Fwd: {k} Fwd: [mrsorcerer:38902] မွတ်စလင်ပြီးရင် ခရစ်ယာန်လာမယ်။

4 views
Skip to first unread message

Cin Sawm Tuang

unread,
Jun 30, 2013, 8:52:31 AM6/30/13
to ddaipauiprd, junine.pacung, khamlyansone, hlnangtawng, howboeboe, jspkhai, jesuspau2010
---------- Forwarded message ----------
From: Khambawi <kham...@gmail.com>
Date: Sat, 29 Jun 2013 23:06:13 +0700
Subject: {tongsan} Fwd: [mrsorcerer:38902] မွတ်စလင်ပြီးရင် ခရစ်ယာန်လာမယ်။
To: tongsan <ton...@googlegroups.com>, zomi-adventist-com
<zomi-adve...@googlegroups.com>, zom...@yahoogroups.com,
ccba...@yahoogroups.com, paangpisda <paang...@googlegroups.com>,
zcfba...@googlegroups.com

by--Aung Tin <https://www.facebook.com/aungtin.nld>မွတ်စလင်ပြီးရင်
ခရစ်ယာန်လာမယ်။ အမြဲရှုံးနေသော ဘောလုံးပွဲ
အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်ကြီးရဲ့ (၁၂)ကြိမ်မြောက်
ယမိုက်ပဌာန်းသင်တန်းတွင် ဦးဝီရသူ ဟောကြားချက်မှ ကောက်နှုတ်ချက် (၂၀၀၂ဟု
ထင်ပါသည်။)

- - လယ်ထွန်ပေးရင်း၊ ဆေးကုပေးရင်း ခလေးတွေကို မုန့်ကြွေးရင်းနဲ့
ခရစ်ယာန်ပြန့်ပွါးရေးလုပ်တယ်။ ပြည်နယ်တွေမှာ ရွှေတိဂုံစေတီတော်နီးနီး
ခမ်းနားတဲ့ ချာ့ခ်ျကျောင်းတွေ ဆောက်ထားတယ်။ စေတီပုထိုးတွေ မရှိကြတော့ဘူး။
ဂီတနဲ့၊ ငွေကြေးနဲ့၊ စီးပွါးရေးနဲ့၊ အကြီးအကဲရာထူးတွေနဲ့လည်း စည်းရုံးတယ်။
ဒါနဲ့ ဗုဒ္ဓဘာသာတွေက ခရစ်ယာန်ဖြစ်ကုန်တယ်။

ပညာတတ်ရဟန်းသံဃာတွေကို ပြည်နယ်က ခရစ်တွေက နည်းမျိုးစုံနဲ့ ဖြိုမယ်ဆိုပြီး
မိန်းမ၊ တိုက်တာ၊ ကားတွေနဲ့ စည်းရုံးတယ်။ ခရစ်ထဲဝင်ရင် မာတုဂါမတွေကို တစ်ရွာ
တစ်ယောက်နဲ့ ရွာဆယ်ရွာမှာ ကြိုက်တဲ့မိန်းမဆယ်ယောက် ယူခွင့်ပေးပြီး ဖျက်ဆီးတယ်။

အဲဒီလိုမှ စည်းရုံးလို့ မရရင် ရဟန်းတွေအိပ်တဲ့နေရာကို ဝတ်လစ်စလစ်
ဒကာမတွေလွှတ်ပြီး ဖျက်ဆီးပြန်တယ်။ သူတို့ကိုကြောက်လို့ ရဟန်းတွေက တစ်ည
တစ်ခန်းပြောင်းအိပ်ရတယ်။ တစ်ခါတစ်လေ တစ်ညတစ်ဆောင်တောင် ပြောင်းပြီး အိပ်ရတယ်။

အဲဒီလိုမှ စည်းရုံးလို့ မရပြန်ရင် အသက်အန္တရာယ်ပြုတယ်။ လွန်ခဲ့တဲ့
သုံးနှစ်လောက်က ပြည်နယ်တစ်ခုက သာသနာပြုတစ်ပါး ကမ္ဘာအေးရောက်မှ ပျံလွန်တယ်။
ဘာနဲ့သတ်သလဲဆိုတော့ ပုလင်းကွဲနဲ့ ထိုးသတ်တယ်။

