Groups
Groups
Sign in
Groups
Groups
Yinmarbin (ယင်းမာပင်)
Conversations
About
Send feedback
Help
နိုင်ငံရေးဆိုတာ လုပ်သင့်တယ်ဆိုတဲ့  ဇေယျာသော်
2 views
Skip to first unread message
KHIT NAY
unread,
May 17, 2011, 11:48:29 PM
5/17/11
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to
မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) ခေါင်းဆောင်လည်းဖြစ် ဟစ်ပ်ဟော့ပ် အဆိုတော်လည်းဖြစ်သူ အသက် ၃၁ နှစ်ရှိ ဇေယျာသော် အင်္ဂါနေ့က ကော့သောင်းထောင်မှ လွတ်မြောက်လာသည်။
၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ၂ဝရက်နေ့က ကိုဇေယျာသော်အား နိုင်ငံခြားငွေကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင် ဒဏ် ၁ နှစ်၊ တရားမဝင်အသင်းဖွဲ့စည်းမှုပုဒ်မ ၆/၈၈ ဖြင့် ၅နှစ် စုစုပေါင်းထောင်ဒဏ်၆နှစ် ချမှတ်ခဲ့သည်။ ထို့နောက်
မြန်မာပြည် တောင်ဘက်စွန်း တနင်္သာရီတိုင်းရှိ ကော့သောင်းထောင် သို့ပြောင်း ရွှေ့လိုက်သည်။
တရားမဝင်အသင်းဖွဲ့စည်းမှု ပုဒ်မ ဆိုင်ရာ ၅ နှစ်ချခံထားရာမှ အယူခံဝင်ရာတွင် ၂ နှစ် လျှော့ပေါ့ခွင့်ရရာ ကျန် ၄ နှစ်တွင် သုံးနှစ်ထောင်ဒဏ်ကျခံပြီးဖြစ်၍ ကျန် ၁ နှစ် လျှော့ပေါ့ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။
Generation Wave (GW) အဖွဲ့သည် အဆိုတော် ဇေယျာသော် ဦးဆောင်မှုဖြင့် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး ကာလတွင် ပေါ်ပေါက်လာသည်။
အဆိုတော် အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချန်း တို့နှင့်အတူ ၂ဝဝဝ နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံတွင် ပထမဆုံး ဟစ်ပ်ဟော့ပ်အဖွဲ့ဖြစ်သည့် အက်ဆစ်အဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။
မေး ။ ။ ကော့သောင်းကနေ ရန်ကုန် လေယာဉ်နဲ့ ပြန်ရောက်မယ်ဆိုပြီး မိသားစုတွေ ရန်ကုန်
လေဆိပ်မှာ စောင့်နေကြပါတယ်။ အာဏာပိုင်တွေက ကိုဇေယျာသော် လွှတ်မယ်ဆိုတာ ဘယ်လို အကြောင်းကြားပါသလဲ။
ဒီနေ့ နေ့လယ် ၁ နာရီ ခွဲမှာ ကျနော် ကော့သောင်း အကျဉ်းထောင်ထဲကနေ စထွက်လာခဲ့ပါတယ်။ အကျဉ်းထောင် အာဏာပိုင်တွေကတော့ အကျဉ်းသား အားလုံးကို ၁ နှစ်လျှော့ပေါ့ ခံစားခွင့်ဖို့ ဆိုပြီး အမိန့်ကြေညာစာ ထုတ်လိုက်တယ်လို့ ပြောပါတယ်၊ ကျနော်က သတ်မှတ်ထားတဲ့ ကာလ ၁ နှစ်မလိုတော့လို့ ဒီနေ့ လွှတ်မယ်ဆိုပြီးတော့ မနေ့ညက ကျနော့်ကို အကြောင်းကြားပါတယ်။
