အလွန် မာကျောသည့် စိန်များကို ဂျပန်ပညာရှင်များ တီထွင် ထုတ်လုပ်

3 views
Skip to first unread message

hla naing oo

unread,
Jan 16, 2011, 5:49:50 AM1/16/11
to YEDC, SMILE
အလွန် မာကျောသည့် စိန်များကို ဂျပန်ပညာရှင်များ တီထွင် ထုတ်လုပ်

ကမ္ဘာတွင် အမာကျောဆုံး ရတနာဖြစ်သည့် စိန်သတ္တုများထက် ပိုမို မာကျောသော လူလုပ် စိန်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း

ဂျပန်နိုင်ငံ အီဟီမီ တက္ကသိုလ်မှ သုတေသီများက ထုတ်ဖော် ပြောဆိုခဲ့သည်။ ဆိုမီတိုမို လျှပ်စစ်ကုမ္ပဏီနှင့် ဂျပန် အီဟီမီ တက္ကသိုလ် ပညာရှင်များ ပူးပေါင်း တီထွင် ထုတ်လုပ်ခဲ့သည့် လူလုပ် စိန်တုမှာ မူလစိန် အစစ်ထက် ပိုမို မာကျောပြီး ထုလုံးရှည် ပုံသဏ္ဍန် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ သာမန်စိန်မှာ စက်မှု လုပ်ငန်းသုံးရာတွင် အားနည်းချက် ရှိသဖြင့် ယခုကဲ့သို့ တီထွင် ဖန်တီး ထုတ်လုပ်သော စိန်များမှာ စက်မှုလုပ်ငန်းများတွင် ပိုမို အသုံးတည့်ကြောင်း တီထွင်သူများက ပြောဆိုခဲ့သည်။ ထိုဖန်တီး ထုတ်လုပ်မှုကို သိပ္ပံပညာရှင်များသည် ၂၀၀၃ ခုနှစ် ကတည်းက စမ်းသပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခု ထုတ်လုပ်လိုက်သော စိန်များကို ၂၀၁၁ ခုနှစ် အတွင်း ဈေးကွက်အတွင်းသို့ စတင် ရောင်းချမည်ဟု သိရသည်။

--


Best,
Hla Naing Oo
Project Assistant
SMILE EDUCATION
Ph ; +95-1-73108257
No.(351), 7th Floor, SHINETOWER, Thein Phyu Road,
Mingalar Taung Nyunt Township, Yangon, Myanmar.

Reply all
Reply to author
Forward
0 new messages