MyanmarCelebrity.Com Daily Posts |
ပြည်သူ နဲ့ တစ်သားတည်း ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဝတ်မှုန်ရွှေရည် Posted: 10 Feb 2021 03:04 AM PST ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ၊ လုထုဆန္ဒပြပွဲ (၅) ရက်မြောက်နေ့တွင် ရန်ကုန် ၊ အမေရိကန် သံရုံး အရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်နေကြတဲ့ ပြည်သူတွေ နဲ့ တစ်သားတည်း ဆန္ဒ ဖော်ထုတ်ခဲ့တဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည် Myanmar Celebrity TV Update: Wutt Hmone Shwe Yi & Celebrities Participate in People's Rally / Protest in front of American Embassy, Yangon on February 10, 2021. #WuttHmoneShweYi #KitKit #SaveMyanmar #MyanmarDemocracy #MyanmarCDM |
ဆန္ဒပြသူများ အတွက် မုန့် နှင့် ရေသန့်ဗူး လှူခဲ့တဲ့ နန်းဆု Posted: 10 Feb 2021 02:46 AM PST တပ်မတော် အာဏာသိမ်းယူမှုကို ဆန့်ကျင် ဆန္ဒပြ ပြည်သူများ အတွက် သရုပ်ဆောင် နန်းဆုရတီစိုး က ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ ရန်ကုန် ၊ ဆူးလေလမ်းမ ၊ နေပြည်တော် ရုပ်ရှင်ရုံ အနီးတွင် မုန့် နှင့် ရေသန့်ဗူးများ ထောက်ပံ့ လှူဒါန်း ခဲ့ပါတယ်။ "နောက်နေ့များတွင်လည်း ဆက်တိုက် ထပ်မံ လှူဒါန်း ပေးဖို့ ရှိပြီး၊ လမ်းလျောက် ဆန္ဒ ထုတ်ဖော်ဖို့လည်း ရှိပါတယ်" လို့ နန်းဆု က ပြောပါတယ်။ @Myanmar Celebrity Update: Nansu Yati Soe upports Snacks & Water Bottles to Protestors against Military Dictatorship. #NansuYatiSoe #MyanmarActress #SaveMyanmar #MyanmarCDM |
ရုံးမတက်ပဲ ရုန်းထွက် ကြဖို့ ရုပ်ရှင် အနုပညာရှင်များ တိုက်တွန်း Posted: 10 Feb 2021 02:26 AM PST သရုပ်ဆောင် လူမင်း ၊ နေတိုး ၊ မင်းမော်ကွန်း၊ ဖိုးချစ် ၊ စွမ်း၊ နေနော် ၊ ကိုပေါက် ၊ သားညီ၊ ရွှေသမီး ၊ ဝေလာရီ ၊ ကျော်ကြီး တို့ အဖွဲ့ ၊ ကိုလူချောများ အဖွဲ့ တို့က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နဲ့ ပူးပေါင်းပြီး ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ပြည်သူတွေ နဲ့ အတူ ချီတက် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၊ ရုံးမတက်ပဲ ရုန်းထွက်ကြရေး ၊ အာဏာမှောင်မိုက် စစ်စရိုက် ကျဆုံးရေး စတာတွေကို တောင်းဆိုး ဆန္ဒပြ ခဲ့ကြပါတယ်။ |
လူထုဆန္ဒပြပွဲ (၅) ရက်မြောက် ရန်ကုန်မြို့ မြင်ကွင်း Posted: 10 Feb 2021 01:35 AM PST ပုဒ်မ (၁၄၄)၊ လူငါးဦးထက် ပိုမစုရ ထုတ်ပြန်ပြီးသော်လည်း ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ၊ လူထုဆန္ဒပြပွဲ (၅) ရက်မြောက်နေ့ အဖြစ် ရန်ကုန် ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒ ဆက်လက် ထုတ်ဖော်နေကြတာပါ။ စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လူငယ်တွေက နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံ နဲ့ သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ပြသ နေကြပါတယ်။ Myanmar Celebrity Update: People's Rally in Yangon against Military Dictatorship. #SaveMyanmar #YangonRally #MyanmarCDM |
အာဏာမှောင်မိုက် စစ်စရိုက် ကျဆုံးပါစေ လို့ နေတိုး ဆန္ဒထုတ်ဖော် Posted: 10 Feb 2021 12:54 AM PST သရုပ်ဆောင် နေတိုး က ပြည်သူထဲက ပြည်သူ တစ်ယောက် အနေနဲ့ ပြည်သူတွေ နဲ့ တစ်သားတည်း ဖြစ်ကြောင်းကို ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ၊ လူထု ဆန္ဒပြပွဲ (၅) ရက်မြောက်နေ့တွင် ပါဝင် ချီတက် ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။ CIVIL Disobedience Movement ထောက်ခံကြောင်း နဲ့ "လူတိုင်း မကြိုက် အာဏာမှောင်မိုက် စစ်စရိုက် မင်းတို့ ကျဆုံးပါစေသား" စာတမ်းပါ ပိုစတာ ကိုင်ဆောင်ပြီး ချီတက် ဆန္ဒထုတ်ဖော် ခဲ့တာဖြစ်ပါတယ်။ Myanmar Celebrity TV Update: Nay Toe participates in People's Rally against Military Dictatorship. #NayToe #MyanmarActor #MyanmarCMD #SaveMyanmar |
အာဏာရှင်စနစ် လက်မခံကြောင်း ဂီတအနုပညာရှင်များ ဆန္ဒထုတ်ဖော် Posted: 10 Feb 2021 12:29 AM PST ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ၊ လုထုဆန္ဒပြပွဲ (၅) ရက်မြောက်နေ့တွင် အဆိုတော် ဟဲလေး ၊ အောင်လ ၊ ဖြိုးမြတ်အောင် ၊ အောင်ထက် ၊ ကောင်းကောင်း ၊ ဝိုင်းစုခိုင်သိန်း ၊ မေလသံစဉ် နှင့် ဂီတ အနုပညာရှင်များက ပြည်သူတွေ နဲ့ တစ်သားတည်း ဖြစ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခဲ့ကြပါတယ်။ ရန်ကုန် ၊ မြောက်ဒဂုံ ဘီလီတံတားထိပ်မှာ အနုပညာရှင်များက ဆန္ဒဖော်ထုတ်သူ ပြည်သူများ အတွက် အအေးဗူးများ လှူဒါန်း ခဲ့ကြပါတယ်။ @Myanmar Celebrity TV Update: He' Lay, Aung La, Phyo Myat Aung, Aung Htet, Kaung Kaung, Wyne Su Khine Thein, May La Than Sin join the People's Rally. #Helay #AungLa #WyneSu #SaveMyanmar #MyanmarCDM |
စည်ပင် ဝန်ထမ်းတွေကို ဂီတ အနုပညာရှင်များ အားပေး ဂုဏ်ပြု Posted: 10 Feb 2021 12:25 AM PST CDM/ Civil Disobedience Movement မှာ ပူးပေါင်းပါဝင် ဆန္ဒပြနေကြတဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းက စည်ပင်သာယာရေး ဝန်ထမ်းတွေကို အဆိုတော် အောင်ထက် ၊ လိမ္မော်သီး ၊ ဖြိုးပြည့်စုံ ၊ ဝေကြီး နှင့် ဂီတအနုပညာရှင်များက သွားရောက် အားပေး ဂုဏ်ပြုခဲ့ကြပါတယ်။ Myanmar Celebrity Update: #AungHtet #LainMawThee #PhyoePyaeSone #WaiGyi #SaveMyanmar #MyanmarCDM |
ပြည်သူ နဲ့ တစ်သားတည်း ရှိနေတဲ့ ပြည်သူ တစ်ယောက်, ရင်ဂို Posted: 09 Feb 2021 09:14 PM PST |
ထိုင်သပိတ် ဆန္ဒပြနေတဲ့ နီနီခင်ဇော် ၊ မိစန္ဒီ ၊ ရဲရင့်အောင်၊ သားသား Posted: 09 Feb 2021 09:09 PM PST ပြည်သူထဲက ပြည်သူ တစ်ယောက် အနေနဲ့ ပြည်သူတွေ နဲ့ တစ်သားတည်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်တဲ့ အနေနဲ့ ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ၊ လုထုဆန္ဒပြပွဲ (၅) ရက်မြောက်နေ့တွင် အဆိုတော် နီနီခင်ဇော် ၊ မိစန္ဒီ ၊ သားသား ၊ ရဲရင့်အောင် တို့က အင်းယား ကန်ဘောင်ရှေ့တွင် အသံတိတ် ထိုင်သပိတ် ဆန္ဒပြနေကြပါတယ်။ Myanmar Celebrity TV Update: #NiNiKhinZaw #YairYintAung #MiSandy #TharThar #SaveMyanmar #MyanmarCDM #MyanmarProtest #MyanmarDemocracy |
ပြည်သူ နဲ့ တစ်သားတည်း ရှိနေတဲ့ ပြည်သူတစ်ယောက် - နိုင်းနိုင်း Posted: 10 Feb 2021 12:22 AM PST
ပြည်သူထဲက ပြည်သူ တစ်ယောက် အနေနဲ့ ပြည်သူတွေ နဲ့ တစ်သားတည်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ သရုပ်ဆောင် နိုင်းနိုင်း Myanmar Celebrity Update: Actor Nine Nine #NineNine #MyanmarProtest #MyanmarCDM #MyanmarActor |
ဆရာ/ ဆရာမ တွေကို ပန်းကုံးစွပ် အားပေးခဲ့ကြတဲ့ ဂီတ အနုပညာရှင်များ Posted: 10 Feb 2021 02:55 AM PST ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၁၀) ရက် ၊ အခြေခံပညာ ဦးစီးဌာန တိုင်းဒေသကြီး ပညာရေးမှူးရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး Civil Disobedience Movement / CDM မှာ ပါဝင်ကြတဲ့ ဆရာ၊ ဆရာမ (၅၀၀) ကျော်ကို အဆိုတော် ဖြိုးပြည့်စုံ ၊ အိမ့်ချစ် နှင့် ဂီတ အနုပညာရှင်တွေက ပန်းကုံးစွပ်ပြီး အားပေး ဂုဏ်ပြုခဲ့ကြပါတယ်။ Myanmar Celebrity TV Update: Eint Chit & Phyo Pyae Sone show their supports to Civil Disobedience Movement. #EintChit #PhyoPyaeSone #MyanmarProtest #SaveMyanmar #MyanmarCDM |
