သစ်ထူးလွင်

32 views
Skip to first unread message

Thit Htoo Lwin

unread,
Oct 4, 2013, 10:11:49 AM10/4/13
to thuau...@gmail.com

သစ်ထူးလွင်


သံတွဲမီးရှို့မှု ဆက်ဖြစ်၊ လူအချို့ကို ထပ်မံထိန်းသိမ်း

Posted: 04 Oct 2013 06:39 AM PDT


ညမထွက်ရထုတ်ပြန်ထားတဲ့ သံတွဲမြို့နယ်မှာ မီးရှို့မှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးနေတဲ့ကြားက အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းက မီးရှို့မှုတချို့ ထပ်မံဖြစ်ပွားခဲ့သလို လူတချို့ကိုလည်း ထပ်မံထိန်းသိမ်းခဲ့ပါတယ်။ မနေ့က ညနေပိုင်း ၆ နာရီကျော်လောက်မှာ ဗောဓိကုန်းအရပ်ဖြစ်တဲ့ ငါးရပ်ကွက်၊ ခြောက်ရပ်ကွက်က မွတ်စလင်အိမ်တွေကို ခဲနဲ့ပစ်တယ်၊ အစ္စလာမ်တွေအိမ်မှာ ငှားနေတဲ့ ဗုဒ္ဓဘာသာတွေကို ဖယ်ခိုင်းပြီး ညကျရင် ဘာကြောင့်ဖယ်ခိုင်းတယ်ဆိုတာကို သိလိမ့်မယ်လို့ ပြောတယ်လို့ဆိုပါတယ်။ ရဲကို သတင်းပို့တဲ့အခါ သေနတ် ဆယ်ချက်ပစ်ဖောက်သတိပေးလို့ လူစုကွဲသွားတယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အငှားယာဉ်ပေါ် လုယက်သူ လေးဦး နာရီပိုင်းအတွင်း ဖမ်းမိ

Posted: 04 Oct 2013 06:36 AM PDT


ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် (၁) လမ်းတွင် အောက်တိုဘာလ ၃ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က တိုယိုတာ အငှားယာဉ်မောင်းထံမှ ငွေများ လုယက်ကာ ထွက်ပြေး ခဲ့သည့် လူငယ်လေးဦးကို ယင်းနေ့ နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ အဆိုပါ လုယက်ခံရသူ အငှားယာဉ်မောင်းသည် တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ် အရွယ်ရှိ ဦးအောင်ဇော်ဦး ဖြစ်ပြီး ယင်းနေ့ နံနက် ၁ နာရီခွဲခန့်က သင်္ဃန်းကျွန်းမြို့နယ် ဘက်သို့ မောင်းနှင်လာစဉ် ဘီအိုစီ မှတ်တိုင်အနီး၌ လူငယ်လေးဦးက ဗဟန်းမြို့နယ် ဖိုးစိန်လမ်းသို့ ငှားရမ်းခဲ့ပြီး နတ်မောက်လမ်းသွယ် (၁) လမ်းသို့ ပို့ဆောင်ခိုင်းရာမှ ယင်းလမ်းအရောက်တွင် ကားနောက်ခန်းတွင် ထိုင်နေသူ လူငယ်သုံးဦးက ယာဉ်မောင်း ဖြစ်သူ၏ ပါးစပ်ကို လက်ဖြင့်ပိတ်ကာ စကေဘာဖြင့် လည်ပင်းကို ထောက်ပြီး၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - Yangon Police


မန္တလေး သုံးလောင်းပြိုင် လူသတ်မှု မသင်္ကာဖွယ်လူတစ်ဦးကို စတင်စစ်ဆေးပြီ

Posted: 04 Oct 2013 06:31 AM PDT


မန္တ လေးမြို့သစ်ရှိ ပန်နာဆိုးနစ် ကုမ္ပဏီ(မန္တလေးရုံးခွဲ)အတွင်း လူသုံး ဦးအသတ်ခံရမှုဖြစ်စဉ်တွင် တရား ခံအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် အမှုစစ်အဖွဲ့ ဖွဲ့စည်း ပြီး ဖော်ထုတ်သွားမည်ဖြစ်ရာ မသင်္ကာ ဖွယ်ရာလူတစ်ဦးကိုလည်း စတင် စစ်ဆေးနေပြီဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ သေဆုံးသူ သုံးဦးစလုံးသည် မျက်နှာနှင့် ဦးခေါင်းတို့တွင် ထု ရိုက်ဒဏ်ရာများ ရရှိထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ကုမ္ပဏီမန်နေ ဂျာ ဦးလှဖုန်းကျော် ၏ ပြောဆို ချက်အရ ကုမ္ပဏီအပေါ်ထပ်အ ရှေ့ဘက်ခန်းရှိ အမြင့်သုံးပေ၊ တစ် ပေခွဲပတ်လည်အကျယ်ရှိ Leeco အမျိုးအစားမီးခံသေတ္တာသော့ အား မာသောကိရိယာဖြင့်ဖွင့်ရန် ကြိုးစားမှုတွေ့ရှိရသော်လည်း ပစ္စည်းတစ်စုံ တစ်ရာပျောက်ဆုံးမှု မတွေ့ရကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဖွဲ့စည်းပုံသုံးသပ်ရေး လွှတ်တော်ကော်မတီ ဖွဲ့စည်းပုံပြင်ရေး လူထုဆန္ဒယူမည်

Posted: 04 Oct 2013 06:28 AM PDT


ပြည်ထောင်စုလွှတ်တော်က  ဖွဲ့စည်းပေးထားတဲ့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဟာ   ဖွဲ့စည်းပုံပြင်ဖို့   ပြည်သူ့ဆန္ဒအကြံပြုချက်တွေ ရယူသွားမယ်လို့  သတင်းထုတ်ပြန်လိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အများပြည်သူတွေရဲ့ သဘောထားကို ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ ကော်မတီအနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေဆီက လေ့လာသုံးသပ် အကြံပြုချက်တွေကို ပြည်ထောင်စုလွှတ်တော်က တဆင့် တောင်းခံသွားမယ်လို့ အောက်တိုဘာ ၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သမ္မတကိစ္စရှင်း

Posted: 04 Oct 2013 02:51 AM PDT



ကျွန်တော် (ဦးစိုးသိမ်း) ရယ်၊ ဦးအောင်မင်းရယ်၊ ဦးခင်ရီရယ် ပြောရင်တဲ့ ပြောတဲ့ လူတွေဟာ ဟတ်လိုင်နာ တွေပဲဆိုတော့ သူတို့က ဘာတွေလဲ မသိဘူး။ ဟတ်လိုင်နာဆိုတဲ့ လူတွေကို ထောက်ပြစမ်းပါ ဘယ်နားမှာလဲ။ ဘာလို့ ဟတ်လိုင်နာလို့ ခေါ်လဲ။ ဘယ်သူတွေက ဟတ်လိုင်နာတွေလဲ နည်းနည်းလေး ဖော်ပြစမ်းပါလို့။ ဒါပေမဲ့ တစ်ယောက်က ပြန်ရေးထားတယ် မဟုတ်လား”” ဟု ၄င်း၏ သဘောထားကို ဦးအောင်သောင်းက ဟက် ဟက်ပက်ပက် ရယ်မောလျက် ပြောကြားခဲ့သည်။


သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တရားဥပဒေ စိုးမိုးမှုမရှိခြင်း၏ အစ

Posted: 04 Oct 2013 02:46 AM PDT


”ရေယာဉ်ပေါ်တွင် ဈေးမရောင်းရ၊ တွေ့ရှိ ပါက ဒဏ်ငွေ ၅ဝဝဝ ဆောင်ရမည်”ဟူသော ဆိုင်းဘုတ်မှာ ပန်းဆိုးတန်း ဒလသွား ကူးတို့ရေ ယာဉ်ပေါ်တွင် ရေးသားထားသော ဌာနဆိုင်ရာ အမိန့်တစ်ခု ဖြစ်ပါသည်။ သို့သော် ကူးတို့ရေယာဉ်စီးဖူးသူတိုင်း ကြုံ တွေ့ရသည်ကား ယင်းသင်္ဘောပေါ်တွင် ဈေးရောင်း ချသူ၊ ဈေးသည်များ၏ဒုက္ခဖြစ်ပါသည်။ သင်္ဘော ပေါ်တွင် လွတ်လပ် နယ်မြေလို၊ မိမိအိမ်လို၊ ဆိုင် လို၊ တစ်ဦးနှင့်တစ်ဦး နောက်ကြ၊ ပြောင်ကြ၊ဆော့ ကစားကြ၊ အသံမျိုးစုံဖြင့် ကြော်ငြာမျိုးစုံဟစ်အော် ရောင်းချနေသည်မှာလည်း နားကွဲမတ တ်ပင်၊ မည်သူမျှ မပိတ်ပင်၊ မည်သူမျှ မတားဆီးပါ။ ညွှန် ကြားချက်ကိုလည်း မည်သူမျှ ဂရုမစိုက်ပါ။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကန်ဒေါ်လာ၁၁ဘီလီယံ နိုင်ငံခြားဘဏ်တွင် ငွေစားရင်းဖွင့်ထားမှု မသိဟု မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌ လွှတ်တော်တွင် ငြင်းဆို

Posted: 04 Oct 2013 02:42 AM PDT


မီဒီယာများတွင် ရေးသား ဖော်ပြခဲ့သည့် နိုင်ငံခြားဘဏ်တွင် ငွေစားရင်း ငါးခုဖြင့် ကန်ဒေါ်လာ၁၁ဘီလီယံ စာရင်းဖွင့်ထားမှုနှင့် ပတ်သက်၍ မသိကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌက ပြည်ထောင်စု လွှတ်တော်တွင် ငြင်းဆိုလိုက်သည်။ “ဗဟိုဘဏ်ရယ်၊ နိုင်ငံတော်ပိုင်တဲ့ ဘဏ်တွေ ရှိပါတယ် MFTB၊ MICB ၊MEB တို့ပုဂ္ဂလိက ဘဏ်တွေကိုလဲ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ပေးထားတဲ့ အတွက်ကြောင့် သူတို့မှာ လဲနိုင်ငံခြား ငွေစားရင်းတွေ ဖွင့်ထားပါတယ်၊ အဲဒါတွေ စုစုပေါင်း ဟာ ၁၀၊၉၊၂၀၁၃ရက်နေ့မှာ ရှိတဲ့ နိုင်ငံခြားငွေ စုစုပေါင်း (၇ဒဿမ၆)ဘီလီယံဆိုတာ အနီးစပ်ဆုံး ယူထားတဲ့ စားရင်းပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒေါ်လာ ၁၁ ဘီလီယံကိစ္စ လွှတ်တော်မှာ ယနေ့ ရှင်းပြီ

Posted: 04 Oct 2013 02:06 AM PDT


သတင်းစာနဲ့ ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ မြန်မာနိုင်ငံက ဘဏ်စာရင်း အကောင့် ၅ခုနဲ့ နိုင်ငံခြားဘဏ်တွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားတယ်ဆိုတဲ့ကိစ္စ မသိရှိပါကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောပါတယ်။ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သူက ခုလို ရှင်းပြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်တွေကနေ နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ နိုင်ငံခြား အရန်ငွေဟာ စက်တင်ဘာလ ၁၀ ရက်နေ့အထိ စုစုပေါင်း ၇ ဒသမ ၆ ဘီလီယံပဲ ရှိပြီး ကျန်ဘဏ်စာရင်းနဲ့ ငွေစာရင်းတွေကိုတော့ မသိကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အတိုက်အခံများကို မေးမြန်းသည့်အတိုင်း အစိုးရကိုမမေးခြင်းသည် မီဒီယာများ၏ အားနည်းချက်

Posted: 04 Oct 2013 01:55 AM PDT

မီဒီယာများအနေနဲ့ အစိုးရကို မေးမြန်းရမည့် အချက်များအား မမေးမြန်းခြင်းသည် မီဒီယာ၏ အားနည်းချက်ကို ဖော်ပြသလို ဖြစ်နေပြီး အတိုက်အခံများအား မေးမြန်းသည့်အတိုင်း မေးမြန်းသင့်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၁ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ နေပြည်တော်ရှိ တရားဥပဒေစိုးမိုးရေး ကော်မတီရုံးခန်း၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် သတင်းထောက်များက စက်တင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ လက်ရှိတာဝန်ရှိသူများကို သတင်းမီဒီယာများက မေးမြန်းသော်လည်း ပြန်လည် မဖြေကြားသည့်အပေါ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အနေနှင့် မည်ကဲ့သို့ သဘောထားရှိကြောင်း မေးမြန်းသည့်အပေါ် ယခုကဲ့သို့ ပြန်လည်ေ ဖြကြားခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရဲအုပ်ကို သေနတ်ဖြင့်ပစ်သတ်သည့် ဒုရဲအုပ်အား ရဲတရားရုံးမှ ဦးစွာ ထောင်ဒဏ်သုံးနှစ်ချ

Posted: 04 Oct 2013 01:40 AM PDT


ရဲအုပ်ဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဒုရဲအုပ်အား ရဲတရားရုံးမှ ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်၏ ခွင့်ပြုချက်ဖြင့် တိုင်းရဲရုံးမှ ဖွဲ့စည်းထားသည့် ရဲတရားရုံးမှ ရဲဝန်ထမ်းတစ်ဦးဖြစ်နေသည့် တရားခံကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒုရဲအုပ်က သေနတ်ဖြင့်ပစ်၍ သေဆုံးသွားသော ရဲအုပ်နာရေးတွင် တွေ့ရစဉ် ဓာတ်ပုံ-မောင်တာ

မိခင်ကို မကျေနပ်၍ နေအိမ်ကို မီးရှို့သူ ရဲကစုံစမ်းနေ

Posted: 04 Oct 2013 01:33 AM PDT


သန်လျင်မြို့နယ်တွင် မိခင်အားမကျေနပ်၍ နေအိမ်ကို မီးလောင်စေရန် ကြံစည်လုပ်ဆောင်ခဲ့သူအား ရဲစခန်းက အောက်တိုဘာ ၂ရက်တွင် အမှုဖွင့်ပြီး လိုက်လံဖမ်းဆီးလျက်ရှိသည်။ အမှုမှာ အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်က သန်လျင်မြို့နယ်၊ မြို့ဟောင်းရပ်ကွက်၊ ဦးဖိုးသိန်း လမ်း၊ အမှတ် (၂၃)နေအိမ်တွင် မီးလောင်ကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ကသွားရောက် စစ်ဆေးခဲ့ကြသည်ဟု ဆိုထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကမာရွတ် အင်းစိန်လမ်းမဘေးက အနှိပ်ခန်း ရဲဝင်ဖမ်း

Posted: 04 Oct 2013 01:26 AM PDT


ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက် အင်းစိန်လမ်းမဘေးမှ အမှတ် ၁၄၄ မြေညီထပ်တွင်ရှိသည့် “Relax” အမည်ရှိ အနှိပ်ခန်းကို အောက်တိုဘာ ၂ရက်ညတွင် ရဲကအသွင်ယူသက်သေများ ကြိုတင် စေလွှတ်ပြီးနောက် ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။ အဆိုပါ အနှိပ်ခန်းကို တရားမ၀င်လုပ်ဆောင်နေကြောင်း ကြိုတင်သတင်းရရှိထားချက်အရ တိုင်းအဆင့်ရှိ ရဲတပ်ဖွဲ့ များက ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ အနှိပ်ခန်းကို ၀င်မဖမ်းခင်တွင် ဦးရဲမြင့် စိုး(၂၆)နှစ် လှိုင်မြို့နယ်နေသူနှင့် ဦးအောင်နိုင်(၄၂)နှစ်၊ ကြည်မြင့်တိုင်မြို့နယ်နေသူတို့ နှစ်ဦးကိုကြိုတင် စေလွှတ်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အမေရိကန်တိုက်တွန်း

Posted: 04 Oct 2013 01:15 AM PDT


မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲအတွက် အချိန်မီ ပြင်ဆင်ပြောင်းလဲနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် အစိုးရက ပြောပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ အပြည့်အ၀ လွတ်လပ်မျှတပြီး၊ မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံ့ ခေါင်းဆောင်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပေးနိုင်အောင် အခြေခံဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေ အချိန်မီ ပေါ်ပေါက်လာလိမ့်မယ်လို့ မိမိတို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jason Rebholz က မနေ့က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒီလုပ်ငန်းစဉ် အပြည့်အ၀အောင်မြင်ဖို့အတွက် လူနည်းစု အခွင့်အရေး၊ အရပ်ဘက်က ထိန်းချုပ်တဲ့ စစ်တပ်၊ ခေါင်းဆောင်တွေကို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်တဲ့ နိုင်ငံသားအခွင့်အရေး တွေ အပါအ၀င်၊ ခေတ်မီ နိုင်ငံတော်တစ်ခု ရဲ့ နိုင်ငံတကာ စံနှုန်းတွေ နဲ့ကိုက်ညီတဲ့ ဥပဒေဆိုင်ရာ အဆောက်အအုံ အခင်းအကျင်း တစ်ရပ် လိုအပ်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ က ပြောကြားခဲ့ပါတယ်။

RFA Burmese


သပိတ်စခန်းဆက်ဖွင့်လျှင်ဖယ်ရှားမည်ဟု တာဝန်ရှိသူပြော

Posted: 04 Oct 2013 01:10 AM PDT


သပိတ်စခန်းဖွင့်ကာ ဆန္ဒပြနေသော မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်နေ ပြည်သူများကို သပိတ်စခန်း ဆက်လက်ဖွင့်ကာ ပြုလုပ်နေပါက ဖယ်ရှားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။ ခွင့်ပြုမိန့် မတောင်းခံဘဲ မဟာဗန္ဓုလပန်းခြံဘေးတွင် အောက်တိုဘာ ၂ ရက်မှစ၍ သပိတ်စခန်းဖွင့်ကာ မြေနေရာ ပြန်လည်ရရှိရေးအတွက် တောင်းဆိုခြင်းကို ဥပဒေနှင့်မညီသောကြောင့် ဖယ်ရှားသွားမည်ဟု ဗိုလ်မှူးကြီးတင်ဝင်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။
““အင်အားသုံးပြီး ဖယ်ရှားရင် နိုင်ငံတော်ထိခိုက်ပါတယ်။ တောင်းဆိုတဲ့အထဲမှာလည်း အသက်အရွယ်ကြီးအမျိုးသမီးတွေ များနေတယ်။ အဲဒါကြောင့် ချိန်ဆနေတာပါ။ သူတို့ဘက်က အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်မှာပါ”” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်  / ဓါတ်ပုံ -  RFA 

လေတပ်ဗိုလ်မှူး မောင်းသောကားမှောက်၍ မိဘနှစ်ပါးနှင့် ဇနီး ပွဲချင်းပြီး

Posted: 04 Oct 2013 12:46 AM PDT


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တာဝန် ထမ်းဆောင်သော တပ်မတော်(လေ)မှ ဗိုလ်မှူး ဟိန်းထက်အောင် မောင်းနှင်သည့် ဟိုင်းလတ် ဆပ်(ဖ်)ကားသည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ပဲခူးအပိုင်) မိုင်တိုင် ၅၀ အနီး တိမ်းမှောက်ခဲ့ရာ အရှိန်ပြင်းထန်၍ ကား မှန်တံခါးများ ပွင့်ထွက်ပြီး ယာဉ်ပေါ်အတူ လိုက်ပါလာသော ဖခင်ဖြစ်သူ ဦးသန်းအေး အသက်(၆၃)နှစ်၊ မိခင် ဒေါ်မေစီလှ အသက် (၅၈) နှစ်နှင့် ဇနီးသည် မကေသီခိုင် အသက် (၂၄) နှစ်တို့ ၎င်းနေ့တွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို ပဲခူး၊ ဘောနက်ကြီး၊ အမြန်လမ်း ရဲစခန်းက (ပ) ၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ အရ အရေးယူထားကြောင်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လေတပ်ဗိုလ်မှူး မောင်းသောကားမှောက်၍ မိဘနှစ်ပါးနှင့် ဇနီး ပွဲချင်းပြီး။ ဓါတ်ပုံ - ရဲဇာနည်


အဲဒါရေးရင်တော့ ခင်ဗျားတို့ကို ကျွန်တော် တစ်ခုခုလုပ်မယ်

Posted: 04 Oct 2013 12:38 AM PDT


““အဲဒါရေးရင်တော့ ခင်ဗျားတို့ကို ကျွန်တော် တစ်ခုခုလုပ်မယ်””
လွှတ်တော်၌ မေးမြန်းသော သတင်းထောက်ကို ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌ ဦးဌေးဦးပြော

ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးကို အောက်တိုဘာ ၂ ရက် လွှတ်တော် အစည်းအဝေးအပြီး မြန်မာသံတော်ဆင့် သတင်းထောက်က တွေ့ဆုံမေးမြန်းခဲ့ရာ ဦးဌေးဦးက အဆိုပါ သတင်းထောက်ကို သံတော်ဆင့်အနေဖြင့် ၎င်းအပေါ် ရေးသားချက်ရှိပါက တစ်ခုခု ပြန်လုပ်မည်ဟု ပြင်းထန်စွာ ထည့်သွင်း ပြောကြားခဲ့သည်။ ဦးဌေးဦးကို မေးမြန်းချက်များနှင့် ၎င်း၏ ဖြေကြားချက်များမှာ-

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကူးတို့ သမ္ဗန်များတွင် အသက်ကယ် အကျီ င်္များ ထားရှိသော်လည်း ဝတ်ဆင်သူ မရှိသလောက်နည်းပါးနေ

Posted: 04 Oct 2013 12:33 AM PDT


ပန်းဆိုး တန်း-ဒလကူးတို့ သမ္ဗန်စီးနင်း ရာ တွင် အသက်ကယ်အကျီ င်္ဝတ်ဆင် ၍စီးနင်းကြရန် ညွှန်ကြားထားမှု များရှိသော်လည်း ခရီးသည်အများ စုမှာ လိုက်နာမှုအားနည်းနေ ကြောင်း ကူးတို့ဆိပ်ကြီးကြပ်မှုရုံး (ကမာအောင်)မှသိရသည်။ ရန်ကုန်မှဒလ သို့ ကူးတို့သမ္ဗန် ဖြင့်စီးနင်းသူအများစုမှာ အသက် အန္တရာယ်ရှိမှန်းသိသော်လည်း အ သက်ကယ်အကျÐဝတ်ဆင်၍ စီး နင်းလိုခြင်းမရှိကြောင်း ကူးတို့ဆိပ် ကြီးကြပ်မှုရုံး(ကမာအောင်)ဥက္ကဋ္ဌ ဦးတင်နီက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သံတွဲမြို့ အခြေအနေ မတည်ငြိမ်သေး

Posted: 03 Oct 2013 08:09 PM PDT


ရခိုင်ပြည်နယ် သံတွဲမြို့မှာ မကြာသေးခင်က လူအနည်းဆုံး ၆ဦးသေဆုံးပြီး ရွာတစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးမူတွေဖြစ်ပွားပြီးမှာတော့ မနေ့ကညအထိ အနီး တ၀ိုက်က ကျေးရွာတွေ အနေနဲ့ တည်ငြိမ်မူမရှိသေးဘဲ မီးရှို့ဖျက်ဆီးခံရမူတွေ ရှိနေသေးသလို ခြိမ်းခြောက်မူ မီးရှို့ဖို့ကြိုးစားမူတွေကြောင့် သံတွဲမြို့ပေါ် မှာလည်း အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖေါက် လူစုခွဲရမူတွေရှိနေဆဲဘဲလို့ သိရပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရခိုင်ပြည်နယ် သဗျူချိုင်ကျေးရွာတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရစဉ်။ (အောက်တိုဘာလ ၃၊ ၂၀၁၃)

လွှတ်တော်ကော်မတီ ရဲစခန်း၊ ထောင်နဲ့ ရုံးတွေပါ စစ်ဆေးမည်

Posted: 03 Oct 2013 04:28 PM PDT


ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ အရင်က တရားစီရင်ရေးဌာနတွေကိုပဲ လေ့လာခဲ့ရာကနေ မကြာခင်မှာ အုပ်ချုပ်ရေးရုံးတွေ အကျဉ်းဦးစီးဌာနရုံးတွေကိုပါ လေ့လာပြီး တွေ့ရှိချက်ကို အစိုးရဆီတင်ပြသွားမယ်လို့ သိရပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့  တရားစီရင်ရေးစနစ်အပြင် အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်တွေကိုပါ ထောက်ပြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းချက် သဝဏ်လွှာကို မနေ့က လွှတ်တော်ကနေတဆင့် ပေးပို့လိုက်တဲ့အတွက် ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိစ္စတွေအတွက် ပိုပြီးအဆင်ပြေသွားနိုင်ဖွယ်ရှိတယ်လို့  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကလေးမြို့ ရေဘေး လူ ၁၀ ကျော် ပျောက်ဆုံး

Posted: 03 Oct 2013 04:17 PM PDT


စက်တင်ဘာလကုန်က မိုးသည်းထန်ခဲ့တာကြောင့် ကလေးမြို့နယ် အတွင်းမှာ ရေကြီးရေ လွှမ်းမိုးမှုဖြစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ရေဘေး သင့်သူတွေဟာ ကယ်ဆယ်ရေး စခန်း၆ခုမှာ ခိုလှုံနေရသလို မိုးစပါး စိုက်ဧက၆ထောင်ကျော်လောက် ရေလွှမ်းမိုး ခဲ့ပါတယ်။ လောလောဆယ် မှာ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ပျက်ဆီးဆုံးရှုံးမှု စာရင်းကို ကောက်ယူနေ ဆဲဖြစ်ပါတယ်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဧရာဝတီမြစ်ရေကြီးစဉ် (သြဂုတ် ၂၄၊ ၂၀၁၂)။

သမ္မတနဲ့ ဝန်ကြီးတွေ ပါတီနဲ့ ကင်းရှင်းကြောင်း လွှတ်တော်မှာ ရှင်းလင်း

Posted: 03 Oct 2013 04:13 PM PDT


နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ပါတီနိုင်ငံရေး လုပ်ငန်းတွေမှာ ဝင်ရောက်ဆောင်ရွက်မှုမရှိဘူးလို့ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတ နဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ပြဌာန်းချက်တွေ အတိုင်း ပါတီတာဝန်တွေကို တရားဝင်ဆောင်ရွက်ခြင်း ရှိ၊ မရှိ မေးမြန်းရာမှာ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က အခုလို ရှင်းလင်းတင်ပြခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပင်လယ်ထဲ မျောပါခဲ့သော ရေလုပ်သားများ ပြန်လည် ရောက်ရှိလာပြီဖြစ်

Posted: 03 Oct 2013 04:11 PM PDT


ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြ မြို့နယ်အတွင်းရှိ ရေလုပ်သား အချို့သည် ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ် အတွင်းက ပင်လယ်တွင်း မုန်တိုင်းမိပြီး မျောနေခဲ့ရာ ပျောက်ဆုံး နေသည့် ရေလုပ်သား များ အနက် ကျန်ရှိသည့် ခြောက်ဦးပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်ဟု ရေလုပ်သား များ အရေး ကူညီ ဆောင်ရွက်နေသော ဧရာဝတီတိုင်း ၊ တောင်သူလယ်သမား သမဂ္ဂ အတွင်းရေးမှုး ဦးသန့်ဇော်ဦးက မဇ္စျိမကို အောက်တိုဘာ ၃ ရက်တွင် ပြောသည်။ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကာ/ချုပ်ကို မလေးဘုရင်မှ ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်

Posted: 03 Oct 2013 04:08 PM PDT


ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှားဘုရင်က ဂုဏ်ထူးဆောင်ဘွဲ့တံဆိတ်ကို မလေးရှားတပ်မတော်၏ နှစ်(၈၀)မြောက်နေ့တွင် ပေးအပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနှင့် မလေးရှားတပ်မတော်တို့အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်မှုနှင့် တပ်မတော်နှစ်ခုကြား ချစ်ကြည်ရင်းနှီးမှု ပိုကောင်းအောင် စွမ်းဆောင်နိုင်သည်ဟုဆိုကာ ယခုကဲ့သို့ ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှားဘုရင်က ချီးမြှင့်ခဲ့သည့်ဆုသည် "Honourary Malaysian Armed Forces Order For Valour (First Degree)- Gallant Commander of Malaysian Armed Forces"ဘွဲ့တံဆိပ်ဖြစ်သည်။

ထိုဘွဲ့တံဆိပ်အား မြန်မာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အပါအဝင် ဖိလစ်ပိုင်တပ်မတော်နှင့် ယူအေအီးတပ်မတော်မှ ဦးစီးချုပ်များကိုလည်း ချီးမြှင့်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

မဇ္ဈိမသတင်းဌာန


သမ္မတကြီး ရောက်နေတုန်း သံတွဲအကြမ်းဖက်မှုဆက်

Posted: 03 Oct 2013 04:05 PM PDT


" ၉နာရီခွဲမှာ ကျနော်တို့ အမှတ်(၆) ရပ်ကွက်မှာ အိမ်ကြီးတစ်ဆောင်ကို မီးရှို့ပစ်လိုက်တယ်။ သမ္မတ အဏ္ဏဝါရိပ်သာမှာ  ရှိနေတဲ့အချိန်မှာပဲ ညဘက် ၉နာရီခွဲမှာ မီးရှို့တာ။ ကမန်တွေလည်း ရောင်းလှည့်နေတာရှိပါတယ်။ လုံထိန်းတပ်ဖွဲ့လည်း ရှိပါတယ်။ အဲ့ဒီ့ရပ်ကွက်မှာ ဦးကျော်စံလှက အိမ်ဝယ်ထားတာရှိပါတယ်။ နေတာက ဗုဒ္ဓဘာသာမိသားစုတစ်ခုနေတာ၊ ညီအစ်ကိုလို တယောက်ကိုတယောက် ခင်မင်ရင်းနှီးလို့ အဲ့ဒီ့မှာ ထားပါတယ်။ အဲ့ဒီ့မိသားစုတွေလဲ ဘာပစ္စည်းတခုမှ မရလိုက်ဘူး။ " ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် ခရီးစဉ် ( သတင်းမှတ်တမ်း၊ နိုင်ငံတော်သမ္မတရုံး)

သံတွဲပဋိပက္ခသည် သူ၏ခရီးစဉ်နှင့် ချိန်ကိုက်လုပ်ဆောင်သည်ဟု သမ္မတသံသယရှိ

Posted: 03 Oct 2013 03:58 PM PDT


သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် သမ္မတ၏ ရခိုင်ခရီးစဉ်နှင့် အချိန်ကိုက်လုပ်ဆောင်ခဲ့သည်ဟု သံသယရှိကြောင်း သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၃ရက် နံနက်က သံတွဲမြို့ အဏ္ဏဝါရိပ်သာ၌ နှစ်ဘက်ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

သံတွဲမြို့အနီးရှိ ကျေးရွာများကို လာရောက်မီးရှို့ ဖျက်ဆီးသူများသည် ထိုကျေးရွာသားများကိုယ်တိုင်မဟုတ်ဘဲ ပြင်ပကျေးရွာများမှ လာရောက်သူများဖြစ်ကြောင်း အထောက်အထားများ ရရှိထားသည်ဟုလည်း သမ္မတက ဆိုသည်။

"စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တောနယ်မြေများသို့ မိမိရောက်နေချိန်တွင် သံတွဲမြို့နယ်အတွင်း သာမန်အငြင်းပွားမှုတစ်ခုမှ စတင်၍ ပဋိပက္ခအချို့ ပေါ်ပေါက်ခဲ့ကြောင်း၊ မိမိခရီးစဉ်နှင့် အချိန်ကိုက် လုပ်ဆောင်ခဲ့သည်ဟုပင် သံသယဖြစ်စရာ အကြောင်းများရှိသည်"ဟု သမ္မတက ပြောကြားခဲ့ကြောင်း သမ္မတရုံး ဝဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် သွေးထိုးလှုံ့ဆော်သူများနှင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် အားလုံးပူးပေါင်းဆောင်ရွက်မှသာ ပြဿနာ၏ အရင်းအမြစ်ကို ရှင်းလင်းနိုင်မည်ဖြစ်ပြီး ရခိုင်ဒေသတွင် တရားဥပဒေစိုးမိုးမှုရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးထားသည့် နည်းလမ်းအားလုံးကို အသုံးပြုကာ လူမျိုး၊ ဘာသာမခွဲခြားဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ပြောကြားလိုက်သည်။

စက်တင်ဘာ ၂၈ ရက်မှ စတင်ခဲ့သော ပဋိပက္ခကြောင့် ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခဖြစ်စဉ်တွင် နေအိမ်တစ်ရာ ခန့်ပျက်စီးပြီး အိမ်ထောင်စု ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ ၄င်းအိုးအိမ်မဲ့ ဒုက္ခသည် များကို ယာယီတဲများဆောက်လုပ်ပေးထားပြီး လုံခြုံရေးများချထားပေးကာ နေအိမ်များ ပြန်လည် ဆောက်လုပ်ရာတွင်လည်း အစိုးရအဖွဲ့က ကူညီပံ့ပိုးပေးရန်လည်း သမ္မတက ညွှန်ကြားခဲ့သည်ဟု သံတွဲမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကဆိုသည်။

သံတွဲမြို့တွင် လက်ရှိ လုံခြုံရေးရဲအင်အား ၂၅၀ နှင့် စစ်တပ်အင်အား၂၀၀ ခန့်ချထားပြီး ဒေသ တည်ငြိမ်လျှက်ရှိသည်ဟု အစိုးရအဖွဲ့က ဆိုသည်။

သိင်္ဂီထွန်း
Mizzima - News in Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

နိုင်ငံတော် သမ္မတ သံတွဲမြို့ သို့ ရောက်ရှိစဉ် ၊ ဓါတ်ပုံ - သမ္မတရုံး ၀က်ဆိုဒ် 

You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Thit Htoo Lwin

unread,
Oct 5, 2013, 10:22:26 AM10/5/13
to thuau...@gmail.com

မျိုးစောင့်ဥပဒေအတွက် ထောက်ခံလက်မှတ်တစ်သန်း ယခုလအတွင်း ပြည်သူ့လွှတ်တော်သို့ထပ်ပို့မည်

Posted: 05 Oct 2013 06:53 AM PDT

မျိုးစောင့်ဥပဒေ ထွက်ပေါ်လာရေး အတွက် ထောက်ခံ လက်မှတ်တစ်သန်းကို ယခုလထဲတွင် ပြည်သူ့ လွှတ်တော် ဥပဒေ ကြမ်း ကော်မတီသို့ ထပ်မံပေးပို့ သွားမည်ဖြစ်ကြောင်း အဆိုပါ ဖြစ်မြောက်ရေး အတွက် ဦးဆောင်ဦးရွက် ပြုနေသော အမျိုးဘာ သာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်အရေး အဖွဲ့ ရုံးအဖွဲ့မှူး ဆရာတော် အရှင်စန္ဒာသီရိက မော်ကွန်းသို့ ပြောသည်။ အဆိုပါအဖွဲ့အနေဖြင့် မျိုးစောင့် ဥပဒေဖြစ်မြောက်အရေး အတွက် ထောက်ခံ လက်မှတ်များကို ယခုနှစ် မတ်လကတည်းက ကောက်ခံစုစည်းလာရာ ယခင်လများက ပေးပို့ထားသော လက်မှတ်ပေါင်း သုံးသန်းနှင့် ယခုပေးပို့မည့် လက်မှတ်တစ်သန်းကို ပေါင်းလိုက်လျှင် ထောက်ခံလက်မှတ်ပေါင်း လေးသန်း အထိရှိခဲ့ပြီဖြစ်သည်။ ---

