Fwd: Lungseng hte seng nna, EITI Scope kaw lawm na matu dai ni na zuphpawg hta tang shawn na re. ကျောက်စိမ်းအကျိုးအမြတ် ဘယ်သူတွေ ရနေလဲ ( MSG တွင်ဆွေးနွေးရန်)

4 views
Skip to first unread message

Shadip Jahpang

unread,
Dec 8, 2014, 7:08:46 AM12/8/14
to world Kachin org
---------- Forwarded message ----------
From: "Khon Ja" <khonj...@gmail.com>
Date: Dec 7, 2014 7:30 PM
Subject: Lungseng hte seng nna, EITI Scope kaw lawm na matu dai ni na zuphpawg hta tang shawn na re. ကျောက်စိမ်းအကျိုးအမြတ် ဘယ်သူတွေ ရနေလဲ ( MSG တွင်ဆွေးနွေးရန်)
To: "khonja2014" <khonj...@gmail.com>
Cc:

Hkungga ai Myit Rum ni,

Dai ni gaw, Myanmar Extractive Industry Transparency Initiative (EITI)
a scope kaw Jade and jam stones ni hpe bang la na matu mung shawa
uhpung uhpawng ni a gawng malai ni tang shawn na hkyen nga ma ai.

EITI gaw, International Institution rai nna, Myanmar Mungdan mung
member tai na matu application sa da ai. Myanmar EITI hpe "Multi
Stakeholders Group - MSG" kaw nna govern galaw ya ra ai. Dai MSG hta
(Government- Investors- CSOs) ni a gawng malai ni equal number hte
shang lawm ra ai.

Lai wa sai MSG zuphpawng hta EITI Report kaw shalawm na sector ni hta
Oil/Gas, Hydro, Fishery, Mining nga da ai. Lungseng hte kaga sut kaja
nlung ni hpe gaw garan nna, priority kaw n bang da ma ai.

Raitim, dai ni na zuphpawng hta Lungseng hte nhprang sut rai i hpe
Priority II de shatsaw la na matu Civil Society Organizations ni a
gawng malai ni tang shawn na re. Lawu na message hpe mung chyeju hte
hti ya yu marit.

Raitim, dai CSOs gawng malai ni hta, anhte wunpawng na n lawm nga ai.

Grai chyeju kaba sai.


KJ

ဆရာ ဆရာမတို့ ခင်ဗျား
Global Witness က ကျောက်စိမ်းကရတဲ့ အကျိုးအမြတ်တွေ ဘယ်သူတွေ ရနေကြလဲဆိုတာကို
ပဏာမ လေ့လာစမ်းစစ်ချက် အကျဉ်းချုပ်ပါ။
ကျနော်တို့ MSGက MATA  အဖွဲ့ဝင်တွေ လာမယ့် အသည်းအဝေးမှာ ကျောက်စိမ်းကို
scoping study ထဲပါအောင် ထည့်ဘို့ အဆိုပြုဘို့ စဉ်းစားနီိုင်အောင်
ပေးပို့ပါတယ်။
ဒီဟာကို အပြင်ကို မဖြန့်စေချင်သေးပါ။ MSG မှာဆွေးနွေးသင့်ကြောင်း
စဉ်းစားလို့ရအောင် ပေးပို့တာဖြစ်ပါတယ်။
အသေးစိတ် အချက်အလက်တွေ ပြည့်စုံဘို့ အနည်းသာသာလိုပါတော့တယ်။ အဲဒီအခါမှသာ
တရားဝင် ထုတ်ပြန်ပါလိမ့်မယ်။

best

Kyaw Thu


သယံဇာတ ထုတ်ယူသည့် လုပ်ငန်းများ ပြုပြင်ပြောင်းလဲမှုတွင်
မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြောဆိုသည့် အတိုင်း ဆောင်ရွက်မည်လော။
ကျောက်စိမ်းကုန်သွယ်မှုသည် အဓိကကျသော စမ်းသပ်မှုတစ်ခု ဖြစ်ပါလိမ့်မည်။