You are subscribed to email updates from Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com. To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
MyanmarCelebrity.Com Daily Posts |
ရုံးမတက်ပဲ ရုန်းထွက် ဆန့်ကျင်ကြဖို့ ဆော်ဩခဲ့ကြတဲ့ အနုပညာရှင်များ Posted: 11 Feb 2021 12:02 AM PST အဆိုတော် ဟဲလေး၊ အောင်လ၊ Wai လျှံ၊ မေခလာ၊ ဝိုင်းစုခိုင်သိန်း၊ ရတနာမိုင်၊ ပိုပို၊ Jenny ၊ ထိုက်ထိုက်၊ ဟိဏ်းသစ်၊ သရုပ်ဆောင် ညီနန္ဒ နှင့် အနုပညာရှင်များ စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ၊ လူထု ဆန္ဒပြပွဲ (၆) ရက်မြောက်နေ့တွင် ရန်ကုန် ၊ မြောက်ဒဂုံ မြို့နယ်ရှိ ဗိုလ်ချုပ် ကြေးရုပ်ရှေ့မှာ ပြည်သူတွေ နဲ့ အတူ တစ်သားတည်း ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။ အာဏာရှင်စနစ် ကို လက်မခံကြောင်း နှင့် အာဏာသိမ်းမှုကို ရုံးမတက်ပဲ ရုန်းထွက် ဆန့်ကျင်ကြဖို့လည်း တိုက်တွန်း ဆော်ဩခဲ့ကြပါတယ်။ By Myanmar Celebrity #HeLay #AungLa #WaiHlian #MayKhaLar #WyneSuKhaingThein #YadanarMy #PoPo #Jenny #HtikeHtike #HeinnThit #NyiNanda #SaveMyanmar #MyanmarDemocracy #MyanmarProtest #MyanmarCDM |
အာဏာရှင်ကို ဆန့်ကျင်ကြောင်း Hero ဝတ်စုံများဖြင့် ဆန္ဒဖော်ထုတ် Posted: 11 Feb 2021 12:01 AM PST တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ ခြောက်ရက် မြောက်နေ့တွင် အဆိုတော် မီစန္ဒီ နှင့် အနုပညာရှင်များက Hero ဝတ်စုံများဖြင့် ရန်ကုန်မြို့လည်ခေါင်မှာ ပြည်သူတွေ နဲ့ အတူ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ဒီမိုကရေစီ ပြန်လည်ရရှိရေး နဲ့ ဒီမိုကရေစီ နည်းအရ တင်မြောက်ထားတဲ့ ခေါင်းဆောင်တွေ ပြန်လွတ်ပေးရေးတွေကို တောင်းဆို ခဲ့ကြပါတယ်။ |
Myanmar Celebrity TV Update: Mi Sandy and Artist participate in People's Rally against Military Dictatorship. #MiSandy #MyanmarArtist #SaveMyanmar #MyanmarDemocracy #PhoeChit
|
တပ်မတော် အာဏာသိမ်းယူမှုကို ဆန့်ကျင်တဲ့ ကျော်ကျော်၊ ဆုမြတ်နိုးဦး နှင့် Mary Posted: 11 Feb 2021 12:02 AM PST သရုပ်ဆောင် ကျော်ကျော်၊ ဆုမြတ်နိုးဦး နှင့် အဆိုတော် Mary တို့က ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ၊ လူထု ဆန္ဒပြပွဲ (၅) ရက်မြောက်နေ့မှာ ရန်ကုန် ၊ အမေရိကန် သံရုံး အရှေ့တွင် ပြည်သူတွေ နဲ့အတူ တစ်သားတည်း ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။ တပ်မတော် အာဏာသိမ်းယူမှုကို ဆန့်ကျင်ကြောင်း နှင့် ဒီမိုကရေစီ ကို အလိုရှိကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ By Myanmar Celebrity #KyawKyaw #HsuMyatNoeOo #Mary #SaveMyanmar #MyanmarDemocracy #MyanmarProtest |
2020 ရွေးကောက်ပွဲ အနိုင်ရ အစိုးရ အား ကြိုဆိုကြောင်း အနုပညာရှင်များ ဆန္ဒထုတ်ဖော် Posted: 11 Feb 2021 12:02 AM PST ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၁၁) ရက် ၊ တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ ခြောက်ရက် မြော်က်နေ့တွင် သရုပ်ဆောင် လွင်မိုး ၊ လူမင်း ၊ မင်းမော်ကွန်း ၊ သားညီ ၊ ရဲလေး ၊ စွမ်းဇာနည်၊ အေးမြတ်သူ ၊ ခင်လေးနွယ်၊ ကိုလူချော လူကြမ်းများ အဖွဲ့ နှင့် အနုပညာရှင် စုပေါင်းပြီး အာဏာရှင်စနစ် လက်မခံကြောင်း၊ 2020 ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD အစိုးရ အား ကြိုဆို ထောက်ခံ ကြောင်းကို ပြည်သူတွေနဲ့ အတူ ဆန္ဒထုတ်ဖော်နေကြပါတယ်။ အာဏာသိမ်းမှုကို ရုံးမတက်ပဲ ရုန်းထွက် ဆန့်ကျင်ကြဖို့လည်း တိုက်တွန်း ဆော်ဩ ခဲ့ကြပါတယ်။ |
Myanmar Celebrity TV Update: Film Artists join the People's Rally against the Military Dictatorship. #LuMin #LwinMoe #MinMawKun #KhinLayNwe #AyeMyatThu #SaveMyanmar #MyanmarCDM #DirectorWyne
|
MyanmarCelebrity.Com Daily Posts |
“ကမ္ဘာမကြေဘူး” သီဆိုခဲ့ကြတဲ့ ရုပ်ရှင် အနုပညာရှင်များ Posted: 12 Feb 2021 04:39 AM PST သရုပ်ဆောင် ရာဇာနေဝင်း၊ ကျော်ရဲအောင်၊ ထူးအောင်၊ တိုင်ရွန်၊ ထက်ဦးထွဋ်၊ ရွှေသမီး နှင့် ရုပ်ရှင် အနုပညာရှင်များ က ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် တေးရေး နိုင်မြန်မာ ရေးသားခဲ့တဲ့ “ကမ္ဘာမကြေဘူး” သီချင်း နဲ့ အဆိုတော် ထူးအိမ်သင် ရေးသားခဲ့တဲ့ “သွေးသစ္စာ” သီချင်း တို့ကို သီဆို ရိုက်ကူးရေး ပြုလုပ်ခဲ့ကြပါတယ်။ #YarZarNayWin #KyawYeAung #HtooAung #TyronBejay #HtetOoHtut #ShweThamee #NonViolenceCampaignAgainstMilitaryCoup #SaveMyanmar #MyanmarDemocracy |
ဆန္ဒပြ ပြည်သူတွေ အတွက် လှူဒါန်းခဲ့တဲ့ အနုပညာရှင်များ Posted: 12 Feb 2021 04:37 AM PST သရုပ်ဆောင် ဇွဲနိုင်ဝင်း၊ အောင်ဇော်မင်း နှင့် အခြား အနုပညာရှင် အဖွဲ့သားများက စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ စစ်အာဏာသိမ်းမှု ဆန့်ကျင် လူထု ဆန္ဒပြပွဲ (၇) ရက်မြောက်နေ့တွင် ရန်ကုန်၊ Myanmar Plaza Shopping Center အရှေ့မှာ ဆန္ဒပြနေတဲ့ ပြည်သူများကို ရေသန့်ဗူး နှင့် မုန့် များ ထောက်ပံ့ လှူဒါန်းခဲ့ ကြပါတယ်။ ဆန္ဒပြ ပြည်သူတွေ ရဲ့ အရေးပေါ် ကျန်းမာရေး ကိစ္စများ အတွက်လည်း ကူညီပေးခဲ့ကြပါတယ်။ #MyanmarActor #ZweNaingWin #AungZawMin #ZawZawAung #KaungMyat #SaveMyanmar #MyanmarCelebrityDonations |
တယော ထိုးရင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ The Voice Myanmar ပြိုင်ပွဲဝင် ပန် Posted: 12 Feb 2021 02:47 AM PST The Voice Myanmar Season 3 ပြိုင်ပွဲဝင် ပန် က ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ (၇) ရက်မြောက်နေ့တွင် ရန်ကုန် ၊ အမေရိကန် သံရုံး အရှေ့တွင် Classical Musician သူငယ်ချင်းများ နဲ့အတူ တယော ထိုးရင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #MyanmarSinger #Pan #TheVoiceMyanmar #SaveMyanmar #MyanmarDemocracy |
ပြည်သူတွေ နဲ့ တစ်သားတည်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ နိုင်းနိုင်း Posted: 12 Feb 2021 02:44 AM PST ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ (၇) ရက်မြောက်နေ့တွင် သရုပ်ဆောင် နိုင်းနိုင်း က ပြည်သူတွေနဲ့ တစ်သားတည်း ရှိတယ် ဆိုတဲ့ အကြောင်း ရန်ကုန်၊ Myanmar Plaza Shopping Center အရှေ့တွင် ကိုယ်တိုင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ #MyanmarActor #NineNine #MyanmarCDM #SaveMyanmar |
အိန္ဒိယ ရိုးရာဝတ်စုံ ဝတ်ဆင်ပြီး ဆန္ဒပြခဲ့တဲ့ ရွှေပိုးအိမ် Posted: 12 Feb 2021 02:42 AM PST သရုပ်ဆောင် ရွှေပိုးအိမ် က အိန္ဒိယ ရိုးရာဝတ်စုံ ဝတ်ဆင်ပြီး ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ (၆) ရက်မြောက်နေ့တွင် ရန်ကုန်၊ အိန္ဒိယ သံရုံး အရှေ့မှာ ပြည်သူတွေ နဲ့အတူ ဒီမိုကရေစီနည်းအရ တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ကို ပြန်လွှတ်ပေးရန် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ #MyanmarActress #ShwePoeEain #SaveMyanmar #MyanmarDemocracy |
ဘရူနိုင်း သံရုံးသို့ အကူအညီ တောင်းခံစာ ပေးအပ်ခဲ့တဲ့ အနုပညာရှင်များ Posted: 12 Feb 2021 02:40 AM PST သရုပ်ဆောင် ဇင်ဝိုင်း၊ လူမင်း၊ လွင်မိုး၊ ခင်လှိုင်၊ ထွန်းထွန်း၊ ကိုပေါက်၊ ခိုင်သင်းကြည်၊ ရွှေသမီး၊ ဆောင်းယွန်းစံ၊ ယွန်းယွန်း၊ သဘင်အနုပညာ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း နှင့် အနုပညာရှင်များ စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ (၇) ရက်မြောက်နေ့တွင် ရန်ကုန်၊ ဘရူနိုင်း သံရုံးသို့ သွားရောက်ပြီး မြန်မာနိုင်ငံ အတွက် အကူအညီ တောင်းခံစာ ပေးအပ်ခဲ့ပါတယ်။ ထို့နောက် ဘရူနိုင်း သံရုံး မှတစ်ဆင့် တရုတ် သံရုံး သို့ သွားရောက်ပြီး ချီတက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အာဏာသိမ်းမှုကို ရုံးမတက်ပဲ ရုန်းထွက် ဆန့်ကျင်ကြရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး နှင့် ဒီမိုကရေစီ နည်းအရ တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ #ZinWyne #LuMin #LwinMoe #KhinHlaing #KoPauk #TunTun #KhineThinKyi #ShweThamee #SaungYoonSan #YoonYoon #ThazinHtooMyint #TinMaungSanMinWin #HanZarMoeWin #SaveMyanmar #MyanmarCDM #MyanmarDemocracy |
ဆန္ဒပြ ပြည်သူများကို ထမင်း နှင့် ရေသန့်ဘူး လှူခဲ့တဲ့ မေ၊ သူဇာဝင့်လွင် Posted: 12 Feb 2021 02:33 AM PST သရုပ်ဆောင် / အဆိုတော် မေ နှင့် အလှမယ် သူဇာဝင့်လွင် တို့ ညီအမ (၂) ယောက်က ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ၊ တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ (၆) ရက်မြောက်နေ့တွင် ရန်ကုန်၊ ဆူးလေ မှ ဆန္ဒပြ ပြည်သူများကို ထမင်းဘူး ၊ အအေးဘူး နှင့် ရေသန့်ဘူးများ လှူဒါန်းခဲ့ပါတယ်။ #MyanmarSinger #May #ThuzarWintLwin #MyanmarCelebrityDonations #SaveMyanmar |
ပြည်သူတွေ နဲ့အတူ အကင် စားရင်း ထိုင်သပိတ် ဆန္ဒပြခဲ့တဲ့ ပိုင်တံခွန် Posted: 12 Feb 2021 02:30 AM PST မော်ဒယ် / သရုပ်ဆောင် ပိုင်တံခွန် က ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ၊ တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ (၆) ရက်မြောက်နေ့တွင် ရန်ကုန်၊ တရုတ် သံရုံး အရှေ့မှာ ပြည်သူတွေ နဲ့အတူ အကင် စားရင်း စစ်အာဏာရှင် စနစ်ကို လက်မခံကြောင်း ထိုင်သပိတ် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ #MyanmarActor #PaingTakhon #SaveMyanmar #MyanmarDemocracy |
ဒီမိုကရေစီ ပြန်လည်ရရှိရေး အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဂီတ အနုပညာရှင်များ Posted: 12 Feb 2021 02:24 AM PST ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ (၇) ရက်မြောက်နေ့တွင် အဆိုတော် Rဇာနည်၊ ရန်ရန်ချန်း၊ အောင်လ၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ ဝိုင်းစုခိုင်သိန်း၊ Jewel ၊ ကေကေမိုး၊ ခင်စုစုနိုင်၊ မီးနို နှင့် ဂီတ အနုပညာရှင်များ စုပေါင်းပြီး ရန်ကုန်၊ ဘရူနိုင်း သံရုံးရှေ့မှာ ပြည်သူများ နဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အာဏာသိမ်းမှုကို ရုံးမတက်ပဲ ရုန်းထွက် ဆန့်ကျင်ကြရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး နှင့် ဒီမိုကရေစီ နည်းအရ တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ #MyanmarSinger #RZarni #WyneSuKhaingThein #YanYanChan #AungLa #PhyoPyaeSone #AungHtet #Jewel #KayKayMoe #KhinSuSuNaing #MeeNo #SaveMyanmar #MyanmarCDM |
စစ်အာဏာရှင် စနစ် လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ လက်ရွေးစင် ဘောလုံးကစားသမားများ Posted: 12 Feb 2021 01:10 AM PST မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားများ နှင့် ရန်ကုန်မြို့ အပျော်တမ်း ဘောလုံး ဝါသနာရှင်များ အဖွဲ့တို့ စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ (၇) ရက်မြောက်နေ့တွင် ပြည်သူတွေ နဲ့အတူ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အာဏာသိမ်းမှုကို ရုံးမတက်ပဲ ရုန်းထွက် ဆန့်ကျင်ကြရေး၊ စစ်အာဏာရှင် စနစ်ကို လက်မခံကြောင်း၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး နှင့် ဒီမိုကရေစီ နည်းအရ တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ #MyanmarNationalFootballPlayer #MgMgLwin #KyawMinOo #KyawZinHtet #SaveMyanmar #MyanmarCDM |
ပြည်သူတွေ နဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ အနုပညာရှင်များ Posted: 12 Feb 2021 02:25 AM PST သရုပ်ဆောင် လွင်မိုး ၊ လူမင်း ၊ မင်းမော်ကွန်း ၊ သားညီ ၊ နေမျိုးအောင်၊ ဖိုးချစ်၊ ရဲလေး၊ သက်မွန်မြင့်၊ အေးမြတ်သူ ၊ မိုးဟေကို ၊ ခင်လေးနွယ်၊ ပိုးကြာဖြူခင်၊ မေမြင့်မိုရ်၊ နန်းဆုရတီစိုး နှင့် အနုပညာရှင် စုပေါင်းပြီး ဖေဖော်ဝါရီလ (၁၁) ရက် ၊ တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ (၆) ရက်မြောက်နေ့တွင် ရန်ကုန်၊ Myanmar Plaza Shopping Center အရှေ့တွင် ပြည်သူ နဲ့အတူ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD အစိုးရအား ကြိုဆို ထောက်ခံကြောင်း၊ အာဏာသိမ်းမှုကို ရုံးမတက်ပဲ ရုန်းထွက် ဆန့်ကျင်ကြဖို့ နှင့် စစ်အာဏာရှင် စနစ်ကို အတူတကွ တွန်းလှန်ကြဖို့ တိုက်တွန်း ဆော်ဩခဲ့ကြပါတယ်။ #LuMin #LwinMoe #MinMawKun #KhinLayNwe #AyeMyatThu #SaveMyanmar #MyanmarCDM #DirectorWyne #ThetMonMyint #MoeHayKo #TharNyi #NayMyoAung #YeLay #PoeKyarPhyuKhin #MayMyintMo #NanSuYatiSoe #PhoeChit |
ဆန္ဒပြ ပြည်သူများကို အလှူ လုပ်ခဲ့တဲ့ ထွန်းကို၊ ထက်အဉ္ဇလီ Posted: 11 Feb 2021 11:48 PM PST သရုပ်ဆောင် ထွန်းကိုကို နှင့် အဆိုတော် ထက်အဥ္ဇလီ တို့က နာရေးကူညီမှု အသင်း (ရန်ကုန်) နှင့်အတူ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ၊ တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ (၆) ရက်မြောက်နေ့တွင် ရန်ကုန်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှာ ဆန္ဒပြနေတဲ့ ပြည်သူများကို အအေးဗူးများ၊ ရေသန့်ဗူးများ၊ ရှုဆေး နှင့် ကိတ်မုန့် တို့ကို လှူဒါန်းခဲ့ကြပါတယ်။ By Myanmar Celebrity #TunKoKo #HtetInzali #MyanmarCelebrityDonations #SaveMyanmar |
You are subscribed to email updates from Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com. |
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
MyanmarCelebrity.Com Daily Posts |
ဗိုလ်ချုပ် မွေးနေ့ အထိမ်းအမှတ် အလှူလုပ်တဲ့ ပိုးကြာဖြူခင် Posted: 13 Feb 2021 04:26 AM PST |
ဒီမိုကရေစီ အောက်မှာပဲ ဘောလုံး ကစားချင်ကြောင်း ထုတ်ဖော်ခဲ့တဲ့ လက်ရွေးစင် ဘောလုံးသမားများ Posted: 13 Feb 2021 04:22 AM PST မြန်မာ့လက်ရွေးစင် ဘောလုံး ကစားသမားများက ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ရန်ကုန်၊ အောင်ဆန်း ဘောလုံးကွင်းရှေ့မှာ အာဏာရှင် လက်အောက်မှာ ဘောလုံး လုံးဝ မကစားနိုင်ကြောင်း၊ စစ်မှန်တဲ့ ဒီမိုကရေစီ လက်အောက်မှာပဲ ဘောလုံး ကစားချင်ကြောင်း ကို သရုပ်ပြ ဆန္ဒ ထုတ်ဖော် ခဲ့ကြပါတယ်။ #MyanmarFootballPlayer #MgMgLwin #KyawZinHtet #ThihaSiThu #SaveMyanmar #MyanmarSoccerPlayer #MyanmarCelebrityNews |
MRTV-4 သရုပ်ဆောင်များ ပြည်သူ နဲ့ အတူ ဆန္ဒ ထုတ်ဖော် Posted: 13 Feb 2021 04:18 AM PST သရုပ်ဆောင် ခေးဆက်သွင်၊ ပိုးကြာဖြူခင်၊ မြနှင်းရည်လွင်၊ နေခြည်ရွှန်းလက်၊ သွန်းသစ္စာဇော် တို့က ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊ အာဏာသိမ်းယူမှု ဆန့်ကျင် လူထု ဆန္ဒပြပွဲ (၈) ရက်မြောက်နေ့တွင် ပြည်သူများ နဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #MyanmarActress #KhaySettThwin #PoeKyarPhyuKhin #MyaHninYeeLwin #NayChiShoonLak #SaveMyanmar #MyanmarDemocracy |
