဖြတ်သန်းလျက်ပါ။ တချို့ကာတွန်းကတော့ လမ်းဘေးက ဘိနပ်ဆိုင်နားမှာ ထီးဆိုင်ဖွင့်ထားတဲ့ပုံတွေ လမ်းပေါ်မှာ က စိုင်းထီးဆိုင်နဲ့ တူတဲ့ သူက မျက်လုံးပြူးပြီး လန့်နေတဲ့ပုံတွေ သရော်နည်းမျိုးစုံပါပဲ။ သို့သော် လေတံခွန်ဆိုတာ လေတိုက်နှုန်းအားကောင်းလာပြီး ခံနိုင်မှုမရှိရင်တော့ စုတ်ပြတ်သွားမယ်။ ဒါမှမဟုတ် ယိမ်းယိုင်သွားမယ်။ ဒါမှမဟုတ် ကြိုးပြတ်သွားမယ်။ လောကဓံတရားဆိုတာ ဘယ် သူမှ မလွတ်နိုင်ဘူး။ ဒါပေမယ့် ကြံ့ခိုင်မှုရှိရင်တော့ ကျော်လွှားနိုင်ပါတယ်။ စိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်တို့နှစ်ယောက် ထပ်တူခံရတဲ့ လောကဓံလှိုင်းကြီး တစ်ခုကတော့ မောတော့ မော တာ ပေါ့ ဒါပေမယ့် မမောဘူး ဆိုတဲ့ သီချင်းစာသားပါ။ စာရေးသူဖတ်မိ မှတ်မိသလောက်တော့ သတင်းစာ ဆောင်းပါးတစ်ခုက အဲဒီ မောတော့မောတာပေါ့ ဆိုတဲ့ စကားလုံးတွေကို နှာဘူး အသံ ကိလေသာအသံဆိုပြီး ပစ်ပစ်ခါခါ ဝေဖန်ထားတယ်။ အဲဒါကို သီချင်းမဖွဲ့သင့်ဘူး စသ ဖြင့်ပေါ့။ အမှန်ကတော့ စိုင်းခမ်းလိတ်ရေးတဲ့သီချင်းဟာ သမီးရည်းစားနှစ်ယောက် ဘီးကလေး နဲ့ အတူလည်ချိန် သဘာဝကျကျရေးဖွဲ့ထားတဲ့ စာသားပါ။ အားလုံးလည်း ကြားဖူးပြီးသားပါ သိပ်မောသွားလား မောင်ရယ်တဲ့ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူး . . . ဒါပေမယ့် ဆောင်းပါးရေးတဲ့သူက အတွေးလွန်ပြီး သူ့ဝါသနာပါရာ စိတ်ထက်သန်ရာ ကြောင်ကြိုကြောင် ကြားလျှောက်တွေးသွားတယ် ထင်ပါရဲ့။ ထားပါတော့။


အနုပညာစကားဆိုတာ ကိုယ်လိုတဲ့ဘက်ကို ဆွဲယူလို့ရစမြဲပါ။ ဒါပေမယ့် မောတော့ မောတာပေါ့ ဆိုတဲ့စကားဟာ လူကြီးလူငယ် လူရွယ်လူလတ်တွေရဲ့ ပါးစပ်ဖြားမှာ စွဲသွားခဲ့ တယ်။ တစ်ခုခုလုပ်ပြီး မောသွားပြီဆိုရင် အဲဒီစကားကို အမောပြေအဖြစ် အမေးအဖြေ လုပ် တော့တာပဲ။ စာရေးသူတို့တောင် ခဏခဏအသုံးပြုသေးတယ်လေ။ ဒီကဲ့ရဲ့သံကို ကြားရ တော့ စိုင်းခမ်းလိတ်အတွက် ကျေနပ်ပါတော့ ဆိုတဲ့ သီချင်းတစ်ပုဒ်ရေးဖြစ်အောင် ရေးလိုက် သေးတယ်။ ခေါင်းမမော့ပါဘူး ငုံ့ဆဲပါ မင်းအလိုကျပါ . . . .


လူဖြစ်လာရင် လူတိုင်းရဲ့ ချဉ်ဖတ်ကို မဖြစ်နိုင်သလို လူတိုင်းရဲ့ အချစ်တော်လည်း မဖြစ်နိုင်ပါဘူး။ စိုင်းထီးဆိုင်ကို ချစ်တဲ့ပရိသတ်ကတော့ ရှမ်းသံဝဲဝဲ ချစ်စရာလေး လို့ပြောတဲ့ သူတွေလည်း မနဲဘူး။ ကဲ့ရဲ့တဲ့အထဲမှာ ပါးစပ်ပုတ်တဲ့ ရှမ်းအချို့လဲပါသေးတယ်။ စိုင်းထီးဆိုင် က ဗမာသီချင်းပဲဆိုတယ် ရှမ်းလိုမဆိုဘူး တဲ့။ တကယ်တမ်း ဉာဏ်ဦးနှောက်နဲ့ ဆင်ခြင်ကြည့် ရင် စိုင်းထီးဆိုင် နိုင်ငံကျော်အဆိုတော် ဖြစ်လာခြင်းဟာ-


(၁) ရှမ်းတစ်ယောက်ဖြစ်ပြီး မြန်မာသီချင်းကို သူများနဲ့တန်းတူ၊ သူများထက်ကျော်လွန်အောင် ဆိုနိုင်ခြင်း။
(၂) မိမိရဲ့ နာမည်ကို စိုင်းထီးဆိုင် ဆိုပြီး ရဲရဲရင့်ရင့် ရှမ်းနာမည်တပ်ထားခြင်း။
(၃) စိုင်းထီးဆိုင်ရဲ့ ကျော်ကြားမှုကြောင့် ရှမ်းလူမျိုးတို့ရဲ့ ဂုဏ်မြင့် ဂုဏ်တင့်ခဲ့ခြင်း။
(၄) တစ်ခါတစ်လေ စတိတ်စင်ပေါ်မှာ ရှမ်းဝတ်စုံဝတ်ပြီး သီချင်းဆိုခြင်း၊ ညာလက်မှာ ဆေးမှင် ကြောင်ထိုးထားသဖြင့် ရှမ်းဖြစ်ကြောင်း သက်သေပြခြင်း၊ မိုင်ဆုံ မင်္ဂလာပါ စသဖြင့် ရှမ်းလိုနှင့် ပရိသတ်ကို နှုတ်ဆက်ခြင်း စတာတွေဟာ မိမိရဲ့ ဇာတိမျိုးရိုးဂုဏ်ကို ဖေါ်ညွှန်းခြင်း။
(၅) သူရဲ့ ဗမာစီးရီးထဲမှာ ရှမ်းသီချင်းများ ကြားညှပ်၍ သီဆိုတာဟာ ရှမ်းပြည်နဲ့ ဝေးကွာနေတဲ့ ရှမ်းများအတွက် မိမိတို့ရဲ့ အမျိုးအနွယ်ကို မမေ့ရန် သတိပေးသလိုဖြစ်နေခြင်း စတာတွေဟာ ရှမ်းပြည်သားအဖို့ များစွာ တန်ဖိုးရှိတယ်လို့ စာရေးသူယူဆတယ်။ စိုင်းထီးဆိုင် သီချင်းအသစ် စထွက်လာတိုင်း နဂိုအဟောင်းလောက် မကောင်းတော့ဘူးလို့ ထင်ပေမယ့်ကြာကြာနာထောင် လေလေ ပိုပို ကောင်းလေလေဖြစ်ခဲ့တယ်။ အဟောင်းတွေလည်း ယနေ့တိုင် မရိုးနိုင်သေးပါ ဘူး။


အကောင်းအဆိုး ဒွန်တွဲမျိုး


နာမည်ကြီးတဲ့သူတွေဟာ များသောအားဖြင့် နာမည်ဆိုးလည်း ထွက်တတ်ပါတယ်။ စိုင်းထီးဆိုင်လဲ အဲလိုပါပဲ။ စင်းလုံးချောကောင်းမွန်တာတော့ ဘယ်သူမှ မဖြစ်နိုင်ဘူး။ ၁၉၇၇ တုံးက မူးယစ်ဆေးဝါးမှုကြောင့် စိုင်းထီးဆိုင် ထောင်ကျခဲ့တယ်။ တချို့လည်း စိုင်းထီးဆိုင် တမင်သက်သက် ထောင်ချောက်ဆင်ခံရတယ်လို့ပြောကြတယ်။ သူ့ပရိသတ်တစ်ချို့ အဲဒီ သ တင်းကြားတော့ လာဖမ်းတဲ့သူရဲ့ အိမ်ကိုတောင် ခဲမိုးသွားရွာတယ်လို့ပြောတယ်။


ဘယ်လိုပဲဖြစ်ဖြစ် စိုင်းထီးဆိုင်ဟာ စိုင်းထီးဆိုင်ပါပဲ။ နာမည်ကြီးတဲ့ပုဂ္ဂိုလ်အချို့ဟာ နာမည်ပျက်ထွက်သွားရင် စုံးစုံးမြုပ်သွားတော့တယ်။ စိုင်းထီးဆိုင်ကတော့ အဲလိုမဟုတ်ဘူး။ သူ့ချစ်တဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ဖြောင့်မှန်စွာ ရပ်တည်ခဲ့တယ်။ စတိတ်ရှိုးပွဲလုပ်တိုင်း စိုင်းထီးဆိုင်ပါရင် လက်မှတ်တွေ ရှိသလောက်ကုန်သွားတော့တာပဲ။ ဒါကြောင့် ကန်ထရိုက် တွေ စိုင်းထီးဆိုင်ကို အလုအယက်ငှားကြတော့တယ်။ စိုင်းထီးဆိုင်ဟာ ပရိသတ်ကို ချစ်တဲ့သူ တစ်ယောက်ဖြစ်လို့ ပရိသတ်တွေကလည်း သူ့ကို ချစ်ကြတယ်။ လေးစားကြတယ်။ သူများ မတုနိုင်တဲ့ သူ့ရဲ့ အနုပညာပါရမီတစ်ခုကတော့ သူဟာပရိသတ်ကို ကောင်းစွာ ထိမ်းနိုင်ခြင်းပါ။ တစ်ချို့ အဆိုသမားတွေ စတိတ်စင်ပေါ် ခုန်လိုက်ပေါက်လိုက်ပရိသတ်စိတ်ဝင်စားအောင် လုပ်သော်လည်း စိုင်းထီးဆိုင်ကတော့ သမားရိုးကျ ဂီတာလွယ်ပြီး သီချင်းဆိုကာ ပရိသတ်ကို ထိမ်းသွားနိုင်ခဲ့တယ်။ ရှိုးပွဲတိုင်းလိုလို စိုင်းထီးဆိုင် တက်မဆိုခင်က ပရိသတ်တွေ လှုပ်လှုပ်ရွ ဆူဆူညံညံဖြစ်နေပေမယ့် နောက်တစ်ဖန် အလှည့်ကျတာကတော့ စိုင်းထီးဆိုင်ဖြစ်ပါတယ် … လို့ကြားလိုက်တာနဲ့ လက်ခုပ်သံတွေ မိုးထက်ညံပြီး ပွဲကြည့်ပရိသတ်တွေ ငြိမ်ကျသွားတယ်။ သူသီချင်းတစ်ပုဒ်ဆိုပြီးတိုင် လက်ခုပ်သံတွေဟာ ပိုပြီး ကျယ်လောင်တယ်။


ရှိုးပွဲတွေမှာ ပွဲထိမ်းဖို့အတွက် နာမည်ကြီးတဲ့သူကို နောက်မှာ ထားလေ့ရှိတယ်။ တစ်ခါ တစ်လေ ပွဲစီမံသူ စိုင်းထီးဆိုင်ကို ပွဲမထုတ်သေးရင် ပွဲကြည့်ပရိသတ်က စိုင်းထီးဆိုင် ထွက်လာ ခိုင်းပါ ဆိုပြီး အတင်းတောင်းဆိုတယ်။ အဲဒါကတော့ ပွဲကြည့်ပရိသတ်တွေ သူ့ရဲ့ သီချင်းသံကို မြတ်နိုးကြောင်း သက်သေပါ။ တစ်ခါ ပဲခူးရှိုးပွဲ တစ်ခု လက်မှတ်ရောင်းပြီး ကြော် ငြာတုံးက စိုင်း ထီးဆိုင်လည်းပါလို့ လက်မှတ်တွေ အကုန်ကုန်သွားတယ်။ ရုံပြည့်ရုံလျှံဖြစ်သွား တယ်ပေါ့။ နာမည်ကြီးအဆိုတော်တွေကို နောက်ပိုင်းအစီအစဉ်တွေမှာထဲ့တဲ့အတွက် တစ်ကြောင်း၊ ညဉ့် နက်လာတာက တစ်ကြောင်း၊ အိမ်ပြန်ချင်တာကတစ်ကြောင်း၊ စိုင်းထီးဆိုင် ရဲ့နားဝင်ပီယံ အ သံလေးကို ကြားချင်တာကြောင့် တစ်ကြောင်း စိုင်းထီးဆိုင်ကို ဆိုခိုင်းဖို့ အော်ကြတော့တယ်။ တက်လာတိုင်း စိုင်းထီးဆိုင်မဟုတ်သေးဘဲ ဖြစ်နေလေတော့ ပရိသတ်တွေ ဆူဆူပူပူဖြစ်လာ တယ်။ တစ်ချို့မစောင့်နိုင်တာကြောင့် အပြင်ဘက်ထွက်လာပြီး အဆိုတော်တွေနေတဲ့ နေရာ အထိ လာကြည့်ကြတယ်။ စိုင်းထီးဆိုင်ကို မတွေ့တာကြောင့် ပရိသတ်တွေ စိတ်ဆိုးပြီး ငါတို့ ကို လိမ်ပြီး လက်မှတ်တွေရောင်းတယ် ပွဲထဲပြန်ဝင်လာတယ်။ စိုင်းထီးဆိုင် မပါဘဲ လက်မှတ် ကို လိမ်ရောင်းတယ်ဆိုတဲ့ သတင်းလဲ ချက်ချင်းဆိုသလို ပျံ့သွားတော့ ပရိသတ်တွေ စိတ်ဆိုး ကြပြီး ထိုင်ခုံတွေကို စတင်ရိုက်ချိုးလာတော့တယ်။ အခြေအနေမဟန်တော့တာကြောင့် အ နောင်ဇာလည်း ပရိသတ်ကို ခေတ္တသီးခံဖို့ ပြောသော်လည်း ပရိသတ်က ပိုပြီးတော့ သောင်း ကျန်းလာကာ ပွဲပျက်လုမတတ်ဖြစ်သွားခဲ့တယ်။ တက်ဆိုတဲ့အဆိုတော်တိုင်းလိုလို အဆဲခံ ရတော့ ဘယ်သူမှ မတက်ဆိုရဲတော့ဘူး။ ရှေ့ပိုင်းမှာ ထိုင်တဲ့ပရိသတ်တွေလည်း နောက်က ဆူညံသံကြောင့် ထိုင်ရမလို ထရမလို ဖြစ်နေပြီး ပွဲထိမ်း မနိုင်သိမ်းမရဖြစ်တော့မယ့် အချိန်မှာ ရန်ကုန်က ကားတစ်စီး ပွဲခင်းထဲကို ဝင်လာတာတွေ့ရတော့ ပွဲစီစဉ်သူက ကားဆီ တစ်ခါ တည်း ပြေးသွားပြီး ကားထဲမှာ စိုင်းထီးဆိုင်ကို တွေ့ရတော့ သူထကလုမတတ် ဝမ်းသာသွား တယ်။ ပွဲအခြေအနေပြောပြကာ စိုင်းထီးဆိုင်ရဲ့ လက်ကိုဆွဲပြီး ချက်ချင်း စတိတ်စင်ပေါ်တက် ခိုင်းလိုက်တယ်။


စိုင်းထီးဆိုင်လည်း ချက်ချင်း သူချစ်တဲ့ ပရိသတ်ရှေ့အရောက်ရောက်လာပြီး ဂါရဝပြု မိုက်စ် ကိုင်ကာ ကျွန်တော်ချစ်တဲ့ ပရိသတ်များခင်ဗျား ကျွန်တော် စိုင်းထီးဆိုင် ရောက်လာ ပါပြီ။ လမ်းမှာ ကားပျက်သွားလို့ ကျွန်တော်လည်း တစ်လမ်းလုံး စိတ်ပူနေပါတယ်။ ကျွန်တော့် ကို မျှော်နေမယ့် ပရိသတ်များအတွက်လည်း စိတ်ပူမိပါတယ်။ နောက်ကျပြီးရောက်လာတဲ့ ကျွန် တော့ကို ခွင့်လွှတ်ကြပါခင်ဗျား၊ ဒီည ကျွန်တော် အကောင်းဆုံးဖြစ်အောင် ကျွန်တော့်ရဲ့ ပရိ သတ်များကို ဖျော်ဖြေပေးပါ့မယ်ခင်ဗျား . . . အဲဒီအသံကြားလိုက်တော့ လက်ခုပ်သံတွေ ညံ သွားလေတော့တယ်။ ဆူညံနေတဲ့ ပရိသတ်တွေလည်း ချက်ချင်းငြိမ်သက်ကာ ဝမ်းသာ မျှော်လင့်ချက်တွေ လင်းလက်လာလေတော့တယ်။ စိုင်းထီးဆိုင်လည်း ရွှေဟင်္သာနားခိုက်၊ ရွှေဟင်္သာ ပျံမှာစိုး၊ ပျံသာပျံပါ ရွှေဟင်္သာ nun stop သီချင်းသုံးပုဒ်အပါအဝင် ပရိသတ်ကြိုက် တဲ့ သီချင်းတွေနဲ့ ပွဲထိမ်းသွားခဲ့တော့တယ်။ အဲဒီပွဲကတော့ စိုင်းထီးဆိုင် ကယ်လိုက်တဲ့ပွဲလို့ ဆိုရမယ်။ သူဘယ်ရှိုးပွဲကို သွားဆိုဆို သူဆိုပြီးတာနဲ့ နောက်တစ်ပုဒ် နောက်တစ်ပုဒ်လို့ ပရိသတ်တွေ အမြဲတောင်းဆိုတယ်။ သူလည်းနောက်တက်မည့်သူကို အားနာနာနဲ့ ထပ်ဆိုပေး သော်လည်း နောက်တစ်ပုဒ်က ထပ်တောင်းနေဆဲပါ။ သူ့အလှည့်ဆိုပြီးသွားတာနဲ့ တချို့ရှိုးပွဲ တွေဟာ လူတွေလည်း တစ်ခါတည်း ကျဲသွားတော့တယ်။


စိုင်းထီးဆိုင်ဟာ ဗမာသီချင်းခွေတွေ များစွာ ထွက်နိုင်ခဲ့ပေမယ့် ရှမ်းသီချင်းခွေကတော့ ဗမာခွေတွေလောက် သိပ်မများဘူး။ ဒါပေမယ့် နာမည်ကြီး လူကြိုက်များတဲ့ ရှမ်းသီချင်းတွေ ရှမ်းပရိသတ်များ စိတ်ကြိုက်ဖြစ်အောင် သူဆိုသွားခဲ့တယ်။ ဒီ့အပြင် ဗွီဒီယိုခေတ် တစ်စခန်းထ လာတဲ့အချိန် စိုင်းထီးဆိုင်လည်း အကယ်ဒမီမေသန်းနုနဲ့အတူ လေညာအရပ်ကအချစ် ဇာတ် ကားဟာ တော်တော်ကို နာမည်ကြီးသွားတယ်။ မစ္ဆရိယ၊ အချစ်အတွက်တစ်ဖန်မွေးဖွားခြင်း တို့ကတော့ အဲလောက် နာမည်မကြီးခဲ့ဘူး။


စိုင်းထီးဆိုင်ဟာ ရိုးရိုးအေးအေး နေတတ်ပြီး ဝါကြွားတတ်သူမဟုတ်။ ဝါသနာတူများ ကိုလည်း လေးစားတတ်ပြီး အားပေးတတ် နှစ်သိမ့်တတ်တယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ရှိုးပွဲ တစ်ခုမှာ ဘိုဖြူက သူ့သီချင်းတွေကို ဆိုတာ သူကြားရတော့ သူဘိုဖြူရဲ့ အသံကို ချီးကျူးပြီး အားပေးခဲ့တယ်။ ဘိုဖြူက မောင့်လပြည့်ဝန်းသီချင်းဆိုပြီးသွားတဲ့အချိန် စိုင်းထီးဆိုင်ကိုယ်တိုင် ဘိုဖြူကို ဆုသွားချခဲ့တယ်။ မြင့်မားတဲ့အနုပညာစိတ်ဓါတ်ကို ဖေါ်ပြခြင်းပါ။ ကျော်ဟိန်း၊ မေဆွိ၊ ဘိုဖြူ၊ ခင်မောင်တိုးတို့ စိုင်းထီးဆိုင်သီဆို သွားတဲ့ သီချင်းတွေကို ပြန်ဆိုသွားတာ သူတို့လည်း ထိုက်သင့်သလောက် နာမည်ရသွားကြတယ်။ ဒါပေမယ့် ကော်ပီဟာ မူရင်းလောက် ဘယ် ကောင်းနိုင်မလဲ။ စိုင်းထီးဆိုင်ရဲ့ mode က သူများနဲ့ မတူဘူးလေ။


အနုပညာလောကမှာ ကြာရှည်စွာ ရပ်တည်နိုင်တဲ့ စိုင်းထီးဆိုင်လိုမျိုးလူဟာ ရှားပါးလှ ပါတယ်။ အထင်သာ အမြင်သာဆုံးတစ်ခုကတော့ စိုင်းထီးဆိုင် နှစ် ၅၀ ပြည့် ရွှေရတု မွေးနေ့ လုပ်တုံးက သူနဲ့အတူ ခေတ်ပြိုင်ဖြစ်တဲ့သူတွေအားလုံး အဆိုတော်တွေအားလုံး သူ့သီချင်း တွေကို တစ်ယောက်တစ်ပုဒ် ပြန်လည်သီဆိုသွားခဲ့တာ စိုင်းထီးဆိုင်ရဲ့ အသံဟာ ရွှေဥသြ လို ဖြစ်နေပြီး သူတို့အားလုံးကို ကျော်ဖြတ်ကာ တက်သစ်စတွေနဲ့ ရင်ဘောင်တန်းနေတာ တွေ့ ရတယ်။ ပြည်ပရောက် မြန်မာပြည်သားတွေရဲ့ ဖိတ်ခေါ်မှုကြောင့် စိုင်းထီးဆိုင်လည်း နိုင်ငံခြား မှာ သွားရောက်ဖျော်ဖြေခဲ့တယ်။ သူ့ရဲ့ နိုင်ငံရပ်ခြား နောက်ဆုံးဖျော်ဖြေမှုကတော့ ၂၁၀၂ ခု (ခရစ် ၂၀၀၇) ဒေါက်တာအရှင်ဓမ္မသာမိ ဖိတ်ကြားချက်အရ အင်္ဂလန် အောက်စ်ဖို့ ရှမ်းနှစ် သစ်ကူးမှာ သွားဖျော်ဖြေခြင်းပဲဖြစ်တယ်။


အမေရိကန်သံရုံးမှာ အလုပ်လုပ်တဲ့ ဗမာသီချင်းကြိုက်တဲ့ အမေရိကန်သူတစ်ယောက် က စိုင်းထီးဆိုင်အသံနဲ့ပတ်သက်လို့ ဒီလိုပြောဖူးတယ်။ စိုင်းထီးဆိုင်လိုအသံမျိုးနဲ့ ငါတို့အမေရိ ကန်နိုင်ငံမှာဆိုရင် သူဌေးဖြစ်ပြီ တဲ့။ ဒါပေမယ့် စိုင်းထီးဆိုင်ကတော့ ဒီနိုင်ငံမှာ သူဌေးလည်း မဖြစ်သလို သူဆင်းရဲလည်း မဖြစ်ခဲ့ပါ။ ဝါသနာကို အခြေခံပြီး အနုပညာသမားဘဝနဲ့ သားမ ယားကို အလုပ်အကျွေးပြုသွားနိုင်ခဲ့တယ်။ သူ့ဇနီးကတော့ ခင်သန်းစိုးဖြစ်ပြီး သူ့အပေါ် မှာ သစ္စာရှိတဲ့သူလို့ ဆိုရပါမယ်။ စိုင်းထီးဆိုင် ထောင်ကျတုံးက ဘယ်သူမှ သူ့ကို လာမကြည့် ပေမယ့် သူမကတော့ ကဲ့ရဲပြစ်တင်တဲ့ကြားကနေ သူ့ကို လာကူညီတယ်။ The friend in need is a friend in deed ဆိုတဲ့အတိုင်း ထောင်ကထွက်လာပြီး အိမ်ထောင်ဖက်အဖြစ် စိုင်းထီးဆိုင် က ခင်သန်းစိုးကိုပဲ ရွေးချယ်လိုက်တော့တယ်။ ခင်သန်းစိုးနဲ့အတူ (၁) စိုင်းခိုင်ခမ်း၊ (၂) နန်းစမ် ဟွမ်၊ (၃) နန်းယုခေါင် သားသမီး သုံးယောက်ထွန်းကားခဲ့တယ်။


၂၀၀၈ ခု တာချီလိတ်ကနေ သီချင်းသွားဆိုပြီး ရန်ကုန်ပြန်ရောက်လာချိန် အစာအိမ် နာ၊ အူယောင်ရောဂါဖြစ်ပြီး ကုမရနိုင်တော့တဲ့အတွက် (၁၀၊ ၃၊ ၂၀၀၈) နံနက် ၅း၄၅ နာရီ အချိန် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စရောက်ခဲ့တယ်။ သူ့ကို သင်္ဂြိုဟ်တဲ့ နေ့ ဟာ သူ့ကိုချစ်တဲ့ပရိသတ်တွေက သူ့ကို နောက်ဆုံးအနေလိုက်ပို့ခြင်းနဲ့ လွန်စွာစည်ကား ခဲ့ တယ်။ စိုင်းထီးဆိုင်ဟာ လူသေသော်လည်း နာမည်မသေသေးပါ။ ကျားသေဟာ မိမိရဲ့ သား ရေကို ထားရစ်ခဲ့သလို စိုင်းထီးဆိုင်သေသော်လည်း သူ့ရဲ့ နာမည်ကောင်းတွေ ထားရစ် ခဲ့ တယ်။ သူဟာ သူ့အနုပညာနဲ့ ရှမ်းလူမျိုးအတွက် ဂုဏ်မြင့်စေတဲ့သူဖြစ်ခဲ့လို့ ရှမ်းပြည်နယ်လုံး ဆိုင်ရာ ပိဋကတ်ရှမ်းဘာသာပြန်အဖွဲ့ချုပ်က ပင်လုံမြို့ ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲတော် နှစ် (၅၀)ပြည့် ရွှေရတုသဘင်ပွဲတော်မှာ စိုင်းထီးဆိုင်အား ရှမ်းအနုပညာရှင် ထူးချွန်ဆုကို ကျပ်ငွေ ဆယ်သိန်းနဲ့ အတူ ချီးမြင့်ခဲ့တယ်။ ၁၃၇၀ ပြည့် ကဆုန်လဆန်း ၁၃ ရက် ဆုပေးပွဲအခမ်းအနား ကို သားဖြစ်သူ စိုင်းခိုင်ခမ်းက ဖခင်ကိုယ်စား တက်ရောက်ယူခဲ့တယ်။ စိုင်းထီးဆိုင်တစ် ယောက် သူဒီဆုကို ရသွားတယ်ဆိုတာ သူမသိခဲ့တာကတော့ ဝမ်းနည်းစရာပါ။ စိုင်းထီးဆိုင် သေဆုံးသွားပေမယ့် သူ့ရဲ့သီချင်းသံတွေကတော့ ပရိသတ်တွေအကြားမှာ ပျံ့လွှင့်နေဆဲပါ။ ဒို့တတွေက သူ့ကို မပြန်နဲ့ဦး မပြန်နဲ့ဦးကွယ် လို့ ဆိုပေမယ့် သူကတော့ ရှမ်းသီချင်းနဲ့ နှုတ်ဆက်ကာ ထွက်သွားခဲ့တယ်။


မိုဝ်းယဝ့် မိုဝ်းယဝ့် မိုဝ်းလွရ၁်းလွရ၁်း
ပြန်ပြီ ပြန်ပြီ ဖြေးဖြေးပြန် တဲ့. . .။


စိုင်းထီးဆိုင်တစ်ယောက် ကောင်းရာသုဂတိသို့ လားပါစေ။
၂၀၀၉ ခု ရွှေရတုပုံရိပ် မဂ္ဂဇင်းမှ ရှမ်းစာရေးဆရာ ဟိုင်းဆေခိုင်၏ ရှမ်းစာမူကို ဆီလျှော်အောင် ဘာသာပြန်ထားသည်။


By laisaitai – November 9, 2010Posted in: ထင်ပေါ်ကျော်ကြား ရှမ်းအမျိုးသား


Credit to : Shan View


Photo Credit to Nang Voe Seng Mook

သျှမ်းသံတော်ဆင့်

unread,
Mar 12, 2017, 6:20:01 PM3/12/17
to thuau...@gmail.com

ကျေးလက်လူထုကို စစ်ဆေး၊ ရိုက်နှက်၊ ပိုက်ဆံကောက်ယူတဲ့ သျှမ်းပြည်အရှေ့ပိုင်းက မိုင်းခတ် - မိုင်းနုံး - မိုင်းကာကြား ဂိတ်စခန်း အမြန်ဆုံး ဖြုတ်ပေးသိမ်းပေးပါရန် တောင်းခံခြင်း

Posted: 12 Mar 2017 05:23 AM PDT

မင်္ဂလာပါရှင်


ကျမဟာ မိုင်းနုံး ကျေးလက်ဒေသခံ သား သမီး ၅ ယောက် မိခင်တဦးဖြစ်ပါတယ်။ မိုင်းနုံး ဆိုတာ ကတော့ မိုင်းခတ်မြို့ အနောက် - မြောက်ဘက် မိုင် ၂၀ လောက် ဝေးတဲ့ ကျေးရွာလေးတခု ဖြစ်ပါတယ်။


လက်ရှိမှာ အ စိုးရ တပ်မတော်က မိုင်းနုံး နဲ့ မိုင်းကာ ကြား ဂိတ်စခန်း ထောင်ပြီး ကျမ တို့ ကျေးလက် လူထု ထံ ပိုက်ဆံ ကောက်ယူနေပါတယ်။ ဂိတ်စခန်းက တခုတင်မဟုတ်ဘဲ ၁၂ မိုင်လောက် ဝေး တဲ့ ခရီး ကို ဂိတ် နှစ်ခု ထောင်ထားပါတယ်။ မိုင်းနုံးအထွက် နမ့်ပုံဂိတ် နဲ့ နမ့်မွဲအားခါဂိတ် ဖြစ်ပါတယ်။ မိုင်းခတ်မြို့မှာ လာရောက် နေထိုင် တဲ့ အစိုးရ တပ်မတော်ကနေ ဂိတ်စခန်းလာထောင်ပြီး ပိုက်ဆံကောက် ယူနေတာပါ။


ဆိုင်ကယ် တစီး ၁၀၀၀ ကျပ် ၊ ကားတစီး ၅၀၀၀ ကျပ်နှုန်း နဲ့ ဒေသ အတွင်း ခရီးသွားလူထု ထံ ကောက်ယူနေတဲ့ အတွက်ဖြတ်သန်းသွားလာတိုင်း ပိုက်ဆံ ပေးနေရ တဲ့ အပြင် ဗမာစကားမပြောတတ် တဲ့ ကျမ တို့ ရွာသူ ရွာသား တွေ အနေနဲ့ အရမ်းကို အခက်အခဲ ဖြစ်နေပါတယ်။


ပြီးခဲ့ တဲ့ ၃-၄ ရက် (မတ် ၆ ရက်) က ကျမတို့ရွာက စိုင်းယီ ဆိုတဲ့သူက ကိုယ်ကပ် ပိုက်ဆံမရှိပါဘူး။ မိုင်းကာ မှာ ခြံထွက် သီးနှံလေး သွားရောင်းဖို့ သွားပါတယ်။ ဗိုလ်ကြီးစည်သူ ဆိုတဲ့ နမ့်မွဲအားခါဂိတ် စောင့် ဗမာတပ်စစ်ဗိုလ်က စစ်ဆေးမေးမြန်းတယ်။ စကားမပေါက်လို့ ရိုက်နှက်ထိုးကြိတ်တာ မိုင်းခတ် ဆေးရုံကို ပို့ဆောင် ကုသ လိုက်ရပါတယ်။


အခု ဒေသခံ တွေ ခရီး မသွားရဲလောက်အောင် ဖြစ်နေပါတယ်။ တဘက်ကလဲ ဒီအချိန် မိုင်းနုံး တပေါင်းဘုရားပွဲ တော် ဖြစ်နေတဲ့ ဒေသအတွင်းရှိတဲ့ကျေးလက်ရွာသူ ရွာသားတွေအတွက် ဓါတ်တော်မွေတော်ဘုရား  အလှူအဒါန်း သွားလာဖို့ ခက်ခဲနေပါတယ်ရှင်။ ကျမတို့တွေဟာ အိမ်တွင်းမှုန့်လေးတွေ လုပ်ပြီး ဘုရားပွဲမှာ ဝင်ငွေ ရအောင် သွားရောင်းရပါတယ်။


အခု လို စစ်သားတွေ ဂိတ်နှစ်ခုသုံးခု ထောင်ပြီး ပိုက်ဆံကောက်ယူနေ တာမသင့်တော်ဘူးလို့ မြင်မိတဲ့ အတွက် ဒီဂိတ်စခန်းတွေ အမြန်ဆုံး ဖြုတ်သိမ်းပေးပါရန် တာဝန်ရှိလူကြီးမင်းများထံ တောင်းခံအပ် ပါတယ်ရှင်။


လေးစားစွာဖြင့်
မိုင်းနုံးဒေသခံ ၊ နန်းအွေ့ကျိန်ခမ်း

ဘူတန်နိုင်ငံ နိုင်ငံတကာ အမျိုးသမီးများအစည်းအဝေးသို့ SNLD ပါတီကိုယ်စားလှယ် တက်ရောက်

Posted: 12 Mar 2017 05:19 AM PDT

ဘူတန်နိုင်ငံတွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အစည်းအဝေးသို့ SNLD ပါတီကိုယ်စားလှယ် ဒေါက်တာစိုင်းနော်ခေး တက်ရောက်ကာ လေ့လာခဲ့ကြောင်းသိရသည်။


မတ်လ ၈ ရက်မှ ၁၀ ရက်နေ့အထိ ဘူတန်နိုငံ ထင်ဖူးမြို့ Terma Linca Resort & Spa တွင်  Danish Institute for Parties and Democracy – DIPD မှဦးဆောင်ကျင်းပသည့် အဆိုပါအစည်းအဝေးသို့ တက်ရောက်သူ ၁၅၀ ခန့်ရှိရာ မြန်မာနိုင်ငံမှကိုယ်စားလှယ် ၁၀ ဦးပါဝင်ကြောင်း၊ ထိုအထဲတွင် ကျားခေါင်းပါတီမှကိုယ်စားလှယ်တဦးပါဝင်ကြောင်း ဆိုပါသည်။


အမျိုးသမီးရေးရာ၊ နိုင်ငံရေးမှာအမျိုးသမီးများပါဝင်မှုနှုန်း၊ အုပ်ချုပ်ရေးမှာ အမျိုးသမီးတွေ ဘယ်လောက် ပါဝင်သင့်တယ်။ ဦးဆောင်မှုအပိုင်း ဆုံးဖြတ်မှုအပိုင်း၊ ဆုံးဖြတ်ချက်နဲ့ အစီအစဉ်ချမှတ်စီစဉ်မှုအပိုင်း စတာတွေကိုဆွေးနွေးတယ်။ ကျနော်တို့ သျှမ်းပြည်အမျိုးသမီးတွေကိုပြန်လည်ဝေငှပြီး ဖွံ့ဖြိုးတိုးတက် ရေးအတွက်ပူးပေါင်းလုပ်ဆောင်ဖို့အတွက်ကောင်းပါတယ်။ - ဟု ဆိုပါသည်။


ဒီမိုကရေစီမဖြစ်သေးသည့် နိုင်ငံများမှအမျိုးသမီးများတန်းတူညီမျှမှု အခွင့်အရေး ရရှိလာနိုင်ရေးအတွက် အထူးကောင်း မွန်သည့်ဆွေးနွေးပွဲတရပ်ဖြစ်ကြောင်း ဒေါက်တာစိုင်းနော်ခေးကပြောဆိုပါသည်။


အဆိုပါနိုင်ငံတကာ အမျိုးသမီးများဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်က နေပြည်တော်တွင် ပထမအကြိမ် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်မှာ နီပေါနိုင်ငံတွင်ပြုလုပ်ခဲ့သည်။ ယခုတကြိမ်မှာ တတိယအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောင်နှစ်များတွင်လည်းဆက်လက်ကျင်းပသွားမည်ဖြစ်သည်။


စစ်ရေးတင်းမာလှုပ်ရှားမှုများကြား သီပေါမြို့ သမိုင်းဝင်ဘော်ကြိုဘုရားပွဲ ယခင်နှစ်များထက် စည်ကား

Posted: 12 Mar 2017 05:17 AM PDT

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း စစ်ရေးတင်းမာမှု ရှိနေ သော်လည်း ကျပ်သိန်းပေါင်း ရာဂဏန်းများစွာ ကံစမ်းမဲဖေါက်ကာ ဘော်ကြိုဘုရား တပေါင်းပွဲတော်အား ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာကျင်းပနေသည်ဟု သိရသည်။


ဘော်ကြိုဓါတ်တော်ဘုရားပွဲတော်ကို မတ်လ   ရ ရက်နေ့တွင်စတင်ကျင်းပခဲ့ပြီး လာမည့် တနင်္လာနေ့ မတ်လ ၁၃ ရက်နေ့တွင် ပွဲတော်ပြီးဆုံးမည်ဖြစ်ကြောင်း ပွဲတော်သို့ရောက်လာသည့် ဘုရားဖူးဧည့်သည် များ ယခင်နှစ်များထက် ပိုမိုစည်းကားလျှက်ရှိကြောင်း ဘော်ကြိုဘုရားဂေါပက လုံးဆန်စိုင်းက ပြောသည်။


RCSS/SSA နဲ့ အစိုးရ တပ်မတော်တို့ ကြား တိုက်ပွဲဖြစ်တာက ကျနော်တို့ဘုရားပွဲကျင်းပတဲ့ နေရာရဲ့ မြောက်ဘက် ရ မိုင်လောက်အကွာမှာဘဲတယ်။ စစ်ကြောင်းလှုပ်ရှားမှုတွေလဲရှိနေသေးတယ်။ အထူး သဖြင့်တော့ ဒီအနီးအနားမှာ လာမလှုပ်ရှားဖို့ အနူးအညွတ်မေတ္တာ ရပ်ခံပါတယ်။ အခု အထိတော့ ပွဲက အရင်နှစ်တွေကထက်တောင်ပိုစည်သေးတယ် - ဟု ပြောဆိုသည်။


မတ်လ ရ ရက် ပွဲစကျင်းပသည့်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အခြေချသည့် စခန်းဖြစ်သည့် သီပေါမြို့မြောက်ဘက် အုံမုအုပ်စုအတွင်းရှိ မုံစုတောင်ဘက်သို့ အစိုးရတပ်မတော် ပစ်ခတ်တိုက်ခိုက်သောကြောင့် နှစ်ဘက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးကြောင်း၊ ယနေ့ နှစ်ဘက် တပ်အကြားတိုက်ပွဲ ထပ်မံဖြစ်ပွားခြင်းမရှိသော်လည်း ပလောင်တပ်၊ အစိုးရတပ်၊ သျှမ်းတပ် များ သွားလာ လှုပ်ရှား မှုများ ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။


ယခုနှစ် ဘော်ကြိုဘုရား တပေါင်းလပြည့်ပွဲတော်တွင် ကံစမ်းမဲပါ ရောင်းချပေးရာ ကံစမ်းမဲပထမဆုမှာ AD-VAN Nissan အမျိုးအစားအဖြစ်လည်းကောင်း တခြားဆုများမှာ   ဟွန်ဒါ ခွေးဘီလူးကား၊ ထော်လာဂျီ တို့အပြင်ရေ ခဲသေတာ၊ ပန်ကာ၊ လျှပ်စစ်ထမင်းအိုးနှင့် လျှပ်စစ်ဒယ်အိုး အခြား ဆုပစ္စည်းမြောက်များစွာ ရှိကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်

unread,
Mar 13, 2017, 5:39:29 PM3/13/17
to thuau...@gmail.com

တစ်နှစ်နီးပါးဖမ်းဆီးခံထားရသည့် SSPP/SSA တပ်ဖွဲ့ဝင်များ မူစယ်မြို့၌ယနေ့ ရုံးထုတ်စစ်ဆေး

Posted: 13 Mar 2017 12:45 AM PDT

အစိုးရတပ်မတော်မှ တစ်နှစ်နီးပါးဖမ်းဆီးထိန်းသိမ်းထားသည့် သျှမ်းပြည်တပ်မတော်  SSPP/SSA  ၏ တပ်ဖွဲ့ဝင်များအား ယနေ့ မူဆယ်မြို့တရားရုံး၌ ရုံးထုတ် စစ်ဆေး မည်ဟု သိရသည်။


အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရစဉ်ကတည်းက နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ထံ   တင်ပြတောင်းဆို သော်လည်း ယနေ့ထိ တုံ့ပြန်မှု မရှိသည့်အပြင် တရားရုံးတော်ကလည်း တစုံတရာ စီရင်ဆုံးဖြတ်ချက် မချ ဘဲ မူစယ်အချုပ်ခန်းတွင် တနှစ်နီးပါး ချုပ်နှောင်ထားသည်ဟု ဗိုလ်မှူးကြီး စိုင်းဖုန်းဟန် ကပြောသည်။


“ဥပဒေကြောင်းအရဆိုရင် ကျနော်တို့ SSPP/SSA  အနေနဲ့ ၁၉၈၉ အပစ်စရပ်စဉ်ကတည်းက ၁၇ (၁) ဆိုတာမရှိတော့ဘူး ၊ တပ်မတော်ကနေ ၁၇ (၁)  နဲ့ ခြိမ်းခြောက်ပြီး တရားစွဲတဲ့ကိစ္စ၊ တပ်မတော်ဘက်က စွပ်စွဲတဲ့ကိစ္စတွေ က မူဆယ်မြို့နယ် တရားသူကြီးဦးသောင်းစိုး ကတော့ တရားမဝင်ဘူးလို့ တော့ပြော တယ်။ ဒီနေ့ကျနော်တို့လူတွေကို ရုံးထုတ်စစ်မယ်” ဟု ဗိုလ်မှူးကြီး စိုင်းဖုန်းဟန် ကပြောသည်။


သျှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ကေဒါတပ်သား ၂၁ ဦးအား အစိုးရ တပ်မတော် မှ  ၂၀၁၆ ခု ဧပြီလနှောင်းပိုင်းက မူစယ်မြို့နယ်အတွင်း ဖမ်းဆီးကာ မူစယ်ရဲစခန်းသို့ ပို့ဆောင်ချုပ်နှောင်ထားသည်။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် ၁၉၈၉ ခုနှစ်တွင်  စစ်အစိုးရ နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားသည့်အပြင် စစ်တပ်အသွင်ပြောင်း ဦးသိန်းစိန်အစိုးရ နှင့်လည်း ၂၀၁၂ ခု နှစ်ဆန်းဆန်းပိုင်းက တောင်ကြီးမြို့၌  ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင်တပ်မတော် တခုဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
Mar 14, 2017, 5:11:13 PM3/14/17
to thuau...@gmail.com

SSPP/SSA နှင့် TNLA တို့ မဟာမိတ်တပ်ဖွဲ့ ကြားပြဿနာမဖြေရှင်းနိုင်သေး

Posted: 14 Mar 2017 06:15 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်းတွင် လှုပ်ရှားသွားလာသည့် တအာင်း(ပလောင်) တပ်မ တော် TNLA သည် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်ပတ်သက်သည်ဟုယူဆကာ ကျေးလက် ဒေသခံ တဦးအား သတ်ဖြတ်ခြင်း၊ လူထု ၉၀ ကျော်အား ဖမ်းဆီးခေါ် ဆောင်သွားခြင်းစသည့် ဖြစ်စဉ် များကြောင့် မဟာမိတ်တပ်ဖွဲ့နှစ်ခုအကြား တင်းမာနေသည့်ဆက်ဆံရေး ပြန်လည်ချောမွေ့ စေရန် ထိပ်ပိုင်းခေါင်းဆောင်များ ဖြေရှင်းနေရကြောင်းသိရှိရသည်။


သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA တို့ သည် ကျောက်မဲမြို့နယ်အတွင်းနှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားသည့်နောက်ပိုင်း ပြဿနာအား ဝိုင်းဝန်း ဖြေရှင်းရန်၊ လူထုအား ဖမ်းဆီးသတ်ဖြတ်မှုမပြုရန် ပန်ဆန်းမြို့သဘောတူညီမှုဖြင့် ကေဒါ တပ်သား များထံ ညွှန်ကြားသည့် စာတစောင်ပေးပို့ခဲ့သော်လည်း ပြဿနာများ မပြေလည်သေးကြောင်း ဒေသအတွင်းသတင်းရပ်ကွက်မှ ကြားသိရသည်။


“တအာင်း(ပလောင်) တပ်ကနေ ကျေးလက်လူတဦးကို ဖမ်းပြီး ခြေတွေ၊ လက်တွေကို တမင်သက်သက် ပစ်ခတ်တယ်။ သွေးထွက်လွန်ပြီး မတ် ၁၁ ရက်နေ့က သေဆုံးသွားတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျေးလက်လူထု ၉၀ ကျော်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ မတ် ၁၃ ရက်နေ့ မွန်းလွဲပိုင်းက၊ ကျန်တဲ့ နှစ်ဦးကတော့ RCSS/SSA ရဲ့ လူဖြစ်တယ်လို့စွပ်စွဲပြီးပြန် မလွတ်ပေးသေးဘူးတဲ့” - ဟု ကျေးလက် ဒေသခံ ရပ်မိ ရပ်ဖ ဦးလုံးတိ က ပြောသည်။


သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ သေဆုံးသွားသူသည် သျှမ်းပြည်တပ်မတော် SSPP/SSA ၏ အမာခံလူဖြစ်ကြောင်း၊ ထိုမတိုင်မှီက SSPP/SSA ကတအာင်း(ပလောင်) တပ်၏ မြို့နယ်အဆင့် သတင်းပေးတဦးအား ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ခဲ့သောကြောင့် ပြန်လည်ကလဲ့စား ချေခြင်းဖြစ်သည်ဟု ဆိုသည်။


“ဒီကိစ္စက ကျနော်တို့ နှစ်ဘက်တပ်ရဲ့ ဗဟိုကော်မတီ ဝင် ခေါင်းဆောင်တွေ က ဆွေးနွေးနေတယ်။ ကျနော်တို့ဘက်ကတော့ ငြိမ်းချမ်းတဲ့ နည်းနဲ့ ဘဲ ဖြေရှင်းသွားတယ်။ ပြဿနာ မကြီးထွားလိုဘူး” - ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းဆု ကပြောသည်။


တအာင်း(ပလောင်)တပ် TNLA ပြန်ကြားရေးဌာန ထုတ်ပြန်ချက်တွင်မူ ဒေသတည်ငြိမ်ရေးနှင့် လွတ်လပ်စွာ သွားလာရောင်းဝယ်နိုင်ရေး၊ ဒေသလုံခြုံရေးအတွက် တအာင်းတပ်နှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးရန် ဒေခံ ၉၀ ကျော်အား ဖိတ်ခေါ်ဆွေးနွေးပြီး ၎င်းတို့နေထိုင်ရာသို့ ပြန်လည်ပို့ဆောင် ခဲ့သည်ဟု ထုတ်ပြန်ထားသည်။


တအာင်းတပ် TNLA နှင့် SSPP/SSA တို့သည် နီးစပ်သည့်မဟာမိတ်များဖြစ်ကြသည်။ ဖေဖေါ်ဝါရီ ၅ ရက်နေ့ က SSPP/SSA ၏ လှုပ်ရှားစစ်ကြောင်းအား TNLA မှ ခြုံခိုတိုက်ခိုက်သောကြောင့် နှစ်ဘက် စစ်ရေးတင်းမာလာခြင်းဖြစ်သည်။ ထိုသို့ ဖြစ်ပွားပြီး ပြဿနာများဖြေရှင်းရေးအတွက် ဖေဖေါ်ဝါရီ ၂၈ နေ့တွင် ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးကာ ပြဿနာများလက်တွဲဖြေရှင်းရေး အတွက် နှစ်ဘက် ကေဒါတပ်သားများထံ ညွှန်ကြားစာတစောင်ပေးပို့ခဲ့သည်။


ထိုညွှန်ကြားစာတွင် နှစ်ဘက်တပ်မှူး တပ်သားများအနေဖြင့် မဟာမိတ်နှစ်ဖွဲ့တို့၏ ညီညွှတ်ရေးအား ထိခိုက်ပျက်ပြားစေသည့် ပြောဆိုရေးသားခြင်းမပြုရန်၊ ဖြစ်ပွားသည့် ပြဿနာများ ဆိုင်ရာ ဌာနချုပ်သို့ တင်ပြ ဖြေရှင်းရန်၊ မဟာမိတ်တပ်နှစ်ခုအား ထိခိုက်စေသည့် လှုံ့ဆော်ရေးသားခြင်း ပြောဆိုခြင်းများ မပြုလုပ်ရန်၊ နှစ်ဘက်အဖွဲ့အစည်း လှုပ်ရှားရာဒေသအတွင်းနေ ဒေသခံမိဘပြည်သူများအား ဖမ်း ဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ သတ်ဖြတ်ခြင်းမပြုလုပ်ရန်၊ အကယ်၍ယုံမှား သံသယ ဖြစ်ဖွယ် မသင်္ကာသူများတွေ့ရှိပါက သက်ဆိုရင်ရာအဖွဲ့အစည်းသို့ အကြောင်းကြားအပ်နှံသွားရန် စသည်တို့ ပါရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲနှင့်တိုက်နေသဖြင့် CSSU ၏ နှစ်ပတ်လည်အစည်းအဝေးရွှေ့ဆိုင်း

Posted: 14 Mar 2017 06:01 AM PDT

ဧပြီလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေချိန်နှင့်တိုက်ဆိုင်နေသဖြင့် နှစ်စဉ်မတ်လတွင် ကျင်းပမြဲ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ နှစ်ပတ်လည်အစည်းအဝေးအား  ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။


လက်ရှိ ဥက္ကဌ နှင့် အတွင်းရေးမှူးကြီး တာဝန်ယူထားသော သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC မှ မတ်လ ၁၂ ရက်နေ့ပါရက်စွဲဖြင့်  ဥက္ကဌ ၊ အတွင်းရေးမှူးများအဖွဲ့ နှင့် အဖွဲ့ဝင်များအား အကြောင်းကြားစာတစောင်ပေးပို့ရာ လုပ်ငန်းဆောင်တာများတိုက်ဆိုင်မှုနှင့် ကိစ္စအကြောင်းကြောင်း ကြောင့်     နှစ်ပတ်လည်အစည်းအဝေးကျင်းပရန် မဖြစ်နိုင်သေးသဖြင့်  ခေတ္တ ဆိုင်းထားမည်ဖြစ်ပြီး အစည်းအဝေး ပြန်လည်လုပ်ဆောင်မည့်နေ့ရက် နှင့် နေရာတို့ကို အသေးစိပ်ပြန်လည် အကြောင်းကကြား မည်ဖြစ်ကြောင်း ပါရှိသည်။


CSSU တွင်ပါဝင်လှုပ်ရှားဆောင်ရွက်သည့် Shan CBOs မှ ပြောခွင့်ရှိသူ ယိင်းဟန်ဖှက - “အခု  CSSU ရဲ့ ဦးဆောင်မှုအပိုင်းမှာနေရာယူထားတဲ့ ဥက္ကဌက SSJAC ဖြစ်နေတယ်လေ။ အဲ့ထဲမှာဆိုရင် ကျားခေါင်း ပါတီ SNLD ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ စိန်ကျောက်ပြည်သူ့စစ်အဖွဲ့ ပါဝင်နေတယ်။


လက်ရှိ ဥက္ကဌ နေရာယူထားတာက SNLD ရဲ့ဥက္ကဌဖြစ်နေတယ်။ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေး ကောက်ပွဲ မှာ လည်း SNLD က ၀င်ရောက်ယှဉ်ပြိုင်မှာမို့ အဲဒီအတွက်ပြင်ဆင်ရမှာမို့လို့ CSSU နှစ်ပတ်လည် အစည်းအဝေးကတော့ ကြားဖြတ်ရွေးကောက်ပွဲပြီးမှဘဲ ကျင်းပနိုင်တော့မယ် ထင်ပါ တယ်။ ကျမတို့ CSSU အဖွဲ့ဝင်တွေ အနေ နဲ့လည်း သဘောတူလက်ခံပါတယ်။ ညီညွတ်ရေးအတွက် အမြဲတမ်း အလေးထား ဦးစားပေးပါတယ်။” - ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။


သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အား သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၊သျှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် တို့အပြင် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ   နှင့် ပြည်တွင်းပြည်ပ သျှမ်းလူမှုအခြေပြုအသင်း အဖွဲ့များ Shan CBOs / CSOs များစုပေါင်းကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်က ဖွဲ့စည်းထားပါသည်။   လက်ရှိတွင် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့က ESSDDP ပါတီလည်း ပါဝင် နေသဖြင့် အဖွဲ့ဝင် ၁၀ ဖွဲ့ရှိနေကြောင်းသိရသည်။


အဖွဲ့၏အဓိက ရည်ရွယ်ချက်မှာ သျှမ်းပြည်တွင်းနေတိုင်းရင်းသားများ၏ ရပိုင်ခွင့်များကိုကာကွယ် ပေးရန်ဖြစ်သည်။ ရည်မှန်းချက်နှင့်လုပ်ငန်းစဉ် ၂ ရပ်မှာ သျှမ်းပြည်တွင်း တိုင်းရင်းသားများ စုပေါင်းကာ သျှမ်းပြည်ကံကြမ္မာကို ရင်ဆိုင်ဖြေရှင်းရန်နှင့် အနာဂတ်နိုင်ငံရေး အတွက်ဆွေးနွေးမည့် နိုင်ငံရေး မူဘောင်ကို စုပေါင်းပြင်ဆင်ရန် စသည်တို့ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ သံလွင်မြစ်ကမ်းဘေးတွင်ကျင်းပ

Posted: 14 Mar 2017 12:10 AM PDT

နှစ်စဉ် မတ်လ ၁၄ ရက်နေ့တွင်ကျရောက်သည့်နိုင်ငံတကာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် သျှမ်းပြည်တောင်ပိုင်း သံလွင်သားချင်းများ အဖွဲ့မှ ကွန်ဟိန်းမြို့နယ် ၊ သံလွင်မြစ်ကမ်း ဘေးတွင် သံလွင် မြစ်နှင့်ပတ်သက်သည့် လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သည် ။

သံလွင်မြစ်ကမ်းတွင် သံလွင်သားချင်းများ အဖွဲ့မှ ကျင်းပပြုလုပ်သော သံလွင်မြစ်ထိန်းသိမ်းရေးလှုပ်ရှားမှု
ရှမ်းပြည်နယ်တောင်ပိုင်း ကျွန်းတစ်ထောင်မြေ (ကွန်ဟိန်း) တံတားပေါ်က နမ့်ပန်ချောင်း မြင်ကွင်း  
ပြည်သူလူထု များ၏ဘဝတွေကို ထိခိုက်ပျက်စီး စေနိုင်သောအကြီးစားရေအားလျှပ်စစ် စီမံကိန်း တွေကိုဝိုင်းဝန်း ကန့်ကွက်ပြီး သံလွင်မြစ် ၀ှမ်းနေဌာနေတိုင်းရင်းသားများ၏ အသံ၊ သဘောထားများ နှင့် သံလွင်ချစ်သူများ၏ အသံသဘောထားများအား လွတ်လပ်စွာဖော်ထုတ် နိုင်ရန်ရည်ရွယ်၍ ယခုလိုကျင်းပရခြင်းဖြစ်ကြောင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှ ဒါရိုက်တာ နန်းဝါနုက ရှင်းလင်းပြောကြားသည် ။


“ဒေသခံတွေအနေနဲ့သံလွင်မြစ်ကိုတန်ဖိုး ထား စေချင်တယ် သတင်းအချက်အလက်တွေကို သိစေချင်တယ် လူမှုဝန်းကျင် ၊ သဘာဝပတ်ဝန်းကျင်းတွေထိခိုက် နိုင်မှု အတိုင်းအတာ ကို ဒေသခံတွေအနေနဲ့ နားလည်သိရှိစေချင်တယ် ” ဟု သံလွင်သားချင်းများအဖွဲ့ မှ ကိုသိန်းဇော်ကပြောသည် ။


ယင်းအခမ်းအနားတွင် ဒေသခံလူထု ၃၀၀ ကျော်တက်ရောက်ခဲ့ကြောင်း  သိရသည် ။


အလားတူ မြန်မာနိုင်ငံမြစ်ချောင်းအင်းအိုင်များစောင့်ကြည့်ရေးအဖွဲ့ကလည်း  မတ်လ ၁၄ ရက် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့အထိမ်းအမှတ်အဖြစ် မတ်လ ၁၃ ရက် ညပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့တွင် သံလွင်အလှနှင့်ဂီတဖျော်ဖြေပွဲ ကို ကျင်းပခဲ့ပါသည်။

သျှမ်းသံတော်ဆင့်

unread,
Mar 15, 2017, 5:22:14 PM3/15/17
to thuau...@gmail.com

NLD ဦးဆောင်သည့် လွှတ်တော်မှ ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် သတ်မှတ်မှုအပေါ် မွန်ဒေသခံများ ဆန္ဒပြမည်

Posted: 15 Mar 2017 07:01 AM PDT

NLD ပါတီမှကိုယ်စားလှယ်အများစုပါဝင်သည့် ပြည်သူ့လွှတ်တော်တွင် မွန်ပြည်နယ် ချောင်းဆုံတံတား အမည်အား ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် သတ်မှတ်ရန် အတည်ပြုခဲ့မှုအပေါ် မွန်ဒေသခံများ  လူထုဆန္ဒပြပွဲတစ်ရပ်ကျင်းပရန် စီစဉ်နေကြောင်းသိရသည်။


မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့အကြား ဆက်သွယ်သည့် တံတားကို ဗိုလ်ချုပ်အမည်မပေးပဲ ဒေသခံနှင့် မွန်လူမျိုးများကို ကိုယ်စားပြုနိုင်မည့် အမည် သတ်မှတ်ပေးရန်  ရဟန်းသံဃာတော်များအပါဝင် ဒေသခံများမှ ကန့်ကွက်မှုများ ရှိနေစဉ် NLD လွှတ်တော်မှ ဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်သည်။


' ကျနော်တို့ သံဖြူဇရပ်ကတင် အနည်းဆုံးကား ၁၅ စီးလောက်နဲ့ လူတွေ လာရောက်ပြီး ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်။ ' သံဖြူဇရပ်ဒေသခံ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းလတ်က ၄င်း၏ ဖေ့ဘုပ်စာမျက်နှာတွင် ရေးသားထားသည်။


မော်လမြိုင်တွင် လာမည့် မတ်လ ၁၉ ရက်နေ့၌ ကျင်းပရန် ရည်ရွယ်ထားသော ဆန္ဒပြပွဲအား လူထုဆန္ဒပြပွဲအသွင်ပြုလုပ်ရန် စီစဉ်နေပြီး ရန်ကုန်ရောက် တိုင်းရင်းသားလူငယ်ကွန်ယက်များမှလည်း သွားရောက်ပူးပေါင်း ဆန္ဒပြရန် ရှိနေသည်ဟု တိုင်းရင်းသားလူငယ်တစ်ဦးဖြစ်သည့် စိုင်းဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ဒေသခံများ ကန့်ကွက်နေသည့် အကြားမှ NLD အများစုဖြစ်သည့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့မှုအပေါ် လူမျိုးကြီးဝါဒ ကျင့်သုံးမှုနှင့် ဒီမိုကရေစီ အရ လူနည်းစုအပေါ် အနိုင်ကျင့်မှုအဖြစ် ဝေဖန်မှုများလည်းရှိနေသည်။


' ဘဝ မှာ လွှတ်တော်ထဲဝင်ပြီး ဒါမျိုးတွေကြုံရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဖူးဘူး။ တော်တော်ဆိုးရွားတဲ့ နေ့တစ်နေ့ပဲ။ လူနည်းစုတွေကို အနိုင်ကျင့်တဲ့ သဘောဆောင်တယ်။ ဒီလိုနည်းနဲ့တော့ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေးလုပ်ဖို့ ခက်လိမ့်မယ်။ ' ဟု မတ်လ ၁၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ရခိုင်လွှတ်တော်အမတ် ဦးဦးလှစောက ပြောသည်။


NLD အစိုးရ လက်ထက်တွင် တိုင်းရင်းသားနယ်မြေများ၌ ဗိုလ်ချုပ်ကြေးရုပ်များ လိုက်လံစိုက်ထူမှုများလည်း ရှိနေပြီး ဗိုလ်ချုပ်ကြေးရုပ်များ စိုက်ထူနေသော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ပင်လုံကတိကဝတ်များ အကောင်ထည်ဖော်ပေးမည်ဟု ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မပြောဆိုပဲ တိုင်းရင်းသား လက်နက် ကိုင်များကို ဖိအားပေး လက်မှတ်ထိုးခိုင်းနေသည့် ကိစ္စရပ်များအပေါ် ဝေဖန်မှုများ လည်း ရှိနေပါသည်။ တချိန်တည်းတွင် ယင်းဗိုလ်ချုပ်ရုပ်တုနှင့် ဗိုလ်ချုပ်အမည်နာမ သုံးခေါ်ဆိုနေမှုများမှာ တိုင်းရင်းသားများအား ဗမာမှု ပြုရန် နိုင်ငံရေးအရ ရည်ရွယ် ခြင်းဟု ကောက်ယူမှုများလည်း ရှိနေသည်။


“မဆလ နဝတ နအဖ ဘယ်အစိုးရကိုမှ တိုင်းရင်းသားပြည်သူအားလုံးက မယုံကြည် ခဲ့ဖူးဘူး။ အခုက ဘုရားမှတ်လို့ ကိုးကွယ်မိပါတယ် ဆိုတဲ့ စကားလို ဖြစ်နေပြီ။ ပြည်သူတွေလိုနေတဲ့ ဒီမိုကရေစီဆိုတာ ဗမာများကောင်းစားရေး မဟုတ်ပါဘူး။  ဖက်ဒရယ် ပြည်ထောင်စုကိုပဲ ငါတို့က အများစုပဲ ဆိုပြီး လုပ်သမျှ ဖြစ်မယ်ထင် လို့ကတော့ ။ အကောက်အယူမမှားကြနဲ့ နေဝင်းအာဏာသိမ်းတော့လည်း ထောက်ခံကြတာပဲ ( ဗကသ ကျောင်းသားသမဂ္ဂကပဲ ကန့်ကွက်တာ ) နိုင်ငံရေးဆိုတာ ကြွေတစ်လှည့် ကြက်တစ်ခုန်ပဲ ။ ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ယနေ့ခေတ်နိုင်ငံရေးမဂ္ဂဇင်း တာဝန်ခံ ဦးသက်ဇင်က ဝေဖန်သည်။


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်ကမူ ' ချောင်းဆုံ တံတားကိစ္စက ဒေသတွင်းကိစ္စဖြစ်တယ်။ ဒေသခံ လူထုက ကန့်ကွက်တယ်ဆိုရင် မလုပ်နဲ့ ပြီးပြီပေါ့။ ဒါကို ပြည်ထောင်စု အရေးအရာတွေ ဆုံးဖြတ်ရမဲ့  ပြည်သူ့လွှတ်တော်မှာ ဒီလိုကိစ္စတွေ လာလုပ်နေတာက တခြားအလုပ်လုပ်စရာ မရှိဘူးလားဆိုပြီး မေးစရာဖြစ်လာတယ်။ အခု အစိုးရ လက်ထက်မှာ အကုန်လုံးက မျှော်လင့်သလို ဖြစ်မလာတဲ့အပြင် နိုင်ငံရေး ငြိမ်းချမ်းရေးအရ ဆုတ်ယုတ် မရေရာမှုတွေများနေချိန်မှာ အခုလို အငြင်းပွားဖွယ် ကိစ္စတွေကို ဆောင်ရွက်နေတာဟာ မကောင်းပါဘူး။ ' ဟု မှတ်ချက်ပြုသည်။


“မဆလ ၊ ဖဆပလ ပါလီမန် အစိုးရများအပါဝင် ဗမာပြည်ကွန်မြူနစ်ပါတီကဲ့သို့ ပါတီကလည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ပြ၍ လိုသလို အသုံးပြုမှုများ ( ဦးနေဝင်းဆိုရင် အာဏာသိမ်းတာကို ဗိုလ်ချုပ်ထောက်ခံသယောင် ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား လုပ်ခဲ့ ၊ ဗကပ ဆိုရင် သာမန်အချိန် ဗိုလ်ချုပ်အား ပါတီ သစ္စာဖောက်အဖြစ် သတ်မှတ်သော်လည်း တပ်ဖွဲ့အတွင်း ညီညွတ်ရေး လိုအပ်လာပါက လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ဗကပ တည်ထောင်သူ စသဖြင့် လုပ်ခဲ့သလို အောင်ဆန်းဘောလုံးကွင်း ၊ ဗိုလ်ချုပ်အောင်ဆန်းဈေးတို့မှာလည်း ပါလီမန် ၊ မဆလ အစိုးရ လက်ထက်တို့တွင် သတ်မှတ်ခဲ့ ) ရှိခဲ့သည် ” ဟု လေ့လာသူများက ဆိုကြသည်။


“လုပ်ရမှာက ဘားအံမှာ မန်းဘခိုင်နာမည်နဲ့ နိုင်ငံရေးသိပ္ပံကျောင်း ၊ သခင်မြနာမည်နဲ့ စိုက်ပျိုးရေး တက္ကသိုလ် ၊ မွန်သမိုင်းဆရာ နိုင်ပန်းလှနာမည်နဲ့မော်လမြိုင်မှာ တက္ကသိုလ်ဖွင့် ၊ ဗိုလ်ချုပ်နာမည်နဲ့ လူငယ်စင်တာ စာကြည့်တိုက်တွေဖွင့် အဲလိုပဲ တခြား တိုင်းရင်းသား သူရဲကောင်းတွေ ပညာတတ်တွေ နာမည်နဲ့ ကျောင်းတွေ ဖွင့်ရမှာ။ အခုက တံတားနာမည်ကို အလိုလိုက်ခံထားရတဲ့ ကလေးလိုစိတ်နဲ့ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရ အဆင့်မှာ မရတော့ ပြည်ထောင်စုအဆင့်ကနေ တက် အနိုင်ကျင့်ပြီးရအောင်သတ်မှတ် အဲတံတားမှာ မကျေနပ်တဲ့လူတွေ အများကြီးပေါ်လာတယ်။ နာမည် လုပေးဖို့ထက် စိတ်ဓါတ်ကို အတုယူချင်အောင် တန်ဖိုးရှိတဲ့ နေရာမှာ မြှင့်တင်ရမှာ။  အခုက ၀ိုင်းတားနေတဲ့အကြားက မဖြစ်ဖြစ်အောင်လုပ်ပြတာဟာ သိပ်အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်တယ် ” ဟု မျိုးဆက်သစ် လူငယ်များအစည်းရုံး Generation Waves ဥက္ကဌဖြစ်ပြီး တက်ကြွ လှုပ်ရှားသူဖြစ်သူ ကိုမိုဃ်းသွေးက ၄င်း၏ ဖေ့ဘုပ်စာမျက်နှာတွင် ရေးသားထားသည်။

ဗိုလ်ချုပ်တံတားအဖြစ် သတ်မှတ်ရန် NLD လွှတ်တော် ဆုံးဖြတ်မှုမှာ တိုင်းရင်းသား လူနည်းစုများအား ဒီမိုကရေစီအရ အနိုင်ကျင့်မှုဟု ခွန်ထွန်းဦးဝေဖန်

Posted: 15 Mar 2017 06:50 AM PDT

သံလွင်တံတား ချောင်းဆုံအား ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ဖြင့် သတ်မှတ်ရန် NLD အများစု ဦးဆောင်သည့် လွှတ်တော်မှ ဆုံးဖြတ်ခဲ့မှုမှာ တိုင်းရင်းသား လူနည်းစုများအား ဒီမိုကရေစီအရ အနိုင်ကျင့်မှုဖြစ်သည်ဟု သျှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးက ဝေဖန် ပြောဆိုလိုက်သည်။


ရဟန်းသံဃာတော်များအပါဝင် ဒေသခံ ပြည်သူများက ကန့်ကွက်မှုများ ရှိနေသည့်အကြားမှ NLD အမတ် အများစုရှိသည့် ပြည်သူ့လွှတ်တော်တွင် ဗိုလ်ချုပ်တံတားအဖြစ် သတ်မှတ်ရေးအဆိုကို ဆွေးနွေးအတည်ပြုခဲ့ခြင်းဖြစ် သည်။


' ဒါဟာ လူနည်းစုရဲ့ ဆန္ဒကို ငါတို့က အများစုဆိုတဲ့ သဘောနဲ့ အနိုင်ကျင့် တာဖြစ် တယ်။ ဒီလို မဂျော်ရတီက လူများစုဆိုတဲ့ ပြုမှု ဆုံးဖြတ်မှုတွေကြောင့် ပင်လုံ ကတိကဝတ် သွေဖီမှုတွေနဲ့အတူ နှစ် ရ၀ နီးပါး ကြာနေပြီဖြစ်တဲ့ ပြည် တွင်းစစ် ဖြစ်နေရတာဖြစ်တယ်။ အတော်ကိုတုန်လှုပ်စရာ ကိစ္စပါ။ ဒီလိုပုံစံနဲ့ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ဖို့ ခက်လိမ့်မယ်။' ဟု သျှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦးက သျှမ်းသံတော်ဆင့်သို့ မတ်လ ၁၅ ရက်နေ့တွင် ပြောသည်။


ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား ရှိခဲ့သည့် ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်တွင် တိုင်းရင်းသားများအား လူများစုမှ အနိုင်မကျင့်စေရန်အတွက် အကာကွယ်ပေးရေးအချက်များပါဝင်သလို တိုင်းရင်းသားများအား  ကျွန်ပြုမခံရအောင် ဆိုသည့် ကတိမှာ အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေခဲ့သည်။


ဒေသခံများ ကန့်ကွက်နေသည့် အကြားမှ NLD အများစုဖြစ်သည့် လွှတ်တော် တွင် မဲခွဲဆုံးဖြတ်ခဲ့ မှုအပေါ် လူမျိုးကြီးဝါဒ ကျင့်သုံးမှုနှင့် ဒီမိုကရေစီ အရ လူနည်းစုအပေါ် အနိုင်ကျင့်မှုအဖြစ်လည်း တိုင်းရင်းသား အသိုင်းအဝိုင်း တွင်သာမက ပြည်မရှိ ဒီမိုကရေစီ အင်အားစုအချို့ကလည်း ဝေဖန်မှု များ လည်း ရှိနေသည်။ NLD အစိုးရလက်ထက်တွင် တိုင်း ရင်းသားဒေသများ တွင် တပ်မတော်မှ ထိုးစစ်များဆင်သော်လည်း အစိုးရမှ နှုတ်ဆိတ် နေခဲ့ခြင်း ၊ ဗိုလ် ချုပ်ကြေးရုပ်များသာ တိုင်းရင်း သား ဒေသများတွင် လိုက်ထားနေပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပင်လုံစာချုပ်အပေါ် အရေးမပါ သယောင်ပြော ဆိုမှုများလည်းရှိခဲ့သည်ဟု လူငယ်များကြားဝေဖန်မှုများရှိခဲ့ သည်။


ယင်းအပြင် နိုင်ငံရေးအရ မရေရာ မသေချာပဲ ၂၁ ပင်လုံဟူသော အမည်ဖြင့်ေ ဆွးနွေးပွဲများ ကျင်းပရန် ရည်ရွယ်နေရာ အကောင်ထည်ဖော်ရန် ပျက်ကွက်ခဲ့ေ သာ ၁၉၄၇ ခုနစ်ပင်လုံ ပဋိဉာဉ်အား ပယ်ဖျက်အစားထိုးရန် ကြံစည်ခြင်းလော ဟူသည့် စိုးရိမ်မှုများမှာ တိုင်းရင်းသား အသိုင်းအဝိုင်းတွင် ဖြစ်ပေါ်နေပါသည်။


“တိုင်းရင်းသားတွေက ဗိုလ်ချုပ်ကို မလေးစားလို့ ဖြစ်နေတာမဟုတ်ဘူး။ အခုကဇွတ်ကော အတင်းကော ဆို တဲ့ကိစ္စတွေက မကောင်းဘူး။ တိုင်းရင်း သားတွေ ဘက်က တစ်ချိန်မှာ အမျိုးသားရေးပြင်းထန်သူတွေနေရာရရလာပြီး ဗိုလ်ချုပ်ရုပ်တုတွေ ဆိုင်းဘုတ်တွေကို ပြန်ဖျက်တာတွေဖြစ်လာနိုင်တဲ့အထိပါ စဉ်းစားထားဖို့လိုတယ်။ ပြည်တွင်းစစ်မရပ်ခြင်းရဲ့ အရင်းခံက တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ လူများစုအကြား ၊ အစိုးရအကြား ယုံကြည်မှု မတည်ေ ဆာက်နို င် မှုအပေါ် မူတည်တယ်။ ” ဟု ခွန်ထွန်းဦးက ပြောသည်။


မွန်ဒေသခံများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းအမည်မပေးပဲ ဒေသနှင့် ကိုက်ညီ သည့် မွန်နာမည်ဖြစ်စေ အခြား မွန် သူရဲကောင်းနာမည်ဖြင့် ဖြစ်စေ ပေးရန် ယခင်က ဆန္ဒပြတောင်းဆိုခဲ့ဖူးပြီး လာမည့် မတ်လ ၁၉ ရက်နေ့တွင်လည်း လူထုဆန္ဒပြပွဲ ပြုလုပ်ဦးမည်ဖြစ်သည်။

ဒေသအတွင်းဖွံ့ဖြိုးမှုနောက်ကျရသည်မှာ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA ကြောင့်ဟု အရှေ့အလယ်ပိုင်းတိုင်းမှူးပြော

Posted: 15 Mar 2017 03:09 AM PDT

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က သျှမ်းပြည်တပ်မတော် SSPP/SSA ကိုယ်စားလှယ်အား ဖိတ်ခေါ်တွေ့ဆုံစဉ် သျှမ်းပြည်အလယ်ပိုင်း ကျေးသီး - မိုင်းနောင် အတွင်း ဒေသဖွံ့ ဖြိုးမှု နောက်ကျရသည်မှာ သျှမ်းလက်နက်ကိုင်တပ်များဖြစ်ကြသည့် သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့ကြောင့် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

ဓါတ်ပုံ- ယခင်က ရလခ တိုင်းမှူးနှင့် SSPP/SSA ကိုယ်စားလှယ်တို့တွေ့ဆုံပွဲ
မတ် ၁၃ ရက်နေ့ တွေ့ဆုံစဉ် ရလခ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က သျှမ်းပြည်တပ်မတော် SSPP/SSA သည် အမြင်သဘောထားကျဉ်းမြောင်းကြောင်း၊ ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးစာချုပ်အတိုင်း လုပ်ဆောင်ခြင်းမရှိဘဲ နယ်မြေတိုးချဲ့ တပ်စခန်းချခြင်း၊ တပ်မတော် မူ ၆ ရပ်အတိုင်း လုပ်ဆောင်ရန်ပျက်ကွက်ခြင်း၊ ဘိန်းခင်းဖျက်သည့် တပ်မတော်စစ် ကြောင်းများအားခြုံခို တိုက်ခိုက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း - ကျူးလွန်သည့်ကိစ္စများအား တာဝန်ယူဖြေရှင်းပေးရမည်ဖြစ် ကြောင်း ပြောကြားသည်ဟုဆိုသည်။
သျှမ်းပြည်တွင် သျှမ်းလူမျိုး  သိပ်မရှိတော့ဘဲ အခြား လူမျိုးများ အများအ

ပြားလာရောက်နေထိုင် သောကြောင့် သျှမ်းပြည်ဟုပင် မခေါ်ဆိုသင့်တော့ကြောင်း၊ ယခင်က သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ ပုံပါကျင်ဘက်တွင် သျှမ်းလူမျိုးအများအပြားရှိကြောင်း၊ ယခုတွင် တရုတ်စာများသာတွေ့မြင် နေရ ကြောင်း၊ သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင် - ကျေးသီး ဖွံ့ဖြိုးမှု နောက်ကျရသည်မှာလည်း  သျှမ်းလက် ကိုင်တပ်ဖွဲ့များဖြစ်ကြသည့် RCSS/SSA နှင့် SSPP/SSA တို့ကြောင့် ဖြစ်ကြောင်း တိုင်းမှူးက ပြောကြား သည်ဟု နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။


အဆိုပါကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အရာရှိတဦးက “ တိုင်းမှူးကြီးပြော ဆို  ဆက်ဆံပုံက သံတမန် မဆန်ဘူး။ တဘက်သားကို ပြစ်တင်ပြောဆိုတယ်၊ နှိမ်ပြီး ဆက်ဆံတယ်။  တိုင်းမှူးကြီးက ကျနော်တို့ကို -ဘိန်းခင်း တိုက်ဖျက်တဲ့ တပ်မတော် စစ်ကြောင်းကို  တိုက်ခိုက်တယ်၊ သူတို့လူတွေကို ဖမ်းဆီး ရိုက်တယ်  - ဆိုပြီး  လုံးဝမကျေနပ်ဘူးတဲ့။ အဲဒီ့ကိစ္စကို ကျနော်တို့ တာဝန် ယူရမယ်တဲ့။ အမှန်တော့ ဘိန်းခင်း အကြောင်းပြပြီးကျနော်တို့တပ်ကို သာ သူတို့လာတိုက်တာ။ အမှန်တော့ကျနော်တို့စစ်ကြောင်း လှုပ်ရှားမှုကို လူလွှတ်စုံစမ်း လာလို့ သူတို့လူအဖမ်းခံရတာလေ” - ဟု ပြောသည်။


နှစ်ဘက်တွေ့ဆုံမှုတွင် ရလခ တိုင်းမှူး နှင့်အတူ ဗိုလ်မှူးကြီး ဆန်းညွှန့်ဇော်၊ ဂျီဝမ်း ဗိုလ်မှူး ထင်လင်း ကျော် တို့ ပါဝင်ပြီး သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်တွင်မူ ဒုတိယ ဗိုလ်မှူးကြီး ခေးမောဝ်း က ဦးဆောင် သည်ဟု သိရသည်။


သျှမ်းသံတော်ဆင့်

unread,
Mar 16, 2017, 4:56:47 PM3/16/17
to thuau...@gmail.com

၅ ရက် အတွင်း လူထုထံ ထောက်ပံ့ငွေကျပ်သိန်း ၁၀၀၀ ပြည့်အောင်ကောက်ယူမည်ဟု မန်ပန်ပြည်သူ့စစ်မိန့်

Posted: 16 Mar 2017 07:54 AM PDT

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့နယ် အတွင်း အခြေစိုက် သည့် မန်ပန်ဌာနေ ပြည်သူ့ စစ်တပ်ဖွဲ့သည် လားရှိုးအရှေ့ တောင်ဘက် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများအား ဆင့်ခေါ်ကာ လူထု မှ လာသည့် ပြည်သူ့စစ် စစ်သည်များအတွက် ထောက်ပံ့ငွေ ကျပ် သိန်း ၁၀၀၀ ပြည့်အောင် ဒေသ  အတွင်းရပ်ရွာအားလုံး စုပေါင်းထည့်ကြရန် ဆင့်ဆိုခြင်းဖြစ်သည်။


မတ်ခ်ျ ၁၃ ရက်နေ့ က လားရှိုးမြို့ အရှေ့တောင်ဘက် နမ့်ပေါင်ဒေသ အတွင်း ရှိသည့် ကျေးလက် ရွာသူကြီး (ကျေးရွာအုပ်ချုပ်ရေးမှူး) များအား ဆင့်ခေါ်ကာ တန့်ယန်းမြို့နယ် နားတောင်းကျေးရွာအုပ်စု မန်နောင် ရွာ ဗိုလ်လုံညွှန့် လှုပ်ရှားနေထိုင်သည့်ရွာတွင် တွေ့ဆုံကြောင်း၊ မတ်ခ်ျ လ ၁၈ ရက်နေ့ အထိ ၅ ရက်အတွင်း ပိုက်ဆံ ကျပ်ငွေ သိန်း ၁၀၀၀ အား ပြည်သူ့စစ် စစ်သည်များအတွက် ထောက်ပံ့ငွေ အပြီး ကောက်ယူစုဆောင်းပေးပို့ကြရန် ဆင့်ဆိုခြင်းဖြစ်သည်။


“ဗိုလ်လုံညွှန့် ပြောဒါကတော့ ဆင့်ဆိုထားတဲ့ ထောက်ပံ့ကြေးတွေ ၁၈ ရက်နေ့ အပြီးကောက်မယ်။ အဲဒါ (ခေါင်းဆောင် ဗိုလ်မွန်း ရဲ့ ဒုတိယသား) စဝ်စိုင်း ရဲ့ ညွှန်ကြားချက်ဖြစ်တယ်။ ဘယ်သူမှ ငြင်းဆို လို့မရဘူး။ အပြီး လာထည့်ကြပါတဲ့” - ဟု ပြီးခဲ့သည့် ၁၃ ရက်နေ့က ဆင့်ဆိုတွေ့ဆုံသူ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


စဝ်စိုင်း ဆိုသည်မှာ မန်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် (စစ်အစိုးရ က ၎င်းအား ဘိန်းကင်းစင်ရေးဆု ချီးမြင့်ထား) လူမှုထူးချွန်ဆု ရှင် ဗိုလ်မွန်း၏ သားသမီး ၄ ဦး အနက် ဒုတိယသားဖြစ်သည်။ စဝ်စိုင်းအွန် ခေါ် စိုင်းခမ်းမွန်းဟုလည်းခေါ်ဆိုကြရာ ၊ တရုတ်နာမည် အားဖင် ဟုလည်း ခေါ်ဆိုကြသည်။


“ငွေ ကျပ်သိန်း ၈၀၀- ၁၀၀၀ က ဘာလုပ်မလဲ။  နာမည်ဘဲပျက်တယ်။ ကျားခေါင်းပါတီ အမတ်က ကျနော်တို့ကို နာမည်ဖျက်တာပါ ။ ကျနော်တို့က လူထုကို ပိုက်ဆံမကောက်တာကြာပြီ။ ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် ကျနော်တို့ ကြပ်မတ်စီစစ်သွားပါ့မယ်” - ဟု လားရှိုးမြို့ရောက် မန်ပန်ဌာနေပြည်သူ့စစ် ထိပ်ပိုင်း အရာရှိတဦးကပြောသည်။


လားရှိုးမြို့ မိုင်းယော်ဘက်(လားရှိုး - ပန်ဟုန်း - မုန်းဟတ် - မိုင်းယော်လမ်းဟောင်း) အသွားလမ်း ပန်ဟုန်းကျေးရွာအုပ်စု ပန်ခေါ်ကျေးရွာ အုပ်ချုပ်မှူး၏ စာရေး စိုင်းဆန်လူ အသက် ၃၃ နှစ်အား မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင် (ပန်ဟုန်းကျေးရွာအုပ်စု ထိန်းချုပ်သူ) အိုက်လွန်း ၊ လက်ထောက် ခင်းကောယ တို့နှစ်ဦး ပြည်သူ့စစ်  ၈ ယောက် နှင့် အတူ လာရောက်ဖမ်းဆီးကာ ၎င်းတို့ နေထိုင်ရာသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ထွက်ပြေးမှုကြောင့် ပစ်သတ်ခဲ့သေးကြောင်း ပန်ဟုန်းတွင်နေထိုင်သူ တဦးကပြောသည်။


“စာရေးဆန်လူကို ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ဖမ်းသွားတာ သူတို့စခန်းကို။ ၁၄ ရက်နေ့က သူထွက်ပြေး လာတယ်။ နောက်တရက် ၁၅ ရက်နေ့ ညသန်းခေါင်မှာ ပြည်သူ့စစ်က သူ့အိမ်ကို လာပြီးအော် တယ်။ ဆန်လူ ထွက်မလာရင် သူ့မိန်းမ အေးနန်းကိုဖမ်းသတ်မယ်ဆိုပြီး ဟစ်အော်တယ်။ ဆန်လူကလဲ သူ့မိန်းမ သတ်ခံရမှာစိုးလို့ မျက်နှာပြဖို့ ထွက်လာတော့ နားထင်ကို သေနတ်တေ့ပြီး ပစ်သတ်လိုက်တယ် - အလောင်းကို တရွတ်တိုက်ဆွဲပြီး သွားမြုပ်ပစ်တယ်။ ဒီကိစ္စလျှောက်မမေးနဲ့ လျှောက်မပြောနဲ့ သတ်ပစ်မယ်ဆိုပြီး အသုဘ အတွက် ကျပ် ၂ သိန်း၊ မိသားစုအတွက် ကျပ် ၁ သိန်း ပေးပြီး ခြိမ်းခြောက်သွားတယ်” - ဟု နီးစပ်သည့် အမည်မဖေါ်လိုသူတဦးက ပြောသည်။


လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက - လူထုအပေါ် ထိုသို့ငွေကြေးများကောက်ခံခြင်း၊ အထူးသဖြင့် သျှမ်းပြည်လူထုအချင်းချင်းဖိအားပေးခြင်း၊ သတ်ဖြတ်ခြင်းများမရှိသင့်တော့ကြောင်း သျှမ်းသံတော်ဆင့်သို့ ယခင်တုန်းကပြောဆိုခဲ့ဖူးသည်။


မန်ပန်ဌာနေပြည်သူ့စစ်ခေါ်  သောင်းကြမ်းသူ ဆန့်ကျင်တိုက်ဖျက်ရေး သကဆဖ အဖွဲ့ ခေါ် မန်ပန်ဌာနေပြည့်သူ့စစ်တပ်ဖွဲ့သည်  မုန်းတိုင်းအာမီ အမည်ရ ခွန်ဆာ၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြသည်။ ၁၉၉၆ ခွန်ဆာအဖွဲ့ လက်နက်ချစဉ် ပြည်သူ့စစ်အဖွဲ့အဖြစ် ပြောင်းကာ လားရှိုးမြို့အရှေ့ဘက် ၊ အရှေ့တောင်ဘက် တကြောမှ တန့်ယန်းမြို့မြောက်ဘက် ရှိ ကျေးရွာများ အား စစ်အစိုးရ က ထိန်းချုပ်ခွင့် ပေးထားသည်။

သျှမ်းသံတော်ဆင့်

unread,
Mar 18, 2017, 5:24:41 PM3/18/17
to thuau...@gmail.com

သျှမ်းခေါင်းဆောင် ခွန်ထွန်းဦး သျှမ်းပြည်ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးရေး မလာဖြစ်တော့

Posted: 18 Mar 2017 08:30 AM PDT

သျှမ်းခေါင်းဆောင်ဖြစ်ပြီး သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ခွန်ထွန်းဦးမှာ ကြားဖြတ်ရွေးကောက်ပွဲအတွက်စည်းရုံးရေးခရီးစဉ်အဖြစ် သျှမ်းပြည်သို့ မလာဖြစ်တော့ကြောင်း သိရသည်။


ခါးရိုးကျီးပေါင်းခွဲစိပ်ထားမှု အခြေအနေကြောင့်ခရီးဝေးသွားရန်မဖြစ်နိုင်မှု ၊ သျှမ်းပြည်ညီညွတ်ရေး ကော်မတီ ကိစ္စအပြင် ၂၁ ပင်လုံအတွက် အခြားကိစ္စရပ်များလည်းရှိနေသောကြောင့် သျှမ်းပြည် အလယ်ပိုင်းနှင့် သျှမ်းအရှေ့ကျိုင်းတုံသို့ မလာနိုင်တော့ခြင်းဖြစ်သည်ဟု သိရသည်။


သျှမ်းပြည်အတွင်းရှိ ကျေးသီး ၊မိုင်းရှူး ၊ ကျိုင်းတုံ စသည့် မဲဆန္ဒနယ်များသို့ မလာရောက်နိုင် တော့ခြင်းဖြစ်ကြောင်းလည်း ခွန်ထွန်းဦးက မတ်လ ၁၆ ရက်နေ့က သျှမ်းသံတော်ဆင့်သို့ပြောသည်။


ကျားခေါင်းပါတီ SNLD ၀င်ရောက်ယှဉ်ပြိုင်မည့် ကျေးသီး ၊ မိုင်းရှူး မဲဆန္ဒနယ်များတွင် ပါတီ ပြောခွင့်ရ ဖြစ်သည့် စိုင်းလိတ်မှ ဦးဆောင်၍ စည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်နေသည်။


ခွန်ထွန်းဦးသျှမ်းပြည်မလာဖြစ်တော့သော်လည်း နာမည်ကျော် သျှမ်းအနုပညာရှင်များဖြစ်သည့် စိုင်းအောင်ထီးခမ်း ၊ စိုင်းလိတ်စသည့် သျှမ်းဘာသာ အဆိုတော်များပါဝင်သည့် အနိုပညာရှင်များမှ မတ်လ ၂၀ ၊ ၂၁ နှင့် ၂၂ ရက်နေ့များတွင် ကျေးသီး ၊ မိုင်းနောင် ၊ မိုင်းရှူးမြို့များတွင် ကျားခေါင်ပါတီအတွက် စည်းရုံးရေးအဖြစ် ဖျော်ဖြေပေးကြမည်ဖြစ်သည်။


လတ်တလော ကာလအတွင်းမှာပင်  ကြားဖြတ်ရွေးကောက်ပွဲ မဲပေးရန်အတွက် မဲဆန္ဒရှင်များ အနေဖြင့်  မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို  သက်ဆိုင်ရာ ကျေးရွာ ၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် လာရောက်ထုတ်ယူရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မတ်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်တိုက်တွန်းထားသည်။


NLDပါတီမှလည်း ပြည်နယ်အစိုးရ ၀န်ကြီး ဦးစိုးညွှန့်လွင် ဦးဆောင်သည့်အဖွဲ့မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ကျိုင်းတုံမဲဆန္ဒနယ်တွင် သွားရောက်မဲဆွယ်နေသည်ဟု သိရသည်။

တိုင်းရင်းသားတွေ ဗမာ ဒီမိုတစ်ချို့ကို အတုယူကြ

Posted: 18 Mar 2017 08:25 AM PDT

ဗမာဒီမိုအချို့ကို အတုယူကြစို့လို့ ချောင်းဆုံတံတားအရေး အမည်သတ်မှတ်မှု ထောက်ခံမဲပေးကြတဲ့ NLD  အမတ်တွေနဲ့ မွန်သွေးတစ်ဝက်ပါ ကိုမင်းကိုနိုင်တို့လိုလူတွေကိုအတုယူခိုင်းတာ မဟုတ်ပါဘူး။ တကယ်တော့ ချောင်းဆုံတံတားကိစ္စကိုကြည့်ရင် ဒေသခံတွေက ဗိုလ်ချုပ်အောင်ဆန်း အမည်မပေးဖို့ ကန့်ကွက်မှုဆန္ဒပြမှုတွေ ပြုလုပ်ပြီးဖြစ်တဲ့အပြင် ပြည်နယ်အဆင့်မှာလည်း အဲဒီအမည်နာမမပေးဖို့ ဆုံးဖြတ်ပြီးသား ဖြစ်ပါတယ်။ ဒါကို NLDအမတ်အများစုဖြစ်တဲ့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်တာဟာ မဆီလျော်တဲ့ ကိစ္စဖြစ်သလို NLD ဟာ ဒေသခံတိုင်းရင်းသားတွေရဲ့ အသံကို ထည့်သွင်းမစဉ်းစားတဲ့ ဗမာပါတီဆိုတာ ပေါ်လွင်စေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒီမိုကရေစီအရကြည့်ရင် ဒီမိုကရေစီအရ အနိုင်ကျင့်မှု သဘောဆောင်တဲ့အတွက် လွှတ်တော်အတွင်းထောက်ခံခဲ့တဲ့ အမတ်တွေကို ဒီမိုကရေစီလိုလားသူလို့ အမည်တပ်ဖို့တောင်ခက်ပါလိမ့်မယ်။


(၁) အများညီရုံနဲ့ ဒီမိုကရေစီမဟုတ်မှု ၊ ဗိုလ်ချုပ်ရဲ့ ကတိကဝတ်


မတူကွဲပြားတဲ့ မျိုးနွယ်စုတွေနဲ့ လူမျိုးစုများအတူနေကြရတဲ့ နိုင်ငံတွေမှာ အများစုဆန္ဒအရ မဂျော်ရတီ အစိုးရဟာ အာဏာရှင်အစိုးရ သက်ရောက်တယ်။ ပြည်တွင်းစစ်ဖြစ်ပွားလိမ့်မယ်။ ဒီမိုကရေစီ မဟုတ်ဘူး။ အဲဒီ လို ဆိုထားခဲ့သူကတော့ နိုင်ငံရေး ဂုရုတစ်ဦးဖြစ်တဲ့ လစ်ပတ်ခ်ျပဲဖြစ်ပါတယ်။ အဲလို မဖြစ်စေဖို့ဆိုရင် လိုအပ်တဲ့ အစိုးရပုံစံကတော့ အများစုနဲ့ အနည်းစုကိုပေါင်းစပ်ပြီး အတိုက်ခံမှုကို အဓိကမထားပဲ အများသဘောတူညီမှု ရှိစေရန် ညှိနှိုင်းတဲ့ အုပ်စုအလိုက် ကိုယ်စားပြုသူတွေ ပါဝင်တဲ့ ကောန်ဆန်းဆပ်ပုံစံ အစိုးရမျိုးပဲဖြစ်တယ်လို့ ဆိုထားပါတယ်။ ဘာသာရေး ၊ နိုင်ငံရေး ၊ ဘာသာစကား ၊ ယဉ်ကျေးမှု ၊မျိုးရိုးဇစ်မြစ်ကွာခြားတဲ့ တိုင်းပြည်တွေမှာ အဲဒီကွာခြားချက်ကိုလိုက်တဲ့ လူမျိုးစုကို ရှိနေတဲ့အတွက် အများပြည်သူဆန္ဒအရ မဂျော်ရတီ အစိုးရမျိုးရေရှည်ဖြစ်ထွန်းဖို့ ခက်တယ်လို့လည်း သူကဆိုပါတယ်။


အဲဒီလိုနိုင်ငံတွေမှာ လူနည်းစုတွေက သူတို့တွေဟာ အာဏာမရနိုင်တဲ့အတွက် အစိုးရကို ကြည်ညိုလေး စားမှာမဟုတ်ဘူးလို့ လိပတ်ကဆိုထားပါတယ်။ ဥပမာအားဖြင့် မြောက်အိုင်ယာလန်နိုင်ငံမှာ ပရိုက်စတင့်ခရစ်ယာန်တွေက လူများစုဖြစ်ပြီး ၊ ကက်သလစ်တွေက လူနည်းစုဖြစ်တဲ့အတွက် အများစုဆန္ဒအရ အစိုးရဖွဲ့လိုက်တိုင်း ပရိုတက်စတင့်တွေက ၁၉၂၁ ကနေ ၁၉၇၂ လောက်အထိ တောက်လျှောက်အာဏာရနေခဲ့ပါတယ်။ နောက်ပိုင်း ကက်သလစ်ဂိုဏ်းဝင်တွေရဲ့ ဆန္ဒြုပမှုတွေကနေ ပြည်တွင်းစစ်မီးအဖြစ်ရန်မီးပွားခဲ့တာကြောင့် ဗြိတိသျှတပ်တွေက ၀င်ရောက်ထိန်းသိမ်းပေးရကာ လန်ဒန်ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ အခြေနေအထိ ရောက်ခဲ့ပါတယ်။


ဒီနေရာမှာ ပင်လုံစာချုပ်ချုပ်ဆိုအပြီး ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက် သခင်မြနဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ရဲ့ စကားတွေကို ပြန်သတိရစရာဖြစ်စေပါတယ်။ စဝ်ရွှေသိုက်က ပင်လုံစာချုပ်ချုပ်ဆိုအပြီး သုံးလအကြာမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးမှာ ' ရှမ်း ၊ ကချင် ၊ ချင်း ၊တောင်ပေါ် တိုင်းရင်းသားများဟာကိုလိုနီနယ်ချဲ့ စနစ်အောက်ကလွတ်မြောက်ဖို့ ဗမာပြည်မနဲ့ ပူးပေါင်း သွေးစည်းနေကြရပေမည်။ ဟိုးရှေးရာဇဝင်က အဖြစ်အပျက်တွေကို သတိရပြီး ဗမာတွေဟာ တို့ထက်ပိုပြီး လူလည်းများတယ်။ ဉာဏ်လည်းသာတယ်။ ဒီတော့တစ်နေ့မှာ မတော်တဆ တို့ကို လူမျိုးငယ်ဆိုပြီး ဖိနှိပ်စော်ကားနေမလားဆိုကိး ဓမ္မတာအတိုင်း တထိတ်ထိတ် တွေးပူစိုးရိမ်လျက်ရှိကြပါတယ်။ ' ဆိုပြီး စိုးရိမ်ဟန်အပြည့်နဲ့ ပြောဆိုခဲ့ပါတယ်။


သခင်မြကတော့ ' မဖြစ်စေရပါဘူး။ ' လို့ချက်ခြင်း မဆိုင်းမတွ ပြောပါတယ်။ အဲဒီနောက် ညောင်ရွှေစော်ဘွားက ' ကျွန်ုပ်တို့ အင်မတန်မြတ်နိုးတဲ့ တန်းတူအခွင့်အရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ ခွဲထွက်လိုက ခွဲထွက်ခွင့်တွေကို ထိပါးကျူးကျော်ပြုလေမလားလို့လည်း တထင့်ထင့်ဖြစ်မယ်ဆိုရင် ကျွန်ုပ်တို့ မလွန်ဘူးလို့ ထင်ပါတယ်။ မတော်တဆ ဒီလိုမဖွယ်မရာ မတရားမှုတွေများဖြစ်ပေါ်လာလို့ရှိရင် အားနည်းတဲ့ဘက်က အစဉ်နေလာတဲ့ သခင်နုဟာ တရားနည်းလမ်းမှန်အတိုင်း ကျွန်ုပ်တို့ဘက်က ရွပ်ရွပ်ချွံချွံနဲ့ ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်အားထားပါတယ်။


ကျွန်ုပ်တို့သဘောကတော့ လောလောဆယ် အင်္ဂလိပ်လက်အောက်ကလွတ်ချင်တယ်။ ဒီလိုလွတ်လပ်ရေးရဖို့ ဗမာပြည်မနဲ့ ပူးပေါင်းဆောင်ရွက်မှဖြစ်မယ်လို့ ယုံကြည်ပြီး ဒီလွှတ်တော်မှာ ရောက်လာကြပါတယ်။ ( သြဘာသံများ ) ဒါပေမဲ့ အင်္ဂလိပ်ကျွန်ဘဝက လွတ်ပြီး ပခုံးပြောင်းဗမာတွေရဲ့ ကျွန်ဖြစ်သွားမှာကိုလည်း မလိုချင်ပါဘူး။ ( ရယ်သံများနဲ့ သြဘာသံများ ) နှစ်ဦးနှစ်ဘက်စလုံးကြီးပွားရေးအတွက် တန်းတူအခွင့်အရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ဆိုရင် အစဉ်သဖြင့် အဆင်သင့်ရှိတယ်ဆိုတာလည်း ရှင်းရှင်ဘွင်းဘွင်းပဲ ကတိပေးပါတယ်။ ' လို့ ညောင်ရွှေစော်ဘွားက ပြောခဲ့တာပါ။


ဇွန်လ ၁၆ ရက်နေ့မှာတော့ ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအတွက် လမ်းညွှန်ချက် (၇) ရပ် မတင်သွင်းမှီ ဗိုလ်ချုပ်အောင်ဆန်းက ' တောင်တန်းဒေသ တိုင်းရင်းသားလူမျိုးများ စိုးရိမ်စရာ အလျဉ်းမရှိပါနဲ့ ။ ကျွန်တော်တို့ပေးထားတဲ့ ကတိ ၊ နားလည်ပြီးသား သဘောတူညီချက်များကို နယ်ချဲ့သမားလို ဖောက်ဖျက်ခြင်း မလုပ်ပါဘူး။ ဖောက်ဖျက်မယ်လို့ သံသယရှိသူတွေဟာ ကျွန်တော်တို့ရဲ့ Sense of Honour , Sense of self respect , sense of pride ကို စော်ကားတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ အဲဒီတော့ဗမာလူမျိုးစုများဖြစ်တဲ့ လူတွေဟာ ခင်ဗျားတို့ သဘောမတူပဲ မနေနိုင်တဲ့ အခြေနေမျိုးကို လက်တလုံးခြား လိမ်တဲ့နည်းနဲ့လည်း ကျွန်တော်တို့ မလုပ်ပါဘူးဆိုတာ အတိအလင်းနားလည်စေချင်တယ်။ ' လို့ ပင်လုံစာချုပ်နဲ့ ကတိကဝတ်မိန့်ခွန်းများကို မြွက်ကြားခဲ့ပါတယ်။ ဒါကတော့ အတိတ်က ဗိုလ်ချုပ်နဲ့ တိုင်းရင်းသားတွေရဲ့ ကတိကဝတ်ဆိုင်ရာ ပြောဆိုချက်အချို့ပါ။ ဗိုလ်ချုပ်ကွယ်လွန်ပြီး ဗိုလ်ချုပ်ရုပ်ပြပြီး အမျိုးမျိုး ကြွေးကြော်တဲ့ ဗမာအစိုးရတွေရှိပေမဲ့ တိုင်းရင်းသားအရေးကိုမဖြေရှင်းနိုင်ပဲ ပင်လုံကတိကဝတ်ကိုလည်း အကောင်ထည်ဖော်မပေးတာကြောင့် အခုထိ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးမှာ ခက်ခဲနေရတာဖြစ်ပါတယ်။ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာတော့ ဖေဖေ့တည်ထောင်တဲ့ တပ်မတော်လို့သာဆိုနေပြီး တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးမှာ ပျက်ကွက်နေကာ တိုင်းရင်းသားတန်းတူရေးအတွက်အရေးပါတဲ့ ပင်လုံမူကို မျက်ကွယ်ပြုနေတာကြောင့် တိုင်းရင်းသားဒေသတွေမှာ ထားဖို့ ပြင်တဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေ ၊ ဗိုလ်ချုပ်အမည်နာမတပ်ထားတဲ့ တံတားတွေကိုတောင် ကိုလိုနီအမှတ်လက္ခဏာအဖြစ် တိုင်းရင်းသားတွေက သတ်မှတ်ကာ ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်လာရတာဖြစ်ပါတယ်။


(၂) ဗမာဒီမိုကိစ္စ


ဗမာဒီမိုဆိုတဲ့ ကိစ္စကို ဆက်ပါဦးမယ်။  ဒါကလည်း လတ်တစ်လော အစ်ရှူးတွေနဲ့ ဆက်စပ်ပါတယ်။ အခု ဗိုလ်ချုပ်တံတားကိစ္စကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူတွေထဲမှာ မွန်တွေသာ မကပဲ ဗမာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေလည်း ပါနေတာကို သတိထားမိပါတယ်။


NLDအမတ်တွေနဲ့ လွှတ်တော်က ပြည်ထောင်စုအဆင့် လုပ်နေတာတောင်မှ NLDထဲမှာလည်း လူနည်းစုကို ဒီမိုကရေစီ အနိုင်ကျင့်မှု မကြိုက်တဲ့ လူတွေ ရှိနေတာကို တွေ့ရတာ ၀မ်းသာစရာဖြစ်သလို ၈၈ မျိုးဆက်တွေအပါဝင် အခြားမျိုးဆက်တွေမှာလည်း ဒီလို စိတ်ဓါတ်ရှိသူတွေ ကျန်နေတာ အဆိုးထဲက အကောင်းဆိုသလို ၀မ်းသာစရာပါ။ လတ်တလော Hot Topic ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် သတ်မှတ်မှုကို ကြည့်မယ်ဆိုရင် ဗမာပြည်မက ဒီမိုကရေစီအရေးလှုပ်ရှားသူ တစ်ချို့ကလည်း ပြင်းပြင်းထန်ထန်ဝေဖန်နေတာ တွေ့ရမှာပါ။ ဒါကအဆိုးထဲက အကောင်းလို့ ဆိုရမဲ့ အခြေနေမှာပါ။ အမျိုးသားရေးအစွန်းရောက် အရေးတွေနဲ့ ဦးကိုနီ အသတ်ခံရမှုတွေနဲ့ ပတ်သက်လို့လည်း ပယ်ပယ်နယ်နယ်ဝေဖန်တာတွေ တွေ့ရမှာပါ။ တချိန်က Freedom from Fear ဆိုပြီးနာမည်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးကိုနီ ဈာပနာကို မသွား ၊ ပန်းခြင်းချက်ခြင်းမပို့ တာတွေဖြစ်ခဲ့ပေမဲ့ ထောင်နဲ့ချီတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဟာ ဦးကိုနီဈာပနမှာ စုစည်းခဲ့ကြကာ ကြောက်ရွံ့အောင်ခြောက်လှန့်သူတွေကို မတုန်လှုပ်ကြောင်းပြသခဲ့တာဟာ အတုယူစရာကိစ္စဖြစ်ပြီး ဒီအင်အားစုတွေကို လာမဲ့ နိုင်ငံရေးအခင်းအကျင်းအတွက် ဘယ်လို စုစည်းမလဲဆိုတဲ့ ကိစ္စကလည်း စဉ်းစားစရာ ကိစ္စဖြစ်လာပါတယ်။ နောက်ပြီးအမျိုးသားရေးအစွန်းရောက် သံဃာအချို့နဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်ဝေဖန်နေသူတွေကလည်း မျိုးဆက်ပေါင်းစုံပါဝင်တဲ့ ဗမာပြည်မက ဒီမိုကရေစီအရေး လှုပ်ရှားသူအချို့သာဖြစ်ပါတယ်။ အခု မွန်ပြည်နယ်က တံတားကိစ္စက နိုင်ငံရေးအရ ပြောရင် လူဦးရေ များမှု နည်းမှု အကွဲတွေအပေါ်မူတည်လို့ ဗိုလ်ချုပ်ရုပ်နဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ကြံတဲ့ ကိစ္စပါ။ ဒီလိုကိစ္စမှာ မွန်တွေကပဲ ကန့်ကွက်နေပြီး ဗမာဒီမိုကရေစီအရေးလှုပ်ရှားသူတွေက မကန့်ကွက်မဝေဖန်ခဲ့ရင် ပြည်သူတွေအနေနဲ့ ဝေဝါးသွားနိုင်ပြီး NLD လွှတ်တော်ဘက်ကိုတောင် ယိမ်းသွားနိုင်ပါတယ်။ နောက်ပြည်သူအချို့ရဲ့ ဝေဖန်မှုကလည်း ကောင်းပါတယ်။ ဒီကိစ္စကိုကြည့်ရင် ဆင်းရဲတာ အစိုးရ အတွေ့အကြံနည်းတာကို သည်းခံနိုင်ပေမဲ့ အလုပ်မရှိ ကြောင်ရေချိုး နိုင်ငံရေးအမြတ်ထုတ်တာကို လက်မခံတဲ့ သဘောဆောင်ပါတယ်။


ဒီကိစ္စမှာ ဗမာဒီမိုကရေစီအရေးလှုရှားသူအချို့ရဲ့ လုပ်ရပ်ကို ကြည့်ရင် လူမျိုးတူ ဘာသာတူ ၊ တစ်ချိန်က ထောက်ခံခဲ့ဖူးတဲ့ အဖွဲ့အစည်း စတဲ့ အကြောင်းအရာတွေ ရှိနေပေမဲ့ ဒီမိုကရေစီ လမ်းကြောင်းမ ချွတ်ခြော်ဖို့နဲ့ လူ့အသိုင်းဝိုင်းအတွင်း စိတ်ဝမ်းကွဲမှုကို ဦးတည်စေမဲ့ အကြောင်းအရာတွေအတွက် တတ်နိုင်တဲ့ဘက်က ဟန့်တားတဲ့ သဘောဆောင်ပါတယ်။ ကိုယ့်အသိုင်းဝိုင်းမှားနေလျက်နဲ့ NLDကို ဖားယား ဖောရှော ဖော်လိုလိုက်တာမျိုးမဟုတ်ပဲ ၀ိုင်းဝန်းထောက်ပြကြတာဟာ ကောင်းတဲ့လက္ခဏာရပ်ပါပဲ။ ဒီလိုကိစ္စတွေမှာ တစ်ဘက်သတ် အားလုံးသံယောင်လိုက်ခဲ့မယ်ဆိုရင် ပြည်သူတွေအဖို့ ဝေဝါးစရာတွေ ပိုလို့တောင်ဖြစ်လာနိုင်ပါသေးတယ်။ ဒီလိုပယ်ပယ်နယ်နယ်ဝေဖန်တဲ့သူတွေထဲမှာ အာဏာရှင်လက်ထက်က နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်တန်းကျခဲ့တဲ့သူတွေ ၊ ပြည်ပရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ၊ သတင်းမီဒီယာ သမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက ပုဂ္ဂိုလ်အချို့လည်း ပါကြတာတွေ့ရမှာဖြစ်ပါတယ်။ အကုန်လုံးနီးပါးက ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံလာခဲ့သူတွေများပါတယ်။


( ၃) ဒီမိုဖြစ်ဖြစ် ဖက်ဒရယ်ဖြစ်ဖြစ်ပြည်သူသာအရေးပါ


စာရေးသူတို့နိုင်ငံရဲ့ လက်ရှိအခြေနေကတော့ ( Nation Building ) အမျိုးသားနိုင်ငံတော် တည်ဆောက်မှုအတွက် တစ်နည်းအားဖြင့် ရင်ကြားစေ့ရေး မတူကွဲပြားမှုတွေရှိနေမှုအကြား စည်းလုံး ညီညွတ်ရေးအတွက် ကြိုးစားနေရတဲ့ အချိန်ဖြစ်သလို ( တစ်နည်းအားဖြင့် စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ဖို့ ) ၊ တစ်ဘက်မှာလည်း ၊ နိုင်ငံတော် တည်ဆောက်ရေး ( State Building ) လုပ်ငန်းကိုပါ ဆောင်ရွက်နေရတဲ့ အချိန်ဖြစ်ပါတယ်။ STATE မှာတော့ ဥပဒေ ၊ နည်းဥပဒေ ၊ ထိုဥပဒေအရ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေ တာဝန်ပေးထားသူများ ၊နိုင်ငံသားတွေဆိုပြီး ပါဝင်တဲ့အတွက် နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


ဒီမိုကရေစီ ဖြစ်စဉ်အရနဲ့ နိုင်ငံတော်ဖြစ်တည်မှု အားကောင်းခြင်းဆိုင်ရာ လိုအပ်မှုတွေမှာ ချို့ယွင်းမှုတွေ များပြား လာခဲ့ရှိပြီဆိုရင် အဲဒီနိုင်ငံတွေက မအောင်မြင်တဲ့ နိုင်ငံ ၊ တစ်နည်းအားဖြင့် ကျရှုံးနိုင်ငံတော် ဖြစ်ဖို့ နီးစပ်လာပြီ ( သို့မဟုတ် ) ကျရှုံးနိုင်ငံတော် ဖြစ်သွားမှာ ကတော့ မလွဲဧကန်ပဲဖြစ်ပါတယ်။ နိုင်ငံတော်ဆိုတဲ့ ကိစ္စကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူသာ အဓိက ဖြစ်နေတဲ့အတွက် အခြား အစိပ်အပိုင်းတွေမှာ ယိုယွင်းနေပြီ ဆိုရင်တောင် ပြည်သူ့ညီညွတ်မှုအားနဲ့ တည့်မတ်ဖို့ ကြိုးစားကြမယ်ဆိုရင် ခိုင်မာအားကောင်းတဲ့ အစိုးရအဖွဲ့အစည်းနဲ့ ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တွေ ပေါ်ပေါက်ဖို့ အထောက်အကူ ဖြစ်စေမှာဖြစ်သလို ယိုယွင်းနေတဲ့ စနစ်တွေ ဖာထေးပြုပြင်ပြောင်းလဲဖို့လည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒီမိုကရေစီလို့ ဆိုကတည်း က  ပြည်သူကနေ လာတဲ့ စနစ်ဖြစ်တဲ့အတွက် အုပ်ချုပ်သူတွေက တာဝန်ယူမှု ၊ တာဝန်ခံမှု ကင်းမဲ့ပြီး တရားဥပဒေ စိုးမိုးမှု ချို့ယွင်းခဲ့ရင်လည်း ပြည်သူတွေရဲ့ ညီညွတ်မှုနဲ့ လမ်းကြောင်းမှန်ပေါ် တွန်းတင် ကြရမှာပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အယုံလွယ် ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုးကွယ်မှုတွေမပါပဲ ကျိုးကြောင်းသင့် စဉ်းစားဆင်ခြင်တွေးခေါ်မှုတွေနဲ့ ဆောင်ရွက်မှုတွေက ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီနဲ့ နိုင်ငံတော် ပေါ်ပေါက်လာရေးအတွက် အရေးပါတဲ့ အချက်ပဲဖြစ်ပါတယ်။ အခု မွန်ပြည်သူတွေရဲ့ လူထုဆန္ဒပြပွဲတွေဟာ အာဏာရတွေရဲ့ ဒီမိုကရေစီအနိုင်ကျင့်မှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲဖြစ်ပြီး တစ်နည်းအားဖြင့် အစိုးရ ၊ လွှတ်တော်အစိတ်အပိုင်းတွေရဲ့ အားနည်းမှုကို ထိန်းထေခြင်းလည်းဖြစ်သလို ဗမာ ဒီမိုကရေစီအရေးလှုပ်ရှားသူအချို့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကလည်း ဒီမိုကရေစီအနိုင်ကျင့်မှုနဲ့ လူ့အဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲမှု ဖြစ်စေတဲ့လှုပ်ရှားမှုတွေကို ကာကွယ်ဟန့်တားခြင်းပဲဖြစ်ပါတယ်။ သူတို့ရဲ့ ဆန့်ကျင်ဝေဖန်မှုတွေကြောင့်ပဲ NLD လွှတ်တော်အနေနဲ့ နိုင်ငံရေးအရ အထိနာခဲ့ရတာဖြစ်ပြီး ပြည်သူတွေကလည်း NLD လွှတ်တော်ကို ဝေဖန်ဖို့ မဝေဝါးတော့တာဖြစ်ပါတယ်။


(၄) တိုင်းရင်းသားတွေလည်း ဆိုင်ရာ အဖွဲ့အစည်းတွေကို ဝေဖန်ဆန်းစစ်ဖို့လို


တိုင်းရင်းသားတွေအနေနဲ့လည်း မိမိတို့နဲ့ နှီးနွယ်သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအမှားလုပ်မိရင် ဝေဖန်ထောက်ပြတဲ့ အလေ့အထတွေ လုပ်ဖို့လိုပါတယ်။ ဒါမှသာ မတရားမှုကို ခုခံတွန်းလှန်တယ် ဆိုပြီး စစ်ဘုရင် အယူအဆနဲ့ အာဏာရှင်အယူဝါဒ ၀င်ရောက်ပူးသတ ပေါက်ပွားလာမှုနဲ့ အစွန်းရောက်အမျိုးသားရေးဝါဒခေါင်းထောင်လာနိုင်မှု ဒဏ်တွေကို ဟန့်တားနိုင်မှာဖြစ်ပါတယ်။ NLDပဲဖြစ်ဖြစ် ၊ ဖဆပလ ပဲဖြစ်ဖြစ် ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတော်တော်များ များဖြစ်ဖြစ် အားလုံးဟာ ပြည်သူထဲက ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ သို့သော်လည်း ပြည်သူထဲက ပေါက်ဖွားပေမဲ့ လူတစ်ဦး တစ်ယောက်က ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး တိုင်းရင်းသားချစ်ကြည်မှုဆိုင်ရာ မူတွေကိုေ ကျာ်လွန်ပြီး မိမိကိုယ်ကျိုးအတွက် ၊ အဖွဲ့အစည်းအကျိုးအတွက် အဖွဲ့အစည်းတွေကို ထိန်းချုပ်တာတွေ ဖြစ်လာတတ်တာဟာ ဓမ္မတာပဲဖြစ်ပါတယ်။ ဒါကြောင့်အဖွဲ့အစည်းတိုင်းပါတီတိုင်းမှာ ဒီမိုကရေစီကျင့်စဉ်ထွန်းကားဖို့လိုသလို ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ လူထုအတွင်းမှာလည်း အဖွဲ့အစည်းတွေကို ပြန်ပြီး ထိန်းနိုင်တဲ့ အလေ့အထထွန်းကားဖို့လိုတာ အသေချာပါပဲ။


ရှမ်းဖြစ်လို့ SSPP/SSA ၊ RCSS/SSA စတဲ့ ရှမ်းလက်နက်ကိုင်တွေ မှားနေတာကို မဝေဖန်ရဲဘူး။ ကေအိုင်အေ ၊ တအာင်းပလောင် TNLA ၊ UWSA ၀ တပ်ဖွဲ့တွေအမှားရှိနေလျက်နဲ့ သက်ဆိုင်ရာ တိုင်းရင်းသားတွေက မဝေဖန်ရဲဘူးဆိုရင် ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဆိုင်ရာ လူမျိုးတွေရဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ လုပ်ရပ်မှားယွင်းနေရင်လည်း ဝေဖန်ထောက်ပြဖို့လိုပါတယ်။ လူမျိုးကြီးဝါဒကို မကြိုက်ကြဘူးဆိုပြီး ဖွဲ့ထားတဲ့ အဖွဲ့တွေဟာ တစ်ဖွဲ့ချင်းစီအလိုက် အကျိုးစီးပွားကိုလည်းကောင်း ၊ လူမျိုးအလိုက် သီးသန့် အကျိုးစီးပွားကိုသော်လည်းကောင်း ဦးတည်ကြတဲ့ အတွက် တခြားလူမျိုးတွေ မျိုးနွယ်စုတွေကို ထိခိုက်စေတဲ့ ကိစ္စတွေ ရှိပါတယ်။ အဖွဲ့အစည်းတွေအလိုက် ဘက်တူတဲ့ အဖွဲ့တွေစုပြီး အုပ်စုဖွဲ့တိုက်ခိုက်မှုတွေ ရှိကြတယ်။ ဒီလိုကိစ္စတွေက လူ့အဖွဲ့အစည်းအတွင်းနဲ့ တိုင်းရင်းသားအချင်းချင်း ညီညွတ်မှုကို ပျက်ပြားနိုင်တဲ့အပြင် ကြာလာရင် မူလရည်မှန်းချက်တွေနဲ့ပါ လွှဲချော်နိုင်တဲ့ ကိစ္စတွေဖြစ်တယ်။ ဘယ်လို ပဋိပက္ခတွေဖြစ်ဖြစ် ပြည်သူက မြေစာပင်ပါပဲ။ အခြားလူမျိုးစုတွေကို လူမျိုးစု မတူတဲ့ လက်နက်ကိုင်အဖွဲ့တွေကနေ လူ့အခွင့်ရေးချိုးဖောက်မှုလိုကိစ္စတွေကလည်း လူ့အဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲမှုကို ဖြစ်စေတဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ တိုင်းရင်းသားတွေမှာလည်း မဟာလူမျိုးအယူအဆနဲ့ မိမိမျိုးနွယ်စုနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းသာ အမြဲတမ်းမှန်တယ်ဆိုတဲ့ အယူအဆတွေစွန့်လွတ်ဖို့လိုသလို ကျိုးကြောင့်သင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသူတိုင်းရင်းသားတွေကလည်း မိမိတို့နဲ့ နီးစပ်တဲ့ အဖွဲ့တွေ လုပ်ရပ်မှားနေရင် ရဲရဲတင်းတင်း ဝေဖန်ထောက်ပြဖို့ လိုပါတယ်။တစ်ခါတစ်ရံမှာ လက်နက်ကိုင်ထားသူတွေဟာ သေနတ်လက်ထက်မှာ ရှိတာနဲ့ စိတ်ပြောင်းသွားတတ်သလို ၊ မိမိတပ်ဖွဲ့လုံခြုံရေးသာအဓိက ထားမှုတွေကြောင့် ဒေသတွင်း မျိုးနွယ်စုမတူတဲ့ လူမျိုးအကြားပဋိပက္ခဖြစ်လာနိုင်တဲ့ အနေထားတွေကို တာစူစေတဲ့ ကိစ္စတွေလည်း ရှိနေတာ ငြင်းမရတဲ့ ကိစ္စတွေပါ။  ဒီလိုအခြေနေမှာ တိုင်းရင်းသား ဒေသအခြေပြုလူမှု့အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ သူတို့ဟာ ဒီမိုကရေစီအတွက်ရေးကြိးတဲ့ ဒေါက်တိုင်တွေထဲပါသလို လူမှုသဟဇာတဖြစ်မှုအတွက်လည်း အရေးပါပါတယ်။ သူတို့ရဲ့ တာဝန်တွေမှာ အသိပညာပေးမှု ၊ ငြိမ်းချမ်းစွာ အတူယှာဉ်တွဲနေထိုင်မှု မတရားမှုကို ဆန့်ကျင်မှု ၊ တရားမျှတမှု ၊ လူမျိုးဘာသာ မခွဲခြားမှုတွေပါဝင်တာကြောင့် ကိုယ့်တာဝန်ကို ကျေပွန်ကြဖို့လိုပါတယ်။ တိုင်းရင်းသားပြည်သူတွေကို မှန်ကန်တဲ့ သတင်းအချက်လက် ဖြန့်ဝေမှု အသိပညပေးမှုတွေလုပ်ကြရမှာ။ ကချင်ငြိမ်းချမ်းရေးကွန်ယက်မို့လို့ ကေအိုင်အို မဟုတ်တာ လုပ်တာကိုမ ဝေဖန်ရဲတာ ၊ တအာင်းပလောင် အစည်းအရုံးတွေဖြစ်တာကြောင့် TNLA ကို မဝေဖန်ရဲတာ ၊ ရှမ်းအမျိုးသမီးလှုပ်ရှားမှုအဖွဲ့နဲ့ သျှမ်းသံတော်ဆင့်ဖြစ်တာကြောင့် RCSS၊SSPP လူ့အခွင့်ရေးချိုးဖောက်မှုတွေကို မဝေဖန်ရဲတာတွေက မဖြစ်သင့်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ တိုင်းရင်းသားအချင်းချင်း သဟဇာတဖြစ်မှုနဲ့ စုစည်းမှုကို အခြေခံလို့ အာဏာရှင်စနစ်တွေနဲ့ လူမျိုးကြီးဝါဒကို စုစည်းညီညွတ်စွာ ဆန့်ကျင်ကြမှသာ လိုလားတဲ့ ပန်းတိုင်ရောက်နိုင်မှာဖြစ်ပါတယ်။

