အမည်ခံလုပ်ကိုင်နေသော နိုင်ငံခြားသားများ

23 views
Skip to first unread message

Nyi Nyi ℠

unread,
Feb 26, 2014, 12:05:48 PM2/26/14
to travelmyanmar

Frankie Nyi Nyi
Frankie Nyi Nyi 5:40pm Feb 26
အမည်ခံလုပ်ကိုင်နေသော နိုင်ငံခြားသားများတွင် တရုတ်နိုင်ငံသားများသာမက ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်နှင့် အနောက်နိုင်ငံသားများပါဝင်သည်။

ရာဂဏန်းမျှသာရှိသော ကမ္ဘာ့လှည့်ခရီးသွားများကုမ္ပဏီတွင် မြန်မာနိုင်ငံသားအမည်ခံပြီး ဖွင့်လှစ်ထားသော ကုမ္ပဏီ ၂၀ ကျော်ခန့်ရှိကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။

“အမည်ခံလုပ်ပေးတဲ့လူအများစုက အမျိုးသမီးတွေများတယ်။ Living Together (လက်မထပ်ဘဲအတူနေခြင်း) နေတယ်။ ရုံးအလုပ်လေး၊ ဘာလေး ကူလုပ်ပေးရတယ်။ လစာပေးထားတယ်။ အကျိုးအမြတ်တော့ ခွဲမပေးဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ခရီးသွားလုပ်ငန်းတွင် အမည်ခံလုပ်ကိုင်ထားသော ခရီးသွားကုမ္ပဏီအချို့မှာ Night Tour များ လုပ်ဆောင်နေကြကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့က ထောက်ပြပြောဆိုသည်။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

Reply all
Reply to author
Forward
0 new messages