Groups
Conversations
All groups and messages
Send feedback to Google
Help
Training
Sign in
Groups
Travel Myanmar (Tourism information, activities, idea exchange inside Burma)
Conversations
Labels
About
Groups keyboard shortcuts have been updated
Dismiss
See shortcuts
ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ် ဗိသုကာလက်ရာများ ပေါ်လွင်ထင်ရှား စေရန်
10 views
highlights
Skip to first unread message
Nyi Nyi ®
unread,
Jun 11, 2013, 12:01:48 AM
6/11/13
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to travel...@googlegroups.com
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ် များစွာ တည်ရှိနေသည့် ရန်ကုန်မြို့တွင် မြို့ပြဗိသုကာ လက်ရာများကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အလှဆင်ရေးတို့တွင် ပါဝင်ကူညီ ရန်အတွက် နယ်သာလန်နိုင်ငံ အခြေစိုက် ဖိလစ်ကုမ္ပဏီနှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့(Yangon Heritage Trust) တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် ပြင်ပတွင် အပြီးသတ် သဘောတူပြီး ကြေညာချက် ထုတ်ပြန်လိုက်သည်။ ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ် ဗိသုကာလက်ရာများ ပေါ်လွင်ထင်ရှား စေရန်နှင့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် ရေရှည်ထိန်းသိမ်းရန် လွယ်ကူပြီး အသုံးခံသည့် LED Lighting များ ထွန်းညှိသွားရန်၊ သမိုင်းဝင်နေရာများကို သုတေသနပြု၍ အချက်အလက်များကို စုဆောင်းပြီး သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို ဖော်ပြမည့် ကမ္ပည်းပြား (blue plaques) ၂ဝဝ ခန့် တပ်ဆင်သွားရန် အစီအစဉ်များကို ဖိလစ်ကုမ္ပဏီနှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့်လည်း သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြသည်။ ရန်ကုန်မြို့၏ သမိုင်းဝင်ဗိသုကာ အမွေအနှစ်နေရာများ ကမ္ပည်းပြား တပ်ဆင်ခြင်း လုပ်ငန်းအတွက် ဖိလစ်ကုမ္ပဏီက ပဏာမအနေဖြင့် အမေရိကန်ဒေါ်လာ ၇၅ဝဝဝ ထည့်ဝင်မည်ဖြစ်ကြောင်း သိရသည်။ လှပပြီး သမိုင်းကြောင်းအရ အရေးကြီးသည်မြို့တော် ရန်ကုန်ကို အပြောင်းအလဲကြားမှ ကာကွယ်ရန် အရေးကြီးကြောင်း၊ ရန်ကုန်အနေဖြင့် အလွန်ခေတ်မီသည့် မြို့တစ်မြို့ ဖြစ်သင့်သော်လည်း ယဉ်ကျေးမှု အမွေအနှစ်များကို သတိတရရှိရန်၊ ထိန်းသိမ်းရန်နှင့် ဂုဏ်ယူနိုင်ရန်လည်း လိုအပ်ကြောင်း Yangon Heritage Trust ကို တည်ထောင်သူ ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။ အဆောက်အအုံများနှင့် သမိုင်းအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ အရေးကြီးသည့် အခြားနေရာများကို သတ်မှတ်ပြီး ကမ္ပည်းပြားကပ်မည့် အစီအစဉ်သည် ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း၊ယင်းမှာ နိုင်ငံခြားသား ခရီးသွားများအတွက် သာမက မြန်မာနိုင်ငံသားများ အတွက်လည်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့လယ်ကို ပြန်လည် အသက်ဝင်လာစေရန်၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးရန်နှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးအဆင့်ကို ချမှတ်ရန်အတွက် အခြားကြိုးပမ်းမှုများနှင့်လည်း ဆက်နွှယ်နေကြောင်းဖြင့်လည်း ၄င်းက ပြောကြားသည်။ ဖိလစ်ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရေရှည်ရပ်တည် အခြေချသွားမည့် အစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက် လာခြင်းဖြစ်ပြီး နျူကလီးယား နည်းပညာသုံး PET/CT Scan ဖတ်သည့်စနစ်ကို ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးတွင် တပ်ဆင်ပေးမည် ဖြစ်ကြောင်းဖြင့်လည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။""
Reply all
Reply to author
Forward
0 new messages