လုပ်ဖော်ကိုင်ဖက်အချင်းချင်း သစ္စာဖောက်ခြင်း

33 views
Skip to first unread message

naing naing

unread,
Mar 12, 2012, 11:04:31 PM3/12/12
to zhulian...@googlegroups.com, jut lay, jips...@gmail.com


ကိုသိန်း ကိုသူရိန် ကိုခင်မောင်ကျော်ရေ


၁၂ ၂၀၁၂ နေ့ နံနက် ၁၀ ၃၀ လောက်က ဇူလီယန်ကုမ္မဏီမှာ ကိုခင်မောင်ကျော် နှင့် ရှယ်ယာဝင်ထားတဲ့ ကိုဇော်ဝင်း ကိုစည်ကို တို့နှင့်တွေ့တယ်။ အဲ့ဒီမှာ ထူးခြားတာက စည်ကိုက အရင်ကတည်းက ကိုခင်မောင်ကျော်နှင့် ရှယ်ယာဝင်ပြီးသားဖြစ်သော်လည်း နောက် ထပ်တစ်ကြိမ် ထပ်မံရှယ်ယာဝင်တာကို တွေ့တယ်။ အဲ့ဒါနဲ့ မေးလိုက်တော့ သူပြောပြတာကကျွန်တော် ကိုခင်မောင်ကျော်နှင့် ရှယ်ယာ ၀င်ပြီးသားပါ၊၊ ဒါပေမဲ့ ဘန်ကောက်က ကျွန်တော်နှင့်ညီအစ်ကို နှစ်ဝမ်းကွဲတော်တဲ့သူတစ်ယောက်က အဲ့ဒီ ၀င်ပြီးသားကို ထားလိုက်ပါ။ နောက်ထပ်ရှယ်ယာအသစ်ဝင်လိုက် ပိုက်ဆံသူပေးမယ် အရင်းအနှီးလည်း ထုတ်ပေးမယ်ဆိုလို့ ကိုခင်မောင်ကျော်နှင့် ရှယ်ယာဝင်ထားတာကို ပယ်ထားလိုက်ပြီး နောက်ထပ်ရှယ်ယာအသစ်ထပ်ဖွင့်လိုက်တယ်။ဒါကြောင့် ကျွန်တော်သူကို အကြံပေးလိုက်ပါတယ်။ မင်းကိုခင်မောင်ကျော် လမ်းပြလို့ ဇူလီယန်ရောက်လာတယ် ပြီးတော့သူနှင့်အလုပ်လုပ်မယ်ဆိုပြီး ရှယ်ယာဖွင့်လိုက်တယ် အခုသူများက အခွင့်အရေး နည်းနည်းပေး လိုက်တာနဲ့ ယခုလိုလုပ်တာဟာ ကိုယ့်ကျေးဇူးရှင်ကိုစော်ကားတာပေါ့။ခင်ပွန်းကြီး ၁၀ ပါးကို ပြစ်မှားတဲ့သူတွေဟာ ဘယ်တော့ မအောင်မြင်ဘူး အောင်မြင်ခဲ့ရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးလိမ့်မယ်။ ဇူလီယန် ကျင့်ဝတ်အရရော လူမှုရေးကျင့်ဝတ်အရရော မင်းဖောက်ဖျက် တာပေါ့။ ဒီလိုအခွင့်အရေးကိုတောင် ဒီလိုလုပ်ရင် ဒိထက်ကြီးမားတဲ့ စီးပွားရေးတွေမှာ ဘယ်လိုယုံရမလဲ ငါတို့က စီးပွားရေးလုပ်တယ်ဆိုတာ ကိုယ်တစ်ယောက်တည်းချမ်းသာဖို့မဟုတ်ဘူး ကိုယ်ချမ်းသာရင် အများအကျိုးသယ်ပိုးနိုင်အောင် လုပ်ဖို့စိတ် နဲ့ စီးပွားရေးလုပ်တာ လူတွေဟာ သေရမဲ့လူတွေပါ မသေခင်မှာ အများအကျိုးသယ်ပိုးရင်နဲ့ပဲ ဘ၀ကိုဖြတ်ကျော်ချင်တယ်ဟု ရှင်းပြခဲ့ပါတယ်။

        ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဇူလီယန်လုပ်ဖော်ကိုင်ဖက်တွေ လူဆင်းရဲပေမယ့် စိတ်ဓါတ်မဆင်းရဲစေချင်ဘူး အတက်နိုင်ဆုံး ဗုဒ္ဓရဲ့ အဆုံးအမတွေနှင့်အညီ စီးပွားရေး လူမှုရေး နိုင်ငံရေး လုပ်မယ်ဆိုရင် အောင်မြင်မှုတွေ အမှန်တကယ်ရရှိနိုင်ပြီး ယခုဘ၀ရော နောက်ဘ၀ ရော စိတ်ချမ်းသာ ကိုယ်ကျန်းမာပါလိမ့်မယ်။


လေးစားစွာဖြင့်

နိုင်နိုင်

Phone: 0874157084
E-mail: nai...@gmail.com

Reply all
Reply to author
Forward
0 new messages