ကရင်ပြည်နယ်ရှိ ရသေ.ပျံ ဂူ

89 views
Skip to first unread message

Tomme Aung

unread,
Jun 27, 2014, 7:17:38 AM6/27/14
to travel...@googlegroups.com
ကရင်ပြည်နယ်ရှိ ရသေ့ပျံဂူ


    ကရင်ပြည်နယ် သည် မြန်မာနိုင်ငံရှိ လှပသော ဒေသများထဲမှ တစ်ခုဖြစ်သည်။
ဖားအံမြို့အနီးဝန်းကျင်တွင် ဆဒ္ဒန်ဂူ ။ ကော့ကသောင်ဂူ။ ကော့ကွန်းဂူ။
ပတ္တမြားဂူ။ ဘုရင့်ညီဂူ။ ခရုံဂူ။ လင်းနို့ဂူ။ ရသေ့ပျံဂူ အစရှိသည့် ဂူများ
သို့ သွားရောက်လည်ပတ်နိုင်သည်။ ထိုအထဲတွင် ဆဒ္ဒန်ဂူ မှာ အကြီးဆုံးနှင့်
အရှည်လျားဆုံးသောဂူကြီးဖြစ်သည်။ ၄င်းနောက် ဒုတိယ အကြီးဆုံးသော ရသေ့ပျံ
ဂူကြီးမှာ နိုင်ငံခြားသားများနှင့် ဒေသတွင်း Domestic Visitor
များအားဆွဲဆောင်ဖိတ်ခေါ်နေသည်။

ဖားအံမြို့မှ သံလွင်မြစ်ကူးတံတားဖြတ်ပြီး လက်ဝဲဖက်ကွေ့ကာ
ကျောက်သားလမ်းအတိုင်း အနောက်ဖက်သို့ ချိုးဝင်ပါက ရသေ့ပျံဂူ အထိ
ရောက်နိုင်သည်။ တောင်ဖက်သို့တန်းတန်းသွားလျင် ကော့ကွန်းဂူသို့
ရောက်ရှိပါမည်။ လမ်းဘေးဝဲယာ တစ်လျှောက် စပါးခင်းများတွေ့ရပြီး
စိမ်းလမ်းသောရှုခင်း များတစ်ဝကြီးခံစားရသည်။
ကျောက်တောင်မြင်မြင့်ကြီးအတွင်း သဘာဝလိုဏ်ဂူအဖြစ်ရှိနေသည့် ရသေ့ပျံဂူ
မရောက်မီ လှပသောရေကန်တစ်ခုတွေ့ရပြီး တောရှိုင်းမျောက်များ၏ ဆော့ကစား
အော်ဟစ်နေသံကိုကြားရသည်။ တစ်ခါတစ်ရံ စပါးအုံး မြွေကြီးများ
ဂူကြီးအပြင်ဖက် နံရံပေါ် ထွက်လာတတ်သဖြင့် မျောက်များကြောက်ရွံ့ကာ
အသံကုန်ဟစ်အော်တတ်ကြသည်။ အမှန်က မြွေကြီးမှာ မျောက်များကို ဖမ်းမစားပါ။
ဂူကြီးရဲ့အောက် ကျောက်ကလောင် မြောင်းကြား လအတန်ကြာနေရ၍ တစ်ခါတစ်ရံ
အပြင်ထွက်လာခြင်းဖြစ်သည်။
အချိန်တန်လျင် ၄င်းမြွေကြီး  ဂူအတွင်းပြန်ဝင်သွားတတ်သည်။ လူတွေကို
အန္တရယ်မပေးကြောင်း ဂူကြီးအနီး သီတင်းသုံး နေထိုင်သော
ဆရာတော်တစ်ပါးကပြောပါသည်။ စပါးအုံးမြွေကြီးတွေ တောင်ကမ်းပါးယံ အနှံ့
တွေ့ရတတ်သလို ငန်းစောင်း မြွေများလည်းရှိကြောင်းသိရသည်။ သို့သော်
မြွေကိုက်ခံရသူ တစ်ဦးတစ်ယောက်မျှမရှိကြောင်း။ သူတို့ဘာသာ သူတို့
လူတွေနဲ့ဝေးရာ သွားနေကြကြောင်း ဆရာတော်ပြော၍သိရသည်။

