အတွင်းရေးမှူးအဖွဲ့အစည်းအဝေးတွင် မိမိ အနေဖြင့် ကုန်သည်စက်မှု့အသင်းချုပ် ၏တာဝန်ဖြငိ့ ပြည်ပခရီးသွားနေရပါသဖြင့် အောက်ပါအချက်အလက်များအားအကြံပြုတင်ပြအပ်ပါသည်
၁-ဒေါ်ဇင်မီမီထွေး နှုတ်ထွက်ခြင်း ကိစ္စ
မူလကထဲက စာချုပ် ချုပ်ဆိုထားခြင်း မရှိသည့်အတွက် သုံးလကြိုတင် ခွင့်တောင်းထားခြင်းဖြစ်ပါသဖြင့် နုတ်ထွက်ခွင့်ပြုသင့် ပါသည် အခြား MBA သင်တန်းတက်ခွင့် ရခဲ့သော ဒေါ်ပြည့်ပြည့်ပွင့် အလုပ်မှ နုတ်ထွက်ခွင့် တောင်းခံစဉ်က မိမိ အနေဖြင့် စီခန့်ကော်မီတီ နှင့် တာဝန်ရှိသုများအားတင်ပြခဲ့ပါသော်လည်း ခွင့်အြုခဲ့ပါသည်
ထို့အတူ ဒေါ်သူဇာကြွယ် ထွက်စဉ်ကလည်း မည်သူမှတားဆီ့းခင်းမပြုခဲ့ကြပါ သို့ဖြစ်ပါသောကြောင့် ယခု လည်း တားဆီးပါက သက်ဆိုင်သူဝန်ထမ်းမှ လိုက်နာခြင်းမပြုပါက မိမိ တို့အနေဖြင့် သိက္ခာကျဆင်းနိုင်ပါသဖြင့် ထွက်ခွာခွင့်ပြု ရန် သာ ဆုံးဖြတ်သက့်ပါကြောင်း အကြံပြု တင်ပြအပ် ပါသည်
နောင်ဝန်ထမ်းများအတွက် အများသိအောင် ကြေငြာ ပြီး ကြိုတက်စာချုပ် ချုပ်ဆို ခန့်ထားရန် အကြံပြုပါသည်
၂-ပညာတော်သင်ရွေးချယ်ရေးကိစ္စ
ပညာတော်သင်ရွေးချယ်ရေးကိစ္စ အား ဂျပန် နိုင်ငံအပါအဝင် မည်သည့် ပညာသင်ရွေးချယ်ရေး ကိစ္စမဆို အတွင်းရေးမှူး အဖွဲ့ မှတဆင့် စီ/ခန့် ကော်မီတီ မှ အတည်ပြု ပြီးရွေချယ်ရန်သင့်ပါသည်
မိမိ အနေဖြင့် HRD ကော်မီတီ အတွင်းရေးမှူး တာဝန်အား ယူထားခဲ့ပါသော်လည်း HRD ဌာန၏ EO မှ ဆောင်ရွက်ချက်များအား အအြုသဘောဖြင့် သွန်သင်ခဲ့ပေးပါသော်လည်း ကော်မီတီ ၏ စီမံခန့်ခွဲ မှု့ကိုသာ လိုက်နာဆောင်ရွက်ခြင်း တွေ့ရပြီး အတွင်းရေးမှုး အဖွဲ့အနေဖြင့်လည်းကောင်း ဘာမှကြိုတင်သိရှိခြင်း မသိရသကဲ့သို့ အဆိုပါ ကော်မီတီမှဖွဲ့စည်းထားသော ပညာသင်ရွေးချယ်ရေးကော်မီတီ အား မည်သည့် အချိန်ကထဲက ဖွဲ့စည်းထားခြင်း ကို စီ/ခန့် နှင့် CEC များထံတငိပြထားခြင်း ရှိ မရှိ မသိရပါ
အဆိုပါ ပညာသင်ရွေးချယ်ခြင်းအား ပြန်လည်ဖွဲ့စည်း သင့်ပါကြောင်း နှင့် နောင်တွင် မည်သည့်သင်တန်းမဆို HRD ဌာန အနေဖြင့် ဆောင်ရွက်ခြင်း ထက် အတွင်းရေးမှူး အဖွဲ့မှဆောင်ရွက်သင့်ပါသဘ် HRD ဌာနသည် လက်ရှိဖွင့်လှစ်သင်ကြားနေသော သင်တန်းများအား အောင်မြင်ရန် သာ ဆောင်ရွက်သင့်ပါကြောင်းနှင့် UTCC နှင့် ဆောင်ရွက်နေမှု့အားလည်း ပြန်လည် ဖွဲ့စည်းသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်
