မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကြီး၏ နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အင်ဂျင်နီယာနည်းပညာဆိုင်ရာ ထုတ်ကုန်ပြပွဲကြီး "Process and Products Show - 2016" ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၈၊ ၉၊ ၁၀) ရက်များတွင် ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
အဆိုပါ ပြပွဲတွင် ပါဝင်ခင်းကျင်းပြသခြင်းအားဖြင့် မိမိတို့ ထုတ်ကုန်များ၏ ထုတ်လုပ်ပုံအဆင့်ဆင့်ကိုလည်းကောင်း၊ အသုံးပြုနိုင်မှု အဆင့်ဆင့်ကိုလည်းကောင်း၊ ထုတ်ကုန်များ၏ ထူးခြားချက်များ အကြောင်းကိုလည်းကောင်း အင်ဂျင်နီယာရှုထောင့်များမှ ပြည့်ပြည့်စုံစုံ တင်ပြနိုင်မည့် ထူးခြားသည့် အခွင့်အရေးဖြစ်သည့်အပြင် ဈေးကွက်မြှင့်တင်ရေးကိုလည်း တစ်ပြိုက်နက်တည်း ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် လူကြီးမင်းတို့ ကုမ္ပဏီအနေဖြင့် ပါဝင်ပြသနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
မျိုးဆက်သစ်အင်ဂျင်နီယာများ၊ ကျောင်းသူ၊ ကျောင်းသားများအတွက် စိတ်ဝင်စားဖွယ် အင်ဂျင်နီယာ ဉာဏ်စမ်းပြိုင်ပွဲ (Tech Quiz) အစီအစဉ်များလည်း ပါဝင်သောကြောင့် စိတ်ပါဝင်စားသူများ ဆက်သွယ်နိုင်ပါသည်။
ဆက်သွယ်ရန် -
မျိုးဆက်သစ်အင်ဂျင်နီယာကော်မတီ
09420131961, 09421110920,
09976672749, 09799708465
Source From - YE-MES facebook page
https://web.facebook.com/mesyoungengineers/