Master Plan က ဖြေရှင်းနိုင်မလား? မြန်မာနိုင်ငံ ခရီးသွားသတိပေးချက် ဗြိတိန်ထုတ်ပြန်

40 views
Skip to first unread message

Tomme Aung

unread,
Aug 7, 2013, 1:35:25 AM8/7/13
to travel...@googlegroups.com
News 

Wednesday, August 7, 2013

မြန်မာနိုင်ငံ ခရီးသွားသတိပေးချက် ဗြိတိန်ထုတ်ပြန်


မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ မတည်ငြိမ်မှုတွေ ဖြစ်ပွားနိုင်တဲ့ အနေအထားရှိလို့ဆိုပြီး အဲ့ဒီဒေသတွေဆီ ခရီးမသွားကြဖို့ ဗြိတိသျှအစိုးရက အင်္ဂါနေ့ကပဲ သတိပေးချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်ကို မဖြစ်မနေကလွဲလို့ မသွားရောက်ကြဖို့ ဗြိတိသျှနိုင်ငံခြားရေးရုံးက သတိပေးထားတာ ဖြစ်ပါတယ်။ ဘယ်လို အနေအထေားမျိုးကြောင့် စိုးရိမ်တာလဲ ဆိုတာကိုတော့ တိတိကျကျ ပြောမထားပါဘူး။

လူအုပ်စု ၂ စုကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ဖူးတဲ့ ရခိုင်ပြည်နယ်မှာ အခြေအနေ ဆိုးလာနိုင်တယ်လို့ ဗြိတိသျှအစိုးရက အဲဒီ သတိပေးချက်မှာ ပြောထားပါ တယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား သူပုန်တွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်ကိုလည်း မသွားကြဖို့ တားမြစ်ထားတာပါ။

ကချင်ဒေသမှာ တိုက်ခိုက်မှုတွေ လျော့နည်းသွားပြီ ဆိုပေမဲ့ တိုက်ပွဲတွေ ထပ်ဖြစ်မယ့် အန္တရာယ် ရှိသေးတယ်လို့လည်း ပြောထားပါတယ်။ အဲ့ဒီဒေသတွေအပြင် ပြီးခဲ့တဲ့လပိုင်းတွေက လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက မြို့တချို့ဆီလည်း မသွားဖို့ သတိပေးထားတာပါ။

၂၀၁၁ ခုနှစ်မှာတော့ ဗြိတိန်နိုင်ငံကနေ မြန်မာနိုင်ငံကို သွားလည်သူ (၇၀၀၀) ကျော်ရှိခဲ့ပြီး ဘာပြဿနာမှ သိပ်မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ လူအများအပြား စုဝေးမှုတွေ တွေ့ရင် ရှောင်ဖို့ စစ်သားတွေကို ဓာတ်ပုံ ဗွီဒီယို ရိုက်တာမျိုးတွေ သွားမလုပ်ဖို့လည်း ပြောထားပါတယ်။

စစ်တပ်က အင်အားသုံး ထိန်းချုပ်ခဲ့လို့ ကျောင်းသားနဲ့ ပြည်သူ ရာချီ သေဆုံး ခဲ့ရတဲ့ ၈ လေးလုံး အရေးတော်ပုံ ၂၅ နှစ်ပြည့်တော့မယ့်အချိန်မှာပဲ အခုလို ဗြိတိသျှအစိုးရရဲ့ ခရီးသွား သတိပေးချက် ထွက်လာတာလည်း ဖြစ်ပါ တယ်။

ဗွီအိုအေ (မြန်မာပိုင်း)