အောက်တိုဘာလ (၇)ရက်နေ့ထုတ် The Voice Weekly Vol.9/No.39

Posted: 05 Oct 2013 03:34 AM PDT


အောက်တိုဘာလ (၇)ရက်နေ့ထုတ် The Voice Weekly Vol.9/No.39

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အောက်တိုဘာလ (၅)ရက်နေ့ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၃၀)

Posted: 05 Oct 2013 03:31 AM PDT


အောက်တိုဘာလ (၅)ရက်နေ့ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၃၀)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဝန်ကြီးတကယ်ပြောတာလား ဒီအကြောင်းကို

Posted: 05 Oct 2013 03:13 AM PDT


နိုင်ငံတော်သမ္မတရဲ့ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း၏ ““ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ အိမ်ရောင်း၊ ကားရောင်း ပြီးလုပ်နေတာပါ””ဟု ပြောစကားကိုဖတ်ရ တော့ အပျိုကြီးတကယ်လုပ်မှာလား သီချင်းကိုသွားအမှတ်ရမိလိုက်တယ်။ ၀န်ကြီးကဒီစကားကို အပြည်ပြည် ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာပြောလိုက်တာ။ တကယ့်နေ့ထူးနေ့မြတ်မှာ စကားထူး၊ စကားမြတ် မင်္ဂလာစကားပါပဲ။ သို့သော်၊ သို့သော်၊ သို့သော် ၀န်ကြီးကသူ့ဆီမှာ ကြိုက်တဲ့ပိုက်ဆံစစ်ပါ။ ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ အိမ်ရောင်း၊ ကားရောင်း ပြီး အိတ်စိုက်ငွေကုန်ခံလုပ်နေပါတယ်တဲ့။ ပြီးတော့ ဘယ်အိမ်တွေရောင်းလဲဆိုတာ သိချင်ရင် လိပ်စာပေးမယ်၊ သွားကြည့် ကြပါတဲ့။
ဝန်ကြီးကိုတော့အားနာပါတယ်။ မေးစရာလေးတော့မေးခွင့်ပြုပါ။ ဘယ်အချိန် ဘယ်အခါက ဘယ်ကဲ့သို့ ရထားသောငွေနဲ့ ၀ယ်ထား၊ ဆောက် ထားတဲ့ကားတွေ၊ အိမ်တွေလည်းဆိုတာ ပြည်သူသိအောင် မီဒီယာကတစ်ဆင့်ဖော် ပြပေးနိုင်ရင် သွားကြည့်တာထက်အများ ပိုသိနိုင်တာပေါ့။ ငြိမ်းချမ်းရေးလုပ်ဖို့ ကားဘယ်နှစ်စီး၊ အိမ်ဘယ်နှစ်လုံးရောင်း လိုက်ရတယ်ဆိုတာပါ ထုတ်ပြောရင်ပို ကောင်းမယ်။ ဒါမှဝန်ကြီးရဲ့ နိုင်ငံတော် ပေါ်ထားတဲ့ စေတနာ၊ ငြိမ်းချမ်းရေးကို မြတ်မြတ်နိုးနိုးလိုချင်တဲ့ အာသီသတွေပို ပေါ်လွင်တော့မပေါ့။ ---

KTV ဆိုင်ရှင်နဲ့ အပေါင်းပါ (၁၂)ဦးကို လူသတ်မှုနဲ့ ဖမ်းဆီး

Posted: 05 Oct 2013 02:57 AM PDT


၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊(၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music Box KTV ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ KTV ဆိုင်၏အခန်းအတွင်း၌ သားဖြစ်သူမောင်ဇော်နှင့် ကိုသူ တို့အား ဓါးဒဏ်ရာများဖြင့်သေဆုံးနေကြသည်ကို တွေ့ရှိရသဖြင့် စုံစမ်းအရေးယူ ပေးပါရန် တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း (ပ) ၁၁၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။ အမှုမှပြစ်မှု ကျူးလွန်သူ တရားခံများအား ကရင်ပြည်နယ်  ဘားအံမြို့နယ်၊ ဇာသပြင် အနောက်ကျေးရွာရှိ လှည်းလမ်း မှာ ဖမ်းဆီး ရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ် ပြန်ထားပါသည်။

သံတွဲပဋိပက္ခဖြစ်ပွားပြီးနောက် မလေးရှားရှိ မြန်မာမွတ်ဆလင်နှင့် မလေးရှားနိုင်ငံသားအချို့ မြန်မာသံရုံးရှေ့ဆန္ဒပြ

Posted: 05 Oct 2013 02:32 AM PDT


သံတွဲမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် ပတ်သက်၍ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့် မလေးရှားနိုင်ငံသားအချို့သည် အောက်တိုဘာ ၄ ရက်တွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။ ““လေးငါးယောက်လောက် လာရပ်ပြီး ဆန္ဒပြတယ်။ စာလည်းပေးသွားတယ်။ သံတွဲကိစ္စပဲဖြစ်မှာပါ””ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားရေး တာဝန်ယူထားသူ ဦးစိုးဝင်းကပြောသည်။ ---
မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေသည့် မလေးရှားနိုင်ငံသားနှင့် မြန်မာမွတ်ဆလင်အချို့ ဓာတ်ပုံ - Storm Rider


မလေးရှားတွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ရိုက်နှက်ခံရ

Posted: 05 Oct 2013 02:25 AM PDT


မလေးရှားနိုင်ငံရှိ ဂျိုဟိုးပြည်နယ်၊ စီနိုင်မြို့၊ တမန်ဘင်တန်း ရပ်ကွက်ရှိ TDK လျှပ်စစ်ပစ္စည်းထုတ်စက်ရုံ၌ အလုပ်လုပ်ကိုင်သည့်  မြန်မာအမျိုးသမီးတစ်ဦးကို မလေးရှားနိုင်ငံသားသုံးဦးက မုဒိမ်းကျင့်ကာ ရိုက်နှက်ပြီး သင်္ချိုင်းကုန်းအနီး ပစ်ထားခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၃ ရက် ည ၈ နာရီတွင် TDK စက်ရုံမှ အချိန်ပိုဆင်းရန်မရှိသဖြင့် ပြန်လာသော အသက် (၂၄)နှစ်အရွယ် မြန်မာအမျိုးသမီး ကရင်တိုင်းရင်းသူတစ်ဦးကို မလေးရှားနိုင်ငံသားသုံးဦးက ကားဖြင့် ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ---

ဦးမင်းကိုနိုင် Homo Homini Award ဆု ရရှိ

Posted: 05 Oct 2013 06:54 AM PDT

၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့ အစည်းရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးမင်းကိုနိုင်ဟာ ချက်နိုင်ငံရဲ့ လူအခွင့်အရေး ဆိုင်ရာ ဆုကို ချက်နိုင်ငံမှာ အောက်တိုဘာ ၃ ရက်နေ့က လက်ခံရ ယူခဲ့ပါတယ်။

ဒီ Homo Homini Award ဆုကို ၁၉၉၄ ခုနှစ်က စတင်ပြီး ကမ္ဘာတ၀န်းရှိ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်သူတွေကို နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

လယ်သမားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ဒေါ်စုစုနွေး၊ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေကို ကူညီစောင့်ပေးနေတဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်နီလာသိန်းတို့ကိုလည်း  Homo Homini Award ဆုကို ၂၀၀၇ ခုနှစ်က ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

by webteam (ဒီဗွီဘီ)



မိကျောင်းကန် မြေသိမ်းပြဿ ပြေလည်မှုရရှိ

Posted: 05 Oct 2013 01:36 AM PDT


မိကျောင်းကန် မြေသိမ်းပြဿကို လွှတ်တော်မှာ အထူးကိစ္စရပ်တခုအနေနဲ့ ဆောင်ရွက် ပေးမယ်ဆိုတဲ့ ကတိကြောင့် မဟာဗန္ဓုလပန်းခြံနားက သပိတ်စခန်းကို ဒီနေ့ မွန်းလွဲပိုင်းက ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်နဲ့ မိကျောင်းကန်ဆန္ဒပြအဖွဲ့ ကိုယ်စားလှယ်တို့ ဒီနေ့မနက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် သပိတ်စခန်းရုပ်သိမ်းဖို့ သဘောတူညီမှု ရရှိခဲ့ကြတာဖြစ်ပါတယ်။---

ဗိုလ်ချုပ်ကို ခုတုံး လုပ်သော အဆိုဖြစ်၍ ကြံ့ခိုင်ရေးများ ကန့်ကွက်ခဲ့ရ

Posted: 05 Oct 2013 01:14 AM PDT


ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကတော့ ဗိုလ်ချုပ်ကို ဘယ်လောက် ချစ်သလဲ။ မချစ်လဲ ထင်ထင်ရှားရှား မြင်တွေ့ နေရပါပြီဆိုတဲ့ စကားလေးကို ခရီးသွား ဟန်လွှဲ ကြားလိုက် မိပေမယ့် နျူကလီးယား ဗုံးထက် ကြောက်စရာကောင်းတဲ့ စကားလုံးအဖြစ် နားလည် လိုက်မိပါတယ် . . . ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး  လွှတ်တော်၊ ဆဋ္ဌမ ပုံမှန် အစည်းအဝေးကို ၁၂-၉-၂၀၁၃ (ကြာသပတေးနေ့) တွင် စတင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။ အစည်းအဝေး ကျင်းပမည့် နေရာသို့ ၁နာရီစော ရောက်ရ မည်လို့ နှိုးဆော် ထားတာကြောင့် ၀ီရိယ ကောင်းစွာဖြင့် ၉နာရီ မထိုးခင် ရောက်အောင် သွားသော်လည်း ကျွန်တော့် ထက်ဦး သူဖြစ်တဲ့ ကမာရွတ်မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေကို မရွှင်ပျတဲ့ မျက်နှာနှင့် တွေ့လိုက် ရလို့၊ ---

ယာဉ်စည်းကမ်းဖောက်ဖျက်မှုအား စီမံချက်ဖြင့် ဖမ်းဆီး စနစ်ဖျက်သိမ်း

Posted: 05 Oct 2013 01:00 AM PDT


ရန် ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာနယ်နိမိတ်အတွင်း ယာဉ်စည်း ကမ်းဖောက်ဖျက်မှုကြောင့် စီမံ ချက်ဖြင့်ဖမ်းဆီးနေသည့်စနစ်ကို ယခုအောက်တိုဘာ ၁ရက်မှစ တင်ကာ ဖျက်သိမ်းလိုက်ပြီဖြစ် ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်းကြီးကြပ်ထိန်းသိမ်း ရေးကော်မတီမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားလိုက်သည်။ ယခင်က ယာဉ်စည်းကမ်း ကြီးကြပ်ထိန်းသိမ်းရေး ဥပဒေပါ ဒဏ်ကြေးငွေများမှာ အလွန်နည်း ပါး နေခြင်း ကြောင့် ယာဉ်အသုံးပြု သူများအနေဖြင့် လိုက်နာမှုရှိစေ ရန်ရည်ရွယ်၍ ဒဏ်ငွေများ စီမံ ချက်အနေဖြင့် တိုးမြှင့်သတ်မှတ်ခဲ့ ခြင်းဖြစ်ပြီး ---
ရွှေဂုံတိုင်လမ်းဆုံအနီးတွင် ယာဉ်ကြောရှင်းလင်းနေသော တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာ ၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ

မရမ်းကုန်းမှ မြင်းသောင်းကျန်း လူခုနှစ်ဦးကို ကိုက်

Posted: 05 Oct 2013 12:47 AM PDT


မ ရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ် ကွက်အတွင်း မြင်းတစ်ကောင်က အရိုင်းစိတ်ဝင်ကာ ရပ်ကွက်အတွင်း သွားလာနေသော လူခုနစ်ဦးအား လိုက်လံကိုက်ခဲ့သည့် ဖြစ်စဉ်တစ် ခု ယနေ့နံနက် ၇ နာရီခန့်က ဖြစ် ပွားခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။ ''ဒီနေ့မနက်က အဲဒီ့ မြင်း က ရူးပြီးတော့ လမ်းမှာသွားနေတဲ့ သူတွေကို လိုက်ကိုက်တယ်။ မ နက်ခင်းဖြစ်တော့ တော်တော်များ များအလုပ်သွားတဲ့အချိန်ဖြစ်တဲ့ အတွက် အကိုက်ခံရတော့ ထိခိုက် ဒဏ်ရာတွေရတာများတယ်။ ပုံစံ ကခွေးရူး အကိုက် ခံရလို့ ခွေးရူး ပြန်ပြီး လိုက်ကိုက်တာလို့ ထင် တယ်''ဟု အမှတ်(၁)ရပ်ကွက်နေ ဒေါ်သက် က ပြောသည်။ ---

သံတွဲပဋိပက္ခ တွင် ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၃၆ ဦး ရှိသွားပြီ

Posted: 05 Oct 2013 12:40 AM PDT


ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော့ ပဋိပက္ခနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား အရေအတွက်မှာ စုစုပေါင်း ၃၆ ဦးရှိပြီသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့ (သံတွဲ) ဥက္ကဌ ဆရာတော် ဦးကောသလက ယနေ့ထိ ဖမ်းဆီးခံရသူ ရခိုင်လူမျိုး ၃၆ ဦး ရှိသွားပြီ ဖြစ်ကြောင်းကို ယခုလို နိရဉ္စရာသို့ အတည်ပြု ပြောဆိုသည်။ “ နောက်ထပ် တစ်ခါ သံတွဲမြို့ပေါ်က  ၆ ယောက်ကို ထပ်ဖမ်းတယ်။ ဒါကြောင့် သံတွဲမြို့ပေါ်က ဖမ်းခံရသူ  ၁၄ ဦး၊ ဆင်ခေါင်း ကျေးရွာက ၁၀ ဦးနဲ့ သဗြုချိုင်ကျေးရွာက ၁၂ဦး ဆိုရင် စုစုပေါင်း ၃၆ ဦး ရှိသွားပြီးဖြစ်ပါတယ်” ဟု ဆရာတော်က ပြောသည်။ ---

သံတွဲ ပဋိပက္ခတွင် ပါဝင်သူ ၁၆ ဦး ဖမ်းဆီး

Posted: 05 Oct 2013 12:31 AM PDT


နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း သံတွဲမြို့နယ် တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက် သည်ဟုဆိုကာ သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ အပါအဝင် ဒေသခံ ၁၆ ဦးကို ဖမ်းဆီးထားကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။ သံတွဲမြို့နယ် RNDP ဥက္ကဋ္ဌ အပါအဝင် ဒေသခံခြောက်ဦးကို အောက် တိုဘာလ ၂ ရက်နေ့ည ၁၀ နာရီကျော်တွင် ဖမ်းဆီးခဲ့ပြီး မီးရှို့အကြမ်း ဖက်မှုများ ဖြစ်ပွားခဲ့သည့် သဗြုချိုင်ကျေးရွာမှ ဒေသခံငါးဦးကို အောက်တို ဘာလ ၃ ရက်နေ့တွင် ထပ်မံဖမ်းဆီးခဲ့ကြောင်း၊ နောက်ထပ် ဒေသခံ နှစ်ဦး ကို အောက်တိုဘာလ ၃ ရက်နေ့ည ၉ နာရီနှင့် ၁၁ နာရီ ဝန်းကျင်တို့တွင် ဖမ်းဆီးခဲ့ကြောင်း ၎င်းကဆိုသည်။ ---

မိခင်နှင့်ကလေး ကျန်းမာရေး ထောက်ပံ့ရန် ကမ်းလှမ်းမှု နှစ်ဆနီးပါးတိုး

Posted: 05 Oct 2013 12:25 AM PDT


အပြုသဘောဆောင်သော အစိုးရသစ်လက်ထက် ဘက်စုံပြုပြင် ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ အလှူရှင်များ နှစ်စဉ် များပြားလာရာ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုများအတွက် လာရောက် ကူညီလိုသော နိုင်ငံတကာ အဖွဲ့အစည်းများ နှစ်ဆနီးပါး တိုးလာကြောင်း ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီမြင့်က The Voice သို့ ပြောကြားသည်။ ---

နိုင်ငံတကာသို့ ဆေးအတု တင်ပို့နေသော တရုတ်အမျိုးသားများပါ ဂိုဏ်း ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းမိ

Posted: 04 Oct 2013 04:19 PM PDT

ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ဆေ၀ါးအမျိုးမျိုးကို အတုလုပ်ပြီး နိုင်ငံတကာကို ပို့နေတဲ့ ဆေးအတု ထုတ်လုပ်တဲ့ ဂိုဏ်းတစ်ခုကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မနေ့က ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီဖမ်းမိတဲ့ ဆေးဝါး အတု ထုတ်လုပ်တဲ့ ဂိုဏ်းမှာ ပါဝင် ပတ်သက်နေတဲ့သူ ၁၀ ဦးကို ဖမ်းဆီးမိရာမှာ ၇ ဦးက တရုတ်လူမျိုးတွေလို့ ပြောပါတယ်။ ကျန်တဲ့ ၃ ဦးကတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ---

ငြိမ်းအဖွဲ့ ဒု ဥက္ကဌ ဦးသိန်းဇော် UWSA ဒု ဥက္ကဌ ရှောက်မီလျံနဲ့ လာတွေ့

Posted: 04 Oct 2013 02:19 PM PDT


အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖေါ်ဆောင်ရေး ကော်မတီရဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့ဟာ ရှမ်းပြည် မြောက်ပိုင်း ၀ ဌာနချုပ် ပန်ဆန်းမှာ ရောက်နေပြီး ၀ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA နဲ့ အပစ်ခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။ ဦးသိန်းဇော် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် ၄၀ ကျော်တို့ဟာ ပန်ဆန်းမြို့ကို မနေ့က အောက်တိုဘာလ ၄ ရက်နေ့မှာ ရဟတ်ယဉ်နဲ့ ရောက်ရှိတာဖြစ်ပြီး UWSA ဒု ဥက္ကဌ ရှောက်မီလျံ ဦးဆောင်တဲ့အဖွဲ့ဝင် ၄၀ ကျော်တို့နဲ့ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီခွဲအထိ ထာဝရ ငြိမ်းချမ်းရေး ကိစ္စရပ်တွေနဲ့ ပက်သက်ပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ---
ရှမ်းပြည်မြောက်ပိုင်းက UWSA တပ်ဖွဲ့ဝင်များ

သံတွဲအခြေအနေ တည်ငြိမ်စပြု

Posted: 04 Oct 2013 02:11 PM PDT


ရခိုင်ပြည်နယ် သံတွဲမြို့မှာ သွေးထွက်သံယို ဆူပူအကြမ်းဖက်မှုတွေ သီတင်း တပတ် နီးပါးကြာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုအခါ အခြေအနေဟာ ငြိမ်သက်စ ပြုလာပါတယ်။ သံတွဲမြို့နဲ့ အနီးအနားကျေးရွာတွေမှာ စနေနေ့က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ထိခိုက်သေဆုံးမှုတွေ၊ နေအိမ် အဆောက်အဦးတွေ၊ ဗလီတွေ မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးနောက်မှာတော့ လုံခြုံရေးတွေကိုလည်း တိုးမြှင့်ချထားခဲ့တာပါ။ ---

သမ္မတအိုဘားမား အာရှခရီးစဉ်ဖျက်သိမ်း

Posted: 04 Oct 2013 01:50 PM PDT

အမေရိကန် ပြည်ထောင်စုမှာ ဘဏ္ဍာရေးအသုံးစရိတ်သတ်မှတ်ရေး လွှတ်တော်မှာ သဘောတူညီမှုမရနိုင်ရာက အစိုးရရဲ့လုပ်ငန်းတချို့ ရပ်ဆိုင်းထားရတာ ၄ ရက်အထိ ရှိလာပြီဖြစ်တာကြောင့် အခုနောက်ဆုံး သမ္မတဘရက်ခ် အိုဘားမားက သူ့ရဲ့အာရှခရီးစဉ်တခုလုံးကို ဖျက်လိုက်ပါတယ်။ အစိုးရ လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ရေး လွှတ်တော်တွင်းမှာ မဲခွဲဆုံးဖြတ်ဖို့ အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဝင်တွေအပေါ် ဆက်လက် ဖိအားပေးရမှာဖြစ်တဲ့အတွက် ပြည်ပခရီးထွက်ဖို့ အခက်အခဲ ရှိနေတာကြောင့် အစီအစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ရတာလို့လည်း သမ္မတအိမ်ဖြူတော်ရဲ့ ပြောခွင့်ရသူက ကြာသပတေးနေ့ကပဲ ကြေညာခဲ့တာပါ။ ---
သမ္မတအိုဘားမားက အစိုးရဘဏ္ဍရေးဆိုင်ရာ အကျပ်အတည်းကို မေရီလဲန်းပြည်နယ်က ဒေသတွင်း အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ M. Luis Construction မှာ ရှင်းလင်းပြောကြားစဉ်။ (အောက်တိုဘာ ၃၊ ၂၀၁၃)။



အောက်တိုဘာလ(၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

Posted: 04 Oct 2013 01:32 PM PDT

အောက်တိုဘာလ(၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




အောက်တိုဘာလ(၅)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

Posted: 04 Oct 2013 01:29 PM PDT


အောက်တိုဘာလ(၅)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ပုဒ်မ ၁၈ ကြောင့် အခွင့်အရေး ချိုးဖောက်ခံနေရလို့ အေအေပီပီ ပြော

Posted: 04 Oct 2013 11:14 AM PDT


မြန်မာနိုင်ငံမှာ ပြဌာန်းကျင့်သုံးနေတဲ့ ငြိမ်းချမ်းစွာဆန္ဒပြခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဟာ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ချိုးဖေါက်ရာရောက်နေပြီလိ...ု့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီနေ့ ကြေညာစာတမ်းထုတ်ပြီး ပြောဆိုလိုက်ပါတယ်။ ပုဒ်မ ၁၈ စတင်ပြဌာန်းလိုက်တဲ့ မနှစ်က ဇူလိုင်လကနေ တနေ့အချိန်အထိ ထောင်ချခံထားရသူ အယောက် ၃ဝ လောက်ရှိပြီး၊ တရားရင်ဆိုင်နေရသူက အယောက် ၁ဝဝ ကျော်ရှိတယ်လို့  AAPP ကဆိုပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုတွေ အောင်မြင်အောင် ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့  အစိုးရကိုတိုက်တွန်းတယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က RFA ကို ပြောပါတယ်။ ---

အမျိုးသမီးခေါင်းဆောင်နည်းရတာ စစ်အာဏာရှင်စနစ်ကြောင့်လို့ ဒေါ်စုပြော

Posted: 04 Oct 2013 08:25 AM PDT


မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေ နည်းပါးနေခြင်းရဲ့ အဓိကအကြောင်းဟာ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတာကြောင့်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ဒီနေ့စတင်ကျင်းပတဲ့ "နိုင်ငံရေးတွင် အမျိုးသမီးများ ဦးဆောင်မှုဆွေးနွေးပွဲ" မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥရောပတိုက်က အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေကြတဲ့ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာပါ။ ---

သံဖြူဇရပ်တွင် အစ္စလာမ်ဘာသာဝင်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ဆွမ်းဆန်စိမ်းလောင်းလှူ

Posted: 04 Oct 2013 07:16 AM PDT


မွန် ပြည်နယ် သံဖြူဇရပ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ က ပရဟိတ ဆွမ်းလောင်းအသင်းမှ သံဃာ တော် များ ကို အပတ်စဉ်လောင်း လှူသည့် ဆွမ်းဆန်စိမ်းလောင်းပွဲ အတွက် ဆန်အိတ် များ လှူဒါန်းခဲ့ သည့်အပြင် သံဃာတော်များကိုပါ ကိုယ်တိုင်ကိုယ် ကျ ဆွမ်းလောင်း လှူခဲ့ကြကြောင်း ပရဟိတဆွမ်း လောင်း အသင်းဥက္ကဋ္ဌက ရန်ကုန် တိုင်းမ်သတင်းစာသို့ ပြောသည်။ ''မနေ့က မွန်းလွဲ ၁နာရီမှာ သံဖြူဇရပ်မြို့နယ်က အစ္စလာမ် ရပ်မိရပ်ဖတွေက ဆွမ်းဆန်စိမ်း လောင်းလှူပွဲအတွက် ဆန်ငါးတင်း ကို လာရောက် လှူဒါန်းသွားပါ တယ်''ဟု သံဖြူဇရပ်မြို့နယ် ပရ ဟိတ ဆွမ်းလောင်းအသင်းဥက္ကဋ္ဌ ဦးညွန့်ကြည်က ပြောသည်။ ---

ဧရာဝတီမြစ်အတွင်းမှ ကျွန်းမြေများ တရုတ်လုပ်ငန်းရှင်များ အပြိုင်ဝယ်ယူနေ

Posted: 04 Oct 2013 06:52 AM PDT


မန္တလေးမြို့ အနောက်ဘက် ဧရာဝတီမြစ်အတွင်းရှိ တောင်သူများလုပ်ကိုင်နေသော ကျွန်းမြေများကို  မန္တလေးမြို့မှ တရုတ်ကုန်သည်များက ဈေးပြိုင်ပေးကာ ၀ယ်ယူနေကြောင်း သတင်းရရှိသည်။ ပုသိမ်ကြီးမြို့နယ် မင်းရဲလှ ကျေးရွာအုပ်စု၊ သံဗိုလ်ကျွန်းကျေးရွာရှိ ဧက ၃၀ နှင့် ၅၀ ကြားရှိမည့် ကျွန်းမြေများကို တရုတ်လုပ်ငန်းရှင်တစ်ဦးက ၀ယ်ယူထားပြီး ဟင်းရွက်စုကျေးရွာနှင့် ညောင်ပင်သာကျေးရွာရှိ ကျွန်းမြေများကိုလည်း အခြားတရုတ်ကုန်သည်များက ၀ယ်ယူထားပြီးဖြစ်ကြောင်း ယင်းကျေးရွာများတွင်နေထိုင်သော ဒေသခံများက ပြောကြားသည်။ ---
မန္တလေးမြို့ အနောက်ဖက် ဧရာဝတီမြစ်အတွင်းရှိ ကျေးရွာများကို တွေ့ရစဉ် ဓာတ်ပုံ-ညီညီဇော် - 7Day Daily


Thit Htoo Lwin

unread,
Oct 6, 2013, 10:28:01 AM10/6/13
to thuau...@gmail.com

မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးထားသည့် KNLA တပ်သား ၂ဦး ပြန်မလွှတ်သေး

Posted: 06 Oct 2013 07:15 AM PDT


မြန်မာအစိုးရစစ်တပ်သည် တောင်ငူခရိုင်၊ သံတောင်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်သား ၂ဦးကို အောက်တိုဘာ ၁ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားရာ ယခုအချိန်ထိ ပြန်မလွှတ်သေးကြောင်း KNU တောင်ငူခရိုင်မှ တာဝန်ရှိ သူများက ပြောသည်။ ၎င်းဒေသရှိ အစိုးရတပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၄၄၀)၏ ဒုရင်းမှူးရဲထွန်း ဦးဆောင် သော စစ်ကြောင်းသည် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၅)မှ တပ်သား စောအောင်ကိုလတ်နှင့် စောနေမူးတို့ကို သံတောင်မြို့နယ်၊ သံမိုးတောင်လမ်းခွတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ---

ပုသိမ်တွင် ပဋိပက္ခ မဖန်တီးနိုင်မီ တားဆီးနိုင်ခဲ့ဟုဆို

Posted: 06 Oct 2013 07:11 AM PDT


ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက် သိမ်တော်ကြီးလမ်းတွင် အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော မူးယစ်ရမ်းကားမှုကို ပဋိပက္ခအသွင် မဖန်တီးနိုင်မီ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များနှင့် အစ္စလာမ် ဘာသာရေး အဖွဲ့များက ပူးပေါင်း ဖြေရှင်းနိုင်ခဲ့ကြောင်း ဒေသခံ မျက်မြင်သက်သေ တစ်ဦးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ ပြောကြားချက်အရ သိရသည်။ ---

အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲပါက အလွန်အန္တရာယ် များကြောင်း ကြံ့ခိုင်ရေးပါတီ ထုတ်ပြန်

Posted: 06 Oct 2013 07:06 AM PDT


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အခြေခံဥပဒေသစ်တစ်ရပ် ပြန်လည် ရေးဆွဲမည် ဆိုပါက မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အလွန်အန္တရာယ် များကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန် ကြေညာသည်။ ယင်းပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆပ်ကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အောက်တိုဘာလ ၅ ရက်နေ့၌ ထုတ်ပြန်သည့် အချက်ကိုးချက်ပါ ကြေညာချက်တွင် အထက်ပါအတိုင်း ထည့်သွင်းကြေညာခြင်း ဖြစ်သည်။ ---

ဈေးကွက်အတွင်းတွေ့ရသော ရက်ကြာ အချဉ်ရည်များတွင် ဘက်တီးရီးယားပိုးရှိ

Posted: 06 Oct 2013 05:07 AM PDT


ဈေးကွက်အတွင်း ရောင်းချ အသုံးပြုနေသော ရက်ကြာ အချဉ်ရည် များသည် မူလအရောင်မှ အခြား အရောင်များသို့ အရောင်ပြောင်း သွားသည်ကို တွေ့ရှိရ၍ ထိုအချဉ်ရည်များကို စားသုံးသူ ကာကွယ်ရေး အသင်းမှ အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေး ဓာတ်ခွဲခန်းသို့ ပေးပို့ခဲ့ရာ စစ်ဆေးချက် အရ ဘက်တီးရီးယား ပိုးများ တွေ့ရှိကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။---

မိုးထိမိုးမိရွေလုပ်သားများကို အင်အားသုံး ဖယ်ရှားရန်ကြိုးပမ်း

Posted: 06 Oct 2013 04:44 AM PDT


ဇုန်အမှတ်၁၀ နှာဘူးတောင်မှ မိုးထိမိုးမိ ရွှေလုပ်သားများကို အမျိုးသားကြီးပွား တိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှု ကုမ္ပဏီက ယမန်နေ့တွင် အင်အားသုံး ဖယ်ရှားရန် ကြိုးပမ်းမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။ နှစ်ဦးသဘောတူစာချုပ်အားရွေလုပ်သားတို့မလိုက်နာသောကြောင့်ဟုကုမ္ပဏီက အကြောင်းပြခဲ့ပြီး ဖယ်ရှားရန်ကြိုးပမ်းသော်လည်းထိုနေ့က လုပ်သားတို့လက်မခံခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ဟု ဖယ်ရှားခံရမည့်ထဲတွင်ပါဝင်သူ ဦးအောင်ဆန်းလင်းကPopular News သို့ပြောသည်။ ---
မိုးထိမိုးမိရွေလုပ်သားများကို အမျိုးသားကြီးပွားတိုးတက်ရေးရွှေတူးဖော်ထုတ်လုပ်မှုကုမ္ပဏီက
အင်အားသုံး ဖယ်ရှားရန်ကြိုးပမ်း


မွေးဖွားလူနာ တင်လာသော တပ်မတော်ယာဉ် ချောင်းအတွင်းထိုးကျ

Posted: 06 Oct 2013 03:49 AM PDT


ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားသော တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စု လမ်းမပေါ်ရှိ ယန်းခတံတားတွင် မွေးဖွားလူနာ တင်ဆောင်လာသော တပ်မတော်ပိုင် ယာဉ်တစ်စီးသည် ယန်းခချောင်းအတွင်း အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် အမှတ် (၆၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က ပြောကြားသည်။ ယင်းယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည်များအနက် တစ်ဦးသေဆုံးကာ ကိုယ်ဝန်ဆောင် လူနာအပါအဝင် ငါးဦးဒဏ်ရာ ရရှိကြောင်း ၎င်းကရှင်းပြသည်။ ---

သုံးကျော့ပြန် ထကြွလာသော ရခိုင်ပဋိပက္ခမီး

Posted: 06 Oct 2013 03:51 AM PDT


တစ်နှစ်နီးပါး ငြိမ်သက်နေသော ရခိုင်ပြည်နယ်၏ လူမျိုးရေးအသွင်ဆောင် ပဋိပက္ခသည် အောက်တိုဘာလ အစတွင် သံတွဲမြို့၌ အရှိန်မြင့်တက်လာသည်။ ထိုပဋိပက္ခသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေချိန် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ ပဋိပက္ခအရှိန် မြင့်တက်နေသည့် အောက်တိုဘာလ ၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတ သံတွဲမြို့သို့ လာရောက်ခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ လူ့အသိုင်းအဝိုင်း နှစ်ခုကြား ယုံကြည်မှု တည်ဆောက်မှု အခြေအနေများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို လာရောက် လေ့လာခြင်း ဖြစ်သည်။ ယင်းကဲ့သို့ပဋိပက္ခများ တစ်ကျော့ပြန် လာခြင်းသည် အစိုးရ၏ အောက်ခြေအာဏာ ပိုင်များသည် ကျေးရွာများတွင် အကြမ်းဖက် မှု ဖြစ်စေနိုင်သော လှုံ့ဆော်မှုများကို လျစ်လျူရှုထားခြင်း ကြောင့်လောဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ ----

ခင်ပွန်းဖြစ်သူမှ ဇနီးအားသတ်ပြီး အလောင်းဖျောက်

Posted: 06 Oct 2013 03:37 AM PDT


ရန်ကုန်၊ အောက်တိုဘာ ၆

ဒလမြို့နယ်၊ စက်မြေရပ်ကွက်နေ မရွှေသိန်းသူ(ခ) မပုသိမ်၏ အတူနေမိခင်ဖြစ်သူ ဒေါ်လုံးတုံး၊ (ဘ)ဦးကြင်သည် ၎င်း၏နောက်အိမ်ထောင်ဖြစ်သူ ၀င်းထွဋ်(ခ)ရဲအောင် (မရွှေသိန်းသူ၏ပထွေး)၊ (ဘ)ဦးမြသိန်းနှင့်အတူ လက်ခတ်လှေ (၁)စီးဖြင့် ရန်ကုန်မြစ်အတွင်း ငါးဖမ်းသွားရာမှ (၁)လခန့်ကြာ သည်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် စုံစမ်းခဲ့ရာ လွန်ခဲ့သော (၁၅)ရက်ခန့်၊ ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင်အမှတ် (၆) ဗောတံတားကမ်းစပ် လှေပေါ်တွင် ၀င်းထွဋ်(ခ) ရဲအောင်မှာ အရက်သောက်စားရာမှ ဒေါ်လုံးတုံးနှင့် စကားများရန်ဖြစ်စဉ် ၀င်းထွဋ်(ခ)ရဲအောင်မှ ဒေါ်လုံးတုံးအား လှေဘောင်နှင့်ဆောင့်သဖြင့် သေဆုံးသွားခဲ့ပြီး အလောင်းအား သန်လျင်ရေနံချက်စက်ရုံအနီး၊ ရန်ကုန်မြစ်အတွင်း ရေထဲသို့မျောချလိုက်ကြောင်း ၂.၁၀.၂၀၁၃ရက်နေ့ ၁၇၀၀အချိန်ခန့်တွင် စုံစမ်းသိရှိရသဖြင့် လူသတ်ပြီး အလောင်းဖျောက်ဖျက်သူ ၀င်းထွဋ်(ခ) ရဲအောင်အား အရေးယူပေးရန် မရွှေသိန်းသူမှ တိုင်တန်းခဲ့ရာ ဒလမြို့မရဲစခန်း(ပ)၄၄၅/၂၀၁၃၊ ပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မြို့သာ စက်မှု စီမံကိန်း အတွက် လယ်သိမ်းခံ ရလို့ ဒေသခံတွေ မကျေမနပ်