မိုက်ဒေးဗစ် (Mike Davis)၊ Global Witness ၏  အကြီးတန်း အကြံပေး

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်းတွင် တူးဖော်သော
ကျောက်စိမ်းများ၏ ပြည်ပတင်ပို့ မှုသည်  တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆-၉ ဘီလျံ
တန်ဖိုးရှိလိမ့်မည်ဟု ခန့်မှန်းထားပါသည်။  သို့သော်လည်း နိုင်ငံတော်အစိုးရ၏
အခွန်သည် ယနေ့ ထုတ်ဝေသော နယူးယောက် တိုင်းမ် ဆောင်းပါးတစ်စောင်တွင်
ဖော်ပြသည့်အတိုင်း  မပြောပလောက်သည့် ပမာဏသာဖြစ်ပြီး ကချင်လူထုအတွက်
အကျိုးအမြတ် မရရှိသလောက်ပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ထိုငွေကြေးများသည်
မည်သည့်နေရာသို့ ရောက်သွားသနည်း။ ငွေကြေးရောက်ရှိသင့်သည့်နေရာသို့
ရောက်ရှိစေရန် မည်သည့်အရာများ လုပ်ဆောင်နိုင်ပါသလဲ။

ဤမေးခွန်းများကို ဖြေကြားရန်သည် အဂတိလိုက်စားမှု ကိုင်တွယ်ရန် အစိုးရ၏
ကြိုးပမ်းအားထုတ်မှုများ နှင့် မြန်မာနိုင်ငံ၏ အဆိုးရွားဆုံးသော
လက်နက်ကိုင်ပဋ္ဋိပက္ခ မြင်ကွင်းတစ်ခုဖြစ်သော ကချင်ပြည်နယ်တွင်
ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး အလားအလာများအတွက် အလွန်ပင်
အရေးကြီးပါသည်။

ပထမဦးဆုံးမှာ အဂတိလိုက်စားမှု အတိုင်းအတာပုံစံပင်ဖြစ်ပါသည်။  ၂၀၁၁ ခုနှစ်တွင်
ဦးသိန်းစိန်အစိုးရမှ စတင် အာဏာရရှိချိန်ကတည်းကပင် ရေနံ၊ သဘာဝဓာတ်ငွေ့ နှင့်
တွင်းထွက် လုပ်ငန်းများတွင် အဂတိလိုက်စားမှု ကင်းရှင်းစေရမည်ဟု
ချီးကျူးထိုက်သော ကတိက၀တ်များ ပြုလုပ်ခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင်
မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၄၈ နိုင်ငံပါဝင်သည့် အပြည်ပြည်ဆိုင်ရာ
အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်တစ်ခုဖြစ်သော သဘာဝ သယံဇာတ အရင်းအမြစ်များ
ထုတ်ယူရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အစီအစဉ် (Extractive
Industries Transparency Initiative) တွင် အဖွဲ့ ဝင်လောင်းနိုင်ငံတစ်ခု
ဖြစ်လာခဲ့ပါသည်။ ယင်းသည် ပါဝင်လုပ်ဆောင်ကြသည့် အစိုးရ၀န်ကြီးများ၊
မြန်မာအရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်များ နှင့် ကုမ္ပဏီများအတွက်
အလွန်အရေးကြီးလှသော ကြီးမားသည့်ခြေလှမ်းတစ်ရပ်ဖြစ်ပြီး
ချီးကျူးဂုဏ်ပြုထိုက်ပါသည်။

