ဒီမိုဝေယံ

9 views
Skip to first unread message

ဒီမိုဝေယံ

unread,
Mar 3, 2014, 9:04:15 AM3/3/14
to thuau...@gmail.com

ဒီမိုဝေယံ


သာသနာရေးဝန်ကြီးဋ္ဌာနမှ ညွှန်ချုပ် ဦးမိုးဇော်ရွှေနဲ့ ညွှန်မှူး ဦးမျိုးထွန်းတို့ကို အရေးယူပေးပါရန် သံဃာတော်များ လက်မှတ်ထိုး တိုင်ကြားစာ..

Posted: 03 Mar 2014 04:40 AM PST

သာသနာရေးက ညွှန်ချုပ် ဦးမိုးဇော်ရွှေနဲ့ ညွှန်မှူး ဦးမျိုးထွန်းတို့ကို အရေးယူပေးပါရန် သံဃာတော်များ လက်မှတ်ထိုး တိုင်ကြားစာ..
ဒကာတော် ဒီမိုဝေယံရေ
သာသနာရေးက ညွှန်ချုပ် ဦးမိုးဇော်ရွှေနဲ့ ညွှန်မှူး ဦးမျိုးထွန်းတို့ကို
သမ္မတကြီးကို တိုင်ရတာက -
အရင် စစ်အစိုးရလက်ထက်ထဲက မလုပ်ဖြစ်ခဲ့တာ ကြာပြီဖြစ်တဲ့ ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီးကို အဲဒီအရာရှိတွေက မလုပ်ဖြစ်အောင်၊ ပျက်အောင်လုပ်နေတဲ့အတွက် သာသနာတော်အတွက် ဒုက္ခပေးတဲ့ ဆူးညှောင့်ခလုတ်တွေကို ရှင်းပေးစေချင်လို့ပါ။
ဒါကို သမ္မတကြီးကလည်း လျစ်လျူ ရှုထားလား မသိပါဘူး..
ဒါကြောင့် ဒကာတို့ကို အကူအညီ တောင်းတာပါ။

ဦးဇင်းတို့ ဆရာတော်တွေ လက်မှတ်ထိုးတိုင်တဲ့ တိုင်စာ(၃)ရွက်ကို သမ္မတကြီး သိစေချင်လို့ပါ။
ကျေးဇူးပါ ဒကာတို့ရေ..
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ..

ညွှန်မှူး ဦးမျိုးထွန်းဖြန့်ဝေနေတဲ့ စာကိုလည်း ပူးတွဲတင်ပြလိုက်ပါတယ်.. ဒကာတို့ရေ



ညွှန်မှူး ဦးမျိုးထွန်းဖြန့်ဝေနေတဲ့ စာကိုလည်း ပူးတွဲတင်ပြလိုက်ပါတယ်။



..
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

ဒီမိုဝေယံ

unread,
Mar 6, 2014, 9:04:58 AM3/6/14
to thuau...@gmail.com

ဒီမိုဝေယံ


ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှ လောင်းကစားဝိုင်းများ ဖယ်ရှားပေးစေလို.. (တိုင်ကြားစာ)

Posted: 05 Mar 2014 08:50 AM PST

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှ လောင်းကစားဝိုင်းများ ဖယ်ရှားပေးစေလို.. (တိုင်ကြားစာ)

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ဘာပွဲရယ်လို့အမည်တပ်စရာမရှိဘဲ
လောင်းကစားသက်သက် ကျင်းပနေပါတယ်။

၂၃-၂-၂၀၁၄ရက်နေ့ကစပြီး တစ်လလောက်ကျင်းပမယ်လို့ ကြားမိပါတယ် ဒီပွဲမှာ လေးကောင်ဂျင်
ဒေသအခေါ် ဂုံးကင်း(အံစာတုံးလိုတဖက်မှာ အကောင် တစ်ရုတ်စီ ပါရှိသည်)
ဖဲကျူး(တရုတ်ဖဲ)တွေ ခင်းထားပါတယ်။ ပင်လုံဒေသမှာလူငယ်၃၀ရာနှုန်းလောက်မူးယစ်ဆေးဝါးသုံးစွဲနေကြတယ်။

ကလေးတွေရဲ့ အနာဂတ်ဟာမတွေးရဲစရာပါ။တကယ်ဆိုဒီလဟာ ကျောင်းနေအရွယ် ကလေးတွေရဲ့ အရေးကြီးတဲ့ စာမေးပွဲကာလပါ။ ပွဲသံကတချိန်းချိန်းနဲ့စာမကျက်နိုင်တဲ့ကလေးတွေ ပွဲလည်ရင်း အကျင့်ပျက်နေတဲ့ကလေးတွေ ဘာသာရေးပွဲ စာပေဟောပြောပွဲ တွေမှာ ပွဲမိန့်တင်တာမရတတ်တဲ့ တာဝန်ရှိသူတွေ ဒီလောင်းကစားဝိုင်းကိုတော့ ဘယ်လိုအမိန့်နဲ့ပေးတယ်ဆိုတာ စဉ်းစားမရတော့ပါဘူး။ အနာဂတ်ကိုတွေးမိရင် ဒီလို ဥပဒေမဲ့ ဖြစ်ရပ်တွေ မရှိသင့်တော့ပါဘူးကြောင်း ဒီမိုဝေယံမှ တဆင့်ဖော်ပြပေးပါရန်..
ပင်လုံမြို့သူမြို့သားများ ကိုယ်စား တင်ပြလိုက်ပါတယ်။

စိုင်းပြည်ချစ်(ပင်လုံ)

ဒီမိုဝေယံ

unread,
Mar 10, 2014, 10:20:34 AM3/10/14
to thuau...@gmail.com

ဒီမိုဝေယံ


တိုကျိုဆောင်းအကုန် အေးမြတဲ့ ရာသီဥတုကြားက ကျင်းပခဲ့တဲ့ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲမှ ဆရာနေဝင်းမြင့်နဲ့ ဆရာမောင်သာချိုတို့ရဲ့ ဟောပြောပွဲ အသံဖိုင်များ..