သျှမ်းသံတော်ဆင့်

unread,
Mar 21, 2017, 5:05:00 PM3/21/17
to thuau...@gmail.com

ရွေးကောက်ပွဲကော်မရှင်ထံ NLD စာတင်မှုကြောင့် မိုင်းရှူးမဲဆန္ဒရှင် ၄၀၀၀ ကျော် မဲပေးပိုင်ခွင့် ဆုံးရှုံးဖွယ်ရှိ

Posted: 21 Mar 2017 07:11 AM PDT

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းအုပ်စုသုံးခုအား လက်နက်ကိုင်တပ်ဖွဲ့ထိန်းချုပ်နယ် မြေဖြစ်သောကြောင့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် လုံခြုံမှုမရှိဟုဆိုကာ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် NLD က ရွေးကောက်ပွဲကော်မရှင်ထံ စာတင်မှုကြောင့် မိုင်းရှူးမြို့နယ် ကျေးရွာအုပ်စု ၃ ခု မှ မဲ ဆန္ဒရှင် ၄၀၀၀ ကျော် မဲပေးပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးဖွယ် ရှိနေသည်။


မိုင်းရှူးမြို့နယ် အုပ်စု ၁၇ ခုအနက် ဝမ့်လွယ်၊ မော်မေ့၊ ကွန်ကျောင်း ကျေးရွာအုပ်စု ၃ ခု  (ကျေးရွာ ၃၇ ရွာ) မှာ သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေ ဖြစ်သောကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိဟုဆိုကာ ရွေးကောက်ပွဲမကျင်းပရန် မိုင်းရှူးမြို့ NLD တာဝန်ရှိ သူတဦး နှင့် လွှတ် တော်ကိုယ်စားလှယ်တဦးတို့ လက်မှတ်ထိုးပြီး ရွေးကောက်ကော်မရှင်ထံ မတ်လ ၂၁ ရက်နေ့က တိုင်တမ်းထားသည်ဟု သိရသည်။


“ ဟုတ်တယ်။ NLD က စာတင်လာတာပေါ့။ အဲတာနဲ့ပတ်သက်ပြီးကျနော်တို့ နက်ဖြန်မိုင်းရှူးမှာ အစည်း အဝေးထိုင်မယ်။ အစည်းအဝေးပြီးမှဘဲဆုံးဖြတ်ချက်ထွက်လာမှာလေ။ ကျနော်တို့ ဘယ်လို လုပ်မလဲဆိုပြီးတိုင်ပင်ဖို့ပေါ့နော်။ ပြည်နယ်ရယ် ခရိုင်ရယ် မြို့နယ် ရွေးကောက်ပွဲကော်မရှင်တွေ ရယ် လုံခြုံရေးဘက်ကရယ် အရပ်ဘက်ကရယ် အကုန်လုံးခေါ်ထားပါတယ် ” - ဟု လွိုင်လင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသန်းတင်က ပြောသည်။


၎င်းနှင့်ပတ်သက်၍ မိုင်းရှူးမြို့နယ်လစ်လပ်မဲဆန္ဒတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကျားခေါင်းပါတီက ဤကဲ့သို့ရှင်းပြသည်။


“ပြီးခဲ့တဲ့အပတ်က ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဉက္ကဌ ကိုယ်တိုင် လာရောက်ပြီးတော့မှ နိုင်ရေးပါတီ အကုန်လုံးနဲ့ စုဆုံပြီး ဆုံးဖြတ်ချက်တခု ချခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့ အစည်းတွေ နဲ့နီးတဲ့နေရာတွေမှာ ရှိတဲ့ကျေးရွာတွေကို စစ်တပ်နဲ့ရဲမပါဘဲနဲ့ ရွေးကောက်ပွဲဝန်ထမ်း တွေနဲ့သက် ဆိုင်ရာနိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့ဘဲ မဲလက်မှတ် သယ်ဆောင်သွားဖို့ အဲလိုဆုံးဖြတ် ချက်ရှိပါတယ်။ အားလုံးရဲ့သဘောတူညီချက်နဲ့ပါ။ အခုရက်ပိုင်းမှာမှ ….ပြန်လည်ပြီး ကန့်ကွက် တယ်ဆိုတာ ကျနော်တို့အနေနဲ့ အကျုံးမဝင်ဘူးလို့မြင်ပါတယ်။” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရစိုင်းလိတ်က သျှမ်းသံတော်ဆင့်သို့ပြောသည်။


သျှမ်းပြည်တပ်မတော် SSPP/SSA ကလည်း ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ မဲဆန္ဒရှင်များမဲပေးနိုင်ရေး  အတွက် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များအနေဖြင့် လွတ်လွတ် လပ်လပ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း  ထုတ်ပြန်ကြေငြာထားသည်။


“မော်မေ့ဆိုရင်မိုင်းရှူးနဲ့ ၁ မိုင်ဘဲဝေးတယ်။ တခြားနေရာတွေဆိုရင် အဲ့ထက်ဝေးတဲ့နေရာဆိုရင် ဘာ ပြသနာမှမရှိဘူး။ အကြောင်းအရာအသေးစိပ်စီစစ်ရအောင်လို့မနက်ဖြန် ကျနော်တို့ တွေ့ဆုံမှာ။ မိုင်းရှူးမှာ။ ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးအဖွဲ့က ရွေးကောက်ပွဲအရာရှိတဦးက သွားတက်မယ်” - ဟု လည်း ဦးသန်းတင်က ပြောဆိုသည်။


၂၀၁၅ ရွေးကောက်ပွဲက မိုင်းရှူးမြို့နယ် ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွါးမှုကြောင့်ရွေး ကောက်ပွဲကျင်းပပါက လူထုဆန္ဒအစစ်အမှန်မရနိုင်ဟုဆိုကာ ကျားဖြူပါတီမှ ရွေးကောက်ပွဲကော် မရှင်ထံ တိုင်တန်းသည့်အတွက် ဒေသခံများ မဲပေးခွင့် ဆုံးရှုံးခဲ့သည်။ လက်ရှိတွင် မိုင်းရှူး မြို့နယ် အတွင်း စစ်ရေးတင်းမာမှုမရှိသော်လည်း ယခင်အပတ်က မိုင်းရှူးမြို့တွင်း ၁၁ အုပ်စုအား မဲရုံ ပြောင်းရွှေ့ရန်စာတင်တိုင်တန်းမှုများ ရှိခဲ့ဖူးသည်။ သို့သော် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ်က တင်ပြတောင်းဆိုမှုကြောင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပိတ်ပင်မှုကိုပြန် လည်ရုပ်သိမ်းခဲ့သည်။


စဉ်းစားသင့်ပြီ အစိုးရတပ်မတော် (သို့မဟုတ်) လူထု နဲ့ တိုင်းပြည် လုံခြုံမှု အမှန်တကယ် အကာအကွယ်မပေးနိုင်တော့ဘူးလားတပ်မတော်

Posted: 21 Mar 2017 12:51 AM PDT

နံနက် ၆ နာရီ ခွဲ အချိန်လောက်ရှိမှာပေါ့ ။ တူမလေးတယောက် ငိုယိုပြီးဖုန်းဆက်လာတယ်။ “ ဦးလေး အမေတို့အခက်တွေ့ပြီ။ ဘယ်လိုကူညီရမလဲ ” ဆိုပြီး ငိုသံနဲ့ အတူ ရုတ်တရက်ကြီး မေးလာတော့၊ ကျောင်းသားဘ၀ က စာရေးသူကို ပံ့ပိုးပေးခဲ့တဲ့ အမ ဘာများဖြစ်သွားပြီလဲ ဆိုပြီး သွေးတက် နှလုံးခုန် ရပ်မတတ် ဖြစ်သွားရပါတယ်။


သေခြာမေးကြည့်တော့ - ပလောင် နဲ့ ကချင် လက်နက်ကိုင် စစ်ကြောင်း  ရွာထဲ ဝင်လာလို့  အစိုးရ တပ် နဲ့ တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး  ထွက်ပြေးဖို့ လည်းခက် ဆက်နေဖို့လည်းခက်လို့ ဘယ်လို လုပ်ရမလဲ - ဆိုပြီး   ငိုယိုနေတာဖြစ်ပါတယ်။ (မကြာခင် ဟိုတလောတုန်းက ရွာထဲဝင်ပြီး ဆက်ကြေးကောက်တယ်ဆိုတဲ့သတင်းတွေလည်း ကြားခဲ့ဖူးတာကိုး)


ရွာလို့ ပြောလိုက်တာဟာ စာဖတ်သူပရိသတ်တွေ အနေနဲ့ တောတောင်ထဲမှာ ရှိနေတဲ့ အိမ်ခြေ သုံး လေးဆယ် လောက်ရှိတဲ့ ရွာကို မြင်နေမိမယ်ထင်ပါတယ်။ အမှန်တော့ စာရေးသူ ပြောတဲ့ ရွာ ဟာ စော်ဘွားခေတ်ကတည်းက (အထူးစည်ကားတဲ့) မြို့လေးတမြို့အဆင့်ရှိတဲ့ ရွာကြီးတခုပါ။


ဒီရွာဟာ စော်ဘွားခေတ်က မြို့စားကနေအုပ်ချုပ်လာတဲ့ မြို့ ဖြစ်ပါတယ်။ ညောင်ရွှေစော်ဘွားကြီး ရဲ့ မဟာဒေဝီ စဝ်မယ် နန်းဟိန်းခမ်းရဲ့ မိခင်ဖြစ်သူ သိန္နီစော်ဘွားကြီးရဲ့ မဟာဒေဝီကြီး ဇာတိချက် ကြွေရာ မိုင်းယော် ဆိုတဲ့မြို့လေးပါဘဲ။ လားရှိုးမြို့ အရှေ့ဘက် စူးစူး  ၃၂ မိုင်လောက် ဝေးပါတယ်။ ဒီမိုအစိုးရ ခေတ်မှာ မိုင်းယော်ရွာသား ၅ ဦးကို အစိုးရ တပ်မတော် စစ်ကြောင်းက သတ်လိုက်လို့ စစ်တပ်လူ သတ် မှု နဲ့ နာမည်ပြန်ကြီးလာတဲ့ ဒေသလို့ ပြောရင်လဲ မှားမယ်မထင်ပါဘူး။


ရွာမကြီး ၄ ရွာနဲ့ ရွာလေး ၂ ရွာ စုစုပေါင်းရွာ ၆ ရွာကပ်လျက်ရှိတဲ့ မိုင်းယော်ရွာမကြီးရဲ့ ပတ်ပတ် လယ်မှာ သျှမ်းရွာ ၁၇ ပတ်လယ်ဝိုင်းပြီး နေထိုင်ပါတယ်။ မိုင်းယော်ကိုပတ်ထားတဲ့ တောင်ပေါ် မှာတော့ ကချင်ရွာ၊ ပလောင်ရွာ၊ တရုတ်(မန်လီပါ) ရွာ လေးတွေရှိပါတယ်။


စာရေးသူအနေ နဲ့ မိုင်းယော်မှာ နေထိုင် လာတဲ့ သက်တမ်းတလျှောက်၊  မိခင် ဖခင် တို့သက်တမ်းတ လျှောက်မှာ ရာချီတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက်နေထိုင်ပြီး  ချက်ပြုတ်စားသောက် ၊ ဂီတာတီး လွတ်မြောက်ရေးသီချင်းတွေအော်ဆိုကြတယ်ဆိုတာ မကြားစဖူး၊ မမြင်စဖူးပါဘူး။ အခုတော့ မျက်လုံးပြူးမတတ် တအံ့တဩ မြင်ရကြားရပါတယ်။


စာရေးသူ အနေနဲ့ သွားပြီး စဉ်းစားမိတာက - တိုင်းပြည်ကာကွယ်ရေး နေရာမှာ အစိုးရ တပ်မတော်က အမှန်တကယ်တာဝန်မယူတော့ဘူးလား။ တာဝန်မယူနိုင်တော့ဘူးလား။ ဘာများဖြစ် သွားပြီလဲ။ ဒါ့ကြောင့် လားရှိုး - မူစယ် - နမ့်ခမ်းလမ်းတွေ လက်နက်ကိုင်တပ်ဖွဲ့တွေက ပိတ်ဆို့ထိန်းချုပ် အခွန်အတုပ်ကောက်နိုင်တာပေါ့ - စသဖြင့် တွေးမိတွေးရာ စဉ်းစား နေမိပါတယ်။


မိုင်းယော်မှာ စစ်ဝတ်စုံ စစ်အသုံးအဆောင် အပြည့်အစုံနဲ့ မြင်ဖူးနေကျ ဆိုရင် တပ်မတော် စစ်ကြောင်း၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ တွေဖြစ်တဲ့ ကေဒီအေ (ကောင်းခါးကချင်ပြည်သူ့စစ်)၊ ခွန်ဆာ လက်နက်ချ အဖွဲ့ မန်ပန်ဌာနေ သောင်းကျန်းသူဆန့်ကျင်ရေး သကဆဖ အဖွဲ့တို့ဘဲ ဖြစ်ပါတယ်။


အခုဝင်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့က ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စစ်ကြောင်းလို့ သိရပါတယ်။ မြို့အ၀င်အထွက်ကိုပိတ်ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းလို့ မကြုံ စဖူးတဲ့ သူတွေအတွက် အထိတ်အထိတ်အလန့်လန့်ပါဘဲ။


ဒီလက်နက်ကိုင်အဖွဲ့က ဒီဒေသဘက် တခါမှ မရှိခဲ့ဖူးပါဘူး။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဆိုရင် သျှမ်းပြည်တပ်မတော် SSPP/SSA ၊ ကချင် လွတ်လပ် ရေးတပ်မတော် KIA တို့ ရှိတယ် ဆိုတဲ့သတင်းတော့ ကြားဖူးပါတယ်။


တိုင်းပြည်အပြောင်းအလဲလို့ ပြောလိုက်ရင်-  တိုက်ပွဲပိုဖြစ်လာတယ်။ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ ပိုများ လာတယ်။ အင်အားပိုမိုတောင့်တင်းလာတယ်။ စစ်ဘေးရှောင်တွေ တရက်ထက် တရက်ပိုများလာ တယ် - စတာတွေလား။  ဒါတွေဟာ ဒီမိုကရေစီအစိုးရ ရဲ့ တိုင်းပြည်အပြောင်း အလဲလား။ အမှန်ကို အမှန်အတိုင်း လက်ခံ ပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ ဘာ့ကြောင့်မဆွေးနွေးနိုင်တာလဲ။ လူထု ရွေးကောက်တင်မြောက် ထားတဲ့ ငြိမ်း ချမ်းရေး နိုဘယ်ဆုရှင် ဒေါ်ဆောင်ဆန်းစုကြည် အစိုးရ အနေနဲ့ ဘာလို့ တိုင်းပြည်ငြိမ်းချမ်းအောင် မလုပ်ပေးနိုင်သေးတာလဲ။


တိုက်ပွဲဖြစ်ပွားလာရင် အစိုးရတပ်မတော် အပါအဝင် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေကလဲ လူထု အကျိုးစီးပွားကို အကာကွယ်မပေးနိုင်ကြပါဘူး။ မုန်းကိုးတိုက်ပွဲ၊ ကိုးကန့်တိုက်ပွဲ၊ ၁၀၅ မိုင် တိုက် ပွဲ အပါအဝင် ဖြစ်ပွားတဲ့ တိုက်ပွဲ တိုင်းဟာ လူထုအသက် အိုးအိမ် သေကြေပျက်စီး စေတာ မျက်မြင် ပါဘဲ။


ဒါ့ကြောင့် တိုက်ပွဲ ဆင်နွဲမှု ရပ်တန်းက ရပ်တန့်ပြီး ဒေသတွင်းအမှန်တကယ် ဖြစ်ပွားနေတဲ့ အခြေအ နေမှန်ကို  လက်ခံပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ကို အမြန်ဆုံး ပြင်ဆင်ကျင်းပပေးကြပါ။ တွေ့ဆုံဖြေရှင်းမှုမပြုဘဲ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့ရင် အကျိုးဆုတ်ယုတ်တာ လူထု နဲ့ တိုင်းပြည် သာဖြစ်ကြောင်းပါခင်ဗျား။


ဆောင်းပါးရှင်
ခွန်ဆန်မူး

လွှတ်တော်ရုံး သီးသန့်ဝန်ထမ်း ပြောင်းလဲခန့်အပ်သွားရန် သျှမ်းပြည်နယ် လွှတ်တော် ဉက္ကဌ ပြော

Posted: 20 Mar 2017 09:00 PM PDT

လွှတ်တော်ရုံး အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား လွှတ်တော်ရုံးသီးသန့်ဝန်ထမ်း အဖြစ် ခန့်အပ်ထားရှိသွားနိုင်ရန် သျှမ်းပြည်နယ်လွှတ်တော်  ဥက္ကဋ္ဌ စိုင်းလုံဆိုင်က ယနေ့ ပြန်လည်စတင် သည့် သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။


လက်ရှိ သျှမ်းပြည်နယ်လွှတ်တော် အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ချုပ်ရေးရုံးမှ လာသည့် ဝန်ထမ်းများဖြစ်ကြကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင် သန်း ညွှန်ကြားထားချက်အရ သျှမ်းပြည်နယ် လွှတ်တော်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအားလည်း လွှတ်တော်ရုံးသီးသန့် ဝန်ထမ်းထားရှိရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ဆိုသည်။


“ဦးမန်းဝင်းခိုင်သန်းက ဖေဖေါ်ဝါရီ တုန်းက သျှမ်းပြည်လာတယ်။ အဲဒီတုန်းက သျှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ နဲ့ တွေ့တုန်းက ပြောတယ်။ ဒီနှစ်မကုန်ခင် ပြောင်းလဲခန့် အပ်သွား နိုင်မယ်ထင်တယ်။ အထွေထွေ အုပ်ချုပ်ရေးရုံးဝန်ထမ်းကနေ လွှတ်တော်ရုံး ဝန်ထမ်း အဖြစ် အပြီးပြောင်းလာကြမလား။ ဒါမှမဟုတ်အသစ်ခန့်အပ်မလား ဆိုတာပေါ့” - မိုးနဲမြို့ ပြည်နယ် လွှတ်တော် အမတ် စိုင်းမွန်းလိန် က ပြောသည်။


လက်ရှိ သျှမ်းပြည်နယ် လွှတ်တော်ရုံးအတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၁၀ ဂဏန်းသည်အထွေထွေအုပ်ချုပ်ရေးရုံးမှဝန်ထမ်းများဖြစ်သည့်အားလျော်စွာ ယခင်စစ်အစိုးရခေတ်က ခန့်အပ် ထားသည့် ဝန်းထမ်းအများစု ဖြစ်သည်။


သျှမ်းပြည်နယ်၏  ဒုတိယ အကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး အားမတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ အထိကျင်းပမည်ဖြစ်သည်။ မတ် ၂၀ ရက်နေ့ စတင်သည့် အစည်းအဝေးတွင် လင်းခေးမြို့ ပြည်နယ်လွှတ်တော်အမတ် စိုင်းအောင်မျိုးကျော်က ကတ္တရာလမ်း ခင်းရေးဆိုင်ရာကိစ္စ၊ ကျောက်မဲမြို့ မှ စိုင်းထွန်းဉာဏ်က မြို့နယ်အလိုက်ဘတ်ဂျတ်မျှမျှတတ ခွဲဝေမှုဆိုင်ကိစ္စများအပါအဝင် လာမည့်ရက်တွင်လည်း ဆက်လက်ဆွေးနွေးဖွယ်ရှိသည်ဟု ဆိုသည်။

SSPP/SSA ဌာနချုပ် ၀မ်ဟိုင်းရှိဒေသခံများ ဝမ်ဟိုင်းအထက်တန်းကျောင်းနှင့်ပါခီးလမ်းခွဲတွင် မဲသွားပေးရမည်

Posted: 20 Mar 2017 08:57 PM PDT

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေများတွင် SSPP/SSA သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ်တည်ရှိရာ ၀မ်ဟိုင်းအုပ်စုလည်း ပါဝင်နေရာ မဲပေးပိုင်ခွင့်ရှိသူ အုပ်စုသားများ အတွက် ၀မ်ဟိုင်းကျေးရွာတွင် မဲပုံးထောင်မည်ဖြစ်ကြောင်း သိရသည်။


ဝမ်ဟိုင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် မဲရုံ နှစ်ရုံနှင့် ပါခီးလမ်းခွဲရှိ မူလတန်းကျောင်းတွင် မဲရုံများ ထားရှိမည်ဖြစ်ကြောင်း ကျေးသီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။


' ၀မ်ဟိုင်း အထက်တန်းကျောင်းမှာ နှစ်ရုံ ပါခီးလမ်းခွဲမှာ တစ်ရုံရှိမယ်။ ' ဟု ကျားခေါင်းပါတီ SNLD ၏ ကျေးသီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည့် စိုင်းစံမိန်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။


ဝမ်ဟိုင်းကျေးရွာအုပ်စုတွင် မဲဆန္ဒရှင် စုစုပေါင်း ၁၂၆၉ ဦးရှိသည်ဟု သိရသည်။


ကျေးသီးတမြို့နယ်လုံးတွင် မဲဆန္ဒရှင် စုစုပေါင်း ၅ သောင်း ၂ ထောင်ကျော်ရှိပြီး ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁) တွင် မဲရုံပေါင်း ၂၇ ရုံနှင့် အမှတ် (၂) တွင် မဲရုံပေါင်း ၃၇ ရုံရှိသည်ဟု သိရသည်။


မြို့အဆင့် သတ်မှတ်ထားသည့် မိုင်းနောင်မြို့မှာ ပြည်နယ်လွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်တွင် ပါဝင်ကာ ၀မ်စိမ်း ၊ ဝိန်းကောင်  မိုင်းနန်းစသည့် ကျေးရွာကြီးများ အပြင် တပ်မတော်တပ်ရင်းများလည်း ရှိနေကာ လားဟူနှင့် ပလောင်လူမျိုးများနေထိုင်သည့် ကျေးရွာများလည်း ရှိနေသည်။ ကျေးသီးအမှတ် (၁) ပြည်နယ် မဲဆန္ဒနယ်မြေတွင် SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ကျားဖြူပါတီ SNDP ၊ NLD နှင့် ပြည်ခိုင်ဖြိုးစသည့် ပါတီ လေးပါတီ ယှဉ်ပြိုင်မည်ဖြစ်ကာ အမှတ် (၂) တွင်မူ လားဟူပါတီပါ ၀င်ရောက်ယှဉ်ပြိုင်သဖြင့် စုစုပေါင်း ၅ ပါတီ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။


ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက်မူ ကျားခေါင်း ၊ ကျားဖြူ ၊ NLDနှင့် ပြည်ခိုင်ဖြိုးစသည့်ပါတီ လေးပါတီ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။




စည်းလုံးမှုအင်အားတွေ မပျောက်ပျက်ကြောင်းပြသခဲ့တဲ့ ကျေးသီးကရွေးကောက်ပွဲအကြိုမြင်ကွင်း

Posted: 20 Mar 2017 08:49 PM PDT

မိုင်းနောင်ရောက်သည်နှင့် ကျားခေါင်းပါတီလိုဂိုပါဝင်သည့် စတစ်ကာများကိုလမ်းဘေးဝဲယာ ရှိအိမ်များ တွင် ကပ်ထားသည်ကို တွေ့ရသည်။ မော်တော်ဆိုင်ကယ် ၊မော်တော်ယာဉ်အများစု တွင် ပင် ဟိန်းနေသည့် ရွှေဝါရောင် ကျားခေါင်းကနေရာယူလျက်။ ထို့အတူ အန်အယ်လ်ဒီ ၊ ပြည်ခိုင်ဖြိုးကဲ့သို့ ပြည်မပါတီများမှကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်အချို့ကလည်း ရွေးကောက်ပွဲသရုပ် သကန်လျော်ညီစွာ အားကျမခံပင်။


မိုင်းနောင်ရောက်စ ညတွင် ကျားခေါင်းပါတီSNLD ၏ ရုံးတွင် ကျင်းပသည့် စည်းရုံးဟောပြောမှုကို မြင်တွေ့ခဲ့သည်။ ညအချိန် လူသူအသွားအလာကျဲပါးသည့် မြို့ဖြစ်သော်လည်း လူဦးရေ ၃၀၀ ခန့် တက်ရောက်နားထောင်မှုမှာ မဆိုးလှဟု ဆိုနိုင်သည်။ အဓိကအားဖြင့် မဲဆန္ဒရှင် ပညာပေးလုပ်ငန်း အတွက် ရည်ရွယ်ခဲ့သည်ကို တွေ့ရသည်။ မိမိမဲထည့်မည့် လွှတ်တော်ကိုယ်စားလှယ် အနိုင်ရရှိပါက  မိမိ၏ လယ်မြေအသိမ်းခံရမှုကို ပြန်လည်ရရှိရန် ဆောင်ရွက်ပေးစေလိုကြောင်း -အမျိုးသမီး တစ်ဦးကလည်း သျှမ်းဘာသာဖြင့် ပြောဆိုသည်။


ညအိပ်ယာဝင်ချိန်တွင် မနက်စောစောသွားရမည့် ခရီးအတွက် အနည်းငယ်ရင်ခုန်ခဲ့မိသည်။ သျှမ်းပြည်သားတစ်ဦးဖြစ်သော်လည်း လဲချားဒေသကိုကျော်လွန်၍ သျှမ်းပြည်အလယ်ပိုင်းဒေသသို့ မရောက်ဖူးခဲ့။ဆွေမျိုးများရှိသော်လည်း ယခင်ခေတ်ကာလများက လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု နယ်မြေအခြေအနေစသည့် ကိစ္စရပ်များအပါဝင် စာရေးသူအဖို့ အဆက်အစပ်မရှိသကဲ့သို့ပင် ဖြစ်နေသည့် နယ်မြေများဖြစ်ပေသည်။ တကယ်တော့ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မိုင်းရှူး ၊ကျေးသီးနယ်များမှာစာရေးသူဇာတိ လွိုင်လင်ခရိုင်အတွင်းမှ နယ်မြေများသာဖြစ်ပေသည်။


အတိတ်ကာလကပြည်တွင်းစစ်ဒဏ် ၊စစ်တပ်၏ ဖြတ်လေးဖြတ်ဒဏ်တို့အပြင် သယံဇာတ အလွန်အကျွံတူးဖော်ခဲ့ပြီးနောက် ဖွံ့ဖြိုးမှု ဖြစ်မလာခဲ့သည့်မိုင်းရှူးဒေသ စသဖြင့် အမာရွတ်များက လတ်လတ်ဆတ်ဆတ်ပင်ရှိနေဆဲ။


မနက်အိပ်ယာနိုးပြီး သကာလ မျက်နှာသစ် ပစ္စည်းများသိမ်း၍ မနက်စာစားပြီးနောက် ၃၂ မိုင်ခန့်ဝေးသည့် ကျေးသီးသို့  ထွက်ခဲ့သည်။


နွေဦးကာလ ထုံးစံအတိုင်းမြူအချို့ နှင့် ဆောင်းရနံ့ မပျယ်သည့် မြင်ကွင်းများကို ကြည့်ငေး ရင်းမရောက်သေးသည့်ကျေးသီးကို စိတ်ကူးယာဉ်ပုံဖော်ကြည့်မိသည်။ ဒေသအလိုက်အကြီးအကဲ လေးဦးစုပေါင်းပြီး မြို့စားအဆင့် ဖြစ်လာခဲ့သည့်အတွက်သျှမ်းဘာသာဖြင့် ကေစီ ဟု အမည်ခေါ် တွင်ခဲ့သည့် ကျေးသီးမှာ လွတ်လပ်ရေးရပြီးခေတ်ကာလတစ်လျှောက် ယနေ့တိုင် ဖွံ့ဖြိုးမှု အရိပ်အာဝါသနှင့် ဝေးကွာခဲ့ရာဒေသအဖြစ်သာ ရှိနေသည်။


ကားလမ်းကောင်းမွန်လာမှုနှင့် တယ်လီဖုန်းဆက်သွယ်မှုရရှိသည်ဆိုရုံအဆင့်တို့ ရောက်ရှိလာခြင်းတို့ကသာနောက်ပိုင်းနှစ်များအတွင်း ပြောပလောက်စရာ တိုးတက်မှုအဖြစ်ရှိနေသည်ဟုဆိုကြသည်။ စစ်ဘေးရှောင်များ ၊ တိုက်ပွဲများကလည်း နယ်မြေဒေသအတွင်းမကြာခဏကြုံနေကြ ဖြစ်စဉ်တွေပင်။


မိုင်းနောင် ၊ ကျေးသီးလမ်းတွင်တော့အသွားအလာသိပ်ပြတ်သည်ကို မတွေ့ရ။ တောတန်း တောင် တန်းနှင့် လယ်ကွင်းများ ၊မိုင်းနန်း ၊  မိုင်းကောဝ် စသည့် ကျေးရွာများကို ကျော်ဖြတ်ခဲ့ပြီးနောက် တနာရီ စွန်းစွန်းအကြာတွင် ကျေးသီးမြို့သို့ ရောက်ခဲ့သည်။


ပန်ကေတု နှင့်မိုင်းရယ် လမ်းဆုံဖြစ်သည့် မြို့လယ် ခေါင်တွင်တော့ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနှင့်အတူ အနာဂတ်ဘဝ သာယာ လှပဖို့ အန်အယ်လ်ဒီကိုမဲပေးစို့ ဆိုသည့် ဒီချုပ်ပါတီ၏မဲဆွယ်ဆိုင်းဘုတ်ကိုတွေ့ရ တော့ တိုင်းရင်းသားဒေသများတွင် ဗိုလ်ချုပ်ရုပ်တု၊ ဗိုလ်ချုပ်တံတား ကန့်ကွက်ခံရမှု အစိုးရသစ်လက်ထက် တိုင်းရင်းသားများနှင့်အန်အယ်လ်ဒီအကြား ဆက်ဆံရေးအေးခဲလာမှုတို့အပေါ် ပြေးမြင်လိုက်သေးသည်။


ကျေးသီးရောက်သည်နှင့် ဖုန်းဘေလ်ကြည့်လိုက်တော့ အားရစရာ မရှိသည်နှင့် ဖုန်းငွေဖြည့်ကတ် တစ်ကတ်ကို လမ်းဘေးရှိစတိုးဆိုင်တစ်ဆိုင်အနီးတွင်ကားရပ်၍ ၀ယ်ခဲ့သည်။


ငွေဖြည့်ကတ်ယူပြီးနောက် မည်သည့်အတွက်ကြောင့် လမ်းပေါ်တွင် လူများကျဲပါးနေရသနည်းဟု ဆိုင်ရှင်အမျိုးသမီးဖြစ်သူအား သတင်းထောက်ပီပီ စပ်စုကြည့်ရာ ' ဒီကနေ့ကရုံးဖွင့်ရက်လည်းဖြစ် တယ်။ နောက် စတိတ်ရှိုးလည်း ရှိတော့ လူတွေကစတိတ်ရှိုးဘက်သွားနေတာနဲ့ လမ်းပေါ်မှာ အသွားအလာမတွေ့ရတာ ' ဟုဆိုင်ပိုင်ရှင်အမျိုးသမီးက ပြောသည်။


စာရေးသူကျေးသီးလာသည့် အဓိကအကြောင်းအရင်းတွင်လည်း အဆိုပါ စတိတ်ရှိုးကိစ္စပါသည်။ ၉၀ ရွေးကောက်ပွဲနှင့်၂၀၁၀ ရွေးကောက်ပွဲတို့တွင် ရှမ်းပါတီများအနိုင်ရခဲ့သည့် ကျေးသီးတွင် ရှမ်းပါတီများအခြေနေ မည်သို့ ရှိနိုင်မည်ကို ဆ ဝါးလိုသည့်ကိစ္စမှာ ကျေးသီး ခရီးစဉ်အတွက် အဓိကကျသည့်အချက်ဖြစ်သည်။


မြေညီလမ်းအတိုင်းမြို့  မြောက်ဘက် နောင်ကွန်းစေတီဘက်သို့ ထွက်ခွာလာခဲ့ရာစေတီနားမရောက်ခင် တဖာလုံခန့်အကွာ ရှမ်းဝတ်စုံများနှင့် ဒေသခံပြည်သူများကကျားခေါင်းသဏ္ဍာန်ရုပ်ပုံပါ အလုံကို ကိုင်ဆောင်၍စတိတ်ရှိုးကျင်းပမည့်နေရသို့ရှေ့ရှုနေကြသည်။


စတိတ်ရှိုးစင် ရှေ့ရောက်တော့ မနက် ၉ နာရီပင် ရှိပေရော့မည်။ ပရိတ်သတ်များတဖွဲဖွဲရောက်လာအပြီး သျှမ်းအဆိုတော်များ ရောက်နေပြီဖြစ် သော်လည်း စတိတ်ရှိုးနှင့် မဲဆွယ်စည်းရုံးအခမ်းအနားကို တော်တော်နှင့် မစနိုင်ခဲ့။ ပတ်ဝန်းကျင် ကိုကြည့် လိုက်တော့ ပွဲဈေးပမာ ဈေးသည်များလည်း ရှိနေသည်။ စတိတ်ရှိုးစင်ရှေ့ ညောင်ပင်အောက် သို့လည်း ပရိသတ်များမှာတဖွဲဖွဲရောက်လာကြပြီ။ တိုးထွက်လာသည့်နေကိုကွယ်နေသောတိမ်တို့ကင်းစင်သွားသည့် မနက် ၉ နာရီ ၅၀ ခန့်တွင် တီးဝိုင်းကစတင်တီးခတ်မှုဖြင့် ကွင်းထဲရှိ ပရိသတ်များကို စင်ရှေ့စုရုံးလာစေရန်လှုပ်နှိုးလိုက်သည်။


သျှမ်းတီးဝိုင်းဖြစ်သည့်အတွက် သျှမ်းစာမတတ်သူစာရေးသူအနေဖြင့် အနည်းငယ်စိမ်းနေသော်လည်း တီးခတ်မှုနှင့်အသုံးပြုသည့်စက်ပစ္စည်းများမှာ အဆင့်အတန်းမနိမ့်လှသည်ကို သတိပြုမိသည်။


အထူးသဖြင့် လိဒ်ဂစ်တာ တီးခတ်သူ စိုင်းသာဦး၏ တီးခတ်မှုမှာ ဆွဲဆောင်မှုရှိလှသည်ကို သတိပြု မိသည်။ စတိတ်ရှိုးအစ အဖွင့်အဖြစ် စစချင်း “ ယြှှ်ုဢဵ္မ်္လြင်း္ဂြဿ - ဒို့အင်အားတွေမပျောက်စေနဲ့”  ဆိုသည့် ရှမ်းဘာသာဖြင့် ရေးသား သီဆိုထားသည့် သီချင်းဖြင့်ပင် တေးသံရှင်များက စုပေါင်းသီဆို၍ အစီစဉ်ကို စတင်ဖွင့်လှစ်လိုက်သည်။


အစပထမပိုင်းမို့လို့လားမသိ ပရိသတ်က အနည်းငယ် တုံ့ဆိုင်းနေခဲ့သော်လည်း ဒုတိယ အလှည့်ကျ သူဖြစ်သည့် စိုင်းဖွန်းမောဝ်အလှည့်တွင်တော့ ပရိသတ်ထဲက လိုက်ဆိုသံတွေ ကြားလာရပီ။ သူက တက်သစ်စ ရှမ်းအဆိုတော် တစ်ယောက်ပင်။ ဒုတိယ ၊ တတိယ အလှည့်ကျသည့် အဆိုတော်များ သီဆိုနေချိန်အထိ နောင်ကွန်း စေတီအနီးကွင်းပြင်သို့ ပရိသတ်များ တဖွဲဖွဲလာနေဆဲပင်။


သတင်းထောက်ဖြစ်သည့် စာရေးသူလည်း ဟိုဒီစပ်စုသည့်အနေဖြင့် ပရိသတ်များအကြားတိုးဝင်ကာ ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဒေသခံများ၏ အမြင်တစ်ချို့ကို စပ်စုကြည့်မိသည်။


ပထမဆုံး မေးမြန်းဖြစ်ခဲ့သူက နန်းမိုဟွမ်ဆိုသည့် အမျိုးသမီးတစ်ဦးပင်။ ၄င်းကိုယ်တိုင်လည်း ရွေး ကောက်ပွဲအား စိတ်ဝင်စားပြီး မဲစာရင်းတွင် နာမည်ပါသည်ဟု ဆိုသည်။ ၂၀၁၀ တုန်းက ကြံ့ခိုင်ရေး ပါတီအား မဲထည့်ခဲ့ဖူးသော်လည်း ကြံ့ခိုင်ရေးအစိုးရလက်ထက် နှင့် လက်ရှိ အန်အယ်လ်ဒီ အစိုးရ လက် ထက်တွင် ဒေသတွင်းဆက်သွယ်သည့် လမ်းများသွားလာနိုင်မှုကလွှဲ၍ တိုးတက်မှု မရှိဟု ခံယူကြောင်း လည်း ပြောပြီး လာမည့်ရွေးကောက်ပွဲအတွက်မူ မည်သည့်ပါတီကို မဲပေးရန် သေချာစဉ်းစားနေသည်ဟု အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်သည့် သူမက ဆိုသည်။


နောက်နှစ်ဦးကတော့ ဟိုခိုရပ်ကွက်မှ ပါမီးနှင့် ပါမီးငယ် ဆိုသည့် အမျိုးသမီးနှစ်ဦး ပင်။


“ ၂၀၁၀ တုန်းကတော့ ကျားဖြူထည့်တယ်။ အခုလည်း မဲထည့်ဖြစ်မယ်။ ဒေသတွင်းမှာ ဆန်ဈေးကြီး တယ်။ အလုပ်အကိုင်နည်းတယ်။ ပြောင်းဈေးကျတာတွေဖြစ်တော့ တောင်သူတွေရှုံးတယ်။ တောင်သူ တွေအဆင်မပြေဘူး။ ဒါက အန်အယ်လ်ဒီ အစိုးရသစ်လက်ထက်မှာကို ဖြစ်နေတာ၊ မဲထည့်ဖို့တော့ ဘယ်ပါတီကိုထည့်မယ်ဆိုတာ သေချာစဉ်းစားရမယ်”  ဟု ပါမီးငယ်က ဖျော်ဖြေမှုခေတ္တ ရပ်နားနေပြီး ကျားခေါင်းပါတီ ကိုယ်စားလှယ်လောင်းများမှ ဟောပြောနေချိန်တွင်  စာရေးသူအား ပြောပြသည်။


သျှမ်းအမျိုးသမီးနှစ်ဦးနောက်ဆုံးမဲထည့်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကော ၉၀ ရွေးကောက်ပွဲမှာပါ ကျေးသီးဒေသတွင် သျှမ်းပါတီများသာ အနိုင်ရခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျားခေါင်းပါတီ အနိုင်ရခဲ့ပြီး ၂၀၁၀ တွင်မူ ( ပါတီခေါင်းဆောင်များအဖမ်းခံနေရသဖြင့်) ကျားခေါင်းပါတီက  နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ထားခြင်းမရှိချိန်တွင် ကျားဖြူပါတီက အနိုင်ရခဲ့သည်။ သို့သော်လာမည့် ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကတော့ မပြောတတ်သေး။


သို့သော် အဆိုပါ အမျိုးသမီးနှစ်ဦးအား အင်တာဗျူးပြီးချိန်တွင်ပင် မြို့ပေါ်အိမ်ခြေ ၈၀၀ ခန့်သာ ရှိသည့်ကျေးသီးတွင် လူဦးရေ ၅၀၀၀ ခန့်မှာ စတိတ်ရှိုးရှေ့တွင် ရောက်နေကာ ကျားခေါင်းပါတီ အလံ ကိုင်ပြီး ဝှေ့ရမ်းသူ ဝှေ့ရမ်း ၊ သီချင်းသံပြိုင်လိုက်ဆိုသူလိုက်ဆို ၊ မျက်နှာတွင် ကျားခေါင်းပါတီ စတစ်ကာများကပ်ထားသူတို့ဖြင့် အမြောက်အမြားရှိနေသည်ကို သတိပြုမိသည်။


တီးဝိုင်းဖြစ်သည့် ပါဝါ3 Music Band ၏ ဟန်ချက်ညီတီးခတ်မှုနှင့်အတူ နာမည်ကျော် သျှမ်းအဆိုတော်များဖြစ်သည့် စိုင်းအောင်ထီးခမ်း ၊ စိုင်းဆိုင်ဖွန် ၊ စိုင်းလိတ် ၊ စိုင်းဆိုင်စွမ်ဖှတို့ ဖျော်ဖြေချိန်တွင်မူ ပရိသတ်များ၏  အားပေးမှုများမှာ ကြောက်ခမန်းလိလိပင်။


သီချင်းနာမည်ကို စာရေးသူမေ့နေသော်လည်း မြန်မာဘာသာဖြင့် “ သျှမ်းဝတ်စုံတွေဝတ်ရတာ မရှက်ဖို့ ” ဆိုသည့် အဓိပ္ပာယ်ပါ စာသားပါသည့်  အစ်ကိုဖြစ်သူ စိုင်းထီးဆိုင်၏ သီချင်းအား ညီဖြစ်သူ စိုင်းအောင်ထီးခမ်းက ပြန်လည်သီဆိုလိုက်သည်မှာ ကွယ်လွန်ခဲ့ပြီဖြစ်သည့် ဂန္တဝင်အဆိုတော်ကိုပင် ပြန်ပြောင်းသတိရစရာပင်။ အမျိုးသားရေးအရလည်း အသိသတိရှိရန် သတိပေးသည့် သီချင်း လည်းဖြစ် ပေသည်။ ဒေသတွင်းအရေး တိုင်းရင်းသားအရေးအတွက် အမှန်တကယ် ဆောင်ရွက် နိုင်မည့် ကျားခေါင်းပါတီကို မဲပေးကြရန်လည်း၎င်းက တိုက်တွန်းခဲ့သည်။


'ကျွန်တော်တို့ရှမ်းပြည်အခြေနေက နှစ်ပေါင်းများစွာ စစ်ပွဲတွေ ပဋိပက္ခတွေနဲ့ အတူ ဖွံ့ဖြိုးမှု နိမ့်ကျ တယ်။ စစ်ရေးအရ ဖြေရှင်းကြတာတွေက ပြည်သူတွေအတွက် နစ်နာတယ်ဗျ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့အမြဲဆော်သြတိုက်တွန်း လုပ်ကိုင်နေတဲ့ ပါတီဟာ ကျားခေါင်းပါတီ SNLD ဖြစ်တယ်။ ဒေသတွင်းမှာ အစဉ်အလာအရကောပေါ့။ ဒါကြောင့် ကျားခေါင်းပါတီကိုမဲပေးဖို့ တိုက်တွန်းရတာပါ။ ' ဟု စိုင်းအောင်ထီးခမ်းက လည်း စာရေးသူအား ပြောပြသည်။


လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းစံမိန်း ကတော့ ပင်လုံမူကို ကိုင်စွဲသည့်ကျားခေါင်းပါတီကို ယုံယုံကြည်ကြည်မဲထည့်ရန် တိုက်တွန်း ပြောဆိုသည်။


စည်းရုံးဟောပြောသီဆိုဖျော်ဖြေမှုကို လာရောက်ကြည့်ရှုနားထောင်ခဲ့သည့် စိုင်းသက်လှိုင် ကမူ ကျား ခေါင်းပါတီမှာ လူထုအားပေးမှုများသည့်ပါတီဖြစ်ပြီး ၄င်းကိုယ်တိုင်လည်း ရှမ်းပါတီကိုပင်မဲထည့်မည်ဟု ကလေးချီလျက်ပင် စာရေးသူ၏ မေးမြန်းမှုကို စိတ်ဝင်တစားဖြေဆိုသည်။


စည်းရုံးဟောပြောမှုနှင့်အတူ တေးဂီတ ဖျော်ဖြေတင်ဆက်မှုပါ ပါဝင်ခဲ့သည့်အတွက် ပရိသတ်များ သည်ဟု ထင်မှတ်စရာရှိသော်လည်း ကျားခေါင်းပါတီခေါင်းဆောင်ဖြစ်သည့် ဦးခွန်ထွန်းဦး စည်းရုံးရေးမလာနိုင်သည့်အပေါ်တွင်လည်း မချင့်မရဲဖြစ်နေသူတွေလည်း ရှိနေခဲ့သည်။တစ်ချို့ကလည်း တေးဂီတ ဖျော်ဖြေပွဲ ကြီးကြီးမားမား မရှိခဲ့သည့်ကျေးသီးတွင် လာရောက်ဖျော်ဖြေမှုအပေါ် ၀မ်းသာမဆုံးဖြစ်နေကြသည်။


ဝါရင့် သျှမ်းတေးရေးသမားဖြစ်သည့် စိုင်းလောဝ်ဆိုင်၏ ဖျော်ဖြေမှုတွင် ညီဖြစ်သူ စိုင်းဆိုင်မောဝ် ၏သီချင်းများကို သီဆိုခဲ့ပြီး ၄င်းကိုယ်တိုင်ရေးသားခဲ့သည့် ကျော်ကြားခဲ့သော သျှမ်းတေးသီချင်းများကို ဖျော်ဖြေခဲ့ရာ သံပြိုင်သီဆိုသံများမှာ ရပ်ကွက် ၆ ရပ်ကွက်ရှိသည့် ကျေးသီးတမြို့လုံးအား လွှမ်းခြုံခဲ့ သည့် အလားပင်။ လူငယ်တစ်ယောက်အလား မမောနိုင်မပန်းနိုင် သီဆိုနေမှုမှာ အသက်ကြီးပေမယ့် မပျက်စီးသေးသလိုပင်။


နန်းလောဝ်ဟွမ်နွမ်း ၊ ယိင်းယိင်းခေး စသည့် အမျိုးသမီးအဆိုတော်များအလှည့်တွင်လည်း ပရိသတ်များက သံပြိုင်သီဆို ကခုန်အားပေးကြသည်ကိုတွေ့ရသည်။


ထူးခြားမှုမှာယနေ့ ဖျော်ဖြေခဲ့သည့် အဆိုတော်တိုင်းက ကျားခေါင်းပါတီအား မဲပေးရန်တိုက်တွန်းခဲ့ခြင်းပင်။


နောက်ဆုံးအပိတ် သီချင်းမရောက်မှီ စိုင်းဆိုင်စွမ်ဖှက ဖျော်ဖြေခဲ့ပြီး အမျိုးသားရေးစိတ်ဓါတ် တက်ကြွစေသည့် သီချင်းဖြစ်သည့် သူဌေးဖြစ်ဖို့ နိဗ္ဗာန်သွားဖို့ထက် အမျိုးသားရေးကပိုပြီး တာဝန်ရှိတဲ့အတွက် အမျိုးသားရေးကိုပဲလုပ်ဖို့ ဦးတည်ဦးမယ် ဆိုတဲ့ သီချင်းစာသားပါ သီချင်းအလှည့်မှာတော့ ပရိသတ်အားလုံး တက်တက်ကြွကြွပင်လိုက်ပါသီဆိုခဲ့သည်ကို တွေ့ရသည်။


အပိတ်သီချင်းကတော့ အုပ်စုလိုက်သီဆိုမှုအဖြစ် ကျားခေါင်းပါတီမဲဆွယ်သီချင်းဖြစ်သည့် “ယြှှ်ုဢဵ္မ်္လြင်း္ဂြဿ - ယာဟိုင်အိန်ဟျန်းဟိုင်”   သီချင်းကို သီဆိုချိန်တွင်တော့ အခမ်းနားစတင်ခဲ့ချိန်က သီဆိုမှုလို မဟုတ်တော့။


ပရိသတ်များကလည်း အချိန်တိုအတွင်းမှာပင် အဆိုပါသီချင်းကိုသံပြိုင်လိုက်ဆိုနိုင်ခဲ့သည်။ “ယြှှ်ုဢဵ္မ်္လြင်း္ဂြဿ - ယာဟိုင်အိန်ဟျန်းဟိုင်” ၏ မြန်မာလိုအဓိပ္ပာယ်ဖြစ်သည့် တို့စည်းလုံးမှု အင်အားတွေ မပျောက်စေနဲ့ ဆိုသည့် ကိစ္စရပ်အပေါ်  မိုးဖွဲဖွဲကျနေသည့် အပြန်လမ်းတစ်လျှောက် တွေးတော စဉ်းစားနေမိပါတော့သည်။


သျှမ်းသံတော်ဆင့်

unread,
Mar 22, 2017, 5:01:11 PM3/22/17
to thuau...@gmail.com

ရွေးကောက်ပွဲ မနိုင်နိုင်သောကြောင့် လက်နက်ကိုင်များအား ဖိအားပေးသည်ဟု NLD စွပ်စွဲခြင်းဖြစ်ကြောင်း SSPP/SSA ပြော

Posted: 22 Mar 2017 07:51 AM PDT

NLD ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် သျှမ်းပြည်အလယ်ပိုင်း မဲဆန္ဒနယ်များတွင် အနိုင်ရနိုင်ခြေ မရှိသဖြင့် လက်နက်ကိုင်များအနေဖြင့် မဲဆွယ်စည်းရုံးမှုကို ဖိအားပေးသည်ဟု စွပ်စွဲနေခြင်းဖြစ်သည်ဟု SSPP/SSA တာဝန်ရှိသူက ပြောဆိုသည်။

Photo: သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဆု
' ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲကို ဖျက်လို ဖျက်ဆီးလုပ်လိုခြင်း မရှိသလို ဘက်လိုက်လိုခြင်းလဲ မရှိဘူး။ ဒါကြောင့် ပါတီအားလုံး လွတ်လွတ်လပ်လပ် မဲဆွယ်နိုင်တယ်ဆိုပြီး ကြေငြာချက်ထုတ်ထားတယ်။ လက်နက် ကိုင်တွေမပါပဲ လွတ်လွတ်လပ်လပ် မဲဆွယ်နိုင်တယ် ရွေးကောက်ပွဲလုပ်နိုင်တယ်ပြောပြီးသားပဲ။ အခုက သျှမ်းတိုင်းရင်းသားနယ်မြေတွေမှာ မနိုင်နိုင်လို့ ရွေးကောက်ပွဲ မဲရုံတွေ ပယ်ဖျက်ဖို့ တင်ပြမှုဖြစ်တယ်လို့ မှတ်ချက်ပြုလိုတယ်။ ' ဟု သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဆုက သျှမ်းသံတော်ဆင့်သို့ မတ်လ ၂၂ ရက်နေ့တွင် ပြောသည်။


မိုင်းရှူးမဲဆန္ဒနယ်အတွင်းရှိ ကျေးရွာအုပ်စု အချို့မှ မဲရုံးများအား ရွေးကောက်ပွဲ ကျင်းပမှုမှ ပယ်ဖျက်ပေးရန် NLD ပါတီ ကိုယ်စားလှယ်လောင်းများမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြတောင်းဆို ထားခြင်းဖြစ်သည်။ တင်ပြမှုတွင် လက်နက်ကိုင်များမှ ကန့်သတ်မှုရှိနေသဖြင့်ဟု အကြောင်းပြထားသည်။


NLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးကျော်ခင်ကမူ ကန့်ကွက်ထားသည့် ကျေးရွာများဖြစ်သည့် ကွန်ကျောင်း ၊ မော်မယ့် စသည့် ကျေးရွာများတွင် လက်နက်ကိုင် အဖွဲ့ဝင်များမှ တားဆီးမှုများ ရှိခဲ့ပြီး SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ အလာခံသည်ဟု သျှမ်းသံ တော်ဆင့်သို့ ပြောဆိုထားသည်။ ၄င်းကိုယ်တိုင် မဲဆွယ်စည်းရုံးမှုများကို အားရသည်ဆိုထား သော်လည်း သျှမ်းတိုင်းရင်းသားများ အများစုနေထိုင်သည့် နယ်မြေများတွင် မဲဆွယ်ရာ၌ သျှမ်းစကားအသုံးပြုခြင်းမရှိပဲ သျှမ်းဘာသာဖြင့် ရေးသားထားသည့် လက်ကမ်းစာစောင်များကို အသုံးပြုကြောင်း ဆိုသည်။


"ကျနော်တို့ ၀မ်ဟိုင်းဌာနချုပ်မှာတောင် လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့်ပြုထားတာပဲ ၀မ်ဟိုင်းဌာနချုပ်မှာ မဲရုံ နှစ်ရုံ ပါခီးလမ်းခွဲမှာ မဲရုံ ၁ ရုံ ရှိတာပဲ အကုန်လုံးက ကျေးသီး မြို့နယ်ထဲမှာ ဘာအသံမှ မကြားရဘူး။ အခု မိုင်းရှူးကျမှပဲ။ ၂၀၁၀ တုန်းကလည်း ရွေးကောက်ပွဲကို ၀မ်ဟိုင်းဌာနချုပ်မှာ ပေးလုပ်ခဲ့ဖူးတယ်။ " ဟု ၀မ်ဟိုင်းဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးစိုင်းဆုက ပြောသည်။


တောင်ကြီးမြို့ခံ နိုင်ငံရေး လေ့လာသူဖြစ်သည့် ကိုမိုးကမူ " အခု မြင်တွေ့နေရတာ သျှမ်းပြည်အလယ်ပိုင်း အထူးသဖြင့် မိုင်းရှူးမှာ ပြိုင်တဲ့ NLD တွေအနေနဲ့ ဗမာရွှေ့ပြောင်းအချို့အဲဒီနယ်မြေမှာ ရှိပေမဲ့ အများစုက သျှမ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသဖြစ်တဲ့အတွက် ရွာတွေရောက်ရင် NLD ကိုယ်စားလှယ်တွေက သျှမ်းစကားမပြောတတ်တော့ အခက်တွေ့နေပုံပဲ။ သျှမ်းစကားမတတ် သျှမ်းစကားနဲ့ မဟောပြောရင် ဘယ်သူမှ ထွက်ကြည့်မှာ မဟုတ်ဘူး။ " ဟု သုံးသပ်သည်။


လတ်တလောကာလအတွင်းမှာပင် သျှမ်းတိုင်းရင်းသားပါတီဖြစ်သည့် ကျားခေါင်းပါတီ၏ ကျေးသီး ၊ မိုင်းနောင် ၊ မိုင်းရှူးမဲဆွယ် စည်းရုံးမှုများအတွင်း ဒေသခံ ပြည်သူများမှ သောင်းသောင်းဖျဖျ ပါဝင်မှုများရှိနေသည်။


ကျေးသီးမိုင်းရှူးမဲဆန္ဒနယ်များအရေးနှင့် ပတ်သက်ပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မတ်လ ၂၂ နှင့် ၂၃ ရက်နေ့တို့တွင် မိုင်းရှူး ၊ ကျေးသီးမြို့နယ်များတွင် ဆွေးနွေးကြမည်ဖြစ်သည်။


မိုင်းရှူးရွေးကောက်ပွဲ NLD ကိုယ်စားလှယ် ဘယ်လိုမြင်သလဲ

Posted: 22 Mar 2017 07:44 AM PDT

မိုင်းရှူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲမှာ  ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် သျှမ်းပါတီကြီး ၂ ခုအပြင်  ပြည်မက ပါတီကြီးတွေဖြစ်တဲ့ NLD နဲ့ ပြည်ခိုင်ဖြိုးပါတီတို့လည်း ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အထူးသဖြင့် အာဏာရ NLD ဆိုရင် ပါတီရဲ့ ပြည်နယ်အဆင့် ဗဟိုအလုပ်အမှုဆောင် ဦးကျော်ခင်ကိုယ်တိုင် လာပြိုင်နေတာဖြစ်ပြီး ပြည်မက လာပြိုင်တဲ့ ပါတီနှစ်ခုစလုံးက လုံခြုံရေးအကြောင်းပြချက်နဲ့ ကျေးရွာအချို့က မဲရုံတွေကို ဖျက်သိမ်းပေးဖို့ တင်ပြထားပါတယ်။ NLD ပါတီကိုယ်စားလှယ်လောင်း ဦးကျော်ခင်ရဲ့ အမြင်ကို သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းအောင်ဆိုင်းက တွေ့ဆုံမေးမြန်း စုစည်းတင်ပြထားပါတယ်။

Photo: ပြည်နယ် အမှတ် (၁) မဲဆန္ဒနယ် NLD ကိုယ်စားလှယ်လောင်း ဦးကျော်ခင်
မေး။   ။ စည်းရုံးရေးဆင်းနေတာ ကြာပြီဆိုတော့ စည်းရုံးရေးအခြေနေ ဘယ်လိုရှိပါသလဲ။


ဖြေ။ ။ အားရ ကျေနပ်စရာကောင်းပါတယ်။


မေး။ ။ ဒေသခံတွေအနေနဲ့ စည်းရုံးရေးဆင်းတဲ့အခါ လှိုက်လှိုက်လှဲလှဲရှိကြပါသလား။


ဖြေ။ ။ သူတို့အနေနဲ့ ရွာချင်းဆက်လမ်း ၊ ဆေးရုံ ၊ ကျောင်း ၊ လျှပ်စစ်မီးရဖို့ ဆိုတဲ့ ကိစ္စတွေအဓိက တင်ပြတယ်။ သျှမ်းစကားနဲ့ ပြောဆို မဲဆွယ်တာ မဟုတ်ပေမဲ့ ကျနော်တို့ရွာတွေကို ရောက်ရင် သူတို့လာကြတာပဲ။ မူဝါဒကတော့ ပါတီရဲ့ မူဝါဒတွေကို ရှင်းလင်း ပြောပြရတာပေါ့လေ။ ဖွံ့ဖြိုးရေးအဓိက လုပ်မယ်လို့ ပြောတယ်။ ခြုံပြောရရင် NLD အခြေနေကောင်းနိုင်ပါတယ်။


မေး။ ။အခြေနေကောင်းနိုင်တယ်ဆိုတယ်။ ဘာကြောင့် NLD ပါတီကနေ မဲရုံအချို့ကို ပယ်ဖျက်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေရပါသလဲ။


ဖြေ။ ။ ဒါက ဒီလိုပါ။ ကျနော်ဝင်ပြိုင်မဲ့ အမှတ် (၁) မဲဆန္ဒနယ်ဘက်တော့ သွားရေးလာရေးခက်တဲ့ ဟိုပူဘက်က တောင်ပေါ်ရွာအချို့ကလွှဲလို့ ကျန်တဲ့နေရာတော်တော်များများရောက်ပြီးပြီ။ အခြေနေကောင်း တယ်လို့ ပြောလို့ရတယ်။ အဲဒီဘက်မှာက လားလမ်း ဆိုင်ကယ်လမ်းတွေပဲရှိတယ်။ မိုင်းရှူးတောင်ပေါ်မှာ ဆိုရင်လည်း ဗမာတွေများတယ်။ ကျနော်မဲရမယ်။ အမှတ် (၃) ရပ်ကွက်လောက်ပဲ ကျနော့်နယ်မြေထဲအားစိုက်ရနိုင်တယ်။ မိုင်းစံမြို့တို့ဆိုလည်း ကျနော့်နယ်မြေထဲပါပေမဲ့ အခြေနေကောင်းတယ်။ ကျနော်တို့က စည်းရုံးရေးဆင်းရင် တပ်တို့ ရဲတို့မလိုဘူး။ အဆက်သွယ်လည်း မရှိပါဘူး။ USDP က ကိုယ်စားလှယ်လောင်းက ကျနော့်နယ်မြေမှာ ပြိုင်မဲ့ ကိုယ်စားလှယ်က ဆုံးသွားတော့ အဓိက ပြိုင်ဘက်က SNLD ပါတီဖြစ်မယ်။ အခုဖြစ်တာက ပြည်နယ် (၂) ဘက်မှာဖြစ်တယ်။ ကွန်ကျောင်း ဆိုတဲ့ဘက်မှာ ကျနော်ကိုယ်တိုင် အဲဒီ ရွာမတိုင်ခင်နားက ရွာကို ရောက်ခဲ့တယ်။ ရှေ့ဆက်သွားလို့ မရခဲ့ဘူး။ ကျနော်တို့ ပါတီတွေနဲ့ ကော်မရှင် အစည်းအဝေးမှာ ဘာသဘောတူထားတာရှိသလဲဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေက ဖိအားပေးမဲထည့်ခိုင်းမယ်ဆိုရင် အဲဒီမဲတွေကို ရေတွက်မှာ မဟုတ်ဘူးဆိုတဲ့ သဘောတူညီချက်ရှိတယ်။ ကျနော်အဲဒီဘက်ကို ရောက်ခဲ့တော့ သူတို့က SNLD ပါတီကိုပဲ လက်ခံတယ်လို့ ဆိုတော့ အချက် ၂ ချက်လောက်နဲ့ ညှိစွန်းတယ်ပေါ့ဗျာ။


မေး။ ။ ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ကော ဘာတွေ အခက်တွေ့ရတာရှိသလဲ။


ဖြေ။ ။ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ကတော့ ကျနော့်မှာ အတွေ့အကြုံ အများကြီးရှိတော့ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကောင်းကောင်းနားလည်ပါတယ်။ ဒေသခံတွေကလည်း ကူညီကြတယ်။ သျှမ်းစကားနဲ့ ပြောဆိုစည်းရုံးတာ မရှိပေမဲ့ လက်ကမ်းစာစောင်တွေမှာတော့ သျှမ်းဘာသာနဲ့ ရေးသားထားတဲ့ စာစောင်တွေဝေတယ်။


မေး။ ။ မဲဆန္ဒရှင်တွေကို မီဒီယာက တဆင့်ဘာများ ပြောချင်ပါသလဲ။


ဖြေ။ ။ ဒေသခံဖွံ့ဖြို ရေးက မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်။ အခြေခံအဆောက်အုံတွေကောင်းမွန် အောင် လုပ်ပေးမယ်လို့ ကတိပေးလိုပါတယ်။


** NLD ပါတီအနေနဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဦးဝင်းနိုင်က ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်နယ်လွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်မှာတော့နန်းစင့်ခမ်းက ၀င်ရောက်ယှဉ်ပြိုင်မှာပါ။

'NLDကို မဲထည့်ဖို့ဆိုတာ ဒေသခံတွေအတွက် တော်တော်လေးကို စဉ်းစားရမဲ့ ကိစ္စဖြစ်ပါတယ်'

Posted: 22 Mar 2017 07:29 AM PDT

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမဲ့ မဲဆန္ဒနယ်တွေထဲမှာ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်လည်း ပါဝင်ပါတယ်။ ပြည်သူ့လွှတ်တော် ( ၁) နေရာ ၊ ပြည်နယ်လွှတ်တော် (၂) နေရာ ရှိတဲ့ မိုင်းရှူးမဲဆန္ဒနယ်ဟာ ဒေသခံ တိုင်းရင်းသားတွေအပြင် တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ မိုင်းရှူးကျောက်မျက်ရတနာ လုပ်ကွက်တွေကြောင့် ဗမာအပါဝင် တခြားရွှေ့ပြောင်းအခြေချနေထိုင်သူတွေလည်း ရှိနေတဲ့ ဒေသဖြစ်ပါတယ်။ အာဏာရ NLDပါတီကလည်း ဗဟိုအလုပ်အမှုဆောင်ကိုယ်တိုင်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အစဉ်အလာအရ သျှမ်းတိုင်းရင်းသားပါတီနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ခြေတွေလည်း မြင်နေရပါတယ်။ လတ်တစ်လောမှာကိုပဲ သျှမ်းတိုင်းရင်းသား ကျေးရွာအချို့က မဲရုံတွေကို ရွှေ့ဆိုင်းပေးဖို့ NLD ဘက်က တင်ပြထားခဲ့ပါတယ်။ မိုင်းရှူးရွေးကောက်ပွဲ အကြို အခြေနေတွေနဲ့ ဒေသခံတွေရဲ့ အမြင်တွေကို မိုင်းရှူးရောက်နေတဲ့ သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းအောင်ဆိုင်းက စုစည်းတင်ပြထားပါတယ်။


ဦးစိုင်းစိန်မြင့် ( မိုင်းရှူး ရပ်ကွက် ၁  ဒေသခံ )


ဒေသခံပြည်သူတွေအကြားမှာတော့ တိုင်းရင်းသား ပြည်မသားဆိုပြီး စိတ်တွေ မရှိကြဘူး။ ပြိုင်ဆိုင်မှု ပြင်းထန်နေတာ ပါတီတွေပဲရှိတယ်။ အဓိက ပြဿနာတွေဖြစ်နေတာလည်း ပါတီကြီးတွေကြောင့်ဖြစ်ပါတယ်။ ပါတီကြီးတွေဆိုတာ ပြည်မက လာပြိုင်တဲ့ NLD၊ ပြည်ခိုင်ဖြိုးတို့ပေါ့ ။ ကျန်တာက သိတဲ့အတိုင်း ပါတီငယ်တွေဖြစ်တဲ့ ကျားခေါင်း SNLD ၊ SNDP ကျားဖြူ ၊ ၀ ပါတီတွေပဲ ပြိုင်မှာလေ။ မဟာမိတ်လည်းဆိုခဲ့သေးတယ် ပါတီကြီးအနေနဲ့ ပါတီငယ်တွေကို သြဇာသုံးပြီး ဖိအားပေးတာမျိုး မဖြစ်စေချင်ဘူး။ အခုလုံခြုံရေးအကြောင်းပြတယ်ဆိုပေမဲ့ SSPP/SSA ကလည်း သူ့နယ်မြေထဲ မဲဆွယ်နိုင်ကြောင်း ကြေငြာချက်ထုတ်ပြီးသားပဲ။ ကျနော်က မဲစာရင်းပါတယ်။ လာမဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲထည့်မယ်။ ရွေးကောက်ပွဲကို အေးအေးချမ်းချမ်းပဲ ပြီးသွားစေချင်တယ်။ ပြည်သူတွေအကြားအားပြိုင်မှုမရှိဘူး။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အာရုံစိုက်စေချင်တယ်။ လူ့အခွင့်ရေးဆုံးရှူံးမှု မရှိအောင် ပညာရေး ကျန်းမာရေး ကိစ္စတွေ အပါဝင်ပေါ့လေ။  ပညာရေးဆိုရင် ဆရာဆရာမ အရေအတွက်တိုးလာပေမဲ့ သင်ကြားပုံနည်းစနစ်က အခက်အခဲတွေ့စရာဖြစ်တယ်။ အထူးသဖြင့် ဒေသခံအများစုက တိုင်းရင်းသားတွေဖြစ်တော့ မြန်မာဘာသာနဲ့ ချက်ခြင်းသင်တော့ အခက်အခဲရှိတယ်။ တိုင်းရင်းသားဘာသာ အခြေပြုသင်ကြားမှုတွေကို အစားထိုးစေချင်တယ်။ ဒေသတွင်းမှာက ငြိမ်းချမ်းဖို့လိုတယ်။ ငြိမ်းချမ်းဖို့ ဆိုတာကလည်း အပစ်ရပ်စဲပြီးမှ နိုင်ငံရေး ဆွေးနွေး ငြိမ်းချမ်းရေးပေါ့။ အပစ်ရပ်စဲမှု မလုပ်နိုင်သေးရင်လည်း ဘာကြောင့်မလုပ်နိုင်ရသေးသလဲဆိုတာ တာဝန်ရှိသူတွေက ပြန်စဉ်းစားသင့်တယ်။ ငြိမ်းချမ်းရေးမရှိရင် စီးပွားရေး တိုးတက်မှု နှောင့်နှေးမှာပေါ့။ ရွေးချယ်ခံကိုယ်စားလှယ်အနေနဲ့ ပြည်သူ့အသံ ထင်ဟပ်အောင် လုပ်ပေးစေချင်တယ်။


ဦးဝင်းမြင့် ( ဗမာလူမျိုး ရပ်ကွက် ၁ ထော်လဂျီမောင်း )


ကိုယ့်အခွင့်အရေးကို လက်လွတ်ဆုံးရှုံးမခံတဲ့အနေနဲ့ မဲသွားပေးပါမယ်။ ဒေသအတွက် ဖွံ့ဖြိုးဖို့ လုပ်ကိုင်စေချင်တယ် အရွေးခံရတဲ့ ကိုယ်စားလှယ်အနေနဲ့ပေါ့လေ။


နန်းခမ်းစိန် ( မှီခို ရပ်ကွက် ၂ )


အရင် ၂၀၁၀ တုန်းကလည်း မဲထည့်ခဲ့တယ်။ အရင် လွှတ်တော်သက်တမ်းတုန်းက ကိုယ်စားလှယ်တွေက ထင်သလောက် မဖြစ်ဘူး။ မဲထည့်မယ်လာမဲ့ ရွေးကောက်ပွဲကို ။ ဒီမှာ ကြားမိသလောက် လူပြောများတာ ကျားခေါင်းပါတီပဲ။ ဒေသတွင်းပါတီဆိုတော့ လူတွေ စိတ်ဝင်စားတယ်။ လှုပ်ရှားမှုက သူတို့ပါတီက များတယ်။ ကျမတို့မြို့ရွာမှာ လိုအပ်ချက်ကတော့ အများကြီးပဲ။ ငြိမ်းချမ်းရေးလိုကိစ္စမျိုး အကြီးကြီးတောင်မဟုတ်ဘူး။ လူထုနဲ့ နီးစပ်တဲ့ ပညာရေး ၊ ကျန်းမာရေးလိုကိစ္စတွေကို အတတ်နိုင်ဆုံး တိုးတက်အောင်လုပ်ပေးစေချင်တယ်။


ဦးအိုက်အဲ့ ( ဈေးရောင်း မိုင်းရှူးမြို့ခံ )


၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျားခေါင်းပါတီကိုမဲထည့်တယ်။ ၂၀၁၀ တုန်းက ကျားဖြူပါတီကို မဲထည့်ခဲ့တယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတုန်းက ကိုယ်စားလှယ်တွေကို သိပ်ပြီးအားရ ကျေနပ်မှု မရှိခဲ့ဘူး။   ဒေသတွင်း အခြေနေကိုကြည့်ရင် အခု အစိုးရသစ်လက်ထက်မှာတောင် အားရစရာ အခြေနေမရှိဘူး။ တောင်သူတွေက ပြောင်းဈေးကျ သီးနှံဈေးကျနဲ့ ဒုက္ခရောက်တဲ့အပြင် အစိုးရကလည်း အရေးပေါ် သီးနှံဝယ်ပေးတဲ့ အစီအစဉ်တွေမရှိဘူး။ ပြောင်းဆိုရင် တရုတ်ဘက်ကိုပဲ ပို့ရတာ။ တရုတ်ဘက်ပို့တဲ့ လမ်းတွေမှာလည်း တိုက်ပွဲတွေဖြစ်တယ်။ NLD ကို မဲထည့်ဖို့ဆိုတာ ဒေသခံတွေအတွက် တော်တော်လေးကို စဉ်းစားရမဲ့ ကိစ္စဖြစ်ပါတယ်။ အရင်အစိုးရ လက်ထက်တွေကတည်းက ရှိခဲ့တဲ့ ဒုစရိုက်မှုတွေ မူးယစ်ကိစ္စတွေက အစိုးရသစ်လက်ထက်မှာလည်း ရှိနေဆဲပဲ။ NLDသာတက်လာသာ မူးယစ်ဆေးဝါးပြဿနာတွေလည်း မရှင်းနိုင်သေးဘူး။ အရင်တုန်းက မိုင်းရှူးကျောက်က နာမည်ကြီးခဲ့ပေမဲ့ ဒေသခံဆိုတာက ဒေသခံ ဆိုတဲ့ အတိုင်းပါပဲ။ လယ်ပျက်တယ်။ ယာပျက်တယ် အသိမ်းခံရတယ်။ ကြားထဲ မူးယစ်သားကောင်ဖြစ်ကျန်ခဲ့တာပဲ အဖတ်တင်တယ်။ အများစုက ခရိုနီတွေ လာယူသွားတယ်။ လျှပ်စစ်မီးတောင် ဒီနှစ်ကမှရတယ်။


ငြိမ်းချမ်းရေးရဖို့ အရေးကြီးသလို လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြည်သူ့အသံ ထင်ဟပ်အောင်ကြိုးစားဖို့လိုတယ်။ ကျားခေါင်းပါတီကို ဒေသခံတွေက အားပေးကြတာများတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မိုင်းနောင်မြို့နယ်ခွဲတွင် နာမည်ကြီးအဆိုတော်များ ဂီတဖျော်ဖြေပွဲကျင်းပ

Posted: 22 Mar 2017 12:15 AM PDT

လာမည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် SNLD ပါတီက စည်းရုံးရေးလှုပ်ရှားမှုအဖြစ် နာမည်ကျော် သျှမ်းအဆိုတော်များ၏ မဲဆွယ်စည်းရုံးဖျော်ဖြေမှုကို မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက မိုင်းနောင်မြို့တွင် ကျင်းပခဲ့သည်။


ကျေးသီးမြို့နယ် မဲဆန္ဒနယ်အတွက် ပြည်နယ် အမှတ် (၂) လွှတ်တော်မဲဆန္ဒနယ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့အတွက် မိုင်းနောင်ဒေသခံများမှ မဲပေးရွေးချယ်ရမည်ဖြစ်သောကြောင့် နာမည်ကျော် သျှမ်းအဆိုတော်များအနေဖြင့် မိုင်းနောင်တွင် လာရောက်ဖျော်ဖြေခဲ့ခြင်းဖြစ် သည်။


ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မိုင်းနောင်မြို့နယ်ခွဲတွင် နာမည်ကြီးအဆိုတော်များ ဂီတဖျော်ဖြေပွဲကျင်းပ

Posted: 22 Mar 2017 12:12 AM PDT

လာမည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် SNLD ပါတီက စည်းရုံးရေးလှုပ်ရှားမှုအဖြစ် နာမည်ကျော် သျှမ်းအဆိုတော်များ၏ မဲဆွယ်စည်းရုံးဖျော်ဖြေမှုကို မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက မိုင်းနောင်မြို့တွင် ကျင်းပခဲ့သည်။


ကျေးသီးမြို့နယ် မဲဆန္ဒနယ်အတွက် ပြည်နယ် အမှတ် (၂) လွှတ်တော်မဲဆန္ဒနယ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့အတွက် မိုင်းနောင်ဒေသခံများမှ မဲပေးရွေးချယ်ရမည်ဖြစ်သောကြောင့် နာမည်ကျော် သျှမ်းအဆိုတော်များအနေဖြင့် မိုင်းနောင်တွင် လာရောက်ဖျော်ဖြေခဲ့ခြင်းဖြစ် သည်။


မနက် ၉ နာရီအချိန် မိုင်းနောင်မြို့ မှ မိုင်းရှူးမြို့ဘက်အထွက် ဘုန်းတော်ကြီးကျောင်းဘေး ကွင်းပြင်တွင် ကျင်းပသည့် တေးဂီတ ဖျော်ဖြေမှုနှင့် မဲဆွယ်စည်းရုံးမှုကို ဒေသခံ အမြောက်အမြားက ကျားခေါင်းပါတီ SNLD အလံများ ဝှေ့ယမ်းကာ လာရောက်အားပေး ခဲ့သည်။


သျှမ်းအဆိုတော်များဖြစ်သည့် စိုင်းအောင်ထီးခမ်း ၊ စိုင်းဆိုင်စွမ်ဖှ၊စိုင်းလိတ် တို့အပြင် စိုင်းဆိုင်ဖွန်၊ ၀ါရင့်တေးရေးဆရာ စိုင်းလောဝ်ဆိုင်၊ စိုင်းထဲန်လျောဝ်း ၊ စိုင်းဖွန်းမောဝ်း ၊ နန်းလောဝ်နွမ်ဟွမ် ၊ ယိင်းယိင်းခေးစသည့် အဆိုကျော်များက ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။


သီဆိုဖျော်ဖြေမှုများတွင် နာမည်ကျော် သျှမ်းသီချင်းများသာမကအမျိုးသားရေး ဇာတိမာန်တက်ကြွစေသည့် အမျိုးသားရေးသီချင်းများပါဖျော်ဖြေခဲ့ကြသည်။

သျှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်ခြင်းနှင့် နည်းဥပဒေများပြန်လည်ရေးဆွဲပြဋ္ဌာန်း နိုင်ရေး သျှမ်းအမတ်တင်သွင်း

Posted: 21 Mar 2017 08:02 PM PDT

သျှမ်းပြည်မြို့တော်တောင်ကြီး၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပဉ္ဓမပုံမှန် အစည်းအဝေးမှ သျှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်ခြင်း နှင့် နည်းဥပဒေများ ပြန် လည်ရေးဆွဲပြဋ္ဌာန်းနိုင်ရန် အတွက် တိုက်တွန်းခြင်း အဆိုကို ယနေ့ လွှတ်တော်၌ အတည်ပြုလိုက်သည်။


၎င်းအဆိုကို သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)  နန်းစမ်းစမ်းအေး မှ အဆိုတင်သွင်းပြီး အဆိုကိုထောက်ခံ ဆွေးနွေးသူနှစ်ဦးရှိကြောင်း သိရသည်။


စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်ခြင်း အဆိုကို ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပဉ္ဓမပုံမှန်အစည်းအဝေး ပထမနေ့တွင် အဆိုတင်သွင်းပြီး ဒုတိယနေ့ တွင် အတည်ပြုသည်။


“အဆိုကို လွှတ်တော်က အတည်ပြုလိုက်တယ်၊ အတည်ပြုပြီးတဲ့နောက်ပိုင်းမှာ ဒီသက်ဆိုင်ရာ ဝန်ကြီးဌာန စည်ပင်သာယာရေး ဝန်ကြီးဌာနက သူတို့ ကနေ ရေးဆွဲပါမယ်၊ အဲ့ဒီ နည်းဥပဒေကို ပြန်ပြီးတော့ ရေးဆွဲမယ် လွှတ်တော် မှာပြန်တင်သွင်းမယ်။ အဲ့ထဲမှာ သူတို့ရေးဆွဲလာတဲ့ဟာပေါ်မူတည်ပြီးတော့ လွှတ်တော် ကိုယ်စား များအားလုံးက ပြန်သုံးသပ်မယ်၊ အတည်ပြုပြီးမှဘဲ အဲ့ဒီနည်းဥပဒေကို ပြန်လည်အသုံးပြုမှာပေါ့”ဟု အဆိုတင် သွင်းသူ နန်းစမ်းစမ်းအေး ကပြောသည်။


စည်ပင်သာယာရေး ဥပဒေရှိသော်လည်း အသေးစိတ် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်း နည်းဥပဒေ မရှိ သေးသည့်အတွက် ကော်မတီရွေးချယ်သည့်နေရာတွင် အခက်အခဲရှိသည့်အတွက် ၄င်းအဆိုကို တင်သွင်း ရခြင်းဖြစ် ကြောင်း ဒေါ်နန်းစမ်းစမ်းအေး ကပြောသည်။


“နည်းဥပဒေတွေ မရှိတဲ့အတွက်ကြောင့် စည်ပင်သာယာရေးကော်မတီရွေးချယ်တဲ့နေရာမှာတကယ်ပွင့်လင်းမြင် သာ ပြီးတော့ တန်းတူညီမျှတဲ့ ကိုယ်စားပြုမှုမရနိုင်ဘူး ရနိုင်ဖို့ ခက်ခဲတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လာရောက် နားထောင် တဲ့လူက လူအင်အား ဘယ်လောက်လောက် အများဆုံး နဲ့ အနည်းဆုံးမပါဘူးပေါ့နော် ပြီးတော့ ဘယ်လို အရည်အချင်းသတ်မှတ်ချက် အသက်အရွယ်ကန့်သတ်ချက်တွေ မရှိထားဘူး၊ အောက်ခြေမှာတော့ နည်းနည်းလေးတော့ အဲ့လိုမျိုး ပုံစံရှိနေတယ်၊ ဒါကြောင့် ဒါတွေ လုပ်ထုံးလုပ်နည်းတွေ သေသေချာချာပြဋ္ဌာန်း ထားမယ်ဆိုရင် အငြင်းပွားမှုတွေ ပဋိပက္ခတွေ ဌာနဆိုင်ရာ နဲ့ လူထုကြားမှာ အဲ့လိုမဖြစ်တော့ဘူး။ ခုနလည်း အများကြီးထောက်ပြသွားတယ်၊ လွှတ်တော်ထဲမှာ ဥပဒေကတော့ ကောင်းတယ်။ ဒါပေမယ့် လုပ်ရမယ့် အလုပ်တွေ အသေးစိတ်မပါတဲ့အတွေက်ကြောင့် အခက်အခဲရှိခဲ့တယ်” ဟု ၄င်းကပြောသည်။


ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပဥ္ဒမပုံမှန် အစည်းအဝေးကို မတ်လ၂၀ ရက်မှ ၂၃ ရက်နေ့ထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သျှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေ အခန်း(၅) ပုဒ်မ (၁၇)၊အပိုဒ် (ဗ) တွင် ကျူးကျော်အိမ်များ၊ ကျူးကျော်တဲများ၊ ကျူးကျော်အဆောက်အအုံများ၊ ကျူးကျော် ရပ်ကွက်များ ဖျက်သိမ်းခြင်း နှင့် လိုအပ်ပါက ပြောင်းရွေ့နေရာချထားခြင်း ဟူသော အပိုဒ်တွင် လမ်းနယ်နမိတ် မှတိုင်းလျှင် မည်မျှအတိုင်းအတာကို ကျူးကျော်လျှင် ကျူးကျော်ဟု သတ်မှတ်ခြင်း ဆိုသည့် ဖော်ပြချက်များ မပါရှိခြင်း၊ လိုအပ်ပါက ပြောင်းရွေ့နေရာချထားခြင်း ဟူသောအပိုဒ်တွင်လည်း ထိုသို့ပြောင်းရွေ့ရာတွင် မည်သို့သော မြေနေရာတွင် မည်သူက အကုန်ကျခံ၍ စီမံပေးရမည်၊စီမံခန့်ခွဲချိန် မည်မျှပေးထားသည်၊ ထိုစီမံခန့်ခွဲချိန်အတွင်း ကျူးကျော်လူထုက မည်သည့်နေရာတွင် နေရမည် ဟူသောဖော်ပြချက်မပါရှိသည့် အတွက် ကျူးကျော်ကိစ္စတွင် ဖြေရှင်းရန် ရှုပ်ထွေးလျှက်ရှိကြောင်း လွှတ်တော်၌ ထောက်ပြပြောဆို ဆွေးနွေးခဲ့သည်။

သီပေါမြို့ရဲစခန်း၏နယ်မြေအတွင်း ကျူးကျော်တဲဟု စွပ်စွဲခံရသူများ ဖယ်ရှားမှုမပြုပါက ဖမ်းဆီးအရေး ယူမည်ဟု နယ်စပ်ရေးရာဝန်ကြီးပြော

Posted: 21 Mar 2017 07:57 PM PDT

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ရဲတပ်ဖွဲ့ပိုင်မြေတွင်  နှစ်ပေါင်း ၃၀ ကျော်ကြာ ကျူးကျော်နေထိုင် လာသူအား ပြောင်းရွှေ့ခိုင်းမှုအပေါ် မလိုက်နာပါက ဖမ်းဆီးအရေးယူမည်ဟု   နယ်စပ်ရေးရာဝန်ကြီးက သျှမ်းပြည်နယ်လွှတ်တော်တွင်ကျင်းပသော အစည်းအဝေးတွင် ပြောဆိုလိုက်သည်။


သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၏ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းစမ်းစမ်းအေးက - သီပေါမြို့နယ် ဇာတ်စုရပ်ကွက် နယ်မြေ (၅) မှ ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့ပိုင်မြေဧရိယာအတွင်း   ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၁၄ အိမ်ကို ရဲတပ်ဖွဲ့မှ (မြေယာ စီစဉ်ပေးမှုမရှိဘဲ) ပြောင်းရွှေ့ရန် ညွှန်ကြားထားသည်နှင့် ပတ်သက်ပြီး ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့သည်။


 မြန်မာနိုင်ငံရဲတပ်ဖွဲ့ပိုင်မြေပေါ် ကျူးကျော်လာသည့်အိမ်များမှာ တာဝန်ရှိသူများမှ  နေရာချပေးခြင်းဖြင့် နေထိုင် နေခြင်းမဟုတ်ဘဲ  မိမိသဘောဖြင့် ကျူးကျော်နေထိုင်ခြင်းဖြစ်၍ ကျူးကျော်နေအိမ်များ ဖယ်ရှားခြင်းတွင်တာဝန် ရှိသူတို့မှ နေရာစီစဉ်ပေးပါက နောက်ထပ်ကျူးကျော်သူများဖြစ်ပေါ်ရာ ရောက်မည်ဖြစ်သဖြင့် ကျူးကျော် အိမ်များအတွက် နေရာ စီစဉ်ပေးရန် အစီစဉ်မရှိ ကြောင်း၊ စီစဉ်ပေးနိုင်မည့် လုပ်ပိုင်ခွင့်လည်း မရှိကြောင်း၊ ကြိုတင်သတ်မှတ်အသိပေးထားသည့် ကာလအတွင်း ဖယ်ရှားခြင်းမရှိပါက သို့မဟုတ် ဆက်လက် ကျူးကျော်နေထိုင်ပါက ဥပဒေ နှင့် အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင် က လွှတ်တော်တွင်း၌ ပြန်လည်ဖြေကြားခဲ့သည်။


 “သူတို့ဆီကမျှော်လင့်ထားတာကတော့ သူတို့က အစိုးရဆိုတော့ ပြည်သူတွေရဲ့ ပြသနာကို သူတို့ကူညီ ပေးနိုင်မှာပေါ့ ၊သူတို့ပြန်ပြောလာတာတော့ သူတို့မှာ ကူညီပေးဖို့ တာဝန်မရှိဘူးလို့ပြန်ပြော လာတော့ ဒါဆို ဘယ်သူ့ဆီမှာ တာဝန်ရှိလဲပေါ့ ”ဟု ကြယ်ပွင့်ပြမေးခွန်းမေးသူ ဒေါ်နန်းစမ်းစမ်းအေး ကပြောသည်။


သီပေါမြို့နယ် ဇာတ်စုရပ်ကွက် နယ်မြေ ၅ မှ ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့ပိုင် မြေဧရိယာအတွင်း ကျရောက်သဖြင့် ကျုးကျော်အဖြစ် သတ်မှတ် ထားသော အိမ်ခြေ ၁၄ အိမ်ကို ၂၀၁၆ ခုနှစ်တွင် ရဲတပ်ဖွဲ့မှ ရပ်ကွက်ရုံးသို့ဆင့်ခေါ်ပြီး ၂၀၁၇ ခုနှစ် မတ်လကုန်တွင် နောက်ဆုံးဖယ်ရှားပေးရန် လက်မှတ်ထိုးခိုင်းခဲ့သည်။
တစ်ချိန်တည်းမှာ ၄င်းတို့ အိမ်ခြံမြေဝင်းအတွင်း ရဲတပ်ဖွဲ့ပိုင်မြေ မကျုးကျော်ရ ဆိုင်းဘုတ် ကိုလည်း စိုက်ထူသွားခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်အမတ် ဒေါ်နန်းစမ်းစမ်းအေး ကပြောသည်။


 “ကျူးကျော်ဆိုတာ ဥပဒေမမှန်မှန်းနားလည်တယ်၊ ဒီနေရာမှာဆို မေးခွန်းရှိတယ် ဥပဒေက ရှိလာတာ ကြာပြီ ၊သူများလာနေတုန်းက မပြောင်းရွေ့ခိုင်းဘူး အခုနေလာတာ ၃၆ နှစ်ရှိပြီ၊ အခုကျမှ အိမ်လည်းကောင်းပြီ ဆိုတော့မှ ထွက်ခိုင်းတယ် နေရာလည်း မပေးထားဘူး၊နေရာဆိုတဲ့ဟာက တကယ်ပြောင်းပေးရင် ကြိုတင်စီစဉ်ပေးထားတဲ့နေရာကိုဆိုလိုတာ”ဟု ၄င်းကပြောသည်။


အဆိုပါ နေရာတွင် မိသားစု ၁၄ စုမှ ကျူးကျော်နေထိုင်လာသည်မှာ အုပ်ချုပ်ရေးမှူး ၉ ဆက်တိတိ (နှစ်ပေါင်း ၃၆ နှစ်မျှ) ရှိပြီဖြစ်ကြောင်းသိရသည်။


ဆိုပါမြေသည် ယခင်က သီပေါ စော်ဘွားစဝ်ကြာဆိုင် ပိုင်မြေဖြစ်ကြောင်း၊ စော်ဘွားမှ ရဲတပ်ဖွဲ့သင်တန်း ကျောင်းတည်ဆောက်ခဲ့ရာမှ လက်ရှိမှာ ရဲတပ်ဖွဲ့ပိုင်မြေ ဖြစ်လာကြောင်း နှင့် ပြည်သူကို ဗဟိုပြုသော ဒီမိုကရစီ အစိုးရခေတ်တွင် ရွှေ့ပြောင်းရမည်ဆိုပါက ရွှေ့ပြောင်း နေထိုင်ရမည့် ပြည်သူများ အတွက် မြေနေရာ ပြန်လည်ချထားမှု မလွဲမသွေ လုပ်ဆောင်စီစဉ်ပေးရမှာဖြစ်ကြောင်း  နန်းစမ်းစမ်းအေး ကပြောသည်။

မဲရုံအချို့အား ပယ်ဖျက်ပေးရန် NLD မှ တောင်းဆိုမှု ရှိနေလင့်ကစား မိုင်းရှူးမဲဆန္ဒနယ်တွင် အနိုင်ရမည်ဟု ကျားခေါင်းပါတီ ကိုယ်စားလှယ်ယုံကြည်

Posted: 21 Mar 2017 07:54 PM PDT

မဲဆန္ဒနယ်အတွင်းမှ မဲရုံအချို့အား ပယ်ဖျက်ပေးရန်  NLD ပါတီမှ တောင်းဆိုမှုများ ရှိနေလင့်ကစား မိုင်းရှူး မဲဆန္ဒနယ်တွင်သျှမ်းတိုင်းရင်းသားပါတီတခုဖြစ်သည့် ကျားခေါင်းပါတီအနေဖြင့်အနိုင်ရမည်ဟု ယုံကြည်ကြောင်း  SNLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း  စိုင်းထွန်းအေးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဓါတ်ပုံ- မိုင်းရှူးမဲဆန္ဒနယ် SNLD ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း စိုင်းထွန်းအေး
'အခက်အခဲတွေရှိပေမဲ့ အနိုင်ရမယ်လို့ယုံကြည်ပါတယ်။ပြည်သူကိုယုံတယ်။ကျနော်တို့ မဲဆွယ်စည်းရုံး ခဲ့တဲ့ အနေထားမှာ အခြားပါတီတွေထက် လူထုက စိတ်ဝင်တစား လာရောက်နားထောင်မှုများတယ်။ ဘာကတိမှ တော့ ကြီးကြီး မားမားပေးထားတာမရှိဘူး။ ပြည်သူကို ဖိနှိပ်တဲ့ဥပဒေမှန်သမျှ ပယ်ဖျက်နိုင် အောင် ၊ ပြည်သူ့ ဘဝ လုံခြုံဖို့အထောက်အကူဖြစ်စေမဲ့ ဥပဒေတွေ ပေါ်ပေါက်လာအောင် လွှတ်တော် ထဲ ရောက် ရင် ကြိုးပမ်း ဆောင်ရွက် သွားမယ်ဆိုတာပဲ ပြောထားတယ်။ ' ဟု စိုင်းထွန်းအေးက သျှမ်းသံတော်ဆင့်သို့ မတ်လ ၂၁ ရက်နေ့က ပြောသည်။


လတ်တစ်လောကာလအတွင်း မိုင်းရှူးမြို့နယ်အတွင်းရှိ ကွန်ကျောင်း ၊ နောင်အက်၊ မော်မေ့ အစရှိသည့် ကျေးရွာ အုပ်စုများမှ မဲရုံ ၄ ရုံကိုလုံခြုံရေးအကြောင်းပြချက်ဖြင့် ပယ်ဖျက်ပေးရန် NLD အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း များမှပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တောင်းဆို ခဲ့သည်။
အကယ်၍အဆိုပါသျှမ်းရွာများအတွက် မဲရုံများအားပယ်ဖျက်လိုက်ပါက  မဲဆန္ဒရှင် ၅၀၀၀ ခန့်မှာ မဲပေးခွင့်ဆုံးရှုံး မည်ဖြစ်သဖြင့်ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်မှုများလည်း ရှိနေသည်။


' ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သမာသမတ်ကျစွာ ဆုံးဖြတ်မယ်လို့ မျှော်လင့်ထားတယ်။ ပါတီကို မကြည့်ပဲ ဒေသတွင်းကလူတွေ မဲပေးပိုင်ခွင့် အခွင့် အရေးမဆုံးရှုံးဖို့ လိုလားပါတယ်။ ဒီမိုကရေစီ အစိုးရအနေနဲ့လည်းပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်ကို လေးစားဖို့ လိုတယ်။ ' ဟု စိုင်းထွန်းအေးက ပြောသည်။
မိုင်းရှူးမြို့နယ်တွင် မဲရုံ ၄၄ ရုံနှင့် မဲဆန္ဒရှင် ၄၃၂၅၉ ဦးရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး လစ်လပ်မဲဆန္ဒနယ် (၃) နေရာ ရှိနေသည်။လာမည့် ဧပြီ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမိုင်းရှူး မဲဆန္ဒနယ်တွင်  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ခေါ် ကျားခေါင်းပါတီ SNLD ၊ သျှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူပါတီ SNDP ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ကြံ့ခိုင်ရေးပါတီ နှင့် ၀ လစ်ဘရယ်ဒီမိုကရက်တစ်ဖွံ့ဖြိုးရေး ပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
Mar 23, 2017, 4:51:35 PM3/23/17
to thuau...@gmail.com

မိုင်းရှူးရှိနယ်မြေအားလုံးတွင် ရွေးကောက်ပွဲကျင်းပသင့်ကြောင်း ကျားဖြူအပါဝင် ပါတီငယ်များမှ ကော်မရှင်ထံတင်ပြ

Posted: 23 Mar 2017 07:42 AM PDT

မိုင်းရှူးရှိ ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲ မကျင်းပရန် NLD ပါတီမှ တင်ပြထားမှု များရှိလင့်ကစား ပြည်သူလူထုမျက်နှာကို စာနာထောက်ထားသည့်အနေဖြင့် နယ်မြေအားလုံးတွင် ရွေးကောက်ပွဲကျင်းပရန် ကျားဖြူပါတီ အပါအဝင် ပါတီငယ်များက တင်ပြထားကြောင်းသိရသည်။


မိုင်းရှူးတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်မှု အခြေအနေနှင့် ပတ်သက်ပြီး မိုင်းရှူးမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ၊ ရပ်ကျေးကော်မရှင်များ တွေ့ဆုံဆွေးနွေးမှုကို မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ယင်းသို့ ကျင်းပခဲ့ရာတွင် NLD ပါတီကဲ့သို့ ပါတီကြီးများမှအပ ဒေသတွင်း တိုင်းရင်းသား ပါတီငယ်များ က ပြည်သူ့မျက်နှာထောက်ထားသော အားဖြင့် နယ်မြေအားလုံးတွင် ရွေးကောက်ပွဲကျင်းပသင့်ကြောင်း တင်ပြခဲ့သည်ဟု ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ နန်းခမ်းယဉ်အောင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


'ဒေသခံ နစ်နာနိုင်တယ်။ ပြည်သူကို မထိခိုက်စေချင်ဘူး။ ဒါကြောင့် နယ်မြေအားလုံးမှာ ရွေးကောက်ပွဲကျင်းပဖို့ တင်ပြခဲ့တယ်။ ဒီမိုကရေစီဆိုတာ အနိုင်ရဖို့ ဆိုတာထက် ပြည်သူ့ဆန္ဒ အဓိက ဖြစ်တယ်။ နယ်မြေအားလုံး မကျင်းပဖြစ်ဘူးဆိုရင် ပြည်သူက တအားနစ်နာတယ်လေ ' ဟု နန်းခမ်းယဉ်အောင်က ပြောသည်။
ကျားဖြူပါတီမှ တင်ပြမှုတွင် - ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပဖြစ်ပါကလည်း ဟိုနေရာကျင်းပ ဒီနေရာ မကျင်းပ မဖြစ်စေရန် လိုအပ်ကြောင်းလည်း တင်ပြခဲ့သည်ဟု ဆိုသည်။


ယနေ့ကျင်းပသည့် ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် တိုင်းရင်းသားပါတီဖြစ်သည့် ကျားခေါင်းပါတီမှလည်း ရွေးကောက်ပွဲ နယ်မြေအချို့ ဖျက်သိမ်းရန် ကြိုးပမ်းမှုကို လက်မခံကြောင်းတင်ပြခဲ့သည်ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ စိုင်းလင်းမြတ်က ပြောသည်။


“ကျမတို့ပါတီအပါအဝင် ကျားခေါင်းလို ပါတီတွေလည်း ၀င်လို့မရတဲ့ ရွာအချို့ရှိတာပဲ။ တစ်ခါတစ်လေလည်း ပေးတဲ့ နေရာမှာပဲ လုပ်လိုက်တယ်။ ဒီနေရာမှာ ရွေးကောက်ပွဲလုပ်လို့ လာပြိုင်တယ်ဆိုကတည်းက ဘယ်လိုနယ်မြေဆိုတာ အားလုံး သိပြီးဖြစ်တယ်။ ဒေသခံ နစ်နာအောင် ဟိုအုပ်စု မဲမထည့်နဲ့ ဒီအုပ်စု ထည့်ဆိုတာက မကောင်းဘူး။ ပါတီတွေရဲ့ အားပြိုင်မှုကနေ လူမျိုးရေးအသွင် မဦးတည်ဖို့လည်း ကျမတို့ဘက်က တင်ပြခဲ့တယ် ” - ဟု ကျားဖြူပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက ဆိုသည်။


ယနေ့ ဆွေးနွေးမှုတွင် တက်ရောက်ခဲ့သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ရွေးကောက်ပွဲကော် မရှင်များနှင့် ရပ်ကျေးဥက္ကဌများကလည်း ဒေသခံ ပြည်သူများ မနစ်နာစေရန် နယ်မြေတစ်ချို့အား ရွေးကောက်ပွဲ မကျင်းပရန် တင်ပြထားမှုအပေါ် ပြန်လည်သုံးသပ်ရန်လိုကြောင်း တင်ပြခဲ့သည်ဟု သိရသည်။


“ပြည်သူလူထုက တိုက်ပွဲကြားထဲမှာ နေလာရတာ အတော်ကြာမြင့်နေပြီဖြစ်တယ်။ မိုင်းရှူးအတွက် ရွေးကောက်ပွဲက မရှိမဖြစ်လိုအပ်တယ်။ အမည်းရောင်နယ်မြေကနေ အညို တဖြည်းဖြည်းနဲ့ အဖြူရောင်နယ်မြေကိုသွားဖို့ လိုနေတယ်နေရာမှာ အကြောင်းပြချက်မျိုးစုံပေးပြီး နယ်မြေတစ်ချို့ကို ပယ်ဖျက်ဖို့ လုပ်နေတာဟာ မသင့်တော်ပါဘူး” - ဟု ဆွေးနွေးပွဲ တက်ခဲ့သည့် ရပ်ကျေး ကိုယ်စားလှယ် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


ကျားဖြူပါတီ ကိုယ်စားလှယ်ကမူ “ကျမတို့က နိုင်ဖို့ မနိုင်ဖို့ဆိုတာထက်  ပြည်သူ့သဘောပဲ။ သူတို့ကို မဲသွားဆွယ်လို့ မလာရင်လည်း သူတို့ဆန္ဒပဲလေ။ ကြိုက်တဲ့ ပါတီ မဲထည့်ခွင့်ရှိတာလည်း သူတို့ဆန္ဒပဲ။ ပြည်သူ့အကျိုးနဲ့ ပြည်သူ့မျက်နှာကိုပဲကြည့်မယ်။ ပညာရေးကျန်းမာရေး ကဏ်ဏ္ဍမြှင့်တင်ဖို့ ဖွံ့ဖြိုးရေးဆောင်ရွက်မယ်ပြောပြီး စည်းရုံးနေပါတယ်” -ဟု ပြောသည်။


ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှာ လာမည့် မတ်လ ၃၀ ရက်နေ့အထိ ဖြစ်ပြီး အချိန်ကာလ တစ်ပတ်ကျော်သာ ကျန်ရှိသောကြောင့် နယ်မြေအချို့အား ပယ်ဖျက်ရန်မှာ ခက်ခဲမှုရှိနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေပြီး နယ်မြေအားလုံးတွင် ရွေးကောက်ပွဲ ဆက်ကျင်းပဖြစ် မဖြစ်ကိုမူ အကြံပြုချက်များအပေါ်မူတည်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်မည်ဖြစ်သည်။


“ကျနော်တို့ မိုင်းရှူးဒေသမှာက ၂၀၁၅ တုန်းကလည်း မဲမပေးခဲ့ရဘူး။ အခုကျတော့လည်း ဟိုနေရာပယ်ဖျက် ဒီနေရာ ပယ်ဖျက် လုပ်ဖို့ ကြိုးစားနေတာတွေဟာ လုံးဝမသင့်တော်ဘူး။ ပြည်သူတွေအတွက် အရမ်းနစ်နာ တယ်လို့ ပြောချင်တယ် ” - ဟု ဒေသခံဖြစ်သည့် စိုင်းကျော်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


မတ်လ ဒုတိယပတ်က ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကိုယ်တိုင် မိုင်းရှူးမြို့သို့ ရောက်ရှိကာ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံးပြီး မဲဆန္ဒနယ်အားလုံးရွေးကောက်ပွဲ ကျင်းပရန် စုပေါင်းဆုံးဖြတ်ခဲ့ကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့နှင့် နီးကပ်သည့် မဲရုံများတွင် တပ်နှင့် ပြည်သူ့ရဲ မပါဝင်ဘဲ ရွေးကောက်ပွဲဝန်ထမ်းများနှင့် သက်ဆိုင်ရာနိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ ပူးပေါင်းပြီး မဲလက်မှတ်များ သယ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ရာမှ NLD တာဝန်ရှိသူ ၂ ဦးက - မော်မယ့်၊ ၀မ့်လွယ်၊ ကွန်ကျောင်း ကျေးရွာအုပ်စုအတွင်း ရွေးကောက်ပွဲ မကျင်းပရန် မတ် ၂၁ ရက်က ရွေးကောက်ပွဲကော်မရှင်ထံ စာတင်ခဲ့ခြင်းဖြစ်သည်။

SSPP/SSA ဌာနချုပ် ၀မ်ဟိုင်းတွင် ကျားဖြူပါတီ မဲဆွယ်

Posted: 23 Mar 2017 07:38 AM PDT

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေများတွင် SSPP/SSA ဌာနချုပ် ၀မ်ဟိုင်းတည်ရှိရာ ကျေးသီးမြို့ နယ်လည်း ပါဝင်နေရာ ၀မ်ဟိုင်းကျေးရွာအုပ်စုတွင်လည်း မဲရုံထားရှိမည်ဖြစ်သောကြောင့် မတ်လ ၂၂ ရက်နေ့က ကျားဖြူပါတီမှ မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့ကြောင်း ကျားဖြူပါတီ တာဝန်ရှိသူထံမှ သိရသည်။


ဝမ်ဟိုင်းဌာနချုပ် တည်ရှိရာ ၀မ်ဟိုင်းတွင် ကျားဖြူပါတီပြုလုပ်သည့်မဲဆွယ်စည်းရုံးမှုသို့ ပြည်သူလူထု ၄၀၀ ခန့် တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။


လတ်တလောအတွင်းမှာပင် ဒေသတွင်း လက်နက်ကိုင် အဖွဲ့ကြောင့် လွတ်လပ်တရားမျှသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ဟုဆိုကာ မိုင်းရှူးမြို့နယ် မြောက်ပိုင်းမှ ကျေးရွာအုပ်စုအချို့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ကျင်းပမှုမပြုရန် NLD ကိုယ်စားလှယ် အချို့မှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြမှုများ ရှိခဲ့သည်။


“သျှမ်းပြည်တပ်မတော် အနေနဲ့ ရွေးကောက်ပွဲကို ကြိုဆိုတယ်။ ပြည်သူတွေအတွက်လည်း ရွေးကောက်ပွဲက အရေးကြီးမှန်းသိလို့ ရွေးကောက်ပွဲ ကြိုဆိုကြောင်း အရင်ကတည်းက ကြေငြာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်။ ကျနော်တို့ဒေသအတွင်းတော့ လွတ်လွတ်လပ်လပ်ပဲ ပေးထားတယ်” - ဟု သျှမ်းပြည်တပ်မတော် မြောက်ပိုင်း နာယက ဗိုလ်ချုပ်ကြီးဆေထင်က ပြောသည်။


ဝမ်ဟိုင်းကျေးရွာအုပ်စုအတွက် မဲရုံများကို ၀မ်ဟိုင်း အထက်တန်းကျောင်းခွဲ နှင့် ပါခီးလမ်းခွဲတို့တွင် ထားရှိမည်ဖြစ်ကြောင်း လည်း သိရသည်။

ရွေးကောက်ပွဲအကြို မိုင်းရှူးသွား တောလား အပိုင်း (၁)

Posted: 23 Mar 2017 12:17 AM PDT

မနက်နိုးတော့ ဖုန်းမှ တဆင့် အင်တာနက်ဖွင့်ကြည့်သည်။ ကံကောင်းထောက်မစွာပင် အင်တာနက်လိုင်းမဆိုး သည့်အတွက် ယမန်နေ့က ကျန်နေသည့် တေးဂီတဖျော်ဖြေပွဲနှင့် ပတ်သက်သော ရုပ်သံဖိုင်အချို့ကို သျှမ်းဘာသာ အစီအစဉ်အတွက် တင်ပေးလိုက်သည်။ ယမန်နေ့ညက မိုးအေးအေးဖြင့် စားသောက်ရင်း အိပ်စက်ခဲ့သော်လည်း ကျေးသီးမြို့က ညဉ့်နက်ချိန်နှင့် မနက်အစောပိုင်းတွင် ဖုန်းအင်တာနက် လိုင်းကောင်းတတ်သည်ဆိုသည့် ကျေးသီး မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းစံမိန်း၏ ပြောဆိုချက်က မနက်နိုးနိုးခြင်း ခေါင်းထဲဝင်လာ၍ဖြစ်ပေသည်။ အပြင်ဘက်တွင်တော့ ညက တိမ်ထူထပ်ခဲ့သည့် ကောင်းကင်တခွင်မှာ မိုးသားကင်းစင် ကြည်လင်နေသလို စိုင်းထီးဆိုင်၏ နွေဥသြ သီချင်းကလည်း ခြံဝင်းတဘက်ဆီမှနေ၍ စာရေးသူ တည်းခိုနေသည့်အခန်းအတွင်းသို့ ပျံ့လွှင့်လာတော့ ငယ်စဉ်အရွယ်က ကြုံခဲ့ဆုံခဲ့လေသမျှ ဖြစ်ရပ်အချို့ပင် သတိရလိုက်မိသေးသည်။


ဖိုင်တွေလည်း တက်ပြီ ဖြစ်သဖြင့် နာရီကြည့်လိုက်စဉ် ရ နာရီ ကျော်နေပြီဖြစ်သောကြောင့် မျက်နှာသစ်ကာ မနက်စာစားရန် ထွက်ခဲ့သည်။ ခေါက်ဆွဲစားပြီးနောက် ၈ နာရီအချိန်တွင် မိုင်းနောင်သို့ ခရီးနှင်ခဲ့လေပြီ။ လက်ကိုင်ဖုန်းမှ ဂျော့ခ်ျဘင်ဆင် ၊ Shakin Stevens တို့၏ သီချင်းများ တပုဒ်ပြီးတပုဒ် ကုန်ဆုံးနေချိန်တွင် ဘေးဘီဝဲယာတွင်တော့ စိုက်ခင်းများ တောင်ယာခင်းများကို ဖြတ်ကျော်လျက် ။ ကျေးသီး မိုင်းနောင် မိုင်သုံးကျော် ကတ္တရာလမ်းမမှာ ကောင်းလာသည်မှာ မကြာသေးသည့်နည်းတူ လမ်းဘေးတွင်တော့ ခေတ်ကာလနှင့် မလျော်ညီသည့် စိုက်ပျိုးရေး အသိပညာဖွံ့ဖြိုးမှု နိမ့်ကျမှု၏ ပြယုဂ်ဖြစ်သည့် တောင်ယာ စိုက်ပျိုးရန်အတွက် သစ်ပင်များ တောများကို မီးရှို့ထားခဲ့သည့် ပြာပုံများနှင့် မီးလောင်ပြီးစ သစ်ပင်များက အမြောက်အမြားကျန်ရစ်လျက် ၊ အင်္ဂလိပ်ခေတ်ကတည်းက ရှိခဲ့သည့် ဒီလမ်းသာ စကားပြောတတ်လျှင် အမာရွတ်များနှင့် ငါ့ဘဝလှည့်ကြည့်ပါဦးလား ဆိုပြီး ပြောလိမ့်မည်ဟု ထင်မိသည်။ တစ်ချိန်တည်းမှာပင် စာရေးသူ၏ ဖခင်အပါဝင် ဖခင်ဘက်မှ အဘိုးအဘွားအပါဝင် ဆွေမျိုးအချို့ကိုပါ ပြေးမြင်မိသည်။ မိုင်းရယ် ဇာတိဖြစ်သည့် စာရေးသူ၏ ဖခင်မှာ သျှမ်းလက်နက်ကိုင် တော်လှန်ရေး စတင်သည့် ကာလများအတွင်း ၊ တစ်နည်းအားဖြင့် သားသမီးများအား လက်နက်ကိုင် ပဋိပက္ခအတွင်း စစ်သည်အဖြစ် ပါဝင်ခြင်းဖြင့် အချိန်မကုန်ဆုံးစေလိုခြင်း ( သို့မဟုတ် ) မြေးများအား ပညာတတ်အဖြစ် နေစေလိုသည့် ဖခင်အဘိုးဖြစ်သူ၏ ဆန္ဒအရ မိုင်းရယ်မှ တောင်ကြီးသို့ ပြောင်းရွှေ့ခဲ့သည့် မိသားစုထဲမှ ဖြစ်သည်။ စာရေးသူဖခင် မိသားစုဝင် အရင်းအခြာများမှာ သျှမ်းတော်လှန်ရေးတွင် တိုက်ရိုက် မပါဝင်ခဲ့သော်လည်း သျှမ်းအမျိုးသားရေးစိတ်ဓါတ်များ ပြင်းထန်နေခဲ့သည့် လွန်ခဲ့သည့် ၁၉၆၀ ပြည့်လွန်နှစ်ကာလများက ထုံးစံအတိုင်း သူ၏ ဆွေမျိုးနီးစပ် အချို့က တော့ တော်လှန်ရေး သမားအဖြစ် ကူးပြောင်းသွားကြလေသည်။
စာရေးသူ ၁၂ နှစ်သားအရွယ်က ဖခင်နှင့်အတူ တောင်ကြီးသို့ ပြောင်းရွှေ့ခဲ့သည်မှာ မိုင်းရယ် ကျေးသီးလမ်းကြောင်း အတိုင်းသာ။ အတွေးရေယာဉ်ထဲနစ်မြှောနေစဉ်အတွင်းမှာပင် စီးနင်းလိုက်ပါလာသည့် ကားမှာ မိုင်းနောင်သို့ ရောက်ရှိလာခဲ့ပြီး မြို့အထွက် ဘုန်းကြီးကျောင်းအနီးရှိ ဖျော်ဖြေမှုနှင့် မဲဆွယ်စည်းရုံးမှု ပူးတွဲပြုလုပ်သည့် နေရာသို့ ရောက်လာခဲ့သည်။ ယင်းနေရာသို့ ရောက်ချိန်တွင် ဖျော်ဖြေစည်းရုံးမှုမှာ အရှိန်ပင်မြင့်နေပြီဖြစ်သည်။ နေရှိန်အတန်ငယ်ပြင်းသော်လည်း အလံဝှေ့ယမ်းကခုန် သီဆိုနေသူများမှာ မမောနိုင် မပန်းနိုင်ပင်။ ခန့်မှန်းခြေ အင်အား ၅၀၀၀ ခန့်ရှိမည့် မိုင်းနောင်အပါဝင် ဒေသတွင်း ရွာနီးချုပ်စပ်မှ ဒေသခံများကိုေ တွ့ရသည်။


သျှမ်းအဆိုတော်များဖျော်ဖြေနေသော်လည်း ဒေသတွင်း အခြားတိုင်းရင်းသားများဖြစ်သည့် လီဆူးတိုင်းရင်းသားများကိုလည်း တွေ့ရသည်။ ဖျော်ဖြေသူများက ထုံးစံအတိုင်း ဖျော်ဖြေလိုက် ကျားခေါင်းပါတီအားမဲပေးရန် တိုက်တွန်းလိုက်ဖြင့်ပင်။ ပါတီ ဟိုဆေ ပါတီ ဟိုဆေ ဆိုသည့် အသံများလည်း ကွင်းအတွင်းပျံ့နှံ့နေသလို ဇာတိမာန် တက်ကြွစေသည့် သျှမ်းအမျိုးသားရေး သီချင်းများဖြင့် ဖျော်ဖြေမှုများကြောင့်လည်း ပါတီအလံနှင့် သျှမ်းပြည်အလံတို့ ဝှေ့ရမ်းနေပြီး သီချင်းသီဆိုနေမှုများမှာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ရှားပါးမြင်ကွင်းအဖြစ် ရှိနေပေသည်။


ပြည်မဒေသတွင် ကြားဖြတ်ရွေးကောက်ပွဲကို အများသောအားဖြင့် စိတ်မဝင်စားကြ။ စာရေးသူနေထိုင်သည့် ကမာရွတ်တွင် ကြားဖြတ်ရွေးကောက်ပွဲရှိပေရာ ရပ်ကွက်ရုံးတွင် မဲစာရင်းကပ်ထားသော်လည်း လာကြည့်သူမှာ အလွန်အမင်းနည်းပါးလှသည်။ ပြည်သူများ နိုင်ငံရေးကို အီနေပြီလော၊ ၂၀၁၅ ရွေးကောက်ပွဲအပြီး တနှစ်ခွဲကာလအတွင်း မဲထည့်လိုက်သည့် ပါတီ၏ လုပ်ဆောင်မှုများကို စိတ်ပျက်နေ၍လော မပြောတတ်။ အစိုးရသစ်လက်ထက် အဆင်မပြေမှု မြောက်မြားစွာဖြစ်ခဲ့သည်ကတော့ အမှန်ပင်။


စာရေးသူ၏ ကျေးသီးနယ် ခရီးစဉ်အရ ကျေးသီးမဲဆန္ဒနယ်အတွင်း စည်းရုံးလှုပ်ရှားမှုများ အခြေနေအရတော့ ကျားခေါင်းပါတီမှာ ပြိုင်ဘက်များထက် အပြတ်အသတ်သာလွန်နေပြီဟု ဆိုရမည်ဖြစ်သည်။ ယင်းအချက်က လည်း အမျိုးသားရေးအလံ မြဲမြံစွာကိုင်ထားနိုင်မှုနှင့် မူဝါဒအပေါ် အခြေခံသည့် ပါတီ ပေါ်လစီတို့နှင့် သက်ဆိုင်ပေလိမ့်မည်။


နေ့လည် ၁၂ နာရီအချိန် ဖျော်ဖြေမှု ရပ်နားပြီးနောက် နေ့လည် ထမင်းစားကာ သျှမ်းလူငယ် တစ်ဦးဖြစ်သူ ဆိုင်ပန်း အင်စတီကျူ့မှ လွယ်ခမ်းပန်နှင့် မိုင်းရှူးသို့ ထွက်လာခဲ့သည်။ ထွက်လာပြီး မိနစ် ၂၀ ခန့်အကြာပင် အဝေးမှ လှမ်းမြင်နေရသည့် အနိမ့်အမြင့် မတူညီသည့် ကားလမ်းမှ ဦးတည်နေရာ တောင်တန်းကို လက်ညှိးညွှန်၍ ၄င်းက ' အဲဒါ ကျူမောဝ်ခေါဝ် ဆိုတဲ့ တောင်တန်းပဲ ကားလမ်းက အဲဒီ တောင်ကြားထဲက သွားရတာ ၊ ကားလမ်းက အဲဒီ အလယ်က သွားရမှာ ဟိုဘက်က နိမ့်နေတဲ့ တောင်ထိပ်မှာက စစ်တပ်က တပ်စခန်းရှိတယ်။ ဟိုဘက်က ခပ်မြင့်မြင့် တောင်ထိပ်မှာတော့ SSPP ရှမ်းတပ်စခန်းရှိတယ်။ အလယ်ကနေဖြတ်သွားရမှာလေ။ ' ဟု စာရေးသူကို ပြလေသည်။


ကျူမောက်ခေါဝ်၏ မြန်မာလိုအမည်မှာ ပန်းဖြူတောင်ကြားလမ်းဟု ပြန်ဆိုလျှင် သင့်လျော်မည်ထင်၏။ ပန်းဖြူဟု ဆိုသော်လည်း လက်တွေ့ ဖြတ်သန်းရမည့် အခြေနေမှာ သွားလာနေကြမဟုတ်လျှင်တော့ ဆန့်ကျင်ဘက် ဘက်နှစ်ဘက်ဖြစ်သည့် အစိုးရ စစ်တပ်နှင့် သျှမ်းလက်နက်ကိုင် တစ်ဘက်တစ်ချက် တပ်စွဲထားသည့် တောင်ကြားအတွင်းမှ ဖြတ်ရမည်ဖြစ်သဖြင့် ရင်ဖို စိတ်လှုပ်ရှားစရာကောင်းသည်တော့ အမှန်ပင်။ တောင်ကြားလမ်းရောက်တော့ တပ်မတော်၏ ဂိတ်ကို တွေ့ရပြီး စာရေးသူတို့ရှေ့မှသွားလိုက်သည့် အဆိုတော် စိုင်းအောင်ထီးခမ်းတို့ကားမှာ ဂိတ်အနီးတွင်ရပ်ပြီး အောက်ကိုဆင်း၍ သတင်းပို့နေသည်ကို မြင်ရသည်။ စာရေးသူတို့ကတော့ ခပ်တည်တည်ပင် သတင်းမပို့ပဲ ဖြတ်ကျော်လာခဲ့သည်။ ကျူမောက်ခေါဝ် နာမည်ကို ယခင်နှစ်များက သျှမ်းသတင်းဌာနများ၏ စာမျက်နှာတွင် မကြာခဏမြင်ဖူး၏။ ကောင်းသတင်းတော့မဟုတ်။ တစ်ဘက်တစ်ချက် နေရာယူထားသည့် တောင်များပေါ်မှ ပစ်ခတ်သည့် သတင်းများသာ။ စာရေးသူ ဦးလေးဖြစ်သူ၏ ပြောဆိုချက်အရ အဆိုပါ ဒေသမှာ သျှမ်းတော်လှန်ရေး စတင်သည့် ကာလကတည်းကပင် အစိုးရ ယာဉ်တန်းများ ၊ စစ်ယာဉ်တန်းများမ ကြာခဏ တိုက်ခိုက်ခံခဲ့ရသည့် ၊ မဆလ လမ်းစဉ်ပါတီ ယာဉ်များ အတိုက်ခံခဲ့ရသည့် နေရာဟု ဆိုသည်။


' သူတို့က ဒီအတိုင်းပဲနေတယ် တောင်တွေရဲ့ ဟိုဘက်မှာတော့ လက်နက်ကြီး တကမ်းမှာပဲ ၀မ်ဟိုင်းက ရှိတယ်။ လမ်းမှာ သျှမ်းတပ်ဖွဲ့ဝင်တွေလည်း သွားလာရင်း ဒီအတိုင်းသွားနေတာတွေ့လိမ့်မယ်။ တပ်ကလည်း ပုံမှန်အချိန်ဆိုဘာမှ မဖြစ်ပါဘူး။ သူတို့က ထွက်မတိုက်ဘူးဆိုတာ သိတယ်လေ။ အမိန့်တွေရှိတဲ့ ကာလ ဆိုရင်တော့ မရဘူး ပစ်ကြဆော်ကြတာပဲ။များသောအားဖြင့် အစိုးရဘက်က စတိုက်တတ်တယ်လို့ဒေသခံ တစ်ချို့ ပြောတာ ကြားဖူးတယ်။ ' ဟု အာဘောင်အာရင်းသန်သန်ဖြင့် ရှင်းပြသည်။


စာရေးသူ၏ အတွေးရေယာဉ်တွင်မူ နှစ်ဆင့် အပစ်ခတ်ရပ်စဲပြီးသည့် အဖွဲ့ဖြစ်ပြီး အန်စီအေ နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်စာချုပ် မရေးထိုးသည့် အဖွဲ့ဖြစ်သည့် SSPP/SSA နှင့် တပ်မတော်တို့အကြား ပြင်းထန်သည့် တိုက်ပွဲများ နောက်ပိုင်းနှစ်များအတွင်း နှစ်စဉ်လိုလိုဖြစ်ခဲ့ရာ သာမန်ပြည်သူများဖြစ်သည့် ဒေသခံများအဖို့ ယင်းတိုက်ပွဲများနှင့် နှစ်ဆင့်ပြုလုပ်ထားသည့် အပစ်ခတ်ရပ်စဲရေးတို့မှာ ၀ိရောဒိဖြစ်စရာပင်။ အစိုးရသစ်လက်ထက်တွင် မြောက်ပိုင်းဒေသ တိုက်ပွဲများ ပြင်းထန်လာမှုအပေါ်တွင်လည်း ဖြေရှင်းမှုများက အားရစရာမရှိ။ ကျူမောက်ခေါဝ်တောင်ကြားကို ဖြတ်ကျော်ပြီး များမကြာမှီမှာပင် SSPP/SSA ဌာနချုပ် လမ်းခွဲဖြစ်သည့် ပါချီးလမ်းခွဲသို့ ရောက်လာလေသည်။ SSPP/SSA ဌာနချုပ်ဟုဆိုသော်လည်း လားရှိုး ၊ မိုင်းရှူး ခရီးသွားယာဉ်များမှာ မိုင်းရယ်မှတဆင့် ၀မ်ဟိုင်းကိုဖြတ်၍ မိုင်းရှူးသို့ပင် ပြေးဆွဲမှုများ ရှိနေပေသည်။ ပါချီးကျေးရွာတွင်လည်း ရွေးကောက်ပွဲအတွက် ပါတီများမှ စတစ်ကာများ ကပ်ထားသည်ကို တွေ့ရသည်။ ဌာနချုပ်ဝမ်ဟိုင်းတွင်လည်း မဲပုံးထောင်ကာ ရွေးကောက်ပွဲကျင်းပမည်ဟု သတင်းထွက်နေသည်။


