ASEAN Engineer Register (AER) နှင့် Associate ASEAN Engineer (AAE) တို့အတွက် လျှောက်လွှာများခေါ်နေပါပြီ

46 views
Skip to first unread message

Young Engineer Commitee MES

unread,
Feb 28, 2015, 9:27:45 AM2/28/15
to ye-...@googlegroups.com
ASEAN Federation of Engineering Organizations (AFEO) - အာဆီယံအင်ဂျင်နီယာအသင်းများအဖွဲ့ချုပ်မှ စိစစ်ပေးအပ်သော ASEAN Engineer Register (AER) နှင့် Associate ASEAN Engineer (AAE) တို့အတွက် လျှောက်လွှာများခေါ်နေပါပြီ. . . မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးတွင် ၂၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး ၂၀၁၅ ခုနှစ် မတ်လ (၂၆) ရက်နေ့ နောက်ဆုံးထား၍ လက်ခံသွားမည် ဖြစ်ပါသည် . . . . . အသေးစိတ်အချက်အလက်များသိရှိလိုပါက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း 01-519673,74, 75, 76 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 



အာဆီယံအင်ဂျင်နီယာအသိမှတ်ပြု မှတ်ပုံတင်လက်မှတ် ASEAN Engineers Register (AER) နှင့် Associate ASEAN Engineer (AAE) အသိအမှတ်ပြု လက်မှတ်များ 
- - - - - - - - - - - - - - - - - - - - - - - - - - - - - -

အာဆီယံအင်ဂျင်နီယာအသင်းများအဖွဲ့ချုပ်၏ ကွပ်ကဲမှုဖြင့် အာဆီယံအင်ဂျင်နီယာအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် ASEAN Engineer စိစစ်ရေးကော်မတီသည် ASEAN Engineer အသင်းများမှ “ASEAN Engineers Register (AER)” လက်မှတ် လျှောက်ထားသူများနှင့် “Associate ASEAN Engineer (AAE)” လျှောက်ထားသူများအား အကဲဖြတ် စိစစ်မှုများပြုလုပ်၍ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများအား “AER” နှင့် “AAE” အာဆီယံအင်ဂျင်နီယာအသိအမှတ်ပြု တံဆိပ်နှင့် လက်မှတ်ချီးမြှင့်လျှက်ရှိပါသည်။

ASEAN Engineers Register (AER)

“AER” လက်မှတ်လျှောက်ထားလိုသူများသည် အနိမ့်ဆုံးအရည်အချင်းအဖြစ် မိခင်နိုင်ငံရှိ အသိအမှတ်ပြုတက္ကသိုလ် သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ အင်ဂျင်နီယာဘွဲ့ရရှိမည်ဖြစ်ပြီး၊ မိခင်နိုင်ငံရှိ နိုင်ငံကိုယ်စားပြုအင်ဂျင်နီယာအသင်း (ဥပမာ မြန်မာနိုင်ငံအတွက်ဆိုလျှင် Myanmar Engineering Society-MES) ၏ အသင်းသားသက်တမ်း (၄) နှစ်ရှိရမည့် အပြင် မိမိရရှိပြီးသော အင်ဂျင်နီယာပညာရပ်ဖြင့် လုပ်သက်အနည်းဆုံး (၁၀) နှစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ရပါမည်။

Associate ASEAN Engineer (AAE)