သို့ သော်လည်း အဖွဲ့ဝင်လောင်းဟူသည်မှာ အစမျှသာ ဖြစ်ပါသည်။ အကယ်၍
ပြည့်စုံလုံလောက်သည့် ပုံစံတစ်ခုအဖြစ် လျင်လျင်မြန်မြန်ဖြင့် အထူးဂရုစိုက်ပြီး
အကောင်အထည်ဖော် လုပ်ဆောင်မည်ဆိုပါက EITI အနေဖြင့် မြန်မာပြည်သူလူထုအား အကူအညီ
ပေးရာရောက်နိုင်ပါလိမ့်မည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ပိုမိုကြီးမားသော
ပွင့်လင်းမြင်သာမှုလုပ်ဆောင်ရန် ယင်း၏ ကတိက၀တ်များအပေါ် အကောင်အထည်ဖော်
ဆောင်ရွက်ကြောင်း နှင့် အကြီးမားဆုံး အပြောင်းအလဲများ လုပ်ပေးနိုင်မည့်
လုပ်ငန်းများကို ချိန်ရွယ် ဦးတည်ကြောင်း ပြသရန် အရေးတကြီး လိုအပ်နေပါသည်။

ဤနေရာတွင် ကျောက်စိမ်းအကြောင်း ပါဝင်လာပါသည်။ မြန်မာနိုင်ငံတွင် EITI အကြောင်း
ယခုအချိန်ထိ ဆွေးနွေးမှုအများစုမှာ ရေနံ နှင့် သဘာဝဓာတ်ငွေ့အပေါ်တွင်သာ အဓိက
ဖြစ်နေသော်လည်း   ကျောက်စိမ်းသည် သယံဇာတထုတ်ယူသည့် လုပ်ငန်းများတွင်
တန်ဖိုးအကြီးဆုံး ဖြစ်ပါသည်။ တာဝန်ခံမှု ရှိသော၊ အဂတိလိုက်စားမှုမရှိသော
ကျောက်စိမ်း စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ခြင်းသည် ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်အတွက် ဖြစ်နိုင်ချေရှိသော အကြီးမားဆုံး အောင်မြင်မှုတစ်ခု
ဖြစ်နိုင်ပါသည်။ ယင်းသည် တစ်နိုင်ငံလုံးနှင့် ကချင်ပြည်နယ်အတွင်းရှိ ဖွံ
့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာများ ထူးထူးခြားခြား
တိုးတက်မြင့်မားလာပါလိမ့်မည်။

ကျောက်စိမ်းသည် စစ်မှန်သော အပြောင်းအလဲလုပ်ဆောင်ရန် နိုင်ငံတော်အစိုးရ၏
ကတိက၀တ်အပေါ် အရေးပါဆုံးသော စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါသည်။
ကချင်ပြည်နယ်အတွင်းရှိ ကျွန်ုပ်တို့ ၏ လတ်တလော သုတေသနပြုမှုများမှ လျို
့ဝှက်ဖုံးကွယ်ထားမှု၊ အဂတိလိုက်စားမှု နှင့် စစ်တပ်၏ ထိန်းချုပ်မှုတို့ကို
နက်နက်နဲနဲ အမြစ်တွယ်နေသော ပုံစံမျိုးဖြင့် တွေ့ရပါသည်။