ဗိုလ်ချုပ် မွေးနေ့မှာ ပဲပြုတ်၊ နံပြား အလှူလုပ်တဲ့ အနုပညာရှင်များ Posted: 13 Feb 2021 12:40 AM PST သရုပ်ဆောင် ကျော်သူ၊ ထွန်းကိုကို၊ ဖြူဖြူထွေး၊ အဆိုတော် ထက်အဉ္ဇလီ နှင့် နာရေးကူညီမှု အသင်းသားများ စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ဘေလီတံတား အဆင်းရှိ ဗိုလ်ချုပ် ကြေးရုပ်ရှေ့တွင် ပြည်သူများကို ပဲပြုတ် နဲ့ နံပြား ကျွေးမွေး လှူဒါန်းခဲ့ပါတယ်။ #KyawThu #TunKoKo #PhyuPhyuHtwe #HtetInzali #SaveMyanmar #MyanmarCelebrityDonations |
ဆန္ဒပြ ပြည်သူများကို ကြာဇံကြော် လှူဒါန်းခဲ့တဲ့ ခြူးလေး၊ ဖြိုးသံသာချို Posted: 13 Feb 2021 12:36 AM PST သရုပ်ဆောင် ခြူးလေး ၊ ဖြိုးသံသာချို တို့က ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊ တပ်မတော် အာဏာသိမ်းမှု ဆန့်ကျင် လူထု ဆန္ဒပြပွဲ (၈) ရက်မြောက်နေ့တွင် ရန်ကုန်၊ မြကျွန်းသာ အနီးမှာ ဆန္ဒ ထုတ်ဖော်နေကြတဲ့ ပြည်သူများကို ကြာဇံကြော်၊ ဆီချက်ခေါက်ဆွဲ နှင့် ရေသန့်ဘူးများ လှူဒါန်းခဲ့ပါတယ်။ #MyanmarActress #ChueLay #PhyoThantharCho #SaveMyanmar #MyanmarCelebrityDonations |
ဗိုလ်ချုပ်ကြေးရုပ် ရှေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြတဲ့ အနုပညာရှင်များ Posted: 13 Feb 2021 12:34 AM PST သရုပ်ဆောင် လူမင်း၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ ထူးခြား၊ ထူးအောင်၊ ညီနန္ဒ၊ မေကဗျာ၊ မေပန်းချီ ၊ အဆိုတော် အောင်ထက်၊ ဖြိုးမြတ်အောင် နှင့် အနုပညာရှင်များစွာ စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊ ဗိုလ်ချုပ်မွေးနေ့ တွင် ရန်ကုန်၊ မြောက်ဒဂုံ မြို့နယ်၊ ဘေလီတံတား အဆင်းရှိ ဗိုလ်ချုပ် ကြေးရုပ် ရှေ့မှာ အထိုင်သပိတ် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD အစိုးရအား ကြိုဆို ထောက်ခံကြောင်း နှင့် စစ်အာဏာရှင် စနစ်ကို အတူတကွ တွန်းလှန်ကြဖို့ တိုက်တွန်း ဆော်ဩခဲ့ကြပါတယ်။ #LuMin #MinMawKunn #NayMyoAung #HtooCharr #HtooAung #NyiNanda #MayKabyar #MayPanche #AungHtet #PhyoMyatAung #SaveMyanmar #MyanmarDemocracy |
အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြခဲ့တဲ့ ဂီတအနုပညာရှင်များ Posted: 13 Feb 2021 12:25 AM PST အဆိုတော် ဇော်ဝင်းထွဋ်၊ ရင်ဂို၊ အောင်လ၊ ဝေလ၊ ရေမွန်၊ ဟဲလေး၊ အောင်ထက်၊ ဖိုးကာ၊ ဝိုင်းစုခိုင်သိန်း နှင့် ဂီတ အနုပညာရှင်များစွာ စုပေါင်းပြီး ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ စစ်အာဏာသိမ်းမှု ဆန့်ကျင် လူထု ဆန္ဒပြပွဲ (၇) ရက်မြောက်နေ့တွင် ရန်ကုန်၊ မြောက်ဒဂုံ မြို့နယ်၊ ဘေလီတံတားထိပ်မှာ ပြည်သူများ နဲ့အတူ ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD အစိုးရအား ကြိုဆို ထောက်ခံကြောင်း နှင့် တပ်မတော် အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ #ZawWinHtut #Ringo #AungLa #WaiLa #Raymond #HeLay #AungHtet #PhoeKar #WyneSuKhaingThein #SaveMyanmar #MyanmarDemocracy |
ဗြိတိသျှ သံရုံးမှာ ဆန္ဒပြခဲ့ကြတဲ့ ထူးအောင်၊ ထက်ထက်ထွန်း Posted: 12 Feb 2021 09:52 PM PST |
ဒီမိုကရေစီ ပြန်လည်ရရှိရေး နှင့် ဒီမိုကရေစီ နည်းအရ တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ |
#HtooAung #HtetHtetHtun #SaveMyanmar #MyanmarDemocracy |
ဆန္ဒပြ ပြည်သူများကို အားဖြည့် ဖျော်ဖြေခဲ့တဲ့ အေးမြဖြူ Posted: 12 Feb 2021 09:46 PM PST အဆိုတော် အေးမြဖြူ က လင်္ကာဒီပ သံစုံတီးဝိုင်း အဖွဲ့ နဲ့အတူ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ လူထု ဆန္ဒပြပွဲ (၇) ရက်မြောက်နေ့တွင် ရန်ကုန်မြို့ တစ်လျှောက် ကား နဲ့ လှည့်လည်ပြီး ဆန္ဒပြ ပြည်သူများ၊ CDM လုပ်နေတဲ့ အစိုးရဝန်ထမ်းများကို အားဖြည့်တဲ့ အနေနဲ့ သီချင်းများဖြင့် သီဆို ဖျော်ဖြေပေးခဲ့ပါတယ်။
#MyanmarSinger #AyeMyaPhyu #SaveMyanmar #MyanmarDemocracy #MyanmarCDM |
You are subscribed to email updates from Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com. |
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
MyanmarCelebrity.Com Daily Posts |
အာဏာရှင်စနစ် ကို ဆန့်ကျင်ကြောင်း ပါဝင် ဆန္ဒပြခဲ့တဲ့ ဂီတအနုပညာရှင်များ Posted: 14 Feb 2021 04:20 AM PST အဆိုတော် Rဇာနည်၊ ဖိုးပြည့်၊ မီးနို၊ မေမဒီ နဲ့ ဂီတ အနုပညာရှင်သမားများ စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီ (၁၄) ရက်၊ အာဏာရှင်စနစ် ဆန့်ကျင် လူထု ဆန္ဒပြပွဲ (၈) ရက်မြောက်နေ့တွင် ရန်ကုန်မြို့၊ မြေနီကုန်း ဂုံးတံတားအောက်မှာ ပြည်သူများ နဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #RZarNi #PhoePyae #MeeNo #MayMadi #SaveMyanmar #MyanmarDemocracy |
ပြည်သူ့ ဝန်ထမ်းတွေ CDM လုပ်ကြဖို့ တောင်းဆိုခဲ့ကြတဲ့ အနုပညာရှင်များ Posted: 14 Feb 2021 04:22 AM PST Civil Disobedience Movement (CDM) မှာ ပါဝင် ပူးပေါင်းပေးကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ ကို ဂုဏ်ပြုသလို မပါဝင်နိုင်သေးတဲ့ ပြည်သူ့ ဝန်ထမ်းတွေကိုလည်း ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုတဲ့ အနေနဲ့ ဒါရိုက်တာ ဏကြီး၊ သရုပ်ဆောင် ပြေတီဦး၊ ခါရာ၊ အောင်ရဲထိုက်၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု စတဲ့ အနုပညာရှင်များ၊ ဆရာဝန်များမှ ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရန်ကုန်၊ ကျောက်တံတား မြို့နယ်ရှိ အစိုးရရုံးများ ရှေ့မှာ သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #NaGyi #PyayTiOo #KharRa #AungYeHtike #EaindraKyawZin #PaingPhyoThu #SaveMyanmar #MyanmarCDM #MyanmarDemocracy #MyanmarCelebrity |
အာဏာရှင်စနစ် ကို ဆန့်ကျင်ကြောင်း ပါဝင် ဆန္ဒပြခဲ့တဲ့ ဦးမောင်မောင်မြင့် Posted: 14 Feb 2021 03:31 AM PST ယခင် ၈၈ အရေးအခင်းတုန်းက ပြည်သူတွေ နဲ့အတူ တစ်သားတည်း ဆန္ဒ ထုတ်ဖော်ခဲ့တဲ့ ဒါရိုက်တာ ဦးမောင်မောင်မြင့် က ၂၀၂၁ ခုနှစ် မှာလည်း ပြည်သူ တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ ကို ထောက်ခံကြောင်း ဒီကနေ့၊ ဖေဖော်ဝါရီ (၁၄) ရက်၊ အာဏာရှင်စနစ်ကို ဆန့်ကျင် လူထု ဆန္ဒပြပွဲ (၈) ရက်မြောက်နေ့တွင် ရန်ကုန်၊ မဟာဗန္ဓုလ ပန်းခြံလမ်းထိပ်မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ By Myanmar Celebrity #MyanmarDirector #UMgMgMyint #SaveMyanmar #MyanmarDemocracy |
You are subscribed to email updates from Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com. |
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
MyanmarCelebrity.Com Daily Posts |
CDM မှာ ပူးပေါင်းကြဖို့ အနုပညာရှင်များ မေတ္တာရပ်ခံ Posted: 15 Feb 2021 08:00 PM PST သရုပ်ဆောင် မင်းတော်ဝင် ၊ အဆိုတော် ပြည်ဘုန်းမော် ၊ မော်ဒယ် ဖြူသဲဦး တို့ သူငယ်ချင်း အဖွဲ့က ဖေဖော်ဝါရီလ (၁၄) ရက်၊ အာဏာရှင်စနစ် ဆန့်ကျင် လူထု ဆန္ဒပြပွဲ (၉) ရက်မြောက်နေ့တွင် ပြည်သူများ နဲ့အတူ ရန်ကုန်မြို့၊ ကုလသမဂ္ဂ သံရုံးရှေ့မှာ ပါဝင် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ #PyiBhoneMaw #MinTawWin #PhyuThaeOo #SaveMyanmar #MyanmarCDM |