ကျောင်းမှာ သံဃာမရှိရင် ကျောင်းက ရုပ်ပွါးတော်တွေကို ခေါင်းဖြုတ်၊
ခေါင်းဖြတ်နဲ့ နည်းမျိုးစုံနဲ့ ဖျက်ဆီးတယ်။ အခုဆိုရင် ပြည်နယ်တွေမှာ
ဗုဒ္ဓဘာသာဆိုလို့ ဒီကသွားတဲ့ ဝန်ထမ်းနဲ့ သာသနာပြုသံဃာကလွဲရင် ကျန်တာအားလုံးက
ခရစ်တွေဖြစ်ကုန်ပြီ။

ပြည်နယ်တွေမှာ ထိုးဖောက်ပြီးနေရာရလာတဲ့ ခရစ်တွေက ပြည်မကို တစ်အိမ်တက်ဆင်း
စည်းရုံး၊ စာရွက်၊ ဂီတ၊ စီးပွါးရေးနဲ့ စည်းရုံးလာတယ်။ ပြည်မထဲက အထက်တန်းကျတဲ့
ဗုဒ္ဓဘာသာတစ်ယောက်ကို ခရစ်ယာန်အဖြစ်စည်းရုံးပြီးရင် အိမ်ပေးတယ်။ ဝိုင်းပေးတယ်။
တိုက်တာတွေ၊ ကားတွေပေးပြီး ဓမ္မဆရာအဖြစ် ခန့်တယ်။ ခလေးတွေကိုလည်း
သူတို့နေရာတစ်နေရာ ရသွားရင် ခလေးစောင့်ရှောက်ရေး ဂေဟာဖွင့်တယ်။ ညနေမှာ
တုန်းခေါက်ပြီး ခလေးတွေကိုခေါ်ပြီး မုန့်ကြွေးရင် ခရစ်ယာန်လုပ်ပစ်ကြတယ်။

မန္တလေး မစိုးရိမ်ကျောင်းတိုက်ဘေးတောင် မချန်ဘူး။ ရုပ်ပွါးတော်ကို ကိုးကွယ်ရင်
ငရဲကျမယ်ဆိုတဲ့ ဗုဒ္ဓဘာသာတစ်ခုလုံးနဲ့၊ နိုင်ငံတော်တစ်ခုလုံးကို စော်ကားတဲ့
စာပေခွင့်ပြုချက်တွေပါပြီးသား စာအုပ်တွေကို တစ်အိမ်တက်ဆင်း လိုက်ဝေတယ်။

ဒါက ခရစ်ယာန်ရဲ့ ပြည်နယ်ကို သိမ်းပိုက်မှုနဲ့ ပြည်တွင်းမှာ နေရာယူမှုဖြစ်တယ်။ - -

ဦးဝီရသူ ဆက်မိန့်ကြားတဲ့ မွတ်စလင်နဲ့ အစ္စလာမ်ကို စော်ကားတာတွေကတော့
လက်ညောင်းခံပြီး ရေးမပြတော့ပါဘူး။ လူတိုင်းသိနေကြတာပါဘဲ။
မသိချင်ယောင်ဆောင်နေသူတွေက လွဲလို့ပေါ့လေ။ အပြည့်အစုံကို အောက်က လင့်မှာ
ကြည့်ပါ။

http://www.dhammavideo.com/media/4135/1/<http://www.facebook.com/l.php?u=http%3A%2F%2Fwww.dhammavideo.com%2Fmedia%2F4135%2F1%2F&h=GAQG6lBWw&s=1>

အောင်တင်
====================================================
"ဦးဝီရသူဟာ အကြမ်းဖက်သမား ဟုတ်မဟုတ် လေ့လာဆန်းစစ်ခြင်းနှင့် သက်သေ
အထောက်အထားများ"

အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်းရဲ့ ဇူလှိုင်လ ၁ ရက်နေ့ ထွက်မယ့် မဂ္ဂဇင်း
မျက်နှာဖုံးမှာ ဦးဝိရသူရဲ့ ဓာတ်ပုံကို ဖော်ပြပြီး The face of Buddhist
Terror အမည်နဲ့ ဆောင်းပါးဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီးတော့ လက်ရှိ
မြန်မာလူမျိုးများနှင့် ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာဖြစ်ကြောင်း
လူအများ၏စိတ်ထဲတွင် ထင်ယောင်ထင်မှားဖြစ်စေမှူနဲ့ ပတ်သက်ပြီး အရင်လေ့လာ
တင်ပြလိုပါတယ်။TIME မဂ္ဂဇင်းရဲ့ အသုံးအနှုံးဟာ The face of Buddhist Terror
လို့ သုံးနှုံးထားတဲ့အတွက် ဗုဒ္ဓဘာသာ အကြမ်းဖက်သမား "တစ်ဦး" ဟူ၍သာ ဦးဝီရသူ
တစ်ဦးတစ်ယောက်ထဲကို ရည်ရွယ်ရေးသားခြင်းဖြစ်ကြောင်း အဓိပ္ပာယ်တိတိကျကျရပါတယ်။
ဗုဒ္ဓဘာသာနှင့် ၊ ဗုဒ္ဓဘာသာဝင် အားလုံးသည်အကြမ်းဖက်ခြင်းဖြစ်သည်ဟု
ရည်ရွယ်ရေးသားခြင်းမဟုတ်လို့ ဒီကိစ္စကို အကျယ်တဝင့် ရှင်းပြစရာမလိုတော့ပဲ
ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အပေါ် ခြုံငုံရေးသားခြင်းသည်ဖြစ်သည်ဟု ထင်မြင်ချက်သည်
မမှန်ကန်ပဲ မှားယွင်းချွတ်ချော်ချက်တစ်ခုသာဖြစ်သည်ဟုသာ ထင်ရှားပေါ်လွင်စေပါတယ်။

ဒီအချက်ကြောင့် ဒီလိုအရေးအသားမျိုးကို ကန့်ကွက်ခြင်းမျိုးဟာ ဦးဝီရသူအပေါ်
ရေးသားချက်အားကန့်ကွက်ခြင်းသာ ဖြစ်စေပြီး ဗုဒ္ဓဘာသာအပေါ် စွပ်စွဲရေးသားချက်အား
ကန့်ကွက်ရာ မရောက်ကြောင်း အဓိပ္ပာယ် သက်ရောက်စေပါတယ်။

ထူးခြားတာတစ်ခုကတော့ ဒီကန့်ကွက်ချက်ကို မြန်မာအစိုးရပိုင် သမ္မတရုံး
ဝက်ဆိုက်မှာဖော်ပြလာခဲ့ပြီး ပထမဆုံး အနေနဲ့ ရဟန်းသံဃာတော်တစ်ပါးတည်း ဘက်မှ
ရပ်တည် ကန့်ကွက်ကြောင်း ဖော်ပြချက်ဖြစ်ပြီး မြန်မာဘာသာဖြင့်သာ
ရေးသားဖော်ပြထားကာ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားခြင်းမျိုး မရှိပါဘူး။
စိတ်ဝင်စားစရာကောင်းသည့် အချက်ကတော့ ထိုကန့်ကွက်ချက်နှင့် ဘယ်လိုမှ ပတ်သက်မှူ
မရှိသည့် ၉၆၉ ဆိုသည့် ဂဏာန်း သင်္ကေတအား ဗုဒ္ဓသာသနာတော်ကို ညိုးနွမ်းစေနိုင် မည့်
နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် မေတ္တာရပ်ခံထားသည့် အကြောင်းကိုပါ
ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။

ရှင်းလင်းအောင် တင်ပြရမယ် ဆိုရင်တော့ ဒီအသုံးအနှုံး ဟာ ဦးဝီရသူ
တစ်ယောက်ထဲနှင့်သာ သက်ဆိုင်သော အသုံးအနှူန်းဖြစ်ပါကြောင်းပေါ်လွင်စေပါတယ်။
ဒီအတွက်ကြောင့်ကန့်ကွက်မယ် ရှုံ့ချမယ်ဆိုရင်တော့ ဆရာတော် ဦးဝီရသူဟာ ဒီလို
အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်ခဲ့ကြောင်း သက်သေပြဖို့လိုပါတယ်။ ကဲ ဒါဆို
ဦးဝီရသူရဲ့ ရပ်တည်ချက်နဲ့ နောက်ခံ သမိုင်းကြောင်းကို စာရှူသူမိတ်ဆွေနဲ့
စာရေးသူ ကျွန်တော် အတူတကွ လေ့လာကြည့်ရအောင်။