၃- ရန်ကုန်တိုင်းကျောက်မျက်အသင်း ကိစ္စ
အဆိုပါအသင်းဖွဲ့စည်းစဉ်ကထဲက မူရင်းပင်မ အသင်းဖြစ်သော မြန်မာနိုင်ငံကျောက်မျက်အသင်း မှ တာဝန်ရှိသူများ ညံ့ဖြင်းခြင်းကြောင့် ယခုကဲ့သို့ဖြစ်ခဲ့သည်ကို သိရှိပြီးဖြစိပါသည် အဆိုပါဖွဲ့စည်းခြင်း မှာလည်း အထ မမြောက် ဖြစ်ခဲ့ပြီးဖြစ်ပါသည် ဟုသိရှိရပါသဖြင့် သက်ဆိုင်သော မိခင်အသင်းမှ ဖြေရှင်းပေးရန် သာ အကြောင့်းပြန်ကြားပေးရန် စာပေးပို့ရန် အကြံပြုတင်ပြအပ်ပါသည်
၎- MDRI ကိစ္စ
သက်ဆိုင်ရာ အဖွဲ့နှင့် တရားဝင်အစည်းအဝေးခေါ်ယူ ညှိနှိုင်းဆောင်ရွက် ပြီးမှ မိမိ တို့ဘက်မှ မည်သည့်တာဝန်များယူသင့်ပါကြောင်းနှင့် အဆိုပါလုပ်ငန်းအား မိမိတို့ကုန်သည်အသင်း နှင့်အတူ ပူးတွဲဆောင်ရွက်သင့်ပါကြောင်း အကြံပြု တင်ပြအပ်ပါသည် ဥက္ကဌ ၏ သဘောထား ကိုလည်း သိ ရှိရန် လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်
၅- မြန်မာ-ထိုင်း ပူးတွဲ အစည်းအဝေး ကိစ္စ
အဆိုပါအစည်းအဝေးသည် နှစ်ဖက် အစိုးရအဖွဲ့များသာ ဆွေးနွေးသည့်အစည်းအဝေးဟု နားလည်ထားပါသည် မိမိတို့ ကုန်သည်အသင်းအချင်းချင်းဆွေးနွေးခဲ့ကြသော နယ်စပ်ဒေသ ကုန်သွယ်ရေးးလုပ်ငန်းများတွငိ လက်ရှိဖြစ်ပေါ်နေသော ပိုမိုကြီးထွားတိုးတက်လာသော တရားမဝင်လုပ်ငန်းများ အတွက် အရေးယူဆောင်ရွက်ခြင်းများ အလွန်အညးနည်းနေပါကြောင်း တငိပြသက့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်
၆- Myanmar Perfect Link ကိစ္စ
စီးပွားကူးသန်းဝန်ကြီးဌာန မှ နောက်ကွယ်တွင်ပါဝင်ထားသည်ဟု ယူဆရပါသည် သို့ပေမဲ့ မိမိ တို့အသင်းချုပ်မှ ပူးပေါက်းကိုင်တွယ်တတ်ပါက အသင်းအနေဖြင့် အကျိုးရလဒ် ရရှိနိုင်မည်ဟုယူဆရပါကြောင်း တင်ပြအပ်ပါသည်
အထက်ပါအချက်အလက်များသည် လူကြီးမင်းများအား မိမိ ဥာဏ်မှီ သလောက် တင်ပြခြင်းသာဖြစ်ပါသဖြင့်
လူကြီးမင်းများ မှ လိုအပ်သလို ဆောင်ရွက်နိုင်ပါကြောင်း တင်ပြအပ်ပါသည်
လေးစားလျက်
အေးလွင်
Sent from my iPad