“AAE” လက်မှတ်လျှောက်ထားသူများ၏ အနိမ့်ဆုံးအရည်အချင်းအဖြစ် မိမိနိုင်ငံရှိ အသိအမှတ်ပြုတက္ကသိုလ် သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ အင်ဂျင်နီယာဘွဲ့ရရှိမည်ဖြစ်ပြီး၊ မိမိနိုင်ငံကိုယ်စားပြု အင်ဂျင်နီယာအသင်း၏ အသင်းသား “Junior Member (JM)” ရရှိပြီး၊ အသင်းသားသက်တမ်းအနည်းဆုံး (၁) နှစ် ရှိသူဖြစ်ရမည့်အပြင် မိမိရရှိထားသော အင်ဂျင်နီယာဘာသာရပ်ဖြင့် အနည်းဆုံး (၁) နှစ် အသက်မွေးဝမ်းကျောင်းသူဖြစ်ရမည်။ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းက သတ်မှတ်ထားသော အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုအောင်မြင်ရမည်ဖြစ်ပါသည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်မှ (၁၃) ရက်နေ့အထိ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ကျင်းပသော (၃၂) ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအသင်းများ အဖွဲ့ချုပ်ညီလာခံ (CAFEO-32) တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ AER အတွက် (၉၈) ဦးနှင့် AAE အတွက် (၆၈) ဦး တို့အား လက်မှတ်များ အပ်နှင်းချီးမြှင့်ခဲ့ပါသည်။ 
၂၀၁၄ ခုနှစ်အထိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ အာဆီယံအင်ဂျင်နီယာအသင်းများအဖွဲ့ချုပ် (AFEO) မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များနှင့် အာဆီယံအင်ဂျင်နီယာအသိအမှတ်ပြုမှတ်ပုံတင်လက်မှတ် AER နှင့် AAE ရရှိပြီး ဦးရေ ကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

၁။ AFEO Distinguished Honorary Patron (၁) ဦး
၂။ AFEO Distinguished Honorary Fellow (၂) ဦး
၃။ AFEO Honorary Fellow (၅၁) ဦး
၎။ AFEO Honorary Membership (၅၆) ဦး
၅။ ASEAN Engineer (AER) (၂၉၄) ဦး
၆။ Associate ASEAN Engineer (AAE) (၂၄၄) ဦး

AER, AAE နှင့် ပတ်သက်သော Document များ ရယူရန်
http://www.afeo.org/documents-aer.html

Photo Credit: Sanda Pyae Sone
ကိုးကားချက်-မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏၂၀၁၅ ခုနှစ်၊ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံသို့ တင်သွင်းသော ၂၀၁၄ ခုနှစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာ


Moe War

unread,
Mar 14, 2015, 12:48:15 PM3/14/15
to ye-...@googlegroups.com
Thank you.

Regards,
Moe War

--
You received this message because you are subscribed to the Google Groups "YE-MES" group.
To unsubscribe from this group and stop receiving emails from it, send an email to ye-mes+un...@googlegroups.com.
To post to this group, send email to ye-...@googlegroups.com.
Visit this group at http://groups.google.com/group/ye-mes.
For more options, visit https://groups.google.com/d/optout.

thiha aung

unread,
Mar 14, 2015, 12:48:31 PM3/14/15
to ye-...@googlegroups.com

AER / AAER တို့ရဲ့ အကျိုး ​ကျေးဇူး​တွေနဲ့ ​ဖြေမယ်​ဆို ဘာ​တွေဘယ်​လိုပြင်​ဆင်​ရမလဲဆိုတာ သိချင်​ပါတယ်​ခင်​မျာ။ ​ကျေးဇူးတင်​ပါတယ်​။

Aung Myo Min

unread,
Mar 14, 2015, 1:09:40 PM3/14/15
to ye-...@googlegroups.com
ASEAN Engineers Register (AER) 

“AER” လက်မှတ်လျှောက်ထားလိုသူများသည် အနိမ့်ဆုံးအရည်အချင်းအဖြစ် မိခင်နိုင်ငံရှိ အသိအမှတ်ပြုတက္ကသိုလ် သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ အင်ဂျင်နီယာဘွဲ့ရရှိမည်ဖြစ်ပြီး၊ မိခင်နိုင်ငံရှိ နိုင်ငံကိုယ်စားပြုအင်ဂျင်နီယာအသင်း (ဥပမာ မြန်မာနိုင်ငံအတွက်ဆိုလျှင် Myanmar Engineering Society-MES) ၏ အသင်းသားသက်တမ်း (၄) နှစ်ရှိရမည့် အပြင် မိမိရရှိပြီးသော အင်ဂျင်နီယာပညာရပ်ဖြင့် လုပ်သက်အနည်းဆုံး (၁၀) နှစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ရပါမည်။

Associate ASEAN Engineer (AAE) 