မိသားစုတွေက ကြိုပြီးသိထားကြတယ်၊ ညက သတင်းကြေညာတဲ့အချိန်မှာ ထောင်ကို လှမ်းပြီးတော့ ဆက်သွယ်ကြတော့ လွှတ်တဲ့စာရင်းထဲမှာ ပါမပါ သူတို့စုံစမ်းလိုက်တော့ ကြိုသိပါတယ်။
မေး ။ ။ ခုလို လွတ်မြောက်လာတဲ့အတွက် ဘယ်လို ခံစားရပါသလဲ။
ယုံကြည်ချက်ကြောင့် အကျဉ်းသားတွေ အကျဉ်းကျခံနေရတာ အများကြီးရှိပါသေးတယ်၊ ကျနော် တယောက်ထဲလွတ်လို့လည်း ကျနော့အတွက် ကျနော်တော့ ဝမ်းမသာနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံ အရပ်ရပ်တိုင်းမှာ ရှိနေတဲ့ ထောင်တွေထဲမှာ ကျနော်တို့ရဲ့ အစ်ကိုတွေ၊ အစ်မတွေ၊ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် ရောင်းရင်းတွေ ကျတော်တို့ရဲ့ ညီတွေ၊ နှမတွေ အများကြီးကျန်ပါသေးတယ်၊ ဒီလူတွေ အားလုံးကိုလည်း လွတ်မြောက်စေချင်ပါတယ်။ အဲဒီတော့မှ အပြည့်အဝ ဝမ်းသာနိုင်မှာပါ။
မေး ။ ။ ကိုဇေယျာသော ဟစ်ဟော့ပ် အဆိုတော့ကနေ နိုင်ငံရေးထဲ ရောက်လာခဲ့ပုံကို ပြောပြပေးပါ။
ကျနော် နိုင်ငံရေးထဲကို စပြီး ရောက်လာခဲ့ရတာကတော့ မဟုတ်တာ မမှန်တာ မတရားတာကို ခေါင်းငုံ့မခံချင်တဲ့ လူငယ်စိတ်နဲ့ပဲ ကျနော်ရောက်လာခဲ့တာပါ။ ဘာဖြစ်ရမယ် ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ ခံယူချက် တိတိကျကျတော့ အရင်တုန်းက မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခု ထောင်ထဲမှာ သုံး နှစ် ကျော်ကျော် ကိုယ့်ကိုယ်ပြန်ပြီး သုံးသပ်ခွင့်ရလာတယ်၊ အဲလို ဖြစ်လာတဲ့အတွက်ကြောင့် နိုင်ငံရေးဆိုတာ လုပ်သင့်တယ် ဆိုတဲ့ အမြင်ကို ပို မြင်လာပါတယ်။
မေး ။ ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် သူငယ်ချင်းအသိုင်းအဝိုင်းတွေက ကျောခိုင်းသွားကြလား။
ကျောခိုင်းသွားတာမျိုး မရှိပါဘူး ခင်ဗျ၊ ဒီနေ့ ပြန်လာတဲ့အချိန်မှာ ကျနော်ရဲ့ သူငယ်ချင်း ရဲဘော်ရဲဘက် ရန်ရန်ချန်းက စလို့ နောက်ဆုံး ကိုမျိုးကျော့မြိုင်တို့အဆုံး အားလုံး ကျနော့်ကို လာကြိုကြပါတယ်။ ဖက်လှဲတကင်းကို လာကြိုကြပါတယ်။ ကျနော်တို့ အနုပညာ အသိုင်းအဝိုင်းက လာကြိုကြပါတယ်။
အရင်တုန်းက နိုင်ငံရေးလုပ်လိုက်တဲ့ လူတယောက်ဆိုရင် မကြည့်ရဲ၊ ဘယ်သူမှ မဆက်ဆံရဲတဲ့ ပုဂ္ဂိုလ်မျိုး ပတ်ဝန်းကျင်က ထင်ကြတာမျိုး ကြားဖူးတယ်။ ဒါပေမဲ့ အခု လူငယ်တွေမှာကတော့ နိုင်ငံရေးဆိုတာ
နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တယ်၊ ဒါကြောင့် ဒီအရေးကို လုပ်တာ အပြစ်တခု ကျူးလွန်တာ မဟုတ်ဘူးဆိုတဲ့ အမြင်နဲ့ ကျနော်ကို ဖက်လှဲတကင်း ကြိုဆိုတဲ့အတွက် ကျနော်အရမ်း ဝမ်းသာပါတယ်။
မေး ။ ။ နိုင်ငံရေးကြောင့် ထောင်ကျသွားတော့ နောင်တရမိသလိုများ ခံစားရသလား။