Posted: 05 Oct 2013 06:25 PM PDT


မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မှာတည်ဆောက်နေတဲ့ မြို့သာ စက်မှု ဥယျာဉ်မြို့တော် စီမံကိန်းအတွက် သိမ်းဆည်းယာမြေ ဧက ၁သောင်းကျော်မှာ လျော်ကြေး ပေးတာမျှတမှု မရှိတာအပြင် လျော်ကြေးမပေးဘဲ သိမ်းယူတာတွေကြောင့် ဒေသခံတွေ မကျေမနပ်ဖြစ်နေကြ ပါတယ်။ တံတားဦး မြင်းခြံကားလမ်းအတိုင်း မြင်းခြံဘက်ကိုသွားရင် မြို့သာမြို့အလွန် ၃မိုင်လောက် ဝေးတဲ့နေရာက မြို့သာ စက်မှုဥယျာဉ် မြို့တော်စီမံကိန်းလုပ်ဖို့ သိမ်းထားတဲ့ လယ်တွေအတွက် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြကြောင်း သိရပါတယ်။ ---
လယ်ယာမြေသိမ်းခံရပြီး လျော်ကြေးမညီမျှ ဖြစ်နေ

အမေရိကန် အထူးတပ်ဖွဲ့တွေ ဆိုမာလီနဲ့ လစ်ဗျားမှာ ဝင်ရောက် စီးနင်းမှု နှစ်ခု ပြုလုပ်

Posted: 05 Oct 2013 06:26 PM PDT

အမေရိကန် အထူး တပ်ဖွဲ့တွေဟာ အာဖရိက က အစ္စလာမ် ဝါဒီ စစ်သွေးကြွ ခေါင်းဆောင်တွေကို တိုက်ခိုက် စီးနင်းမှု နှစ်ခုကို သီးခြားစီ ပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ပိုပြီး သိသိသာသာ ထင်ရှားလာပါပြီ။ အဲဒီ တိုက်ခိုက်မှု နှစ်ခုကတော့ လစ်ဗျား နိုင်ငံ ထရစ်ပိုလီမြို့နဲ့ ဆိုမာလီ နိုင်ငံက ဆိပ်ကမ်း မြို့ဖြစ်တဲ့ ဘရာဝီ မှာ ဖြစ်ပါတယ်။ လစ်ဗျားက အယ်ကိုင်းဒါး ခေါင်းဆောင် Anas al Libiကို ထရစ်ပိုလီ မြို့မှာ ဖမ်းဆီး ရမိတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ---
အမေရိကန် ကမ်းတက် အထူး တပ်ဖွဲ့ဝင်တွေ

နမ္မတူမြစ်အတွင်း လူသေလောင်းများပေါ်

Posted: 05 Oct 2013 06:20 PM PDT


စက်တင်ဘာ နောက်ဆုံးပတ် နှင့် အောက်တိုဘာလဆန်းပိုင်းအတွင်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြစ်အတွင်း လူသေအလောင်း ၁၁ လောင်းတွေ့ရှိရကြောင်း လှေသမားများက ပြောပါသည်။ “ပြီးခဲ့တဲ့ အပတ်တုန်းက ၁၀ လောင်းမနေ့က တလောင်း ပေါ်တယ်။ ရေဂိတ်ကျောက်ဆောင်မှာ၊ ကမ်း ဘေးမှာ တင်နေတာ” - ဟု အမည်မဖေါ်လိုသည့် လှေသမား တဦး ကပြောသည်။ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စု နမ္မတူမြစ်အတိုင်း အောက်ဘက် ၁၀ မိုင် ခန့် ကစ်ဟုခေါ်သော မြစ်ကျဉ်းတွင် စက်တင်ဘာ ၂၈ ရက်နေ့က အလောင်း ၉ လောင်း၊ ၂၉ ရက်နေ့က တလောင်း၊ အောက်တိုဘာ ၃ ရက်နေ့က တလောင်း သောင်တင်နေခဲ့သည်ကိုတွေ့ရကြောင်း ဒေသခံ များနှင့် လှေသမား များကပြောပါသည်။ ---

ဖိနှိပ်သူတွေကို အာဃာတမထားပေမဲ့ သမိုင်းမမေ့ဖို့လိုဟု မင်းကိုနိုင်ဆို

Posted: 05 Oct 2013 06:16 PM PDT

မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အရင်က ဖိနှိပ်ခံခဲ့ရတဲ့အဖြစ်တွေအပေါ် အာဃာတတရားနဲ့ လက်စားမချေလိုပေမဲ့ သမိုင်းမမေ့ဖို့တော့ လိုတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကတည်းက သူ့အတွက် ချီးမြှင့်ပေးအပ်ထားတဲ့ Homo Homini ဆုကို ချက်သမ္မတနိုင်ငံ Prague မြို့မှာ ကိုယ်တိုင်လက်ခံယူခဲ့စဉ် ပြောဆိုခဲ့တာပါ။ ---
ကိုမင်းကိုနိုင် ချက်သမ္မတနိုင်ငံမှာ Homo Homini ဆုကို အောက်တိုဘာလ ၃ ရက် ၂၀၁၃ က ကိုယ်တိုင် လက်ခံရယူနေစဉ်။ (ဓာတ်ပုံ - igor.b...@oneworld.cz)



စားကျက်မြေအတွက် ဆန္ဒပြမည့်ရွာသားများအား ဒေးဒရဲမြို့နယ်ရဲမှူးက ကြိမ်းမောင်းပြီး ခြိမ်းခြောက်ပြောဆို

Posted: 05 Oct 2013 02:05 PM PDT


ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် တော်ကနိ - ညောင်လိန်ကုန်းကျေးရွာက ဒေသခံတွေဟာ
သူတို့ဒေသက စားကျက်မြေကို ဒေသအာဏာပိုင်တွေက စားကျက်မြေအဖြစ် သတ်မှတ်မပေးဘဲ လယ်စိုက်ခွင့်ပြုထားတဲ့အပေါ် မကျေနပ်တဲ့အတွက် မနေ့က ဆန္ဒပြဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ကျုံဒါတ်အုပ်စု ညောင်လိန်ကုန်းကျေးရွာက ရွာသား ၁၅၀ ကျော်ဟာ ဆန္ဒပြဖို့ ဒေးဒရဲမြို့လယ်က ဓမ္မရုံကြီးမှာ လူတွေစုဝေးပြီး လမ်းလျှောက်ဖို့ ပြင်ဆင်နေချိန်မှာ ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်လူက ရွာသားတွေကို ကြိမ်းမောင်းပြီး ခြိမ်းခြောက်ပြောဆိုတာတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက Myanmar News Now ကို ပြောပါတယ်။ ---

ကရင်တပ်သားများ ပျောက်ဆုံးမှု ထိုင်းကို တိုင်တန်း

Posted: 05 Oct 2013 01:45 PM PDT


ထိုင်း-မြန်မာနယ်စပ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က God Army တပ်ဖွဲ့ဝင် ကရင်လက်နက်ကိုင် ၅၅ ယောက် ပျောက်ဆုံးသွားတဲ့ ကိစ္စမှာ ထိုင်းလုံခြုံရေးတွေမှာ တာဝန်ရှိတယ်ဆိုပြီး ဒါကို စုံစမ်းစစ်ဆေးပေးဖို့ ဒီတပ်ဖွဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးကနေ တောင်းဆိုလိုက်ပါတယ်။ ဒီကိစ္စကို ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးပေးဖို့ နဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့အတွက် ထိုင်းလူ့အခွင့်အရေးအရေး ကော်မရှင်နဲ့ ထိုင်းရှေ့များ အသင်းတွေကို God Army အဖွဲ့ဘက်က တောင်းဆိုတာ ဖြစ်ပါတယ်။ ---
၁၉၉၉ ခုနှစ်က မြင်ရတဲ့ ဂျော်နီထူး (သေနတ်ကိုင်ထားသူ) နှင့် လူသာထူး

သံတွဲပဋိပက္ခ အစိုးရထုတ်လွှင့်ချက် လက်မခံကြောင်း ရဟန်းတော်များ တုံ့ပြန်

Posted: 05 Oct 2013 01:38 PM PDT


ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေမှာ သာသနာ့အလံတွေ ထောင်ထားတာဟာ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ သံတွဲမြို့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က အောက်တိုဘာလ ၄ ရက် မနေ့ကရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ---

ဝတပ်အနေနဲ့ တပြည်လုံး အပစ်ရပ်ပွဲမှာ ချက်ချင်း လက်မှတ်မထိုးနိုင်

Posted: 05 Oct 2013 01:35 PM PDT


မြန်မာနိုင်ငံက အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA ဝပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ အနေနဲ့ အစိုးရရဲ့ တပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို တက်ရောက်နိုင်ပေမယ့် လက်မှတ်ထိုးဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။ ဝတပ်ဖွဲ့နဲ့ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ သောကြာနေ့တုန်းက ရှမ်းပြည်နယ် ပန်ဆန်းမှာ တွေဆုံ ဆွေးနွေး ကြပြီးနောက် ဝတပ်ဖွဲ့က အဲဒီလို ပြောတာ ဖြစ်ပါတယ်။ ---
UWSA ၀တပ်ဖွဲ့ဝင် တစ်ဦး

အခြေခံဥပဒေ ပြင်ဆင်ဖို့သာ ဆန္ဒရှိကြောင်း ဝတပ်ဖွဲ့ ထုတ်ဖော်ပြောဆို

Posted: 05 Oct 2013 01:31 PM PDT


မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုဖြစ်တဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲတာထက် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖို့သာ သဘောထားဆန္ဒရှိကြောင်း RFAကို ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။ ---

အောက်တိုဘာလ(၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

Posted: 05 Oct 2013 01:26 PM PDT


အောက်တိုဘာလ(၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

အောက်တိုဘာလ(၆)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

Posted: 05 Oct 2013 01:26 PM PDT

အောက်တိုဘာလ(၆)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

အောက်တိုဘာလ (၃)ရက်နေ့ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၉၀

Posted: 05 Oct 2013 01:20 PM PDT


အောက်တိုဘာလ (၃)ရက်နေ့ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၉၀

အောက်တိုဘာလ (၂)ရက်နေ့ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် ၄၅၆

Posted: 05 Oct 2013 01:18 PM PDT


အောက်တိုဘာလ (၂)ရက်နေ့ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် ၄၅၆

မြေပြို မှုကြောင့် မြန်မာ - အိန္ဒိယ ကုန်သွယ်လမ်းကြောင်း ရပ်တန့်

Posted: 05 Oct 2013 12:58 PM PDT


ကလေး၊ ကလေးဝဒေသတွင် စက်တင်ဘာ ၂၈ရက်မှစ၍ ရေကြီး မြေပြိုမှု၊ တံတားကျိုးမှုများ ဆက်တိုက်ဖြစ် ပေါ်ခဲ့မှုကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီး တွင် အသွားအလာများရပ်တန့် သွားကြောင်း သိရသည်။ မန္တလေး-မုံရွာ-ဂန့်ဂေါ- ကလေးလမ်းတံတားနှင့် မုံရွာ- ကလေးဝ-ကလေးမြို့လမ်းများ တံတားများ အောက်တိုဘာ၃ရက် အထိ ပျက်စီးမှုများ သည့်အတွက် ကလေး-ကလေးဝ-တမူး သွားလာ မှုရပ်တန့်သွားပြီး တမူးနယ်စပ် ကုန်စည်သွားလာမှုများပါ ရပ်တန့် သွားကြောင်း သိရသည်။ ---

ကျောက်ကြီး မြေမြုပ်မိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူ ၅၀၀ ခန့်အထိ ရှိနေ

Posted: 05 Oct 2013 12:53 PM PDT


ပဲခူး တိုင်းဒေသကြီးအတွင်းရှိ ကျောက် ကြီးမြို့နယ်မှာ မြေမြှုပ်မိုင်းဒဏ် အများဆုံးခံရသော ဒေသဖြစ်ပြီး မိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူ အနည်းဆုံး ၃၃ဝမှ ၅၀၀ အထိရှိနေကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး စစ် တောင်းမြစ်အရှေ့ဘက်ကမ်း၊ အရှေ့ ရိုးမတောင်ခြေနှင့် တောင် ပေါ်ဒေ သဖြစ်သော ကျောက်ကြီး၊ ရွှေကျင်နှင့် ထန်း တပင်မြို့နယ်တို့ ရှိဒေသခံပြည်သူများမှာ မြေမြှုပ် မိုင်းများ၏ဒဏ် ကို ပြင်းထန်စွာခံ စားရကြောင်း၊ အထူးသဖြင့် ကျောက် ကြီးမြို့နယ်မှာ မြေမြှုပ်မိုင်း ဒဏ် ခံရမှုအများဆုံးဖြစ်ကြောင်း ပဲခူး တိုင်းဒေသကြီး ကျောက်ကြီးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဆွေဦးက ပြောသည်။ ---

Thit Htoo Lwin

unread,
Oct 7, 2013, 10:19:29 AM10/7/13
to thuau...@gmail.com

ထိန်းသိမ်းခံ အချုပ်သားများကို ရိုက်နှက်စစ်ကြောခဲ့သူ တပ်ဖွဲ့ဝင်(၂)ဦးအား အရေးယူထား

Posted: 07 Oct 2013 04:20 AM PDT


နေပြည်တော်၊ အောက်တိုဘာ ၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဖြစ်ပွားခဲ့သည့် မီးရှို့/ဆူပူ/လှုံ့ဆော်မှုများနှင့်ပတ်သက်၍ သံတွဲအကျဉ်းထောင်တွင်ထိန်းသိမ်းထားသူ(၃)ဦးအား ၆-၇-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်မှ ၂၂၀၀ အချိန်ခန့်အတွင်း တပ်ဖွဲ့ဝင်(၂)ဦးကစစ်ဆေးမေးမြန်းစဉ် ရိုက်နှက်စစ်ဆေးခဲ့ကြောင်း သိရှိရသဖြင့် တရားခံများအပေါ် ရိုက်နှက်ညှင်းပန်းနှိပ်စက်ခြင်းမပြုရန် အထက်ဌာန၏ညွှန်ကြားချက်ကို လိုက်နာ ဆောင်ရွက်ရန်ပျက်ကွက်ခဲ့သည့် အဆိုပါတပ်ဖွဲ့ဝင်(၂)ဦးအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်


လယ်မြေကို အခြားမြေအဖြစ် ဥပဒေ ချိုးဖောက်ပြီး သုံးခွင့်ပေးသူများကို အရေးယူမည်

Posted: 07 Oct 2013 02:21 AM PDT


လယ်ယာမြေတွေကို အခြားနည်းအသုံးပြုဖို့ ဥပဒေချိုးဖောက်ပြီး ခွင့်ပြုနေသူ၊ အရောင်းအ၀ယ် လုပ်နေသူနဲ့ အသုံးပြုနေသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။ ဒီနေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပဲခူးတိုင်း မဲဆန္ဒနယ် ၇ က ရွေးကောက်ခံ အမျိုးသားလွှတ်တော်အမတ် ဦးမင်းဦးက အိမ်ခြံမြေ ပွဲစားတွေနဲ့ ၀န်ထမ်းတချို့ ပူးပေါင်းပြီး လယ်ယာမြေတွေကို အိမ်ခြံမြေဈေးလောက်လည်း မဟုတ်၊ လယ်ဈေးလည်း မကတဲ့ ဈေးနှုန်းနဲ့ ၀ယ်ယူရောင်းဝယ်နေကြလို့ လယ်မြေတွေ လျော့နည်း ကျဆင်းလာနိုင်လို့ ဒါကို ဘယ်လိုဖြေရှင်းနေသလဲဆိုပြီး ပဲခူးတိုင်း အုတ်တွင်း၊ ရန်ကုန် – မန္တလေး ကားလမ်းနံဘေးက လယ်ယာမြေတွေကို ဥပမာပေးပြီး မေးခဲ့တာကို ခုလို ဖြေခဲ့တာ ဖြစ်ပါတယ်။ ---

ရခိုင် ပါတီနှစ်ခု ပေါင်းသည့် ရခိုင် အမျိုးသားပါတီ ဦးအေးသာအောင်ကို ပထမခေါင်းဆောင်အဖြစ် ရွေးချယ်

Posted: 07 Oct 2013 02:16 AM PDT


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) တို့ ပူးပေါင်းသည့် ရခိုင်အမျိုးသားပါတီ (ANP) အတွက် ပထမခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် နှစ်ဦးကို စက်တင်ဘာ ၆ ရက်တွင် နှစ်ပါတီ ကိုယ်စားလှယ်များက ရွေးချယ်ခဲ့ပြီး ဦးအေးသာအောင်ကို ပထမခေါင်းဆောင်အဖြစ် ရွေးချယ်ကြောင်း အဆိုပါ ပါတီထံမှ သိရှိရသည်။ ရခိုင် အမျိုးသားပါတီ ပထမခေါင်းဆောင် အနေနှင့် ALD ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်ကို ရွေးချယ်ထားပြီး ဒုတိယခေါင်းဆောင် နေရာကို RNDP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ရွေးချယ်ထားကြောင်း ဦးအေးသာအောင်က ဆိုသည်။ ---

၁၆ မိုင်ဂိတ် တရားမဝင် ကျောက်စိမ်းတုံးများ ဖမ်းမိ

Posted: 07 Oct 2013 02:12 AM PDT


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် (၁၆) မိုင်စစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၅ ရက်နေ့က မန္တလေးမှ မူဆယ်သို့သွားမည့် ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် ကုန်တင်ယာဉ် သုံးစီးပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခန့်က ကုန်တင်ယာဉ် သုံးစီးပေါ်တွင် ဂုန်နီအိတ်ဖြင့် ထည့်ထားသော ၂၁၅ ကီလိုဂရမ် အလေးချိန်ရှိသည့် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရကြောင်း ကာလတန်ဖိုး ပမာဏကိုမူ တွက်ချက်ဆဲ ဖြစ်ကြောင်း၊ ---

ဒေါ်အောင်ဆန်းစုကြည် ကချင်ခရီးစဉ်ဖျက်သိမ်း

Posted: 07 Oct 2013 02:09 AM PDT


မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။ အစိုးရအဖွဲ့အနေဖြင့် ယင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားသော်လည်း ကချင်လွတ်မြောက်ရေးဘက်မှ ဖိတ်ကြားခြင်းမရှိဟု အစိုးရအဖွဲ့ သတင်းရင်းမြစ်ကဆိုသည်။ ---
မြစ်ကြီးနားမြို့တွင်ပြုလုပ်ခဲ့ပြီးသည့် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမြင်ကွင်း


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခေတ်သစ်အန္တရာယ်နှင့် ကြုံတွေ့နေရ

Posted: 07 Oct 2013 01:56 AM PDT


စစ်ပွဲများ၊ မြေငလျင်များနှင့် ပူပြင်းသည့် နေပူဒဏ်များကို ရာစုနှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသော ပုဂံခေတ် စေတီပုထိုးများသည် မကြာမီနှစ်များအတွင်း ခေတ်သစ်အန္တရာယ်များ ကိုပါ ရင်ဆိုင်နေ ခဲ့ရကြောင်း သိရသည်။ နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ စေတီပုထိုးများအပါအ၀င် ရှေးခေတ်စေတီပုထိုးများတည်ရှိရာ ရှေးဟောင်း ပုဂံယဉ်ကျေးမှု နယ်မြေသည် မြန်မာနိုင်ငံအတွက် သမိုင်းတန်ဖိုးအကြီးဆုံး ရှေးဟောင်း ဘာသာရေး နယ်မြေများတွင် တစ်ခု အပါအ၀င်ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များအား အဓိက ဆွဲဆောင်နိုင်သော ယဉ်ကျေးမှုနယ်မြေလည်း ဖြစ်သည်။ ---

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် 'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌ ဦးပေါက်ယူချန်နှင့် တွေ့ဆုံဆွေးနွေး

Posted: 07 Oct 2013 01:52 AM PDT


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ခေါင်းဆောင်သောအဖွဲ့သည် ယခုလ ၄ရက် မွန်းလွဲ ၁နာရီတွင် 'ဝ'အထူးဒေသ(၂)သို့ ရောက်ရှိကာ 'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌ ဦးပေါက် ယူချန်နှင့်တွေ့ဆုံခဲ့စဉ် အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးမှု များကို ပြည်ထောင်စု နေ့စဉ်သတင်းစာက မှတ်တမ်းတင် ဖော်ပြပါသည်။ 'ဝ' ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး နိုင်ငံတော်မှကူညီပေးရန်မျှော်လင့်စောင့် စားနေကြောင်း ဦးပေါက်ယူချန် ဆွေးနွေးပြောကြား.....
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် 'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌ ဦးပေါက်ယူချန်နှင့် တွေ့ဆုံဆွေးနွေး

စက်လှေပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသား ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ

Posted: 07 Oct 2013 01:28 AM PDT


ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ထဲက ပုဂ္ဂလိက လေဆိပ်တခုမှာ ကုန်ပစ္စည်းတင် စက်လှေ ၁ စင်း ပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် မြန်မာလုပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားပါတယ်။ ပေါက်ကွဲမှုဟာ အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာလို့ ရနောင်း မိတ်သဟာ နာရေးကူညီမှုအသင်း တာဝန်ရှိသူ ဦးသားကျော်က ပြောပါတယ်။ ဦးသားကျော်က “လှေအနောက်ဘက်မှာ ဂက်စအိုးပေါက်တယ်။ ၇ ယောက်မှာ ၆ ယောက်က ဒဏ်ရာရတယ်။ တယောက်က သေဆုံးတယ်” လို့ ပြောပါတယ်။ ---

ပဋိပက္ခနှင့် မသက်ဆိုင်သူများ ဖမ်းဆီးခံရမှု စုံစမ်းရန် သံတွဲမြို့သို့ RNDP မှ လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်မည်

Posted: 07 Oct 2013 12:39 AM PDT


လွန်ခဲ့သော ရက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပဋိပက္ခနှင့် မသက်ဆိုင်သူများ ဖမ်းဆီးခံထားရမှုကို စုံစမ်းရန် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP မှ လွှတ်တော်ကိုယ်စားလှယ်များ သွားရောက် လေ့လာမည် ဖြစ်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။ သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပက်သက်ပြီး မည်သည့် အကြောင်းကြောင့် ဖြစ်ပွားရခြင်းကို လေ့လာရန်နှင့် ပဋိပက္ခနှင့် မသက်ဆိုင်သူများ ဖမ်းဆီး ခံထားရမှုများကို သွားရောက် စုံစမ်းရန် အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ သွားရောက် လေ့လာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။---

မန္တလေးလူကုံထံများကြား နာမည်ကြီး နိုက်ကလပ်တစ်ခုဝင်ရောက်ဖမ်းဆီး

Posted: 07 Oct 2013 12:09 AM PDT

မန္တလေးမြို့ရှိ လူကုံထံ အသိုင်းအ၀ိုင်းမှလူငယ်များအကြား နာမည်ကြီးသည့် နိုက်ကလပ်တစ်ခုကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ မဟာအောင်မြေမြို့နယ်၊ ရဲ မွန်တောင်ရပ်ကွက်၊ ၃၅ လမ်းနှင့် ပြင်ဦးလွင်ကားလမ်းမထောင့်ရှိ Bar code အမည်ရစားသောက် ဆိုင်တွင် နိုက်ကလပ်ဖွင့်လှစ်ထားကြောင်း သတင်းရရှိသောကြောင့် အောက်တိုဘာ ၅ ရက် ည ၁၁ နာရီအချိန်တွင် ၀င်ရောက်ရှာဖွေ ရာဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ---

ကျောင်းကုန်းတွင် ဆူပူအောင်လှုံ့ဆော်သူလေးဦးကို စတင်ဖမ်းဆီး

Posted: 07 Oct 2013 12:02 AM PDT


ကျောင်းကုန်းမြို့တွင် အောက်တိုဘာ ၆ ရက် ညနေက အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များဖျက်ဆီးရန် လှုံ့ဆော် သူလေးဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အောက်တိုဘာ ၅ ရက် ဖြစ်စဉ်တွင် လှုံ့ဆော်သူနှင့် ပါဝင်သူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “လှုံ့ဆော်ရာမှပါဝင်တဲ့သူတွေကို လိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။ အေးအေးဆေးဆေးဖြစ်နေပါပြီ”ဟု အထက်ပါ တာဝန်ရှိသူက အောက်တိုဘာ ၆ ရက်ညတွင် ပြောသည်။ ယခုလောလောဆယ် အောက်တိုဘာ ၆ ရက်ညနေ ၅ နာရီ ၀န်းကျင်တွင် လိုက်လံလှုံ့ဆော်သူ ဒေသခံလေးဦးကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ---

ဇနီးကိုသတ်ပြီး ရန်ကုန်မြစ်တွင်း အလောင်းဖျောက်ဖျက်သူခင်ပွန်း ဖမ်းမိ

Posted: 06 Oct 2013 11:51 PM PDT


လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူ၏ ဆံပင်ကိုဆွဲကာ လှေဘောင်ဖြင့် ဦးခေါင်းကို ဆောင့်ခဲ့မှုကြောင့် သေဆုံးခဲ့သည့် ဇနီး၏ အလောင်းကို ရန်ကုန်မြစ်အတွင်း မျှောချ ဖျောက်ဖျက်ခဲ့သူဟု တိုင်ကြားခံရသူကို အောက်တိုဘာလ ၅ ရက်နေ့က ဒလမြို့နယ် မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ စက်တင်ဘာလ တတိယပတ်က ဒလမြို့နယ် စက်မြေ ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၃ နှစ်အရွယ်ရှိ ဒေါ်လုံးတုံးသည် ၎င်း၏ခင်ပွန်း အသက် ၃၅ နှစ်အရွယ်ရှိ ကိုဝင်းထွဋ် (ခ) ရဲအောင်နှင့်အတူ ရန်ကုန်မြစ်အတွင်း လက်ခတ်လှေဖြင့် ငါးဖမ်းသွားရာမှ ဗိုလ်တထောင် အမှတ် ၆ ဗောတံတား ကမ်းစပ်တွင် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် ခင်ပွန်းက ဇနီးသည်၏ ဆံပင်ကို ဆွဲကိုင်ပြီး လှေဘောင်ဖြင့် ဦးခေါင်းကို လေးချက်ဆက် တိုက်ဆောင့်ခဲ့သည့် ---

အောက်တိုဘာလ (၉)ရက်နေ့ထုတ် Mobile Guide Journal Issue 123

Posted: 06 Oct 2013 11:44 PM PDT


အောက်တိုဘာလ (၉)ရက်နေ့ထုတ် Mobile Guide Journal Issue 123

အောက်တိုဘာလ (၆)ရက်နေ့ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၂၂

Posted: 06 Oct 2013 11:41 PM PDT

အောက်တိုဘာလ (၆)ရက်နေ့ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၂၂

အားကစားကွင်းနေရာ ဟိုတယ်ဆောက်လုပ်မှု ဒေသခံများ ဆန္ဒထုတ်ဖော်

Posted: 06 Oct 2013 11:33 PM PDT


ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒုတိယ ကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောကြားခဲ့သော အားကစားကွင်း နေရာတွင် ဟိုတယ် ဆောက်လုပ်နေသည်ကို လက်မခံနိုင်သောကြောင့် အောက်တို ဘာလ ၆ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းပွဲတွင် ဘားအံဒေသခံများက ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း အဆိုပါ အားကစားကွင်း ဒေသခံများ လက်ဝယ် ပြန်လည်ရရှိရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ရွှေက ပြောကြားသည်။ ---

မြေယာသိမ်း ဆန္ဒပြပွဲ ရန်ကုန်မြို့လယ်တွင် ထပ်မံဖြစ်ပွား

Posted: 06 Oct 2013 11:26 PM PDT


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်က ရပ်ကွက်သူနဲ့ ရပ်ကွက်သားတွေအပြင် မူလတန်းကျောင်းသူနဲ့ ကျောင်းသားလေးတွေဟာ မိမိတို့ လက်ရှိ နေထိုင်ရာကနေ ပြောင်းရွှေ့မှုအမိန့် ကြေညာစာတွေကြောင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနလက်အောက်ရှိ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကို အောက်တိုဘာလ ၆ ရက်နေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ မြေယာသိမ်းခံရမှု ဆန္ဒပြသူတဦးဖြစ်တဲ့ ဒေါ်မြင့်မြင်ဝေက “ဒေါက်တာ ဦးမျိုးအောင် အမတ်ကိုယ်စားလှယ်လောင်းကို သဘာပတိထားပြီးတော့ ကနောင်ခန်းမမှာ လူကြီးတော်တော်များများနဲ့ ပြည်သူတွေကို မြေပေးစရာတော့ မရှိဘူး။ ရတနာအိမ်ယာ၊ ဧရာဝဏ်အိမ်ယာစီမံကိန်းတွေလာရင် ခင်ဗျားတို့ကို ကျနော်တို့ ခေတ္တခဏ လိုင်းခန်းတွေ ဆွဲပေးမယ်။ ---

အရွယ်မရောက်သေးသူ မိန်းကလေးငယ် အဓမ္မကျင့်ခံရ၍ ကျောင်းကုန်းတွင် ပဋိပက္ခဖြစ်

Posted: 06 Oct 2013 11:15 PM PDT


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရရာမှ အောက်တိုဘာ ၅ ရက်နေ့ ည ၈ နာရီခန့်က ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွပ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောကြားသည်။ ကျောင်းကုန်းမြို့နယ် (၂) ရပ်ကွက် ဗောဓိကုန်း၊ ကျန်စစ်သား (၁) လမ်းတွင် နေထိုင်သူ အသက် ၄၆ နှစ်အရွယ် အစ္စလာမ် ဘာသာဝင် ဦးလှဝင်းဆိုသူက ၎င်း၏ အိမ်နီးချင်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခြင်းနှင့် ပတ်သက်၍ ဒေသခံများက မကျေမနပ် ဖြစ်ရာမှ ပဋိပက္ခ ဖြစ်ပွားပြီး ---

အီဂျစ်အဓိကရုဏ်း လူ ၅၀ ထက်မနည်း သေဆုံး

Posted: 06 Oct 2013 07:41 PM PDT

အီဂျစ်နိုင်ငံမှာ ရာထူးကဖယ်ရှားခံရတဲ့ သမ္မတမိုဟာမက်မော်စီကို ထောက်ခံ သူတွေနဲ့ ရဲတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်တာကြောင့် လူ ၅၀ ထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အီဂျစ်တာဝန်ရှိ သူတွေက ပြောပါတယ်။ အကြမ်းဖက်မှု အများစုဟာ ကိုင်ရိုမြို့မှာ မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာပါ။ အာရပ် အစ္စရေးစစ်ပွဲ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အများပြည်သူ အားလပ်ရက်ပွဲ ဆင်နွဲနေကြတဲ့အချိန်မှာပဲ စစ်တပ်လိုလားတဲ့ ချီတက်လမ်းလျှောက်လာသူတွေနဲ့ အစ္စလာမစ်တွေအကြား လမ်းပေါ်မှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါ တယ်။ တဘက်နဲ့တဘက် ခဲတွေ၊ လေးခွတွေ၊ ဂက်စ် ဓာတ်ငွေ့ဗုံးတွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြပါတယ်။ ---
သမ္မတဟောင်းမော်စီကိုထောက်ခံသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲစဉ်။ (အောက်တိုဘာ ၆၊ ၂၀၁၃)

အကြမ်းဖက်သမားတွေကို အမိဖမ်းမည်ဟု အမေရိကန်သတိပေး

Posted: 06 Oct 2013 07:31 PM PDT

အမေရိကန်တပ်ဖွဲ့တွေက အာဖရိက ၂ နိုင်ငံမှရှိတဲ့ အယ်လ်ခိုင်းဒါး ပစ်မှတ်တွေကို စီးနင်းတိုက်ခိုက်ခဲ့တာဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူတွေကို ဥပေဒအရ အရေးယူရေး ဘယ်တော့မှ ရပ်သွားမှာမဟုတ်ဘူးဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောပါတယ်။ အယ်လ်ခိုင်းဒါးစစ်သွေးကြွတွေဟာ ပြေးနိုင်ပေမဲ့ လုံခြုံအာင်တော့ ပုန်းနေလို့ မရဘူးလို့လည်း ၀န်ကြီး ကယ်ရီက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ APEC ခေါ် အာရှနဲ့ ပစိဖိတ်ဒေသနိုင်ငံများ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုညီလာခံကို ၀န်ကြီး ကယ်ရီတက်ရောက်နေစဉ်မှာ အခုလိုပြောဆိုလိုက်တာပါ။---
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ

တနိုင်ငံလုံး အပစ်ရပ်ရေးနဲ့ ပတ်သက်လို့ KNU ရဲ့ သဘောထား ရပ်တည်ချက်

Posted: 06 Oct 2013 07:24 PM PDT

KNU ကရင်အမျိုးသား အစည်းအရုံးက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ KNU ရဲ့ သဘောထား ရပ်တည်ချက် ၆ချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်တဲ့ KNU ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီ အထဲက ပထမဆုံး အချက်ကတော့ အစိုးရနဲ့ Code of Conduct သဘောတူထားပြီး ဖြစ်တယ် ၊ ဒုတိယ အချက်က တနိုင်ငံလုံး အပစ်ရပ်ရင် ကတိကဝတ်နဲ့ လက်မှတ် ထိုးတဲ့ အခါ အစိုးရဖက်ကကော စစ်တပ် ဖက်ကပါ ပါဖို့ လိုတယ်လို့ ကေအန်ယူ တွဲဘက် အတွင်းရေးမှူး ဖဒို မန်းမန်းက ပြောပါတယ်။ ---
မနှစ်က စက်တင်ဘာတုန်းက ကေအန်ယူနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့စဉ်က မြင်ကွင်း


ဧရာဝတီတိုင်းအတွင်း ဘာသာရေး ပဋိပက္ခ ဖြစ်ပွား

Posted: 06 Oct 2013 07:12 PM PDT


ဧရာဝတီတိုင်း ​ကျောင်းကုန်းမြို့မှာ ​အသက် ​၁၄ ​နှစ်အရွယ် ​ဗုဒ္ဓဘာသာဝင် ​မိန်းကလေးတစ်ဦးကို ​မွတ်စလင်အမျိုးသားက  ​အဓမ္မပြုကျင့်ခံရတယ်ဆိုပြီး ​မနေ့တုန်းက ​မွတ်စလင်လူမျိုးပိုင် ​အိမ်ငါးလုံးကို ​ဗုဒ္ဓဘာသာဝင်တွေ ​ဖျက်ဆီးလိုက်တယ်လို့ ​သိရပါတယ်။ အဓမ္မပြုကျင့်ခဲ့သူကို ​ကျောင်းကုန်း ​ရဲစခန်းမှာ ​ထိန်းသိမ်းထားတာကို ​လူအယောက် ​၁၀၀ ​လောက် ​ရှိတဲ့ ​လူအုပ်ကြီးက ​တရားခံကို ​အပြင်ထုတ်ပေးဖို့ ​တောင်းဆိုခဲ့ပါတယ်။ ---
သံတွဲမြို့နယ် ပဋိပက္ခကြောင့် မီးလောင်ပျက်ဆီးသွားခဲ့တဲ့ နေအိမ်တွေ (Credit: Reuters) 

