Young Women Scientist Camp, Seoul - KOREA (31st August to 2nd September 2017) အတွက် ပါဝင်နိုင်ရန် ဖိတ်ခေါ်ခြင်း

1 view
Skip to first unread message

Sandaz

unread,
Apr 2, 2017, 9:36:16 AM4/2/17
to YE-MES
Young Women Scientist Camp, Seoul - KOREA (31st August to 2nd September 2017) အတွက် ပါဝင်နိုင်ရန် ဖိတ်ခေါ်ခြင်း

၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်မှ စက်တင်ဘာလ (၂)ရက်နေ့အထိ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ကျင်းပမည့် Young Women Scientist Camp သို့ မြန်မာနိုင်ငံမှ မျိုးဆက်သစ်လူငယ် အမျိုးသမီးအင်ဂျင်နီယာ (၂)ဦး ပါဝင်တက်ရောက်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း Women Engineers Chapter သို့ မလေးရှားအင်ဂျင်နီယာအသင်း (IEM) Women Engineers Malaysia မှ ဖိတ်ကြားပါလာပါသည်။

ဤခရီးစဉ်အတွက် လေယာဉ်စားရိတ် သွားလာရေး နေထိုင်ရေးတို့အတွက် ကုန်ကျစရိတ်ကို အိမ်ရှင်နိုင်ငံကိုရီယားမှ ကျခံမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဤခရီးစဉ်တွင်လိုက်ပါလိုသော မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ မျိုးဆက်သစ်လူငယ်အင်ဂျင်နီယာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးခွဲများမှ လူငယ်အမျိုးသမီးအင်ဂျင်နီယာများ၊ နည်းပညာတက္ကသိုလ် (TU - မှော်ဘီ၊ TU - သန်လျင်၊ YTU နှင့် WYTU)များမှ လူငယ်အမျိုးသမီးအင်ဂျင်နီယာ (၂)ဦးစီအား အဆိုပြုလွှာတင်သွင်းကြရန်နှင့် ၆ - ၄- ၂ဝ၁၇ ရက်၊ ကြာသပတေးနေ့အရောက်ပေးပို့ကြရန် ဖိတ်ခေါ်အပ်ပါသည်။ အဆိုပြုလွှာတင်သွင်းကြသူများအတွက် သတ်မှတ်ချက်များကို ပူးတွဲပေးပို့အပ်ပါသည်။

Cover Letter.jpg
Requirements.jpg
CV Sample.jpg
Reply all
Reply to author
Forward
0 new messages