မည်သည့်ကုမ္ပဏီများက တူးဖော်ရေး လိုင်စင်များ ရထားသည်၊ ယင်းကုမ္ပဏီများ၏
အစစ်အမှန် ပိုင် ဆိုင်သူများသည် မည်သူမည်ဝါများဖြစ်သည်၊ ယင်းစာချုပ်များ၏
စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များတွင် မည်သည့်တို့ ပါဝင်သည်၊
ယင်းကုမ္ပဏီများအနေဖြင့် နိုင်ငံတော်အစိုးရထံ မည်သည်တို့ ပေးရသည်၊
ယင်းကုမ္ပဏီများသည် မည်သည်တို့ ထုတ်လုပ်နေကြသည် ဆိုသည့် အချက်အလက်များမှာ
အများပြည်သူတို့အတွက် လုံးဝနီးပါး မသိရှိနိုင်ကြပါ။ ဤအချက်အလက်များ အားလုံးကို
အများပြည်သူသိရှိရန်အတွက် ထုတ်ပြန်ကြေညာရန် အချက်သည် မြန်မာနိုင်ငံအနေဖြင့်
လက်မှတ်ရေးထိုးထားသော  EITI အစီအစဉ်က သတ်မှတ်ထားသော သို့မဟုတ် အကြံပြုထားသော
အချက်တစ်ခု ဖြစ်ပါသည်။  အချို့ သော အစီရင်ခံစာများတွင် ဆန့် ကျင်ကွဲလွဲမှုများ
ရှိနေသော်လည်း ကုမ္ပဏီများအားလုံး၏ အစစ်အမှန်
ပိုင်ဆိုင်ထားသူများနှင့်ပတ်သက်ပြီး ဖြစ်နိုင်ချေရှိသည့် အသေးစိတ်
ခြွင်းချက်မှအပ နိုင်ငံတော်အစိုးရတွင် ယင်းသတင်းအချက်အလက်များ ရှိပါသည်။
လိုင်စင်ချထား ပေးမှုများ၊ တူးဖော်သည့် နေရာများ၊ ရရှိခဲ့သောအခွန်များ နှင့်
ကျောက်စိမ်း ရောင်းချမှုများနှင့် ပတ်သက်ပြီး အစိုးရတွင် စံသတ်မှတ်ထားသော
မှတ်တမ်းများရှိပါသည်။ ကျောက်စိမ်းရောင်းချမှု အများအပြားသည် အစိုးရ၏
ကျောက်စိမ်းပြပွဲများတွင် တူးဖော်သည့် ကုမ္ပဏီများက
ရောင်းချမှုတစ်ချိန်တိုင်းတွင် ဒေါ်လာ သန်း ဆယ်ချီ  ရလေ့ရှိသည်။

ကျောက်စိမ်း စီးပွားရေးလုပ်ဆောင်နေကြသော အတွင်းလူများပြောဆိုချက်အရ
စစ်ဘက်ဆိုင်ရာ နှင့် အရပ်ဘက်ဆိုင်ရာအရာရှိကြီးများအတွင်း စနစ်တကျ
အဂတိလိုက်စားမှုသည် ကျယ်ပြန့်သည့် မှောင်ခို ကွန်ယက်များအတွက်
လုပ်ငန်းချောမွေ့စေပြီး ယင်းကွန်ယက်များသည် ကျောက်စိမ်းအများစုကို
တရုတ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံတွင်းသို့ ရောက်ရှိအောင် လုပ်ဆောင်ပေးသည်။

နိုင်ငံတော်အစိုးရ နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) တို့ကြား ၁၇
နှစ်ကြာ အပစ်အခတ် ရပ်စဲမှုသည် ၂၀၁၁ ခုနှစ် ဇွန်လတွင်
စတင်ကျိုးပျက်ခဲ့ပြီးနောက်တွင် ဖားကန့်  ကျောက်စိမ်း တူးဖော် ဒေသသည်
မြန်မာစစ်တပ် နှင့် ကေအိုင်အိုတိုအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားသောဒေသ
ဖြစ်နေပါသည်။  အဓိက ကျောက်စိမ်းတွင်း အားလုံးသည် မြန်မာ
စစ်တမ်မှထိန်းချုပ်ထားခြင်း ဖြစ်ပြီး တူးဖော်တွေ့ရှိထားသော
အဖိုးတန်ကျောက်စိမ်းတစ်ခုစီတိုင်းတွင် ဒေသခံတပ်မှူး များမှ
ဝေစုတောင်းလေ့ရှိသည်။

