မြောင်ဇီးလူမျိုးစု ရှာပုံတော်ဖွင့်ခြင်း

47 views
Skip to first unread message

Thaung Naing Oo

unread,
Sep 13, 2013, 8:38:29 AM9/13/13
to travelmyanmar

Khaing Soe Linn Khaing comen...@gmail.com ၏ ပေးစာမူရင်း

ညိငယ် သောင်းနိုင်ဦးး

ကိုယ့်ညီတို့တင်ထားတဲ့မိုးကုတ်ခရီစဉ်ဟာညီငယ့်၊ညီငယ်တွေနဲ့tourနဲ့မရောက်ဖူးသေးတဲ့Seniorsတွေအတွက်ပါတော်တော်လေးအသုံးဝင်နေပါလိမ့်မယ်။အဲ့ဒီလမ်းကြောင်းမှာထူးခြားတဲ့လူမျိုးစုတစ်စုရှိတယ်။မြှောင်ဇီး(MyaungZee)လို့ခေါ်ပြီးရှမ်းလူမျိုးအုပ်စုထဲထည့်တားတယ်။ဘာသာစကားရေးပုံကဗီယက်နမ်စာတွေနဲ့တူတယ်။ရွာနာမည်က(၁၂နှစ်လောက်ကြာတော့မေ့နေ ပြီ၊ဘာတဲ့လုံဘန်းလား၊ဘန်းလုံလားပဲ)။သူတို့တွေကိုလေ့လာလိုတဲ့နိုင်ငံခြားသားတစ်ချို့လာ တတ်တယ်။ကိုယ်တော့(၂)ကြိမ်တိုင်ပွဲလမ်းသဘင်ကျင်းပဆင်နွဲခဲ့တယ်။ဓါတ်ပုံလေးတွေတင် ပေးလိုက်တယ်။FRESNOCAUSAကအချက်အလက်တွေတောင်းထားတယ်။အဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီလူမျိုးနွယ်စုထဲကဖြစ်တယ်။(ဘန်းလုံလားပဲ)။သူတို့တွေကိုလေ့လာလိုတဲ့နိုင်ငံခြားသားတစ်ချို့လာတတ်တယ်။ကိုယ်တော့(၂)ကြိမ်တိုင်ပွဲလမ်းသဘင်ကျင်းပဆင်နွဲခဲ့တယ်။ဓါတ်ပုံလေးတွေတင်ပေးလိုက်တယ်။FRESNOCAUSAကအချက်အလက်တွေတောင်းထားတယ်။အဲ့ဒီပုဂ္ဂိုလ် ဟာအဲ့ဒီလူမျိုးနွယ်စုထဲကဖြစ်တယ်။

Mr.Khaing(Comenseememyanmar)

Travel Manager/Travel Consultant

Travel Guide(G-1399)

 

မြောင်ဇီးလူမျိုးစု ရှာပုံတော်ဖွင့်ခြင်း

          မြောင်ဇီးလူမျိုးစုမှာ စိတ်ဝင်စားဖွယ်ကောင်းသဖြင့် မိုးကုတ်မြို့နယ်အကြောင်း ကောင်းစွာ နှံ့စပ်ကျွမ်းကျင်သော ကျွန်တော်၏မိတ်ဆွေ ကိုမိုးမြင့်ထံ အကူအညီတောင်းခဲ့ရာ မိုးကုတ်မြို့အထိ သွားရောက်၍ တတ်နိုင်သမျှသော အချက်အလက်များကို စုဆောင်း၍ ပြန်လည်ပေးပို့လာခဲ့ပါသည်။

