Golden Myanmar Airline will hit the sky between Yangon and Mandalay

15 views
Skip to first unread message

Nyi Nyi ®

unread,
Dec 24, 2012, 10:24:22 AM12/24/12
to travel...@googlegroups.com
ပြည်တွင်း လေကြောင်းလိုင်းသစ် တစ်ခုဖြစ်သော ရွှေမြန်မာ လေကြောင်းလိုင်းသည် လာမည့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်၍ ရန်ကုန်-မန္တလေး ခရီးစဉ်ကို ဦးရာလူ အထူးလျှော့ဈေးဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း အရောင်းတာဝန်ခံ တစ်ဦးက ပြောကြားသည်။ “အဓိကကတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဈေးသက်သက်သာသာနဲ့ လေယာဉ်နဲ့ သွားလာနိုင်အောင် Low Cost Carrier အနေနဲ့ စတင်ပျံသန်း ပြေးဆွဲတာပါ” ဟု ၎င်းက ဆိုသည်။ လေယာဉ်လက်မှတ်ခ အနိမ့်ဆုံးကျပ် နှစ်သောင်းခုနစ်ထောင်နှုန်းဖြင့် စတင်ရောင်းချမည်ဖြစ်ပြီး ခုံအရေအတွက် ကန့်သတ်ထားကြောင်း၊ ယင်းလက်မှတ်များ အရောင်းပြည့်သွားပါက ကျပ်သုံးသောင်းကျော် လက်မှတ်၊ ကျပ်လေးသောင်းကျော် လက်မှတ်၊ ကျပ်ငါးသောင်းကျော် လက်မှတ်စသည်ဖြင့် Class အသီးသီး သတ်မှတ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “နိုင်ငံတကာမှာလည်း ဒီလို Early Booking လုပ်ရင်တော့ ဈေးသက်သာတဲ့ လေကြောင်း လိုင်းတွေတော့ ရှိတယ်။ အဲဒီလို ပုံစံလိုမျိုးဖြစ်မယ်။ စောစောစီးစီး လက်မှတ်ဝယ်ဖို့တော့လိုမယ် ထင်တယ်” ဟု စီးပွားရေးလုပ်ငန်းဖြင့် မကြာခဏ ပြည်ပသို့ သွားရောက်လေ့ရှိသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောဆိုသည်။ ယင်းလေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို ခရီးသည်စုစုပေါင်း ၁၈၀ ဦး စီးနင်းလိုက်ပါနိုင်သော Air Bus လေယာဉ် အမျိုးအစားဖြင့် နေ့စဉ် နံနက်ပိုင်း ၈ နာရီခန့်အချိန်တွင် ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာမည်ဖြစ်ပြီး ယင်းနေ့ နံနက် ၉ နာရီခွဲ အချိန်၌ မန္တလေးမှ ရန်ကုန်သို့ ပြန်လည် ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ညနေပိုင်း ခရီးစဉ်များအနေဖြင့် အပတ်စဉ် သောကြာနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ညနေ ၄ နာရီခန့် အချိန်တွင် ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာမည်ဖြစ်ပြီး ယင်းနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မန္တလေးမှ ရန်ကုန်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ယခုအခါ ပြည်တွင်း၌ အစိုးရနှင့် ပုဂ္ဂလိကလေကြောင်းလိုင်း စုစုပေါင်း ခုနစ်ခုက လေယာဉ် ၃၈ စီးဖြင့် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

Nansein Than

unread,
Dec 25, 2012, 3:01:37 AM12/25/12
to travel...@googlegroups.com
Pl, let me know contact numbers and sale counters address to buy tickets.
Best regards, NST

> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To post to this group, send email to travel...@googlegroups.com.
> To unsubscribe from this group, send email to
> travelmyanma...@googlegroups.com.
> To view this discussion on the web visit
> https://groups.google.com/d/msg/travelmyanmar/-/3bhXr4D0mkYJ.
> For more options, visit https://groups.google.com/groups/opt_out.
>
>
>

Linn Linn Htet

unread,
Dec 25, 2012, 9:37:56 AM12/25/12
to travel...@googlegroups.com

မနန်းရေ
လေယာဉ်ပျံစီးရမှာတောင် ကြောက်လာပြီ

Nansein Than

unread,
Dec 26, 2012, 1:17:42 AM12/26/12
to travel...@googlegroups.com
I do agree with you. We all need to think about looking for another
job and life insurance.
Best regards, NST
Reply all
Reply to author
Forward
0 new messages