Posted: 09 Mar 2014 10:26 PM PDT

တိုကျို စာပေဟောပြောပွဲမှ ဆရာနေဝင်းမြင့်ရဲ့ (အမေနဲ့ အလင်းဆုံးကြယ်).. ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်)

၂၀၁ ၄ခုနှစ် မတ်လ(၉)ရက်နေ့န့ ဂျပန်နိုင်ငံ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲအား နာမည်ကျော် စာပေပညာရှင်များ ဖြစ်ကြတဲ့ ဆရာနေဝင်းမြင့်နဲ့ ဆရာမောင်သာချိုတို့မှ လာရောက်ဟောပြောခဲ့ပါတယ်..။

ယနေ့ ဂျပန်နိုင်ငံ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲမှာ ဆရာနေဝင်းမြင့်မှ (အမေနဲ့ အလင်းဆုံးကြယ်) ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဆရာမောင်သာချိုမှ (ရေကြည်ပြီး မြက်နုစေချင်ဆိုတဲ့) ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်..။

ကျွန်တော်တို့ ပရိသတ်တွေ မျက်ရည်ဝဲခဲ့ရတဲ့ ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်ဆိုတဲ့) ဟောပြောချက်မှာတော့ လက်ရှိ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လူနဲ့ တိရိစ္ဆာန်တောင် မကွဲပြားနိုင်လောက်အောင် ဆင်းရဲတွင်းနက်လွန်းတဲ့ အခြေအနေကို မျက်စိရှေ့မှာ ကွင်းကွင်းကွက်ကွက် ပေါ်လာနိုင်အောင် ကဗျာနဲ့ မိမိကိုယ်တွေ့ အဖြစ်အပျက်တွေကို တွဲဘက်ဟောပြောခဲ့တာပါ..။

ံHuman resourcesကို သေသေချာချာ ပြုစုပျိုးထောင်ဖို့ မကြိုးစားခဲ့ပဲ အသိမိုက်မဲခဲ့တဲ့ အုပ်ချုပ်သူ အစိုးရတရပ်ရဲ့ အမှောင်ခေတ်အောက်မှာ သယံဇာတကျိန်စာ သင့်ခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ တရိစ္ဆာန်သာသာ ဆင်းရဲတွင်းနက်နေရတဲ့ အခြေအနေတွေအတွက် ကျွန်တော်တို တဦးချင်း တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့..

ဒီမိုဝေယံ

ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်)

ဒီလင့်ခ်မှာ နားဆင်ပါ..။
https://soundcloud.com/demowaiyan/sayar-mg-tha-cho-tokyo-2-9-03
အချိန်မရတဲ့ အတွက် ဒုတိယပိုင်းကနေ စတင်လိုက်ပါတယ်။

ဒေါင်းလုပ်လုပ်ချင်ရင်
http://www.mediafire.com/listen/7y4ig91581611u3/Sayar_Mg_Thacho_Tokyo1.WMA

http://www.mediafire.com/listen/5qeqxutuohc5ppd/Sayar_Mg_Tha_Cho_Tokyo2.WMA
 

တိုကျို စာပေဟောပြောပွဲမှ ဆရာနေဝင်းမြင့်ရဲ့ (အမေနဲ့ အလင်းဆုံးကြယ်).. အသံဖိုင် ဒေါင်းလုပ်ရယူရန်...
https://soundcloud.com/demowaiyan/9-03-2014
 ဒေါင်းလုပ်ခ်လင့် 
 http://www.mediafire.com/listen/o592odn6i88tltl/Sayar_Nay_Win_Myint_Tokyo_9.03.2014.mp3

ဒီမိုဝေယံ

unread,
Mar 12, 2014, 10:29:28 AM3/12/14
to thuau...@gmail.com
ယနေ့ မတ်လ(၁၂)ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဘဘဦးတင်ဦး၏ (၈၇)နှစ်မြောက် မွေးနေ့မှ အသက်ရာကျော် ရှည်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ယနေ့ မတ်လ(၁၂)ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဘဘဦးတင်ဦး၏ ၈၇နှစ်ပြည့် မွေးနေ့ မင်္ဂလာဖြစ်သည်..။ 

 ယနေ့ကျရောက်သော ဘဘဦးတင်ဦး၏ (၈၇)နှစ်ပြည့် မွေးနေ့ မင်္ဂလာအား ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေသူ သားဖြစ်သူ ဦးသန့်ဇင်ဦးမှ သံဃာတော်များအား ဆွမ်း၊ လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ကောင်းမှု ကုသိုလ်ပြုလုပ်ခဲ့သည်..။
ယနေ့ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဘဘဦးတင်ဦး၏ (၈၇)နှစ်ပြည့် မွေးနေ့ မင်္ဂလာမှသည် တိုင်းကျိုး၊ ပြည်ကျိုး ဆက်လက်ထမ်းရွက်နိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ရာကျော် ရှည်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်..။

ယနေ့ မတ်လ(၁၂)ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သံမဏိလူသား ဘဘဦးဝင်းတင်ရဲ့ (၈၄)နှစ်ပြည့် မွေးနေ့မှသည် တိုင်းကျိုးပြည်ကျိုး ဆက်လက် ထမ်းရွက်နိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ရာကျော် ရှည်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

 ဒီမိုဝေယံ
 ဓာတ်ပုံ ဖိုးဝဏ္ဏ
Reply all
Reply to author
Forward
0 new messages