ပါချီးကျေးရွာမှာ မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ်တို့၏ နယ်စပ်ပင် ယင်းမှ ၁၅ မိနစ်ခန့် ဆက်လက်ခရီးနှင်လာခဲ့သော် ၀မ်ဆော့ကျေးရွာသို့ ရောက်လာခဲ့သည်။ ၀မ်ဆော့ကျေးရွာမှာ ၂၀၁၅ ခုနစ် အောက်တိုဘာလအတွင်းက ရွာဘုန်းကြီးကျောင်းအတွင်းရှိ ဆွမ်းစားဆောင်ကို လက်နက်ကြီးထိမှန်ခဲ့မှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးခဲ့ရလေသည်။ ရွာတွင် သျှမ်းတိုင်းရင်းသားများသာမက လီဆူး လားဟူ လူမျိုးများပါနေထိုင်ပြီး လမ်းမတောင်ဘက်ရှိ တောင်တန်းများအနီးတွင်လည်း လားဟူရွာများရှိလေရာ ရွာနီးချုပ်စပ်အားလုံးမှာ အဆိုပါကာလများအတွင်းက စစ်ဘေးရှောင်ခဲ့ရလေသည်။


ဝမ်ဆော့ရွာအတွင်းဝင်လိုက်သည်နှင့် SNLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကြော်ငြာဆိုင်းဘုတ်ကို တွေ့ရသည်။ ရွာအတွင်းရှိ အအေးဆိုင်တွင် ခေတ္တနားစဉ် ဆိုင်ကယ်များဖြင့် ကော်ဇောများလှည့်လည်ရောင်းချသည့် ပြည်မသားအချို့ကို မြင်တွေ့ရလေသည်။


ဝမ်ဆော့လွန်၍ ကုန်းကပူလေးအား ဖြတ်သန်းစဉ် SSPP/SSA စစ်သားတစ်ဦး လမ်းမတွင် ဖြတ်လျှောက်နေသည်ကိုလည်း တွေ့ရသည်။


“ကားလမ်း ဒီဘက် စေတီနားက ကုန်းလေးက သူတို့နေတာပဲ။ ရှေ့က လယ်ကွင်းတွေထဲက ချောင်းနားမှာ တစ်နှစ်က တိုက်ပွဲတွေဖြစ်ဖူးတယ်။” – ဟုအတူလိုက်ပါလာသည့် သူငယ်ချင်းကပြောသည်။


ခဏအကြာတွင် ဟိုင်းပါ လမ်းခွဲကို ဖြတ်ကျော်ခဲ့ပြီးနောက် နမ့်ပန် ချောင်းကူးသည့် နမ့်ကတ်တံတားသို့ရောက်လာခဲ့သည်။ ချောင်းရေမှာစိမ်းလဲ့ကြည်လင်နေပြီး ကွန်ဟိန်းဒေသသို့ ဖြတ်သန်းစီးဆင်းကာ သံလွင်မြစ်အတွင်းဝင်သည့် မြစ်လက်တက် တစ်ခုပင်။ တံတားသစ်မှာ ဖွင့်လှစ်သည်မှာ နှစ်ပိုင်းပင်ရှိသေးသော်လည်း ဖွင့်စ သိမ်မကြာမှီ မှာပင် ကားဖြတ်သန်းစဉ် တံတားဆိုင်းကြိုးအချို့  ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်ဟု မိုင်းရှူးရောက်မှ ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။


၁၀ မိနစ် ခန့်အကြာတွင် ‘မိုင်းရှူးမြို့ရတနာမြေမှ ကြိုဆိုပါ၏ '  ဆိုသည့် မြန်မာစာတမ်းပါ မြို့ဆိုင်းဘုတ်အား မြန်မာ့ရိုးရာ ကနုတ် ခြယ်သ၍ မြင်တွေ့ရသည်။
‘ကျောက်တူးသမားလေးရယ် ရည်းစားလေးမို့ အားမငယ်ပါနဲ့ကွယ် ဘဝ သံသရာလောကရဲ့ အလယ်မှာ ဆင်းရဲသူရယ် ချမ်းသာသူရယ်အများကြီးရှိပါတယ်။ တကယ်တော့ ကျောက်တူးသမားများဟာ လောပန်းလောင်းတွေပါ ’ဆိုသည့်  ကျောက်တူးသမား သူဌေးဖြစ်သည့် လောပန်းလောင်း သီချင်းသံ သင်းပျံ့သည့် ၉၀ ပြည့်လွန်နှစ်များက  ခေတ်ကာလကလိုတော့ ဟုတ်ဟန်မတူတော့။ မြို့တွင်းသို့ ၀င်လိုက်သည်နှင့် အတန်ငယ်ကျဲပါးသည့် သွားလာမှုများကို မြင်တွေ့ရသလို ရွှေဟသာင်္ဈေးကို ကျော်လိုက်သည်နှင့် ပါတီများ၏ မဲဆွယ်ဆိုင်းဘုတ်များကို မြင်ရသည်။


ရောက်လျှင်ရောက်ခြင်း SNLD ပါတီ အောင်နိုင်ရေးရုံးသို့ ခြေဦးလှည့်ခဲ့သည်။ အသိမိတ်ဆွေများနှုတ်ဆက် ရန်နှင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု အခြေနေများကို မေးရန်ပင်။ ရောက်မဆိုက်ပင် သတင်းသမားတစ်ဦး အတွက် စိတ်ဝင်စားစရာသတင်းလည်း ကြားရသည့်အတွက် သတင်းကုန်ကြမ်းရသလို ဒေသခံများအတွက် တော့ သတင်းကောင်းမဟုတ်။


ကြားရသည့် သတင်းမှာ NLD ပါတီမှနေ၍ လုံခြုံရေး အကြောင်းပြချက်ဖြင့် မြို့ မြောက်ပိုင်း ကျေးရွာအုပ်စု အချို့မှ မဲရုံများကို ရွေးကောက်ပွဲကျင်းပမှုမှ ဖျက်သိမ်းပေးရန် ဆိုသည့် တောင်းဆိုချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့ထားသည့် သတင်းပင်။ ယင်းတင်ပြချက်ကိုသာ အတည်ပြုခဲ့ပါက အနည်းဆုံး ဒေသခံ မဲဆန္ဒရှင် ၄၀၀၀ ကျော်မှာ မဲပေးခွင့် ဆုံးရှုံးမည့် အရေးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အကြောင်းပြချက်က လက်နက်ကိုင်များ တားဆီးမှုကြောင့် လွတ်လပ်စွာ သွားလာ မဲဆွယ်ခွင့် မပြုနိုင်သည့် ကိစ္စက အကြောင်းပြချက်ပင်။ ပို၍ဆိုးသည်က ကျေးရွာများ အားလုံးမှာ သျှမ်းတိုင်းရင်းသား ကျေးရွာ များဖြစ်နေခြင်းပင်။ အဆိုပါ မဲရုံများ ပယ်ဖျက်ခံရပါက အနည်းဆုံး ဒေသခံ ၄၀၀၀ ကျော် မဲပေးခွင့် ဆုံးရှုံး မည်ဖြစ်သည်။ တစ်ချိန်တည်းတွင်လည်း လက်နက်ကိုင်အဖွဲ့မှာ အခြားအဖွဲ့မဟုတ်။ တစ်ချိန်က NLDနှင့် နီးစပ်ခဲ့သည့် ဗိုလ်ချုပ်ဆေထင် နာယကလုပ်နေသော SSPP/SSA သျှမ်းလက်နက် ကိုင်အဖွဲ့ပင်။


အကဲခတ်များ၏ ပြောဆိုမှုအရ မိုင်းရှူး ဒေသအတွင်း NLD ၏ အဓိက ပြိုင်ဘက်မှာ ကာလရှည် မဟာမိတ်ဟောင်း ကျားခေါင်းပါတီ ဖြစ်နေသည်ဆိုသောကြောင့် NLD ၏ ကန့်ကွက်မှုအပေါ် မှင်တက်သလိုပင် ဖြစ်မိပြီး အခုတော့ သူတို့ ဝေးခဲ့ကြပြီ ဆိုသည့် သီချင်းစာသားကို ကြားယောင်လာမိသည်။ ညဘက်တွင်တော့ မြို့လယ် ဟံသာမုနိ ကျောင်းတိုက်တွင် ၂၅ နှစ်ပြည့် ငွေရတု စာပြန်ပွဲနှင့် ပွဲတော်ရှိသည့်အတွက် ပွဲတော် ဘက်သို့ သွားလာနေမှုများနှင့် တရားဓမ္မသံများကို ကြားသိ မြင်တွေ့နေရသည်။


ခရီးပန်းသဖြင့် စာသောက် လမ်းလျှောက်ပြီးနောက် အိပ်ယာဝင်ခဲ့သည်။ မတ်လ ၂၁ ရက်ညကတော့ ရှောရှောရှူရှူပင် အိပ်ပျော်ခဲ့သည်။


အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။

မိုင်းရှူးက ၃ အုပ်စု ကြားဖြတ်ရွေးကောက်ပွဲ ပိတ်ခံရတဲ့အပေါ် ကျားခေါင်းပါတီအမြင်

Posted: 23 Mar 2017 12:11 AM PDT

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်
ရပုဂ္ဂိုလ် စိုင်းလိတ်၏ အမြင်သဘောထား
ပြီးခဲ့တဲ့အပတ်က ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကိုယ်တိုင် လာရောက်ပြီးတော့မှ နိုင်ငံရေးပါတီအကုန်လုံးနဲ့စုဆုံပြီး ဆုံးဖြတ်ချက် တခုချခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နီး တဲ့နေရာတွေမှာ ရှိတဲ့ကျေးရွာတွေကို တပ်နဲ့ရဲမပါဘဲနဲ့ရွေးကောက်ပွဲဝန်ထမ်းတွေနဲ့ သက်ဆိုင် ရာနိုင်ငံရေး ပါတီ ကိုယ်စားလှယ်တွေနဲ့ဘဲ မဲလက်မှတ်ကို သယ်ဆောင် သွားဖို့ အဲလိုဆုံးဖြတ်ချက်ရှိပါတယ်။ အားလုံးရဲ့ သဘောတူညီချက်နဲ့ပါ။ အခုရက်ပိုင်း မှာမှ NLD လွှတ်တော်ကိုယ်စားလှယ်နဲ့ မြို့နယ်တာဝန်ရှိသူ ၂ ယောက် လက်မှတ်ထိုးပြီးတော့ ကန့်ကွက်ထားပါတယ်။ ရွေးကောက်ပွဲ မကျင်းပဖို့ တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်နိုင်ချေမရှိလို့ လို့အကြောင်းပြပါတယ်။ ဒါပေမယ့် အဲဒီဟာပါတီအားလုံးသဘောတူညီပြီး သား ကိစ္စကို ပြန်လည်ပြီးတော့မှ ကန့်ကွက်တယ်ဆိုတာ ကျနော်တို့အနေနဲ့ကတော့ အကျုံးမဝင်ဘူးလို့မြင်ပါတယ်။


သူတို့က မဲလက်မှတ်သွားပို့ဖို့ကိစ္စကို ခဏဆိုင်းထားတယ်ပေါ့နော် ။ အဲကြောင့်ကော်မရှင်ကလည်း သူတို့ရပ်ထားပါတယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ရဲ့စေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ခရိုင်အဆင့်ဖြစ် တဲ့စိုင်းထွန်းအောင်ကို လှမ်းပြီးတော့အကြောင်းကြားတယ်။ ပြည်နယ်ရွေး ကောက်ပွဲ ကော်မရှင်ကိုယ်တိုင်လာပြီးတော့ ထပ်မံပြီးတွေ့ဆုံတယ်။ နိုင်ငံရေးပါတီတွေနဲ့အတူ ပြန်လည်ဆွေးနွေး ပါတယ်။


အဲဒီအုပ်စု ၃ ခုမှာ မဲဆန္ဒရှင် စုစုပေါင်း ၄၀၀၀ ကျော်တယ်။ လူ ၄၀၀၀ ကျော်မဲမပေးလိုက်ရတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတ တဲ့ရွေးေ ကာက်ပွဲလို့ကျနော်တို့ပြောလို့ရပါ့မလား ဒါကို ထည့်စဉ်းစား ရမှာဖြစ်ပါတယ်။ အဲတော့ အဲဒီအုပ်စု ကမဲဆန္ဒရှင်ပြည်သူတွေရဲ့ မဲပေးခွင့် အခွင့်အရေးကို ကျနော်တို့က တနည်းတလမ်းက ပိတ်ပင်လိုက်တာ လို့ဘဲမြင်ပါတယ်။ ဒါမဖြစ်သင့်တဲ့ကိစ္စပါ။


ဒါကြောင့်လူထုအနေနဲ့လည်း ကိုယ့်ရဲ့ရတောင့်ရခဲတဲ့ဒီအခွင့်အရေး ကိုလက် လွတ်မခံဘဲ မိမိကြိုက်တဲ့ပါတီ မိမိကြိုက်တဲ့ ကိုယ်စားလှယ်ကိုမဲပေးခွင့်ရအောင် အစိုးရကော် သက်ဆိုင်ရာရွေးကောက်ပါ နိုင်ငံရေးပါတီ တွေနဲ့ ပူးပေါင်းပြီးမဲပေး ခွင့်ရအောင် နည်းလမ်းရှာပေးသင့်တယ်။ မဲဆန္ဒရှင်ကိုယ်တိုင်လည်း မဲပေးပိုင်ခွင့်လက်လွတ်ဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့အကြောင်းကို သက်ဆိုင်ရာကို အကြောင်းကြားတင်ပြဖို့ လိုအပ်ပါတယ် ။

သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲ နဲ့ CSSU အနာဂတ် ဥက္ကဌအပေါ် ကျားဖြူပါတီ ဥက္ကဌ အမြင်

Posted: 22 Mar 2017 11:48 PM PDT

လက်ရှိဖြစ်ပေါ်နေတဲ့ သျှမ်းပြည် နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်တဲ့  သျှမ်းအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲမကျင်းပနိုင်သေးတဲ့ကိစ္စ၊ မတ်လကုန်ရင်  ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ကိစ္စ၊ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့  အနာဂတ် ဥက္ကဌ ရာထူးတို့ပေါ်  သျှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်း ကို သျှမ်းသံတော်ဆင့် ရဲ့ သတင်း ထောက် နန်းဆိုင်ဖူးကနေ ဆက်သွယ်မေးမြန်းထားပါတယ်။


မေး။ ။တောင်ကြီးမြို့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ သျှမ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တပ်မတော်က ကျင်းပခွင့်မပြုဘဲ နေရာရွှေ့ဆိုင်းလိုက်တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။


ဖြေ။ ။ အမှန်တော့ တောင်ကြီးမှာလုပ်ရင်တော့ အသင့်တော်ဆုံးပေါ့။ တောင်ကြီးက သျှမ်းပြည် နယ်ရဲ့မြို့တော်ဘဲ။ တပ်မတော်က သွားလုပ်ခိုင်းတဲ့ မိုင်းတော့မိုင်းထားဆိုတာက အရမ်းဝေးခေါင် လှပါတယ်။ သွားလာရေး လမ်းပန်းဆက်သွယ်ရေး အရမ်းကိုခက်ခဲတဲ့နေရာဖြစ် ပါတယ်။ ဆွေးနွေး ပွဲသွားတက်မယ့်သူတွေအတွက် နေထိုင်စားသောက်ဖို့အတွက်ရော လွယ်ကူ မှာမဟုတ်ပါဘူး။ ဒါကြောင့် အားလုံးအဆင်ပြေမယ့် တောင်ကြီးမှာ ကျင်းပခွင့်မပေး ရင်တော့ တရားမျှတမှုရှိ မှာမဟုတ်ဘူး။


မေး။ ။ ဘာကြောင့် တရားမျှတမှုမရှိဘူးလို့ပြောနိုင်သလဲရှင့်။


ဖြေ။ ။ ကရင်ကိုကြည့်လေ။ ကရင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ် ဖားအံမြို့မှာ ကျင်းပတယ်။ သူတို့ လွတ်လွတ်လပ်လပ်ကျင်းပခွင့်ရတယ်။ သျှမ်းဆိုရင် RCSS/SSA က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လက်မှတ်ရေးထိုးထားပြီးပြီဘဲ။ ကရင်တွေ မြို့တော် ဖားအံမှာ ကျင်းပခွင့်ရသလို သျှမ်းတွေလည်း မြို့တော်တောင်ကြီးမှာ ကျင်းပခွင့်ရနိုင်ရမှာပေါ့။ အခုတော့ တောင်ကြီး သို့မဟုတ် ပင်လုံမှာကျင်းပမယ်ဆိုတာကိုခွင့်မပြုဘူးဆိုရင်တော့ တရားမျှ တမှုမရှိတာဘဲပေါ့။


မေး။ ။ CSSU ရဲ့ ဥက္ကဌ တာဝန်ကို ကျားဖြူပါတီကနေ အလှည့်ကျ တာဝဝန်ယူရ မယ်လို့ ပြော ဆိုနေကြပါတယ်။ တာဝန်ယူဖို့အဆင်သင့်ဖြစ်ပြီလားရှင့်။


ဖြေ။ ။ ကျနော့် အနေနဲ့  တာဝန်ယူဖို့ အဆင်သင့်ဖြစ်ပါပြီ။ ဒါပေမယ့် သိတဲ့အတိုင်း ကျားဖြူပါတီက ကျနော်တယောက်ထဲအလုပ်လုပ်နေတာမဟုတ်တော့ အဲဒီအတွက် ဗဟိုကော်မတီက အစည်းအဝေးထိုင်ရဦးမယ်။ ထိုင်ပြီးမှ ဆုံးဖြတ်ပြီးမှ တာဝန်ယူနိုင်မယူနိုင် သိရမှာဖြစ်ပါတယ်။


မေး။ ။ ဗဟိုကော်မတီအစည်းအဝေးက ဘယ်တော့ကျင်းပမလဲ။


ဖြေ။ ။ လာမယ့်ဧပြီလထဲမှာကျင်းပမယ်။ သို့ပေမယ့်အခုလတ်တလောမှာတော့ CSSU က နှစ်ပတ်လည်အစည်းအဝေးကျင်းပဦးမှာမဟုတ်ဘူး လို့ စာထုတ်ပြန်ထားတယ်။ အတွင်းရေးမှူး စိုင်းညွန့်လွင်ကနေပြီးတော့လက်မှတ်ထိုးထားတဲ့စာတစောင် ကျနော့ဆီပို့လာတာတွေ့ရတယ်။ ဥက္ကဌတာဝန်လွဲဖို့ သူတို့ဘက်ကလည်း အဆင့်သင့်မဖြစ်သေးတာလည်းဖြစ်နိုင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲနဲ့လည်း တိုက်နေတာကိုး။


မေး။ ။ အခုလို အစည်းအဝေး ရက်ရွှေ့လိုက်တဲ့အပေါ် ဥက္ကဌကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။


ဖြေ။ ။ ပြသနာမရှိပါဘူး။ အမြန်မလိုပါဘူး။ ရွေးကောက်ပွဲတို့ဘာတို့လည်း လုပ်ရမယ်လေ။ ဒါမျိုးအလုပ်က ပုံသေမရှိဘူး။


မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲဆိုလို့ တခုမေးချင်ပါတယ်။ ကျားဖြူပါတီကလည်း ကြားဖြတ်ရွေး ကောက်ပွဲဝင်ပြင်ဆင်နေတယ်။ စည်းရုံးရေးက ဘယ်အဆင့်အထိရောက်ပြီလဲရှင့်။


ဖြေ။ ။ အဆင်ပြေတယ်။ မိုင်းရှူး ကျေးသီးပေါ့ ။ တနေရာ တနေရာဆိုရင် ၄၀၀-၅၀၀ လောက်ရှိမယ်။ လာရောက်နားထောင်အားပေးတဲ့ဒေသခံတွေ။


မေး။ ။ အောင်နိုင်မှုအခြေအနေကကော ဘယ်လိုမှန်းထားလဲ။


ဖြေ။ ။ ကျနော်တို့အနိုင်ရလိမ့်မယ်လို့ထင်တာဘဲ။ တကယ်လို့ ခြိမ်းခြောက်မှုတွေ ဖိအားပေးမှုတွေ မရှိခဲ့ရင်ပေါ့။


မေး။ ။ ဟုတ်ကဲ့ ။ စည်းရုံးရေးခရီးစဉ်ကကော် အများကြီးကျန်သေးလားရှင့်။


ဖြေ။ ။ ပြီးတော့မယ်။ မတ်လကုန်ပေါ့။


မေး။ ။ ဘယ်နေရာကိုဦးစားပေးပြီးသွားသလဲ။


ဖြေ။ ။ မိုင်းရှူး၊ ကျေးသီး အကုန်လုံးပေါ့။


မေး။ ။ လူထုထောက်ခံအားပေးမှုကိုကော ကျေနပ်အားရပါရဲ့လား။


ဖြေ။ ။ ကျားဖြူပါတီကို တခဲနက်အားပေးကြပါတယ်။ စည်းရုံးရေးလုပ်ငန်းမှာ ကျေးသီးကို အားအရဆုံးဘဲ။ လူထုက ကျားဖြူပါတီကို မျှော်လင့်ကြတယ်။


မေး။ ။သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ကျေးရွာ အုပ်စု ၃ ခုကို ရွေးကောက်ပွဲ ကျင်းပရေး ပိတ်ပင်ဖို့ NLD ပါတီက တောင်းဆိုလိုက်တဲ့အပေါ် ကျားဖြူပါတီ ဘယ်လိုမြင်ပါသလဲ။


ဖြေ။ ။ ဘာဘဲဖြစ်ဖြစ်အဲလိုပိတ်လိုက်တော့ တယောက်ထဲကိုဘဲမဟုတ်ပါဘူး။ ကျနော်တို့ ရွေးကောက်ပွဲဝင်မယ့်ပါတီအားလုံးကို ထိခိုက်မှုရှိစေမှာအမှန်ဘဲ။ မပိတ်စေချင်ဘူးပေါ့နော်။ ဒါပေမယ့် အဲဒီပိတ်ခံရတဲ့ အုပ်စု ၃ ခုက လုံခြုံလွတ်လပ်မှုမရှိဘူးလို့သူတို့ပြောတာကြားတယ်။ အမှန်တော့ လက်နက်ကိုင်တပ်ဖွဲ့အားကိုးပြီး မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်မှုတွေရှိနိုင်တဲ့နေရာ တွေပေါ့နော်။ အဲလိုဆိုရင်တော့ ကျနော်တို့လည်း သဘောမတူနိုင်ဘူး။ လက်နက်ကိုတော့ ဘယ်သူမဆိုကြောက်မှာဘဲ။ အဲလိုဖြစ်လာရင် လူထုဆန္ဒအစစ်အမှန်ကိုရနိုင်မှာမဟုတ်ဘူးလေ။ အမှန်အကန်မဟုတ်ဘူး အကြံအဖန်လို့ဘဲခေါ်မှာပေါ့အဲလိုမျိုးက။ မဲပေးတယ်ဆိုတာက မဲပေးပိုင် ခွင့်ရှိတဲ့လူတယောက်ဟာ သူ့မိဘက ခိုင်းစေတာတောင် မလုပ်ရဘူး။ သူ့ဆန္ဒနဲ့သူ သူကြိုက်တဲ့ ကိုယ်စားလှယ်ကို လွတ်လွတ်လပ်လပ်မဲပေးရွေးချယ်ခွင့်ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ် ဆိုတာက လူထုကို အလုပ်အကျွေးပြုရမယ့်  လူထုအခိုင်းအစေဘဲလေ။ လူထုအတွက်ဘာမှ မလုပ်ပေးတတ်နဲ့ကိုယ်စားလှယ်ကိုရွေးမိရင် လွှတ်တော်ထဲမှာသွားပြီး အိပ်ငိုက်နေမှာဘဲလေ။ အဲ့ကြောင့်အခုလို  NLD ကနေ မိုင်းရှူးမြို့မှာ တရားမျှတမှုမရှိနိုင်မယ့်နေရာမှာ ရွေးကောက်ပွဲ မကျင်းပဖို့ တောင်းဆိုတယ်ဆိုတာက တကယ်လို့အဲဒီနေရာမှာ လုံခြုံစိတ်ချမှုအမှန်တကယ်မရှိရင် NLD လုပ်ရပ်ကို ကျနော်တို့အနေနဲ့ ထောက်ခံရမှာပေါ့။


မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲအတွက် လူထုကို ဘယ်လိုပြောချင်ပါသလဲ။


ဖြေ။ ။ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သျှမ်းပြည်သား မိဘပြည်သူတွေကို ကျနော်ပြောချင် တာ ကတော့ ဒီလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ကိုဘဲကြည့်ရမှာ မဟုတ်ပါဘူး။ ပါတီကိုပါကြည့်ရမှာဖြစ်ပါတယ်။ လူထုကိုအမှန်တကယ်အလုပ် အကျွေးပြုမယ့် ပါတီကိုဘဲရွေးချယ်တတ်ရမှာဖြစ်ပါတယ်။ တချို့ပါတီတွေက ရွေးကောက်ပွဲသာအနိုင်ရပြီး အမတ်ဖြစ်လာတာ။ လူထုကိုအလုပ်အကျွေးမပြုတတ်ဘူး။ ရွေးချယ်ရတာ အားကြီးရှုံးတယ်။ ၅ နှစ်လုံးလုံး။ လူထုအတွက်ဘာမှ အကျိုးအမြတ်မရှိဘူးလေ။  ကျနော် ကျားဖြူပါတီရဲ့ အမတ်တွေဟာ တော်ကြတယ်။ တတ်ကြတယ် ။ကျားဖြူပါတီကိုမဲပေးကြပါ။

ဟုတ်ကဲ့- ကျေးဇူးတင်ပါတယ်ရှင့်။

သျှမ်းသံတော်ဆင့်

unread,
Mar 24, 2017, 5:35:29 PM3/24/17
to thuau...@gmail.com

ရွေးကောက်ပွဲအကြို မိုင်းရှူးသွား တောလား ( အပိုင်း ၂)

Posted: 24 Mar 2017 07:33 AM PDT

(က) နောက်ပိုင်းခေတ်မိုင်းရှူးအကြောင်း တစေ့တစောင်း


သျှမ်းဘာသာ အသံထွက်ဖြင့်ဟု ဆိုလျှင် မုန်းဆု Mong Hsu ဟု ခေါ်တွင်ပါသည်။ မုန်းဆုဟု ခေါ်တွင်ရခြင်းမှာ မြို့တွင်းတွင် နမ့်ငနှင့် နမ့်ဆုချောင်းဟူ၍ ရှိသည့်အနက် နမ့်ဆုချောင်းကို အစွဲပြု၍ သျှမ်းလို မုန်းဆု ( ဗမာလို မိုင်းရှူး ) ဟု ခေါ်တွင်ရခြင်းသျှမ်းတိုင်းရင်းသားများ ထုံးစံအတိုင်း ချောင်းများ မြစ်များ တောင်များ၏ အမည်ကို ခေါ်တွင်လေ့ရှိသည်။


ဥပမာအားဖြင့်ရွှေလီမြစ်အတွင်း ရွှေတွေ့သည့်အတွက် နမ့်ခမ်း ( ခမ်းမှာ သျှမ်းဘာသာဖြင့် ရွှေ ) ဟု ခေါ်တွင် တောင်ချွန်းဖြစ်သည့် လွိုင်လျှမ်တောင်ကို အစွဲပြု၍ သျှမ်းဘာသာဖြင့် လွိုင်လျှမ်မြို့မြန်မာဘာသာဖြင့် လွိုင်လင်မြို့ စသဖြင့် ခေါ်ဆိုလေ့ရှိသည့်အတိုင်းနမ့်ဆုချောင်းမှ မုန်းဆု ဖြစ်လာခြင်းပင်။ အင်္ဂလိပ်ခေတ် ပဒေသရာဇ်သျှမ်းပြည်ခေတ်တွင်  လွတ်လပ်သည့် ပဒေသရာဇ်မြို့စားအဆင့် (မည်သည့် စော်ဘွား လက်အောက်ခံမှ မဟုတ် )  အုပ်ချုပ်သည့် မြို့အဖြစ်ရှိနေခဲ့ပြီး  လွတ်လပ်ရေးရပြီးနောက် စော်ဘွား အဆင့်ရလာခဲ့သည်။


ပါလီမန်ခေတ်နောက်ပိုင်းနှင့် ဦးနေဝင်းအာဏာသိမ်းပြီးနောက်အားကောင်းလာခဲ့သည့် သျှမ်းအမျိုးသားရေး လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှု ကာလများတစ်လျှောက် မိုင်းရှူး ၊ တန့်ယန်း ၊မိုင်းရယ် ၊ ကျေးသီး ဒေသတစ်လျှောက်မှာ သျှမ်းလက်နက်ကိုင်များ အဓိကလှုပ်ရှားရာ ဒေသများသာ။ မိုင်းရှူးမြို့ကို နိုင်ငံတဝှမ်းမှ ပြည်သူများစတင်သိလာကြသည်ကတော့ မိုင်းရှူးရတနာမြေကြောင့်ပင်။


သျှမ်းပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် အဓိက လှုပ်ရှားသည့် SSPP/SSA သျှမ်းပြည်တိုးတက်ရေးပါတီ အပစ်အခတ်ရပ်စဲခဲ့သည့် ၁၉၈၉ ခုနစ်နောက်ပိုင်းဒေသတွင်း အခြေနေများကြောင့်လည်း မိုင်းရှူးရတနာမြေသို့ အလုံးအရင်းဖြင့်ကျောက်လာရောက်တူးဖော်မှုများ ရှိလာခဲ့သည်။ ယခင်က အာပလာကျောက်ဟုခေါ်သည့် အရေအသွေးနိမ့်ကျောက်များမှာ လယ်ကန်သင်း သို့မဟုတ်ချောင်းစပ်တစ်လျောက်တွင်ပင် အလွယ်တကူ ကျင်ယူရရှိနိုင်ကြသည်။


အာပလာကျောက်များမှာ လစ်ပို ပုလင်း တစ်ဖုံးမှ ကျပ်တစ်ထောင်မျှသာ။ ယခုလိုအမေရိကန် ဆန်ရှင်ဖွင့်ပြီး ကျောက်မျက် ပတ္တမြားနှင့် ပတ်သက်၍ ဆန်ရှင်များပြန်လည်ကင်းလွတ်ခွင့်ပေးခဲ့ချိန်တွင် ကျောက်များမှာ တန်ဖိုးကြီးလာသော်လည်းအထွက်နှုန်းက လွန်ခဲ့သည့် ၁၈ နှစ်လောက်ကတည်းက မကောင်းတော့ တောင်ကြီးမြို့မှာပင် ကျောက်ဈေးတစ်ဈေးဖွင့်လှစ်နိုင်ခဲ့သည့်မိုင်းရှူး၏ ကျောက်ထွက်အားမှာ နဝတ ခေတ်ဦးပိုင်းတွင်တော့ကြောက်ခမန်းလိလိပင်ဖြစ်ခဲ့၏။ ဆိုခဲ့ပါ ရတနာမြေအဖြစ် သတ်မှတ်ခံရမှုကာလ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကာလအတွင်းကို တစေ့တစောင်းပြန်ကြည့်လျှင်အဆိုးအကောင်းဒွန်တွဲနေသလို ဒေသခံများအတွက်မူ ဒေသခံ ဆိုသည့်စကားလုံးအတိုင်းပင်ဟု မိုင်းရှူးမြို့တွင် အခြေချနေထိုင်သည် မှာနှစ်ပေါင်း ၄၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည့် ဦးအုန်းမောင်က ပြောသည်။တကယ်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ တောင်ပေါ်တွင် ကျောက်အထွက်နည်းလာသလို အလုပ်လည်းမဖြစ်တော့။ လုပ်ငန်းခွင်များအတွင်းမီးလောင်၍ လူပေါင်းရာနှင့် ချီသေဆုံးမှု ၊ မူးယစ်ဆေးဝါး ပြဿနာများ  သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှု ၊ ကျောက်တူးဖော်မှုကြောင့် လယ်ယာမြေများ ပျက်စီးမှုစသဖြင့်  မြောက်မြားစွာပင်။ ၁၉၉၇ ခုနစ်လောက်အထိ မိုင်းရှူးတောင်ပေါ်တွင်လူတိုးမပေါက်သည့် အနေထားမှ ယခုအခါတွင် ကျိုးတို့ ကျဲတဲမျှသာ။


မြို့အမည်ခေါ်တွင်စေမှုအတွက် အဓိကကျသည့် နမ့်ဆုချောင်းကတော့ တောင်ပေါ်တွင်ကျောက်များ အလွန်အကျွံတူး ဖော်မှုတို့ကြောင့် လွန်ခဲ့သည့်နှစ်နှစ်ဆယ်ခန့်ကပင် ကောနေပြီဖြစ်သည်။


နမ့်ဆုနှင့်အပြိုင်နမ့်ငချောင်းမှာမိုင်းရှူးခေတ်ကောင်းစဉ်ကာလတစ်လျှောက် ရေပင် မကြည်လင်နိုင်ရှာ တောင်ပေါ်မှကျောက်အလွန်ကျွံတူးဖော်မှု သဘာဝ ပတ်ဝန်းကျင် ပျက်ယွင်းမှုကြောင့်ချောင်းရေမှာ အမြဲလိုလို နောက်ကျိနေခဲ့သည်။ ယခု အချိန်တွင်တော့ ရေမှာပြန်လည်ကြည်လင်လာနေခဲ့ပြီဖြစ်သည်။
သို့သော်ကျောက်ထွက်အားမှာလည်းမကောင်းတော့သည့်အပြင် ယခင်က လမ်းမတန်းတစ်လျောက် ရှိခဲ့ဖူးသည်ကျောက်အရောင်းအဝယ်ဈေးကွက်မှာ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီဖြစ်သလိုတစ်ချိန်က ကြက်ပျံမကျ စည်ကားခဲ့ဖူးသည့် မြို့လူဦးရေမှာလည်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုအားလုံးပေါင်း တစ်မြို့နယ်လုံးတွင်မှ ရ သောင်းခန့်သာကျန်တော့လေသည်။


မိုင်းရှူးကျောက်များကုန်သလောက်ဖြစ်သွားသော်လည်းဒေသအနေဖြင့် မည်သည့် တိုးတက်မှုကို ခံစားရ သနည်းဆိုသည့် မေးခွန်းနှင့်ပတ်သက်၍မူ ဦးအုန်းမောင်က ဒေသခံ ဆိုသည့်အတိုင်းဟူ၍ အထက်တွင် ဖြေဆိုခဲ့ပြီးဖြစ်သည်။ ၂၄ နာရီ လျှပ်စစ်မီးတောင်မှ လွန်ခဲ့သည့် ဖေဖော်ဝါရီလမှပင် ရလေသည်။ ဒေသတွင်း အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် SSPP/SSA မှာ စစ်အစိုးရလက်ထက် တစ်လျှောက် အပစ်ခတ်ရပ်ခဲ့သော်လည်း မခိုင်မြဲသည့် မြန်မာပြည်၏ ဖြစ်နေကျငြိမ်းချမ်းရေးဖြစ်စဉ်များအတိုင်း ၂၀၁၀ ခုနစ်တွင် စစ်တပ်နှင့်ပြန်တိုက်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပါသည်။


ခြုံငုံပြောရလျှင်သယံဇာတများသာ ကုန်ခန်းသွားသည် ဒေသအတွက် လောက်လောက်လားလား အထောက် ကူမပြုနိုင်ခဲ့ပဲ လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုဆိုင်ရာရောနှောပျက်ယွင်းမှု ၊သဘာဝပတ်ဝန်းကျင် အလွန်အမင်းပျက်စီးမှု ၊မူးယစ်ဆေးဝါးပြဿနာတို့သာ ကျန်ရစ်နေခဲ့ပြီး အခြေမခိုင်သည့် ငြိမ်းချမ်းရေး မူဝါဒများကြောင့် မြို့ပတ်ဝန်းကျင်တွင် ပစ်သံခတ်သံ တိုက်ခိုက်သံများမကြာခဏ ပြန်ကြားနေရသည့် ဒေသအဖြစ်နှင့် ဖွံ့ဖြိုးမှု များစွာနိမ့်သည့်ဒေသအဖြစ်သာ ကျန်နေခဲ့သည်ဟု ဆိုရပေမည်။


အဖိုးတန်ကျောက်မျက်ရတနာများကတော့ကုန်လုမတတ်နည်းသွားခဲ့ပြီဖြစ်ပေသည်။ မူလဒေသခံများအဖို့ ယခုအခါစိုက်ပျိုးရေး လုပ်ငန်းလုပ်ရင်လုပ် မလုပ်ရင် ထိုင်းသွားအလုပ်လုပ်ဆိုသည့်သျှမ်းပြည်ကျန် နေရာ အနှံ့တွင်မြင်တွေ့နေရသည့် သမားရိုးကျသက်မွေးဝမ်းကျောင်းမှုသာ အဓိက အားပြုနေရသည်ဟုမိုင်းရှူးမြို့ တွင်နေ ထိုင်သည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ပြီဖြစ်သည့် ဦးစိုင်းကျော်ညွှန့်ကပြောသည်။


စာရေးသူရောက်လာသည့်ယခုအစိုးရသစ်လက်ထက်တွင်ပင် ယခင် ခေတ်ကာလများနည်းတူ မူးယစ်ဆေး ၀ါးပြဿနာကတော့ရှိနေဆဲဖြစ်သည်ဟု ဦးအိုက်အဲက်က ဆိုသည်။  '


ဒေသတွင်း အခြေနေကိုကြည့်ရင် အခု အစိုးရသစ်လက်ထက်မှာတောင် အားရစရာအခြေနေမရှိဘူး။ တောင်သူတွေက ပြောင်းဈေးကျ သီးနှံဈေးကျနဲ့ဒုက္ခရောက်တဲ့အပြင် အစိုးရကလည်း အရေးပေါ် သီးနှံဝယ်ပေးတဲ့အစီအစဉ်တွေမရှိဘူး။ ပြောင်းဆိုရင် တရုတ်ဘက်ကိုပဲ ပို့ရတာ။တရုတ်ဘက်ပို့တဲ့ လမ်းတွေမှာလည်း တိုက်ပွဲတွေဖြစ်တယ်။ NLDကိုမဲထည့်ဖို့ဆိုတာ ဒေသခံတွေအတွက် တော်တော်လေးကို စဉ်းစားရမဲ့ကိစ္စဖြစ်ပါတယ်။ အရင်အစိုးရ လက်ထက်တွေကတည်းက ရှိခဲ့တဲ့ ဒုစရိုက်မှုတွေ မူးယစ်ကိစ္စတွေက အစိုးရသစ်လက်ထက်မှာလည်း ရှိနေဆဲပဲ။ NLDသာတက်လာသာ မူးယစ်ဆေး ၀ါးပြဿနာတွေလည်း မရှင်းနိုင်သေးဘူး။ ' ဟုလည်း ၄င်းကပင်ငြီးတွားပြောဆိုသည်။


(ခ) ဒုတိယနေ့ကြုံရ ဆုံရသမျှ


မနက်လင်းသည်နှင့် ဆိုင်ကယ်သံများကြောင့်နိုးထလာခဲ့သည်။ လဘက်ရည်သောက်ရင်းမည်သည့် သတင်းကို အရင်လိုက်ရမည် စဉ်းစားရင်းက ညက ကြားသိခဲ့ရသည့်ကျေးရွာအချို့တွင် ရွေးကောက်ပွဲ ကျင်းပမှု ပယ်ဖျက်ပေးရန်ဆိုသည့်NLD ပါတီဘက်မှ တောင်းဆိုမှုကို စိတ်ဝင်စားသည့်အတွက် NLDရုံးဘက်သို့ ထွက်လာခဲ့သည်။ ရုံးသို့ရောက်တော့ ခဏအကြာစောင့်ဆိုင်းအပြီးမြို့ အတွင်းတွင်တော့ စာပြန်ပွဲတော်နှင့် အလှူပွဲ ရှိသည့်နည်းတူကျားခေါင်းပါတီ အတွက် ကြားဖြတ်ရွေး ကောက်ပွဲဆိုင်ရာ သျှမ်းအဆိုတော်များ၏ ဖျော်ဖြေစည်းရုံးမှုများလည်း ရှိသဖြင့် သျှမ်းဝတ်စုံဝတ်ဆင်ထားသူအမြောက်အမြား ဥဒဟို သွားလာနေသည်ကို မြင်တွေ့နေရသည်။ NLDရုံးဘက်အရောက်တွင်တော့ ကံကောင်းထောက်မစွာပင် NLD ကိုယ်စားလှယ်လောင်းများအနက် အသက်အရွယ်အရ ၀ါအရင့်ဆုံးနှင့်ရာထူးအကြီးဆုံးဖြစ်သူ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးကျော်ခင်နှင့်တွေ့ဆုံခွင့်ရခဲ့သည်။


စာရေးသူ မေးသမျှ ကမ်ပိန်း အခြေနေ ကြုံရသမျှကိုစိတ်ရှည်လက်ရှည်ဖြေကြားပေးသည်။ ဆေးရုံ ၊ လမ်း ၊ ကျောင်း ၊ လျှပ်စစ်မီးစသည့် အခြေခံ အဆောက်အဦးများ ကောင်းမွန်စေရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပေးမည်ဟု ကတိပေး၍ မဲဆွယ်သည်ဟု ဆိုသည်။


အဓိကပြိုင်ဘက်မှာ SNLDပါတီဖြစ်ပြီး မိုင်းရှူးမြို့မြောက်ပိုင်းမှ ကျေးရွာအုပ်စု များတွင်ရွေးကောက်ပွဲ မကျင်းပပဲ ပယ်ဖျက်ပေးရေးအတွက် တောင်းဆိုထားမှုနှင့်၎င်းကိုယ်တိုင်ပင် အဆိုပါ နယ်မြေများသို့ သွားရောက်ခဲ့ သော် လည်း လိုရင်းနေရသာသို့ မရောက်နိုင်ခဲ့ဟု ပြောသည်။ မော်မေ့ ၊ ကွန်ကျောင်း နောင်အက်ကျေးရွာ အုပ်စု များတွင် ရွေးကောက်ပွဲ မကျင်းပပဲ ပယ်ဖျက်ပေးရန် NLDကိုယ်စားလှယ်များက တင်ပြထား ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်နှင့်ပါတီများအကြား သဘောတူညီထားမှုကို ဖောက်ဖျက်ရာရောက်ပြီး လက်နက်ကိုင်များရှိနေသည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာရန် အခက်အခဲရှိနေသည် အချက်  ၂ ချက်နှင့် ညှိစွန်းနေသည်ဟု ၄င်းကပင်ဆိုသည်။ SNLDပါတီကိုပဲ မဲဆွယ်ရန် လက်ခံသည်ဆိုခြင်းမှာ မဖြစ်သင့်ဟုပင်ဆိုသည်။
လက်ရှိ မဲဆန္ဒရှင်စာရင်းအရ ကြည့်မည်ဆိုလျှင် ၄ သောင်း ၃ ထောင်ကျော်ရှိသည့် မိုင်းရှူးမြို့နယ်အတွင်း ဒေသခံ တိုင်းရင်းသားမဟုတ်သည့်လူမျိုးမှာ အင်မတန်မှ နည်းပါးလှသည်ဟု ကောက်ချက်ချနိုင်သည်။


လွိုင်ဆောင်ထောက်ကဲ့သို့ မိုင်းရှူးကျောက်ထွက်သည့် တောင်ပေါ်ဒေသတွင်ဗမာအများစုရှိသော်လည်း မဲဆန္ဒရှင် စုစုပေါင်း မဲပေးနိုင်သည့် အရေအတွက် ၅ထောင်အထက် ရှိနိုင်သော်လည်း နောက်ပိုင်း လုပ်ကွက်မကောင်းသည့်အတွက် အခြားပယင်းနှင့်ရွှေမှော် ဒေသများသို့ ပြောင်းရွှေ့မှုများလည်းအမြောက် အမြားရှိနေသည်။
ဒေသခံ ၄၀၀၀ နီးပါး မဲပေးခွင့် ဆုံးရှုံးမည့် ကိစ္စမှာလည်း ရာခိုင်နှုန်းအရကြည့်မည်ဆိုလျှင် ပေါ့သေးသေးတော့ မဟုတ်ပေ။ ဦးကျော်ခင်နှင့်ေ တွ့ဆုံပြီးမြို့နယ် ကြံ့ခိုင်ရေးမှ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ရတွင်တိုင်းရင်းသား လက်နက်ကိုင် စိုးမိုးနယ်မြေအတွင်းမဲသွားဆွယ်ရာတွင်အစိုးရမှနိုင်ငံတော်အဆင့် ဆောင်ရွက်သည့် ရွေးကောက်ပွဲဖြစ်သည့်အတွက် တပ်နှင့် ရဲ လုံခြုံရေးများ ခေါ်သွားခွင့်မရသည့် ကိစ္စအပေါ်သာတသွင် သွင်ပြောနေပေလျော့ သည်။ တပ်မတော်မူဝါဒနှင့်ပင် သိပ်ကွာဟန်မတူ၊လက်နက်ကိုင်များကို ချက်ခြင်း လက်နက်ဖြုတ်ခိုင်းချင်သည့်လေသံဖြင့်ပင်။ NLD ကြံ့ခိုင်ရေး ကိုယ်စားလှယ်များ နှင့်တွေ့ဆုံပြီး နောက်တွင်တော့ ဒေသခံများအသံကို နားထောင်လိုသဖြင့်မြို့လယ်တဝိုက် လဘက်ရည်ဆိုင်ထိုင်ရင်း တစ်ဖုံ ၊ ဘုရားပွဲဈေးနားသွားရင်တစ်မူ တတ်နိုင်သမျှ ရွေးကောက်ပွဲ အပေါ် ဒေသခံ အမြင်ကို တီးခေါက်ကြည့် တော့မြို့ခံအများစုမှာ လက်ရှိအခင်းအကျင်းအပေါ် ငြီးငွေ့မှု အရိပ်အယောင်များမြင်နေရသလို ရွေးကောက်ပွဲ နယ်မြေပယ်ဖျက်ရန် တင်ပြသည့် လုပ်ရပ်အပေါ်ကြိတ်မနိုင်ခဲမရ ဖြစ်နေသည့် အရိပ်အယောင်များလည်း တွေ့နေရပါသည်။


စာရေးသူစနည်းနာမိသလောက် ပြောရလျှင် မြို့ခံအများစုနှင့် ဒေသခံအများစုမှာရွေးကောက်ပွဲ မဲထည့်ရန် အထူးစိတ်အားထက်သန်နေကြသည်။ ၀မ်ဆော့မိုင်းရှူးလမ်းမှ ရွာအချို့ဆိုလျှင် နိုင်ငံရေးအခမ်းအနား နှင့်လှုပ်ရှားမှုရှိလျှင် အိမ်ရှေ့တွင် သျှမ်းပြည်အလံ ( သို့မဟုတ် ) သျှမ်းအမျိုးသား အလံလွှင့်ထူထားလေ့ရှိသည့် ထုံးစံအတိုင်း အိမ်ရှေ့တွင်သျှမ်းအလံများ လွှင့်ထူထားသည်ကို တွေ့မြင်ရသည်။ ရပ်ကွက် ၁ မှ ဦးစိုင်းစိန်မြင့် ဆိုလျှင်'ဒေသခံပြည်သူတွေအကြားမှာတော့ တိုင်းရင်းသား ပြည်မသားဆိုပြီး စိတ်တွေမရှိကြဘူး။ ပြိုင်ဆိုင်မှု ပြင်းထန်နေတာ ပါတီတွေပဲရှိတယ်။


အဓိကပြဿနာတွေဖြစ်နေတာလည်း ပါတီကြီးတွေကြောင့်ဖြစ်ပါတယ်။ ပါတီကြီးတွေဆိုတာပြည်မက လာပြိုင်တဲ့ NLD ၊ ပြည်ခိုင်ဖြိုးတို့ပေါ့ ။ ကျန်တာကသိတဲ့အတိုင်း ပါတီငယ်တွေဖြစ်တဲ့ ကျားခေါင်း SNLD ၊ SNDP ကျားဖြူ ၊ ၀ပါတီတွေပဲ ပြိုင်မှာလေ။ မဟာမိတ်လည်းဆိုခဲ့သေးတယ် ပါတီကြီးအနေနဲ့ပါတီ ငယ်တွေကို သြဇာသုံးပြီး ဖိအားပေးတာမျိုး မဖြစ်စေချင်ဘူး။အခုလုံခြုံရေးအကြောင်းပြတယ်ဆိုပေမဲ့ SSPP/SSA ကလည်း သူ့နယ်မြေထဲမဲဆွယ်နိုင်ကြောင်း ကြေငြာချက်ထုတ်ပြီးသားပဲ။ ' ဟုပင်ပွင့်ပွင့် လင်းလင်းပြောလေသည်။


ကျားခေါင်းပါတီမဲဆွယ်မှုများတွင်လူအမြောက်အမြား စုရုံးနားထောင်လေ့ရှိသည်ဟု ပြောကြသလို NLD မှာ များမကြာမှီ ကာလကပင် မြို့နယ် ပါတီဗဟိုအလုပ်အမှုဆောင်နှုတ်ထွက်မှုအပါဝင် ပါတီဝင်များနှုတ်ထွက်မှုများရှိခဲ့ပြီးဖြစ်သည်ဟု ထောက်ပြကြသည်။ လူမှု ကွန်ယက်မီဒီယာများ တွင်ဖော်ပြထားသည့် မိုင်းရှူးမြို့နယ်အတွက် မဲဆွယ်စည်းရုံးမှုများတွင်လည်းNLDမှာ ပရိသတ်အများအပြားနှင့် စုရုံးဟောပြောနေသည်ကို မတွေ့ရ။


ဦးကျော်ခင်ကိုယ်တိုင်ပင် သျှမ်းအများစုနေထိုင်ရာ ဒေသတွင်သျှမ်းဘာသာဖြင့် စည်းရုံးဟောပြောခြင်း မပြုပဲ သျှမ်းဘာသာလက်ကမ်းစာစောင်ဖြင့်သာ ဖြန့်ဝေကာ စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်သည်ဟုစာရေးသူကို ပြောထားသည်ကိုလည်း သတိရမိလာသည်။ ပါတီစည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားပါတီဝင်များ အမြောက်အမြားမရှိလျှင် လွယ်ကူမည်မဟုတ်ဆိုသည့်အတွေးလည်း ခေါင်းထဲဝင်လာပါတော့သည်။


တစ်ချိန်တည်းတွင်ပင် အင်တာနက် ဆိုင်ဘက်ရောက်လို့ လူမှု့ကွန်ယက်မီဒီယာကိုဖွင့်ကြည့်လိုက်တော့ ဟောင်ကောင်တက္ကသိုလ်မှ ဆုမွန်သဇင်အောင်၏တိုင်းရင်းသားအရေးနှင့် ပတ်သက်သည့် ဆောင်းပါးကို တွေ့မိလိုက်သည်။


ဆောင်းပါးအနှစ်ချုပ်က ငြိမ်းချမ်းရေးမရသည်မှာ အခြေခံ ဥပဒေမပြင်သည့်အတွက်အပစ်မရပ်သည့်အတွက်ဟု ဆိုနေကြသော်လည်း အစိုးရများအနေဖြင့်တိုင်းရင်းသားများ၏ မူလရပိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိ အမှတ်ပြုမှုကသာ အရေးကြီးဆုံးအချက်ဖြစ်သည်ဟု ဆိုထားသည်။


လတ်တစ်လောမိုင်းရှူးတွင် NLD နှင့် SNLD ပါတီ အကြား ပြိုင်ဆိုင်မှုပြင်းထန်နေမှု ၊ မွန်ပြည်နယ်မှ ဗိုလ်ချုပ်အောင်ဆန်း တံတားအရေး ကိစ္စတို့တွင်NLDသဘောထားတို့မှာ တိုင်းရင်းသားအရေးနှင့် ပတ်သက်၍လည်း အမှန်တကယ်ပင် မေးခွန်းထုတ်စရာရှိနေသည်က အသေအချာပင်။


ရွေးကောက်ပွဲနိုင်လိုဇောနှင့် နယ်မြေပယ်ဖျက်ပေး ရန်တောင်းဆိုမှုက ဒီမိုကရေစီအရကြည့်လျင် မသင့်လျော်သည့်ကိစ္စဖြစ်သလို ဗမာများတဲ့ တောင်ပေါ်ကျတော့ မဲပေးရ၊ တိုင်းရင်းသား မူလ ဌာနေမျိုးနွယ်စုတွေ နေတဲ့ ဒေသအချို့က လုံးဝမဲပေးခွင့်မရှိတော့ဘူးလားဆိုသည့် သဘော ဆောင်နိုင်သည်ကို သတိပြုသင့်သည်။
မွန်တံတားကိစ္စတွင်လည်း ကန့်ကွက်မှုများအကြား ဇွတ်တိုးခဲ့ခြင်းမှာတံတားနာမည် ကိုယ်ပိုင်ပြဌာန်းခွင့်အ တွက်ပင် မေးခွန်းထုတ်စရာဖြစ်နေပေသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အတင်းအကြပ်ဇွတ် အတင်းအနိုင်ယူမှုနဲ့အခြေခံလို့ရမရဆိုတဲ့ ကိစ္စ တိုင်းရင်းသားဝတ်စုံဝတ် တိုင်းရင်းသားဘာသာဖြင့်ရေး ထားသည့် လက်ကမ်းစာစောင်နဲ့ မဲဆွယ်သော်လည်းလူပေါင်းရာချီအောင်မစည်းရုံးနိုင်မှုတွေက စဉ်းစားသင့် တဲ့ကိစ္စများဖြစ်သည်။ ဖက်ဒရာယ်ပြည်ထောင်စုကို တည်ဆောက်မည်ဆိုလျှင် ဒေသခံအမျိုးသားပါတီများ တိုင်းရင်းသားပါတီများ၏ အခန်းကဏ်ဏ္ဍကိုပါစဉ်းစားသင့်ပါသည်။


ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင်ပြည်လုံး ကျွတ်ရွေးကောက်ပွဲနှင့် ပြည်နယ်ရွေးကောက်ပွဲများ ဟူ၍ရှိပြီးပြည်နယ် ရွေးကောက်ပွဲကျင်းပရာ ဒေသတွင် သက်ဆိုင်ရာ မျိုးနွယ်စုတိုင်းရင်းသားပါတီများအားကောင်းနေလျှင် ပြည်မရှိ အာဏာရပါတီ အပါအဝင် ၊ ပါတီကြီးများ အနေဖြင့် ဒေသအခြေစိုက် ပါတီများနှင့် မဟာမိတ်ဖွဲ့၍ဝင်ရောက် ယှာဉ်ပြိုင်ခြင်းမပြုပဲ ဗဟိုအဆင့်တွင် သူတို့အား ပြန်၍ထောက်ခံရန် သဘောတူညီချက်များဖြင့် မဟာမိတ်ဖွဲ့လေ့ရှိသည်။


ဗမာပါတီဟုအများက ရှုမြင်ခဲ့သည့် ဦးနု၏ ဖဆပလ အစိုးရ လက်ထက်တွင်ပင်သျှမ်းပြည်ကဲ့သို့ နေရာများရှိ ရွေးကောက်ပွဲအား ဖဆပလမှဝင်ရောက်မပြိုင်ခဲ့ဖူးပေ။ လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသည့် တိုင်းရင်း သား ပဋိပက္ခမှာ စစ်အာဏာရှင် စနစ်ကြောင့် ပိုမိုရှူပ်ထွေးမှုများဖြစ်စေခဲ့ပြီး မူလဌာနေ တိုင်းရင်းသား များမှာနေရပ်စွန့်ခွာမှု သေကြေပျက်စီးမှု မြောက်မြားစွာဖြစ်ခဲ့ကာ ၄င်းတို့ ဒေသတွင်တပ်မတော်မှ နယ်မြေစိုးမိုးမှုနှင့် အတူ အခြားဒေသမှလာရောက်အခြေချနေထိုင်မှုများ မြောက်မြားစွာ ဖြစ်ပေါ်ခဲ့ပြီးဖြစ်ပါသည်။


မူလဌာနေ တိုင်းရင်းသားမျိုးနွယ်စုများအတွက် ရပိုင်ခွင့်များသတ်သတ်မှတ်မှတ်မရှိသေးမှီ ကချင်ဒေသတွင် ကချင်နည်းသွားပြီ ၊ ရှမ်းဒေသတွင်ရှမ်းနည်းသွားပြီ ဆိုသည့် ပြောဆိုချက်များနှင့် ယင်းအားနည်းချက်ကို အခွင့်ကောင်းယူ၍ နေရာမှန်သမျှအုပ်စီးလိုသည့် ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ကြမည်ဆိုလျှင် မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပြဿနာမှာဖြေရှင်း၍ပင် ပြီးနိုင်တော့မည်မဟုတ်ပါ။


ဒုတိယနေ့ မနက်ပိုင်းတွင် ကျားခေါင်းပါတီ၏ မဲဆွယ်စည်းရုံးမှုနှင့် သျှမ်းအဆိုတော် အချို့ ဖျော်ဖြေနေမှုများကို တွေ့ရသည်။ ကျားဖြူပါတီမှာမူလှုပ်ရှားမှု အနည်းငယ်တွေ့ရသော်လည်း မိုင်းရှူး ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်သည့် ၀ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီမှာမူ လှုပ်ရှားမှုမရှိသလောက်ပင်။ ဟံသာမုနိဘုရားဝင်း အတွင်းတွင်မူ ၂၅ နှစ်မြောက် စာပြန်ပွဲ ၊ဈေးပွဲတော်နှင့် တရားပွဲများ ကျင်းပနေသည့်အတွက် ရပ်ဝေးရပ်နီးမှ လာရောက်သူများဖြင့် စည်ကားနေသည်။ ချစ်စရာကောင်းသည့် ဓလေ့တစ်ခုမှာအဆိုပါ ပွဲတော်အတွက်  မြို့အဝင်တွင် မုခ်ဦးများ ဆောက်ထားပြီး သျှမ်းလှပျိုဖြူများက ဧည့်ကြိုအဖြစ် ၀င်လာသမျှ ကားများ ၊ ဆိုင်ကယ်များအားမည်သည့်နေရာတွင် တည်းခိုရမည် ၊ ဆွေမျိုးရှိပါက ရပ်ကွက်မသိပါက မည်သို့သွားရမည်၊ ထမင်းကျွေးသည့် နေရာမှာ မည်သည့်နေရာတွင်ရှိသည်ကို မြို့အဝင်ကပင် လမ်းညွှန်ပေးနေခြင်းပင်။ သတင်းသမားတစ်ဦးအဖို့ မြို့တွင်အခက်အခဲဖြစ်ရသည်မှာ သတင်းပို့ရန် အင်တာနက်ကိစ္စပင်၊ မြန်မာ့ဆက် သွယ်ရေးဖုန်းမှာ ဖုန်းပင် ရသချက် မရသချက်ဖြစ်နေသလို တယ်လီနောကျပြန်တော့လည်း အင်တာနက် သုံး၍မရ၊ စကိုင်းနက်ဖြင့် သုံးသည့်အင်တာနက်ရသည့် စတိုးဆိုင်တွင်သာ စိတ်ရှည်ရှည်ဖြင့် သွားသုံးရသည်။


ယခင်ကဖုန်းလိုင်းများအဆင်မပြေစဉ်က အိုင်ပီစတား ဂြိုလ်တုဖြင့် ဖုန်းဆက်သွယ်မှုသုံးခဲ့ရသည့် ကာလလည်း ရှိခဲ့ဖူးသည်ဟု ဆိုကြသည်။ ဒုတိယနေ့တွင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြို့ခံများထံမှ အကဲခတ်မိသလောက် ကကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲ ပယ်ဖျက်မည့် ကိစ္စအပေါ်မကျေမချမ်းဖြစ်နေကြသည်မှာ အသေ ချာပင်။


' ပအိုဝ်းတွေကို ဟိုပုံးမှာအမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပခွင့်ပေးတယ်။ သျှမ်းကိုတော့မြို့တော်နဲ့ ပင်လုံမှာ လုပ်ခွင့်မပေးဘူး။ အခု သျှမ်းတွေများတဲ့ကျေးရွာတွေမှာ ရွေးကောက်ပွဲ မကျင်းပဖို့ လုပ်နေပြီး ဗမာများတဲ့ တောင်ပေါ် မှာတော့ ကျင်းပမယ်။ ဆိုတာ လူမျိုးကြီးဝါဒနဲ့ သွေးခွဲတဲ့လုပ်ရပ်ကို ကျင့်သုံးနေတာဖြစ်တယ်။ ' ဟု အမည်မဖော်လိုသူမြို့မိမြို့ဖတစ်ဦးက မကျေမချမ်းဖြင့် ပြောသည်။


အပိုင်း ( ၃) ကို ဆက်လက်ဖော်ပြပါ့မည်။

သျှမ်းသံတော်ဆင့်

unread,
Mar 25, 2017, 5:07:34 PM3/25/17
to thuau...@gmail.com

မိုင်းရှူးမှ ရှမ်းလွတ်မြောက်နယ်မြေ ၀မ်ဟိုင်းသို့ မိုင်းရှူးသွား တောလား အပိုင်း (၃)

Posted: 25 Mar 2017 08:44 AM PDT

လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်စွမ်းမရှိသည့်အတွက် နယ်မြေအချို့ ရွေးကောက်ပွဲ ကျင်းပမှု ပယ်ဖျက်ပေးရန်ဆိုသည့် NLD ၏ တင်ပြချက်ကို သံသယ ရှိသောကြောင့် မတ်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ်ထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းကြည့်သည်။


သူကတော့ ' ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲကို ဖျက်လို ဖျက်ဆီးလုပ်လိုခြင်း မရှိသလို ဘက်လိုက်လိုခြင်းလဲ မရှိဘူး။ ဒါကြောင့် ပါတီအားလုံး လွတ်လွတ် လပ်လပ် မဲဆွယ်နိုင်တယ်ဆိုပြီး ကြေငြာချက်ထုတ်ထားတယ်။ လက်နက် ကိုင်တွေမပါပဲ လွတ်လွတ်လပ်လပ် မဲဆွယ်နိုင်တယ် ရွေးကောက်ပွဲ လုပ်နိုင် တယ်ပြောပြီးသားပဲ။ အခုက သျှမ်းတိုင်းရင်းသားနယ်မြေတွေမှာ မနိုင်နိုင်လို့ ရွေးကောက်ပွဲ မဲရုံတွေ ပယ်ဖျက်ဖို့ တင်ပြမှုဖြစ်တယ်လို့ မှတ်ချက်ပြုလိုတယ်။ ' ဟု ပြောသည်။


၂၀၁၀ ရွေးကောက်ပွဲကို ဌာနချုပ်ဖြစ်သည့် ၀မ်ဟိုင်းကျေးရွာတွင်ပင် လက်ခံကျင်းပခဲ့ကာ ယခုအကြိမ် တွင်လည်း ကျင်းပမည်ဖြစ်ကြောင်း ဌာနချုပ်ရှိသည့် ကျေးသီးနယ်တွင်ပင် ပြဿနာ ကြီးကြီးမားမား မရှိချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်နှင့် မျိုးနွယ်စုများရှိနေသည့် ဒေသတွင် ရွေးကောက်ပွဲ လာ ၀င်သည့် NLD ၏ အပြုအမူမှာ နားမလည်နိုင်အောင်ဖြစ်ရ သည် ဟုလည်း ဗိုလ်မှူးစိုင်းဆုက ပြော သည်။


“၀မ်ဟိုင်းရွာတွင် ရွေးကောက်ပွဲမဲပုံးထောင်မည်ဟု ပြောသဖြင့် လာရောက်လေ့လာလို့ ရပါသလား” ဟု ခွင့်တောင်းကြည့်ရာ ၄င်းမှာ “တခြားဒေသသို့ရောက်နေပြီး နာယက ဗိုလ်ချုပ်ကြီးဆေထင်တော့ ရှိ သည် အကြောင်းကြားပေးထားမည်” ပြောသဖြင့် သျှမ်းလွတ်မြောက်ရေး နယ်မြေဖြစ်သည့် ၀မ်ဟိုင်း ဌာနချုပ်သို့ သွားရန် အကြောင်းဖန်လာ ပါတော့သည်။


ကံကောင်းအကြောင်းလှစွာပင် ၀မ်ဟိုင်းသို့ သွားမည့် မိုင်းရှူးမြို့ခံ မိတ်ဆွေ နှစ်ဦးလည်း ရှိနေသဖြင့် မတ်လ ၂၃ ရက်နေ့တွင် ၄င်းတို့နှင့်အတူ ၀မ်ဟိုင်းဌာနချုပ်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။


မတ်လ ၂၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ကျော်တွင် ၀မ်ဟိုင်းသို့ ထွက်လာခဲ့သည်။ ကားစီးရင်း ဘေးဘီ ၀ဲယာကိုကြည့်လိုက် ခရီးစဉ် ဦးတည်နေသည့် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ အကြောင်းပြောလိုက်ဖြင့်ပင်။ ၁၉၆၄ ခုနစ်တွင် စတင်တည်ထောင်ခဲ့သော ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော်မှာ အင်အားနည်းလာလိုက် များသွားလိုက်ဖြင့် ၅၃ နှစ်တာ ခရီးကြမ်းကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။


ယခုရှိနေသာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှာ ယခင် စစ်အစိုးရလက်ထက် အပစ်ခတ်ရပ်စဲ ခဲ့သည့် SSPP/SSA အဖွဲ့မှ တပ်မဟာ ၇ ၊ ၃ နှင့် ဌာနချုပ်ဖြစ်ခဲ့သည့် စိန်ကျော့တို့မှာ ပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းမှု မူအရ ပြည်သူု့စစ်အဖြစ် ကူးပြောင်းသွားချိန်တွင် ၀မ်ဟိုင်း ဒေသတွင် အခြေစိုက်သည့် တပ်မဟာ (၁) မှ နယ်ခြားစောင့် ၊ ပြည်သူ့စစ် အသွင်ပြောင်း ရေးကို လက်မခံပဲ ဆက်လက် ခုခံခဲ့ခြင်းဖြစ်ပေသည်။ အကဲခတ်များအဆိုအရမူ အင်အား ၆၀၀၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။


အစိုးရနှင့် ပြည်နယ် ၊ ပြည်ထောင်စု စသဖြင့် အဆင့်နှစ်ဆင့် အပစ် အခတ်ရပ်စဲထားသော်လည်း နှစ်စဉ်နှစ်တိုင်းလိုလို တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလေ့ရှိသည့် အဖွဲ့လည်းဖြစ်ပေသည်။ မိနစ် ၂၀ ခန့် မောင်းပြီးနောက်တွင် ၀မ်ဆော့ ကျေးရွာသို့ ရောက်ရှိလာသည်။ ၂၀၁၅ ခုနစ်က တိုက်ပွဲများဖြစ် ပွားပြီး ဘုန်းကြီးကျောင်းအတွင်း မီးဖိုချောင် လက်နက်ကြီး ထိမှန်ခဲ့မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေး ခဲ့ရသည့် ၀မ်ဆော့ရွာကို ဒီတကြိမ်တွင်တော့ ရွာအတွင်းသို့ ၀င်ရောက် လေ့လာကြည့်ရှူမိသည်။
ရှမ်းတိုင်းရင်းသားအများစု နေထိုင်သော်လည်း လားဟူ ၊ လီဆူးအပါဝင် အခြားတိုင်းရင်း သား အချို့ မှာ လည်း ကျေးရွာအုပ်စုအတွင်းနေထိုင်ကြသည်။ အခြားတိုင်းရင်းသားများမှာ ရှမ်းစကား ပြောတတ် သည်မှာလည်း ရှမ်းပြည်တွင်နှစ်ပေါင်းများစွာ ရှမ်းစကားတွင်ကျယ်ခဲ့မှုနှင့် အင်္ဂလိပ် ခေတ်အထိ ရှမ်းဘာသာမှာ တရားဝင် တိုင်းရင်းသား ဘာသာအဖြစ် သတ်မှတ်ခံခဲ့ရမှုကို ဖော်ကျူးနေသည်။


ရွာဟု ဆိုသော်လည်း အုတ်ခံတိုက်တာ အိုးအိမ်များနှင့် အိမ်ကြီးအိမ်ကောင်း ရှိသည့် ရွာဖြစ်သလို အခြေခံပညာ အထက်တန်းကျောင်းခွဲလည်း ရှိပါသည်။ ရွာအစွန်တွင်တော့ ၅ ရက် တဈေး ဖွင့်လှစ်သည့် ၀မ်ဆော့ဈေးရှိပါသည်။ ၀မ်ဟိုင်းသို့ စာရေးသူနှင့် အတူသွားသူထဲမှ ယောက်ကျားဖြစ်သူမှာ နိုင်ငံရေး စိတ်ဝင်စားသူဖြစ်ပြီး အမျိုးသားရေး ဓါတ်ခံလည်းရှိကာ ကျောက်မျက်ရတနာ အကြောင်းလည်း နားလည်သူဖြစ်သောကြောင့် မိုင်းရှူးခေတ်နှင့် SSPP ၏ စစ်အစိုးရလက်ထက် အပစ်ရပ်စဲရေးဖြစ်စဉ်အကြောင်းကို မခံချိ မခံသာ ပြောပြသည်။ SSPP/SSA ယာယီအပစ်ရပ်စဉ်အတွင်း မိုင်းရှူးနယ်မြေအတွင်း အလွန်အကျွံ ကျောက်မျက် ရတနာ တူးဖော်မှုများ ဖြစ်ခဲ့ပြီး အပစ်ရပ်ခဲ့သည့် SSPP/SSA ကတော့ နိုင်ငံရေး ပြသနာ မရှင်းနိုင်သည့် အမျိုးသားညီလာ ခံဖြင့်သာ ကြုံခဲ့ရသည်။ ယင်းအပြင် ရှမ်းပြည်အတွင်းရှိ ကျောက်မျက်ရတနာ ထွက်ရာ မိုးကုတ်ကို ပြည်မထဲ သွတ်သွင်းခဲ့ပြီး အခြားကျောက်မျက်ရတနာ ထွက်ရာ မိုးမိတ်မှာလည်း ဖွံ့ဖြိုးမှု နိမ့်ကျနေမှုအပေါ် ၄င်းက ပြောပြရှာသည်။


' မိုးမိတ်က ရှမ်းစော်ဘွားကြီးတွေ အခြေစိုက်ခဲ့တယ်။ အစဉ်အလာလည်း ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အခုထိ ၂၄ နာရီ လျှပ်စစ်မီး မရသေးဘူး။ မိုင်းရှူးတောင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီကမှ ၂၄ နာရီ လျှပ်စစ်စရတယ်။ ပြန်ကြည့်ရင် ရှမ်းပြည်က သယံဇာတတွေကိုသာ ယူသွားတယ် ဒေသခံတွေက မဖွံ့ဖြိုးတဲ့ နယ်မြေမှာနေနေရတယ်။ အခုထိ ရှမ်းပြည်က ပြည်ထောင်စု လမ်းမ ၊ မူဆယ်လမ်းလို လမ်းဆိုရင် တစ်နေ့ကို ဒေါ်လာသန်းပေါင်းများစွာ ကုန်သွယ်နေတယ်။ လမ်းအခွန်က ပြည်နယ်အစိုးရတောင် မရဘူး။ တစ်ခါတစ်ခါ ကျွန်တော်တို့ ဘိုးဘွားတွေ ပင်လုံစာချုပ် လက်မှတ်မထိုးခဲ့ရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးတောင် ၀င်မိတယ်။ ' ဟု ၄င်းက ပြောသည်။


ကားသွားနေစဉ် လမ်းဘေးဝဲယာမှာတော့ တောင်ယာစိုက်ပျိုးရန် တောမီး ရှို့ထားသည့် ကွင်းတွေကို မြင်နေရသည်။ တကယ်တော့ တောင်ယာဆိုတာ စိုက်ပျိုးမှုနည်းစနစ် ခေတ်မမှီခြင်း ဖွံ့ဖြိုးမှု နိမ့်ပါးခြင်း ၏ သင်္ကေတပင်။ မိုင်းရှူးလာစဉ်က လမ်းဘေးဝဲယာမှ ကျောင်းနေအရွယ် ကလေးငယ်အချို့ ယာထဲ ဆင်းနေရသည်ကိုလည်း ပြေးမြင်မိခဲ့သည်။ သယံဇာတပေါများ နယ်မြေ ကျယ်ပြန့် ခဲ့သော်လည်း နှစ် ၇၀ အကြာထိ ၁၉၄၇ ခုနစ် ဖေဖော်ဝါရီလ ၇ ရက်နှင့် ၁၂ ရက်နေ့တို့က ရှမ်းပြည်လူထု၏ အိမ်မက် သည် ယနေ့အထိ ဖြစ်မလာခဲ့သည့် သဘောပင်။ မိုင်းရှူးမှ ထွက်၍ မိနစ် ၄၀ ကျော်အကြာ တွင်မူ စာရေးသူတို့၏ ကားသည် ၀မ်ဟိုင်းဌာနချုပ်သို့ သွားရာလမ်းဖြစ်သည့် ပါခီးေ ကျးရွာ လမ်းခွဲကို ကျော် ဖြတ် လာခဲ့ပြီဖြစ်သည်။ မူလက ထင်ထားသည်မှာ လမ်းခွဲနှင့် ၀မ်ဟိုင်းမှာ အနည်းဆုံး ၅ မိုင်ခန့် ဝေးကွာမည်ထင်သော်လည်း ၀င်ပြီး မိနစ်ပိုင်းအတွင်းမှာပင် ၀မ်ဟိုင်းမှ ကြိုဆိုပါသည်ဆိုသည့် ရှမ်းဘာသာဖြင့် ရေးသားထားသည့် မြို့ဆိုင်းဘုတ်ကို တွေ့ရသည်။


ပြည်ထဲရေးအသိအမှတ်ပြု စာရင်းတွင်မူ ကျေးရွာအုပ်စုအဖြစ် သတ်မှတ် ထားသော်လည်း အတွင်းသို့ ၀င်ရောက်ကြည့်ပါက မြို့တမြို့ အင်္ဂါရပ်နှင့်ေ လျာ်ညီမှုများစွာရှိနေပြီဖြစ်သောကြောင့် မြို့ဟု စာရေးသူ တင်စားရခြင်းဖြစ် သည်။ ဆိုင်းဘုတ်ကျော်ပြီးနောက် ဂိတ်တွင် ၀င်ရောက်အကြောင်းကြားခဲ့ကာ ထွက်ခွာလာသည်။


ကုန်းကပူလေး တစ်ခုအား ဖြတ်သန်းပြီးသည့်နောက် တိုက်တာအဆောက် အဦးများ ကို စတင်မြင် တွေ့ရသည်။ မြို့ပုံစံမြင်ကွင်း ပီပြင်လာချိန်တွင်တော့ ကျွန်တော်စီးနင်းလာသည့် မော်တော်ကားမှာ ကွန်ကရစ်လမ်းပေါ်တွင်ပင် ရောက်နေပေတော့သည်။ ၀မ်ဟိုင်းအ၀င်တွင်ပင် လားရှိုး မိုင်းရယ် ၊ မိုင်းရှူး ခရီးသည်တင် ယာဉ်ငယ်တစ်စီးကိုတွေ့ရပြီး ကားမှန်တွင်မူ ကျားခေါင်းပါတီ စတစ်ကာ ကပ်ထားပါသည်။ ဒေသခံတွေရဲ့ အိမ်များမှာ ရှမ်း မြို့ရွာများ ထုံးစံအတိုင်း သပ်သပ်ရပ်ရပ်ပင်။ မိနစ်အနည်းငယ်အကြာတွင်မူ ဈေးအနီးရှိ ရှမ်းခေါက်ဆွဲအပါဝင် အစားအသောက်များရောင်းသည့် ဆိုင်ရှေ့တွင် ကားကို ရပ်နားလိုက်သည်။ နာရီကြည့်လိုက်တော့ ၁၂ နာရီ ထိုးရန် မိနစ် ၂၀ လိုနေ သေးသဖြင့် SSPP ထုံးစံအရ မနက်ပိုင်း အစည်းအဝေးရှိ ရုံးတက်ရေ သာကြောင့် စား သောက် ဆိုင်တွင် ခေါက်ဆွဲစာရင်း ခဏစောင့်နေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ကားရပ်ပြီး ဆိုင်ထဲဝင်စဉ် စာရေးသူတို့ကားနှင့် ပါလာသည့် အမျိုးသမီးမှာ ၄င်း၏ မိတ်ဆွေတစ်ယောက် အိမ်သို့ နှုတ်ဆက်ရန် သွားလေသည်။ ခေါက်ဆွဲဆိုင်တွင် ရောင်းနေသူများမှာ မျက်နှာရုပ်ချင်းဆင်ပြီး ရုပ်ရည်ချောမော ပြေပြစ်သည့် အမျိုးသမီးငယ်များ ဖြစ်သောကြောင့် စိုင်းဆိုင်မောဝ်`၏ ဒီခေါက်ဆွဲကောင်းလွန်းလို့ စားတာပါ၊ ဆိုင်ရှင်လေး လှလွန်းလို့ သွားတာပါ ဆိုသည့် သီချင်းစာသားကိုပင် ပြေးမြင်မိလိုက်၏။


ဝမ်ဟိုင်းဈေးမှာ ခန့်မှန်းခြေ ဆိုင်ခန်း ၃၀၀ ကျော်ရှိနိုင်သည့် ဈေးဖြစ်ပြီး စားသောက်ကုန် လူသုံးကုန် ပစ္စည်းအရောင်းဆိုင်များအပြင် အီလက် ထရောနစ်ပစ္စည်းနှင့် မိုဘိုင်းဖုန်းကဲ့သို့ ပစ္စည်းများရောင်းချ သည့် ဈေးဆိုင် များလည်း ရှိပါသည်။ ဈေးအနီး မြို့လယ်ခေါင်တွင် အရိပ်အာဝါသ ကောင်း လွန်း လှသည့် ညောင်ပင်ကြီးရှိလေရာ ယင်းညောင်ပင်ကိုပင် အစွဲပြု၍ ၀မ်ဟိုင်း ( မြန်မာလိုပြန်ပါက ညောင်ပင်သာ ) ဟု အစွဲပြု ခေါ်တွင်ခဲ့သလားဟု အောက်မေ့မိလေသည်။


ခဏအကြာတွင် ကားကြီးအသံကြား၍ ကြည့်လိုက်မိရာ လေ့ကျင့်ခန်းဆင်းပြီး ပြန်လာဖွယ်ရှိသည့် ရှမ်း စစ်သားများကို ထရပ်ကား တစ်စီးအပြည့်တွေ့ ရလေသည်။ ခေါက်ဆွဲစားနေစဉ် ရှမ်းဘာသာဖြင့် ထုတ်လွှင့်သော ရေဒီယို အသံကြားသဖြင့် မေးကြည့်ရာ ၀မ်ဟိုင်းမှ ထုတ်လွှင့်သည့် Fm အစီ အစဉ်ဖြစ်ကြောင်း သိရသည်။ ၀မ်ဟိုင်းတွင် စည်ပင် ၊ အုပ်ချုပ်မှုဌာန စသဖြင့် ရှိသလို ၀မ်ဟိုင်း တွင် နေထိုင်သူအားလုံးမှာ စစ်သည်များ၏ နေအိမ်တော့ မဟုတ်ကြ။ တစ်ချို့မှာ ၀မ်ဟိုင်းတွင် အလုပ်လာလုပ်ရင်း စီးပွားရေးအရ အခြေကျနေပြီဖြစ်သောကြောင့် နေထိုင်သူများဖြစ်သလို ဈေးသည် အချို့မှာလည်း ရွာနီးချုပ်စပ်နှင့် အခြားဒေသများမှ ဈေးလာရောင်းသူ များဖြစ်သည်။ ပညာရေးနှင့် ပတ်သက်၍ ၀မ်ဟိုင်းအုပ်စုရှိ အစိုးရ စာသင်ကျောင်းများတွင် တာဝန်လာရောက်ထမ်းဆောင်သူ ဆရာဆရာမ များကို SSPP/SSA မှ ထောက်ပံ့ကြေးပေးသည်ဟု ဆိုသည်။


စားသောက်ပြီးနောက်တွင် ဗိုလ်ချုပ်ကြီးဆေထင်နှင့် တွေ့ဆုံရန်အတွက် သူ၏ ကိုယ်ရေးအရာရှိဖြစ် ဖူးသူ စိုင်းဘုန်းဟန် အိမ်ဘက်သို့ ထွက်လာခဲ့သည်။ ဈေးမှ ၄င်းအိမ်ဘက်သို့အသွားတွင် ရေထွက်များလည်း တွေ့ရသလို ရေကန်များဖြင့် သာယာလှသည်။ ရေကန်ဘေးတွင် ဧည့်ရိပ်သာရှိပြီး တစ်ချိန်က ၀မ်ဟိုင်းသို့ ရောက်ဖူးသည့် ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းထောက် ဂျိုနာဖစ်ရှာမှာ ယင်းရေကန်နှင့် ဧည့်ရိပ်သာ အဆောက်အဦးနားတွင် ဓါတ်ပုံရိုက်ထားသည့်ပုံကို ဖေ့ဘုပ်တွင် တင်ခဲ့ဖူးသည်ကို သတိရမိသည်။ အခပေးတည်းခိုခန်းလည်း ရှိသည်။ စိုင်းဘုန်းဟန် အိမ်ရောက်တော့ ခရီးသွားနေသဖြင့် ၄င်းနှင့် မတွေ့ရသော်လည်း ၄င်း၏ ဇနီးဖြစ်သူ စီစဉ်ပေးမဥအရ စိုင်းဘုန်းဟန်၏ တပည့်တစ်ဦးမှာ ဗိုလ်ချုပ်ဆေထင်နေထိုင်ရာ အိမ်သို့ စာရေးသူတို့ကို လိုက်လံ ပို့ဆောင်ပေးခဲ့ပါ တော့သည်။ ဗိုလ်ချုပ်ကြီး၏ နေအိမ်တွင် ခဏတာမျှစောင့်ဆိုင်းနေပြီးနောက် ရုံးတက်နေခဲ့သူ ဗိုလ် ချုပ် ကြီး မှာ ကားဖြင့် ခြံဝင်းအတွင်းရောက်ရှိလာပါတော့သည်။ ကျွန်တော်တို့ အဖွဲ့အားတွေ့ရသဖြင့် ၀မ်းသာအားရ ဖြစ်နေပြီး ' အခုတော့ ကျွန်တော့်နေအိမ်ကို ခင်ဗျားလည်း သိသွားပြီပေါ့' ဟု စာရေးသူ အား ပြောဆိုကာ နှုတ်ဆက်လေသည်။ အသက် ၈၂ နှစ်ရှိပြီဖြစ်သော ဗိုလ်ချုပ်ကြီးမှာ အသက် အရွယ်နှင့် မလိုက်ဖက်အောင် အလုပ်လုပ်နိုင်တုန်းဟု စာရေးသူမှတ်ချက်ပေး လိုပါသည်။


၂၀၁၂ ခုနစ် အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် ကြောက်သည့်သူဆိုလျှင် အနားယူ မည်ဖြစ်သော်လည်း ဗိုလ်ချုပ်ကြီးမှာ ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ပြန်လည်ပူးပေါင်းခဲ့ပါ သည်။ အနားယူချင်ပါက ပြည်သူ့စစ် အဖြစ် အသွင်ပြောင်းပြီးသည့် အဖွဲ့များနှင့် ပူးပေါင်းကာ နေချင်လည်း နေလို့ရသည့် အနေထားမှ ယခုကဲ့သို့ တောထဲတောင်ထဲတွင် အသက်အရွယ်နှင်မမျှေ အာင် နိုင်ငံရေးရပ်တည်ချက်မှန်ကန်စွာဖြင့် လာရောက်နေထိုင်နေသူပင်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ`၏ ထိပ်သီးညီလာခံများတွင်လည်း ၄င်းကို မကြာခဏ တွေ့ရ တတ်သည်။ လက်ရှိ ရှမ်းခေါင်းဆောင်များတွင်သာမက မြန်မာပြည်ရှိ နိုင်ငံရေးအရ လှုပ်ရှား သည့် ခေါင်းဆောင်များထဲတွင် အသက်အရွယ် အကြီးဆုံး ( NLD ဦးတင်ဦးမှာ ပြောပလောက်သည့် နိုင်ငံရေး လှုပ်ရှားမှုကို နောက်ပိုင်းတွင် ဆက်မလုပ်တော့ ) ဖြစ်သူ ဗိုလ်ချုပ်ကြီးဆေထင်အကြောင်ြးေ ပာ မည်ဆို လျှင် လွတ်လပ်ရေးရပြီးနောက် ပထမဆုံးဖြစ်လာခဲ့သည့် ရှမ်းပြည်အမျိုးသားရေးလှုပ်ရှားမှု ၊ သျှမ်း လက် နက်ကိုင် တော်လှန်ရေးသမိုင်းတို့နှင့်ပါ ဆက်စပ်ပြော ဆိုမှ သင့်တော်လိမ့်မည်။


ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် လွတ်လပ်ရေးရချိန် ကတိက၀တ်များ ဖြစ်မလာ ချိန်တွင် ကူမင်တန်အရေးနှင့် ပတ်သက်၍ ရှမ်းပြည်နှင့် ဗမာပြည်မအကြား ဆက်ဆံရေး ပျက်ယွင်းရန် ဖြစ်လာခဲ့ပေသည်။


၁၉၄၉ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံယူနန်ပြည်နယ် တောင်ပိုင်း က ကူမင်တန်တပ်ဖွဲ့တွေဟာ တရုတ်ကွန်မြူနစ်ပါတီလက်အောက်ခံတပ်ဖွဲ့ များ၏ တိုက်ခိုက်မှု ကိုမခံနိုင်တော့တဲ့အတွက် တရုတ်-မြန်မာနယ်နိမိတ်ကို ဖြတ်ကျော်ပြီး ရှမ်းပြည်နယ်ထဲကိုကျူးကျော် ၀င်ရောက်လာခဲသည်။ အဓိက အားဖြင့် ယူနန်ပြည်နယ်နှင့် ဆက်စပ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသ များနှင့် ကိုးကန့် ဒေသတို့မှာ ကူမင်တန်ဝင်ရောက်ခဲ့သည့် ဒေသများပင်ဖြစ်ပေ သည်။ဗိုလ်ချုပ် လိမိ ခေါင်းဆောင်တဲ့ ကူမင်တန်တပ်ဖွဲ့တွေဟာ ကျိုင်းတုံနယ်ကိုသိမ်းပြီး ရှမ်းတောင်တန်းတွေမှာ စခန်းခိုလှုံနေကြသည်။


ကူမင်တန်တပ်ဖွဲ့တွေဟာ နယ်စပ်ဒေသတိုင်းရင်းသားတွေကို တပ်သား သစ်အဖြစ်အတင်းအကြပ် အင်အားစုဆောင်းတာကြောင့်၁၉၅၀ နှစ်အစောပိုင်းမှာ တပ်သားအင်အား ၁,၇၀၀ သာရှိရာက ၊ ၁၉၅၁ ဧပြီမှာ တပ်သားအင်အား ၄,၀၀၀ အထိများလာခဲ့သည်။ ရှမ်းစော်ဘွားများတွင်လည်း ကူမင် တန် ကို တိုက်ထုတ်ရန် တူတူတန်တန် အင်အားမရှိချေ။


မဖိတ်ခေါ်ဘဲရောက်လာသော ရှမ်းပြည်အား ကျူးကျော်သူများကို နှင်ထုတ်ဖို့ဗမာအစိုးရက စစ်တပ်တွေစေလွှတ်တိုက်ခိုက် သော်လည်း မအောင်မြင်ခဲ့ပါဘူး။ဝန်ကြီးချုပ်ဦးနုက ကူမင်တန်ကျူးကျော်မှုပြဿနာကို ကုလသမဂ္ဂ အထွေ ထွေညီလာခံတင်ပြရတော့သည်။


၁၉၅၃ခုနှစ်၊ဧပြီလ(၂၂)ရက်နေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီ လာခံက ကူမင်တန်တပ်ဖွဲ့တွေ လက်နက်ချပြီး မြန်မာပြည်ကထွက်ခွာ သွားဖို့တောင်း ဆိုပေမဲ့ ရှမ်းအရှေ့ မိုင်းယန်းနယ်တွင် ဘိန်းကုန်ကူး လေယာဉ်ကွင်းတည် ဆောက်မှုတွေပါ ပြုလုပ်နေပြီဖြစ်သည့် ကူုမင်တန်များမှာ လက်မခံခဲ့ကြပေ။ ကူမင်တန်တပ်များ၏ အင်အားဟာ ၁၉၅၃ခုနှစ် အကုန်မှာ ၁၂,၀၀၀ အထိအဆမတန်ကြီးမားလာခဲ့သည်။


လွတ်လပ်ရေးရပြီး ကတည်းကစတင်ခဲ့တဲ့ ပြည်တွင်းစစ်မှာ ရှမ်းပြည်သားတွေ မပါဝင်ပေမဲ့ ကူမင်တန်တရုတ်တပ်တွေရဲ့ကျူးကျော်မှုကြောင့် စစ်မီးဟာ ရှမ်းပြည်နယ်ကို ကူးစက်လာခဲ့ပြီဖြစ်ပါ တော့သည်။


ရိုးရာယဉ်ကျေးမှုအစဉ်လာများဖြင့် အေးချမ်းသာယာပြီး မြေသြဇာကောင်းမွန်ေ သာ ရှမ်းကုန်းပြင်မြင့်နှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ထိစပ်နေသော နယ်စပ်ဒေသများဟာ မငြိမ်းချမ်းတဲ့ ဖိနှိပ်အနိုင်ကျင့်မှုတွေကို စတင် ခံစားလာခဲ့ရတော့သည်။


ကျူးကျော်သူကူမင်တန်တရုတ်တပ်ဖွဲ့တွေဟာ သူတို့အခိုင်အမာခြေ ကုတ်ယူ ထားတဲ့ ရှမ်းတောင်တန်း ဒေသတွေမှာ ရှမ်းတိုင်းရင်းသားများအား “ ကြောက်မက်ဖွယ် ခေတ်ဆိုးကြီး “ နှင့် မိတ်ဆက်ပေးပြီး နှိပ်စက်အုပ်ချုပ်ခဲ့ကြ သည်။ တခြားတစ်ဖက်မှာလည်း မဖိတ်ခေါ်ဘဲရောက်လာသည့် လူရမ်းကား တရုတ်ကူမင်တန်တပ်ဖွဲ့တွေကို တိုက်ထုတ်ဖို့အတွက် ဗမာတပ်မတော်ရဲ့ ရှမ်းဒေသတွေမှာ တပ်ဖြန့်ချ ထား မှုတွေ ဟာလည်း မလွှဲသာမရှောင်သာဘဲ ရှမ်းပြည်နယ်လူထုနှင့် ရှမ်းခေါင်းဆောင်တွေ အား စိတ်မသက်မသာဖြစ်လာေ စ ခဲ့သည်။ အခြေအနေကိုပိုပြီးဆိုးဝါးလာဖို့ဖြစ်လာစေတာက ၁၉၅၂ ခုနှစ် စက်တင်ဘာမှာ ကူမင်တန်တပ်တွေရဲ့လှုပ်ရှားမှုကို ထိထိရောက်ရောက်ထိန်း ချုပ်နိုင် ဖို့ဆိုတဲ့ အကြောင်းပြချက်ဖြင့် ကူမင်တန်လှုပ်ရှားမှုမရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေကိုပါ ဗမာတပ်မတော်ရဲ့စစ်အုပ်ချုပ်ရေးေ အာက်ကို ထားရှိလိုက်ခြင်းပဲဖြစ်သည်။


အင်္ဂလိပ်ခေတ်တစ်လျောက် ဗမာ နိုင်ငံရေးသမားများပင် တရားဝင်နေထိုင် ခွင့်မရှိခဲ့သည့် ရှမ်းပြည်တွင် စစ်အုပ်ချုပ်ရေးကို စစ်ဖြစ်နေသည့် နယ်မြေထက် ကျော်လွန်ပြီး သတ်မှတ်ခဲ့ခြင်းမှာ မြန်မာ့တပ်မတော် အတွက်ပါ သမိုင်းအမည်းစက်ဖြစ်လာစေခဲ့သည်။


ဗမာတပ်မတော်၏စစ်အုပ်ချုပ်ရေးကို ရှမ်းခေါင်းဆောင်တွေက သူတို့၏ အစဉ်အလာပဒေသရာဇ် တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖယ်ရှားဖို့ကြိုးပမ်း မှုအဖြစ်ရှုမြင်ခဲ့သလို ရှမ်းလူထုကလည်း ဗမာတပ်မတော်၏ အတင်းအကြပ် လုပ်ရပ်တွေကိုဘယ်လိုမှ မနှစ်မြို့နိုင်ခဲ့ပါဘူး ။ ကူညီပေး၍ ကျေးဇူးတင်သော် လည်း ကျးလက်နေရှမ်းလူထုအများစုအဖို့ ဗမာများနှင့် အထူးသဖြင့် ဗမာစစ်သား တွေနဲ့ထိတွေ့ဆက်ဆံမှုဟာ သမိုင်းမှာပထမဆုံးအတွေ့ အကြုံဖြစ်ခဲ့သည်။


ကူမင်တန်တရုတ်တပ်ဖွဲ့တွေရဲ့ကျူးကျော်ခံရမှုနှင့် အဲဒီပြည်ပကျူးကျော် သူတွေကို ဗမာ့ တပ် မတော်ကမောင်းထုတ်တိုက်ခိုက်ရာမှာ ရှမ်းလူထုဟာ ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေစာဖြစ် ခဲ့ရသည်။ ရှမ်းလူထုအတွက်ကတော့ ကျူးကျော်သူ တရုတ်တွေရော အဲဒီကျူး ကျော်သူတွေကို မောင်းထုတ်ဖို့ဆိုပြီး လာရောက်တိုက်ခိုက်တဲ့ဗမာတပ်မတော်ကိုရော သူတို့ရဲ့ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တဲ့ တောင်တန်းဒေသကို နှောက်ယှက်ဖျက်ဆီးကြသူတွေ အဖြစ်ပဲရှုမြင်ကြ သည်။ ဦးထွန်းမြင့် ဦးရွှေအုန်း တို့ ကဲ့သို့ ၀ါရင့် ရှမ်းနိုင်ငံရေးသမားကြီးများ ရေးသားခဲ့သည့် စာအုပ်အချို့တွင် ယင်းလုပ်ရပ်မှာ ရှမ်းပြည်နှင့် ဗမာပြည်မ ဆက်ဆံမှုယိုယွင်းခြင်းအတွက် အဓိက ကိစ္စအဖြစ်သာမက လူထုက ရှမ်းပြည် တွင် ၀င်ရောက်တပ်စွဲပြီး မပြန်တော့သည့် တပ်မတော်အား ကျူးကျော်သူ အဖြစ်ပင် ရှူ မြင်ခဲ့သည်ဟု ဆိုထားသည်။ ရှမ်းပြည် နှစ်နှစ်ကြာ စစ်အုပ်ချုပ်ေ ရး ရလာဒ်မှာ ရှမ်းအမျိုးသားရေး လှုပ်ရှားမှုတစ်ရပ် ပေါ်ထွက်လာခြင်း ပင်ဖြစ်သည်။ ရှမ်းအမျိုးသားတစ်ချို့နှင့် ပညာတတ်လူငယ် တစ်ချို့မှာ ရှမ်းပြည်ရှိ တိုင်းရင်းသားများတွင် လက်နက်ကိုင်တပ်ဖွဲ့များ အလုံအလောက် မရှိခြင်း ကြောင့် ယခုပြဿနာ များဖြစ်ရသည်ဟု မှတ်ယူခဲ့ကြသည်။


သိန္ဒီနယ်သားဖြစ်သည့် လူငယ် ဆေထင်မှာ ရှမ်းအမျိုး သား ရေးလှုပ်ရှားမှုနှင့် လက်နက်ကိုင်လှုပ်ရှားမှု စတင်သည့် နွံစစ်ဟန် တပ်မတော်ကတည်းက ပါလာခဲ့ သူဖြစ် သည်။ ယင်းနောက် ရှမ်းပြည်လွတ်လပ်ရေး တပ်မတော် SSIA မှ တဆင့် ၁၉၆၂ အာဏာ သိမ်းပြီးနောက်ဖွဲ့စည်းသည့် ရှမ်းပြည်တပ်မတော် ၊ ရှမ်းပြည်တိုးတက်ရေးပါတီတွင် ပါဝင်ခဲ့သူဖြစ် သည်။


ရှမ်းအမျိုးသားရေးလှုပ်ရှားမှု ခေတ်ဦး ရှမ်းလက်နက်ကိုင်များအား မကောင်း မှီ ဦးနေ၀င်း အာဏာမသိမ်းမှီကာလ ရှမ်းဗမာ ဆက်ဆံရေး ယိုယွင်းမှုနှင့် ပတ်သက်၍ ဦးနု အစိုးရမှာ အလွန် စိတ်မသက်မသာစွာ ရှုမြင်ပြီး ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်ကို ပေးအပ်ထား ခဲ့သော လွတ်လပ်ရေး ရပြီး ၁၀ နှစ်အကြာမှာ ပြည်ထောင်စုကခွဲထွက် လိုရင်ခွဲထွက်ပိုင်ခွင့်နှင့် ပေါင်းစပ်ရှုမြင်တဲ့အခါ ဒီရှမ်းအမျိုးသားရေးလှုပ်ရှားမှုကို ထိထိရောက် ရောက်ကိုင်တွယ်ဖို့ ကြိုးပမ်း ခဲ့ပါတယ်။ ဘာတေးလစ်တနာ၏ စာအုပ်တွင် ဗဟိုအစိုးရအာဏာပိုင်တွေဟာ ထွန်းသစ်စ ရှမ်းအမျိုးသားလှုပ်ရှားမှုကို တပ်မတော်နဲ့ သူ့ရဲ့စစ်ထောက်လှန်းရေး စစ်ဆင်ရေးတွေ အသုံးပြုပြီး စတင်ကာစမှာပဲ အပြီးသတ်ချေမှုန်းဖို့ အားထုတ်ခဲ့ပါတယ်။ရလဒ်ကတော့ ရှမ်းလူငယ်တွေ လက်နက်ကိုင်တောခိုသွားကြပြီး ပျောက်ကြားတပ်ဖွဲ့တွေ အဖြစ် ဖွဲ့စည်းသွားကြစေ ခဲ့ပါတယ်။ ၁၉၅၉ခုနှစ်အစပိုင်းမှာ ရှမ်းလက်နက် ကိုင်ပျောက်ကြားတပ်ဖွဲ့တွေဟာ ဗမာတပ်မတော်စစ်ကြောင်း တွေကို ခြုံခိုတိုက်ခိုက်ခြင်း၊ဝေးလံတဲ့စစ်စခန်းငယ်လေးတွေဆိုရင် တိုက်ခိုက်သိမ်းယူပြီး ဗမာတပ်မတော်ရဲ့လက်နက်တွေကိုစုဆောင်းရယူခြင်းတွေကိုလုပ်လာနိုင်ပါတယ်။


ရှမ်းလက်နက်ကိုင်ပျောက်ကြားတပ်တွေဟာ တန့်ယန်း မြို့စောင့်တပ်ဖွဲ့ တစ်ခုလုံးကို ဖမ်းဆီးပြီး တန့်ယမ်းမြို့ကိုရက်အနည်းငယ်ကြာ သိမ်းပိုက်ထားတဲ့ဖြစ်ရပ်မျိုးတွေရှိလာခဲ့တယ်။ဝေးလံခေါင်ဖျားနယ်ခြားဒေသတွေမှာ အကြမ်းဖက်စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ “ ရှမ်းပြည်နယ် ကောင်စီ “ အဖွဲ့ဝင်တွေဟာလည်း စစ်မှန်တဲ့ပြည်ထောင်စုရဲ့ စရိုက် လက္ခဏာတွေပြည်စုံစေပြီး ပြည်ထောင်စုကြီး ဆက်လက်တည်တံ့ ခိုင်မြဲနေစေဖို့ ဥပဒေဘောင်တွင်းလှုပ်ရှားမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့တယ်။ ၁၉၅၉ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ တောင်ကြီးမြို့မှာ အထူးအခမ်းအနား တစ်ရပ် ကျင်းပပြီး ရှမ်းစော်ဘွား ၃၄ ဦးတို့ဟာ သူတို့ရဲ့ပဒေသရာဇ်အုပ်ချုပ်ရေး အာဏာကို တရား ၀င်စွန့်လွှတ်ခဲ့တယ် ။ ရှမ်းစော်ဘွားနယ်တွေဟာ လူထုရဲ့ရွေးကောက်ခံရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်တဲ့ရှမ်းပြည်နယ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့တယ်။အဲဒိအချိန်မှာ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အိမ်စောင့်အစိုးရတစ်ဖြစ်လဲ စစ်အစိုးရကတော့ ဒီလိုရှမ်းစော်ဘွားတွေရဲ့ မိမိသဘော ဆန္ဒအလျောက် အာဏာစွန့်လွှတ်တာကို တိုင်းရင်းသား ပဒေသရာဇ်တွေအပေါ် အောင်ပွဲခံလိုက်ခြင်း လို့မောက်မောက် မာမာ မှတ်ယူခဲ့ပေမယ့် တကယ်တော့ အနောက်တိုင်းပညာရေးနဲ့ ကြီးပြင်းလာတဲ့ မျိုးဆက်သစ် ရှမ်းစော်ဘွားတွေအနေနဲ့ သူတို့ရဲ့ရှမ်းပြည်နယ်ကို ခေတ်မီတိုးတက်လာစေဖို့ အုပ်ချုပ်ရေးစနစ် ကိုခေတ်နဲ့အမီပြောင်းလဲကျင့်သုံး ဖို့လိုတယ်ဆိုတာ နားလည်ထားခဲ့ပါတယ် ။


တကယ်လည်းရှမ်းစော်ဘွားတွေ အာဏာစွန့်လွှတ်ပြီးလွှဲပြောင်းပေးအပ်ခဲ့ တာကဒီမိုကရေစီနည်းကျစွာ ရွေးကောက်တင်မြှောက်ထားတဲ့ရှမ်းပြည်နယ် အစိုးရကိုသာဖြစ်ပြီး ရန်ကုန်ဗဟိုအစိုးရကို အာဏာလွှဲ အပ် တာမဟုတ်ပါ ဘူး။သီပေါစော်ဘွားစ၀်ကြာဆိုင်အပါအ၀င် ခေတ်ပညာတတ်စော် ဘွား တချို့ဟာ နိုင်ငံရေးမှာဆက်လက်ပါဝင်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှာရော ၊ ပါလီမန်ရဲ့ လူမျိုးစုလွှတ်တော် မှာပါ ရွေးကောက်ခံကိုယ်စားလှယ်အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ခဲ့ကြပါတယ်။


ကူမင်တန်ကျူးကျော်သူတွေကိုတိုက်ရင်းနဲ့ ရှမ်းပြည်နယ်အတွင်းဗမာ တပ်မတော်ရဲ့ အလုံးအရင်းနဲ့ တပ်ဖြန့်ချထားမှုတွေက တစ်ဖက်မှာရှမ်းပြည်နယ်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အနုတ် လက္ခဏာ သဘောဆောင်တဲ့ သက်ရောက်မှုတွေပဲဖြစ်ပေါ်လာစေ ခဲ့ပါတယ်။ရှမ်းလက်နက်ကိုင် ပုန်ကန်မှုကလည်း အင်အားသေးငယ်နေသေးပြီးထိထိရောက်ရောက်မရှိသေးပေမယ့် နောက်ထပ် စိုးရိမ်သောကမကင်းစရာ အခြေအနေတစ်ရပ်ပဲဖြစ်ပါတယ် ။ ရှမ်းခေါင်းဆောင်အများစု အကြပ်တွေ့ ရတာက သူတို့ဒေသခံတချို့ဟာ ဗဟိုအစိုးရကိုလက်နက်ကိုင်ဆန့်ကျင် တော်လှန်နေကြ တာဖြစ်ပါ တယ်။အထူးသဖြင့် သီပေါဒေသကနေ ရှမ်းလက်နက်ကိုင်တိုက်ခိုက်ရေးသမားတွေနဲ့ ကေဒါ တော်တော်များများထွက်ပေါ်လာခဲ့တယ်။အဲဒိထဲက အများစုက ပြည်ထောင်စု ကနေရှမ်းပြည်နယ် ကိုခွဲထွက်ချင်တဲ့ လုံးဝခွဲထွက်ရေးဝါဒီတွေပဲဖြစ်တယ်။


တစ်ကြိမ်မှာတော့ ရှမ်းလက်နက်ကိုင်ပုန်ကန်မှုမှာ အစောဆုံးပါဝင်ခဲ့တဲ့ ရှမ်းလက်နက်ကိုင် ခေါင်း ဆောင် တွေထဲက တစ်ယောက်အပါအ၀င်ဖြစ်တဲ့ ဆေထင်က သီပေါစော်ဘွားစ၀်ကြာဆိုင်ကို ရန်ကုန်မှာတွေ့ဆုံခွင့်ရဖို့ကြိုးစား ခဲ့တယ်။ရန်ကုန်တက္ကသိုလ်မှာတက်နေတဲ့ရှမ်းကျောင်းသားတစ်ယောက်ကတဆင့် သီပေါစော်ဘွားစ၀်ကြာဆိုင် ကို ရှမ်းသူပုန်ခေါင်းဆောင် ဆေးထင် ကတွေ့ဆုံခွင့် တောင်း တဲ့အကြောင်းပြောတဲ့အခါ စ၀်ကြာဆိုင်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ စာအုပ်ကိုထုတ်ပြပြီး ပါလီမန်လူမျိုးစုလွှတ်တော်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပြည်ထောင်စုရဲ့သစ္စာကိုစောင့်သိရိုသေပါမည်လို့ သူကျမ်းသစ္စာကျိန်ဆိုထားခဲ့ရ တဲ့ စာပိုဒ်တွေကို အဲဒိလာပြောတဲ့ရှမ်းကျောင်းသားကိုဖတ်ပြခဲ့ရတယ်။


စ၀်ရွှေသိုက်၊ စ၀်ကြာဆိုင်၊ နဲ့အခြားရှမ်းခေါင်း ဆောင် တွေဟာ ရှမ်းလက်နက် ကိုင်ပုန်ကန်မှုကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ကြိုးစားခဲ့တယ်။ ' ဟု ဖော်ပြထာခြင်းဖြင့်ပင် ၁၉၆၀ ပြည့်နှစ် ၀န်းကျင် အာဏမသိမ်းမှိကာလက ရှမ်းခေါင်းဆောင်တွေ အနေဖြင့် လက်နက်ကိုင်မှု အားမကောင်းလာစေရန်နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်ကိုေ တွ့ရပြီး ယင်းကာလကပင်ယခု ဗိုလ်ချုပ်ကြီး ဆေထင်ဖြစ်လာမည့် လူငယ် ဆေထင်၏ လှုပ်ရှားမှု သမိုင်းကို တွေ့ရသည်။ ၀န်ကြီးချုပ် ဦးနုကလည်း ယင်းကြိုးစားမှုအပေါ် စာနာနားလည်ပေးခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြင်ဆင်ရေးအတွက် တိုင်းရင်းသားပေါင်းစုံပါဝင်သော နှီးနှောဖလှယ်ပွဲ ကျင်းပနေစဉ်ပင် ၁၉၆၂ ခုနစ် မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းခြင်းခံခဲ့ရသည်။


၁၉၆၂ခုနှစ် မတ်လ ၂ ရက်စစ်အာဏာသိမ်းမှုကို ပြည်ထောင်စုကြီးပြိုကွဲတော့ မည့် အန္တရာယ်ကြောင့် မလွှဲမရှောင်သာ၍့ အာဏာသိမ်းခဲ့ခြင်းဟု တပ်မတော် က အမြဲ ဆင်ခြေပေးခဲသော်လည်း တကယ်က စစ်တပ်ဟာ လွတ်လပ်ရေး ရပြီး တည်းက ပြည်တွင်းစစ်ကိုတိုက်ရင်း အထူးသဖြင့် ရှမ်းပြည်နယ်အတွင်း ကူမင်တန်တရုတ်တပ်တွေကိုတိုက်ရင်း မလွှဲသာမရှောင် သာ အင်အားကြီး ထွားလာခဲ့တာကြောင့်ဖြစ်သည်။ စစ်တပ်ဟာ နိုင်ငံတော်အထဲမှာ သီးခြား အာဏာပိုင်နိုင်ငံငယ်လေးအဖြစ် ရပ်တည်ယှဉ်ပြိုင်လာရင်း အရပ်သားအစိုးရက ကိုင်တွယ်ထိန်းချုပ်ဖို့ခက်တဲ့အခြေဆိုက်ခဲ့ရာမှ နာက်ဆုံးမှာတော့ စစ်တပ်နိုင် ငံတော်အဖြစ်ထူထောင်လိုက်ရင်း ဗိုလ်နေ၀င်းကိုယ်တိုင် စစ်အာဏာရှင်အဖြစ် ပြည်သူ့လူထု၏အာဏာကို ပြည်သူလူထုက တရားဝင်အပ်နှင်းထားတဲ့ ၀န်ကြီးချုပ်ဦးနုထံကနေ မတရားသိမ်းပိုက်ခဲ့ခြင်းပင်ဖြစ်သည်။ ဦးနုမှ လက်ထက် ရှမ်းလက်နက်ကို တော်လှန်ရေး စတင်ပေါ်ပေါက်လာချိန်အတွင်း ဦးနေ၀င်းအားကောင်းလာခဲ့ပုံကို ဗိုလ်ချုပ်ဆေထင်က ယခုကဲ့သို့ ပြန်ပြောင်းပြောပြသည်။ ' ကျွန်တော်က SSIA ရှမ်းပြည်လွတ်လပ်ရေး တပ်မတော် အဖွဲ့ အနေနဲ့ ယိုးဒယားနယ်စပ်မှာ ရှိနေတုန်း ကျွန်တော်တို့ကို ဦးနုအစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်းတဲ့အတွက် ခွန်ကြာပုရဲ့ သားဖြစ်သူက ကျွန်တော်တို့အဖွဲ့ကိုယ်စား ရန်ကုန်ကို ထိုင်းကနေ လေယာဉ်နဲ့ သွားခဲ့တယ်။ ဦးနုက လုံခြုံရေး အာမခံပါတယ်ပြောလို့သွားတာ ။ လေဆိပ်လည်းရောက်ရော ဗိုလ်နေ၀င်းအဖွဲ့တွေက သူ့ကို ဖမ်းလိုက်တယ်။ အခုလို နိုင်ငံအထဲမှာ အစိုးရက တစ်ဖွဲ့ တပ်က သီးသန့်ဖြစ်နေတဲ့ အခြေနေမှာ အဲဒီအတွေ့အကြုံကို ပြန်သတိရစရာပဲ။ ကျွန်တော်ဆိုရင် ထောင်ဒဏ် ၁၁၅ နှစ် ချမှတ်ခံခဲ့ရတယ်လေ။ အခုဆို ဂွန်မော်တို့ဆို မသွားရဲတော့ဘူးလေ။ ကေအိုင်အေကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားတော့ ။ အစိုးရ အနေနဲ့ ဘယ်လောက် အာမခံနိုင်မလဲ။ တစ်ချိန်တည်းမှာလည်း အစိုးရ အနေနဲ့ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု မတည်ဆောက်နိုင်တဲ့အပြင် ဆိုးလာနေတယ်။ ' ဟု ဗိုလ်ချုပ်ကြီးဆေထင်က စာရေးသူတို့ အဖွဲ့အား ပြောပြသည်။


ဗိုလ်ချုပ်ကြီးဆေထင်မှာ SSPP/SSA အပစ်ရပ်ထားသည့် စစ်အစိုးရလက်ထက်ကာလတစ်လျှောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးခဲ့သူဖြစ်ခဲ့ဖူးပြီး ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ညီလာခံ မတက်တော့သည့် နောက်ပိုင်းတွင် ရှမ်းခေါင်းဆောင် ဖြစ်သည့် ခွန်ထွန်းဦးနှင့်အတူ အမျိုးသား ညီလာခံမှ စွန့်ခွာလာခဲ့သည့်အတွက် စစ်အစိုးရမှ ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်သည်။ စကားဝိုင်းမှာ အဓိက အားဖြင့် ငြိမ်းချမ်းရေး တိုင်းရင်းသားအရေး အမြင်များဖြင့်သာ အချိန်ကုန်ခဲ့သည်ဟု ဆိုသည်။ လတ်တစ်လောကာလအတွင်း မိုင်းရှူး မဲဆန္ဒနယ်မှ နယ်မြေအချို့ ရွေးကောက်ပွဲ မကျင်းပရန် NLDဘက်မှ တင်ပြခဲ့မှုနှင့် ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်၏ မဟာမိတ်ဟောင်း တစ်ယောက်အနေဖြင့်ကော NLDကို နှစ်ပေါင်းများစွာ ထောက်ခံခဲ့ဖူးသည့် မိတ်ဆွေကောင်းတစ်ယောက် အနေဖြင့်ပင် စိတ်မကောင်းဟု ဗိုလ်ချုပ်ကြီးဆေထင်က ဆိုသည်။


' ကျွန်တော်တို့ ၀မ်ဟိုင်းဌာနချုပ်လို နေရာမှာတောင် မဲရုံတွေ တည်ဆောက်ခွင့် ရွေးကောက်ပွဲကျင်းပခွင့်ပေးထားတယ်လေ။ ဌာနချုပ်ရှိတဲ့ ကျေးသီြးုမို့နယ် ထဲမှာတောင်လွတ်လွတ်လပ်လပ်ပဲ။ ဆက်စပ်နယ်မြေအတွင်းရွေးကောက်ပွဲ လွတ်လွတ်လပ်လပ်ကျင်းပခွင့်ပေးထားတာပဲ။ ရွေးကောက်ပွဲကြိုဆိုကြောင်း လည်း အစောကြီးကတည်းက ကြေငြာချက်ထုတ်ထားပေးတယ်။ ' ဟု ဗိုလ်ချုပ်ကြီးဆေထင်က ရှင်းပြသည်။ စာရေးသူတို့ ၀မ်ဟိုင်းရောက်နေစဉ်ပင် တွင် ကျားဖြူ ပါတီမှာ ၀မ်ဟိုင်းဒေသခံများအား မဲဆွယ်စည်းရုံးဟောပြောမှုကို ပါခီးလမ်းခွဲအနီးတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ၀န်ကြီးရာထူးများရယူခဲ့ပြီး ကြံ့ခိုင်ရေးပါတီတို့နှင့် နီးစပ်ခဲ့သည့် ကျားဖြူပါတီအား ရှမ်းလူထုမှ နောက်ပိုင်းအမြင်မကြည်တော့သည့်တိုင် SSPP/SSA မှာ ခွင့်ပြုခဲ့ခြင်းပင်။


ငြိမ်းချမ်းရေးနှင့် ပတ်သက်၍မူ ပန်ဆန်းဆွေးနွေးချက် ၊ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ် အန်စီအေ ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြောဖြစ်သည်။ SSPP /SSA မှာ အန်စီအေ အားဆန့်ကျင်နေခြင်းမဟုတ်ပဲ နိုင်ငံရေးအရ သေချာမှသာ အပစ်ရပ်လက်မှတ်ထိုးဆိုသည့် မူကို စွဲကိုင်နေခြင်းဟု ဆိုသည်။


' ၂၀၁၃ ပထမအကြိမ် လိုင်ဇာညီလာခံ မတိုင်ခင်ကတည်းက နိုင်ငံရေးအရ သေချာမှ အပစ်ရပ် လက်မှတ်ထိုးမယ်ဆိုပြီး အားလုံးမူချခဲ့ပြီးသားပါ။ အတင်းအလျှော့လုပ်ရင်း အန်စီအေ စာချုပ်ဖြစ်လာတယ်။ အခုက ယုံကြည်မှု လျော့နည်းနေချိန်မှာ ပိုပြီး သေချာချင်တယ်။ ခဏခဏလည်း အလိမ်မခံနိုင်ေ တာ့ဘူး။ အလိမ်ခံရပေါင်းလည်း များပြီလေ။ အခု ပန်ဆန်းဆုံးဖြတ်ချက်က နိုင်ငံရေးအရ သေချာချင်တဲ့ သဘောပဲ။ ၀ ကတော့ အန်စီအေကို Neglect လုပ်တယ်။ ' ဟု လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်၍ အားကြိုးမာန်တက်ရှင်းပြသည်။ မြောက်ပိုင်းအရေး လတ်တစ်လော ပြင်းထန်နေသည့် ကိုးကန့် တိုက်ပွဲများနှင့် ပတ်သက်၍မူ ကိုးကန့်မှာလည်း အတွေ့အကြုံရှိပြီးဖြစ်သဖြင့် တရုတ်ဘဏ်မှ ၄င်းတို့အားလှူဒါန်းငွေများပိတ်စေကာမူ ကျော်လွှားနိုင်လိမ့်မည်ထင်ကြောင်း ပြောသည်။ ကိုးကန့် တပ်ဖွဲ့မှာ အစဉ်အလာအားဖြင့် ရှမ်းပြည်တပ်မတော် မဟာမိတ် အဖြစ် ရပ်တည်ခဲ့ဖူးပြီး ဗကပမှ ခွဲထွက်လာပြီးနောက်တွင်လည်း ရှေ့ဆင့်နောက်ဆင့်ပင် အပစ်ရပ်စဲခဲ့သည့် အဖွဲ့များဖြစ်သည်။


၂၀၁၀ နောက်ပိုင်းတွင်မူ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှာ အစိုးရနှင့် နှစ်ဆင့် အပစ်ရပ်သည့်အဖွဲ့ဖြစ်လာသော်လည်း တစ်ကျော့ပြန်ပေါ်ပေါက် လာသည့် ကိုးကန့် အဖွဲ့မှာ တခြားအဖွဲ့များနည်းတူ ငြိမ်းချမ်းရေးဖြစ်စဉ် တန်းတူပါဝင်ခွင့်ပင် မရခဲ့ပေ။ ကိုးကန့်အား စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က တိုက်ခိုက်ခဲ့ပြီးနောက် ခေတ္တပျောက်သွားပြီး သမ္မတ ဦးသိန်းစိန်လက်ထက် ပြန်ပေါ်လာချိန်တွင် ငြိမ်းချမ်းရေးလုပ်ရန် လက်မခံမှုမှာ ယခင် စစ်အစိုးရခေတ်က မူဝါဒကို ကျော်လွန်နိုင်ခြင်းမရှိ၍လော။ တိုင်းရင်းသားအဖွဲ့အားလုံးလက်ခံခြင်းအားဖြင့် တိုင်းရင်းသားများ တစုတစည်းတည်းအားကောင်းသွားမည်ကို လက်မခံနိုင်၍လော မပြောတတ်။ အတိုက်အခံဘ၀က အန်စီအေ စာချုပ်အား သတိထားရန် ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် အစိုးရြုဖစ်လာသည့်အခါတွင် လေသံပြောင်းသွားခဲ့ပြီး တိုင်းရင်းသားအဖွဲ့များ မည်မျှပင် တိုက်ခိုက်ခံရသည်ဖြစ်စေ နှုတ်ဆိတ်နေရုံမက နိုင်ငံရေးအရ မသေချာပဲ အန်စီအေ စာချုပ် လက်မှတ်ထိုးရန် တိုက်တွန်းနေပြီဖြစ်ပေသည်။


နာရီဝက်အကြာ စကားလက်ဆုံအပြီးတွင်တော့ ထမင်းစားချိန် ထမင်းမစားရသေးသည့် အသက် ၈၀ ကျော် ရှမ်းဗိုလ်ချုပ်ကြီးအား အားနာ၍ စကားလက်စဖြတ်ကာ ပြန်ရန် ပြင်ဆင်ရပေတော့သည်။ မိုင်းရှူးကျေးသီးဘက်ကြုံပါက မကြာခဏ လာရောက်လည်ပတ်ရန်လည်း သူက ထပ်မံဖိတ်ခေါ်သည်။ သူ့အိမ်မှ ပြန်အထွက်တွင်တော့ ရွေးကောက်ပွဲ မဲရုံထားရှိမည့် ၀မ်ဟိုင်း အထက်တန်းကျောင်းခွဲရှေ့တွင် ခဏကြည့်ရှူ့ ခဲ့ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့သည်။ရွာအထွက်တွင်တော့ ဆိုင်ကယ်စီးနေသည့် လောင်ချာလွယ်ထားသည့် ရှမ်းစစ်သည်တစ်ဦးကို မြင်တွေ့ခဲ့ရသည်။