ရုံးမတက်ဘဲ ရုန်းထွက်ကြဖို့ အနုပညာရှင်များ စုပေါင်း တိုက်တွန်း Posted: 15 Feb 2021 07:58 PM PST သရုပ်ဆောင် ဇင်ဝိုင်း ၊ ရန်အောင်၊ လွင်မိုး ၊ လူမင်း ၊ မင်းမော်ကွန်း ၊ ကိုပေါက်၊ ညီနန္ဒ ၊ ညီထွဋ်ခေါင်၊ ကျော်ထူး နှင့် ရုပ်ရှင် ၊ ဂီတ၊ သဘင် အနုပညာရှင်များစွာ စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ရန်ကုန်၊ ဗဟိုဘဏ် နှင့် မြန်မာ့ စီးပွားရေးဘဏ် အရှေ့မှာ ပြည်သူ့ ဝန်ထမ်းများကို Civil Disobedience Movement (CDM) မှာ ပူးပေါင်းကြဖို့ သွားရောက် မေတ္တာရပ်ခံ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ #ZinWyne #LwinMoe #MinMawKunn #LuMin #NyiNanda #NyiHtutKhaung #KyawHtoo #SaveMyanmar #MyanmarCDM |
ကုလသမဂ္ဂ သံရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ မေပန်းချီ၊ ခရစ္စတီးနား Posted: 15 Feb 2021 07:54 PM PST သရုပ်ဆောင် မေပန်းချီ နှင့် ခရစ္စတီးနား တို့က ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့၊ အာဏာရှင်စနစ် ဆန့်ကျင် လူထု ဆန္ဒပြပွဲ (၁၀) ရက်မြောက်နေ့တွင် ရန်ကုန်မြို့၊ ကုလသမဂ္ဂ သံရုံးရှေ့မှာ ပြည်သူတွေ နဲ့အတူ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ #MyanmarActress #MayPanche #Cristina #SaveMyanmar #MyanmarCDM #MyanmarDemocracy |
You are subscribed to email updates from Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com. |
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
MyanmarCelebrity.Com Daily Posts |
အမေရိကန် သံရုံးရှေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြတဲ့ အနုပညာရှင်များ Posted: 17 Feb 2021 03:39 AM PST ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် အဆိုတော် ဆုန်သင်းပါရ်၊ ချောစုခင်၊ ရေဗက္ကာဝင်း၊ N ကိုင်ရာ၊ ကေကေမိုး၊ ကောင်းကောင်း၊ အောင်ထက်၊ ကျော်သီဟ၊ ဟန်ထူးဈာန်၊ လီယို၊ Project K ၊ သရုပ်ဆောင် မေမြင့်မိုရ် နှင့် အနုပညာရှင်များက ရန်ကုန်၊ အမေရိကန် သံရုံးရှေ့မှာ ပြည်သူတွေနဲ့ အတူ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ By Myanmar Celebrity #SungTinPar #ChawSuKhin #RebeccaWin #NKaiYar #KayKayMoe #KaungKaung #AungHtet #HanHtooZan #Leo #KyawThiha #MayMyintMo #ProjectK #SaveMyanmar #MyanmarDemocracy |
ဆန္ဒပြ ပြည်သူ နဲ့ ဆန္ဒထုတ်ဖော်တဲ့ ထူးအယ်လင်း နဲ့ ဆိုင်ကယ်ချစ်သူများ Posted: 17 Feb 2021 03:23 AM PST အဆိုတော် ထူးအယ်လင်း က ဆိုင်ကယ်ချစ်သူများ အဖွဲ့ နဲ့ အတူ ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ရန်ကုန်၊ ဗဟိုဘဏ်ရှေ့မှာ ပြည်သူ့ ဝန်ထမ်းတွေ အားလုံး ပြည်သူ နဲ့ အတူ ပူးပေါင်း ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံ ဆန္ဒ ထုတ်ဖော် ခဲ့ကြပါတယ်။ ဆန္ဒပြ ပြည်သူများ အတွက် အချိုရည် ဝေငှ ပေးခဲ့တယ်လို့ သိရပါတယ်။ By Myanmar Celebrity #MyanmarSinger #HtooElLynn #SaveMyanmar #MyanmarDemocracy #MyanmarProtest |
ပြည်သူ နဲ့အတူ အထိုင် သပိတ် ဆန္ဒ ထုတ်ဖော်ခဲ့တဲ့ အနုပညာရှင်များ Posted: 17 Feb 2021 03:08 AM PST ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ပြုလုပ်ခဲ့တဲ့ “သန်းချီစုဝေး အမေစု လွတ်မြောက်ရေး” စုပေါင်း ဆန္ဒထုတ်ဖော်ပွဲတွင် အဆိုတော် ဖြိုးလေး၊ G Fatt၊ X-Boxin၊ သရုပ်ဆောင် ဝါဆိုမိုးဦး နှင့် အခြား အနုပညာရှင်များက ပြည်သူ လူထု နဲ့ အတူ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အထိုင် သပိတ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော် ခဲ့ကြပါတယ်။ #PhyoLay #GFatt #XBoxin #WarSoeMoeOo #SaveMyanmar #MyanmarDemocracy #MyanmarProtest #AungSanSuuKyi |
“သန်းချီစုဝေး အမေစု လွတ်မြောက်ရေး” မှာ အနုပညာရှင်များ ပါဝင် Posted: 17 Feb 2021 02:57 AM PST ဒီကနေ့၊ ဖေဖော်ဝါရီ (၁၇) ရက်နေ့ ၊ “သန်းချီစုဝေး အမေစု လွတ်မြောက်ရေး” စုပေါင်း ဆန္ဒထုတ်ဖော်မှုတွင် ရုပ်ရှင် နှင့် ဂီတ အနုပညာရှင်များက ပြည်သူ လူထု နဲ့ အတူ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ရန်ကုန် ၊ ဆူးလေ အနီးတဝိုက်တွင် အထိုင် သပိတ် ဆန္ဒ ထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ #LuMin #YanAung #NayMyoAung #PyayTiOo #Steel #PhoeChit #KyawKyawBo #TunTun #YeLay #Joker #PhyoMyatAung #NangKhinZayYar #HtarHtetHtet #SaveMyanmar #MyanmarDemocracy #KhineThinKyi #SanHtateHtarOo |
ဗဟိုဘဏ် ဝန်ထမ်းတွေကို မေတ္တာရပ်ခံခဲ့တဲ့ အနုပညာရှင်များ Posted: 17 Feb 2021 02:24 AM PST သရုပ်ဆောင် ဇာနည်၊ မင်းဘုန်းမြတ်၊ ဒါရိုက်တာ သည်ခေတ်နေ၊ အောင်ချမ်းလူ တို့က ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့၊ ရန်ကုန်၊ ဗဟိုဘဏ်ရှေ့မှာ ပြည်သူတွေ နဲ့ အတူ ဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး ပြည်သူ့ ဝန်ထမ်းတွေ အားလုံး ပြည်သူတွေ နဲ့ အတူတူ ပါဝင် ဆန္ဒထုတ်ဖော်ပေးကြဖို့ တောင်းဆို မေတ္တာ ရပ်ခံခဲ့ကြပါတယ်။ By Myanmar Celebrity #MyanmarActor #ZarNi #MinPhoneMyat #MyanmarFilmDirector #TheKhitNay #AungChanLu #SaveMyanmar #MyanmarDemocracy |
ကျောင်းသား၊ ကျောင်းသူများ နဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တဲ့ အေးမြဖြူ Posted: 17 Feb 2021 12:15 AM PST အ.ထ.က (၂) ကမာရွတ် ကျောင်းသားဟောင်း ဖြစ်တဲ့ အဆိုတော် အေးမြဖြူ က ကျောင်းသား၊ ကျောင်းသူ များနဲ့အတူ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ရန်ကုန်၊ ဗဟိုဘဏ်ရှေ့မှာ ပြည်သူ့ ဝန်ထမ်းတွေ အားလုံး ပြည်သူတွေနဲ့ အတူတူ ပူးပေါင်း ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံ ဆန္ဒ ထုတ်ဖော် ခဲ့ပါတယ်။ By Myanmar Celebrity #MyanmarSinger #AyeMyaPhyu #SaveMyanmar #MyanmarDemocracy |
ပြည်သူတွေ နဲ့ အတူ ဆန္ဒထုတ်ဖော်ခဲ့တဲ့ မိတ်ကပ် မထက် Posted: 17 Feb 2021 12:08 AM PST |
လူငယ်တွေကို သီချင်း နဲ့ စိတ်ခွန်အား ပေးခဲ့ကြတဲ့ အဆိုတော်များ Posted: 16 Feb 2021 11:58 PM PST အဆိုတော် ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူး၊ စည်သူမင်း တို့က ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ ရန်ကုန် မြို့ရှိ မြေနီကုန်း ခုံးတံတားအောက်တွင် ပြည်သူတွေ နဲ့ အတူ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ လူငယ်တွေ စိတ်ဓာတ်အင်အား တက်ကြွဖွယ် သီချင်းများ သီဆို ဖျော်ဖြေ ပေးခဲ့ကြပါတယ်။ By Myanmar Celebrity #MyanmarSinger #KyarPauk #Raymond #NovemHtoo #SiThuMin #SaveMyanmar #MyanmarProtest |
ဗဟိုဘဏ် ဝန်ထမ်းတွေကို အနုပညာရှင်များ မေတ္တာရပ်ခံ Posted: 16 Feb 2021 11:51 PM PST ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ နှင့် မိတ်ကပ် ပညာရှင်များ စုပေါင်းပြီး ဖေဖော်ဝါရီလ (၁၅) ရက်နေ့၊ ရန်ကုန်၊ ဗဟိုဘဏ်ရှေ့မှာ ပြည်သူတွေ နဲ့အတူ ဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး ပြည်သူ့ ဝန်ထမ်းတွေ အားလုံး ပြည်သူတွေ နဲ့ အတူတူ ပါဝင် ဆန္ဒထုတ်ဖော်ပေးကြဖို့ တောင်းဆို မေတ္တာ ရပ်ခံခဲ့ကြသလို ရန်ကုန်၊ အမေရိကန် သံရုံးရှေ့မှာလည်း ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ #PyayTiOo #EaindraKyawZin #PaingPhyoeThu #AyeMyatThu #NyeinThaw #HsaungWutyeeMay #MayOo #KharRa #MyatNoeAye #SaveMyanmar #MyanmarDemocracy |
You are subscribed to email updates from Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com. |
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
MyanmarCelebrity.Com Daily Posts |