တွေရှိလာတဲ့ ဖြစ်ရပ်သက်သေများကို စာရေးသူရဲ့ အမြင်သက်သက်ဖြင့်သာ မတင်ပြပဲ
စာဖတ်သူကိုယ်တိုင်ကိုယ်ကျ တရားသူကြီး လုပ်၊ ဆုံးဖြတ်စီရင်ပေးကြပါရန်
ကြိုတင်မေတ္တာရပ်ခံလိုပါတယ်။။ တခါတရံတော့လဲ တရားသူကြီး အချင်းချင်း သဘောထား
မတိုက်ဆိုင်ပဲ မတူကွဲပြားမှူများလည်းရှိကောင်းရှိနိုင်ပါသေးသည်၊ ဒီလို
မတင်ပြမှီ လူတစ်ဦးတစ်ယောက်၏ လုပ်ရပ်သည် သူလိုက်နာကျင့်သုံးသည့်ဘာသာ (သို့)
အဖွဲ့အစည်းတစ်ရပ်ကို ဘယ်လိုမှ ကိုယ်စား မပြုမှန်း ရှင်းလင်းစွာ
သိရှိထားဖို့လိုပါတယ်။

ဆရာတော် ဝီရသူဟာ အကြမ်းဖက် လုပ်ရပ်ကို အားပေးလို့ ဗုဒ္ဓဘာသာဝင်တိုင်းဟာ
အကြမ်းဖက် သမားများ ဖြစ်တယ်လို့ မယူဆနိုင်သလို ရာဇဝတ်မှူ ကျူးလွန်သည့် မွတ်စလင်
လူဆိုးတစ်ယောက်ကြောင့် မွတ်စလင်အားလုံးဟာ ရာဇဝတ်သားများ ဖြစ်တယ်လို့
သတ်မှတ်လို့ မရနိုင်ပါ။ ဒီသဘောတရားကို ရှင်းလင်းကွဲပြားစွာ
နားလည်ထားဖို့တော့လိုပါတယ်။ စုန်းပြူးဆိုတာ နေရာတိုင်းမှာ ရှိတတ်ပါတယ်။

ဆရာတော် ဦးဝီရသူ အဖြစ် စတင်ကျော်ကြားလာစေခဲ့တာကတော့ လွန်ခဲ့သည့် ၁၀ နှစ်ခန့်
၊၂၀၀၃ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့၊ မန္တလေးမြို့ သာသနာ ၂၅၀၀ အထိမ်းအမှတ်၊ ၄၅ တာ
ဓမ္မာရုံမှာ ဟောကြားခဲ့သည့် တရားပွဲတွင် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရေး
တရားဟု ခေါင်းစဉ်တပ်ထားသော်လည်း တောင်မြင့်တွင် တရားမဝင်ကားခိုးမှု
တခုဖြစ်ပွားခဲ့မှုကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်များကို
အကြမ်းဖက်လုပ်ဆောင်ရန် စီမံကိန်းချထားကြောင်း၊ မြေပုံနှင့်တကွ
သေချာစီမံထားကြောင်း၊ မိမိက စပြီး အမိန့်ပေးလိုက်သည်နှင့် ဖျက်ဆီးရေး
လုပ်ငန်းများ လုပ်ဆောင်ရန် တရားပွဲတက်ရောက်လာသည့် ရဟန်းသံဃာများကို
လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ အပြည့်အစုံကို နားဆင်လိုသူများအတွက်
https://www.dropbox.com/s/whikw3saw7ogj4f/2003%20sep%20by%20wirathu.mp4<http://www.facebook.com/l.php?u=https%3A%2F%2Fwww.dropbox.com%2Fs%2Fwhikw3saw7ogj4f%2F2003%2520sep%2520by%2520wirathu.mp4&h=_AQGY4YNN&s=1>