အပြန်လမ်းတစ်လျောက်တွင်တော့ ဟိုဝင်ဒီဝင် မ၀င်တော့သဖြင့် မိနစ် ၂၀ ကျော်ကျော်ဖြင့် မိုင်းရှူးသို့ ရောက်ရှိလာခဲ့သည်။ မိုင်းရှူးအရောက်တွင်တော့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ မြို့မိမြို့ဖ ရပ်ကျေးကော်မရှင်တွေ့ဆုံဆွေးနွေးပွဲမှာ ပြီးစီးသွားပြီဖြစ်သဖြင့် အဆိုပါဆွေးနွေးပွဲ ကျင်းပရာနေရာသို့ မသွားရောက်နိုင်တော့ ။ သို့သော် ဒေသခံများအတွက် သတင်းကောင်းတစ်ခုမှာ အဆိုပါ ဆွေးနွေးပွဲတွင် NLDပါတီမှ အပ ဒေသခံပါတီငယ်များအားလုံး ရပ်ကျေးကော်မရှင်နှင့် မြို့မြိ့မို့ဖများက ရွေးကောက်ပွဲကို မိုင်းရှူးတနယ်လုံးတွင် ကျင်းပရန် တင်ပြကြသည်ဆိုသည်။ ကြိုဆိုစရာ သတင်းမှာ ယခင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက မိုင်းရှူး ၊ ကျေးသီးနယ်တွင် ရွေးကောက်ပွဲ မကျင်းပရန် တင်ပြခဲ့သည့် ကျားဖြူ ပါတီမှာ ဒေသခံပြည်သူများ၏ မျက်နှာကိုထောက်ထားပြီး လူထု ဆန္ဒမှာ အရေးကြီးသဖြင့် ရွေးကောက်ပွဲတွင် နယ်မြေအားလုံး ကျင်းပရန် တင်ပြခြင်းပင်။ ယင်းသတင်းကို ကြားသည်နှင့် စာရေးသူမှာ ကျားဖြူပါတီ ကိုယ်စားလှယ်လောင်းများရုံးသို့ ထွက်လာရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ နန်းခမ်းယဉ်အောင်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ မွန်မွန်ရည်ရည်ရှိသူ နန်းခမ်းယဉ်အောင်မှာ ပြည်သူများနစ်နာမည်စိုးသဖြင့် တင်ပြရခြင်းဖြစ်သည်ဟုဆိုသည်။


' ကျွန်မကိုယ်တိုင်က အနိုင်ရဖို့ ဘာမှ မျှော်လင့်ချက်ကြီးကြီးမားမားမထားဘူး။ ဒါပေမဲ့ လူထု မနစ်နာဖို့လိုတယ်။ ဟိုနေရာက လူက ပေးရ ဒီနေရာက မပေးရဆိုတာမျိုးမဖြစ်စေချင်ဘူး။ နောက်ပီး ပါတီတွေရဲ့ ပြိုင်ဆိုင်မှုတွေကြောင့် လူမျိုးရေး ပြဿ နာတွေလည်း မဖြစ်စေချင်ဘူးလေလို့ ရှင်းရှင်းပြောခဲ့တယ်။ ' ဟုပင် စာရေးသူအား ပြောပြသည်။


သူမပြောသည်မှာလည်း မှန်ပေသည်။ ရွေးကောက်ပွဲ ပယ်ဖျက်မည့် နယ်မြေများမှာ ရှမ်းကျေးရွာများဖြစ်နေသလို ဗမာ အများစုနေသည့် မိုင်းရှူးတောင်ပေါ်တွင်တော့ မဲရုံများ ဒီအတိုင်းထားမည်ဆိုသဖြင့် ရှမ်း ၄၀၀၀ လောက် မဲမပေးရ ၊ ဗမာတော့ အပြည့်အ၀ မဲပေးရ ဆိုသည့် သဘောလည်း သက်ရောက်နေပေသည်။



ဆက်လက်ဖော်ပြပါ့မည်။
ရွေးကောက်ပွဲအကြို မိုင်းရှူးသွားတောလား အပိုင်း ( ၄) ကို ဆက်လက်ရှုစားပါရန်

လူထု ဆန့်ကျင်ကွက်သည့်ကြား မိုင်းကိုင်မြို့နယ်အတွင်း ကုမ္ပဏီမှကျောက်မီးသွေးများဆက်တူးနေ

Posted: 25 Mar 2017 08:34 AM PDT

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လယ်ယာပိုင်ရှင် ဒေသခံ ၅၀၀ ကျော် စုပေါင်း လက်မှတ်ရေးထိုးကာ ဆန့်ကျင်ကန့်ကွက်ထားသော်လည်း ကုမ္ပဏီများက ကျောက်မီးသွေးများအား ဆက်လက်တူးဖေါ်နေသည်ဟု ဒေသခံများ ပြောပြချက်အရသိရသည်။


မိုင်းကိုင်မြို့ နမ့်တိန်းချောင်းဦး၊ တိန်းချောင်းဖျားလက်တက်ဖြစ်သည့် နမ့်ခီဆန် ချောင်းဦးဖြစ်သည့် ဟွေ့နမ့်ဆိမ် ချောင်းဘေး ထင်းရှူးတောများ ၊ လယ်ယာဘေးများ ရှိ ကျောက်မီးသွေးများအား ပြည့်အောင်ဟိန်း ကုမ္ပဏီ နှင့် ဟိန်းမေတ္တာကုမ္ပဏီတို့က ၂၀၁၇ နှစ်ဦးပိုင်းမှစ၍ ယနေ့အထိ တူးဖေါ် ထုတ်ယူနေခြင်းဖြစ်သည်။


“ကျောက်မီးသွေး တူးဖေါ်ခွင့်ကို ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ချပေးထားတာ ၂၀၁၅ ကတည်းက။ ဒါပေမယ့် ကုမ္ပဏီက ဒီ ၂၀၁၇ နှစ်ဦးပိုင်းမှ လာတူးတယ်။ သဘောတရားအရ အစိုးရ ချ မှတ်ထားတာ က တူးဖေါ်လုပ်ကိုင်ခွင့်ကျတဲ့နေ့က နေ ၆ လ အတွင်း လုပ်ငန်းမစ တင်ရင် အဲဒီ အလုပ် က ပျက် ပြယ်တယ်။ ဒါပေမယ့် သူတို့က လာတူးတယ်။ လာတူးကတည်းက လူထုကန့်ကွက်တယ်။ ကန့် ကွက်ကြောင်းလက်မှတ်ထိုး ပြီး စာတင်တယ်။ ဒါပေမယ့် အခုထက်ထိ ဆက်တူးနေတုန်း” - ဟု မိုင်းကိုင်မြို့ ပြည်နယ် လွတ်တော် အမတ် (ဦး) လုံးစိုင်းလုံ က ပြောသည်။


ကျောက်မီးသွေးတူးဖေါ်နေမှု ရပ်တန့်ရန် ထူထု ကန့်ကွက်မှုကြောင့် သျှမ်းပြည်နယ်အစိုးရ သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးရေးဝန်ကြီး ဒေါက်တာညီညီအောင် လာရောက်ကြည့်ရှုကြောင်း၊ ထင်းရှူးတော၊ လယ်ယာ၊ ချောင်းဦး ပျက်စီးမှုများတွေ့ရှိသော်လည်း ရပ်တန့်ရန် ခကုမ္ပဏီအပေါ် တစုံတရာ ညွှန်ကြား မှုမရှိသည့်အပြင် လူထုအပေါ် ပြစ်တင်စကားပြောခဲ့သေးကြောင်း ပြည်နယ် လွှတ်တော် လုံးစိုင်းလုံ က ဆက်၍ ပြောသည်။


“ဝန်ကြီး ဒေါက်တာညီညီအောင်က ပြောတယ်။ ဒေသခံ လူထု ဘာမှမသိဘူး။ နားလည် အောင်ရှင်းပြ လိုက်ပါတဲ့။ ကျောက်မီးသွေးတူးဖေါ်မှုကြောင့် ပျက်စီးသွားတဲ့ နမ့်တိန်းချောင်းဦး၊ ထင်းရှူးတောတွေ၊ လယ်ယာမြေအကြောင်းတွေတော့ထည့်မပြောဘူး။ ဘာမှ ထိခိုက်မှုမရှိတဲ့ ရွာနဲ့လဲဝေးတဲ့ ပန်ပွဲ ကျောက်မီးသွေးတွင်းဘက်က ဟာတွေ တော့ ထည့်ပြောတယ်” - ဟု ပြောသည်။


မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေး တူးဖေါ်သည့် ကိစ္စနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် အမတ် စိုင်းဆိုင်မိန်းက ဒုတိယအကြိမ် စတုတ္ထ ပုံမှန်အစည်းအဝေး ၌ ကြယ်ပွင့်ပြ မေးခွန်းအဖြစ် စာတင်ထားကြောင်း၊ တင်ထားသည့် စာတွင် ဝန်ကြီးတဦးအနေဖြင့် လူထုဆန္ဒအားမေးမြန်းခြင်းမပြုဘဲ အဘယ်ကြောင့် ကျောက်မီးသွေးတူးဖေါ်ခွင့်ပြုရခြင်း၊ ကျောက်မီးသွေးတူးဖေါ်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုး ဆက်များဖြစ်သည့် သဘာဝသစ်တောပျက်စီးခြင်း၊ လယ်၊ ယာမြေ၊ ချောင်းရေ များ ပျက်စီးခြင်းများအား မည်သို့ ပြန်လည်ပြုပြင်ပေးမည် စသည့်အချက်များပါဝင် သည့်မေးခွန်းများအား မေးမြန်းထားကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။


ပြည်အောင်ဟိန်းကုမ္ပဏီ နှင့် ဟိန်းမေတ္တာကုမ္ပဏီတို့သည် ၂၀၁၄ ခုကတည်းက စမ်းသပ်တူး ဖေါ်မှုပြု ခဲ့ကြောင်း၊ အဆိုပါကျောက်မီးသွေးများထွက်ရှိသည့်ဒေသသည် သျှမ်းပြည်တပ်မတော် RCSS/SSA လှုပ်ရှားနယ်မြေဖြစ်သောကြောင့် လူထု ဆန္ဒ မပါဘဲ ကျောက်မီးတွေးတူး ဖေါ်ခွင့်ပြု မည်မဟုတ် ကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA မှလည်း သျှမ်းသံတော်ဆင့်သို့ ပြောကြား ဖူးသည်။

သျှမ်းသံတော်ဆင့်

unread,
Mar 26, 2017, 5:04:24 PM3/26/17
to thuau...@gmail.com

မိုင်းရှူးက ကျေးရွာအုပ်စု ၃ ခု ကြားဖြတ်ရွေးကောက်ပွဲမကျင်းပရန် NLD တောင်းဆိုမှုမအောင်

Posted: 26 Mar 2017 09:39 AM PDT

သျှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အချို့ မှာရွေးကောက်ပဲမကျင်းပပဲ ဖျက်သိမ်း ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကတောင်းဆိုထားသော်လည်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် မဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်း သျှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူက ပြောသည်။


မဲဆန္ဒရှင် ၄၀၀၀  ခန့် ရှိသည့် သျှမ်းပြည် မိုင်းရှူးမြို့နယ်က ကျေးရွာအုပ်စု ၃ ခုဖြစ်သည့် ကွန်ကျောင်း၊ နောင်အက်နှင့် မော်မေ့ ကျေးရွာ အုပ်စုများရှိ မဲရုံများ ဖျက်သိမ်းပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ကိုယ်စား လှယ်လောင်းက ကန့်ကွက်စာ တင်ထားသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းခြင်းမပြုဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။


“မဲရုံတွေကိုဘဲရွှေ့ဖို့စီစဉ်ထားတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်းကြေငြာထားတယ်။ကျနော်တို့ရွေးကောက်ပွဲကိုအောင်မြင်အောင် အားလုံးက ၀ိုင်းဝန်းပြီးတော့မှ  စုပေါင်းလုပ်ဆောင် သွားမယ်  ဆိုတဲ့သဘောလည်းဖြစ်တယ်။အဲဒီအုပ်စု ၃ စုကို - ဘယ်ကိုရွှေ့မယ်ဆိုတာ အစကတည်း က လျာထားပြီးသား။ … မဲဆန္ဒရှင်တွေ သွားလာလွယ်ကူဖို့လည်း စီစဉ်ထားပါတယ် လုံခြုံရေးအရ စိတ်ချရအောင်ပေါ့။”- ဟု လွိုင်လင် ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသန်းတင်ကပြောသည်။


မဲရုံများအား လမ်းမကြီးဘေးသို့ ရွေ့ပြောင်းမည်ဟုဆိုသော်လည်း မည်သည့်နေရာမှာ မဲရုံဖွင့်လှစ်မည် ဆိုသည့်အချက်တော ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေ။နီးစပ်သည့်အသိုင်းအ၀ိုင်း တဦးက “အဝေးဆုံး ကျေးရွာနှင့် မဲရုံ ၄ မိုင်ထက်မပိုပါဘူး” – ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။


SNLD  ပြောခွင့်ရ စိုင်းလိတ်က - “မဲလုံးဝ မထည့်ရတာနဲ့ ရှင်ရင် အခုလိုမဲရုံရွေ့လိုက်တာက ကောင်း တယ် လို့ပြောလို့ရတယ်။ ဒါပေမယ့်လို့ နယ်မြေအေးချမ်းတည်ငြိမ်ပါလျက်နဲ့ ကိုယ့်ရဲ့နယ်မှာ ကိုယ်မဲမ ထည့်ရဘဲနဲ့ ၃-၄-၅ မိုင်မှာဝေးတဲ့ နေရာကိုမဲသွားထည့်ရမယ်ဆိုရင် နဂိုကတည်းက မဲပေးဖို့အပေါ်မှာ သိပ်ပြီးအာရုံလာတဲ့ဒေသခံလူထုအတွက် တော့ တော်တော်လေးကို ကြောင့်ကြရတဲ့အလုပ်ဖြစ်ပါ တယ်။သူတို့မဲလာထဲ့ဖို့တောင်မနည်းပြောရမဲ့အနေအထားမျိုး ဖြစ်နေပါတယ်” –ဟု ပြောသည်။


မိုင်းရှူး ဒေသတွင်းရှိ ကျေးရွာအုပ်စု အချို့တွင် ရွေးကောက်ပွဲ မကျင်းပရန် NLD ပါတီမှ တင်ပြခဲ့မှု အပေါ် မြို့ခံများအကြားတွင်လည်း ဝေဖန်မှုများရှိနေခဲ့သည်။


  “၂၀၁၅ မှာ လုံခြုံရေးအခြေအနေအရ ဒီလူတွေကမဲ မပေး ခဲ့ရဘူးပေါ့။ ၂၀၁၇ မှာကော ခင်ဗျားတို့ သဘောထား ဘယ်လိုလဲ။ အဲ့မှာလုပ် လို့ရလား မရလားမေးတော့ အဲ့ဒီမှာ သူတို့ သဘောထား မှတ်ချက်လာပေး တယ်။ မိုင်းရှူးမြို့နယ် ကော်မရှင်အဖွဲ့ခွဲရော အဲ့ဒီကျေးရွာအုပ်စု သုံးခုက ကော်မရှင်အဖွဲ့ခွဲတွေရော ကျေးရွာအုပ်ချုပ် ရေးမှူးတွေကော သဘောထား လာတင်ပေးဖို့ ပြောတော့သူတို့ လာတင်တယ်။ လာတင်တော့ ပိတ်သိမ်းဖို့ မသင့်ဘူးဆိုပြီး အကုန်လုံးကတင်တယ်။ ဒါကြောင့်ပါ။ UEC ပြည်ထောင်စု ကော်မရှင်ကလည်း ပြန်ကျလာပြီ မဖျက်ဖို့ဆိုပြီးတော့ပေါ့။ ' ဟု ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူက ပြောသည်။


အဆိုပါ ကျေးရွာအုပ်စု ၃ ခုမှာ မဲပေးခွင့်ရှိသူဦးရေ စုစုပေါင်း ၄၀၀၀ ကျော် ရှိသည့် အတွက် မဲဆန္ဒနယ်တစ်ခုလုံး၏ ၁၀ ရာခိုင်နှုန်းနီးပါးရှိနေပြီး လက်နက်ကိုင် အကြောင်းပြချက်ဖြင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ဟု ဆိုကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။


သျှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)မှ စိုးမိုးလှုပ်ရှားသည့် ဒေသအတွင်း ကြားဖြတ်ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ထားသည့် မည်သည့် ပါတီမဆို လွတ်လပ်စွာ မဲဆွယ် စည်းရုံးခြင်းများ လုပ်ဆောင်နိုင်ကြောင်း လစ်လပ်မဲ ဆန္ဒနယ်များတွင် ရွေးကောက်ပွဲ ကျင်းပမည့်အပေါ် ကြိုဆိုထောက်ခံကြောင်း ဖေဖော်ဝါရီ ၂၅ ရက်စွဲဖြင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က သဘောထား ထုတ်ပြန်ထားပြီး SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထင်ကလည်း နယ်မြေအတွင်း လွတ်လပ်စွာ မဲဆွယ်ခွင့်ပြုထားကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောဆိုထားသည်။

မိုင်းရှူး NLD အလုပ်အမှုဆောင် ကျားခေါင်းပါတီ SNLD သို့ ပါတီဝင်အဖြစ် ကူးပြောင်း

Posted: 26 Mar 2017 08:29 AM PDT

ကြားဖြတ်ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ မိုင်းရှူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း စိုင်းထွန်းထွန်းဦးမှာ မိခင်ပါတီကနေနှုတ်ထွက်ပြီး ကျားခေါင်းပါတီဝင်အဖြစ် ကူးပြောင်းခဲ့ကြောင်း ကျားခေါင်းပါတီ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။


ဦးစိုင်းထွန်းထွန်းဦးမှာ  မိုင်းရှူးမြို့နယ် NLD  မှ တာဝန်ရှိသူတစ်ဦးဖြစ်ပြီး မြို့နယ်အတွင်း သြဇာတိက္ကမ  ရှိသူ တဦးလည်းဖြစ်သည်။


၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခဲ့စဉ်က ပါဝင်ခဲ့သူဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရာတွင်မူ မပါဝင်တော့ဟုဆိုပာသည်။


စိုင်းထွန်းထွန်းဦးနှုတ်ထွက်မှုကြောင့် ပါတီဝင် ၁၀၀ နီးပါး လည်း နှုတ်ထွက်ကြောင်း အများ သောအားဖြင့် သျှမ်းလူမျိုးများဖြစ်ကြောင်း သိရသည်။


' ၁၅ ရက်နေ့က သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ တံဆိပ်ပေးအပ်ပွဲလုပ်ခဲ့တယ်။ ပါတီဝင်ကတ်ပြားပေးရင်းပေါ့။ ' ဟု ကျားခေါင်းပါတီမှ တာဝန်ရှိသူဖြစ်သည့် စိုင်းမျိုးဇင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


မိုင်းရှူး NLD တွင် စိုင်းထွန်းထွန်းဦး နှုတ်ထွက်သွားပြီးနောက် မိုင်းရှူး NLD  အတွင်း အခက်အခဲများ တွေ့ရကြောင်း မြို့ခံအချို့ပြောဆိုနေကြပြီး သျှမ်းတိုင်းရင်းသား ပါတီဝင် နည်းပါးမှုနှင့် သျှမ်းစကားမတတ်သူ ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ထားမှုတို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် အခက်အခဲဖြစ်ပေါ်စေလိမ့်မည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

ကျိုင်းတုံသို့ ကျားခေါင်းပါတီဥက္ကဌ မဲဆွယ်စည်းရုံးရေးဆင်းမည်

Posted: 26 Mar 2017 07:38 AM PDT

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦး ကျိုင်းတုံသို့ စည်းရုံးရေးဆင်းမည်ဖြစ်ကြောင်းသိရသည်။


" မတ် ၂၇ ကျရင် ကျိုင်းတုံမှာ စည်းရုံးဟောပြောပါမယ်။ ကျိုင်းတုံမဲဆန္ဒနယ်က အရေးကြီးတယ်။ ”ဟု ခွန်ထွန်းဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


၂၀၁၅ ရွေးကောက်ပွဲကာလက သျှမ်းပြည်အရှေ့ပိုင်းမဲဆန္ဒနယ်များတွင်  သျှမ်းပါတီများ တနေရာမှ အနိုင်ရရှိခြင်း မရှိခဲ့ပေ။


ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်အတွက် လစ်လပ်နေသည့် ကျိုင်းတုံမှာ NLD နှင့် သျှမ်းပါတီတို့အကြား အားစမ်းမည့် မဲဆန္ဒနယ်ဖြစ်လာမည်ဟုဆိုသည်။


“ကျနော်လည်း ကျိုင်းတုံမှာ လေ့လာစောင့်ကြည့်မှာ ။ ကျိုင်းတုံက သျှမ်းပြည်နိုင်ငံရေးအတွက် အရေးပါလာနိုင်တယ်။ အဲန်တို့ အခါတို့လို တိုင်းရင်းသားတွေလည်း ရှိတယ်လေ။ ဒီအားစမ်းမှုက ၂၀၂၀ အတွက်လည်း တစုံတရာ သက်ရောက်မှု ဖြစ်လာနိုင်တယ်”- ဟု တောင်ကြီးမြို့မှ နိုင်ငံရေးလေ့လာသူ ကိုမိုးက ပြောသည်။


သျှမ်းပြည်နယ်အတွင်း လစ်လပ်မဲဆန္ဒနယ် ၈ နေရာရှိသည့်အနက် ကျားခေါင်းခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှာ ရ နေရာယှဉ်ပြိုင်မည်ဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
Mar 27, 2017, 5:02:29 PM3/27/17
to thuau...@gmail.com

ထိုင်း - မြန်မာနယ်စပ်ပစ်ခတ်မှုဖြစ်ပွား မူးယစ်မှောင်ခို အသေ ၂ ဦး နှင့် ယာဘအပြား ၁ သိန်းကျော် ထိုင်းရဲဖမ်းမိ

Posted: 27 Mar 2017 02:41 AM PDT

ထိုင်းနိုင်ငံမြောက်ပိုင်းမယ်ဆိုင်မြို့နယ်အတွင်း တောလမ်းမှ အမည်မသိ မူးယစ်မှောင်ခိုသယ် ဆောင်လာသူများနှင့် ထိုင်းနယ်စပ်လုံခြုံရေးတပ်သို့ပစ်ခတ်မှုဖြစ်ပွါးကာ မူးယစ်မှောင်ခိုသယ်ဆောင်သူ အလောင်းထံမှ ယာဘ သိန်းဂဏန်း သိမ်းဆည်းရမိကြောင်း ထိုင်းသတင်းများက အသီးသီးဖော်ပြသည်။


မတ်လ ၂၅ ရက် ညနေပိုင်းက ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ၀ိန်းဖန်ခမ်းအုပ်စုအတွင်း ထိုင်း-မြန်မာနယ်စပ်နှင့် မီတာ ရ၀၀ ခန့်အကွာ  တွင် ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။


တောလမ်းခရီးမှ ကျောပိုးအိတ်တယောက်တလုံးစီဖြင့်တောနင်းလာသည့် အမျိုးသား ၄ ဦးအား ထိုင်းရဲ များက စစ်ဆေးရန် တားဆီးရပ်တန့်စဉ် အမျိုးသား ၄ ဦးဘက်မှ စတင်ပစ်ခတ်ကြောင်း ထိုနောက်ပိုင်း အဆိုပါ ၄ ဦးမှာ တောမီးရှို့ပြီးထွက်ပြေးကြောင်း ၁၀ မိနစ်ခန့်ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် ထိုင်းရဲများ တောနင်းရှာဖွေစဉ် မီးလောင်သေဆုံးနေသော အမျိုးသား ၂ ဦးအလောင်းအားတွေ့မိကြောင်း ၊ကျန် ၂ ဦးမှာ ထွက်ပြေးလွှတ်မြောက်နေကြောင်း မယ်ဆိုင်နယူးအွန်လိုင်းသတင်းတွင်ဖော်ပြထားသည်။


အမျိုးသားအလောင်းတလောင်းထံမှ အလောင်းနှင့်အတူ မီးအနည်းငယ်လောင်ကျွမ်းထားသော ကျောပိုးအိပ် အတွင်းမှ လိမ်မော်ရောင် ယာဘအပြားပေါင်းတစ်သိန်းကိုလည်း ဖမ်းဆီးရမိကြောင်း ဆိုပါသည်။


မတ်လ ၂၆ ရက်မနက်ပိုင်းမှသာ နာရေးကူညီမှုအသင်းက အဆိုပါအလောင်းများကို သွားရောက်သယ် ထုတ်ပြီး မယ်ဆိုင်ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်းလည်းဖော်ပြထားပါသည်။


သို့သော် အဆိုပါယာဘသယ်ဆောင်သည့် အဖွဲ့မှာမည်သည့်အဖွဲ့ဖြစ်ကြောင်းကိုမူ ဖော်ပြထားခြင်းမရှိပေ။

သျှမ်းသံတော်ဆင့်

unread,
Mar 28, 2017, 5:03:24 PM3/28/17
to thuau...@gmail.com

အပစ်ရပ်/မရပ် လက်နက်ကိုင်များ တောင်ကြီးမြို့တွင်တွေ့ဆုံ

Posted: 28 Mar 2017 05:46 AM PDT

၉ ကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို  သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌  ၃ ရက်တာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ- တောင်ကြီးမြို့တွင်ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့     အစည်းများ၏ ဆက်ဆံရေးရုံးများ လုပ်ငန်းညှိနှိုင်းစည်းအဝေး
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများ လုပ်ငန်းညှိနှိုင်းစည်းအဝေးကို မတ်လ (၂၈ - ၃၀) ရက်နေ့ထိ Royal Star Hotel တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


“၃ ရက်တာ အဓိက ဆွေးနွေးသွားမှာက ဆက်ဆံရေးရုံးမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အလုပ်လုပ်တဲ့နေရာ မှာ အရင်ကထက် ပိုပြီးတိုးတက်လာအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာ အဓိကအချက်ဘဲ ၊  ၂ အချက် က   အဓိက ကျနော်တို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဘယ်လောက်ထိ တိုးတက်လာပြီလဲ   ဆိုတာကို ဆွေးနွေးသွားမယ်”  - ဟု RCSS/SSA ၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်  ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ လည်းဖြစ်သည့်  ဦးခွန်ဆိုင်း ကပြောသည်။


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း စုစုပေါင်း ၁၅ ဖွဲ့ရှိပြီး  ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ထိ လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း အားလုံး တက်ရောက်ခွင့်ရှိသည်။ ၉ ကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် အစည်းဝေးတွင်  တက်ရောက်သည့် အဖွဲ့အစည်း ၁၀ ဖွဲ့ သာရှိပြီး ၅ ဖွဲ့မတက်ရောက် ကြောင်း ဦးခွန်ဆိုင်း ကပြောသည်။


“အခုမတက်ရောက်နိုင်သေးတဲ့ အဖွဲ့တွေက  ဝ ၊ မိုင်းလား၊ နာဂ၊ KIO ဒီအဖွဲ့တွေကို တက်ရောက်စေချင် တယ်။ MNSP မွန် အဖွဲ့အစည်းတွေက ခါတိုင်း သူတို့တက်ရောက်တယ်၊ ဒီတစ်ကြိမ်က မတက်ရောက်ဘူး ၊ အားလုံးပေါင်း အဖွဲ့အစည်းက ၁၅ ဖွဲ့ရှိတယ်၊ ခု EAO လာတက်ရောက်တာက ၁၀ ဖွဲ့လာတက်ရောက်တယ် ၊  တစ်ချို့အဖွဲ့လည်း NCA ထိလက်မှတ်ထိုးထားတယ် တစ်ချို့ အဖွဲ့တွေလည်း ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်ထိ လက်မှတ်ထိုးထားတယ်၊  ဥပမာ သျှမ်းပြည်ညီညွတ်ရေးပါတီ (SSPP/SSA ) သူတို့က NCA လက်မှတ်မရေးထိုးရသေးဘူး။ ဒါပေမယ့် သူတို့လည်း  လာတက်ရောက်ခွင့်ရှိတယ်၊ ဘယ်အဖွဲ့အစည်းမဆို ပြည်နယ်အဆင့်ထိ လက်မှတ်ထိုးထားပြီးရင် ဆက်ဆံရေးရုံးဖွင့်ထားခွင့်ရှိတယ်၊  SSPP/SSA ဆို သူတို့  ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့်ထိ လက်မှတ်ထိုးထားတယ်” ဟု  ၄င်းက ပြောသည်။


၉ ကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တက်ရောက်သည့် ကိုယ်စားလှယ်အဖွဲ့အစည်း များတွင်  ALP ၊ CNF၊  KNU/KPC ၊  DKBA၊  PNLO၊  KNU၊  KNPP ၊ ABSDF ၊ RCSS/SSA  နှင့် SSPP/SSA တို့ မှ ဆက်ဆံရေးရုံး  တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြောင်း သိရသည်။


“ရည်ရွယ်ချက် နံပါတ် ၁ က သူတို့လည်း စစ်တပ်  အစိုးရတပ်မတော်လည်း စစ်တပ်ဘဲ  စစ်တပ်အချင်းချင်း အတူတူနေတယ်။ ဒါပေမယ့် အမြဲတမ်း ပဋိပက္ခဖြစ်တယ်၊ ဒါကြောင့် ထိခိုက်မှုမရှိအောင်  ထိခိုက်မှု ရှိရင် လည်း ဖြေရှင်းနိုင်အောင် ဒါက ပထမ ရည်ရွယ်ချက်ဘဲ၊ နောက်ထပ် ဒီအဖွဲ့အစည်းတွေ အားလုံးက ပြည်သူ တွေအတွက် အလုပ်လုပ်ကြတယ်၊ ပြည်သူတွေ သူတို့ကိုနားလည်အောင် ပြည်သူတွေနဲ့ ရင်းနှီးမှုရအောင်  သူတို့ အလုပ်တာဝန်တွေကို ရှင်းပြရမယ့် တာဝန်က သူတို့တာဝန် ”  ဦးခွန်ဆိုင်း ကပြောသည်။


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ပြည်သူလူထုကြား ကောင်းမွန်သည့် ဆက်ဆံရေး ရရှိ ရန်၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ လူထုအခြပြုအဖွဲ့အစည်းများစသည့်အဖွဲ့အစည်းများနှင့် ရင်းနှီးမှုရရှိ ရန်၊အစိုးရ နှင့် ဆက်ဆံသည့် အပိုင်းတွင် ပိုမိုလွယ်ကူပြီး ရင်နှီးမှု ရှိရန် တို့ ရည်ရွယ်ကြောင်း သိရသည်။




သျှမ်းသံတော်ဆင့်

unread,
Mar 29, 2017, 5:38:29 PM3/29/17
to thuau...@gmail.com

မိုင်းရှူးမှ အပြန်.... မိုင်းရှူးသွားတောလား ( ဇာတ်သိမ်းပိုင်း၊ အပိုင်း ၄ )

Posted: 28 Mar 2017 09:19 PM PDT

ကျားဖြူကိုယ်စားလှယ်နှင့် တွေ့ပြီးနောက် မြို့မိ မြို့ဖ အချို့နှင့် တွေ့ဆုံခဲ့သည်။


၎င်းတို့ကလည်း ကျားဖြူပါတီကဲ့သို့ ပါတီငယ်များ၏ နယ်မြေတိုင်း ရွေးကောက်ပွဲ ကျင်းပခွင့်အတွက် တင်ပြတောင်းဆိုမှုမှာ ကြိုဆိုသင့်သည့် ကိစ္စဟု မှတ်ချက်ပြုကြသည်။


ပါတီငယ်များတင်ပြသည့်အတွက် NLD တစ်ပါတီထဲကပဲ ရွေးကောက်ပွဲ နယ်မြေအချို့ပယ်ဖျက်ရန် ဆန္ဒရှိသလို ဖြစ်နေခဲ့ပီ။ အမှန်စင်စစ် ၂၀၁၅ ရွေးကောက်ပွဲကာလ မိုင်းရှူး ၊ ကျေးသီး ဒေသခံများ မဲမပေးခဲ့ရမှုမှာ ကျားဖြူနှင့် တစုံတရာပတ်သက်ခဲ့သည် မဟုတ်ပင်လော။ ပါတီ၏ ဆုံးဖြတ်ချက်ကြောင့်ဖြစ်စေ ကိုယ်စားလှယ်လောင်းများ၏ ဆုံးဖြတ်ချက်အရဖြစ်စေ ယင်းကဲ့သို့ ဆောင်ရွက်မှုမှာ မဆိုးလှ။


' မနှစ်ကလည်း ရွေးကောက်ပွဲ ပယ်ဖျက်ဖို့ ကိစ္စ တင်ပြလို့ သူတို့ကို လူထုက တော်တော်လေး အမြင်မကြည်ဖြစ်သွားတယ်။ ဒီတစ်ခါဆိုရင် ကိုယ့်သေတွင်းကိုတူးသလိုဖြစ်မယ်။ အရင် အတွေ့အကြံကနေ သင်ခန်းစာ ယူခဲ့ဟန်တူပါတယ်။ ' ဟု ဒေသခံ စိုင်းအုန်းမောင်က သုံးသပ်သည်။


စာရေးသူ တွေ့ဆုံခဲ့သည့် ကျားဖြူ ကိုယ်စားလှယ်လောင်း နန်းခမ်းယဉ်အောင် ကလည်း နိုင်ငံရေးအရ ၄င်းမှာ အတွေ့အကြုံနည်းသေးသည့်အတွက် လိုအပ်သည့် အချက်များရှိပါက အကြံပေးပါရန်လည်း စာရေးသူအား ပြောခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ ၂၁ ပင်လုံ သွားရောက်စဉ်က သျှမ်းအင်အားစုများ ညစာစားပွဲတွင် စိုင်းအိုက်ပေါင်း ပြောဆိုခဲ့သည့် သျှမ်းညီညွတ်ရေးအတွက် အချိန်အခါကျရောက်နေပြီ ဆိုသည့် စကားသံကလည်း ကြားယောင်လာသည်။


သို့ပေလင့်ကစား ယခုကဲ့သို့ တစ်ချိန်က အာဏာရှင်အုပ်စုက တပိုင်း ၊ တိုင်းရင်းသားများနှင့် မပြေပြစ်သည့် NLD က တပိုင်းဖြစ်နေသည့် အနေထားတွင် သျှမ်းအချင်းချင်း ညီညွတ်ရေးတွင်ပင် မည်သူ့ မဟာမိတ်ဖြစ် သနည်း သျှမ်းအုပ်စုများ သီးသန့်ထွက်ရပ်တော့မည်လား ၊ တရုတ်နောက်ခံ ၊ ထိုင်း အမေရိကန် နောက်ခံ ( သို့မဟုတ် ) ဗမာ( သို့မဟုတ် ) စစ်တပ် ကြံ့ခိုင်ရေး နောက်ခံဖြင့် နေမည်လား ၊ ဆိုသည့် ကိစ္စရပ်များမှာ တစ်ဖွဲ့ချင်းစီအလိုက်ရပ်တည်မှု ၊ အမျိုးသား အကျိုးစီးပွားအတွက် မည်မျှစွန့်လွတ်စွန့်စားကာ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများကို လက်လွတ်ခံနိုင်သနည်း ဆိုသည့် မေးခွန်းများမှာ မေးမြန်းချင်စရာ ကိစ္စရပ်ဖြစ်သည်။ ခွန်ထွန်းဦးကဲ့သို့ ကျန် သျှမ်းခေါင်းဆောင်များထက် သြဇာတိက္ကမကြီးသည့်သူ ရှိနေသည့် အချိန်တွင် အမျိုးသား အကျိုးစီးပွားကို အမှီခိုကင်းကင်းဖြင့် ရပ်တည်ကာ ညီညွတ်ရေးအတွက် ဆောင်ရွက်ကြမည် ဆိုလျှင်တော့ အကောင်းဆုံးအချိန်အခါပင်ဖြစ်သည်။ ညီညွတ်ရေးလုပ်ရာတွင် စီးပွား လာဘ်လာဘ ဆိုင်ရာအကျိုးစီးပွား စွန့်လွတ်မှု ၊ အခန့်မသင့်ပါက ထောင်ဒဏ်သို့မဟုတ် နိုင်ငံရေးအရ ရုန်းကန်နေဆဲတွင် များစွာနစ်နာ ဆုံးရှုံးရမှုများကိုပါ တွက်ချက်မှု မပြုပဲ စွန့်လွတ် စွန့်စားနိုင်မှ စစ်မှန်သည့် ညီညွတ်ရေးဖြစ်ပေမည်။ သျှမ်းနှစ်သစ်ကူးတွင် ပိုက်ဆံလှူပြရုံနှင့် သျှမ်းညီညွတ်ရေး သျှမ်းပြည် ပြန်လည်ထူထောင်ရေးအတွက် နေရာရနိုင်သည်ဆိုသည့် အနေထားမျိုးနှင့်မျှတော့ အလုပ်ဖြစ်မည်မဟုတ်ပေ။  နိုင်ငံရေးအရ သဘောတူညီချက်မရှိပဲ သူများပေးတာယူ ( အစိုးရအဖွဲ့တွင် သူများ ပေးတဲ့ရာထူးယူခြင်းကို ဆိုလို ) ကျွေးတာစားတိုင်းလည်း အမျိုးသား အကျိုးစီးပွားကို သယ်ပိုးနိုင်မည်မဟုတ်ပေ။  ( စကားကြွင်း ။  ။ သျှမ်းညီညွတ်ရေးအပါဝင် သျှမ်းပြည် ညီညွတ်ရေးအတွက် ထားရှိရမည့် အခြေခံမူများနှင့် ပတ်သက်၍ မကြာမှီ ဆောင်းပါး တစ်ပုဒ်ရေးရန် အချက်အလက်များစုဆောင်းနေပါသည်။)
 တစ်ချိန်တည်းတွင်လည်း သျှမ်းအင်အားစုအချို့အနေဖြင့် နိုင်ငံရေးကစားပွဲများတွင် ၀ိတ်တန်းတူညီမှုရှိမရှိ ၊ နိုင်ငံရေးအရ ချိန်ခါသင့် ဖြစ်မဖြစ်ဆိုသည့် အနေထားများကို သေချာလေ့လာရန် လိုနေသည်။ သို့မှသာ ကိုယ်တိုင်ဇာတ်မကရသဖြင့် ပတ်မကြီးထိုးဖောက်သည်ဆိုသည့် အနေထားမျိုးဖြင့် ပြည်သူအမြင်မကြည်သည့် အဆင့်ကို ကျော်လွန်နိုင်မည်ဖြစ်သည်။ နိုင်ငံရေးအရ ဦးဆောင်မှု အခန်းကဏ္ဍ ကိစ္စတွင်ဖြစ်စေ ၊ အာဏာရအား အတိုက်ခံ လုပ်သည့်နေရာတွင် ဖြစ်စေ နည်းဗျူဟာတကျ ချိန်သားကိုက် ကစားတတ်ဖို့လည်း လိုလှပေသည်။


ထိုင်းနိုင်ငံ၏ နမူနာကောင်းတစ်ရပ်ကို ပြလိုပါသည်။ ဥပမာအားဖြင့် အဘီဆစ်မှာ အင်္ဂလန်ပြန် ပညာတတ် နိုင်ငံရေးသမားတစ်ဦးဖြစ်သောကြောင့်  ထိုင်း ဒီမိုကရက် အင်အားစုများအပါဝင် ၄င်းပါတီကို ထောက်ခံသူများ က အနာဂတ်ခေါင်းဆောင်အဖြစ် ရှုမြင်သော်လည်း ရှပ်နီခေါင်းဆောင် သက်ဆင်အားကောင်းနေပြီး အာဏာ ရနေ ခဲ့သည့် အချိန်ကာလတွင် ၄င်းအား အဓိက အတိုက်အခံ ခေါင်းဆောင်အဖြစ် ထုတ်မကစားစေခဲ့ပါ။ အကယ်၍ ထုတ်ကစားစေခဲ့လျှင် လက်ဝှေ့ကြိုးဝိုင်းစကားအနေဖြင့် ပြောရမယ်ဆိုရင် ၀ိတ်တန်းကွာဟလွန်း သဖြင့် မုချ ရှုံးနိမ့်ကာ ဦးကျိုးသွားမည်ဖြစ်သည်။ သို့အတွက် သက်ဆင်ပြုတ်သွားပြိး နောက် ၅ နှစ်အကြာတွင် အဘီဆစ်မှာ ထိုင်းဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ရံဖန်ရံခါ ဆိုခဲ့ပါကိစ္စများမှာ နိုင်ငံရေးအရကော ပြည်သူ့ အမြင်အရပါအင်မတန်အရေးပါသည်ကို သတိပြုသင့်သည်။


 ယခုလက်ရှိမြန်မာနိုင်ငံ အခင်းအကျင်းနှင့် ကြည့်မည်ဆိုလျှင် NLD အစိုးရမှာ အစိုးရအလုပ်အားအောင်မြင်အောင်မလုပ်နိုင်သေးသည်မှန်သော်လည်း အဓိက အတိုက်အခံဖြစ်ရမည့် ပြည်ခိုင်ဖြိုးမှာ ပါတီဥက္ကဌက အစ နုလွန်းနေပြီး နိုင်ငံရေးအရ ၀ိတ်တန်းကွာလွန်းနေသည်မှာ သတိပြုစရာပင်။ လူအများအနေဖြင့် NLD အား စိတ်ပျက်နိုင်သော်လည်း ကြံ့ခိုင်ရေးအား မဲပုံထည့်ပါ့မလားဆိုသည့် မေးခွန်းကလည်း မေးလို့ကောင်းသည့် အနေထားပင်။ ယခု လတ်တစ်လော ၈၈ မျိုးဆက်မှ ဦးကိုကိုကြီးအပါဝင် မျိုးဆက်အားလုံးပါဝင်သည့် ပါတီထူထောင်ရန် ကြိုးပမ်းနေကြခြင်းမှာ နိုင်ငံရေးအရ ချိန်သားကိုက်ဖြစ်မှုအပေါ် တစ်ဘက်က အမြင့်ဆုံးအဆင့်မှ ပြန်အကျ နိုင်ငံရေးအရ အတန်သင့်ရှိပြီးသူများက တက်ရန်ကြိုးပမ်းနေသည့် အချိန်ကာလဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်သည်။ သျှမ်းပြည်အနေထားအရ ပြောရမည်ဆိုလျှင် မည်သူ နိုင်ငံရေးအရ သြဇာဆက်တက်နေသည်ဆိုသည်ကို ပြောစရာပင်လိုမည်မထင်ပါ။ နိုင်ငံရေးအရ လုံးဝပြန်မလာနိုင်သည့် အဆင့်ရောက်မသွားစေရန် သတိပေးလိုခြင်းဖြစ်သည်။


ယင်းကိစ္စအားတွေးမိနေစဉ်ပင်သျှမ်းအချင်းချင်း မတည့် စကားများ ရန်ဖြစ်နေသည်ထက် အားလုံး တစားပွဲထဲ ထိုင်နိုင်သည့် သျှမ်းပြည် ညီညွတ်ရေးကော်မတီကိုလည်း ပြေးမြင်မိသည်။ အရှိန်ရစပြုလာနေပြီဖြစ်သည့် ကော်မတီမှာ ခွန်ထွန်းဦး ဥက္ကဌ လုပ်သည့်နှစ်တွင် လှုပ်ရှားမှု အားပိုကောင်းလာခဲ့သလို တစ်ဘက်တွင်လည်း ၂၁ ပင်လုံ အမျိုးသားအဆင့် ဆွေးနွေးပွဲ စသည့် ငြိမ်းချမ်းရေးဖြစ်စဉ်၏ ဆက်စပ် ဖြစ်စဉ်များကြောင့် မဖြစ်မနေ ဆုံတွေ့ရသည့် နေရာဖြစ်နေပေသည်။


ညစာစားပြီးနောက် မတ်လ ၂၄ ရက်နေ့တွင် ဟိုင်းပါ ရေတံခွန်သွားရန်နှင့် ရေတံခွန်မှအပြန် လွိုင်လင် ပြန်ရန် စဉ်းစားမိသည်။ လမ်းတွင်အင်တာနက်မှာ မသေချာတော့သဖြင့် မိုင်းရှူးသွားတောလား အပိုင်း (၂ ) ကို မိုင်းရှူး တွင် အပြီးရေးပြီး မနက် ခရီးမသွားခင် တင်ရန် ဆုံးဖြတ်လိုက်သည်။ မနက်သွားမည့်အစီအစဉ်ကလည်း ကားမှာ သွားမည့် လူအရေအတွက်နှင့် မလောက်သဖြင့် စာရေးသူက ဆိုင်ကယ်ဖြင့် ကားနှင့် ရှေ့ဆင့်နောက် ဆင့် လိုက်လာရန် ကျားခေါင်းပါတီမှ စိုင်းမျိုးဇင်က ပြောသည်။ သို့အတွက် ရေတံခွန်မှအပြန်ပြန်နိုင်ရန် အဝတ်အစားများကိုပါ ညကတည်း တစ်ခါတည်း သိမ်းဆည်းရလေတော့သည်။


ဟိုင်းပါမှာ စာရေးသူ စိတ်ဝင်စားသည့် ဒေသလည်းဖြစ်သည်။ ၂၀၁၅ ခုနစ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် စစ်ဘေးရှောင်များရှိနေသလို အနီးအနားရှိ အရေးပါသည့် ပိုစ့်ကိုလည်း တစ်ဘက်နှင့် တစ်ဘက် မဖယ်ပေးကြဟု သတင်းထွက်ဖူးသည့် နေရာ။ မိုင်းရှူးတောင်ပေါ် လွယ်ဆောင်ထောက်သို့ သွားမည့် အစီ အစဉ်ကတော့ အချိန်မရသဖြင့် ဖျက်လိုက်ရသည်။ အကယ်၍ အချိန်ရ၍ သွားနိုင်ခဲ့ပါက ဆောင်းပါးကောင်း များထွက်လာဦးမည်မှာ မလွှဲဧကန်ပင်။ မနက်ဝေလီဝေလင်း အာရုံတက်ချိန်တွင် တရားဓမ္မသံများကြောင့် နိုးထလာခဲ့သည်။ ၆ နာရီအကျော်တွင်ပင် မနက်စာစားရန် ဈေးလမ်းထောင့်သို့ ထွက်ခဲ့သည်။


ဈေးအနီးသျှမ်းမုန့်တီ သုံးဆောင်ပြီးနောက် ညကရေးထားခဲ့သည့် ဖိုင်အားတင်ရန် အင်တာနက်ဆိုင်သို့ ခြေဦး လှည့် ခဲ့သည်။ ဆိုင်ရှင်ကောင်မလေးမှာ နေ့စဉ် ၄င်းတို့ဆိုင်သို့ လာသုံးနေကြဖြစ်နေပီဖြစ်သည့်အတွက် အတန်ငယ်ရင်းနှီးနေပြီး ဘယ်နေ့ ပြန်မလဲဟု စာရေးသူအား မေးလေသည်။ သူမ၏ ဖခင်မှလည်း စာရေးသူအား ရေညှိတစ်ထုပ်လက်ဆောင်အဖြစ် ပေးလိုက်သေးသည်။ အင်တာနက် ဆိုင်တွင် ဖိုင်တင်ပြီးသည့်နောက် ရေမိုးချိုးကာ အပြန်ခရီးနှင့် ဟိုင်းပါ ရေတံခွန် ခရီးအတွက် အသင့်ဖြစ်နေရန် ပြင်ဆင်ခဲ့သည်။ ကျားခေါင်းပါတီမှ စိုင်းမျိုးဇင်မှ  ၉ နာရီခွဲတွင် ထွက်ခွာမည်ပြောသဖြင့် အသင့်ဖြစ်နေရန်ပင်။ သို့နှင့် ၄င်းကို မေးကြည့်တော့ ၁၀ နာရီခန့်မှ စထွက်ဖြစ်မည်ပြောသဖြင့် မြို့အထွက် စာပြန်ပွဲ ကြိုဆိုရေး မုခ်ဦးတွင် စောင့်နေမည်ပြောကာ ဆိုင်ကယ် ဆီ ၊ လေဖြည့် ကြံ့ခိုင်မှု စစ်ဆေးရင်း မြို့အထွက်ဘက်သို့ ထွက်ခဲ့သည်။ တော်တော်နှင့် ပေါ်မလာသည့်အတွက် စောင့်နေစဉ် နာရီကြည့်လိုက်ချိန်တွင် ၁၀ နာရီခွဲနေပြီဖြစ်သည့်အတွက် အချိန်လင့်နေပြီဖြစ်သောကြောင့် ရေတံခွန်မသွားတော့ပဲ လွိုင်လင်သို့ တိုက်ရိုက်ပြန်မည်ဟု ဆုံးဖြတ်ကာ ထွက်လာခဲ့သည်။


တပေါင်းလဆုတ်၏ နေမှာ နွေတဖြည်းဖြည်းပီပြင်လာမှုနှင့်အတူ သျှမ်းပြည်ဖြစ်သောကြောင့် အညာဒေသလောက် မပူလင့်ကစား အတန်ငယ်တော့ ရှိန်သည်ဟု ဆိုရမည်။ နမ့်ကတ်တံတား ၊ ၀မ်ဆော့ ထိုမှတဆင့် ဟိုင်းပါလမ်းခွဲ  ၀မ်ဟိုင်းဌာနချုပ်သို့ သွားသည့် ပါခီးလမ်းခွဲရောက်ချိန်တွင် ၁၁ နာရီပင် ရှိနေပြီ ။ မိုင်းနောင်နှင့် မိုင်းရှူးအကြားတွင် ထမင်းဆိုင်ကောင်းကောင်းလည်း မရှိသည်မို့ လမ်းခွဲက ဆိုင်တွင်ပင် ခေတ္တနားကာ စားသောက်ရန် ဆိုင်ရှေ့တွင် ဆိုင်ကယ်ရပ်လိုက်သည်။


ဆိုင်ထဲဝင်ကာ ခေါက်ဆွဲမှာပြီး၍ ခုံတွင်ထိုင်နေစဉ်ပင် ဆိုင်မျက်နှာချင်းဆိုင်ရှိ လမ်းခွဲအတွင်းမှ SSPP/SSA သျှမ်းစစ်သည်များတင်ဆောင် လာသည့် ထရပ်ကားမှာ လမ်းအတွင်းမှ ထွက်လာသည်။ လက်ထဲတွင်တော့  လက်နက်များကိုယ်စီဖြင့်။ မိုင်းရှူး ဒေသခံများ၏ ပြောဆိုချက်အရမူ ပုံမှန်အားဖြင့် SSPP စစ်သည်များနှင့်တပ်မတော်စစ်သည်များတွေ့တိုင်းလည်း တိုက်ပွဲဖြစ်သည်တော့မဟုတ် ။ အထူးသဖြင့် နယ်မြေစိုးမိုးရေးအတွက် အထက်အမိန့်အရ တိုက်ရသည့် အခါတွင်သာ တိုက်ခိုက်နေရခြင်းဟု ဆိုကြသည်။


မှန်လည်း မှန်ပေသည်။


မိုင်းရှူး မိုင်းနောင်လမ်းတစ်လျှောက် SSPP/SSA စခန်းများနှင့် တပ်မတော်စခန်းများမှာလမ်းတစ်ဘက် တစ်ချက်စီတွင်၊ သူတောင်တစ်လုံးဆိုလျှင် ဘေးကပ်လျက်တောင်တွင် ကိုယ်က တလုံးအနေထားဖြင့်ပင်။ မြောက်ပိုင်းအဖွဲ့များအနက် SSPP/SSA ကဲ့သို့ အခွင့်အရေးမျိုးကို ကျန်အဖွဲ့များမရခြင်းမှာ ကျန်အဖွဲ့အများစု  ( ကိုးကန့် ၊ ကေအိုင်အေ ၊ တအာင်းပလောင်စသဖြင့် ) အဖွဲ့များမှာ အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ပြည်နယ် ၊ ပြည်ထောင်စု အဆင့် အပစ်ရပ်ထားခြင်း မရှိသောကြောင့်ဟု ဆိုလေသည်။ ပြည်နယ် ပြည်ထောင်စုအဆင့် အပစ်ရပ်ထားမှုခြင်းအတူတူ ၊ မွန် ၊ ကရင်နီတို့ထက် SSPP/SSA နှင့် တပ်မတော်အကြား တိုက်ပွဲပိုဖြစ်ရခြင်းမှာလည်း ၄င်း၏ နယ်မြေမှာ မြောက်ပိုင်းအဖွဲ့များအကြား မဟာဗျူဟာကျသည့် နယ်မြေတွင် တည်ရှိနေမှုကြောင့်ဟု ယျေဘူယျခန့်မှန်း၍ ရပေသည်။


သို့သော် နောက်ပိုင်းနှစ်များအတွင်းဖြစ်ခဲ့သည့် တိုက်ပွဲအရှိန်က သိပ်တော့မသေးငယ်လှပေ။ မြစ် အရှေ့ ဘက်ကမ်းတွင် ၀ နယ်၊ မြောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် တအာင်းပလောင် ၊ ကေအိုင်အေတို့နှင့် နယ်မြေချင်းထိစပ်နေကာ ကိုးကန့်နှင့်လည်း သိပ်မဝေးလှပေ။  ခေါက်ဆွဲစားပြီးနောက် ဆိုင်နောက်ဖေးတွင် အပေါ့အပါးသွားကာ ထွက်ခဲ့သည်။


၂၁ ပင်လုံအပြီး တိုက်ပွဲများပြင်းထန်ခဲ့မှု ၊ အစိုးရသစ် နှင့် တိုင်းရင်းသား များအကြားယုံကြည်မှု ကျဆင်းလာချိန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒယီးဒယိုင်နှင့် တိုးတက်မှု မရှိတော့မှုများမှာ စဉ်းစားကြည့်လိုက် တော့ ရတက်မအေးစရာပင်။


အသွင်ကူးပြောင်းရေးအတွက် အရေးပါ သည့် အုပ်စုအားလုံး ပါဝင်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရ မဖွဲ့နိုင်မှု ၊ စနစ်တကျ အတိုးအလျော့ နှင့် ဈေးဆစ်သွား သည့် နိုင်ငံရေးစနစ်မရှိမှု ၊ နိုင်ငံရေးပဋိဉာဉ်မရှိမှုများအကြား တိုက်ပွဲများ ပဋိပက္ခများမှာ ဒီမိုကရေစီ နောက်ပြန် လှန်ရေးအတွက် ခလုတ်ကန်သင်းများပင်။ အစိုးရသက်တမ်းတစ်နှစ်ပြည့်လာချိန် ၊ ရွေးကောက်ပွဲအပြီး တစ်နှစ် ခွဲနီးပါးကာလ ရောက်လာချိန်ပြန်ကြည့်လိုက်တော့လည်း အောင်မြင်မှုဟု ပြောနိုင်စရာမယ်မယ် ရရမရှိသလို ငွေကြေးဖောင်းပွ မှုနှုန်း ၊ ပြန်လည်စတင်လာတဲ့ အလုပ်သမားဆန္ဒပြပွဲတွေ ၊ လက်ပံတောင်း ပစ်ခတ်ဖြိုးခွင်းမှု စသဖြင့် လွန်ခဲ့သည့်နှစ် ယခုလိုအချိန်ကာလက လူထု၏ အပျော်များသည် တစ်နှစ်အကြာ ကြားဖြတ်တွင် ပြည်မဒေသအများစု၌ မဲစာရင်းကြည့်ရန် သိပ်စိတ်မပါကြကြောင်းဖြင့် သက်သေပြခဲ့လေပြီ။


 တာဝန်ယူမှု တာဝန်ခံမှု မပီပြင်ဝါးတဝါးမှုများနှင့် တစ်ချိန်တည်းမှာပင် အတိုက်အခံကို စနစ်တကျမလုပ်တတ်သည့် ယခင်မိုးကျရွှေကိုယ်များဖြင့် လာခဲ့သည့် ပြည်ခိုင်ဖြိုးကလည်း တစ်မှောင့်။  အရပ်ဘက်အဖွဲ့အစည်း မီဒီယာကဏ္ဍတို့မှာလည်း ခြိမ်းခြောက်မှုများနှင့် နေရာမပေးမှုများအကြားတွင် ကိုယ့်အလုပ်ကိုယ် မလုပ်သူများကြောင့်လည်း ဒီမိုကရေစီအရေး နှေးကွေးနေသည်မှာလည်း အံ့သြစရာတော့မဟုတ်ပေ။


ကျူမောဝ်ခေါဝ် တောင်တန်းများ ဖြတ်ကျော်ပြီးနောက် ကွင်းပြင်ဘက်ရောက်လာ၍ ကြည့်လိုက်တော့ တောင်ယာအတွက် မီးရှို့ထားသည့် အနေထားသာတွေ့ရသည်။ လမ်းတွင် ကလေးငယ်တအုပ်နှင့် တွေ့စဉ် အိတ်ထဲတွင်ပါလာသည့် ချိုချဉ်အချို့ကို ဝေငှခဲ့ကာ မုန့်ဖိုးပါ ပေးခဲ့သည်။


မိုင်းနောင်မြို့ဟောင်းနားအရောက်တွင်တော့ ရေပေါလာသည့် လက္ခဏာနှင့်အတူ လယ်ကွင်းများကို တွေ့ရ သည်။ မြို့ဟောင်းအဝင် ဘုရားကို အမှတ်တရ ဓါတ်ပုံရိုက်ခဲ့သည်။ မိုင်းနောင်အရောက်တွင်တော့ ကျားခေါင်း ရုံးအတွင်းခေတ္တဝင်နားကာ ရေသောက် ရေမိုးချိုးပြီး ခဏအကြာတွင် လဲချားသို့ ထွက်ခဲ့သည်။ လဲချား မိုင်းနောင် လမ်းပိုင်းမှာ ၄၆ မိုင်သာ ကွာဝေးသော်လည်း ရွာအနည်းငယ်ပြတ်သည်ဟု စိတ်ထဲထင်မိသည်။


ကျေးသီးမြို့နယ်အတွင်း ရွာအချို့မှာ သျှမ်းအလံလွှင့်ထူထားသည်ကို မြင်ရပြီး မိုင်းနောင်မှ ထွက်လာပြီး မိနစ် ၂၀ ခန့်အကြာတွင် ရှားရှားပါးပါးအဖြစ် ကျားဖြူပါတီ အလံလွှင့်ထူထားသည့် ကားတစ်စီးကို မြင်ရသည်။


ကျားဖြူပါတီ လှုပ်ရှားမှု အချို့ကို ခရီးစဉ်အတွင်းမြင်ခဲ့ရသော်လည်း ကျားခေါင်းပါတီကဲ့သို့ လူအမြောက်အများ တင်ဆောင်လာသည့် ကားများဖြင့် သွားလာလှုပ်ရှားသည်ကိုမူ မတွေ့ခဲ့ရ။  ၀မ်ဟိုင်းဒေသ မဲဆွယ်စည်းရုံးမှုတွင် နန်းဝါနု ဟောပြောမှုနှင့်အတူ  လူ ၃၀၀ ၊ ၄၀၀ ခန့် ထိုင်နားထောင်ခဲ့သည်မှာ အများဆုံး ပမာဏဟု ထင်မိသည်။ သျှမ်းအလယ်ပိုင်းတွင် ယှာဉ်ပြိုင်သည့်ပါတီများအနက် ကျားခေါင်းမှလွှဲ၍ အခြားပါတီများမှာ လူစုလူဝေးနှင့် ဟောပြောနိုင်စွမ်းပိုမိုနည်းပါးလှသည်ဟု မြင်မိသည်။


ကားပေါ်ဝှေ့ကြည့်လိုက်တော့ အသိမိတ်ဆွေတစ်ဦးတစ်လေ မတွေ့ရသဖြင့် ကားဘေးမှသာ ဒီအတိုင်းဖြတ် ကျော်ခဲ့မိသည်။ သျှမ်းပြည်အလယ်ပိုင်းသို့ ယခင်က မောရစ်ကောလစ်၏ စာအုပ်များဖြင့်သာ ရောက်ဖူးခဲ့သည့် စာရေးသူမှာ အတွေးရေယာဉ်တွင် နစ်မြောလိုက် လမ်းကို သတိပြုလိုက်နှင့်  ဘေးဘီဝဲယာမှ တောတန်း ၊ယာခင်းများနှင့် ကျေးရွာများကို ဖြတ်ကျော်လျက် ရှိနေစဉ်မှာပင် ဆိုင်ကယ်ဒိုင်ခွက်ကို ကြည့်လိုက်တော့ ဓါတ်ဆီအနေထားက သိပ်မကောင်းချင်တော့။ သို့ပေမဲ့ လဲချားရောက်တဲ့အထိတော့ လုံလောက်တန်ကောင်းပါရဲ့ ဟု ဆိုကာ ပေခံပြီး မောင်းနှင်လာခဲ့သည်။


သို့သော် အချစ်ရေးတွင် မှန်းချက်နှမ်းထွက်လွဲချော် မကိုက်ညီလေ့ရှိသကဲ့သို့ပင် ဒီနေရာတွင်လည်း မှန်းချက် လွဲပါတော့သည်။ လဲချားမရောက်ခင် ရ မိုင်ခန့်အလို ရွာတစ်ရွာအဝင်နားတွင် ဆိုင်ကယ်မှာ ဆီကုန်၍ ထိုးရပ်ပါတော့သည်။ ရွာအနီးတွင်ဖြစ်သောကြောင့် ရွာအတွင်းတွင် ဆီရနိုင်ကောင်းပါရဲ့ ဆိုသည့် အတွေးနှင့် ဆိုင်ကယ်တွန်းလာခဲ့ရာ ကံကောင်းထောက်မစွာပင် ရွာဝင်ဝင်ချင်းအိမ်တွင်ပင် ဓါတ်ဆီဝယ်ယူရရှိသဖြင့် ၂၀၀၀ ဖိုးဝယ်ကာ လဲချားသို့ နှင်ခဲ့လေသည်။ လဲချားအရောက်တွင်တော့ ညနေ ၄ နာရီ ၅၀ မိနစ်ရှိလေပြီ။ ဆွေးမျိုးများအိမ်တွင် ခေတ္တဝင်ရောက်နှုတ်ဆက်ရင်း ထမင်းစားပြီးနောက် နေအိမ်ရှိရာ လွိုင်လင်သို့ ဦးတည်လာခဲ့သည်။


ယခင်ခေတ်ကာလများက လွိုင်လင်- လဲချားအကြား ယခုလိုအချိန်မျိုးသွားဖို့ မလွယ်ပေ။ ယခုအခါတွင်တော့ အသွားအလာမပြတ်တော့။ လမ်းများချဲ့နေသည့် တောင်ပေါ်လမ်းအဆင်းသို့ ရောက်သော အခါ ဒေသခံမဟုတ်သည့် ပြည်မမှလာသော လမ်းလုပ်သားများ၏ ယာယီနေအိမ်များမှာ အခိုင်အခန့် ဖြစ်နေပေပြီ။ မည်သည့် အချိန်တွင်အမြဲတမ်းနေထိုင်သည့် ရွာဖြစ်သွားမလဲဆိုတာကိုလည်း စာရေးသူ စိတ်ဝင်စားမိသည်။


ဆိုခဲ့ပါ ကိစ္စများမှာ တိုင်းရင်းသားဒေသများတွင် ဖြစ်နေကျကိစ္စပင်။ တိုင်းရင်းသားအများစုက ယင်းကဲ့သို့ ရွှေ့ပြောင်းများအားဒေသခံအဖြစ် သတ်မှတ်ပေးမှုကို မနှစ်ခြိုက်သော်လည်း ဗမာမှုပြုရေး အားကောင်းသည့် ခေတ်ကာလတစ်လျှောက် ၊ တိုင်းရင်းသားနယ်မြေများတွင် ဖြတ်လေးဖြတ်ကျင့်သုံးသည့်ကာလတစ်လျှောက် တိုင်းရင်းသားရွာများကို ရွှေ့ပြောင်းအောင်လုပ်လိုက် ယင်းနေရာတွင် တပ်များအစားထိုး အခြားဒေသမှ လူများ အလုပ်လာလုပ် အခြေချနေထိုင်ဆိုသည့် ကိစ္စများမှာ ဖြစ်နေသည့် ကိစ္စပင်။ ယင်းကဲ့သို့ ကိစ္စများကြောင့် လူမှုဘဝ သဟဇာတမဖြစ်သည့် ကိစ္စများစွာရှိသည်ဟု လဲချား လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ဇေယျက စာရေးသူအားပြောဖူးသည်။


' ပြည်မကလာတဲ့ ရွှေ့ပြောင်းအချို့ပဲ လဲချားလာနေပြီး ကျီးမနိုးပွဲဆိုပြီး အိမ်တွေပေါ် တက်ယူတော့ ဒီမှာက ဒီလိုပွဲမှ မရှိတာ အိမ်ရှင်ကရိုက် ဘေးအိမ်က ၀င်ဖမ်းနဲ့ ပြဿနာတွေဖြစ်တယ်။ လူမှု သဟဇာတဖြစ်မှု မရှိဘူးဗျ။ ' ဟု ၄င်းက ပြောသည်။


တိုင်းရင်းသားဒေသတွင် ဒေသခံ မူလဌာနေ တိုင်းရင်းသားများ အခွင့်အရေးမရ ၊ နိုင်ငံသားကတ်ပင် ခက်ခဲနေခဲ့ချိန်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရှမ်းပြည် ၊ ကချင်ပြည်နယ်တို့တွင် ဗမာအရေအတွက် များလာသည်ကို ပြောဆိုမှုနှင့် NLDအစိုးရလက်ထက် ရွှေ့ပြောင်းများအား အိမ်ထောင်စုဇယားများ ထုတ်ပေးမှုတို့ကို ဆက်စပ်နှိုင်းယှဉ်စဉ်းစားမိသည်။


တစ်ချိန်တည်းတွင် ဟောင်ကောင်တက္ကသိုလ်မှ မိတ်ဆွေတစ်ဦးပြောဖူးသည့် ဟောင်ကောင်လက်ရှိအခြေနေ ကိုလည်း စာနာနားလည်းမိသည်။ ဟောင်ကောင်လွတ်လပ်ရေးရသည့် ၁၉၉၇ ခုနှစ်မှစ၍ ၂၀၁၆ ခုနစ်အထိ ဟောင်ကောင်တွင် တရုတ်ပြည်မမှ ၀င်ရောက်အခြေချနေထိုင်သူ ၂ သန်း နီးပါးရှိနေပြီဟု သူက စိုးရိမ်တကြီး ပြောပြသည်။ ဒီမိုကရေစီစနစ်နှင့် ကျင့်သားရခဲ့သော်လည်း မျိုးဆက်သစ်များပေါ်လာမှုနှင့် တစ်ဘက်က တပြည်ထောင် ကွန်မြူနစ် ၀ါဒအခြေခံ၍ လာရောက်နေထိုင်သူများကြောင့် ကျွန်းဒေသဖြစ်သည့် ဟောင်ကောင်တွင် ဆိုခဲ့ပါ ပြောင်းရွှေ့နေထိုင်မှု နှုန်းထားကြောင့် ဟောင်ကောင်၏ အရေးပါသည့် လူထုဆန္ဒဖြင့် ဆုံးဖြတ်မှုများတွင် အခြားသူများ၏ လွှမ်းမိုးခံရလာနိုင်ချေမှာ မူလ ဟောင်ကောင်ဒေသခံများအတွက် အခြိမ်းခြောက်ဆုံးသော အရာဖြစ်နေသည်ဟု ကျွန်တော့်အား ပြောပြခဲ့ဖူးပါသည်။


နှစ်ပေါင်းများစွာ ရှမ်းပြည်ရှိ ရွာများ ရေမြေတောတောင်များ ပျက်စီးခဲ့မှု ၊ ဖျက် ၄ ဖျက် ကာလအတွင်းတခြားဒေသများသို့ ရွှေ့ပြောင်းခဲ့မှုများ တခြားဒေသမှ လာရောက်အခြေချသူများ ကိစ္စများမှာ လူမှုဝန်းကျင် သဟဇာတဖြစ်မှု ၊ ဒေသခံ အခွင့်ရေးဆိုတာ ဘာလဲဆိုသည့်ကိစ္စများအထိ အတွေးချဲ့စရာကောင်းသည့် ကိစ္စပင်။


ည ၆ နာရီ ခွဲ ကျော်ကျော်တွင်တော့ ပင်လုံမြို့သို့ ၀င်လာလေသည်။


ပြည်ထောင်စု၏ မူလ နယ်မြေဖြစ်သည့် ပင်လုံမြို့ကလေးကတော့ ရှမ်းတွေအတွက် အခုထိတော့ တတ်နိုင်ဝန်ထမ်းနေဆဲဖြစ်သည်။ လွိုင်လင်မြို့နယ်ထဲတွင် ပြည်နယ် မဲဆန္ဒနယ် တခြမ်းအတွက် ပင်လုံမှာ တိုင်းရင်းသားပါတီများနိုင်နေကျ မဲဆန္ဒနယ်ဖြစ်ဆဲပင်။ လွိုင်လင်သို့ရောက်တော့ ရ နာရီပင် ထိုးလုပြီ။ အင်္ဂလိပ်ခေတ်က တောင်စခန်းမြို့ ဥပဒေဖြင့် သီးခြားအုပ်ချုပ်ခဲ့သည့် မြို့မှာ ယခုအထိ ခရီးသွားလုပ်ငန်း မဖွံ့ဖြိုးသလို ခရီးသွားလုပ်ငန်းအတွက် အဓိက အခြေခံကျသည့် တောလမ်းဖြတ် ခြေလျင်ခရီးကြမ်းသွားရန် Trekking အတွက်ပင် ပတ်ဝန်းကျင် တောတောင်များသို့ သွားလာခွင့်မပြုနိုင်သေးပေ။


ခရိုင်အတွင်းလှုပ်ရှားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် RCSS/SSA ကတော့ တစ်ဖွဲ့ချင်းအပစ်ရပ်မှုပါ ထည့်တွက်လျှင် အပစ်ရပ်ထားသည်မှာ ၅ နှစ်ကျော်လာခဲ့ပြီဖြစ်သည်။ အိမ်ပြန်ရောက်တော့ အမေက စောင့်ကြိုနေသည်။ သားတစ်ယောက်အတွက် အမေ့အိမ်သာ နွေးထွေးတဲ့အိမ်ဖြစ်နေပေမဲ့ သျှမ်းပြည်သူ ပြည်သားများအတွက်တော့ သျှမ်းပြည်သည် ၄င်းတို့အတွက် နွေးထွေးလုံခြုံမှုများ မပေးနိုင်သေးသည်ကလည်း ပင်လုံစာချုပ်ချုပ်သည်မှာ နှစ် ရ၀ ကျော်လွန်လာသည်အထိ မပြောင်းမလဲရှိနေသည့် ဖြစ်ရပ်မှန် ဇာတ်လမ်း အဖြစ် တည်ရှိနေပေသည်။


သျှမ်းသံတော်ဆင့်

unread,
Mar 30, 2017, 5:24:31 PM3/30/17
to thuau...@gmail.com

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့က မဲရုံစာရင်းနှင့်မဲပေးခွင့်ရှိသူစာရင်း (ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်)

Posted: 30 Mar 2017 02:49 AM PDT

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ လစ်လပ်နေသော ပြည်နယ်လွှတ်တော် အမတ် ၂ လွှတ်တော်ကိုယ်စား လှယ်ရွေးကောက်တင်မြောက်ရန် မဲရုံ ၅၇ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၅ သောင်း ၆ ထောင် ကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ချက်အရသိရသည်။


သို့သော်ကျိုင်းတုံမြို့နယ် ကျားခေါင်းပါတီကမူ အဆိုပါအရေအတွက် မှာတိကျခြင်းမရှိသေးကြောင်း ပြောဆိုပါသည်။


ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်သော ကျိုင်းတုံမြို့ပြည်နယ်လွှတ်တော် အမှတ် ၂ ကိုယ်စားလှယ် မဲပေးရွေးကောက်ဖို့ မဲပေးပိုင်ခွင့်ရှိသူများစာရင်းမှာ -


ရပ်ကွက် ၁ - ၁၂၄၇၆
ရပ်ကွက် ၂ - ၆၅၄၅
ယန်းလောအုပ်စု - ၅၆၈၉
လွယ်လုံ အုပ်စု -၂၄၄၃
ကန်ထိုက် အုပ်စု -၄၃၃၄
ပန်မတ်လ -၁၂၇၉
မိုင်းပန အုပ်စု -၂၂၆၉
ပန်ကျူးလ -၂၂၆၄
နမ့်ခတ အုပ်စု -၁၅၆၉
မိုင်းအင်း အုပ်စု -၁၂၇၅
နောင်တောင်း အုပ်စု -၈၁၃
နမ့်အင်း အုပ်စု -၁၂၁၀
နားပေါ် အုပ်စု -၈၀၁
မိုင်းခွန် အုပ်စု -၄၈၀၇
ဝပ်ဆောင်း အုပ်စု -၂၃၂၆
ပိန်းတောက် အုပ်စု -၃၃၃၂
မိုင်းတပ်(အောက်) အုပ်စု -၁၃၆၆
မိုင်းတပ်(အထက်) အုပ်စု -၁၃၂၂
စုစုပေါင်း - ၅၆၁၂၀

SSPP/SSA ထိန်းချုပ်ရာဒေသအတွင်း မှ မဲရုံနှင့် မဲပေးခွင့်ရှိသူများစာရင်း

Posted: 30 Mar 2017 02:41 AM PDT

SSPP/SSA သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ် ရုံးစိုက်ရာ ဝမ့်ဟိုင်းတွင် မဲရုံ ၃ ရုံထားရှိမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၂၇၀၀ ကျော် ရှိကြောင်းသိရသည်။


ဝမ်ဟိုင်း ကျေးရွာ အထက မဲရုံ ၁ တွင် မဲပေးခွင့်ရှိသူ ၈၈၆ ဦး နှင့် မဲရုံ ၂ တွင်မဲပေးခွင့်ရှိသူ ၅၉၀ ဦး ရှိပါသည်။ ပါခီးလမ်းခွဲရှိမဲရုံတွင်မူ မဲပေးခွင့်ရှိသူ ၁၂၄၅ ဦး ရှိကြောင်းသိရသည်။

မိုင်းရှူးမြို့ အုပ်စု ၃ ခုမှ မဲရုံများ ၄ မိုင် မှ ၁၈ မိုင် အကွာအဝေးအထိပြောင်းရွှေ့

Posted: 30 Mar 2017 02:02 AM PDT

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်အတွင်း ရှိ ကျေးရွာအုပ်စု ၃ စုအား ရွေးကောက်ပွဲ မကျင်းပရန် NLD ပါတီတောင်းဆိုသည့်အတိုင်း ရွေးကောက်ပွဲကော်မရှင် မဆုံးဖြတ်သော်လည်းနဂို လျာထားသည့် မဲရုံထားရှိမည့်နေရာနှင့် ၄ မိုင်မှ ၁၈ မိုင် အကွာသို့ မဲရုံရွှေ့ပြောင်းထားသည်ဟုဆိုသည်။


မိုင်းရှူးမြို့နယ် အရှေ့မြောက်ဘက်၊ မြောက်ဘက်တလွှားရှိ ဝမ့်ကွန်ကျောင်း၊ ဝမ့်လွယ် နှင့် မော်မယ့် ကျေးရွာအုပ်စုအား အစိုးရတပ်စခန်းအခြေစိုက်ရာနှင့် နီးစပ်ရာသို့ပြောင်းရွှေ့လိုက် ကြောင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ်လောင်း နန်းကောင်ခမ်းကပြောသည်။


“ကျမတို့ဆီအကြောင်းကြားတာလည်းနောက်ကျတယ်။ မနေ့ကကျမ ဖုန်းဆက်မေးမှ ကော်မရှင်က စာပို့လာတယ်။ ကွန်ကျောင်းအုပ်စုနဲ့ နောင်အက်အုပ်စုဒေသခံတွေအတွက် ၁၈ မိုင်လောက်ဝေးတဲ့ မိုင်းအောတ်အုပ်စုမှာ မဲရုံထောင်ပေးတယ်။ အဲ့ဒီမှာအစိုးရ ခလရ ၁၄၉ တပ်က စခန်းချထားတယ်။ မော်မေ့အုပ်စုကိုကျတော့ ၄ မိုင်လောက်ဝေးတဲ့ မြို့တွင်းရပ်ကွက်ဖြစ်တဲ့ ရပ်ကွက် ၄ မှာ မဲရုံသွားထောင် ပေးတယ်။ လူထုသွားလာရေးအတွက် ခက်ခဲစေတယ်။ အခုလိုဖြစ်လာတာဟာတရားမျှတမှုမရှိဘူး  ကြီးနိုင်ငယ်ညှင်း သဘောမျိုးဖြစ်နေတယ်လို့ကျမတို့မြင်ပါတယ်။” - ဟု နန်းကောင်ခမ်းက သျှမ်းသံတော်ဆင့်အား ပြောသည်။


မိုင်းရှူးမြို့အတွင်း မဲဆန္ဒရှင် ၄၀၀၀ ကျော်အတွက် မဲရုံများအား မူလနေရာနှင့် ၄ မိုင် မှ  မိုင် ၂၀ ခန့်ဝေးသောနေရာသို့ ပြောင်းရွေ့လိုက်ခြင်းသည် လူထုမဲဆန္ဒရှင်များအတွက် အခက်အခဲဖြစ်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ကပြောသည်။


“မဲရုံတွေကို  အနီးဆုံး ၄ မိုင်မှနေ အဝေးဆုံး ၁၈ မိုင်အထိရွှေ့လိုက်တော့ မိဘပြည်သူတွေ မဲသွားမထည့်နိုင်အောင်လို့ တမင်သက်သက်လုပ်တာလို့တောင်ပြောနိုင်တယ်။ ဒါဟာ သျှမ်းပြည်လူထုရဲ့ အခွင့်အရေးကို ချိုးဖောက်လိုက်တာဘဲ။ ဒါကြောင့် ကွန်ကျောင်း နောင်အက် ဝမ့်လွယ်ဒေသခံတွေကိုတိုက်တွန်းချင်တာက မိမိရဲ့အခွင့်အရေးကိုဘယ်သူတွေကဘဲ တားတား ချိုးချိုးပါစေ။ အဲဒီမဲထည့်မယ့် တရက်တည်းမှာ အခက်အခဲတွေကိုကျော်လွှားပြီး ဆန္ဒမဲပြား သွားထည့်ကြခြင်းဖြင့် သျှမ်းတို့ရဲ့စည်းလုံးညီညွတ်မှုကိုပြသလိုက်ပါလို့တိုက်တွန်းလိုပါတယ်။ ”-ဟု စိုင်းလိတ်ကပြောသည်။


မိုင်းရှူးမြို့နှင့် ၁ မိုင်ခန့်အကွာသာဝေးသည့် အဆိုပါ အုပ်စု ၃ ခုအား သျှမ်းလက်နက်ကိုင် တပ်ဖွဲ့လှုပ်ရှားထိန်းချုပ်နယ်မြေဖြစ်သဖြင့် လုံခြုံရေး အတွက်စိတ်မချရဟုဆိုကာ ဝင်ရောက်ယှဉ်ပြိုင်မည့်  NLD  နှင့် USDP  ကိုယ်စားလှယ်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် လက်တွဲကာ မတ်လဆန်းပိုင်းက  ခရိုင်ကော်မရှင်ထံတင်ပြတောင်းဆိုလိုက်သည်။


“ မြေပြန့်က ပါတီကြီးတွေဖြစ်တဲ့ NLD တို့ USDP တို့ က သျှမ်းပြည်က သျှမ်းပါတီတွေမဟုတ်တဲ့ အတွက် သျှမ်းလူထုရဲ့ထောက်ခံအားပေးမှုမရခဲ့ဘူး။ ဒီအပေါ်  သူတို့ကလည်း သူတို့မှာအခွင့်အရေး မရလို့ဆိုပြီး သျှမ်းပြည်ဒေသခံလူထုရဲ့ မဲပေးပိုင်ခွင့်အခွင့်အရေးကိုပါ ပိတ်ပင်ချင်လာတယ်။ သူတို့အဲလိုလုပ်လိုက် တာ ဟာ တရားမျှတမှုမရှိဘူးလို့မြင်တယ်။ ” - ဟု စိုင်းလိတ်ကဆက်လက် ပြောပြသည်။


မဲရုံပြောင်းရွှေ့ခံရသည့် မိုင်းရှူးမြို့ ကွန်ကျောင်းအုပ်စုတွင်ရွာပေါင်း ၁၇ ရွာ၊နောင်အက်အုပ်စုတွင် ၁၄ ရွာ ၊ မော်မေ့အုပ်စုတွင် ကျေးရွာ ၂၀  ရွာ ရှိပါသည်။  အဆိုပါ အုပ်စု ၃ ခုအပြင် ရွာပေါင်း  ၅ ရွာရှိ ဝမ့်လွယ်အုပ်စု မဲပေးရန်အတွက်မဲရုံကိုလည်း ၁၀ မိုင်ခန့်ဝေးသည့် လွယ်နွဲရွာသို့ပြောင်းရွှေ့ လိုက်ကြောင်း  သိရပါသည်။

သျှမ်းအမျိုးသမီး SWAN ၁၈နှစ်ပြည့်အခမ်းအနား သျှမ်းပြည်အတွင်း လားရှိုးမြို့မှာ ပထမဆုံးအကြိမ်ကျင်းပ

Posted: 29 Mar 2017 11:44 PM PDT

သျှမ်းအမျိုးသမီးရေးရာလှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN ရဲ့၁၈နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကိုသျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ မှာပထမဆုံးအကြိမ်ကျင်းပခဲ့တာဟာအသင်းဝင်တွေရင်းနှီးမှုရှိအောင်နဲ့ပူးပေါင်းအလုပ်လုပ်နိုင်အောင်ရည်ရွယ်တယ်လို့သိရပါတယ်။


Shan Women  Get- together  အမျိုးသမီးများနှီးနှောဖလှယ်ပွဲ အလုပ်ရုံဆွေးနွေးပွဲကိုမတ် ၂၆ မှ ၂၈ ရက်နေ့ အထိသုံးရက်သာကျင်းပခဲ့ပြီး မတ်လ၂၈ရက်နေ့ ညနေပိုင်း မှာမူ ၁၈ နှစ်ပြည့်မိတ်ဆုံစားပွဲ သီဆို ဖျော်ဖြေပွဲပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက်   "ထင်းရှူးတန်းက ရှိုက်ခံပန်း" အဓိပ္ပါယ်ရ "ကောင့်ဟတ်ဆန်လွယ်ပက်" ပညာပေး ဇာတ်လမ်းတို ဗီစီဒီများလည်း အသင်းရံပုံငွေအဖြစ်ရောင်းချမှုများ ရှိခဲ့ပါတယ်။


အခမ်းအနားမှာအသင်းဝင်နဲ့ပြည်တွင်းပြည်ပဧည့်သည်တော်တွေဖိတ်ကြားထားတဲ့အသင်းအဖွဲ့ပေါင်းစုံကကိုယ်စားလှယ်တွေစုစုပေါင်း၂၀၀ကျော်တက်ရောက်ခဲ့ပါတယ်။
“သျှမ်းပြည်တွင်းက SWAN အသင်းဝင်တွေက အသင်းဝင်လာကတည်းကတယောက်နဲ့တယောက်မသိသေးတာမတွေ့ဖူးသေးတာတွေရှိတော့စွမ်းအသင်းဝင်တွေတွေ့ဆုံရင်းနှီးမှုရအောင်၊ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မှုတွေရရှိအောင်လာပြီးတွေ့ဆုံတဲ့သဘောလည်းဟုတ်ပါတယ်။လားရှိုးမှာကျင်းပရတယ်ဆိုတာကလည်းကျမတို့လူတွေသွားလာလို့လွယ်တယ်လေ။”  ဟုပြောခွင့်ရယိင်းဟန်ဖှကပြောပါတယ်။


သျှမ်းပါတီ၊သျှမ်းလက်နက်ကိုင်အဖွဲ့အစည်း၊သျှမ်းလူမှုအသင်းအဖွဲ့၊သျှမ်းလူငယ်အဖွဲ့အစရှိသျှမ်းအဖွဲ့အစည်းပေါင်းစုံကကိုယ်စားလှယ်တွေအပြင်သျှမ်းပြည်မှအမျိုးသမီးကြီးများအဖွဲ့၊တအာင်းအမျိုးသမီးကချင်အမျိုးသမီးအဖွဲ့ကကိုယ်စားလှယ်တွေလည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။


“တက်ရောက်လာတဲ့အကြီးအကဲတွေကတော့စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင်စဝ်လွယ်မောဝ်၊ SSPP/SSA ကဗိုလ်ချုပ်စိုင်းထူး၊ကျားဖြူ၊ကျားခေါင်းပါတီတွေကကိုယ်စားလှယ်တွေ၊ကော်တိုင်း၊ခမ်းကူစင်တာ၊အမျိုးသမီးအသင်း၊လူငယ်အဖွဲ့တွေတက်ရောက်ပါတယ်။အထူးဧည့်သည်တော်အဖြစ်တအာင်းအမျိုးသမီးအဖွဲ့ PWO နဲ့ကချင်အမျိုးသမီးအဖွဲ့  KWAT  တွေလည်းတက်ရောက်ပါတယ်။ပြည်ခိုင်ဖြိုးပါတီကဒေါက်တာနန်းကိန်ဖေါင်းတစ် လဲတက်ရောက်တယ်” - လို့ ယိင်းဟန်ဖှ က ပြောပါတယ်။


အခမ်းအနားတက်ရောက်သူဧည့်သည်တော်တွေကညစာလက်ဆုံစားသောက်ကြပြီးစွမ်းအသင်းကနေမိမိတို့အသင်းအဖွဲ့လှုပ်ရှားမှု၊ရည်မှန်းချက်နဲ့ရှေ့လုပ်ငန်းစဉ်တွေကိုရှင်းလင်းပြောဆိုပါတယ်။အဲဒီနောက်အသင်းရံပုံငွေအတွက်စွမ်းမှပြုလုပ်တဲ့လက်မှုပစည်းတွေကိုလေလံရောင်းချခဲ့တယ်လို့လဲဆိုပါတယ်။


အမျိုးသမီးအရေအတွက်ကအမျိုးသားတွေထက်ပိုများတယ်။နိုင်ငံတကာကအမျိုးသမီးတွေကဒီကနေ့ခေတ်မှာနိုင်ငံရေးစီးပွါးရေးမှာဦးဆောင်မှုတွေလုပ်လာကြတာတွေ့ရပါတယ်။ကျမတို့သျှမ်းအမျိုးသမီးတွေလည်းဦးဆောင်မှုအပိုင်းမှာတာဝန်ယူဖို့အချိန်ရောက်လာပါပြီ။သူများခေါ်တာကိုဘဲစောင့်မနေပါနဲ့။ကိုယ်တိုင်ထလုပ်မှဘဲရတော့မှာပါ။” -  လို့ယိင်းဟန်ဖှကပြောပါတယ်။


၁၉၉၉ခုနှစ်မတ်လ၂၈ရက်ကထိုင်းနယ်စပ်တနေရာမှာစတင်ဖွဲ့စည်းတဲ့ သျှမ်းအမျိုးသမီးရေးရာလှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN ဟာ  ဦးသိန်းစိန်အစိုးရခေတ်က သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ဦးဆောင်ကျင်းပတဲ့ ယုံကြည်မှုတည်ဆောက်ရေးညီလာခံ ကတည်းကနေပါဝင်လာပြီး  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆက်ဆက်မှာလည်း  လက်တွဲဖေါ်ဆောင်  လာခဲ့ပါ တယ်။


လက်ရှိမှာသျှမ်းအမျိုးသမီးရေးရာလှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN ကတောင်ကြီးမြို့မှာရုံးခွဲထားရှိပြီး သျှမ်းပြည်တဝှမ်းကသျှမ်းအမျိုးသမီးတွေအပြင် ကချင်ပြည်နယ် မိုးညှင်း၊ ဗန်းမော်ဘက်ကသျှမ်းအမျိုးသမီးတွေ၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းနဲ့ မန္တလေးတိုင်းဘက်ကသျှမ်းအမျိုးသမီးတွေ ကို အမျိုးသမီးဘဝ မြှင့်တင်ရေးအတွက်  လက်တွဲဖေါ်ဆောင်နိုင်လာနိုင်တဲ့အပြင် မြေပြန့်ဒေသဖြူး၊ ပဲခူး၊ တောင်ငူဘက်က သျှမ်းအမျိုးသမီးတွေနဲ့လည်း အမျိုးသမီးဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်သွယ်လှုပ်ရှားဆောင်ရွက် သွားကြဦးမယ် လို့ သိရပါတယ်။

မိုင်းရှူးမြို့နယ် ကျေးလက်မဲဆန္ဒရှင် ၄၀၀၀ အတွက် မဲရုံ ထောင်မည့်နေရာ ရွေးကောက်ပွဲကော်မရှင်မထုတ်ပြန်သေး

Posted: 29 Mar 2017 11:37 PM PDT

ရွးကောက်ပွဲကျင်းပရေး ပယ်ဖျက်ပေးရန် NLD ပါတီ ကန့်ကွက်သော်လည်း မဲရုံများနေရာရွှေ့ခြင်းဖြင့် ရွေးကောက်ပွဲ ကျင်းပခွင့် ရရှိခဲ့သည့် မိုင်းရှူးမြို့နယ်မှ ကျေးရွာအုပ်စုသုံးခုတွင်  မည်သည့်နေရာသို့ မဲရုံရွှေ့ဆိုင်းမည်ကို ယနေ့တိုင်မသိသေးသဖြင့် မိုင်းရှူးတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများက မရေရာမှုများဖြစ်နေရကြောင်း တာဝန်ရှိသူများကပြောသည်။


မဲရုံပြောင်းရွှေ့မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုလိုက်သော်လည်း မတ်လ ၂၉ ရက်ညတိုင်  မိုင်မည်မျှကွာဝေးမည် (သို့မဟုတ် ) ဝေးကွာပါက ဒေသခံများအနေဖြင့် မည်သို့ သွားရောက်မဲပေးမည် စသည့် အချက်များနှင့် ပတ်သက်၍  မရေရာမှု များစွာ ရှိနေဆဲဖြစ်သည်ဟု သျှမ်းပါတီများမှ တာဝန်ရှိသူများက ပြောသည်။


လွတ်လပ်၍ တရားမျှတမှုမရှိနိုင်ဟူသော အကြောင်းပြချက်ဖြင့် NLD ကိုယ်စားလှယ်လောင်းများမှ ကန့်ကွက်ခဲ့သည့် ကျေးရွာအုပ်စု ၃ စုမှ မဲရုံများကို အနည်းဆုံး ၄ မိုင်မှ ၁၀ မိုင်ကျော်အကွာအဝေးအထိ ရွှေ့ပြောင်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မတ်လ ၂၉ ရက်နေ့ ညနေပိုင်းအထိ တိကျသည့် အဖြေမသိရသေးဟု ကျားခေါင်းပါတီမှ အောင်နိုင်ရေးအဖွဲ့ဝင် စိုင်းမျိုးဇင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


"ညနေကပဲ ကော်မရှင်ကို ဖုန်းဆက်တာ တိတိကျကျ မသိရသေးဘူးဖြစ်နေတယ်။ တအားဝေးတဲ့နေရာတွေပြောင်းမလားပေါ့လေ။ ရွာသားတွေအတွက်ဝေးလွန်းရင် မဲသွားပေးဖို့ ဘယ်လို စီစဉ်ပေးမလဲဆိုတာကအစ။ ပထမပိုင်းတုန်းက သူတို့က မော်တော်ယာဉ်အပါအဝင်ဘာမှ မစီစဉ်ဘူးလို့လည်း ပြောထားသေးတယ်။ " ဟု စိုင်းမျိုးဇင်က သျှမ်းသံတော်ဆင့်သို့ မတ်လ ၂၉ ရက်နေ့ ည ရ နာရီ ၄၅ မိနစ်အချိန်က ပြောသည်။


မြို့နယ်မြောက်ဘက်ပိုင်းမှ ကွန်ကျောင်း ၊ နောင်အက် ၊ မော်မေ့အစရှိသည့် ကျေးရွာအုပ်စု ၃ စုမှ မဲရုံများကို ရွှေ့ပြောင်းရမည်ဖြစ်ပြီး ၄င်းရွာများမှာ မြို့နယ် ၁၅ မိုင် အကွာအဝေးတွင် တည်ရှိသည့် ကျေးရွာများလည်း ဖြစ်သည်။


"တချို့ကမြို့ပေါ်လိုလို တစ်ချို့ကလည်း ၈ မိုင် ၉ မိုင်ဝေးတဲ့ နေရာပြောင်းမလိုလိုသတင်းတော့ ထွက်တယ်။ တိတိကျကျ မသိရသလိုနောက်ပြီးတော့ တအားဝေးရင် ဒေသခံတွေ မဲသွားထည့်ဖို့ ခက်ခဲလာနိုင်မှုအပေါ် မြို့ခံတွေကလည်း စိုးရိမ်ပူပန်နေကြတယ်။"  ဟု မိုင်းရှူး ဒေသခံ ကာတွန်းဆရာဖြစ်သူ စိုင်းခေးလောဝ်ကလည်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။


ကျားဖြူပါတီ ကိုယ်စားလှယ်လောင်းဖြစ်သူ နန်းခမ်းယဉ်အောင်အား ဆက်သွယ်မေးကြည့်ရာ အဆိုပါ မဲရုံများ အခြေနေနှင့်ပတ်သက်၍ ယနေ့ညနေပိုင်းအထိ တိတိကျကျသိရှိရခြင်းမရှိသေးကြောင်းသာ ဖြေကြားထားသည်။


ဒေသခံများအတွက် မဲရုံအားအလွန်ဝေးလံသည့် နေရာတွင် တည်ဆောက် ပြီး သွားလာရန် မော်တော်ယဉ်များစီစဉ်ပေးခြင်းမရှိ ဟု ကော်မရှင်မှ ဖြေဆိုထားသည့်အတွက် မဲဆန္ဒရှင် ၄၀၀၀ ကျော်  အား အများနည်းတူ မဲပေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ သယ်ယူပို့ဆောင်ပေး ရေးလုပ်ငန်း ဆောင်ရွက်ပေးရန် ရွေးကောက်ပွဲကော်မရှင်အား ကျားခေါင်းပါတီ SNLD မှ တောင်းဆိုထားသည်။


မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲဆွယ်ရန်လာသည့် ပါတီများအား ထွက်တွေ့ခြင်း မတွေ့ခြင်းမှာ ၄င်းတို့ဆန္ဒပင်ဖြစ်သောကြောင့်  မမျှတ မတရားဟု ပြောခွင့်မရှိကြောင်းလည်း တောင်းဆိုစာတွင် ဖော်ပြထားပြီး ၄င်းအချက်မှာစည်းရုံးရေး စွမ်းရည်တွင်သာမူတည်သည်ဟု ဖော်ပြထားသည်။


ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်းပြည်နယ်အတွင်း မဲဆွယ်စည်းရုံးမှုများတွင် ကျားခေါင်းပါတီ SNLD ၏ စည်းရုံးမဲဆွယ်မှုများတွင်သာ ဒေသခံအများအပြားလာရောက်စုရုံး နားထောင် လေ့ရှိနေ သည်ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်နေသူများက ဆိုကြသည်။ ကျေးရွာအုပ်စု ၃ စုတွင် ရွေးကောက်ပွဲ ကျင်းပမှု ပယ်ဖျက်ရန် မတ်လဆန်းပိုင်းက NLD ပါတီမှ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဒေသခံများအကြားတွင် ယနေ့တိုင် မကျေနပ်မှုများ ရှိနေပါသည်။



ဒီမိုကရေစီအစိုးရခေတ် - သျှမ်းပြည်အရှေ့ပိုင်းမိုင်းယောင်းဒေသခံ ၂ ဦးအား နယ်ခြားစောင့်တပ်မှ ဖမ်းဆီးခေါ်ဆောင်ကာလမ်းပြစေမှုမရှိသင့်တော့ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဌိုင်ပြော

Posted: 29 Mar 2017 11:18 PM PDT

သျှမ်းပြည်အရှေ့ပိုင်းမိုင်းယောင်းမြို့နေဒေသခံ ၂ ဦးအား သျှမ်းပြည်တပ်မတော် RCSS/SSA ၏ အမာခံလူ ဟုဆိုကာ နယ်ခြားစောင့်တပ်မှဖမ်းဆီးကာ စစ်ကြောင်းရှေ့ပြေးအဖြစ် လမ်းပြခိုင်းသည့် ကိစ္စ ယနေ့ ဒီမို ကရေစီ အစိုးရခေတ်တွင်မရှိသင့်တော့ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောဆိုလိုက်သည်။


မတ်လ ၂၇ ရက်နေ့ရက်စွဲဖြင့်သျှမ်းလူ့အခွင့်အရေးမဏ္ဌိုင် SHRF မှ၎င်းနှင့်ပတ်သက်သည့် အစီရင်ခံစာ အမှတ် ၀၃/၂၀၁၇ ထုတ်ပြန်ရာတွင်ပြီးခဲ့သည့် ၁၂ ရက်နေ့က အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်က မိုင်းယောင်းမြို့နယ်ဝမ်တပ်အုပ်စုဝမ့်ထင်ရွာသားနှင့်ဝမ့်ဟိုယန်းရွာသား ၂ ဦးတို့အား RCSS/SSA ၏အမာခံလူဟုဆိုကာဖမ်းဆီးချုပ်နှောင်၎င်းတို့စစ်ကြောင်းလှည့်လယ်ရာတွင်ပွိုင့်ဦးထိုးစေကြောင်း၊ RCSS/SSA သည်တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်တွင်လက်မှတ်ရေးထိုးထား သည့်အား လျော်စွာယနေ့ဒီမိုကရေစီအစိုးရခေတ်တွင် ထိုကိစ္စရပ်မျိုးမရှိသင့်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။


"မတ်လ ၁၂ ရက်ကဝမ့်ထင်ရွာသား(ဦး) လုံးနန်အွန်အသက်၅၄နှစ်ရဲ့အိမ်ကိုသွားပြီးရှာဖွေတယ်။ လုံးနန်အွန်ကိုမဖမ်းမိလို့သူ့အိမ်ကိုမွှေနှောက်ရှာဖွေအဖိုးတန်ပစည်းတွေယူသွားတယ်။မတ်လ၁၃ရက်နေ့မှလုံးနန်အွန်ကိုဝမ့်ပန်မှာသွားတွေ့လို့နယ်ခြားစောင့်တပ်ကဖမ်းသွားပြီးခမရ၃၃၅မှာသွားချုပ်ထားတယ်။သျှမ်းတပ်နဲ့ဆက်သွယ်တယ်။သျှမ်းတပ်ကို ဆက်ကြေးကူကောက်ပေးတယ်ဆိုပြီး ခြိမ်းခြောက် စစ်ဆေးတယ်။ သူတို့ရှေ့တန်းထွက်တော့လုံးနန်အွန်ကိုပါလမ်းပြခိုင်းတယ်။ ၃ရက်တာ။ မတ်လ၁၆ရက်မှာတော့ဝမ့်ဟိုယန်းရွာသားစိုင်းနွဲ့ဆန်ဆိုင်အသက်၄၈နှစ်ကိုထပ်သွားဖမ်းတယ်။

သျှမ်းတပ်နဲ့ဆက်သွယ်သတင်းပေးသူလို့စွပ်စွဲပြီးခမရ၃၃၅မှာထပ်သွားထားတယ်။ရွာသားတွေအကြီးအကဲတွေသွားပြီးထောက်ခံချက်ပေးမှမတ်လ၁၇ရက်မှာမှသက်သေအထောက်အထားတွေမတွေ့လို့ပြန်လွှတ်ပေးတယ်။ဒါမျိုးတွေလုံးဝမဖြစ်သင့်တော့ဘူးဒီမိုကရေစီအစိုးရခေတ်မှာ။ဒါ့ကြောင့်သက်ဆိုင်ရာအာဏာပိုင်တွေကိုကူညီဖြေရှင်းပေးစေချင်တယ်" - ဟု SHRF မှပြောရေးဆိုခွင့်ရှိသူစိုင်းဟော်ရှဲန် ကပြောသည်။


လုံးစိုင်းနန်အွန်အိမ်ပြန်ရောက်ချိန်တွင်မိမိ၏နေအိမ်ရှိငွေနှင့်အဖိုးတန်ပစ္စည်းများကာလတန်ဖိုးကျပ်သိန်း၂၀ခန့်ပျောက်ဆုံးနေသည်ကိုလည်းတွေ့ရသဖြင့်ဒေသခံများအကြားအသက်အိုးအိမ်စည်းစိမ်လုံခြုံရေးမှာအထူးစိုးရိမ်နေရသည့်အနေအထားတွင်ရှိနေကြောင်းSHRF ကပြောဆိုလိုက်ပါသည်။


ပြီးခဲ့သည့်၂၀၁၅ခုနှစ်ကလည်းဝမ့်ထင်ရွာသားလုံးစိုင်းနန်အွန်၏သားစိုင်းဆာမ်တစ်အားပြင်ပအဖွဲ့အစည်းနှင့်ဆက်သွယ်သည်ဟုဆိုကာဖခင်ဖြစ်သူရှေ့တွင်ပင်ပစ်သတ်မှုဖြစ်ခဲ့သည်ဟုလည်းမိုင်းယောင်းဒေသခံများပြောပြချက်အရသိရသည်။


တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသည့် RCSS/SSA သည်ဥပဒေပြင်ပ အဖွဲ့အစည်းမဟုတ်တော့ကြောင်းလည်းဦးသိန်းစိန်အစိုးရလက်ထက်ကကြေငြာထားသည်။


မိုင်းယောင်းမြို့နယ်အတွင်းအစိုးရတပ်မတော်နှင့်ရဲတပ်ဖွဲ့တို့အပြင်သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်၂၀၀၈ခုနှစ်ကနယ်ခြားစောင့်တပ်အမှတ်၁၀၀၈အဖြစ်အသွင်ပြောင်းထားသော လားဟူပြည်သူ့စစ်တပ်တို့လှုပ်ရှားနေထိုင်ပါသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက်SNLD ဥက္ကဌခွန်ထွန်းဦးသျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံလူထုနှင့်တွေ့ဆုံ

Posted: 29 Mar 2017 08:49 PM PDT

(ကျိုင်းတုံ) - သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌခွန်ထွန်းဦး ဦးဆောင်သည့်လွှတ်တော်အမတ်များနှင့်ကိုယ်စားလှယ်များကျိုင်းတုံမြို့သို့ရောက်ရှိကာဒေသခံလူထုနှင့်တွေ့ဆုံကာ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဟောပြောခဲ့သည်။

Photo Credit to Nang San San Aye

မတ်လ၂၇-၂၈ ရက်ကကျိုင်းတုံမြို့သို့ SNLD ဥက္ကဌခွန်ထွန်းဦးရောက်ရှိကာလူထုနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။


ကျိုင်းတုံမြို့ဆမိုးဆွန်တိုင်းလိဟောခန်းမတွင်တာချီလိတ်၊မိုင်းယောင်း၊မိုင်းဖြတ်၊မိုင်းယန်း၊ကျိုင်းတုံ၊မိုင်းပျဉ်း၊ပုံပါကျင်မှကျားခေါင်းပါတီကိုယ်စားလှယ်များ၊ဒေသခံများနှင့်တွေ့ဆုံစဉ်ကြားဖြတ်ရွေးကောက်ပွဲတွင်လူထုအတွက်စွမ်းဆောင်မည့်ကိုယ်စားလှယ်များအားရွေးချယ်တင်မြောက်တတ်ရန်ခွန်ထွန်းဦးကတိုက်တွန်းပြောကြားခဲ့သည်။


အဆိုပါတွေ့ဆုံပွဲတွင်ခွန်ထွန်းဦးအပြင်နမ္မတူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နန်းခမ်းအေး၊ကျိုင်းတုံမြို့လစ်လပ်လျှက်ရှိသောမဲဆန္ဒနယ်အမှတ်၂ပြည်နယ်လွှတ်တော်အမတ်နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စလှယ်လောင်း (ဦး) လုံးစိုင်းလုံတို့ကလူထုနှင့်တွေ့ဆုံကာခွန်ထွန်းဦးကသီပေါစော်ဘွားနှင့်ကျိုင်းတုံစော်ဘွားတို့ဆွေမျိုးတော်စပ်ကြသည့်သမိုင်းကြောင်း၊နန်းခမ်းအေးကလာမည့်ရွေးကောက်ပွဲတွင်လူထုအတွက်ကိုယ်စားလှယ်အစစ်အမှန်ရွေးချယ်ရှင်းလင်းပြောဆိုသည်။


ဧပြီလ၁ရက်နေ့မှာလုပ်မယ့်ရွေးကောက်ပွဲမှာကျားခေါင်းပါတီအနေနဲ့လူထုဆီကနေဆန္ဒမဲတွေကိုမျှော်လင့်တဲ့အကြောင်း၊လူထုကိုယ်စားပြုမယ့်သူလူထုကိုအလုပ်အကျွေးပြုမယ့်သူကိုရွေးချယ်လာနိုင်ဖို့ဒေသခံတွေမှာဘဲမူတည်ကြောင်း၊ကျားခေါင်းပါတီကတော့ဒေသခံလူထုရဲ့ရေရှည်အကျိုးအတွက်မျှော်လင့်ကြောင်း - ပြောဆိုစည်းရုံးကြသည်ဟုအခမ်းအနားတက်ရောက်သူဒေသခံစိုင်းထွန်းရီ က ပြောသည်။


လူထုနှင့်တွေ့ဆုံမှုအပြီးမတ်လ၂၈ရက်တွင်မူ SNLD ပါတီဥက္ကဌခွန်ထွန်းဦးနှင့်အဖွဲ့ကျိုင်းတုံလေဆိပ်မှတဆင့်ရန်ကုန်သို့ပြန်လည်ထွက်ခွါသွားကြောင်းသိရသည်။


သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့တွင်လာမည့်ဧပြီလ၁ရက်ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ၆ခုရှိရာလက်ရှိတွင်ကျားခေါင်းပါတီ SNLD၊ကျားဖြူပါတီ  SNDP ၊ကြံ့ခိုင်ရေးတီ  USDP  နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့အပြင်အခါပါတီ၊လားဟူပါတီတို့ဖြစ်သည်။


မဲဆန္ဒနယ်အမှတ်၂ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အတွက်ကျိုင်းတုံမြို့နယ်အတွင်းမဲရုံ၅၇ရုံရှိပါသည်။

သျှမ်းသံတော်ဆင့်

unread,
Mar 31, 2017, 5:02:25 PM3/31/17
to thuau...@gmail.com

ကျိုင်းတုံနှင့်မိုင်းရှူး ကြိုတင်မဲများကြောင့် ယှဉ်ပြိုင်မည့် SNLD ကိုယ်စားလှယ်လောင်းများစိုးရိမ်နေရ

Posted: 31 Mar 2017 07:07 AM PDT

ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်တရက်အလို သျှမ်းပြည်တွင်း လစ်လပ်မဲဆန္ဒနယ်များတွင် ကြိုတင်မဲ ကောက် ယူမှုများရှိနေသဖြင့် ရွေးကောက်ပွဲဝင် SNLD ကိုယ်စားလှယ်လောင်းများ စိုးရိမ်မှုရှိနေရ ကြောင်းသိရသည်
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ပြည်နယ်မဲဆန္ဒနယ်အမှတ် ဖြစ်သော ယန်းလောအုပ်စု မဲရုံ နှင့် မဲရုံ တို့တွင် မဲရုံသို့ရောက်လာ သူများအား မဲရုံတာဝန်ကျများက ကြိုတင်မဲများကောက်ယူနေခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် SNLD ကျားခေါင်းပါတီ မြို့နယ်ဗဟိုအလုပ်အမှုဆောင် နန်းမွန်းတွီက ပြောသည်။ 
ယန်းလောအုပ်စုက မဲရုံ နဲ့ မှာ ဒီနေ့ မဲရုံစာရေးတွေကောက်တာ ကြိုတင်မဲ ၃၄၁ ပြားရသွားတယ်။   ကျမတို့သွားပြီးကန့်ကွက်တားမြစ်လို့ သူတို့ရပ်သွားပြီ။ ညနေလည်းစောင်းပြီလေ။ ရှင်ပြုပွဲကြောင့် မဲသွားမပေးအားလို့ ကြိုတင်မဲလာပေးကြတာ လို့ပြောတယ်။ မဖြစ်သင့်ဘူး ရပ်ပေးပါဆိုမှ ရပ်သွားတာ။  ယန်းလောအုပ်စုမှာ မဲရုံ ရုံရှိတာကော်။ ၂၃ ရက်နေ့ကတည်းက ကြိုတင်မဲတွေစကောက်တာလေ လကုန်အထိ ၃၁ ရက်နေ့အထိ။ တကယ်တော့ ဘယ်ရပ်ကွက် ဘယ်အုပ်စုမှာမှ ကြိုတင်မဲထည့်ရမယ့်လူ စာရင်းအတိအကျမရှိဘူး။ အခုက မဲရုံကိုလာတဲ့လူတိုင်းကိုကြိုတင်မဲကောက်နေတယ်။ ” - ဟု နန်းမွန်းတွီ ကပြောသည်။ 


ကျိုင်းတုံမြို့နယ်အတွင်း ပြည်နယ်လွှတ်တော်မဲဆန္ဒအတွက် မဲပေးပိုင်ခွင့်ရှိသူ သောင်းကျော်ရှိ သည့်အနက် အဆိုပါယန်းလောအုပ်စုတွင် မဲပေးခွင့်ရှိသူ ၅၆၈၉ ဦးရှိပါသည်။ 


 အလားတူ မိုင်းရှူးမြို့နယ်တွင်လည်း မဲရုံပြောင်းရွှေ့ခံရသည့် အုပ်စုများအနက် တခုအပါအ၀င်ဖြစ်သော ၀မ့်လွယ်အုပ်စုအတွက် မဲရုံထားရှိရာ လွယ်နိုင်းအုပ်စုတွင်လည်း ကြိုတင်မဲ  ကောက်ယူမှုများရှိခဲ့ကြောင်း မဲဆန္ဒနယ်အမှတ် တွင်ဝင်ရောက်ယှဉ်ပြိုင်သည့် SNLD ပါတီ၏ ကိုယ်စားလှယ်လောင်းကပြောပါသည်။ 


မနေ့က ကျမတို့ မိုင်းရှူး- မိုင်းနောင်-ကျေးသီး ဘက်ကို သွားပြီး စီတန်းလှည့်လည် စည်းရုံးရေးဆင်း တုန်းက မဲရုံစောင့်တဲ့သူမရှိတော့ နားဝိုင်အုပ်စုမှာကြိုတင်မဲကောက်တယ်။ မဲရုံစောင့်က ကြံ့ခိုင်ရေးနဲ့ ရပ်ကွက် စာရေးလေမနေ့က။ ဒီနေ့လည်းကောက်တယ်။ ကြိုတင်မဲပြား ၉၉ ပြားရသွားတယ်။ ၀မ့်လွယ်အုပ်စုမှာ မဲပေးခွင့်ရှိသူ ၁၀၅၄ ယောက်ရှိတာ။ ဆိုတော့ ၁၀ ရာခိုင်နှုန်းရှိ နေပြီလေ။ လုံးဝ မဖြစ်သင့်တာ။ ကျေးလက်လည်းဖြစ်နေတော့ အဲလောက်ထိမများရဘူးလေ ကြိုတင်မဲက မြို့တွင်း အမှတ် ရပ်ကွက်တောင်မှ ကြိုတင်မဲ ရက် ရက်ကောက်တာ ၅၀ တောင်မပြည့်ဘူး။ ရှင်လောင်းပွဲကြောင့်   တချို့အုပ်စု မှာလည်း ကြိုတင်မဲအနည်းငယ်ရှိတယ်။ တချို့အုပ်စုလည်း လုံးဝမရှိဘူး။” - ဟု မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် မဲဆန္ဒနယ် တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် နန်းကောင်ခမ်းကပြောသည်။ 


အဆိုပါကြိုတင်မဲများနှင့်ပတ်သက်ပြီး ကျားခေါင်းပါတီပြောခွင့်ရ စိုင်းလိတ်က - “ခရီးထွက်ရမယ့်သူ၊ သက်ကြီးရွယ်အို ခရီးထွက်ရမယ့်အစိုးရ၀န်ထမ်းတွေ စတာတွေဘဲထည့်ရမယ်။ နေကောင်းပါရဲ့နဲ့ ကြိုတင်မဲထည့်တာဆိုတာကတော့ မလျော်သြဇာ သုံးတာဘဲဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ဘက်ကလုံးဝ အကောင်းမမြင်ဘူး။ စည်းကမ်းဥပဒေကိုချိုးဖောက်တာဘဲ ကျနော်တို့ဘက်က သေချာစောင့်ကြည့်ပြီး ဆန့်ကျင်သွားရမယ်။  နှစ် နှစ်မှ တခါထည့်ရမယ့်မဲကို အခွင့်အရေးမသုံးဘဲနဲ့ အလွယ်လမ်းလိုက်မယ်ဆိုရင် ကျနော်တို့လူထု အခွင့်အရေး - နှစ်ကြာဆုံးရှုံးရမယ်။ ဒါကြောင့် ကျနော်တို့ရသင့်တဲ့အခွင့်အရေးကို စုပေါင်း ရယူကြပါ။ မလျော်ကန်တဲ့ ကြိုတင်မဲတွေကိုလည်း စုပေါင်းပြီးတော့ ဆန့်ကျင်ကြခြင်းဖြင့် အနိုင်ယူသွားကြရအောင်လို့ တိုက်တွန်းချင်ပါတယ်။” - ဟု ပြောသည်။ 



ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရမည့် သျှမ်းပြည်တွင်း လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာများမှာ မိုင်းရှူးမြို့နယ်တွင် နေရာ ကျေးသီးမြို့နယ်တွင် နေရာ ကျိုင်းတုံတွင် နေရာနှင့် ညောင်ရွှေမြို့တွင် နေရာဖြစ်ပါသည်။ အဓိကယှဉ်ပြိုင်မည့် ပါတီကြီးများမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ အမည်ရ SNLD ခေါ် ကျားခေါင်းပါတီ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမည်ရ SNDP ခေါ် ကျားဖြူပါတီ၊ ပြည်ထောင်စု  ကြံ့ခိုင်ရေး USDP ပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ဖြစ်ပြီး ဒေသအလိုက် ပါတီငယ်များလည်းရှိပါသည်။ 

ကျိုင်းတုံတွင်နောက်ဆုံးရက်မဲဆွယ်စည်းရုံးရေးကျားခေါင်းပါတီကိုယ်စားလှယ်လောင်းကျေနပ်အားရဟုဆို

Posted: 31 Mar 2017 03:05 AM PDT

မတ်လ၃၀ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲအတွက်စည်းရုံးရေးနောက်ဆုံးနေ့တွင်သျှမ်းပြည်တွင်းလစ်လပ်မဲဆန္ဒနယ်များ၌ယှဉ်ပြိုင်မည့်နိုင်ငံရေးပါတီအသီးသီးစည်းရုံးရေးအပြိုင်ဆင်းကြရာသျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံတွင်လည်းကျားခေါင်းပါတီ SNLD မှမြို့တွင်းလှည့်လည်စည်းရုံးရေးဆင်းခဲ့ကြသည်။



မွန်းတည့်ချိန်ကကျိုင်းတုံမြို့ SNLD မြို့နယ်ရုံးတွင်ပါတီဝင်၅၀၀နီးပါးစုဆုံကြပြီးဆိုင်ကယ်ကားထော်လာဂျီအသီးသီးစီနင်းကာမြို့တွင်းတပတ်လှည့်ပတ်ခဲ့ကြောင်းကျိုင်းတုံရောက်သျှမ်းသံတော်ဆင့်သတင်းထောက်စိုင်းယွက်ခမ်းကပြောသည်။


ကျားခေါင်းရုံးကနေကျိုင်းတုံမြို့တွင်းတပတ်လှည့်တယ်။ရပ်ကွက်၁၊ရပ်ကွက်၅၊ပြီးရင်ယန်းလောအုပ်စုဘက်သွားတယ်။လွယ်လုံကတ်ထိုက်၊ပင်းတော့အုပ်စုဘက်ပတ်ပြီးမြို့ထဲပြန်ဝင်လာတယ်။လူအင်အား၃၀၀-၄၀၀လောက်ရှိမယ်။ကားတွေဆိုင်ကယ်တွေနဲ့သွားကြတယ်။ - ဟုပြောသည်။


လစ်လပ်မဲဆန္ဒနယ်အမှတ်၂တွင်ဝင်ရောက်ယှဉ်ပြိုင်မည့်ကျားခေါင်းပါတီမှလုံးစိုင်းလုံကမူ - ကျေနပ်အားရမှုရှိခဲ့ပါတယ် - ဟုမှတ်ချက်ချပြောဆိုသည်။


တာချီလိတ်ပုံပါကျင်ကျိုင်းတုံမိုင်းပျဉ်းမှကျားခေါင်းပါတီဝင်များလည်းပါဝင်ပူးပေါင်းခဲ့ကြသည်။ တချို့ကလည်းမဲရုံနှင့်နီးသည့်ဧရိယာအတွင်းစိုက်ထူထားသောမဲဆွယ်ဆိုင်းဘုတ်များကိုဖြုတ်သိမ်းခဲ့ကြသည်။


ကျိုင်းတုံမြို့ကျားခေါင်းပါတီဥက္ကဌစိုင်းထွန်းက - ကျနော်တို့စည်းလုံးညီညွတ်မှုကိုပြချင်တာရယ်၊မဲပေးမယ့်လူထုကိုစိတ်ဓါတ်ခွန်အားပေးတဲ့သဘောရယ်အခုလိုစီတန်းလှည့်လည်ပြီးစည်းရုံးရေးဆင်းရတာဖြစ်ပါတယ်။ - ဟုပြောသည်။


ကျိုင်းတုံမြို့တွင်လစ်လပ်နေသောမဲဆန္ဒနယ်အမှတ်၂တွင်ယှဉ်ပြိုင်မည့်ပါတီများမှာကြံ့ခိုင်ရေးပါတီ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊သျှမ်းပါတီကြီး၂ခုနှင့်အတူလားဟူပါတီ၊အခါပါတီ၊၀ပါတီတို့ယှဉ်ပြိုင်ကြမည်ဖြစ်သည်။သျှမ်းပါတီမှဝင်ပြိုင်မည့်ပုဂ္ဂိုလ်မှာကျားဖြူပါတီမှဒေါက်တာစိုင်းယွက်ဟောင်၊ကျားခေါင်းပါတီမှလုံစိုင်းလုံတို့ဖြစ်ကြပါသည်။


သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရစစ်တပ်ကြောထောက်နောက်ခံပြုသည့် ပါတီကြီးတခုကလွှတ်တော်ဘတ်ဂျတ် အသုံးပြုကာကျေးလက်ဒေသခံများအတွက် ဆိုလာပြား၊ ရေ၊ မီး၊ လမ်း၊ တံတားများစသည့် ဖွံ့ဖြိုးမှုလုပ်ငန်းများအား ၄င်းတို့သာ လုပ်ပေးနိုင်သည့်အတွက် ၄င်းတို့ပါတီသာ မဲထည့်ကြရန် ရွာအကြီးအကဲများမှတဆင့် ကျေးလက်ဒေသခံများညွှန်ကြားထားသောကြောင့် မည်သည့်ပါတီ မှ စည်းရုံးရေးခရီးမအောင်မြင်ကြောင်း၊ သည့်အတွက် ထိုပါတီကသာ ကြိုတင်မဲနှင့်တကွ လွှတ်တော်အမတ်ရရှိသွားမည် ဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများရှိနေသည်။

သျှမ်းသံတော်ဆင့်

unread,
Apr 1, 2017, 5:22:54 PM4/1/17
to thuau...@gmail.com

ကျေးသီးတွင် ကိုယ်စားလှယ်လောင်း ၃ နေရာ စလုံး ကျားခေါင်းပါတီ အနိုင်ရရန် အလားအလာကောင်းနေ

Posted: 01 Apr 2017 08:29 AM PDT

ကြားဖြတ်ရွေးကောက်ပွဲကျင်းပနေသည့် ကျေးသီး မဲဆန္ဒနယ်တွင် လစ်လပ်နေရာ ၃ နေရာစလုံးတွင် ကျားခေါင်းခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရန် အလားအလာ ကောင်းနေ ပြီဖြစ် သည်ဟု ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က သျှမ်းသံတော်ဆင့်သို့ ဧပြီ ၁ ရက်နေ့ ည ၈ နာရီခွဲအ ချိန်တွင် ပြောသည်။


“မဲရုံတော်တော်များများမှာ အခြေနေကောင်းနေပြီး ၃ ယောက်လုံး အနိုင်ရဖို့ အလားအလာကောင်း နေတယ်ဆိုတာတော့ ပြောလို့ရပါပီ ”- ဟု စိုင်းညွှန့်လွင်က ပြောသည်။


ပြည်နယ် လွှတ်တော် ၂ နေရာနှင့် ပြည်သူ့လွှတ်တော် ၁ နေရာ ယှဉ်ပြိုင်ရသည့် ကျေးသီးမြို့ နယ် တွင် မြို့ပေါ်ရပ်ကွက်များအပါဝင် ၊ ပန်လော့ ၊ ၀မ်ဟိုင်း စသည့် ပြည်နယ် လွှတ်တော် ၁ နယ်မြေ တော် တော်များများတွင် ကျားခေါင်းပါတီမှာ ပြည်နယ်လွှတ်တော်အတွက်ကော ပြည်သူ့လွှတ်တော် အတွက်ပါ မဲများရရှိထားသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အမှတ် ( ၁ )မှ စိုင်းစံမိန်းက သျှမ်းသံတော်ဆင့်သို့ ည ၈ နာရီ မိနစ် ၄၀ အချိန်တွင်ပြောသည်။


“မဲရုံပေါင်း ၅၈ ရုံမှာ ၂ ရုံဘဲရောက်လာတယ်။ မြို့တွင်းမဲရုံဘဲ။ ကျားခေါင်းပါတီက ရှေ့ပြေးနေတယ်”- ဟု ကျေးသီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥကဌ စိုင်းစောရွှေက သျှမ်းသံတော်ဆင့် အားပြောပြသည်။


ကျားခေါင်းပါတီ၏ သျှမ်းပြည်တောင်ပိုင်း ဥက္ကဌနှင့် ပါတီတစ်ခုလုံး၏ ဒုတိယဥက္ကဌ ၂ ဖြစ်သူ စိုင်းခင် မောင်ညွှန့် (ခေါ် ) စဝ်ခမ်းပိုင်ဖမှပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်နေသည့် အမှတ် ၂ မဲဆန္ဒနယ်တွင်လည်း အောင်ပွဲခံနိုင်ရန် အခြေနေကောင်း နေပြီဖြစ်သည်ဟု ပါတီအောင် နိုင်ရေးအဖွဲ့ဝင်ဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ပြောသည်။


“မိုင်းနောင်နယ်ကလည်း အခြေနေကောင်းတယ်။” - ဟု စိုင်းဝမ်းလျန်းခမ်းက ပြောသည်။


မိုင်းနောင်မြို့ အပါဝင် ၀မ်စိမ်း၊ မိုင်းနန်း ၊ နောင်စွမ်းစသည့် ကျေးရွာအုပ်စုများအပြင် တပ်မတော်တပ်ရင်းများ ပါဝင် သည့် အမှတ် ၂ မဲဆန္ဒနယ်တွင် အလားအလာ ကောင်းနေပြီဖြစ်သောကြောင့် ကျေးသီးမဲဆန္ဒနယ်မှာ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျားခေါင်းပါတီအတွက် မဲဆန္ဒနယ် ၃ နယ်စလုံး အနိုင်ရရန် အလားအလာ ကောင်းနေသော မဲဆန္ဒနယ်ဖြစ်လာပြီဖြစ်သည်။

