နိုင်ငံခြားသားများတင်ဆောင်လာသည့် ရေယာဉ်တစ်စီး မန္တလေး-မင်းကွန်းရေကြောင်းခရီးတွင် စက်ချို့ယွင်းမျောပါ

12 views
Skip to first unread message

Thaung Naing Oo

unread,
Sep 25, 2013, 10:39:26 AM9/25/13
to travelmyanmar

နိုင်ငံခြားသားများတင်ဆောင်လာသည့် ရေယာဉ်တစ်စီး မန္တလေး-မင်းကွန်းရေကြောင်းခရီးတွင် စက်ချို့ယွင်းမျောပါ

မန္တလေး စက်တင်ဘာ ၂၃

          မန္တလေးမြို့မရမ်းခြံဆိပ်ကမ်းရှိ မန္တလေး-မင်းကွန်း နိုင်ငံခြားသားခရီးသည်ပို့ဆောင်ရေး ရေယာဉ်အသင်းမှ စိုးမိုးအောင် ရေယာဉ်(မော်တော်)သည် စက်တင်ဘာ ၂၀ ရက်က နိုင်ငံခြားသားခရီးသည် ၁၀ ဦးကို တင်ဆောင်၍ မင်းကွန်း-မန္တလေးသို့တင်ဆောင်လာရာ မွန်းလွဲ ၁ နာရီခွဲတွင် ရေလှကျွန်းရွာအနီး၌ စက်ချို့ယွင်း၍ မျောပါခဲ့ကြောင်း သိရသည်။

          အဆိုပါရေယာဉ်ငယ်(မော်တော်)သည် ဟိုတယ်နှင့်ခရီးသွားဌာန၏ နိုင်ငံခြားသားခရီးသည်ပို့ဆောင်ခွင့် လိုင်စင်မရှိကြောင်း၊ မလေးရှားနိုင်ငံမှ Ms. Dam Lai Song အပါအ၀င် နိုင်ငံခြားသားခရီးသွား ၁၀ ဦးတို့က မင်းကွန်းသို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အပြန်ခရီးတွင် ရေလှကျေးရွာအနောက်ဘက် မန္တလေးမြို့ ၂၂ လမ်းထိပ် View Point စားသောက်ဆိုင်အနီး ဧရာဝတီမြစ်အတွင်း ၎င်းရေယာဉ်ငယ်၏ ပန်ကာပြုတ်ထွက်၍ မောင်းမရဘဲ ရေထဲမျောပါနေခဲ့ရာ ရွှေလိပ်ပြာရေယာဉ်မှ ဆိပ်ကမ်းသို့ဆွဲယူခဲ့ရကြောင်း သိရသည်။

          ‘မြစ်ရေတက်ချိန်မှာ ဧရာဝတီမြစ်ရေပြင်ကပိုကျယ်နေတယ်။ အန္တရာယ်များပါတယ်။ ပုဂ္ဂလိကရေယာဉ်ငယ်တွေမှာ တချို့ဆိုရင် အသက်ကယ်အင်္ကျီ (Life Jacket) မပါကြဘူး’ ဟု ဆိပ်ကမ်းအနီးနေထိုင်သူတစ်ဦးက ပြောသည်။

          အဆိုပါရေယာဉ်ပေါ် လိုက်ပါစီးနင်းလာသူများမှာ တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ကြောင်းနှင့် ၎င်းတို့သည် မန္တလေးမြို့ Queen Hotel, Nylon Hotel, Royal Hotel တို့တွင် တည်းခိုနေကြကြောင်း သိရသည်။ (၀၄၃)

(ဧည့်လမ်းညွှန်များ သတိပြုဆင်ခြင်နိုင်ကြရန်အတွက် ၂၄.၉.၂၀၁၃ ရက်နေ့ထုတ် ရတနာပုံသတင်းစာ မှ ကူးယူဖေါ်ပြသည်။)

သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်

မန္တလေး

 

Reply all
Reply to author
Forward
0 new messages