YE-MES မှ စီစဉ်သော "Youth Development Forum 2015" ကျင်းပမည်

8 views
Skip to first unread message

Young Engineer Commitee MES

unread,
Jul 27, 2015, 12:07:18 PM7/27/15
to YE-MES

YE-MES မှ စီစဉ်သော "Youth Development Forum 2015" ကျင်းပမည်

- - - - - - - - - - - - - - - - - - - - - - - - - - - - - - -


မျိုးဆက်သစ်အင်ဂျင်နီယာများအချင်းချင်း အတွေ့အကြုံ ဗဟုသုတများ မျှဝေရန် ရည်ရွယ်၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မျိုးဆက်သစ်အင်ဂျင်နီယာကော်မတီမှ "Youth Development Forum" ကို နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိပြီး မျိုးဆက်သစ်အင်ဂျင်နီယာများစွာ စိတ်ဝင်တစားတက်ရောက်ကြသော အစီအစဉ်တစ်ခုဖြစ်ပါသည်။ 


ယခုနှစ် အစီအစဉ်တွင် Science, Technology and Innovation နှင့်ပတ်သက်ပြီး ဆွေးနွေးကြမည်ဖြစ်ပါသည်။


ရှေးဦးစွာ Senior အင်ဂျင်နီယာကြီးများမှ ဟောပြောပေးမည်ဖြစ်ပြီး ဒုတိယပိုင်းတွင် တက်ရောက်လာသူများအချင်းချင်း panel များဖွဲ့ကာ ခေါင်းစဉ်အသီးသီးဖြင့် ပြောဆိုဆွေးနွေးကြပြီး နောက်ဆုံးတွင် ဆွေးနွေးထားသည်များ အားလုံးချုပ်၍ အဖြေရှာ ကြသည့် ပုံစံဖြစ်ပါသည်။ 


အဆိုပါ Forum တွင် နည်းပညာတက္ကသိုလ်အသီးသီးမှ ကျောင်းသားလူငယ်များ၊ လုပ်ငန်းခွင်ဝင်အင်ဂျင်နီယာများစသည်ဖြင့် တက်ရောက်ဆွေးနွေးကြမည်ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆိုလည်း ပါဝင်တက်ရောက်နိုင်ပါသည်။



ကျင်းပမည့် အခမ်းအနားအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။


9:00 am Opening Ceremony
9:00 am - 10:30 am Seminars by Experienced Engineers
10:30 am - 10: 45 am Coffee Break 
10:45 am - 12:00 noon Seminars by various presenters
12:00 noon - 1:00 pm Lunch Break (Lunch boxes will be provided by YE-MES)
1:00 pm - 3:00 pm Panel discussions by participants ( 4 separate Panel discussions)
3:00 pm - 4:00 pm Presentations from Panel Discussions
4:00 pm Closing Ceremony


နေ့ရက် - ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၂) ရက် (တနင်္ဂနွေနေ့)


အချိန် - နံနက် (၉း၀၀) မှ ညနေ (၄း၀၀) ထိ


နေရာ - Function Hall, မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ တက္ကသိုလ်များ (လှိုင်နယ်မြေ)၊ MICT Park အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။



အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် - 


မျိုးဆက်သစ်အင်ဂျင်နီယာကော်မတီ
၀၁-၅၁၉၆၇၃-၆ (လိုင်းခွဲ - ၁၀၄)



Reply all
Reply to author
Forward
0 new messages