အမျိုးသားနှင့် အမျိုးသမီးတို့အတွက် တကယ့်အစားအစာများ

1 view
Skip to first unread message

hla naing oo

unread,
Jan 16, 2011, 6:02:53 AM1/16/11
to YEDC, SMILE
အမျိုးသားနှင့် အမျိုးသမီးတို့အတွက် တကယ့်အစားအစာများ

အမျိုးသားရော အမျိုးသမီးတွေပါ အာဟာရ လိုအပ်ချက်တွေက မတူကြပါဘူး။ ဒါကြောင့် အမျိုးသားတွေမှာ အရေးပါတဲ့ အစားအသောက်တွေနဲ့ အမျိုးသမီးတွေမှာ အရေးပါတဲ့ အစားအသောက် တွေကို ခွဲခြား သိနိုင်အောင် ဖော်ပြ ပေးလိုက်ပါတယ်။

အမျိုးသားများအတွက်

 ခရမ်းချဉ်သီးဆော့စ် - ဆီးကျိတ်ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ကမာကောင် - အမျိုးသားတွေရဲ့ မျိုးဆက်ပွားစနစ်ကို ကူညီထောက်ပံ့ပေးမယ့် သွပ်ဓာတ်ကို ရရှိစေပါတယ်။
ပန်းဂေါ်ဖီစိမ်း - ဆီးအိတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
မြေပဲထောပတ် - နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးပါတယ်။
ဖရဲသီး - ပိုတက်စီယမ် ပမာဏ များစွာ ပါဝင်တာကြောင့် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

အမျိုးသမီးများအတွက်

 သင်္ဘောသီး - ဗီတာမင်စီများစွာ ပါဝင်တာကြောင့် သည်းခြေအိတ် ရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဂျုံစေ့ - ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
တိုဟူး- ပဲပိစပ်ဟာ ပရိုတင်းဓာတ်ကို ရရှိစေတာကြောင့် မကောင်းတဲ့ ကိုလက်စထရော ပမာဏကို လျော့ကျစေပြီး သွေးဆုံးချိန်မှာ ခံစားရတဲ့ ပူနွေးမှုကို သက်သာစေကာ အရိုးတွေကို သန်မာစေပါတယ်။

အဆီနည်းအသား - အသားမှာ သံဓာတ် အများအပြား ပါဝင်ပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်များ - အမျိုးသမီးတွေမှာ အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။            

--


Best,
Hla Naing Oo
Project Assistant
SMILE EDUCATION
Ph ; +95-1-73108257
No.(351), 7th Floor, SHINETOWER, Thein Phyu Road,
Mingalar Taung Nyunt Township, Yangon, Myanmar.

Reply all
Reply to author
Forward
0 new messages