ယခု ရသေ့ပျံဂူမှာ အတွင်းအလျားပေ ၈၀၀ ခန့် ရှိပြီး အကျယ်ဆုံးဂူဝမှာ ပေ ၈၀
အမြင့် ပေ ၅၀ ရှိသည်။ ဂူလျှောက်လမ်း အလယ်လောက်တွင် sink hole
မြေချိုင့်တွင်းနက်ကြီးရှိသည်။အနက်ပေ ၅၀ ခန့်ရှိသဖြင့်
အသဲယားဖွယ်ဖြစ်သည်။
ပုံပြင်စကားအရဆိုလျင် အခါတစ်းပါးကဂူအတွင်းတွင် ရသေ့တစ်ပါး တရားအားထုတ်
ဖို့ သီတင်းသုံးခဲ့ကြောင်း ။ များမကြာမီ ဈာန်ရပုဂ္ဂိုလ်ဖြစ်လာပြီး
အရပ်တစ်ပါးသို့  ဂူ အပေါ်အလွှာအားထိုးဖေါက်ပျံတက်သွားခဲ့ကြောင်း။ ထို
ဂူထိပ်ပိုင်းတွင် ယနေ့အထိ ဂူ အပေါက်ဝကြီးကိုတွေ့ရကြောင်း
ဆရာတော်မှရှင်းပြသည်။ ထို့ကြောင့် ရသေ့ပျံဂူဟု နာမည်တွင်ကြောင်းသိရသည်။
ဂူကြီး၏ ဝင်ပေါက်ကို အုတ်လှေကားဖြင်တက်ရသည်။ ပထမဆုံးတွေ့ရသော ဂူထဲတွင် ၁၉
ရာစု ဘုရားဆင်းတုတော်များကိုတွေ့ရသည်။ ကျောက်စက်ကျောက်ခတ်များအကြား
ဗုဒ္ဓဆင်းတုတော်များ ထုလုပ်ချထားသည်မှာ တော်တော်ကြည်ညိုစရာကောင်းသည်။
၎င်းနောက်အတွင်းဖက်ကို ဆက်ဝင်လျင် ဥာဏ်တော်အမြင့်  ပေ ၄၀ ခန့်ရှိ
စေတီတစ်ဆူအား ဂူကြီးအလယ်တွင် တည်ထားတာဖူးရသည်။ စေတီ၏ ထီးတော်မှာ
ရသေ့ကြီးပျံတက်သွားသော လိုဏ်အပေါက်အား ညွှန်ပြသည်။ ရသေ့ပျံဂူသည်
အတွင်းမှောင် ထုံးကျောက်လိုဏ်ဂူ တစ်မျိုးဖြစ်သည်။ တစ်ခါတစ်ရံ ဂူနံရံ
အချို့မှာ လိပ်သဲကျောက် ရောနေတာတွေ့ရသည်။ အတွင်းကို လက်နိပ်ဓါတ်မီးထွန်း၍
ဆက်ဝင်လျင် အတွင်းလှိုဏ် နှစ်ထပ်သုံးထပ်ဆက်ခါဆက်ခါဖြစ်နေသော
အူလမ်းကြောင်းတွေ့ရသည်။ ထိုအူလမ်းကြောင်းမှတစ်ဆင့် ဂူ၏ တစ်ခြားအပေါက်ဝကို
ရောက်သည်။ အတွင်းပိုင်းရောက်လေလေ ဂူနံရံ ပိုကျယ်လာလေဖြစ်သည်။
တစ်ဖက်ပိတ်ဂူ မဟုတ်သည့်အတွက် လေတစ်ဖြူးဖြူးနှင့် စွတ်စိုအိုက်စပ်မှု
ကင်းသည်။ သို့သော် အဝင် ဂူ ဝမှာကဲ့သို့ ဘုရားဆင်းတုတော်များ
မတွေ့ရတော့ပါ။
ဂူကို တိုးလျိုပေါက် ဝင်လာခဲ့ပြီး အနောက်မျက်နှာမူ ရှုခင်းကို တွေ့ရသည်။
ဂူကြီး၏ တစ်ခြားတစ်ဖက်မှာ ကျောက်ခက်ပန်းများ အဆုပ်လိုက်ဖြစ်ပေါ်နေ၍
အတော်လှသည်။ ဂူအာက်ရှိ လယ်ကွင်းများလှပသဖြင့် နေဝင်ချိန် ကြည့်ချင်သော
နိုင်ငံခြားသားများ အား တစ်မျိုးတစ်ဖုံ ဖမ်းစားနိုင်ပေသည်။
လက်နိပ်ဓါတ်မီးယူခဲ့ရန်မမေ့သင့်ပေ။ အကြောင်းမှာ
ငန်းမြွေများရှိနေတတ်သောကြောင့်ဖြစ်သည်။
ကြားရသည်မှာ လွန်ခဲ့သော နှစ် နှစ်သန်းကျော်လောက်က ဘားအံမြို့ဝန်းကျင်သည်
ပင်လယ်အောက်မှာတည်ရှိခဲ့သည်။ ယခု လိုဏ်ဂူကြီးမှာလည်း မြေအောက် ရေအောက်
ချောင်းတစ်ခုဖြစ်ဖွယ်ရှိသည် ဟု ဘူမိဗေဒ ပညာရှင်များ ခန့်မှန်းခဲ့ကြသည်။

ယခင်က ဗု ဒ္ဓ ဘာသာဝင် ကရင်လူမျိုးတို့  ကုသိုလ်ကောင်းမှု လုပ်ရန်
တရားဘာဝနာ ပွားများရန် လာရောက်ခဲ့ရာမှ ဗုဒ္ဓဆင်းတုတော်များ
တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာရသည်။ ယနေ့ထက်တိုင် ဖားအံမြို့နှင့်
ကရင်ပြည်နယ်ဒေသခံများပါမကျန် အခြား အနယ်နယ်အရပ်မှ ဘုရားဖူးသူများ
တစ်ဖွဲဖွဲ လာရောက်ကြတာတွေ့ရသည်။ ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်ကမှ
နိုင်ငံခြားသားခရီးသွားများ တစ်ဖြည်းဖြည်းချင်းသိလာပြီး လာရောက်ကြသည်။
၎င်းတို့ခရီးစဉ်တွင်
ရသေ့ပျံလိုဏ်ဂူကြီးအားမဖြစ်မနေလာရောက်လည်ပတ်သင့်သည့်နေရာအဖြစ်
သတ်မှတ်လာကြသည်။
သို့ပါ၍ ပြည်တွင်းဘုရားဖူးခရီးစဉ် Domestic Tourism အတွက်တင်မက
နိုင်ငံခြားသား ခရီးသွား Inbound Tourism များအတွက်ပါ ပြသသင့်သော
ရသေ့ပျံဂူကြီးဖြစ်ပါကြောင်းမျှဝေလိုက်ရပါသည်။

သွေးသစ်
ခရီးသွားသုတေသီ
5.JPG
3.JPG
8.JPG
1.JPG
2.JPG
12.JPG
10.JPG
9.JPG
Reply all
Reply to author
Forward
Message has been deleted
0 new messages