             Tourism Master Plan ကို ADB ဘဏ်မှ ချေးငွေ ရရှိအောင် လုပ်ရိုးလုပ်စဉ် အတိုင်း ဘောင်ဝင်အောင် World Economic Forum အမှီ plan ရေးဆွဲစေခဲ.သည်။ သို.သော် ဘာသာရေးအဓိကရုန်း၊ တိုင်းရင်းသားလက်နက်ကိုင် တိုက်ခိုက်မှုများနှင်. သဘာဝဘေးးများဖြစ်စ်ပေါ်လာပါက Tourism ကျဆင်းမသွားအောင် ကာကွယ်ဖို.ရန်တို.ကို ပြည်.စုံစွာ ထည်.သွင်းမရေးဆွဲနိုင်ခဲ.မှုကို ယခု သတင်းကထောက်ပြနေပြီး ချေးငွေ သန်း ၅၀၀ ဒေါ်လာ ရ၇ှိဖို.ရန်အတွက်သာ ကတိုက်ကရိုက် ရေးဆွဲသွားပုံရသည်ဟု ထင်မြင်နိုင်ပေသည်။


Lonely planet စာအုပ်ထဲမှ ဖော်ပြချက်တွင် 1.Where does the money go?

                                                              2. Should we go to Myanmar/ Burma ?

                                                             ဆိုသော မေးခွန်းများအား ကျွနုပ်တို. စစ်အုပ်ချုပ်မှုရှိစဉ်တုန်းကလို ထပ်မေးလာမှာကို မလိုလားပါ။ Glass information or Transparency ရှိမှ ကောင်းမည်။ ယခုလည်း Hotel များတိုးဆောက်ခိုင်းသည်က Tourism တွင် တစ်ခုထဲသော တိုးပွားမှုသာဖြစ်သည်။ ကျန်လိုအပ်ချက်များ မဖြည်.တင်းနိုင်သေးပဲ တိုးတက်လာပြီဟု လက်ခံရခက်နေသည်။

အများသူငှာလက်ခံသော စစ်မှန်သည်.တိုးတက်မှုပြသဖို. ခေတ်ကတောင်းဆိုနေပြီ။ ၂၀၁၃-၂၀၁၄ ရာသီ တွင် တိုးရစ် ၃ သန်း တကယ်လာဖို.ဆိုလျင် အထက်ပါသတင်းတွင်ပါရှိသော စကားအရ ပြသာနာတွေ ကင်းရှင်းနေဖို.လိုသည်။ မြန်မာနိုင်ငံတွင် ဟိုနေရာစိတ်မချရ၊ ဒီနေရာမသွားသင်.ဟု နိုင်ငံတကာကပါ ပြောဆိုမှုများလာလျင် Tourism Master Plan လဲ မတတ်သာပါ။ အကယ်ရွှေ.

ဧည်.သည် ၃ သန်းလာမည်၊ Hotel တွေကတော.လောက်ငှသည်ထားဦး အခြား ပို.ဆောင်ရေး၊ ဧည်.လမ်းညွှန်၊ စာသောက်ဆိုင်နှင်. လုံခြုံရေးအပိုင်းတို. အားနဲသည်.အတွက် အခက်အခဲများနှင်. နပမ်းလုံရပေလိမ်မည်။

လေးစားစွာဖြင်.


ခရီးသွားသုတေသီ (ကိုယ်.ထမင်းကိုယ်စား)






Khaing Soe Linn Khaing

unread,
Aug 7, 2013, 2:21:35 AM8/7/13
to travel...@googlegroups.com
ခရီးသွားသုတေသီ (ကိုယ်.ထမင်းကိုယ်စား)
ကိုယ့်အိမ်လာစားပြီးစာလာရေးလဲရပါတယ်ကွ။ကိုယ့်ညီလောက်တော့မပြည့်စုံဘူး။အစ
မြန်မာ့ခရီးသွားလုပ်ငန်းတစ်ခုလုံးကိုကိုယ့်ညီတစ်ခေါင်းတည်းစားမနေနဲ့ကွာ။ထုံးစံအတိုင်း
ဧည့်သည်လျော့ကျသွားတော့လဲစာရေး၊စာသင်၊စာပြ၊၀န်ထမ်းလုပ်စားကြတာပေါ.။။
အစ်ကို ခိုင်စိုးလင်း(မန်းတက္ကသိုလ်)
Comenseememyanmar




2013/8/7 Tomme Aung <tomm...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/1b3d40d8-f730-448c-9c28-6e025996ea3c%40googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 



--
Great using ...
Reply all
Reply to author
Forward
0 new messages