မိုင်းရှူးတွင် SNLD ကျားခေါင်းပါတီ ဦးဆောင်နေ

Posted: 01 Apr 2017 06:34 AM PDT

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမဲဆန္ဒနယ်တွင် မဲရုံအလိုက် ကနဦး ရေတွက်ထားသည့် ရလဒ်အရ SNLD ကျားခေါင်းပါတီမှာ ဦးဆောင်နေကြောင်း သိရသည်။

ဓါတ်ပုံ-၄ မိုင်မှ ၁၈ မိုင် ကွာဝေးသည့် မဲရုံများသို့ မဲလာပေးခဲ့သည့် မော်မေ့ ၊ ၀မ့်လွယ် ၊ ကွန်ကျောင်း(နောင်အဲပ်) ဒေသခံများအား တွေ့ရစဉ် ( Photo Credit to Hsao Tai Mong Hsu)
မဲဆန္ဒရှင် ဦးရေ စုစုပေါင်း ၃၀၀၀ နီးပါး စာရင်းပေါက်ထားသည့် ပန်စွဲကျေးရွာ မဲရုံ ၃ ရုံတွင် ကျားခေါင်းပါတီမှာ အပြတ်အသတ် အနိုင်ရခဲ့သည်ဟု မဲရေတွက်မှုကို စောင့်ကြည့်နေသည့် သျှန်ပိုင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ စိုင်းဇင်က ညနေ ၆ နာရီအချိန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


မဲဆန္ဒရှင် ရ၀၀ ကျော်ရှိသည့် အမှတ် ၃ မဲရုံတွင်လည်း ညနေ ၆ နာရီအထိ ရေတွက်မှုများအရ ကျားခေါင်း ပါတီမှာ ဦးဆောင်နေသည်ဟု မဲရေတွက်မှုများကို နားထောင်စောင့်ကြည့်နေသည့် သျှမ်းစာပေယဉ်ကျေးမှု အသင်းဥက္ကဌ စိုင်းစိန်မြင့်ကလည်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။


မဲရုံရွှေ့ပြောင်းမှုကြောင့် ဒေသခံ ၄၀၀၀ နီးပါး မဲပေးရန် အခက်ကြုံရဖွယ် အခြေနေကြုံတွေ့ခဲ့သော်လည်း ကော်မရှင်မှ ထော်လဂျီ အချို့ စီစဉ်ပေးခြင်းအပါဝင် မိမိတို့ကိုယ်တိုင် ဆိုင်ကယ် ကားစသည့် အစီစဉ်များ စီစဉ်၍ မော်မေ့ ၊ ၀မ့်လွယ် ၊ ကွန်ကျောင်း(နောင်အဲပ်) ဒေသခံ အမြောက်အများ ၄ မိုင်မှ ၁၈ မိုင် ကွာဝေးသည့် မဲရုံများသို့ မဲလာပေးခဲ့သည်ဟုလည်း သိရသည်။

ဝမ့်ဟိုင်းဌာနချုပ်တွင်ရွေးကောက်ပွဲကျင်းပသော်လည်း ဗမာ့တပ်မတော်သားများကဲ့သို့ SSPP/SSA တပ်မတော်သားများ မဲထည့်ခွင့်မရ

Posted: 01 Apr 2017 06:23 AM PDT

သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းမြို့သစ်၌ မဲရုံသုံးခုထောင်ကာ ကြားဖြတ်ရွေး ကောက် ပွဲအား လွတ်လွတ်လပ်လပ်ကျင်းပခွင့်ပြုသော်လည်း ဗမာ့တပ်မတော်သားများ ကဲ့သို့ သျှမ်းပြည်တပ်မတော်သားများ မဲထည့်ပိုင်ခွင့်မရှိဟု ဆိုသည်။


သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်းမြို့သစ် အထက ကျောင်းတွင် မဲရုံ ၁ ရုံ ၊ ပါခီးလမ်းခွဲ တွင် မဲရုံ ၁ ရုံ ထားရှိကာ ဒေသခံများ လာရောက်မဲထည့်ကြကြောင်း၊ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မတော်သားများ အရပ်ဝတ်ဖြင့်လည်း မဲရုံနားပင် ကပ်ခွင့်မရှိကြောင်း၊ မဲထည့်ခွင့်လဲ မရှိကြောင်း သျှမ်းပြည်တပ်မတော် ဌာနချုပ် အရာရှိတဦးကပြောသည်။


“ကျနော်တို့ တိုင်းပြည်က တပ်မတော်က အခွင့်ထူးခံအဖွဲ့အစည်းဖြစ်နေတယ်။ ဒါကျနော်တို့ တိုင်းပြည် ရဲ့ လူတိုင်းအတွက် တရားမျှတမှုမရှိဘူး ။ တန်းတူအခွင့်အရေးမရှိဘူး ဆိုတာကို ပြသနေတယ်။ ကျနော်တို့လဲ နိုင်ငံသားဘဲ လူထုဘဲ သူများမဲ ထည့်နေတယ်။ ကျနော်တို့က မဲထည့်မရဘူး ဆိုတော့ စိတ်ဘယ်ကောင်းမလဲ” - ဟု ဌာနချုပ်အရာရှိတဦး ပြောသည်။


ဘီအဲန်အိုင်၏ ၂၀၁၆ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖေါ်ခြင်း လမ်းညွှန်အကိုးအကား တွင် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ အင်အား သည် ၈၀၀၀ ကျော် ရှိသည်ဟု ဖေါ်ပြထားသည်။ သျှမ်းပြည်တပ်မတော်ထံကိုမူ သီးခြား အတည်ပြုချက်မရပေ။


ကျေးသီးမြို့နယ် ဝမ့်ဟိုင်းမြို့သစ် အပါအဝင် ကျေးသီး - မိုင်းနောင် - မိုင်းရှူး - မိုင်းစံ စသည့် မြို့ / မြို့နယ်များသည် ၂၀၁၅ ခု အထွေထွေရွေးကောက်ပွဲ ကျင်းပခွင့်မရခဲ့ပေ။ ကျင်းပသည့် ရွေးကောက်ပွဲ တိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA မှ လုံးဝ ဝင်ရောက်စွပ်ဖက်မှာမဟုတ်ဘဲ လွတ်လွတ်လပ်လပ် ကျင်းပခွင့်၊ စည်းရုံးပိုင်ခွင့်ရှိသည်ဟု အစဉ်အမြဲထုတ်ပြန်သည်။


အမ်းမဲဆန္ဒနယ် မဲရေတွက်မှုတွင် ရခိုင်ပါတီ ဦးဆောင်

Posted: 01 Apr 2017 06:18 AM PDT

ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်ဖြစ်သည့် ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့ လွှတ်တော် ဆန္ဒနယ်အတွက် မဲရေတွက်မှုများတွင် ရခိုင်အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါက်တာအေးမောင်မှာ ဦးဆောင်နေကြောင်း အမ်းသို့ရောက်ရှိနေသူ မီဒီယာအချို့နှင့် ဒေါက်တာ အေးမောင်ထံမှ သိရသည်။

Photo: ဒေါက်တာအေးမောင်
အခု ရေနေသလောက်ကတော့ ကျွန်တော် အခြေနေကောင်းတယ်။ ဦးဆောင်နေတယ်.။ ရေတွက်လို့ မပြီးသေးတော့ အသေးစိပ်ပြောလို့တော့ မရသေးဘူးပေါ့လေ။ ဟု ဒေါက်တာအေးမောင်က သျှမ်းသံတော်ဆင့်သို့ ညနေ ၅ နာရီခွဲအချိန်တွင်ပြောသည်။


မဲစာရင်းအရ မဲဆန္ဒရှင် ၁၉၀၀၀ စာရင်းပေါက်သည့် အမ်းမဲဆန္ဒနယ်တွင် အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ပြည်ခိုင်ဖြိုးပါတီ ၊ တသီးပုဂ္ဂလအဖြစ် ဦးဇော်လင်းအောင်နှင့် ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်တို့ ယှာဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။


၃၀၀၀ ကျော်တော့ပြီးပြီ ညောင်ချောင်းမှာ ရခိုင်ပါတီက ၁၁၂ မဲရတယ် ကြံ့ခိုင်ရေးက ၅၁ မဲ၊ ဆယ်ကျူပြင်မှာ ရခိုင်ပါတီက ၂၈၅ မဲရပြီး အန်အယ်ဒီက ၄မဲပဲရတယ်ဖောင်တော်မှာ ရခိုင်က ၁၁၂ မဲရချိန် အန်အယ်လ်ဒီက ၁၆ မဲပဲရတယ် ဟု အမ်းရောက်နေသည့် သတင်းမီဒီယာ သမားတစ်ဦးက ပြောသည်။


မဲရုံပြောင်းရွှေ့မှုကြောင့် အုပ်စု ၃ ခု ဒေသခံများ သွားလာရေးအခက်တွေ့- ကော်မရှင်မှ စီစဉ်ပေးသည့် ထော်လာဂျီမလောက်ငှ ကိုယ့်အစီအစဉ်ဖြင့်မဲလာပေးကြသူများပြား

Posted: 01 Apr 2017 03:28 AM PDT

NLD ပါတီမှ ကန့်ကွက်မှုကြောင့်မဲရုံရွှေ့ပြောင်းခြင်းခံရသည့် မိုင်းရှူးမြို့နယ်ရှိ ကျေးရွာအုပ်စု ၃ စုမှ မဲဆန္ဒရှင်များအနေဖြင့် ယနေ့ ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကော်မရှင်မှထော်လာ ဂျီစီစဉ်ပေးသည်ဟုဆိုသော်လည်း မိမိအစီစဉ်ဖြင့် မိမိ မဲလာထည့်သူများပြား နေကြကြောင်း မိုင်းရှူး ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

Photo credit to Hsao Mong Hsu
မော်မေ့ ၊ ၀မ့်လွယ်၊ ကွန်ကျောင်း(နောင်အဲပ်) အစရှိသည့် ကျေးရွာအုပ်စုများမှ ဒေသခံများမှာအနီးဆုံး ၄ မိုင်မှ အဝေးဆုံး ၁၈ မိုင်ကျော်အထိ ကွာဝေးသည့် မဲရုံများအထိ မဲလာထည့်နေကြခြင်းဖြစ်သည်ဟု ဒေသခံများနှင့် လေ့လာစောင့်သူများမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။


' မော်မေ့ကတော့ မြို့နဲ့ ၄ မိုင်လောက်ပဲဝေးတဲ့အတွက် ကိုယ့်အစီစဉ်နဲ့ကိုယ် မြို့ပေါ်က ရပ်ကွက် ၄ မှာ ရှိတဲ့ မဲရုံမှာ လာထည့်ကြတာတွေ့တယ်။ ဆိုင်ကယ်တွေနဲ့ လာတာများတယ်။ ' ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူဖြစ်သည့် သျှမ်းစာပေးယဉ်ကျေးမှု အသင်းမှ စိုင်းစိန်မြင့်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


၎င်းကြည့်ခဲ့သည့် မိုင်းရှူးမြို့ရှိ မဲရုံအတော်များများနှင့် ၀မ်ဆော့ ကျေးရွာတို့တွင် ဒေသခံများ စုရုံးမဲထည့် နေကြသည်ကို တွေ့ရပြီး ဟိုင်းပါကျေးရွာမှာမူ အနည်းငယ်ဝေးလံပြီး နယ်မြေအခြေအနေအရ မဲလာထည့်သူ သိပ်မတွေ့ရကြောင်း ဧပြီလ ၁ ရက်နေ့ မနက်ပိုင်း အခြေအနေကို သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။


မိုင်းရှူးမြို့ခံ ကာတွန်းဆရာဖြစ်သည့် စိုင်းခေးလောဝ်ကမူ မြို့အတွင်းရှိ မဲရုံအများစုတွင် မနက်ပိုင်းတွင် လာထည့်သူများပြီး နေ့လည်ပိုင်းတွင် ကျဲပါးနေသည်ဟု နေ့လည် ၂ နာရီအချိန်က သျှမ်းသံတော်ဆင့် သို့ပြောသည်။


မဲဆန္ဒရှင်စာရင်း စုစုပေါင်း ၂၂၀၀ ကျော်ရှိသည့် ကွန်ကျောင်း(နောင်အဲက်) ကျေးရွာအုပ်စုများမှ ဒေသခံများအနေဖြင့်မူ ၄ မိုင်မှ ၁၈ မိုင်နီးပါးဝေးသည့် မိုင်းအော့(တ်) ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများသို့ မဲသွားထည့်နေကြရသည်ဟု အဆိုပါဒေသသို့ သွားရောက်လေ့လာခဲ့သည့် သျှမ်ပိုင်းဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ စိုင်းဇင်က သျှမ်းသံတော်ဆင့်သို့ နေ့လည် ၂ နာရီအချိန်တွင်ပြောသည်။


' ထော်လာဂျီတွေ ဆိုင်ကယ်တွေနဲ့လာတာတွေ့တယ်။ အများကြီးပဲ ။ ဆိုင်ကယ်တွေနဲ့လည်း ပါတယ်။ ကော်မရှင်ကစီစဉ်ပေး ပေမယ့် ထော်လာဂျီလည်းနည်း ကူညီထောက်ပံ့မှုကလည်းနည်းပြီး လူအင်အားကများနေလို့   အကုန်လုံးကိုအချိန်မှီ အလျင်မှီအောင် မသယ်နိုင်ဘူးထင်တယ်။  ' ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။


မိုင်းရှူးမြို့ခံ နန်းစံကလည်း - ရွာသားတွေကိုသယ်လာပေးတဲ့ထော်လာဂျီကိုတော့ ဆီဖိုးပြန်ပေးမယ်ပြောတာဘဲ - ဟုပြောဆိုသည်။


 ဒီဗီဘီ ဒီမိုကရက်တစ် မြန်မာ့အသံနှင့် မိုင်းရှူးရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံမေးမြန်းမှုတွင်မူ ရွှေ့ပြောင်းခံကျေးရွာများမှ မဲဆန္ဒရှင်များအတွက် ကော်မရှင်မှ သွားလာရေးစီစဉ်ပေးမည်ဟု ဖြေဆိုထားသည်ကို မတ်လ ၃၁ ရက်နေ့ ဒီဗီဘီရုပ်သံထုတ်လွှင့်မှုတွင် ဖော်ပြထားသည်။


‘အခု နေ့လည်အထိတော့ အေးဆေးပဲ လူတွေ အေးအေးဆေးဆေးမဲထည့်တယ်။ ပြန်ကြတယ်။ ပြဿနာ ကြီးကြီးမားမားဖြစ်တာ မတွေ့ရဘူး။ ’ ဟု ကြံ့ခိုင်ရေးပါတီမှ ဦးမြတ်ကျော်က ပြောသည်။


အန်အယ်လ်ဒီပါတီ၏ မိုင်းရှူးအလုပ်အမှုဆောင်အဖြစ်မှ နှုတ်ထွက်ကာ ကျားခေါင်းပါတီသို့ ကူးပြောင်းခဲ့သူ စိုင်းထွန်းထွန်းဦးကမူ နေ့လည်ပိုင်းတွင် မဲလာပေးသူ နည်းပါးနေပြီး ပြဿနာ ကြီးကြီးမားမား မရှိကြောင်း သျှမ်းသံတော်ဆင့်သို့ နေ့လည် ၂ နာရီအချိန်တွင် ပြောဆိုသည်။

ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲတွင် မဲပေးရန် ဒုံကင်ပြား အခက်တွေ့

Posted: 01 Apr 2017 03:22 AM PDT

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် လစ်လပ်နေသည့် လွှတ်တော်ကိုယ်စားလှယ်နေရာ ၃ ခု အတွက် မဲလာပေးသူ ရ၀ ရာခိုင်နှုန်းရှိသဖြင့် ကျေနပ် အားရမှုရှိသည်ဟုပြောနိုင် မိုင်းနောင်မြို့နယ် ခွဲဘက်တွင် မဲပေးခြင်းဆိုင်ရာ ဗဟုသုတ အားနည်းနေသေးသည် သိရသည်။



“ဒေသခံလူထု စိတ်ဝင်စားမှုတော့ရှိတယ်လို့ပြောနိုင်တယ်။ မဲလာပေးတာတော့အားလုံးမဟုတ်ဘူး။ တချို့တဝက် လာတယ်။ ရ၀ ရာခိုင်နှုန်းလောက်လာပေးတယ်။ ကျေးသီးမှာအားရမှုရှိတယ်။ လူနည်းတဲ့ ရပ်ကွက် ဆိုရင်တော့ မဲပေးလို့တောင်ပြီးပြီ။ ” - ဟု ကျေးသီးလူငယ်ခေါင်းဆောင် စိုင်းအွတ်က ပြောသည်။


မိုင်းနောင်မြို့နယ်ခွဲတွင်မူ ကျေးလက် မဲပေးရန်တုံကင်ပြား မရသဖြင့် မဲရုံသို့လာရောက်စောင့်ဆိုင်း နေသူလည်းရှိနေကြောင်းသိရသည်။


“ မဲပေးဖို့ပညာပေးမှုနည်းပါးနေသေးတာလို့ ဆိုနိုင်ပါတယ်။ နားကန်းအုပ်စုက ကော်မရှင်အတွင်းရေးမှူး ကနေ တုံကင်ပြားတွေကို ရွာသားလက်ထဲကိုပေးလိုက်တော့ ရွာသားတွေကမသိဘူးလေ။ တွေ့တဲ့သူကို သူတို့ကသွားဝေပေးတာ။ ဆိုတော့အမှန်တကယ်မဲပေးရမယ့်သူ ၃၀ ကျော်က တုံကင်ပြားမရှိဘဲ မဲရုံမှာလာ စောင့်နေတာတွေလည်းရှိတယ်။ တချို့ကလည်း မိမိတုံကင်ပြားကို မဲပုံးထဲထည့်လိုက်တယ် အဲလိုတောင်ရှိ တယ်။ အဲလိုအသေးအမွှားတွေကအစ ဗဟုသုတတွေပေးရဦးမယ် ရွာသားတွေကို ။” - ဟု ကျားခေါင်း ပါတီမှ လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းကပြောသည်။


ကျေးသီးမြို့နယ် အတွင်းတွင် မဲရုံ ၅၈ ရုံတွင် မဲဆန္ဒရှင် ၅ သောင်းကျော်ရှိပါသည်။ ထိုဒေသများ သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက မိုင်းရှူးဒေသခံ မဲဆန္ဒရှင် ၅ သောင်းကျော်များနည်းတူ မဲပေးပိုင်ခွင့် လှစ်ဟင်း သူ များဖြစ်သည်။

ကျိုင်းတုံမြို့တပ်တွင်းမဲရုံတခုတွင် သျှမ်းပါတီ ၂ ခုပေါင်း ၃ မဲသာရရှိထား

Posted: 01 Apr 2017 03:14 AM PDT

မဲပေးမှုနည်းပါးသော သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ လစ်လပ်မဲဆန္ဒနယ်အမှတ် ၂ တွင် ထောက်ပို့တပ် ထပရ ၉၃၂ တပ်အတွင်းတွင် မွန်းလွဲ ၁ နာရီခန့်က မဲများရေတွက်ရာ ကြံ့ခိုင်ရေးတပ်မှ မဲအပြတ်အနိုင်ရ ထားကြောင်း သိရသည်။


ထောက်ပံ့တပ်မဲရုံတွင် ကြံ့ခိုင်ရေးပါတီက ၃၈၅ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈ မဲ၊ အခါပါတီက ၆ မဲ၊ ကျားဖြူပါတီက ၂ မဲနှင့် ကျားခေါင်းပါတီက ၁ မဲ  ရရှိကြောင်း၊ သို့သော် မဲပေးခွင့်ရှိသူ ၆၉၂ မဲရှိသဖြင့် လက်ရှိတွင်မဲလာပေးသူ စုစုပေါင်း မဲပြား ၄၀၂ ပြားသာရှိနေသေးရာ ကျန်နေသည့်မဲပြားပေါင်း ၃၀၀ ကျော် မှာ ရလဒ်မသိသေးကြောင်း ၊ ကြိုတင်မဲလည်းမရေတွက်ရသေးကြောင်း ကျိုင်းတုံမြို့က ရွေးကောက်ပွဲ စောင့်ကြည့်သည့်လူငယ်များ ကပြောသည်။


အလားတူ မိုင်းအင်းအုပ်စု နောင်စုကျေးရွာ တွင်မူ  မဲပေးခွင့်ရှိသူ ၃၂၄ ယောက်ရှိသည့်အနက် မွန်းလွဲ ၁ နာရီကျော်တွင် ကျေးရွာဥက္ကဌနှင့် မဲရုံတာဝန်ရှိသူများက မဲပေးသူမရှိတော့ ဟုဆိုကာမဲရုံပိတ် လိုက်ပြီဖြစ် ကြောင်း ကျားခေါင်းပါတီဝင် များကပြောသည်။


မိုင်းအင်းအုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၂၄ ဦးအနက် ၁၄၆ ယောက်သာမဲလာပေးပြီး ၁၇၈ ဦးကျန်နေ ကြောင်း၊ ကျားခေါင်းပါတီမှတာဝန်ရှိသူများကသွားရောက်မေးမြန်းရာတွင် အဆိုပါကျန်နေသူများမှာ တခြားဒေသသို့ခရီးလွန်နေသည်ဟု မဲရုံမှူးလဲဖြစ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးလဲ ဖြစ်သူပြောသည်။


မိုင်းအင်းအုပ်စုတွင် အခါပါတီ ၅၉၊ ပြည်ခိုင်ဖြိုး ၄၆၊ ဒီချုပ် က ၁၈ ၊ လားဟူ ၉၊ ကျားဖြူ ရ ၊ ကျားခေါင်း ရ  ရရှိကာ ကျန်မဲပြားများမှာ ပယ်မဲဖြစ်သည်ဟု ဆိုသည်။


အဆိုပါ မိုင်းအင်းအုပ်စုသည် ၂၀၁၅ ရွေးကောက်ပွဲကလည်း မဲပေးပိုင်ခွင့်ရှိသူ  ၃၀၀ ကျော်ရှိရာ  ပယ်မဲမရှိ ဘဲ NLD ပါတီက အပြတ်အသတ်အနိုင်ရသွားကြောင်းကျိုင်းတုံရပ်မိရပ်ဖတဦးဖြစ်သည့် စိုင်းဆာမ်က ပြောပါသည်။


ကျိုင်းတုံကြားဖြတ်ရွေးကောက်ပွဲ လူထုစိတ်မဝင်စား မဲပေးသူနည်းပါး

Posted: 01 Apr 2017 03:11 AM PDT

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ်ရွေးချယ်မှုတွင် ဒေသခံလူထု မဲပေးရန်စိတ်ဝင်စားမှုအားနည်းနေကြောင်း သိရသည်။


ဓါတ်ပုံ- ကျိုင်းတုံမြို့ ရပ်ကွက် ၁ အတွင်းမဲရုံတချို့အားတွေ့ရပုံ (Credit to SAMO)
"မဲလာပေးတဲ့သူအရေအတွက်အရမ်းနည်းပါတယ်။ နေမြင့်လေ လူနည်းလေဘဲ။ မဲပေးဖို့ သွားတန်းစီစောင့်တာ ၁၀ မိနစ်တောင်မစောင့်ရဘူး။ မဲလာပေးတဲ့သူတယောက်အနေနဲ့ကြည့်ရင်လည်း အားရကျေနပ်မှုမရှိဘူး။  - ဟု ကျိုင်းတုံဒေသခံ စိုင်းခမ်းဆာမ်ကပြောသည်။


မဲဆန္ဒနယ်အမှတ် ၂ အတွက်မဲပေးခွင့်ရှိသူ ၅ သောင်းကျော်ရှိသော်လည်း မဲရုံတခုချင်းစီတွင်လာရောက်မဲပေးကြသည့် အရေအတွက်မှာ ရာဂဏန်းသာရှိကြောင်း မဲရုံများစောင့်ကြည့်ရန်တာဝန်ကျသည့် ကျားခေါင်းပါတီလူငယ် စိုင်းအောင်မြင့်ဦးကပြောသည်။


ရှင်ပြုပွဲ တို့ မင်္ဂလာဆောင်ပွဲတို့ဆီဘဲအာရုံရောက်နေကြတော့ မဲလာပေးတဲ့သူအရမ်းနည်းတယ်။ အားရကျေနပ်မှုမရှိဘူး။ တခုစိုးရိမ်ရတာက ကျန်တဲ့ မဲလာမပေးသူတွေရဲ့မဲပြားတွေဟာ ကြိုတင်မဲပုံးထဲဝင်ကုန်မှာစိုးလို့ပါဘဲ။  - ဟုပြောသည်။


ကျိုင်းတုံမြို့တွင် ပြည်နယ်လွှတ်တော် မဲဆန်ဒနယ်အမှတ် ၂ အတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၆ ခုရှိရာ ကျားခေါင်းပါတီ SNLD ကျားဖြူပါတီ SNDP ကြံ့ခိုင်ရေးပါတီ USDP အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် အခါ ပါတီ တို့ဖြစ်ကြသည်။

ကျိုင်းတုံမှာသျှမ်းပါတီက အနိုင်ရစေချင်တယ် (ကျားဖြူပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစိုင်းယွက်ဟောင်မှ သျှမ်းသံတော်ဆင့်အား ၄င်း၏အမြင်သဘောထားများကိုပြောပြသည်။ )

Posted: 01 Apr 2017 12:42 AM PDT

ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်၂ မှာ ယှဉ်ပြိုင်ဖို့ ကျားဖြူပါတီကနေပြီး ကျနော် စည်းရုံးရေးဆင်းပါတယ်။ ကျနော် နဲ့ ဦးသောင်းစိန် ပေါ့။


ကျနော်တို့ ကျိုင်းတုံကျားဖြူက တခြားဒေသ တခြားပါတီတွေနဲ့မတူတာတချက်က ကျနော်တို့ဒီအတွက်က ဘတ်ဂျက်သိပ်မရှိဘူး။ ကျနော်တို့ ၂ ယောက်က မော်တော်ဆိုင်ကယ်နဲ့ဘဲသွားတယ်။ ကျနော်က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း၊ ဦးသောင်းစိန်က သျှမ်းပြည်အရှေ့ပိုင်းကျားဖြူပါတီရဲ့ ဗဟိုကော်မတီဝင်လေ။ နေရာအနှံ့တော့ဆင်းခဲ့ပါတယ်။ တာဝန်လည်းကျေအောင်လုပ်ခဲ့ပါတယ်။


အောင်နိုင်ရေးအတွက်လည်း အတတ်နိုင်ဆုံးလုပ်ခဲ့ပါတယ်။ ဒါမယ့် ကားနဲ့မသွားတာတခုပါဘဲ။ ကားနဲ့သွားရင် စားရိတ်က ပိုကြီးမယ်လေ။ လူတွေကမေးတယ်ကျနော်တို့ကို။ ဘာကြောင့် ၂ ယောက်ဘဲလာတာလဲ ။ သူများပါတီတွေလိုဘာကြောင့်လူအင်အားမများတာလဲလို့မေးကြတယ်။ ကျနော်ပြောလိုက်တယ်။ သူများတွေလူ အများကြီးလာလဲ ၂ ယောက်ဘဲဟောတာဘဲ။ ကျနော်တို့ ၂ ယောက်ဘဲလာလည်း ၂ ယောက်ဘဲဟောတာဘဲ။


အကောင်းဘက်ကတွေးရင်ကျနော်တို့လူမများတာ ဒေသခံတွေ ရွာသားတွေကျနော်တို့ကို အများကြီးမပြုစု ရတော့ သက်သာတာပေါ့ လို့ပြောလိုက်တယ်။


အခုဒီကြားဖြတ်ရွေးကောက်ပွဲကို ကျနော်တို့လေ့လာမိသလောက် ကျိုင်းတုံကလူတွေက သိပ်ပြီးတော့ စိတ်မဝင်စားဘူး။ သူတို့ကမေးတယ်။ ဘာကြောင့်ကျနော်တို့က မဲထည့်ရမလဲ။ ၂၀၁၅ တုန်းကတခါ ထည့်ပြီးပြီဘဲ။ ပြီးတော့ အရင်တုန်းကလိုလည်းမဟုတ်ဘူး။ ကျိုင်းတုံတမြို့လုံးမှာမှကျနော်တို့ဘဲ မဲထည့် ရမှာ ဘာကြောင့်လဲ ဆိုပြီးမေးတဲ့လူတောင်ရှိတယ်။ သဘောက လူထုက ဒီနိုင်ငံရေးတွေမှာ ဒီအပိုင်းတွေ မှာ နားလည်မှုအရမ်းအားနည်းနေတယ်။


၂၀၁၅ တုန်းကလည်း မဲလာထည့်တာ ၅၅ ရာခိုင်နှုန်းဘဲရှိတယ်။ အဲ့တုန်းကလည်း ဒီနယ်မှာ မဲဆန္ဒရှင် ၅ သောင်းကျော်ရှိတယ်။ သျှမ်းက ၃၈ ရာခိုင်နှုန်းရှိတယ်။ လူဦးရေ ရ သောင်းကျော်တယ်။ အခါဆိုရင် ၁၈ ရယ်ခိုင်နှုန်းရှိတယ် လူဦးရေအရဆိုရင် ၄ သောင်းကျော်ရှိတယ် ။ သျှမ်းက လူဦးရေအများဆုံး ဒါမယ့် သူများကိုရှုံးနေတာဘဲ။ သမိုင်းကိုပြန်ကြည့်လိုက်။


သျှမ်းပါတီဆိုရင် ၁၉၉၀ တုန်းကလည်း ကျားခေါင်း ပါတီတခုဘဲပြိုင်တယ်။ ကျိုင်းတုံမှာ။ မအောင်ဘူး။ ၂၀၁၀ - ကျားဖြူပါတီတခုတည်းပြိုင်တယ်။ မအောင်ဘူး။ ကျိုင်းတုံမှာ။


၂၀၁၅ ကျတော့ ကျားဖြူ ကျားခေါင်းအပြင် မင်္ဂလာစည်တော် ဆိုတာရှိလာပြန်တယ်။ ၃ ခု။ အဲဒီမှာ ပါဆန့်တိတ်ကိုပြန်ကြည့်မယ်ဆို၇င် ကျားခေါင်းပါတီဆိုရင် ရ ရာခိုင်နှုန်းဘဲရှိတယ်။ ကျားဖြူဆိုရင် ၆ ရာခိုင်နှုန်းဘဲရှိတယ်။ မင်္ဂလာစည်တော်ဆိုရင် ၃ ရာခိုင်နှုန်းဘဲရှိတယ်။ လူဦးရေနဲ့တွက်မယ်ဆိုရင် မဲလာထည့်တာက သျှမ်းက ၁၆ ရာခိုင်းနှုန်းဘဲရှိတယ်။ ကြံ့ဖွံ့က ၄၀ ရာခိုင်နှုန်းနဲ့အနိုင်ရတယ်။ အဲန်အယ်ဒီက ၃၀ ရာခိုင်နှုန်းရတယ်။ အဲတာဘာကြောင့်လဲ။ သျှမ်းက စည်းလုံးမှုမရှိဘဲ ကွဲပြီးရင်းကွဲနေ လို့ဘဲဖြစ်တယ်။


ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကျိုင်းတုံမှာဝင်ပြိုင် မယ့်ပါတီက ၆ ပါတီရှိတယ် ။ သျှမ်းက ၂ ပါတီဖြစ်နေ တယ်။ ပြီးတော့ ကိုယ်စားလှယ်လောင်းတွေဟာ သျှမ်းလူမျိုးက ၂ ယောက်ဘဲရှိတယ်။ ကျန်တာက အဲန်အယ်ဒီဆိုရင်ဒေါက်တာဝဏ်ဏစိုး၊ ကြံ့ဖွံ့ကဝင်ပြိုင် မှာက လားဟူ၊ အခါပါတီကလည်း အခါလူမျိုးပါ။


ဒါကြောင့် ကျနော်စည်းရုံးရေးဆင်းတုန်းကလည်း ဒေသခံလူထုကိုပြောလိုက်ပါတယ်။ ကျားဖြူ ကျားခေါင်း တွေ ခွဲမနေပါနဲ့တော့ ။ စည်းလုံးညီညွတ်စွာဖြင့် သျှမ်းတယောက်ကိုဘဲ စုပေါင်းမဲထည့်လိုက်ပါ။ အဲလိုဆိုရင် ကျနော်တို့သျှမ်းက အနိုင်ရပါလိမ့်မယ် - လို့ပြောလိုက်ပါတယ်။ သျှမ်းကိုအနိုင်ရစေချင်ပါတယ်။

သျှမ်းသံတော်ဆင့်

unread,
Apr 2, 2017, 5:03:23 PM4/2/17
to thuau...@gmail.com

ကျိုင်းတုံမြို့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်

Posted: 02 Apr 2017 06:31 AM PDT

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း လစ်လပ်မဲဆန္ဒနယ်  ပြည်နယ်လွှတ်တော် အမှတ် ၂ တွင် ကြံ့ခိုင်ရေးပါတီ USDP ကမဲအများဆုံးဖြင့်အနိုင်ရရှိခဲ့ပါသည်။


ကျိုင်းတုံမြို့တွင်ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများမှာ  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP နှင့် အခါအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ ANDP ၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP အမျိုးသား ဒီမိုကရေ စီအဖွဲ့ NLD ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုး ရေးပါတီ USDP ၊ တို့ဖြစ်ပြီး ဧပြီလ ၂ ရက်နေ့ မဲရေတွက်မှုအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကမဲအများဆုံးဖြင့် အနိုင် ရရှိကြောင်းမြို့နယ်ကော်မရှင်ထံ ပုံစံ ၁၉  တွင် လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် ရွေး ကောက်ပွဲကော်မရှင်များမှ လက်မှတ်ရေးထိုးခြင်း အရသိရသည်။


ရရှိသည့် မဲအရေအတွက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ကျိုင်းတုံမြို့ 
ပြည်နယ်မဲဆန္ဒနယ်အမှတ်
USDP
ဦးရှာမွေလရှန်
၇၀၂၆
NLD
ဒေါက်တာ၀ဏ္ဏစိုး
၄၅၁၈
SNLD
ဦးစိုင်းလုံ
၃၃၉၇
SNDP
စိုင်းယွက်ဟောင်
၁၁၇၅
ANDP
ဒေါ်နာတာလီနာ
၂၀၄၆
LNDP
ဦးအာမုတ်
၂၄၆၆

ကျေးသီးမြို့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်

Posted: 02 Apr 2017 06:27 AM PDT

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း လစ်လပ်မဲဆန္ဒနယ် ၃ ခုစလုံးတွင်  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကမဲအများဆုံးဖြင့်အနိုင်ရရှိခဲ့ပါသည်။


ကျေးသီးမြို့နယ်မဲဆန္ဒနယ်တွင်ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများမှာ  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP နှင့် လားဟူ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ LNDP အမျိုးသားဒီမိုကရေစီအဖွဲ့  NLD ၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP တို့ဖြစ်သည်။


ဧပြီလ ၂ ရက်နေ့မဲရေတွက်မှုအရ ကျားခေါင်းပါတီ SNLD မှာ မဲအများဆုံးဖြင့် လစ်လပ်နေရာ ၃ ခုစလုံး အနိုင်ရရှိကြောင်းမြို့နယ်ကော်မရှင်ထံ ပုံစံ ၁၉  တွင် လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် ရွေးကောက် ပွဲကော်မရှင်များမှ လက်မှတ်ရေးထိုးခြင်း အရသိရသည်။


ရရှိသည့် မဲအရေအတွက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ကျေးသီးမြို့
ပြည်နယ်မဲဆန္ဒနယ်အမှတ်
ပြည်နယ်မဲဆန္ဒနယ်အမှတ်
ပြည်သူ့လွှတ်တော်
SNLD
စိုင်းစံမိန်း
၁၁၅၄၂
ဦးခင်မောင်ညွန့်
၇၈၃၂
စိုင်းအောင်ကျော်
၁၈၈၈၂
SNDP
နန်းနွေးနွေး
၃၃၅
နန်းမွန်းအောင် 
၃၇၀
နန်းတင်ဦး
၇၃၆
USDP
စိုင်းရွှေမှုံ
၈၇၇
စိုင်းမိုးကျော်သူ
၁၇၅၉
စိုင်းကျော်ခိုင်
၃၂၃၅
NLD
စိုင်းဆိုင်လင်း
၆၅၂
ဦးသန့်ဇင်လင်း
၄၅၆
စိုင်းအွမ်ခမ်း
၁၆၆၈
LNDP
ယှဉ်ပြိုင်ခြင်းမရှိ

ဦးဂျာဘို
၁၄၁၉
ယှဉ်ပြိုင်ခြင်းမရှိ


မိုင်းရှူးမြို့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်

Posted: 02 Apr 2017 06:20 AM PDT

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းလစ်လပ်မဲဆန္ဒနယ် ၃ ခုစလုံးတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကမဲအများဆုံးဖြင့်အနိုင်ရရှိခဲ့ပါသည်။


မိုင်းရှူးမြို့နယ်မဲဆန္ဒနယ်တွင်ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီများမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP နှင့် ၀ ရက်ဘရယ်ဒီမို ကရက်တစ်ဖွံ့ဖြိုး ဖွံ့ဖြိုးတိုးတက် ရေး ပါတီ WLDDP အမျိုးသားဒီမိုကရေစီအဖွဲ့NLD ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP  တို့ဖြစ် သည်။ ဧပြီလ ၂ ရက်နေ့မဲရေတွက်မှုအရ ကျားခေါင်း ပါတီ SNLD မှာ မဲအများဆုံးဖြင့် လစ်လပ်နေရာ ၃ ခု စလုံးတွင် အနိုင်ရရှိကြောင်း မြို့နယ်ကော် မရှင်ထံ ပုံစံ ၁၉ တွင် လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်များမှ လက်မှတ်ရေးထိုးခြင်းအရ သိရသည်။


ရရှိသည့် မဲအရေအတွက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

မိုင်းရှူးမြို့
ပြည်နယ်မဲဆန္ဒနယ်အမှတ်
ပြည်နယ်မဲဆန္ဒနယ်အမှတ်
ပြည်သူ့လွှတ်တော်
SNLD
စိုင်းလင်းမြတ်
၄၇၆၄
နန်းကောင်ခမ်း
၅၇၅၃
စိုင်းထွန်းအေး
၁၀၂၁၆
SNDP
နန်းစံဦး
၅၇၆
စိုင်းဘထွန်း
၅၀၂
နန်းခမ်းယဉ်အောင်
၈၆၈
USDP
သေဆုံး
--
စိုင်းကမ်
၁၅၅၈
ဦးကျော်တင်ဆွေ
၃၄၈၄
NLD
ဦးကျော်ခင်
၂၈၁၇
နန်းစင့်ခမ်း
၈၆၅
ဦးဝင်းနိုင်
၃၁၉၀
WLDDP
ဦးဆမ်းစန်
၈၁
ဦးစံမိန်း
၁၀၇
ယှဉ်ပြိုင်ခြင်းမရှိ


မိုင်းရှူးမြို့တွင်းလည်း ကျားခေါင်းပါတီ အနိုင်ရရှိ

Posted: 02 Apr 2017 04:47 AM PDT

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့ တွင် ယှဉ်ပြိုင်ကြသည့် ပါတီများ အနက် ကျားခေါင်း ပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိပါသည်။


“သေခြာသွားပြီ၊ ကျားခေါင်းပါတီက အနိုင်ရပါတယ်။ အသီးသီးရရှိတဲ့ မဲအရေတွက်ကို ၃ နာရီ ကျော်ကျော်တုန်းက သဘောတူလက်မှတ်ထိုးကြပြီးပြီ” - ဟု မိုင်းရှူးမြို့၌ ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာသည့် သျှမ်းလူငယ်များကွန်ရက်မှ စိုင်းလွယ်ခမ်းပန်က ပြောသည်။
ယှဉ်ပြိုင်သည့်ပြည်သူ့လွှတ်တော်တွင် ကျားခေါင်းပါတီက - ၁၀၂၁၆ မဲ၊ ကျားဖြူပါတီက ၈၆၄ မဲ၊ NLD ပါတီက ၃၁၉၀ မဲ၊ ပြည်ခိုင်ဖြိုး USDP က ၃၄၈၄ မဲ ရရှိ၏။


ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင် ကျားခေါင်းပါတီက ၄၇၆၄ မဲ၊ ကျားဖြူပါတီက ၅၇၆ မဲ၊ NLD က ၂၈၁၇ မဲ၊ ၀ ပါတီက ၈၁ မဲ အသီးသီးရရှိပြီး  USDP က ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပါ။


ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင်မူ ကျားခေါင်းပါတီက ၅၇၅၃ မဲ၊ ကျားဖြူပါတီက ၅၀၂မဲ၊ NLD က ၆၈၅ မဲ၊ ၀ ပါတီက ၁၀၇ မဲ ၊ USDP က ၁၅၅၈ မဲ ရရှိသည်။


မိုင်းရှူးမြို့နယ် ၊ မိုင်းစံမြို့နယ်ခွဲ အပါအဝင် မဲပေးပိုင်ခွင့်ရှိသူ ၅၀၀၀၀ ကျော်ရှိသော်လည်း ဆန္ဒမဲ လာရောက် ပေးအပ်သူ ၅၀% ခန့်သာရှိကြောင်း စောင့်ကြည့်လေ့လာသူများကပြောသည်။


မိုင်းရှူးမြို့နယ် နှင့် ကျေးသီး မြို့နယ်တို့သည် ၂၀၁၅ ရွေးကောက်ပွဲ က ဒေသအတွင်း တည်ငြိမ်မှုမရှိ သော ကြောင့် ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲကျင်းပရန် ပိတ်ပင်လိုက်သောကြောင့် ဒေသခံများ မဲပေးခွင့်လှစ်ဟင်းခဲ့သည်။

မိုင်းရှူးကြားဖြတ်ရွေးကောက်ပွဲ လက်နက်ကိုင်တားဆီးနှောင့်ယှက်မှု ရှိပါသလား??

Posted: 02 Apr 2017 01:40 AM PDT

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ကြားဖြတ်ရွေးကောက်ပွဲတွင် SNLD မှ မဲအပြတ်အသတ်ရရှိ သည့်အပေါ် မြေပြန့်ပါတီများက စည်းရုံးရေးကာလက ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့များကြောင့် လွတ်လပ်စွာသွားလာစည်းရုံးခွင့်မရသောကြောင့် ၎င်းတို့မဲမရရှိခြင်းဖြစ်ကြောင်းပြောဆိုနေကြ ပါသည်။ ၎င်းတို့စွပ်စွဲ သည့်အတိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေက တားမြစ်ပါသလား ။ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်သတင်းထောက်နန်းဟွမ်က ဆက်သွယ်မေးမြန်းထားပါတယ်။



မေး။ ။ ဒီကနေ့ မိုင်းရှူး မြို့ က ရွေးကောက်ပွဲ ရလဒ်အခြေအနေ ဘယ်လိုရှိလဲ။


ဖြေ။ ။ အခု ကျနော်တို့ ပါတီအောင်နိုဖို့ က ပြည်သူ့လွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်အမှတ် ၂ အောင်နိုင်ဖို့များတယ်။ ပြည်နယ်အမှတ် ၁ ကတော့ တောင်ပေါ် (ပတ္တမြားတောင်) က မဲရုံတွေ အကုန်မလာသေးလို့။ နောက်တနေရာတော့ ပြောလို့မရသေးဘူး။


မေး။ ။ ဦးစိုင်းလိတ်ရှင့် ။ မိုင်းရှူးမှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီကြီး တချို့က စည်းရုံးရေးဆင်းရာမှာလွတ်လပ်မှုမရှိဘူးလို့ ဒေသအတွင်း ရောက်နေတဲ့ လေ့လာတဲ့ NGO အဖွဲ့အစည်း တွေကိုပြောဆိုနေတာတွေရှိပါတယ်။ အဲဒီအပေါ် ဘယ်လိုပြောလိုပါသလဲ။


ဖြေ။ ။အလွယ်ဆုံးပြောရရင်တော့ ကြွက်မနိုင် ကျီမီးရှို့တဲ့သဘောလို့ဘဲပြောလို့ရပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်စည်းရုံးရေးဆင်းတဲ့ကာလကတည်းကဘဲ ဘယ်နယ်ကို ဆင်းရမယ် ဘယ်နယ်ကိုမဆင်းရဘူးဆိုတာ အားလုံး တပြေးတည်းအခွင့်အရေးရပြီးသားပါ။ အဲတော့ SNLD ဆင်းတဲ့နေရာမို့လို့ တခြားပါတီမဆင်းရဘူးဆိုတာလည်းမရှိဘူး။ SNLD ဆင်းလို့ရတဲ့နေရာတိုင်းကို တခြားပါတီကလည်းလွတ်လပ်စွာစည်းရုံးပိုင်ခွင့်ရှိတယ် ဆိုတာကို သက်ဆိုင်ရာ ဒီနယ်မြေထဲမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းကြေငြာထားတယ်။ လက်တွေ့လည်းဘဲအဲ့တိုင်း ကျင့်သုံးနေကြတယ်။ သွားလည်းသွားနေကြတာဘဲပေါ့နော်။ နောက်ဆုံး တခြားပါတီတွေက သူတို့မနိုင်လောက်တဲ့ နေရာဒေသတွေမှာ ရွေးကောက်ပွဲမကျင်းပဖို့အထိ တောင်းဆိုထားတာ တွေရှိတယ်။


မေး။ ။ မဲရုံရွေ့လိုက်တဲ့ အနေအထားကကော။


ဖြေ။ ။ဟုတ်ကဲ့။ ကျနော်တို့က ပြည်သူလူထုရဲ့သဘောထား ဒေသခံတွေရဲ့သဘောထားကို မေးကြည့်တော့ သူတို့ကိုယ်နိုက် ကလည်း မဲထည့်ချင်တယ်ဆိုတော့ အားလုံးမဲထည့်နိုင်အောင် ကျနော်တို့က ယူအီးစီနဲ့ညှိနှိုင်းပါ တယ်။ သက်ဆိုင်ရာပြည်နယ်ရွေးကောက်ပွဲကော်မရှင် နဲ့လည်းညှိနှိုင်းတယ်။ ကျနော်တို့ပြောတဲ့ အတိုင်း ရွေးကောက်ပွဲကိုတော့မပိတ်ပင်ဘူး။ ဒါမယ့်ကန့်သတ်မှုတွေ ရှိတယ်။ မိုင်ပေါင်း ၁၀ ချီဝေးတဲ့အရပ်ကနေပြီးတော့လာပြီးမဲထည့်ရတယ်။ အဲလိုထည့်တဲ့နေရာမှာ ဥပမာ ဝမ့်လွယ်ဆိုရင် ဝမ့်လွယ်အုပ်စု သူ့မဲရုံဟာ တပ်မတော်အခြေချ စခန်းတခုရဲ့ အောက်ခြေမှာ ဘဲရှိပါတယ်။ အလွန် ဆုံးဝေးလှရင်ကိုက် ၅၀၀ ဘဲပေါ့နော်။ အဲဒီကိုမဲလာထည့် တဲ့ပြည်သူလူ ထုဟာ အနည်းဆုံး ၁၈ မိုင်ကနေ မိုင်၂၀ လောက်အထိ အကွာအဝေးကနေလာပြီးမဲထည့်ရတာပါ။


မေး။ ။ အဲဒီမဲရုံတွေကကော် ဘယ်ပါတီကမဲအများဆုံးရနေလဲ။


ဖြေ။ ။ အဲဒီမဲရုံကိုကျနော်တို့ကိုယ်တိုင်သွားပြီးတော့မှစီစစ်ပါတယ်။ အဲဒီမဲရုံမှာ NLD ကနေ အနိုင်ရ ထားပါတယ်။ တခါအဲဒီမဲရုံနဲ့မျက်နှာချင်းဆိုင် လမ်းတလမ်းဘဲခြားပြီးတော့မှ စာသင် ကျောင်း မှာ လုပ်တဲ့မဲရုံ အဲတာလွယ်နိုင်းလို့ခေါ်ပါတယ်။ လွယ်နိုင်းမဲရုံမှာ ကျနော်တို့ SNLD ကနေဦး ဆောင်ပြီး တော့ ကြံ့ခိုင်ရေးပါတီက ဒုတိယလိုက်ပါတယ်။ အဲ့တော့ ရပ်ဝေးကလာတဲ့ လူချင်းအတူတူ စည်းရုံးရေး ဆင်းစဉ်အခါတုန်းကလည်း အားလုံးအတူတူ အခွင့်အရေးအတူတူရ နေရက်နဲ့ ပြည်သူလူထုက သူ့စိတ်အားသန်ရာ သူယုံကြည်ရာပါတီကိုမဲထည့်တယ်ဆိုတာကတော့ ဒါ အင်မတန်ကို ရှင်းလင်း ပါတယ်။


မေး။ ။ မီဒီယာ လွတ်လပ်ခွင့်အခြေအနေကော ဘယ်လိုရှိလဲ။


ဖြေ။ ။ ကြားခံအဖွဲ့အစည်းတွေဖြစ်တဲ့မီဒီယာအဖွဲ့အစည်းတွေ နောက်နိုင်ငံတကာက လွှတ်လာ တဲ့ဒီ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ကိုယ်တိုင်လည်းဘဲ အဲဒီမဲရုံတွေကိုရောက်ပါတယ်။ ဒီတော့ မဲဆွယ်စည်းရုံးစဉ်ကာလက သူတို့ကကန့်ကွက်ပြီးပြီ မဲရုံပိတ်ဖို့။ အခုက သူတို့ကစိတ်ချယုံကြည် ရတဲ့အနေအထား စစ်တပ်နဲ့နီးတဲ့နေရာ အထိကိုမဲရုံကိုဆောက်ပေး ပြီးပြီ။


မေး။ ။ ဒီလိုဆိုရင် မိုင်းရှူးမှာ ဆရာတို့စည်းရုံးရေးမဆင်းရတဲ့ရွာ ရှိပါသလား ။


ဖြေ။ ။ ရှိပါတယ်။ ဟိုင်းပါဘက်ကပါ။ မိုင်းခန်အုပ်စုပေါ့ ကျနော်တို့လည်း မသွားရဘူး ။ ဘယ်ပါတီမှမသွားရဘူး သူတို့ကဝေးလို့။ ဒါမယ့် မဲပေးတဲ့နေ့မှာ မဲပေးချင်လို့ဆိုပြီးမဲလာပေးတာ ၂၀၀ လောက်ရှိတယ်။ မဲကိုခြစ်ချင်သလိုခြစ်တယ်။ တချို့လည်းတုံကင်ပြားတွေကိုမဲပုံးထဲထည့် လိုထည့်။ တချို့ဆိုရင်လည်း မဲပြားကိုမခြစ်ဘဲ မဲမပေးဘဲ ပုံးထဲထည့်ပြီးပြန်သွားတာတွေလည်း ရှိပါတယ်။ မဲလာပေးတဲ့ ဒေသခံလူထု ၂၀၀ လောက်မှာ ကောင်းကောင်းနဲ့မှန်မှန်မဲထည့်နိုင် တဲ့သူက ဆယ်ချီလောက်ဘဲရှိတယ်။ အဲလိုခါကျတော့ သူတို့ရွာကို ဘယ်အဖွဲ့ကဖြင့်သွားရမယ်။ ဘယ်အဖွဲ့ကဖြင့် မသွားပါနဲ့လို့ ဘယ်သူမှလည်း မတားထားဘူး။ ဝေးလို့ ကိုယ့်ကိုယ်ကိုမသွားတာ။ အဲတာကိုကြည့်ခြင်း အားဖြင့်လည်း ရှင်းရှင်းသိနိုင်ပါတယ်လေ။


မေး။ ။ ဒီကြားဖြတ်ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲ။


ဖြေ။ ။ ကျနော်တို့ ကိုယ် နိုက်ကလည်း ရှုံးသင့်တဲ့နေရာမှာရှုံးပြီးပြီ။ သူတို့ကလည်းဘဲ ရှုံးသင့်တဲ့နေရာမှာရှုံးပြီးပြီ။ ဒီအချိန် ကျမှ ဟို ရွေးကောက်ပွဲစည်းရုံးရေးကာလက သူတို့မှာလွတ်လပ်စွာသွားလာခွင့်မရှိဘူး ဆိုတာ ကတော့ ဒါခုနကပြောသလို ကြွက်မနိုင်လို့ ကျီမီးရှို့တာ အခြေအမြစ်မရှိတဲ့စကားတွေလို့ဘဲ လို့ ကျနော်တို့သုံးသပ်ပါတယ်။


ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။


ဓါတ်ပုံ- ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းကာလက မိုင်းရှူးမြို့နယ်အတွင်း စည်းရုံးရေးဆင်းနေပုံ Photo credit to SNDP and SNLD

ကျေးသီးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ ကျားခေါင်းပါတီ အပြတ်အသတ်နိုင်

Posted: 01 Apr 2017 09:10 PM PDT

သျှမ်းပြည်တောင်ပိုင်း လွိုင်လင် ခရိုင် ကျေးသီးမြို့နယ်အတွင်း လစ်လပ် မဲဆန္ဒနယ် ၃ နေရာ အတွက် ယှဉ်ပြိုင်သည့် ပါတီကြီး ၄ ခု အနက် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီက အပြတ်အသတ် အနိုင်ရရှိသည်ဟု သိရသည်။


“ကျားခေါင်းပါတီ အနိုင်ရကြောင်း တခြားပါတီတွေလဲ လက်မှတ်ထိုးအသိအမှတ်ပြုလိုက်ပါပြီ” - ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ စိုင်းစောရွှေက ပြောသည်။


ကျေးသီးမြို့နယ်အတွင်း ပြည်သူ့လွှတ်တော်အမတ်နေရာတွင်ယှဉ်ပြိုင်ရာ  - သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီက  ၁၈၈၈၂ မဲ၊ ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီက SNDP ၇၃၆  မဲ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ၁၆၆၈ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ၃၂၃၅ မဲ အသီးသီးရရှိသည်။


ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်တွင် - ကျားခေါင်းပါတီက ၁၁၅၄၂ မဲ၊ ကျားဖြူပါတီ က ၃၃၅ မဲ ၊ NLD ပါတီ က ၆၅၂ မဲ ၊ USDP (ပြည်ခိုင်ဖြိုး) ပါတီက ၈၇၇ မဲ ရရှိကြသည်။


ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ် တွင် ကျားခေါင်းပါတီက ၇၈၃၂ မဲ ၊ ကျားဖြူပါတီ ၃၇၀ မဲ ၊ NLD ပါတီက ၄၅၆ မဲ ၊ USDP (ပြည်ခိုင်ဖြိုး) ပါတီက ၁၇၅၉ မဲ ၊ လားဟူအမျိုးသားတိုးတက်ရေးပါတီ ၁၄၁၉ မဲ အသီးသီးရရှိသည်။


“ကျနော့်အနေနဲ့တော့ ကျေးသီးမြို့နယ်အတွင်းကျင်းပတဲ့ ကျားဖြတ်ရွေးကောက်ပွဲက  လူထုကိုယ်စားလှယ် တွေ ကို လာရောက်ရွေးချယ်ပေးတဲ့ ကျေးသီးမြို့နယ်အတွင်းနေ မဲဆန္ဒရှင် လူထုအားလုံးကို အထူးကို ဂုဏ်ယူတယ်။ ကျေးဇူးတင်ရှိပါတယ်” - ဟု ကျေးသီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ စိုင်းစောရွှေက ပြောပါတယ်။


ကျေးသီးမြို့နယ် အတွင်းတွင် မိုင်းနောင်မြို့ နယ်ခွဲပါဝင်ပြီး မဲဆန္ဒရှင် ၅၀၀၀၀ ကျော်ရှိသည့်အနက် ၇၅% နှုန်းထက်မနည်း မဲလာထည့်ကြသည်ဟု သိရပါသည်။


အဆိုပါဒေသများသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက ရွေးကောက်ပွဲ ကျင်းပခွင့်မရရှိခဲ့ကြပေ။



မိုင်းရှူးမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲတွင် ကျားခေါင်းပါတီမဲအရေ အတွက်ရှေ့ပြေးနေ

Posted: 01 Apr 2017 09:03 PM PDT

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ရှိ ၄၄ အုပ်စုတွင် ဧပြီလ ၂ ရက်နေ့မနက်ပိုင်းအထိ ရရှိထားသောမဲစာရင်း အရ ကျားခေါင်းပါတီ SNLD မှ ရှေ့ပြေးနေကြောင်း ကျားခေါင်းပါတီမှတာဝန်ရှိသူကပြောသည်။


ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ် ၂ နေရာမှာတော့ ကျားခေါင်းပါတီ အောင်နိုင် ဖို့ အလားလာ များနေပါပြီ။ လက်ရှိရထားတဲ့မဲစားရင်းအရပေါ့နော်။ ကျန်နေ တာ ၅ နေရာပေါ့။ လွယ်ဆိုင်က အဲန်အယ်ဒီအားကောင်း တယ်။ အဲတာ ကြောင့် စောင့်ကြည့် ရပါမယ်- ဟုကျားခေါင်းပါတီ ပြောခွင့်ရစိုင်းလိတ်က ပြောသည်။


ဧပြီလ ၂ ရက်နေ့မနက်ပိုင်းအထိ မိုင်းရှူးမြို့နယ် လွှတ်တော် ၃ နေရာစလုံး ရှေ့ပြေးနေကြောင်း၊ ကြိုတင်မဲနှင့် ၅ နေရာမှမဲစာရင်များလက်ရှိမဲစာရင်း ထက်  မပိုပါက ကျားခေါင်းပါတီမှ အပြတ်အနိုင်ရဖွယ်ရှိနေကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်သည့် သျှမ်းလူငယ်ကွန်ရက် မှ လူငယ် စိုင်းလွယ်ခမ်းပန်ကပြောပါသည်။


ကျိုင်းတုံမြို့တွင်မူ ကြံ့ခိုင်ရေးပါတီကမဲအရေအတွက်ရှေ့ပြေးဦးဆောင်အနိုင်ရ နေသော်လည်း ကျေးသီးမြို့တွင်မူ ကျားခေါင်းပါတီ အနိုင်ရရှိကြောင်း အခြားသော ပြိုင်ဘက်ပါတီများက လက်မှတ်ထိုး အသိအမှတ်ပြုပြီးဖြစ် ကြောင်း သိရှိရသည်။

သျှမ်းသံတော်ဆင့်

unread,
Apr 3, 2017, 5:07:26 PM4/3/17
to thuau...@gmail.com

သျှမ်းပြည်မြောက်ပိုင်း အတွင်းလေပြင်းမုန်တိုင်းတိုက်ခတ် မိုးသီးကြီးကြွေ ပျက်စီးဆုံးရှုံးမှုများပြား

Posted: 03 Apr 2017 03:41 AM PDT

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင်အတွင်း လေပြင်းမုန်တိုင်းတိုက်ခတ် မိုးသီးကြီးများကြွေကျရာ နေအိမ်များ ပျက်စီးပြီး ဒဏ်ရာရမှုလည်းရှိကြောင်း သိရသည်။


ဧပြီလ ၂ ရက် မနက်ပိုင်းက တန့်ယန်းမြို့နှင့် လားရှိုး သိန္နီမြို့တို့တွင် လေပြင်းမုန်တိုင်းနှင့်အတူ မိုးသီးများကြွေကျခဲ့ခြင်းဖြစ်သည်။

Photos from : Tang Yan News
“တန့်ယန်းမြို့နယ် ဟွေကြိမ်ကျေးရွာအုပ်စု  နမ့်ဟူးလွယ်ကာ မိုင်းကြိမ် ဘက်မှာ လေပြင်းတိုက် မိုးသီးကြွေတယ် ။ အဲဒီဒေသက ဖရဲသီးခြံနဲ့ မုန်ညှင်းခြံတွေ ဧကပေါင်းများစွာပျက်စီးပါတယ်။ ကောင်းစန်း၊ ပန်လောင်၊ ပန်နွဲ့ နမ့်မူဆယ်၊ လွယ်ဝေါ လွယ်ပျက် မန်ကောင်းမူး ရွာတွေမှာအထိနာတယ်။ ဟွေကြိမ် မူလတန်း ကျောင်း၊ ဟွေ့အော့ ခိုဟင်ရွာ နားပန်ရွာက ဗုဒ္ဓစာပေနဲ့သျှမ်းစာသင်တန်း ကျောင်းလည်း တော်တော်လေးပျက်စီးသွားတယ်။ ကွန်မောင်းကျေးရွာမှာလည်း အိမ် ၁၀လုံး ပျက်စီးတယ်။ ခေါင်မိုးတွေလှန်ထွက်ပြီးလေနဲ့အတူပါသွားတယ်။ ” - ဟု တန့်ယန်းဒေသခံ လုံးစိုင်းကပြောသည်။


နွေရာသီ သျှမ်းစာပေသင်ကြားရေးအတွက် သျှမ်းစာပေသင်တန်းကျောင်းသို့ ရောက်ရှိ နေသော ဟွေကြိမ်ရွာမှ  ကလေးငယ်တစ်ဦးလည်း ဦးခေါင်းတွင် အနည်းငယ်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တန့်ယန်းမြို့မှ ဦးစိုင်းသန်းတင် ကပြောသည်။


"ဦးခေါင်းထိခိုက်တဲ့ကလေးကဒဏ်ရာမပြင်းထန်ပါဘူး။ဆေးရုံသွားတော့ ၃ ချက်ချုပ်ရတယ်။ စာသင် ကျောင်းရဲ့ခေါင်မိုးလွှင့်ထွက်သွားပါတယ်။တစ်ခုလုံးလွှင့်ထွက်သွားတာရစရာမရှိအောင်ပျက်စီးသွားပါတယ်။အိမ်အချို့လည်းပျက်စီးတယ်။မိုးသီးတွေကကွမ်းသီးလုံးလောက်ရှိပြီးစိုက်ခင်းတွေပေါ်ကျလို့စိုက်ခင်းတွေပျက်စီးတာလည်းရှိပါတယ်။"  ဟု ဦးစိုင်းသန်းတင်ကပြောကြောင်း  တန့်ယန်းသတင်းစာမျက်နှာတွင် ရေးသားထားသည်။


လားရှိုးမြို့တွင် မိုးရွာသွန်းမှုရှိခဲ့သော်လည်း မိုးသီးကြွေမှုတော့မကြားရပေ။ အလားတူ သိန္နီကွန်လုံ ဟိုပန်လမ်းတွင်လည်း ဧပြီလ ၂ ရက်နေ့မနက်ပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးများကျိုးကျလမ်းပိတ်ကာ  ပန်လော့ ၀ိန်းနန်းရွာအနီးကားလမ်းပိတ်ဆို့မှုဖြစ် ခဲ့ရကြောင်း သိန္နီသားတဦးက ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။


သျှမ်းသံတော်ဆင့်

unread,
Apr 5, 2017, 5:20:29 PM4/5/17
to thuau...@gmail.com

ပင်လုံမြို့အနီး အစိုးရ တပ်မတော် နှင့် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်

Posted: 05 Apr 2017 07:27 AM PDT

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မြောက်ဘက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ် မတော်၏ ဒေသတွင်းလှုပ်ရှားစစ်ကြောင်းတခု နှင့် ရလခတိုင်းလက်အောက်ခံ အစိုးရတပ်မတော် စစ် ကြောင်းတခုတို့ ယနေ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။


တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးထားသော RCSS/SSA ၏ ဒေသ တွင်းလှုပ်ရှားစစ်ကြောင်းတခုနှင့် ရလခတိုင်းလက်အောက်ခံ ခလရ  ၂၄၆ ၏ စစ်ကြောင်းတခုတို့ ပင်လုံ မြောက်ဘက် ၁၀ မိုင်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အစိုးရတပ်မတော် စစ်ကြောင်းက နယ်မြေ အတွင်း အကြောင်းမကြားဘဲ ၀င်ရောက်လှုပ်ရှားသည့်အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့ရကြောင်း RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီးစိုင်းငင်းကပြောသည်။


“ထိပ်တိုက်ရင်ဆိုင်မှုကြောင့်တိုက်ပွဲဖြစ်တာပါ။ ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေထဲဝင်လာတာကို ကြိုတင် အကြောင်းမကြားဘူး။ ဆိုတော့ ပစ်ခတ်တိုက်ခိုက်ကြတော့ တာပေါ့။  ၂ ဖက်ထိခိုက်မှုတော့ မသိရသေး ဘူး။”- ဟု ဗိုလ်မှူးကြီးစိုင်းငင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။


ပင်လုံမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ တတ်အီအုပ်စု နမ့်ဆိုင်းရွာအနီးတွင်  မွန်းတည့် ၁၂ နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။တိုက်ပွဲဖြစ်ပွါးမှုအပြီး အစိုးရစစ်ကြောင်းမှာ နမ့်ဆိုင်းရွာ အတွင်းသို့ တပ်ဆုတ်ခိုလှုံနေကြောင်းလည်း ပင်လုံရောက် ဒေသခံများပြောပြချက်အရသိရသည်။


“ကျနော်တို့အခု JMC ကိုအကြောင်းကြားထားတယ်။ စီစစ်ပေးဖို့နဲ့နောက်နောင်ထပ်မဖြစ်အောင်ပေါ့။ ကျနော်တို့ အဲန်စီအေထဲမှာဘဲဖြစ်ဖြစ်  ကျနော်တို့လက်မှတ်ထိုးထားတဲ့ ဘိုင်လက်ထရယ် အကရီးမဲန့်ထဲမှာ ဘဲဖြစ်ဖြစ်  ပါပါတယ်။ တဖက် နယ်မြေထဲတဖက်က ၀င်မယ်ဆိုရင်အကြောင်းကြား ရမယ်လေ။ အခုကအကြောင်းမကြား တဲ့အပြင်  လက်နက်နဲ့တကွဝင်လာတယ်ဆိုတော့ ကျနော်တို့ အပစ်ရပ်စာချုပ် သဘောတူညီချက်အရဆိုရင် သူတို့ဘက်က ဒါ  ချိုးဖောက်တာဘဲပေါ့နော်။  - ဟု ဒု- ဗိုလ်မှူးကြီးစိုင်းငင်းက ဆက်လက်ပြောပြသည်။


RCSS/SSA သည် အစိုးရနှင့် ပြည်နယ်အဆင့်ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုး ထားသည့် အဖွဲ့ဖြစ်သော်လည်း မတ် ၂၉ ရက်နေ့ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်အတွင်းတွင်လည်းကောင်း၊ မတ်လ ဆန်းပိုင်းက သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင်လည်းကောင်း RCSS တပ်စခန်းအား အစိုးရတပ်မတော်က သွားရောက်တိုက်ခိုက်ခဲ့မှုများရှိခဲ့ပါသည်။

SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတိုက်ဖျက်ရေး ဒုတိယအကြိမ်ဆီးစစ်မှုပြု

Posted: 05 Apr 2017 12:15 AM PDT

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများပြားလာသည့်အပေါ် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်
SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်းတွင် ဒေသတွင်းဖြတ်သန်းသွားလာသည့်  ခရီးသွားများ ၊ ကေဒါ တပ်သားများ အပါအဝင် ဒေသခံများအား ဆီးစစ်မှု ဒုတိယအကြိမ် ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။



ဧပြီလ ၃ ရက်နေ့က SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်းတွင် လူထု တပ်သားအပါအဝင် ဖြတ်သန်းသွားလာသူ  ၂၀၀ ခန့်အား မူးယစ်ဆေးသုံးစွဲမှုနှင့်ပတ်သက်ပြီး တပ်တွင်းအာဏာပိုင်များက တားဆီး ဆီးစစ်ရာ မူးယစ်ဆေးသုံးသူ ၂၆ ဦးရှိကြောင်း သိရသည်။


SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးဖုန်းဟန်က - ဌာနချုပ်ကနေပြီးတော့ မူးယစ်ဆေးမသုံးဖို့ မရောင်းဝယ်ဖို့မပတ်သက်ဖို့  အကြိမ်ကြိမ်သတိပေးစာထုတ်ပြန်တယ်။  အမြစ်ပြတ်အောင် တတ်နိုင်သမျှရှင်းလင်းသွားမယ်။ အဲလိုလုပ်နေတာတောင်မှ ဖမ်းဆီးမိနေသေးတယ်။ ၂၀၁၇ အတွင်းမှာလည်း မူးယစ်ဆေးရှင်းလင်းမှု ဆက်လုပ်သွားမယ်။ အခုစစ်ဆေးဖမ်းမိတဲ့ မူးယစ်ဆေးနဲ့ပတ်သက်နေသူ ၂၀ ကျော်ကိုလည်း ဌာနချုပ်ရဲ့ စည်းကမ်းဥပဒေအတိုင်း ပြစ်ဒဏ်ပေးသွားမယ်။ ပထမအကြိမ်ဖမ်းမိတဲ့သူဆိုရင် မူးယစ်ပညာပေးပြီး ပြန်လွှတ်ပေးမယ်။ ဒုတိယအကြိမ်ဖမ်းမိတဲ့သူဆိုရင်တော့ ဖမ်းဆီးပြစ်ဒဏ်ပေးပြီးတော့ ဆေးဖြတ်ပေးမယ် အဲလိုရှိပါတယ် - ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။


အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အကျိုးမရှိသောအဆိုပါ မူးယစ်ဆေးဝါးအားအဆုံးစွန်တိုက်ဖျက်သွားမည်ဖြစ်ကြောင်းလည်း SSPP/SSA ကပြောပါသည်။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ဌာနချုပ်ဝမ့်ဟိုင်းတွင် ပြီးခဲ့သည့် ၂၀၁၆ သြဂတ်စ်လကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းအဖြစ် ကေဒါတပ်သားနှင့် ဒေသတွင်းလူထုအား ပထမအကြိမ်အဖြစ်  ဆီးစစ်ရာ အယောက် ၁၀၀ တွင် မူးယစ်ဆေးနှင့်ပတ်သက်သူ ၆၀ ဖမ်းဆီးစစ်ဆေးမိကြောင်း သိရသည်။


မူးယစ်ဆေးဝါးပြသနာသည် နိုင်ငံရေးပြသနာနှင့် ပတ်သက်နေသောကြောင့် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများ မဖြေရှင်းနိုင်သေးသရွေ့ မူးယစ်ဆေးဝါးပြသနာကို အမြစ်ပြတ်ရှင်းလင်း နိုင်မည်မဟုတ်ကြောင်း သျှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့မှ စိုင်းမိဏ်းကပြောပါသည်။



သျှမ်းသံတော်ဆင့်

unread,
Apr 7, 2017, 5:13:42 PM4/7/17
to thuau...@gmail.com

အဆိုတော် စိုင်းစွမ်ဝုန်း တောင်လေးလုံးအကျဉ်းထောင်တွင် ကွယ်လွန်

Posted: 07 Apr 2017 12:49 AM PDT

မူးယစ်ဆေးဝါးမှုဖြင့် တောင်ကြီးမြို့နယ် တောင်လေးလုံးအကျဉ်းထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေ သည့် အဆိုတော် စိုင်းစွမ်ဝုန်း အသက် ၄၆ နှစ်သည် အဆုတ်၊ ကျောက်ကပ်ရောဂါဖြင့် ထောင်အတွင်း ကွယ်လွန် ခဲ့ပါသည်။


ဧပြီလ ၆ ရက် ည ၉ နာရီက တောင်လေးလုံး တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းအား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီး ရင်ခွဲရုံတွင်ထားရှိကာဧပြီလ ၈ ရက်တွင် သဂြိုဟ်မည်ဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောသည်။


ဇနီးဖြစ်သူ နန်းမြမေက “ကျမတို့သားအမိ ၄ ယောက် တောင်ကြီးတက်မလို့အခု ပင်လုံရောက်နေတယ်။ မနက်ဖြန်မှာ အသုဘချဖို့စီစဉ်ထားကြတယ် ”- ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။


စိုင်းစွမ်ဝုန်းသည် ပင်လုံမြို့နေ လုံးစန်းထွန်းအောင် ၊ ပါ့စန်းခေါင်တို့၏ သားထွေးဖြစ်ပါသည်။ မွေးချင်းမောင်နှမ( ဒေါ်နန်းငွေ၊ ဒေါ်နန်းပွင့်၊ (SSNA- ခေါင်းဆောင်) ဗိုလ်မှူးကြီးကဏ်းယွက်(ကွယ်လွန်)၊ အဆိုတော် စိုင်းဆိုင်လျန်း (နမ့်ဖစ်ဖူး) အစရှိမွေးချင်း   ၅ ဦးအနက် အထွေးဆုံး ဖြစ်သည်။  လဲချားမြို့သူ နန်းမြမေနှင့်လက်ထပ်ကာ သားသမီး ၃ ဦး(သား ၂ ဦး သမီး ၁ ဦး) ထွန်းကားခဲ့သည်။


“အငယ်ဆုံးကသမီးလေ။ ၁၀ တန်းဖြေမလို့။ သားအလတ်ကတော့ ၁၀ တန်းဖြေထားတယ်။ အကြီးကတော့ အလုပ်လုပ်နေတယ် ”- ဟု နန်းမြမေကပြောသည်။


စိုင်းစွမ်ဝုန်းသည် ၂၀၁၄ နှစ်ဦးပိုင်းက မူးယစ်ဆေးဝါးမှုဖြင့်အဖမ်းခံရပြီး တောင်ကြီး တောင် ၄ လုံးထောင်သို့ ပို့ဆောင်ချုပ် နှောင်ခံခဲ့ရသည်မှာ ကွယ်လွန်ချိန်အထိဖြစ်ပါသည်။


ခေတ်ပေါ်တေးသီချင်းများသီဆိုမှုကိုဝါသနာပါသောစိုင်းစွမ်ဝုန်းသည် အကိုဖြစ်သူ စဝ်ကဏ်းယွက် ရေးသား သည့် တော်လှန်ရေးတေးသီချင်းများ၊သျှမ်းအဆိုတော် စိုင်းမူး၏ အမျိုးသားတော်လှန်ရေး တေးသီချင်းများကို သီဆိုကာ နာမည်ရလာသည့် အဆိုတော် တဦးဖြစ်ပါသည်။


အခု ရွေးကောက်ပွဲ ရှုံးပေမယ့်လည်း နောက်တစ်ခါ အနိုင်ရမှာပါ….. (သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ဥက္ကဌစိုင်းအိုက်ပေါင်းနှင့်ဆက်သွယ်မေးမြန်းချက်)

Posted: 06 Apr 2017 10:05 PM PDT

လစ်လပ်မဲဆန္ဒနယ် ၈ နေရာရှိတဲ့ သျှမ်းပြည်မှာ လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြောက်ဖို့အတွက် ဧပြီလ ၁ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။  မိုင်းရှူးမြို့မှာ ၃ နေရာ ကျေးသီးမြို့မှာ ၃ နေရာနဲ့ ကျိုင်းတုံမြို့မှာ ၁ နေရာ အတွက် သျှမ်းပါတီကြီး ၂ ခုဖြစ်တဲ့ SNLD နဲ့ SNDP တို့အပြင် ကြံ့ခိုင်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ (ညောင်ရွှေမြို့နယ်က ပြည်နယ် ၂ တနေရာမှာတော့ သျှမ်းပါတီကြီး ၂ ခု ၀င်မပြိုင်ပါဘူး။) ကြားဖြတ်ရွေးကောက်ပွဲမှာ တနေရာမှအနိုင်မရတဲ့ ကျားဖြူပါတီအနေနဲ့ ဘယ်လိုထင်မြင်ယူဆပါသလဲ။ ဘယ်လိုခံစားရပါသလဲ။  လာမယ့်ရွေးကောက်ပွဲမှာကော် ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိပါသလား။ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ဥက္ကဌစိုင်းအိုက်ပေါင်းကို သျှမ်းသံတော်ဆင့်က နန်းဆိုင်ဖူးက ဆက်သွယ်မေးမြန်းထားပါတယ်။


မေး - ကျားဖြူပါတီ အနေနဲ့ အခု ကျင်းပပြုလုပ်သွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျေနပ်မှုရှိပါသလား။


ဖြေ - ဘယ်လိုလုပ် စိတ်ကျေနပ်မှု ရမလဲ  ကျနော်တို့ မှ မနိုင်တာ ။


မေး -  မိုင်းရှူး၊ ကျေးသီး ဘက်က ဘာကြောင့် ကျားဖြူ  အနိုင်မရတာလဲ။


ဖြေ - ကျေးသီး နဲ့ မိုင်းရှူး က SSPP/SSA တွေရဲ့ နယ်မြေဧရိယာတွေ ။ SSPP/SSA ၊ ကျားခေါင်းပါတီ၊ စိန့်ကျော့ပြည်သူစစ်  သူတို့တွေက SSJAC   အဖွဲ့ဝင် မဟာမိတ်တွေ ။  ဒါကြောင့် ကိုယ့်မဟာမိတ်  ကို အနိုင်ရအောင် ကူညီတာတော့ သဘာဝကျတာဘဲ ။ ကျနော်တို့ ကျနော့် လာကူညီမယ့် မဟာမိတ် မရှိဘူး  ။ ဒီတစ်ချက်ရယ်၊ နောက်တစ်ချက်က  ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ကျနော်တို့ ပါတီ အနိုင်ရတယ် ၊  ပြည်သူတွေအတွက် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်က  အလုပ်သိပ်မလုပ်တဲ့ အပိုင်းတွေလည်း ပါတယ်၊ ဒါကြောင့် ပြည်သူတွေလည်း စိတ်ကျေနပ်မှု သိပ်မရလို့ ပါ။


မေး -  သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံဘက်က ဘာကြောင့် သျှမ်းပါတီ နှစ် ပါတီစလုံး အနိုင်မရတာလဲ။


ဖြေ - ကျိုင်းတုံဘက်က နဲနဲ အခက်အခဲရှိတယ် ။ ဘယ်လိုလဲဆိုတော့  အာခါ၊ လားဟူ၊ ဗမာ  တွေ သူတို့ အားလုံးပေါင်းလိုက်ရင် သျှမ်းလူမျိုးတွေထက်  လူဦးရေ ပိုများတယ် ၊ဒါဟာ  ကျိုင်းတုံက သျှမ်းတိုင်းရင်းသားတွေမက သျှမ်းတိုင်းရင်းသား အားလုံးအတွက်  သတိပေး ခေါင်းလောင်းတီးလိုက်သလိုမျိုးဘဲ ၊ ဒီလို ပုံစံ နဲ့ သွားနေရင် ကျိုင်းတုံ မှာ သျှမ်းပါတီတွေ အနိုင်မရနိုင်ဘူး၊ လားရှိုး ၊တောင်ကြီး  တွေလည်း  အတူတူဘဲ ။ သျှမ်းပါတီ တွေ  အနိုင်မရနိုင်ဘူး ၊ဘာကြောင့်လည်းဆိုတော့ သျှမ်းလူမျိုး  နည်းတယ်၊ တောင်ကြီး ဆိုရင်  လူဦးရေ သန်းခေါင်စာရင်း သုံးသိန်းခြောက်သောင်း(၃၆၀၀၀၀) ရှိတယ် ။အဲ့ထဲမှာ သျှမ်းလူမျိုး  သုံးသောင်းတောင်မရှိဘူး ၊ကျိုင်းတုံ ဘက်က သိန်းခြောက်သောင်းလောက်ရှိတယ် ။  အဲ့ထဲမှာ သျှမ်းလူမျိုး  ခြောက်သောင်းကျော် ဘဲရှိတယ် ။ ဒါတောင် သျှမ်းတွေက ကွဲထားသေးတယ် ။ဘယ်လိုလုပ်  အနိုင်ရနိုင်မလဲ၊ လ ဝ က တွေ နားတောင်းကြည့် ။ အာခါ၊ လားဟူ နဲ့ ဗမာတွေ ပေါင်းလိုက်ရင်  သျှမ်းလူမျိုးထက်များတယ်၊ သျှမ်းပြည်က ဒီလိုတွေ အခက်ခဲဖြစ်တယ်၊ မြို့ကြီးတွေ ဖြစ်တဲ့ တောင်ကြီး၊ လားရှိုး ၊ ကျိုင်းတုံ တွေ နဲနဲ ခက်ခဲလာပြီ၊ တောင်ကြီး နဲ့ လားရှိုး  က ပိုတောင် ခက်ခဲသေးတယ် ။


မေး - ၂၀၂၀ ရွေးကောက်ပွဲ ကျရင် နောက်ထပ် ဝင်ရောက်ယှဉ် ပြိုင်ဦးမလား ။


ဖြေ - ဝင်ပြိုင်မှာပေါ့၊ အခု ရွေးကောက်ပွဲ ရှုံးပေမယ့်လည်း နောက်တစ်ခါ အနိုင်ရမှာပါ၊ NLD ပါတီ တောင်မှ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ၈၀% လောက် အနိုင်ရတယ်၊အခု  ၅၀ % တောင် သူတို့ မနိုင်ဘူး ၊ ပြည်သူတွေက အမြဲတမ်း ပြောင်းချင်တယ် ဒါက သဘာဝ ဘဲ ၊ ပြည်သူတွေရဲ့ စိတ် က  သူတို့ စိတ်တိုင်းကျ ဖြစ်မလာရင်  အစိုးရကို အမြဲတမ်း ပြောင်းချင်မှာဘဲ ။


မေး - CSSU က ဥက္ကဌ ကမ်းလှမ်းလာတာ ရှိလား၊ လက်ခံ ရရှိလား။


ဖြေ - ကမ်းလှမ်းလာတာ မရှိသေးဘူး၊ အခုချိန်က ကြားဖြတ်ရွေးကောက်ပွဲ နဲ့ သင်္ကြန် ကာလ မလို့ထင်တယ် သူတို့ မကမ်းလှမ်း လာသေးတာ။


မေး - CSSU  ဥက္ကဌ  လုပ်ဖို့ ကမ်းလှမ်းလာရင် တာဝန်ယူ လုပ်ဆောင်မလား။


ဖြေ -  တာဝန်ယူ လုပ်မှာပေါ့ ။ ဒီတစ်ကြိမ် က ကျနော် တို့ တာဝန်ယူရမယ့် အကြိမ်လေ။


မေး - ၂၀၂၀ ရွေးကောက်ပွဲ အတွက် ဘယ်လိုပြောချင်ပါသလဲ။


ဖြေ - ၂၀၂၀ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်ထားရတော့မယ် ။ အဲ့ဒီအတွက် အစွမ်းကုန် ကြိုးစားမယ်၊ပြည်သူတွေအတွက် ကြိုးစားပေးမယ်၊စိတ်ထဲမှာတော့ ပြည်သူတွေ ကူညီဖို့ အတွက် အမြဲတမ်းရှိတယ်၊ဘာကြောင့်လည်းဆိုတော့ သျှမ်းပြည်ကြီးက သနားဖို့ကောင်းတယ် ။ အမြဲတမ်း စစ်ထွက်ပြေးနေရတယ်၊ အလုပ်အကိုင် လည်း ကောင်းကောင်း မလုပ်ရဘူး ယိုးဒယားဘက်တွေ သွားပြီး အလုပ်သွားလုပ်ကြတယ် ဒီလိုတွေ ဖြစ်နေရင် သျှမ်းတွေ ဒုက္ခရောက်ပြီး၊သျှမ်းလူမျိုးတွေ တဖြေးဖြေး ပျောက်သွားမယ်၊အစိုးရ တွေ မကြိုးစားပေးရင် ခက်မယ်၊သျှမ်း လူမျိုး သျှမ်းအစိုးရ ပြန်မဖြစ်ရင် ခက်ခဲမယ်၊ သျှမ်းပြည်မှာ သျှမ်းလူမျိုးက  အများဆုံး ဖြစ်ပြီး သျှမ်းလူမျိုးက မအုပ်ချုပ်ရရင် ကိုယ့်ကိုယ် သိဖို့လိုပြီ၊သျှမ်းလူမျိုးက သျှမ်းလွှတ်တော် ကိုယ်စားလှယ်ဘဲ ရွေးချယ်သင့်တယ်၊ သျှမ်းလွှတ်တော်အမတ် မဲ များရင် သူတို့ဘဲ သျှမ်းပြည်အစိုးရဖြစ်မှာ၊ သျှမ်းတွေ တခြားပါတီ ကို မဲ သွားပေးနေရင် ဘယ်လိုလုပ် အနိုင်ရမလဲ၊ ကျားဖြူပါတီတော့ ပြည်သူတွေကို ကူညီချင်ပါတယ် ပြည်သူတွေက ကျားဖြူပါတီ ကိုမရွေးတော့ ဘာမှ ကူညီလို့မရဘူး။


မေး - အနိုင်ရသွားတဲ့ ကျားခေါင်းပါတီ ကို ဘယ်လိုပြောချင်ပါသလဲ။


ဖြေ - ပြောချင်တာတော့ မရှိပါဘူး၊သူတို့ ပါတီ အနိုင်ရလဲ သျှမ်းပါတီတွေဘဲလို့ ကျနော်တို့ မြင်တယ်၊ ပြည်မ က ပါတီတွေ လာနိုင်သာထက်တော့ သာတယ်၊နိုင်ငံရေးက ဆိုးတဲ့ ကွက်ကို ဘဲ ကြည့်လို့မရဘူး၊ သဘောထားကြီးကြီး ရှိရမယ်၊သဘောထားသေးရင်တော့ နိုင်ငံရေး မလုပ်နဲ့တော့၊အမြဲတမ်းလည်း မနိုင်သလို အမြဲတမ်းလည်း မရှုံးနိုင်ဘူး။


သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ခေါ်ကျားဖြူပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲက သျှမ်းပြည်မှာ ဒုတိယမဲအများဆုံးနဲ့ လွှတ်တော်ကိုယ်စားလှယ် အနိုင်ရခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ နေရာအနိုင်ရရှိခဲ့ပါတယ်။

ကျားခေါင်းပါတီ SNLD ၏ သက်တမ်းရင့် နာယက ပလောင်အမျိုးသား လုံးဟိန်ရွှေမိုး ကွယ်လွန်

Posted: 06 Apr 2017 09:32 PM PDT

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်စဉ်ကတည်းကနာယကအဖြစ်တာဝန်ထမ်းဆောင်လာသည့် (ဦး) လုံးဟိန်ရွှေမိုး အသက် ၉၁ နှစ်မှာ သက်ကြီးရောဂါဖြင့် မန္တလေးတိုင်း မတ္တရာမြို့ နယ်ရှိနေအိမ်တွင် ကွယ်လွန်သွားကြောင်းသိရသည်။


လုံးဟိန်ရွှေမိုးမှာ ဧပြီလ ၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး ဧပြီလ ၈ ရက်နေ့ တွင် ရုပ်အလောင်း အား အသုဘပို့ဆောင်မီး သဂြိုဟ်မည်ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။


နမ့်ဆန်မြို့ဖွား လုံးဟိန်ရွှေမိုးသည် တအာင်း ပလောင်အမျိုးသားတဦးဖြစ်ပြီး မူစယ်မြို့သူ နန်းအီခမ်းလိုင် နှင့် အိမ်ထောင်ပြုခဲ့သည်။ သားသမီး ၆ ဦးထွန်းကားခဲ့ပြီး နန်းအီခမ်းလိုင်မှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က တည်းက ကွယ်လွန်ခဲ့ပြီးဖြစ်သည်။ ကွယ်လွန်ချိန်အထိ လုံးဟိန်ရွှေမိုးမှာ သမီးနန်းရွှေအိမ် နှင့်သားမက်ဖြစ်သူ ဒေါက်တာစိုင်းခမ်းအွန်တို့နှင့်အတူ နေထိုင်ကာ ပါတီနာယက တာဝန်ထမ်း ဆောင်ရင်း မိဘလက်ရင်းလုပ်ငန်းဖြစ်သော လဖက်ခြောက်၊ ကော်ဖီပွဲရုံလုပ်ငန်းတို့ကို လုပ်ဆောင်ခဲ့သည်။


“အဘိုးလုံးဟိန်ရွှေမိုးဟာ သျှမ်းပြည်အမျိုးသားရေးအတွက်အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ သူတဦး ဖြစ်တယ်။ ၁၉၈၈ ခုနှစ် SNLD ကို ရန်ကုန်မှာထူထောင်တော့ ဥက္ကဌက ဦးသက်ဝင်း (ကမ္ဘောဇလွယ် အိပ်) ပေါ့။ ဒါပေမယ့် ရန်ကုန် ၊မန်းတလေးနဲ့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ သျှမ်းတွေပါဝင်လာ အောင်ရည်ရွယ်ပြီးတော့ ၁၉၈၉ မှာမန်းတလေးမှာ ထပ်ပြီးတော့ အစည်းအဝေးသွားလုပ်တယ်။ အဲ့ချိန်မှာအဘိုးလုံးဟိန်ရွှေမိုး ပါဝင်လာတယ်။ အဲ့ချိန်ကတည်းက နာယကအဖြစ် တာဝန်ယူတယ်။ ပါတီဥက္ကဌအဖြစ်လည်း ခွန်ထွန်းဦး ကတာဝန်ယူတယ်” -ဟု ပါတီပြောခွင့်ရ စိုင်းလိတ်ကပြောသည်။



ဦးလုံးဟိန်ရွှေမိုးသည် ပါတီနာယက အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် မန်းတလေး သျှမ်းသာ ရေး နာရေးအသင်း တည်ထောင်စဉ်ကလည်း ပါဝင်ခဲ့သည်။ အသင်းဥက္ကဌအဖြစ်လည်း တာဝန် ထမ်းဆောင် ခဲ့ဖူးသည်။ မန်းတလေးရောက်သျှမ်းများနှင့်သျှမ်းပြည်သားများ၏ သာရေးနာရေး ကိစ္စများ တွင်လည်း တတပ်တအား ပါဝင်ခဲ့သည်။


“အဘိုးလုံးရွှေမိုးဟာ အရှိကိုအရှိအတိုင်း ဒဲ့ပြောတတ်တယ်။ သဘောထားကောင်းတယ်။ ကူညီရင်လည်း စေတနာအပြည့်အဝနဲ့ တတပ်တအားကူညီတယ်။ ကြီးငယ် မျက်နှာမရွေးဘူး။ ဒါကြောင့်သျှမ်းပြည် လူထုတော်တော်များများက အဘိုးကို ချစ်ခင်အားကိုးကြတယ်။” -  ဟု စိုင်းလိတ်က မှတ်ချက်ပြုပြော ဆိုသည်။


လုံးဟိန်ရွှေမိုးသည် ပလောင်(တအာင်း) အမျိုးသား တဦးဖြစ်ကြောင်း၊ ကျားခေါင်းပါတီအားလည်း သျှမ်းပြည်သားအားလုံးအတွက် ရည်ရွယ်က သျှမ်းတိုင်းရင်းသားများ ဆိုသည့် စကားလုံးအား ၄င်းက အကြံပြုခဲ့ကြောင်း၊ပါတီ စတင်တည်ထောင်စဉ်ကတည်းက ပါတီအရေး သျှမ်းပြည်အရေး တစိုက်မတ် မတ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ ၄င်းကွယ်လွန်သွားသည့်အတွက် မိသားစု နှင့် ထပ်တူဝမ်းနည်းမိပါကြောင်း ပါတီအထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်ကလည်းပြောသည်။

သျှမ်းသံတော်ဆင့်

unread,
Apr 8, 2017, 4:52:07 PM4/8/17
to thuau...@gmail.com

ဒေါ်အောင်ဆန်းစုကြည်အစိုးရ က စစ်အစိုးရအာဏာလွှမ်းမိုးမှုအောက်မကျော်လွှားနိုင်သေးဟုတိုင်းရင်းသားတော်လှန်ရေးထိပ်သီးအစည်းဝေး၌ ဗိုလ်ချုပ်ကြီးယွတ်စစ်ဝေဖန်

Posted: 07 Apr 2017 11:47 PM PDT


ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ယနေ့စတင်ကျင်းပသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်အစည်းဝေးတွင် သဘာပတိဖြစ်သူဗိုလ်ချုပ်ကြီးယွတ်စစ်က ‘လက်တွေ့မှာကခေတ်အဆက်အဆက် ကြီးစိုးလာတဲ့ စစ်အစိုးရကဘဲအာဏာကိုချုပ်ကိုင်ထားတာတွေ့ရ’ ဟုအဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။
ဧပြီ ၈ ရက်နေ့ မှ ၉ ရက်နေ့အထိကျင်းပသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်အစည်းဝေးသဘာပတိ ၂ ဦးတွင် KIO/KIA ဒုဥက္ကဌဗိုလ်ချုပ်ကြီးအန်ဘန်းလ က - ‘ပင်လုံစာချုပ် ၊ ပင်လုံကတိကဝတ်၊ ၂၁
ရာစုပင်လုံညီလာခံတက်ရောက်ရေးဆိုင်ရာများအပါအဝင် အခြားသောကိစ္စရပ်များဆွေးနွေးသွားမည်ဖြစ်ကြောင်း’ ပြောဆိုသည်။
 RCSS/SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီးယွက်စစ်ကမူ-“လက်ရှိကျနော်တို့နိုင်ငံကလူထုရွေးကောက်တင်မြောက်ထားတဲ့ အစိုးရဖြစ်တဲ့ အတွက် နိုင်ငံတကာအနေနဲ့ ကြည့်ရင် အရပ်သားအစိုးရလို့ဘဲမြင်မယ်။ လက်တွေ့မှာကခေတ်အဆက်အဆက် ကြီးစိုးလာတဲ့ စစ်အစိုးရကဘဲအာဏာကိုချုပ်ကိုင်ထားတာတွေ့ရတယ်။ ပြောရမယ်ဆိုရင် လက်ရှိအခြေအနေကအစိုးရနှစ်ခုပုံစံမြင်နေတယ် ကျနော်တို့တိုင်းပြည်က” -  ဟုပြောသည်။
သည့်အတွက် စစ်အစိုးရနှင့် လူထုအစိုးရ - မည်သူနှင့်ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း၊ တော်လှန် ရေးအဖွဲ့ အစည်းများ၏ လိုအပ်ချက်ကကွာခြားမည်မဟုတ်တောင်း၊ ….. နိုင်ငံရေးဖြင့် ဆွေးနွေးလိုလျှင် NCA လမ်းကြောင်းကအသင့်တော်ဆုံးဖြစ်ကြောင်း ..စသည့် အကြောင်းအရာများအားဗိုလ်ချုပ်ကြီးယွက်စစ်ကပြောကြားသည်။
တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များအစည်းဝေးတွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၊ လက်မရေးထိုးထားသည့် UNFC အဖွဲ့ဝင်များစုစုပေါင်း ၁၅ ဖွဲ့တက်ရောက်ခဲ့သည်။
ဆွေးနွေးမည့်ခေါင်းစဉ်များမှာမူ - မိုင်ဂျာယန်ဆုံးဖြတ်ချက်နှင့်အညီရေးသားပြုစုခဲ့သောစာတမ်းများတင်သွင်းခြင်း၊ ဆွေးနွေးအတည်ပြုခြင်း၊ ပင်လုံလက်စွဲဆိုင်ရာပင်လုံဂတိကဝတ် နှင့် ပင်လုံစိတ်ဓါတ် အဓိပ္ပာယ်၊ ဒီမိုကရေစီ-ဖက်ဒရယ်စရနစ် အားအခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးလမ်းညွှန် များ၊ အခြေခံမူများ၊ အမျိုးသားကာကွယ်ရေးဆိုင်ရာမူများအပြင် နိုင်ငံရေးဆွေးနွေးမှုမူဘောင်၊ စောင့်ကြည့်ရေး၊ လုံခြုံရေးကဏ္ဌဆိုင်ရင် ကိစ္စရပ်များ၊ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးတက်ရေးဆိုင်ရာများဆွေးနွေးကြမည်ဟုသိရသည်။
အဆိုပါ အစည်းအဝေးသို့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်သည့် တအာင်း (ပလောင်) TNLA ၊ ကိုးကန့် MNDAA ၊ ရခိုင် AA၊ ၀ UWSA ၊ မိုင်း NDAA တို့ တက်ရောက်ခြင်းမရှိပေ။
ယခုကျင်းပသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်အစည်းဝေးသည် ယခင်ကကချင်လွတ်လပ်ရေးတပ်ဖွဲ့နယ်မြေမိုင်ဂျာယန် တွင်လည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံး ၏ လွတ်မြောက်နယ်မြေလော်ခီးလာတို့တွင်လည်းကောင်းကျင်းပသည်။

ကျိုင်းတုံ ကြားဖြတ်ရွေးကောက်ပွဲ သျှမ်းပါတီ ရှုံးနိမ့်မှု ကျားဖြူပါတီ ကိုယ်စားလှယ် သဘောထား

Posted: 07 Apr 2017 08:50 PM PDT

 ကျားဖြူပါတီကနေ ကြားဖြတ်ရွေးကော
က်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါက်တာ စိုင်းယွက်ဟောင်
ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သျှမ်းလူထုကိုယ်စားပြုသျှမ်းပါတီကြီး ၂ ခု ကျားဖြူပါတီ SNDP နဲ့ ကျားခေါင်းပါတီ SNLD တို့ဟာ သျှမ်းပြည်တွင်းလစ်လပ်နေတဲ့ မဲဆန္ဒနယ် ၈ ခုအနက် ၇ ခုမှဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။  ကျေးသီး၊ မိုင်းရှူးမှာ ကျားခေါင်းပါတီ SNLD က 6 နေရာနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် ကျားဖြူပါတီက တနေရာမှ အနိုင်မရခဲ့ပါဘူး။ ကျိုင်းတုံမြို့နယ်က မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်တဲ့ သျှမ်းပါတီ နှစ်ခုလုံးက ရှုံးနိမ့်ခဲ့ပါတယ်။  အဲဒီအပေါ် ကျားဖြူပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါက်တာ စိုင်းယွက်ဟောင်ကို    သျှမ်းသံတော်ဆင့်က စိုင်းယွက်ခမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။


မေး။ ။ ဘာကြောင့် ကျိုင်းတုံမြို့ကြားဖြတ်ရွေးကောက်ပွဲမှာ သျှမ်းပါတီမအောင်နိုင်တာလဲ။


ဖြေ။ ။  ကျိုင်းတုံမှာ မဲပေးခွင့်ရှိတဲ့ စစ်တပ် ၉ တပ်ရှိတယ်။ ဒါ့အပြင် အစိုးရဝန်ထမ်း တွေလည်း ရှိတယ်။ တောင်ပေါ် ၅ အုပ်စုဖြစ်တဲ့ နမ့်အင်းအုပ်စု ၊ နမ့်ခတ်အုပ်စု ၊ နောင်တောင်းအုပ်စု၊ နားပေါ် အုပ်စု၊ မိုင်းအင်းအုပ်စု တွေမှာ ကြံ့ခိုင်ရေးအင်အားတွေချည်းဘဲ။ ရွေးကောက်ပွဲမတိုင် ခင်ကတည်း က ကြံ့ခိုင်ရေးအသင်းကနေ လမ်းတွေ တံတားတွေသွားလုပ်ထားပေးတယ်။ မီးတွေရအောင် လုပ် ပေးတယ် - စတာတွေကြားရတယ်။ နောက်တခုရှုံးနိမ့်ရခြင်းအကြောင်းရင်းက မဲဆန္ဒလာပေးတဲ့သူ ၄၀ ရာခိုင်နှုန်းဘဲရှိတယ်။ ဒါကြောင့်ခုနပြောတဲ့တောင်ပေါ်အုပ်စုတွေ စစ်တပ်တွေနဲ့ အစိုးရဝန်ထမ်း တွေကဘဲ တဝက်ကျော်ရှိနေပြီ။ ဒါ့အပြင် ကြိုတင်မဲနဲ့ထပ်ပေါင်းလိုက်တော့ ကျနော်တို့ရှုံးရ တာဖြစ်ပါတယ်။


မေး။ ။ အခုလိုရှုံးနိမ့်သွားတော့ နောက်နောင်အကြိမ်မှာ သျှမ်းပါတီ ထပ်မရှုံးနိမ့်အောင် ဘယ်လိုလုပ်ရမလဲ။


ဖြေ။ ။  ကျနော်တို့ကျားဖြူပါတီအနေနဲ့ကတော့ နိုင်နိုင်ရှုံးရှုံး သိပ်ပြီးပြသနာမရှိဘူး။ တောင်သူလယ်သမားများအသင်းဆိုပြီးဖွဲ့ထားတာရှိတယ်။
ဒီအသင်းအဖွဲ့က ခိုင်မြဲမှုရရှိတယ် ဆိုရင်တော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာကျနော်တို့ပါတီ အနိုင်ရနိုင်မှာပါ။


မေး။ ။အခုလိုရှုံးနိမ့်သွားတဲ့အပေါ်   SNDP ကနေလူထုကိုဘယ်လို ပြောပြချင်ပါသလဲ။


ဖြေ။ ။ ကျနော်တို့သျှမ်းပြည်လူထု နားမယောင်ပါနဲ့။ မယုံလွယ်ပါနဲ့။ ကျိုင်းတုံမှာ သျှမ်းလူဦးရေကပိုများပါတယ်။ သို့ပေမယ့် ကျနော်တို့သျှမ်းက  မတည့်ကြဘူး။ ၂ ဂိုဏ်း ၅ ဂိုဏ်းကွဲနေတယ်။ အဲလိုကွဲနေသမျှကာလပတ်လုံး ကျနော်တို့သျှမ်းပါတီ ဘယ်တော့မှနိုင်မှာ မဟုတ်ဘူး။ ကျိုင်းတုံမှာ သျှမ်းလူဦးရေ ၇ သောင်းကျော်ရှိပါတယ်။ ၃၈ ရာခိုင်နှုန်းပေါ့။ အခုရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူက ၂ သောင်းကျော်ရှိတယ်။ ဒါပေမယ့်ဘယ်လောက် ဘဲမဲလာထည့်မလဲ။ တဝက်တောင်မရှိဘူးထင်တယ်။ ဆိုတော့တကယ်လို့ နောက်နောင်ကျရင်လည်း ပါတီတွေကလည်း နေရာခွဲပြီးဝင်ပြိုင်ကြရအောင် လို့သဘောတူညီမှုရခဲ့မယ်ဆိုရင် ကျနော်တို့ အောင်နိုင်မှာပါ။


မေး။ ။ရှေ့ဆက်မှာကော ကျားဖြူပါတီအနေနဲ့ ဘာဆက်လုပ်မယ်လို့စိတ်ကူးထားလဲ။


ဖြေ။ ။ သျှမ်းအချင်းချင်း မတည့်တာ။ ကျားချင်းကျားကိုက်တာ ရှိနေသရွေ့ ရွေးကောက်ပွဲ အောင်မှာမဟုတ်ဘူး။ ၂၀၂၀ မှာ ကျနော်တို့အောင်နိုင်ရေးအတွက် နေရာခွဲပြီး ရွေးကောက် ပွဲဝင်ရအောင်။ ကျားဖြူဝင်ပြိုင်မယ့်နေရာမှာ ကျားခေါင်းမဝင်နဲ့ ။ ကျားခေါင်းဝင်မယ့် နေရာ မှာကျားဖြူမဝင်နဲ့ ။ အဲလိုဆိုရင်တော့ မဲတွေဟာ ကျနော်တို့ သျှမ်းပါတီဆီကိုဘဲ ဝင်လာမှာမလွဲဘူး။ အဲဒီလိုလုပ်နိုင်ဖို့ ဆွေးနွေးကြဖို့ ကျနော်တို့ စီစဉ်ထားပါတယ်။


ကျိုင်းတုံမြို့က လစ်လပ်တဲ့ ပြည်နယ် ၂ ကိုယ်စားလှယ်နေရာမှာ သျှမ်းပါတီ ၂ ခုစလုံး အနိုင်မရ ခဲ့ပါဘူး။ ၂၀၁၅ တုန်းကလည်းအနိုင်ရရှိထားတဲ့   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ USDP ကဘဲ ဆက်လက်အနိုင်ရရှိခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ တပြည်လုံး လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိရာမှာ သျှမ်းပြည်တွင်း မှာဘဲ ၈ နေရာရှိပါတယ်။ အဲဒီ ၈ နေရာမှာ ကျားခေါင်းပါတီက တော့ အပြတ်အသတ် နဲ့ ၆ နေရာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ခေမာရဠ်တိုင်း ကျိုင်းတုံမှာ သျှမ်းပါတီ အနိုင်ရဖို့ ဘာလုပ်သင့်လဲ …. (ကျားခေါင်း၏ ကျိုင်းတုံမြို့နယ် ဥက္ကဌ အားဆက်သွယ်မေးမြန်းချက်)

Posted: 07 Apr 2017 08:45 PM PDT

ကျားခေါင်း၏ ကျိုင်းတုံမြို့နယ် ဥက္ကဌ စိုင်းထွန်း
ခမာရဠ်တိုင်း အမည်ရ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ  ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ တုန်း က သျှမ်းလူထုကိုယ်စားပြုတဲ့ပါတီအဖြစ် ကျားခေါင်းပါတီ  တပါတီတည်း ဝင်ရောက်ယှဉ်ပြိုင်လာ ခဲ့တာလည်းမအောင်မြင်ခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း သျှမ်းလူထုကိုယ်စားပြု ကျားဖြူပါတီ တပါတီတည်းဝင်ပြိုင်တာမအောင်မြင်ခဲ့ပါဘူး။ အလားတူ ၂၀၁၅ ရွေးကောက်ပွဲမှာ သျှမ်းပါတီ ၃ ခုတောင်ဝင်ပြိုင်ပါတယ်။ တပါတီမှအနိုင်မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ကျားဖြူပါတီ SNDP နဲ့ ကျားခေါင်းပါတီ SNLD တို့ဝင်ပြိုင်ခဲ့ပါတယ်။ သို့ပေမယ့် ကြံ့ခိုင်ရေးပါတီကသာအနိုင်ရသွားခဲ့ပါတယ်။  လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာကော ဘယ်လိုအနေအထားရှိနိုင်မလဲ။ အနိုင်ရအောင်ဘယ်လိုပြင်ဆင် ထားမလဲ ဆိုတာကို   ကျိုင်းတုံမြို့ SNLD ပါတီရဲ့  မြို့နယ်ဥက္ကဌ  စိုင်းထွန်းကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းယွက်ခမ်းကနေ တွေ့ဆုံမေးမြန်းထားပါတယ်။


မေး။ ။ ဘာကြောင့် ကျိုင်းတုံမြို့ကြားဖြတ်ရွေးကောက်ပွဲမှာ SNLD ပါတီမအောင်နိုင်တာလဲ။


ဖြေ။ ။ ရှုံးနိမ့်ရတဲ့အကြောင်းရင်းကတော့ ကျနော်တို့ သျှမ်းပြည်သူလူထု  နိုင်ငံရေးမှာစိတ်ဝင်စား မှုနည်းပြီး မဲလာထည့်တဲ့သူလည်းအရမ်းနည်းတာကြောင့်ဖြစ်တယ်။ ကျနော်တို့ကျိုင်းတုံက အလုပ်အမှုဆောင်ကော်မတီဘက်ကလည်း အားနည်းချက်တချို့ရှိရင်ရှိပါလိမ့်မယ်။


မေး။ ။ အခုလိုရှုံးနိမ့်သွားတော့ နောက်နောင်အကြိမ်မှာ ထပ်မရှုံးနိမ့်အောင်ဘယ်လိုလုပ်ရမလဲ။


ဖြေ။ ။ ပါတီဝင်တွေ တခြားဒေသကလာကူတဲ့သူတွေကတော့ အင်တိုက်အားတိုက်ရှိပါရဲ့။ ကျနော်တို့ကျိုင်းတုံမြို့ခံတွေရဲ့အားနည်းချက်ပေါ့။ ဒီလိုထပ်မဖြစ်အောင် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရအောင် ကျနော်တို့ တွေ့ဆုံဆွေးနွေးပြီးတော့အဖြေရှာသွားပါမယ်။ ကျနော်တို့ဘယ်အပိုင်း မှာအားနည်းသလဲ။ ဘယ်အပိုင်းမှာ ဘာလိုအပ်သလဲဆိုတာကို ကွင်းဆင်းပြီး ပြင်ဆင်ဖြည့်စွက် သွားပါမယ်။


မေး။ ။ အောင်နိုင်ရေးအတွက် ဗဟိုက နေပံ့ပိုးမှုကော ဘယ်လိုရှိလဲ။


ဖြေ။ ။ ကျနော်တို့မြို့နယ်အတွက် လူအင်အား နည်းပညာအင်အား အစစအရာရာ ကူညီမှုပေးတဲ့ ဗဟိုကိုကျေးဇူးအထူးတင်ပါတယ်။ အထူးသဖြင့် ကျနော်တို့ ဥက္ကဌကြီးကိုယ်တိုင် ပင်ပမ်းခံပြီး ကျိုင်းတုံ အထိကြွရောက်အားပေးတဲ့အပေါ် ကျေးဇူးတင်တယ်။ ကျနော်တို့ ကျိုင်းတုံမှာ ဒီတခေါက် ရှုံးနိမ့်ခဲ့ပေမယ့် ဗဟိုရဲ့အားပေးမှုကြောင့် အားရှိပါတယ်။ နောက်နောင်အခါရွေးကောက်ပွဲမှာ အောင်နိုင်အောင်ကျနော်တို့ကြိုးစားပါမယ်လို့ပြောချင်ပါတယ်။


မေး။ ။ ရှေ့ဆက်မှာ ကျားခေါင်းပါတီ ဘာဆက်လုပ်ဖို့အစီအစဉ်ရှိပါသလဲ။


ဖြေ။ ။ လောလောဆယ်တော့ စည်းရုံးရေးခရီးမှာ အားဖြည့်ကူညီပေးတဲ့ ညီကိုမောင်နှမတွေကို ပို့ဆောင်ပေးပြီးခါစမို့ဘာမှမလုပ်ရသေးပါဘူး။ အလုပ်တွေရှင်းလင်းပြီးမှဘဲ အစည်းအဝေးထိုင်ပြီး အစီအစဉ်ချသွားပါမယ်  ဘာဆက်လုပ်မလဲဆိုတာ။


၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျိုင်းတုံမြို့က လစ်လပ်တဲ့ ပြည်နယ် ၂ ကိုယ်စားလှယ် နေရာ မှာ သျှမ်းပါတီ ၂ ခု ၊ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ အခါပါတီ၊ လားဟူပါတီ တို့ ဝင်ရောက်ယှဉ်ပြိုင်ပေမယ့် စစ်တပ်ပါတီလို့ လူသိများတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ USDP ကို အနိုင်မရခဲ့ပါဘူး။

သျှမ်းသံတော်ဆင့်

unread,
Apr 11, 2017, 6:05:02 PM4/11/17
to thuau...@gmail.com

မိုင်းကိုင်ကျောက်မီးသွေးတူးဖော်မှုကို သံဃာတော်နဲ့ပြည်သူ ဆုတောင်းကျိန်စာတိုက်

Posted: 11 Apr 2017 08:08 AM PDT

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ သံဃာတော်နဲ့ပြည်သူ ထောင်ကျော်စုပေါင်းကာ မြို့ရွာစောင့်နတ်အား တိုင်တည်ဆုတောင်းပြီး ကျောက်မီးသွေးလာရောက်တူးဖော်သူများအား ကန့်ကွက်ကျိန်စာတိုက်သည့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။

သံဃာတော်နှင့်ပြည်သူ့ ချီတက်ဆန္ဒပြနေပုံ Photo : Hking Noom 
“ကုမ္ပဏီတွေက ကျောက်မီးသွေးလာတူးရင် သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်တွေ ပျက်စီးမှာ စိုးရိမ်လို့။ ပြည်သူတွေ အသက်မွေးဝမ်းကျောင်းအတွက် အားထားရတဲ့ လယ်ယာတွေ ပျက်စီးမှာ စိုးရိမ်လို့။ ပြည်သူတွေ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့မှာစိုးလို့။ ဒါကြောင့် ဒီဆုတောင်းပွဲနဲ့ ဆန့်ကျင်ကျိန်စာတိုက်ပွဲကို ကျင်းပရတာပါ” ဟု လှုပ်ရှားမှုမှာ ပါဝင်သည့် လွိုင်လိုင်ဆရာတော် အရှင်အဂ္ဂဇိနက ပြောပါသည်။


အဆိုပါလှုပ်ရှားမှုကို မိုင်းကိုင်မြို့ ဝမ့်ယတ်-ခမ်းနားကျေးရွာအုပ်စု လွိုင်သျှိုရွာနတ်နန်းတွင် ဧပြီလ ၁၁ ရက် မနက် ၉ နာရီတွင် ကျင်းပပြုလုပ်ပြီး ကျောက်မီးသွေးတူးဖော်သည့်နေရာသို့ ချီတက်ဆန္ဒပြခဲ့ကြ သည်။


မိုင်းကိုင်မှာ ကျောက်မီးသွေးလာရောက်တူးဖော်သူတွေ ဘေးအန္တရာယ်ကျရောက်ပါစေ၊ လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးပါစေ၊ လယ်ယာမြေအတွက် အားထားရတဲ့ ရေထွက်ကို လာရောက်ဖျက်ဆီးသည့် ကျောက်မီးသွေးတူးဖော်တဲ့သူတွေ သေကြေပျက်စီးပါစေ၊ ဆင်းရဲနွမ်းပါးသည့်ဘေးနှင့်ကြုံတွေ့ပါစေဟု တိုင်တည်ကာ ကျိန်စာတိုက်ခဲ့ကြသည်။


မိုင်းကိုင်ကျောက်မီးသွေးတူးဖော်မှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိန်းက ပြည်သူနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ပြည်သူ့ဆန္ဒအရ ဖေဖော်ဝါရီ ၂၆ ရက်နေ့ လွှတ်တော် အစည်းအဝေး၌ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။ သို့သော် သက်ဆိုင်ရာဝန်ကြီးက ပြန်လည် ဖြေဆိုခြင်းမရှိသေးဘဲ လာမည့်လွှတ်တော်အစည်းအဝေး၌ ဖြေဆိုလိမ့်မည်ဟု မျှော်လင့်ကြောင်း စိုင်းဆိုင်မိန်းက ပြောပါသည်။


“ဒီလိုသတ္တုတူးဖော်တာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှာ အမှန်ပဲ။ ဒါကြောင့် ကျနော့အနေ နဲ့လည်း သဘောမကျဘူး။ ကျနော်တို့က ပြည်သူ့ကိုယ်စားလှယ်ဖြစ်တာကြောင့် ပြည်သူ့ဘက်က ရပ်တည်ရမယ်။ ပြည်သူ့အသံကို ကိုယ်စားပြုပေးရမယ်။ အခုဆို သံဃာတော်နဲ့ ပြည်သူတွေ ပြင်းပြင်း ထန်ထန် ကန့်ကွက်နေပြီ။ အဖက်ဖက်ကို တိုက်တွန်းချင်တာကတော့ ပြည်သူတွေ မကြိုက်တာ၊ ပြည်သူ တွေ စိုးရိမ်ပူပန်နေတဲ့ဟာတွေကို စဉ်းစားပေးစေချင်တယ်။ ဒါကြောင့် ပြည်သူ့ကို ကိုယ်စားပြုပြီး ဒီကျောက်မီးသွေးတူးဖော်နေမှုကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်။”


ပြည့်အောင်ဟိန်းကုမ္ပဏီနှင့် ဟိန်းမေတ္တာကုမ္ပဏီတို့က ၀မ့်ယတ်-ခမ်းနား ကျေးရွာအုပ်စု ဝမ့်လွယ်သျှိုရွာတွင် ဧက ၁၀၀၀ ကျောက်မီးသွေးတူးဖော်ရန် အစိုးရထံမှ ၂၀၁၄ ခုနှစ်က ပါမစ်ထား သည်။ စမ်းသပ်တူးဖော်သည့်အချိန် ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့ကြသဖြင့် ရပ်နားခဲ့ရသည်။ ၂၀၁၇ ခုနှစ်ဆန်းပိုင်းမှစပြီး စီမံကိန်းပြန်လည်စတင်လာခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
Apr 19, 2017, 4:50:20 PM4/19/17
to thuau...@gmail.com

မြောက်ပိုင်း တိုင်းရင်းသား တပ်ဖွဲ့များအနေဖြင့် အစိုးရနှင့် တစ်ဖွဲ့ချင်း မဆွေးနွေးတော့ဟု ၀ အစည်းအဝေးထုတ်ပြန်

Posted: 19 Apr 2017 08:19 AM PDT

မန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရ ဖွဲ့ တက်ရောက်နေသည့် ပန်ခမ်း ထိပ်သီးအစည်းအဝေးမှာ ဧပြီလ ၁၉ ရက်နေ့က ပြီးဆုံးသွားပြီဖြစ်ပြီး အစည်းအဝေး တက်ရောက် သူများအနေဖြင့် အစိုးရနှင့် တစ်ဖွဲ့ချင်းစီ ဆွေးနွေးမှုများ ပြုလုပ်တော့မည်မဟုတ်ပဲ ပန်ဆန်း အစည်းအဝေးမှ ဖွဲ့စည်းလိုက်သည့် ကော်မတီဖြင့်သာ ဆွေးနွေးတော့မည်ဟု ကြေငြာချက်ထုတ်ပြန် လိုက်သည်။

Photo Credit to AA
"ဆွေးနွေးရင် ခွဲပြီးဆွေးနွေးတာမျိုးတွေ လုပ်တော့မှာမဟုတ်ဘူး။  ပန်ခမ်းအစည်းအဝေးက ဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့သာ ဆွေးနွေးတော့မှာဖြစ်ပါတယ်။ " ဟု အစည်းအဝေးတက်ရောက် ခဲ့သည့် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ဧပြီ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။


ဝ ဌာနချုပ်ပန်ဆန်းတွင် ၆ ရက်ကြာကျင်းပခဲ့သည့် အစည်းအဝေးတွင် အဖွဲ့ ၇ ဖွဲ့မှ ကိုယ်စား လှယ် များပါဝင်သည့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီအား ဖွဲ့စည်းခဲ့ပြီး ပန်ခမ်းအစည်းအဝေး တက်ရောက်သူများ၏ မူဝါဒအားလက်ခံသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား အမြဲတံခါး ဖွင့်ထားကြောင်းလည်း ကြေငြာချက်တွင် ဖော်ပြထားသည်။


အစည်းအဝေးတွင် တင်သွင်းခဲ့သည့် စာတမ်းအားလည်း ကျေလည်စွာ ညှိနှိုင်းဆွေးနွေးအတည်ပြုခဲ့ပြီး ယင်းစာတမ်း အစိုးရထံ ပေးပို့သွားမည်ဟုလည်း ဖော်ပြထားသည်။ အိမ်ရှင် ၀ ပြည်သွေးစည်းညီညွတ် ရေး ပါတီ ၊ မိုင်းလား NDAA ၊ KIO ကချင် ၊ SSPP/SSA သျှမ်းပြည်တပ်မတော် ၊ တအာင်းပလောင် TNLA/PSLF ၊ အေအေ ရက္ခိုင်တပ်ဖွဲ့ နှင့် ကိုးကန့် MNDAA စသည့် အဖွဲ့ ၇ ဖွဲ့ တက်ရောက်ခဲ့သည့် ပန်ခမ်းအစည်းအဝေး ဖွင့်ပွဲနေ့တွင် တက်ရောက်လာသည့်အဖွဲ့အစည်းများအကြား ညီညွတ်မှုရှိကြရန် ၀ ခေါင်းဆောင် ပေါက်ယူချန်းက တိုက်တွန်းခဲ့သည်။


သမိုင်းတွင် အမျိုးမျိုးသော နိုင်ငံရေးမဟာမိတ်အဖွဲ့အစည်းများအား တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များမှ ဖွဲ့စည်းခဲ့သော်လည်း တူညီသည့် နိုင်ငံရေးလမ်းညွှန်မှု မရှိခဲ့သောကြောင့် မဟာမိတ် အဖွဲ့အစည်းများသည် အလိုအလျောက် ပျောက်ကွယ်ခဲ့ရသည်ဟု ၀ ခေါင်းဆောင် ပေါက်ယူချန်းက ပြောဆိုခဲ့သည်။


အစည်းအဝေးတွင် အတည်ပြုခဲ့သည့် စာတမ်းပါ အချက်များကို အခြေခံ၍ အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ၀ တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကလည်း ဆိုသည်။


ပန်ခမ်းကြေငြာချက်ယင်းကဲ့သို့ ထုတ်ပြန်ခဲ့သည့်အတွက် အစိုးရမှ တအာင်းပလောင် ၊ အေအေ ရက္ခိုင်တပ်မတော် ၊ ကိုးကန့် တို့အား သုံးဖွဲ့ပေါင်း သီးသန့် ဆွေးနွေးရန် အစီအစဉ်မှာ မရေမရာဖြစ်သွားခဲ့ပြီဖြစ်သည်ဟု မြောက်ပိုင်းအရေး လေ့လာသူများက သုံးသပ်ပြောဆိုသည်။


၂၈ နှစ်ပြည့် ၀ တပ်ဖွဲ့ငြိမ်းချမ်းရေး ရယူခြင်း စစ်ရေးပြအခမ်းအနား NCA စာချုပ်မထိုးသည့်တပ်ဖွဲ့ ၇ ခု တက်ရောက်

Posted: 19 Apr 2017 04:33 AM PDT

သျှမ်းပြည်မြောက်ပိုင်း သံလွင်အရှေ့ခြမ်း ပန်ဆန်းမြို့တွင်ကျင်းပသည့် ၀ တပ်ဖွဲ့ UWSA ငြိမ်းချမ်းရေး ရယူခြင်း ၂၈ နှစ်ပြည့်အခမ်းအနားနှင့် အပတ်စဉ် ၃ လက်နက်ကြီးပစ်သင်တန်းဆင်း အခမ်းအနား ပူးတွဲ ကျင်းပ ရာမှာ NCA စာချုပ်လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ် ၇ တပ်မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်အားပေးကြသည်။


၂၈ နှစ်ပြည့် ၀ တပ်ဖွဲ့ငြိမ်းချမ်းရေး ရယူခြင်း စစ်ရေးပြ- လက်နက်ကိုင်တပ်ဖွဲ့ထိပ်သီးခေါင်းဆောင် ၇ ဖွဲ့တက်ရောက်

ယောင်တင်းတပ်စခန်းတွင်ကျင်းပသည့် အဆိုပါအခမ်းအနားသို့ ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA ၊ အမျိုးသားမဟာမိတ်တပ်မတော် NDAA-ESS ခေါ် မိုင်းလားတပ်ဖွဲ့၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA ခေါ် ပလောင်တပ်ဖွဲ့ ၊ မြန်မာတိုင်းရင်းသားများ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ ၊ ရခိုင့်တပ်မတော် AA နှင့် အိမ်ရှင် ၀ ခေါင်းဆောင်များ တက်ရောက်ကြသည်။