ဂီတလောက အလွှာ အားလုံး စုပေါင်း ဆန္ဒထုတ်ဖော် Posted: 18 Feb 2021 12:38 AM PST |
ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ ကြပါ တယ်။ |
#ZawWinHtut #RZarNi #YanYanChan #NayWin #WaiGyi #PhyoGyi #WaiLa #TharDeeLu #Ringo #NovemHtoo #PhoeKhar #AungHtet #SaveMyanmar #MyanmarProtest |
You are subscribed to email updates from Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com. |
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
MyanmarCelebrity.Com Daily Posts |
ဆန္ဒပြ ပြည်သူများအား လုံခြုံရေး ပေးခဲ့တဲ့ ဖိုးသော် နှင့် အဖွဲ့ Posted: 19 Feb 2021 02:43 AM PST MMA Fighter ဖိုးသော် အပါအဝင် မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမား ညီအစ်ကိုများ စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ၊ ရန်ကုန်၊ လှည်းတန်းတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူများအား အကြမ်းဖက်မှုများ မရှိစေရေး အတွက် လိုက်လံ စောင့်ရှောက် လုံခြုံရေး ပေးခဲ့ကြပါတယ်။ By Myanmar Celebrity #MMAFighter #PhoeThaw #SaveMyanmar #MyanmarDemocracy #MyanmarCelebrity #MyanmarMMAFighter #MyanmarProtest |
ဝင်းမင်းသန်း၊ ဟန်လေး နှင့် LGBTQ အဖွဲ့များ ဆန္ဒထုတ်ဖော် Posted: 19 Feb 2021 02:32 AM PST ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် Beauty Blogger ဝင်းမင်းသန်း နှင့် မော်ဒယ် ဟန်လေး တို့က LGBTQ အဖွဲ့များ နဲ့အတူ ရန်ကုန်၊ မြေနီကုန်း မှ ဆူးလေ သို့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံ အတွက် တရားမျှတမှု လိုအပ်ကြောင်းကို ပြည်သူတွေ နဲ့ တသားတည်း ဆန္ဒ ထုတ်ဖော်တာလို့ ပြောပါတယ်။ By Myanmar Celebrity #WinMinThan #HanLay #HanLinn #LGBTQ #SaveMyanmar #MyanmarDemocracy #MyanmarCelebrity #MyanmarBeautyBlogger #MyanmarMakeUpArtist |
ကုလသမဂ္ဂ ရုံးရှေ့ တွင် ရုပ်ရှင်၊ သဘင် အနုပညာရှင်များ ဆန္ဒထုတ်ဖော် Posted: 19 Feb 2021 02:11 AM PST ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ရုပ်ရှင်၊ သဘင် နဲ့ လူရွှင်တော် အလွှာ အသီးသီး မှ အနုပညာရှင်များ စုပေါင်းပြီး ရန်ကုန်၊ ကုလသမဂ္ဂ ရုံး နဲ့ ဗဟိုဘဏ် ရုံးရှေ့တွင် ပြည်သူများနှင့် အတူ တကွ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။ By Myanmar Celebrity #ZinWyne #LwinMoe #NyiNanda #NayNaw #MinMawKunn #PwintNadiMaung #HtooChar #ShweThamee #SaveMyanmar #MyanmarDemocracy #MyanmarCelebrity |
MyanmarCelebrity.Com Daily Posts |
ပြည်သူတွေ နဲ့ အတူ အနုပညာရှင်များ အထိုင်သပိတ် ဆန္ဒထုတ်ဖော် Posted: 20 Feb 2021 01:47 AM PST အဆိုတော် စန္ဒီမြင့်လွင်၊ သရုပ်ဆောင် ရွှေသမီး၊ ခင်လေးနွယ်၊ သွန်းဆက်၊ သီရိရှင်းသန့်၊ အိန်ဂျယ်လမုန် နှင့် အနုပညာရှင်များ စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ ရန်ကုန်၊ လှည်းတန်း လမ်းဆုံတွင် ပြည်သူများ နှင့်အတူ အထိုင်သပိတ် ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။ ဆန္ဒပြ ပြည်သူများကိုလည်း အချိုရည်ဘူးများ နှင့် မုန့်များ ပေးအပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ By Myanmar Celebrity #ShweThamee #KhinLayNwe #ThunSett #ThriShinnThant #AngelLamung #SandyMyintLwin #MyanmarCelebrityDonations #MyanmarDemocracy #SaveMyanmar #MyanmarCelebrity #MyanmarProtest |
ဆန္ဒပြ ပြည်သူတွေ အတွက် ရေသန့်ဗူး လှူဒါန်းခဲ့တဲ့ မယ်လိုဒီခေါင် Posted: 19 Feb 2021 08:01 PM PST |
MyanmarCelebrity.Com Daily Posts |
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အနုပညာရှင်များ ပါဝင် တောင်းဆို Posted: 20 Feb 2021 10:56 PM PST ဒီကနေ့၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်၊ သရုပ်ဆောင် ကျော်ရဲအောင်၊ ရာဇာနေဝင်း၊ ဇာနည် နှင့် အနုပညာရှင်များ စုပေါင်းပြီး ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၊ ပင်လုံ ရင်ပြင်တွင် ပြည်သူများနှင့် အတူ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော် ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အား အမြန်ဆုံး လွတ်ပေးရေး၊ ရွေးကောက်ပွဲ အနိုင်ရ အစိုးရ ကို အာဏာ ပြန်ပေးရေးတွေကို တောင်းဆို ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ By Myanmar Celebrity #NyuntMyanmarNyiNyiAung #KyawYeAung #YarzarNaywin #ZarNi #ZinMyo #NyiHtutKhaung #MyanmarDemocracy #SaveMyanmar #MyanmarCelebrity #MyanmarProtest #AungSanSuuKyi |
ဂီတ၊ ရုပ်ရှင် အနုပညာရှင်များ ဖယောင်းတိုင် မီးထွန်း ဆုတောင်း ဆန္ဒထုတ်ဖော် Posted: 20 Feb 2021 10:36 PM PST ဂီတ၊ ရုပ်ရှင် အနုပညာရှင်များ နဲ့ ရိုးရာလက်ဝှေ့သမားများ စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၂၀) ရက်၊ ညနေပိုင်းက ရန်ကုန်၊ အမေရိကန်သံရုံးမှာ ဖယောင်းတိုင်မီးထွန်း ဆုတောင်း ဆန္ဒဖော်ထုတ်ခြင်း ပြုလုပ်ခဲ့ကြပါတယ်။ By Myanmar Celebrity #ThunSett #MiSandi #ShweThamee #AngelLamong #KhinLayNwe #ThiriShinThant #YeNaung #MyanmarArtist #MyanmarPray |
You are subscribed to email updates from Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com. |
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
MyanmarCelebrity.Com Daily Posts |
ပြည်သူ နဲ့ အတူ ချီတက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ သင်ဇာဝင့်ကျော် Posted: 22 Feb 2021 05:06 AM PST |
Myanmar Celebrity TV #ThinzarWintKyaw #ThiriShinThant #HanLay #MyanmarProtest #MyanmarActress #MyanmarRally
|
ဆန္ဒပြ ပြည်သူများ အတွက် ကြက်ဥပြုတ် လှူဒါန်းတဲ့ နန်းဆု Posted: 22 Feb 2021 06:06 AM PST |
Myanmar Celebrity TV #NansuYatiSoe #MyanmarProtest #MyanmarActress #MyanmarSinger #Nansu
|
အထိုင်သပိတ် ဆန္ဒထုတ်ဖော်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင် Posted: 22 Feb 2021 03:23 AM PST |
ဂီတ အနုပညာရှင်များ အထိုင် သပိတ်ဖြင့် ဆန္ဒထုတ်ဖော် Posted: 22 Feb 2021 02:39 AM PST ဂီတအနုပညာရှင်များ ပါဝင်တဲ့ ငါတို့ဂီတ အဖွဲ့ က ဒီကနေ့၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ရန်ကုန်၊ ကမ္ဘာအေးကန်ဘောင်ရှေ့မှာ ကြွေးကြော်သံများ ဟစ်ကြွေးပြီး အထိုင် သပိတ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ တူးတူး ၊ ရင်ဂို ၊ Rဇာနည် ၊ ဖြိုးပြည့်စုံ ၊ ဝေလ ၊ အောင်ထက် ၊ စိုင်းစိုင်းခမ်းလှိုင် ၊ အောင်လ ၊ ဝေကြီး ၊ Cobra ၊ ဝိုင်းစုခိုင်သိန်း ၊ မိစန္ဒီ ၊ ပိုပို နှင့် ဂီတ အနုပညာရှင်များစွာ ပါဝင် ခဲ့ကြပါတယ်။ |
Myanmar Celebrity #TuuTuu #Ringo #Rzarni #PhyoePyaeSone #WaiGyi #WaiLa #AungHtet #SaiSaiKhamLeng #MyanmarProtest #AungLa #Cobra #WyneSuKhaingThein #MiSandi #PoPo #MyanmarMusicArtist
|
ရုပ်ရှင် အနုပညာရှင်များ အထိုင် သပိတ်ဖြင့် ဆန္ဒထုတ်ဖော် Posted: 22 Feb 2021 02:15 AM PST |
Myanmar Celebrity TV #KhineThinKyi #PwintNadiMaung #NyiHtutKhaung #HtooChar #BhoneThaik #KoLuChaw #MyanmarFilmArtists #MyanmarProtest
|
