Fwd: {tongsan} အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ရောက်ရှိ

1 view
Skip to first unread message

Cin Sawm Tuang

unread,
Nov 22, 2012, 5:46:28 AM11/22/12
to iprd.klm, jspkhai, junine.pacung, ksthawn, ensing08, howboeboe, amcyouth, agapeamc, zomi-bag
---------- Forwarded message ----------
From: Pome <hzp...@yahoo.com>
Date: Mon, 19 Nov 2012 06:45:55 -0800 (PST)
Subject: {tongsan} အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ ဘားရက်အိုဘားမား
မြန်မာနိုင်ငံသို့ရောက်ရှိ
To: Tong San <ton...@googlegroups.com>

အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ရောက်ရှိ

From : သမ္မတရုံး


ရန်ကုန် နိုဝင်ဘာ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏
ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာဘားရက် အိုဘားမားသည်
နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စဟီလာရီကလင်တန် လိုက်ပါလျက်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ အလုပ်သဘော ခရီးလာရောက်လည်ပတ်ရန်
ယနေ့နံနက်(၉)နာရီ မိနစ်(၄ဝ)တွင် ရန်ကုန်မြို့သို့ အထုးလေယာဉ်ဖြင့်
ရောက်ရှိရာ
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမောင်မြင့်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးစိန်တင်ဝင်း၊ တိုင်းဒေသကြီး
စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊
အမေရိကန်နိုင်ငံဆိုင်ရာ
မြန်မာနိုင်ငံသံအမတ်ကြီး ဦးသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်
သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်နှင့် တာဝန်ရှိသူများက ရန်ကုန်
အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့အတူ အမေရိကန်ပြည်ထောင်စုသမ္မတအား မြန်မာမိန်းကလေးငယ်တစ်ဦးက ဂုဏ်ပြု
ပန်းစည်းဆက်၍ ကြိုဆိုပြီး ဂုဏ်ပြုတပ်ဖွဲ့က အလေးပြု၍ ကြိုဆိုကြသည်။

အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာဘားရက်အိုဘားမား လိုက်ပါလာသည့်
မော်တော်ယာဉ်တန်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာရာ
လမ်းတစ်လျှောက်၌ ရဟန်းရှင်လူ ပြည်သူလူထု ကျောင်းသား ကျောင်းသူများက
နှစ်နိုင်ငံ အလံများ ဝှေ့ယမ်း၍ ကြွေးကြော်သံ များဖြင့်
ကြိုဆိုနှုတ်ဆက်ကြသည်။

--

Reply all
Reply to author
Forward
0 new messages