ကျောင်းကုန်းမှာ လုံခြုံရေးတိုးမြှင့်

Posted: 06 Oct 2013 03:45 PM PDT


ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင်းမှာ လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်း ဖက်မှုတွေ စနေနေ့ညက ဖြစ်ပွားခဲ့ပြီး အိမ်တချို့ ဖျက်ဆီးခံခဲ့ရတာကြောင့် အခြေ အနေကို ထိန်းသိမ်းတဲ့အနေနဲ့ အာဏာပိုင်တွေက အခုအခါ လုံခြုံရေး တိုးမြှင့်ချ ထားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျောင်းကုန်း ဒေသခံ မူဆလင်အမျိုးသားတစ်ဦးကနေ မြန်မာမိန်းကလေးတစ်ဦးကို မတရားပြုကျင့်ခဲ့ တယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် အခုလို အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ ကျောင်းကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကလည်း ဗွီအိုအေကို ပြောပြပါတယ်။ လောလောဆယ်မှာတော့ ရဲရော စစ်တပ်ကပါ လုံခြုံရေး တင်းတင်းကျပ်ကျပ် ယူထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်းက ဆက်သွယ်စုံစမ်းတင်ပြပေးထားပါတယ်။ ---

မွတ်ဆလင် အိမ်တခိျု့ ဖျက်ဆီးခံရ

Posted: 06 Oct 2013 03:43 PM PDT


ဧရာဝတီတိုင်း ကျောင်းကုန်းမြို့မှာ မွတ်ဆလင်တွေရဲ့ အိမ်နှစ်လုံးနဲ့ တဲတစ်လုံးကို ဗုဒ္ဒဘာသာဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မွတ်ဆလင် တယောက်က အသက် မပြည့်သေးတဲ့ မိန်းကလေးတယောက်ကို မတော်တရား ပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလို အိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေကတော့ ဖျက်ဆီးခံရတဲ့ အိမ်ခြေ အရေအတွက်ဟာ ၆ လုံးလောက် ရှိတယ်လို့ ဆိုကြပါတယ်။ ---
မကြာခင်က ရခိုင်ပြည်နယ်တွင်လည်း မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့

ကျောင်းကုန်းမြို့မှာ မွတ်စလင် နေအိမ် ၅ လုံး ဖျက်ဆီးခံရ

Posted: 06 Oct 2013 03:39 PM PDT


ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ ဗောဓိကုန်းရပ်ကွက်မှာ မနေ့ညက အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ် ၅ လုံးကို ဒေသခံတွေက ဖျက်ဆီးလိုက်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ကျောင်းကုန်းဒေသခံ ကိုပြည့်ဖြိုးဝေက အခုလိုပြောပါတယ်။ " ည ၇ နာရီ ကျော်လောက်ကြတော့ အဲ့ဒီအိမ် ဝိုင်းဖြိုကြမယ်၊ ဗလီဖြိုကြမယ်ဆိုပြီး ထွက်သွားတယ်၊ အဲ့ကုလားရှိတဲ့ အိမ်မှာပဲ ဖြိုတယ်၊ ပြီးတော့ သူ့ညီမ အိမ်ကိုဖြိုတယ်၊ အိမ် ၅ လုံးပြိုသွားတယ်၊ ကုလား သင်္ဂျိုင်းမှာရှိတဲ့ အစောင့် တဲအိမ်က မီးရှို့ခံရတယ်၊ ပြီးတော့ မြို့နယ် ရဲတပ်ဖွဲ့မှူးရော၊ အာဏာပိုင်အဖွဲ့အစည်းရော ရောက်လာတယ်၊ သူတို့က မလုပ်ကြပါနဲ့လို့ တားတယ်" ---

အစိုးရနဲ့ KIO ဆွေးနွေးပွဲအတွက် လေ့လာသူတွေ ရောက်ရှိလာ

Posted: 06 Oct 2013 03:29 PM PDT


ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ KIO ကချင် လွတ်မြောက်ရေး အဖွဲ့ အကြား ဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီ ဂျေ နမ်ဘီးယားနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် အထူးအကြံပေး အရာရှိ မစ္စ မာရီယန် ဟေဂန် တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို တနင်္ဂနွေနေ့က ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ---
အခု တခေါက် ဆွေးနွေးပွဲမှာ တပ်နေရာ ချထားရေး ကိစ္စကို အဓိက ဆွေးနွေးမယ်လို့ ယူဆရ

Thit Htoo Lwin

unread,
Oct 8, 2013, 10:36:16 AM10/8/13
to thuau...@gmail.com

ရူပဗေဒ နိုဘယ်ဆု ဟစ်ဘိုဇွန် သီအိုရီ ရရှိ

Posted: 08 Oct 2013 06:47 AM PDT


၂၀၁၃ ခုနှစ် အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ဟစ်ဘိုဇွန် ဆိုတဲ့ သီအိုရီနဲ့ ဘယ်လ်ဂျီယံ သိပ္ပံ ပညာရှင် ဖရန်ဆွာ အန်ဂလာ့တ်နဲ့ ဗြိတိန် သိပ္ပံ ပညာရှင် ပီတာ ဟစ်ခ်စ် တို့ကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။ သူတို့နှစ်ဦးဟာ အက်တမ်အောက်အမှုန် ဖြစ်တဲ့ အဓိကကျတဲ့ အခြေခံ ဒြပ်မှုန် တစ်မျိုး တည်ရှိနေမှုကို ခန့်မှန်းဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဟစ်ဘိုဇွန် သက်သေပြချက်ကို ဖော်ထုတ်ဖို့အတွက် ရာစုနှစ် တစ်ဝက်လောက်ပဲ ကြာခဲ့ပြီး Large Hardron Collider ဆိုတဲ့ အက်တမ်တွေကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်စေခဲ့တဲ့ စမ်းသပ်မှုကနေ သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ---
ဗြိတိန် သိပ္ပံပညာရှင် ပီတာဟစ်ခ် (ယာ) နဲ့ ဘယ်လ်ဂျီယံ သိပ္ပံပညာရှင် ဖရန်ဆွာ အန်ဂလာ့တ်

ရန်ကုန် - သံတွဲ ပြေးဆွဲနေသော ယာဉ်လိုင်းတချို့ ဘာသာခြား တင်ဆောင်ခြင်း ကို ခေတ္တ ရပ်ဆိုင်းထား

Posted: 08 Oct 2013 06:42 AM PDT


ရခိုင် ပြည်နယ် သံတွဲမြို့နယ်တွင် ဘာ သာရေးဆိုင်ရာ ပဋိပက္ခများဖြစ် ပွားမှုကြောင့် ရန်ကုန်-သံတွဲပြေး ဆွဲနေသော ယာဉ်လိုင်းတချို့မှာ ဘာသာခြားတင်ဆောင်ခြင်းကို ခေတ္တရပ်ဆိုင်းထားပြီး ကြိုတင် ဘွတ်ကင်ဖြင့် လက်မှတ်ဝယ်ယူခြင်း ကိုလည်း လက်မခံတော့ကြောင်း ရန်ကုန်-သံတွဲပြေးဆွဲလျက်ရှိ သည့် ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။ ''ကြိုတင်ဘွတ်ကင်ဆိုရင် ဘယ်လိုလူက ဝယ်မှန်းမသိလို့ မရောင်းဘူး။ လာဝယ်ရင်လဲ ဝယ် တဲ့သူကိုကြည့်ပြီး ရောင်းသင့်တယ် ထင်တဲ့သူကိုပဲ ရောင်းတယ်''ဟု ရန်ကုန်-သံတွဲ ယာဉ်လိုင်းပြေးဆွဲ သူတစ်ဦးကပြောသည်။ ---

ကာရာအိုကေဆိုင်ပိတ်သည့် ရဲတပ်ဖွဲ့ဝင်များကို မိတ္ထီလာလေတပ်မှ တပ်မတော် သားများ နှောင့်ယှက်ခဲ့သည့်အတွက် တပ်ထိန်းမှ သွားရောက် ဖြေရှင်းခဲ့ရ

Posted: 08 Oct 2013 05:57 AM PDT


မန္တ လေးတိုင်းဒေသကြီး မိတ္ထီလာမြို့ တွင် ကာရာအိုကေဆိုင်ကို ပိတ် သိမ်းခဲ့သည့် ရဲစခန်းတာဝန်ရှိ သူများကို လေတပ်စခန်းမှ တပ် မတော်သားများက နှောင့်ယှက် ခဲ့သည့်အတွက် တပ်ထိန်းတပ်ဖွဲ့ မှ သွားရောက်ထိန်းသိမ်းဖြေ ရှင်း ပေးရသည့် ဖြစ်စဉ်တစ်ခုအောက် တိုဘာ၂ရက်က ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ရဲစခန်း၏ ပြောကြား ချက်အရ သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၂ရက် ည၁ဝနာရီ မိနစ် ၅ဝတွင် မိတ္ထီလာ အမှတ် (၃)ရဲစခန်းကို တပ်မတော် (လေ) ရှမ်းတဲမှတပ် ဖွဲ့ဝင် ၁၁ဦးရောက်ရှိလာပြီး ရန် ကုန်- မန္တလေးကားလမ်းဘေးရှိ အေ ဝမ်းစားသောက်ဆိုင်မှ ကာရာ အိုကေခန်းကို ရဲစခန်းမှပိတ်သိမ်း ထားသည်ဆိုသည်မှာ ဟုတ် မ ဟုတ်မေးမြန်းရာတွင် စခန်းမှူး က စည်းမျဉ်းစည်းကမ်းများအရ ပိတ်ထားရခြင်းဖြစ်ကြောင်း ပြန် လည်ဖြေကြားရာတွင် ပြဿနာ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။ ---

ရခိုင်တွင် ကလေးငယ် ၁ သိန်းကျော် ပဋိပက္ခဘေးဒဏ်ခံနေရ

Posted: 08 Oct 2013 05:53 AM PDT


ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကလည်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဘေးဒဏ်ခံနေရတဲ့ ကလေးငယ်ပေါင်း ၁ သိန်းကျော်ရှိပြီး ကလေးငယ်တွေရဲ့ အကျိုးအတွက် အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က တောင်းဆို လိုက်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလကုန်နဲ့ ခုလဆန်းပိုင်းက ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ နေအိမ်တွေ မီးရှို့ခံရမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ယူနီဆက်ဖ်ရုံးရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ခုလိုတောင်းဆိုထားတာ ဖြစ်ပါတယ်။---

သံတွဲ ပဋိပက္ခပါ RNDP အဖွဲ့ဝင်တွေကို ပါတီဥက္ကဌ လာတွေ့

Posted: 08 Oct 2013 05:45 AM PDT


သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး ခေါ်ယူ ထိန်းသိမ်း ခံထားရတဲ့ RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင်တွေကို ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်နဲ့ အဖွဲ့ လာရောက် တွေ့ဆုံခဲ့ပါတယ်။ သံတွဲမြို့ကို ရောက်လာလာချင်းမှာပဲ ဖမ်းဆီးခံထားရသူ တဦး ဖြစ်တဲ့ သံတွဲမြို့နယ် RNDP ဥက္ကဌ ဦးစောလှိုင်ရဲ့ မိသားစုတွေ အပါအဝင် တစ်ခြား ဖမ်းဆီးခံထားရတဲ့ သူတွေရဲ့ မိသားစုဝင်တွေကို ဒေါက်တာ အေးမောင် သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ---
သံတွဲမြို့မှာ ဘာသာရေးနွယ်တဲ့ ပဋိပက္ခတွေ အတွင်း နေအိမ် အဆောက်အဦတွေ မီးရှို့ ဖျက်ဆီးခံခဲ့ရ

သမ္မတဦးသိန်းစိန် ဘရူနိုင်းနိုင်ငံကို ထွက်ခွာ

Posted: 08 Oct 2013 05:39 AM PDT


မြန်မာသမ္မတ ဦးသိန်းစိန်ဟာ  ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့  ၂၃ ကြိမ်မြောက် ထိပ်သီးညီလာခံကို  တက်ရောက်ဖို့ ဒီနေ့  နေပြည်တော်ကနေ ထွက်ခွာသွားတယ်လို့ သမ္မတရုံးဝက်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ သမ္မတဦးသိန်းစိန်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့  နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဒေါက်တာ ကံဇော်နဲ့ ဒုဝန်ကြီးတွေ လိုက်ပါသွားပါတယ်။---
ဓာတ်ပုံ - ဦးရဲထွဋ် ဖေ့စ်ဘွတ်ခ်

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် အောင်ဆန်းဟု အမည်သတ်မှတ်

Posted: 08 Oct 2013 05:02 AM PDT

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ် မြောက်ရေးအဖွဲ့က ရုပ်ရှင်ဇာတ်ကားအမည်ကို 'အောင်ဆန်း'ဟု သတ်မှတ်အတည်ပြုလိုက် ကြောင်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးမင်း ထင်ကိုကိုကြီးက ပြည်ထောင်စုနေ့စဉ်သို့ပြော သည်။ ယမန်နေ့က နေပြည်တော်တွင် ပြုလုပ် သော ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားနှင့်ပတ်သက်သော ဆွေးနွေးပွဲတွင် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းထင် ကိုကိုကြီး၊ ဦးဝိုင်း၊ ဦးဝေဠုကျော်၊ ဒေါ်အိအိ ခိုင်၊ဒေါ်ကြည်ဖြူသျှင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီးနောက် ဇာတ်ကားအမည်ကို အတည်ပြုနိုင် ခဲ့ခြင်းဖြစ်သည်။ ---

တာချီလိတ်တွင် အိုက်စ် မူးယစ်ဆေး အလေးချိန် ၇ တန်ဖမ်းမိ

Posted: 08 Oct 2013 04:51 AM PDT


တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲတွင် အိုက်စ် (ice or crystal methamphetamine) မူးယစ်ဆေးအမျိုးအစား ၇ တန် ထက်မနည်းဖမ်းရမိကြောင်း နီးစပ်သည့်သတင်းရပ်ကွက်ကပြောပါသည်။ အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီခန့်တွင် ပါလျောင်း - ကျိုင်းလပ်မှ လာသည့် ကားတစီးအား မိုင်းလျဲန်းရဲတပ်ဖွဲ့ တားစီးစစ်ဆေးရာမှာ အိုက်စ် မူးယစ်ဆေးတုံးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ ကုန်သည်တဦးက ပြောပါသည်။ ---

စစ်တွေတွင် တရားမ၀င်ဆန္ဒပြမှုဖြင့် ထောင်ဒဏ်စီရင်

Posted: 08 Oct 2013 02:48 AM PDT


ဒီနှစ် မတ်လဆန်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘဂါင်္လီတွေကို နေအိမ်ဆောက်ပေးမယ့် အစီအစဉ်အပေါ် ကန့်ကွက်ဆန္ဒပြပွဲ ဦးဆောင်သူ ၂ ဦးကို စစ်တွေမြို့နယ်တရားရုံးက ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြတဲ့အမှုနဲ့ ထောင်ဒဏ် ၃ လစီ ကျခံစေဖို့ စီရင်လိုက်ပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ခုလို ပြောပါတယ်။ “ဒီနေ့ ၁၂ နာရီလောက်မှာ ဒေါ်ညိုအေးနဲ့ ဦးကျော်စိုးကို ထောင် ၃ လစီချလိုက်တယ်လို့ ကျနော်တို့ ကြားသိရပါတယ်။” ---

Cranfield တက္ကသိုလ်မှာ မြန်မာစစ်အရာရှိ သင်တန်းတက်

Posted: 08 Oct 2013 02:41 AM PDT



မြန်မာ့တပ်မတော် က ဒုဗိုလ်မှူးကြီး နဲ့ အထက်အရာရှိ ၃ဝ ကို ဗြိတိန်နိုင်ငံ Cranfield တက္ကသိုလ် က စစ်လေ့ကျင့်ရေး ကျောင်းမှာ လာမယ့် နှစ်ဆန်းပိုင်း ကျရင် ခေါ်ယူ သင်တန်းပေးတော့မှာပါ။ အခု လို မြန်မာ့ တပ်မတော် အရာရှိတွေ ကို သင်တန်း ပို့ချပေးခြင်း ဟာ မြန်မာ အစိုးရ ရဲ့ တောင်းဆို ချက် အရ ပြည်တွင်း ပြုပြင် ပြောင်းလဲရေး တွေ မှာ အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အတွက် ဗြိတိန် က လက်ခံ တာပါ။ ---
Cranfield တက္ကသိုလ်


မြေဈေးစံနှုန်း ထုတ်ပြန်ချက် ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ် ပြန်ကောင်းနိုင်ဟုဆို

Posted: 08 Oct 2013 02:27 AM PDT


ရန်ကုန်မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် အိမ်၊ ခြံ၊ မြေဈေး စံနှုန်း သတ်မှတ်ချက် ထုတ်ပြန်လိုက်ခြင်းကြောင့် အရောင်းအဝယ် အေးစက်နေသော ဈေးကွက်ပြန်လည် ကောင်းမွန် လာနိုင်ကြောင်း ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။ အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်မည်ဟု သတင်းထွက်ပေါ်စ စက်တင်ဘာလ ဒုတိယပတ်မှစ၍ အရောင်းအဝယ်များ အေးစက်ခဲ့ခြင်း ဖြစ်ပြီး ယခုစံနှုန်း ထွက်ပေါ်လာသဖြင့် ပြန်လည် ကောင်းမွန်လာနိုင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က သုံးသပ်သည်။ “စံနှုန်းသတ်မှတ်တဲ့ အခြေအနေကို စောင့်ကြည့်နေလို့ ဒီလိုအေးစက်နေတာပါ။ ဈေးကွက်က ပြန်ကောင်းလာမှာပါ။ ဈေးနှုန်းတော့ တက်လာမှာ မဟုတ်ပါဘူး” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။ ---

နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ၀င်ငွေ ကျဆင်းလာ

Posted: 08 Oct 2013 01:56 AM PDT


၂၀၁၃-၁၄ ဘဏ္ဍာငွေ အရနဲ့ အသုံးစာရင်းမှာ အခွန်အကောက် ရငွေတွေ တိုးတက်လာပေမယ့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကနေ ရတဲ့ဝင်ငွေတွေကတော့ ကျဆင်းလာနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ အခွန်စနစ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်ဖြစ်ပြီး အခွန်က ရတဲ့ဝင်ငွေ တိုးတက်လာအောင် ကြိုးပမ်း ဆောင်ရွက်နေဆဲကာလပဲ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကနေ အစိုးရကို ပေးဆောင်တဲ့အခွန်နဲ့ ၀င်ငွေတွေဟာ ဘတ်ဂျက်အတွက် အဓိကနေရာက ပါဝင်နေဆဲ ဖြစ်ကြောင်း၊ ဒါကြောင့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေပြီလို့ ပြောခဲ့ပါတယ်။

အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ငွေကြေးသုံးစွဲနိုင်အောင် ဘတ်ဂျက်ဝင်ငွေ တိုးတက်ရဖို့ လိုတယ်လို့ သမ္မတ က ပြောခဲ့ပါတယ်။

by ဒီဗွီဘီ

မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရုတ်နိုင်ငံသို့ ထွက်ပြေးသောကြောင့် အကုန်မဖမ်းမိ

Posted: 08 Oct 2013 01:51 AM PDT


ကူးသန်းရောင်းဝယ်မှု စည်ကားသော နယ်စပ်မြို့ဖြစ်သည့် မူဆယ်တွင် လူသတ်မှုအပါအ၀င် အခြားအမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ပြစ်မှုကျူးလွန်သူများမှာ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အမှုဖြစ်စဉ် အချို့သာ ပြန်ဖမ်းနိုင်သည်ဟု ပြည်ထဲရေးဒု-၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အောက်တိုဘာ ၇ ရက်တွင် ပြောဆိုလိုက်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့နယ်တွင် လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုများ မကြာခဏဖြစ်နေပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက် လုံခြုံရေး တိုးမြှင့်ချထားပေးရန် ရှမ်းပြည်နယ်မှ အမျိုး သားလွှတ်တော်အမတ် ဦးစိုင်းဝင်းမောင်၏ မေးခွန်းကို အောက်တိုဘာ ၇ရက်ကပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် ဒု-၀န်ကြီးက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။---

မူဆယ်တွင် တရားမ၀င်ငွေလဲလှယ်သူတစ်ဦး ကျပ်သိန်း ၇၀၀၀ ခန့် လိမ်၍ ထိုင်းသို့ထွက်ပြေး

Posted: 08 Oct 2013 01:45 AM PDT

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရားမ၀င် ငွေကြေးလဲလှယ်သူ အမျိုးသမီး တစ်ဦးသည် ငွေကျပ် သိန်းခုနစ်ထောင်ခန့် လိမ်လည်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားကြောင်း မူဆယ်မြို့မ ရဲစခန်းမှ သတင်းရရှိသည်။ ““ငွေလိမ်ခံ လိုက်ရသူ တချို့ ရဲစခန်းကို လာအကြောင်းကြားလို့ ဆွေမျိုးနီးစပ် တော်သူအချို့ကို ခေါ်ယူ စစ်ဆေး ခဲ့ပါတယ်။ အဓိက သံသယရှိ သူကတော့ ထိုင်းဘက်တိမ်း ရှောင်သွားတယ်လို့ သိရပါတယ်”” ဟု မူဆယ်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။----

ငါးထောင်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲနေသူ နှစ်ဦးကို ဖမ်းဆီးရမိ

Posted: 08 Oct 2013 01:29 AM PDT


မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးအနီးတွင် ငါးထောင်တန် ငွေစက္ကူအတုများကို ပြုလုပ်သုံးစွဲနေသည့် လူငယ်နှစ်ဦးကို အောက်တိုဘာ ၆ရက်က ဖမ်းဆီးရမိလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ယင်းနေ့ နံနက် ၅ နာရီအချိန်က သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်း ဂိတ်(၁)အနီးတွင် လူငယ်နှစ်ဦးက ငါးထောင်ကျပ်တန် ငွေစက္ကူအတုများကို သုံးစွဲနေကြောင်း သတင်းရရှိခဲ့သဖြင့် မြို့နယ်ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုထားသည်။---

စစ်တကောင်း ဘာသာရေး ကျောင်းတစ်ခုတွင် ဗုံးကွဲ၍ ကျောင်းသား ၇ ဦး ဒဏ်ရာရ

Posted: 08 Oct 2013 01:08 AM PDT

ရခိုင်ပြည်နယ်နဲ့ ကပ်ရပ် တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းမြို့က အစ္စလာမ်မစ် ဘာသာရေး ကျောင်း တစ်ခုမှာ ဗုံးပေါက်ကွဲခဲ့တဲ့ အတွက် အနည်းဆုံး ကျောင်းသား (၇) ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ဒီကနေ့ထုတ် The Daily Star သတင်းစာမှာ ဖေါ်ပြပါတယ်။ ဗုံးပေါက်ကွဲတဲ့ စာသင်ကျောင်းဟာ အစ္စလာမ်မစ် အဖွဲ့တစ်ခု ဖြစ်တဲ့ Hefajat ခေါင်းဆောင် တစ်ဦးရဲ့ ကျောင်းဖြစ်တယ်လို့ ပြောပါတယ်။ ---
ဗုံးကွဲပြီးနောက် တွေ့ရစဉ်။ (ဓါတ်ပုံ- Star)

ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများမှာ ၉၆၉ ကြောင့် မဟုတ်ဟု သာသနာရေးဝန်ကြီးပြော

Posted: 08 Oct 2013 12:25 AM PDT

ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခများ ဖြစ်ပွား ရခြင်းသည် ကောလာဟလ သွေးထိုး လှုံ့ဆော်မှုများ ကြောင့်သာ ဖြစ်ပြီး အချို့ထင်မြင်နေ သကဲ့သို့ ၉၆၉ အယူဝါဒ လှုံ့ဆော်မှုကြောင့် ဖြစ်ပွားရခြင်း မဟုတ်ကြောင်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်က ပြောသည်။ ““နိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ လူမျိုးရေး၊ စီးပွားရေးပေါ်မှာ အခြေခံပြီး ဖြစ်ပွား ခဲ့တဲ့အပေါ် ဘာသာရေး အမြတ်ထုတ်ပြီး ဆောင်ရွက်ခဲ့ကြတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ တချို့ထင်မြင်ယူ ဆနေသလို ၉၆၉ ဆိုတာနဲ့ လှုံ့ဆော် တာမဟုတ်ဘူးဆိုတာ ပြောလိုပါတယ်”” ဟု ဦးဆန်းဆင့်က အောက်တိုဘာ ၆ ရက်တွင် ပြောသည်။---
ရန်ကုန်မြို့ရှိ နေအိမ်တစ်အိမ်ရှေ့တွင် ကပ်ထားသော ၉၆၉ အမှတ်တံဆိပ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 7Day Daily

နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်

Posted: 08 Oct 2013 12:12 AM PDT


နိုင်ငံတ၀န်းရှိ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဒီနေ့ ပြန်လွှတ်ပေးနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ) ပြောခွင့်ရ ဦးဘိုကြည်က ပြောပါတယ်။ သူတို့ရရှိထားတဲ့စာရင်းအရ ပြန်လွှတ်ပေးမယ့် နိုင်ငံရေးအကျဉ်းသား ၅၆ ဦးရှိပြီး အခု စလွှတ်ပေးနေတယ်လို့ ပြောပါတယ်။ “အပြင်ရောက်တာ မော်လမြိုင်ထောင်က ရောက်ပြီ။ သူ့ကို အက်စ်ဘီက ခေါ်သွားတယ်။ မော်လမြိုင်မှာရှိတဲ့ ဒေသခံတွေက အက်စ်ဘီရုံးကို လိုက်သွားတယ်။ တချို့ထောင်တွေကလည်း ဆက်လွှတ်ဖို့ ပြင်နေပြီ။ အင်းစိန်ထောင်က ၁ ယောက်ပဲ လွှတ်မှာ။ နောက် နာရီဝက်လောက်ဆို အပြင်ပြန်ရောက်မယ်။” ---

အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်

Posted: 08 Oct 2013 12:08 AM PDT


မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ဘာသာလူမျိုးအခြေခံ အကြမ်းဖက် ပဋိပက္ခတွေကြောင့် တိုးတက် ဖွံ့ဖြိုးစပြုလာနေတဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်နိုင်ဖွယ်ရှိနေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။ ရခိုင်ပြည်နယ်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှာ ထင်ရှားတဲ့ ငပလီ ကမ်းခြေ အနီးမှာ ဖြစ်ပွားခဲ့တာပါ။ ---

ထိုင်းရောက် မြန်မာလုပ်သားများကို ယာယီလက်မှတ်အစား နိုင်ငံကူး လက်မှတ် ပြောင်းထုတ်ပေးမည်

Posted: 08 Oct 2013 12:01 AM PDT


ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာ လုပ်ကိုင်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို မြန်မာနိုင်ငံကူး လက်မှတ် (စာအုပ်အနီ) အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန နေပြည်တော်ရုံးရှိ Complaint Mechanism မှ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ခွာခွင့်ပြုသည့် နယ်စပ်မြို့များ ဖြစ်သည့် မြဝတီ၊ ကော့သောင်း၊ တာချီလိတ်မြို့တို့မှတစ်ဆင့် သွားရောက် လုပ်ကိုင်မည့် သူများကိုလည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

ဇနီးမှ ယောက်ျားအား ကြက်သွန်လှီးဓါးဖြင့်ထိုးသတ်

Posted: 07 Oct 2013 11:52 PM PDT


ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၊ အင်းတကော် ရဲစခန်း အပိုင်၊ အမှတ်(၄)ရပ်ကွက် တွင် (၇.၁၀.၂၀၁၃)နေ့ နံနက်(၁၁း၀၀)အချိန်ခန့်က လင်မယား နှစ်ယောက် စကားများ ရန်ဖြစ်ရာ ဇနီးမှ ယောက်ျားအား ကြက်သွန်လှီးဓါးဖြင့် ထိုးသတ်မှု တစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဦးစိုးကြည်၊ အသက်(၄၀)နှစ်၊ (ဘ)ဦးလှမောင်၊ အမှတ်(၄)ရပ်ကွက်၊ အင်းတကော်ကျေးရွာ နေသူနှင့် ဇနီးဖြစ်သူ မကြည်ကြည်မြင့်၊---

ရန်ကုန်လေဆိပ် ပြည်ပထွက်ခွါ ဆောင်တွင် စိတ်ကြွဆေးပြား ငါးသောင်းကျော်ဖမ်းဆီးရမိ

Posted: 07 Oct 2013 11:46 PM PDT

၇.၁၀.၂၀၁၃ရက်နေ့ ၀၉၀၀အချိန် ရန်ကုန်(မူယစ်တပ်ဖွဲ့စု-၄၅)မှ တပ်ဖွဲ့ဝင်များသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဆောင် Main X ray စက်၌ စစ်ဆေးရှာဖွေရေး တာဝန်ဆောင်ရွက်နေစဉ် မဖြူဥ၊ (ဘ)ဦးဘိုနီ၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ၏ ခရီးဆောင်အိတ်အား X ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးရာ အိတ်အတွင်း၌ မသင်္ကာပုံရိပ်များ တွေ့ရှိရသဖြင့် မဖြူဥ၏ ခရီဆောင်အိတ်အား စစ်ဆေးခဲ့ရာ မြင့်မြင့်ဝေနှင့် ကမ္ဘာစန်းတံဆိပ်ပါ ထိုးမုန့်ဗူးခွံ (၁၈)ဗူးအတွင်း၌ သိုဝှက်သယ်ဆောင်လာသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြာ(၅၄၇၂၀)ပြား၊ ---

အိန္ဒိယနိုင်ငံမှာ မိုးကြိုးပစ်မှုကြောင့် လူ ၃၂ဦးသေဆုံး

Posted: 07 Oct 2013 05:35 PM PDT


အိန္ဒိယနိုင်ငံမှာ ​မိုးကြိုးပစ်ခတ်ခဲ့တဲ့အတွက် ​အနည်းဆုံး ​လူ ​၃၂ ​ဦး ​သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ​စနေနဲ့ ​တနင်္ဂနွေနေ့တုန်းက ​Bihar ​ပြည်နယ်နဲ့ ​Jharkhand ​ပြည်နယ်မှာ ​မိုးကြိုးတွေ ​ပစ်ခဲ့ရာက ​လူပေါင်း ​၃၂ ​ယောက် ​သေဆုံးခဲ့ရပြီး ​အဲဒီထဲမှာ ​ကလေးငယ် ​၉ ​ယောက် ​ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ​မိုးရာသီဖြစ်တဲ့ ​ဇွန်လကနေ ​အောက်တိုဘာလအတွင်း ​မိုးကြိုးပစ်ခတ်မှုတွေ ​ဖြစ်လေ့ဖြစ်ထရှိပေမယ့် ​ခုလို ​ရက်ပိုင်းအတွင်း ​လူ ​၃၀ ​ကျော် ​သေဆုံးတာမျိုး ​မရှိခဲ့ဘူးလို့ ​ဆိုပါတယ်။ ---
သြစတြေးလျနိုင်ငံ Brisbane မြို့မှာဖြစ်ခဲ့တဲ့ လျှပ်စီးလျှက်မှု (Credit: ABC Licensed) 


ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီး ထွက်ဖို့ရှိ

Posted: 07 Oct 2013 04:26 PM PDT


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့ ကော့မူး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဟာ အောက်တိုဘာလ ၁၈ ရက် နေ့မှာ ယူကေ အပါဝင် ဥရော ပ ၄ နိုင်ငံ ကို ခရီးထွက် မယ် လို့ သိ ရ ပါတယ်။ ခရီး စဉ်အသေးစိတ် ကို တော့ ညိ နှိုင်း နေဆဲ ဖြစ်ပြီး ဒီခ ရီး ဟာ ၂ပတ် ခန့် ကြာ မှာ ဖြစ် တယ်လို့ သိရပါတယ်။ ---
ဒေါ်အောင်ဆန်းစုကြည် ဥရောပကို လာဖို့ ရှိနေပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ နာရေးကူညီမှု အကြိမ်ပေါင်း တစ်သောင်းပြည့် အထိမ်းအမှတ်ပြုလုပ်

Posted: 07 Oct 2013 04:12 PM PDT


၂ဝ၁၃ ခုနှစ်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) က ကူညီခဲ့တဲ့ နာရေးကိစ္စတွေဟာ ဒီနေ့ “တစ်သောင်း” ပြည့်မြောက်သွားပြီလို့ သိရပါတယ်။ ဒဂုန်မြို့သစ်မြောက်ပိုင်းမှာ ဒီနေ့ ကူညီခဲ့တဲ့ ဈာပနအစီအစဉ်မှာ အသင်းဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းပြီး ပို့ဆောင်ပေးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် နာရေးကူညီမှုပေါင်း တစ်သောင်းပြည့်တဲ့ အထိမ်းအမှတ်ဖြစ်တာနဲ့ ပတ်သက်ပြီး သူက ---
Miss Myanmar 2012 နန်းခင်ဇေယျာနဲ့ Miss Supra Myanmar မခင်ဝင့်ဝါတို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ တစ်သောင်းပြည့်(၂၀၁၃) အစီအစဉ်မှာ ဝိုင်းဝန်းကူညီကြစဉ်

Thit Htoo Lwin

unread,
Oct 9, 2013, 10:09:08 AM10/9/13
to thuau...@gmail.com

တရုတ်ပြည်မှ စားသောက်ကုန် ဘေးကင်းလုံခြုံမှုနှင့် အနာဂတ် မြန်မာပြည်

Posted: 09 Oct 2013 05:42 AM PDT


၂၀၁၃ ခုနှစ် ဇူလိုင်လ ဟောင်ကောင်လေဆိပ် တစ်နေရာ [A]....။

ဥရောပခရီးကအပြန် ခရီးတစ်ထောက် ရောက်နေတဲ့ ပြည်မကြီးက တရုတ်လူမျိုး အယောက်လေးဆယ်ပါတဲ့ အဖွဲ့။ ဝယ်ခြမ်းခဲ့တဲ့ ပိုးသားပဝါတွေ၊ ဆွစ်နာရီတွေ၊ နာမည်ကြီး လူးဝစ်ဗီတန် (Louis Vuitton) အိတ်တွေ အပြည့်နဲ့ပေါ့။ အဲ ... နောက်ထပ် ထူးခြားတာတစ်ခုက ကလေးနို့မှုန့်တွေ အပြည့်အသိပ် သယ်လာတာပါပဲ။
သူတို့ထဲက တစ်ယောက်က ‘ဂျာမနီက ကုန်တိုက်ကြီးတွေမှာ တက်သုတ်ရိုက်ပြီး ဝယ်ခဲ့ရတာဗျ။ တစ်ယောက်ကို နို့မှုန့်ဘူး ဒါဇင်ဝက် လောက်တော့ အိတ်ထဲထည့် သယ်နိုင်ခဲ့တယ်’ လို့ ပြောတယ်။ တရုတ် အမျိုးသမီး တစ်ယောက်ကလည်း “အခုထက် သယ်ရတာ လွယ်လို့ကတော့ အများကြီး ဝယ်ခဲ့ချင်တာပေါ့ရှင်။ အဲဒီမှာက ကောင်းလည်းကောင်း၊ ဈေးလည်းချိုတယ်ရှင့်” လို့ ဆိုတယ်။ သူမက နို့မှုန့်နှစ်ဘူးပဲ ဝယ်ခဲ့တာလေ။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စာရေးဆရာ ကျော်ဝင်း နိုင်ငံရေးသုတေသီ ဦးမင်းဇင် နှင့် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ရေး

