ဒုတိယအကြိမ် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ

2 views
Skip to first unread message

hla naing oo

unread,
Mar 29, 2011, 7:40:17 AM3/29/11
to YEDC

ဒုတိယအကြိမ် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ

By ဈေးကွက် ဂျာနယ်

ပြည်ထောင်စု မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန၊ အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီနှင့် ကိုရီးယား သမ္မတနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန၊ ကိုရီးယား သမ္မတနိုင်ငံ၊ ကိုရီးယား လူ့စွမ်းအား ဖွံ့ဖြိုးမှု အဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်သည့်  ဒုတိယအကြိမ် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲကို ဇွန်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲ ဖြေဆိုရန် မျှော်မှန်းအလုပ်အကိုင် ကုန်ထုတ်လုပ်ငန်း အတွက် ရည်ရွယ်ချက်ရှိသော အသက် ၁၈ နှစ်အထက်မှ ၃၉ နှစ်အောက် (၁၃-၆-၁၉၇၁ မှ ၁၂-၆-၁၉၉၃ အတွင်း မွေးဖွားသူ) ရှိသူများသည် လျှောက်လွှာ ထုတ်ပေးရက် ဧပြီလ ၅ ရက်နေ့မှ ၇ ရက်နေ့အတွင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ပင်လုံခန်းမ၊ ၄၃ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင် လမ်းထောင့်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) သို့ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။



--

Best Wishes,
Hla Naing Oo
Project Assistant
SMILE EDUCATION
Ph ; +95-9-73108257
No.(351), 7th Floor, SHINETOWER, Thein Phyu Road,
Mingalar Taung Nyunt Township, Yangon, Myanmar.


Reply all
Reply to author
Forward
0 new messages