ခေတ်သစ်လူသားများ၏ ဦးနှောက်များသည် ရှေးလူများထက် ကျုံ့လာသော်လည်း စွမ်းဆောင်ရည်ပိုမြင့်

1 view
Skip to first unread message

hla naing oo

unread,
Jan 17, 2011, 10:08:53 AM1/17/11
to SMILE, YEDC, yed...@googlegroup.com
ခေတ်သစ်လူသားများ၏ ဦးနှောက်များသည် ရှေးလူများထက် ကျုံ့လာသော်လည်း စွမ်းဆောင်ရည်ပိုမြင့်

လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်သောင်းကျော်က လူတစ်ယောက်ဦးနှောက် ရဲ့ပျမ်းမျှ ထုထည်ဟာ ယခုခေတ် ကျွန်ုပ်တို့ရဲ့ဦးနှောက် အရွယ်အစားများထက် ၂၀ ရာခိုင်နှုန်းခန့် ပိုမိုကြီးမားတာကြောင့် လူတွေရဲ့ ဦးနှောက်ဟာ နှစ်တွေကြာလာတာ နဲ့အမျှ ပိုမိုသေးငယ်လာကြတယ် ဆိုတာလည်း မှန်ကန်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်းကျော်က လူယောက်ျားတစ်ယောက်ရဲ့ ဦးနှောက်ထုထည်ဟာ ၁၅၀၀ ကုဗဆင်တီမီတာရှိခဲ့ပြီး ယခု ၁၃၅၀ ကုဗဆင်တီမီတာသာ ရှိတော့တဲ့အတွက် တင်းနစ်ဘောလုံး တစ်လုံးရဲ့အရွယ် ပမာဏမျှ ကျုံ့သွားတယ်လို့ Discovery မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ အမျိုးသမီးများရဲ့ ဦးနှောက် သေးငယ်လာမှုကလည်း ထိုအမျိုးသားများ နည်းတူပဲလို့ သိရပါတယ်။ ဝစ်ကွန်ဆန်တက္ကသိုလ်က ဒေါက်တာ ဂျွန်ဟော့စ်ကတော့ လူ့ဦးနှောက်များ သေးငယ်လာတယ်လို့ ဆိုလိုခြင်းဟာ လူသားတွေရဲ့ ဉာဏ်ရည် နိမ့်ကျလာတယ်လို့ ဆိုလိုခြင်း မဟုတ်ကြောင်းကို ထောက်ပြခဲ့ပါတယ်။ ဦးနှောက်ဟာ သေးငယ်လာပေမယ့် စွမ်းဆောင်ရည် ပိုမြင့်လာတယ်လို့ ဆိုပါတယ်။

ဦးနှောက်သေးငယ် လာခြင်းနဲ့ပတ်သတ်ပြီး သီအိုရီများစွာနဲ့ ပညာရှင်များက ထောက်ပြခဲ့ကြပြီး အဲဒီအထဲက တစ်ချက်မှာတော့ ပိုမိုကြီးတဲ့ ဦးခေါင်းဟာ ပြင်ပရာသီဥတုဒဏ်ကို ခံနိုင်ဖို့အတွက် လိုအပ်တဲ့အတွက် ရှေးလူတွေရဲ့ ဦးနှောက်ဟာ ပိုမိုကြီးမားတယ် လို့ဆိုပါတယ်။ ဒုတိယ သီအိုရီတစ်ခုမှာတော့ တိရစ္ဆာန်တွေရဲ့ ဦးခေါင်းခွံတွေကို လေ့လာကြည့်ရာမှာ စားသောက်တဲ့ အစားအစာအလိုက် ဦးခေါင်းခွံတွေဟာ ပြောင်းလဲလာကြတယ်လို့ ဆိုပါတယ်။ အဲဒီသီအိုရီအရဆိုရင် လူတွေဟာ ရှေးကထက် ပိုမိုဝါးရလွယ်ကူတဲ့ အစားအစာတွေကို စားလာကြရတဲ့အတွက် ကြီးထွားမှုဟာ ရပ်တန့်လွယ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ရှေးလူများရဲ့ ဦးနှောက်ဟာ အခြေခံလူနေမှု အဆောက်အအုံတွေ မရှိသေးတဲ့ သူတို့ခေတ်အခါအလိုက် ခံနိုင်ရည် ရှိစေတာကလွဲပြီး ဦးနှောက်ရဲ့ စွမ်းရည် ဖွံ့ဖြိုးနိုင်မှုမှာလည်း ကြာမြင့်ကြောင်း သိရပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့နေရာအနှံ့မှ ဦးခေါင်းခွံများကို လေ့လာပြီး ကျွန်ုပ်တို့၏ ဦးခေါင်းခွံများကို သေးလာခြင်းကို တွေ့ရှိသောအခါ ယခုခေတ် လူသားများက ပိုမိုဉာဏ်ရည် နိမ့်လာသလား ဆိုသည့်အချက်ကို ပူပင်ရန် မလိုအပ်ကြောင်း သိရပါတယ်။

ZMO



--


Best,
Hla Naing Oo
Project Assistant
SMILE EDUCATION
Ph ; +95-1-73108257
No.(351), 7th Floor, SHINETOWER, Thein Phyu Road,
Mingalar Taung Nyunt Township, Yangon, Myanmar.

Reply all
Reply to author
Forward
0 new messages