အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ နိုင်ငံခြား သား ကမ္ဘာလှည့် ခရီးသွား များ စိတ်ဝင် တစား လာရောက် ကြကြောင်း သိရ

0 views
Skip to first unread message

Thomas Latt

unread,
Nov 22, 2009, 10:39:25 PM11/22/09
to travel...@googlegroups.com

အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ နိုင်ငံခြား သား ကမ္ဘာလှည့် ခရီးသွား များ စိတ်ဝင် တစား လာရောက် ကြကြောင်း သိရ


မန္တလေးတိုင်း အမရပူရမြို့နယ် ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ နိုင်ငံ ခြားသား ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင် တစား လာရောက် ကြကြောင်း သိရသည်။ မဟာဂန္ဓာရုံကျောင်း တိုက်၏ဖွဲ့စည်းပုံစနစ်ကျမှု၊ စည်းကမ်း လိုက်နာမှု နှင့် ကျောင်းတိုက်ကို စတင် တည်ထောင်သော ဆရာတော် အရှင်ဇနကာဘိဝံသ၏ ဂုဏ်သတင်း တို့ကြောင့် ယခုကဲ့သို့ နိုင်ငံခြားသား များ လာရောက်ကြကြောင်း ဒေသခံ ပြည်သူများက ဆိုသည်။


''အရမ်းကိုအံ့သြမိပါတယ်။ လူ ၁၀၀၀ ကျော်ရှိပေမယ့် စည်းကမ်းတ ကျနဲ့ ညီညီညာညာ တန်းစီလာကြတာ ကိုမြင်ရတော့ ကြည်ညိုစိတ်တွေ ဖြစ် မိပါတယ်။ စိတ်ကြည်နူးမှုလည်း ဖြစ် မိပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ကကိုယ့်ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများအတွက် တစ်နေကုန်ကြိုးပမ်း အားထုတ်နေကြတယ်လို့ သိရတော့ အရမ်းကိုအံ့သြမိပါတယ်''ဟုလာရောက် လေ့လာသူ ပြင်သစ် နိုင်ငံသားတစ်ဦး က ဆိုပါသည်။


မဟာဂန္ဓာရုံကျောင်းတိုက်သို့ လာရောက် လေ့လာသော အီတလီ နိုင်ငံသား တစ်ဦးကလည်း''ကျွန်တော် တို့ဆီမှာ အလှူအတန်းလုပ်တယ်ဆို ပေမယ့် ဒီလို ၁၀၀၀ ကျော်လောက် ကြီးကို လှူတာမရှိပါဘူး။ မြန်မာ တွေက တကယ်လိုအပ်တဲ့ နေရာတွေ မှာ လှူနေကြတာကိုတွေ့ရတော့ ၀မ်းသာမိပါတယ်။ ပြီးတော့ ကိုယ် ကျိုးစီးပွားကိုစွန့်ပြီး လူအများရဲ့ ဆင်းရဲဒုက္ခကိုကယ်တင်ဖို့ မိုးလင်း ကနေမိုးချုပ်ထိ စာသင်စာအံ လုပ်နေ ကြတယ်လို့ ဂိုက်ကရှင်းပြတော့ အရမ်း လည်းအံ့သြမိပါတယ်။ ကြည်လည်း ကြည်ညိုမိပါတယ်''ဟု ပြောပြခဲ့ပါ သည်။


မဟာဂန္ဓာရုံကျောင်းတိုက်သည် မန္တလေးတိုင်း အမရပူရမြို့နယ်တွင် တည်ရှိပြီး နိုင်ငံခြားခရီးသွားလုပ် ငန်းများက စံပြနေရာတစ်ခုအဖြစ် သတ်မှတ်၍ နိုင်ငံခြားသားခရီးသည် များအား လိုက်လံပို့ဆောင်ပေးကြ ကြောင်း သိရသည်။ ကျောင်းတိုက် သို့ နေ့စဉ်နိုင်ငံခြားသား ဦးရေပျမ်းမျ ၅၀ ကျော် လာရောက်ကြကြောင်း သိရသည်။
Reply all
Reply to author
Forward
0 new messages