ယင်းမတိုင်မှီကလည်း လက်ဖဝါးပေါ်မှ ကံကြမ္မာ ဟူသော တရားပွဲများ ပြုလုပ်ကာ
ဗုဒ္ဓဘာသာမှ အခြား ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ အကြောင်းကူးပြောင်းသွားသူများ
အကြောင်းကို အဓိကထားဟောပြောခဲ့ပါတယ်။
http://www.youtube.com/watch?v=ke76q1Ycw3I<http://www.facebook.com/l.php?u=http%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3Dke76q1Ycw3I&h=3AQEC2YeH&s=1>

ဆရာတော် ဦးဝီရသူမှ ခရစ်ယာန်ဘာသာဟာ တောင်တန်းဒေသများ အပေါ် မည်သို့ မည်သို့
နယ်ချဲ့ သာသနာပြုခဲ့ကြောင်း၊ ပြည်မ ဒေသကို မရောက်အောင် ကာကွယ်ရမည်ဖြစ်ကြောင်း
ပုတ်ခတ် ပြောဆိုခဲ့သည့် အသံဖိုင်ကိုလဲ ဒီမှာရယူနိုင်ပါတယ်။
http://www.dhammavideo.com/media/4135/1/<http://www.facebook.com/l.php?u=http%3A%2F%2Fwww.dhammavideo.com%2Fmedia%2F4135%2F1%2F&h=1AQFUcGAt&s=1>

ထို့နောက် ၁၅ရက် ၁၀လ ၂၀၀၃ ကျောက်ဆည်မြို့ဈေးတန်းရပ် လေးမျက်နှာဘုရားကွင်းတွင်
ကျင်းပခဲ့တဲ့ ၀ီရသူ အမျိုးသားရေး တရားပွဲများ စတင်ပြုလုပ်ခဲ့ပါတယ်။ ထိုတရားပွဲ
အပြီး နောက်တွင်တော့ ကျောက်ဆည်တွင် အေ၇းအခင်းစတင် ဖြစ်ပွါးပါလေတော့သည်။
အရေးခင်းအပြီး ၇ရက်ပြည့်သည့်နေ့ အရှင် ဝီရသူဟာ လူမျိုးရေး အဓိကရုဏ်း များ ဖြစ်
ပွားစေသော စာရွက်စာတမ်း များ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး
ထောင်ဒဏ် ၂၅ နှစ် ထောင်ဒဏ် အပြစ်ပေးခံရခဲ့ရပါတယ်။ထို့နောက် ၂၀၁၂ ခုနှစ် ဇန်န
ဝါရီလတွင် လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင် မှ
ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ထောင်မှ လွတ်မြောက်ခါစတွင် မန္တလေးရှိ မွတ်စလင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ
ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြုလုပ်ရန်
ကြံရွယ်ခဲ့သော်လည်းအာဏာပိုင်များထံမှ ခွင့်ပြုချက်မရပဲ ပွဲ အစီအစဉ်များ
မဖြစ်မြောက်လိုက်ရပါပေ။ အပြည့်အစုံ နားဆင်လိုသူများအတွက်
http://www.youtube.com/watch?v=sKOXQJzyXjc<http://www.facebook.com/l.php?u=http%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DsKOXQJzyXjc&h=sAQEM4i5y&s=1>

ထို့နောက်တွင်တော့ ယခင် ရပ်တည်ချက် အတိုင်းပင်ဖြစ်သည့် အစ္စလာမ်ဘာသာ
ဆန့်ကျင်ရေး လမ်းကြောင်းပေါ်သို့သာ ပြန်လည်ရောက်ရှိသွားပါတော့တယ်။
ထူးခြားတာတစ်ခုကတော့ ဆရာတော်ဟာ ရာဇဝတ်မှူများ၊ မှုဒိမ်းမှူများကိုသာ
စိတ်ဝင်တစားနဲ့ အရေးတယူပြုလုပ်ကာ ပုံမှန် ဆိုသလိုပင်
ရေးသားဖော်ပြနေခြင်းပင်ဖြစ်ပါတယ်။

