ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်၌ လိပ်ပြာ၊ အင်ကြင်းကျောက်နှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပြတိုက်များ ဖွင့်လှစ်

31 views
Skip to first unread message

Nyi Nyi ®

unread,
Dec 8, 2009, 6:16:29 AM12/8/09
to travelmyanmar
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီး ဥယျာဉ် အတွင်း၌ လိပ်ပြာပြတိုက်၊ အင်ကြင်းကျောက် ပြတိုက်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက်တို့ကို ထူးဖောင်ဒေးရှင်းက ဒီဇင်ဘာလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံတကာအဆင့်မီ လိပ်ပြာ ပြတိုက်ကို သစ်ခွဥယျာဉ်အတွင်း တည်ဆောက်ဖွင့်လှစ်ခဲ့ရာ အဆောက်အအုံ အရွယ်အစားမှာ အလျားပေ ၅၀၊ အကျယ် ၁၅၇ ပေ၊ စုစုပေါင်း ၇၈၅၀ စတုရန်းပေရှိသည်။ပြတိုက်တွင် မြန်မာနိုင်ငံရှိ ဒေသမျိုးရင်း လိပ်ပြာများအပြင် အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်၊ မလေးရှားနှင့် အာဖရိကတို့မှ ရရှိထားသော စုစုပေါင်း ရုပ်ကြွင်းကောင်ရေ ၃၀၂၈၀ ကျော် ကို စတင်ပြသနိုင်ခဲ့ကြောင်း၊ ကောင်ရေမျိုးစုံစွာ ပြသနိုင်ရန်အတွက် ၀ယ်ယူစုဆောင်းမှုများလည်း ပြုလုပ်ခဲ့ ရာ ရုပ်ကြွင်းတစ်ခုလျင် အမြင့်ဆုံး ဒေါ်လာ ၁၀၀၀ ကျော်အထိ ပေးဝယ် ရသော အာဖရိကမျိုးရင်း လိပ်ပြာ အမျိုးအစားများလည်း ပါဝင်ကြောင်း သိရသည်။
ဆက်လက်၍ အမျိုးသား ကန်တော်ကြီးအတွင်းရှိ ကျောက်တောင် ဥယျာဉ်နေရာတွင် အင်ကြင်းကျောက် ပြတိုက်နှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပြတိုက်တို့ကိုလည်း ဖွင့်လှစ်ခဲ့ရာ အင်ကြင်းကျောက်ပြတိုက်၌ ထန်းကျောက် များအပါအ၀င် နွားထိုးကြီး၊ ပခုက္ကူ၊ ကန့်ဘလူနယ်ဘက်တို့မှ ရှာဖွေတွေ့ရှိခဲ့သော အရည်အသွေး ကောင်းမွန် သည့် ၆ လက်မအရွယ်မှ ၁၅ပေ အရွယ်ထိရှိသော အင်ကြင်းကျောက် အမျိုးအစား ၅၀ ခန့်ကိုလည်း ကောင်း၊ ကျောက်ဖြစ်ရုပ်ကြွင်း ပြတိုက်၌ မိကျောင်း၊ လိပ်၊ ဂဏန်း၊ ဆင်စသည့် သတ္တ၀ါ၁၅ မျိုးခန့်၏ သက်တမ်းအားဖြင့် နှစ် ၂ သန်းမှ ၂ ဒဿမ ၅ သန်းခန့်ရှိ ကိုယ်ခန္ဓာ အစိတ်အပိုင်းများနှင့် သားစားသတ္တ၀ါတို့၏ ဦးခေါင်းများနှင့် သွားများကို ပြသထားကြောင်း သိရှိရ သည်။
မြန်မာနိုင်ငံတွင် လိပ်ပြာများ ကို မြန်မာနိုင်ငံ မြောက်ဖျားမှ ယူနန် ပြည်နယ်နှင့် အာသံနယ်စပ်အထိ တွင်လည်းကောင်း၊ ကချင်ပြည်နယ် အတွင်းမှ တောင်ဘက်စွန်း တနင်္သာရီဒေသအထိ လည်းကောင်း တွေ့ရှိ နိုင်ရာ မြောက်ပိုင်းကုန်းမြင့် ဒေသများတွင် အအေးပိုင်းဒေသမျိုးရင်းများနှင့် အလယ်ပိုင်းနှင့် တောင်ဘက်စွန်း ဒေသများတွင် အအေးပိုင်းမျိုး ရင်းများကို တွေ့ရှိနိုင်ရာ စုစုပေါင်း လိပ်ပြာမျိုးရင်း ၁၂၀၀ ခန့်တွေ့ရှိ နိုင်ပြီး မှတ်တမ်းမတင်ရသေးသော လိပ်ပြာမျိုးစိတ်များလည်း ကျန်ရှိနေသေးကြောင်း သိရှိရသည်။

Eleven Media

Thomas Latt

unread,
Dec 8, 2009, 9:31:10 PM12/8/09
to travel...@googlegroups.com
လုပ်သင့်တာကြာပေါ့

2009/12/8 Nyi Nyi ® <nyi...@gmail.com>

--

You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

Reply all
Reply to author
Forward
0 new messages