“စစ်ရေးပြဒါက အင်အား ရာဂဏန်းရှိမယ်။ လက်နက်ကြီးပစ်ပြတယ်။   ၆၀ မမ တွေ၊ ၈၁ မမ တွေ ပစ်တာတွေ့တယ်။ တခြားတော့ မသိဘူး။ မိုးတအားရွာလို့ အစီအစဉ်အားလုံး မလုပ်ဘူးပြောတယ် ”- ဟု အခမ်းအနားသို့ တက်ရောက်သည့် အရာရှိ တဦး က ပြောသည်။


အဆိုပါ အခမ်းအနားသို့ ၀ တပ်ဖွဲ့ UWSA  ခေါင်းဆောင် ပေါက်ယူချမ်း က - စစ်သည်တွေ အနေနဲ့ တာဝန် ကျေပွန်စွာထမ်းဆောင်ဖို့ပြောကြားပြီး ဒုတိယ စစ်ဦးစီးချုပ်ကျောက်ကျုံးတန်းက စစ်မှန်တဲ့ ငြိမ်းချမ်း ရေးရဖို့ ကေဒါ တပ်သား အားလုံးပေါ်မူသည့် အတွက် အားလုံးပံ့ပိုးကူညီကြဖို့ တာဝန် ရှိ ကြောင်း- အသီးသီး ပြောကြားသည်ဟုဆိုသည်။


ဝ တပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်နေ့ တွင် အာဏာ သိမ်း စစ်အစိုးရ နှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့သည်။ လက်မှတ်ထိုးစဉ်ကတည်းက အာဏာရ လာမည့် လူထု ဒီမိုကရေစီအစိုးရနှင့်နိုင်ငံရေးဆွေးနွေးကြမည်ဟု သဘောတူထားကြသည်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ  အတည်ပြု ဒီမိုကရေစီအစိုးရသို့ ကူးပြောင်းဖို့ စစ်အစိုးရ ပြင်ဆင်စဉ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ဖိအားပေးစဉ် ၀ တပ်ဖွဲ့သော်လည်း ၀ တပ်ဖွဲ့လက်မခံခဲ့ပေ။ သည့်အတွက် ၂၀၁၁ ခု စက်တင်ဘာ ၆ ရက်နေ့ တွင် ဦးသိန်းစိန် အစိုးရ နှင့် ဒုတိယ အကြိမ် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ် ထပ်မံရေးထိုးခဲ့သည်။ သို့သော် ဦးသိန်းစိန် ဦးဆောင်ခင်းကျင်းလာသည့် NCA လမ်းစဉ်ကို လက်မခံပဲ  ဒီမိုကရေစီအစိုးရနှင့် နိုင်ငံရေး တိုက်ရိုက်ဆွေးနွေးလိုသည့် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။

ရွှေလီမြစ်ကူးတို့ဆိပ် မြို့မပြည်သူ့စစ်အခွန်ကောက်ခံမည့်အပေါ် မူစယ်ရွာခံများ ဆန့်ကျင်ကန့်ကွက်

Posted: 19 Apr 2017 03:49 AM PDT

မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ကနေ နောင်ခိုရွာ ရွှေလီမြစ်ကူးတို့ဆိပ်ကို ထိန်းချုပ် အခွန်ကောက်ခံမယ့်အပေါ်  နောင်ခိုရွာ ဒေသခံလူထု ၃၀၀ က ဆန့်ကျင် ကန့်ကွက် သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်မှာ နောင်ခိုရွာ ရွှေလီမြစ်ကူးတို့ဆိပ်ကို မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ ကနေ လာပြီးအခွန်ကောက်ခံမယ့်အပေါ် နေ့စဉ်ဖြတ်သန်းသွားလာမယ့် ဒေသခံလူထု ၃၀၀ က ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။


မူစယ်မြို့ စည်ပင်ဆီကနေ အခွန်ကောက်ခံဖို့ လေလံဆွဲရင်း အနိုင်ရလို့ မြို့မပြည်သူ့စစ်လက်ထဲ ကျသွားတဲ့ အဲဒီကူးတို့ဆိပ်ကနေ ဖြတ်သန်းသွားလာမှုခေတ္တရပ်နားဖို့ ဒေသခံရွာသားတွေကို ဧပြီလ ၁၈ ရက်နေ့ညနေပိုင်းမှာ ပြည်သူ့စစ်က တားမြစ်ခဲ့တဲ့အပေါ် ရွာသားတွေ မကျေနပ်တာလည်းပါလို့ ဆန္ဒပြခဲ့တာလို့  နောင်ခိုရွာသား စိုင်းဆွယ်ကပြောပါတယ်။


“ ဧပြီလ ၁၇ ရက်နေ့ကတည်းက ပြည်သူ့စစ်တပ်ဖွဲ့က လာထိုင်တယ်။ ၁၈ ရက်နေ့ခင်းပိုင်း လောက် တော့ ရွာသားတွေကို သွားပြီးတားတယ်။ သွားလာမှုမပြုဖို့ပေါ့။ အဲတာကိုလဲ ရွာသားတွေ မကျေနပ် ဘူး။ နောက်ပြီး ဖြတ်သန်းသွားလာမှု အခွန်ကောက်တာကို ဈေးလျှော့ပေးဖို့ ဧပြီလ ၄ ရက်နေ့တုန်းက လူထုကသွားပြီး တောင်းဆိုတာကို ပြည်သူ့စစ်က လေလံဈေးကြီးလို့ ဈေးလျှော့မပေးနိုင်ဘူးလို့ ပြောတယ်။ အဲတာလဲပါတယ်ပေါ့” - စိုင်းဆွယ်ကပြောပါတယ်။


အစဉ်အလာအရ ဒေသတွင်းလူထုကဘဲ လေလံဆွဲပြီး တာဝန်ယူထိန်းချုပ်လာတဲ့ အဲဒီကူးတို့ဆိပ်ဟာ မူစယ်မြို့နဲ့ နမ့်ခမ်းကို သွားလာဆက်သွယ်ကုန်ကူးတဲ့နေရာလဲဖြစ်သလို နောင်ခိုရွာသားတွေအတွက် ရေလယ်ကျွန်းမှာ လယ်ယာလုပ်ငန်းသွားလုပ်ဖို့လည်းအဓိကကျတဲ့ ကူးတို့ဆိပ်တခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်ကစပြီး ပြည်သူ့စစ်တပ်ဖွဲ့ကနေ အခွန်အထုပ်တွေ ကောက်ယူဖို့ အဲဒီကူးတို့ဆိပ်မှာ သွားရောက်နေရာယူထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။


အရင်က ဒေသတွင်းသာမာန်လူထုက စောင့်ဆိုင်းတာဝန်ယူတုန်းကတော့ လေလံဝယ်ယူမှုလည်း ဈေးမကြီးသလို ဖြတ်သန်းသွားလာသူတွေဆီကကောက်ယူရာမှာလည်း ဈေးမကြီးဘူးလို့ ဆိုပါတယ်။


“အရင်တုန်းကတော့ ကျနော်တို့ ရွာသားတွေ တခြားဒေသကိုသာရေးနာရေးသွားလာတဲ့အခါ၊ ရေလယ် ကျွန်းတွေမှာ အလုပ်သွားလုပ်တဲ့အခါ ကူးတို့အသုံးပြုခ မပေးရဘူး။ နောင်ခိုရဲ့တောင်ရွာ မြောက်ရွာ ကနေ တခြားကို သွားမယ်ဆိုရင် လူတယောက်ကို ကျပ် ၂၀၀ ကနေ ၃၀၀ အထိပေးရတယ်။ ဆိုင်ကယ်  ဆိုရင် ကျပ် ၁၀၀၀။ ကားတွေဘာတွေဆိုရင် ၅၀၀၀ လောက်ပေးရတယ်။ အခုတော့ ဈေးတက်မယ်လို့ ကြားထားတယ်။ ပြီးတော့ ပြည်သူ့စစ်လက်ထဲကျသွားရင် လူထုသွားလာဖို့ ခက်ခဲမယ်လေ။ အဲ့ကြောင့် ဒေသခံလူထု လက်ထဲဘဲ ပြန်လွဲပေးစေချင်တာ။” - လို့ ရွာသားစိုင်းနွံကလည်း ပြောပါတယ်။

 
နောင်ခိုကူးတို့ဆိပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်ကတည်းက ဒေသခံလူထုတွေကနေ တည်ဆောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက လေလံဆွဲပြီး အခွန်ကောက်လာခဲ့တဲ့ ဒေသတွင်းကူးတို့ဆိပ်ဖြစ်ပါတယ်။ လေလံစဆွဲတုန်းကတော့ ၃ သိန်းဘဲရှိပြီး လွန်ခဲ့တဲ့နှစ်က ၂၈ သိန်းရှိကာ တဖြည်းဖြည်း မြင့်တက်လာရာက ယခုနှစ်မှာ ကျပ်  ၉၅ သိန်းနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကနေ လေလံရသွားတယ်လို့လည်း သိရပါတယ်။



သျှမ်းသံတော်ဆင့်

unread,
Apr 20, 2017, 4:49:54 PM4/20/17
to thuau...@gmail.com

သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်မရသည့်တောင်ကြီးမြို့တွင်ဒေသအလိုက်အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲအားရက်ပိုင်းအတွင်းကျင်းပမည် - တက်ရောက်ရန်RCSS/SSA အဆင့်သင့်မရှိသေး

Posted: 20 Apr 2017 08:49 AM PDT

သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်မရသည့်သျှမ်းပြည်နယ်မြို့တော်တောင်ကြီးတွင်ရက်ပိုင်းအတွင်းဒေသအလိုက်အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပမည်ဖြစ်သည့်အတွက်တက်ရန်ဖိတ်ကြားခံရသည့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသျှမ်းပြည်တပ်မတော်RCSS/SSA အနေဖြင့်အဆင်သင့်မရှိသေးဟုသိရသည်။


ဒေသအလိုက်အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲအား ဧပြီ ၂၃ ရက်မှ ၂၅ ရက်ထိ တောင်ကြီးမြို့တွင်၃ ရက်တာကျင်းပမည်ဖြစ်ရာတက်ရောက်ရန်သျှမ်းနိုင်ငံရေးပါတီများနှင့်သျှမ်းလက်နက်ကိုင်အဖွဲ့များပါဝင်သင့်ပါဝင်ထိုက်သော အဖွဲ့အစည်းအချို့အားအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာနကကမ်းလှမ်းဖိတ်ခေါ်လာခဲ့ခြင်းဖြစ်သည်။

“ဒေသအလိုက်ဆိုတော့တိုင်းရင်းသားပေါင်းစုံလာတက်မှာ။ကျနော်တို့ကသျှမ်းအမျိုးသားအဆင့်မကျင်းပရသေးတော့လူထုဆန္ဒမရသေးဘူး။လူထုဆန္ဒမရရင်ဒေသအလိုက်အဆင့်သွားတက်လည်းမထူးဘူးလေ။၂၁ရာစုပင်လုံဒုတိယအကြိမ်မှာတောင်သွားပြီးအခက်တွေ့ဦးမှာဘဲ။ဒါကြောင့်သျှမ်းအတွက်သပ်သပ်လုပ်ဖို့ကျနော်တို့ညှိနှိုင်းနေဆဲ” -ဟု RCSS/SSA  ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။


၎င်းနှင့်ပတ်သက်ပြီးအစိုးရဘက်မှတက်သုတ်ရိုက်စီစဉ်လုပ်ဆောင်လာသည့်အပေါ်ပြီးပြည့်စုံသောအောင်မြင်မှုရနိုင်မှာမဟုတ်ကြောင်းသျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်းပြောသည်။


“အဲ့တော့သူတို့လုပ်မယ့်အစီအစဉ်လုပ်မယ့်ပရိုစီဂျာမသိရသေးပါဘူး။ SNLD ကိုလည်းဒီနေ့ဒီအချိန်အထိဖိတ်ကြားထားတာမရှိသေးပါဘူး။ဒါကြောင့်ကျနော်တို့တက်မယ်မတက်ဘူးဆိုတာဖိတ်ကြားတဲ့လူအပေါ်မှာဘဲမူတည်ပါတယ်” - ဟုပြောခွင့်ရစိုင်းလိတ်ကပြောသည်။


ထို့အပြင်ဧပြီ၁၉ရက်ကသျှမ်းပြည်နယ်အတွင်းမြို့နယ်အသီးသီးကခရိုင်ရဲ့ညွှန်ကြားချက်ဖြင့်မြို့နယ်ထွေအုပ်ရုံးမှသက်ဆိုင်ရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ဒေသခံအကြီးအကဲများအားဖိတ်ကြားကာအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်များရှင်းပြခဲ့သေးသည်ဟုလည်းဒေသခံများပြောပြချက်အရသိရသည်။


သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုတောင်ကြီးမြို့သို့မဟုတ်ပြည်ထောင်စုသမိုင်းဝင်ပင်လုံမြို့တွင်ကျင်းပခွင့်ရရေးသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသျှမ်းတပ်မတော်ကဖေဖော်ဝါရီလတင်ပြတောင်းဆိုထားသော်လည်းအစိုးရနှင့်တပ်မတော်တို့ကခွင့်မပေးပဲမိုင်းပန်မြို့သို့မဟုတ်သျှမ်းပြည်အရှေ့ပိုင်းထိုင်းနယ်စပ်မိုင်းထော့၊မိုင်းထားတို့တွင်သာကျင်းပရန်ပြောဆိုသည့်အတွက်သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ခြင်းမရှိသေးပေ။



သျှမ်းသံတော်ဆင့်

unread,
Apr 21, 2017, 4:48:14 PM4/21/17
to thuau...@gmail.com

အဖိတ်ခံရ သျှမ်းအဖွဲ့ သျှမ်းပြည်နယ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတက်ရောက်ရန်ရှိ

Posted: 21 Apr 2017 08:31 AM PDT

သျှမ်းပြည်နယ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုတက်ရောက်မည်ဖြစ်သော် လည်း သျှမ်းတစ်မျိုး သားလုံးတွက် ကိုယ်စားပြုရန်မဖြစ်နိုင်ကြောင်း ဖိတ်ကြားခံရသည့် သျှမ်းအဖွဲ့အစည်းမှတာဝန်ရှိ သူများကပြောသည်။


RCSS/SSA တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦးက- “တက်တာတော့ လာတက် မယ်။ တကယ်တမ်း  သျှမ်းလူမျိုးအတွက် အမျိုးသားအဆင့်က မလုပ်ရသေးဘူး။ ပအိုဝ်းတွေက လုပ်ပြီးသွားပီ၊ အစိုးရဘက်က ဒေသအဆင့်အတွက် ဖိတ်လာတယ်။ ပြီးတော့ NCA ကနေလာတယ် ဆိုတော့ တက်တော့ လာတက်မယ်။ စာတမ်းတွေ တင်ဖို့တော့ မရှိသေးဘူး။ တကယ်လို့ ရှိလာမယ် ဆိုရင်လည်း သျှမ်းတစ်မျိုး သားလုံးတွက် ကိုယ်စားပြုမှာ မဟုတ်ဘူး” ဟု သျှမ်းသံတော်ဆင့် အားပြော သည်။


သျှမ်းပြည်နယ် အစိုးရမှ ဦးဆောင်ကျင်းပပြုလုပ်မည့် သျှမ်းပြည်နယ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို ဧပြီလ ၂၃ ရက်မှ ၂၅ ရက်အထိ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ခေါင်းစဉ်ကြီး ၃ ခု နှင့် စာတမ်းဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


“စာတမ်းဖတ်မယ့် ခေါင်းစဉ်ကတော့ ဖက်ဒရယ်ကို အခြေခံတဲ့ နိုင်ငံရေး ၊ ဖက်ဒရယ်ကို အခြေခံတဲ့ စီးပွားရေး နဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ မြေယာ နဲ့ သဘာဝ သယံဇာတ ဆိုင်ရာမူဝါဒ ကိစ္စတွေ ဖတ်သွားမယ်” ဖိတ်ကြားရေး ကြိုဆိုရေး နှင့် တည်းခိုရေးကော်မတီ ဥက္ကဌ သျှမ်းပြည်နယ် လူမှုရေးဝန်ကြီးဌာန ဒေါက်တာမျိုးထွန်း ကပြောသည်။


သျှမ်းပြည်တွင်းရှိ အဖွဲ့အစည်း စုစုပေါင်း ၁၀ ဖွဲ့၊ ကိုယ်စားလှယ်ပေါင်း ၄၂၆ ယောက် ဖိတ်ကြား ထားကြောင်း ဖိတ်ကြားရေး ကြိုဆိုရေး နှင့် တည်းခိုရေးကော်မတီ ဥက္ကဌ သျှမ်းပြည်နယ် လူမှုရေးဝန်ကြီးဌာန ဒေါက်တာမျိုးထွန်း ကပြောသည်။


အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်ရေးမှုကော်မတီ လည်းဖြစ် ကျေးသီးမြို့နယ် ပြည်နယ် လွှတ်တော်အမှတ်(၂) တွင် အနိုင်ရရှိခဲ့သည့် (SNLD) ပါတီ တောင်ကြီးမြို့နယ် ဥက္ကဌ ဦးခင်မောင်ညွန့် က “လူမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အရင်လုပ်သင့်တယ်လို့ မြင်တယ်။ သျှမ်းတိုင်းရင်းသားတွေက မလုပ်ရသေးဘူး။ ပအိုဝ်းတိုင်းရင်းသားတွေဘဲ လုပ်ပြီးသွားတာ၊ ဒေသအလိုက် လာလုပ်တယ်ဆိုတာ ဘာကြောင့် သူတို့ လောပြီး လာလုပ်ရတာလည်း မသိဘူး၊ စာတမ်းတင်ဖို့က တစ်ယောက်ကို ၁၀ မိနစ်ဆိုတော့ မပြည့်စုံနိုင်ဘူးပေါ့ ၊ ကျားခေါင်းအနေနဲ့တော့ အမျိုးသမီး ၃ ယောက်လာတက်ရောက် မယ်။ စာတမ်းရှိရင်လည်း ဖတ်သွားမယ်” ဟုပြောသည်။


၁-အစိုးရအဖွဲ့များ ၊ ၂- လွှတ်တော်ကိုယ်စားလှယ်များ၊ ၃ - တပ်မတော်သားကိုယ်စားလှယ်များ၊ ၄- NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ RCSS/SSA နှင့် PNLO ၊ ၅- ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ၆- နိုင်ငံရေးပါတီ ၂၃ ခု ၊ ရ- သျှမ်းပြည်တွင်းရှိ CSO ၃၂ ခု၊ ၈- စာပေယဉ်ကျေးမှု ၁၈ ဖွဲ့ ၊ ၉- မြို့နယ်အလိုက် ခရိုင်အလိုက် စာတမ်းဖတ်မည့် ကိုယ်စားလှယ် များ၊ ၁၀- ဌာနဆိုင်ရာ တို့ ကို ဖိတ်ကြားထားကြောင်း ဒေါက်တာမျိုးထွန်းကပြောသည်။


ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ဧပြီ ၂၃ ရက်မှ ၂၅ ရက်နေ့ထိ ၃ ရက်  ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တက်သုတ်ရိုက် သျှမ်း- ဒေသဆွေးနွေးပွဲ ၊ ပန်ဆန်းအခြေပြု နိုင်ငံရေး နဲ့ မှေးမှိန်လာတဲ့ ဒီမိုကရေစီ တပွင့်

Posted: 21 Apr 2017 08:19 AM PDT

ငြိမ်းချမ်းရေး ဆွေးနွေးတည်ဆောက်မှုကို တပွဲထိုးအဖြေရှာ သဘောတူလက်မှတ်ရေးထိုးဆိုတဲ့ အခမ်းအနားမျိုး အမြင်ထက် ရန်စောင်အမုန်းပွားနေတဲ့ ဘက်နှစ်ဘက်အကြား ရေရှည်တည်တံ့တဲ့ ယုံကြည်မှုကို အချိန်နဲ့အမျှ တည်ဆောက်ပေးရတဲ့ ဖြစ်စဉ်တစ်ရပ်အဖြစ် ရှုမြင်သဘောထားရ မှာဖြစ်တယ် -လို့ ဆိုလာသူကတော့ ဂျိုနသန်ပါဝဲလ်ပဲဖြစ်ပါတယ်။


သူဟာ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဗြိတိသျှအစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှု ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူပါ။တစ်ချိန်တည်းမှာလည်း သူဟာ ၀န်ကြီးချုပ် တိုနီဘလဲရဲ့  ၀န်ကြီးချုပ်ရုံးအဖွဲ့မှူးရာထူးကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ် ။


လက်ရှိ မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရဖြစ်တဲ့ NLD အစိုးရလက်ထက် ကျင်းပခဲ့တဲ့ ၂၁ ပင်လုံ ပထမအကြိမ်ကိုလည်း ဂျိုနသန်ပါဝဲလ်ဟာ တက်ရောက်ခဲ့ပြီး နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေး မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။


စေ့စပ်ဆွေးနွေးမှု ညှိနှိုင်းဖြစ်စဉ်တစ်ခုကို အစပြုလိုက်တာနဲ့ အဲဒီဖြစ်စဉ်ကို ရေရှည်တည်တံ့ဖို့အတွက် ဦးတည်လုပ်ဆောင်ရပါတယ်။ ၄င်းအနေနဲ့တော့ စက်ဘီး သီအိုရီလို့ သတ်မှတ်ပြီး အဆက်မပြတ် စီးနင်းနေရမည်ဖြစ်ကာရပ်လိုက်တာနဲ့ လဲကျသွားမှာဖြစ်တယ်။ ရပ်ပြီး ပြန်နင်းရင်လည်း အားစိုက် ရတယ်။ ဆွေးနွေးပွဲက ဘယ်လောက်ပဲ ပင်ပန်းပါစေ ရပ်တန့်မသွားအောင်လုပ်ဆောင် သွားရမှာဖြစ် သလို ချဉ်းကပ်မှု ပုံစံအဟောင်းတွေနဲ့ အဆင်မပြေရင်လည်း ပုံစံအသစ်အသစ် ချဉ်းကပ်မှုအသစ်နဲ့ အဆက်မပြတ် စဉ်းစားဆွေးနွေးနေရမှာဖြစ်တယ် လို့ ဆိုပါတယ်။


 လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့အခါမှာလည်း သံတမန်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေး မှုတွေ လိုပဲ စနစ်တကျတည်ဆောက်ထားတဲ့ ပုံစံတစ်ခုတော့ ရှိဖို့လိုအပ်တယ် လို့လည်း ဟောင် ကောင် ကို တရုတ်နိုင်ငံသို့ ပြန်လည်အပ်နှံရေး ၊ ၁၉၈၀ ခုနှစ်အလယ်ပိုင်းနှစ်များက ဆိုဗီယက် ယူနီယံနဲ့ ပြုလုပ်တဲ့ လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများနဲ့ ဂျာမန်နိုင်ငံ ပြန်လည်ပေါင်း စည်းခြင်း ဆိုင်ရာ ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့သူ ဂျိုနသန်ပါဝဲလ်က သူ့ ရဲ့  How to End Armed Conflict စာအုပ်မှာ ရေးသားထားပါတယ်။


လက်နက်ကိုင်အုပ်စုတွေနဲ့ ဆွေးနွေးညှိနှိုင်းရခြင်း ဆိုတာဟာ အစည်းအဝေးတွေ မကြာခဏကျင်းပပြီး လူသိရှင်ကြား လက်မှတ်ရေးထိုးမှု အခမ်းအနားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကိုလုပ်လိုက်တာ ထက်  စိတ်ရှည်သည်းခံမှုတွေ ၊ ကြီးမားတဲ့ ဉာဏ်ပညာရှိမှုတွေ ၊ ခိုင်မာတဲ့ စိတ်ဆုံးဖြတ်မှုတွေနဲ့အတူ ရေရှည်အကျိုးမျှော်ကိုးပြီး စီမံထားတဲ့ ဖြစ်စဉ်တွေနဲ့ ချဉ်းကပ်ဖြေရှင်းခြင်းကသာ အကောင်းဆုံးပါပဲလို့ လည်း သူက ဆိုပါတယ်။ ပဋိပက္ခ ဖြေရှင်းမှုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တည်ဆောက်မှုအတွက် သူအကြံပြုထားတဲ့ အချက် ၂၀ လောက်ထဲမှာ ခိုင်မာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စနစ်ကျတဲ့ ဖွဲ့စည်းတည်ဆောက်မှုဖြစ်ဖို့ ၊ စေ့စပ်ညှိနှိုင်းမှုဆိုတာ ဆွေးနွေးငြင်းခုန်မှု Debate နဲ့ တရားဟောဆုံးမ သြဝါဒပေးတာ Preaching မဟုတ်တာကို သတိပြုဖို့ လိုပါတယ်။


 ငြိမ်းချမ်း process အတွက် အရှိန်ကို ထိန်းထားဖို့ စကားလုံးတွေရဲ့ အရေးပါမှု ၊ဆွေးနွေးပွဲတွေ ကျင်းပမဲ့ နေရာကို မှန်ကန်စွာရွေးချယ်သတ်မှတ်နိုင်ဖို့က ယုံကြည်မှု တည်ဆောက်ရာမှာ အရေးပါတယ်လို့လည်းဆိုသလို စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ်အတွက် စီမံချက် ၁ နဲ့ မအောင်မြင်ရင် အရံသင့် (၂) ဆိုတာ ရှိရန် လိုအပ်မှု ၊ စေ့စပ်ဆွေးနွေးမှုများမှာ အသွင်သဏ္ဍာန်နဲ့ အမှတ်သရုပ်လက္ခဏာတွေရဲ့ အရေးပါမှုကို အလေးထားမှုကလည်း အရေးကြီးတယ်လို့  မစ္စတာပါဝဲလ်က ဆိုထားပါတယ်။


အရေးကြီးတဲ့အချက်ကတော့ စေ့စပ်ညှိနှိုင်းဆွေးနွေးရေးကိုမဟာဗျူဟာတကျလုပ်ဖို့လိုသလို အခြေအနေ ၊ အချိန်အခါ အလိုက်ပြုလွယ်ပြင်လွယ်ရှိစေရန် စီမံထားဖို့ကလည်း အရေးအကြီးဆုံးဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုဖြစ်နဲ့ပတ်သက်တဲ့ အန္တိမရည်မှန်းချက်ကိုမူ ခိုင်ခိုင်မာမာ အမျှော်အမြင်ရှိရှိထားဖို့ လိုတယ်လို့ သူ့စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။


အရေးကြီးတဲ့အချက်ကတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ အမျိုးမျိုးသော စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ်တွေဟာ အာဏာခွဲဝေခြင်း ၊ ရင်းမြစ်ခွဲဝေခြင်း စတဲ့ တူညီတဲ့ ကိစ္စရပ်တွေအပေါ်မှာသာ ထပ်ခါတလဲလဲဖြေရှင်းနေကြခြင်းဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုများအတွက် ဆွေးနွေးဘက်တွေအကြား အကောင်းဆုံး ကိုယ်စားပြုမှုကို ဖြစ်ပေါ်စေမဲ့ ဆုံးဖြတ်ချက် ချမှတ်မှုဖြစ်စဉ်ကိုလည်း ကြိုတင်စဉ်းစားဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။


အောင်မြင်ခဲ့တဲ့ တောင်အာဖရိက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆွေးနွေးပွဲကျင်းပမှု ပုံသဏ္ဍာန်အခင်းအကျင်း ကျင်းပမဲ့ နေ့ရက်တွေနဲ့ ပတ်သက်လို့ လူဖြူအစိုးရကကြီးကြီး သီးသန့်ဆုံးဖြတ်တာ မဟုတ်ပဲ အားလုံးပါဝင်တဲ့ ကော်မတီကသာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာမှာလည်း နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဆက်စပ်မဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်မှာ ဆွေးနွေးမှု ပုံသဏ္ဍာန်အခင်းအကျင်းတွေကို  အားလုံးပါဝင်တဲ့ အစုအဖွဲ့ ကော်မတီတွေက ဆုံးဖြတ်ဖို့ NCA နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ပြဌာန်းခဲ့ကြတာဖြစ်ပါတယ်။ အဓိကအားဖြင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့အတွက် UPDJC လို့ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲကော်မတီဟာ အဆင့်အလိုက် နိုင်ငံရေးဆွေးနွေးမှုတွေ ၊အစည်းအဝေး ဘယ်နေ့ကျင်းပမယ်ဆိုတာက အစ ဆုံးဖြတ်ရမဲ့ နေရာဖြစ်ပါတယ်။ အဲဒီကော်မတီမှာ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အစိုးရ တာဝန်ရှိသူတွေ ပါဝင်တာပါ။ NCA စာချုပ်ဟာ လွှတ်တော်မှာ အတည်ပြုပြီးပြီဖြစ်တဲ့အတွက် စာချုပ်ပါ အချက်တွေကို လေးစားလိုက်နာ အကောင်ထည်ဖော်ဖို့ ဟာ အားလုံးမှာ တာဝန်ရှိပါတယ်။


ဆွေးနွေးပွဲ အဆင့်ဆင့် ကျင်းပမှုတွေက အစ UPDJC မှာ ဆုံးဖြတ်ရမှာဖြစ်သလို NCAနဲ့ ပတ်သက်လို့ အကြပ်အတည်းမှန်သမျှဟာ JICM လို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ပူးတွဲညှိနှိုင်းမှု အစည်းအဝေး ( ထိပ်သီးခေါင်းဆောင်တွေပါဝင်တဲ့ ) မှာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ယုတ်စွအဆုံး ဖြစ်စဉ် ရပ်တန့်နေတာတွေကအစ ဆွေးနွေးမှု ဖြစ်စဉ် ဆက်မသွားနိုင်တာ ၊ အလုပ်ဖြစ်နိုင်ဖွယ်ရှိတဲ့ အခင်းအကျင်း မပေါ်ပေါက်တာက အစ NCAအရ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ JICM မှာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။


ဒိုင်ယာလော့ခ်နည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာမှုဖြစ်စဉ်တွေမှာ အားလုံးရဲ့ ပါဝင်ပတ်သက်မှုဟာ အဓိပ္ပာယ်ရှိတဲ့ ပါဝင်ပတ်သက်မှုဆိုတဲ့ စိတ်ခံစားမှုဖြစ်ပေါ်စေခြင်းဟာ ယုံကြည်မှု တည်ဆောက်ရေးမှာ အရေးပါလှသလို ဖြစ်စဉ်ကို နိုင်ငံရေးအဖွဲ့အစည်းတစ်ခုတည်းက ပိုင်တာမဟုတ်ဘူးလို့လည်း ပြသရာရောက်ပါတယ်။


ဖော်ပြခဲ့တဲ့ UPDJC ကော JICM ကော အစိုးရသစ် လက်ထက်မှာ အသက်မဝင် ဖြစ်လာတာက တော့ စိတ်မကောင်းစရာပဲဖြစ်ပါတယ်။ ဧပြီလ ၂၀ ရက်နေ့ မနက်နိုးနိုးခြင်းမှာပဲ ဖေ့ဘုပ်ဖွင့်ကြည့်လိုက်တော့ သတင်း တပုဒ်ကို တွေ့ရပါတယ်။ သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်မရတဲ့ တောင်ကြီးမြို့မှာ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အစိုးရက ဦးဆောင်လို့ ရက်ပွဲအတွင်း တက်သုတ်ရိုက်ကျင်းပမဲ့ သတင်းပါ။ ဒီသတင်းကို ဆက်ဖတ်ကြည့်တော့ ဒေသတွင်း အပစ်ရပ်ထားတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ RCSS/SSA သျှမ်းပြည်တပ်မတော်တောင် တက်ရောက်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။ သူတို့လည်း ကြိုတောင် မသိဘူးလို့ ပြောထားပါတယ်။ သူတို့ ပြောတာကလူထု ဆန္ဒအရ အမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပမှု မလုပ်နိုင်သေးပဲ ဒေသအလိုက်ကို တက်သုတ်ရိုက်အဆင့်ကျော်ပြီး သွားလုပ်ရင် ၂၁ ပင်လုံမှာတောင်သွားပြီး အခက်တွေ့ဦးမယ်လို့ ဆိုထားပါတယ်။ ပိုဆိုးတာက ဒီအစည်းအဝေးကျင်းပမှုကို UPDJC ကနေ ဆုံးဖြတ်တာ မဟုတ်ပဲ အစိုးရ အစီစဉ်နဲ့ သီးခြား တက်သုတ်ရိုက်လုပ်လာတာဖြစ်ပါတယ်။ သီအိုရီတွေအရ ဆွေးနွေးပွဲ အဆတ်မပြတ်ရှိခြင်းဟာကောင်းပေမဲ့ အလုပ်ဖြစ်နိုင်ဖွယ် ကြိုတင်ပြင်ဆင်မှု ရှိမရှိ ဆိုတာ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။


ဒါ့အပြင် NCA စာချုပ်အကြောင်းပြောနေပြီး NCA နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေး စာချုပ်ပါ အချက်တွေကို အကောင်ထည်ဖော်မှု အားနည်းတာ ၊ ဆွေးနွေးဘက်တွေရဲ့ အခွင့်အရေးတွေကို မလေးစားပဲ မိမိသဘောနဲ့ ဆုံးဖြတ်မှု ဆိုတဲ့ အနေထားပါ တွေ့မြင်လာရတာပဲဖြစ်ပါတယ်။ တောင်ကြီးမှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ဒီအစည်းအဝေးမှာ ဒေသတွင်း အပစ်မရပ်ထားတဲ့ အဖွဲ့တွေလည်း ပါဝင်ခွင့်ရမရ ၊ အရပ်ဘက် အဖွဲ့အစည်းကဏ္ဍ စတာတွေလည်း ရေရာမှု မရှိလှပါဘူး။ ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ မေလအတွင်းကျင်းပဖို့ ရည်ရွယ်ထားတဲ့ ၂၁ ပင်လုံမတိုင်မှီ အပြကောင်းရုံသက်သက်လောက်ပဲဖြစ်ပါလိမ့်မယ်။ သျှမ်းပြည်နယ်အတွင်းမှာ အဓိက တိုင်းရင်းသား အင်အားစုဖြစ်တဲ့ သျှမ်းအမျိုးသားအဆင့်ဆွေးနွေးပွဲ မလုပ်ရသေးပဲ ကျန်တဲ့ ပအိုဝ်းလို တိုင်းရင်းသားတွေရဲ့ ဆွေးနွေးပွဲတွေသာ ကျင်းပနိုင်သေးပြီး ဒေသအလိုက် ဆွေးနွေးပွဲကို  အစိုးရ သဘောနဲ့ ကျင်းပတာဟာ တိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ဆုံးဖြတ်ခွင့်ကို အများစု မဂျော်ရတီနဲ့ လိုသလို ပုံစံသွင်းတဲ့ သဘောပါ ဆောင်သလို သွေးခွဲအုပ်ချုပ်တဲ့ သဘောဆောင်ပါတယ်။ အခုမှ ဒီလိုဖြစ်နေတာတော့မဟုတ်ပါဘူး။ ၂၁ ပင်လုံကျင်းပမယ်လို့ ဒေါ်အောင်ဆန်းစုကြည် စပြောလိုက်ကတည်းက ကျန်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပါတီတွေ တရားဝင် ကော်မတီတွေနဲ့ ဆွေးနွေးမှု မပြုပဲ ကြိုတင်ကြေငြာခဲ့တာ သတိထားမိပါတယ်။ NCA မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို မေးငေါ့နေတဲ့ အစိုးရအနေနဲ့ မိမိကိုယ်တိုင်လည်း NCAနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကျေညှက်နားလည်ဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ UPDJC ဥက္ကဌ ဖြစ်လို့ ဒီလို ဆုံးဖြတ်တယ်ဆိုရင်တောင် မူအရ ကော်မတီအဖွဲ့ဝင်တွေနဲ့ အတွင်းရေးမှူးလို နေရာရာထူးတွေမှာ တိုင်းရင်းသားအင်အားစုတွေ ပါဝင်တဲ့အတွက် သူတို့နဲ့ အစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်ဖို့ လိုပါတယ်။ ဒါမှ မဟုတ်ရင် ဗဟို ဦးစီးစနစ်နဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်သာဖြစ်နေပါလိမ့်မယ်။ လတ်တစ်လောမှာပဲ NCA ထိုးပြီးသား အဖွဲ့တွေမှာတောင် NCA စာချုပ်ပါ အချက်တွေကို အကောင်ထည်ဖော်ပေးမှု အားနည်းတဲ့အတွက် စိတ်ပျက်မှုတွေ ရှိလာတာက ငြင်းမရ နိုင်တဲ့ ကိစ္စပါ။


 ဒီလို ဆွေးနွေးပွဲတွေကို အလုပ်ဖြစ်ဖြစ် မဖြစ်ဖြစ် ဗဟို အစိုးရ သဘောအတိုင်း လုပ်နေတာက အမျိုးသားအမှတ်သညာ ရုပ်လက္ခဏာအရလည်း မေးခွန်းထုတ်စရာ ရှိပါတယ်။ စိတ်ဝမ်းကွဲမှု များပြားတဲ့ လူ့အဖွဲ့အစည်းတွေမှာ တိုင်းရင်းသားမျိုးနွယ်စု ဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခတွေရှိတာ သဘာဝဖြစ်ပြီး အဲဒီ ပဋိပက္ခတွေကို စီမံခန့်ခွဲရာမှာ ဒီမိုကရေစီ အလေ့အထတွေနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာပြီး စည်းရုံးရစမြဲဖြစ်ပါတယ်။ ဒီမိုကရေစီ အလေ့အထ မဟုတ်တဲ့ အကျင့်တွေ ၊ လက်အောက်ခံ ဘဝ ကျရောက်မှု အပါဝင် ဗဟိုချုပ်ကိုင်မှုများလွန်းတာ ၊တွေကို ဖြေရှင်းရတာဟာ တိုင်းရင်းသားမျိုးနွယ်စု ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ကြုံတွေ့ရမြဲဖြစ်ပါတယ်။ ဒီမိုကရေစီ အလေ့အထအားနည်းတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီအရ အသွင်ကူးပြောင်းမယ်ဆိုရင် ဦးဆောင်သူတွေကိုယ်တိုင် ဒီမိုကရေစီအလေ့အထတွေဖြစ်တဲ့ ညှိနှိုင်းတိုင်ပင်စေ့စပ်ဆွေးနွေးတဲ့ အလေ့အထတွေကို အသုံးပြုမှုကသာ မျိုးနွယ်စု လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ဒီမိုကရေစီ အလေ့အထ မရှိသူတွေအတွက် ဦးဆောင်လမ်းပြအနေနဲ့ အထောက်အကူ ပြုသလို ဖြစ်ပါစေလိမ့်မယ်လို့ တီမိုသီဆစ့်ရဲ့ Power sharing and International Mediation In Ethnic Conflict ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ မဂျော်ရတီသာ အနိုင်ရတဲ့ ဒီမိုကရေစီစနစ် မြန်မာလို စနစ် ( တိုင်းရင်းသားမျိုးနွယ်စု တစ်မဲ ဗမာတစ်မဲ မဖြစ်နိုင် ဥပမာ သျှမ်းလူဦးရေနဲ့ ဗမာလူဦးရေ ကွာခြားမှုအရ ဗမာသာ မဲအများစု အမြဲရနိုင် )တွေမှာ လူဦးရေနည်းတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအနေနဲ့ ရွေးကောက်ပွဲစနစ်ကို ကြောက်ကြတာ သဘာဝပဲဖြစ်ပါတယ်။ ( ဥပမာ မြောက်အိုင်ယာလန် ပြည်တွင်းစစ် ရွေးကောက်ပွဲတွင် လူဦးရေများသော ပရိုတက်စတင့်တွေသာ အမြဲအနိုင်ရပြီး သူတို့သဘောအတိုင်းသာ အမြဲဆုံးဖြတ်တဲ့အတွက် ရိုမန်ကက်သလစ်တွေက လက်နက်ကိုင် ဆန့်ကျင်၊ ဒါကြောင့် အာရင်းလိပတ်ခ်ျလို ပုဂ္ဂိုလ်တွေကတော့ မဂျော်ရတီမဲများတိုင်း၊ လူဦးရေများတိုင်း အနိုင်ရတဲ့ စနစ်ကို ဒီမိုကရေစီလို့ မသတ်မှတ်ဟု ဆိုခဲ့တာဖြစ်နိုင်ပါတယ်။ )


တိုင်းရင်းသားမျိုးနွယ်စုတွေကို အာဏာခွဲဝေမှု ပြုလုပ်တဲ့ အလေ့အကျင့်နဲ့ Consociational ပုံသဏ္ဍာန်း တနည်းအားဖြင့် အသွင်မတူကွဲပြားတဲ့ မျိုးနွယ်စုတွေအကြား နိုင်ငံရေးအရနဲ့ ကိုယ်စားပြုမှု ရှိသူတွေကို  အာဏာခွဲဝေပေးတဲ့ ပုံစံမျိုးက အသင့်တော်ဆုံးဖြစ်တယ်လို့ သီမိုတီဆစ့်က  ဆိုပါတယ်။ တောင်အာဖရိကမှာ မင်ဒဲလား သမ္မတဖြစ်စေခဲ့တဲ့ ကြားဖြတ်ဖွဲ့စည်းပုံမှာ အင်အားစု အားလုံးပါဝင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ခဲ့မှုဟာ ငြိမ်းချမ်းရေးအရကော အသွင်ကူးပြောင်းရေးအတွက် အထောက်အကူပြုစေခဲ့ပါတယ်။ မြန်မာမှာတော့ NLDအနေနဲ့ တိုင်းရင်းသားအခ့ကို ရာထူးနေရာပေးခဲ့တာ ရှိပေမဲ့ နိုင်ငံရေးအရ သဘောတူညီချက်တွေနဲ့ ပေးတာ မဟုတ်ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရလို့ အပြည့်အဝ မဆိုနိုင်ခဲ့တဲ့အတွက် အသွင်သဏ္ဍာန်သာရှိတဲ့ Cohabiting တနည်းအားဖြင့် ပဋိဉာဉ်မပါတဲ့ အစိုးရလို့ သာ ဆိုနိုင်ပါတယ်။ NLDနဲ့ တိုင်းရင်းသားတွေအကြား ယုံကြည်မှု ယိုယွင်းလာမှုကို ကြည့်မယ်ဆိုရင် အစိုးရဖွဲ့စည်းမှု ကာလကတည်းက စတယ်လို့ ဆိုနိုင်ပါတယ်။ အကွဲအကြီးနဲ့ အကွဲအသေးအကြား အကြီးကို ကိုင်တိုင်းနိုင်တယ်ဆိုတဲ့ အယူအဆဟာ ရေရှည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်တော့ ကောင်းလှတဲ့ လက္ခဏာ မဟုတ်ပါ။ ချောင်းဆုံမြို့နယ်က ဗိုလ်ချုပ်အောင်ဆန်းတံတားကိစ္စဟာ ဒီမိုကရေစီအရ အနိုင်ကျင့်မှုဖြစ်သလို မျိုးနွယ်စု တိုင်းရင်းသားတွေဘက်က အစိုးရ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးအတွက်လည်း မေးငေါ့စဉ်းစားစရာ ကိစ္စဖြစ်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်စု ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အစိုးရဘက်တွေနဲ့ ပညာရှင်တွေအကြား အမြင်မတူတတ်မှုတွေမှာ အဓိက ကျတာက တစ်ခါတစ်ခါအစိုးရတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ် မြန်မြန်ပြီးမြောက်လိုဇော ( သို့မဟုတ် ) ၄င်းတို့ အစိုးရသက်တမ်းအတွင်း အမြန်ပြီးပြတ်လိုစိတ်နဲ့ ကြုံသလို လုပ်တတ်တာဟာ အကြီးမားဆုံးအမှားဖြစ်တယ်လို့ တီမိုသီဆစ့်က ထောက်ပြပါတယ်။ ပညာရှင်တွေ စကော်လာတွေရဲ့ ချဉ်းကပ်မှုမှာတော့ တက်သုတ်ရိုက်ကြုံသလို လုပ်တာ မဟုတ်ပဲ ရေရှည်ခိုင်မာမှုကို အခြေခံပြီး စနစ်တကျချဉ်းကပ်မှုမျိုးကို အားပေးကြပါတယ်။ အဲလို အခြေခံတဲ့အတွက်လည်း မမျှော်လင့်ပဲ အချိန်တိုတိုအတွင်း အောင်မြင်သွားတာတွေလည်း ရှိပါတယ်လို့ တီမိုသီဆစ့်က ထောက်ပြပါတယ်။


လက်ရှိ အချိန်ကို ပြန်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပထမအကြိမ် ၂၁ ပင်လုံပြီးကတည်းက အကြပ်အတည်းကာလထဲကို ရောက်နေခဲ့ပြီဖြစ်ပါတယ်။ တစ်ချိန်တည်းမှာလည်း NCAကို လက်မခံပဲ ဆွေးနွေးမဲ့ အုပ်စုတွေ ပထဝီနိုင်ငံရေးလို ကိစ္စတွေကလည်း အားကောင်းလာခဲ့ပါပြီ။ အဲဒီလို အခြေနေမှာ ထွက်ပေါက်က အနည်းငယ်သာ ရှိပါတယ်။ လက်မှတ်ထိုးပြီးသားအဖွဲ့အစည်းတွေ ၊ သက်ဆိုင်ရာ မျိုးနွယ်စု အလိုက် ကိုယ်စားပြုတဲ့ ပါတီ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမှု ၊ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း ဒီအချိန်မှာ အရေးကြီးပါတယ်။ တစ်ချိန်တည်းမှာလည်း လက်မှတ်ထိုးပြီးသားအဖွဲ့တွေမှာကော မထိုးသေးတဲ့ အဖွဲ့တွေမှာပါအစိုးရကိုကျော်လို့ တပ်နဲ့ တိုက်ရိုက်ဆွေးနွေးဆိုတဲ့ အယူအဆအားကောင်းလာတာလည်း ငြင်းမရနိုင်တဲ့ ကိစ္စပါပဲ။ ' အစိုးရ တက်တာ တစ်နှစ်ကျော်ရှိပြီဘာမှ တိုးတက်မှု မရှိဘူး။ တာဝန်ယူမှု တာဝန်ခံမှုကလည်း မရှိဘူး။ တရားဟောတာ ဟန်ပြလုပ်တာနဲ့ပဲ အချိန်ကုန်နေတယ်လေ။ တပ်နဲ့ တိုက်ရိုက်ဆွေးနွေးရေးအယူအဆ အားကောင်းလာတာလည်း အဆိုးဆိုလို့မရဘူး။ ' လို့ NCA အပစ်ရပ်စာချုပ်ထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ သျှမ်းပြည်တပ်မတော် RCSS/SSA ဆိုရင် NCA အပါအဝင် အပစ်ရပ်စာချုပ် စုစုပေါင်း ၃ ခု လက်မှတ်ရေးထိုးထားပေမဲ့ အကောင်ထည်ဖော်မှု အားနည်းတဲ့အတွက် တပ်မတော်နဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်နေတာတွေ့ရပါတယ်။


ဝ တပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးကတော့ ' တပ်နဲ့ တိုက်ရိုက်ဆွေးနွေးတာဟာ အခုလက်ရှိအနေထား ထက်စာရင် ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်ဗျာ။ ' လို့ စာရေးသူအားပြောဆိုဖူးပါတယ်။


ဝ ဒေသ  ပန်ဆန်းအစည်းအဝေး ထုတ်ပြန်ချက်ဟာ NCA လိုင်းကို ကျော်လို့ သီးသန့် ဆွေးနွေးမဲ့ အစီစဉ်ဖြစ်ပြီး တောင်းဆိုမှုကော နိုင်ငံရေးအရ တင်းမာတဲ့ သဘောရှိပါတယ်။ NCA ထိုးပြီးသားအဖွဲ့တွေတောင် အကြပ်ရိုက်နေမှုမှာ မထိုးသေးတဲ့အဖွဲ့တွေကလည်း သူတို့တောင် ဘာမှ မရေရာသေးဆိုတာမျိုး NCA မထိုးသေးတဲ့ အဖွဲ့တွေက ထောက်ပြနိုင်သလို အခန့်မသင့်ရင် ထိုးပြီးသားအဖွဲ့တွေတောင် အမာလိုင်းဘက် ကူးသွားနိုင်မလား ဆိုတာ မပြောနိုင်တဲ့ ကိစ္စပါ။


တပ်နဲ့ လက်နက်ကိုင် အချင်းချင်း ဆွေးနွေးမယ်ဆိုတဲ့  အနေထားမှာ လက်နက်ကိုင်ထားတဲ့ စစ်ဘုရင်အချင်းချင်း ပြေလည်ကောင်း ပြေလည်သွားနိုင်ပေမဲ့ ဒီမိုကရက်တိုက်ဇေးရှင်းနဲ့ အရပ်သား အခန်းကဏ္ဍအတွက် တော်တော်လေးကို ပြဿနာ ရှိလာပါတယ်။ အရပ်သားအခန်းကဏ္ဍ ဘေးရောက်လာရင်ဒီမိုကရေစီ အလေ့အထ ဆုတ်ယုတ်လာမှာ ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေမှာပါ အများကြီး ပြဿနာ ရှိလာနိုင်ပါတယ်။ ဒီမိုကရေစီ အစိုးရရဲ့  မဟာဗျူဟာကင်းမဲ့မှုကြောင့် ဒီမိုကရေစီ အခန်းကဏ္ဍနဲ့ အရပ်သားအခန်းကဏ္ဍ မှေးမိန်လာမဲ့ အလားအလာမြင်တွေ့နေရတာဟာ စိုးရိမ်စရာ ကိစ္စရပ်ပဲဖြစ်ပါတယ်။  ပွင့်လင်းမြင်သာမှု ၊ တာဝန်ခံ ၊ တာဝန်ယူမှု မရှိတာတွေကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ယုံကြည်မှု လျော့နည်းပြီး အမာလိုင်းအားကောင်းလာနိုင်တာကို ထည့်သွင်းတွက်ချက်ဖို့လိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလအတွင်း အင်အားစုတွေအားလုံး ကိုင်စွဲလာခဲ့တဲ့ တပ်မတော် ၊ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများဆိုတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေးမူမှာ ဒီမိုကရေစီ တပွင့်က ဒီမိုကရေစီ အစိုးရလက်ထက်မှာ မှေးမိန်လာတော့မလားဆိုတာလည်း တွေးဆစရာပါ။ အရပ်ဘက်အဖွဲ့အစည်းကဏ္ဍ NLDမဟုတ်တဲ့ အခြားဒီမိုကရေစီ အင်အားစုတွေ ဘေးရောက်နေမှု ရွေးကောက်ပွဲအနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေတောင် နေရာမရမှုတွေက လက်နက်ကိုင် နိုင်ငံရေးအတွက် အားကောင်းစေနိုင်တဲ့ အခင်းအကျင်းပဲဖြစ်ပါတယ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုရင် မတ်လ ၂၇ တပ်မတော်နေ့မှာ ၂၁ ပင်လုံအကြောင်းတောင် မပြောတော့သလို ၊ ပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကလည်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်က မြင်သာတဲ့ ကာလအတွင်းမှာ ပြေလည်သွားဖို့ အလားအလာနည်းတယ်လို့ တရုတ်ဘက်က ယူဆထားကြောင်း တရုတ်- မြန်မာအရေး လေ့လာသူ ဒေါက်တာယွန်ဆင်ရဲ့  မကြာသေးခင်က သူမရဲ့ ဆောင်းပါးဖြစ်တဲ့ China and Myanmar's Peace Process ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ယွန်ဆင်ရဲ့ ဆောင်းပါး အနှစ်ချုပ်ကတော့ သဘောကတော့ စိတ်ရင်းစေတနာမှန်နဲ့ စနစ်တကျ မဖြေရှင်းနိုင်လေလေ မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခက ကြာလေလေဆိုတဲ့ သဘောပါ။


Ref; Talking to Terrorists- How To End Armed Conflicts – Jonathan Powell
Power Sharing and International Mediation in Ethnic Conflicts- Timothy D. Sisk
China and Myanmar's Peace Process- Yun Sun


သျှမ်းပြည်နယ်ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက်အစိုးရပြင်ဆင်နေ

Posted: 21 Apr 2017 07:25 AM PDT

သျှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကို တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ဧပြီလ (၂၃ ) ရက်နေ့ မှ (၂၅) ရက်နေ့ အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးစိုးစိုးဇော်ကပြောသည် ။


" အဓိကကတော့ နိုင်ငံရေး ၊ စီးပွားရေး ၊ သယံဇာတနဲ့ သဘာဝပတ် ၀န်းကျင်ဆိုင်ရာ တွေမှာ ကျနော်တို့ နိုင်ငံမှာ ဘယ်လို ဖယ်ဒရယ်စနစ်  မျိုး နဲ့သွားမလဲ။ အခြားနိုင်ငံတွေက ဘယ်လို ဖယ်ဒရယ်စနစ်နဲ့သွားသလဲ ကျနော်တို့ဖြစ်သင့်တာ ဘာတွေဖြစ်မလဲ။ တိုင်းရင်းသားတွေနဲ့ ပါတီတွေက တင်ပြတဲ့စာတမ်းတွေကို ကျနော် တို့က ဖော်ထုတ်သွားမှာဖြစ်ပြီး ပြည်ထောင်စုအဆင့်ကို တင်ပြမယ့် စာတမ်း သုံးစောင် ထွက်ရှိမှာဖြစ် ပါတယ် " ဟု ၄င်းကရှင်းပြသည် ။


နိုင်ငံရေး ၊ စီးပွားရေး ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစာတမ်းများအား သျှမ်း/တောင် ၊ သျှမ်း/မြောက် ၊ သျှမ်း/အရှေ့တွင်ရှိသော တိုင်းရင်းသား ကိုယ်စားလှယ်များ ၊  ပါတီများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၊ အခြားဖိတ်ကြားထားသော ပုဂ္ဂိုလ်များ ၊  CSO  ၊ NGO စသည့် အဖွဲ့အစည်း များအား ဖိတ်ကြားထားပြီး စာတမ်းဖတ်ကြားတင်ပြမည်ဖြစ်ကြောင်း ၄င်းထံမှဆက်လက်သိရသည် ။


ဧပြီလ  ၂၀  ရက်နေ့တွင်မူ သျှမ်းပြည်နယ်ရှိမြို့နယ်အားလုံး မြို့နယ်အဆင့်စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သိရှိရပါသည် ။


သျှမ်းသံတော်ဆင့်

unread,
Apr 23, 2017, 4:47:28 PM4/23/17
to thuau...@gmail.com

ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တိုင်းရင်းသားများ စာတမ်းအတွက်ပြင်ဆင်ချိန်မရ

Posted: 23 Apr 2017 08:31 AM PDT

သျှမ်းပြည်နယ်အစိုးရမှ ဦးဆောင်ကျင်းပသော ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၌ စာတမ်း များ တင်သွင်းရန် နိုင်ငံရေးပါတီများ ၊ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ စာတမ်းပြုစုရန်အတွက် ကြိုတင်ပြင်ဆင်ချိန်မရကြောင်း သိရသည်။


“နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ငြိမ်းချမ်းရေးကော်မရှင်ကနေတစ်ဆင့် ဒီဆွေးနွေးပွဲကို ကျင်းပဖို့ ကျနော်တို့ကို ညှိနှိုင်းလာပါတယ်၊ သျှမ်းပြည်နယ်အစိုးရမှ ဦးဆောင်ပြီးတော့ ကော်မရှင် တွေဖွဲ့ပါတယ်။ ရတဲ့ အချိန်လေးပေါ်မှာ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပါတယ် ၊ ကျနော်တို့ကို အကြောင်းကြား လာ တာက ဧပြီ ၁၉ ရက်နေ့  ၊ ကျနော်တို့ ချက်ချင်းစီစဉ်တယ်၊ အလွှာစုံအောင်တော့ အတတ်နိုင်ဆုံး စီစဉ်ပါ တယ်၊ ကျန်ခဲ့တာလည်းရှိကောင်းရှိမယ်” ဟု သျှမ်းပြည်နယ် လူမှုရေးဝန်ကြီးဌာန ဒေါက်တာမျိုးထွန်း ကပြော သည်။


သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီ ၂၃ ရက်မှ ၂၅ ရက်နေ့ထိ သုံးရက်သာ ပြုလုပ်သွားမည်ဖြစ်သည်။


တောင်ကြီးမြို့နယ် ကျားခေါင်းပါတီ၏ အတွင်းရေးမှူး နန်းမြဦး က “ ကျမဆိုရင် ခုချိန်ထိ စာတမ်းမတင်နိုင် သေးဘူး။ ဖတ်တာတော့ ဖတ်မယ်။ မတင်နိုင်သေးဘူးဆိုတာက အချက်အလက်တွေ ပြန်စုရတာ အရမ်းကြီး ကမန်းကတန်းဖြစ်သွားတဲ့တွက် မပြည့်စုံမှုတွေ ဖြစ်မှာစိုးလို့ ကိုယ့်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စကို တစ်ရက် နှစ်ရက် အတွင်း အပြီးရေးဖို့ဆိုတာ မဖြစ်နိုင်ဘူး ခုချိန်ထိတောင် မှ စာတမ်းမပေးရသေးဘူး”ဟု ပြောသည်။


နိုင်ငံရေးဆွေနွေးပွဲသို့ သျှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ နှင့် ခရိုင်အသီးသီးမှ ကိုယ်စားလှယ်များတင်ပြလာသည့် စာတမ်းများအနေဖြင့် နိုင်ငံရေးဆိုင်ရာ စာတမ်း(၂၆) စောင်၊ စီးပွားရေး ဆိုင်ရာစာတမ်း (၂၃)စောင် ၊မြေယာ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစာတမ်း (၂၁) စောင်၊ စုစုပေါင်းစာတမ်း (၇၀)စောင် ကို တင်သွင်းထားကြောင်း သျှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က မိန့်ခွန်းတွင် ပြောသွားသည်။


ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးရန်ကျော် က “ ကြိုတင်ပြင်ဆင်မှုတွေ သေချာ လုပ်ရ အောင်လို့ ညသိတယ် မနက်ခရီးထွက်ရတယ်ဆိုတော့ အဆင်မပြေဘူး၊ ကမန်းကတန်းလာရတဲ့အတွက် ဘာမှ ပြင်ဆင်မှု မလုပ်လိုက်ရဘူး ပြီးပြည့်စုံစုံလည်း ဘာမှ မပြောပြလိုက်ရဘူး အားမရဘူးပေါ့၊ ကြိုတင်ပြီး တော့ အနည်းဆုံး ငါးရက် တပတ်လောက်တော့ အကြောင်းကြားဖို့ လိုတယ် အသိပေးဖို့ လိုတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အမျိုးသားရေးအဆင့် ဆိုတာ အရမ်းအရေးကြီးတယ်။ ပဏာမဘဲဖြစ်ဖြစ် ဆွေးနွေးညှိနှိုင်း တာ ဘဲဖြစ်ဖြစ် အရေးကြီးတယ်၊ နောက်တစ်ကြိမ် ဖိတ်ခေါ်မယ်ဆိုရင်တော့ ကြိုတင်ပြီးတော့ ကျနော်တို့ကို ပြင်ဆင်မှုရရှိအောင် ရေးဆွဲလို့ရအောင် စီမံလို့ရအောင် ကြိုတင်ပြီးတော့ ဖိတ်ကြားထားရင်တော့ ပိုကောင်းပါတယ်” ဟုပြောသည်။


" ညကသိတယ် ၊ မနက်ခရီးထွက်ရတယ် ဘာအစီအစဉ်မှလဲ သေချာမစီ  စဉ်ခဲ့ ရဘူး ၊ နောက်တစ်ကြိမ်သာ ထပ်ခေါ်မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုရရှိ အောင် ရေးဆွဲ စီမံလို့ရအောင် ဆောင်ရွက်ပေးဖို့လိုတယ် " ဟု ၄င်းကဆက် လက်ပြောသည် ။


သျှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များဖိတ်ကြားမှုတွင် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ကိုသာဖိတ်ကြား ထားသည်ဟုသိရသည် ။


ဒေသအလိုက်ကျင်းပသည့်ပွဲသည် သက်ဆိုင်ရာပြည်နယ်အစိုးရက ဦး ဆောင်ကျင်းပရသည့်ပွဲဖြစ်တဲ့အတွက် ဖိတ်ကြားသည့် အပိုင်းသည် ပြည်နယ်အစိုးရ၏ သဘောထား ဖြစ်သော်လည်းသျှမ်းပြည်နယ်အတွင်း  ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအား လုံးကို လေ့လာသူအနေနှင့် ဖြစ်စေ ၊ အထူးဖိတ်ကြားသူအ နေနှင့်ဖြစ်စေ ဖိတ်ကြားသင့် သည်ဟု ( PNLO ) ဥက္ကဌ ဦးခွန်မြင့်ထွန်း ကပြောသည် ။


သျှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား တက်ရောက်ရန် ကိုယ်စားလှယ် (၄၀၀)ကျော် သတ်မှတ်ထားပြီး ၊ ဆွေးနွေး ပွဲတွင် ဖယ်ဒရယ်ကိုအခြေခံသော နိုင်ငံရေး ၊ စီးပွားရေး ၊ မြေယာ နှင့် သယံဇာတ ဆိုင်ရာ မူဝါဒများဟူသောခေါင်းစဉ်(၃) ခုဖြင့် စာတန်းပြုစုသွားမည်ဖြစ်ကြောင်းသိရှိရပါသည် ။


RCSS/SSA တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦး က “အခုလုပ်တာက အစိုးရကနေ စီစဉ်ပြီးလုပ်တယ် ၊ လုပ်တာက လုပ်သင့်ပါတယ် ၊ ဒါပေမယ့် အရမ်းကြီးလောသွားတယ် တစ်ဆင့်ခြင်းစီ လုပ်သွားသင့်တယ် ” ဟု ဧပြီ ၂၁ ရက်နေ့က ပြောသည်။


သျှမ်းပြည်နယ်တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပအိုဝ်းတိုင်းရင်းသား များသာ ကျင်းပနိုင်ခဲ့ပြီး သျှမ်းတိုင်းရင်းသားများအတွက် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် အတွက် အစိုးရက တောင်ကြီး နှင့် ပင်လုံမြို့၌ ကျင်းပခွင့် မပေးသောကြောင့် ယနေ့ချိန်ထိ ကျင်ပခွင့် မရှိသေးပေ။

သျှမ်းသံတော်ဆင့်

unread,
Apr 24, 2017, 4:51:38 PM4/24/17
to thuau...@gmail.com

ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ သျှမ်း ကိုယ်စားလှယ်များ၏အသံ

Posted: 24 Apr 2017 07:50 AM PDT

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲမှာ ဧပြီလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပနေပါတယ်။ သျှမ်းပြည်တွင်းမှာ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲမကျင်းပ ရသေး ဘဲနဲ့ ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျော်ပြီးကျင်းပတဲ့အတွက် ဆွေးနွေးပွဲတက်ရောက်တဲ့ သျှမ်းကိုယ်စားလှယ်တွေမြင်ပါသလဲ။ ဒီဆွေးနွေးပွဲကနေ သူတို့လိုချင်တဲ့ အမြင့်ဆုံးနိုင်ငံရေးရည်မှန်းချက် ကိုရောက်နိုင်မယ်လို့မြင်မိပါသလား နန်းဆိုင်ဖူးကနေ တွေ့ဆုံမေးမြန်း ထားပါတယ်။

စိုင်းနောင့် SNDP ကျားဖြူပါတီကိုယ်စားလှယ်
 “သူများတွေဘာလုပ်နေသလဲ ဘယ်လိုခြေလှမ်းနေသလဲဆိုတာ ကျနော်တို့သိဖို့လိုတယ်လို့မြင်တဲ့အတွက် ဒီဆွေးနွေးပွဲကိုလာတက်ရတာပါ။ ဒီဆွေးနွေးပွဲမှာဘယ်အဖွဲ့က ဘာစာတမ်းလာတင်သလဲ - ဒါတွေသိရင်ဘဲကျနော်တို့ဘာဆက်လုပ်ရမလဲဆိုတာ သိနိုင်မယ်လေ။ ဒါပေမယ့်အခုလို သျှမ်းပြည်တွင်းမှာ သျှမ်းအမျိုးသားအဆင့်ကမလုပ်ရသေးဘဲနဲ့ အခုလို အဆင့်ကျော်ပြီး ဆွေးနွေးပွဲကျင်းပတဲ့အတွက်  ဒီဆွေးနွေးပွဲဟာ မပြည့်စုံဘူးလို့မြင်ပါတယ်။ သျှမ်းပြည်မှာဆိုရင် အမျိုးသားအဆင့်လုပ်ပြီးသွားတာက ပအိုဝ်းဘဲ ရှိတယ်လေ။   အမြင့်ဆုံးရည်မှန်းချက်ကဘာလဲဆိုတော့ ပါတီအနေနဲ့ကတော့ သျှမ်းလုထုရဲ့မျှော်လင့်ချက်က ပါတီရဲ့မျှော်လင့်ချက်ဘဲပေါ့နော်။  လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေါ့။  ၁၉၄၇ သဘောတူညီချက်လက်မှတ်ရေးထိုးစဉ်က ခေါင်းဆောင်ကြီးတွေ မျှော်လင့် ချက်အတိုင်းပေါ့။ အဲဒီအတွက် ဒီကအချက်အလက်တွေကို ကောက်ယူပြီးတော့ လာမယ့်  ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံမှာ တင်ပြဖို့အတွက်ပါ ။ ဒီဆွေးနွေးပွဲအပေါ်ဘယ်လိုမြင်ပါသလဲဆိုတော့- အခုလို အဆင်သင့်မဖြစ်သေးတဲ့သူတွေကိုအသိမပေးဘဲနဲ့ အဆင်သင့်ဖြစ်တဲ့သူတွေက အခုလိုထလုပ်သွားတော့ တယောက်အပေါ်တယောက်မလေးစားရာရောက်ပါတယ်။ အနာဂတ်နိုင်ငံရေးမှာသျှမ်းပြည်သားတွေ သွက်လက်ချက်ချာရမယ်။ သူများထက်ဦးအောင်ကျယ်ကျယ်ပြန့်ပြန့်လေ့လာရမယ်လို့ပြောလိုပါတယ်။ ပြည်ထောင်စုအတွက်ဆိုတဲ့ရည်ရွယ်ချက်ခြင်းတူနေရင် ဘာဘဲလုပ်လုပ်တယောက်နဲ့ တယောက်တဖွဲ့နဲ့တဖွဲ့ အချိန်နှင့်အမျှ သတင်းအချက်အလက်တွေပို့ဆောင်ပြန်ကြားရမယ်။ တဖွဲ့နဲ့တဖွဲ့ လေးစားမှုရှိရမယ်။လက်တွဲဆောင်ရွက်ဖို့လိုပါတယ်။ ”

စိုင်းဦး RCSS/SSA ၏တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ
“ကျနော်တို့ဒီဆွေးနွေးပွဲကိုလာတက်ရတာကတော့ ကျနော်တို့ဟာ NCA မှာလက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့ တဖွဲ့ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သျှမ်းအမျိုးသားအဆင့်မှာဘာမှမလုပ်ရသေးဘဲနဲ့ ဒီဆွေးနွေးပွဲဘာကြောင့်လာတက်ရသလဲဆိုတော့  ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေး ဆွေး နွေး ပွဲမှာ သူတို့ဘာတွေကိုဆွေးနွေးကြသလဲ ဆိုတာသိရအောင်လို့။ ဘယ်မြို့နယ် ဘယ်ဒေက ဘာတွေတင်ပြသလဲ ဆိုတာ သိရအောင်လို့။   ကျနော်တို့အတွက်ကတော့ ရည်ရွယ်ချက် ကြီးကြီးမားမား မထားပါဘူး။  ဘယ်ပါတီ ဘယ်ဒေသက ဘာကိုတင်ပြလာသလဲဆိုတာကို နားထောင်ဖို့ပါဘဲ။  အချိန်ကတော့ နီးကပ်လွန်းတဲ့အတွက် တင်ပြလာတာတွေကိုနားထောင်ကြည့် ရင် တချို့ဟာတွေကအရေးကြီးတဲ့ အချက်တွေပါပေမယ့် တချို့ဟာတွေကလည်း အလျင်အမြန် စီစဉ်ရတာကြောင့် ပြည့်စုံမှုမရှိဘူး။ တကယ်လို့အခေါက်ခေါက်အခါခါ စစ်ဆေးပြီးမှလာ တင်မယ်ဆိုရင်တော့  ပိုမိုပြည့်စုံလိမ့်မယ်လို့ယုံကြည် ပါတယ်။ ”

နန်းမြဦး တောင်ကြီးမြို့ SNLD ကျားခေါင်းပါတီအထွေထွေအတွင်းရေးမှူး
“သူတို့ဖိတ်လာလို့ကျမတို့လာတက်ရတာဖြစ်ပါတယ်။ ကျမတို့တင်ပြလိုတဲ့စာတမ်းတွေကို အစိုးရဆီ ရောက်အောင်ပေါ့ ။ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပရသေး ဆိုပေမယ့် ကျမတို့တင်ပြခွင့်ရှိချိန်မှာ ကျမတို့တင်ပြချင်တဲ့အချက်အလက်တွေ တင်ပြနိုင် အောင်လို့ပါ။ အလွန်နီးကပ်မှဘဲ အကြောင်းကြားလာလို့ ပြည့်စုံတယ်လို့တော့မရှိပါဘူး။ ဘာကိုမျှော်လင့်လို့လာတက်သလဲဆိုတော့ ကျမတို့ကိုသူတို့ချပေးတဲ့နိုင်ငံရေး စီးပွါးရေး မြေယာနှင့်သဘာဝသယံဇာတ ဒီခေါင်းစဉ်တွေမှာကျမတို့အသံတွေပါသွားတယ်ဆိုတဲ့အချက်ကို ကျမတို့ ကျေနပ်တယ်။ နိုင်ငံရေးရဲ့အမြင့်ဆုံးရည်မှန်းချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ချင် တယ်။ ပြင်ပကနေ ပြင်ရမလား။ လွှတ်တော်ထဲဝင်ပြီးပြင်ရမလား။ ရတဲ့နည်းနဲ့ပြင်သွားမယ်။ ဒါကိုမပြင်ရရင်တော့ ပြည်သူလူထုအတွက်ဘာမှအကျိုးမရှိဘူး။ ဒါကြောင့်ဒီဟာ လုပ်နိုင်ဖို့ ကျမတို့ကြိုးစားသွားရမယ်။ ရည်မှန်းချက်အတိုင်းဖြစ်လာမလားဆိုတာကတော့ -အခုပြောနေတဲ့ဟာပေါ့။ သူတို့လုပ်နေတဲ့လုပ်ငန်းစဉ်မှာအဆင့်ဆင့်သွားမယ်ဆိုတာ။ ဒီဟာကိုဒီမှာတင်ပြပြီးရင် ပြည်ထောင်စုကိုရောက်သွားမယ်ဆိုတဲ့အတွက် ကျမတို့ဖြစ်ချင်တဲ့အချက်တွေ လုပ်ဖို့အခွင့်အလမ်း ရှိလာမလားလို့ပါ။ အဲ့ကြောင့်ကြိုးစားပြီးလုပ်ရမှာ။ ”

သျှမ်းသံတော်ဆင့်

unread,
Apr 25, 2017, 4:48:13 PM4/25/17
to thuau...@gmail.com

ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတတိယနေ့ စာတမ်းအနှစ်ချုပ်ဖတ်ကြားပြီးစီး

Posted: 25 Apr 2017 01:48 AM PDT

ဧပြီလ  ၂၃  ရက်နေ့မှစ၍  ၂၅  ရက်နေ့အထိ  သျှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသော ဒေသ အလိုက်အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွင် တတိယနေ့တွင် စာတမ်းအနှစ်ချုပ်ဖတ်ကြားပြီးစီး ရာ စာတမ်းပေါင်း  ၆၃ စောင်နှင့်ဖြည့်စွက် ဆွေးနွေးအကြုံ ပြုစာ  ၄၅  စောင် လက်ခံရရှိခဲ့ကြောင်းသိရ သည်။


အဆိုပါစာတမ်းများတွင်နိုင်ငံရေးနှင့် သက်ဆိုင်သော စာတမ်းပေါင်း ၂၈ စောင်၊ ဆွေးနွေးအကြုံ ပြုစာ ၂၃  စောင်၊ စီးပွားရေးနှင့်ဆိုင်သော စာတမ်းပေါင်း ၂၇ စောင်နှင့်ဆွေးနွေးအကြုံပြုစာ  ၉  စောင်၊ မြေယာနှင့် သဘာဝသယံဇာတနှင့်ဆိုင်သော စာတမ်းပေါင်း အစောင် ၃၀ နှင့်ဆွေးနွေးအကြုံပြုစာ  ၁၃ စောင်တို့ပါဝင်လာရာသက်ဆိုင်ရာ အကြောင်းအရာအလိုက် သီးသန့်တင်သွင်းစာတမ်းများပါဝင်ပြီး ၊ စာတမ်းတစ်စောင်တည်းတွင် အကြောင်းအရာ တစ်မျိုးထက်ပို၍ရေးသား ထားသော စာတမ်းများလည်းပါရှိသည်ဟု  ဆွေးနွေးမည့်အကြောင်းအရာ များကို သဘောထားစုစည်းချက်များလက်ခံ ထိန်းသိမ်း ပြုစုရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ -  သျှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဒေါက်တာ ညီညီအောင် က ပြောကြား ခဲ့သည် ။


သျှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ စာတမ်းသုံးစောင်ကို သဘာပတိများ နှင့်တက်ရောက်သူများ ရှေ့မှောက်တွင် အတည်ပြုချက် ရယူပြီး အတည်ပြုစာတမ်းများအား  သျှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ၊  သျှမ်းပြည်နယ် ၀န်ကြီး ချုပ်မှတစ်ဆင့်  သျှမ်းပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီ ထံအပ်နှံသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် နေပြည်တော် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟို ဋ္ဌာနကို ဆက်လက်ပေးပို့သွားမည် ၊ ဗဟိုဋ္ဌာနမှတစ်ဆင့်တူ ညီသည့်အချက်အလက်များ စုစည်း၍  ၂၁  ရာစု ပင်လုံညီလာခံတွင် ဆက်လက်တင်ပြသွားမည် ဖြစ်သည် ဟု  သိရပါသည် ။

သျှမ်းသံတော်ဆင့်

unread,
Apr 29, 2017, 4:53:25 PM4/29/17
to thuau...@gmail.com

လဲချားတွင် တပ်သိမ်းမြေ ဧက ၁၀၀ ကျော် ပြန်ပေးရန် စီစဉ်

Posted: 29 Apr 2017 07:27 AM PDT

လဲချားမှာ နယ်မြေအခြေစိုက် စစ်တပ်က သိမ်းထားတဲ့ မြေတွေထဲက မြေဧက ၁၀၀ ကျော်ကို ဒေသခံတွေကို ပြန်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။


သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် အမှတ် ၅၁၅ တပ်ရင်းကနေ တပ်တည်ဆောက်ဖို့ ဆိုပြီး ၁၉၉၀ ပြည့်နှစ်ကျော်ကာလက ဒေသခံတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီထဲကနေမှ မြေဧက ၁၈၄ ဧက ကို ပြန်ပေးဖို့ အတွက် တပ်က တာဝန်ရှိသူတွေနဲ့ လဲချားမြို့က လွှတ်တော်ကိုယ်စားလှယ်တွေအပါဝင် ကျားခေါင်းပါတီ တာဝန်ရှိသူတွေနဲ့ ဧပြီလ ၂၈ ရက်နေ့က တွေ့ဆုံကာ တပ်မတော် တာဝန်ရှိသူတွေက မြေပြန်ပေးမဲ့ အစီစဉ်နဲ့ ပတ်သက်လို့ ပြောပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


“ဒီမြေတွေက ကျနော်တို့ လွှတ်တော်မှာ မေးပြီးကတည်းက ကာကွယ်ရေးက ဒုတိယဝန်ကြီးက ပြန်ပေးမယ်ဆိုပြီး ကျနော်တို့ကို သီးသန့် ခေါ်ပြောပြီးနောက် အခုလို နောက်ဆက်တွဲ အစီစဉ်ပေါ်ပေါက်လာတာပါ။”  လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအောင်က ပြောပါတယ်။


လဲချားမြို့ အနောက်မြောက်ဘက်က ဟိုနားဝမ်ပန် ကျေးရွာအုပ်စုနားက ဒေသခံတွေရဲ့ ရာနဲ့ချီတဲ့ မြေတွေက အသိမ်းခံရခဲ့ပြီးနောက် လွန်ခဲ့တဲ့နှစ်က တပ်တံတိုင်းကာရံဖို့လုပ်စဉ် ဒေသခံတွေ သွားလာနေတဲ့ လမ်းနယ်နိမိတ်တွေပါ ခြံစည်းရိုးနယ်နမိတ်ထဲပါ မလိုဖြစ်နေတဲ့အတွက် ကျားခေါင်းပါတီ ကိုယ်စားလှယ်တွေက လမ်းနယ်ရရှိရေးအတွက် လွှတ်တော်မှာ ပြီးခဲ့တဲ့ ၉ လပိုင်းက တင်ပြခဲ့တာပါ။


အခုလို တပ်က မြေဧက ၁၈၄ ဧက ပြန်ပေးမှာ ဖြစ်တဲ့အတွက် လမ်းနယ်နမိတ်အပြင် ဒေသခံ အချို့အနေနဲ့ သိမ်းဆည်းခံခဲ့ရတဲ့ မြေတွေကို ပြန်လည်ရရှိမယ်လို့ ယုံကြည်မျှော်လင့်နေကြပါတယ်။


 တပ်ရင်း ၅၁၅ အနေနဲ့ မြေပြန်လည်လွှဲအပ်မှု အခမ်းအနားကို ဘယ်နေ့မှာ လုပ်မယ်ဆိုတာ မသိရသေးပေမဲ့ လဲချားမြို့နယ် ကျားခေါင်းပါတီဘက်ကတော့ တပ်က မြေပြန်လွှဲတာနဲ့ ပါတီကနေ ဦးဆောင်ပြီး အခမ်းအနားတစ်ရပ်ကျင်းပမယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။


 လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းသျှမ်းပြည်မှာအ ကြောင်းအမျိုးမျိုးပြမြေသိမ်းမှု ကြောင့် ဒေသခံတွေရဲ့ မြေဧက ၆ သောင်းကနေ ရ သောင်းလောက်အထိ မြေသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

ကျားဖြူပါတီမှနိုင်ငံရေးဆိုင်ရာလူငယ်အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Posted: 29 Apr 2017 07:23 AM PDT

နိုင်ငံရေးဆိုင်ရာလူငယ်အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကို သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင်ကျားဖြူပါတီ SNDP မှ ဦးဆောင်ကျင်းပရာ  မြို့နယ် ၁၆ ခုမှ လူငယ်ကိုယ်စားလှယ်များတက်ရောက်ကြသည်။


ဆွေးနွေးပွဲကို ဧပြီလ ၂၇ ရက်နေ့က ကျောက်မဲမြို့နယ် ကောလီခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်းကိုယ်တိုင်တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။


"ပညာရေးပိုင်းမှာကျနော်တို့ သျှမ်းလူငယ်တွေ နောက်ကျမှုရှိနေသေးတယ်။ ပညာရေးဘဲဖြစ်ဖြစ် လူမှုရေးဘဲဖြစ်ဖြစ် နိုင်ငံရေးဘဲဖြစ်ဖြစ် ကချင်တို့ ချင်းတို့ ရခိုင်တို့ကိုကြည့်မယ်ဆိုရင်သူများတွေက တအားတိုးတက်နေပြီ။ ကျနော်တို့ကသာ နိုင်ငံရေးမှာဆိုရင်လည်း သူများကိုလိုက်လို့မမှီသေးဘူး။ အဲ့ကြောင့် သျှမ်းလူငယ်တွေဆက်ပြီးကြိုးစားရမယ်။ အဓိကကတော့ လူမျိုးသုဉ်းစေမယ့် မူးယစ်ဆေးဝါးနဲ့ပတ်သက်လာရင်လူငယ်တွေတအားသတိထားရမယ်။ အထူးရှောင်ရှားရမယ်။  "- ဟု တွေ့ဆုံပွဲတွင် စိုင်းအိုက်ပေါင်းကပြောကြားခဲ့သည်။


တွေ့ဆုံဆွေးနွေးပွဲတွင် ဥက္ကဌကြီးစိုင်းအိုက်ပေါင်းအပြင် ဒုဥက္ကဌ စိုင်းဆောင်ဆီ၊ ဗဟိုအလုပ်အမှုဆောင်နန်းဝါနု တို့လည်း တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ၁ ၆ မြို့နယ် မှ လူငယ်  ၄၃ဦး တက်ရောက်ခဲ့သည်ဟုသိရသည်။


အဆိုပါတွေ့ဆုံပွဲတွင် ကျားဖြူပါတီ၏ အားနည်းချက် အားသာချက်၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ မူးယစ်ဆေးဝါးပြသနာနှင့် ပညာရေးကဏ္ဍ တို့ပါဆွေးနွေးခဲ့ပြီး အနာဂတ်တွက်လုပ်ဆောင်ရမည့် အဓိကလုပ်ငန်းစဉ်များပါ ချမှတ်ခဲ့ကြောင်းလည်းသင်တန်းသားများပြန်လည်ပြောပြချက်အရသိရသည်။


ဗဟိုအလုပ်အမှုဆောင်နန်းဝါနုက- “ကျမတို့တော်ချင်  တတ်ချင် သူများထက်ဦးချင် ထူးချင်ရင် ကျမတို့ ကိုယ့်သမိုင်းကို သိရမယ်။ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ဥပဒေကိုသိရမယ်။ ဗမာစာ ဗမာစကားလည်း သိရမယ်။ ဒါကြောင့် မိဘပြည်သူကိုတိုက်တွန်းချင်တာက ကလေးတွေကိုပညာရေးမြင့်တင်ပေးပါ။ ကလေးတွေပညာတတ်မှ အနာဂတ်မှာခေါင်းဆောင်တွေဖြစ်လာမှာဖြစ်တယ် ”- ဟု ပြောဆိုသည်။


အဆိုပါလူငယ်တွေ့ဆုံပွဲမှရရှိလာသော အမြင်သဘောထားများကို စုစည်းကာ ၁၁ ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင်တင်ပြခဲ့ကြောင်းလည်းသိရပါသည်။

သိမ်းဆည်းထားပြီးအသုံးမပြုသည့်လယ်ယာမြေများပြန်လည်ရရှိရေး သီပေါလယ်သမားများတောင်းဆို

Posted: 29 Apr 2017 12:19 AM PDT

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နှစ်ပေါင်း ၃၀ ခန့်က သိမ်းဆည်းခံရ ဒေသခံလူထု၏ လယ်ယာ မြေဧက ၁၁ ဧကအနက် လက်ရှိတွင် အသုံးမပြုတော့သည့် မြေယာများအား ပြန်လည်စီစစ်ပေးရန် မြေယာ ပိုင်ရှင်များက စီတန်း လှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ကြသည် ။


ဧပြီလ ၂၇ ရက်နေ့က လယ်ယာမြေအသိမ်းခံရသည့် သီပေါမြို့နယ် ၀မ့်ခါလိုင်ရွာမှ မြေယာပိုင်ရှင်များက သီပေါမြို့ တွင်းဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။


“ပါတီကောင်စီခေတ်ကတည်းကလေ သိမ်းသွားတာ။ နှစ်ပေါင်း ၃၀ ကျော်ပြီပေါ့။ အဲ့တုန်းက သစ်ခွဲစက်လုပ်မယ် ဆိုပြီး သိမ်းသွားတာ ၁၀ ဧကကျော်တယ်လေ။ ရာသီသီးနှံစိုက်တဲ့ခြံတွေပါ။ အခု အဲ့မြေတွေမှာ သူတို့မသုံး တော့တာကြာပြီ။ သစ်စက်လည်းမလည်ပတ်တာကြာပြီ ရ နှစ်ကျော်ပြီ။ အဲ့ကြောင့် ကျနော်တို့ပြန်လည်စိုက်စားဖို့အတွက်ပြန်ပေးပါ လို့ တောင်းရတာဖြစ်ပါတယ် ”- ဟု လယ်ယာမြေပိုင်ရှင် ဦးလုံးစိုင်းကပြောသည်။


အဆိုပါဆန္ဒပြလှည့်လည်ရာတွင် လယ်ယာမြေပိုင်ရှင်နှင့် သားသမီးမြေးမြစ်များ၊ ဒေသတွင်းလူထုများပါဝင်ရာ လူဦးရေ ၃၀ ကျော်ရှိကြောင်း သိရသည်။


လယ်သမားများသည် သိမ်းဆည်းခံလယ်မြေများကိုပြည်နယ်လွှတ်တော်ဥက္ကဌမှ စစ်ဆေးဆောင်ရွက်ပေးရေး၊ ဥပဒေချိုးဖောက် နေသည့်ဝန်ထမ်းများအားအရေးယူပေးရေး၊ အမှတ် ၁၁၂ ရွှေ့ပြောင်းသစ်စက် မြေကိစ္စ အမြန်စစ်ဆေးပေးရေး - အစရှိ ဆိုင်းဘုတ်များကိုင်ဆောင်ကာ စီတန်းလှည့်လည်ခဲ့ကြောင်း ဆိုပါသည်။


မြေယာတောင်းဆိုမှုအချက်အလက်များနှင့် အသိမ်းခံရလယ်သမား ၁၅ ဦး၏လက်မှတ်များပါသော စာတစောင်ကိုလည်း ၂၀၁၄ ခုနှစ်က မြို့နယ်အုပ်ချုပ်ရေးနှင့် မြေတိုင်းဦးစီးဌာနသို့ ပေးပို့ခဲ့ဖူးသည်။ သို့သော် အကြောင်းပြန်မှုမရှိသဖြင့် ယခုနှစ်ထပ်မံဆန္ဒပြ တောင်းဆိုခဲ့ရခြင်းဖြစ်ကြောင်း လုံးစိုင်းကပြောသည်။ဝမ့်ခါလိုင်ရွာသည် လားရှိုးမြို့ဘက်သွားမည့် သီပေါမြို့အထွက် တိုးလ်းဂိတ်အနီးတွင်တည်ရှိပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှု မရှိခင် အီးယူမှ မြန်မာနှင့် ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ် ချုပ်ဆိုရန် ပြင်ဆင်နေမှုအပေါ် အရပ်ဘက်အဖွဲ့အစည်းများ ကန့်ကွက်

Posted: 29 Apr 2017 12:13 AM PDT

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ တိုးတက်မှု မရှိ ဖြစ်နေစဉ်တွင် အီးယူ ဥရောပ သမဂ္ဂမှ ပွင့်လင်းမြင်သာမှု မရှိပဲ မြန်မာအစိုးရနှင့် ရင်းနှီးမြှုပ်နှံမှု အကာကွယ်ပေးရေး စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေမှုအပေါ် အရပ်ဘက်အဖွဲ့အစည်းများမှ စုပေါင်းကန့်ကွက်ကြကြောင်း သိရသည်။


ဧပြီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အီးယူ မြန်မာ ရင်းနှီးမြှုပ်နှံမှု အကာကွယ်ပေးရေး သဘောတူ စာချုပ်နှင့် ပတ်သက်ပြီး အကျဉ်းချုပ် ပြောကြားသည့် အခမ်းအနားကို ကျင်းပခဲ့ရာ ပတ်ဝန်းကျင် နှင့် လူမှုရေးရာ လှုပ်ရှားမှု ကွန်ယက် ၊ ဒို့မြေကွန်ယက် ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ MATA တို့သည် အခမ်းအနား တက်ရောက်ရန် ငြင်းဆန်ခဲ့သည်။


“ကျနော်တို့အနေနဲ့ ယခုလက်ရှိ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ချိန်ထိုးပြီး စဉ်းစားလိုက်ရင် ဒီအချိန်က ရင်းနှီးမြှုပ်နှံမှုကာကွယ်ပေးတဲ့ သဘောတူညီချက်စာချုပ်တွေ ချုပ်ဖို့သင့်လျော်တဲ့ အချိန်မဟုတ် ဘူးလို့ ခဏခဏ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီထွန်းကားအောင် ဆောင်ရွက်နေရဆဲ ဖြစ်တယ်။ ပြီးတော့ ငြိမ်းချမ်းရေး ကြိုးစားတည်ဆောက်နေရဆဲလည်း ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့် အရေးတွေ၊ သဘော ဆန္ဒတွေကို အာမခံချက်ပေးနိုင်တဲ့ ငြိမ်းချမ်းပြီး ခိုင်မြဲတည်တံ့တဲ့ နိုင်ငံဖြစ် ဖို့ဆိုရင် မူဝါဒချမှတ်တာတွေ ပြင်ဆင်တာတွေ အများကြီးလုပ်ရဦးမှာ ဖြစ်တယ်။ ဒီလိုရင်းနှီးမြှုပ်နှံသူတွေကို အကာ အကွယ်ပေးတဲ့ စာချုပ်တွေ လက်မှတ်ရေးထိုးလိုက်ခြင်းအားဖြင့် လက်ရှိလုပ်နေတဲ့ပြုပြင်ပြောင်းလဲ ရေးဖြစ် စဉ်တွေကို အကျပ်ရိုက် စေနိုင်တယ်။ ရပ်တန့်သွားစေနိုင်ပါတယ်”  ဟု ပေါင်းကူးအဖွဲ့မှ ဒေါက်တာ ကျော်သူ က ပြောသည်။


၂၀၁၄ တွင် European Ombudsman ခေါ် ဥရောပ သမဂ္ဂအောက်ရှိ ဌာနများ၊ အဖွဲ့အစည်းများ နှင့် ပတ်သက်၍ တိုင်ကြားလျှင် စုံစမ်းစစ်ဆေးရန်တာဝန်ရှိသည့် အရာရှိမှ ဥရောပသမဂ္ဂ ကော်မရှင် နှင့် ကောင်စီအား အတ္တလန်တိတ် ဝန်းကျင်နိုင်ငံများ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက် သဘောတူညီမှု (TTIP) ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသောကြောင့် တရားဝင်စုံစမ်း စစ်ဆေးခြင်း ပြုလုပ်ခဲ့ပြီး ကနေဒါ၊ မက္ကစီကို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားစသည့် နိုင်ငံ များ နှင့် ညှိနှိုင်း ဆွေးနွေးသည့်ဖြစ်စဉ်မှာ တိုးတက်မှု ရှိခဲ့သော်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ အလွန်လျှို့ဝှက်စွာ လုပ်ဆောင်သွားသည်ကို တွေ့ရပါသည်။ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမည့်ရက်အား ကြိုတင်အသိမပေးခြင်း၊ ဥရောပသမဂ္ဂ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ဖော်ပြချက်များကိုလည်း လူထုအားအသိမပေးခြင်း၊ နောက်ဆုံးဆွေးနွေးသည့် ညှိနှိုင်းအစည်းအဝေး၏ ရလဒ်မှ လွဲ၍ ယခင် ဆွေးနွေးမှုများ၏ ရလဒ်များကို ပွင့်လင်းမြင်သာစွာ အစီရင်ခံမှုမရှိခြင်း စသည်တို့ကို တွေ့ရသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဖိလစ်ပိုင်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးခြင်းအား လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေသော ကြောင့်  ရပ် ထားသော်လည်း မြန်မာနိုင်ငံတွင် သျှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွင် လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းနိုင်ခြင်း မရှိသေး သော်လည်း ဥရောပ သမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် သဘောတူ လက်မှတ်ထိုးရန်အတွက်မူ ဆက်လက် သွားနေသည်။


အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ယခု ၅ ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးပြု လုပ်မည့်အစီ အစဉ် ကို Politico မဂ္ဂဇင်းတွင် ဥရောပ သမဂ္ဂ မီဒီယာပြောရေးဆိုခွင့်ရှိသူမှ အနည်းငယ်ထည့် ဆွေးနွေးသွားသည်မှ တစ်ဆင့်သာ ဦးစွာသိခဲ့ရပါသလို အရပ်ဘက်အဖွဲ့အစည်းများမှ ဥရောပသမဂ္ဂကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒါဆိုင်ရာဌာန၏ ဦးဆောင်သူ Mr. Carlo Pettinato အား ညှိနှိုင်းမှုဖြစ်စဉ် ပွင့်လင်းမြင်သာမှု မရှိသည် ကို စိုးရိမ်ကြောင်း ဖော်ပြထားသည့်စာကို ပို့ခဲ့သော်လည်း ယနေ့အထိ ပြန်စာမရသေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


“ကျနော်တို့ မြင်တာကတော့ အခုလုပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှု ကာကွယ်ပေးတဲ့ သဘောတူညီချက် စာချုပ် ညှိနှိုင်းဆွေးနွေးပွဲတွေက ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိတာကို တွေ့ရတယ်။ ဒါတွေ မရှိတော့ ကျနော်တို့အနေနဲ့လည်း အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ အတားအဆီးဖြစ်စေတယ်လို့ မြင်တယ်” ဟု စောအလဲက်စ်  KESAN အဖွဲ့ကလည်း ပြောသည်။


ထို့အပြင် မြန်မာအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ယခုဖိတ်ကြားမှုမှာ အလွန်အချိန်ကပ်၍ အကြောင်းကြား သည်ဟုယူဆကြောင်းလည်း ရေးသားထားပြီး ၀င်ရောက်ဆွေးနွေးရန် အချိန်လိုအပ်သဖြင့် တက်သုတ်ရိုက် ဆွေးနွေးမှုမှာ မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ဆိုကြသည်။


“ရင်းနှီးမြှုပ်နှံမှုသဘောတူညီမှု စာချုပ်မှာပါတဲ့ စာသား၊ စာပိုဒ်တွေက နည်းပညာ အလွန်ဆန်တယ်။ ဒါကြောင့် ကျနော်တို့ကို ကြိုတင်လေ့လာနိုင်ပြီး သက်ဆိုင်ရာပညာရှင်များနဲ့ ဆွေးနွေးလို့ရအောင် မပို့ထားရင် ကျနော်တို့အနေနဲ့ အခုလိုအစည်းအဝေးမှာ အဓိပ္ပါယ်ရှိရှိ ဝင်ဆွေးနွေးနိုင်ဖို့ ခက်ခဲပါတယ်။” ဟု ကိုစည်သူ ဒို့မြေကွန်ယက်က ပြောသည်။


ပဋိပက္ခဖြစ်ပွားရာဒေသများအပါဝင် နိုင်ငံတဝှမ်းမြေယာ အသုံးချမှု မူဝါဒများ ၊ ဒေသခံ တိုင်းရင်းသားများအားအ ကာကွယ်ပေးရှေးဥပဒေများ ပီပီပြင်ပြင်မရှိသေးမှီ ရင်းနှီးမြှပ်နှံမှုများ ကို ပွင့်လင်းမြင်သာမှု မရှိပဲ ပြုလုပ်ပါက တိုင်းရင်းသားများအနေဖြင့် မြေယာဆုံးရှုံးမှု ၊ ဒေသခံ အခွင့်အရေးဆုံးရှုံးမှု ၊အပါဝင် ဆုံးရှုံးမှုများကြုံတွေ့ရန်  သေချာသလောက် ဖြစ်နေမည်ဟု သုံးသပ်မှုများလည်း ရှိသည်။


အရပ်ဘက်အဖွဲ့အစည်းများက


၁) ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံကြားညှိနှိုင်းထားသော ရင်းနှီးမြှုပ်နှံမှုကာကွယ်ပေးရေး သဘောတူစာချုပ်ကြမ်း အား ပြည်သူများကိုချပြရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများနားလည်နိုင်ရန်အတွက် မြန်မာဘာသာ ပြန်ပေးရန်။

၂) ပြည်သူအားလုံး၏ စိုးရိမ်မှုများကို နားထောင်ပြီး ထည့်သွင်းစဉ်းစားပေးနိုင်သည့် အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးပွဲများ ပြုလုပ်ရန်။

၃) အစိုးရအနေဖြင့် ပြည်သူများ၏ အကျိုးစီးပွားကာကွယ်နိုင်၍ တာဝန်ခံမှုရှိစေရန် ယခင်တောင်းဆိုခဲ့သော လူ့အခွင့်အရေးအပေါ် အကျိုးသက်ရောက်မှုဆိုင်ရာ ဆန်းစစ်ချက်ပြုလုပ်ရန်။

၎) နှစ်ဘက်ညှိနှိုင်းမှုဖြစ်စဉ်အား ပွင့်လင်းမြင်သာစွာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအားကောင်းစွာပြုလုပ်ရန်။

၅) ညှိနှိုင်းမှုဖြစ်စဉ်အား ဥရောပ သမဂ္ဂမှ ကျယ်ကျယ်ပြန့်ပြန့်ပံ့ပိုးပေးနေသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး တည်ဆောက်သည့်ဖြစ်စဉ်တွင် သိသာသော တိုးတက်မှု မရှိမခြင်း ရပ်တန့်ထားရန်။

တောင်းဆိုကြောင်းလည်း ဧပြီ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်

အင်းလေးကန် နိုင်ငံခြားသားခရီးသွားများဝင်ခွင့် (Entrance Fees) တင်ဒါအောင်နိုင်သူနှင့်အစိုးရတို့ တင်ဒါ စည်းမျဉ်းစည်းကမ်းအားအသစ်ပြန်လည်ရေးဆွဲမှုအပေါ် Save The Inlay Lake အဖွဲ့ ကန့်ကွက်

Posted: 29 Apr 2017 12:09 AM PDT

အင်းလေးကန် နိုင်ငံခြားသားခရီးသွားများဝင်ခွင့် (Entrance Fees) ကောက်ခံခွင့် အိတ်ပိတ်တင်ဒါ လေလံ အောင်သူလုပ်ငန်းရှင် နှင့် သျှမ်းပြည်နယ်အစိုးရအဖွဲ့တို့  ထပ်မံစာချုပ်ချုပ်ဆိုမည့်အပေါ် Save The Inlay Lake အဖွဲ့က ကန့်ကွက်လိုက်သည်။


ထိုသို့ ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲတရပ်ကို ဧပြီလ (၂၈) ရက်နေ့ က ပြုလုပ်ရာ Save The Inlay Lake အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင် လတ်က -   “ အစိုးရတစ်ရပ်ကနေပြီးတော့ မှဒီစည်းမျဉ်းစည်းကမ်းတစ်ခုကို မူဝါဒတစ်ခု ကို အသစ်ပြန်လည် ရေးဆွဲလိုက် တယ်ဆိုရင် အင်းလေးအတွက် သျှမ်းပြည် နယ် တစ်ခုလုံးအတွက် အကျိုးတစ်ခုတော့ ရှိနေရမယ်လို့ ကျနော်တို့ ယုံကြည်တယ် ၊ ဘယ်အကျိုးကိုဦးတည်တယ် ဆိုတာကျနော်တို့ သိချင် တယ် ၊ရှင်းပြ ပါ ဘာကြောင့်ပြု ပြင်လိုက်ရတယ်ဆိုတာ ကျနော်တို့အနေ နဲ့သိချင်တဲ့ စိတ်ဖြစ်မိတဲ့အတွက် ရှင်းပြပါလို့ကျနော်တို့တောင်းဆို ထားသော် လည်း ဒီနေ့ဒီအချိန်အထိမရှင်းပြဘူး ။ ဒါကြောင့်ကျနော်တို့က တင်ဒါစည်း မျဉ်းစည်းကမ်းဖောက်ဖျက်လိုက်တယ်လို့မြင်တယ် ” ဟု၎င်းကပြောသည် ။


ယင်းကိစ္စနှင့်ပတ်သက်၍ သျှမ်း ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက- “ ပြီးခဲ့တဲ့  ၂ နှစ် ၃ နှစ် ကအခြေအနေတွေကိုလေ့လာတယ် ၊ ငွေမသွင်း နိုင်တဲ့ ပြဿနာတွေ ခဏ ခဏ ဖြေရှင်းနေရတာတွေ့ရတယ် ။ ဒါကြောင့်နည်း စနစ် ဟောင်းတွေကိုပြုပြင်ပြောင်းလဲမယ် ။ ဘယ်သူမှမနစ် နာအောင် စည်းကမ်း ချက်လေးတွေအသစ်ချမှတ်မယ် ။ လေလံရတဲ့သူကို စည်းကမ်းသတ်မှတ် ချက်တွေ ခေါ်ပြီးညှိနှိုင်းတယ်သူ တို့လက်ခံရင်လုပ် မယ်။ လက်မခံရင် ကျနော် တို့အစိုးရအဖွဲ့ကပဲလုပ်မယ် ဆိုပြီးကျနော် ပြောခဲ့ဖူးပါတယ် ” ဟု  သျှမ်းသံတော်ဆင့်အား ပြောသည် ။


လေလံအောင်သည့် လုပ်ငန်းရှင်အကောင့် ထဲကို ၁၀ ရာခိုင်နှုန်းထည့်ကာ ယင်း ၁၀ ရာခိုင်နှုန်းထဲမှ ၆ ရာခိုင်နှုန်းအား ၀န်ဆောင်ခအနေနှင့် သုံးခွင့်ပေးထားပြီးကျန်သည့်  ၄ ရာခိုင်နှုန်း ထဲမှ ၂ ရာခိုင်နှုန်း စီကို အင်းလေးကန်အတွက် CSO အဖွဲ့အစည်းတွေ အရေးပေါ်သုံးနိုင်သည့် ငွေပမာ ဆယ်သိန်းထက်မကျော်လျှင် လွယ်လွယ်ကူကူ သုံးနိုင်ရန်သတ်မှတ် ပေးထားသည်။


၎င်းအပြင် အင်းလေးဒေ သ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း အတွက်အရေးပေါ်ငွေ လိုအပ်လာလျှင် ၂ ရာခိုင်နှုန်းချပေးထားကြောင်း ၊ လုပ်ငန်းရှင်မှ တင်ဒါဆွဲထားသည့် ပမာဏအတွက်အပြည့်သွင်းရန် တာဝန်ရှိ ပြီး ပိုလျှံပါက ၁၀၀ % လုပ်ငန်းရှင်ဖက်မှ အပြည့်အဝမပေးပဲ ၈၀ % သာအ ကျိုးခံစားခွင့် ပေးထားကာ ကျန်သည့် ၂၀% တွင် အင်းလေးဒေ သအတွက် ၁၀% အစိုးရ ရန်ပုံငွေ အတွက် ၁၀% ပေးဆောင်ရန် စည်းကမ်း ချမှန်ထားကြောင်း ၄င်းကဆက်လက် ရှင်းပြသည် ။


၂၀၀၁၇-၂၀၁၈ ခရီးသွားနှစ် အင်းလေးကန် နိုင်ငံခြားသားခရီးသွားများဝင်ခွင့် ကောက်ခံခွင့်ဈေးပြိုင် အိတ်ပိတ်တင်ဒါအား တစ်နိုင်ငံလုံးသိသာစေရန် သတင်းစာတွင်ကြော်ငြာခေါ်ယူခဲ့သည် ။


မတ်လ (၂၀) ရက်နေ့က သျှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်း၌ သျှမ်း ပြည်နယ် အစိုးရ အဖွဲ့ဘဏ္ဍာရေးဝန်ကြီး ၊ အင်းတိုင်းရင်းသား ရေးရာ ၀န်ကြီး ၊ လွှတ်တော် ကိုယ်စားလှယ်များ၊  တင်ဒါ ကော်မတီများ ၊ လေ့လာစောင့်ကြည့်သူများနှင့် တင်ဒါဆွဲသူလုပ်ငန်းရှင် (၁၁)ဦးတို့ တက်ရောက် ကာဈေးပြိုင် တင်တာ အိတ်ပိတ်များအားဖွင့်ဖောက် ကြေငြာခဲ့သည်။


ထိုသို့ ကြေငြာရာတွင် လုပ်ငန်း ရှင်တစ်ဦးမှ ကျပ် သုံးသောင်းကျော်ဖြင့် တင်ဒါအနိုင်ရ ရှိခဲ့ပြီးနောက် သတ်မှတ်ထားသောစည်းကမ်းကိုကျော်လွန်ကာ သျှမ်းပြည်နယ်အ စိုးရနှင့် တင်ဒါအောင်သူလုပ်ငန်း ရှင်မှ တင်ဒါ စည်းမျဉ်းစည်းကမ်းအားအသစ်ပြန်လည်ရေးဆွဲ၊ နေ့ချင်းကောက် နေ့ချင်းသွင်း စနစ် စာချုပ်အသစ်အား မတ်လ(၃၁) ရက်နေ့တွင် ချုပ်ဆိုကောက်ခံခွင့် ပြုလိုက်သည်ဟု Save The Inlay Lake  အဖွဲ့ကပြောသည် ။


ယခင်နှစ်က အင်းလေးကန် နိုင်ငံခြားသားခရီးသွားများဝင်ခွင့်  ကောက်ခံခွင့် လေလံကြမ်းခင်းဈေးမှာ သိန်းပေါင်းနှစ် သောင်းကျော်ရရှိပြီး ယခုနှစ်တွင် သိန်းပေါင်းသုံးသောင်းကျော် ရရှိကာယခင် နှစ် ကထက် သိန်းပေါင်း ရထောင်ကျော် ပိုမိုရရှိလာခဲ့သည့်အပေါ် ကြမ်းခင်း ဈေးအပြည့်မသွင်း နိုင်မှာ ကိုစိုးရိမ်မိကြောင်း အမည်မဖော်လိုသူလုပ် ငန်းရှင်အချို့က သုံးသပ်သည် ။

သျှမ်းသံတော်ဆင့်

unread,
May 1, 2017, 4:55:05 PM5/1/17
to thuau...@gmail.com

တီကျစ် ကျောက်မီးသွေး စီမံကိန်း တွေ့ဆုံပွဲ ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ လူထု မတက်ရောက်

Posted: 01 May 2017 07:16 AM PDT

သျှမ်းပြည်တောင်ပိုင်း တီကျစ်ရှိ ကျောက်မီးသွေး စီမံကိန်းများနှင့် ပတ်သက်ပြီး အစိုးရနှင့် ဒေသခံ လူထု တွေ့ဆုံပွဲကို   ဧပြီ ၂၉ ရက်နေ့က ကျင်းပရာ အစိုးရဘက်မှ လူဦးရေ အနည်းအကျဉ်းသာ ဖိတ်ကြားခဲ့ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် ဒေသခံအများစုမှာ တွေ့ဆုံဆွေးနွေးပွဲသို့ မတက်ရောက်ကြကြောင်း သိရသည်။


‘ ကျနော်တို့သွားမတက်ဘူး။ လူက ရ၀ ပဲဖိတ်တယ်။ ကပ်ပြီး ၂၇ ရက်နေ့မှ ဖိတ်လာတယ်။ တီကျစ်စီမံကိန်းတွေနဲ့ ဆက်နွယ်တာ ကျေးရွာ ၃၉ ရွာရှိတာ လူ ရ၀ ပဲ ရွေးဖိတ်တာဆိုတော့ ပွင့်လင်းမြင်သာမှု အားနည်းတယ်။ဒါကြောင့် ကန့်ကွက်တဲ့အနေနဲ့ သွားမတက်တာ ’ - ဟု တီကျစ်ဒေသခံ ကိုစိန်သောင်းက သျှမ်းသံတော်ဆင့်သို့ ဧပြီ ၂၉ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။


ကာလရှည် အငြင်းပွားဖွယ် စီမံကိန်းဖြစ်ခဲ့သည့် တီကျစ် ကျောက်မီးသွေးသုံးရေနွေးငွေ့ ရေအားလျှပ်စစ် စီမံကိန်းမှာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ဒေသခံများက ကန့်ကွက်သည့်အတွက် ခေတ္တရပ်နားခဲ့သည့် စီမံကိန်းဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ပြန်လည်လည်ပတ်ရန် စီစဉ်နေခြင်းဖြစ်သည်။


ခေတ္တရပ်နားထားရာမှ ပြန်လည် လည်ပတ်တော့မည့် တီကျစ် ကျောက်မီးသွေးစက်ရုံမှာ လူနေအိမ်ခြေများ အနီးတွင် တည်ရှိပြီး ယခင်စစ်အစိုးရ လက်ထက်မှ စတင်၍ ဒေသခံများ ကန့်ကွက်မှု ရှိခဲ့သည့် စက်ရုံလည်း ဖြစ်သည်။ အန်အယ်လ်ဒီ အစိုးရတက်စတွင် အဆိုပါ စီမံကိန်းအား သဘောမတူကြောင်း အန်အယ်လ်ဒီကိုယ်စားလှယ်အချို့နှင့် သျှမ်းပြည်အစိုးရ ၀န်ကြီးအချို့မှ မီဒီယာများအား ပြောဆိုထားမှုများ ရှိခဲ့သည်။


တီကျစ် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံအတွက် ကုန်ကြမ်းကျောက်မီးသွေးကို တီကျစ်ရွာအနီးရှိ ဧဒင်ကုမ္မဏီပိုင်ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းမှ ထွက်ရှိသော ကျောက်မီးသွေးဖြင့် လည်ပတ်ရ မည်ဖြစ်ပြီး ဒေသခံအများစုမှာ ရွာအနီး ကျောက်မီးသွေးထုတ်နေခြင်းကိုလည်း နှစ်သက်မှု မရှိကြောင်း သိရသည်။


တီကျစ်ဒေသ ကျောက်မီးသွေးထုတ်လုပ်လည်ပတ်မှုကြောင့် ဒေသခံများအနေဖြင့် ယားနာများ ဖြစ်ခဲ့ဖူးပြီး ရေဂါလံ ၄ သောင်းခန့် အသုံးပြုမည့်စီမံကိန်းကြောင့် အင်းလေးကန် ရေဝေရေလဲ ဒေသကို ထိခိုက်နိုင် သည်ဟု ကျွမ်းကျင်သူများက ပြောဆိုထားမှုများရှိသည်။ ဒေသခံများအနေဖြင့် တီကျစ် စက်ရုံအတွင်းပြု လုပ်သည့် ဆွေးနွေးပွဲအားမတက်ရောက်မှုအပြင် ကုမ္မဏီနှင့် အစိုးရအကြား ချုပ်ဆိုထားသည့် စာချုပ်များအား ပွင့်လင်းမြင်သာစွာချပြရေး၊ ဒေသခံနှင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်နိုင်မှု စစ်တမ်းများအား လူထုနှင့် မတွေ့ဆုံမှီ ကြိုတင်လေ့လာနိုင်ရန် ပေးပို့ထားရေး ၊ သဘာဝပတ်ဝန်းကျင် အစီစဉ်တို့ကို ကြိုတင်လေ့လာနိုင်မှု ရှိရေးဆောင်ရွက်ပေးရန်တို့ကိုလည်း ဆွေးနွေးပွဲမကျင်းပခင် အချိန်မှီပေးပို့ကြရန် တောင်းဆိုခဲ့သည်။


‘အခုက အရပ်ဘက် အဖွဲ့အစည်းတွေလည်း မဖိတ်ဘူး။  တီကျစ်စက်ရုံထဲမှာ ဒီကနေ့လုပ်တဲ့ပွဲကို လူတွေလည်း သိပ်မလာဘူး။ ’ - ဟု တီကျစ်ကျောက်မီးသွေးစီမံကိန်းအရေး လှုပ်ရှားသူ ကိုဝင်းရှိန်းမြတ်ကလည်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။


တီကျစ်ကျောက်မီးသွေးစီမံကိန်းရပ်ဆိုင်းရေးနှင့် ပတ်သက်ပြီး သျှမ်း ၊ ဓနု ၊ ပအိုဝ်း ၊ ပလောင်စသည့် ဒေသခံ တိုင်းရင်းသားများများပါဝင်သည့် ဆန္ဒပြပွဲကို အန်အယ်လ်ဒီ အစိုးရစတက်သည့် လွန်ခဲ့သည့်နှစ် ဧပြီလက ပြုလုပ်ခဲ့ဖူးသည်။ တီကျစ်စီမံကိန်းမှာ လူနေအိမ်ခြေများအနီးတွင် တည်ရှိသည့် စီမံကိန်းလည်းဖြစ်သည်။

သျှမ်းပြည်အတွင်း မိုးသက်လေပြင်းကျ အပျက်အစီးများ

Posted: 01 May 2017 05:43 AM PDT

ဧပြီလ နောက်ဆုံးပတ်အတွင် သျှမ်းပြည်တွင်းလေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများပြားကြောင်းစုံစမ်းသိရှိရသည်။
ဧပြီလ ၃၀ ရက် ညနေ ၆ နာရီက သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်အုပ်စုက လေပြင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် အခြေခံပညာအလယ်တန်းကျောင်းခွဲအပါအဝင် ဈေးနှင့်နေအိမ်အဆောက် အအုံများ ပျက်စီးဆုံးရှုံးကြောင်းသိရသည်။



‘စာသင်ကျောင်းကအကုန်နီးပါးပျက်တယ်။ ကျောင်းဆောင်တွေ အမိုးတွေလွင့်ကုန်တယ်။ ကျောင်းအိမ်သာ လည်းပျက်တယ်။ နေအိမ်က ၂၀ ကျော်ပျက်စီးတယ်။ အမိုးတွေလွှင့်တယ်။ ၀ါးထရံကာအိမ်ဆို ထရံတွေ လွှင့်တယ်။ ဈေးလည်း ပျက်စီးမှုများတယ် ။ သစ်ပင် သစ်ကိုင်းတွေကျိုးကျတယ်။ လမ်းဘေးမီးတိုင် လဲကျတယ်။ ဈေးပတ်ကားလဲ ပျက်စီးတယ်’ -ဟု သီပေါရောက် သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းဆိုင်ကော်ကပြောသည်။


သီပေါမြို့တွင်းဝင်ရောက်မွှေနှောက်သွားသည့်လေမုန်တိုင်းမှာ ရွာသားတချို့က လေဆင်နှာမောင်းဟု ပြောဆိုနေကြသည်။
အလားတူ ဧပြီလ ၂၉ ရက်နေ့ကမူ ညနေ ၄ နာရီကျော်က သျှမ်းပြည်တောင်ပိုင်းလွယ်လင်ခရိုင် မိုင်းပွန်မြို့ နယ်နှင့် နမ့်စန်မြို့နယ်တို့တွင်နွေမုန်တိုင်းဝင်ရာ လူနေအိမ်ခြေ ရ၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရ သည်။


ဟိုက်ဖတ်ကျေးရွာ နမ့်စန်မြို့နယ်တွင် မုန်တိုင်းကြောင့် အိမ်ခြေ ရ၀ ကျော်ပျက်စီးပြီး အသက် ၅၅ နှစ်အရွယ်အမျိုးသမီးတဦး ဒဏ်ရာရရှိကာ နွားတကောင် မိုးကြိုးပစ်သေဆုံးကြောင်းသိရသည်။


တချိန်တည်းမှာပင် လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ ၀မ့်မိုင်ရွာတွင်လည်း လေပြင်းတိုက်ခတ်ရာ နေအိမ် ၃ လုံးအမိုးနှင့်ထရံ လေနှင့်အတူလွှင့်ပါသွားကြောင်း ၊လူသူထိခိုက်ဒဏ်ရာရမှုတော့မရှိကြောင်း မိုင်းပွန်မြို့ခံ စိုင်းနောင့်ကပြောသည်။


သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ်ခွဲ နားကောင်းမူးအုပ်စုတွင်မူ ၂၉ ရက်နေ့ ညပိုင်းက မိုးသက်လေပြင်းကျရောက်မှုကြောင့်နေအိမ်များ၊ဈေးဆိုင်ခန်းများ ထိခိုက်ပျက်စီးပြီး မြို့တွင်းလမ်း ရေလွှမ်းမှုများရှိခဲ့ကြောင်းသိရသည်။ မိုးလေဝသနှင့်ဇလဗေဒဌာနကမူ ဧပြီလနောက်ဆုံးပတ်မှ မေလ နောက်ဆုံး ပတ်အထိ မြန်မာနိုင်ငံအနှံ့အပြား မိုးသက်လေပြင်း ကျရောက်နိုင်ဖွယ်ရှိကြောင်း ထုတ်ပြန် ကြေငြာထားသည်။

သျှမ်းသံတော်ဆင့်

unread,
May 3, 2017, 4:51:02 PM5/3/17
to thuau...@gmail.com

နမ့်ခမ်းမြို့နယ်အတွင်း TNLA နှင့် အစိုးရတပ်တို့တိုက်ပွဲပြင်းထန် အရပ်သား ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

Posted: 03 May 2017 01:41 AM PDT

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အစိုးရ တပ်မတော်တို့အကြား နမ့်ခမ်းဒေသတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကာ ရွာအတွင်းလက်နက်ကြီးကျည်ဆံကျရောက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိသည်ဟု သိရသည်။


သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ  နှင့် နမ့်ခမ်းနယ်ကြား လမ်းတစ်လျှောက် - နမ့်ဆီးရီး ၊ နမ့်ဟွမ် ၊ ကောင်းခေ စသည့် တအာင်းပလောင်ရွာများအနီးတွင် မေလ ၂ ရက်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ကာ အစိုးရဘက်မှ ရဟတ်ယာဉ် များ ဖြင့် တိုက်ခိုက်မှုများ ရှိခဲ့သည်။

ဒဏ်ရာရရှိသည့်နမ့်ခမ်းမြို့ခံတချို့
စစ်ဘေးရှောင်နမ့်ခမ်းမြို့ခံများ
လက်နက်ကြီးကျည်ထိမှန်သဖြင့် သေဆုံးသွားသည့်အဖွား  နိုင်းအမ်
ကျေးရွာအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နမ့်ဟွမ်ရွာသူ ဒေါ်ယားလိုင်း(နိုင်းအမ်) အသက် ရ၀ ကျော်  အဘွားအို တဦးသေဆုံးသည်။ ကောင်းခေရွာသူ အမျိုးသမီး ၃ ဦး - ဒေါ်အိုင်ထား အသက် ၄၈ နှစ်၊ မအိုင်သန်းဌေး ၁၃ နှစ်၊ မအီရွှေဦး အသက် ၁၇ နှစ် တို့လည်း ဒဏ်ရာအပြင်းအထန်ရရှိသည့်အပြင် အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်ဒဏ်ရာရှိသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။


''ရဟတ်ယာဉ်တွေက နမ့်ခမ်းကနေကို မြင်နေရတာ။ လက်နက်ကြီးပစ်သံတွေလည်း မြို့ပေါ်ကနေကို ကြားနေရတယ်။ ဒေါ်နန်းအမ် အလောင်းလဲ နမ့်ခမ်းဆေးရုံမှာဘဲ။ ဒဏ်ရာရတဲ့သူလဲ နမ့်ခမ်းဆေးရုံမှာဘဲ'' ဟု  နမ့်ခမ်းဒေသခံ စိုင်းအေး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများတွင် လွန်ခဲ့သည့် လမှ စတင်ကာ အစိုးရ တပ်ဘက်မှ နေရာဝင်ရောက် ချထားမှုများလည်း ရှိခဲ့သည်ဟု ဒေသခံအချို့က ဆိုကြသည်။ မေလ ၂ ရက်နေ့ က နမ့်ဟွမ်ရွာထဲသို့ လက်နက်ကြီးကျည်ဆံကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် ရ၅ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု တအာင်းလူငယ်အဖွဲ့အစည်းတာဝန်ရှိသူနှင့် ဒေသခံအချို့က သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုသည်။


' အမြောက်သံကြားရတော့ နမ့်ခမ်းမြို့တွင်းမှာလည်း လူအသွားအလာကျဲကုန်တယ်။ မြို့ထဲမှာတော့ ဘာမှ ဖြစ်တာတော့မရှိသေးဘူး ' ဟု နမ့်ခမ်းမြို့ခံ စိုင်းအွမ်ကလည်း မေလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပြောသည်။


ယခုရက်ပိုင်းအတွင်း တအာင်းတပ်မတော်နှင့် အစိုးရ စစ်တပ်အကြား နမ့်ခမ်း ၊ ကွတ်ခိုင် နှင့် နမ္မတူမြို့နယ် တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ ရက်ဆက်တိုက်ခန့်ရှိနေပြီဟု သိရသည်။


တအာင်း(ပလောင်) တပ်ဖွဲ့ TNLA မှာ ၂၁ ပင်လုံတွင် အခြားတိုင်းရင်းသားလက်နက်ကိုင်များနည်းတူ တန်းတူပါဝင်ခွင့်အတွက် ကန့်သတ်ခံရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး အစိုးရတပ်နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့လည်းဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
May 6, 2017, 4:51:21 PM5/6/17
to thuau...@gmail.com

သျှမ်းပြည်တိုင်းရင်းသားများအားလုံးလက်ခံနိုင်သည့် သျှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး CSSU ကြိုးပမ်းမည်

Posted: 05 May 2017 09:46 PM PDT

သျှမ်းပြည်သူပြည်သားများငြိမ်းချမ်းစွာ အတူဒွန်တွဲနေထိုင်နိုင်ရေးအတွက် သျှမ်းပြည်တိုင်းရင်းသား များအားလုံးလက်ခံနိုင်သည့် သျှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်အတည်ပြု သတ်မှတ် နိုင်ရေးအတွက် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ကြိုးပမ်းသွားမည်ဟု နှစ်ပတ်လည် အစည်းအ ဝေး၌ သတင်းထောက်များအား ပြောကြားလိုက်သည်။


“ပထမ ဆုံးကြိုးပမ်းရမှာကတော့ သျှမ်းပြည် အတွက်လိုအပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်ရေးကို ကြိုးပမ်းပါ့မယ်။ အဲဒါ ကိုလဲဘဲ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရင် သွားရောက်တင်ပြပြီးတော့မှ  အားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆက်လုပ်သွားပါ့မယ်” – ဟု သျှမ်းပြည်ညီညွှတ်ရေးကော်မတီ ပြောခွင့်ရ စိုင်းလိတ်က ပြောသည်။


၂၀၁၇ မေလ ၄ ရက် မှ ၅ ရက်နေ့ အထိ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ တွင် ၂ ရက်ကြာကျင်း ပသည့် သျှမ်းခေါင်းဆောင်များအားလုံးနီးပါးပါဝင်သည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ ၏ နှစ်ပတ်လည်အစည်းအဝေး၌ စိုင်းလိတ်က ပြောကြား ခြင်းဖြစ်သည်။