သက်သေအနေ တင်ပြရမယ် ဆိုရင်ဖြင့်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့နေ စိတ်မနှံ့သူ မြန်မာအမျိုးသမီး
မုဒိမ်းကျင့် ခံရမှု (8.8.2012)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ Golf-အပိုပစ္စည်း အရောင်းစာရေးမလေး
မုဒိမ်းကျင့် ခံရမှု (17.8.2012)

ဆင်ပေါင်ဝဲမြို့နယ်၊ သာယာကုန်းရွာ၊ ဆွံ့အ သူမလေးကို မုဒိမ်းကျင့်မှု(24-2-2012)

မကွေးတိုင်း၊ ကန်ဖျားရွာ၊ အိမ်ဖော်မလေး တစ်ယောက်ကို လိင်ကိုင်ခိုင်းမှု
(5-11-2012)

မြင်းမူမြို့၊ ဆယ်တန်းကျောင်းသူမလေးကို ခိုးယူပေါင်းသင်းမှု၊ ဝက်လက်မြို့နယ်၊
စွယ်ကွေ့ရွာ ဆယ်တန်းကျောင်း သူမလေးကို ခိုးယူပေါင်းသင်းမှု၊

ရွှေဘိုမြို့နယ်၊ ညောင်ပင်သာရွာ၊ ခုနစ်တန်းကျောင်းသူမလေးကို
ခိုးယူပေါင်းသင်းမှု၊

မန္တလေး၊ အောင်ပင်လယ်မြို့သစ်၊ ခုနစ်တန်းကျောင်းသူမလေးကို ခိုးယူပေါင်းသင်းမှု၊

မိတ္ထီလာ၊ ဝန်ဇင်း(၃)ရက်ကွက်၊ အဝတ်လျှော်စားသူ မဇင်မာဌေးကို အုပ်စုဖွဲ့
ရိုက်နှက်မှု(21-11-2012)၊

မိတ္ထီလာ တူရကီသူရဲကောင်းဗိမာန် ကိစ္စ။

မန္တလေး၊ ကျောက်ဝိုင်းအတွင်း၊ သစ်သီးသည်မြန်မာ အမျိုးသမီးကို မျက်မှန်ဆိုင်မှ
မွတ်ဆလင်မ်အမျိုးသားက တုတ်နှင့်ရိုက်၊ လက်သီးနှင့်ထိုးကြိတ်မှု (10-3-2013)

သာစည်မြို့နယ်၊ အိမ်ဂရံအတုလုပ်၍ အိမ်ရှင်မြန်မာ အမျိုးသမီးကို မောင်းချမှု၊
(22-11-2012)

“၁၅-နှစ်သမီးလေးကို မွေး-စားသော ကုလားကို တရားစွဲဖို့ ပြင်ဆင် (28-04.2013)

“မွတ်ဆလင် ကုလားက မြန်မာသမီးပျို (၁၆)နှစ်သမီးလေးကို
မုဒိမ်းကျင့်”(18-05-2013) တို့ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓရဲ့အဆုံးအမ၊ တရားရေအေး တိုက်ကျွေးမှူ လုံးဝမရှိ မဟောဘဲ ဘာသာခြား
မုန်းတီးမှုကိုပဲ သီးသန့်ဟောပြော ရေးသား လှုံ့ဆော်ခဲ့တာကို တွေ့ရပါတယ်။အံ့ဩစရာ
ကောင်းတာတစ်ခု က ဘာသာခြားနဲ့ဖြစ်တဲ့ ရာဇဝတ်မှုတွေဆိုရင် သတင်းမီဒီယာ
ထက်ဦးအောင် ဆရာတော် ဝီရသူက အရင်သိရှိနေတာပါ။ တာဝန်ရှိသူတွေကို အသိပေးပြီး
ဥပဒေအရ အရေးယူခိုင်းရမဲ့အစား အကြမ်းဖက်မှုတွေကိုပဲ ပေါ်ပေါက်လာအောင် သီးသန့်
ရေးသား လှုံ့ဆော်ခဲ့တဲ့ အထောက်အထားတွေပါပဲ။

ဆက်လက်ပြီး ဖြစ်ပွါးခဲ့တဲ့ ဘာသာရေး အထိကရုန်းများ မတိုင်မှီ နဲ့
ဖြစ်ပွါးနေစဉ်အတွင်း ဆရာတော်ရဲ့ ရပ်တည်ချက်နဲ့ ဟောပြောချက်များကို
လေ့လာကြည့်ရအောင်။

