လေယာဉ်အန္တရာယ်မဖြစ်ရေး နေပြည်တော်"လေဆိပ်တွင် စောင့်ကြပ်နေရ

9 views
Skip to first unread message

Nyi Nyi ®

unread,
Dec 5, 2012, 1:38:05 PM12/5/12
to travel...@googlegroups.com
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် နှစ်ခုအတွင်း ငှက်၊ ခွေးတို့နှင့် တိုက်မိပြီး လေယာဉ်အန္တရာယ် ဖြစ်ပွားမှု မရှိစေရန် လုံခြုံရေးရဲများ အပါအဝင် ဒေသခံပြည်သူများပါ စောင့်ကြည့် မောင်းထုတ်နေရကြောင်း လေဆိပ် တာဝန်ကျ ရဲတပ်ဖွဲ့ (နေပြည်တော်)မှ သိရသည်။ နေပြည်တော်လေဆိပ် အဟောင်းနှင့် အသစ်ကြားရှိ လေယာဉ်ပြေးလမ်းတွင် ငှက်နှင့် ခွေးများ ဖြတ်သန်းသွားလာမှုကြောင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များ သွားလာနေသော လေယာဉ်များအတွက် စိုးရိမ်စရာများ ကြုံတွေ့နေရပြီး တိုက်မှုဖြစ်စဉ်များ မဖြစ်ပွားစေရန် လုံခြုံရေးများနှင့် ဒေသခံတို့မှ ပူးပေါင်းမောင်းထုတ် ကာကွယ်နေရကြောင်း၊ ငှက်နှင့် ခွေးများ တိုက်မိ၍ လေယာဉ်အင်ဂျင် ပျက်စီးခြင်း၊ လေယာဉ်ဘီး ပေါက်ကွဲလမ်းချော်မှု ဖြစ်စဉ်အချို့သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ တပ်မတော် လေယာဉ်ကွင်းတွင် ဖြစ်ပွားခဲ့ဖူးကြောင်း အထက်ပါတပ်ဖွဲ့မှ တာဝန်ကျပုဂ္ဂိုလ် တစ်ဦးက ပြောသည်။ “ကွင်းအဟောင်းနဲ့ အသစ်ကြားမှာ လေယာဉ်ပြေးလမ်းက တစ်ခုပဲရှိတယ်။ ငှက်က လေပေါ်မှာ ဖြတ်ပျံပြီး လေယာဉ်ကို ဝင်တိုက်ရင် လေယာဉ်ရဲ့ တောင်ပံဘေးနှစ်ဖက်က အင်ဂျင်ထဲကို ရောက်သွားတဲ့အခါ စက်တစ်ခုလုံး ပျက်စီးသွားပြီး ပျက်ကျသွားနိုင်တယ်။ ခွေး ဆိုရင်လည်း ပြေးလမ်းပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ သွားနေတဲ့အခါ တိုက်မိတာနဲ့ လမ်းချော်တာ၊ ဘီးကွဲထွက်သွားတာတွေ ဖြစ်ပြီး ခရီးသည်အတွက် အသက်အန္တရာယ်ရှိတယ်။ အဲဒါကြောင့် အခုနေပြည်တော်မှာ ကြိုတင်ကာကွယ် နေရတာပါ” ဟု ၄င်းက ပြောသည်။ လက်ရှိ၌ အဆိုပါလေဆိပ်တွင် အများပြည်သူ သွားလာရေးအတွက် ပြည်တွင်းခရီးသွား လုပ်ငန်းကိုသာ အသုံးပြုနေပြီး ပြည်ပခရီးစဉ်များအတွက် အစိုးရပိုင်း (နိုင်ငံတော် အကြီးအကဲများ၊ ပြည်ပအရေးကြီး ပုဂ္ဂိုလ်များ) အတွက်သာ အသုံးပြု ပျံသန်းပြေးဆွဲပေးနေကြောင်း နေပြည်တော် လေဆိပ်အတွင်းရှိ လေယာဉ်ပြေးလမ်းမှာ အရှည်ပေပေါင်း ၁၂၀၀၀ ရှိကြောင်း သိရသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages