ရှင်ပြုနားသအလှူတော်မင်္ဂလာ အကြိုတရားပွဲ ဖိတ်ကြားလွှာ

25 views
Skip to first unread message

Thaung Naing Oo

unread,
Mar 7, 2014, 8:14:18 PM3/7/14
to travelmyanmar

ရှင်ပြုနားသအလှူတော်မင်္ဂလာ အကြိုတရားပွဲ ဖိတ်ကြားလွှာ

အလှူဒါယိကာ မန္တလေးဇုန်၊ ဧည့်လမ်းညွှန်အသင်းမှ နာယကကြီး ဆရာဦးတင်ထွန်း + အလှူဒါယိကာမ ဒေါ်ခင်ခင်ဝင်း၊ သမီး အင်္ဂလိပ်ဘာသာစကားပြော ဧည့်လမ်းညွှန် မနှင်းဦးထွေး တို့မှ ရှင်ပြုနားသအလှူတော်မင်္ဂလာ အကြိုတရားပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

 

 အကြိုတရားပွဲ။     ။ (၁၂.၃.၂၀၁၄) ရက် ဗုဒ္ဓဟူးနေ့ည နှင့် (၁၃.၃.၂၀၁၄) ရက် ကြာသပတေးနေ့ည တို့တွင် ဧည့်လမ်းညွှန်များအတွက် ဓမ္မသင်္ခန်းစာ အထူးအစီအစဉ်တစ်ရပ်အဖြစ် “ဧည့်လမ်းညွှန်များနှင့် ဗုဒ္ဓဘာသာ” ဆိုသည့် တရားတော်ဖြင့် သိသင့်သိထိုက်သည်များကို အထူးပြုဟောကြားပေးမည် ဖြစ်ပါသည်။ ဧည့်လမ်းညွှန်မိသားစုဝင်များအားလုံးကြွရောက်၍ စုစုစည်းစည်းဖြင့် အတူတကွ တရားယူနိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

 

အစီအစဉ်

သာသနာသက္ကရာဇ် ၂၅၅၇ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၅ ခု၊ တပေါင်းလဆန်း (၁၂) ရက်။ (၁၂.၃.၂၀၁၄) ဗုဒ္ဓဟူးနေ့

ဘဒ္ဒန္တ မာဃိန္ဒ (ငွေတောင်ဆရာတော်)

သာသန သုဒဿီ (လဗိမာန်) ကျောင်း၊ ငွေတောင်ကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်။

 

 

 

သာသနာသက္ကရာဇ် ၂၅၅၇ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၅ ခု၊ တပေါင်းလဆန်း (၁၃) ရက်။ (၁၃.၃.၂၀၁၄) ကြာသပတေးနေ့

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

ပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်

အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ အဟာသိပ္ပံ ပါမောက္ခချုပ်

စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်

အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ သ-စ-အ ဓမ္မာစရိယ ပါဠိပါရဂူ (M.A.Ph.D)

စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက် ပဓာန နာယကဆရာတော်

 

အချိန် ။                         ညစဉ် (၇း၀၀) နာရီ

နေရာ။                          ပေါင်းလဲတိုက်၊ ဟာအောင်မြေရွှေသာလျောင်းဓမ္မဗိမာန်တော်၊

                                       ၈၂ x ၈၄ လမ်းကြား၊ ၃၈ x ၃၉ လမ်းကြား၊

                                        မဟာအောင်မြေမြို့နယ်၊ မန္တလေး

 

သောင်းနိုင်ဦး

သတင်းနှင့်ပြန်ကြားရေး

မန္တလေးဇုန်၊ မြန်နာနိုင်ငံဧည့်လမ်းညွှန်များအသင်း

၈.၃.၂၀၁၄

U Tin Htun 2.jpg
U Tin Htun.jpg
Reply all
Reply to author
Forward
0 new messages