နိုဝင်ဘာ (၂၃) ၂၀၁၂ တွင် ဦးဝီရသူ၏ ဖေ့ဘုတ် စာမျက်နှာတွင် “မိတ္ထီလာတွင်
ကုလားနှင့် ကုလားမများ အုပ်စုဖွဲ့ အနိုင်ကျင့်မှုဖြစ်ပွား” ဟူသော
ခေါင်းစဉ်တပ်ကာ မိတ္တိလာမြို့တွင် မွတ်စလင်များက ဆိုးသွမ်းသည့် အကြောင်းကို
ရေးသားလှုံ့ဆော်ခဲ့ပါတယ်။https://www.facebook.com/notes/wira-thu/

မိတ္ထီလာတွင်-ကုလားနှင့်-ကုလားမများ-အုပ်စုဖွဲ့-အနိုင်ကျင့်မှုဖြစ်ပွား/172393969570786


မိတ္ထီလာ အရေးအခင်း မတိုင်မှီ ရက်သတ္တပါတ် အလိုမှာ မိတ္ထီလာရှိ
တူရကီသူရဲကောင်းဗိမာန် ကိစ္စ ကို အငြင်းပွါးဖွယ်ရာ ဖြစ်အောင်
လှုံ့ဆော်ခဲ့ပါသေးတယ်။ ဒီဟာကတော့ မိတ္တိလာ အရေးအခင်း ဖြစ်ပွါးနေစဉ်အတွင်း
ရေးသားလှုံ့ဆော်ခဲ့သော ပို့စ်ဖြစ်ပါတယ်။
https://www.facebook.com/notes/wira-thu/

မိတ္ထီလာဖြစ်စဉ်/234084053401777 https://www.facebook.com/notes/wira-thu/

မတ္ထီလာဖြစ်ရပ်မှန်-အဆက်/234174963392686

ဒါ့အပြင် ဆရာတော် ဦးဝီရသူဟာ ရှမ်းပြည်နယ် မူဆယ်မြို့သို့ သို့ ၁၉-၅-၂၀၁၃တွင်
သွားရောက်ကာ ယဉ်ကျေးလိမ္မာ တရားပွဲသင်တန်းတွင် ဩဝါဒတရားချီးမြှင့်ခြင်း၊ ၉၆၉
တရားပွဲများပြုလုပ်ခဲ့ပါတယ်။ ဆရာတော် ၏ တရားပွဲများ အပြီး ၁၀ရက်အကြာတွင်တော့
လားရှိုးမြို့၌ အထိကရုန်းကြီး စတင်ဖြစ်ပွါးလာပါတော့တယ်။ ဒီလင့်ကတော့ လားရှိုး
မြို့ အထိကရုန်းဖြစ်ပွါးနေစဉ်အတွင်း ရေးသားလှုံ့ဆော်ခဲ့တဲ့
အရေးအသားနဲ့ပို့စ်ဖြစ်ပါတယ်။
https://www.facebook.com/notes/wira-thu/လားရှိုး-ယနေ့-အခြေအနေ/270933363050179

ဒီလောက်ဆိုရင်တော့ စာရှူသူပရိသတ်ကြီးလဲ အဖြူနဲ့
အမည်းကွဲကွဲပြားပြားသိရှိနိုင်ပြီလို့ထင်ပါတယ်။ ပွင့်လင်းစွာ
အားမနာတမ်းဝန်ခံရမယ်ဆိုရင်ဖြင့် စာရေးသူကျွန်တော် အပါအဝင်
မြန်မာပြည်သူတစ်ရပ်လုံးဟာ အမှောင်ချခံထားရတဲ့ သင်ရိုးညွန်းတမ်း
ဖတ်စာအုပ်တွေနဲ့ ကြီးပြင်းလာရတဲ့ သားကောင်များ ဖြစ်ခဲ့ရသလို လက်တွေ့
ကျင်လည်နေတဲ့ နေ့စဉ်လူမှူဘဝမှာလည်း ဖိနှိပ် ချုပ်ချယ်မှူ၊မှိုင်းတိုက်မှူ
မျိုးစုံကို ခံခဲ့ရသူတွေပဲဖြစ်ပါတယ်။

