ကြိုတင်ငွေဖြည့်ကတ်သုံး လျှပ်စစ်မီတာများကို ရတနာပုံ ပန်-မြန်မာ ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ၄င်းတို့ကို သုံးစွဲလျက်ရှိပြီး မြန်မာနိုင်ငံတွင် ၄င်းတို့ကို သုံးစွဲရန်အတွက် လျှပ်စစ်ဝန်ကြီးဌာနနှင့် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ ၄င်းကြိုတင်ငွေဖြည့်ကတ်သုံး လျှပ်စစ်မီတာများ စနစ်မှာ ဝါယာကြိုးများ သွယ်တန်းရန် မလိုအပ်ဘဲ ဝါယာလက်စနစ်ဖြင့် ထိန်းချုပ်ထားခြင်းဖြစ်ပြီး လျှပ်စစ်ဓာတ်အား အသုံးပြုခကို ပရီပိတ်ကတ်စနစ်ဖြင့် ဝယ်ယူသုံးစွဲရမည် ဖြစ်ကြောင်း သိရသည်။
"ထည့်ထားတဲ့ပိုက်ဆံကုန်ခါနီးရင် အချက်ပေးမယ်။ ကုန်သွားရင် မီးအော်တိုပိတ်သွားမယ်။ ပိုက်ဆံပြန်ထည့်မှ မီးပြန်လာမယ်။ ဈေးကွက်ကို မဖြန့်ရသေးဘူး။ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်"ဟု ရတနာပုံ ပန်-မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ တရုတ်နိုင်ငံမှ နည်းပညာများဖြင့် ထုတ်လုပ်သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံမှ ပညာရှင်များ ခေါ်ယူ အသုံးပြုမည် ဖြစ်ကြောင်း၊ ၄င်းလျှပ်စစ်မီတာများကို ရတနာပုံတယ်လီပို့ရှိ ရတနာပုံ ပန်-မြန်မာ စက်ရုံတွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်မီတာများကို တရုတ်နိုင်ငံတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း မကြာမီ ကာလတွင် အသုံးပြုလာနိုင်ဖွယ်ရာ ရှိကြောင်း သိရသည်။