Posted: 09 Oct 2013 05:38 AM PDT


စာနယ်ဇင်းလောကတွင် လွတ်လပ် စွာရေးသားခွင့်ပြုလာသည်နှင့်အမျှ နိုင် ငံရေးဆောင်းပါးများကို မိမိတို့အမြင် နှင့် ရေးသားသည်များလည်း မှိုလိုပေါက် လာ၏။ နယ်ေ ဟာပြောပွဲများတွင် ဟော ပြောသော စာရေးဆရာများမှာ နိုင်ငံ ရေးအကြောင်းများသာ ပြောလာကြ သည်။ ထိုသို့ပြောရာတွင် ယခင်က နိုင်ငံ ရေးဆန့် ကျင်သူများ က လည်း နိုင်ငံရေး အကြောင်း ပြောလာကြသည်။ စာသင် စားသော ကျူရှင်ဆရာများကလည်း ဗိုလ်ချုပ်အောင်ဆန်း အကြောင်း၊ ဗိုလ် ချုပ်ကတော်ေ ဒ်ါခင်ကြည် အကြောင်း၊ ဗိုလ်ချုပ်၏ သားသမီးများ အကြောင်း ကို သူတို့နှင့် လက်ပွန်းတတီး နေလာသ လိုဟောပြောပွဲများ၌ပြောလာကြသည်။----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



“အခြေခံဥပဒေကိစ္စ ပြည်သူကို Hijack မလုပ်သင့်ဘူး” ဒေါက်တာဆလိုင်းငွန်ကျုံးလန်နှင့် တွေ့ဆုံခြင်း

Posted: 09 Oct 2013 03:32 AM PDT


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟုဆိုသောအခါ အသစ်ရေးဆွဲခြင်းနှင့် အဟောင်းကိုပြန်လည်ပြင်ဆင်ခြင်း လမ်းကြောင်းနှစ်မျိုး ကွဲပြားထွက်ပေါ်လာသည်။ ထိုလမ်းကြောင်းနှစ်ခုတွင် မည်သည့်လမ်းကြောင်းသို့ ဦးတည်သွားမည်၊ မည်သည့်လမ်းကြောင်းက ပိုမိုလွယ်ကူနိုင်သည်ကို မေးခွန်းထုတ်ငြင်းခုံကြဆဲဖြစ်သည်။ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကြား အကျေအလည် ညှိနှိုင်းနေရသည့် ဥပဒေပြင်ဆင်ရေးအပေါ်တွင် ချင်းအမျိုးသားတပ်ဦး CNF နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို တည်ထောင်သူများတွင် ပါဝင်ခဲ့သော ဒေါက်တာဆလိုင်းငွန်ကျုံးလန်နှင့် 7Day News က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ---

အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမှုကြီးများဖြစ်ပွားမှု မြင့်တက်လာ၍ မန္တလေးမြို့ခံများစိုးရိမ်

Posted: 09 Oct 2013 03:29 AM PDT


မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်ဟု သတ်မှတ်ထားသော မန္တလေးမြို့တွင် နေ့ခင်းကြောင်တောင် လုယက်လူသတ်မှုများ၊ လူစည်ကားရာ ကျူံးဘေးပတ်လည်၌ ဓားဖြင့်လိုက်ခုတ်သည့် ဖြစ်စဉ်များ၊ ဆိုင်ကယ်ဖြင့် အဖိုးတန်ပစ္စည်းများ လိုက်လံလုယူနေသည့် ဖြစ်စဉ်များကြောင့် မြို့ခံများ၏ လုံခြုံရေးပူပန်မှုဒီရေကို အရှိန်မြင့်စေခဲ့သည်။ မန္တလေးမြို့ပေါ်တွင် နေအိမ်များအတွင်း ၀င်ရောက်ကာ ပစ္စည်းလု၊ လူသတ်မှု သုံးလဆက်တိုက် ဖြစ်ပွားခဲ့သည်။ သြဂုတ်လအတွင်းက ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အိမ်တစ်အိမ်တွင် နေ့ခင်းကြောင်တောင် အမျိုးသမီးတစ်ဦးကိုသတ်ကာ ငွေကျပ်သိန်းတစ်ရာယူသွားသည့်အမှု ဖြစ်ခဲ့သည်။ စက်တင်ဘာလတွင်လည်း ချမ်းအေးသာစံမြို့နယ်၊ တိုက်ခန်းတစ်ခုတွင် နေ့ခင်းကြောင်တောင် တစ်ဦးတည်းရှိနေသည့် အိမ်အကူအမျိုးသမီးကိုသတ်ကာ ငွေနှင့်တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွားမှုဖြစ်ခဲ့ပြန်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဖားအံမြို့တွင် ၂၀၀၈ဖွဲ့စည်းပုံ ပြင်ရေးနှင့် အသစ်ရေးရန် NLD ဆွေးနွေး

Posted: 09 Oct 2013 03:18 AM PDT


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ နန်းခင်ထွေးမြင့်နှင့် အဖွဲ့ဝင်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရန်အတွက် ကရင်ပြည်နယ်၊ ဖားအံမြို့ ကန်သာဦးခမ်းမတွင် ပြည်သူများနှင့် အောက်တိုဘာ ၆ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းဆွေးနွေးပွဲတွင် NLD က ၂၀၀၈ အခြေခံဥပဒေ၏ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းတင်ပြပြီး ပြင်ဆင်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် အသစ်ပြန်လည်ရေးဆွဲခြင်း၏ ကောင်းကျိုးဆိုးကျိုးများကို နှိုင်းယှဉ်ပြီး ပြည်သူများကို တွေ့ဆုံရှင်း လင်းကာ ဆန္ဒကောက်ခံခဲ့ခြင်းဖြစ်သည်။ ---

လယ်မြေများအတွက် နစ်နာကြေးပေးရန် စကုဒေသခံများ တောင်းဆို

Posted: 09 Oct 2013 03:14 AM PDT


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့နယ်ထဲက ကျေးရွာတချို့မှာ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းဖို့အတွက် မြေတူးပြီး မြေစာတွေပုံခဲ့တဲ့ လယ်မြေတွေကို နစ်နာကြေးတွေ ပေးမသွားဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စကုမြို့နယ် အိုင်းမကျေးရွာအုပ်စုရှိ လက်ပန်တောကျေးရွာက လယ်မြေဥယျာဉ်ပိုင်ရှင် ၂၆ ဦးဟာ ဆုံးရှုံးမှုတွေအတွက် ဘာနစ်နာကြေးမှ မရရှိသေးဘူးလို့ ပြောပါတယ်။  တရုတ်နိုင်ငံကို တင်ပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မင်းဘူးခရိုင် စကုမြို့နယ် အိုင်းမကျေးရွာအုပ်စုရှိ လက်ပန်တောကျေးရွာက လယ်ယာမြေတွေပေါ်ကို မြေစာတွေ ပုံခဲ့တဲ့အတွက် စိုက်ပျိုးမရတော့သလို ဥယျာဉ်ခြံမြေတွေက အပင်တွေကိုလည်း ခုတ်လှဲ မီးရှို့ခဲ့တဲ့အတွက် အားလုံး ပျက်စီးကုန်တယ်လို့ ပြောပါတယ်။ ---

ဒေသခံတောင်ယာသွားလမ်း စစ်တပ်သံဆူးကြိုးများဖြင့် ပိတ်ထားဆဲ

Posted: 09 Oct 2013 03:07 AM PDT


လွိုင်ကော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သွားလာသည့် လမ်းများတွင် ခလရ ၂၅၀တပ်မှ သံဆူးကြိုးဖြင့် လမ်းပိတ်ထားလိုက်သဖြင့် တောင်သူများသွားလာရန် အခက်အခဲကြုံတွေ့နေကြပြီး တခြားလမ်းများကို အသုံးပြုသွားလာနိုင်ရန် ကိုယ်ထူကိုယ်ထ စတင်ဖောက်လုပ်နေကြရသည်ဟု ဒေသခံတောင်သူတဦးဖြစ်သော ဦးရယ်က ပြောသည်။ “တောင်သူတွေခြံထဲသွားဖို့ လာဖို့အဆင်ပြေအောင် အရင်ကဟိုဘက်မှာသွားတယ်။ အခုက တပ်ကပိတ်လိုက်တဲ့အခါကျတော့ ဒီဘက်မှာသွားဖို့ကမရှိတော့ ဒီဘက်ရွာကလူတွေနဲ့ ပေါင်းပြီးတော့ ဒီလမ်းနဲ့ဒီတံတားကို လုပ်တာပါ” ---
ဒေသခံတောင်ယာသွားလမ်း စစ်တပ်သံဆူးကြိုးများဖြင့် ပိတ်ထား (ဓါတ်ပုံ-ကေတီ)

လမ်းတံတားကို ကိုယ်ထူကိုယ်ထ အသစ်ပြန်လည် ဖောက်လုပ်နေကြ (ဓါတ်ပုံ-ကေတီ)

မှတ်ပုံတင်လုပ်ရန် ကျပ် ၁ သောင်းကနေ ၄ သောင်းအကြား ပေးနေရ

Posted: 09 Oct 2013 03:03 AM PDT


ပဲခူးတိုင်း သနပ်ပင်မြို့နယ် ပြည်သူတွေဟာ မှတ်ပုံတင်လုပ်ဖို့အတွက် ကျပ် ၁ သောင်းကနေ ကျပ် ၄ သောင်းအထိ ပေးနေရကြောင်း သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးမြင့်ဦးက ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ခုလို ပြောဆိုပြီး လ၀က၀န်ကြီးဌာနကို ဘယ်လို လုပ်ကိုင်ပေးနိုင်မလဲ မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိ လ၀က၀န်ကြီးဌာနက ကြေညာနေတဲ့ မိုးပွင့်စီမံချက်ဟာ သာမန်အောက်ခြေ ပြည်သူလူထုတွေအတွက် ဘာမှ အကျိုးမရှိဘူး၊ အစိုးရရဲ့ အဂတိလိုက်စားမှုဟာလည်း အရင်ခေတ်ကအတိုင်း မပြောင်းလဲဘူးလို့ ဝေဖန်ပါတယ်။

သူတို့ မြို့မှာဆို အသက်ပြည့်သူ ၃၀၀ လောက်ရှိပေမယ့် ၁၀ ယောက်လောက်ပဲ မှတ်ပုံတင်ရှိပြီး တချို့ဆို အသက် ၄၀ ပြည့်သည်အထိ မှတ်ပုံတင် မရှိဘူးလို့ ရှင်းပြပါတယ်။

လ၀က၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးကျော်ကျော်ဝင်းကတော့ အဂတိ လိုက်စားတာတွေကို တိုင်ကြားရင် အရေးယူမယ်လို့ ဖြေရှင်းသွားပါတယ်။

ရေးမြို့ ကလော့ရွာလယ်ရှိ စေတီ စိန်ဖူးတော်မြေခအောင် ဖျက်ဆီးမှု ခံခဲ့ရ

Posted: 09 Oct 2013 02:59 AM PDT


သာသနာ့နယ်မြေ ကျူးကျော်ကိစ္စ အကြောင်းပြု၍ မသမာသူများက ရွာ လယ်ရှိ သာသနာ ၂၅ဝဝ စေတီ စိန်ဖူး တော်မြေခအောင် ဖျက်ဆီးမှု မွန်ပြည် နယ် ရေးမြို့ ကလော့ကျေးရွာ၌ ဖြစ်ပွား ခဲ့သည်။ ”ဘုရားရဲ့စိန်ဖူးတော်ကို ကြိုးနဲ့ဆွဲ ထားတဲ့ပုံစံ။ ပြီးတော့ ဘုရားရဲ့ ခြံစည်း ရိုးတိုင်တွေအပေါ်မှာ ထိုင်းကလာတဲ့ မီး လုံးအဝိုင်းကြီးတွေ အလှဆင်ထား တယ်။ အလုံး ၄ဝ ကျော်ပေါ့။ သူတို့ ရိုက်ခွဲထားတယ်။ ပြီးတဲ့အခါကျတော့ ဘုရားသုံးဖို့အတွက် ရေပေါ့နော်။ သောက် တော်ရေအတွက်ပိုက် သူတို့ဆင်ထား တယ်။ ပိုက်တွေ မြေမြှုပ် ထားတာကို လည်း သူတို့ပေါက်တူးနဲ့ ပေါက်ထား တယ်။ ပေါက်တူး တစ်လက်ကျန်ခဲ့ တယ်”ဟု ရေးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ပြော သည်။----

ဖိတ်စာပေးခြင်း သည်းခံပါ

Posted: 09 Oct 2013 02:53 AM PDT


ပျော်ရွှင်မြူးထူးနေသည့်ဟန်ဖြင့် ရယ်ရယ်မောမောနှုတ်ဆက်ကာ အိမ် ပေါ်မှ ဆင်းသွားသည့် စုံတွဲကိုကြည့်ရင်း ကိုကျော်ကြီး သက်ပြင်းချသည်။ ပြီး တော့မှ ”ဒီလို သီတင်း ကျွတ်လတိုင်း   မင်္ဂလာဆောင်တစ်ခုနဲ့ပတ်သက်ပြီးသူ ငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့ရတာကို အမြဲသတိရနေတယ်”ဟု ပြောလိုက် သည်။ ဤကဲ့သို့ ဝါလကင်းလွတ်ပြီဖြစ် သည့် တစ်ခုသော သီတင်းကျွတ်တွင် ဖြစ်သည်ဟု တာမွေမှ ဝပ်ရှော့ဆရာ ကိုကျော်ကြီးက ပြန်ပြောင်းပြောသည်။ သူ၏ အရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်က မင်္ဂလာဆောင်ပါသည် တဲ့။ တိုက်ဆိုင်စွာပင် ထိုနေ့ထိုရက်တွင် ကိုကျော်ကြီးတို့ လင်မယားအကြောင်း တစ်ခုကြောင့် ရန်ဖြစ်ကြသည်။ ငွေရေး ကြေးရေးဟု သူကဆိုပါသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဆွေးနွေးပွဲများအဖြေကို စောင့်နေကြသည်

Posted: 09 Oct 2013 02:46 AM PDT

ယခုဆွေးနွေးနေသည့် အစိုးရနှင့် ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး ဆွေးနွေးမှုသည် အရေးကြီးသည့် အချက်တစ်ခုအဖြစ် ပါဝင်နေသည်။ ထိုဆွေးနွေးပွဲမှတစ်ဆင့် စစ်မှန်သည့်ငြိမ်းချမ်းရေး အမြန်ရရှိပြီး၊ နေရပ်ဇာတိများသို့ အမြန်ဆုံးပြန်လည်အခြေချနေထိုင်နိုင်ရန် ကချင်စစ်ဘေးဒုက္ခသည်များအားလုံးက မျှော်လင့်နေကြသည်။ “အသက်ရှင်နေသည့်ကာလမှာ ကိုယ့်မှာရှိတဲ့ စွမ်းအားတွေ အားလုံးနဲ့ အမျိုးသားရေးအတွက်၊ ကိုယ့်လူမျိုးအတွက် ဘုရားသခင်အလိုအတိုင်း အသက်ရှင်နေထိုင်သွားမယ်” ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လိုင်စင်ရ အပ်ပုန်းဆေးခန်းများကို သတိထားပါ

Posted: 09 Oct 2013 02:42 AM PDT


ပုဂ္ဂလိက ဆေးခန်းငယ်များတွင် အပ်ပုန်းဟုခေါ်သည့် ရမ်းကုများက အပေါစား ကျန်းမာရေး ၀န်ဆောင်မှုများကိုသာ မှီခိုနေရသည့် အများပြည်သူလူနာများကို ဆရာဝန်အယောင်ဆောင် လှည့်ဖြား ကုသနေခြင်းသည် မလိုလားအပ်သော ပြဿနာများဆီသို့ ဦးတည်နေကြောင်း ကျန်းမာရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။ ရန်ကုန်မြို့စွန် ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် အစိမ်းရောင်ဆိုင်းဘုတ်ငယ်လေးများ တန်းစီချိတ်ထားသည့် ဆေးခန်းတစ်ခုကို တွေ့ရသည်။ အထွေထွေရောဂါကု၊ ကလေးအထူးကု၊ သားဖွားမီးယပ် စသည်ဖြင့် အစုံဖြစ်သည်။ ၂၄ နာရီဖွင့်လှစ်သည့် ဆေးခန်းဖြစ်ကြောင်းလည်း ထင်ထင်ရှားရှားရေးထားသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) - 7Day News Journal

မလေးရှားရောက် တရားမဝင် မြန်မာနှစ်ရာနီးပါး အိမ်ပြန်

Posted: 09 Oct 2013 02:38 AM PDT


သီတဂူအထောက် အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇ ဘဏ်လီမိတက် တို့ ပူးပေါင်းလှူဒါန်းမှုဖြင့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာလုပ်သား ၁၈၀ ကျော်ကို အောက်တိုဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ခေါ်လာကြောင်း အဆိုပါ လုပ်သားများက ပြောကြားသည်။ MAI စင်လုံးငှား လေယာဉ်ဖြင့် ရောက်ရှိလာသည့် အဆိုပါ မြန်မာ ၁၈၅ ဦး တွင် ဒုက္ခသည်စခန်း များတွင် ရောက်ရှိနေသည့် မြန်မာလုပ်သား ၈၀ ကျော် ပါဝင်ကြောင်း မလေးရှားအခြေစိုက် သီတဂူ အထောက်အကူပြု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ---

အစဉ်အလာကို ကျော်နိုင်ဖွယ် မရှိသေးသည့် နွေလျှပ်စစ်မီး

Posted: 09 Oct 2013 02:34 AM PDT


ဖြတ်ခနဲ ရုတ်တရက် မှောင်မိုက်သွားသောကြောင့် ကလေးများက ဟေးခနဲ အော်ကြလိုက်သည်။ လူကြီးအချို့က မကျေမနပ် မြည်တွန် တောက်တီးကုန်ကြသည်။ လက်ဖက်ရည်ဆိုင် တစ်ခုလုံး တီးတိုးတီးတိုး စကားသံများသာ ထွက်ပေါ်နေသည်။ မိုးရာသီ မကုန်သေးသော်လည်း မီးက ယခုကဲ့သို့ အလျဉ်းသင့်သလို ပြတ်တောက်လေ့ ရှိသည်။ လိုင်းပြဿနာများ အပါအဝင် အမျိုးမျိုးသော အကြောင်းများကြောင့် မကြာခဏ မီးပျက်တတ်ကြောင်း ဗဟန်းမြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရာထူးမတိုးခြင်း နှင့် လစာ နည်းမှုကြောင့် ကျောင်းဆရာများ အလုပ်ထွက်မှုပိုများလာ

Posted: 09 Oct 2013 02:31 AM PDT


အရာရှိ ရာထူးအဆင့်ကို အလွယ်တကူ မရရှိခြင်းနှင့် လစာနည်းပါးမှုများ ကြောင့် အမျိုးသားကျောင်းဆရာ များ အလုပ်ထွက်ကြခြင်းဖြစ် ကြောင်း အခြေခံပညာအသိုင်း အဝိုင်းမှ သိရသည်။ ယခင်က ဆရာ၊ ဆရာမ များအနေဖြင့် အသက် ၄၅နှစ်၊ ၅၀ နှစ်ခန့်ရှိလာပါမှ အရာရှိအဆင့် ကို ခံစားခွင့်ရှိခဲ့ကြောင်း SAT, ATEO, နှင့် အလယ်တန်းကျောင်း အုပ်များသည် လစာတန်းတူရရှိ ခဲ့ကြောင်း၊ အရာရှိအဆင့်ကို နှစ် တိုအတွင်း ခံစားခွင့် မရှိခဲ့ကြောင်း သိရသည်။...

အမျိုးသမီးဘော်ဒါဆောင်ရှေ့ ဂစ်တာတီးနေစဉ် အမည်မသိ လူငါးဦးမှ ဓားဖြင့်ဝင်ခုတ်

Posted: 09 Oct 2013 02:21 AM PDT


ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ (၁၃)ရပ်ကွက် အောင်မြင့်မိုရ် အမျိုးသမီး ဘော်ဒါဆောင်ရှေ့ ဦးမှန်း လမ်းပေါ်၌ ယမန်နေ့ ည ၁ဝ နာရီ မိနစ် ၅ဝ က ဂီတာတီးနေသော အဖွဲ့အား အမည်မသိ လူငါးဦးမှ တုတ်၊ ဓားများဖြင့် ဝင်ရောက် ခုတ်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ တောင်ငူမြို့ (၁၃)ရပ်ကွက် အမှတ်(၁၃/၃၇ဝ) အောင်မြင့်မိုရ် အမျိုးသမီး ဘော်ဒါဆောင် ရှေ့၌ ဂီတာတီး နေသော အောင်ခန့်ထည် ၂ဝ နှစ်(ဘ) ဦးဝင်းမြင့်အောင် (ရန်ကင်းအဆောင်) မိုးသောက်ကြွယ် ဘုရားလမ်း (၂)ရပ်ကွက် တောင်ငူမြို့တွင် ယာယီနေထိုင်ပြီး ၎င်း၏ သူငယ်ချင်း များ ဖြစ်သော ---

ဝက်မှေးရွာဟောင်းမှဆန္ဒထုတ်ဖော်ခွင့်ကိုအင်အား ၁၅ဝဝ ဖြင့်တရားဝင် ခွင့်ပြု

Posted: 09 Oct 2013 02:18 AM PDT

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းတွင် ပါဝင်သော ရွှေ့ပြောင်းရမည့် ဝက်မှေးရွာဟောင်းမှ ဒေသခံပြည်သူ လူထုများ လျှောက်ထားသည့်ဆန္ဒထုတ်ဖော်ခွင့်အား ယခုလ ၁ဝ ရက် နံနက် ၁ဝ နာရီမှမွန်းတည့် ၁၂နာရီ အထိ အင်အား ၁၅ဝဝ ဖြင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တရားဝင်ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအောင်ကျော်ကပြောသည်။ ---

ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှု

Posted: 09 Oct 2013 02:13 AM PDT

ပြီးခဲ့တဲ့ အောက်တိုဘာလ (၅)ရက်နေ့ က စစ်ကိုင်းတိုင်းဒေသကြီး ၊ မော်လိုက်မြို့နယ် လောင်းကောင်းကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းကာ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှု ဖြစ်ပွားရာ နေအိမ် (၂)လုံး ပြိုကျကာ  အိမ်ခြေပေါင်း(၁၄)လုံး ဘေးလွတ်ရာသို့ ပြောင်းရွေ့ခဲ့ရပြီး ပြိုကျနေသော အိမ်ထဲတွင် ခါးကျိုးနေသော အဖွားကြီးတစ်ဦးအား ဘုန်းကြီးတစ်ပါးမှ ကယ်တင်လိုက်ရပါသည်။ မီးနေသည် အမျိုးသမီးတစ်ဦးသည်လည်း မိမိ၏ ပြိုကျနေသော အိမ်ကိုကြည့်ပြီး
သွေးလန့်သွားကြောင်း သိရှိရပါသည်။ လောင်းကောင်းကျေးရွာသူရွာသားများ ကမ်းပါးမြေပြိုမှုဖြစ်ပွားသဖြင့် အခက်အခဲကြုံတွေ့နေရပါသည်။

by Myanmar News Now

မြစ်ရေတိုက်စားမှုကြောင့် အရေးပေါ် ပြောင်းရွှေ့ရမည့် ရွာအချို့အတွက် လူငယ်အဖွဲ့အချို့ ကူညီမည်

Posted: 09 Oct 2013 02:04 AM PDT

ချင်းတွင်းမြစ် ၀ှမ်းဒေသ ရေစကြိုမြို့အပိုင် ကျေးရွာသုံးရွာတွင် မြစ်ရေ တိုက်စားမှုကြောင့် မြေပြိုမှုများဖြစ်ပြီး နီးစပ်ရာ ကျေးရွာများသို့ အရေးပေါ်ပြောင်းရွှေ့ နေထိုင်နေရသဖြင့် အကူအညီများ လိုအပ်နေရာ သွားရောက် ကူညီရန်ရှိသည်ဟု White Sharing ပရဟိတလူငယ်အဖွဲ့မှ မအိပွင့်ရှီဇံက မဇ္ဈိမသို့ပြောသည်။ မြေပြိုမှုကြောင့် ပြောင်းရွှေ့ရသော ရွာများအနက် ရှစ်အိမ်တန်းရွာသည် ရွာလုံးကျွတ် ပြောင်းရွှေ့ရန် လိုအပ်နေသဖြင့် နေရာထိုင်ခင်းအတွက် အခက်အခဲဖြစ်နေသည်ဟု ဆက်ပြောသည် ။----
မော်လိုက်မြို့နယ် လောင်းကောင်းကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းကာ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှု ဖြစ်ပွားပုံ

မြန်မာကလေးငယ်တစ်ဦး အိပ်နေစဉ် သေနတ်ထိမှန်

Posted: 09 Oct 2013 01:38 AM PDT


ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ တောင် ဘက် ဖုတ်ဖရ်မြို့နယ် စအိုတိုက် နယ်ရှိ ၃၆ကီလိုမီတာတွင် အောက် တိုဘာ ၆ရက် ည ၁၁နာရီ မိနစ် ၂ဝခန့်တွင် ကလေးတစ်ဦးနေအိမ် အတွင်း အိပ်ပျော်နေစဉ် သေနတ် ထိမှန်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။ နေအိမ်အိပ်ခန်းတွင် မောင် နှမသုံးဦးအိပ်ပျော်နေရာမှ၊ မိဘ နှစ်ပါးက မိမိတို့သားငယ်ငိုသံကြား ပြီး အိပ်ခန်းထဲဝင်ကြည့်ရာမှ ကလေး ၏ညာဘက်ပေါင်တွင် ထုတ်ချင်း ပေါက်သေနတ်မှန်ခဲ့ပြီး၊ သေနတ် ကျည်ဆန်ထိပ်ဖူးကိုလည်း အိပ်ရာ ပေါ်တွင် တွေ့ရှိခဲ့ရသည်ဟု ဖခင် ဖြစ်သူက ပြောသည်။---
သေနတ်ထိမှန်ခံရသော ကလေးကို တွေ့ရစဉ်။ ဓာတ်ပုံ - မွန်ကြီး

ဖွဲ့စည်းပုံအခြေခံဥပဒေ ကျား၊ မခွဲခြားခြင်းမရှိဆိုသည့် အချက်ကို ချိုးဖောက်ထားဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Posted: 09 Oct 2013 01:24 AM PDT


ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမျိုး သား ၂၅ ရာခိုင်နှုန်း၏ သဘောတူညီ ချက်ရမှ ပြင်ဆင်နိုင်မည် ဆိုခြင်းသည် အခြေခံဥပဒေပါ ကျား၊ မခွဲခြားခြင်း မရှိ ဆိုသည့် အချက်ကို ချိုးဖောက်ခြင်း ဖြစ် ကြောင်း (NLD)ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်က ပြောသည်။ ”ဥပဒေကနေပြီးတော့ ကျား၊ မ ခွဲ ခြားခြင်းကို လက်မခံဘူးဆိုလို့ရှိရင် ဖွဲ့ စည်းပုံ အခြေခံဥပဒေ အတွင်းက တချို့ သော ပုဒ်မတွေရဲ့ ကျား၊ မခွဲခြားခြင်းရဲ့ အကျိုးဆက် ကို ဖြစ်စေတာကို ဘာလို့ လက်ခံနေသလဲလို့ မေးရမှာပဲ။ ဒါ ကြောင့်မို့လို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြောင်းကိုပြောင်းရမယ်။ ပြောတော့ သာ ဖွဲ့စည်းပုံအခြေခံဥပဒေ က ကျား၊ မ မခွဲခြားဘူးလို့ ဆိုတယ်။ တချို့ပုဒ်မ တွေမှာ ကြည့်လိုက်ရင် ကျား၊ မခွဲခြား ခြင်းရှိတယ်” ဟု ၄င်းက ပြောသည်။ ---

ညီအကိုများ အရက်စုသောက်ရာမှ အစာအဆိပ်သင့်၍နှစ်ဦးသေဆုံး

Posted: 08 Oct 2013 05:16 PM PDT


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာတွင် (၄-၁၀-၂၀၁၃)နေ့ ည(၈း၀၀)အချိန်ခန့်ကညီအကိုများ အရက်စုသောက်ရာမှ အစာအဆိပ်သင့်၍လူ(၂)ဦးသေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ သေဆုံးသူ ၀င်းစိုး၊(၄၈)နှစ်၏ နေအိမ်တွင် ညီအကိုများ ဖြစ်ကြသော ဖိုးသင်္ကြန်(၂၁)နှစ်၊တင့်နိုင်ဦး(၄၃)နှစ်၊ အောင်နိုင်(၂၄)နှစ် တို့သည် အရက်အတူသောက်ကြပြီး အမြည်းအဖြစ် ဘဲဥကြော်၊ဖန်းခါးသီး၊ ရွက်ယိုသီး၊ ငရုပ်သီးတောင်းတို့အား အမြည်းအဖြစ်စားသောက်ကြရာ (၁၅)မိနစ်ခန့်အကြာတွင် ၀င်းစိုးနှင့် ဖိုးသင်္ကြန်တို့(၂)ဦးမှာ ပါးစပ်မှ အမြုပ်ထွက်၍ သတိလစ်သွားသဖြင့် ဘီးလင်းဆေးရုံသို့ တင်ပို့ရန် သယ်ဆောင်လာစဉ် လမ်း၌၄င်းတို့နှစ်ဦးသေဆုံး သွားခဲ့သဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ဘီးလင်းရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် - ၅/၂၀၁၃ အရ အမှုဖွင့်လှစ်ထားကြောင်းသတင်းရရှိသည်။

Ko Thant Zin

by Myanmar News Now


နိုင်ငံရေးအကျဉ်းသား ၅၆ ယောက် လွတ်မြောက်

Posted: 08 Oct 2013 05:07 PM PDT


မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၅၆ ဦးကို ဒီကနေ့မှာပဲ အစိုးရက ပြန်လွှတ်ပေးလိုက်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီးအစည်းအဝေးတက်ဖို့ သမ္မတ ဦးသိန်းစိန် ဘရူနိုင်းနိုင်ငံဆီကို သွားတဲ့နေ့နဲ့ တိုက်ဆိုင်စွာပဲ အခုလို လွှတ်ပေးလိုက်တာပါ။ ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ သမ္မတဦးသိန်းစိန်က ကတိပေးထားပေမဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားသူတွေကတော့ ဒီအပေါ် သံသယရှိကြပါတယ်။ ---
၁၂ အောက်တိုဘာ ၂၀၁၁ ခုနှစ်က ဓာတ်ပုံဖြစ်ပါတယ်။

တရုတ်မှာ လူ ၁၀၀ ကျော် ဖမ်းဆီး

Posted: 08 Oct 2013 05:20 PM PDT

တရုတ်နိုင်ငံ ရှင်ကျင်းပြည်နယ် အနောက်ပိုင်း မှာ အွန်လိုင်းက တဆင့် ကောလဟာလတွေ ဖြန့်ဝေတယ် ဆိုပြီး ၂လ အတွင်းမှာ လူ ၄၀၀ နီးပါးကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီက ထုတ်ဝေတဲ့ သတင်းစာစောင် တစ်ခုမှာတော့ အခု သံသယရှိသူတွေဟာ ဘာသာရေးအရ အစွန်းရောက်အောင်နဲ့ တည်ငြိမ်မှု ပျက်ပြားအောင် ဖြန့်ဝေနေကြတယ်လို့ ဖေါ်ပြထားပါတယ်။ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူပေါင်းက ၁၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ----
တရုတ်အာဏာပိုင်တွေက ရှင်ကျင်းပြည်နယ် တည်ငြိမ်မှုအတွက် စိုးရိမ်


ဖွဲ့စည်းပုံ ပြင်သင့်ရင် ပြင်မယ့် သူရ ဦးရွှေမန်း

Posted: 08 Oct 2013 04:55 PM PDT


ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ အပြည်ပြည် ဆိုင်ရာ ပါလီမန်သမဂ်ဂအဖွဲ့ အိုင်ပီယူ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကို ဘီဘီစီ က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ အခု အိုင်ပီယူ အစည်းအဝေးရဲ့ အဓိက အကြောင်းအရာက နျူကလီးယား ကင်းစင်သော ကမ္ဘာ ဖြစ်ရေး ပါတယ်။ မြန်မာ့ နျူကလီးယား ရည်မှန်းချက်နဲ့ ပတ်သက် ပြီးလည်း ကမ္ဘာမှာ စိုးရိမ်မှုတွေ ရှိကြောင်း ပြောထားတာ ရှိတော့ ပါလီမန် ဘက်က ဒီစိုးရိမ်မှုတွေ ပြေပျောက်အောင် ဥပဒေကြောင်း အရ ဘာတွေ လုပ်နိုင်မှာပါလဲ ဆိုတော့ ဆွေးနွေးတဲ့ ခေါင်းစဉ်နဲ့ မြန်မာ နိုင်ငံက လုပ်ဆောင်ချက်တွေနဲ့ ဆက်စပ်မှု ရှိတဲ့ အကြောင်းနဲ့ ဆွေးနွေး တဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဓာတုလက်နက် ဖျက်သိမ်းရေး တွေကို ပါလီမန်တွေက ကြီးကြပ် ဆောင်ရွက်ရေး ခေါင်းစဉ် ကိုလည်း မြန်မာ နိုင်ငံက ပါလီမန် တွေက ထောက်ခံတဲ့အကြောင်း အဆို တင်သွင်း ပြောကြား ခဲ့တယ်လို့ ဦးရွှေမန်းက ဆိုပါတယ်။ ---
ဖွဲ့စည်းပုံ ပြင်ဖို့ ထောက်ခံမယ်လို့ ဦးရွှေမန်းပြော

Thit Htoo Lwin

unread,
Oct 10, 2013, 10:25:05 AM10/10/13
to thuau...@gmail.com

လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထားဖွယ်ရှိ

Posted: 10 Oct 2013 07:24 AM PDT


မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထွက်ရှိနေပေမဲ့၊ လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထားရဖွယ်ရှိတယ်လို့ UPI သတင်းက ဖေါ်ပြပါတယ်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တစ်ရုံတည်ဆောက်ရေးအတွက် မြန်မာနဲ့အတူ ပူးတွဲဆောင်ရွက်ဖို့ အိန္ဒိယနဲ့ စင်္ကာပူတို့ သဘောတူညီခဲ့ကြပါတယ်။ ဓါတ်အားပမာဏ မက်ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မယ့် အဲဒီစက်ရုံကို မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြန်မာ Daimon Palace Services လီမိတက်တို့နဲ့အတူ အိန္ဒိယ Orange Powergen လီမိတက်၊ စင်္ကာပူ Global Adviser လီမိတက်တို့ ပူးပေါင်းတည်ဆောက်ကြမယ်လို့ သိရပါတယ်။---

တရုတ်ဝယ်လက်ကြောင့် မြင်းခြံ စီမံကိန်းအနီး ယာမြေများ တစ်နှစ်အတွင်း ဆယ်ဆခန့်ဈေးမြင့်

Posted: 10 Oct 2013 07:17 AM PDT


မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်အတွင်း တည်ဆောက်နေသော နိုင်ငံတကာ အဆင့်မီ သင်္ဘောဆိပ်ကမ်းနှင့် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန် စီမံကိန်းတို့နှင့် နီးသော ယာမြေများကို မန္တလေးမြို့ခံ တရုတ်ဝယ်လက်များကြောင့် တစ်နှစ်အတွင်း ဆယ်ဆခန့် ပေါက်ဈေး မြင့်တက် သွားကြောင်း အဆိုပါဒေသ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။---

