Ministry of Education, Culture, Sports, Science and Technology (Japan) (MEXT) ၏ ပညာသင်ဆု (Master Course) အတွက် ဖိတ်ခေါ်ခြင်း။
- - - - - - - - - - - - - - - - - - - - - - -
ဂျပန်နိုင်ငံ Ministry of Education, Culture, Sports, Science and Technology ၏ MEXT Project မှ မဟာဘွဲ့လွန်သင်တန်း (Master Course) အတွက် ပညာသင်ဆု (၂၀) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသို့ ကမ်းလှမ်းလာပါသည်။
အသွားအပြန်လေယာဉ်စရိတ်နှင့် ပညာသင်စရိတ်တို့ကို MEXT မှ တာဝန်ယူမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အနိမ့်ဆုံး BE ဘွဲ့ (any discipline) ရရှိပြီးသူများ အမြန်လျှောက်ထားကြပါရန် ဖိတ်ခေါ်အပ်သည်။
- - - - - - - - - - - - - - -
လျှောက်ထားသူသည် -
၁။ မြန်မာနိုင်ငံသားဖြစ်ရမည်။
၂။ ၂၀၁၅ ခုနှစ် ဧပြီလ (၂၅) ရက်နေ့တွင် အသက် (၃၅) နှစ်ထက် မကြီးသေးသူဖြစ်ရမည်။
၃။ အနိမ့်ဆုံး နည်းပညာတက္ကသိုလ်တစ်ခုခုမှ BE ဘွဲ့ရထားသူဖြစ်ရမည်။
၎။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ အသင်းဝင်သက်တမ်း အနည်းဆုံး (၁) နှစ်ရမည်။
၅။ ရွှေးချယ်ခံရပါက ဆေးစစ်ချက်အောင်ရမည်။
၆။ တင်ပြရမည့် အချက်များ
(က) နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ
(ခ) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဝင်ကဒ်မိတ္တူ
(ဂ) ဆယ်တန်းအောင်လက်မှတ်မိတ္တူ
(ဃ) ဘွဲ့လက်မှတ်မိတ္တူ
(င) အောင်မြင်ခဲ့သောဘွဲ့များအတွက် နောက်ဆုံးနှစ်ရမှတ် (Grading) များ
(စ) BE အတွက် Mini Thesis/Project ခေါင်းစဉ် (တက္ကသိုလ်/ဌာနမှူးထောက်ခံစာ)၊ ME ဘွဲ့ရရှိပြီးက ပြုစုခဲ့သော Project ခေါင်းစဉ်နှင့် Abstract
(ဆ) TOEFL or IELTS ရမှတ်ရှိပါက ပူးတွဲတင်ပြရန်
(ဇ) ကိုယ်ရေးအကျဉ်း (CV in English)
(ဈ) လိုင်စင်ဓာတ်ပုံ (၂) ပုံ ရောင်စုံ
၇။ လျှောက်လွှာများကို စာရွက်စာတမ်းများ စုံလင်စွာဖြင့် ၂၅.၄.၂၀၁၅ နေ့ ညနေ (၄း၀၀) နာရီ နောက်ဆုံးထား၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးသို့ ပေးပို့လျှောက်ထားကြရန် ဖြစ်ပါသည်။
၈။ လျှောက်လွှာတင်သွင်းရန်နှင့် ဆက်သွယ်ရန်လိပ်စာ
ဦးမြင့်စိုး
အလုပ်အမှုဆောင်အရာရှိချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း။
လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၀၁-၅၁၉၆၇၃၊ ၅၁၉၆၇၄၊ ၅၁၉၆၇၅၊ ၅၁၉၆၇၆ (လိုင်းခွဲနံပါတ် ၂၁၂)
လက်ကိုင်ဖုန်းနံပါတ် - ၀၉-၅၁၄၁၃၂၂
အပြည့်အစုံကို ပူးတွဲပါ ဓာတ်ပုံတွင် ကြည့်ရှုရန်
Photo Credit: Aye Thu Zar