ကျနော့ဘဝ ပိုပြီး အဓိပ္ပာယ် ရှိသွားတယ်လို့ ခံယူတယ်၊ ကျနော့် အသက် ၃၁ နှစ် ရှိပြီဗျ၊ ကျန်ခဲ့တဲ့ အသက် ၂၆ နှစ် လောက်ကို ဒီလို တန်ဖိုး ရှိတဲ့ဘဝ ဘာလို့မဖြစ်လာရတာလဲဆို ကျနော်နှမြောမိတယ်။ နိုင်ငံရေးလုပ်တယ် ဆိုတာ အင်မတန်မှကို မွန်မြတ်ပြီး အင်မတန်မှ ကောင်းတဲ့အလုပ်ပါ။ ဒီအလုပ်ကို လူငယ်တွေအားလုံးကို လုပ်စေချင်ပါတယ်၊ ကျနော်ကိုယ်တိုင်လည်း လုပ်အုံးမှာပါ။ အားလုံး လုပ်အောင်လည်း ကျနော်တိုက်တွန်းပါတယ်။
မေး ။ ။ မိဘတွေကကော ပြန်ထွက်လာရင် ဘာတွေလုပ်စေချင်လဲ။
ကျနော့်ရဲ့ မိဘတွေကတော့ ကျနော် ဘာပဲလုပ်လုပ် နောက်ကွယ်ကနေ အမြဲတမ်း ကူညီပေးနေတာပါ၊ သူတို့ကလည်း ခေတ်မီတဲ့ မိဘတွေဖြစ်တဲ့အတွက်ကြောင့် အမြင်ကျယ်ပါတယ်။ နိုင်ငံရေး လုပ်တယ်ဆိုတာကို တားမြစ်မယ့် မိဘ အမျိုးအစားမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အခု ထောင်က လွတ်ကထဲကိုက ကျနော် မိဘတွေနဲ့ စကားကို မပြောရသေးဘူးဗျ၊ ဝိုင်းပြီး နှုတ်ဆက်ကြတဲ့ သူငယ်ချင်းတွေရယ် မေးကြတဲ့ အင်တာဗျူးတွေ ဒါတွေကိုပဲ ကျနော် ထိုင်ဖြေနေတာပါပဲ၊ ဒါကိုလည်း သူတို့ နားလည် ခွင့်လွှတ်ထားပေးပါတယ်။
မေး ။ ။ ကိုဇေယျာသော် ထောင်ထဲမှာကဗျာတွေ စပ်မိသေးလား။
ထောင်ထဲမှာ စာရွက်နဲ့ ဘောပင် ကိုင်ဆောင်ခွင့်မရှိဘူး ခင်ဗျ၊ အဲတော့ ကျနော် စိတ်ကူးထဲမှာပဲရေးထား တာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သေသေချာချာ ချရေးထားတာ မဟုတ်တော့ နောင်ချပြီးရေးပြီးရင် ကျနော် ထုတ်ပြပါ့မယ်။
မေး ။ ။ ကိုဇေယျာသော်တို့ တည်ထောင်ထားခဲ့တဲ့ GW နဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
GW ( မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) ဆိုတဲ့ နာမည်နဲ့ နိုင်ငံရေးရာကိစ္စ လုပ်ခဲ့ကြတယ်ပေါ့ဗျ၊ ဝါသနာပါတဲ့ သူငယ်ချင်းတွေ လုပ်ခဲ့ကြတာပါ၊ ကျနော်တို့ နိုင်ငံဒီပုံစံအတိုင်း သွားနေလို့မဖြစ်တော့ဘူး၊ အပြောင်းအလဲ တခုတော့ ဖြစ်မှ ဖြစ်တော့မယ် ဆိုပြီး နိုင်ငံရဲ့ အပြောင်းအလဲဖြစ်လာအောင် တွန်းအားပေးတဲ့အနေနဲ့ ကျနော်တို့ စပြီးလုပ်ခဲ့ကြတာပါ။
GW အဖွဲ့နဲ့ ကျနော်ကိုယ်တိုင် သုံးနှစ်လောက် အဆက်အသွယ်ပြတ်သွားတယ်ဆိုတော့ သူတို့ ဘာတွေ လက်ရှိဆက်လုပ်နေတယ် ဆိုတာ ကျနော်မသိသေးဘူး၊ ဒါပေမဲ့ သူတို့တွေလည်း နိုင်ငံအတွက် တကယ် အကျိုးရှိမယ့် အလုပ်တွေ လုပ်နေကြတယ်လို့ ကျနော်ထင်ပါတယ်၊ ကျနော် အားလည်း ပေးပါတယ်။
zaryarthaw & voa interview.mp3
Reply all
Reply to author
Forward
0 new messages