Puppet Show for Seven Days Travel on 16 NOV 2013

13 views
Skip to first unread message

ထွေးဦးမြန်မာ

unread,
Nov 17, 2013, 3:38:12 AM11/17/13
to puppetrymyanmar, travelmyanmar, MTGA, MTGA, MTGS
Seven Days Travel ၏ဧည့်သည် အမေရိကန်(၅)ယောက်ကို ကပြပေးရသော ရုပ်သေးပွဲဖြစ်ပါတယ်...

အင်းလေးမှအပြန် ညနေလေယာဉ်မစီးခင် ကြည့်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်​... ထွေးဦးမြန်မာကလည်း ညနေပွဲကူးရှိတော့ စောစောလာပေးဖို့ တောင်းဆိုထားရပါတယ်... လေယာဉ်နောက်ကျတော့ ဧည့်သည်တွေ နေ့လယ်စာတောင်မစားနိုင်ပဲ လေယာဉ်ကွင်းကနေ တိုက်ရိုက်လာကြည့်ကြတာပါ...

ထမင်းမစားရသေးပေမယ့် သူတို့ကြည့်ရတာ ဆာနေတဲ့ပုံမပေါ်ဘူး... အိမ်မပြန်ခင် မြန်မာ့ရုပ်သေးဆိုတာ ဘယ်လိုလည်း သိချင်စိတ်ပြင်းပြနေပုံရတယ်... ရောက်တာနဲ့ အပေါ့အပါးသွားပြီး မေးခွန်းတွေ တန်းမေးတော့တာပဲ... ကိုယ်ကလည်း ဖိုးဖြေချင်ဆိုတော့ မေးတာလည်းဖြေ ဖြည့်စွက်လည်းပြောနဲ့ သူတို့တွေ ညနေလေယာဉ်တဲ့ပြန်မယ်ဆိုတာသိထားလို့ မနည်းဘရိတ်အုပ်ယူရတယ်...

ကကွက်ထဲပါ သဘောကျတာပါလာရင် အိုး အားနဲ့ သဘောတွေကြ... တစ်ခုနဲ့တစ်ခုအကူးမှာ ဝေဖန်ကြနဲ့ ဆူညံနေတာပါပဲ... နေ့ခင်းနေပူပူမှာ အဲယားကွန်းမရှိတဲ့အခန်းထဲမှာ ချွေးတလုံးလုံးနဲ့ကြိုးဆွဲနေတဲ့ ကြိုးတော်ဆွဲတွေ လက်ခုပ်သံတွေကြောင့် မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူး ဖြစ်နေကြတယ်...

ပွဲအပြီးမှာ သူတို့ကြိုက်တဲ့အရုပ်တွေကို တစ်ရုပ်စီထုတ်ပြခိုင်းပြီး ဓါတ်ပုံသေချာ ရိုက်ကြပြန်တယ်... အော်ဒါမှာလို့ရလားမေးပြီး လိပ်စာတောင်းသွားကြတယ်...

Seven Days Travel ၏ဒါရိုက်တာပေးတဲ့ မှတ်ချက်ကို ဖေ့ဘုတ်မှာဖတ်လိုက်ရတော့ ရတဲ့ပီတိက ပြောမပြတတ်တော့ဘူး...

ထွေး+ဦး+မြန်မာ (၁၆-၁၁-၂၀၁၃)

Seven Days Tour Thank you U Htwe. They enjoyed very much and appreciated very much. 

Inline image 1
Comment of Seven Days Travel.jpg
2013-11-16-Seven Days Travel-USA (1).jpg
2013-11-16-Seven Days Travel-USA (2).jpg
2013-11-16-Seven Days Travel-USA (3).jpg
2013-11-16-Seven Days Travel-USA (4).jpg
2013-11-16-Seven Days Travel-USA (5).jpg
2013-11-16-Seven Days Travel-USA (6).jpg
Reply all
Reply to author
Forward
0 new messages