သျှမ်းပြည်နယ်တွင် မတူကွဲပြားသည့် သျှမ်းပြည်တိုင်းရင်းသားလူမျိုး ၃၅ မျိုးရှိသည်ဟု မြန်မာအစိုးရ ခေတ်အဆက်ဆက်က ပြောဆိုလာခဲ့သည်။ ထိုအတွက် သျှမ်းပြည်သား ညီညွှတ်ရေး အတွက်မည်သို့ လုပ်ဆောင်မည်ကိုလည်း စိုင်းလိတ်က ဤကဲ့သို့ ပြောသည်။


“ကျနော်တို့ နိုင်ငံရေးပါတီရှိမယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိမယ်၊ သျှမ်းပြည်တိုင်းရင်းသားတိုင်း မှာ လဲ လက်နက်ကိုင်အဖွဲ့အစည်းရှိတယ်။ နိုင်ငံရေးပါတီတွေရှိကြတယ်။ ပထမ ဦးဆုံး ကျနော်တို့ ကြိုးပမ်းရမှာကတော့ သျှမ်းအချင်းချင်းညီညွတ်ရေး၊ ဒုတိယအဆင့်မှာတော့ သျှမ်းပြည်အတွင်းတိုင်း ရင်းသားတွေအကုန်လုံး၊ နိုင်ငံရေးပါတီတွေအကုန်လုံးပါဝင်တဲ့ အစည်းအဝေး မျိုးကျနော်တို့ ကျင်းပ မယ်”


“အရင်တခေါက်လဲဘဲ ၂၀၁၆ ဂျွန်တုန်းက  ကျနော်တို့တခါ လုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက သျှမ်းပြည်  အခြေစိုက်နိုင်ငံရေးပါတီ တင်မကဘူး NLD ကကော USDP ကကော ပါတယ်။ အဓိက ကတော့ သျှမ်း ပြည် တိုင်းရင်းသားတွေအကုန်လုံးလက်ခံနိုင်တဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တခု ပေါ်ပေါက် အောင် ကျနော်တို့ ကြိုးပမ်းပါမယ်။ အဲဒီအခြေခံဥပဒေမှာ တိုင်းရင်းသားအား လုံးရဲ့ အခြေခံ အခွင့်အ ရေးကို ညီတူညီမျှ အချိုးကျကျ ဖေါ်ဆောင်နိုင်ပြီ ထည့်သွင်းနိုင်ပြီဆိုရင် ဒါညီ ညွတ်ရေးကို အများကြီး အထောက်အပံ့ဖြစ်စေပါမယ်။” - ဟု စိုင်းလိတ်က ပြောသည်။


သျှမ်းပြည်ညီညွှတ်ရေးကော်မတီ ၏ နှစ်ပတ်လည် အစည်းအဝေးတွင် သျှမ်းပြည်ပူးပေါင်း ဆောင်ရွက် ရေး ကော်မတီ ဥက္ကဌ စဝ်ခွန်ထွန်းဦး၊ သျှမ်းပြည်တိုးတက်ရေးပါတီ နာယက ဗိုလ်ချုပ်ကြီးဆေထဲင် ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း၊ သျှမ်းပြည်ပြန်လည် ထူးထောင်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် စသည့်ခေါင်းဆောင်များတက်ရောက်သည့်အပြင် လူမှုအသင်းအဖွဲ့ကိုယ်စားလှယ်များ စုစု ပေါင်း ၆၀ ကျော်တက်ရောက်သည်။

သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ပြန်လည်ထမ်းရွက်

Posted: 05 May 2017 09:43 PM PDT

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ၌ ကျင်းပသော သျှမ်းထိပ်သီးခေါင်းဆောင်များ အားလုံးနီးပါး ပါဝင်သည့် ၂၀၁၆ - ၁၇ နှစ်ပတ်လည်အစည်းအဝေးမှတဆင့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ၏ ဥက္ကဌ ရာထူးအား ခွန်ထွန်းဦးမှ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ထံ ပြန်လည်လွှဲ အပ် လိုက်သည်။


၂၀၁၇ ခု မေလ ၄ ရက်မှ ၅ ရက်နေ့ အထိ ၂ ရက်ကြာကျင်းပသည့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ၏ နှစ်ပတ်လည်အစည်းအဝေး နောက်ဆုံးရက်နေ့၌ လွှဲအပ်ခြင်းဖြစ်သည်။


CSSU ၏ ဥက္ကဌ ရာထူးအား ပြန်လည်ဆက်ခံသည့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က  “ …. ညီညွတ်ရေးအတွက်ကျနော်တို့မျှော်လင့်လာခဲ့တယ်။ လိုချင်တောင့်တလာခဲ့တယ်။ ဒါကြောင့်ကျနော်တို့ စည်းလုံးညီညွတ်ရေးပိုမိုခိုင်မြဲဖို့ တာဝန်ထမ်းဆောင်ရမယ်။ ကျနော်တို့အားလုံးမှာတာဝန်ရှိတယ်။ နားမလည်သေးတဲ့သူတွေ နားလည်လာအောင် မသိသေးတဲ့သူတွေ သိလာအောင် ပြသနာဖြစ်လာရင်ကျနော်တို့ စုပေါင်းဖြေရှင်းရပါမယ်။ ကျနော်တို့အမျိုးသားရေးမှာ  CSSU က အားလုံးကို ခြုံလွှမ်းနိုင်တဲ့ ထီးတလက်ဖြစ်အောင် ကြိုးစားသွားရမယ်။ …”   ဟု တာဝန်လက်ခံထမ်းဆောင်ခြင်း မိန့်ခွန်းတွင်ပြောဆိုသည်။


RCSS/SSA ဥက္ကဌ မှ CSSU ဥက္ကဌ တာဝန်ပြန်လည်လက်ခံထမ်းဆောင်သည့်အပေါ် သျှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ၂ လည်းဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့် စိုင်းလိတ် က- “ဒီ CSSU က ဗိုလ်ချုပ်ကြီး ယွက်စစ် အိုင်ဒီယာ နဲ့ ဖွဲ့စည်း ထောင်လာတာဖြစ်တယ်။ ဒီတော့ အလုပ် တာဝန်တွေကို သူက ဒီ့ထက်တောင် ပိုမိုထမ်းရွက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်” - ဟု ပြောသည်။


ပထမ တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းမှ CSSU ဥက္ကဌရာထူး လက်ခံ တာဝန်ထမ်းရွက်ရန် အဆင်သင့်ဖြစ်နေသည်ဟု ဆိုသော်လည်း ကော်မတီ ဖွဲ့စည်းပုံအရ အင်္ဂလိပ် ဗျည်းအက္ခရာစဉ်အတိုင်း SSJAC ဥက္ကဌ ခွန်ထွန်းဦး မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ထံ ပြန်လည်လွှဲ အပ်ရခြင်းဖြစ်သည်ဟု စိုင်းအိုက်ပေါင်း မှ သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောသည်။


“အမှန်တော့ ဒီလိုပါ အရင်ကတည်း CSSU ဆုံးဖြတ်ထားဒါရှိတယ်။ ဒီ ဥက္ကဌ ရာထူးကို အင်္ဂလိပ်ဗျည်း စဉ်အတိုင်း သွားမယ်ဆိုတာ။ …. မနှစ်က ကျားဖြူထမ်းရွက်ဖို့ တာဝန်ပေးကြတယ်။ အဲဒီတုန်းက ကျားဖြူ ပါတီ ဥက္ကဌ ၅ နှစ်သက်တမ်းကလဲ ကုန်ဆုံးတယ်။ CSSU အစည်းအဝေး ကျင်းပချိန် ကျားဖြူ ဥက္ကဌ ရာထူး ပြန်မရွေးကောက်ရသေးဘူး။ အဲဒါကြောင့် ကျားဖြူပါတီအနေနဲ့ CSSU ခေါင်းဆောင် နေရာ ပခုံးပြောင်းတာဝန်ထမ်းရွက်ဖို့ အဆင်သင့်မဖြစ်ဘူး။ အခုတော့ အဆင်သင့်ဖြစ်ပြီ။ နောက်နှစ် ဒီအချိန် မှာ ကျားဖြူ အတွက် တာဝန်ပြန်ကျလာမယ်။ ”


သျှမ်းအမျိုးသားညီညွှတ်ရေး၊ သျှမ်းပြည်တိုင်းရင်းသားများညီညွှတ်ရေးအတွက် အဓိကထား ဦးစားပေး လုပ်ဆောင်သွားမည့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU သည်၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းသည်။ အလှည့်ကျ ဥက္ကဌ ရာထူးကိုမူ ၂၀၁၅  မှ စတင်၍ အင်္ဂလိပ်ဗျဉ်းအက္ခရာစဉ်အတိုင်း RCSS, SNDP, SSJAC အစဉ်အလိုက် တာဝန်ယူသွားရန်ချမှတ်ထားသည်။ ၂၀၁၅ - ၁၆ တွင် ဗိုလ်ချုပ်ကြီးယွက်စစ်တာဝန်ယူပြီး ၂၀၁၆ - ၁၇ တွင်ဥက္ကဌတာဝန်ယူရန် ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း အလှည့်ကျသော်လည်းထိုစဉ်က အဆင်သင့်မဖြစ်သည့် အတွက် SSJAC ခေါင်းဆောင် စဝ်ခွန်ထွန်းဦးက တာဝန်ထမ်းရွက်ခဲ့ရသည်။

သျှမ်းသံတော်ဆင့်

unread,
May 8, 2017, 4:52:22 PM5/8/17
to thuau...@gmail.com

UNFC တပ်ပေါင်းစုမှာ ကေအိုင်အို နှုတ်ထွက်စာတင်ပြီးနောက် UNFC တပ်ပေါင်းစု အနေထား မေးခွန်းထုတ်စရာဖြစ်လာ

Posted: 08 May 2017 07:48 AM PDT

ကအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့မှ ၄င်း ဥက္ကဌလုပ်နေသည့် UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရာယ်ကောင်စီမှနှုတ် ထွက်စာတင်ပြီးနောက် UNFC တပ်ပေါင်းစု အနေထားမှာ မေးခွန်းထုတ် စရာ ဖြစ်လာနေသည်ဟု အကဲခတ်များက ဆိုသည်။


KIA အနေဖြင့် အဖွဲ့ ရ ဖွဲ့ကျန် UNFC တပ်ပေါင်းစုမှ နှုတ်ထွက်ရန် လွန်ခဲ့သည့်အပတ်က ထွက်စာ တင်ခဲ့ခြင်းဖြစ် သည်ဟုလည်း ကေအိုင်အေအဖွဲ့မှ အမည်မဖော်လိုသူ တာဝန်ရှိသူက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


မြန်မာနိုင်ငံမြောက်ပိုင်းမှ ကေအိုင်အေ ၊ သျှမ်းပြည်တိုးတက်ရေးပါတီ ၊ တို့မှာ မကြာသေးခင်က ကျင်းပခဲ့သည့် ပန်ဆန်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အဖွဲ့များဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် နယ်မြေခြင်းဆက်စပ်နေသည့် အဖွဲ့များလည်း ဖြစ်သည်။


UNFC က KIA တဖွဲ့ထဲထွက်တာလား သျှမ်းမြောက်ပါထွက်မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။


ကျနော့အမြင်ကတော့နိုင်ငံရေးအရဘဲစုဖွဲ့ပြီးမြေပြင်မှာစစ်ရေးအရပူးပေါင်းဆောင်ရွက်မှုနဲတော့ UNFC က စစ်တပ်နဲ့ခိုင်ခိုင်မာမာဆွေးနွေးနိုင် မှုအားနည်းပြီး တဖွဲ့ချင်းဆီအကြပ်အတည်းရောက်အောင် စစ်တပ်က လိုက်ဖိအားပေးရင် စုဖွဲ့မှုပုံစံပျက်သွားနိုင်တယ်ထင်တာပဲ ဟု ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်းနှင့် လူ့ဘောင်သစ်ပါတီ တာဝန်ရှိသူဖြစ်သည့် ဦးသက်မှူးက သုံးသပ်သည်။


UNFC အဖွဲ့အတွင်း အင်အားရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ် သည့် SSPP/SSA သျှမ်းပြည်တပ်မ တော်မြောက်ပိုင်းမှာ UNFC မှ မထွက်ဟု တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်ချုပ်စိုင်းထူးမှ မီဒီယာအချို့ကို ပြောထား သော်လည်း မြောက်ပိုင်းအဖွဲ့များအကြား တည်ရှိနေမှုကြောင့် စောင့်ကြည့်ရန် လိုအပ်ကြောင်းအကဲခတ်များက ဆိုသည်။


UNFC အဖွဲ့ဝင်များဖြစ်သည့် ကေအန်ပီပီ ၊ မွန်ပြည်သစ် ၊ အေအန်စီ ရခိုင် ၊ ၀ အမျိုးသားအဖွဲ့ချုပ် ၊ လားဟူ LDU ၊ အဖွဲ့တို့မှာ လက်မှတ်ရေးထိုးရန် အလားအလာကောင်းနိုင်သည်ဟု အစိုးရဘက်မှ ယူဆမှုများ ရှိနေ သော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများအလိုက် ဗဟိုကော်မတီ အစည်းအဝေးများမှာ လက်ရှိအ ချိန်အထိ ကျင်းပနေဆဲဖြစ်သည်။


မွန်ပြည်သစ်က ဒီလ ၈ ရက်နေ့ ပြီးမယ်။ ကေအန်ပီပီက ၁၀ ရက်နေ့ပြီးမယ်။ အဲဒီအစည်းအဝေး အပေါ်မူ တည်ပြီး လက်မှတ်ထိုးမဲ့ ကိစ္စတွေရုပ်လုံးပေါ် လာမယ်။ မွန်ပြည်သစ်ကတော့ ထိုးရင် တဖွဲ့တည်းထိုး တာမျိုးမဟုတ်ပဲUNFC နာမည်နဲ့ ထိုးမယ်ဆိုတဲ့ မူရှိတယ်။ မေလ ၁၄ ရက်နေ့နဲ့ ၁၈ အတွင်း UNFC နဲ့ အစိုးရ တွေ့ဖို့ ရှိနေပြီး အဲဒီမှာ ပိုပြီးပုံပေါ်လာမယ် - ဟု တိုင်းရင်းသားအရေး လေ့လာသူ မွန်သတင်းအေဂျင်စီမှ အယ်ဒီတာ နိုင်ဗညားအောင်က သုံးသပ်သည်။


တစ်ဘက်တွင်လည်း ၀ ဦးဆောင်သည့် တပ်ပေါင်းစုမှ အန်စီအေ အပစ်ရပ်စာချုပ်လမ်းကြောင်း အတိုင်း မသွား သည့် လမ်းကြောင်းအား အကောင်ထည်ဖော်ရန် ရှိနေရာ အစိုးရဘက်မှ ယင်းအချက်ကို လက်မခံပဲ အန်စီအေ စာချုပ်လမ်းကြောင်းအတိုင်းသာဆွေးနွေးမည်ဟု မေလ ၆ ရက်နေ့က ကြေငြာထားသည်။ UNFC မှ အဆိုပြု သည့် အချက်၉ ချက်နှင့် ပတ်သက်၍မူ ယခုအထိ ပြေလည်မှု မရသေးပေ။ လက်မှတ်ထိုးရန် တာစူနေသည့် အဖွဲ့အများစုမှာ မြန်မာပြည်တောင်ပိုင်းတွင် ရပ်တည်နေသည့် အဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် ကေအန်ပီပီနှင့် မွန်ပြည်သစ်တို့ ဖြစ်နေသည်ဟူ၍လည်း အကဲခတ်များက ထောက်ပြသည်။


ဗကပ ဟောင်းဖြစ်ပြီး မြောက်ပိုင်းအရေးနှင့် တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုး၏ တပ်ပေါင်းစု အရွှေ့ဆောင်းပါးတွင်မူ ‘ UNFC တဖွဲ့ဖြစ်သော WNO ဝ အမျိုးသားအဖွဲံ့ချုပ်သည် UWSA ၏စည်းရုံးသိမ်း သွင်းမှု အောက်မပါနိုင်ပေဘူးလော။


ဝ တို့ကြားတွင် ဗကပ နှင့်ပေါင်းခဲ့သောUWSA အား ဝ နီ ဟုခေါ်ကြသည်။ ဗကပနှင့်မပေါင်းသော WNO အားဝ ဖြူ ဟုခေါ်ကြသည်။ သို့ဖြစ်ရာ လက်ရှိအချိန်တွင် ဝ ဖြူ ဟုခေါ်သော WNOသည် UNFC နှင့် ဆက်သွားမည်ထက် UWSA နှင့် ပြန်လည်ပူးပေါင်းသွားပါက အံ့သြစရာမရှိပေ။ LDU ခေါ် လားဟူအဖွဲမှလည်း UWSA နှင့် ဆက်စပ်မှု ရှိပေသည်။


UWSA ၏ ၁၇၁ စစ်ဒေသဟုခေါ်သည့် မိုင်းဆတ် ခရိုင် အတွင်းရှိ UWSA တပ်ဖွဲ့အတွင်း များစွာပါဝင်ထားကြသည်။ ANC/AA ကလည်း NCA လက်မှတ်ထိုးမည် လော သို့မဟုတ် UWSA နှင့် မဟာမိတ်ပြု ထားသော ULA/AA နှင့်ပေါင်းမည်လော စောင့်ကြည့်ရဘွယ်ရှိသည်။ KNPP အနေနှင့်လည်း အင်အား နည်းပါးသော်လည်း ရပ်တည်မည်ဆိုက ရပ်တည်နိုင်စွမ်းရှိသည်။


သို့သော် လက်ရှိတွင် UNFC ၏ DPN ကိုခေါင်းဆောင်နေသည်။ မွန်ပြည်သစ်ပါတီ NMSP အနေအထားကတော့ ကြပ်တည်းသည်။ တပ်မတော်အပြင် NCA လက်မှတ်ထိုးထားသောအဖွဲ့များ BGF များကြားတွင် ညပ်နေရာ ခက်ခဲသော ဆုံးဖြတ်ချက်ကို ချ ရဘွယ်ရှိသည်။


သို့ဖြစ်ရာ မွန်ပြည်သစ်နှင့်KNPP တို့အတွက် နိုင်ငံရေးအကြပ်အတည်းမှာ ၎င်းတို့တောင်းဆိုထားသည့် NCA မူ ၉ ချက် ပြင်မပေးပါက မည်သို့ဆောင် ရွက်မည်နည်းဆိုသည့်နိုင်ငံရေးအကြပ်အတည်းနှင့် စစ်ရေးအကြပ်အတည်း နှစ်ခုကို ရင်ဆိုင်နေရသည်။


မည်သို့ဆိုစေ UNFC လက်ကျန် ၅ ဖွဲ့လုံး NCA လက်မှတ်ထိုးဘွယ်ရာ မမြင် ဟု ဆိုရပါမည်- ‘ ဟု သုံးသပ်ထားသည်ကိုတွေ့ရသည်။

သျှမ်းလူမျိုးများကို တဘက်စောင်းနင်းပြီးတခြားလူမျိုးများကို မုန်းတီးခြင်း ၊ တခြားလူမျိုးများနှင့် မဟာမိတ်ပြုပြီး မိမိအမျိုးသားရေးကို လစ်လျူရှူခြင်း ပြုလုပ်မည်မဟုတ်ဟု SSPP/SSA ပြော

Posted: 08 May 2017 07:39 AM PDT

သျှမ်းပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတွင် လှုပ်ရှားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ ၊ သျှမ်းပြည် တပ်မတော်အနေဖြင့် မိမိလူမျိုးကိုတဘက်စောင်းနင်းပြီး အခြားလူုမျိုးများကို မုန်းတီးခြင်း ၊ တခြားလူမျိုး အဖွဲ့အစည်းများနှင့် မဟာမိတ်ပြုပြီး မိမိလူမျိုး အမျိုးသားရေးကိုလစ်လျူရှူခြင်း ပြုလုပ်မည်မဟုတ်ကြောင်း SSPP/SSA မှ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။


ဧပြီ ၃၀ ရက်နေ့က လားရှိုးမြို့ ဂေါက်ကလပ်တွင်ကျင်းပသည့် သျှမ်းနှင့် တအာင်းလူမျိုးများ ငြိမ်းချမ်းစွာ အတူယှာဉ်တွဲနေထိုင်ရေး ဖိုရမ်သို့ ပေးပို့သည့် SSA မြောက်ပိုင်း၏ သဝဏ်လွှာတွင် ယင်းကဲ့သို့ ဖော်ပြ ထားခြင်းဖြစ်သည်။


အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်မှူးကြီး ကျော်လှ လက်မှတ်ဖြင့် ရေးထိုး ထားသည့် သဝဏ်လွှာတွင် သျှမ်း အမျိုးသားအချင်းချင်းအကြား စည်းလုံးညီညွတ်ရေးနှင့် သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်ရေးတို့အတွက် အဓိက မူဝါဒအဖြစ် ချမှတ်ကာဆောင် ရွက်နေကြောင်း ဖော်ပြထားပြီး TNLA တအာင်းပလောင်နှင့် RCSS/SSA သျှမ်းတပ်မတော်တောင်ပိုင်းတို့အကြား ပြဿနာများကိုလည်း အထူး စိုးရိမ်မိကြောင်း ဖော်ပြထားသည်။


နှစ်အဖွဲ့အကြား ပဋိပက္ခပိုမဖြစ်စေရန်နှင့် နှစ်ဘက်လူမျိုးများအကြား အမုန်း ပွားမှု မရှိစေရန်အပါအဝင် ကြားဝင်ညှိနှိုင်းမှုများ ၊ ကြေငြာချက်ထုတ်ပြန်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။


ပြည်ထောင်စုအရေးအတွက်လည်း အခြားတိုင်းရင်းသားများနှင့် လက်တွဲကာ UNFC တပ်ပေါင်းစုတွင် ပါဝင်နေဆဲဖြစ်ပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းခြင်းမှာ လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းနည်းထက် လူထုထိခိုက်မှု ပိုမိုသက်သာစေသည့်အတွက် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။


သျှမ်းလူထု ၊ နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့များအကြား သျှမ်းလူမျိုးတစ်မျိုးလုံး၏ အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာစေရန် နှင့် ညီညွတ်မှုများ ရှိလာစေရန် တိုက်တွန်းကြောင်းလည်း ဖော်ပြထားပြီး အခြေနေအရပ်ရပ်ပြောင်းလဲမှုများ ရှိလာသော်လည်း အေးအတူ ပူအမျှနေထိုင်သွားရန် ဆန္ဒပြုကြောင်းလည်း ဖော်ပြထားသည်။


လားရှိုးတွင်း ပြုလုပ်ခဲ့သည့် သျှမ်းနှင့် တအာင်းလူမျိုးများအကြား အေးအတူပူအမျှ လက်တွဲနေထိုင်ရေး ဖိုရမ်သို့ နိုင်ငံရေးပါတီများ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အစိုးရတပ်စခန်းဟောင်းနေရာတွင် သက်တမ်းကြာမြင့် မြေမြုပ်ဗုံးတလုံးပေါက်ကွဲ ကိုယ်ရင် ၈ ပါးဒဏ်ရာရ

Posted: 08 May 2017 07:31 AM PDT

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်တူမြို့နယ် မိုင်းရင်အုပ်စုရှိ  ဇေယျသုခ ဘုန်းတော်ကြီးကျောင်းတွင် သက်တမ်းကြာ မြင့်ပြီဖြစ်သော မြေမြုပ်ဗုံးပေါက်ကွဲရာ ကိုယ်ရင်ငယ် ၈ ပါး ဒဏ်ရာရရှိသဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုနေကြောင်းသိရသည်။


မေလ ၈ ရက် မနက် ၉ နာရီအချိန်ခန့်တွင်အဆိုပါဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကိုယ်ရင် ၈ ပါး ဒဏ်ရာရကာ ၆ ပါးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း မိုင်းရင်မြို့ခံများပြောပြချက်အရသိရသည်။


နမ္မတူမြို့နယ် လူမှုအသင်းအဖွဲ့ တွင်လှုပ်ရှားနေသည့် နန်းခမ်းဖုန်းက -  “ဒဏ်ရာရကိုယ်ရင် ၈ ပါး ကိုလားရှိုး ပြည်သူ့ ဆေးရုံကိုလာပို့တာပါ။ အဲ့ထဲမှာ ၂ ပါးက ခြေတွေလက်တွေမှာထိတယ်။ကျန်တာက ဗိုက်တွေ ရင်ဘတ်တွေ ကိုယ်လုံး တွေမှာထိတော့ ဒဏ်ရာပြင်းထန်တယ်။ ကိုယ်ရင်တွေက အသက် ၁၁ နှစ်ကနေ ၁၅ နှစ်ကြားမှာရှိကြတယ်။ အဲဒီဗုံးက သက်တမ်းကြာလှပြီ။ သံချေးတွေတောင်တက်နေပြီ။ ကိုယ်ရင်တွေက ဗုံးမှန်းမသိဘဲ ယူလာဆော့တာ။ ကျောင်း အပေါ်ထပ်ကနေပြီးအောက်ထပ်ကို ပစ်ချတာလေ ။ ပေါက်ကွဲ ထိမိတော့တာပေါ့ ” - ဟု သျှမ်းသံတော်ဆင့် အားပြောပြသည်။


နမ္မတူမြို့ အရှေ့မြောက်ဘက်ရှိ မိုင်းရင်အုပ်စု ဇေယျသုခ ဘုန်ကြီးကျောင်းအနီးတွင် ယခင် လွန်ခဲ့သောနှစ်ပေါင်း ၄၀  ခန့်က အစိုးရတပ်မတော်၏ တပ်စခန်းဟောင်းတခုဖြစ်ကြောင်း  ၄င်းတို့တပ်ရုပ်ပြန်သွားပြီး နောက်တပ်စခန်းမြေ နေရာအား သာသနာ့ပိုင်မြေအဖြစ်လှူဒါန်းလိုက်ကြောင်း၊ သို့သော် ဗုံးများ ရှင်းလင်းပေးသွားခြင်းမရှိသဖြင့် ထိုသို့ ကျန်ရှိနေသေးခြင်းဖြစ်ကြောင်း၊ ယခုတွင်မူထိုမြေနေရာတွင် ကျောင်းထပ်ဆောက်ရင် မြေထွန်မြေညှိရာမှ မြေမြုပ်ဗုံး အဟောင်းများ ပြန်ထွက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါကျောင်းမှကိုယ်ရင်ငယ်များတွေ့ရှိသဖြင့် ၂ လုံးယူလာဆော့ရာမှာ တလုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ဆိုပါသည်။


၎င်းနှင့်ပတ်သက်ပြီး နန်းခမ်းဖုန်းက - “အခု လားရှိုးဆေးရုံကိုရောက်နေတယ်။ ဖြစ်စဉ်ကို  လွှတ်တော်အမတ်တွေဆီ ကျမတို့အကြောင်းကြားထားတယ်။  အစိုးရပိုင်းကတော့လာမကြည့်သေးဘူး။ ကျမတို့ဒေသမှာ  မြေမြုပ်မိုင်းတွေ ဗုံးတွေများပါတယ်။ အခုနောက်ပိုင်းလာပြီး ထောင်ကြတဲ့ ဗုံးတွေကိုတော့ ဒေသခံတွေတောင်းဆိုမှုကြောင့် လာဖြုတ် ပေးတာတွေ တွေ့ရတယ်။ တပ်မတော်ရော တိုင်းရင်းသားအဖွဲ့တွေရောပေါ့။  ရှိတော့ထပ်ရှိနေသေးတယ်။ မြေမြုပ်ဗုံး တွေ။ ရွာသားတွေအတွက် အန္တရာယ်အရမ်းများပါတယ်။ မိမိထောင်ထားတဲ့ ဗုံးတွေကို လာပြီးတော့ရှင်းပေး စေချင်ပါ တယ်”- ဟု သျှမ်းသံတော်ဆင့်အားဆက်လက်ပြောပြသည်။


နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းစံဟွမ် က - “မှန်ပါတယ်။ ရွာကဖုန်းဆက်အကြောင်း ကြားလာပါတယ်။ ကိုယ်ရင်ငယ်လေးတွေ ဗုံးသွားယူလာဆော့ပြီးပေါက်ကွဲလို့ဒဏ်ရာရတဲ့အကြောင်းပေါ့။ ကျမတို့ကအခုသင်တန်းရှိနေ သေးတော့ ရွာကိုမပြန်သွားကြည့်ရသေးဘူး။ ဗုံးတွေက သံချေးတွေ တောင်တက်ကုန်ပြီ။ သက်တမ်းအရမ်းကြာပြီ ထင်တယ် ”- ဟု ပြောဆိုသည်။


နမ္မတူမြို့နယ်အနီးတဝိုက်တွင် အစိုးရတပ်မတော်အပြင် ရဲတပ်ဖွဲ့ ၊ တအာင်းတပ်ဖွဲ့ ၊ ကချင်လက်နက်ကိုင် တပ်ဖွဲ့၊ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့တို့ လှုပ်ရှားနေထိုင်ပါသည်။ အစိုးရတပ်မတော်နှင့်  တအာင်းတပ်ဖွဲ့၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးလာသည့် ၁ နှစ် ၂ နှစ်အတွင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုင်းရင်၊ မိုင်းတပ် ၊ မန်တုံ၊ မိုင်းဝီး၊ သိန်နီ ၊ကွတ်ခိုင်တို့တွင် မြေမြုပ်မိုင်း၊ ထောင်မိုင်း၊ ဗုံးများ အများအပြား တွေ့ရှိလာကြောင်းလည်း ဒေသခံများပြောပြချက်အရသိရသည်။


သျှမ်းသံတော်ဆင့်

unread,
May 9, 2017, 4:51:49 PM5/9/17
to thuau...@gmail.com

သို့- သျှမ်းသံတော်ဆင့်

Posted: 09 May 2017 05:44 AM PDT

လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်း၌ ဌာနေပြည်သူ့စစ်များ၏ တပ်သားသစ်စုဆောင်းနေမှုများကြောင့် ဒေသခံပြည် သူလူထုမှာ အခက်အခဲနှင့်ကြုံတွေ့နေရပါသည်။


သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နှင့် မိုင်းရယ်မြို့နယ်ကြား နမ့်ပေါင်ကျေးရွာအုပ်စုအပါအဝင် အဆိုပါဒေသကျေးရွာအုပ်စုများဘက်တွင် လှုပ်ရှားနေသည့် ဗိုလ်မွန်းဦးဆောင်သည့် မန်ပန်ဌာနေပြည် သူ့စစ်တပ်ဖွဲ့မှာ တဖန်ပြန်ပြီး တပ်သားသစ်တွေ ကောက်ယူစုဆောင်း နေသဖြင့် ဒေသခံများ အခက် တွေ့နေပါသည်။


အထက်မှညွန်ကြားချက်အရဟုဆိုကာ မန်ပန်ဌာနေပြည်သူ့စစ်၏ နိုင်ငံရေးရုံးခွဲအရာရှိများက ရုံးခွဲတခုမှာ တပ်သားသစ် ၃၀ ကနေ ၄၀ အထိ တောင်းလာတယ်လို့ဆိုပါတယ်။ အခုလိုတောင်းခံခြင်းခံရတဲ့ ရွာတွေက တော့ နမ့်ပေါင်အုပ်စု ပိန်းညောင်အုပ်စု ၊ နားနန်းအုပ်စု၊ မုံးပိုင်အုပ်စု၊ ဟိုနား၊ ကုန်းဆာ၊ နားနန်း၊ပန်ဟုန်း အစရှိ အုပ်စုများဖြစ် ပါတယ်။


တအုပ်စုစီအတွက် ပါလာတဲ့အမည်စာရင်းတွေထဲမှာ သင်္ကန်းဝတ်နေဆဲ ကိုယ်တော်တွေအမည် တွေ၊ နိုင်ငံခြားသွားအလုပ်လုပ်နေသူတွေ၊ အသက် ၅၀ ကျော် ၆၀ ကျော်သူတွေရဲ့ အမည်တွေပါ ပါရှိပြီး အမည်စာရင်းပါသူအားလုံးမလာမနေရ ပို့ပေးရမယ်လို့ ဆိုပါတယ်။


ပန်ဟုန်းအုပ်စုမှာ လူသစ်အရေအတွက် ၃၀ ပြည့်အောင်ကောက်ဖို့ တာဝန်ကျတဲ့ အရာရှိကတော့ ပိန်းခန်တပ်စခန်းက ဗိုလ်ကြီး အိုက်လွန်း။ မုံးပိုင်၊ တွန်းနေ၊ နားနန်း၊ ဟိုနား-ကုန်းဆာ မှာတပ်သားသစ် ၄၀ ပြည့်အောင်ကောက်ဖို့တာဝန်ကျသူကတော့ ၀မ့်နောင်တပ်စခန်းက ဗိုလ်ကြီးစိုင်းညွန့်ဖြစ်ပါသည်။ မေလ ၂၀ ရက်မှာ စာရင်းအရ လူအပြည့် ပို့ပေးဖို့ ဌာနချုပ်က မှာကြားထားကြောင်းလည်း ပြောဆိုလာပါသည်။


ဒေသခံများအနေဖြင့် စိုးရိမ်မိတာတခုက - ယခင်၎င်းတို့လုပ်နေကျထုံးစံအတိုင်း တပ်သားသစ်ကောက်ပြီး ရင် အစိုးရ တပ်မတော်ထံ ပို့ဆောင်မည်ဆိုသည့်သတင်းက ပျံ့နေသည့်အတွက် အရမ်းကို စိုးရိမ်နေရ ပါသည်။ ကျနော်တို့ဒေသခံပြည်သူလူထုမှာ မကြာသေးခင်ကဘဲ သူတို့အဖွဲ့ ရံပုံငွေလာကောက်လို့ တအုပ်စု ကျပ်သိန်း သိန်းပေါင်းများစွာ ပို့ပေးခဲ့ရသေးသည်။ စီးပွါးရေးကျပ်တည်းသော ယနေ့ခေတ်အဖို့ ထိုအတွက်ပင်လျှင် ကျနော်တို့အတွက်ကြီးမားသောဝန်ထုပ်ဝန်ပိုးတခုဖြစ်နေပါပြီ။ အခုပိုက်ဆံ၊ ဆန် သာမက လူကိုပါ ထပ်တောင်းလာတော့ ကျနော်တို့ရွာသားတွေအတွက် ဘာမှအကျိုးမရှိသော အဆိုပါအဖွဲ့ထံ တပ်သားသွား မလုပ်လိုပါ။ ထို့ကြောင့် ကျနော်တို့ ဒေသခံရွာသားတွေကို မည်သူ ကယ်တင်နိုင်မည်နည်း။


မွေးရပ်မြေကိုချစ်တဲ့
မြောက်ပိုင်းသား
စိုင်းအိုက်လျဲန်း

တန့်ယန်းမြို့နယ် ရှင်ပြုပွဲအထိမ်းအမှတ် ဒုတိယအကြိမ် သျှမ်းစာပေဟောပြောပွဲကျင်းပ

Posted: 09 May 2017 05:30 AM PDT

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဟွေကျိန်ကျေးရွာအုပ်စု ဟွေကျိန်ဘုန်းကြီးကျောင်း၌ ကျောင်းဆောင်သစ် လှူဒါန်းခြင်း၊သိမ်တော်လှူဒါန်းခြင်းနှင့်ရဟန်းခံရှင်ပြုခြင်းကို အထိမ်း အမှတ် အဖြစ် ဒုတိယအကြိမ် သျှမ်းစာပေဟောပြောပွဲ   ကျင်းပခဲ့ကြောင်း သိရပါသည်။


သျှမ်းစာပေဟောပြောပွဲကို မေလ  ရ ရက် နှင့် ၈ ရက်   ၂ ရက်သာ ပြုလုပ်ပြီး ကျောင်းထိုင် ဆရာတော် အပါအဝင် သျှမ်းစာပေ ပညာရှင် စုစုပေါင်း ၈ ဦး ဟောပြောခဲ့ပါသည်။  တက်ရောက်နားထောင်သူ တစ်ရာကျော် ရှိကြောင်း သိရသည်။


“စာပေဟောပြောပွဲရဲ့  အဓိက ရည်ရွယ်ချက်က ပြည်သူလူထုတွေ စာပေပိုင်းမှာ ပိုပြီး စိတ်ဝင်စား လာအောင်၊ မိဘ ကိုယ်တိုင် စာပေနားလည်မှ သားသမီးတွေ စာပေကို တန်ဖိုးထား နားလည် လာမယ်၊ အမျိုးသားရေး နိုင်ငံရေးတွေ နားလည်လာမယ်၊ ဒါကြောင့် ပိုပြီးစိတ်ဝင်စားလာ အောင်လို့ ဒီလို စာပေဟောပြောပွဲတွေ လုပ်ရခြင်းဖြစ်တယ်”ဟု သျှမ်း ကဗျာဆရာ ဟိဏ်း ကာယန်း  ကပြောသည်။


၂ ရက်သာ ဟောပြောသွားခဲ့သည့် သျှမ်းစာပေပညာရှင်များမှာ  ၁ - ဆရာတော်ဦးသီရိဓမ္မ ဝိန်းအင်း၊ ၂- ဆရာတော် ဦးနော်ခမ်းလှ ဓမ္မသာမိ မိုင်းပျဉ်း၊ ၃-ဆရာတော်ဦးစန္ဒိမာ  သျှမ်းပြည်ဗုဒ္ဓတက္ကသိုလ်၊ ၄ - ဆရာတော်ဦးသီရိဓမ္မ ဘိပါလ ဝေဠုဝန်ကျောင်းတိုက် တောင်ကြီးမြို့ ၊ ၅- ဆရာ ဟိဏ်း ကာယန်း  ၊ ၆ -  နန်းဟိန်းခမ်း  သျှမ်းပြည်တောင်ပိုင်း အမျိုးသမီးအဖွဲ့ချုပ် SSWO ၊ ရ- စာရေးကော်မိန်း နှင့် ၈- စိုင်းဝမ်းလျန်း တို့ ဖြစ်ကြပါသည်။


“စာဖတ်ဖို့ အချိန်တွေမရှိဘူး မပေးနိုင်လို့ ။ ဒီလိုဆိုတော့ အချိန်လေး ၁ နာရီလောက် ပေးပြီး လာထိုင်နားထောင်ရင် ဗဟုသုတတွေ ရသွားမယ်၊ စာအုပ်ကိုင်ပြီး ဖတ်မယ်ဆိုရင် မလွယ်ဘူး၊ အခုက ဖတ်ဖို့မလိုဘဲ နားထောင်ယုံဘဲဆိုတော့ ပိုပြီးအဆင်ပြေတယ်၊ ဒါကြောင့် ဆရာတော်တွေလည်း သာသနာနဲ့ ပတ်သက်တာတွေ ကြိုးစားပြီး ဟောပြောသွားတယ်၊ အဓိက အရေးကြီးဆုံးက မူးယစ်ဆေးဝါးပြသနာ မူးယစ်ဆေးဝါးပြသနာက စာပေနဲ့ရေးရင် ဖတ်တဲ့လူ ရှိချင်မှရှိမယ်၊ ဒီလို ဟောပြောပွဲတွေလုပ်ရင် ပြည်သူလူထုတွေရဲ့ နားထဲ တကယ် ရောက်သွားမယ်၊ ဒါကြောင့် မူးယစ်ဆေးဝါးပြသနာ တွေလည်း ဟောပြောသွားတယ်” ဟု လူငယ်တွင်း လှုပ်ရှားဆောင်ရွက်သူ စိုင်းဝမ်းလျန်း ကပြောသည်။


ဒုတိယအကြိမ် သျှမ်းစာပေ ဟောပြောပွဲတွင် အမျိုးဘာသာ သာသနာရေး၊ ဓမ္မတရား နှင့် အသက်မွေးဝမ်းကြောင်း  ၊  လူမျိုးနှင့်စိတ်ဓါတ် ၊ အတွေးအခေါ်၊ အမျိုးသမီး ၊ လူမှုရေး၊ ပညာရေး အစရှိသည်များနှင့်ပတ်သက်သည့် ခေါင်းစဉ်များကိုဟောပြောသွားခဲ့ကြောင်း သိရသည်။


ယမန်နှစ် မတ်လ ၂၀ မှ ၂၂ ရက်နေ့အထိက ကျင်းပသော တန့်ယန်းမြို့ ရှင်ပြုပွဲတွင်လည်း အနာဂတ်ရဲ့သားကောင်း သမီးမြတ် အဓိပ္ပါယ်ရသော စာပေဟောပြောပွဲတရပ်ကျင်းပခဲ့ပါသည်။

သျှမ်းစာပေပညာရှင် ဝုန်းဝမ်းဆေးတိုက်ပိုင်ရှင် လုံးတန်းကေး ကွယ်လွန်

Posted: 09 May 2017 04:28 AM PDT

တာင်ကြီးမြို့ ဝုန်းဝမ်းဆေးတိုက်ပိုင်ရှင် သျှမ်းစာပေပညာရှင် လုံးတန်းကေး အသက် ၉၄ နှစ် သည် မေလ ၉ ရက်နေ့ မနက် ၉ နာရီက သက်ကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်းသိရသည်။


တောင်ကြီးမြို့ မြို့မရပ်ကွက်ရှိ ၀ုန်းဝမ်းဆေးတိုက်နေအိမ်တွင်သာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိရုပ်အလောင်း အား မီးသဂြိုဟ်မည့်နေ့ကို သားသမီးမြေးမြစ်က ဆွေးနွေးနေဆဲဖြစ်ကြောင်း ဆိုပါသည်။


သျှမ်းစာပေပညာဆုရှင်များရှင်   ဆရာလုံးတန်းကေးသည် သက်ကြီးရောဂါဖြင့် အိပ်ရာတွင်လဲလျောင်း နေရသည်မှာ ၂၀၁၂ ကတည်းကဖြစ်ပါသည်။


သျှမ်းစာပေနှင့်ယဉ်ကျေးမှုကိုမြတ်နိုးသော လုံးတန်းကေးမှာ တောင်ကြီးမြို့ မြို့မဈေးတိုက်တွင် သျှမ်းရိုးရာ ၀တ်စုံများ၊ သျှမ်းရိုးရာအသုံးအဆောင်များအပြင် သျှမ်းစာအုပ်စာပေများကိုရောင်း ချခဲ့ပါသည်။ ၁၉၅၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ လုံးတန်းကေးကိုယ်တိုင်ရေးသား ထုတ်ဝေခဲ့ သည့် သျှမ်းဝေါဟာရစာအုပ်များ သျှမ်းကဗျာ လင်္ကာ ၊ သျှမ်းရာဇဝင် ဇာတ်တော် စာအုပ်များ ရာချီရှိရာ  သျှမ်း-ဗမာ စကားပြော စာအုပ်မှာ ထင်ရှား လျှက်ရှိသည်။


ဆရာလုံးတန်းကေးသည်  ၁၉၅၄ ခုနှစ်က ရန်ကုန် တကသိုလ်များအသင်းမှ ဦးဆောင်ကာ သီပေါမြို့တွင် ကျင်းပသည့် ယဉ်ကျေးမှုနှင့် ဗဟုသုတပိုင်းဆိုင်ရာ ဖလှယ်ခြင်းစာပေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုရရှိခဲ့သည်။


လုံးတန်းကေးအား ၁၉၂၄ ခုနှစ် ဂျူလိုင်လ ၁၃ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟိုနောင် ရပ်ကွက်တွင် ဖခင် လုံးစိုင်းယွက်ငင်း မိခင်ပါ့ဆွယ့်ဆိုင် တို့မှ မွေးဖွားပါသည်။ ငယ်အမည်မှာ စိုင်းယီဖြစ်ပြီး ဘုန်းတော်ကြီးပညာရေး လေ့လာဆည်းပူးခဲ့သည်။


နန်းဆွယ့်ဆိုင်ခေါင်နှင့်အိမ်ထောင်ပြုကာ သားသမီး ရ ဦး ထွန်းကားခဲ့သည်။ ဇနီးဖြစ်သူ နန်းဆွယ့်ဆိုင်ခေါင် ခေါ် နိုင်းတန်းကေးမှာ လွန်ခဲ့သော ၂ နှစ် ၃ နှစ်က ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါသည်။


လုံးတန်းကေးသည် ၁၉၈၇ မှ ၁၉၉၂ အထိ အဘိဓမ္မာတောင်သာအဖွဲ့တွင်ပါဝင်ခဲ့ပြီး ထိုနောက်ပိုင်း အစိုးရမှ ဖွဲ့စည်းသော တိုင်းရင်းဆေးဝါး သမားတော်ကြီးများအသင်းတွင်ပါဝင်ခဲ့သည်။ ၁၉၉၉ တွင် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှ ဖိတ်ကြားမှုဖြင့် တိုကျိုတက္ကသိုလ်တွင် သျှမ်းစာပေသင်တန်း ၃ လ သွားရောက် ပို့ချ ခဲ့ဖူးသည်။


သက္ကရာဇ် ၂၀၀၀ ပြည့်တွင် ရန်ကုန်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက လုံးတန်းကေးအား ရက္ခိတ ဂေါဝိဒ ကဝိ သျှမ်းစာပေပညာရှင်ဆုချီးမြှင့်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင်မူ မူစယ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေး မှုအသင်းက လုံးတန်းကေးအား စဝ်ဆေခန်ဖှဆု ချီးမြှင့်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင်မူ ပင်လုံမြို့ ပရိယတ္တိ သဒ္ဒမ္မပါလ စာသင်တိုက် ရွှေရတုပွဲတွင်လည်း ဆရာလုံးတန်းကေးအား သျှမ်းစာပေပညာရှင်ဆု ထပ်မံချီးမြှင့် ခဲ့ပါသည်။



သျှမ်းသံတော်ဆင့်

unread,
May 10, 2017, 4:51:45 PM5/10/17
to thuau...@gmail.com

ဗိုလ်ချုပ်အောင်ဆန်းတံတား ချောင်းဆုံဖွင့်လှစ်မှု နိုင်ငံရေးအရ မျက်နှာပြောင်တိုက်မှုဟု မွန်အသိုင်းအဝိုင်းဝေဖန်

Posted: 09 May 2017 11:39 PM PDT

အငြင်းပွားဖွယ်ဖြစ်နေသည့် မော်လမြိုင်နှင့်ေ ချာင်းဆုံကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူး ဗိုလ်ချုပ်အောင်ဆန်း တံတားအား မေလ ၉ ရက်နေ့ မနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။


တံတားအမည်သတ်မှတ်မှုနှင့် ပတ်သက်၍ မွန်ဒေသခံ သောင်းချီ ကန့်ကွက်ဆန္ဒပြခဲ့သော်လည်း ယနေ့မနက်ပိုင်းက ပြုလုပ်သည့် ဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ၊ မွန်ပြည်နယ်နှင့် ကရင်၊ တနသာင်္ရီတို့မှ ၀န်ကြီးချုပ်များ တက်ရောက်ခဲ့သည်။


 ဒီလောက်လူထုကန့်ကွက်နေတဲ့ အကြားက အခုလို ဗိုလ်ချုပ်နာမည်သုံး မြန်မာမှုပြုတာဟာ နိုင်ငံရေးအရ အရှက်အကြောက်တရားနဲ့ ဂုဏ်သိက္ခာမဲ့တဲ့ မျက်နှာပြောင်တိုက်မှု တစ်ခုဖြစ်တယ်လို့ ပြောချင်တယ် - ဟု မွန်လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်နေသူ ကိုမင်းလတ်က မှတ်ချက်ပြုပြောဆိုသည်။


ဧရာဝတီ သတင်းဖော်ပြချက်တွင်မူ ဗိုလ်ချုပ်တံတားအမည်သတ်မှတ်ရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် တင်ပြခဲ့သည့် NLDကိုယ်စားလှယ် မိကွန်ချမ်းနှင့် တံတားနာမည်ကိစ္စကန့်ကွက်သူ မွန်လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာ အောင်နိုင်ဦးတို့မှာ တံတားဖွင့်ပွဲ မလာရောက်ခဲ့ဟု ဖော်ပြထားသည်။


ချောင်းဆုံတံတားအရေးနှင့် ပတ်သက်၍ NLD အများစုဖြစ်သည့် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့မှုအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းမှ ဝေဖန်ခဲ့ကြပြီး သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးကလည်း ယင်းကိစ္စမှာ ဒီမိုကရေစီအရ အနိုင်ကျင့်မှုဟု ဝေဖန်ထားသည်။


ဦးသိန်းစိန်အစိုးရကိုပြောတာပါ တိုင်းရင်းသားရဲ့ လိုအပ်ချက် တိုင်းရင်းသားခံစာချက်တွေသူတို့နားလည်တယ် ။မွန်မှာ ဆောက်ခဲ့တဲ့တံတားတွေဟာဒေသခံနာမည်တွေပဲ ပေးခဲ့တယ် ။NLD လို တယူသန်အတွေး တယူသန်လုပ်ကွက်တွေဦးသိန်းစိန် မလုပ်ခဲ့ပါဘူး။ အန်အယ်ဒီရဲ့ နိုင်ငံရေးအမှား  ကွက်တော့ေ ရရှည်တိုင်း ရင်းသားနဲ့ တိုင်းရင်းသားနဲ့ အမျိုးသားပြန်လည်ရင်ကြားစေရေးထက်တိုင်းရင်းသားဘက်က NLD မုန်းတီးရေးဝါဒတစ်ခု ဖြစ်လာတော့မယ်ဒီလိုဖြစ်လာရင်တော့ NLD ရဲ့ နိုင်ငံရေးကျရှုံးခန်းပဲ ဖြစ်လာတော့မယ်။ အဲဒီအချိန်ကျရင် - ဟု မွန်တိုင်းရင်းသား သတင်းထောက်ဖြစ်သူ လဝီဝမ်က မှတ်ချက်ပြုသည်။


တံတား နာမည်သတ်မှတ်မှုအဖြစ် စစ်အစိုးရလက်ထက်က ဗလမင်းထင်တံတား မြစ်ကြီးနား သတ်မှတ်မှုရှိခဲ့ပြီး ပင်လုံကျောက်တိုင်ကွင်းတွင် ရွှေတိဂုံဘုရားတည်မှုမှာလည်း စစ်အစိုးရလက်ထက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သမ္မတ ဦးသိန်းစိန်အစိုးရမှာ အတတ်နိုင်ဆုံးလူထု အသံနားထောင်ခဲ့သည်ဟု အကဲခတ်အချို့က ဆိုသည်။


ဒီတံတား ဒီလိုနာမည်တပ်မှုက ကေးဝဋ်ပုဏ္ဏားဟာ နဖူးကအမာရွတ်မြင်တိုင်း မဟောသဓာကို သတိရတတ်သလို ဗိုလ်ချုပ်အောင်ဆန်းတံတားမြင်တိုင်း မွန်တွေရင်မှာ ဒီမိုကရေစီ အနိုင်ကျင့်ခံရတာကို သတိရနေမှာမလွဲပါဘူး ဟု မွန်အမျိုးသမီးတစ်ဦးဖြစ်သူ မိဝင်းဝါဝါထွန်းက ၄င်း၏ ဖေ့ဘုပ်စာမျက်နှာတွင် မှတ်ချက်ပြုရေးသားထားသည်။


NLD အစိုးရတက်ပြီးနောက် အစိုးရနှင့် တိုင်းရင်းသားများအကြား ဆက်ဆံရေးအေးခဲလာသည်ဟု အကဲခတ်များကဆိုပြီး NLD လုပ်နေသည့် ရင်ကြားစေ့ရေးမှာ တပ်နှင့် NLD အကြားတွင်သာဖြစ်ပြီး တိုင်းရင်းသားများမပါဟု သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးက CSSU ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေးတွင် ပြောဆိုထားသည်။

သျှမ်းသံတော်ဆင့်

unread,
May 12, 2017, 4:52:40 PM5/12/17
to thuau...@gmail.com

ဝုန်းဝမ်းဆေးတိုက်ပိုင်ရှင် သမားတော်ကြီးလုံးတန်းကေး အသက် ၈၁ နှစ်ရုပ်အလောင်းအား မေလ ၁၃ ရက်တွင် သဂြိုဟ်မည်

Posted: 12 May 2017 04:21 AM PDT

၂၀၁၇ ခု မေလ ၉ ရက်နေ့ တွင် ကွယ်လွန်အနိစ္စရောက်သည့် သျှမ်းစာပေပညာရှင် ဝုန်းဝမ်းဆေး တိုက်ပိုင်ရှင် သမားတော်ကြီး(ဦး)လုံးတန်းကေး အသက် ၉၅ နှစ်၏ ကျန်ရှိရုပ် အလောင်းအား မေလ ၁၃ ရက် တနင်္ဂနွေနေ့တွင် နေအိမ်မှ တောင်ကြီးမြို့ တိုင်းရင်းသားပေါင်းစုံ သုသာန်သို့ ပို့ဆောင် မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။


သမားတော်ကြီးလုံးတန်းကေး၏ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ-  သမားတော်ကြီး(ဦး)လုံးတန်းကေး၏ ငယ် မည်မှာ စိုင်းတန်းကေး ဖြစ်ပြီး အဘ ခိင်းဆွယ့်ဆိုင်၊ အမိ နိုင်းဆွယ့်ဆိုင်တို့မှ ၁၉၂၄ ခု ဩဂုတ်လ ၁၂ ရက်နေ့တွင် နောင်ဟိုရပ်၊ နန့်ခမ်းမြို့၌ မွေးဖွားခဲ့သည့် ဒုတိယ သားဖြစ်သည်။ ငယ်နာမည်မှာ စိုင်းယီ ဟုခေါ်သည်။ ဘုန်းတော်ကြီး ပညာရေးဖြင့် ပညာဆည်းဖူးပြီး ထင်ရှားကျော်ကြားလာသည့် သျှမ်းစာပေပညာရှင်၊ သျှမ်းတိုင်းရင်း ဆေးသမားတော်ကြီးဖြစ်လာသည်။


၁၉၄၅ ခု တွင် နမ့်ခမ်းသူ နန်းဆွယ့်ဆိုင်ခေါင် နှင့်အိမ်ထောင်ပြုပြီး သားသမီး - ၇ ဦး ထွန်းကား သည်။ ၎င်းတို့မှာ - စိုင်းမောင်၊ စိုင်းချစ်တင်၊ စိုင်းလိတ်၊ စိုင်းချစ်နွယ်၊ နန်းသန်း၊ စိုင်းဘကျော်၊ စိုင်းလိန်ခမ်း တို့ဖြစ်သည်။


သျှမ်းစာပေလေ့လာဆည်းပူးမှုခြင်း၊ သျှမ်းတိုင်းရင်းဆေးများ ဖေါ်ဆပ်ခြင်းဖြင့် ၁၉၅၀ ခုနှစ် တွင် ဘုရားဆင်းထုတော် ထုလုပ်လှူဒါန်းရာမှ သျှမ်းလူမျိုးကြားတွင် အမည်တွင်လာသည်။


၁၉၅၂ ကတည်းက စတင်တည်ထောင်ခဲ့သော တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုနှင့် ယဉ်ကျေး မှုအသင်းကြီးအတွင်း ၁၉၅၇ ခုနှစ်ကတည်းက စတင်ပြီး လှုပ်ရှားမှုများတွင် ဦးဆောင် ဦးရွက်ပါလာ ခဲ့သည်။ သျှမ်းစာပေယဉ်ကျေးမှုအသင်းတွင် အလုပ်အမှုဆောင်၊ အတွင်းအရေးမှူး နာယက အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။


စာအုပ်စာပေများကို ၁၉၅၀ ခုနှစ် အသက် ၂၆ နှစ်အရွယ် ကတည်းက စတင်ရေးသားခဲ့သည်။ လုံးတန်းကေး၏ ရည်ရွယ်ချက်မှာ သျှမ်းအားလုံး သျှမ်းစာတတ်မြောက်ရေး၊ အကျင့်စာရိတ္တ ကောင်း မွန်စေရေး၊ ကြီးပွါးချမ်းသာရေး တို့ဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်သည့်စာပေများကို လေ့လာရေးသား ထုတ်ဝေခဲ့သည်။ ထို့ပြင် ပညာရေး၊ လောကီရေးရာ၊ လောကုတ္တရာရေးရာ ၊ ကဗျာ အစရှိ အုပ်ရေ ၁၀၀ နီးပါးရှိသည်။


ထို့ပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်ထုတ်လွှင့်ရန် ခေတ်ဟောင်းခေတ်လယ် သျှမ်းတေး သီချင်း အပုဒ်ရေ ၅၀ ကျော်ရေးသားခဲ့သည်။
ထို့အပြင် အစာကြေဆေး၊ ဖြေဆေး၊ ချောင်းဆိုးပျောက်ဆေး၊ သွေးဆေး၊ အသဲရောင်အသားဝါဆေး၊ ကိုယ်ပူကျဆေး၊ နှလုံးဆေးအစရှိ သျှမ်းတိုင်းရင်းဆေးများကိုဖော်စပ်ကာ ကျားနေဝန်းတံဆိပ်ဖြင့် ရောင်းချခဲ့သည်။ ယာ့ကေ့လျဲတ် ဆိုသည့် မဟာဖြေဆေးသည် သျှမ်းပြည်အနှံ့ အပြင် မြန်မာပြည်တ ဝှမ်းလုံးမက ပြည်ပရောက်မြန်မာအတိုင်းအဝိုင်းများလဲ နှစ်သက်သုံးစွဲကြသည်။


ဘ၀ခရီးလမ်းနှင့်လုပ်ငန်း


နမ့်ခမ်းမှ တောင်ကြီးသို့ ၁၉၅၇ ခုနှစ်ကတည်းကပြောင်းရွှေ့လာခဲ့သည်။ ၁၉၅၈ တွင် သျှမ်းပြည် မြောက်ပိုင်းရှိ ဇနီးနှင့်သားသမီးများအားသွားရောက်ကြိုကာ တောင်ကြီးသို့ခေါ်ဆောင်ခဲ့သည်။    တောင်ကြီးမြို့တွင် သျှမ်းစာပေပြုစုရေးအသင်းတိုက် တည်ဆောက်ရာ တွင်လည်း ကူညီလုပ် ဆောင် လာခဲ့ပြီး ၁၉၆၈ တွင် ဝုန်းဝမ်းပုံနှိပ်တိုက်နှင့် တိုင်းရင်းဆေးတိုက်ကို တည်ဆောက်ခဲ့သည်။


သျှမ်းစာပေအပြင် တခြားဘာသာစာပေများကိုလည်း လက်ခံပုံနှိပ်ပေးခဲ့သည်။ တိုင်းရင်းဆေး ကိုလည်း ၁၉၈၀ တွင်စတင်ကာ ကိုယ်တိုင်ဖော်စပ်ရောင်းချခဲ့သည်။ ၁၉၉၈ -၉၉ ခုနှစ်က ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်က ဖိတ်ခေါ်မှုကြောင့် လုံးတန်းကေးမှာ ၃ လတာ သျှမ်းစာပေသွားရောက် သင်ကြားပေးခဲ့သည်။


သားသမီးမြေးမြစ်များနှင့်သျှမ်းလူငယ်မောင်မယ်များအား လုံးတန်းကေးအမြဲသွန်သင် ဆုံးမ သောစကားမှာ - သီလစောင့်ထိမ်းတတ်ပါ၊ အနည်းဆုံး ၅ ပါးသီလ မြဲပါစေ။  တရားသော နည်းလမ်းဖြင့် ပိုက်ဆံရှာပါ။ ပညာကိုဆည်းပူးပါ။ သျှမ်းစာပေ သျှမ်းစကား သျှမ်းရိုးရာ ယဉ်ကျေးမှု ဝတ်စုံကို မြတ်နိုးဝတ်ဆင်ပါ။


လျန်းဆိုင်တိုင်း အမှတ် ၁ စာအုပ်ပါ နန်းခမ်းယုံရေးသားထားသော လုံးတန်းကေး၏အတ္ထုပ္ပတ္တိမှ ကိုးကားဖော်ပြခြင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်၊ ၀ တပ်ဖွဲ့နှင့်တရုတ်တို့ ဆွေးနွေးနေစဉ် ကိုးကန့်ဟုန်အိုင်ဒေသတွင်တိုက်ပွဲပြင်းထန် ဖြစ်ပွား

Posted: 12 May 2017 03:50 AM PDT

တအာင်းပလောင် ၊ ကေအိုင်အေ ၊ ကိုးကန့် ၊ အေအေ ရက္ခိုင့်တပ်မတော်စသည့်မြောက်ပိုင်း မဟာမိတ်အဖွဲ့ များအပါဝင် ၀ တပ်ဖွဲ့ တာဝန်ရှိသူများနှင့် တရုတ်အထူးကိုယ်စားလှယ်တို့ ကူမင်းတွင် ဆွေးနွေးနေစဉ် ကိုးကန့် ဟုန်အိုင်ဒေသ၌တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ သတင်း ထုတ်ပြန်သည်။


မေလ ၁၁ ရက်နေ့ မနက်ပိုင်း ရ နာရီမှစ၍ ဟုန်အိုင်ဒေသရှိ ကိုးကန့် တပ်ဖွဲ့တပ်စခန်းများကို လက်နက်ကြီး များဖြင့် မရပ်မနား ပစ်ခတ်ခဲ့ပြီး မြေပြင်မှထိုးစစ်ဆင်မှုများကိုလည်း ပြန်လည် ပြုလုပ်လာခဲ့သည်ဟု မဟာ မိတ်အဖွဲ့က သတင်းထုတ်ပြန်သည်။

မစ္စတာဆွန်းကော့ရှန် နှင့် ၀ အကြီးအကဲ ပေါက်ယူချမ်းတို့ 

ကိုးကန့်ဒေသအတွင်း ပုံမှန်ထက်ပိုသောစစ်ရေးလှုပ်ရှားမှုများနှင့် လူအင်အား လက်နက်အင်အား များကို ဆက်တိုက်ပို့ဆောင်နေသောကြောင့် မကြာမီကာလအတွင်း တိုက်ပွဲမှာပိုမိုပြင်း ထန်လာနိုင်ကြောင်းလည်း မေလ ၁၁ ရက်နေ့ ရက်စွဲဖြင့်မဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်သည်။ ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင်ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားခဲ့ကြောင်း ထုတ်ပြန် ထားသည်။


‘ မနေ့က တိုက်ပွဲပြင်းတယ် လက်နက်ကြီးတွေနဲ့ အကြီးအကျယ်ပစ်သလိုခြေလျင်တပ်တွေနဲ့လည်း ထိုးစစ် ဆင်တယ်။ အကျအဆုံးများတယ်။ စစ်တပ်ဘက်ကသုံးနေတဲ့ နှုန်းက လက်နက်ကြီး စားရိတ်တင် အဲဒီဒေသ မှာ တရက်တရက် ကျပ်သိန်း ၃၀၀၀ ကျော်ဖိုးလောက် သုံးနေသလို တောင်ဖြစ် နေတယ်။ ကချင်စစ်ပွဲပြန်စ ခဲ့တဲ့၂၀၁၁ ကနေ အခု ၂၀၁၅ ၊ ၂၀၁၇ ကိုးကန့် စစ်ပွဲအထိ ငွေများစွာကုန်ပြီး ဘာအကျိုးအမြတ် မှမရ ဘူးဆိုတာလည်း သိဖို့လိုနေပြီ။ ‘ ဟု နယ်စပ်ရေးရာ လေ့လာ သူ ဦးဂါမဏိက လတ်တလော ကိုးကန့် တိုက်ပွဲများနှင့် ပတ်သက်၍ ၄င်း၏ ဖေ့ဘုပ်စာမျက်နှာတွင် ရေးသားထားသည်။


လတ်တလောအတွင်းမှာပင် တရုတ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန် နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၊ ၀ တပ်ဖွဲ့တာဝန်ရှိသူများသည် ယူနန်ပြည်နယ် ကူမင်းမြို့တွင် မေလ ၁၀ ရက် နေ့ ၁၁ရက်နေ့တို့က တွေ့ဆုံခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက်ဆွေးနွေးခဲ့ကြသည်။


မြောက်ပိုင်းအဖွဲ့များအနေဖြင့် ပန်ဆန်း ၀ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရအားလုံး ရ ဖွဲ့စလုံး ( ကေအိုင်အို ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အပါအဝင် ) အား အစိုးရဘက်မှ လက်ခံတွေ့ဆုံမှသာ ဆွေးနွေး မည်ဖြစ်ကြောင်းတအာင်းပလောင်တပ်ဖွဲ့ဒုတိယ ဥက္ကဌ တာဂျုတ်ဂျားကပြောသည်ဟု သတင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။


တရုတ်ကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်းအနေဖြင့် မြန်မာအစိုးရအားဆွေးနွေးမှုအခြေနေများကို ရှင်းပြမည်ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၁၄ ရက်နေ့တွင် တရုတ်ပြည်သို့ သွားရောက်မည်ဖြစ်ပြီး ပိုးလမ်းမ စီမံကိန်း ညီလာခံသို့ တက်ရောက် မည်ဖြစ်သည်။ လတ်တလော ပဋိပက္ခနှင့် တိုက်ပွဲများဖြစ်ပွားနေသောကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ တရုတ်၏မဟာစီမံကိန်းဖြစ်သည့် One road One Belt စီမံကိန်းဖြတ်သန်းမည့် နယ်မြေများဖြစ်သည်။


ဥရောပ မြန်မာရုံးမှတိုင်းရင်းသားအရေးလေ့လာသူ စဝ်ဟန်ယောင်ဝေကမူ မြန်မာမြောက်ပိုင်းပဋိပက္ခများ မရှင်းနိုင်လေလေ မြန်မာအပေါ် တရုတ်သြဇာကြီးလေလေဖြစ်လာမည်ဟုဧရာဝတီ သတင်းဌာနနှင့် ဧပြီလအတွင်းက ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတွင်ဖြေကြားထား သည်။

ကဆုန်လပြည့်နေ့ သျှမ်းလူငယ်များ စုပေါင်းသစ်ပင်စိုက်

Posted: 12 May 2017 03:35 AM PDT

ကဆုန်လပြည့်နေ့တွင် သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်းဒေသအသီးသီးမှလူငယ်များစုပေါင်းကာ သစ်ပင်စိုက်ပျိုး ခဲ့ကြကြောင်းသိရသည်။


မေလ ၁၀ ရက်နေ့က လားရှိုးမြို့နယ်တွင် စိန်နွံအသင်းနှင့် ကုန်းဆာအုပ်စုအတွင်းမှ လူငယ် ၁၀၀ ကျော်က ထင်းရှူးပင် ၂၀၀ နှင့် ဗန်ဒါပင်ကဲ့သို့သော တခြားအရိပ်ရအပင်ကြီးများ စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။


Photo Lao Htek Fa 

သစ်ပင်ကြီးများ စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်မှာ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် သျှမ်းပြည်သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအထိမ်းအမှတ် ပူးပေါင်းလုပ်ဆောင်ခြင်း အတွက်ဖြစ်ကြောင်း သစ်ပင်စိုက်ပျိုးရေး တွင်ဦးဆောင်ဦးရွက်ပြုသူ စိုင်းဆိုင်ဆွမ်က ပြောသည်။


“ သစ်ပင်သစ်တောက လူတွေအတွက်အကောင်းဆုံးမိတ်ဆွေပါ။ ကျန်းမာသန်စွမ်းအောင် လုပ်ပေးတယ်။ သဘာဝဘေးမကျအောင်လည်း ကူညီပေးတယ်။ သစ်တပင်ကောင်းရင်ငှက်တသောင်းတောင်နားနိုင်တယ်” လို့လည်းကြားဖူးကြမှာပါ။ ဒါကြောင့် သစ်ပင်စိုက်ပျိုးဖို့ အနယ်နယ်အရပ်ရပ်က လူငယ်တွေကိုဖိတ် ခေါ်ပါတယ်။ သစ်ပင်စိုက်တာ ခက်တာမှမဟုတ်တာ” ဟု ၎င်းကပြောသည်။


အလားတူ သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နှင့် ခိုလမ်မြို့မှလူငယ်များစုပေါင်းကာ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် အရိပ်ရအပင် ၁၁၁၁ ပင်ကို ခိုလမ်မြို့ ကောင်းမူးဆန် (စေတီဝန်း) နှင့် ကောင်းမူး နောင်ဖာ (စေတီအနီး ဝန်းကျင်) တို့တွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

SNLD ဥက္ကဌ ဟောင်း ကမ္ဘောဇလွယ်အိတ် ဦးစိုင်းသက်ဝင်း (နမ့်ခမ်း) ကွယ်လွန်

Posted: 11 May 2017 08:28 PM PDT

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင်စဉ်က ပါဝင်ခဲ့ပြီး ဥက္ကဌ ရာထူး ပထမ ဦးဆုံးတာဝန်ထမ်းဆောင်သူ ကမ္ဘောဇလွယ်အိတ် စိုင်းသက်ဝင်း အသက် ၈၁ နှစ် သည် နှလုံးရောဂါ ဖြင့် ကွယ်လွန်ကာ ယနေ့ မီးသဂြိုလ်ကြောင်း သိရှိရသည်။


ဦးစိုင်းသက်ဝင်း ကမ္ဘောဇလွယ်အိတ် နှလုံးရောဂါ ဝေဒနာ ခံစားနေရသည့် အပြင် သက်ကြီးရောဂါများ ဖြစ်လေ့ဖြစ်ထရှိသည့် ဒူးနာခြင်း၊ ချောင်းဆိုး ရင်ကြပ်ခြင်း စသည့်ဝေဒနာများလည်းခံစားရကြောင်း၊ ယမန်နှစ်တွင်လည်း နှလုံးရောဂါ ခွဲစိတ်ကုသမှု ခံရယူရကြောင်း၊ အဆိုပါ ရောဂါကြောင့် ဆာကုရာ ဆေးရုံသို့ တက်ရောက်ကုသမှု ထပ်မံခံယူစဉ် မေလ ၉ ရက်နေ့ ၂၀၁၇ တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟုသိရသည်။


ကွယ်လွန်သွားသည့် ကမ္ဘောဇလွယ်အိတ် (နမ့်ခမ်း) ဦးစိုင်းသက်ဝင်းသည် သေဆုံးချိန်အထိ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် နာယက တာဝန်ထမ်းဆောင်ထားသည့်အပြင် ရန်ကုန်ရောက် သျှမ်းမိသားစုများ လည်း အားကိုးအားထားစရာ ဖြစ်သည်ဟု ရန်ကုန်သျှမ်းစာပေယဉ် ကျေးမှု ဥက္ကဌ ဟောင်း နန်းဝိုးဆိုင်က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြောသည်။


“ဘိုးဘိုးဦးစိုင်းသက်ဝင်းက ရန်ကုန်ရောက် သျှမ်းမိသားစု၊ အသင်းအဖွဲ့ အားလုံးရဲ့ နာယက ဘဲ။ နမ့်ခမ်း အသင်းတို့၊ တောင်ကြီးသင်းတို့ ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုအပါအဝင်ပေါ့ နာယက ဘဲလေ။ အဘိုးကလေ အစည်းအဝေးဖိတ်တိုင်းအမြဲလာတယ်။ ဒူးနာနေတာတောင်လာတယ်၊ သူက အသင်းအဖွဲ့တွေအပေါ် ဩဇာလည်းညောင်းတယ်” - ဟု ရန်ကုန်မြို့သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ ဟောင်း နန်းဝိုးဆိုင်က ပြောသည်။


ကွယ်လွန်သူ ဦးစိုင်းသက်ဝင်း အတွက် ရည်စူးကာ ကျန်ရစ်သူဇနီး နန်းအေးမြင့်နှင့် မိသားစုက ရန်ကုန်မြို့ ပြည်လမ်း အနောက်ရပ်ကွက် အိမ်အမှတ် ၃၀ စကားဝါလမ်း ဒဂုံမြို့နယ်တွင် မေလ ၁၅ ရက်နေ့ နံနက် ရ နာရီမှ ၁၁ နာရီ အထိ ရက်လည်ဆွမ်းကပ်ကာ ဗုဒ္ဓတရားတော်နာကြားမည်ဟုသိရသည်။

KNPP ကရင်နီ ၁၃ ကြိမ်မြောက် ကွန်ကရက်ပြီးဆုံး ဥက္ကဌ အဖြစ် ခွန်းအေဘယ်လ်တွိဒ် ပြန်လည်ရွေးချယ်ခံရ

Posted: 11 May 2017 08:23 PM PDT

သက်တမ်းရှည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNPP ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ ၏ ၁၃ ကြိမ်မြောက် ကွန်ကရက်အား ထိုင်း- ကရင်နီနယ်စပ် ညာမိုကုန်းတွင် ကျင်းပခဲ့ပြီး ဥက္ကဌ အသစ်ရွေးချယ်ရာ လက်ရှိ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်နေသူ ခွန်းအေဘယ်လ်တွိဒ် ပြန်လည် ရွေးချယ်ခံရကြောင်း သိရသည်။


NCA လက်မှတ်ရေးထိုးရေးအတွက် ဆွေးနွေးနေသည့် DPN တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ယူနေပြီး UNFC တွင်လည်း ထိပ်တန်းတာဝန်ယူထားသည့် ကရင်နီ အဖွဲ့၏ ကွန်ကရက်မှာ ကွန်ကရက်အပြီး NCA လက်မှတ်ထိုးမထိုး ဆိုသည့် ကိစ္စရပ်များ ပေါ်ထွက်လာဖွယ်ရှိသည့်အတွက် စောင့်ကြည့်လေ့လာမှုများ ရှိခဲ့သော်လည်း ယခင်ဥက္ကဌကသာ အရွေးခံရခြင်းဖြစ်ကြောင်း သိရသည်။
" (၁၃) ကြိမ်မြောက် ပါတီညီလာခံမှာ၊ ဥက္ကဌဟောင်း ရဲဘော်အေဘယ်တွဒ်ကိုဘဲ တစ်ညီတစ်ညွတ်


ထဲ၊ မဲခွဲရွေးချယ် ခဲ့ပါတယ်။ ကရင်နီခေါင်းဆောင်တွေဟာ၊ တန်းတူရေးကို အခြေခံတဲ့တွေ့ဆုံဆွေးနွေး ရေးကို ကြိုဆိုပါတယ်။ တဖက် သတ် ဖြစ်မဲ့ ငြိမ်းချမ်းရေးကိုတော့ သူတို့ လက်ခံနိုင်မှာမဟုတ် ပါဘူး။" ဟု ကွန်ကရက်အား လေ့လာသူအဖြစ် တက်ရောက် ခဲ့သည့် ကိုထူးချစ်က ၄င်း၏ ဖေ့ဘုပ်စာမျက်နှာ တွင် မေလ ၁၁ ရက်နေ့က ရေးသားထားသည်။


ကွန်ကရက်အား မေလ ၃ ရက်နေ့မှ စတင်ကျင်းပခဲ့ခြင်းဖြစ် ကာ မေလ ၁၀ ရက်နေ့တွင် အဆုံးသတ် ခဲ့ခြင်းဖြစ်သည်။


ကွန်ကရက် မစတင်ခင်က လက်ရှိ ပါတီ ဒုတိယ ဥက္ကဌ အဖြစ် ထမ်းဆောင်နေပြီး ယူအန်အက်ဖ်စီ ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရာယ်ကောင်စီတွင် အထွေထွေ အတွင်းရေး မှူး ရာထူး ရယူ ထားသူ ခူးဦးရယ် အရွေးခံရပါက NCA အပစ်ရပ်လက်မှတ်ရေးထိုးရေး မြန်ဆန်လာဖွယ် ရှိသည် ဟု အကဲဖြတ်မှုများ ရှိခဲ့သော်လည်း ခူးဦးရယ်မှာ ၀င်ရောက် အရွေးမခံခဲ့ပေ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ NCA လက်မှတ်ရေးထိုးရန် အလားအလာကောင်းသည်ဟု ထုတ်ဖော်ပြော ဆိုသည့် အဖွဲ့ ၅ ဖွဲ့ စာရင်းတွင် ပါဝင်ခဲ့ပြီး လက်ရှိ သတင်းများအရ KNPPမှာ ၂၁ ပင်လုံ ဒုတိယ အကြိမ်မတိုင်မှီတွင် NCA အပစ်ရပ် လက်မှတ်ရေးထိုးရန် အလားအလာ မရှိနိုင်လောက်အောင်နည်းသွားပြီဟု ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့်ကြည့်နေသူများက ဆိုသည်။


”ကရင်နီပြည်နယ်ထဲမှာ လွန်ခဲ့တဲ့ စစ်အစိုးရအဆက်ဆက်က၊ လူအခွင့်အရေးချိုးဖေါက်တာတွေ၊ မြေယာသိမ်း ဆီးမှုတွေ၊ ဥပဒေမဲ့ ညှင်းဆဲသတ်ဖြတ်မှုတွေ၊ ဒေသခံတိုင်းရင်းသူတွေ၊ မုဒိမ်းကျင့်ခံရမှုတွေ အတင်း အဓမ္မကျေးရွာတွေပြောင်းရွေ့ ခံရမှုတွေဟာ၊ သူ့မျက်စိနဲ့ တိုက်ရိုက်မြင်ခဲ့ရတာလို့” ကရင်နီအမျိုးသားတပ်မတော်ရဲ့ ဒုတိယ၊စစ်ဦးချုပ်၊ ဗိုလ်ချုပ်အောင်မြတ်ကပြောသည်။


"ကရင်နီပြည်နယ်၊တိုးတက်ဖို့၊ ငြိမ်းချမ်းရေးရဖို့၊ ကရင်နီခေါင်းဆောင်တိုင်းက၊ စိတ်အားထက်သန်နေကြပါ တယ်။ အကောင်းဆုံးကိုတော့ သူတို့ မျော်လင့် နေပါတယ်။ ဒါပေမဲ့အဆိုး ဆုံးအတွက်လဲ သူတို့ ပြင်ဆင်ထားပုံပါတယ်။" ဟု အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူ ကိုထူးချစ်က ဆိုသည်။


ဒေသတွင်းအခြေစိုက် ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးကမူ ‘ KNPP က ဥက္ကဌဟောင်းပဲ ဆက်အရွေးခံရ တာဆိုတော့ မူဝါဒက ကြီးကြီးမားမား ပြောင်းမဲ့ပုံမရှိဘူး။ အရင်ကလည်း တန်းတူညီမျှရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တို့ နိုင်ငံရေးအရ ခိုင်မာဖို့တို့ မူကို ဆက်စွဲကိုင်မဲ့ သဘောရှိနေတဲ့ အတွက် NCA မှာ လွယ်လွယ်ကူကူနဲ့ လက်မှတ်ထိုးဖို့တော့ မလွယ်သေးဘူးလို့ ကောက်ချက်ချလို့ ရနေတယ်။ ‘ ဟု သုံးသပ်သည်။
KNPPမှ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူနေသည့် DPN အဖွဲ့မှ အစိုးရနှင့် NCA လက်မှတ်ရေးထိုးရန်အတွက် အချက် ၉ ချက် တင်ပြထားပြီး အရေးကြီးသည့် အချက်အများစုမှာ သဘောတူညီမှု မရသေးကြောင်းလည်း သိရသည်။


ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှာ ၁၉၄၉ ခုနစ်တွင် ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် အပစ်ရပ် သက်တမ်းအတိုဆုံးအဖွဲ့အဖြစ် မှတ်တမ်းဝင်ထားပါသည်။

သမိုင်းဝင် မိုးနဲမြို့ ကဆုန်လပြည့်နေ့ စက်တော်ရေထွက်ဦး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့် ရိုးရာ မိုးခေါ်ပွဲကျင်းပ

Posted: 11 May 2017 08:17 PM PDT

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်၌ စော်ဘွားခေတ်ကတည်းက ယနေ့ထက်တိုင်မပြတ် ကျင်းပမြဲဖြစ်သော ကဆုန်လပြည့်နေ့ စက်တော်ရေထွက်ဦး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့် ရိုးရာ မိုးခေါ်ပွဲ ကို ယခုနှစ်လည်းကျင်းပခဲ့သည်။

Photo credit to : Sai Mg Gyi
အဆိုပါ စက်တော်ရေထွက်ဦး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့် ရိုးရာ မိုးခေါ်ပွဲကျင်းပရခြင်းမှာ မိုးနဲဒေသခံများ စိုက်ပျိုးသီးနှံ အထွက်ကောင်းစေရန်၊ရာသီ ဥတု မှန်ပြီး မိုးကောင်းရန်၊ သဘာဝ သယံဇာတ ကို ပြန်လည်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ချက်ကြောင်း မိုးနဲမြို့ဒေသခံ စိုင်းမောင်ကြီး ကပြောသည်။


“စက်တော်ရေထွက်ဦးပွဲက စော်ဘွားခေတ်ကတည်း ကျင်းပလာတာ ထုံးတမ်းစဉ်လာဖြစ်လာ ခဲ့တယ်၊ ဘာကြောင့်လည်းဆိုတော့ အဲ့ဒီရေထွက်က မိုးနဲ ဒေသခံတွေ မှီခိုအားထားနေရလို့ အရမ်းအရေးကြီးတာဖြစ်တယ်၊ ကဆုန် လပြည့်နေ့ ရောက်ပြီဆိုရင် စော်ဘွားခေတ်တုန်းက စော်ဘွားတွေ နှစ်တိုင်းလာပြီး မိုးတောင်းရေတောင်း ကြတယ်၊ ဆုတောင်းပွဲတွေ လုပ်ကြတယ်” ဟု ၄င်းကပြောသည်။


စက်တော်ရေထွက်ဦး သည် မိုးနဲဒေသခံများ တောင်သူ လယ်သမားများ အထူးမှီခိုအားထားရသည့် ရေထွက်ဦး ဖြစ်ပြီး ရာသီဥတုမှန်ရန် မိုးကောင်းစေရန် စသည့် ရည်ရွယ်ချက်နှင့် ဆုတာင်းပွဲ လုပ်ရခြင်းဖြစ်ကြောင်း စက်တော်ရေထွက်ဦးကို သံယာတော်များက သာသနာနယ်မြေအဖြစ် သတ်မှတ်ချင်ကြောင်း မိုးနဲမြို့နယ် လွှတ်တော်အမတ် စိုင်းမွန်းလိန် ကပြောသည်။


“ပြီးခဲ့တဲ့ သုံးလေးနှစ်တုန်းက သူများကျောက်မီးသွေး လာတူးမယ်ကြားေ တာ့ သံယာတော်တွေက ဒီစက်တော် ရေထွက်ဦးကို သာသနာနယ်မြေအဖြစ် သတ်မှတ်ချင်တာပေါ့၊ ပြီးတော့ မိုးနဲဒေသခံတွေ အနားယူ တရားအားထုတ်လို့ ရအောင်၊အဲ့ဒီရည်ရွယ်ချက်တွေလည်းပါလို့ ဒီဆုတောင်းပွဲကို လုပ်ရခြင်းဖြစ်တယ်” ဟု ၄င်းကပြောသည်။


မိုးနဲစက်တော်ရေထွက်ဦး ၏ ပတ်ဝန်းကျင်တွင် ကျောက်မီးသွေးထွက်ရှိပြီး လွန်ခဲ့သော ၄ နှစ်ခန့်က ကုမ္ပဏီဘက်မှ လာရောက်တူးဖော်မည် ဖြစ်ကြောင်း သိရသည်။


“စက်တော်ရေထွက်ဦးမှာက ကျောက်မီးသွေးတွေ ထွက်တယ် ပြီးခဲ့တဲ့ ၃ နှစ် ၄ နှစ် တုန်းက ကုမ္ပဏီ ဘက် ကနေ ကျောက်မီးသွေးလာတူးမယ်၊ ကုမ္ပဏီတွေလာပြီး ကျတော်တို့ သဘာဝ ပတ်ဝန်းကျင်ကို လာရောက် ဖျက်ဆီးမှာကြောက်တယ်၊ စက်တော်ရေထွက်ဦးမှာ သူများ လာဖျက်စီးမှာကြောက်လို့ ဒါကြောင့် ဆုတောင်းပွဲ ကြီးကြီးကျယ်ကျယ် လုပ်တာပါ ” ဟု မိုးနဲဒေသခံ စိုင်းမောင်ကြီး ကပြောသည်။


မိုးနဲစက်တော်ရေထွက်ဦး ဆုတောင်းပွဲကို တောင်သူလယ်သမားများအတွက် ရေရရှိရေး နှင့် ဗုဒ္ဓမြတ်စွာဘုရား၏ မွေးနေ့ အနေဖြင့် တွဲလုပ်ရခြင်းဖြစ်ပြီး မေလ ၁၀ ရက်နေ့ ကဆုန်လပြည့်နေ့မှာ ပြုလုပ်ပြီး၊ မိုးနဲမြို့၏ မြောက်ဘက် ၉ မိုင်ခန့် အကွာတွင်ရှိပြီး ဒေသခံများ ရပ်နီးမှ ပြည်သူများ သောင်းဂဏန်းခန့် လာရောက် ဆုတောင်းကြကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်

unread,
May 13, 2017, 4:51:35 PM5/13/17
to thuau...@gmail.com

အပစ်ရပ်ထားသည့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ၏ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

Posted: 13 May 2017 12:27 AM PDT

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက် ကိုင်တော် လှန်ရေး ထိပ်သီးခေါင်းဆောင်များ ချင်းမိုင်မြို့တွင်ယနေ့တွေ့ဆုံဆွေးနွေးကြသည်။


အစက အရေးပေါ်အစည်းအဝေးဆိုပေမယ့် အခုအနေအထားကနေ တို့ပုံမှန်အစည်းအဝေးပုံစံအတိုင်း တွေ့ဆုံဆွေးနွေးသွားမယ်- ဟု အစည်းအဝေးတွင် ဗဒိုစောကွယ်ထူးဝင်းကပြောသည်။


အစည်းအဝေးအစီအစဉ်အရ အဖွဲ့ဝင်အသီးသီးမှ အဆိုများတင်သွင်းခြင်းဆွေးနွေးခြင်း၊ UPDJC နှင့် UPC ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်ကိစ္စ၊ UNFC – DPN ကိစ္စရပ်များ ဆွေးနွေးကြမည်ဟုဆိုပါသည်။


အဆိုပါအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများငြိမ်းချမ်းရေး လုပ် ငန်းစဉ်ဦးဆောင်အဖွဲ့ PPST မှ ခေါင်းဆောင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး၊ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ခွန်ဥက္ကာ ဒေါက်တာဆလိုင်းလျှံမုန်း စသည့်ခေါင်းဆောင်များ တက်ရောက်ကြသည်။

သျှမ်းသံတော်ဆင့်

unread,
May 16, 2017, 4:52:36 PM5/16/17
to thuau...@gmail.com

မိုင်းကိုင်ကျောက်မီးသွေးတူးဖေါ်မှု ကုမ္ပဏီများမဆုတ်ခွါသေးသည့်အပြင် လက်နက်ကိုင်အဖွဲ့ဖြင့် အစောင့်ချထား

Posted: 15 May 2017 08:35 PM PDT

သျှမ်းပြည်တောင်ပိုင်းမိုင်းကိုင်မြို့နယ်အတွင်းဒေသခံလူထုဆန့်ကျင်ကန့်ကွက်နေသည့်ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းမှတလအတွင်းထွက်ခွါမည်ဟုကုမ္ပဏီကကတိပေးထားသော်လည်းယနေ့တိုင်ထွက်ခွါခြင်းမရှိသေးဘဲဝါးတန်းဂိတ်ထောင်ကာ ကုမ္ပဏီပြင်ပလူမ၀င်နိုင်ရေးအတွက် လက်နက်ကိုင်အဖွဲ့ တဖွဲ့ကလုံခြုံရေးယူပေးနေကြောင်းမိုင်းကိုင်မြို့ခံများကပြောသည်။

ဓါတ်ပုံ- မိုင်းကိုင်မြို့ ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းဧရိယာတွင်မြင်တွေ့ရပုံ (ဓါတ်ပုံ- Golden Mong Kueng)

မေလ၁၃ရက်တွင်ရက်ချိန်းတလပြည့်ပြီဖြစ်သော်လည်းကျောက်မီးသွေးတူးဖော်ရန်စီစဉ်နေသည့်ပြည့်အောင်ဟိန်းနှင့်ဟိန်းမေတ္တာကုမ္ပဏီကမိုင်းကိုင်မှမထွက်ခွါသေးသည့်အပြင်၎င်းတို့စခန်းချရာနေရာနှင့်ကျောက်မီးသွေးတူးမည့်ဧရိယာအတွင်းလက်နက်ကိုင်ထားသည့်အစောင့်များဖြင့်ချထားကြောင်းဒေသတွင်းသံဃာတော်များနှင့်ရပ်မိရပ်ဖများကပြောသည်။


မိုင်းကိုင်မြို့လွယ်လိုင်ကျောင်းဆရာတော်အရှင်အဂ္ဂသေနက- ရပ်ရွာအကြီးအကဲတွေ၊ ဆရာတော်သံဃာတော် တွေရွာသားတွေရှေ့မှာသူတို့ဘဲကတိပေးသွားတယ်။တလပြည့်ရင်ပစ္စည်းတွေသိမ်းပြီးထွက်သွားပါ့မယ်ဆိုတာ။အခုဆုတ်ခွါမသွားတဲ့အပြင်ပြည်သူလူထုကကျွေးမွေးထားတဲ့စစ်သားကြီးတွေပါလာချထားသေးတယ်။ကုမ္ပဏီတာဝန်ရှိသူမှအပမ၀င်ရဆိုပြီး၊ တားဆီးစစ်ဆေးတယ်။ မိမိလယ်ယာဖြတ်သွားဖြတ်လာဖို့တောင် မလွယ်တော့ဘူး။ လူထုကဘုန်းဘုန်းကိုတအားလာပြောနေတယ်။ ဆိုင်ရာကိုသွားဆွေးနွေးပေး တော်မူပါဆိုပြီး။မနေ့ကကုမ္ပဏီ တာဝန်ခံကို သွားတွေ့တယ်။ ဒါဟာဒေသတွင်းလူထုကို မလေးစားရာပြုနေတာဘဲ- ဟုမိန့်တော်မူသည်။


ကုမ္ပဏီအားလက်နက်ကိုင်လုံခြုံရေးယူပေးသည့်အဖွဲ့မှာသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSS/SSAဖြစ်ကြောင်း၊ ၄င်းတို့ ဆက်ဆံရေးရုံးသို့ သွားရောက် တိုင်တန်းသော်လည်း ဌာနချုပ်ကိုသာသွားရောက် ဆွေး နွေး ရန်ပြောသည်ဟုဆိုသည်။ အဆိုပါ ကိစ္စအားRCSS/SSA ပြောရေးဆိုခွင့်များထံသို့ ဖုန်းဆက် မေးမြန်း ရန်ကြိုးစား သော်လည်းသျှမ်းသံတော်ဆင့်မှသီးခြားအတည်ပြုချက်မရပေ။


ဖေဖေါ်ဝါရီ ၇ ရက်၂၀၁၇ သျှမ်းအမျိုးသားနေ့ က ခေါင်းဆောင် RCSS/SSA ဗိုလ်ချုပ်ကြီးယွက်စစ် ကသတင်း ထောက်များအားလူထုသဘောမပါဘဲ သျှမ်းပြည်ရေမြေသယံဇာတများအား ထုတ်ယူခွင့်ပြုမည်မဟုတ်ကြောင်းပြောကြားထားသည်။


ကုမ္ပဏီဘက်ကဆုတ်ခွါခြင်းမရှိဘဲတူးဖို့ဆက်လုပ်နေမယ်ဆိုရင်သျှမ်းပြည်တောင်ပိုင်းမြောက်ပိုင်းအရှေ့ပိုင်းကလူငယ်အဖွဲ့တွေနဲ့လက်တွဲပြီးပြင်းပြင်းထန်ထန်ကန့်ကွက်ဆန္ဒပြသွားမယ်ဟုတက်ကြွလှုပ်ရှားသူတဦးကပြောသည်။
မိုင်းကိုင်မြို့နယ်ပြည်နယ်မဲဆန္ဒနယ်အမှတ်၂မှစိုင်းလုံက- " ဒီကိစ္စအကြီးအကျယ်လည်းမဖြစ်စေလိုဘူး။ ဘာဘဲဖြစ်ဖြစ်ကျနော်တော့ လူထုဘက်ဘဲရပ်တည်မယ်၊ ကျောက်မီးသွေးတူးဖေါ်ဖို့ လက်နက်နဲ့ လုံခြုံရေး ယူပေးတဲ့အဖွဲ့ကအာစီအက်စ်အက်စ် တပ်မတော်သားများဖြစ်ရင် အမြန်ဆုံးတပ်ဆုတ်ပေးဖို့တိုက်တွန်းလိုတယ် "- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။


အဆိုပါကျောက်မီးသွေးတူးဖော်မှုနှင့်ဆန့်ကျင်ကန့်ကွက်မှုပြသနာများအားဖြေရှင်းနိုင်ရေးအတွက်ပြီးခဲ့သည့်ဧပြီလ၁၃ရက်နေ့ကဒေသခံလူထုနှင့်သံဃာတော်များ၊ကုမ္ပဏီတာဝန်ရှိသူများနှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသျှမ်းပြည်တပ်မတော်မှတာဝန်ရှိသူများစုစုပေါင်း၅၀ခန့်ကကျောင်းကန်ရပ်ကွက်၎တွင်တွေ့ဆုံကာနည်းလမ်းရှာခဲ့ကြသည်။ထိုအထဲတွင်ဆရာတော်သံဃာတော်များနှင့်အတူရပ်ကွက်အုပ်ချုပ်ရေးမှူး၊အုပ်စုအုပ်ချုပ်ရေးမှူးဦးဒေ၀င်၊ပြည်နယ်လွှတ်တော်အမတ်စိုင်းလုံတို့ပါဝင်ပြီးပြည့်အောင်ဟိန်းကုမ္ပဏီဘက်ကမူနန်းဟန်၊လုံးထွန်းတို့ပါဝင်သည်။
"အဲဒီတုန်းကကုမ္ပဏီဘက်ကပစ္စည်းတွေသိမ်းဖို့အချိန်၁လပေးပါ။ပစ္စည်းသိမ်းပြီးရင်ထွက်သွားပေးပါ့မယ်လို့ပြောတယ်လေ။" - ဟုမိုင်းကိုင်ဒေသခံစိုင်းစိုင်းကပြောသည်။


မိုင်းကိုင်မြို့နယ်အတွင်းကျောက်မီးသွေးတူးဖော်မည်ဆိုပါကဒေသခံလူထု၏သဘာဝထင်းရှူးတောများပျက်စီးမည့်အပြင်လယ်ယာဧကပေါင်းမြောက်များစွာကိုရေပေးနိုင်သည့်နမ့်တိန်းချောင်းဦး၊ နမ့်ခီဆန်ချောင်းပျက်စီး မည်ဖြစ်သဖြင့်ကျောက်မီးသွေးမတူးရန်ကုမ္ပဏီအားလူထုမှအကြိမ်ကြိမ်းတားမြစ်ခဲ့သည်။သို့သော်ကုမ္မဏီမှရပ်နားခြင်းမရှိဘဲတူးဖော်ရန်သာတာစူနေသဖြင့်မိုင်းကိုင်လူထု၄၀၀၀ကျော်သည်၂၀၁၆ဧပြီလ၁၁ရက်နေ့ကမိုင်းကိုင်မြို့ဝမ့်ယတ်အုပ်စုလွယ်ရှို့ကျေးရွာအထက်နားတွင်စုဝေးကာကျောက်မီးသွေးတူးဖော်မှုရပ်တန့်ပေးရန်၊အကယ်၍ကျောက်မီးသွေးဆက်လက်တူးဖော်မည်ဆိုပါကသဘာဝဖျက်ဆီးသူအားသဘာဝမှဘေးဒဏ်ခတ်ပါစေ။ဆင်းရဲပါစေ၊အမြန်ဆုံးကျရှုံးပါစေ - အစရှိကျိန်စာတိုက်မှုများပြုလုပ်ခဲ့ကြသည်။

ငြိမ်းချမ်းရေးမရမချင်း အခြေခံ ဥပဒေ မပြင်ဆိုသည့် အစိုးရ၏ မူဝါဒမှာ မဖြစ်သင့်ဟု ၈၈ ခေါင်းဆောင် ဦးကိုကိုကြီးဝေဖန်

Posted: 15 May 2017 08:09 PM PDT

ငိမ်းချမ်းရေးမရမချင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေမပြင်ဆိုသည့် မူဝါဒမှာ မဖြစ်သင့်ပဲ ကိုယ့်ခြေထောက်ကိုယ် ကြိုးနှင့် ချည်ထားသလိုဖြစ်နေဟု ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးဖြစ်သည့် ဦးကိုကိုကြီးက ဝေဖန်ပြောကြားလိုက်သည်။


ရန်ကုန်မြို့ Park Royal Hotel တွင် မေလ ၁၄ ရက်နေ့က ပြုလုပ်သည့် မြန်မာ့နိုင်ငံရေးဆွေးနွေးမှုတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။


"အစိုးရသစ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာလုပ်နိုင်တဲ့ နည်းလမ်းပေါင်းစုံရှိနေပေမယ့် ဘယ်ဟာ ဦးစားပေး ၊ ဘယ်အပိုဒ်ကို စပြင်ရမလဲ ဘယ်အချိန်မှာ ဘယ်ဟာကို စတင်ရမလဲ အဲဒါအရေးကြီးတယ်လို့ ကျနော်ထင်တယ်" - ဟု ဦးကိုကိုကြီးက ပြောသည်။


NLD အစိုးရ၏ မူဝါဒများတွင် အပစ်ခတ်ရပ်စဲမှုပြုလုပ်ပြီး ငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံပြင်မည်ဟု ပါရှိနေပြီး ယင်းအချက်အပေါ် နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများက သဘောမတွေ့ကြပေ။


ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း ပြင်ဆင်ရန် လွယ်ကူသည့်အချက်များကို အရင်ပြင်ရန်နှင့် လက်တွေ့ကျသည့် ပုဒ်မများကို အရင်ဆုံးပြင်ဆင်ရန် လိုကြောင်း အဆိုပါဆွေးနွေးမှုတွင် ပြောဆိုသည်။


NLD မှ ဦးဆောင်သည့် ၂၁ ပင်လုံတွင် ပြည်ထောင်စု အခြေခံမူများကို ဆွေးနွေးနေသော်လည်း မည်သည့်အချိန်တွင် ဖွဲ့စည်းပုံပြင်မည်ကို အသေးစိပ်ဆောင်ရွက်ခြင်းမရှိသလို NLD အများစုဖြစ်သည့် လွှတ်တော်တွင်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွေးနွေးမှုများမှ အသံပင်မကြားရသဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကတိပြုရွေးကောက်ပွဲဝင်ခဲ့သည့် NLD ပါတီအပေါ်တွင် တိုင်းရင်းသားများက မေးခွန်းထုတ်နေသည်။

သျှမ်းသံတော်ဆင့်

unread,
May 17, 2017, 4:52:21 PM5/17/17
to thuau...@gmail.com

“ပြည်ထောင်စုမှ လုံးဝခွဲမထွက်ပါဘူး” ဆိုသည့် တပ်မတော်၏ အဆို ပြည်ထောင်စု စာချုပ်ကို သစ္စာဖေါက်ရာရောက်ဟု SNLD ပြော

Posted: 17 May 2017 07:28 AM PDT

ဒုတိယအကြိမ်ကျင်းပပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစု ပင်လုံသည် ၁၉၄၇ ခုနှစ်က ထားရှိခဲ့သည့်ကတိကဝတ်ကို အကောင်အထည်ဖော်ရန် မကြိုးစားဘဲ ၄င်းကိုကျော်လွန် ဖောက်ဖျက်သွားပါက ပြည်ထောင်စုကိုသစ္စာဖောက်ရာရောက်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ် SNLD ၏ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်ကပြောသည်။


“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ NCA လုပ်ငန်းစဉ်အရ သွားနေတာပါ။ NCA ဟာ ၁၉၄၇ မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို မလွှမ်းမိုးစေရဘူး။ မကျော်လွန်စေရဘူးလို့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြောဆိုထားတာရှိပါတယ်။ ကျနော်တို့လည်း ဒီအတိုင်းပဲ နားလည်လက်ခံ ထားတယ်။ ဒါပေမယ့် ဒီလ ၁၂ ရက်နေ့မှာ ကျင်းပပြီးစီးသွားတဲ့ UPDJC အစည်းအဝေးမှာ တပ်မ တော်ရဲ့တောင်းဆိုချက်အရ ပြည်ထောင်စုထဲကနေ လုံးဝခွဲမထွက်ပါဘူး ဆိုတဲ့အချက်ကို အတည် ပြု မယ်လို့ ကြားသိရပါတယ်။ အဲ့ဒီအတိုင်းသာ တကယ်လုပ်မယ်ဆိုရင် ဒါဟာပြည်ထောင်စု ကတိ က ဝတ်ကိုဖောက်ဖျက်တာပဲ။ တစ်နည်းအားဖြင့် ပြည်ထောင်စုစာချုပ်ကို သစ္စာဖောက်ရာရောက် တယ် လို့ ယူဆတယ်” ဟု စိုင်းလိတ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

Photo: မေလ ၁၂ ရက်နေ့တွင်ကျင်းပသော UPDJC အစည်းအဝေး
တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းခွင့်ရရန် မေလ ၂၄ ရက်နေ့မှာ စတင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ကြမည် ဖြစ် ကြောင်း၊ ထို့အတူ တိုင်းရင်းသားပြည်နယ်များအနေဖြင့်လည်း ပြည်ထောင်စုကြီးမှ လုံးဝ ခွဲမထွက်ပါဘူး ဆိုသည့်အဆို အတည်ပြုမှုရရေးလည်း တပ်မတော် မှ ကြိုးပမ်းနေခြင်းဖြစ်သည်။


“ဘယ်တိုင်းရင်းသား ဘယ်ပြည်နယ်ကမျှ ခွဲမထွက်ပါဘူးလို့ ကတိပြုစေချင်ရင် တစ်ဖက်ကလည်းပဲ ခွဲမထွက်ချင်အောင် ဘယ်လိုပြုမူဆောင်ရွက်ပါမယ်ဆိုတာကို နိုင်ငံတကာကို သက်သေထားပြီး ကတိကဝတ်ပြုဖို့လိုအပ်ပါတယ်။ အစိုးရဘက်က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးလမ်း ကြောင်းအတိုင်း မသွေမဖီ လျှောက်လှမ်းရအောင်လို့ ဒီခွဲထွက်ပိုင်ခွင့်ကိုထည့်သွင်း ရေးဆွဲခဲ့ရတာ အားလုံးသဘောပေါက်ကြပြီးသားပါ” - ဟု စိုင်းလိတ်က ဆက်၍ပြောသည်။


၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ခွဲထွက်ပိုင်ခွင့် ထည့်သွင်းရေးဆွဲထားခြင်းသည် ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရကြားထားရှိအပ်သည့် နိုင်ငံရေး အထိန်းအကွပ်တစ်ခုဖြစ်ကြောင်း။ Check and balance လုပ်နိုင်ဖို့  ရှေ့လူကြီးများက အမျှော်အမြင်ရှိရှိချမှတ် လုပ်ဆောင်ထားခဲ့ ခြင်းဖြစ်ကြောင်း စိုင်းလိတ်က ဤကဲ့သို့ ဆက်၍ပြောသည်။


“ရှေ့လူကြီးများက အမျှော်အမြင်ရှိရှိချမှတ် လုပ်ဆောင်ခဲ့ တာကို ကိုယ်တွေက နိုင်ငံရေး သီလညံ့ လို့ အကောင်အထည်မဖော်နိုင်တာနဲ့ပဲ ဒါဟာ လက်ရှိကာ လနဲ့ မအပ်စပ်တော့ဘူးလို့ ကောက် ချက် ဆွဲလိုက်မယ်ဆိုရင် ဒါသမိုင်းကြောင်းမှန်ကို ကျောခိုင်းလိုက်တာပါပဲ။ နောက်တစ် ချက်က ပြည်ထောင်စုဖွဲ့ စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနဲ့အညီ ဒီမိုကရေစီစံနှုန်းပြည့်မီတဲ့ ဖက်ဒရယ် ပုံစံဖြစ်အောင် အရင်မကြိုးပမ်းဘဲ ပြည်နယ်တွေကို ဖွဲ့စည်းပုံ ရေးခွင့်ပြုဖို့ဆွေးနွေးကြ မယ်ဆိုတာ အချိန်ကုန်လူပန်းပြီး လိုရာခရီးလည်း မရောက်နိုင်ပါဘူး ပြည်ထောင်စုလို့ဆိုကတည်း က ပြည် ထောင်တွေကိုစုစည်းထားတဲ့ သဘောကို အတိအကျ ရည်ညွှန်းပါတယ်။ ပြည်နယ်တွေနဲ့တိုင်း တွေကိုစုစည်း ထားတာမဟုတ်မှန်းသိသိနဲ့ မရိုးမသားလုပ်ကြရုံနဲ့ ငြိမ်းချမ်းရေးကို တည် ဆောက် နိုင်မှာမဟုတ်ပါဘူး”ဟု ကျားခေါင်းပါတီ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်ကပြောသည်။


ဒေါ်အောင်ဆန်းစုကြည့် ဦးဆောင်သည့် အဲန်အယ်ဒီအစိုးရသည် လာမည့် မေလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ၅ ရက် တိုင်တိုင် နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံညီလာခံ ဒုတိယ အကြိမ် ညီလာခံ ကျင်းပဖို့ ရှိနေပါသည်။


၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၀ ပုဒ်မ ၂၀၂ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မှ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရ ဟု ပါရှိသည်။ ဆိုလိုသည်မှာ ၁၀ နှစ်ပြည့်လျှင် ခွဲထွက်ပိုင်ခွင့်ရှိသည်၊ သို့သော် ပြည်နယ် ကောင်စီ ရှိ အမတ် စုစုပေါင်း သုံးပုံနှစ်ပုံအောက်မလျော့သောအမတ်များ၏ ထောက်ခံမဲပေးခြင်းဖြင့် အတည်ပြု ရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။

လွိုင်လင်ခရိုင် ၅ မြို့နယ် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ပထမအကြိမ်စုပေါင်းပြုလုပ်

Posted: 17 May 2017 07:21 AM PDT

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းပွန်မြို့နယ်၌  ၆ ကြိမ်မြောက်နွေရာသီသျှမ်းစာပေသင်တန်း ဆင်းပွဲ နှင့်အတူ   ပထမအကြိမ် မြို့နယ် ၅ မြို့နယ် စုပေါင်းပြုလုပ်သည့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း မှ သင်တန်းဆင်းပွဲ  စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို နောင်လိုင်မူဖိတ် ကျေးရွာအုပ်စု လွယ်ကင်းကျေးရွာ လွယ်ကင်းဘုန်းကြီးကျောင်းတွင် မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo; Citizen Journalist

“ ပထမ ရည်ရွယ်ချက် ကတော့ ၄၅ ရွာက ကလေးတွေ တွေ့ဆုံပြီး အတူတကွ သင်ယူဆည်းပူးနိုင်ဖို့အတွက် ၄၅ ရက် သင်တန်းကို စုပြီး လုပ်တယ်၊ သူတို့ အချင်းချင်း ရင်းနှီးအောင်ပေါ့။ ပြီးတော့ ၄၅ ရွာ စုပြီးတော့ ဥယျာဉ်ကျောင်းမှာ စာမေးပွဲဖြေတယ်၊ ဒုတိယ အချက်က မြို့မိမြို့ဖတွေကိုလည်း  ပညာရေးပိုင်းမှာ ပိုပြီး အားပေးလာအောင်၊  ကျောင်းသားမိဘတွေ ပညာရေးပိုင်းမှာ ပိုပြီးမြှင့်တင်ပေးအောင် အားသန်လာအောင် အဲ့ဒီရည်ရွယ်ချက်တွေလည်းပါတယ်” ဟု ကုန်းယောကျောင်းထိုင် ဆရာတော် ဘဒ္ဒ န္တနေမိန္ဒ က မိန့်တော်မူသည်။


မိုင်းပွန်မြို့နယ်၌ ပထမအကြိမ် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ စုပေါင်းလုပ်သည့် မြို့များမှာ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့နယ်၊ နမ့်စန်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ် ရှိ ကျေးရွာပေါင်း ၄၅ ရွာမှ ကျောင်းသား ၁၄၀၀ ကျော် တို့ဖြစ်ကြောင်း သိရသည်။


“ တဖက်ကလည်း သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိစာသင်တိုက်ကနေ ပြီးတော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုထွန်းကားအောင် စာပေတွေ တိုးတက်အောင် နောက်တစ်ခုက ကလေးတွေ အနန္တငါးပါး ကို ရိုသေတတ်အောင် နောက်တစ်ခုက သျှမ်းစာပေတွေ ဒီထက်ပိုမို တိုးတက်အောင်၊ ကလေးတွေအနေနဲ့ အဘက်ဘက်က ဂုဏ်ကျေးဇူး ကိုသိတတ်စေအောင် ရည်ရွယ်ပါတယ်” ဟု ဆရာတော် ဘဒ္ဒ န္တနေမိန္ဒ ကမိန့်တော်မူသည်။


ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲသို့ သံယာတော် ၁၁၉ ပါး ၊ ဆရာ/ဆရာမ ၁၂၀ နှင့် ကျောင်းသား/သူ ၁၄၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။

လူငယ်အရည်အချင်းမြင့်တင်ရေးသင်တန်း SSPP/SSA မှ ပထမဆုံးအကြိမ်ကျင်းပ

Posted: 17 May 2017 07:11 AM PDT

လူငယ်အရည်အချင်းမြင့်တင်ရေးသင်တန်းကို သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် မှ ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားပေးပြီးသင်တန်းဆင်း ပွဲတရပ်ကျင်းပခဲ့သည်။


လူငယ်အရည်အချင်းမြင့်တင်ရေးသင်တန်းကို ဝမ့်ဟိုင်းအုပ်စု  နောင်ငင်းခန်းမတွင် မေလ ၁ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပရာ သင်တန်းသား ၁၀၀ နီးပါးရှိကြောင်း၊ သင်တန်းဆင်းပွဲကိုမေလ ၁၁ ရက်နေ့က ကျင်းပခဲ့ကြောင်း ဆိုပါသည်။


ခေါင်းဆောင်ကောင်းတယောက်ဆိုတာ အဖွဲ့အစည်း ၊ ရပ်ရွာအတွက် အထူးအရေးကြီးပါတယ်။ ဒီကနေ ပြန်သွားတဲ့လူငယ်တွေ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှာ ပါဝင်ကူညီနိုင်အောင်၊ ရပ်ရွာ၊ မြို့နယ် အကျိုးအတွက် လက်တွဲပူးပေါင်းလုပ်ဆောင်တတ်အောင်၊ သာရေးနာရေးလူမှုရေးတွေမှာ ကူညီတတ်အောင်ရည်ရွယ်ပါတယ်။ ကနေ့ တိုက်ပွဲတွေလည်းမရပ်စဲသေးတော့ အရည်အချင်းပြည့်တဲ့လူငယ်တွေ အများကြီးလိုအပ်နေသေးတယ်။ - ဟု ဗိုလ်ချုပ်ဆိုင်ဖှကပြောသည်။


အဆိုပါ သင်တန်းဆင်းပွဲသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ညွှန်ကြားရေး ဗိုလ်ချုပ်ဆိုင်ဖှ၊ အတွင်းရေးမှူး ၂ ဗိုလ်မှူးစိုင်းဆု၊ ဌာနဆိုင်ရာအရာရှိများ၊ သင်တန်းဆရာနှင့် သင်တန်းသားများစုစုပေါင်း ၁၀၀ ခန့်တက်ရောက်ခဲ့သည်။


အတွင်းရေးမှူး ၂ ဗိုလ်မှူးစိုင်းဆုက “ ခေတ်သစ်သျှမ်းလူငယ်မောင်မယ်တွေဟာ အနာဂတ်မှာ ရပ်ရွာနဲ့အမျိုးသားရေးအတွက် ခေါင်းဆောင်ကောင်းတွေဖြစ်လာမယ်။ မိမိအမျိုးသားထုတရပ်လုံး ဖိနှိပ်အနိုင်ကျင့်မှုဒဏ်ကလွှတ်မြောက်အောင် ကူညီဆောင်ရွက်ပေးမယ့်မျိုးဆက်သစ်တွေကို ပျိုးထောင်ဖို့အတွက် ကျနော်တို့ပေါ်လစီချလိုက်တာပါ။ ဒီပျိုးထောင်ရေးအဖွဲ့ရဲ့ ပေါ်လစီပြင် ဆင်ဖြည့်စွက်မှုတွေလုပ်ဖို့ ၄ လ တကြိမ် တွေ့ဆုံဆွေးနွေးသွားမယ် - ဟုပြောသည်။


အဆိုပါသင်တန်းမှ နိုင်ငံရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေး၊ ဦးဆောင်မှုအခန်းကဏ္ဍ၊ ဖက်ဒရယ်၊ အဖွဲ့အစည်းလုပ်ငန်းများအပြင် မြေမြုပ်မိုင်းဘေးအန္တရာယ်သိရှိဖွယ်များကို စိုင်းအိုက်ဟင်ဆိုင်က သင်တန်းပို့ချပေးခဲ့ကြောင်းသိရပါသည်။ သင်တန်းသားများမှာSSPP/SSA ထိန်းချုပ်နယ်မြေရှိ မြို့နယ်အသီးသီးမှ လူငယ်မောင်မယ်များဖြစ်ကြောင်းသိရပါသည်။

ဒေါက်တာစိုင်းမောက်ခမ်း၏အစ်မဖြစ်သူနေအိမ် မီးလောင်၊ ၂ ဦးသေဆုံး

Posted: 16 May 2017 09:27 PM PDT

ယနေ့ မေလ ၁၇ ရက် နံနက်၂ နာရီခန့်က မူစယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ ဒေါက်တာစိုင်းမောက်ခမ်း၏ အစ်မအိမ် မီးလောင်မှုဖြစ်ပွားရာ အစ်မဖြစ်သူနှင့် တူမသေဆုံးသွားကြောင်း သိရှိရသည်။


“အဲဒီအချိန်က အိပ်မောကျချိန်ဆိုတော့ မီးလောင်တာ သူတို့လည်း မသိဘူး။ ဘေးပတ်ဝန်းကျင်က သွားနိုးမှ သူတို့နိုးတာ။ ဒါပေမယ့် သူတို့လည်း မထွက်လာနိုင်ဘူး။ မီးထဲပါသွားတယ်။ မီးသတ်ကား လည်း ချက်ချင်းမရောက်နိုင်ဘူးလေ။ ရောက်လာတော့ မီးက အရမ်းတောက်နေပြီ။ အိမ်ရှင်ပစ္စည်းတွေ တော့ ဘာမှမရလိုက်ဘူး။ အားလုံးမီးထဲပါသွားတယ်။” ဟု မျက်မြင်ဖြစ်သူ စိုင်းအောင်က ပြောပါသည်။


အိမ်ရှင်မှာ ဒေါက်တာစိုင်းမောက်ခမ်းအစ်မ အသက် ၇၀ ကျော်ရှိ ပါ့ဆွယ်ငင်းခေါင် ဖြစ်ပြီး သမီးဖြစ်သူ မှာ အသက် ၄၀ နှစ်ရှိ သူနာပြုဆရာမ နန်းခမ်းလောဝ် ဖြစ်ပါသည်။ သားအမိ ၂ ယောက်လုံးမီးဘေး သင့်သေဆုံးသွားခြင်းဖြစ်သည်။


“အောက်ထပ်မှာ ကမ္ဘောဇဘဏ်က မီနီဘဏ် ၃ လာဖွင့်ထားတယ်။ သူတို့ရဲ့ပလက်စတစ်စားပွဲခုံတွေ လည်း မီးလောင်သွားတယ်။ သူတို့ရဲ့ ကွန်ပြူတာ ၂ လုံး၊ ငွေရေတွက်စက် ၃ လုံး၊ မိတ္တူစက် ၁ လုံးတော့ ရေတွေစိုကုန်တယ်။ ပြန်သုံးလို့  ရမှာလားတော့မသိဘူး။ ATM စက်လည်း ယူထုတ်လို့ရတယ်။ ဘဏ်ဆိုင်းဘုတ်ကြီးက အိမ်ကိုကာထားတော့ မီးသတ်တဲ့အခါမှာလည်း အခက်အခဲရှိတယ်။”ဟု စိုင်းအောင်က ပြောပါသည်။


တာဝန်ရှိသူများက အောက်ထပ်ရှိ ရေခဲသေတ္တာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားသည်ဟု ပြောသည်။ သို့သော် မျက်မြင်များက အိမ်ပေါ်ထပ်မှ လောင်ကျွမ်းသည်ဟု ပြောသည်။ ဆုံးရှုံးမှုပမာဏကို မသိရှိရ သေးကြောင်း ဒေသခံများက ပြောပါသည်။



သျှမ်းသံတော်ဆင့်

unread,
May 21, 2017, 4:55:03 PM5/21/17
to thuau...@gmail.com

နိုင်ငံရေးရည်မှန်းချက်ရောက်သည်အထိ ရှေ့ဆက်သွားဖို့ ၅၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့တွင် သျှမ်းခေါင်းဆောင်များပြော

Posted: 21 May 2017 08:08 AM PDT

မလ ၂၁ ရက် တွင်ကျရောက်သည့် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဌာနချုပ်လွယ်တိုင်းလျန်းတွင်လည်းကောင်း သျှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ဝမ့်ဟိုင်းတွင်လည်းကောင်းအသီးသီးကျင်းပခဲ့သည်။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ဌာနချုပ် ဝမ့်ဟိုင်းတွင် ၅၉ နှစ်ပြည့် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကျင်းပခဲ့ရာ စစ်ရေးပြကေဒါတပ်သားများအပြင် ပွဲတက်ရောက်သူ ပြည်သူလူထု စုစုပေါင်း ၁၀၀၀ နီးပါးရှိကြောင်းသိရသည်။


SSPP/SSA နာယက ၁ ဗိုလ်ချုပ်ကြီးဆေထင်က-“ လူထုဘက်ကရပ်တည်ပြီး လက်နက်စွဲကိုင် အကာအကွယ်ပေးနေတုန်းပါဘဲ။ ရှေ့ဆက်မှာလည်းကျနော်တို့ စုပေါင်းပြီးအေးအတူပူအမျှ ဆက် လျှောက်လှမ်းကြမယ်။  အချင်းချင်းကြားမှာ ပဋိပက္ခရှိရင်ရှိမယ် ။ ညီညွတ်ရေး၊ အင်အား တောင့် တင်းရေးအတွက် တယောက်နဲ့တယောက်သီးခံဖို့လိုတယ်။  လာမယ့်နှစ်မှာ သျှမ်းပြည် အမျိုးသား တော်လှန်ရေးသက်တမ်း ၆၀ ပြည့်တော့မယ်။ ဒီသက်တမ်း လူတယောက်ဖြစ်ခဲ့ရင်တော့ တောင်ဝှေးနဲ့ ဘုန်းကြီးကျောင်းသွားနေပြီပေါ့။


ဒါပေမယ့်ကျနော်တို့ တော်လှန်ရေးလုပ်ငန်းက အဲလို တောင်ဝှေးနဲ့ သွားလို့မရဘူး။ သက်တမ်းရင့်ပြီဖြစ်ပေမယ့် စိတ်ပျိုကိုယ်နု ထားရမယ်။ သွက်လက် မြန်ဆန် မှန်ကန်ရမယ်။ အားအင်တွေတနှစ်ထက် တနှစ်တောင့်တင်းရမယ်။ ဒါမှ လူထုအတွက် အကာအကွယ် ပေးနိုင်မယ်။ လူထုနဲ့ တပ်ကွဲတဲ့နေ့ဟာ တပ်ပြိုကွဲတဲ့နေ့ဘဲ။  ဒါကြောင့် လူထုအကျိုးကိုသယ်ပိုးမယ့် တပ်မတော်အဖြစ်ဆက်လက်ရပ်တည်ပေးပါ ၊ နိုင်ငံရေးရည်မှန်းချက် ရောက်တဲ့အထိ ဆက်လျှောက်လှမ်းကြပါလို့ ကေဒါတပ်သားအားလုံးကို ကျနော် ဒီကနေ တောင်းဆိုချင်ပါတယ်။ ”- ဟုပြောသည်။


လွယ်တိုင်းလျန်းဌာနချုပ်တွင်ကျင်းပသော သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားတွင် စစ်ရေးပြ ကေဒါတပ်သားများအပါအဝင် ပွဲတက်ရောက်သူစုစုပေါင်းအင်အား ၃၀၀၀ ကျော်ရှိပြီး  RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ငြိမ်းချမ်းရေးအဓွန့်ရှည်ရေးထိန်းသိမ်း သွားမည့်အကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။


“ RCSS/SSA ဟာအစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီးတော့ သဘောတူညီချက်လက်မှတ်ရေးထိုးထားတဲ့အတိုင်း ငြိမ်းချမ်းရေးကိုအစဉ်တစိုက် ထိန်းသိမ်းလာ ခဲ့တယ်။ ဥပဒေဘောင်ထဲကအဖွဲ့အစည်းဖြစ်ပြီဖြစ်တဲ့အတွက် RCSS နဲ့ပတ်သက်ပြီး ဒေသခံလူထု ဖမ်းဆီးတာတွေခံရရင် နီးစပ်ရာ RCSS ဆက်ဆံရေးရုံးကို အမြန်ဆုံးတိုင်ကြား ဖို့တိုက်တွန်းတယ်။ ၅၉ နှစ်ပြည့် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ကနေ နိုင်ငံရေးရည်မှန်းချက်ရရှိတဲ့အချိန်အထိ ကျနော်တို့ကြိုးစားသွားမယ်” - အစရှိအချက်များပါသည့် မိန့်ခွန်းပြောကြားခဲ့သည်။


အခမ်းအနားတွင် သျှမ်းတော်လှန်ရေးဖခင် စဝ်နွဲ့ဆောယန္တ၏ ဇနီးဖြစ်ခဲ့ဖူးသူ သီလရှင် ဒေါ်နန်းလူ ကလည်း တက်ရောက်ကာ စဝ်နွဲ့ဆောယန္တမှ ဦးစီးဦးဆောင်ကာ သျှမ်း လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်စဉ်ကအခြေအနေကိုရှင်းလင်းပြောပြခဲ့သည်။


ထိုနောက်ပိုင်း တော်လှန်ရေးကာလ အသက်သွေးချွေးပေးဆပ်ခဲ့ရသည့် အာဇာနည်စစ်သည်များ၏ ကျန်ရစ်သူမိသားစုဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ အာဇာနည်ကုန်းတွင် လွမ်းသူ့ပန်းခွေချခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။


