ပြည်တွင်းစစ်ကြောင့် ကျားထိန်းသိမ်းရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

12 views
Skip to first unread message

Thomas Latt

unread,
May 29, 2014, 3:39:30 AM5/29/14
to travelmyanmar

ပြည်တွင်းစစ်ကြောင့် ကျားထိန်းသိမ်းရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

  သုံးနှစ်တာကာလ ကြာမြင့် လာပြီ ဖြစ်သော ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့် ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး ဟူးကောင်းနယ်မြေတွင် ကျားထိန်းသိမ်းရေး လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ကျားများကို ထိန်းသိမ်းရန် အဓိက စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန်လကတည်းက ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ကချင်ပြည်နယ်၊ အနောက်မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းနယ်မြေတွင် ကျားထိန်းသိမ်းရေးလုပ်ငန်းများကို ၂၀၁၂ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့ရသည်။

တိုက်ပွဲများကြောင့် နယ်မြေအခြေအနေ မငြိမ်မသက်ဖြစ်နေသဖြင့် ကျားထိန်းသိမ်းရေးလုပ်ငန်းများ ရပ်နားထားရကာ တရားမ၀င် အမဲလိုက်ခြင်းများနှင့် တောရိုင်းတိရစ္ဆာန်များ တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုများ ဖြစ်ပွားနေသည်။

ယင်းတို့မှာ ကျားကောင်ရေများ လျင်မြန်စွာလျော့ကျစေမည့် အဓိကခြိမ်းခြောက်မှုများဖြစ်နေကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

‘‘နှစ်စဉ်စာရင်းမကောက်နိုင်တော့ ကျားကျန်ရှိ ကျက်စားမှုအခြေအနေကိုလည်း မဖော်ထုတ်နိုင်တော့ဘူး။ ကျားတွေကို အမဲလိုက်သတ်ဖြတ်နေမှု ရှိ၊ မရှိကိုလည်း ကင်းလှည့်နိုင်မှု မရှိတော့ဘူး’’ဟု ၎င်းကပြောကြားသည်။

တစ်ကမ္ဘာလုံးတွင် ကျားကျန်ရှိသော နိုင်ငံ ၁၃ နိုင်ငံသာရှိတော့၍ မြန်မာနိုင်ငံသည် ကျားကောင်ရေ အများဆုံးကျန်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျားမျိုးစိတ်နှစ်မျိုး နေထိုင်ကျက်စား၍ ဘင်္ဂလားကျားမျိုးစိတ်မှာ ကောင်ရေ ၁၀၀ ရှိပြီး အင်ဒိုချိုင်းနားကျားမျိုးစိတ်မှာ ကောင်ရေ ၅၀ သာ ကျန်ရှိတော့သည်ဟု GTI-World Bank ၏ စာရင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဟူးကောင်းချိုင့်ဝှမ်းနယ်မြေ၊ ထမံသီဘေးမဲ့တော၊ တနင်္သာရီသဘာဝကြိုးဝိုင်းတို့တွင် ကျားများထိန်းသိမ်းထားပြီး ယင်းတို့အနက် ဟူးကောင်းနယ်မြေတွင် ကျားကောင်ရေ အများဆုံးရှိကြောင်း သိရသည်။

ယင်းတို့အနက် ဟူးကောင်းချိုင့်ဝှမ်းနယ်မြေတွင် ဘင်္ဂလားကျားမျိုးစိတ်များ နေထိုင်ကျက်စားလျက်ရှိပြီး ၂၀၁၁ ခုနှစ်တွင် နောက်ဆုံးကောက်ယူခဲ့သော သတင်းအချက်အလက်စာရင်းများအရ ကျားကောင်ရေ ၇၀ မှ ၈၀ ခန့်အတွင်း ကျန်ရှိနေသေးကြောင်း ခန့်မှန်းထားသည်။

ယင်းမှာ ၂၀၁၁ ခုနှစ်ကတည်းက ကောက်ယူထားသော စာရင်းများဖြစ်ပြီး လက်ရှိအချိန်ထိ ကချင်ပြည်နယ်တွင် နယ်မြေမငြိမ်သက်၍ သုံးနှစ်တာကာလအတွင်း ကောက်ယူနိုင်ခြင်းမရှိ၍ ကျားကောင်ရေမှာ ယင်းထက် လျော့နည်းလာဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

 ထို့အပြင် ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် နယ်မြေအေးချမ်းမှုမရှိသည့်အချိန်တွင် ငွေကြေးရယူလိုမှုအတွက် တရားမ၀င် အမဲလိုက်သတ်ဖြတ်ခြင်း၊  နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်ခြင်းတို့ကြောင့် ကျားကောင်ရေကျဆင်းမှုအတွက် အဓိကခြိမ်းခြောက်နေကြောင်း  ယင်းတာဝန်ရှိသူကပြောသည်။

ကျားထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ကျားများကျက်စားကျန်ရှိနေသည့် နိုင်ငံ ၁၃ နိုင်ငံတို့ ပူးတွဲကြေညာသည့် ၂၀၁၀ ခုနှစ် စိန့်ပီတာစဘာစ့်ကြေညာစာတမ်းတွင် လာမည့် ၂၀၂၀ တွင် တစ်ကမ္ဘာလုံး ကျားကောင်ရေ နှစ်ဆတိုးလာစေရေး၊ ကမ္ဘာလုံးဆိုင်ရာ ကျားမျိုးစိတ်များ ပြန်လည်တိုးပွားရေးအစီအစဉ်အရ မြန်မာနိုင်ငံအနေဖြင့်လည်း ပါဝင်ဆောင်ရွက်လျက်ရှိရာ ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်မှုအတွက် ထိုသို့ရပ်တန့်နေပါက ရေရှည်တွင် ကျားမျိုးစိတ်ရှင်သန်ရေးကို ထိခိုက်လာနိုင်ကြောင်း ၎င်းကဆိုသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသသည် ချင်းတွင်းမြစ်၏ ရေဝေရေလဲဒေသ၊ ရေအရင်းအမြစ် မြစ်ဖျားခံရာဒေသဖြစ်ပြီး ယင်းဒေသတွင် စီးပွားရေးစိုက်ခင်းများ ဖော်ဆောင်ခြင်းကြောင့် သစ်တောပြုန်းတီးမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

ထို့အပြင် ရွှေလုပ်ကွက်များ စည်းစနစ်ကျစွာ တူးဖော်ခြင်းမရှိသည့်အတွက် ယင်းရွှေလုပ်ကွက်များမှ အသုံးပြုသည့် အဆိပ်အတောက်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများဖြစ်ပေါ်နေပြီး သဘာဝပတ်ဝန်းကျင်ကို အမှီသဟဲပြုနေသည့် ဂေဟစနစ်ကိုပါ ထိခိုက်ပျက်စီး၍ သားငှက်တိရစ္ဆာန်များပါ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ကျားများကို တိုက်ရိုက်သတ်ဖြတ်ခြင်း မပြုသော်လည်း ကျား၏အစာဖြစ်သည့် သတ္တ၀ါများကို သတ်ဖြတ်ခြင်း၊ ကျားကျက်စားသည့် နေရင်းဒေသ သဘာဝတောတောင်များ၊ သစ်တောကြိုးဝိုင်းများကို အခြားမြေများအဖြစ် ပြောင်းလဲခြင်း၊ လူတို့ကျူးကျော်နေထိုင်ခြင်းကြောင့် ကျက်စားရာနယ်မြေများ လျော့နည်းလာခြင်း၊ ကျားနှင့်ကျားအစိတ်အပိုင်းများကို ဆေးဝါးအဖြစ် အသုံးပြုလိုခြင်းတို့ကလည်း ကျားကောင်ရေလျော့ပါးစေသည့် အချက်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ဟူးကောင်းချိုင့်ဝှမ်းနယ်မြေအေးချမ်းသွားပါက ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သဘာဝအမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ အသိပညာပေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ခြင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ၀င်ငွေတိုးတက်စေရန် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနယ်မြေကို ၂၀၀၁ ဧပြီတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ မေလတွင် သစ်တောရေးရာဝန်ကြီးဌာနမှ ထပ်မံတိုးချဲ့ခဲ့ရာ စတုရန်းမိုင် ၁၆၇၃ ကျယ်ဝန်း၍ ကျား၊ ဆင်၊ ကျားသစ်၊ ပြောင်၊ ဆတ်၊ ၀က်ဝံ၊ တောဝက်၊ တောဆိတ်တို့ နေထိုင်ကျက်စားလျက်ရှိသည်။

ခိုင်ခိုင်စိုး
7Day News Journal အတွဲ (၁၃)၊ အမှတ်(၁၂)



~ an asian tour operator aato ~
“If you reject the food, ignore the customs, fear the religion and avoid the people, you might better stay at home.” — James Michener

thethtun aung

unread,
May 29, 2014, 7:57:07 AM5/29/14
to travel...@googlegroups.com
Thanks , but I already reed it on THit Htoo Lwin.
> <http://1.bp.blogspot.com/-TMXxgBEVlvU/U4ZfwuXyWSI/AAAAAAACfS4/dRgBegh3X5s/s1600/15.jpg>
>
>
> ~ an asian tour operator aato ~
> “If you reject the food, ignore the customs, fear the religion and avoid
> the people, you might better stay at home.” — *James Michener*
>
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To unsubscribe from this group and stop receiving emails from it, send an
> email to travelmyanma...@googlegroups.com.
> To post to this group, send email to travel...@googlegroups.com.
> To view this discussion on the web visit
> https://groups.google.com/d/msgid/travelmyanmar/CAH_Rx9j8N%3D%3DGrOYgvPbvVekHzEMsT_tY0YdbHyiNOOXusB0iug%40mail.gmail.com.
> For more options, visit https://groups.google.com/d/optout.
>
Reply all
Reply to author
Forward
0 new messages