သံချပ်များ သီဆိုပြီး အနုပညာရှင်များ ဆန္ဒထုတ်ဖော် Posted: 23 Feb 2021 08:17 AM PST ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင်၊ သရုပ်ဆောင် ရာဇာနေဝင်း၊ ရဲမွန်၊ အဆိုတော် ဟေမာနေဝင်း နှင့် အနုပညာရှင်များ က ဒီကနေ့၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ရန်ကုန်၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်မှာ ပြည်သူများ နဲ့ အတူ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် စီစဉ်တဲ့ ဆန္ဒပြ သံချပ်များကို သီဆို အသံသွင်း ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ |
@Myanmar Celebrity TV #NyuntMyanmarNyiNyiAung #YarzarNayWin #YelMon #HayMarNayWin #SaveMyanmar #MyanmarProtest #MyanmarDemocracy
|
ချင်း အမျိုးသားနေ့ မှာ ချင်း အနုပညာရှင်များ ဆန္ဒထုတ်ဖော် Posted: 22 Feb 2021 09:01 PM PST ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ ကျရောက်တဲ့ (၇၃) နှစ်မြောက် ချင်း အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် အဆိုတော် ဘင်ဂျမင်ဆုမ်း၊ ယောကီး၊ နီလန်း နှင့် ချင်း တိုင်းရင်းသား အနုပညာရှင်များ စုပေါင်းပြီး တိုင်းရင်းသား ပေါင်းစုံ ပြည်သူများနှင့် အတူ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ By Myanmar Celebrity #BenjaminSum #YawKee #Nilen #MyanmarProtest #MyanmarDemocracy #SaveMyanmar #ChinCelebrity |
You are subscribed to email updates from Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com. |
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
MyanmarCelebrity.Com Daily Posts |
ဒီမိုကရေစီရေး ဆန္ဒထုတ်ဖော်တဲ့ မေဦးမောင်၊ မေဦး၊ ဟန်လင်း Posted: 24 Feb 2021 09:15 PM PST မိတ်ကပ် မေဦးမောင်၊ မေဦး နှင့် မော်ဒယ် ဟန်လင်း တို့က ဒီကနေ့၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ရန်ကုန်၊ ဆူးလေရှန်ဂရီလာ / Sule Shangri-La ဟိုတယ် အနီးမှာ ပြည်သူ နဲ့အတူ ကြွေးကြော်သံများ ဟစ်ကြွေးပြီး ဒီမိုကရေစီ ရရှိရေး အတွက် အထိုင်သပိတ် ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။ By Myanmar Celebrity TV #MyanmarMakeupArtist #MayOoMaung #MayOo #HanLin #SaveMyanmar #MyanmarProtest #MyanmarDemocracy |
ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြတဲ့ ခရစ္စတီးနား၊ မေပန်းချီ Posted: 24 Feb 2021 09:18 PM PST |
MyanmarCelebrity.Com Daily Posts |
အထိုင်ဆန္ဒပြ ပြည်သူများကို အကြော် လှူဒါန်းခဲ့တဲ့ ပိုးကြာ Posted: 26 Feb 2021 03:46 AM PST သရုပ်ဆောင် ပိုးကြာဖြူခင် က ဒီကနေ့၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှာ ငြိမ်းချမ်းစွာ အထိုင်ဆန္ဒပြနေတဲ့ ပြည်သူများ အစာပြေစားနိုင်ရန် အတွက် ကော်ပြန့်ကြော်၊ ဘယာကြော်၊ တို့ဟူးကြော် နဲ့ အချိုရည်ဗူးများ လိုက်လံ ဝေငှ လှူဒါန်းခဲ့ပါတယ်။ By Myanmar Celebrity #MyanmarActress #PoeKyarPhyuKhin #MyanmarDemocracy #MyanmarProtest #MyanmarCelebrityDonation |
ဆန္ဒပြ ပြည်သူများကို ကြာဇံကြော် လှူဒါန်းခဲ့တဲ့ ဖွေးဖွေး ၊ ပိုးမမီ Posted: 26 Feb 2021 03:41 AM PST သရုပ်ဆောင် ဖွေးဖွေး၊ ပိုးမမှီသာ နှင့် သူငယ်ချင်းများ စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ရန်ကုန်၊ Myanmar Plaza ရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူများ အတွက် ကြာဇံကြော် နှင့် အချိုရည်ဗူးများ လိုက်လံ ဝေငှ ပေးအပ် လှူဒါန်းခဲ့ပါတယ်။ By Myanmar Celebrity #MyanmarActress #PhwayPhway #PoeMamheThar #MyanmarDemocracy #MyanmarProtest #MyanmarCelebrityDonation |
ဆန္ဒပြ လူငယ်များကို အစားအသောက် လှူခဲ့တဲ့ သက်မွန်မြင့် Posted: 26 Feb 2021 03:24 AM PST သရုပ်ဆောင် သက်မွန်မြင့်၊ ခင်လေးနွယ်၊ မော်ဒယ် မေမြတ်နိုး နှင့် အခြား အနုပညာရှင်များ စုပေါင်းပြီး ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရန်ကုန်၊ မြေနီကုန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ဆန္ဒပြ လူငယ်များ အတွက် ရေသန့်ဗူး နဲ့ မုန့်များ လိုက်လံ ဝေငှ ပေးအပ် လှူဒါန်း ခဲ့ပါတယ်။ By Myanmar Celebrity #MyanmarActress #ThetMonMyint #KhinLayNwe #MayMyatNoe #ZinAung #MyanmarProtest #MyanmarCelebrityDonation |
ဆန္ဒပြ ပြည်သူတွေ အတွက် ရေသန့်ဗူးများ လှူဒါန်းခဲ့တဲ့ နန်းဆု Posted: 26 Feb 2021 03:08 AM PST သရုပ်ဆောင် နန်းဆုရတီစိုး က ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရန်ကုန်၊ မြေနီကုန်း ခုံးတံတားအောက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများ အတွက် ရေသန့်ဗူး နဲ့ ခေါင်းလျှော်ရည်ထုပ်များ လိုက်လံ ဝေငှ လှူဒါန်း ခဲ့ပါတယ်။ By Myanmar Celebrity #NansuYatiSoe #MyanmarSinger #MyanmarActress #SaveMyanmar #MyanmarProtest #MyanmarCelebrityDonations |
ပြည်သူများ နဲ့အတူ သနပ်ခါးတိုက်ပွဲ ပါဝင် ဆင်နွဲခဲ့တဲ့ ဖိုးချစ် Posted: 26 Feb 2021 02:59 AM PST ဖေဖော်ဝါရီလ (၂၅) ရက်နေ့က ရန်ကုန်၊ Myanmar Plaza ရှေ့မှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီ ရရှိရေး မြန်မာ့ သနပ်ခါး တိုက်ပွဲမှာ သဘင်ပညာရှင် ဖိုးချစ် နှင့် အနုပညာရှင်များ ပါဝင် ဆန္ဒ ထုတ်ဖော် ခဲ့ကြပါတယ်။ By Myanmar Celebrity #MyanmarThabinArtist ##PhoeChit #MayLaThanzin #MyanmarThanakha #MyanmarProtest #MyanmarThabin |
ဆန္ဒပြ ပြည်သူများကို မာလာရှမ်းကော လှူဒါန်းတဲ့ နန်းစန္ဒာလှထွန်း Posted: 26 Feb 2021 02:56 AM PST သရုပ်ဆောင် နန်းစန္ဒာလှထွန်း နှင့် သူငယ်ချင်းများ ဦးဆောင်ပြီး ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရန်ကုန်၊ မြေနီကုန်းရှိ ဆန္ဒပြ ပြည်သူများ အတွက် မာလာရှမ်းကော အပွဲ (၁,၅၀၀) နှင့် အအေးများ လိုက်လံ ဝေငှ လှူဒါန်းခဲ့ပါတယ်။ အလှူရှင်များ လှူဒါန်းထားသည့် အလှူငွေများဖြင့် ကမကထ ပြုလုပ် လှူဒါန်း ပေးခဲ့တာလို့ သိရပါတယ်။ By Myanmar Celebrity #MyanmarActress #NanSandarHlaHtun #MyanmarDemocracy #MyanmarProtest |
သနပ်ခါး တိုက်ပွဲ ဆင်နွှဲရင်း ဆန္ဒ ထုတ်ဖော်ခဲ့တဲ့ အေးမြတ်သူ Posted: 26 Feb 2021 02:34 AM PST သရုပ်ဆောင် အေးမြတ်သူ က ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရန်ကုန်၊ မြေနီကုန်း ခုံးတံတား အောက်မှာ ဒီမိုကရေစီ ရရှိရေး အတွက် ဆင်နွှဲတဲ့ မြန်မာ့ သနပ်ခါး တိုက်ပွဲမှာ ပြည်သူတွေ နဲ့ တစ်သားတည်း ပါဝင် ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။ By Myanmar Celebrity #MyanmarActress #AyeMyatThu #MayOo #MinTawWin #SaveMyanmar #MyanmarProtest #MyanmarAcademyActress |
ဆန္ဒပြ ပြည်သူတွေ ကို အချိုရည် လှူခဲ့တဲ့ MRTV-4 သရုပ်ဆောင်များ Posted: 26 Feb 2021 02:16 AM PST MRTV- 4 ဇာတ်လမ်းတွဲ သရုပ်ဆောင်များ ဖြစ်ကြတဲ့ ခေးဆက်သွင်၊ နေခြည်ရွှန်းလက်၊ သွန်းသစ္စာဇော် နှင့် အခြား အနုပညာများ စုပေါင်းပြီး ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရန်ကုန်၊ Myanmar Plaza အရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ဆန္ဒပြ ပြည်သူများ အတွက်လည်း အချိုရည် ဝေငှ လှူဒါန်းခဲ့ပါတယ်။ By Myanmar Celebrity #MyanmarActress #KhaySettThwin #NayChiShoonLak #ThoonThitsarZaw #WyneShweYee #MyanmarProtest |