အတူတကွ ဒွန်တွဲနေထိုင်ဖို့ ၁၉၄၇ ပင်လုံစာချုပ် သဘောတူလက်မှတ် ရေးဖိုးပြီး တောင်တန်း မြေပြန့် ပူးတွဲကာ လွတ်လပ်ရေး ရယူခဲ့သည့် နောက် ရသင့်ရထိုင်သည့် အခွင့်အရေးများ မရသည့်အပြင် သျှမ်းပြည်နယ်အတွင်း ကျူးကျော် အခြေချလာသည့် ဗမာ့တပ်မတော်က သျှမ်းလူထုအပေါ် လူ့အခွင့်အရေးအမျိုးမျိုးချိုးဖေါက် လာသည့်အတွက် ဆုံးရှုံးနေသည့် အခွင့်အရေးကို ရယူဖို့ စဝ်နွဲ့ဆောယန္တ ဦးဆောင်သည့် ကေဒါတပ်သား  ၂၀ ခန့်က ၁၉၅၈ ခုနှစ်ကစတင်ကာ လက်နက် ကိုင်တော်လှန် တိုက်ခိုက်လာခဲ့ရာမှအစွဲပြုပြီး သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ ဖြစ်ပေါ်လာခဲ့ပါသည်။

မူးယစ်ဆေးကာလတန်ဖိုး ကျပ်သိန်း တသောင်းကျော် လွိုင်လင်တွင်ဖမ်းမိ

Posted: 20 May 2017 11:53 PM PDT

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် လွိုင်လင် - နမ့်စန် သွား ကားလမ်း ပန်ခေါက်ဝိုး ဘုန်းကြီးကျောင်းရှေ့၌  ပန်းရောင် စိတ်ကြွဆေးပြား နှင့် အိုက်စ် အဖြူရောင်ပုံဆောင်ခဲ ကာလတန်ဖိုး ကျပ်သိန်း  ၁၂၀၀၀ ကျော်ကိုဖမ်း ဆီးရမိကြောင်း တာဝန်ရှိသူကပြော သည်။


 အဆိုပါ ပန်းရောင်စိတ်ကြွဆေးပြား  ၂၇၈၀၀၀  ပြား နှင့် အိုက်စ်ဟုယူဆရသည့် အဖြူရောင်ပုံဆောင်ခဲ  ၄၀  ကီလိုခန့်ကို မေလ ၁၅ ရက် ညနေပိုင်း က ဖမ်းဆီးရမိ ကြောင်း ပြောသည်။


“ကျနော်တို့ ခုလောလောလောဆယ် သိထားတာက တရားခံ ထန်ရှောက်ရန်း (ခ) ကျော်ဝေ ဟာ သျှမ်းမြောက် ကွက်ခိုင်ဘက်က ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့ မှာနေတယ် လို့ သူထွက်ဆိုထားတယ်၊ သျှမ်းမြောက် သိန္နီ ဘက်ကနေလာပြီး နမ့်စန် ကိုသွားပို့ မယ် ပြောတယ်” ဟု အမှုကို စစ်ဆေးသူ လွိုင်လင်မြို့မ ရဲစခန်း ဒုရဲအုပ် လင်းလင်းထွန်းက သျှမ်းသံတော်ဆင့် ကိုပြောသည်။


ပန်းရောင်စိတ်ကြွဆေးပြား (၂၇၈ ၀၀၀) ပြား ကာလတန်ဖိုး ကျပ်သိန်း ၂၇၈၀ ကျပ် နှင့် အိုက်စ်ဟု ယူဆရသည့် အဖြူရောင်ပုံဆောင်ခဲ (၄၀) ကီလို ခန့် ကာလတန်ဖိုး ကျပ်သိန်း ( ၁၀၀၀၀) ခန့် စုစုပေါင်း ကာလ တန်ဖိုး (၁၂၇၈၀) ကျပ် ခန့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။


အသက် ၂၅ နှစ်ခန့်ရှိသော ထန်ရှောက်ရှန်း (ခ) ကျော်ဝေ သည် ကိုးကန့်လူမျိုးဖြစ်ပြီး   ၄င်းအား လွိုင်လင်မြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဥပဒေ ပုဒ်မ - ၁၅/၁၉(က)/၂၀(က)/၂၁  ဖြင့်အမှုဖွင့်ကာ ရမန်စစ်ဆေးနေကြောင်း ဒုရဲအုပ် လင်းလင်းထွန်း ကပြောသည်။

သျှမ်းသံတော်ဆင့်

unread,
May 22, 2017, 4:50:02 PM5/22/17
to thuau...@gmail.com

မြေမြုပ်မိုင်းရှင်းလင်းရေးလှုပ်ရှားမှုမှ ကျောက်မဲမြို့၌ RCSS/SSA နှင့် TNLA တို့တိုက်ပွဲဖြစ်ပွား

Posted: 22 May 2017 06:48 AM PDT

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲများဖြစ်ပွါး မှုကြောင့် ဒေသခံရွာသားများ ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

 ကျောက်မဲမြို့နယ်အတွင်းက သျှမ်းပြည်တပ်မတော်စစ်ကြောင်းတခုအား တွေ့ရစဉ်

ကျောက်မဲမြို့နယ် မြောက်ဘက်နှင့်အနောက်မြောက်ဘက်ရှိ ကွန်ကော်ကျေးရွာအုပ်စု၊  လွယ်အံကျေးရွာအုပ်စုအတွင်း  မေလ ၂၁ ရက် ၅၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့က  RCSS နှင့် TNLA ကြားတိုက်ပွဲဖြစ်ပွား မှုကြောင့်  ကျောက်မဲမြို့ ရပ်ကွက် ၈ သို့ စစ်ဘေးရှောင် ၁၀၀ နီးပါးခန့်ရောက်ရှိလာကြောင်း၊ များသောအားဖြင့် တအာင်းရွာသားများဖြစ်ပြီး သျှမ်းရွာသားတချို့လည်းပါဝင်ကြောင်း ကျောက်မဲမြို့ခံ စိုင်းပါက ပြောသည်။


“ကွန်ကော်အုပ်စုထဲက တော့ဖယ် အုံအွီးရွာသားတွေ၊ လွယ်အန်အုပ်စုထဲက ခုမ်ငင်း၊ ဝန်ကန်ရွာတွေက ရွာသား ၉၅ ယောက် ရပ်ကွက် ၈ မှာလာပြီး ခိုလှုံနေတယ်။ လောလောဆယ်တော့ တည်းခိုတဲ့စခန်း အနီးတဝိုက်ကရွာသားတွေသွားကြည့်တယ်။ စားသောက်ဖို့သွားပေးတယ်။ သူ့အမျိုး ကိုယ့်အမျိုး သွား လည်တယ်။ အဲလောက်နဲ့တော့လည်ပတ်နေတယ်။ ထပ်တိုးလာရင်တော့ အခက်အခဲရှိလိမ့်မယ်။ ဒီနေ့ကလည်း မိုးကသဲကြီးမဲကြီးရွာနေတယ်ဆိုတော့ ” - ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။


တိုက်ပွဲဖြစ်ပွါးရခြင်းမှာ သျှမ်းတပ်ဖွဲ့ဘက်က နယ်မြေကျူးကျော်ဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်ဟု တအာင်းတပ်ဖွဲ့ဘက်က ပြောဆိုလိုက်ပြီး သျှမ်းပြည်တပ်မတော်ဘက်ကမူ မြေမြုပ်မိုင်းရှင်းလင်းရေးစီမံကိန်းကြောင့် ထိပ်တိုက်ပစ်ခတ်မှုများဖြစ်ပွါးရခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။


“ခုတလော ထိပ်တိုက်တိုက်ပွဲတွေများနေတယ်ဆိုတာက ကျနော်တို့ RCSS က NCA စာချုပ်ပါအတိုင်း မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းလုပ်နေတာလေ။ ရှင်းလင်းရေးလုပ်ရင်း တအာင်းတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားခဲ့ရတာဖြစ်တယ်။ မြေမြုပ်မိုင်းတွေကများတယ်လေ။ လူထုရဲ့တောင်းဆိုမှုအရ ကျနော်တို့ မိုင်းသွားရှင်းတာ ၁ လ ကျော်ရှိပြီ ” - ဟု ဗိုလ်မှူးကြီးစိုင်းငင်းက သျှမ်းသံတော်ဆင့်အားပြောသည်။


ကျောက်မဲမြို့တွင် အစိုးရတပ်မတော်အပြင် တအာင်းတပ်ဖွဲ့ ၊ သျှမ်းပြည်တပ်မတော်  RCSS/SSA  နှင့် SSPP/SSA တို့ လှုပ်ရှားပါသည်။  တအာင်းတပ်နှင့် အစိုးရတပ်မတော်၊ တအာင်းတပ်နှင့် သျှမ်းပြည်တပ်မတော်တို့ မကြာခဏထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ရသော်လည်း မြို့ပေါ်သို့ စစ်ဘေးရှောင်များမရောက်လာသည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခုတကြိမ်မှသာ တိုက်ပွဲပြင်းထန်သဖြင့် စစ်ဘေးရှောင်များ ရောက်လာခြင်းဖြစ်ကြောင်းလည်း ကျောက်မဲမြို့ခံများကပြောဆိုနေကြပါသည်။

သျှမ်းအဆင့်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပရသေးသဖြင့် ၂၁ ရာစုပင်လုံတွင် RCSS လက်မှတ်ရေးထိုးမည်မဟုတ် RCSS ပြော

Posted: 22 May 2017 06:40 AM PDT

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA လွယ်တိုင်းလျန်း  တွင် ကျင်းပသော ၅၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့တွင် ၂၁ ရာစုပင်လုံညီလာခံနှင့် ပတ်သက်ပြီးကြေငြာချက်တစောင်ကိုပါထုတ်ပြန်ခဲ့ရာ  ၂၁ ရာစုပင်လုံညီလာခံတွင် လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်းဖော်ပြထားသည်။

သျှမ်းဘာသာဖြင့်ကြေငြာချက် 
“ ဒီနှစ်ပွဲကတော့ အဲဒီကြေငြာချက်ကအဓိကပေါ့နော်။ ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် တက် တော့တက်မယ်။ စာတမ်းတင်သွင်းတာ မလုပ်ဘူး။ လက်မှတ်ရေးထိုးမှာမဟုတ်ဘူး။ ဘာကြောင့် လဲဆိုတော့ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ရသေးဘူး။” - ဟု ပြောခွင့်ရဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။


အဆိုပါကြေငြာချက်တွင် အချက် ၄ ချက်ပါရှိပြီး RCSS/SSA အနေဖြင့် ငြိမ်းချမ်းရေး စာချုပ်အတိုင်း အစဉ်တစိုက် လုပ်ဆောင်လာခဲ့ကြောင်း၊ လက်ရှိတွင်လည်း (သျှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးမှုမပြုရသေးသဖြင့် လူထုဆန္ဒအစစ်အမှန် မပါရှိသည့် ) နိုင်ငံရေးဆွေးနွေးမှုရလာဒ်မှ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် အခြေခံအုဋ်မြစ်ချရာတွင် RCSS အနေဖြင့် အနာဂတ်ပြည်ထောင်စုအတွက် စိုးရိမ်ပူပန် ရကြောင်း  ပါရှိပါသည်။


အထူးဖြင့် နောက်ဆုံးအချက်ဖြစ်သည့်အချက် ၄ တွင် - ၂၁ ရာစုပင်လုံညီလာခံ သို့မဟုတ် ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် တွင် RCSS/SSA အနေဖြင့် NCA လက်မှတ် ရေးထိုးထား သည့်အဖွဲ့တဖွဲ့အနေဖြင့်သာတက်ရောက်မည်ဖြစ်ပြီး စာတမ်းတင်သွင်းဖတ်ကြားခြင်းပြုမည်မဟုတ်၊   ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ်မှရရှိလာသည့် သဘောတူညီချက်ဖြင့် အခြေခံ သည့်ပြည်ထောင်စု စာချုပ်တွင်လည်း လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။


၂၁ ရာစု ပင်လုံညီလာခံကိုမေလ ၂၄ ရက်နေ့ နေပြည်တော်တွင်ကျင်းပရန်အစိုးရကစီစဉ်နေပါသည်။

သျှမ်းသံတော်ဆင့်

unread,
May 23, 2017, 5:09:40 PM5/23/17
to thuau...@gmail.com

သမိုင်းဝင်စေတီတော်နှင့် လူထုသောက်သုံးရေ စော်ဘွားကြီး ရေကန် စစ်တပ်ခြံခတ်မှုရပ်တန့်ရေး လူထုတောင်းဆို

Posted: 23 May 2017 07:33 AM PDT

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် စစ်တပ်မှခြံခတ်သိမ်းယူ သွားေ သာ လူထု၏လယ်ယာခြံမြေဧကပေါင်း ၂၀၀ ကျော်နှင့် ရှေးဟောင်းစေတီေ တ်ာအပါအဝင် နမ့်ကုံးရေကန်တို့အား လူထုအပိုင်ပြန်ဖြစ်ရေးအတွက် ကျေးသီးမြို့ခံများ စုပေါင်းတောင်းဆိုခဲ့ကြကြောင်း သိရသည်။


မေလ ၂၁ ရက်နေ့က ကျေးသီးမြို့ သုဝဏ္ဏဟုန်းခမ်းကျောင်းတိုက်တွင် ကျေးသီးလူငယ်များ စည်းရုံးလှုံ့ဆော်မှုဖြင့် ဒေသခံ လူထု ၃၀၀ ကျော်ေ တွ့ဆုံကာ အမှတ် ၁၃၁ ခြေလျင်တပ်ရင်းမှ ခြံစည်းရိုးခတ်လိုက်သည့်  လူထုအသက်သွေးကြော နမ့်ကုံး ရေကန်၊ စော်ဘွားခေတ်ကတည်းက တည်ရှိခဲ့သော သက်တမ်း ၂၀၀ ကျော်ရှိပြီဖြစ်သည့် သမိုင်းဝင်ေ စတီေ တ်ာတို့အား ပြည်သူပိုင်အဖြစ် ပြန်လည်ရရှိရေးတောင်းဆိုရန် ဆွေးနွေး ခဲ့ကြ သည်။

ဓါတ်ပုံ- မေလ ၂၁ ရက် လူထုတွေ့ဆုံပွဲ၊ ခလရ ၁၃၁ မှ မြေယာများအား ခြံခတ်သိမ်းယူထားပုံ၊ နမ့်ကုံးရေကန်နှင့် သက်တမ်း ရာကျော်ရှိ ကောင်မူးကိန်းစေတီတော်များပုံ (Photo- Ke-Hsi Youth Association)
နမ့်ကုံးရေကန်အနီးမြေများကို သိမ်းယူမည်ဟု ၂၀၀၂ ခုနှစ်ခန့်က အဆိုပါစစ်တပ်မှ စာတစောင်ထုတ်ပြန်ရာ သိရှိသူ နည်းပါးသကဲ့သို့ တရားဝင်ကြေငြာအကြောင်းကြားခြင်းမရှိကြောင်း၊ ယခုနှစ် ၂၀၁၇ မှ မြေများကို ခြံစည်းရိုးလာခတ်မှသာ သိရကြောင်း ကျေးသီးလူငယ်ခေါင်းေ ဆာင် စိုင်းသာလင်းထွန်းက သျှမ်းသံတော်ဆင့်အား ပြောသည်။


“ခြံလာခတ်တော့ ကျနော်တို့လူထု သွားကြည့်တော့မှ သူတို့တပ်နားက လူထုလယ်ယာမြေဧက ၂၀ နီးပါးအပြင် နမ့်ကုံးရေကန်နဲ့အတူ ဘေးပတ် ၀န်းကျင်က မြေလွှတ်မြေရိုင်းတွေ လူထုကျွဲနွားစား ကျက်မြေတွေ လည်း ပါတယ်။ နမ့်ကုံးရေကန်လည်းပါတယ်။ ရေကန်ထိပ်က သက်တမ်း နှစ်ေ ပါင်း ၂၀၀  ကျော်ပြီဖြစ်တဲ့ မြို့ခံတွေရဲ့သမိုင်းဝင်အမွေအနှစ် ကောင်းမူးကိန်းစေတီ၊ ကောင်းမူးစက်စေတီ လည်းပါတယ်။ ရ နေရာရှိတဲ့ ရေထွက်ဦး  နမ့်စိတ်ဟူး လည်းပါတယ်။ ဆိုတော့ လူထုကဒါတွေကိုမပေးချင်ဘူး။ ဒါကြောင့် လူထုဆန္ဒသဘောထား အစစ်အမှန်ကိုရယူပြီးတော့ အစိုးရနဲ့ဌာနဆိုင်ရာကို တင်ပြဖို့အတွက် ကျနော်တို့ တွေ့ဆုံတယ်။” – ဟု ၄င်းကပြောသည်။


မေလ ၂၁ ရက် လူထုတွေ့ဆုံဆွေးနွေးမှုမှ ရရှိသော လူထုဆန္ဒသဘောထားများကို ကျေးသီးလူငယ်အဖွဲ့ မှ အချက် ၆ ချက်ပါ သဘောထား ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေငြာချက်တွင် - ပြည်သူပိုင်လည်းဖြစ် သာသနာ့မြေလည်းဖြစ်သော မြေနေရာများအား ခလရ ၁၃၁ မှတပ်ပိုင်မြေအဖြစ် တံတိုင်းခတ်ယူရာတွင် ပွင့်လင်းမှုမရှိ၊ လူထုသဘောထားရယူမှုမရှိခြင်းကြောင့် လက်ရှိတံတိုင်းခတ်ယူနေမှုကို အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားရန်၊ တပ်မှသိမ်းယူသော အဆိုပါ နမ့်ကုံးရေကန်နှင့်သမိုင်းဝင်စေတီတို့အား ပြည်သူလူထုထံ စီမံအုပ်ချုပ်ပိုင်ခွင့် အပြည့်အဝ ပြန်လည်ပေးအပ်ရန်၊ သိမ်းယူထားသော မြေယာစိုက်ခင်း ၁၆၅ ဧကအား သက်ဆိုင်ရာတောင်သူများထံ ပြန်လည်ပေး အပ်ရန် တောင်းဆိုပြီး ရေကန်ပတ်ဝန်းကျင်နှင့် ရေဝင်ရေလဲထိန်းသိမ်းတော ၁၈ ဧက ပြန်မရမချင်း တောင်းဆိုမှု၊ လှုပ်ရှားမှုများ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပါရှိပါသည်။


ရရှိလာသည့် သဘောတူညီချက် တောင်းဆိုချက်များကို သျှမ်းပြည်နယ်အစိုးရ၊ ရလခတိုင်း၊ ကျေးသီးအခြေစိုက်၊ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးရုံး၊ မြေတိုင်းဦးစီးဌာနထံ တင်ပြပေးပို့ပြီး သတင်းမီဒီယာများကိုလည်း ပေးပို့ကြောင်း ပြောပါသည်။


ရေထွက်ဦး ရ ခု နမ့်စိတ်ဟူး မှ စီးဆင်းလာသည့်ချောင်း ရ ခု စုဆုံရာမှဖြစ်ပေါ်လာသော နောင်ကုံးရေကန်သည် ကျေးသီးမြို့ အရှေ့ တောင်အရပ်ရှိ လုံပုရပ်ကွက်တွင်တည်ရှိပြီး ကျေးသီးမြို့တွင်းဒေသခံလူထု သောက်သုံးရေ၊ လယ်ယာစိုက်ပျိုးရေး အတွက်ရေအဖြစ် အဓိက အသုံးပြုပါသည်။


“တပ်အကြောင်းပြချက်ကတော့ လုံခြုံရေးအတွက်သိမ်းတယ်ဆိုပေမယ့် ဒီရေကန်တွေ ဒီသမိုင်းဝင်စေတီတွေ နတ်စင်တွေက ခလရ ၁၃၁ မလာကတည်းက ရှိထားပြီးသားဘဲလေ။ အဲဒီစေတီတွေ နတ်စင်တွေ ရေထွက်ဦးတွေ အထွဋ်အမြတ်တွေရှိတဲ့ နေရာတွေမှာ စော်ဘွားခေတ်ကနေ ကနေ့အထိ နှစ်စဉ်နှစ်တိုင်း ကထိန်သင်္ကန်းကပ်လှူပွဲ၊ စေတီရေသပ္ပါယ်ပွဲ၊ ရိုးရာနတ်စင်တက်ပွဲတွေ အချိန်အခါအလိုက် ကျင်းပတယ်။ တပ်ပိုင်ထဲပါသွားရင် ကျနော်တို့ ဘယ်လိုလုပ်ပြီး ရိုးရာပွဲတွေ ကျင်းပနိုင်တော့မလဲ။ နောက်ပြီး တပ်ပိုင်မြေဖြစ်သွားရင် အချိန်မရွေး သူတို့ဖြိုပစ်လို့ရတယ် ပုံစံပြောင်းပစ်လို့ရတယ် မဟုတ်လား။ ကျနော်တို့ ဘာမှလုပ်ခွင့်မရှိတော့ဘူးလေ။ ဒါကြောင့် ဒီဟာတွေ ကျနော်တို့ကို ပြန်ပေးရင်တော့ အရမ်းကို ကျေးဇူးတင်မှာဆိုပြီး သက်ဆိုင်ရာတွေဆီကို စာတင်တောင်းဆိုရတာ ဖြစ်ပါတယ် ”ဟုလည်း စိုင်းသာလင်းထွန်း က ဆက်လက်ပြောပြသည်။


ကျေးသီးမံစံစော်ဘွားကြီး စဝ်ခွန်ဆန်းလက်ထက် ၁၈၈၉ ခုနှစ်ကတည်းက ကျေးသီးမံစံအတွင်း ၁၅ အုပ်စုမှ ဒေသခံလူထုက နမ့်ကုံးရေကန်ကို စုပေါင်းပြုစုမွမ်းမံတည်ဆောက်လာခဲ့သည်။ အဆိုပါရေကန်မှထွက်သောရေကို ကျေးသီးဒေသခံလူထုမှ သောက်သုံး၊ စိုက်ပျိုးရာတွင် အသုံးပြုခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

မြောက်ပိုင်း ၇ ဖွဲ့ညီလာခံ ဖွင့်ပွဲတက်မည်

Posted: 23 May 2017 01:19 AM PDT

၂၁ ရာစု ပင်လုံညီလာခံရဲ့ ဒုတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲနဲ့ ညစာ စားပွဲ တက်ရောက်ဖို့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ၇  ဖွဲ့က ကိုယ်စားလှယ်တွေဟာ ဒီကနေ့နေလည်ပိုင်းမှာ နေပြည်တော်ကို အထူးလေယာဉ် နဲ့ရောက်ရှိမယ်လို့ငြိမ်းချမ်းရေး အကျိုးဆောင်များက ပြောပါတယ်။

 မေလ ၂၃ ရက် မွန်းလွဲက ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသည့် တိုင်းရင်းသားခေါင်းဆောင်တချို့အားတွေ့ရစဉ်
မေလ ၂၃ ရက် နေ့ခင်း ၁ နာရီခန့်က တိုင်းရင်းသားခေါင်းဆောင်တချို့စီးနင်းလာတဲ့ လေယာဉ် ဆင်းသက်ပြီဖြစ်ကြောင်းလည်း သိရပါတယ်။
တရုတ်မြန်မာနယ်စပ် အရေးလေ့လာသူ တဦးကတော့ ဝ အပါအဝင်ကိုယ်စားလှယ် တွေ အနေ ယမန်နေ့ကတည်းက ကူမင်းမှာစောင့်ဆိုင်းနေခဲ့  တယ် -လို့ သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။


မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ရ ဖွဲ့ရဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီက အဖွဲ့အသီးသီးရဲ့ ဒုဥက္ကဌအဆင့် ကိုယ်စားလှယ် ၆၀ ခန့်တက်ရောက်မှာဖြစ်ပါတယ်။


NDAA-ESS မိုင်းလားအဖွဲ့က ဦးကြည်မြင့်  ဦးထိန်လင်း ၊ SSPP/SSA  က ဒုဥကဌ  ၂  စဝ်ခွန်ဆိုင်၊ TNLA က ဒုဥက္ကဌ ၁ ဗိုလ်မှူးချုပ် တာ့ဂျုတ်ဂျားနှင့် ဒု ဥက္ကဌ ၂ ဗိုလ်မှူးတာ့ပန်းလှ တို့ပါဝင်ကြောင်း သိရပါတယ်။


၂၁ ရာစု ပင်လုံညီလာခံရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်တွင်ကျင်းပမှာဖြစ်ပါတယ်။

သျှမ်းသံတော်ဆင့်

unread,
May 24, 2017, 5:24:20 PM5/24/17
to thuau...@gmail.com

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် NCA လက်မှတ်မရေးထိုးထားသူများပါဝင် ဖို့လို ခေါင်းဆောင်များ ပြော

Posted: 24 May 2017 09:05 AM PDT

အနာဂတ်ဖယ်ဒရယ်နိုင်ငံတည်ဆောက်ရန်အတွက် NCA လက်မှတ်မရေးထိုးရသေးသော  သက်ဆိုင်ရာအစုအဖွဲ့ များဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများပါဝင် ရန်အရေးကြီးကြောင်း လက်နက်ကိုင်အဖွဲ့အစည်း များ၏ကိုယ်စား  ကရင် အမျိုးသားအစည်းအရုံး KNU ၊ ဥက္ကဌ-ဗိုလ်ချုပ်ကြီး မူတူးစေဖိုးကပြောသည်။


မေလ  ၂၄  ရက်မှ  ၂၈ ရက်နေ့အထိ နေပြည်တော်တွင် လက်ရှိကျင်းပနေသော  ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ (ဒုတိယအကြိမ်)အစည်းအဝေးတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။


"NCA လက်မှတ်ထိုးထားသူတွေရဲ့ ပါဝင်မှုလောက်နဲ့ နိုင်ငံရေးလွှမ်းခြုံ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး ။ ဒါကြောင့် ယခုညီလာခံက ထွက်ပေါ်လာမယ့် တူညီမှုတွေဟာ ဖြစ်စဉ်မှာမပါဝင် နိုင်သေးတဲ့ ညီနောင်တိုင်းရင်းသားတွေပါဝင်မှုကိုအ ထောက်အကူ ဖြစ်ရန်လိုအပ်ပါတယ် ။ ဘုံလက်ခံနိုင်သည့်မူ နဲ့ စံတန်ဘိုးများအုတ်မြစ် ချရန်လိုအပ်ပါတယ်၊ အားလုံးတစ်ပြေးညီ ထားခြင်းကို ပြန်လည်ဆန်းစစ်ရန်လိုပါပြီး အားလုံးလွှမ်းခြုံ သည့်သဘောထားတူညီချက်များဖြင့် အောင်မြင် သည့်ငြိမ်းချမ်းရေးဖြစ် စဉ်ကိုဖန်တီး ကြပါ  " ဟု ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက တိုက်တွန်းသည် ။


ပြည်ထောင်စု အင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်းက NCA အား အကောင်အထည်မဖော်သေးခြင်းသည် NCA တွင်ပါဝင်သည့်မူများကြောင့်မဟုတ်ဘဲ NCA တွင်ပါဝင်ခြင်းအားဖြင့် ရရှိနိုင်မည့် ငြိမ်းချမ်းရေး အကျိုးအမြတ်အပေါ် ထိရောက်ရှင်းလင်း စွာချပြနိုင်ရန်သာလိုအပ်ကြောင်း သုံးသပ်သည်။


“ဒီအဖွဲ့ တွေကို NCA ကို လက်မှတ်ထိုးပါ ထိုးရင်ပြီးပြီ ဆိုရုံနဲ့  မပြီးဘူး ။ ခင်ဗျားတို့လက်မှတ်ထိုးရင် ဘာအကျိုးတွေရနိုင်လဲ ဆိုတာ သေသေချာချာရှင်းပြဖို့လိုပါတယ် ။ ဒါဆိုရင်သူတို့ ပါဖို့လမ်းက ပိုများနိုင်ပါတယ်”  ဟု ဦးခွန်စိုင်းက အကြံပြုသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကမူ NCA လမ်းကြောင်းကို လျစ်လျူရှု၍ အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုသည့် အခေါ် အဝေါ်များ သုံးစွဲလုပ်ဆောင်နေခြင်းသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေသော ပြည်ထောင်စုစနစ် တည်ဆောက် ရေးကို မလိုလားခြင်းသာ ဖြစ်သည်ဟု (၂၁)ရာစုပင်လုံ(ဒုတိယအကြိမ်)အစည်း အဝေးမိန့်ခွန်းပြောကြား ရာတွင်ထည့် သွင်း ပြောကြားသွားသည် ။


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းတွင်လည်း NCA လက်မှတ်မထိုး ရသေးသည့်တိုင်းရင်းသားအဖွဲ့အစည်းများအား ဤကဲ့သို့ပြောဆိုလိုက်သည်။


“၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆောင်ရွက်ရာမှာ ဖက်ဒရယ်စနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ မူတွေ ထွက်ပေါ်လာအောင် ဦးတည်ကြိုးပမ်းသွားဖို့ မျှော်မှန်းထားပါတယ်။ တချိန်တည်းမှာ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အန်စီအေထီးရိပ်အောက် ရောက်ရှိအောင် တွေ့ဆုံဆွေးနွေးရေး တံခါးကို ဖွင့်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”


ဝ ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် ရ ဖွဲ့ က မူ NCA စာချုပ်သည် ပြည်ထောင်စု ဖြစ်တည်ရာပင်လုံစာချုပ်ပျေက်ကွယ်စေရန်ဖုန်းကွယ်လိုက်မည့် စာချုပ်အသစ်ဖြစ်သောကြောင့် အလိုမရှိကြောင်း၊ NCA ထက် ကောင်းမွန်သည့် အခြားနည်းလမ်းဖြင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


ထို့ပြင် ပြီးခဲ့သည့် ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင်တင်သွင်းခဲ့သည် စာတမ်း ရ၂ စောင်အပေါ် လေ့လာမှုအရ အချို့တိုင်းရင်းသားအဖွဲ့များ၏ ဆွေးနွေးချက်၊ တင်ပြချက်၊ လုပ်ဆောင်ချက်နှင့် အခြေခံအယူအဆများသည် ဘောင်ကျော်သည့် အလွန်အကျွံတောင်းဆိုမှုတွေ ဖြစ်နေတာကိုလည်း သတိပြုမိကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ချက်များသည် ဒီမိုကရေစီ အရေးနဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်ကြီးမားစွာထား ရှိနေတဲ့ တိုင်းရင်းသားပြည်သူတွေ၏ ဆန္ဒနှင့် အကျိုးစီးပွား ကိုဆန့်ကျင်နေခြင်းသာဖြစ်သည် ဟု လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့NCA သဘောတူညီချက်များနဲ့ တပ်မတော်မ ၆ ချက်အတိုင်းလိုက်နာဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တပ်ချုပ်ကြီးပြော

Posted: 24 May 2017 08:39 AM PDT

ပည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို  ယနေ့ မေလ ၂၄ ရက် နေပြည်တော် MICC-2 ခန်းမ မှာ စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။


ညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုသမ္မတ၊ လွှတ်တော်ဥက္ကဌနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ညီလာခံအဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ပြောကြားလိုက်တာကတော့  ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ NCA လမ်းကြောင်းကို လျှောက်လှမ်းရာမှာလည်း တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ (၆) ရပ် နဲ့ အညီ ခိုင်မာစွာ ရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။


လက်တွေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ NCA ပါအခြေခံမူတွေ၊ လမ်းပြမြေပုံ အစီစဉ်တွေကို ကျော်လွန်ပြီး ဆောင်ရွက်နေတာကို တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။


တဆက်တည်းမှာဘဲ - မိမိဆန္ဒတွေကို ရှေ့တန်းမတင်ဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် ပကတိ လိုအပ်ချက်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ရာသက်ပန် စောင့်ထိန်းလိုစိတ် ပါတီစုံ ဒီမိုကရေလမ်းကြောင်းကို ခိုင်ခိုင်မြဲမြဲ ရာသက်ပန်စောင့်ထိန်းလိုစိတ်များကို အခြေခံ လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း ပြောကြားပါတယ်။


“ဒါကို လျစ်လျုရှုပြီး အခြားလမ်းကြောင်း နောက်ထပ်လမ်းကြောင်း ဒုတိယလမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲလုပ်ဆောင်နေခြင်းဟာ ငြိမ်းချမ်းရေး ဒီမိုကရေစီ နဲ့ ဖက်ဒရယ် စနစ်တို့ကို အခြခံတဲ့ ပြည်ထောင်စု စနစ် တည်ဆောက်ရေးကို မလိုလားခြင်း သာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောပါတယ်။


ဆွေးနွေးညှိနှိုင်း အဖြေရှာရေးလမ်းစဉ်က သွေဖ်ီပြီး လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရေးလမ်းစဉ် လက်နက်စွဲကိုင်ပြီး အာဏာရယူရေးလမ်းစဉ် နဲ့ ပြည်ထောင်စုမှ ခွဲထွက်ရေးလမ်းစဉ်တို့ကိုသာ ဦးတည်နေကြောင်း ယူဆရမှာ ဖြစ်ပါတယ်။ အချို့ တိုင်းရင်းသား အဖွဲ့များရဲ့ ဆွေးနွေးချက် တင်ပြချက် လုပ်ဆောင်ချက်နဲ့ အခြေခံ အယူအဆတွေဟာ ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ်ကို ကျော်လွန်ပြီး အလွန်အကျွံတောင်းဆိုမှုတွေ ဖြစ်နေတာကိုလည်း သတိပြုမိခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ချက်မျိုးတွေဟာ ဒီမိုကရေစီ အရေးနဲ့ ငြိမ်းချမ်းရေအပေါ် မျှော်လင့်ချက် ကြီးမားစွာ ထားရှိနေတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို ဆန့်ကျင့်နေခြင်းသာ ဖြစ်ကြောင်း ပြောပါတယ်။

NCA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်ချ ခိုင်းတဲ့ စာချုပ်မဟုတ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။


တပ်မတော်ရဲ့ ငြိမ်းချမ်းရေးရပ်တည်ချက်ကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးမဟာဗျုဟာဖြစ်တဲ့ NCA လမ်းကြောင်းပေါ်မှာ မသွေမဖီ ခိုင်ခိုင်မာမာ ရပ်တည်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။


ယနေ့ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော် အကြီးအကဲတွေ တိုင်းရင်းသားခေါင်းဆောင်တွေအပြင် စစ်တပ်ကိုယ်စားလှယ်တွေ အစရှိလူဦးရေ  ၉၀၀ လောက်ရှိပါတယ်။ ညီလာခံကိုမေလ ၂၈ ရက်အထိ  ပြုလုပ်သွားမှာဖြစ်ပြီး ခေါင်းစဉ်ကြီး ၅ ခု နဲ့ စာတမ်းဖတ်သွားမယ်လို့ သိရပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပထမရက်

Posted: 24 May 2017 01:08 AM PDT

သျှမ်းသံတော်ဆင့်

unread,
May 25, 2017, 5:03:18 PM5/25/17
to thuau...@gmail.com

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ဖြန်တွေ့ဆုံမည်

Posted: 25 May 2017 08:21 AM PDT

၂၁ ပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်လာသည့် မြောက်ပိုင်းအဖွဲ့နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ဖြန် (မတ်လ ၂၆ ရက်) တွေ့ဆုံမည်ဟု ၀ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSA) ၏ ပြင်ပဆက် ဆံရေဆက်သွယ်ရေးဌာနကြီးမှုး ဦးကျောက်ကော်အမ်းက မေလ (၂၅) ရက်က မီဒီယာများကို ပြောကြားသည် ။


" ကျနော်တို့တော့ ဆွေးနွေးတာ မရှိဘူး။ ရင်းနှီးခင်မင်မှု အရ ကြိုတင်ထိတွေ့တဲ့ သဘောပဲရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနက်ဖြန်တွေ့ဖို့ရှိတယ်။ ကျနော်တို့ ကတော့ငြိမ်းချမ်းရေးကို NCA ကိုပြုပြင်ထားတဲ့ လမ်းကြောင်းပေါ်ကပဲ သွားမယ် ။ အခုလောလောဆယ်တော့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းဟာ အခက်အ ခဲရှိနေဆဲဖြစ်တယ်" ဟု ၄င်းကဆိုသည် ။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမရက်တွင်တွေ့ရသော မြောက်ပိုင်းမဟာမိတ်အဖွဲ့မှကိုယ်စားလှယ် တချို့ 
၂၁ရာစု ပင်လုံဒုတိယအစည်းအဝေးသို့ တက်ရောက်လာသည့် မြောက်ပိုင်းမဟာ မိတ်အဖွဲ ရဖွဲ့ ဖြစ်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှုကော်မတီ(FCNPP)  မတ်လ ၂၅ ရက် နေ့လည်တွင် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌဒေါက်တာတင်မျိုးဝင်း ဦးဆောင်သောအဖွဲ့နှင့်  နေပြည်တော်ရှိ ဟော်ရီဇွန်ု ဟိုတယ်တွင် အလွတ်သဘော တွေဆုံမှုခဲ့သည်။


၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ UWSP မှ ဒုတိယအထွေထွေအတွင်းရေးမှူး ချုပ် ဦးပေါက်ယူရိ ဦးဆောင်သည့် ရ ဦးအဖွဲ့၊ KIO မှ ဒုဥက္ကဋ္ဌ ဦးအင်ဘန်လဦး ဆောင်သည့် ၆ ဦးအဖွဲ့၊AA မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်း အောင် ဦးဆောင် သည့် ၂ ဦးအဖွဲ့၊ TNLA  မှ ဗိုလ်မှူးချုပ်တာဂျုတ်ဂျားဦးဆောင်သည့် ၃ ဦးအဖွဲ့၊ MNDAA  မှ ဒုတိယစစ်ဦးစီးချုပ်ရန်ဝမ်ဂျောင်ဦးဆောင်သည့် ၃ ဦးအဖွဲ့၊  SSPP/SSA ဒုတိယမှူး ကြီး စိုင်းဘထွန်းဦးဆောင် သည့် ၂ ဦးအဖွဲ့ နှင့် NDAA မှ ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးဆန်းပေ နှင့် ဦးဆန်လူ တို့ဦးဆောင်သည့် အဖွဲ့ စုစု ပေါင်းကိုယ်စားလှယ် ၂၅ ဦးက  မေလ ၂၃ ရက် နေ့လည် ၃ နာရီခန့်က တရုတ်နိုင်ငံ ကူမင်းမြို့မှ မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက် ရှိလာပြီး မေလ ၂၄ ရက် နံနက်တွင် ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ အစိုးရဖိတ်ကြားမှု နှင့်  တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုတို့ကြောင့် တက်ရောက်ခဲ့ခြင်း  ဖြစ်သည်။


အဆိုပါ မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA လမ်းကြောင်း အတိုင်း လက်ခံခြင်းမရှိ၍ အပစ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အခြားလမ်းကြောင်းဖြင့် လုပ်ဆောင် ရန် အစိုးရအား တောင်းဆိုခဲ့ သည့်အဖွဲ့လည်း ဖြစ်သည်။


မြောက်ပိုင်းမဟာမိတ်အဖွဲ့များသည် မြန်မာပြည် မြောက်ပိုင်းအတွင်းရှိ တိုင်းရင်းသား တော် လှန်ရေး လက်နက် ကိုင်အဖွဲ့များဖြစ်ကြသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA၊  မိုင်းလားအဖွဲ့ NDAA ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP – SSA၊တအောင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် TNLA ၊ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ ရခိုင့်တပ်မတော် AA တို့ ဖြစ်ပြီး စုစုပေါင်း ရ ဖွဲ့ဖြင့် စုပေါင်း ထားသည်။

လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်သည့်ဒေသမှ တိုင်းရင်းသားလူမျိုးများ၏အသံမပါဝင်ပါက ငြိမ်းချမ်းရေးဆွေးနွေးမှု ကြန့်ကြာနိုင်

Posted: 25 May 2017 08:16 AM PDT

နပြည်တော်တွင် ယခုလက်ရှိ ကျင်းပနေဆဲဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံ (ဒုတိယအကြိမ်)အစည်းအဝေးတွင် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်သည့် ဒေသမှ တိုင်းရင်းသားများလူမျိုး များမပါဝင်သည့်အတွက် ဆွေးနွေးမှုများ ကြန့်ကြာနိုင်ကြောင်း ပြည်ထောင်စုအင်စတီကျု  ဒါရိုက်တာ ဦးခွန်စိုင်းက ပြောသည်။

ပြည်ထောင်စုအင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်း 
ယခုညီလာခံမှ သဘောတူညီချက်များချမှတ်ထွက်ပေါ်လာပါက ယင်းလူမျိုးများ၏ တင်ပြချက်နှင့် အသံများ မပါဝင်သောကြောင့် နောက်ထပ်မံ ဆွေးနွေးရမှုများ ရှိလာနိုင်ကြောင်း  ဦးခွန်စိုင်းကပြောသည်။


သို့သော် ၄င်းက" ကောင်းတဲ့ ဖက်ကကြည့်ရင်တော့ ညီလာခံမှာ သဘောတူညီချက်တွေ တစ်စုံ တစ်ရာ ထွက်ပေါ်လာရင် ကျနော်တို့ လူမျိုးအလိုက် နိုင်ငံရေးဆွေး နွေးပွဲများ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် ပိုပြီးလွယ်ကူလာနိုင်လိမ့် မယ်လို့ထင်တယ် ၊ လက်မှတ်မထိုးသည့် အဖွဲ့တွေပါ ပါကောင်းပါဝင်လာနိုင်ဖို့မျှော် လင့်ရတယ် " ဟု ပြောသည်။


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS/ SSA  က လက်မှတ် ရေးထိုးထားသော်လည်း သျှမ်းလူမျိုးအ လိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို သျှမ်းပြည်နယ်၏မြို့ တော် တောင်ကြီး မြို့နယ်အတွင်းကျင်းပခွင့် မရရှိခဲ့ပေ။


သျှမ်းပြည်နယ်အတွင်း လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်မရရှိခဲ့ခြင်းကြောင့် မည်သည့် သဘောတူညီချက်မျိုးကိုမျှ လက်မှတ်ရေး ထိုးမည် မဟုတ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) မှ ကြေငြာချက်တစောင် ထုတ်ပြန်ထားသည်။


ရခိုင်ပြည်နယ်တွင်လည်း လူမျိုးအလိုက် အမျိုးသားအဆင့်ဆွေးနွေးပွဲများ မကျင်းပနိုင်သေးသဖြင့် ယခုလာမည့် ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံတွင် ရခိုင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်မည့် သဘောထား စာတမ်းများကို တင်သွင်းမည်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင် ကပြောသည် ။

လက်ရှိညီလာခံတွင် ပထမအကြိမ်ညီလာခံထက် အမျိုးသမီးပါဝင်မှု ပိုမိုနည်းပါး - အမျိုးသမီး ကိုယ်စားလှယ်ပြော

Posted: 25 May 2017 08:10 AM PDT

ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံသည် ပထမအကြိမ်ညီလာခံထက် အမျိုးသမီးပါဝင်မှု ပိုမိုနည်းပါးနေကြောင်း ညီလာခံ တက်ရောက် သျှမ်း အမျိုးသမီးကိုယ်စားလှယ်က  ပြောသည်။


လက်ရှိကျင်းပနေသောညီလာခံမှ အမျိုးသမီးပါဝင်မှု နည်းပါးခြင်းမှာ တာဝန်ရှိသူဘက်မှ ဖိတ်ကြားခြင်း မရှိခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ညီလာခံတက်ရောက်ရန်  RCSS/SSA မှ ရွေးချယ်လိုက်သည့် Shan CBOs ကိုယ်စားလှယ် ယိင်းဟန်ဖှ
“နိုင်ငံရေးတစ်ခုမှာ အမျိုးသား/အမျိုးသမီးတန်းတူ လုပ်ရမယ်၊အမျိုးသားဘဲ လုပ်လို့ရှိရင် မအောင်မြင်တာရှိသလို အမျိုးသမီးတွေလုပ်ရင်လည်း မအောင်မြင်တာရှိတယ်၊ ဒါကြောင့်မို့လို့ တန်းတူသွားရမယ်၊ အမျိုးသမီးတွေကျတော့ အမျိုးသားတွေနဲ့ ကွာတာကျတော့ ချက်ချင်းဆိုရင် ဆုံးဖြတ်ချက်ချတာမျိုးမရှိဘူး၊ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချတာမျိုး ဒါကြောင့်  အမျိုးသမီး တွေလည်း တဖက်တလမ်းကကူညီတာလည်း အများကြီးရှိတယ်။ အမျိုးသမီး မပါလို့ရှိရင် နိုင်ငံရေးဖြစ်စဉ်မှာ တကယ်အောင်မြင်တဲ့ ငြိမ်းချမ်းရေးရဖို့ အခြေနေက အတော်လေး မလွယ်ဘူးထင်တယ်”  ဟု ညီလာခံတက်ရောက်ရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA မှရွေးချယ်သော Shan CBOs မှကိုယ်စားလှယ်  ယိင်းဟန်ဖှ ကပြောသည်။


ပထမ အကြိမ် ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညီလာခံသည် အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်း ရှိပြီး ယခု ကျင်းပသည့် ဒုတိယအကြိမ် ညီလာခံသည် အမျိုးသမီး ပါဝင်မှု ပိုမိုနည်းသွားသည်။


“ကျမ ကိုယ်တိုင်ကလည်း သျှမ်းအမျိုးသမီးရေးရာအဖွဲ့ဝင်တဦး ဖြစ်တယ်။ မြန်မာနိုင်ငံက အမျိုးသမီး အဖွဲ့ချုပ်မှာလည်းပါဝင်တယ်။ ဒါမယ့်လက်ရှိမှာ ကျမတို့ အမျိုးသမီးကို သီးသန့်ဖိတ်တာမရှိဘူး။ CSO အနေနဲ့ဘဲ လာတက်တာဖြစ်တယ်။ ဒါကြောင့် ဒီတခေါက်ဆို အမျိုးသမီးပါဝင်မှု နည်းတယ်။ ဒီထက်ပိုပါဝင်အောင်လည်း တစ်ဖက်တစ်လမ်းကနေ တိုက်တွန်းပြီး ကြိုးစားသွားမယ်”ဟု ယိင်းဟန်ဖှ ကပြောသည်။


ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်ညီလာခံသည် မေလ ၂၄ ရက်နေ့ မှ ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကဏ္ဍအလိုက် ခေါင်းစဉ်ကြီး ငါးခု ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်းဖွဲ့စည်းပုံအတွင်း- မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့်အချက် - ထည့်သွင်းဖော်ပြမှုမသင့်ဟု SNLD ပြော

Posted: 25 May 2017 04:49 AM PDT

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့မှာ UPDJC မှ ချမှတ်ပေးထားသည့် နိုင်ငံရေးကဏ်ဏ္ဍ အစုအဖွဲ့အလိုက် ဆွေးနွေးရန်အတွက် အချက် ၂၁ ချက် ပါရှိသည့်အနက် အပိုဒ် ၈ အပိုဒ်ခွဲ (ဂ) တွင်ပါရှိသည့် ပြည်ထောင် စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲမထွက်ရ ဆိုသည့် အချက် ထည့်သွင်းဖော်ပြမှုမသင့်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  SNLD  ကျားခေါင်းပါတီဘက်မှ ဆွေးနွေးခဲ့သည်။


အဆိုပါ ပြည်ထောင်စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲထွက်ခွင့်မပြုရ ဆိုသည့် အချက် ဖော်ပြရာတွင် အပိုဒ် ရ (က) မှာ ဒို့တာဝန်အရေးသုံးပါး ကို ဖော်ပြပြီးသားဖြစ်သည့်အတွက် ထည့်သွင်းရန် မလိုကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ နိုင်ငံရေးဆွေးနွေးပွဲ ကိုယ်စားလှယ် စိုင်းထင်ကျော် ကပြောသည်။


“ခု ပြန်လည်ဆွေးနွေးခွင့် ၂၁ ချက်ရှိပါတယ်၊ အဲ့ဒီ ၂၁ ချက်ထဲမှာ အပိုဒ် ၈ အပိုဒ်ခွဲ(ဂ) အနေနဲ့ ကျနော်တို့ ဆွေးနွေးရတာ ဖြစ်ပါတယ်၊ ဒါကို ကျနော်တို့ ကိုင်ပြီး ဆွေးနွေးရတာဖြစ်ပါတယ်၊ ဘာကွဲလွဲလည်း ဆိုတော့ ရှေ့မှာ အပိုဒ် ရ (က) မှာ  ဒို့တာဝန်အရေးသုံးပါးကို  ပေးထားတာရှိပါတယ်၊ အဲ့ဒီ ဒို့တာဝန်အရေးသုံးပါးကို ကျော်လွန်နေတယ်၊ ဒို့တာဝန်အရေးသုံးပါး အတွက် ဒီအချက်ထည့်ထားလို့ရှိရင် ထိခိုက်နိုင်တယ်၊ နောက်တစ်ခုက ဒို့တာဝန်အရေးသုံးပါး ရှိတဲ့အတွက်ကြောင့် ဒီအချက်က မလိုဘူး ဆိုပြီးတော့ ကျနော်တို့ ပါတီက ဆွေးနွေးတာ ဖြစ်ပါတယ် ” ဟု ၄င်းကပြောသည်။


ခွဲထွက်ရေးဆိုသည့် အချက် ထည့်သွင်းရေးဆွဲထားခြင်းကို လက်မခံကြောင်း နှင့် အပိုဒ် ရ (က) မှာ ပါရှိသည့် ဒို့တာဝန်အရေးသုံးပါးဖြင့်သာ ပြီးပြည့်စုံနေပြီ ဖြစ်ကြောင်း ၊ မိမိတို့အတွက်မှာမူ သျှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲ မကျင်းပနိုင်သေးသည့်အတွက် ခွဲမထွက်ရေးမူ သဘောထား ပေးနိုင်ရေး ခက်ခဲနေသေးကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၏ နိုင်ငံရေး ကိုယ်စားလှယ် စိုင်းထင်ကျော် ကပြောသည်။


ပြည်ထောင်စု အင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်းက “ ဒီခွဲထွက်ရေးတွေ ဘာတွေပြောမယ်ဆိုလို့ရှိရင် သူက အမျိုးသမီး နဲ့ အမျိုးသား မင်္ဂလာဆောင်တာနဲ့ လာပြီးတော့မှ တိုက်ဆိုင်ကြည့်ရမှာပေါ့၊ အမျိုးသမီး နဲ့ အမျိုးသား မင်္ဂလာဆောင်ကြပြီဆိုလို့ရှိရင် သူတို့ကပြောကြမယ် ကျနော်တို့ ကျမတို့ အိုအောင်မင်းအောင် ပေါင်းသင်းသွားကြပါမယ်၊ မရဏမင်းက မခေါ်ဆောင် သွားခင်ချိန်အထိ ကျနော်တို့ ကျမတို့ သက်ဆုံးတိုင် တူတူနေသွားမယ်လို့ အဲ့လိုမျိုးပြောမှာ၊ ဒါပေမယ့် မင်း လုံးဝ ငါ့ကို မကွာရဘူးကွ အဲ့လိုမျိုး ပြောမှာ မဟုတ် ဘူး ။ မကွာရဘူးဆိုတာ မပြောဘူး ပြောတဲ့လူကို ဘယ်သူက လက်ထပ်ချင်မတုန်း၊ ဒါပေမယ့် တစ်ဖက် ကလည်း ဟိုဘက်က စိုးရိမ်မှုကိုလည်း ကိုယ်က နားလည်ဖို့လိုတယ်၊ သူက ခဏခဏ မင်္ဂလာဆောင်ပြီး တော့မှ ခဏခဏကွဲတဲ့အခါ တော့ သူကလည်း နဲနဲကြောက်ပြီးတော့ မှ စိုးရိမ်မှုတွေ ပြောတာလည်း ဖြစ်နိုင်တယ်၊ သူ့စိုးရိမ်မှုကိုလည်း ကိုယ်က နားလည်ရမယ်၊ ဒါမယ့် ကိုယ့်ဘက်ကလည်း သူပြောတဲ့အတိုင်း ဆိုလို့ရှိရင်တော့ သူ့စကားလုံးအတိုင်းက လုပ်နိုင်ဖို့ က ခက်တာ တကယ်တမ်းကျတော့ အိုအောင်မင်းအောင်ပေါင်းသွားကြမယ်ဆိုတာနဲ့ မကွာရှင်းပါဘူးဆိုတာ ဒီဥစ္စာ တူတူလောက်ပါဘဲ၊ အဓိပ္ပာယ်ချင်းကောက်လိုက်ရင် အတူတူပါဘဲ အသုံးအနှုန်းက မတူဘူး တစ်ခု က အပေါင်းလက္ခဏာပြတယ် နောက်တစ်ခုက အနုတ်လက္ခဏာ ပြတယ်၊ အဲ့ဒီ အနုတ်လက္ခဏာ မပြတဲ့ စကားလုံးအသုံးအနှုန်းတွေကို သုံးဖို့လိုတာပေါ့၊ အဲ့ဒါဆိုရင် ပိုကောင်းတာပေါ့” ဟု ပြောသည်။


ခွဲထွက်ခွင့် မပြုရဆိုသည့် အချက် ထည့်သွင်းထားခြင်းသည် ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ်ကို ကျော်လွန် နေတာဖြစ်ပြီး ပြည်ထောင်စုခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ တိုင်းရင်းသားပေါင်းစုံတို့ ညှိနင်းထားသည့် သဘောတူညီချက်တွေကို လှစ်လျူရှုရာ ရောက်ကြောင်း စိုင်းထင်ကျော် ကပြောသည်။



၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၀ ပုဒ်မ ၂၀၂ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မှ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရ ဟု ပါရှိသည်။ ဆိုလိုသည်မှာ ၁၀ နှစ်ပြည့်လျှင် ခွဲထွက်ပိုင်ခွင့်ရှိသည်၊ သို့သော် ပြည်နယ် ကောင်စီ ရှိ အမတ် စုစုပေါင်း သုံးပုံနှစ်ပုံအောက်မလျော့သောအမတ်များ၏ ထောက်ခံမဲပေးခြင်းဖြင့် အတည်ပြု ရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။

ဝ တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ ညီလာခံ ဒုတိယနေ့ ဆက်မတက်

Posted: 24 May 2017 09:16 PM PDT

ပည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ဖွင့်ပွဲရက်တက်ရောက်ပြီးနောက် ၀ တပ်ဖွဲ့ဦးဆောင်သည့် မဟာမိတ်အဖွဲ့ ရ ဖွဲ့ သည် ညီလာခံဒုတိယရက်တွင် ဆက်မတက်တော့ကြာင်းသိရသည်။


အထူးဖိတ်ကြားခြင်းခံရတယ်ဆိုပေမယ့် ဆွေးနွေးဖို့အတွက် တန်းတူညီမျှတဲ့အခွင့်အရေး မရဘူး။နောက်တချက်က တပ်ချုပ်ကြီးပြောသွားတဲ့အချက်တွေထဲမှာ ဘဝင် မကျတဲ့အချက်တွေပါတယ်။ - ဟု အဖွဲ့ ရ ဖွဲ့မှ အရာရှိတဦးကပြောသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က NCA လမ်းကြောင်းကို လျစ်လျူရှု၍ အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုသည့် အခေါ် အဝေါ်များ သုံးစွဲ လုပ် ဆောင်နေခြင်းသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေသော ပြည်ထောင်စုစနစ် တည်ဆောက် ရေးကို မလိုလားခြင်းသာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့ NCA လမ်းကြောင်းကို လျှောက်လှမ်းရာတွင် လည်း တပ်မတော်၏ ငြိမ်းချမ်းရေးမူ (၆) ရပ် နှင့်အညီ ခိုင်မာစွာ ရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း  (၂၁)ရာစုပင်လုံ(ဒုတိယအကြိမ်) အစည်း အဝေးမိန့်ခွန်းပြောကြား ရာတွင်ထည့် သွင်း ပြောကြားသွားသည် ။


ဝ တပ်ဖွဲ့ညီလာခံမတက်ရောက်မှုတွင် ၀ နှင့်အတူ လိုက်ပါသော မဟာမိတ်အဖွဲ့ ရ ဖွဲ့လည်း ပါဝင် သည်။


“အားလုံးမပါဝင်တော့ ကျမတို့လည်း စိတ်မကောင်းဘူး။ ဥပမာ မြောက်ပိုင်းက ရ ဖွဲ့ဆိုရင်လည်း ကိုယ့်နိုင်ငံသားဖြစ်ရဲ့သားနဲ့ တခြားနိုင်ငံက အကူညီနဲ့ လာရတယ်။ နိုင်ငံတော်အတွက် သိပ်က္ခာ အရမ်းကျတယ်။ ဘာလို့လည်းဆိုတော့ ကိုယ့်နိုင်ငံက အစိုးရက ဘာလို့ မလုပ်ပေးတာလဲ။သူတို့ လုံခြုံရေးအတွက် အဲ့ဒီအတွက် ကျမတို့လည်း စိတ်မကောင်းဘူး။ နောက်ပြီး UNFC လည်းမလာနိုင်ဘူး ရှေ့ဆက် ငြိမ်းချမ်းရေးအလားအလာက အားပိုနည်းသွားသလို ခံစားရတယ်။ အားလုံးမပါလို့လေ”- ဟု သျှမ်းစီဘီအို မှ ယိင်းဟန်ဖှကပြောသည်။


လက်ရှိ ညီလာခံသို့ တက်ရောက်ရန်ဖိတ်ကြားခံရခြင်းမရှိသောကြောင့် မွန်းခေါင်းဆောင် နိုင်ငွေသိမ်း သျှမ်းခေါင်းဆောင် ခွန်ထွန်းဦးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရနှင့်တိုင်းရင်းသားကြား သံတမန်အကျိုးတော်ဆောင် စဝ်ဟန်ယောင် ဟွေ့ တို့လည်း ယခုညီလာခံသို့တက်ရောက်ခြင်းမရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်များပြောသည်။

သျှမ်းသံတော်ဆင့်

unread,
May 26, 2017, 4:52:29 PM5/26/17
to thuau...@gmail.com

လုံခြုံရေးကဏ္ဍတွင် တပ်မတော်တစ်ခုတည်းထားရှိရေးအတွက် သဘောထား စုစည်းချက် ၃ ချက် ဆွေးနွေး

Posted: 26 May 2017 04:51 AM PDT

လုံခြုံရေးကဏ္ဍတွင် တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်ကြား အကြိတ်အနယ် ဆွေးနွေး ခဲ့သည့် တပ်မတော်တစ်ခုတည်း ထားရှိရေးအတွက် သဘောထား စုစည်းချက် ၃ ချက် ဆွေးနွေး နိုင်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ- PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ
တိုင်းရင်းသားလက်နက်ကိုင် နှင့် တပ်မတော်ကြား သဘောထား စုစည်းနိုင်ခဲ့တဲ့ အချက် ၃ ချက်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားသည့် အစိုးရ၏ လက်အောက်မှာရှိသည့် တပ်မတော် ၊ တစ်ခု တည်းသော တပ်မတော်ထားရှိရေး နှင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တို့ကို ဆွေးနွေးခဲ့ သည်ဟု RCSS/SSA ၏ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။


“ ဒီ သုံးခုလည်း နောက်နောင်အနေနဲ့ ဆွေးနွေးမယ်ဆိုတဲ့ သဘောလောက်ဘဲ။ တခြား ဘာမှ ထွေထွေ ထူးထူးတော့ ထွက်မလာဘူး၊ ဒါကတော့ဆက်လက်ညှိနှိုင်းမယ့် အနေအထားဖြစ်တယ်၊ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေ ဖြစ်ချင်တာကတော့ ဖက်ဒရယ် တပ်မတော် ပေါ့နော်  Federal Army ကို ပိုပြီးတော့ အားသန်တယ် လို့ဘဲ ပြောရမှာပေါ့” ဟု ၄င်းကပြောသည်။


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံမှာ လုံခြုံရေးကဏ္ဍ၏ ဒုတိယနေ့ က တပ်မတော်ဘက်မှ တပ်မတော် တစ်ခုထားရှိရေး နှင့် တိုင်းရင်းသားလက်နက်ကိုင်ဘက်မှ ဖက်ဒရယ် တပ်မတော်မူဝါဒ ထားရှိရေးကို အချင်းချင်းကြား အကြိတ်အနယ် ဆွေးနွေးခဲ့ပြီး ယနေ့ ညီလာခံ တတိယနေ့ မေလ ၂၆ ရက်နေ့တွင် သဘောထား စုစည်းနိုင်ခဲ့သည်။


လုံခြုံရေး ကဏ္ဍတွင် ဝင်ရောက်ဆွေးနွေးသည့် PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ က-  “အားလုံးကိုတော့ သဘောထားစုစည်းရပ် သုံးခုစလုံး ဆက်လက်ဆွေးနွေးဖို့ အားလုံးက သဘောတူတယ်၊ တက်ရောက်တဲ့လူတွေက အဲ့ဒါ ကောင်းတဲ့ လက္ခဏပေါ့၊ ဒါကို မပစ်ထားဘူးပေါ့၊ နောက် ဒီကိစ္စဆွေးနွေးမယ်ဆိုလည်း အားလုံးက တက်တက်ကြွကြွ ပြန်ဆွေးနွေးမယ်ဆိုပြီး လက်ခံထားတဲ့ခါကျတော့ ဒါက ပိုကောင်းတဲ့ဟာဖြစ်သွားတယ်” ဟု ပြောသည်။


တိုင်းရင်းသားဘက်မှ ဖက်ဒရယ်တပ်မတော် ကို ပိုမိုအားသန်ပြီး တိုင်းရင်းသားအားလုံးပါဝင်သည့် တပ်မတော်ဖြစ်ရန် အရေးကြီးကြောင်း ဒုဗိုလ်မှူးကြီးစိုင်းငင်း ကပြောသည်။

ဖယ်ဒရယ် တပ်မတော်မူဝါဒထွက်ရှိရေး လုံခြုံရေး ကဏ္ဍတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အကြိတ်အနယ်ဆွေးနွေး

Posted: 26 May 2017 12:08 AM PDT

ဖယ်ဒရယ် တပ်မတော်မူဝါဒထွက်ရှိရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ လုံခြုံရေး ကဏ္ဍတွင် အကြိတ်အနယ်ဆွေးနွေးလျှက်ရှိကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဒု ဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။


ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယနေ့က တပ်မတော်ဘက်မှ တင်ပြဆွေးနွေးလာသည့် တပ်မတော်တ ခုထားရှိရေး ၊ တိုင်းရင်းသားလက်နက်ကိုင် ဘက်က တင်ပြဆွေးနွေးလာသည့် ဖက်ဒရယ်တပ်မတော် ထားရှိရေးမူဝါဒ နှင့် ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တပ်မတော်သားကိုယ်စားလှယ်တဦး
RCSS/SSA ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ ဒု ဗိုလ်မှူးကြီး စိုင်းငင်း
“မနေ့က အဲ့ဒီကိစ္စဘဲ အကြိတ်နယ် ဆွေးနွေးကြတယ်၊ ပြင်းပြင်းထန်ထန် ဆွေးနွေးကြတယ်၊ ဒါပေမယ့် မပြတ်ဘူး အဲ့ကိစ္စက ဒီနေ့ ဆက်ဆွေးနွေးမယ်၊တပ်မတော်ဘက်က တပ်မတော်တစ်ခု ထားရှိရေးမူဝါဒ တင်ပြတယ်၊ EAO ဘက်က ဖက်ဒရယ်တပ်မတော်တစ်ခု ထားရှိရေးမူဝါဒ အဲ့ဖက်ဒရယ်ဆိုတဲ့နေရာမှာ နည်းနည်းညှိလို့မရသေးဘူး၊ ဒီနေ့ညှိမယ့် အနေအထားမှာရှိတယ် ၊အဲ့တစ်ချက်ဘဲ မနေ့က ဆွေးနွေးကြတယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။


ယနေ့ မေလ ၂၆ ရက် ညီလာခံ တတိယနေ့တွင် ဆွေးနွေးမှု မပြတ်သေးသော တပ်မတော် တစ်ခုထားရှိ ရေးကဏ္ဍမှာ ဆက်လက်ဆွေးနွေးညှိနှိုင်း မည် ဖြစ်သည်။


“ အခုဖြစ်စေချင်တာက တပ်မတော်တစ်ခုဆိုတဲ့ နေရာမှာ အဲ့ဒီတပ်မတော်ဟာ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ်ဆိုတဲ့ အနေအထားနဲ့ ညှိနေကြတာဖြစ်ပါတယ်၊တပ်မတော် ဘက်ကတော့ ရိုးရိုးတပ်မတော်ဘဲ ပြောမယ်၊ တပ်မတော်တစ်ခုလို့ဘဲ ပြောမယ်၊ ဒါပေမယ့် EAO ဘက်က ဖက်ဒရယ်တပ်မတော် ဖက်ဒရယ်ဆိုတဲ့ စကားထည့်ဖို့ ညှိနေကြတယ်၊ ဒီနေ့ဆက်ညှိရအုံးမယ် တပ်မတော်တစ်ခုထားရှိရေးကဏ္ဍမှာ ဆက်လက်ဆွေးနွေးညှိနှိုင်းမှာ ဖြစ်ပါတယ်” ဟု RCSS/SSA ၏ပြောခွင့်ရ ဒု ဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။


ကမ္ဘာ့နိုင်ငံမှာ မည်သည့်နိုင်ငံတွင်မဆို one country one army ရှိကြောင်း လုံခြုံရေး ကဏ္ဍတွင် ပါဝင်ဆွေးနွေးသည့် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦး ကပြောသည်။


“ဘယ်နိုင်ငံ ကမ္ဘာမှာကြည့်လေ ဘယ်တိုင်းပြည်မဆို ဘဲရှိတယ်၊ တပ်မတော်တစ်ခုတည်းဘဲ တိုင်းပြည်ထဲမှာ ထားတာဘဲ အဲ့ဒါ ကမ္ဘာနဲ့ ကျော်လွန်ပြီးတော့မှ တစ်ခုတည်းသော တပ်မတော်ထားရှိရေးနဲ့ ပတ်သက်ပြီးတော့မှ တစ်ချို့အဖွဲ့တွေကပေါ့ ဒါကို လက်မခံဘူးဆိုတာ စဉ်းစားစရာပေါ့ သူတို့ ဘာရည်ရွယ်ချက်ရှိလဲ ဒါကို တွေးတောစရာအနေနဲ့ ရှိတာပေါ့ လက်ရှိတပ်မတော်တစ်ခုတည်းထားရှိဖို့ဆိုတာ လွယ်ပါ့မလား ဒါကတော့ ထားကိုထားမှာဘဲ ဘယ်နိုင်ငံကြည့်ကြည့် တပ်မတော်တစ်ခုတည်းဘဲ ရှိတာဘဲ ဘယ်နိုင်ငံ တပ်မတော် နှစ်ခုရှိတာလဲ ဒါကတော့ ကမ္ဘာမှာ ရှိတဲ့ နိုင်ငံတိုင်းမှာ ဒီတိုင်းဘဲ သွားနေတယ် ။ ကမ္ဘာမှာကြည့်လေ US Army၊India Army နဲ့ ဗြိတိသျှ အာမီလို့ဘဲ သုံးတယ် ဘယ်က ဖက်ဒရယ်တပ်မတော်လို့ သုံးပါသလဲ ” - ၄င်းကဆက်ပြောသည်။


ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံမှာ မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ နှင့် မြေယာ နှင့် သဘာဝ သယံဇာတ ကဏ္ဍ တို့ ဆွေးနွေးသွားမည်ဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
May 27, 2017, 5:34:17 PM5/27/17
to thuau...@gmail.com

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၃ ရက်သာဆွေးနွေးချက်များ UPDJC အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးဆုံးဖြတ်မည်

Posted: 27 May 2017 01:23 AM PDT

ပည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၌ ၃ ရက်သာဆွေးနွေးခဲ့သည့် ကဏ္ဍ အလိုက်၊ အစုအဖွဲ့အလိုက် ဆွေး နွေးခြင်းကို ယနေ့ပြုလုပ်သည့် UPDJC အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးဆုံးဖြတ် မည် ဖြစ်ပြီး ညီလာခံ နောက်ဆုံးနေ့မှာ မူဝါဒအားဖြင့် အတည်ပြု ဆောင်ရွက်သွားမည်ဖြစ်သည်။


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံသည် မေလ ၂၄ ရက်မှ ၂၈ ရက်နေ့ထိ  ခေါင်း စဉ်ကြီး ၅ ခု နှင့် ကဏ္ဍ အလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးသွားမည်ဖြစ်ပြီး  ဆွေးနွေးရလာသည့် သဘောထား စုစည်း မှုကို (UPDJC) ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ   ယနေ့ ညီလာခံ စတုတ္တ နေ့တွင် ဆုံးဖြတ်မည်ဖြစ်သည်။


“သက်ဆိုင်ရာ ကဏ္ဍ အလိုက် တင်ပြလာတယ်။ တင်ပြလာတဲ့အပေါ်  UPDJC အတွင်းရေးမှူး အစည်း အဝေးမှာ ပြန်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်၊ ဆွေးနွေးပြီးရင်  UPDJC အစည်းဝေးမှာ ပြန်တင်ပြမှာ ဖြစ်ပါ တယ်၊ နက်ဖြန်ညီလာခံမှာ ရရှိလာတဲ့ ဆုံးဖြတ်ချက်တွေကို  UPDJC အစည်းဝေးရဲ့ သဘောတူချက်နဲ့ ညီလာခံမှာ တင်သွင်းမယ်၊ ညီလာခံမှာ ရရှိလာတဲ့ အဆိုပြုချက်တွေကို သဘောတူညီချက်ရအောင် ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်”  နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကသတင်းမီဒီယာတွေကို ပြောသည်။


ယနေ့ မေလ ၂၇ ရက်နေ့မှာ UPDJC အတွင်းရေးမှူးအဖွဲ့ မှ မူဝါဒ အဆိုပြုချက်များကို ဆွေးနွေး ဆုံးဖြတ်မည်ဖြစ်ပြီး ညီလာခံ နောက်ဆုံးနေ့မှာ အတည်ပြု ရယူမည်ဖြစ်သည်။


“ဆွေးနွေးချက် အားလုံးစုစည်းပြီး အစုအဖွဲ့အားလုံးတင်ပြီးပြီ သူတို့အနေနဲ့ အတွင်းရေးမှူးအဖွဲ့မှာ အစုအဖွဲ့က ဘာတွေ တင်ပြလာတာလဲ ဘာတွေဆွေးနွေးလာသလဲဆိုတဲ့ဟာ အတွင်းရေးမှူးတင်ပြမှာ ဖြစ်ပါတယ်  နေ့လည်ပိုင်းမှာ UPDJC အစည်းအဝေးမှာ ပြန်တင်ပြပါမယ်” ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာဆလိုင်းလျှန်မှုန်းဆာခေါင်း ကပြောသည်။


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံ (ဒုတိယအကြိမ်)တွင် ဆွေးနွေးသည့် ခေါင်းစဉ်ကြီး ၅ ခုမှာ နိုင်ငံရေး ကဏ္ဍ ၊ လုံခြုံရေး ကဏ္ဍ ၊စီးပွားရေး ကဏ္ဍ ၊လူမှုရေး ကဏ္ဍ နှင့် မြေယာ ၊ သဘာဝပတ်ဝန်းကျင် ကဏ္ဍ မှ အချက် ၄၁ ချက် တို့ဖြစ်ကြပြီး အဆိုပါအချက်များကို တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့ ၊ အစိုးရ နှင့် လွှတ်တော်အစုအဖွဲ့ အသီးသီးတို့က ဆွေးနွေးခဲ့ကြသည်။

သျှမ်းသံတော်ဆင့်

unread,
May 28, 2017, 4:56:58 PM5/28/17
to thuau...@gmail.com

ပြည်ထောင်စုမှ ခွဲမထွက်ရ ကိစ္စလာမည့် ညီလာခံများတွင် ဆက်လက်ဆွေးနွေးမည်

Posted: 28 May 2017 03:43 AM PDT

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ၌ နိုင်ငံရေးကဏ်ဏ္ဍမှာ ပြည်ထောင်စုမှ ခွဲမထွက်ရဆိုသည့် ကိစ္စနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကိစ္စ စသည့်အချက်များကို နှစ်ဖက်သဘောတူညီမှုမရသဖြင့် လာမည့် ညီလာခံများတွင် ဆက်လက်ဆွေးနွေးသွားမည်ဟုသိရသည်။


ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ၏ ယနေ့ မေလ ၂၈ ရက်  မနက်ပိုင်း အစည်းအဝေး အပြီး  နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က  - “ ဆွေးနွေးညှိနှိုင်းမှု ဆိုတာ အဆင်ပြေမှုများလည်း ရှိသကဲ့သို့ အဆင်မပြေမှုများလည်းရှိကြောင်း ” သတင်းမီဒီယာ များကို ပြောသည်။


“ ဒီမနက်ပိုင်း မှာတော့ နိုင်ငံရေးကဏ်ဏ္ဍမှာ ပြည်ထောင်စုမှ ခွဲမထွက်ရဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ပိုပြီးအပြုသဘောဆောင်တယ်၊ အားလုံး ကျေနပ်လက်ခံနိုင်မယ့် စကားရပ်ကို ရှာဖွေကြမှာဖြစ်ပါတယ်။ ဒီညီလာခံမှာတော့ ကျနော်တို့ ခွဲမထွက်ရဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ဆက်မဆွေးနွေးဘဲနဲ့ ဒါကို ခန ရပ်နားထားတယ် နောက် ညီလာခံတွေမှာ ဆက်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်”  ဟု PNLO ဥက္ကဌ ခွန်မြင့်ထွန်း ကပြောသည်။


UPDJC အတွင်းရေးမှူး အဖွဲ့ဝင် အစည်းဝေးမှာ  နိုင်ငံရေးကဏ်ဏ္ဍတွင် ဆွေးနွေးရန် အချက် ၂၁ ချက်ရှိသည့် အနက် ၁၂ ချက်သာ သဘောတူညီမှု ရခဲ့ပါသည်။


“ နိုင်ငံရေးကဏ်ဏ္ဍမှာ အချက် ၂၁ ချက်ရှိရာ သဘောတူညီဆုံးဖြတ်ချက် ၁၂ ချက် ရခဲ့ပါတယ်၊ တခုရှိတာ ကတော့ ပြည်သူတွေ မျှော်လင့်နေတဲ့ ရလဒ်ကောင်း နည်းပါလိမ့်မယ်၊ သဘောတူညီချက် မရတာက ပြည်နယ်တွေရဲ့ ခွဲထွက်ခွင့် ကိစ္စဖြစ်တယ်၊ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန် ပြောတဲ့ခါမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ခွဲထွက်ခွင့်ကတိကဝတ်နဲ့ ပတ်သက်ပြီး ဒီအချိန်မှာ သူတို့က မထည့်စေချင်ဘူး” ဟု အစိုးရ ကိုယ်စားလှယ် ဦးဇော်ဌေး ကပြောသည်။


ယနေ့ မေလ ၂၈ ရက်နေ့ နေပြည်တော် MICC-2 မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်  ဥက္ကဌ အဖြစ် ဦးဆောင်သည့် UPDJC  အတွင်းရေးမှူးအဖွဲ့ အစည်းဝေးမှာ ဆွေးနွေးဆုံးဖြတ် ခဲ့သည်။


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ (ဒုတိယအကြိမ်) ညီလာခံကို မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ပြုလုပ်ရန် စီစဉ်ထားသော်လည်း UPDJC အစည်းဝေး  ဆွေးနွေးမှု မပြီးပြတ်ခဲ့သဖြင့် ညီလာခံကို တစ်ရက်ထပ်မံပြီး ကျင်းပခဲ့ရသည်။


၁၉၄၇ ခု ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် အတူတကွ ဒွန်တွဲနေထိုင်ပြီး တန်းတူ အခွင့်အရေး မရပါက ၁၀ နှစ် ပြည့်လျှင် ခွဲထွက်ပိုင်ခွင့်ရှိသည် ဆိုသည့် သဘောတူညီချက်ကို ဒေါ်အောင်ဆန်းစုကြည့်ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ပေးခဲ့သည်။ ထိုသဘောတူညီချက်ကို ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ထည့်သွင်းရေးဆွဲထားသည်။

၂၁ ရာစု ပင်လုံညီလာခံ ဒု-ကြိမ် တရက်ထပ်တိုး

Posted: 27 May 2017 07:40 PM PDT

နပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယ အကြိမ် သို့မဟုတ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဟာ ဆွေးနွေးမှု မပြီးပြတ်သေးလို့ ယခင်က သတ်မှတ်ထားတဲ့ ရက်ထက် တစ်ရက် ထပ်တိုးလိုက်ကြောင်း သိရပါတယ်။


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကော်မတီ ကလဲ - ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး အား မေလ ၂၉ ရက်နေ့ တနင်္လာနေ့အထိ ဆက်လက်ကျင်းပသွားမယ်လို့ ယနေ့ မေလ ၂၇ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ကြေငြာထားပါတယ်။


“ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးဆွေးနွေးမှု မပြီးသေးလို့ နက်ဖြန်မနက် ဆက်ဆွေးနွေးမယ်။ ဒါကြောင့် ညီလာခံကို တစ်ရက်ထပ်တိုးလိုက်တယ်” ဟု ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်ဆိုင်း ကပြောပါတယ်။


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို  မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ငါးရက်သာဆွေးနွေးမှု ကျင်းပပြုလုပ်သွား မည်ဖြစ်သော်လည်း ၂၉ ရက်နေ့တနင်္လာနေ့အထိ နောက်တရက်တိုးလိုက်ခြင်းဖြစ် ပါတယ်။


ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲဆောင်ရွက်ရေးကော်မတီ UPDJC အစည်းဝေးမှာ ၃ ရက်သာ ဆွေးနွေးခဲ့တဲ့ ကဏ္ဍအလိုက် အစုအဖွဲ့အလိုက် ဆွေးနွေးခြင်းကို မေလ ၂၇ ယနေ့ ပြန်လည် ဆွေးနွေးဖို့စီစဉ် ထား ပေမယ့်  မဆွေးနွေးဖြစ်ဘဲ မေလ ၂၈ ရက်မှာဆွေးနွေးဖို့ရက်ရွှေ့လိုက်တာဖြစ်ပါတယ်။ ဒါကြောင့်မို့  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၉ ရက်နေ့ တနင်္လာနေ့မှာအဆုံးသတ်မှာဖြစ်တယ်လို့လည်း ညီလာခံကျင်းပရေးဗဟိုကော်မတီက ကြေငြာလိုက်ပါတယ်။

လိုလားချက်များရာနှုန်းပြည့် ဆုပ်ကိုင်ထားပါက ငြိမ်းချမ်းရေးခရီးကြန့်ကြာနိုင်ဟု ဦးဇော်ဌေးပြော

Posted: 27 May 2017 07:35 PM PDT

သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးအတွက်ဆွေးနွေးရာတွင် လိုလားမှု များကို အလျော့အတင်းမရှိဘဲ ရာခိုင်နှုန်းပြည့် ဆုပ်ကိုင်ထားမည်ဆိုပါက နှစ်ဦးနှစ်ဘက် ညှိနှိုင်းမှုများ အချိန်ကြန့်ကြာ နိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဌ ဦးဇော်ဌေးက ပြောသည်။


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံ (ဒု-ကြိမ်) လေးရက်နေ့မြောက် မနက်ပိုင်း သတင်းစာရှင်း လင်းပွဲတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ အဆိုပြုချက်များ ကြန့်ကြာ နေရခြင်းကို မေးမြန်းရာတွင် ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ် သည်။


“ရာနှုန်းအပြည့်ရမှ လက်ခံမယ်၊ သဘောတူမယ်ဆိုရင် ကျနော်တို့ဟာတွေကနည်းနည်းကြာမယ် ပေါ့။ အဲ့တော့ နှစ်ဘက်လုံးကတော့ ကိုယ်လိုချင်တာ အပြည့်မရနိုင်ဘူး။ နှစ်ဦးနှစ်ဘက် အလျှော့အတင်းတော့ ရှိရမယ်။ ဒါမှလည်း ကျနော်တို့လည်း ဆက်ပြီးတော့ပူးပေါင်း ဆောင်ရွက်လို့ ရမယ် ” - ဟု ဦးဇော်ဌေး ကပြောသည်။


တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွင် နှစ်ဘက်စလုံး၏ အဓိကစိုးရိမ်ပူပန်မှုမှာ အပစ်ခတ်ရပ်စဲမှုလက်မှတ် ရေးထိုးပြီးနောက် သဘောတူညီမှုများကို ထပ်မံချိုးဖောက်မှုမရှိစေရန်ဟူသောအချက်ဖြစ်ပြီး ထိုအချက်ကို ပို၍ခိုင်မာအောင်လုပ်ဆောင်ကြရန် သဘောတူထားကြသည်။


သို့သော် အဆိုပါ သဘောတူညီမှုကို ရေရှည်ခိုင်မြဲအောင် ထိန်းသိမ်းမည့် နည်းလမ်းပိုင်း နှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် နှစ်ဦးနှစ်ဘက်သဘောထားကွဲလွဲမှုရှိနေသည်ဟု ဦးဇော်ဌေး ကပြောသည်။


UNFC ၏ နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေးအဖွဲ့ DPN အဖွဲ့ဝင် ဒေါက်တာနိုင်ရွှေသိန်းက “ကျနော်တို့ တောင်းဆိုချက် ၉ ချက်ကိုလည်း ပြန်လည်သုံးသပ်ထားပါပြီ။ အချို့အချက်တွေ လျှော့ထားတာလည်းရှိပါတယ်။ ဥပမာ တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့ဆိုတာ မျိုးတွေလည်း ပါတယ်” ဟု ပြောသည်။


UNFC တောင်းဆိုထားသည့် ချက် ၉ ချက်တွင် တစ်နိုင်ငံလုံးပစ်ခတ်မှုရပ်စဲကြောင်း နှစ်ဖက်ကြေ ညာရေး၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ(အစိုးရ၊ လွှတ်တော်၊ တပ်မတော်)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း၊ နိုင်ငံရေးပါတီများသုံးပွင့်ဆိုင်ဖြစ်ရေး၊ အပစ်ရပ်စောင့်ကြည့်ရေးတွင် နိုင်ငံတကာအသိသက်သေ များပါဝင်ရေး စသည့်အချက်များပါဝင်သည်ဟု သိရသည်။ ယမန်နှစ်က ကျင်းပခဲ့သည့် ပထမအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံတွင် UNFC အနေနှင့် တက်ရောက်ပြီး စာတမ်းဖတ်ခွင့်ရှိခဲ့သော် ယခု၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို အထူးဧည်သည်တော် အနေဖြင့်ဖိတ်ကြားသည့်အတွက် တန်းတူဆွေးနွေးခွင့်မရဟုဆိုကာ တက် ရောက်ခဲ့ခြင်း မရှိပေ။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် NCA လက်မှတ်မရေးထိုးထားသူများပါဝင်ရန် အရေးကြီးဟု ခေါင်းဆောင်များပြော

Posted: 27 May 2017 07:28 PM PDT

အနာဂတ်ဖယ်ဒရယ်နိုင်ငံတည်ဆောက်နိုင်ရန်အတွက် NCA လက်မှတ်မရေးထိုးရသေးသော  သက် ဆိုင် ရာအစုအဖွဲ့ များဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများပါဝင်ရန် အရေးကြီး ကြောင်း လက်နက်ကိုင်အဖွဲ့အစည်း များ၏ကိုယ်စား  ကရင် အမျိုးသားအစည်းအရုံး KNU ၊ ဥက္ကဌ-ဗိုလ်ချုပ်ကြီး မူတူးစေဖိုးကပြောသည်။


မေလ (၂၄) ရက်မှ (၂၈)ရက်နေ့အထိ နေပြည်တော်တွင် လက်ရှိကျင်းပနေသော  ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ (ဒုတိယအကြိမ်)အစည်းအဝေးတွင် ထိုသို့ပြောကြားလိုက် ခြင်းဖြစ်သည်။


"NCA လက်မှတ်ထိုးထားသူတွေရဲ့ ပါဝင်မှုလောက်နဲ့ နိုင်ငံရေးလွှမ်းခြုံ ပြဿနာကို ဖြေရှင်းနိုင် မှာမဟုတ်ပါဘူး ။ ဒါကြောင့် ယခုညီလာခံက ထွက်ပေါ်လာမယ့် တူညီမှုတွေဟာ ဖြစ်စဉ်မှာမ ပါဝင်နိုင်သေးတဲ့ ညီနောင်တိုင်းရင်းသားတွေပါဝင်မှုကိုအ ထောက်အကူ ဖြစ်ရန်လိုအပ်ပါတယ် ။ ဘုံလက်ခံနိုင်သည့်မူ နဲ့ စံတန်ဘိုးများအုတ်မြစ် ချရန်လိုအပ်ပါတယ်၊ အားလုံးတစ်ပြေးညီ ထားခြင်းကို ပြန်လည်ဆန်းစစ်ရန်လိုပါပြီး အားလုံးလွှမ်းခြုံ သည့်သဘောထားတူညီချက်များဖြင့် အောင်မြင် သည့်ငြိမ်းချမ်းရေးဖြစ်စဉ်ကိုဖန်တီးကြပါ  " ဟု ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက တိုက်တွန်းသည် ။


ပြည်ထောင်စု အင်စတီကျူအုပ်ချုပ်မှုဒါရိုက်တာ ဦးခွန်စိုင်းက NCA အား အကောင် အထည်မဖော်သေးခြင်းသည် NCA တွင်ပါဝင်သည့်မူများကြောင့်မဟုတ်ဘဲ NCA တွင်ပါဝင်ခြင်းအားဖြင့် ရရှိနိုင်မည့် ငြိမ်းချမ်းရေးအကျိုးအမြတ်အပေါ် ထိထိရောက်ရောက်ရှင်းလင်းချပြနိုင်ရန်သာလိုအပ်ကြောင်း သုံးသပ်သည်။


“ဒီအဖွဲ့ တွေကို NCA ကို လက်မှတ်ထိုးပါ ထိုးရင်ပြီးပြီ ဆိုရုံနဲ့မပြီးဘူး ။ ခင်ဗျားတို့လက်မှတ်ထိုးရင် ဘာအကျိုးတွေရ နိုင်လဲဆိုတာ သေသေချာချာရှင်းပြဖို့လိုပါတယ် ။ ဒါဆိုရင်သူတို့ ပါဖို့လမ်းကပိုများ နိုင်ပါတယ်” ဦးခွန်စိုင်းက အကြံပြုသည်။


၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကမူ NCA လမ်းကြောင်း ကို လျစ်လျူရှု၍ အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုသည့် အခေါ် အဝေါ်များ သုံးစွဲလုပ်ဆောင်နေခြင်းသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေသော ပြည်ထောင်စုစနစ် တည်ဆောက် ရေးကို မလိုလားခြင်းသာ ဖြစ်သည်ဟု (၂၁)ရာစုပင်လုံ(ဒုတိယအကြိမ်)အစည်း အဝေးမိန့်ခွန်းပြောကြား ရာတွင်ထည့် သွင်း ပြောကြားသွားသည်။



ဝ ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် ရ ဖွဲ့ က မူ NCA စာချုပ်သည် ပြည်ထောင်စု ဖြစ်တည်ရာပင်လုံစာချုပ်ပျေက်ကွယ်စေရန်ဖုန်းကွယ်လိုက်မည့် စာချုပ်အသစ်ဖြစ်သောကြောင့် အလိုမရှိကြောင်း၊ NCA ထက် ကောင်းမွန်သည့် အခြားနည်းလမ်းဖြင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


ထို့ပြင် ပြီးခဲ့သည့် ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ တင်သွင်းခဲ့သည် စာတမ်း ရ၂ စောင်အပေါ် လေ့လာမှုအရ အချို့တိုင်းရင်းသားအဖွဲ့များ၏ ဆွေးနွေးချက်၊ တင်ပြချက်၊ လုပ်ဆောင်ချက်နှင့် အခြေခံအယူအဆများသည် ဘောင်ကျော်သည့် အလွန်အကျွံတောင်းဆိုမှုတွေ ဖြစ်နေတာကိုလည်း သတိပြုမိကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ချက်များသည် ဒီမိုကရေစီ အရေးနဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်ကြီးမားစွာထား ရှိနေတဲ့ တိုင်းရင်းသားပြည်သူတွေ၏ ဆန္ဒနှင့် အကျိုးစီးပွား ကိုဆန့်ကျင်နေခြင်းသာဖြစ်သည် ဟု လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်

နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့် PSLF/TNLA တို့ တိုက်ပွဲ ပြန်ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်

Posted: 27 May 2017 07:18 PM PDT

ဒုတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကျင်းပနေချိန်တွင်း တအောင်းအမျိုး သား လွတ်မြောက်ရေး တပ်မတော်  TNLA  နှင့် သျှမ်းပြည်နယ်ပြန် လည်ထူထောင်ရေးကောင်စီ  RCSS  တို့ကြား စစ်ရေးတင်းမာမှုများရှိနေသောကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားမည်ကို ဒေသခံများ စိုးရမ်နေကြသည်။


သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့်တအာင်း(ပလောင်) တပ်တို့ ကြား မေလ ၂၅ ရက် ညနေပိုင်းက တိုက်ပွဲများ ဖြစ်ပွားသကဲ့သို့ အဆိုပါ ဒေသအတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်လည်း စစ်ရေးတင်းမာနေကြောင်း၊ ထိုသို့ စစ်ရေးမတည်ငြိမ်မှုများကြောင့် နမ္မတူမြို့တွင်းသို့ ပြည်သူလူထု ခြောက်ရာကျော် စစ်ဘေးရှောင် ထပ်မံခိုလှုံရောက်ရှိလာကြောင်း နမ္မတူဒေသခံ စိုင်းခမ်းပန် ထံမှ သိရသည် ။


RCSS နှင့် TNLA ကြား တိုက်ပွဲများရပ်တန့်နိုင်ရေးနှင့် နှစ်ဘက်တပ်တင်းမာမှုများဖြေလျော့နိုင်ရေး အတွက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အလွတ်သဘောတွေ့ဆုံမှုများ ပိုမိုလိုအပ်နေသည်ဟု ပြည်ထောင်စု အင်စတီကျူ မန်နေဂျင်း ဒါရိုက်တာ ဦးခွန်စိုင်းကပြောသည်။


“ဒါကို သေချာကြည့်ရင် အချင်းချင်းနားမှုလွဲမှားတဲ့ကိစ္စတွေကြောင့်ဖြစ်တယ်။ နှစ်ဖက်စလုံးတွေ့ဆုံ ဖြေရှင်း နိုင်မယ်ဆိုရင် ဒီပြဿနာက ပြေလည်သွားမှာပါ။ ပဏာမတွေ့ဆုံပြီးတော့ပြောမယ်။ တွေ့တယ်ဆိုတာလည်း တရားဝင်လုပ်စရာမလိုဘူး။ အလွတ်သဘောများများတွေ့ဆုံဖို့လိုအပ်တယ်။ အဲလိုတွေ့ဆုံမှုတွေ မကြာခဏ လုပ်ရင် အဆင်ပြေသွားမယ်လို့မြင်တယ်” ဟု ၎င်းကပြောသည်။


လုံခြုံရေးအရ အဆင်ပြေသည့်နေရာတွင် ဆွေးနွေးရန်အဆင်သင့်ရှိနေကြောင်း TNLA ပြန်ကြားရေးမှူး တာအိုက်ကျော်က ပြောသည်။
“တရုတ်ပြည်၊ ပန်ဆန်း၊ မိုင်းလား တစ်နေနေရာမှာ တွေ့ဖို့အဆင်သင့်ရှိတယ်။ သူတို့ကလည်း ဒီချင်းမိုင်မှာပဲ အဆင်ပြေနေတယ်။ ချင်းမိုင်ကျတော့ ကျနော်တို့က NCA လက်မှတ်မထိုးထားတော့ လုံခြုံရေးမှာ အခက်အခဲရှိတယ်။ တွေ့ဖို့ နေရာ အဆင်ပြေရင်တော့ တွေ့ဖို့အဆင့်သင့်ပဲ” - ဟု၎င်းက ပြောသည်။


သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တအောင်းအမျိုးသားလွတ် မြောက်ရေး တပ်မတော်  TNLA   နှင့် သျှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင် စီ RCSS   တို့ကြားပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ က ကျောက်မဲတွင် ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂၀၀ နီးပါးသည် ကျောက်မဲမြို့ထဲသို့ ထွက်ပြေးခိုလှုံနေရသည်။


အလားတူ နမ္မတူမြို့နယ်တွင်လည်း TNLA နှင့် RCSS တိုက်ပွဲတစ်ဖန်ပြန်ဖြစ်ပွားမည်ကို စိုးရိမ်ပြီး အနီးနားကျေးရွာများမှ ဒေသခံ ၁၄၀၀ ကျော်သည် မြို့ထဲသို့ ထွက်ပြေး လာကြောင်း နမ္မတူစစ်ဘေးရှောင် စခန်းတာဝန်ခံများထံမှသိရသည်။


ပြီးခဲ့သည် ၂၀၁၆ က RCSS နှင့် တအာင်းအမျိုးသားပါတီ TNP  တို့ တွေ့ဆုံညှိနှိုင်းမှုကို  မီဒီယာများတွင် TNP အနေဖြင့် ကြားဝင် ညှိနှိုင်းသည်ဟု ဖော်ပြထားသော်လည်း လက်တွေ့တွင် သျှမ်းပြည်တောင်ပိုင်းရှိ စာသင် ကျောင်းကိစ္စရပ်များကိုသာ ဆွေနွေးခြင်းဖြစ်ပြီး TNLA နှင့် RCSS တို့၏ ပြဿနာကို ကြားဝင်ဖြေရှင်းခြင်း မဟုတ်ကြောင်း တာအိုက်ကျော်က ဆက်ပြောသည်။


“ချင်းမိုင်မှာသွားတုန်းက တွေ့တုန်းက TNP က ဒီတောင်ပိုင်းမှာ ကျောင်းဖွင့်ဖို့ ကိစ္စနဲ့သွားတာ။ မီဒီယာမှာတော့ TNP က ကြားဝင်ဖြေရှင်းပေးသလိုဖြစ်နေတယ်” ဟု ၎င်းကပြောသည်။


TNLA နှင့် RCSS တို့ အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့်  ပြည်သူလူထုကြားတွင် သျှမ်းနှင့်တအာင်း အချင်းချင်း သံသယဝင်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။


“ အဲ TNLA နဲ့ RCSS စစ်ပွဲကြောင့် သျှမ်းနဲ့တအာင်း တူတူနေတဲ့မြို့၊ ကျေးရွာဆိုရင် အနေအထိုင်က ခက်လာတယ်။ ယုံကြည်မှုတွေကင်းပြီးတော့ သံသယတွေလည်း ရှိလာကြတယ်။ လက်ရှိအခြေအနေတော့ ငြိမ်နေတယ်။ ဒါမဲ့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုတွေကင်းမဲ့နေကြတယ်။ တအာင်း ကောင် လေးတွေကိုလည်း TNLA လို့ ထင်လာတယ်။ သျှမ်းလည်း တူတူပဲ။ ဒါက ရေရှည်မှာ ပိုဆိုးလာနိုင်တယ်” ဟု နမ့်ခမ်းမြို့ဒေသခံ နော်ဟိန်းက ပြောသည်။


TNLA နှင့် RCSS သည် ၂၀၁၅ နိုင်ဝင်ဘာလတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်ထိ တိုက်ပွဲပေါင်း ၁၁၆ ကြိမ်အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။


RCSS သည် တနိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး လက်မှတ်ရေးထိုးသည့် စာချုပ်တွင် ပါဝင်ပြီး ၊ TNLA ကမူ ၀ တပ်ဖွဲ့ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ ပါဝင်သည်။

သျှမ်းသံတော်ဆင့်

unread,
May 29, 2017, 4:52:08 PM5/29/17
to thuau...@gmail.com

ပြည်ထောင်စုသဘောတူစာချုပ်ကို ဖြစ်စဉ်အရ သာ လက်မှတ်ထိုး- ရပ်တည်ချက် မပြောင်းလဲ RCSS/SSA ပြော

Posted: 29 May 2017 08:40 AM PDT

ပည်ထောင်စုသဘောတူစာချုပ်၏ အစိပ်အပိုင်း ၁ အဖြစ် လက်မှတ်ရေးချုပ်ဆိုရခြင်း ဖြစ်ပေမယ့်   ဖြစ်စဉ်အရ သာလက်မှတ်ထိုးရသည့်အနေအထားဖြစ်ပြီး ရပ်တည်ချက် ပြောင်းလဲမှု မရှိကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ပြောရေးဆိုခွင့်ရှိသူဒု-ဗိုလ်မှူးကြီးစိုင်းငင်းကပြောသည်။


ယနေ့ မေလ ၂၉ ရက်နေ့ မနက်ပိုင်း  နေပြည်တော် MICC-2 ခန်းမ၌ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ(ဒုတိယအကြိမ်) နောက်ဆုံးနေ့မှာကဏ္ဍအလိုက် အတည်ပြုထားသော သဘောတူညီချက်များအား ပြည်ထောင်စုသဘောတူညီချက်၏ အစိပ်အပိုင်းတစ်ခုအဖြစ် လက်မှတ်ရေးထိုးချုပ်ဆိုလိုက်ခြင်းဖြစ်သည်။


“တိုင်းရင်းသားလက်နက်ကိုင်ကြားမှာလည်းအားလုံးသိတဲ့အတိုင်း ၈ ဖွဲ့ရှိတယ်၊ ဒါမယ့် အားလုံးက သဘောတူသလားဆိုလည်း သဘောမတူဘူး၊ ဒါမယ့် ပြောသလိုဒီဖြစ်စဉ်လေးလဲမပြတ်ရအောင် ကျနော်တို့ကြားထဲမှာလည်း အချင်းချင်းနားလည်မှုတွေ လုပ်ရတဲ့ အနေအထားမှာရှိပါတယ်။ အလျှော့အတင်းလုပ်ရမယ့် အနေအထားမှာရှိပါတယ်၊ ဒီလိုကိုယ်စားပြုပြီးထိုးသွားတဲ့အတွက် ကျနော်တို့ရဲ့ ရပ်တည်ချက်ကိုမထိခိုက်ဘူးဒီဖြစ်စဉ်အရသာကျနော်တို့ကလက်ခံရတဲ့အနေအထားမှာရှိတယ်” ဟု ဒု-ဗိုလ်မှူးကြီးစိုင်းငင်းကပြောသည်။


ယခုညီလာခံသည် တတိယအကြိမ်ဖြစ်ပြီးပထမ နှင့် ဒုတိယအကြိမ်တွင် ရလဒ် ထွက်လာမှု အနေအထားမရှိသောကြောင့် အစိုးရအပါအဝင် တခြားအဖွဲ့အစည်းတွေဘက်ကလည်း ရလဒ်တစ်ခုခုထွက်ရှိလာနိုင်မည့်အနေအထားညှိနှိုင်းကြရကြောင်း ၄င်းက ပြောသည်။


“အားလုံးရှေ့ဆက်သွားနိုင်အောင်ပေါ့၊ ခုနနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းပြောသွားတယ် ဒီဟာကြီးကရှေ့ဆက်သွားဖို့လိုတယ် တစ်ခုခုချပြဖို့ လိုတယ်ဆိုတဲ့ ရလဒ်လေးပေါ့ ဒီတစ်ချက်ပါဘဲခုကျနော်တို့ ရပ်တည်ချက်မပြောင်းဘူး” ဖြစ်စဉ်အရအစုအဖွဲ့အလိုက် လုပ်ရခြင်းဖြစ်သောကြောင့် အစုအဖွဲ့ကြားနားလည်မှုနှင့် လုပ်ရပြီးတစ် ဘက်မှာ လည်း ဖြစ်စဉ်ကြီးရပ်တန့်မသွားအောင် မျှော်လင့်ကြကြာင်း၊ သျှမ်းလူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးမှု မပြုလုပ်ရသေးသဖြင့် ညီလာခံ၌ ဆွေးနွေးရမည့်အကြောင်းအရာ မရှိကြောင်း၊ညီလာခံမှ ထွက်လာသည့် ပြည်ထောင်စုသဘောတူစာချုပ်၏ အစိပ်အပိုင်းချုပ်ဆိုမည့် စာချုပ်ကိုလည်းလက်မှတ်ရေးထိုးရန် မရှိကြောင်း ၄င်း၏ ရပ်တည်ချက်ဖြစ်ကြောင်း  RCSS/SSA ၏ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းငင်းကပြောသည်။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA လွယ်တိုင်းလျန်း တွင် ကျင်းပသော ၅၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့တွင် ၂၁ ရာစုပင်လုံညီလာခံနှင့် ပတ်သက်ပြီးကြေငြာချက်တစောင်ကိုပါထုတ်ပြန်ခဲ့ရာ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပရသေးသဖြင့် ၂၁ ရာစုပင်လုံညီလာခံတွင် လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်းဖော်ပြထားသည်။


နေပြည်တော်တွင်၅ ရက်တာ ကျင်းပ သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ဒုတိယ အကြိမ်ညီလာခံနောက်ဆုံးရက် မေလ ၂၉ ရက်မနက်ပိုင်း ၁၁ နာရီ က ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ ကို စုပေါင်းလက်မှတ်ရေးထိုးခဲ့ကြသည်။ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁ တွင် – နိုင်ငံရေး ကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၂ ချက် ၊စီးပွါးရေး ကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၁ ချက်၊ လူမှုရေး ကဏ္ဍ မူဝါဒ သဘောတူညီချက် ၄ ချက်၊ မြေယာနှင့်သဘာဝ ပတ်ဝန်းကျင် က ဏ္ဍ မူဝါဒ သဘောတူညီချက် ၁၀ စုစုပေါင်း ၃၇ ချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပြီး  လုံခြုံရေးပိုင်းတွင်မူ သဘောတူညီချက်မရရှိသေးပေ။

၂၁ ပင်လုံညီလာခံ ကိုယ်စားလှယ်များ “ပြည်ထောင်စုသဘောတူစာချုပ်” လက်မှတ်ရေးထိုး

Posted: 28 May 2017 11:55 PM PDT

နပြည်တော်တွင်ကျင်းပလျက်ရှိသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ဒုတိယ အကြိမ်ညီလာခံနောက်ဆုံးရက်  မေလ ၂၉ ရက်မနက်ပိုင်း ၁၁ နာရီ က ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ ကို စုပေါင်းလက်မှတ်ရေးထိုးခဲ့ကြသည်။


ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁ တွင် - နိုင်ငံရေး ကဏ်ဏ္ဍ မူဝါဒ သဘောတူညီချက် ၁၂ ချက် ၊စီးပွါးရေး ကဏ်ဏ္ဍ မူဝါဒ သဘောတူညီချက် ၁၁ ချက်၊ လူမှုရေး ကဏ်ဏ္ဍ မူဝါဒ သဘောတူညီချက် ၄ ချက်၊ မြေယာနှင့်သဘာဝ ပတ်ဝန်းကျင် ကဏ်ဏ္ဍ မူဝါဒ သဘောတူညီချက် ၁၀ တို့ပါဝင်ပြီး လုံခြုံရေးပိုင်းတွင်မူ သဘောတူညီချက်မရရှိသေးပေ။


ရရှိသောသဘောတူညီချက်များကို အစုအဖွဲ့ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးရာ  တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ကိုယ်စား ဗဒိုစောကွယ်ထူးဝင်း ၊ အစိုးရဘက်က ဒေါက်တာတင်မျိုးဝင်း၊ နိုင်ငံရေး ပိုင်းဆိုင်ရာတွင် ဦးသုဝေ ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးထွန်းထွန်းဟိန် နှင့် တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ဒုဗိုလ်ချုပ်ကြီးတင်မောင်ဝင်းတို့  အသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည်။


သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ရသေးသည့် အတွက် မည်သည့်သဘောတူညီချက်မှ လက်မှတ်ရေးထိုးမည်မဟုတ် ဆိုသည့်  RCSS/SSA လည်း လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားများ အဖွဲ့တွင် ပါဝင်သည်။


အဆိုပါ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း - ၁ တွင် နိုင်ငံရေး ကဏ်ဏ္ဍ မူဝါဒ အဆိုပြုချက်တွင် ၁- အချုပ်အခြာအာဏာ ၊ ၂- အချုပ်အခြာအာဏာကျင့်သုံးမှု၊ ၃- တန်းတူရေး၊ ၄- ဖက်ဒရယ်ပြည်ထောင် စုမူ၊ ၅- ပါတီစုံဒီမိုကရေစီစနစ် ဟူသောအဓိကအချက်ကြီး ၅ ချက် ပါဝင်သည့် သဘောတူညီချက် ၁၂ ချက် ပါရှိသည်။ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသား များထံမှဆင်းသက်ပြီး ပြည်ထောင်စုတဝန်း လုံး၌တည်သည်ဟု ပါရှိထားပါသည်။


စီးပွါးရေး ကဏ်ဏ္ဍတွင်မူ ပြည်သူတို့၏ အကျိုးစီးပွါကိုထိခိုက်နစ်နာစေမည့် စီးပွါးရေးလုပ်ဆောင်မှုများကို ဥပဒေနှင့်အညီ တားဆီးကာကွယ်ရန် ၊ လူတဦးတယောက်ကဖြစ်စေ အစုအဖွဲ့တခုကဖြစ်စေ စီးပွါးရေး လက်ဝါးကြီးအုပ်ဆောင်ရွက်မှုများမဖြစ်ပေါ်စေရေး ဥပဒေပြဌာန်းပေးရန် အစရှိချက်များ ပါရှိသော  သဘောတူညီချက် ၁၁ ချက်ပါရှိပါသည်။


လူမှုရေး ကဏ်ဏ္ဍတွင်မူ လက်နက်ကိုင်ပဋိပက္ခများ၊ မူးယစ်ဆေးဝါးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြေရှင်း ပေးရန်အချက်များပါသော အချက် ၄ ချက်  ပါရှိသည်။


မြေယာနှင့်သဘာဝ ပတ်ဝန်းကျင်  ကဏ်ဏ္ဍတွင်မူ မြေယာပိုင်ဆိုင်ခွင့် စီမံခန့်ခွဲခွင့် အကာအကွယ်ပြုရေး ဆိုင်ရာအစီအမံများ အစရှိအချက်များပါဝင်သော သဘောတူညီချက် ၁၀ ချက်ပါရှိပါသည်။


ခွဲမထွက်ရေး နှင့် နိုင်ငံတနိုင်ငံတပ်မတော်တခုထားရှိရေး ဆိုသည့် လုံခြုံရေးနှင့်ပတ်သက်သည့် အချက်များက အကြိတ်အနယ် ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီချက်မရရှိသေးသဖြင့် လာမည့်ညီလာခံတွင် ဆက်လက်ဆွေးနွေး သွားကြမည်ဟု ဆိုသည်။


ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင် စကားပြောကြားရာတွင် - ဒီကနေ့လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့သဘောတူညီချက်တွေဟာ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးလမ်းကြီးအပေါ် လျှောက် လှမ်းလိုက်တဲ့ အရေးကြီးခြေလှမ်းဖြစ်ကြောင်း၊ မိမိတို့တွင် ကိုယ်စီဒဏ်ရာဒဏ်ချက်တွေရှိသော်လည်း အဆိုပါဒဏ်ရာများကို နောင်လာမည့်မျိုးဆက်သစ်များဆီလက်ဆင့်ကမ်းလိုခြင်းမရှိတော့ဘဲ ကုစား မည့်နည်းလမ်းကိုရှာဖွေနိုင်မှုမှာ မလွယ်ကူလှကြောင်း - အစရှိအချက်များပြောဆိုသွားခဲ့သည်။


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ သို့ မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ အား ၆ လ တကြိမ်ကျင်းပ သွားမည် ဆိုသည့် သဘောတူညီချက်အတိုင်း လာမည့် ၆ လတွင် တတိယ အကြိမ် ဆက်လက် ကျင်းပ ဖွယ်ရှိသည်။ သို့သော် ယခု ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကြိမ် ၂၀၁၇ ဖေဖေါ်ဝါရီ တွင် ကျင်းပနိုင်ခြင်းမရှိမရှိဘဲ ယခု (မေ ၂၄ - ၂၉ ရက် နေ့ အထိ)မှသာ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့်

unread,
May 30, 2017, 5:21:36 PM5/30/17
to thuau...@gmail.com

အနှစ်သာရ ပြီးပြည့်စုံတာတော့မဟုတ် - အများကြီးထဲက တစ်ချို့ပဲ ရရှိသေး

Posted: 29 May 2017 11:29 PM PDT

မလ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ နေပြည်တော်မှာကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ခေါင်းစဉ်ကြီး ၅ ခုကို   ဆွေးနွေးခဲ့ရာ လုံခြုံရေးခေါင်းစဉ်မှလွှဲပြီး ခေါင်းစဉ်ကြီး ၄ ခုမှအချက် ၃၇ ချက်ကို သဘောတူ စာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီမှာ စာတမ်းမတင်ဘူး၊ လက်မှတ် မ ထိုး ဘူး လို့ ကြေငြာချက်တွေထုတ်ပြန်ထားတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS လည်း တိုင်းရင်းသားအစုအဖွဲ့အောက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဘာကြောင့်အဲလိုဖြစ်ပါသလဲ။ ဘာရည်ရွယ်ချက်ရှိပါသလဲဆိုတာကို သိရအောင်လို့ သျှမ်းသံတော်ဆင့်သတင်းထောက်ယိင်းတိုင်းကနေ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA  ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းငင်း ကို တွေ့ဆုံမေးမြန်းထားပါတယ်။


မေး။ ။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ဒုတိယအစည်းအဝေးတက်ရောက်ရတဲ့ရည် ရည်ရွယ်ချက်ကဘာလဲ ။


ဖြေ။        ။ ကျနော်တို့က NCA လမ်းကြောင်းအတိုင်းသွားတယ်ဆိုတော့နော်   NCA အရ လာတက်ရောက် တာ  ပါ။ ကျနော်ကတော့ လုံခြုံရေးကဏ်ဏ္ဍမှာ ၀င်ရောက်ဆွေးနွေးတာပါ။ အရင်ကတည်းကပြောထားတာရှိပါ တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုတဲ့ကိစ္စပါ။ အခုလက်ရှိအခြေအနေက လမ်းစပေါ်ပြီပေါ့လေနော်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုပြီးတော့  ကြိုးစားတဲ့အနေနဲ့ ဒီ၂၁ ရာစုပင်လုံညီလာခံကို လာတက်ရောက်ရခြင်း ဖြစ်ပါတယ်။ ဒီညီလာခံမှာ ကဏ်ဏ္ဍငါးခု ခေါင်းစဉ်ကြီး ငါးခုကို ဆွေးနွေးခွင့်ရတာ ကြောင့်ပါ။ အဲဒီရည်ရွယ်ချက်နဲ့ပါ။ ကျန်တဲ့တစ်ခြားတိုင်းရင်းသားညီနောင်တွေ၊ အစိုးရဘက်က ဆန္ဒတွေ၊ တပ်မတော်ဘက်က ဆန္ဒတွေ၊ သဘောထားတွေ ဘယ်လောက်ရှိတယ်ဆိုတာ လာရောက်နားထောင် တာလည်း ပါပါတယ်။


မေး။ ။ ဒီပင်လုံ ဒုတိယအစည်းအဝေးရဲ့ ကဏ်ဏ္ဍအလိုက်ဆွေးနွေးမှုတွေထဲမှာ ဆွေးနွေးမှုရလဒ်တွေ ရဲ့အားနည်းချက် ၊ အားသာချက်တွေကဘာတွေလဲ ဆိုတာသုံးသပ်ပေးပါဦး ။


ဖြေ။ ။ အားလုံးဆိုရင်တော့ သိပ်တော့ မကွာဘူး။ အားသာချက်၊ အားနည်းချက် ကျနော်ပြောလို့မရဘူး ပေါ့နော်။ ဘာလို့လည်းဆိုတော့ ဒါက ပထမဦးဆုံးဆိုတော့ ကိုယ်လိုချင်တာတွေ အားလုံးကို တစ်ခါတည်းမ ရနိုင်ဘူး။ ရသင့်ရထိုက်တဲ့ဟာလေးတွေတော့ တစ်ချို့ရခဲ့တာပေါ့နော်။ အဲတာကြောင့်အား နည်းချက်အားသာ ချက်ဆိုပြီးတော့ နှိုင်းယှဉ်လို့တော့မရနိုင်ဘူး။ အဲလိုအနေအထားမှာ ရှိပါတယ်။ ခြေလှမ်းအလှမ်းတစ်ရာ လောက်လှမ်းရ မယ့်သဘော ။အခုက ပထမတစ်လှမ်းပဲရှိသေးတယ်။ တစ်ရာခိုင်နှုန်းလောက်ပေါ့ ။ ကျနော်တို့က ဒီကဏ်ဏ္ဍငါးခုမှာ ပါဝင်မဆွေးနွေးခဲ့ပါဘူး။ နဂိုကတည်းက ကျနော်တို့ ရပ်တည်ချက်က ရှိထားပြီးသား။ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ရသေးဘူး။ မလုပ်ရသေးတော့ သျှမ်းလူထုတစ်ရပ်လုံးရဲ့ လိုလားချက်တွေ၊ဆန္ဒတွေမပါခဲ့ဘူး။ မပါခဲ့တော့ ကျနော်တို့လည်း ဒီညီလာခံကြီးမှာ တင်ပြဆွေးနွေးတာ ဘာမှ မရှိပါဘူး။ တင်ပြစရာ ဘာမှမရှိတော့ အဲဒီအပေါ်မှာ ကျနော်တို့ ဘာမှတ်ချက် ဘာမှ ပေးစရာမရှိပါဘူး။ နောက်တစ်ကြိမ်လောက်ကျမှပဲ ကျနော်တို့ သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်ဆင့်နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်မှပဲ။ အဲအချိန်ကျမှ ကျနော်တို့ လူထုအသံတွေ ရလာမှာကိုး။ အချိန်ကျမှပဲ ကျနော်တို့ အကြေအလည်ဆွေးနွေးမှာပေါ့။အဲလို သဘောထားရှိတယ်။


မေး။         ။ လုံခြုံရေး ကဏ်ဏ္ဍနဲ့ပတ်သက်လို့ ဆွေးနွေးမှုရလဒ်တွေဘာတွေရှိလဲရှင်းပြပေးပါ ။


ဖြေ။   ။ လုံခြုံရေးက ဘာမှထွက်မလာဘူး။  ဆက်လက်ဆွေးနေတဲ့အဆင့်မှာပဲ ရှိသေးတယ်။ ဘာမှမရသေးဘူး။အများကြီးအချိန်ယူရဦးမယ်။   လုံခြုံရေးကဏ်ဏ္ဍက ဆွေးနွေးဆဲ။ ကျနော်တို့ ကိုယ်တိုင်ကိုမှ ပါဝင်မဆွေးနွေးတာ။ လူထုအသံမရတော့ ကျနော်တို့ ဘာမှ မဆွေးနွေးခဲ့ဘူး။ တပ်မတော်တစ်ခုတည်းဖြစ်ဖို့က မူအရပဲ ရှိသေးတယ်။ အချက်သုံးချက်ပေါ့နော်။ (၁) ဒီမိုကရေအစိုးရရဲ့ လက်အောက်မှာရှိတဲ့တပ်မတော်၊ (၂) တစ်ခုတည်းသော တပ်မတော်၊ (၃) ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတဲ့ အမျိုးအစားသုံးမျိုးပေါ့နော်။ ခေါင်းစဉ်လောက်ပဲ။ အဲခေါင်းစဉ် သုံးခုကို နောင်ဆွေးနွေးပွဲမှာ  ဆက်လက်ဆွေးနွေးရအောင်ဆိုတဲ့ သုံးခုလောက်ပဲ ရလိုက်တယ်။ တခြားဘာမှ   ထူးထူးထွေထွေ မရှိဘူး။ လုံခြုံရေးကဏ်ဏ္ဍကတော့ အဲလိုရှိတယ်။ အဲတာတွေက အများကြီး ညှိရဦးမယ်။ ကျနော်တို့ EAO အချင်းချင်းကြားနဲ့ တွေရောပေါ့လေ။ တခြားလူထုတွေရဲ့ သဘောထားဆန္ဒတွေကို နားထောင်ကြည့်ရဦးမယ်ဆိုတော့ ခုလောလောဆယ်တော့ ပြောလို့ မရသေးဘူး။အဲသုံးခုထဲက ဘယ်ဟာကိုယူမလဲဆိုတာကိုတော့ အချိန်ယူပြီးဆွေးနွေးရဦးမယ်။ဘယ်ဟာက ကျနော်တို့နဲ့ သင့်တော်မလဲပေါ့နော်။ ဘာလို့လည်းဆိုတော့ အခုက ခေါင်းစဉ်ပဲ ထွက်လာသေးတယ်။ အသေးစိတ်က ထွက်မလာသေးဘူး။ ဖွဲ့စည်းပုံကဘယ်လိုလာမယ်ဆိုတာ အများကြီးအချိန်ယူရဦးမယ်။


မေး။        ။ ဒီညီလာခံရဲ့တိုးတက်မှုကဘာတွေဖြစ်မလဲ ။


ဖြေ။ ။ NCA Process အရ NCA မှာ ပြဌာန်းချက်အတိုင်းဆိုရင်တော့ သူ့ Process အတိုင်းသွားနေတာကိုး။ Process အတိုင်းဆိုတော့ အခုက ပြည်ထောင်စုသဘောတူညီချက် စာချုပ်ရဲ့အစိတ်အပိုင်း အနေနဲ့ ဒီညီလာခံက ရရှိလာတဲ့ ဘုံသဘောတူညီချက်တွေကို  ချုပ်ဆိုနိုင်တယ်ဆိုတာ ကတော့ တိုးတက်မှုတစ်ခုအနေနဲ့တော့ ရှိနေပါတယ်။


မေး။        ။ ကဏ်ဏ္ဍတစ်ခုချင်းစီမှာ ဆွေးနွေးတဲ့အခါ RCSS အနေနဲ့ ဘယ်အချက်တွေထဲက မကြေလည်ခဲ့တာ ရှိသလဲ ။


ဖြေ။ ။ ခုလောလောဆယ်တော့ ဘာမှမရှိသေးဘူး။ တစ်ချို့ကိစ္စတွေကို ကျနော်တို့ အချိန်ယူပြီး ညှိနှိုင်းဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့ နို်င်ငံရေးကဏ်ဏ္ဍမှာ အားလုံး လုံခြုံရေးကဏ်ဏ္ဍမှာရော တစ်ချို့အချက်တွေကို ကျနော်တို့ မဆွေးနွေးနိုင်ခဲ့ဘူး။ ဆွေးနွေးဖို့လည်း အစုအဖွဲ့အားလုံးအဆင် သင့်မဖြစ်သေးတဲ့အနေအထားမှာ ရှိတယ်။ ဒါကြောင့်မို့ ဒီကိစ္စတွေကို ကျနော်တို့ တစ်ဖြည်းဖြည်းနဲ့ပဲ တစ်ဆင့်ပြီးတစ်ဆင့်ညှိနှိုင်းပြီးတော့မှပဲ ဆက်လုပ်ရမယ့် အနေအထားမှာ ရှိနေတယ် ။


မေး။ ။ ဒီပင်လုံ ငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ်အစည်းအဝေးတစ်ခုလုံး ခြုံငုံပြီးသုံးသပ်ချက်က ။


ဖြေ။        ။ အနှစ်သာရ ပြီးပြည့်စုံတာတော့မဟုတ်ပေါ့။ အများကြီးထဲက တစ်ချို့ပဲ ရရှိသေးတာကိုး အများကြိုးစားရဦးမယ်။ အများကြီးလုပ်ရဦးမယ်။ အချိန်ယူရဦးမယ် ။ တစ်စုံလုံးရရှိဖို့က မလွယ်ဘူး။ တစ်ဆင့်ပြီးတစ်ဆင့်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသလိုပေါ့။ လာတော့ တစ်ချင်းတစ်လှမ်း တိုးတက်လာတဲ့အနေအထားတော့ ရှိတယ်။ အခုလောလောဆယ်တော့ ဒီလောက်ပါပဲ။ အားလုံးအဆင်ပြေနိုင်တဲ့ ကောင်းမွန်တဲ့ ရလဒ်ကောင်းတော့ ထွက်လာနိုင်တယ်လို့ မျှော်လင့်တယ်ပေါ့နော်။ ဒါက ကျနော်တို့ မျှော်လင့်တာ။ တကယ့်လက်တွေ့မှာတော့ အဲလိုထွက်လာဖို့က အခြေအနေက မပေးသေးဘူး။  ကျနော်တို့ သျှမ်းတွေကိုလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးပွဲက မလုပ်ရသေးဘူး။


ကျနော်သျှမ်းတွေ မဟုတ်ဘူး။ တစ်ခြားရခိုင်တို့ တစ်ခြား NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့အစည်းတွေ အများကြီးရှိသေးတယ်လေ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တစ်ခြားတိုင်းရင်းသားတွေလည်း အများကြီးရှိသေးတယ်။ ဒီတစ်ခေါက်ထွက်လာမယ့် ရလဒ်က ပြီးပြည့်စုံတဲ့ ရလဒ်မျိုးတော့ မှဖြစ်လောက်ဘူး။ လက်ရှိအခြေအနေမှာ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းက အရမ်းအားနည်းတယ်။ အားလုံး တိုင်းရင်းပြည်သူလူထုတစ်ရပ်လုံးရဲ့ လိုအင်ဆန္ဒနဲ့လိုလားချက်က ဒီထဲမှာ ပြီးပြည့်စုံ မပါသေးဘူး။ ထွက်လာမယ့်ရလဒ်ဟာလည်း  ပြီးပြည့်စုံတဲ့ ရလဒ်မဟုတ်ဘူးပေါ့။ သူ့လမ်းကြောင်းကလည်း ညီလာခံတစ်ကြိမ်ပြီးတိုင်း ခြောက်လပြီးတစ်ကြိမ် ထပ်လုပ်ရမှာကို။ နောက်ထပ် တစ်ကြိမ်ပြီးတစ်ကြိမ်လာဦးမယ်ဆိုတော့  အများကြီးကျန်သေးတယ်။ ဒီဒုတိယအကြိမ်တော့ ရလဒ်ထွက်မလာသေးဘူးလို့ပဲ မြင်ပါတယ်။


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့မဟုတ်ပင်လုံညီလာခံဟာ လာမယ့် ၆ လမှာ ထပ်မံတွေ့ဆုံဖို့ စီစဉ်ထားကြတယ်လို့လည်းပြောဆိုပါတယ်။
It is loading more messages.
0 new messages