အာဇာနည်နေ့ ပန်းခွေချသူကို ကျပ်၂၀၀ သို့မဟုတ် ထောင်ဒဏ်ခုနစ်ရက် အမိန့်ချ

Posted: 10 Oct 2013 07:11 AM PDT

ပြည်မြို့လယ်ရှိ ဗိုလ်ချုပ် မြင်းစီးရုပ်တွင် (၆၆) နှစ်မြောက် အာဇာနည်နေ့၌ ဒေသန္တရက ထုတ်ပြန်သော အမိန့်ကို ချိုးဖောက်ကာ ပန်းခွေချသောကြောင့် ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခံရသူ ကိုသိမ်းမင်းထွန်းကို ဒဏ်ငွေ ကျပ်၂၀၀ သို့မဟုတ် ထောင်ဒဏ် ခုနှစ်ရက် ကျခံစေရန် အောက်တိုဘာလ ၉ ရက်နေ့က အမိန့်ချမှတ်လိုက်ကြောင်း ပြည်မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။---

ကေအိုင်အိုနှင့် အစိုးရ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မရ

Posted: 10 Oct 2013 06:58 AM PDT


မြစ်ကြီးနားမှာ ကျင်းပတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့အကြား ပြည်ထောင်စုအဆင့် ၃ ရက်ကြာ ဆွေးနွေးပွဲဟာ အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု မရဘဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဦးဆွမ်လတ်ဂမ် ခေါင်းဆောင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ နောက်ဆုံးနေ့အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရာမှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု မရရှိပေမယ့် အစိုးရက ဖိတ်ခေါ်ထားတဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးမှာ ကေအိုင်အို ပါဝင်နိုင်ရေး အပါအ၀င်သဘော တူညီချက် ၇ ချက် ရရှိခဲ့တာပါ။ ---

မိုးစက်ဝိုင် အစား မည်သူကိုမှ ရွေးချယ်မှုထပ်လုပ်မည်မဟုတ်ဟု ပွဲစီစဉ်သူပြော

Posted: 10 Oct 2013 06:56 AM PDT

မယ်စကြာဝဠာမြန်မာ အဖြစ် တရားဝင်ရွေးချယ်ခံထားရတဲ့ မိုးစက်ဝိုင်ရဲ့မိဘနှစ်ပါးဟာ တရုတ်
လူမျိုးများဖြစ်နေတာကြောင့်ဟုဆိုကာ တခြားမြန်မာအမျိုးသမီးအလှမယ်တစ်ဦးကို အစားထိုး
သွားရောက်စေဖို့ လူတစ်စုမှ ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ သတင်းတွေဟာ ဒီနေ့ (အောက်တိုဘာ
လ ၉ ရက်) အွန်လိုင်းစာမျက်နှာများမှာ ပျံ့နှံနေပေမယ့် ပွဲစီစဉ်သူဘက်မှ လူရွေးချယ်ပွဲကို ထပ်
လုပ်မှာမဟုတ်ဘူးလို့ မြန်မာတိုင်းမ်ကို ပြောပါတယ်။ ---

မယ်စကြာဝဠာ မြန်မာ ရွေးချယ်မှုမှုနှင့် ပတ်သက်ပြီး ဝေဖန်ခံရ

Posted: 10 Oct 2013 06:52 AM PDT


မယ်စကြာဝဠာ မြန်မာ မိုးစက်ဝိုင်ဟာ တရုတ်သတင်းစာတွေမှာ မြန်မာကိုယ်စားပြု တရုတ်အမျိုးသမီး သွားပြိုင်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့အတွက် ဝေဖန်မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ နှစ်ပေါင်းငါးဆယ်ကြာ မယ်စကြာဝဠာ ပြိုင်ပွဲနဲ့ ကင်းဝေးခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်မှစပြီး ပြန်လည်ပြိုင်ပွဲဝင်ဖို့ လူရွေးချယ်တဲ့အခါ ဒီလ သုံးရကပ်နေ့က မိုးစက်ဝိုင်ကို နိုင်ငံကိုယ်စားပြုပြိုင်ဖို့ မယ်စကြာဝဠာ မြန်မာအဖြစ် ရွေးချယ်ခဲ့တာပါ။---

ကာမကိစ္စအလို့ငှာ သွေးဆောင်စည်းရုံး ပို့ဆောင် ပေးသူများ အပေါ် အရေးယူ

Posted: 10 Oct 2013 06:45 AM PDT


မ------နှင့် မ------တို့သည် အဆိုပါနေအိမ်ရှိ အမျိုးသမီး (၇)ဦးခန့်အနက်မှ နှစ်ဦးနှင့် အလုပ်အကြောင်း ပြောဆိုစဉ် မော်ဒယ်ရှိုးလျှောက်သည့် လုပ်ငန်းအပြင် မကောင်းသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ရကြောင်း ပြောပြသိရှိရသဖြင့် မ-----နှင့် မ-----တို့ (၂)ဦးမှာ ၇.၁၀.၂၀၁၃ရက်နေ့တွင်ပင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ပြေးလာခဲ့ပြီး ကာမစပ်ယှက်ရန် ရည်ရွယ်၍ အကျင့်ဖျက်ဆီးခြင်း ---

အောင်မင်္ဂလာအဝေးပြေးတွင် ရဲတပ်ဖွဲ့ဝင်နှင့် အငှားယာဉ်မောင်းတစ်စု ပဋိပက္ခဖြစ်

Posted: 10 Oct 2013 06:27 AM PDT


ရန်ကုန်မြို့တော်မှ မြန်မာနိုင်ငံ အလယ်ပိုင်းမြို့ကြီးများသို့ အဓိက ပြေးဆွဲနေသော အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းတွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ရဲတပ်ဖွဲ့ဝင်နှစ်ဦးက အငှားယာဉ်မောင်း တစ်ဦးကို ဖမ်းဆီးရာမှ အဆိုပါ တပ်ဖွဲ့ဝင်များနှင့် အငှားယာဉ်မောင်း တစ်စုတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အငှားယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရှိရသည်။ အဆိုပါ ယာဉ်ရပ်နားစခန်း ယာဉ်ဆိုက်ရောက်ရာ ဂိတ်အမှတ် (၂) ဝင်းတွင် ခရီးသည် လာရောက် တင်ဆောင်သည့် အငှားယာဉ်မောင်း တစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးရာ ယာဉ်မောင်းက ပြန်လည် ခုခံခဲ့သဖြင့် ---

ဆေးနဲ့မှည့်တဲ့ငှက်ပျောသီး

Posted: 10 Oct 2013 06:24 AM PDT


တိုက်ကြီးနယ်က ထွက်တဲ့ ဖီးကြမ်းငှက်ပျောသီးချင်း အတူတူ အနှိမ်ခံရတယ်ဗျာ။ ဆေးနဲ့မှည့်ထားတဲ့ ငှက်ပျောသီးမို့တဲ့။ နေပါဦး ကျုပ်ကများ ဆေးနဲ့မှည့်ချင်လို့ အမှည့်ခံထားတယ် ထင်နေလား။ ခြံရှင် ကိုဖိုးသာတို့ လင်မယား သူ့သမီးလေးကျောင်းအပ်ဖို့ ပိုက်ဆံလိုလို့ တဲ့ဗျာ။ သိပ်မရင့်သေးမှန်း သိရဲ့နဲ့ ဆေးစိမ်လို့ရလောက်တဲ့ အနေလောက် အခိုင်တွေ အကုန်လုံး ချိုင်ပစ်လိုက်တာ။ ကောင်းကောင်းမရင့်သေးတဲ့ ကျုပ်တို့ပါ ပါကုန်တာပေါ့။ သိပ်မရင့်လည်းပဲ ဆေးစိမ်လိုက်တော့ ဝါရောင် လိုက်လာပြီး မှည့်သွားတာပေါ့ဗျာ။ ---

ပျောက်ဆုံးနေသူ လူငယ် (၂) ဦး အလောင်းကို သံတွဲတွင် ရှာဖွေတွေ့ရှိ

Posted: 10 Oct 2013 05:55 AM PDT


အောက်တိုဘာလ ၁ ရက်နေ့က တောင်ကုတ်မှ သံတွဲသို့  သုံးဘီး တက္ကစီဖြင့် အသွား အကြမ်းဖက် အုပ်စု တစ်ခု၏ တိုက်ခိုက်ခြင်းကို ခံရ၍ သေဆုံးသွားသူ လူငယ် (၂) ဦး၏ အလောင်းကို မနေ့က ပြန်လည် ရှာဖွေ တွေ့ရှိခဲ့သည်ဟု သံတွဲ လူမူ ကွန်ယက် ဥက္ကဌ ကိုစိန်ချစ်က ပြောသည်။ သေဆုံးသွားသူ လူငယ် (၂) ဦးမှာ ဖိုးတာ (ခေါ်) မောင်မောင်ဝင်း(၂၀) နှစ် နှင့် ရာဇာ (ခေါ်) မင်းခိုင်ရွှေ (၂၉) နှစ်တို့ ဖြစ်ကြပြီး သူတို့မှာ ရခိုင် ဗုဒ္ဓဘာသာများ ဖြစ်ကြသည်ဟု သူက ဆိုသည်။---
ရှာဖွေတွေ့ရှိထားသော အလောင်းကို သံတွဲ ဆေးရုံသို့ မယူမီ တွေ့ရစဉ်။ ( ဓါတ်ပုံ- Share Arakan News)

တောင်ကြီး ကွန်ပျူတာတက္ကသိုလ် အတွင်းက တောင်သူတွေကို ဖယ်ရှားပေးဖို့ လက်မှတ်ထိုးခိုင်းနေပြီ

Posted: 10 Oct 2013 05:43 AM PDT


ဒီကနေ့ ၁၀.၁၀.၂၀၁၃ ရက်နေ့မှာ တောင်ကြီးတက္ကသိုလ်ဝန်ထမ်းတွေက တောင်သူတွေကို တက္ကသိုလ်မြေအတွင်း ကျူးကျော်ဆောင်ရွက်ခြင်း မပြုရန်နှင့် ဖယ်ရှားပေးပါရန်ဟူသော အကြောင်းအရာ ခေါင်းစီးစာသားပါ စာရွက်တွေမှာ လက်မှတ်လိုက်ထိုးခိုင်းနေကြောင်း တောင်သူများအရေး ကူညီပေးနေသူ
ရှမ်းပြည်မျိုးဆက်အဖွဲ့မှ ကိုအောင်မျိုးက ပြောသည်။ တောင်ကြီးကွန်ပျူတာ တက္ကသိုလ်အတွက် ရယူထားသော မြေဧရိယာမှာ ဧက(၄၈၀)ကျော်နေသည့် အတွက် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုမျှလောက် ကျယ်ဝန်းသော ကျောင်းဟူ၍ မရှိသေးကြောင်းဖြင့် ကိုအောင်မျိုးက ရှင်းလင်းပြောဆိုသည်။ ---

ပခုက္ကူ အမှတ်(၅)အထည်စက်ရုံ မီးလောင်မှုဖြစ်ပွား

Posted: 10 Oct 2013 05:38 AM PDT

ပခုက္ကူ အမှတ်(၅)အထည်စက်ရုံ  မီးလောင်မှုဖြစ်ပွား
၈.၁၀.၂၀၁၃မနက်၀၂း၀၀နာရီခန့် တွင် အမှတ်(၅)အထည် စက်ရုံ ဓါတ်အားပေး ခွဲရုံ 66kv တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်ရသည့် အကြောင်းမှာ ယခင်နှစ် မကွေးတိုင်း လျှပ်စစ် စစ်ဆေးရေးမှ မကောင်းသောcircuit breaker များ လဲခိုင်းရာ မလဲသောကြောင့်ဟု သိရသည်။ စုစုပေါင်းခန့် မှန်းခြေသိန်းနှစ်ထောင်ခန့် ဆုံးရှုံးကြောင်း သိရသည်။ မီးလောင်ချိန် နောက်ကျမှ သိရသည့်အတွက် ပိုမိုလောင်ကြွမ်းခဲ့ကြောင်း စက်ရုံ ၀န်ထမ်း တဦးမှ Myanmar News Now ကို ပြောပြပါသည်။

ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာအလုပ်သမား ၁၀ ဦးကို ကယ်ထုတ်

Posted: 10 Oct 2013 04:14 AM PDT


အသက် ၁၈ နှစ်အောက် ၃ ဦးအပါအ၀င် ထိုင်းငါးဖမ်းလှေပေါ်ရောင်းစားခံရတဲ့ မြန်မာလုပ်သား ၁၀ ဦးကို ထိုင်းအထူး စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ကယ်တင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန ဥက္ကဋ္ဌ ရဲမှူးကြီး နိုင်းထာရိတ့် ဖိန်းဒစ် နဲ့ အဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်င်္ပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ---

တရုတ်နိုင်ငံ တွင် ဘာသာရေး အစွန်းရောက် ၀ါဒများကို ဖြန့်ဝေခဲ့သူ ၁၃၉ ဦးကို အစိုးရဖမ်းဆီး

Posted: 10 Oct 2013 04:02 AM PDT


တရုတ် အစိုးရသည် နိုင်ငံ အနောက်ပိုင်း ရှင်းကျန်း ပြည်နယ်တွင် ဘာသာရေး အစွန်းရောက် ၀ါဒများကို ဖြန့်ဝေလျက် ရှိသူ ၁၃၉ ဦးကို နှစ်လအတွင်း ဖမ်းဆီး ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ယမန်နေ့တွင် ပြောကြား ခဲ့ကြောင်း သိရသည်။ ယင်း ဒေသသည် လူနည်းစု ယူဂါ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ရာ ဒေသတစ်ခု ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား လာဖွယ် ရှိသည့် အန္တရာယ်များ မြင့်တက်လျက် ရှိသော်လည်း တရုတ် အစိုးရ သည် ယင်း ကိစ္စရပ် နှင့် စပ်လျဉ်း၍ သတင်းများကို ကျယ်ကျယ် ပြန့်ပြန့် ထုတ်ပြန် ခဲ့ခြင်း မရှိပေ။ ---

ယာဉ်မောင်း မရှိစဉ် မော်တော်ယာဉ် အား ယာဉ်နောက်လိုက် မောင်းနှင်ရာမှ ဆိုင်ကယ် ၁၀ စီးနှင့် လမ်းဘေး ဈေးဆိုင်များ ၀င်ရောက် တိုက်မိမှု ဖြစ်ပွား

Posted: 10 Oct 2013 03:53 AM PDT


ယမန်နေ့ ည ၈ နာရီခွဲ အချိန်တွင် ရန်ကုန် - မန္တလေး ကားလမ်းမကြီး ဘေး ပြည်ကြီးတံခွန် မြို့နယ် တံခွန်တိုင် ရပ်ကွက်ရှိ မိုးထက်မြင့် လက်ဖက်ရည် ဆိုင်ရှေ့တွင် ယာဉ်မောင်း ဦးရာဂျမ်း ၃၂ နှစ် ( ဘန်းမွှေးရွာ ၊ နောင်ချိုမြို့နယ် နေသူ ) သည် နီဆန်းဒီဇယ် ခြောက်ဘီးကား ကို ရပ်ထားပြီး သော့ဖြုတ်၍ စက်မှုဇုန် ဘက်သို့ ထွက်ခွာ သွားစဉ် ယာဉ်နောက်လိုက် အောင်နိုင် ( မိုးကုတ်မြို့ နေသူ ) က ယာဉ်မောင်း မလာသေး၍ အချိန် ကြာမြင့် နေသဖြင့် ဘက်ထရီ ၀ိုင်ယာကြိုး နှစ်ချောင်းကို ရှော့ခ်တိုက်၍ စက်နှိုး မောင်းနှင် ခဲ့သည်။ ---

စားသုံးရန်မသင့်သည့်ဆီများ မြန်မာနိုင်ငံအတွင်း လုံးဝမအ၀င်မခံ

Posted: 10 Oct 2013 03:41 AM PDT


စားသုံးရန်မသင့်တဲ့ဆီတွေ မြန်မာနိုင်ငံအတွင်းကို လုံးဝအ၀င်မခံပါဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတဦးက ဒီဗွီဘီကို ပြောပါတယ်။ ပြည်ပကနေ ၀င်ရောက်တဲ့ စားအုန်းဆီကို အားထားနေရတဲ့ မြန်မာပြည်ဈေးကွက်မှာ ဆီအရောအနှောတွေ ပါဝင်နေမှုနဲ့ ပတ်သက်လို့   မေးမြန်းရာမှာ ကျန်းမာရေးဝန်ကြီးဌာန အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) ညွန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ ---

ငပလီကမ်းခြေနှင့် ဟိုတယ်ဇုန်အတွင်း ညမထွက်ရ အမိန့်ရုပ်သိမ်း

Posted: 10 Oct 2013 03:35 AM PDT


သံတွဲနဲ့ ကျေးရွာတွေမှာ ထုတ်ပြန်ထားတဲ့ မနက် ၆ နာရီကနေ ည ၆ နာရီ မထွက်ရ မိန့်ကို ငပလီကမ်းခြေနဲ့ ဟိုတယ်ဇုန်မှာ ရုပ်သိမ်းလိုက်ပြီလို့ သက်ဆိုင်ရာက အသံချဲ့စက်နဲ့ လှည့်လည် ကြေညာခဲ့ကြောင်း ဒေသခံ ဦးမောင်မောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း သံတွဲမြို့နဲ့ သဗြုချိုင်၊ ပေါက်တောအပါအ၀င် ကျေးရွာတချို့မှာ လူ ၅ ဦးသေ အများအပြားဒဏ်ရာရပြီး အိမ်ခြေ ၇၀ လောက် မီးလောင်ဖျက်ဆီးခံရတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် အစိုးရဟာ ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ ---

မလေးရှားရဲများအား လူသတ်ခွင့်လိုင်စင်ပေး

Posted: 10 Oct 2013 03:08 AM PDT


ရာဇဝတ်ဂိုဏ်းသားများ နှင့် မျက်နှာချင်းဆိုင်တွေ့ပါက ရဲများဘက်မှ အရင်ပစ်ခတ်မိန့် အား မလေးရှားပြည်ထဲရေးဝန် ကြီးမှ ထုတ်ပြန်ခဲ့ကြောင်းသိရ သည်။ မကြာသေးမီက ဖြစ်ပွား ခဲ့သော ရာဇဝတ်ဂိုဏ်းနှင့်ဆက် နွှယ်သော အကြမ်းဖက်မှုများကြောင့် ပြည် ထဲရေးဝန်ကြီးဌာနမှ ရဲများအား အရင်ပစ် နောက်မှရှင်းဆိုသော အမိန့်ကို ထုတ်ပြန်လိုက်ရသည်။ ---

မင်းရာဇာက ရိုက်ကွင်းတွင်အမျိုးသမီးသရုပ်ဆောင်အသစ်ကို ရိုက်နှက်

Posted: 10 Oct 2013 02:59 AM PDT


5 Series ရုပ်သံလိုင်းတွင် ပြသမည့် လက်သန်းပြတ်တစ်ချောင်းရဲ့ ရာဇ၀င် ရုပ်သံ ဇာတ်လမ်း ရိုက်ကူးစဉ် ပြဿနာဖြစ်၍ သရုပ်ဆောင်မင်းရာဇာ က အမျိုးသမီး သရုပ်ဆောင်အသစ် အိမ့်နိုင်းဟန်ကို ရိုက်နှက်ပြုလုပ် ခဲ့ကြောင်း အိမ့်နိုင်းဟန်၏ ဖေ့ဘုတ်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ “အမှုကို မကြီးချင်ဘူး။ ရိုက်ကွင်းမန်နေဂျာက လျော်ကြေး လာပေးတယ်။ လျော်ကြေးကို မမက်ပါဘူး။ အခြားဘယ်ကိုမှလည်း မတိုင်ထားပါဘူး။ ရုပ်ရှင်အစည်းအရုံးက ဖြေရှင်း ပေးနိုင်မယ်လို့ ထင်ပါတယ်”ဟု သရုပ်ဆောင်သစ်ဖြစ်သူ အိမ့်နိုင်းဟန်က ပြောကြားသည်။ ---
အိမ့်နိုင်းဟန်  ရိုက်နှက်ခံရတဲ့ ဒဏ်ရာများ

ဦးဥာဏ်ဝင်း(NLD)အား ငွေဒဏ်ကျပ်တစ်ထောင် ကျခံစေရန်အမိန့်ချမှတ်

Posted: 10 Oct 2013 02:52 AM PDT



နေပြည်တော်၊အောက်တိုဘာ (၁၀)ရက်

၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသည့် မဲပြားများ ဖယောင်း သုတ်ထားသည် ဆိုသော တိုင်ကြားမှု နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဗဟိုကော်မတီ ၀င်ဦးဥာဏ်ဝင်းအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားစွဲဆိုထားမှုကို ပုဗ္မသီရီမြို့နယ် တရားရုံးက ငွေဒဏ်ကျပ်တစ်ထောင် ကျခံစေရန် အမိန့် ချမှတ်လိုက်သည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဦးခင်မောင်သိန်း (စစ်ကိုင်း မြို့)
ဦးဖြိုးမင်းသိန်း (လှည်းကူးမြို့နယ်) ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွှန့်မြို့နယ်) ဒေါ် တင်တင်ရီ (ကျွန်းစု မြို့နယ် )တို့သည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရပြီးနောက် ရွေးကောက်ပွဲတွင် ဥပဒေနှင့် အညီဆောင်ရွက် ခြင်းမရှိဟုဆိုကာ အသီးသီး တရားစွဲဆို ခံခဲ့ရသော်လည်း အားလုံးမှာ အမှုနိုင်ခဲ့ကြသည်။

စိုင်းနောင် - Popular Myanmar News Journal

ဦးဇော်ဇော်ပိုင်သည့် မက်စ်မြန်မာကျောက်မျက်ကုမ္ပဏီ ဖျက်သိမ်း

Posted: 10 Oct 2013 02:46 AM PDT


မက်စ်မြန်မာကုမ္ပဏီ၏ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာရောင်းဝယ်ရေး ကုမ္ပဏီအား အစုရှယ်ယာရှင်များ၏ဆန္ဒအလျောက် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ပိုင် မက်စ် မြန်မာကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Max Myanmar Gems & Jewellery ကုမ္ပဏီကို စက်တင်ဘာ ၃၀ ရက်က ဖျက်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြပါရှိသည်။ ---

မိုးထိမိုးမိရွှေလုပ်ကွက် နောက်ဆုံးကျန်ဇုန်ကို အင်အားသုံးဖယ်ရှားရန် ကြိုးပမ်းခဲ့

Posted: 10 Oct 2013 02:35 AM PDT


မိုးထိမိုးမိ ရွှေလုပ်ကွက်မှ နောက် ဆုံးကျန်ရှိသော ဇုန် ၁ဝ အား အောက် တိုဘာ ၅ ရက်နေ့တွင် အင်အားသုံး ဖယ်ရှားရန် ကြိုးပမ်းခဲ့ကြောင်း ဖယ်ရှား ခံရသူများတွင် ပါဝင်ခဲ့သော ဦးအောင် ဆန်းလင်းက ပြောသည်။ အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော် ကုမ္ပဏီနှင့် ရွှေလုပ်သား တို့ ၏ ရွှေမြင်တင် သဘောတူစာချုပ်ပါ အချက် ၆ ချက်အား ဖောက်ဖျက်ခြင်း ကို အကြောင်းပြု၍ ဖယ်ရှားရန် ကြိုးပမ်း သော်လည်း ယင်းနေ့တွင် လုပ်သားတို့ လက်မခံခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ ကြောင်း ၄င်းက ပြော သည်။ ----

အစိုးရ ဖိအား ပေးမှုကြောင့် မွန်ပြည်သစ်ပါတီ တပ်စခန်းတခု ဆုတ်ခဲ့ရ

Posted: 09 Oct 2013 07:29 PM PDT


နယ်မြေခံ အစိုးရ တပ်မှူး များ၏ ဖိအားကြောင့် မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်ရှိ မွန်ပြည်သစ်ပါတီ (NMSP) တပ်စခန်း တစ်ခုကို ပြီးခဲ့သည့် အောက်တိုဘာလ (၇) ရက်နေ့က ဆုတ်ခွာ ပေးခဲ့ ရကြောင်း အစိုးရ အရာရှိ များနှင့် သွားရောက် ညှိနှိုင်း ဆွေးနွေး ခဲ့ရသည့် NMSP ၏ မော်လမြိုင်မြို့ ဖွံ့ဖြိုးရေးရုံး တာဝန်ခံ နိုင်အမ်စိုက်ချမ်းက ဆိုပါသည်။ “ ဒီဝဲကလိမှာ ရှိတဲ့ တိုင်းဗဟို (၄) တန်းမြင့် စစ်ရေး လေ့ကျင့်ရေး ကျောင်းက ဗိုလ်မှူးကြီး အောင်မင်းရယ်၊ အမှတ် (၃၁၅) တပ် က တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်စိန်ရယ် သူတို့က ကျနော်တို့ သံဖြူဇရပ် ဆက်ဆံရေးရုံး အဖွဲ့ တွေကို သံဖြူဇရပ် စရဖ ရုံးမှာ ခေါ်တွေ့ ပြီးတော့ ရဲတံခွန် စခန်းကို အမြန် ပြောင်းပေးဖို့ အရှေ့တောင်တိုင်း အမိန့် ဆိုပြီး ပြောလိုက်တယ်”ဟု ဆိုပါသည်။ ---

EU Sakharov ဆုကို ဒေါ်စုကိုတိုင် သွားရောက်လက်ခံမယ်

Posted: 09 Oct 2013 05:34 PM PDT


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ​NLD ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​၁၉၉၀ ​ပြည့်နှစ်တုန်းက ​ရရှိခဲ့တဲ့ ​EU ​Sakharov ​လူ့အခွင့်အရေးဆုကို ​ဥရောပပါလီမာန်မှာ ​ကိုယ်တိုင်သွားရောက် ​လက်ခံရယူတော့မယ်လို့ ​သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ​ဥရောပနိုင်ငံကိုသွားပြီး ​အောက်တိုဘာလ ​၂၂ ​ရက်နေ့မှာ ​အဲဒီဆုကို ​လက်ခံမှာဖြစ်တယ်လို့ ​ဥရောပလွှတ်တော်က ​ထုတ်ဖော်ပြောဆိုထားပါတယ်။---
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်က ဗြိတိန်ပါလီမန်အတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် 

မန္တလေးမြို့ သုံးလောင်းပြိုင် လူသတ်မှု တရားခံနှစ်ဦး ဖမ်းဆီးရမိ

Posted: 09 Oct 2013 05:35 PM PDT

မန္တလေးမြို့၊ ချမ်းမြသာစည် မြို့သစ် Panasonic ကုမ္ပဏီ၏ ဂိုဒေါင်ဝင်းအတွင်း အောက်တိုဘာလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှု တရားခံနှစ်ဦးဖြစ်သော မောင်သောင်းစုဇင် အသက်-၂၀ နှစ်၊  အဖ-ဦးကြံတင်၊ ဗန်းမော်နှင့် မောင်အောင်ကျော်ဟိန်း(ခ) အောင်ကျော်၊ အသက်-၁၉ နှစ် တို့ကို မန္တလေးတိုင်းဒေသကြီး မှူခင်းအကူဌာနမှ (CID ) ရဲအုပ်-မျိုးညွှန့်လွင်နှင့် မန်းရဲအုပ်-ရဲမြင့်တို့မှ (၇)ရက်အတွင်း ဖမ်းဆီးဖေါ်ထုတ်နိုင်ခဲ့တယ်လို့ မန္တလေးမြို့အမှတ်(၁၁) ရဲစခန်းမှ စုံစမ်းသိရှိရသည်။ ---

ဆေးထိုအပ်၊ အခင်းဖြစ်နေ့ အ၀တ်အစားနှင့် မြောင်းထဲ လွင့်ပစ်သော လက်အိတ်

ဂွရှင်၊ ကျောက်လှည့် ၊ ကက်ကြေး၊ လက်အိပ်တဖက်နှင့် သက်သေခံထည့်အိတ် 


Thit Htoo Lwin

unread,
Oct 11, 2013, 10:24:08 AM10/11/13
to thuau...@gmail.com

အောက်တိုဘာလ (၁၃)ရက်နေ့ ထုတ် EURO SPORTS Journal (VOL.4, NO.77)

Posted: 11 Oct 2013 05:43 AM PDT


အောက်တိုဘာလ (၁၃)ရက်နေ့ ထုတ် EURO SPORTS Journal (VOL.4, NO.77)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၆

Posted: 11 Oct 2013 05:38 AM PDT


အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အောက်တိုဘာလ (၇)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ(၅) အမှတ်(၆၆)

Posted: 11 Oct 2013 05:34 AM PDT


အောက်တိုဘာလ (၇)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ်  အတွဲ(၅) အမှတ်(၆၆)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





မောင်တော နယ်စပ် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဆက်လက်ထုတ်ပြန်

Posted: 11 Oct 2013 05:18 AM PDT


လွန်ခဲ့သည့် ၂၀၁၂ခုနှစ် ဇွန်၈ရက် မှစတင်ထုတ်ပြန်ခဲ့သည့် မောင် တောနယ်စပ် ညမထွက်ရအမိန့် ပုဒ်မ၁၄၄ကို ၂၀၁၃ခုနှစ် အောက် တိုဘာ၈ရက်က ဆက်လက်ထုတ် ပြန်လိုက်ကြောင်း သိရသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ၁၄၄ကို အောက်တိုဘာ ၈ ရက်တွင် ကိုးကြိမ်မြောက်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခင်ထုတ် ပြန်ထားသည့် အချိန်အတိုင်း ည ၁ဝနာရီမှ နံနက် ၄နာရီအထိကို ညမထွက်ရအမိန့်အဖြစ် သတ် မှတ်ကြောင်း မြို့နယ်အုပ်ချုပ်ရေး ဌာနမှ မြို့ပေါ်သို့ အသံချဲ့စက် များဖြင့် ည၆နာရီတွင် လိုက်လံ ကြေညာခဲ့ကြောင်း သိရသည်။ ---

ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူက အိမ်ရှင်အမျိုးသမီးအား ဓါးဖြင့်ထိုး

Posted: 11 Oct 2013 05:01 AM PDT


ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူတစ်ဦးက အိမ်ရှင်အမျိုးသမီးအား ဓားဖြင့်ထိုးခဲ့မှုတစ်ခု အောက်တိုဘာ ၉ ရက် နံနက်က လှိုင်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။ အမှုတွင် အောက်တိုဘာ ၈ ရက်ည ၁၀ နာရီက လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ (၈)လွှာ၊ တိုက်(၈)နေသူ မသဇင်(၃၂)နှစ်(တယောထိုး)သည် နေအိမ်တွင် သူငယ်ချင်းမိသားစုများဖြစ်သော ကိုဟိန်းကို၊ မနှင်းညိုအေး၊ မသိင်္ဂီတို့နှင့်အတူ အိပ်ရာဝင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ---

ဆယ်တန်းကျောင်းသူနှင့် အတူနေပြီး လက်ထပ်မယူဘဲ စစ်ဗိုလ်တစ်ဦး ရှောင်ပြေးနေ

Posted: 11 Oct 2013 03:39 AM PDT

မရမ်းကုန်းမြို့နယ်တွင် ဆယ်တန်းကျောင်းသူကလေးတစ်ဦးကို စစ်ဗိုလ်ကြီးတစ်ဦးက အကြိမ်ကြိမ် ကာမစက်ယှက်ပြီး လက်ထပ်ယူမည်ဟု ပြောဆိုခဲ့သော်လည်း တိမ်းရှောင်နေသည့်အတွက် ကာယကံရှင် မိသားစုက အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။ အမှုသည် စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက မိခင်ဖြစ်သူက ၁၅ နှစ်အရွယ်ရှိ ၎င်း၏သမီး ၁၀ တန်း ကျောင်းသူ သည် ကျူရှင်တက်ရန်နေအိမ်မှ ထွက်သွားခဲ့ပြီး ညနေခြောက်နာရီတွင် နေအိမ်တွင် ကျူရှင် သင်ပေးသည့် ဆရာမဖြင့် ပြန်လည်ရောက်ရှိလာရာမှ တစ်ဆင့်စတင်ခဲ့သည်။ ---

လျှပ်စစ်ဓာတ်အားခ နှုန်းထား ပြောင်းလဲ ကောက်ခံခြင်းကို တိုင်ကြားမှု များပြားဟုဆို

Posted: 11 Oct 2013 03:18 AM PDT


မန္တလေးမြို့တော်တွင် အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူနေသူများကို တစ်ယူနစ်လျှင် ၃၅ ကျပ်အစား ၇၅ ကျပ်နှုန်းဖြင့် ပြောင်းလဲ ကောက်ခံမှုကို ကျေနပ်မှု မရှိသဖြင့် တိုင်ကြားမှု များလာကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူထံမှ သိရသည်။
“တိုင်ကြားစာ ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ မှတ်မထားလို့ မသိတော့ဘူး။ တိုင်ကြားစာတွေကို စစ်ဆေးတဲ့ အခါမှာ ကောက်ခံတဲ့ နှုန်းထားနဲ့ ပတ်သက်ပြီး မီးသုံးသူကို ကြိုတင် အသိပေးတာမျိုး မရှိလို့ ဆိုတာကို တွေ့ရတယ်။ ပြောင်းလဲ ကောက်ခံ မယ့် နှုန်းထားကို မီးသုံးသူကို အသိပေး လက်ခံလာတဲ့ အထိ ပြောဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။ ---

အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း ပွဲစား များအား အရေးယူရန် အစီအစဉ်များ မရှိသေးဟုဆို

Posted: 11 Oct 2013 03:14 AM PDT


အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းရှိ အငှားယာဉ်ပွဲစားများနှင့် လက်မှတ်အရောင်းပွဲစားများအား စီမံချက်ဖြင့် ဖမ်းဆီးသည့်ကာလမှလွဲ၍ အရေးယူရန် အစီအစဉ်များ မရှိသေးကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန(အောင်မင်္ဂလာ)’မှ သတင်းရရှိသည်။ အဝေးပြေးဝင်းအတွင်း၌ ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်စေသည် အထိ ကားအငှားပွဲစားလုပ်ခြင်း၊ လက်မှတ်အရောင်း လူခေါ်ပွဲစားများဖြင့် လက်မှတ်ရောင်းချခြင်းများအား ခွင့်ပြုချက်မဲ့ ဆောင်ရွက်လျက်ရှိပြီး ယင်းအတွက် ၀င်းအတွင်းရှိ မြို့တော်စည်ပင် အခွန်ဌာနမှ စီမံချက်ဖြင့် ဖမ်းဆီးကာလများ သတ်မှတ်ကာ အရေးယူ ဆောင်ရွက်ခြင်းများကို လျှပ်တစ်ပြက် ပြုလုပ်ခြင်းများ ရှိသော်လည်း ပွဲစားများ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။ ---

