အောက်ပိုင်းဒေသများ၌ မိုးဆက်လက်ရွာနိုင်

0 views
Skip to first unread message

hla naing oo

unread,
Jan 16, 2011, 6:10:22 AM1/16/11
to YEDC, SMILE
အောက်ပိုင်းဒေသများ၌ မိုးဆက်လက်ရွာနိုင်

နေပြည်တော်     ဇန်နဝါရီ ၉
ယနေ့နံနက် ၉နာရီခွဲအထိ မိုးလေဝသ တိုင်းထွာချက် အကျဉ်းချုပ်မှာ

လွန်ခဲ့သော ၂၄နာရီအတွင်းက ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးရွာခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။ ညအပူချိန်များမှာ ကချင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှ အပူချိန်အောက် ၄ ဒီဂရီ စင်တီဂရိတ် လျော့နည်းခဲ့ပြီး ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ် အထိ ပိုခဲ့ကာ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။

ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေသည်။

ဇန်နဝါရီ ၁ဝရက် ညနေအထိ ခန့်မှန်းချက်မှာ

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ရွာရန်ရာနှုန်း ၆ဝဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်တွင်

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်သည်။ လေပြင်းတိုက်ခတ်စဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် ၃၅မိုင်အထိ တိုက်ခတ်နိုင်သည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာ

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် နေရာကွက်ကျား မိုးအနည်းငယ် ဆက်လက်ရွာနိုင်သည်။

နေပြည်တော်နှင့် ရန်ကုန်မြို့တို့အနီးတစ်ဝိုက်တွင်

ယနေ့နေရာကွက်ကျား မိုးရွာနိုင်သည်။ ရွာရန်ရာနှုန်း ၆ဝ ဖြစ်သည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင်

ယနေ့ နေရာကွက်ကျား မိုးရွာဖွယ်ရာ ရှိသည်။ ရွာရန်ရာနှုန်း ၄ဝဖြစ်သည်။

အချိန်အခါမဲ့မိုး

နမ့်စန်မြို့                   ၀ ဒဿမ   ၃၉လက်မ
ကိုကိုးကျွန်းမြို့             ၀ဒဿမ   ၃၅လက်မ
တောင်ကြီးမြို့             ၀ဒဿမ    ၃၂လက်မ
ရန်ကုန်(ကမ္ဘာအေး)      ၀ဒဿမ    ၁၆လက်မ



--


Best,
Hla Naing Oo
Project Assistant
SMILE EDUCATION
Ph ; +95-1-73108257
No.(351), 7th Floor, SHINETOWER, Thein Phyu Road,
Mingalar Taung Nyunt Township, Yangon, Myanmar.

Reply all
Reply to author
Forward
0 new messages