စစ်ရေးပြဿနာသည် ကျောက်စိမ်းလုပ်ငန်းမှ မည်သူများ အကျိုးအမြတ်ရနေသည် ဟူသော
မေးခွန်းအား မြန်မာအစိုးရအနေဖြင့် အရေးတကြီး ကိုင်တွယ်ရန် ဘာကြောင့်
လိုအပ်သည်ဟူသည့် ဒုတိယ အကြောင်းရင်းဆီသို့ ကျွန်ုပ်တို့အား ခေါ်ဆောင်သွားပါသည်။
ကျောက်စိမ်းသည် မြန်မာစစ်တပ် နှင့် ကေအိုင်အိုအကြား ပဋိပက္ခ၏
အကြောင်းရင်းခံတစ်ရပ် မဖြစ်နိုင်သော်လည်း ကျောက်စိမ်းသည် သိသိသာသာ
ပံ့ပိုးပေးသော အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။  ကချင်လူထု အများအပြား -
ဖြစ်နိုင်သည်မှာ အများစု - တို့အနေဖြင့် ၎င်းတို့ ၏ အဖိုးတန် သဘာဝ
အမွေအနှစ်များအား စစ်ဘက်ဆိုင်ရာ မိသားစု များ၊ ခရိုနီလုပ်ငန်းရှင်ကြီးများ၊
နှင့် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီကြီးများအား ထိန်းချုပ်ထားသည်ဟု ဆိုကြသည့်
တရုတ်စီးပွားရေးလုပ်ငန်းရှင်များက ခိုးယူနေသည်ကို မြင်ကြသည့်အခါ ခါးသီးစွာ
မကျေမနပ် ဖြစ်ကြရသည်။ ကချင် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက
“ကျွန်ုပ်တို့ရဲ့ ခြံထဲမှာ အပင်ကတော့ ရှိနေပါတယ်၊ အသီးကိုတော့
စားခွင့်မရကြဘူး” ဟု ပြောဆိုပါသည်။

ကျောက်စိမ်းသည် ကချင်ပြည်နယ်၏ စစ်ပွဲစီးပွားရေးတစ်ခုထဲသို့လည်း
ရောက်ရှိနေပါသည်။  မြန်မာ စစ်တပ်ရှိ တပ်မှူးများ နှင့် ကေအိုင်အိုတို့သည်
ကျောက်စိမ်း တူးဖော်သူများထံမှ အခွန်အခများ စည်းကြပ်ကောက်ခံပါသည်။
စစ်တပ်အရာရှိများက ငွေကြေးတောင်းဆိုမှုများသည် အဂတိလိုက်စားမှု တစ်ခုဖြစ်သည်မှာ
ထင်ရှားလှပါသည်။ ကေအိုင်အို ဘက်မှကြည့်မည်ဆိုပါက ကျောက်စိမ်းကုန် သွယ်မှုအပေါ်
၎င်းလက်နက်ကိုင်အဖွဲ့၏ အခွန်အခစည်းကြပ်ကောက်ခံမှုများသည် တရားဝင် အခွန်အခ
ပေးချေမှုအဖြစ် ကေအိုင်အို - နှင့် ကချင်ပြည်နယ်ရှိ ပြည်သူလူထုအများအပြားက -
ရှုမြင်သုံးသပ်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာ အရပ်ရပ်ရှိ အခြား နေရာများတွင်
သဘာဝ သယံဇာတ အရင်းအမြစ်နှင့် ဆက်စပ်ပတ်သက်သော ပဋ္ဋိပက္ခများ အပေါ် Global Witness
က သုတေသနပြုကာ လေ့လာရာတွင် ထပ်ခါထပ်ခါ ဖော်ပြနေ သည်မှာ စစ်ဖြစ်ပွားမှုကြောင့်
စီးပွားရေးလုပ်ငန်း ကောင်းလာသည့်အခါ  ရေရှည်တည်တံ့ ခိုင်မြဲမည့်
ငြိမ်းချမ်းရေး အလားအလာများသည် အလျင်အမြန် မှေးမှိန်ကွယ်ပျောက်တတ်ပါသည်။