နိုဘယ်လ်ငြိမ်းချမ်းရေးဆု ဓာတုလက်နက်တားဆီးရေးအဖွဲ့ ရရှိ

Posted: 11 Oct 2013 03:00 AM PDT

ဒီနေ့ချီးမြင့်တဲ့ ၂၀၁၃ ခုနှစ်အတွက် နိုဗယ်လ် ငြိမ်းချမ်းရေးဆုကို ဓာတု လက်နက်တွေကို စောင့်ကြည့်နေတဲ့ နယ်သာလန် နိုင်ငံ ဟေ့ဂ် အခြေစိုက် ဓာတု လက်နက်တား ဆီး ကာကွယ်ရေး အဖွဲ့ (OPCW) က ရရှိသွားပါတယ်။ ဓာတုလက်နက် ဖျက်သိမ်းရေး အတွက် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်တဲ့ အတွက် အခုလို ချီးမြင့်တာလို့ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ ကြေညာပါတယ်။ ---
OPCW ရဲ့ အကြီးအကဲ ညွန်ကြားရေးမှူးချူပ် တူရကီနိုင်ငံသား အာမက် အူဆီမူရှာ



ဌာနတွင်းအစည်းအဝေးတွင် မတ်တတ်ရပ်ဒဏ်ပေးခံရသည့် မြို့တော်စည်ပင်မှ ဝန်ထမ်းတစ်ဦး ဆေးရုံတင်လိုက်ရ

Posted: 11 Oct 2013 02:46 AM PDT


ဌာနတွင်း အစည်းအဝေးတစ်ခုတွင် စကားပြောမိသဖြင့် ဌာနမှူးမှ ခုံပေါ်တက် ၍ မတ်တတ်ရပ်ဒဏ်ပေးခံရသည့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ တော်ခန်းမရှိရာ မြတ်ဌာနမှ အသက် ၅၀ နီးပါးအရွယ် အမျိုးသမီးဝန်ထမ်းတစ်ဦး ယင်းနေ့တွင်ပင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း မိသားစုဝင် များ၏ ပြောပြချက်အရ သိရှိရသည်။ "ဖြစ်တာက အောက်တိုဘာ ၂ ရက် နေ့ပါ။ အန်တီသိတဲ့အချိန် သူက ဆေးရုံ ရောက်နေပြီ။ သူ စကားပြန်ပြောနိုင်တဲ့ အချိန်ကျမှ မေးကြည့်တော့ ဒါဘာမှ စကားပြောမိလို့ ဌာနမှူးက သူတို့နှစ်ယောက်ကို ခုန်ပေါ်တက်ပြီး မတ်တတ်ရပ် ခိုင်းတယ်တဲ့။ ပြီးတော့ ဓာတ်ပုံလည်း ရိုက်တယ်တဲ့။ သူ အရမ်းရှက်သွားတယ် လို့ပြောတယ်။ ---

ပလက်ဖောင်းပေါ်လမ်းလျှောက်နေသူ အိမ်စီးကားဝင်တိုက်၍ သေဆုံး

Posted: 11 Oct 2013 02:35 AM PDT


လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ သံလမ်းမှတ်တိုင်အနီးတွင် အာရာဖတ်အမျိုးအစား အိမ်စီးယာဉ်က ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသော လူတစ်ဦးကို ၀င်တိုက်မိ၍ သေဆုံးသွားကြောင်း လှိုင်မြို့နယ် ရဲစခန်းမှ ဒုရဲမှူးက အတည်ပြုပြောကြားသည်။ အောက်တိုဘာ ၉ ရက် ည ၁၀ နာရီဝန်းကျင်က အင်းစိန်လမ်းမပေါ် သံလမ်းမှတ်တိုင်အနီးရှိ ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသော အသက်(၅၆) နှစ်အရွယ်   အမျိုးသားတစ်ဦးကို လှည်းတန်းဘက်မှ မောင်းနှင်လာသည့် အာရာဖတ်အမည်းရောင်ယာဉ်က  အရှိန်လွန်ပြီး  ၀င်တိုက်ကာ  လမ်းလယ်ရှိ  ဓာတ်တိုင်ကို ဆက်လက်ဝင်တိုက်မိကြောင်း  အထက်ပါဒုရဲမှူးကဆိုသည်။ ---
ယာဉ်တိုက်မှုကြောင့်ပျက်စီးသွားသည့်ကားအား ကရိန်းဖြင့်ဆွဲယူရန် ပြင်ဆင်နေစဉ် ဓာတ်ပုံ-မိုးညို

အုပ်စုဖွဲ့ တောင်းပွဲ တိုက်ပွဲများကြောင့် စိုက်ပျိုးရေး အထူးဇုန် စီမံကိန်းများ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရဟု ဝန်ကြီးပြော

Posted: 11 Oct 2013 02:08 AM PDT


 လူအုပ်စုဖွဲ့ပြီးတောင်းပွဲတိုက်ပွဲ များကြောင့် ကုမ္ပဏီများ၏ လယ်ယာစိုက်ပျိုးရေးအထူးဇုန်စီမံကိန်း များရပ်တန့်လုနီးပါးဖြစ်ခဲ့ရသည် ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့် လှိုင်က အောက်တိုဘာ ၁ဝရက် တွင်ပြု လုပ် သော ရန်ကုန် တိုင်း ဒေသကြီးရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်းအ ဝေးပွဲ တွင် ပြောကြားခဲ့ကြောင်း သိရသည်။ အခြေခံအကြောင်းအမျိုး မျိုးဖြင့် နောက်ကွယ်မှမြှောက် ပင့်လှုံ့ ဆော်မှု များကြောင့် လူအုပ် စုဖွဲ့ပြီး တောင်းပွဲ တိုက်ပွဲ များ ပေါ် ပေါက် လာခဲ့ကြသည့်အတွက် လယ်ယာစိုက်ပျိုးရေး အထူးဇုန် စီမံကိန်းများတွင် ပါဝင်လုပ်ကိုင် နေကြသော ကုမ္ပဏီများ၏ လုပ် ငန်းများ အရှိန်ရပ်တန့်လုနီးပါး ရပ်ဆိုင်း သွား ခဲ့ ရသည် ဟု ပြည် ထောင်စုဝန်ကြီးက ပြောကြားခဲ့ ခြင်းဖြစ်သည်။ ---

ပြည်မြို့ နဝဒေး တံတားအနီး လူသတ်မှု အမှုမှန်ပေါ်ရေး ပြည်သူ ၄၀၀၀၀ ကျော် လက်မှတ်ထိုး သမ္မတထံတင်

Posted: 11 Oct 2013 02:06 AM PDT


ပြည် မြို့ နဝဒေးတံတားအနီး View Point ကမ်းနားသောင်ပြင်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက် ပြီး ပြစ်မှုကျူးလွန်သူများအား မှန်ကန်စွာ ဖော်ထုတ်အရေး ယူ ဆောင်ရွက်ပေးစေရန် ပြည်သူ ပေါင်း ၄ဝဝဝဝကျော် ၏လက်မှတ် များဖြင့် သမ္မတနှင့် အာဆီယံအ ဖွဲ့အစည်းများထံသို့ အောက်တို ဘာ ၁၀ ရက်တွင်တင်ပြခဲ့ကြောင်း သိရသည်။ ယင်း လက်မှတ်ထိုးစာရင်း ထဲတွင် ပြည်မြို့မှ အများဆုံးပါ ဝင်ပြီး ရွာပေါင်း ၃ဝကျော်သို့သွား ရောက်၍ လက်မှတ် စာရင်းအား ကောက်ယူခြင်း များပြုလုပ်ခဲ့ကာ ယင်းသို့ လက်မှတ်ကောက်ခံမှု သည် အချိန်တစ်လကြာမြင့်ခဲ့ ကြောင်း သိရသည်။ ---

မုံရွာမြို့လယ် ပေါ်ဦးရွှေရတနာဆိုင် ရွှေ ၇၀ ကျပ်သားကျော် ခိုးယူခံရ

Posted: 10 Oct 2013 08:53 PM PDT


မုံရွာမြို့လယ် ပေါ်တော်မူဘုရားကြီးအနီးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ပေါ်ဦးရွှေရတနာ အရောင်းဆိုင်မှ အလေးချိန် ၇၀ ကျပ်သားရှိ ရွှေဆွဲကြိုးမျိုးစုံ အောက်တိုဘာလ ၉ ရက် နံနက်က ခိုးယူခံရကြောင်း ပေါ်ဦးရွှေရတနာအရောင်းဆိုင်ပိုင်ရှင် ဦးသန်းဝေက ပြောသည်။ ““ကောင်တာထဲမှာ ချိတ်ဆွဲထားတဲ့ ရွှေဆွဲကြိုးတွေပဲ ပါသွားတယ်။ ရွှေအလေးချိန်နဲ့ဆိုရင် ၇၀ ကျပ်သားဝန်းကျင်ပေါ့။  ကာလတန်ဖိုးနဲ့ဆိုရင် ကျပ်သိန်း ၄၉၀ ကျော်ရှိတယ်”” ဟု ပေါ်ဦးရွှေရတနာအရောင်းဆိုင်ပိုင်ရှင် ဦးသန်းဝေက ပြောသည်။ ---
ရွှေထည်ပစ္စည်း ၇၀ ကျပ်သားကျော် ခိုးယူခံရသည့် ပေါ်ဦးရွှေရတနာဆိုင် ဓာတ်ပုံ - မျိုးမင်းဦး

ကျောင်းကုန်းပဋိပက္ခနှင့် ပတ်သက်သူ ငါးဦးကို ပုသိမ်ထောင်သို့ပို့ထား

Posted: 10 Oct 2013 08:49 PM PDT


ကျောင်းကုန်းမြို့တွင် အောက်တိုဘာ ၅ ရက်ညက အစ္စလာမ်ဘာသာဝင်များ၏ တဲကြီးသုံးလုံး ဖျက်ဆီးမှုတွင် ပါဝင်သူများနှင့် ဖျက်ဆီးရန်လှုံ့ဆော်သူ ငါးဦးကို ဖမ်းဆီးထားပြီး ပုသိမ်ထောင်သို့ ပို့ဆောင်ထားကြောင်း ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ပြောသည်။အောက်တိုဘာ ၅ ရက်က ကျောင်းကုန်းမြို့တွင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်ကို ဘာသာခြား အသက် ၄၃ နှစ်အရွယ် ဦးလှဝင်းက အဓမ္မပြုကျင့်သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဦးလှဝင်းနေထိုင်သော တဲကြီးတစ်လုံးနှင့် အခြားတဲနှစ်လုံးကို ဒေသခံများက ဖျက်ဆီးခဲ့သည်။ ---

ပြန်ပေးဆွဲ ခံရသူ လစ်ဗျား ဝန်ကြီးချုပ် ပြန်လွတ်

Posted: 10 Oct 2013 08:10 PM PDT


လစ်ဗျား ဝန်ကြီးချုပ် Ali Zeidan ဟာ ထရီပိုလီမြို့တော်မှာရှိတဲ့ အစိုးရဌာနချုပ်ရှိရာကို ဘေးကင်းစွာနဲ့ပြန်ရောက်လာပါပြီ။ သူ့ကို အရင် သူပုန်စစ်သွေးကြွတွေက နာရီပေါင်းများစွာ သူ့ကို ထိန်းသိမ်းထားပြီးနောက် ပြန်လွှတ်ပေး လိုက်တာပါ။ သေနက်သမားတွေဟာ Mr.Zeidan ကို ကြာသာပတေးနေ့ အစောပိုင်းတုန်းက သူနေထိုင်ရာထရီပိုလီမြို့ကနေ ဖမ်းဆီးသွားပြီး၊ ၆ နာရီကြာ ထိန်းသိမ်းခဲ့ပါတယ်။ ---
Libya ဝန်ကြီးချုပ် Ali Zeidan 


ထိုင်းမှာ မြန်မာသံဃာတွေ ကျောင်းထိုင်နိုင်တော့မယ်

Posted: 10 Oct 2013 07:55 PM PDT


ထိုင်းနိုင်ငံမှာ နှစ်ပေါင်းရာချီပြီး တည်ရှိနေတဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်း တွေမှာ အစဉ်အလာအရ မြန်မာ ဘုန်းတော်ကြီးတွေပဲ ကျောင်းထိုင် ဖြစ်ခဲ့ရာက ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ထိုင်းအစိုးရက ထိုင်း တနိုင်ငံလုံးက ဘုန်းတော်ကြီးကျောင်းတွေမှာ ထိုင်းနိုင်ငံက သံဃာတွေပဲ ကျောင်းထိုင် ဖြစ်ရမယ် ဆိုတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းထိုင် ဘုန်းတော်ကြီးတွေ အခက်အခဲနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ အဲဒီကိစ္စ ပြေလည်ရေးအတွက် မြန်မာဘုန်းတော်ကြီးကျောင်းတွေ တည်ရှိတဲ့ နေရာတွေကို ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး သွားရောက် ဖြေရှင်း ဆောင်ရွက်ပေးနေခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ကတော့ သံအမတ်ကြီး ဦးတင်ဝင်းက မဲဆောက်မြို့ကို ရောက်လာခဲ့ပါတယ်။ ---
မြန်မာသံဃာတွေ ကျောင်းထိုင်ဖြစ်ရေး မျှော်လင့်ချက် ရှိ

သမ္မတဟောင်း မူရှာရက်ဖ် ကို ရဲက ဖမ်းလိုက်

Posted: 10 Oct 2013 07:48 PM PDT


ပါကစ္စတန်မှာ သမ္မတဟောင်း မူရှာရက်ဖ်ကို ၂၀၀၇ ခုနှစ်က အစ္စလာမ်မာဘတ်မှာ ဗလီတလုံးကို ဝင်စီးနင်းခဲ့တဲ့ အမှုနဲ့ ဆက်စပ်ပြီး ဖမ်းလိုက်ပြီလို့ ရဲတွေက ပြောပါတယ်။ အဲဒီ စီးနင်းမှုမှာ လှုံ့ဆော်ရေးတရားတွေ ဟောပြောတဲ့ တရားဟော ဆရာတယောက်နဲ့ လူပေါင်း ၁၀၀ ကျော် အသက်ဆုံးခဲ့ပါတယ်။ မစ္စတာ မူရှာရက်ဖ်ဟာ တခြားစွဲချက် တွေနဲ့ လောလောဆယ်မှာကို နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတာတပါ။ ---
သမ္မတဟောင်း မူရှာရက်ဖ်

ဝန်ကြီးချုပ်များကို လွှတ်တော်များမှ တိုက်ရိုက်ခန့်ထားလိုဟုဆို

Posted: 10 Oct 2013 02:51 PM PDT


တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်သည့် စနစ်အစား သက်ဆိုင်ရာ လွှတ်တော်ကသာ ခန့်အပ်လိုသည်ဟု ကိုယ်စားလှယ်အချို့က တောင်းဆိုလိုက်သည်။ ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ သုံးသပ်ရေး ပူးပေါင်း ကော်မတီဖွဲ့စည်း ဆောင်ရွက်ချိန်နှင့် လွှတ်တော် ပြင်ပ ပါတီအချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့က အခြေခံ ဥပဒေသစ် ပြန်လည် ရေးဆွဲရန် တောင်းဆို နေကြချိန်တွင် ယခုကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။ ---

ဦးကျော်ဆန်း ၀ဋ်လည်ပြီလား

Posted: 10 Oct 2013 02:45 PM PDT


အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးအချို့၏ သတင်းများကို နိုင်ငံပိုင် သတင်းစာ များဖြစ်သော ကြေးမုံနှင့် မြန်မာ့အလင်း၊ မြန်မာ့ ရုပ်မြင်သံကြား ပြည်တွင်း သတင်းတို့တွင် ဖော်ပြရာ၌ မလျော်မကန် တည်းဖြတ်ခြင်း ခံရကြောင်း အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီး အချို့က မြန်မာ သံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားသည်။ တည်းဖြတ်ခြင်းခံရသော ပြည်ထောင်စု ၀န်ကြီးများတွင် ယခင်က စစ်အစိုးရမှသည် သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက် တိုင်အောင် ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီးအဖြစ် နှစ်ရှည်လများ တာဝန် ထမ်းဆောင်ခဲ့သည့် သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းလည်း ပါဝင်ပြီး၊ ၎င်း၏ အခြေခံ လူတန်းစား ပြည်သူများအတွက် သမ၀ါယမကဏ္ဍ လုပ်ငန်းပြန်လည် တိုးတက်အောင် ဆောင်ရွက်နေသည့် ပြောကြားချက်များ၊ သတင်းများကို နိုင်ငံပိုင် သတင်းစာများက မဖော်ပြဘဲ ၎င်းတို့၏ သဘောဖြင့် တည်းဖြတ်ပြီး သတင်းဖော်ပြ ခဲ့ကြောင်း သမ၀ါယမ ၀န်ကြီးရုံးမှ သတင်းရရှိသည်။ ---

ရခိုင်ပြည်နယ်တ၀ှမ်း စစ်တပ်သိမ်းယူမြေဧက တစ်သောင်းခန့် ပြန်ပေးမည်

Posted: 10 Oct 2013 01:26 PM PDT

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်စတဲ့ မြို့နယ် ၁ဝ ခုလောက်မှာ တပ်မတော်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း တစ်သောင်းနီးပါးခန့်ကို တောင်သူတွေလက်ထဲ မကြာခင်ပြန်လည်ပေးအပ်သွားဖို့ စီစဉ်နေတယ်လို့ တပ်မတော်အဆင့်မြင့်အရာရှိ အသိုင်းအဝိုင်းက RFA ကို ဒီကနေ့အတည်ပြုပြော ဆိုပါတယ်။ ---

လက်ပံတောင်းမှာ ဒေသခံရာနဲ့ချီ ဆန္ဒပြ

Posted: 10 Oct 2013 01:22 PM PDT


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက ယာမြေတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ခြံစည်းရိုးခတ်ထားတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ဒီနေ့ ဝက်မှေးရွာဟောင်းကနေ ရန်မျိုးအောင်စေတီအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြ ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ လယ်ယာမြေအငြင်းပွားမှုတွေ ပြီးဆုံးမှသာ ကြေးနီစီမံကိန်းကို ဆက်လုပ်စေချင်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက RFA ကိုပြောပါတယ်။ ---

ဆရာဝန် တစ်ထောင်ကျော်ကို နာမည်ပျက်စာရင်း ကနေ အစိုးရ ပယ်ဖျက်

Posted: 10 Oct 2013 01:20 PM PDT


ကျန်းမာရေးဦးစီးဌာန လက်အောက် ကနေ ၀န်ထမ်း အဖြစ်မှ ထုတ်ပယ်ပြီး လျော်ကြေးမပေးတဲ့ ဆရာဝန် တစ်ထောင်ကျော်ကို အစိုးရ က နာမည်ပျက်စာရင်း ကနေ ပယ်ဖျက်ပေးလိုက် ပါတယ်။ ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့ ဆောင်ရွက်ပေးလျက်ရှိတဲ့ မူနဲ့အညီ အစိုးရက အခုလို ပယ်ဖျက်ပေးလိုက်တာလို့ သိရပါတယ်။---
အမည်ပျက် သွင်းထားတဲ့ ဆရာဝန်တခိျု့ စာရင်းက ပျက်ဖျက် ခံရလို့ ဆေးကုသနိုင်ပြီ

အောက်တိုဘာလ(၁၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

Posted: 10 Oct 2013 04:40 PM PDT

အောက်တိုဘာလ(၁၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အောက်တိုဘာလ(၁၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

Posted: 10 Oct 2013 12:57 PM PDT


အောက်တိုဘာလ(၁၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Thit Htoo Lwin

unread,
Oct 12, 2013, 10:19:06 AM10/12/13
to thuau...@gmail.com

ဖွဲ့စည်းပုံခံတပ် သော့ခလောက်များနှင့် ပြည်သူ့ထွက်ပေါက် ဘယ်ခရီးရောက်မည်နည်း – လင်းထိုက် (Y.I.T)

Posted: 12 Oct 2013 07:01 AM PDT


တပ်မတော် အတွက် ခံတပ် အထပ်ထပ် ခံကာ၁၄ နှစ်ကြာ စနစ်တကျ ရေးဆွဲထားသော ၂၀၀၈ အခြေခံ ဥပဒေကြီးအား အထိပါးခံမည် လား ဆိုသည်မှာ တပ်မတော်၏ လက်ရှိ အခင်းအကျင်း ပေါ်၌ ပြုပြင် ပြောင်းလဲ ပြင်နိုင်စွမ်းပေါ်တွင် မူတည်နေရာ ဖွဲ့စည်းပုံ အသစ် ရေး ဆွဲရေး လွှတ်တော်တွင်အဆိုတင်လျှင် ၂၀ ရာခိုင်နှုန်း ထောက်ခံမှုရရန်ပင် ခဲယဉ်းမည်ဖြစ် . . .  ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟူသည် နိုင်ငံတစ် နိုင်ငံ၏ ရေရှည် အနာဂတ်ကို အဆုံး အဖြတ် ပေးသည့် နိုင်ငံ၏ အသက် သွေးကြောပင် ဖြစ်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်နိုင်ရန် ဒုတိယအဆင့်ရောက်ပြီဟုဆို

Posted: 12 Oct 2013 06:50 AM PDT

အနိမ့်ဆုံးလုပ်ခလစာ နည်းဥပဒေထွက်ရှိပြီး သုံးလအကြာတွင် လုပ်ခနှုန်းထားသတ်မှတ်နိုင်ရန်အတွက် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကပြောသည်။ ယခုနှစ်ဇူလိုင် ၁၂ ရက်တွင် အနိမ့်ဆုံးလုပ်ခလစာနည်းဥပဒေ ထွက်ရှိပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနက ယင်းဥပဒေနှင့် ပတ်သက်၍ လုပ်ခလစာနှုန်းထား မှန်ကန်စွာ အမြန်ဆုံးသတ်မှတ်နိုင်ရန် လုပ်ငန်းစဉ်အဆင့် ငါးဆင့် ခွဲခြားသတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ အဆိုပါလုပ်ငန်းစဉ်များအနက် ပထမအဆင့်အနေဖြင့် ဥပဒေပါအတိုင်း အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များပါဝင်သည့် အမျိုးသားကော်မတီဖွဲ့စည်းပြီး   ယခုအခါ  ကော်မတီမှ လုပ်ငန်းအမျိုးအစားအလိုက် လက်ရှိ လုပ်ခလစာများကို မေးခွန်းလွှာများဖြင့် စုံစမ်းမေးမြန်းမှုများ ဆောင်ရွက်မည်ဖြစ်သည်။ ---
ရပ်ကွက်တစ်ခုမှ အလုပ်သွားရန်ပြင်ဆင်နေသော လုပ်သားအချို့ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) - 7Day Daily

စတည်းချောင်းရေလျှံ၍ နေအိမ်နှစ်ရာကျော်နှင့် မုံရွာ-အလုံလမ်းဘေး ငါးကန်များ ရေလွှမ်း

Posted: 12 Oct 2013 06:45 AM PDT


မုံရွာမြို့နယ် ကျွဲရဲရွာအနီး စီးဆင်းသော စတည်းချောင်းရေလျှံမှုကြောင့် နေအိမ်နှစ်ရာကျော်အတွင်း ချောင်းရေများ ၀င်ရောက်ခဲ့ပြီး မုံရွာ-အလုံကားလမ်းအနီးရှိ ငါးမွေးကန်များလည်း ရေလျှံခဲ့ကြောင်း စတည်းချောင်းအနီး နေထိုင်သော ဒေသခံများက ပြောသည်။ ““စတည်းချောင်းရေက အောက်တိုဘာ ၇ ရက် ညကစပြီး တက်လာတာ ၉ ရက်မှာ  ငါးကန်တွေရေလျှံတယ်။ အောက်တိုဘာ ၁၀ ရက် ညပိုင်းက မုံရွာ-အလုံကားလမ်းပေါ်ထိ ရေလျှံသွားပြီး ငါးကန်တွေလည်း ရေလျှံကုန်တယ်”” ဟု မုံရွာမြို့၊ အိုးဘိုထောင်ရပ်ကွက်မှ ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ---
မုံရွာမြို့နယ် ကျွဲရဲကျေးရွာအနီးချောင်းရေလျှံနေစဉ် ဓာတ်ပုံ - မျိုးမင်းဦး - 7Day Daily

ဖမ်းသွားတဲ့သူတွေက အာဏာသိမ်းဖို့ကြံဟု လစ်ဗျားဝန်ကြီးချုပ်ပြော

Posted: 12 Oct 2013 06:32 AM PDT


ပြန်လွတ်လာတဲ့ လစ်ဗျား ၀န်ကြီးချုပ် Ali Zeidan က သူ့ကို ဖမ်းသွားတဲ့သူတွေဟာ အစိုးရကို ဖြုတ်ချဖို့ အာဏာသိမ်းမလို့ကြံတာဖြစ်တယ်လို့ အောက်တိုဘာလ ၁၁ရက်နေ့ သောကြာ နေ့က မြို့တော် Tripoli မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ကျနော်မယုံနိုင်ဘူး ညသန်းခေါင်လောက်မှာ ကားအစီး ၁၀၀ လောက်နဲ့ လက်နက်ကိုင်တွေက Corinthia Hotel ပတ်ဝန်းကျင်ကို ၀ိုင်းလိုက်ကြတယ်။ ပြီးတော့ဘယ်သူ့ကိုမှ ၀င်ခွင့် မပေးတော့ဘူး။ ဒီကိစ္စတွေအားလုံးကို ကျနော်တို့ အစိုးရထဲက ခေါင်းဆောင်တချို့က အမိန့်ပေးနေတာ။ ဒါဟာ အစိုးရကို ဖြုတ်ချဖို့ အာဏာသိမ်းဖို့ ကြံတာလို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ---

လွှတ်တော်ဂျာနယ်ဖြင့် ကြံ့ခိုင်ရေးများ ကာကွယ်နေရ – အံ့ခေါင်မင်း ဓာတ်ပုံသတင်း

Posted: 12 Oct 2013 06:24 AM PDT


ဓာတ်ပုံ – အံ့ခေါင်မင်း

ဘားအံ၊ အောက်တိုဘာ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အောက်တိုဘာ ၆ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အတွေ့အကြုံ ရှင်းလင်းပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ အနေဖြင့် အခမ်းအနား ကျင်းပ နေစဉ် နေရောင်ခြည် ပူပြင်းမှုကို လွှတ်တော် ဂျာနယ်များ အသီးသီး ကိုင်ဆောင်လျက် အကာအကွယ် ယူပြီး  အခမ်းအနား ပြီးဆုံးချိန် တိုင်အောင် တက်ရောက် ခဲ့ကြ ရှာသည်ကို ပုံပါအတိုင်း တွေ့ရသည်။  ယင်းအခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကရင်ပြည်နယ်မှ ပါတီဝင်တစ်ဦး မျှသာ တက်ရောက်ကြောင်း လေ့လာတွေ့ရှိရသည်။


မြန်မာသံတော်ဆင့်

မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းနှင့် ပြန်ခေါ်၍ မရသော ကရင်ပြည်နယ် ၀န်ကြီးချုပ်

Posted: 12 Oct 2013 06:21 AM PDT


ဒေါ်နန်းစေဟွာ- ကျွန်မအနေနဲ့ မြန်မာသံတော်ဆင့်က မေးလိုက်တဲ့ မေးခွန်းက အင်မတန် ကောင်းတဲ့ မေးခွန်းလို့ ပြောချင်ပါတယ်။ ကျွန်မတို့ ကရင်ပြည်နယ် သားတွေအတွက် စောစောက ရပ်မိရပ်ဖ ဆရာ ဦးတင်မောင်မြင့် ပြောသလိုပေါ့။ တစ်ရာခိုင်နှုန်းနဲ့လည်း ကန့်ကွက်လို့ မရနိုင်ပါဘူး။ တစ်ခုပဲ ရှိပါတယ်။ ကျွန်မတို့ရဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ်သည် နိုင်ငံတော်သမ္မတ ကနေပြီးတော့ ခန့်အပ်ထားတဲ့ ၀န်ကြီးချုပ် ဖြစ်တဲ့အတွက် ဒီကိစ္စတွေ၊ ပြဿနာတွေ အပေါ်မှာ နိုင်ငံတော် သမ္မတက လေ့လာ သုံးသပ်ပြီးတော့ သူခန့်အပ် ထားတဲ့ ၀န်ကြီးချုပ် ဖြစ်တဲ့အတွက် နိုင်ငံတော် သမ္မတက တာဝန်ပြန်ယူဖို့ လိုပါတယ်လို့ မြင်ပါတယ်။

တက္ကသိုလ်များ ချန်ပီယံလိဂ် အသင်းနှစ်သင်း နုတ်ထွက်

Posted: 12 Oct 2013 05:20 AM PDT

နှစ်အတန်ကြာ ကျင်းပဖို့ ပျက်ကွက်ရာကနေ ဒီနှစ်မှာမှ ပြန်လည်ကျင်းပတဲ့ တက္ကသိုလ်များ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲမှာ ဆေးတက္ကသိုလ် အမှတ် (၁) ကအသင်းနှစ်သင်းက နုတ်ထွက်ခဲ့ပါတယ်။ ဆေးတက္ကသိုလ် (၁) ရဲ့ ဘောလုံးအသင်း (၂) သင်းဟာ တက္ကသိုလ်များချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ်တွေကနေ နုတ်ထွက်တဲ့အကြောင်း တက္ကသိုလ်များချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီထံ အောက်တိုဘာ ၁၀ ရက်နေ့ရက်စွဲနဲ့ အကြောင်းကြားစာပေးပို့ လိုက်ပါတယ်။---
ပြိုင်ကားပေါ်က ဆင်းလာတဲ့ မိုးစက်ဝိုင်နဲ့ ဖိုးလပြည့်၊ ဓာတ်ပုံ- Universities Champions League,Ko SaiSai  


အစ္စလာမ္မစ်အစွန်းရောက်ဝါဒ၏ အနာဂတ်

Posted: 12 Oct 2013 04:53 AM PDT


အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုကဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို မီးထိုးပေးရာမှာ အစ္စလာမ်ကိုယ်၌က ပါဝင်တဲ့အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ အဓိက ရည်မှန်းချက်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေအတွက် ဒီရည်မှန်းချက်တွေ အောင်မြင်နိုင်စရာ အလားအလာ ဘယ်လောက်ရှိသလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ အနာဂတ်ကို ထိခိုက်စေမယ့် အကြောင်းခြင်းရာတွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တိုက်ခိုက်ရာမှာ ပျော့ပျောင်းတဲ့ မွတ်ဆလင်တွေ ပါဝင်ရမယ့် အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒက တစ်ကမ္ဘာလုံးရဲ့လုံခြုံရေးကို ဘယ်လောက်ကြာအောင် ခြိမ်းခြောက် အန္တရာယ်ပေးနေမှာလဲ။ ---

ရေအောက်ကေဘယ်ဆက်ကြောင်းချို့ယွင်းမှု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အသိပေးချက်ထုတ်ပြန်

Posted: 12 Oct 2013 04:47 AM PDT


ရန်ကုန်-အောက်တိုဘာ၁၂

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်ပ ဆက်ကြောင်းများ ချိတ်ဆက်သုံးစွဲထားသော SMW-3 ရေအောက် ကေဘယ်ကုန်းတွင်းပိုင်း ဆက်ကြောင်းသည် (10.10.2013) ရက်နေ့ ညနေ (5:15) နာရီ တွင် ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်ပနှင့် ချိတ်ဆက်ထားသော ဆက်ကြောင်း အချို့ ပြတ်တောက်မှု ဖြစ်ပေါ်လျှက် ရှိပါသည်။

အဆိုပါ ချို့ယွင်းမှုကြောင့် အင်တာနက်သုံးစွဲမှု မြန်နှုန်း အနည်းငယ် နှေးကွေးသွားနိုင်မည် ဖြစ်သော် လည်း ကုန်းတွင်းနယ်စပ် ဖြတ်ကျော် ဆက်ကြောင်းများမှ ပြောင်းလဲ ချိတ်ဆက်ပေးထားမည်ဖြစ်သဖြင့် ပြည်ပနှင့် ဆက်သွယ်မှုများ ပုံမှန်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။

ချို့ယွင်းမှုကိုပြုပြင်ရန် (၇) ရက် ခန့်ကြာမြင့်နိုင်မည် ဖြစ်ပြီး အမြန်ဆုံး ပြန်လည် ကောင်းမွန်ရေး အတွက် ပြုပြင်လျှက်ရှိ ပါကြောင်း အသိပေး အပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

ကျန်းမာရေး ဆိုတာ...

