စိတ်ဓာတ်ကျတာက အများအားဖြင့် သူ့ဘာသာသူ ပျောက်သွားနိုင်တဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကျ သက်သာအောင် ကူညီပေးမယ့် အိမ်တွင်းကုထုံးတွေကို ဖော်ပြပေးလိုက် ပါတယ်။
ကုသမှု အစီအစဉ်ကို သေချာရေးဆွဲပါ
စိတ်ဓာတ်ကျနေတာက အချိန်အတော်ကြာတဲ့အထိ ခံစားနေရရင် စိတ်ပိုင်းဆိုင်ရာ
ကုထုံးကို မရှောင်လွှဲပါနဲ့။ သင့်အနေနဲ့ ဆေးခန်းကို ပုံမှန်သွားပြနေရတာကို
စိတ်မသက်မသာ ဖြစ်နေရင်တောင် ကိုယ့်ကိုယ်ကိုယ် ဆေးခန်းသွားဖို့နဲ့
ဆရာဝန်ပေးတဲ့ ဆေးဝါးတွေကို မှန်မှန်သောက်ဖို့ သတိပေးနေပါ။ သင့်အနေနဲ့
စိတ်ဓာတ်ကျ ရောဂါ ကုသမှုဆိုင်ရာ နည်းလမ်းတွေကို ရပ်တန့်လိုက်မယ်ဆိုရင်
ရောဂါလက္ခဏာတွေ ပြန်ပေါ်လာပြီး စိတ်ဓာတ်ကျဝေဒနာကို ပြန်လည်ခံစား ရနိုင်ပါတယ်။
စိတ်ဓာတ်ကျခြင်း၏ လက္ခဏာများကို သတိထားပါ
သင်ခံစားနေရတဲ့ စိတ်ဓာတ်ကျ ရောဂါလက္ခဏာတွေဟာ သူများတွေရဲ့ လက္ခဏာတွေနဲ့
တူချင်မှ တူပါလိမ့်မယ်။ အဲဒီ လက္ခဏာတွေကို မှတ်သားထားပြီး ဆရာဝန်နဲ့
တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ပါ
လေ့ကျင့်ခန်း လုပ်တာဟာ စိတ်ဓာတ်ကျရောဂါ လက္ခဏာတွေကို သက်သာလျော့ပါးစေပါတယ်။
လမ်းလျှောက်ပါ၊ ဥယျာဉ်ခြံမြေ စိုက်ပျိုးပါ၊ ရေကူးပါ၊ စိတ်ဓာတ်ကျတာ
သိသိသာသာ သက်သာသွားပါလိမ့်မယ်။
အယ်လ်ကိုဟောနှင့် မူးယစ်ဆေးဝါးများ ရှောင်ပါ
အယ်လ်ကိုဟောနဲ့ မူးယစ်ဆေးဝါးတွေဟာ စိတ်ဓာတ်ကျ ဝေဒနာတွေကို ပိုမိုဆိုးရွား သွားစေတာကြောင့် လုံးဝမမှီဝဲပါနဲ့။
အိပ်ရေးဝဝ အိပ်ပါ
ကောင်းကောင်းအိပ်တာက စိတ်ဓာတ်ကျနေသူတွေအတွက် အကောင်းဆုံး ကုထုံးပါ။
အိပ်မပျော်နိုင် ဖြစ်နေရင် အိပ်စက်အနားယူနိုင်ဖို့ ဆရာဝန်ကို မေးပါ။