မန္တလေးက အိုးပုတ်ပွဲတော် (သို့) အိုးပုတ်ခိုးပွဲ

48 views
Skip to first unread message

Thaung Naing Oo

unread,
Aug 14, 2013, 1:00:41 PM8/14/13
to travelmyanmar

မန္တလေးက အိုးပုတ်ပွဲတော် (သို့) အိုးပုတ်ခိုးပွဲ

          ဒီကနေ့ မြင်းစီးကွင်းမှာ ၁း၃၀ ခန့် လေ့ကျင့်ပြီးတော့၊ ကျွန်တော့်ဧည့်သည်တော် (ဂျပန်လူမျိုး)ကို မန္တလေးအိုးပုတ်ပွဲတော်အကြောင်းပြောပြလိုက်လို့ အိုးဘိုရပ်ကွက်ရှိ ရိုးရာအိုးပုတ်ပွဲတော်ကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ထူးခြားဆန်းကြတဲ့ပွဲတော်ရယ်လို့မဟုတ်ဘဲ၊ သာမန်ခင်းကျင်းတဲ့ပွဲတော်တစ်ခုပါ။

 

ရွှေကျွန်းပင်မောင်နှမနတ်ပွဲ

          ရွှေကျွန်းပင်မောင်နှမနတ်ပွဲ ကျင်းပရာနေရာဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်း မင်းကွန်းရဲ့တောက်ဘက်မှာ မိုးမိတ်ကုန်းရှိပါတယ်။ အဲဒီ မိုးမိတ်ကုန်းရဲ့တောက်ဘက်မှာ ရွှေကျွန်းပင်မောင်နှမနတ်ပွဲကျင်းပရာ နတ်နန်းရှိပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပြီးသွားခဲ့ပါပြီ။ တကောင်းခေတ်က ရှင်ဘုရင်က မောင်နှမနှစ်ယောက်ကိုသတ်ပြီး သစ်တုံးကြီးပေါ်တင်ကာ ဧရာဝတီမြစ်အတိုင်းမျှောလိုက်ရာ ယခုတည်နေရာမှာ ကမ်းကပ်ရာကနေ အဲဒီကျွန်းပင်ကြီးနှစ်ပင်(ယနေ့တိုင်ရှိပါတယ်) ရှိတဲ့နေရာမှာပဲ သောင်တင်လို့ နတ်စိမ်းဘ၀ရောက်ခဲ့ရာကနေ ယနေ့အချိန်ထိနတ်ပွဲကျင်းပလာခဲ့တာပါ။

          မြန်မာတစ်နိုင်ငံလုံးက နာမည်ကျော်နတ်ပွဲများရဲ့ အစဆုံးနတ်ပွဲ လို့ဆိုကြပါတယ်။ အဲဒီနတ်ပွဲပြီးမှ အခြားနတ်ပွဲများ ဆက်တိုက်ကျင်းပတယ်လို့ဆိုပါတယ်။ ဒါကြောင့် အဲဒီနတ်ပွဲအပြီးမှာ ဒီအိုးပုတ်ပွဲတော်ကျင်းပတာပါပဲ။

 

အိုးပုတ်ပွဲတော်(သို့) အိုးပုတ်ခိုးပွဲ

          မန္တလေးမြို့၊ အိုးဘို(အိုးဖို) ရပ်ကွက်မှာ အိုးပုတ်ပွဲတော်ကို ကျင်းပပါတယ်။ အိုးဖို ဆိုတာကတော့ ရှင်ဘုရင်များလက်ထက်က အိုးများဖုတ်ပြီး အသက်မွေးဝမ်းကြောင်းခဲ့ကြလို့ အိုးဖိုတဲ့ရပ်ကွက် (ယခုအခါ အိုးဘိုရပ်ကွက်) လို့ ခေါ်လာခဲ့ကြတာလို့ဆိုပါတယ်။

ဒီအိုးပုတ်ပွဲဟာ ရှင်နှဲမိ (မနှဲလေး) နတ်နဲ့သက်ဆိုင်တယ်လို့ဆိုကြပါတယ်။ မနှဲလေးကစားဖို့ အိုးပုတ်၊ ဂျိုးရုပ်ကလေးတွေလုပ်ပြီး ဆက်သရာကနေ အိုးပုတ်ပွဲတော်ဖြစ်လာတယ်လို့ဆိုပါတယ်။ တောင်ပြုံးပွဲရဲ့ အကြိုပွဲလို့လဲ ဆိုပ့ါတယ်။ (ဒီနေ့ဟာ တောင်ပြုံးပွဲစတဲ့နေ့ဖြစ်ပါတယ်။) အဲဒီ အိုးပုတ်ပွဲကာလအတွင်းမှာ အိုးပုတ် ဂျိုးရုပ်များကို ခိုးယူနိုင်ကြောင်း၊ ခိုးယူသော်လည်း မည်သူကမျှ ပြဿနာမလုပ်ကြောင်းတို့ကို အကြောင်းပြ၍ (အိုးပုတ်ခိုးပွဲ)ဟု ခေါ်ဆိုကြောင်းဆိုပါတယ်။ တစ်ချိန်က ရွှေကျွန်းပင်မောင်နှမနတ်ပွဲအပြီး တောက်ပြုံးကိုအသွားမှာ ငှက်လှေတစ်ထောက်နားခဲ့ကြတဲ့ နေရာလို့လဲဆိုကြပါတယ်။

အညာဒေသ တနည်းအားဖြင့် မန္တလေးဒေသ၏ အထူး ရိုးရာလိုဆိုနိုင်တဲ့ ချစ်စရာဓလေ့ထုံးစံကတော့ ဒီနေ့ညနေမှာ မိမိတို့အိမ်မှာ စားဖွယ်သောက်ဖွယ်များကို ချက်ပြုတ်စီမံပြီး ရပ်နီးရပ်ဝေးမှ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းများကို ခေါ်ယူဖိတ်ကြားပြီး အပြိုင်အဆိုင်ကျွေးမွေးကာ အလှူဒါနပြုကြတာပါပဲ။ မန်းသူမန်းသားတို့ရဲ့ ဒီဓလေ့အလှူပွဲရဲ့ အစပြုချိန်လို့ဆိုရမှာပါ။

ဒီပွဲတော်ပြီးရင်တော့ တောက်ပြုံးပွဲတော်ကြီး စည်ကားစွားကျင်းပပါတော့သည်။

 

သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်

မန္တလေး


P8142119.JPG
P8142145.JPG
P8142146.JPG
P8142147.JPG
P8142148.JPG
P8142149.JPG
P8142151.JPG
P8142153.JPG
P8142154.JPG
P8142155.JPG
P8142156.JPG
P8142120.JPG
P8142158.JPG
P8142159.JPG
P8142160.JPG
P8142161.JPG
P8142162.JPG
P8142121.JPG
P8142122.JPG
P8142124.JPG
P8142126.JPG
P8142132.JPG
P8142133.JPG
P8142135.JPG
Reply all
Reply to author
Forward
0 new messages