          မိုးကုတ်မြို့သို့ သွားသောလမ်း ရွှေညောင်ပင်ရွာ မရောက်ခင် အုန်းဒန်းရွာရှိသည်။ အုန်းဒန်းရွာသည် အထက်ရွာ နှင့် အောက်ရွာ ဟူ၍ ရှိပြီး၊ အထက်ရွာအနီးမှ မြောက်ဘက်ထဲဆီ တောက်အောက်သို့ ဆင်းသွားရသည်။ (၄) နာရီခန့် တောင်ကြောများကို ဆင်းလိုက်တက်လိုက် ဖြတ်ကျော်သွားလိုက်လျှင် မြောင်ဇီးရွာသို့ ရောက်မည်ဟု ဆိုပါသည်။

          သွားလာရန်ခက်ခဲလှသောနေရာ ဖြစ်ပြီး၊ သီးခြားနေထိုင်သော လူမျိုးစုတစ်စု ဖြစ်ကာ အရပ်သိပ်မရှည်လှဘဲ သစ်ပင်ခွကြားတို့တွင် လင့်စင်များထိုး၍လည်း နေလေ့ရှိသည်ဟု ဆိုပါသည်။ ၂၀၀၃ ခုနှစ်ဆီလောက်က ယူရေနီယံသတ္တုရှာဖွေရေးများ ပြုလုပ်ခဲ့စဉ်က လူဦးရေသိပ်မများလှသော ၎င်းလူမျိုးစုတို့ကို ကားကြီးကားငယ်များဖြင့် ပြောင်းရွှေ့ခံခဲ့ရကာ တရုတ်နယ်စပ်အထိ ရောက်ရှိသွားခဲ့ရသည်ဟုလည်း ဆိုပါသည်။ သို့သော် ယခုအခါမှာ နေရင်းဒေသကို မစွန့်နိုင်သဖြင့် မူလနေရာများသို့ ပြန်လည်ဝင်ရောက် နေထိုင်နေကြပြီဟုလည်း ဆိုသည်။ လူဦးရေမှာ အများဆုံး (၁၅၀) ယောက်ထက်မပိုဘဲ ယစ်ပူဇော်သည့် ဓလေ့လည်းရှိသည်ဟု ဆိုပါသည်။

          အောက်ပါပုံကို လေ့လာကြည့်ပါက မြောင်ဇီးလူမျိုးများ၏ပုံ ဖြစ်နိုင်ဘဲ လီစူးများ၏ပုံသာ ဖြစ်နိုင်ကြောင်း၊ ရွှေလိပ်ပြာဟိုတယ်ပိုင်ရှင် ဦးယောဆက်က တစ်ပြည်လုံး၏ ခရာဇ်ယာန်များနေ့ ကျင်းပခဲ့စဉ်က ရိုက်ကူးထားတဲ့ပုံ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ ဓါတ်ပုံပါ တိုင်းရင်းသားများကို လေ့လာပါက ရိုးရာအ၀တ်အစားများလည်း ခေတ်မီလှပဆန်းကြယ်သကဲ့သို့ နောက်ခံဝန်းကျင်မှ နေအိမ်အဆောက်အဦများသည်လည်း အတော်ပင် ခမ်းနားထည်ဝါနေကြောင်းနှင့် ယဉ်ကျေးမှု အတော်မြင့်နေပြီဖြစ်ကြောင်း လေ့လာနိုင်ပါသည်။

 

သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်

မန္တလေး

Mr.Khaing Document 031.jpg
Mr.Khaing Document 037.jpg
Photo 040 (2).jpg

aungmyotun.ning.com

unread,
Sep 16, 2013, 1:32:40 AM9/16/13
to travel...@googlegroups.com

သောင်းနိုင်ဦး
လီဆူးမဟုတ်ဘူး။သူတို့တွေ။အစစ်ပါ။ဦးယောဆတ်အမြင်မှားနေပုံရတယ်။
တစ်ပုံကလားရှိုးခရစ်ယာန်ဘော်ဒါမှာ။အခြားပုံတွေကမိုးကုတ်-သပိတ်ကျင်းကြားရွာမှာ။
္မမစ္စတာခိုင်
Reply all
Reply to author
Forward
0 new messages