ကေအိုင်အိုမှ အခွန်အခစည်းကြပ်ကောက်ခံမူ ရပ်ဆိုင်းရန် ၂၀၁၂ ခုနှစ် မေလတွင်
ဦးသိန်းစိန် အစိုးရသည် လိုင်စင်ရ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများအား
ယာယီဆိုင်းငံ့ထားစေခဲ့ပြီး ယခုနှစ် စက်တင်ဘာလ အစပိုင်းတွင်
ယင်းရပ်ဆိုင်းထားမှုကို ရုတ်တရက် ပြန်ဖွင့်ပေးခဲ့ပါသည်။ ပမာဏကြီးမားသော
တူးဖော်ရေး လုပ်ငန်းများ ပြန်ဖွင့်ပေးလိုက်ခြင်းသည် ကျောက်စိမ်းလုပ်ငန်းတွင်
ပျံ့နှံ့ဖြစ်ပေါ်နေသော အဂတိလိုက်စားမှု နှင့် မတရားမှုများကို လေးလေးနက်နက်
ကိုင်တွယ်မှုရှိကြောင်း ပြသရန် အစိုးရအတွက် အခွင့်အလမ်း တစ်ခု ဖန်တီးပေးပါသည်။
ဦးစားပေးမှုတစ်ခုအဖြစ် လုပ်ဆောင်ရန် Global Witness မှ အောက်ပါ အဆင့်များကို
အကြံပြုပါသည် -

EITI ၏ သတ်မှတ်ချက်များ၊ အကြံပြုချက်များနှင့်အညီ ကျောက်စိမ်းကဏ္ဍအတွင်းက
အချက်အလက်များအား ထုတ်ပြန်ရန် ဖြစ်ပါသည်။ ယင်းသတင်းအချက်အလက်များတွင် ပါဝင်
သင့်သည်များမှာ မည်သည့် ကုမ္ပဏီများကို မည်သည့် လိုင်စင်များ ချပေးထားသည်၊
ထိုကုမ္ပဏီများအား မည်သူက အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်ထားသည်၊
ယင်းစာချုပ်စာတမ်းများတွင် မည်သည့် သတ်မှတ်ချက်များ ပါဝင်သည်၊ ကုမ္ပဏီများမှ
မည်သည်ကို အစိုးရထံသို့ ပေးချေသည် နှင့် မည်မျှသော ကျောက်စိမ်းပမာဏကို
ထုတ်လုပ်နေသည် စသည်တို့ ဖြစ်ကြပါသည်။

ပြည့်စုံလုံလောက်သော ငြိမ်းချမ်းရေး ဆွေးနွေးသဘောတူညီမှုတစ်ခု၏
အစိတ်အပိုင်းတစ်ရပ်အဖြစ် ကချင်ပြည်နယ်၏ သဘာဝသယံဇာတ အရင်းအမြစ်များအား ညီမျှစွာ
ခွဲဝေသုံးစွဲမည်ဟု လူသိရှင်ကြား ကတိက၀တ် ပေးရန် ဖြစ်ပါသည်။ ကေအိုင်အို နှင့်
ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ဤကိစ္စရပ်အား စတင် ကိုင်တွယ်ပြောဆိုသင့်ပါသည်။
ထိုသို့ သော စစ်ပြေငြိမ်းရေးလုပ်ဆောင်ရာတွင် ဒေသခံ ပြည်သူ လူထုများ၏
ပိုင်ဆိုင်မှုဆိုင်ရာ ရပိုင်ခွင့်များ နှင့် သဘာဝသယံဇာတ အရင်းအမြစ်များ၏
စီမံခန့် ခွဲရေး နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပြည်သူလူထု၏
အခန်းကဏ္ဍအား အသိအမှတ် ပြုသင့် ပါသည်။