“AAE” လက်မှတ်လျှောက်ထားသူများ၏ အနိမ့်ဆုံးအရည်အချင်းအဖြစ် မိမိနိုင်ငံရှိ အသိအမှတ်ပြုတက္ကသိုလ် သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ အင်ဂျင်နီယာဘွဲ့ရရှိမည်ဖြစ်ပြီး၊ မိမိနိုင်ငံကိုယ်စားပြု အင်ဂျင်နီယာအသင်း၏ အသင်းသား “Junior Member (JM)” ရရှိပြီး၊ အသင်းသားသက်တမ်းအနည်းဆုံး (၁) နှစ် ရှိသူဖြစ်ရမည့်အပြင် မိမိရရှိထားသော အင်ဂျင်နီယာဘာသာရပ်ဖြင့် အနည်းဆုံး (၁) နှစ် အသက်မွေးဝမ်းကျောင်းသူဖြစ်ရမည်။ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းက သတ်မှတ်ထားသော အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုအောင်မြင်ရမည်ဖြစ်ပါသည်။ 


မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ - AER, AAE ဖြေဆိုရန် လျှောက်လွှာတင်ထားသူများကို သတ်မှတ်ချက်များပြည့်စုံလျှင် စာမေးပွဲ၊ Interview ဖြေရမည့်ရက်ကို လျှောက်လွှာတွင် ဖြည့်ခဲ့သော ဖုန်းနံပါတ်မှတဆင့်အကြောင်းကြားပါသည်။ 
ယခင်နှစ်များပုံစံအရဆိုလျှင် AER များအတွက် ရေးဖြေစာမေးပွဲမဖြေရပါ။ Interview သာ ဖြေရပါသည်။ 
AAE ဖြေဆိုမည့်သူများအတွက် ပထမအဆင့် ရေးဖြေဖြေရပါသည်။ Fundamental of Engineering နှင့် Safety နှစ်ပိုင်းဖြေရပါသည်။ စာမေးပွဲမှာ နှစ်နာရီခန့်ဖြေဆိုရပါသည်။ ပထမအဆင့် ရေးဖြေပြီးလျှင် လူတွေ့ Interview ဖြေရပါသည်။ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော မေးပါသည်။
AER, AAE ဆိုတာဘာလဲ၊ AFEO ဆိုတာ ဘာလဲ၊ ဘာတွေလုပ်သလဲ၊ နောက်ပြီး ဘာအလုပ်လုပ်နေသလဲ စတာတွေနဲ့ အင်ဂျင်နီယာအသင်းက ဘာတွေလုပ်နေတာလဲ၊ အင်ဂျင်နီယာအသင်းဝင်ထားပြီး ဘာတွေလုပ်ဖူးလဲ စတာတွေ မေးတတ်ပါတယ် . . . တစ်နှစ်နဲ့ တစ်နှစ်တော့ interview မေးတာတွေက တူချင်မှ တူမှာပါ၊ ရေးဖြေက Fundamental နဲ့ Safety နှစ်ပိုင်းမေးတာပါပဲ . . . ပထမပိုင်း Fundamental က Multiple Choice ရွေးရပါတယ် . . . ငါးခုပေးထားပြီး တစ်ခုရွေးရပါတယ် . . . အဲ့လိုဟာတွေ civil, mechanical, electrical, electronics မေးခွန်းစုံ ၂၅ ခုလောက်ဖြေရပါတယ် . . . Safety ကတော့ လုပ်ငန်းခွင်အန္တာရယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီး မေးပါတယ် . . . Personal Protective Equipment (PPE) ဆိုတာဘာတွေလဲ၊ Safety procedure တွေက ဘာတွေလဲ စသည်ဖြင့် ဖြေရပါတယ် . . . FE နဲ့ပတ်သက်တာတွေ၊safety နဲ့ ပတ်သက်တဲ့စာအုပ်တွေ အစုံအလင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြေညီထပ်က Reference Book Library မှာ ဝယ်လို့ရပါတယ် . . . 

Nyein Chan

unread,
Mar 20, 2015, 11:50:44 AM3/20/15
to ye-...@googlegroups.com

Diploma in engineering ​တွေက AAE ​ဖြေလို့ရလားမသိဘူးခင်​ဗျာ။

Nyein Chan

Reply all
Reply to author
Forward
0 new messages