တိုးတက်ရန် လမ်းစပြုနေပြီဖြစ်သော မြန်မာလူ့အဖွဲ့အစည်းတွင်
စေတနာအစစ်အမှန်ရှိလျှင် အရေးတကြီးလုပ်စရာ ပြဿနာ
အများအပြားရှိနေပါသေးသည်။။လူနည်းစုများ၊ မိမိနှင့်
မတူကွဲပြားမှူများအားကဲ့ရဲ့ခြင်း၊ဖိနှိပ် ချုပ်ချယ်ခြင်းတို့သည်
တိုးတက်ကြီးပွါးရေးကို မဖြစ်ပေါ်စေနိုင်ပဲ မငြိမ်သက်မှုများ ကို အားပေး
ဆော်သြခြင်းဟာ တိုင်းပြည် ပြန်လည်ထူထောင်ရေးကို အမိအရ ထိုး နှက်နေခြင်းသာ
ဖြစ်သည်။ စစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှု အောက်တွင် နှစ်ပေါင်းများစွာ
နေလာခဲ့ရသည့် မြန်မာ့လူ့အဖွဲ့အစည်း ကို ပြန်လည်တည်ဆောက်ရေးတွင် ညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးသည်သာလျှင် အရေးကြီးဆုံးဖြစ်သည်။

လူမှုရေး ဘာသာရေးခွဲခြားမှုများက ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို
ပြင်းပြင်းထန်ထန် ဖြိုခွဲသည့်အတွက် ဦးဆောင်သူများ၏ ရည်ရွယ်ချက်မှာ
မြန်မာပြည်သူများ၏ ကောင်းကျိုးကိုမလိုလားပဲ ဆိုးရွားသော
အခြေအနေကိုသာလျှင်ဦးတည်သွားစေနိုင်ကြောင်း ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။
အသားအရောင်နှင့် လူမျိုး၊ ဘာသာမတူတိုင်း ရန်သူဟု သတ်မှတ်စေကာ
ပြည်သူအချင်းချင်းကြား စိတ်ဝမ်းကွဲအောင် ပြုလုပ်ပြီး အာဏာရှင် ယန္တရား
တည်ဆောက်လိုခြင်းကို ရဲရဲဝင့်ဝင့်သာ ငြင်းဆန်လိုက်ကြပါဟုသာ ပြောကြားရင်း
နိဂုံးချုပ်လိုက်ရပါသည်ခင်မျာ။


လေးစားစွာဖြင့်

အတီး(ဝါးလုံးရှည်)

https://www.facebook.com/profile.php?id=100005176029811
အမြဲရှုံးတဲ့ ဘောလုံးပွဲ- ဦးဝီရသူ(မစိုးရိမ်)
အမြဲရှုံးတဲ့ ဘောလုံးပွဲ- ဦးဝီရသူ(မစိုးရိမ်)
<http://www.dhammavideo.com/media/4135/1/>


--

May Peace Be Upon You
Regards,
Ruby

--
"T-Tongsan sim Thuthak thei"

Zomite kipumkhatna ding le Zolai khantohna dingin ngimna tawh akibawl
Tongsan Mailing Group le www.tongsan.org ah thutak tuamtuam kisim thei
den hi.

Minpi, khualui le tulaitak omna cih thute akitheilote Tongsan Group
member dingin kisanglo hi.

Note: Tongsan Group tawh kisai Thukhunvkician i neih mah bangin, Group
tawh kisai hici zawdeuh leh aci i om leh Tongsan Tanute
(tongsan...@gmail.com) kiangah ngaihsutpiakna kinei thei den hi.

All rights reserved.

Tongsan Media Group ii ahiang khat ahi Tongsan Mailing Group ah
thukikupna khempeuh Tanute in panpihlo-a, tua kikupnate in laikhahkhia
member mimal/kipawlnate muhna le kuppihnate ahi uhi.
---
You received this message because you are subscribed to the Google
Groups "Tongsan Weekly" group.
To unsubscribe from this group and stop receiving emails from it, send
an email to tongsan+u...@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
Reply all
Reply to author
Forward
0 new messages