ကျောက်စိမ်းစီးပွားရေးလုပ်ငန်းအတွင်း  တာဝန်ခံမှုရှိစေရန် အရပ်ဖက်အဖွဲ
့အစည်းများ၏ ဆောင်ရွက် ချက်တို့အပေါ် အကာအကွယ်ပေးမှု တိုးမြှင့်လာစေရန်၊
အထူးသဖြင့် ဒေသအရာရှိများ နှင့် လုံခြုံရေး အဖွဲ့များ၏
အနီးကပ်ကြည့်ရှုစောင့်ကြည့်မှုများကို ရပ်တန့်ခိုင်းစေခြင်း နှင့် အရပ်ဖက်
အဖွဲ့အစည်း (စီအက်စ်အို) တို့၏ ကျောက်တွင်းများအား သွားရောက်ခွင့် ပိတ်ပင်
ကန့်သတ်ထားမှုများအား ဖယ်ရှားပေးရန်အတွက် ညွှန်ကြားချက်ထုတ်ရန်တို့ပင်
ဖြစ်ပါသည်။

အောက်တိုဘာလတွင် မြန်မာအစိုးရသည် EITI အပြည်ပြည်ဆိုင်ရာ ဘုတ်အဖွဲ့
အစည်းအဝေးနှင့် မြန်မာနိုင်ငံအတွင်းရှိ သဘာဝ  သယံဇာတ အရင်းအမြစ်များအပေါ်
စီမံအုပ်ချုပ်ခြင်းဆိုင်ရာ EITI ညီလာခံတစ်ခုကို ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ်
လက်ခံကျင်းပခဲ့ပါသည်။ ညီလာခံအတွင်း EITI တွင်
ကျောက်စိမ်းစီးပွားရေးလုပ်ငန်းအား မည်သို့ ပါဝင်စေရမည်ဟူသောအကြောင်းကို
တက်ရောက်သူများမှ ၀န်ကြီးများကို မေးမြန်းခဲ့ပါသည်။ ၀န်ကြီးများ၏ပြန်လည် တုံ
့ပြန်ချက်တွင် ပထမဦးစွာ ငြိမ်းချမ်းရေး ရယူရမည်ဖြစ်ပြီး နောက်မှသာ
ပွင့်လင်းမြင်သာမှုက လိုက်ပါလာမည်ဟူ၍ ဖြစ်ပါသည်။

ကချင်ပြည်နယ်အတွင်း ကျွန်ုပ်တို့ မြင်တွေ့ရသည့် အခြေအနေများအပေါ် အခြေခံ၍
အစိုးရအနေဖြင့် ပြန်လည်စဉ်းစားသုံးသပ်ပါရန် ကျွန်ုပ်တို့  တိုက်တွန်းပါသည်။
ပွင့်လင်းမြင်သာမှုနှင့် ငြိမ်းချမ်းရေးအကြား ‘အကြောင်းတရားနှင့် အကျိုးတရား ’
ပုံစံ တိတိကျကျ ဆက်နွယ်မှုဟူ၍  ရှင်းရှင်းလင်းလင်း မရှိပါ။ သို့သော် နေပြည်တော်
အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းချက်တွင် ကချင်ပြည်နယ်နှင့်
နိုင်ငံ တကာမှ ယုံကြည်မှုရရန် တည်ဆောက်မည် ဆိုပါက ယင်းအဆိုပြုလုပ်ဆောင်နေသည့်
အစီအစဉ်ကို ပြောင်းလဲပစ်ရန် လိုကောင်း လိုနိုင်ပါသည်။

သဘာဝ သယံဇာတ အရင်းအမြစ် စီမံအုပ်ချုပ်ရေး အင်စတီကျုမှ ကူညီပံ့ပိုးကာ
ဖော်ပြပေးထားသည့် မင်းဇေယျာ ရိုက်ကူးထားသော ဖားကန့်ဒေသ၏ ရင်သပ်ရှုမောဖွယ်
ဓာတ်ပုံများ အသေးစိတ်ကို ကြည့်ရှုရန် ကျေးဇူးပြု၍ ဤလင့်ခ်သို့ သွားပါ
http://www.resourcegovernance.

Kyaw Thu



--
Regards,

Khon Ja

09425288899
Reply all
Reply to author
Forward
0 new messages