အနုပညာရှင် နှင့် လက်ဝှေ့သမားများ ဖယောင်တိုင် မီးထွန်း ဆန္ဒ ထုတ်ဖော် Posted: 26 Feb 2021 01:47 AM PST အနုပညာရှင်များ နဲ့ ရိုးရာ လက်ဝှေ့သမားများ ဦးဆောင်ပြီး၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ရန်ကုန်၊ တက္ကသိုလ် ရိပ်သာလမ်း နှင့် အင်းလျားလမ်းထောင့်ရှိ အမေရိကန် စင်တာ အနီးမှာ ဖယောင်းတိုင် မီးထွန်း ဆုတောင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ By Myanmar Celebrity #MyanmarMMAFighter #PhoeThaw #SaveMyanmar #MyanmarProtest #MyanmarArtist |
အနုပညာရှင်များ လွတ်မြောက်ရေး “ငါတို့ဂီတ” အဖွဲ့ တောင်းဆို Posted: 26 Feb 2021 01:33 AM PST ဂီတ အနုပညာရှင်များ စုပေါင်းထားသည့် “ငါတို့ဂီတ” အဖွဲ့ က ဖမ်းဆီး ထိန်းသိမ်း ခံထားရသည့် အနုပညာရှင်များအား ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရန်ကုန် ၊ အင်းလျားကန်ဘောင် မှ မြန်မာပလာဇာရှေ့သို့ ချီတက် လမ်းလျှောက်ခဲ့ကြပြီး၊ အထိုင်သပိတ် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ By Myanmar Celebrity #MyanmarSinger #GFatt #WaiLa #PoPo #BillyLaminAye #NayMinEain #PhyoLay #WarsoMoeOo #RZarNi #ZawPaing #HeLay #SithuLwin #SaiSaiKhamLeng #MiSandi #Ringo #ZawWinHtut #HanHtueLwin #Jewel #HtetYan #SaveMyanmar #MyanmarProtest |
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ချယ်ရီ ၊ မိဖူး ၊ မင်းစည်သူ Posted: 26 Feb 2021 01:23 AM PST အဆိုတော် ချယ်ရီသင်း ၊ မိဖူး နှင့် မင်းစည်သူ တို့က ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရန်ကုန်၊ မြောက်ဒဂုံ၊ ဘေလီတံတား အဆင်း၊ ဗိုလ်ချုပ်ကြေးရုပ် ရှိရာ ပင်လုံရင်ပြင်မှာ ဒီမိုကရေစီ ရရှိရေး နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တို့အတွက် ပြည်သူတွေ နဲ့ အတူ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော် ခဲ့ကြပါတယ်။ By Myanmar Celebrity #MyanmarSinger #CherryThin #MiPhoo #MinSiThu #SaveMyanmar #MyanmarProtest |
အသက်ဆုံးခဲ့သူတွေ အတွက် ပရိရွတ်၊ မေတ္တာပို့ပေးခဲ့တဲ့ သင်ဇာ Posted: 26 Feb 2021 01:15 AM PST သရုပ်ဆောင် သင်ဇာဝင့်ကျော် က ဒီကနေ့၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်ရှေ့မှာ ကျင်းပခဲ့တဲ့ ဖမ်းဆီးခံ နိုင်ငံ့ ခေါင်းဆောင်များ ပြန်လည် လွတ်မြောက်ရေး “ဗုဒ္ဓဘာသာဝင်များ စုပေါင်း ပရိတ်ရွတ်၊ မေတ္တာပို့ ဆုတောင်းပွဲ” မှာ ပြည်သူများ နဲ့အတူ ပူးပေါင်း ပါဝင် ပရိတ်ရွတ် ခဲ့ပါတယ်။ By Myanmar Celebrity #MyanmarActress #ThinzarWintKyaw #MyanmarProtest #MyanmarDemocracy |
MyanmarCelebrity.Com Daily Posts |
ပြည်သူတွေကို စိတ်ခွန်အားပေး ဖျော်ဖြေခဲ့တဲ့ အဆိုတော်များ Posted: 27 Feb 2021 02:20 AM PST အဆိုတော် ဗျတ္တ၊ ချယ်ရီသင်း၊ မိဖူး၊ ယွန်းမြတ်သူ တို့က ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ရန်ကုန်၊ Myanmar Plaza အရှေ့မှာ ဆန္ဒပြ လူငယ်တွေကို စိတ်ဓာတ်ခွန်အားပေး သီဆို ဖျော်ဖြေ ခဲ့ကြပါတယ်။ ကြာဆံကြော်၊ ရေခဲချောင်း နှင့် မုန့်များလည်း လိုက်လံ ဝေငှ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ Myanmar Celebrity TV #ByadDa #CherryThin #MiPhoo #YoonMyatThu #MyanmarCelebrityDonations |
ရုပ်ရှင် အနုပညာရှင်များ စုပေါင်း ချီတက် ဆန္ဒထုတ်ဖော် Posted: 27 Feb 2021 02:02 AM PST သရုပ်ဆောင် ဇင်ဝိုင်း၊ လွင်မိုး၊ မင်းမော်ကွန်း၊ ညီနန္ဒ၊ အေးမြတ်သူ နှင့် ရုပ်ရှင် အနုပညာရှင်များ ပါဝင်တဲ့ အဖွဲ့က ဖေဖော်ဝါရီ (၂၆) ရက်နေ့တွင် ရန်ကုန်၊ မြေနီကုန်းသို့ ချီတက် လမ်းလျှောက် ဆန္ဒ ထုတ်ဖော် ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နှင့် ဖမ်းဆီးထားသော ပြည်သူများကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။ Myanmar Celebrity TV #ZinWyne #LwinMoe #NyiNanda #MinMawKunn #MyanmarDemocracy #MyanmarProtest #MyanmarMovieArtist |
ဆန္ဒပြပြည်သူတွေ အတွက် အနုပညာရှင်များ ထမနဲ ထိုးကျွေး Posted: 27 Feb 2021 01:50 AM PST သရုပ်ဆောင် ထူးအောင် ၊ ရွှေသမီး ၊ အဆိုတော် ဆိုဖီယာ နှင့် ချမ်းမြေ့ဦး တို့က ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ရန်ကုန်၊ လှည်းတန်း ရှိ ဆန္ဒပြပြည်သူများ အတွက် ထမနဲ လိုက်လံ ဝေငှ ခဲ့ပါတယ်။ ပဌာန်းကျောင်းတိုက် ဆရာတော်ဘုရား ရဲ့ အလှူမှာ အနုပညာရှင်များက ကိုယ်တိုင် ထမနဲ ထိုးပြီး လုပ်အားဒါန အဖြစ် ပါဝင် ခဲ့တာလို့ သိရပါတယ်။ Myanmar Celebrity TV #HtooAung #ShweThamee #Sophia #ChanMyaeOo #MyanmarProtest #MyanmarCelebrityDonations |
You are subscribed to email updates from Myanmar Celebrity News | Entertainment News | MyanmarCelebrity.Com. |
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
MyanmarCelebrity.Com Daily Posts |
ရုပ်ရှင် ၊ ဂီတ အနုပညာရှင်များ Milk Tea Alliance Campaign တွင် ပါဝင် Posted: 28 Feb 2021 08:51 AM PST ဇင်ဝိုင်း ၊ လွင်မိုး ၊ မင်းမောင်ကွန်း၊ ရန်ရန်ချမ်း ၊ Rဇာနည် ၊ ဝေကြီး ၊ အောင်ထက် ၊ အေးမြတ်သူ ၊ ရွှေသမီး ၊ အောင်လ ၊ ဝိုင်းစုခိုင်သိန်း ၊ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်များ နှင့် ရုပ်ရှင် ဂီတ အနုပညာရှင်များ က ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ပြုလုပ်ခဲ့တဲ့ Milk Tea Alliance Campaign တွင် ပြည်သူတွေနဲ့ အတူ ပါဝင် ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။ |
Myanmar Celebrity TV Update: Movie & Music Artists participate in Milk Tea Alliance Campaign on February 28, 2021. #MilkTeaAlliance #MyanmarMilkTeaAlliance #MyanmarDemocracy #LwinMoe #ZinWyne #MinMawKunn #Rzarni #AungHtet #AyeMyatThu #ShweThamee #MyanmarProtest #AungLa #WyneSuKhaingThein #AyeMyatThu |
MyanmarCelebrity.Com Daily Posts |
မြင့်မြတ်၊ ရာဇာနေဝင်း တို့ပါဝင်တဲ့ အထိုင်သပိတ် ဖြိုခွဲခံရ Posted: 07 Mar 2021 04:31 AM PST |
Myanmar Celebrity TV Update: Film Artists joined People's Rally against the Military Coup. #NyuntMyanmarNyiNyiAung #YarZarNayWin #HtooChar #NyiHtutKhaung #MyintMyat #PyayZin #MyanmarProtest #MyanmarDemocracy #KaungMyat #KNyi #MyanmarActor
|
MyanmarCelebrity.Com Daily Posts |
သရုပ်ဆောင် ဇင်မာဦး ၏ နောက်ဆုံးခရီး မြင်ကွင်း Posted: 12 Mar 2021 02:31 AM PST ကွယ်လွန်သူ အကယ်ဒမီ သရုပ်ဆောင် ဇင်မာဦး (အသက် ၅၁) နှစ် ၏ ဈာပန ကို ဒီကနေ့ ၊ မတ်လ (၁၂) ရက်နေ့တွင် ရန်ကုန် ၊ ရေဝေး သုဿန်မှာ ကျင်းပ ခဲ့ပါတယ်။ သရုပ်ဆောင်၊ ဒါရိုက်တာ သီဟတင်စိုး ရဲ့ ဇနီး ၊ သရုပ်ဆောင် ဇင်မာဦး ဟာ အဆုတ်ကင်ဆာ ရောဂါ ဝေဒနာကို (၂) နှစ်ကျော် ခံစားခဲ့ရပြီး၊ မတ်လ (၁၁) ရက်နေ့ ၊ နေ့လည်ပိုင်းက ရန်ကုန် ၊ အောင်ရတနာ ဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သီဟတင်စိုး နဲ့ ဇင်မာဦး တို့ဟာ သားတစ်ဦး ၊ သမီးတစ်ဦး ထွန်းကား ခဲ့ပါတယ်။ |
Myanmar Celebrity Update: The Funeral of Actress Zin Mar Oo on March 12, 2021. #ZinMarOo #ThihaTinSoe #MyanmarActress #MyanmarCelebrityFamily
|
MyanmarCelebrity.Com Daily Posts |
သရုပ်ဆောင် ဇင်မာဦး ရက်လည် ဆွမ်းသွတ် အလှူ မြင်ကွင်း Posted: 18 Mar 2021 09:27 AM PDT |
Myanmar Celebrity TV Update: Donations for Zin Mar Oo, who died of cancer on March 12. #ZinMarOo #MyanmarActress #ThihaTinSoe #MyanmarActor #MyanmarCelebrityFamily
|