Posted: 11 Oct 2013 10:33 PM PDT


ကျွန်မ အခုတလောမှာ စိတ်မ ကောင်းစရာသတင်းတွေပဲ ဆက်တိုက် ကြားနေရတယ်။ ပထမက ကျွန်မကိုယ်တိုင် ကျန်းမာရေး ချို့ယွင်းသွားတဲ့ ကိစ္စ မေလမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုနဲ့ ကျန်းမာရေးဆေးစစ်တဲ့ Package ဝယ်ပြီး သွားစစ်တယ်။ အား လုံးအကောင်းပါပဲ။ Cyst လေးတချို့ တွေ့တာလွဲလို့။ ပျော်ရွှင်စွာ ပြန်လာ တယ်။ နှစ်ပတ်လောက်ကြာတော့ အ လှပြင်ဆိုင်မှာ Armpit Hairs Removal ကို အပူပေးတဲ့စက်နဲ့လုပ်တယ်။ နှစ် ပတ်တစ်ခါ နှစ်ခါတိတိ လုပ်လိုက်တယ်။ ဇူလိုင်လ ကုန်လောက်မှာ ရေချိုးမလို့ လုပ်ရင်း အကျိတ် ဇီးဖြူသီးသေးသေး လောက်စမ်းလိုက်မိတယ်။ ဘယ်လိုပြော ရမလဲ။ ဝုန်းခနဲ ဖန်ဆင်းလိုက်သလိုထွက် လာတာ လူကို ပြာနောက်သွားတာပဲ။ ထုံးစံအတိုင်း ခွဲစိတ်အထူးကု ပြရတာ ပေါ့။ ထုံးစံအတိုင်းခွဲ လိုက်ရတာပေါ့။ ခွဲရတာတော့ မိုင်နာပါပဲ။ ဒါပေမဲ့ ကြောက်စိတ်တွေက ဖိစီးနေတာလေ။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် ရွှေဖြူဟိုတယ်တွင် ဖမ်းမိ

Posted: 11 Oct 2013 10:08 PM PDT


မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်နေပြီး ရဲတပ်ဖွဲ့က အလိုရှိနေသည့် မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင်တစ်ဦးဟု ယူဆရသော ဦးဇော်ဝင်းနိုင်ကို အောက်တိုဘာလ ၁၀ နေ့က မဟာအောင်မြေမြို့နယ်ရှိ ရွှေဖြူဟိုတယ်တွင် တည်းခိုနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
“မန္တလေးမှာ မူးယစ်ဆေး အရောင်းအဝယ် အကြီးဆုံးလို ထင်ရတဲ့ ခေါင်းဆောင် တစ်ယောက်တော့ မိသွားပါပြီ။ သူ့ကို မန္တလေးမှာ အဓိက ဖြန့်ဖြူးရောင်းချနေသူ တစ်ယောက်လို့ သတ်မှတ်ထားတယ်။ သူက ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာပါ” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောသည်။ ---

အင်းလေးဖောင်တော်ဦးဘုရားပွဲ (ရုပ်/သံ)

Posted: 11 Oct 2013 09:58 PM PDT


ရှမ်းပြည်တောင်ပိုင်းက ကမ္ဘာကျော် အင်းလေးကန်ဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတရာကျော်ကတည်းက အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ကျင်းပခဲ့ပါတယ်။ ဒီနှစ်ကျင်းပတဲ့ အင်းလေးဖောင်တော်ဦး ဘုရားပွဲအကြောင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ရွှေတွင်းလုပ်သားများနဲ့ အဆုတ်ရောဂါ (ရုပ်/သံ)

Posted: 11 Oct 2013 09:56 PM PDT


မန္တလေးတိုင်း သပိတ်ကျင်းနဲ့ စဥ့်ကူးမြို့နယ်တွေမှာ ရွှေတွင်းလုပ်သား အများစုဟာ အဆုတ်ရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုများတဲ့အတွက် ဆယ်စုနှစ်တခုအတွင်း သေဆုံးသူ ရာနဲ့ချီ ရှိနေပြီ လို့ ဒေသခံတွေကပြောပါတယ်။ RFA သတင်းထောက် ကိုကျော်သူက ဆက်ပြီး တင်ပြပေးမှာပါ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ရန်ကုန်မြို့လယ်ရှိ ရဲစခန်းများ ရှစ်ထပ် သံကူကွန်ကရစ် အဆောက်အအုံ ဆောက်လုပ်မည်

Posted: 11 Oct 2013 09:55 PM PDT


ရန်ကုန်မြို့လယ်ရှိ ရဲတပ်ဖွဲ့စခန်း လေးခုကို ရှစ်ထပ်သံကူ ကွန်ကရစ် အဆောက်အအုံအဖြစ် ပြန်လည် ဆောက်လုပ် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။ ရန်ကုန် မြို့လယ်ရှိ ကျောက်တံတားရဲစခန်း၊ ပန်းဘဲတန်းရဲစခန်း၊ လသာရဲစခန်းနှင့် ဗိုလ်တထောင် ရဲစခန်းတို့ကို (၁၀၀ ပေx ၆၀ ပေ ရှိ) ရှစ်ထပ်သံကူ ကွန်ကရစ်အဖြစ် ၂၀၁၄- ၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်သွားမည် ဖြစ်ပြီး ဆောက်လုပ်မည့် အဆိုပါ ဘက်ဂျက်ငွေကို လာမည့် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း တောင်းခံရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ရှင်းပြသည်။ ---

ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း အနောက်ဘက် နယ်စပ် တပ်စခန်းများကို ရဟတ်ယဉ်ဖြင့် လာရောက် စစ်ဆေး

Posted: 11 Oct 2013 09:47 PM PDT


ကာကွယ်ရေးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းသည် အောက်တိုဘာလ ၉ ရက်နေ့က မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် တလျှောက်ရှိ တပ်စခန်းများနှင့် ခြံစည်းရိုးများကို ရဟတ်ယဉ် တစ်စီးဖြင့် လာရောက် စစ်ဆေးခဲ့သည်ဟု သတင်း ရရှိသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အတူ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်လည်း လိုက်ပါလာပြီး ပလက်ဝမြို့နယ် သရော်အိုင်နှင့် မောင်တောမြို့နယ် တောင်ပြိုဒေသသို့ လာရောက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။ ---

အပျိုကြီး တစ်ဦးတည်း နေတဲ့အိမ် အသတ်ခံရပြီး စိန်ထည်များပါသွား

Posted: 11 Oct 2013 09:20 PM PDT

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မောင်းမကန် လမ်းရှိ အိမ်အမှတ် (၁၅၇၈/ခ) နှစ်ခန်းတွဲ နေအိမ်တွင် နေထိုင်သူ ဒေါ်သန်းမြိုင် (၆၇) နှစ်သည် အောက်တိုဘာ ၁၁ရက်၌ ၎င်း၏ နေအိမ် နောက်ဖေးတွင် ပက်လက်အနေ အထားဖြင့် သေဆုံး နေသည်ကို တွေ့ရပြီး သေဆုံး သူတွင် ဝတ်ဆင် ထားသော စိန်နားကပ်၊ ရွှေ လက်စွပ်နှင့် ဖုန်း-ဝ၉၅၁၅၉ဝ၁၈ တို့မှာ ပျောက်ဆုံး နေသည်ကို ၎င်း၏ တူတော် စပ်သူက နံနက် ၁၁ နာရီ ခန့်တွင် ၎င်း၏ အဒေါ်အိမ်သို့ လာရောက်စဉ် တွေ့မြင်ခဲ့ရ သည်ဆို၏။ ---

လျော်ကြေးတဲ့မယူသူတွေရဲ့ မြေယာတွေကို ရဲတွေ စောင့်ကြပ်ပြီး ကုမ္ပဏီက ခြံဝင်ခတ်

Posted: 11 Oct 2013 09:20 PM PDT

လက်ပန်းတောင် ကြေးနီ စီမံကိန်း ဧရိယာမှာ ရှိတဲ့ လယ်မြေ တွေထဲက လျော်ကြေး မယူပဲ ငြင်းဆန် နေသူတွေရဲ့ မြေယာတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရဲတွေ စောင့်ကြပ်ပြီး ကုမ္ပဏီက ခြံဝင်ခတ်လို့ မနေ့ ကတော့ ရွာသား တွေနဲ့ ရင်ဆိုင် အချင်းများ ခဲ့ရပါတယ်။ မြေယာ လျော်ကြေး မယူတဲ့ သူတွေရဲ့ ယာခင်းတွေမှာ သွပ်ဆူးခတ် ၊ တိုင်စိုက် ၊ အခင်းကို မြေကော်စက်တွေနဲ့ ထိုးတာတွေ လာရောက် လုပ်ဆောင်ခဲ့ တယ်လို့ ယာခင်းရှင် တယောက် ဖြစ်တဲ့ ဦးအောင်သန်းက ပြောပါတယ်။ ---
လက်ပံတောင်းက တောင်သူတွေရဲ့ ကန့်ကွက်ပွဲ

လက်ပံတောင်းတောင်နဲ့ အလုပ်လက်မဲ့ပြဿနာ (ရုပ်/သံ)

Posted: 11 Oct 2013 09:03 PM PDT

စစ်ကိုင်းတိုင်း မုံရွာခရိုင်က ကြေးနီစီမံကိန်းတွေရှိရာ လက်ပံတောင်းတောင်၊ စံပယ်တောင်နဲ့ ကြေးစင်တောင် အနီးတဝိုက်က ဒေသခံတွေ အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။RFA သတင်းထောက် ကိုကျော်သူက သတင်းပေးပို့ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ကော်မရှင် (ရုပ်/သံ)

Posted: 11 Oct 2013 09:17 PM PDT

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှ တတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင် ပြင်ဆင် ဆောင်ရွက် နေတာ တွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေး ပါတီတွေနဲ့ ဒီနေ့တွေဆုံပြီး ရှင်းလင်း ပြောကြား ခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြ ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


ဒုက္ခသည်တွေပါတဲ့ လှေမှောက်မှု အလားတူ ဖြစ်ရပ် သုံးခု သီးခြားစီ ဖြစ်ခဲ့

Posted: 11 Oct 2013 08:57 PM PDT


လှေစီးခိုးဝင်လာသူ ဒုက္ခသည်တွေ အပြည့် တင်ဆောင်လာတဲ့ နောက်ထပ် လှေတစင်း တိမ်းမှောက်ခဲ့တာကြောင့် အီတလီနဲ့ မော်လတာ နိုင်ငံက ကမ်းရိုးတမ်းစောင့် တပ်ဖွဲ့တွေ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင် နေပါတယ်။ မကြာခင် ရက်ပိုင်းတွေတုန်းကလည်း လှေစီးခိုးဝင်လာသူ ဒုက္ခသည်တွေ အပြည့် တင်ဆောင်လာတဲ့ လှေတစင်း အီတလီက လမ်ပဒူဆာကျွန်းမှာ တိမ်းမှောက်မှု ဖြစ်ခဲ့ပါတယ်။---
လှေမှောက်သူတွေကို ကယ်နေတဲ့ ပုံ

အားပြင်းတဲ့ "ဖိုင်လင်း" မုန်တိုင်းကြောင့် မိုးသက်လေပြင်းကျနိုင်

Posted: 11 Oct 2013 08:40 PM PDT


ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန်အားကောင်းတဲ့ ဖိုင်လင်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး ဒီကနေ့ည သန်းခေါင်အချိန်လောက်မှာ အိန္ဒိယနိုင်ငံ သြရိသပြည်နယ် အတွင်းကို ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ နေ့ခင်းပိုင်းတိုင်းထွာ ချက်အရ မြန်မာပြည်ကို ဦးတည်မနေပေမဲ့ အင်အားပြင်းထန်တာကြောင့် ကမ်းရိုးတန်း ဒေသတွေအနေနဲ့ သတိထားဖို့လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ---
အားပြင်း ဖိုင်လင်းဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်မည့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်ဒေသမှ Ganjam ခရိုင်အတွင်း တံငါလှေများကို ကမ်းတင် သိမ်းဆည်းနေကြစဉ်။ (အောက်တိုဘာ ၁၁၊ ၂၀၁၃)။


၂ဝ၁ဝ ရွေးကောက်ပွဲလို ခါးသီးစရာမဖြစ်စေရဘူးလို့ ကော်မရှင် ဥက္ကဌပြော

Posted: 11 Oct 2013 08:33 PM PDT


လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် လိုအပ်တဲ့အခြေခံမူတွေကို ဒီနှစ် ဒီဇင်ဘာလမှာ အပြီးရေးဆွဲမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးမှာ ဒီနေ့ တွေ့ဆုံစဉ် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တာပါ။ ---

အကျဉ်းစခန်းမှ ဦးစီးအရာရှိ လုပ်အား အဓမ္မစေခိုင်း

Posted: 11 Oct 2013 07:54 PM PDT


ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဂယ်လောင်း စိုက်ပျိုး မွေးမြူရေး အကျဉ်းစခန်းမှ ဦးစီး အရာရှိသည် ကိုယ်ကျိုး စီးပွား ရှာဖွေမှု၌ ပြစ်ဒဏ်ကျ အကျဉ်းသားများ၏ လုပ်အားများကို  အဓမ္မစေခိုင်းအမြတ်ထုတ်မှု များရှိနေ ကြောင်း သိရှိရသည်။ ရှမ်းပြည်နယ် ဂယ်လောင်း အကျဉ်းစခန်း၌ အကျဉ်းသား ၁၈၃ ယောက်ရှိပြီး ကြံ ၊ ပြောင်း စိုက်ဧက ၁၅၀ခန့်အား လုပ်ကိုင်ရန် ပြစ်ဒဏ်ချထားခြင်း ဖြစ်သော်လည်း ဦးစီးအရာရှိ သည် နယ်မြေလုပ်ငန်းရှင်များ ၏ လုပ်ကွက်များ၌ အငှားချ စေခိုင်း၍ လုပ်အား အမြတ်ထုတ်မှုများ ရှိနေကြောင်း၊ မိမိ၏ ကိုယ်ပိုင် အကျိုးစီးပွား အတွက် သစ်များကို ဥပဒေမဲ့ခုတ်ဖြတ်၍ ထင်းအဖြစ် ရောင်းချခြင်း၊ မီးသွေးဖုတ်ခြင်းဖြင့် အကျိုးစီးပွား ဖြစ်ထွန်းနေ ကြောင်း၊ ပြစ်ဒဏ်ကျ အကျဉ်းသားများ အနေဖြင့် အဓမ္မစေခိုင်း၍ လုပ်အား အမြတ်ထုတ်ယူခြင်း ခံနေရသော်လည်း အကျိုးခံစားခွင့် လုံးဝမရှိသည့်အပြင် လုပ်ငန်း မအောင်မြင်ပါက ထပ်တိုး ပြစ်ဒဏ်များပါ ခံစားကြရကြောင်း ၊ ပြန်လည် အောင်မြင်မှူ ရရှိမှသာ ပြစ်ဒဏ် ပြန်ဖြုတ်ပေးကြောင်း သိရှိရပါသည်။ ---
နောင်ချိုမြို့နယ် ဂယ်လောင်း စိုက်ပျိုး မွေးမြူရေး အကျဉ်းစခန်းမှ မြင်ကွင်း ဓါတ်ပုံများ







တောင်ငူမြို့ တည်းခိုခန်းတွင်ဗုံးပေါက်ကွဲနှစ်ဦးသေ

Posted: 11 Oct 2013 06:21 PM PDT


ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ (၁၇)ရက်ကွက်၊ ကန်လမ်းရှိ၊ ချမ်းမြေ့တည်ခိုခန်း ခန်းနံပါတ်(၅)တွင်
(၁၁.၁၀.၂၀၁၃)နေ့ည (၉း၃၀)အချိန်ခန့်က ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်မှာ ချမ်းမြေ့တည်းခိုခန်းတွင် လာရောက် တည်းခိုသူ ကျော်မျိုးနိုင်(၂၉)နှစ် (ဘ)ဦးကျော်လွင်၊ ခွဲ(၁၀)မီးရထားရဲနှင့် မငြိမ်းသီတာ(၂၇)နှစ်၊ (ဘ)ဦးခင်မောင်အုန်း၊ ညောင်လေးပင်မြို့၊ မြို့မရပ်ကွက်နေသူတို့သည် တည်ခိုခန်း အခန်းနံပါတ်(၅)တွင် တည်ခိုပြီး၊ ၄င်းတို့နှင့် အတူပါလာသော မယုယုခိုင်(၂၇)နှစ်၊ (ဘ)ဦးသိန်းဝင်း၊ ညောင်လေးပင်မြို့၊ မြို့မရပ်ကွက်မှာ အခမ်းနံပါတ်(၆)တွင်တည်းခိုခဲ့သည်။ ---
photo by Ko Kyaw Swar toungoo group

ဝနယ်မြေ သန်းခေါင်စာရင်း ကောက်ယူရေး ဝခေါင်းဆောင်များ သဘောတူ

Posted: 11 Oct 2013 06:22 PM PDT

ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူတွေအားလုံး နိုင်ငံသား မှတ်ပုံတင်ရဖို့အတွက် အိမ်ထောင်စု သန်းခေါင်စာရင်း ကွင်းဆင်းကောက်ခံနိုင်ဖို့ အစိုးရနဲ့ သဘောတူ လိုက်တယ်လို့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဦးစိုင်းဆမ်က RFA ကို ပြောပါတယ်။ လာမယ့် ၂ဝ၁၄ နှစ်ဆန်းပိုင်းကစပြီး သန်းခေါင်စာရင်း စတင်ကောက်ယူတော့ မှာဖြစ်ပြီး အဲဒီနယ်မြေ အတွင်းမှာ လူမျိုးပေါင်း ၁၆မျိုးထိရှိတယ်လို့ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် စိုင်းဆမ်က အခုလိုပြောပါတယ်။ ---

Thit Htoo Lwin

unread,
Oct 13, 2013, 10:09:02 AM10/13/13
to thuau...@gmail.com

အစိုးရတပ်နှင့် RCSS တိုက်ပွဲဆက်တိုက်ဖြစ် ဒေသခံ ရာချီစစ်ဘေးရှောင်ရ

Posted: 13 Oct 2013 03:21 AM PDT

သျှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့နယ်အတွင်း အစိုးရတပ်နှင့်သျှမ်းပြည် တပ်မတော် RCSS/SSA တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဆင်နွဲနေသောကြောင့် ဒေသခံ ရွာသူရွာသား ရာဂဏန်းက စစ်ဘေး တိမ်းရှောင်နေ ရသည်ဟု ဒေသခံ များက ပြောပါသည်။ စက်တင်ဘာ ၃၀ ရက်မှ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ အထိ သျှမ်းပြည်တောင် ပိုင်း ကွန်ဟိန်းမြို့ အရှေ့တောင်ဘက် ကျိုင်းလုံး (မ်း) ဒေသ ဘက်၌ မိုင်းဇန်မြို့နယ်ခွဲ အခြေစိုက် အစိုးရတပ် ခမယ ၁၅၀ နှင့် ဒေသအတွင်းအခြေချ လှုပ်ရှား သော သျှမ်းပြည်တပ်မတော် RCSS(SSA) တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေခြင်း ဖြစ်၏။ ---

ရှမ်းတပ်နှင့်အစိုးရ တိုက်ပွဲပြန်ဖြစ်၊ ဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်

Posted: 13 Oct 2013 03:09 AM PDT


အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွင်းမှာ အစိုးရတပ်တွေနဲ့ အာရ်စီအက်စ်အက်စ်၊ အက်စ်အက်စ်အေ ရှမ်းပြည်တောင်ပိုင်းတပ်တွေ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေလို့ ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မနေ့မနက် ၁၀ နာရီဝန်းကျင်လောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ကွန်ဟိန်းမြို့နယ် ပိန်းနေရွာ၊ ၀ိန်းဖီးရွာနဲ့ အနီးအနားက ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ ---
အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်အချို့

ဘူးသီးနုနု ခူးကြသူများ

Posted: 13 Oct 2013 02:15 AM PDT


တစ်နေ့လုပ်တစ်နေ့စား ဆင်းရဲသားတောင်သူလယ်သမားများ၏ သမီးဘဝကို ရောက်ရှိခဲ့ရသည်မှာ မလွယ်လှပါ။ အထူးသဖြင့် အာဖရိကတိုက်၊ တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်း ရှင်ယန်ဂါလို လူနေကျဲပြီး ချောင်ကျကျရွာတွင် လူလာဖြစ်ရသည်မှာ ပိုပြီး မလွယ်လှပေ။ ဟာလီမာ ဒိုတိုသည် အသက် ၁၄ နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့သည်။ သူမကို မိဘများက လူတစ်ယောက်ထံ နွား ၇ ကောင် နှင့် ရောင်းစားခဲ့သည်။ နွားနှင့် အလဲခံရသူက သူမထက်အသက်နှစ်ဆကြီးသည်။ အသက် ၃၇ နှစ်အရွယ်ရှိ ကျေးရွာအတွင်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးလည်းဖြစ်သည်။ ---

အန်ဒမန်ပင်လယ်အတွင်းမှ မြန်မာရွှေပြောင်းလုပ်သား ၁၃ လောင်း ဆယ်ယူရရှိ

Posted: 13 Oct 2013 01:34 AM PDT


ဘန်ကောက်၊ အောက်တိုဘာ ၁၃

ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းအလွန် အန်ဒမန်ပင်လယ်အတွင်း နစ်မြုပ်ခဲ့သော လှေတစ်စင်းမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃ လောင်းတွေ့ရှိကြောင်း ထိုင်းနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့မှသိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညက တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် နစ်မြုပ်ခြင်း ဖြစ်ကြောင်း ထိုင်းရေကြောင်းရဲမှူး အကရတ်သ် အာရွန်ကပြောသည်။

စနေနေ့ညနေအထိ အမျိုးသားအလောင်း ၁၂ လောင်းနှင့် အမျိုးသမီးအလောင်း ၁ လောင်းတို့ကိုဆယ်ယူရရှိပြီးဖြစ်ကြောင်းသိရသည်။

နစ်မြုပ်သွားသော လှေမှာ ကော့သောင်းမှ ရနောင်းသို့ လာသော လှေတစ်စင်းဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ခန့်ပါဝင်ကြောင်း သိရသည်။

ref: 13 bodies of Myanmar migrants recovered(Bangkok post)

Popular Myanmar News Journal

ကော့သောင် - ရနောင် စက်လှေတစ်စီးအား တွေ့ ရစဉ်။ 

ကျပ်သိန်း ၄၈၀၀ ကျော် အကုန်အကျခံ ကြက်၊ ဘဲဈေး တည်ဆောက်မည် ဟု ဆို

Posted: 13 Oct 2013 01:21 AM PDT


မန္တလေးမြို့တော် ကြက်၊ ဘဲဈေးကို လာမည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ကျပ်သိန်းပေါင်း ၄၈၀၀ ကျော် အကုန်အကျခံ တည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးနှင့် သားသတ်ဌာန အကြီးတန်း အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “နေရာကိုလည်း ရွေးချယ်ပြီးပြီ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ခွင့်ပြုထားပါတယ်။ အခုလောလောဆယ် ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် မြေညှိဖို့ လုပ်နေပေမယ့် မိုးရွာထားတော့ မြေတွေက ဗွက်ထနေလို့ လုပ်ငန်းစလို့ မရသေးဘူး” ဟု အဆိုပါ ကော်မတီဈေးနှင့် သားသတ်ဌာန တာဝန်ရှိသူက ဆိုသည်။----

ဗုံးပေါက်ကွဲမှုကြောင့် ချမ်းမြေ့ တည်းခိုခန်းတွင် တည်းခိုသူများကို တောင်ငူ မြို့ပေါ်မှ ထွက်ခွာခွင့် တားမြစ်

Posted: 13 Oct 2013 01:14 AM PDT


လူနစ်ဦး သေဆုံးခဲ့ရသော ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုတွင် လိုအပ်သော စစ်ဆေး အရေးယူမှုများ ပြုလုပ်နိုင်ရန် တည်းခိုခန်းတွင် လာရောက် တည်းခိုနေထိုင်သူများကို တောင်ငူမြို့ပေါ်မှ ထွက်ခွာခွင့် တားမြစ်ထားကြောင်း တောင်ငူမြို့ မြို့မ ရဲစခန်းမှ တာဝန်ရှိသူများနင့် အမှတ် (၁၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူက ပြောကြားသည်။ တောင်ငူမြို့ (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ၁၁ ရက်နေ့ည ၈ နာရီ မိနစ် ၅၀ အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အသက် ၂၉ နှစ် အရွယ် အမျိုးသားတစ်ဦးနင့် အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားလူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။ ---

ဖိလစ်ပိုင်မြောက်ပိုင်း Nari မုန်တိုင်းဝင်

Posted: 12 Oct 2013 08:11 PM PDT



ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို စနေနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ၅ ယောက်ထက် မနည်း သေဆုံးတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။ သောကြာနေ့ ည သန်းခေါင်လောင်မှာ အရှေ့ဖက်ကမ်းရိုးတမ်းကို တိုင်ဖွန်း Nari ဝင်ရောက်တိုက်ခတ်ခဲ့တာမှာ သစ်ပင်တွေပြို၊ ဓာတ်တိုင် တွေကျိုးကျခဲ့သလို စပါး စိုက်ပျိုးခင်းတွေရှိတဲ့ Luzon ကျွန်းပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူ ၂ သန်းကျော်မှာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။ ---

စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

Posted: 12 Oct 2013 06:55 PM PDT

ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ သွားသည့်ဘက်ခြမ်း ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်တွင် ၁၃.၁၀.၂၀၁၃ရက်နေ့ ၀၀၁၅ အချိန်ခန့် က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။ ---
ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပုံ မြင်ကွင်း၊ ဓါတ်ပုံ-  Yangon Police


တောင်ငူ ဗုံးပေါက်ကွဲမှု အကြောင်းရင်း မသိရသေး

Posted: 12 Oct 2013 06:40 PM PDT


တောင်ငူမြို့မှာ သောကြာနေ့ညဘက်က ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူကို ဆေးရုံမှာ ဆက် ကုသပေးနေပြီး ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် မသိရသေးပါဘူး။ လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ မျက်မြင်တစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ ---
တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း (ကိုကျော်စွာ facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)


ပုဒ်မ ၁၈ နဲ့ ထိန်းသိမ်းခံထားရသူတွေ လွှတ်ပေးရေး ဆွေးနွေး

Posted: 12 Oct 2013 06:33 PM PDT


တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်းထဲမှာ ထည့်သွင်းစဉ်းစားပြီး ဒီဇင်ဘာလမကုန်ခင် တခြားနိုင်ငံရေး အကျဉ်းသားတွေနဲ့အတူ အားလုံးပြန်လွှတ်ပေးနိုင်ဖို့အတွက် ဒီနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးမှာ ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရဲ့ တင်ပြချက်ကို ဆွေးနွေးခဲ့ကြတာပါ။ ---

အစ္စရေး ၁ ဦးကို ပါလက်စတိုင်းတွေ ရိုက်သတ်

Posted: 12 Oct 2013 06:29 PM PDT


အစ္စရေးတို့ သိမ်းယူထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းက ဂျူး အခြေချ အိမ်ယာ အတွင်း ပါလက်စတိုင်းတို့ကနေ အစ္စရေး တစ်ဦးကို ရိုက်သတ်ခဲ့မှုနဲ့ အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေက ပါလက်စတိုင်း ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားလိုက်ပါတယ်။ အသတ်ခံရသူ အစ္စရေး အမျိုးသားဟာ အစ္စရေး စစ်တပ်က အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦး ဖြစ်တယ်လို့ ယုံကြည်ရပြီး သူဟာ ဆူညံသံတွေ ကြားလို့ အိမ်အပြင် ထွက်ကြည့်ချိန်မှာ တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။ ---
ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဂျူးအခြေချ အိမ်ယာအတွင်းက အသတ်ခံရတဲ့ အိမ်

ရခိုင်မှာ ရေငံသွင်းမှုကြောင့် လယ်မြေတွေထိခိုက်

Posted: 12 Oct 2013 06:24 PM PDT


ရခိုင် ပြည်နယ်က မြို့နယ် အတော် များများမှာ လယ်သမား တွေက တမံတုတ် ဆည်ဖို့ပြီး ရေချို ချောင်းတွေ လုပ်ထား တာကို ယခင် အစိုးရ လက်ထက် ဒေသ ဆိုင်ရာ အာဏာပိုင် တွေက စီးပွားရေး သမားတွေနဲ့ ပူးပေါင်းပြီး ရေငံတွေ သွင်းကာ ပုဇွန် မွေးနေတဲ့ အတွက် လယ်ယာ စိုက်ပျိုး ရေး လုပ်ငန်းကို အကြီး အကျယ် ထိခိုက် ခဲ့ပါတယ်။ ပင်လယ်ကမ်းရိုးတန်း ဒေသ ဖြစ်တဲ့ ရခိုင်ပြည်နယ်က လယ်သမား တွေဟာ လယ်ယာ စိုက်ပျိုးရေးနဲ့ ကျွဲနွားတွေ သောက်သုံးရေ အတွက် ဒေသ အတွင်းမှာ ရှိတဲ့ ချောင်းငယ် လေးတွေကို ခုလို မိုး အကုန်မှာ တမံတုတ် ပိတ်ဆို့ပြီး ရေချိုတွေကို သိုလှောင်ထား ရပါတယ်။---
ဆားငံရေတွေ ဝင်ပြီး စပါးခင်းတွေ ပျက်စီး သလို နွေရာသီမှာလည်း ကျွဲနွားတွေ အတွက် သောက်ရေ ရှားပါး

ဖမ်းဆီးထိန်းသိမ်းမှုတွေ ဥပဒေနဲ့အညီဖြစ်ရေး သံတွဲမြို့သံဃာအဖွဲ့ တောင်းဆို

Posted: 12 Oct 2013 06:20 PM PDT


ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးဖို့နဲ့ သံသယနဲ့ ဆက်လက်မဖမ်းဆီးဖို့ သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး လှမင်းနဲ့ ဒီနေ့တွေ့ဆုံပြီး တောင်းဆိုလိုက်ပါတယ်။ ---

ဒီမိုကရေစီပန်းတိုင် မရောက်သေးဘူးလို့ ရခိုင်ပါတီခေါင်းဆောင်ပြော

Posted: 12 Oct 2013 06:17 PM PDT


ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးရရှိရေးဟာ ၂၅ နှစ်တာ ကြာမြင့်လာပေမယ့် မရရှိသေးဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပါတီတည်ထောင်ခြင်း ငွေရတုအခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီနေ့ နေ့လည်ပိုင်းက ကျင်းပတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအထိမ်းမှတ် အခမ်းအနားမှာ ဦးအေးသာအောင်က အခုလို ပြောကြားခဲ့တာပါ။ ---

လက်ပံတောင်း စီမံကိန်းက ယာမြေတွေပေါ်မှာ ရဲအများအပြား ဖြန့်ကျက်ချထား

Posted: 12 Oct 2013 06:14 PM PDT


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ လျော်ကြေးမယူရသေးတဲ့ မြေတွေကို ကုမ္ပဏီက ခြံစည်းရိုးခတ်နေတာကြောင့် ဒေသခံတွေနဲ့ လုံခြုံရေးယူထားတဲ့ ရဲတွေ အကြား နှစ်ဖက်အခြေအနေ တင်းမာမှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မနေ့က ဖြစ်ခဲ့တဲ့ နောက်ဆုံး အခြေအနေ အရ ရဲအင်အားအများအပြားလည်း ယာမြေတွေပေါ်မှာ ဖြန့်ကျက်ချထားတယ်လို့ သိရပါတယ်။ ---
လက်ပံတောင်းက တင်းမာတဲ့ အခြေအနေ

Jesus စာလုံးပေါင်းမှားလို့ အထိမ်းအမှတ် တံဆိပ်ပြားတွေ ပြန်သိမ်း

Posted: 12 Oct 2013 06:09 PM PDT


ပုပ်ရဟန်းမင်းကြီးဖရန့်စစ် အထိမ်းအမှတ်ထုတ်လုပ်တဲ့ တံဆိပ်ပြားထောင်ပေါင်းများစွာမှာ စာလုံးပေါင်းမှားယွင်းနေလို့ ဗာတီကန်နန်းတော်က ပြန်သိမ်းယူလိုက်ရပါတယ်။

ရွှေ၊ ငွေ၊ ကြေး သုံးမျိုး သွန်းလုပ်တဲ့ ဒီ တံဆိပ်ပြားလေးတွေကို အင်္ဂါနေ့မှာပဲ စတင်ရောင်းချခဲ့တာပါ။

J-E-S-U-S ဂျီးဇက်ဆိုတဲ့စာလုံးပေါင်းကို L-E-S-U-S လယ်ဆုလို့ မှားယွင်းစာလုံးပေါင်းထားတာ သိလိုက်ပြီးနောက် တံဆိပ်ပြား ၆,၀၀၀ ကို ဗာတီကန်က ပြန်သိမ်းယူလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြန်မသိမ်းယူခင်မှာ တံဆိပ်ပြား ၄ ပြား ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။

အခုအခါမှာတော့ အဲဒီ စာလုံးပေါင်းမှားပြီး ရောင်းချလိုက်တဲ့ တံဆိပ်ပြား ၄ ပြားဟာ ဈေးအရမ်းကောင်းကောင်း ရနိုင်လိမ့်မယ်လို့ အခုလို ရှားပါးပစ္စည်း စုဆောင်းသူတွေက ပြောနေကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အိန္ဒိယ အရှေ့ ပိုင်း “Phailin” မုန်တိုင်း ဝင်ပြီ

Posted: 12 Oct 2013 06:35 PM PDT

တနာရီလေတိုက်နှုန်း ၁၂၅ မိုင်လောက်နဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတမ်းကို စနေနေ့က ဝင်ရောက် တိုက်ခတ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်ကနေဝင်ရောက်လာတဲ့ Phailin မုန်တိုင်းဟာ သြရဿ ပြည်နယ်ကို စနေနေ့ နှောင်းပိုင်းက ဝင်ရောက်လာတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မနက်ဘက်ရောက်တဲ့အထိ လေပြင်းတိုက်ခတ်နေမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းပါတယ်။ ကုန်းတွင်းပိုင်းကို ဆက်ပြီး ရွေ့လျားသွားတဲ့ မုန်တိုင်းနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် ၃ ယောက်ထက်မနည်း သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ---

၂၀၁၅ ရွေးကောက်ပွဲ မဲပေးသူလက် ဆေးသုတ်ရန် စဉ်းစားနေ

Posted: 12 Oct 2013 06:02 PM PDT


ရန်ကုန်- လာမည့် ၂၀၁၅ ရွေးကောက်ပွဲများတွင် လူတစ်ဦးတည်းက မဲအကြိမ်ကြိမ်ထည့်ခြင်းမျိုး မဖြစ်ပေါ်စေရန် မဲလာထည့်သူ၏လက်ကို ဆေးသုတ်သည့်စနစ်မျိုး ကျင့်သုံးသွားရန် စဉ်းစားထားကြောင်း သတင်းရရှိသည်။ “မဲလာထည့်တဲ့သူတွေရဲ့လက်ကို ဆေးသုတ်တာကို သွားမလားလို့ စိတ်ကူးထားတယ်။ ကျွန်တော်လည်း သိပါတယ်။ သူများနိုင်ငံတွေမှာ မဲလာထည့်တဲ့သူတွေကို မျက်စိစစ်တာတို့၊ ဆံပင်ကို ဆေးသုတ်တာတို့ ရှိပါတယ်။ ကျွန်တော်တို့လည်း Vision ရှိပါတယ်။ Plan ရှိပါတယ်”ဟု အောက်တိုဘာ ၁၁ ရက် ရန်ကုန်တိုင်းလွှတ်တော်အဆောက်အအုံတွင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောသည်။ ---

လက်ပံတောင်းမှာ ထိပ်တိုက်တင်းမာမှုတွေ ဆက်လက်ပေါ်ပေါက်

Posted: 12 Oct 2013 05:57 PM PDT


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ကာရံနေတာကိုဆန့်ကျင်တဲ့ ဆည်တဲရွာခံတွေနဲ့ အာဏာပိုင်တွေ ဒုတိယနေ့အဖြစ် ထိပ်တိုက်ရင်ဆိုင်မူတွေ ဖြစ်ပေါ်လျက်ရှိရာမှာ အာဏာပိုင်တွေကတော့ လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်သွားမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။ ဒီနေ့ဒုတိယနေ့အဖြစ် ဆည်တဲရွာအနီး ခြံစည်းရိုးကာရံတဲ့လုပ်ငန်းကို ဝမ်ပေါင်ကုမ္ပဏီက စက်ယန္တရားကြီးတွေ၊ မြေထိုးစက်ကြီးတွေကိုသုံးပြီး ဆောင်ရွက်နေတာကို ဆည်တဲရွာဒေသခံ ၅ဝကျော်လောက်က လုပ်ငန်းတွေရပ်ပေးဖို့ ပြောဆိုနေတယ်လို့ သိရပါတယ်။ ---

လယ်သမား အခွင့်အရေးဥပဒေ သမ္မတ လက်မှတ်ရေးထိုးပြဌာန်း

Posted: 12 Oct 2013 05:55 PM PDT


ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ပြဌာန်းလိုက်ပါတယ်။ အဲဒီ ဥပဒေမှာ တောင်သူတွေရဲ့ အခွင့်အရေးကို အဟန့်အတားဖြစ်စေမယ့် အချက်တွေမပါရှိပေမယ့် အကျိုးစီးပွားကို ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ အချက်တွေအတွက်တော့ နည်းဥပဒေမှာ ဘယ်လိုပြဌာန်းသွားမလဲဆိုတာကို စောင့်ကြည့်ရအုံးမယ်လို့ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာ ဒုတိယတာဝန်ခံ ကိုမျိုးသန့်က ပြောပါတယ်။ ---

အောက်တိုဘာလ(၁၃)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

Posted: 12 Oct 2013 05:33 PM PDT


အောက်တိုဘာလ(၁၃)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အောက်တိုဘာလ(၁၃)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

Posted: 12 Oct 2013 05:30 PM PDT


အောက်တိုဘာလ(၁၃)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အောက်တိုဘာလ (၁၄)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.40

Posted: 12 Oct 2013 05:28 PM PDT


အောက်တိုဘာလ (၁၄)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.40

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အောက်တိုဘာလ (၁၀)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၉၁

Posted: 12 Oct 2013 05:26 PM PDT


အောက်တိုဘာလ (၁၀)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၉၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အောက်တိုဘာလ (၉)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် ၄၅၇

Posted: 12 Oct 2013 05:24 PM PDT


အောက်တိုဘာလ (၉)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် ၄၅၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Reply all
Reply to author
Forward
0 new messages